10810

မာတိကာသို့

ဒွါရခြောက်ပေါက်-တစ်ပေါက်ကနေ အမိဖမ်းရမည်

ကျေးဇူးတော်ရှင်, အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာရိပ်သာကျောင်းပေါ်၌

ဟောကြားတော်မူသော

ဒွါရခြောက်ပေါက်-တစ်ပေါက်ကနေ အမိဖမ်းရမည်

ည အလုပ်ပေး တရားတော်

(၂၆-၁၁-၆၁)

တရားအားထုတ်နည်း သင်နေတယ်

ဒကာ ဒကာမတို့ တရားမှတ်ကြ၊ ဒကာ ဒကာမတွေ တရားအားထုတ်နည်း သင်နေတယ်လို့ မှတ်ရမယ်နော် (မှန်ပါ့)။

တရားအားထုတ်နည်းက ဒွါရခြောက်ပေါက်တွင် တစ်ပေါက်တည်းကနေ ဖမ်းရမယ်ဆိုတဲ့ဥစ္စာ မှတ်ထားရမယ် (မှန်ပါ့)

မျက်စိပေါက်က ဝိဿသနာမရှုကောင်း၊ နားပေါက်က ဝိဿသနာမရှုကောင်း၊ နှာခေါင်းပေါက်က မရှုကောင်း၊ လျှာပေါက်က မရှုကောင်း၊ ကိုယ်ပေါက်က မရှုကောင်း မနောပေါက်ကနေ ရှုကောင်းတယ် နော်၊ မနောပေါက် တစ်ပေါက်တည်းကနေ ရှုရမယ်၊ ဘယ်အပေါက်က ရှုကြမယ် (မနောပေါက်က ရှုကြရမယ် ဘုရား) မနောပေါက်က ရှုရလိမ့်မယ်လို့ မြဲမြဲစွဲစွဲ မှတ်ကြပါ၊ မနောပေါက်ကမှ အမှန်တကယ်သိတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ဒီအပြင်အပေါက်က သိတာတွေက မမှန်ဘူးတဲ့၊ မနောသာလျှင် ကိုးစားရာ အားထုတ်ရာရှိတယ်လို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။

မျက်လုံးဟာ မြွေနဲ့တူတယ်

ဘုရားက ဘယ်လိုပြလိုက်တုံးဆိုတော့ သဠာယတန ဝဂ္ဂသံယုတ်မှာဂ မျက်လုံးဟာ ကွာတဲ့၊ မြွေနဲ့တူတယ် ဟေ့ တဲ့။ မျက်လုံးဟာ ရှင်းနေတဲ့နေရာ တယ်ပြီးမကြည့်ချင်ဘူး၊ လှုပ်လှုပ်ရွရွ ရှုပ်ရှုပ်ထွေးထွေးဆိုလို့ရှိရင်ဖြင့် ကြည့်ချင်တယ်၊ ဒါ့ကြောင့် ကျောင်းတွေ၊ ကန်တွေကျတော့ ပန်းတွေဘာတွေ ထည့်ကြပြုကြ ဒါဘယ်သူ့အကြိုက် ထည့်တာတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ (မျက်လုံးအကြိုက်ပါ ဘုရား)

သဠာယတနဝဂ္ဂသံယုတ်၊ အာသီဝိသောပမဝဂ်၊ ဆပ္ပါဏကောမပသုတ်တော်။

မျက်လုံးအကြိုက်ထည့်တာ၊ ဒါဖြင့် မျက်လုံးဟာ အရှုပ်ကြိုက်ပဲလို့ ဆိုသောကြောင့် ဘုရားက မျက်လုံးဟာ မြွေနဲ့တယ်သကွ တဲ့။

မြွေများ ကွင်ပြင်လွှတ်လို့မရပါဘူး။ မြွေ ကွင်းပြင်လွှတ်လို့ ရှိရင်ဖြင့် ခြုံရှိရာ အရှုပ်ရှိရာ ပြေးတယ်ဆိုတာ ဒကာ ဒကာမတွေ မြင်ဖူးကြပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

မျက်လုံးဟာဖြင့် ဘာနဲ့တူသတုံး (မြွေနဲ့တူပါတယ် ဘုရား)။

မျက်လုံးက အရှုပ်တဲ့၊ မြွေနဲ့တူတယ်လို့ မှတ်ထား၊ မြွေဆိုတာ သည်ကားဆိုလို့ရှိရင် ဘယ်တော့မှ ကွင်းပြင်မှာ ဟာလာဟင်းလင်းနေရာမှာ မောင်သစ်တို့-ဦးသံဒိုင်တို့ ပျော်မြဲတာ ဓမ္မတာမရှိပါဘူး (မှန်ပါ့) ခြုံရှိရာ-တွင်းရှိရာ ရှုပ်ရာ ဒီလိုနေရာသာ ပြေးလေ့ရှိပါတယ် (မှန်ပါ့)။

နားပေါက်ကမိကျောင်းနဲ့တူတယ်

နားကတော့ ခပ်အေးအေးကြိုက်တယ်၊ နားကတော့ ခပ်အေးအေးကြိုက်သောကြောင့် ဘုရားက မိကျောင်းနဲ့ တူသကွ တဲ့၊ နားကတော့ ဘာကြိုက်ပါလိမ့် (ခပ်အေးအေးကြိုက်ပါတယ် ဘုရား)။

မိကျောင်းက ရေအိုင်ထဲ ဆင်းပြီးသကာလ တစ်ခါတည်း သူ အေးအေးချမ်းချမ်းကလေး အိပ်သာနေချင်တယ် (မှန်ပါ့)။

အဲဒီတော့ နားပေါက်ကို တဲ့၊ သူ့အကြိုက် ပြောရလို့ရှိရင် မိကျောင်းနဲ့တူတယ်လို့ မှတ်ထားရမယ်နော် (မှန်လှပါ ဘုရား)။

နှာခေါင်းကငှက်နဲ့တူ

နှာခေါင်းကိုတော့ ဒကာ-ဒကာမတို့ သိတဲ့အတိုင်းတဲ့၊ သူက ဘယ်နေရာမှ ပျော်လေ့ရှိသတုံးဆိုတော့ သန့်သန့် ရှင်းရှင်း လေပြေလေပြင်းတွေ ရှူရှိုက်ပြီးတော့ သူက နေချင်တော့ ကောင်းကင်မှာ ဟင်းလင်းဟာလာမှာ သူက ပျော်လေ့ရှိတယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် သူ့ကျတော့လဲ ငှက်နဲ့တူသဟေ့ တဲ့၊ (မှန်ပါ့) ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သဠာယတန ဝဂ္ဂသံယုတ်မှာ ဟောတယ်၊ ငှက်နဲ့တူတယ်-တဲ့၊ သူကတော့ ကောင်းကင်ပျော်တယ် (မှန်ပါ့ ဘုရား)။

လျှာပေါက်က အိမ်ခွေးနဲ့တူတယ်

လျှာကတော့ ဘာနဲ့တူသတုံးလို့ ဆိုလို့ရှိရင်ဖြင့် အိမ်ခွေးနဲ့တူတယ်၊ အိမ်မှာရှိတဲ့ ခွေးတွေနဲ့ တူတယ်တဲ့၊ မီးဖိုချောင် ပျော်တာကိုး (မှန်ပါ့) လျှာပေါက်က ဆာလောင်တယ်ဆို မီးဖိုချောင်ပြေးတာပဲ (မှန်ပါ့)။

ဒါကြောင့် လျှာပေါက်က အိမ်ခွေးနဲ့တူတယ် (မှန်ပါ့) သူက ဆာလောင်တယ်ဆို မီးဖိုချောင်ပဲ ဦးတည်သွား ကြတာပဲ (မှန်ပါ့) ဘာများရှိပါလိမ့်၊ ဘာကျန်ပါသေးတုံးဆိုပြီး သကာလ လျှာကတော့ မီးဖိုချောင်ပြေးတယ်၊ ဒါကြောင့် အိမ်ခွေးနဲ့တူတယ် (မှန်ပါ့)။

ဘယ်လိုရိုက်ရိုက် အိမ်ခွေးများသည်ကား လို့ဆိုရင် မီးဖိုချောင် ပျာပုံရှိတဲ့ဆီပြေးတာပဲ (မှန်ပါ့ ဘုရား)။

ကိုယ်ပေါက်ကတောခွေးနဲ့တူတယ်

ကဲ တစ်ခါစဉ်းစားပါဦးတဲ့၊ ကိုယ်ပေါက်ကတော့ ခပ်အေးအေး ခပ်စောင်းစောင်း ခပ်မှီမှီကလေး နေချင် တယ်။

သူက ခပ်အေးအေးနေရာကလေးကမှာ ခပ်ခွေခွေအိပ်ချင်တယ်၊ ခပ်မှီမှီကလေး နေချင်တယ်ဆိုသောကြောင့် သူက တောခွေးနဲ့တူတယ်၊ တောခွေးဟာ သာဿာန်ပျော်တယ် တဲ့၊ (မှန်ပါ့) လူသားစားပြီး ခပ်အေးအေးအိပ်နေ ချင်တာပဲ (မှန်ပါ့)။

မနောပေါက်ကမျောက်နဲ့တူတယ်

မနောပေါက်ကတော့ ဝမ်းထဲကတော့ မျောက်နဲ့တူတယ်၊ မျောက်ဆိုတာကတော့ အမြင့်ကြီးတက်ပြီး သကာလ ဟိုကြည့် ဒီကြည့် သစ်ပင်အမြင့်ကြီးတက်လို့ ဟိုမျှော်-ဒီမျှော် ဒီလိုနေရမှ မျောက်ကပျော်တာ (မှန်ပါ့ ဘုရား) မနော ပေါက်က ဘာနဲ့တူသလဲ (မျောက်နဲ့တူပါတယ် ဘုရား)။

ကဲ ဒါက ဘုရားကပေးတဲ့ ဥပမာ ပြန်ပြောကြပါဦးစို့တဲ့ မျက်လုံးပေါက်က ဘာနဲ့တူသတုံး (မြွေနဲ့တူပါ တယ် ဘုရား) နားကတော့ကော (မိကျောင်းနဲ့ တူပါတယ် ဘုရား) သူကတော့ အေးအေးချမ်းချမ်းနဲ့ ရေစပ်ထဲမှာ ရေငုပ်ပြီးသကာလ အိပ်နေချင်တဲ့ သဘောပဲ (မှန်ပါ့)။

နားပေါက်ကတော့ ဘာနဲ့တူသလဲ (မိကျောင်းနဲ့တူပါတယ် ဘုရား) တူတယ်နော် (မှန်ပါ့)။

နှာခေါင်းပေါက်က ဘာနဲ့တူသလဲ (ငှက်နဲ့တူပါတယ် ဘုရား) ငှက်နဲ့တူတယ်-တဲ့၊ သူကတော့ ရှူရှိုက်ပြီး ခပ်မော့ မော့ကလေး နေရမှ ပက်လက်လှန်ပြီး ရှူရှိုက်နေရမှ ဒီလိုမှ သူက ပျော်လေ့ရှိတယ်၊ ကောင်းဘက်က သူက လှည့်လှည့် ပျော်လေ့ရှိတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် နှာခေါင်းပေါက်က ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဂဠုန်ငှက်တို့-တောငှက်တို့ ဒါတွေနဲ့တူသကွ တဲ့ (မှန်ပါ့) လျှောက်ပေါက်ကတော့ အိမ်ခွေးနဲ့ တူတယ်နော် (မှန်ပါ့) အိမ်ခွေးကတော့ မီးဖိုချောင်ပဲ ပျော့်လေရှိတယ် (မှန်ပါ့)၊ အိမ်ခွေးလာလို့ရှိရင်လဲ အိမ်ပေါ်တက်တယ်ဆိုတာ အလကားပြောတာ မီးဖိုချောင်ရှာတာ (မှန်ပါ့)။

ကဲ တောခွေးကတော့ ကိုယ် တဲ့၊ တောထဲ လူသားစားပြီးသကာလ သုသာန်ပျော်တယ် (မှန်ပါ့) ကိုယ်ပေါက်က သုသာန်ပျော်တယ်၊ လှဲအောင်းပြီးသကာလ အေးအေးချမ်းချမ်း နေလို့ရှိရင် သူ ကျော်နပ်နေတာပဲ (မှန်ပါ့ ဘုရား) လူသားတွေစားပြီးသကာလ သူ သုသာန်ထဲမှာ ဘယ်သူနဲ့မှ မတွေ့ချင်ဘူး၊ အိပ်နေတယ်၊ သူက တွေ့ရမှာကို အင်မတန်ကြောက်တယ်။

ကိုယ်ပေါက်တော့ကို ၊ တောခွေးနဲ့တူတယ်ဆိုတာ သိပြီးကြပါပြီ (မှန်ပါ့ ဘုရား) မနောပေါက်က ဘာနဲ့ တူသလဲ (မျောက်နဲ့တူပါတယ် ဘုရား)။

မျောက်ကတော့ အမြင့်တက်ပြီး သကာလ အပင်ကြီး မြင့်မားစွာ၊ ဂွကားထိုင်-ထိုင်ပြီးသကာလမှ သူက ဟိုကြည့်-ဒီကြည့်နဲ့၊ မျောက်များ မြင်ဖူးကြပါလိမ့်မယ် (မြင်ဖူးပါတယ် ဘုရား) ငြိမ်ငြိမ်နေတယ် ရှိရဲ့လား (မရှိပါ ဘုရား)။

ဟိုမျှော်လှမ်းကြည့် ဒီ မျှော်လှမ်းကြည့်၊ မနောပေါက်ကတော့ ကြံစည်တွေးတောပြီး နေရမှ သူကကြိုက် (မှန်ပါ့ ဘုရား) ဒါကြောင့် မျောက်နဲ့တူတယ်လို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေမှာတဲ့ မျက်လုံးပေါက်ကလဲ မြွေလဲရှိတယ်တဲ့ အစဉ်အတိုင်း ဒါတွေ ကြောက်စရာ ဒကာ ဒကာမတွေက ဒီခြောက်ပေါက်အကြိုက်တွေ လှည့်ပြီး ကျွန်ခံနေရတယ် (မှန်ပါ့)။

လှည့်ပြီး ကျွန်ခံနေရတယ်

ဒီခြောက်ပေါက်အကြိုက်ကို (လှည့်ပြီး ကျွန်ခံနေရပါတယ် ဘုရား) လှည့်ပြီး ကျွန်ခံနေရတာ။

သို့သော် ဒကာ ဒကာမတွေက ဪ မျက်လုံးအကြိုက်ကို ဆိုလို့ရှိရင်လဲ ဓာတ်ရှင်တို့ ဘာတို့ရှုပ်ပြီ အရုပ်တွေဖြတ်ဖြတ်လဲတဲ့ဆီ လိုက်ပို့တန်ပို့နေရတယ် (မှန်ပါ့ ဘုရား)။

ဒါ ဘယ်သူက ဆွဲခေါ်သွားတာလဲ (မျက်လုံးပေါက်က ဆွဲခေါ်သွားတာပါ ဘုရား) မျက်လုံးပေါက်က ဆွဲခေါ်သွား တယ်။

နားပေါက်ကလဲ မိကျောင်းလိုပဲတဲ့၊ ရေထဲဆွဲပြီး အေးတဲ့နေရာသွားပြီးသကာလ သူသည်ကားလို့ဆိုရင်ဖြင့် နေချင်တဲ့ စွမ်းရည်သတ္တိရှိတယ် (မှန်ပါ့)။

