တရားတော်
ပဋိစ္စသမုပ္ပါဒ် ဖြတ်ရေး
ပဋိစ္စသမုပ္ပါဒ် ဖြတ်ရေး
Severing the Cycle of Dependent Origination
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ရန်ကုန်မြို့၊ ဦးသံဒိုင်တိုက်တွင်
ဟောကြားတော်မူသော
ပဋိစ္စသမုပ္ပါဒ် ဖြတ်ရေး
Benefactor Aggamahāpaṇḍita Venerable Mogok Sayadaw. Delivered at U Than Daing Monastery, Yangon (Night of July 7, 1962)
(၇-၇-၆၂) ည
အားလုံး ဒကာ ဒကာမတွေ တရားနာကြတယ်ဆိုတာ အင်မတန်ကောင်းတဲ့ စကားပါပဲ၊ တရားနာတယ်ဆို ကတည်းက တပည့်တော်တို့ ဒီအချိန်မှာ မတရားတာ မလုပ်ဘူးဆိုတဲ့ အချိန်ပဲလို့ တရားနာတယ်ဆိုတဲ့ စိတ်ကပဲ ဆုံးဖြတ်ချက် ချပြီးပါပြီ။
Yogis, the very fact that you are here listening to the Dhamma is a noble thing. You must realize that by listening, you have made a decision: "At this moment, I will not commit any unwholesome acts." You have decided to stop all unjust actions.
တရားနာတယ်ဆိုတာသည်ကားလို့ဆိုရင် မတရားအလုပ်ကို မလုပ်ပါဘူးဆိုတဲ့ အချိန်ပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ တရားနာတယ်ဆိုတာ ဘာပါလိမ့် (မတရားတဲ့အလုပ်ကို မလုပ်တော့ပါ)၊ မတရားတဲ့အလုပ်ကို မလုပ်တော့ ဘူးလို့ ဖြစ်ပေါ်တဲ့အချိန် (မှန်ပါ့)၊ သဘောကျကြပလား (ကျပါပြီဘုရား)၊ မတရားတဲ့အလုပ် (မလုပ်တော့ပါ) မလုပ်တော့ ဘူးလို့ ဖြစ်ပေါ်တဲ့အချိန်လို့ ဆုံးဖြတ်ချက်ချပါ။
Determine clearly: "This is the time when I refrain from unwholesome deeds." Do you accept this? (We do, Sir). What is listening to Dhamma? (It is the time when we no longer do unwholesome things). It is the moment when the intention not to do wrong arises. Do you understand? (Yes, Sir).
အဲဒီတော့ ဒီက ဒကာ ဒကာမတွေမှာ ဒီအချိန်ကလေးမှာ ကိလေသာ ရပ်စဲနေတယ်လို့ ဆိုရမယ်၊ ဘာရပ်စဲ နေကြသလဲ (ကိလေသာ ရပ်စဲနေကြပါတယ်ဘုရား)။
At this specific moment, we can say that your defilements (Kilesa) have temporarily ceased. Why have they ceased? (Because defilements have ceased, Sir).
ဘာဖြစ်လို့ ကိလေသာရပ်စဲနေသလဲလို့ မေးတဲ့အခါကျတော့ တရားကို ယောနိသော မနသိကာရက နှလုံးသွင်း မှန်နေတဲ့အတွက် ကိလေသာရပ်စဲနေတယ်လို့ မှတ်ရမယ် (မှန်ပါဘုရား)။
They have ceased because you are listening with Wise Reflection (Yonisomanasikara). Because your attention is placed correctly on the Dhamma, the defilements stop. Mark this well. (Yes, Sir).
နှလုံးသွင်းမှန်နေတဲ့အတွက် ဘယ့်နှယ်ဆိုကြမလဲ (ကိလေသာ ရပ်စဲနေပါတယ်) နှလုံးသွင်းမှန်နေတဲ့အတွက် ကိလေသာ ရပ်စဲနေတယ်ဆိုတာ သဘောကျဖို့ အရေးကြီးပါတယ်။
Because your reflection is correct, the defilements are suspended. It is crucial to grasp this point.
အဲဒီတော့ ဒီ ဒကာ ဒကာမတွေမှာ နှလုံးသွင်းမှန်ဖို့ရာ ဘုန်းကြီးများက ဒီကြုံကြိုက်တဲ့အခါမှာ ခင်ဗျားတို့ တောင်းပန်လို့ တရားဓမ္မကို ဟောဆိုနေတာသည် ဘာပါလိမ့်မလဲလို့ မေးလို့ရှိရင် နှလုံးသွင်းမှန်ဖို့၊ ခင်ဗျားတို့ ခန္ဓာမှာ ရှိတဲ့ ပဋိစ္စသမုပ္ပါဒ် ပြတ်ဖို့ ဒါကိုပဲ ဟောပြောနေတယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (တင်ပါ့ဘုရား)။
So, why do I urge you to listen whenever the opportunity arises? My only goal is for you to have the right attitude and to sever the Chain of Dependent Origination (Paticcasamuppada) within your Aggregates (Khandhas). Make this your firm decision. (Yes, Sir).
အဲဒီတော့ ဒကာ ဒကာမတွေ မှတ်ဖို့ရာ ဝတ္ထုတစ်ခုထုတ်ပြီး ပြပါမယ်၊ တေဝိဇ္ဇဝစ္ဆဆိုတဲ့သုတ်၁ မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ ဝစ္ဆဂေါတ္တဆိုတဲ့ ပရိဗိုဇ်ကြီးက ဧကပုဏ္ဍရီကဆိုတဲ့ ပရိဗိုဇ်ကျောင်းမှာ သီတင်းသုံးပြီးသကာလ နေတယ်၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း ဆွမ်းခံကြွမလို့ စောပါသေးတယ်လေ၊ ဝစ္ဆဂေါတ္တပရိဗိုဇ်ဆီပဲ ငါဝင်ပြီး သကာလ အလ္လာပ သလ္လာပ ပြောစရာရှိတာ ပြောပါဦးမယ်လို့ ဒီထဲမှာပဲ ဝင်သွားတယ်။
Let me illustrate this with a story for you to remember. In the Tevijjavacchagotta Sutta of the Majjhima Nikaya, the Wanderer Vacchagotta was staying at his monastery. The Buddha, intending to go for alms but finding it too early, decided to visit Vacchagotta for a discussion.
အဲဒီလို ဝင်သွားတဲ့အချိန်မှာ အလ္လာပ သလ္လာပ၊ အတုံ့အပြန်ဆိုတဲ့ အောက်မေ့ဖွယ် ဝမ်းမြောက်ဖွယ်စကားတွေ ပြောပြီးသည့်နောက် မေးလိမ့်မယ်နော်။ အရှင်ဘုရားတဲ့၊ အရှင်ဘုရား နာမည်ဟာ တယ်ကြီးတယ်၊ တပည့်တော်တို့ ကြားနေရတာက အရှင်ဘုရားဟာ ထိုင်နေလဲ သူတစ်ပါးအကြောင်းတွေ အကုန်သိတာပဲ၊ အိပ်နေလဲ သူတစ်ပါး အကြောင်းတွေကို အကုန်သိတယ်ဆိုတဲ့ သတင်းဟာ သိပ်ပြီးတော့ မွှေးပါတယ်၊ သတင်း သိပ်မွှေးပါတယ်တဲ့။
After exchanging pleasantries and words of mutual respect, Vacchagotta asked a question. "Venerable Sir, your reputation is immense. I hear people say that you know everything about others even while you are sitting or sleeping. They say your knowledge is boundless, that you know the affairs of others at all times. This report is spreading far and wide."
မွှေးပင် မွှေးငြားသော်လည်း သူတစ်ပါးက ဒါ မှန်ရာပြောတာလား၊ မတရားသဖြင့် စွပ်စွဲတာလားလို့ ပရိဗိုဇ်က မေးတယ်။ ဒကာ ဒကာမတို့ မှန်ရာကို ပြောတာလား၊ မတရားသဖြင့်ပဲ ဂုဏ်မြှောက်ပြီးသကာလ ပြောကြတာလားလို့ မေးတယ် (မှန်ပါ့ဘုရား)။
Vacchagotta continued: "Is this report true? Or are they accusing you falsely? Are they speaking the truth, or are they exaggerating your virtues unjustly?" (True, Sir).
မေးတဲ့အခါကျတော့ကွာတဲ့၊ ဒါ မတရားသဖြင့် ပြောတာပါ၊ ငါ့မှာ အိပ်နေလဲ အကုန်သိတယ်၊ ထိုင်နေလဲ အကုန်သိတယ်၊ သွားနေလဲ သူတစ်ပါးဟာတွေ အကုန်သိတယ်ဆိုတော့ မတရားသဖြင့် ငါ့ကို စွပ်စွဲတာပါ။
The Buddha replied: "That is a false accusation. They are misrepresenting me. Claiming I know everything while walking, standing, or sleeping is a false accusation."
ဒကာ ဒကာမတွေ (မှန်ပါ့)၊ ဘုရားအကုန်သိတယ်ဆိုတာ အိပ်နေလဲ အကုန်သိတယ်၊ စားနေလဲ အကုန်သိတယ်၊ ထိုင်နေလဲ အကုန်သိတယ်ဆိုတာ ဘုရားက ဘယ်လို ဖြေလိုက်ပါသလဲ (မတရားသဖြင့် စွပ်စွဲတာပါ) မတရားသဖြင့် စွပ်စွဲတာ၊ ငါမသိပါဘူးကွ...။
Consider this, Yogis. People think the Buddha knows everything—even while sleeping, eating, or sitting. But the Buddha rejected this. He said, "I do not know in that way." (True, Sir).
ခင်ဗျားတို့က ဘုရားအကုန်သိတယ်၊ အကုန်သိတယ်လို့ ထင်ပြီး နေကြတယ်၊ အိပ်နေလဲ သိတယ်၊ စားနေလဲ သိတယ်၊ ထိုင်နေလဲ သိတယ်ဆိုတော့ ဒကာ ဒကာမတွေ သိပါ့မလား (မသိပါဘုရား)၊ အိပ်နေတာ ဘဝင်စိတ်နဲ့ အိပ် နေတာ၊ ဘဝင်စိတ်ဆိုတာ ဘာတုံး ဒကာ ဒကာမတို့၊ ဇောစိတ် ဟုတ်ကြရဲ့လား (ဇောစိတ် မဟုတ်ပါဘူးဘုရား)၊ ဘဝင်စိတ်ဟာ ဘဝင်စိတ်ပဲလို့ မှတ်ကြ၊ အိပ်နေတဲ့စိတ် ဘာစိတ်ခေါ်ကြမလဲ (ဘဝင်စိတ်) ဇောစိတ်ကမှ သိတယ် (မှန်ပါ့)။
You might assume the Buddha knows everything at every second. But when He is asleep, does He know? (No, Sir). When sleeping, the mind is in the Life-Continuum state (Bhavanga). Is Bhavanga the same as the active impulsive mind (Javana)? (No, Sir). Mark this: The sleeping mind is just Bhavanga. Knowledge arises only with the active Javana mind. (True, Sir).
အဲဒီတော့ကိုတဲ့၊ ဘဝင်စိတ်နဲ့ ငါအိပ်နေတဲ့အခါ ငါအကုန်သိတယ်လို့ သွားနေလဲ အကုန်သိတယ်၊ စားနေလဲ အကုန်သိတယ်ဆိုတဲ့ ဥစ္စာဟာ ငါ့ကို မတရားသဖြင့် စွပ်စွဲကြတာပါကွာ...တဲ့၊ ဒီဥစ္စာမသိလို့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ စားနေလဲ အကုန်သိတယ်၊ အိပ်နေလဲ အကုန်သိတယ်ဆိုတာ ဘာတဲ့တုံး၊ ဘုရားက (မတရားသဖြင့် စွပ်စွဲ တာပါဘုရား)။
The Buddha clarified: "Claiming I know everything while walking, standing, or sleeping is a false accusation. I do not know in that way because I am not reflecting." Is that clear? (Yes, it is, Sir). So, what did the Buddha call that claim? (A false accusation, Sir).
မတရားသဖြင့် စွပ်စွဲတာ၊ မတရားသဖြင့် စွပ်စွဲတာပါကွာတဲ့၊ တကယ် ငါမသိဘူးတဲ့၊ ရိပ်မိကြပလား (မှန်ပါ့)၊ တကယ် ငါမသိပါဘူးတဲ့...မတရားသဖြင့် စွပ်စွဲတာပါတဲ့...။
He said, "I really do not know in that way... they are falsely accusing me." (True, Sir).
နို့ အရှင်ဘုရား ဒကာ ဒကာမတွေ အခုကြားထဲမှာ ဝင်ပြီးသကာလ စကားပြောရာမှာ အိပ်နေလဲ သူဟာ အလုံးစုံအကုန်မသိပါဘူး။ သဗ္ဗညုတဉာဏ်သည် အိပ်နေတုန်းမှာ ကိန်းပါသလားလို့ မေးလို့ရှိရင်ဖြင့် ဉာဏ်ဟာ ဉာဏ် ဇောစောမှ ကိန်းတယ်၊ အိပ်နေတုန်း ဘာမှမသိဘူးလို့ ဆုံးဖြတ်ချက် ချပါ၊ ရှင်းကြပလား (ရှင်းပါပြီဘုရား)။
Now, you might ask: "Does the Omniscient Knowledge (Sabbaññuta Ñāṇa) not exist within the Buddha while he sleeps?" You must decide that knowledge only exists when the cognitive process is active; while sleeping, there is no knowing. (Yes, Sir).
ဆွမ်းဘုဉ်းပေးနေတယ်၊ ကိုယ်တော်မြတ်ကြီး သူ့ဟာသူ ပစ္စဝေက္ခဏာ ဆင်ခြင်နေတာ သူများဟာတွေ သိပါ့ မလား (မသိပါဘုရား)။ အဲဒါကွာတဲ့ သွားလို့ရှိရင်လဲ သွားတဲ့စိတ်နဲ့ ငါသည် ဝိပဿနာအလုပ် လုပ်နေတယ်၊ သူများ ဟာတွေကို ဘယ်လိုသိလိမ့်မတုံးကွတဲ့၊ ငါ့အကြောင်းသာ ငါသိတာပေါ့။
Even when the Blessed One is eating alms-food, He is reflecting on the food (Paccavekkhana). Does He know the minds of others at that moment? (No, Sir). He says, "If I am walking, I am practicing Vipassana with the walking mind. How could I know the affairs of others? I only know my own process."
ဒီလိုဆိုတော့ ဦးသံဒိုင် မတရားသဖြင့် စွပ်စွဲတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါတယ်ဘုရား)၊ မတရား သဖြင့် စွပ်စွဲတယ်ဆိုတာ ဒကာ ဒကာမတွေ သိကြပလား (သိပါပြီ)၊ အိပ်နေရင် ဘုရားသိသလား (မသိပါဘုရား)၊ စားနေရင်ရော (မသိပါဘုရား)၊ သူတစ်ပါးစိတ်ကိုနော်၊ သူတစ်ပါးတို့၏ အားလုံးကုန်ဖြစ်စဉ်ကို မသိပါဘူး။
Does this clarify U Than Daing's point about "false accusation"? (Yes, Sir). Do you see it now? (Yes, Sir). Does the Buddha know while sleeping? (No, Sir). While eating? (No, Sir). He does not know the processes of others at those times.
အဲဒီလို မသိတာတွေ ဒကာ ဒကာမတွေက မှတ်ထားလိုက်တော့မှ “ေဩာ် - ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပင်လျှင် သိတယ်ဆိုတာ ဆင်ခြင်မှ သိတာကိုး”လို့ မှတ်ပါ (မှန်လှပါဘုရား)၊ ဦးသူတော်ကြီး ဘယ်လိုမှတ်သလဲ (ဆင်ခြင်မှ သိတာပါဘုရား)။ ဆင်ခြင်မှ သိတယ်ဆိုတာ သေသေချာချာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ မဆင်ခြင်ရင် ဘာမှမသိဘူး (မသိပါဘုရား)၊ မသိဘူးတဲ့၊ ဆင်ခြင်တယ်ဆိုတာ ပစ္စဝေက္ခဏာဇောလို့ မှတ်ကြစမ်းပါ (မှန်ပါ့)။
Once you understand this, realize: "Oh! Even the Buddha only knows when He reflects (Paccavekkhana)." (True, Sir). How does U Thu Daw understand it? (He knows only when He reflects, Sir). Determine this thoroughly. Without reflecting, He does not know. (No, Sir). Reflection means the Paccavekkhana Javana mind.
ဆင်ခြင်တယ်ဆိုတာ (ပစ္စဝေက္ခဏာဇောပါ) ပစ္စဝေက္ခဏာဇောကျမှ သိတယ်၊ ဒါလဲ တစ်ဦးတစ်ယောက်ကို စူးစူးစိုက်စိုက် ဆင်ခြင်မှသိတာ၊ အားလုံးသိတာမဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ချပါ (တင်ပါ့ဘုရား)။
He knows only when He directs His mind specifically. He does not know everything all at once without aiming the mind. Make this decision. (Yes, Sir).
ကိုင်း...ဒါဖြင့် အရှင်ဘုရားနာမည် တပည့်တော်တို့ ဘယ်လိုပေးရမှာတုံးတဲ့၊ သိတဲ့ကိုယ်တော်ကြီး၊ မသိတဲ့ ကိုယ်တော်ကြီး ဒီလို နာမည်ပေးရမှာလား၊ ပရိဗိုဇ်က ကတ်ကတ်သတ်သတ်မေးတယ် (မှန်ပါ့)။
"Then, Venerable Sir, how should we correctly describe you? Should we call you the 'Knowing One' or the 'Not-Knowing One'?" The Wanderer asked specifically. (True, Sir).
မမေးသင့်ဘူးလား သူမေးတာ (တင်ပါ့)၊ ပရိဗိုဇ်က ကတ်ကတ်သတ်သတ်မေးပြီးနေတော့ ငါ့နာမည်ဟာကွာတဲ့၊ တေဝိဇ္ဇပုဂ္ဂိုလ်ကြီးလို့ဆိုလို့ရှိရင် အဲဒါမှန်တယ်ကွ။
Wasn't it a sharp question? (Yes, Sir). Since he asked so precisely, the Buddha replied: "If you call me the One with the Threefold Knowledge (Tevijja), that would be correct."
တေဝိဇ္ဇပုဂ္ဂိုလ်ကြီးဆိုရင် မှန်တယ်ကွတဲ့၊ အိပ်နေလဲ သိတယ်၊ စားနေလဲ သိတယ်၊ ထိုင်နေလဲ သိတယ်၊ သွားနေလဲ သိတယ် ဆိုတာတော့ ငါဘုရားကို မတရားသဖြင့် စွပ်စွဲတာကွ၊ ဒါတော့ မသိဘူးတဲ့၊ ရှင်းကြပလား (ရှင်းသွားပါပြီ ဘုရား)။
"If you say I possess the Threefold Knowledge, you are speaking the truth. But saying I know while sleeping or eating is a false accusation. That, I do not know." Is that clear? (Yes, Sir).
ဘုရားက တရားအားလုံး အကုန်သိပေမယ့် အမြဲသိနေတာ မဟုတ်ဘူး၊ ဆင်ခြင်မှသိတာ၊ ခင်ဗျားတို့ရော အိပ်နေတော့ ဘာများသိတုံး (မသိပါဘုရား)၊ ဘဝင်စိတ်နဲ့ အိပ်တာကိုးဗျ (မှန်ပါ)၊ ဘုရားသခင်လဲ ကျိန်းနေတော့ ဘယ်စိတ်နဲ့ ကျိန်းတာတုံး (ဘဝင်စိတ်နဲ့ ကျိန်းပါတယ်ဘုရား)။ ဘယ်သိလိမ့်မတုံး...ဦးမာဒင်ရ (မှန်လှပါဘုရား)။
Although the Buddha can know all Dhamma, He does not know it continuously. He knows only when He reflects. And you, when you are asleep, what do you know? (Nothing, Sir). You are sleeping with the Bhavanga mind. Even the Buddha sleeps with the Bhavanga mind. How could He know, U Ma Din? (True, Sir).
ဒါဖြင့် အရှင်ဘုရား နာမည် တပည့်တော်တို့က ဘယ်လိုများ ပေးရမှာတုံး၊ ဘယ်လိုများ ကြည်ညိုရမှာတုံး၊ ဘယ်လိုများ ဆည်းကပ်ရမှာတုံးလို့ မေးတဲ့အခါကျတော့ “ငါ့ကို တေဝိဇ္ဇပုဂ္ဂိုလ်ကြီးလို့ဆိုလို့ရှိရင် မှန်တယ်ကွ” ရှင်းပလား (ရှင်းပါပြီ)၊ ဘာပုဂ္ဂိုလ်မှမှန်တယ် (တေဝိဇ္ဇပုဂ္ဂိုလ်မှ မှန်ပါတယ်)၊ တေဝိဇ္ဇပုဂ္ဂိုလ်ကြီးလို့ဆိုလို့ရှိရင် မှန်တယ်ကွ၊ ဒကာ ဒကာမတွေ ရိပ်မိပြီ (မှန်ပါ)။
So, if asked how to revere and describe the Buddha, the answer is: "It is correct to call Him the Tevijja Person." (Yes, Sir). What are these Three Knowledges?
တေဝိဇ္ဇပုဂ္ဂိုလ်ကြီးဆိုတာ ပုဗ္ဗေနိဝါသာ နုဿတိ ဉာဏ်နဲ့ ငါ အောက်မေ့လိုက်လို့ရှိရင်ဖြင့် ဒီအဘိညာဉ်ကို ဝင်စားပြီး ကြည့်လိုက်လို့ရှိရင်ဖြင့် ရှေးတုန်းက ရှေးဘဝတွေက ဘာဖြစ်ခဲ့တယ်၊ ဘာဖြစ်ခဲ့တယ်ဆိုတာ အဲဒီလို အဘိညာဉ် ဝင်စားကြည့်လိုက်တဲ့အခါ သိပါတယ်၊ လူတစ်ယောက်ကို အစအဆုံးသိတယ်၊ ရှေးအတိတ်တွေကို အကုန်ပြန်တွေးရင် သိတယ် (တင်ပါ့ဘုရား) အတိတ်တွေကို ပြန်တွေးရင် (သိပါတယ်ဘုရား)။
1. Pubbenivasanussati Ñāṇa: If I wish to look back, I can enter the absorption (Abhiññā) and see past lives. I can see what I was, what happened, from beginning to end. If I reflect on the past, I know it. (True, Sir).
