သောတာပန်တည်အောင်ကျင့်နည်း
သိကြားမင်းနှင့်အမေးအဖြေ (၃)
အသံဖိုင်ခေါင်းစဉ်= သက္ကပဉှသုတ် အမှတ်(၄) ဝိတက်ရှုနည်း နိဿယည်းတရားတော်
မှတ်ချက်။ အလွန်ကောင်းမွန်သော ဝိပဿနာ အလုပ်ပေးတရား ဖြစ်သည်။ သေချာလေ့လာပါ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်
သောတာပန်တည်အောင်ကျင့်နည်း
သိကြားမင်းနှင့်အမေးအဖြေ (၃)
(၁၅-၁၁-၆၀)
လေလေးထွက်တာလည်း သိနေပါ
ခန္ဓာကိုယ်ကိုစိုက်ပြီး သကာလ ဘုရားရှေ့မှာဖြစ်စေ ကိုယ့်အိပ်ယာပေါ်မှာဖြစ်စေ စိုက်ပြီးကြည့်ပါ။ မကြည့်မှီ ရှေ့အဖို့ကာလမှာ ဘာလုပ်ရမလဲလို့ မေးလို့ရှိရင်ဖြင့် လေလေးထွက်တာလည်း သိနေပါ။ လေလေးပြန်ဝင်တာလည်း သိနေပါ၊ ထိုကဲ့သို့ သိနေတဲ့အခါကျတော့ သိတဲ့စိတ်ကလေးက ဘယ်မှမပြေးတော့ဘူး၊ ထိုကဲ့သို့ သိတဲ့စိတ်ကလေးက ဘယ်မှမပြေးတဲ့ အချိန်ကျတော့ လေထွက်တိုင်းသိ ဝင်တိုင်းသိ ဒီသိတဲ့စိတ်ကလေး ဘယ်မှမပြေးတော့ ဒကာ ဒကာမတွေက ထိန်းထားလိုက်ပါ (မှန်ပါ့ ဘုရား)။
ဝိပဿနာအစ ခန္ဓာကိုယ်ထွက်တဲ့လေ ဝင်တဲ့လေကလေးသိတာကစပါ ကောင်းပြီ ဤကဲ့သို့ သိပြီးနေတုန်း ငါးမိနစ် ဆယ်မိနစ်တိုင်တိုင် ဘယ်မှမိမိစိတ်ကလေး ဘယ်မှမပြေးတော့ဘူးလို့ ဒီလိုကိုယ့်ဟာကိုယ် စိတ်ကလေးဟာ ထိန်းလို့ဖြင့်ရပြီဟလို့ဆိုတော့။
ထိန်းလို့ရနေရင်းမတ္တနဲ့ ခန္ဓာကိုယ်ထဲကနေပြီး သကာလ ဟိုကအောင့်သလိုလို ပေါ်လာလိမ့်မယ်၊ ဟိုနေရာက ယားသလိုလို ပေါ်လာလိမ့်မယ် ဟိုနေရာကပဲ စိတ်ကလေးတစ်မျိုး သော်လည်းကောင်း ပေါ်လာလိမ့်မယ် ကြားတဲ့စိတ်ကလေးလည်း ပေါ်လိမ့်မယ်။
ပေါ်တဲ့အခါကျတော့ ထွက်သိဝင်သိ သိတဲ့စိတ်ကလေးကို ဖြုတ်ပြစ်လိုက်၊ အောင့်တဲ့ယားတဲ့နေရာကို လိုက်လိုက်ပါ၊ အောင့်တဲ့ယားတဲ့နေရာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက လိုက်လိုက်တော့ ဒီအောင့်တာလေးကလည်း နဂိုအောင့်နှင့်တာ မဟုတ်ဘူး၊
ဖောက်ပြန်ပျက်စီးတာက ဒုက္ခသစ္စာ
ခုမှဖောက်ပြန်ပျက်စီးပြီးပေါ်လာတာ အဲဒီဖောက်ပြန်လာတာလေး ဉာဏ်နဲ့ကြည့်လိုက်ပြီ ဆိုတော့ ပျက်စီးတာလေး တွေ့လိမ့်မယ်။ ထိုကဲ့သို့ ပျက်စီးတာလေးတွေ့တဲ့အခါကျတော့ ဖောက်ပြန်ပျက်စီးတာက ဒုက္ခသစ္စာ၊ ဖောက်ပြန်ပျက်စီးမှုသိတာက လောကီမဂ္ဂသစ္စာ၊ ဒါလေးရှေးဦးစွာ ဖောက်ပြန်ပျက်စီးတဲ့စိတ်ကလေးကို ဒကာ ဒကာမတွေက ဟိုနေရာပေါ် ဟိုနေရာလိုက် လက်မောင်းပေါ်လက်မောင်းလိုက်၊ စိတ်မှာကိုယ်မှာရော ဟဒယဝတ္ထုမှာပေါ် ဟဒယဝတ္ထုထဲမှာလိုက်။
နားထဲမှာပေါ် နားထဲလိုက်၊ မျက်လုံးထဲက မြင်စိတ်ကလေးပေါ် မြင်စိတ်ကလေးကလည်း ခုမှပေါ်လာတာ ဖြစ်ပြီးပျက်တာပဲ ဖောက်ပြန်ပျက်စီးတဲ့ ဓမ္မလေးပဲဆိုပြီး ဒကာ ဒကာမတွေက လိုက်နေပါ လိုက်တော့ လိုက်စရာ မရှိပြန်ဘူးဘုရား ဘယ်နေရာကမှ မပေါ်လာဘူးဆိုလို့ရှိရင် ခုနက စိတ်ကလေးကို ထွက်သက်ဝင်သက် သိတဲ့စိတ်ကလေးနဲ့ တွဲနေတဲ့ဉာဏ်လေးကို ဟဒယဝတ္ထုဆိုတဲ့ ဝမ်းထဲလှည့်လိုက်ပါ။
ဝမ်းထဲ လှည့်လိုက်တဲ့အခါကျတော့ ဝမ်းထဲမှာရှိတဲ့လေကို ထွက်အောင် အားထုတ်တဲ့စိတ် လေကိုအတွင်းသို့ ပြန်ဆွဲယူတဲ့ စိတ်ကလေး နှစ်ခုကို လှည့်ရှုနေပါ။
ဉာဏ်နဲ့လိုက်နေပါ
ဒါလေးတွေလည်း ဖောက်ပြန်ပျက်စီးတာပဲ၊ ဒါလေးတွေလည်း ဖောက်ပြန်ပျက်စီးတာပဲ၊ ဒါလေးတွေလည်း ဖောက်ပြန်ပျက်စီးတာပဲလို့ ဒကာ ဒကာမတွေက ဉာဏ်နဲ့လိုက်နေပါ။ လိုက်နေရင်း မတ္တနဲ့တစ်ခါ ဟိုနေရာကယားတယ်၊ ဟိုနေရာကအောင့်တယ်၊ ဒီနေရာက စပ်တယ်လို့ ပေါ်လာပြန်လို့ရှိရင်လည်း အဲဒီနေရာတွေကိုလှည့်လိုက်၊ ဝမ်းထဲကလှည့် ဝမ်းထဲရှုနေတာ (မှန်ပါ့ ဘုရား) ဒိဋ္ဌိကြောင့် ဘယ်ရောက်ရပါလိမ့် (အပါယ်ရောက်ရပါတယ်)
ဪ ကံကနေ အပါယ်လေးပါးကို ခန္ဓာကိုယ်ကို ပစ်ချလိုက်တယ် ဆိုရင်လွဲပါ့မလား (မလွဲပါ) အဲဒါ ဒကာ ဒကာမတွေ ဖြစ်ပျက်နောက်က မဂ်မလိုက်ဘဲနေတဲ့ အချိန်မှာဖြင့် ငါတို့သည် ကားဆိုရင် ဒိဋ္ဌိဖြစ်နေတယ် ဖြစ်ပျက်ကို ခိုင်တယ်မြဲတယ်လို့ယူတဲ့ ဒိဋ္ဌိကဖြစ်နေသောကြောင့် ဒကာကြွယ် ဒိဋ္ဌုပါဒါန် လိုက်မလာဘူးလား (ဒိဋ္ဌုပါဒါန် လိုက်ပါတယ် ဘုရား)။
ဖြစ်ပျက်ကိုခိုင်တယ်မြဲတယ်ထင်တာက ဒိဋ္ဌိ၊ ဒါကလေးအစွဲကြီးနေတာက ဒိဋ္ဌုပါဒါန် ၎င်းနောက်ကံလိုက်လာတော့ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံမဖြစ်ဘူးလား (ဖြစ်ပါတယ်) အဲဒီကမ္မဘဝပစ္စယာဇာတိဆိုတော့ အပါယ်လေးပါး ဇာတိပေါ်လာတယ် (မှန်ပါ့ ဘုရား)။
