တရားတော်
တဏှာနှင့်ကံ ဘယ်ဟာကြောက်စရာကောင်းသတုံး
တဏှာနှင့်ကံ ဘယ်ဟာကြောက်စရာကောင်းသတုံး
Which is More Fearful: Craving or Kamma?
ဆပ္ပါဏကောပမသုတ် (သားကောင်ခြောက်ကောင်ဥပမာပြ)
(အလုပ်ပေး)
အသံဖိုင်ခေါင်းစဉ်= ကံနှင့်တဏှာတွင်တဏှာက ပိုအရေးကြီးပုံ ည-အလုပ်ပေးတရားတော်
စာအုပ်ခေါင်းစဉ်= တဏှာနှင့်ကံ ဘယ်ဟာကြောက်စရာကောင်းသတုံး
(Delivered on November 28, 1961)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌
ဟောကြားဆုံးမတော်မူသောတရားတော်
တဏှာနှင့်ကံ ဘယ်ဟာကြောက်စရာကောင်းသတုံး
ဟောကြားသည့်နေ့
Let us resume our discussion, Yogis.
( ၂၈-၁၁-၆၁ )
ဒကာ ဒကာမတို့ ပြန်ပြောကြစို့ တဲ့၊ လူတစ်ယောက် တည်းကနေပြီး သကာလ၊ သားကောင် ခြောက်ကောင် ကျောင်းရတယ်ဆိုတာက ဆပ္ပါဏကောပမသုတ်ပါပဲ၊ ဆ-က ခြောက်၊ ပါဏကောပမက- သတ္တဝါနဲ့ တူတယ်၊ အဲဒီခြောက်ပါး သော ခြောက်နိုင်သောသတ္တဝါတွေ ထိန်းရကျောင်းရတာ သည်၊ ထိန်းတတ်ကျောင်းတတ်လို့ ရှိရင်လည်း နိဗ္ဗာန်ပေါက် တယ်၊ မထိန်းတတ် မကျောင်းတတ်လို့ရှိရင်လည်း ဆွဲရာပါတယ်လို့ မှတ်ရမယ် (မှန်ပါ့)။
The Chappāṇakopama Sutta speaks of a single man who has to tend to six different animals. "Cha" means six, and "Pāṇakopama" means the simile of the animals. If you can control and tend to these six animals, you will reach Nibbana. But if you cannot control them, you must realize that you will be dragged away to wherever they pull you. (True, Sir).
မျက်လုံးက မြွေ
The Eye is a Snake
အဲဒီတော့ ကိုယ့်ဟာကိုယ် သိတယ်ဆိုတဲ့ အဓိပ္ပာယ် ကိုလည်း ရှင်းရမယ်၊ ဥပမာ- အခုလို ပွဲလမ်းသဘင်တွေ ရှိတယ် ဆိုလို့ရှိရင်၊ အင်း ဒီဥစ္စာ မြွေက ဆွဲသွားတာပဲဆိုတာ လူတိုင်း သိကြပါတယ် (မှန်ပါ့)။
We must clarify what it means to "know oneself." For instance, when there are festivals or crowded events, people flock to them. You must realize: "Ah, the Snake is dragging them away." (True, Sir).
မြွေကဆွဲသွားတဲ့အခါကျလို့ရှိရင် မြွေနောက်ကို ပုဂ္ဂိုလ် က လိုက်သွားတယ်၊ ပုဂ္ဂိုလ်က လိုက်သွားတော့ ဥပမာ ရှုပ်ပွေ နေတဲ့ အထဲ တိုးဝှေ့နေရတဲ့အထဲ ဗရုတ်သုက္ခတွေအထဲမှာ ရောက်သွားတယ်၊ အဲဒါ မျက်လုံးပေါက်က အကောင်က သန်ရာဆွဲလို့ ပါသွားတာ (မှန်ပါ့ ဘုရား)။
When the Snake pulls, the person follows. Because the person follows, they end up in confusion, pushing and shoving through the crowds, surrounded by disorder. This is simply the creature at the Eye Door pulling the person towards what it desires. (True, Sir).
လျှာကအိမ်ခွေး
The Tongue is a House Dog
အဲဒါ သန်ရာဆွဲလို့ပါသွားတော့ ကိုယ်က သွားမိ တော့၊ ပွဲလည်းကြည့်ရင်း တော်တော်ကြာ ကျတော့၊ ပွဲကြည့်ရင်း မတ္တနဲ့ ဆာလောင် မွတ်သိပ်လာတော့၊ အစာအဟာရကလေး စားကြပြန်တယ်၊ စားကြပြန်တော့ အိမ်ခွေးဆွဲတဲ့ဘက် ပါသွား ပြန်ရော (မှန်ပါ့) တော်တော်ကြာကျတော့ ငိုက်မြည်း လာပြီဆိုမှ ဖြင့် တောခွေး ဆွဲတဲ့ဘက် ပါသွားပြန်ရော (မှန်ပါ့ ဘုရား)။
As the animal drags you along and you go with it, watching the festival, you eventually get hungry. You start eating snacks. Now, the House Dog is dragging you away. (True, Sir). A little later, when you get drowsy or dull, the Forest Dog (Jackal) drags you away. (True, Sir).
ကိုယ်ကတောခွေး
You Are the Prey
ကိုယ်က နိုင်တာကိုမပါဘူး (မပါပါ ဘုရား) သူတို့ ဆွဲရာသာ ကိုယ်ပါနေတယ်ဆိုတာ မောင်သစ်တို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
You, the owner, are not winning. (We are not, Sir). Do you see, Maung Thit, that you are merely following where they drag you? (We see it, Sir).
ဒါဖြင့် ဒီသားကောင်ခြောက်ကောင်မှာ ကျောင်းရတဲ့ လူက တစ်ယောက်တည်း၊ ဆွဲတဲ့ပုဂ္ဂိုလ်က ခြောက်ကောင် ဆိုလို့ရှိရင်ဖြင့်တဲ့၊ ဒါကြောင့် ဒွါရခြောက်ပေါက်၊ သားကောင် ခြောက်ကောင်သည်၊ ဒကာ ဒကာမတွေဟာ ဆွဲရာပါပြီး သကာလ နေသောကြောင့် သေရာနေရာ မရွေးနိုင်ဘူး (မှန်ပါ့ ဘုရား) နေတာလည်း နေရာမရွေးနိုင်ဘူးဆိုတာ မှတ်ရ မယ် (မှန်ပါ့ ဘုရား) သေတာ (နေရာ မရွေးနိုင်ပါ ဘုရား) နေတာ (နေရာမရွေးနိုင်ပါ ဘုရား)။
So, there is one keeper, but six animals pulling him. Because you Yogis are constantly being dragged away by the Six Sense Doors—these six animals—you cannot choose where you will live, and you cannot choose where you will die. (True, Sir). You have no choice in your existence, nor in your death.
မျက်လုံးပေါက်က ဆွဲသွားတယ်၊ မျက်လုံးပေါက်က မြွေကိုး၊ သူက အရှုပ်ကြိုက်တယ် (မှန်ပါ့) ပွဲလမ်းသဘင် လူတွေ ထဲ တိုးဝှေ့ပြီး နေရလို့ရှိရင်၊ သူက မြွေဆိုတာက ကွင်းပြင် လွှတ်လို့မှ မရဘဲ ဦးသံဒိုင် (မှန်လှပါ ဘုရား) အရှုပ်ထဲပဲ သွားလေ့ရှိတယ်။
The Eye Door pulls you. The Eye is a Snake. Snakes love hidden holes and messy places. (True, Sir). Even if you release a snake in a clean open field, it won't stay there, U Than Daing. It will head straight for a hole or a rubbish heap.
အရှုပ်ထဲသွားတဲ့အခါကျတော့၊ မြွေဆွဲရာ မျက်လုံး ပေါက်ဆွဲရာကို၊ မျက်လုံးပေါက်က စိတ်တွေကဆွဲရာကို ပါသွားတယ် (မှန်ပါ့) ပါသွားတဲ့ အခါကျလို့ရှိရင်ဖြင့် တဲ့၊ ဒီပုဂ္ဂိုလ်တွေသည် အဆင်းအာရုံ ကာမဂုဏ်ထဲမှာ မျောတော့တာပဲ (မှန်ပါ့ ဘုရား)။
When it goes into the mess, the Eye Door—the mind at the eye—follows it. (True, Sir). When you follow it, you drown in the sensual pleasures of visual forms. (True, Sir).
ဒီလိုမျောနေကြမယ်ဆိုလို့ရှိရင်ဖြင့် တဲ့၊ ဘယ်မှာ သာလျှင် ခင်ဗျားတို့ လွတ်မလဲ မျက်လုံးပေါက်က ပဋိစ္စ သမုပ္ပါဒ် လာပြီလို့ ယနေ့ရှင်းလိုက်ပါ (မှန်ပါ့ ဘုရား)။
If you keep drifting like this, how will you ever escape? Today, I will explain clearly that Dependent Origination (Paticcasamuppada) starts right at the Eye Door. (Yes, Sir).
ပဋိစ္စသမုပ္ပါဒ်ဆိုတာ
Paticcasamuppada at the Eye
မျက်လုံးပေါက်က ပဋိစ္စသမုပ္ပါဒ်ဆိုတာ စက္ခုံ စ ပဋိစ္စ မျက်လုံး အကြည်ရုပ်၊ ရူပေ စဆိုတာ ပွဲလမ်းသဘင်၊ စက္ခုဝိညာဏံ ဥပ္ပဇ္ဇတိ ဆိုတာ ပေါ်လာပြီ “တိဏ္ဏံ သင်္ဂတီတိ ဖဿော ဖဿ ပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ ဇာတိ ဇာတိဆို တော့ အပါယ်ဇာတိ လာပစ်လိုက်တာပဲ (မှန်ပါ့ ဘုရား)။
Paticcasamuppada at the Eye Door begins like this: Cakkhuñca paṭicca rūpe ca — The Eye sensitivity meets the Festival (Visual Form). Cakkhu-viññāṇaṃ uppajjati — Eye Consciousness arises. Tiṇṇaṃ saṅgati phasso — The meeting of these three is Contact. Phassa-paccayā vedanā — From Contact, Feeling arises. Vedanā-paccayā taṇhā — From Feeling, Craving arises. Taṇhā-paccayā upādānaṃ — From Craving, Clinging arises. Upādāna-paccayā kamma-bhavo — From Clinging, Kamma-existence arises. Kamma-bhava-paccayā jāti — From Kamma, Rebirth (Jati) arises. And when Jati comes, it casts you straight into the Apaya (Lower Realms). (True, Sir).
သေရင် အပါယ်ဇာတိလာတယ် (မှန်ပါ့) ဇာတိလာပြီး လို့ရှိရင် ဇရာမရဏ ဒုက္ခသစ္စာကြီးဟာ ဦးသံဒိုင် ပြေးလို့ လွတ်ပါ့ မလား (မလွတ်ပါ ဘုရား)။
When death comes, the rebirth follows. (True, Sir). Once Rebirth (Jati) arises, can you, U Than Daing, run away from the Suffering of Aging and Death (Jara-Marana Dukkha Sacca)? (No, Sir).
မျက်လုံးပေါက်က ပဋိစ္စသမုပ္ပါဒ် တန်းသွားပြီ (မှန်ပါ့) မြွေဆွဲရာ ပါသွားလို့ အရှုပ်ထဲ ရောက်သွားလို့ အပါယ် ပါ ရောက်သွားပြီဆိုတာ သဘောကျကြပလား (ကျပါပြီ ဘုရား)။
The Paticcasamuppada has lined up straight from the Eye Door. (True, Sir). Because you followed the Snake into the mess, you have arrived in the Lower Realms. Do you grasp this? (We grasp it, Sir).
ဟိုက ဥပမာ၊ တကယ့်ဖြစ်စဉ်က အခုပြောတဲ့ ပါဠိတော်လို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား) စက္ခုံ စ ပဋိစ္စ ရူပေစ (ပေယျာလ) ကမ္မဘဝေါ ကာယကံ ဝစီကံတွေလည်း လုပ်ကြမှာပဲနော် (မှန်ပါ့)။
The reality functions exactly like the Pali text I just quoted. (True, Sir). Kamma-bhavo means you will perform physical and verbal actions (to get what you want).
ကမ္မ ဘဝပစ္စယာ ဇာတိ၊ ဇာတိဆိုတာ ဒီမျက်လုံး ပေါက်က ဆွဲလို့သွားတဲ့ ဇာတိဟာ၊ အပါယ်ဇာတိမှ တစ်ပါး ဒီပြင် ဇာတိကို မောင်သစ် ရွေးလို့ရပါ့မလား (မရပါ ဘုရား) မရဘူး။
Kamma-bhava-paccayā jāti — The rebirth produced by being dragged by the Eye Door... Maung Thit, can you choose a good rebirth, or is it only the rebirth of the Lower Realms? (Only the Lower Realms, Sir). You cannot choose.
အဲဒီတော့ ကျုပ်ဇာတိ ရှာချေဦးမယ်ဆိုပြီး သွားဖို့ ကောင်းတယ် (မှန်ပါ့ ဘုရား) အပါယ်ဇာတိ ကျုပ်ရှာချေ ဦးမယ် ကျုပ် အပါယ်ကျရာက ပြန်လာတာ မကြာသေးဘူး၊ ပြန်သွား ရအောင်တော့ ကျုပ်လုပ်ဦးမှာ ဆိုတဲ့ အဓိပ္ပာယ်ဟာ ဒါ ဆရာက မပြောလဲ ဓမ္မက ဖြစ်နေတာပဲ (မှန်ပါ့) ဆရာ ပြောတယ် ဆိုတာ ဖော်ပြတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
It is as if you are saying, "I must go search for my next rebirth." (True, Sir). You are practically saying, "I just returned from the Lower Realms not long ago. But I must do the work to go back there again!" Even if I didn't tell you this, the Dhamma reveals that this is what is happening. (True, Sir). I am merely pointing out the reality. Is that clear? (Clear, Sir).
ဒါဖြင့် မြွေဆွဲရာပါလဲ အပါယ်ရောက်မှာပဲ (မှန်ပါ့) ဒီကနေပြီး နားကလဲ တီးသံ၊ မှုတ်သံ၊ သီချင်းသံကြားပြန်တယ် ဆိုလို့ရှိရင် နားပေါက်က ပဋိစ္စသမုပ္ပါဒ်ကလဲ ဦးသံဒိုင် လာမလား (လာပါတယ် ဘုရား)။
So, following the Snake leads to Apaya. (True, Sir).
နားကမိချောင်း
The Ear is a Crocodile
လာရမှာပဲ “သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ’’ ဆိုတဲ့ ကြားစိတ် ကလေးပေါ်မှာပဲ၊ သုံးခု ပေါင်းမိတော့ ဖဿ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ဇာတိ ဒါက မိချောင်းဆွဲရာပါတာ၊ သဘောကျပလား (ကျပါပြီ)။
Now, at the Ear Door, you hear music, drums, and songs. Does Paticcasamuppada start at the Ear Door too, U Than Daing? (Yes, it does, Sir). It must come. Sotañca paṭicca sadde ca uppajjati sota-viññāṇaṃ — Hearing Consciousness arises. When the three meet, Phassa arises. From Phassa, Vedanā. From Vedanā, Taṇhā. From Taṇhā, Upādāna. From Upādāna, Kamma-bhavo. Then Jati. This is being dragged by the Crocodile. Do you understand? (Yes, Sir).
ဒါဖြင့် ဒွါရခြောက်ပေါက်မှာ ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုး လာနိုင်သတုံး (ခြောက်မျိုး လာနိုင်ပါတယ်) ခြောက်မျိုး လာနိုင်တယ် တဲ့။
So, how many ways can Paticcasamuppada arise through the six doors? (Six ways, Sir).
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သူတို့ ဆွဲရာ သာ ပါနေကြလို့ရှိရင်ဖြင့် အပါယ်ငရဲက တက်ဖို့အကြောင်း မြင်ကြသေးရဲ့ လား (မမြင်ပါ ဘုရား)။ ။
If you Yogis simply follow where they drag you, do you see any chance of rising up from the hells? (We do not see it, Sir).
ဘာဖြစ်လို့တုံး ဆွဲရာပါလို့ (မှန်ပါ့ ဆွဲရာပါလို့ပါ) မြွေဆွဲရာပါလိုက်၊ မိကျောင်းဆွဲရာ (ပါပါတယ်) ပါလိုက်တဲ့၊ ငှက်ဆွဲရာကော (ပါ-ပါတယ်)။
Why? Because you are dragged away. You follow the Snake, you follow the Crocodile. What about the Bird? (We follow it too, Sir).
နှာခေါင်းက ငှက်
The Nose is a Bird
ပါသွားတာပဲတဲ့၊ ငှက်ကလဲ ကောင်းကင်ဆွဲသွားတယ် ဆိုတာပဲ၊ သူကလည်း ဃာနဉ္စ ပဋိစ္စ ဂန္ဓေစ ဥပ္ပဇ္ဇတိ ဃာန ဝိညာဏံ တိဏ္ဏံ သင်္ဂတီတိ ဖဿာနဲ့ သွားလေ ကမ္မဘဝ ပစ္စယာ ဇာတိ (မှန်ပါ့)။
You follow the Bird. The Bird drags you into the sky. This is the Nose Door: Ghānañca paṭicca gandhe ca... leading all the way to Kamma-bhava-paccayā jāti. (True, Sir).
ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာရှိတဲ့ ဒွါရခြောက်ပေါက်ဆို တဲ့ သားကောင်ခြောက်ကောင်ဟာ၊ ဒကာ ဒကာမတွေက မနိုင်ဘဲနဲ့ သူတို့က နိုင်လို့ရှိရင်ဖြင့်၊ အပါယ်မှာနေ အပါယ်မှာ သေဆိုတဲ့ အဓိပ္ပါယ် ရှင်းသွားတယ် (မှန်ပါ့ ဘုရား) ဘယ်မှ ရွှေ့စရာ၊ ပြောင်းစရာ ရှိသေးရဲ့လား (မှန်ပါ့ ဘုရား)။
If you cannot control these six animals—the six sense doors within you—and they control you, the meaning is clear: "Live in Apaya, Die in Apaya." (True, Sir). Is there any room to move or shift? (No, Sir).
ဒီပဋိစ္စသမုပ္ပါဒ်ဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး လဲ၊ ငါ ပဋိစ္စသမုပ္ပါဒ်ဖြတ်လို့ ဘုရားဖြစ်တာ၊ ဒကာ ဒကာမတွေ ကလဲ ပဋိစ္စသမုပ္ပါဒ် ဆက်လို့ ဒုက္ခရောက်တယ်လို့ ပြောင်းပြန် မှတ်ရမယ် (မှန်ပါ့ ဘုရား)။
The Lord Buddha became Enlightened because he severed this Paticcasamuppada. You Yogis suffer because you connect and lengthen this Paticcasamuppada. You must understand this contrast. (True, Sir).
ပဋိစ္စသမုပ္ပါဒ်ဆက်ရင် (ဒုက္ခရောက်ပါတယ် ဘုရား) ဒုက္ခရောက်မှာပဲ၊ ပဋိစ္စသမုပ္ပါဒ်ပြတ်ရင် နိဗ္ဗာန်ရောက်မှာပဲ (မှန်ပါ့) ဒုက္ခပိတ်မှာပဲ (မှန်ပါ့) ပေါ်ပြီနော် (ပေါ်ပါပြီ)။
If you connect Paticcasamuppada... (We suffer, Sir). You will suffer. If you sever Paticcasamuppada, you reach Nibbana. (True, Sir). Suffering ceases. Is this clear? (Yes, Sir).
ဒါဖြင့် ဒီဒကာ ဒကာမတွေသည် သုဂတိတောင်မှ မြင်သေးရဲ့လား မေးရင် ဘယ့်နှယ် ဖြေကြမလဲ (မမြင်ပါ ဘုရား) မမြင်ဘူး သုဂတိတောင် မမြင်တော့ဘူး၊ ဒုဂ္ဂတိချည်း သွားတယ် (မှန်ပါ့ ဘုရား) ဒုဂ္ဂတိဆိုတာ အပါယ်လေးပါး ချည်းမှတ်ပါ (မှန်ပါ့)။
If asked whether you can even see the Sugati (Happy Realms), how would you answer? (We cannot see them, Sir). You cannot even see a good destination; you are heading only for Duggati (Bad Destinations). (True, Sir). Duggati refers to the Four Lower Realms.
ဘာကြောင့်တုံးဆိုလို့ရှိရင်ဖြင့်၊ ကိုယ်မွေးထားတဲ့ သားကောင်ခြောက်ကောင် ကိုယ်မနိုင်လို့ မှတ်ပါ (မှန်ပါ့) ကိုယ့် သန္တာန်ရှိတဲ့ သားကောင် ခြောက်ကောင်ကို (ကိုယ်မနိုင်လို့ ပါ ဘုရား)။
Why is this? Because you cannot control the six animals you are raising. (True, Sir).
လူတစ်သိန်းသေလို့ သုဂတိတစ်ယောက်မရောက်
One in a Hundred Thousand
ကိုယ်မနိုင်တော့ အင်း ဟင်၊ ကိုယ့်သန္တာန်မှာလဲ ပေါ်လာသေးတယ်၊ သူတို့ကလဲ အနိုင်ယူပြီး သကာလ ဒီဒကာ ဒကာမတွေကို ဆွဲရာပါသေးတယ် ဆိုလို့ရှိရင်ဖြင့် တဲ့၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကလူတစ်သိန်း သေလို့ သုဂတိတစ်ယောက် မရောက်ဘူး ကွဆိုတာ ဦးသံဒိုင် စကားကြီးသလား ၊ မှန်သလား (မှန်ပါတယ် ဘုရား)။
If you cannot control them, and they overpower you, dragging you along, consider the Buddha's statement: "When one hundred thousand people die, hardly one reaches a Good Destination." Is U Than Daing exaggerating, or is this true? (It is true, Sir).
စကားမကြီးပါဘူး (မကြီးပါ ဘုရား) စကားမကြီး ပါဘူးတဲ့၊ ဖြစ်စဉ်နဲ့ ကိုက်ကြည့်ပါ (မှန်ပါ့ ဘုရား)။
These are not big words. (No, Sir). They perfectly match the actual process of reality. (True, Sir).
အဲဒီတော့ ဒီပဋိစ္စသမုပ္ပါဒ် မမြင်တော့ဘူး၊ တပည့် တော်ဖြင့် မပြတ်တော့ဘူးဆိုလို့ရှိရင်ဖြင့်၊ အပါယ်သံသရာကြီး ဟာ ကိုယ့်သံသရာမှတ်ပါ (မှန်ပါ့ ဘုရား)။
If you say, "I don't see this Paticcasamuppada, and I certainly won't cut it," then realize that the cycle of Apaya is your own cycle. (True, Sir).
အပါယ်လေးပါးဟာ ကိုယ့်နေရာ
The Four Lower Realms are your permanent address
အပါယ်လေးပါးဟာ (ကိုယ့်သံသရာပါ ဘုရား). ကိုယ့်သံသရာ ကိုယ့်နေရာဌာန ဆိုပြီး သကာလ သေသေချာချာ သာ မှတ်ပါတော့ ဆိုတဲ့ဥစ္စာ၊ တဏှာ ဥပါဒါန် ကံလာတယ်ဆို ကတည်းက၊ မောင်သစ်တို့ ဦးသံဒိုင်တို့က အကျိုးမပေးပါနဲ့ ဆိုလို့မရပါဘူး (မရပါ ဘုရား) မရဘူးနော်၊ သဘော ကျကြပလား (ကျပါတယ် ဘုရား)။
The Four Lower Realms are your permanent address. If Tanha, Upadana, and Kamma arise, neither Maung Thit nor U Than Daing can say, "May this not give a result." You cannot stop the result. (No, Sir). Do you understand? (Yes, Sir).