ဒါ...ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဆိုတဲ့ဥစ္စာကို သမထအလုပ် လုပ်ပါဦးမှ သိမယ်ကွ၊ မလုပ်ရင် မသိပါဘူး၊ မသိဘူးဆိုတော့ ေဩာ်...သူ့ကိစ္စနဲ့သူ သိတာကိုးလို့ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချပါ (တင်ပါ့)၊ ဦးသံဒိုင် ရိပ်မိပလား (မှန်ပါ့)။
But to have this knowledge, one must practice Samatha. Without the work, one does not know. You must conclude: "Oh, He knows only regarding the specific task He attends to." (Yes, Sir). Do you grasp this, U Than Daing? (Yes, Sir).
နောက်ကွာတဲ့၊ ဒိဗ္ဗစက္ခု အဘိညာဉ်နဲ့ ဒီလူဟာ ဘယ်တော့သေလိမ့်မယ်၊ ဘယ်တော့ နာလိမ့်မယ်၊ ဘယ်တော့ အခါကျ တရားရလိမ့်မယ်၊ ဘယ်တော့အခါကျ ပျက်စီးလိမ့်မယ်ဆိုတာ ဒိဗ္ဗစက္ခုအဘိညာဉ် ဝင်စားပြီး ကြည့်လိုက် ပြန်လဲ သိပြန်တာပဲကွ။
2. Dibbacakkhu Ñāṇa: With the Divine Eye, if I enter the absorption and look, I can see when this person will die, when they will be sick, when they will attain Dhamma, or when they will be destroyed. I know this too.
ဒါဖြင့် ဒကာ ဒကာမတို့ ဆင်ခြင်မှ သိတာ (မှန်ပါ့)၊ မဆင်ခြင်ရင် (မသိပါ)၊ မဆင်ခြင်ရင် မသိဘူးဆိုတာ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ အလုံးစုံသိတဲ့ ကိုယ်တော်မြတ်ကြီးဆိုပြီး ခင်ဗျားတို့က ရမ်းကြည်ညိုမနေနဲ့ ဆင်ခြင်မှသိတယ် (တင်ပါ့ဘုရား)။
So, Yogis, He knows only when He reflects. (True, Sir). Without reflection? (He does not know). You must decide this. Don't just blindly revere Him as "The All-Knowing One" in a vague sense. He knows only when He reflects. (Yes, Sir).
ပြီးတော့ ငါသိတာ တစ်မျိုးရှိသေးတယ်ကွာ...တဲ့၊ အခု နှစ်ခုပြီးသွားပြီတဲ့၊ သုံးခုရှိတယ်၊ သုံးခုတော့ ငါသိတယ်၊ အာသဝေါတရားကုန်မည့် ဒီပုဂ္ဂိုလ်ကို အာသဝေါတရားကုန်အောင် ငါဘယ်လိုလုပ် ဟောရမယ်ဆိုတာ သိတဲ့ဉာဏ်၊ ငါ့ကိုယ်ငါ အာသဝေါတရားကုန်ဖို့ သိတဲ့ဉာဏ်လည်း ငါ့မှာရှိတယ်၊ သူတစ်ပါး အာသဝေါတရားကုန်ဖို့ ဟောနိုင်တဲ့ ဉာဏ်လဲ ငါ့မှာရှိတယ်။ အာသဝက္ခယဉာဏ်လဲ ငါ့မှာရှိတယ်ပေါ့လေ။
3. Asavakkhaya Ñāṇa: I have a third knowledge. I know how to teach so that a person's taints (Asava) are exhausted. I possess the knowledge of my own exhaustion of taints, and I possess the wisdom to teach others to exhaust theirs.
ဒါဖြင့် ဘုရားမှာ ဉာဏ်ဘယ်နှစ်ဉာဏ်ရှိသတုံး (သုံးဉာဏ်ရှိပါတယ်)၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်၊ ဒီဟာတွေတော့ ရှိပါတယ်ကွာ ဆိုပြီးသကာလ ဘုရားက အဖြေပေးလိုက်တယ်၊ သဘောကျရဲ့လား (ကျပါတယ်ဘုရား)။
So, how many knowledges does the Buddha have? (Three knowledges, Sir). Pubbenivasanussati, Dibbacakkhu, Asavakkhaya. "I possess these," the Buddha answered. Are you satisfied? (Yes, Sir).
ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဘုရားမှာရှိတယ် (တင်ပါ့)၊ ဒါလဲ ဆင်ခြင်မှနော် (မှန်ပါ့)။
ဒိဗ္ဗစက္ခုဉာဏ်ရော (ရှိပါတယ်ဘုရား)၊ ဒါလဲ ဒိဗ္ဗစက္ခုဉာဏ် အမြဲရှိနေသလား (မရှိပါဘုရား)၊ မရှိပါဘူး... သမထအလုပ်လုပ်မှ (မှန်ပါ့)၊ ထပ်ပြီးလုပ်ကြည့်ရမယ်၊ သဘောပါကြလား (မှန်ပါ့)၊ အာသဝက္ခယဉာဏ်ဆိုတာလဲ ပုဂ္ဂိုလ်ကို ရင့်တာ နုတာ ချိန်ပြီးတော့မှ ဟောနိုင်တဲ့ဉာဏ် ရှိပါတယ်။ နုနေလို့ရှိရင် ဟောဆိုလဲ မဟောပါဘူး (တင်ပါ့)၊ ဒကာ ဒကာမတို့ ဟောပါ့မလား (မဟောပါဘုရား)။
Does He have Pubbenivasanussati? (Yes, Sir). But only when reflecting. (True, Sir). Does He have Dibbacakkhu? (Yes, Sir). Is it always active? (No, Sir). Only when He performs the Samatha task. (True, Sir). And Asavakkhaya Ñāṇa means He has the wisdom to judge the maturity of a person and teach accordingly. If they are immature, He will not teach. (True, Sir).
ဒါဖြင့် ဘုရားကိုယ်တော်မြတ်ကြီးမှာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ်လို့ ဒီဉာဏ် သုံးခုတော့ရှိတယ်၊ အိပ်နေလဲ သိတယ်၊ စားနေလဲ သိတယ်၊ သွားနေလဲ သိတယ်ဆိုတာတော့ ငါ့ကို ကဲ့ရဲ့ကြတာကွ၊ ဒါ...ခင်ဗျားတို့လဲ ကဲ့ရဲ့တဲ့အထဲ မပါကြစေနဲ့။
So, the Buddha possesses these three knowledges. But the claim that He knows while sleeping or walking is a criticism against Him. Do not be among those who make false claims.
အကုန်သိတာလား၊ ဒီဉာဏ်တွေဝင်စားမှ သိတာလား (ဒီဉာဏ်တွေနဲ့ ဝင်စားမှ သိတာပါ) ဒီဉာဏ်တွေနဲ့ ဝင်စားမှ သိတယ်ဆိုတာ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချပါ။
ဒါတွေက ဗဟုသုတအတွက် ပြောတာပါ။ လိုရင်းပြောချင်တာက ဒါ...မဟုတ်သေးပါဘူးဆိုတာ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)၊ လိုရင်းက အလုပ်တရားကို ပြောချင်တာ၊ အလုပ်တရားက ဒီအထဲမှာ ပါနေတယ် (မှန်ပါ့)။
Does He know everything automatically, or only when He enters these specific knowledges? (Only when He enters these knowledges, Sir). Decide this firmly. I am telling you this for your general knowledge. But the main point I want to reach is not this. (True, Sir). The main point is the practice, which is contained in the next part of the story.
ဒါနဲ့ ဝစ္ဆဂေါတ္တပရိဗိုဇ်က ဆက်မေးပြန်တယ်၊ အရှင်ဘုရားတဲ့၊ တပည့်တော် အရှင်ဘုရားနဲ့ပဲ ချိန်ပြီးတော့ တပည့်တော်များ ဖြေကြားပေးပါ၊ “လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ ဒုက္ခအဖြစ်ဆုံး နိဗ္ဗာန်ရောက်ပါ့မလား”တဲ့။ ဒါမှ ပွိုင့် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ်)၊ ဒါကို သေသေချာချာ မှတ်ရမယ် (မှန်ပါ့)။
Vacchagotta continued his questioning: "Venerable Sir, please answer this comparing yourself to us. Can a householder attain the cessation of suffering—Nibbana—without abandoning the fetters of a householder?" This is the point. (True, Sir). Do you see it? (Yes, Sir). Mark this carefully.
လူဟာ သူ့သံယောဇဉ်မစွန့်ဘဲနဲ့ အာသဝေါတရားကုန်ရာ နိဗ္ဗာန်ရပါ့မလားလို့ မေးလိုက်တယ် (မှန်ပါ့)၊ မှတ်မိ ကြပလား (မှတ်မိပါပြီ)၊ ဘာတဲ့တုံး (လူဟာ လူ့သံယောဇဉ်မစွန့်ဘဲ နိဗ္ဗာန်ရပါ့မလားတဲ့)၊ အာသဝေါတရားကုန်တဲ့ နိဗ္ဗာန် ရပါ့မလားလို့ ပရိဗိုဇ်က မေးလိုက်တယ်၊ မှတ်မိကြပြီလား (မှန်ပါ့)။
He asked: Can a person attain the exhaustion of taints (Asava) and Nibbana without giving up their worldly attachments (Sanyojana)? (True, Sir). Do you remember the question? (Yes, Sir). What was it? (Can a householder attain Nibbana without abandoning householder fetters?)
ဒီဟာ အလုပ်နဲ့ ဒါမှ ကိုက်တယ်၊ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ အာသဝေါတရားကုန်ရာ နိဗ္ဗာန်ရောက်ပါ့ မလားလို့ မေးလိုက်တယ် ဦးမြရဲ့ (မှန်ပါ့)၊ မေးချက် မကောင်းဘူးလား (ကောင်းပါတယ်)၊ မေးချက် အင်မတန်ကောင်း တယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ။
This question strikes at the heart of the practice. Can one reach the end of suffering while holding onto worldly bonds? U Mya, isn't that a brilliant question? (It is, Sir). It is an excellent question.
သခင်ဝတင် ဒါတွေက ပွိုင့်၊ ခုနဟာကတော့ ဘုရားကို မှန်ကြောင်း မှားကြောင်းသိအောင်း ဘုန်းကြီးက ဟောနေတာပါ။
အဲဒီတော့ ဘုရားက အဖြေပေးလိုက်တယ်၊ မှတ်လိုက်စမ်းပါ၊ “လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ အာသဝေါတရား ကုန်ရာ ဒုက္ခ၏ ဆုံးရာ နိဗ္ဗာန် ဘယ်တော့မှ မရောက်ဘူးကွ” ဖြေပြီ (မှန်ပါ့ဘုရား)။
Thakin Wa Tin, these are the key points. The previous part was just to clarify the truth about the Buddha. Now, listen to the Buddha's answer: "No. A householder, without abandoning the fetters of a householder, can never attain the exhaustion of taints, the end of suffering, Nibbana." He has answered. (Yes, Sir).
ဖြေပုံ သဘောကျရဲ့လား (ကျပါတယ်ဘုရား)၊ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ (နိဗ္ဗာန်ဘယ်တော့မှ မရောက်ဘူး) အာသဝေါတရားကုန်ရာ ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ဘယ်တော့မှ မရောက်ဘူးတဲ့ (တင်ပါ့ဘုရား) သဘောပါပလား (ပါပါတယ်ဘုရား)၊ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဘယ့်နှယ်တုံး (နိဗ္ဗာန်ဘယ်တော့မှ မရောက်ပါဘုရား)။
Are you satisfied with the answer? (Yes, Sir). Without abandoning the fetters... (They will never reach Nibbana). They will never reach the cessation of suffering. (True, Sir). Do you grasp this? (Yes, Sir). Without giving up the fetters... (Never, Sir).
ဒါဖြင့် ဒီထဲမှာ ရောက်မည့်သူ ပါပါ့မလား...ဆိုတဲ့...ဘုန်းကြီးကလဲ ထူးထူးခြားခြား ဟောနေတယ်၊ ဒီထဲမှာ ဒကာ ဒကာမတွေကလဲ လူ့သံယောဇဉ်တွေနဲ့ ရောက်မည့်သူ တစ်ယောက်မှ မပါဘူးဆိုတဲ့ အဓိပ္ပာယ်တွေ ယူချင်ယူပစ်လိုက်မယ် (မှန်ပါ့)၊ မယူပေဘူးလား (ယူရမှာပဲဘုရား)။
Hearing this, you might despair. I am teaching you something quite severe here! You might conclude: "Then there isn't a single person among us laypeople who will reach Nibbana, as we are full of fetters." (True, Sir). Wouldn't you take it that way? (We have to, Sir).
ဟုတ်တယ်တဲ့၊ သံယောဇဉ်တွေမစွန့်ဘဲနဲ့ မရတာကတော့ဖြင့် အမှန်ပဲတဲ့ (မှန်ပါ့)၊ ဒကာ ဒကာမတို့ (မှန်ပါ့)၊ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရနိုင်ပါလား (မရနိုင်ပါ)၊ မရနိုင်ဘူးဆိုရင်ဖြင့် အခု တရားနာ ပရိသတ်မနည်းလှပါဘူး (မှန်ပါ့)၊ တစ်ယောက်မှ ရမည့်သူ မပါပါဘူးဆိုတာ သေချာပလား (သေချာပါတယ်)၊ သေချာတယ်တဲ့၊ အဲဒီတော့ ဘုန်းကြီးက ရှင်းပြပါ့မယ်၊ ခင်ဗျားတို့ ဘုန်းကြီးပြောတဲ့ စိတ္တာနုပဿနာ ကြိုက်ရင် စိတ္တာနုပဿနာလုပ် (တင်ပါ့)။
Indeed. It is true that without abandoning the fetters, one cannot attain it. (True, Sir). Yogis, is it possible? (Not possible, Sir). If it is not possible, then looking at this large audience... (True, Sir)... it seems certain that not a single one of you will attain it. (True, Sir). Wait. I will explain. If you prefer Contemplation of the Mind (Cittanupassana), then practice that. (Yes, Sir).
စိတ္တာနုပဿနာကြိုက်တော့ စိတ်ကို ရှုနေတယ်ဆိုလို့ ရှိရင်ဖြင့် စိတ်ကအနိစ္စ၊ စိတ်ကဖြစ်ပြီး ပျက်တော့ အနိစ္စပေါ့ဗျာ (မှန်ပါ့)၊ ရှုနေတဲ့ဉာဏ်ကလေးက မဂ္ဂဖြစ်လာတော့ ဒီအချိန်မှာ သံယောဇဉ်ကပြတ် (မှန်ပါ့)၊ ဒီအချိန်မှာ (သံယောဇဉ်ကပြတ်ပါတယ်ဘုရား)၊ အဲဒီပြတ်တဲ့အချိန်ကျတော့ ရတယ်၊ သဘောကျရဲ့လား (ကျပါတယ်ဘုရား)။
If you observe the mind, seeing that the mind arises and passes away, you are seeing Impermanence (Anicca). (True, Sir). The observing insight becomes the Path (Magga). At this precise moment, the fetters are severed. (True, Sir). At that moment... (The fetters are severed, Sir). When they are severed, you attain it. Are you satisfied? (Yes, Sir).
ဒါဖြင့် လုံးလုံးမရဘူးလားလို့ဆိုမလားဆိုတော့ အို...သံယောဇဉ်ပြတ်နေတဲ့အချိန်ကျတော့ ရတယ် (မှန်ပါ့)၊ ဒါကြောင့် ဦးသံဒိုင် အားရှိစရာပါ, ပါသေးတယ် (မှန်ပါ့ဘုရား)၊ အားရှိစရာပါ, ပါသေးတယ်၊ ဒကာ ဒကာမတွေ ဘာမှ မလျှော့နဲ့၊ အလုပ်သဘောနဲ့ ပြောလို့ရှိရင် အင်မတန် ရှင်းပါလိမ့်မယ် (မှန်ပါ့)၊ အလုပ်သဘောနဲ့ ပြောတော့ ခင်ဗျားတို့ မြင်ရ မမြင်ရတော့ မပြောတတ်ဘူး၊ ဒီထဲမှာ သဠာယတနဆိုတာ အာယတနခြောက်ခု (မှန်ပါ့)၊ စိတ်မပါ ဘူးလား (ပါပါတယ်ဘုရား)။
So, should we say "absolutely not"? Well, strictly speaking, at the moment the fetters are cut, you attain it. (True, Sir). Therefore, U Than Daing, there is still hope! (Yes, Sir). There is hope. Yogis, do not be discouraged. If we speak in terms of the practice, it becomes very clear. (True, Sir). I cannot say whether you physically see it or not, but within you, there are the Six Sense Bases (Salayatana). Is the mind included? (Yes, it is, Sir).
အဲဒီစိတ်ကို ဒီကနေပြီးသကာလ စိတ်ဖြစ်တိုင်း ပျက်တိုင်း ဒီကနေ ဉာဏ်ကလေးဆက်ပေး၊ ေဩာ်...ဖြစ်ပြီ ပျက်နေပြီ၊ ဖြစ်ပြီး ပျက်နေပြီဆိုတော့ ဒီသံယောဇဉ် လာသေးရဲ့လား (မလာပါဘုရား) တဏှာဥပါဒါန် ကံတွေ ဘယ့်နှယ်နေသလဲ (မလာပါ) ဒီအချိန်မှာ ရမယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။
When the mind arises and passes away, you must follow it with Insight Knowledge. "Oh, it has arisen and now it is gone." When you see it arising and vanishing, do the fetters come in? (No, Sir). Do Craving (Tanha), Clinging (Upadana), and Action (Kamma) arise? (No, Sir). In that moment, you will attain it. (True, Sir). Is it clear now? (Yes, Sir).
ဒါဖြင့် ဒကာ ဒကာမတို့ သံယောဇဉ်ဆိုတာ အမြဲတမ်းနေတဲ့တရားလား၊ အကြောင်းတိုက်ဆိုင်မှ ပေါ်တဲ့ တရားလားဆိုတာလဲ မေးပါဦး (မှန်ပါ့၊ တိုက်ဆိုင်မှ ပေါ်ပါတယ်)၊ တိုက်ဆိုင်မှပေါ်တယ်၊ အဲဒီတော့ ကျုပ်တို့က တိုက်ဆိုင်အောင် လုပ်တော့မယ် (မှန်ပါ့)၊ ဒီခန္ဓာထဲမှာရှိတဲ့စိတ်ကိုပဲ စိတ်ကြိုက် စိတ်၊ ဖဿကြိုက် ဖဿ၊ ဝေဒနာကြိုက် ဝေဒနာ သခင်ဝတင် ဒါဖြစ်ပျက်ရှုရင် ဟောဒီကနေပြီးတော့ ရှု၊ မရှုနိုင်ဘူးလား (ရှုနိုင်ပါတယ်ဘုရား)။
So, ask yourselves: Are fetters permanent, or do they only arise when conditions are met? (They arise only when conditions are met, Sir). They arise only when conditions are met. So, we will ensure the conditions [for wisdom] are met. (True, Sir). Within this body, observe the mind as it is. If it is mind, observe mind. If contact, observe contact. If feeling, observe feeling. Thakin Wa Tin, if you observe the arising and passing away right here, can't you do it? (We can, Sir).
ရှုနိုင်တဲ့အခါ ဒီဘက်က သံယောဇဉ် ဘယ့်နှယ်နေမတုံး တဏှာဥပါဒါန်၊ ဒီအချိန်ဟာ လုပ်သာလုပ်ရမယ် (မှန်လှပါ)၊ သဘောပါပလား (ပါပါတယ်ဘုရား)၊ ထောက်ပြတော့ ဒကာ ဒကာမတွေ မရှင်းသေးဘူးလား (ရှင်းပါတယ်)၊ ဒါဖြင့် လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလားဆိုတော့ အလုပ်မလုပ်တဲ့ပုဂ္ဂိုလ် မရဘူးကွ (မှန်ပါ့)၊ ဒီအဖြေ ထွက်လာတယ် (မှန်ပါ့)၊ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ဖြစ်ရင် (ရပါတယ်ဘုရား)။
When you are observing, what happens to the fetters, craving, and clinging on the other side? At this time, you simply must do the work. (True, Sir). Do you understand? (Yes, Sir). Does this clarify the issue? (Yes, Sir). So, regarding the question "Can a householder attain Nibbana without abandoning fetters?"—the answer is: The person who does not practice cannot attain it. (True, Sir). This is the answer that emerges. (True, Sir). But if one practices... (They can attain it, Sir).
ရနိုင်တယ်ဆိုတော့ ဒကာ ဒကာမတွေ တရားနာတာက သိဖို့နာတာပါ၊ အလုပ်လုပ်မှ ခင်ဗျားတို့ သံယောဇဉ် ပြတ်မယ် (မှန်ပါ့)၊ အလုပ်လုပ်တော့ကို သံယောဇဉ်ရှိနေရင်လဲ မဂ်မလာဘူး၊ မဂ်လာနေရင်လဲ သံယောဇဉ်မရှိဘူး၊ သဘောပါကြလား (ပါပါတယ်ဘုရား)၊ ဒီနေရာမှာ စိတ်ကလေးကို ဒီကနေ ဖြစ်ပျက်ရှုလိုက်တော့ ဒီဘက် သံယောဇဉ် ပြတ် မပြတ် ခင်ဗျားတို့ပဲ အကဲခတ်ပါ (ပြတ်ပါတယ်ဘုရား)။
You listen to the Dhamma to understand, but you must practice to sever the fetters. (True, Sir). When you practice, if fetters are present, the Path (Magga) cannot enter. If the Path enters, the fetters are not present. Do you understand? (Yes, Sir). When you observe the arising and passing of the mind, you can judge for yourself whether the fetters are cut or not. (They are cut, Sir).
ဒီကနေရာကနေပြီး မဂ်လာမှာကိုး (မှန်လှပါ)၊ မလာပေဘူးလား (လာပါတယ်ဘုရား)၊ မဂ်တော့ ဒီအဆက် ကလေး ဘယ့်နှယ်နေမလဲ (ပြတ်ပါတယ်ဘုရား)၊ ပြတ်သွားတော့ ဒါ သံယောဇဉ်ကင်း မကင်း (ကင်းပါတယ်) ထိုကဲ့သို့ ကင်းလို့ရှိရင်ဖြင့် ဘယ်မှာ မရဘဲရှိရမလဲ (မှန်ပါ့)။
Because the Path is entering at this spot. (True, Sir). Is it not? (It is, Sir). Then, what happens to the link in the chain? (It is severed, Sir). When it is severed, are you free from fetters? (Yes, Sir). If you are free, how could you not attain it? (True, Sir).