ဆေးလိပ်သောက်ရင်းလည်း အပါယ်သွားနေတာ
ဒါဖြင့် ဒကာ ဒကာမတွေ ဆရာဘုန်းကြီးပြောတဲ့ အတိုင်းသမာဓိလည်းမဖမ်း ဖြစ်မှုပျက်မှု ကလေးတွေ ပေါ်ရာကိုမလိုက်လို့ရှိရင်ဖြင့် ဆေးလိပ်သောက်ရင်းလည်း အပါယ်သွားနေတာ (မှန်ပါ့) ထမင်းစားရင်းလဲ (အပါယ်သွား) ရေသောက်ရင်းလဲ (အပါယ်သွားပါတယ်)။
ဪ ဒကာ၊ ဒကာမတို့ ဆရာဘုန်းကြီးကယ်တင်တဲ့အတိုင်းလိုက်ရင် လိုက်ကြပါ၊ ကိုယ်ရိုးရာနဲ့ဖြင့် ကိုယ့်ဒုက္ခ ဖြစ်ချေရဲ့ (မှန်ပါ့)။
ဘယ်သူ့ပစ္စည်းမှမခိုး ဘယ်သူ့ပစ္စည်းမှမဝှက် ဘယ်သူ့မှမလိမ် ဘယ်သူ့မှဒေါသမဖြစ်ဘဲနဲ့ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံကဆောင်သွားလို့ အပါယ်လေးပါး ရောက်ရပါတယ်။ ဒကာ ဒကာမတွေက ပြောကြလိမ့်မယ်။ ဒကာကြွယ် တို့ဒကာသစ်တို့ ဦးလှဘူးတို့က ပြောကြလိမ့်မယ်။ ကျုပ်တို့ ဘာမှအပြစ် မရှိဘူး၊ ကိုယ့်ထမင်း ကိုယ်စားနေတာပဲ ကိုယ့်ဆေးလိပ် ကိုယ်သောက်နေတာပဲလို့ ထင်ကြပါလိမ့်မယ်နော်၊ ကိုယ့်ထမင်းကိုယ်စားရင်း (အပါယ်သွား) ကိုယ့်ဆေးလိပ်ကိုယ်သောက်ရင် (အပါယ်သွားပါတယ်) မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။
ဝိပဿနာမရှုရင် အပြစ်ရှိနေတယ်
အဲဒီတော့ ဘာအပြစ်ရှိတုန်းဆိုတဲ့စကားကို ယနေ့ကစပြီး သကာလ ဝိပဿနာမရှုရင် အပြစ်ရှိနေတယ် ဆိုတာကို သုံးလိုက်ပါတော့ (မှန်ပါ့) ဒကာကြွယ် ရေ အရေးကြီးတယ်နော် (မှန်ပါ့) ကိုင်း ဒါဖြင့် ဤကဲ့သို့ရှုပြီး သကာလ နေတော့ ဖြစ်ပျက်တွေမြင်လို့လာပါလိမ့်မယ် (မှန်ပါ့ ဘုရား) အဲ ဖြစ်ပျက်မြင်အောင်ဆိုတော့ ဒကာ ဒကာမတွေယားတဲ့နေရာရှု၊ ယံတဲ့နေရာရှု၊ ဒါတွေစိတ်တွေရှုနေတာပဲ ရှုစိတ်ရှု ရှိုက်စိတ်ရှု ရှုလိုက်တဲ့အခါကျတော့ မဂ္ဂင်ငါးပါးနဲ့လာတော့ ဒိဋ္ဌိပြတ်မသွား ဘူးလား (ပြတ်ပါတယ်) ဒိဋ္ဌိပြတ်သွားတော့ ဒိဌုပါဒါန်ရော (ပြတ်ပါတယ်) ဒိဋ္ဌိအုပ်ချုပ်တဲ့ကံရော (ပြတ်ပါတယ်) အပါယ်လေးပါးကော စခန်းမသိမ်းသေးဘူးလား (စခန်းသိမ်းပါတယ် ဘုရား) ဪ တို့သည်ကားဆိုရင်ဖြင့် ဆရာဘုန်းကြီး ပြောတဲ့အတိုင်း ဘုရားဟောတဲ့အတိုင်း ဝိပဿနာအလုပ် လုပ်လိုက်တဲ့အခါကျပြန်တော့်လည်း အပါယ်လေးပါးတံခါး ပိတ်သွားတယ်ဆိုတဲ့ဥစ္စာ သေသေချာချာမှတ်ပါ (မှန်လှပါ) ဒါဖြင့်ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအတိုင်းနေလို့ မဖြစ်ဘူးဆိုတာ ပေါ်လာကြတယ် ဒီအတိုင်းနေလိုလို့ဖြင့် (မဖြစ်ပါ ဘုရား)။
မဖြစ်ဘူးဆိုတာ သေချာကြပြီ (မှန်ပါ့) ကိုယ့်အရောင်းနဲ့ ကိုယ့်အဝယ်နဲ့ ကိုယ့်ရငွေနဲ့ ကိုယ့်ကုန်ငွေနဲ့ ဒါတွေ ပုတီးစိပ်နေတာကတောဖြင့်တဲ့ ဒိဋ္ဌိ ဒိဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံတွေ လုပ်ကိုင်နေတဲ့အတွက် ဒကာသစ်တို့ ဒကာကြွယ် တို့ အခုပြုံရသလောက် သေခါနီးမဲ့ရလိမ့်၊ စိုးရိမ်စရာမကောင်းဘူးလား (စိုးရိမ်စရာပါ ဘုရား)။
အဲ ယခုပြုံးရသလောက် သေခါနီးမဲ့ရလို့ရှိရင်ဖြင့် ဒကာကြွယ် ၊ ဒကာဦးလှဘူးတို့ ဘယ်သူမှမကယ် နိုင်တော့ဘူး (မှန်ပါ) အဲဒါကြောင့် ကယ်မယ့်ယူမယ့်တရားကိုအမှူးထားပြီးလုပ်ပါဆိုတာတိုက်တွန်းရတယ် ကယ်မယ့်ယူမယ့် တရားကို (လုပ်ရပါမယ်) အမှူးထားပြီး သကာလ လုပ်ပါဆိုတာကိုဖြင့် လေးစားစွာနဲ့ပဲ ဒီတရားဟော ပလင်ပေါ်ကနေပြီး ဒကာ ဒကာမတွေ မေတ္တာရှေ့ထားပါတယ် (မှန်လှပါ ဘုရား)။
ဝစီကံ မေတ္တာရော မနောကံနဲ့ ကျမှာစိုးရိမ်တာရော ကိုယ့်ကိုယ် မသနားဘဲ နေကြတဲ့ အခြေအနေရောက်မှာ ကိုရော ဒကာသစ်ရေ သိပ်စိုးရိမ်တယ်နော် (မှန်ပါ) မိဘရိုးရာတို့ ဘာအပြစ်ရှိတာတုန်း ဆိုတာမသုံးပါနဲ့၊ ကိုယ့်ဆေးလိပ်သောက်ရင်း ကိုယ်အပါယ်သွားရပါတယ် ကိုယ်ရှာထားတဲ့ ထမင်းကိုယ်စားရင်း (ကိုယ်အပါယ် သွားရပါတယ် ဘုရား)။ အင်မတန် မနစ်နာဘူးလား (နစ်နာပါတယ်)။
ဘယ်နေရာလိုက်ရမှာတုန်းလို့ မမေးပါနဲ့တော့
အဲဒီ နစ်နာမှုတွေကို ခုလိုသာသနာတွင်းတရားနဲ့မှ ဦးဘအုန်းတို့ မသိမ်းလိုက်ရင်တော့မရဘူး၊ ရပါဦးမလား (မရပါ) အဲဒါကြပ်ကြပ်စဉ်းစားပါဆိုတာ ဒကာ ဒကာမတွေ ဖြစ်ပျက်လိုက်စမ်းပါ ဆိုတဲ့ဥစ္စာဖြင့် ဘယ်နေရာလိုက်ရမှာတုန်းလို့ မမေးပါနဲ့တော့၊
ယားရင်ယားတဲ့နေရာ လိုက်မြင် မြင်တဲ့နေရာ (လိုက်ရပါမယ် ဘုရား) ကြား ကြားနေရာ (လိုက်ရပါမယ်) အင်း နံ နံတဲ့နေရာ (လိုက်ရပါမယ်) စား စားတဲ့နေရာ (လိုက်ရပါမယ်) ကြံ ကြံတဲ့နေရာ (လိုက်ရပါမယ်) ကြံတဲ့နေရာက ကြံစိတ်ကလေး ဖြစ်ပျက်ရှု (မှန်ပါ့)
