11601

မာတိကာသို့

ခန္ဓာငါးပါး သူသတ်ယောကျ်ား

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီးကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော

(ခန္ဓာငါးပါး သူသတ်ယောကျ်ား)ညအလုပ်ပေး တရားတော်

(၂၇-၇-၆၁)

အားလုံး တရားနာကြတာတွေ ဘုန်းကြီးတို့၏ မိဘဆွေမျိုးဉာတကာ မတော်ဖူးသည်-မည်သည်လို့ သံသရာမှာ မရှိခဲ့ဘူး။

အဲဒါကြောင့် ဒီသံသရာမှာ အတူတူပဲ ကျင်လည်ပြီး သကာလ နေငြားသော်လည်း ဘုန်းကြီးများတို့က သာသနာ တွင်း ကြုံပြီး ရဟန်းဘောင်သို့ ရောက်ခဲ့တဲ့အတွက် အသိဉာဏ်ပိုတယ် (မှန်ပါ့)၊ ဒကာ ဒကာမတွေက အသိဉာဏ်က တဏှာခိုင်းတာနဲ့ပဲ အချိန်တွေ ကုန်ခဲ့တဲ့အတွက် အသိဉာဏ်မွဲတယ်လို့ ဆိုရမယ် (မှန်ပါ့)။

မသိမှု အဝိဇ္ဇာက ချယ်လှယ်နေတယ်

အဲဒီကဲ့သို့ အသိဉာဏ် မွဲပြီး သကာလ နေတော့ အဝိဇ္ဇာဆိုတာကြီးက ထင်သလို ဒကာ ဒကာမတွေပေါ်မှာ ချယ်လှယ်နေတယ် (မှန်ပါ့)၊ မသိမှု အဝိဇ္ဇာက ထင်သလို ချယ်လှယ်နေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

မသိမှု အဝိဇ္ဇာက (ချယ်လှယ်နေပါတယ် ဘုရား)၊ ထင်သလို ချယ်လှယ်ပြီး သကာလ နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကိုယ့်အိမ်, ကိုယ့်ရာ, ကိုယ့်သား, ကိုယ့်ခင်ပွန်း ဒါတွေနဲ့နေတာဟာ ဪ အကျိုးပေးကောင်း တယ်လို့ အောက်မေ့တယ် (မှန်ပါ့)။

ဘယ်ကလာ အကျိုးပေး ကောင်းရမတုံး ၊ အဝိဇ္ဇာ အပျော်ခိုင်းတာနဲ့ အဝိဇ္ဇာလက်ချက် အဝိဇ္ဇာနဲ့ပဲ အချိန်ကုန်ပြီး သကာလ နေတော့ ဪ တို့မှာဖြင့် ဉာဏ်အလင်းမှ မရပါကလားဆိုတာ မှတ်ရလိမ့်မယ် (မှန်ပါ့)။

အဲဒီ့ဉာဏ်အလင်းကလေးကို ယနေ့ ဆရာဘုန်းကြီးသည် ရှေးဦးစွာ စ,ဟောတဲ့နေ့ ဖြစ်လေသောကြောင့် ဒီဆွေမျိုးဉာတကာ မိဘတော်ဖူးတဲ့ ပုဂ္ဂိုလ်တွေ အလုံးစုံအကုန်ကို ဉာဏ်မျက်လုံးအမှန် တပ်ပေးလိမ့်မယ်လို့ဆိုတာ ဆုံးဖြတ်ချက်ချပြီး နာကြပါ (မှန်ပါ့)၊ ဉာဏ်မျက်လုံး အမှန်တပ်ပေးလိမ့်မယ် (မှန်ပါ့)။

ဘာတပ်ပေးရမှာပါလိမ့် (ဉာဏ်မျက်လုံး အမှန်တပ်ပေးမှာပါ ဘုရား)၊ ဉာဏ်မျက်လုံး အမှန်တပ်ပေးလိမ့်မယ် ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လေးလေးစားစားနဲ့မှတ် (မှန်ပါ့)၊ လူတွေကတော့ဖြင့် ခုနင်က ပြောတဲ့အတိုင်း ဒကာကြွယ် သိပ်ကြပ်တည်းတာပဲ (မှန်ပါ့)။

ကြပ်တည်းပင် ကြပ်တည်းငြားသော်လည်း ဒါ ငရဲနဲ့စာရင် မဖြစ်လောက်ဖူးသာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ငရဲနဲ့စာရင် (ဒါ မဖြစ်လောက်ပါ ဘုရား)၊ မဖြစ်လောက်ပါဘူး၊ ဟိုမှာတော့ မုံ့ညက်ကို ကျည်ပွေ့နဲ့ ထောင်း ပြီး သကာလ ထားသလို စေ့နေသောကြောင့် အဝီစိခေါ်တာကိုး (မှန်ပါ့ ဘုရား)။

အဲဒါတွေ ဦးခင်မောင်တို့ ကြားပြီးသား သိပြီးသားဖြစ်လေသောကြောင့် ဒီ အခုအသိဉာဏ်ပေးတဲ့ အချိန်ကလေး မှ မရလိုက်တော့ဘူးဆိုလို့ရှိရင် ခုနင်က ပြောတဲ့ မုံ့ညက်လို ထောင်းထားတဲ့ အဝီစိနိုင်ငံဟာ ငါတို့၏ အိုးအိမ်ပဲ ဆိုတာ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ငါတို့၏ အိုးအိမ်ပဲဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားတော့ ကိုင်း ဒါဖြင့် ဒီဒကာ ဒကာမတွေကို ဘုန်းကြီးတို့လို ဆရာသမားများကမှ ကယ်ယူပို့ဆောင် တင်ပို့မှုကို ဒကာကြွယ် မလုပ်တော့ဘူးဆိုလို့ ရှိရင်ဖြင့် ဦးလှဘူး သွားပြီ (မှန်ပါ့ ဘုရား)၊ မသွားပေဘူးလား (သွားပါတယ် ဘုရား)။

အလွဲတွေ ပြင်ပေးလိုက်လို့ရှိရင်

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ သေသေချာချာ ဉာဏ်မျက်လုံး တပ်ပြီး သကာလ ခန္ဓာဘက်ကို ဉာဏ်လှည့်ပြီး သကာလ ကိုယ့်အလွဲတွေဟူသ၍ အကုန်ပြင်ပေးလိမ့်မယ်ဆိုတဲ့ဥစ္စာကို ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

အလွဲတွေ ပြင်ပေးလိုက်လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အမှန်ရောက်တော့မယ် (မှန်ပါ့)၊ အမှန် ရောက်ရင် မဂ္ဂင်ဆိုက်တော့မယ်ဆိုတာ မှတ်ပါ (မှန်ပါ့)။

အမှန်ရောက်လို့ မဂ္ဂင်ဆိုက်လို့ရှိရင်ဖြင့် ဘဝများစွာ သံသရာက ပါခဲ့တဲ့ မိုက်မှုတွေ မဲမှုတွေ အပါယ်သွားစရာ ကံဟောင်းတွေ ယခုဘဝ လုပ်ထားတဲ့ ကံသစ်တွေ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ ဦးခင်မောင်တို့ အကုန် အဟော သိကံ ဖြစ်ရမယ် (မှန်ပါ့)။

ဒါ့ကြောင့် ကြွေးမရှိတဲ့ပုဂ္ဂိုလ် အေးအေးနေရပါတယ် ၊ ကိလေသာကြွေးတွေက နည်းတာတွေ မဟုတ်ဘူး တစ်နေ့တစ်နေ့ တင်နေလိုက်တာ (မှန်ပါ့)၊ အဲဒီတင်နေလိုက်တဲ့ ကြွေးတွေကို ဒီနေ့ ဆရာဘုန်းကြီးပေးတဲ့ အသိဉာဏ် နဲ့သာ ဆပ်နိုင်ပါတယ် (မှန်ပါ့)၊ ခင်ဗျားတို့ နဂိုက တတ်ထားတဲ့ ဒါနနဲ့ ဆပ်လို့လည်း မပြေပါဘူး (မှန်ပါ့)၊ သီလနဲ့ ဆပ်လို့လည်း (မပြေပါ ဘုရား)၊ အဝိဇ္ဇာကို ဝိဇ္ဇာနဲ့ဆပ်မှ ပြေမယ် (မှန်ပါ့)၊ အဝိဇ္ဇာရောဂါကို ဝိဇ္ဇာဆေးနဲ့ ဆပ်မှသာ လျှင် ပြေမယ် (မှန်ပါ့)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ အဝိဇ္ဇာမျက်လုံးကြီးကို ဖုံးလွှမ်းပြီး သကာလ နေတဲ့အဖြစ်မှ ဝိဇ္ဇာဉာဏ်ဖြင့် ယနေ့ ရတော့မှာပဲလို့ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

အပြစ်ရှိတယ်ဆိုတာ

အဲ ဒကာ ဒကာမတွေမှာ ဘာအပြစ်ရှိသတုံးဆိုတဲ့ အပြစ်ကလေးကိုလည်း ဪ အပြစ်ရှိတယ်ဆိုတာ ကလေး ဘုန်းကြီးတို့က ရှေ့ပိုင်းမှာ နည်းနည်းရှင်းပြပါရစေ (မှန်ပါ့)။

အောက်က မမြင်ရတဲ့ ပုဂ္ဂိုလ်များ မမြင်ရသလို ထားတာပေါ့နော် (မှန်ပါ့)၊ အသံပဲ နားထောင်ကြ၊ မြင်ရတဲ့ ပုဂ္ဂိုလ်များအတွက်မှာလည်း ကြည့်ရှုကြပါဆိုတာ သတိပေးပါတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ မျက်လုံးဖွင့်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဒီဘက်က သားကလေး (မှန်ပါ့)၊ သားကလေး ဘက်ကို အမေမိဘက မျက်လုံးဖွင့်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း သားကလေးနဲ့ တွေ့တဲ့ ဖဿဆိုတာ လာတော့ မယ် (မှန်ပါ့)၊ မလာပေဘူးလား (လာပါတော့မယ် ဘုရား)။

သားကလေးနဲ့ တွေ့တယ်ဆိုတဲ့ ဖဿဟာ မလာဘူးလား (လာပါတယ် ဘုရား)၊ ဪ ဒါဖြင့် ဒါမျက်လုံး ဖွင့်လိုက်လို့ရှိရင်ဖြင့် သားကလေးနဲ့ တွေ့တဲ့ ဖဿ၊ ဒီဘက်က သားကလေး ဒီဘက်က မျက်လုံးထဲမှာ ပေါ်တဲ့ ဖဿ (မှန်ပါ့)၊ သားနဲ့ ဖဿနဲ့ဖြင့် တွေ့ပေါ့ (တွေ့ပါပြီ ဘုရား)။

အဲဒီတော့ ဒီမှာ ဒကာ ဒကာမတွေက ကံတွေ ဘယ်လောက်ထိအောင် မိုက်မဲပြီး သကာလ မသိမှုနဲ့ လုပ်ထား ကြတယ်ဆိုတာ ရှင်းပြမယ် (မှန်ပါ့)။

ကဲ ဒါဖြင့် ဖဿပစ္စယာ ဘယ့်နှယ်ဆိုကြမလဲ (ဝေဒနာပါ ဘုရား)၊ ဪ ဝေဒနာလာတယ်၊ ဝေဒနာဆိုတာက သားကလေး ကြည့်ရတာ ခင်စရာ, မင်စရာ ကောင်းလိုက်တာဆိုတဲ့ သုခဝေဒနာလာတယ် (လာပါတယ် ဘုရား)၊ မလာဘူးလား (လာပါတယ် ဘုရား)၊ အင်း သားကလေးနဲ့ တွေ့တာက (ဖဿပါ ဘုရား)၊ မြင်မြင်ချင်းပဲ ခင်စရာ မင်စရာ ကောင်းလိုက်တာက (ဝေဒနာပါ ဘုရား)။

ဪ ဒါ ကလေးနဲ့ ဘဝရေစက်က ဆုံခဲ့ကြတယ်ဆိုပြီး သကာလ မခင်ရင် ဘယ့်နှယ်လုပ်မလဲဆိုတာက တဏှာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

တဏှာဥပါဒါန်ကံ

ဒါဖြင့် တဏှာဆိုလို့ရှိရင် ဒီသားကလေး မျက်ခြေပြတ်မခံနိုင်တာက ဥပါဒါန် (ဥပါဒါန်ပါ ဘုရား)၊ သဘော ကျပလား (ကျပါပြီ)၊ ဒါဖြင့် တဏှာပစ္စယာ (ဥပါဒါန်ပါ ဘုရား)၊ ဒါဖြင့် ဒီသားကလေးကို ပြောစရာရှိတာ ပြောမယ် ဆိုရင် ဝစီကံ (မှန်ပါ့)၊ ကာယကံနဲ့ ပွေ့မယ်-ပိုက်မယ်ဆိုလို့ရှိရင်လည်း ကာယကံ (မှန်ပါ့)၊ မနောထဲက မထွက်ပါဘူး။ တရေးရေး ပေါ်နေတယ်ဆိုရင် မနောကံ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ သေသေချာချာသာ ကြည့်ကြပါတော့တဲ့ ၊ “ဥပါဒါနပစ္စယာ ကာယကံ ဝစီကံ မနောကံ လာတယ်” (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ မျက်လုံးပေါက်က ဖွင့်လိုက်တာသည် ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ကံ မလာသေးဘူးလား (လာပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒါ ဒီဘဝတွင် ဖြစ်တာနော် (မှန်ပါ့)၊ ကောင်းပြီ ဒါဖြင့် တပည့်တော်တို့အိမ် မှာ ကိုယ့်သားကလေး ကိုယ့်သမီးကလေး ကြည့်နေတာ ဘာဖြစ်သတုံးလို့ မေးတဲ့အခါကျတော့မှ မျက်လုံးပေါက်က ပဋိစ္စသမုပ္ပါဒ် တန်းပါတယ် (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်တန်းပါတယ်

မျက်လုံးပေါက်က (ပဋိစ္စသမုပ္ပါဒ်တန်းပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ သားကလေးနဲ့ တွေ့တာက ဘာပါလိမ့် ဖဿ (မှန်ပါ့)၊ သားကလေးကောင်းတယ်-ဆိုးတယ်ဆိုတာက (ဝေဒနာပါ ဘုရား)၊ ကောင်းခြင်း, ဆိုးခြင်းကြောင့် ကောင်းလည်း ခင်ရမှာပဲ၊ ဆိုးလည်း ခင်ရမှာပဲဆိုတာက (တဏှာပါ ဘုရား)၊ မခင် ဘယ့်နှယ်လုပ်မလဲ၊ ကိုယ်မွေးလာတာကိုး၊ သူ့ဖြင့် မျက်လုံးအောက်က အပျောက်မခံနိုင်ဘူးဆိုလို့ရှိရင် (ဥပါဒါန်ပါ ဘုရား)။

အဲဒီ ဥပါဒါန်လာပြီးသည်၏ အခြားမဲ့၌ သူ့ကို ကာယကံနဲ့လည်း ပွေ့ချင်, ချီချင်တယ်၊ ဝစီကံနဲ့လည်း ပြောချင်, ဆိုချင်တယ်၊ မနောကံနဲ့ တရေးရေးပေါ်တယ်၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား)၊ ဒကာကြွယ် မျက်လုံးကလေးတစ်ပေါက် ဖွင့်လိုက်တာ ကံမြောက်သွားတယ် (မှန်လှပါ ဘုရား)။

မျက်လုံးကလေးတစ်ပေါက် ဖွင့်လိုက်တာ ဘာဖြစ်သွားပါလိမ့် (ကံမြောက်သွားပါတယ် ဘုရား)၊ ကံမြောက် သွားပြီဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် နားကကြားလည်း ဒီပဋိစ္စသမုပ္ပါဒ်အတိုင်း ကံမြောက်မှာပဲ (မြောက်ပါတယ် ဘုရား)၊ နှာခေါင်းက ရှူလိုက်, ရှိုက်လိုက်ပြန်ကော (မြောက်ပါတယ် ဘုရား)၊ လျှာက စားလိုက်သောက်လိုက်ပြန်ကော (ကံမြောက်ပါတယ် ဘုရား)၊ အဲ ဖဿပစ္စယာ ဝေဒနာနဲ့ သွားနေမှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

အင်း ကိုယ်ပေါက်က နေပြီး သကာလ အထည်, အလိပ်ကလေးတွေ ဝတ်လိုက်ပြန်တော့လည်း ကံကျအောင် မသွားပေဘူးလား (သွားပါတယ် ဘုရား)။

ဒါဖြင့် မနောပေါက်က ကြံလုံး, စည်လုံးနဲ့ ထုတ်လိုက်ပြန်တော့လည်း ဖဿပစ္စယာ ဝေဒနာ တဏှာ ဥပါဒါနံ ကမ္မဘဝေါကျအောင် မသွားပေဘူးလား (သွားပါတယ် ဘုရား)။

အပါယ်သွားတဲ့ ကံပေါင်းမရေတွက်နိုင်

ဒါဖြင့် ဒကာ ဒကာမတို့ တစ်နေ့မှာ ဒကာ ဒကာမတို့ အပါယ်သွားတဲ့ ကံပေါင်း (မရေတွက်နိုင်ပါ ဘုရား)၊ ပေါ်ကြပြီ (ပေါ်ပါပြီ ဘုရား)၊ အပါယ်သွားတဲ့ ကံပေါင်း (မရေတွက်နိုင်ပါ ဘုရား)။