ဒါဖြင့် ဒီနေရာ မဂ်သွင်းနိုင်တဲ့ပုဂ္ဂိုလ် သခင်ဝတင် (ရမယ်) ဒီနေရာမှာ မဂ်မသွင်းနိုင်တဲ့ ပုဂ္ဂိုလ်ဆိုရင် (မရပါ)၊ မောင်ထွန်းရင် ရပါ့မလား (မရပါဘုရား)၊ ဦးမြကြီး ရပါ့မလား (မရပါဘုရား)၊ ရှင်းရဲ့လား ဦးညွန့်တို့ ရှင်းပလား (ရှင်းပါပြီဘုရား)၊ သံယောဇဉ်ပြတ်မပြတ်ဆိုတဲ့ဥစ္စာက ခင်ဗျားတို့ အလုပ် မလုပ်တဲ့ပုဂ္ဂိုလ်မှာ အနုသယ သဘောနဲ့ အမြဲကိန်းနေတယ်၊ သဘောကျပလား (မှန်ပါဘုရား)၊ အလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်ကျတော့ သံယောဇဉ် အနုသယ သဘောနဲ့ ကိန်းတဲ့ဥစ္စာသည် အာရုံကြောင့် ပေါ်နိုင်သေးရဲ့လားမေးရင် ဘယ့်နှယ်ဖြေကြမလဲ (မပေါ်နိုင်တော့ပါ ဘုရား)၊ မဂ်ဝင်နေရင် ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါ)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
Therefore, the person who can insert the Path at this point... (Will attain it). The person who cannot insert the Path... (Will not attain it). Will Maung Htun Yin attain it? (No, Sir). Will U Mya Gyi attain it? (No, Sir). Is it clear, U Nyunt? (Clear, Sir). Regarding whether the fetters are cut or not: In a person who does not practice, the fetters exist as Latent Defilements (Anusaya)—they are always dwelling there. Do you accept this? (Yes, Sir). But for the person who is practicing, regarding those latent defilements—can they arise when the object appears? How will you answer? (They cannot arise anymore, Sir). If the Path (Magga) is present, can they arise? (No, Sir). Is that clear? (Clear, Sir).
ကောင်း - ဒါဖြင့် လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ ဒုက္ခချုပ်တဲ့နိဗ္ဗာန်ရပါ့မလားလို့ ဒကာ ဒကာမတွေ မေးပြီ၊ ရပါ့မလား (မရပါဘုရား)၊ အလုပ် လုပ်လိုက်ပြန်လို့ရှိရင်တော့ (ရနိုင်ပါတယ်) ဒါဖြင့် နှစ်နည်းရှိနေတာပဲ၊ ဒကာ ဒကာမတွေ ဘာရှိနေသလဲ (နှစ်နည်းရှိပါတယ်)၊ အဲဒါ ခင်ဗျားတို့ ဒီဝစ္ဆဂေါတ္တပရိဗိုဇ်ကို အတော်ကျေးဇူးတင်ဖို့ ကောင်းတယ်၊ မေးချက် သိပ်ကောင်းတယ်၊ မေးချက်က လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခချုပ်တဲ့နိဗ္ဗာန် ရောက် ပါ့မလားမလားလို့ သူက မေးလိုက်တယ် (မှန်ပါ့)။
Good. So, the Yogis asked: "Can a householder attain the cessation of suffering without abandoning householder fetters?" Can they? (No, Sir). But if they do the work... (They can, Sir). So there are two ways. What are they? (Two ways, Sir). You should be very grateful to the Wanderer Vacchagotta. His question was excellent. He asked if one could reach the Nibbana where suffering ceases without abandoning the fetters. (True, Sir).
ဘုရားက ဘယ့်နှယ်ဖြေတုံးဗျ (မရောက်ပါ) မရောက်ဘူးကွ၊ ဘာရောက်မတုံး၊ စိတ္တပစ္စယာ တဏှာ၊ ဖဿပစ္စယာ (တဏှာ) ဒေဝနာပစ္စယာ (တဏှာပါဘုရား)၊ ဒီမှာ အလုပ်က မလုပ်ဘဲကိုး၊ ဒီနေရာ အလုပ်လုပ်ရမယ့်နေရာ အလုပ် မလုပ်ဘူး၊ သဘောပါပလား (ပါပါတယ်ဘုရား)၊ အလုပ်လုပ်ရမယ့် နေရာကို (အလုပ် မလုပ်ပါဘုရား)၊ အလုပ် လုပ်လိုက်လို့ရှိရင် စိတ္တပစ္စယာ တဏှာလာသေးသလား၊ စိတ္တပစ္စယာ မဂ္ဂေါလို့ ဆိုမလား (စိတ္တပစ္စယာ မဂ္ဂေါဆိုပါတယ် ဘုရား)။
And how did the Buddha answer? (They cannot reach it). They cannot. Why? Because the cycle goes: Dependent on Mind, Craving arises (Citta-paccaya Tanha); Dependent on Contact, Craving arises; Dependent on Feeling, Craving arises. This is because there is no practice. In the place where work should be done, no work is done. Do you understand? (Yes, Sir). In the place where work is needed... (No work is done, Sir). But if you do the work, does Mind cause Craving? Or do we say Dependent on Mind, the Path arises (Citta-paccaya Maggo)? (We say Citta-paccaya Maggo, Sir).
မဂ်ကလာမယ်၊ ဒါဖြင့် ရရမယ် (မှန်ပါ့)၊ မရပါနဲ့ဆိုလို့ (မရပါဘုရား)၊ ဒီလိုဆိုလို့ရှိရင် ခုတင်က ဝစ္ဆဂေါတ္တ ပရိဗိုဇ် မေးလိုက်တာ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလားဆိုတာ ဒီလိုလည်နေရင် မရဘူးပြောတာ၊ ဒီလိုပြတ်သွားလို့ရှိရင် (ရပါ့မယ်) ဆိုတော့ ဒါက သက်သေခံ မလုံလောက်သေးဘူးလား (လုံလောက်ပါတယ်ဘုရား)။
The Path will arise. Then you must attain it. (True, Sir). Even if you say "may I not attain it," you will. (True, Sir). So, when Vacchagotta asked if a householder could attain Nibbana without abandoning fetters, the specific meaning is: If the cycle spins like this [towards Craving], you cannot. If you sever it like this [with the Path], you can. Is this not sufficient evidence? (It is sufficient, Sir).
အဲဒါ ဒကာ ဒကာမတွေက ေဩာ်...ငါ့မှာ ပါရမီမရှိဘူးဆိုတာ ပါရမီစခန်းကို ဒီမှာ ရုပ်သိမ်းလိုက်တော့ (မှန်ပါ့) အလုပ်လုပ်ရင် ပြတ်တာပဲ (မှန်ပါ့)၊ အလုပ်လုပ်ရင် (ပြတ်ပါတယ်ဘုရား)၊ ဘုရားပစ္စေကဗုဒ္ဓါ လက်ဝဲရံ၊ လက်ယာရံ အသီတိရှစ်ကျိပ်သာ ပါရမီလိုတယ်၊ ခင်ဗျားတို့က ဒါ ဖြတ်ရင်ရတယ် (မှန်ပါ့)၊ သာဝကတွေက ဒါဖြတ်ရင် ရတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ လုပ်ကြစမ်းပါလို့ ဒကာ ဒကာမတို့ တွန်းပေးနေ တယ် (မှန်ပါ့)၊ မတွန်းသင့်ဘူးလား (တွန်းသင့်ပါတယ်ဘုရား)။
*You are confusing yourselves by thinking, "Oh, I lack the spiritual perfections (Paramis)..." You must put an end to this talk about Paramis right here and now. (Yes, Sir). If you do the work, the cycle terminates. (True, Sir). If you work, it breaks. Only the Omniscient Buddha and his Chief Disciples needed to fulfill vast Paramis for aeons. For you, the Disciples (Savakas*), it is enough if you simply sever the link right here. (True, Sir). Is that clear? (Yes, it is, Sir). Do you see it? (We see it, Sir). I am urging you to work. Should I not urge you? (You should, Sir).
ခင်ဗျားတို့က တွန်းတယ်ဆိုရင် ရှေ့သွားမလား၊ နောက်ပြန်ဆုတ်မလား မေးရမယ် ဒီဥစ္စာ (မှန်ပါ့ဘုရား) မမေးလို့ရှိရင် ဒီဒကာရင်း ဆရာရင်းတွေဟာ ပျော့တော့တော့ ဖြစ်နေမှာပေါ့ (မှန်ပါ့)၊ မဟုတ်ပါဘူးဆိုရင် ဒီဆက် (တင်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဝေဒနာပစ္စယာ (တဏှာ)၊ တဏှာပစ္စယာ (ဥပါဒါနံ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါ) ဟောဒီဆက်ပြီ၊ ကမ္မဘဝပစ္စယာ (ဇာတိ) ဇာတိပစ္စယာ (ဇရာမရဏပါဘုရား)။
If I push you, I must ask: Will you move forward or will you retreat? (We will move forward, Sir). If I do not press you, my close disciples might become lax and soft. (True, Sir). If you agree, then look at the sequence: Vedanā-paccayā (Taṇhā). Taṇhā-paccayā (Upādānaṃ). Upādāna-paccayā (Kamma-bhavo). Here, the connection is made! Kamma-bhava-paccayā (Jāti). Jāti-paccayā (Jara-maraṇa, Sir).
ဒါဟာ ခင်ဗျားတို့ ဘုန်းကြီးတွန်းလို့မှ မလိမ့်လို့ရှိရင် အဝိုင်းကြီးရစ်ကြပေတော့ (တင်ပါ့)၊ ဒကာ ဒကာမတို့ ဘုန်းကြီးက ဒီနေရာဖြတ်ဆိုတဲ့နေရာ ခင်ဗျားတို့ မဖြတ်ဘူး၊ ဒီနေရာကနေ သံယောဇဉ်စွန့်ရမှာကိုး၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒီနေရာကနေ သံယောဇဉ် စွန့်ရမယ် (မှန်ပါ့)။
If you do not move when I push, you will simply spin around in the great cycle. (Yes, Sir). I tell you Yogis to cut at this specific point, yet you do not cut. This is exactly where you must abandon the Fetters (Samyojana). Do you see it? (Yes, we see it, Sir). You must abandon the Fetters right here. (True, Sir).
အဲဒါကြောင့် ဒကာ ဒကာမတွေ ငါတို့မဂ်ကို ရထိုက်တဲ့ပုဂ္ဂိုလ် ဟုတ်-မဟုတ် ဘယ်သူ့မှ မေးမနေနဲ့၊ ဒီနေရာမှာ ဝိပဿနာမဂ်ဝင်လို့ရှိရင် ဝိပဿနာမဂ် ရင့်လာရင် လောကုတ္တရာမဂ် ဖြစ်ရတဲ့နေရာ (မှန်ပါ့)၊ ခင်ဗျားတို့ သံသယရှိဖို့ မလိုဘူး၊ သဘောကျပလား (ကျပါတယ်ဘုရား)၊ အဲဒီတော့ကို ဝေဒနာနဲ့ တဏှာမကူးဖို့၊ ဖဿနဲ့ တဏှာမကူးဖို့၊ စိတ်နဲ့တဏှာ (မကူးဖို့ပါဘုရား)။
Therefore, do not go around asking others, "Am I a person worthy of the Path?" If Insight Knowledge (Vipassana Magga) enters at this point and matures, the Supramundane Path (Lokuttara Magga) will inevitably arise. (True, Sir). You need not doubt this. Do you grasp the meaning? (Yes, Sir). So, do not let Feeling (Vedana) cross over into Craving (Tanha). Do not let Contact (Phassa) cross into Craving. Do not let Mind cross into Craving. (Yes, Sir).
မကူးရင် ပြီးတာပဲ၊ မကူးအောင် ဘာလုပ်ရမလဲဆိုတော့ စိတ်က ဖြစ်ပျက်ဆိုလို့ရှိရင် ဒီက ရှုမိတဲ့မဂ်ကလေး လိုက်ပေးလိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီဘုရား)၊ ဖဿက ဖြစ်ပျက်၊ ဖြစ်ပြီးပျက်တယ်ဆိုရင် ရှုမိတဲ့ မဂ် ကလေး ဒီကလိုက် (မှန်ပါ့)၊ ဖဿကြိုက်တဲ့လူက ဖဿရှုလိုက်ပေါ့လေ၊ ဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ်က ဝေဒနာရှုလိုက် လို့ရှိရင်ဖြင့်တဲ့၊ ဒီကရှုတဲ့ မဂ်ကလေး ဒီလိုက်-လိုက်၊ သံယောဇဉ်တွေ...ဘယ့်နှယ်နေမလဲ (ပြတ်သွားပါတယ်ဘုရား)။
If it doesn't cross over, the task is finished. How do you prevent it from crossing? When a mind state arises and passes away, follow it immediately with the observing Path Knowledge. (True, Sir). Do you understand? (Yes, Sir). If Contact (Phassa) arises and passes away, follow it with the observing Path. If you are a person sensitive to Contact, observe Contact. If you are sensitive to Feeling, observe Feeling. If the observing Path follows closely behind... what happens to the Fetters? (They are cut off, Sir).
ဒါဖြင့် လုပ်ရင် ပြတ်တယ် (မှန်ပါ့)၊ မလုပ်ရင် ဦးမြ (မပြတ်ပါဘုရား)။ ေဩာ်...သံယောဇဉ်တွေက များလွန်း လို့ဘုရား၊ တပည့်တော်တို့အတွက်တော့ ခက်ပါသေးရဲ့ဆိုတာ သူမလုပ်ဘူးပြောတာ ရိပ်မိပလား (ရိပ်မိပါပြိ)၊ လုပ်မယ် ပြောတာလား၊ မလုပ်ဘူးပြောတာလား (မလုပ်ဘူးပြောတာပါဘုရား)။
So, if you practice, it breaks. (True, Sir). If you don't practice, U Mya? (It will not break, Sir). Some say, "Oh, the Fetters are too strong... it is difficult for us." Do you realize they are effectively saying they won't work? (We realize it, Sir). Are they saying they will work, or they won't? (They are saying they won't work, Sir).
မလုပ်ရင် အဝိုင်းပြေး ပြေးပြီပေါ့ဗျ၊ ဒီက ၁ - လာတော့ ၂ - မရောက်ပေဘူးလား (ရောက်ပါတယ်ဘုရား)၊ ၂ - ကနေပြီး မလုပ်တော့ ၃ - မရောက်ပေဘူးလား (ရောက်ပါတယ်)၊ ၃ - ကနေ ၄ (ရောက်ပါတယ်)၊ ၄ - ကနေ ၁-ပြန်မယ်၊ ကဲ ဒကာ ဒကာမတို့ ဘယ့်နှယ်လုပ်ကြမလဲ၊ ဒီလိုပဲ အဝိုင်းပြေးတော့မလား၊ အဝိုင်းပြေးတာ ထွက်ပေါက် ပါသေးရဲ့လား (မပါပါဘုရား)၊ ဒါ ဘယ်လိုပုဂ္ဂိုလ်ဟာ အဝိုင်းပြေးရတာတုံးမေးရင် ဘယ့်နှယ်ပြောကြမလဲ (အလုပ် မလုပ်တဲ့ပုဂ္ဂိုလ်ဟာ အဝိုင်းကြီးပြေးရတယ်)။
If you don't work, you will run in circles. From Section 1, won't you arrive at Section 2? (We will, Sir). From Section 2, if you don't practice, won't you arrive at Section 3? (We will). From 3 to 4. From 4, you return to 1. How will you handle this, Yogis? Will you keep running in circles? Is there any exit while running in circles? (No exit, Sir). If asked what kind of person runs in circles, what will you say? (The person who does not work runs in circles).
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ အလုပ်လုပ်မှုသာလျှင် ပဓာန (မှန်ပါ့)၊ ဆုတောင်းပဓာနမဟုတ် (မှန်လှပါ ဘုရား)၊ ဆုတောင်းက ဒီကနေတောင်းလဲ မရဘူး၊ ပြတ်တာမှ မဟုတ်ဘဲကိုး၊ ပြတ်ရပါလို၏သာ ဆုတောင်းတယ်၊ ပြတ်တဲ့အလုပ်ကို လုပ်ရဲ့လား (မလုပ်ပါ)၊ ဒါဟာ ငှက်ပျောတုံးကြီးလား၊ ပြတ်စေသတည်း အလယ်ကပြတ်စေသတည်း ဓားနဲ့မခုတ်နဲ့နော် (မှန်ပါ့)၊ အလယ်က ပြတ်စေသတည်း၊ အလယ်ပြတ်စေသတည်း ကဲ...ဒကာ ဒကာမတွေပဲ ဆုံးဖြတ်ချက်ချ (မပြတ်ပါဘုရား)။
Therefore, for all Yogis, the work itself is the essence. (True, Sir). Prayer is not the essence. (True, Sir). You cannot pray for the cycle to break. It isn't severed by asking. You pray, "May it be severed," but do you do the work of severing? (No, Sir). Is this Samsara a banana tree? You cannot chop it with a metal knife saying, "May it be cut in the middle! May it be cut!" You must decide for yourselves, Yogis. (It won't break, Sir).
မပြတ်ဘူး၊ ဦးမြရော (မပြတ်ပါဘုရား)၊ ဘာဖြစ်လို့တုံး (လက်တွေ့မဖြတ်လို့)၊ ဖြတ်တတ်တဲ့ ဓားနဲ့မဖြတ်လို့ (မှန်ပါ့)၊ ဒါကြောင့် မဂ်ဓားနဲ့ ဒီကနေ ဖြတ်လိုက်မယ်ဆိုရင် သခင်ဝတင် ဘယ့်နှယ်နေမလဲ (ပြတ်ပါတယ်ဘုရား)၊ ပြတ်တယ်ဆိုတော့ ပါရမီ လိုသလား၊ လုပ်တဲ့အလုပ် လိုသလား (လုပ်တဲ့အလုပ် လိုပါတယ်ဘုရား)၊ အဲဒါကြောင့် ဘုရားဆုပန်ရင် ပါရမီလိုတယ်၊ လက်ဝဲရံ လက်ယာရံ ဆုပန်ရင် ပါရမီလိုတယ်၊ အသီတိရှစ်ကျိပ်ဖြစ်ချင်ရင် (ပါရမီ လိုတယ်)၊ ပစ္စေကဗုဒ္ဓါ ဖြစ်ချင်ရင် (ပါရမီ လိုပါတယ်)။
It won't break. And you, U Mya? (It won't break, Sir). Why? (Because we don't cut it in practice). You aren't using the knife that knows how to cut. (True, Sir). If you sever it right here with the Knife of the Path (Magga), Thakin Ba Tin, what happens? (It breaks, Sir). So, do you need Paramis, or do you need the Work? (We need the Work, Sir). That is why, if you vow for Buddhahood, you need Paramis. If you vow to be a Chief Disciple, you need Paramis. If you want to be one of the Eighty Great Disciples? (You need Paramis). If you want to be a Pacceka Buddha? (You need Paramis).
အဲဒီပါရမီပြောတာဟာ ခင်ဗျားတို့ ဆုတ်နစ်တဲ့စိတ်ပေါ်ဖို့ ပြောနေတာ၊ ဒီအထဲ ဘုရားအလောင်းတစ်ယောက်မှ မပါဘူး၊ ပါကြရဲ့လား (မပါပါ)၊ ဦးအောင်ဇံဝေကြီး ဘုရားဆုများ ပန်သေးသလား (မပန်ပါဘုရား)၊ မပန်ပါဘူး၊ မပန်ဘူး တော်သေးတယ်၊ ကောင်းပြီတဲ့ ဒါဖြင့် ဒကာ ဒကာမတို့ သေသေချာချာလဲ နားထောင်ပါဆိုတော့ ေဩာ်... လူဟာ လူ့သံယောဇဉ်မပြတ်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလားလို့ဆိုတော့ ဘုရားဖြေတာနော်၊ ဒီသံယောဇဉ် ဆက်သွားလို့ ရသေး ရဲ့လား (မရပါဘုရား)၊ သူ့ပဋိစ္စသမုပ္ပါဒ်နဲ့ သူမကိုက်ဘူးလား (ကိုက်ပါတယ်) ဆက်သွားရင်တော့ (မရပါ)၊ ဖြတ်လိုက် ရင်တော့ (ရပါတယ်ဘုရား)။
I mention these Paramis only to prevent thoughts of retreat from arising in your minds. There are no Bodhisattas (future Buddhas) in this audience. Are there? (No, Sir). U Aung Zan Wai, are you vowing for Buddhahood? (No, Sir). You are not. Good. Listen carefully. Some wonder, "Can one attain Nibbana without cutting human attachments?" The Buddha answered this. If these attachments continue, is it possible? (No, Sir). Does it match the law of Dependent Origination? (It matches, Sir). If it continues, then? (We cannot attain Nibbana). If we cut it? (We can, Sir).
ဒါဖြင့် ခင်ဗျားတို့ ဒီဟာကိုမူတည်ပြီး သိပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါတယ်)၊ ဒီဟာကို မူတည်သိ၊ ဘယ်သူ ပြောတာမှ မယုံနဲ့၊ ဒါ ခင်ဗျားတို့ဖြစ်စဉ်၊ သဘောကျပလား (မှန်ပါ့)၊ ခင်ဗျားတို့ဖြစ်စဉ်ကို ခင်ဗျားတို့ ဆရာ ဘုန်းကြီးပေးတဲ့ဉာဏ်နဲ့ နည်းပေးတဲ့ ဉာဏ်နဲ့သာဖြတ်၊ မရမရှိဘူး (မှန်ပါ့)၊ ကဲ...ဘယ်သူပြောတာ ယုံကြမတုံး၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ပြတ်မပြတ်ကို အကဲခတ်ကြမလား (မှန်ပါ အကဲခတ်ပါမယ်) ပြတ်မပြတ်ကို အကဲခတ်ရမယ်၊ သဘောပါပလား (ပါပါပြီဘုရား)။
Base your understanding on this. (True, Sir). Do you see? (Yes, Sir). Base it on this mechanism. Do not blindly believe anyone else. This is your own process. Do you agree? (Yes, Sir). Sever your own process using the wisdom I have taught you. There is no such thing as "cannot be done." (True, Sir). So, whose words will you believe? Will you assess whether your own Dependent Origination is broken? (Yes, Sir, we will assess it). You must assess whether it is broken or not. Do you grasp this? (Yes, Sir).
