တရားတော်

book-11905

သုညတတရားနာရမှ သုညတနိဗ္ဗာန်ရောက်မည်တရားတော်

မာတိကာသို့

သုညတတရားနာရမှ သုညတနိဗ္ဗာန်ရောက်မည်တရားတော်

အသံဖိုင်ခေါင်းစဉ်= သုညတတရားနာရမှ သုညတနိဗ္ဗာန်ရောက်ပုံတရားတော်

စာအုပ်သေးခေါင်းစဉ်= သုညတတရား ကြိုးစားပြီးဟောရစ်ပါ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားသော တရားတော်

သုညတတရားနာရမှ သုညတနိဗ္ဗာန်ရောက်မည်တရားတော်

(၁၁-၉-၆၁)

သုညတတရားနာရမှ အဖိုးတန်မယ်

အားလုံး ဒကာ ဒကာမတွေ သုညတတရားနာရမှ အဖိုးတန် မယ်လို့ ဆိုတာ မှတ်ထားကြပါ (မှန်ပါ့)။

All Yogis, mark this well: your time is only truly worthwhile when you get to hear the Dhamma of Emptiness (Suññata). (Yes, Sir).

ဘာတရားနာရမလဲ (သုညတတရား နာရပါမယ်) သုညတ တရား နာရမှ သုညတနိဗ္ဗာန် ရောက်မယ် (မှန်ပါ့)။ သုညတတရားနာရမှ (သုညတနိဗ္ဗာန် ရောက်မှာပါ ဘုရား)။

What Dhamma must you hear? (The Dhamma of Suññata, Sir). Only by listening to the Dhamma of Suññata will you attain Emptiness-Nibbana. (True, Sir). Only upon hearing it... (We will attain Emptiness-Nibbana, Sir).

ဪ ဒါဖြင့် သုညတဟာ တော်တော် အရေးကြီးတဲ့ တရားပါကလားဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ မှတ်ထားဖို့ပါပဲ (မှန်ပါ့)။

Therefore, Yogis, you must realize just how profoundly important this Dhamma of Suññata really is. (Yes, Sir).

ကိုင်း ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကိုက မောဃရာဇ ရဟန်းကို ဟောထား လိုက်တာ “ဟေ မင်း မသေရာသွားချင်လို့ရှိရင် သုညတဆိုက်အောင် လုပ်စမ်းပါကွာ” တဲ့ (မှန်ပါ့) မအိုရာ၊ မနာရာ၊ မသေရာ သွားချင်လို့ ရှိရင်ဖြင့် သုညတဆိုက်အောင် လုပ်ပါလို့ သေသေချာချာ ဟောထားတယ် (မှန်ပါ)။

Consider this: The Supreme Buddha explicitly instructed the monk Mogharaja, "Listen, if you wish to reach the Cessation of Death, you must practice until you realize Suññata." (Yes, Sir). He clearly taught that if you want to reach the state free from aging, sickness, and the Cessation of Death, you must master Emptiness. (Yes, Sir).

အဲဒီ မောဃရာဇရဟန်းဆိုတာလဲ တခြားသော ရဟန်း မဟုတ်ပါဘူး ဒကာ ဒကာမတို့၊ ခေါင်းပါးတဲ့အကျင့်ကျင့်တဲ့နေရာ မှာ ဧတဒဂ်ရတဲ့ ရဟန်းပါပဲ (မှန်ပါ့ ဘုရား)။

Now, Yogis, this monk Mogharaja was not just an ordinary monk. He was the one declared foremost (Etadagga) in wearing rough, ascetic robes. (Yes, Sir).

သူက ဘယ်လို လျှောက်သတုံးဆိုတော့ “တပည့်တော်သည် နိဗ္ဗာန်ကို အမြန်ဆုံးနည်းနဲ့ ခန္ဓာဇာတ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို သွားချင်ပါတယ်၊ ရောက်ချင်ပါတယ်၊ ရချင်ပါတယ်ဘုရား”လို့

လျှောက်တဲ့အခါကျတော့မှ ဘုရားက ဒကာ ဒကာမတွေ တခြား တရားအများလိုက်မနေပါနဲ့၊ သုညတတရားကို မင်းမြင်အောင် ရှု နိုင်လို့ရှိရင် သုညတနိဗ္ဗာန်ကူးပါလိမ့်မယ်တဲ့ (မှန်ပါ့ ဘုရား)။

How did he request the Buddha? He said, "Venerable Sir, I wish to attain Nibbana through the fastest possible means—to reach the Nibbana where the burden of the Aggregates (Khandhas) is entirely extinguished." When he asked this, the Buddha replied, "Do not chase after many other teachings. If you can watch and observe to clearly discern the reality of Suññata, you will cross over to Emptiness-Nibbana." (Yes, Sir).

ဪ သုညတမြင်လို့ ရှိရင်ဖြင့် သုညတနိဗ္ဗာန် ကူးလိမ့် မယ်ဆိုတာ သေသေချာချာ မှတ်ရတော့မယ် (မှန်ပါ့ ဘုရား)။

So, you must firmly remember this: seeing Suññata is the only way to cross over to Emptiness-Nibbana. (Yes, Sir).

သုညတလောကဆိုတာပြောစမ်းပါ

သုညတဆိုက်ရင် (သုညတနိဗ္ဗာန်ကူးရမှာပါ ဘုရား) အဲဒီ တော့ ဒါကလေးအသာထားပြီး အရှင်အာနန္ဒာက ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ဘယ်ဟာမဆို လျှောက်ထားရဲတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဖြစ်နေတော့ “သုညတလောကဆိုတာပြောစမ်း ပါ၊ ဘုရားတပည့်တော်များ အင်မတန် သိချင်ပါတယ်” လို့လျှောက်တဲ့အခါကျတော့။

“သုညာလောကော သုညာလောကောတိ

ဘန္တဝုစ္စတိ၊ ကိတ္တာဝတာနုခေါ လောကေ

If you realize Suññata... (We will cross over to Emptiness-Nibbana, Sir). Now, let us set that aside for a moment. Venerable Ananda, who was bold enough to ask the Buddha anything, once requested: "Venerable Sir, please explain the 'World of Emptiness' (Suññata Loka). We disciples deeply wish to understand it."

ဘန္တေ သုညာလောကောတိ ဝုစ္စတိ။

သုညလောက သုညလောကဆိုတာ တယ်ပြောကြတယ် ဘုရား အဲဒီ သုညလောကကို တပည့်တော်အား ရှင်းပေးစမ်းပါ ဘုရားဆိုတော့မှ

ကိတ္တာဝတာနုခေါ သုညာလောကောတိ ဝုစ္စတိ၊

ယသာစခေါ အာနန္ဒ သုညမေတံ အတ္တနဝါ အတ္တနိယေနဝါ။

ငါ - ငါ့ဥစ္စာဆိတ်သုဉ်းအောင် ကြည့်ပေး

He said, "People often speak of the 'World of Emptiness' (Suññata Loka). Please clarify this for me, Venerable Sir." To this, the Buddha replied: "Suññamidaṃ, Ānanda, attena vā attaniyena vā."

တစ်ခုသော တရားမြင်တဲ့အခါ ငါ - ငါ့ဥစ္စာဆိတ်သုဉ်းအောင် ကြည့်ပေးကွာတဲ့ (မှန်ပါ့ ဘုရား)။

The Buddha instructed: Whenever you see any phenomenon, get rid of "I" and "Mine"; be aware there is NO "I" nor "Mine" by insight. (Yes, Sir).

တစ်ခုသော တရားမြင်လိုက်ရလို့ ရှိရင် ဘယ်လိုကြည့်ကြရမယ် (ငါ - ငါ့ဥစ္စာ ဆိတ်သုဉ်းအောင် ကြည့်ကြရပါမယ် ဘုရား)။ - ငါ-ငါ့ဥစ္စာ ဆိတ်သုဉ်းအောင် ကြည့်ပေးစမ်းပါကွာလို့ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူတယ် ဆိုတာရှင်အာနန္ဒာလျှောက်လို့ ဟောတယ်နော် (မှန်ပါ့ ဘုရား) ပြီးတော့မှ ဘုရားက ဘယ်ဟာ ကြည့်ရမှာတုံးဆိုတော့

“ကိဉ္စ သုည အတ္တနဝါ အတ္တနိယေနဝါ၊ စက္ခု သုည အတ္တနဝါ အတ္ထနိယေနဝါ”။

When you perceive a phenomenon, how must you observe it? (We must get rid of "I" and "Mine" by insight, Sir). The Supreme Buddha taught this directly in response to Venerable Ananda. (Yes, Sir). Then, what exactly are we supposed to look at? The Buddha said: "Cakkhuṃ suññaṃ attena vā attaniyena vā."

မျက်လုံးထဲက မြင်ရုပ်ကလေးကို “သြော် ငါ- ငါ့ဥစ္စာ မဟုတ်ဘူး” လို့ မြင်အောင်ကြည့်ရမယ် (မှန်ပါ့ ဘုရား)။

“ရူပါသုညာအတ္တနဝါ အတ္တနိယေနဝါ” လို့ တစ်ခါဟောပြန် တော့လဲ “ သူမြင်တဲ့ အဆင်းကလေးလဲ ငါ - ငါ့ဥစ္စာ မဟုတ်ဘူး” လို့ မြင်အောင် မင်းတို့ ကြည့်စမ်းပါ (မှန်ပါ့ ဘုရား)။

When a visual form appears at the eye, you must watch and observe it so clearly that you realize, "Oh! This is NOT 'I', nor is it 'Mine'." (Yes, Sir). Further explaining "Rūpā suññā attena vā attaniyena vā," He urged, "Watch and observe the visual object that is seen, and realize it is neither 'I' nor 'Mine'." (Yes, Sir).

“စက္ခုဝိညာဏံ”ဆိုတော့ ဒကာ ဒကာမတို့ မျက်လုံးရယ်၊ အဆင်းရယ် ပေါင်းမိတဲ့အခါ စက္ခုဝိညာဏံ ကလေးဟာ မြင်စိတ် ကလေးပေါ်ပါတယ် (ပေါ်ပါတယ်) “အဲဒီ မြင်စိတ်ကလေးလဲ ငါ-ငါ့ဥစ္စာ မဖြစ်အောင်ကြည့်စမ်းပါကွာ” တဲ့ (မှန်ပါ့ ဘုရား)။

Regarding "Cakkhuviññāṇaṃ", Yogis, when the eye and the visual object meet, Eye-Consciousness—the mind that sees—arises. (It arises, Sir). "Observe that very seeing-consciousness to ensure you do not take it as 'I' or 'Mine'," He said. (Yes, Sir).

“စက္ခုသမ္ဖဿာ သုညော အတ္တနဝါ အတ္တနိယေနဝါ” ဖဿကလေးများ ပေါ်လာလို့ ရှိရင်ကွာ “စက္ခသမ္မဿပေါ်လာရင် ငါ-ငါ့ဥစ္စာ မဟုတ်အောင်ကြည့်ပေးစမ်းပါ” တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

"Cakkhusamphasso suñño attena vā attaniyena vā." When sense-contact (Phassa) arises at the eye, observe it so that you recognize it is neither 'I' nor 'Mine'. (Yes, Sir). Do you grasp the meaning? (Yes, we do, Sir).

“ယမိဒံ ဥပ္ပဇ္ဇတိ သုခံဝါ ဒုက္ခဝါ အဒုက္ခမသုခံဝါ” သော် ဒီလို အကြောင်းရင်းခံပြီး သကာလ မျက်လုံးနဲ့ မြင်လိုက်ပြီ ဆိုမှဖြင့် ကွာတဲ့ ၊ ချမ်းသာတာလဲ ပေါ်တတ်တယ်၊ ဆင်းရဲတာလဲ ပေါ်တတ်ပါတယ်၊ ဆင်းရဲတာလဲ ပေါ်တတ်ပါတယ်၊ အလတ်စား ဥပေက္ခာ ဝေဒနာလဲ ပေါ်တတ်ပါတယ်၊ “အဲဒီဝေဒနာသုံးမျိုးပေါ် ရာကိုလဲ “အတ္တနဝါ အတ္တနိယေနဝါ” ငါ-ငါ့ဥစ္စာမှ ဆိတ်သုဉ်း အောင်ရှုစမ်းပါ” (မှန်ပါ ဘုရား)။

"Yamidaṃ uppajjati... sukhaṃ vā dukkhaṃ vā adukkhamasukhaṃ vā." Based on this initial contact of seeing with the eye, a feeling arises. It could be a pleasant feeling, an unpleasant feeling, or a neutral feeling. "Whichever of these three feelings (Vedana) arises, watch and observe it to get rid of 'I' and 'Mine'; be aware there is NO 'I' nor 'Mine' by insight." (Yes, Sir).

ဤကဲ့သို့ ရှုလိုက်လို့ ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ “ဧဝံ မစ္စုတ ရော သိယာ” ဧဝံ - ဤသို့ မင်းရှုခဲ့သည်ရှိသော်၊ မစ္စုတရော= သေမင်းနိုင်ငံမှ လွန်မြောက်နိုင်သည်၊ သိယာ - ဖြစ်ရာ၏ (မှန်ပါ့ ဘုရား)။

Yogis, if you watch and observe in this way, the Buddha declared: "Evaṃ maccutaro siyā"—"By observing thus, one crosses beyond the realm of the King of Death." (Yes, Sir).

ဧဝံ လောကံ အဝေက္ခန္တ၊ စက္ခုလောက၊ ရူပလောက၊ မြင်တတ် တဲ့ စက္ခုဝိညာဏ်လောက၊ ဖဿလောက၊ ဝေဒနာသုံးပါးလောက၊ အဲဒီ လောကသုံးပါးကို လွန်မြောက်လို့ ရှိရင်ဖြင့်၊ လောကံ= လောကသုံးပါးကို၊ အဝေက္ခန္တီ= စေ့စေ့ငုငု ကြည့်ရှုသောပုဂ္ဂိုလ်ကို၊ မစ္စုရာဇာ -သေမင်းသည်၊ နပဿတိ =မင်းကို မမြင်တော့ဘူးတဲ့ (မှန်ပါ့ ဘုရား)။

If you closely inspect the world—the world of the eye, the world of visual objects, the world of seeing-consciousness, the world of contact, and the world of the three feelings—and transcend them, the King of Death will no longer see you. (Yes, Sir).

ဒီသုညတွေသာ မင်းထင်အောင် ရှုနိုင်လို့ ရှိရင် သုညတနိဗ္ဗာန် မင်းကူးသွားတဲ့အတွက် သေမင်း မမြင်နိုင်ဘူးကွတဲ့ (မှန်ပါ့ ဘုရား)။

If you can watch and observe until this Emptiness (Suññata) becomes brilliantly clear, you will cross over to Emptiness-Nibbana, and the King of Death will never find you. (Yes, Sir).

ယနေ့ သုညတတရားဟောလိမ့်မယ်

ဒီလို ဟောထားတာကို ဒကာ ဒကာမတွေက သေသေချာချာ သိတော့မှ သြော် နို့ ဒီဥစ္စာ တိုတိုနဲ့ မိတဲ့ တရားပါကလား ဆိုပြီး ဘုန်းကြီး ယနေ့ သုညတတရားဟောလိမ့်မယ်လို့ ဒကာ ဒကာမတွေ မှတ်ထားစမ်းပါ (မှန်ပါ့ ဘုရား)။

Once you clearly understand this teaching, you will realize, "Oh, this is a profound truth delivered so concisely!" Therefore, Yogis, know that today I will preach this very Dhamma of Suññata. (Yes, Sir).

ဘာဟောမှာပါလိမ့် (သုညတတရား ဟောမှာပါ) ဒါဖြင့် ဒီသုညတရားကို ဆရာဘုန်းကြီးက ဒီနေ့ ဘာဖြစ်လို့ ဒီဒကာ ဒကာမတွေ ဟောချင်ရတာတုံးလို့ မေးတဲ့အခါကျတော့မှ ဒီသုညတ တရားကွယ်လို့ရှိရင် သုညတတရားဟာက ဒကာ ဒကာမတို့ ကွယ်မည့်တရားတဲ့ (မှန်ပါ့) သုညတတရားက လူတိုင်း နားမထောင်နိုင်ဘူး (မှန်ပါ့ ဘုရား)။

What will I preach? (The Dhamma of Suññata, Sir). Now, if you ask why I, your teacher, want to preach this to you today, it is because the Dhamma of Suññata is destined to fade away. (Yes, Sir). Not everyone can bear to listen to the Dhamma of Suññata. (Yes, Sir).

အဲဒီ သုညတတရားကွယ်လို့ရှိရင်လဲ သုညတနိဗ္ဗာန်ကွယ်မှာပဲ (မှန်ပါ့ ဘုရား)။ -

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ အင်း ဒို့ သုညတတရားမှ သုညတနိဗ္ဗာန်ကို ရောက်မှာကိုး (မှန်ပါ့) သူကလဲ ကွယ်မည့် တရားတဲ့ (မှန်ပါ့ ဘုရား)။

And if the Dhamma of Suññata fades away, Emptiness-Nibbana will also fade from your reach. (Yes, Sir). Think about it, Yogis. We can only reach Emptiness-Nibbana through the Dhamma of Suññata. (Yes, Sir). Yet, it is a teaching that is on the verge of disappearing. (Yes, Sir).

ဒကာ ဒကာမတို့ ယနေ့ဟောမည့် တရားဟာ သုညတတရား၊ သူက ကွယ်မည့်တရားတဲ့ (မှန်ပါ့) ကွယ်တာမှ မပြောပါနဲ့ တော့တဲ့ ဒကာ ဒကာမတို့၊ အခု သာသနာတွင်းကလေးတောင်မှ ကွယ်ချင်ချင်ဆိုတာ မှတ်ပါ (မှန်ပါ့ ဘုရား)။

Yogis, the Dhamma I am preaching today is the Dhamma of Suññata, a teaching destined to vanish. (Yes, Sir). Forget about the distant future—mark this well: even now, while the Buddha's Dispensation (Sasana) still exists, it is already beginning to fade. (Yes, Sir).

သာသနာတွင်းကလေးတောင်မှ ဘာတုံး (ကွယ်ချင်ချင် ပါ) ကွယ်ချင်ချင်ပဲတဲ့၊ ရုပ်တွေ၊ နာမ်တွေ၊ ဒါတွေ ငါ-ငါ့ဥစ္စာ မဟုတ်တဲ့ ရုပ်တွေ နာမ်တွေ ဝေဒနာတွေ ဖဿတွေ ဒါတွေ လျှောက်ပြောနေလို့ ရှိရင်ဖြင့် ကျုပ်တို့ မနာတတ်ပါဘူးတဲ့ (မှန်ပါ့ ဘုရား)။

Even within the Sasana, what is happening? (It is beginning to fade, Sir). Indeed, it is fading. When we speak about matter (Rupa), mind (Nama), feelings (Vedana), and contact (Phassa)—explaining that they are neither 'I' nor 'Mine'—people complain, "We don't know how to listen to this; we don't enjoy it." (Yes, Sir).

အင်း ဘာတရားမို့ မနာတတ်ပါလိမ့်မတုံး ဒကာသစ်ရေ (သုညတတရားမို့ မနာတတ်ပါ) ငါ၊ ငါ့ဥစ္စာမှ မဟုတ်တော့ဘဲ ကိုးဗျ (မှန်ပါ့) အင်း ရုပ်ပဲ၊ ဝေဒနာပဲ၊ သညာပဲ ဖြစ်ပြီး ပျက်တာပဲလို့ ဟောနေတဲ့အခါကျလို့ရှိရင် ဦးမာဒင်ရေ၊ နာချင်တဲ့ ပုဂ္ဂိုလ်က ရှားတယ် (ရှားပါတယ်) မရှားပေဘူးလား (ရှားပါတယ် ဘုရား)။

Why don't they want to listen, Daka Thit? (Because it is the Dhamma of Suññata, Sir). Exactly! Because it strips away "I" and "Mine." (Yes, Sir). When I preach that it is merely Rupa, merely Vedana, merely perception (Sañña) arising and passing away, U Ba Din, those who actually want to listen are rare. (They are rare, Sir). Isn't it rare? (It is rare, Sir).

သုညတတရား မနာနိုင်လို့ ရှိရင်

ကဲ ရှားလို့ရှိရင်ဖြင့် သုညတတရား မနာနိုင်လို့ ရှိရင် သုညတနိဗ္ဗာန် ဘယ့်နှယ့်လုပ်ကူးကြမလဲ (မကူးနိုင်ပါ) မကူး နိုင်ဘူးဆိုတာ သဘောကျပလား (ကျပါပြီ) ဒါဖြင့် ကွယ်မည့်တရား ဖော်တာပဲ (မှန်ပါ့ ဘုရား)။

Well, if it is so rare, and if people cannot endure listening to the Dhamma of Suññata, how will they ever cross over to Emptiness-Nibbana? (They cannot cross over, Sir). Do you see the truth of this? (Yes, we do, Sir). Therefore, I am reviving a Dhamma that is on the verge of disappearing. (Yes, Sir).

ဘယ်လိုမှတ်ကြမယ် (ကွယ်မည့်တရား ဖော်တာပါ ဘုရား) ဒါကြောင့် ကြိုးစားပြီး လာကြတဲ့ ဒကာ ဒကာမတွေ သော် ငါတို့ ဒီနေ့ဆရာဘုန်းကြီးက ဘာများ ထူးထူးလည်လည် ဆုကြီးလာဘ်ကြီးကို ပေးပါလိမ့်မတုံးဆိုတော့ ကွယ်မည့်တရားကို ခင်ဗျားတို့ သန္တာန်မှာ မကွယ်အောင်လုပ်လို့ရှိရင်ဖြင့် နိဗ္ဗာန်လဲ ခင်ဗျားတို့ ရမှာပဲ (မှန်ပါ့ ဘုရား)။

What am I doing? (Reviving a Dhamma that is fading, Sir). That is why, Yogis, you who have made the effort to come here might wonder, "What grand prize or extraordinary reward will our teacher give us today?" My gift is this: if you can ensure that this fading Dhamma does not fade away within your own mind, you will absolutely attain Nibbana. (Yes, Sir).

ကွယ်မည့်တရားကို မကွယ်အောင် ရှုနိုင်ကြလို့ ရှိရင် (နိဗ္ဗာန်ရမှာပါ) နိဗ္ဗာန်ရမယ်ဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ကြပါ (မှန်ပါ့ ဘုရား)။ ဒါဖြင့် သုညတတရားကိုမှ မနာရတော့ဘူးဆိုလို့ ရှိရင် သုညတ နိဗ္ဗာန်ဆိုတဲ့ ဥစ္စာ ဘယ့်နှယ်လုပ် ကူးသန်းပြီး သကာလ သွားမတုံး လို့ မေးလို့ ရှိရင်ဖြင့် သြော် အကြောင်းမှ မပါဘဲနဲ့ အကျိုး နိဗ္ဗာန်ရဖို့ အတော်ခဲယဉ်းပါတယ် (မှန်ပါ့ ဘုရား)။

If you can watch and observe so that this fading Dhamma stays alive within you... (We will attain Nibbana, Sir). Mark firmly that you will attain Nibbana. (Yes, Sir). If you do not even get to hear the Dhamma of Suññata, how could you possibly traverse to Emptiness-Nibbana? Without planting the cause, expecting the result of Nibbana is utterly impossible. (Yes, Sir).

