12512

မာတိကာသို့

မှန်ကို ဥပမာပြ၍ ဟောတော်မူသော

ကျေးဇူတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော

မှန်ကို ဥပမာပြ၍ ဟောတော်မူသော

ညအလုပ်ပေးတရားတော်

(၆-၉-၆၁)

မှန်ကြီး ဥပမာလိုမှတ်ကြ

မှန်ကြီး ဥပမာလိုမှတ်ကြစမ်းပါ (မှန်ပါ့) ပြဒါးသုတ်ထားတဲ့ မှန်ကြီး။

ဒီကနေပြီး သကာလ မှန်ကြည့်တဲ့လူကနေပြီး ကြည့်လိုက်တယ်၊ ဒါကမှန်, ဒါက ကြည့်တဲ့လူ (မှန်လှပါ ဘုရား) မှန်ကြည့်တဲ့ လူက ကြည့်လိုက်တဲ့အခါကျတော့ ဒီအထဲမှာ အရိပ်ပေါ်သွားတယ် (ပေါ်ပါတယ် ဘုရား) မှန်ထဲမှာ အရိပ် ပေါ်တယ် (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် မှန်ရယ် ရှေ့ကကြည့်တဲ့လူရယ် နှစ်ခုတည့်နေလို့ရှိရင် ဒီအရိပ်ဟာ မပေါ်ပါနဲ့ဆိုလို့ မရဘူး (မရပါ ဘုရား) ပေါ်မှာပဲ။

အရိပ်ဟာ သူတစ်ပါးအား မိမိလားလို့ မေးကြလို့ရှိရင် ဘယ့်နှယ်ဖြေကြမတုန်း (မိမိပါ ဘုရား) မိမိဆိုလို့ရှိရင် လွဲလိမ့်မယ်၊ မိမိဆိုရင်လွှဲပြီ (မှန်ပါ့) မိမိက ဒီမှာရှိနေတာကိုး (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား) အကြည့်သမားက ပုထုဇဉ်၊ မိမိက ဒီမှာပဲတဲ့ (မှန်ပါ့) ဒါဖြင့်လည်း မိမိလည်း မဟုတ်ဘူး (မဟုတ်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

မိမိက ဒီမှာလေ၊ သူက ကြည့်တာကိုးဗျ (မှန်ပါ့) ဒီမှန်ကို ကြည့်လိုက်တော့ ဒါက အရိပ်ကြားက ပေါ်တာပဲ (မှန်ပါ့) ဒီအရိပ်ကို မိမိလား သူတစ်ပါးလား မေးကြလို့ရှိရင် ဘယ့်နှယ်ဖြေမလဲ (မဟုတ်ပါ ဘုရား)။

မိမိလားလို့မေးရင် မဟုတ်ဘူး

မိမိလားလို့မေးရင် မဟုတ်ဘူး၊ သူတစ်ပါလားလို့ မေးရင်သူတစ်ပါးလည်း မဟုတ်ဘူး (မှန်ပါ့ ဘုရား) ဒါဖြင့် မိမိ, သူတစ်ပါးနှစ်ဦးသား မဟုတ်တဲ့တရား (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (မိမိ, သူတစ်ပါး နှစ်ဦးသား မဟုတ်တဲ့ တရားပါ ဘုရား)။

မိမိ, သူတစ်ပါး နှစ်ဦးသား မဟုတ်တဲ့တရား၊ ဒါ စောစောစီးစီးက ပြေလည်ထားမှ ဒါ သောတာပန်တည်မည့် တရား (မှန်ပါ့) သောတာပန်တည်မည့်တရားပါတဲ့။

ဒါက မှန်ကြီးထားပါ၊ ဒါက ကြည့်တဲ့လူ၊ ကျန်တဲ့လူနဲ့သာ ဒီကြည့်တဲ့လူနဲ့သာ တည့်မည်ဆိုရင် အရိပ်ကတော့ ဖြင့် ပေါ်မှာပဲ (ပေါ်ပါတယ် ဘုရား) မဟုတ်ဘူးလား (မှန်ပါ့)။

ဒါကို မိမိဆိုလို့ရှိရင်လည်း ဒါကမခံနိုင်ဘူး၊ ခံနိုင်ပါ့မလား (မခံနိုင်ပါ ဘုရား) သူတစ်ပါးဆိုလို့ရှိရင်လည်း မခံနိုင်ဘူးတဲ့ (မှန်ပါ့) ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် ကြည့်တဲ့လူနဲ့ တူနေတယ်၊ မတူဘူးလား (တူပါတယ် ဘုရား) မိမိလားလို့ ဆိုရမှာလည်း မိမိက ဒီဘက်က ကြည့်တဲ့ဘက်က နေတယ်၊ ဒါက တခြား (မှန်ပါ့)။

ဒါဖြင့် ဒီအရိပ်ဟာ မိမိလည်း မဟုတ်ဘူး၊ သူတစ်ပါးကော (သူတစ်ပါးလည်း မဟုတ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အံမာလေး မှန်ကြည့်တာ ကြာလှပြီ မကွဲသေးဘူး ခင်ဗျားတို့ (မှန်ပါ့) မှန်ကြည့်တာ ကြာလှပြီ၊ မှန်ဟာ သွားမည် လာမည်ကြံရင် ကြည့်ကြတာပဲ၊ ပြင်ဆင်ပြီး ကြည့်ကြတာပဲ (မှန်ပါ့)။

မိမိလားလို့ မှန်ကြည့်လိုက်လို့ ရှိရင်ဖြင့် ဒီအရိပ်ဟာ မိမိလည်းမဟုတ်ဘူး၊ သူတစ်ပါးလားလို့မေးရင် (သူတစ် ပါးလည်း မဟုတ်ပါ ဘုရား) သူတစ်ပါးမဟုတ်လို့ရှိရင် မိမိ၊ မိမိမဟုတ်လို့ ရှိရင် သူတစ်ပါး၊ ဒီနှစ်ခုဖြစ်ရမှာ ခင်ဗျားတို့ ဒီအထဲမှာ မိမိလည်းမဟုတ်ဘူး သူတစ်ပါးလည်း မဟုတ်ဘူးဆိုတာ သဘောကျဖို့ အရေးကြီးပါတယ် (မှန်ပါ့)။

မိမိမဟုတ်ရင်လည်း သူတစ်ပါးဖြစ်ရမှာကိုး (မှန်ပါ့) မိမိမဟုတ်ရင် ဘယ့်နှယ်တဲ့ (သူတစ်ပါး ဖြစ်ရပါမယ် ဘုရား) သူတစ်ပါးဆိုခဲ့လို့ရှိရင်လည်း ဒီကြည့်တဲ့ ပုဂ္ဂိုလ်နဲ့ မတူရဘူး၊ မဟုတ်ဘူးလား (မှန်ပါ့) ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။

သူတစ်ပါးလားမေးရင်

မိမိလား မေးရင်ကော (မဟုတ်ပါ ဘုရား) သူတစ်ပါးလားမေးရင် (မဟုတ်ပါ ဘုရား) အဲ မိမိ သူတစ်ပါး နှစ်ဦးသား မဟုတ်တဲ့တရား။

ဘယ့်နှယ်ကြောင့် ဒီလိုပြောရသတုန်းလို့ မေးလို့ရှိရင်ဖြင့် မိမိဖြစ်ခဲ့လို့ရှိရင်လည်း ဒါဟာ တခြားသွားဖြစ်တယ် (မှန်ပါ့) မိမိက ဒီဟာကိုး မဟုတ်ဘူးလား (မှန်လှပါ) သူတစ်ပါးဖြစ်ခဲ့လို့ရှိရင်လည်း ကြည့်တဲ့လူနဲ့ အရိပ်ဟာ မတူရဘူး (မှန်ပါ့ ဘုရား) အဲဒီတော့ မိမိလည်း မဟုတ်ဘူး၊ သူတစ်ပါးကော (မဟုတ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဒါဖြင့် မိမိ-သူတစ်ပါး နှစ်ဦးသား မဟုတ်တဲ့တရား၊ နို့-သူဟာ မိမိလည်း မဟုတ်ဘူး၊ သူတစ်ပါးလည်း မဟုတ်ဘူးဆိုရင် လောကကြီးထဲမှာ အပြောကြပ်တဲ့စကား (မှန်ပါ့) မကြပ်ဘူးလား (ကြပ်ပါတယ် ဘုရား) မိမိ-မဟုတ် လို့ရှိရင် သူတစ်ပါးဖြစ်ရမယ် သူတစ်ပါးမဟုတ်လို့ ရှိရင် မိမိပဲဖြစ်ရမယ် (မှန်ပါ့) အခုတော့ ဘယ့်နှယ်ဆိုကြမတုန်းတဲ့ (မိမိလည်းမဟုတ်ဘူး၊ သူတစ်ပါးလည်းမဟုတ်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီမှန်ကို အစွဲပြုပြီးဖြစ်တဲ့ တရားမျိုးလို့ မှတ်ရမယ် (မှန်ပါ့) ဒီမှန်ကို (အစွဲပြုပြီးဖြစ်တဲ့ တရားတစ်မျိုးပါ ဘုရား) တရားတစ်မျိုး၊ မိမိလည်းမဟုတ်ဘူး၊ သူတစ်ပါးလည်း မဟုတ်ဘူး၊ မှန်အစွဲပြုဖြစ်တာ (မှန်ပါ့)။