အေးအေးနေရာကလေး ကျုပ်တစ်ယောက်တည်း ထိုင်ပြီးသကာလ နေစမ်းချင်တယ်ဗျာ၊ ဘာသံမကြား ညာသံ မကြား ကျုပ်သိပ်ကြိုက်တယ် နားပေါက်က (မှန်ပါ)။

သူက ဒါကြောင့် မိကျောင်းလိုပဲတဲ့ ရေကန်ထဲမှာ ရေအိုင်ကလေးထဲမှာ တစ်ခါတည်း ငုတ်လျှိုးပြီး အိပ်နေချင်တဲ့ သဘောသတ္တိရှိတယ် (မှန်ပါ့) ခပ်အေးအေးကြိုက်တယ် (မှန်ပါ့ ဘုရား)။

ဒွါရ ခြောက် ပေါက်ကို ဒို့ ကျောင်းနေရပါကလား

ဒါဖြင့် ဒီဒကာ ဒကာမတွေ သားကောင် ဘယ်နှစ်ကောင် ကျောင်းနေရသလဲ (ခြောက်ကောင်ပါ ဘုရား)။

မသိကြဘူး၊ ဒီတော့ ဒကာ ဒကာမတွေက ဒို့မှာ သားကောင် ခြောက်ကောင်နဲ့ တူတာတွေ တူတဲ့ဒွါရ ခြောက် ပေါက်ကို ဒို့ ကျောင်းနေရပါကလားလို့ ဆိုတာကို မသိကြတော့ တစ်ခါတလေ မျက်လုံးပေါက်က မြွေက ဆွဲသွားတဲ့ အခါ ဓာတ်ရှင် ဘိုင်စကုပ်တွေ ရောက်သွားပြန်တယ် (မှန်ပါ့)။

အင်း ဘယ်သူက ဆွဲသွားသလဲ (မြွေမျက်လုံးပေါက်က ဆွဲသွားပါတယ်) မျက်လုံးပေါက်က မြွေသဘောပေါ့၊ အရှုပ်ထဲ ဆွဲသွားပါတယ် (မှန်ပါ့) ဘယ်ဆွဲသွားပြန်သလဲ (အရှုပ်ထဲ ဆွဲသွားပါတယ် ဘုရား)။

ဒါကလဲ ဒကာ ဒကာမတွေ ပါသွားတာပဲ၊ ဪ ခက်ပါဘိတော့၊ မြွေဆွဲရာ ပါသွားလို့ရှိရင် အရှုပ်ထဲတော့ ရောက်မှာပဲ၊ မရောက်ဘူးလား (မှန်ပါတယ် ဘုရား)။ တယ်လဲ ဆိုးပါကလား (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတွေမှာတဲ့ နားပေါက်က ဆွဲလိုက်ပြန်လဲ ရေထဲရောက် ဟင် (မှန်ပါ့) တစ်ခါတည်း အေးအေးချမ်းချမ်း နေရာမှာ ချောင်ထိုးပြီးသကာလ နေတဲ့အချိန်များ ခင်ဗျားတို့က ပါသေးတယ် (မှန်ပါ့)။

ငါရှိတယ်လို့တောင် မပြောနဲ့ဟေ့ ငါ တချောင်ချောင် ခိုလိုက်ဦးမယ်။ မိကျောင်းဆိုတော့ ဦးသံဒိုင်တို့ တစ်ခါတလေ လူတွေသူတွေ မတွေ့ချင်တဲ့ အခါကော မပါဘူးလား (ပါပါတယ် ဘုရား)။

ဒီကျတော့ ချောင်ပိတ်ပြီးသကာလ ကိုယ့်အခန်းကလေးထဲမှာ တံခါးကလေး သော့ခတ်၊ သူက နားအတွက် အမှုထမ်းပေးနေတာပါ (မှန်ပါ့)။

ဘယ်သူ့အတွက် အမှုထမ်းပေးသလဲ (နားအတွက် အမှုထမ်းပေးပါတယ်) နှာခေါင်းအတွက်ကလဲ ကောင်း ကင်ကြည့် ရှူချင်ရှိုက်ချင်ပြီး သကာလ ခပ်မော့မော့ကလေးနဲ့ ကုလားထိုင်ပေါ်မှာ တစ်ခါတည်း အသက်ကလေးမှန်မှန် ရှူပြီးနေချင်တဲ့အခါကလဲ ရှိသေးတယ် (မှန်ပါ့) သူက ငှက်နဲ့တူတယ်၊ ဒါကြောင့် ကုလားထိုင်ကလေးတွေ ဘာလေးတွေ နှောက်မှီကလေးတွေနဲ့ ထားကြတာပေါ့ (မှန်ပါ့)။

ဒါ ဘယ်သူ့အတွက် ထာကြတာလဲ (နှာခေါင်းပေါက်အတွက်ပါ ဘုရား) နှာခေါင်းပေါက်အတွက် ထားကြတာ။

လျှာပေါက်အတွက်ကလဲ အင်း အိမ်ဆောက်တော့ မီးဖိုချောင်မပါရင် မဖြစ်ဘူး၊ မီးဖိုချောင်မပါလို့ရှိရင် တစ်အိမ်လုံး ဒုက္ခဖြစ်ကုန်လိမ့်မယ်- ဆိုပြီးသကာလ လူကြီးသူမ လုပ်တဲ့သူက မီးဖိုချောင် ခမ်းခမ်းနားနား စားစရာ သောက်စရာတွေအပြည့် အစုံတွေ ဟိုဘူး ဒီခွက်တွေနဲ့ ထည့်ပြီးသကာလ အမျိုးမျိုး အဖုံဖုံထားကြတယ်။

ဒီအခါကျတော့လဲ လျှာပေါက်က ဆွဲသွားလို့ ဒီဒကာ ဒကာမတွေ အငြိမ်မနေနိုင်ပါဘူး၊ မီးဖိုချောင်ရောက် သွားတာပဲ (မှန်ပါ့ ဘုရား) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)

ဒကာ ဒကာမတွေဖြင့် ကိုယ့်အလိုမပါဘူး။ ဆွဲရာပါနေကြတာပဲ (မှန်လှပါ ဘုရား) ကိုယ့်အလို (မပါပါ ဘုရား)။

သားကောင်ခြောက်ကောင် ဆွဲရာလိုက်ပြီး နေကြရတယ်

ဒွါရခြောက်ပေါက်- သားကောင် ခြောက်ကောင်ထဲက ဆွဲရာလိုက်ပြီးသကာလ နေကြရတယ်ဆိုတာ ဒါကို ဘုရားသခင်ကိုတော်မြတ်ကြီးက ဟောချင်တာပါ (မှန်ပ့ါ)။

ကိုယ်ပေါက်ကလဲ ခပ်စင်းစင်းကလေး-ခပ်လှဲလှဲကလေး ခပ်မှီမှီကလေး သူက ဒီလိုမှ မှိန်းပြီးသကာလ နေချင်တဲ့ သဘောက ရှိနေပြန်တော့ တောခွေးလိုပဲ တောထဲ သုသာန်သင်္ချိုင်းမှာ လူသေဖော်စားပြီး သကာလ အေးအေးချမ်းချမ်းနဲ့ အိပ်နေပြီးသကာလ နေချင်တာ (မှန်ပါ့)။

ကိုယ်ပေါက်ကလဲ အိပ်ချင်တယ် ဆိုလို့ရှိရင် ခင်ဗျားတို့ သုသာန်သဘော- လူသေသဘော သွားလုပ်ကြတာပဲ (မှန်ပါ့ ဘုရား)

မနောပေါက်ကလဲ ဪ အကြံအစည်မရှိ မဖြစ်သေးပါဘူး၊ ယောကျ်ားပဲ အကြံအစည်တော့ ရှိဦးမှပေါ့။ အကြံအစည်တုံးတာ လူညွန့်တုံးတယ်၊ သူကလဲ ဟိုဘက်လှည့်ကြံလိုက်၊ ဒီဘက်လှည့်ကြံလိုက်၊ ကြားကလဲ မအားဘူး (မှန်ပါ့)။

ကျောင်းတဲ့လူက တစ်ယောက်တည်း

သူကလဲ အမြင့်တက်ပြီး ဟိုကြည့် ဒီကြည့်- ကြည့်နေရမှကိုး၊ မကြည့်ရင် သူကလဲ ကျေနပ်ကဲ့လား (မကျေနပ် ပါ ဘုရား) သူကလဲ မကြံစည်ရလို့ရှိရင် (မကျေနပ်ပါ ဘုရား) မကျေနပ်ဘူး၊ လောကီအလုပ်တွေ မကြံစည်ရလို့ရှိရင် အကြံမွဲ ကံမွဲဖြစ်လိမ့်မယ်၊ လူ့အောက်ကျလိမ့်မယ်၊ အစရှိသည်ဖြင့် ဒကာ ဒကာမတွေမှာ ဖြစ်နေတော့ ကျောင်းတဲ့လူက တစ်ယောက်တည်း သားကောင်က ခြောက်ကောင်၊ ခင်ဗျားတို့ အမောဆိုက်တာပဲ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

ကျောင်းတဲ့လူက (တစ်ယောက်တည်းပါ ဘုရား) သားကောင်က (ခြောက်ကောင်ပါ ဘုရား) သားကောင် ခြောက် ကောင်က သန်ရာဆွဲသွားတယ် (မှန်ပါ့) တစ်ခါတလေ ဦးသံဒိုင်ကြီးတို့ ဘိုင်စကုပ်များ ရောက်သွားတယ်၊ မောင်သစ်တို့ ဘိုင်စကုပ်များ ရောက်လာတယ် (မှန်ပါ့) အင်း မြွေဆွဲသွားတာ၊ ခြုံထဲရောက်သွားတယ် (မှန်ပါ့)။

မြွေဆွဲသွားလို့ ခြုံထဲရောက်သွားပြီ၊ အဲ သူ့အခွန်ဆက်ပြီး ခဲ့ပြန်ပြီ၊ မြွေအခွန် ဆက်ပြီးခဲ့ပြန်ပြီ၊ သူကျေနပ် လောက်အောင် ဟိုက သိမ်းလာတဲ့အခါ ပြန်လာကြပြန်တော့ အင်း တော်တော်ကြာလို့ရှိရင်ဖြင့် ဟေ့ အိမ်မှာ ဘာများရှိကြသေးသတုံး၊ ဒို့ဘာမှ မစားခဲ့ကြရသေးဘူး အစရှိသည်ဖြင့် မီးဖိုချောင်ဆွဲရာ အိမ်ခွေးဆွဲရပါသွားပြန်ပြီ (မှန်ပါ့ ဘုရား)။

ဖြစ်မှ-ဖြစ်ရပလေ၊ ဘယ့်နှယ်တုံး ခင်ဗျားတို့ အငြိမ်နေခွင့်ကို ရရဲ့လား (မရပါ ဘုရား) မရပါဘူး၊ ကိုယ့်အလုပ် ပါသေးရဲ့လား (မပါပါ ဘုရား) သူတို့ ဒွါရခြောက်ပါး အခွန်ဆက်ပြီး အလုပ်လုပ်နေရတာသာ ဦးသံဒိုင် မများဘူးလား (များပါတယ်) ဘယ်မတုံး- ခင်ဗျားတို့ ကိုယ့်အလုပ်ပြောစမ်း (မပါပါ ဘုရား) မရှိဘူးနော် (မှန်ပါ့)။

ခင်ဗျားတို့က အမှုလိုက်ထမ်းပေးနေရတယ်

သားကောင်-ခြောက်ကောင် သန်ရာဆွဲတာကို ခင်ဗျားတို့က အမှုလိုက်ထမ်းပေးနေရတယ် (မှန်ပါ့) သားကောင် ခြောက်ကောင် သန်ရာဆွဲတာကို (အမှုလိုက်ထမ်းပေးနေရတယ်) တစ်လတလေ မနောပေါက် အကြံအစည်မျောက်လိုပဲ အမြင့်တက်ပြီးသကာလ အေးအေးချမ်းချမ်း ငါ အပေါ်ထပ်တတ်ပြီး စိတ်အေးလက်အေး နေလိုက်ဦးမကွာ၊ အကြံ ထုတ်နေလိုက်ဦးမယ်၊ ဥပမာ တိုက်တွေ အဆင့်ဆင့်တည်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ရှိရင်လဲ အမြင့်တက်ပြီးသကာလ အကြံ ဉာဏ် ထုတ်လိုက်ဦးမဟေ့၊ ဒီအတိုင်းနေလို့တော့ မဖြစ်တော့ဘူး ဆိုပြီးသကာလ တစ်ခါတလေ မျောက်စိတ်ပေါက် ပြီးလာတဲ့အခါ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဘာစိတ်ပေါက်သလဲ (မျောက်စိတ်ပေါက်ပါတယ် ဘုရား) အံမာလေး လူစင်စစ်ကိုက သားကောင်ခြောက်မျိုး ဖြစ်နေတယ် (မှန်ပါ့ ဘုရား) ခင်ဗျားတို့ကို လူလို့ ခေါ်စရာမပါဘူး (မှန်ပါ့) လူလို့ခေါ်စရာ ပါပါသေးရဲ့လား (မပါပါ ဘုရား) သားကောင် ခြောက်ကောင် သန်ရာဆွဲတာကို ပါနေကြတယ် (မှန်ပါ့) ကိုယ့်သဘောပါသေးရဲ့လား (မပါပါ ဘုရား)။

အဲ ကိုယ့်သဘောမပါတာကို ဘုရားက သိစေချင်တာ ပေါ်ကြပလား (ပေါ်ပါပြီ) ကိုယ့်သဘောမပါတာကို (ဘုရားက သိစေချင်ပါတယ် ဘုရား) အဲ ဘုရားက သိစေချင်တယ်-တဲ့၊ ကိုယ့်သဘော မင်းတို့ဘာမှ မပါဘူး-နော်၊ ဒွါရခြောက်ပေါက် ကျွန်ဖြစ်နေတာ (မှန်ပါ့)။

တစ်ခါတလေများ ခလုတ်လိုက်တယ်၊ ခလုတ်တိုက်တယ်၊ ခလုတ်ကြီး ရှိလျက်သားနဲ့ကိုပဲ မျက်လုံးက မမြင်ဘူး၊ ဟုတ်လား (မှန်ပါ့) ဟိုမျောက်လိုပဲ အတွေးနဲ့ သွားနေတာ ခလုတ်များတိုက်လိုက်သေးတယ် (မှန်ပါ့)။

မျောက်ဆွဲရာပါတာ (မှန်ပါ့) မြွေဆွဲရာ မပါပါနဲ့ ခလုတ်ကို မမြင်တော့ဘူး (မှန်ပါ့) မြွေဆွဲရာပါလို့ရှိရင်တဲ့ ဒီဥစ္စာ မျက်လုံးပေါက်က ခလုတ်တို့ ကျင်းတို့ဆိုရင် မြင်နေကျ (မှန်ပ့ါ) မမြင်ဘူး ဦးသံဒိုင်ကြီးတို့ တစ်ခါတလေကျလို့ ရှိရင် မောင်သစ်တို့-ဟင်၊ ရှိတဲ့ခလုတ်ကလေးတွေ တောင်မှ ဒုန်းဒိုင်းနဲ့ တိုက်လိုက်တယ် (မှန်ပါ့)။

ဟ ဘာဖြစ်တာတုံး၊ အို မျောက်ဆွဲရာ ပါသွားလို့ (မှန်ပါ့) အကြံအစည်နဲ့ သွားနေတာကိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အကြံအစည်နဲ့ သွားနေတော့ တော်တော့် ခလုတ်ရှိသေးရဲ့လား (မသိပါ ဘုရား) တော်တော့် ကျင်းတွေ ချိုင့်တွေကော (မသိပါ ဘုရား)။