အေး ဒါကြောင့် ခန္ဓာ၊ အာယတန၊ ဓာတ်တို့နဲ့ စပ်တဲ့ တရားဟူသရွေ့ ဦးမာဒင် မှတ်လိုက်စမ်း သုညတတရား (မှန်ပါ့ ဘုရား)။

Therefore, U Ba Din, mark this well: any teaching relating to the Aggregates (Khandhas), Sense Bases (Ayatanas), and Elements (Dhatus) is the Dhamma of Suññata. (Yes, Sir).

ခန္ဓာအာယကနဓာတ်တို့ကို ဟောနေရင် (သုညတတရားပါ ဘုရား) ခန္ဓာဟောလိုက်လဲ့ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ဆိတ်သုဉ်းတယ်(မှန်ပါ့) အာယတန ဟောလိုက်ပြန်လဲ (ပုဂ္ဂိုလ်၊ သတ္တဝါ ဆိတ်သုဉ်းပါတယ် ဘုရား) သစ္စာတွေ ဟောလိုက်ပြန်လဲ (ပုဂ္ဂိုလ်သတ္တဝါ ဆိတ်သုဉ်းပါတယ် ဘုရား)။

When I preach on the Khandhas, what is it? (It is the Dhamma of Suññata, Sir). When I expound on the Khandhas, the illusion of a "person" or a "being" is completely dismantled. (Yes, Sir). When I expound on the Ayatanas? (The illusion of a person or being is dismantled, Sir). And when I expound on the Noble Truths (Saccas)? (The illusion of a person or being is dismantled, Sir).

အဲဒီမှာ ဘုရားကတော့ မှာခဲ့တယ်၊ အင်္ဂုတ္တိုရ်ပါဠိတော်မှာ၊ “မင်း သုညတတရားကြိုးစားပြီး ဟောရစ်ပါကွာ” တဲ့၊ ငါ ဘုရားမရှိသည့်နောက် သုညတတရားကို နာနိုင်တဲ့ပုဂ္ဂိုလ်လဲ မရှိဘူး ဟောနိုင်တဲ့ပုဂ္ဂိုလ်လဲမရှိဘူး၊ ဟောပြန် ဟောပြန်လို့ ရှိရင်လဲတဲ့ အပြစ်တောင်ဆိုကြလိမ့်ဦးမယ်တဲ့ (မှန်ပါ့) သေသေချာချာ မှာတာ (မှန်ပါ့)။

The Buddha left a strict injunction in the Anguttara Nikaya: "Make every effort to preach the Dhamma of Suññata." He warned that after His passing, there would be few who could listen to the Dhamma of Suññata, and few who could preach it. Furthermore, He said that if one does preach it, people might even criticize and find fault with them. (Yes, Sir). He left this warning very clearly. (Yes, Sir).

အဲဒါကိုဖြင့် မင်းတို့ ငါ၏တပည့်သား ရင်းရင်းချာချာဖြစ်ခဲ့လို့ ရှိရင်ဖြင့် တဲ့၊ သုညတတရား ဟောပြီး သကာလ သုညတ နိဗ္ဗာန်ပို့ရစ်ပါဆိုတဲ့ဥစ္စာလဲ အင်္ဂုတ္တိုရ်ပါဠိတော် အနာဂတံသသုတ် မှာ သေသေချာချာ ဟောတယ် (မှန်ပါ့)အနာဂတံသသုတ်မှာ သေသေချာချာ အနာဂါတ်ဘေးရန်တွေလို့ ဦးမာဒင် ဆိုပါတယ် (မှန်လှပါ ဘုရား)။

He instructed, "If you are truly my devoted disciples, preach the Dhamma of Suññata and guide others to Emptiness-Nibbana." This is explicitly stated in the Anagatabhaya Sutta of the Anguttara Nikaya. (Yes, Sir). The Anagatabhaya Sutta clearly details the future dangers to the teaching, U Ba Din. (True, Sir).

အနာဂါတ်မှာ သုညတတရား ဟောလို့ရှိရင် ဘယ်သူမှ မနာ ချင်ဘူးတဲ့၊ မနာချင်တဲ့ ပုဂ္ဂိုလ်များပြီး အပြစ်တောင် ပြောသေး သတဲ့ (မှန်လှပါ) အဲဒီ အပြစ်ပြော တာကိုလဲ မင်းတို့ သည် တဲ့ တိုက်ဖျက်ရစ်ပါဆိုတာကိုလဲ မှာပါတယ် (မှန်လှပါ)။

He foresaw that in the future, no one would want to listen when the Dhamma of Suññata is preached. Instead of listening, the majority would criticize it. (True, Sir). He urged His disciples to withstand such criticism and break through those barriers to continue teaching the truth. (True, Sir).

ဒီတရား ကွယ်ရင်လဲ နိဗ္ဗာန်ကွယ်တော့မယ်

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီတရား ကွယ်ရင်လဲ နိဗ္ဗာန်ကွယ်တော့မယ် (မှန်ပါ့)။

Therefore, Yogis, if this Dhamma disappears, Nibbana will also disappear from the world. (Yes, Sir).

သုညတတရား ကွယ်ရင်လဲ (နိဗ္ဗာန်ကွယ်တော့မှာပါ ဘုရား) နိဗ္ဗာန်ကွယ်တော့ အပါယ်လေးပါး သုံးဆယ့်တစ်ဘုံကြီး က ထွန်းကားလာမှာပေါ့ (မှန်ပါ့) အိုဘေး၊ နာဘေး၊ သေဘေးတွေ နဲ့ ကျုပ်တို့ နယ်လှည့်ပြီး နေရုံပေါ့ (မှန်လှပါ ဘုရား)။

If the Dhamma of Suññata disappears... (Nibbana will disappear, Sir). And when Nibbana disappears, the four lower realms and the thirty-one planes of existence will flourish. (Yes, Sir). We will just keep endlessly wandering through the perils of aging, sickness, and death. (True, Sir).

ဒါကြောင့် ယနေ့ ဟောမည့်တရား ဘာတရားပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဒကာသစ်ရေ သုညတတရား ဟောလိမ့်မယ် (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

Hence, if you ask what Dhamma I will preach today, Daka Thit, I will preach the Dhamma of Suññata. (Yes, Sir). Is that clear? (Yes, it is, Sir).

ကိုင်း ဒါဖြင့် မောဃရာဇရဟန်းကလဲ မူတည်၊ ရှင်အာနန္ဒာကလဲ သုညတဆိုတာ ဘယ်ဟာတုံးဘုရာ့ သုညလောကဆိုတာ ဘယ်ဟာတုံးဘုရာ့ လို့ မေးလျှောက်တော့ ခု နင်က ပြောခဲ့တဲ့အတိုင်း ဒကာ ဒကာမတို့ သန္တာန်မှာ ရုပ်ပေါ် လာလို့ရှိရင်လဲ သုညတမှတ်ပါ၊ (မှန်ပါ့) ဝေဒနာပေါ်လာရင်လဲ (သုညတမှတ်ပါ ဘုရား) သညာပေါ်လာရင်ကော (သုညတ မှတ်ပါ ဘုရား) အဲ သုညတချည့်မှတ် တဲ့ (မှန်ပါ့) စိတ်ကလေး ပေါ်လာရင်ကော (သုညတပါ ဘုရား)။

Based on the instructions given to the monk Mogharaja, and addressing Venerable Ananda's question, "What is Suññata? What is the World of Suññata?", I instruct you just as the Buddha did. Yogis, when matter (Rupa) arises within you, note it as Suññata. (Yes, Sir). When feeling (Vedana) arises? (Note it as Suññata, Sir). When perception (Sañña) arises? (Note it as Suññata, Sir). Yes, note them all as Suññata. (Yes, Sir). What if a state of mind arises? (It is Suññata, Sir).

ငါ့-ငါ့ဥစ္စာ ဆိတ်သုဉ်းသွားတယ်

ဪ ဘယ့်နှယ်ကြောင့် သုညတမှတ်ရပါလိမ့်မတုံးဆို အို ရုပ်ကပေါ်လာတာပဲ၊ ရုပ်ပျက်သွားတာပဲ၊ ငါ့-ငါ့ဥစ္စာ မဟုတ်ဘူးဆိုတော့ ငါ-ငါ့ဥစ္စာမရှိဘူးလို့ ဆိတ်သုဉ်းသွားတာသည် ဒကာ ဒကာမတို့ ဝမ်းထဲမှာ ဒါရုပ်ပဲလို့ သိလိုက်လို့ရှိရင် ငါ့-ငါ့ဥစ္စာ ဆိတ်သုဉ်းသွားတယ် (မှန်ပါ့)။

Now, why must you note it as Suññata? Because Rupa simply arises and passes away. It is neither "I" nor "Mine." The moment you realize within yourselves, "Ah, this is just Rupa," the notion of "I" and "Mine" is completely eradicated. (Yes, Sir).

ဒါကလေးဟာ ဖြစ်ပြီးပျက်တဲ့ အနိစ္စတရားကလေးပဲလို့ သိလိုက်ပြန်တော့လဲ ဝမ်းထဲမှာ ဘာဆိတ်သုဉ်းသွားသတုံး (ငါ - ငါ့ဥစ္စာဆိတ်သုဉ်းသွားပါတယ်) ငါ-ငါ့ဥစ္စာ ဆိတ်သုဉ်းသွားတယ် (မှန်ပါ့) ကိုင်း ဒါဖြင့် ဒီအတိုင်းပြောနေတော့ အဖြေတွေ မှားနေကြရော့မယ်၊ ဒကာ ဒကာမတို့ ပုံစံနဲ့ ချပြတော့မှ သုညတ ရှင်းပါလိမ့်မယ် (မှန်လှပါ)။

When you realize that it is merely the nature of Impermanence (Anicca) arising and passing away, what is eradicated within you? (The notion of "I" and "Mine" is eradicated, Sir). It gets rid of "I" and "Mine". (Yes, Sir). However, if I just keep explaining it theoretically like this, your answers might miss the point. Let me give you a practical example so that Suññata becomes crystal clear to you. (Yes, Sir).

ပုံစံနဲ့ပြလိုက်ရင် (သုညတရှင်းပါလိမ့်မယ် ဘုရား)သုညတ ရှင်းတော့ ဒကာ ဒကာမတို့ သန္တာန်၌ ဒကာ ဒကာမတို့ ဥပမာ - သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာဆိုတဲ့ ဝေဒနာ သုံးမျိုး ဟာ လှည့်ပြီး ဒကာ ဒကာမတို့ အာရုံတိုက်သလို မပေါ်ဘူးလား ဗျာ (ပေါ်ပါတယ် ဘုရား)။

If I show you with an example... (Suññata will become clear, Sir). To make it clear, let us look at your own experience. For example, pleasant feeling (Sukha Vedana), unpleasant feeling (Dukkha Vedana), and neutral feeling (Upekkha Vedana)—don't these three feelings arise in turn whenever a sense object makes contact? (They arise, Sir).

ဒီဘက်က ဘာတုံးမေးတော့ သုခဝေဒနာ (မှန်ပါ့ ဘုရား) ဒါ အာရုံဒွါရတိုက်လို့ ပေါ်ပြန်တော့ ဒီဘက်က ဘာဆိုကြမယ် (ဒုက္ခဝေဒနာပါ ဘုရား) ဒါ အာရုံဒွါရတိုက်လို့ ပေါ်ပြန်ရင်ကော (ဥပေက္ခာဝေဒနာပါ ဘုရား)။

When contact happens here, what arises? Pleasant feeling. (Yes, Sir). When another sense contact occurs, what arises? (Unpleasant feeling, Sir). And when yet another contact occurs? (Neutral feeling, Sir).

ဪ ယားတယ်၊ ဒကာ ဒကာမတို့ နာတယ်၊ ကိုက် တယ်၊ ခဲတယ် ဘာဝေဒနာတုံး (ဒုက္ခဝေဒနာပါ ဘုရား) အင်း ဒုက္ခဝေဒနာဆိုသဖြင့် တဲ့ ဒုက္ခဝေဒနာလို့ ဒကာ ဒကာမတွေ က သိလိုက်တယ် (မှန်ပါ့) ဒုက္ခဝေဒနာကို ဒုက္ခဝေဒနာမှန်း သိလိုက်တော့ကို ဒကာ ဒကာမတို့ ငါ-ငါနာတာဆိုတာ ရှိသေးရဲ့ လား (မရှိပါ ဘုရား) ငါ့အသားကလေးက နာနေတယ်လို့ ကော (မရှိပါ ဘုရား)။

Suppose there is an itch, a pain, an ache, or a soreness. What kind of feeling is that? (It is Dukkha Vedana, Sir). Indeed, it is Dukkha Vedana. When you rightly comprehend it simply as Dukkha Vedana, does the thought "I am in pain" still exist? (No, Sir). Does the thought "My flesh is hurting" still exist? (No, Sir).

ငါ-နာတာလဲ မရှိဘူး၊ ငါ့ဥစ္စာအသားကလေးက နာနေတာလို့ကော (မရှိပါ ဘုရား)။

There is no "I am hurting," nor is there any "My flesh is hurting." (No, Sir).

ဪ ဒါဖြင့် ဝေဒနာ ဝေဒနာမှန်းသိလိုက်၊ ဝေဒနာ ပျက်တာကို ဝေဒနာပျက်မှန်း သိလိုက်ဆိုတော့ မဂ္ဂင်ကလေး ဝင်လာလိုက်ရင်ပဲ ဒကာ ဒကာမတို့ အရင်တုန်းကတော့ ငါနာတယ် ဆိုတော့ ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့)။

When you watch and observe feeling just as feeling, and observe the passing away of feeling just as the passing away of feeling, the Path (Magga) enters the mind. Previously, when you thought "I am in pain," Wrong View (Ditthi) arose. (Yes, Sir).

ငါနာတယ်ဆိုတော့ ဘာဖြစ်သွားသတုံး (ဒိဠိဖြစ်သွားပါ တယ် ဘုရား) ဒိဋ္ဌိဖြစ်သွားတယ်နော် (မှန်ပါ့) အဲ - ဒါဖြင့် ဒိဋ္ဌိဖြစ်သွားတော့ ဒိဋ္ဌိနောက်ကနေပြီးသကာလ ဒိဋ္ဌုပါဒါန်ဖြစ် တယ် (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) တော်တော်ကြာကျတော့ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံကော (ဖြစ်ပါတယ် ဘုရား)။

When you claim "I am in pain," what happens? (Wrong View arises, Sir). Wrong View (Ditthi) arises, doesn't it? (Yes, Sir). Once Ditthi arises, it is immediately followed by Clinging to Wrong View (Ditthupadana). (Yes, Sir). Doesn't it happen? (It happens, Sir). And shortly after, actions (Kamma) driven by that Wrong View also arise, don't they? (They arise, Sir).

ဟော ဦးမာဒင်ရေ ဒိဋ္ဌိတဏှာရယ်၊ ဒိဋ္ဌုပါဒါန် ရယ်၊ ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံရယ်၊ ပဋိစ္စသမုပ္ပါဒ် ဆက်သွားတယ် (ဆက်ပါတယ် ဘုရား) ဒါ - ငါနာတယ်ယူလိုက်တာ (မှန်ပါ့)။

Look here, U Ba Din! Craving rooted in Wrong View, Clinging to Wrong View, and Kamma driven by Wrong View—The Wheel of Dependent Origination spins continuously. (It spins, Sir). All of this happens simply because you assumed "I am in pain." (Yes, Sir).

ဝေဒနာ ငါဖြစ်သွားတဲ့အတွက် ဒကာ ဒကာမတို့ ငါဆိုတာက ဒိဋ္ဌိ (မှန်ပါ့) ဒိဋ္ဌိလာလို့ရှိရင် ဒိဋ္ဌုပါဒါန်က နေရစ်ပါ့မလား (မနေရစ်ပါ ဘုရား) ဒိဋ္ဌိအုပ်ချုပ်တဲ့ကံကော (မနေရစ် ပါ ဘုရား) မနေရစ်တော့ သြော် အနာဂတ် အကြောင်းသုံးခု ဖြစ်လာတယ် (မှန်ပါ့)။

Because you took feeling to be "I", the notion of "I" becomes Ditthi. (Yes, Sir). Once Ditthi arrives, will Ditthupadana stay behind? (No, Sir). Will Kamma driven by Ditthi stay behind? (No, Sir). Since they do not stay behind, three causes for the future have now arisen! (Yes, Sir).

အနာဂတ်အကြောင်းသုံးခုပေါ်လာတယ်

ဘယ်လိုမှတ်ကြမယ် (အနာဂတ်အကြောင်းသုံးခု ပေါ် လာပါတယ် ဘုရား)။

What must you note? (Three causes for the future arise, Sir).

အနာဂတ်အကြောင်းသုံးခု ပေါ်လာတာကို ထောက်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဘယ့်နှယ်ကြောင့်တုံးဆိုတော့ အို ငါ-ငါ့ဥစ္စာဆိုတဲ့ဟာကို သုညတဖြစ်အောင် ကိုယ်က မလုပ်တတ် လို့ပေါ့ဗျာ (မှန်ပါ့) သုညတဖြစ်အောင် မိမိက မလုပ်တတ်တဲ့ အတွက် ဒကာ ဒကာမတို့ ငါ-ဆိုတဲ့ ဒိဋ္ဌိဝမ်းထဲမှာ ပေါ်ပြီ (မှန်ပါ့ ဘုရား) ဒိဋ္ဌပါဒါန်ဆိုတဲ့ ငါ့ဥစ္စာဆိုတဲ့ စွဲလမ်းမှုကော (ပေါ်ပါ တယ် ဘုရား) ဟာ ဒါဖြင့် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံတွေကလဲ ငါလုပ် ခံနိုင်ရိုးလားဆိုတဲ့ ကာယကံ၊ ဝစီကံတွေကော (လာပါတယ် ဘုရား)။

When you trace back why these three future causes arise, the answer is simple: it is because you do not know how to realize Suññata, getting rid of "I" and "Mine". (Yes, Sir). Because you fail to establish Suññata, the Ditthi of "I" appears in your mind. (Yes, Sir). Does the clinging of "Mine" (Ditthupadana) arise as well? (It arises, Sir). And when confronted with something, the Kamma driven by Ditthi says, "Do you think I'll just take this?"—leading to unwholesome bodily and verbal actions. Do they come? (They come, Sir).

အင်း ဒါဘယ့်နှယ်ကြောင့် ပေါ်လာပါလိမ့်မတုံးဆိုတော့ သုညတမဖြစ်လို့ (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (သုံညတ မဖြစ်လို့ပါ ဘုရား)။

Why do all these arise? Because there is no Suññata. (Yes, Sir). How should we understand this? (Because there is no Suññata, Sir).

ဒါကလေးဟာ ငါ-ငါ့ဥစ္စာမဟုတ်ဘူးဆိုတဲ့ ဉာဏ်ကလေး မဝင် နိုင်တာနဲ့ ပဋိစ္စသမုပ္ပါဒ်တန်းတယ် (မှန်ပါ့)။

Because the Insight Knowledge fails to see that "This is neither 'I' nor 'Mine'," The Wheel of Dependent Origination spins into action. (Yes, Sir).

ဒါလွတ်လို့ ဖြင့် အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့ ဝိပဿနာလွှတ်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဦးမာဒင်ရေ ပဋိစ္စသမုပ္ပါဒ်တန်းဖို့ သာ မှတ်ပေတော့ (မှန်ပါ့)။

Yogis, mark this well: the very moment you lose your grip on Insight (Vipassana) Knowledge, U Ba Din, The Wheel of Dependent Origination instantly takes over. (Yes, Sir).

ဝိပဿနာလွတ်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း (ပဋိစ္စ သမုပ္ပါဒ်တန်းပါတယ် ဘုရား) ဒကာသစ် ကြောက်စရာကြီးပါလား (ကြောက်စရာကြီးပါ ဘုရား) ဦးလှဘူးရေ ကြောက်စရာကြီးနော် (ကြောက်စရာကြီးပါ ဘုရား)။

The moment you drop Vipassana... (The Wheel of Dependent Origination spins, Sir). Daka Thit, isn't that terrifying? (It is terrifying, Sir). U Hla Bu, it is truly terrifying, isn't it? (It is terrifying, Sir).

ခင်ဗျားတို့ သာမည အသိနဲ့ သိတော့ ကျုပ်ဖြင့် အမြင်လွဲသွားပြီဗျာ (မှန်ပါ့ ဘုရား) အမြင်လွဲသွားပြီ ဆိုတော့ ဦးမာဒင်တို့က သာမည မှတ်နေတယ် (မှန်ပါ့) အမြင်လွဲသွား တာဒိဋ္ဌိဖြစ်တယ် (မှန်ပါ့) ဒိဋ္ဌိဖြစ်တော့ ဒိဋ္ဌိက သူတစ်ခုတည်း နေသလားဆိုတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိတဏှာက တဏှာပစ္စယာ ဥပါဒါနံ၊ ဒိဋ္ဌုပါဒါန်မလာဘူးလား (လာပါတယ်) ဥပါဒါန်လာ လို့ရှိရင် ဥပါဒါနပစ္စယာကမ္မဘဝေါဆိုတော့ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံလာ ဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)ဒါဖြင့်အနာဂတ် အကြောင်းသုံးခု ဘယ့်နှယ်တုံး (ပေါ်ပါတယ် ဘုရား)။

When you comprehend things merely with ordinary, superficial knowledge, your perception goes completely wrong. (Yes, Sir). You might think it is just a minor perceptual error, U Ba Din. (Yes, Sir). But that wrong perception is exactly what Ditthi is! (Yes, Sir). And does Ditthi ever remain alone? Due to Craving, Clinging arises. Doesn't Ditthupadana follow? (It follows, Sir). Once Clinging arises, actions driven by Ditthi are formed. (Yes, Sir). Don't they form? (They form, Sir). So, what happens to the three causes for the future? (They arise, Sir).

ဒါဖြင့် အနာဂတ်အကျိုး သုံးခုလဲ မလာပါနဲ့ ဆိုလို့ ဇာတိ၊ ဇရာ၊ မရဏ မလာပါနဲ့ ဆိုတော့ ဒကာ ဒကာမတို့ ရပါ့မလား (မရပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

Once the causes are planted, if you pray, "May the three future effects—Rebirth, Aging, and Death—not come to me," will your prayer be answered? (No, Sir). Is the process clear to you? (It is clear, Sir).