အဲဒီတော့ ခဏတစ်ဖြုတ် သွားလိုက်ဦးမယ်၊ ဒကာ ဒကာမတွေ စကားယဉ်တော့ သုံးနေတယ် (မှန်ပါ့) ခဏ တစ်ဖြုတ်လမ်းကလေး သွားလျှောက်ဦးမယ်၊ ဘာကလေး ညာကလေး ကြည့်ရ ကြည်ညို ရအောင်။
You might say, "I'll just go for a short while. I'll just take a little walk to look and appreciate."
သူတို့ ကြည်ညိုတာကလဲ ဒီဥစ္စာတဏှာဖြစ်လာတာ (မှန်ပါ့) တဏှာဖြစ်လာတာတဲ့ ကြည်ညိုတာ မဟုတ်ပါဘူး (မှန်ပါ့)။
But that "appreciation" is actually the arising of Tanha (Craving). (True, Sir).
ကြည်ညိုတာ မဟုတ်ပါဘူး-တဲ့၊ တဏှာက အရှုပ်ကြိုက် , လို့ မျက်လုံးက အရှုပ်ကြိုက်လို့ အရှုပ်တွေ သွားကြည့်တာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
It is not genuine appreciation; it is the Snake (Eye) loving the mess and going to look at it. (True, Sir). Is that clear? (Clear, Sir).
ဒါဖြင့် သားကောင် ခြောက်ကောင် ကျောင်းတဲ့လူက ဘယ်နှစ်ယောက်တုံး (တစ်ယောက်တည်းပါ ဘုရား)။
So, how many people are tending these six animals? (Only one, Sir).
တစ်ယောက်တည်းဆိုလို့ရှိရင် ခင်ဗျားတို့ သန်ရာဆွဲ သွားလိမ့်မယ်၊ သန်ရာဆွဲဆိုတာ မြွေကသန်ရင် မြွေကဆွဲမယ် (မှန်ပါ့) မိကျောင်းကသန်ရင် (မိကျောင်းကဆွဲပါ မယ်) ငှက်ကသန်ရင် (ငှက်ကဆွဲပါမယ်) အိမ်ခွေးက သန်ရင် (အိမ်ခွေးကဆွဲပါမယ်) တောခွေးကသန်ရင် (တောခွေးကဆွဲ ပါမယ်) မျောက် ကသန် ရင် (မျောက်ကဆွဲပါမယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
Since there is only one of you, you will be dragged by whichever animal is strongest. If the Snake is strong, the Snake drags you. (True, Sir). If the Crocodile is strong... (The Crocodile drags us). If the Bird is strong... (The Bird drags us). If the House Dog is strong... (The House Dog drags us). If the Forest Dog is strong... (The Forest Dog drags us). If the Monkey is strong... (The Monkey drags us). Is that clear? (Clear, Sir).
အဲဒီတော့ ခင်ဗျားတို့မှာ နေစရာမမြဲ သေစရာမမြဲ ယခု ပစ္စုပ္ပန်မှာ နေရတယ် (မှန်ပါ့ ဘုရား)။
Because of this, your residence is uncertain, and your death is uncertain. You are living in the present moment with no security. (True, Sir).
ဘာ့ကြောင့်အပါယ်ရောက်ရတာတုံး
Why do people reach the Four Lower Realms?
နောက် ဘဝဆုံးသွားတဲ့အခါ၊ ဒီဘဝမှ စုတိမနေ သေလွန်တဲ့အခါကျတော့ကို အပါယ်လေးပါး မှာတော့ အမြဲ နေရမယ်ဆိုတဲ့ဥစ္စာ၊ ဘာဖြစ်လို့နေရတာတုံးလို့ မေးလို့ရှိရင်ဖြင့်၊ သားကောင် ခြောက်ကောင် မထိန်းနိုင်လို့ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) ဘာဖြစ်လို့ အပါယ်လေးပါး ရောက်ကြရသလဲ (သားကောင် ခြောက်ကောင် မထိန်း နိုင်လို့ပါ ဘုရား)။
When this life ends and you pass away, if you ask, "Why must I live permanently in the Four Lower Realms?" the answer is: Because you could not control the six animals. (True, Sir). Do you see it now? (Yes, Sir). Why do people reach the Four Lower Realms? (Because they cannot control the six animals, Sir).
မထိန်းတတ်ဘူး တဲ့၊ ထိန်းတတ်လို့ရှိရင် ဒီကောင် တွေဟာ ခင်ဗျားတို့၏ ကျေးဇူးများမှုကို ရွက်ဆောင်နိုင်ပါတယ် (မှန်ပါ့)။
If you can control them, these animals can actually carry your burden and serve you. (True, Sir).
မနောကမျောက်
The Mind Door is like a monkey
အခုတော့ မထိန်းတတ်ဘူးဆိုကတည်းက၊ သူတို့သန် ရာ ဆွဲသွားတော့ကို ခင်ဗျားတို့မှာဖြင့်၊ မြွေကဆွဲရင် ရှုပ်တဲ့အထဲ မှာ သေရမယ်၊
မိကျောင်းကဆွဲရင် ရေထဲမှာ သေရမယ်၊
ငှက်ကဆွဲရင် ကောင်းကင် သေရမယ်၊
ခွေးကဆွဲရင် မီးဖိုချောင် သေရမယ်၊
တောခွေးကဆွဲရင် သုသာန်မှာသေရမယ်၊ တောထဲ မှာ သေရမယ်၊
But now, because you cannot control them, when they drag you: If the Snake drags you, you die in a mess. If the Crocodile drags you, you die in the water. If the Bird drags you, you die in the air. If the House Dog drags you, you die in the kitchen. If the Forest Dog drags you, you die in the cemetery or the jungle. If the Monkey drags you, you die in the fork of a tree. The Buddha taught that the Mind Door (Mano-dvara) is like a monkey. (True, Sir). Is that clear? (Clear, Sir).
မျောက်ကဆွဲရင် သစ်ပင်ခွကြားသေရမယ်၊ မနောဒွါရက မျောက်နဲ့တူတယ်ဆိုတာကို ဘုရားက (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ချည်တိုင်မြဲမြဲစိုက်ပါ
Plant the Post Firmly
အဲဒီတော့ ဒီလိုလုပ်ရမယ် တဲ့၊ ခင်ဗျားတို့ ဒီဟာကို ချည်တိုင်မြဲမြဲ စိုက်ရမယ်၊ ချည်တိုင်မြဲမြဲ စိုက်နိုင်လို့ရှိရင် ခင်ဗျား ဘယ်လိုပဲဆွဲဆွဲ ကြာတော့ တိုင်ခြေလာဝပ်ကြမှာပဲ (မှန်ပါ့) ချည်တိုင်မြဲမြဲ စိုက်နိုင်လို့ရှိရင် (ချည်တိုင်လာဝပ်မှာပါပဲ ဘုရား။)
So, here is what you must do: You must plant a strong tying post. If you plant the post firmly, no matter how hard they pull, eventually, they will come and lie down at the base of the post. (True, Sir). If the post is firm... (They will lie down at the post, Sir).
ဒါဖြင့် သားကောင်ခြောက်ကောင် အကုန်ချည်၊ ချည်ပြီး အလယ်က ထုံးပြီး သကာလ၊ ငုတ်ကြီးကြီး စိုက်ပြီး သကာလ ဒကဒကာမတွေ ဖမ်းနိုင်ကြလို့ ရှိရင်ဖြင့် တဲ့၊ သားကောင် ဆွဲရာကို ခန္ဓာက မလိုက်တော့ဘူး (မှန်ပါ့)
Tie all six animals together, knot the rope in the middle, plant a large, strong post, and anchor them. If you Yogis can capture them like this, the Aggregates (Khandhas) will not follow where the animals pull. (True, Sir).
ကျောင်းတဲ့ ပုဂ္ဂိုလ်၏ ခြေရင်းမှာပဲ မောတာနဲ့ လာဝပ်ကြရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
They will get exhausted and have to crouch down at the feet of the keeper. (True, Sir). Is that clear? (Clear, Sir).
သမာဓိတည်ကြည်မှုကိုလုပ်ပါ
The Post is Samadhi
ဒါဖြင့် ဘာလုပ်ရမတုံးလို့ မေးလို့ရှိရင်ဖြင့် တဲ့၊ သမာဓိတည်းဟူသော တည်ကြည်မှုကို လုပ်ပါ၊ ဝိပဿနာလုပ် မယ် ကြံရင် သမာဓိတည်ကြည်မှုကို တစ်ခါတည်း တည်တည် တံ့တံ့ လုပ်ပါဆိုတော့ ဘာလုပ်ရမှာတုံး မေးလို့ရှိရင် တစ်ခုသော အာရုံကို စူးစူးစိုက်စိုက်ကြည့်ရင် သမာဓိ ဖြစ်တယ် (မှန်ပါ့) ဈာနပစ္စယော ဆိုတာ သမာဓိကို ဟောတာ (မှန်ပါ့) ဈာနပစ္စယောဆိုတာ (သမာဓိကို ဟောတာပါ)။
If you ask, "What must we do?" — Practice the stability of Samadhi (Concentration). If you intend to practice Vipassana, establish a firm, unwavering Samadhi first. If you ask what to do, focusing intently on a single object creates Samadhi. (True, Sir). Jhāna-paccayo refers to Samadhi. (True, Sir).
သမာဓိကိုဟောတာတဲ့၊ တစ်ခုသော အာရုံကို စိုက်ထား၊ ဒီအာရုံမှ ဘယ်မှမသွားတော့ဘူး၊ စိတ်က ဒီနေရာမှာပဲ ထားနိုင် တယ်ဆိုလို့ရှိရင်ဖြင့် တဲ့၊ ဒါ ဈာနပစ္စယော ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။
Fix your mind on one object. Do not let it go anywhere else. If the mind can stay on this one spot, that is Jhāna-paccayo. (True, Sir).
ဈာနပစ္စယော= အာရုံတစ်ခုကိုစိုက်၍ ရှုတတ်သော သဘောသည် လည်းကောင်း၊ ဒါ ဘာပစ္စည်းတဲ့တုံး (ဈာနပစ္စည်းပါ ဘုရား) ဈာနပစ္စည်းလို့ မှတ်ထားကြပါ (မှန်ပါ့)။
Jhāna-paccayo: The nature of observing by fixing on a single object. What condition is this? (Jhana condition, Sir). Mark it as the Jhana condition. (True, Sir).
ဈာန်ဆိုတာ
What is Jhana?
အဲဒါကြောင့် ဈာန်ဆိုတာသည် ဒုကာ ဒကာမတို့ မြဲမြဲ စွဲစွဲစိုက်ထူထားနိုင်တာ ဈာန်လို့ ခေါ်ပါတယ် (မှန်ပါ့ ဘုရား)။
Therefore, Yogis, the ability to plant the mind firmly and erect is called Jhana. (True, Sir).
မြဲမြဲစွဲစွဲ တစ်ခုတည်းသောအာရုံကို ကိုယ့်စိတ်ကို မပြေး ရအောင်ထားတာ ဘာခေါ်ကြမယ် (ဈာန်လို့ခေါ်ပါတယ်)၊ ဈာန်လို့ခေါ်တယ်တဲ့။
Keeping the mind on a single object so it does not run away—what do we call that? (We call it Jhana).
အာနာပါနလုပ်တဲ့ပုဂ္ဂိုလ် အဲဒီတော့ အာနာပါနလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း၊ ကဲကွာ သတိတည်း ဟူသောကြိုးနဲ့ ရိုင်းစိုင်းတဲ့ သားကောင် ခြောက်ကောင်တည်း ဟူသော စိတ်ကို၊ ထွက်သက်ဝင်သက် ချည်တိုင် ချည်ထားမယ်။
For the person practicing Anapana (Mindfulness of Breathing): "I will take the rope of Mindfulness (Sati) and tie this mind—which is like six wild animals—to the post of In-breath and Out-breath."
သတိတည်းဟူသော ကြိုးနဲ့ ရိုင်းစိုင်းတဲ့ သားကောင်ခြောက်ကောင်နဲ့ တူတဲ့စိတ်ကို၊ ထွက်သက် ဝင်သက် ချည်တိုင်၌ ချည်ထားမယ် ဆိုလို့ရှိရင် ဒီသားကောင် ဒီစိတ်ဟာ ရိုင်းစိုင်းတဲ့ သားကောင် ခြောက်ကောင်ဟာ မပြေးပါဘူး (မပြေးပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
If you tie the mind (the six wild animals) to the breathing post using the rope of Mindfulness, these wild animals will not run away. (They will not, Sir). Do you agree? (Yes, Sir).
ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် အာနာပါနကို ဟောတာ ဦးသံဒိုင်ရ၊ ဟောသင့် မဟောသင့် (ဟောသင့်ပါတယ် ဘုရား)၊ ဟောသင့်တယ်ဆိုတာ သဘောပါကြပလား (ပါ ပါပြီ ဘုရား)။
That is why the Lord Buddha taught Anapana, U Than Daing. Was it appropriate for Him to teach it? (Yes, appropriate, Sir). Do you understand why? (Yes, Sir).
ကောင်းပြီ ဘာဖြစ်လို့တုံးဆိုတော့ ဆွဲ ရာမပါအောင်လို့ ဟောရှာတာ (မှန်ပါ့ ဘုရား)။
He taught it so you wouldn't be dragged away. (True, Sir).
ဆွဲရာ မပါအောင်လို့ဟောတော့၊ ဒကာ ဒကာမတွေ ဆွဲရာပါရင် သေခြင်းဆိုးနဲ့ နေခြင်းဆိုးလို့ ဘုန်းကြီး တစ်နေ့က ဟောထားတယ် (မှန်ပါ့ ဘုရား)၊ ဆွဲရာပါရင် (သေခြင်း ဆိုးနဲ့ နေခြင်းဆိုးပါ ဘုရား)၊ အနေမှာလည်း ခင်ဗျားတို့ ဟိုရောက် ဒီရောက်ကြနဲ့ သဘောကျပလား (ကျပါပြီ)၊ အသေမှာလည်း ကုန်းသေရမလား၊ ရေသေရမလား၊ ကောင်းကင် သေရမလားမသိဘူး (မှန်ပါ့)။
If you are dragged away, as I preached the other day, you suffer a "Bad Living" and a "Bad Death." (True, Sir). In life, you are scattered here and there. In death, you don't know if you will die on land, in water, or in the air. (True, Sir).
သားကောင် ခြောက်ကောင်ဆွဲရာကို သန်ရာက ဆွဲပြီး ခင်ဗျားတို့ အငြိမ်နေခွင့်မပေးတာလည်း သားကောင် ခြောက်ကောင်၏ စွမ်းရည်သတ္တိလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
The fact that you cannot sit still is due to the power of the six animals. (True, Sir).
အသေနေရာ မမြဲတာလည်း သားကောင် ခြောက်ကောင်တို့၏ ဆွဲရာကိုပါနေလို့ဆိုတဲ့ အဓိပ္ပါယ်မှတ်ပါ (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
The fact that your place of death is uncertain is also because you are following where the six animals drag you. (True, Sir). Is it clear? (Clear, Sir).
အဲဒီတော့ ခင်ဗျားတို့ခန္ဓာကိုယ်ကြီး ရထားတဲ့ဥစ္စာ၊ သားကောင်ခြောက်ကောင် ကျောင်းဖို့ရာ ဆိုတာ မကောင်း တတ်လို့ရှိရင်လည်း အနေဆိုး အသေဆိုးပဲ (မှန်ပါ့ ဘုရား)၊
This body you have obtained... if you do not know how to tend the six animals, it will be a bad life and a bad death. (True, Sir).
ကျောင်းတတ်လို့ရှိရင်လည်း တိုင်ခြေလာဝပ်မယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
If you know how to tend them, they will lie down at the base of the post. (True, Sir).
မကျောင်းတတ်လို့ရှိရင် (အနေဆိုး၊ အသေဆိုးဖြစ် ပါမယ်)၊ ကျောင်းတတ်လို့ရှိရင် (တိုင်ခြေ လာဝပ်မယ်)၊
If you do not know how to tend them, it will be a bad life and a bad death. If you know how to tend them, they will lie down at the base of the post.
ကျောင်းတတ်လို့ရှိရင် ဘာဖြစ်ကြမယ်ထင်သလဲ (တိုင် လာဝပ်ပါမယ်)၊ တိုင်ခြေ လာဝပ်မယ် ဆိုတာ သဘောပါပလား (ပါ ပါပြီ)။
If you know how to tend them, what do you think will happen? (They will lie down at the post). They will lie down at the base of the post. Do you understand?
ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တိုင်ခြေဝပ်တဲ့နည်းကိုပြောမယ် (မှန်ပါ့ ဘုရား)။
Now, I will tell you the method to make them lie down at the base of the post. (Yes, Sir).
တိုင်ခြေဝပ်တဲ့နည်းဆိုတာက ဥပမာမယ် ဒီဟာကျ တော့ ဦးသံဒိုင်က စိတ္တာနုပဿနာ အကောင်းဆုံးလို့မှတ် (မှန်ပါ့ ဘုရား)။
For this method, U Than Daing, mark that Cittanupassana (Contemplation of Mind) is the best. (True, Sir).
စိတ္တာနုပဿနာအကောင်းဆုံး
Cittanupassana is the Best
စိတ္တာနုပဿနာဟာ (အကောင်းဆုံးပါ)၊ အကောင်းဆုံးပဲ။ ပဋိစ္စသမုပ္ပါဒ် စမည့် “စက္ခုစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဆိုသဖြင့် မြင်စိတ်က ဆွဲမှာပဲ (မှန်ပါ့ ဘုရား)၊ မြင်စိတ်က စလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ် အလယ် က စမလို့၊ အလယ်က ဖောက်ပြီး စမလို့ ပဋိစ္စသမုပ္ပါဒ်ကို (မှန်ပါ့)။
Cittanupassana is the best. Paticcasamuppada starts with Cakkhuñca paṭicca... The Seeing Consciousness pulls you. (True, Sir). If we start with the Seeing Consciousness, we are intercepting Paticcasamuppada right in the middle. (True, Sir).
အဲဒီအစကို ကျုပ်တို့က ဝိပဿနာဉာဏ်နဲ့ ရှုပေးရ တယ် (မှန်ပါ့ ဘုရား)၊ မြင်တဲ့စိတ်ကို ဘာပဲမြင်မြင်၊ မြင်တဲ့ စိတ်ကို ကျုပ်တို့က ဝိပဿနာ ရှုရှုပေး (မှန်ပါ့)။
We must observe this beginning with Insight (Vipassana) Knowledge. (True, Sir). Whatever you see, observe the Seeing Consciousness with Vipassana. (True, Sir).
ကျုပ်တို့က ရှုလိုက်တဲ့အခါကျတော့ မြင်စိတ်က ဖြစ် ပျက် သူ့နောက်က မဂ် ဆိုသဖြင့် ဖဿ ပစ္စယာ ဝေဒနာထိ အောင်တော့ လာပါသေးတယ် (မှန်ပါ့)။
When we observe it, we see the Seeing Consciousness Arising and Passing Away. However, the Path (Magga) follows it. The process still technically reaches Phassa-paccayā Vedanā (Contact causing Feeling).
ဘာ့ကြောင့် ဝေဒနာထိအောင် လာသတုံးလို့ မေးလို့ရှိ ရင်ဖြင့်၊ ဒါသဘော ကလေးလည်း နည်းနည်း မှတ်လိုက်တာပေါ့ (မှန်ပါ့)၊ မြင်တယ် တွေ့ထိတယ် ဆိုတဲ့ ဖဿနဲ့ ခံစားတယ် ဆိုတဲ့ ဝေဒနာကတော့ မောင်သစ်တို့မှတ်၊ ဦးသံဒိုင်တို့မှတ်၊ တစ်ပြိုင်နက် ပေါ်တယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
Why does it reach Vedanā? You must understand this subtle point. Seeing, Contact (Phassa), and Feeling (Vedanā) — Maung Thit, U Than Daing, mark this — they arise simultaneously. (True, Sir). Do you grasp this? (Yes, Sir).
ဖဿနဲ့ ဝေဒနာ တစ်ပြိုင်နက်ပေါ်တယ်
Phassa and Vedana Arise Together
မြင်တဲ့စိတ်ရယ်၊ တွေ့ထိတဲ့ဖဿရယ်၊ ခံစားတဲ့ဝေဒနာ ရယ်ကတော့ (တစ်ပြိုင်နက် ပေါ်ပါတယ် ဘုရား)။
The Seeing Consciousness, the Contact, and the Feeling arise simultaneously.
တစ်ပြိုင်နက် ပေါ်တယ်၊ အဲ့ဒီ ဝေဒနာနောက်ကနေပြီး သကာလ တဏှာမလိုက်အောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ တဲ့၊ တိုင်ခြေ ကိုယ့်သန္တာန်မှာ မြင်စိတ်ကလေး မြွေကဆွဲပြီ၊ ဆွဲပင် ဆွဲငြား သော်လည်း သူ့ကိုပဲ ကျုပ်တို့က မင်း အနိစ္စပဲ၊ မင်းအနိစ္စ ပဲ၊ မြင်စိတ်အနိစ္စပဲ ဆိုတော့၊ ဝေဒနာ နောက်က မဂ္ဂက လိုက်ပြီး သကာလနေတော့၊ မဂ်နဲ့ဖြတ်လိုက်တဲ့ အတွက် မြင်ကာမျှမတ္တ သွားဖြစ်တယ် (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
But, for the person who can prevent Tanha (Craving) from following Vedanā, they are effectively making the animal lie down at the base of the post. The Snake (Seeing Consciousness) pulls. Even though it pulls, we observe: "You are Impermanent (Anicca). The Seeing Consciousness is Anicca." When the Path Factors (Magga) follow the Feeling, the Magga cuts the chain. Thus, it becomes "merely seeing" (diṭṭha-matta). (True, Sir). Is that clear? (Clear, Sir).
ဘာဖြစ်သွားသလဲ (မြင်ကာမျှမတ္တ ဖြစ်သွားပါ တယ်)၊ မြင်ကာမျှမတ္တ ဖြစ်သွားတော့ကိုတဲ့ ဒကာ ဒကာမတွေ က မှတ်ရမှာက မြင်လို့ စွဲလမ်းတဲ့တဏှာက မလာဘူး (မှန်ပါ့)၊ မြင်လို့ခင်တာ မလာဘူး၊ မြင်လို့စွဲလမ်းတာ မလာဘူး (မှန်ပါ့)၊ မြင်လို့ အားထုတ်မယ်ဆိုတဲ့ ကံကော (မလာ ပါ ဘုရား)။
What does it become? (It becomes merely seeing). When it becomes merely seeing, note this well Yogis: The Craving (Tanha) that usually clings to the sight does not come. (True, Sir). The affection for the sight does not come. The clinging does not come. And the Kamma to strive for it? (It does not come, Sir).
အဲဒါ ဘာဖြစ်လို့တုံးဆိုတော့ တိုင်ခြေအဝပ်ခိုင်းလို့ရ တာ (မှန်ပါ့)၊ ကဲ မင်းဆွဲရာမလိုက်ဘူး ဆိုပြီး သကာလ၊ သူ့ ကို မနောဒွါရတည်းဟူသောတိုင်မှာ မင်းနေရမယ် (မှန်ပါ့)၊ ဝိပဿနာကို မနောဒွါရနဲ့ ရှုရမှာကိုး (မှန်ပါ့)။
Why is this? Because you forced it to lie down at the base of the post. (True, Sir). You said, "I will not follow where you pull," and you kept it at the post of the Mind Door (Mano-dvara). You see, Vipassana must be observed through the Mind Door. (True, Sir).
ဝိပဿနာကို မနောဒွါရနဲ့ရှုလိုက်တော့ မနောဒွါရ တိုင် ခြေမှာ သူလာပြီးဝပ်တာပဲ (မှန်ပါ့)၊ သဘောပါပလား (ပါ ပါပြီ)။
When you observe Vipassana through the Mind Door, the animal comes and lies down at the foot of the Mind Door post. (True, Sir). Do you understand? (Yes, Sir).