မိမိဆိုရင် ဒီဘက်ရောက်ရမယ် (မှန်ပါ့) သူတစ်ပါးဆိုရင်လည်း မတူရဘူး- မတူရဘူး မဟုတ်လား (မှန်ပါ့)။

သူတစ်ပါးဆိုလို့ရှိရင်လည်း မျက်နှာချင်းတူပါ့မလား (မတူပါ ဘုရား) ဒါဖြင့် ဘယ့်နှယ်ဆိုကြမလဲ (မိမိလည်း မဟုတ်ဘူး သူတစ်ပါးလည်း မဟုတ်ပါ ဘုရား) မှန်ကို အစွဲပြုဖြစ်တဲ့တရား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မှန်အစွဲပြုဖြစ်တဲ့ တရား

ဘာအစွဲပြုဖြစ်တာတုန်း (မှန်အစွဲပြုဖြစ်တဲ့ တရားပါ ဘုရား) မှန်အစွဲပြုဖြစ်တဲ့တရားလို့ဆိုတော့ ဪ မိမိလည်း မဟုတ်ဘူး။ သူတစ်ပါးလည်း မဟုတ်ဘူး၊ မှန်ကို အစွဲပြုပြီးဖြစ်တဲ့တရား (မှန်လှပါတရား) ဆိုတော့ အတော်ရှင်းသွား တယ်(မှန်ပါ့)။

ဒါက အရှင်အာနန္ဒာ့ဆရာ အရှင်ပုဏ္ဏဆိုတာရှိတယ်၊ အရှင်ပုဏ္ဏက မှန်တရားကိုပြတယ် (မှန်ပါ့) ရှင်အာနန္ဒာ ကို ဒီမှန်တရားပြပြီး ဟောလိုက်တုန်းက သောတာပန်တည်တယ်၊ ဘုရားဟောလို့ တည်တာမဟုတ်ဘူး ရှင်အာနန္ဒာ သောတာပန်တည်တာဟာ (မှန်ပါ့ ဘုရား) ရှင်ပုဏ္ဏကြောင့်တည်ရတာ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် မိမိသူတစ်ပါး နှစ်ဦးသား မဟုတ်တော့ သိပြီး ဒီအရိပ်တရားကလေးဟာလေ (မှန်ပါ့) မိမိလည်း မဟုတ်ဘူး သူတစ်ပါးလည်း မဟုတ်ဘူး ထင်ရှားပြီ၊ မိမိဖြစ်လို့ ရှိရင်လည်း သူကမခံနိုင်ဘူး၊ ကြည့်တဲ့လူက ခံနိုင်ပါ့ မလား (မခံနိုင်ပါ ဘုရား) အရိပ်က မိမိလုပ်ခဲ့ရင်လေ ခံနိုင်ပါ့မလား (မခံနိုင်ပါ ဘုရား)။ သူတစ်ပါးလုပ်ခဲ့လို့ရှိရင်လည်း အရိပ်က မခံနိုင်ဘူးတဲ့ မျက်နှာချင်းကတူနေတယ် (မှန်ပါ့) မျက်နှာချင်းက ထပ်နေတယ် (မှန်ပါ့)။

ဒါဖြင့် မိမိ သူတစ်ပါး နှစ်ဦးသား မဟုတ်တဲ့တရား (မှန်ပါ့) ဒါဖြင့် ဒီတရားသည် ဘယ်သူ အစွဲပြုဖြစ်ပါလိမ့် မှန်ကို အစွဲပြုဖြစ်တယ် (မှန်ပါ့) ဒီဘက်နဲ့ မဆိုင်ဘူးပေါ့ဗျာ မှန်ကိုအစွဲပြုဖြစ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာငါးပါးက မှန်ကွ

ကောင်းပြီ ဒီကဲ့သို့ ခင်ဗျားတို့ သိပြီး သကာလ ထားတော့ ဒို့မှာ တဏှာ, မာန, ဒိဋ္ဌိက ဘယ်ကလာပါလိမ့်မလဲ ဆိုတော့ ရှင်ပုဏ္ဏက ဒါက ပုထုဇဉ်ကွတဲ့၊ ဒါက ခန္ဓာငါးပါးက မှန်ကွတဲ့ (မှန်ပါ့ ဘုရား) ပုထုဇဉ်မျက်လုံးတပ်ပြီး ခန္ဓာ ငါးပါး ကြည့်လိုက်တော့ ငါဆိုတာ ဒီမှာ လာထွက်တာ (မှန်ပါ့) တဏှာ, မာန, ဒိဋ္ဌိ ဒီမှာလာထွက်တယ် (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား) သူဟာ သဘောသိပ်ပါတဲ့ဥစ္စာ (မှန်ပါ့ ဘုရား)။

ဒါကခန္ဓာငါးပါးက ကြည့်နေတယ် (မှန်ပါ့) ကြည့်နေတော့ ပုထုဇဉ်မျက်လုံးနဲ့ ဒီမှန်ကိုကြည့်လိုက်တယ် (မှန်ပါ့) ကြည့်လိုက်တဲ့အခါကျတော့ မှန်ထဲမှာထင်လာတဲ့ အရိပ်သဖွယ် အရိပ်သဘောဖြစ်လာတဲ့ ငါဆိုတာ ဒီအကြည့်လွဲလို့ ဖြစ်လာတာ (မှန်ပါ့) ငါ့ဥစ္စာဆိုတာလည်း ထို့အတူပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် တဏှာ, မာန, ဒိဋ္ဌိဟာ အလိုလိုပေါ်လာတာလား ဒါ တဏှာ, မာန, ဒိဋ္ဌိ မဖြစ်သွားဘူးလား (မှန်ပါ့) တဏှာ, မာန, ဒိဋ္ဌိဟာ အလိုလို ပေါ်လာတာလား ပုထုဇဉ်မျက်လုံးနဲ့ မိမိခန္ဓာမှန်ကြည့်မိလို့ ပေါ်လာတာလား (မိမိ ခန္ဓာမှန်ကြည့်မိလို့ ပေါ်လာတာပါ ဘုရား) နေရာကျပြီ (မှန်ပါ့)။

ပုထုဇဉ်မျက်လုံးနဲ့ မိမိခန္ဓာတွေကို မှန်သဘောထားပြီး ကြည့်မိလို့ တဏှာ, မာန, ဒိဋ္ဌိ, အရိပ်ထွက်လာတယ် (မှန်ပါ့ ဘုရား)။

ဦးလှပေါ်ကြပလား (မှန်ပါ့) မျက်လုံးက ဘာမျက်လုံးတုန်း (ပုထုဇဉ်မျက်လုံးပါ) ပုထုဇဉ်မျက်လုံးနဲ့ ခန္ဓာငါး ပါးမှန်ကို ကြည့်မိလို့ ငါနေရာကျသားပဲ (မှန်ပါ့) ငါတော်သေးတယ်မဟုတ်ဘူးလား (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)

တဏှာ, မာန, ဒိဋ္ဌိထွက်လာတယ်

ငါဘယ်သူမှ အောက်မကျဘူး၊ ငါလုပ်နိုင်သေးတယ်၊ ကိုင်နိုင်သေးတယ် (မှန်ပါ့) ဒီအရိပ်တည်းဟူသော တဏှာ, မာန, ဒိဋ္ဌိထွက်လာတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘာမျက်လုံး ဘာခန္ဓာကြည့်လို့ တဏှာ, မာန, ဒိဋ္ဌိ, အရိပ်တွေထွက်လာပါလိမ့်မလဲလို့ မေးတော့ ပုထုဇဉ် မျက်လုံးနဲ့ခန္ဓာငါးပါးတည်းဟူသော မှန်ကိုကြည့်မိလို့ တဏှာ, မာန, ဒိဋ္ဌိ, တည်းဟူသော အရိပ်တွေထွက်လာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာအရိပ်တွေများ ထွက်လာသတုန်း (တဏှာ, မာန, ဒိဋ္ဌိ, အရိပ်တွေ ထွက်ပါလာပါတယ်) ဒီအရိပ်တွေ ထွက်လာတယ် (မှန်ပါ့) ဘာမျက်လုံးတပ်ကြည့်လိုက်တာတုန်း (ပုထုဇန်မျက်လုံးတတ်ကြည့်ပါတယ်) ဘာကိုကြည့်လိုက် တာတုန်း (ခန္ဓာငါးပါးကို ကြည့်လိုက်ပါတယ်) ခန္ဓာငါးပါးကြီးကို မှန်သဘောထားကြည့်လိုက်တယ် (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးကို မှန်သဘောထားကြည့်လိုက်တဲ့ အခါကျတော့ ငါလုပ်နိုင်သေးတယ်ကွ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ငါ့မှာလည်း ခင်စရာ မင်စရာရှိသေးတယ်ကွဆိုတော့ တဏှာလည်းလာတာပဲ (မှန်ပါ့) ငါဆိုတဲ့ ဒိဋ္ဌိလည်းလာ တာပဲ၊ ငါဘယ်သူ့အောက်မှ သားသမီးလက်အောက်ခံပြီး စားဖို့မလိုသေးပါဘူး ဆိုတဲ့ မာနလည်း လာတာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီအရိပ်ဟာ မှတ်လိုက် ဒကာ ဒကာမတို့ သုံးခုထွက်လာတယ် (မှန်ပါ့) တဏှာ, မာန, ဒိဋ္ဌိဆိုတဲ့ အရိပ်သုံးခု ထွက်လာတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် တဏှာ, မာန, ဒိဋ္ဌိလက်သည် ယနေ့ပေါ်သွားပြီ (မှန်ပါ့) ခန္ဓာကထွက်လာတယ်၊ ခန္ဓာကို အကြည့်မှားလို့ ထွက်လာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာကို အကြည့်မှားလို့