သူများပြောတာ ယုံမလား၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ပြတ် မပြတ် ဆုံးဖြတ်ချက်ချမလား (ကိုယ့်ပဋိစ္စသမုပ္ပါဒ်နဲ့ ကိုယ်ဆုံးဖြတ်ချက်ချပါမယ်)၊ ဒါဖြင့် နိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်ဟာ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ပြတ်လို့ ရောက်တာ (မှန်ပါ့)၊ မပြတ်ဘဲနဲ့ (မရောက်ပါဘူး)၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ ဘုရားဖြစ်ချင်တဲ့အတွက် ပါရမီတွေ ဖြည့်လိုက်တာက တော့ဖြင့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပေါ့နော် ပဋိစ္စသမုပ္ပါဒ်၊ ပြတ်တဲ့အလုပ်တော့ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ အရုဏ် တက်မှလုပ်ရတယ် (တင်ပါ့ဘုရား)၊ အဲဒီတော့ ဘုရားဖြစ်သွာတးယ် (မှန်ပါဘုရား)။
Will you believe hearsay, or will you decide based on whether your own Dependent Origination is severed? (We will decide based on our own Dependent Origination). Those who attained Nibbana did so because their Dependent Origination was severed. (True, Sir). Without severing it? (They could not attain it). The Omniscient Buddha fulfilled Paramis for four Asankheyyas and a hundred thousand aeons because he wanted to be the Buddha. But the actual work of severing Dependent Origination was done only at dawn, under the Bodhi tree, on the Vajira Throne. (True, Sir). Only then did he become the Buddha. (True, Sir).
ဟိုဟာတွေက အကူအညီသာဖြစ်တယ်၊ တကယ်ပြတ်တာက သူ့မဂ်ကဖြတ်ပေးတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ်)၊ ဒါဖြင့် ဘုရား ဘာ့ကြောင့်ဖြစ်သတုံး၊ ပဋိစ္စသမုပ္ပါဒ် ၂-က ၃-မကူးလို့ ဘုရားဖြစ်တယ်၊ ရိပ်မိပလား (ရိပ်မိပါတယ်) ဘုရား ဘာ့ကြောင့် ဖြစ်သတုံး (၂-က ၃-မကူးလို့ဖြစ်တာ) ၃-က ၃-မကူးလို့ ဘုရားဖြစ်တာ။
The Paramis were merely supporting factors. The actual severing was done by his Path Knowledge (Magga). (True, Sir). Do you realize this? (Yes, Sir). Why did he become the Buddha? Because Section 2 did not cross over to Section 3. Do you see? (Yes, Sir). Why did he become the Buddha? (Because 2 did not cross to 3). Because 3 did not cross to 3, he became the Buddha.
သောတာပန် ဖြစ်ချင်တော့ရော (နှစ်က သုံးမကူးလို့ ဖြစ်တာ)၊ သကဒါဂါမ်ဖြစ်ချင်ရော (နှစ်က သုံးမကူးလို့ ဖြစ်တာ)။ ကုန်ရောပေါ့ဗျာ...၊ စကားကုန်နေပြီ မကုန်သေးဘူးလား (ကုန်ပါပြီ)။
How does one become a Stream Enterer (Sotapanna)? (Because 2 did not cross to 3). A Once-Returner (Sakadagami)? (Because 2 did not cross to 3). That concludes it. Is the argument finished? (Yes, Sir).
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သူများပြောတာကို မယုံနဲ့၊ ဒါ ခင်ဗျားတို့ခန္ဓာ (မှန်ပါ့)၊ ဘုန်းကြီး ပြောတာတောင် ချင့်ယုံ၊ ကိုယ့်ခန္ဓာက ဒါ ကိုယ့်ခန္ဓာသည် ပဋိသန္ဓေနေတယ်၊ နာမ်ရုပ်ပေါ်တယ်၊ သဠာယတနဆိုတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ပေါ်တယ် (မှန်ပါ့)၊ ဖဿပေါ်တယ်၊ ဝေဒနာပေါ်တယ်၊ တဏှာမကူးစေနဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
Therefore, Yogis, do not blindly trust what others say. This is your own Aggregate (Khandha). (True, Sir). Even when I speak, verify it. This is your Khandha taking rebirth; Mind and Matter arise; the Sense Bases—eye, ear, nose, tongue, body, mind—arise. (True, Sir). Contact arises. Feeling arises. Do not let it cross to Craving. (True, Sir). Is that clear? (Yes, Sir).
တဏှာကူးရင်တော့ဖြင့် မရဘူး၊ တဏှာမကူးဘဲနဲ့ ဒီတိုင်းနေရင် မဂ်ကဝင်ပြီး သကာလ ဝိပဿနာမဂ်နဲ့ ဝင်ဖြတ်ပါ၊ ရ-မရ (ရပါတယ်ဘုရား)။
If it crosses to Craving, you are lost. To prevent Craving from crossing, stay right here and sever it with Insight Knowledge (Vipassana Magga). Is it possible? (It is possible, Sir).
ဒါဖြင့် ခင်ဗျားတို့ သူတစ်ပါးဟောတာ ယုံမလား၊ ကိုယ့် ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တာကို အတည်ပြုမလား (ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တာကို အတည်ပြုရမှာပါဘုရား)။
So, will you believe what others preach, or will you confirm the severing of your own Dependent Origination? (We must confirm the severing of our own Dependent Origination, Sir).
ဘယ်သူ့မှ မယုံနဲ့ဗျ၊ ကိုယ့်ဝမ်းနာ ကိုယ်အသိဆုံး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒကာ ဒကာမတွေ ဘယ်သူပြောတာတုံး၊ ကိုယ့်ဟာကိုယ်ပြောတာ ရှင်းပလား (ရှင်းပါပြီ)၊ အားလုံး ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ကွင်းကွင်းကွက်ကွက် ပေါ်ရဲ့လား (ပေါ်ပါတယ်) ကိုယ့်အဖြစ်ဆိုးကို ကိုယ်အသိဆုံး။
Believe no one else. You know your own belly ache best. (True, Sir). Do you see? (Yes, Sir). Who is telling you this? You are telling it to yourselves. Is that clear? (Clear, Sir). Is it vivid in your wisdom? (Yes, Sir). You know your own unfortunate state best.
ဒကာ ဒကာမတို့ “ဝေဒနာပစ္စယာ” ဝေဒနာက ခင်ဗျားတို့က ဥပမာ ဝက်သား ကြက်သား စားလိုက်တယ် ဆိုတော့ သုခဝေဒနာ ပေါ်မှာပေါ့ဗျာ (မှန်ပါ့)၊ နောက်ဝယ်ဦးဟေ့ ဆိုတဲ့ တဏှာမလာဘူးလား (လာပါတယ်ဘုရား)၊ ဆက်ပေါ့၊ သံယောဇဉ် စွန့်သေးရဲ့လား (မစွန့်ပါဘုရား)။ ဒါဖြင့် ဝေဒနာက္ခန္ဓာနောက်က သင်္ခါရက္ခန္ဓာဆိုတဲ့ တဏှာ မလိုက်ဘူးလား (လိုက်ပါတယ်)၊ တဏှာလိုက်တော့ “တဏှာပစ္စယာ ဥပါဒါနံ”ဆိုတာက ခင်ဗျားတို့က တောင့်တရ တာလား၊ ဓမ္မနိယာမပေါ်တာလား (ဓမ္မနိယာမကြောင့် ပေါ်တာပါ) ဓမ္မနိယာမကြောင့် ပေါ်တာ (မှန်ပါ့)၊ “ဥပါဒါန ပစ္စယာ ကမ္မဘဝေါ”ဆိုတဲ့ ကာယကံ၊ ဝစီကံက နောက်ဝယ်ဦးကွယ်၊ ချက်ဦးကွယ်ဆိုတာဘာတုံး...ကမ္မဘဝတဲ့၊ သဘောကျပလား (ကျပါပြီ)၊ နောက်ဝယ်ပါဦး၊ ချက်ပါဦးလို့ ကာယကံနဲ့ရော မသွားကြဘူးလား (သွားပါတယ်ဘုရား)၊ ဝစီကံနဲ့ရော မမှာကြဘူးလား (မှန်ပါတယ်ဘုရား) မှာတာကို ဘာဆိုကြမလဲ (ကမ္မဘဝပါ)၊ ကမ္မဘဝဆိုတာ သေချာ ပလား (သေချာပါတယ်ဘုရား)။
Yogis, look at "Vedanā-paccayā." For example, you eat pork or chicken, and pleasant feeling (Sukha Vedana) arises. (True, Sir). Then comes the thought, "Buy more next time!" Does Craving (Tanha) not follow? (It follows, Sir). The cycle continues. Have you abandoned the Fetter? (No, Sir). So, following the Aggregate of Feeling, does the Aggregate of Mental Formations—Craving—not follow? (It follows). When Craving follows, "Taṇhā-paccayā Upādānaṃ" occurs. Is Clinging (Upadana) something you deliberately ask for, or does it arise due to Natural Law (Dhamma Niyama)? (It arises due to Natural Law). It arises because of the Law. (True, Sir). Then comes "Upādāna-paccayā Kamma-bhavo." This is Bodily Action and Verbal Action: "Buy more later," "Cook this again." What is this? This is Kamma-bhava. Do you agree? (Yes, Sir). You go and act with your body, don't you? (Yes, Sir). You give orders with your speech, don't you? (True, Sir). What do we call that ordering? (Kamma-bhava). Are you certain it is Kamma-bhava? (Certain, Sir).
ဒါဖြင့် ကမ္မဘဝလုပ်ထားတဲ့ပုဂ္ဂိုလ်ဟာ သေသည်၏ အခြားမဲ့၌ ဇာတိရမှရပါ့မလား (ရပါတယ်ဘုရား)၊ ဟိုမြှ အစပ်က ပြတယ်၊ ဆက်သွားပြီ၊ ဒီမြှားကလေးက နှစ်ဖက်ဆက်ပြီကွ၊ မြှားပြတ်သေးရဲ့လား (မပြတ်ပါ)၊ အဲဒီတော့ကို ဒကာ ဒကာမတို့ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန် မရဘူးဆိုတဲ့အဖြေကိုလဲ ဟောဒီစပ်လို့ရှိရင် မရဘူးပြောတာ (မှန်ပါ့ဘုရား)။
If one has performed Kamma-bhava, will Rebirth (Jati) not inevitably follow immediately after death? (It will follow, Sir). The arrow in the diagram points to it. It connects. The arrow connects both sides. Is the arrow broken? (Not broken). So, when the Buddha said, "Without abandoning human attachment, one cannot attain Nibbana," he meant that if you connect these links, you cannot attain it. (True, Sir).
ဦးမြ ဝေဒနာနဲ့တဏှာစပ်ရင် (မရပါဘုရား)၊ ဖဿနဲ့ တဏှာစပ်ရင် (မရပါဘုရား)၊ စိတ်နဲ့တစှာစပ်ရင်ရော (မရပါဘုရား)၊ မရဘူးတဲ့၊ ကဲ...ဘုန်းကြီးကပဲ တာဝန်ခံပါတယ်၊ ဒကာ ဒကာမတို့ မစပ်အောင် ဟောဒီက နေပြီး သကာလ ဒါတွေ ပေါ်တိုင်း ပေါ်တိုင်း အနိစ္စရှုပါ၊ ရှုလို့ရှိရင် ဒါနဲ့ ဒါက မစပ်ဘဲနဲ့ အဆက်ပြတ်တယ်၊ ပြတ်ခဲ့ရင် ဒီနေရာကနေပြီးတော့ မရဘူးလား (ရပါတယ်)၊ ပြတ်-မပြတ်သာ အကဲခတ်စမ်း (ပြတ်ပါတယ်)၊ ဒါဖြင့် နိဗ္ဗာန်ရမယ် (မှန်ပါ့ဘုရား)။
U Mya, if Feeling connects with Craving? (No attainment, Sir). If Contact connects with Craving? (No attainment, Sir). If Mind connects with Craving? (No attainment, Sir). I guarantee this: To prevent the connection, whenever these phenomena arise, observe Impermanence (Anicca). If you observe, the link between this and that is severed. If it is severed right here, is Nibbana not attained? (It is attained). Just assess whether it is severed or not. (It is severed). Then you will attain Nibbana. (True, Sir).
ဘယ့်နှယ်ကြောင့် နိဗ္ဗာန်ရသတုံးဆိုတော့ တဏှာ၊ ဥပါဒါန်က ကိလေသဝဋ်၊ ကံက ကမ္မဝဋ် (မှန်ပါ့)၊ ဒီဘက် ဇာတိ ဇရာ မရဏ (ဝိပါကဝဋ်)၊ ဝဋ်သုံးပါး ကျွတ်သွားပြီ (မှန်ပါ့)၊ မရပေဘူးလား (ရပါတယ်)၊ ဒါဖြင့် သူများပြော ယုံမလား၊ ခင်ဗျားတို့ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တာ ယုံမလား (ကိုယ်ဖြတ်တာ ကိုယ်ယုံပါတယ်)၊ ဘာဆုမှတောင်း မနေနဲ့၊ ဒါချည်း ဖြတ်နေရင်ရတာပဲ (မှန်ပါ့)၊ ဘာဆုမှ မတောင်းနဲ့၊ တပည့်တော် မြန်မြန်ကြီး နိဗ္ဗာန် ရရပါလို၏ တောင်း...မရဘူး။
Why is Nibbana attained? Craving and Clinging are the Round of Defilements (Kilesa Vatta). Action is the Round of Kamma (Kamma Vatta). (True, Sir). On this side, Rebirth, Aging, and Death are the Round of Results (Vipaka Vatta). The Three Rounds represent the cycle. If you cut here, the Three Rounds are shattered. (True, Sir). Is it not attained? (It is attained). So, will you believe others, or will you trust your own cutting of Dependent Origination? (We trust our own cutting). Do not waste time praying for boons. If you just keep cutting this, you get it. (True, Sir). Do not pray. If you pray, "May I attain Nibbana quickly," without cutting... will you get it? (No, Sir).
မြန်မြန်ကြီး နိဗ္ဗာန်ရ ရပါလို၏ဆိုပြီး တောင်းရင် (မရပါဘုရား) ဘာဖြစ်လို့လဲ ဖြတ်မှမဖြတ်ဘဲနဲ့ ရနိုင်ပါ့ မလား (မရပါဘုရား)၊ ဒကာ ဒကာမတို့ ကျေနပ်ကြပလား (ကျေနပ်ပါပြီ) ဒါဖြင့် ဒကာ ဒကာမတွေ ဆုတောင်းနဲ့ အလုပ် ဘယ်ဟာကို အဓိကထားကြမလဲ (အလုပ်ကို အဓိက ထားရမယ်)၊ အလုပ် အဓိကထားရင် ဒီနေရာမှာ မဆက်စေနဲ့ (မှန်ပါ့)၊ ဦးထွန်းအောင်ကြီး သဘောကျပလား (ကျပါပြီ)၊ သေသေချာချာ သဘောကျပြီနော် (မှန်ပါ့)၊ ကောင်းပြီ ဒကာ ဒကာမတို့၊ ဒါ သူများ ပြောတာလား၊ ကိုယ့်ခန္ဓာက ဒီလိုဖြစ်နေတာလား (ကိုယ့်ခန္ဓာက ဒီလိုဖြစ်နေ တာပါ)၊ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်တာက ငါပဋိစ္စသမုပ္ပါဒ်အစ သိလာလို့ ဘုရားဖြစ်တယ်၊ ပဋိစ္စသမုပ္ပါဒ် ဆုံးအောင်ဖြတ်နိုင်လို့လဲ ငါဘုရားဖြစ်တယ်ကွ ဆိုပြီးတော့ ပဋိစ္စသမုပ္ပါဒ်အစ သိတော့ကို အဝိဇ္ဇာ အကြောင်း သူကောင်းကောင်း သိတယ် (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ်အဆုံး သိတော့ အဝိဇ္ဇာဆုံးရင် ချုပ်တာပဲဆိုတော့ ဖြစ်ပျက်ရှုတဲ့မဂ်ဟာ အဝိဇ္ဇာချုပ်တယ် (မှန်ပါ့)၊ မချု့်ဘူးလား (ချုပ်ပါတယ်ဘုရား)။
Why? Because without cutting, is it possible to attain it? (Impossible, Sir). Are you convinced, Yogis? (Convinced, Sir). So, between prayer and work, which will you make primary? (We must make work primary). If work is primary, do not let the link connect here. (True, Sir). U Tun Aung, do you agree? (Agreed, Sir). You understand thoroughly, yes? (Yes, Sir). Good. Is this just hearsay, or is it happening in your own body? (It is happening in our own body). The Omniscient Buddha became the Buddha because he understood the beginning of Dependent Origination, and he declared, "I have become the Buddha because I can sever Dependent Origination at its end." Knowing the beginning means he understood the cause, Ignorance (Avijja). (True, Sir). Knowing the end means realizing that when Ignorance ceases, the cycle ceases. The Insight Path that observes Arising and Passing Away extinguishes Ignorance. (True, Sir). Does it not extinguish it? (It does, Sir).
အဝိဇ္ဇာချုပ်တော့ အင်း...ပဋိစ္စသမုပ္ပါဒ် ငါအစ သိတယ်၊ ချုပ်တဲ့နေရာလဲ သိတယ်၊ ဒါကြောင့် ငါသည်ကား လို့ဆိုရင် “ဝိဓူပယံ တိဋ္ဌတိ မာရသေနံ”ဆိုပြီး ဒီ ကိလေသမာရ်တွေ ငါအောင်လို့ ဟောဒီနေရာမှာ ငါဘုရားဆိုတာ ဒါပဲကွလို့ ငါ့ ခန္ဓာငါးပါးဟာ ဒါဘုရားပဲ (မှန်လှပါဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဒကာ ဒကာမတို့ ဒါဖြတ်လို့ ဘုရားဖြစ်သွားတာ (တင်ပါ့)၊ ဒီအဝိဇ္ဇာကလဲ ဒီကနေရှုလိုက်တော့ ဝိဇ္ဇာမဖြစ်ဘူးလား (ဖြစ်ပါတယ်ဘုရား)။
When Ignorance ceases... "Ah, I know the beginning of Dependent Origination, and I know where it ceases." Therefore, realizing "vidhūpayaṃ tiṭṭhati mārasenaṃ" (scattering the forces of Mara), he declared, "I have conquered the Defilements! Right here, I am the Buddha!" He realized his Five Aggregates were the Buddha. (True, Sir). Do you see? (Yes, Sir). He became the Buddha by cutting this. (Yes, Sir). When you observe from here, does Ignorance not turn into Wisdom (Vijja)? (It does, Sir).
ဝိဇ္ဇာဖြစ်တော့ ဒီကတဏှာ ဥပါဒါန် လာသေးရဲ့လား (မလာပါဘုရား)၊ ဒါဖြင့် ဘုရား၊ ဘုရား ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်မတုံးလို့ မေးလို့ရှိရင် ပါရမီ ၁၀-ပါး၊ အပြား-၃၀ စွန့်ခြင်းကြီး ၅-ပါး စတဲ့ ဘုရားဖြစ်ကြောင်း တရားတွေ ဖြည့်ကျင့်ခဲ့ပြီး ပဋိစ္စသမုပ္ပါဒ်ပြတ်လို့ ဘုရားဖြစ်တာ (မှန်ပါ့ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။
When Wisdom arises, do Craving and Clinging still come? (No, Sir). If one asks, "Why did he become the Buddha?" He fulfilled the Ten Perfections, the Thirty Variations, and the Five Great Sacrifices to support his Enlightenment, but he became the Buddha because he severed Dependent Origination. (True, Sir). Do you see? (We see, Sir).
ခင်ဗျားတို့က ပါရမီဆယ်ပါး အပြား ၃၀ ကြောင့် ဘုရားဖြစ်တာ၊ ပဋိစ္စသမုပ္ပါဒ်မပြတ်လို့ရှိရင် မြတ်ဘုရားကလဲ ကျုပ်တို့လို အဝိုင်းပြေးပဲ သွားမယ် (မှန်ပါ့)၊ ဒီ့ပြင် သွားစရာ ရှိသေးရဲ့လား (မရှိပါဘုရား)။
You say he became Buddha due to the Perfections. But if the Buddha had not severed Dependent Origination, he would have run in circles just like us. (True, Sir). Is there anywhere else to go? (No, Sir).
ဒါဖြင့် ဦးမြ ပါရမီဆယ်ပါး အပြားသုံးဆယ်က ဝေးသောအကြောင်း (မှန်ပါ့)၊ နီးသောအကြောင်းက ဒီနေရာက ဖြတ်တဲ့မဂ်လို့ မှတ်လိုက်စိမ်းပါ (မှန်လှပါဘုရား)၊ ရှင်းပလား (ရှင်းပါပြီ) မဂ်ကို ခင်ဗျားတို့ အခု သာသနာတွင်းရှိတုန်း ဘုန်းကြီးပြောနေတာ၊ ဒီအဆက်ကို ဖြတ်နိုင်တယ် (တင်ပါ့)၊ နောက် ဘုန်းကြီးတို့လို ပုဂ္ဂိုလ်တွေ သေသွားလို့ရှိရင် ဒီအဆက် ဖြတ်ပေးမယ့်သူ မရှိဘူး (မှန်ပါ့ဘုရား)။
Therefore, U Mya, the Ten Perfections and Thirty Variations are the distant cause. (True, Sir). The proximate cause is the Path Knowledge (Magga) that cuts right here. Mark this well. (True, Sir). Is that clear? (Clear, Sir). I am telling you about the Path while the Buddha's Sasana (teaching) is still available. You can cut this link. (Yes, Sir). Later, when monks like us pass away, there will be no one left to show you how to cut this link. (True, Sir).
ဦးမြ (မှန်ပါ့)၊ ရှိပါ့မလား (မရှိပါဘုရား)၊ မရှိတော့ဘူး၊ မရှိတော့ ဘာကျန်နေမတုံး၊ ဆုတောင်းသမား ကျန်ရစ် နေမယ်၊ ဟောဒီ တဏှာနဲ့ တောင်းတဲ့ဆုတောင်းသမား ကျန်နေရစ်မယ် (မှန်ပါ့)၊ တောင်းရင် ပြည့်တာပဲဆိုတာက ခင်ဗျားတို့ လူ့ပြည်၊ နတ်ပြည် ပြည့်တယ် (မှန်ပါ့)၊ သဘောကျရဲ့လား (ကျပါတယ်ဘုရား)။
U Mya? (Yes, Sir). Will there be anyone? (No one, Sir). There will be no one. When there is no one left, what remains? Only the "prayer-mongers" will remain. Those who pray with Craving will be left behind. (True, Sir). They say, "If you pray, it will be fulfilled." Well, you might get the Human Realm or the Deva Realm. (True, Sir). Do you agree? (Yes, Sir).
ဗြဟ္မာ့ပြည်တောင်းရင် မရဘူး (မှန်ပါ့)၊ သမထလုပ်မှ ဗြဟ္မပြည်ကိုရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ) အာသဝေါကုန်တဲ့နိဗ္ဗာန်ကို ဒကာ ဒကာမတွေက သေသေချာချာ စဉ်းစားပါ ဒီမဂ်မပါဘဲနဲ့ ဒီအာသဝေါ ကုန်ပါ့မလား (မကုန်ပါဘုရား)။
But if you pray for the Brahma Realm, you won't get it. (True, Sir). You only get the Brahma Realm if you practice Samatha. (True, Sir). Do you understand? (Yes, Sir). Yogis, consider carefully regarding the Nibbana where Taints (Asavas) are extinguished. Without this Path Knowledge (Magga), can the Taints be exhausted? (They cannot, Sir).