မြင်စိတ်ဖြစ်ပျက်ရှုရင် တဏှာမလိုက်ဘူး
If You Observe "Arising and Passing," Craving Cannot Follow
ဒါဖြင့် မြင်စိတ် ဖြစ်ပျက်ရှုလို့ရှိရင်ဖြင့် တဏှာလိုက် မလိုက် (မလိုက်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)
So, if you observe the Arising and Passing away of the Seeing Consciousness, does Craving follow? (It does not follow, Sir). Do you accept this? (Yes, Sir).
ဒါဖြင့် တဏှာချုပ်၊ ဥပါဒါန်ချုပ်၊ ကံချုပ်ဆိုလို့ရှိရင်ဖြင့် တဲ့၊ ခင်ဗျားတို့သားကောင်သည်၊ ခင်ဗျားတို့က ကိုင်ခြေမှာ အဝပ်ခိုင်းတဲ့သတ္တိကြောင့်၊ ခင်ဗျားတို့ကို အနေဆိုးလည်း မပေး တော့ဘူး (မှန်ပါ့ ဘုရား) အသေဆိုးလည်း (မပေးပါ ဘုရား)။
If Craving ceases, Clinging ceases, and Kamma ceases. Because you possess the courage to force the animal to crouch at the base of the post, it will no longer give you a bad life. (True, Sir). Nor a bad death. (No, Sir).
ဘာဖြစ်လို့တုံး၊ တိုင်ခြေမှာ သူ့ဖမ်းတယ် (မှန်ပါ့) မနောဒွါရတိုင်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
Why? because you caught it at the base of the post. (True, Sir). Mark it as the "Mind Door Post." (True, Sir).
ဘယ်လိုမှတ်ကြမယ် (မနောဒွါရတိုင်ခြေမှာ ဖမ်းပါတယ်) မနောဒွါရအောက်မှာ သူ့ကို ရောက်အောင်လုပ် ပေးရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
How will you mark it? (We catch it at the base of the Mind Door Post). You must make it arrive underneath the Mind Door. (True, Sir). Is that clear? (Clear, Sir).
ဘယ်ရောက်အောင် လုပ်ရမလဲ (မနောဒွါရရောက်အောင် လုပ်ရပါမယ်)။
Where must you make it arrive? (We must make it arrive at the Mind Door).
ဝိပဿနာဉာဏ်က မနောဒွါရမှာသာဖြစ်တယ်
Vipassana Occurs Only at the Mind Door
မနောဒွါရဆိုတာ ဝိပဿနာဉာဏ်က မနောဒွါရမှာ သာဖြစ်တာကိုး (မှန်ပါ့ ဘုရား) ဒီပြင်ဒွါရမှာ မဖြစ်ဘူး (မှန်ပါ့ ဘုရား)။
Vipassana Knowledge arises only at the Mind Door. (True, Sir). It does not arise at the other doors. (True, Sir).
အဲဒီ မနောနဲ့ တစ်ခါတည်း မြင်တယ်ဆိုသဖြင့် ဘာပဲ မြင်မြင် မြင်စိတ်ဖြစ်ပျက်ရှုပါ (မှန်ပါ့) မြင်စိတ် ဖြစ်ပျက်ရှု ဆိုတော့ မနောဒွါရတည်း ဟူသော တိုင်ခြေမှာ သူဟာ ဝပ်နေတဲ့ အဓိပ္ပာယ် ရောက်တယ် (မှန်ပါ့ ဘုရား) သူဆွဲရာ ဒကာ ဒကာမတွေက ပါသေးရဲ့လား (မပါပါ ဘုရား)။
So, with the Mind, whatever is seen, observe the Seeing Consciousness as Arising and Passing Away. (True, Sir). When you observe "Arising and Passing," it means the animal is crouching at the base of the post called the Mind Door. (True, Sir). Are you Yogis still being dragged away by it? (No, Sir).
ဒါဖြင့် မြွေကိုနိုင်ပြီ၊ မြွေကိုနိုင်ပြီ၊ တိုင်ခြေမှာ ကြိုး ခြောက်ချောင်းနဲ့ စုချည်ပြီး စုတုပ်ပြီး ငုတ်စိုက်ပြီး သကာလ ထားတဲ့အတွက် သားကောင် ခြောက်ကောင်နဲ့တူတဲ့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ မန၊ ဒီမနတွေသည် ဒကာ ဒကာမတွေ၏ သန္တာန်၌ ဝိပဿနာအရှုခံ လာဖြစ်ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
So, you have conquered the Snake! You have conquered the Snake. Because you tied the six ropes together, planted the stake, and secured them, the six animals—Eye, Ear, Nose, Tongue, Body, and Mind—have come to your Mind Door to become objects for Vipassana observation. (True, Sir). Is that clear? (Clear, Sir).
ဘာလာဖြစ်ရသလဲ (ဝိပဿနာအရှုခံ လာဖြစ်ရပါတယ်)
ဝိပဿနာအရှုခံ လာဖြစ်တဲ့ အတွက်-တဲ့၊ သူတို့နဲ့ သူ့ရှုစရာ မရှိရင်လဲ ပဋိစ္စသမုပ္ပါဒ် မပြတ်ဘူး (မှန်ပါ့ ဘုရား) သူ့ရှုစရာရှိမှလဲ ပဋိစ္စသမုပ္ပါဒ်က ပြတ်တယ် (မှန်ပါ့ ဘုရား) ပဋိစ္စသမုပ္ပါဒ်ပြတ်ရင် နိဗ္ဗာန်ပဲ (မှန်ပါ့)။
What have they become? (They have come to be objects for Vipassana). Because they have come to be observed: If there is no object to observe, Paticcasamuppada is not severed. (True, Sir). Only when there is an object to observe is Paticcasamuppada severed. (True, Sir). If Paticcasamuppada is severed, that is Nibbana. (True, Sir).
ဒါကြောင့် နေ့လည်က ဟောတယ်၊ ရာဂက္ခယော ဖြစ် သွားတာပဲ (မှန်ပါ့)၊ ရာဂက္ခယော ဖြစ်သွားတယ် ဆိုရင် ဒေါသက္ခယောလည်း ဖြစ်ပါတယ် (မှန်ပါ့)၊ မောဟက္ခယော ကော (ဖြစ်ပါတယ် ဘုရား)၊ ရာဂလည်းကုန်၊ ဒေါသလည်း ကုန်၊ မောဟလည်းကုန် အဲဒါဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)၊ နိဗ္ဗာန်လို့ နေ့လည်က ဟောခဲ့တယ် (မှန်ပါ့ ဘုရား)။
That is why I preached this afternoon: It becomes Ragakkhaya (Destruction of Lust). (True, Sir). If Ragakkhaya occurs, then Dosakkhaya (Destruction of Hatred) also occurs. (True, Sir). And what about Mohakkhaya (Destruction of Delusion)? (It occurs too, Sir). Lust is gone, Hatred is gone, Delusion is gone. What do we call that? (Nibbana, Sir). As I preached this afternoon: That is Nibbana. (True, Sir).
ပဋိစ္စသမုပ္ပါဒ်ပြတ်တာ နိဗ္ဗာန်
Nibbana is the Severing of Dependent Origination
ဪ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ပြတ်တာကို နိဗ္ဗာန်လို့ ခေါ်တာကိုး (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ်နဲ့ နိဗ္ဗာန်နဲ့ ဟပ်ကြည့် တော့ ဦးသံဒိုင် ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။
Oh, so the severing of Dependent Origination is called Nibbana. (Yes, Sir). If you compare the Wheel of Dependent Origination with Nibbana, U Than Daing, doesn't it become clear? (It does, Sir).
သူပြတ်တာ ဘာခေါ်မယ် (နိဗ္ဗာန်ခေါ်ပါတယ် ဘုရား)။ သူပြတ်တာ နိဗ္ဗာန်လို့ဆိုတော့၊ နိဗ္ဗာန်ဆို တာ တခြားလား မှတ်နေတယ်၊ နေ့လည်က ပြောသလိုပေါ့ လေ။ အင်း ဟင် ၂ ကနေ ၃ မကူးတာဟာ အမှန်ပဲ (မှန်ပါ့ ဘုရား)၊ (စက်ဝိုင်းကြည့်ပါ) ၂-ကနေ ၃-မကူးတာ (နိဗ္ဗာန်ပါ ဘုရား) ရှင်းပလား (နိဗ္ဗာန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
What do we call it when the link is severed? (We call it Nibbana, Sir). Since we say Nibbana is the severing of the link, do not think Nibbana is something else entirely. It is just as I mentioned this afternoon. Indeed, when the process does not cross over from Section Two to Section Three—that is the Truth. (Yes, Sir). (Look at the diagram). When it does not cross from Two to Three—(That is Nibbana, Sir). Is that clear? (Yes, it is, Sir).
ရာဂ၊ ဒေါသ၊ မောဟကုန်တာ နိဗ္ဗာန်
Nibbana is the Extinction of Greed, Hatred, and Delusion
နိဗ္ဗာန်ဆိုတာ ဘာတုံး အောက်မေ့နေတယ်၊ ရာဂ ဒေါသ မောဟ ကုန်တာကို နိဗ္ဗာန်ခေါ်တယ် (မှန်ပါ့ ဘုရား) ဘယ့်နှယ်ကြောင့် နိဗ္ဗာန်မှာ ရာဂဒေါသ မောဟကုန်ပါလိမ့် မတုံးလို့ မေးတဲ့ အခါကျတော့ မြင်စိတ်က ဖြစ်ပျက်၊ မြင်စိတ် ဖဿဝေဒနာ တစ်ပြိုင်နက် ပေါ်လာတယ်၊ ဝေဒနာ့ နောက်က ရှုတာက မဂ်ဖြစ်ပြီး သကာလ မဂ်ကနေပြီး ရာဂဖြတ်ချလိုက် တယ် (မှန်ပါ့) ရာဂဖြတ်ချလိုက်တော့ သူနဲ့ သဟဇာတ ဖြစ်တဲ့ မောဟကလည်း ပြတ်တယ် (ပြတ်ပါတယ်)။
You might be wondering what Nibbana is. The exhaustion of Greed (Raga), Hatred (Dosa), and Delusion (Moha) is called Nibbana. (True, Sir). If you ask, "Why are Greed, Hatred, and Delusion exhausted in Nibbana?" consider this: The Seeing Consciousness arises and passes away. Contact (Phassa) and Feeling (Vedana) appear simultaneously with it. If the Mind that observes follows behind the Feeling, that observing mind becomes the Path (Magga). This Path severs Greed. (Yes, Sir).
သူရှိမှ အခုကောင်းတာဟာ နောက်မကောင်းတဲ့ ဒေါသဖြစ်မည့်ဥစ္စာ ဆိုပြတ်တယ် (မှန်ပါ့ ဘုရား) မပြတ်ဘူး လား (ပြတ်ပါတယ် ဘုရား)။
When Greed is severed, the Delusion (Moha) associated with it is also severed. (Yes, it is). And if Greed is present, Hatred (Dosa) would inevitably follow later; but since Greed is cut, the potential Hatred is also severed. (True, Sir). Is it not? (It is severed, Sir).
ဒါဖြင့် ဒီဒကာ ဒကာမတွေသည် မြင်စိတ် ဖြစ်ပျက် ရှု ပါ၊ စက္ခုဝိညာဏံ အနိစ္စ- ဆိုတဲ့ ပါဠိတော်ဟာ မြွေဆွဲရာ မပါအောင်လို့ ဟောတဲ့ အဓိပ္ပာယ်ပဲဆိုတာ ယနေ့ည ရှင်းသွားလိမ့်မယ် (မှန်ပါ့ ဘုရား)။
Therefore, Yogis, you must observe the Arising and Passing Away of the Seeing Consciousness. Tonight, it will become clear to you that the Pali verse "Cakkhu viññāṇaṃ aniccaṃ" (Seeing Consciousness is Impermanent) was taught specifically to prevent you from being dragged away by the "Snake" of the senses. (Yes, Sir).
နာမက္ခန္ဓာလေးပါးလုံးဖြစ်ပျက်
All Four Mental Aggregates Arise and Pass Away
ဒါဖြင့် မြင်တယ်ဆိုရင် မြင်စိတ်ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ်) ဖြစ်ပျက် ရှုလိုက်တဲ့ အတွက် စိတ်တွင် ဖြစ်ပျက်ဖြစ်သွားသလား ဆိုတော့၊ သူနဲ့ သဟဇာတဖြစ်တဲ့ နာမက္ခန္ဒာ လေးပါးလုံး ဝေဒနာရော၊ သညာရော၊ ဖဿရော၊ ဦးသံဒိုင် ဘာဖြစ်သွားသတုံး (ဖြစ်ပျက်ဖြစ်သွားပါတယ်) အကုန် ဖြစ်ပျက် ဖြစ်သွားတယ် (မှန်ပါ့) နဂိုက တွဲဖြစ်တာကိုး။
So, when you see, what must you do with the Seeing Consciousness? (We must observe its Arising and Passing Away). When you observe the Arising and Passing Away, does only the consciousness perish? No. All four associated Mental Aggregates (Namakkhandhas)—Feeling, Perception, Contact, and Consciousness—perish together. U Than Daing, what happens to them? (They all become Arising and Passing Away). They all perish completely. (Yes, Sir). Because they arose together.
တွဲဖြစ်တော့ အားလုံးသည်ကားလို့ ဆိုရင် အနိစ္စချည့် သွားဖြစ်တယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ) အဲဒီ အနိစ္စချည်း သွားဖြစ်ပြီး သကာလ နေတော့၊ အနိစ္စနောက်က နေပြီး သကာလ ဖြစ်ပျက်ရှုတဲ့မဂ်က လိုက်ပြီး သကာလ လာပြန်တော့၊ ဒီမဂ်ဘာဖြစ်သတုံးလို့ မေးတဲ့အခါ ဒီမဂ်က နောက် တဏှာ ဝတ္ထုကို မကြိုက်၊ ဥပါဒါန်ကို မဖြစ်စေ၊ ကံကိုမဖြစ်စေ ဆိုတော့ တဏှာရော ဥပါဒါန်ရော ကံရော ဖြတ်ပစ်လိုက်တယ် (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါ-ပါပြီ) ဘာဖြတ်လိုက်ပါလိမ့် (တဏှာရော၊ ဥပါဒါန်ရော၊ ကံရော ဖြတ်ပါတယ်)။
Since they arose together, if you look at them, they all become Impermanence (Anicca). (True, Sir). Do you grasp this? (Yes, we do). When they all become Impermanence, and the Path (Magga) follows behind to observe that Impermanence, what happens to this Path? This Path does not crave the next object (Tanha), it does not let Clinging arise (Upadana), and it does not create Action (Kamma). It cuts off Craving, Clinging, and Kamma. (Yes, Sir). Do you understand? (Yes, Sir). What does it cut? (It cuts Craving, Clinging, and Kamma).
မဂ်သည် တဏှာဖြတ်၊ ဥပါဒါနံဖြတ်
The Path Cuts Craving and Clinging
ဒါဖြင့် ခင်ဗျားတို့ကို အပါယ်ပို့မည့် တဏှာ၊ အပါယ်ပို့ မည့်ဥပါဒါန်၊ အပါယ်ပို့မည့် ကံတွေကို ခင်ဗျားတို့ မြင်စိတ် ဖြစ်ပျက် ရှုတဲ့မဂ်သည် တဏှာလဲ ဖြတ်တယ်၊ ဥပါဒါန်လဲ ဖြတ်တယ်၊ ကံလဲ ဖြတ်တယ် ဆိုတဲ့ အဓိပ္ပာယ်ရတယ် (မှန်ပါ) မရဘူးလား (ရပါတယ် ဘုရား)။
Therefore, the Path that observes the Arising and Passing Away of the Seeing Consciousness cuts off the Craving, Clinging, and Kamma that would otherwise send you to the Apaya (Woeful States). Does it not have this meaning? (It does, Sir).
အဲဒီတော့ ဒါ တိုင်ခြေမှာ ဝပ်အောင် လုပ်နိုင်လို့ပဲ (မှန်ပါ့ ဘုရား) ဒီသားကောင်တွေကို (တိုင်ခြေမှာ ဝပ်အောင် လုပ်နိုင်လို့ပါ)။
This is because you can make these defilements crouch in submission right at the foot of the pillar. (Yes, Sir). You make these beasts—(Crouch at the foot of the pillar).
မနောအောက်ကို အရောက် သွင်းပေးတယ် (မှန်ပါ့ ဘုရား) မနောဒွါရ ဝိပဿနာ ဉာဏ်အောက်ကို အရောက် သွင်းစေလိုက်တဲ့ အတွက် သူကဆွဲမလို့ စတာပဲ (မှန်ပါ့) ဆွဲမလို့စတာကို ကျုပ်တို့က မောင်သစ်တို့ ဦးသံဒိုင်တို့က အစဖြတ်ချလိုက်တယ် (မှန်ပါ့ ဘုရား)။
You force them directly under the Mind Door. (Yes, Sir). Because you bring them directly under the scrutiny of Mind-Door Insight Knowledge (Manodvara Vipassana), just as they start to pull you away, you—U Than Daing, Maung Thit—you sever them right at the start! (Yes, Sir).
ဘာဖြတ်လိုက်သလဲ (အစ ဖြတ်ချလိုက်ပါတယ်) အဲ ပဋိစ္စသမုပ္ပါဒ် အစကဖြတ်ချလိုက်တယ် (မှန်ပါ့) စက္ခုဝိညာဏ်ကမှစပြီး မြင်စိတ်ကမှ စပြီးသကာလ မြင်တယ်၊ ခံစားတယ်၊ လိုချင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်မယ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို အစဖြတ်ပစ်လိုက်တယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ)။
What did you cut? (We cut it at the start). Yes, you severed the Dependent Origination at the very beginning. (Yes, Sir). You severed the chain that starts with Seeing Consciousness, leading to seeing, feeling, wanting, clinging, and making an effort. You cut the Dependent Origination right at the root. (Yes, Sir). Do you agree? (Yes, Sir).
ဒါဖြင့် ‘‘ယတော ပစ္စယာနံ ခယံ အဝေဒီ’’ ယတော- အကြင်အခါမှ၊ ပစ္စယာနံ- အဝိဇ္ဇာစသော အကြောင်းတို့၏။ ခယံ- ကုန်ရာဖြစ်သော နိဗ္ဗာန်ကို၊ အဝေဒီ- ငါသိပြီကွ၊ ဖြစ်ကြောင်း ကုန်တာကို ငါသိပြီ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
Therefore: "Yato paccayānaṃ khayaṃ avedī." Yato—When; Paccayānaṃ—of the causes such as Ignerance; Khayaṃ—the exhaustion, Nibbana; Avedī—I have realized. "I have realized the cessation of causes!" (True, Sir). Do you grasp this? (Yes, Sir).
ဖြစ်ကြောင်းကုန်တာကို ငါသိပြီဆိုတော့ ဒကာ ဒကာမ တွေက အနည်းငယ် ရှုပ်ချင် ရှုပ်နေဦးမယ်၊ ဒီပဋိစ္စသမုပ္ပါဒ်မှာ အဝိဇ္ဇာကကို မစဘူး (မှန်ပါ) မြင်စိတ်က စတယ် (မှန်ပါ့) အဲဒီ ဖြစ်ကြောင်းကို သူသိတဲ့ အတွက်အင်း မျက်လုံး စိတ်ဆိုတဲ့ မြွေကတော့ဖြင့် ဆွဲတော့မှာပဲ (မှန်ပါ)။
When I say, "I have realized the cessation of causes," you Yogis might be slightly confused. In this practical Dependent Origination, we do not start with Ignorance (Avijja). (True, Sir). We start with the Seeing Consciousness. (Yes, Sir).
အဆွဲမခံဘူးကွ ဆိုပြီးသကာလ သူ့ကို မင်းလာလို့ရှိရင် ငါ သံသရာထဲ နစ်မွန်းတော့မယ်၊ အပါယ် လေးပါးထဲ ငါရောက်ရတော့မယ်၊ ရောက်ကြတော့မယ် ဆိုတာကို သိနေတဲ့ ပုဂ္ဂိုလ်ကတော့ ပေါ်လာလို့ရှိရင် သူ့ပဲ ဖြစ်ပျက်ရှုချလိုက်တယ် (မှန်ပါ့)
သူအနိစ္စပဲ၊ သူအနိစ္စပဲဆိုပြီးသကာလ ဦးသံဒိုင် ရှုလိုက်တဲ့ အခါကျတော့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သည်၊ ‘‘ယတော ပစ္စယာနံ ခယံ အဝေဒီ’’ အင်း သူ ကုန်ရင် ဟိုဘက်က ဟာတွေ အကုန်- ကုန်မှာပဲလို့ သူသိတယ် (မှန်ပါ့ ဘုရား)။
Because he knows the cause, he realizes: "Ah, this snake called the Seeing Mind is about to drag me away." (True, Sir). He refuses to be dragged. He realizes, "If I follow this, I will drown in Samsara; I will end up in the Four Woeful States." The person who knows this, as soon as the mind appears, observes it as Arising and Passing Away. (Yes, Sir). "It is Impermanent. It is Impermanent." When U Than Daing observes it like this, it matches what the Lord Buddha said: "Yato paccayānaṃ khayaṃ avedī." He knows, "If this cause is exhausted, all the subsequent effects will also be exhausted." (True, Sir).
မြင်စိတ်ကလေးကို နို့ ဖြစ်ပျက် ရှုနိုင်လို့ရှိရင် တဏှာဥပါဒါန် ကံကုန်တယ်ဆိုတာ ငါသိတယ် (မှန်ပါ့ ဘုရား) ငါ အဲဒီလိုသိတယ်၊ သိပြီး သကာလ သိတဲ့အတိုင်း ငါ အလုပ် လုပ်လိုက်လို့ ငါ ဘုရား ဖြစ်လာတာ (မှန်ပါ့ ဘုရား)။
"I know that if I can observe the Arising and Passing Away of the Seeing Consciousness, then Craving, Clinging, and Kamma are exhausted." (Yes, Sir). "I know this. And because I practiced exactly as I knew, I became the Buddha." (True, Sir).
ပဋိစ္စသမုပ္ပါဒ် ချုပ်နိုင်လို့ ဘုရားဖြစ်တာ
Becoming Buddha by Stopping Dependent Origination
ဒီလိုဆိုတော့ ပဋိစ္စသမုပ္ပါဒ် စပြီး သကာလ ဖြစ်တဲ့ တရား ချုပ်နိုင်အောင်လို့ ဘုရား ဖြစ်လာတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ပဋိစ္စသမုပ္ပါဒ်စတဲ့ တရားကို ချုပ်အောင် လုပ်နိုင်တဲ့အတွက် ဘာဖြစ်သလဲ (ဘုရားဖြစ်ပါတယ်) အဲဒီတော့ ဘုရားဖြစ်တာနဲ့ ခင်ဗျားတို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်ချင်တာနဲ့ ဘာမှမထူးဘူး အောက်မေ့ (မှန်ပါ့ ဘုရား) ထူးသေးရဲ့ လား (မထူးပါ ဘူး ဘုရား)။
So, he became the Buddha because he could make the phenomena that start the Dependent Origination cease. (Yes, Sir). Is that clear? (Yes, it is). Because he could make the starting phenomena of Dependent Origination cease, what happened? (He became the Buddha). In that case, do not think there is any difference between how he became Buddha and how you wish to become a Sotapanna, Sakadagami, Anagami, or Arahant. (True, Sir). Is there any difference? (No difference, Sir).
