10604

မာတိကာသို့

ပဋိစ္စသမုပ္ပါဒ်တရားတော် (၁)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ ဓမ္မာရုံ၌

ဟောကြားတော်မူသော

ပဋိစ္စသမုပ္ပါဒ်တရားတော် (၁)

(၁၈-၁၁-၆၁)

ဒကာ ဒကာမတို့ သေသေချာချာကြည့်ပြီး တရားနာကြရလိမ့်မယ်လို့ အောက်မေ့ကြပါနော်၊ (မှန်လှပါ ဘုရား) ဒီတရားနာမှုသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီပဋိစ္စသမုပ္ပါဒ်စာရွက်ကို ဒကာ ဒကာမတွေ ကိုးကွယ်ဖို့ရယ်လို့ ဒီလို အောက်မေ့မနေနဲ့ (မှန်လှပါ)။

ကိုယ့်သန္တာန်ဖြစ်စဉ်ကြီးဟာ ဤအတိုင်းပါကလား၊ ဤလိုဖြတ်မှ ပြတ်မှာပါကလားဆိုတာ သိမှုကိုအလိုရှိတဲ့ ပုဂ္ဂိုလ်များကတော့ဖြင့် တဲ့ ဒီစာရွက်ကို အလှူခံဖို့ပါပဲ (မှန်လှပါ ဘုရား)။

ဟာ ကိုးကွယ်ဖို့ဆိုလို့ရှိရင်ဖြင့် ဒီဥစ္စာကိုးကွယ်စရာမဟုတ်ပါဘူးတဲ့ ဒကာ ဒကာမတို့နော် (မှန်လှပါ)။

သံသရာက ဒီအတိုင်းနေတယ်

တပည့်တော်တို့ သံသရာက ဒီအတိုင်းနေတယ်၊ ဒီသံသရာကြီးကို ဒီလိုအတိုင်းသာတပည့်တော်တို့ မသိမှုနဲ့ နေမယ်ဆိုရင် လည်လိမ့်မယ်၊ လည်လို့ရှိရင်ဖြင့် ဒီအထဲမှာပါတဲ့အတိုင်း သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ် (မှန်လှ ပါ ဘုရား) ဒုက္ခသစ္စာထဲက သမုဒယသစ္စာတွေ ထပ်ပွား၊ (မှန်ပါ့) ပွားသောကြောင့် နောက်ဒုက္ခသစ္စာတွေ ပြန်မြန်ရ မယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ သမုဒယ – ဒုက္ခ ၊ သမုဒယ – ဒုက္ခ၊ ဒကာကြွယ် ဒီလိုလှည့်နေလိမ့်မယ် (မှန်လှပါ ဘုရား) မဂ္ဂသစ္စာ ပါနိုင်ပါ့မလား (မပါနိုင်ပါ ဘုရား)။

မပါနိုင်တော့ ဘုရားကြီးတု့ိ ဒကာ ဒကာမတွေ ဪ ဘယ်လိုဖြတ်မှ၊ အခုလည်နေတာ ငါတို့ ဘယ်လိုကြောင့် လည်နေတယ်၊ ဘယ်လိုဖြတ်မှ ပြတ်မယ်ဆိုတဲ့ ဥစ္စာကို ကိုယ့်သန္တာန် ဒုက္ခသစ္စာ၊ ကိုယ့်သန္တာန်ရှိတဲ့ သမုဒယသစ္စာကို ကိုယ်ဖြတ်ဖို့ရာနည်းကို ဒီစာရွက်တွေကို ဒကာ ဒကာမတွေအားလုံး ကိုယ့်ဒုက္ခ ကိုယ်သိမ်းချင်တဲ့ ပုဂ္ဂိုလ်မှန်က ဒီစာရွက် ကို အလှူခံနိုင်တယ်နော် (မှန်လှပါ ဘုရား)။

ကိုးကွယ်ဖို့, ဆည်းကပ်ဖို့ မဟုတ်ပါဘူး (မှန်ပါ့ ဘုရား) ကိုယ့်ဒုက္ခကိုယ်ပြတ်ချင်တဲ့ ဆန္ဒရှိပြီးသကာလ ဪ ဒီစာရွက်ကြည့်ပြီးသကာလ ဆရာဘုန်းကြီးက ပြမယ်၊ ဘယ်နေရာက ဖြတ်လို့ရှိရင် ဘယ်နေရာက ဖြတ်ရမယ်၊ ကိုယ့် ခန္ဓာကြီးဟာ ယခု ၁-ကွက်မှာ နေတယ်၊ ၂-ကွက်မှာ နေတယ်ဆိုတာ သိရလိမ့်မယ်နော် (မှန်လှပါ ဘုရား)။

အဲဒီ ၂-ကွက်မှာ နေတဲ့အခါကျလို့ရှိရင် သမုဒယသစ္စာကြီး ထပ်ပွားသလား၊ မဂ္ဂသစ္စာပဲ ထပ်ဖြစ်ပွားသလား ဆိုတာ ကိုယ့်ဟာကိုယ်ပဲ ကြည့်ကြပါ (မှန်လှပါ ဘုရား)။

ကိုယ့်ဟာကိုယ်ကြည့်တဲ့အခါ သမုဒယသစ္စာပွားလို့ရှိရင် အင်း ငါဒီတတိယ အကွက်ရောက်ပြီ၊ စတုတ္တအကွက် ဒုက္ခသစ္စာကြီး လှလှကြီး တွေ့ဦးမှာပဲ (မှန်လှပါ ဘုရား)။

ဟာ ငါသည်ကားလို့ဆိုရင် ဆရာသမားတရားနဲ့ ယခုစာရွက်ကြီးကို ကြည့်ပြီးသကာလ ငါ့ခန္ဓာကြီး အတိတ်က မကောင်းခဲ့လို့ ပစ္စုပ္ပန်ဒုက္ခသစ္စာကြီး ဖြစ်နေတယ်။ ဒီ ဒုက္ခသစ္စာက သမုဒယသစ္စာ အသီးအပွင့်တွေထပ်ပြီး သီးပွင့်ကြ ဦးမယ်ဆိုရင်လဲ ငါလို အရုပ်ဆိုးတဲ့ပုဂ္ဂိုလ်မရှိဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးကို မှတ်ရမယ် (မှန်လှပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့မရသေးတဲ့ ပုဂ္ဂိုလ်များပေါ့ဗျာ ပဋိစ္စသမုပ္ပါဒ်စာရွက်ကို ထပ်ပြီးသကာလ အလှူခံနိုင်ပါတယ် (မှန်လှပါ ဘုရား)။

ဒုက္ခဝဋ်ကျွတ်ချင်လို့ အလှူခံတယ်

ဉာဏ်ကတော့ ခုနက ပြောတဲ့အတိုင်း ငါ ဒုက္ခဝဋ်ကျွတ်ချင်လို့ အလှူခံတယ်ဆိုတဲ့ စိတ်ကိုမွေးပါ (မှန်လှပါ) ဘယ်လိုမွေးကြမလဲ (ဒုက္ခဝဋ်ကျွတ်ချင်လို့ အလှူခံပါတယ်) ဒုက္ခဝဋ်ကျွတ်ချင်လို့ ဒီဉာဏ်တွေ ရပြီးသကာလ ဒုက္ခ ဝဋ်ကျွတ်တဲ့အလုပ်ကို လုပ်ချင်လို့ဆိုတဲ့ စိထားနဲ့ အလှူခံကြပါဆိုတာကိုလဲ သတိပေးလိုက်ပါတယ် (မှန်လှပါ ဘုရား)။

ရပြီးသား ပုဂ္ဂိုလ်များကတော့ဖြင့် အကူးအယူ မကမ်းဘဲနဲ့ မရသေးတဲ့ပုဂ္ဂိုလ်များကတော့ဖြင့် အကူးအယူ မကမ်းဘဲနဲ့ ရသေးတဲ့ပုဂ္ဂိုလ်၊ အခုတရားပွဲရောက်တဲ့ပုဂ္ဂိုလ်တွေက မရသေးတာ အမှန်ဖြစ်ပြီးသကာလ ကိုယ့်ဒုက္ခကိုယ် ကယ်ထင်ချင်တဲ့သဘောနဲ့ ဒုက္ခကျွတ်လိုလို့ အလှူခံပါတယ်ဆိုတဲ့ သဘော (မှန်ပါ့) ဒီကလှူတဲ့ ဒကာကြီးကလဲ သူကိုယ် တိုင် ဒုက္ခကျွတ်စေချင်လို့ လှူထာ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတွေက ဒုက္ခကျွတ်ခြင်း ဉာဏ်ကို ရလိုသောကြောင့် ကိုယ့်ဟာကိုယ် ဒုက္ခကြီးကိုပဲ ချုပ်လို ကျွတ်လိုလို့ ဒီစာရွက်ကို အလှူခံပါတယ်ဆိုပြီး စိတ်ထားမွန်မြတ်စွာနဲ့ လှူတဲ့ပုဂ္ဂိုလ် ဝဋ်ကျွတ်ရအောင် (မှန်လှပါ) အလှူခံပုဂ္ဂိုလ်လဲ ဝဋ်ကျွတ်ချင်တဲ့စိတ် ဖြစ်ပေါ်လာအောင် အလှူခံလို့ရှိရင် -တဲ့၊ ဒကာ ဒကာမတို့ နှစ်ဦးနှစ်ဝ ကျေးဇူးများတယ်လို့ မှတ်ပါ၊ (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် ကိုဘစိန်တို့ ဘေးကပုဂ္ဂိုလ်တွေ မရသေးတဲ့ ပုဂ္ဂိုလ်တွေကြည့်ပြီး ဒီတရားပွဲထဲမှာ ထ,ပါလို့ပြောလိုက် ပါနော်၊ လူလဲခပ်ကြဲကြဲနေရမယ်၊ စာရွက်နဲ့ ထောင်နေလို့ရှိရင်လဲ မမြင်ရပေဘူး။

ဘုန်းကြီးပြောတာ နားထောင်ပါ၊ ရှေ့ပိုင်းပြောတာ သည်ကားလို့ဆိုရင်ဖြင့် သတ္တဝါအစ အဝိဇ္ဇာ တဏှာကလို့ မှတ်လိုက်စမ်းပါ၊ (မှန်လှပါ ဘုရား) သတ္တဝါအစဟာ၊ (အဝိဇ္ဇာ တဏှာကပါ ဘုရား)။

သတ္တဝါအစ အဝိဇ္ဇာ တဏှာ

အေး ဒီလို သတ္တဝါအစ အဝိဇ္ဇာ တဏှာကလို့ သေသေချာချာမှတ်ထားပါ (မှန်လှပါ ဘုရား)။

ဪ ငါတို့ ဘယ်ကများ ဘယ်သူလုပ်လို့ဖြစ်ပေါ်လာပါ့လိမ့်မလဲ၊ ဘယ်ဘုရားဖန်ဆင်းလို့ပါလိမ့်မတုံး၊ ဘယ် နတ်ဖန်ဆင်းလို့ပါလိမ့်မတုံး၊ ဘယ်ဗြဟ္မာ ဖန်ဆင်းလို့ပါလိမ့်မလဲလို့ တွေးပြီးတော့ မနေပါနဲ့တဲ့ (မှန်လှပါ ဘုရား)။

သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာကြောင့် ၁-နံပါတ်ဖြစ်တယ် (မှန်ပါ့) အတိတ်ဘဝက သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာကြောင့် ပစ္စုပ္ပန်ခန္ဓာဖြစ်ပါတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အနာဂတ် ဘဝတွေကျတော့ ယခုဘဝထဲမှာရှိတဲ့ ဒကာ ဒကာမတွေကိုယ့် ဘဝကလေးကိုယ်နှစ်သက်တဲ့ တဏှာကြောင့် နောင်ဘဝကိုလဲ နှစ်သက်လာပြန်တယ် (မှန်လှပါ ဘုရား)။

ဒါ့ကြောင့် ပစ္စုပ္ပန် တဏှာကြောင့် အနာဂတ်ခန္ဓာဖြစ်တယ် (မှန်လှပါ) အတိတ်က အဝိဇ္ဇာကြောင့် ပစ္စုပ္ပန် ခန္ဓာဖြစ်တယ်လို့ ရှေ့ပိုင်းကမှတ်ထားကြစမ်းပါ (မှန်လှပါ ဘုရား)။

ပစ္စုပ္ပန်ခန္ဓာ ဘယ်သူ့ကြောင့် ဖြစ်သတုံးလို့ မေးလို့ရှိရင် ဒကာ ဒကာမတွေ ဒါ ပစ္စုပ္ပန်ခန္ဓာဖြစ်တာပဲ (မှန်လှ ပါ ဘုရား) အဝိဇ္ဇာကြောင့် (ပစ္စုပ္ပန်ခန္ဓာဖြစ်ပါတယ် ဘုရား)။

