ဝေဒနာနုပဿနာ အမှတ်(၄)
ဝေဒနာခေါ်ရာ ဉာဏ်နဲ့သွားပါ
(မိုးကုတ်မြို့)
ခင်ဗျားတို့ခန္ဓာကိုယ်ကြီးဟာ ဘုရားက ဘာခန္ဓာလို့ ဟော သတုံး (ဝေဒနာက္ခခန္ဓာပါ ဘုရား) ဝေဒနာက္ခန္ဓာ ဟောလိုက် တော့ကို ဘယ်အချိန်တုံးလို့ မေးတော့လဲ အချိန်တိုင်း (မှန်ပါ့ ဘုရား)။
သုခဝေဒနာ ရှိတဲ့အချိန်မှာ သုခဝေဒနာက္ခန္ဓာပဲ၊ ဒုက္ခ ဝေဒနာရှိတဲ့အခါမှာကော (ဒုက္ခဝေဒနာက္ခန္ဓာပါ ဘုရား) တစ်ခါတလေ ဥပေက္ခာ ဝေဒနာက္ခန္ဓာနဲ့ကော မရှိကြဘူးလား (ရှိပါတယ် ဘုရား) သဘောပါကြလား (ပါပါပြီ ဘုရား)။
ဝေဒနာက ခေါ်/ မခေါ်
ဒါဖြင့် ကိုစောမောင်တို့ ကိုစံလှတို့ ဘယ်အချိန်ဝေဒနာ ကင်းသတုံး (မကင်းပါ ဘုရား) ဘယ်အချိန်မှ မကင်းလို့ ရှိရင်ဖြင့်တဲ့ ဘယ်အချိန်မဆို၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝေဒနာက ဧဟိ – လာခဲ့ပါ၊ ပဿ-ရှုပါ ဆိုတာ ခေါ်မခေါ် (ခေါ်ပါတယ် ဘုရား) သို့သော် ခင်ဗျားတို့ သွား, မသွား (မသွားပါ ဘုရား) ကိုစောမောင်သွားရဲ့လား (မသွားပါ ဘုရား)။
ဘာဖြစ်လို့ ဒီဒကာ၊ ဒကာမတွေ မသွားပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ကို ခင်ဗျားတို့ သွားတာက သွားတဲ့အခါ ကျတော့ သွားပါတယ် တဲ့၊ ကျောမှာယားတယ် ကိုစောမောင် ကျောမှာ ဘာဝေဒနာပေါ် သတုံး (ဒုက္ခဝေဒနာ ပေါ်ပါတယ် ဘုရား) အဲဒီမှာ အယားပျောက်ချင်တဲ့ သဘော ဆိုတဲ့ တဏှာနဲ့ တော့ သွားဖြစ်တယ် (မှန်ပါ့) ဝေဒနာကခေါ်လို့ သွား တာ (မှန်ပါ့) ဝေဒနာက မခေါ်ရင် (မသွားပါ ဘုရား) အင်း တဏှာနဲ့ သွားတယ်၊ ခင်ဗျားတို့ ဉာဏ်နဲ့ မသွား ဘူး (မှန်ပါ့)။
ဧဟိပဿိကော
ဒါဖြင့် “ဧဟိပဿိကော” ဆိုတဲ့ ဥစ္စာသည် ခေါ် တယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား) ဧဟိ လာခဲ့ပါ။ ပဿ-ရှုပါလို့၊ ကဲ ဒကာ ဒကာမတွေ ဘုရား ဟောတော်မူတာ ကိုက်ပလား (ကိုက်ပါပြီ ဘုရား)။
ဥပမာ ခြေထောက်မှာ အနာတွေဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ခြေထောက်မှာပဲ နာတာကလေးကို သွားပြီး သကာလ။ နှိပ်ကြ နယ်ကြတယ် ကိုယ့်ဟာကိုယ်လေ (မှန်ပါ့)။
ဘာနဲ့သွားရမှာတုံး
ကိုစောမောင် ဒါ ဉာဏ်နဲ့သွားတာလား၊ တဏှာနဲ့သွား တာလား (တဏှာနဲ့ သွားတာပါ ဘုရား) ဘယ်သူက ခေါ်လို့ တုံး (ဝေဒနာကခေါ်ပါတယ် ဘုရား)၊ ခေါ်ပေမယ့် ခင်ဗျားတို့ အသွား လွဲနေတယ် (မှန်ပါ့) ဘာနဲ့သွားသတုံး (တဏှာ နဲ့သွားပါတယ် ဘုရား) သွားရမှာက ဘာနဲ့သွားရမှာတုံး (ဉာဏ်နဲ့ သွားရမှာပါ ဘုရား)။