ဘုရားလည်း လောဘ၊ ဒေါသ၊ မောဟ ချုပ်ငြိမ်းလို့ ဘုရားဖြစ်တာပဲ (မှန်ပါ့) ခင်ဗျားတို့လဲ ဒီဟာ ချုပ်ငြိမ်းအောင် လုပ်လို့ရှိရင် ကိုယ့်အတန်းနဲ့ကိုယ် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်ရမှာပဲ (မှန်ပါ့ ဘုရား)။
The Buddha ultimately became Enlightened because Greed, Hatred, and Delusion ceased within him. (True, Sir). If you all work to make these cease, according to your own level of practice, you will inevitably become Sotapannas, Sakadagamis, Anagamis, or Arahants. (True, Sir).
ဘာမှ ခင်ဗျားတို့ ယုံမှားသံသယ ရှိမနေနဲ့ ဪ ဘုရားဖြစ်စဉ်က ဘယ်လို ဆိုတော့ ဘုရားက အခု သေသေ ချာချာ သူဖွင့်ပြောပြီကော၊
ယဒါ ဟဝေ ပါတု ဘဝန္တိ ဓမ္မာ၊
ငါ့သန္တာန် ပေါ်လာတယ်၊ ငါ့စိတ်ထဲမှာ ပေါ်လာတာတဲ့၊
အာတာပိနော ဈာယတော ဗြဟ္မဏဿ
ဝိပဿနာရှုတဲ့ ငါဘုရားအားတဲ့ အာတာပိနော ဈာယတော ဗြဟ္မဏဿ ဆိုတာ ဈာယတောက ရှုတာ၊ ဗြဟ္မဏဿက မကောင်းမှုမှ အပပြုတဲ့ တရား။
Do not harbor any doubts about this. When he became the Buddha, he explained it clearly: "Yadā have pātu bhavanti dhammā" "Phenomena appear within me," he said. "They appear in my mind." "Ātāpino jhāyato brāhmaṇassa" "To me, the Brahmin, who is ardently meditating (Vipassana)." Jhāyato means observing. Brāhmaṇassa means one who casts aside evil. "I am observing Vipassana. And when I observe:" "Yato khayaṃ paccayānaṃ avedi." Paccayānaṃ—of the causes; Khayaṃ—the exhaustion; Avedī—I know.
ငါသည် ဝိပဿနာရှုတယ်၊ ရှုလိုက်တဲ့အခါ ကျတော့
ယတော ခယံ ပစ္စယာနံ အဝေဒိ။
ပစ္စယာန-ံ အကြောင်းတို့၏ ခယံ- ကုန်ရာကို၊ အဝေဒီ- ငါသိတယ် တဲ့။
တဏှာ-ဥပါဒါန်၊ ကံဆိုတဲ့အကြောင်း ကုန်ရာကို ငါသိ တယ်တဲ့၊ ဘာသိသတုံး မေးတဲ့အခါ၊ ငါ စက္ခုမျက်စိ ဖြစ်ပျက် ရှုလိုက်တယ် (မှန်ပါ့)။
ဖြစ်ပျက် ရှုလိုက်တော့ တဏှာ၊ ဥပါဒါန်၊ ကံအကြောင်း ကုန်တာ ငါသိတယ်၊ ဒါကြောင့် ငါဘုရား ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။
"I know the exhaustion of the causes: Craving, Clinging, and Kamma." If you ask how he knows, he says, "I observed the Arising and Passing Away of the Eye Consciousness." (Yes, Sir). "By observing the Arising and Passing Away, I knew the exhaustion of the causes—Craving, Clinging, and Kamma. That is why I became the Buddha." (True, Sir).
ဒီအဓိပ္ပာယ်ကို ဒီလိုမယူကြလို့ ခက်နေတာ ဦးသံဒိုင် (မှန်ပါ့) ခင်ဗျားတို့ကတော့ ဘုရား အနေကဇာ တင်တယ်လို့ မှတ်နေတာပဲ (မှန်ပါ့)။
စင်စစ်မဟုတ်ဘူး ၊ဖြစ်စတရားကို ကုန်အောင်လုပ်ကွ-တဲ့၊ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ) ဘာတဲ့တုံး (ဖြစ်စတရားကို ကုန်အောင်လုပ်ရပါမယ်)။
It is difficult because people do not take this meaning, U Than Daing. (True, Sir). You all just think the Buddha is sitting on a pedestal receiving homage. (True, Sir). In reality, it is not so. He is saying, "Make the starting phenomena ceased!" (Yes, Sir). Is it clear? (Yes, it is). What did he say? (We must make the starting phenomena cease).
ဒီနေရာ မျက်လုံးပေါ်မှာ ဘာတုံး၊ မြင်စိတ်ကမှ မစရင် ဘယ်ကစမလဲ (မှန်ပါ့) ကြားစိတ်ကမှ မစရင် (မရပါ ဘုရား)။
ကြားစိတ်ကပဲ စရမယ်၊ နံစိတ်ကစရမယ်၊ နံစိတ်က စရမယ်၊ စားစိတ်ကစရမယ် ဟုတ်လား (မှန်ပါ့) ယားစိတ်ယံစိတ်၊ နာစိတ်၊ ကောင်းစိတ်က စရမယ်၊ ကြံစိတ်၊ စည်စိတ်ကစရမယ် (မှန်ပါ့ ဘုရား)
ဒါ-ပဋိစ္စသမုပ္ပါဒ် အစပဲ (မှန်ပါ့)။
What is here at the eye? If it doesn't start with Seeing Consciousness, where else will it start? (True, Sir). If it doesn't start with Hearing Consciousness—(It cannot start, Sir). It must start with Hearing Consciousness. It must start with Smelling Consciousness. It must start with Tasting Consciousness. Right? (Yes, Sir). It must start with Itching, Tickling, Aching, or Pleasure. It must start with Planning or Thinking. (True, Sir). This is the beginning of Dependent Origination. (Yes, Sir).
အစတွေကုန်အောင်လုပ်နိုင်လို့
Because We Can Exhaust the Beginning
အဲဒီ အစတွေကို ကုန်အောင်လုပ်နိုင်တဲ့အတွက် ငါသည် ဘုရားအဖြစ်သို့ ရောက်လာ ပါတယ်ကွာ တဲ့ ဆိုတော့၊ သူတိုင်ခြေဝပ်အောင် လုပ်နိုင်လို့ မနောဒွါရ ဆိုတဲ့ တိုင်ခြေမှာ မြင်စိတ်၊ ကြားစိတ် အစရှိတဲ့ ကြောက်စိတ်တွေ လာပြီးသကာလ မင်းတို့ဆွဲရာ ငါမပါဘူး၊ မင်းတို့ ဒီနေရာမှာ ဝပ်ပြီးသကာလ မင်းတို့မေးပြီ၊ မင်းတို့ဝပ်ပြီး သကာလ ဒီနေရာမှာ အရှုခံအဖြစ်နဲ့ နေရမယ်ဆိုတဲ့ သဘောမျိုးနဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သိလာလို့ ရှုပြီးသကာလ ပဋိစ္စသမုပ္ပါဒ် ကုန်ရာကို သိသွားတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
"Because I could make these beginnings cease, I attained Buddhahood." He could make them crouch in submission at the foot of the pillar. At the pillar called the Mind Door (Manodvara), when fearful minds like Seeing and Hearing arrived, he did not follow where they dragged him. Instead, he made them crouch. He effectively said, "You must stay here and be the object of my observation." Because the Lord Buddha knew this and observed them, he realized the cessation of Dependent Origination. (Yes, Sir). Is that clear? (Yes, it is).
ကုန်ရာသိတယ်ဆိုတဲ့ဥစ္စာက တခြားလို့ မှတ်မနေကြပါ နဲ့တဲ့၊ အစဖြတ်လိုက်ရင် ဟိုဘက်က အကုန် ကုန်တယ် (မှန်ပါ့ ဘုရား) အစဖြစ်ပျက်ရှုလိုက်ရင် (ဟိုဘက်က အကုန် ကုန်ပါတယ် ဘုရား) မြင်စိတ်ဖြစ်ပျက် ရှုလိုက်တော့ တဏှာ၊ ဥပါဒါန်၊ ကံ ကဲ မောင်သစ် လာသေးသလား (မလာ ပါ ဘုရား) အဲ အစ၏ ကုန်ရာကိုသိတယ် (မှန်ပါ့) မကုန်ဘဲနဲ့နေလို့ ဒီအစကို ထောင်လာမယ် ဆိုလို့ ရှိရင်လဲ အပါယ်လည်း သွားဖို့ရှိတယ် (မှန်ပါ့ ဘုရား)။
When we say "knowing the cessation," do not think it is something else. If you sever the beginning, everything that follows comes to an end. (Yes, Sir). If you observe the Arising and Passing Away of the start—(Everything that follows comes to an end, Sir). When you observe the Arising and Passing Away of Seeing Consciousness, then Craving, Clinging, and Kamma—Maung Thit, do they still come? (They do not come, Sir). Ah, you know the exhaustion of the beginning. (Yes, Sir). If it is not exhausted and you let this beginning rear its head, you are liable to go to the Woeful States. (True, Sir).
ဒါဖြင့် တဏှာ၊ ဥပါဒါန်၊ ကံ၊ ဖြစ်လာတော့ ဇာတိကျ တော့ ဦးသံဒိုင်က ငြင်းလို့ရဦးမလား (မရပါ ဘုရား) မရဘူး တဲ့၊ ကမ္မဘဝပစ္စယာ ဇာတိပဲ (မှန်ပါ့) ကမ္မံသတ္တေ ဝိဘဇ္ဇတိ (မှန်ပါ့) မလာသေးဘူးလား (လာပါတယ် ဘုရား) ဒါဖြင့် ဘာဖြစ်ရမတုံးတဲ့၊ ဒီပေါ်တာ ဖြတ်မလား အစဖြတ်ကြမလား (အစဖြတ်ရပါမယ် ဘုရား)။
If Craving, Clinging, and Kamma arise, can U Than Daing refuse the resulting Rebirth (Jati)? (No, Sir). You cannot. Kammabhava paccaya Jati—Due to Kamma-existence, Rebirth arises. (True, Sir). Kamman satte vibhajati—Kamma divides living beings. (True, Sir). Does it not come? (It comes, Sir). So, what must be done? Will you cut the appearance [the result] or will you cut the start? (We must cut the start, Sir).
အစဖြတ်လို့ရှိရင်ဖြင့် ခင်ဗျားတို့ မျက်လုံးမှာ ဘယ်က စတုံး၊ မြင်စိတ်ကစတယ် (မှန်ပါ့) နားမှာ ဘယ်ကစသတုံး (ကြားစိတ်ကစပါတယ်) အဲဒီအစဖြတ်ပစ်ရမယ် (မှန်ပါ့) သဘောပါလား (ပါ-ပါတယ်)။
If you act to cut the start, where does it start at the eye? It starts at Seeing Consciousness. (Yes, Sir). Where does it start at the ear? (It starts at Hearing Consciousness). You must sever that beginning. (Yes, Sir). Do you understand? (Yes, we do).
ကြံစိတ်လာတယ်ဆိုရင် ကြံစိတ်ကစဖြတ် (မှန်ပါ့) ကြံပြီးသကာလ ခင်ဗျားတို့ ကိုယ့်အကြံကလေးကို သဘော ကျတာ ကိုယ့်အကြံကလေးကို မမေ့အောင် စွဲလမ်းနေတာ ကိုယ့်အကြံကလေး အတိုင်း နောက်ထပ် အားထုတ်မယ် ဆိုတာတွေကလဲ မနောဒွါရကလဲ ပဋိစ္စသမုပ္ပါဒ် မလာပေဘူးလား (လာပါတယ် ဘုရား)။
If a wandering thought arises, cut it at the wandering thought. (Yes, Sir). If you think, and then you like your own thought, cling to your own thought not to forget it, and plan to exert effort according to that thought—doesn't Dependent Origination arise from the Mind Door? (It arises, Sir).
ထိုကဲ့သို့ လာခဲ့သည်ရှိသော်၊ ခင်ဗျားတို့ ကြံမှုသည် ကြံစ စိတ်ကို ဖြစ်ပျက် မရှုတော့ပါဘူး ဆိုလို့ရှိရင်ဖြင့် တဲ့။ ကြံလေ အပါယ်ရောက်လေပ် (မှန်ပါ့) ဆိုထိုက်- မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ကြံတာကတခြား ကြံတာမှမဟုတ်ဘဲကိုး၊ စီးပွားရေး ကြီးပွားရေး ကြံတာကိုး (မှန်ပါ့) ကဲ ဒါဖြင့် သဘော ပါကြပလား (ပါ-ပါပြီ ဘုရား)။
If it arises like that, and you do not observe the initial thinking mind as Arising and Passing Away, then: "The more you plan, the more you drift toward the Woeful States." (True, Sir). Is it appropriate to say this? (It is appropriate, Sir). After all, you aren't planning for liberation; you are planning for business and prosperity. (True, Sir). So, do you grasp the meaning? (Yes, we do, Sir).
ဘယ်နှစ်စိတ်ကိုရှုရမှာတုံး
How Many Minds to Observe?
ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်နှစ်စိတ်ကို ရှုရမှာတုံး (ခြောက်စိတ်ကို ရှုရမှာပါ ဘုရား) ခြောက်စိတ် ဆိုလို့ရှိရင်ဖြင့်တဲ့ တိုတိုပြောရင် ခြောက်စိတ်ပဲရှိပါတယ် (မှန်ပါ့) မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ဟုတ်လား (မှန်ပါ့) ယားစိတ် ယံစိတ်၊ နာစိတ်၊ ကြံစိတ်၊ ဒီစိတ်တွေကို ခင်ဗျားတို့ နိုင်ကြမယ် ဆိုလို့ရှိရင်၊ ဖြစ်ပျက်လာတိုင်း ရှုနိုင်ကြမယ်ဆိုလို့ရှိရင်၊ ပဋိစ္စ သမုပ္ပါဒ် အစက ပြတ်ပါတယ် (မှန်ပါ့ ဘုရား)။
So, Yogis, how many types of minds must you observe? (We must observe six types, Sir). If we speak briefly, there are only six types. (Yes, Sir). Seeing, Hearing, Smelling, Tasting—right? (Yes, Sir). Itching, Tickling, Aching, Thinking. If you can master these minds—if you can observe them whenever they arise—Dependent Origination is severed at the start. (Yes, Sir).
ဘယ်က ပြတ်သလဲ (အစကပြတ်ပါတယ် ဘုရား) အစက ပြတ်တယ်ဆိုကတည်းက ဒကာ ဒကာမတို့ သိတဲ့အတိုင်း တဲ့ အစက ပြတ်သွားတယ် ဆိုလို့ရှိရင်ဖြင့်၊ ခင်ဗျားတို့ ကျုပ်တို့ ၏ ပဋိစ္စသမုပ္ပါဒ်ကံတွေဟာ လာပါဆိုလို့လဲ မလာတော့ပါဘူး၊ (မလာပါ ဘုရား) လာနိုင်သေးရဲ့ လား (မလာနိုင်ပါ ဘုရား) မလာနိုင်ဘူးတဲ့၊ အကယ်၍ ခင်ဗျားတို့ အစက မပြတ် ဘူးဆိုလို့ရှိရင်ဖြင့်၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကံဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။
Where is it severed? (It is severed at the start, Sir). Since it is severed at the start, as you Yogis know, our Kamma of Dependent Origination will not come even if invited. (It will not come, Sir). Can it still come? (It cannot, Sir). It cannot come. But if you do not sever it at the start, then Contact, Feeling, Craving, Clinging, and Kamma—won't they arrive? (They will arrive, Sir).
အဲဒီတော့ကိုတဲ့၊ ယနေ့ည ပြောစရာက ခင်ဗျားတို့ မြဲမြဲမှတ်ထားပါ၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ကံနဲ့ တဏှာကို ထူးခြားတာ ပြောလိမ့်မယ် (မှန်ပါ့)။
ကံနဲ့တဏှာ ထူးခြားတာပြောလိမ့်မယ် (မှန်ပါ့) ကံဟာ နောက်ကမဟုတ်လား၊ တဏှာက ရှေ့က၊ တဏှာဥပါဒါန် ကံကို (မှန်ပါ့) တဏှာက ဘာတုံး (ရှေ့ကပါ) ကံက (နောက်ကပါ ဘုရား)။
So, for tonight, mark this well. The Lord Buddha spoke of a distinction between Kamma and Craving (Tanha). (Yes, Sir). He will speak of the difference between Kamma and Tanha. (Yes, Sir). Kamma is at the back, isn't it? Tanha is in the front. Tanha, Upadana, Kamma. (Yes, Sir). What is Tanha? (It is at the front). What is Kamma? (It is at the back, Sir).
ကောင်းပြီ၊ တဏှာမလာရင် ကံမလာပါဘူး (မှန်ပါ့) လာနိုင်ပါ့မလား (မလာနိုင်ပါ ဘုရား) တဏှာမလာရင် (ကံမလာပါ ဘုရား)။
ကောင်းပြီ တဏှာမလာရင်ကံမလာဘူး၊ တဏှာလာ ရင် (ကံလာပါတယ်) ကံလာမယ် ဆိုတာကော သေချာကြ ပလား (သေချာပါပြီ)။
Good. If Tanha does not come, Kamma does not come. (True, Sir). Can it come? (It cannot come, Sir). If Tanha does not come—(Kamma does not come, Sir). Good. If Tanha comes—(Kamma comes). Are you certain that Kamma will come? (We are certain, Sir).
အဲဒီတော့ ဒီလိုမှတ်ထားကြပါတဲ့၊ ဒါကြောင့် တဏှာကို သမုဒယသစ္စာဖွဲ့တာ (မှန်ပါ့) တဏှာကို ဘာသစ္စာဖွဲ့ပါ လိမ့်၊ (တဏှာကို သမုဒယ သစ္စာဖွဲ့ပါတယ် ဘုရား)။
သမုဒယသစ္စာဖွဲ့ တယ်၊ ဖွဲ့မှာပဲ၊ ဘယ့်နှယ်ကြောင့် ဖွဲ့ရသတုံးမေးတော့ တဏှာ မရှိတဲ့ ပုဂ္ဂိုလ်မှာ ကြည့်-နေ့လယ်က ရွတ်တဲ့ပါဠိမှာ ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော ဣဒံ ဝုစ္စတိ ဘိက္ခဝေ နိဗ္ဗာနံ ရာဂ ဒေါသ မောဟကုန်ရင် နိဗ္ဗာန်ပဲကွ (မှန်ပါ့) မဟောဘူးလား (ဟောပါတယ် ဘုရား)။
So, mark this down. That is why Tanha is classified as the Truth of the Cause of Suffering (Samudaya Sacca). (Yes, Sir). What Truth is Tanha classified as? (Tanha is classified as Samudaya Sacca, Sir). It is classified as Samudaya Sacca. It must be. If you ask why, look at the person without Tanha. In the verse recited this afternoon: Rāgakkhayo dosakkhayo mohakkhayo idaṃ vuccati bhikkhave nibbānaṃ. "Monks, the exhaustion of Greed, Hatred, and Delusion—this is called Nibbana." (True, Sir). Did he not preach this? (He did, Sir).
ကံချုပ်လို့ နိဗ္ဗာန်မခေါ်ဘူး
Cessation of Kamma is Not Called Nibbana
ဒါဖြင့် တဏှာချုပ်ရင် နိဗ္ဗာန်ခေါ်တာပဲ (မှန်ပါ့) ကံ ချုပ်လို့ နိဗ္ဗာန်မခေါ်ဘူး (မခေါ်ပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
So, if Craving ceases, it is called Nibbana. (Yes, Sir). The cessation of Kamma is not called Nibbana. (It is not, Sir). Do you agree? (Yes, Sir).
ကိုင်း ဒါဖြင့် ဒါကလေး ရှင်းပြပါမယ်၊ ဒကာ ဒကာမ တို့ တဏှာဟာ ဘာလုပ်တတ်သတုံး၊ ဘုရားက အင်္ဂုတ္တိုရ် ပါဠိတော်ကျတော့ တဏှာဟာ အပ်ချုပ်သမားနဲ့ တူတယ်လို့ ဟောတယ် (မှန်ပါ့)။
အပ်ချုပ်သမားဟာ ဘာလုပ်တတ်သတုံး၊ အပ်ချုပ် သမားဟာ အဝတ်နှစ်ထည် ကွဲပြီး နေစေကာမူ စပ်တတ်တယ် (မှန်ပါ့) အဝတ်နှစ်ထည်ပြတ်ပြီး နေစေကာမူ (စပ်တတ်ပါတယ် ဘုရား)။
Come, let me explain this simply. Yogis, what does Craving do? In the Anguttara Nikaya, the Buddha preached that Craving is like a Seamstress. (True, Sir). What does a seamstress do? Even if two pieces of cloth are separate, a seamstress stitches them together. (Yes, Sir). Even if the cloths are torn apart—(She stitches them together, Sir).
ထို့အတူပဲတဲ့၊ တဏှာရှိမှ ဟိုဘဝဒီဘဝဆက်တာ (မှန်ပါ့) တဏှာမရှိလို့ရှိရင် (မဆက်ပါ ဘုရား)။
In the same way, the connection between this life and the next happens only because of Craving. (Yes, Sir). If there is no Craving—(It does not connect, Sir).
တဏှာရှိမှ ဟိုဘ၀ ဒီဘဝဆက်
Craving Connects This Life and The Next
ဒါဖြင့် ခင်ဗျားတို့က ဪ ကံက ဆက်ပေးတယ် လို့ ထင်ချင်ထင်နေတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် တဏှာအပ်ချုပ်သမားနဲ့တူတယ်လို့ အင်္ဂုတ္တိုရ် ပါဠိ တော်ကြီးမှာ ဟောထားတယ် (မှန်ပါ့) တဏှာသည် ဆက်တတ်တယ် (မှန်ပါ့) တဏှာသည် ဘာတုံး (ဆက်တတ်ပါတယ် ဘုရား)။
You might think, "Oh, Kamma connects them." (Yes, Sir). Do you accept that? (Yes, we do). However, in the great Anguttara Nikaya, it is preached that Craving is like a seamstress. (Yes, Sir). Craving connects. (Yes, Sir). What is Craving? (It connects, Sir).
ဟိုဘ၀ ဒီဘဝကံလေ (ဆက်တတ်ပါတယ် ဘုရား) ဆက်တတ်တယ် တဲ့၊ ဘယ်လောက် ဆက်တယ်ဆိုလို့ရှိရင် ခင်ဗျားတို့ စဉ်းစားကြည့်ပါတဲ့၊ တဏှာဆက်တယ် မဆက်တယ် ကို၊ ကိုယ့်သမီးတစ်ယောက်နဲ့ တခြားသောသားနဲ့ အိမ်ထောင် ကျတယ်နော် (မှန်ပါ့)။
ဒီအမေအဖေ ယောက္ခမ မိဘလုပ်တဲ့ ပုဂ္ဂိုလ်က တဏှာ ဘယ်လိုဆက်သတုံး ဆိုလို့ရှိရင်၊ ပထမသမီးနဲ့ သားမက်နဲ့ ဆက်လိုက်တာလဲ တဏှာပဲ (မှန်ပါ့ ဘုရား) သားမက်နဲ့ ပတ်သက်ပြီး သားမက်၏ ညီတွေ အစ်ကိုတွေကိုလဲ ခင်မင်ရ တာပဲ (မှန်ပါ့ ဘုရား) ဘယ်သူတုံး ဒါ (တဏှာပါ ဘုရား)။
It connects the Kamma of this life and that life. (It connects, Sir). It connects them. If you want to know how much it connects, consider this: A daughter marries a son from another family. (Yes, Sir). How does Craving connect the parents-in-law? First, connecting the daughter and the son-in-law is the work of Craving. (True, Sir). Through the son-in-law, one comes to hold affection for his younger brothers and older brothers. (True, Sir). Who is doing this? (It is Craving, Sir).