တဏှာ, မာန, ဒိဋ္ဌိဟာ အလိုလိုပေါ်တာလား၊ ပုထုဇဉ်မျက်လုံးတပ်ပြီး ခန္ဓာကို အကြည့်မှားလို့ ပေါ်တာလား (ပုထုဇဉ်မျက်လုံးတပ်ပြီး ခန္ဓာကိုအကြည့်မှားလို့ပါ ဘုရား)။

အဲ ဒီတစ်လုံးပိုင်ရင် ဘုန်းကြီးက ကျေနပ်ပြီ (မှန်ပါ့) သူဥပမာနဲ့လာတယ်၊ ရှင်ပုဏ္ဏက ရှင်အာနန္ဒာကို ဟောနေတယ် (မှန်ပါ့ ဘုရား)။

ကိုင်း-ခင်ဗျားတို့သန္တာန်တဏှာမချုပ်သေးတာလည်း ဒီအကြည့်ပဲ (မှန်ပါ့) မာနမချုပ်သေးတာလဲ (ဒီအကြည့် ပါပဲ ဘုရား) ဒိဋ္ဌိမချုပ်သေးတာလဲ (ဒီအကြည့်ပါပဲ ဘုရား) အခုမှ လက်သည်ပေါ်တယ် (မှန်ပါ့ ဘုရား)။

ပုထုဇဉ်မျက်လုံးတပ်ပြီး ခန္ဓာငါးပါးကြည့်လိုက်တာ တဏှာ, မာန, ဒိဋ္ဌိ အရိပ်တွေ ထွက်လာတယ် (ထွက်လာ ပါတယ် ဘုရား)။ ဘာမျက်လုံး တတ်ကြည့်သလဲ (ပုထုဇဉ်မျက်လုံး တတ်ကြည့်ပါတယ်) ဘယ်သူ့ကြည့်တာတုန်း (ကိုယ့် ခန္ဓာကိုကြည့်ပါတယ်) ဘာတွေများ ထွက်လာသတုန်း (တဏှာ, မာန, ဒိဋ္ဌိထွက်လာပါတယ် ဘုရား)။

ဪ တဏှာ, မာန, ဒိဋ္ဌိအရိပ်တွေ ထွက်လာတယ်၊ ခက်ပါသေးတယ် ခင်ဗျားတို့ ကြည့်ကို မကြည့်တတ်သေး ဘူး (မှန်ပါ့) ကြည့်လိုက်ရင် ဒါလာတာပဲ (မှန်ပါ့) ကြည့်လိုက်ရင်ကိုယ့်ကိုယ် ကိုယ်ကြည့်လိုက်တာပဲ (မှန်ပါ့ ဘုရား)။

ပုထုဇဉ်မျက်လုံးဆိုတာကတော့ အခုရိုးရိုးမျက်လုံးပေါ့ဗျာ (မှန်ပါ့) ရိုးရိုးမျက်လုံးနဲ့ ကိုယ့်ကိုကြည့်တယ်၊ လက် မောင်းကလေးဆုပ်ကြည့်၊ ဟုတ်လား (မှန်ပါ့) ခြေထောက်ကလေးလှမ်းပြီးသွားကြည့်၊ ဟိုဟို ဒီဒီ သဘောနဲ့စာကြည့် အင်း ငါလုပ်နိုင်သေးတယ်၊ လာပြီ (မှန်ပါ့ ဘုရား)။

ငါလုပ်နိုင်သေးတယ်လို့ ဒိဋ္ဌိကလာပြီ (မှန်ပါ့) ငါ့အရိုး ငါချီနိုင်သေးတယ်ဆိုတဲ့ တဏှာကလည်း (လာပါတယ်) ငါ သား သမီး လက်အောက်မကျနိုင်သေးဘူး (မှန်ပါ့) ဘယ်ကလာတာတုန်းဗျ ဒီဥစ္စာ (ခန္ဓာကလာပါတယ်) ပုထုဇဉ် မျက်လုံးနဲ့ ခန္ဓာကြည့်လိုက်လို့ (မှန်ပါ့ ဘုရား)။

ဘာအရိပ်တွေများ ထွက်လာသတုန်း

ဘယ်သူ့ကြည့်သလဲ (ခန္ဓာကြည့်ပါတယ် ဘုရား) ခန္ဓာက သူများခန္ဓာမဟုတ်ဘူးနော် လက်ရှိခန္ဓာ (မှန်ပါ့) လက်ရှိခန္ဓာကြည့်လိုက်တာနဲ့ပဲ ဘာအရိပ်တွေများ ထွက်လာသတုန်း (တဏှာ, မာန, ဒိဋ္ဌိရိပ်တွေ ထွက်လာပါတယ် ဘုရား)။

ခင်ဗျားတို့ တဏှာ, မာန, ဒိဋ္ဌိလာတဲ့ လက်သည်ဟာ ယနေ့တော့ဖြင့် ပေါ်ပြီ (မှန်ပါ့) အကြည့်မှားတာနဲ့ ပုထုဇဉ် မျက်လုံးတပ်ပြီး ခန္ဓာကြည့်လိုက်တာနဲ့ တဏှာ, မာန, ဒိဋ္ဌိ တည်းဟူသော အရိပ်တွေထွက်လာတယ် (မှန်ပါ့ ဘုရား)။

ဒါပြင်ပေးမည့်သူသာ မရှိဘူးဆိုရင် ဒီအရိပ်မှတပါး ထွက်စရာကိုမရှိဘူး (မှန်ပါ့) ဘယ့်နှယ်ထင်ကြသတုန်း (မရှိပါ ဘုရား)။

တစ်နေ့သော်လည်း ငါသာ မာပါစေကွာ၊ ဘာအရေးကြီးသလဲတဲ့ (မှန်ပါ့)အင်း ငါသာမာပါစေတဲ့ (မှန်ပါ့ ဘုရား)။

ငါသာ မာပါစေဆိုတာက ဒိဋ္ဌိ၊ ဘာပူစရာရှိသတုန်းဆိုတာက မာန၊ မဟုတ်ဘူးလား (မှန်ပါ့) ငါ့ကိုယ် ငါမွေး နေတာပဲ တဏှာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အံမာလေး ဦးလှရ ဒါပေါ်ဖို့ မလွယ်ဘူးနော် (မလွယ်ပါ ဘုရား) ရှင်ပုဏ္ဏက အင်မတန် ဥပမာပေးကောင်း တယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဦးလှ တဏှာ, မာန, ဒိဋ္ဌိဟာ မိုးပေါ်ကျလားတဲ့၊ ဘယ့်နှယ်ကြောင့် ဒါတွေ ခန္ဓာကိုယ်ထဲရောက် ရောက်လာပါလိမ့်မလဲ၊ ဖြေကြပါဦး ခင်ဗျားတို့ (မိမိခန္ဓာကို တဏှာ, မာန, ဒိဋ္ဌိနဲ့ ကြည့်လို့ပါ ဘုရား)။

ပုထုဇဉ်မျက်လုံးနဲ့

ခန္ဓာငါးပါးရယ်လို့ သိလို့ကြည့်တာမဟုတ်ဘူး (မှန်ပါ့) ပုထုဇဉ်မျက်လုံးနဲ့ မိမိကိုယ်ကို ကြည့်လိုက်တယ် (မှန်ပါ့) ပုထုဇဉ်မျက်လုံးနဲ့ မိမိကိုယ်ကိုကြည့်လိုက်တဲ့ အခါကျတော့ ဪ ငါလုပ်နိုင်သေးတယ်၊ ငါကိုင်နိုင်သေးတယ်၊ ငါသွားနိုင် သေးတယ်၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ငါကျွေးနိုင်သေးတယ် (ဒီအဓိပ္ပါယ် ရောက်ပါတယ်) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ပုထုဇဉ်မျက်လုံးနဲ့ မိမိကိုယ်ကို ကြည့်လိုက်တာ နေ့တိုင်း ခင်ဗျားတို့ တဏှာ, မာန, ဒိဋ္ဌိလာတယ် (မှန်ပါ့) ကိုယ့်ကိုယ်ဆိုတော့လည်း နေ့တိုင်းကြည့်မိတယ် (မှန်ပါ့ ဘုရား)။

ခြေထောက်ကလေး လှမ်းကြည့်တယ်၊ ဒီနေ့မနာဘူးကွ၊ သွားနိုင်တယ်ဆိုတာ ဒါကြည့်တာပဲ (မှန်ပါ့) ဖြေးဖြေး လေးငါးဆယ်လှမ်း လျှောက်ကြည့်တယ်၊ မမောသေးပါဘူးကွ သွားနိုင်သေးတယ် (မှန်ပါ့ ဘုရား)။