မျောက်ကျောင်းနေရတဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ ခုနင်က ခလုတ်မရှောင်နိုင်ဘူး (မှန်ပါ့) ရှောင်နိုင်သေးရဲ့လား (မရှောင်နိုင်ပါ ဘုရား)။

ဪ ဒကာ ဒကာမတွေ ခလုတ်တိုက်တာ ကံမကောင်း အကြောင်းမသင့်လို့ တိုက်တာလား၊ မျောက် ကျောင်းနေရတာနဲ့ မြွေမကျောင်းမိလို့ တိုက်တာ (မှန်ပါ့)။

မြွေမကျောင်းမိဘူး (မှန်ပ့ါ) မြွေကျောင်းမိရင် မြွေက မျက်လုံး (မှန်ပါ့) မြွေကျောင်းမိလို့ ရှိရင်တော့ဖြင့် သူတော်သေးရဲ့ပေါ့လေ၊ ခလုတ်မတိုက်ရတော့ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

မတော်တဆ ဖြစ်တာဟာ ဘာတွေတုံး

ဒါဖြင့် ခင်ဗျားတို့မှာ မတော်တဆ ဖြစ်တာဟာ ဘာတွေတုံးလို့ မေးလို့ရှိရင်ဖြင့် တဒွါရကခိုင်းတဲ့ ဥစ္စာကို ဥပမာမယ် မနောဒွါကရခိုင်းလိုက်တယ်၊ မနောဒွါရက ခိုင်းလိုက်တဲ့အခါကျတော့ မျက်လုံးပေါက်က ကိုယ်-အင်မတန် ရင်းနှီးတဲ့ မိတ်ဆွေလာတာတောင် မမြင်ပြန်ဘူး (မှန်ပါ့) ဟိုမှာ အကြံက ထုတ်နေတာ ကို (မှန်ပါ့)။

အကြံထုတ်နေတော့ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။ နောက်မှ ခင်ဗျား ဘယ်အချိန်ကများ ရောက်နေ သတုံးဗျ၊ မေးရတဲ့အခါများ ပါသေးတယ် (ပါပါတယ် ဘုရား)။

အင်း ဘယ့်နှယ်ကြောင့်တုံးလို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတွေ မျောက်ဆွဲရာလိုက်တာနဲ့ မြွေဆွဲရာ မလိုက်ဘဲနေလို့ ဧည့်သည်ရောက်လာတာတောင်မှ ဘယ်အချိန်ရောက်သတုံး မေးနေရသေးတယ်ဆိုတဲ့ အဓိပ္ပာယ်လဲ ရောက်ပါတယ် (မှန်ပါ့ ဘုရား) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လူတစ်ယောက်တည်းက သားကောင် ဘယ်နှစ်ကောင် ကျောင်းရသလဲ (ခြောက် ကောင်ကျောင်းရပါတယ် ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ မောလိုက်တာ မောလိုက်တာ၊ အခုမှပဲ အသက်ကလေး မှန်မှန်ရှူရတော့တယ်၊ ဒါ တစ်နေ့လုံး အားတယ်ကိုမရှိဘူး။

ဘယ်အားနိုင်လိမ့်မလဲ ဦးသံဒိုင်စဉ်းစားကြည့်စမ်း တစ်ယောက်တည်းက ဘယ်နှစ်ကောင် ကောင်းရသတုံး (ခြောက်ကောင် ကျောင်းနေရပါတယ် ဘုရား) အားပါဦးမလား (မအားပါ ဘုရား) ခင်ဗျားတို့မအားတာ ခုမှပေါ်တော့ တယ် (မှန်ပါ့) မအားတာပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) တစ်ယောက်တည်းက ဘယ်နှကောင် ကျောင်းရသလဲ (ခြောက်ကောင်ပါ ဘုရား)။

တစ်ခါတလေကျတော့ နားဘက်က အေးအေးချမ်းချမ်းနေချင်တာနဲ့ နားတည်းသော ခုနင်က မိကျောင်းနောက် လိုက်ပြီးသကာလ မိကျောင်းအလုပ်-လုပ်ပေးရပြန်တယ်၊ မအားပြန်ဘူး၊ ကိုယ့်အလုပ် လုပ်ရတယ်မရှိဘူး၊ မိကျောင်း အလုပ် လုပ်ပေးနေရတယ် (မှန်ပါ့) သူက အေးအေးကြိုက်တာကိုး။

အမောဆိုက်တဲ့ ဇာတ်ထုတ်

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အမောဆိုက်တဲ့ ဇာတ်ထုတ်တော့ ယနေ့ပေါ်ပြီ (မှန်လှပါ ဘုရား) ဘယ်လို ကြောင့် အမောဆိုက်သတုံး (သားကောင် ခြောက်ကောင် ကျောင်းနေရလိုပါပါ ဘုရား) တစ်ယောက်တည်း ကျောင်းနေ ရတယ် (မှန်ပါ့ ဘုရား) သားကောင် ခြောက်ကောင် တစ်ယောက်တည်း ကျောင်းနေရတာကိုပဲ ခုမှရိပ်မိတယ် (မှန်ပါ့ ဘုရား) ဖြစ်မှ-ဖြစ်ရပလေ၊ ဘယ်သူမှ မကျောင်းနိုင်ဘူး၊ ခင်ဗျားတို့မို့ ကျောင်းနိုင်တာ (မှန်ပါ့)။

တော်တော်လိမ်မာတဲ့လူဆိုရင် ဘယ့်သူ့နောက်မှ မလိုက်တော့ဘူး ဆိုပြီးသကာလ အမောဆိုက်လှပြီ ဆိုပြီးတော့ ခင်ဗျားတို့ လုံလောက်တဲ့ နေရာထိုင်ဖို့ ကောင်းတယ် (မှန်ပါ့)။

အခုမထိုင်နိုင်ဘူး၊ ခင်ဗျားတို့၊ ခင်ဗျားတို့ကိုယ်တိုင်က ထုတ်ပြောနေတာ ထိုင်ချိန်ကို မရသေးဘူးတဲ့၊ တပည့် တော်တို့ ထိုင်ချင်ပါတယ်တဲ့၊ ထိုင်ချိန်ကို မရဘူးတဲ့ (မှန်ပါ့) ဘယ်သူက ပြောနေတာတုံး (သားကောင်ခြောက်ကောင်ပါ) သားကောင် ခြောက်ကောင် မနိုင်လို့ပြောတာ (မှန်ပ့ါ ဘုရား)။

ဘာတုံး (သားကောင်ခြောက်ကောင် မနိုင်လို့ပြောနေတာပါ) မသိဘူး ဦးသံဒိုင်ကြီးတို့ ထူတာ၊ ဒကာသစ်တို့ ထူနေတာ မသိဘူး (မှန်ပါ့ ဘုရား)။

မီးဖိုချောင် ပြေးရတာကတစ်မျိုး၊ ဟင် ချောင်ထိုးပြီး ခဏကလေး လှဲလိုက် လျောင်းလိုက်ရတာက တစ်မျိုး (မှန်ပါ့ ဘုရား) အေးအေးချမ်းချမ်း နေတဲ့နေရာကလေး လေပြေလေညှင်းခံတဲ့ နေရာကလေး ပြေးရတာကတစ်မျိုး (မှန်ပါ့)။

ဟိုမြွေက အရှုပ်ကြိုက်လို့ ရှုပ်တဲ့ပွဲလန်းသဘင် လိုက်ပို့ရတာက တစ်မျိုး (မှန်ပါ့) ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ ခင်ဗျားတို့ မအားတဲ့ဖြစ်ခြင်းက ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်လိုပေါ်ကြပါလိမ့် (သားကောင် ခြောက်ကောင် တစ်ယောက်တည်း ကျောင်းနေရလို့ပါ ဘုရား) တစ်ယောက်တည်း ကျောင်းနေရတော့ကိုတဲ့ ခင်ဗျားတို့ အလိုကကော တူကြရဲ့လား (မတူပါ ဘုရား) သားကောင် ခြောက်ကော်င အလိုကလဲ မတူပါဘူး၊ မြွေက အရှုပ်ကြိုက် မြွေက အရှုပ်ထဲချည်းဆွဲတယ် (မှန်ပါ့)။ မိကျောင်းကလဲ ရေအိုင်ကလေးရှိရာ ခပ်အေးအေး ဆွဲနေတယ် (မှန်ပါ့) ကျောင်းတဲ့လူက တစ်ယောက်တည်း (မှန်ပါ့) တစ်ခါတလေ ကောင်းကင်ပါသွားတယ်၊ အသက်ကလေးများ မှန်မှန်ရှူပရစေဦး အံမာ ကောင်းကင်များ ပါသွားလိုက်သေးတယ်။ မပါဘူးလား (ပါပါတယ် ဘုရား)။

အင်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မြင်တော်မူတယ် ဆိုတာဖြင့် ဒကာ ဒကာမတွေ ယနေ့တရားမှာ ထူးထူးခြားခြား နာရတယ် (မှန်ပါ့ ဘုရား)။

မအားတာ ဘာတုံးဗျ

ဦးသံဒိုင်ကြီး မအားတာ ဘာတုံးဗျ (သားကောင်ခြောက်ကောင် တစ်ယောက်တည်း ကျောင်းနေရလို့ပါ ဘုရား) အကြိုက်က တူကြရဲ့လား (မတူပါ ဘုရား) မတူတော့ ဟိုအလိုလိုက်လိုက်ရ၊ မြွေအလိုလိုက်လိုက်ရ၊ မိကျောင်းအလို လိုက်လိုက်ရ၊ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား) ငှက်အလိုကော (လိုက်ရပါတယ် ဘုရား) အိမ်ခွေးအလိုကော (လိုက်ရပါတယ် ဘုရား) တောခွေးအလိုကော (လိုက်ရပါတယ် ဘုရား) မျောက်အလိုကော (လိုက်ရပါတယ် ဘုရား)။

နို့ ခင်ဗျားတို့သဘော ပြောပါဦးတဲ့ (မပါပါ ဘုရား) မပါဘူးတဲ့ (မှန်ပါ့)။

အံမာလေး ဖြစ်နေလိုက်တာ၊ ဒကာ ဒကာမတွေဖြစ်နေတဲ့ ဖြစ်တွေကဖြင့် မသေရုံတမယ် ကျန်တယ် (မှန်ပါ့ ဘုရား) ဘယ့်နှယ်ဖြစ်နေသလဲ (မသေရုံတမယ် ကျန်ပါတယ် ဘုရား)။

ဒါ မသေရုံတမယ်သာ ကျန်တယ်၊ ငါ့ကို ဘယ်သူ နှိပ်စက်တယ်လို့ မသိသေးပါဘူး (မသိပါ ဘုရား)။

မသိဘူး သားကောင် ခြောက်ကောင်တော့ဖြင့် သန်ရာဆွဲပြီး ငါ့တော့ဖြင့် ရေနှစ်တဲ့ပုဂ္ဂိုလ်ကလဲ နှစ်ပဟ၊ ခြုံထဲပို့တဲ့ ပုဂ္ဂိုလ်ကလဲ ပို့ပဟ၊ မဟုတ်ဘူးလား (မှန်ပါ့) အင်း ကောင်းကင်ပို့တဲ့ ပုဂ္ဂိုလ်ကလဲ ပို့ပဟ၊ မီးဖိုချောင် ပို့တဲ့ ပုဂ္ဂိုလ်ကလဲ ပို့ပဟ၊ သုသာန်ပို့တဲ့ ပုဂ္ဂိုလ်ကလဲ ပို့ပဟ၊ သစ်ပင်အမြင့်တက်တဲ့ ပုဂ္ဂိုလ်ကလဲ ပို့ပဟ အမြင့်ပို့ ပဟလို့ တွေးလုံးကို မထုတ်မိဘူး (မှန်ပါ့) ကျွန်သာခံနေရတာပဲ (မှန်ပါ့ ဘုရား)။

သားကောင် ကျောင်းနေတာ

ဘာလုပ်နေကြတာတုံး (သားကောင် ကျောင်းနေတာပါ) ဘယ်နှစ်ကောင်တုံး (ခြောက်ကောင်ပါ ဘုရား) အကြိုက်က တူရဲ့လား (မတူပါ ဘုရား)။

အဲဒီမှ အကြိုက်မတူတော့ ခုနင်က သွားလမ်းလဲ တောင်မမြင် မြောက်မမြင်နဲ့၊ ဟိုတိုက် ဒီတိုက်နဲ့ သန်ရာဆွဲ နေကြတယ် (မှန်ပါ့)။

မနောပေါက်ကနေပြီး အင်း အကြံအစည်က ဆွဲလိုက်ပြီဆိုရင် မျက်လုံးပေါက်က ဘာမှမမြင်တော့ဘူး၊ နားပေါက်က ဘာမှမကြားတော့ဘူး (မှန်ပါ့) ကြားသေးရဲ့လား (မကြားပါ ဘုရား) တစ်ခါတလေ ဘယ်လိုပဲ အိမ်မှာ ဆူနေပေမယ့် မာကားဘူး၊ မနောပေါက်က တစ်ခုတည်းကို အခွန်ဆက်နေရတာနဲ့ ကြားကြသေးရဲ့လား (မကြားပါ ဘုရား)။

တစ်ခါတလေ ထမင်းစားနေရတာနဲ့ပဲ အင်း ထမင်းစားပြီးရင်ဖြင့် ဒို့ ဓာတ်ရှင်သွားရအောင် ပွဲလမ်းသဘင် သွားရအောင် မြန်မြန်စားဟေ့၊ ဟိုကောင်လဲ အိမ်ခွေးအခွန် ဆက်ရသေးတယ် (မှန်ပါ့) မြွေဆွဲရာ ပါချင်သေးတာပဲ (မှန်ပ့ါ)။

ခင်ဗျားတို့ ဒီအသက်ကလေးနဲ့ ဒီအသားအရေကလေးရှိတာ ဘုန်းကြီးက တော်သေးတယ် အောက်မေ့တယ် (မှန်ပါ့ ဘုရား)။ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား) ဒီအသက်နဲ့ ဒီအသားအရေကလေးရှိတာများ တော် တော်သေးရဲ့ကွာ သေခြင်းဆိုး သေစရာကိစ္စ သိပ်များတာ (မှန်ပါ့) မများဘူးလား (များပါတယ် ဘုရား)။

ဒီအထဲမှာ ခင်ဗျားတို့ ဘာ ပျော်-ပျော်နေကြ သတုံးလို့မေးတော့မှ သားကောင်ခြောက်ကောင် ဆွဲတဲ့နေရာမှာ သူတို့အလိုလိုက်ပြီးသကာလ ကျွန်ပျော် ပျော်နေတာပါ (မှန်ပါ့ ဘုရား) ဘယ့်နှယ်ဆိုကြပတုံး (ကျွန်ပျော် ပျော်နေတာပါ)။

အံမာလေး ဖြစ်မှဖြစ်ရလေ။ မှန်ကော မှန်ပါရဲ့လားလို့ မေးရင် (မှန်ပါတယ် ဘုရား) ဘုရားသခင်ကိုယ်တော် မြတ်ကြီးက သဗ္ဗညုတဉာဏ်နဲ့ ပြောတာ ခင်ဗျားတို့က မမှန်ဘူးများ မဆိုလိုက်ပါနဲ့၊ ကိုယ်တိုင်လုပ်နေရတာတောင်မှ မသိဘူးဆိုရင်ဖြင့် ဒီ့ထက် အ, ဒီထက်ထူ ရှိသေးရဲ့လား (မရှိပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