ဒီပဋိစ္စသမုပ္ပါဒ်ကို မြင်ကြရဲ့လား ခင်ဗျားတို့ အဝေးက (မြင်ရပါတယ်)၊ ကဲ...ဒါဖြင့် ဒကာ ဒကာမတွေ အဖြေပေးာကပါ၊ နိဗ္ဗာန်ဆိုတာ ဆုတောင်းတဲ့အလုပ်လား၊ ပဋိစ္စသမုပ္ပါဒ် ပြတ်မှရမှာလား (ပဋိစ္စသမုပ္ပါဒ်ပြတ်မှ ရပါတယ်ဘုရား)၊ ဒါကို ထိပ်သံမှုနဲ့စွဲသလို မှတ်ထားပါ (မှန်ပါ့)၊ မပြတ်ရင် ဘယ်သူမှ မရရဘူး (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)၊ မပြတ်ရင် (ဘယ်သူမှ မရပါဘုရား)။
Do you see this Dependent Origination from a distance? (We see it, Sir). So, answer me, Yogis: Is Nibbana a task of praying, or is it attained only by severing Dependent Origination? (Only by severing Dependent Origination, Sir). Mark this as if driven by a sledgehammer. (True, Sir). If it is not severed, no one can attain it. (True, Sir). Do you agree? (Yes, Sir). If not severed? (No one can attain it, Sir).
ဘယ်သူမှ မရဘူးဆိုတာ ဆင်ခြေ လဲချင်လဲကြဦး (မလဲပါဘုရား)၊ ကောင်းပြီတဲ့၊ ဒါဖြင့် ဒကာ ဒကာမတို့ လိုရင်း အကြောင်းကိုဖြင့် ကောင်းကောင်းသိပြီ၊ ဒီနေ့ည (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ကောင်းပြီ ဒါဖြင့် လူဟာ လူ့သံယောဇဉ်မဖြတ်ဘဲနဲ့ နိဗ္ဗာန်ရောက်ပါ့မလား (မရောက်ပါဘုရား)။
"No one can attain it." You can make excuses if you want. (We will not, Sir). Good. So, you have grasped the root cause very well tonight. (Yes, Sir). Do you agree? (Agreed, Sir). Good. So, can a person attain Nibbana without cutting human attachment? (No, Sir).
လူဟာ လူ့သံယောဇဉ်တွေ၊ သားတွေ၊ သမီးတွေ၊ ဆွေတွေ၊ မျိုးတွေ၊ ရွှေပုံ၊ ငွေပုံ၊ စိန်ပုံတွေထဲမှာ ထိုင်နေပါ၊ ဒီအလုပ်သာ လုပ်ပါတဲ့၊ ထိုင်တာက တစ်ခြား ရတာကတစ်ပုံ ဖြစ်ပါလိမ့်မယ် (မှန်လှပါဘုရား)၊ သဘောကျပလား (ကျပါပြိ)၊ ဇောတိကတို့ ရွှေပုံထဲက ရတာပါ (မှန်ပါ့ဘုရား)၊ မရဘူးလား (ရပါတယ်ဘုရား)၊ ရွှေပုံထဲကရတယ်။
A person can sit amidst human attachments—midst sons, daughters, relatives, piles of gold, piles of silver, piles of diamonds. Just do this work! Sitting is one thing; attaining is another. It will happen. (True, Sir). Do you agree? (Yes, Sir). Jotika the Treasurer attained it amidst a pile of gold. (True, Sir). Did he not? (He did, Sir). He got it from within the gold pile.
သူဋ္ဌေးသမီးတွေ ၇-နှစ်အရွယ် သောတာပန် တည်ကြတယ်ဆိုတော့ အိမ်ထောင်တောင် မကျသေးဘူး၊ ရွှေပုံ ပေါ်မှာ နေတုန်းမှာ (မှန်ပါ့)၊ မနေဘူးလား (နေပါတယ်)၊ အဲဒီပုဂ္ဂိုလ်တွေ မရဘူးလား ရသလား (ရပါတယ်)၊ ဒါပြတ်တာ (တင်ပါ့ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)၊ ဒီနေရာ မဂ်ပေါ်ရင်တော့ဖြင့် (ရပါတယ်)၊ ရမှာပဲဆိုတာ သေချာပလား (သေချာပါတယ်ဘုရား)၊ ေဩာ်...တပည့်တော်တို့က ခက်တယ်ဘုရား သားနဲ့၊ မယားနဲ့၊ ဆွေနဲ့၊ မျိုးနဲ့ အစကလွဲ လာတော့ နိဗ္ဗာန်တော့ဖြင့် တပည့်တော်တို့ ဝေးပေါ့လို့ မျက်ရည်မကျနဲ့။
Identify the daughters of millionaires who became Stream Enterers at the age of seven; they weren't even married yet, still living on piles of gold. (True, Sir). Were they not? (They were, Sir). Did those people attain it or not? (They attained it). They severed it. (Yes, Sir). Do you see? (We see, Sir). If the Path arises at this point... (They attain it). Is it certain? (It is certain, Sir). "Oh, it is difficult for us, Sir. With sons, wives, relatives... we have been wrong from the start, so Nibbana is far away." Do not weep saying this.
ဒကာ ဒကာမတွေ မျက်ရည်ကျချင်ကြသေးလား (မကျပါဘုရား)၊ မကျနဲ့၊ ဒါ မလုပ်ဖြစ်ရင်တော့ မျက်ရည် ကျပါ၊ ရှင်းကြပလား (မှန်ပါ့)၊ ဒီနေရာမှာ ဖြစ်ပျက်ကို ဒီကနေ ရှုတဲ့မဂ်မလာရင်တော့ မျက်ရည်ကျပါ၊ အိမ်လယ်မှာ သားနဲ့သမီးနဲ့၊ ဆွေနဲ့မျိုးနဲ့၊ ရွှေပုံငွေပုံတွေနဲ့ အလယ်မှာနေလို့တော့ မျက်ရည်မကျပါနဲ့၊ ရပါတယ် (မှန်ပါ့ဘုရား)၊ သဘောပါလား (ပါပါတယ်ဘုရား)။
Yogis, do you still want to weep? (No, Sir). Do not weep. If you fail to do this work, then you should weep. Is that clear? (Yes, Sir). If the Path that observes Arising and Passing Away does not arise at this point, then indeed, weep. But do not weep just because you are sitting in the middle of your house, surrounded by sons, daughters, relatives, and gold. You can attain it. (True, Sir). Do you grasp the meaning? (Yes, Sir).
သံယောဇဉ် ပြတ်မပြတ်ဆိုတာက ခင်ဗျားတို့အထင်က တောကျောင်း၊ တောင်ကျောင်းနေမှ ဒီလိုထင်နေတယ်၊ ရှိတဲ့ပစ္စည်းတွေ အကုန်စွန့်မှ ဒါမှ သံယောဇဉ်က ပြတ်မှာကိုးဆိုတော့ ခင်ဗျားတို့ဟာက လွန်လွန်းနေတယ်။ မလုပ်ချင် တဲ့အထဲမှာမဖြတ်နိုင်တာကလေး ဆင်ခြေလဲနေတယ်၊ အင်မတန် ဆိုးရွားမနေဘူးလား (တင်ပါ့ဘုရား)။
Regarding whether attachments are cut or not: You mistakenly think, "I must live in the forest or mountains; I must abandon all property to break the Fetters." You are going to extremes to make excuses for not practicing. Is this not terribly wrong? (It is, Sir).
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ခင်ဗျားတို့ ဘာတွေဝတ်ပြီး ဘာတွေစားနေနေနော်၊ သန္တတိ အမတ်ကြီးတို့ ဗောင်းနားတောင်းတွေထဲကနေ ရဟန္တာဖြစ်ပါတယ် (မှန်ပါ့)၊ သန္တတိအမတ်ကြီးဟာ ဘုရားကျောင်းတော် သွားတော့ ဝန်ကြီးအဆင့် အဆောင်အရွက်တွေ အကုန်ပါတယ် (မှန်ပါ့)၊ ဒီတာ ဖြတ်ချလိုက်တာပဲ၊ အဲဒီမှာ အဝတ်တွေ ဆင်ပြီး ပြင်ပြီး စိန်တွေ ရွှေတွေနဲ့ နိဗ္ဗာန်ရောက်သွားတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
Listen, Yogis. No matter what you wear or what you eat: Minister Santati attained Arahantship while wearing his ministerial headdress and earrings. (True, Sir). When Santati went to pay homage to the Buddha, he wore the full regalia and insignia of a minister. (True, Sir). He simply severed it right there. He attained Nibbana decked out in clothes, diamonds, and gold. Do you see? (We see, Sir).
ဒါ ...လျှော့ဈေး ဟောတာလား၊ ဖြစ်စဉ်အတိုင်း ဟောတာလား (ဖြစ်စဉ်အတိုင်း ဟောတာပါဘုရား)၊ အဲဒီတော့ ခင်ဗျားတို့က ဘာမှဆင်ခြေမလဲနဲ့၊ ဒီနေရာကလေး ဖြစ်ပျက်မရှုမိမှာ တစ်ခုသာစိုးရိမ်၊ ဒီမှာပေါ်တဲ့စိတ်တွေ ပေါ့ဗျာ (မှန်ပါ့)၊ ဖြစ်ပျက် မရှုမိမှသာ (စိုးရိမ်) စိုးရိမ်ရမယ်ဆိုတော့ ဦးမာဒင် ပေါ်ပလား (ပေါ်ပါပြီဘုရား)။
Am I offering you a discount, or am I teaching you the natural truth? (You are teaching the natural truth, Sir). So, make no excuses. Your only anxiety should be missing the observation of Arising and Passing Away. I refer to the mind states arising here. (True, Sir). You should only be anxious about not observing them. U Ma Din, do you see? (I see, Sir).
တပြည့်တော်က တည်ထောင်ထားတာ မနည်းပါဘူး ဘုရား၊ ကိုယ့်အရှုပ်က အင်မတန်ကြီးနေတယ်၊ သူ့ဟာက နဂိုက ညည်းချင်ချင်၊ မလုပ်ချင်ချင်၊ ဒီအထဲ ဘုန်းကြီးကို တစ်ခါတည်း ဆင်ခြေလဲလိုက်တဲ့အခါကျတော့ ဟုတ်သားပဲ ဒကာကြီးဟာ အစကလွဲလာတာ ကျုပ်လဲ မတတ်နိုင်ဘူး၊ ဒီအသံကြားချင်တာ (မှန်ပါ့ဘုရား)၊ မဟုတ်ဘူး၊ ဒီတော့ တတ်နိုင်တာပြောချင်တာ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
"I have established so much, Sir. My entanglements are huge." Originally, he didn't want to do it, just wanted to complain. But when the monk blocks his excuses, he realizes, "It's true. I've been wrong from the start." I can't help that. He just wanted to hear his own voice. (True, Sir). No... I want to tell you what is actually possible. Do you see? (We see, Sir).
ဦးမြကလဲ အလုပ်တွေ ပြန့်နေလို့ ဘုရားလို့လို့ ခင်ဗျား ဆင်ခြေမလဲနဲ့တော့၊ လဲဦးမလား (မလဲပါဘုရား)၊ မလဲနဲ့၊ မလဲနဲ့၊ ဒီနေရာသာ ဖြတ်ဖို့ အရေးကြီးနေတယ်၊ ၂-က ၃-ကို (မကူးဖို့ပါ)၊ ဟောဒီ ၂-က ၃-မကူးလို့ရှိရင် ဘုရားလဲဖြစ်ပါတယ်၊ သောတာပန်၊ သကဒါဂါမ်ရော (ဖြစ်ပါတယ်)၊ အနာဂါမ်ရဟန္တာရော (ဖြစ်ပါတယ်) ပေါ်ပလား (ပေါ်ပါပြီ)။
U Mya, do not make excuses saying, "My work is too scattered." Will you still make excuses? (I will not, Sir). Do not. Do not. It is critical strictly to cut at this place: from Section 2 to Section 3. (Do not let it cross). If Section 2 does not cross to Section 3, one becomes a Buddha. A Sotapanna, a Sakadagami? (Yes, Sir). An Anagami, an Arahant? (Yes, Sir). Do you see? (We see, Sir).
ဒါဖြင့် သောတာပန်နဲ့ သကဒါဂါမ်က ဒကာ ဒကာမတွေ ဒါကလေးပြတ်တာပဲ ထူးကြတယ် (မှန်ပါ့ဘုရား) သဘောပါကြပလား (ပါပါတယ်ဘုရား)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆရာသမားကောင်းနဲ့လဲ တွေ့နေတော့ ေဩာ်-တို့အရေးဟာ ဒီနေရာမဂ်ဝင်ဖို့ အရေးဟာ အကြီးဆုံးပဲ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီဘုရား)။
So, the distinction of Sotapanna and Sakadagami lies in the cutting of this specific link. (True, Sir). Do you understand? (Yes, Sir). Yogis, having met a good teacher, realize this: "Oh, the most important thing is for the Path (Magga) to enter at this point." (True, Sir). Do you see? (Yes, Sir).
ဒီနေရာမှာ (မဂ်ဝင်ဖို့အရေးကြီးတယ်) မဂ်ဝင်တော့ ဒီမြှားကလေးဟာ အကုန်ပြတ်သွားပြီ၊ မပြတ်သေးဘူး လား (ပြတ်ပါပြီ)၊ ပြတ်တော့ ဒီကြိုးကလေးကြည့်၊ ဒီကြိုးကလေးက ဒါနဲ့ပြတ်ပါပြီဆိုပြီး ဒီဘက်လှည့်ပြတယ်၊ “ဝေဒနာ နိရောဓာ တဏှာနိရောဓော နိဗ္ဗာနံ”ဘက် လှည့်ပြတယ် (မှန်လှပါ)၊ မပြဘူးလား (ပြပါတယ်ဘုရား)။ ဦးမြကြီး ကျေနပ်ရဲ့လား (ကျေနပ်ပါတယ်ဘုရား)။
It is crucial for the Path to enter here. When the Path enters, this arrow is completely severed. Is it not? (It is severed, Sir). When it is severed, look at this wire. It says, "It is severed from this," and points this way: towards Vedanā-nirodhā Taṇhā-nirodho Nibbānaṃ. (True, Sir). Does it not show this? (It shows this, Sir). U Mya, are you satisfied? (Satisfied, Sir).
ဒါဖြင့် ပြတ်တဲ့အခါကျတော့လဲ ဒီနေရာကနေပြီး နိဗ္ဗာန်ရောက်တာပဲ၊ မပြတ်လို့ရှိရင် ဝေဒနာပစ္စယာ တဏှာ ဆိုပြီး ဒီပြန်ပတ်တာပဲ (မှန်ပါ့)၊ ဒီကြိုးကလေးဟာလေ၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒီကြိုးကလေး သာမညကြိုး မဟုတ်ဘူး၊ ဆက်ချင်ရင် ဒီဘက်သွားကွ၊ ပြတ်ချင်ရင် ဒီဘက်လှည့်ကွ...ဒါပြောတာပဲ ဒကာ ဒကာမတွေ (တင်ပါ့ ဘုရား)။
So, when it is severed, one reaches Nibbana from this very point. If it is not severed, Vedanā-paccayā Taṇhā—it loops back again. (True, Sir). Look at this wire. Do you see? (We see, Sir). This is no ordinary wire. It tells you: "If you want to connect, go that way. If you want to sever, turn this way." This is exactly what I am telling you, Yogis. (Yes, Sir).
အေး...ဦးသူတော်ကြီး ရိပ်မိရဲ့လား (မှန်ပါ့)၊ သဘောပါရဲ့လား (ပါပါတယ်)၊ ခင်ဗျား ဘယ်လိုလမ်းကလဲ... ဆက်သမားလား၊ ဖြတ်သမားလား (ဖြတ်သမားပါဘုရား) ဟုတ်ရဲ့လား၊ ဆက်သမားလား၊ ဖြတ်သမားလားဆိုတဲ့ ဥစ္စာ အတော်မေးရတယ်နော်၊ အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခင်ဗျားတို့အတွက် တပည့်တော်ဘုရား၊ အန္တရာယ် ကင်း၍ ဘေးရှင်းဘာ ကြုံရပါစေလို့ ခင်ဗျားတို့က အားလုံးပဲ အလိုရှိကြတယ်။
U Thu Daw, do you catch the drift? (Yes, Sir). Do you understand the principle? (I do, Sir). Which path are you on? Are you a connector or a cutter? (I am a cutter, Sir). Are you sure? "Are you a connector or a cutter?" This is a question I have to ask frequently. Therefore, Yogis, for your sake, you all desire to be free from danger and cleared of all suffering.
ဗဟိဒ္ဓ အန္တရာယ်ကိုမကြောက်ပါနဲ့နော်...၊ ခင်ဗျားတို့ သန္တာန်မှာ ဆက်သွားလို့ရှိရင် တဏှာဟာ အကြီးဆုံး အန္တရာယ်ပါပဲ၊ သဘောကျပလား (မှန်ပါ့)၊ တဏှာဟာ ဘာတုံး (အကြီးဆုံး အန္တရာယ်ပါဘုရား)၊ ဘာသစ္စာတုံး (သမုဒယသစ္စပါဘုရား)၊ သမုဒယသစ္စာ။
Do not fear external dangers. If the process continues within you, Craving (Taṇhā) is the greatest danger of all. Do you agree? (Yes, Sir). What is Craving? (The greatest danger, Sir). What Truth is it? (It is Samudaya Sacca, Sir).
ဒါ...သမုဒယသစ္စာမို့ ဒီဘက်ဆက်တော့ ဘာသစ္စာပေးတုံး (ဒုက္ခသစ္စာပေးပါတယ် ဘုရား)၊ အဲ...သူက ဒုက္ခမျိုးစုံပေးတာ၊ ခင်ဗျားတို့ ဒီ့ပြင်ဟာတွေ ဘာမှမကြောက်နဲ့ (မှန်ပါ့)၊ သူတစ်လုံးသာ ကြောက်ရတယ်၊ သဘောကျ ပလား (ကျပါတယ်)၊ သူလာမှာ ကြောက်ကြပါ၊ သူမလာရင် (မကြောက်ရပါ)၊ ဘာမှကြောက်စရာမလိုဘူးဆိုတာ ပေါ်ကြပလား (မှန်ပါ့၊ ပေါ်ပါတယ်ဘုရား)။
Since it is the Truth of the Cause (Samudaya), what Truth does it produce next? (It produces Dukkha Sacca, Sir). Indeed, it yields all manners of suffering. Do not fear anything else. You must fear only this one thing. Do you accept this? (We do, Sir). Fear its arrival. If it does not arise—(We need not fear). Do you realize that there is nothing else to fear? (Yes, Sir, we realize it).
ဒါဖြင့် ဒကာ ဒကာမတို့ တဏှာရှိလို့ရှိရင် တဏှာနဲ့ ပတ်သက်တဲ့ တဏှာဆိုတာသည် မည်းတဲ့အရာလား၊ ဖြူတဲ့အရာလားလို့ဆိုတာ ခင်ဗျားတို့ သိပြီးသားထားပါ (မှန်ပါ့)၊ ဘယ်လိုဆိုမယ် (မည်းတဲ့တရားပါဘုရား)၊ အို... မည်းတယ်ဆိုကတည်းက အမှိုက်ပဲဗျ၊ အမှိုက်ရှိရင် ခွေးချေးလာတယ် (မှန်ပါ့ဘုရား)။
Now, Yogis, regarding Craving: Is it something dark or something pure? You already know the answer. (It is dark, Sir). Oh, if it is dark, it is merely filth. Where there is filth, dogs will gather to defecate. (True, Sir).
ဒါ အမှိုက်တွေရှိနေလို့ရှိရင် ခွေးချေးတွေ အကုန်လာတယ် (မှန်ပါ့)၊ ဥပါဒါန်တွေ၊ ကံတွေ၊ သဘောကျပလား (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
If the filth remains, the excrement follows. Clinging (Upādāna) and Kamma will inevitably arrive. Is that clear? (Yes, Sir).
အမှိုက်ကို မလာအောင် ဒီကနေပြီး ဖြတ်လိုက်မယ်ဆိုတော့ ရတနာရှိရာ ရတနာလာတယ်၊ မဂ်ရှိရာကို ဖိုလ် လာတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
But if you sever the cycle here so the filth cannot accumulate, then gems will be drawn to gems. Where there is the Path (Magga), the Fruit (Phala) follows. (True, Sir). Do you grasp this? (Yes, we do, Sir).
မဂ်ရှိရာကို (ဖိုလ်လာတယ်) အဲဒါ ရတနာရှိရာတော့ (ရတနာလာတယ်)၊ အမှိုက်ရှိရာတော့ (ခွေးချေးလာတယ်)၊ ကြိုက်တာယူကြပေတော့၊ ဘယ်ဟာကြိုက်သတုံး၊ မပြောပါရစေနဲ့ဘုရား၊ နောက် ဒကာ ဒကာမတွေ အမှိုက်ရှိရာကို ခွေးချေးလာတာပဲ ကြိုက်သလား၊ ရတနာရှိရာကို ရတနာလာတာပဲ ကြိုက်သလား (ရတနာရှိရာကို ရတနာလာတာပဲ ကြိုက်ပါတယ်)၊ မလုပ်ဘဲနေရင် ဘာလာမယ်ထင်ကြသတုံး (ခွေးချေးလာပါလိမ့်မယ်) အင်း...ခွေးချေးလာလို့ရှိရင်ဖြင့် အောင့်အည်း သည်းခံကြပေတော့၊ ခင်ဗျားတို့ ကျေးဇူး များစရာ တစ်ကွက်မှ မမြင်ဘူး။
Where there is the Path—(The Fruit follows). Where there are gems—(Gems follow). But where there is filth—(Excrement follows). Take whichever you prefer! Which do you like? Don't make me say it. Do you Yogis prefer the filth and excrement, or do you prefer the gems? (We prefer the gems, Sir). If you do not practice, what do you think will come? (The excrement will come, Sir). Well, if that is the case, you must just grit your teeth and endure it. I see absolutely no benefit for you in that.
ရိပ်မိပလား (ရိပ်မိပါပြီ)၊ အင်မတန် ဆိုးရွားနေတယ်ဆိုတာရော ကိုယ့်အကြောင်း ကိုယ်သိပလား (သိပါပြီ ဘုရား)၊ ခင်ဗျားတို့ စိန်နဲ့၊ ရွှေနဲ့၊ မြနဲ့၊ တိုက်နဲ့၊ တာနဲ့နေတာ ဘုန်းကြီး သိပ်ဝမ်းသာပါတယ်၊ သို့သော်လဲ ခွေးချေးချည်း စုနေလို့ မကျေနပ်ဘူး (မှန်ပါ့ဘုရား)။
Do you see it? (Yes, Sir). Do you realize how dire your own situation is? (We realize it, Sir). I am very happy that you possess diamonds, gold, emeralds, and grand houses. However, I am not satisfied if you are merely accumulating filth. (True, Sir).
