မဂ္ဂသစ္စာအနက် (၄)အဓိပတေယျဋ္ဌော(၁)
အသံဖိုင်ခေါင်းစဉ်= သစ္စာအနက် (၁၆)ချက် မဂ္ဂသစ္စာအနက်မှ အဓိပတေယျဋ္ဌော အမှတ်(၁)၊ သံသရာရေယဥ်ကြောမျောခဲ့ရပုံ၊ ခန္ဓာငါးပါးကမ်းနားသစ်ပင်
စာအုပ်ခေါင်းစဉ်= မဂ္ဂသစ္စာ၏ အနက်လေးချက်(အဓိပတေယျဋ္ဌော)
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၌ ဟောကြားတော်မူသော တရားတော်
မဂ္ဂသစ္စာ၏ အနက်လေးချက်
(အဓိပတေယျဋ္ဌော)
(၂၄-၁၂-၅၇)
သစ္စာအနက် တစ်ဆယ့်ခြောက်ချက်မှ ဒီနေ့ အဓိပတေယျဋ္ဌော ဆိုတာ ရောက်လိမ့်မယ်လို့ မှတ်ထားပါ။
အဓိပတေယျဋ္ဌော ဆိုတော့ အစိုးရတဲ့အဖြစ်၊ အစိုးရတဲ့ အဖြစ်ဆိုတာ မိမိကိုယ်ကို မိမိက ပိုင်ပိုင်နိုင်နိုင် အစိုးရတဲ့အဖြစ်ကို ရောက်ရှိနေတာကို ဆိုသည် (မှန်ပါ)။
မဂ္ဂင်ရှစ်ပါးအစုံအလင်
မိမိက အစိုးရတဲ့အဖြစ်ဆိုတာ ဘာပါလိမ့်မလဲလို့ မေးလို့ရှိရင်၊ မိမိသန္တာန်မှာ မဂ္ဂင်ရှစ်ပါး အစုံအလင် ရောက်လာတာကို ဆိုသည်၊ မဂ္ဂင်ရှစ်ပါး အစုံအလင် ရောက်လာတော့ ဒကာ ဒကာမတွေ မှတ်စရာက၊ အဲဒီ မဂ္ဂင်ရှစ်ပါးထဲမှာ
သမ္မာဒိဋ္ဌိ-သမ္မာသင်္ကပ္ပက-ပညာမဂ္ဂင်၊
သမ္မာဝါယာမ-သမ္မာသတိ-သမ္မာသမာဓိက သမာဓိမဂ္ဂင်၊
သမ္မာဝါစာ-သမ္မာကမ္မန္တ-သမ္မာအာဇီဝက သီလမဂ္ဂင် (မှန်ပါ့)။
အဲဒီတော့ သုံးခုက နှစ်လီ၊ နှစ်ခုက တစ်လီ ဆိုတော့ ဘယ်လောက် ရှိသတုံး (ရှစ်ခု ရှိပါတယ် ဘုရား)
အဲဒီတော့ ဒကာ ဒကာမတွေ အခု ဆောက်တည်ထားတဲ့ သီလ၊ အခုဆောက်တည်ထားတဲ့ သမာဓိ၊ အခု ဆောက်တည်ထားတဲ့ ပညာဟာ ဦးဝင်းတို့ ဦးဝတို့ မှတ်စရာက မမြဲသေးဘူးလို့ မှတ်ပါ (မှန်ပါ့)။
အခု ငါးပါးသီလ ဆယ်ပါးသီလ ဥပုသ်နေ့ ဆောက်တည်ကြတယ်၊ ဆောက်တည်တဲ့ အခိုက်အတန့်ပဲ အကြောင်း တိုက်ဆိုင်လို့ရှိရင် ဖျက်လိုက် ကြတာပဲ (မှန်ပါ့) အသက်နဲ့လဲပြီး သကာလ ဒါဖြင့် မဖျက်ပါဘူးဆိုတဲ့ စိတ္တုပ္ပာဒ် အခုအခါမှာ မပေါ်သေးဘူး။ မပေါ်သေးဘူး ဆိုတော့ ဒီသီလကို သာမညသီလလို့ ခေါ်ရလိမ့်မယ် (မှန်ပါ့)။
အဲဒီတော့ မဂ္ဂသစ္စာ ထိုက်လာတဲ့ သီလကျတော့ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာတဲ့ အဓိ ပိုလာတယ်နော် (မှန်ပါ့) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ လို့ ဆိုသဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ မဂ်ဆိုက်ရင် အဓိ တိုးလာတယ်လို့ မှတ်ရမယ် (မှန်ပါ့)။
အဓိဆိုတာ
အဓိဆိုတာ ဒကာ ဒကာမတွေ နားမလည်ဘဲ နေမှာ စိုးရတယ်၊ ပါဠိ ဘာသာဖြစ်နေလို့ အဓိ ဆိုတာ တခြား မဟုတ်ပါဘူး၊ လွန်သောသီလ၊ လွန်သော သမာဓိ၊ လွန်သောပညာ၊ ဘယ်သူ ဖျက်လို့မှ မရ (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အဓိဆိုတာ ဘာပါလိမ့် (လွန်သော သီလ၊ လွန်သော သမာဓိ လွန်သော ပညာပါ ဘုရား) တတ်နိုင်လို့ ဓားကုပ်ပေါ်ဝဲပြီး သကာလ မင်း ဟောဒီသီလ ဖျက်ရမယ်၊ သမာဓိ ဖျက်ရမယ်၊ ပညာ ဖျက်ရမယ်လို့ တစ်ခုခု ဖျက်ခိုင်းငြား သော်လဲ မဖျက်တော့ဘူးဆိုတာ မှတ်ပါ (မှန်ပါ့)။
သာမညသီလ
အဲဒီကျမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သီလမြဲတယ်ဆိုတာ မှတ်ရမယ် (မှန်ပါ) အခု ဆောက်တည် ထားတာကတော့ ဦးဝင်းတို့ အကြောင်း မညီညွတ်လို့ ရှိရင် ဖျက်ကြတာပဲ (မှန်ပါ့) အကြောင်း မညီညွတ်ရင် ဖျက်တော့ ဒီသီလကို သာမညသီလလို့ မှတ်ပါ။ အဓိမပါဘူး (မှန်ပါ့)။ တင်
ဒါဖြင့် မဂ္ဂင်ဆိုက်ပြီး ဒုက္ခအဆုံးကို မြင်တဲ့ သီလကျမှ မြဲ၏ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဘယ်သီလကျမှ မြဲမှာလဲ (အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာကျမှ မြဲမှာပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် တပည့်တော်တို့ ယခုဆောက်တည်တဲ့ သီလဟာ အကနိဋ္ဌ ဗြဟ္မာပြည် တိုင်အောင်ပဲ အကျိုးပေးနိုင်တယ် ဆိုတော့ နိဗ္ဗာန် ပါကြရဲ့လား (မပါပါ ဘုရား)။
သမာဓိကလဲ ထို့အတူပဲ ဗြဟ္မာပြည်ပဲ ဆိုတော့၊ ဒကာ ဒကာမတွေ စဉ်းစားရမှာက ေဩာ်- ဒို့ အားကိုးအားထား လုပ်ရမယ့် သီလ၊ သမာဓိ၊ ပညာ ကလေးတွေဟာ မဂ်မဆိုက်သေးလို့ ရှိရင်ဖြင့် အဓိသဒ္ဓါ မပါသေးတဲ့ အတွက် လွန်သောသီလ၊ လွန်သော သမာဓိ၊ လွန်သော ပညာဆိုတာ လွန်လွန်ကဲကဲပေါ့ဗျာ (မှန်ပါ့)။
ဒါဖြင့် သီလ၊ သမာဓိ၊ ပညာ- အဓိ ဆိုတာချည်း ပြည့်စုံမှ မြဲတယ်လို့ ဦးခင်မောင်တို့ ဦးဘတင်တို့ မှတ်ရမှာပေါ့ဗျာ၊ အခု ဆောက်တည်ထားတာ လေးတွေကကော မြဲပါ့မလား (မမြဲပါ ဘုရား)။
ဒကာ ဒကာမတွေ ေဩာ်- ဒါဖြင့် တပည့်တော်တို့မြဲမှ ကျေးဇူးများမှာ ဖြစ်နေသောကြောင့် မြဲတာ ဘယ်အချိန်ကျမှ မြဲမှာလဲလို့ မေးခွန်း ထုတ်လို့ရှိရင် ဖြင့် ဒုက္ခချုပ်တာကို မြင်မှမြဲမယ် ဦးဘကြည်နော် (မှန်ပါ့)။
ဘယ်အချိန်ကျမှ မြဲမှာလဲ
အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ ဆိုတာ ဘယ်အချိန်ကျမှ ဖြစ်မှာလဲ ဆိုတာ မေးခွန်း ထုတ်လို့ ရှိရင်ဖြင့် နိဗ္ဗာန်မြင်မှပဲ တစ်နည်း ဒုက္ခချုပ်တာ မြင်မှပဲ ဒီသီလ၊ သမာဓိ၊ ပညာမြဲမယ်လို့ ဒကာသိုက်တို့ မှတ်ရလိမ့်မယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် အခု ဆောက်တည် ထားတဲ့ သီလ အစရှိသည်တို့ဟာ ဒကာ ဒကာမတွေ သာမညပဲ အကျိုး ပေးလိမ့်မယ်လို့ ဆုံးဖြတ်ချက် ချတာပေါ့ (မှန်ပါ့)။
အကျိုးမရှိဘူးလား ဆိုတော့ ရှိတယ်၊ သို့သော် ခိုင်မြဲသလား ဆိုတော့ မခိုင်မြဲသေးဘူး (မှန်ပါ့) ဒီဒုက္ခချုပ်တာ မြင်တဲ့သီလ၊ သမာဓိ၊ – ပညာကတော့ကို မဆောက်တည်ဘဲနဲ့ မြဲတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ခင်ဗျားတို့ အခု ဘုရားရှေ့မှာယူတဲ့ ဘုန်းကြီး ဆီမှာ ယူတဲ့ သီလကျတော့ ဆောက်တည်မှ မြဲတာ (မှန်ပါ့) ဆောက်တည်ပြီး သကာလ မြဲတယ်သာ ဆိုရတယ်၊ အာရုံကြမ်းနဲ့တွေ့ရင် ဘယ့်နှယ် ဆိုကြမှာလဲ (ပျက်ပါတယ် ဘုရား) ပျက်သေးတယ်။
ဒီသုံးခုမြဲမှလားရာဂတိမြဲမယ်
ဘာဖြစ်လို့တုံးလို့ မေးတဲ့ အခါကျလို့ရှိရင်ဖြင့် သီလကလည်း အင်မတန် အစိုးရတဲ့ သီလ၊ သမာဓိကလည်း အင်မတန် အစိုးရတဲ့ သမာဓိ၊ ပညာကလည်း အင်မတန် အစိုးရတဲ့ ပညာ အဖြစ်သို့ မရောက်သေးလို့ပေါ့ (မှန်ပါ့)
ဒါဖြင့် ကျုပ်တို့သည် ဒီသုံးခု မြဲမှလည်း လားရာဂတိ မြဲမယ်လို့ ဦးဘကြည်တို့ မှတ်ရ မယ်နော် (မှန်ပါ့)။
ဒါ မမြဲသေးရင်တော့ လားရာဂတိလည်း မမြဲသေးဘူးဆိုသဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စိတ်မချရသေးတဲ့ အဓိပ္ပာယ် ရောက်မနေ ဘူးလား (ရောက်ပါတယ် ဘုရား) အဲဒါကြောင့် စိတ်ချအောင်လို့ ဖြစ်ပျက် မြင်အောင်ကြည့်ပါ၊ ဖြစ်ပျက် မုန်းအောင် ကြည့်ပါ၊ ဖြစ်ပျက် အဆုံးမှာ နိဗ္ဗာန် ရှိပါတယ်။
အဲဒါ မြင်အောင်လုပ်ထားကြပါ၊ မြင်သည်နှင့် တစ်ပြိုင်နက်တည်း ပညာကလဲ အဓိပညာ ဖြစ်သွားတာပဲ။ သီလကကော (အဓိသီလ ဖြစ်ပါတယ် ဘုရား) သမာဓိကကော (အဓိသမာဓိ ဖြစ်ပါတယ် ဘုရား)။
အဲဒီကျမှပဲ ကျုပ်တို့သည် စိတ်ချရ တော့တယ်လို့ ဆိုတဲ့ဥစ္စာ မှတ်ထား ရမယ် (မှန်ပါ့) ေဩာ် ဒါဖြင့် ဒို့ဆောက်တည်နေတဲ့ သီလ-သမာဓိ- ပညာ၊ ဒို့လုပ်နေတဲ့ ပညာစခန်း၊ ဒို့ဆောက် တည် နေတဲ့ သီလစခန်း၊ ဒို့ရှုနေတဲ့ ဝိပဿနာ ပညာစခန်း၊ ဒါတွေဟာ မမြဲသေးပါ ကလား မမြဲသေးပါ ကလား။
ဒုက္ခချုပ်တဲ့ နိဗ္ဗာန်မြင်မှ အဓိသဒ္ဒါတပ်ပြီး သကာလ ဘုရားက ဟောသောကြောင့်၊ အဲဒီကျမှ မြဲမယ် ဆိုတာကို ယနေ့ ဆုံးဖြတ်ချက် ချထား ပါနော် (မှန်ပါ့)
ဒီမဂ္ဂင်ရှစ်ပါးသည် ဘယ်အခါကာလကျမှ အဓိသဒ္ဒါနဲ့ တွဲပြီး သကာလ ပေါ်ပေါက်မှာလဲ ဆိုရင်ကော ရိပ်မိကြပြီလား (ရိပ်မိ ပါပြီ)။
ဘယ်အခါကျမှလဲ (ဒုက္ခချုပ်တဲ့ နိဗ္ဗာန်မြင်မှပါ ဘုရား) အဲ ဒုက္ခ ချုပ်တဲ့ နိဗ္ဗာန်ကို အာရုံ ပြုတော့မှပဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မြဲမယ် (မှန်ပါ့) ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်အာရုံပြုမှပဲ မဂ္ဂင်ရှစ်ပါး ကလည်း ခိုင်မြဲတော့တယ် ဆိုတာ ဒကာသိုက်တို့ သိထားတယ် (မှန်ပါ့)။
ထိုကဲ့သို့ သိထားတဲ့ အခါကျလို့ရှိရင်ဖြင့် ဒီအလုပ်ကို သိသည်နှင့် တစ်ပြိုင်နက်တည်း ခင်ဗျားတို့ စိတ်ချပါတော့၊ ဘာစိတ်ချသတုံး ဆိုတော့ အပါယ်လေးပါးနဲ့လည်း လုံးဝ ဆက်သွယ်ရေး မရှိ၊ အနူ၊ အရွဲ၊ အဝဲ ဘဝတွေ နဲ့လည်း လုံးဝ ဆက်သွယ်ရေး မရှိ၊ ချမ်းသာ ဟူသရွေ့ အထက်သာ တက်သွား တော့တယ် ဆိုတဲ့ဥစ္စာ သမ္ဗောဓိပရာယဏာ ဆိုတဲ့အတိုင်း အထက်မဂ်သာ သူတက်တော့မယ်၊ အောက်ပြန်ဆင်း သေးရဲ့လား (မဆင်းပါ ဘုရား)။
ဘာနဲ့လုပ်မှ မြဲမှာလဲ
မဆင်းတော့ ဦးဘကြည် မြဲမသွားသေးဘူးလား (မြဲပါမယ် ဘုရား) ဒါဖြင့် သူ့ကို မြဲစေချင်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဘာနဲ့လုပ်မှ မြဲမယ် ဆိုတာကို ယနေ့ သတိထား ရလိမ့်မယ်နော် (မှန်ပါ့)။
သတိထားတဲ့အခါကျတော့ အဖြစ်နဲ့ အပျက် ခန္ဓာကိုယ်ထဲမှာ ရှိတယ်လို့ မနေ့က ပြောခဲ့တယ်၊ အဲဒီ ဖြစ်ပျက်ကို မြင်အောင်ရှု။ အဲဒီဖြစ်ပျက်ကို ရှုရင်း မတ္တမုန်း။
အဲဒီဖြစ်ပျက်ကို ဒုက္ခသစ္စာလို့ သိပြီး သကာလ မင်း ဒုက္ခသစ္စာပဲလို့ ဉာဏ်နဲ့ ပိုင်းခြားပြီး ဆုံးအောင် လုပ်လိုက် (မှန်လှပါ ဘုရား) လုပ်လိုက်လို့ရှိရင် ဖြင့် ဒီမဂ္ဂင်ရှစ်ပါးသည် အဓိသီလလည်း ဖြစ်ပြီ၊ အဓိစိတ္တကော (ဖြစ်ပါပြီ ဘုရား) အဓိပညာရော (ဖြစ်ပါပြီ ဘုရား)။
အလုပ်စဉ်နဲ့ တက်မှမြဲမယ်
ေဩာ် ဒါဖြင့် အလုပ်စဉ်နဲ့ တက်မှမြဲမှာကိုး ဆိုတာကို ဦးခင်မောင်တို့ မှတ်ရလိမ့်မယ် (မှန်ပါ့) ဘာနဲ့တက်မှ မြဲကြမယ် (အလုပ်စဉ်နဲ့ တက်မှ မြဲမှာပါ ဘုရား)။
ဪ ကျုပ်တို့ သီလမြဲပါရဲ့လို့ ယခုအခါမှာ ကြွားလုံး မထုတ် လိုက်ပါနဲ့၊ ဒီဥစ္စာက မဆောက်တည် ဘဲနဲ့ မြဲတဲ့သီလနော် (မှန်ပါ့) ဟိုဟာက ဆောက်တည်နိုင်မှ မြဲတာတောင် မဟုတ်သေးဘူး ဒကာသိုက်ရေ၊ ဆောက်တည်တာ တောင်မှ အကြောင်းမညီညွတ်ရင် (ပျက်ပါသေးတယ် ဘုရား)။
အဲဒီတော့ ဒို့မှာ စိတ်မချရတဲ့ သီလ၊ စိတ်မချရတဲ့ ဝိပဿနာ စိတ်မချရတဲ့ သမထတွေ ဖြစ်နေသေးတော့၊ အင်း နေရာ မကျသေးပါဘူး၊ စိတ်ချရအောင် လုပ်ထား ရလိမ့်မယ် ဆိုတာ ဦးဝင်းတို့ ပြောင်းရလိမ့်မယ် (မှန်ပါ့)။
မပြောင်းသင့်ဘူးလား (ပြောင်းသင့်ပါတယ် ဘုရား)၊ ဒါဖြင့် ရှေးကတော့ ခင်ဗျားတို့ အားကိုးကြတယ်၊ ကျုပ်တို့ဖြင့် တစ်လ၊ လေးသီတင်း၊ ရှစ်သီတင်းဟာ မပြတ်ပါဘူး၊ ထိုက်တန်တဲ့ သမထ အလုပ် ကလေးတွေလည်း လုပ်ပါရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ ဝိပဿနာ ကလေးလည်း နှလုံးသွင်းပါရဲ့ ကျုပ်တို့တော့ သေပင်သေငြား သော်လည်း ဘာမှကိစ္စမရှိပါဘူး။
မမြဲတာ အားကိုးရင် ဒုက္ခရောက်မယ်
ဒါတွေ အားကိုးအားထား ရှိသားပဲ ဆိုတော့ သူက မြဲတဲ့ သဘောလား၊ မမြဲတဲ့ သဘောလား (မမြဲတဲ့ သဘောပါ ဘုရား)၊ မမြဲတဲ့ သဘော ရှိနေတော့ မမြဲတာကို အားကိုးလို့ ရှိရင်ဖြင့် ကျုပ်တို့ ခင်ဗျားတို့ ဒုက္ခရောက်မယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။
မမြဲတာ အားကိုးရင် ဘာဖြစ်မယ်ထင်သတုံး (ဒုက္ခရောက်မှာ ပါ ဘုရား) အဲဒီတော့ ယနေ့တရားကို ဒကာ ဒကာမတွေ နာရတော့၊ သြော် ဒို့သည် သီလကလေးတွေလဲ ထိုက်တန် သလောက် အားကိုးအားထား ပြုကြတယ်၊ သမထ အာနာပါနတွေလည်း၊ ဒို့ ထိုက်တန်သလောက် လုပ်ကြတယ်။
မရဏာ နုဿတိဆိုတဲ့ သမထတွေကိုလဲ ဒို့လုပ်ကြတယ်၊ အနိစ္စ၊ ဒုက္ခ အနတ္တလဲ ဒို့ ပုတီးစိပ် ကြတယ်၊ စိပ်ကြပင် စိပ်ကြငြား သော်လည်း၊ ဒို့မှာတော့ ဒါဟာ အားကိုးလောက်ပြီလို့ တစ်ထစ်ချ ဆုံးဖြတ်ချက် မချလိုက်ပါနဲ့လို့ ဦးဘကြည်တို့ကို ဘုန်းကြီးက မေတ္တာရပ်တယ် (မှန်ပါ)။
ဘာကြောင့်တုံးဆို အဓိသဒ္ဒါ ပါပြီလား (မပါသေးပါ ဘုရား) အဓိဖြစ်ပြီလား (မဖြစ်သေးပါ) မဖြစ်သေးတော့ ယိမ်းတယ်၊ ယိုင်တယ် ပျောက်တယ် ဆိုတဲ့ သီလ၊ သမာဓိ၊ ပညာ ဖြစ်ပါလိမ့်မယ် (မှန်ပါ့) သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။