အပါယ်သွားတဲ့ ကံပေါင်း မရေတွက်နိုင်ဘူးဆိုတော့ ကျုပ်တို့ ဘာမှအပြစ်မရှိဘူးလို့ တချို့မသိတဲ့ ဒကာ ဒကာမတွေက ထင်ကြတယ် (မှန်ပါ့)၊ အခုတော့ ထင်စရာရှိသေးသလား (မရှိပါ ဘုရား)၊ တဏှာ ဥပါဒါန် ကံပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဘာတဲ့တုံး (တဏှာ ဥပါဒါန် ကံပါ ဘုရား)၊ အင်း မျက်လုံးပေါက်က လာလိုက်လည်း တဏှာ ဥပါဒါန် ကံရောက်မှ ဆုံးတယ် (မှန်ပါ့ ဘုရား)၊ နားပေါက်က လာလိုက်ပြန်တော့ကော (တဏှာ ဥပါဒန် ကံရောက်မှ ဆုံးပါ တယ် ဘုရား)၊ နှာခေါင်းပေါက်က လာလိုက်ပြန်တော့ (တဏှာ ဥပါဒါန် ကံရောက်မှ ဆုံးပါတယ် ဘုရား)၊ လျှာပေါက် က စားလိုက်ပြန်တော့ (တဏှာ ဥပါဒါန် ကံရောက်မှ ဆုံးပါတယ် ဘုရား)၊ ကိုယ်ပေါက်က ဝတ်လိုက်ပြန်တော့ (တဏှာ ဥပါဒါန် ကံရောက်မှ ဆုံးပါတယ် ဘုရား)၊ မနောပေါက်က သားရေး၊ သမီးရေး၊ ကြံလိုက်ပြန်တော့ (တဏှာ ဥပါဒါန် ကံရောက်မှ ဆုံးပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကံပေါင်း ခင်ဗျားတို့ ဘယ်လောက်ရှိသတုံး (မရေတွက်နိုင်ပါ ဘုရား)၊ တစ်နေ့ တစ်နေ့နော် (မှန်ပါ့)။

အင်း ဒီ ကံသည် ဒကာ ဒကာမတို့ သူများဟာ မခိုးဘဲနဲ့ သူများဟာ မလိမ်ဘဲနဲ့ ဖြစ်ရတဲ့ကံတွေ (မှန်ပါ့ ဘုရား)၊ မခိုး, မလိမ်ဘဲနဲ့ ဘာတုံး (ဖြစ်ရတဲ့ကံတွေပါ ဘုရား)၊ မုသားမပြောဘဲနဲ့ (ဖြစ်ရတဲ့ကံတွေပါ ဘုရား)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ကမ္မဘဝပစ္စယာ ဇာတိ

ဒါဖြင့် ဒီ ဒကာ ဒကာမတွေ၌ ကမ္မဘဝပစ္စယာဆိုပြီး တစ်ဘဝ ဆက်လိုက်ကြစို့နော် (မှန်ပါ့)၊ တစ်ဘဝ ဆက်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် တဲ့ ကမ္မဘဝပစ္စယာ ဇာတိဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီဇာတိဆိုရင် ခန္ဓာငါးပါးလာပြီလို့ အောက်မေ့ပါ (မှန်ပါ့)၊ ဇာတိဆိုရင် (ခန္ဓာငါးပါး လာပါပြီ ဘုရား)၊ ခန္ဓာငါးပါးလာပြီလို့ မှတ်လိုက်ပါနော် (မှန်ပါ့)၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ တစ်နေ့ကို ဇာတိ မရောက်ခင် ကံပေါင်း ဘယ်လောက်တုံးလို့ မေးလိုက်ပါတယ် (မရေတွက်နိုင်ပါ ဘုရား)။

ဒါဖြင့် ဒီကံတွေ အဟောသိကံ ဖြစ်ပါ့မလား၊ မဖြစ်ဘူးလား (မဖြစ်ပါ ဘုရား)၊ ဒါဖြင့် ဒီကံတွေကို ဘယ်သူက စုထားလို့ တပည့်တော်တို့ ဒီကံတွေ ဒါလောက်များရပါလိမ့်မလဲ ကံတွေဟာ ဒကာ ဒကာမတို့ ကံတွေက “ကမ္မ ပစ္စယာဇာတိ”ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကလွဲလို့ မရဘူး (မှန်ပါ့)၊ ဘုရားမရှိလည်း ဒီအတိုင်းပဲ (မှန်ပါ့)၊ ဘုရားမဟောလည်း (ဒီအတိုင်းပါပဲ)၊ ဘုရားဟောလည်း (ဒီအတိုင်းပါပဲ ဘုရား)။

ဒါ ဖြစ်စဉ်ကို ပြောတာကိုး (မှန်ပါ့)၊ ဘုရားယူလာတဲ့တရား မဟုတ်ပါဘူး။ ဖြစ်စဉ်ပေါ်နေတဲ့ တရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဖြစ်စဉ်ကိုက် တရား

ဒါဖြင့် ဘုရားယူလာတဲ့ တရားလား ၊ ဖြစ်စဉ်ကိုက် ဘုရားလား (ဖြစ်စဉ်ကိုက် တရားပါ ဘုရား)၊ ဖြစ်စဉ် ကိုက်တရားဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)။

ဒါဖြင့် မျက်လုံးပေါက်က တစ်နေ့ကို ကံပေါင်း ဘယ်လောက် (မရေတွက်နိုင်ပါ ဘုရား)၊ နားပေါက်က (မရေ တွက်နိုင်ပါ)၊ နှာခေါင်းပေါက်က (မရေတွက်နိုင်ပါ)၊ လျှာပေါက်က (မရေတွက်နိုင်ပါ)၊ မနောပေါက်က (မရေတွက် နိုင်ပါ ဘုရား)။

ဒါဖြင့် ဒီကံတွေ ဘယ့်နှယ်လုပ်ကြမလဲ ဒကာ ဒကာမတို့ ဒီဆရာမကယ်လို့ရှိရင် ခင်ဗျားတို့ ဒီကံတွေ ဟာဖြင့် ကမ္မဘဝပစ္စယာဇာတိ ဆိုပြီး အပါယ်ချည့်သွားတော့မယ် (မှန်ပါ့)။

ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ အပါယ်ဇာတိချည့် သွားတော့မယ်ဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)၊ ဒါဖြင့် ဒီဒကာ ဒကာမတွေကို အခုလို ဆရာဘုန်းကြီးကမှ ကံဖြတ်လမ်းကို မပြတော့ပါဘူးဆိုလို့ ရှိရင် ခင်ဗျားတို့သည် သေသည်၏အခြားမဲ့၌ အပါယ်လေးပါး သွားကြပေတော့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်သွားကြရမယ် (အပါယ်လေးပါး သွားကြရပါမယ်)၊ ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကတော့ ကျုပ်သားနဲ့ ကျုပ်သမီးနဲ့ ကျုပ်အကျိုးပေးဖြောင့်ပါတယ်လို့ ဆိုနေကြတာပဲ (မှန်ပါ့)၊ ဆိုပင်ဆိုကြငြားသော်လည်း ဒကာကြွယ်တို့၊ ဦးလှဘူးတို့က၊ ဦးခင်မောင်တို့က စဉ်းစားကြည့်တဲ့အခါ ကိုယ့်အကျိုးပေးက ကံမြောက်ပြီး အပါယ်ချည့် ရောက်နေတယ် (မှန်ပါ့)။

ကံမြောက်, အပါယ်ရောက်

မျက်လုံးဖွင့်လိုက်ရင်လည်း ကံမြောက်, အပါယ်ရောက် (မှန်ပါ့)၊ နားကြားလိုက်ရင်လည်း (ကံမြောက်,အပါယ် ရောက်ပါတယ်)၊ နှာခေါင်းက ရှူလိုက်ရှိုက်လိုက်ရင်ကော (ကံမြောက်,အပါယ် ရောက်ပါတယ်)၊ လျှာက စားလိုက် သောက်လိုက်ရင်ကော (ကံမြောက်, အပါယ်ရောက်ပါတယ်)၊ ကိုယ်က ဝတ်လိုက်-ဆင်လိုက်ရင်ကော (ကံမြောက်, အပါယ်ရောက်ပါတယ်)၊ မနောပေါက်က ကြံလိုက်ရင်ကော (ကံမြောက်, အပါယ်ရောက်ပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတွေ ဒါလောက်ဆိုလို့ရှိရင် ဒွါရခြောက်ပေါက်မှာဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အကြီးအကျယ်သိပါပြီ (မှန်ပါ့)၊ သိပြီ တဲ့။

အဲဒီတော့ သီလ,စခန်းကို ဆောက်တည်ငြားသော်လည်း ကံမလွတ်ဘူး (မှန်ပါ့)၊ ဒါနပေးလှူငြားသော်လည်း ဒီကံမလွတ်ဘူး (မှန်ပါ့)၊ ဒါနပေးလှူငြားသော်လည်း ဒီကံမလွတ်ဘူး (မလွတ်ပါ ဘုရား)၊ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သမထ အားထုတ်ငြားသော်လည်း (မလွတ်ပါ ဘုရား)။

ဝိပဿနာဉာဏ်, မဂ်ဉာဏ်မှ ရတော့မယ်

ဒါဖြင့် ဝိပဿနာဉာဏ်, မဂ်ဉာဏ်မှ ရတော့မယ် (မှန်ပါ့)၊ ဘယ်လိုမှတ်ကြမယ် (ဝိပဿနာဉာဏ်, မဂ်ဉာဏ်မှ ရပါတော့မယ် ဘုရား)။

သေသေချာချာ မှတ်ကြပါ။ ဘုရားတစ်ဆူမှ တစ်ခါပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ဖြတ်ခန်းဆိုတဲ့ဥစ္စာ ခင်ဗျားတို့ ဒီပဋိစ္စသမုပ္ပါဒ် ကိုယ်တိုင်ရှုပြီး သကာလ နေငြားသော်လည်း ဖြတ်နည်း နိသျှည်းကို ဆရာဘုန်းကြီးက မပေးခဲ့သော် ဒကာကြွယ် ကိုယ်ကျိုးနည်းပြီ (မှန်ပါ့)။

ဒကာကြွယ် ဓမ္မာရုံကြီးဆောက်ထားငြားသော်လည်း ဒီမနောကံတွေက လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

ကိုယ့်မှာ အထည်ရောင်းလိုက်၊ အထည်ဝယ်လိုက်၊ ပြောစရာရှိတာ ပြောလိုက်၊ ဆိုစရာရှိတာ ဆိုလိုက်ဆိုတော့ “ကမ္မဘဝပစ္စယာဇာတိ”တွေက နည်းပါမလား (မနည်းပါ ဘုရား)။

အဲဒီကဲ့သို့ မနည်းလို့ရှိရင်ဖြင့် ဒီ ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောလိုက်တယ်။ လူတစ်သိန်းသေလို့ နတ်ရွာ, သုဂတိတစ်ယောက် မရောက်ဘူးကွ တဲ့ (မှန်ပါ့)၊ ဟောပြီ ဒကာ ဒကာမတို့ (မှန်ပါ့)။

လူတစ်သိန်းသေလို့ (နတ်ပြည်တစ်ယောက် မရောက်ပါ ဘုရား)၊ ခင်ဗျားတို့ တောင်းထားတဲ့ဆုကတော့ မှိုပေါက် လို့ပေါ့ဗျာ (မှန်ပါ့)၊ မရောက်ပါဘူး စိတ်သာချ (မှန်ပါ့)။

ဘာကြောင့်မရောက်သတုံးဆိုတော့ “ကမ္မဘဝပစ္စယာဇာတိ” အပါယ်ဇာတိသာ လာတယ် (မှန်ပါ့)၊ ဒီ့ပြင်ဇာတိ က (မလာနိုင်ပါ ဘုရား)၊ မလာနိုင်ဘူးဆိုတာ သေချာကြပလား (သေချာပါပြီ)။

အဲဒါတွေ ထိုးထိုးထွင်းထွင်း သိရတော့မှ ဪ ငါတို့ အနေမှားနဲ့ နေခဲ့တဲ့အတွက် အသေမှားတော့ဖြင့် ကြုံရတော့မှာပဲ (မှန်ပါ့)၊ အနေမှားနေခဲ့တဲ့အတွက် (အသေမှားကြုံရမှာပါ ဘုရား)။

အသေမှားကြုံရတော့မယ်ဆိုတာ ဒကာ ဒကာမတို့ အလွန်စိုးရိမ်တယ်ဆိုတာကော ဆရာဘုန်းကြီးပြော လို့ အကြောင်းကို သိလောက်ပါပြီ (သိပါပြီ ဘုရား)။

ကျုပ်တို့ ဘာအပြစ်ရှိသတုံး

ကျုပ်တို့ ဘာအပြစ်ရှိသတုံးလို့ ပြောချင်သေးသလား (မပြောချင်ပါ ဘုရား)။

ခင်ဗျားမျက်လုံးမဖွင့်ဘဲ နေရဲရဲ့လားလို့ မေးရင် ဘယ့်နှယ်ပြောမလဲ (မနေရဲပါ ဘုရား)၊ မျက်လုံးဖွင့်လိုက်ရင် တဏှာ ဥပါဒါန် ကံ ရောက်,မရောက် (ရောက်ပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဒီကံတွေဟာ သေသည်၏ အခြားမဲ့၌ ဇာတိ လာ,မလာ (လာပါတယ် ဘုရား)၊ တယ် စိုးရိမ်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။

ဒကာ ဒကာမတို့ အားလုံးပဲ သတိပေးလိုက်ပါတယ်၊ မသေပါနဲ့ဦးလို့ (မှန်ပါ့)၊ တားလို့မရရင်ဖြင့် မပြောတတ် ဘူး။ ဒီကံကိုဖြင့် ဖြတ်ပါဦး (မှန်လှပါ ဘုရား)။

ဒီကံကို (ဖြတ်ပါဦး)၊ ဖြတ်ရလိမ့်ဦးမယ် ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဒါလောက်များတဲ့ ကံတွေကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာမှမစိုးရိမ်နဲ့ (မှန်ပါ့)၊ ဘုရားဟောလို့ ဘုန်းကြီးပြောတဲ့ ဝိပဿနာဉာဏ်, မဂ်ဉာဏ်နဲ့ ဖြတ်လိုက် ရင် အကုန်-အဟောသိကံ ဖြစ်မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဝိပဿနာဉာဏ်, မဂ်ဉာဏ်နဲ့ ဖြတ်လိုက်ရင် (အကုန် အဟောသိကံဖြစ်ပါတယ် ဘုရား)၊ အကုန် အဟောသိကံ ဖြစ်တယ် ဆိုတော့ ဪ မိုက်ကြွေးဟူသ၍ အကုန်ကြေတာဖြင့် ဝိပဿနာဉာဏ်, မဂ်ဉာဏ်ရှိပါတော့လား (မှန်ပါ့)။

မိုက်ကြွေးကြေတာ ဘယ်သူပါလိမ့် (ဝိပဿနာဉာဏ်, မဂ်ဉာဏ်ပါ ဘုရား)၊ ဝိပဿနာ တယ် ခက်တယ် ဘုရာ့ ၊ မဂ်ဉာဏ်ကလည်း တယ် ခက်တယ်ဘုရာ့ ၊ လုပ်မှ မကြည့်ဘဲနဲ့ ခက်နေလို့ရှိရင် ဒကာကြွယ်၊ ဦးလှဘူး အပိုပေါ့ဗျာ (မှန်လှပါ ဘုရား)၊ လုပ်ကြည့်တော့ ခက်ပါ့မလား (မခက်ပါ ဘုရား)။

အနိစ္စသိရင် ဝိပဿနာမဂ်

”လုပ်ကြည့်တော့ ခန္ဓာကိုယ်ထဲမှာ အနိစ္စရှိလို့ အနိစ္စသိရင် ဝိပဿနာမဂ်,ဖြစ်တာပဲ (မှန်လှပါ)၊ ၎င်းအနိစ္စဆုံးအောင်လိုက်,လိုက်လို့ရှိရင်ဖြင့် ဝိပဿနာမဂ် ဖြစ်တာပဲ (မှန်ပါ့)”။

ကဲ လုပ်ကြည့်တော့ မလွယ်ဘူးလား (လွယ်ပါတယ်)၊ အဲဒီတော့ ဆရာနည်းမပြလို့ အင်း နိဗ္ဗာန်ဆိုတာ အဝေးကြီးဆိုတဲ့ သူများပြောသံကြား လမ်းဆုံးနေလို့ရှိရင်ဖြင့် အမှားကြီး မှားကြပါလိမ့်မယ် (မှန်လှပါ ဘုရား)။

ဒါ့ကြောင့် ဒီနေ့ကစပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအချိန် ၃ နာရီခွဲ ဥပုသ်နေ့ဟောမယ် (မှန်ပါ့)၊ နေ့တိုင်းတော့ဖြင့် ၄ နာရီက ၅ နာရီပေါ့ဗျာ (မှန်ပါ့)၊ နေ့တာရှည်လို့ (မှန်ပါ့)၊ အဲဒါ ဒကာ ဒကာမတွေ လာနာ ကြ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီကံတွေ အဟောသိကံဖြစ်အောင် ဘယ့်နှယ်လုပ်ကြမတုံးမေးရင် ဖြေ တတ်ကြပလား။ ဝိပဿနာလုပ်မယ် ဘုရာ့ ၊ မဂ်ဉာဏ်လုပ်မယ် ဘုရာ့ (မှန်ပါ့)၊ ဝိပဿနာမဂ်နဲ့ လောကုတ္တရာ မဂ်ရအောင် (လုပ်ရပါမယ်)၊ လုပ်လို့ရှိရင် အဟောသိကံဖြစ်မယ် (မှန်ပါ့)။

ဒါ့ကြောင့် ဒကာ ဒကာမတို့ အင်္ဂုလိမာလ ခိုးသူကြီးဟာ ဒီဘဝတွင် လူပေါင်းများစွာ သတ်လိုက်တဲ့ အကုသိုလ် တွေ မရေတွက်နိုင်ဘူး (မှန်ပါ့)၊ ဝိပဿနာဉာဏ် ရှေ့သွားပြီး မဂ်ဉာဏ်ပေါ်လာတော့ ဒါတွေ အကျိုးပေးသေးသလား (မပေးပါ ဘုရား)။

အားကိုးထိုက်တဲ့ ဉာဏ်ပါလား

ဒါဖြင့် ဒီဉာဏ်သည် ဒကာ ဒကာမတို့ အားကိုးထိုက်တဲ့ ဉာဏ်ပါလား (မှန်ပါ့)၊ ဘယ်လိုဆိုမယ် (အားကိုးထိုက် တဲ့ဉာဏ်ပါ ဘုရား)၊ အားကိုးထိုက်တဲ့ ဉာဏ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