သုညတမဆိုက်လို့ရှိရင်

ဒါဖြင့် တိုတိုမှတ်ကြပါ ဒကာ ဒကာမတွေ သုညတ မဆိုက်လို့ ရှိရင် သမုဒယသစ္စာသုံးခုနဲ့ ဒုက္ခသစ္စာ သုံးခုပေါ်တယ် (မှန်ပါ့ ဘုရား)။

In short, Yogis, remember this: if you fail to realize Suññata, the three Truths of Origin (Samudaya Sacca) and the three Truths of Suffering (Dukkha Sacca) will inevitably arise. (Yes, Sir).

ဘယ်လိုမှတ်ကြမယ် (သမုဒယသစ္စာသုံးခုနဲ့ ဒုက္ခသစ္စာသုံးခု ပေါ်ပါတယ် ဘုရား)။

How must you remember it? (The three Truths of Origin and the three Truths of Suffering will arise, Sir).

ဒါ ဒကာ ဒကာမတို့ ခင်ဗျားတို့ အမြင်လဲ ပြတယ်၊ အမှန်လဲ ဟုတ်ပါတယ် (မှန်ပါ့) အမြင်လဲဒီအတိုင်းပဲ (မှန်ပါ့) ဝမ်းထဲ ဖြစ် တာကော (ဒီအတိုင်းပါ ဘုရား)။

Yogis, this exposes your wrong perceptions, and it is the absolute truth. (Yes, Sir). Your perception works exactly like this. (Yes, Sir). And what happens inside your mind? (It happens exactly like this, Sir).

ဪ ဒါဖြင့် သုညတကင်းလိုက်ရင်ဖြင့် ဒကာ ဒကာမတို့ သံသရာတွင်းဆင်းပြီ (မှန်ပါ့) သုညတကင်းလိုက်ရင် (သံသရာ တွင်း ဆင်းပါတယ် ဘုရား)။ ( ဒါဖြင့် ဒီတရားကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ငါမရှိသည့်နောက်ကွာ တဲ့၊ ဒီသုညတတရား ဟောပြန်လို့ ရှိရင်လဲ မည်သူမှလဲ မနာတတ်ဘူး၊ ဟောတဲ့ပုဂ္ဂိုလ်ပဲ အပြစ်ဆိုကြ ပါလိမ့်ဦးမယ် (မှန်ပါ့) - ဒီတရားကွယ်လို့ ရှိရင်လဲ မင်းတို့ သာသနာကွယ်ပေါ့လို့ အောက်မေ့တဲ့ (မှန်ပါ့) ဆိုတော့ ဒီတရားသည် အားလုံး ဦးလှဘူးတို့နဲ့တကွ အားလုံး ဦးမာဒင်တို့၊ ဒကာသစ်တို့ မည်မျှလောက် အရေးကြီးတယ် ဆိုတာလဲ ကိုယ်တော်မြတ်ကြီး အနာဂတံသဉာဏ်နဲ့ မှာပစ်ခဲ့တယ် (မှန်ပါ့)။

Therefore, the moment Suññata is absent, you plunge straight back into Samsara. (Yes, Sir). If Suññata is absent... (We plunge into Samsara, Sir). Thus, the Supreme Buddha prophesied, "After I am gone, if the Dhamma of Suññata is preached, no one will know how to listen to it, and they will only find fault with the preacher. When this Dhamma disappears, consider my Dispensation to have disappeared as well." (Yes, Sir). Using His knowledge of the future, the Buddha left this warning to emphasize to U Hla Bu, U Ba Din, Daka Thit, and all of you, just how critically important this Dhamma is. (Yes, Sir).

ကဲ ခင်ဗျားတို့ လက်တွင်း ရောက်လို့ရှိရင်ဖြင့် သော် ဒို့မှာ နိဗ္ဗာန်ရောက်ကြောင်းကလေး ဒို့မှာ ရှိသေးပါလား သုညတ နာနိုင်လို့ (မှန်ပါ့) ဒီသုညတမှ မနာနိုင်တဲ့ ပုဂ္ဂိုလ် တွေဟူသရွေ့ ဟာဖြင့် ဒီပဋိစ္စသမုပ္ပါဒ် အတိုင်း သွားလေရော့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

Now that this teaching has reached your very hands, you must realize, "Ah, because we are still able to hear the Dhamma of Suññata, the path to Nibbana is still open to us!" (Yes, Sir). Anyone who cannot endure listening to Suññata will simply be swept away by The Wheel of Dependent Origination. (Yes, Sir). Is that utterly clear? (It is clear, Sir).

ဪ ဒါဖြင့် ဒို့ဒီနေ့သည်ကားလို့ဆိုရင် ခဲခဲ ယဉ်းယဉ်း လာကြရတယ်၊ လာကျိုးနပ်အောင်လို့ ဆရာဘုန်းကြီးကလဲ အရေး တကြီး တရားကိုဖြင့် ပြောပြီ၊ ဆုံးမပြီ၊ သွန်သင်ပြီဆိုတာ ဒကာသစ် သေသေချာချာ လေးလေးနက်နက်မှတ်ပါ (မှန်ပါ့) လေးလေး နက်နက် မှတ်ကြပါ ဒကာ ဒကာမတို့ ဒီဟာမလွယ်ကူဘူး (မှန်ပါ့ ဘုရား)။

You have made great efforts to come here today. To make your efforts truly worthwhile, I have urgently preached, corrected, and instructed you with this profound Dhamma. Daka Thit, mark this carefully and deeply. (Yes, Sir). Mark this deeply, Yogis. Securing this truth is no easy matter! (Yes, Sir).

သုညတကွယ်ရင် နိဗ္ဗာန်ကွယ်တယ်

ကိုင်း ဒကာ ဒကာမတို့ သုညတကွယ်ရင် နိဗ္ဗာန်ကွယ် တယ် (မှန်ပါ့ ဘုရား)။

Now, Yogis, if Emptiness (Sunnata) is obscured, Nibbana is obscured. (True, Sir).

သုညတကွယ်ရင် (နိဗ္ဗာန်ကွယ်ပါတယ်) သြော် ဒါဖြင့် ဒို့ အခု လူနည်းစုအဖြစ်နဲ့ တရားနာပြီး သကာလ နေကြ တယ်၊ အချို့ မိုးသံ-လေသံကြောင့် မလာနိုင်ကြငြားသော်လဲ သုညတကွယ်လို့ ရှိရင် နိဗ္ဗာန်ကွယ်တယ်ဆိုတဲ့ ဥစ္စာ သူ့ခမျာများ မသိရဘူး (မှန်ပါ့) ခင်ဗျားတို့မှာ ထူးထူးလည်လည် သိရတယ်ဆိုတော့ သုညတမဆိုက်တဲ့ ပုဂ္ဂိုလ်မှာ ဒကာ ဒကာမတို့ ငါ ငါ့ဥစ္စာ လိုက်ပါတယ် (လိုက်ပါတယ် ဘုရား)။

If Emptiness is obscured... (Nibbana is obscured, Sir). Indeed, we are gathered here as a small group listening to the Dhamma. Some could not make it due to the rain and wind. Sadly, they miss out on knowing that if Emptiness is obscured, Nibbana is obscured. (True, Sir). You, however, have the rare opportunity to understand this clearly. Yogis, for a person who has not realized Emptiness, the notions of "I" and "Mine" will always follow them. (They will, Sir).

ဝေဒနာကို ငါထင်တယ်၊ ငါ့ဥစ္စာထင်တယ် (မှန်ပါ့ ဘုရား) ထင်တော့ ဒိဋ္ဌိတဏှာ မလာဘူးလား (လာပါတယ်) ငါက ဒိဋ္ဌိ၊ ငါ့ဥစ္စာက တဏှာကိုးဗျ (မှန်ပါ့ ဘုရား)။

They perceive feeling (Vedana) as "I" or "Mine". (True, Sir). When they perceive it this way, don't Wrong View (Ditthi) and Craving (Tanha) arise? (They do, Sir). The concept of "I" is Wrong View, and the concept of "Mine" is Craving. (True, Sir).

ဒါဖြင့် ဒီဘက်က ခုနင်က ဒိဋ္ဌိ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံကို ပဋိစ္စသမုပ္ပါဒ်တန်းလိုက်တော့ ဇာတိ၊ ဇရာ၊ မရဏဆိုတာ ဒိဋ္ဌိဘက် ကသွားတဲ့ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

Therefore, tracing the links of The Wheel of Dependent Origination, Wrong View (Ditthi) leads to Clinging to Wrong View (Ditthupadana), which creates Kamma governed by Wrong View. This inevitably results in Rebirth (Jati), Aging (Jara), and Death (Marana). This is the cycle of Dependent Origination driven by Wrong View. (True, Sir). Do you grasp the meaning? (Yes, we do, Sir).

ငါ့ဥစ္စာလို့ ငါ့ဥစ္စာကလေးနာနေတာ ငါ့သားကလေး နာနေ တာဆိုတော့ ငါ့ဥစ္စာနာနေတယ် (မှန်ပါ့) ငါ့သားကလေး နေကောင်းနေတယ်ဆိုတာလဲ သုခဝေဒနာကို ငါ့သား လုပ်ထား တယ် (မှန်ပါ့ ဘုရား)။

When you say, "My child is sick," you are essentially saying, "My possession is suffering." (True, Sir). Even when you say, "My child is well," you are claiming a pleasant feeling (Sukha-vedana) as "My son." (True, Sir).

ကဲ ဒါဖြင့် အဲဒီကျတော့ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ လာပြန်ပြီ (မှန်ပါ့) ဒါက ငါ့ဥစ္စာကြောင့် လာတဲ့ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) ခုနင်က ငါ့ကြောင့်လာတဲ့ (ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား) ငါ့ဥစ္စာကြောင့်လာတဲ့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

And so, Craving (Tanha), Clinging (Upadana), Volitional Action (Kamma), Rebirth (Jati), Aging (Jara), and Death (Marana) arise all over again. (True, Sir). This is the cycle of Dependent Origination driven by the concept of "Mine." (True, Sir). The previous one was driven by "I." (It was the cycle of Dependent Origination, Sir). Are you entirely clear on the cycle driven by "Mine"? (We are clear, Sir).

အဲဒါ ဒကာ ဒကာမ တို့ လေးလေးနက်နက် မှတ်စမ်းပါ၊ သုညတဆိုက်အောင် မကြည့် နိုင်လို့ (မှန်ပါ့ ဘုရား)။

Yogis, mark this deeply! This happens because you fail to observe phenomena until you realize Emptiness. (True, Sir).

ဘယ်လိုမှတ်ကြမယ် (သုညတဆိုက်အောင် မကြည့်နိုင်လို့ပါ ဘုရား) သုညတဆိုက်အောင် မကြည့်နိုင်လို့ (မှန်ပါ့ ဘုရား)။

Why does this happen? (Because we fail to observe until we realize Emptiness, Sir). Indeed, because you fail to observe until you realize Emptiness. (True, Sir).

ဦးမာဒင် ဘယ်လောက်အရေးကြီးသတုံး (ကြီးပါတယ်) ကြီး တယ်တဲ့၊ ခင်ဗျားတို့ ကတော့ ငါနဲ့ ငါ့ဥစ္စာမှပဲ ခင်ဗျားတို့မှာဖြင့် ကိုယ့်အရေးကြီးတဲ့ အချက်မှတ်နေတယ် (မှန်ပါ့) ငါက ဒိဋ္ဌိ ငါ့ဥစ္စာက တဏှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။ း ငါက (ဒိဋ္ဌိ) ငါ့ဥစ္စာက (တဏှာပါ) ကဲ- ငါ့ကြောင့် လဲ ပဋိစ္စသမုပ္ပါဒ် တစ်ချက်သွားပြီ (မှန်ပါ့)" ငါ့ဥစ္စာကြောင့် ကော (ပဋိစ္စသမုပ္ပါဒ် တစ်ချက်သွားပါတယ် ဘုရား)။

U Ma Din, how crucial is this? (Very crucial, Sir). It is extremely crucial. Yet, you live your lives treating "I" and "Mine" as the most important things. (True, Sir). Remember, "I" is Wrong View, and "Mine" is Craving. (True, Sir). Do you grasp the meaning? (Yes, we do, Sir). What is "I"? (Wrong View, Sir). What is "Mine"? (Craving, Sir). So, due to "I," The Wheel of Dependent Origination turns one full cycle. (True, Sir). And due to "Mine"? (The Wheel of Dependent Origination turns another full cycle, Sir).

ခရီးလမ်းကြီး နှစ်ခုပေါ်လာတာ

ကိုင်း ဒါဟာ ဒီပဋိစ္စသမုပ္ပါဒ် နှစ်သံသရာ ခရီးလမ်းကြီး နှစ်ခုပေါ်လာတာဟာ ဦးမာဒင်၊ ဦးလှဘူးတို့ စဉ်းစားပါတဲ့ သုညတ မမြင်လို့ (မှန်ပါ့) ဘယ်လိုဆိုကြပါ့မယ် (သုညတ မမြင်လို့ ပါ ဘုရား)။

Now, U Ma Din and U Hla Bu, consider this carefully. These two great paths of Samsara—these two cycles of Dependent Origination—emerge simply because you do not see Emptiness. (True, Sir). Why do they emerge? (Because we do not see Emptiness, Sir).

အားလုံး ဒကာ ဒကာမတွေ ဒီပဋိစ္စသမုပ္ပါဒ် ပေါ်လာတယ် ဆိုကတည်းကိုက ခင်ဗျားတို့ သံသရာခရီးလမ်းကြီးကဖြင့် ဒါလဲ မိမိသွားတာပဲ (မှန်ပါ့) ဒီဟာကော (မိမိသွားတာပါ) ဒါကော (မိမိသွားတာပါ) ဒါလဲ မိမိရောက်တာပဲ (မှန်ပါ့ ဘုရား)။

Yogis, the moment The Wheel of Dependent Origination starts turning, it is you who must walk this vast path of Samsara. (True, Sir). Who walks this path? (We walk it ourselves, Sir). Who walks that path? (We walk it ourselves, Sir). And who reaches the destination of suffering? (We do, Sir).

ကဲ ဒကာ ဒကာမတို့ ဒီဥစ္စာ သူများသွားနေတာလား မိမိသွားနေတာလား (မိမိသွားနေတာပါ) သော် ဒီပဋိစ္စသမုပ္ပါဒ်ဟာ မိမိတည်ထောင်တဲ့ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) ရှင်း ကြပလား (ရှင်းပါပြီ ဘုရား)။ ( သူများတည်ထောင်တာလား မိမိတည်ထောင်တာလား၊ (မိမိတည်ထောင်တာပါ ဘုရား)။ ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘယ့် နှယ်ကြောင့် ဒီပဋိစ္စသမုပ္ပါဒ်နှစ်ခုကို ကိုယ်ဆင်းရဲကြောင်း ပဋိစ္စသမုပ္ပါဒ် နှစ်ခုကို ကိုယ်ကိုယ်တိုင် ပယောဂကြီးနဲ့ လုပ်ပါလိမ့်မလဲ မေးဖို့ အကြောင်း ကြုံလာတယ် (ကြုံလာပါတယ် ဘုရား)။

Tell me, Yogis, is someone else walking this path, or are you walking it yourself? (We are walking it ourselves, Sir). Indeed, this Wheel of Dependent Origination is built entirely by you. (True, Sir). Is that clear? (Yes, it is, Sir). Did someone else build it, or did you build it? (We built it ourselves, Sir). So, the question naturally arises: Why do you, my Yogis, expend so much effort to build these two cycles of Dependent Origination—the very causes of your own suffering? (It does arise, Sir).

ထိုကဲ့သို့ ကြုံလာတာကြုံချင်လို့ ကြုံရတာမဟုတ်ဘူး၊ ခင်ဗျား တို့ သုညတဆိုက်အောင် မကြည့်နိုင်လို့ (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

You do not build them because you want to suffer; you build them because you fail to observe phenomena until you realize Emptiness. (True, Sir). Is the answer clear? (It is clear, Sir).

ဘယ်လိုမှတ်ကြမယ် (သုညတဆိုက်အောင် မကြည့်နိုင် လို့ ပါ ဘုရား)။

What is the reason? (Because we fail to observe until we realize Emptiness, Sir).

သြော် ဒကာသစ်ရေ ဒါဖြင့် ဦးမာဒင် ဆရာကောင်း သမားကောင်း သိပ်လိုတယ် (လိုပါတယ်) လိုပြီ- လိုပြီ ဦးလှဘူးရေ (လိုပါတယ် ဘုရား)။

Therefore, Daka Thit and U Ma Din, you desperately need a good teacher to guide you. (We do, Sir). You truly need one, U Hla Bu! (We do, Sir).

ကဲ ဒကာ ဒကာမတို့ ဒါ အခု ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုး ပြီးသွားပြီလဲ (နှစ်မျိုးပါ) နှစ်မျိုးပြီးသွားပြီ၊ ဒိဋ္ဌိကြောင့် ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်တစ်မျိုး၊ ငါ့ကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် (တစ်မျိုးပါ ဘုရား)၊ ငါ့ဥစ္စာကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် (တစ်မျိုးပါ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ်တစ်မျိုးလို့ ဆိုတာ ဒကာ ဒကာမတွေ သိထားပြန်တော့ သြော် ငါ့ကြောင့်လဲ အပါယ်သွားတယ် (မှန်ပါ့) ငါ့ဥစ္စာကြောင့်လဲ (အပါယ်သွားပါတယ် ဘုရား)။

Now, Yogis, how many cycles of Dependent Origination have we covered? (Two cycles, Sir). We have covered two: one cycle driven by Wrong View, which is the concept of "I." (Yes, one cycle, Sir). And another cycle driven by the concept of "Mine." (Yes, one cycle, Sir). Once you clearly understand these cycles, you will realize: "Ah, because of 'I,' I will fall into the lower realms (Apaya)." (True, Sir). And because of "Mine"? (We will fall into the lower realms, Sir).

အင်း ခင်ဗျားတို့ အိမ်မှာနေတဲ့အခါကျတော့ ငါမရှိရင် ဖြင့်ခက်တော့တာပဲ (မှန်ပါ့) အင်း ငါမရှိလို့ ရှိရင် ခက် တာမဟုတ်ဘူး၊ ငါမရှိရင် နိဗ္ဗာန်ရောက်တယ် (မှန်ပါ့ ဘုရား)။

When you are managing your household, you often say, "If I am not here, everything will fall apart." (True, Sir). But let me tell you, if "I" does not exist, things don't fall apart; rather, you attain Nibbana! (True, Sir).

သို့သော် ခင်ဗျားတို့ ကတော့ ဘာတဲ့ (ငါမရှိရင် ခက်ပါသတဲ့) သုညတ နားမလည်တော့ ဒီဥစ္စာ တကယ်အရေး တကြီးသုံးပါတယ် (သုံးပါတယ် ဘုရား)။

Yet, what is your mindset? (We think that without "I," things will fall apart, Sir). Because you do not understand Emptiness, you cling to this concept of "I" as if it were of utmost importance. (We do, Sir).

ဒကာ ဒကာမတွေ ဒီစကားလေး တစ်လုံးက နားထောင်စမ်း ပါ (မှန်ပါ့) ဒီစကားလေးတစ်လုံး နားထောင်စမ်းပါ ဦးလှဘူးရေ (မှန်လှပါ ဘုရား)။

Yogis, listen carefully to this simple phrase. (True, Sir). Listen closely, U Hla Bu. (Yes, Sir).

ငါမရှိရင် ဒီလိုချည့်ပဲ

ခင်ဗျားတို့ ဒီကနေ ပြန်သွားတဲ့အခါ တစ်ခုခု ချို့ယွင်းနေတဲ့ အခါကျလို့ရှိရင် ငါမရှိရင် ဒီလိုချည့်ပဲ (ပြောပါတယ် ဘုရား)။

When you return home from here and find something out of place, you immediately complain, "Whenever I am not around, things always go wrong like this!" (We do say that, Sir).

ဒါက ဒိဋ္ဌိစလိုက်တာ (မှန်ပါ့) ဒိဋ္ဌိစလိုက်တော့ ကိုယ်က လဲ သုညတနားမလည်တဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ အားလုံး ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ဆက်သွားပြီ (မှန်ပါ့) မသွားပါနဲ့ ဆိုလို့ (မရပါ ဘုရား) မသွားပါနဲ့ဆိုလို့ မရတော့ဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

Right there, Wrong View (Ditthi) has begun. (True, Sir). Since you are someone who does not understand Emptiness, The Wheel of Dependent Origination starts turning immediately. (True, Sir). Can you command it to stop? (No, we cannot, Sir). Are you absolutely sure that you cannot stop it once it starts? (We are sure, Sir).

အင်း - ငါမရှိတော့ ဘာဖြစ်သတုံး၊ ဟို -ငါ့ဥစ္စာတွေပျောက် ကုန်တာပေါ့ (မှန်ပါ့) ငါ့ဥစ္စာတွေ ပျက်စီးကုန်တာပေါ့ (မှန်ပါ့ ဘုရား)။

You think, "What happens when I am not around? My belongings will be lost!" (True, Sir). "My property will be ruined!" (True, Sir).

အင်း ငါ့ဥစ္စာတွေတဲ့၊ ဒကာ ဒကာမတို့ တဏှာပဋိစ္စ သမုပ္ပါဒ် ဖွင့်ပြန်ပြီ (ဖွင့်ပါတယ် ဘုရား)။

Look at that—"My belongings, my property." Yogis, the cycle of Dependent Origination driven by Craving (Tanha) has been launched again. (It has, Sir).

ခုနှစ်တုန်းက ငါ့-ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) ငါ- ပဋိစ္စသမုပ္ပါဒ် ဆိုတော့ ဒိဠိပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

Earlier, it was the cycle driven by "I." (True, Sir). The cycle driven by "I" is the cycle of Wrong View. (True, Sir). Is that clear? (Yes, it is, Sir).

နောက်ကျတော့ ငါမရှိလို့ရှိရင် ငါ့ပစ္စည်းတွေဟာ ကစင့် ကရဲဖြစ်ကုန်တာပဲ၊ ဟာကုန်တာပဲ ငါ့ဥစ္စာတွေ ဟာကုန်ပြီ (မှန်ပါ့) ငါ့ဥစ္စာတွေ ဟာတယ်ဆိုတော့ ဘာပဋိစ္စသမုပ္ပါဒ်တုံး (တဏှာ ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)။

But then you add, "If I am not around, my belongings will be scattered and lost! My possessions will be gone!" (True, Sir). When you fret over "My possessions," which cycle is turning? (The cycle of Dependent Origination driven by Craving, Sir).

အင်း -ခင်ဗျားတို့ အိမ်ပြန်မှာကို ဘုန်းကြီးက စိုးရိမ်တယ် (မှန်ပါ့) ဦးမာဒင် အိမ်ပြန်မှာ စိုးရိမ်တယ် (မှန်ပါ့) ဦးလှဘူး မစိုးရိမ်ထိုက်ဘူးလား (စိုးရိမ်ထိုက်ပါတယ် ဘုရား)။

Honestly, I worry about you returning home. (True, Sir). U Ma Din, I worry about you going home. (True, Sir). U Hla Bu, shouldn't I be worried? (You should be worried, Sir).