ပစ္စုပ္ပန်ခန္ဓာဖြစ်တယ်ဆိုတာ သိတော့ ဒီဟာအနာဂတ်ဘဝ အနာဂတ်အကျိုးဆိုတာ ဒကာ ဒကာမတွေ သိပါ ပြီ (သိပါပြီ ဘုရား) ဒီဟာကျတော့ ပစ္စုပ္ပန်တဏှာကြောင့် အနာဂတ်ဘဝဖြစ်တယ်၊ (မှန်လှပါ ဘုရား)။

အဝိဇ္ဇာကြောင့်တော့ ပစ္စုပ္ပန် ခန္ဓာ ဖြစ်တယ်

ဒါဖြင့် အဝိဇ္ဇာကြောင့်တော့ ပစ္စုပ္ပန် ခန္ဓာ ဖြစ်တယ်၊ (မှန်ပါ့ ဘုရား) ပစ္စုပ္ပန်တဏှာကြောင့် အနာဂတ်ခန္ဓာ ဖြစ်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ပစ္စုပ္ပန်ခန္ဓာဖြစ်ခြင်း၏ အကြောင်းမှာ အဝိဇ္ဇာဦးစီးဘယ်လို့မှတ် (မှန်လှပါ ဘုရား) အနာဂတ်ခန္ဓာဖြစ် ကြောင်းမှာ တဏှာဦးစီးတယ်လို့မှတ်ပါ (မှန်လှပါ ဘုရား)။

ဒါဖြင့် ပစ္စုပ္ပန်ခန္ဓာဖြစ်ခြင်း၏ အကြောင်းမှာ အဝိဇ္ဇာဦးစီးတယ်လို့မှတ် (မှန်လှပါ ဘုရား) အနာဂတ်ခန္ဓာ ဖြစ်ကြောင်းမှာ တဏှာဦးစီးတယ်လို့မှတ်ပါ (မှန်လှပါ ဘုရား)။

ဒါကြောင့် အလယ်မှာ အဝိဇ္ဇာနဲ့ တဏှာဆိုပြီး ရေသောက်မြစ်ပြတယ် (မှန်လှပါ ဘုရား) သဘောကျပြီနော် (ကျပါပြီ)။

မသိလဲ ဘုန်းကြီးကိုမေး (မှန်ပါ့) မြင်ရတယ်မဟုတ်လား (မှန်ပါ့) အားလုံး ဒကာ ဒကာမတွေ ဒီမှာ အတိတ် အကြောင်းအခြင်းအရာ ငါးပါးမှာ အဝိဇ္ဇာကစ, ပါတယ် (မှန်ပါ့ ဘုရား)။

အဲဒီသစ္စာလေးပါးမသိတာ အဝိဇ္ဇာကြောင့် ပစ္စုပ္ပန်ခန္ဓာငါးပါးဆိုတဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာပေါ်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အခု ရ, ရထားတဲ့ဥစ္စာ ဒီခန္ဓာငါးပါးလို့ မှတ်လိုက်ပါ (မှန်ပါ့) ဒီခန္ဓာငါးပါးသည် ဒကာ ဒကာမတို့ အတိတ်ဘဝက ဘယ်သူခေါင်းဆောင်လို့ ဒို့ခန္ဓာကြီးဖြစ်ပါလိမ့်မလဲလို့ တွေးကြည့်ပါနော် (အဝိဇ္ဇာ ခေါင်းဆောင်လို့ပါ ဘုရား)။

အဝိဇ္ဇာခေါင်းဆောင်တယ်

အဝိဇ္ဇာခေါင်းဆောင်တယ်၊ (မှန်ပါ့ ဘုရား) ရှင်းပြီးနော်၊ (ရှင်းပါပြီ) ဒါဖြင့် အဝိဇ္ဇာကို ဒကာ ဒကာမတွေက စဉ်းစားလိုက်ပါတဲ့ လွန်လေပြီးသော အတိတ်ကာလ အတိတ်အကြောင်း တစ်လွှာ သမုဒယသစ္စာ (မှန်လှပါ ဘုရား)။

အဝိဇ္ဇာ ဘာသစ္စာလဲ (သမုဒယသစ္စာပါ ဘုရား) သမုဒယသစ္စာဖြစ်တော့ ကိုတဲ့ ယခုခန္ဓာငါးပါး အဝိဇ္ဇာ ကြောင့် ခန္ဓာငါးပါး ကျုပ်တို့မှာ အခုရ, ထားပါတယ်၊ (မှန်ပါ့) ရ, ထားကာ ဘာသစ္စာရသလဲ (ဒုက္ခသစ္စာရ, ထားပါ တယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ အတိတ်ဘဝက အဝိဇ္ဇာက ခေါင်းဆောင်ပြီးသကာလ ကျုပ်တို့လှူခဲ့, တန်းခဲ့, ပေးခဲ့, ကမ်းခဲ့ကြတယ်၊ အဝိဇ္ဇာခေါင်းဆောင်ပြီး လှူခဲ့, တန်းခဲ့, ပေးခဲ့, ကမ်းခဲ့ကြတဲ့အတွက် ကျုပ်တို့မှာ သမုဒယခေါင်း ဆောင်တယ်ဆိုတာ မသေချာဘူးလား၊ (သေချာပါတယ် ဘုရား)။

သမုဒယသစ္စာ ခေါင်းဆောင်ခြင်းကြောင့်တဲ့ ဒီဘဝမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးပေါ်လာတယ် (မှန်ပါ့ ဘုရား) ဒီခန္ဓာငါးပါးသည် ဘာသစ္စာတုံးလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဒုက္ခ သစ္စာပါ ဘုရား)။

ပစ္စုပ္ပန်အကျိုးတစ်လွှာ

ဪ ဒုက္ခသစ္စာ ဘယ်အခါကာလ၌ ဖြစ်ပါလိမ့်မလဲလို့ မေးနေမှာစိုးလို့ ပစ္စုပ္ပန်အကျိုးတစ်လွှာ၊ (မှန်လှပါ ဘုရား)ယခုရ, ထားတဲ့ ခန္ဓာပါပဲလို့ ပြောလိုက်တယ်၊ (မှန်လှပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ယခုရ, ထားတဲ့ ခန္ဓာကြီးဟာ နောက်ဘဝက ဘယ်သူခေါင်းဆောင်ပြီး ပြုလုပ်ခဲ့ပါ လိမ့်၊ (အဝိဇ္ဇာခေါင်းဆောင်ပြီး ပြုလုပ်ခဲ့ပါတယ် ဘုရား)။

ဒီလို သိလိုက်တဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒို့ ခန္ဓာငါးပါးကြီးကို သိကြား, ဗြဟ္မာ, ဘုရားလာ ပြီး ဖန်ဆင်းတာမဟုတ်ဘူးဆိုတာ ပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား)။

အဝိဇ္ဇာ၏ စွမ်းရည်သတ္တိကြောင့် ပေါ်လာတယ်ဆိုတာ ဒကာကြွယ်တို့ သေချာပြီ (သေချာပါပြီ ဘုရား) သဘော ကျပလား၊ (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အဝိဇ္ဇာသည် ကျုပ်တို့၏ ပစ္စုပ္ပန်ဘဝ ခန္ဓာငါးပါး၏ ရေသောက်မြစ်မူလ၊ (မှန်လှပါ ဘုရား)။

အဝိဇ္ဇာသည် (ပစ္စုပ္ပန်ဘဝခန္ဓာငါးပါး၏ ရေသောက်မြစ်) ယခုခန္ဓာငါးပါး၏ ရေသောက်မြစ်ပါလို့ မှတ်လိုက် စမ်းပါ၊ (မှန်လှပါ ဘုရား) ယခု ခန္ဓာငါးပါး၏ (ရေသောက်မြစ်ပါ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ နံပါတ် ၁-ကြည့်လိုက်တဲ့အခါကျတော့ ပစ္စုပ္ပန်တဏှာ၊ (မှန်လှပါ) အဲဒီ တဏှာတည်းဟူသော အကြောင်းကြောင့် ၄-နံပါတ်ဖြစ်တဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာမပေါ်ဘူး လား၊ (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် အနာဂတ်ခန္ဓာကြီးဖြစ်ကြောင်းကတော့ တဏှာခေါင်းဆောင်၊ (မှန်လှပါ ဘုရား) ပစ္စုပ္ပန်ခန္ဓာဖြစ်ကြောင်း ကတော့ (အဝိဇ္ဇာပါ ဘုရား)။

အဝိဇ္ဇာနဲ့တဏှာ ရေသောက်မြစ်ပဲ

ဒါကြောင့် ဒကာ ဒကာမတို့မှာ ဒီအလယ်ပြထားတာကြည့်၊ ခင်ဗျားတို့ စာရွက်မှာလဲပါတယ်၊ အဝိဇ္ဇာနဲ့တဏှာ ရေသောက်မြစ်ပဲ၊ (မှန်လှပါ ဘုရား) မပေါ်သေးဘူးလား၊ (ပေါ်ပါပြီ ဘုရား)။

ဘယ်သူရေသောက်မြစ်ပါလိမ့်၊ (အဝိဇ္ဇာနဲ့ တဏှာဟာ ရေသောက်မြစ်ပါ) ဪ ဒါဖြင့် အဝိဇ္ဇာမချုပ်, တဏှာချုပ် သရွေ့ကာလပတ်လုံး ရေသောက်မြစ် မပြတ်ပါဘူး။ (မပြတ်ပါ ဘုရား)။

မပြတ်လို့ရှိ့ရင်ဖြင့်တဲ့ ပစ္စုပ္ပန်ခန္ဓာ ဒုက္ခသစ္စာပေါ်ဦးမှာပဲ၊ (ပေါ်မှာပါပဲ ဘုရား) အနာဂတ်ခန္ဓာဒုက္ခသစ္စာ ကော၊ (ပေါ်ဦးမှာပါပဲ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာနဲ့တဏှာဟာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသူတို့ကြောင့် ဒုက္ခသစ္စာဖြစ်ရတယ်၊ (မှန်လှပါ ဘုရား)။

သူတို့ကြောင့် ဒုက္ခသစ္စာဖြစ်ရတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဒီဒုက္ခသစ္စာကို ငြိမ်းချင်လို့ရှိရင် ဖြင့် အကျိုးသတ်ကြမလား၊ အကြောင်းသတ်ကြမလား မေးရင် ဘယ့်နှယ်ဖြေပါ့မယ်၊ (အကြောင်းသတ်ပါမယ် ဘုရား)။

အကြောင်းသတ်လို့ရှိရင်ဖြင့် ပစ္စုပ္ပန်ခန္ဓာ၌ ဒကာ ဒကာမတွေ အဝိဇ္ဇာကအကြောင်း၊ (မှန်လှပါ) ပစ္စုပ္ပန်ခန္ဓာ ငါးပါးက (အကျိုးပါ ဘုရား) အကျိုးဆိုတာသေချာပြီ၊ (သေချာပါပြီ ဘုရား)။

ယခုပစ္စုပ္ပန်ဘဝမှာ ခင်ဗျားတို့က ကိုယ့်ဘဝလေးကို နှစ်သက်တဲ့ ဘဝတဏှာအကြောင်းကြောင့် ပစ္စုပ္ပန်ဘဝ တဏှာပေါ့ဗျ၊ (မှန်ပါ့) ဟော အနာဂတ်ဝိညာဏ် နာမ်ရုပ်သဠာယတန ဖဿ ဝေဒနာပေါ်ပြန်တယ်၊ (မှန်လှပါ)။

ဒါ့ကြောင့် အတိတ်ဘဝက ကျုပ်တို့ ခန္ဓာ၏ရေသောက်မြစ်ရှာသော် အဝိဇ္ဇာ၊ (မှန်ပါ့) အနာဂတ်ဘဝ သွားရမှာ သည် တဏှာရှိနေရင် သွားရမှာပဲ၊ (မှန်ပါ့) တဏှာမရှိရင် (မသွားရပါ ဘုရား) မသွားရဘူးဆိုတာ သေချာပလား၊ (သေချာပါပြီ ဘုရား)။