ဪ ဒါဖြင့် တို့ ဒီဆရာနဲ့ တွေ့တော့တဲ့အတွက် အားကိုးထိုက်တဲ့ ဉာဏ်ကလေးတစ်ခု ရသေးတယ် (မှန်ပါ့)၊ ဆိုတော့ ဘုန်းကြီးပြောသလို ဒကာ ဒကာမတွေ တကယ်လို့ မတားနိုင်လို့သာ ဒီဉာဏ်ကြီးရပြီးမှ သေစေချင် တယ်ဆိုတာကော ပေါ်ရောပေါ့ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒီဉာဏ်မှမရဘဲနဲ့ သေသွားတဲ့ပုဂ္ဂိုလ်မှာ တစ်နေ့ ကံပေါင်းအနန္တဆိုတာ ပေါ်ပြီနော် (မှန်ပါ့)၊ တစ်နေ့ ဘယ် လောက်ပါလိမ့် (အနန္တပါ ဘုရား)၊ ကံပေါင်းအနန္တနဲ့ဆိုတော့ ဒကာ ဒကာမတို့ တစ်ခါ အပါယ်ရောက်သွားရင် ထွက် ခွင့်မြင်သေးသလား (မမြင်ပါ ဘုရား)၊ ဒါဖြင့် သိပ်ဆိုးတယ် (ဆိုးပါတယ် ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ ဘုန်းကြီး ဒီနေ့ ဒီကံတွေကို ဒကာ ဒကာမတွေ ရှင်းနိုင်သလောက် ရှင်းပြီး သကာလ ကံဖြတ်တရားကို ဟောပါလိမ့်မယ် (မှန်ပါ့)။

ဘာတရားပါလိမ့် (ကံဖြတ်တရားပါ ဘုရား)၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ နားမလည်တော့ ဘာဖြစ်နေ သတုံးဆိုတော့ ကံတွေက ဘယ်တော့များ အကျိုးပေးပါ့မလဲဆိုတာ ကံလိုက်ရှာတယ် (မှန်ပါ့)။

ဘုန်းကြီးတို့ကလည်း ဒကာ ဒကာမတို့ ဒီကံတွေဟာ ခင်ဗျားတို့ ဒုက္ခပေးမည့် ကံတွေ (မှန်ပါ့)၊ သုဂတိပေးတဲ့ ကံဟာလည်း ဇာတိဒုက္ခ ဇရာဒုက္ခ ရမှာပဲ (မှန်ပါ့)၊ အပါယ်ပေးတဲ့ကံဟာလည်း ဇာတိဒုက္ခ ဇရာဒုက္ခ မရပေဘူးလား (ရပါတယ် ဘုရား)။

အဲ ဘယ်ကံကြိုက်သလဲ (ဘယ်ကံမှမကြိုက်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်ကံကြိုက်ကြသလဲ (ဘယ်ကံမှ မကြိုက်ပါ ဘုရား)၊ ဪ ကျုပ်တို့ဖြင့် ကံ-အမိ၊ ကံ-အဖပဲ အားကိုးနေရတယ်ဆိုတဲ့ အသွားတွေ ဒကာကြွယ်ရေ ရပ်ဆိုင်းရမယ် (မှန်ပါ့)။

အခုလို ကံပစ်ထားလိုက်ပြန်တော့လည်း သုဂတိ ရောက်သွားတယ်၊ သုဂတိရောက်ပြန်တော့လည်း ဇာတိ ဇရာ မရဏနဲ့ တွေ့မယ် (မှန်ပါ့)၊ ဒုဂ္ဂတိရောက်ပြန်တော့လည်း အပါယ်လေးပါးနဲ့ ကြုံရတယ် (မှန်ပါ့)၊ ဘယ်ကံများ ကြိုက်ကြသတုံး (ဘယ်ကံမှ မကြိုက်ပါ ဘုရား)။

ဒီကံ ဘယ်ကလာသတုံး

ဒါဖြင့် ဒကာ ဒကာမတို့ ဒီကံ ဘယ်ကလာသတုံးလို့ မေးရင် ပိုရှင်းတယ်။ ဒီကံဟာ ဘယ်ကလာသတုံးလို့ မေးတဲ့အခါကျတော့မှ ဥပါဒါန်က လာတယ်ဘုရား လို့ ဖြေလိုက် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်ကလာသတုံး (ဥပါဒါန်က လာပါတယ် ဘုရား)၊ ဒီဥပါဒါန် ဘယ်ကလာသတုံး မေးလိုက်တော့ (တဏှာက လာပါတယ် ဘုရား)၊ ဒီတဏှာ ဘယ်ကလာပါလိမ့်မတုံး မေးတော့မှ (ဝေဒနာက လာပါတယ် ဘုရား)၊ ဝေဒနာက လာ တယ် ရှင်းပလား (ရှင်းပါပြီ)။

ဒီတဏှာ ဘယ်ကလာပါလိမ့်မတုံး မေးတော့မှ ဖဿက လာတယ်၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဖဿကို အနိစ္စမြင်အောင်ကြည့် (မှန်ပါ့)၊ ဖဿကို အနိစ္စမြင်အောင် ကြည့်လိုက်တော့ ဟာ ဖဿ ကလေး ဖြစ်ပျက်ကို မြင်လိုက်လို့ရှိရင်ဖြင့် ဖဿသည် အနိစ္စ၊ မြင်တာက မဂ္ဂ (မှန်ပါ့)၊ ဖဿက (အနိစ္စ)၊ မြင်တာက (မဂ္ဂပါ ဘုရား)။

ဒါဖြင့် ဝေဒနာ တဏှာ ဥပါဒါန် ကံတွေ လာသေးသလား (မလာပါ ဘုရား)။

အင်း ဘယ်သူကများ ဒီတဏှာ ဥပါဒါန် ကံတွေ ဖြတ်လိုက်ပါလိမ့်မတုံးဆိုတော့ (ဝိပဿနာကပါ ဘုရား)၊ ဝိပဿနာဉာဏ်က ဖြတ်တယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်သူက ဖြတ်သတုံး (ဝိပဿနာဉာဏ်က ဖြတ်ပါတယ် ဘုရား)၊ ဝိပဿနာဉာဏ်က ဖြတ်တယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကဲ ဖဿတော့ တပည့်တော်တို့က မရှုမိဘူး ဘုရား ၊ ဝေဒနာကလေး သားကလေးမြင်ရလို့ ချမ်းသာ တဲ့ ဝေဒနာကလေး တပည့်တော်တို့ မြင်အောင်ကြည့်ပြီး သကာလ ဒါကလေး ရှိ-မရှိ အကဲခတ်ကြည့်ပါတယ် (မှန်ပါ့)၊ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိမှန်းသိတာက မဂ္ဂ

မရှိတော့ကို မရှိတာ ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား)၊ မရှိမှန်းသိတာက (မဂ္ဂပါ ဘုရား)၊ ဪ ဒါဖြင့် ဒီမဂ်သည် ဒကာ ဒကာမတို့အား ကယ်တင်တဲ့မဂ်ပဲ၊ တဏှာ ဥပါဒါန် ကံ သတ်တယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဘာသတ်ပါလိမ့် (တဏှာ ဥပါဒါန် ကံ သတ်ပါတယ် ဘုရား)၊ တဏှာ ဥပါဒါန် ကံ သတ်တယ်ဆိုတော့ ဒီဘက် ဇာတိ ဇရာ မရဏ အနာဂတ်ဘဝတွေ လာသေးရဲ့လား (မလာပါ ဘုရား)၊ ဒါ့ကြောင့် အားလုံး ဒကာ ဒကာ မတွေလည်း စေတနာရှေ့ထား၍ မေတ္တာကြီးမားစွာနဲ့ပဲ ပြောနေတော့ ဒီတရားကို ဆက်ပြီးနာမှလည်း ကျေးဇူးများ တယ် (မှန်ပါ့)၊ ဆရာဘုန်းကြီးက နာမည်ကလည်း ကြီးတာနဲ့ တို့သွားပြီးတော့ တရားထိုင်ပေးဦးမယ်ဆိုလို့ရှိရင် မရ ဘူး (မှန်ပါ့)။

မရပါဘူးတဲ့ ဒီလိုဆိုတော့ အရှိန်မပါတဲ့လူအတွက်မှာ ဘုန်းကြီးမဆိုလိုဘူး (မှန်ပါ့)၊ အရှိန်မပါသေးတဲ့အတွက် မှာဖြင့် ဒကာ ဒကာမတို့ ဆက်နာမှ နာမှ နားလည်မယ် (မှန်ပါ့ ဘုရား)၊ နားလည်မှုသည် သိမှုလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

နားလည်မှုသည် (သိမှုပါ ဘုရား)၊ သိမှုသည်ကား လို့ဆိုရင် ဒကာ ဒကာမတို့ တဏှာ ဥပါဒါန် ကံကို ဘာဖြစ်စေသတုံး (ပြတ်စေပါတယ် ဘုရား)၊ ပြတ်အောင် လုပ်နိုင်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် တဏှာ ဥပါဒါန် ကံ ပြတ်တဲ့ ဒကာ ဒကာမတွေသည် ဒီဘက်က ဇာတိ ဇရာ မရဏ လာသေးရဲ့လား (မလာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဇာတိ ဒုက္ခသစ္စာ (မလာပါ ဘုရား)၊ ဇရာ ဒုက္ခသစ္စာကော (မလာပါ ဘုရား)၊ မရဏ ဒုက္ခသစ္စာကော (မလာပါ ဘုရား)။

အင်း ဘယ့်နှယ်ကြောင့် ဒကာ ဒကာမတို့ ဖြစ်သွားပါလိမ့်မတုံးလို့ အမေးထုတ်လို့ရှိရင် မဂ်ဝင်လို့ (မှန် လှပါ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (မဂ်ဝင်လို့ပါ ဘုရား)၊ မဂ်ဝင်လိုက်လို့ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)၊ အဲဒါကြောင့် ဒကာ ဒကာမတွေ ဪ မဂ်ဝင်မှ ကိစ္စပြီးတာကိုး (မှန်ပါ့ ဘုရား)၊ မဂ်ကြားဝင်မှ (ကိစ္စပြီးပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့က တပည့်တော်တို့၏ ဤဆွမ်း, ဤကွမ်းကြောင့် အပါယ်လေးပါး မလား မရောက်ရ ကြောင်း ဖြစ်ရပါလို၏လို့ ဆိုငြားသော်လည်း ခန္ဓာက တန်းနေမယ်ဆိုရင် လွတ်ပါ့မလား (မလွတ်ပါ ဘုရား)၊ ဒကာ ကြွယ် လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

ခန္ဓာကတန်းနေရင် အကုန်ဒီဥစ္စာ တန်းနေရမှာပဲ (မှန်ပါ့ ဘုရား)၊ ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ကံ ဆိုရင် အပါယ် ဇာတိက လာထိုက် မလာထိုက် (လာထိုက်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဉာဏ်ဖြတ်မှ လွတ်မှာပါ

ဒါဖြင့် ဆုတောင်းနဲ့ လွတ်မှာလား ဉာဏ်ဖြတ်မှ လွတ်မှာလား (ဉာဏ်ဖြတ်မှ လွတ်မှာပါ ဘုရား)၊ သေသေ ချာချာ မှတ်စမ်းပါ ဒကာ ဒကာမတို့ ဒီဟာ အလွန်အရေးတကြီး ပြောနေတယ်ဆိုတာလည်း မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဆုတောင်းနဲ့ ပြတ်မှာလား ဉာဏ်ဖြတ်မှ ပြတ်မှာလား (ဉာဏ်ဖြတ်မှ ပြတ်မှာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေမှာ နိဗ္ဗာန်ရချင်လို့ တောင်းနေငြားသော်လည်း ဉာဏ်မဝင်လို့ရှိရင် မရပါဘူးဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ဉာဏ်မဝင်ရင် (မရပါ ဘုရား)၊ မရဘူးဆိုတာ သေချာပလား (သေချာပါပြီ)၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဉာဏ်ဦးလှည့်ကြည့်စို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာလုပ်ကြမယ် (ဉာဏ်ဦးလှည့်ကြရပါမယ် ဘုရား)၊ ဉာဏ်ဦးက ဘယ်ဘက် လှည့်ရမှာတုံးဆိုတော့ ဟောဒါ ဒကာ ဒကာမတွေ၏ ခန္ဓာ (မှန်ပါ့)၊ ဒီဟာက ဒကာ ဒကာမတွေ ရွံတဲ့ခန္ဓာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါ ဒကာ ဒကာမတွေ၏ တဏှာဆိုတဲ့ သင်္ခါရက္ခန္ဓာ (မှန်ပါ့)၊ ဒါ ဥပါဒါန်ဆိုတဲ့ သင်္ခါရက္ခန္ဓာ၊ ဒီတဏှာသည် ယခုဖြစ်ပေါ်တဲ့ခန္ဓာကို ဒကာ ဒကာမတွေက နောက်ခန္ဓာနဲ့ မဆက်အောင် ဉာဏ်ဝင်ရမယ် (မှန်ပါ့)။

နောက်ခန္ဓာနဲ့ မဆက်အောင် (ဉာဏ်ဝင်ရပါမယ်)၊ ဉာဏ်ဝင်ရမယ်ဆိုတာ သေချာပလား (သေချာပါပြီ)၊ ဉာဏ်ဝင်တော့ နောက်ခန္ဓာ ဆက်သေးရဲ့လား (မဆက်ပါ ဘုရား)၊ နောက်ခန္ဓာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဪ နောက်ခန္ဓာ ဒုက္ခသစ္စာကြီး ပြတ်သွားတာသည် နိဗ္ဗာန်ပဲဆိုတာ သူများပြောလား (ကိုယ်ကိုယ်တိုင် ပြတ်သွားတာပါ ဘုရား)။

နိဗ္ဗာန်အလုပ်ဟာ ဉာဏ်စခန်းအလုပ်

အင်း ဘာဝင်လို့ ပြတ်ပါလိမ့် (ဉာဏ်ဝင်လို့ ပြတ်ပါတယ် ဘုရား)၊ ဒီကနေဝင်တယ် (မှန်ပါ့)၊ အဲဒီတော့ ဉာဏ်ဝင်လို့ ပြတ်တာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကင်းကင်းရှင်းရှင်းဖြစ်ပြီး သကာလ နေတော့ ဪ နိဗ္ဗာန်အလုပ်ဟာ ဉာဏ်စခန်းအလုပ်ပါလား (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (ဉာဏ်စခန်းအလုပ်ပါ ဘုရား)၊ အားလုံး ဒကာ ဒကာမတွေ နိဗ္ဗာန်သွားချင်ရင် ဘာနဲ့လုပ်ရမလဲ (ဉာဏ်နဲ့လုပ်ရပါမယ် ဘုရား)၊ ဉာဏ်က ဘာဖြတ်ပါလိမ့် (တဏှာ ဥပါဒါန် ကံ ဖြတ်ပါတယ် ဘုရား)၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ဖြတ်တယ် (မှန်ပါ့)။

ဉာဏ်က ဘာဖြတ်ပါလိမ့် (ပဋိစ္စသမုပ္ပါဒ် ဖြတ်ပါတယ် ဘုရား)။

ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် တန်းနေတာကြီးဟာ တန်းနိုင်သေးရဲ့လား (မတန်းနိုင်ပါ ဘုရား)၊ ဝေဒနာနောက်က ဉာဏ်သွင်းလည်း ပြတ်တာပဲ (မှန်ပါ့)။

တဏှာနောက်က ဉာဏ်သွင်းရင်ကော (ပြတ်ပါတယ် ဘုရား)၊ တဏှာဖြစ်ပျက်ရှု မြင်တာက မဂ်ဖြစ်သွားရော (မှန်ပါ့ ဘုရား)။

ဒီမဂ်သာ ဝင်လိုက်ရင် (ပြတ်ပါတယ် ဘုရား)၊ ပြတ်တယ်ဆိုတာ သေချာကြပလား (သေချာပါပြီ)။

ဒါဖြင့် ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း မင်းတို့ကွာ တဲ့ “အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ”ဆိုတဲ့အတိုင်း ဓမ္မဒီပါ ဆိုတဲ့ မဂ္ဂင်တည်းဟူသော ကျွန်းသောင်ကြီးကိုသာ အားကိုးကြပါကွ တဲ့ (မှန်ပါ့)။

အတ္တဒီပသုတ် သံယုတ်ပါဠိတော်ကြီးမှာ ဟောထားတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာအားကိုးကြမယ် (မဂ္ဂင်အားကိုးကြရပါမယ် ဘုရား)၊ မဂ္ဂင်အားကိုးကြ၊ ဒကာ ဒကာမတို့ သေသေချာချာ မှတ်စမ်းပါ၊ အင်မတန် လူကြပ်တဲ့အထဲမှာ အပင်ပန်းခံလို့ ဆရာဘုန်းကြီးကလည်း ပြောနေတယ် (မှန်ပါ့)၊ ဒကာ ဒကာမတွေကလည်း ကြိုးကြိုးစားစားနဲ့ လာကြတယ် (မှန်ပါ့)၊ အဲဒီတော့ သယ်ယူပို့ဆောင်မည့် ကိုယ်ပိုင် ကိုယ့်ကျေးဇူးကို ရွက်ဆောင်မည့်တရားဟာ ဘယ်တရားတုံးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဘာ ပါလိမ့်ဗျာ (မဂ္ဂင်တရားပါ ဘုရား)။

လောကီမဂ္ဂင်ငါးပါး

ဒကာ ဒကာမတို့ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိဆိုတဲ့ လောကီမဂ္ဂင်ငါးပါး (မှန်ပါ့ ဘုရား)။

ဒါဟာ ဒကာ ဒကာမတို့ကို သယ်ယူပို့ဆောင်ပြီး သကာလ နိဗ္ဗာန်ထောင်သို့ ပို့မည့်တရား (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘာအားကိုးကြမယ် (မဂ္ဂင်အားကိုးကြရပါမယ် ဘုရား)၊ ဟို နောက်က ဒကာ ဒကာမတွေ မကြားဖူးတဲ့ ဒကာ ဒကာမတွေ ဘာအားကိုးကြမယ် (မဂ္ဂင်အားကိုးပါမယ် ဘုရား)၊ မဂ္ဂင်ငါးပါး (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