အဲဒီကဲ့သို့ ဒကာ ဒကာမတွေက နှလုံးသွင်းမှန်သွားပြီဆိုမှဖြင့် ဖြစ်ပျက်ရှေ့က ဖြစ်ပျက်နောက်ကမဂ် (မှန်ပါ့) ရှေ့ကဘာပါလိမ့် (ဖြစ်ပျက်ပါ) နောက်ပါဘာပါလိမ့် (မဂ်ပါ ဘုရား)။
အဲဒီရှေ့က ဖြစ်ပျက်နောက်ကမဂ်နှင့် နေကြပါမူကား ဒကာ ဒကာမတွေ ဒါ သစ္စာအနုလောမိကဉာဏ်ရပါတယ် (မှန်ပါ့) ဘယ်ဉာဏ်ရပါလိမ့် သစ္စာအနုလောမိကဉာဏ်ပါ၊
သစ္စာနဲ့လျော်တဲ့ဉာဏ်
သစ္စာနဲ့လျော်တဲ့ဉာဏ်ရတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ) ဒါ့ကြောင့် ဒကာကြွယ် တို့ ဦးလှဘူးတို့ပြောရတယ်၊ သာသနာတွင်းတရားနော် (မှန်ပါ ဘုရား) ဖြစ်ပျက်ကိုမြင်တဲ့ဉာဏ် ဘာဉာဏ်ခေါ်ကြမယ် (သစ္စာအနုလောမိကဉာဏ်) သစ္စာအနုလောမိကဉာဏ် သစ္စာသိတဲ့ဉာဏ် ဘယ်လိုမှတ်ကြမယ် (သစ္စာသိတဲ့ဉာဏ်ပါ)
သေသေချာချာမှတ်ပါ သစ္စာသိဉာဏ်လို့ သစ္စာသိဉာဏ်လို့လည်း ခေါ်ရင်ခေါ် လိုက်ပါ (မှန်ပါ) သဘောကျပြီလား (မှန်ပါ့ ဘုရား)။ သစ္စာဉာဏ်လို့လဲ (ခေါ်နိုင်ပါတယ်) ခေါ်နိုင်ပါတယ်ဆိုတာကိုလည်း ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)
ကြာတော့ ခန္ဓာကိုယ်ကြီး ဟိုနေရာကပေါ်လိုက် ဒီနေရာပေါ်လိုက်၊ ဟိုနေရာကယားလိုက်၊ ဒီနေရာက ဆေးလိပ်သောက်ချင်တဲ့စိတ်ပေါ်လိုက် ကွမ်းစားချင်တဲ့စိတ်ပေါ်လိုက်၊ ပေါ်တဲ့စိတ်တွေကို ဖြစ်ပျက်တွေရှုနေတော့ ဒကာ ဒကာမတွေ ဖြစ်ပျက်ဆိုတာ မိမိသေတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။
ဖြစ်ပျက် ဆိုတာဘာပါလိမ့် (မိမိသေတာပါ) မိမိသေတာလို့ မှတ်ထားလိုက်စမ်းပါ ဘာကြောင့် မိမိသေတယ်လို့ ဆရာဘုန်းကြီး ဆုံးဖြတ်ချက် ချပေးရတာတုန်းဆိုတော့ သတ္တဝါမှာ နှစ်စိတ်နဲ့ အသက်မရှင်လို့ (မှန်ပါ) သတ္တဝါမှာတစ်စိတ်နဲ့ အသက်ရှင်တယ်ဆိုတာ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။
အသေကိုအရှင်နဲ့ကြည့်နေတာ
ပထမစိတ်ပျက်သွားတယ်တယ်ဆိုတာလည်း မိမိသေတာပဲ (မှန်ပါ့) နောက်စိတ်နဲ့ပြန်ပြီး သကာလ ရှုနေတာမိမိရှင်တာပဲ (မှန်ပါ) ဒါဖြင့် အသေကိုအရှင်နဲ့ကြည့်နေတာပဲ (မှန်ပါ့) ဒကာကြွယ် ဘယ်လိုမှတ်မယ် (အသေကို အရှင်နဲ့ကြည့်တာပါ)
ကျေးဇူးများလိုက်တာ၊ ဒကာ ဒကာမတို့ ကျေးဇူးများလိုက်တာ အသေကိုအရှင်ကကြည့်တာ သေတာကလည်း သူများလားမိမိလား (မိမိသေတာပါ ဘုရား)။ ရှင်တာကလည်း သူများလား၊ မိမိလား (မိမိပါ ဘုရား) ဪ မိမိအသေမိမိမြင်တာပါလား (မှန်ပါ့) မိမိဒုက္ခရောက်တာကို (မိမိမြင်တာပါ) ဒကာသစ်မလျှော့နဲ့နော် ဒီအမြင်ကို မလျော့ကြပါနဲပလို့ ဒကာ ဒကာမတွေ သတိပေးလိုက်ပါတယ်။
ဒီအမြင်ကို မလျော့လိုက်ကြပါနဲ့ ဆိုတော့ ကြာတော့ ဒကာကြွယ် ဦးလှဘူးမြင်ပါများလာတော့ မုန်းဆိုတဲ့ ဉာဏ်ဟာလာရမှာလား မလာရဘူးလား (လာရမှာပါ) မြင်ပါများလာတော့ (မုန်းဉာဏ်ပါ ဘုရား) မုန်းဉာဏ်လာရမယ်ဆိုတာ သဘောကျပြီလား (မှန်ပါ့)
အဲဒီကဲ့သို့ မြင်ပါများလာတော့ မုန်းတဲ့မုန်းဉာဏ် ဆိုတဲ့ နိဗ္ဗိန္ဒဉာဏ်လာပါတယ်၊ မုန်းပေမယ့်လည်း ဆရာဘုန်းကြီးက ထပ်ပြီး ဒကာ ဒကာမတွေ အလုပ်ခွင်ဝင်နေတဲ့အခါ သတိလက်လွတ်မှာစိုးတဲ့အတွက် ဒကာသစ် မုန်းရက်နဲ့ပေရှုပါ မုန်းမုန်းနဲ့ပဲ ပေါ်ရာလိုက်လိုက်ပေးပါ (မှန်ပါ့ ဘုရား)။
မုန်းမုန်းနဲ့ပဲ ပေါ်ရာလိုက်လိုက်ပေးပါ
မုန်းမုန်းနဲ့ဘာလုပ်ရမယ် (ပေါ်ရာလိုက်ရပါမယ်) ပေါ်ရာလိုက်ပြီး ရှုနေတဲ့အခါကျတော့ ဪ မုန်းဉာဏ်တော့ဖြင့် မိမိတက်လာပြီလို့ ကိုယ်တိုင်မသိပေဘူးလား (မှန်ပါ့) သိလာလို့ရှိရင်ဖြင့် မုန်းရက်နဲ့ ရှုပြီး သကာလ နေရင်းမတ္တနဲ့ ဪ ဒီဒုက္ခထက်ကြီးတာမရှိပါလားဆိုတာ ဉာဏ်တက်လာလိမ့်မယ် (မှန်ပါ့ ဘုရား)
ဉာဏ်တက်လာတဲ့အခါကျတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဒုက္ခထက်ကြီးတာမရှိပါလားလို့ ဉာဏ်တက်လာတော့ ဖြတ်ဆိုခုနက ဟိုနေရာကပေါ်တဲ့ဒုက္ခ၊ ဒီနေရာက ပေါ်လတ္တံ့ဖြစ်တဲ့ ဒုက္ခတွေ ၊ဒုက္ခတွေအကုန်သိမ်းသွားတယ်၊ ဘာတွေသိမ်းသွားသလဲ (ဒုက္ခတွေပါ ဘုရား)
အိုကြည့်ရင်းမတ္တနဲ့ ဒကာသစ်ရေ ဘာတွေသိမ်းသွားသလဲ (ဒုက္ခတွေပါ ဘုရား)။ ဒုက္ခတွေသိမ်းသွားတာ သူများပြောတာလား ကိုယ့်ဉာဏ်နဲ့ ရှုရင်းမတ္တနဲ့ပဲ ရှေ့နားသိမ်းတာလား အကဲခတ်စမ်း (မှန်ပါ့) ကိုယ့်ဉာဏ်နဲ့ရှုရင်း မတ္တနဲ့ဒုက္ခတွေ သိမ်းသွားတယ် (မှန်ပါ့)