ဒါဖြင့် သူအပ်ချုပ်သမားတွေလို သွားမှာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဘာလုပ်တတ်သတုံး (အပ်ချုပ် သမားတွေလို ဆက်စပ်သွားတတ်ပါတယ်) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် ဘုံဘဝတွေ ဆက်သွားတာလဲ ဘယ်သူလို့ ထင်သတုံး (တဏှာပါ ဘုရား)။
So, it proceeds just like a seamstress. (Yes, Sir). Do you see it? (Yes, we do). What does it do? (It stitches things together like a seamstress). Is that clear? (Yes, it is). So, who do you think connects these planes of existence? (It is Craving, Sir).
တဏှာသည်အပ်ချုပ်သမား
Tanha is the Seamstress
ဪ တဏှာပဲ ထင်တယ်နော် မှန်ပါတယ် တဲ့ ‘‘တဏှာ သိဗ္ဗိနီ’’ လို့ ဟောတယ်၊ တဏှာ- တဏှာသည်။ သိဗ္ဗိနီ- အပ်ချုပ်သမားနဲ့တူ၏ (မှန်ပါ့)။
အပ်ချုပ်သမားသည် ဘာတုံး၊ အထည်တစ်ခုနဲ့ အထည်တစ်ခုကို ဆက်စပ်တတ်လို့ အပ်ချုပ်သမားလို့ ဆိုကြဘိ သကဲ့သို့၊ တဏှာသည် ရှေးဦးစွာ သမီးခင်တယ်၊ သမီးခင်လို့ ရှိရင်တော့ သားမက် ခင်ရတော့မှာပဲ (မှန်ပါ့)။
"Oh, I thought it was Craving." You are correct. It is preached as "Taṇhā Sibbinī"—Craving is the Seamstress. (Yes, Sir). What is a seamstress? Just as one is called a seamstress because she joins one fabric to another, Craving first holds affection for the daughter. If you love the daughter, you are bound to love the son-in-law. (True, Sir).
အင်း ဟင် သူက မွေးဖွားတဲ့ သားသမီးလေး တွေကော (ခင်ပါတယ် ဘုရား) သားမက်နဲ့ ပတ်သက်တဲ့ ညီအစ်ကို မောင်နှမတွေကော (ခင်ပါတယ် ဘုရား) သားမက်နဲ့ခင်တဲ့ ပုဂ္ဂိုလ်တွေကော (ခင်ပါတယ် ဘုရား)။
ဘယ်သူက ဆက်စပ်သွားတာတုံး (တဏှာက ဆက်စပ်သွားတာပါ ဘုရား) ဒါဖြင့် အပ်ချုပ်သမားနဲ့ တူ-မတူ (တူပါတယ် ဘုရား)။
And then, what about the grandchildren born from them? (We love them, Sir). What about the siblings related to the son-in-law? (We love them, Sir). What about the people who are friends with the son-in-law? (We love them, Sir). Who connected all of this? (Craving connected it all, Sir). So, is it like a seamstress or not? (It is, Sir).
ဒါဖြင့် မစလေနဲ့၊ စရင်ခက်မယ် (မှန်ပါ့ ဘုရား) ဆက်တော့မှာပဲ၊ အကုန်ရှောက်ချုပ်မှာပဲ (မှန်ပါ့) ဟိုဟာ လဲမကင်းဘူး၊ ဒီဟာလဲမကောင်းဘူး၊ ဒီဟာလဲပစ်ထားလို့ မတော်ဘူး၊ ဒီဟာလဲ ဒီအတိုင်း နေလို့မတော်ဘူး (မှန်ပါ့)။
ဦးသံဒိုင် ဘယ်သူ့သတ္တိတွေ ထင်နေသတုံး (တဏှာ သတ္တိတွေပါ ဘုရား)။
Therefore, do not start it. If you start, it will be difficult. (True, Sir). It will connect everything. It will stitch through everything. (Yes, Sir). "I can't be without that one, this one isn't good, it's not right to leave this one alone, it's not right to stay like this." (True, Sir). U Than Daing, whose power do you think this is? (It is the power of Craving, Sir).
ဒါဖြင့် အဲဒီပစ္စုပ္ပန်မှာ ဆက်တာမြင်သဖြင့် ဟိုဘဝ ဒီဘဝဆက်တာလဲ ဘယ်သူထင်ကြသလဲ (တဏှာပါ ဘုရား) တဏှာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
Therefore, seeing how it connects things in the present, who do you think connects this life to the next? (It is Craving, Sir). It is Craving. (Yes, Sir). Do you see it? (Yes, we do).
ကံကဆက်ပေးတာလို့ထင်ကြတယ်
People Think Kamma Connects Them
အဲဒါ ခင်ဗျားတို့က ဗြုန်းခနဲ တွေးလိုက်တဲ့အခါ ကျတော့ ကံကဆက်ပေးတာလို့ ဒီလို ထင်ကြတယ် (မှန်ပါ့)
ကံနဲ့ ပဋိသန္ဓေနဲ့နီးတယ် (မှန်ပါ့)။
နီးတော့ နီးတာအမှန်ပဲ၊ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက နီးတော့ နီးပါတယ် တဲ့၊ နီးပင် နီးငြားသော်လဲ တဏှာခ ျုပ်ငြိမ်းတဲ့ လူတော့ မဆက်ဘူးတဲ့ (မှန်ပါ့) ရှင်းပလား - (ရှင်းပါပြီ) တဏှာ ချုပ်ငြိမ်းတဲ့ လူကျတော့ (မဆက် ပါ ဘုရား)။
When you think about it suddenly, you might assume Kamma connects them. (True, Sir). Kamma and Rebirth are indeed close. (Yes, Sir). They are close, that is true. The Lord Buddha said that although they are close, for the person whose Craving has ceased, Kamma does not connect. (True, Sir). Is that clear? (Yes, it is). For the person whose Craving has ceased—(It does not connect, Sir).
တဏှာချုပ်ငြိမ်းတဲ့ လူကျတော့ ကံမှမလာဘဲ (မှန်ပါ့) လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား) မလာနိုင်တော့ အဆက်သမား စင်စစ် အရင်းကျကျ ပင်ရင်း တွေးမယ်ဆို လို့ရှိရင် ကံကို မဆိုကြပါနဲ့ (မှန်ပါ့) ဘာကို ဆိုရမလဲ (တဏှာသာဆိုရပါမယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
For the person whose Craving has ceased, Kamma simply does not come. (Yes, Sir). Can it still come? (It cannot come, Sir). Since it cannot come, if we think about the ultimate root cause of the connection, do not say Kamma. (Yes, Sir). What should we say? (We must say Craving alone, Sir). Is that clear? (Yes, it is).
သားမက်နဲ့စပ်တဲ့ ဥပမာလဲ ပြောခဲ့ပါပြီ၊ ခင်ဗျားတို့ကို သားမက်နဲ့ စပ်တာတွေ ဟူသရွေ့ဟာ အကုန်ခင်ရမှာ၊ ကြင်ရမှာ ချည့်ပဲ (မှန်ပါ့) ဘယ်သူက ဆက်စပ်သွားတာတုံး (တဏှာက ဆက်စပ် သွားတာပါ) တဏှာက ဆက်စပ်သွား တယ်ဆိုတဲ့ဥစ္စာ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
I have already given the example of being connected to the son-in-law. Everything related to the son-in-law becomes an object of affection and attachment. (True, Sir). Who connected this? (Craving connected it). Do you realize that Craving is the one connecting? (We realize it, Sir).
ဘယ်သူ့သတ္တိထင်သတုံး
Whose Power is It?
ဒါဖြင့် တဏှာဟာ အပ်ချုပ်သမားနဲ့ တူမတူ (တူ ပါတယ် ဘုရား) ဒါဖြင့် သူမသေသရွေ့ ကာလပတ်လုံး တစ်ဆက်တည်းဆက်ပေးနေမှာပဲ (မှန်ပါ့) လူ စုတိနဲ့ ခွေး ပဋိသန္ဓေနဲ့လဲဆက်မှာပဲ (မှန်ပါ့) ခွေးစုတိနဲ့ အပါယ်ပဋိ သန္ဓေနဲ့ကော (ဆက်မှာပါပဲ ဘုရား) ဘယ်သူ့ သတ္တိထင်သတုံး (တဏှာသတ္တိပါ ဘုရား)။
So, is Craving like a seamstress or not? (It is, Sir). Therefore, as long as Craving does not die, it will keep connecting continuously. (Yes, Sir). It will connect a human death consciousness (Cuti) with a dog's rebirth consciousness (Patisandhi). (Yes, Sir). And what about a dog's death and a rebirth in Hell? (It will connect them too, Sir). Whose power is this? (It is the power of Craving, Sir).
ဒါကြောင့် တဏှာကို ဘုရားက သိပ္ပိနီ- အပ်ချုပ် သမားနဲ့ တူတယ်လို့ ဟောလိုက်တာ (မှန်ပါ့ ဘုရား)။
ကံကတော့ကို အကျိုးပေးတာနဲ့တော့ နီးပါတယ်၊ နီး ပင်နီးငြားသော်လဲ တဏှာချုပ်ငြိမ်းတဲ့ ပုဂ္ဂိုလ်၊ ကံဘာမှမတတ် နိုင်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်ပါပြီ)။
That is why the Buddha preached that Craving is Sibbinī—like a seamstress. (True, Sir). Kamma is indeed close to giving the result. However, even though it is close, for the person whose Craving has ceased, Kamma can do nothing. (True, Sir). Is that clear? (Yes, it is).
တဏှာချုပ်ငြိမ်းတဲ့ ပုဂ္ဂိုလ် (ကံဘာမှ မတတ်နိုင်ပါ ဘုရား) ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တဏှာနိရောဓာ ဥပါဒါန နိရောဓော (မှန်ပါ့) ဥပါဒါန နိရောဓာ (ကမ္မဘဝနိရောဓော) ကမ္မဘဝ နိရောဓောဆို တော့၊
ဪ တဏှာသာ ချုပ်လို့ရှိရင်ဖြင့် ဒီပြင်ဟာတွေက သူ့ အကူအညီရမှ ဆက်စပ်နိုင်တာ (မှန်ပါ့) သူ့ အကူအညီ မရရင် (မဆက်စပ်နိုင်ပါ ဘုရား) မဆက်စပ်နိုင်ဘူး ဆိုတာ ရှင်းပလား (ရှင်းပါပြီ)။
For the person whose Craving has ceased—(Kamma can do nothing, Sir). That is why the Lord Buddha taught: Taṇhā nirodhā Upādāna nirodho. (Yes, Sir). Upādāna nirodhā... Kamma-bhava nirodho. "Ah, only if Craving ceases... The others can only connect with the help of Craving." (True, Sir). Without the help of Craving—(They cannot connect, Sir). Is it clear that they cannot connect? (Yes, it is).
တဏှာနဲ့ကံ၊ဘယ်ဟာကြောက်စရာကောင်းသတုံး
Tanha vs. Kamma: Which is Scarier?
ဒါဖြင့် ခင်ဗျားတို့ တဏှာနဲ့ကံ ဘယ်ဟာ ကြောက် စရာကောင်းသတုံး (တဏှာ ကြောက်စရာ ကောင်းပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ)။
ဒါဖြင့် ခင်ဗျားတို့သည် တဏှာကြောက်စရာ၊ ကြောက် စရာကောင်းကြောင်းဖြင့် သေသေချာချာ ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။
So, between Craving and Kamma, which is more fearsome? (Craving is more fearsome, Sir). Is it clear? (It is clear, Sir). So, it is thoroughly clear to you that Craving is indeed the thing to be feared. (Yes, it is clear, Sir).
ဘုံဘဝတွေ ကျုပ်တို့ တစ်သံသရာလုံး စုတိဒုက္ခပြီး ပဋိသန္ဓေ ဒုက္ခပေးလေသမျှ ဘယ်သူတုံး. (တဏှာပါ ဘုရား) စုတိက ဒုက္ခသစ္စာ (မှန်ပါ့) ပဋိသန္ဓေကကော (ဒုက္ခ သစ္စာပါ)။
အင်း ဒါဖြင့် ဒါကို အနန္တရပစ္စယော အခြားမရှိ အောင်ချုပ်စပ်ပေးတာ ဘယ်သူပါလိမ့်မတုံး (တဏှာပါ ဘုရား) သဘောပါပလား (ပါပါပြီ)။
Throughout the cycle of Samsara, who is responsible for giving us the suffering of death (Cuti) and the suffering of rebirth (Patisandhi)? (It is Craving, Sir). Death is the Truth of Suffering (Dukkha Sacca). (Yes, Sir). And Rebirth? (It is Dukkha Sacca). Indeed. So, who stitches them together seamlessly (Anantara Paccayo) so that there is no gap? (It is Craving, Sir). Do you understand? (Yes, we do).
ဒါဖြင့် ကျုပ်တို့မှာတဲ့ တစ်ခုဒုက္ခနဲ့ တစ်ခုဒုက္ခဆက် စပ်ပေးတာဟာ တဏှာစွမ်းရည်ပဲ (မှန်ပါ့ ဘုရား) ပေါ်ကြ ပလား (ပေါ်ပါပြီ)။
Therefore, that which connects one suffering to another suffering is purely the capability of Craving. (True, Sir). Is it clear? (Yes, it is).
တဏှာမချုပ်သေးတဲ့ပုဂ္ဂိုလ်မှာကံအရေးကြီးတယ်
For One with Craving, Kamma is Important
ကောင်းပြီ ဒါဖြင့် ကံတွေဟာ အလကား ဖြစ်ရတော့ မလားလို့မေးတဲ့ အခါကျတော့၊ အို တဏှာ မချုပ်ငြိမ်းသေး တဲ့ပုဂ္ဂိုလ်မှာ ကံဟာ အရေးကြီးတယ် (မှန်ပါ့ ဘုရား) သေ သေချာချာမှတ်ပါ (မှန်ပါ့) တဏှာ မချုပ်ငြိမ်းသေးတဲ့ ပုဂ္ဂိုလ် မှာ (ကံဟာ အရေးကြီးပါတယ် ဘုရား)။
"Good. Then, does Kamma become useless?" If you ask this: Oh, for the person whose Craving has not yet ceased, Kamma is very important! (True, Sir). Mark this carefully. (Yes, Sir). For the person whose Craving has not ceased—(Kamma is important, Sir).
တဏှာချုပ်ငြိမ်းရင်ကံပြုတ်တယ်
If Craving Ceases, Kamma Falls Away
ကိုင်း ဒါဖြင့် ခင်ဗျားတို့ တဏှာချုပ်ငြိမ်းရင် ကံပြုတ် တယ် (မှန်ပါ့) တဏှာ မချုပ်ငြိမ်းရင် ကံထောင် လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) တဏှာချုပ် ငြိမ်းရင် ကံပြုတ်သွားတယ်၊ တဏှာ မချုပ်ငြိမ်းရင် ကံထောင် လာတယ် (မှန်ပါ့)။
ကံထောင်လာတယ်ဆိုတာ သူအလုပ်-လုပ်မယ် (မှန်ပါ့) မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။
Now, if Craving ceases, Kamma falls away. (Yes, Sir). If Craving does not cease, Kamma stands tall. (Yes, Sir). Do you agree? (Yes, Sir). If Craving ceases, Kamma falls away; if Craving does not cease, Kamma stands tall. (True, Sir). "Kamma stands tall" means it will do its work. (Yes, Sir). Will it not? (It will, Sir).
ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောလိုက် တယ်၊ တဏှာဟာကွာ တဲ့၊ ဘာနဲ့တူသတုံး ဆိုလို့ရှိရင်၊ ကံတွေကို စုတတ်တဲ့ စုပြီး သိမ်းဆည်း တတ်တဲ့ ပုဂ္ဂိုလ် နဲ့ တူတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
တဏှာသည် ဘာနဲ့တူသတုံး (ကံတွေကိုစုပြီးသိမ်း ဆည်းတဲ့ပုဂ္ဂိုလ်နဲ့တူပါတယ်) ကံတွေကို ကမ္မသမင်္ဂီ- ကံတွေကို စုပြီး သိမ်းဆည်းထားတယ် (မှန်ပါ့) သေသေချာချာမှတ်ပါ။
Therefore, the Lord Buddha preached: Craving is like a person who collects and stores Kamma. (True, Sir). Do you understand? (Yes, we do). What is Craving like? (It is like a person who collects and stores Kamma). Kammasamangi—It gathers and hoards Kamma. (Yes, Sir). Mark this carefully.
တဏှာဟာဘာနဲ့တူသတုံး
What is Craving like?
တဏှာဟာ ဘာနဲ့တူသလဲ (ကံတွေကို စုပြီးသိမ်း ဆည်းတဲ့ ပုဂ္ဂိုလ်နဲ့တူပါတယ်) တဏှာက သိမ်းဆည်းထား တော့ကို ကံတွေဟာက လေလိုလွင့်မသွားဘူး (မှန်ပါ့ ဘုရား) သတ္တိတွေ မလွင့်ဘူး (မှန်ပါ့)။
What can we compare Craving (Taṇhā) to? It is like a hoarder who obsessively collects and stores Kamma. Because Craving holds onto them tight, these Karmic forces do not scatter into the wind. (True, Sir). The potential power of Kamma remains intact. (True, Sir).
တဏှာက ဆုပ်ထားတော့ ဟောဒါ အပါယ်ရောက်တဲ့ ကံကလေးကို လွှတ်လိုက်တယ်၊ လွှတ်လိုက်တဲ့အခါ၊ ဒီကံ ကလေးက အပါယ်အကျိုးပေး လိုက်တယ် (မှန်ပါ့ ဘုရား)။
Because Craving holds them in its grip, it can release a specific small Kamma that leads to the lower realms (Apāya). Once released, that Kamma yields its result, and you suffer in the lower realms. (True, Sir).
အဲဒီ ကံကုန်သွားပြန်ပြီဆိုတော့ ဒီကနေ လွှတ်ပြန် တယ် (မှန်ပါ့)သူက စုထားတာကိုး (မှန်ပါ့) တစ်ခု တစ်ခုလွှတ်ပေးနေတယ် (မှန်ပါ့ ဘုရား)။
When that specific Kamma is exhausted, Craving releases another one from its stockpile. (True, Sir). It has hoarded so much! (True, Sir). It releases them one by one. (True, Sir).
တော်တော်ကြာကျတော့ တိရစ္ဆာန်ဖြစ်ဖို့ ကံလွှတ်ပေး လိုက်တယ် (မှန်ပါ့) လွှတ်ပေး လိုက်ပြန်တော့ တိရစ္ဆာန်ဖြစ် ရပြန်တယ် (မှန်ပါ့)။
After a while, it might release a Kamma to become an animal. (True, Sir). Once released, you are forced to become an animal. (True, Sir).
အဲဒီကံကလေး ကုန်ပြန်တော့လဲ သူစုထားတာတွေ က အများကြီးကိုး (မှန်ပါ့) အင်း တော်တော်ကြာ ကျလို့ရှိရင် နတ်ခန္ဓာဖြစ်ဖို့ ကို လဲ သူ ကစုထားတယ် (မှန်ပါ့) လွှတ်ပေး လိုက်ပြန်တယ်၊ အဲဒီ ကံကလေးကျတော့ နတ်ခန္ဓာ ကနေပြီး ကမ္မဘဝပစ္စယာ ဇာတိလုပ်ပြန်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
When that Kamma is exhausted, since Craving has a massive accumulation, it might release a Kamma to become a Deva. (Yes, Sir). Once released, that Kamma acts as the condition for Kamma-bhava, producing a new birth (Jāti) as a Deva. (True, Sir). Do you grasp this? (Yes, we do, Sir).
ဒါဖြင့် ခင်ဗျားတို့ သည်ကံ စွမ်းရည်ကို တဏှာက သိမ်းဆည်း မယူထားလို့ရှိရင် ဒီကံတွေဟာ အလကားဖြစ် တယ် (မှန်ပါ့ ဘုရား) တဏှာက သိမ်းဆည်း ထားလို့သာ လျှင် ကံတွေသည် အမျိုးမျိုး မပျောက် မပျက်ပဲနဲ့ အကျိုးမျိုးစုံ ပေးတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
Therefore, recognize this: If Craving did not hoard and seize the potential of Kamma, these actions would be useless and impotent. (True, Sir). It is only because Craving stores them that Kamma never disappears and continues to produce all manners of results. (True, Sir). Is that clear? (Yes, it is, Sir).
ကံနဲ့တဏှာသည်ဘယ်သူကထက်သတုံး
Who is Stronger: Kamma or Craving?
ဒါဖြင့် ကံနဲ့တဏှာသည် ဘယ်သူကထက်သတုံးလို့ မေးလို့ ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (တဏှာက ထက် ပါတယ် ဘုရား) တဏှာကထက်တယ်၊ သဘောပါကြပလား (ပါပါပြီ) ကံနဲ့တဏှာ ဘယ်သူထက်ပါလိမ့် (တဏှာထက် ပါတယ်) တဏှာထက်တယ်တဲ့၊ ကဲ ဦးသံဒိုင်နေရာကျပလား (ကျပါပြီ ဘုရား)။
So, if asked which is more potent—Kamma or Craving—how will you answer? (Craving is more potent, Sir). Indeed, Craving is sharper and stronger. Do you understand the principle? (Yes, we do, Sir). Who is stronger? (Craving is stronger). U Than Daing, are you satisfied with this answer? (Yes, I am, Sir).
ဒါဖြင့် ခင်ဗျားတို့မှာ တဏှာရှိနေတဲ့ပုဂ္ဂိုလ်မှာ ငါ့မှာ ကံပေါင်း ဘယ်လောက်များ စုထား ပါလိမ့်မတုံးလို့ ဆိုလို့ရှိရင် ဘယ့်နှယ်ပြောကြမလဲ (မရေတွက်နိုင်ပါဘူး ဘုရား)။
Now, for a person harboring Craving, if you ask, "How much Kamma have I accumulated?"—what would the answer be? (Countless amounts, Sir).
ဒါကြောင့် အခု ရှင်ဘုရင် ဖြစ်တယ်၊ နက်ဖြန် ခွေး လောက်မှ မကောင်းတဲ့ဥစ္စာ ဖြစ်တယ် (မှန်ပါ့ ဘုရား) ဒါ ဘယ်သူ့သတ္တိထင်သတုံး (တဏှာသတ္တိပါ ဘုရား)။
This is why someone can be a King today, and tomorrow become something lower than a dog. (True, Sir). Whose power is this? (It is the power of Craving, Sir).
အဲ အခုရှင်ဘုရင်ဖြစ်အောင် သူလုပ်လိုက်တယ်၊ နက်ဖြန် ခွေးလောက်မှ မကောင်းတဲ့ဥစ္စာကို သူလွှတ်ပေးလိုက် တယ် (မှန်ပါ့ ဘုရား)။
Craving orchestrated the Kamma for you to become a King today. But tomorrow, it releases a Kamma that makes you lower than a dog. (True, Sir).
လွှတ်ပေးလိုက်တော့ ငါ့ကြောင့် ခင်ဗျားတို့သည်ကား လို့ဆိုရင်ဖြင့် ကမ္မံသတ္တဝိဘဇ္ဇတိ ဆိုတာက အဖျားကိုဆွတ် ဟောတဲ့ပါဠိ (မှန်ပါ့) စင်စစ်တော့ တဏှာက လွှတ်ပေးတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
When it releases that result, you might say, "Because of my Kamma..." The Pali phrase Kammaṃ satte vibhajati ("Kamma divides living beings") is a teaching that points to the surface result. (True, Sir). But in reality, it is Craving that launches the Kamma. (True, Sir). Is that clear? (Yes, it is, Sir).
ဒါဖြင့် ကံနဲ့တဏှာ ဘယ်ဟာကြောက်စရာကောင်း သလဲ (တဏှာ ကြောက်စရာ ကောင်းပါတယ်)။
Therefore, which is more terrifying: Kamma or Craving? (Craving is terrifying, Sir).