ယိမ်းတယ်၊ ယိုင်တယ်၊ ပျောက်တယ်ဆိုတဲ့ သီလ၊ သမာဓိ၊ ပညာ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်) ဖြစ်တော့ ကျုပ်တို့သည် ယိမ်းတာ၊ ယိုင်တာ၊ ပျောက်တာကို ကျုပ်တို့ အားကိုးလို့ ရှိရင် ကျုပ်တို့ ဒုက္ခရောက်မယ် (မှန်ပါ)။
မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ သီလလည်းမြဲ၊ သမာဓိလည်းမြဲ၊ ပညာလည်းမြဲ ဆိုတာတော့ဖြင့် ဒုက္ခ အဆုံးကိုမြင်မှ ခုနကပြောခဲ့တဲ့ အဓိပတေယျဋ္ဌော ဆိုတာ ဖြစ်လာတယ် (မှန်ပါ)။
ဒုက္ခအဆုံး မမြင်သေးရင် အဓိပတေယျဋ္ဌေယ ဆိုတာ မဖြစ်သေးတော့၊ ယိမ်းတယ်၊ ယိုင်တယ် ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ ရိပ်မိပြီလား (မှန်ပါ့) ဒါဖြင့် ဒါ အားကိုးထိုက်ပြီလား၊ အားမကိုး ထိုက်သေးဘူးလား (အားမကိုး ထိုက်သေးပါဘူး ဘုရား)။
ဘယ်ကျမှအားကိုးထိုက်ပါလိမ့်
ယိမ်းတယ်၊ ယိုင်တယ်၊ ရွဲ့တယ်၊ စောင်းတယ် ဆိုတဲ့ တရား အားကိုးရင် ခင်ဗျားတို့ ငါးပါး မှောက်မယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား) ဒါဖြင့် အခု ဆောက်တည်နေတဲ့ သီလတွေ အားမကိုးလောက်သေး ဘူး (မှန်ပါ)။
အခု အားထုတ်နေတဲ့ သမထကလည်း အားမကိုးလောက်သေး ပါဘူး။ အခုဝိပဿနာ အလုပ် အားထုတ် နေတာကလည်း (အားမကိုး လောက်သေးပါ ဘုရား)။ ဘယ်ကျမှ အားကိုး ထိုက်သတုံး (ဒုက္ခအဆုံး မြင်မှပါ ဘုရား)။
ဒုက္ခအဆုံး နိဗ္ဗာန် မြင်တော့မှပဲ ဒါတွေက မယိမ်းမယိုင်တဲ့ သဘောဖြစ် လာတယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် မယိမ်းမယိုင်တဲ့ သဘောဖြစ်မှ သာလျှင် ကျုပ်တို့သည် ဒုက္ခ ခပ်သိမ်း ငြိမ်းမယ် မဟုတ်လား (မှန်ပါ)။
ဘာလုပ်ထားဖို့အရေးကြီးပါလိမ့်
ဒါဖြင့် ဦးဝင်းရေ ကျုပ်တို့ ဘာလုပ်ထားဖို့ အရေးကြီးပါလိမ့်ဗျာ (ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ဆီ မြင်ဖို့ လုပ်ထား ရမှာပါ ဘုရား)။
ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ဆီ အာရုံပြုနိုင်တဲ့ သီလ၊ သမာဓိ၊ ပညာဖြစ်ဖို့ အရေးကြီးသည် (မှန်လှပါ ဘုရား) ဦးဘကြည် ဘာအရေးကြီးသတုံး (ဒုက္ခချုပ်ရာ မြင်တဲ့သီလ၊ သမာဓိ၊ ပညာဖြစ်ဖို့ အရေးကြီးပါတယ် ဘုရား)။
ဒုက္ခချုပ်ရာ မြင်နိုင်တဲ့ သီလ၊ ဒုက္ခချုပ်ရာ မြင်နိုင်တဲ့ သမာဓိ၊ ဒုက္ခချုပ် ရာ မြင်နိုင်တဲ့ ပညာ၊ ဒါတွေ ဖြစ်လာမှပဲ စိတ်ချလက်ချ နေကြပါ (မှန်ပါ)။
ဒါဖြင့် အခု ဆောက်တည်ထားတဲ့ သီလ၊ အခုအားထုတ်ထားတဲ့ သမာဓိ၊ အခုကြိုးစား ထားတဲ့ ပညာ၊ ဝိပဿနာ လောက်နဲ့ သေပျော်ပေါ့ နေပျော်ပေါ့လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘဝင်မမြင့်ပါနဲ့လို့ သတိ ပေးလိုက်တယ် (မှန်ပါ) ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါအားကိုးရင် ဘာဖြစ်မှာတုံးလို့ မေးလို့ရှိရင်၊ ဒါက အထိမခံ ရွှေပန်းကန် ဖြစ်နေတယ် (မှန်ပါ)၊ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ ဖြစ်ပြီလား ဦးဘကြည် (မဖြစ်သေးပါ ဘုရား)။
ခင်ဗျားတို့အတွက်စိတ်ချရပြီ
အခုလုပ်နေတဲ့ ဒကာ ဒကာမတွေ သာမညလုပ်တဲ့ အလုပ်ပေါ့ဗျာ (မဖြစ်သေးပါ ဘုရား)၊ အဲ- ဒုက္ခအဆုံးကို မြင်လို့ရှိရင်ဖြင့် ဘုန်းကြီးက ကိုင်း ခင်ဗျားတို့အတွက် စိတ်ချရပြီလို့ ပြောလိုက် ပါတယ် (မှန်ပါ)။
ဖြစ်ပျက် မြင်တယ်၊ ဖြစ်ပျက် မုန်းတယ်၊ ဖြစ်ပျက် အဆုံးကိုပဲ မြင်ပါပေါ့ ဘုရား ဆိုလို့ ရှိရင်ဖြင့်၊ ကဲ- မင်းတို့ သီလဟာကွာ၊ အခုလည်း မဆောက်တည် ဘဲနဲ့ ပြည့်စုံတဲ့ သီလကွ၊ မင်းတို့သည် သေသည်၏ အခြားမဲ့၌လည်း နတ်ပြည် ရောက်လည်း မပျက်တဲ့သီလ (မှန်ပါ)။
ဗြဟ္မာပြည် ရောက်ရော (မပျက်တဲ့သီလပါ ဘုရား)၊ ပညာရော ဒကာ ဒကာမတို့ (မပျက်ပါ ဘုရား) ေဩာ်- ဒါဖြင့် ဒါအားကိုးတော့ (မှန်ပါ) မပျက်တာကိုဖြင့် အားကိုးတော့ ပျက်တာကိုဖြင့် အားမကိုးပါနဲ့ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဦးဘကြည်တို့ကို ဘုန်းကြီးတို့က ပြောရတယ်၊ အားကိုးလွဲမှာ စိုးရတယ်နော် (မှန်ပါ) သို့သော် အခုဘုန်းကြီး ဖော်ပြောလို့သာ (မှန်ပါ) တချို့ ဒါလောက်ကိုပဲ ကျေနပ်နေကြတယ် (မှန်ပါ)၊ မကျေနပ်ကြဘူးလား (ကျေနပ်ပါတယ် ဘုရား)။
အင်း-ကျုပ်တို့ကလည်း လေးသီတင်း၊ ရှစ်သီတင်း၊ သီလကလည်းရှိပြီ၊ ထိုက်တန် သလောက် သမထ၊ မရဏာနုဿတိတွေ၊ ကျုပ်တို့ နေ့တိုင်းလိုလို အောက်မေ့ပါရဲ့၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတာလည်း ကျုပ်တို့က တစ်နေ့ ပုတီး ဘယ်နှစ်ပတ်မှန်း မသိဘူး၊ ရလိုက်တာပဲဆိုပြီး သကာလ ၊ ဒကာ ဒကာမတွေ ကိုယ့်ဟာကိုယ် အားကိုးလုံးကလေး မရှိကြဘူးလား (ရှိပါတယ် ဘုရား)။
သို့သော် သူက ခိုင်မြဲသလား (မခိုင်မြဲပါ ဘုရား) ဘာကြောင့် မခိုင်မြဲ ရသတုံး မေးတော့ နိဗ္ဗာန်သို့ ထွက်တဲ့ ဉာဏ်က မရသေးဘူး (မှန်ပါ)။ နိဗ္ဗာန်က အာရမ္မဏာဓိပတိ အဖြစ်နဲ့ ဦးဘကြည် ကျေးဇူးပြုပြီလား၊ မပြုသေးဘူး၊ သာမည လူမှာလေ (မှန်ပါ)။
ဒါဖြင့် နိဗ္ဗာန်က အာရမ္မဏာ ဓိပတိအဖြစ်နဲ့ ကျေးဇူးမပြုသေးတော့၊ သူ့ကို အဓိပတိ ပစ္စည်း၏ အကျိုးတရားလို့ ဆိုနိုင်ပြီလား (မဆိုနိုင်ပါ ဘုရား)
တစ်နည်း ဒီအထဲမှာပါတဲ့ ဆန္ဒ၊ ဝီရိယ၊ ပညာတို့ ကလည်း သူတို့အချင်းချင်း ကြီးစိုး ကြပြီလားလို့ မေးလို့ရှိရင် သဟဇာတာဓိပတိ အဖြစ်နဲ့ မကြီးစိုးသေးဘူး (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အာရမ္မဏာဓိပတိအဖြစ်နဲ့ အာရုံကလည်း မကြီးစိုးသေးသော ကြောင့် မမြဲဘူး (မှန်ပါ) သဟဇာတာဓိပတိ အဖြစ်နဲ့ ဒီအထဲမှာပါတဲ့ ဆန္ဒ၊ ဝီရိယ၊ ပညာတို့ကလည်း ဒကာ ဒကာမတွေ မကြီးစိုးသေးလို့ မမြဲသေးဘူး (မှန်ပါ)။
ဒါကလေးဟာ သဘော နှစ်ခုကို ပြောလိုက်တယ် (မှန်ပါ)၊ အာရုံရော၊ သဟဇာတရော၊ ဒီက အာရုံအဖြစ်နဲ့ ကြီးစိုးပြန်လည်း စိတ်ချတော့ (မှန်ပါ) ဒီအထဲမှာပါတဲ့ ဆန္ဒ၊ ဝီရိယတွေဟာ အဓိပတိ ထိုက်ရင်လည်း စိတ်ချတော့လို့ ဒကာ ဒကာမတွေ သတိပေးလိုက်နော် (မှန်ပါ)။
ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဘုန်းကြီးက ယနေ့ ကယ်တင်တာက ေဩာ် – ခင်ဗျားတို့ ပျက်တတ်တယ်၊ ပြိုတတ်တယ်၊ ပျောက်တတ်တာကြီးကို အားကိုးနေလို့ ရှိရင်ဖြင့်၊ ခင်ဗျားတို့ အားကိုးလွဲပြီး ဒုက္ခ ရောက်မှာပဲ (မှန်ပါ)။
မပျောက် မပျက်တာအားကိုးရင် (အားကိုးထိုက်ပါတယ် ဘုရား) အားကိုးထိုက်တယ် ဆိုတော့၊ ေဩာ်- ဒါတော်တော် အရေးကြီးပါလား (မှန်ပါ) ပေါ်လာကြပြီလား (ပေါ်ပါပြီ ဘုရား) နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ မြို့ သုံး ရွာသုံးနဲ့ ဆိုရင် ဒါအတော် ခက်နေတယ် ဦးဝင်းရဲ့ (မှန်ပါ)။
မြို့သုံးရွာသုံးက အို-ကျုပ်တို့ ထိုက်တန်တဲ့သီလ၊ ထိုက်တန်တဲ့ သမာဓိ၊ ထိုက်တန်တဲ့ ပညာတွေ ကျုပ်တို့တော့ စုံလို့၊ အဲဒီတော့ ကျုပ်တို့တော့ သေပျော်ပေါ့၊ နေပျော်ပေါ့ လို့ဆိုပြီး သကာလ ၊ အဓိပတိ တစ်လုံးမှ မပါဘဲနဲ့ ဦးဘကြည် သူတို့ အားကိုးနေလို့ရှိရင် ဘယ့်နှယ် ဆိုကြမလဲ (စိတ်မချရပါ ဘုရား)။
စိတ်မချရဘူး၊ ပျက်စီးနိုင်တယ် (မှန်ပါ) သူတို့ အဓိပတိ ထိုက်ပြီလား (မထိုက်သေးပါ ဘုရား) မထိုက်သေးလို့ ရှိရင် အဓိဆိုတာ လာနိုင်ရဲ့လား (မလာနိုင်ပါ ဘုရား)။
ဒေဝဒတ်ကြီးကောင်းကင်ပျံနိုင်တယ်
မလာနိုင်သေးလို့ရှိရင် မခိုင်သေးဘူး၊ မမြဲသေးဘူးဆိုတာ တစ်ခါ တည်းမှတ် (မှန်ပါ)၊ ဘုရားလက်ထက်က ဒေဝဒတ်ကြီးဟာ အဓိမတတ် ရသေးတဲ့ သမာဓိရလို့ ကောင်းကင်ပျံ၊ မြေလျှိုး နိုင်တယ်။
ကောင်းကင်ပျံ မြေလျှိုးနိုင်ပြီး ယခု အဝီစိမှာ နေရတယ်၊ အဓိ မပါလို့ ယုံကြည်ကြပြီလား (ယုံကြည်ပါပြီ ဘုရား)။ ကောင်းကင်ပျံ၊ မြေလျှိုးနိုင်တဲ့ ဒေဝဒတ် ရဟန်းဖြစ်တဲ့ ဘဝမှာ တော်တော့ကို တန်ခိုးကြီးပါတယ်။ ထိုသို့ပင် တန်ခိုးကြီးငြား သော်လည်း ယခုဘယ်ရောက်လဲဆို အဝီစိ ရောက်နေ တယ် ဆိုတော့၊ အင်း ဒီဥစ္စာ ဘယ့်နှယ်ကြောင့် ပါလိမ့်မတုံးလို့ မေးရင် ဖြေတတ် ပြီလား (ဖြေတတ်ပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့်ပါလိမ့် (အဓိ မပါလို့ပါ ဘုရား) အဓိပတိ စွမ်းရည် သတ္တိ မပါဘူး ကြီးစိုးနိုင်တဲ့ စွမ်းရည်သတ္တိ မပါဘူးတဲ့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
တိဿရဟန်းကြီးသန်းဖြစ်တယ်
ဘုရားလက်ထက်က သီလတွေ ဆောက်တည်ပါလျက်သားနဲ့ အပါယ် ရောက်သွားတာ တွေကော မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒီ သီလဟာလည်း အဓိသီလ မဟုတ်လို့ (မှန်ပါ) အဓိပညာ မဟုတ်လို့၊ တိဿ ရဟန်းကြီးတို့ သန်းကြီး ဖြစ်ရတာတွေလည်း ဘယ့်နှယ် ဆိုကြမလဲ (အဓိပညာ မဟုတ်လို့ပါ ဘုရား)။
အဓိပညာ မဖြစ်ဘူး၊ အဓိမပါဘူး (မှန်ပါ) အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဘုန်းကြီးက ဝတ္ထုသက်သေ သာဓကတွေ ထောက်ပြီး ပြလို့ရှိရင်ဖြင့်၊ ဪ- ဒို့ဆရာ ဘုန်းကြီးက မခိုင်မြဲတာ အားမကိုးနဲ့ ခိုင်မြဲအောင် လုပ်ထားဆိုတာ တိုက်တွန်းချက်ပါလားလို့ ဆိုတာ ယနေ့ ပြင်ပစ်ကြပါနော် (မှန်ပါ)။
ဒီဘဝက စုတေမနေ သေလွန်တဲ့အခါ၊ မခိုင်တာ အားကိုးလို့ရှိရင် မခိုင်တာတွေ ကတော့ဖြင့် ဧကန်ကယ်မယ် ယူမယ်လို့ ဒကာသိုက် ဆိုလို့ရပါ မလား (မရပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ဒီကြားထဲ အာသန္နကံဝင်ပြီး ထိုးခိုင်းတယ်လို့ ပြောတာပါပဲ (မှန်ပါ)။
ဘာအားကိုးကြမှာတုံး
မထိုးနိုင်ဘူးလား (ထိုးနိုင်ပါတယ် ဘုရား)။ ကဲ- ဒါဖြင့် ဘာအား ကိုးကြမှာတုံး (အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ အားကိုးရပါမယ်) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ ဖြစ်အောင် လုပ်ကြပါဆိုတာ တိုက်တွန်းရတယ် (မှန်ပါ)။
သူတို့ ဘယ်အချိန်ဖြစ်မှာတုံး ဆိုတော့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်မြင်တဲ့ အချိန် အကုန်ဖြစ်ပါတယ် (မှန်ပါ) ဦးလှ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်မြင်တဲ့ အခါကျတော့ ဒါက အဓိသီလ၊ ဒါကကော (အဓိစိတ္တပါ ဘုရား)။ အဓိပညာ ဆိုတာ အစိုးရပါပြီ။
အဲဒီကျတော့မှ၊ ဪ လက်ခမောင်းခတ်၊ ပြုံးချင်သလိုပြီး၊ ပျော်ချင်သရွေ့ ပျော်ကြပါ၊ အပါယ်လေးပါး စိတ်ချရလို့နော် (မှန်ပါ)။
ယခုတည်ဆောက်ထားတဲ့ သီလ ကလေးလောက်၊ ယခု အားထုတ်နေ တဲ့ သမထ ကလေးလောက်၊ ယခု အားထုတ်နေတဲ့ ဝိပဿနာ ဉာဏ်လေးလောက်နဲ့ ဒကာ ဒကာမတို့က သေပျော်ပေါ့။ နေပျော်ပေါ့ ဆိုတဲ့ အလုပ်တွေနဲ့ ဘဝင်မြင့်တဲ့ အနာကြီးစွဲကပ် မနေပါနဲ့ဆိုတာ ပြောရတယ် (မှန်ပါ)။
မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)၊ ခိုင်မြဲရဲ့လား (မခိုင်မြဲပါ ဘုရား)၊ သဘော ကျရဲ့လား (ကျပါတယ် ဘုရား)။
“အဓိ” ဘယ်လောက်အရေးကြီးသတုံး
ဒါဖြင့် အဓိဟာ ဘယ်လောက် အရေးကြီးသတုံး (ကြီးပါတယ် ဘုရား)။ ကောင်းပြီ ခင်ဗျားတို့ ဒါကို မရသေးလို့ရှိရင်ဖြင့် အတော် ဆိုးရွားပါတယ် တဲ့၊ ဒါကြောင့် မခိုင်မြဲတာ အားကိုးမှုကြောင့် ခင်ဗျားတို့ ဒုက္ခရောက်ပုံကို ဘုရားက ဟောတော်မူတယ် (မှန်ပါ)။
ကဲ- ဒါကို အသာထားလိုက်ပါဦး၊ ဒါကို နောက်မှပဲ နိဂုံးချုပ်ပါ့မယ် (မှန်ပါ)၊ ဒီအလုံးတွေ ကြည့်ပါ ဒကာ ဒကာမတို့ ငါးလုံးတန်း ထားတယ်၊ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာနော် (မှန်ပါ)။
ဒီကြားထဲမှာ ဘာရှိသတုံး ဆိုလို့ရှိရင်ဖြင့်၊ ဒါက ကမ်းနား သစ်ပင်တွေလို့ မှတ်ထား လိုက်စမ်းပါ (မှန်ပါ)၊ ဒီကြားထဲမှာတော့ ချောင်း ရှိတယ်လို့ မှတ်ထား လိုက်တာပေါ့ (မှန်ပါ)၊ ဒီကြားထဲမှာ ဘာရှိသတုံး (ချောင်းရှိ ပါတယ် ဘုရား)။
ကမ်းနားသစ်ပင်ဆိုတာ
ဒီသုံးခုကလဲ ဘာပါလိမ့် (ကမ်းနားသစ်ပင်ပါ) ဒီဘက်နှစ်ခုက ရော (ကမ်းနားသစ်ပင်ပါပဲ ဘုရား)။ အဲဒီတော့ ဒကာ ဒကာမတွေ ကမ်းနားသစ်ပင်၊ ကမ်းနားသစ်ပင် ဆိုတာ ရေစားထားလို့ အမြစ်ဟာ ဘယ်အခါ ကာလမှ ခိုင်ခိုင်မြဲမြဲ မရှိဘူး၊ ကမ်းနားသစ်ပင် ဟူသရွေ့ဟာလေ (မှန်ပါ)။