ဟ အိမ်ပြန်တာ ဘုန်းကြီးက ဘာစိုးရိမ်စရာ ရှိသလဲ အို ဒီနှစ်ခုက သွားတော့မလို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

You might wonder, "Why on earth is the Sayadaw worried about us just going home?" I worry because these two cycles of suffering are waiting to turn as soon as you step through the door! (True, Sir). Do you see it? (Yes, we do, Sir).

ခင်ဗျားတို့ ကိုယ့်အိမ်ကိုယ်ပြန်တာကို မသထာလို့ မဟုတ်ပါ ဘူး (မှန်ပါ့) အိမ်ပြန်တာလား၊ အပါယ်ပြန် တာလားဆိုတာ (အပါယ်ပြန်တာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) အံမယ်လေး ကြောက်စရာကြီးပါကလား (မှန်လှပါ ဘုရား)။

It is not that I begrudge you going back to your own homes. (True, Sir). But are you truly returning to your home, or are you returning to the lower realms? (We are returning to the lower realms, Sir). Is that clear? (Yes, it is, Sir). My goodness, how terrifying! (It is indeed, Sir).

ဒါက ဘုန်းကြီးက စကားတတ်လို့ ရေရေလည်လည် ပြော တတ်လို့ ဒီအဓိပ္ပါယ် ရောက်သွားတာကိုး လို့ ဒကာသစ်က ဆိုချင်သလား ဖြစ်စဉ်ကိုက်လား (ဖြစ်စဉ်ကိုက်ပါ ဘုရား)။

Daka Thit, do you think I am just using clever words and rhetoric to make it sound this way, or does this align perfectly with reality? (It aligns perfectly with reality, Sir).

ဒါ ဘာမှမငြင်းကြနဲ့နော် (မှန်ပါ့) ဖြစ်စဉ်ကိုက်ပါ ဆိုတော့ ဘုန်းကြီးက ဒီဒကာ ဒကာမတွေ မန္တလေးက ဒကာ ဒကာမ တွေလဲ မန္တလေးပြန် အိမ်ရောက်သွားလို့ ရှိရင်ဖြင့် နှလုံး သွင်းမှားမှာတော့ သိပ်စိုးရိမ်ရတယ် (မှန်ပါ ဘုရား)။

Do not argue with this truth. (True, Sir). Since it aligns with reality, I am deeply concerned that when you Yogis return to your homes in Mandalay, you will fall into wrong attention (Ayoniso-manasikara). (True, Sir).

ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ် အရင် စ,လိုက်တယ်

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြန်လို့ ရှိရင်ဖြင့် ဒီနှစ်လုံးဟာ တစ်လုံးလာရင် နှစ်လုံးလာမှာပဲ (မှန်ပါ့) ငါ မရှိရင်က စ, တယ် (မှန်ပါ့) ငါမရှိရင်က စ,တော့ ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ် အရင် စ, လိုက်တယ် (စ, ပါတယ် ဘုရား)။

When you return, if one of these concepts arises, the other is sure to follow. (True, Sir). It always starts with, "If I am not around..." (True, Sir). The moment "I" arises, the cycle driven by Wrong View starts first. (It does start, Sir).

တော်တော်ကြာကျတော့ ငါမရှိရင် ဘာဖြစ်သတုံး မေးကြည့် တဲ့အခါကျတော့ ငါ့ဥစ္စာတွေ ကစင့်ကရဲ ဖြစ်ကုန်တယ်- (မှန်ပါ့)

Shortly after, ask yourself what happens next. You think, "Without me, all my belongings will be scattered and lost!" (True, Sir).

ဟာ တဏှာပဋိစ္စသမုပ္ပါဒ် စ, ပြန်ပြီ (စ, ပါတယ်) မစ, ဘူးလား (စ, ပါတယ် ဘုရား)။

And right there, the cycle driven by Craving starts! (It does, Sir). Doesn't it start? (It starts, Sir).

အဲဒီတော့ ခင်ဗျားတို့ အိမ်ပြန်တာလား ၊ အပါယ်သွား ကြတာလား (အပါယ် သွားကြတာပါ ဘုရား)။ဒါ ဘာနားမလည်လို့ ဒီအဖြစ် ရောက်သွားပါလိမ့် (သုညတ နားမလည်လို့ပါ ဘုရား) အဲ သုညတ အရေးကြီးတာပေါ့ဗျ (မှန်ပါ့ ဘုရား)။

So, let me ask you: Are you going back to your house, or are you heading straight to the lower realms? (We are heading to the lower realms, Sir). Why does this tragedy happen? (Because we do not understand Emptiness, Sir). Exactly! That is why Emptiness is so profoundly important. (True, Sir).

ကဲ ဒကာ ဒကာမတို့ ဘုန်းကြီးက သူက ထုံးလိုမွှေ ရေ လိုနှောက်ပြီး သကာလ စကားကလဲတတ်၊ တရားကလဲ တတ်မို့ ဒီလိုပြောတာလို့ ဒကာကြီး ဦးမာဒင်တို့က မဆိုနဲ့ (မဆိုပါ ဘုရား) အမှန်ပါ (မှန်ပါ့) ဒီမှာကြည့်ပါ ဖြစ်စဉ် ကိုက်ပါ (မှန်ပါ့)။

Yogis, do not think I am just stirring up trouble with eloquent words or flaunting Dhamma knowledge. (We do not, Sir). This is the absolute truth. (True, Sir). Look closely—it aligns perfectly with the natural process. (True, Sir).

ဒကာ ဒကာမတို့ ဒီအတိုင်းပါပဲ တဲ့၊ အဲဒီတော့ ကိုယ့်အိမ် ကိုယ်ပြန်တာ ဘာအပြစ်ရှိသတုံး လို့ အံမာ -မေးများ ရင် အခက်ကြီး (မှန်ပါ့ ဘုရား)။

It is exactly like this. Now, if someone defiantly asks, "What is the fault in simply going back to my own home?", it would be a very grave matter. (True, Sir).

ဟ အပြစ်က နည်းတဲ့အပြစ်မှမဟုတ်ဘဲ (မှန်ပါ့) ဒီ သုညတကို နားမလည်ရင် နည်းတဲ့အပြစ်လား (မနည်းပါ ဘုရား)။

The fault is not small at all! (True, Sir). If you return home without understanding Emptiness, is that a small fault? (It is not small, Sir).

မနည်းဘူးတဲ့ ဒိဋ္ဌိ ဒိဌပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံဆိုတော့ အနာဂတ်အကြောင်း သုံးခု ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ ပေါ်လာတော့ အနာဂတ် အကျိုးကျတော့တဲ့ ဦးလှဘူး ဖြတ်လို့ ရသေးသလား (မရပါ ဘုရား)။

It is massive! The chain of Wrong View (Ditthi), Clinging to Wrong View (Ditthupadana), and Kamma governed by Wrong View creates three future causes. (They do emerge, Sir). Once these future causes emerge, U Hla Bu, can you sever the future effects? (We cannot, Sir).

ငါ့ဥစ္စာဆိုတာက တဏှာ

ကိုင်း ဒါဟာ ငါမရှိရင်ဆိုတဲ့ အဓိပ္ပာယ် (မှန်ပါ့) ငါ့ဥစ္စာတွေ ကစင့်ကရဲဖြစ်ကုန်ပြီဆိုတော့ ငါ့ဥစ္စာဆိုတာက တဏှာ ကလာတဲ့ ငါ (မှန်ပါ့)။

This is the consequence of thinking, "If I am not around." (True, Sir). When you worry, "My belongings will be scattered," the concept of "Mine" is rooted in Craving. (True, Sir).

တဏှာလာတော့ တဏှာချည့်နေသေးရဲ့လား (မနေပါ ဘုရား) တဏှာပစ္စယာ (ဥပါဒါနံပါ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါ) ဘမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) အဲ ဇာတိဆိုရင်ပဲ ဇရာမရဏ သွားရုံပဲရှိတယ် (မှန်ပါ့)။

When Craving (Tanha) arises, does it stay alone? (No, Sir). Taṇhā leads to... (Upādāna, Sir). Upādāna leads to... (Kammabhava, Sir). Kammabhava leads to... (Jāti, Sir). And once Rebirth (Jāti) occurs, it leads straight to Aging and Death (Jarā-Maraṇa). (True, Sir).

အဲဒီတော့ ခင်ဗျားတို့ ဒီကနေပြီးတော့ ကိုယ့်အိမ်ကိုယ့်ယာ ပြန်ကြသည့်ဥစ္စာသည် ဘုန်းကြီးက ဟာ တရားချည့် အား ထုတ်နေစေချင်တဲ့ သဘောပဲ ဒါကြောင့် ဒို့ကိုပြောတာပဲလို့ ဒီလိုမဆိုပါနဲ့ (မှန်ပါ့ ဘုရား)။

Therefore, when I express concern about you returning to your homes, do not think, "The Sayadaw just wants us to sit here and practice meditation all the time, that's why he says this." (True, Sir).

အားထုတ်စေချင်တာကတော့ဖြင့် မှန်ပါတယ် (မှန်ပါ့) သို့သော် ခင်ဗျားတို့ကလဲ ဒီပဋိစ္စသမုပ္ပါဒ်နှစ်ခုကို ခင်ဗျားတို့ က အိမ်ပြန်ပြီး နှုတ်ဆက်ချင်သေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

Of course, I do want you to practice. (True, Sir). But the reality is, you are eager to go home just to welcome back these two cycles of Dependent Origination! (True, Sir). Do you see it? (Yes, we do, Sir).

ဦးလှဘူး ဘာတဲ့တုံး- (လောလောဆယ် နှုတ်ဆက်ချင်ပါတယ် ဘုရား) အရောက်မှာစိုးတယ် (မှန်ပါ့) ဟ ဘယ် တုန်း အရောက်နေ့မှာ ပြောစမ်းပါဦး ကိုယ့်အိမ်ကိုယ့်ယာ တဲ့-၊ ကိုယ့်အိမ်ကိုယ့်ယာလို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။

U Hla Bu, what do you want to do? (We want to welcome them right now, Sir). I am worried about your arrival there! (True, Sir). Think about the very day you arrive—you call it "My own home, my own place." Don't you say that? (We do say that, Sir).

ဒါဖြင့် ဘုရားဟောနဲ့ ကိုက်ပြီး (မှန်ပါ့) “စတ္တာရော အပါယာ သကဂေဟသဒိသာ” တဲ့။ စတ္တာရောအပါယာ အပါယ် လေးဘုံတို့သည်၊ သကဂေဟဒိသာ-မိမိအမြဲနေရာ အိမ်ဂေဟာကြီး နဲ့ တူကုန်၏- တဲ့- (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

This perfectly aligns with the Buddha’s teaching: (True, Sir). "Cattāro apāyā sakagehasadisā." The four lower realms (Apāya) are like one's own permanent home. (True, Sir). Do you grasp the meaning? (Yes, we do, Sir).

အံမာလေး ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့ (မှန်ပါ့) ခင်ဗျားတို့ သိတာနဲ့ အခုဘုန်းကြီး သေသေချာချာ ပါဠိတော်တွေ- အဋ္ဌကထာတွေ ကိုးပြီးသကာလ ရှင်းရှင်းလင်း လင်း ပြလိုက်တော့ သုညတမပါဘဲနဲ့ ပြန်ကြတော့မယ် ဆိုလို့ ရှိရင် ဦးလှဘူး တယ်စိုးရိမ်စရာကောင်းတယ် (စိုးရိမ်စရာပါ ဘုရား)။

My goodness, how utterly terrifying, Yogis! (True, Sir). Now that I have clearly explained this to you, citing the Pali canons and commentaries, returning home without Emptiness is extremely alarming, U Hla Bu! (It is alarming, Sir).

ကိုယ့်အိမ်ကိုယ်ပြန်တာ ဘာအပြစ်ရှိသတုံး

သူတို့ကတော့ ဆိုလိမ့်မယ်တဲ့၊ ကိုယ့်အိမ်ကိုယ်ပြန်တာ ဘာ အပြစ်ရှိသတုံးလို့ ပြောလိမ့်မယ်၊ ဘုရားကပဲ ကိုယ့်အိမ်ဆိုတာ အပါယ်လေးပါးကွတဲ့ (မှန်ပါ့) မပြောဘူးလား (ပြောပါ တယ် ဘုရား)။

Ordinary people might argue, "What is the fault in returning to one's own home?" But the Buddha declared that "one's own home" is actually the four lower realms! (True, Sir). Didn't He say that? (He did, Sir).

ပမတ္တဿနာမ - သုညကိုမေ့တဲ့ ပုဂ္ဂိုလ်မည်သည်ကား၊ စတ္တာ ရောအပါယော အပါယ်လေးဘုံတို့သည်၊ သကဒိသာ အမြဲ နေရာ မိမိအိမ်ဂေဟာကြီးပါပေတည်း (မှန်ပါ့) သေသေချာချာ ဓမ္မ ပဒအဋ္ဌကထာမှာလဲဖွင့်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Pamattassa nāma—for a heedless person who forgets Emptiness, the four lower realms are their permanent, true home. (True, Sir). This is explicitly explained in the Dhammapada Commentary. (True, Sir). Is that clear? (Yes, it is, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အိမ်ကိုယ့်ယာ ပြန်ကြဦးမလား လို့ မေးလို့ ရှိရင်ဖြင့် မပြန်လဲမဖြစ်ဘူး (မှန်ပါ့ ဘုရား)။

So, if I ask you, "Are you still going to return to your 'own home'?", you will probably reply, "We cannot avoid returning, Sir." (True, Sir).

ဟ ဘယ့်နှယ်ကြောင့်တုံး ပြောစမ်းပါဦး ဆိုလို့ရှိရင် ဒိဋ္ဌိတဏှာကြောင့်ဘုရား (မှန်ပါ့)။

Why is that? Because you are driven by Wrong View and Craving! (True, Sir).

ကဲ ဒါဖြင့် ပြန်တော့ ပြန်တာပေါ့ ဒကာ ဒကာမတို့က အိမ်ရောက်လို့ရှိရင် သုညတမမေ့စေနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Well then, since you must return, make absolute sure you do not forget Emptiness when you get home! (True, Sir). Is that clear? (Yes, it is, Sir).

ဘာမမေ့ရမှာလဲ (သုညတမမေ့ရမှာပါ ဘုရား) ဝေဒနာပေါ်တာကို ဝေဒနာလို့ လဲ သိလိုက်၊ ဖြစ်ပျက်လို့လဲ သိလိုက် (မှန်ပါ့) သညာဓပေါ်လာရင် (သညာလို့လဲသိ၊ ဖြစ်ပျက်လို့ လဲသိ) စိတ်ကလေးပေါ်လာရင် (စိတ်လို့ လဲသိ ဖြစ်ပျက်လို့လဲ သိရပါမယ် ဘုရား)။

What must you not forget? (We must not forget Emptiness, Sir). When feeling (Vedana) arises, you must watch and observe it just as feeling, and see its Arising and Passing Away. (True, Sir). When perception (Sanna) arises? (We must observe it as perception and see its Arising and Passing Away, Sir). When consciousness (Citta) arises? (We must observe it as consciousness and see its Arising and Passing Away, Sir).

ဒီလိုဆိုတော့ ငါ-ငါဥစ္စာမဟုတ်ကြောင်း မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား) အဲဒီလို ထင်ရှားတော့ကို ဒီပဋိစ္စ သမုပ္ပါဒ် နှစ်ခုဟာ လာနိုင်သေးရဲ့ လား (မလာနိုင်ပါ ဘုရား)။

If you observe like this, doesn't it become obvious that there is no "I" and no "Mine"? (It becomes obvious, Sir). Once that becomes clear, can these two cycles of Dependent Origination still re-arise? (They cannot, Sir).

ဒါဖြင့် ဒီလိုဆိုလို့ ရှိရင်လဲ၊ အင်း နိဗ္ဗာန် ဆိုတာကိုယ့်အိမ်ကသွားလဲ ရတာပဲ (မှန်ပါ့) ဓမ္မာရုံကသွား လဲ (ရပါတယ် ဘုရား)။

If you practice this way, you can attain Nibbana right from your own home! (True, Sir). And you can attain it from the meditation hall as well. (Yes, you can, Sir).

ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်သွားတဲ့ ဥစ္စာသည်ကားလို့ ဆိုရင် နေရာရွေးစရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား) မရှိပါဘူး၊ ဟင်းချက်ရင်း မီးဖိုချောင်ထဲက သွားတာတွေလဲ ရှိနေတာပဲ (မှန်ပါ့)။

Therefore, do you need to select a specific location to reach Nibbana? (No need, Sir). There is no need. Some have attained it straight from the kitchen while cooking! (True, Sir).

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဘာအရေးကြီးသတုံး ဆိုတာဖြင့် ဒကာသစ် ယနေ့တရားပေါ်လာတယ် (ပေါ်လာ ပါတယ် ဘုရား) ကဲ ဘာပေါ်ကြသတုံး (သုညတ အရေးကြီး ပါတယ် ဘုရား) သုညတဖြစ်ဖို့ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

So, Yogis, the essence of today's Dhamma is clear, Daka Thit. What is most important? (It is clear, Sir). What is it? (Emptiness is important, Sir). Realizing Emptiness is the utmost priority. (True, Sir). Is that clear? (Yes, it is, Sir).

အင်မတန် အဖိုးတန်တယ် ဦးမာဒင်ရေ (တန်ပါတယ် ဘုရား) အင်မတန် အဖိုးတန်တယ်လို့ ဆိုတာ သေချာပြီ (သေချာပါတယ် ဘုရား)။

This teaching is incredibly precious, U Ma Din. (It is precious, Sir). It is certain that this is immensely valuable. (It is certain, Sir).

သို့သော် ဘုန်းကြီးသည် ပဋိစ္စသမုပ္ပါဒ်ကလေး တစ်ခု ပြပါရစေဦးတဲ့၊ အခု ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ် လေးပြပြီးပါပြီ (မှန်ပါ့)

However, let me demonstrate one more cycle of Dependent Origination. I have shown you the cycle driven by Wrong View. (True, Sir).

လောဘပဋိစ္စသမုပ္ပါဒ် (ပြီးပါပြီ) မောဟပဋိစ္စသမုပ္ပါဒ် ကလေးက ကျန်သေးတယ် (မှန်ပါ့ ဘုရား)။

The cycle driven by Craving (Lobha/Tanha) is also done. Now, the cycle driven by Ignorance (Moha) remains. (True, Sir).

မောဟ ပဋိစ္စသမုပ္ပါဒ်ကလေးက တခြား မဟုတ်ဘူး တဲ့။

The cycle driven by Ignorance is nothing else but this:

မောဟပဋိစ္စသမုပ္ပါဒ်

ဝေဒနာလေးပေါ်လာတယ်ဆိုလို့ ရှိရင်ဖြင့် ဒီကာဒကာမတို့ သည် ဝေဒနာရယ်လို့ မသိလိုက်ဘူး (မှန်ပါ့) မသိဘဲနဲ့ သူ့ ဟာသူဖြစ် သူ့ဟာသူချုပ်သွားတာ ခင်ဗျားတို့က သိလိုက်သေးရဲ့ လား (မသိပါ) မသိလိုက်တော့ ဒုက္ခသစ္စာ မသိတာဘဲ (မှန်ပါ့) မသိလိုက်တော့ မသိတဲ့ အဝိဇ္ဇာကလာတယ် (လာပါတယ် ဘုရား)။

When a feeling (Vedana) arises, you Yogis fail to recognize it as just a feeling. (True, Sir). It arises and passes away according to its own nature, but do you notice it? (We do not, Sir). Because you fail to notice it, you fail to see the Truth of Suffering (Dukkha Sacca). (True, Sir). Being unaware of this reality, Ignorance (Avijja) takes over. (It does, Sir).

ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ) သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။

Consequently, Avijjā leads to... (Saṅkhārā, Sir). Saṅkhārā leads to... (Viññāṇaṃ, Sir).

ဟော ဒကာ ဒကာမတို့တဲ့ ယခုဘဝ အဝိဇ္ဇာသင်္ခါရနဲ့နော် (မှန်ပါ့) အနာဂတ်ဖြစ်တဲ့ ဝိညာဏ်နဲ့ သွားဆက်ပြန်တယ် (မှန်ပါ့) မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။

Look at this, Yogis! The Ignorance and Volitional Formations (Avijja-Sankhara) of this present life immediately link to the Consciousness (Vinnana) of a future rebirth! (True, Sir). Don't they link? (They do link, Sir).

ဒါဖြင့် သုညတမသိလို့ ရှိရင် ပဋိစ္စသမုပ္ပါဒ်သုံးမျိုး ပေါ်တယ် (မှန်ပါ့ ဘုရား)။

Therefore, if you do not realize Emptiness, all three cycles of Dependent Origination will emerge. (True, Sir).

သုညတမသိရင် (ပဋိစ္စသမုပ္ပါဒ်သုံးမျိုး ပေါ်ပါတယ် ဘုရား) ဒီဟာ အင်မတန် အခြေပါတယ်လို့ မှတ်လိုက်စမ်းပါ(မှန်ပါ့)။

If you do not realize Emptiness? (Three cycles of Dependent Origination emerge, Sir). Mark this as an incredibly fundamental truth! (True, Sir).

ဪ ငါတို့ သိနိုင်ခဲ့တဲ့ အဓိပ္ပာယ်လား၊ ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သုညတဆိုက်ရင်လဲ သေမင်း မမြင်နိုင်တဲ့ နိဗ္ဗာန်ရောက်တယ်ကွာ တဲ့ (မှန်ပါ့) သဘောကျပလား - (ကျပါပြီ)။

Oh, how profound this meaning is! That is why the Exalted Buddha declared: "When one realizes Emptiness, one reaches Nibbana, the place where the Lord of Death cannot see you." (True, Sir). Do you grasp the meaning? (Yes, we do, Sir).

သေမင်းမမြင်နိုင်တဲ့ နိဗ္ဗာန်

သုညတဆိုက်ရင် - (သေမင်းမမြင်နိုင်တဲ့ နိဗ္ဗာန် ရောက်ပါ တယ် ဘုရား) သေမင်းမမြင်နိုင်တဲ့ နိဗ္ဗာန်ရောက်တယ်လို့ သေသေ ချာချာ ဟောထားပြန်တော့လဲ - သုညတ တရားလဲ အထူး အရေးကြီးတဲ့ တရားထဲ အဝင်အပါ- ပါကလားဆိုတာ အားလုံး ဦးလှဘူးနဲ့ တကွ ဦးမာဒင်တို့ ဒကာသစ်တို့ မှတ်ရလိမ့်မယ်(မှန်ပါ့) မမှတ်ထိုက်ဘူးလား (မှတ်ထိုက်ပါတယ် ဘုရား)။

When you realize Emptiness... (We reach Nibbana, the place unseen by the Lord of Death, Sir). Because the Buddha explicitly taught that you will reach Nibbana, unseen by the Lord of Death, you must all—U Hla Bu, U Ma Din, and Daka Thit—recognize that the Dhamma of Emptiness is of supreme importance. (True, Sir). Shouldn't you mark this? (We should, Sir).