အဲ အခုတော့ဖြင့် ဝေကဒနာပစ္စယာ, တဏှာကျ တော့ ခင်ဗျားတို့က သွားတတ်တယ်၊ ဝေဒနာနဲ့ ခေါ်တိုင်း, ခေါ်တိုင်း ဒကာ ဒကာမတို့ တဏှာနဲ့တော့ (သွားပါတယ်) တဏှာနဲ့သွားတော့ ဝေဒနာပစ္စယာ တဏှာသာ ဖြစ်တယ်၊ သဘောကျပလား (ကျပါပြီ) ဘာဖြစ်သွားသတုံး (ဝေဒနာပစ္စယာ တဏှာပါ ဘုရား)။
ဉာဏ်နဲ့သွားလိုက်တော့ ဝေဒနာပစ္စယာ ပညာလို့ ဒီကြားမှာ ဉာဏ်နဲ့ သွားလိုက်လို့ရှိရင် ဒကာ ဒကာမတို့ ဝေဒနာ ပစ္စယာပညာဖြစ်မယ်၊ ဝေဒနာခေါ်ရာကိုသွား ကိုစောမောင် (မှန်ပါ့ ဘုရား) ဘာဖြစ်သွားမလဲ (ပညာဖြစ်သွားပါမယ် ဘုရား)။
အဲ ဝေဒနာကလေးသည် ကားလို့ဆိုရင် ဒါဝေဒနာပဲ။ ဒါ အနိစ္စပဲလို့သာ သွားကြည့်စမ်းပါ၊ ဝေဒနာကတော့ ခေါ်မှာပဲ (မှန်ပါ့) တဏှာလဲ သူခေါ်မှာပဲ၊ ဉာဏ်ကိုကော (ခေါ်မှာပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ တဏှာနဲ့ ဘာနဲ့ သွားရမလဲ (ဉာဏ်နဲ့ သွားရပါမယ် ဘုရား)။
အဲ တဏှာနဲ့တော့ သွားတတ်တယ်။ ဉာဏ်နဲ့တော့ မသွားတတ်ဘူးဆိုတဲ့ ဥစ္စာကလေးကို၊ ဘုန်းကြီးများက သင်ပေးတာပဲ (မှန်ပါ့) ခင်ဗျားတို့ သွားနေကျလမ်းက (တဏှာနဲ့ သွားပါတယ် ဘုရား)။
တဏှာနဲ့ မသွားပါနဲ့
ဒီတစ်ခါ တဏှာနဲ့ မသွားပါနဲ့၊ ဉာဏ်နဲ့ သွားပါလို့ ကိုစံလှ ဒါကလေးကို ပြင်ပေးတာပဲ (မှန်ပါ့ ဘုရား)။
ဒါ့ဖြင့် ဘုရားပွင့်တာသည် တဏှာနဲ့ သွားနေကျတာကို ဉာဏ်နဲ့သွားဖို့ ဟောတော်မူဖို့ ပွင့်လာတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘုရားပွင့်တော်မူတဲ့ အဓိပ္ပာယ် သိပလား (သိပါပြီ ဘုရား) သတ္တဝါတွေ တဏှာနဲ့သွားရင် ဒီချောက်ကျမယ်ဆိုတာ မြင်တော်မူတယ်၊ တဏှာ, ဥပါဒါန်, ကံ, ဇာတိ, မရဏ ချောက် မကျပေဘူးလား (ကျပါတယ် ဘုရား)။
ဉာဏ်နဲ့သွားပါလို့ ကိုယ်တော်မြတ်ကြီး ဟောချင် ပြော ချင်လွန်းလို့ ဒကာ ဒကာမတွေ ဘုရားအဖြစ်ကို မရရအောင် ကြိုးစားလာတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘုရားက ဘာနဲ့ သွားစေချင်သလဲ (ဉာဏ်နဲ့ သွားစေချင်ပါတယ် ဘုရား) ခင်ဗျားတို့ ထုံးစံက ဘာနဲ့ သွားနေ သလဲ (တဏှာနဲ့ သွားနေပါတယ် ဘုရား)။
အဲဒီတော့ကို ဘုရားပွင့်လာတဲ့ အဓိပ္ပာယ်လဲ ဒေါ်ကြပြီ (ပေါ်ပါပြီ ဘုရား)။
လောကတ္ထစရိယံ