မဂ္ဂင်အားကိုးတော့ ဒီမှာစဉ်းစားလိုက်ပါ၊ ဥပမာမယ် ဝေဒနာဖြစ်တယ်၊ ဒကာ ဒကာမတွေ ခန္ဓာထဲမှာ နာတယ်၊ ယားတယ်၊ ကောင်းတယ် အလတ်စားဖြစ်တဲ့ ဝေဒနာသုံးမျိုး၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီ့ဝေဒနာကလေးတွေကို ဒကာ ဒကာမတွေက ဉာဏ်နဲ့ တည့်ထားပြီး သကာလ ဪ ဖြစ်ပြီး ပျက်တာ ပဲလို့ မဂ္ဂင်နဲ့ ရှုလိုက် (မှန်ပါ့)။

ရှုလိုက်တဲ့အခါကျတော့ ကိုယ့်အပျက်ကို ကိုယ်မြင်လိမ့်မယ် (မှန်ပါ့)၊ ကိုယ့်အပျက်က အနိစ္စ၊ ကိုယ်မြင်တာက မဂ္ဂ (မှန်လှပါ ဘုရား)။

ကိုယ့်အပျက်က (အနိစ္စပါ ဘုရား)၊ ကိုယ်မြင်တာက (မဂ္ဂပါ ဘုရား)၊ ဟောဒါ မဂ်ရတာပဲ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရ-ရပါလို၏ဆိုတာ ရှုမှ မဂ်ပေါ်တာ (မှန်ပါ့)၊ မရှုရင် (မပေါ်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ ဒါဖြင့် ခင်ဗျားတို့ ဒီက ရှေ့ကို နှုတ်နဲ့ ဆုတောင်းမှုကို ဖြုတ်ပြီး သကာလ အလုပ်လုပ်ယူပါ (မှန်ပါ့)။

အလုပ်လုပ်ယူရပါမယ်

နှုတ်နဲ့ ဆုတောင်းကို (ဖြုတ်ပြီးတော့)၊ ဘာယူရမလဲ (အလုပ်လုပ်ယူရပါမယ် ဘုရား)၊ အလုပ်လုပ်ပြီး ယူပါ ဆိုတာကိုဖြင့် လေးစားစွာနဲ့ပဲ တိုက်တွန်းပါတယ် (မှန်ပါ့)။

တိုက်တွန်းတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ ဒီဥစ္စာက တို့က တောင်းရိုး-တောင်းစဉ်နဲ့ တောင်းနေတာ၊ တကယ်ပြတ်ပါရဲ့လား မေးတော့ (မပြတ်ပါ ဘုရား)၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ပြတ်ကဲ့လား (မပြတ်ပါ ဘုရား)။

မပြတ်တော့ကို သူက လုပ်ချင်သလို အကြောင်းအကျိုးဆက်ပြီး ခန္ဓာကြီး ကျေးဇူးမပြုပေဘူးလား (ပြုပါတယ် ဘုရား)၊ ဒါဖြင့် ကိုင်းကွာ တဲ့ ဆုတောင်းနဲ့တော့ မပြတ်ဘူးဟေ့-တဲ့၊ အလုပ်နဲ့ ဖြတ်လိုက်မယ်ဆိုတော့ ဖြစ်-မဖြစ် (ဖြစ်ပါတယ် ဘုရား)။

သေသေချာချာ နားထောင်ကြပါ ဒကာ ဒကာမတို့နော် (မှန်ပါ့)၊ ကိုယ့်ဘဝကလေးတွေဟာ အခု မသေသေး တဲ့ ပုဂ္ဂိုလ်ရှိကြပါတယ်၊ မမာကျန်းတဲ့ ပုဂ္ဂိုလ်လည်း ထိုက်တန်သလောက် ရှိကြငြားသော်လည်း နောက်ဆုံးပိတ် ခင်ဗျား တို့အားလုံး မသာဖြစ်ကြမှာပဲ (မှန်ပါ့)၊ မဖြစ်မည့်ပုဂ္ဂိုလ် ပါသေးသလား (မပါပါ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးပြောရတယ်၊ ဒကာ ဒကာမတို့ အဲဒီဘဝမှာ နောင်တစ်ဖန် ဘဝကို ဆုမတောင်းလိုက်ပါ နဲ့ (မှန်ပါ့)၊ ဘာဖြစ်လို့တုံးဆိုတော့ မသာဆုတောင်းလို့ (မှန်လှပါ ဘုရား)။

ဘာတောင်းတာတုံး (မသာဆုတောင်းတာပါ)၊ ဘာဆုတောင်းတာတုံး (မသာဆုတောင်းတာပါ ဘုရား)၊ အို ခင်ဗျားတို့က ပြောနေတယ်၊ မသာများ ကျုပ်မပို့ချင်ဘူးတဲ့ (မှန်ပါ့)၊ အခု တောင်းယူထားတာက (မသာဆုတောင်းယူ ထားပါတယ် ဘုရား)၊ အဲဒီမှာ အလွဲကြီးလွှဲတယ် (လွဲပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာဆုတောင်းကြသလဲ (မသာဆုတောင်းကြပါတယ် ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကလည်း ခက်လိုက်တဲ့ဖြစ်ခြင်း၊ မသာ သွားရည်ကျတော့ လူခန္ဓာ လေးတောင်း (မှန်ပါ့)။

မသာဆုတောင်းတာ

ဟို နတ်ခန္ဓာကြီးက သုံးဂါဝုတ်ရှိတယ် (မှန်ပါ့)၊ ဒါဖြင့် မသာ သွားရည်ကျလို့ တောင်းတဲ့အဓိပ္ပာယ် ရောက်နေတယ် (မှန်ပါ့)။

ဒါဖြင့် ဒီဘဝ စုတေ မနေ သေလွန်ရလို့ရှိရင်ဖြင့် နတ်ခန္ဓာ ရ-ရပါလို၏ နတ်ဖြစ်ရပါလို၏ဆိုတော့ ဘာဆုတောင်းတာတုံး (မသာဆုတောင်းတာပါ ဘုရား)။

မလုပ်ပါနဲ့ဗျာ ရှက်စရာကြီး (မှန်ပါ့)၊ ခင်ဗျားတို့တောင် အခု မသာ မတွေ့ချင်ဘူးဆိုတာ အထင်ရှားနဲ့ ကိုယ်ကိုယ်တိုင် မသာ အရယူပါဦးမယ်ဆိုတော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် မသာ ဘယ်သူလုပ်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဟောဒီကံက လုပ်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မသာ ဘယ်သူက လုပ်ပါလိမ့် (ကံက လုပ်ပါတယ် ဘုရား)၊ ကမ္မဘဝပစ္စယာ ဇာတိကိုးဗျ (မှန်ပါ့)၊ ဇာတိဆို ကတည်းက ခန္ဓာပေါ်ပြီ (ပေါ်ပါပြီ)၊ ခန္ဓာပေါ်ရင် အိုမှု, သေမှုဆိုတဲ့ ဇရာ မရဏ လာမလား မလာဘူးလား (လာပါ တယ် ဘုရား)။

အင်း ဒါဖြင့် မသာ ဘယ်သူလုပ်ပါလိမ့် (ကံလုပ်ပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါဖြင့် ဒီကံကို ဘုန်းြ ကြီးတို့ ဒကာ ဒကာမတွေက ကံကိုအုပ်ချုပ်နေတဲ့ တဏှာ ဥပါဒါန်ကို ဒကာ ဒကာမတွေသည် သူ့ရှေ့နားရှိတဲ့ ဝေဒနာကို ဖြစ်ပျက်လို့ အနိစ္စရှုပါ (မှန်ပါ့)၊ ဉာဏ်ဟာ မဂ္ဂဖြစ်ပါတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဝေဒနာက (ဖြစ်ပျက်ပါ ဘုရား)၊ ဉာဏ်က (မဂ္ဂပါ ဘုရား)၊ ဝေဒနာက (ဖြစ်ပျက်ပါ ဘုရား)၊ ဖြစ်ပျက်ဆိုတာ အနိစ္စနော် (မှန်ပါ့)။

ဝေဒနာက ဖြစ်ပျက် ဉာဏ်က မဂ် (မှန်ပါ့)၊ ဝေဒနာက (ဖြစ်ပျက်ပါ)၊ ဉာဏ်က (မဂ်ပါ)၊ မဂ်ပဲ သိနေ တော့ ဪ ဒီမဂ်သည်ကားလို့ဆိုရင် ဘယ်သူဖြတ်လိုက်သတုံးဆိုတော့ ဒကာ ဒကာမတို့ မသာလုပ်ကြောင်း ဖြစ်တဲ့ တဏှာလည်း ဖြတ်လိုက်တယ် (မှန်ပါ့)၊ ဥပါဒါန်ကော (ဖြတ်ပါတယ်)၊ ကံကော (ဖြတ်ပါတယ်)၊ ဒါဖြင့် မသာ ပေါ်စရာ ရှိသေးသလား (မရှိပါ ဘုရား)၊ မသာသည် အသုဘ (မှန်ပါ့)၊ မသာဟာ ဘာပါလိမ့် (အသုဘပါ ဘုရား)။

ဒကာ ဒကာမတွေက နောက်ဘဝ လူဖြစ်ရပါလို၏, နတ်ဖြစ်ရပါလို၏, ဗြဟ္မာဖြစ်ရပါလို၏ ဆိုလို့ရှိရင် အသုဘ ဖြစ်ရပါလို၏ပဲ (မှန်ပါ့)၊ ဘာဖြစ်ရပါလို၏လဲ (အသုဘဖြစ်ရပါလို၏ပါ ဘုရား)။

အသုဘဖြစ်ရပါလို၏ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ခင်ဗျားတို့အတွက်ဖြင့် ဘုန်းကြီးက ကြားကနေ ပြောပေး တယ် (မှန်ပါ့)၊ မသာဆိုတာ ဆုတောင်းကောင်း မတောင်းကောင်း (မတောင်းကောင်းပါ ဘုရား)။

မသာ မျိုးစုံ ဖြစ်ရပါလို၏

မတောင်းကောင်းတာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုရားရှေ့မှာသွားပြီး ဤဆွမ်း, ဤကွမ်း, ဤဖယောင်း တိုင်, ဤမီးတွေကြောင့် စုတေမနေ သေလွန်ရသည်ရှိသော် လူ့ချမ်းသာ, နတ်ချမ်းသာ အကြိမ်ကြိမ်ခံစားပြီး၍ မသာ မျိုးစုံ ဖြစ်ရပါလို၏ (မှန်ပါ့)၊ ရောက်-မရောက် (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် အတောင်းဖြုတ်ပါတယ်ဆိုတာကိုဖြင့် သဘောကျပလား (ကျပါပြီ)၊ ဒါဖြင့် မသာလွတ်သွား လို့ရှိရင် တပည့်တော်တို့ ဘာဖြစ်မှာတုံး။ အို အသုဘလွတ်ရင် သုဘနိဗ္ဗာန်ရှိတော့တယ် (မှန်ပါ့)၊ အသုဘ လွတ်ရင် (သုဘနိဗ္ဗာန် ရှိပါတော့တယ် ဘုရား)။

အဲ ဒါဖြင့် ဘုရား တပည့်တော်တို့က မျက်စိလည်တာ သိပ်ကြောက်ပါတယ် (မှန်ပါ့)၊ ဒကာ ဒကာမ တို့ ဘယ်လိုမှတ်ကြမယ် (မျက်စိလည်တာ သိပ်ကြောက်ပါတယ် ဘုရား)၊ ဒကာကြွယ်ကြီး အိုကြီး-အိုမနဲ့ မလည်ချင် နဲ့တော့ (မှန်ပါ့)၊ ဦးလှဘူးကော (မလည်ချင်ပါ ဘုရား)၊ နောက်က ဒကာ ဒကာမတွေကော လည်ချင်သေးသလား (မလည်ချင်ပါ ဘုရား)။

တောင်ဝှေးထောင် မျက်မှန်ချွတ်ပြီး လည်တဲ့ဥစ္စာ သေခြင်းဆိုး သေချင်လို့နော် (မှန်ပါ့)၊ ဒါ့ကြောင့် မလည် ပါနဲ့ဆိုတာ ဒီကံကို ဒီနားကနေ ဝေဒနာဖြစ်ပျက် ရှုလိုက်လို့ရှိရင် ဉာဏ်ကလေးက ခန္ဓာထဲမှာ မဂ်ဖြစ်သွားတယ် (မှန်ပါ့)၊ မဂ်ဖြစ်လာတော့ တဏှာ, ဥပါဒါန် လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

မလာနိုင်တော့ ဒီဇာတိ, ဇရာ, မရဏဆိုတဲ့ နောက်မသာတွေ၊ နောက်အသုဘတွေ ဒကာ ဒကာမတို့ ကိုယ် ပိုင်ဖြစ်သေးရဲ့လား (မဖြစ်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မသာဖြတ်နည်း နိဿယည်း

ဒါဖြင့် မသာဖြတ်နည်း နိဿယည်းမှာဖြင့် ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ပဲရှိတယ် (မှန်ပါ့)၊ မသာသိမ်းနည်း နိဿယည်းဟာဖြင့် (ဝိပဿနာဉာဏ်, မဂ်ဉာဏ်ပဲ ရှိပါတယ်)၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့နည်းဟာဖြင့် (ဝိပဿနာဉာဏ် မဂ်ဉာဏ်ပဲ ရှိပါတယ် ဘုရား)။

ဒါဖြင့် ဆရာဘုန်းကြီးသည် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ တကယ့်ကျေးဇူးရှင်ပဲ၊ တို့မသာ တွေ သိမ်းပေးပါလား (မှန်ပါ့)၊ တို့ နောက်လာမည့် မသာတွေ သိမ်းပေးတယ် (မှန်ပါ့)၊ တို့ဒုက္ခတွေကို (သိမ်းပေးပါ တယ်)၊ တို့ကိလေသာမီး လောင်ရမည့် ကိစ္စတွေကို (သိမ်းပေးပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဆရာကို ခင်ဗျားတို့သည် ကိုးကွယ်ရတော့မယ်၊ ဆည်းကပ်ရတော့မယ်၊ နည်းပေး တာ ယူရတော့မယ် (မှန်ပါ့)၊ လှူဖို့, တန်းဖို့ မလိုပါဘူး ဘုန်းကြီးကို (မှန်ပါ့)၊ နည်းကိုယူသွားပါ (မှန်ပါ့ ဘုရား)။

လှူဖို့, တန်းဖို့ ဘာမှမယူနဲ့ ကိစ္စမရှိဘူး ခင်ဗျားတို့၊ ဒါမလိုပါဘူး၊ ခင်ဗျားတို့ နည်းယူရင် ကြိုက်ပါတယ် (မှန် ပါ့ ဘုရား)

ဒါဖြင့် ဝိပဿနာအလုပ်ကို ဆရာဘုန်းကြီး ပေးတာသည် ဒကာ ဒကာမတို့ သူများကယ်တင်တာလား ကိုယ့် ကိုယ်ကိုယ် ကယ်တင်တာလား (ကိုယ့်ကိုယ်ကိုယ် ကယ်တင်တာပါ ဘုရား)။

ကိုယ့်ကိုယ်ကိုယ် ကယ်တင်တာ

ဒါကို သေသေချာချာ မှတ်ပါ၊ ဝိပဿနာအလုပ် လုပ်တာသည် ဘယ်အကျိုးငှာပါလိမ့် (ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာအလုပ် လုပ်တာ ဘာပါလိမ့် (ကိုယ့်ကိုယ်ကိုယ် ကယ်တင်တာပါ)၊ ကိုယ့်ကိုယ်ကိုယ် ကယ်တင်တာ ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ဪ ခင်ဗျားတို့ကတော့ ထမင်းကလေး ကျွေးတာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်တယ်၊ ဆေးကလေးကျွေး တာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်တယ်၊ ဒီလိုထင်နေကြတယ် (မှန်ပါ့)၊ ဝတ်ကောင်း စားကောင်းကလေး ကျွေးမွေးပြီး ကိုယ့်ကိုယ်ကိုယ် ကယ်တင်တယ်လို့ ထင်ကြတယ် (မှန်ပါ့)၊ ဘယ်လိုကျွေးကျွေး၊ ဘယ်လိုမွေးမွေး အိုဘေး, နာဘေး, သေဘေးက ရပ်စဲရဲ့လား (မရပ်စဲပါ ဘုရား)။

အဲဒါ ကယ်တင်တဲ့တရား မဟုတ်လို့ မရပ်စဲတာ (မှန်ပါ့)၊ ကယ်တင်တဲ့ တရားမဟုတ်လို့ (မရပ်စဲတာပါ)၊ မရပ်စဲတာဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာလုပ်ပါလို့ ဆရာဘုန်းကြီးက တိုက်တွန်းရမှာလား၊ ကိုယ့်ကိုယ် သနားလို့ ကိုယ်ကယ်တင်ရမှာလား (ကိုယ့်ကိုယ်သနားလို့ ကိုယ်ကယ်တင်ရမှာပါ ဘုရား)။

ဟာ အတော်စကားတတ်လို့ အတော်တတ်တဲ့ ဘုန်းကြီးလို့လည်း အောက်မေ့မနေနဲ့ (မှန်ပါ့)၊ ခင်ဗျားတို့ အတွက် ပြောတာ (မှန်ပါ့)၊ ကိုယ့်ဒုက္ခကို ကိုယ်သိမ်းတဲ့ဥစ္စာသည် ကိုယ့်ကိုယ် ကယ်တင်တာ ဟုတ်-မဟုတ် (ဟုတ်ပါ တယ် ဘုရား)။