အသက်ကလေးများ မှန်မှန်ရှူပရစေဦး

အင် ဟင် တစ်ခါတလေ အသက်ကလေးများ မှန်မှန်ရှူပရစေဦး၊ နေကြစမ်းပါဦး၊ မပြောစမ်းပါနဲ့၊ အံမာလေး တောင်းပန်ရတယ် (မှန်ပါ)။

မပြောကြစမ်းပါနဲ့ နားပေါက်ကလဲ တယ်ကြားချင်တယ် (မှန်ပါ့) ကြားချင်လို့ရှိရင် နားပေါက်လိုက်သွားမှာ စိုးတော့ ဒီအသက် မှန်မှန်မရှူရမှာစိုးတာနဲ့ နေကြစမ်းပါဦး နားများ နားပရစေဦး တောင်းပန်ရတယ် (မှန်ပါ့)။

တောင်းသာ တောင်းပန်ရတယ် ကျွန်က ခံလျက် (မှန်ပါ့) မနောပေါက်ကျွန်က ခံလျက် (ခံချက်ပါ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့)။

တစ်နည်းအားဖြင့်လဲ နှာခေါင်းပေါက် ကျွန်ကိုခံပြီး ဒီ့ပြင်ဟာတွေ တောင်းပန်ထားရတယ် အသက်မှန်မှန် ရှူပရစေဦး၊ ခင်ဗျားတို့ လာခါရှိသေး၊ ဝိုင်းကုန်ပြီ ဟိုဟာတွေ ဒီဟာတွေ ပြောစရာ ဆိုစရာတွေက အသက်မှန်မှန် မရှူရရင် ကျုပ် သေလိမ့်မယ်၊ အစရှိသည်ဖြင့် တောင်းပန်ရပါတယ် (မှန်ပါ့ ဘုရား)။

ဒါလဲ တောင်းသာ တောင်းပန်တယ် ဒါ ကျွန်ခံတာပဲ (မှန်ပါ့) ဘယ်သူ့ကျွန်ခံသလဲ ငှက်ကျွန်ခံတယ် (မှန်ပါ့) ငှက်က ကောင်းကင်ကြိုက်တယ်၊ သူ့ကြိုက်ပြီး သကာလ လွတ်လွတ်လပ်လပ်ကလေး နေချင်တယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ ဒီနေ့တရားကဖြင့် ခင်ဗျားတို့မှာ နှိပ်စက်တဲ့ သားကောင် ခြောက်ကောင် ဥပမာနဲ့ ဘုရားက ဒွါရခြောက်ပေါက်က နှိပ်စက်ပုံကို ဦးသံဒိုင် ရှင်းပြတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဒီနေ့တရားကဖြင့် ခင်ဗျားတို့မှာ နှိပ်စက်တဲ့ သားကောင် ခြောက်ကောင်ဥပမာနဲ့ ဘုရားက ဒွါရခြောက်ပေါက်က နှိပ်စက်ပုံကို ဦးသံဒိုင်ရှင်းပြတယ် (မှန်ပါ့ ဘုရား)။

ဒါတောင်မှ တစ်ကောင်ကဆွဲလို့ မနောပေါက်က ဆွဲလို့သေခြင်းဆိုး သေရမယ်ဆိုတာတောင်မှ ခုနင်က ပါးစပ်ပေါက်ကနေပြီး သကာလ ပြောချင်သေးတယ်၊ ဆိုချင်သေးတယ်၊ မှာချင်သေးတယ်၊ ဟို မနောပေါက်ကတော့ သေတော့မယ်၊ ပါးစပ်ပေါက်က ပြောချင်သေးတယ်၊ ခိုင်းတုန်း (မှန်ပါ့) သေခါနီးတောင် မှာတုံး၊ ဘယ်သူ့ဘယ်လောက် ပေးစရာရှိတယ်၊ ဘယ်ဟာ ဘယ်မျှ ရစရာရှိတယ် ပြောခဲ့ဦးမယ် (မှန်ပါ့)။

သေတာတောင် မဖြောင့်ပါဘူးဆိုတာ

အင်း ခင်ဗျားတို့ ဖြစ်ထွေများတော့ သေတာတောင် မဖြောင့်ပါဘူးဆိုတာ ခင်ဗျားတို့က အရမ်းပြောနေတာ (မှန်ပါ့) ဒွါရခြောက်ပေါက်ကို မနိုင်တာနဲ့ မဖြောင့်ဘူး ပြောတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒွါရခြောက်ပေါက်ကို (မနိုင်လို့ မဖြောင့်ဘူး ပြောတာပါ)။ မနိုင်လို့ ဟိုအလို-လိုက်ရတော့မလို ဒီအလို- လိုက်ရတော့မလို၊ အကြိုက်ကတော့ (မတူပါဘုရားဝ။

အကြိုက်မတူတဲ့ သားကောင်ခြောက်ကောင် ကျောင်းပြီးသကာလ နေရတော့ ကျုပ်တော့ အသေဖြောင့်ဖို့ တောင် မလွယ်ဘူး၊ အံမာ ညည်းများ ညည်းလုံးထုတ်တယ် (မှန်ပါ့ ဘုရား) ဘယ့်နှယ်ကြောင့် ဒီညည်းလုံး ထုတ်ပါလိမ့် (သားကောင်-ခြောက်ကောင် မနိုင်လို့ပါ ဘုရား) သားကောင်ခြောက်ကောင် မနိုင်တဲ့အဖြစ် (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ကျုပ် အကြံအစည်ကလေးတွေ မပြီးပဲနဲ့ ဝိဉာဏ်ချုပ်ရမှာတော့ အင် ဟို မနောပေါက် အခွန်မဆက်ရမှာ စိုးတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ကျုပ်သေမှာတောင် အောင့်ထားချင်သေတးယ်၊ အောင့်ထားလို့ မရလို့ ၊ ဘယ်သူ့ကျွန်ခံတာတုံး (ဒွါရခြောက်ပေါက် ကျွန်ခံတာပါ) ဒီလိုမယူနဲ့၊ ဒီနေရာ မနောပေါက် ကျွန်ခံနေတာ (မှန်ပါ့-မနောပေါက်ကျွန်ခံနေ တာပါ) မနောပေါက် ကျွန်ခံတဲ့ကိစ္စက မပြီးသေးဘူး၊ ကျုပ်ပြောစရာ ဆိုစရာတွေ ရှိသေးတယ် (မှန်ပါ့) မနောပေါက် ကျွန်ခံတာ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။

အဲဒီတော့ အသေမဖြောင့်ဘူးဆိုတာ မောင်သစ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဘယ့်နှယ်ကြောင့် မဖြောင့် သတုံး (မနောပေါက် ကျွန်ခံနေလို့ပါ ဘုရား)။

တကောင့်ကျွန် ခံနေရတာကို တကောင့်ကျွန်ကို ခံချင်သေးတယ် (မှန်ပါ့) ဟိုဘက် တကောင့်ကျွန်ကို (ခံချင် ပါသေးတယ် ဘုရား) ခံချင်သေးတော့ ဒါတွေအကုန် အလိုဖြည့်ပြီးမှ သေချင်တာကိုး (မှန်ပ့ါ ဘုရား) အလိုကကော တူကြရဲ့လား (မတူပါ ဘုရား)။

အဲဒီတော့ မဖြောင့်ဘဲနဲ့ သေသွားရင် အကုန် အပါယ်သွာရမယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

မဖြောင့်ဘဲနဲ့ သေသွားတာကိုးဗျ (မှန်ပါ့) အခွန်ဆက်ချင်တာက ဘာတုံး အကုန် ဆက်ချင်တာ (မှန်ပါ့) အကြိုက်က တစ်မျိုးဆီ (မတူပါ ဘုရား)။

တစ်ယောက်တည်းဘယ်နည်းနှင့်မှ မလိုက်နိုင်ဘူး

တစ်ယောက်တည်း ဒီခြောက်ကောင်ကို အလိုလိုက်အကြိုက်ကို ဘယ်နည်းနှင့်မှ မလိုက်နိုင်ဘူး (မှန်ပါ့ ဘုရား) လိုက်နိုင်ပါ့မလား (မလိုက်နိုင်ပါ ဘုရား) ဘယ်လောက် သွက်သွက်ရပါ့မလား (မရပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဘယ်လိုညည်းကြ ညူကြသလဲလို့ အမေးထုတ်လို့ရှိရင်ဖြင့် ဪ ကျုပ်တော့ အသေ တော့ ဖြောင့်မှာမဟုတ်ဘူး (မှန်ပါ့)။

မျက်လုံးပေါက်ကလဲ သားကလေးတွေ၊ သမီးကလေးတွေ ကြည့်ချင်ရဲ့၊ မနောပေါက်ကလဲ အကြံအစည်က မပြီးသေးဘူး (မှန်ပါ့) မရဏပိုင်းက ဇွတ်နှိပ်စက်သွားတာနဲ့ သေပွဲဝင်လိုက်ရတယ် (မှန်ပါ့) ဒီလိုလူချည်းပဲ၊ ရှင်းပလား (ရှင်းပါပြီ)။

ဒီလိုလူချည်းပဲဆိုတော့ မှားသေးသလား (မမှားပါး ဘုရား) ကိစ္စပြတ်သွားတာ ရှိရဲ့လား (မရှိပါ ဘုရား)။

ကျုပ်မရှိရင် မဖြစ်ဘူးဗျ၊ ဒါတွေ ကျုပ် မျက်ခြေမပြတ် ကြည့်နေတာ (မှန်ပါ့) အံမာ မြွေကို အခွန်ဆက်နေ ရတာကိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

မြွေခွန်ဆက်နေရင်း မတ္တနဲ့ မရဏမင်းက ခေါ်သွားတော့ မပြီးမပြတ်နဲ့ ယဉ်ကျေးမှု၊ ထိန်းသိမ်းမှု၊ စောင့်ရှောက်မှု သူတို့ဟာ သူတို့ သူတို့လက် သူတို့ခြေနဲ့ အလုပ်ကိစ္စတွေ မပြီးသေးဘူး၊ ဒီအရှုပ်တွေ မပြီးသေးခင် ကျုပ်ကို သေမင်းက ဦးသွားတယ်၊ ဘယ်အသေဖြောင့်မလဲ (မှန်ပါ့)။

ဒါဖြင့် အသေဖြောင့်တဲ့လူဟာ တစ်ယောက်မှ ပါပုံမရပါဘူး (မပါပါ ဘုရား) ဘယ့်နှယ်တုံး (အသေဖြောင့် မည့်လူ တစ်ယောက်မှ မပါပါ ဘုရား) တစ်ပေါက်က အခွန်ဆက်တာကိုလဲ ကျေနပ်ပလား (မကျေနပ်ပါ ဘုရား) ဟို တစ်ပေါက်က အခွန်ဆက်ကော (မကျေနပ်ပါ ဘုရား) မကျေနပ်ဘူး၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် မကျေနပ်တာသည် ဒေါသ (မှန်ပါ့ ဘုရား) ဒါဖြင့် ဒီဒေါသကလေးနဲ့ပဲ သေသွားကြတယ်၊ ငရဲချည်း ရောက်တယ် (မှန်ပါ့) မနေ့က ပြောခဲ့တယ်။ လောဘနဲ့သေတော့ ပြိတ္တာဘုံ (မှန်ပါ့) ဒေါသနဲ့ သေတော့ ငရဲ၊ မောဟနဲ့ သေတော့ တိရစ္ဆာန်လို့ အဋ္ဌိသာလိနီ အဋ္ဌေကထာ များသောအားဖြင့် ဖြစ်တတ်တာ ရေးထားတယ် (မှန်ပါ့ ဘုရား)။

ကဲ ဦသံဒိုင် ရိပ်မိပလား (မှန်ပါ့ ဘုရား) ဘယ့်နြှ်ွသေကြမလဲ သေနည်းကို အတော်သင်ရဦးမှာလား (မှန်ပါ့ ဘုရား) ဘယ့်နှယ်သေကြမယ် စိတ်ကူးကြသလဲ ဒီလိုပဲ ဗျာများပြီး သေကြမှာပဲလား မောင်သစ် အသေတောင် ခက်နေပြီကွ (မှန်ပါ့) အသေတောင် ခက်နေပြီ၊ နောက်က ဒကာ ဒကာမတွေ သေဘာကျရဲ့လား (ကျပါတယ် ဘုရား) ကိုယ်အသေခက်ပုံ မြင်ပလား (မြင်ပါတယ် ဘုရား)။

မျက်လုံးပေါက်ကလဲ သားကလေးတွေ သမီးကလေးတွေ ကြည့်ချင်၊ နားပေါက်ကလဲ ခပ်အေးအေးနေချင်၊ ဒီသားသမီးတွေပဲ ရှုပ်ရှုပ်ရှက်ရှက် ကြည့်ချင်တယ် (မှန်ပါ့)။

နားပေါက်ကလဲ ဒီ ရှုပ်ရှုပ်ရှက်ရှက် ကျုပ်မကြိုက်ဘူး၊ ကျုပ်က နားအေးအေး ကြိုက်တယ်၊ အကြိုက်က တူမှ မတူဘဲ (မှန်ပါ့) မျက်လုံးပေါက်ကလဲ ကလေးတွေနဲ့ ရှုပ်ပွေပြီး နေရမှ၊ ပျော်ပျော်ပါးပါး သူတို့နေရာမြင်ရမှ ကျေနပ် တယ် (မှန်ပါ့)။

နားပေါက်ကလဲ မနေချင်ဘူးတဲ့၊ (မတူပါ ဘုရား) မတူတော့ တစ်ခါတလေကျတော့လဲ ရှုပ်လိုက်တာ သွားကြ စမ်းပါ။ အေးအေး နေပရစေ။

အင်း မျက်လုံးပေါက်ဆွဲရာ မလိုက်ဘဲနဲ့ ခုနင်က ပြောခဲ့တဲ မြွေဆွဲရာ မလိုက်ဘဲနဲ့ မိကျောင်းဆွဲရာ လိုက်သွား တယ်(မှန်ပါ့ ဘုရား)။

ဒီလိုကော မနေကြရဘူးလား (နေကြရပါတယ် ဘုရား) ဒါဖြင့် ခင်ဗျားတို့အလို ယောဂီပုဂ္ဂိုလ်၏အလို ပါကြရဲ့ လား၊ (မပါပါ ဘုရား) ယောဂီပုဂ္ဂိုလ်တွေ၏ အလိုပါကြရဲ့လား၊ (မပါပါ ဘုရား)။

အတော်ဆိုးနေတာပဲ (မှန်ပါ့ ဘုရား) မြတ်စွာဘုရားသဠာ ယတနဝဂ္ဂ သံယုတ်ပါဠိတော်မှာ ဟောတော်မူတာ မောင်သစ်ရ (မှန်ပါ့ ဘုရား) ဘယ့်နှယ်ဖြေနေကြသတုံး၊ ဒီ ဒကာ ဒကာမတွေ တောင်လဲ သွားချင်တယ်၊ မြောက်လဲ ပြန်ချင်တယ် (မှန်ပါ့)။

တောင်သွားချင်တာက ဘာကိစ္စတုံး အင် ဟင် မကြားရတာ ကြာလို့၊ မမြင်ရတာ ကြာလို့၊ မျက်လုံး ပေါက်တော့ အခွန်ဆက်လိုက်တယ် (မှန်ပါ့) မြောက်ပြန်တာက ဘာဖြစ်လို့တုံး၊ ထမင်းဆာလာတယ် (မှန်ပါ့)။