ဒါကြောင့် ရာဂက္ခယော၊ ဒေါသက္ခယော၊ မောဟက္ခယော နိဗ္ဗာန်လို့ မပြောဘူးလား ရှင်းပလား
(ရှင်းပါပြီ)။
This is precisely why Nibbana is defined as Rāgakkhayo (Destruction of Lust), Dosakkhayo (Destruction of Hatred), and Mohakkhayo (Destruction of Delusion). Is that clear? (Yes, it is, Sir).
ကဲ ဒါဖြင့် ခင်ဗျားတို့ ဘာကြောက်ရမလဲ (တဏှာကြောက်ရပါမယ်) ဘာဖြစ်လို့ ဒီလောက် ကြောက် ရတာတုံ းမေးရင် (တဏှာက ဆက်စပ်လို့ပါ ဘုရား)။
So, what must you fear? (We must fear Craving, Sir). If asked why you must fear it so much: (Because Craving connects the cycle, Sir).
ကံတွေကိုလွင့်မသွားအောင်စုတတ်တယ်
Craving Hoards Karma to Prevent It from Scattering
အဲ ဟိုဘ၀ ဒီဘဝလည်းဆက်စပ်တယ် (မှန်ပါ့) တစ်နည်းအားဖြင့်လဲ ကံတွေကို လွင့်မသွားအောင်၊ စုတတ် တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ကံတွေကို (လေလို မလွင့်အောင် စုတတ်ပါတယ်) ကံစေတနာတွေကို သူက မပျောက်ရဘူး (မှန်ပါ့)။
Indeed, it connects this life to the next. (True, Sir). In another sense, it gathers Kamma and prevents it from blowing away. (True, Sir). Is that clear? (Yes, Sir). It ensures that your volitional actions (Cetanā) do not disappear. (True, Sir).
မောင်သစ်က ကံတွေလုပ်ထားတယ်၊ ကံအမျိုးမျိုး လုပ်ထားတယ် (မှန်ပါ့) မင်းတဏှာ ချုပ်အောင် မလုပ် သရွေ့ ကာလပတ်လုံးတော့ ဒီကံတွေအဟောသိကံ မဖြစ်ဘူးဆို တဲ့ ဥစ္စာမှတ် ဦးသံဒိုင် ဘယ်သူက စုထားသလဲ (တဏှာ ကစုထားတယ်) ပေါ်ကြပလား (ပေါ်ပါပြီ)။
Maung Thit, you have performed various Kammas. Mark this well: As long as you do not extinguish Craving, these Kammas will never become defunct (Ahosi-Kamma). U Than Daing, who is doing the hoarding? (Craving is hoarding it, Sir). Do you see it now? (Yes, we see it, Sir).
ဒါကြောင့် ဪ မနေ့က အကောင်းကြီးဟာ ကျုပ် ဖြင့် ဒီလိုဖြစ်လိမ့်မယ် မထင်ဘူး၊ ပြောကြတယ် (မှန်ပါ့) သူကလွှတ်ပေးလိုက်တာကိုး (မှန်ပါ့) သေကံလွှတ်ပေး လိုက်တယ် (မှန်ပါ့) ရှင်ကံ (လွှတ်ပေးလိုက်ပါတယ်)။
People often say, "Oh, he was perfectly fine yesterday! I never thought this would happen to him." (True, Sir). That is because Craving released a new Kamma. (True, Sir). It released a Kamma of death. (True, Sir).
လွှတ်ပေးလိုက်ဆိုတော့ကို၊ အင်မတန် သူသည်ကား လို့ဆိုလို့ရှိရင်ဖြင့်၊ ကျုပ်တို့ ခင်ဗျားတို့ကို အကျိုးမျိုးစုံ ပေးနိုင်အောင် သူက ချယ်လှယ်နေတယ်ဆိုတာ ပေါ်သွားပြီ (ပေါ် သွားပါပြီ ဘုရား)။
Since it releases these results, it becomes clear that Craving is the one manipulating everything to give you various outcomes. (It has become clear, Sir).
ဒါဖြင့် ကံပေါ်မှာ တဏှာချယ်လှယ်တယ်(မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ကံပေါ်မှာ (တဏှာ ချယ်လှယ် ပါတယ် ဘုရား)။
So, Craving manipulates Kamma. (True, Sir). Is that clear? (Yes, Sir). Craving stands over Kamma as the master. (True, Sir).
ဒါ့ကြောင့် ယနေ့ကျန်းမာတယ်၊ နက်ဖြန်သေချင် သေတယ်၊ နက်ဖြန်ကျိုးချင်ကျိုးမယ်၊ သန်ဘက်ခါကန်းချင် ကန်းမယ် (မှန်ပါ့ ဘုရား)။
That is why you are healthy today, but tomorrow you might die. Tomorrow you might break a limb. The day after, you might go blind. (True, Sir).
ဒါ ဘယ်သူ့ သတ္တိထင်သလဲ (တဏှာသတ္တိပါ ဘုရား) တဏှာက ကျိုးတဲ့ကံ လွှတ်လို့ရှိရင် ကျိုးရမယ်၊ မဟုတ်ဘူးလား (မှန်ပါ့)၊ ကန်းတဲ့ကံ လွှတ်လိုက်လို့ရှိရင် (ကန်းရပါမယ်)။
Whose power is this? (It is the power of Craving, Sir). If Craving releases a Kamma for broken limbs, you will be broken. Is that not so? (True, Sir). If it releases a Kamma for blindness? (We will go blind, Sir).
တဏှာရှိသ၍ကံမကုန်ဘူး
As Long as Craving Exists, Karma is Never Exhausted
ဘာဖြစ်လို့တုံးမေးတဲ့အခါ၊ မနေ့က အကောင်းကြီး ဗျာ ဒီနေ့မျက်လုံးဘာဖြစ်သွားလို့ ကျုပ်ဖြင့် မမြင်ရတော့ဘူး၊ အစ ရှိသည်နဲ့ ဒါကြောင့် ခင်ဗျားတို့သည် တဏှာရှိသ၍ ကာလ ပတ်လုံး ကံမကုန် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
If you ask why—"Yesterday my eyes were fine, today I can't see"—it is because of this mechanism. Therefore, as long as Craving exists, your Kamma will never run out. (True, Sir). Is that clear? (Yes, Sir).
တဏှာရှိသရွေ့ ကာလပတ်လုံး (ကံမကုန်သေးပါ ဘုရား) ကံ ဘယ်တော့မှမကုန်ဘူး၊ ဘာဖြစ်လို့ မကုန်တာတုံး မောင်သစ် (တဏှာကလွှတ်လိုက်လို့ပါ ဘုရား) အို သူက စုစုထားတယ် (မှန်ပါ့) ဦးသံဒိုင် ဘာဖြစ်လို့ မကုန်သလဲ (တဏှာက စုစုထားလို့ပါ ဘုရား)။
As long as Craving remains? (Kamma is not exhausted, Sir). Kamma will never end. Why doesn't it end, Maung Thit? (Because Craving keeps releasing it, Sir). Oh, it is because Craving keeps hoarding it! (True, Sir). U Than Daing, why doesn't it end? (Because Craving accumulates it, Sir).
ကဲ ခင်ဗျားတို့ တဏှာကုန်ရင် ကံအဟောသိကံ ဖြစ်ရမယ် (မှန်ပါ့) တဏှာကုန်ရင် (ကံ အဟောသိကံ ဖြစ်ရပါ မယ်) ရှင်းပလား (ရှင်းပါပြီ)။
Now, if Craving is destroyed, Kamma must become Ahosi (defunct/ineffective). (True, Sir). If Craving ends, Kamma becomes defunct. Is that clear? (Yes, it is, Sir).
ဝေဿန္တရာမင်းကြီး
The Example of King Vessantara
ကိုင်း ဒါဖြင့် သက်သေသာဓက လုံလောက်အောင် ပြပါဦးမယ်နော် (မှန်ပါ့) ဝေဿန္တရာ မင်းကြီးဟာ ဘုရားဖြစ် ကာနီးမှာဖြင့်၊ ဘဝထဲမှာ လူ့ပြည်မှာဖြင့် နောက်ဆုံး ပိတ်ဘဝ ဆိုရင် မလွဲပါဘူး၊ လွဲပါ့မလား (မလွဲပါ ဘုရား) နောက်သိဒ္ဓတ္ထ မင်းသားဖြစ်ဖို့ ရှိတော့တာကိုး (မှန်ပါ့ ဘုရား)။
Let me give you sufficient proof. (Yes, Sir). Consider King Vessantara. This was the life immediately preceding the Buddha's final birth; it was his last existence in the human realm before becoming Prince Siddhattha. It cannot be wrong to say this, can it? (No, Sir). Because he was destined to become Prince Siddhattha next. (True, Sir).
အဲဒီ ဝေဿန္တရာမင်း လှူဒါန်းပေးကမ်းထားတဲ့ ကံ တွေဟာ ဦးသံဒိုင် ဘယ်လောက်များသတုံး (အင်မတန် များပါတယ် ဘုရား)။
U Than Daing, how immense were the merits and Kamma accumulated by King Vessantara through his charity? (They were incredibly immense, Sir).
ရေတွက်နိုင်ပါ့မလား (မရေတွက်နိုင်ပါ ဘုရား) လူ့ ပြည်နတ်ပြည်ကို အကြိမ်ကြိမ်ခံစားလို့ ကုန်နိုင်ပါမလား (မကုန်နိုင်ပါ ဘုရား)။
Could you count them? (We cannot count them, Sir). Could you exhaust them by enjoying the luxuries of the human and Deva worlds repeatedly? (We could not exhaust them, Sir).
တဏှာဖြတ်ချတော့၊ ကံပျောက်ပျက်သွားတယ်
Sever Craving, and Karma Vanishes
အဲဒီ မကုန်နိုင်တာကို ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ တဏှာ ဖြတ်ချလိုက်တယ် (မှန်ပါ့) တဏှာ ဖြတ်ချလိုက်တော့ ဝေဿန္တရာမင်း လှူထားတဲ့ ဘုံဘဝတွေ အမျိုးမျိုး အကျိုး ပေးပြီးသကာလ နေ့ဖို့ရာ ကံတွေဟာတဲ့ ပေးနိုင်သေးရဲလား မပေးနိုင်တော့ဘူးလား (မပေးနိုင်တော့ပါ ဘုရား) တစ်ခါတည်း လေလို လွင့်သွားတယ် (မှန်ပါ့)။
Yet, despite being inexhaustible, when he sat at the foot of the Bodhi Tree upon the Golden Throne, he severed Craving completely. (True, Sir). When Craving was severed, could all those merits performed by King Vessantara—merits intended to produce future births and luxuries—still give their results? (No, Sir, they could not). They vanished instantly like the wind. (True, Sir).
ဘာဖြစ်လို့တုံး တဏှာချုပ်လို့ (မှန်ပါ့) သိမ်းဆည်း တဲ့လူမရှိတော့ဘူး (မှန်ပါ့) သိမ်းဆည်းတဲ့လူ မရှိတော့ လေလိုလွင့်ပြီး ပျောက်ပျက်သွားတယ် (မှန်ပါ့ ပျောက်ပျက် သွားပါတယ်) ရှင်းပလား (ရှင်းပါပြီ)။
Why? Because Craving ceased. (True, Sir). There was no longer a "Hoarder" to keep them. (True, Sir). Without a collector, they scattered like the wind and disappeared. (True, Sir, they disappeared). Is that clear? (Yes, it is, Sir).
ဒါဖြင့် ဘုရားကို သက်သေသာဓက ပြလိုက်သဖြင့် နောက်ဆုံးပိတ်ဘဝမှာ လှူလိုက်၊ တန်းလိုက်၊ ပေးလိုက်၊ ကမ်း လိုက်တာ တိုင်းပြည်နဲ့တကွ အလုံးစုံအကုန် မလှူဖူးသည် မည်သည် ဦးသံဒိုင်ရှိရဲ့လား (မရှိပါ ဘုရား)။
Let's use the Buddha as our witness. In his final life, he gave away everything—his country, his possessions. U Than Daing, was there anything he did not give? (Nothing, Sir).
အဲဒီ ကံတွေကသာ ခင်ဗျားတို့ အကျိုးပေးနေမယ် ဆိုရင် ဘုရားဖြစ်ပါ့မလားလို့ မေးလိမ့်မယ် (မဖြစ်ပါ ဘုရား)။
If those Kammas were still operative and giving results, would he have attained Buddhahood (Parinibbana)? (No, Sir).
ဒါဖြင့် ဘုရားဖြစ်တာ ဘယ့်နှယ်ကြောင့် ဘုရားဖြစ် သွားသလဲ (တဏှာချုပ်လို့ပါ) ရာဂက္ခယောနော် (မှန်ပါ့)
ရာဂက္ခယော ပေါ်လာတယ် (မှန်ပါ့) ဪ သူကုန်လို့ပါကလား (မှန်ပါ့ ဘုရား) ကံကုန်လို့ မဟုတ် ပါလား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
So, how did he become the Buddha? (Because Craving ceased, Sir). Rāgakkhayo—the destruction of Lust. (True, Sir). When Rāgakkhayo appears, you realize: "Oh! It is because Craving is gone. It is not because Kamma ran out." (True, Sir). Is that clear? (Yes, it is, Sir).
တဏှာကုန်မှ ကံကုန်တယ်
Only When Craving Ends Does Karma End
ဒါဖြင့် တဏှာကုန်မှ ကံကုန်တယ် (မှန်ပါ့ ဘုရား) တဏှာမကုန်ရင် (ကံမကုန်ပါ ဘုရား)။
Therefore, only when Craving ends does Kamma end. (True, Sir). If Craving does not end? (Kamma does not end, Sir).
ဒါဖြင့် တဏှာသည် ကံကိုသိမ်းဆည်းတယ်ဆိုတဲ့ အဓိပ္ပာယ်ရှင်းသွားပလား (ရှင်းသွားပါပြီ) တဏှာသည် (ကံကိုသိမ်းဆည်းပါတယ် ဘုရား) ကံကို သိမ်းဆည်းထားတယ် ဆိုတာဦးသံဒိုင် ရိပ်မိပလား (ရိပ်မိပြီ)။
So, the meaning of "Craving hoards Kamma" is now clear? (Yes, it is clear, Sir). Craving is the storekeeper of Kamma. U Than Daing, do you see it? (I see it, Sir).
ဒါဖြင့် ခင်ဗျားတို့ ရှင်းရှင်းပြောကြပါစို့ ဘာကြောက် ရမှာတုံး (တဏှာကြောက်ရမှာပါ ဘုရား)။
Let us speak plainly. What should you fear? (We must fear Craving, Sir).
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ အနေကဇာတိ သံသာရံ အစရှိသော ပါဠိတော်ကြီးမှာ၊ ဘုရား ဖြစ်လို့ ကိုယ့်ဟာကိုယ် ကြိမ်းဝါးတော်မူတဲ့အချိန်မှာ၊ တဏှာ ယောက်ျား လက်သမား၊ နောက်ခန္ဓာအိမ်ဆောက်ရလိမ့်မယ်လို့ မင်းမအောက်မေ့နဲ့တော့၊ ဟုတ်လား (မှန်ပါ့) မင့် အကိုင်း အခက်နဲ့တကွ မင့်အမြစ်ကို တူးပြီးပြီဆိုတော့ ကံကို ကြိမ်းသလား တဲ့၊ တဏှာကို ကြိမ်းသလား (တဏှာကို ကြိမ်းပါတယ် ဘုရား)။
That is why the Lord Buddha, in the Aneka Jāti Saṃsāraṃ verse—his song of victory upon attaining Enlightenment—threatened the culprit. He said: "O House-builder (Craving)! You have been seen. You shall not build another house (body) for me!" He declared that the rafters and the ridgepole had been destroyed. Did He threaten Kamma? Or did He threaten Craving? (He threatened Craving, Sir).
ဘုရားကတဏှာကိုကြိမ်းတယ်
The Buddha Threatened Craving
ကြည့်လေ၊ မင်းနောက်ကို ခန္ဓာအိမ်ဆောက်ရလိမ့်မယ် လို့ မမှတ်နဲ့တော့. တဲ့ (မှန်ပါ့) တဏှာယောက်ျား လက်သမား ခန္ဓာအိမ်ကို မင်းဆောက်ရတော့မယ်လို့ မင်းမမှတ်နဲ့တော့တဲ့ ဆိုတော့ ကံကိုမကြိမ်းဘူးဗျ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)
Look closely. He said, "Do not think you will build another house (body) for me!" (True, Sir). He told the Carpenter—Craving—"You shall build no more." He did not threaten Kamma. (True, Sir). Do you see? (Yes, Sir).
ဘာကိုကြိမ်းပါလိမ့် (တဏှာကိုကြိမ်းပါတယ် ဘုရား) ခင်ဗျားတို့ကအောက်မေ့နေတာက ကံကကြောက်စရာကောင်း တယ်ဟေ့၊ ကံများ တယ်ကြောက်စရာကောင်းပါကလား တဲ့၊ အင်း မရောင်ရာ ဆေးလိမ်းနေတယ် (မှန်ပါ့ ဘုရား)။
Who did He threaten? (He threatened Craving, Sir). Yet, you Yogis treat Kamma as the terrifying thing. "Oh, Kamma is so scary!" you say. You are applying medicine to the wrong spot! (True, Sir).
မရောင်ရာကို (ဆေးလိမ်းပါတယ် ဘုရား) ဘာကြောက် နေကြသတုံး (ကံကြောက် နေကြပါတယ်)။
You are treating the place that isn't swollen. (True, Sir). What are you afraid of? (We are afraid of Kamma).
ကံကိုကြောက်နေကြတယ်
You Fear the Wrong Thing
ကံကြောက်နေတယ်၊ ကံများသိပ်ကြောက်စရာကောင်း တယ်ကွာ မမြင်ဘူးလားကွ၊ မနေ့က အကောင်းကြီး၊ ယနေ့သေ ပြီကွ (မှန်ပါ့)။
You fear Kamma. "Kamma is terrifying! Don't you see? He was fine yesterday, dead today!" (True, Sir).
ကံကသိပ်ကြောက်စရာကောင်းတယ်ကွ၊ အင်းအ ကြောက်ကတော့ လွဲနေပြီ (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့)။
You say Kamma is scary. Your fear is misplaced. (True, Sir). Is it not? (It is, Sir).
ခဲကိုခွေးကလိုက်ကိုက်တယ်
The Dog Bites the Stone
အဲဒါ ခင်ဗျားတို့ဟာ လူကြောက်- မကြောက်ပါဘူး တိရစ္ဆာန်ကြောက်-ကြောက်နေတာ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ခဲနဲ့ပစ်လိုက်တော့ကို ခဲကိုခွေးက လိုက် ကိုက်တယ် ဆိုတော့၊ ဒီခွေးသည်ခဲသော သူကြောက်တယ်၊ ပစ်တဲ့သူ-သူမကြောက်တဲ့ အဓိပ္ပာယ်ရောက်တယ် (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (ဟုတ်ပါတယ်)။
You are behaving not like humans, but like animals. Is that not fair to say? (It is fair, Sir). When a man throws a stone at a dog, the dog chases and bites the stone. This means the dog fears the stone but does not fear the thrower. (True, Sir). Is that not so? (It is so, Sir).
ခဲပစ်တဲ့လူသာလိုရင်း
The Thrower is the Key
အဲဒီတော့ စင်စစ်ပစ်တဲ့လူသာ လိုရင်းပဲ၊ ခဲကလိုရင်းမှမ ဟုတ်ဘဲ၊ မဟုတ်ဘူးလား (မှန်ပါ့) ပစ်တဲ့လူသေရင် ခဲမလာဘူး (မှန်ပါ့)။
In reality, the thrower is the main factor. The stone is not the main factor. Is it? (No, Sir). If the thrower dies, the stones won't come. (True, Sir).
အဲဒီတော့ ပစ်တဲ့လူကို လိုက်ကိုက်ရမယ် (မှန်ပါ့) ခဲလိုက်ပြီးကိုက်နေတယ်၊ ဒီခွေးဟာလေ (မှန်ပါ့) ခင်ဗျားတို့ အခုပြောနေတာလဲ. ခဲလိုက်ကိုက်နေတာ (မှန်ပါ့ ဘုရား) ကံကြောက်တယ်၊ ကျုပ်တော့ ကံတော့သိပ်ကြောက်တယ် (မှန်ပါ့) ဘာကြောက်ကြတာတုံး (ကံကြောက်ကြတာပါ) ဟာ သွားပြီပေါ့။ ခင်ဗျားတို့ တိရစ္ဆာန် ကြောက်ကြောက်နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
So, one should bite the thrower. (True, Sir). But this dog bites the stone. You are all talking just like that—biting the stone. (True, Sir). "I am so afraid of Kamma," you say. What are you afraid of? (Afraid of Kamma). Hah! There you go. You are fearing like an animal. (True, Sir). Is that clear? (Yes, Sir).
တိရစ္ဆာန်ကြောက် ကြောက်နေတာဟာ အကျိုး ကြောက်နေတာ (မှန်ပါ့) အကျိုးကို ကြောက်နေတာ (မှန်ပါ့ ဘုရား) အကြောင်းက ဘယ်သူပါလိမ့် (တဏှာပါ ဘုရား)။
Fearing like an animal means fearing the result. (True, Sir). You are afraid of the effect. (True, Sir). Who is the cause? (Craving is the cause, Sir).
တဏှာကပစ်တာ
Craving Throws the Stone
အဲ တဏှာကပစ်တာ (မှန်ပါ့ ဘုရား) လူပစ်တဲ့ခဲ | လူခဲပစ်တာလဲ တဏှာကပစ်တာ (မှန်ပါ့ ဘုရား) နတ်ဖြစ် | အောင်လဲ နတ်ခဲပစ်တာ (တဏှာပစ်တာပါ) တဏှာကပစ် လိုက်တာ (မှန်ပါ့) အဲဒါ ခင်ဗျားတို့က အင်း-ကံကြောင့် ကံကြောင့် ကံများ တယ်ဆန်းကြယ်တယ် (မှန်ပါ့)။
Craving is the one throwing the stone. (True, Sir). Being born as a human is a stone thrown by Craving. (True, Sir). Being born as a Deva is a stone thrown by Craving. (It is thrown by Craving). Craving threw it. (True, Sir). And yet, you exclaim, "Oh, it's Kamma, it's Kamma! Kamma is so complex!" (True, Sir).
အံမာ ခင်ဗျားတို့က အတော်ဆိုးတဲ့လူတွေ အကြောင်း အကျိုးမသိတော့ ပြောချင်တာ ပြောနေတာပဲ (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ)။
My goodness, you are quite a difficult bunch. Because you don't understand Cause and Effect, you just say whatever you please. (True, Sir). Do you see? (Yes, we see, Sir).
ဒါဖြင့် ဘာ့ကြောက်ရမလဲ (တဏှာကြောက်ရပါမယ်) တဏှာကြောက်ရမည့်ဥစ္စာ တဲ့၊ တဏှာက စုထားပြီး တစ်ခုချင်း လွှတ်ပေးနေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
So, what must you fear? (We must fear Craving, Sir). The thing you must fear is Craving. Craving hoards the Kamma and releases them one by one. (True, Sir). Is that clear? (Yes, Sir).
ဒါဖြင့် ဘာကြောက်ကြမယ် (တဏှာ ကြောက်ရပါမယ် ဘုရား) တဏှာကြောက်ရမယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။
So, what will you fear? (We will fear Craving, Sir). Are you convinced that you must fear Craving? (Yes, Sir).
ယနေ့ကစပြီးပြင်ပါ
Correct Your View Starting Today
ဒါဖြင့် ဒကာ ဒကာမတွေ ယနေ့ကစပြီးသကာလ ပြင်ပါ ဦး (မှန်ပါ့ ဘုရား) ကျပ်ဖြင့် ကံအကြောက်ဆုံးပဲ ကို၊ ကျုပ် ဖြင့် တဏှာအကြောက်ဆုံးပဲသာ ပြင်ကြပါ (မှန်ပါ့ ဘုရား)
Therefore, Yogis, please correct your views starting today. (Yes, Sir). Change from "I fear Kamma most" to "I fear Craving most." (True, Sir).