ဘုရားသည်ကား လို့ဆိုရင် ဘယ်အသွားနဲ့ သွားဖို့ ရာ ဘုရားအဖြစ်ကို ယူထားသတုံး၊ သတ္တဝါတွေကို ဟောချင်လို့ “လောကတ္ထစရိယံ” ဆိုတဲ့ လောကလူတွေအတွက် ကျင့်လာတယ် ဆိုတာလဲ ဒကာ ဒကာမတွေကို ဉာဏ်နဲ့သွားပါလို့ ဟောချင်လွန်း လို့ ဘုရားအဖြစ်ကို ယူလာတာ ဆိုတာ သဘောပါကြပလား (ပါပါပြီ ဘုရား) ကိုစောမောင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်သန္တာန် ဘုရားပွင့် မပွင့် ဟာဖြင့် ဘုရားရှေ့ကထားလို့ ဘုရားပွင့်လာတာ မဟုတ်သေးဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သူက ဉာဏ်နဲ့ သွားဆိုတဲ့ နေရာမှာ ဉာဏ်နဲ့သွားမှသာ လျှင် ဒကာ ဒကာမတွေ ဘာဖြစ်မလဲ (ဘုရားနဲ့ တွေ့ပါ မယ် ဘုရား)။
ဉာဏ်နဲ့ သွားဖြစ်လို့
ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ တစ်နေ့ဘယ်နှခါ ဘုရားနဲ့ တွေ့လဲဆိုတော့ “ဧဟိပဿိကော ́ ခေါ်ရာကို ဉာဏ်နဲ့သွားမိလို့၊ ဧဟိ-လာခဲ့၊ ပဿ-ရှုပါလို့ ဆိုတဲ့အတိုင်း ဉာဏ်နဲ့ သွားဖြစ်လို့ရှိရင် ခင်ဗျားတို့ သန္တာန်မှာ ဘုရားတွေ့နေတာပဲ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။
တဏှာနဲ့ သွားနေလို့ရှိရင် ဘုရားကိုမပွင့်ဘူး၊ ခင်ဗျား တို့ သန္တာန်မှာ ထုံးစံအတိုင်းနေတာပဲ၊ ဘုရားဟော ထားတာက တခြား၊ ခင်ဗျားတို့ သွားနေတာက တစ်ဖုံ၊ ဒီအပြင်ဘာရှိသတုံး (မရှိပါ ဘုရား)။
ဒါဖြင့် ကိုယ်သန္တာန် ဘုရားပွင့် မပွင့် သိပြီလား (သိပါပြီ ဘုရား) ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ဉာဏ်နဲ့ သွားရင် (ဘုရားပွင့်ပါတယ် ဘုရား)။
ဝေဒနာပေါ်တိုင်း ပေါ်တိုင်း တဏှာနဲ့ သွားနေရင် (ဘုရားမပွင့်ပါ ဘုရား) မပွင့်ပါဘူး တဲ့၊ သံသရာခရီးသည် အလုပ်လုပ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သံသရာခရီးသည်
ဘယ်သူ့အလုပ် လုပ်ပါလိမ့် (သံသရာခရီးသည် အလုပ်လုပ်ပါတယ် ဘုရား) သံသရာ ခရီးသည် ဆိုတာက ဘုရား မပွင့်လဲ သူ့လမ်းသူ သွားတာပဲ ကိုစောမောင်ရေ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဘုရားပွင့်မပွင့် ဘာနဲ့ ချိန်ကြပါ့မယ်၊ ဧဟိပဿိ ကော လို့ တရားတွေကတော့ ခေါ်မယ်၊ ဝေဒနာသုံးမျိုးက ဘယ်အခါမဆို ခေါ်နေမှာပဲ၊ သုခဝေဒနာကတော့ (ခေါ်ပါ တယ် ဘုရား)။
သုခဝေဒနာကလဲ ခေါ်တယ် ဒကာ ဒကာမတို့၊ ခင်ဗျား တို့ ကြည့်ပါလား၊ သုခဝေဒနာက ခေါ်တာများ သေချာလိုက်တာ၊ ဥပမာ မောင်နိုင်, မောင်ဘမှီတို့က အိုက်နေတယ် ဆိုကြပါ စို့ကွာနော် (မှန်ပါ့) အိုက်နေတဲ့အခါမှာ လေပြည် လေညင်း ကလေးတိုက်တဲ့ အခါကျတော့ကို ကျုပ်ဗျာ အခုမှ နေကောင်းတယ်လို့ ပြောတော့ကို ဒီကျော လေတိုက်လို့ရှိရင် ကျောမှာ အေးသွားတယ်၊ ရင်ကလေး အိုက်လို့ရှိရင် ရင်မှာ အေးသွားတယ်ဆိုတာ အဲဒီအေးတဲ့ဆီပဲ ခင်ဗျားတို့ တဏှာဟာ ရောက်သွားလို့သာလျှင် ကျပ်ဖြင့် အခုမှ နေကောင်းသွားတယ် ဆိုတာ ပြောတာဗျ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဝေဒနာ ခေါ်မခေါ် (ခေါ်ပါတယ် ဘုရား)။