ဒုက္ခသိမ်းတာနိဗ္ဗာန် သိမ်းမှန်းသိတာက မဂ်ဉာဏ်၊ ဒုက္ခသိမ်းတာ (နိဗ္ဗာန်ပါ) ဒုက္ခသိမ်းမှန်းသိတာက (မဂ်ဉာဏ်ပါ ဘုရား)။
သောတာပတ္တိမဂ်ဆိုက်တယ်
အဲဒီတင်ကျမှ ပဌာန်းပါဠိတော်မှာ နိဗ္ဗာနံ မဂ္ဂသာ မရမ္မဏပစ္စယေန ပစ္စယော နိဗ္ဗာနံ-နိဗ္ဗာန်သည် မဂ္ဂဿ-မြင်သော ဉာဏ်အား အာရမ္မဏပစ္စယေန-အာရမ္မဏပစ္စယသတ္တဖြင့် ပစ္စယောဥပကာရကော ကျေးဇူးပြုတတ်သည် ဟောတိ-ဖြစ်၏။
တစ်ခါတည်း သောတာပတ္တိမဂ်ဆိုက်တယ် (မှန်ပါ ဘုရား)။ သောတာပတ္တိမဂ်ဆိုက်သွားတော့ ဒီကသောတာပတ္တိမဂ်ဆိုက်ခါရှိသေးတယ် ဒကာကြွယ် တို့ ဦးလှဘူးတို့ ကိုယ့်အတွက် အပါယ်လေးပါး ငရဲအိုးဆူနေတာတွေ ငရဲမီးတဟုန်းဟုန်းတောက်နေတာ အလိုလိုငြိမ်းပါတယ် (မှန်ပါ့)
ယခုတော့ဖြင့် ဒီဉာဏ်အလင်းမရသေးတဲ့အတွက် ဒီကလူတွေသေခဲ့ဆိုပြီး ငရဲမင်းကြီးက စောင့်နေတယ်၊ ငရဲမီးလျှံတွေကလည်း ဆူလို့ပါလား (မှန်ပါ့ ဘုရား) အဲဒီအဆူတွေကို ဒီကနေငြိမ်းလို့ရပါတယ် (မှန်ပါ) အဲဒီမီးတွေဒီကနေသိမ်းရင်ကော (ရပါတယ် ဘုရား)
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အေးအေးလေး မနေလိုက်ပါနဲ့ဦး ကိုယ့်ငရဲအိုးက မီးတဟုန်းဟုန်းတောက်ပြီး တပွက်ပွက်ဆူနေတုန်း ဒီဉာဏ်ကလေးနဲ့ ငြိမ်းကြပါဆိုတဲ့ဥစ္စာ မေတ္တာရှေ့ထားပြီး သကာလ ပြောကြားပြီးနေပါတယ် (မှန်ပါ ဘုရား)။
ဦးလှဘူး ဦးလှအုန်း သာမညအရေးကြီး မပြောပါဘူးနော် ကိုင်း ဒါဖြင့် သာသနာပကျလာတော့ ဘယ်လိုငြိမ်းလို့ ဘယ်လိုသိမ်းရမယ်ဆိုတာ သိကိုမသိဘူး (မှန်ပါ့ မသိပါ) ဒကာကြွယ် သိပါဦးမလား (မသိပါ)
သာသနာတွင်းအလုပ်လုပ် လိုက်စမ်းပါ
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သာသနာတွင်းသားဖြစ်ပြီး သာသနာတွင်းအလုပ်လုပ် လိုက်စမ်းပါဆိုတာကိုလည်း ၊
ကဲ ဆန်မရှိလို့လည်း မပူပါနဲ့ ဆီမရှိလို့လည်း မပူပါနဲ့ အဝတ်အထည်တွေ ရောင်းမကောင်းလို့လည်း မပူနဲ့ ငရဲမီးငြိမ်း၍ ငရဲအိုးသိမ်းဖို့ အရေးသာလျှင် ဝစံကံရှိနေလို့ ပူကြစမ်းပါ။ ဒါကိုသာငြိမ်းမယ်ဆိုတဲ့ စိတ်ထားပြင်းပြစမ်းပါဆိုတာကို ဒီကနေပြီး သကာလ အသိဉာဏ်နဲ့ပြောနေပါတယ် (မှန်လှပါ ဘုရား) ပေါ့ပေါ့နေလို့ တော်ကြပါ့မလား (မတော်ပါ)
သားကကယ်နိုင် သမီးကကယ်နိုင် ပစ္စည်းကကယ်နိုင်လားဆိုတော့ ဟောဒီရှုတဲ့မဂ်ကမှ ကယ်နိုင်တယ် (မှန်ပါ့) ဒကာကြွယ် သမီးလေးတစ်ယောက်ကကယ်နိုင်လား ဆွေမျိုးဉာတကာတွေကကော (မကယ်နိုင်ပါ) ဥပမာ ဒကာကြွယ် ကြီးတစ်ယောက် သေတယ်၊ ဦးလှဘူးတစ်ယောက်သေတယ် ဪ ဖြစ်မှဖြစ်ရလေတယ်။
ဒါပါပဲ ကိုယ်အပါယ်သွားမှုကြီး တတ်နိုင်ကြရဲ့လား (မတတ်နိုင်ပါ ဘုရား) အဲဒါကြည့်တတ်လို့ရှိရင်ဖြင့် ခန္ဓကိုယ်က ဖြစ်ပျက်ရှုတာက လောကီမဂ် (မှန်ပါ့) နောက်ရင့်ကျက်လာတော့ လောကုတ္တရာမဂ်ဆိုတာ မဂ္ဂင်ရှစ်ပါးလည်းပြည့်ပါရော ဒကာကြွယ် ရေ ငရဲမီးသိမ်း၏ ငရဲအိုးပွက်ပွက်ဆူတာငြိမ်းပါတယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီဝဋ်တွေ အမြင်ကျယ်တဲ့ပုဂ္ဂိုလ်က ဒကာကြွယ် အတွက် ငရဲမီးတွေ တဟုန်းဟုန်းတောက်နေတယ်၊ ငရဲအိုးကြီးက တပွက်ပွက်ဆူနေတယ်၊ ဒကာကြွယ် ဒီကနေငြိမ်းနော် မပြောထိုက်ဘူးလား (မှန်ပါ့)
ဒီကနေငြိမ်းဆိုတော့ ရေနဲ့သွားငြိမ်းလို့မရဘူး (မှန်ပါ့) မဂ်ပေါ်ရင်ငြိမ်းပါတယ် (မှန်ပါ့) ဘာတဲ့ (မဂ်ပေါ်ရင်ငြိမ်းပါတယ် ဘုရား)။
ကိုယ့်ငရဲမီးငြိမ်းတာကို ကိုယ့်လက်မနှေးပါနဲ့
ဒါ့ကြောင့်တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီလိုဆရာသမားက လမ်းညွှန်ကောင်းက တွေ့ကြုံနေတဲ့အချိန်မှာဖြင့် ကိုယ့်ငရဲမီးငြိမ်းတာကို ကိုယ့်လက်မနှေးပါနဲ့ (မှန်လှပါ) ကိုယ့်ငရဲအိုးသိမ်းတာကို (ကိုယ်လက်မနှေးရပါ) သဘောကျပြီလား
လက်ဆိုတာခင်ဗျားတို့ ရှုတဲ့မဂ်ကိုဆိုပါတယ် (မှန်လှပါ ဘုရား) လက်ဆိုတာ ဘာခေါ်ပါလိမ့် (ရှုတဲ့မဂ်ပါ) ရှုတဲ့မဂ်ကိုဆိုပါတယ်ဆိုတာကို ဒကာ ဒကာမတွေ သတိပေးရတယ်၊
ဒီဘုန်းကြီးပြောတာမှ ဒီ ဒကာ ဒကာမတွေက လေးလေးစားစား နားမထောင်တော့ပါဘူးဆိုလို့ရှိရင်ဖြင့် မရှုဘဲမမှတ်ဘဲနဲ့ နေကြထိုင်ကြမယ်ဆိုလို့ ရှိရင်ဖြင့် တစ်လမ်းသွားတွေသာ မှတ်ပါ။
ခင်ဗျားတို့ပြုထားတဲ့ ကုသိုလ်တွေကလည်း တကယ်တမ်း မတားနိုင်ဘူးနော် (မှန်ပါ့ ဘုရား) ဒကာကြွယ် တားနိုင်ပါ့မလား (မတားနိုင်ပါ) မဂ်ဆိုတော့ဖြင့် (တားနိုင်ပါတယ်) အဲဒီတော့ကို တကယ်ဆေးကောင်း ရှိပါရက်သားနဲ့ ဆေးကောင်းကိုသောက်ဖြစ်အောင် သောက်ပါဆိုတာကို လေးစားစွာနဲ့ သတိပေးရပါတယ်။ (မှန်ပါ့)