လမ်းများ မသေတာ ကံကောင်းဗျ၊ ဒီကဆွဲလိုက် ဟိုကဆွဲလိုက်နဲ့၊ ဘယ့်နှယ်နေကြသလဲ၊ အားကြသေးရဲ့လား (မအားပါ ဘုရား) တောင်သွားလဲ အေးအေးမနေ၊ မြောက်သွားလဲ (အေးအေးမနေပါ ဘုရား) အေးအေးမနေဘူးတဲ့။

တစ်ခါတလေများကျတော့ ကဲ ဘယ်မှ မရောက်ချင်၊ ခင်ဗျားအိမ်ပဲ အနားယူဦးမယ်ဆိုပြီး သကာလ အင် ဟင် မိကျောင်းဆွဲတဲ့ဆီများ ဝင်ပြီးသကာလ အိမ်ကျလဲ ရှုပ်သဗျာ၊ ဟိုသွားလဲ အချိုးကမကျခဲ့ဘူး၊ ဒါကြောင့် လမ်းပဲ နားပါရစေဦးဆိုပြီး လမ်းများနားရတဲ့ကိစ္စ ပါသေးတယ် (မှန်ပါ့ ဘုရား)။

ဒါကလဲ အကောင်းလား အဆိုးလား မေးပြန်တော့ မဟုတ်ဘူးတဲ့၊ မိကျောင်းဆွဲရာ ပါသွားတာ (မှန်ပ့ါ ဘုရား) ဒီ့ပြင်ဟာတွေဆွဲတာ မလိုက်နိုင်ဘူး (မလိုက်နိုင်ပါ ဘုရား)။

မနောပေါက်က ရှေ့ရောက်နေ တယ်

တစ်ခါတလေကျတော့ မနောပေါက်က မြန်မြန်အလိုရှိတယ်၊ ကိုယ်ပေါက်က ခပ်နှေးနှေး ဖြစ်နေတယ် (မှန်ပါ့) အဲဒီမှာ ထိုးလဲတဲ့အခါများ ပါလိုက်သေးတယ်။ ကျုပ်က စိတ်ကရှေ့ရောက်နေပြီဗျ၊ မနောပေါက်က ရှေ့ရောက်နေ တယ် (မှန်ပါ့) ကိုယ်ပေါက်က လိုက်နိုင်သေးရဲ့လား (မလိုက်နိုင်ပါ ဘုရား)။

မလိုက်နိုင်တော့ အင် ဟင် မတိုက်တန်ပဲနဲ့ ခလုတ်တိုက် မလဲတန်ပဲနဲ့ (လဲပါတယ် ဘုရား)။

ဘာဖြစ်တာလဲ ဟိုတစ်ကောင်က အတင်းဆွဲနေလို့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

မျောက်က အတင်းဆွဲနေလို့ (မှန်ပါ့ ဘုရား) ခုနင်က ပြောတဲ့ ကိုယ်ပေါက်ကဆိုတဲ့ ခုနင်က တောခွေးက မလိုက်နိုင်ဘဲ ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ခင်ဗျားတို့ ဖြစ်ထွေကဖြင့် မသေရုံတမယ်ပဲ (မှန်ပါ့ ဘုရား)။

ဘာဖြစ်နေကြသလဲ (မသေရုံတမယ်ပါပဲ ဘုရား) မသေရုံတမယ်ပဲ (မှန်ပါ့ ဘုရား)။

ခြောက်ကောင် ကျွန်ခံပါရစေဦး

ဘာဖြစ်နေကြသလဲ (မသေရုံတမယ်ပါပဲ ဘုရား) မသေရုံ တမယ်သာ ခိုင်းတယ်၊ သေချင်ပလားလို့ မေးတော့လဲ (မသေချင်ပါ ဘုရား) မသေချင်သေးပါဘူးတဲ့၊ ခြောက်ကောင် ကျွန်ခံပါရစေဦးတဲ့ (မှန်ပါ့ ဘုရား) သေချင်ပလားလို့ မေးတော့လဲ (မသေချင်သေးပါ ဘုရား)။

ကျုပ်တော့ဗျာ နေတော့ နေချင်သေးတယ်၊ နေချင်သေးတယ်များ ပြောသေးတယ် (မှန်ပါ့) နေတော့ နေချင် သေးတယ်ဗျ၊ မနေချင်ရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ။

နေရလို့ရှိရင် (နေချင်ပါသေးတယ်ဗျ) ဟ ဘာဖြစ်လို့တုံးမေးတော့ (ကျွန်ခံချင်သေးလို့ပါ ဘုရား) ကျွန်ခံချင် သေးလို့၊ ပေါ်ပလား (ပေါ်ပါပြီ)။

နေတော့ နေချင်သေးတယ်ဗျာ၊ ဒါကလေးတွေ လူလားမြောက်အောင် အင် လူလားမြောက်အောင် အင် လူလားမြောက်အောင်ဆိုတော့ မျက်လုံးပေါက်က မြွေက မသေချင်သေးဘူး (မှန်ပါ့) မြွေက အရှုပ်ကြိုက်တုံး ရှိသေးတယ် (မှန်ပါ့)။

မြေးကလေး မြစ်ကလေးတွေ ထွန်းကားလာတာ သူတို့နဲ့ သွားဖော်လာဖက်ဖြစ်ပြီး သကာလ သူတို့လူလား မြောက်ပြီး ရှေ့က ခေါင်းဆောင်ပြီး ပြသပြီး-နေချင်သေးတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အံမာလေး ဖြစ်ရဖြစ်ရပလေ၊ တစ်ခါတည်း ဘာလို့နေချင်တာတုန်း မေးတဲ့အခါကျတော့ ကျွန်ဆက်ခံချင် သေတယ် (မှန်ပါ့)။

ဘယ်နှစ်ယောက်၏ ကျွန်တုံး (ခြောက်ယောက်၏ ကျွန်ပါ ဘုရား) ရိပ်မိလာပြီ-ရိပ်မိလာပြီ၊ တော်တော်ရိပ်မိ လာပြီ (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ တော်တော်မရိပ်မိသေးဘူလား (ရိပ်မိပါပြီ ဘုရား) အဲဒီ ကျွန်စိတ် အခုပျောက် ပလားလို့ မေးလို့ရှိရင်လဲ ဘယ့်နှယ်ပြောကြမလဲ (မပျောက်သေးပါ ဘုရား)။ မပျောက်သေးဘူး။

အိမ်ခွေးစိတ် ပေါက်နေတယ်

မီးဖိုချောင်သွားချင်တဲ့စိတ်လဲ မပျောက်သေးဘူး (မှန်ပါ့) ဟေ ငါ့ဟာငါချက်ကျွေးချင်တာကွာ၊ အံမာ တချို့ဒကာ ဒကာမတွေက (မှန်ပါ့) သူများချက်တာများ ငါက ကျေနပ်တယ်များ အောက်မေ့မနေနဲ့၊ အိမ်ခွေးစိတ် ပေါက်နေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာစိတ်ပေါက်နေလဲ (အိမ်ခွေးစိတ် ပေါက်နေပါတယ် ဘုရား) ညည်းတို့ချက်တာ ကုန်တယ်ကျတယ်၊ ပြီးတော့ ကောင်းတာလဲမဟုတ်ဘူး (မှန်ပါ့) ကိုယ့်ဟာကိုယ် ချက်လို့ရှိရင် စားဖို့သောက်ဖို့ ဆား-ဆီ-ငပိ အစရှိသည် အကျိုးကျ တယ်။ ဒါကြောင့် ဘာဖြစ်ဖြစ် ငါလုပ်ရမှ ကျေနပ်တယ်။ မီးဖိုချောင် ကိစ္စမှာ၊ အိမ်ခွေးစိတ်မပျောက်ဘူး (မှန်ပါ့)။

အိမ်ခွေးက၊ ဘယ်ပြေးလေ့ရှိသလဲ (မီးဖိုချောင်ပြေးလေ့ရှိပါတယ်) ရိပ်မိပလား (ရိပ်မိပါပြီ) အခုပြေးပြီးခဲ့ကြ ပလား (ပြေးပြီးခဲ့ပါပြီ) ပြေးပြီးခဲ့ပြီ အံမာလေး ကြောက်စရာကြီးပါကလား။

ဒါဖြင့် အိမ်ခွေးစိတ်ပျောက်ရင် တောခွေးစိတ် ကျန်တော့တယ် (မှန်ပ့ါ ဘုရား) တောခွေးစိတ်ကတော့ လူသား စားပြီး ခပ်အေးအေး နေရာမှာ တစ်ယောက်တည်း အိပ်ချင်တယ် (မှန်ပါ့)။

နောက် ဘာစိတ်ပေါက်မယ်ထင်ကြသလဲ (တောခွေးစိတ် ပေါက်ပါတယ် ဘုရား) အံမာလူး လူစိတ်ကိုမပါဘူး (မှန်ပါ့) ပါကြသေးရဲ့လား (မပါပါ ဘုရား)။

လူစိတ်ကို မပါဘူးဆိုတာ ခင်ဗျားတို့က ဒီဝတ္ထုတွေကို မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး သဗ္ဗညုတဉာဏ် ကြီးနဲ့ ကြီးကြီးကျယ်ကျယ် ဟောတော်မူတာကို ဦးသံဒိုင်တို့ မောင်သစ်တို့က မရိပ်မိသေးဘူး (မှန်ပါ့ ဘုရား)။

သူတို့ဆွဲရာကိုတော့ မနိုင်တော့ဘူး

အခုတော့ ရိပ်မိပါပြီ (ရိပ်မိပါပြီ ဘုရား) ဘယ့်နှယ်လုပ်ကြမယ်၊ ဒီလိုပဲ သားကောင်ခြောက်ကောင် သဘော တူတဲ့ဆီလိုက်ပြီး တပည့်တော်တို့က ကျွန်ခံနေရမှာပဲ၊ သူတို့ဆွဲရာကိုတော့ တပည့်တော်တို့ မနိုင်တော့ဘူး၊ ဒီလိုနဲ့သေလို့ ရှိရင်လဲ အင်း အရှုပ်ထဲသေရင်လဲ မြွေဖြစ်မှာပဲ၊ မဟုတ်ဘူးလား (မှန်ပါ့) ရေထဲသေလဲ မိကျောင်းဖြစ်ရုံပဲ (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) ကောင်းကင်သေလဲ ငှက်ဖြစ်ရုံပဲ (မှန်ပါ့) သဘောကျပလား (မှန်ပ့ါ) မီးဖိုချောင် သေလဲ အိမ်ခွေးဖြစ်မှာပဲ (မှန်ပါ့) တောထဲဘာထဲ သွားသေလဲ တောခွေးဖြစ်မှာပဲ (မှန်ပါ့) အမြင့်ပေါ်မှာ သေလို့ရှိရင်လဲ မျောက်ဖြစ်မှာပဲ (မှန်ပါ့) ဘယ်အသေကြိုက်ကြသလဲ (ဘယ်အသေမှ မကြိုက်ပါ ဘုရား)။

ဟာ မကြိုက်ပေမဲ့ ခင်ဗျားတို့က ဒီအလုပ်-လုပ်နေတာကိုး၊ မရဘူး (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ခင်ဗျားတို့က ဘာအလုပ်-လုပ်နေသတုံး (ဒီအလုပ်-လုပ်နေပါတယ် ဘုရား)။

ဒီခြောက်ကောင်ပဲ လှည့်ကျောင်းနေတယ် (မှန်ပါ့) ဒီခြောက်ကောင် လှည့်ကျောင်းတော့ကို ခင်ဗျားတို့ လူသေ သေဖု့ိအတွက်မှ မပါဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

လူသေ-သေစရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား) မြွေသေရင်လဲ သေရမယ် သားတွေ သမီးတွေကြားထဲမှာ အရှုပ်ထဲမှာ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) မိကျောင်းသေရင်လဲ ချောင်ထိုးပြီးတော့ (သေရပါမယ်) သေချင်သေ ရမယ်၊ ငှက်လိုပဲ ကောင်းကင်တွင် လေယာဉ်ပျံပေါ်တွင် လေဖြတ်သေချင်သေရမယ်၊ ခင်ဗျားတို့ (မှန်ပါ့) မသေရပေ ဘူးလား (သေရပါမယ်)။

မသာကိစ္စတောင်မှ နေရာမမှန်ပါဘူး

ဒါဖြင့် ခင်ဗျားတို့ မသာကိစ္စတောင်မှ နေရာမမှန်ပါဘူး (နေရာမမှန်ပါ ဘုရား) ဘယ့်နှယ်ဆိုကြမယ် (မသာ ကိစ္စ နေရာမမှန်ပါ ဘုရား)။

ဒါကြောင့် အခုကြားရတာ တချို့မှာ ကောင်းကင် သေကြတယ် (မှန်ပါ့) တချို့လဲ ခြုံထဲထိုးသေဆိုပဲ၊ တချို့လဲ မီးဖိုချောင်က မထွက်နိုင်ဘူးတဲ့ (မှန်ပါ့) နေရာမမှန်ဘူးဗျ သေတာတောင် (မှန်ပါ့)။

အံမာလေး ကြောက်စရာကြီးပါကလား၊ ဘာဖြစ်လို့တုန်း သားကောင် ခြောက်ကောင်တို့ သန်ရာဆွဲပြီး သေလိုက် ရတယ် (မှန်ပါ့) ဘယ်လိုပါလိမ့် (သားကောင်ခြောက်ကောင်တို့ သန်ရာဆွဲပြီး သေလိုက်ရပါတယ် ဘုရား) သန်တဲ့ အကောင် ဆွဲတဲ့နေရာ သွားသေရတယ် (မှန်ပါ့ ဘုရား)။

ကဲ အသေကော မြဲကြရဲ့လား (မမြဲပါ ဘုရား) နေရာကကော (မမြဲပါ) အနေလဲ အမောဆိုက်နေတယ် (မှန်ပါ့) အသေလဲ နေရာမရှိဘူး (မှန်ပါ့)။

ခင်ဗျားတို့ ဖြစ်ထွေကဖြင့် မသက်သာလိုက်တဲ့ ဖြစ်ခြင်းမှ ပြောစရာမရှိတော့ဘူး (မှန်ပါ့)။

မောင်သစ် ဒီတရားနာရမှ သာဆိုးပါကလား၊ ကိုယ့်သဘောကို ပါသေးရဲ့လား (မပါပါ ဘုရား) မပါတော့ဘူးတဲ့ မပါတော့ဘူး၊ အတော်ခဲယဉ်းသွားပြီ (မှန်ပါ့)။

ဒါဖြင့် ဒီတရားမျိုးလဲ မနာတော့ဘူး ဪ ကံမကောင်းလို့ မီးဖိုချောင် သေရတယ်လို့ ပြောချင်ပြော နေမှာ (မှန်ပါ့) ဘယ်ဟုတ်လိမ့်မတုံး၊ အိမ်ခွေးဆွဲသွားတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

တောထဲမှာ သူ့ခမျာ သေရရှာသတဲ့၊ အင်း တောခွေးဆွဲလို့ တောထဲမှာ သေရတာ (မှန်လှပါ ဘုရား) သေဘာကျပလား (ကျပါပြီ)။

သားတွေ သမီးတွေကြားထဲမှာ သူ ဘယ်ဂတိဖြောင့်နိုင်ပါ့မတုံး၊ သားတွေ သမီးတွေက ဆူဆူပူပူကြားထဲမှာ သေပွဲဝင်ရရှာတယ်၊ မြွေဆွဲသွားတာ (မှန်ပါ့ ဘုရား) အရှုပ်ထဲ ဆွဲသွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ သေစရာနေရာကော မှတ်မိကြပလား (မမှတ်နိုင်ပါ ဘုရား) ဘယ်ရယ်လို့ကို မသိဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