ကိုစောမောင် သုခဝေဒနာကကော (ခေါ်ပါတယ် ဘုရား) ဒုက္ခဝေဒနာကကော (ခေါ်ပါတယ် ဘုရား)။
ဒုက္ခဝေဒနာကလဲ အယားဖျောက်ပေးပါဦး၊ နှိပ်ပေးပါဦး၊ နင်းပေးပါဦး၊ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။
သုခဝေဒနာကလဲ ခေါ်တယ်ဆိုတော့ ဧဟိ-လာခဲ့၊ ပဿ-ရှုပါ၊ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား) ခေါ်ပေ မယ့် ခင်ဗျားတို့က အသွားက လွဲနေတယ်၊ ဘာနဲ့ သွားနေသလဲ (တဏှာနဲ့ သွားနေပါတယ် ဘုရား)။
ဘုရားပွင့်လာတာက ဘယ်အကျိုးငှာတုံး၊ ပညာနဲ့ သွားဖို့ ပွင့်လာတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သာသနာတွင်း သွားဟုတ်ပါရဲ့လား
ဒါဖြင့် ဒကာ ဒကာမတွေက ကိုယ့်အသွားက မဟန်လို့ ပေါ့ဗျာ (မှန်ပါ့) သာသနာပ သွား သွားနေတယ်လို့ စွဲချက် တင်လိုက်ရင်လဲ ကိုစောမောင် မငြင်းပါနဲ့ (မငြင်းပါ ဘုရား) သာသနာပ ဒီအတိုင်း သွားနေတာပဲမဟုတ်လား (မှန်ပါ့)
သာသနာတွင်း သွားဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။
သာသနာတွင်း သွားဆိုတာက ဒကာ ဒကာမတို့ ဝေဒနာက ခေါ်တယ်လို့ ဆိုလို့ရှိရင်ဖြင့် ကျုပ်ဟာဖြစ်ပါပြီ၊ ကျုပ်ဟာ ပျက်ပါပြီ၊ ခင်ဗျားကြည့်ပါဦး၊ မပြောဘူးလား (ပြောပါ တယ် ဘုရား)။
ဟာ မကြည့်ဘူး၊ ခင်ဗျားတို့က ကြည့်လိုက်ရင်လဲ မဂ် ဖြစ်မှာပဲ (မှန်ပါ့ ဘုရား)။
ကြည့်လိုက်ရင် ဘာဖြစ်မယ် (မဂ်ဖြစ်ပါမယ်) မကြည့်ရင် ဘာဖြစ်မလဲ (တဏှာဖြစ်ပါမယ်) မကြည့်ရင် တော့၊ တဏှာတော့ တဏှာမဟုတ်ဘူး၊ ကြည့်လျက်နဲ့ တဏှာ ဖြစ်တာက၊ သူ့ဟာက (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အယားပျောက်ချင်တယ်ဆိုတာ ဒကာ ဒကာမတို့ယားတာ က ဒုက္ခဝေဒနာဟုတ်လား (မှန်ပါ့) ပျောက်စေချင် တာက တဏှာကိုး (မှန်ပါ့)။
ဘာနဲ့သွားသတုံး (တဏှာနဲ့ သွားပါတယ် ဘုရား) ယားတာက ဒုက္ခဝေဒနာ၊ ပျောက်စေ ချင်တဲ့ သဘောနဲ့ သွားတာ (တဏှာပါ ဘုရား)။
ဒါကြောင့် ဝေဒနာပစ္စယာ တဏှာဆိုတာဟာ ဒကာ ဒကာမတို့ သူများပြောလား၊ ကိုယ်နေ့တိုင်း အလုပ်လုပ်နေတာ လား (ကိုယ်နေ့တိုင်း အလုပ်လုပ်နေတာပါ ဘုရား)။
ဒါဖြင့် ဧဟိပဿိကော ထည့်သွင်း လိုက်ပါလား၊ ဧဟိ လာခဲ့ပါ၊ ပဿ- ကျုပ်ကိုကြည့်ပါ ဆိုတော့ ခင်ဗျားတို့ဟာ သွားတော့ သွားတယ်၊ ကြည့်တော့ ကြည့်ခဲ့တယ်။ တဏှာနဲ့ကြည့် တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဉာဏ်နဲ့ (မကြည့်ပါ ဘုရား)။