ဒါဖြင့် တို့ဆရာဘုန်းကြီး ရောက်လာပြီ၊ တို့လည်း ကိုးကွယ်နေတယ်၊ ဆည်းကပ်နေတယ်၊ ကယ်တင်တဲ့နည်းက လည်း သူ့ဆီမှာရှိတယ်၊ ဒါဖြင့် ကြိုးစားပြီး နာမှပဲ၊ ကြိုးစားပြီးလုပ်မှပဲဆိုတဲ့ စိတ်မွေးလို့ရှိရင် ဪ ကိုယ့်ကိုယ် ကိုယ် သနားတဲ့ပုဂ္ဂိုလ်ထဲ ပါသွားပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ နို့မဟုတ်လို့ရှိရင် ကိုယ့်ကိုယ်ကိုယ် သနားတဲ့ထဲ ပါသေးရဲ့လား (မပါပါ ဘုရား)။

ရူးချက်က သိပ်သန်တယ်

အဲ ဒီဒကာ ဒကာမတွေဟာ သနားတာတောင်မှ မှန်မှန်မသနားတတ်ဘူး (မှန်ပါ့)၊ တယ်လည်း ကြောက် စရာကောင်းပါလား (မှန်ပါ့)၊ ရူးချက်က သိပ်သန်တယ်နော် (သန်ပါတယ် ဘုရား)။

ရူးချက်က (သန်ပါတယ်)၊ အို ဒီကလေးကလေး လူလားမမြောက်သေးတာနဲ့ တပည့်တော်ဖြင့် ဘုရား ဝိပဿနာအလုပ် မလုပ်နိုင်သေးအောင် ဖြစ်နေတယ်၊ စီးပွားရေးကလေးက ချို့တဲ့နေတာနဲ့ ဝိပဿနာအလုပ် မလုပ် နိုင်သေးဘဲ ဖြစ်နေတယ်ဆိုတော့ ကိုယ့်ကိုယ်ကယ်တင်တဲ့ အလုပ်ရပ်စဲတာ (မှန်ပါ့ ဘုရား)။

ဘာရပ်စဲတာတုံး (ကိုယ့်ကိုယ်ကယ်တင်တဲ့အလုပ် ရပ်စဲတာပါ ဘုရား)၊ အဲဒီ ကိုယ့်ကိုယ်မှ မသနားတဲ့ပုဂ္ဂိုလ် ဟာ သူများကို ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ ညကို ကြေးစည်ကလေးရိုက်ပြီး အော်နေတာ အလကား (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကြေးစည်ရိုက်ပြီး အော်နေတာ အားလုံး အမျှဗျာ၊ ကျန်းမာပါစေ ချမ်းသာပါစေဆိုတာ ကိုယ့်ကိုယ်တော့ မကယ်တင်ဘူး (မှန်ပါ့)၊ သူများတော့ဖြင့် ကျန်းမာပါစေ ချမ်းသာပါစေလို့ အမျှပေးတယ်ဆိုတဲ့ဥစ္စာ မပေးရဘူးလို့ မဆိုပါဘူး (မှန်ပါ)၊ သို့သော် ကိုယ့်ကိုယ် ကယ်တင်တဲ့အလုပ် မပါဘူး (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမလဲ (ကိုယ့်ကိုယ်ကယ်တင်တဲ့အလုပ် မပါပါ ဘုရား)၊ ကိုယ့်ကိုယ်ကယ်တင်တဲ့အလုပ် မပါဘူး ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ကြေးစည်ရိုက်တာ မကြည်ညိုလို့ မဟုတ်ပါဘူး၊ သို့သော် လိုရင်းဟာနေ လို့ ပြောရတာ (မှန်ပါ့ ဘုရား)။

ဘယ်လိုပါလိမ့် (လိုရင်း ဟာနေလို့ပါ)၊ လိုရင်း ဟာနေလို့ ပြောရပါတယ်ဆိုတော့ သေချာကြပလား (သေချာ ပါပြီ)၊ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် သနားတဲ့ပုဂ္ဂိုလ်ဖြင့် ဘာလုပ်ရမလဲ (ဝိပဿနာလုပ်ရပါမယ် ဘုရား)။

ကျယ်ကျယ်ပြော ကျယ်ကျယ်ပြော၊ ခင်ဗျားတို့ ဒီဥစ္စာ နားကိုလည်နေမှ (မှန်ပါ့)၊ ကိုယ့်ကိုယ်သနားရင် ဘာလုပ် ရမယ် (ဝိပဿနာလုပ်ရပါမယ် ဘုရား)။

ဝိပဿနာအလုပ် လုပ်လိုက်တော့ ဒကာ ဒကာမတို့ ဒါဟာ ခင်ဗျားတို့ ခန္ဓာကိုယ်၊ ဒီဘက်က နောက်လာမည့် ခန္ဓာကိုယ်၊ ဒါရှေ့ခန္ဓာကိုယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖဿဝေဒနာ ဒါ ရှေ့ခန္ဓာကိုယ်ဗျာ၊ ဒီစိတ်တစ်လုံးဟာ ခန္ဓာတစ်ခုကိုး (မှန်ပါ့)၊ အဲဒီခန္ဓာကို ဝေဒနာကို ဒကာ ဒကာမတွေက ဖြစ်ပျက်ရှုလိုက်တော့ တဏှာ, ဥပါဒါန်, ကံ နောက်ခန္ဓာ လာသေးရဲ့လား (မလာပါ ဘုရား)။

မလာတော့ အိုဘေး, နာဘေး, သေဘေး, ဆိုတာတွေ နောက်က ဒကာ ဒကာမတို့ အဆက်ပြတ်-မပြတ် (မပြတ်ပါ ဘုရား)၊ ဒါ ဘယ်သူ့ကယ်တင်လိုက်တာတုံး (ကိုယ့်ကိုယ်ကယ်တင်တာပါ ဘုရား)။

ဒီမဂ်ကိုရအောင် အားထုတ်ရမယ်

ဒါဖြင့် ဘုန်းကြီးက ဒီဒကာ ဒကာမတွေ အမေ မိဘ မတော်ဘူးသူ မည်သည်မရှိလို့ ကယ်ယူပို့ဆောင်မည် ဆိုငြားသော်လည်း နည်းသာပေးတတ်တယ်၊ ဒီမဂ်ကိုရအောင် ခင်ဗျားတို့ တရားတစ်ပွဲလုံးက အားထုတ်ရမယ် (မှန် ပါ့)၊ ရှင်းကြပလား (မှန်ပါ့ ဘုရား)။

ဝေဒနာနောက်က ဘာထားရမလဲ (မဂ်ထားရပါမယ်)၊ မဂ်ထားပေးရမယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဘုရားတပည့်တော်တို့ ဝေဒနာဆိုတော့ အင်မတန်နုပါတယ် ဘုရား ဆိုလို့ရှိရင်တော့ တဏှာ နောက်က မဂ်ထားပေး တဏှာလာရင် ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုရမယ်။

တဏှာလာရင် ဖြစ်ပျက်ရှုလိုက်တော့ တဏှာက ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား)ဆိုတော့ ဥပါဒါန်, ကံ လာသေးရဲ့လား (မလာပါ ဘုရား)။

ဪ ဒါလည်း ကိုယ့်ကိုယ်သနားလို့ ကယ်တင်လိုက်တာပဲ (မှန်ပါ့)၊ ဒကာ ဒကာမတွေ ဘယ့်နှယ်ဆိုကြ မလဲ (ကိုယ့်ကိုယ်ကိုယ်သနားလို့ ကယ်တင်လိုက်တာပါ ဘုရား)။

ဪ ဒီဒကာ ဒကာမတွေ ကယ်တင်နည်း နိဿယည်းတောင်မှ မကြိုက်တဲ့ပုဂ္ဂိုလ်တွေဖြစ်နေတော့ ဒီဒကာ ဒကာမတွေကို ဘုန်းကြီးစွဲချက်တင်ချင်တာက ဘယ်လိုတင်ရမလဲလို့ မေးတော့ ရေနည်းတဲ့အထဲမှာ ငါးငယ် ကလေးတွေက ပြေးနေကြတယ် (မှန်ပါ့ ဘုရား)။

အခုလို နွေရာသီကြီး ပူက ပူသနဲ့ဆိုတော့ ကယ်မည့်ပုဂ္ဂိုလ်က ဇွန်းကလေးနဲ့ဖြစ်စေ၊ ခွက်ကလေးနဲ့ဖြစ်စေ လိုက်ပြီး ရေများရာ ပို့မလို့ သူ့ကို လိုက်ဖမ်းတဲ့အခါ ကြာလေပြေးလေပဲ၊ အဖမ်းမခံဘူး (မှန်ပါ့)။

သူက အတင်းပြေးတယ်

အင်း ဒီပုဂ္ဂိုလ်ကလည်း စေတနာကောင်းနဲ့ ရေနည်းရာက ရေများရာ ပြောင်းပြီး သကာလ ဘာတုံး (ကယ်ယူပို့မလို့ပါ)၊ အဲဒါ သူက အတင်းပြေးတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီငါးကလေး ကုန်းပေါ်က ပညာရှိကနေပြီးတော့ ဪ ဒါကြောင့် တိရစ္ဆာန်ဖြစ်တာပဲ။ ကယ်တင် မည့်လူ ရှောင်တယ် (မှန်ပါ့)၊ ဘာ,ရှောင်တာပါလိမ့် (ကယ်တင်မည့်သူ ရှောင်တာပါ ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့ တရားနာ မလာကြဘူး။ တရားအားမထုတ်တော့ဘူးဆိုလို့ရှိရင် ဘုန်းကြီးက ခွက်နဲ့ လိုက်ပြီး သကာလ ကော်ပြီး သကာလ ခင်ဗျားတို့ ရေများရာ ချမ်းသာရာ ပို့နေတဲ့ဥစ္စာ ခင်ဗျားတို့က မလာတော့ဘူး ဆိုတော့ ခင်ဗျားတို့ လူလား၊ ခုနင်က ငါးတိရစ္ဆာန်မို့လား (ငါးတိရစ္ဆာန်မို့ပါ ဘုရား)။

အဲဒါ ရက်ရွှေ့ရင် ဒီအတိုင်းမှတ်ပါ (မှန်ပါ့)၊ ရက်ရွှေ့ရင် (ဒီအတိုင်းမှတ်ပါ)၊ ဆူတယ်လို့တော့ အောက်မေ့ မနေကြနဲ့နော် (မှန်ပါ့)၊ ခင်ဗျားတို့ သနားလို့ပြောတာ (မှန်လှပါ ဘုရား)။

ဘုန်းကြီးများကတော့ စေတနာတော့ ရှိပါတယ်။ တစ်ယောက်တည်းလာလည်း ပြောရတော့မှာပဲ။ အခုလို သောင်းကိုးထောင်လာလည်း (ပြောရတော့မှာပါ ဘုရား)။

ပြောရမှာပဲ ဒကာ ဒကာမတို့ သို့သော် ဒကာ ဒကာမတွေက အိမ်ကျတဲ့အခါကျတော့ ကုလားဖန်ထိုး တယ်လို့လည်း မယူပါနဲ့။ တရားလို့သာ မှတ်ပါ (မှန်ပါ့)။

ဪ ဒီနေ့တော့ သားကလည်း မလာ။ သမီးကလည်း အကြောင်းက မညီညွတ်သေးဘူးဆိုတော့ ဒီနေ့ တော့ ဆရာဘုန်းကြီးဆီ မသွားသေးဘူး (မှန်ပါ့)၊ ဒီနေ့ ဆယ်ယူတာ မခံသေးဘူး (မှန်ပါ့)။

ဘာပါလိမ့် (ဆယ်ယူတာ မခံသေးပါ)၊ ဟ ဒီနေ့ ဘာနေ့ပါလိမ့်။ ဆယ်ယူတာမှ မခံတဲ့နေ့ဆိုတော့ ချောက်ကျတဲ့နေ့ဗျ (မှန်ပါ့)၊ နေ့ကောင်း ရက်ကောင်း မှတ်မနေနဲ့ (မှန်ပါ့)။

ချောက်ကျတဲ့နေ့ကို (နေ့ကောင်းရက်ကောင်း မှတ်နေပါတယ် ဘုရား)၊ နေ့ကောင်းရက်ကောင်း မှတ်ပြီးသ ကာလနေတော့ ဪ မသွားလိုက်ရလို့ မတိုး။ မတိုးလိုက်ရလို့ မကျင့်။ မကျင့်ရခြင်းကြောင့် မရော့လား (မှန် ပါ့)၊ ဒီအဓိပ္ပာယ်မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါ ကိုယ့်အိမ်ကျလို့ရှိရင် ခင်ဗျားတို့ ဆင်ခြေလည်းပါလိမ့်မယ် (မှန်ပါ့)၊ သားကလေးက အကြောင်းမညီလို့ သမီးက အကြောင်းမညီလို့၊ သားက မကြုံလို့ အမျိုးမျိုး ခန္ဓာကိုယ်က ခေါင်းကြီးက ကိုက်သလိုလို-လည်က နာသလိုလို နဲ့ ကြပ်သလိုလိုနဲ့ ခင်ဗျားတို့က လုပ်ချင်တာ (မှန်ပါ့)။

ကိလေသာက ဝင်စားတာ အောက်မေ့

ဒါ ကိလေသာက ဝင်စားတာ အောက်မေ့ (မှန်ပါ့)၊ တိရစ္ဆာန်စိတ်ပေါက်အောင်လို့ ကိလေသာက ဝင်စားတာ လို့ မှတ်လိုက်ပါ (မှန်ပါ့)၊ ဘယ်လိုမှတ်ကြမယ် (တိရစ္ဆာန်စိတ်ပေါက်အောင်လို့ ကိလေသာက ဝင်စားတာပါ ဘုရား)။

ဒီနေ့မလာရလို့ရှိရင်ဖြင့် အိမ်မှာ ဝိပဿနာ ထိုင်ချင်ထိုင်။ မထိုင်ဘဲနဲ့ ခုနင်က ဝေယျာဝစ္စတွေ လျှောက်လုပ် ကြမယ်၊ ဘယ်သူ့ မျှောနေတယ်။ ဘယ်သူ့တောင့်တနေတယ်ဆိုလို့ရှိရင်ဖြင့် ကယ်တင်တာ လက်မခံတာပဲ (မှန်ပါ့)။

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ကယ်တင်တာ လက်မခံတာပါ ဘုရား)၊ ကယ်တင်တာ လက်မခံတာဟာ လူဖြင့် ခံရမယ် (မှန်ပါ့)၊ ငါးတိရစ္ဆာန်ဖြင့် (မခံပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဪ တပည့်တော်တို့ သေခါနီးမှ ကယ်တင်တာ လက်မခံဘူးဆိုတာ ဒကာကြွယ် ဒီ့ထက်အရုပ်ဆိုးတာ ရှာတွေ့ရဲ့လား (မတွေ့ပါ ဘုရား)။

သေခါနီးမှ ဘာတုံး (ကယ်တင်တာ လက်ခံရပါမယ်)၊ လက်မခံဘူးဆိုလို့ရှိရင် သေခါနီးတောင်မှ ရောင်းတုန်း ဆိုရင်ဖြင့် လက်ခံတဲ့အဓိပ္ပာယ် ရောက်ပါရဲ့လား (မရောက်ပါ)၊ မရောက်ဘူး ဒကာကြွယ်ရ။

အဲဒီတော့ သေခါနီး မိုက်တော့ မမိုက်လိုက်ပါနဲ့ (မှန်လှပါ ဘုရား)၊ ကယ်တင်တဲ့အထဲမှာ ဇလုံနဲ့ကော်ပြီး ရေ များရာ ပို့နေတယ်။ နိဗ္ဗာန်ပို့နေတာကို ဒကာကြွယ်က ဒီနေ့ အရောင်းအဝယ်ကလေးက သွက်နေတာနဲ့ ပြတ်နေတာ လည်း ကြာပြီဘုရာ့၊ ဒါကလေးတော့ဖြင့် လွတ်သွားလို့ရှိရင် တပည့်တော်တို့ ခက်တော့မယ် ဘုရာ့။ အဲဒါ ဘာမှမခက် ဘူး (မှန်ပါ့)၊ အဲဒါ စီးပွားမရရုံပဲ (မှန်ပါ့)။

အပါယ် အမွေခံရပါလိမ့်မယ်

ဘုန်းကြီးပြောတာ မလုပ်မိလို့ရှိရင်ဖြင့် အပါယ် အမွေခံရပါလိမ့်မယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ)၊ ဘာအမွေခံရမှာတုံး (အပါယ်အမွေခံရမှာပါ ဘုရား)။

အပါယ်အမွေခံရမယ်ဆိုတော့ အပါယ်ကို ဘာနဲ့ဆပ်မတုံးဆိုတဲ့ မေးခွန်းပေါ်လာတယ် (မှန်ပါ့)၊ ဘာနဲ့မှ ဆပ်လို့မရဘူး ခန္ဓာနဲ့ဆပ်မှ ရတယ် (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတို့ ဘာနဲ့ဆပ်ကြမလဲ (ခန္ဓာနဲ့ ဆပ်ရမှာပါ)၊ ခံနိုင်ကြပါ့မလား (မခံနိုင်ပါ ဘုရား)။

ဒီတစ်ခါ ဒီကံ,ကလေး ခန္ဓာနဲ့ အဆပ်ခိုင်းလိုက်တယ်။ ပထမ ဒယ်အိုး။ နောက်တစ်ခါ ပထမ ဒယ်အိုးက နှစ် စေ့သွားတော့ ဒုတိယကံ,ကနေပြီးတော့ ဒုတိယ ဒယ်အိုးထဲမှာ ထည့်ပေးတယ် (မှန်ပါ့)၊ ဘာခန္ဓာနဲ့ ဆပ်နေရသတုံး (အပါယ်ခန္ဓာနဲ့ ဆပ်ရပါတယ်)၊ မိမိခန္ဓာနဲ့ ဆပ်နေရတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာနဲ့ ဆပ်ရသတုံး (မိမိခန္ဓာနဲ့ ဆပ်ရပါတယ် ဘုရား)၊ ဪ ပိုက်ဆံပေးလို့ရသလား (မရပါ ဘုရား)၊ ဆွေမျိုး ဉာတကာ အစားထိုးလို့ရမလား (မရပါ ဘုရား)၊ ဘာနဲ့ ဆပ်ရမတုံး (ခန္ဓာနဲ့ ဆပ်ရပါမယ် ဘုရား)။