ဒီသုညတဆိုက်ရင်လဲ သေမင်းမမြင်နိုင်တဲ့နေရာ ရောက်သတဲ့ (မှန်ပါ့ ဘုရား) သုညတဆိုက်ရင် - (သေမင်းမမြင်နိုင်တဲ့ နေရာရောက်ပါတယ်)။

Upon realizing Emptiness, you arrive at a state invisible to the Lord of Death. (True, Sir). Realizing Emptiness means... (Arriving at a place unseen by the Lord of Death, Sir).

အင်း- ဒါသမုတိသစ္စာနယ်ကနေပြီး သေမင်းမမြင်နိုင်တဲ့နေရာ ရောက်တယ်ဆိုတာ နိဗ္ဗာန်ကို ဆိုတာပါပဲ - (မှန်ပါ့)။ - ဒါဖြင့် ဒကာ ဒကာမတို့ ဘာဆိုက်ဖို့ အရေးကြီးသတုံး - (သုညတဆိုက်ဖို့ အရေးကြီးပါတယ် ဘုရား)။

Indeed, escaping the realm of Conventional Truth (Sammuti Sacca) to reach a place unseen by Death means attaining Nibbana! (True, Sir). So, Yogis, what is the most critical thing to achieve? (To realize Emptiness, Sir).

သုညတဆိုက်ဖို့ ဆိုတော့ ဒကာသစ် သေသေချာချာ မှတ်စမ်း ပါ၊ တစ်ခုသော တရားတွေ့လိုက်ရှိရင် ငါမဟုတ်ကြောင်းသိလို့ ရှိရင် - လဲ သုညတဖြစ်ပါတယ် - (မှန်ပါ့) ငါ့ဥစ္စာမဟုတ်ကြောင်း သိလို့ ရှိရင်လဲ - (သုညတ ဖြစ်ပါတယ် ဘုရား)။

To realize Emptiness, Daka Thit, mark this clearly: Whenever you encounter any phenomenon, if you get rid of "I", be aware there is NO "I" by insight, you have realized Emptiness. (True, Sir). If you understand by insight that it is not "Mine," you have... (Realized Emptiness, Sir).

သြော်-ဒါဖြင့် ငါမဟုတ်ကြောင်း သိလိုက်လို့ ရှိရင်လဲ သုညတ ဖြစ်တယ်- (မှန်ပါ့) ငါ့ဥစ္စာမဟုတ်ကြောင်း သိပြန်ရင်လဲ (သုညတ ဖြစ်ပါတယ် ဘုရား)။

Ah, so getting rid of "I" means realizing Emptiness. (True, Sir). And getting rid of "Mine" means... (Realizing Emptiness, Sir).

ဪ ဒါဖြင့် ဒို ဒီနှစ်လုံးသိဖို့ တယ်အရေးကြီးပါက လား (ကြီးပါတယ် ဘုရား) ဒီနှစ်လုံး သိလိုက်ရင် ဒကာ ဒကာမတို့ ကိုယ့်သန္တာန်မှာ သုညတမဂ်ဟာ ဖြစ်ပေါ်လာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Therefore, deeply understanding these two points is absolutely essential! (It is essential, Sir). Once you discern these two things, the Path of Emptiness (Sunnata Magga) arises within your continuum. (True, Sir). Is that clear? (Yes, it is, Sir).

သုညတမည်တဲ့ မဂ်လာတာပဲ (မှန်ပါ့) မလာပါနဲ့ ဆိုလို့ (မရပါ ဘုရား)။

The Path known as Emptiness inevitably arises. (True, Sir). Can you stop it from arising? (No, we cannot, Sir).

ဪ ဒါဖြင့် ဒီလိုလုပ်ကြစို့နော် ဒကာ ဒကာမတို့ အလုပ်လုပ်မှပဲ ပေါ်တော့မယ် (မှန်လှပါ ဘုရား)၊ အလုပ် မလုပ်လို့ ရှိရင်ဖြင့် (မပေါ်ပါ ဘုရား) ပေါ်စရာ အကြောင်း မရှိဘူးဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

So, Yogis, let us do this: This Path will only emerge if you put in the practical work. (True, Sir). If you do not practice... (It will not emerge, Sir). It is entirely clear that it will not arise without practice. (It is clear, Sir).

ကိုင်း ဒါဖြင့် ပြပါဦးမယ်၊ ဒကာ ဒကာမတို့ အတော် အရေးကြီးတဲ့ တရားလို့ ဆိုတာကိုလဲ ဒကာ ဒကာမတွေ ကိုယ့် အတွက်မှာဖြင့် အနာရှိတဲ့ ပုဂ္ဂိုလ်ဟာဖြင့် ကုရမည့်ဆေး ပေးရင် အရေးကြီးတယ်ယူမှာ (မှန်ပါ့)။

Now, I will explain further. Yogis, you must see how critical this Dhamma is. For a person suffering from a severe disease, being given the exact medicine to cure it is considered incredibly important. (True, Sir).

အနာပျောက်တဲ့ဆေး

အနာပျောက်တဲ့ဆေး ပေးလို့ ရှိရင် အနာရှိတဲ့ ပုဂ္ဂိုလ်မှာဖြင့် အနာပျောက်တဲ့ဆေး ပေးလိုက်လို့ ရှိရင်ဖြင့် ကိုယ့်အတွက်မှာဖြင့် အရေးကြီးတယ်ယူဆမှာ (မှန်လှပါ)။

When a sick person receives the medicine that cures their disease, they regard it as the most important thing in their life. (True, Sir).

အဲဒီတော့ ဒကာ ဒကာမတွေ သန္တာန်မှာ ခန္ဓာကိုယ်ကြီးဟာ “ရောဂတော ဂဏ္ဍတော သလ္လတော အယတော အာဗာဓတော” ဆိုတဲ့ မနေ့က ပြောခဲ့တဲ့တရားအတိုင်း ရောဂါအမျိုးမျိုးရှိတဲ့ ခန္ဓာ ကိုယ်ကြီးကို သုညတမဂ်နဲ့ ဒကာ ဒကာမတွေ ကုလိုက်လို့ရှိရင် ပျောက်သွားလို့ ရှိရင်လဲတဲ့ ဪ ဒို့ရောဂါရှိလို့ ဒီတရား ဆေးဟာ အရေးကြီးတာပဲ မှတ်လိုက် (မှန်ပါ့ ဘုရား)။

In the same way, as I taught yesterday, this massive physical body of yours is full of afflictions—it is a disease (rogato), a tumor (gandato), a dart (sallato), an evil (aghato), and an illness (abadhato). When you Yogis cure this diseased body with the Path of Emptiness, the suffering disappears. You will then realize, "Because we are infected with this disease of suffering, this medicine of Dhamma is truly crucial!" Mark this well. (True, Sir).

ရောဂါ မပျောက်သေးရင်ဖြင့် (အရေးကြီးပါတယ် ဘုရား) အရေးကြီးတာချည့်ပဲဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

As long as the disease is not yet cured... (It remains crucial, Sir). Make no mistake, it is absolutely essential! (True, Sir).

ရောဂါ မပျောက်သေးရင် (အရေးကြီးတာချည့်ပါ ဘုရား) အရေးကြီးတာချည့် မှတ်ကြဆိုတော့ ဒကာ ဒကာမတို့ ဒါဖြင့် အလုပ်သင်ပါတော့မယ် သုညတ ဆိုက်အောင် (မှန်လှပါ)။

If the disease is not yet cured... (It is absolutely essential, Sir). Since it is so essential, Yogis, I will now instruct you on the practical method to realize Emptiness. (True, Sir).

သုညတဆိုက်အောင် ဘာလုပ်တော့မယ် (အလုပ်သင်ပါ တော့မယ် ဘုရား)။

What am I going to do to help you realize Emptiness? (You will instruct us on the practical method, Sir).

အလုပ်သင်တော့မယ်ဆိုတော့ ကြော် ဘုန်းကြီး တရား ဟောနေတာ နာလို့တော့ကောင်းပါရဲ့ ဘာလုပ်ရမှန်း မသိဘူးလို့ ခင်ဗျားတို့ တော်တော်ကြာ မပြောနဲ့ (မှန်ပါ့)။

Because I am moving to the practical instruction, do not complain later, "The Sayadaw's sermon was wonderful to listen to, but I have no idea what actually to do!" (True, Sir).

ဘုန်းကြီးက တရားဟောတာပဲ အပြောလဲ ကောင်းပါတယ်၊ နားလည်အောင် ရှင်းအောင်လဲ ပြောပါတယ်၊ လုပ်တော့ ဘာလုပ် ရမှန်း မသိဘူးလို့ ဒီအထဲ တချို့ကလဲ ပါချင်ပါမယ် (ပါပါ မယ် ဘုရား) ဒီလို မပါစေနဲ့တဲ့၊ အခု အလုပ်သင်တော့မယ်လို့ မှတ် (မှန်လှပါ ဘုရား)။ ဘာပါလိမ့် (အလုပ်သင်ပါတော့မယ် ဘုရား)။

Some of you might think, "The Sayadaw's preaching is excellent, he explains things clearly so we can understand, but when it's time to practice, I am lost." There might be people like that among you. (There might be, Sir). Do not be one of those people! Pay close attention—I am now going to teach you the actual practice. (True, Sir). What am I going to do? (You will instruct us on the practice, Sir).

ရှုနည်းမှတ်နည်းပဲ သင်ဖို့ပဲ

အလုပ်သင်တော့ အစက ဒီနာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယ ပရိဂ္ဂဟဉာဏ်တွေ ဒါတွေက ပြီးခဲ့ပြီ၊ နေ့တိုင်း နေ့တိုင်း မသင်နိုင် ဘူး (မှန်ပါ့) ရှုနည်းမှတ်နည်းပဲ သင်ဖို့ပဲ (မှန်ပါ့) ဒကာဒကာ မတွေ ရိပ်မိပလား (ရိပ်မိပါပြီ)။

Regarding the practical work, the foundational stages—the Knowledge of Distinguishing Mind and Matter (Nama-rupa-pariccheda Nana) and the Knowledge of Discerning Cause and Condition (Paccaya-pariggaha Nana)—have already been covered. I cannot teach these basic stages every single day. (True, Sir). Today, I am solely going to teach you how to watch and observe phenomena. (True, Sir). Yogis, do you see it? (Yes, we do, Sir).

ဘာသင်မှာပါလိမ့် (ရှုနည်း၊ မှတ်နည်း သင်မှာပါ ဘုရား) အေး ဒါကို သင်ကြပါစို့ ဒါကို သင်ကြပါစို့၊ ဒီပြင်ဟာ တွေသင်နေလို့ရှိရင်ဖြင့် အရင်လူတွေက တယ်နာတယ် ဒကာသစ် ရ (မှန်ပါ့) မနာဘူးလား (နာပါတယ် ဘုရား)။

What am I going to teach you today? (How to watch and observe, Sir). Yes, let us learn exactly that. If I were to teach other things, the veteran yogis here would find it a waste of time, wouldn't they, U Thit? (Yes, Sir). Wouldn't they? (Yes, they would, Sir).

အရင် ရုပ်နာမ်ကွဲပြီးသား အကြောင်းအကျိုး ဆက်တတ်ပြီး သား၊ နာမရူပ ပရိစ္ဆေဒဉာဏ် လောက် သိပြီးသား၊ ပစ္စယပရိဂ္ဂဟ ဉာဏ်လောက်ကို သိပြီးသား၊ ပစ္စယ ပရိဂ္ဂဟဉာဏ်ဆိုတာကတော့ ဘုန်းကြီးဟောနေတယ်၊ ဦးမာဒင် နေ့တိုင်း ပဋိစ္စသမုပ္ပါဒ်ပါနေတာ ဒါ ပစ္စယပရိဂ္ဂဟဉာဏ်တွေပါပဲ (မှန်ပါ့ ဘုရား)။

You veteran yogis have already separated mind and matter (Nāma-Rūpa). You already know how causes and effects connect. You possess the Insight Knowledge that distinguishes mind and matter (Nāmarūpa-pariccheda-ñāṇa) and the Insight Knowledge that discerns conditions (Paccaya-pariggaha-ñāṇa). What I teach every day—the Wheel of Dependent Origination (Paṭiccasamuppāda)—is precisely this knowledge of discerning conditions. (Yes, Sir).

ကဲ ဒါဖြင့် ဒုကာဒကာမတို့ သုညတမဆိုက်ရင် ပဋိစ္စ သမုပ္ပါဒ် ဘယ်နှစ်မျိုးလာသတုံး (သုံးမျိုးလာပါတယ် ဘုရား) သုညတမဆိုက်ရင် သုံးမျိုးလာတယ်နော် (မှန်ပါ့ ဘုရား)။

Now, yogis, if you do not reach the realization of Emptiness (Suññata), how many variations of Dependent Origination arise? (Three variations, Sir). Indeed, without realizing Emptiness, three variations will arise. (Yes, Sir).

သုံးမျိုးလာလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ သမုဒယနဲ့ ဒုက္ခ သစ္စာလာတယ် (မှန်ပါ့) သုံးမျိုးစလုံးဟာ သမုဒယနဲ့ ဒုက္ခ ချည်းပဲ (မှန်ပါ့)။

When these three arise, yogis, only the Truth of Origin (Samudaya Sacca) and the Truth of Suffering (Dukkha Sacca) appear. (Yes, Sir). All three variations consist of nothing but the Cause of Suffering and Suffering itself. (True, Sir).

သုံးမျိုးစလုံးဟာ (သမုဒယနဲ့ ဒုက္ခချည့်ပါ ဘုရား) ကောင်း ပြီ၊ သုညတဆိုက်သွားရင် သမုဒယနဲ့ ဒုက္ခချုပ်တယ် (မှန်ပါ့) ဒါဖြင့် နှစ်ခုချုပ်ရင် နှစ်ခုပေါ်မှာပဲ (မှန်ပါ့)။

All three are what? (Only the Cause and the Suffering, Sir). Good. However, if you arrive at the realization of Emptiness, both the Cause and the Suffering cease. (Yes, Sir). If these two cease, the other two Truths must inevitably appear. (Yes, Sir).

နှစ်ခုချုပ်ရင် (နှစ်ခုပေါ်မှာပါ ဘုရား) အင်း ဒါဖြင့် ဒကာ ဒကာမတို့ သမုဒယနဲ့ ဒုက္ခချုပ်သွားတယ်ဆိုရင် နိရောဓနဲ့ မဂ္ဂင်ပေါ်ဖို့ပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

If two cease? (The other two must appear, Sir). Therefore, yogis, if the Cause of Suffering and Suffering itself cease, the Truth of Cessation (Nirodha) and the Path (Magga) will naturally emerge. (Yes, Sir). Is that clear? (Yes, it is, Sir).

အေး ဒါကြောင့် ရိုရိုသေသေ ကျိုးကျိုးနွံနွံ လိုလိုချင်ချင် သံသရာဘေးကြောက်ပြီး သကာလ ကိုင်း ဒကာ ဒကာမတို့ နာကြ၊ အလုပ်ပြတော့မယ် (မှန်ပါ့) ကဲ အလုပ်ပြတော့မယ် သေသေချာချာကြည့်ကြ။

Because of this, you must listen respectfully, humbly, and with a burning desire to escape, being terrified of the dangers of Samsara. Now, yogis, pay close attention. I am going to show you the actual practice. (Yes, Sir). Listen and observe carefully.

ဒကာ ဒကာမတို့ သန္တာန်မှာ ဝေဒနာလဲ သုံးမျိုးပဲရှိတယ် (မှန်ပါ့ ဘုရား) အလွန်ဆုံး ငါးမျိုးရှိတယ် ထားလိုက်ပါတော့၊

Yogis, within your continuity of mind and body, there are essentially only three types of feelings (Vedanā). (Yes, Sir). Even if we expand them to the maximum of five, they can all be condensed back into three.

သို့သော် သုံးမျိုးထဲ ပေါင်းလိုက်ရင်လဲ အတွင်းဝင်သွားလို့ ဘုရားက သုံးမျိုးပဲလို့ ဟောလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

That is why the Buddha primarily taught about three types of feelings. (Yes, Sir).

ကိုင်း ဒကာ ဒကာမတို့ ကိုယ်ပေါ်မှာ ယားမယ်၊ နာမယ် အောင့်မယ်ဆိုတာ ဘာဝေဒနာတုံး (ဒုက္ခဝေဒနာပါ ဘုရား)။

Now, yogis, when you experience an itch, an ache, or a throbbing pain on your body, what kind of feeling is that? (It is painful feeling or Dukkha Vedanā, Sir).

အင်း ဒုက္ခဝေဒနာ သိသွားကတည်းက ဒါပုဂ္ဂိုလ် သတ္တဝါ ပျောက်နေပြီ (မှန်ပါ့ ဘုရား) ပုဂ္ဂိုလ်သတ္တဝါပျောက်ပြီ ဒကာ ဒကာမ တို့ (မှန်ပါ့) ဒီကတည်းက ပုဂ္ဂိုလ်သတ္တဝါပျောက်တယ်ဆိုတာ ငါပျောက်တာပဲ (မှန်ပါ့ ဘုရား) ငါတစ်ခု ဆိတ်သုဉ်းသွားပြီ (မှန်ပါ့) ဝေဒနာပေါ်တာကို ဝေဒနာပေါ်မှန်း သိရင် ငါတစ်ခု ဆိတ်သုဉ်းသွားပြီ (မှန်ပါ့ ဘုရား)။

The very moment you recognize it as a painful feeling, the idea of a "person" or a "being" disappears. (Yes, Sir). The illusion of a person has vanished, yogis. (Yes, Sir). And when the person vanishes, the concept of "I" vanishes along with it. (Yes, Sir). The notion of "I" becomes totally empty. (Yes, Sir). If you are aware of the feeling simply as a feeling when it arises, the illusion of "I" is entirely eradicated. (Yes, Sir).

ဝေဒနာပေါ်တာ ဝေဒနာ ပေါ်မှန်းသိရင်

သို့သော်လည်း ဒကာ ဒကာမတွေ ဝေဒနာပေါ်တာ ဝေဒနာ ပေါ်မှန်းသိရင် ငါပျောက်ပြီ (မှန်ပါ့) ဝေဒနာကိုး ဒကာသစ်ရ (မှန်ပါ့) ငါဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား)။

Therefore, yogis, when a feeling arises and you recognize it just as a feeling, the "I" disappears. (Yes, Sir). Because it is simply a feeling, U Thit! (Yes, Sir). Is it still "I"? (No, it is not, Sir).

ဒီဝေဒနာကလေးကို တစ်ခါ ဦးမာဒင်က စောင့်ဆိုင်းပြီး နည်း နည်းကြည့်လိုက်တောပေါ့ဗျာ (မှန်ပါ့) ကြည့်လိုက်တော့ ဝေဒနာ ကလေး၏ သက်တမ်းကလဲ ၁ နဲ့ ၂ ပဲရှိတယ် (မှန်ပါ့) ၁-မှာ ဖြစ်ပြီး ၂ မှာပျက်ရှာတယ် (မှန်ပါ့) မပျက်ဘူးလား (ပျက်ပါ တယ် ဘုရား)။

Now, if U Ma Din waits and patiently observes this feeling for a moment, what happens? (Yes, Sir). When you watch and observe it, you will see that the lifespan of this feeling is merely "one" and "two." (Yes, Sir). It arises at "one" and it passes away at "two." (Yes, Sir). Does it not pass away? (It does pass away, Sir).

ဒါဖြင့် အပျက်မြင်လိုက်တယ် (မှန်ပါ့) အပျက်မြင်လိုက် တော့ ငါ့ဥစ္စာရှိသေးရဲ့ လား (မရှိပါ ဘုရား)။

And so, you discern its passing away. (Yes, Sir). Once you clearly see its passing away, can you still claim it as "Mine"? (No, Sir).

ဟာ ဒါဖြင့် အဖြစ်မြင်ရင် ငါပြုတ်တယ် (မှန်ပါ့ ဘုရား) အပျက်မြင်ရင် ငါ့ဥစ္စာပြုတ်တယ် (မှန်ပါ့) သေချာ ပလား (သေချာပါပြီ ဘုရား)။

Mark this well! If you discern the arising, you remove the illusion of "I." (Yes, Sir). If you discern the passing away, you remove the illusion of "Mine." (Yes, Sir). Are you absolutely certain of this? (Yes, we are, Sir).

အဖြစ်မြင်ရင် (ငါ့ပြုတ်တယ်)၊ အပျက်မြင်ရင် (ငါ့ဥစ္စာ ပြုတ်ပါတယ် ဘုရား)။

Discerning the arising... (Removes "I", Sir). Discerning the passing away... (Removes "Mine", Sir).

သြော် ဒါဖြင့် ဒို့ဟာ ဖြစ်ပျက်မြင်ဖို့ အရေးကြီးတယ် (မှန်ပါ့) ဦးမာဒင် ဒီရောက်တာပဲ (ရောက်ပါတယ်) ဒီ ရောက်တာပဲ၊ ဒီကလွဲလို့ ဟောလို့ မရဘူး (မှန်ပါ့) သုံးဆယ့် တစ်ဘုံထဲမှာ ရှိတာကလဲ ဖြစ်ပျက်ပဲ ရှိတာကိုး (မှန်ပါ့) ဒီပြင်ဟာက တန်ဆာသာဆင်နေရတယ် ဒကာ ဒကာမတို့ ဒါရှုဖို့ ပါပဲ (မှန်ပါ့ ဘုရား)။

Indeed! Therefore, it is critically important for us to see this process of Arising and Passing Away (Anicca). (Yes, Sir). U Ma Din, it all comes down to this. (It does, Sir). It always comes down to this. I cannot teach you anything else. (Yes, Sir). In all thirty-one planes of existence, there is nothing but the continuous process of Arising and Passing Away! (Yes, Sir). Everything else is mere conceptual dressing. Yogis, this is exactly what you must watch and observe. (Yes, Sir).

ကဲ ဒကာ ဒကာမတို့ ငါက ဒိဋ္ဌိ၊ ငါ့ဥစ္စာက တဏှာ (မှန်ပါ့) ငါ ငါ့ဥစ္စာ မပြုတ်လို့ ရှိရင်လဲ ပဋိစ္စသမုပ္ပါဒ် တန်းတာပဲ (တန်းပါတယ် ဘုရား)။

Now, yogis, holding onto "I" is Wrong View (Diṭṭhi), and clinging to "Mine" is Craving (Taṇhā). (Yes, Sir). If you fail to eradicate "I" and "Mine," the Wheel of Dependent Origination will continuously spin. (It will, Sir).