ဘယ့်နှယ်ပြင်ကြမယ် (တဏှာအကြောက်ဆုံးပဲလို့ ပြင်ရမှာပါ ဘုရား) ပြင်ရဲပါ့မလား ခင်ဗျားတို့ (ပြင်ရဲပါတယ် ဘုရား) မိဘရိုးရာကြီး စွန့်စွန့်ရဲပါ့မလား (စွန့်ရဲပါတယ် ဘုရား)။
How will you change? (We will change to fearing Craving most, Sir). Do you dare to change? (We dare, Sir). Do you dare to discard the traditional views of your parents and ancestors? (We dare to discard them, Sir).
မိဘရိုးရာကြီးစွန့်ရမယ်
Discard the Traditional Views
ဟင် (စွန့်ရဲပါတယ် ဘုရား) အမှန်ပြောလာလို့ရှိရင် တော့ စွန့်ရမယ် (မှန်ပါ့)။
Huh? (We dare to discard them, Sir). If we speak the truth, you must discard them. (True, Sir).
ဪ သမုဒယမသေတော့ ဒုက္ခဖြစ်တာပဲ (မှန်ပါ့ ဘုရား) သူက တန်းနေတာပဲ (မှန်ပါ့ ဘုရား) မတန်းဘူးလား (တန်းပါတယ်)။
When the Origin (Samudaya) does not die, Suffering (Dukkha) arises. (True, Sir). It aligns perfectly. (True, Sir). Does it not? (It does, Sir).
သမုဒယမသေလို့ ဒုက္ခဖြစ်တာ၊ ကျုပ်တို့ အိုရ၊ နာရ၊ သေရ၊ ရောဂါဝေဒနာတွေရကြ (မှန်ပါ့) သမုဒယမချုပ်လို့ ဒုက္ခဖြစ်ရတာ (မှန်ပါ့ ဘုရား) ဒီလိုရေးရင် မှန်တာ သူ့ဟာ (မှန်ပါ့ ဘုရား)။
Because the Origin does not die, Suffering ensues. We age, we ail, we die, we suffer diseases. (True, Sir). Because the Origin (Samudaya) does not cease, Suffering (Dukkha) arises. If you write it this way, it is correct; it is the natural law. (True, Sir).
အခုတော့ ကံမကောင်း အကြောင်းမသင့်လို့ ဖြစ်ရတယ် ဆိုတော့ ဘယ်မှာ ဒီကံနဲ့ ဘာဆိုင်တာတုံး၊ ဘာမှမဆိုင်ဘူး (မှန်ပါ့ ဘုရား)၊
But now you say, "It happened because of bad luck and bad Kamma." What does Kamma have to do with it? It has nothing to do with it. (True, Sir).
ကံကအစေခံ၊ မန်နေဂျာကတဏှာ
Kamma is the Servant; Craving is the Manager
တဏှာက လွှတ်ပေးလို့ ကံက အကျိုးပေးရရှာတာ (မှန်ပါ့ ဘုရား) ဟိုကအစေခံ မန်နေဂျာက တဏှာ (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
Kamma merely has to deliver the result because Craving released it. (True, Sir). Kamma is the servant; the Manager is Craving. (True, Sir). Is that not so? (It is so, Sir).
အဲဒီမန်နေဂျာနဲ့ အစေခံနဲ့ကို ခင်ဗျားတို့က မကွဲဘူး (မှန်ပါ့) တစ်ခါတည်း အစေခံသာ ရိုက်ချင်တာပဲ (မှန်ပါ့) ရိုက်ချင်ရင်မန်နေဂျာရိုက်မှ နေရာကျတော့မှာပေါ့ဗျ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
You cannot distinguish between the Manager and the servant. (True, Sir). You only want to beat the servant. (True, Sir). If you want to beat someone, you must beat the Manager to solve the problem. (True, Sir). Do you grasp the meaning? (Yes, we do, Sir).
တဏှာကြောက်ရမယ်
The Pearl Diver Analogy
ဒါဖြင့် ဘာကြောက်ရမလဲ (တဏှာကြောက် ရပါတယ်) တဏှာကြောက်ရမယ်နော် (မှန်ပါ့) ကဲ ရေထဲ မှာ ပုလဲငုတ်တယ်၊ ဦးခင်မောင် နာရီကလွန်သွားတယ် (မှန်ပါ့) နာရီဝက်ငုတ်ရမည့်ဥစ္စာ အချိန်က လွန်သွားတယ်၊ နာရီဝက်ငုတ်ရမည့်ဥစ္စာ အချိန်ကလွန်သွားတယ်၊ နာရီ သုံးမတ်လောက် ကျသွားတယ်၊ သုံးမတ်ကြာရင် သေတာပဲ ဒီလူ (မှန်ပါ့) ဘာဖြစ်လို့တုံး ဟိုထဲမှာ ပုလဲရှာနေလို့၊ ပုလဲရှာတာ ကြာသွားလို့ (မှန်ပါ့) ရတာကလေးတွေက များတော့ ရသရွေ့ အိတ်ကြီး ထဲထည့်နေလို့။
So, what must be feared? (Craving must be feared). You must fear Craving. (True, Sir). Consider a man diving for pearls. U Khin Maung, the time limit has passed. (True, Sir). He was supposed to dive for half an hour, but the time has passed. He has been down for 45 minutes. After 45 minutes, this man will die. (True, Sir). Why? Because he is searching for pearls down there. He took too long searching for them. (True, Sir). Because he found many, he kept stuffing them into his bag as fast as he could.
အင်း ကြုံတောင့်ကြုံခဲ ရခဲ့တာတွေမို့ အချိန်လွန် သွားတယ်ဆိုတော့၊ ကဲ ဒကာ ဒကာမတွေပဲ စဉ်းစားကြည့် ပါတော့တဲ့၊ ဒီပုလဲရှာတဲ့လူ အချိန်လွန်လို့ သေတာဟာ ကံမကောင်းလို့ သေတာလား၊ တဏှာကြောင့် သေတာလား (တဏှာကြောင့် သေတာပါ ဘုရား) ဟုတ်ပါ့မလား (ဟုတ်ပါတယ် ဘုရား)။
"These are rare finds!" he thought, and the time ran out. Now, Yogis, think about this. Did this pearl diver die because of bad Kamma? Or did he die because of Craving? (He died because of Craving, Sir). Is it really Kamma? (No, Sir).
ဘယ်သူ့ကြောင့်သေတာတုံး (တဏှာကြောင့် သေတာပါ ဘုရား) ကဲ ဒါဖြင့် သေမင်းဟာသူပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
Who caused his death? (Craving caused his death, Sir). So, Craving is the God of Death. (True, Sir). Is that clear? (Yes, Sir).
သေမင်းဟာ (သူပါပဲ ဘုရား) သဘောပါပလား (ပါပါပြီ) ခင်ဗျားတို့ကလဲ သေမင်း မိတ်ဆွေ လုပ်နေတဲ့ လူစု (မှန်ပါ့ ဘုရား) ဘယ့်နှယ့်ဆိုကြမယ် (သေမင်းမိတ်ဆွေ လုပ် လုပ်နေကြပါတယ် ဘုရား) ဦးသံဒိုင်တို့လူစု ဘာလုပ်နေကြသလဲ (သေမင်း မိတ်ဆွေ လုပ်နေပါတယ် ဘုရား။
The God of Death is... (Craving itself, Sir). Do you understand? (Yes, Sir). And yet, you are a group of people busy making friends with the God of Death. (True, Sir). What do you say to that? (We are making friends with the God of Death, Sir). U Than Daing's group, what are you doing? (We are making friends with the God of Death, Sir).
သတ်မည့်သူမိတ်ဆွေလုပ်နေတယ်
Befriending the Executioner
တော်တော်ထူ သေးတာပဲ (မှန်ပါ့ ဘုရား) မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) သေမင်း မိတ်ဆွေလုပ်ရ အောင်လာတယ ်ဆိုကတည်းက၊ သတ်မည့်သူ မိတ်ဆွေလုပ် နေတာ ဒီထက်အတဲ့လူ ဘယ်ရှာတွေ့ပါ့မလဲ (မတွေ့ပါ ဘုရား) အဲ ဒါဉာဏ်ရောက်ရတယ် (မှန်ပါ့)
You are quite thick-skinned. (True, Sir). Is that not fair to say? (It is fair, Sir). To come here and say you are befriending the God of Death... Can we find anyone more foolish than someone who befriends their own executioner? (We cannot find anyone, Sir). You must apply your wisdom here. (True, Sir).
ခင်ဗျားတို့က အောက်မေ့နေတာက ဪ ဒါကလေး တဏှာကလေးရှိလို့ လိုချင်တာ လိုချင်လည်း စိတ်ကလေးရှိလို့ ယူ-ယူလိုက်ရတယ်၊ တော်တော် သေးတယ်၊ ဒီလိုပြောချင်ပြောနေတာ (မှန်ပါ့) သေမင်းကို ကျေးဇူးတင်တယ် (မှန်ပါ့ ဘုရား)။
You treat it lightly: "Oh, it's just a little Craving. I have a mind to want it, so I took it. It's just a small thing." You talk like that. (True, Sir). You are thanking the God of Death. (True, Sir).
စင်စစ်တော့ သေအောင်သတ်တာလဲ သူပဲ၊ ဒုက္ခ ရောက်အောင် လုပ်တာလဲ (သူပဲ) ရှင်းပလား (ရှင်းပါပြီ) ဒါကြောင့် သမုဒယသစ္စာလို့ သူ့ကိုခေါ်တာပေါ့ (မှန်ပါ့) သူက ဒုက္ခမျိုးစုံ၏ဖြစ်ကြောင်း (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ်)။
In reality, the one who kills you is Craving. The one who makes you suffer is... (Craving). Is that clear? (Yes, Sir). That is why it is called the Truth of the Origin of Suffering (Samudaya Sacca). (True, Sir). It is the cause of all varieties of suffering. (True, Sir). Can we not say that?
ဒုက္ခမျိုးစုံ၏ (ဖြစ်ကြောင်းပါ ဘုရား) ဘယ်သူပါလိမ့် (တဏှာပါ ဘုရား) တဏှာသမုဒယ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
The cause of all varieties of suffering is... (Craving, Sir). Taṇhā Samudaya. (True, Sir). Is that clear? (Yes, Sir).
တဏှာချုပ်ရင်ကံအလိုလိုပျောက်တယ်
If Craving Ceases, Karma Disappears
ကောင်းပြီ၊ ဒါဖြင့် တဏှာနဲ့ ကံ ယနေ့ရှင်းပါပြီ (မှန်ပါ့) ဘယ်ဟာကြောက်ရမှာလဲ (တဏှာ ကြောက်ရမှာပါ ဘုရား) ကံကိုမကြောက်နဲ့ (မှန်ပါ့) ကံကိုမကြောက်နဲ့ ဘာမှကြောက်စရာ မရှိဘူး၊ တဏှာချုပ်ရင် ကံ-အလိုလို ပျောက်တယ် (မှန်ပါ့ ဘုရား)။
Good. So today, the matter of Kamma and Craving is clear. (Yes, Sir). Which one must be feared? (We must fear Craving, Sir). Do not fear Kamma. (True, Sir). Do not fear Kamma at all. There is nothing to fear. If Craving ceases, Kamma disappears automatically. (True, Sir).
တဏှာချုပ်ရင် (ကံ-အလိုလိုပျောက်ပါတယ် ဘုရား) ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ တဏှာလဲ ချုပ်ပါရော၊ ဝေဿန္တရာ လက်ထက်ကကံတွေ အကုန်ပျောက်တယ် (မှန်ပါ့) အကျိုးပေး နိုင်သေးရဲ့လား (မပေးနိုင်ပါ ဘုရား) မပေးနိုင်ဘူးဆိုလို့ ရှိရင်ဖြင့် တဏှာ ချုပ်ရင် ကံပျောက်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
If Craving ceases? (Kamma disappears automatically, Sir). At the Bodhi Tree, upon the Golden Throne, when Craving ceased, all the Kamma from the time of Vessantara disappeared. (True, Sir). Could they still give results? (No, Sir). If they cannot give results, then when Craving ceases, Kamma vanishes. (True, Sir). Is that clear? (Yes, Sir).
တဏှာချုပ်အောင်လို့ပဿနာရှုတာ
Vipassana is to Sever Craving
ဒါကြောင့် ဝိပဿနာရှုတာသည် ဒကာ ဒကာမတို့ ကံ ချုပ်အောင်လို့ ရှုနေတာလား၊ တဏှာချုပ်အောင်လို့ ရှုနေတာလား၊ (တဏှာချုပ်အောင်လို့ ရှုနေတာပါ ဘုရား) ဒါကြောင့်မဂ်သည် ကံကိုဖြတ်သလား၊ တဏှာကိုဖြတ်သလား အကဲခတ်စမ်း (တဏှာကိုဖြတ်ပါတယ် ဘုရား)။
Therefore, Yogis, when you practice Vipassana, are you practicing to end Kamma or to end Craving? (We are practicing to end Craving, Sir). So, assess this: Does the Path Factor (Magga) sever Kamma or does it sever Craving? (It severs Craving, Sir).
‘‘ကိလေသေ မာရေန္တော နိဗ္ဗာနံ ဂစ္ဆတီတိမဂ္ဂါ’’ လို့ဖွင့် တယ် (မှန်ပါ) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)
ကိလေသေ= ကိလေသာတို့ကို၊ မာရေန္တော = သတ်လျှက်၊ နိဗ္ဗာနံ ဂစ္ဆတိ= နိဗ္ဗာန်သို့ သွားတတ်၏။ ဣတိ တသ္မာ= ထို့ကြောင့်၊ မဂ္ဂေါ= မဂ်ဉာဏ် မည်၏
အစရှိသည်နဲ့ ဟောထားတာကို ထောက်လိုက်တော့ ဪ ဒို့သည် အကြောက်လွဲနေပါ သေးကလား ဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
The commentaries explain: Kilese mārento nibbānaṃ gacchatīti maggo. (True, Sir). Is that not so? (It is so, Sir). Kilese = The defilements; mārento = killing/destroying; nibbānaṃ gacchati = goes to Nibbana. Iti tasmā = Therefore; maggo = it is called the Path Knowledge. Considering this teaching, it becomes clear: "Oh, our fears have been misplaced!" (True, Sir).
အကြောက်လွဲနေကြတယ်
You Fear the Wrong Thing
ဘာလွဲနေသတုံး (အကြောက်လွဲနေပါတယ် ဘုရား) ဘယ်ဟာကြောက်ကြမလဲ (တဏှာ ကြောက်ရ ပါမယ် ဘုရား) နောက်ကျတော့ ညည်းချင်လို့ရှိရင်၊ ခင်ဗျားတို့ ပါးစပ်ထဲမှာ အမှန်ညည်း ကြပါနော် (မှန်ပါ့) သမုဒယကြောင့် ဒုက္ခဖြစ်ရလေခြင်း၊ ဒါကောင်းတယ် (မှန်ပါ့ ဘုရား)
ကံမကောင်းလို့ဖြစ် ရလေခြင်းမလုပ်နဲ့ (မှန်ပါ့)။
What is misplaced? (Our fear is misplaced, Sir). What should we fear? (We must fear Craving, Sir). Later, if you want to groan in pain, groan correctly with your mouth. (True, Sir). Say, "Oh, because of the Origin (Samudaya), suffering has arisen!" That is good. (True, Sir). Do not say, "Oh, this happened because of bad luck/Kamma." (True, Sir).
သမုဒယကြောင့် (ဒုက္ခဖြစ်ရလေခြင်း) အဲဒါ အမှန်ဆုံး ပဲ (မှန်ပါ့ ဘုရား) သမုဒယကြောင့် (ဒုက္ခဖြစ်ရလေခြင်း) အဲ ဒုက္ခဖြစ်ရလေခြင်းဆိုရင် တည့်ပြီ (မှန်ပါ) ကံမကောင်းလို့ ဖြစ်ရလေခြင်းဆိုရင် (မတည့်ပါ ဘုရား) တဏှာက ပြုံးနေမှာပေါ့။ လုပ်တော့ငါလုပ်တာကွာ ဟိုကောင်ပေါ်ကျနေ တယ်၊ မပြုံးပေဘူးလား၊ ပြုံးမလား (ပြုံးစရာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
"Because of the Origin..." (Suffering has arisen). That is the most accurate statement. (True, Sir). "Because of the Origin..." (Suffering has arisen). If you say "Suffering has arisen," it is direct and correct. (True, Sir). If you say, "It happened because of bad Kamma," is it correct? (It is not correct, Sir). Craving would be smiling. "I did the deed, but he blames that fellow over there!" Wouldn't Craving smile? (It would be something to smile about, Sir). Is that clear? (Yes, Sir).
အဲဒါတဏှာက ပြုံးချင်လို့ ပြုံးရတာလား ခင်ဗျားတို့ အ လို့ ပြုံးရတာလား (တပည့်တော်တို့အ-လို့ပြုံးတာပါ) ဆန်ခိုး မမိဖွဲ့ခိုးမိနေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
Is Craving smiling because it is clever, or because you are foolish? (Because we are foolish, Sir). You didn't catch the rice thief; you caught the glutinous rice thief instead. (True, Sir). Do you see? (Yes, Sir).
ဒါဖြင့် ဒီလိုလုပ်ပါ၊ ခင်ဗျားတို့ တိုင်ခြေမှာဝပ်တဲ့ သား ကောင် ခြောက်မျိုးရှိပါတယ်၊ အဲဒီ သားကောင်ခြောက်မျိုးကို တိုင်ခြေမှာဝပ်အောင်လုပ်ပါ (မှန်ပါ့ ဘုရား) မနောဒွါရ အောက်ကို ရောက်အောင်လုပ်ပါ (မှန်ပါ့) သဘောပါ ပလား (ပါ-ပါပြီ)။
ဘယ်အောက်ရောက်အောင်လုပ်ရမယ် (မနောဒွါရ အောက်ရောက်အောင်လုပ်ရပါမယ်) လိုက်မသွားနဲ့နော် (မှန်ပါ့) သူ့အောက်ကို ရောက်အောင် လုပ်ရမယ် (မှန်ပါ့)။
So, do this. There are six wild animals that crouch at the foot of your pillar. Make these six animals lie down at the foot of the pillar. (True, Sir). Make them go under the domain of the Mind Door (Mano-dvāra). (True, Sir). Do you grasp the meaning? (Yes, we do, Sir). Where must you make them go? (Under the domain of the Mind Door). Do not follow them. (True, Sir). You must bring them under control. (True, Sir).
ဝိပဿနာဉာဏ်အောက်ရောက်အောင်လုပ်ပါ
Bring them under Insight Knowledge
ဒါဖြင့် မြင်စိတ်ကိုလဲ ဝိပဿနာဉာဏ်အောက်ရောက် အောင်လုပ် (မှန်ပါ့ ဘုရား)
ကြားစိတ်ကို (ဝိပဿနာဉာဏ် အောက်ရောက်အောင်လုပ်ရပါ့မယ်)
နံစိတ်ကို (ဝိပဿနာ ဉာဏ်အောက်ရောက်အောင်လုပ်ရပါ့မယ်)
စားစိတ်ကို (ဝိပ ဿနာဉာဏ်အောက်ရောက်အောင် လုပ်ရပါမယ်)
ယားစိတ်၊ ယံစိတ်၊ ကောင်းစိတ်ကို (ဝိပဿနာဉာဏ်အောက် ရောက်အောင် လုပ်ရပါမယ်)
Therefore, bring the Seeing Consciousness under the domain of Insight (Vipassana) Knowledge. (Yes, Sir). Bring the Hearing Consciousness... (Under the domain of Insight Knowledge). Bring the Smelling Consciousness... (Under the domain of Insight Knowledge). Bring the Eating/Tasting Consciousness... (Under the domain of Insight Knowledge). Bring the Itching, Touching, or Pleasant Sensations... (Under the domain of Insight Knowledge). Bring the Planning and Thinking Minds... (Under the domain of Insight Knowledge).
ကြံစိတ်၊ စည်စိတ်တွေကို (ဝိပဿနာ ဉာဏ်အောက်ရောက်အောင် လုပ်ရပါမယ်)။
ဟာ အဲဒါတိုင်ခြေဝပ်ပြီ (မှန်ပါ) တိုင်ခြေဝပ်ပြီ။ သားကောင် ခြောက်ကောင် တိုင်ခြေဝပ်ပါပြီ၊ ခင်ဗျားတို့ ဒီနေ ရာက နေပြီးသကာလ သူတို့ကိုသာလျှင်-တဲ့၊ မောတာနဲ့သူတို့ ရပ်လို့ရှိရင်ဖြင့် သူတို့ကိုခင်ဗျားတို့က နိုင်ပါပြီ (မှန်ပါ့ ဘုရား)။
Hah! Now they are crouching at the foot of the pillar. (True, Sir). They are crouching. The six animals are at the post. If you stay right here, when they get exhausted and stop, you have won. (True, Sir).
အဲဒီကျတော့ “ဖန္ဒနံ စပလံ စိတ္တံ့” ဆိုတဲ့ အတိုင်းသူက တုန်တုန်လှုပ်လှုပ် နေရမှ ဒီစိတ် တွေဟာ ဖြစ်တယ် (မှန်ပါ့) “ယတ္တကာမ နိပါတိနော' ဆိုတာ သူသွားချင်တဲ့ဆီ သွားတာပဲ (မှန်ပါ့)
အဲဒါ ခင်ဗျားတို့က သွားခွင့်မပေးဘဲနဲ့၊ စိတ်ဆိုတာ သွားချင်တဲ့ဆီ သွားတာပဲ (မှန်ပါ့) ကဲ သွားချင်တဲ့ဆီမသွား ရဘူးကွ၊ တိုင်ခြေဝပ်ရမယ်ကွ၊ ရှင်းပလား (ရှင်းပါပြီ)။
At that point, as the verse says "Phandanaṃ capalaṃ cittaṃ," the mind shakes and trembles before it settles. (True, Sir). "Yatthakāmanipātino" means it goes wherever it desires. (True, Sir). You must not give it permission to go. The mind usually goes where it pleases. (True, Sir). Tell it: "You cannot go where you please! You must lie down at the foot of the pillar!" Is that clear? (Yes, Sir).
ဘယ်ဝပ်ရမှာပါလိမ့် (တိုင်ခြေဝပ်ရမှာပါ) မနောဒွါ ရ တိုင်ခြေမှာ သူ့ကို ကြိုးခြောက်ချောင်းနဲ့ ချည်ပြီး လုပ်ပြီး မနော ဒွါရငုတ်တိုင်နဲ့စိုက်ပြီး ဒီနေရာမှာ မောပြီးရပ်ပါစေ (မှန်ပါ့)။
ဘုရားက ဒါဟောတယ် (မှန်ပါ့) မောပြီးရပ်တဲ့အခါကျ တော့ ဘယ်သားကောင်မှ နာလန် ထူနိုင်သေးရဲ့လား (မထူနိုင် ပါဘူး ဘုရား) သူတို့ပြေးချင်တဲ့ဆီ ပြေးရသေးရဲ့ လား (မပြေးရပါ ဘုရား)။
Where must it lie down? (At the foot of the pillar). Bind it with six ropes to the pillar of the Mind Door. Stake the post of the Mind Door firmly. Let the mind run until it is exhausted and stops right here. (True, Sir). The Buddha taught this. (True, Sir). When it stops from exhaustion, can any of these wild animals rise up again? (They cannot rise up, Sir). Can they run where they want to run? (They cannot, Sir).
အနေမြဲပြီ၊ အသေမြဲပြီ
Secure in Living, Secure in Dying.