ဪ ဒါကလေး တစ်လုံး ထည့်လိုက်ရလို့ ရှိရင် နိဗ္ဗာန် ရောက်မှာပါလားလို့သာ မှတ်ပါတော့ (မှန်ပါ့) ဟုတ်လား (မှန်ပါ့ ဘုရား)။
တဏှာနဲ့သွားမယ့်နေရာ ဘာနဲ့ သွားလိုက်သတုံး (ဉာဏ်နဲ့သွားပါတယ် ဘုရား) တဏှာနဲ့ သွားမယ့်နေရာ ဉာဏ်နဲ့ သွားလိုက်တော့ ဒီဝေဒနာကလေးဟာ သုခဖြစ်ဖြစ်၊ ဒုက္ခဖြစ်ဖြစ်၊ ဪ ဒါကလေးဟာ ဉာဏ်နဲ့ သွားလိုက်တဲ့ အခါကျတော့ ပေါ်တာကလေးသိ၊ မောင်နိုင်တို့ (မှန်ပါ့)။
ပေါ်တာလဲသိ၊ ပျက်တာလဲသိ
မရှိတာကော (သိပါတယ် ဘုရား) ပေါ်တာလဲသိ၊ ပျက်တာလဲသိဆိုတော့ သမုဒယဓမ္မာနုပဿီ ဝါ ဝယဓမ္မာနုပဿီ ဝါ ဆိုတဲ့အတိုင်း ဝေဒနာကို ရှုတော့တာပါပဲ။ မရှုဘဲ နေသေးရဲ့ လား (မနေပါ ဘုရား)။
အဲ ဉာဏ်နဲ့ သွားတဲ့အခါကျတော့ ဖြစ်တာနဲ့ ပျက် တာနဲ့တွေ့တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝေဒနာနဲ့ခေါ်လို့ တဏှာနဲ့ သွားတဲ့အခါကျတော့ အခုမှ အယားပျောက်သွားတယ်ဆိုပြီး သကာလ၊ ယားလို့ပျောက်ချင်လို့ သွားတော့ တဏှာမနေဘူးလား (နေပါတယ် ဘုရား)။
ပျောက်သွားတဲ့အခါကျတော့ နောက်ဒီလိုလုပ်မှပဲ ဆိုတဲ့ ဥပါဒါန် လိုက်လာတယ် (မှန်ပါ့) မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
အင်း ဒါဖြင့် ဧဟိ ပဿိကောဟာ ဒကာ ဒကာမတို့ ကောင်းကောင်း သဘောကျပါတော့လို့ ဆိုတာ ယနေ့ပြောလိုက် တယ် (မှန်ပါ့) ကဲ ကိုစောမောင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ခေါ် မခေါ် (ခေါ်ပါတယ် ဘုရား) စဉ်းစားကြည့်ပါ။
ဝေဒနာကခေါ်တယ်
ညကြီး မှောင်ကြီးထဲတောင် ခင်ဗျားတို့သည် ကိုယ့်လက်ကလေး နဲ့ ပေါင်ယားရင် ပေါင်ကုတ်တာပဲ၊ ကျောယားရင် (ကျော ကုတ်ပါတယ် ဘုရား)၊ ခြေဖဝါးက ယားရင် (ခြေဖဝါး ကုတ်ပါတယ် ဘုရား)။
ကဲ ခေါ်လို့လား၊ မခေါ်လို့လား (ခေါ်လို့ပါ ဘုရား) ဘာနဲ့ သွားနေကြသလဲ (တဏှာနဲ့ သွားပါတယ် ဘုရား) ဉာဏ်နဲ့ သွားလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အနိစ္စ တွေ့မယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
တဏှာနဲ့ သွားလို့ရှိရင် ဒကာ ဒကာမတို့သည်ကားလို့ ဆိုရင်၊ ဝေဒနာပစ္စယာတဏှာဆိုပြီး သကာလ၊ ခင်ဗျားတို့ ပဋိစ္စသမုပ္ပာဒ်တန်းဟာ ဉာဏ်နဲ့သွားရင် ပြတ်မယ်။ သဘောကျပလား
(ကျပါပြီ ဘုရား)။