ဝိပဿနာလုပ်ကြတယ်

အေး ဒါကြောင့် ဝိပဿနာလုပ်ကြတယ်၊ ဝိပဿနာလုပ်ကြတယ်ဆိုတာ ဒကာကြွယ်တို့ ဒကာသစ်တို့ ဦးသန်းမောင်တို့ မှတ်ကြစမ်းပါ၊ အဝိဇ္ဇာနဲ့တဏှာ ချုပ်အောင် ဝိပဿနာလုပ်မှရမယ်၊ (မှန်လှပါ ဘုရား) အဝိဇ္ဇာရဲ့ တဏှာချုပ်အောင် (ဝိပဿနာလုပ်ရပါမယ် ဘုရား) ဝိပဿနာလုပ်မှရမယ်ဆိုတာ ကျေကျေနပ်နပ် သဘောကျပလား၊ (ကျပါပြီ)။

ဒါကြောင့် ဒကာ ဒကာမတို့ကို သူများပြောလား ကိုယ့်အမြင်လား၊ (ကိုယ့်အမြင်ပါ ဘုရား) ဪ ဒို့အခု တရားနာနေတဲ့ခန္ဓာငါးပါးကြီးဟာ ခဏခဏအိုဘေးကြီးလဲ သင့်နေတယ်၊ ဟိုပြောင်းရ၊ ဒီပြောင်းရနဲ့ ခန္ဓာကိုယ်ကြီး နာကြရတယ်၊ (မှန်ပါ့) နာဘေးကလဲ သင့်တယ်၊ နာဘေးသင့်ပြီး သကာလဒီအတိုင်း နေသလားဆိုတော့ သေဘေးရှိရာ သို့လဲ သွားနေတယ်၊ (မှန်လှပါ ဘုရား)။

ဪ ဒီခန္ဓာကြီးဟာ ဒကာ ဒကာမတို့ အိုဘေးက သင့်နာဘေးကသင့်၊ သေမဘေးရှိရာသို့သွား၊ ယခု ခန္ဓာ ကြီးဟာ၊ (မှန်လှပါ ဘုရား) ဘာသစ္စာတွေ ဖြစ်ဖြစ်နေပါလိမ့်၊ (ဒုက္ခသစ္စာတွေ ဖြစ်ဖြစ်နေပါတယ် ဘုရား)။

အကြောင်းက မကောင်းခဲ့ဘူး

ဖြစ်ပေမှာပဲ ဒကာ ဒကာမတို့ ကျုပ်တို့အကြောင်းက မကောင်းခဲ့ဘူး၊ (မှန်ပါ့) ကျုပ်တို့အကြောင်းက မကောင်းခဲ့ ဘူးဆိုတာက ဒီအဝိဇ္ဇာ၊ (မှန်ပါ့) အတိတ်အကြောင်းက ဘယ့်နှယ်တုံး၊ (အဝိဇ္ဇာပါ ဘုရား) ကောင်းတဲ့အကြောင်းလားဆို တဲ့အကြောင်းလား၊ (ဆိုးတဲ့အကြောင်းပါ ဘုရား)။

အေး ဒါကြောင့် ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင် ဘုန်းကြီးများတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တဲ့၊ ကိုယ့် အကြောင်း ကိုယ်ပြုခဲ့တဲ့အတွက် ကိုယ့်ဒုက္ခ ကိုယ်ရတယ်၊ (မှန်ပါ့) ဒုက္ခသစ္စာကြီး ရတာပေါ့ဗျာ။ (မှန်လှပါ)။

ဒါ ကိုယ်ပြုခဲ့တာ၊ (မှန်ပါ့) ဘယ်တုန်းကပါလိမ့်၊ (အတိတ်ဘဝကပါ ဘုရား) အဲဒီမှာ မြင်ရဲ့လား၊ အတိတ်အ ကြောင်းလို့ပြထားတယ်၊ (မှန်ပါ့) အတိတ်ဘဝက ပြုခဲ့သောကြောင့်တဲ့၊ ဒီမှ စုတေပြီးတဲ့အခါကျတော့ အကြောင်းအကျိုး ကစပ်သွားပါပြီ၊ (မှန်ပါ့)။

ဒီမှာ အစပ်ကလေးဟာ ဟောဒီအကြောင်းနဲ့ဟောဒီအကျိုးစပ်ပါပြီလို့ ပြောလိုက်တယ်၊ (မှန်လှပါ) မပြောဘူး လား၊ (ပြောပါတယ်) ဒါဖြင့် သမုဒယသစ္စာနဲ့ဒုက္ခသစ္စာ ဆက်သွားပြီ၊ (မှန်လှပါ ဘုရား) မြားကလေးပြတယ်၊ (ပြပါတယ်) ဘာသစ္စာနဲ့ ဘာသစ္စာဆက်သွားသလဲ၊ (သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာဆက်သွားပါတယ် ဘုရား) သမုဒယသစ္စာနဲ့ ဒုက္ခ သစ္စာဆက်သွားပြီ ဒကာ ဒကာမတို့၊ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဪ ဘယ်သူမှပြုတာမဟုတ်ဘူးတဲ့ မိမိမှားမှုကြောင့် မိမိ ဒုက္ခရောက်တာ၊ (မှန်လှပါ ဘုရား) ဦးလှဘူး၊ ဘယ့်နှယ်ဆိုမလဲ၊ (မိမိမှားမှုကြောင့် မိမိဒုက္ခရောက်တာပါ ဘုရား)။

အတိတ်ဘဝက မိမိအဝိဇ္ဇာ သင်္ခါရတွေ မှားလိုက်တာနဲ့ ပစ္စုပ္ပန်ဘဝမှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးကြီးကို ကိုယ်ပိုင်ရတယ်၊ (မှန်ပါတယ် ဘုရား)။

ရတော့ အကောင်းလားလို့ မေးမှာစိုးတဲ့အတွက် ဘုရားက “သံခိတ္တေန ပဉ္ဇုပါဒါနာက္ခန္ဓာ ဒုက္ခာ”ဆိုတော့ ဒကာ ဒကာမတွေ ဘာသစ္စာရသလဲ၊ (ဒုက္ခသစ္စာပါ ဘုရား) ရချင်လို့ရတာလားလို့ မေးတဲ့အခါကျတော့ ကံမကောင်းလို့ အဝိဇ္ဇာမကောင်းလို့ ဒကာ ဒကာမတို့နော် (မှန်ပါ့) ခင်ဗျားတို့က ဒီတစ်လုံးထဲစွဲနေတယ်၊ (မှန်ပါ့) ကံက သင်္ခါရဆိုတာ ဒါကံပါပဲ၊ (မှန်ပါ့)။

ဒီတစ်လုံးထဲစွဲနေတယ် မဟုတ်ဘူးလား၊ ဒီတစ်လုံးပေါ်မှာ အဝိဇ္ဇာက အုပ်ချုပ်နေလို့ လူ့ဘဝရောက်ကြောင်း သင်္ခါရကုသိုလ်တွေပြုတယ်၊ (မှန်လှပါ) ပြုပြီးသကာလ တဏှာနဲ့ ဆုတောင်းတယ်၊ ဥပါဒါန်နဲ့က၊ (စွဲလမ်းပါတယ်) ကာယကံ၊ ဝစီကံနဲ့က၊ (ကြိုးစားပါတယ် ဘုရား)။

ဒုက္ခသစ္စာ ခန္ဓာငါးပါးပေါ်ပါ တယ်

ကြိုးစားသောကြောင့် သေသည်၏အခြားမဲ့၌ ဒီလိုစပ်ပြီး သကာလဟောဒီမှာ ဒုက္ခသစ္စာ ခန္ဓာငါးပါးပေါ်ပါ တယ်၊ (မှန်လှပါ ဘုရား) ရိပ်မိကြပလား၊ (ရိပ်မိပါပြီ) ဘာသစ္စာတွေပေါ်သလဲ၊ (ဒုက္ခသစ္စာခန္ဓာငါးပါးပေါ်ပါတယ်)ဪ ဒကာ ဒကာမတို့ အတိတ်ခေါင်းဆောင်ကြီးတော့ မိပါတယ် (မှန်လှပါ) ဘာမိပါလိမ့်၊ (အတိတ်ခေါင်းဆောင်ကြီးမိပါ တယ် ဘုရား) နာမည်ဘယ်သူတဲ့တုံး၊ (အဝိဇ္ဇာပါ ဘုရား)။

အေး အတိတ်ခေါင်းဆောင်ကြီးက အဝိဇ္ဇာဆိုတာသိတော့ ဒကာ ဒကာမတို့ ဒီအဝိဇ္ဇာမချုပ်သရွေ့ ခန္ဓာချုပ် ပါ့မလား၊ (မချုပ်ပါ ဘုရား) အဝိဇ္ဇာဆိုတာ ဘာသစ္စာ၊ (သမုဒယသစ္စာပါ ဘုရား) သမုဒယသစ္စာ စာထဲမှာပါတယ်နော် ဒီမှာကြည့်ပါလား၊ (မှန်ပါ့)။

ဒီအဝိဇ္ဇာက ဒီအခန်းထဲမှာပါတော့ ဘာသစ္စာလဲ၊ (သမုဒယသစ္စာပါ ဘုရား) အဲဒီ သမုဒယသစ္စာကြောင့်တဲ့၊ ဝိညာဏ်နာမ်ရုပ်ဆိုတဲ့ ခန္ဓာငါးပါးတွေ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဘာသစ္စာတွေ ပေါ်လာသလဲ၊ (ဒုက္ခ သစ္စာတွေပေါ်လာပါတယ် ဘုရား)။

ဒကာကြွယ် မလှူတတ် မတန်းတတ်ရင် ကြောက်စရာကြီးပါကလား၊ (ကြောက်စရာကြီးပါ ဘုရား) ဒကာ ဒကာမတို့ မလှူတတ် မတန်းတတ်လို့ရှိရင် ဘုံဘဝတွေ တောင့်တရင် ဒုက္ခသစ္စာတောင့်တတယ်၊ (မှန်လှပါ ဘုရား) ဘုံဘဝတွေတောင့်တရင်၊ (ဒုက္ခသစ္စာတောင့်တပါတယ် ဘုရား)။

ဒုက္ခသစ္စာတွေ တောင့်တတယ်ဆိုတာသူများပြောလား၊ ယခုရထားတဲ့ခန္ဓာငါးပါး ဒုက္ခသစ္စာတရားက သက်သေခံ နေတာလား၊ (သက်သေခံနေပါတယ် ဘုရား)။

ဒီခန္ဓာရတယ်ဆိုကတည်းက ဒကာ ဒကာမတို့ ဒီခန္ဓာဟာ ဇာတိကစ,တယ်၊ (မှန်ပါ့) ဇရာ ဗျာဓိ မရဏကော မပါပေဘူးလား၊ (ပါ, ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဟာ ဇာတိ, ဇရာ, ဗျာဓိ, မရဏဆိုတဲ့ ဒုက္ခသစ္စာကြီးရတယ်၊ (ရပါတယ် ဘုရား) ဘာသစ္စာတဲ့တုံး၊ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာ ခန္ဓာငါးပါးကြီးရတယ်၊ (ရပါတယ် ဘုရား)။

မသိသလို လုပ်ခဲ့လို့ပါ

ရချင်လို့ရတာလား၊ နောက်ဘဝက မသိသလို လုပ်ခဲ့လို့လား၊ (မသိသလို လုပ်ခဲ့လို့ပါ ဘုရား) မသိတာက အဝိဇ္ဇာ၊ လုပ်တာက သင်္ခါရ၊ (မှန်လှပါ) မသိတာက (အဝိဇ္ဇာပါ ဘုရား) လုပ်တာက (သင်္ခါရပါ ဘုရား) ကုသိုလ်လုပ်လဲ သင်္ခါရပဲ၊ (မှန်ပါ့) အကုသိုလ်လုပ်လဲ၊ (သင်္ခါရပါပဲ ဘုရား) သင်္ခါရပဲဆိုတာ ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ဒီနေရာနှစ်ခုခွဲလိုက်ပါ၊ ကုသိုလ်လုပ်လို့ ကုသိုလ်သင်္ခါရလုပ်မိရင် ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿဝေဒနာဆိုတာ လူခန္ဓာ၊ နတ်ခန္ဓာ ရပါလိမ့်မယ်၊ (မှန်ပါ့ ဘုရား) ဘာရမယ်ထင်သတုံး၊ (လူခန္ဓာ နတ်ခန္ဓာ ရပါမယ် ဘုရား)။

အကုသိုလ်သင်္ခါရ ရောင်းရေး ဝယ်ရေးနဲ့ လိမ်လား၊ ကောက်လား၊ ညစ်လားဆိုတဲ့ အကုသိုလ်သင်္ခါရလုပ်မယ်ဆို တော့ ဒီဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟာ အပါယ်လေးပါး ခန္ဓာဖြစ်တယ်၊ (မှန်လှပါ ဘုရား) ရှင်းပလး၊ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မသိတဲ့ပုဂ္ဂိုလ် ကုသိုလ်လုပ်လဲ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒုက္ခသစ္စာ၊ (မှန်လှပါ) မသိလို့ အကုသိုလ်လုပ်လဲ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ အပါယ်ဒုက္ခသစ္စာ၊ (မှန်ပါ့ ဘုရား) ဒုက္ခ သစ္စာချင်းတော့ အတူတူပဲ၊ သို့သော် သုဂတိဒုက္ခသစ္စာ၊ ဒုဂ္ဂတိ၊ (ဒုက္ခသစ္စာပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ)။