ဘယ့်နှယ့်ကြောင့် ငါ-ငါ့ဥစ္စာ မပြုတ်သတုံးလို့ မေးတဲ့အခါလဲ ဒီက ဓမ္မအပေါ်၌ သုညတမဖြစ်ဖို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

If you ask, "Why do we fail to eradicate 'I' and 'Mine'?" It is because you do not realize the nature of Emptiness upon the natural phenomena (Dhamma). (Yes, Sir). Is that clear? (Yes, it is, Sir).

ဓမ္မအပေါ်၌ (သုညတမဖြစ်လို့ ပါ) ဓမ္မအပေါ်၌ သုညတ မဖြစ်လို့ လို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

Because upon the natural phenomena... (You do not realize Emptiness, Sir). Exactly. Please remember clearly that it is because you fail to see Emptiness in natural phenomena. (Well noted, Sir).

ဒါဖြင့် ယားတယ် ဘာဝေဒနာတုံး (ဒုက္ခဝေဒနာပါ)

So, an itch appears. What kind of feeling is it? (Painful feeling, Sir).

ဪ တိုင်း ယားတိုင်း ဒါ-ဒုက္ခဝေဒနာပါကလား ဒါဒုက္ခဝေဒနာပါကလားလို့ သိနေလို့ရှိရင်လဲ ဒကာ ဒကာမတို့ ဝေဒနာအလုပ်သာ ဖြစ်တော့တယ်၊ ငါ့အလုပ်မရှိဘူး (မရှိပါ ဘုရား) ဒီကတည်းက ငါပြုတ်ပြီ-(မှန်ပါ့) မပြုတ်သေဘူးလား(ပြုတ်ပါတယ် ဘုရား)။

Whenever it itches, if you realize, "Ah, this is just a painful feeling; it is only a painful feeling," then, yogis, it remains entirely the work of the feeling. There is no involvement of "I" in it. (There is none, Sir). At that very moment, the concept of "I" is removed. (Yes, Sir). Is it not eradicated? (It is eradicated, Sir).

ကဲ-ယားတတ်ကြပလား ခင်ဗျားတို့- (ယားတတ်ပါပြီ) ယား တိုင်းယားတိုင်း ဒါ ဘာဝေဒနာတုံး-(ဒုက္ခဝေဒနာပါ) သို့သော်လဲ ဒုက္ခဝေဒနာတော့ သိပြီဆိုတော့ ဦးမာဒင် ဘာပြုတ်သွားသတုံး (ငါပြုတ်သွားတယ်) ငါပြုတ်သွားတယ်- (မှန်ပါ့) ငါပြုတ်ပြီနော်(မှန်ပါ့ ဘုရား)။

Do you now understand what is happening when you itch? (Yes, we do). Whenever you itch, what kind of feeling is it? (Painful feeling, Sir). Since you discern it as a painful feeling, U Ma Din, what has been removed? (The "I" is removed, Sir). The "I" is completely removed. (Yes, Sir). The "I" is gone, isn't it? (Yes, it is, Sir).

ငါပြုတ်တယ်၊ စောင့်ကြည့်-စောင့်ကြည့် ဒကာ ဒကာမတို့ ဝိပဿနာဆိုတာ စောင့်ကြည့်ရတဲ့ အလုပ်မျိုး -(မှန်ပါ့)စောင့်ကြည့်တော့ ဝေဒနာကလေးကလဲ ပျောက်ပျက်သွားတာပဲ - (မှန်ပါ့) ပျောက်ပျက်မသွားဘူးလား (ပျောက်ပျက်သွားပါတယ် ဘုရား) ပျောက်ပျက်သွားတော့ ငါ့ဥစ္စာ မဟုတ်လို့ ပျောက်တာ - (မှန်ပါ့ ဘုရား)။

The "I" is removed. Now, wait and observe! Keep watching it! Yogis, Insight (Vipassana) is the practice of patiently watching and observing. (Yes, Sir). As you keep observing, that feeling eventually passes away. (Yes, Sir). Does it not vanish? (It does vanish, Sir). It vanishes precisely because it is not "Mine." (True, Sir).

ငါ့ဥစ္စာ မဟုတ်လို့ပျောက်တာ

အင်း - ပျောက်သွားတော့ ဘာပြုတ်သွားပါလိမ့်၊ ငါ့ဥစ္စာပြုတ် သွားပါတယ်၊ တဏှာပြုတ်တယ် - (မှန်ပါ့) ငါ့ဥစ္စာဆိုတဲ့ တဏှာ ပြုတ်တယ်- (မှန်ပါ့ ဘုရား)။

And so, when it vanishes, what is removed? The illusion of "Mine" is removed! Craving (Taṇhā) is eradicated! (Yes, Sir). The Craving that clings to things as "Mine" is entirely eradicated. (Yes, Sir).

ဒါဖြင့် ပေါ်လာတယ်လို့ သိလို့ရှိရင် ငါပြုတ်တယ် - (မှန်ပါ့) ပျက်သွားပြီလို့ သိရင် (တဏှာပြုတ်ပါတယ်) ငါ့ဥစ္စာပြုတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

Therefore, if you are aware when it arises, the "I" is removed. (Yes, Sir). If you are aware when it passes away... (Craving is eradicated, Sir). Yes, the illusion of "Mine" is removed. (Yes, Sir). Do you grasp the meaning? (Yes, we do, Sir).

ဒါကလေးရှင်းနေအောင် ဦးမာဒင် ပြောရဦးမယ်(မှန်ပါ့) ပြောရမယ်- ပြောရမယ်၊ ဒီဥစ္စာကလေးဟာ ဪ ဒို့ဖြစ်ပျက် အလွန်ကျေးဇူးများတာပါကလားဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ယနေ့ ရှင်းရှင်းလင်းလင်းကြီး နားလည်ရတဲ့အတွက် သေပျော်တဲ့တရား (မှန်ပါ့) သေပျော်တဲ့တရားလို့ သေသေချာချာ ဆုံးဖြတ် ချက်ချပါ (မှန်ပါ့ ဘုရား)။

I must explain this until it is crystal clear, U Ma Din. (Yes, Sir). I must emphasize this! When you realize, "Oh! Seeing the Arising and Passing Away is immensely beneficial," you will understand it vividly today. Because of this clear understanding, this is the Dhamma that allows you to face death without fear! (Yes, Sir). Make a firm resolve that this is indeed the teaching that gives you the courage to die peacefully. (We will, Sir).

ကဲ ယားတယ် - ယားတယ် ဒကာ ဒကာမတို့ ကျောကယား တယ်ဟုတ်လား (မှန်ပါ့) ကျောကယားနေရင် ယားတာ ဘာ ဝေဒနာတုံး (ဒုက္ခဝေဒနာပါ) အင်း - ဒုက္ခဝေဒနာကလေး တစ်ခု ပေါ်တာပဲလို့ မသိလိုက်ဘူးလား (သိလိုက်ပါတယ် ဘုရား) ဘာဖြစ်သွားသတုံး- (ငါပြုတ် သွားပါတယ်) ဟာ ဒကာသစ် နေရာကျပြီ (မှန်ပါ့ ဘုရား)။

Now, an itch occurs. Yogis, your back itches, right? (Yes, Sir). When your back itches, what kind of feeling is that? (Painful feeling, Sir). Indeed. Do you not immediately discern that a painful feeling has just arisen? (We do, Sir). And when you discern that, what happens? (The "I" is removed, Sir). Excellent, U Thit, you have got it perfectly! (Yes, Sir).

ဦးမာဒင် ဘာပြုတ်သွားသတုံး- (ငါပြုတ်ပါတယ်) မြန်မာလို ငါ ပြုတ်တယ်၊ စာလိုတော့ ဒိဋ္ဌိပြုတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဝေဒနာ့အလုပ်သာရှိတော့တယ်၊ အလုပ် ရှိသေးရဲ့လား (မရှိပါ ဘုရား)။

U Ma Din, what has been eradicated? (The "I" is eradicated, Sir). In plain language, the "I" is eradicated. In doctrinal terms, Wrong View (Diṭṭhi) is eradicated! (Yes, Sir). Do you grasp the meaning? (Yes, we do). It is solely the function of the feeling. Is there any "person's" function left? (No, Sir).

ကိုင်း စောင့်ကြည့်ပါဦး၊ စောင့်ကြည့်ပါဦးဆိုတော့ပျက်တာ ကလေးတွေ တွေ့လိမ့်မယ် (မှန်ပါ့) မတွေ့လားဗျာ-(တွေ့ပါ တယ်) ပျက်တာကလေးတွေ့တော့ ငါ့ဥစ္စာမဟုတ်လို့ ပျက်တာပေါ့ (မှန်ပါ့) ငါ့ဥစ္စာဖြင့် စီမံနေသလိုနေဖို့ပဲ (မှန်ပါ့) ဒီလိုကော နေကြရဲ့လား - (မနေပါ) မနေတာ ထောက်တော့ ပျက်တာ မြင်လိုက်တော့ ဘာပြုတ်သတုံး - (ငါ့ဥစ္စာပြုတ်ပါတယ်) နေရာကျ ပြီ (မှန်ပါ့ ဘုရား)။

Keep watching it! As you patiently observe, you will catch sight of its passing away. (Yes, Sir). Won't you see it? (We will see it, Sir). When you see it passing away, you realize it passes away precisely because it is not "Mine." (True, Sir). If it were truly "Mine," it would have to obey your commands and stay as you wish. (Yes, Sir). But does it stay like that? (No, it does not). Considering that it refuses to obey, when you discern its passing away, what is eradicated? (The illusion of "Mine" is eradicated, Sir). Spot on! (Yes, Sir).

တဏှာပြုတ်သွားတယ်

မြန်မာလိုပြောလိုက်တဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတို့ ငါ့ဥစ္စာ ပြုတ်တာပဲ (မှန်ပါ့) စာလိုပြောကြစို့ ဆိုတော့ တဏှာပြုတ် သွားတယ်- (မှန်ပါ့ ဘုရား)။

Stating it in everyday language, yogis, the illusion of "Mine" is eradicated. (Yes, Sir). If we speak in doctrinal terms, Craving (Taṇhā) is eradicated! (Yes, Sir).

စာလိုပြောကြစို့ ဆိုတော့- (တဏှာပြုတ်ပါတယ်) သော်ဒါဖြင့် အဖြစ်မြင်ရင် ငါပြုတ် - (မှန်ပါ့) အပျက်မြင်ရင် ငါ့ဥစ္စာပြုတ်- (မှန်ပါ့ ဘုရား)။

Speaking in doctrinal terms... (Craving is eradicated, Sir). Therefore, discerning the arising removes the "I." (Yes, Sir). Discerning the passing away removes the "Mine." (Yes, Sir).

အဖြစ်မြင်ရင်- (ငါပြုတ်ပါတယ်)- အပျက်မြင်ရင် - (ငါ့ဥစ္စာ ပြုတ်ပါတယ်) သဘောကျပလား - (ကျပါပြီ) ရှင်းပြီနော် - (ရှင်းပါ ပြီ ဘုရား)။

Discerning the arising... (Removes "I", Sir). Discerning the passing away... (Removes "Mine", Sir). Do you see it? (Yes, we do). Is it perfectly clear? (Yes, it is, Sir).

ကိုင်း- ဒကာ ဒကာမတို့ ငါ- ငါ့ဥစ္စာပြုတ်တော့ကို ဒါ-သုညတ ဆိုက်သွားပြီ- (မှန်ပါ့) ဝေဒနာအပေါ်၌ သုညတဆိုက်သွားပြီ(မှန်ပါ့) မဆိုက်သေးဘူးလား- (ဆိုက်ပါပြီ ဘုရား)။

Now, yogis, once "I" and "Mine" are entirely eradicated, you have arrived at Emptiness (Suññata). (Yes, Sir). You have realized Emptiness in regard to the feeling! (Yes, Sir). Have you not arrived there? (We have, Sir).

ဘယ်အပေါ်၌ဆိုက်ပါလိမ့် - (ဝေဒနာအပေါ်၌ဆိုက်ပါတယ် ဘုရား) ဝေဒနာအပေါ်၌ ငါကော ရှိသေးရဲ့လား - (မရှိပါ ဘုရား) အင်း -ငါ့ဥစ္စ (မရှိပါ) အင်း-ဒါဖြင့်ဝေဒနာအပေါ်၌ သုညတု ဆိုက်သွားတော့ ဒီတရားသည် သုညတမဂ် သွားဖြစ်တယ် - (မှန်ပါ့ ဘုရား)။

Upon what have you realized Emptiness? (Upon the feeling, Sir). Is there any "I" to be found within the feeling? (No, Sir). Any "Mine"? (No, Sir). Indeed! Since you have realized Emptiness upon the feeling, this very practice transforms into the Path of Emptiness (Suññata Magga). (Yes, Sir).

ရှုတဲ့တရားကလေးက (သုညတမဂ် သွားဖြစ်ပါတယ် - ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

The mind that watches and observes becomes... (The Path of Emptiness, Sir). Is that clear? (Yes, it is, Sir).

ဘာဖြစ်သွားပါလိမ့် (သုညတမဂ်သွားဖြစ်ပါတယ် ဘုရား) အဲ ဒီက သုညတဖြစ်တော့ ဒီက ရှုတာကလဲ သုညမဂ်ပေါ့(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

What does it transform into? (It transforms into the Path of Emptiness, Sir). Exactly. Because the object observed is Emptiness, the observing mind itself becomes the Path of Emptiness. (Yes, Sir). Are you convinced? (Yes, we are, Sir).

ဒီဘက်က ပဋိစ္စသမုပ္ပါဒ်လဲ ဘယ်နှစ်မျိုး ပြုတ်သွားပါ လိမ့် သုံးမျိုး (မှန်ပါ့) ဒုက္ခသစ္စာလို့ မသိတဲ့ အဝိဇ္ဇာပဋိစ္စ သမုပ္ပါဒ်လဲ ပြုတ်ပါတယ် (ပြုတ်ပါတယ် ဘုရား) ငါ့ဥစ္စာလို့ စွဲလမ်းနေတဲ့ တဏှာပဋိစ္စသမုပ္ပါဒ်လဲ (ပြုတ်ပါတယ် ဘုရား) ငါလို့ စွဲထားတဲ့ ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ်လဲ (ပြုတ်ပါတယ် ဘုရား)။

At the same time, how many variations of the Wheel of Dependent Origination are terminated on the other side? Three variations! (Yes, Sir). The Wheel driven by Ignorance (Avijjā)—which fails to see the Truth of Suffering—is terminated. (It is terminated, Sir). The Wheel driven by Craving (Taṇhā)—which clings to things as "Mine"—is also terminated. (It is terminated, Sir). And the Wheel driven by Wrong View (Diṭṭhi)—which clings to things as "I"—is terminated as well! (It is terminated, Sir).

တစ်ချက်ခုတ် သုံးချက်ပြတ်

ဪ ဒါဖြင့် ဦးလှဘူးတို့၊ ဦးမာဒင်တို့၊ ဒကာသစ်တို့ ပဋိစ္စသမုပ္ပါဒ် တစ်ချက်ခုတ် သုံးချက်ပြတ် (မှန်ပါ့)။

Mark this, U Hla Bu, U Ma Din, and U Thit! Regarding the Wheel of Dependent Origination, with a single strike, three links are severed! (Yes, Sir).

ဘယ့်နှယ်ဆိုကြမလဲ - (တစ်ချက်ခုတ် သုံးချက်ပြတ်ပါတယ် ဘုရား)။ - ဒါဖြင့် ဒီဘက်မှာ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ ချုပ်တယ်- (မှန်ပါ့)။

How shall we describe it? (With a single strike, three links are severed, Sir). Consequently, the Truth of Origin and the Truth of Suffering cease completely. (Yes, Sir).

ဘယ့်နှယ်ဆိုကြမလဲ- (သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာချုပ်ပါတယ် ဘုရား)။

What happens exactly? (The Truth of Origin and the Truth of Suffering cease, Sir).

ဟာ- ဒကာသစ် သမုဒယနဲ့ ဒုက္ခချုပ်ငြိမ်းလို့ ရှိရင်ဖြင့် ၄-ထဲ မှာ ၂-နှုတ်ရင် (၄-၂- ၂) ၂- ကျန်ရမယ် (မှန်ပါ့) သစ္စာလေးပါး ကိုး- (မှန်ပါ့) ချုပ်ပျောက်သွားတာကို ဘယ်နှစ်သစ္စာတုံး- (နှစ် သစ္စာပါ) ဒါဖြင့် ကျန်ရစ်တာက ဘယ်နှစ်သစ္စာတုံး (နှစ်သစ္စာ ပါ ဘုရား) ကျန်ရစ်တာ နိရောဓနဲ့ မဂ္ဂကျန်ရစ်ရမယ် (မှန်ပါ့ ဘုရား)။

Ah, U Thit! When the Cause of Suffering and Suffering itself cease, subtract two from four, and you are left with two. (Yes, Sir). Because there are Four Noble Truths. (Yes, Sir). How many Truths have vanished? (Two Truths, Sir). Therefore, how many Truths remain? (Two Truths remain, Sir). The Truth of Cessation (Nirodha) and the Path (Magga) are what remain! (Yes, Sir).

ကဲ ဒါဖြင့် သြော် နိဗ္ဗာန်နဲ့ -မဂ် ကျန်ရစ်တော့တာပဲ ဆိုတာကို ခင်ဗျားတို့ သုညတဆိုက်တဲ့ပုဂ္ဂိုလ်မှာ ဒါ့ကြောင့် သေမင်း မမြင်နိုင်ဘူးဆိုတော့ သူ-နိဗ္ဗာန်ရောက်လို့ မမြင်ဘူးပြော တာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။ ဪ ဒကာ ဒကာမတို့ သေပျော်တဲ့တရား ဆိုတာပေါ်ကြ ပလား (ပေါ်ပါပြီ) ကိုင်း ခင်ဗျားတို့ ရှေ့တွင် ဖြတ်တဲ့ ပဋိစ္စသမုပ္ပါဒ်ပါ (မှန်ပါ့ ဘုရား)။ ဦး

So, only Nibbana and the Path remain. For the yogi who realizes Emptiness, the King of Death (Mara) can no longer find them. It is said he cannot see them because they have reached Nibbana! (Yes, Sir). Is that clear? (Yes, it is, Sir). Oh, yogis, do you now see why this is the Dhamma that lets you die peacefully? (We see it, Sir). Here it is—terminating the Wheel of Dependent Origination right before your very eyes! (Yes, Sir).

ဦးမာဒင် ဒီဥစ္စာ အပြောလား၊ အမြင်လားဗျာ (အမြင်ပါ ဘုရား) ခန္ဓာဖြစ်စဉ်နဲ့လဲ ဒီအတိုင်းပဲမဟုတ်လား- (ဒီအတိုင်းပါ ဘုရား) ဒါ-ခန္ဓာဖြစ်စဉ်ကိုပြတာ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ဆိုတာ ခန္ဓာ ဖြစ်စဉ်ကို ပြခြင်းဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

U Ma Din, is this mere theory, or is it direct Insight? (It is direct Insight, Sir). Doesn't the actual process of your Aggregates (Khandhas) behave exactly like this? (Exactly like this, Sir). I am discerning the process of the Aggregates for you. (Yes, Sir). The Wheel of Dependent Origination is simply the continuous process of your own Aggregates! (Yes, Sir).

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ သုညတဖြစ်ဖို့ သုညတဖြစ်ဖို့ အတော် အရေးကြီး ပါလားဆိုတာပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Therefore, it becomes glaringly obvious just how crucial it is for you yogis to realize Emptiness! (It does, Sir). Is that clear? (Yes, it is, Sir).

ကဲ ဒါဖြင့် ဒီက သုညတမဂ်ဖြစ်တော့ကို ဒီဘက်မှာ သမုဒယနဲ့ ဒုက္ခချုပ်သွားတဲ့ အခါကျတော့ အင်း ဒါလဲ ဒကာ ဒကာမတို့ ဒီပုဂ္ဂိုလ် သတ္တဝါ ဆိတ်သုဉ်းတဲ့ သင်္ခါရ ဆိတ်သုန်းတဲ့ နိဗ္ဗာန်ပေါ်လာတယ် (ပေါ်လာပါတယ်) မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

And so, when the Path of Emptiness is established on this side, the Cause of Suffering and Suffering itself cease on the other side. When this happens, yogis, Nibbana—which is empty of a "person," empty of a "being," and entirely free from conditioned phenomena (Sankharas)—reveals itself. (It does, Sir). Does it not reveal itself? (It does, Sir).

သုညတနိဗ္ဗာန်ပဲ ပေါ်လာတယ် (မှန်ပါ့) သဘောပကျ ပလား (ကျပါပြီ ဘုရား)။

Emptiness-Nibbana reveals itself! (Yes, Sir). Do you grasp the meaning? (Yes, we do, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ရှုစရာသည် ကဲ သုခ ဝေဒနာကလေး စိတ်ထဲချမ်းသာတာ ကလေး ပေါ်လာတယ်၊ ဒကာ ဒကာမတို့ ဘာဝေဒနာပါလိမ့် (သုခဝေဒနာပါ ဘုရား)။

Therefore, yogis, consider what you are meant to observe. Suppose a pleasant feeling, a moment of mental happiness, arises. Yogis, what kind of feeling is that? (Pleasant feeling or Sukha Vedanā, Sir).

အင်း ဒီလိုသိလိုက်တယ်၊ ပေါ်တာကလေး သိလိုက်တယ်(မှန်ပါ့) ဒီကတည်းက ဘာပြုတ်သတုံး (ငါပြုတ်ပါတယ်) ငါပြုတ်ပြန်ပြီ (မှန်ပါ့)။

Exactly. You recognize it as such; you are aware of its arising. (Yes, Sir). At that very instant, what is eradicated? (The "I" is eradicated, Sir). The "I" is eradicated once again. (Yes, Sir).

စောင့်ကြည့်- စောင့်ကြည့်ဆိုတော့ ကြည့်ရင်းမတ္တနဲ့ ပျက်လာ တယ် (မှန်ပါ့) မပျက်ဘူးလား (ပျက်ပါတယ်) ဘာပြုတ် သွားသတုံး (ငါဥစ္စာပြုတ်သွားပါတယ် ဘုရား)။

Wait and observe! Keep watching! Even as you are watching it, it passes away. (Yes, Sir). Does it not pass away? (It does pass away, Sir). At that moment, what is eradicated? (The illusion of "Mine" is eradicated, Sir).

သုညတမဂ် သွားရတယ်

ဒါဖြင့် ငါ-ငါ့ဥစ္စာပြုတ်သွားတော့ကို သုညတမဂ် သွားရတယ် (မှန်ပါ့) ငါ-ငါ့ဥစ္စပြုတ်သွားတယ်ဆိုကတည်းကိုက ဒကာ ဒကာမတို့ သူ သုညတကြောင့် ဖြစ်တဲ့မဂ်ကရနေပြီ (မှန်ပါ့) မရသေးဘူးလား (ရပါတယ် ဘုရား)။

Consequently, when "I" and "Mine" are completely eradicated, you attain the Path of Emptiness. (Yes, Sir). From the very moment the concepts of "I" and "Mine" are eradicated, yogis, you have attained the Path that arises from realizing Emptiness. (Yes, Sir). Have you not attained it? (We have attained it, Sir).