ဦးဘကြည် ခိုင်မြဲရဲ့ လား (မခိုင်မြဲပါ ဘုရား)။ မခိုင်မြဲတော့ သူတို့ သည်ကားလို့ဆိုရင်၊ အကိုင်းတွေ၊ အရွက်တွေသည် ကုန်းပေါ်မှာ ကိုင်းလေ့ရှိ သလား ဆိုတော့၊ ကမ်းနားသစ်ပင်ဟာ ရေထဲမှာ အဖျားကလေး ကျကျနေ တယ် (မှန်ပါ) ဒါဖြင့် ရေဘက်မှာပဲ ကိုင်းတာပေါ့ (မှန်ပါ)။
အမြစ်ကမခိုင်ဘူး
မြေနဲ့တော့ တွယ်နေတာပဲ၊ တွယ်ပင် တွယ်ငြား သော်လည်း ရေက, စား ထားတော့ အမြစ်က မခိုင်ဘဲ ယိုင်တော့မြစ်ထဲ ယိုင်ကျတယ် (မှန်ပါ) ဦးဘကြည် ကုန်းပေါ်များ ယိုင်သေး သလား (မယိုင်ပါ ဘုရား) ရေထဲပဲ ကိုင်းကြ ရှိုင်းကြရတယ် ဆိုတာ ဒကာ ဒကာမတွေ သဘောကျပြီလား ၊ (ကျပါပြီ ဘုရား)။
ဒီကမ်းနား သစ်ပင်တွေဟာ ဘယ်ကို ကိုင်းကြရသလဲ (ရေထဲ ကိုင်းကြရပါတယ် ဘုရား) အမြစ်ကလည်း ရေစားထားလို့ ခိုင်ခိုင်မြဲမြဲ ရှိပါ့မလား (မရှိပါ ဘုရား)။
အဲဒီမှာ ခင်ဗျားတို့သည် ဘာနဲ့တူပါသလဲလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့က သံသရာ ခရီးသည် ရေမျောလာတာနဲ့ တူတယ်လို့ ဘုရားက ဥပမာ ပြလိုက်တယ် (မှန်ပါ) သံသရာ ခရီးသည် ရေမျောလာတယ်တဲ့ ဒကာ ဒကာမတို့ ခင်ဗျားတို့ဟာ ဒါပဲ၊ ဒီဘက်က အလယ် တစ်လုံးဟာ တရားနာနေတဲ့ ဒကာ ဒကာမတွေ တစ်လုံးလို့ မှတ်ထား လိုက်စမ်းပါ (မှန်ပါ)။
ရေမျောလာတဲ့ပုဂ္ဂိုလ်တွေ
ဒါက ရေမျောလာတဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ (မှန်ပါ)။ ကောင်းပြီ သူသည်ကားလို့ ဆိုရင်ဖြင့် ရေက မျောလာခဲ့တာ အတော်ကြာခဲ့ပြီ၊ သံသရာ ခရီးမှာ တဏှာ မျှောတိုင်း မျောလာကြတာကိုးဗျ (မှန်ပါ)။
တဏှာက နတ်ပြည် တောင့်တပြီး ကုသိုလ်လုပ်လည်း နတ်ပြည်မျော သွားတာပါပဲ (မှန်ပါ)၊ တဏှာနဲ့ပတ်သက်ပြီး အကုသိုလ်တွေ လုပ်လိုက် ပြန်တော့ကော (အပါယ် မျောသွားပါတယ် ဘုရား)။
ဒါဖြင့် အပါယ် ဘက်ရောက်သွားတော့ကို တဏှာ ရေယာဉ်ကြောထဲမှာ၊ သံသရာ ခရီးသည်ဆိုတဲ့ ဒကာ ဒကာမတွေ မမျောရဘူးလား၊ မျောရမှာလား (မျောရမှာပါ ဘုရား)။ ဒါ- သံသရာ ရေယာဉ်ကြီးလို့ မှတ်လိုက်ပါ ။ (မှန်ပါ) အလယ်က ဘာပါလိမ့် (သံသရာရေယာဉ်ကြီးပါ ဘုရား)။
ဆုတောင်းနဲ့မျောလာတာ
ဒါက သံသရာခရီးသည် မျောလာတာ (မှန်ပါ) ရိပ်မိကြပြီလား (ရိပ်မိကြပါပြီ ဘုရား)။ ဆုတောင်းနဲ့ မျောလာတာ (မှန်ပါ)၊ ဘာနဲ့မျော လာတာတုံး (ဆုတောင်းနဲ့ မျောလာတာပါ ဘုရား)။
အင်း- ခင်ဗျားတို့ ဆုတောင်းက မျောချင်လို့ကို တောင်းတဲ့ဆု (မှန်ပါ)။ ဒီဘဝ ဟိုဘဝ မျောရပါလို၏ ဦးဘအုန်း ဒီလိုဖြစ်နေတယ် (ဖြစ်နေပါတယ် ဘုရား) ဆုတောင်းတာက ဘာတုံး (မျောချင်လို့ တောင်း တာပါ ဘုရား)။
ဒကာ ဒကာမတွေ ဟိုဘဝ ဒီဘဝဆိုတာက တဏှာပို့မှ ရောက်မှာပဲ၊ တဏှာ ရေယာဉ်ကြော မျောမှပဲ ရောက်မှာပဲ ဆိုတာလည်း သိထားတဲ့ အခါကျတော့၊ ခင်ဗျားတို့သည် ဟိုဘဝ ဒီဘဝ ကူးတာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ တဏှာ ရေထဲမျောပြီး သကာလ လာကြတဲ့ ပုဂ္ဂိုလ်ချည်းပဲလို့ ဆုံးဖြတ်ချက် ချ တာပေါ့ (မှန်ပါ)။
တဏှာ ဆုတောင်း ဆန္ဒမရှိဘဲနဲ့ ဦးဘကြည်၊ တဏှာရေက မျှောမ ပေးရင် တစ်ဘဝနဲ့ တစ်ဘဝ ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား) ဒါဖြင့် သံသရာ ခရီးသည် မှန်သရွေ့ တဏှာရေ ထဲမှာ တဏှာကမျှောသလို မျောရတဲ့ အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ရှင်းကြပြီ လား (ရှင်းပါပြီ ဘုရား)။
တဏှာကမျှောသလိုမျောလာတာ၊
ခင်ဗျားတို့ ဘယ်ကများ လာပါလိမ့်မတုံးလို့ သံသယမရှိပါနဲ့၊ တပည့်တော်တို့ ဆုတောင်း အတိုင်း တပည့်တော်တို့ တဏှာရေမျှောသလို မျောလာလို့ လူ့ပြည့်ရောက်နေတယ် (မှန်ပါ)။
မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ကောင်းပြီ လူ့ပြည် ရောက်နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ မျောလာတာဖြင့် သေချာ တယ်၊ လူ့ပြည်ကျပြန်တော့ ဘာရပြန်သတုံး ဆိုတော့ ခန္ဓာငါးပါး ရတယ်။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ခန္ဓာငါးပါးကကမ်းနားသစ်ပင်
ခန္ဓာငါးပါးကလည်း ကမ်းနားသစ်ပင်တဲ့ ဒကာ ဒကာမတို့ ခန္ဓာငါး ကလည်း ဘာပါလိမ့် (ကမ်းနား သစ်ပင်ပါ ဘုရား)။ ဪ- အခုတရား နေကြတာ ဒကာ ဒကာမတွေ ခန္ဓာ ဘယ်နှစ်ပါးနဲ့ နာနေကြသလဲ (ငါးပါး နာနေကြပါတယ် ဘုရား)။
ဒါကလည်း အခု သေသေချာချာ ပြတော့ ဘာတဲ့ (ကမ်းနား သစ်ပင်ပါ ဘုရား)။ အဲဒါ မျောလာတဲ့ ပုဂ္ဂိုလ်က ကိုယ့်ခန္ဓာငါးပါးကို ရူပက္ခ ကြီး ကြည့်လိုက်ပြန်လဲ ကိုယ်အားကိုးတာပဲနော် (မှန်လှပါ ဘုရား)။
အဲဒီတော့ လာတဲ့ ပုဂ္ဂိုလ်က အားကိုးရာရှာလိမ့်မယ် (မှန်ပါ)။ ဦးဘကြည် မရှာပေဘူးလား (ရှားပါတယ် ဘုရား)။ ဒကာ ဒကာမတွေ မျောလာတဲ့ ပုဂ္ဂိုလ်တွေက ဘာရှာမယ် (အားကိုးရာ ရှာမှာပါ ဘုရား)။
ရှာတဲ့ အခါကျတော့ ဖျတ်ဆို ရူပက္ခန္ဓာတည်း ဟူသော ကမ်းနား သစ်ပင် ဆွဲလိုက်တယ်၊ သံသရာ ခရီးသည်က (မှန်ပါ) မဆွဲလိုက်ပေဘူး လား (ဆွဲလိုက်ပါတယ် ဘုရား) ငါ့ကိုယ်၊ ငါရုပ်ဆိုပြီး ဆွဲလိုက်တဲ့ အခါကျ တော့ ကမ်းနားသစ်ပင် ကိုးဗျ (မှန်ပါ)။
ရူပက္ခန္ဓာဆိုတဲ့ကမ်းနားသစ်ပင်
ရူပက္ခန္ဓာဆိုတော့ အနိစ္စ ကမ်းနားသစ်ပင် မဖြစ်သေးဘူးလား (ဖြစ် ပါပြီ ဘုရား)၊ ဆွဲလိုက်တော့ နဂိုက သူ့အမြစ် တွေကလည်း မခိုင် ဟုတ်လား၊ ဆွဲတဲ့ ပုဂ္ဂိုလ်ကလည်း တစ်အား၊ ကုန်းပေါ် တက်ချင်လို့ (မှန်လှပါ ဘုရား)။
ဆွဲတဲ့ပုဂ္ဂိုလ်က ဘယ်လိုဆွဲပါလိမ့် (ကုန်းပေါ် တက်ချင်လို့ပါ ဘုရား)။ တစ်အား ဆွဲလိုက်တော့ ဦးလှတို့ အမြစ်ကလည်း မရှိဗျာ (မှန်ပါ)။
ရေဘက်ကိုင်းနေလို့သာ ဆွဲလိုက်တာ၊ သူကတော့ဖြင့် ရေမျောလာ တဲ့အတွက် အားကိုး အားထား လုပ်ပြီး တစ်အား ဆွဲလိုက်တဲ့ အခါကျတော့၊ အမြစ်မရှိတဲ့ သစ်ပင်ဆွဲမိတော့ ဒကာ ဒကာမတွေ မှတ်လိုက်တာပေါ့။ အမြစ်မြေဆိုင်ပါ သူ့အပေါ်မှာ ပိလာတယ် (မှန်ပါ)။
သူက အားကုန် ဆွဲလိုက်တာကိုး၊ အားကုန်ဆွဲလိုက်တော့ သစ်ပင် ရယ်၊ ဒီက မြေစိုင်ရယ်၊ ဦးဘကြည် ဆွဲတဲ့ ပုဂ္ဂိုလ် အပေါ် မကျဘူးလား (ကျပါတယ် ဘုရား)။
ကျတော့ နဂိုကတော့ ရေထဲမျောလာတယ်၊ အခု မိမိခန္ဓာတည်း ဟူသော ရူပက္ခန္ဓာကို အားကိုး အားထား လုပ်ပြီး သကာလ ဆွဲလိုက်တော့၊ သူက အနိစ္စခန္ဓာ ဖြစ်နေတော့ ပြုတ်ကျတဲ့ သဘောကို ဘုရားက ဟောတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်သူ့အပေါ် ပြုတ်ကျသတုံး
ပြုတ်ကျတော့ အလိုလို ပြုတ်ကျတာလား၊ အားကိုးအားထား ထားခြင်းကြောင့် ဆွဲလို့ ပြုတ်ကျတာလား (အားကိုးအားထား ထားလို့ပါ ဘုရား)။
ဘယ်သူ့အပေါ် ပြုတ်ကျသတုံး (ဆွဲတဲ့ပုဂ္ဂိုလ် အပေါ် ပြုတ်ကျပါ တယ် ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား) ဒါဖြင့် ခင်တဲ့ ပုဂ္ဂိုလ်ပေါ်မှာ (ပြုတ်ကျပါတယ် ဘုရား)။
ပြုတ်ကျတဲ့ အခါကျတော့ နဂိုကမျောသမား၊ ဒီသစ်ပင်ကြီး တစ်ပင်လုံး ပိပြီး သကာလ သူ့မျက်လုံးထဲ ပါးစပ်ထဲမှာ မြေစိုင်တွေဝင်၊ သစ်ပင်ကလည်း ပိဆိုတော့ မြုပ်ဖို့ပဲ (မှန်ပါ)။ ဒါဖြင့် ခင်ဗျားတို့ နဂိုက အမေ့သမားနော် (မှန်ပါ)။
ဟိုဘဝက လာတာက မျောလာတာ၊ ဒီဘဝ ကျတော့ကမ်းနား သစ်ပင်နဲ့တူတဲ့ မိမိခန္ဓာ ရူပက္ခန္ဓာကြီး အားကိုး လိုက်တယ်၊ ရူပက္ခန္ဓာ ဆိုတာက အနိစ္စ ကမ်းနားသစ်ပင် ကမ်းနား သစ်ပင်ဟာ အဆွဲ ခံနိုင်ပါ့မလား (မခံ နိုင်ပါ ဘုရား)။
တဏှာ၊ ဥပါဒါန်တို့၏ အဆွဲကို ခံနိုင်ပါ့မလား (မခံနိုင်ပါ ဘုရား) မခံနိုင်တော့ဆွဲတဲ့ ပုဂ္ဂိုလ်အပေါ်မှာပဲ မြေစိုင်နဲ့တကွ ပြုတ်မကျပေဘူးလား (ပြုတ်ကျပါတယ် ဘုရား)။
ပြုတ်ကျတော့ နဂိုကလည်း ကိုယ်က ဆောက်တည်ရာ မရဘဲနဲ့ နေတဲ့ပုဂ္ဂိုလ်၊ မျောလာ တာကလဲ ရှည်တော့ လက်ပန်း ခြေပန်းကလဲ ကျ (မှန်ပါ့)။
အားကိုးရမလားလို့ ဆွဲလိုက်ပြန်တော့လဲ ကမ်းနားသစ်ပင် ဆွဲမိလျက် ကြုံဆိုတော့ မျောလို့ မောလာတာက တစ်မျိုး၊ အပေါ်က ပိလို့မြှုပ်ရမှာက တစ်မျိုး ဖြစ်လေ သောကြောင့်၊ ခင်ဗျားတို့သည် ဆွဲပြန်တာနဲ့ပဲ ခန္ဓာပါပြီး သကာလ ခင်ဗျားတို့မှာ အမြုပ်သမားများ ဖြစ်တယ် (မှန်ပါ)။
ရူပက္ခန္ဓာကိုအားမကိုးနဲ့တဲ့
ဒါဖြင့် ဒကာ ဒကာမတို့ ရူပက္ခန္ဓာကို ဘုရားသခင် ကိုယ်တော်မြတ် ကြီးက အားမကိုးနဲ့ပေါ့ ပြောတာပဲ (မှန်ပါ) ဘာပြုလို့တုံး အနိစ္စတရား၊ ပြုတ်ကျမယ်ကွတဲ့ (မှန်ပါ) ဟုတ်ဘူးလား (မှန်ပါ)။
အနိစ္စတရား ပြုတ်ကျမယ်ဆိုတော့ ရူပက္ခန္ဓာအားကိုးလို့ တော်ပါ မလား (မတော်ပါဘူး ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတွေမှာ ခန္ဓာငါးပါး ရှိတာ အထင်အရှားနော် (မှန်ပါ)။
မိမိရူပက္ခန္ဓာကို မိမိက ကိစ္စမရှိပါဘူး၊ ပြောနိုင်တယ်၊ ပိုးနိုင်တယ်၊ သယ်နိုင်တယ်၊ သွားနိုင်တယ်၊ လာနိုင်တယ်လို့ အားကိုး လိုက်လို့ရှိရင် အင်း-တော်တော် ကြာကျတော့ အနိစ္စ ရောက်ဦးမှာကိုး၊ မရောက်ပဲ နေမှာလား (ရောက်မှာပါ ဘုရား)။
ရောက်တဲ့အခါကျတော့ အားကိုးလုံး လွဲပေ့ ဆိုတဲ့ မျက်ရည်ကြီးငယ် တွေ မကျရဘူးလား (ကျရပါတယ် ဘုရား)။ ကျရတဲ့ အခါကျတော့ နဂိုက အမေ့သမားမှာ၊ ဒီကမ်းနားသစ်ပင်နဲ့ တူတဲ့ ခန္ဓာက နှိပ်စက်ပြန်တာနဲ့ပဲ။ ခန္ဓာပိပြီး သကာလ ခင်ဗျားတို့သည် မြုပ်သမားဖြစ်တယ် (မှန်ပါ)။
ပထမလာတုန်းကတော့ ဘာသမားတုံး (မျောသမားပါ ဘုရား) နောက်ကျတော့ ကမ်းနား သစ်ပင်နဲ့ တူတဲ့ ခန္ဓာငါးပါး အားကိုးလိုက် ပြန်တော့ အနိစ္စ အားကိုးလို့ အနိစ္စ ဆိုတာ မမြဲတာ၊ မမြဲတော့ ပြုတ်မကျပေဘူးလား (ပြုတ်ကျမှာပါ ဘုရား)။
ဆွဲတဲ့ပုဂ္ဂိုလ် အပေါ်မှာ ပြုတ်ကျမှာပဲ၊ အခြား နေရာတော့ မပြုတ်ဘူး (မှန်ပါ)၊ တဏှာ၊ ဥပါဒါန်နဲ့ အားကိုးလို့ ရမလားလို့ ဆွဲတဲ့ပုဂ္ဂိုလ် အပေါ် မှာတော့ မပြုတ်ပေဘူးလား၊ ပြုတ်မှာလား (ပြုတ်မှာပါ ဘုရား)။
ပြုတ်တဲ့အခါကျတော့ ဟိုပုဂ္ဂိုလ်ကလည်း ဆောက်တည်ရာရယ်လို့ အောက်မှာ ရေထဲမှာ ရှိပါရဲ့လား (မရှိပါ ဘုရား)။
အမျောသမားကအမြုပ်သမားဖြစ်
မရှိတော့ အပေါ်က ကြီးလှစွာသော အမြစ်မရှိတဲ့ သစ်ပင် အဲဒါတွေက ဖိပြီး သကာလ လာပြန်တော့၊ ဒကာ ဒကာမတို့ အမျောသမား မှာ အမြုပ်သမား ဖြစ်ရပြန်တယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုနေခဲ့ကြသလဲ (အမြုပ်သမား အမျောသမား အဖြစ်နဲ့ နေခဲ့ကြရပါတယ် ဘုရား)။
ဒါကြောင့် အရင်ကတော့ အမျောသမား အမြုပ်သမားကို စာထဲမှာ ဒီပါဠိတော်ကိုပဲ ရေးတော့ ရေးခဲ့တာပဲ၊ အခုတော့ ပုံစံပါချပြီးပြတဲ့အတွက်၊
ဪ- ဒို့လာတာက ဒီဘဝကူးလာတာက အမျိုသမား၊ ဒီဘဝကျမှ မိမိခန္ဓာ အားကိုး လိုက်တဲ့အခါ၊ အနိစ္စခန္ဓာကိုး လိုက်တဲ့ အခါကျတော့ မမြဲတဲ့အတွက် အားကိုးတဲ့ ပုဂ္ဂိုလ်မှာပဲ အပိခံရတယ်၊ အဖိခံ ရတယ် ဆိုတာက ဒကာ ဒကာမတွေ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။
နောက်တုန်းက ဘယ်လိုနေခဲ့ပါလိမ့်
ဒါဖြင့် ဘာသမားဖြစ်သွားတုံး (မြုပ်သမား ဖြစ်ပါတယ် ဘုရား) ဪ- ဒါဖြင့် ဦးဘကြည်တို့ ကျုပ်တို့ သံသရာထဲ ရောက်တုန်းက ဘယ်လို နေခဲ့ပါလိမ့်မတုံး ဆိုတာဖြင့် ယနေ့ ကောင်းကောင်းပဲ ဘုရားဟောတော်မူတာ ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။
ဘယ်လိုများ နေခဲ့ကြရသလဲ (မြုပ်သမား၊ မျောသမား အဖြစ်နဲ့ နေခဲ့ကြရပါတယ် ဘုရား)။ ဘယ်တော့မှ နိဗ္ဗာန်သောင်ကမ်းပေါ် မတက်ခဲ့ကြ ရဘူး (မှန်ပါ)။
နိဗ္ဗာန်သောင်ကမ်း ဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း “အပ္ပမာဒဝဂ်” တွေမှာ နိဗ္ဗာန်သောင်ကမ်းကို ဟောထားပါတယ်၊ ဆရာတော် သမားတော်တွေလည်း ဟောပြော ကြပါတယ် (မှန်ပါ) ခင်ဗျားတို့က အဲဒီ သောင်ကမ်းကို အရင်တုန်းက တက်ဖူးခဲ့ကြရဲ့လားလို့ မေးရင် (မတက် ခဲ့ဘူးပါ ဘုရား)။
ဘယ်လိုအချိန်ကုန်ခဲ့ရပါလိမ့်