အဝိဇ္ဇာပစ္စယာ သင်္ခါရာ

ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာပစ္စယာ သင်္ခါရာဆိုတာ သဘောကျပလား၊ (ကျပါပြီ) အဝိဇ္ဇာရှိမှ ဘုံဘဝတောင့်တ တဲ့ကုသိုလ်လဲ လုပ်ပါတယ်၊ (မှန်ပါ့) အဝိဇ္ဇာရမှ သားရေး, သမီးရေး, စီးပွားရေး, လိမ်လည်ကောက်ကျစ်တဲ့ အလုပ်တွေ လဲ လုပ်ပါတယ်၊ (မှန်လှပါ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာပစ္စယာ အကုသိုလ်သင်္ခါရာ၊ (မှန်လှပါ) အဝိဇ္ဇာပစ္စယာ ကုသိုလ်သင်္ခါရာ၊ (မှန်လှပါ ဘုရား) သင်္ခါရဘယ်နှစ်မျိုးရှိသလဲ၊ (နှစ်မျိုးရှိပါတယ် ဘုရား) တစ်မျိုးက အဝိဇ္ဇာပစ္စယာ ကုသိုလ်သင်္ခါရာဆိုတော့ လူ, နတ်, ဗြဟ္မာသတ္တဝါဆိုတဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာရတယ်၊ (မှန်လှပါ) ရှင်းပြီနော်၊ (ရှင်းပါပြီ)။

အဝိဇ္ဇာပစ္စယာ အကုသိုလ်သင်္ခါရာဆိုတော့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟာ အပါယ်လေး ပါးခန္ဓာကြီးဖြစ်ပါတယ်၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ)။

ဒါဖြင့် လူခန္ဓာ, နတ်ခန္ဓာ, ဗြဟ္မာခန္ဓာလဲ ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား) အပါယ်လေးပါးခန္ဓာကော၊ (ဒုက္ခသစ္စာပါ ဘုရား) ဪ ဒါဖြင့် ဒီသင်္ခါရနှစ်ခုသည်ကားလို့ဆိုလို့ရှိရင် ဖြင့်တဲ့၊ အဝိဇ္ဇာတည်းဟူသော အကြောင်းတရား မကင်းပါဘူး၊ (မကင်းပါ ဘုရား) ဦးသန်းမောင်ကင်းသေးရဲ့လား၊ (မကင်းပါ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ အကုသိုလ်လုပ်လဲ အဝိဇ္ဇာပစ္စယာ သင်္ခါရာပဲ၊ (မှန်ပါ့) ဟိုဘဝ ဒီဘဝလိုချင်လို့ နောက်ဘဝ လူချမ်းသာ နတ်ချမ်းသာဖြစ်ချင်လို့ လုပ်တဲ့ကုသိုလ်လဲ ဘာဆိုကြမယ်၊ (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါပဲ ဘုရား) အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် ဒကာကြွယ်ရေ အဝိဇ္ဇာပစ္စယာသင်္ခါရာသည် နှစ်မျိုးရတယ်၊ (ရပါတယ် ဘုရား) အပါယ်သွား အောင်လုပ်တဲ့ အဝိဇ္ဇာပစ္စယာ သင်္ခါရာလဲရှိတယ်၊ (ရှိပါတယ် ဘုရား) လူ, နတ်, ဗြဟ္မာဖြစ်အောင်လုပ်တဲ့ အဝိဇ္ဇာပစ္စယာ သင်္ခါရာလဲ (ရှိပါတယ် ဘုရား)။

သမုဒယသစ္စာချည်းမှတ်

အဲဒီ အဝိဇ္ဇာပစ္စယာသင်္ခါရာ၊ (မှန်ပါ့) ဘာပဲရှိရှိ အဝိဇ္ဇာပစ္စယာ သင်္ခါရာဆိုရင် သမုဒယသစ္စာချည်းမှတ်၊ (မှန်လှပါ ဘုရား) လူ, နတ်, ဗြဟ္မာခန္ဓာလဲ (ဒုက္ခသစ္စာပါပဲ ဘုရား) အပါယ်လေးပါးခန္ဓာလဲ (ဒုက္ခသစ္စာပါပဲ) ဒုက္ခသစ္စာ ဆိုတာ ဒကာ ဒကာမတွေ ကျေကျေနပ်နပ်မှတ်ပါ၊ (မှန်ပါ့)။

ဒီနေ့တရားမှာ ဒကာ ဒကာမတို့ ခင်ဗျားတို့အတွက်ဟာ ဪ အတိတ်အကြောင်းက မကောင်းတော့ ပစ္စုပ္ပန်အကျိုးဆိုတဲ့ ဟောဒီအတိတ်အကြောင်းရှေ့က ငါးပါးဟာ ရှေးကမကောင်းခဲ့ဘူး၊ (မှန်လှပါ) ကောင်းခဲ့ရဲ့လား၊ (မကောင်းခဲ့ပါ ဘုရား)။

မကောင်းတော့ ပစ္စုပ္ပန်အကျိုးကလဲ ဟောဒီ ဒုက္ခသစ္စာ မကောင်းကျိုးကို ပေးတယ်၊ (မှန်ပါ့) ဒီက မကောင်း ကြောင်း လုပ်တာကိုး၊ (မှန်ပါ့) ဒီဟာက မကောင်းတာ ဒီဟာက သမုဒယသစ္စာက အကြောင်းမကောင်းကြောင်း လုပ်တာကိုး၊ (မှန်လှပါ) ဒါကြောင့် မကောင်းကျိုးဖြစ်တဲ့ ဒုက္ခသစ္စာကိုရတယ်၊ (မှန်လှပါ ဘုရား) ရိပ်မိပလား၊ (ရိပ်မိပါ ပြီ ဘုရား)။

မကောင်းကျိုး ဘာသစ္စာရသလဲ၊ (ဒုက္ခသစ္စာရပါတယ် ဘုရား) ဘာလုပ်ခဲ့ရလို့ပါလိမ့်၊ (မကောင်းကြောင်းလုပ်ခဲ့ လို့ပါ ဘုရား) ရိပ်မိပလား၊ (ရိပ်မိပါပြီ) မကောင်းကြောင်း သမုဒယသစ္စာလုပ်ခဲ့တဲ့အတွက် မကောင်းကျိုး (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။

လှူတတ်ဖို့ အရေးဟာလဲလိုတယ်

ဒုက္ခသစ္စာပဲ ရတယ်ဆိုတော့ ဒါဖြင့် ဒကာကြွယ်လှူတတ်ဖို့ အရေးဟာလဲလိုတယ်ဆိုတာ မပေါ်သေးဘူးလား၊ (ပေါ်ပါတယ် ဘုရား) အားလုံး ဒကာ ဒကာမတွေ လှူတတ်ဖို့ အရေးကော၊ (လိုပါတယ် ဘုရား) အင်မတန်လိုပါတယ် ဆိုတာ ဘုံဘဝက ခင်ဗျားတု့ိတောင့်တလို့ရှိရင်ဖြင့်တဲ့၊ ဘယ့်နှယ်ကြောင့် တောင့်တပါလိမ့်မတုံးဆိုတော့ ကြည့် တောင့် တတာက တဏှာ၊ (မှန်ပါ့) သူ့အရှင်သခင်က အဝိဇ္ဇာ၊ (မှန်ပါ့ ဘုရား) အဝိဇ္ဇာက တောင်းတဲ့ ဆိုလို့ တဏှာနဲ့တောင်းတာ၊ (မှန်လှပါ ဘုရား)။ မရ ရအောင် တောင်းတဲ့ဆိုတော့ ဥပါဒါန်နဲ့ တောင်းတာ၊ (မှန်ပါ့)။

အဲဒီတော့ ကာယကံ-ဝစီကံနဲ့လဲ မင်းအထမြောက်အောင် လုပ်လို့ဆိုပြီး အလုပ်ခိုင်းတာလဲ ဘယ်သူကပါလိမ့်၊ (အဝိဇ္ဇာကပါ ဘုရား) ဒါဖြင့် အဝိဇ္ဇာလက်ချက် လွတ်သေးရဲ့လား၊ (မလွတ်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့တဲ့ အတိတ်အကြောင်း ငါးပါးကြောင့် ပစ္စုပ္ပန်အကျိုးဘယ်နှစ်ပါးရသလဲ၊ (ငါးပါးရပါ တယ် ဘုရား) ဘာသစ္စာလဲ၊ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာတွေပဲဆိုတာ သေချာပလား၊ (သေချာပါပြီ ဘုရား)။ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့၊ သမုဒယသစ္စာလုပ်ခဲ့လို့ ဒုက္ခသစ္စာရတယ်(မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါ ပြီ) သမုဒယသစ္စာလုပ်လို့ (ဒုက္ခသစ္စာရပါတယ် ဘုရား) ဒုက္ခသစ္စာရတော့တယ်ဆိုတာ သဘောကျပလား၊ (ကျပါပြီ)။

အတိတ်ဘဝက ဝဋ်နှစ်ပါး

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင် ဒီအပေါ်ကလေးကြည့်လိုက်၊ ဒီငါးပါးလုပ်ခဲ့ တာ ဘာတွေများသူတို့လုပ်ပါလိမ့်မလဲ မေးတဲ့အခါကျတော့ ကိလေသာဝဋ်လုပ်ခဲ့လို့ပဲ၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

အဝိဇ္ဇာရယ်, တဏှာရယ်, ဥပါဒါန်ရယ်, ကိလေသဝဋ်၊ (မှန်ပါ့)။

သင်္ခါရရယ်, ဘဝရယ်က ကမ္မဝဋ်၊ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အတိတ်ဘဝက ဝဋ်ဘယ်နှစ်ပါး လုပ်ခဲ့ပါလိမ့်၊ (နှစ်ပါးလုပ်ခဲ့ပါတယ် ဘုရား) ဝဋ်နှစ်ပါးဆိုလိုက်ပါတော့၊ (မှန်ပါ့ ဘုရား) ကိလေသဝဋ် ကမ္မဝဋ်၊ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) တရားကြည့်လိုက်တော့ ကိလေသဝဋ်က ဒကာ ဒကာမတို့ သုံးပါး၊ (မှန်ပါ့ ဘုရား) ကမ္မဝဋ်က၊ (နှစ်ပါးပါ ဘုရား)။

ကိလေသဝဋ်က အဝိဇ္ဇာ, တဏှာ, ဥပါဒါန်၊ (မှန်ပါ့) ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

ကမ္မဝဋ်နှစ်ပါးဆိုတော့ (သင်္ခါရနှင့်ဘဝပါ ဘုရား)ရိပ်မိပလား၊ (ရိပ်မိပါပြီ) သင်္ခါရ၊ (ဘဝပါ ဘုရား) အဲဒါက ဘာပါလိမ့်၊ (ကမ္မဝဋ်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ နောက်တုန်းက ကိလေသဝဋ်နဲ့ ကမ္မဝဋ်နှစ်ပါးကို လုပ်ခဲ့တယ်၊ (လုပ်ခဲ့ပါတယ် ဘုရား)ဘာများ လုပ်ခဲ့ပါလိမ့်၊ (ကိလေသဝဋ်နဲ့ကမ္မဝဋ်လုပ်ခဲ့ပါတယ်) ကဲ ခင်ဗျားတို့ လုပ်ပုံက အလုပ်ကောင်းမဟုတ်ဘူး၊ (မှန်ပါ့) ဘာဝဋ်လုပ်ခဲ့သလဲ၊ (ကိလေသဝဋ်နဲ့ကမ္မဝဋ်လုပ်ခဲ့ကြပါတယ် ဘုရား)။

ကိလေသဝဋ်နဲ့ကမ္မဝဋ်

ဒါကို ခင်ဗျားတို့ ဒကာ ဒကာမတွက ကျုပ်ကုသိုလ် လုပ်ခဲ့တယ်လို့ ဦးသန်းမောင်တို့ကပြောသေးတယ်၊ (ပြောပါတယ် ဘုရား) အခုသေသေချာချာကြည့်တော့ ဘာဝဋ်တွေလုပ်ခဲ့ပါလိမ့်၊ (ကိလေသဝဋ်နဲ့ကမ္မဝဋ်လုပ်ခဲ့ပါတယ် ဘုရား)။