လဦးမာဒင် (ဘုရား)၊ ကျေနပ်စရာရှိရဲ့လား (မရှိပါဘုရား)၊ ကျေနပ်စရာမရှိဘူးတဲ့၊ ဦးညွန့်ရော (မကျေနပ် ပါဘုရား)၊ ဦးမြ ကျေနပ်စရာရှိရဲ့လား (မရှိပါဘုရား)၊ အဲဒါကြောင့် ခင်ဗျားတို့ဟာ ဒီအဝိုင်းပြေးအလုပ်ကိုပဲ နေ့တိုင်း လုပ်နေတယ်၊ မလုပ်ဘူးလား လုပ်သလား (လုပ်ပါတယ်ဘုရား)။
U Ma Din—(Sir). Is there anything to be satisfied with? (No, Sir). He says there is nothing. What about U Nyunt? (Not satisfied, Sir). U Mya, is there anything to be satisfied with? (No, Sir). That is why you are all running in circles doing this same work every single day. Are you not? (We are, Sir).
ေဩာ်... ဘယ်လောက်ကြာခဲ့ပြီလဲဆိုရင် ဘယ့်နှယ်ဖြေကြမလဲ (မမှတ်မိပါဘုရား)၊ တစ်သံသရာလုံး ဟောဒီက သမုဒယသစ္စာ၊ ဒါက ဒုက္ခသစ္စာ (မှန်ပါ့ဘုရား)။
Oh... if I ask how long you have been doing this, how will you answer? (We cannot remember, Sir). Throughout the entire cycle of Samsara, here is Samudaya Sacca, and there is Dukkha Sacca. (True, Sir).
ပစ္စုပ္ပန်မှာ ထပ်မိုက်တော့ ဒါက ဘာသစ္စာလဲ (သမုဒယသစ္စာပါဘုရား)။
If you are foolish again in the present, what Truth is that? (It is Samudaya Sacca, Sir).
ထပ်မိုက်လို့ နောက်ထပ်လအကျိုးပေးတာကရော (ဒုက္ခသစ္စာပါဘုရား)။
Because you are foolish again, the result that follows—what is it? (It is Dukkha Sacca, Sir).
တစ်ခါ ထပ်မိုက်ပြန်လို့ နောက်ထပ် (သမုဒယသစ္စပါဘုရား)။
Being foolish once more results in—(Samudaya Sacca, Sir).
အင်း...မိုက်ခြင်းကြောင့် အကျိုးပေးရတာက (ဒုက္ခသစ္စာပါဘုရား) တစ်ခါ ထပ်မိုက်ပြန်တယ် (သမုဒယ သစ္စာပါဘုရား) ဒါပဲရှိတယ်၊ ဒီ့ပြင် (မရှိပါဘုရား)။
And the result of that foolishness is—(Dukkha Sacca, Sir). Then you are foolish again—(Samudaya Sacca, Sir). This is all that exists. Is there anything else? (No, Sir).
ဦးမြ ကျေနပ်ပလား (ကျေနပ်ပါတယ်ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ကျေနပ်ရဲ့လား (ကျေနပ်ပါ တယ်ဘုရား)၊ ကျေနပ်ပါတယ်ဆိုတော့ ငါသေလျှင် ဘယ်များသွားမှာပါလိမ့်မတုံးဆိုတဲ့ တွေးလုံးဟာ လူတိုင်းမှာရှိတယ် (မှန်ပါ့)၊ ငါသေရင် ဘယ်များရောက်လို့ ဘယ်များပေါက်ကြမတုံးဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ လူတိုင်းမှာရှိတယ် (ရှိပါတယ်ဘုရား)။
U Mya, are you convinced? (Yes, Sir). And the Yogis in the back, are you convinced? (Yes, Sir). Since you are convinced, consider this: Everyone has this thought—"Where will I go when I die?" (True, Sir). Everyone worries about where they will end up. (Yes, Sir).
အဲဒါ သူများ သွားမမေးနဲ့ ရှက်စရာကြီး (မှန်ပါ့)၊ မေးရင် ဘယ့်နှယ်ထင်ကြသလဲ (ရမ်းဖြေလိုက်လိမ့်မယ် ဘုရား)။
Do not go asking others; it is shameful. (True, Sir). If you ask, what will they think? (They will just guess, Sir).
ဟိုလူတွေက ခံနိုင်မှာမဟုတ်ဘူး၊ သူတို့က သိတာမဟုတ်ဘူး၊ အဘိညာဉ်မရဘူး၊ ခင်ဗျားတို့က ကိုယ့်ဟာကိုယ် သိတယ်၊ ငါဟာ ဝေဒနာ တဏှာဆက်သလား မဆက်ဘူးဆိုတာ ခင်ဗျားတို့က သိတယ် (မှန်ပါ့)၊ စိတ်က တဏှာ ဆက်သလား မဆက်ဘူးလား ဆိုရင်ရော (ကိုယ့်ဟာကိုယ် သိပါတယ်)၊ ကိုယ့်ဟာကိုယ် သိတာ ဒီမှာကြည့်ပါလား။
Those people cannot know; they do not possess psychic powers (Abhiññā). But you know yourself. You know whether you connected Feeling (Vedanā) to Craving (Taṇhā) or not. (True, Sir). If the mind connects to Craving or not—(We know it ourselves, Sir). Look here, you know it yourself.
ဒကာ ဒကာမတို့ ဒီဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ မသိတော့ သမုဒယသစ္စလာတယ် (မှန်ပါ့)၊ မလာဘူးလား (လာပါတယ်ဘုရား)။ သမုဒယသစ္စာလာလို့ရှိရင် ဒုက္ခသစ္စာက နေပါ့မလား (မနေပါဘုရား)၊ ဒါဟာ အပါယ်ဒုက္ခတွေ ဒီထဲ အကုန်ပါတာပဲ (မှန်ပါ့)၊ အဲဒီတော့ ဆရာတော်သမားတော်တွေ မေးမလား ဟုတ်လား၊ ယောဂီပုဂ္ဂိုလ်ကြီးတွေ မေးမလား၊ ကိုယ့်ဟာကိုယ် မေးမလား (ကိုယ့်ဟာကိုယ် မေးရမှာပါ)။
Yogis, if you do not realize this Dukkha Sacca as Dukkha Sacca, then Samudaya Sacca arises. (True, Sir). Does it not? (It does, Sir). If Samudaya Sacca arises, will Dukkha Sacca stay away? (No, Sir). This includes the suffering of the Lower Realms (Apāya). So, will you ask the teachers? Will you ask the great Yogis? Or will you ask yourself? (We must ask ourselves, Sir).
သဘောပါကြပြီ၊ ဒကာ ဒကာမတွေ သူများသွားမေးရင် ရမ်းဖြေမယ် (မှန်ပါ့)၊ ကိုယ့်ဟာကိုယ်ကျတော့ ရမ်းဖြေစရာရှိသေးရဲ့လား (မရှိပါ)၊ သဘောပါပြီလား (ပါပါပြီ)၊ အဲဒီတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခင်ဗျား တို့အတွက်ဟာက အရေးကြီးပြီ၊ ေဩာ်...သူတို့က ဗဟုသုတရှိတယ်၊ သူတို့သွားမေးမှ၊ တပည့်တော်က ကျောင်းလဲ ဆောက်ထားတယ်၊ ဘုရားလဲတည်ထားတယ်၊ အဲဒီတော့ တပည့်တော်ဖြင့် အသေစိတ်ချရပမလား၊ ခင်ဗျားတို့က နှုတ်ချိုချိုနဲ့ သွားမေးလိမ့်မယ်။
You grasp the point. If you ask others, they will just guess. (True, Sir). But when you ask yourself, is there any guessing involved? (No, Sir). Do you understand? (Yes, Sir). So, this is critical for you, Yogis. You might think, "They are knowledgeable; I must ask them. I have built a monastery; I have built a pagoda. Is my death safe?" You will likely go and ask them with sweet words.
သာမည ဆရာဆိုလို့ရှိရင် ဟာ...မင်းလိုလူ ရှာမှ ရှားကွ၊ ဟောချင်တာ ဟောချလိုက်မယ်၊ ဘာလုပ်နေနေ၊ ဒါဆက်ရင် သွားရော၊ ရိပ်မိပလား (မှန်ပါ့ဘုရား)။
An ordinary teacher might say, "Oh, a person like you is rare indeed!" He will say whatever he wants. But no matter what you have done, if you continue this cycle, you are finished. Do you see? (Yes, Sir).
(ဤနေရာ၌ ပဋိစ္စသမုတ်ပ္ပါဒ်စက်ဝိုင်းကို ထောက်ပြသည်)။
(Here, the Sayadaw points to the Wheel of Dependent Origination)
ဘာလုပ်ေ်နနေ ဒါဆက်ရင် (မှားသွားမှာပေါ့)၊ အဲဒီတော့ သူများ မေးကြမလားတဲ့ ကိုယ့်ကို မေးကြမလား (ကိုယ့်ကို မေးကြပါမယ်ဘုရား)၊ အဲဒါက ဘုန်းကြီးက ခင်ဗျားတို့ကို မှန်တစ်ချပ်ပေးခဲ့တာပါ၊ ကိုယ်အရုပ်ဆိုးတယ် မဆိုးဘူး၊ ဆက်တယ် မဆက်ဘူးဆိုတာ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာဖြစ်စဉ်ကို ကြည့်လိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
No matter what you do, if this connects—(We will go wrong, Sir). So, will you ask others or ask yourself? (We will ask ourselves, Sir). That is why I gave you a mirror. Look at your own process of the Aggregates with your own Insight to see if you are ugly or not, if you are connecting the cycle or not. (True, Sir). Do you understand? (Yes, Sir).
ကိုယ့်ဉာဏ်နဲ့ (ကိုယ့်ခန္ဓာဖြစ်စဥၤကို ကြည့်ရမယ်)၊ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာဖြစ်စဉ်ကို ဒကာ ဒကာမတွေ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊
With your own Insight—(We must look at the process of our own Aggregates). If you look at your own process with your own Insight, make the decision yourself. (True, Sir).
ဦးမြကြီး...သူများ သာဓုခေါ်တာများ ဘဝင်မမြင့်လိုက်ပါနဲ့ (မှန်ပါ့)၊ သူများသာဓုခေါ်တာကို (ဘဝင် မမြင့်ပါနဲ့)၊ ဘဝင်မမြင်ကြနဲ့နော် ဒကာ ဒကာမတွေ၊ ကိုယ်က ပဋိစ္စသမုပ္ပါဒ် ဆက်တယ်၊ ဟိုက ရမ်းပြီးသကာလ ဂုဏ်ရှိတဲ့လူမို့ သာဓုခေါ်လိုက်တယ် (မှန်ပါ့)၊ ခင်ဗျားတို့က ဖိုးကြိုင်းတုတ် လုပ်နေရင်တော့ သွားပြီ။ ဒီအသွား မသွားသေးဘူးလား (သွားပါပြီဘုရား)။
U Mya, do not be puffed up with pride just because others say "Sadhu." (True, Sir). Do not be arrogant. You are connecting the links of Dependent Origination, but they say "Sadhu" blindly because you are a person of status. (True, Sir). If you sit there beaming with ignorance like "Pho Kyine Toke," you are lost. Are you not on the path to being lost? (We are, Sir).
အဲဒီတော့ သူများသာဓုခေါ်မှာကို ခင်ဗျားတို့ ကြောက်စရာကောင်းတယ် (မှန်ပါ့)၊ ကိုယ်က ဝေဒနာကနေ ဘယ်သွားနေသလဲ (တဏှာသွားနေတယ်)၊ တဏှာသွားနေတော့ ခင်ဗျားက အင်း...ဒီလို ကောင်းကောင်းမွန်မွန် ကလေး စားရလို့ ဒီလိုကောင်းတဲ့ဆီ ရောက်ရပါလို၏ဆိုတော့ တဏှာက မလာဘူးလား (လာပါတယ်)၊ အဲဒါကို ဘေးက သာဓု ခေါ်လိုက်တော့ မှားပြီး သာဓုခေါ်တာကိုး (မှန်ပါ့)။
It is actually terrifying when others say "Sadhu." (True, Sir). You are moving from Feeling (Vedanā) to where? (To Craving, Sir). As you move to Craving, you pray, "May I be born in such a pleasant life again because of this donation." Does Craving not arise? (It does, Sir). Then, those around you say "Sadhu," applauding your mistake. (True, Sir).
ဘယ်သူ့ သာဓုခေါ်သလဲ (တဏှာမှား သာဓုခေါ်ပါတယ်)၊ သွားပြီပေါ့၊ တဏှာ သာဓုခေါ်ရမှာလား၊ နှင်ထုတ် ရမှာလား (နှင်ထုတ်ရမှာပါ)၊ သို့သော်လဲ ခင်ဗျားတို့က အမျှယူကြပါတောင် ပေးချင်ပေးလိုက်ဦးမယ် (မှန်ပါ့)၊ သွားပြီ၊ နှစ်ချက်မှား (မှန်ပါ့ဘုရား)၊ မမှားသေးဘူးလား (မှားပါတယ်)၊ သူက ဘာ အမျှပေးတာတုံးဆို တဏှာအမျှပေးတာတဲ့ (တဏှာအမျှပေးတာ) ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
Who are they applauding? (They are mistakenly applauding Craving, Sir). You are finished. Should Craving be applauded or expelled? (It should be expelled, Sir). Yet, you might even say, "Please share in my merits," and give it away. (True, Sir). Now it is two mistakes. (True, Sir). Is it not? (It is, Sir). What are you sharing? You are sharing Craving. (Sharing Craving, Sir). Do you see? (Yes, Sir).
အတော်ဆိုးနေတယ်၊ ဒါက ဒီပဋိစ္စသမပ္ပါဒ် မပြဘဲနဲ့ဆိုရင် ဒီအပြောမရဘူး၊ ပဋိစ္စသမပ္ပါဒ်ကို သေသေချာချာ သိတော့မှ သူက...တဏှာက ဘုံဘဝဆုတောင်းတာ၊ မတောင်းဘူးလား (တောင်းပါတယ်)၊ ဘုံဘဝ ဆုတောင်းတော့ ခင်ဗျားက ကုသိုလ်ရှင်ကြီး ဖြစ်ပြီးသကာလနေတော့ ဆုတောင်းထားတာက ဒုက္ခတောင်းနေတာ မဟုတ်ဘူးလား (မှန်ပါ့)၊ ကျုပ်တော့ဖြင့် ကုသိုလ်ပြုတာပဲဗျာ၊ နောက်ဘဝတော့ဖြင့် ကျုပ်ကောင်းစားမှာပဲ၊ အဲဒီ တောင်းထားတဲ့ အကြောင်းတွေ ခင်ဗျားတို့ အမျှယူကြပါဆိုတော့ဖြင့် ဒီဒုက္ခသစ္စာ ပေးထားတယ် (မှန်ပါ့ဘုရား)၊ ဘာပေးလိုက်တာတုံး (ဒုက္ခသစ္စာ ပေးလိုက်ပါတယ်ဘုရား)။
This is very serious. Without showing you this Wheel of Dependent Origination, I could not explain this. Only when you understand Dependent Origination do you see: Craving prays for rebirth. Does it not? (It does, Sir). When you pray for rebirth, you act as a great donor, but your prayer is actually a request for suffering. (True, Sir). "I am doing this merit so I may prosper in the next life." When you say, "Please share in these merits," you are actually distributing Dukkha Sacca. (True, Sir). What are you distributing? (We are distributing Dukkha Sacca, Sir).
ဟော...ဒကာ ဒကာမတို့ ခေါ်ဖူးလှပြီထင်တယ် (တင်ပါ့ဘုရား)၊ သူများပေးတာတွေ ရမ်းယူနေတာပဲ (တင်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာယူတာပါလိမ့် (ရမ်းယူတာပါဘုရား)၊ ရမ်းယူတော့ အကောင်းရသလား အဆိုး ရသလား (အဆိုးရပါတယ်) အဆိုးရတုန်း ခင်ဗျားတို့က ပိုက်ပြန်တဲ့လူတွေ အတော်ဆိုးတဲ့လူတွေ၊ ဒကာ ဒကာမတွေ မဟောသင့်ဘူးလား (ဟောသင့်ပါတယ်ဘုရား)။
Oh, Yogis, I suppose you have done this many times. (Yes, Sir). You are blindly accepting whatever others give. (Yes, Sir). Do you see? (Yes, Sir). What are you accepting? (We are accepting blindly, Sir). When you accept blindly, do you get good or bad? (We get bad, Sir). While getting the bad, you are the ones "collecting it back." You are in a terrible state. Yogis, should I not preach this? (You should preach it, Sir).
သေသေချာချာ စဉ်းစားပါ၊ သေသေချာချာ စဉ်းစားပါ (ဒီအတိုင်း ပြောသင့်ပါတယ်)၊ သေသေချာချာ စဉ်းစားပါ ဒီဥစ္စာ သိပ်ကြောက်စရာ ကောင်းလွန်းလို့ ပြောပါတယ် (မှန်ပါ့)၊ ခင်ဗျားတို့ သာမညဆရာဆိုရင် ပြောမယ်မဟုတ်ဘူး (မှန်ပါ့)၊ ဒကာ ဒကာမတွေ ပြောပါ့မလား (မပြောပါ)၊ ဟိုက ဘုံဘဝတောင်းတဲ့ တဏှာဗျ (မှန်ပါ့)။
Think about it carefully. Think about it carefully. (You should speak as it is, Sir). Think carefully. I say this because it is terrifying. (True, Sir). Ordinary teachers would not tell you this. (True, Sir). Would they? (No, Sir). That is Craving praying for existence. (True, Sir).
ဒီအလှူ လှူပြီးသကာလ ဒီဝေဒနာတွေကို လှူပြီး သကာလပေါ့ဗျာ၊ သုခဝေဒနာတွေ လှူတယ်ထားပါတော့ (မှန်ပါ့)၊ ကောင်းကောင်းကျွေးတယ်၊ ကောင်းကောင်းအဝတ်ပေးတယ်၊ ဟုတ်လား ကောင်းကောင်းမဏ္ဍပ်ကြီးဆောက် တယ်၊ အဲဒီ ဆောက်ရတဲ့ အတွက်ဆိုပြီး တဏှာနဲ့ ဘုံဘဝ ဆုမတောင်းဘူးလား (တောင်းပါတယ်)၊ တောင်းတော့ ဝေဒနာပစ္စယာ (တဏှာ)၊ ဆက်သွားရော(မှန်ပါ့)၊ ဒကာ ဒကာမတွေ (ဘုရား) မဆက်ဘူးလား ဆက်သလား (ဆက်ပါ တယ်ဘုရား)။
You make these donations—you are essentially donating pleasant feelings (Sukha Vedanā). (True, Sir). You feed them well, give them good clothes, build grand pavilions. Because of that construction, do you not pray for existence with Craving? (We do, Sir). Then, Vedanā paccayā—(Taṇhā). The link is forged. (True, Sir). Yogis—(Sir). Does it connect or not? (It connects, Sir).
ဆက်တော့ ဒါ ပစ္စုပ္ပန်အကြောင်းတရားကွတဲ့ ထပ်မိုက်တာတဲ့၊ ဒီမှာ ဒုက္ခသစ္စာရပြီးသားကို သမုဒယသစ္စ ပြန်လုပ်ပြန်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ်)၊ ဒုက္ခရောက်တဲ့လူက ထောင်ထဲမှာ ကျနေတဲ့လူက ရိုက်ပွဲ ပြန်လုပ်ပြန်တယ် (တင်ပါ့)။ နှစ်ထပ်ကျတယ်၊ နှစ်ထပ်တိုး အလိုရှိလို့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ်)၊ ဒီထောင်ထဲ ကျနေတာက ဘာသစ္စာလဲ (ဒုက္ခသစ္စာ)၊ ထောင်ထဲပြန်မိုက်တာက ဘာတုံး (သမုဒယသစ္စာပါ ဘုရား)။
When it connects, this is the Present Cause, or renewed foolishness. You already have Dukkha Sacca, yet you generate Samudaya Sacca again. (True, Sir). Do you agree? (Yes, Sir). It is like a prisoner committing another crime while inside the prison. (Yes, Sir). He gets a double sentence; he wants a double term. (True, Sir). Do you see? (Yes, Sir). Being in prison is what Truth? (Dukkha Sacca). Being foolish again inside the prison is what? (Samudaya Sacca, Sir).
ဒါဖြင့် နောက်ထောင်ကျမှ ကျပါ့မလား (ကျပါတယ်ဘုရား)၊ ဒါဖြင့် နှစ်ထောင်စံပေါ့ဗျာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ်)၊ ဦးမြ အတော်မဆိုးဘူးလား (ဆိုးပါတယ်)၊ နားကြီးကြီးနဲ့ထောင်ပါ (မှန်လှပါဘုရား)၊ နားသေးရင် ဒီတရားက ရကိုမရဘူး၊ မကြားဖူးတဲ့ စကားလဲ ဖြစ်နေတယ်၊ သဘောပါရဲ့လား (ပါပါတယ်)၊ နှစ်ထောင်စံများ တွေ့ဖူးရဲ့လား (တွေ့ဖူးပါတယ်ဘုရား)၊ ကိုယ်ကိုယ်တိုင် စံဖူးလှပါပြီဘုရား၊ ကိုယ်ကိုယ်တိုင် စံဖူးလှပါပြီလို့ ဖြေရုံပဲ ရှိတယ် (မှန်ပါ့)။
Will he land in prison again? (Yes, he will, Sir). So, he serves a double sentence. (True, Sir). Do you see? (Yes, Sir). U Mya, isn't this terrible? (It is, Sir). You need "big ears" (wisdom) to hear this! (True, Sir). If your ears are small, you cannot grasp this Dhamma; it is language you have never heard before. Do you understand? (Yes, Sir). Have you ever seen someone serving a double sentence? (We have, Sir). You can only answer: "I myself have served it many times, Sir." (True, Sir).