ဒါ ကိုယ်မှန်ကြည့်ပြီး သကာလ ငါလုပ်နိုင်သေးတယ်, ငါကိုင်နိုင်သေးတယ် (မှန်ပါ့) ခန္ဓာငါးပါးရယ်လို့ မဟုတ် တော့ဘူး၊ မိမိကိုယ်ကိုကြည့်ပြီး မိမိကိုယ်ကိုလည်း ပုထုဇဉ်မျက်လုံးနဲ့ ကြည့်တာ (မှန်ပါ့) သဘောကျကြပလား (ကျပါပြီ ဘုရား)။

မိမိကိုယ်ကို (ပုထုဇဉ်မျက်လုံးနဲ့ ကြည့်ပါတယ် ဘုရား) ဘာတွေထွက်လာသတုန်း (တဏှာ, မာန, ဒိဋ္ဌိတွေ ထွက်လာပါတယ် ဘုရား)။

တစ်နေ့ ဘယ်နှစ်ခါများ ကြည့်ကြသတုန်းလို့ မေးရင် ဦးလှ ဘယ့်နှယ်ပြောပါ့မလဲ (မရေတွက်နိုင်ပါ ဘုရား) မရေတွက်နိုင်ဘူး ပုထုဇဉ်မျက်လုံးတပ်ပြီးကြည့်လိုက်တာ (မှန်ပါ့)။

မရေတွက်နိုင်တော့ တစ်နေ့တစ်နေ့မှာ ကြည့်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း တဏှာ ဥပါဒါန်ကံ, ဇာတိဇရာ မရဏလာဦးမှာပဲ (လာပါတယ် ဘုရား) မလာပါနဲ့ဆိုလို့ ဘုန်းကြီးကလည်းမတားနိုင်ဘူး (မတားနိုင်ပါ ဘုရား) ခင်ဗျားတို့ က အကြည့်လွဲပေါ့ကိုး (မှန်ပါ့)။

အကြည့်လွှဲတဲ့ ကိုယ့်ကိုကိုယ်ခင်တဲ့ တဏှာကတော့ ဥပါဒါန်ကံဟုတ်လား ဇာတိဇရာမရဏဆိုတာ လာရမှာ ဘဲ (လာပါတယ် ဘုရား) မာနလာပြန်တော့လည်း မာနတဏှာပဲ မဟုတ်ဘူးလား (မှန်ပါ့)။

မာနဆိုတာလည်း တဏှာပဲ တဏှာ (မှန်ပါ့) အဲဒီတော့ တဏှာ, ဥပါဒါန်, ကံ, ဇာတိဇရာမရဏ မာနကလည်း တန်းမှာပဲ (မှန်ပါ့) ဒိဋ္ဌိကလည်း တန်းမှာပဲ ဒိဋ္ဌိ ဒိဌုပါဒါန်, ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံမလာပေဘူးလား (လာပါတယ် ဘုရား) အဲဒီတော့ ကံလာရင်ကမ္မဘဝပစ္စယာ ဇာတိဇရာမရဏ(မှန်ပါ့)။

အဲဒီတော့ တစ်နေ့ ခင်ဗျားတို့ကြည့်လိုက်တဲ့အခါ တဏှာကလည်း ပဋိစ္စသမုပ္ပါဒ်က ဇာတိဇရာမရဏ ကျအောင် ပို့လိုက်တာပဲ (မှန်ပါ့) ကံကျအောင်ပို့လိုက်တယ် (မှန်ပါ့) သေရင်တော့ ဇာတိဇရာမရဏ ပို့မှာပေါ့ မရောက်ခင်တော့ ကံကျအောင်ပို့လိုက်တယ် (မှန်ပါ့)။

ဒိဋ္ဌိလာပြန်တော့ကော (အတူတူပါ ဘုရား) ကံကျအောင်ပို့လိုက်တာပဲ (မှန်ပါ့) မာနလာပြန်တော့ကော (ကံကျ အောင်ပို့ပါတယ် ဘုရား)။

ဒီပုထုဇဉ်မျက်လုံးမပျောက်သရွေ့

ဒါဖြင့် ခင်ဗျားတို့ဟာ ဒီပုထုဇဉ်မျက်လုံးမပျောက်သရွေ့ ကာလပတ်လုံးဖြင့် ဒီလိုပဲကြည့်နေကြမှာဘဲ (မှန်ပါ့) ကြည့်နေရင်လည်း ဒီပဋိစ္စသမုပ္ပါဒ် သုံးမျိုးစလုံး လာနေမှာပဲ (လာပါတယ် ဘုရား)။

ဒါသာမညနားနဲ့ မထောင်ပါနဲ့၊ အလွန်ကြီးကျယ်တဲ့ တရားလို့မှတ်ပါ (မှန်ပါ့) အလွန်ကြီးကျယ်တဲ့ တရားလို့မှတ် ပါ (မှန်ပါ့) ကြည့်စမ်း ကြည့်ရုံကလေးနဲ့ တဏှာပဋိစ္စသမုပ္ပါဒ်, မာနပဋိစ္စသမုပ္ပါဒ်, ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ် (မှန်ပါ့)။

ဟာ ဒီပဋိစ္စသမုပ္ပါဒ်က ဦးမာဒင် ဘယ်ကလာတာတဲ့တုန်း (မှန်ပါ့) အို ပုထုဇဉ်မျက်လုံးနဲ့ ကိုယ်ကိုယ်ကြည့် လိုက်တာပေါ့ဘုရား (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ပုထုဇဉ်မျက်လုံးနဲ့ (ကိုယ့်ကိုယ်ကြည့်လိုက်ပါတယ် ဘုရား) ကိုယ့်ကိုယ်ကြည့်လိုက်တော့ ဘာပဋိစ္စသမုပ္ပါဒ်တွေ ထွက်လာသတုန်း၊ တဏှာပဋိစ္စသမုပ္ပါဒ်, မနာပဋိစ္စသမုပ္ပါဒ် (မှန်ပါ့ ဘုရား)။

တဏှာတွင် မဆိုနဲ့ သူ ဟိုတန်းမှာပဲ (မှန်ပါ့) ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ် မလာပေဘူးလား (လာပါတယ် ဘုရား) ရှင်း ကြပလား (ရှင်းပါတယ် ဘုရား)။

ဪ ခင်ဗျားတို့ အပါယ်သွားကြမှာ သူတစ်ပါးသတ်မှလို့ ထင်မနေနဲ့ (မှန်ပါ့) သူတစ်ပါးလိမ်မှ သူတစ်ပါး ဟာ ခိုးမှလို့ ထင်မနေနဲ့၊ ဒီမှာသွားပြထားတယ် (မှန်ပါ့)။

ပုထဇဉ်မျက်လုံးတပ်ပြီး မိမိကိုယ်သာကြည့်လိုက်ရင် တစ်တန်း, နှစ်တန်း, သုံးတန်း အပါယ်ချည့်သွားတာပဲ (မှန်ပါ့) ဆိုနိုင်ကြရဲ့လား (ဆိုနိုင်ပါတယ် ဘုရား) ဒီလို နုနုကျတော့ သိခဲတယ် (မှန်ပါ့) မသိခဲဘူးလား (သိခဲပါတယ် ဘုရား)။

အပါယ်သွားဖို့ ချည်း

ဒါက ကြမ်းမှ မကြမ်းဘဲကိုး (မှန်ပါ့) မကြမ်းသာမကြမ်းတယ် ဖြစ်နေတာကတော့ (အပါယ်သွားဖို့ ချည်းဖြစ် နေပါတယ် ဘုရား) သေချာနေတာပဲ (မှန်ပါ့) ဘာမျက်လုံးတပ်ကြည့်တာတုန်း (ပုထုဇဉ်မျက်လုံး တပ်ကြည့်တာပါ ဘုရား) ဘာကိုကြည့်သတုန်း (ကိုယ့်ကိုယ်ကို ကြည့်ပါတယ် ဘုရား) မိမိ ကိုယ်ကိုကြည့်တယ် (မှန်ပါ့ မိမိကိုယ့်ကိုကြည့်ပါတယ် ဘုရား) ဘာတွေများထွက်လာသတုန်း (တဏှာ, မာန, ဒိဋ္ဌိတွေထွက်လာပါတယ် ဘုရား)။

တဏှာပဋိစ္စသမုပ္ပါဒ် ဒီလိုဆိုလိုက် (မှန်ပါ့ တဏှာ ပဋိစ္စသမုပ္ပါဒ်, မာနပဋိစ္စသမုပ္ပါဒ်, ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ်ထွက်လာ ပါတယ် ဘုရား) ကံရောက်အောင် မသွားဘူးလား (သွားပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ပြုထားတဲ့ ကျောင်းကန်ဘုရားတည်ထားတဲ့ ဒါနကလေးလောက်နဲ့ ဒီခန္ဓာကြည့်မိလို့ ပဋိစ္စ သမုပ္ပါဒ်သုံးမျိုး လှည့်ပေါ်နေတာနဲ့ ကာမိပါ့မလားလို့ မေးလိုက်တယ် (မကာမိပါ ဘုရား) ဘယ်သူ့အချိန်က နည်းတာမှ မဟုတ်ဘဲ (မှန်ပါ့) နည်းသလား (မနည်းပါ ဘုရား)။