ဒီငါးပါးကို ခွဲလိုက်တော့ ကိလေသဝဋ်နဲ့ကမ္မဝဋ်ဖြစ်သွားတယ်၊ (မှန်ပါ့) ဘာဝဋ်ဖြစ်သွားသလဲ၊ (ကိလေသဝဋ်နဲ့ ကမ္မဝဋ်ဖြစ်သွားပါတယ်) ဘာဝဋ်ဖြစ်သွားသလဲ၊ (ကိလေသဝဋ်နဲ့ ကမ္မဝဋ်ဖြစ်သွားပါတယ်) ကိလေသဝဋ်နဲ့ ကမ္မဝဋ် ဖြစ်သွားတယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အတိတ်အကြောင်း ငါးပါးကို ခွဲလိုက်တဲ့အခါ ဝဋ်နှစ်ပါး လာဖြစ်တယ်၊ (မှန်ပါ့ ဘုရား) အတိတ်အကြောင်းငါးပါးကို ခွဲလိုက်တော့၊ (ဝဋ်နှစ်ပါးလာဖြစ်ပါတယ် ဘုရား)။

အဝိဇ္ဇာ, တဏှာ, ဥပါဒါန်က ကိလေသဝဋ်၊ (မှန်ပါ့) သင်္ခါရနဲ့ဘဝက၊ (ကမ္မဝဋ်ပါ ဘုရား) ကမ္မဝဋ်နှစ်ပါး (မှန်ပါ့) ပေါ်ကြပလား၊ (ပေါ်ပါပြီ)။

ဒါဖြင့် ဒကာကြွယ်တို့ ရှေးဘဝက ခင်ဗျားတို့ ဝဋ်ဘယ်နှစ်ပါးကြိုးစားခဲ့သလဲ၊ (နှစ်ပါးကြိုးစားခဲ့ပါတယ် ဘုရား) ပေါ်ကြပြီ၊ (ပေါ်ပါပြီ)။

အေး ဦးသန်းမောင်ကြီး ဘာတွေများ ကြိုးစားခဲ့သလဲ၊ (ဝဋ်နှစ်ပါးကြိုးစားခဲ့ပါတယ်) ဘာဝဋ်ပါလိမ့်၊ (ကိလေသဝဋ်နဲ့ကမ္မဝဋ်ပါ ဘုရား) ကိလေသဝဋ်နဲ့ကမ္မဝဋ် ကြိုးစားခဲ့တယ်၊ (မှန်ပါ့)။

ကိလေသဝဋ်နဲ့ ကမ္မဝဋ်ကြိုးစားတဲ့အခါကျတော့ ဒကာ ဒကာမတိုပ ဟောဒါ အကျိုးပေး ဝိပါက ဝဋ်ဆိုတာလဲ မှန်တာပဲ (မှန်ပါ့ ဘုရား) အကျိုးမပေးသေးဘူးလား (ပေးပါတယ် ဘုရား)။

အကျိုးပေးတော့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿဝေဒနာဆိုတဲ့ ခန္ဓာငါးပါးရပါတယ်၊ (မှန်ပါ့) ဘာသစ္စာ တုံး၊ (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ကိလေသဝဋ် ကမ္မဝဋ် လုပ်ခဲ့တဲ့အတွက် ဒုက္ခသစ္စာခန္ဓာငါးပါးရတယ်၊ (မှန်ပါ့) ဘာရသတဲ့လဲ၊ (ဒုက္ခ သစ္စာခန္ဓာငါးပါးရပါတယ် ဘုရား) ၂-နံပါတ်ကြည့်ကြ ဦးသန်းမောင်တို့ (မှန်ပါ့) ဘာသစ္စာ ခန္ဓာငါးပါးတုံး (ဒုက္ခသစ္စာ ခန္ဓာငါးပါးပါ ဘုရား)။

ပစ္စုပ္ပန်အကျိုးတစ်လွှာ

အင်း ဒုက္ခသစ္စာ ခန္ဓာငါးပါးဘယ်ကာလရနေပါလိမ့် မလဲလို့မသိမှာစိုးရတယ်၊ ပစ္စုပ္ပန်အကျိုးတစ်လွှာလို့မပါဘူး လား၊ (ပါပါတယ် ဘုရား) အဲ ပစ္စုပ္ပန်ဘဝ ရနေတာ၊(မှန်လှပါ ဘုရား) ဒါဖြင့် ဘယ်အခါရနေသလဲ၊ (ပစ္စုပ္ပန်ဘဝရနေပါ တယ် ဘုရား) ပစ္စုပ္ပန်ဘဝရနေတယ်ဆိုတာ သေချာကြပလား၊ (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ အတိတ်ဘဝက ကိလေသဝဋ်နဲ့ ကမ္မဝဋ်ကြိုးစားခဲ့တဲ့အတွက် ဝိပါကဝဋ်ဆိုတဲ့ ပစ္စုပ္ပန်ဒုက္ခသစ္စာကြီးရတယ်၊ (မှန်လှပါ ဘုရား) ဘာရသလဲ (ဝိပါကဝဋ်ဆိုတဲ့ ဒုက္ခသစ္စာကြီးရပါတယ် ဘုရား) ဝိပါကဝဋ်ဆိုတဲ့ ဒုက္ခသစ္စာကြီးကို လှလှကြီးရပါတယ်၊ (မှန်ပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့သည် ဝိပါက ဝဋ်ကျွတ်ပြီလားလို့ မေးရင် ဘယ်နှယ့်ဖြေကြမလဲ၊ (မကျွတ်သေးပါ ဘုရား)။

မသေသေးဘူးဗျ၊ (မှန်ပါ့) ခင်ဗျားတို့က တပည့်တော်ဖြင့် လူ့ပြည်မှာ နေပဲမနေချင်တော့ပါဘူးဘုရား၊ သေများ သေချင်ပါပေါ့တဲ့၊ အို အသာနေဦး အကျိုးပေးမကုန်သေးဘူး၊ ကြီးတဲ့ဒုက္ခတွေ ကျန်သေးတယ်၊ (မှန်လှပါ) သဘောပါပလား၊ (ပါ, ပါပြီ ဘုရား)။

မသေချင်ပါနဲ့ဦး၊ ခင်ဗျားတို့လုပ်ထားတဲ့အကြောင်း ကုန်မှသေမှာပါ၊ (မှန်ပါ့) ခင်ဗျားတို့က နောက်ကဘယ်နှစ် ကြောင်းလုပ်ခဲ့သတုံး (နှစ်ကြောင်းလုပ်ခဲ့ပါတယ်) ကိလေသဝဋ် သုံးပါး၊ ကမ္မဝဋ်က (နှစ်ပါးပါ ဘုရား) ဟော ဒီငါးပါး ကို လုပ်ခဲ့တယ်၊ (မှန်ပါ့ ဘုရား)၊ မလုပ်ခဲ့ဘူးလား၊ (လုပ်ခဲ့ပါတယ် ဘုရား)။

ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါး

ဒီ ငါးပါးလုပ်ခဲ့တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဝိညာဏ် နာမ်ရုပ် သဠာသယတန ဖဿ ဝေဒနာဆိုတဲ့ ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါး မရဘူးလား၊ (ရပါတယ် ဘုရား) ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာဆိုတာ ဇာတိပိ ဒုက္ခသစ္စာ ပဋိသန္ဓေနေလဲ ဒုက္ခသစ္စာပဲ။ (မှန်ပါ့) ဗျာဓိပိ၊ (ဒုက္ခသစ္စာပဲ) မရဏမ္ပိ၊ (ဒုက္ခသစ္စာပါ ဘုရား)။

အခုတော့ အနာနှိပ်စက်ရုံရှိသေးတာပဲ၊ “မရဏမ္ပိ ဒုက္ခသစ္စံ” ကျန်သေးတယ်၊ ဒီအကွက်က မတွက်ရသေးဘူး (မှန်ပါ့) ရိပ်မိပလား၊ (ရိပ်မိပါပြီ) အံမာ တယ်ပြီးတော့ မညည်းကြပါနဲ့ဦး၊ အကျိုးပေး ကျန်ပါသေးတယ်၊ (မှန်ပါ့) ဘာကျန်နေသေးသလဲ၊ (အကျိုးပေးကျန်ပါသေးတယ် ဘုရား)။

တပည့်တော်တု့ိဖြင့် လူ့အကြောင်း တွေးကြည့်ပြီး စက်ဆုပ်တယ်၊ သေများ သေချင်တယ်၊ အို နောက် စက်ဆုပ် စရာတွေ ဒီထက်ဆိုးဝါးတာတွေ လာလိမ့်ဦးမယ်နော်၊ (မှန်လှပါ ဘုရား) ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား) ဒီထက်ဆိုးဝါး တာတွေ ဘယ့်နှယ်တုံး (လာပါလိမ့်ဦးမယ် ဘုရား)။

ဘာကျန်နေသေးသတုံးဆိုတော့ အခုဟာ ဇာတိဒုက္ခသစ္စာရပြီးပြီ၊ (ရပြီးပါပြီ ဘုရား) ဇရာဒုက္ခသစ္စာလဲ ရဆဲ၊ (ရဆဲပါ ဘုရား) မရဏဒုက္ခသစ္စာက ကျန်နေသေးတယ်၊ (မှန်ပါ့) ဒကာ ဒကာမတွေ ကိုယ့်အကျိုးပေးကုန်ပြီလား၊ (မကုန်သေးပါ ဘုရား)။

မကုန်သေးတော့ လူ့ပြည်မှာ ဘုရား မင်းဘေးကလဲသင့်၊ သူခိုးဘေးကလဲသင့်၊ မီးဘေးကလဲသင့်၊ ဟုတ်လား၊ (မှန်ပါ့) ဆွေမျိုးဉာတကာ နှိပ်စက်တဲ့ဘေးကလဲ သင့်၊ ကိုယ့်အထဲက ရောဂါတွေကလဲ နှိပ်စက်နဲ့ သေများသေချင်ပြီတဲ့ မသေနဲ့ဦး၊ အားပေးရတယ်၊ (မှန်လှပါ) မသေနဲ့ဦး၊ ဒုက္ခတွေမျိုးစုံမကုန်သေးဘူး၊ (မှန်လှပါ) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ဒုက္ခမျိုးစုံမကုန်သေးလို့

ဘယ်လိုကြောင့် မသေနဲ့ဦးပြောတာတုံး၊ (ဒုက္ခမျိုးစုံမကုန်သေးလို့ပါ ဘုရား) ဒုက္ခတွေမကုန်သေးဘူးတဲ့၊ ဒုက္ခ သစ္စာက မထွက်နိုင်သေးဘူး၊ (မှန်ပါ့) အခုဟာက ဇာတိဒုက္ခနဲ့ ဇရာဒုက္ခပဲရှိသေးတယ်၊ ဗျာဓိဒုက္ခ အနာနှိပ်စက်တဲ့ဒုက္ခ ကျန်သေးတယ်၊ မရဏဒုက္ခကော၊ (ကျန်ပါသေးတယ် ဘုရား) သောကပရိဒေဝဒုက္ခ ဒေါမနဿကော၊ (ကျန်ပါသေးတယ် ဘုရား)။

ဪ ဒို့အတွက် အကောင်းတွေ အများကြီးကျန်ပါသေးကလား၊ ဟုတ်ရဲ့လား၊ (မဟုတ်ပါ ဘုရား) ဘယ်လို များဆိုကြမလဲ၊ (ဒုက္ခတွေ အများကြီးကျန်ပါသေးတယ်) ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဟာတွေ ဒကာ ဒကာမတွေမှာ အကြုံကြီး ကြုံရပါလိမ့်မလဲဆိုတော့ ဒကာ ဒကာမတွေ ကံမကောင်းလို့၊ (မှန်ပါ့) ဒီလိုပြောတယ်၊ (ပြောပါတယ် ဘုရား) မဟုတ်ပါဘူးတဲ့၊ သူ့အထက်က ခေါင်းဆောင်ကြည့်ပါ လား၊ ဘယ်သူပါလိမ့်၊ (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာကြောင့်ဖြစ်တယ်၊ (မှန်ပါ့ ဘုရား) အဝိဇ္ဇာမရှိရင် ကံနဲ့ သင်္ခါရဖြစ်ကို မဖြစ်ဘူး (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ စွဲချက်လွဲတယ်၊ (မှန်ပါ့) တပည့်တော်ဘုရား ငယ်ငယ်တုန်းကလဲ ဒုက္ခရောက်ခဲ့တာပဲ၊ ကြီးတော့လဲ ဒုက္ခရောက်တာပဲ၊ တပည့်တော်ကံက တယ်ဆိုးတယ်၊ (မှန်ပါ ဘုရား)။