ဒါဖြင့် ဘယ်အဖြစ်နဲ့များ အချိန်ကုန်ခဲ့ရပါလိမ့် (အမြုပ်သမား၊ အမျောသမား အဖြစ်နဲ့ အချိန် ကုန်ခဲ့ပါတယ် ဘုရား)။
ဒါဖြင့် မျောသမား၊ မြုပ်သမား ဖြစ်ပြီး အချိန်ကုန်ခဲ့တယ် ဆိုတော့၊ ခုနင်က ပြောခဲ့တဲ့ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာတို့ ဘယ်အခါမှ မရခဲ့လို့ လမ်းချည်း မျောတယ်၊ ဒီချောင်းထဲချည်း မြုပ်တယ် (မှန်ပါ)။
ဒီလိုမနေပေဘူးလား (နေပါတယ် ဘုရား)။ ဦးဘအုန်း ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ကျုပ်တို့ နောက်တုန်းက ဘယ်လိုနေပါလိမ့် (အမြုပ်သမား၊ အမျောသမား အဖြစ်နဲ့ နေခဲ့ရပါတယ် ဘုရား)။
အဲဒါကြောင့် ပါးစပ်ကဖွင့်ပြီး ခင်ဗျားတို့က ဒီဘဝစုတေမနေ၊ သေလွန်ရင် ဘယ်ကို ရောက်ပါလို၏ ဆိုတာ မျောချင်လို့ (မှန်ပါ)။ ရောက်တဲ့ အခါကျတော့ မိမိခန္ဓာ မိမိ အားမကိုး ပေဘူးလား၊ ကိုးမှာလား (ကိုးမှာပါ ဘုရား)။
အဟုတ်ဆွဲရင်တကယ်ပိတယ်
အားကိုးတော့ ခန္ဓာငါးပါးဟာ အနိစ္စတရား မဟုတ်လား (မှန်ပါ) အနိစ္စတရား ဆိုတော့ အားကိုး ခံနိုင်တဲ့ တရားလား၊ ကိုယ့်အပေါ် ပိမယ့်တရား လား (ပိမယ့် တရားပါ ဘုရား)၊
ကိုယ့်အပေါ် ပိမယ့်တရား ဖြစ်ပြီး သကာလ နေတော့ အဟုတ်ဆွဲရင် အဟုတ်ပိတာပဲ (မှန်ပါ) သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
သူကလည်း ရေဘက်ကိုင်းနေတယ် ဆိုတာကိုးဗျ၊ ဆွဲမယ့်ပုဂ္ဂိုလ်ဘက် ကိုင်းနေတယ် (မှန်ပါ) အတင်း အားကုန် ဆွဲလိုက်လေလေ ဒီအပေါ်မှာ မြုပ်ချက်က သန်လေလေပဲ (မှန်ပါ)။ ဦးဝင်း ဘယ်လိုနေပါလိမ့် (အားကုန်ဆွဲလေလေ မြုပ်ချက် သန်လေလေပါ ဘုရား)။
ဪ -ဒို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ ဘုန်းကြီးက နောက်ကြောင်း ဖော်ပြီးတော့ ပြောရှာတယ်၊ ယခုဘဝ အဆွဲ မမှားဖို့ တယ်ပြီး အရေးကြီး ပါလား (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ယခုဘဝအဆွဲမမှားဖို့
ယခုဘဝ ဘာပါလိမ့် (အဆွဲ မမှားအောင် အရေးကြီးပါတယ် ဘုရား) အဆွဲမမှားဖို့ သိပ်အရေးကြီးတယ်တဲ့ ဆွဲရပါတယ်၊ အဆွဲမမှားဖို့တော့ သိပ်အရေးကြီးတယ် (မှန်ပါ)။
ခန္ဓာငါးပါးကိုတော့ သွားပြီးမဆွဲနဲ့၊ အနိစ္စချည်း ဖြစ်နေတယ် (မှန်ပါ)၊ ဆွဲတဲ့ ပုဂ္ဂိုလ်အပေါ် အကုန်ပြုတ်ကျမှာပဲ၊ ရိပ်မိပြီလား (ရိပ်မိပါ ပြီ ဘုရား)။
အဲဒီတော့ ခုနင်က နိဗ္ဗာန်တည်းဟူသော နေရာဌာန ဆွဲမိလို့ ရှိရင်တော့ဖြင့် ပြုတ်နိုင်၊ ပျက်နိုင်တဲ့ သဘောမရှိဘူး (မှန်ပါ) ခိုင်မြဲတဲ့ သဘောသာ ရှိတယ် (မှန်ပါ)။
အဲဒီတော့ အဆွဲလွဲသေးရဲ့ လား (မလွဲပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဘာအရေးကြီး ပါလိမ့် (အဆွဲမှန်ဖို့ အရေးကြီးပါတယ်)။
အဆွဲ မမှန်သေးလို့ရှိရင် သံသရာ တောက်လျှောက်မှာ ဒီအတိုင်းလာ ခဲ့ကြတယ်နော်၊ မျောသမား၊ မြုပ်သမား (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
သံသရာထဲ နောက်တုန်းက တပည့်တော်တို့ ဘာဖြစ်ခဲ့သတုံး ဆိုတော့၊ ဘာဖြစ်တယ် လို့တော့ ဘုန်းကြီး မပြောတတ်ဘူး၊ မျောသမား၊ မြုပ်သမား ဖြစ်ခဲ့တာကတော့ ပြောနိုင်တယ် (မှန်ပါ) ဦးဘကြည် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောနေပေမယ့်လဲ မျောသမား၊ မြုပ်သမားထဲမှာ ဇာတ်ဆုံးတာပဲ (မှန်ပါ) မဆုံးသေးဘူးလား ဦးဘကြည် (ဆုံးပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နောက်ဘဝက တပည့်တော်တို့ ဘာများ ဖြစ်ခဲ့ပါလိမ့်မတုံးလို့ တွေးကြည့်ကြစမ်း (မျောသမား၊ မြုပ်သမား ဖြစ်ခဲ့ပါတယ် ဘုရား) ဒါဖြင့် ကမ်းပေါ် တက်နိုင်တဲ့ အချိုးအစားမရ ခဲ့ကြ ဘူးပေါ့ (မရခဲ့ကြပါ ဘုရား)။
မျောသမားဆိုတာ
မျောသမား ဆိုတာက ဟိုဘဝဒီဘဝ မျောတာ (မှန်ပါ) မြုပ်သမား ဆိုတာက အပါယ် လေးဘုံ သွားတာ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
မျောသမား ဆိုတာက ဘာပါလိမ့် (ဟိုဘဝဒီဘဝ ကူးတာပါ ဘုရား) ဟိုဘဝ၊ ဒီဘဝ ပြောင်းပြီးတော့ ကူးခတ်နေတာ၊ သဘောကျပြီလား (မှန်ပါ)။
မြုပ်သမားဆိုတာ
မြုပ်သမားက မိမိခန္ဓာအားကိုးလို့ မိမိခန္ဓာ နှိပ်စက်ပြီး သကာလ ဘာ တုံး (အပါယ်လေးပါး ရောက်သွားတာပါ ဘုရား) အပါယ်လေးပါးရောက် သွားတော့ မြုပ်သမား မဖြစ်ဘူးလား (ဖြစ်ပါတယ်)။
အဲ မြုပ်သမားက တက်လာပြန်တော့ မျောသမား အဖြစ်နဲ့ လာပြန် တာပဲ (မှန်ပါ) အမျောသမား အဖြစ်နဲ့ လာပြန်တော့ ရပ်ရွာ အားကိုးပြန် တော့လဲ (မြုပ်သမားဖြစ်ပါတယ်) ဒါပဲရှိတယ်။
ကိုင်း ဒကာ ဒကာမတို့ ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား) သံယုတ်ပါဠိတော်မှာ ဒီအဓိပ္ပာယ် ဟောပါတယ် ဦးဘကြည် (မှန်ပါ)။
ဒကာ ဒကာမတွေ ဒါ သံဝေဂ ရစေချင်လို့ ဟောတာ မဟုတ်ပါဘူး၊ ဖြစ်စဉ်ကိုက် ဟောတာလို့ မှတ်ပါ (မှန်ပါ) သံဝေဂ ရစေချင်လို့ ဘုန်းကြီး ကဟောတာပဲလို့ မအောက်မေ့နဲ့၊ ခင်ဗျားတို့ ကျုပ်တို့နေရတာ ဒီအ တိုင်းသာမှတ် (မှန်ပါ)။
သံဝေဂဆိုတာ
သံဝေဂဆိုတော့ ခင်ဗျားတို့ကို တရား အားထုတ် ဖြစ်အောင် ဟောတယ်လို့ ဒီလို ထင်နေလိမ့်မယ် (မှန်ပါ) မဟုတ်ဘူး တကယ့်ဖြစ်စဉ် ပြောနေတာ ဦးဝင်း သံဝေဂရဖို့ ပြောနေတာ မဟုတ်ပါဘူး (မှန်လှပါ ဘုရား) ရိပ်မိကြ ပြီလား (ရိပ်မိပါပြီ ဘုရား)။
ကိုယ့်အဖြစ် ရောက်တုန်းက ဘယ်လိုနေခဲ့ရတယ် ဆိုတာကို ထင်ရှား အောင်ပြတယ် (မှန်ပါ) ကိုယ့်အဖြစ်က ဘယ်လိုနေခဲ့ရသတုံး (အမြုပ် သမား၊ အမျောသမား အဖြစ်နဲ့ပါ ဘုရား)။
ဟိုဘဝ၊ ဒီဘဝကူးတာဘာတုံး (မျောသမားပါ ဘုရား) ရောက် ရာမှာ ခန္ဓာငါးပါးဟာ ကိုယ့်ခန္ဓာကိုယ် အားကိုးတယ်၊ အနိစ္စခန္ဓာကိုယ်ကြီး အားကိုးလိုက်တဲ့ အတွက် အနိစ္စ ဖြစ်ဖြစ် သွားလို့၊ ဒေါမနဿတွေနဲ့ သောက တွေနဲ့ ပရိဒေဝတွေနဲ့ မြုပ်သွားတဲ့ဘဝတွေ မရှိဘူးလာ (ရှိပါတယ် ဘုရား)။ ဒါဖြင့် မြုပ်သွားပြန်တော့ အပါယ်လေးပါး၊ မျောပြန်တော့ သုံးဆယ့် တစ်ဘုံ ဟုတ်လား (မှန်ပါ)။
မျောပြန်တော့ အထက်ဘုံတွေ လျှောက်မျောနေတယ်၊ မျောရာက နေပြီး အားကိုးလွဲလို့ ပြုတ်ကျပြန်တော့ အပါယ်လေးပါး မြုပ်တယ် (မှန်ပါ)။
ဒါဖြင့် ကျုပ်တို့သည် မြုပ်တာနဲ့ မျောတာ ဘယ်ဟာကြာလိမ့်မယ် ထင်သတုံးလို့ အကဲခတ် ကြည့်ကြစမ်း (မြုပ်တာကကြာပါတယ် ဘုရား) ဒါဖြင့် အပါယ်လေးပါးမှာ ကြာတယ် (မှန်ပါ) ရိပ်မိကြပြီလား (ရိပ်မိပါ ပြီ ဘုရား)။
အပါယ်လေးပါးမှာကြာတယ်
ဘယ်မှာကြာပါလိမ့် (မြုပ်တာ ကြာပါတယ် ဘုရား) မြုပ်တာ ကြာ တယ် ဆိုတော့ အပါယ် လေးပါးမှာ ကြာတယ် (မှန်ပါ) အပါယ်လေးပါးက အောက်မှာ ရှိတာကိုးဗျ (မှန်ပါ)။
မျောလာတယ် ဆိုရင်ဖြင့် ပေါ်လာလို့မျော၊ မျောလို့ရှိရင် အားကိုး ရှာတာပဲ (မှန်ပါ) ရှာတယ် ဆိုရင်ဖြင့် အနိစ္စတွေချည်း အားကိုးချလိုက်တာပဲ (မှန်ပါ)။
အားကိုးသည်နှင့် တစ်ပြိုင်နက်တည်း အနိစ္စမို့ မခိုင်လို့ အားကိုးတဲ့လူ အပေါ်မှာပဲ ပြုတ်ကျတာပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ဖြင့် ဒကာ ဒကာမတို့ ဒါလောက် ဆရာဘုန်းကြီးက သယ်ယူပို့ဆောင်ပြီး သကာလ မျောသမားမှန်းလည်း သိပြီ၊ မြုပ်သမားလည်း ဖြစ်တော့မှာပဲ ဆိုတာလည်း ခင်ဗျားတို့ သိနေတော့၊ သောင်ကမ်းဖြင့် ရှာမှပဲ။ ကိုထွန်းဦး လာသင့် မလာသင့် (လာသင့်ပါတယ် ဘုရား)။
အင်မတန်ကံထူးလို့သိရတာ
နိဗ္ဗာန်တည်း ဟူသော သောင်ကမ်းကြီးဗျာ၊ ဒီကို တက်ဖြစ်အောင် အလုပ်ကိုဖြင့် လုပ်ဖြစ်အောင် လုပ်ပါမှပဲ ဆိုတာကို ဆုံးဖြတ်ချက်ချကြ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ အင်မတန် ကံထူးလို့ ခင်ဗျားတို့ ဒီဥစ္စာသိရတယ် (မှန်ပါ)။
နောက်က ခင်ဗျားတို့ ဘယ်လို နေခဲ့တယ် ဆိုတာ အခု သေသေ ချာချာ ပေါ်ပါပြီ (မှန်ပါ)။ သေသေချာချာ ဟောတာပဲ ဦးဘအုန်းရဲ့ ၊ (မှန်ပါ)၊ ဟုတ်ကော ဟုတ်ပုံရရဲ့ လားလို့ သံသယမရှိနဲ့ ဒီအတိုင်းသာ မှတ် (မှန်ပါ)။ ရှင်းကြပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။
ချမ်းသာတာအားကိုးပြန်တော့
ဒါ -ပထမသစ်ပင်က ဖိလိုက်တာနဲ့ မြုပ်သွားတယ် (မှန်ပါ)။ ဒုတိယသစ်ပင် ဝေဒနာ အားကိုးပြန်တော့ ချမ်းသာတာကလေး အားကိုး ပြန်တော့ ချမ်းသာတာ ကလေးဟာလည်း ဖြစ်ပျက်ဆို ပြုတ်သွားတာပဲ (မှန်ပါ)။
ပြုတ်ထွက် သွားတော့ ချမ်းသာတာ ကလေးကို မရလိုက်တဲ့ အတွက် ဒကာ ဒကာမတို့ ဒုက္ခဒေါမနဿ တွေနဲ့ မြုပ်မသွားရပေဘူးလား (မြုပ် ပါတယ် ဘုရား)။
မြုပ်သွားတော့ ခုနင်က ဒီအပင်ဆွဲလည်း မြုပ်တာပဲ၊ ဒီဘက်က သညာက္ခန္ဓာ ဆွဲပြန် တော့ကော (မြုပ်ပါတယ် ဘုရား)။
ကိုယ့်အတတ်ပညာအားကိုးပြန်တော့
ကိုယ့်အတတ် ပညာကလေး အားကိုး နေပြန်တော့၊ သညာကလေး ကလည်း အနိစ္စ ရောက်သွားပြန်တော့ ကိုယ်ကျိုးနည်းပေါ့ ဆိုတာ လာဦးမှာပဲ။ မြုပ်ဦးမှာပဲ (မှန်ပါ)။
သင်္ခါရ အားကိုးပြန်တော့ကော (မြုပ်ဦးမှာပါ ဘုရား) ဝိညာ ဏက္ခန္ဓာ အားကိုးပြန်တော့ (မြုပ်ဦးမှာပါ ဘုရား) ကမ်းနားသစ်ပင် ချည်းပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား) အဲဒီတော့ ခန္ဓာငါးပါး ကမ်းနားသစ်ပင် ဆိုတာ ပေါ်ရောပေါ့ (ပေါ်ပါပြီ ဘုရား)။
ကျုပ်တို့သည် သုံးဆယ့်တစ်ဘုံ လည်တာက မျောနေတာ (မှန်ပါ)။ ရောက်ရာဘုံမှာ အားကိုးတာကဖြင့် ဒီခန္ဓာငါးပါးမှ တစ်ပါး ဘာမှ အားမကိုးဘူး (မှန်ပါ)၊ ဒါပဲ အားကိုးနေတယ်၊ ကိုထွန်းဦး (မှန်ပါ)။
အားကိုးပေမယ့် သူတို့ပိလို့ပဲ မြုပ်ရတယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ တစ်ခါမြုပ်သွားလို့ ရှိရင် ဘယ်လောက်မှ ပေါ်မှာတုံး ဆိုရင်ဖြင့် ဟောဖို့ မလွယ်ဘူး (မှန်ပါ)၊ တစ်ခါမြုပ်သွားရင် ဦးဘအုန်း ဘယ်လောက် ခက်သတုံး (မှန်ပါ)။
တစ်မြုပ်သွားရင် ဘယ်တော့ပေါ်မလဲ
ဒကာ ဒကာမတို့ တစ်ခါမြုပ်သွားလို့ရှိရင် ဘယ်တော့ ပေါ်လိမ့် ဆိုတာ ဟောဖို့ကို မလွယ်ဘူး၊ ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။
ကြောက်စရာ အင်မတန် ကောင်းတော့ကို သောင်ကမ်းကို ရှာကြပါ တော့ (မှန်ပါ) ဒီက ရေချောင်းကြီးကတော့ မျောတယ်၊ သောင်ကမ်းပေါ် တက်မိအောင်တက်။
ဘယ်လှိုင်း၊ ဘယ်လေ၊ ဘယ်ဂယက်၊ ဘယ်ဒီရေမှ မနှိပ်စက်နိုင်တဲ့ နိဗ္ဗာန် သောင်ကမ်းပေါ် မတက်ဖြစ်သရွေ့ ကာလပတ်လုံးတော့၊ ဒီမျောလိုက် မြုပ်လိုက်ပဲ နေမယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဦးဘကြည် အဓိပတေယျ ဟောသင့်သလား မဟောသင့် ဘူးလား (ဟောသင့် ပါတယ် ဘုရား) အဓိပတေယျ ရမှသာလျှင် သောင် ကမ်းတွေ့တာကိုးဗျ (မှန်ပါ)။
အဓိပတေယျ မရသေးသရွေ့ ကာလပတ်လုံး (မတွေ့ပါ ဘုရား) ဒါကြောင့် ခင်ဗျားတို့ သီလ ကလေးကြောင့် နတ်ပြည် ရောက်ပြန်တယ်၊ ဒါန ကလေးကြောင့် နတ်ပြည် ရောက်ပြန်တယ် ဆိုလို့ရှိရင် ဒီခန္ဓာငါးပါးပဲ ခင်ဗျားတို့ အားကိုးကြဦးမှာပဲ (မှန်ပါ)။
မကိုးပေဘူးလား (ကိုးမှာပါ ဘုရား) ကိုးလိုက်တဲ့ အခါကျတော့ ဒါအနိစ္စခန္ဓာတွေ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ပြုတ်ကျပြန်တော့ ဪ ကိုယ်ဖြင့် ကိုယ်ကျိုးကြီးနည်းပေါ့။ ဖြစ်မှဖြစ်ရလေခြင်းလို့ မလာပေဘူးလား (လာပါတယ် ဘုရား)။ ကိုယ့်ခန္ဓာ အားကိုးလို့ နှိပ်စက်ပြီး မြုပ်ပြန်ပြီ၊ ဒါဘာတုံး တဏှာ၊ ဥပါဒါန်နဲ့ ဆွဲလိုက်တာဗျ (မှန်ပါ)။
တဏှာ၊ ဥပါဒါန်နဲ့ဆွဲလိုက်တာ
ရေထဲကနေပြီး ဆွဲလိုက်တာ၊ ဘာနဲ့ဆွဲလိုက်တာတုံး (တဏှာ၊ ဥပါဒါန်နဲ့ ဆွဲတာပါ ဘုရား)။ တဏှာ၊ ဥပါဒါန်နဲ့ ဆွဲလိုက်တော့ အားကုန်ရှိ သလောက် ဆွဲလိုက်တယ် ဆိုတာကော သေချာရဲ့လား (သေချာပါတယ် ဘုရား)။
ဒို့ ကမ်းနားသစ်ပင်က ခိုင်မှာလား၊ မခိုင်ဘူးလား (မခိုင်ပါ ဘုရား) မခိုင်တော့ ဘယ်သူ့ အပေါ် ပြုတ်ကျမယ် (တပည့်တော်တို့ အပေါ် ပြုတ်ကျမှာပါ)။
နဂိုက မျောသမားက တော်သေးတယ်၊ မြုပ်သမား အဖြစ်က မြေစိုင် နဲ့တကွ အပင်ပါ ပြုတ်ကျတယ် (မှန်ပါ)။ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။