ခင်ဗျားတို့ တသက်ပတ်လုံး အရောင်းနဲ့, အဝယ်နဲ့ နေနိုင်တာဒါကြည့်ပြီး ပုထုဇဉ်မျက်လုံးနဲ့ ဒါကြည့်ပြီး ဒါတွေပေါ်နေတာပြောတာ (မှန်ပါ့)။

ဖြစ်စဉ်ကိုက်ပါတယ်

ဒါအေးအေးဆေးဆေး ပြောနေတာ ဖြစ်စဉ်ကိုက်ပါတယ် (မှန်ပါ့) မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

ဦးမာဒင် ခင်ဗျား စီးပွားရေးလိုက်လာတာ ဘယ်လောက်ကြာပြီတုန်း ဦးလှစီးပွားရေးလိုက်လာတာ ဘယ်လောက်ကြာပြီတုန်း၊ ကြာပါပြီဘုရား တပည့်တော်တို့ အိမ်ထောင်မကျခင်ကတည်းက လိုက်လာတာပါ (မှန်ပါ့)။

မဟုတ်ပါဘူး ခင်ဗျားတို့ စီးပွားရေးလိုက်လာတော့ ဘုန်းကြီးတို့က ဘာမှမပြောလိုပါဘူး၊ ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ ဒီစီးပွားရေးကို ခင်ဗျားတို့ ဖြိုင်ဖြိုင် လိုက်မိတာတုန်း ဆိုတော့လူကလည်း ကျန်းမာသကိုးဘုရာ့ လာပြီ (မှန်ပါ့) လူကလည်း ကျန်းမာသကိုးဘုရာ့ဆိုတာ အနိစ္စအချက်ကို သူမမြင်ဘူး (မှန်လှပါ မမြင်ပါ ဘုရား)။

အဲဒီတော့ တပည့်တော်က မာန်ကလေးကလည်းရှိတယ်ဘုရာ့၊ ဒါ ခန္ဓာကြည့်ပြီးပြောနေတာ (မှန်ပါ့) သူတို့ တောင် ရအောင်ရှာသေးတာပဲ ငါဘယ့်နှယ်ကြောင့် ရအောင် မရှာရမတုန်း၊ ခန္ဓာကိုကြည့်လာတာ (မှန်ပါ့)။

အဲဒီတော့ကို သူများအောက် မကျချင်ဘူးဘုရာ့ တပည့်တော်က၊ ထုံးစံ ထုံးစံ (မှန်ပါ့) ဘယ်သူ့ကြည့်ပြော တာတုန်း (ခန္ဓာကြည့်ပြီးပြောတာပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အင်း ဒါဖြင့် ဒီလိုမှမရှာပဲ ကိုယ်ပိုင်ပစ္စည်း ဘယ်ရှိမတုန်း ဆိုတော့ ဒိဋ္ဌိ (မှန်ပါ့) ဒါဘာကြည့်ပြီး ဒီအသံသုံးသံ ထွက်လာလိမ့်မတုန်း (ခန္ဓာကြည့်ပြီး ထွက်လာပါတယ် ဘုရား) ဪ ဘယ်လောက်ကြာကြပြီတုန်း ခန္ဓာကြည့်ပြီး ဒီပဋိစ္စသမုပ္ပါဒ်သုံးမျိုးဖြစ်တာ (မရေတွက်နိုင်ပါ ဘုရား)။

အင်မတန်မိတဲ့တရား (မှန်ပါ့) ခင်ဗျားတို့က ဒီဥစ္စာ အကုသိုလ်ဖြစ်တယ်လို့ မထင်ဘူး (မှန်ပါ့) ထင်ရဲ့လား (မထင်ပါ ဘုရား)။

တပည့်တော်က မခံချင်တတ်ဘူးဘုရာ့၊ မခံချင်လို့ ထ, လုပ်တာ၊ တပည့်တော်ကလည်း ကိုယ့်မှာ ပစ္စည်းမရှိ လို့ရှိရင်ဖြင့် သူတစ်ပါးက ခေါင်းပေါ်တက်နင်းမှာစိုးလို့ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

ဘာမျက်လုံးနဲ့တပ်ကြည့်သတုန်း

အဲဒီတော့ ကိုယ့်ကိုယ် ကိုယ်ရှာကျွေးချင်တယ်ဘုရာ့၊ သူများကျွေးတာမစားချင်ဘူး (မှန်ပါ့) အင်း ကိုယ့်ကိုယ် ချည့်လှည့်နေတယ်၊ ဒီမှန်ချည့်ကြည့်တာပဲ (မှန်ပါ့) ဘယ်မှန်များကြည့်သေးသတုန်း (ခန္ဓာငါးပါးမှန်ကြည့်မိပါတယ် ဘုရား) ဘာမျက်လုံးနဲ့တပ်ကြည့်သတုန်း (ပုထုဇဉ်မျက်လုံးပါ ဘုရား) အဲ ပုထုဇဉ်စိတ်က ပြောင်းကို မပြောင်းဘူး (မပြောင်းပါ ဘုရား)။

ဒါကြောင့် ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုး ထွက်လာသတုန်း (သုံးမျိုးထွက်လာပါတယ် ဘုရား)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဉာဏ်နဲ့ကြည့်လိုက်တော့မှ အပါယ်ကတက်လမ်းမရှိဘူး (မှန်ပါ့) တက်လမ်း ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ကဲ ဦးလှတို့ မိုက်ပုံ (မှန်ပါ့) ဦးမာဒင်တို့ဆိုးဝါးပုံ (ဆိုးဝါးပါတယ် ဘုရား) ဒါအခု သေသေချာချာ ရှင်းပြောပြီ (မှန်ပါ့)။

ဪ ဒို့လုပ်နိုင်ကြတယ် ကိုင်နိုင်ကြတယ်၊ လုပ်နိုင် ကိုင်နိုင်တယ်ဆိုတာ မခံချင်လို့ လုပ်တာလည်းရှိတာပဲ (မှန်ပါ့) စားချင်လို့ လုပ်ချင်တာလည်းရှိတာပဲ (မှန်ပါ့)ငါ့ဟာလုပ်ချင်လို့ ဖြစ်တာကော (ရှိပါတယ် ဘုရား) ဒါဖြင့် ဒီသုံးမျိုးမှ တစ်ပါး (မရှိပါ ဘုရား)။

အဲဒါ ခင်ဗျားတို့ အသံကလည်း ထွက်ပါတယ်၊ ကိုယ့်ကိုယ်ကိုယ် ကိုယ့်အရိုး ကိုယ်ချီနိုင်တုန်းတဲ့ (မှန်ပါ့) ခန္ဓာ ကြည့်လုပ်တာကိုး (မှန်ပါ့)။

ကိုယ့်အရိုး ကိုယ်ချီနိုင် ကုန်းလုပ်တာတဲ့၊ ခန္ဓာကြည့်ပြီးတော့ ဒီတဏှာထွက်လာတယ် (မှန်ပါ့) ခန္ဓာကြည့်ပြီးတော့ မာန၊ ခန္ဓာကြည့်ပြီးတော့ (ဒိဋ္ဌိထွက်လာပါတယ် ဘုရား)။

ခင်ဗျားတို့လူစု ဦးမာဒင်တို့လူစုက အားများပေးလိုက်သေးတယ် မောင်တို့ အရွယ် ငယ်သေးတယ် (မှန်ပါ့)။

ဟိုမှန်ကို သွားကြည့်ပြန်ပြီ၊ (မှန်ပါ့) ကြိုးစားကြပါဦးတဲ့၊ ဘယ်မှန်သွားကြည့်သလဲ တခြားသောမှန် (မှန်ပါ့)။

မှန်ကြည့်လွဲနေတဲ့ ပုဂ္ဂိုလ်

ဟိုပုဂ္ဂိုလ်ကလည်း ကြိုးစားကြပါဦးဆိုတေ့ နဂိုက သူကလည်း မှန်ကြည့်လွဲနေတဲ့ ပုဂ္ဂိုလ်ဆိုတော့ သူကကြိုး စားတယ် (မှန်ပါ့) ဒီကလည်း မှန်ကြည့်လွဲနဲ့ တိုက်တွန်းလိုက်တယ် (မှန်ပါ့) ဟိုကလည်း ကျေးဇူးရင်မှတ်ပြီး ကြိုးစားတယ် (မှန်ပါ့) ငယ်သေးတယ်။ ငယ်တုန်းက ဥစ္စာကိုးကွ (မှန်ပါ့) ဘာဖြစ်ကြတာတုန်း အို နားထောင်တဲ့ပုဂ္ဂိုလ်ကလည်း မှန် ကြည့်လွဲတယ်၊ တိုက်တွန်းတဲ့ ပုဂ္ဂိုလ်ကလည်း (မှန်ကြည့်လွဲပါတယ် ဘုရား)။