သူများပို့တာက အမရပူရမြို့ပြင် လေးတင်ကုန်းပို့မှာပဲ (မှန်ပါ့) သူများပို့တာတော့ ခင်ဗျားတို့စွမ်းရည်မှ မဟုတ်ဘဲကိုး (မှန်ပါ့)။ ကိုယ့်အတွက်ကဖြင့် သေတဲ့နေရာ မူမှန်ရှိကြပလား မေးရင် ဘယ့်နှယ်ပြောမလဲ (မရှိပါ ဘုရား) မရှိဘူး (မှန်ပါ့) နေတဲ့နေရာကတော့ (မရှိပါ ဘုရား)။

ခက်လိုက်တာ၊ အနေလဲမမှန်၊ အသေလဲမမှန်နဲ့ ခင်ဗျားတို့ဘဝ သဘာဝလို့ ဆိုကြမလဲမေးလို့ရှိရင် ခုနင်က တိရစ္ဆာန်ခြောက်ကောင် စီမံသလိုပေါ့ဘုရား (မှန်ပါ့ ဘုရား)။

တိရစ္ဆာန်ခြောက်ကောင် စီမံသလို

ဘယ့်နှယ်ဆိုကြမယ် (တိရစ္ဆာန်ခြောက်ကောင် စီမံသလိုပါ ဘုရား) ဖြစ်ပုံအတော်ဆိုးသွားပြီ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်တုံး နောက်က ဒကာ ဒကာမတွေ ကိုယ့်အဖြစ်ကိုယ် သိကြပလား (သိကြပါပြီ ဘုရား) ဘယ်လိုများ သိကြသလဲ (တိရစ္ဆာန်ခြောက်ကောင် စီမံရာနေရပါတယ်)။

နေရမှာကော ၊ နေလဲသူတို့ဆွဲရာနေရတယ် (မှန်ပါ့) နေ့တိုင်း ဟိုသွား ဒီသွားဆိုတာ သူတို့ခြောက်ကောင် ဆွဲတဲ့ဆီ သွားနေတာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဝိညာဏ်ချုပ်ခါနီး ကျလာလို့ရှိရင်လဲ ကိုယ့်အိမ် ကိုယ့်ရာ ကိုယ့်အခန်းလေးပဲ ချုပ်ကြသလားဆိုတော့ ဘယ်သူမှ အသေမမှန်ဘူးတဲ့၊ ခြောက်ကောင်ဆွဲရာမယ် တစ်ကောင်ကောင်၏ အားသန်တဲ့အကောင် ဆွဲရာမှာ သေရ မယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်သူဆွဲရာ သေရမလဲ (အားသန်တဲ့အကောင် ဆွဲရာမှာ သေရပါမယ် ဘုရား)။

အို ခင်ဗျားတို့ ကျုပ်တို့ ဖြစ်ထွေကဖြင့် အနေလဲမမှန် အသေလဲမမှန်နဲ့ ဒါ ဘဝအရတော်လေစွဆိုတာများ ခင်ဗျားတို့မို့လို့ ကြံပြီးချီးမွမ်းတယ် (မှန်ပါ့ ဘုရား) အနေကကော (မမှန်ပါ) မမှန်ဘူး အသေကော (မမှန်ပါ့)။

အင်း ခက်နေပြီကော၊ သေသေချာချာ စဉ်းစားပါ၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး သဠာယတန သံယုတ်မှာ သဗညုတ္တဉာဏ်မှရမှ ဟောတာ (မှန်ပါ့ ဘုရား)။

သတ္တဝါတို့ဖြစ်စဉ် (မှန်ပါ့) မင်းတို့ ဘာလုပ်နေကြသတုံးမေးတော့ ဘာမှပြောမနေနဲ့ ခင်ဗျားတို့သားကောင် ခြောက်ကောင် ကျောင်းနေရပါတယ် (မှန်ပါ့ ဘုရား)။

ကိုယ့်သဘောလား သူတို့ဆွဲရာ လိုက်နေရတာလား (သူတို့ဆွဲရာ လိုက်နေရပါတယ်) ကိုယ့်သဘောဆိုရင် တပဲသားမပါဘူးပေါ့ (မှန်ပါ့ ဘုရား) ပါကြသေးရဲ့လား (မပါပါ ဘုရား)။

ကြောက်စရာကြီးပေါ့ (မှန်ပါ့) ဒါ-လူ့ဘဝ အရတော်လေစွလို့ မောင်သစ်တို့ ဦးသံဒိုင်တို့ကများ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းလို့ ရှိရင်ဖြင့် တော်တော်ရူးသေးလို့ ချီးမွမ်းတာ (မှန်ပါ့) ကိုယ့်သေဘာကို မပါဘူး (မှန်ပါ့) ပါသေးရဲ့လား (မပါပါ ဘုရား) ဘယ်သူ့သဘောတွေတုံး (သားကောင်ခြောက်ကောင် သဘောတွေပါ ဘုရား)။

ဒွါရခြောက်ပေါက်၏ အလိုလိုက်နေရတာ

သားကောင် ခြောက်ကောင်ဆိုတဲ့ ဒွါရခြောက်ပေါက်၏ အလိုလိုက်နေရတာ (မှန်ပါ့ ဘုရား)။

အခွန်ဆက်လိုက်တာ၊ ဓာတ်ရှင်နဲ့ အခွန်ဆက်လိုက်ရ၊ နော် (မှန်ပါ့) အိပ်ရာ-နေရာကလေးနဲ့ကော (အခွန် ဆက်ရပါတယ် ဘုရား) အခွန်ဆက်လိုက်ရတာ အသက်မှန်မှန်ရှူတဲ့ ကွက်လပ်ကလေးပေါ်သွားပြီးတော့ (အခွန်ဆက် ရပါတယ် ဘုရား)။ အခွန်ဆက်ရတယ၊ လေသန့်ကလေး ဘာကလေးရတဲ့နေရာ (မှန်ပါ့) မဆက်ရဘူးလား (ဆက်ရပါ တယ် ဘုရား)။

အင်း ဟင်း၊ မီးဖိုချောင်ကနေပြီး သကာလ မီးဖိုချောင်သွားပြီး အခွန်ဆက်ရတယ် (မှန်ပါ့ ဘုရား) တောထဲ တစ်ယောက်တည်း နေပြီးသကာလ ခပ်အေးအေးကလေးနဲ့ အခွန်ဆက်ရတယ်၊ မဟုတ်ဘူးလား (မှန်ပါ့)။

တိုက်တွေ အိမ်တွေမှာ အမြင့်ကလေး ထွက်ရတဲ့နေရာမှာ တစ်ခါတည်း အကြံထုတ်ပြီးသာလ မနောပေါက်က ဆွဲတဲ့ဆီ အခွန်ဆက်လိုက်ရတယ် (မှန်ပါ့)။

ဒီလိုမနေရဘူးလား (နေရပါတယ် ဘုရား) ဒါဖြင့် ခင်ဗျားတို့သဘော ပြောစမ်းပါဦး (မပါပါ ဘုရား)။

အင်း ခက်ကုန်ပြီပေါ့၊ ဒါဖြင့် တစ်ပွဲလုံးကို ကိုယ့်သဘော ဘာမှမပါဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဘယ်သူ့သဘောချည်း ဖြစ်နေသတုံး (သားကောင်ခြောက်ကောင်၏ သဘောပါ ဘုရား) မရိပ်မိဘူး ခင်ဗျား တို့က ဘုရားဟောလို့ ဘုရားဟောတဲ့နောက်ကိုလဲ ဆရာဘုန်းကြီးကလဲ ရှင်းအောင်ပြောလို့ ဦးသံဒိုင်ကြီးတို့ ရိပ်မိတာ (မှန်ပါ့ ဘုရား) နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ ဒါ ကျုပ်တို့အလုပ်ချည်းပဲဗျ၊ ထမင်းဆိုတာလဲ မစားဘဲ မနေနိုင်ဘူးဗျ၊ မဟုတ်ဘူးလား၊ (မှန်ပါ့)။

အသက်ကလေး မှန်မှန်ရှူတယ်ဆိုတာ မရှူသေကုန်မှာပေါ့ဗျ- ဆိုပြီးသကာလ သူ့-သူများခိုင်းလို့ လုပ်ရတယ်လို့ မသိဘူး၊ ဒါ ငါ့သဘောချည်း ထင်နေတယ် (မှန်ပါ့)။

ငါ့သဘောလား၊ သူများသဘောလား

ငါ့သဘောလား၊ သူများသဘောလား (သူများသဘောပါ ဘုရား) သူမျာသဘော ခင်ဗျားတို့က ဘယ်လိုထင် သတုံး (ငါ့သဘောထင်ပါတယ်)။

အို ငါ့ထမင်းအိုးချောင် ငါစားချင် သွားစားမယ် (မှန်ပါ့)။ ဘယ်ဟုတ်လိမ့်မတုံး၊ အိမ်ဆွေးဆွဲသွားတာ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဒကာ ဒကာမတွေမှာ မအားတဲ့ကိစ္စက ယနေ့ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) ဟိုအိမ်ကြည့်လိုက်ပြန်လဲ ဒီနေ့ ဘာဖြစ်နေတာလဲ (မအားလို့) ဟိုအိမ်ကြည့်လိုက်ပြန်တော့ (မအားလို့ပါ) ဘယ်အိမ်များ အားကြသတုံး (ဘယ် အိမ်မှ မအားပါ ဘုရား)။

ဟ ဘာဖြစ်နေကြသတုံး (သားကောင် ခြောက်ကောင် ကျောင်းနေရပါတယ်) အင်း သားကောင်ခြောက် ကောင် ထိန်းကျောင်းနေရတော့ အကြိုက်က မတူတော့ အားကိုမအားဘူး (မအားပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ)။

ဒါကြောင့် မနောပေါက်က သေမယ်လို့ ရည်ရွယ်ချက်ရှိတာတောင်မှ မျက်လုံးပေါက်က ဖွင့်ကြည့်တယ် (မှန်ပါ့) မျက်လုံးပေါက်က ဖွင့်ကြည့်တယ်၊ သားကလေးတွေ သမီးကလေးတွေနဲ့ ခွဲရတော့မှာပဲ၊ မနောပေါက်က သေတော့မယ် (မှန်ပါ့) ဘဝင်ကချုပ်တော့မယ်၊ မရဏာသန္နဇောပြီးရင် စုတိကျတော့မယ် (မှန်ပါ့)။

အဲဒါတောင်မှ မျက်လုံးပေါက်က ကျုပ်အခွန်ဆက်ပါဦးဆိုပြီး သကာလ အရှုပ်ကလေး ကြည့်ရှုပါဦးဆိုပြီး သားတွေ သမီးတွေဘက်များ လှည့်ကြည့်လိုက်သေးတယ် (မှန်ပါ့) သေခါနီးတောင်မှ (မှန်ပါ့) သေရမှာက မနောပေါက် စုသေရမှာကိုး (မှန်ပါ့ ဘုရား)။

အဲ မနောပေါက် စုသေရမှာတောင်မှ နင်တို့စိတ်မချဘူးဆိုပြီး သကာလ မျက်လုံးပေါက်ကနေပြီး အခွန် ဆက်ပေးရသေးတယ်၊ အရှုပ်ထဲ ခင်လိုက်ရသေးတယ် (မှန်ပါ့)။

လူကတော့ ထနိုင်သေးရဲ့လား (မထနိုင်ပါ ဘုရား) လူက မထနိုင်တာတောင် မျက်လုံးပေါက်က မြွေက အရှုပ် ကလေးကြည့်သွာာပါဦးဆိုတာ ပါသေးတယ် (မှန်ပါ့ ဘုရား) မပါဘူးလား (ပါပါတယ် ဘုရား)။

အဲဒီတော့ လားရာဂတိ မြဲကြပါ့မလားလို့ ဒီဒကာ ဒကာမတွေကို မေးတယ် (မမြဲပါ ဘုရား) မမြဲတော့ဘူး၊ လူတစ်ယောက်တည်း ခြောက်မှုထမ်းမို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) လူတစ်ယောက်တည်းမှာ (ခြောက်မှုထမ်းပါ တယ် ဘုရား) ပေါ်ကြရဲ့လား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် တပည့်တော်တို့ အသေကောင်းတော့ သေချင်တာပဲဘုရား၊ အနေကောင်းလဲ နေချင်တယ်ဘုရား၊ ဒါ လူတိုင်းတော့ လျှောက်ရမှာပဲ (လျှောက်ပါတယ် ဘုရား)။

ဒီခြောက်ပေါက်ကို မနိုင်လို့ရှိရင်တော့ မရဘူး၊ အသေကောင်းလဲ မဖြစ်နိုင်ဘူး၊ အနေကောင်းတော့ (မဖြစ်နိုင်ပါ ဘုရား)။

ဒါဖြင့် အနေမှာလဲ ဆင်းရဲဗလပွနဲ့နေ (မှန်ပါ့) အသေမှာလဲ ဒွါရခြောက်ပေါက်ဆွဲရာ ပါရတဲ့အတွက်-တဲ့ အသေမှာလဲ အသေဆိုးပဲနေကြမယ် (မှန်ပါ့ ဘုရား) အမောဆိုက်နေတယ် (မှန်ပါ့) မောချင်လို့ မောတာလား၊ ဝေဒနာ ကြောင့် မောတာလား၊ ကိုယ့်အလိုမကျလို့ မောတာလား (ကိုယ့်အလိုမကျလို့ မောတာပါ)။

အခွန်ဆက်ရတာ မကျေနပ်ဘဲနဲ့ သေပွဲဝင်ရတယ်

ဒွါရခြောက်ပေါက် အမှုထမ်းတာကို အကုန်အမှုမထမ်းနိုင်တော့ဘူး၊ ငါတော့ သေရတော့မှာပဲ၊ ဘာမှ သူတို့ စိတ်လက်ချလက်ချမရှိဘဲနဲ့ လူလားမမြောက်တာတွေနဲ့၊ မပြည့်စုံတာတွေနဲ့ ယုတ်စွအဆုံး မီးဖိုချောင်ကစပြီး အိမ်ကစပြီး မပြည့်စုံတာနဲ့ သေပွဲဝင်ရမယ်ဆိုပြီး ဒွါရခြောကပေါက်ကို အခွန်ဆက်ရတာ မကျေနပ်ဘဲနဲ့ သေပွဲဝင်ရတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒေါမနဿနဲ့ သူသေတာ (မှန်ပါ့ ဘုရား) သဘောပါကြလား (ပါပါပြီ) ဘာနဲ့သေတာတုံး (ဒေါမနဿနဲ့ သေပါတယ် ဘုရား) သွားသွား-သွားသွား၊ ငရဲချည့်သွား၊ ရှုပ်မနေနဲ့ (မှန်ပါ့ ဘုရား) ဒေါမနဿနဲ့သေရင် ဘယ်သွားရ မလဲ (ငရဲသွားရပါမယ်)။

အဲဒီကျမှ မှားခဲ့တယ် (မှန်ပါ့) ဒွါရခြောက်ပေါက်မနိုင်ခဲ့လို့ သေခြင်းဆိုးက နေခြင်းဆိုးငရဲရောက်ပေါ့ (မှန်ပါ့ ဘုရား)။

နဂိုရ်ကလဲ သေခြင်းဆိုး သေခဲ့ရတယ် (မှန်ပါ့) အမောဆိုက်ပြီး သေတော့ သေခြင်းဆိုး မကျဘူးလား (ကျပါ တယ် ဘုရား)။