တဏှာနဲ့သွားရင် ဆက်မယ် (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့ ဒီအလုပ်ဟာ ဘုန်းကြီးတို့ ပြောပေး တာကလေးပဲ အကူအညီ ပေးပါတယ်။ သွားနေကျလမ်းပါလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
သွားနေကျလမ်း ဟုတ်ကြပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။
ဝေဒနာခေါ်ရာကို ခင်ဗျားတို့ မသွားဘူးလား (သွားပါတယ် ဘုရား)။
စဉ်းစားကြည့်ပါ၊ ရန်ကုန်မှာ အရောင်းအဝယ်ကောင်း တယ်ဆိုတော့ ရန်ကုန် မပြေးကြဘူးလား (ပြေးပါတယ် ဘုရား) ဝေဒနာခေါ်ရာ သေသေချာချာ သွားတာ၊ မသွားဘူး လား (သွားပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဟိုမှာ သံယောဇဉ်ကလေး ရှိတယ်ဆိုလို့ရှိရင်၊ သံယော ဇဉ်ကလေး နေမကောင်းဘူးလို့ ကြားလိုက်လို့ရှိရင်၊ နေမကောင်း တဲ့ ဒုက္ခဝေဒနာက ဒီက အမေမိဘတွေ အကုန်ခေါ်တော့တာပဲ (မှန်ပါ့) မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။
ဟိုကလေးက လာခဲ့ပါလို့ ခေါ်တာလား၊ ဝေဒနာက ခေါ်တာလား (ဝေဒနာက ခေါ်တာပါ ဘုရား) သဘောကျ ပါလား (ကျပါပြီ ဘုရား)။
ဟိုမှာ ပျော်စရာပါးစရာတွေ ရှိသတဲ့၊ ဒါဖြင့် သွားဦးမှ ပဲ ဆိုတာလဲ သုခဝေဒနာက ခေါ်တာ (မှန်ပါ့) ကိုစောမောင် မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။
အသွားမလွဲစေနဲ့
ဒါဖြင့် ဧဟိ-လာခဲ့၊ ပဿ၊ ရှုပါလို့ ဝေဒနာမှာလဲ နှစ်ခု ရှိမရှိ (ရှိပါတယ် ဘုရား) အဲဒါ အသွားမလွဲစေနဲ့လို့ ယနေ့ ရှင်းရှင်းလင်းလင်း ပြောတယ် (မှန်ပါ့)။
အသွားလွဲရင်ဖြင့် တဏှာနဲ့သွားရင်၊ နောက်က ဥပါဒါန် လိုက်မယ် (မှန်ပါ့) ကံနောက်က လိုက်မယ်။ မလိုက်ပေ ဘူးလား (လိုက်ပါတယ် ဘုရား)။
ဇာတိကော (လိုက်ပါတယ်) ဇရာ မရဏကော (လိုက်ပါတယ်) သူခေါ်တဲ့ဆီကို ဉာဏ်နဲ့ သွားလိုက်လို့ရှိရင် ဖြင့် သူဘာဖြစ်နေသတုံး၊ ကြည့်လိုက်တဲ့အခါကျတော့ သူဖြစ်ပြီး ပျက်သွား, သေတာတွေ့မှာပဲ (မှန်ပါ့) မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။
မဂ္ဂင်ငါးပါးနဲ့ တွေ့တယ်ဆိုကတည်းက ဒါဟာ ဘုရား ဟောထားတဲ့အတိုင်း ခင်ဗျားတို့ ဘုရားပွင့်တဲ့အလုပ် လုပ်တာလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီကတည်းက ဘုရားပွင့်သည်နှင့် တစ်ပြိုင်နက်တည်း၊ ကိုယ့်ဉာဏ်ဝင်လာသည်နဲ့ တစ်ပြိုင်နက်တည်း၊ လာနေကျ ပဋိစ္စသမုပ္ပာဒ် တဏှာချုပ်၊ ဥပါဒါန်ချုပ်၊ ကံချပ် (မှန်ပါ့) နောက် အနာဂတ်ဘဝ ဇာတိ ဇရာ မရဏကော (ချုပ်သွားပါတယ် ဘုရား)။
ကိုစောမောင်၊ ဒါသူများပြောလား တဲ့။ အတွေ့ အမှန်ပဲလား (အတွေ့ အမှန်ပါ ဘုရား)။