အင်း အတော်ခက်ကုန်ပြီကွ (မှန်ပါ့) မခက်ဘူးလား (ခက်ပါတယ် ဘုရား) ဒါလူကြီးစကားလား (မှန်ပါ့) ဦးလှ ဒါ လူကြီးစကားလား၊ ခင်ဗျားတို့ ဒါ နှုတ်ထဲကို တက်နေတယ် (မှန်ပါ့) တောက်လျှောက် လွဲလာတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် တဏှာတန်း, ဒိဋ္ဌိတန်း, မာနတန်းဟာ တဏှာ ပဋိစ္စသမုပ္ပါဒ်, မာန ပဋိစ္စသမုပ္ပါဒ်, ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ် ဘယ်ကလာသတုန်း (ခန္ဓာကလာတာပါ ဘုရား) ဒီလိုချည့် မပြောနဲ့၊ ခန္ဓာက သူ့ဟာသူနေတာ၊ ပုထုဇဉ် မျက်လုံးတပ်ကြည့် မှလာတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုလုပ်မယ် (ပုထဇဉ်မျက်လုံးတပ်ကြည့်မှ မြင်ပါတယ် ဘုရား) ပုထုဇဉ်မျက်လုံးတပ်ပြီး ကိုယ်ကိုယ်ကြည့် မှ၊ ခန္ဓာကို ကြည့်တယ်ဆိုရင် တော်သေးတယ် (မှန်ပါ့) သူခန္ဓာသိသွားပြီ (မှန်ပါ့) ကိုယ့်ကိုယ်ကြည့်လို့ (မှန်ပါ့)။

ပုထုဇဉ်မျက်လုံးတပ်ပြီးတော့ ဘာတုန်း (ကိုယ့်ကိုယ်ကြည့်ပါတယ် ဘုရား) ကိုယ့်ကိုယ်ကြည့်လိုက်တော့ ဘာတွေ ထွက်လာသတုန်း (တဏှာ, မာန, ဒိဋ္ဌိထွက်လာပါတယ် ဘုရား) တဏှာ, မာန, ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားသုံးပါး (မှန်ပါ့)။

ပပဉ္စတရားသုံးပါး

ပပဉ္စဆိုတာက သူတစ်ယောက်တည်းချဲ့လို့ ရမှာလား (မရပါ ဘုရား) မရဘူး၊ ဒါ့ကြောင့် တဏှာ ဥပါဒါန်-ကံ ဇာတိဇာရာ မရဏဆိုမှ ဘဝကျယ်သွားတယ် (မှန်ပါ့) သူတစ်ခုတည်းချဲ့လို့ မရဘူး (မရပါ ဘုရား) သူတို့နဲ့ပေါင်း ပြီးတော့ (ချဲ့ရပါတယ် ဘုရား) ရိပ်မိပလား(ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့က သူကချဲ့တယ် အောက်မေ့နေတယ်၊ မဟုတ်ဘူး သူတို့နဲ့ပေါင်းရမယ် (မှန်ပါ့) မဟုတ်ဘူး တဏှာ ကနေမာန၊ မာန ကနေ ဒိဋ္ဌိ၊ မဟုတ်ဘူးလား (မှန်ပါ့)။

အဲဒီတော့ကို တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏက ကျယ်သွားတာ၊ ဘဝကျယ်မသွားဘူးလား (ကျယ်သွား ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီတရားတွေက ကျယ်တဲ့အခါမှာ ခေါင်းဆောင်ဖြစ်သောကြောင့် တဏှာ, မာန, ဒိဋ္ဌိကို ပပဉ္စလို့မှည့်တာ (မှန်ပါ့) သူတို့မပေါင်းရင် မကျယ်နိုင်ဘူး (မှန်ပါ့)။

သို့သော် သူတို့ရှိရင်လည်း သူတို့နှစ်ခုက အစဉ်အတိုင်း လာရမှာဘဲ၊ မလာရပေဘူးလား (လာရပါမယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဪ ဒီ ပုထုဇဉ်မျက်လုံး မပျောက်သရွေ့ သံသရာဖြင့် လည်တော့မှာဘဲ (မှန်ပါ့) ဆိုနိုင်-မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား)။

ဘာမပျောက်သရွေ့တုန်း (ပုထုဇဉ်မျက်လုံး မပျောက်သရွေ့သံသရာလည်မှာပါပဲ ဘုရား)။

ကြည့်လေ ပုထုဇဉ်မျက်လုံး မပျောက်သရွေ့ ဒီကိုယ်ချည့် ကြည့်နေမှာပဲ (မှန်ပါ့) မိမိကိုယ်လည်း ကြည့်မယ် (မှန်ပါ့) သူတစ်ပါးကိုလည်း (ကြည့်ပါတယ် ဘုရား) ကြည့်ရင် ဘာတွေလာနေမတုန်း (တဏှာ, မာန, ဒိဋ္ဌိ လာနေမှာပါ ဘုရား)။

တဏှာကလည်း ချဲ့လိုက်မှာဘဲ

တဏှာ, မာန, ဒိဋ္ဌိ လာလို့ရှိရင် တဏှာကလည်း ချဲ့လိုက်မှာဘဲ (မှန်ပါ့) မာနကကော (ချဲ့မှာပါ ဘုရား) ဒိဋ္ဌိ ကကော (ဒိဋ္ဌိကလည်း ချဲ့မှာပါ ဘုရား)။

ဦးမာဒင် ခင်ဗျားတို့ အခုတွေ့လို့ တော်ပဲ တော်သေးတယ်(မှန်ပါ့ ဘုရား) အဲဒီတော့ ဦးမာဒင်တို့ ဦးလှတို့ လူကြီးတွေမို့ ဘုန်းကြီးများက ဆုံးမပါတယ်၊ သွန်သင်ပါတယ်၊ ပုထုဇဉ်မျက်လုံးမပျောက်သရွေ့ ကာလပတ်လုံး အပါယ် လေးပါးမျောဆိုတာ ပေါ်ပြီ (မှန်လှပါ ဘုရား)။

ပုထုဇဉ်မျက်လုံး မပျောက်သရွေ့ (အပါယ်လေးပါးမျောရပါမယ် ဘုရား) သူက အပါယ်ချည့်ချလိုက်တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ အခု ခင်ဗျားတို့ ဆရာသမားနဲ့ ဆည်းဆည်းကပ်ကပ်နေလို့သာလျှင် (မှန်ပါ့) မြို့ထဲကလူတွေ ဘာလုပ်နေ သတုန်းလို့ မမေးနဲ့၊ ကုန်သည်ကြီးတွေ ဘာလုပ်နေသတုန်းလို့ မမေးနဲ့၊ ဒီသုံးခုထွက်တာပဲ (မှန်ပါ့) ပုထုဇဉ်မျက်လုံး တပ်ပြီး ကိုယ့်ကိုယ်ကြည့်တာပဲ (မှန်ပါ့) ကိုယ့်သားသမီး ကိုယ်ကြည့်လိုက်တယ် (မှန်လှပါ) ကြည့်လိုက်လို့ရှိရင်ဖြင့် ငါ့မှာ သားနဲ့သမီးနဲ့ မလာဘူးလား (လာပါတယ် ဘုရား)။

ငါ့အားကိုးတွေနဲ့၊ သားကလေးတစ်ယောက် ရှိပြန်လည်း ဒါကလေးပဲ အားကိုးနေရတယ်ဆိုတဲ့ မာနမဟုတ်ဘူး လား (မှန်ပါ့) ငါ့သားက သူများသားနဲ့ မတူဘူးဆိုတဲ့ ဒိဋ္ဌိ (မှန်ပါ့) ခင်ဗျားတို့ကလည်း ဒီမှန်လှည့်ကြည့်နေတာပဲ (ကြည့်ပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

တစ်နေ့လုံး ဘာလုပ်နေကြသတုန်း ဝိပဿနာမလုပ်ရင် ဘာလုပ်နေသတုန်းမေးရင် (မှန်ကြည့်နေပါတယ် ဘုရား) မှန်ကြည့်နေတယ် (မှန်ပါ့) ကိုယ့်ကိုယ်ကို ကြည့်လိုက်၊ သမီးခန္ဓာကိုယ် ကြည့်လိုက်၊ သားခန္ဓာကိုယ် (ကြည့်ပါတယ် ဘုရား) ဘာဖြစ်လို့တုန်း (မှန်လှည့်တာပါ ဘုရား) မှန်လှည့်ကြည့်နေတယ် ဘာဖြစ်လို့တုန်း ပဋိစ္စသမုပ္ပါဒ် ပြတ်သွားမှာစိုးလို့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ရှင်အာနန္ဒာ သောတာပန်တည်တဲ့ တရား

ဒါ နည်းတဲ့ အဓိပ္ပါယ်မဟုတ်ဘူးကွ၊ တော်တော်နက်တယ်(မှန်ပါ့) ဒါ ရှင်အာနန္ဒာ သောတာပန်တည်တဲ့ တရား (မှန်ပါ့) အခုဟာက အပြစ်ပြတုန်းရှိသေးတယ်၊ အဖြေမပါသေးဘူး (မှန်ပါ့) ကဲ သဘောကျပလား (မှန်ပါ့)။