မြေစိုင်နဲ့တကွ အပင်ပါ ပြုတ်ကျလာတော့၊ ဒီပုဂ္ဂိုလ်သည် မျောလို့ မောလာရတဲ့ အထဲမှာ၊ မြုပ်လုံးနဲ့ ကြုံပါတယ် ဆိုလို့ရှိရင်ဖြင့်၊ ဒီပုဂ္ဂိုလ်လောက် အဖြစ်ဆိုးတာတော့ မရှိပါဘူး (မရှိပါ ဘုရား)။
နဂိုကဘာသမားတဲ့တုံး
နဂိုက ဘာသမားတဲ့တုံး (မျောသမားပါ ဘုရား) နောက်အားကိုး လိုက်တော့ (မြုပ်သမားပါ ဘုရား)။
အေး- ဒါကြောင့် ဒကာ ဒကာမတွေ၊ ခင်ဗျားတို့ ဪ တပည့် တော်တို့ နောက်တုန်းက ဘယ်လိုများ နေခဲ့ ထိုင်ခဲ့ကြရပါလိမ့် ဘုရား၊ တပည့်တော်တို့ ကောင်းတာကလေးများ မြင်ခဲ့ကြပါရဲ့လားလို့ ဘုရားကို လျှောက် ထားရင် ကောင်းတာရယ်လို့ မမြင်ဘူး၊ မြုပ်တာနဲ့ မျောတာကိုပဲ မြင်တယ် လို့ ဟောတော်မူမှာပဲ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က လျှောက်ငြား သော်လဲ၊ ဘုရားအမှန် ဖြေမှာကတော့ ဒါပဲ (မှန်ပါ) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့ ဘာသမားတွေပါလိမ့် (မြုပ်သမား မျောသမားပါ ဘုရား) ဪ နဂိုကမသိဘူး (မှန်ပါ) နဂိုကတော့ မသိဘူး၊ နဂိုကတော့ ကံကောင်း အကြောင်း သင့်ပြီး လူ့ပြည် ရောက်လာ တယ်လို့ ထင်နေတာ၊ ဘယ်ဟုတ်မှာလဲဗျ တဏှာ မျှောလိုက်လို့ (မှန်ပါ)။
တဏှာမျှောလို့ ဒီရောက်လာတယ်၊ ဒီကျပြန်တော့လဲ မိမိခန္ဓာကြီး ဟာ ငါးပါးမရှိဘူးလား (ရှိပါတယ် ဘုရား) ကိုယ်လုပ် ကိုယ်စားရတာပေါ့။ ကိုယ်ကျန်းမာဖို့ အရေးကြီးတယ်၊ ကိုယ်ရှာမယ်၊ ကိုယ်ဖွေမယ် ဆိုတော့ ဘာအားကိုးသတုံး (ခန္ဓာငါးပါး အားကိုးပါတယ် ဘုရား)။
ယီးတီးယားတားလုပ်မနေပါနဲ့
ဒါတွေကလည်း အနိစ္စတွေ၊ ကမ်းနားသစ်ပင်တွေပဲ ဒကာ ဒကာမ တွေ၊ ယီးတီးယားတား လုပ်မနေပါနဲ့၊ ပြုတ်ကျမှာချည်းပဲ (မှန်ပါ) ပြုတ်ကျလို့ရှိရင် သူများပေါ် ပြုတ်ကျမှာလား၊ အားကိုးပြီး ဆွဲတဲ့ လူအပေါ် ပြုတ်ကျမှာလား ဆိုတာ တွေးလုံးထုတ်ပါဦး (ဆွဲတဲ့ လူအပေါ် ပြုတ်ကျ မှာပါ ဘုရား)။
ဒါဖြင့် မြုပ်မှ မြုပ်ပါ့မလား (မြုပ်ပါတယ်ဘရား)။ အဲဒါကြောင့် ခင်ဗျားတို့ မြုပ်တယ် ဆိုတာ သေချာပြီး သကာလ နေတော့၊ အားမကိုး ကောင်းတာ အားကိုးတဲ့အတွက်၊ မြုပ်လုံးနဲ့ပဲ အချိန် ကုန်ရတယ် ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား)။
အဲဒါတွေ သိတော့မှ ခင်ဗျားတို့သည်၊ ဪ-ဒီဇာတ်ကို သိမ်းမှ ကောင်းမယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ခန္ဓာအားမကိုးပါနဲ့
ဒီဇာတ်သိမ်းမှ ကောင်းမယ် ဆိုတော့၊ အမျောသမားလဲ မဖြစ်ရအောင်၊ တဏှာ သတ်ရလိမ့်မယ်၊ အမြုပ် သမားလည်း မဖြစ်ရအောင်၊ ခန္ဓာ အားမကိုးပါနဲ့ (မှန်ပါ)၊ ဦးဘကြည် နှစ်ချက် လာပြီနော် (မှန်ပါ)။
မျောသမား မဖြစ်ရအောင် ဘာလုပ်ရမယ် (တဏှာ သတ်ရမှာပါ ဘုရား)၊ မြုပ်သမား မဖြစ်အောင် (ခန္ဓာ အားမကိုးရပါ ဘုရား) ခန္ဓာကို အားမကိုးရဘူး၊ ခန္ဓာကိုယ် အနတ္တကို အနတ္တ အတိုင်း ထားရမယ်၊ သွားမဆွဲနဲ့ (မှန်ပါ)။
ဆွဲရင် ပြုတ်ကျလိမ့်မယ်နော် (မှန်ပါ) အင်မတန် အဖိုးတန်တဲ့ တရားပါကလား ကိုထွန်းဦး (မှန်ပါ)၊ အင်မတန် အဖိုးတန်တဲ့တရား ဒကာ ဒကာမတွေ (မှန်ပါ)။
ခင်ဗျားတို့ အင်မတန် ကံထူးအကြောင်း ထူးပြီး သကာလ ပုံစံနဲ့တကွ ပြပြီး ဟောတော့မှ၊ ကိုယ့်နှစ်တွေနဲ့ ကိုယ်နဲ့ကိုယ်လာခဲ့တဲ့ လမ်းကြီးကို တစ်ခါ တည်း မျက်လုံးထဲ တန်းကြည့်လိုက်တဲ့ အခါကျတော့။
ဪ နောက်က ဖြစ်စဉ်ကြည့်လိုက်ရလို့ ရှိရင်ဖြင့် အတော်အရုပ် ဆိုး အကျည်းတန် ပါကလား၊ ဆင်းရဲမျိုးစုံကို ကုန်ရော တွေ့ခဲ့တာလို့ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ ဒကာသိုက်ကော ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ နောက်က ကိုယ်နေခဲ့တဲ့ ဖြစ်စဉ်ကြီး ကောင်းကောင်း ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ဘယ်လိုများ နေခဲ့ကြ သလဲ (မြုပ်သမား မျောသမား အဖြစ်နဲ့ နေခဲ့ကြပါတယ် ဘုရား)။
သားသမီးတွေအားကိုးရင်
မျောတာက ဘယ်သူ့ကြောင့်လဲ (တဏှာကြောင့်ပါ ဘုရား)၊ မြုပ် တာက (ခန္ဓာကြောင့်ပါ ဘုရား) အနိစ္စတရား အားကိုးမိလို့ (မှန်ပါ)။ တဏှာ၊ ဥပါဒါန်နဲ့ ခင်မင်မိလို့ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါ ကိုယ့်ကိုယ်တောင် မဟုတ်ဘဲနဲ့ ကိုယ့်ခင်ပွန်းတွေ သားသမီးတွေ အားကိုးရင်ကော (ပြုတ်ကျမှာပါ ဘုရား) ပြုတ်ကျမှာချည်းပဲလို့ ဆုံးဖြတ် ချက်ချစမ်းပါ (မှန်ပါ)၊ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။
ရှိတဲ့ပစ္စည်းအားကိုးရင်
ရှိတဲ့ပစ္စည်းကလေး အားကိုးပြန်လဲ ရူပက္ခန္ဓာထဲကပဲ (မှန်ပါ)။ သူလဲ ဘာဖြစ်မှာတုံး (ပြုတ်ကျမှာပါ ဘုရား) ပြုတ်ကျမှာချည်းပဲ ဆိုတော့ ဦးဝင်းရေ၊ သုံးဆယ့်တစ်ဘုံ ထဲမှာဖြင့် ပြုတ်ကျမှာသာ ရှိတယ်၊ အားကိုးရာ မရှိဘူး (မှန်ပါ)။
ဆိုထိုက်ပြီလား (ဆိုထိုက်ပါပြီ ဘုရား) ဒါဖြင့်ဒကာ ဒကာမတို့ ကိုယ့်အကြောင်း ကိုယ်သိပြီလား (သိပါပြီ ဘုရား)။
ကိုယ့်အကြောင်း ကိုယ်သိတော့ ပြင်ချင်ပြင်ဖို့ ဘုန်းကြီးက အခုပြော ပြီ၊ ဒကာ ဒကာမတို့ မဂ္ဂင်ရှစ်ပါးကို အဓိပတိ ထိုက်အောင်လုပ်ပါ၊ အဓိပတိ ထိုက်အောင် မလုပ်လို့ရှိရင်ဖြင့် ခင်ဗျားတို့ နိဗ္ဗာန် သောင်ကမ်းပေါ် တင်မယ် မဟုတ်ဘူး (မှန်ပါ)။
နိဗ္ဗာန်သောင်ကမ်းဆိုတာ
နိဗ္ဗာန်သောင်ကမ်း ဆိုတာက ဘယ်လိုရေ၊ ဘယ်လိုလှိုင်း၊ ဘယ်လို ဂယက်၊ ဘယ်လိုဝဲတို့မှ သူ့ကို လှုပ်ရှား နိုင်အောင် လုပ်နိုင်ရဲ့လား (မလုပ် နိုင်ပါ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ မြုပ်စရာ၊ မျောစရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။
ဒါဖြင့် ဒို့သည်ကားလို့ ဆိုရင်ဖြင့် လုပ်မှတော်မယ်၊ မလုပ်လို့ ရှိရင်ဖြင့် ဒီနေရာ ရောက်မှာ မဟုတ်ဘူး၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ ဒါဖြင့် မျောသမား မြုပ်သမားအဖြစ်ကို ကိုယ့်ဖြစ်စဉ် ကျေနပ်ပြီလား (ကျေနပ် ပါပြီ ဘုရား)။
အနိစ္စမို့ပြုတ်ကျမှာပဲ
ဒီဘက်က ရူပက္ခန္ဓာ အားကိုးလည်း ဘာဖြစ်မှာတုံး (မြုပ်မှာပါ ဘုရား) အနိစ္စမို့ ပြုတ်ကျမှာပဲ၊ ပြုတ်ကျတော့ သူ့ပေါ်မှာပဲပိ၊ ပိလို့ သူဘာဖြစ် ရသတုံး (မြုပ်မှာပါ ဘုရား)။
ဒီဘက်က ဝေဒနာက္ခန္ဓာအားကိုးလိုက်ပြန်ပြီ သစ်ပင်ကို (မြုပ်မှာ ပါ ဘုရား) ပြုတ်ကျမှာပဲ၊ ပြုတ်ကျရင် ဘာဖြစ်မယ် ထင်သတုံး (မြုပ်မှာပါ ဘုရား) ဒီဘက်က သညာက္ခန္ဓာ အားကိုးလိုက် ပြန်လည်း (မြုပ်မှာပါ ဘုရား)။
ပြုတ်ကျလို့ မြုပ်မှာပဲ၊ ဒီဘက်က သင်္ခါရက္ခန္ဓာ အားကိုးလိုက်ပြန်လည်း (ပြုတ်ကျမှာပါ ဘုရား) ဒီဘက်က ဝိညာဏက္ခန္ဓာ အားကိုးရင် (ပြုတ် ကျမှာပါ ဘုရား)။
မြုပ်လို့ အပါယ်လေးပါးက တက်လာပြန်တော့လည်း လူ့ပြည် မျောလာပြန်ပြီ၊ အပါယ် လေးပါးက တက်လာပြန်တော့ တဏှာမျှောလိုက် တာနဲ့ ဒီဘက် ရောက်လာပြန်ပြီ (မှန်ပါ)။
တွေ့ပြန်ရင် ဘာလုပ်ဦးမှာပါလိမ့် (ဆွဲဦးမှာပါ ဘုရား)။ ဆွဲရင် ဘာဖြစ်ဦးမှာတုံး (မြုပ်ဦးမှာပါ ဘုရား) ဒါဖြင့် ပထမကတည်းက မြုပ်နေ ပြီ။ ဒီဘက်သွားတာဟာ အပိုပြောတာ (မှန်ပါ) ရိပ်မိပြီလား (ရိပ် မိပါပြီ ဘုရား)။
ပထမ ကတည်းက မြုပ်နေတော့၊ မြုပ်ပြီး နောက်တစ်ခါ မျောရုံ ကျန်တော့တယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ယခုဘာရှာဖို့ အရေးကြီးလဲ
ဪ ဒါဖြင့် တပည့်တော်တို့၏ နေခဲ့ရတဲ့ ဖြစ်စဉ်ဟာဖြင့် ကိုယ့်ကိုယ်ကြည့်လိုက် ပြန်လဲ၊ အလွန်ဆိုးရွားတဲ့ အခြေအနေ ပါကလား၊ သူတစ်ပါး ကြည့်လိုက်ပြန်လဲ ထို့အတူပဲ ဆိုတော့၊ ဦးဝင်းတို့ အခု အချိန် ဘာရှာဖို့ အရေးကြီးသလဲ (သောင်ကမ်း ရှာဖို့ အရေးကြီးပါတယ် ဘုရား)။
အဲဒီတော့ သောင်ကမ်းရှာဖို့ အရေးကြီးတယ် ဆိုငြားသော်လည်း၊ ခင်ဗျားတို့ သောင်ကမ်းကို ပြပေးနိုင်တဲ့ ဆရာ တွေ့ဖို့ကလည်း မလွယ်သေးဘူး (မှန်ပါ)။ လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။
သောင်ကမ်း အားကိုးရာကို တကယ်ပေးပါမယ်လို့ ဆိုငြားသော်လည်း ခုနင်က နတ်ပြည် လောက် ပို့ထားတဲ့ ဆရာနဲ့ ဆိုတော့၊ နတ်ခန္ဓာ ငါးပါးက မြုပ်ဦးမှာပဲ (မှန်ပါ)။ ဗြဟ္မာခန္ဓာကကော (မြုပ်ဦးမှာပါ ဘုရား)။
အဲဒီဆရာနဲ့တွေ့ရင် ခင်ဗျားတို့ မြုပ်သမားထဲ သွားကြဦးမယ် (မှန်ပါ)။ မရောက်သေး ဘူးလား ရောက်မှာလား (ရောက်မှာပါ ဘုရား) ခင်ဗျားတို့က တရား ဆိုရင်ဖြင့် ကိုယ်က မသိတော့၊ ဘာဖြစ်ဖြစ် အဟုတ်ချည်း ပဲလို့ ထင်ချင် ထင်ပစ်လိုက်မယ် (ထင်ပါတယ် ဘုရား)။
အခု သေသေချာချာ ဟောတော့ နတ်ခန္ဓာလည်း ငါးပါးပဲ (မှန်ပါ) ဗြဟ္မာ ခန္ဓာကော (ငါးပါးပါ ဘုရား) မျောလာတဲ့ ပုဂ္ဂိုလ်က ဒီငါးပါး အားမကိုးပေဘူးလား (ကိုးပါတယ် ဘုရား)။
ဘယ်သူ့အပေါ်ပိသတုံး
အားကိုးရင် အနိစ္စ ခန္ဓာတွေမို့ ဘာဖြစ်မယ် ထင်ကြသတုံး (ပြုတ် ကျမှာပါ ဘုရား) ပြုတ်ကျတော့ ဘယ်သူ့ပေါ်မှာ ပိသတုံး (ဆွဲတဲ့အပေါ် မှာပိပါတယ် ဘုရား)။
နတ်ပေါ်မှာလည်း ပိတယ်၊ ဗြဟ္မာ ပေါ်မှာလည်း ပိတယ် (မှန်ပါ)။ ပိတော့ သူလည်း အောက်ကျအောင် မြုပ်တာပဲ (မှန်ပါ)၊ အပါယ်လေးပါး ကျအောင်မြုပ်ပြန်တော့၊ ဒီနေရာ ဒီဌာန တွေဟာ မျောရာ၊ မြုပ်ရာ ဌာနတွေပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
မျောရာမြုပ်ရာဌာန
လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ဘာဆိုကြမလဲ (မျောရာ မြုပ်ရာ ဌာနပါ ဘုရား) အားကိုးစရာ ရှိရဲ့လား (မရှိပါ ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) အေး ဒီတစ်ခါကျမှ သောင်ကမ်း တက်မိရင် တက်မိ၊ မတက်မိရင်တော့ဖြင့် ကိုယ်ကျိုးကြီးနည်းပေါ့ (မှန်ပါ)။
ခင်ဗျားတို့အတွက် ဦးဝင်း ပြောထိုက် မပြောထိုက် (ပြောထိုက်ပါ တယ် ဘုရား) ပြီးတော့လည်း ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ သောင်ကမ်းပေါ် တက်နည်းကိုလည်း ဆရာကောင်း၊ သမားကောင်းက ဒီလိုတက်ရင် ရောက် တယ်၊ ဒါပြောပေးမယ့်သူ ရှိသေးတယ်ဗျ (မှန်ပါ)။
ခင်ဗျားတို့ နောက်က နေခဲ့ရတာကဖြင့် မြုပ်လိုက် မျောလိုက်ပဲ၊ ပြောမယ့်လူကို မလာဘူး (မှန်ပါ)၊ နည်းပေးမယ့် လူကော (မလာပါ ဘုရား)။
ဘုရားတစ်ဆူ တစ်ဆူပွင့်တယ် ဆိုပေမယ့်၊ ကျုပ်တို့က မြုပ်တဲ့အထဲ တာရှည်နေတော့၊ ဘုရားကလည်း အဲဒီ မရောက်ဘူးဗျာ (မှန်ပါ)။
ဘယ်မှာနေကြသတုံး ကျုပ်တို့က (မြုပ်နေကြပါတယ် ဘုရား)။ မြုပ် ဆိုတာ အပါယ် လေးဘုံ၊ ဦးလှ ဘယ်မှာနေကြပါလိမ့် (အပါယ် လေးဘုံမှာပါ ဘုရား)။
ဘုရားကမြင်တော့မြင်တယ် ၊
အဲဒီနေရာ ဘုရားရောက်ပါရဲ့လား (မရောက်ပါ ဘုရား) ဘုရား ကတော့ မြင်တော့မြင်မယ်၊ မြင်ပေမယ့်လဲ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်တွေ ဖြစ်နေတဲ့အတွက် ဘုရားက မကြွဘူး (မှန်ပါ)။
ကျွတ်တမ်းဝင်စရာ မရှိဘူး ဆိုပြီး လာသေးရဲ့လား (မလာပါ ဘုရား)။ ကျုပ်တို့ မြတ်စွာဘုရားက (၄၅)ဝါ တည်း နေရတော့၊ ကဗျာကယာ ကျွတ်တမ်းဝင်မယ့် ပုဂ္ဂိုလ်တွေဆီ အမြဲလိုက်ပြီး ကယ်နေရတော့၊ နေ့မအိပ်ရ၊ ညမအိပ်ရ အလုပ် လုပ်တော်မူနေရတာကိုးဗျ (မှန်ပါ)။
အပါယ်ငရဲ ကျွတ်တမ်းဝင်မယ့်ဆီ သွားဖို့တောင် အချိန်ရရဲ့လား (မရပါ ဘုရား)၊ အဲဒီတော့ ကျုပ်တို့သည် ဘုရားအဆူဆူ ပွင့်တော်မူလည်း ကျွတ်တမ်းဝင်ခဲ့တဲ့ အဓိပ္ပာယ်ကို၊ အခု ကိုယ်ပိုင် ဉာဏ်နဲ့ ကြည့်တော့ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဘာဖြစ်နေကြတာတုံး (အပါယ်လေးပါး နစ်နေပါတယ် ဘုရား) ဒီလိုဆိုပါ- မျောသမား၊ မြုပ်သမား ဖြစ်နေလို့ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အခုတော့ဖြင့် ဒကာသိုက်ရေ ကိုယ်တိုင်တွေ့ရတဲ့အတွက် ယုံပြီပေါ့ (ယုံပါတယ် ဘုရား) ဒကာ ဒကာမတွေ အားလုံးယုံပြီလား (ယုံပါ ပြီ ဘုရား)။
ဒါဖြင့် ယခုအခါမှာ တပည့်တော်တို့ ဆရာဘုန်းကြီးက ဟောလို့ ငါးပါးကို အားမကိုး တော့ဘူး၊ အနိစ္စကို အနိစ္စမှန်းသိမယ်၊ ဒုက္ခကို ဒုက္ခမှန်းသိမယ်၊ အနတ္တမို့ ကိုးစားစရာ အားထားစရာ မရှိဘူးလို့ သိမယ် ဆိုရင် ဖြင့် ဆွဲပါဦးမလား (မဆွဲပါ ဘုရား)။