အဲဒါကြောင့်တရား ဟာကွာ နာတော့ နာခဲ့ရ ပါတယ်။ ကောင်းလဲ ကောင်းပါတယ် ဆိုတာဟာ ခင်ဗျားတို့ဟာ ပြောသံကြားကောင်းတာ (မှန်ပါ) အခုဟာကတော့ ကိုယ့် ခန္ဓာထဲ ကိုယ်ဖျောက်ကြတယ်။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖျောက်ကြသတုံး (ကိုယ့်ခန္ဓာထဲ ကိုယ်ဖျောက် ကြပါတယ် ဘုရား) ဒီ ဧဟိပဿိကောနဲ့ ပြောလိုက်တော့ ပိုမ ပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
အင်း ဒုက္ခဝေဒနာကလဲ ဒကာ ဒကာမတွေ ကိုယ့် သန္တာန်မှာ ကိုယ့်ဒုက္ခဝေဒနာကလဲ ကိုယ်ခေါ်တာပဲ (မှန်ပါ့) ကိုယ့်သားသမီး ဒုက္ခဝေဒနာကကော (ကိုယ်ခေါ်ပါတယ်)။
သူတို့က ကျွေးချင် မွေးချင်လို့တဲ့၊ ကန်တော့ချင်လို့တဲ့၊ လာပါဦးဆိုတော့ ဟိုက၊ သုခဝေဒနာကခနေပြီး ဒီအမေ မိဘပင့် ယူတာပဲ၊ မပင့်ဘူးလား (ပင့်ပါတယ် ဘုရား)။
ပင့်တဲ့အခါကျတော့ ကိုစောမောင်တို့ ဘယ့်နှယ်နေကြ သလဲ (သွားပါတယ် ဘုရား) ဘယ်သူခပင့်တာတုံး (ဝေဒနာက ပင့်တာပါ ဘုရား)။
အဲ သားသမီးက ပင့်တာမဟုတ်ဘူး၊ ဝေဒနာကနေ ပင့်နေတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ သေသေချာချာ စဉ်းစားလို့ ရှိရင် ဧဟိပဿိကော ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။
အဲဒါ အသွားမလွဲစေနဲ့ဆိုတော့ ဆရာ့တာဝန် (မှန်ပါ့) ဆရာကပြောတဲ့ တာဝန်ပဲ ဟုတ်လား (မှန်ပါ့) ခင်ဗျားတို့က မလွဲအောင် သွားလို့ရှိရင် ဒါ နားထောင်တဲ့ အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဟာ အရွဲ့ တိုက်မယ်ဘုရာ့ ဆိုလို့ရှိရင်လဲ မတတ် နိုင်ဘူးပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သို့သော် များသောအားဖြင့်လဲ ဝိပဿနာအလုပ် ကင်း နေတဲ့ ပုဂ္ဂိုလ်ဟာ အရွဲ့တိုက်တာ များတယ် (မှန်ပါ့)။
ကိုစံလှ ဘယ့်နှယ်တုံး (အရွဲ့တိုက်တာများ ပါတယ် ဘုရား) မများဘူးလား (များပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီအရွဲ့တိုက်တော့ ဘုရားကိုလဲ အရွဲ့တိုက်ရာ ရောက်တယ်၊ ဧဟိပဿိကော ဆိုတဲ့ ဥစ္စာကိုလဲ၊ တရားဂုဏ်တော်ကိုလဲ ခင်ဗျားတို့သည် ပယ်ရာ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒါဖြင့် ဘုရားပယ်, တရားပယ်တွေလို့ ဆိုရင်လဲ ကိုစော မောင် စကားကြီးတယ်လို့သာ ဆိုရမယ်။ ဖြစ်စဉ်ကတော့ ကိုက်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုရားပွင့်မှ ဒီကြားမှာ ဉာဏ်ထိုးနိုင်မယ်၊ မဟုတ်ဘူး လား (မှန်ပါ့)။