ဒွါရခြောက်ပေါက်မနိုင်တော့ သူတို့အလိုသာ လိုက်နေတော့ ကိုယ့်အလိုက တပဲသားမပါတော့ တစ်ခါတည်း ခုနင်က ဒေါမနဿနဲ့ သေလိုက်တဲ့အခါကျတော့ ငရဲရောက်တယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ငရဲရောက် သွားသည်ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ခြောက်မျိုးဟောနေတာ

ဒါ ပဋိစ္စသမုပ္ပါဒ်ထက် ခက်တယ်လို့ အောက်မေ့စမ်းပ (မှန်ပါ့ ဘုရား) ပဋိစ္စသမုပ္ပါဒ် တစ်မျိုးတည်း ဟောနေတာ မဟုတ်ဘူး၊ ခြောက်မျိုးဟောနေတာ (မှန်ပါ့ ဘုရား)။

မျက်လုံးပေါက်က ပဋိစ္စသမုပ္ပါဒ်၊ နားပေါက်က ပဋိစ္စသမုပ္ပါဒ်၊ မနောပေါက်က ပဋိစ္စသမုပ္ပါဒ်ဆိုပြီး ခြောက်မျိုးကို တစ်ပြိုင်နက် ဟောနေတာပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ကိုင်း ဘယ်လိုသေကြမယ် စိတ်ကူးကြသလဲ ဘယ့်နှယ့်သေမလို့ စိတ်ကူးကြသလဲ သူတို့ကျွန်ခံပြီး သေမလား၊ ကိုယ့်သဘောနဲ့ကိုယ် သေကြမလား (ကိုယ့်သဘောနဲ့ကိုယ် သေပါမယ်ဘုရားဝ။

ကိုယ့်သဘောနဲ့ သေမယ်၊ အရှုပ်တော့ ခင်ဗျားတို့ ကောင်းကောင်းတွေ့လိမ့်မယ်၊ သို့သော်လဲ တဲ့ ခင်ဗျား တို့က ဘယ်အလုပ်ပြီးပလဲလို့ မေးတဲ့အခါကျတော့ ဦးသံဒိုင် ဘယ့်နှယ်ဖြေကြမလဲ (မပြီးသေးပါ ဘုရား) ဘယ်အလုပ်မှ မပြီးသေးဘူး (မှန်ပါ့)။

မောင်သစ်ကော ဘယ်အလုပ်ပြီးပလဲ (ဘယ်အလုပ်မှ မပြီးသေးပါ ဘုရား) ဘယ်အလုပ်မှ မပြီးသေးဘူး၊ သေကောပြီးမှာလား (မပြီးပါ ဘုရား) အင်း တန်းလန်းတွေနဲ့ ဒီလိုပဲနေမယ် (မှန်ပါ့)။

အဲဒီတော့ကို ခင်ဗျားတို့ ဒွါရခြောက်ပေါက် သန်ရာကဆွဲပြီး အပါယ်ပို့မှာပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) သန်ရာကဆွဲပြီး (အပါယ်ပို့မှာပါ ဘုရား)။

သူတို့ကတော့ သူတို့ပို့တဲ့နေရာကတော့ မြွေကလဲ အရှုပ်ထဲ ပို့ပါတယ်လို့ ပြောပေါ့ (မှန်ပါ့) မိကျောင်းကလဲ ရေထဲပို့ပါတယ်လို့ ပြောထားပေါ့ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဘယ်မှာ ခင်ဗျားတို့ ကိုးစားရာ အားထားရာ ကိုယ့်အကြိုက် ကိုယ့်အလိုက် ပါသေးရဲ့လား (မပါပါ ဘုရား)။

ဒါ နားကြီးကြီးနဲ့ ထောင်မှနော် (မှန်ပါ့ ဘုရား) ဦသံဒိုင် နားသေးသေးနဲ့ထောင်ရင် ဘာပြောနေမှန်း သိမှာ မဟုတ်ဘူး (မှန်ပါ ဘုရား) သူ နားကြီးကြီးနဲ့ထောင်တော့ ဪ တဏှာ့ကျွန်ပါဟေ့-ခြောက်ယောက်က ခိုင်းတဲ့ ကျွန်ဟ၊ တဏှာခြောက်မျိုးက လူတစ်ယောက်တည်း ခိုင်းတာကွ (မှန်ပါ့ ဘုရား)။ တဏှာခြောက်မျိုးက (လူတစ်ယောက် တည်း ခိုင်းတာပါ ဘုရား)။

တဏှာခြောက်မျိုး

အံမာလေး တဏှာခြောက်မျိုးက မျက်လုံးပေါက်က တဏှာက တစ်မျိုးကြိုက်တယ် (မှန်ပါ့) နားပေါက်က တဏှာက (တစ်မျိုးကြိုက်ပါတယ် ဘုရား) နှာခေါင်းပေါက်က တဏှာက (တစ်မျိုးကြိုက်ပါတယ် ဘုရား) လျှာပေါက်က တဏှာက (တစ်မျိုးကြိုက်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ) ကိုယ်ပေါက်က တဏှာက (တစ်မျိုးကြိုက်ပါ တယ် ဘုရား) မနောပေါက်က တဏှာက (တစ်မျိုးကြိုက်ပါတယ် ဘုရား)။

အဲဒီတော့ အရှင်သလင်က ခြောက်ယောက်၊ လိုက်နာရတဲ့လူက တစ်ယောက်တည်း (မှန်ပါ့)။

အင်း ဒါမှ မသေတာတော့ ခင်ဗျားတို့ တော်တော်ကျွန်ပီလို့ ကျွန်သက်ရှည်နိုင်တဲ့ ကံပါလာလို့သာ ဒီလောက် ရှည်နေကြတယ်ဆိုတာ (မှန်ပါ့) နို့မဟုတ်ရင် ရှည်စရာ့ကို မပါဘူး (မပါပါ ဘုရား) ခိုင်းတဲ့လူက ဘယ်နှစ်ယောက်တုံး၊ (ခြောက်ယောက်ပါ) (လုပ်ရတဲ့လူက တစ်ယောက်တည်းပါ ဘုရား) သွားပြီကော (မှန်ပါ့) သွားပြီကော (မှန်ပါ့)။

ဒါ အဆစ်မထည့်သေးပါဘူး ပင်ကိုယ်ရှိတွင် ဒွါရတစ်ယောက် တစ်ပေါက်က ပွားပြမယ်ဆိုလို့ရှိရင် အများကြီး ကျန်ပါသေးတယ် (မှန်ပါတယ် ဘုရား)။

အဆစ်မထည့်ရသေးဘူး၊ ပင်ကိုယ်က ခင်ဗျားတို့ ဆုတောင်းပြည့်ထားတဲ့ ဒွါရခြောက်ပေါက်ကို- ဟောနေ သေးတာ (မှန်ပါ့) ခင်ဗျားတို့နောက်မှ အပိုလိုက်တာတွေ မထည့်သေးပါဘူး (မှန်ပါ့ ဘုရား)။

အနေခက် အသေခက်

ကဲ အနေခက် အသေခက်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) အနေခက်ဆိုတာက ဘယ်တော့မှ အလုပ်နဲ့ လက်နဲ့ကို မပြတ်ဘူး (မပြတ်ပါ ဘုရား) ဒါ ဘာတုံး (အနေခက်ပါ ဘုရား) စားဖို့ သောက်ဖို့လေ၊ တဏှာက ဘာလုပ်လုပ် စားဖို့ သောက်ဖို့ချည်းပဲ (မှန်ပါ့) အိပ်တယ်ဆိုတာလဲ ခန္ဓာကိုယ် ကျန်းမာဖို့ဆိုတာ တဏှာက ခိုင်းတာပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမယ်၊ အတော်ခက်နေပြီ၊ အတော်ခက်နေပြီ ဦးသံဒိုင်ရ (မှန်ပါ့)။

ကဲ ဒါဖြင့် တရားကလဲ ဆယ်မိနစ်ကျန်တော့တယ် ဒကာ ဒကာမတို့ ခင်ဗျားတို့တွေ့နေတဲ့အပြစ်ကလဲ ခြောက်ပြစ် (မှန်ပါ့) အခိုင်းခံရတဲ့လူက တစ်ယောက်တည်း (မှန်ပါ့)။

တဏှာအရှင်သခင်က ခြောက်ယောက် (မှန်ပါ့) ခြောက်ယောက်ကလဲ ငါခိုင်းတာမလုပ်ဘူး၊ သူများခိုင်းတာ လုပ်ရမလားဆို မကျေနပ်ဘူးက ပါသေးတယ် (မှန်ပါ့ဘုရားဝ။

မျက်လုံးပေါက်က တဏှာက သူက အရှုပ်ကြိုက်ပါတယ်ဆို ငါတော့ အရှုပ်ထဲမပို့ဘဲနဲ့ သူရေထဲဆင်းပြီးသကာလ မိကျောင်းကြိုက်တဲ့ဆီ သူလိုက်နေတယ်ဆိုပြီး သူကများ ဘွေဖောက်တဲ့အခါ ပါသေးတယ် (ပါပါသေးတယ် ဘုရား) မပါဘူးလား (ပါပါတယ် ဘုရား)။

ကဲ ဘယ့်နှယ်လုပ်ကြမယ်၊ တည့်အောင်ကော လုပ်နိုင်ကြပါ့မလား မလုပ်နိုင်ပါဘုရား တည့်အောင်လဲ မကျောင်း နိုင်ဘူး၊ မကျောင်းလဲမဖြစ်ဘူး (မှန်ပါ့ ဘုရား) ဘယ့်နှယ်လုပ်ကြမလဲ (မတတ်နိုင်ဘူး ဘုရား) မတတ်နိုင်ဘူး၊ ဒါပဲ ခင်ဗျားတို့ ထိုင်မှာပဲ (မှန်ပါ့)။

အရွယ်မရောက်ဘဲနဲ့ နာတာ ဒဏ်ချက်ပိတာ

ဒါဖြင့် ဒကာ ဒကာမတို့ တချို့အရွယ်မရောက်ဘဲနဲ့ အို၊ အရွယ်မရောက်ဘဲနဲ့ နာတာ ဒဏ်ချက်ပိတာ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အရွယ်မရောက်ဘဲနဲ့များ အိုတာတွေ နာတာတွေ ရောဂါများတာတွေ ဒကာသစ် ဘယ်လိုဆိုပါ့မယ် (ဒဏ်ချက် ပိတာပါ ဘုရား)။

ဟိုလိုက်ရလဲ မအား၊ ဒီဘက်လက်ရလဲ (မအား) မျောက်ဆွဲရာလိုက်ရလို့မအား၊ ငှက်ဆွဲရာ လိုက်ရလို့(မအားပါ) ဦးသံဒိုင် ဒါဘာဖြစ်တာလဲ (ဒဏ်ချက်သင့်တာပါ)။

ဒဏ်ချက်ပိတော့ အသက်တမ်းကလေးတောင် စေ့မှ စေ့ပါမလား (မစေ့ပါ ဘုရား) မစေ့နိုင်ဘူးတဲ့၊ အသက် တမ်းစေ့ဖို့ အတော်ခဲယဉ်းတယ် (မှန်ပါ့)။

အေး ရိပ်မိကြပလား နောက်ကလူတွေ (ရိပ်မိပါပြီ ဘုရား) ကိုယ့်အဖြစ်ကဖြင့် ဘယ့်နှယ်နေကြသလဲ (ဆိုးပါ တယ် ဘုရား)။

အင်မတန် အ,လို့ ဆိုးပျော်-ပျော်နိုင်တာ

ဆိုးသာဆိုးတယ် ဆိုးပျော်ကြီး (မှန်ပါ့) ခင်ဗျားတို့အထင်ကလေ ဆိုးတော့ ဆိုးတာပဲ၊ ဘာတဲ့ ဘယ့်နှယ်တုံး (ဆိုးပျော်ကြီးပါ ဘုရား)။

ဆိုးပျော်ကြီး၊ တော်တော့်လူတွေ မဟုတ်ဘူးနော်၊ အင်မတန် အ,လို့ ဆိုးပျော်-ပျော်နိုင်တာ (မှန်ပါ့) အ,ထူ, မှာ တန်းကုန်နေလို့ ဆိုးပျော်-ပျော်နိုင်တာ (မှန်ပါ့ ဘုရား)။

ဉာဏ်ပါတဲ့လူဆိုရင် တော်ပြီကွာ မင်းတို့ခြောက်ယောက်နောက် ငါမလိုက်ဘူး၊ ကိုယ့်အကြိုက်၊ ကိုယ့်အလိုက်နဲ့ နေတော့မယ် (မှန်ပါ့) ဒီလိုများ ပြောဖူးကြရဲ့လား (မပြောဖူးပါ ဘုရား)။

ဘယ်ပြောဖူးလိမ့်မတုံး တဲ့၊ ဒီလောက်ဆိုးမှန်းမှ မသိတဲ့ အဝိဇ္ဇာက အုပ်ချုပ်ထားတာ (မှန်းပါ့) ဆိုးမှန်း မသိတဲ့ အဝိဇ္ဇာက အုပ်ချုပ်ထားတော့ကို ဆိုးတာတွေ ဟူသ၍ဟာ ဆိုးနိုင်သလောက် ဆိုးပါစေ၊ ကျုပ်သေပြီးသကာလ တဏှာနဲ့ သည်းခံပါ့မယ်ဆိုပြီးတော့ ခင်ဗျားတို့ကလဲ ဒီနေရာမှာ ခန္တီဝါဒီဇာတ်ကို တဏှာခိုင်းတာမှ ကျေနပ်တယ် (မှန်ပါ့ ဘုရား) ခြင်ကိုက်တာတောင် မခံနိုင်ဘူး (မှန်ပါ့)။

ဘယ့်နှယ်တုံး သဘောပါကြရဲ့လား (ပါပါတယ် ဘုရား) ဦးသံဒိုင် ဒီတရားဟာ အင်မတန် အရေးကြီးပါတယ် ဆိုတာကော ကဲ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဪ ဒို့ ဘယ်လိုများ ရှေးက နေခဲ့ကြပါလိမ့်မတုံး၊ ကုသိုလ်တွေ အများကြီးများ ရခဲ့ကြသလား (မရခဲ့ ပါ ဘုရား)။

တဏှာခြောက်ယောက်၏ ကျွန်တစ်ယောက်

မရပါဘူး၊ တဏှာခြောက်ယောက်၏ ကျွန်တစ်ယောက်ဖြစ်နေတော့ ကုသိုလ်လုပ်ချိန် မပါပါဘူးဗျာ၊ ပါတဲ့ ကုသိုလ်ဟာလဲ သူခိုင်းတဲ့ ကုသိုလ်ပါ (မှန်ပါ့ ဘုရား) ဘယ့်နှယ်ဆိုကြမလဲ (သူခိုင်းတဲ့ကုသိုလ်ပါ ဘုရား)။

ဒါဖြင့် ကုသိုလ်စစ် မဟုတ်ဘူး၊ အာသဝနယ်က မလွတ်ဘူး၊ ကမာသဝက အုပ်ချုပ်ထားတယ် (မှန်ပါ့) မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဒါဖြင့် ကုသိုလ်ကလေး လုပ်တာတောင်မှ စင်စင်ကြယ်ကြယ် မလုပ်နိုင်ဘူး (မှန်ပါ့) လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါ ဘုရား)။