မခင်ခြင်းကြောင့် တဏှာရေခန်းတယ်
မခင်လို့ မဆွဲတာ၊ မခင်လို့ မဆွဲတော့ ဦးဘကြည်ရေ၊ ခင်တာက တဏှာကိုးဗျ (မှန်ပါ)၊ မခင်တော့ ဆွဲမိသေးရဲ့လား (မဆွဲမိပါ ဘုရား) ဒါဖြင့် မခင်ခြင်းကြောင့်လည်း ဒီတဏှာရေကလည်း ခန်းသွားတယ် (မှန်ပါ)။ ဒီတဏှာက ရေပဲမဟုတ်ဘူးလား (မှန်ပါ)။
အဲဒီတော့ မခင်တဲ့ပုဂ္ဂိုလ်မှာ တဏှာရေ မခန်းဘူးလား (ခန်း ပါတယ်) မဆွဲတဲ့ ပုဂ္ဂိုလ်မှာ ပြုတ်ကျစရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား) အဲဒီတော့ တဏှာရေ ခန်းပြီး ပြုတ်လို့ ပိလို့ မဖြစ်နိုင်တဲ့ အခြေအနေ ဟာဖြင့် အလုပ် လုပ်မှပဲရမယ် (မှန်ပါ)။
တဏှာရေခန်းအောင်လုပ်ပါ
ဦးဘကြည် ဘာလုပ်ရမှာတုံး ဒီနေ့တရားက၊ တဏှာရေခန်းအောင် လုပ်ရမယ်၊ ဟိုဟာကို မဆွဲမိအောင် ကြိုးစားရမယ် (မှန်ပါ) သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။
တဏှာရေခန်းအောင်ကော (လုပ်ရမှာပါ ဘုရား) ကမ်းနား သစ်ပင် ငါးပင်ကော (မဆွဲရ ပါဘူး) ဆွဲရင် မခိုင်ဘူးဆိုတာ သိရမယ်၊ ဒါကြောင့် မဆွဲရဘူး (မှန်ပါ)။
မဆွဲဖြစ်ဘူးဆိုတာသည် တဏှာ၊ ဥပါဒါန် မရှိအောင်နေပါလို့ ပြောတာပဲ ဦးဘအုန်းရ (မှန်ပါ)၊ ဒါဖြင့် ဒကာ ဒကာမတွေ၊
ဪ ဒီတရားဟာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟောတဲ့ဥစ္စာ၊ တကယ့်ကိုပဲ တကယ့်ကို ကျေးဇူးများတဲ့ တရားပါကလား။
ကမ်းနားသစ်ပင်အကြောင်းနဲ့ ပတ်သက်ပြီး ကိုယ်တော်မြတ်ကြီး ဟောတော်မူတာသည်၊ ဒို့၏ နောက်ဖြစ်စဉ်ကိုလည်း သေချာတယ်။ ကိုလည်း ဆရာဘုန်းကြီး အကူအညီနဲ့ ဒို့သောင်ကမ်း တွေ့မယ့် ဥစ္စာတော့၊ ဒို့အကြောင်း ဆိုးတာလည်း ဒို့သိရပြီ၊ ဒို့အကြောင်းကောင်းတာလည်း သိရပြီ (မှန်ပါ)။
မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) အကြောင်းဆိုးတဲ့ဟာ နောက်က ပြန်ကြည့် လိုက်တော့ ဒကာ ဒကာမတွေ မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ဒီက ရှေ့ဟောမယ့် တရားကလည်း နိဗ္ဗာန်သောင် ကမ်းကြီးကို တက်မိအောင် ဟောမယ့်တရား (မှန်ပါ)။
သံသရာစခန်းသတ်မည့်တရား
ခင်ဗျားတို့ကလည်း အားထုတ်ပြီး တက်မယ်ဆိုလို့ရှိရင် မရောက်ပေ ဘူးလား (ရောက်ပါတယ် ဘုရား) ေဩာ် ဒို့သံသရာ စခန်းသတ်မယ့် တရားပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ)။
သံသရာစခန်း သတ်ချင်တော့ကို ဒကာ ဒကာမတွေ တဏှာရေခန်း အောင်လုပ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ တဏှာရေခန်းရင် မျောစရာလိုသေးသလား (မလိုပါ ဘုရား)။
ကမ်းနားသစ်ပင်ကို ကမ်းနားသစ်ပင်မှန်း သိအောင်လုပ် (မှန်ပါ) ပျက်တတ်တယ်၊ ပျောက်တတ်တယ်၊ မခိုင်ဘူး (မှန်ပါ)။ ဒါဖြင့် ခန္ဓာငါး ပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တရှုပေါ့ဗျာ (မှန်ပါ)။
ပျက်တယ်၊ ပျောက်တယ်၊ မခိုင်ဘူးဆိုတာ ဦးဘကြည် မသေချာ ဘူးလား (သေချာပါတယ် ဘုရား)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရေခန်းအောင်လည်း လုပ်ရလိမ့်မယ် (မှန်ပါ)။ အားမကိုး ထိုက်တာမို့ အားမကိုးတဲ့ အလုပ်ကိုလည်း လုပ်ရလိမ့်မယ် (မှန်ပါ)၊ မလုပ်ရပေဘူး လား (လုပ်ရမှာပါ ဘုရား)။
ဒီလိုဆိုလို့ ဒကာ ဒကာမတို့ ရေခန်း၍ သစ်ပင်ပိစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။ သစ်ပင် မဆွဲခြင်းကြောင့်လည်း သစ်ပင် ပိစရာ လိုသေးရဲ့လား (မလိုပါ ဘုရား) မလိုသောကြောင့် လည်း မြုပ်သမား ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။
ဒါဖြင့် ရေခန်း၍ သစ်ပင်မပိအောင် ဘုန်းကြီးက ဟောရလိမ့်မယ် (မှန်ပါ)၊ မဟောရ ပေဘူးလား (ဟောရပါတယ် ဘုရား) ဒကာသိုက် မလွယ်ဘူးနော် (မှန်ပါ) ရေခန်းအောင် လုပ်ဖို့လည်း မလွယ်ဘူး မဆွဲမိအောင် သူတို့ကို ပြောဖို့ကော (မလွယ်ပါ ဘုရား)။
ကိုယ့်ကိုယ်ကိုအားကိုးတယ်
မလွယ်ဘူး၊ သူ့ဟာက အတင်းဆွဲနေတာ (မှန်ပါ) ဒကာ ဒကာမ တွေက အတင်းဆွဲ နေကြတာ (မှန်ပါ)၊ ရန်ဖြစ်မှ သာပြီး သိသာ သေးတယ်၊ အကြင်လင်မယား မတည့်တဲ့ အခါဖြစ်စေ မောင်ချင်းနှမချင်း မတည့်တဲ့အခါ ဖြစ်စေ၊ ဘယ်သူ့အားကိုးရမှာလဲ၊ ကိုယ့်ကိုယ်ကို အားကိုးတယ်။
အမယ် ခန္ဓာငါးပါးကို တစ်ခါတည်း အားကိုး လိုက်တယ်၊ ဆွဲယူ လိုက်မယ် အစရှိသည်နဲ့ ကိုယ့်ကိုယ်ကို အားကိုးမယ် ဆိုတဲ့ အလုံးတွေကော မလာကြဘူးလား (လာပါတယ် ဘုရား)။
ဘယ်သူ့အရေးစိုက်ရမှာတုံး
ဘယ်သူ့အရေးစိုက်ရမှာတုံးတဲ့ မဟုတ်ဘူးလား (မှန်ပါ)၊ သူများ လိုပဲ ခြေနှစ်ဖက်၊ ပခုံးနှစ်ဖက်နဲ့ပဲ၊ စိတ်နဲ့ပဲ၊ ဘယ်သူ့အောက်မှ မကျို့ဘူး အစရှိသည်နဲ့၊ ကိုယ့်ခန္ဓာငါးပါး ကမ်းနား သစ်ပင်ကို အတင်းဆွဲတာပဲ (မှန်ပါ)။
ပိမှာ မြုပ်မှာကော ကိုထွန်းဦး မြင်သေးရဲလား (မမြင်ပါ ဘုရား) အဘယ်အခါမှ မမြင် တာတုံး ဆိုတော့ အဝိဇ္ဇာ အုပ်ချုပ်ပြီး ဒေါသများ ကြီးလာတဲ့အခါကျတော့၊ ကမ်းနားသစ်ပင်ကို အတင်း ဆွဲမယ်ဆိုတဲ့ စိတ်ကို ပြောတာပဲ (မှန်ပါ) မပြောဘူးလား (ပြောပါတယ် ဘုရား)။
ဆိုင်ရာဆိုင်ရာအားကိုးကြတယ်
မိန်းမတွေမှာလည်း ထို့အတူပဲ၊ ယောက်ျားတွေမှာလည်း ထို့အတူပဲ ဆိုင်ရာ ဆိုင်ရာ အားကိုးလုံး ရှိကြတယ် (မှန်ပါ) မရှိပေဘူးလား (ရှိပါ တယ် ဘုရား)။
အဲဒီတော့ ပစ္စည်းအားကိုးလည်း ပစ္စည်းက ရုပ်ဓမ္မ၊ ဘာသစ်ပင်တုံး (ကမ်းနားသစ်ပင်ပါ ဘုရား) မောင်နှမတွေ အားကိုးပြန်တော့ကော (ကမ်းနားသစ်ပင်ပါ ဘုရား)။
ကမ်းနားသစ်ပင်ဆိုတာ အနိစ္စတရားတွေကို ပြောတာ (မှန်ပါ) ဒါဖြင့် အကုန်အနိစ္စဖြစ်မှ သဗ္ဗေ သင်္ခါရာ အနိစ္စလို့ ဟောတာဟာ ဟောထိုက် မဟောထိုက်ဗျာ (ဟောလိုက်ပါတယ် ဘုရား)။
အားမကိုးရင်မြုပ်စရာမရှိ
ဘာဖြစ်လို့တုံး ဆိုတော့ အနိစ္စမှန်း သိနေတော့ သူ့ကို အားမကိုးတော့ ဘူး (မှန်ပါ)။ အားမကိုးရင် မြုပ်စရာ ရှိသေးရဲ့လား (မရှိပါ)။
မြုပ်စရာ မရှိရင်ဖြင့် ဒကာ ဒကာမတွေ အားမကိုးတာသည် မခင်လို့ အားမကိုးတာ (မှန်ပါ)၊ မခင်ဘူး ဆိုကတည်းက တဏှာ ရှိသေးရဲ့ လား ‘(မရှိပါ ဘုရား) မခင်ဘူး ဆိုကတည်းက တဏှာ ခန်းပြီး (မှန်ပါ)။
အားမကိုးဘူး ဆိုကတည်းက ဒီခန္ဓာငါးပါးကို မခိုင်မှန်းသိပြီ (မှန်ပါ) မခိုင်မှန်းသိတော့ မခင်တာရယ်၊ မခိုင်မှန်း သိတာရယ်၊ ဒီနှစ်ခု အရေးကြီးတယ် (မှန်ပါ)။
မခင်ရင်ဘာဖြစ်သလဲ
မခင်လို့ရှိရင် ဒကာ ဒကာမတွေ ဘာဖြစ်သလဲ (တဏှာသေ ပါတယ်) မခိုင်မှန်း သိရင်ကော (အနိစ္စမြင်ပါတယ်)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
မခင်လို့ရှိရင် တဏှာရေ ခန်းတယ်၊ သဘောကျပြီလား (သဘော ကျပါပြီ ဘုရား) မခိုင်မှန်း သိရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ အကုန်မြင်တာပဲ (မှန်ပါ)။
ဒုက္ခသစ္စာလို့ကော (မြင်ပါတယ် ဘုရား) မြင်တာပဲတဲ့၊ ဒီအပင် ဆွဲလိုက်ရင် ကိုယ့်အပေါ် ပိမှာ၊ ကိုယ်ဒုက္ခရောက်မှာ ဆိုတော့၊ ဒုက္ခသစ္စာတွေ ကော မသိပေဘူးလား (သိပါတယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ သား၊ လင်၊ ခင်ပွန်းတွေကို အားကိုးဖို့ လိုသေးသလား (မလိုပါ ဘုရား) ယောက်ျားတွေကလည်း ကိုယ့်ကိုယ်ကို ယောက်ျားပဲကွလို့ မာန်တက်စရာ ရှိသေးသလား (မရှိပါ ဘုရား)။
တွက်ကြည့်စမ်းပါလား၊ ခန္ဓာငါးပါးဟာ ဘာသစ်ပင်တဲ့ (ကမ်းနား သစ်ပင်ပါ ဘုရား) ကိုယ်က မျောသမားဖြစ်ရတဲ့အထဲ၊ မြုပ်သမား ဖြစ်ချင်လို့ ယောက်ျားပဲကွလို့ ခါးတောင်းကြိုက် တာပဲ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ခါးတောင်းကျိုက်တဲ့ ပုဂ္ဂိုလ်များ ကြည့်လိုက်လို့ရှိရင် မင်းမြုပ်ချင်လို့ ကျိုက်ပြန်ပြီ (မှန်ပါ) မဆိုထိုက်ဘူးလား ဆိုထိုက်သလား (ဆိုထိုက် ပါပြီ ဘုရား)။
အဲဒီတော့ကို တစ်ယောက် တစ်ယောက် ခင်ဗျားတို့ ခန္ဓာကိုယ် အားကိုးတဲ့ ပုဂ္ဂိုလ် အပေါင်း ဟာဖြင့် မမြင်လို့ အားကိုးတာပဲ၊ ရေသောက်မြစ် လဲ မရှိဘူး၊ ရေစားထားလို့လဲ ဦးဘကြည် ဒီသစ်ပင်ဟာ ဘယ်လို ဆွဲဆွဲ မြဲစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ဆွဲတဲ့ပုဂ္ဂိုလ်ဖြင့် အမှားတော်ပုံ အကြီးဆုံးမြုပ်ချင်လို့ပဲ (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီတော့ ဘယ်သူပြောပြော၊ ငါ့အားကိုး နှင့်အားကိုးလို့ ပြောပြော မယုံနဲ့၊ တစ်ခါတည်း အကုန်ပိတ်လိုက်တယ်ခင်ဗျားတို့ (မှန်ပါ)၊ ရိပ်မိပြီ လား (ရိပ်မိပါပြီ ဘုရား)။
ဘယ်သူက ပြောပြော ပြောလို့ရှိရင်ဖြင့်၊ ဘုန်းကြီး ဟောတဲ့တရား အတိုင်း ကမ်းနား သစ်ပင်က တော်အောင် ပြောနေပြီလို့ မှတ်ထား (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘာများအားကိုးချင်ကြသေးသတုံး
ကမ်းနားသစ်ပင်က တော်အောင် ပြောနေတာ၊ မြုပ်တာ ကြည့်ချင်လို့ ထင်ပါရဲ့၊ ဒီလို အဖြေ ထွက်ရတယ် (မှန်ပါ) သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။
ဘာများ အားကိုးချင်ကြသေးသတုံး (ဘာမှ အားမကိုးချင်တော့ ပါ ဘုရား) ဟုတ်ကဲ့လား သေသေချာချာ စဉ်းစားနော် ဦးဝင်း (မှန်ပါ)။
ကိုယ့်ဟာကိုယ် တိတ်တိတ်ပုန်း ဘယ်သူရှိနေလို့ ဘယ်သူ့အားကိုး နေရတယ်လို့ ဆိုလို့ ရှိရင်ဖြင့်၊ ဒါဟာ နိစ္စထင်တဲ့ ဝိပလ္လာသက အားကိုးနေတာ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။
တဏှာရေက ခန်းပါဦးမလား (မခန်းပါ ဘုရား) တဏှာရေမခန်း ဆို ခင်လို့ အားကိုးတာ ကိုးဗျ (မှန်ပါ) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
အဲဒီတော့ တဏှာရေကလည်း မခန်း၊ အနိစ္စလို့လည်း မမြင်၊ – အားကိုးလုံးကိုလည်း ခင်တယ်ဆိုတော့ အမြုပ်သမားဖြစ်ဦးမယ် (မှန်ပါ) ဒကာ ဒကာမတွ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ဘယ်လိုကျေနပ်သတုံး (အမြုပ်သမား မဖြစ်အောင် လုပ်ရမှာ ပါ ဘုရား) အမြုပ်သမား၊ အမျောသမား မဖြစ်အောင် လုပ်ရမယ်၊ နိဗ္ဗာန် သောင်ကမ်းပေါ် တက်မိအောင် လုပ်ရမယ် (မှန်ပါ)။
မြုပ်သမား၊ မျောသမားအဖြစ်မှ လွတ်၍ နိဗ္ဗာန်သောင်ကမ်းပေါ် တက်မိအောင် ကြိုးစားမှ သာလျှင် ဦးဘကြည် ခိုင်လုံတော့မယ် (မှန်ပါ) ဒါဖြင့် အဓိပတိ ထိုက်အောင်လုပ် (မှန်ပါ)။
ဦးဘကြည် ဘယ်လိုလုပ်ရမှာလဲ (အဓိပတိထိုက်အောင် လုပ်ရ မှာပါ ဘုရား)၊ ဒါဖြင့် အဓိပတိ မထိုက်သရွေ့ကာလပတ်လုံး ကျုပ်တို့ ဘယ်လို နေရမယ်ဆိုတာကော ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဘယ်ဟာတာရှည်သတုံး
ဘယ်လိုနေရမှာတုံး (အမျောသမား၊ အမြုပ်သမားအဖြစ်နဲ့ပါ ဘုရား) အမျောသမားနဲ့ အမြုပ်သမားမှာလည်း ဘယ်ဟာ တာရှည်သတုံး (အမြုပ်သမားက တာရှည်ပါတယ် ဘုရား)။
ဒါကြောင့် ဂင်္ဂါသဲမှုန့်နဲ့အမျှ ဘုရားမြတ်စွာတွေဆိုတော့ ဦးဘကြည် ဘုရားပေါင်း ဘယ်လောက်တုံး (မရေမတွက်နိုင်ပါ ဘုရား) ဘယ့်နှယ်ကြောင့် ရှာမတွေ့ပါလိမ့်မတုံး ဆိုတော့ (အမြုပ်သမား ဖြစ်နေလို့ပါ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒီတစ်ခါ မြုပ်ရင်ဖြင့် နောက်လည်း တော်တော်နဲ့ တွေ့စရာ မြင်သေး လား (မမြင်ပါ ဘုရား) အဲဒီတော့ အခု ကိုယ်ကျိုး နည်းတာ ခင်ဗျားတို့ အရေးမကြီးပါဘူး၊ နောင် ဒုက္ခပင်လယ်ဝေပြီး ငရဲထဲမှာ အချိန်ကုန်ပြီး သကာလ နေကြရင်၊ အဲဒါမှ ကိုယ်ကျိုးနည်းတာ အစစ် (မှန်ပါ)။ သဘော ကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ယနေ့ခင်ဗျားတို့ ဘယ်ရောက်အောင် ကြိုးစားရမယ် ဆိုတာ ကော ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) နိဗ္ဗာန်ရောက်အောင် ကြိုးစား ရမယ်။
အေး နိဗ္ဗာန်သောင်ကမ်းပေါ် တက်မိအောင် ဆိုတော့ အဓိပတေယျဋ္ဌော ဖြစ်အောင် ဦးဘကြည် ကြိုးစားရမယ် (မှန်ပါ) ဦးလှ နေရာကျပြီလား (ကျပါပြီ ဘုရား)။