တရားကလဲ ခေါ်ပါလျက်သားနဲ့ မသွားခဲ့လို့ရှိရင်ဖြင့် ခင်ဗျားတို့သည် ခင်ဗျားတို့သန္တာန် ဘုရားလဲ မပွင့်ဘူး၊ တရားလဲ မရှိဘူး (မှန်ပါ့)။
ဘယ်နှယ်ဆိုကြမယ် (တပည့်တော်တို့ သန္တာန်မှာ ဘုရားမပွင့် တရားမရှိ ဖြစ်နေပါတယ် ဘုရား)။
ဘုရားလဲ မပွင့်ဘူး၊ တရားလဲ မရှိဘူး ဆိုတာတော့ ကိုစောမောင်၊ တော်တော်ကြီးတဲ့ စကားပါလား (မှန်ပါ့) သို့သော်တဲ့ ဧဟိပဿိကော ခင်ဗျားတို့ သဘောကျထားတော့ ကို၊ ဟုတ်သားပဲ ဘုရားပွင့်မှ ဒီနေရာ ဒါလာတာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီနေရာ မဂ္ဂင်လာနိုင်တာကိုး၊ ဘုရားမပွင့်ရင် ဘယ် တော့များ လာဖူးသတုံး (မလာပါ ဘုရား) ဝေဒနာပစ္စယာ တဏှာသာ လာနေကြတယ် (မှန်ပါ့) မဂ်လာတယ်လို့ ထုံးစံ ရှိရဲ့လား (မရှိပါ ဘုရား)။
ကဲ ဒါဖြင့် ဘုရားပွင့်တဲ့ သဘောဟာလဲ ကိုယ် | အလုပ်လုပ်မှ ကိုယ့်သန္တာန် ဘုရားပွင့်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တစ်ခါ တရားတွေကလဲ တရားအတိုင်းလုပ်ပါမှ၊ ကိုစောမောင်ရဲ့ တရားကျင့်တာကိုး (မှန်ပါ့)။
ဒါဖြင့် ဒီနေရာမှာ ဝေဒနာသုံးမျိုးကဖြင့် လှည့်ခေါ်နေမှာ ပဲ (မှန်ပါ့) ဉာဏ်နဲ့ သွားကြပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဝေဒနာသုံးမျိုးကတော့ (ခေါ်နေမှာပါ) သွားတော့ ဘာနဲ့ သွားကြမလဲ (ဉာဏ်နဲ့ သွားရပါမယ် ဘုရား)။
အဲ ဉာဏ်နဲ့ သွားလိုက်လို့ရှိရင်ဖြင့် ဉာဏ်ဆိုတာ အမှန်သိတာ (မှန်ပါ့) ဪ သူ ဒီနေရာမှာဖြစ်ပြီး ဒီနေရာ မှာ ပျက်သွားတယ်လို့ ဉာဏ်က သိတယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။
ဉာဏ်ဒီလိုသိတာ၊ တဏှာကတော့ ဒီလိုမှ မဟုတ်ဘဲ၊ ဝေဒနာကလေးဖြစ်ခဲ့သော် တဏှာ လိုက်လာတယ်၊ မလိုက်ဘူး လား (လိုက်ပါတယ် ဘုရား)။
သူသွားတော့ သဘောကျပြီး ပြန်ခဲ့တယ်။ သဘော | ကျတဲ့ တဏှာ၊ နောက်တော့ စွဲလမ်းတယ် မလာဘူးလား (လာပါတယ် ဘုရား)။
ကာယကံ, ဝစီကံတွေက (လာပါတယ် ဘုရား) အဲ ကမ္မဘဝ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။
ကမ္မဘဝ ပစ္စယာသာ လာရင်တော့ ကယ်မရတော့ဘူး။ ရပါ့မလား (မရပါ ဘုရား) ဘာလာတော့မလဲ (ဇာတိ လာပါတော့မယ်) ဇာတိ၊ ဇရာဆိုတဲ့ အနာဂတ်ဘဝဟာ ကို စောမောင် ဆက်မှာလား၊ မဆက်ဘူးလား (ဆက်မှာပါ ဘုရား)။
ဖြတ်လို့ရသေးရဲ့ လား (မရပါ ဘုရား)။
အဲဒါကြောင့် ရှောင်ကြပါဆိုတာ သေသေချာချာ လေးလေးနက်နက် ပြောနေတာ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။