ဒါကခန္ဓာကိုယ်ကြည့်ပြီး ရှုနည်းတစ်မျိုး (မှန်လှပါ ဘုရား) ကိုင်း ရှင်အာနန္ဒာသောတာပန် တည်ပုံလေးရှေ့ပိုင်းမှာပြောပါဦးမယ် (မှန်ပါ)
ရှင်အာနန္ဒာသောတာပန်တည်ပုံ
ရှင်အာနန္ဒာသောတာပန်တည်ပုံက ဘုရားဆီမှာတည်တယ်လို့ ဒကာကြွယ် တို့ ဒကာသစ်တို့ ဦလှဘူးတို့က မအောက်မေ့ပါနဲ့ ရှင်ပုဏ္ဏဆီမှာတည်ရပါတယ် (မှန်ပါ့) ဘယ်သူ့ဆီမှာ တည်ပါလိမ့် (ရှင်ပုဏ္ဏဆီမှာ ဘုရား)။
ရှင်ပုဏ္ဏဆီမှာတည်ရတယ်ဆိုတော့ ရှင်ပုဏ္ဏက သောတာပန်တည်အောင်ဟောတဲ့နေရာမှာဖြင့် ဒကာကြွယ် ရေ အကောင်းဆုံးပုဂ္ဂိုလ်ပဲ (မှန်ပါ့)
မဏ္ဍာနီ ပုဏ္ဏေးမ၏သား ရှင်ပုဏ္ဏဆိုတာ သောတာပန်တည်တဲ့နေရာဖြင့် အကောင်းဆုံး သောတာပန်တည်အောင် ဟောနိုင်တယ် သောတာပန်တည်အောင် ကျင့်နည်းပေးနိုင်တဲ့အထဲမှာဖြင့် တစ်ဆွဲတဲ့ပုဂ္ဂိုလ်ပဲ (မှန်ပါ့ ဘုရား)
ဒါ့ကြောင့် ဒကာ ဒကာမတွေ သောတာပန်တည်နည်း နိဿရည်းကိုပဲ ရှင်းပြပါမယ် (မှန်လှပါ) ရှင်အာနန္ဒာက ရဟန်းတို့လာကြဦး လာကြဦး လာကြဦးဆိုပြီး ခေါ်လိုက်ပါတယ် (မှန်ပါ့)။
ငါ့ဆရာရှင်ပုဏ္ဏဆိုတာရှိပါတယ်ကွာ၊ ငါတို့ ရဟန်းငယ်တွေမှာဖြင့် သူ့လောက်ကျေးဇူးများတဲ့ပုဂ္ဂိုလ် ဘုရားအောက်မှာ မရှိပါဘူးကွာ သူကသောတာပန်တည်ပြီးသားဖြစ်လို့ (မှန်ပါ့ ဘုရား) ရဟန်းငယ်တွေ ခေါ်ပြောတယ် (မှန်ပါ့)။
ဘယ်လိုများဟောလေ့ရှိတယ်ဆိုတာ ငါ့ဆရာဟောပုံကလေး မင်းတို့ နားထောင်ကြစမ်းပါ (မှန်ပါ့)
သောတာပန်တည်ချင်ရင် ဒိဋ္ဌိဖြုတ်ရမှာ
ဥပါဒါယအသ္မိဟောတိ အနုပါဒါယ အသ္မိနဟောတိ စာလိုပေါ့ဗျာ (မှန်ပါ့) ခန္ဓဝဂ္ဂသံယုတ်ထေရဝဂ်မှာ ဟောလိုက်ပါတယ်။
သောတာပန်တည်ချင်ရင် ဒိဋ္ဌိဖြုတ်ရမှာကိုးဗျ သောတာပန်တည်ချင်ရင် (ဒိဋ္ဌိဖြုတ်ရမှာပါ) ဒိဋ္ဌိဖြုတ်ရမယ်နော် (မှန်လှပါ ဘုရား) အဲဒီဒိဋ္ဌိလာပုံလေး ဒိဋ္ဌိဖြုတ်ပုံလေးကို ရှင်အာနန္ဒာက ရဟန်းငယ်တွေကို ဟောပါတယ် (မှန်ပါ့)
ဒါကြောင့် ဂရုစိုက်ပြီး ဒကာ ဒကာမတွေ နားထောင်းကြစမ်းပါ တိုက်တွန်းရတယ်နော် (မှန်ပါ့) ခန္ဓာငါးပါးက ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာငါးပါးကိုပကတိမျက်လုံးနဲ့ကြည့်လိုက်တဲ့အခါကျတော့ ပကတိ ကျုပ်တို့ယခုရှိနေတဲ့ မျက်လုံးပေါ့ဗျာ၊ ဉာဏ်မျက်လုံးနဲ့မကြည့်ဘဲနဲ့ ရှိတဲ့မျက်လုံးနဲ့ ဒကာကြွယ် တို့ မျက်မှန်တတ်ထားတဲ့ မျက်လုံးပေါ့ဗျာ (မှန်လှပါ ဘုရား)
ဒကာသစ်တို့ ပင်ကို အမေမွေးထားတဲ့မျက်လုံးပေါ့ဗျာ အဲဒါနဲ့မိမိခန္ဓာကြီး ကြည့်လိုက်ပြီဆိုမှဖြင့် မိမိခန္ဓာကိုယ် မိမိမျက်လုံးနဲ့ မိမိလက်နဲ့စမ်းသပ်ပြီး ကြည့်လိုက်ပြီဆိုမှဖြင့် ဪ ငါနေနိုင်ပါသေးတယ်၊ ကြည့်လိုက်တာနဲ့ ငါထွက်လာတယ် (မှန်ပါ့) ကြည့်လိုက်တာနဲ့ ဘာထွက်လာတုန်း (ငါထွက်ပါတယ်)။
အံမယ်လေး ဒကာ ဒကာမတို့ ပကတိမျက်လုံးနဲ့ ကြည့်လိုက်တော့ ကိုယ့်ခန္ဓာတည်းဟူသော ကိုယ်ခန္ဓာ ကြည့်လိုက်တာနဲ့ ကိုယ်ခန္ဓာပကတိမျက်လုံးနဲ့ ကြည့်လိုက်တာက ငါနေနိုင်ပါသေးတယ် (မှန်ပါ့)
ငါ့အသားအရေတောင့်တင်းပါသေးတယ် (မှန်ပါ့) ငါ့ဆံပင်လေးတွေလည်း မဖြူသေးပါဘူး (မှန်ပါ့) ငါ့မျက်လုံးလေးကလည်း ကြည်ကြည်လင်လင် လုပ်ကိုင်စားသောက်နေနိုင်ပါသေးတယ်ဆိုတော့ ငါတွေအကုန် ထွက်လာတယ် (မှန်လှပါ ဘုရား)။
ခန္ဓာကိုယ်ကြည့်လိုက်ပြန်တော့ ပကတိမျက်လုံးနဲ့ ကြည့်လိုက်ပြန်တော့ ဘာတွေအရိပ် ထွက်လာလဲဆိုတာ ပေါ်ကြပြီလား (မှန်ပါ့) ဘာအရိပ်တွေထွက်လာသလဲ (ငါအရိပ်တွေပါ) ငါအရိပ်တွေထွက်လာတယ် (မှန်ပါ့) ဪ ဒကာ ဒကာမတွေစဉ်းစားကြည့်စမ်း စဉ်းစားကြည့်စမ်း၊
သက္ကာယဒိဋ္ဌိဟာ အလိုလိုလာတာလား
ငါဆိုတဲ့သက္ကာယဒိဋ္ဌိဟာ အလိုလိုလာတာလား ခန္ဓာကိုယ် ပကတိမျက်လုံးနဲ့ကြည့်လို့လာတာလား (ပကတိမျက်လုံးနဲ့ကြည့်လို့ပါ)။ တယ်လည်းမှတ်စရာ ကောင်းပါလား (မှန်ပါ့)
ဒကာ၊ ဒကာမတို့ ကိုယ့်ခန္ဓာ ကိုယ်မကြည့်တတ်လို့ရှိရင်ဆိုမှဖြင့် ငါဆိုတဲ့ ဒိဋ္ဌိလာတော့တာပဲ ဒိဋ္ဌိလာရင် တဏှာလာတော့မယ် တဏှာလာရင်မာနကတော့ (လာပါတယ် ဘုရား)
ဪ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ပကတိမျက်လုံးနဲ့ ကြည့်လိုက်ပြီဆိုမှဖြင့် ငါနေနိုင်သေးတယ် ငါရောဂါကင်းသွားပြီ (မှန်ပါ့) ငါ့အသားအရေလေးတွေ တောင့်တင်းပါသေးတယ်ဆိုတဲ့ သဘောတွေ ငါတွေကြားထဲ ဝင်ရှုပ်လာတယ် (ရှုပ်ပါတယ် ဘုရား)။