တပည့်တော်ကံက တယ်ဆိုတယ်ဆိုတာ အဝိဇ္ဇာက ပြုံးတယ်၊ ငါလုပ်ထားတာ သူတို့က ကံပေါ်သွားချတယ်၊ (မှန်ပါ့) ဘယ်သူက လုပ်တာတုံး၊ (အဝိဇ္ဇာက လုပ်တာပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

အဝိဇ္ဇာရှိလို့ ခင်ဗျားတို့ လူ့ဘဝရောက်ကြောင်းဖြစ်တဲ့ ကုသိုလ်သင်္ခါရ လုပ်ဖြစ်တာ၊ (မှန်ပါ့) သင်္ခါရရှိလို့ တဏှာနဲ့ ဆုတောင်းတယ်၊ (မှန်ပါ့)၊ ဥပါဒါန်ကစွဲလမ်းတယ်၊ ဘဝနဲ့အားထုတ်တယ်၊ အားထုတ်တော့ ဒကာ ဒကာမတွေမှာ အခု ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး မရဘူးလား၊ (ရပါတယ် ဘုရား) ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာပေမယ့် လေးမျိုး

ဒုက္ခသစ္စာပေမယ့် လေးမျိုးရှိတယ်။ (မှန်ပါ့)။

ရ, စ ဒုက္ခသစ္စာ၊

ရ, လယ် ဒုက္ခသစ္စာ၊

ဆုံးခါနီ ရတဲ့ ဒုက္ခသစ္စာ၊

အဆုံး ဒုက္ခသစ္စာ၊ (မှန်ပါ့)။

အခုဟာ ခင်ဗျားတို့ ဇာတိဒုက္ခတော့ ပြီးခဲ့ပြီ၊ (မှန်ပါ့) အမိဝမ်းခေါင်းထဲက ထွက်ခဲ့ကြပြီ၊ (ထွက်ခဲ့ပါပြီ) အခု တော့ဖြင့် ဇရာဒုက္ခ အိုဘေးဒုက္ခကြီးနဲ့ နေကြရတယ်၊ (မှန်ပါ့) ရှေ့ကျန်ပါသေးတယ်၊ နာဘေးဒုက္ခကော၊ (ကျန်ပါသေး တယ် ဘုရား) သေဘေးဒုက္ခကော၊ (ကျန်ပါသေးတယ် ဘုရား) အဲဒီတော့ ဒီနယ်က မထွက်ရသေးဘူး၊ (မှန်ပါ့) သဘော ကျပလား၊ (ကျပါပြီ) ၂-နံပါတ်က ထွက်ရပလား (မထွက်ရသေးပါ ဘုရား)။

အဲဒီတော့ မညည်းကြနဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားပေးရတယ်၊ တပည့်တော်ဖြင့် ဘုရားကိုယ်လက် စိတ်ချမ်းချမ်းသာသာနဲ့ အခါရယ်လို့မရှိပါဘူး၊ ထိတ်ရတာနဲ့၊ လန့်ရတာနဲ့၊ ပူရတာနဲ့၊ ရှာရတာနဲ့ တပည့်တော်ဖြင့် နေပဲမနေချင်ဘူး၊ (မှန်လှပါ ဘုရား) အိုနေရလိမ့်ဦးမယ်၊ အသက်ရှည်လိမ့်ဦးမယ်၊ (မှန်ပါ့) ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

ဘာတဲ့တုံး၊ (နေရဦးမယ်) အသက်ရှည်လိမ့်မယ်၊ (မှန်ပါ့) ဒုက္ခသစ္စာမကုန်သေးဘဲကိုး၊ (မကုန်သေးလို့ပါ ဘုရား) အခုဟာက ဇာတိပိဒုက္ခသစ္စာရှိသေးတယ်၊ (မှန်ပါ့) နောက်ဘာကျန်သေးသလဲ (ဗျာဓိပိဒုက္ခသစ္စာ ကျန်ပါသေးတယ် ဘုရား) ကုန်ပြီလားတဲ့၊ (မကုန်သေးပါ ဘုရား) မကုန်သေးရင် ဘာကျန်သေးသတုံး၊ (မရဏမ္ပိ ဒုက္ခသစ္စံ ကျန်ပါသေးတယ်)၊

အင်း ဒါတောင် မကုန်သေးဘူးတဲ့၊ သေခါနီး သောကပရိဒေဝ ဒုက္ခ ဒေါမနဿတွေ ရောက်ဦးမယ်ဆိုပါက လား၊ (ရောက်ဦးမှာပါ ဘုရား) ဘယ့်နှယ်တုံး ဦးသန်းမောင်၊ ကိုယ့်အကျိုးပေးစုံပလား၊ (မစုံသေးပါ ဘုရား) မစုံသေး ဘူးတဲ့၊ (မှန်ပါ့)။

ဒကာ ဒကာမတို့ ကိုယ်အကျိုးပေးတာ စုံခဲ့ပလား၊ (မစုံသေးပါ ဘုရား) အိုဖို့ ကျန်သေးတယ်၊ (မှန်ပါ့) နာဖို့ ကော၊ (ကျန်ပါသေးတယ် ဘုရား) စိုးရိမ်ပူဆွေးဖို့ကော၊ (ကျန်ပါသေးတယ် ဘုရား) မရှုမလှသေမှုကြီးကော၊ (ကျန်ပါသေး တယ် ဘုရား)။

၂-နံပါတ်က မထွက်သေးဘူး

အဲဒီတော့မှ ဒီကအကြောင်းတွေ ကုန်လို့ ဒကာ ဒကာမတွေ နောက်ဆုံးပိတ်ဒုက္ခနဲ့ ဇာတ်သိမ်းရမယ်၊ (သိမ်းရပါ မယ် ဘုရား) အခုတော့ဖြင့် ဒကာ ဒကာမတွေ ဒုတိယ စက်ဝိုင်းပြင်ဘက် မထွက်သေးဘူးလို့ မှတ်ပါ၊ (မှန်လှပါ ဘုရား)။ ၂-နံပါတ်က ထွက်ကိုမထွက်သေးဘူး၊ (မှန်လှပါ ဘုရား)။

ဒီဒုက္ခသစ္စာထဲက ဘယ့်နှယ်တုံး ထွက်ကြပလား၊ (မထွက်သေးပါ ဘုရား) မထွက်သေးပါဘူး၊ ဒါဖြင့် ဒို့အကျိုး ပေးကျန်သေးတယ်၊ (ကျန်ပါသေးတယ် ဘုရား) ဗေဒင်မမေးနဲ့နော်၊ (မှန်လှပါ) ဗေဒင်က အိုဇာတာကောင်းတယ်ဆိုလဲ မယုံနဲ့၊(မှန်ပါ့) နာဇာတာ ကောင်းတယ်ဆိုရင်ကော၊ (မယုံပါနဲ့)ဟာ နာဇာတာကောင်းတော့ သူများပြုစရာများတာပေါ့ (မှန်ပါ့) နာဇာတာကော ဦးလှဘူး မကောင်းချင်ဘူးလား (မကောင်းချင်ပါ ဘုရား) နဂိုက နာနေပေါ့ဟာ ဇာထာမကောင်း တာနဲ့တော့ မရောပါနဲ့တော့၊ (မှန်လှပါ)။

သေဇာတာ ကောင်းတယ်လို့ တချို့က အို ဒီလိုများသေရင် ကျုပ်တို့သေချင်တယ်ဆိုတော့ မသာပို့များတာများ ချီးမွမ်းနေတယ်၊ (မှန်လှပါ ဘုရား) တော်တော်ရူးတဲ့လူတွေဗျ (ရူးပါတယ် ဘုရား) တော်တော်ရူးတယ်ဆိုတာ ပေါ်ကြ ပလား၊ (ပေါ်ပါပြီ ဘုရား)။

ဒီလိုများအိုမယ်ဆိုလို့ရှိရင် ဖင်မ, ခေါင်းမနဲ့ အချိုအချင်ကျွေးမယ့်လူနဲ့ဆိုရင် ကျုပ် အိုစမ်းချင်သေးတယ်လို့ ကော ဦးလှဘူး တောင်းမိသေးသလား၊ (မတောင်းမိပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီလူမမာကြီးကြည့်ရတာ ဒီလူမမာကလဲ သူဌေးလူမမာပါ၊ (မှန်လှပါ) ဒီလိုဆို ရင်တော့ ကျုပ်တို့များမမာရတောင် တယ်ကိစ္စမရှိဘူးလို့ ဆိုချင်သေးလား၊ (မဆိုချင်ပါ ဘုရား) မဆိုချင်နဲ့ဗျ အလကာ နေရင်း အားကျမနေနဲ့၊ ဒုက္ခသစ္စာကြီးလို့ မှတ်လိုက်စမ်းပါ၊ (မှန်လှပါ ဘုရား) ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာကြီးပါ ဘုရား)။

အတိတ်အကြောင်း သမုဒယသစ္စာ

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာ အတိတ်အကြောင်းက ဘယ်နှစ်ပါးပါလိမ့်၊ (ငါးပါးပါ ဘုရား) အဲဒါတွေဟာ သမုဒယသစ္စာချည်း မှတ်လိုက်၊ (မှန်လှပါ) အတိတ်အကြောင်း သမုဒယသစ္စာ ချည်းမှတ်လိုက်၊ (မှန်လှပါ ဘုရား)။

အဲဒါ သေသည်၏အခြားမဲ့၌ ဟောဒီလိုစပ်ပါလိမ့်မယ်တဲ့ ဒကာ ဒကာမတို့ ဝိညာဏ် နာမ်ရုပ် သဠယတန ဖဿ ဝေဒနာနဲ့ ဘယ်ကာလမှာရမှာတုံးဆိုတော့ ပစ္စုပ္ပန်ကာလ အကျိုးပေးပြီတဲ့ (မှန်လှပါ) ရှင်းပလား၊ (ရှင်းပါပြီ)။

ပစ္စုပ္ပန်အကျိုးပေးတာက ခန္ဓာငါးပါး၊ (မှန်ပါ့) ခန္ဓာငါးပါးကို လေးပိုင်း, ပိုင်းလိုက်တော့ ဇာတိ, ဇရာ, ဗျာဓိ, မရဏဘယ်ဟာကြိုက်သတုံး (ဘယ်ဟာမှမကြိုက်ပါ ဘုရား)။

ဘယ်ဟာမှ မကြိုက်ဘူး၊ (မှန်လှပါ) ဪ- ခင်ဗျားတို့က ဘယ်ဟာမှ မကြိုက်ဘူးဆိုတော့ နောက်ကျသွားပြီ ရပြီးသားဖြစ်နေပြီ၊ (မှန်လှပါ ဘုရား) ရိပ်မိပလား၊ (ရိပ်မိပါပြီ) ဘယ်ဟာမှ မကြိုက်ဘူးဆိုတဲ့စကားဟာ ဘာပါလိမ့်၊ (နောက်ကျသွာပါပြီ ဘုရား) နောက်ကျသွားပြီ၊ အရ, ကစောနေတယ်၊ (မှန်ပါ့ စောနေပါတယ် ဘုရား)၊

ဒါဖြင့် ဒကာ ဒကာမတို့ အရစောတော့ ဒကာသစ်ရေ၊ မှိတ်ပြီးသာခံရုံပဲ ရှိတော့တယ်၊ (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ ဒီဟာက အမှား၊ ဒါက ကျွံတာ၊ (မှန်ပါ့) ခင်ဗျားတို့ လောကီစကားနဲ့သုံးတော့ အမှားကျွံတာ၊ (မှန်လှပါ ဘုရား) ရိပ်မိပလား၊ (ရိပ်မိပါပြီ) ဘာကျွံတာတုံး၊ (အမှားကျွံတာပါ ဘုရား)။

အမှားကျွံတာ

မှားတာက ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား) ကျွံတာက ဘာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာဆိုတော့ ဒီအထဲ ဒကာ ဒကာမတွေက ကိုယ်တစ်ယောက်တည်းမမှားချင်တာနဲ့ အိမ်ထောင်ပြုကြ၊ သားသမီးမွေးဖွားကြဟုတ် လား၊ (မှန်လှပါ) ထောင်တန်းအကျခံပြီး ကျွေးကြ-မွေးကြ၊ (မှန်လှပါ ဘုရား)။

ကိုယ်တစ်ယောက်တည်း မှားထားတာကိုက သစ္စာတစ်ပါး၊ (မှန်ပါ့) ဇာတိ-ဒုက္ခသစ္စာလဲ ကိုယ်မှားလို့ရတာ၊ (မှန်ပါ့) ဇရာဒုက္ခသစ္စာကော၊ (ကိုယ်မှားလို့ ရတာပါ ဘုရား) ဗျာဓိ ဒုက္ခသစ္စာကော၊ (ကိုယ်များလို့ရတာပါပဲ) မရဏ ဒုက္ခသစ္စာကော၊ (ကိုယ်မှားလို့ရတာပါ ဘုရား)။