မပြေးရဘူး၊ အကုန်မောပြီး တိုင်ခြေမှာလာဝပ်ရတယ် (မှန်ပါ့) အဲဒိလိုဝပ်လို့ရှိရင်ဖြင့် ခင်ဗျားတို့အနေနဲ့လဲ မြဲပါပြီ (မှန်ပါ့) အသေကော (မြဲပါပြီ ဘုရား) အနေလဲမြဲပါပြီ ဆိုတာ သူတို့ ဆွဲရာမပါတော့ဘူး (မပါတော့ပါ ဘုရား)။
The animals cannot run forever. Exhausted, they must eventually crouch at the foot of the post. (True, Sir). If they crouch like that, you are secure. (True, Sir). Your death is secure (Yes, Sir), and your life is secure. It means you are no longer dragged away by the senses. (No longer dragged away, Sir).
အသေလဲ မြဲပါပြီဆိုတာက တခြားမဟုတ်ပါဘူး တဲ့၊ ဒကာ ဒကာမတို့ သူတို့ဆွဲရာ ပါလို့ရှိရင်ဖြင့် သေခြင်းဆိုးချည်း ပဲ (မှန်ပါ့)။
When I say "Death is secure," it means nothing else but this: Yogis, if you follow where the senses pull you, you will die a terrible death. (True, Sir).
သူတို့ဆွဲရာမပါတော့ဘူးဆိုလို့ရှိရင် သေခြင်းဆိုး အဖြစ် တော့မရောက်တော့ပါဘူး (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။
But if you are not dragged away by them, you will not face a terrible death. (True, Sir). Do you grasp the meaning? (Yes, we do, Sir).
ဒါဖြင့် ဘယ့်နှယ်လုပ်ကြမလဲ (တိုင်ခြေဝပ်အောင် လုပ်ရပါမယ်) တိုင်ခြေဝပ်အောင် လုပ်ရမယ် ဆိုတာ သဘော ကျပလား (ကျပါပြီ)။
So, what must be done? (We must make them crouch at the foot of the post). Do you agree that you must make them crouch at the post? (We agree, Sir).
ဘယ်စိတ်လာလာဖြစ်ပျက်ရှု
Observe Whatever Mind Arises
ဒါဖြင့် ဘယ်စိတ်လာလာ ဦးသံဒိုင် ဘယ့်နှယ်လုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှု (မှန်ပါ) ပေါ်ချင်တဲ့စိတ်ပေါ်၊ ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ်)။
Then, U Than Daing, whatever mind arises, what must you do? (We must observe Arising and Passing Away). Yes, watch the Arising and Passing Away. Let whatever mind that wants to appear, appear. What will you do? (We must observe Arising and Passing Away).
ဘာ့ကြောင့် ဖြစ်ပျက်ရှုရပါလိမ့်မတုံးလို့ မေးတဲ့အခါကျ တော့မှ ခင်ဗျားတို့ သန္တာန် ပုထုဇဉ်စိတ်ပဲ ရှိတယ် (မှန်ပါ့) ပုထုဇဉ် စိတ် ဟူသရွေ့ လဲ မရှုကောင်းတဲ့ စိတ်ရယ်လို့ မရှိပါဘူး (မှန်ပါ့ ဘုရား) ပုထုဇဉ်စိတ် ဟူသရွေ့ဟာ (မရှုကောင်းတဲ့ စိတ်မရှိပါ ဘုရား)။
If asked, "Why must we observe Arising and Passing Away?" it is because within your continuity of consciousness, only the Putthujjana (Ordinary Worldling) mind exists. (True, Sir). And as long as it is a Putthujjana mind, there is no such thing as a mind that is "unsuitable" for observation. (True, Sir). As long as it is an ordinary mind... (There is no mind unsuitable for observation, Sir).
ဒါကြောင့် ရှင်သာရိပုတ္တရာက ဟောပါတယ်၊ မင်း ဟာသူတစ်ပါးစိတ် အကဲခတ်ရတာ မှားတယ်မှန်တယ် နှစ်မျိုး ရှိတယ်ကွ၊ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်နိုင်လို့ရှိရင် နိဗ္ဗာန် ရောက်ပါ တယ်တဲ့ (မှန်ပါ့ ဘုရား) ဘာတဲ့တုံး (ကိုယ်စိတ် ကိုယ် အကဲခတ်နိုင်ရင် နိဗ္ဗာန်ရောက်ပါတယ် တဲ့)။
That is why Venerable Sariputta taught: "Judging the minds of others can be hit or miss—sometimes wrong, sometimes right. But if you can assess and observe your own mind, you will attain Nibbana." (True, Sir). What did he say? (If we can assess our own mind, we attain Nibbana).
ဟော ဘာစိတ်ဖြစ်တယ်ဆိုရင် ဖြစ်ဖြစ်ချင်း သိ အောင်ဖြစ်ပျက်ရှုပစ်ပါ (မှန်ပါ့) ဟော ဒုတိယစိတ်ဖြစ် လာတယ်ဆိုရင် ဖြစ်ဖြစ်ချင်း (ဖြစ်ပျက်ရှုရပါမယ်) စိတ်ထဲ ရှုတော့သူဟာ လောဘစိတ်ပဲ၊ မင်းလဲ ဖြစ်ပျက်ရှုရမယ်၊ ဒေါသ စိတ်လာရင်လဲ (ဖြစ်ပျက်ရှုပါမယ် ဘုရား)။
Therefore, whatever mind arises, observe its Arising and Passing Away immediately so that you know it. (Yes, Sir). If a second mind arises, immediately... (Observe Arising and Passing Away). If you look inside and see Greed (Lobha), you must observe the Arising and Passing Away. If Anger (Dosa) comes... (Observe Arising and Passing Away, Sir).
အင်း ဟင် မင်းဟာ ပဋိစ္စသမုပ္ပါဒ် စတော့မလို့ ဆိုတော့ ကိုယ့်စိတ်ကိုတော့ သိတယ် (မှန်ပါ့) သူတစ်ပါးစိတ်ကိုတော့ (မသိပါ ဘုရား) မသိဘူးတဲ့ မှားသည်ရှိ မှန်သည်ရှိ ရှိပါ တယ်တဲ့ (မှန်ပါ့)။
Indeed. Since you are starting to break the chain of Dependent Origination (Paticcasamuppada), you must know your own mind. (True, Sir). You cannot know the minds of others. (No, Sir). Since you don't know, your guesses could be right or wrong. (True, Sir).
ဒါဖြင့် ကိုယ့်စိတ်ကို ကိုယ်သိတဲ့ ပုဂ္ဂိုလ်သည် ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်ရတဲ့ ပုဂ္ဂိုလ်လို့ မှတ်လိုက်ပါ (မှန် ပါ့ ဘုရား) ကိုယ့်စိတ်ကိုယ်သိနိုင်တဲ့ ပုဂ္ဂိုလ်ဟာ (ဝိပဿနာ ဉာဏ်ရတဲ့ ပုဂ္ဂိုလ်ပါ ဘုရား) အိပ်တဲ့စိတ်မှတစ်ပါး ကျန်တဲ့စိတ်တွေကို အကုန်ရှုပစ်ရမယ် (မှန်ပါ့) အိပ်တဲ့စိတ်မှတစ်ပါး (ကျန်တဲ့စိတ်တွေ အကုန်ရှုရပါမယ် ဘုရား)။
Therefore, mark this: The person who knows their own mind is the person who possesses Insight (Vipassana) Knowledge. (True, Sir). The person who can know their own mind is... (The person who possesses Insight Knowledge, Sir). Except for the sleeping mind, you must observe every other mind to the point of cessation. (True, Sir). Except for the sleeping mind... (We must observe all other minds, Sir).
အိပ်တဲ့စိတ်ဆိုတာဘဝင်စိတ်
The Sleeping Mind is Bhavanga
အိပ်တဲ့စိတ်ဆိုတာက မပြောပါနဲ့တဲ့၊ ကိုယ်အိပ်တာကို မသိလို့ ရှုစရာ မလိုပါဘူး (မှန်ပါ့ ဘုရား) ကောင်းကျိုးလဲ မပေးဘူး၊ ဆိုးကျိုးလဲမပေးဘူး၊ အဲဒီစိတ် ဘဝင်စိတ်ဆိုတာက (မှန်ပါ့ ဘုရား) သဘောပါရဲ့လား (ပါ-ပါတယ် ဘုရား)။
Do not speak of the sleeping mind. Since you are unaware when you sleep, there is no need to observe it. (True, Sir). It produces neither good results nor bad results. That mind is called the Life-Continuum Consciousness (Bhavanga). (True, Sir). Do you grasp the meaning? (Yes, we do, Sir).
ကျန်တဲ့ ဇောစိတ်ဟူသရွေ့ကိုဖြင့် ဦးသံဒိုင်တို့၊ မောင် သစ်တို့က မမိ မိအောင် ရှုရမယ် (မှန်ပါ့ ဘုရား) ဇောကမှ အကျိုးပေးတာ၊ ဘဝင်က အကျိုးမပေးဘူး (မှန်ပါ့)။
But for the remaining Impulsion (Javana) minds, U Than Daing and Maung Thit, you must observe them until you catch them. (True, Sir). Only Javana produces kammic results; Bhavanga does not. (True, Sir).
ဘဝင်ကနောက်ဘဝ ဒီဘဝ ဘယ်တော့မှ အကျိုးပေး ရိုးထုံးစံမရှိဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
Bhavanga has no custom of producing results in this life or the next. (True, Sir). Is that clear? (Clear, Sir).
ဒါဖြင့် ဘယ့်နှယ်လုပ်ကြမယ် (ပေါ်ချင်တဲ့စိတ် ပေါ် ပေါ်ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
So, what will we do? (Whatever mind wants to appear, let it appear; we will observe Arising and Passing Away, Sir).
အဲ ကိုယ့်သန္တာန်မှာ ပုထုဇဉ်စိတ်မှတစ်ပါး တခြား စိတ်မပေါ်ပါဘူး (မပေါ်ပါဘူး ဘုရား)။
In your continuity, nothing appears but the Putthujjana mind. (Nothing else appears, Sir).
အဲဒီတော့ ပုထုဇဉ်စိတ် ပေါ်သရွေ့ကို အရိယာစိတ် ပြောင်းလိုက်ပါ (မှန်ပါ့ ဘုရား) ရှင်းပြီးနော် (ရှင်းပါပြီ) ပုထုဇဉ်စိတ် ပေါ်သရွေ့ကို (အရိယာစိတ်ပြောင်းရပါမယ်)။
Therefore, whenever a Putthujjana mind appears, transform it into an Ariya (Noble) mind. (True, Sir). Is that clear? (Clear, Sir). Whenever a Putthujjana mind appears... (We must transform it into an Ariya mind).
အရိယာစိတ်ပြောင်းလိုက်ပါ
Transform into the Ariya Mind
အရိယာစိတ်ပြောင်းလိုက်ပါဆိုတာက ပုထုဇဉ်စိတ် ပေါ်လာလို့ရှိရင်ဖြင့် တဲ့၊ ဒီက ဖြစ်ပျက်ကို ရှုနိုင်တဲ့ အရိယာ စိတ်ပြောင်းလိုက် (မှန်ပါ့ ဘုရား)။
When I say "transform it into an Ariya mind," I mean this: When the Putthujjana mind appears, switch to the Ariya mind that is capable of observing Arising and Passing Away. (True, Sir).
ပြောင်းလိုက်လို့ ရှိရင်ဖြင့် တဲ့၊ အခုရှုနိုင်တဲ့ဉာဏ်နဲ့ နေနိုင်တဲ့ ပုဂ္ဂိုလ်ဟာ အရိယာဖြစ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ရှုနိုင်တဲ့ဉာဏ်နဲ့ နေနိုင်တဲ့ ပုဂ္ဂိုလ်ဟာ (အရိယာ ဖြစ်ရမယ်) ဘာပြောင်း ယူတာတုံး၊ အို ပုထုဇဉ်စိတ်ကို အရိယာစိတ် ပြောင်းယူတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
If you change it like that, the person who lives with the wisdom that observes becomes an Ariya (Noble One). (True, Sir). Is that clear? (Clear, Sir). The person who lives with the observing wisdom... (Must become an Ariya). What are you exchanging? Oh, you are exchanging the Putthujjana mind for the Ariya mind. (True, Sir). Is that clear? (Clear, Sir).
ဘယ်လိုမှတ်ကြမယ် (ပုထုဇဉ်စိတ်ကို အရိယာစိတ် ပြောင်းယူတာပါ ဘုရား)။
How will you mark this? (Exchanging the Putthujjana mind for the Ariya mind, Sir).
အဲဝိပဿနာရှုဆိုတာ ကုသိုလ်ရအောင် ရှုတာလား၊ စိတ်ပြောင်းတာလား (စိတ်ပြောင်းတာပါ ဘုရား)။
So, is Vipassana meditation practiced just to gain merit, or is it to transform the mind? (To transform the mind, Sir).
ဦးသံဒိုင် ဒါသေသေချာချာမှတ်ပါ (မှန်ပါ့) တော်တော် အရေးကြီးတဲ့ စကားလို့မှတ်ပါ (မှန်ပါ့ ဘုရား)။
U Than Daing, mark this carefully. (Yes, Sir). Mark this as a very important statement. (Yes, Sir).
ပုထုဇဉ်စိတ်ဟူသရွေ့ကို အရိယာအဖြစ်ကို ပြောင်းတာ ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ပုထုဇဉ်စိတ်ကို (အရိယာအဖြစ်သို့ ပြောင်းတာပါ) ဘယ်လိုပြောင်းရမှာပါလိမ့် (ဖြစ်ပျက်ရှုရမှာပါ) ပထမ ပုထုဇဉ်စိတ်တွေ လာလိမ့်မယ် တဲ့၊ ဟုတ်လား (မှန်ပါ့) ပုထုဇဉ်စိတ် တွေချည်းပေါ်မယ် (မှန်ပါ့)
It is transforming every Putthujjana mind into the state of an Ariya. (True, Sir). Do you grasp this? (Yes, Sir). The Putthujjana mind... (Is transformed into the Ariya state). How do you transform it? (By observing Arising and Passing Away). At first, Putthujjana minds will come. Correct? (Yes, Sir). Only Putthujjana minds will appear. (Yes, Sir).
ပုထုဇဉ်စိတ်တွေချည်း ပေါ်တာကိုခင်ဗျားတို့က မိအောင်ရှုနိုင်လို့ရှိရင်ဖြင့် ဒါ အရိယာဖြစ်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
If you can catch these minds and observe them, that is becoming an Ariya. (True, Sir). Do you agree? (We agree, Sir).
ဖြစ်ပျက်မြင်အောင်ရှုမှမဂ်စိတ်ပေါ်တယ်
The Path Mind Arises Only by Seeing Impermanence
ဒါဖြင့် အရိယာကမွေးလို့ အရိယာ ဖြစ်သည် မဟုတ်ဘူး (မှန်ပါ့) ပုထုဇဉ်စိတ်ကို ရှုနိုင်လို့ အရိယာဖြစ်တာ (မှန်ပါ့) ပုထုဇဉ်စိတ်ကို (ရှုနိုင်လို့ အရိယာဖြစ်တာပါ ဘုရား) ပုထုဇဉ်စိတ်ကို ဖြစ်ပျက် မြင်အောင်ရှု သောကြောင့် မဂ်စိတ် ပေါ်တယ် (မှန်ပါ့)။
So, one is not an Ariya because they were born from Ariyas. (True, Sir). One becomes an Ariya because they can observe the Putthujjana mind. (True, Sir). Because you observe the Putthujjana mind and see the Arising and Passing Away, the Path Consciousness (Magga-Citta) arises. (True, Sir).
ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့တရားမှာ တိုင်ခြေမှာဝပ် တဲ့သားကောင် ခြောက်ကောင်ကို ဘုရားက ဥပမာပြတယ်၊ တိုင်ခြေမှာဒွါရခြောက်ပေါက်မှာ ဖြစ်တဲ့ စိတ်ဟာ ပုထုဇဉ်စိတ်တွေ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
Therefore, Yogis, in today's Dhamma, the Buddha gave the simile of the six animals crouching at the foot of the post. The minds arising at the six sense doors are all Putthujjana minds. (True, Sir). Do you agree? (We agree, Sir).
အဲဒီ ပုထုဇဉ်စိတ်က ခင်ဗျားတို့ ပြောင်းလိုက်လို့ ရှိရင် လဲအရိယာဖြစ်နိုင်တယ် (မှန်ပါ့ ဘုရား) မပြောင်းတတ်လို့ရှိ ရင် ပုထုဇဉ်စိတ်ချည်း တန်းပေါ်တယ် (မှန်ပါ့)။
If you transform that Putthujjana mind, it can become an Ariya. (True, Sir). If you do not know how to transform it, a continuous stream of Putthujjana consciousness will appear. (True, Sir).
မပြောင်းတတ်ရင် (ပုထုဇဉ်စိတ်ချည်း တန်းပေါ်ပါ တယ် ဘုရား) မြင်တယ်၊ ဥပမာအားဖြင့် ခံစားမယ်ဆိုတော့ ပုထုဇဉ်စိတ်ပေါ်တာပဲ၊ လိုချင်တယ်ဆိုတော့ (ပုထုဇဉ်စိတ်ပါ) စွဲလမ်းတယ်ဆိုတော့ (ပုထုဇဉ်စိတ်ပါ) အားထုတ်မယ်ဆိုတော့ (ပုထုဇဉ်စိတ်ပါ ဘုရား) ပုထုဇဉ်စိတ်တွေချည်း ပေါ်နေတယ်. (မှန်ပါ့)။
If you don't know how to transform it... (A continuous stream of Putthujjana consciousness will appear, Sir). "Seeing" is a Putthujjana mind. For example, "Feeling" is a Putthujjana mind. "Wanting" is... (A Putthujjana mind). "Craving" is... (A Putthujjana mind). "Exerting effort" is... (A Putthujjana mind, Sir). Only Putthujjana minds are appearing. (True, Sir).
အဲဒီစိတ်တွေကို ခင်ဗျားတို့မပေါ်ရအောင် မြင်စိတ်ဖြစ် ပျက်ရှုလိုက်တော့ကို ပုထုဇဉ်စိတ် ပျောက်ပြီး အရိယာစိတ် ရောက်တယ် (မှန်ပါ့)။
To stop those minds from persisting, if you observe the Arising and Passing Away of the seeing mind, the Putthujjana mind disappears and the Ariya mind arrives. (True, Sir).
စိတ်ဖြစ်ပျက်ရှုလိုက်တော့ (ပုထုဇဉ်စိတ် ပျောက်ပြီး အရိယာစိတ် ရောက်ပါတယ် ဘုရား)။
When you observe the Arising and Passing Away of the mind... (The Putthujjana mind disappears and the Ariya mind arrives, Sir).
အဲ ပုထုဇဉ်စိတ်ကအပျောက် (မှန်ပါ့) အရိယာ စိတ်က (အရောက်ပါ ဘုရား) ဆိုတော့ သေချာပလား (သေချာပါပြီ)။
So, the Putthujjana mind... (Disappears). And the Ariya mind... (Arrives, Sir). Is that certain? (It is certain, Sir).
ပုထုဇဉ်စိတ်ကိုဖြစ်ပျက်ရှုမှ၊ အရိယာဖြစ်မယ်
Observe the Putthujjana Mind to Become an Ariya
ဒါဖြင့် အရိယာဖြစ်ချင်လို့ ရှိရင်ဖြင့် ပုထုဇဉ်စိတ်ကို ဖြစ်ပျက်ရှုမှ အရိယာအဖြစ်သို့ ရောက်မယ် (မှန်ပါ့) ပုထုဇဉ် အဖြစ်ကို ပုထုဇဉ်ကို မရှုနိုင်လို့ရှိရင် အရိယာအဖြစ်သို့ မရောက် ပါဘူး (မရောက်ပါ ဘုရား)။
Thus, if you wish to become an Ariya, you must observe the Arising and Passing Away of the Putthujjana mind. Only then will you reach the state of an Ariya. (True, Sir). If you cannot observe the Putthujjana nature... (You will not reach the state of an Ariya, Sir).
တစ်ခါသွားဦး၊ သောတာပန်သန္တာန်ဖြစ်တဲ့စိတ်ကို ရှုပါ မှ သကဒါဂါမ်ဖြစ်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
Let us go further. You must observe the consciousness of a Sotapanna (Stream-Enterer) to become a Sakadagami (Once-Returner). (True, Sir). Do you agree? (We agree, Sir).
သောတာပန်သန္တာန်ဖြစ်တဲ့စိတ်တွေ ဟူသရွေ့ ဖြစ်ပျက် ရှုနိုင်မှ (သကဒါဂါမ်ဖြစ်ပါတယ် ဘုရား) သကဒါဂါမ် သန္တာန် ဖြစ်တဲ့ စိတ်တွေရှုနိုင်မှ (အနာဂါမ်ဖြစ်ပါတယ်) အနာဂါမ် သန္တာန်ဖြစ်တဲ့ စိတ်တွေ ရှုနိုင်မှ (ရဟန္တာဖြစ်ပါတယ် ဘုရား)။
Only when you can observe all minds arising in a Sotapanna... (One becomes a Sakadagami, Sir). Only when you can observe the minds arising in a Sakadagami... (One becomes an Anagami). Only when you can observe the minds arising in an Anagami... (One becomes an Arahant, Sir).
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ စိတ်ပြောင်းဟာ အရေး ကြီးလာပြီ (မှန်ပါ့ ဘုရား) သဘောပါလား (ပါပါပြီ)။
Now, Yogis, transforming the mind has become crucial. (True, Sir). Do you see this? (Yes, Sir).
ဘာအရေးကြီးသလဲ (စိတ်ပြောင်းတ ာအရေးကြီး ပါတယ် ဘုရား) ပြောင်းတတ်ပလား (ပြောင်းတတ်ပါပြီ ဘုရား)။
What is important? (Transforming the mind is important, Sir). Do you know how to transform it now? (We know how, Sir).
ကဲ- ဒါဖြင့် ပြောင်းတတ်လို့ရှိရင်ဖြင့် ခင်ဗျားတို့ အရိယာဖြစ်ရပါလို၏ ဆုတောင်းရမှာလား၊ ရှုတဲ့ပုဂ္ဂိုလ်ဟာ ပြောင်းနေတာပဲလို့ ဆိုတာ ဝေဖန်လိုက်ကြစမ်းပါ (ရှုတဲ့ ပုဂ္ဂိုလ်ဟာ ပြောင်းနေတာပါ ဘုရား)။
So, if you know how to transform it, should you merely pray "May I become an Ariya"? Or should you analyze and realize that the person who observes is the one who is transforming? (The person who observes is transforming, Sir).
ဝိပဿနာမရှုရင်အရိယာမဖြစ်
Without Vipassana, You Cannot Become Ariya
ရှုတဲ့ပုဂ္ဂိုလ်ဟာ ပြောင်းနေတာ (မှန်ပါ့) မရှုတဲ့ ပုဂ္ဂိုလ် ဟာ (မပြောင်းပါ ဘုရား)။
The person who observes is changing. (True, Sir). The person who does not observe... (Is not changing, Sir).
ဒါဖြင့် ဝိပဿနာမရှုဘဲနဲ့လဲ အရိယာ ဘယ်သူမှ ဖြစ်မှာ မဟုတ်ဘူး (မဖြစ်ပါ ဘုရား) ဘာကြောင့်တုံး မပြောင်းမိလို့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ယနေ့ တရားမှာ သဘောပါပလား (ပါ-ပါပြီ ဘုရား)။
Therefore, without Vipassana meditation, no one will ever become an Ariya. (They will not, Sir). Why? Because they did not transform the mind. (True, Sir). Is it clear? (Clear, Sir). Did you grasp the meaning of today's Dhamma? (Yes, we do, Sir).
ကဲ အချိန်စေ့ပြီ ယနေ့ညတော်ဦးစို့။
သာဓု သာဓု သာဓု။
Well, the time is up. Let us stop here for tonight. Sadhu! Sadhu! Sadhu!