ဒါ ဘယ်လုပ်နိုင်လိမ့်မတုံးဗျ၊ ကုသိုလ်ကလေး လုပ်မယ်ကြံလို့ရှိရင်ဖြင့် မဏ္ဍပ်ကလေး ထိုးချင်တာက မျက်လုံး ကြိုက်ကိုး (မှန်ပါ့) အတီးကလေး၊ အမှုတ်ကလေးထည့်ချင်တာက နားကြိုက်မဟုတ်လား (မှန်ပါ့) သွားပြီကော (မှန်ပါ့) အခင်းကလေး အနှီးကလေး ကောင်းချင်တာက ကိုယ်ကြိုက် (မှန်ပါ့ကိုယ်ကြိုက်ပါ) မဟုတ်ဘူးလား (မှန်ပါ့) ဟင်းကျွေး ကောင်းအောင်ချက်ပါဆိုတာက (လျှာကြိုက်ပါ) အိမ်ခွေးကြိုက်ဖြစ်နေပြီ၊ မဟုတ်ဘူးလား (မှန်ပါ့)။

ဘယ် အလှူတစ်လှူလုပ်မှ ခင်ဗျားတို့ရဲ့အလှူကို မပါဘူး (မှန်ပါ့) ပါသေးရဲ့လား (မပါပါ ဘုရား)။

ဘယ်သူ့အလှူတွေ ဖြစ်နေသတုံး (သားကောင် ခြောက်ယောက်အလှူပါ) သားကောင် ခြောက်ကောင်ဆိုတဲ့ တိရစ္ဆာန်တွေ၏ အလှူတွေဖြစ်နေတယ် (မှန်ပါ့)။

သေသေချာချာ မတွေးရင် ဒီဟာ ခင်ဗျားတို့ အလှူပေးတယ်လို့ထင်တယ် (မှန်ပါ့ ဘုရား) သေသေချာချာ တွေးတဲ့အခါကျတော့ သားကောင်ခြောက်ကောင် အလိုလိုက်ပြီးသကာလ လုပ်တဲ့ပွဲတစ်ခု (မှန်ပါ့ ဘုရား) မဆိုနိုင်ဘူလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါက အင်မတန် သဘောပါတဲ့ ဆရာကပြောလို့ ခင်ဗျားတို့ရိပ်မိတာနော် (မှန်ပါ့) နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ အလှူက လူသာဓုခေါ် နတ်သာဓုခေါ်ပေါ့ဗျာ (မှန်ပါ့) အံမာလေး-ကြွားများကြွားလိုက်သေးတယ် (မှန်ပါ့) ဘယ့်နှယ်များ ကြွားသလဲ (လူသာဓုခေါ်- နတ်သာဓုခေါ်ပါ ဘုရား)။

အံမာလေး ကြောက်စရာ့လူတွေ၊ ကြောက်စရာ့လူတွေ တဲ့၊ သေသေချာချာ စဉ်းစားကြည့်တော့လဲ သားကောင် ခြောက်ကောင် အလိုကို အကုန်လိုက်လုပ်တဲ့ အခါကျတော့ ဒီအကျိုးဆက်ကြောင့် နောက် သားကောင်ခြောက်ကောင်ပဲ ခိုင်းတာခံရပါလို၏ (မှန်ပါ့) ဒီရောက်ပါတယ် (မှန်ပါ့) မရောက်ဘူးလား ရောက်သလား (ရောက်ပါတယ် ဘုရား) ေသေချာချာ တွေးမှနော် (မှန်ပါ့)။

ခင်ဗျားတို့ မလှူနဲ့ မတန်းနဲ့ပြောတာမဟုတ်ဘူး၊ ခင်ဗျားတို့ဥစ္စာ ဝဋ်ပါနေတယ်ဆိုတာ သေချာနေလို့ (မှန်ပါ့) မပါဘူးလား-ပါသလား (ပါပါတယ် ဘုရား)။

ကြောက်စရာကြီးပါကလား ၊ ဦးသံဒိုင် လုပ်ဖူးပလား ခင်ဗျားတို့ လုပ်ဖူးတာပေါ့ဘုရား လူထဲနေတာ သဘောကျပလား (မှန်ပ့ါ)။

မတတ်သာလို့ ကျွေးရ မွေးရတာတွေကော ခင်ဗျားတို့ မရှိဘူးလား (ရှိပါတယ် ဘုရား) ပေးရ ကမ်းရတာတွေ ကော (ရှိပါတယ် ဘုရား)။

အဲဒါတွေ ဘယ့်နှယ်လုပ်ခဲ့သတုံးလို့ မေးလို့ရှိရင် ဒွါရခြောက်ပေါက် စီမံရာပဲဘုရား (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီဘုရားဝ။

အဲ ဟင်းကလေးလဲ ကောင်းပါစေကွာ၊ ထမင်းကလေးလဲ ကောင်းပါစေ၊ ဟင်းထမင်းကလေး ကောင်းပါစေ လို့ဆိုလို့ရှိရင် တောခွေးအတွက် (မှန်ပါ့) ဟင်းကလေး ကောင်းပါစေဆိုရင် (အိမ်ကလေး) အိမ်ခွေးအတွက်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ကဲ သူက နေရာတိုင်းပါတာပဲ (မှန်ပါ့) သူမပါတဲ့နေရာ (မရှိပါ ဘုရား) မရှိတော့ဘူးဆိုတော့ အဲဒီ ဒကာ ဒကာမတွေ အမောဆိုက်တာသည် အလှူလုပ်လိုက်တာ မောလိုက်တာဗျာ၊ အလှူကြီးတစ်ခု လုပ်လိုက်တာ တော်တော် မောသွားတယ်၊ ဘာဖြစ်လို့ မောသလဲ ဒီ ခြောက်ကောင် အလိုကို အကုန်လိုက်ဖြည့်နေရလို့ (မှန်ပါ့)။

ခြောက်ကောင်အလိုကို (လိုက်ဖြည့်နေရလို့ပါ ဘုရား) အမောကတောင် နည်းသေးတယ် (မှန်ပါ့ ဘုရား) လဲမသေ တာ ကျေးဇူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)၊ အမောက နည်းနေသေးတယ်၊ လဲမသေတာ ကျေးဇူးလို့ ပြောရသေး တယ် (မှန်ပါ့)။

သားကောင်ခြောက်ကောင် အလိုလိုက်နေ ရ

ကဲ ဘာဖြစ်လို့ ဒါလောက်တောင် မောင်သစ် အမောဆိုက်ပါလိမ့် (သားကောင်ခြောက်ကောင် အလိုလိုက်နေ ရလို့ပါ ဘုရား)။

ကဲ ဦးသံဒိုင်သွားပြီ၊ မသွားသေးဘူးလား (သွားပါပြီ ဘုရား) အင်မတန် သဘောပါတယ်ဆိုတာကော ရိပ်မိ ပလား (ရိပ်မိပါပြီ)။

ခင်ဗျားတို့ တော်တော်ကြာလို့ရှိရင် ဆွဲလိမ့်မယ် သားကောင်တစ်ကောင်က (မှန်ပါ့) အခန်းထဲဆွဲမယ် (မှန်ပါ့) မဆွဲဘူးလား ဆွဲမလား (ဆွဲပါတယ် ဘုရား)။

အင်း ဆွဲမယ့်သားကောင် တစ်ကောင်ကောင်က တောခွေးက ဆွဲမလား-ဆွဲလိမ့်မယ်နော် (မှန်ပါ့)။

တော်တော်ကြာ ရေအိုးနား ရောက်ပြန်လို့ရှိရင်လဲ အင်း ဘယ်သူက ဆွဲသတုံးဆိုတာ ခင်ဗျားတို့ဟာ ခင်ဗျားတို့ သိမယ် (မှန်ပါ့ ဘုရား) မသိရပေဘူးလား (သိရပါတယ် ဘုရား)။

တော်တော်ကြာ မီးဖိုချောင်ထဲ ဆွဲချင်ဆွဲသွားမယ် (မှန်ပါ့) ရေနွေးကလေးမရှိဘူးလား၊ လက်ဖက်ရည်ကြမ်း ကလေး မရှိဘူးလား အစရှိသည်နဲ့ မဆွဲပေဘူးလား (ဆွဲပါတယ် ဘုရား)။

ကိုယ့်အလို ကိုယ့်အကြိုက် မရှိပါဘူး

ဒါဖြင့် ခင်ဗျားတို့ ကိုယ့်အလို ကိုယ့်အကြိုက် ကိုယ့်အလိုက်ဟာဖြင့် မရှိပါဘူး (မရှိပါ ဘုရား) သားကောင် ခြောက်ကောင် အလိုပဲ (မှန်ပါ့ ဘုရား) လှည့်လိုက်နေရတယ် (မှန်ပါ ဘုရား)။

လှည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဘုန်းကြီးကတောင် ချီးမွမ်းရသေးတယ်၊ ဒီခြောက်ကောင်စလုံး ဆွဲရင် ဆိုးတယ်နော် (မှန်ပါ့) ပြိုင်များဆွဲလိုက်ရင် ခင်ဗျားတို့ခက်တယ် (မှန်ပါ့) လူပါမြှုပ်တယ် (မှန်ပါ့) မဟုတ်ဘူးလား တစ်လှည့်စီ ဆွဲနေပေလို့ တော်သေးရဲ့ (မှန်ပါ့)။

ဘယ့်နှယ်မှတ်ကြမယ် (တစ်လှည့်စီဆွဲလို့ တော်ပါသေးရဲ့ ဘုရား) တော်သေးရဲ့နော်၊ ခြောက်ကောင်များ စုံဆွဲ လို့ရှိရင်ဖြင့် ခင်ဗျားတို့နိုင်စရာ မြင်သေးလား (မမြင်ပါ ဘုရား) သေရာ ဋ္ဌာနကော မြဲသေးရဲ့လား (မမြဲပါ ဘုရား)။

အင်း အရှုပ်ထဲ သေရမလား၊ ရေထဲသေရမလား၊ ကောင်းကင် သေရမလား၊ အရိုးခြား အသားတခြား ဖြစ်ပြီး ခင်ဗျားတို့ ဒုက္ခရောက်မယ် (မှန်ပါ့ ဘုရား) မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား) ဘယ်သူမနိုင်တာတုံး (သားကောင်ခြောက်ကောင် မနိုင်တာပါ)။

အဲဒါ ဘုရားက နိဂုံးချုပ်လိုက်တယ်၊ သားကောင် ခြောက်ကောင်ကို မနိုင်သ၍ ကာလပတ်လုံးဖြင့်ကွာတဲ့ ဘယ်အခါကာလမှ ကိုယ့်အကြိုက် ကိုယ့်အလိုက်ဆိုတဲ့ ဒုက္ခသစ္စငြိမ်းတဲ့ နိဗ္ဗာန်မရောက်နိုင်ဘူးတဲ့ (မှန်ပါ့ ဘုရား)။

ရောက်နိုင်ဖို့ကော (မမြင်ပါ ဘုရား) အကွက်ရှိသေးရဲ့လား (မရှိပါ ဘုရား) ဘယ်လောက်ဆိုးသလဲ (ဆိုးပါတယ် ဘုရား)။

ဪ ဒါဖြင့် ယနေ့တရားမှာ အဆုံးတော့ မသတ်နိုင်ပါဘူးတဲ့ နာရီက စေ့နေတဲ့အတွက်၊ ခင်ဗျားတို့ မအားတာဖြင့် ကောင်းကောင်းပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။

ဪ တပည့်တော်တို့ နေစရာလဲ မြေမရှိဘူးဘုရား၊ ပေါ်ပြီ (မှန်ပါ့) သေစရာလဲ အမြဲမရှိဘူး (မှန်ပါ့) နေစရာကော (အမြဲမရှိပါ ဘုရား) သေစရာလဲ (အမြဲမရှိပါ ဘုရား)။

အဲဒီလိုချည့် ဘဝတိုင်းလာခဲ့တယ် (မှန်လှပါ ဘုရား) သဘောပါကြပလား (ပါပါပြီ) ဒီလိုချည့်ဘာတုံး (ဘဝ တိုင်း လာခဲ့ပါတယ် ဘုရား) ဒါဖြင့် ကျွန်တစ်ယောက် သခင်ခြောက်ယောက် (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (ကျွန်တစ် ယောက် သခင်ခြောက်ယောက်ပါ ဘုရား)။

သေခြင်းဆိုးနဲ့ နေခြင်းဆိုးဘဝချည့် တွေ့ခဲ့ရတယ်

ဒါဖြင့် သေခြင်းဆိုးနဲ့ နေခြင်းဆိုးဘဝချည့် တွေ့ခဲ့ရတယ်ဆိုတဲ့ဥစ္စာ တပည့်တော်တို့ ဘာများဖြစ်သတုံးလို့ နောက်က ဘာဖြစ်တယ် မမေးနဲ့တော့ (မှန်လှပါ ဘုရား) ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (သေခြင်းဆိုးနဲ့ နေခြင်းဆိုးပါ ဘုရား) သေသေချာချာတွေးမှနော် (မှန်ပါ့)။

တပည့်တော်တို့ ဘာဖြစ်ခဲ့သတုံး မေးတော့ အခြားသော ပုဂ္ဂိုလ်တွေက ခင်ဗျားတို့ လူကြီးသူမတွေမို့ မင်းကွာ မဖြစ်ဘူးတဲ့ဟာ မရှိဘူး၊ စကြဝတေးမင်းလဲ ဖြစ်ခဲ့တာပေါ့ကွ၊ မာရ်နတ်မင်းလဲ ဖြစ်ခဲ့တာပေါ့ကွ၊ နတ်ပြည်ခြောက်ထပ် ဆိုတာ မင့်ခြေရာချည့်ပေါကွ အစရှိသည်နဲ့ ဒါက သာယာတဲ့သဘောကနေ ပြောတာ (မှန်ပါ့)။

အခု အပြစ်ပြတဲ့သဘောကနေ ပြောတော့ကွာ ဘာများဖြစ်ခဲ့ပါသတုံး၊ အို ကျွန်သပေါက်ချည်းဖြစ်ခဲ့တယ် (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာဖြစ်ခဲ့ကြသတုံး (ကျွန်သပေါက်ချည့် ဖြစ်ခဲ့ပါတယ်) ဘယ်သူ့ ကျွန်တုံးလို့ မေးလို့ရှိရင် ဒွါရခြောက်ပေါက်မှာ ရှိတဲ့ တဏှာခြောက်မျိုးရဲ့ကျွန် (မှန်ပါ့) ဘယ်သူ့ကျွန်တုံး (တဏှာခြောက်မျိုးရဲ့ကျွန်ပါ ဘုရား)။

ကဲ ခင်ဗျားတို့ အင်း-ဟင်ရှေးက အနေဆိုးဖြင့် နေခဲ့ရပြီ၊ ဒီကနောက် ဒီခြောက်ကောင်ကို နိုင်တဲ့နည်းကို ဘုရားကလဲမဟော၊ ဆရာကလဲ မပေးဘူးဆိုလို့ရှိရင် ခင်ဗျားတို့ ဒီသံသရာထဲမှာပဲ ပြန်လှည့်မယ် (မှန်ပ့ါ ဘုရား) သားကောင်ခြောက်ကောင်၏ စီမံရာကိုသာ လိုက်နေရလျှင် ခင်ဗျားတို့ သေစရာလဲမမြဲဘူး၊ နေစရာလဲ မမြဲဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒီသားကောင် ခြောက်ကောင် နိုင်မှသာလျှင် ဘယ့်နှယ်တုံး မောင်သစ်၊ အနေကောင်း၊ အသေကောင်း ဖြစ်မယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) ဦးသံဒိုင်ကော သဘောပေါက်ပလား (ပေါက်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ယနေ့နာရီစေ့ပြီ နက်ဖြန်မှ ဆက်ကြဦးစို့။

သာဓု သာဓု သာဓု။