ကိုထွန်းဦး ဘာဖြစ်တုံးဗျာ (နိဗ္ဗာန် သောင်ကမ်းသို့ ရောက် အောင် လုပ်ရမှာပါ ဘုရား) မလုပ်လို့ ခင်ဗျားတို့ မတက်မိဘူးဆိုလို့ရှိရင်ဖြင့် မျောသမားဖြစ်မှာပဲ (မှန်ပါ)။
မျောသမားဖြစ်ပြီးရင် မြုပ်သမားသွားပြန်ဦးတော့မယ်၊ မသွားပေဘူး လား (သွားပါတယ် ဘုရား) မျာသမားဆို တာက ခင်ဗျားတို့ ဝဋ်တောင့်တပြီး လုပ်ထားတဲ့ ဝဋ်ကုသိုလ်၊ ဒါန၊ သီလ ကလေးက မျှောပစ် လိုက်လိမ့်မယ် (မှန်ပါ)။
မျောပြီး ရောက်ရာဘဝမှာ ကိုယ့်ကိုယ်ကို အားကိုးဆိုတဲ့ ခန္ဓာငါးပါး အားကိုးလုံးက လာမှာလား၊ မလာဘူးလား (လာမှာပါ ဘုရား) လာရင် မြှုပ်ဦးမယ် (မှန်ပါ) သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။
နောက်ဘဝငါဘာဖြစ်မှာတုံး
အဲဒီတော့ ဒီဘဝလွဲသွားရင် နောက်ဘဝ ငါဘာဖြစ်မှာတုံး ဆိုတာ ကော ဒကာ ဒကာမတွ ဖြေတတ်ပြီလား (ဖြေတတ်ပါပြီ ဘုရား) ဘာဖြစ်မှာတုံး (မြုပ်သမားဖြစ်မှာပါ ဘုရား)။
နောက်တုန်းကလည်း ဘယ်လိုနေခဲ့ရသတုံး (မြုပ်သမား မျောသမားပါ ဘုရား) ဒီဘဝ စုတေမနေ သေလွန်ရလို့ရှိရင် နတ်ဗြဟ္မာ ဖြစ်မယ်၊ စကြဝတေးမင်း၊ မန္ဓာတ်မင်း ဖြစ်လိမ့်မယ်လို့ မပြောလိုဘူး ဘာဖြစ် လိမ့်မယ်လို့ ပြောလို့လည်း မလွယ်ဘူး။
မြုပ်သမား၊ မျောသမားလို့ ပြောဖို့ကတော့ သေချာတယ် (မှန်ပါ) ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
နိဗ္ဗာန်ရောက်ဖို့လုပ်ပါ
ဒါဖြင့် ဒီနေ့ ဘာအရေးကြီးသတုံး (နိဗ္ဗာန်သောင်ကမ်း ရောက်ဖို့ လုပ်ရန် အရေးကြီးပါတယ် ဘုရား) နိဗ္ဗာန်သောင်ကမ်းကို ဘယ်လိုဖြစ်မှ ရောက်နိုင်မှာတုံးဆိုတော့ ခုနင်က ဥစ္စာပြန်စနော် (မှန်ပါ)။
ခုနင်က ပညာမဂ္ဂင်က ဘယ်နှစ်ပါးပါလိမ့် (နှစ်ပါးပါ ဘုရား) သီလ မဂ္ဂင်က (သုံးပါးပါ ဘုရား) သမာဓိမဂ္ဂင်ကရော (သုံးပါးပါ ဘုရား)။
အဲဒါကို ခင်ဗျားတို့ ပြည့်စုံအောင်လုပ်ပါ (မှန်ပါ)၊ ဒါဟာ ဖောင်ကြီး ဖြစ်လာတယ် (မှန်ပါ) ဒါကြောင့် မဂ္ဂင်ဖောင်ကြီးဆိုတာ ပေါ်ပြီ လား (ပေါ်ပါပြီ ဘုရား)။
ဘယ်လိုလှိုင်း၊ ဘယ်လိုဂယက်၊ ဘယ်လိုဒီရေမှ လှုပ်ရှားလို့ တိုက်ဖျက် ပျက်စီးနိုင်တဲ့ စွမ်းရည်သတ္တိ ရှိရဲ့လား (မရှိပါ) ဒါဖြင့် မဂ္ဂင် ဖောင်ကြီးဖြစ်ဖို့ အတော်အရေးကြီးပါလား (မှန်ပါ)။
ဒီမဂ္ဂင်ဖောင်ကြီးနဲ့မှ နိဗ္ဗာန်သောင်ကမ်းကို ရောက်မှာကိုးဗျ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) မဂ္ဂင်ဖောင်ကြီး မရှိဘဲနဲ့လဲ နိဗ္ဗာန် သောင်ကမ်း ရောက်ဖို့ ဒကာ ဒကာမတွေ လွယ်ကူပါ့မလား (မလွယ်ကူ ပါ ဘုရား)။
မလွယ်ကူဘူး၊ တဏှာ ရေကြောလည်း ဖြတ်ရဦးမှာကိုး (မှန်ပါ)။ အခုတော့ တဏှာက မကုန်သေးဘဲကိုး (မှန်ပါ) မကုန် သေးတော့ ကိုထွန်းဦး တဏှာ ရေကြောကို မဂ္ဂင်နဲ့ဖြတ်ရဦးမှာ (မှန်ပါ)၊ မဖြတ်လို့ ရှိရင်လဲ ရောက်ပါ့မလား (မရောက်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ကို ခင်ဗျားတို့ ဘာမှ အားမကိုးနဲ့ ဒီမဂ္ဂင် ဖောင်ရအောင် ခင်ဗျားတို့ အရေးကြီးပြီ (မှန်ပါ)၊ ဦးဘကြည် ဘယ့်နှယ် တုံး (မဂ္ဂင်ဖောင်ရဖို့ အရေးကြီးပါတယ် ဘုရား)။
သူကတော့ ဘယ်လို တဏှာရေမျိုး မဆို ဖြတ်တောက်ပြီး ထွက်သွား မှာပဲ (မှန်ပါ)၊ မထွက် ပေဘူးလား (ထွက်ပါတယ် ဘုရား) အေးဒါကြောင့် မဂ္ဂင်ဖောင်စီးမိအောင် စီးဖြစ်အောင် ဒကာ ဒကာမတွေ ကိုယ်တိုင် ကြိုးစားရင် စီးဖြစ်ပါလိမ့်မယ် (မှန်ပါ)။
မဂ္ဂင်ဖောင် မဖြစ်ဖြစ်အောင်လုပ်ပါ
ကိုယ်တိုင်မကြိုးစားရင်တော့ဖြင့် (မစီးနိုင်ပါ ဘုရား) ဒါဖြင့် ဦးဝင်း ဒီနေ့ည မဂ္ဂင်ဖောင်တော့ မဖြစ်ဖြစ်အောင် လုပ်ဗျာ (မှန်ပါ) ဦးဘအုန်း ဘယ့်နှယ်လုပ်မှာလဲ (မဖြစ်ဖြစ်အောင် လုပ်ရမှာပါ ဘုရား)။
မဖြစ်လို့ရှိရင် ခင်ဗျားတို့ ကိုယ်ကျိုးနည်းပြီ၊ ဒါမဖြစ်ဘဲနဲ့ သေသွားရင် မျောသမား၊ မြုပ်သမား (မှန်ပါ)၊ နဂိုမူရင်း အတိုင်းပြန်မရောက်ပေဘူး လား (ရောက်ပါတယ် ဘုရား)။
နဂိုက ဘယ်ကလာခဲ့တာတုံး (မျောသမား၊ မြှုပ်သမားဘဝက လာခဲ့တာပါ ဘုရား) မဂ္ဂင်ဖောင်ကလည်း ဒီဘဝ မဆင်ဖြစ်ဘူး၊ ဆင်တတ်အောင် ပေးတတ်တဲ့ ဆရာနဲ့လည်း မတွေ့ဘူး ဆိုရင်၊ ဦးဘကြည် တို့ကလည်း ဆင်ဖြစ်အောင် မလုပ်တတ်၊ ဆင်ဖြစ်အောင် ဝီရိယ မစိုက်ဘူး ဆိုလို့ရှိရင်ဖြင့်၊ ခင်ဗျားတို့ နဂိုမူရင်း အတိုင်းပဲ ပြန်လှည့်ရမယ် (မှန်ပါ)။
မလှည့်ရပေဘူးလား (လှည့်ရမှာပါ ဘုရား) နဂိုမူရင်းဆိုတာ ဘာပါလိမ့် (မျောသမား၊ မြုပ်သမားပါ ဘုရား) မျောသမား၊ မြုပ်သမား ဆိုတော့ ဒကာ ဒကာမတို့ ကျောင်းဒကာလည်း မျောသမား၊ မြုပ်သမားဖြစ် နိုင်တာပဲ၊ ဘုရားဒကာကော (ဖြစ်နိုင်ပါတယ် ဘုရား)။
နောက်တုန်းကလည်း မျောမြုပ်လာတာ၊ ဒီအဓိပတိ မဖြစ်လို့ မဟုတ် ဘူးလား (မှန်ပါ)။ ဒီ အဓိပတိ မဖြစ်သေးရင်၊ ဒီကျောင်းဒကာ ဘုရား ဒကာတွေပင်လျှင် ဘာဖြစ်ရဦးမှာပါလိမ့် (မျောသမား၊ မြုပ်သမားပါ ဘုရား)။
အဲဒီတော့ ဒီတရားကို သေသေချာချာမှတ်၊ မင်းတို့သည် နောက် ဘဝကျလို့ရှိရင် နတ်ပြည်မှာ ဘုံပေါက်ပြီး သကာလ ၊ ခံစားလို့ ဘယ်မှာ ဆုံးနိုင် တော့မတုံးဆိုတော့၊ နတ်ပြည်မျောသွားတာတော့ မထည့်ဘူး (မှန်ပါ)။
နတ်ခန္ဓာ အားကိုးပြီး သကာလ ၊ နတ်ခင်ပွန်းမတွေ နတ်ခင်ပွန်း သည်တွေ အစရှိသည် တို့ကို အားကိုးပြီး၊ ခင်လျက် မင်လျက်နဲ့ စုတိစိတ်ကျ သွားတော့၊ သူတို့ သတ်လိုက်တာ ဆိုရင်ကော လွဲသလား (မလွဲပါ ဘုရား)။
အဲဒီတော့ နတ်ပြည်ရောက်လည်း နောက်မြုပ်ရ ဦးမှာပဲ (မြုပ်မှာ ပါပဲ၊ အပါယ်လေးပါး ကျဦးမှာပါ ဘုရား) ကဲ-ဒါဖြင့် နတ်ပြည် ရောက်တာက ကောင်းသလား ဆိုတော့ အဓိပတိ ထိုက်ပြီးမှ ရောက်လို့ရှိရင် ဦးဘကြည် သေချာတယ် (မှန်ပါ)။
အဓိပတိ မထိုက်ဘဲနဲ့ ရောက်ရင်တော့ (မသေချာပါ ဘုရား) စိတ်မချရဘူးဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ စိတ်မချရဘူးဆိုတာ ဦးဘကြည်ရေ လုံးလုံးမဖြစ်နိုင်သလောက်နေရာပါပဲ (မှန်ပါ)။
ဒီကအရှိန်မပါရင် (မဖြစ်နိုင်ပါ ဘုရား) လုံးလုံးကို နတ်ပြည်ကျမှ သောတာပန်တည်ဖို့ အရေးဟာ ဒီက ပါမသွားလို့ရှိရင် ဦးဘကြည် အတော်ခဲ ယဉ်းပါတယ် (မှန်ပါ)။
ရှေ့ကိုဘာများဖြစ်ချင်သေးသတုံး
အင်္ဂုတ္တိုရ်က ဒီကပါရင်တော့ ရတယ်ပြောတာ (မှန်ပါ) ရှင်းကြပြီ လား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား) ဒါဖြင့် ရှေ့ကိုခင်ဗျားတို့သည် ဘာများ ဖြစ်ချင်သေးသတုံး (ဘာမှ မဖြစ်ချင်ပါ ဘုရား၊ နိဗ္ဗာန်သာ ရောက်ချင်ပါတယ် ဘုရား)။
ဘယ်နေရာမှ မဖြစ်ချင်ဘူးဆိုတဲ့ အဓိပ္ပာယ် အင်မတန် ရှင်းပါတယ်တဲ့၊ မျောသမား၊ မြုပ်သမား မဖြစ်ချင်ဘူးလို့ ပြောတာ (မှန်ပါ) ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်မှာတော့ မျောသမား၊ မြုပ်သမားပဲ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်ဘာတုံး (မျောသမား၊ မြုပ်သမားပါ ဘုရား) ဒါပဲတဲ့ နောက်တုန်းက မူအတိုင်းပဲ ကိုထွန်းဦး ပြန်ဖြစ်ရမယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီမဂ္ဂင်ဟာ ဘုန်းကြီးနေ့တိုင်း ပြောနေတယ်၊ ဦးဘကြည်ရ၊ ရှုတုန်းမှာ ငါးပါး၊ ပြည့်စုံတော့ (ရှစ်ပါးပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့သည် ရှုတုန်းမှာတော့ ငါးပါးပဲရမယ်ဆိုတော့ ဒီငါးပါးသည် အဓိမပါဘူး (မှန်ပါ့) ပါပါ့မလား (မပါပါ ဘုရား)။
အဓိပညာလို့ ဆိုလို့ရရဲ့လား (မရပါ ဘုရား) အဓိစိတ္တလို့ကော (မရပါ ဘုရား) အဓိစိတ္တ ဆိုတာ သမာဓိကိုဗျနော် (မှန်ပါ့) မရသေးဘူးတဲ့ အဓိကို တပ်လို့ မရသေးဘူး (မှန်ပါ့)။
ဒါဖြင့် ဒါလောက်နဲ့ စိတ်ချရပြီလားလို့မေးရင် (မချရပါ ဘုရား) ဟောဒီ သီလမဂ္ဂင် သုံးပါး တိုးလာတော့မှ သူလည်း အဓိပတိ ဖြစ်လာတယ် (မှန်ပါ) သူကော (အဓိပတိ ဖြစ်ပါတယ် ဘုရား) ဒီဘက်ကကော (အဓိပတိဖြစ်ပါတယ် ဘုရား)။
ဒါဖြင့် ဒီသုံးပါးဝင်လာမှ သေချာတာပါလား (မှန်ပါ) ရှင်းကြ ပြီလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင် ဆိုတဲ့ မဂ္ဂင်ရှစ်ပါး စုံမှုဟာ ကျုပ်တို့၏ နိဗ္ဗာန်သောင်ကမ်း ကူးခတ်ဖို့ရာ မဂ္ဂင်ရှစ်ပါးယာဉ်ရထားသော်လည်းကောင်း၊ ဖောင်ကြီးသော် လည်းကောင်း ကိုယ်ပိုင် ရတာပဲ (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါဖြင့် မြုပ်စရာ မျောစရာ ဒကာ ဒကာမတို့ ရှိသေးသလား (မရှိ ပါ ဘုရား)၊ ဒါဖြင့် ဖောင်ကြီးကို တစ်ခါတည်း ရှစ်လုံးတွဲဆင်လို့တော့ မဖြစ်ဘူး (မှန်ပါ) ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။
ငါးလုံးကို အရင် မဆင်ရပေဘူးလား (ဆင်ရပါတယ် ဘုရား) နောက်မှ တစ်ခါတွဲတွဲ၊ တွဲတွဲယူသွားလို့ရှိရင်ပဲ ဦးဘကြည် ရှစ်လုံးမပြည့် ပေဘူးလား (ပြည့်ပါတယ် ဘုရား)။
အဲဒီ ရှစ်လုံးပြည့်တဲ့အခါကျတော့မှ၊ အင်း ဖောင်ကိုယ်ပိုင်ရှိပေါ့ဆိုပြီး သကာလ ၊ သူကတော့ ဆန်ဖောင်သက်သက်၊ မျောဖောင်မဟုတ်ဘူး (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘာဖောင်ပါလိမ့် (ဆန်ဖောင်ပါ ဘုရား) ဆန်ဖောင်သက်သက် ပါပဲ တဲ့၊ မျောဖောင် မဟုတ်ပါဘူး (မှန်ပါ) ဒါဖြင့် ကျုပ်တို့သည် ဒီဟာ မရှိသရွေ့ ကာလပတ်လုံးဖြင့် ကိုထွန်းဦးရေ စိတ်ချလက်ချကို မနေနဲ့ဦး (မှန်ပါ)။
တော်ပါ့မလား (မတော်ပါ ဘုရား)၊ စိတ်ချလက်ချကို မနေနဲ့ဦး (မှန်ပါ)၊ ရွှေရှိရင်၊ စိန်ရှိရင်၊ ကျုပ်တို့ပါရှိသားပဲ ဘာပူစရာရှိသတုံး တဲ့။ ဘာမှ ပူစရာမဟုတ်ဘူး၊ မြုပ်အောင်တော့ လုပ်လိမ့်မယ် (မှန်ပါ)။
ဘာပူစရာရယ်လို့ မဟုတ်ပါဘူး ဒကာ ဒကာမတို့၊ ရွှေကို ခင်ရင် နပ်မှာပဲ၊ သူက ကမ်းနား သစ်ပင်ကိုး (မှန်ပါ) ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဘာအားကိုးကြမှာတုံး (မဂ္ဂင်ကို အားကိုး ကြရမှာပါ ဘုရား)။
မဂ္ဂင်နဲ့ သွားရောက်မှာဖြစ်တော့ ကျုပ်တို့ ကိုယ်ပိုင်ရှိဖို့က ဘာပါလိမ့် (မဂ္ဂင်ပါ ဘုရား) မဂ္ဂင်ကိုယ်ပိုင်ရှိပဲ (မှန်ပါ)၊ ဒီမဂ္ဂင်ကလည်း သူတစ်ပါး ဆင်ပေးလို့ မရဘူးလား (မရပါ ဘုရား)။ သည်။
ဦးဘကြည် ဘယ့်နှယ်တုံး (ကိုယ့်ဟာကိုယ် ဆင်ရမှာပါ ဘုရား) ကိုယ့်ဟာကိုယ် ဆင်ရမှာနော် ဒကာ ဒကာမတို့ (မှန်ပါ) အကြင် လယ်မယား နှစ်ဦးရှိတယ်၊ ဒီမဂ္ဂင်ဖောင်ကို မင်းအတွက် ငါဆင်ပေးပါ့မယ်လို့ ယောက်ျားက ဆိုလို့ကော (မရပါ ဘုရား)။
ဆရာကောင်း ထံမှာနည်းယူပါ
ဟာ- ကျွန်မ ဆင်ပါ့မယ်ဆိုလို့ကော (မရပါ ဘုရား) ဒါ ကိုယ်လုပ်မှ ကိုယ်ရမှာပေါ့ (မှန်ပါ) မဂ္ဂင်ရှစ်ပါး ဆိုတာကလည်း အလိုလိုပေါ်တဲ့ တရားလားတဲ့၊ ဒကာ ဒကာမတို့ ဟုတ်လား၊ ဆရာကောင်း သမားကောင်းဆီ က နည်းရပြီး သကာလ ကိုယ်တိုင်ကြိုးစားမှပေါ်တဲ့တရားလို့ သေသေ ချာချာမှတ်ပါ (မှန်ပါ)။
ဆရာကောင်း သမားကောင်းဆီက နည်းရဖို့ တစ်နံပါတ်၊ ကိုယ်တိုင် ကြိုးစားရဖို့က (နှစ်နံပါတ်ပါ ဘုရား) အဲဒီ တစ်၊ နှစ်နဲ့ ပြည့်စုံမှရမယ် (မှန်ပါ)။
ကိုယ်တိုင်ကြိုးစားပါ
ဆရာကောင်း သမားကောင်းဆီက နည်းရဖို့က ဘာတုံး (နံပါတ် တစ်ပါ ဘုရား) ကိုယ်တိုင် ကြိုးစားတာက (နံပါတ်နှစ်ပါ ဘုရား) အဲဒီ တစ်နဲ့ နှစ်သာ ခင်ဗျားတို့ လက်လွှတ်ထားကြမယ် ဆိုရင်ဖြင့် ဘယ်နည်းနဲ့မှ ဒီဖောင် မဖြစ် (မှန်ပါ)။
ဒီဖောင်မဖြစ်လို့ရှိရင် နိဗ္ဗာန်သောင်ကမ်း မကပ်နိုင်ဘူး (မှန်ပါ) ကပ်နိုင်ပါ့မလား (မကပ်နိုင်ပါ ဘုရား) မကပ်နိုင်လို့ရှိရင်ဖြင့် ဖောင်လည်း မရှိ၊ ကပ်လည်းမကပ်နိုင်ဖြစ်နေတော့၊ ေဩာ်-ဒို့ အကျိုးပေးက မျောသမား၊ မြုပ်သမားပဲ၊ ဒီပဲ ပြန်ရောက်တယ် (မှန်ပါ)။
တခြားရောက်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂင်အလုပ် လုပ်မှပဲရမှာမို့ လုပ်သာလုပ်ပေတော့၊ မဂ္ဂင် မလုပ်လို့ရှိရင် ဖြစ်ကို မဖြစ်ဘူး ဆိုတာ ပေါ်လာပြီ လား (ပေါ်ပါပြီ ဘုရား)။
ပေါ်လာတော့ ခင်ဗျားတို့ စိတ်ကို ဟောလို့ရှိရင်လည်း ဝေဒနာ ပါတယ်၊ ဝေဒနာ ဟောလို့ရှိရင်လည်း စိတ်ပါတယ်ဆိုတော့ ခင်ဗျားတို့ သန္တာန်၌