ခန္ဓာနဲ့ ဆပ်ရမယ်ဆိုတော့ ဒကာ ဒကာမတို့ ဆားမှ မြီးရဲပါ့မလား (မမြီးရဲပါ)၊ ငရဲမီးဆိုတာ ဒကာ ဒကာမတို့ ဒီကျောင်းလောက်ရှိတဲ့ စိုပေ့ဆိုတဲ့ သဖန်းသား အစည်းတွေကို ပုံပါ။ ငရဲမီး ပိုးစိမ်းဖြူလောက် ဒီထဲကျလို့ရှိရင် ဒကာ ဒကာမတို့ ဒီတစ်ပုံကြီးဟာ ဟုန်းခနဲဆိုပြီး အကုန် မီးလောင် အကုန်ပြာကျတယ် (မှန်ပါ့)၊ ကျသည်နဲ့တစ်ပြိုင် နက်တည်း ပြာဖြစ်တာပဲ (မှန်ပါ့)။

ခန္ဓာနဲ့ ဆပ်ရမယ်ဆိုတော့

အဲဒါ ခန္ဓာနဲ့ ဆပ်ရမယ်ဆိုတော့ ဆပ်နိုင်ကြပါ့မလား (မဆပ်နိုင်ပါ ဘုရား)၊ ဒါဖြင့် ကြောက်ပါပေါ့ ဘုရား တပည့်တော်တို့ ဒီခန္ဓာ ဇာတ်သိမ်းပါတော့မယ် (မှန်ပါ့)။

ဘာလုပ်ကြမယ် (ခန္ဓာဇာတ်သိမ်းပါတော့မယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ဘာလုပ်ကြမယ် (ခန္ဓာ ဇာတ်သိမ်းပါတော့မယ် ဘုရား)။

သူများပြောလို့ မပြောလိုက်ပါနဲ့ ကိုယ့်ခန္ဓာကြီးက နေ့တိုင်း ကျွေးရင်းမွေးရင်းနဲ့ ကိုယ့်သန္တာန်မှာ ကျွေးရင်း မွေးရင်းနဲ့ (ဒုက္ခရောက်ပါတယ် ဘုရား)၊ ဆင်ရင်းပြင်ရင်းနဲ့ (ဒုက္ခရောက်ပါတယ် ဘုရား)၊ တားလို့ရရဲ့လား (မရပါ ဘုရား)။

ဒါဖြင့် သူ့ရထားတဲ့အတွက်ဟာ ဒကာ ဒကာမတို့ အလွန်ဆိုးတဲ့ ခန္ဓာငါးပါးဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)၊ ကျွေးရှင်မွေးရှင်ရယ်လို့ ငဲ့ပါရဲ့လား (မငဲ့ပါ ဘုရား)၊ ဘယ်အရောက်သွားသတုံး (အပါယ်လေးပါး အရောက်သွားပါ တယ် ဘုရား)။

ဆင်တဲ့ပြင်တဲ့ ပုဂ္ဂိုလ်ရယ်လို့ကော (မငဲ့ပါ ဘုရား)၊ ဘယ်အရောက်သွားသတုံး (အပါယ်လေးပါး အရောက် သွားပါတယ် ဘုရား)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုန်းကြီးပြောချင်တာက ခင်ဗျားတို့ ခန္ဓာကြီးဟာ သူ သတ်ယောကျ်ား (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ခန္ဓာကြီးဟာ သူ သတ်ယောကျ်ား

ခင်ဗျားတို့ ခန္ဓာကြီးဟာ (သူသတ်ယောကျ်ားပါ ဘုရား)၊ ပထဝီဓာတ်က သတ်လိုက်တယ်ဆိုလို့ရှိရင်လည်း တောက်လျှောက်သေတာပဲ (မှန်ပါ့)၊ အာပေါဓာတ်က သတ်လိုက်တယ်ဆိုရင်လည်း ဆီးလွန်သေးလွန်ပြီး သေတာပဲ (မှန်ပါ့)၊ ဝါယောဓာတ်က သတ်လိုက်တယ်ဆိုလို့ရှိရင်လည်း ရောင်ဖောပြီး (သေတာပါပဲ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဝေဒနာတွေက သတ်လိုက်ပြန်ရင်ကော (သေပါတယ် ဘုရား)၊ သညာတွေက အမှတ်မှားပြီး လန့်ဖြန့် ပြီး သေတာကော (ရှိပါတယ် ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ခန္ဓာငါးပါးဟာ ဘာတရားလို့ ဆိုကြမလဲ (သူသတ်သမားပါ ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒါရှင်သာရိပုတ္တရာ ဟောတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ခန္ဓာငါးပါး ဘာတရားပါလိမ့် (သူသတ်သမားပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေက မနက်ကျတော့ ကပျာကယာ သုတ်သုတ်ကလေးထပြီး မျက်နှာကလေး သစ် ကျင်ကြီးကျင်ငယ်ကလေး စွန့်ပြီး သကာလ ကပျာကယာ အိမ်ထဲက ဆန်ယူပြီး ချက်ကြပြုတ်ကြတယ်၊ ဘာလုပ် ကြဖို့တုံးလို့ မေးလို့ရှိရင် ခန္ဓာအခွန်ဆက်ဖို့ပဲ (မှန်ပါ့)။

ဘာလုပ်ဖို့ပါလိမ့် (ခန္ဓာအခွန်ဆက်ဖို့ပါ ဘုရား)၊ ရှင်းရှင်းပြောပါ ခင်ဗျားတို့ ဘာလုပ်ကြတာတုံး (ခန္ဓာအခွန် ဆက်ကြတာပါ ဘုရား)။

ဪ ဒါဖြင့် သေမင်းအခွန်ဆက်တယ် (မှန်ပါ့)၊ ခန္ဓာငါးပါးက သူသတ်ယောကျ်ားကိုး (မှန်ပါ့)၊ ခန္ဓာ ငါးပါးက (သူသတ်ယောကျ်ားပါ ဘုရား)။

အဲ မနက်မိုးလင်းတဲ့အခါ တာရှည်နေဖို့ကို ဟုတ်လား၊ ကာဖီကလေးရင်လည်း တိုက်ကြတယ်၊ မုန့်ကလေး ရင်လည်း ကျွေးကြမွေးကြတယ်၊ ဟာ ဘာလုပ်ကြတာတုံး (အခွန်ဆက်တာပါ ဘုရား)၊ ဘယ်သူ့အခွန်ဆက်တာ တုံး (သေမင်း အခွန်ဆက်တာပါ ဘုရား)။

ဒီတစ်ခါ အခွန်မဆက်ပါနဲ့

ခန္ဓာက ဒကာ ဒကာမတို့ သေမင်းလားတဲ့၊ သေခြင်းလွတ်အောင် လုပ်တတ်တဲ့တရားလား (သေမင်းပါ ဘုရား)၊ ဪ ခင်ဗျားတို့ ဝဋ်ကြီးလိုက်တာ သေမင်း အခွန်ဆက်နေတယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘာအခွန် ဆက်ပါလိမ့် (သေမင်း အခွန်ဆက်ပါတယ် ဘုရား)၊ ဘယ်လောက်ကြာခဲ့ကြပလဲ (မရေတွက်နိုင်ပါ ဘုရား)၊ ဘဝပေါင်း များစွာကပဲ (မှန်ပါ)။

ဒီတစ်ခါ အခွန်မဆက်ပါနဲ့။ သူ့ကို မင်းခိုင်းကျွေးရုံတွင် ကျွေးမယ်ကွ။ မင်းလွတ်ရာ သွားမယ်ကွ။ မင်းသတ် ခဲ့လို့ သေရတာတွေ များလှပြီ။ နတ်ပြည်မှာ ဒကာ ဒကာမတို့ သူပုန်လည်း မရှိဘူး (သဘောကျပလား)၊ မင်းစိုးလည်း ထားပါတော့။ သတ်နိုင်တဲ့မင်းလည်း မရှိပါဘူး အလိုလိုသေကြတယ် (မှန်ပါ့)၊ ဘယ်သူက သတ်တာတုံး (ခန္ဓာက သတ်တာပါ ဘုရား)၊ ခန္ဓာကသတ်တာ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ဘယ်သူက သတ်ပါလိမ့် (ခန္ဓာက သတ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ လူ့ဘဝ ဆုတောင်းတာဟာ သူသတ်ယောကျ်ားနဲ့ မခွဲမခွါ နေရပါလို၏ (မှန်ပါ့)၊ နတ်ဘဝ ဆုတောင်းတာကော (သူသတ်ယောကျ်ားနဲ့ မခွဲမခွါ နေရပါလို၏)၊ ရူးလိုက်တာများ (မှန်ပါ့)။

ဒကာ ဒကာမတို့ နည်းနည်းရူးတာလား သွက်သွက်ခါအောင် ရူးတာလား (သွက်သွက်ခါအောင် ရူးတာပါ ဘုရား)။

အံမာလေး ဖြစ်မှဖြစ်ရပလေ။ သွက်သွက်ခါအောင်တော့ မကောင်းတော့ဘူး (မှန်ပါ)၊ ရွာထဲ မြို့ထဲ သုံးဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)၊ ကဲ ခင်ဗျားတို့ရူးနေတာ အခု ဒီမှာ တရားနာလို့သာ သိတာ။ နို့မဟုတ်ရင် သွက်သွက်ခါပြီ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

နာကြသလားဗျ (မနာပါ ဘုရား)၊ အင်း နာချင်လည်းနာ ရူးတာက ဒီထက်ပိုတယ်အောက်မေ့ (မှန်ပါ့)၊ နာချင်လည်းနာ ရူးတာက (ဒီ့ထက်ပိုပါတယ် ဘုရား)၊ ဒီ့ထက်ပိုတယ် အောက်မေ့ပါ (မှန်ပါ့)။

ကျုပ်တို့ကတော့ဖြင့် ဆရာဝန်ကို ဘယ်လောက်ပေးရပေးရ ဒီခန္ဓာကျန်းမာရင် ကြိုက်ပါတယ်၊ အသက်နဲ့ လဲရလဲရ။ ရှိတဲ့ပစ္စည်းတွေထဲက ပုံတိုက်ပေးရပေးရ။ အံမာ တရားဆိုင် တယ်ရဲပါလား ပြီးတော့ လွတ်ကဲ့လား (မလွတ်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာငါးပါးဟာ ဘာတရားလို့ဆိုမလဲ (သူသတ်ယောကျ်ားပါ ဘုရား)။

ရှင်သာရိပုတ္တရာ ဟောတာ

အဲဒါ ခင်ဗျားတို့ကို ရှင်းပြပါမယ်။ ဒါ ရှင်သာရိပုတ္တရာ ဟောတာ (မှန်ပါ့)၊ ဒီခန္ဓာငါးပါး လာသ၍ဟာ ဖြင့် သူသတ်ယောကျ်ားလက်ထဲမှာ ခေါင်းစင်းပြီး သေပွဲဝင်ဖို့ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ ပြီ)။

ကိုင်း ခင်ဗျားတို့ လောကီဥပမာနဲ့ ဘုန်းကြီးရှင်းပြပါမယ် လောကီဥပမာနဲ့ ရှင်းပြပါမယ်၊ သေသေချာချာ နားထောင်ပါ (မှန်ပါ့)၊ ငန်းတော်ကြားမြွေဆိုတာ ဒကာကြွယ်တို့ ကြားဖူးတယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့ ငန်းတော် ကြားမြွေဆိုတာ ကြားဖူးသလား (ကြားဖူးပါတယ်)၊ အဲဒါ မြွေမင်းတဲ့ (မှန်ပါ့)၊ ဘာပါလိမ့် (မြွေမင်းပါ ဘုရား)။

မြွေမင်းဟာ ဒကာ ဒကာမတို့ သူက ပါးစပ်ကလေး ဟနေတယ် ဘေးက သူ့ထက် တန်ခိုးနိမ့်တဲ့ မြွေကလေး တွေက အစာရှာပြီး သကာလ ပါးစပ်ထဲသွင်းရတယ် (မှန်ပါ့)။

ခိုင်းနေလိုက်တာ တော်တော်ကြာ ကြွက်ကလေး ရှာသွင်းရ အိမ်မျှောင်ကလေး ရှာသွင်းရ၊ မရှာနိုင်တဲ့အဆုံး ကျတော့ ဒီမြွေကလေးပါ ပါးစပ်ထဲ ဝင်လိုက်ရတယ် (မှန်ပါ့)၊ ဘယ်လောက်ဆိုးသတုံး (ဆိုးပါတယ် ဘုရား)။

ရှာသွင်းနိုင်ရင် ရှာသွင်း၊ ရှာမသွင်းနိုင်တော့ ဘာလုပ်ရသလဲ (ကိုယ့်ကိုယ်တိုင် ဝင်ရပါတယ် ဘုရား)၊ ကိုယ့် ခန္ဓာရဲ့ အခွန်ဆက်လိုက်တယ် (မှန်ပါ့)။

ဒီမှာလည်း ခင်ဗျားတို့ တိုက်နဲ့နေတယ်။ တာနဲ့နေတယ်၊ ထောပတ်ထမင်း ဒံပေါက်ထမင်းနဲ့ ရှာကျွေးနေရ တာ (မှန်ပါ့)၊ မြွေငယ်ကလေးက ရှာပေးနေရတာ (မှန်ပါ့)၊ ပုဂ္ဂိုလ်က ရှာသွင်းနေတာ (မှန်ပါ့)(။

နောက်ဆုံးပိတ် မသွင်းနိုင်တဲ့ တစ်နေ့ကျလို့ရှိရင်ဖြင့် သူကပဲ ခင်ဗျားတို့ သတ်တော့မယ် (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့အိမ်မှာ အန္တရာယ်ရှင်းလို့ ဘေးကင်းပါရဲ့လား (မကင်းပါ ဘုရား)၊ ဘာတွေရှိသလဲ (သူသတ် ယောကျ်ားတွေ ရှိပါတယ် ဘုရား)။

ငါးယောက်ရှိတယ်နော် ဒီအိမ်မှာ သူသတ်ယောကျ်ား ငါးယောက်ရှိပါတယ် (မှန်ပါ့)၊ တစ်ယောက် တစ် ယောက်မှာ သူသတ်ယောကျ်ား ငါးခုငါးခုရှိပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြုကျိုး စုကျိုးကော နပ်ပါရဲ့လား (မနပ်ပါ ဘုရား)၊ ပြင်ကျိုး ဆင်ကျိုး ကော (မနပ်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ ကျွန်ခံရဲပါလိမ့်မတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

ကျက်သရေရှိတယ်ထင်တဲ့ အမှားကြောင့်

ဪ သူနဲ့နေရတာ တပည့်တော်တို့ အင်မတန် ကျက်သရေရှိတယ်ထင်တဲ့ အမှားကြောင့် ဘုရာ့ (မှန် ပါ့)။

ဘယ့်နှယ်ကြောင့်ပါလိမ့် (ကျက်သရေရှိတယ်ထင်တဲ့ အမှားကြောင့်ပါ ဘုရား)၊ ကျက်သရေရှိတယ်လို့ မှားနေတဲ့ သညာမှားတွေ စိတ်မှားတွေကြောင့် ဖြစ်ရတာ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဘယ်အိမ်မှာ မသာရှိတယ်လို့ဆိုတော့ မကင်းရာ မကင်းကြောင်း သွားမေးကြတယ်။ အသုဘမပို့ခင် မေးကြမြန်းကြတယ်။ ဘာဝေဒနာတုံး သွားမေးတယ် (မှန်ပါ့)၊ ဘာမေးကြတာတုံး (ဝေဒနာမေးတာပါ ဘုရား)။

ဘာဝေဒနာတုံးမေးတော့ ခင်ဗျားတို့က ပေးတဲ့ ဝေဒနာလား သူ့အထဲကပါတဲ့ ဝေဒနာလား (သူ့အထဲကပါတဲ့ ဝေဒနာပါ ဘုရား)၊ ဒါတောင် မရိပ်မိသေးဘူး (မှန်ပါ့)၊ ဪ ဆရာကောင်းနဲ့ မတွေ့ရှာလို့ ဖြစ်နေတာ (မှန်ပါ့)၊ မေးမိသလား မမေးမိသလား ခင်ဗျားတို့က (မေးမိပါတယ် ဘုရား)၊ ဘယ်လို ဆရာကောင်းကောင်း ဆရာဝန်ကိုပဲ ဒီမသာဖြစ်ရသေးတာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဆရာဝန်ကိုယ်တိုင်က ဘာတုံး (မသာဖြစ်ရပါတယ် ဘုရား)၊ မသာဖြစ်ရတာ ထောက်လိုက်လို့ရှိရင်ဖြင့် ဆေး ကောင်း ဝါးကောင်းနဲ့ ဆရာကောင်းနဲ့ မတွေ့ရှာလို့ဆိုတာ လွဲတယ် (လွဲပါတယ် ဘုရား)၊ မလွဲဘူးလား (လွဲပါတယ် ဘုရား)။

အန္တရာယ်ကင်းလို့ ဘေးရှင်းမည့်ပုဂ္ဂိုလ် ပြောစမ်း

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီအထဲမှာ အန္တရာယ်ကင်းလို့ ဘေးရှင်းမည့်ပုဂ္ဂိုလ် ပြောစမ်း (မပါပါ ဘုရား)။

ခန္ဓာငါးပါးဟာ ဘာပါလိမ့် (သူသတ်ယောကျ်ားပါ ဘုရား)၊ နေ့တိုင်း ကျွေးမွေးနေရတာ ဘာတုံး (အခွန်ဆက်ရ တာပါ ဘုရား)၊ မဆက်နိုင်တဲ့ တစ်နေ့ကျတော့ သေပွဲဝင်လိုက်တယ် (မှန်ပါ့)။

မဆက်နိုင်တဲ့ တစ်နေ့ကျတော့ (သေပွဲ ဝင်လိုက်ရပါတယ် ဘုရား)၊ သေပွဲဝင်ရတယ်ဆိုတော့ ဒါဖြင့် ရှင်တုန်း ဒုက္ခပေး (မှန်ပါ့)၊ ရှင်တဲ့အခါတော့ (ဒုက္ခပေးပါတယ် ဘုရား)။