အင်း ခန္ဓာကိုယ်ကြည့်လိုက်တာနဲ့ ပကတိမျက်လုံး ခန္ဓာရှေ့ထား ပကတိမျက်လုံးနဲ့ကြည့်လိုက်တာနဲ့ တဏှာမာနဒိဋ္ဌိအလယ်မှာ ပေါက်ပွားလာပါတယ် ရှင်းကြရဲ့လား (ရှင်းပါတယ်)
အဲဒါက ခန္ဓာငါးပါး အားလုံးတရားနာကြတာ ဒကာ ဒကာမတွေ ခန္ဓာငါးပါး ကိုယ့်ခန္ဓာငါးပါးကို ပကတိမျက်လုံး ပကတိနားနဲ့ ပကတိကိုယ်နဲ့သာ စမ်းသပ်ကြည့်ကြမယ်ဆိုရင် ငါနေနိုင်ပါသေးတယ်ဆိုတဲ့ ဒိဋ္ဌိမလာဘူးလား (ဒိဋ္ဌိလာပါတယ် ဘုရား) ငါ့ကိုယ်တော့ ငါကျန်းမာရေးဂရုစိုက်ဦးမယ်ဆိုတဲ့ လုပ်ချင်တဲ့ကျန်းမာစေချင်တဲတဏှာ မလာပေဘူးလား (လာပါတယ်)။
ကျန်းမာလာတိုင်းလာတိုင်းလည်း ငါလုပ်နိုင်ပါသေးတယ် ဘယ်သူ့အောက်မှမကျသေးပါဘူးဆိုတဲ့ မာနကော (လာပါတယ်)။
တဏှာမာနဒိဋ္ဌိပေါ်လာတယ်
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်အကြည့်လွဲတာနဲ့ တဏှာမာနဒိဋ္ဌိတည်းဟူသော အရိပ်သုံးရိပ်ကြားထဲ ပေါ်လာပါပေါ့လား မပေါ်သေးဘူးလား (ပေါ်ပါတယ်) ခန္ဓာကိုယ်ပကတိမျက်လုံး ပကတိနားနဲ့ ကြည့်လိုက်တာနဲ့ ဘာပေါ်လာသတုန်း (တဏှာ မာန ဒိဋ္ဌိ)
တဏှာမာနဒိဋ္ဌိပေါ်လာတယ်ဆိုတာ သဘောကျပြီလား (မှန်လှပါ ဘုရား)
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာမကြည့်တတ်လို့ဖြစ်ရတာ ဘယ်လိုကြောင့်ဖြစ်ပါလိမ့် (မကြည့်တတ်လို့ပါ) ကျုပ်မသေသေးဘူးဆိုတာများ ဒကာ ဒကာမတွေ တွင်တွင်ကြီးပြောလိုက်တယ်။ ရင်ဘတ်များ ပုတ်ပြလိုက်သေးတယ် (မှန်ပါ့)
ကျုပ်နားကန်းမဟုတ်ဘူး ကျုပ်နားကလေးနဲ့ ကျုပ်ထောင်နိုင်သေးတယ် ငါ့နားကလေးနဲ့ငါထောင်နိုင်သေးတယ်ဆိုတဲ့ ဒိဋ္ဌိမလာဘူးလား (ဒိဋ္ဌိလာပါတယ် ဘုရား)။ ငါ့များ သာမညအောက်မေ့မနေနဲ့၊ မကြားဘူးများ အောက်မေ့မနေနဲ့ ဆိုတဲ့ မာနတွေကော (လာပါတယ်)
အင်း ဒကာ ဒကာမတို့ ခန္ဓာကြည့်ပြီး ခန္ဓာကိုယ်ကို ပကတိမျက်လုံးနဲ့ကြည့်ပြီးဖြစ်ပေါ်လာတဲ့ တဏှာ မာန ဒိဋ္ဌိ (မှန်လှပါ) ခန္ဓာကိုယ်ကို ဘာနဲ့ကြည့်ပါလိမ့် (ပကတိမျက်လုံးနဲ့ပါ) ဉာဏ်မျက်လုံးမပါဘဲနဲ့ ပကတိမျက်လုံးနဲ့ ကြည့်လိုက်တာနဲ့ ဘာတွေလာပါလိမ့် (တဏှာ မာန ဒိဋ္ဌိ)
တဏှာ မာန ဒိဋ္ဌိမလာဘူးလား (လာပါတယ် ဘုရား) ဒါဖြင့် တဏှာလာလို့ရှိရင် ဟောဒီကနေ ပဋိစ္စသမုပ္ပါဒ် ဆက်တော့မယ် (မှန်ပါ) တဏှာပစ္စယာ (ဥပါဒါန်ပါ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါ) ကမ္မပစ္စယာ (ဇာတိပါ) ဪ ဇာတိဆိုတဲ့ အပါယ်လေးပါး ခန္ဓာငါးပါးတွေ မလာပေဘူးလား (လာပါတယ် ဘုရား)
ဒါတွေ ဘာသစ္စာတွေပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) ဪ ခန္ဓာကိုယ်အကြည့်မတတ်တဲ့အတွက် ဒကာ ဒကာမတို့ ဒုက္ခသစ္စာတည်းဟူသော တရားတွေ နောက်ထပ်ပေါ်ပေါက် လတ္တံ့တွေ ကြိုးစားဖြစ်တယ် ဆိုရင်လွဲပါ့မလား (မလွဲပါ)။
ကိုယ့်ခန္ဓာကိုယ်ကိုကိုယ် မကြည့်တတ်လို့ရှိရင်
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာကိုယ်ကိုကိုယ် မကြည့်တတ်လို့ရှိရင် တဏှာမာနဒိဋ္ဌိတည်းဟူသော အရိပ်တွေက သေသေချာချာထွက်လာတယ်လို့ မှတ်လိုက်ပါ (မှန်ပါ့) ကိုယ့်ခန္ဓာမကြည့်တတ်ရင် (တဏှာမာနဒိဋ္ဌိလာပါတယ် ဘုရား) တဏှာမာနဒိဋ္ဌိအရိပ်တွေ ထွက်လာတယ်ဆိုတာ မသေချာလား (မှန်ပါ့)
ဒါဖြင့် ဥပါဒါယ အသ္မိဟောတိ၊ ဥပါဒါယ-ခန္ဓာကိုယ်စွဲ၍ အသ္မိ-တဏှာမာနဒိဋ္ဌိသည် ဟောတိ-ဖြစ်၏။
ရှင်အာနန္ဒာက သူ့တပည့်တွေကို ရှင်ပုဏ္ဏဆီကနည်းယူပြီး ဟောနေတယ်ဆိုတာ ဒကာကြွယ် မှတ်လိုက်ပါ (မှန်ပါ့) ခန္ဓာငါးပါးအကြည့်လွဲ တာနဲ့ ဘာတွေပေါ်လာတုန်း (တဏှာမာနဒိဋ္ဌိပါ) ရှင်းပြီလား (မှန်လှပါ ဘုရား)
ဒါဖြင့် ခုနကပြောတဲ့အတိုင်း ဒကာ ဒကာမတွေက ကာယမိမံသမ္မသတဆိုတဲ့ ရှင်သာရိပုတ္တရာဟောတဲ့အတိုင်း ခန္ဓာကိုယ်ကို ထွက်သက်ဝင်သက်လေး ရှုလိုက်ရှိုက်လိုက် အဲဒါလေးသိပြီး ပေါ်ရာလိုက်နေတော့ ပေါ်ရာဖြစ်ပျက်တွေ တွေ့နေလို့ရှိရင်လည်း တဏှာမာနဒိဋ္ဌိ လာသေးရဲ့လား (မလာပါ)
ဪ ဒါဖြင့် မကြည့်တတ်လို့ရှိရင် တဏှာမာနဒိဋ္ဌိလာမယ် (မှန်ပါ့ ဘုရား) တဏှာမာနဒိဋ္ဌိ လာလို့ရှိရင်ဖြင့် မာနပစ္စယာလည်း မာနလည်းတဏှာတည်းကကိုး ဥပါဒါန်ကံတွေ မလာပေဘူးလား (မှန်ပါ့) ဒိဋ္ဌိလည်း တဏှာပဲမို့ ဒိဋ္ဌိဒိဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံတွေကော မလာပေဘူးလား (လာပါတယ်)။