လောဘစိတ်လည်း လာချင်လာမယ်၊ ဒေါသစိတ်ကော (လာမှာပါ ဘုရား) မောဟ စိတ်ကော (လာမှာပါ ဘုရား)။
လာချင်လာမှာပဲ၊ လောဘဆိုတာကလိုချင်တာ၊ ဒေါသဆိုတာက သူတစ်ပါးမုန်းတာ၊ မောဟဆိုတာက စိတ်လွင့်နေတာရယ်၊ သံသယရှိနေတာ ရယ်၊ ဒါ-မောဟပဲ၊ မောဟက နှစ်မျိုးထဲရှိပါတယ် (မှန်ပါ)။
စိတ်လွင့်နေတာလည်း ဘာတုံး (မောဟပါဘုရား၊ ဥဒ္ဓစ္စမောဟ) ဟုတ်မှ ဟုတ်ပါ့မလားလို့ သံသယရှိနေတာကော (မောဟပါဘုရား၊ ဝိစိ ကိစ္ဆာမောဟ)။
အဲဒီတော့ လောဘပေါ်လည်း ခင်ဗျားတို့ဖြစ်ပျက် ရှုပေးလို့ ဆရာဘုန်းကြီးက သတိပေး လိုက်တယ် (မှန်ပါ) လောဘဟာ ဟဒယ ဝတ္ထုပေါ်မှာပဲ ပေါ်လေ့ရှိတယ်၊ တခြားနေရာမှာ မပေါ်ဘူး (မှန်ပါ)။ ဘယ်နေရာမှာ ပေါ် သတုံး (ဟဒယဝတ္ထုပေါ်မှာ ပေါ်ပါတယ် ဘုရား)။
ငါးလုံးတွဲဖောင်ဖြစ်လာတယ်
ဒါဖြင့် သူ့ကို ဘာလုပ်ရမှာလဲ (ဖြစ်ပျက်ရှုပေးရမှာပါ ဘုရား)။ ဖြစ်ပျက်ရှုတော့ သူက အနိစ္စဖြစ်မယ်၊ သူက မဂ္ဂဆိုတော့ မဂ္ဂင်လာဖြစ်တယ် (မှန်ပါ)၊ ငါးလုံးတွဲ ဖောင်တော့ဖြစ်လာတယ်၊ သို့သော် လှိုင်းတွေ ဂယက်တွေ ကို မခံနိုင်သေးဘူး (မှန်ပါ)။
ခံနိုင်ပါ့မလား (မခံနိုင်ပါ ဘုရား)၊ ဘာဖြစ်လို့ မခံနိုင်သလဲဆို တော့ ရှစ်လုံးတွဲလောက် မမြိုင်သေးလို့ပေါ့ဗျာ၊ သဘောကျပြီလား (သဘော ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ငါးလုံးတွဲကလေးနဲ့လည်း ဒကာ ဒကာမတွေက တော်လောက်ပြီလို့ လုပ်မနေနဲ့ဦး ဟုတ်လား၊ ဖောင်အစစ် မဖြစ်သေးဘူး၊ ခိုင်လောက်အောင် ကြိုးစားပါဦး ဆိုတာ ကိုလည်း တိုက်တွန်းရပြန်တယ် ဒကာသိုက်ရ (မှန်ပါ)။
မတိုက်တွန်းလို့ ရပါ့မလား (မရပါ ဘုရား)၊ ကဲ သွားပါဦး၊ ဒေါသစိတ်ပေါ်လာရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုမှာပါ ဘုရား) သူလည်း အနိစ္စပဲလို့ ရှုလိုက်၊ ရှုလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ခုနင်က လောဘစိတ်ပေါ်တုန်းကလည်း ဘာလုပ်ခဲ့တယ် (ဖြစ်ပျက် ရှုပါတယ် ဘုရား)။
ဖြစ်ပျက်ရှုလိုက်တော့ သူကဖြစ်ပျက် အနိစ္စဖြစ်သွားတယ်၊ သူက မဂ္ဂင်ဖြစ်သွားတော့၊ လောဘဟာ တဏှာပဲ မဟုတ်လား (မှန်ပါ)။ ဥပါဒါန်လာသေးရဲ့လား (မလာပါ ဘုရား) ဘဝတွေကော (မလာပါ ဘုရား)။
ဟာ ဘဝမှ မလာတော့ပဲဆိုတော့ မျောသမားလည်း ဖြစ်သေးရဲ့ လား (မဖြစ်ပါ ဘုရား) ဒါတွေ အနိစ္စမို့ အားမကိုးတော့လို့ သူကပြုတ် ကျသေးရဲ့ လား (မပြုတ်ကျပါ ဘုရား)။
မကျတော့ ဒကာ ဒကာမတွေ သူ့ကို အနိစ္စ ရှုလိုက်တဲ့အတွက် တဏှာရေလည်း မခန်းဘူးလား (ခန်းပါတယ် ဘုရား) အားကိုးကော ရှိသေးရဲ့လား (မရှိပါ ဘုရား)။
မရှိတဲ့အတွက် ပြုတ်ကျစရာကော (မရှိပါ ဘုရား) မရှိတော့ တဏှာလည်းခန်း၊ ပြုတ်လို့ ကျလို့ ပိစရာလည်းမရှိ (မှန်ပါ) ဦးဝင်း ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲဒီကဲ့သို့ မရှိတဲ့အခါကျတော့ ဘာရှိသတုံးဆိုတော့၊ ဒီက တဏှာ ရေကလည်းမရှိ၊ အားမကိုးသောကြောင့် ပြုတ်ကျမယ့် သစ်ပင်ကော (မရှိပါ ဘုရား) မရှိတော့ အခု ဘာရှိနေသတုံး ဆိုတော့ ဖောင်ပဲ ရှိနေတယ် (မှန်ပါ)။
သစ်ပင်မရှိ၊ ရေမရှိ ဖောင်ကိုယ်ပိုင်ရှိ၏ (မှန်ပါ)။ ဒကာ ဒကာမတွ သစ်ပင်လည်းမရှိဘူး၊ ဟက္ကာရေလည်း မရှိဘူးဆိုတော့ ဘာရှိနေ သတုံး (ဖောင်ရှိပါတယ် ဘုရား) ဖောင်ပဲရှိတယ် ဆိုတော့ ခင်ဗျားတို့ ကုန်းပေါ် အခုကို စပြီးရောက်တယ် (မှန်ပါ) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဦးဘကြည် အခုကို မရောက်သေးဘူးလား (ရောက်ပါတယ် ဘုရား) ရေကော မခန်းသေးဘူးလားဗျာ (ခန်းပါတယ် ဘုရား) သစ်ပင် ရော ပိသေးရဲ့လား (မပိပါ ဘုရား)။ က မပိတော့၊ အခု ဘာရထားသတုံး (ဖောင်ရထားပါတယ် ဘုရား) ဖောင်ကြီးလား ဖောင်သေးလား (ဖောင်သေးပါ ဘုရား)။ အေး-ဖောင် သေးဆိုတော့ လှိုင်းလေ မခံနိုင်သေးဘူးပေါ့ဗျာ (မှန်ပါ)။
ဘာဖြစ်လို့တုံး (ဖောင်သေးမို့ပါ ဘုရား) မဂ္ဂင်စုံပြီလား (မစုံ သေးပါ ဘုရား) မစုံသေးတော့ ဒကာ ဒကာမတွေ မှတ်လိုက်ပါဦး ဒီဥစ္စာ သည် လှိုင်းလေတွေ မခံနိုင်သေးဘူး။ )
ဖောင်ကြီးဖြစ်အောင်ကြိုးစားပါဦး
လောဘလှိုင်း၊ ဒေါသလှိုင်း၊ မောဟလှိုင်းတွေ တကယ်တိုက်လိုက် မယ်ဆိုရင် ခံနိုင်ပါ့မလား (မခံနိုင်ပါ ဘုရား) ဒါဖြင့် ဖောင်ကြီးဖြစ်အောင် ခင်ဗျားတို့ ကြိုးစားပါဦး (မှန်ပါ) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါ တယ် ဘုရား)။
ကဲ-ဒေါသ၊ ခင်ဗျားတို့သန္တာန်ဖြစ်ရင် ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရမှာပါ ဘုရား) ဖြစ်ပျက် အနိစ္စရှုလိုက်တဲ့အခါကျတော့၊ ဒေါသနောက်က သောကပရိဒေဝတွေ လာသေးရဲ့ လား (မလာပါ ဘုရား)၊
မလာတော့ ဒကာ ဒကာမတွေ သစ်ပင်မပိသောကြောင့်လည်း သောက ပရိဒေဝ မလာဘူး (မှန်ပါ)၊ အဲဒီတော့ ရေလည်းခန်း၊ သစ်ပင် လည်း မရှိဆိုတာ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။
ဘာလေး ကိုယ်ပိုင်ရသလဲ (ဖောင်ပါ ဘုရား)၊ ဖောင်ပဲ ကိုယ်ပိုင် ရတယ်၊ တစ်ခါ မောဟ ဝိစိကိစ္ဆာလာပြန်တယ်၊ ဥဒ္ဓစ္စလာပြန်တယ်ဆို ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။ အရှုလိုက်တဲ့အခါကျတော့ တဏှာကော မသေဘူးလား (သေပါ တယ် ဘုရား) တဏှာ၊ မာန၊ ဒိဋ္ဌိတွေ အကုန်မသေဘူးလား (သေပါတယ် ဘုရား) အဲဒီတော့ ရေခန်းတယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
သူ့ကို အနိစ္စရှုသောကြောင့် သူ့ကို အားကိုးလုံးမလာတဲ့အတွက် ပိစရာ လိုသေးသလား (မလိုပါ ဘုရား)။ သူ့ကို ကျုပ်တို့က မဆွဲဘူးဗျ (မှန်ပါ) ဆွဲသေးရဲလား (မဆွဲပါ ဘုရား)။
မဆွဲတော့ ပိစရာကော ဒကာ ဒကာမတို့- (မရှိပါ ဘုရား) မရှိတဲ့ အတွက် ရေလည်းခန်း၊ သစ်ပင်လည်း မပိရဘူး (မှန်ပါ) ဘာကို ကိုယ်ပိုင် ရသတုံး (ဖောင်ကိုယ်ပိုင် ရပါတယ် ဘုရား)။
ကောင်းပြီ ဒီဖောင်သည်ကားလို့ဆိုရင် ဒကာ ဒကာမတွေက လုံလောက်ပြီလား မလုံလောက် သေးဘူးလားလို့ တွေးပါ (မလုံလောက် သေးပါ ဘုရား) မလုံလောက်သေးဘူး၊ ဦးဘကြည် ဘာတုံး (မလုံ လောက်သေးပါ ဘုရား)။ လ ာရာလများ
မလုံလောက်သေးရင် ထပ်ပြီးဆင်ပေါ့ဗျ (မှန်ပါ)၊ ဒကာ ဒကာမ တွေ မလုံလောက်ရင် လာလုပ်ရမှာတုံး (ထပ်ဆင်ရမှာပါ ဘုရား)။ ၁၀ ထပ်ဆင်ရလိမ့်မယ်ဆိုတော့ နေ့တိုင်းဟောနေတဲ့ တရားကို ဒကာ ဒကာမတွေ အသိသားပဲ ဖြစ်ပျက် ခုနင်က ပြီးခဲ့ပြီနော် (မှန်ပါ) ခင်ဗျားတို့ လုပ်ထားတဲ့ ကုသိုလ်ကလေးလာတောင် ဒီကုသိုလ်ကလေး ဘာလုပ်ရမှာတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။
ဒီလို မဟုတ်ဘဲ သာမညကုသိုလ်ကလေး အားကိုးလိုက်လို့ ရှိရင်လည်း ကျနေဦးမှာ (မှန်ပါ) ခင်ဗျားတို့ ဒါနလုပ်ထားတဲ့ ကုသိုလ်တွေနဲ့၊ ငါ့မှာ ဒါရိသားပဲဆိုပြီး ဒါနကလေးနဲ့ သေတော့၊ သုဂတိကတော့ မျောဦးမှာပေါ့ဗျာ (မှန်ပါ)။
တော်တော်ကြာ သုဂတိကျတော့ ခန္ဓာငါးပါး အားကိုးဦးမှာပဲ (မှန်ပါ) ကိုးတော့ ဦးဘကြည် ဘာဖြစ်မယ်ထင်သတုံး (ပြုတ်ကျမှာပါ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ကုသိုလ်လည်း ဘာလုပ်ရမှာတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား) အဲဒီတော့ ကုသိုလ်ခင်တွယ်တဲ့ တဏှာက လာသေးရဲ့လား (မလာပါ ဘုရား)။
အဲဒီတော့ တဏှာရေလည်း မခန်းလား (ခန်းပါတယ် ဘုရား) ခင်ဗျားတို့ ဘာကိုယ်ပိုင်ရသလဲ(ဖောင်ကိုယ်ပိုင်ရပါတယ် ဘုရား)။ စုံပြီလားတဲ့ ဒီဖောင် (မစုံသေးပါ ဘုရား)။
မုန်းအောင်ရှုပါ
မစုံသေးတော့ ဒီဖြစ်ပျက်တွေကို ဒကာ ဒကာမတွေ နိဗ္ဗန္ဒဉာဏ် ရအောင် မုန်းအောင်ရှုပါ (မှန်ပါ)၊ ကုသိုလ်လည်းရှု၊ အိပ်ချင်တဲ့စိတ်တွေ ကော (ရှုရမှာပါ ဘုရား)၊ နိုးတဲ့စိတ်တွေကော (ရှုရမှာပါ ဘုရား)။ ပေါ်တဲ့စိတ်တွေ အကုန်သာရှုချ (မှန်ပါ)။
မုန်းအောင်ရှု (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား) မုန်းအောင်ရှုတဲ့ အခါကျတော့ ခုနင်ကလို ဖြစ်ပျက်မြင်တာ မဟုတ်တော့ ဘူး မုန်းလာပြီ (မှန်ပါ)။
မုန်းလာလို့ရှိရင် မဂ္ဂင်ငါးပါး မရဘူးလား (ရပါတယ် ဘုရား) သို့သော် ဖောင်ရှစ်လုံးစုံပြီလား (မစုံသေးပါ ဘုရား)၊ မစုံသေးရင် စုံအောင် လုပ်ဦး (မှန်ပါ)။
ဦးဘကြည် တော်တော်နဲ့ စုံနိုင်ပါ့မလား (မစုံနိုင်ပါ ဘုရား) တရားဟောနေသလောက် လွယ်တာ မဟုတ်ဘူးဗျ၊ တကယ်လုပ်တော့လေ (မှန်ပါ)။
တကယ်လုပ်တော့ မဂ္ဂင်ရှစ်ပါးစုံဖို့ အားလုံးဒကာ ဒကာမတွေ လွယ်တယ်များ အောက်မေ့ မနေနဲ့နော် (မှန်ပါ)၊ ဖြစ်ပျက်ကနေပြီး ဖြစ်ပျက်မုန်းဖို့ကို အတော်တက်ယူရတယ် (မှန်ပါ)။
သို့သော် ပါရမီထက်တဲ့ ပုဂ္ဂိုလ်များကျတော့ ဖြစ်ပျက်ဆိုပြီး ခဏနဲ့ပဲ မုန်းချင်လာတာ (မှန်ပါ)၊ ဒါဖြင့် ဒကာ ဒကာမတို့ မုန်းပြီး သကာလ ဒီဖြစ်ပျက်တွေကို ခင်ဗျားတို့ ဆုံးအောင်ရှုလို့ ဆရာဘုန်းကြီးက မသင်ဘူးလား (သင်ပါတယ် ဘုရား)။ နှင်း
အို သင်ပေမယ့် ခင်ဗျားတို့ အလိုလိုဆုံးလိမ့်မယ်များ ထင်သလား (မထင်ပါ ဘုရား) အလိုလို ဆုံးတာ မဟုတ်ဘူး တဲ့ ဒကာ ဒကာမတို့၊ ဖြစ်ပျက်ဟာ၊ ဪ ဒီရုပ်နာမ်တွေပဲ၊ ခန္ဓာတွေပဲ၊ ဒါတွေဟာ ဒုက္ခသစ္စာ အစစ်တွေပဲ၊ သုံးဆယ့်တစ်ဘုံထဲမှာဖြင့် ရုပ်နာမ်ဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။
ဒုက္ခမှန်းသိပြီး သကာလ ၊ ဒီဥစ္စာတွေသည်ကားလို့ဆိုရင်ဖြင့် အိုဘေး၊ နာဘေး၊ သေဘေး တွေနဲ့ ရောထွေးနေတာပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။
ဦးဘကြည် ဒါဘာနဲ့ ရောထွေးနေသတုံး (အိုသေနဲ့ရောထွေး နေပါတယ် ဘုရား)။ ဒါဖြင့် ခန္ဓာငါးပါးသည် အိုဘေး၊ နာဘေး၊ သေဘေးနဲ့ ရောထွေးနေတယ်ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿမီးတွေကော (ပါပါတယ် ဘုရား) ခန္ဓာရတဲ့ ပုဂ္ဂိုလ်ဖြင့် လောင်နေတာပဲလို့ ခင်ဗျားတို့ မဂ္ဂင်ရှစ်ပါးနဲ့ မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)။
မြင်တဲ့အချိန်ကျလာတော့ ဒကာ ဒကာမတွေ၊ သော် ဒုက္ခ အစစ်ဆိုတာ ဒါကို ခန္ဓာကိုးလို့ ခင်ဗျားတို့ ပိုင်းခြားလာလိမ့်မယ် (မှန်ပါ)။
ခန္ဓာကိုးလို့ ပိုင်းခြားလိုက်တဲ့ အခါကျတော့ ဒီခန္ဓာဖြင့်မရချင်တော့ပါ ဘူးဆိုတဲ့ ဒုတိယစိတ် ပေါ်လာမှာလား မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒုက္ခချုပ်သွားတော့ သုခကျန်ရစ်တယ်
ပေါ်တဲ့အခါကျတော့ ဒီခန္ဓာငါးပါးကချုပ်တယ် (မှန်ပါ) ငါးပါး ချုပ်တော့ ဒုက္ခချုပ်သွားတယ် (မှန်ပါ) ဒုက္ခချုပ်သွားတယ် (မှန်ပါ) ဒုက္ခချုပ်သွားရင်ဒီနေရာမှာ ဘာကျန်ရစ်မှာလဲ (သုခကျန်ရစ် ပါတယ် ဘုရား)။
သုခကျန်ရစ်တယ်လို့ ဆိုရင်လဲဆိုပါတဲ့ ဒုက္ခမရှိဘူးလို့ ဆိုချင်လဲ ဆိုပါ (မှန်ပါ) ဦးဘကြည် ဘာဆိုမှာလဲ (ဒုက္ခမရှိတာပါ ဘုရား)။
ဒါဖြင့် ဒုက္ခမရှိတာကို ခင်ဗျားတို့ သိလိုက်ရတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဒုက္ခမရှိတာက နိဗ္ဗာန်၊ မရှိတာကို သိတာက မဂ်ဉာဏ် (မှန်ပါ)။
ဒါဖြင့် မဂ္ဂင်ရှစ်ပါး ဒီကျမှစုံတယ် (မှန်ပါ) ဒါနဂိုက ငါးပါးနဲ့ချည်း လာခဲ့တယ် (မှန်ပါ) ကဲဒါဖြင့် မဂ္ဂင်ရှစ်ပါး မတွေ့ရသေးဘူးလား (တွေ့ရပါတယ် ဘုရား) ဒါဖြင့် သောင်ကမ်းကြီးလဲ မမြင်ရသေးဘူးလား (မြင်ရပါပြီ ဘုရား)။
ဒီကြားမှာ ပျာပျာသလဲလုပ်ပါ
မြင်ရတာသည် ဒကာ ဒကာမတို့ သူပို့လို့မြင်တာ (မှန်ပါ) သူမပို့ရင် မမြင်ဘူး (မှန်ပါ) အဲဒီကျမှ ခင်ဗျားတို့ စိတ်အေးလက်အေး ဘဝင်အေးပြီး သကာလ နေကြပေတော့၊ ဒီကြားမှာဖြင့် ပျာပျာသလဲ လုပ်ပါ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အသေကဦးသွားရင် ဒီဖောင်ဖြစ်ပါဦးမှာလား (မဖြစ်ပါ ဘုရား) မဖြစ်ရင် ရှေ့ကို ဘာဖြစ်မယ်ထင်ကြသလဲ (မြုပ်ဦးမျောဦးမှာပါ ဘုရား) သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။
ဒါဖြင့် ဒီရှစ်ပါးဖြစ်အောင်လုပ်ပါ (မှန်ပါ) ရှင်းပြီနော် (ရှင်းပါ ပြီ ဘုရား)။