ကဲ မဆက်နိုင်တော့။ ဟေ့ ဆက်ပင် ဆက်ငြားသော်လည်း မရတော့ဘူး။ မင်းကိုပဲ သတ်ရလိမ့်မယ် ဆိုတော့ ဒကာ ဒကာမတွေက ငြင်းနိုင်သေးရဲ့လား (မငြင်းနိုင်ပါ ဘုရား)၊ ခုနင်က မြွေကြီးနဲ့ မတူဘူးလား (တူပါတယ် ဘုရား)၊ အဲဒါ အင်မတန် ဉာဏ်နားကြီးကြီးနဲ့ ထောင်မှ ဒီအဓိပ္ပာယ်ပေါ်တယ် (မှန်ပါ့)၊ ဒကာကြွယ်ရေ နေရာကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးများ ဆုတောင်းယူတဲ့ပုဂ္ဂိုလ် ဘာတွေ့ရပါလိမ့်ဆိုရင် ဘယ့်နှယ်ဆိုကြမယ် (သူသတ်ယောကျ်ား နဲ့ တွေ့ရပါမယ် ဘုရား)။

ခန္ဓာငါးပါး ဆုတောင်းယူတဲ့ ပုဂ္ဂိုလ်များ

ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ခန္ဓာငါးပါး ဆုတောင်းယူတဲ့ ပုဂ္ဂိုလ်များ ဘာတွေ့ရပါလိမ့် (သူသတ်ယောကျ်ား တွေ့ရပါတယ် ဘုရား)။

သူသတ်ယောကျ်ား တွေ့ရပါလို၏။ ရှင်းပလား (ရှင်းပါပြီ)၊ သူ့ကျွန်ခံရပါလို၏ကော ပါ-မပါ (ပါပါတယ် ဘုရား)၊ နောက်ဆုံးပိတ် သူသတ်လို့ သေရပါလို၏ကော (ပါပါတယ် ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီလိုနည်းမှန်လမ်းမှန်တဲ့ ဆရာကောင်း သမားကောင်းနဲ့ ပြောမည့် ဆိုမည့်လူ မရှိလို့ရှိရင်ဖြင့် နောက်ဘဝ ချောချောလှလှဖြစ်ရတယ် (မှန်ပါ့)၊ သူဌေးသူကြွယ် (ဖြစ်ရပါတယ် ဘုရား)၊ စကြာဝတေး မန္ဓာတ် (ဖြစ်ရပါတယ် ဘုရား)။

ဪ ခင်ဗျားတို့က မသာကြီးရရင် သိပ်ကြိုက်တယ် (မှန်ပါ့)၊ ဘာကြိုက်နေသလဲ (မသာကြီး ကြိုက်နေ ပါတယ် ဘုရား)၊ တော်တော်အရုပ်ဆိုးတဲ့ ဒကာ ဒကာမတွေ (မှန်ပါ့ ဘုရား)၊ မဖီးမလိမ်းလို့ ဆိုးတာမဟုတ်ဘူး ခင်ဗျားတို့ဉာဏ်ထဲမှာ အဝိဇ္ဇာ အမည်းကွက်ကြီးကြောင့် ဒီဆုတောင်းတာ (မှန်ပါ့)။

ဒီဒုက္ခဝဋ်မှ ကျွတ်ချင်တဲ့ဉာဏ်

အဝိဇ္ဇာ အမည်းကွက်ကြီးကြောင့် (ဒီဆုတောင်းတာပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ အဲဒါ သက်ကြီး အိုမတွေနဲ့တကွ အလုံးစုံ အကုန် ဒီဒုက္ခဝဋ်မှ ကျွတ်ချင်တဲ့ဉာဏ်သာလျှင် ပဓာနထားပြီး လုပ်စမ်းပါ (မှန်ပါ့ ဘုရား)၊ ခန္ဓာဝန်ကိုဖြင့် နောက်ဆက်တွဲ မလွှဲပါနဲ့တော့ (မှန်ပါ့)။

အခုဘဝလည်း သူသတ်လို့ သေရမှာပဲ (မှန်ပါ့)၊ နောက်ဘဝကျတော့ကော (သူသတ်လို့ သေရမှာပါပဲ ဘုရား)၊ မသတ်ခင် ဘာလုပ်ခိုင်းသလဲ (အခွန်ဆက်ခိုင်းပါတယ် ဘုရား)၊ ခိုင်းလို့မှမဖြစ်တဲ့ တစ်နေ့ကျတော့ (သူသတ်ပါတယ် ဘုရား)။

အင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါး ဘာတရားလို့ ဆိုကြမလဲ (သူသတ်ယောကျ်ားပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က ဪ တို့ယောကျ်ားကလေးဖြစ်လာတာ ဝမ်းသာသေးတယ်။ တချို့ကလည်း ကျုပ်က မိန်းကလေးဖြစ်လာတာ ဝမ်းသာသေးတယ်။ အမေမိဘ ဆေးပေးမီးယူ လျောက်ပတ်တယ် (မှန်ပါ့)။

အံမာလေး ဒကာ ဒကာမတွေ သတ်မလို့ လာတဲ့လူကို ခန္ဓာငါးပါးလာတာ ခင်ဗျားတို့က ဝမ်းများ သာ နေလိုက်သေးတယ်။ အတော်ထူတယ် (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမယ် (အတော်ထူပါတယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ဘယ်လိုစိတ်ကူးရှိပါလိမ့် (အတော်ထူပါတယ် ဘုရား)။

အဲဒီထူတာ ယနေ့ မပါးရင် သွားမယ် (မှန်ပါ့)၊ ယနေ့မပါးရင် (သွားပါလိမ့်မယ် ဘုရား)၊ သွားပြီဆိုတာ ပေါ် ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒီခန္ဓာငါးပါးသည် ဒကာ ဒကာမတို့ စိန်တွေကြားမှာ ရွှေတွေကြားမှာ ရွှေဒင်္ဂါးတွေကြားမှာ ပရိသတ် တွေကြားမှာ သေနေတာတွေ တွေ့ပါလိမ့်မယ် (မှန်ပါ့)။

ဒါဟာ စားစရာမရှိလို့ သေတာလား၊ ခန္ဓာသတ်လို့လား (ခန္ဓာသတ်လို့ပါ ဘုရား)၊ ဝတ်စရာမရှိလို့ သေတာ လား (ခန္ဓာသတ်လို့ သေတာပါ)၊ ဆေးသမား ဝါးသမား မခေါ်နိုင်လို့ သေတာလား (ခန္ဓာသတ်လို့ သေတာပါ ဘုရား)။

တဏှာသတ်တရားဆိုတာ

ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဟာ ခင်ဗျားတို့အတွက်မှာဖြင့် တဏှာသတ်တရားလို့ ခေါ်တယ် (မှန်ပါ့)၊ ဘယ်လိုမှတ်ကြမယ် (တဏှာသတ်တရားပါ ဘုရား)၊ တဏှာသတ်တရားဆိုတာ ဒီခန္ဓာမခင်ဖို့ ပြောနေတာ (မှန်ပါ့)။

ဒီခန္ဓာခင်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဝေဒနာခင်လိုက်တယ်ဆိုရင်လည်း ခန္ဓာခင်တာပဲ (မှန်ပါ့)၊ ဝေဒနာ ပစ္စယာတဏှာ ဝေဒနာကို တဏှာကခင်တာ (မှန်ပါ့)၊ တဏှာကို ဥပါဒါန်က စွဲလမ်းတယ် (မှန်ပါ့)၊ ဥပါဒါန်နဲ့ စွဲလမ်း တော့ ကံနဲ့ အားထုတ်တယ် (မှန်ပါ့)၊ ခလုတ်မထိ ဆူးမငြိပါစေနဲ့ဆိုပြီးတော့ ကာယကံ, ဝစီကံနဲ့ အားမထုတ်ကြဘူးလား (အားထုတ်ပါတယ် ဘုရား)။

အဲဒီတော့ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ ဒကာ ဒကာမတို့ အားထုတ်ကျိုးနပ်ပါရဲ့လား (မနပ်ပါ ဘုရား)၊ သေသည်၏ အခြားမဲ့၌ ဇာတိခန္ဓာကြီး မရလား (ရပါတယ် ဘုရား)၊ အင်မတန် မဆိုးဝါးဘူးလား (ဆိုးဝါးပါ တယ် ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ဒီတရား ဘယ့်နှယ်ကြောင့် ဒီဒကာ ဒကာမတွေ ဆရာဘုန်းကြီး ဟောဖြစ်ပါလိမ့်မတုံးဆိုတော့ ခင်ဗျားတို့ ရှေးက ခန္ဓာငါးပါး သူသတ်ယောကျ်ားလို့ မသိဘူး (မသိပါ ဘုရား)။

မသိတော့ ခင်ဗျားတို့ကလည်း ကိုယ့်ကိုယ်ကိုယ် ကိုယ်ပြုမှ ကိုယ်နုမှာတဲ့ (မှန်ပါ့)၊ အံမာ ကိုယ်စိတ်ပေါက်လာ တယ် (မှန်ပါ့)၊ ဘာတဲ့တုံး (ကိုယ်စိတ်ပေါက်ပါတယ်)၊ ကိုယ့်ကိုယ်ကိုယ်ပြုမှ ကိုယ်နုမှာ တဲ့ (မှန်ပါ့)။

ဟာ ဦးလှဘူးတို့ ပုဆိုးတောင်ရှည်ကြီးတွေနဲ့ ခေါင်းပေါင်းကြီးတွေနဲ့ မောင့်ကျက်သရေတွေနဲ့ မဆိုးဝါး ဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

ကိုယ့်ကိုယ်ကိုယ်ပြုမှ ကိုယ်နုတာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

ကျွန်ခံတာလို့ မှတ်လိုက်စမ်းပါ

အဲဒါသည် ကျွန်ခံတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ နောက်ကျတော့ ဒီခေါင်းပေါင်းကြီးနဲ့ပဲ သေပွဲဝင်ရတယ် (မှန်ပါ့)၊ ဒီဘန်ကောက်လုံချည်ကြီးနဲ့ကော (သေပွဲဝင်ရပါတယ် ဘုရား)၊ ဘယ်သူသတ်လိုက်ပါလိမ့် (ခန္ဓာက သတ်ပါ တယ် ဘုရား)။

ဆရာညံ့တာလား၊ ခန္ဓာက သတ်တာလား (ခန္ဓာက သတ်တာပါ ဘုရား)၊ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာငါးပါးဟာ သူသတ်ယောကျ်ား၊ သူသတ်ယောကျ်ားလို့ သူ့ကို ဖြစ် ပျက်ရှုပေး (မှန်ပါ့)။

ဝေဒနာလာလည်း ဝေဒနာက္ခန္ဓာကိုး (မှန်ပါ့)၊ သူ့ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက်ရှု။

တဏှာလာလည်း သင်္ခါရက္ခန္ဓာပဲ (မှန်ပါ့)၊ သူ့ကို ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ဥပါဒါန်လာလည်း သင်္ခါရက္ခန္ဓာပဲ။ သူ့ကို ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရမယ်)၊ ကံ,လာလည်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်သာ ရှုလိုက်လို့ရှိရင် ဒကာ ဒကာမတို့ မဂ်က အကုန်တားလိုက်တယ် (မှန်ပါ့)၊ နောက် ပဋိသန္ဓေတွေ လာသေးရဲ့လား (မလာပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ သေပွဲမှ လွတ်တဲ့ တရားပဲ (မှန်ပါ့)၊ မသေရာမှန် ပြည်နိဗ္ဗာန်ဆိုတာ အပြောသာ ပြောနေကြတာ ဒီဟာတွေ ဖြစ်ပျက်သာ မရှုရင် ဒီခန္ဓာလာမှာပဲ (မှန်ပါ့)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

လာရင် ဒီခန္ဓာငါးပါးဟာ ဘာ,တရားတဲ့တုံး (သူသတ်ယောကျ်ားပါ ဘုရား)။

သူသတ်ယောကျ်ားဆိုတာ ဒကာ ဒကာမတွေ မရှုတဲ့ပုဂ္ဂိုလ်မှာ သူသတ်ယောကျ်ားခေါ်တယ် (မှန်ပါ့)၊ ရှုတဲ့ ပုဂ္ဂိုလ်မှာဖြင့် (သူသတ်ယောကျ်ား မခေါ်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဆုတောင်းလို့ လွတ်မှာလား။ ရှုယူမှ ပြတ်မှာလား (ရှုယူမှ ပြတ်မှာပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနေ့ တရားမှာဖြင့် ဒကာကြွယ် သေပျော်ပြီ (သေပျော်ပါပြီ ဘုရား)၊ သေပျော်ပြီ ဒကာ ဒကာမတို့ (မှန်ပါ့)၊ လာသေးလား ငါးချက် (မလာပါ ဘုရား)။

ဒါဖြင့် ဝိပဿနာ မရှုဖြစ်တဲ့နေ့မှာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်သူက မဖြစ်အောင် လုပ်ပါလိမ့်မလဲ လို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)၊ တဏှာက ရှင်းပလား (ရှင်းပါပြီ)။

ဝိပဿနာ မရှုဖြစ်အောင် လုပ်တာ

ဝိပဿနာ မရှုဖြစ်အောင် လုပ်တာ (တဏှာကပါ ဘုရား)၊ တဏှာက ဒကာ ဒကာမတို့ တဏှာက မင့် သားကိစ္စ မပြီးသေးဘူး (မှန်ပါ့)၊ မင့်သမီးကိစ္စ (မပြီးသေးပါ)၊ မင့်ရစရာ ကလေးကိစ္စ (မပြီးသေးပါ ဘုရား)။

ဪ သေပွဲတွန်းတဲ့ တရား ခင်ဗျားတို့က လိုက်နာပြီးနေတာ ကျွန်တော်မျိုး ပီသလွန်းလို့ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (ကျွန်တော်မျိုး ပီလွန်းလို့ပါ ဘုရား)၊ ကျွန်တော်မျိုး ပီလွန်းလို့လို့ ဦးလှဘူး ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စေတနာသုံးတန် ပြဋ္ဌာန်းပြီး သကာလ ခန္ဓာကို ဘယ်တော့မှ မလိုချင်ပါနဲ့ (မှန်ပါ့)၊ ခန္ဓာ ဘာ,သစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ သူမလာလို့ရှိရင် သူ့နေရာမှာ ဘယ်သူအစားထိုးမလဲ ဆိုတာ မှတ်တော့မှ သုခသစ္စာ အစားထိုးမယ် (မှန်ပါ့)။

ခန္ဓာက ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ မဂ်နဲ့ဖြတ်လိုက်တော့ ခန္ဓာလာသေးရဲ့လား (မလာပါ)၊ မလာတော့ ဒီနေရာ ဘယ်သူ အစားထိုးမလဲ (သုခသစ္စာ အစားထိုးပါမယ် ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာချုပ်၍ သုခသစ္စာသည် နိဗ္ဗာန် (မှန်ပါ့)၊ ဒါဖြင့် နိဗ္ဗာန်သည် မဂ်နဲ့ဖြတ်မှ နိဗ္ဗာန်ပေါ်တယ် (မှန်ပါ့)၊ မဂ်နဲ့မဖြတ်ရင် (နိဗ္ဗာန်မပေါ်ပါ ဘုရား)။

ဒါကြောင့် နိဗ္ဗာန်သွားနည်း နိဿယည်းမှာဖြင့် မဂ္ဂင်ငါးပါး၊ မဂ္ဂင်ရှစ်ပါးမှတစ်ပါး အားလုံး ဒကာ ဒကာမတွေ မှတ်လိုက်ပါတော့ လမ်းမရှိ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

နိဗ္ဗာန်သွားချင်ရင်

နိဗ္ဗာန်သွားချင်ရင် ငါးပါးကို ရှစ်ပါးဖြစ်အောင် အားထုတ်မှ (နိဗ္ဗာန်သွားပါတယ်)၊ ငါးပါးကို ရှစ်ပါးမလုပ် တော့ပါဘူးဆိုရင်ဖြင့် (လမ်းမရှိပါ)၊ နိဗ္ဗာန်လမ်းကို တွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)။

နိဗ္ဗာန်လမ်း မတွေ့လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အပါယ်လေးပါးလမ်းရယ်၊ သုဂတိလမ်းရယ် ဒါပဲတွေ့မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါး တရားသူသတ်ယောကျ်ားဆိုတာဖြင့် သေသေချာချာပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီကရှေ့မှာ တရားတွေလည်း ရင့်တဲ့ပုဂ္ဂိုလ်လည်း ရင့်ကုန်ပြီ (မှန်ပါ့)၊ နုတဲ့ပုဂ္ဂိုလ်လည်း နုသေးတယ် (မှန်ပါ့)၊ ဒီနေ့တရားကို ဘာ,သတ်တဲ့တရား ခေါ်မလဲ (တဏှာသတ်ပါတယ် ဘုရား)၊ တဏှာသတ်တဲ့တရား။ ဒိဋ္ဌိမသတ် တော့ဘူး (မှန်လှပါ ဘုရား)။

ဘာသတ်တဲ့တရားတုံး (တဏှာသတ်တဲ့တရားပါ ဘုရား)၊ တဏှာသတ်တဲ့တရားဆိုတာ ခန္ဓာကိုယ်ခင်တာက ဘာပါလိမ့် (တဏှာပါ ဘုရား)။

ဒါဖြင့် ခန္ဓာကိုယ်ခင်တာက တဏှာဆိုတော့ ဒီခန္ဓာကို ဖြစ်ပျက်ရှုလိုက်လို့ရှိရင် ခန္ဓာဇာတ်သိမ်းသွားတယ် (မှန်ပါ့)၊ ခင်တာ ဘယ့်နှယ်တုံး (သေပါတယ်)၊ ဒါဖြင့် ဘာသတ်လိုက်ပါလိမ့် (တဏှာသတ်ပါတယ် ဘုရား)။