ဪ ဒါဖြင့် ဒကာ ဒကာမတွေ မကြည့်တတ်ရင် ပပဉ္စလာသည် (မှန်ပါ့) မကြည့်တတ်ရင် (ပပဉ္စလာပါတယ်) ကြည့်တတ်ရင် မဂ်ဉာဏ်လာတယ် (မှန်ပါ့) ကြည့်တတ်ရင် (မဂ်ဉာဏ်လာပါတယ် ဘုရား) ဒီနှစ်လုံးတည်းပဲ၊ ဒကာကြွယ် သေပျော်တဲ့တရားပါ၊
ခန္ဓာကိုယ်မကြည့်တတ်ရင် ဘာလာပါလိမ့် (ပပဉ္စ) တဏှာမာနဒိဌဆိုတဲ့ ပပဉ္စလာပါတယ် (မှန်ပါ) ကြည့်တတ်ပြန်တော့လည်း ခန္ဓာကိုယ်ပေါ်ရာလိုက်ပြီး ဖြစ်ပျက်ကလေးတွေသာ ရှိပါလားလို့ ကြည့်လိုက်ပြန်တော့လည်း တဏှာမာနဒိဋ္ဌိချုပ်စေတဲ့မဂ် လာတယ် ရှင်းကြပြီလား (ရှင်းပါတယ် ဘုရား)
မကြည့်တတ်ရင်ဘာလာပါလိမ့် (ပပဉ္စ) ပပဉ္စဆိုတဲ့ တဏှာမာနဒိဋ္ဌိ လာပါတယ်၊
ကြည့်တတ်ရင် မဂ်ဉာဏ်လာတယ်
ကြည့်တတ်ရင် ဘာလာပါလိမ့် (မဂ်ဉာဏ်ပါ) မဂ်ဉာဏ်လာတယ်ဆိုတာ သဘောကျပြီလား (မှန်ပါ့) ဒါဖြင့် ဒကာကြွယ် ရေ ကြည့်တတ်တဲ့ ပုဂ္ဂိုလ်နဲ့ မကြည့်တတ်တဲ့ပုဂ္ဂိုလ် ဘယ်ဟာများပါလိမ့် (မကြည့်တတ်တဲ့ ပုဂ္ဂိုလ်များပါတယ်)
ဒါဖြင့် အပါယ်သွားမယ့်ပုဂ္ဂိုလ်က များလေရဲ့ဆိုတာများငြင်းဖို့လိုကြသေးလား (မလိုပါ) ဦးဘအုန်းတို့ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) မကြည့်တတ်ရင် ဘာလာမယ် (ပပဉ္စပါ) အဲ တဏှာမာနဒိဋ္ဌိဆိုတဲ့ ပပဉ္စတွေလာပါတယ် (မှန်ပါ)
ကြည့်တတ်ပြန်တော့ ခုနကရှင်သာရိပုတ္တရာ ကြည့်ခိုင်းတဲ့အတိုင်းကြည့်လိုက်ပြန်တော့လည်း ဒကာ ဒကာမတို့ ဖြစ်ပျက်မဂ် ဖြစ်ပျက်မဂ်ချည်း မလာဘူးလား (လာပါတယ်)
မဂ္ဂင်လာတော့လည်း တဏှာမာန ဒီကမချုပ်ရဘူးလား (ချုပ်ပါတယ် ဘုရား) ဒါကြောင့် ဒီခန္ဓာကြီးသည် ဒကာ ဒကာမတို့ သုံးတတ်ရင်လည်း ဆေးပါပဲ၊ (မှန်ပါ့)
မသုံးတတ်ပြန်ရင်လည်း သူ့ကြောင့်အပါယ်ဘေးသင့်ပါတယ် (မှန်ပါ) ဒါဖြင့် ဒကာ ဒကာမတို့ အခုပြောတဲ့ ရှင်သာရိပုတ္တရာဟောတာနဲ့ ရှင်အာနန္ဒာကမကြည့်တတ်ရင် ဘေးသင့်ပါတယ်ပြောတာနဲ့ ရှင်သာရိပုတ္တရာက ကြည့်တတ်လို့ရှိရင် ဒုက္ခဆုံးပါတယ်ပြောတာနဲ့ နှစ်ချက်ခွဲပြီး အသွားအပြန်ဟောနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။
နှစ်ချက်ခွဲပြီး အသွားအပြန်ဟောနေတာကို ကျေနပ်ပြီလား (မှန်ပါ့) မကြည့်တတ်ရင် အပါယ်ဘေးသင့်တယ် (မှန်ပါ) မကြည့်တတ်ရင် (အပါယ်ဘေးပါ) ကြည့်တတ်လို့ရှိရင်ဖြင့် မဂ်ဆေးဝင်သည် (မှန်ပါ့)
မဂ်ဆေးဝင်တော့ အပါယ်ဘေးတွေ အကုန်ပျောက်တယ် (မှန်ပါ့) သဘောကျပြီလား (မှန်လှပါ ဘုရား)။ အဲဒီတော့ ဒကာ ဒကာမတွေ ဒီတဏှာမာနဒိဋ္ဌိသတ်ကြပါစို့လို့ဆိုလို့ရှိရင်ဖြင့်တဲ့ ဒီခန္ဓာငါးပါးထဲက ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်က ဝေဒနာနုပဿနာဖြစ်ပျက်ရှုပေး (မှန်ပါ့) စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်က (စိတ္တာနုပဿနာကို ရှုရပါမယ်)
ဖြစ်ပျက်ရှုပေးလိုက်တော့ ဖြစ်ပျက်နောက်က မဂ်အရိပ်သာပေါ်တော့တယ် (မှန်ပါ့) တဏှာမာနဒိဋ္ဌိအရိပ်တွေ ပေါ်သေးရဲ့လား (မပေါ်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)
အဲဒါကြောင့် ဒကာ ဒကာမတို့ ရှုနည်းတယ်လိုပါလားဆိုတာ ယနေ့တရားမှာ ပေါ်လာတယ် (မှန်ပါ့) ဘာလိုပါလိမ့် (ကြည့်ရှုနည်းပါ)
မကြည့်တတ်ရင် ဘာလာပါလိမ့် (တဏှာမာနဒိဋ္ဌိပါ) တဏှာမာနဒိဋ္ဌိလာတယ်၊ သဘောကျပြီလား (မှန်ပါ့) ကြည့်တတ်ရင်ဘာလာပါလိမ့် (မဂ္ဂင်လာပါတယ်)။
ခန္ဓာကိုယ်က မှန်နဲ့တူတယ်
ကဲ ဒကာကြွယ် ၊ ဒကာသစ်တို့ ဦးလှဘူးတို့ ဪ နိဗ္ဗာန်သွားကြည့်နည်းက တစ်မျိုးပါလား (မှန်ပါ့ ဘုရား) အပါယ်သွားကြည့်နည်းက (တစ်မျိုးပါ ဘုရား)။
ဒါဖြင့် ခန္ဓာကိုယ်က မှန်နဲ့တူတယ်လို့အောက်မေ့ပါ (မှန်ပါ့) ခန္ဓာကိုယ်မှန်ကို ပကတိမျက်လုံးနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ တဏှာမာနဒိဋ္ဌိအရိပ်တွေထွက်လာတယ် မထွက်ဘူးလား (ထွက်ပါတယ်)
အင်း ဒီခန္ဓာကိုယ်ကြီးကိုပဲ ဟိုနေရာကယား ဒီနေရာကနာ ဟိုစိတ်ကလေးပေါ် ဒီစိတ်ကလေးပေါ်တာတွေကို ခန္ဓာထဲက ပေါ်နေတာကို ခန္ဓာထဲမှာ ကြည့်တတ် ပြန်တော့လည်း အင်း ဖြစ်ပျက်ကြည့်တဲ့ မဂ်ကလေး ပေါ်ပေါ်လာတယ် မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)
ထိုကဲ့သို့ ပေါ်လာတဲ့အခါကျပြန်တော့လည်း ဪ ဒီခန္ဓာကြီး အနိစ္စကနေပြီး အနိစ္စဉာဏ် ကျေးဇူးပြုလိုက်တဲ့ အတွက် ဦးဘအုန်းတို့ရေ တဏှာမာနဒိဋ္ဌိချုပ်ရမယ်၊ မချုပ်ဘူးလား (ချုပ်ပါတယ်)
ဒါဖြင့် ဒီခန္ဓာကိုယ်ကြီး ကိုကြည့်တတ်ဖို့ မကြည့်တတ်ဖို့ နှစ်ခုခွဲမသင်လို့ရှိရင် ဒကာကြွယ် တော်ပါ့မလား (မတော်ပါ ဘုရား)