အို ငါချည်းမမှားဘူး၊ အမှားပေါ်ထပ်မှားဦးမယ်ဆိုပြီး အိမ်ထောင်ပြုကြတယ်၊ (ပြုကြပါတယ် ဘုရား)အမှား ပေါ်မှာ (ထပ်မှားဦးမယ်ဆိုပြီး) အိမ်ထောင်ပြုကြတော့ သားပူ, သမီးပူ, ဆွေပူ, မျိုးပူ, ဒကာကြွယ်ပိုလာသလား၊ မပိုလာဘူးလား၊ (ပိုလာပါတယ် ဘုရား) ဝန်ထုပ်တစ်ထုပ်ထမ်းရသလား၊ အထုပ်များစွာ ထမ်းရသလား၊ (အထုပ်များစွာ ထမ်းရပါတယ် ဘုရား)။ သဘောကျပလား၊ (ကျပါပြီ)။

ဒါဖြင့် နဂိုက ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား) နောက်ထမ်းရတာတွေကကော၊ (သစ္စာသစ္စာပါ ဘုရား) ဒါ့ကြောင့် ခင်ဗျားတို့မှာ ရေးချင်လို့ရှိရင် ဒုက္ခ-သစ္စာလို့ ရေးဖို့ကောင်းတယ်၊ (မှန်လှပါ)။

ဒုက္ခ-ဒုက္ခသစ္စာ

ဒကာကြွယ် – ဒုက္ခသစ္စာလို့တောင် ရေးဖို့မကောင်းဘူး၊ (မှန်ပါ့) ဘယ်လို့ရေးဖို့ကောင်းပါလိမ့် (ဒုက္ခ-ဒုက္ခသစ္စာ၊ လို့ရေးဖို့ကောင်းပါတယ်) ဘာသစ္စာပါလိမ့်၊ (ဒုက္ခ – ဒုက္ခသစ္စာပါ ဘုရား)။

ခင်ဗျားတို့ ခန္ဓာကြီးဟာ ဘာသစ္စာလဲ၊ (ဒုက္ခသစ္စာပါ ဘုရား) နောက် တည်ထောင်ကျွေးစရာ မွေးစရာတွေ လုပ်တာက၊ (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် ဘယ့်နှယ် နာမည်ပေးကြသလဲ၊ (ဒုက္ခ-ဒုက္ခသစ္စာပါ ဘုရား)။

အဲ နဂို မိုက်ပြစ်သင့်ထားတဲ့ အပေါ်မှာ မောင်ဘသော် တစ်ခါထပ်မိုက်ပြန်တယ်၊ (မှန်လှပါ ဘုရား) မိုက်ပြစ် သင့်ထားတဲ့အပေါ်မှာ၊ (တစ်ခါထပ်မိုက်ပြန်ပါတယ်) တစ်ခါ ထပ်မိုက်တယ်ဆိုတော့ ဘာသစ္စာလဲ၊ (ဒုက္ခ-ဒုက္ခသစ္စာ ဖြစ်ပါတယ်) ဒုက္ခ-ဒုက္ခသစ္စာဖြစ်တယ်၊ (မှန်လှပါ ဘုရား) ဒကာကြွယ် ဘယ့်နှယ်လဲ၊ (ဒုက္ခ -ဒုက္ခသစ္စာဖြစ်ပါတယ်) ဒုက္ခ -ဒုက္ခသစ္စာဆိုတာ ရိပ်မိပလား၊ (ရိပ်မိပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမ တို့ ခင်ဗျားတို့ဖြစ်စဉ်က ယခုစက်ဝိုင်းကြီးနဲ့ပြ၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီးလဲ ခန္ဓာကိုယ် ဤအတိုင်းပဲလို့ ဟောတော်မူလို့ဘုန်းကြီးကလဲ ဤပုံကြီးချပြီးသကာလ မောင်ထွန်းရင်တို့ရေးလို့ သေသေချာချာ ပြရပါတယ်၊ ဦးမာဒင်က ဝေတဲ့ပုံကလဲ ဒကာ ဒကာမ တွေက ဒုက္ခသစ္စာ သိစေချင်လွန်းလို့ ဝေတာပဲ၊ (မှန်လှပါ ဘုရား)။

အဲဒီတော့ ကိုယ့်အဖြစ်ဆိုးဆိုတဲ့ ဥစ္စာ ဦးလှဘူးပေါ်ပြီလား၊ (ပေါ်ပါပြီ ဘုရား) ကိုယ့်အဖြစ်ဆိုးနော်၊ (မှန်လှပါ) ဒကာ ဒကာမတို့ အခု ၁-ထဲမှာလား၊ ၂-ထဲမှာလား၊ (၂-ထဲမှာပါ ဘုရား) ၂-ထဲကြည့်လိုက်တော့ ဪ ဘယ်ကာလတဲ့ တုံး၊ (ပစ္စုပ္ပန်ကာလပါ ဘုရား)။

ပစ္စုပ္ပန်ကာလဆိုကတည်းက ခင်ဗျားတို့ အခုမသေသေးဘူး (မသေသေးပါ ဘုရား) မသေတဲ့အခါလဲ ဘာနဲ့ နေရသတုံး မေးတော့ (ဒုက္ခသစ္စာနဲ့ နေရပါတယ် ဘုရား)။

ဪ အကြောင်းလား, အကျိုးလားလို့ မေးမှာစိုးလို့ ပစ္စုပ္ပန်အကျိုးတစ်လွှာ၊ (မှန်လှပါ ဘုရား) ဒီအကြောင်း တွေ လုပ်ခဲ့တာကိုးဗျ၊ (မှန်လှပါ ဘုရား)။

ဒါဖြင့် အကြောင်းလား, အကျိုးလား၊ (အကျိုးပါ ဘုရား) အင်း ခင်ဗျားတို့က ဒီအကြောင်းတွေလုပ်ခဲ့ပြီးပြီ၊ (ပြီးခဲ့ပါပြီ ဘုရား) ဘယ်ဘဝက လုပ်ခဲ့ပါလိမ့်၊ (အတိတ်ဘဝက လုပ်ခဲ့ပါတယ် ဘုရား)။

ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ

ဪ ဒါဖြင့် ယခုပစ္စုပ္ပန်ဘဝမှာ ဘာသစ္စာရသလဲ၊ (ဒုက္ခသစ္စာရပါတယ် ဘုရား) ဒုက္ခသစ္စာ မသိမှာစိုးတဲ့ အတွက် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာလို့ ဟောလိုက်တယ်၊ (မှန်လှပါ ဘုရား)။

ဒီ-ဝိညဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟာလဲ ဒကာ ဒကာမတို့ သေသေချာချာထွေး၊ ဇာတိဒုက္ခ လဲဒီငါးပါး ပါတာပဲ၊ (ပါ ပါတယ် ဘုရား) ဇရာမှာကော၊ (ပါပါတယ်) ဗျာဓိမှာကော၊ (ပါ ပါတယ်) မရဏမှာကော၊ (ပါ ပါတယ် ဘုရား)။

အဲဒီတော့ ပါတာကိုသိတော့ ဒကာကြွယ်က မှတ်လိုက်၊ ဒုက္ခသစ္စာ ဆုံးပလားလို့ မေးရင် ဘယ့်နှယ်ဖြေမလဲ (မဆုံးသေးပါ ဘုရား) ဪ ဒါဖြင့် ဇာတိနဲ့ ဇရာတော့ ပြီးပြီ၊ (မှန်ပါ့) ဗျာဓိနဲ့ မရဏ (ကျန်ပါသေးတယ် ဘုရား)။

ဒကာ ဒကာမတွေ အဲဒါ ခင်ဗျားတို့ရမှ ရပါ့မလား၊ အနာနှိပ်စက်တာရယ်, သေပွဲဝင်ရတာရယ်၊ ငါတို့ဖြစ် မှဖြစ်ပါ့မလားလို့ မတွေးနဲ့၊ (မှန်လှပါ ဘုရား) ဒီအကြောင်းကြည့်၊ အတိတ်အကြောင်းခြင်းရာကြောင့် ပစ္စုပ္ပန်အကျိုး ခြင်းရာ ငါးပါးဖြစ်ရမှာလား၊ မဖြစ်ဘူးလား၊ (ဖြစ်ရမှာပါ ဘုရား)။

ဒါဖြင့် အနာနှိပ်စက်မှုကော လာဦးမှာလား၊ (လာမှာပါ ဘုရား) သေခါနီး မောဟိုက်နေတာကော (လာမှာပါ ဘုရား) သေလို့လူတွေက ပြင်ဘက်မြန်မြန်ထုတ်၊ ရက်တိုတိုနဲ့ သွားကွဆိုတာကော၊ (လာမှာပါ ဘုရား) အဲဒါတွေ ဘာ သစ္စာလဲ၊ (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ကံမကောင်း အကြောင်းမသင့်လို့ တွေ့ရတာလား၊ ဒကာ ဒကာမတို့ အတိတ် အဝိဇ္ဇာကြောင့်လား၊ (အတိတ် အဝိဇ္ဇာကြောင့်ပါ ဘုရား) ဒါ့ကြောင့် ပစ္စုပ္ပန်ဘဝ၏ ရေသောက်မြစ် အဝိဇ္ဇာ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

အဝိဇ္ဇာနှင့်တဏှာ

ဒကာ ဒကာမတို့ ပစ္စုပ္ပန်ဘဝ၏ ရေသောက်မြစ်ဟာ ဘယ်သူပါလိမ့်၊ (အဝိဇ္ဇာပါ ဘုရား) အနာဂတ်ဘဝ၏ ရေသောက်မြစ်က ဒီမှာ တဏှာ၊ (မှန်လှပါ) အနာဂတ်ဘဝ၏ ရေသောက်မြစ်က (တဏှာပါ ဘုရား)၊ သဘောပါကြပလား၊ (ပါ ပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအတိုင်းပဲ၊ ဟောဒါက သမုဒယသစ္စာ၊ ဟောဒါက ဒုက္ခသစ္စာ၊ (မှန် လှပါ ဘုရား) ဒကာ ဒကာမတို့ အခုဘယ်ထဲမှာလဲ၊ (ဒုက္ခသစ္စာထဲမှာပါ ဘုရား) ရှင်းပြီးနော်၊ (ရှင်းပါပြီ) ဒုက္ခသစ္စာ ဘယ်ကလာပါလိမ့်၊ (ပစ္စုပ္ပန်ကာလကပါ ဘုရား)။

ဪ ဒါဖြင့် ယခု တို့ မသေခင်ပါလား၊ (မှန်ပါ့) ဘယ့်နှယ်ဆိုကြမယ်၊ (မသေခင်ပါ ဘုရား) မသေခင်ဆိုတာ ပေါ်ပလား၊ (ပေါ်ပါပြီ) မသေခင်ဘယ်နှစ်ပါးရထားသတုံးဆိုတော့ ငါးပါး၊ (မှန်လှပါ) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ငါးပါး ဘယ်သူတုံးလို့ မသိမှာစိုးလို့ခင်ဗျားတို့ ပဋိသန္ဓေ ဝိညာဏ် အခုနာမ်ရုပ် တဲ့၊ (မှန်ပါ့) မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ်တဲ့သဠာယတန၊ (မှန်ပါ့) ဖဿ, ဝေဒနာ (မှန်ပါ့)။ ဒါဖြင့် ဒကာ ဒကာမတွေ အခုခန္ဓာ ဘယ်နှစ်ပါးရသလဲ၊ (ငါးပါးရပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ်နဲ့လဲ ငါးပါးပဲ၊ (မှန်ပါ့) ခန္ဓာကို ကြည့်ပြန်တော့လဲ၊ (ငါးပါး ပါ ဘုရား)။

အင်း ဒီငါးပါးတွေဟာ ဒကာ ဒကာမတို့ ကံမကောင်းအကြောင်းမသင့်လို့ ရခဲ့သလား၊ အဝိဇ္ဇာကြောင့်ရတာ လား၊ (အဝိဇ္ဇာကြောင့် ရခဲ့တာပါ ဘုရား) ကဲ ဒီက ရှေ့ကံဖြုတ်ကြစို့၊ (မှန်လှပါ ဘုရား) ဦးသန်းမောင် ကံဖြုတ်တော့ (မှန်ပါ့ ဘုရား) ဒီ ခင်ဗျားတို့ကုသိုလ်လုပ်ထားတဲ့ အထဲမှာပဲ အဝိဇ္ဇာ စ,တယ်၊ (မှန်ပါ့) အဝိဇ္ဇာစ, လို့ ကံ, သင်္ခါရက ဖြစ်တယ်၊ (မှန်ပါ့)။