ဟိုအိမ်မှာ ရန်ဖြစ်နေတယ်၊ လင်နဲ့မယား ရန်ဖြစ်နေတယ်၊ အလိုမကျကြဘူးတဲ့၊ ဘာဖြစ်လို့တုန်း၊ အို ငါသူ့လုပ်စာ စားတာမှ မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ်ကြည့်ပြီး ရန်ဖြစ်တာပေါ့တဲ့ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်က အို သူ့မှီပြီး ငါထမင်းစားနေတာ မဟုတ်ပါဘူး ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး ဟိုကို မာန်ထောင်တော့တာပဲ (မှန်ပါ့ ဘုရား) ရန်ဖြစ်တာ ဒီကဟာပဲ၊ ခန္ဓာကိုယ် ပုထုဇဉ်မျက်လုံးတပ်ပြီး ရန်ဖြစ်တာပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မြို့ထဲရွာထဲ ဆူနေကြတာ ပေါ်ကြပလား(ပေါ်ပါပြီ ဘုရား) ဘာတုန်း (ပုထုဇဉ်မျက်လုံးတပ်ပြီး ကြည့်လို့ ပါ ဘုရား) ဘယ်သူ့ကြည့်သတုန်း (ကိုယ့်ကိုယ် ကိုယ်ကြည့်ပါတယ်) အဲဒါရန်ဖြစ်နေတာ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ရန်ဖြစ်တာလည်း သူပဲ မဟုတ်ဘူးလား (မှန်ပါ့) တစ်ခါ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ နေကြတာ ကြည့်ဦး၊ အဲဒါ အဲဒါ တဏှာလာတာပဲ (မှန်ပါ့) ပေါ်ကြရဲ့လား (ပေါ်ပါတယ် ဘုရား)။

တဏှာပဋိစ္စသမုပ္ပါဒ်

ဒါ ဘာမျက်လုံးတပ်ပြီး ကြည့်တာနဲ့ တဏှာပဋိစ္စသမုပ္ပါဒ် လာပြန်တာတုန်း (ပုထုဇဉ်မျက်လုံး တပ်ကြည့်လို့ ပါ ဘုရား) ပုထုဇဉ်မျက်လုံးတပ်ပြီး သကာလ ကိုယ်ကြည့်ပြန်တာနဲ့ ခင်ကြမင်ကြပြန်တာပဲ (မှန်ပါ့ ဘုရား)။

တစ်ခါ မာန ကိုယ့်အိမ်သားနဲ့တော့ မာနမဖြစ်ပါဘူး၊ ဘေးအိမ်နဲ့ ကိုယ်လို အရောင်းအဝယ် လူချင်းမာန် ဖြစ်ကြတယ် (မှန်ပါ့) မာန်ဖြစ်ကြတာ မာန်ထောင်ကြတာရှိသေးတာကိုး (ရှိပါတယ် ဘုရား)။

အဲဒါလည်း ဘယ်သူ့ကြည့်ပြီး ထောင်တာတုန်း (ပုထဇဉ်မျက်လုံးနဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့်တာပါ) ကဲ သုံးဆယ့် တစ်ဘုံ မကုန်သေးဘူးလား (ကုန်ပါပြီ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့သည် ဒီပုထုဇဉ်မျက်လုံးကို ပျောက်အောင် ဆရာဘုန်းကြီးက ဒါဟောမပေးနိုင်၊ ဟောသည့် တိုင်အောင် မင်းတို့ကလည်း ဒီမျက်လုံးပျောက်အောင် အားမထုတ်ဘူးဆိုလို့ ရှိရင် ဒီပဋိစ္စသမုပ္ပါဒ် ဘယ်သူမှ ဖြတ်မပေး နိုင်ဘူး (မှန်ပါ့) မြင်သေးရဲ့လား (မမြင်ပါ ဘုရား) ဘယ်နည်းနဲ့မှ ဖြတ်မပေးနိုင်ဘူး၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် မြို့ထဲ ပြုံးနေတာလည်း ပုထုဇဉ်မျက်လုံးတပ် ကိုယ့်ကိုယ်ကြည့်လို့ (မှန်ပါ့) မြို့ထဲ မဲ့နေကြတာ ကော (ပုထုဇဉ်မျက်လုံးတပ်ပြီး ကိုယ့်ကိုယ်ကြည့်လို့ပါ ဘုရား) ပုထုဇဉ်မျက်လုံးတပ်ပြီး ကြည့်နေပြန်တော့ ငါဖြင့် ခက်ရချည့် ရဲ့ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အိုလည်း အိုပြန်ပြီ၊ ပစ္စည်းကလည်း မရှိပြန်၊ ပုထုဇဉ်မျက်လုံးထပ်ပြီး ကြည့်ပြန်တာ (မှန်ပါ့) အိုလည်း အိုပြန် ပစ္စည်းကလည်း မရှိပြန်ဆိုတာ သူ့ဟာသူကြည့်တာ (မှန်ပါ့) အဲဒီမှာ ဒေါမနဿ ပဋိစ္စသမုပ္ပါဒ်တွေကော (လာပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ပုထုဇဉ်မျက်လုံးမစွန့် နိုင်သေးသရွေ့

ဒါဖြင့် တဏှာ, မာန, ဒိဋ္ဌိဖြစ်လေသမျှ ပုထုဇဉ်မျက်လုံးမစွန့် နိုင်သေးသရွေ့ တဏှာပဋိစ္စသမုပ္ပါဒ်, မာန ပဋိစ္စသမုပ္ပါဒ်, ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ် ဦးမာဒင်တို့ ဦးလှတို့ သွားပြီ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် တရားတကာ့တရားထဲမှာ သူအရင်းကျတယ်၊ မကျဘူးလား (ကျပါတယ် ဘုရား) ဟိုအိမ်မှာ ပြုံးနေ တာလည်းဘာတုန်း (ကိုယ့်ကိုယ်ကို ပုထုဇဉ်မျက်လုံးနဲ့ ကြည့်လို့ပါ) ပုထုဇဉ်မျက်လုံးနဲ့ ကြည့်ပြီးပြုံးတာ (မှန်ပါ့) သဘောကျ ပလား (မှန်ပါ့ ဘုရား)။

ငါလုပ်ကျွေးနိုင်သေးတယ် ဆိုပြီး သကာလ ကိုယ့်ကိုယ်ကိုယ် တစ်ခါတည်း ဝမ်းသာတယ် (မှန်ပါ့) လုပ်ကျွေးနိုင် တဲ့ စွမ်းရည်သတ္တိရှိတယ်ဆိုပြီး ပြုံးပြီးတော့နေတာလည်း ကိုယ့်ကိုယ်ကြည့်ပြုံးတာပဲ (မှန်ပါ့ ဘုရား)။

မဲ့တာကော (ကိုယ့်ကိုယ်ကိုကြည့် မဲ့တာပါ ဘုရား) မာန်ထောင်တာကော (ကိုယ့်ကိုယ် ကိုယ်ကြည့်ပြီးထောင်တာ ပါ) ဘယ်လိုနည်းတုန်းဗျ (ပုထုဇဉ်မျက်လုံးနဲ့ပါ) ဘာကြည့်တာတုန်း (ကိုယ့်ခန္ဓာကိုယ် ကြည့်ပြုံးတာပါ ဘုရား)။

ဪ ခင်ဗျားတို့လည်း ဒီအရိပ်နှိပ်စက်နေတာ (မှန်ပါ့) တဏှာ, မာန, ဒိဋ္ဌိအရိပ် (မှန်ပါ့) ငါလည်းမဟုတ် ဘူးတဲ့ ခုနင်ကဟောထားတယ် (မှန်ပါ့) သူတစ်ပါးကော (မဟုတ်ပါ ဘုရား) ငါ, သူတစ်ပါးမဟုတ်တာ နှိပ်စက်နေတာ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကဲ မင်းတို့နှိပ်စက်တဲ့တရား အခုလက်သည်ရှာတော့မှ ခက်နေတယ်၊ ဖမ်းလို့ကိုမမိဘူး (မှန်ပါ့ ဘုရား)။

ငါကနှိပ်စက်တာကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) သူတစ်ပါးက နှိပ်စက်တာကော (မဟုတ်ပါ ဘုရား) ဘယ်တရားက နှိပ်စက်နေသတုန်း (ငါ, သူတစ်ပါးမဟုတ်တဲ့ တရားက နှိပ်စက်တာပါ ဘုရား)။

ငါ, သူတစ်ပါးမဟုတ်တဲ့ တရားက နှိပ်စက်တာ

ခင်ဗျားတို့ ခုနင်က အဖြေထွက်သွားပြီ (မှန်ပါ့) မှန်ကြည့်လို့ ကျုပ်အစောကြီးက ခိုင်းတယ်၊ ဒီအရိပ်ဟာ ငါလားလို့ မေးပြန်တော့ (မဟုတ်ပါ ဘုရား)။

ငါလည်း မဟုတ်ဘူး၊ သူတစ်ပါးလား မေးပြန်တော့ (မဟုတ်ပါ ဘုရား) ဒါဖြင့် ငါ, သူတစ်ပါး မဟုတ်တဲ့တရား (မှန်ပါ့ ဘုရား) ငါ, သူတစ်ပါး မဟုတ်တဲ့တရားက ခင်ဗျားတို့ကို ဘာလုပ်နေသတုန်း (နှိပ်စက်နေတဲ့ တဏှာ, မာန, ဒိဋ္ဌိပါ ဘုရား)။