ရရင် ပဋိစ္စသမုပ္ပါဒ်က သုံးခုစလုံး ဘယ်နှယ့်နေသတုံး (ပြုတ်ပါတယ် ဘုရား)။

Once you attain it, what happens to all three variations of the Wheel of Dependent Origination? (They are terminated, Sir).

သုံးခုကိုလဲ သစ္စာဖွဲ့လိုက်တော့ သစ္စာနှစ်ခု (မှန်ပါ့) ဘာ သစ္စာ ဘာသစ္စာတုံး (သမုဒယနဲ့ ဒုက္ခပါ ဘုရား) သမုဒယနဲ့ ဒုက္ခ ပြုတ်ထွက်သွားတယ် (မှန်ပါ့)။

If we categorize these three Wheels into the Noble Truths, they form two Truths. (Yes, Sir). Which Truths are they? (The Truth of Origin and the Truth of Suffering, Sir). Yes, the Cause of Suffering and Suffering itself are completely discarded. (Yes, Sir).

သြော်- ဒကာ ဒကာမတို့ သမုဒယနဲ့ ဒုက္ခ နှစ်ခုပြုတ်ပါတယ် ဆိုကတည်းက ၄ထဲ ၂ နုတ်ပါ - (၂ ပဲ ကျန်ပါတယ် ဘုရား) ဘာကျန်ပါလိမ့်ဗျာ- (နိရောဓနဲ့ မဂ္ဂပါ) နိရောဓနဲ့ မဂ္ဂမကျန်ရစ် ဘူးလား-(ကျန်ရစ်ပါတယ် ဘုရား)။

Oh, yogis, since both the Cause and the Suffering are discarded, subtract two from four. (Only two remain, Sir). And what remains? (The Truth of Cessation and the Path, Sir). Do Nirodha and Magga not remain? (They do remain, Sir).

ဒါဖြင့် နိဗ္ဗာန်ဟာ ဒကာ ဒကာမတို့သည်ကားလို့ ဆိုလို့ရှိရင် ဖြင့် အဝေးကြီးလား အောက်မေ့နေတယ်၊ တစ်ခုပြုတ်တစ်ခု ကျန်တော့ဆိုတာ သိလိုက်သဖြင့် ဒကာ ဒကာမတို့ အင်မတန် အဖိုး တန်သွားပါပြီ- (တန်ပါပြီ ဘုရား) မတန်သေးဘူးလား (တန်ပါ တယ် ဘုရား)။

Therefore, you might have thought that Nibbana is somewhere far, far away. But once you realize that when one set of Truths is discarded, the other set naturally remains, this teaching becomes incredibly precious! (It is precious, Sir). Is it not profoundly valuable? (It is, Sir).

ကိုင်း-ဒါဖြင့် ဝေဒနာပေါ်တိုင်းသိ၊ ဝေဒနာပျက်တိုင်းသိ (မှန်ပါ့) ရှင်းပလား- (ရင်းပါပြီ ဘုရား)။

And so, you must be aware every time a feeling arises, and be aware every time a feeling passes away. (Yes, Sir). Is that clear? (It is perfectly clear, Sir).

ဝေဒနာပေါ်တိုင်း- (သိရပါမယ်) ဝေဒနာပျက်တိုင်း- (သိရပါ မယ်) ဒါဖြင့် ပေါ်တာသိတော့ကို ဘာပျောက်သတဲ့ (ငါပျောက်ပါ တယ်) အပျက်သိတော့- (ငါ့ဥစ္စာပျောက်ပါတယ် ဘုရား)။

Every time a feeling arises... (We must be aware, Sir). Every time a feeling passes away... (We must be aware, Sir). Therefore, when you are aware of its arising, what vanishes? (The "I" vanishes, Sir). When you are aware of its passing away? (The "Mine" vanishes, Sir).

ငါ့ဥစ္စာ ပျောက်ပါတယ်ဆိုတာ သေချာတော့ သုညတဆိုက် မဆိုက်- (ဆိုက်ပါတယ် ဘုရား) ငါ-ငါ့ဥစ္စာဆိတ်သုဉ်းတဲ့တရား(မှန်ပါ့ ဘုရား)။

Since you are absolutely certain that "Mine" vanishes, have you or have you not arrived at Emptiness? (We have arrived, Sir). It is the realization that phenomena are entirely empty of "I" and "Mine." (Yes, Sir).

ဒီသုခဝေဒနာကလေးဟာ ဘာတဲ့-(ငါ-ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ တရားပါ ဘုရား) ဒါဖြင့် သုညတမဆိုက်သေးဘူးလား - (ဆိုက်ပါ တယ် ဘုရား)။

What is the true nature of this pleasant feeling? (It is a natural phenomenon entirely empty of "I" and "Mine," Sir). Then have you not realized Emptiness? (We have, Sir).

ဒီမဂ်သည် ဘာဖြတ်ပါလိမ့်မတုံး

ကိုင်း ဒါဖြင့် သုညတဆိုက်တော့ ဒီမဂ်သည်ကားလို့ ဆိုရင် ဖြင့် သုညတမဂ်ဖြစ်သွားတာပဲ (မှန်ပါ့) ဒီမဂ်သည် ဘာဖြတ် ပါလိမ့်မတုံး မေးတော့မှ သမုဒယနဲ့ ဒုက္ခကို (ဖြတ်ပါတယ် ဘုရား)။

Now, since you have realized Emptiness, this Path becomes the Path of Emptiness. (Yes, Sir). If we ask, "What does this Path sever?" (It severs the Cause of Suffering and Suffering itself, Sir).

ဒါ ခုနင်က ပဋိစ္စသမုပ္ပါဒ် ပြပြီးမို့ ဦးမာဒင် ရှင်းတာနော် (မှန်ပါ့) နို့မဟုတ်ရင် ရှင်းပါ့မလား (မရှင်းပါ ဘုရား)။

U Ma Din, this is only clear to you because I thoroughly explained the Wheel of Dependent Origination earlier. (Yes, Sir). Otherwise, would this make any sense? (It would not, Sir).

ကိုင်း ဒါဖြင့် အားလုံးဒကာ ဒကာမတို့ သုညတ တစ်လုံးဟာလဲ ကိစ္စပြီးပါကလား (မှန်ပါ့ ဘုရား)။

Therefore, all you yogis, realize that mastering this single word—Emptiness (Suññata)—is enough to complete the entire spiritual task! (Yes, Sir).

သုညတ တစ်လုံးဟာလဲ (ကိစ္စပြီးပါတယ်) ကိစ္စပြီးတယ် ဆိုတာ ခင်ဗျားတို့ စာမသင် ပေမသင်နဲ့ လဲရှိပါစေတော့ (မှန်ပါ့) ဆရာကောင်း သမားကောင်းလဲ မတွေ့တော့ဘူးဆိုရင် စာအုပ်ထဲ ဘာတွေ ရေးထားထား ဦးမာဒင် မသိဘူး-(မှန်ပါ့) သိပါ့မလား (မသိပါ ဘုရား)။

This single realization of Emptiness... (Completes the task, Sir). When I say it completes the task, it means you do not need vast scriptural knowledge. (Yes, Sir). Yet, if you do not encounter a genuine, capable teacher, no matter how many books you read, U Ma Din, you will never truly understand it. (Yes, Sir). Could you truly know it just from books? (No, we could not, Sir).

အခုတော့ဖြင့် တစ်ခုပေါ်လာတာကို ဝေဒနာ ပေါ်လာတာကို ဝေဒနာရယ်လို့ သိရင်ပဲဒိဋ္ဌိပြုတ်ပြန်ပြီ (မှန်ပါ့) ဝေဒနာ ပျက်တာကလေး ဉာဏ်နဲ့ မြင်လိုက်ရင်ပဲ (တဏှာပြုတ်ပါ တယ် ဘုရား)။

But now, when a feeling arises, simply by recognizing it purely as a feeling, Wrong View (Diṭṭhi) is immediately removed! (Yes, Sir). And when you discern its passing away with your Insight Knowledge... (Craving is completely eradicated, Sir).

တဏှာပြုတ်ပြီဆိုတော့ ငါပြုတ် ငါ့ဥစ္စာပြုတ် (မှန်ပါ့) ဉာဏ်နဲ့ ပြုတ်ရင်ပြီးတာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

When Craving is eradicated, it means "I" and "Mine" are entirely eradicated. (Yes, Sir). If they are uprooted by your Insight Knowledge, the task is done! (Yes, Sir). Is that clear? (Yes, it is, Sir).

ဘာနဲ့ ဖြုတ်ရမတုံး (ဉာဏ်နဲ့ ဖြုတ်ရပါမယ် ဘုရား) ဉာဏ်နဲ့ ပြုတ်သွားတာဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

With what must you eradicate them? (We must eradicate them with Insight Knowledge, Sir). Are you absolutely certain they are uprooted by Insight Knowledge? (We are entirely certain, Sir).

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌တဲ့ ဒီဟာ ကလေးတစ်လုံးဟာ ပေါ်လာတဲ့ တရားကလေးတွေ၏ ပေါ်တာ သိမှု၊ ပျက်တာသိမှုသည် ပေါ်တာသိရင် ဒိဋ္ဌိပြုတ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)၊ ပျက်တာ သိရင် တဏှာပြုတ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

Indeed! Therefore, for you yogis, the key lies in simply being aware of the arising and passing away of whatever phenomena appear. Being aware of the arising eradicates Wrong View. (Yes, Sir). Do you grasp this? (Yes, we do). Being aware of the passing away eradicates Craving. (Yes, Sir). Do you grasp this? (Yes, we do, Sir).

ပေါ်တာသိရင် ဒိဋ္ဌိပြုတ်တယ်

ပေါ် တာသိရင် (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)၊ ပျက်တာသိရင် (တဏှာပြုတ်ပါတယ် ဘုရား) ကဲ ဒကာသစ် နေရာကျပြီ (ကျသွားပါပြီ ဘုရား)။

Awareness of the arising... (Eradicates Wrong View, Sir). Awareness of the passing away... (Eradicates Craving, Sir). Excellent! U Thit, you have got it perfectly! (Yes, we have, Sir).

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ တဏှာဒိဋ္ဌိ ပြုတ်ပါ တယ် ဆိုကတည်းကိုကပဲ တဲ့၊ ပထမနိဗ္ဗာန်မရဘဲခံနိုင်ပါ့ မလား (မခံနိုင်ပါ ဘုရား)။

Very well. Yogis, from the very moment Craving and Wrong View are eradicated, is it possible to be denied the attainment of the First Stage of Nibbana (Stream-Entry)? (It is impossible, Sir).

ပထမနိဗ္ဗာန်ဟာ ဘာမှ ကျင့်စရာမလိုဘူး၊ ဒိဋ္ဌိပြုတ်အောင် လုပ် နိုင်ရင်ပြီးတာပဲ (မှန်ပါ့) ဒိဋ္ဌိနဲ့ တွဲနေတဲ့ တဏှာပြုတ်သွား လို့ ရှိရင်လဲ ပြီးတာပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။ ' သို့သော် ပထမနိဗ္ဗာန်ကန့်ကွက်တာက ဒိဋ္ဌိခေါင်းဆောင် (မှန်ပါ့) ဒိဋ္ဌိပြုတ်ရင် ပထမနိဗ္ဗာန်ရတာပဲ (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

To attain the First Stage of Nibbana, you do not need to perform any other external practices. If you can successfully eradicate Wrong View, your task is complete! (Yes, Sir). If the Craving associated with that Wrong View is eradicated, the task is complete! (Yes, Sir). Is that clear? (Yes, it is, Sir). The primary obstacle blocking the First Stage of Nibbana is Wrong View. (Yes, Sir). Once Wrong View is entirely removed, the First Stage of Nibbana is guaranteed! (Yes, Sir). Is everyone clear on this? (Yes, we are, Sir).

ဒါဖြင့် ကျုပ်တို့ သုညတတရား အားမထုတ်တဲ့ပုဂ္ဂိုလ်များ ပထမနိဗ္ဗာန်ရဖို့ကို ဒကာသစ် ဝေးပါသေးတယ် (ဝေးပါတယ် ဘုရား) ပထမနိဗ္ဗာန်ကို ကန့်ကွက်နေတာသည် သုညတ နားမလည်မှု (မှန်ပါ့ ဘုရား)။

Therefore, U Thit, for those who do not practice to realize Emptiness, the First Stage of Nibbana remains very far away! (It is very far, Sir). What obstructs the attainment of the First Stage of Nibbana is simply the failure to understand Emptiness. (Yes, Sir).

ပထမနိဗ္ဗာန် မရောက်မှုသည် (သုညတ နားမလည်မှုပါ) သုညတ နားမလည်မှုလို့ဆိုတော့ အခုသေသေချာချာ ကြည့်တော့ စာသိနဲ့ မရပါဘူး (မရပါ) ဉာဏ်နဲ့ ကြည့်မှရမယ်- (မှန်ပါ့ ဘုရား)။

The failure to reach the First Stage of Nibbana is due to... (The failure to understand Emptiness, Sir). Exactly. And as we examine this closely now, you realize you cannot attain this through mere book knowledge. (We cannot, Sir). You must observe it directly with your Insight Knowledge! (Yes, Sir).

စာသိနဲ့ (မရပါ) ဉာဏ်နဲ့ ကြည့်မှ (ရပါမယ်)ကဲ ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်၌ လေကလေးကတိုက် ပန်ကာကလေး အပေါ်ကလည်နေတော့ လေကလေးက တိုက်တော့ ဖောဌဗ္ဗာရုံ ကလာထိတော့ သုခသဟဂုတ်ကာယဝိညာဏ်ဆိုတဲ့ ဝေဒနာကလေး မပေါ်ဘူးလား (ပေါ်ပါတယ်) သုခဝေဒနာ ကလေးပေါ်တယ် (ပေါ်ပါတယ် ဘုရား)။

Through book knowledge... (We cannot attain it, Sir). Only by observing with Insight Knowledge... (We can attain it, Sir). Now, yogis, observe your own continuity. The fan above is spinning, and a gentle breeze hits your body. When the wind—a tactile object (Phoṭṭhabbārammaṇa)—makes contact, a pleasant body-consciousness feeling (Sukha-sahagata-kāyaviññāṇa) arises, doesn't it? (It arises, Sir). A pleasant feeling arises. (It does, Sir).

သုခဝေဒနာကလေးပေါ်တာကို ပေါ်တာ သိလိုက်တဲ့အခါကျ တော့ ဉာဏ်နဲ့ သိမယ် (မှန်ပါ့) မျက်လုံးနဲ့ ကြည့်လို့ မြင်တာမှ မဟုတ်ဘဲ (မှန်ပါ့) ဉာဏ်နဲ့ ကြည့်ရမယ် (မှန်ပါ့ ဘုရား)။

When this pleasant feeling arises, you must recognize its arising with your Insight Knowledge. (Yes, Sir). This cannot be seen with your physical eyes! (True, Sir). You must watch and observe it with your Insight Knowledge. (Yes, Sir).

အင်း မြင်တော့သုခဝေဒနာ အလုပ်ပါကလား၊ သုခ ဝေဒနာပေါ်နေတာပါကလားဆိုတော့ မရှင်းလား (ရှင်းပါတယ် ဘုရား)။

When you observe it, you realize, "Ah, this is solely the function of a pleasant feeling. It is simply a pleasant feeling arising." Isn't that perfectly clear? (It is clear, Sir).

ကဲ ဒါဖြင့် ဦးမာဒင်ပဲ အကဲခတ်ပါတော့၊ ဦးလှဘူးပဲ အကဲ ခတ်ပါတော့ ပုဂ္ဂိုလ် သတ္တဝါ ပျောက်နေပြီ (ပျောက်နေပါပြီ ဘုရား၊ ငါကော (ပျောက်ပါတယ် ဘုရား)။

Now, U Ma Din and U Hla Bu, judge this for yourselves! The illusion of a "person" or a "being" has entirely vanished! (It has vanished, Sir). And the "I"? (It has vanished, Sir).

ဒါဖြင့် ငါဟူသော ထင်မှတ်မှုမှ ဆိတ်သုဉ်းတယ် (မှန်ပါ့) သုညတဖြစ်နေပြီ (မှန်ပါ့)။

Therefore, it is completely empty of the assumption of "I." (Yes, Sir). You have realized Emptiness! (Yes, Sir).

ဒါဖြင့် စောင့်ကြည့်ပါဦးလို့ ဆိုတော့ ဒီဝေဒနာကလေးဟာလဲ နောက်ပန်ကာလေ မလာလို့ရှိရင် ပျက်ပြန်တယ် (မှန်ပါ့)မပျက် ဘူးလား (ပျက်ပါတယ် ဘုရား) အပျက်မြင်လိုက်တဲ့ အခါကျတော့ ငါ့ဥစ္စာကော (ပျောက်ပါတယ် ဘုရား) ဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား)။

"Keep watching it," I urge you. Because if the next breeze from the fan doesn't arrive, this pleasant feeling passes away! (Yes, Sir). Does it not pass away? (It passes away, Sir). When you directly discern its passing away, what happens to the illusion of "Mine"? (It vanishes, Sir). Can you still claim it as yours? (No, we cannot, Sir).

ဖြစ်ပျက်သိတဲ့ဉာဏ်သည်

ဒါဖြင့် ခင်ဗျားတို့ ငါ- ငါ့ဥစ္စာမဟုတ်လို့ သိတဲ့ဉာဏ်ကလေး သည် ဒီသုညတ သူ့အပေါ်မှာ ငါ-ငါ့ဥစ္စာ ဆိတ်သုဉ်းတာကို သိတဲ့ ဉာဏ် (မှန်လှပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

Therefore, the Insight Knowledge that realizes this is not "I" and not "Mine" is precisely the Knowledge that realizes Emptiness—the realization that phenomena are utterly void of "I" and "Mine." (Yes, Sir). Do you firmly grasp this? (We do, Sir).

ဒါဖြင့် ဖြစ်ပျက်သိတဲ့ဉာဏ်သည် ငါ-ငါ့ဥစ္စာဆိတ်သုဉ်းတာ သိ တဲ့ဉာဏ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

This means the Insight Knowledge that discerns Arising and Passing Away is exactly the same Knowledge that realizes the Emptiness of "I" and "Mine"! (Yes, Sir). Has this truth revealed itself to you? (It has revealed itself, Sir).

ဒါဖြင့် စောင့်ကြည့်ပါဦးလို့ဆိုတော့ ဒီဝေဒနာကလေးဟာလဲ နောက်ပန်ကာလေ မလာလို့ ရှိရင် ပျက်ပြန်တယ် (မှန်ပါ့) မပျက်ဘူးလား (ပျက်ပါတယ် ဘုရား) အပျက်မြင်လိုက်တဲ့အခါ ကျတော့ ငါ့ဥစ္စာကော (ပျောက်ပါတယ် ဘုရား) ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

"Keep watching it," I urge you. Because if the next breeze from the fan doesn't arrive, this pleasant feeling passes away! (Yes, Sir). Does it not pass away? (It passes away, Sir). When you directly discern its passing away, what happens to the illusion of "Mine"? (It vanishes, Sir). Can you still claim it as yours? (No, we cannot, Sir).

ဒါဖြင့် ခင်ဗျားတို့ ငါ-ငါ့ဥစ္စာမဟုတ်လို့ သိတဲ့ဉာဏ်ကလေး သည် ဒီသုညတ သူ့အပေါ်မှာ ငါ-ငါ့ဥစ္စ ဆိတ်သုဉ်းတာကို သိတဲ့ ဉာဏ် (မှန်လှပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

Therefore, the Insight Knowledge that realizes this is not "I" and not "Mine" is precisely the Knowledge that realizes Emptiness—the realization that phenomena are utterly void of "I" and "Mine." (Yes, Sir). Do you firmly grasp this? (We do, Sir).

ဒါဖြင့် ဖြစ်ပျက်သိတဲ့ဉာဏ်သည် ငါ-ငါ့ဥစ္စာ ဆိတ်သုဉ်းတာသိ တဲ့ဉာဏ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

This means the Insight Knowledge that discerns Arising and Passing Away is exactly the same Knowledge that realizes the Emptiness of "I" and "Mine"! (Yes, Sir). Has this truth revealed itself to you? (It has revealed itself, Sir).

ဒါဖြင့် ဒီဉာဏ်သည် ပထမဝိပဿနာဉာဏ်- (မှန်ပါ့ ဘုရား) ရှုပါများရင်- မဂ်ဉာဏ်ဖြစ်ရမယ် (မှန်ပါ့)။

Therefore, this Knowledge is the initial Insight (Vipassana) Knowledge. (Yes, Sir). If you continuously watch and observe... it will mature into the Path Knowledge (Magga-ñāṇa)! (Yes, Sir).

ရှုပါများရင်- (မဂ်ဉာဏ်ဖြစ်ရပါမယ် ဘုရား) မုန်းလာမယ်၊ ဒီ သုညတတွေဟာ သုညတလဲ ဟုတ်တာပဲ၊ ဖြစ်ဒုက္ခ ၊ ပျက်ဒုက္ခလဲ ဟုတ်တာပဲ (မှန်ပါ့) “ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဇတိ” ဆိုပြီး ဉာဏ်တက်လိုက် (မှန်ပါ့ ဘုရား)။ ဪ ဖြစ်တာလဲဒုက္ခပဲ၊ ပျက်တာကော (ဒုက္ခပါပဲ ဘုရား)။

If you continuously watch and observe... (It will mature into the Path Knowledge, Sir). As you watch, you will feel a profound sense of disenchantment (Nibbida). You will realize that these phenomena are indeed Empty (Suññata), and they are nothing but the Suffering of Arising and the Suffering of Passing Away! (Yes, Sir). Your Insight will elevate to realize the Pali verse: "Dukkhameva uppajjamānaṃ uppajjati, Dukkhaṃ nirujjhamānaṃ nirujjati" (Only Suffering arises; only Suffering passes away). (Yes, Sir). Oh! What arises is Suffering, and what passes away is... (Also Suffering, Sir).

ဒီလိုဉာဏ်တက်လိုက်တဲ့အခါ ဒုက္ခကို ပရိညေယျနဲ့ ပိုင်းခြားသိ လိုက်တယ်(မှန်ပါ့) ဖြစ်လာတာလဲဒုက္ခပဲ၊ ပျက်တာလဲဒုက္ခပဲ၊ ဒီအထဲ ဒုက္ခမှ တစ်ပါး ဘာမှမရှိလို့ ဆုံးဖြတ်ချက်ချ လိုက်လို့ရှိရင် ဒါ ပရိညေယျနဲ့ ပိုင်ပိုင်နိုင်နိုင်သိတာပဲ-(မှန်ပါ့) မသိသေးဘူးလား (သိပါတယ် ဘုရား)။

When your Insight Knowledge elevates to this level, you thoroughly comprehend Suffering (Pariññeyya). (Yes, Sir). "What arises is Suffering; what passes away is Suffering. Within this process, apart from Suffering, nothing else exists!" When you can make this absolute final decision, you have thoroughly and completely comprehended the Truth of Suffering! (Yes, Sir). Have you not comprehended it? (We have, Sir).