အဲဒါ သစ္စာမသိတာ နိဂုံးချုပ်တယ် (မှန်ပါ့)၊ ဘာမသိတာပါလိမ့် (သစ္စာမသိတာပါဘုရား)၊ သစ္စာမသိတဲ့၊ ငါ့ သန္တာန်ဖြစ်တာသည် တဏှာလာရင် သမုဒယသစ္စာ ဖြစ်ပြီဟလို့ သိရဲ့လား (မသိပါဘုရား)၊ မသိတော့ ဒီဘက်ဒုက္ခ ရလိမ့်မယ်ဆိုတာရော သိရဲ့လား (မသိပါဘုရား)၊ ဒီသစ္စာနှစ်ခု မသိလိုက်တာ ကိုယ်ကျိုးကို လှလှကြီး နည်းတာပဲ (မှန်ပါ့)။
That concludes with ignorance of the Four Noble Truths. (True, Sir). What is it that you do not know? (We do not know the Truths, Sir). You do not know the Truths. You do not realize, "When Craving arises in me, it is Samudaya Sacca." (No, Sir). Do you realize, "This will result in suffering"? (No, Sir). Failing to know these two Truths is a magnificent way to ruin oneself. (True, Sir).
ကဲ...ဒကာ ဒကာမတွေ အတော်မဆိုးဘူးလား (ဆိုးပါးတယ်) ခင်ဗျားတို့ သေခါနီးမှာ ဒီဆရာသမားနဲ့ လာတွေ့တာ...တော်တော်သေးတယ်၊ အသေများ စောရင် ခက်တယ် (မှန်လှပါ)၊ ဦးမြကြီး ဘယ့်နှယ်ထင်တုံး (ခက်ပါတယ်ဘုရား)၊ အသေစောရင် ခက်တယ်၊ ဆရာကလဲ မသေမစောလို့ (မှန်ပါ့)၊ ခင်ဗျားတို့ကလဲ အသေမစောလို့ (မှန်ပါ့)၊ တော်သေးတာပေါ့ (မှန်ပါ့)၊ သဘောပါရဲ့လား (ပါပါတယ်ဘုရား)။
Well, Yogis, isn't that terrible? (It is terrible, Sir). You have met this teacher only now, near the time of death... it was a close call. If you had died earlier, it would have been difficult. (True, Sir). U Mya, what do you think? (It would have been difficult, Sir). If you die early, it is trouble. But the teacher didn't die early, and you didn't die early. (True, Sir). It is fortunate. (True, Sir). Do you grasp the meaning? (Yes, Sir).
ဒါဖြင့် အသေကတော့ မစောဘူးတဲ့၊ ခန္ဓာကတော့ဖြင့် မရပ်မနား သုသာန်သွားနေတယ်၊ မရောက်သေးတာ တစ်မယ်ကျန်တော့တယ်၊ အသွားကတော့ မရပ်တော့ဘူး (မရပ်ပါဘုရား)၊ မောင်ကို ရပ်သေးရဲ့လား (မရပ်ပါဘုရား)၊ မရပ်တော့ ထိုင်နေရင်းနဲ့လဲ (သွားနေတာပဲ)၊ ထိုင်နေတော့ အို၊ အိုတာက နာ၊ နာတာက သေကိုးဗျ (မှန်ပါ့)။
So, death has not yet arrived, but the Aggregates (Khandhas) are marching ceaselessly toward the cemetery. There is only a short distance left, but the journey never stops. (It does not stop, Sir). Does it stop, Maung Ko? (No, Sir). If it doesn't stop, even while you are sitting—(It is going, Sir). While sitting, you are aging. Aging leads to sickness, and sickness leads to death. (True, Sir).
ဒါဖြင့် တရားနာနေကြတာလား-သေရာသွားရင်း နာနေတာလား (သေရာသွားရင်း နာနေတာပါဘုရား)၊ ကောင်းပြီး ဘုန်းကြီးရှေ့မို့ ပြောတာပါ၊ ကျုပ်ဟာ အရင်နဲ့မတူဘူး၊ မာလာပြီဗျ၊ ပြောချင်ပြောမှာ၊ အတော်ဂွကျတဲ့ လူတွေပါ၊ ဟင်-အတော်ဆိုးနေတယ်၊ အတော်ဆိုးနေပါတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)၊ အဲဒါ ဘဝတဏှာ ခေါ်ပါတယ်တဲ့ (မှန်ပါ့)။
So, are you just sitting here listening to the Dhamma, or are you listening while marching toward death? (We are listening while marching toward death, Sir). Good. Since I am right in front of you, I will speak plainly. I am not like I was before; I have become stern. I will say what needs to be said. You are very difficult people! Huh? You are in a terrible state. Does this become clear to you? (Yes, it is clear, Sir). That state is called Craving for Existence (Bhava-Taṇhā). (True, Sir).
ကျုပ်ဟာဖြင့် အခုဆရာဝန်ကောင်းနဲ့ ဆေးကောင်းနဲ့ တွေ့ရတဲ့အတွက် နေရကောင်းပါသေးတယ်ဗျာ၊ ဘာတုံးဗျ ဒီဥစ္စာ ကိုယ့်ဘဝကိုယ်ခင်တွယ်တဲ့ တဏှာ (မှန်ပါ့)၊ ကိုယ့်ဘဝကိုပင် ဟောဒါက ခင်ဗျားတို့ ခန္ဓာ, ဘဝခန္ဓာကြီး (မှန်ပါ့)၊ တော်ပါသေးရဲ့ဗျာဆိုတာ ဒီတဏှာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ တော်ပါသေးရဲ့ဆိုတာ ဦးမြကြီး ဒါဘာတုံး (တဏှာပါဘုရား)။
"I am feeling quite well because I found a good doctor and good medicine." What is this? This is Craving clinging to one's own existence. (True, Sir). Clinging to this very mass of the Aggregates. (True, Sir). Saying "I am still okay"—that is Craving. (True, Sir). Do you see? (Yes, Sir). U Mya, what is "I am still okay"? (It is Craving, Sir).
ဒါဖြင့် ဝေဒနာပစ္စယာ (တဏှာ)၊ သူက သုခဝေဒနာ ပေါ်တော့၊ ကျန်းမာလာတယ်ပြောတာ (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီဘုရား)။
Thus, Vedanā paccayā—(Taṇhā). When pleasant feeling (Sukha Vedanā) arises, you say, "I am getting healthy." (True, Sir). Do you see? (Yes, Sir).
နေရကောင်းပါသေးရဲ့ဆိုတာ ဒါ ဘာတုံး (တဏှာပါဘုရား)။ ကျုပ်နေရမှာ ဧကန်ပဲ၊ ကျုပ်တော့ ဒီဆရာနဲ့ အကျိုးပေးပြီဗျာ့ဆိုတာ ဥပါဒန် (တင်ပါ့, ဥပါဒါန်) ဒါကြောင့် ကာယကံ ဝစီကံ အချိန်ရှိခိုက် လုံ့လစိုက်ဆိုပြီး အရောင်း အဝယ်လုပ်ရဦးမှာဆိုတာက (ကမ္မဘဝ)၊ ကမ္မ ဘဝပစ္စယာ သေသည်၏ အခြားမဲ့၌ (ဇာတိပါဘုရား)။
Saying "I am well enough to live"—what is that? (It is Craving, Sir). "I will surely live; this doctor is effective for me!"—that is Clinging (Upādāna). (Yes, Sir, Upādāna). "Therefore, while I have time, I must work and trade with my body and speech"—that is—(Kamma-bhava). Kamma-bhava paccayā, immediately after death—(Jāti, Sir).
အဲဒါ သေသေချာချာ ပြောတဲ့ဆရာ ဆိုလို့ရှိရင် မှန်မှန်ကန်ကန် သစ္စာသိအောင် ပြောတဲ့ဆရာ ဆိုလို့ရှိရင် ဒကာ ဒကာမတွေ ဒါပဲ ပြောရမယ်။ ဒီ့ပြင် ပြောစရာရှိသေးရဲ့လား (မရှိပါဘုရား)၊ ခင်ဗျားတို့ ခန္ဓာကြီးဟာ ယခုဘဝ ရထားတဲ့ ခန္ဓာငါးပါးဟာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါဘုရား)၊ ဒုက္ခသစ္စာထဲက ဘာတွေပေါက်ပွားလာပါသလဲ (သမုဒယသစ္စာပါဘုရား)၊ ဒီကြည့်လေ တဏှာ ဥပါဒါန်တွေ ကံတွေ ပေါက်ပွားလာတယ်၊ ဉာဏ် ပေါက်ပွားတာလား တဏှာ ဥပါဒါန် ပေါက်ပွားတာလား (တဏှာ ဥပါဒါန် ပေါက်ပွားတာပါဘုရား)။
If it is a teacher who speaks precisely, a teacher who speaks to reveal the Truth, he must say only this. Is there anything else to say? (No, Sir). This great body of yours, the Five Aggregates you have now—what Truth is it? (It is Dukkha Sacca, Sir). From this Dukkha Sacca, what springs forth? (Samudaya Sacca, Sir). Look there. Craving, Clinging, and Kamma spring forth. Does Wisdom (Ñāṇa) arise, or do Craving and Clinging arise? (Craving and Clinging arise, Sir).
ေဩာ်...ခင်ဗျားတို့ ဆရာကောင်းနဲ့ မတွေ့လိုက်လို့ရှိရင် ငါးပါးမှောက်တာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိ ပါပြီ)၊ ဒကာ ဒကာမတွေ ခင်ဗျားတို့ ဆရာကောင်းနဲ့ မတွေ့လိုက်လို့ရှိရင် ဘယ့်နှယ့်ဖြစ်သွားမတုံး (ငါးပါးမှောက် ပါတယ်)၊ ငါးပါးကို မှောက်တာပဲ၊ ရိပ်မိကြပလား (တင်ပါ့ဘုရား, ရိပ်မိပါပြီ)၊ အဲဒါ သေသေချာချာ ပြောတဲ့ဆရာ ဆိုလို့ရှိရင် မှန်မှန်ကန်ကန် သစ္စာသိအောင် ပြောတဲ့ဆရာ ဆိုလို့ရှိရင် ဒကာ ဒကာမတွေ ဒါပဲ ပြောရမယ်။ ဒီ့ပြင် ပြောစရာရှိသေးရဲ့လား (မရှိပါဘုရား)၊ ခင်ဗျားတို့ ခန္ဓာကြီးဟာ ယခုဘဝ ရထားတဲ့ ခန္ဓာငါးပါးဟာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါဘုရား)၊ ဒုက္ခသစ္စာထဲက ဘာတွေပေါက်ပွားလာပါသလဲ (သမုဒယသစ္စာပါဘုရား)၊ ဒီကြည့်လေ တဏှာ ဥပါဒါန်တွေ ကံတွေ ပေါက်ပွားလာတယ်၊ ဉာဏ် ပေါက်ပွားတာလား တဏှာ ဥပါဒါန် ပေါက်ပွားတာလား (တဏှာ ဥပါဒါန် ပေါက်ပွားတာပါဘုရား)။
”ေဩာ်...ခင်ဗျားတို့ဥစ္စာလဲ ခက်လိုက်တဲ့ဖြစ်ခြင်း၊ ဒုက္ခရောက်နေတဲ့လူက နောက် ဒုက္ခပြန်ရှာတယ်၊ ဒုက္ခ ရောက်တဲ့လူ (နောက်ဒုက္ခပြန်ရှာတယ်ဘုရား)၊ ဒါဖြင့် ဆေးချက်ကုန်နေပါပေါ့လား (ကုန်နေပါပြီ)၊ ဒီဆရာနဲ့သာ မတွေ့ရင် ဆေးချက်ကုန်ပြီ (တင်ပါ့)။ အင်မတန် ကြောက်စရာကောင်းပါတယ် (မှန်ပါ့)။
Oh... your situation is truly difficult. A person already in suffering is seeking more suffering. The suffering person—(Is seeking more suffering, Sir). So, you are out of medicine. (Yes, Sir). If you hadn't met this teacher, there would be no cure left. (True, Sir). It is very frightening. (True, Sir).
ဒကာ ဒကာမတွေ မဆိုးရွားဘူးလား (ဆိုးရွားပါတယ်) ကိုင်း...ဒါဖြင့် ဒကာ ဒကာမတို့ ခနကပုဏ္ဏားကို မေးကြဦးစို့၊ ပရိဗိုဇ်က ဒုတိယအချက် မေးခွန်းထုတ်ပြန်တယ်၊ အရှင်ဘုရား လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိ နတ်ပြည်ရောက်ပါ့မလားတဲ့၊ အို...တစ်ထောင်မကဘူး၊ တစ်သိန်းမကဘူးကွ ရောက်တယ်၊ သုဂတိတော့ ရောက်ပါ တယ်။
Isn't it terrible, Yogis? (It is terrible, Sir). Come, let us ask the Brahmin from earlier. The Wanderer (Paribbājaka) asked a second question: "Venerable Sir, can a person reach the Happy Destinations (Sugati) without abandoning the fetters of human attachment?" Oh, not just a thousand, not just a hundred thousand! They do reach it. They do reach the Happy Destinations.
ခုနက အဖြေနဲ့ တူသေးရဲ့လား (မတူပါဘုရား) ဒကာ ဒကာမတွေ တူသေးရဲ့လား (မတူပါ)၊ လူဟာ လူ့ သံယောဇဉ်မစွန့်ဘဲနဲ့ သုဂတိနတ်ပြည် ရောက်ပါ့မလားလို့၊ ဦးမြ ဝစ္ဆဂေါတ္တက မေးတယ် (မှန်ပါ့)၊ ဘုရားက ဘယ့်နှယ် ဖြေသလဲ (ရောက်ပါတယ်)၊ အို...သိန်းသန်းမကဘူးကွ ရောက်တယ်တဲ့၊ သုဂတိတော့ ရောက်တယ် (မှန်ပါ့)။
Is this answer the same as the previous one? (No, Sir). Yogis, is it the same? (No, Sir). "Can a human reach the Happy Destinations without abandoning human attachment?" U Mya, Vacchagotta asked this. (True, Sir). How did the Buddha answer? (They reach it, Sir). Oh, countless millions reach it! They reach the Happy Destinations. (True, Sir).
နိဗ္ဗာန်ကျတော့ (မရောက်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒါဖြင့် ခင်ဗျားတို့ လုပ်နေတဲ့ကုသိုလ်တွေဟာ ဘုန်းကြီးတို့က သုဂတိအကျိုးပေးပါလိမ့်မယ်လို့ ဟောတယ်၊ ဒါ မပြတ်ဘဲကိုး၊ တဏှာနဲ့ ဆုတောင်းတယ် (မှန်ပါ့)၊ တောင်းတော့ကို -က ၃-ကို မကူးဘူးလား ကူးသလား (ကူးပါတယ်)၊ ကူးလို့ ရှိရင်ဖြင့် သုဂတိရောက်တော့ ဟောဒါ ဇာတိ ဇရာ မရဏဟာ သုဂတိပဲ (မှန်ပါ့)၊ မရောက်ပေဘူးလား (ရောက်ပါတယ်)။ ရောက်ပေမယ့် ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ)။
But do they reach Nibbana? (No, Sir). Do you see? (Yes, Sir). Therefore, regarding the merits you are performing, we monks preach that "It will result in a happy rebirth." Why? Because the cycle is not severed. You pray with Craving. (True, Sir). When you pray, do you not cross from Link 2 to Link 3? (We do, Sir). When you cross over, you reach the Happy Destinations. But Birth, Aging, and Death are the Happy Destinations. (True, Sir). Do you not arrive there? (We do, Sir). Even though you arrive, what Truth is it? (It is Dukkha Sacca, Sir).
ဦးမြ ပေါ်ပြီလား (ပေါ်ပါပြီ)၊ ဘာသစ္စာရကြတုံး (ဒုက္ခသစ္စာရပါတယ်)၊ ဒုက္ခသစ္စာရတာ ခင်ဗျားတို့က ကြံဖန်ပြီး သကာလ ဝမ်းသာနေတာကိုး၊ သစ္စာနဲ့ကြည့်လိုက်တော့ ဘာသစ္စာရတုံး (ဒုက္ခသစ္စာရပါတယ်)၊ သစ္စာနဲ့ကြည့်လိုက်တော့ ဒုက္ခသစ္စာရတယ်။ ဒီဒုက္ခသစ္စာရတဲ့လူက တော်သေးရဲ့ဆိုတော့ ဝမ်းသာလို့ ပြောတဲ့အသံလား၊ ဝမ်းနည်းလို့ ပြောတဲ့ အသံလား (ဝမ်းသာလို့ ပြောတာပါဘုရား)။
U Mya, is it clear? (Yes, Sir). What Truth do you get? (We get Dukkha Sacca, Sir). You get Dukkha Sacca, yet you contrive to be happy about it. When viewed with the Truth, what do you get? (We get Dukkha Sacca, Sir). When viewed with the Truth, it is Dukkha Sacca. The person receiving this Dukkha Sacca says, "It is fortunate." Is he speaking out of happiness or sadness? (Speaking out of happiness, Sir).
အမယ်လေး ရတာက (ဒုက္ခသစ္စာ)၊ ခက်ပြီ၊ အကောင်းအဆိုးကို မရွေးတတ်ဘူး (မရွေးတတ်ပါ)၊ ဘယ့်နှယ် ဖြစ်နေကြလဲ (အကောင်းအဆိုး မရွေးတတ်ပါ)၊ ဒကာ ဒကာမတွေ ဘယ့်နှယ်တုံး၊ အကောင်းအဆိုး ရွေးတတ်သေး ရဲ့လား (မရွေးတတ်ပါဘုရား)၊ မရွေးတတ်လို့ ခင်ဗျားတို့ သုဂတိရောက်ချင်တာပေါ့ဗျ (မှန်ပါ့)။
Good heavens! What you get is—(Dukkha Sacca). This is trouble. You cannot distinguish between good and bad. (No, Sir). What is happening to you? (We cannot distinguish good from bad, Sir). Yogis, how is it? Can you distinguish good from bad? (No, Sir). Because you cannot distinguish, you want to reach the Happy Destinations. (True, Sir).
အဲဒါ သစ္စာမသိလို့၊ ရှင်းကြပလား (ရှင်းပါပြီဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ တရားတကာ့ တရားထဲမှာ ဘယ်ဟာ သိဖို့အရေးကြီးဆုံးလဲ (သစ္စာသိဖို့ အရေးကြီးပါတယ်)၊ သစ္စာသိဖို့ အရေးကြီးတယ်၊ သစ္စာက ဘယ်က လာသတုံးလို့ မေးတော့မှ ပဋိစ္စသမုပ္ပါဒ်ကလာတယ်။ ကြည့်လေ ဒါ...သမုဒယသစ္စာ (မှန်ပါ့)၊ ဒါက ဘာတုံး (ဒုက္ခ သစ္စာပါ)၊ ဒါက ဘာတုံး (သမုဒယသစ္စာပါ)၊ ဒါက ဘာတုံး (ဒုက္ခသစ္စာပါ)၊
That is because you do not know the Truths. Is that clear? (Yes, Sir). Therefore, Yogis, among all the Dhamma, what is the most important to know? (Knowing the Truths is most important, Sir). Knowing the Truths is crucial. If you ask where the Truths come from, they come from Dependent Origination. Look here: This is Samudaya Sacca. (True, Sir). This is what? (Dukkha Sacca, Sir). This is what? (Samudaya Sacca, Sir). This is what? (Dukkha Sacca, Sir).
ကဲ...ဖြတ်တဲ့ပုဂ္ဂိုလ်ကျတော့ ဒါက ဘာတုံး (မဂ္ဂသစ္စာပါဘုရား)၊ ဒီဘက်က ချုပ်သွားတာတွေကရော (နိရောဓ သစ္စာပါဘုရား)၊ သစ္စာသိမှ ခင်ဗျားတို့ ရောက်မယ် (မှန်ပါ့)၊ သစ္စာမသိသေးလို့ရှိရင် (မရောက်ပါ)၊ စာတွေ ခေါင်းချဉ်း နေအောင်တတ် (မရောက်ပါဘုရား)၊ ရောက်နိုင်ကြပါ့မလား (မရောက်နိုင်ပါဘုရား)၊ မရောက်နိုင်ဘူးဆိုတာ သေချာ ပလား (သေချာပါပြီ)။
Now, for the person who severs the cycle, what is this? (It is Magga Sacca, Sir). And the cessation on this side? (It is Nirodha Sacca, Sir). Only if you know the Truths will you arrive. (True, Sir). If you do not know the Truths—(We will not arrive, Sir). Even if you are learned enough to make your head spin—(We will not arrive, Sir). Can you arrive? (We cannot, Sir). Are you certain you cannot arrived? (Certain, Sir).
အဲဒါကြောင့် ခင်ဗျားတို့ ယခုအချိန်မှာ အချိန်မီပါသေးတယ်...ဦးမြ (မှန်ပါ့)၊ ရောက်နိုင်ပါသေးတယ်၊ ရနိုင်ပါသေးတယ်လို့ လေးလေးနက်နက် အားပေးတာ (မှန်လှပါ)၊ လှမှ ရမှာ၊ မလုပ်ရင်တော့ (မရပါဘုရား)၊ မရဘူး ဆိုတာ သဘောပါသလား (ပါပါပြီ)၊ ပါပြီ၊ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိရောက်ပါ့မလားလို့ မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (ရောက်ပါတယ်) ရောက်တယ်၊ ဒါဖြင့် တဏှာပို့တဲ့နေရာပဲဗျ (မှန်လှပါ)၊ မပေါ်သေး ဘူးလား (ပေါ်ပါပြီ)။
That is why, right now, you are still in time... U Mya. (True, Sir). You can still reach it; you can still attain it. I encourage you deeply and seriously. (True, Sir). You will get it only if you are smart. If you do not practice—(We will not get it, Sir). Do you understand that you will not get it? (We do, Sir). You do. When asked if one can reach Happy Destinations without abandoning human attachment, how did the Buddha answer? (They reach it, Sir). They reach it. That is simply the place Craving sends them. (True, Sir). Is it not clear yet? (It is clear, Sir).
သုဂတိတွေဟာ ဘယ်သူပြုပြင်ထားတာပါလိမ့် (တဏှာပြုပြင်ထားတာ) ပရိဗိုဇ်မေးတာ ကြည့်လေ၊ ဘုရားကလဲ အဖြေထွက်တယ် (မှန်ပါ့)၊ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ သုဂတိများ ရောက်ပါ့မလားဆိုတော့ အို...တစ်သောင်း၊ တစ်သိန်းမကဘူးကွ (မှန်ပါ့)၊ ဘာဖြစ်လို့ မကန့်ကွက်သတုံးမေးတော့ သံယောဇဉ်က ဘာသစ္စာတုံး (သမုဒယသစ္စာ) ဒီလူ့ပြည် နတ်ပြည်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါဘုရား)။
Who prepared these Happy Destinations? (Craving prepared them). Look at the Wanderer's question. The Buddha's answer reveals it. (True, Sir). "Can a human reach the Happy Destinations without abandoning human attachment?" "Oh, more than ten thousand, more than one hundred thousand!" (True, Sir). If you ask why He did not object: What Truth is attachment? (Samudaya Sacca). What Truth are the Human and Deva realms? (Dukkha Sacca, Sir).