ရှေးဘဝက အဝိဇ္ဇာရှိလို့ ဒုက္ခဖြစ်ခဲ့ရတယ်

ဒါဖြင့် ဒကာ ဒကာမတို့ ရှေးဘဝက အဝိဇ္ဇာရှိလို့ ဒို့ဒုက္ခဖြစ်ခဲ့ရတယ်၊ (မှန်လှပါ ဘုရား) ရှေးဘဝက အဝိဇ္ဇာရှိ လို့၊ (ဒုက္ခဖြစ်ရပါတယ် ဘုရား) ဒုက္ခဖြစ်ခဲ့ရတယ်ဆိုတာ သဘောကျပြီးလား၊ (ကျပါပြီ ဘုရား)။

ဒီဘဝမှာ ဒုက္ခမျိုးစုံပလားလို့မေးရင် ဘယ့်နှယ်ပြောကြမလဲ၊ (မစုံသေးပါ ဘုရား)၊ ခက်ပြီ ခင်ဗျားတို့၊ ဒကာ ဒကာမတို့ ဒုက္ခမျိုးစုံကြပလား၊ (မစုံသေးပါ ဘုရား) ခက်ပြီ၊ အခုကိုပဲ အတော်ဒုက္ခရောက်နေတာ၊ မစုံသေးဘူးဆိုရင် ဖြင့် ဒကာကြွယ် ခက်ပြီ၊ (ခက်ပါပြီ ဘုရား) စုံကောစုံပြီလား၊ (မစုံသေးပါ ဘုရား) အင်း-တရားနာလာနိုင်သေးတယ်၊ (မှန်ပါ့)။

ဇာတိဒုက္ခပြီး ဇရာဒုက္ခ၊ ဇရာဒုက္ခပေမယ့်လဲ နာတဲ့ကိစ္စက မပါသေးတော့ တရားနာလာနိုင်သေးတယ်၊ (မှန်လှ ပါ ဘုရား) ရှေ့အနာတွေ နှိပ်စက်လို့ တရားမနာနိုင်တဲ့ ဒုက္ခမကျန်သေးဘူးလား၊ (ကျန်ပါသေးတယ် ဘုရား) သေရမည့် ဒုက္ခကော (ကျန်ပါသေးတယ် ဘုရား)။

ဪ တု့ိရှေ့ဘာများ ဖြစ်မှာပါလိမ့်မတုံး၊ ထီများပေါက်ဦးမှာလား၊ (မှန်ပါ့ ဘုရား)။

ရိပ်မိပလား၊ (ရိပ်မိပါပြီ)။

ဒကာ ဒကာမတို့ ဘာပဲတွေ့ရမှာတုံး၊ (ဗျာဓိနဲ့ မရဏပဲ တွေ့ရမှာပါ ဘုရား) ဗျာဓိပိ ဒုက္ခသစ္စံ အိပ်ရာထဲလဲ တဲ့ ဒုက္ခသစ္စာတွေ့ရမယ်၊ (မှန်လှပါ ဘုရား) သူတစ်ပါး ရွာပြင်ထုတ်တဲ့ မရဏဒုက္ခသစ္စာကော၊ (တွေ့ရပါမယ့် ဘုရား)။

အဲဒါ အခုတွေ့ရပလား၊ (မတွေ့ရသေးပါ ဘုရား) အင်း မတွေ့ရသေးလို့ရှိရင် ဒကာ ဒကာမတို့ ဒီသမုဒယ အကြောင်းမကုန်သေးဘူး၊ (မှန်လှပါ ဘုရား)။

ဒီအကြောင်းလုပ်ခဲ့တာက လေးမျိုးတွေ့ရမှာ၊ (မှန်ပါ့) အခု နှစ်မျိုးပဲ ကျုပ်တို့ ဒုက္ခခံစားရသေးတယ်၊ (မှန်လှ ပါ ဘုရား) ဘယ်နှစ်မျိုး ကျန်သေးသလဲ၊ (နှစ်မျိုး ကျန်ပါသေးတယ် ဘုရား)။

သစ္စာနဲ့မို့ အမှန်ပြောတာ

ဒကာ ဒကာမတို့ ဒါ သံဝေဂရအောင် ဟောတာလားတဲ့၊ သစ္စာနဲ့မို့ အမှန်ပြောတာလား၊ (သစ္စာနဲ့မို့ အမှန် ပြောတာပါ ဘုရား)။

ဒကာ ဒကာမတို့ ဇာတိ ဒုက္ခသစ္စာ တွေ့ခဲ့ကြပြီ၊ (တွေ့ခဲ့ကြပါပြီ ဘုရား) ဇရာ ဒုက္ခသစ္စာကတော့ တွေ့ဆဲ၊ (တွေ့ဆဲပါ ဘုရား) ဗျာဓိဒုက္ခသစ္စာ လာမှလာပါ့မလား၊ (လာပါမယ် ဘုရား)။

ဒါဖြင့် အနာနှိပ်စက်တဲ့ ဒုက္ခသစ္စာ ဒကာကြွယ် လာပါဦးမယ်နော်၊ (လာပါမယ် ဘုရား) မရဏ ဒုက္ခသစ္စာ ကော၊ (လာပါမယ် ဘုရား)။

လာမှာပဲဆိုတော့ ဪ ဒို့ရှေ့ကို ဘယ်လိုများ တွေ့ကြမလဲ၊ မကောင်း နှစ်ချက်ကတော့ လာဦးမှာပါပဲ၊ (မှန်ပါ့ ဘုရား) ကောင်း နှစ်ချက်များ မြင်သေးလား (မမြင်ပါ ဘုရား) ဘာနှစ်ချက်လာမလဲ၊ (မကောင်းနှစ်ချက် လာပါ မယ် ဘုရား)။

လာချင်လို့လာတာလား၊ ကံမကောင်း အကြောင်းမသင့်လို့လား၊ ရှေးဘဝက အဝိဇ္ဇာအုပ်ချုပ်ခဲ့လို့လား၊ (အဝိဇ္ဇာ အုပ်ချုပ်ခဲ့လို့ပါ ဘုရား) ပေါ်ပါပြီ၊ အတိတ်ဘဝက အဝိဇ္ဇာနဲ့ ပြုလုပ်ခဲ့လို့ (မှန်လှပါ ဘုရား) ရှင်းကြပလား၊ (ရှင်းပါပြီ) ဘာနဲ့ ပြုလုပ်ခဲ့ကြပါလိမ့်၊ (အဝိဇ္ဇာနဲ့ ပြုလုပ်ခဲ့ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာ ဘာသစ္စာ၊ (သမုဒယသစ္စာပါ ဘုရား) ယခုရထားတဲ့ ခန္ဓာငါးပါးဟာ ဘာသစ္စာ လဲ၊ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာ စုံပလား၊ (မစုံသေးပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာ မစုံသေးလို့ရှိရင်ဖြင့် ခင်ဗျားတို့ ညည်းမနေနဲ့ဦး၊ (မှန်ပါ့)တပည့် တော် အခု သေရ သေချင်တယ်၊ အို မသေနဲ့ဦးတဲ့၊ (မှန်လှပါ) အခု သေရ သေချင်တဲ့လူတွေ ဒီအထဲ အများကြီးပါ တယ်၊ (ပါ, ပါတယ် ဘုရား)။

ဘာလုပ်ရဦးမှာလဲ၊ (အနာ ညှပ်ရဦးမှာပါ) မင့်မှာ ဒီအတိုင်း သေသွားရင် ပေါ့ပေါ့တန်တန်ဖြစ်မှာပေါ့၊ (မှန် လှပါ) ရိပ်မိပလား၊ (ရိပ်မိပါပြီ)။

မချိမဆန့်သေရမှာ

ဘာကလေး ထည့်ရဦးမှာလဲ၊ (အနာကလေး ထည့်ရဦးမယ်) အနာအကူအညီ ပေးပြီးသကာလ ဪ မင်း မချိမဆန့်သေရမှာ၊ (မှန်ပါ့) ရိပ်မိပလား၊ (ရိပ်မိပါပြီ) ဘယ်လိုသေရမှာပါလိမ့်၊ (အနာအကူအညီပေးပြီး သကာလ မချိ မဆန့်သေရမှာပါ ဘုရား) ဒီဥစ္စာ ကိုယ်သေချင်သလို သေရမှာလားလို့ ဒကာ ဒကာမတွေက မေးလို့ရှိရင် မဟုတ်ပါဘူး၊ ဒီသမုဒယစီမံသရွေ့ခံရမှာပါ (မှန်ပါ့ ဘုရား) ဒီသမုဒယသစ္စာ စီမံသရွေ့၊ (ခံရမှာပါ ဘုရား) ဒုက္ခလေးမျိုးနဲ့ ကြုံပြီးတော့ မှ သေရမှာ၊ (မှန်ပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) ဒါဖြင့် ဒကာ ဒကာမတို့ ဒီနှစ်ကွက်ဟာဖြင့် တော်တော်လည်တယ်၊ (မှန်ပါ့) ဒီ ၂-ကွက်ကျန်သေးတယ်၊ မကျန်ဘူးလား၊ (ကျန်ပါတယ် ဘုရား) အဲဒီ ၂-ကွက် ဒီလိုဘဲ ဆက်နိုင်တယ်၊ ဖြတ် လဲဖြတ်နိုင်တယ်၊ (မှန်လှပါ)။

ဒါကြောင့် ဒီအကွက်ကျလို့ရှိရင်ဖြင့် တတိယအကွက်ကိုတော့ဖြင့် အလုပ်နဲ့ပွားယူ၊ (မှန်ပါ့) အလုပ်မရှိတဲ့ ပုဂ္ဂိုလ်၏ ဖြစ်စဉ်လဲသိရမယ်၊ (မှန်လှပါ ဘုရား) အလုပ်ရှိတဲ့ပုဂ္ဂိုလ်၏ ဖြစ်စဉ်ကော၊ (သိရမှာပဲ ဘုရား)။

အဲဒါကြောင့် ဒီအချက်မှာ ခင်ဗျားတို့ ဂရုစိုက်နာပါ၊ မမေ့ပါနဲ့၊ (မှန်လှပါ ဘုရား) အခုတော့ဖြင့် ဒကာ ဒကာမ တို့ ၁-နှင့် ၂-ထဲမှာပဲ ထားပစ်ခဲ့ရသေးတယ်၊ (မှန်ပါ့) ဒီနေရာမှာ ဘုရားပွင့်မယ်နော်၊ (မှန်လှပါ)။

ဒီနေရာမှာ ဘုရားပွင့်မယ်၊ (မှန်လှပါ) ၂-နဲ့ ၃-အကူးကြားထဲမှာ ဘုရားပွင့်လိမ့်မယ်၊ (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ)။

ဘုရားဘယ်နေရာမှာပွင့်ပါလိမ့်၊ (၂-နဲ့ ၃-အကူးကြားမှာ ပွင့်မှာပါ ဘုရား) ၂-နဲ့ ၃-အကူးကြားထဲမှာ ဘုရား ပွင့်မယ်၊ နောက်ထပ် နောက်ခန္ဓာတွေ မလာအောင် သူလုပ်လိမ့်မယ်၊ (မှန်ပါ့)။

၂-နဲ့ ၃-မကူးဖို့ အရေးကြီးပါတယ်

ခင်ဗျားတို့လဲ သောတာပန်တည်ချင်လို့ရှိရင် ၂-နဲ့ ၃-မကူးဖို့ အင်မတန်အရေးကြီးပါတယ်၊ (အရေးကြီးပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ၂-နဲ့ ၃-နေရာမှာ ဒုက္ခသစ္စာကူးချင်လဲရတယ်၊ (မှန်လှပါ) နီရောဓသစ္စာ ကူးချင်ရင် ကော၊ (ရပါတယ် ဘုရား)။

ဒါဖြင့် ၂-နဲ့ ၃-ဟာ ၂-လမ်းသွား၊ (မှန်လှပါ ဘုရား)၊ ၂-ကနေပြီး ဒုက္ခသစ္စာကူးချင်လဲ၊ (ရပါတယ် ဘုရား) ၂-ကနေပြီး ဒုက္ခသစ္စာ ချုပ်ရာ ကူးချင်ရင်ကော၊ (ရပါတယ် ဘုရား)။

ဒါဖြင့် ဒီအချက်ဟာ ဒကာ ဒကာမတို့ အလွန်အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

အဲဒီ အရေးကြီးတာ နက်ဖြန်မှ နာကြ။

သာဓု သာဓု သာဓု။