အဲဒီကဲ့သို့ ပိုင်ပိုင်နိုင်နိုင် သိလိုက်တဲ့အခါကျတော့ ဒီမဂ်ဟာ ဝိပဿနာမဂ်က လောကုတ္တရာမဂ်ဖြစ်သွားတယ်(မှန်ပါ့) မဖြစ်သေး ဘူးလား (ဖြစ်ပါတယ် ဘုရား) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

Once you achieve this profound comprehension, your mundane Insight Path (Vipassana Magga) transforms into the Supramundane Path (Lokuttara Magga)! (Yes, Sir). Does it not transform? (It does, Sir). It is completely clear. (It is clear, Sir).

ဒါဖြင့် လောကုတ္တရာမဂ်ဖြစ်သည်နဲ့ တစ်ပြိုင်နက်တည်း ခုနင် က ဖြစ်ပျက်တာတွေဟာ ဒကာသစ်ရေ အကုန်ချုပ်ဆုံးရမယ် (ချုပ်ဆုံးရပါမယ် ဘုရား) ချုပ်ဆုံးသွားတဲ့အခါကျတော့ - ဒီဘက်မှာ နိရောဓသစ္စာပေါ်မပေါ် (ပေါ်ပါတယ် ဘုရား) ဒါဖြင့် ဒုက္ခနိရောဓော နိဗ္ဗာနံ (မှန်ပါ့) ဒုက္ခနိရောဓော (နိဗ္ဗာနံပါ ဘုရား)။

Therefore, at the exact moment the Supramundane Path arises, U Thit, all the Arising and Passing Away you were observing previously must completely cease! (They must cease, Sir). When they entirely cease, does the Truth of Cessation (Nirodha Sacca) reveal itself on this side? (It reveals itself, Sir). Hence, the cessation of Suffering is Nibbana (Dukkha-nirodho Nibbānaṃ)! (Yes, Sir). Dukkha-nirodho... (Nibbānaṃ, Sir).

ဒုက္ခနိရောဓော နိဗ္ဗာနံ

ဒကာ ဒကာမတို့ ဖြစ်ဒုက္ခ ပျက်ဒုက္ခလဲ ကိုယ့်ဉာဏ်ထဲမှာလဲ ထင်ပါရော ဒုက္ခတွေကော ချုပ်မသွားဘူးလား (ချုပ်သွားပါတယ် ဘုရား)။ ဒါဖြင့်ဒုက္ခနိရောဓော (နိဗ္ဗာနံပါ ဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား)။

Yogis, as soon as the Suffering of Arising and the Suffering of Passing Away become vividly clear to your Insight Knowledge, does all this Suffering not ultimately cease? (It ceases, Sir). Therefore, Dukkha-nirodho... (Nibbānaṃ, Sir). Do you now fully grasp the meaning? (We do, Sir).

ဒါဖြင့် ဒီဘက်က ဒုက္ခနိရောဓော နိဗ္ဗာနံ လဲပေါ်ပါရော ဒီဘက်က တဏှာနိရောဓော နိဗ္ဗာနံလဲ ဖြစ်သွားမယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

Therefore, when "Dukkha-nirodho Nibbanam" (the cessation of suffering is Nibbana) appears on this side, "Tanha-nirodho Nibbanam" (the cessation of craving is Nibbana) will also occur. (Yes, that is correct.) Do you understand? (Yes, we do, Venerable Sir.)

တဏှာနိရောဓော (နိဗ္ဗာနံပါ ဘုရား) ဟော မဂ်သည်ကားလို့ ဆိုရင်ဖြင့် ဒုက္ခကိုလဲ ဒကာ ဒကာမတို့ သိတယ်၊ နိဗ္ဗာန်ကိုလဲ မြင်တယ် (မှန်ပါ့) တဏှာကိုလဲ သတ်တယ် (မှန်ပါ့) မဂ်ကိစ္စသည် သေးသလား (မသေးပါ ဘုရား) သဘောကျပလား (ကျပါ ပြီ ဘုရား)။

Tanha-nirodho (is Nibbana, Venerable Sir). Now, as for the Path (Magga), you laypeople know suffering, you see Nibbana, and you kill craving. Is the function of the Path small? (It is not small, Venerable Sir.) Do you understand? (Yes, we do, Venerable Sir.)

ဒါကြောင့် အဌကထာ ဆရာများ ဥပမာပြတော့ လှေတစ်ခုကို , ဒကာသစ်ရေ ဝန်တင်လိုက်စမ်းပါ (မှန်ပါ့) ဒီဘက်ကမ်းက ဟိုဘက်ကမ်းကို လှော်ပြီးပို့လိုက်ဗျာ (မှန်ပါ့)။

Therefore, when the commentators give an example, they say, "Ko Thit, load the cargo onto the boat. Row it from this shore to the other shore." (Yes, Venerable Sir.)

လှေကိစ္စသည် ဒကာ ဒကာမတွေ ဝန်ကိုလဲ ဟိုဘက်ရောက် အောင်ပို့တယ် (ပို့ပါတယ် ဘုရား) ရေကိုလဲ ဖြတ်တယ် (ဖြတ်ပါတယ် ဘုရား) ဒီမှာဘက်ကမ်းမှလဲခွါတယ် (ခွါပါ တယ် ဘုရား) ဟိုမှာဘက်ကမ်းလဲ ရောက်တယ် (ရောက်ပါ တယ် ဘုရား) အင်း လှေသည် ဘယ်နှစ်လုပ် လုပ်ပါလိမ့်(လေးလုပ်ပါ ဘုရား)။

The boat's task is to transport the cargo to the other side (It does, Venerable Sir), to cross the water (It does, Venerable Sir), to depart from this shore (It does, Venerable Sir), and to arrive at the other shore (It does, Venerable Sir). Well, how many tasks does the boat perform? (Four tasks, Venerable Sir.)

ဒီမှာဘက်ကမ်းမှ ခွါတာလဲ လှေပဲ (မှန်ပါ) ဟိုမှာဘက်ကမ်း ပို့တာလဲ (လှေပါပဲ ဘုရား)၊ ဝန်ကိုဆောင်တာလဲ (လှေပါပဲ ဘုရား)၊ ရေဖြတ်တာလဲ (လှေပါပဲ ဘုရား)၊ ဪ လှေသည် ဘယ်နှစ်လုပ် လုပ်ပါလိမ့် (လေးလုပ်ပါ ဘုရား)။

It is the boat that departs from this shore (Yes), it is the boat that transports to the other shore (It is the boat, Venerable Sir), it is the boat that carries the cargo (It is the boat, Venerable Sir), and it is the boat that crosses the water (It is the boat, Venerable Sir). Oh, how many tasks does the boat perform? (Four tasks, Venerable Sir.)

အဲ ဒီမှာလဲ ခင်ဗျားတို့ အားထုတ်နေတဲ့မဂ္ဂင်ဟာ တဏှာ ဖြတ်တာလဲသူပဲ (မှန်ပါ့ ဘုရား)၊ ဒုက္ခဝန်ကြီးတွေကို ချုပ်ကင်းအောင် လုပ်တာလဲ (သူပါပဲ ဘုရား)၊ နိဗ္ဗာန်တည်းဟူသော ဟိုမှာ ဘက်ကမ်း ပို့တာကော (သူပါပဲ ဘုရား)၊ ဤမှာဘက်ကမ်းတည်းဟူသော သက္ကာယဒိဋ္ဌိနယ်မှ ခွါတာကော (သူပါပဲ ဘုရား)။

Likewise, the Path (Magga) you are practicing is the one that cuts off craving (It is, Venerable Sir), it is the one that makes the heavy burden of suffering cease (It is, Venerable Sir), it is the one that transports you to the other shore called Nibbana (It is, Venerable Sir), and it is the one that departs from this shore called the realm of Sakkaya-ditthi (personality view) (It is, Venerable Sir).

ဪ ဒါဖြင့် ဒို့မဂ်သည်ကား လို့ဆိုရင်ဖြင့် ဘာမှ သံသယရှိဖို့မလိုဘူး၊ နိဗ္ဗာန်တည်းဟူသော ဟိုမှာဘက်ကမ်းကို သူပို့တာပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

Oh, so regarding our Path, there is no need for any doubt; it is the one that transports us to the other shore called Nibbana. (Yes, Venerable Sir.) Do you understand? (Yes, we do, Venerable Sir.)

ဒါဖြင့် ဒကာ ဒကာမတို့ ဥပေက္ခာဝေဒနာကလေး တစ်လုံး ကျန်သေးတယ် (မှန်ပါ့) ကဲ-မျက်လုံးထဲမှာမြင်ကာမျှ မတ္တ ဘာ ဝေဒနာတုံး (ဥပေက္ခာဝေဒနာပါ ဘုရား) ကြားကာမျှ မတ္တ (ဥပေက္ခာဝေဒနာပါ ဘုရား) နံကာမျှမတ္တ (ဥပေက္ခာဝေဒနာပါ ဘုရား) ဒါ အလုပ်သင်နေတာနော် (မှန်ပါ့) စားကာမျှမတ္တ (ဥပေက္ခာဝေဒနာပါ ဘုရား) အဲ လျှာပေါ်မှာပေါ်တာ ကလေးဟာ ဥပေက္ခာဝေဒနာ (မှန်လှပါ) ဝမ်းထဲမှာ အလုံးစုံ အကုန် ဒကာ ဒကာမတို့ ကမ္မဿကာ ထားနိုင်တာတွေကော (ဥပေက္ခာဝေဒနာပါ ဘုရား)။

Now, laypeople, there is still one thing left: Upekkha-vedana (neutral feeling). (Yes.) Well, what kind of feeling is it when you just see something with your eyes? (Upekkha-vedana, Venerable Sir.) Just hearing? (Upekkha-vedana, Venerable Sir.) Just smelling? (Upekkha-vedana, Venerable Sir.) This is training, you see. (Yes.) Just tasting? (Upekkha-vedana, Venerable Sir.) That which appears on the tongue is Upekkha-vedana. (Yes, indeed.) And all those things inside that you can regard as "Kammassaka" (owned by kamma)? (Upekkha-vedana, Venerable Sir.)

အဲဒီ ဥပေက္ခာ ပေါ်တိုင်း-ပေါ်တိုင်း ဥပေက္ခာငါးခုပေါ့ဗျာ(မှန်ပါ့) အဲဒါ ပေါ်တိုင်း-ပေါ်တိုင်း ပေါ်လာတာသိလို့ ရှိရင်ဖြင့် ဥပေက္ခာလို့ သိလိုက် (မှန်ပါ့) ငါပြုတ်ပြီ (မှန်ပါ့) ပျက်သွား တာမြင်လိုက်တော့ (ငါ့ဥစ္စာပြုတ်ပါတယ် ဘုရား) ငါ့ဥစ္စာပြုတ် တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဥပေက္ခာကလေးပေါ်လာတာသိတော့-(ငါပြုတ်ပါတယ် ဘုရား) ပျက်သွားတာသိတော့ (ငါ့ဥစ္စာ ပြုတ်ပါတယ် ဘုရား) ငါ့ဥစ္စာ ပြုတ်တယ်ဆိုကတည်းက သုညတဆိုက်မဆိုက် (ဆိုက်ပါတယ် ဘုရား)။

ဒါ ငါ-ငါ့ဥစ္စာ မဟုတ်တဲ့တရား ဘယ်သူတုံး လို့ မေး လို့ရှိရင် ခုနင်က ဒီအနား ဖြစ်ပျက်ဘုရာ့ (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါ-ငါ့ဥစ္စာ မဟုတ်တဲ့တရား ဘယ်တရားပါလိမ့် (ဖြစ်ပျက် ပါ ဘုရား) တပည့်တော်တို့ ရှုနေတဲ့ ဖြစ်ပျက်ဘုရာ့ (မှန်ပါ့)ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ငါ- ငါ့ဥစ္စာမဟုတ်တဲ့တရား

ငါ- ငါ့ဥစ္စာမဟုတ်တဲ့တရား ဘယ်တရားပါလိမ့် (တပည့်တော်တို့ရှုနေတဲ့ ဖြစ်ပျက်ပါ ဘုရား)။

What is the phenomenon that is neither "I" nor "mine"? (It is the arising and passing away that we are observing, Venerable Sir.)

တပည့်တော်တို့ ရှုနေတဲ့ ဖြစ်ပျက်ဟာ ငါ-ငါ့ဥစ္စာမဟုတ်တဲ့ တရားပဲ (မှန်ပါ့) အဖြစ် မြင်ကတည်းက ငါပြုတ်နေပြီ (မှန် ပါ ဘုရား) အပျက်မြင်ကတည်းက (ငါ့ဥစ္စာပြုတ်ပါပြီ ဘုရား)။

The arising and passing away that you are observing is the phenomenon that is neither "I" nor "mine." (Yes.) From the moment you see the arising, the "I" is gone. (Yes, Venerable Sir.) From the moment you see the passing away, the "mine" is gone. (Yes, Venerable Sir.)

ဒါဖြင့် ကျုပ်တို့ လုပ်နေတဲ့ဖြစ်ပျက်ဟာ ဒိဋ္ဌိခွါပြီးသား(မှန်ပါ့) တဏှာခွါပြီးသား-(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်တန်းပါဆိုလို့ ရသေးရဲ့ လား (မရပါ ဘုရား) သြော် ဒကာသစ် သေပျော်ပြီ (မှန်လှပါ ဘုရား)။

Therefore, the arising and passing away we are working on has already discarded Ditthi (wrong view) (Yes) and discarded Tanha (craving). (Yes.) Is it clear? (It is clear, Venerable Sir.) So, can you still say "let's recite Paticcasamuppada"? (No, Venerable Sir.) Oh, Ko Thit, you can die happily now. (Yes, indeed, Venerable Sir.)

ဒါဖြင့် ဝေဒနာသုံးပါးတို့ကို ဒကာ ဒကာမတို့ မျက်လုံးထဲ မြင် တဲ့ ဝေဒနာကလေးပေါ်လာရင် ဥပေက္ခာကလေး ပေါ်တယ်လို့ သိပေးပါ (မှန်ပါ့) အင်း ဒါဖြင့် ပြုတ်ပြီ- (မှန်ပါ့ ဘုရား)။

ဒါကလေးဟာလဲ ကြည့်ရင်း မတ္တနဲ့ပဲ ပျောက်ထွက်သွားတယ်(မှန်ပါ့) ပျောက်ထွက်သွားတော့ ဖြစ်ပြီးပျက်သွားတယ်- (မှန်ပါ့) ပျက်သွားတာ သိလိုက်တော့ ငါ့ဥစ္စာက-(ပြုတ်သွားပါတယ် ဘုရား) ငါ့မျက်လုံး ဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား)။

အဲ နဂိုကလဲ ငါမဟုတ်၊ အပျက်မြင်တဲ့အတွက် ငါ့ဥစ္စာလဲ မဟုတ် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဒါကြောင့် စာကအဖြစ်မြင်ကတည်းကကွာ အဖြစ်မြင်ကတည်း က ဒကာ ဒကာမတို့ ဥစ္ဆေဒဒိဋ္ဌိလဲသေပါပြီကွာ တဲ့၊ (မှန်ပါ့) ပျက်တာမြင်တော့ သဿတဒိဋ္ဌိ သေပါပြီကွာ၊ ဒိဋ္ဌိကလဲသေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဖြစ်မြင်လိုက်တော့ (ဥစ္ဆေဒဒိဋ္ဌိ ပါတယ် ဘုရား) အပျက်မြင်လိုက်တော့ (သဿတဒိဋ္ဌိ သေပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဟာ ပထမနိဗ္ဗာန် မရောက်ပါနဲ့ ဆိုလို့ မရ တော့ဘူး ဒိဋ္ဌိချုပ်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါ ပြီ ဘုရား)။

အဲ အခု နောက်ဆုံးပိတ်ပြောလိုက်တော့ ဒိဋ္ဌိကို အဓိက ထားတယ် (မှန်ပါ့) သေတော့ ဒိနဲ့ တွဲနေတဲ့ တဏှာလဲ ရောပြီးတော့ သေတာပဲ (မှန်ပါ့) မသေပါနဲ့ဆိုလို့ ရရဲ့ လား (မရပါ ဘုရား)။

သို့သော် အဓိကထားသတ်တာက ဒိဋ္ဌိလို့ မှတ်လိုက်(မှန်ပါ့) သုညတ တရားမှာ ဒိဋ္ဌိအဓိကထား သတ်တယ် (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အဖြစ်မြင်လိုက်ရင်ဘယ်ဒိဋ္ဌိသေသတုံး (ဥစ္ဆေဒဒိဋ္ဌိပါတယ်) အပျက်မြင်လိုက်ရင် (သဿတ ဒိဋ္ဌိ သေပါတယ် ဘုရား)။

အဲ အဖြစ်ဆိုတာတဲ့ ဖဿပစ္စယာ ဝေဒနာကိုး (မှန်ပါ့) ဒီကတည်းက အဖြစ်ကို မြင်လိုက်ကတည်းကိုက အကြောင်းကြောင့် အကျိုးဖြစ်တာ သိလိုက်ကတည်းကိုက ဥစ္ဆေဒ ဒိဋ္ဌိ ရှိသေးရဲ့ လား (မရှိပါ ဘုရား) အပျက်မြင်လိုက်ကတည်းကို က ခိုင်တာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဖဿချုပ်လို့ ဝေဒနာချုပ်တာပဲလို့ အပျက် မြင်လိုက်ကတည်းကိုက သဿတဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒိဋ္ဌိနှစ်ပါးသေတဲ့ ပထမနိဗ္ဗာန်ရောက်မယ်

ဒါဖြင့် ဖြစ်ပျက်ကိုမြင်တဲ့ ဒကာ ဒကာမများ ဒိဋ္ဌိနှစ်ပါးသေတဲ့ ပထမနိဗ္ဗာန်ရောက်မယ် (မှန်ပါ့) သက္ကာယဒိဋ္ဌိကတော့ သူတို့ နှစ်ခုသေရင် ရောပြီးသေတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Therefore, laypeople who see the arising and passing away will reach the first Nibbana where the two types of Ditthi (wrong views) die. (Yes.) As for Sakkaya-ditthi, when those two die, it also dies along with them. (Yes.) Is it clear? (It is clear, Venerable Sir.)

ဒါဖြင့် သက္ကာယ ဒိဋ္ဌိကိုလဲ စောစောကဖြတ်ခဲ့ပါပြီ (မှန်ပါ့) သဿတဥစ္ဆေဒကိုလဲ အခုနောက်ဆုံးပိတ် ဖြတ်ပေးလိုက်တဲ့အဖြစ် မြင်လို့ရှိရင် ဥစ္ဆေဒကိုလဲ အခုနောက်ဆုံးပိတ် ဖြတ်ပေးလိုက်တဲ့ အဖြစ်မြင်လို့ ရှိရင် ဥစ္ဆေဒဒိဋ္ဌိသေပြီ (မှန်ပါ့) အပျက်မြင်လိုက်ရင် (သဿတဒိဋ္ဌိ သေပါပြီ ဘုရား)။

အထူးသတ်လို့သေတာလား၊ ဒကာ ဒကာမတို့ အကြောင်းဖြစ် လို့ အကျိုးဖြစ်တယ်လို့ ခင်ဗျားတို့ သိပြီးသား (မှန်ပါ့) အကြောင်းချုပ်လို့ အကျိုးချုပ်တယ်ဆိုတာ (သိပြီးသားပါ ဘုရား)။

အဲဒီတော့ သုညတလဲဆိုက် ဒိဋ္ဌိကလဲသေ ဖြစ်သောကြောင့် “ဒိဋ္ဌိနိရောဓောနိဗ္ဗာနံ” (မှန်ပါ့) ပထမ နိဗ္ဗာန်ရတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်ဝေဒနာ ပေါ်လာ-လာ ဖြစ်ပျက်ရှု

ဒါဖြင့် ရှုကောရှုတတ်ပလား (ရှူတတ်ပါပြီ) ဘယ်ဝေဒနာ ပေါ်လာ-လာ ဖြစ်ပျက်ရှု (မှန်ပါ့) သုခပေါ်လဲ (ဖြစ်ပျက် ရှုရပါမယ်) ဒုက္ခပေါ်လဲ (ဖြစ်ပျက်ရှုရပါမယ်) ဥပေက္ခာပေါ်လဲ (ဖြစ်ပျက်ရှုရမယ်) ဖြစ်ပျက်ရှုလိုက်လို့ ရှိရင်ဖြင့်သုညတမဆိုက် ဘူးလား (ဆိုက်ပါတယ် ဘုရား)။

So, do you know how to observe? (We know how to observe, Venerable Sir.) Whatever feeling arises, observe its arising and passing away. (Yes.) If Sukha (pleasant feeling) arises, (observe its arising and passing away). If Dukkha (painful feeling) arises, (observe its arising and passing away). If Upekkha (neutral feeling) arises, (observe its arising and passing away). If you observe the arising and passing away, won't you reach Sunnata (emptiness)? (We will, Venerable Sir.)

ဒါဖြင့် ငါပြုတ်၊ ငါ့ဥစ္စာပြုတ်၊ သဿတပြုတ်၊ ဥစ္ဆေဒပြုတ်၊ သက္ကာယပြုတ် (မှန်ပါ့) မပြုတ်ပါနဲ့ ဆိုလို့ ရသေးရဲ့ လား (မရပါ ဘုရား) ကဲ ဘယ်လောက်အဖိုးတန်သတုံး (တန်ပါတယ် ဘုရား)။

So, the "I" is gone, the "mine" is gone, Sassata-ditthi (eternalism) is gone, Uccheda-ditthi (annihilationism) is gone, and Sakkaya-ditthi is gone. (Yes.) Can you say "don't let them go"? (No, Venerable Sir.) Well, how valuable is this? (It is very valuable, Venerable Sir.)

အဲ မောဃရာဇရဟန်းကိုဟောလိုက်တာ မင်း-ဒါသာမြင် လို့ ရှိရင် သေမင်းမမြင်နိုင်တဲ့နိဗ္ဗာန် ရောက်ပါပြီကွာ ဆိုတာကော ဟောထိုက် မဟောထိုက် (ဟောထိုက်ပါတယ် ဘုရား) ရှင်းပြီ နော်-(ရှင်းပါပြီ ဘုရား)။

When the Buddha taught the monk Mogharaja, saying, "If you see this, you will reach Nibbana where the King of Death cannot see you," was that worth teaching or not? (It was worth teaching, Venerable Sir.) Is it clear now? (It is clear, Venerable Sir.)

ကဲ- နာရီစေ့ပြီ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

Well, the time is up. Let us stop here for today. Sadhu, Sadhu, Sadhu.