အထက်မဂ် လိုချင်ရင် တဏှာသတ်

အဲ အထက်မဂ် လိုချင်ရင် တဏှာသတ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အောက်မဂ်လိုချင်ရင် ဒိဋ္ဌိသတ် (မှန်ပါ့)၊ အောက်မဂ်လိုချင်ရင် (ဒိဋ္ဌိသတ်ရပါမယ်)၊ အထက်မဂ်လိုချင်ရင် (တဏှာသတ်ရပါမယ် ဘုရား)။

ဒီနေ့ ဘာတရားဟောနေသတုံး (တဏှာသတ်တရား ဟောနေပါတယ်)၊ တဏှာသတ်တရား ဟောတယ်ဆိုတာ ဒကာ ဒကာမတွေ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်လိုရှုရမှာတုံး မေးတဲ့အခါကျတော့မှ ဝေဒနာကလေး ပေါ်လာ လည်း သူသတ်ယောကျ်ားပဲ (မှန်ပါ့)။

ဝေဒနာကလေး ပေါ်လာလည်း (သူသတ်ယောကျ်ားပါ)၊ စိတ်ကလေးပေါ်လည်း (သူသတ်ယောကျ်ားပါ)၊ ရုပ်ကလေးပေါ်လည်း (သူသတ်ယောကျ်ားပါ ဘုရား)။

သူသတ်ယောကျ်ား သူသတ်ယောကျ်ား ‘ဝခကတော ဝဓကတော’နဲ့ ရှု (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ ပြီ)၊ ဘယ်လိုရှုရမှာတုံး (ဝဓကတောလို့ ရှုရပါမယ် ဘုရား)။

‘ဝဓကတော ဝဓကတော’ ဝဓကတောဆိုတာ သူသတ်ယောကျ်ားအားဖြင့်လည်းကောင်း၊ သတ်တတ်သော အဓိပ္ပာယ်အားဖြင့်လည်းကောင်း ဒီလိုချည်း ရှုစမ်းပါ (မှန်ပါ့)။

ဒကာကြွယ်တို့ဆိုရင် တော်တော်ကြာ ရှုရတော့မယ် (မှန်ပါ့)၊ မရှုရပေဘူးလား (ရှုရပါမယ် ဘုရား)။

အဲဒီကဲ့သို့ ရှုလိုက်တဲ့အခါကျတော့ တဏှာသေမယ် (မှန်လှပါ ဘုရား)၊ တဏှာခင်သေးရဲ့လား (မခင်ပါ ဘုရား)၊ သူသတ်ယောကျ်ားမှန်းသိတဲ့ပုဂ္ဂိုလ် ခင်သေးရဲ့လား (မခင်ပါ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဒိဋ္ဌိမနေ့ကသတ်ပြီးလို့ ယနေ့တဏှာသတ်ကို ဟောတယ် (မှန်ပါ့)၊ ဘာဟောနေတာတုံး (တဏှာသတ် ဟောနေပါတယ် ဘုရား)။

တဏှာက ထက်တယ်

တဏှာသတ် ဟောတယ်ဆိုတော့ တဏှာနဲ့ ဒိဋ္ဌိသည် ဒကာ ဒကာမတို့ ဗဟုသုတရှိအောင် နည်းနည်းကလေး မှတ်လိုက်စမ်းပါ၊ ဒိဋ္ဌိက မထက်ဘူး၊ တဏှာက ထက်တယ် (မှန်ပါ့)၊ ဒိဋ္ဌိက (မထက်ပါ ဘုရား)၊ တဏှာက (ထက်ပါ တယ်)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒိဋ္ဌိက အောက်မဂ်က ပယ်တယ်။ သောတာပတ္တိမဂ်က (မှန်ပါ့)၊ အကြွင်းအကျန် မရှိ ပယ်ပါတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ်)၊ ဒါ့ကြောင့် အပါယ်လေးပါးရောက်သေးရဲ့လား (မရောက်ပါ ဘုရား)။

အဲဒီတော့ အပါယ်လေးပါးအတွက်တော့ ဒိဋ္ဌိဖြုတ်လိုက်ရင် ပြုတ်တာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ သုဂတိဒုက္ခတွေ ကျန်မနေဘူးလား (ကျန်နေပါတယ် ဘုရား)။

အဲဒါကတော့ဖြင့် ဒကာ ဒကာမတို့ တဏှာမသတ်ရင် ရကိုမရဘူး (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာ လုပ်ရမတုံး (တဏှာသတ်ရပါမယ်)၊ တဏှာသတ်ရမယ်ဆိုတာ သေချာပလား (သေချာပါပြီ)။

ဒါဖြင့် ခန္ဓာကိုယ်ကြီးကို ဒါ သူသတ်ယောကျ်ားပါလား ဒါ သူသတ်ယောကျ်ားပါလား ဒါ သူသတ် ယောကျ်ားပါလားလို့ ဝေဒနာပေါ်လည်းရှု (မှန်ပါ့)၊ စိတ်ပေါ်လည်း (ရှုရမှာပါ ဘုရား)၊ ရုပ်ပေါ်ရင်ကော (ရှုရမှာပါ)၊ အကုန်ရှုစမ်းပါဆိုတာကို ဘုန်းကြီးတိုက်တွန်းပါတယ် (မှန်ပါ့)။

တိုက်တွန်းလိုက်တော့ကို သူသတ်ယောကျ်ားက ဒုက္ခသစ္စာ။ ရှုတာက (မဂ္ဂသစ္စာပါ)၊ ပြတ်တာက (သံသရာပါ)၊ ဖြစ်ပျက်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။

အေး သူသတ်ယောကျ်ားက ဒုက္ခသစ္စာ။ ရှုတာက (မဂ္ဂသစ္စာပါ ဘုရား)၊ ပြတ်တာက သံသရာ ၁-၂-၃ အကုန်ပြတ်တယ် (မှန်ပါ့)။

သံသရာထဲ တဏှာ ဥပါဒါန် ကံတွေ ပါနေတယ် (မှန်လှပါ ဘုရား)၊ သံသရာမပြတ်ဘူးလား (ပြတ်ပါတယ်)၊ သံသရာပြတ်လို့ ကိုယ်တိုင်ရမှာက နိရောဓသစ္စာ (မှန်ပါ့)၊ သံသရာပြတ်လို့ ကိုယ်တိုင်ရမှာက (နိရောဓသစ္စာပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သံသရာစခန်းသတ်ပြီ

ဪ ဒကာ ဒကာမတွေ ဒီအသံကလေး ဆရာဘုန်းကြီးက ရှေ့ကသွား။ ခင်ဗျားတို့က နောက်ကလိုက်လာ လို့ရှိရင်ဖြင့် တဲ့ ဒီသစ္စာသိပြီးသွားတဲ့ ပုဂ္ဂိုလ်ဖြင့် သံသရာစခန်းသတ်ပြီ (မှန်ပါ့)။

ဘယ်လိုပါလိမ့် (သစ္စာသိပြီးသွားတဲ့ ပုဂ္ဂိုလ်ဖြင့် သံသရာစခန်းသတ်ပါပြီ)၊ သံသရာစခန်းသတ်ပြီဆိုတာ ရိပ်မိ ကြပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သံသရာစခန်း သတ်ချင်လို့ရှိရင် ခန္ဓာကိုယ် ဘယ်လိုရှုကြမယ် (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တဏှာသတ်, ဒိဋ္ဌိသတ် ရှင်းပါတယ် (ရှင်းပါတယ်)၊ အပါယ်တံခါး ပိတ်ချင်ရင် (ဒိဋ္ဌိသတ်ရပါတယ်)၊ အထက်သံသရာ မလည်ချင်ရင် (တဏှာသတ်ရပါတယ်)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အပါယ်တံခါးပိတ်ချင်ရင် (ဒိဋ္ဌိသတ်ရပါမယ်)၊ အထက်သံသရာ မလည်ချင်ရင် (တဏှာသတ်ရပါမယ်)၊ ပေါ် ပြီ (ပေါ်ပါပြီ)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည်တဲ့ ဪ ခန္ဓာကိုယ်ကြီး၏ပေါ်ရာကို ဒကာ ဒကာမတို့ သန္တာန်မှာ ဘယ်စိတ်ပေါ်ပေါ် စားချင်တဲ့စိတ်ပေါ်လည်း သူသတ်ယောကျ်ားပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အိပ်ချင်တဲ့စိတ်ပေါ်လည်း (သူသတ်ယောကျ်ားပါ ဘုရား)။

ကောင်းပြီ နာကျင်တဲ့စိတ်ပေါ်တယ် (သူသတ်ယောကျ်ားပါ)၊ ကောင်းတဲ့စိတ်ကလေးပေါ်လည်း (သူသတ် ယောကျ်ားပါ)၊ ကောင်းတာ စားမိလို့ တက်သေသွားတာတွေ၊ ဒကာ ဒကာမတို့ ဆို့ပြီး သေသွားတာတွေ (သူသတ် ယောကျ်ားပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းတာ စားမိတာနဲ့ အကောင်းလွန်ပြီး သေသွားတယ်ဆိုတော့ ဘယ်သူသတ်လိုက်ပါလိမ့် (ဝေဒနာသတ် ပါတယ်)၊ အမှတ်မှားပြီး သတ်လိုက်ပြန်တယ် (သညာသတ်ပါတယ်)၊ ကိုယ့်စိတ်ကိုယ်မနိုင်လို့ သေပွဲဝင်ရတယ် (ဝိညာဏ် သတ်ပါတယ်)၊ ဝိညာဏက္ခန္ဓာသတ်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ရောင်ဖောပြီး သေတာကတော့ ဘယ်သူ သတ်လိုက်ပါလိမ့် ရူပက္ခန္ဓာ၊ ရောင်ဖောသေတာလေ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ကိုယ်ကိုလည်း စမ်းကြည့်ပါဦးလို့ မန္တလေးလည်း ဟောခဲ့တယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ကိုယ်ကိုလည်း စမ်းကြည့်ပါဦး၊ စမ်းကြည့်တော့ ဘယ့်နှယ်နေသလဲ ပူတယ်မဟုတ်လား (မှန်ပါ့)၊ အဲဒါ တေဇော ၊ ပူတာ ဘာခေါ်ကြမယ် (တေဇောပါ ဘုရား)။

အင်း ဘာလုပ်မလို့ပါလိမ့်မတုံးဆိုတော့ သတ်မလို့ ရွယ်နေတာ (မှန်ပါ့)၊ ဘယ်လိုပါလိမ့် (သတ်မလို့ ရွယ်နေတာပါ ဘုရား)။

နောက်ကျတော့ သူက သတ်လိုက်ပြီးတဲ့အခါကျတော့ အေး ဆင်းမသွားဘူးလား (သွားပါတယ် ဘုရား)။

အဲ သူ ချုပ်သွားတဲ့အခါ မင်းသေရစ်တော့ဆိုတာနဲ့ အတူတူမကျဘူးလား (ကျပါတယ် ဘုရား)။

သေမင်းနဲ့ အတူတူနေရတယ်

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ အတူတူနေရတာ ဘယ်သူနဲ့ နေရပါလိမ့် (သူသတ်ယောကျ်ားနဲ့ နေရပါတယ်)၊ သေမင်းနဲ့ အတူတူနေရတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်သူနဲ့ အတူတူနေရသတုံး (သေမင်းနဲ့ အတူတူနေရပါတယ် ဘုရား)။

ဟာ ဒါဖြင့် ခင်ဗျားတို့က ဘေးကနေ ပရိတ်ချည်နဲ့ ကာတယ်၊ ပရိတ်ကြီး ဆယ့်တစ်သုတ်နဲ့ ဝိုင်းထား တယ် (မှန်ပါ့)၊ သေမင်းက ကြိုက်ပါတယ်၊ ငါ လုံလုံခြုံခြုံ သတ်ရတယ်တဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာတဲ့တုံး (ငါ လုံလုံခြုံခြုံ သတ်ရပါတယ် ဘုရား)။

လုံလုံခြုံခြုံ သတ်ရပြီတဲ့ ၊ သူမပြေးနိုင်တော့ဘူးတဲ့ ၊ သူ့ကိုယ်သူ ပရိတ်နဲ့ ဝိုင်းထားတယ် (မှန်ပါ့)။

ဒါကြောင့် ဒကာ ဒကာမတို့ ပရိတ်ဟာ အပေါ်အန္တရာယ်သာ ကင်း၍ တကယ့်ခန္ဓာ့သေမင်း မလွတ်ကင်းပါ ဘူးဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ပရိတ်ဟာ ဒကာ ဒကာမတို့ ခန္ဓာ ဘေးအန္တရာယ်သာ (ကင်းပါတယ်)၊ အတွင်းအန္တရာယ်ကျတော့ (မကင်း ပါ)၊ ဒါဖြင့် အတွင်းနဲ့အပြင် ဘယ်ဟာ ကြောက်စရာကောင်းသတုံး (အတွင်းအန္တရာယ် ကြောက်စရာကောင်းပါတယ် ဘုရား)။

ဒါဖြင့် အန္တရာယ်ကင်း၍ ဘေးရှင်းချင်ရင် အတွင်း သူသတ်ယောကျ်ားတွေနဲ့ အိုးစားကွဲအောင်လုပ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာနဲ့လုပ်ရမလဲ (အတွင်းသူသတ်ယောကျ်ားတွေနဲ့ အိုးစားကွဲအောင် လုပ်ရပါမယ် ဘုရား)၊ အတွင်းသူသတ် ယောကျ်ားတွေနဲ့ အိုးစားကွဲအောင် လုပ်ရလိမ့်မယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အကုန် ဖြစ်ပျက်ရှု

ဒါဖြင့် ဒီလိုလုပ်ကြပါစို့။ ဒီဘက်က ဝေဒနာနဲ့ ဖဿနော် (မှန်ပါ့)၊ ပေါ်လာသည်နဲ့ တစ်ပြိုင်နက်တည်း ဝေဒနာကလေးက နာတယ်, ကျင်တယ်, ကိုက်တယ်, ခဲတယ်, ကောင်းတယ်, ဆိုးတယ် အလတ်စားရှိတယ်။ အကုန် ဖြစ်ပျက်ရှု (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်သည် သူသတ်ယောကျ်ား (မှန်ပါ့)၊ ရှုတာသည် သူသတ်ယောကျ်ားကို ဒကာ ဒကာမတို့ ကန့်ကွက်တာ (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ)၊ သူသတ်ယောကျ်ားကို ဘာလုပ်သလဲ (ကန့်ကွက်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ မဂ်မှတစ်ပါး ကန့်ကွက်ပေးမည့် တရားက (မရှိပါ ဘုရား)၊ ဪ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်ကားလို့ ဆိုလို့ရှိရင် ငါ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ကိလေသာရန်သူကို အောင်ပွဲယူခဲ့ တာ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ၊ နောက် သတ်ရလိမ့်မယ်လို့ မအောက်မေ့နဲ့တော့။ ဒါကို ချီးကျူးတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးထဲမှာ ဘယ်နှစ်ပါးရှိသတုံး (ငါးပါးရှိပါတယ်)၊ အင်း သူတော် ကောင်းတွေလား (မဟုတ်ပါ ဘုရား)၊ ရန်သူတွေလား (ရန်သူတွေပါ ဘုရား)။

အင်း ဘာလုပ်ကြမလို့ပါလိမ့် (သတ်မလို့ပါ ဘုရား)၊ မသတ်ခင် ဘာခိုင်းထားသတုံး (အခွန်ဆက်ခိုင်း ထားပါတယ် ဘုရား)။

အခွန်ဆက်ခိုင်းတယ် (မှန်ပါ့)၊ မသတ်ခင်တော့ (အခွန်ဆက်ခိုင်းထားပါတယ်)၊ မဆက်နိုင်တဲ့ တစ်နေ့ကျတော့ (သတ်ပါတယ် ဘုရား)။

ကဲ ဘယ်ဟာ ကျေးဇူးတင်ကြမလဲ (ဘယ်ဟာမှ ကျေးဇူးမတင်ပါ)၊ ကျွန်လုပ်ရတာ ကျေးဇူးတင်မလား။ အသတ်ခံရတာ ကျေးဇူးတင်မလား (ဘယ်ဟာမှ မတင်ပါ ဘုရား)။

ဘာမှ ကျေးဇူးမများတဲ့ ခန္ဓာကြီး ဖြစ်လေသောကြောင့် သူ့ကိုမခင်အောင် ခင်ဗျားတို့ ဝိပဿနာရှုလိုက်လို့ ရှိရင် တဏှာသေပါတယ် (မှန်ပါ့)၊ တဏှာနိရောဓ နိဗ္ဗာနံကိုး (မှန်ပါ့)။

တဏှာနိရောဓော (နိဗ္ဗာနံပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တဏှာနိရောဓောဆိုတော့

ဒါဖြင့် တဏှာနိရောဓောဆိုတော့ တဏှာနိရောဓာ ဥပါဒါနနိရောဓောဆိုတာ အထူးရွတ်ဖို့ လိုသေးသလား (မလိုပါ)၊ ဥပါဒါနနိရောဓာ ကမ္မဘဝနိရောဓောလည်း ရွတ်ဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တဏှာ ဥပါဒါန် ကံ,ချုပ်တဲ့ပုဂ္ဂိုလ်ဟာ နောက်ခန္ဓာလာသေးသလား (မလာပါ ဘုရား)။

ဒါဖြင့် သူသတ်နဲ့ အိုးစာကွဲပြီ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာနဲ့ အိုးစားကွဲတယ် (သူသတ်နဲ့ အိုးစားကွဲ ပါတယ် ဘုရား)။

ဒါဖြင့် သူသတ်က ဒုက္ခသစ္စာ။ ဟုတ်လား (မှန်လှပါ ဘုရား)၊ သူသတ်ယောကျ်ားလွတ်အောင် လုပ်နိုင်တာက (မဂ္ဂသစ္စာပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

သူသတ်ယောကျ်ား၏ အခြွေအရံတွေ သတ်နိုင်တာကလည်း သမုဒယချုပ်တာ (မှန်ပါ့)။

နောက်တစ်ခါ သူသတ်ယောကျ်ား မပေါ်တာက အမတဆိုတဲ့ မသေရာမှန် ပြည်နိဗ္ဗာန်လို့ မှတ်လိုက်ပါ (မှန် ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။