အဲလေ ငါ, သူတစ်ပါးမဟုတ်တဲ့တရားက တဏှာ, မာန, ဒိဋ္ဌိ (မှန်ပါ့) သူတို့က ဘာလုပ်သလဲ ခင်ဗျားတို့ကို (နှိပ်စက်နေပါတယ်) ပဋိစ္စသမုပ္ပါဒ်တန်းပြီးတော့ သံသရာလည်စေတယ် (မှန်ပါ့) ဆင်းရဲမျိုးစုံပေးတယ် (မှန်ပါ့) မဆို နိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကဲ ခင်ဗျားတို့ နှိပ်စက်တဲ့ တရားသည် ငါကလည်း နှိပ်စက်တာမဟုတ်ဘူးတဲ့၊ သူတစ်ပါးကလည်း (နှိပ်စက် တာ မဟုတ်ပါ ဘုရား) ငါ, သူတစ်ပါး မဟုတ်တဲ့တရားက (နှိပ်စက်တာပါ ဘုရား)။

အခုမှသိတော့မယ်၊ ဟင် (မှန်ပါ့) အခုမှ သိပေတော့တယ် (မှန်ပါ့) နဂိုက ငါကြောင့် ဖြစ်တယ်ထင်နေတာ၊ မဟုတ်ဘူး (မှန်ပါ့) သူ့ကြောင့် ဖြစ်တယ်ထင်တာကော (မဟုတ်ပါ ဘုရား) အခုတော့ ဘာတုန်း (ငါ , သူတစ်ပါး မဟုတ်တဲ့ တရားကြောင့်ပါ ဘုရား)။

မရှိတဲ့ဒုတ်နဲ့ ရိုက်တာ

အံမာလေး ခင်ဗျားတို့ မရှိတဲ့ဒုတ်နဲ့ ရိုက်တာနဲ့ နာနေတာနော် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာနဲ့ ရိုက်ထားတာတုန်း (မရှိတဲ့ ဒုတ်နဲ့ ရိုက်ထားတာပါ ဘုရား) ဒါ့ကြောင့် အပါယ်သွားနေရတယ် (မှန်ပါ့) မရှိတဲ့ ဒုတ်နဲ့ရိုက်ပြီး အပါယ်သွားရတယ် (မှန်ပါ့)။

ဒါတွေက မရှိတဲ့တရားကိုးကွ၊ မင်းတို့ ပြောထားပြီကော (မှန်ပါ့) ငါလားဆိုတော့လည်း မှန်ကြည့်တုန်းက ဘယ့်နှယ်တုန်း (မဟုတ်ပါ ဘုရား) သူတစ်ပါးဆိုတော့လည်း (မဟုတ်ပါ ဘုရား) ဒါဖြင့် ငါ, သူတစ်ပါး မဟုတ်တဲ့တရား (မှန်ပါ့) ဒီတရား ကနေပြီး ခင်ဗျားတို့ အကြည့်မှားလို့ ဒီတရားပေါ်တာ (မှန်ပါ့ ဘုရား) ဒီတရားက ပဋိစ္စသမုပ္ပါဒ် တန်းပြီး သံသရာထဲ အိုဘေး, နာဘေး ပေးလိုက်တယ် (မှန်ပါ့ ဘုရား) မပေးဘူးလား (ပေးပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ရှိတဲ့တရားက နှိပ်စက်တာလား၊ မရှိတဲ့ တရားက နှိပ်စက်တာလား (မရှိတဲ့တရားက နှိပ်စက် တာပါ ဘုရား)။

ခင်ဗျားတို့ တယ်ခက်တယ်၊ ရှိတဲ့တရားက နှိပ်စက်ရင်လည်း ကျုပ်တို့က အကူအညီပေးပြီး ရှိတဲ့တရားကို ရိုက်ထုတ်ရရဲ့ (မှန်ပါ့) အခုနှိပ်စက်နေတာက ဘယ့်နှယ်ဆိုမလဲ (မရှိတဲ့တရားကပါ ဘုရား) အတော်ခက်နေတာပေါ့ဗျာ ဟင် (မှန်ပါ့) သဘောပါပါပြောတော့မှ ဒီရောက်တယ် (မှန်ပါ့ ဘုရား)။

ဒါနဂိုက ဥပမာရှင်းလိုက်လို့ နို့မဟုတ်ရင် ဦးမာဒင် ဒီရောက်ပါ့မလား (မရောက်ပါ ဘုရား) နားကိုလည်မှာ မဟုတ်ပါဘူး၊ နဂိုက ဥပမာရှင်းလာခဲ့လို့ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် နေရာကျပလား (ကျပါပြီ) ဒါဖြင့် ခင်ဗျားတို့မှာ ဒီနေ့ နာရီကလည်းစေ့ပြီ အချိန်သိမ်းရတယ်၊ နက်ဖြန်မှ ဒီတရားပြီမှာကိုးကွ (မှန်ပါ့) ခင်ဗျားတို့ ပုထုဇဉ်မျက်လုံး မပျောက်သရွေ့ မရှိတာက နှိပ်စက်မှာချည့်ပဲ (မှန်ပါ့) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ကြည့်လေ သမီးကလေးမရှိလို့ ဆိုပြီး နှိပ်စက်လိုက်တယ် (မှန်ပါ)သားကလေး မရှိလို့ဆိုပြီး (နှိပ်စက်ပါတယ် ဘုရား)။

ဘယ်သူက နှိပ်စက်သတုန်း

ဘယ်သူက နှိပ်စက်သတုန်း (ပုထုဇဉ်မျက်လုံးက နှိပ်စက်ပါတယ် ဘုရား) ပုထုဇဉ်မျက်လုံးက၊ မရှိလို့ တဲ့ (မှန်ပါ့ ဘုရား) သူမရှိလေ ကျုပ်ငိုလေ (မှန်ပါ့) ဘယ်သူကနှိပ်စက်သတုန်း (ပုထုဇဉ်မျက်လုံးက နှိပ်စက်ပါတယ် ဘုရား) မဟုတ်ဘူး မရှိတာက နှိပ်စက်တယ် (မှန်ပါ့)။

ဘယ်ကနှိပ်စက်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒီကြည့်လေကွာ မရှိတာက နှိပ်စက်နေတာ (မှန်ပါ့ ဘုရား)။

ခင်ဗျား မျက်စိ မျက်နှာ မသာပါဘူး ဘာဖြစ်နေသတုန်း၊ သားကလေးမရှိလို့ ဘုရား(မှန်ပါ့)။

ဦးလှ ဘယ်သူက နှိပ်စက်သတဲ့ (မရှိတာက နှိပ်စက်ပါတယ် ဘုရား) ကျုပ် ဆေးမကုတတ်ဘူး အဲဒါ မရှိတာက နှိပ်စက်နေတော့ ဆေးကို မကုတတ်ဘူး (မှန်ပါ့ ဘုရား) မရှိတဲ့ ဆေးသောက်မိတာနဲ့ ဝမ်းလျှော့တယ်ဆို ဆေးရှာလို့ ဘယ်တွေ့တော့ မတုန်းဗျ (မှန်ပါ့)။

မရှိတဲ့ ဆေးသောက်မိလို့ ဝမ်းလျှောတယ်ဆိုတာနဲ့ ဘာနဲ့ပြန်ဖြေမလဲဟင်၊ ဖြေစရာရှိသေးရဲ့လား (မရှိပါ ဘုရား) အဲဒီခင်ဗျားတို့ဖြစ်စဉ်က ဒီအတိုင်း (မှန်ပါ့) မရှိတာ နှိပ်စက်နေတာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါရှိတဲ့တရားလား မရှိတဲ့ တရားလား

ကြည့်လေ၊ ဒီဥစ္စာ၊ ဒါရှိတဲ့တရားလား မရှိတဲ့ တရားလား (မရှိတဲ့တရားပါ ဘုရား)။

ဒီကနေ ပုထုဇဉ်မျက်လုံးတပ်ပြီး ခန္ဓာငါးပါး မှန်ကြည့်လိုက်တဲ့အခါကျတော့ တဏှာ, မာန, ဒိဋ္ဌိထွက်လာတယ် (မှန်ပါ့ ဘုရား) ဒီအရိပ်ထွက်လာတယ် (မှန်ပါ့) ငါလားမေးတော့ (မဟုတ်ပါ ဘုရား) သူတစ်ပါးလာမေးတော့ (မဟုတ်ပါ ဘုရား) ဒါဖြင့် ငါ, သူတစ်ပါး မဟုတ်တဲ့တရား (မှန်ပါ့) အဲဒါက နှိပ်စက်နေတာ (မှန်ပါ့)။

ရှိတာက နှိပ်စက်တာလား မရှိတာက နှိပ်စက်တာလား (မရှိတာက နှိပ်စက်တာပါ ဘုရား) ခက်ပြီ ဒါဖြင့် မရှိတဲ့ဒုတ်နဲ့ ရိုက်သွားတာဗျ၊ ကျုပ်ဒါကြောင့် အော်ငိုနေတာ (မှန်ပါ့) ဒါဘယ့်နှယ်လုပ်မလဲ ဆေးကုလို့မရဘူး (မှန်ပါ့) ရသေးရဲ့လား (မရပါ ဘုရား) ကြားဝင်စရာကိုမပါဘူး (မပါ-ပါ ဘုရား) ရူးချက် ဘယ်လောက်သန်တယ်ဆိုတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ …ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု…သာဓု…သာဓု။