ဒါတော့ ဘယ်ကန့်ကွက်မလဲ၊ သစ္စာမသိတဲ့လူ ရမ်းပေးချလိုက်တာပေါ့ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဒါဖြင့် သစ္စာမသိသေးသရွေ့ကာလပတ်လုံး မျက်စိစုံလုံးကန်းလို့သာမှတ် (မှန်ပါ့ဘုရား)၊ သစ္စာမသိသေးရင် (စုံလုံး ကန်းပါဘုရား)၊ မွေးတုန်းကတော့ (အကန်းပါဘုရား)၊ သေတော့ (အကန်းပါဘုရား)။
So why would He object? He just gave a general answer to someone who did not know the Truths. (True, Sir). Do you see? (Yes, Sir). Therefore, as long as you do not know the Truths, consider yourself totally blind in both eyes. (True, Sir). If you do not know the Truths—(Blind in both eyes, Sir). At birth—(Blind, Sir). At death—(Blind, Sir).
ဒါကြောင့် မနေ့ကပြောခဲ့တယ်၊ ခင်ဗျားတို့ မသာဖိတ်ရင် အကန်းလို့ ဖိတ်ကြစမ်းပါလို့၊ သစ္စာမသိတဲ့လူ သေသွားရင် အကန်းမသာကြွတော်မူပါလို့သာ ဖိတ်ပါလို့ဆိုတာ ဘုန်းကြီးပြောတာ စကားရိုင်းသလား (မရိုင်းပါဘုရား)၊ ဖြစ်စဉ်ကိုက်သလား (ဖြစ်စဉ်နဲ့ ကိုက်ပါတယ်ဘုရား)၊ ဖြစ်စဉ်ကိုက်တယ်ဆိုတော့ ဒါဟာ ပဋိစ္စသမုပ္ပါဒ်ဟာ ဒုက္ခနဲ့ သမုဒယချည်းပဲ၊ ပဋိစ္စသမုပ္ပါဒ် ပြတ်သွားလို့ရှိရင် မဂ္ဂနဲ့ နိရောဓချည်းမှတ် (မှန်ပါ့)။
That is why I told you yesterday: If you send out funeral invitations, invite them for a "Blind Man." "Please come to the funeral of a Blind Man." Is my speech rude? (No, Sir). Does it match the actual process? (It matches the process, Sir). Since it matches, know that the Wheel of Dependent Origination is nothing but Suffering (Dukkha) and the Cause (Samudaya). If the cycle is severed, mark it as the Path (Magga) and Cessation (Nirodha). (True, Sir).
ပဋိစ္စသမုပ္ပါဒ်အဝိုင်းပြေးနေရင် ဘာပါလိမ့် (ဒုက္ခနဲ့ သမုဒယပါ) အဲ...ဒါဖြင့် အခုနက ဒကာ ဒကာမတွေ ဖြစ်ပျက်အလုပ်ကို လုပ်ပါပြီဆိုတော့ ဘာလာတုံး (မဂ္ဂနဲ့ နိရောဓလာပါတယ်) ဒါက သူများပြောနဲ့ရတာလား၊ ကိုယ်တိုင် ဖြတ်လို့ ရတာလား (ကိုယ်တိုင်ဖြတ်လို့ ရတာပါဘုရား)။
If running in the circle of Dependent Origination, what is it? (It is Dukkha and Samudaya). And now, when you say you are practicing the observation of Arising and Passing Away, what comes? (Magga and Nirodha come, Sir). Is this obtained by listening to others, or by severing it yourself? (By severing it ourselves, Sir).
မဂ္ဂနဲ့နိရောဓ (ကိုယ်တိုင်ဖြတ်လို့ရတာ) ကိုယ်တိုင်ဖြတ်လို့ရတာ (မှန်ပါ့)၊ ဒါဖြင့် သားကယ်နိုင်၊ သမီးကယ်နိုင်တဲ့ တရားလား၊ ကိုယ်တိုင်ဖြတ်ရမှာလား (ကိုယ်တိုင်ဖြတ်ရမှာပါ)၊ အဲဒီတော့ ခင်ဗျားတို့က အရေးရှိရင် သားသမီးလေးက ချေချေလည်လည်ရှိတယ်ဆိုပြီး အားကိုးချင် အားကိုးနေဦးမယ်၊ အဲဒီချေချေလည်လည်ကြောင့်လဲ အပါယ်ကျချက် နာတာပဲ (မှန်ပါ့)၊ သားကလေးက ချေချေလည်လည် ရှိတယ်ဆိုလို့ရှိရင်လဲ ခင်ဗျားတို့က ပြုံးများနေလိုက်သေးတယ်၊ မနေပေဘူးလား (နေပါတယ်ဘုရား)။
Path and Cessation—(Obtained by severing it ourselves). You must sever it yourself. (True, Sir). Is this a Dhamma where a son or daughter can save you, or must you sever it yourself? (We must sever it ourselves, Sir). Yet, if your children are prosperous and accomplished, you will want to rely on them. But that very prosperity makes the fall into the Lower Realms all the more painful. (True, Sir). If your son is accomplished, you sit there smiling. Do you not? (We do, Sir).
အဲဒါ အပါယ်ကျဖို့ပြုံးတာ၊ ဘယ်ရောက်ဖို့ ပြုံးတာတုံး (အပါယ်ရောက်ဖို့ ပြုံးတာ) အတော်မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ်ဘုရား)၊ ကိုင်း...ဒါဖြင့် ခင်ဗျားတို့ကို ပြုံးစေချင်လို့ သတိပေးလိုက်ပါတယ်၊ ဒါပြတ်တဲ့အချိန် ပြုံးပါ (မှန်ပါ့)၊ ဒါမပြတ်လို့ရှိရင်ဖြင့် ငါကိုယ်ကျိုးနည်းပြီလို့ မဲ့ချည်းနေရမယ် (မှန်လှပါ)၊ ဒါပြတ်အောင်လုပ်နေတော့ ဘယ့်နှယ် ဆိုကြမလဲ (ပြုံးရမယ်) ပြုံးရမယ်၊ သံသရာစခန်း သတ်ပြီကွ (မှန်ပါ့)၊ ဒါ မပြတ်သေးရင် (မဲ့ရမယ်)။
That is smiling your way to the Lower Realms. Smiling to go where? (To the Lower Realms). Is that not terrible? (It is terrible, Sir). Well... I am warning you because I want you to smile truly. Smile only when this cycle is severed. (True, Sir). If it is not severed, you will have to grimace and say, "I am ruined." (True, Sir). So, when you are working to sever it, what should you do? (We must smile). You must smile, saying, "I have terminated the cycle of Samsara!" (True, Sir). But if it is not yet severed? (We must grimace).
ဒါဖြင့် ခု...ခင်ဗျားတို့ သားနဲ့သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ စိန်နဲ့ မြနဲ့ ပြုံးတာတွေကျတော့ ဘယ်လိုဆုံးဖြတ်ချက် ချမလဲ (မဲ့ပြုံး ပြုံးတာပါ)၊ မဲ့ရမယ့်ကိစ္စ ပြုံးနေသောကြောင့် အရူးတွေဟေ့ (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမလဲ (အရူး ဖြစ်ပါတယ်)၊ မဲ့ရမယ့်ကိစ္စမှာ (ပြုံးနေတယ်) ခက်ပြီပေါ့၊ လင်းတက ခွေးသားစားပြီး ပြုံးနေတာ ဘယ့်နှယ်ဆိုကြမလဲ၊ ရိပ်မိပလား (တင်ပါ့)၊ လင်းတက ခွေးသားစားတော့ ခင်ဗျားတို့က ဘေးကနေကြည့်ပါ (တင်ပါ့)၊ ေဩာ်...မသိရှာ လိုက်တာ လွန်လို့ပါလား၊ ပြုံးစရာအချက်ပါရဲ့လား (မပါပါဘုရား)။
So, how will you decide? You smile over your sons, your daughters, your diamonds, and your emeralds. (It is a grimace disguised as a smile, Sir). You are smiling when you should be weeping—that makes you madmen! (True, Sir). What else can we say? (We are mad, Sir). To be smiling in a situation that calls for grimacing... this is difficult indeed. Consider a vulture eating dog meat—it smiles while it eats. What would you say to that? Do you see the picture? (Yes, Sir). Using your insight, stand aside and look at that vulture eating dog meat. You would say, "Oh, how pitifully ignorant! Is there anything there to smile about?" (No, Sir).
ကိုယ်ကလဲ လင်းတဆိုတော့ တိရစ္ဆာန်၊ ခွေးသားကလဲ အပုပ်အစပ်၊ ဒါစားပြီး ပြုံးနေတယ်ဆိုတော့ ဒကာ ဒကာမတွေရဲ့ ခင်ဗျားတို့ ပြုံးနေပုံက ကြောက်စရာကြီး (မှန်ပါ့)၊ လင်းတပြုံး ပြုံးတာကိုး၊ ရိပ်မိရဲ့လား (ရိပ်မိပါတယ်)၊ အတော်မဆိုးဘူးလား (ဆိုးပါတယ်) ဒါ ဒကာရင်း ဆရာရင်းမို့လို့ အမှန်ပြောပါတယ် (မှန်ပါ့)။
Since you are the vulture—the animal—and the dog meat represents these rotting, foul sensual pleasures, seeing you smile as you eat it is actually terrifying to behold. (True, Sir). It is the smile of a vulture. Do you see? Isn't it terrible? (It is terrible, Sir). I am speaking the truth because I am your close teacher and donor of the Dhamma. (Yes, Sir).
ဒါကြောင့် ခင်ဗျားတို့ ပြုံးလိုက်မှာကို ဘုန်းကြီးက သိပ်ကြောက်တယ်၊ ဒီလူဟာ ပြုံးချိန်လဲ မဟုတ်သေးဘဲနဲ့ ဘာပြုံးတာပါလိမ့်မတုံး၊ အတော်မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ်)၊ အဲဒါက နားကြီးကြီးနဲ့ ထောင်တော့မှ ကိုယ်ပြုံးတာ လွဲမှန်းသိတယ် (မှန်ပါ့)၊ နို့မို့ရင် သိပါ့မလား (မသိပါ)။
That is why I am so afraid when I see you smiling. I wonder, "Why is this person smiling when it is not yet time to smile?" Isn't that tragic? (It is, Sir). Only when you prick up your "big ears" and listen to the Dhamma do you realize your smile was wrong. (True, Sir). Otherwise, would you know? (We wouldn't, Sir).
ကိုင်း...ဒါဖြင့် ခင်ဗျားတို့ ပြုံးချိန်လား၊ မဲ့ချိန်လား (မဲ့ချိန်ပါဘုရား)။ အလုပ်လုပ်ပြီးရင်တော့ ဘယ့်နှယ်တုံး (ပြုံးချိန်ပါဘုရား)၊ ဒါဖြင့် ခင်ဗျားတို့သည် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပြုံးသေ မဲ့သေ သေတဲ့အခါ နှစ်မျိုး ရှိတယ်ကွ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
So, is this the time for you to smile or to grimace? (It is time to grimace, Sir). But if you have finished the work, then what? (Time to smile, Sir). The Buddha taught that there are two ways to die: The Smiling Death and the Grimacing Death. Mark this well. (Yes, Sir). Do you grasp it? (Yes, Sir).
အရူးလို ပြုံးနေတာကတော့ကိုတဲ့၊ သေတော့မယ်ဆိုလို့ရှိရင် သေခါနီးမှာ ဒကာ ဒကာမတို့ မှတ်လိုက်စိမ်းပါ၊ သွားရာလိမ်းကို မမြင်ဘဲနဲ့ သေတဲ့လူ ဘယ်သူမှမရှိဘူး (မှန်ပါ့)၊ သေခါနီးမှာ မရဏာသန္နဇောကလေ (မှန်ပါ့)။
If you go around smiling like a madman now, mark my words: when death approaches, no one dies without seeing where they are going. (True, Sir). At the moment near death (Maranasanna-javana), the sign appears.
အဲဒီကျတော့မှ ငါ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်တွေ ဖြုန်းခဲ့တာဖြင့် ငါ့မှာ ကိုယ်ကျိုးလှလှကြီး နည်းပြီဆိုပြီး မျက်ရည်တွေ ခေါင်းအုံးပေါ် စီးကျတယ် (မှန်လှပါဘုရား)၊ ဒကာ ဒကာမတွေ ကြောက်စရာနော် (မှန်လှပါ)။
Only then do you realize: "I have wasted all my time on family affairs, on business matters! I have truly shortchanged my own welfare!" And tears will flow down onto your pillow. (True, Sir). Isn't that frightening, Yogis? (It is, Sir).
ေဩာ်...သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ ငါအချိန်တွေ ဖြုန်းခဲ့တာလဲ ခုတော့ဖြင့် သူတို့က ဘယ့်နှယ် နေတုံးသာ မေးဖော်ရတော့တယ်၊ ငါသွားရမယ့်လမ်းက အတော်ကြမ်းနေတယ် (မှန်ပါ့ဘုရား)၊ ကိုယ့်ဟာကိုယ် မျက်ရည် ကျတယ် (မှန်ပါ့ဘုရား)။
You think, "I wasted my time for them, but now they can only ask how I am feeling. The path I must travel alone is very rough." (True, Sir). You weep for yourself. (True, Sir).
ဒကာ ဒကာမတွေ မဆိုးဘူးလား (ဆိုးပါတယ်)၊ ဘယ်သူ ကယ်နိုင်သေးတုံး (မကယ်နိုင်ပါဘုရား)၊ အဲဒီတော့ ခင်ဗျားတို့ အခုပြုံးနေတာက ေဩာ်...ရူးလဲ ပြုံးပြန်၊ သေခါနီးမှ မဲ့ချင်လို့၊ သဘောကျလား (ကျပါတယ်)၊ သေခါနီး ကျတော့မှ (မဲ့ချင်လို့)၊ ဒါကြောင့် ခင်ဗျားတို့ မသာဓာတ်ပုံရိုက်ရမှာ သိပ်ကြောက်စရာကောင်းတယ် (မှန်လှပါ)၊ မဲ့ရုပ်ကြီး ပါနေမှာကိုးဗျ၊ မြင်မှာက အကောင်းမှမမြင်ဘဲကိုး (မှန်လှပါဘုရား)၊ သားအာရုံ၊ သမီးအာရုံ၊ ပစ္စည်းအာရုံ ကြားထဲမှာ သေမယ်ဆိုတော့ ေဩာ်...မခွဲချင်တာနဲ့ ခွဲရတော့မယ်၊ မစွန့်ချင်ဘဲနဲ့ စွန့်ရတော့မယ်ဆိုတော့ ဒီစိတ် လာကတည်းက နိမိတ်ထင်တော့ ကောင်းပါတယ်ဆိုဦးမလား (မကောင်းပါဘုရား)၊ ဒါဖြင့် ဒီမသာဓာတ်ပုံရိုက်ပြီး ဘယ်သူက ကိုးကွယ်သင့်သတုံး (မှန်ပါ မကိုးကွယ်သင့်ပါဘုရား)၊ မောင်ကိုရော...ကိုးကွယ်သင့်ပါ့မလား (မကိုးကွယ် သင့်ပါဘုရား)။
Isn't that terrible, Yogis? (It is, Sir). Is there anyone left to save you? (No one, Sir). So, your smiling now is just the madness of the moment. You only want to grimace when death is near. Do you see? (Yes, Sir). You want to grimace at the end. That is why taking a photograph of a corpse is a terrifying thing. (True, Sir). The face will capture that grimace. You see nothing good looking ahead. (True, Sir). Caught between attachments to sons, daughters, and property, you have to leave them against your will. When this mind arises and the sign appears, can it be good? (No, Sir). So, if we take a photo of such a corpse, is it worthy of worship? (No, Sir). Even if it is you, Maung Ko, is it worthy? (No, Sir).
ဒါဖြင့် ပြုံးချိန်ဖြစ်အောင် လုပ်စမ်းပါ (မှန်ပါ့)၊ ဒကာ ဒကာမတွေ ဒါပြတ်သွားလို့ရှိရင် ဘာသေဆိုကြမလဲ (ပြုံးသေပါဘုရား)၊ ဒီဘက်မှာ တဏှာ ဥပါဒါန်လဲမရှိ၊ ဇာတိ၊ ဇရာ၊ မရဏတွေရော လာစရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ ေဩာ်...ငါဝဋ်ကျွတ်ပြီဆိုပြီး ပြုံးကြ၊ သဘောကျပလား (ကျပါတယ်)၊ ဒါ ဝတ္ထုမထုတ်ချင်ပါဘူးတဲ့၊ ပြုံးသေ- မဲ့သေ ဝတ္ထုရှိတယ် (မှန်ပါ့)။
Therefore, please work to make it a Smiling Death. (Yes, Sir). If you sever this bond, how will you die? (With a smile, Sir). On this side, there is no Craving (Tanha) or Clinging (Upadana). Do you see any Rebirth (Jati), Aging (Jara), or Death (Marana) arising ahead? (No, Sir). "Oh, I am finally free from the cycle of suffering!" You will die smiling. Do you grasp this? (Yes, Sir). This is not just a story; there is a doctrinal distinction between the Smiling Death and the Grimacing Death. (True, Sir).
ဝဿကာရပုဏ္ဏားကမေးလို့ ဘုရားကဖြေရှာတယ်၊ တပည့်တော်ကတော့ ဘုရား၊ သေတဲ့ပုဂ္ဂိုလ်မှန်သမျှ အကုန် ကြောက်သေတယ်ချည်း ဆုံးဖြတ်ချက်ချတာ၊ ဟ...ပုဏ္ဏားက မင်းဟာလွန်တယ်၊ မဲ့သေတဲ့ပုဂ္ဂိုလ်လဲ ရှိတယ်ကွ...၊ ပြုံးသေတဲ့ ပုဂ္ဂိုလ်လဲ ရှိတယ်ကွ၊ နှစ်ချက်ဟောတယ်၊ ဒီလို ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့ပုဂ္ဂိုလ်ကျတော့ ကဲ...ဦးမြကြီး ဘယ့်နှယ်ဆိုမယ် (ပြုံးသေပါဘုရား)။
The Brahmin Wassakara once asked the Buddha. He said, "I have decided that everyone who dies, dies in fear." The Buddha replied, "Brahmin, you go too far. There are those who die grimacing, but there are also those who die smiling." He taught these two types. Those who have cut the link of Paticcasamuppada—how will they die, U Mya? (Smiling, Sir).
ဒီခန္ဓာ ဒုက္ခကြီးကို စွန့်ရပေတော့မယ်၊ ဒုက္ခကြီးနဲ့ မခွဲရတာကြာလှပြီ၊ ဒီတစ်ခါ နောက်ဆုံးပိတ် ခွဲခြင်းပဲဆိုပြီး ပြုံးတယ်၊ သဘောပါလား (ပါပါတယ်)၊ ဒီခန္ဓာဝန်ကြီး စွန့်ပြီးတဲ့နောက် နောက်ခန္ဓာအဆိုးဝါးကြီးရမှာကို နိမိတ်က မြင်နေတော့ ေဩာ်...ငါဖြင့် သားရေး၊ သမီးရေး၊ စီးပွားရေးကြောင့် ကိုယ်ကျိုးလှလှကြီး နည်းပြီဆိုပြီး မဲ့တယ် (မှန်ပါ့ဘုရား)။
They think: "I am finally about to cast off this great burden of suffering. I have been stuck with it for so long. This is the final separation!" And so, they smile. (Yes, Sir). But the other one—seeing the sign of a terrible new existence after leaving this burden—cries out, "I wasted my life on family and business! My own merit is scant!" And he grimaces. (True, Sir).
မောင်ထွန်းရင် မင်း ဘယ်ဟာကြိုက်သလဲ (ပြုံးသေကြိုက်ပါတယ်ဘုရား)၊ မင်းဟာမင်း ကြိုက်နေတာကိုးကွ၊ လုပ်မှမလုပ်ဘဲ၊ ကိုင်း...ဒကာ ဒကာမတွေ (ရှင်းပါးတယ်)၊ သေမှ အရှက်မကွဲကြပါစေနဲ့ (မှန်ပါ့)၊ သေမှ ဓာတ်ပုံ ရိုက်ခံရတော့ အရှက်ကွဲတယ်၊ မကွဲဘူးလား (ကွဲပါတယ်ဘုရား)။
Maung Tun Yin, which one do you prefer? (I prefer the Smiling Death, Sir). You say you prefer it, but you aren't doing the work! Listen, Yogis. (It is clear, Sir). Do not let yourselves be shamed at death. (Yes, Sir). If your photo is taken then, it will be shameful. Won't it? (It will, Sir).
ဦးမြကြီး... နာမည်တော့ ကြီးပါ့ဗျာ၊ သေမှ ဓာတ်ပုံရိုက်လို့ရှိရင်ဖြင့် ဘယ့်နှယ်နေမလဲ၊ ကဲ ... ဒကာ ဒကာမတွေ ဆွေနဲ့ မျိုးနဲ့ကြားထဲမှာ အရှက်ကွဲမှာနော်၊ ဘယ်သူ့ကြားထဲမှာ အရှက်ကွဲမယ်ထင်ကြသတုံး (ဆွေနဲ့ မျိုးနဲ့ ကြားထဲမှာ) ကဲ...တစ်သက်လုံး ဖုံးလေသမျှ ဘယ့်နှယ်လုပ်မလဲ (ပေါ်ကုန်မှာပေါ့ဘုရား)။
U Mya Gyi... you may have a big reputation, but if we take your photo at death, how will it look? You will be shamed amidst your relatives. Who will see your shame? (Relatives and friends). All the things you hid your whole life—what will happen? (They will all be revealed, Sir).
ခုမှ အကုန်ပေါ်ကုန်မယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အဲဒါကြောင့် ဒါဖြတ်ပြီးတော့ကို သခင်ဝတင် သေလိုက်စမ်းပါဆိုတာ ယနေ့ သတိပေးတယ် (မှန်ပါ့ဘုရား)၊ ဒါ ဖြတ်ပုံ ဖြတ်နည်း အကျယ်ကိုတော့ နက်ဖြန်မှ ဒီနေရာမှာ ဟောမယ် (မှန်ပါ့ဘုရား)၊ သဘောကျကြပလား (ကျပါတယ်ဘုရား)၊ ခင်ဗျားတို့ နက်ဖြန် နာရီကိုက်လာကြ (မှန်ပါ့)၊ နာရီမကိုက်ရင် ရကို မရဘူး (မှန်ပါ့)၊
Everything comes out at the end. (True, Sir). Do you see it? (We do, Sir). That is why I am warning you today: Sever the cycle and die like Thakin Wa Tin. (Yes, Sir). I will explain the detailed method of how to sever this cycle tomorrow at this very spot. (Yes, Sir). Are you satisfied? (Yes, Sir). Come on time tomorrow. (Yes, Sir). If you aren't on time, you won't get it.