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တွေ့ခဲကြုံခဲ အင်မတန်မှမျှော်လင့်ပြီး သကာလ ဘုရားသာသနာကြီး မျှော်လင့်ရ ဘုရားသာသနာနဲ့တွေ့ပြန် ကိုယ်နားလည်အောင် ပြောတတ်တဲ့ ဆရာသမားမျှော်လင့်ရ ကိုယ်အပါယ်လေးပါး စိတ်မချတာကြီးကလည်း ကိုယ်ကြောက်နေရ ဒါဖြင့် ကြည့်တတ်တဲ့နည်းနဲ့ ကြည့်တော့မယ်ဆိုတာကို ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။
ကြည့်တတ်တဲ့နည်းနဲ့ကြည့်လိုက် တဲ့အခါ ခန္ဓာကိုယ်စောင်းကြည့် (မှန်ပါ့) ယား ယားတဲ့နေရာဖြစ်ပျက်ရှု (မှန်ပါ့) နာတာကော (ဖြစ်ပျက်ရှု) စားချင်တဲ့စိတ်ကလေး ပေါ်လာရင်ရော (ဖြစ်ပျက်ရှု) အိပ်ချင်တဲ့စိတ်ကလေးပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်) ပျံ့လွင့်တဲ့စိတ်ကလေးပေါ်လာရင် (ဖြစ်ပျက်ရှု) အကုသိုလ်လုပ်ချင်တဲ့စိတ်ကလေး ပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
အကြည့်မှန်တာနဲ့မဂ်ဖြစ်လာတယ်
ကိုင်း ဒါဖြင့် ခုနကပြောခဲ့တာတွေက ဖြစ်ပျက်ရှုတာကမဂ် (မှန်ပါ့) မဂ်ဖြစ်သွားတော့ ကိုယ့်ခန္ဓာကိုယ်ထဲမှာပဲ အကြည့်မှန်တာနဲ့မဂ်ဖြစ်လာတယ် (မှန်ပါ့) အကြည့်မှန်တော့ (မဂ်ဖြစ်ပါတယ်) မဂ်ဖြစ်တော့ ဘယ်သူသေပါလိမ့် (တဏှာမာနဒိဋ္ဌိ) တဏှာမာနဒိဋ္ဌိသေတော့တယ်ဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
ဪ ဒါဖြင့် တဏှာမာနဒိဋ္ဌိသေတော့ တဏှာဆုံးနိဗ္ဗာန်ပဲ (မှန်ပါ့) မဟုတ်ဘူးလား မာနဆုံးလဲ (နိဗ္ဗာန်ပါ) ဒိဋ္ဌိဆုံးကော (နိဗ္ဗာန်)
အဲ ပထမနိဗ္ဗာန်တော့ သေချာရပါတယ်ဆိုတာကို ဘုန်းကြီးတို့ကရဲဝံ့စွာ တာဝန်ခံပါတယ် (မှန်ပါ့) ဒိဋ္ဌိဆုံးရင် ပထမနိဗ္ဗာန်သေချာရပါတယ် (မှန်ပါ)
ဒါကြောင့် ခင်ဗျားတို့အားလုံး မိဘဆွေမျိုးဉာတကာတွေ မတော်ဖူးသည်မည်သည်မရှိသောကြောင့် အကုန်ကျေးဇူးဆပ်နေတယ်လို့အောက်မေ့စမ်းပါ (မှန်လှပါ ဘုရား) ကြည့်တတ်ရင် မဂ်ပေါ်ပါတယ် (မှန်ပါ) မကြည့်တတ်ရင် (တဏှာ မာန ဒိဋ္ဌိပေါ်ပါတယ်)
ဒါဖြင့်ရင် ကြည့်နည်းကလေးပြောင်းကြစို့ဗျာ (မှန်ပါ့) ဒကာ ဒကာမတို့ ဘာပြောင်းသင့်တယ် (ကြည့်နည်းပါ) ရှုရမှာကတော့ ဒီခန္ဓာကြီးပဲနော် (မှန်ပါ့) မရှုတတ်လို့ရှိရင် တဏှာမာနဒိဋ္ဌိ ပေါ်ပါတယ် (မှန်ပါ့) ရှုတတ်လို့ရှိရင် (မဂ်ပေါ်ပါတယ် ဘုရား)။
မဂ်ပေါ်ပါတယ်ဆိုတော့ ဒီခန္ဓာကြီးက ဒကာ ဒကာမတို့ သုံးတတ်ရင်လည်းဆေးဖြစ်ပါတယ် မသုံးတတ်ရင်လည်း ဘေးသင့်ပါတယ် (မှန်ပါ) သုံးတတ်ရင် (မဂ်ဆေးပါ) မသုံးသတ်ရင်လည်း (ဘေးသင့်ပါတယ်)
ဪ ဒါဖြင့် ဆရာဘုန်းကြီးသည် ယနေ့ဘယ်နှစ်နည်းလည်း ပြောပါလိမ့် (နှစ်နည်းပြောပါတယ်) သုံးတတ်တဲ့နည်းကိုလည်း ပြောပါမယ်၊ မိဘရိုးရာသုံးနေတာက မှားလွန်းလို့ တဏှာမာနဒိဋ္ဌိပွားလွန်းလို့ ပယ်လိုက်ပါဆိုတာလည်း ပြောရပြန်တယ် (မှန်လှပါ ဘုရား)
ကဲ သုံးနည်းသိကြပါပြီလား (သုံးတတ်ပါပြီ ဘုရား) ဒကာကြွယ် ရေ နေရာကျပြီလား (မှန်ပါ့) ဒါကအလုပ်စဉ်ကိုရှေ့ပိုင်းထားပြီး ဒကာ ဒကာမတွေ ဪ ဒီလိုလုပ်ရမှာပါလားဆိုတာဖြင့် ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်များ ဉာဏ်လတ်တဲ့ပုဂ္ဂိုလ်များ သုံးရက်တိုင်တိုင် ပြောတော့ဖြင့် ဪ ဒီလိုရှုရမှာပါလားဆိုတာ ဒကာကြွယ် သိလောက်ပြီ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
သိကြားမင်းသောတာပန်တည်ပုံ
ကိုင်း ဒါဖြင့် သိကြားမင်းသောတာပန်တည်ဖို့ ပြောကြစို့ (မှန်ပါ့)
သိကြားမင်း သောတာပန်တည်ပုံ ဘာနဲ့တည်သွားတယ် ဆိုတာသိရအောင်ပြောကြစို့ (မှန်ပါ့) ရှေ့ပိုင်းတိုတို မဟောသေးတာကို ကျယ်ကျယ်ပြောလိမ့်မယ်နော် (မှန်ပါ့) ရှေ့ပိုင်းကတော့ သုံးရက်တောင်ရှိနေလို့ (မှန်ပါ့ ဘုရား)
ဘုန်းကြီးတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပွင့်ထွန်းပေါ်လာတယ် သိကြားကဘုရားမပွင့်ခင်က ဖြစ်နေတဲ့ သိကြားဖြစ်ပါတယ်၊ အဲဒီတွင် သူ့စိတ်ထဲမှာ သံသယတွေ ဝမ်းထဲမှာတစ်ပုံကြီး ရှိနေတယ် တိတ္ထိ ဆရာကြီးတွေမေး၊ တန်ခိုးကြီးတဲ့နတ်တွေမေး ကောင်းကင်ပျံဈာန်ရသေ့တွေ သူမေးပါတယ် သူမေးချင်တာတွေ သူမေးပါတယ် (မှန်ပါ့ ဘုရား) တစ်လုံးမှ အဖြေထွက်မလာဘူး (မှန်ပါ့)
ဘယ့်နှယ်ကြောင့် မထွက်ပါလိမ့်မလဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အမေးထုတ်ခဲ့သော် သာသနာပ ဖြစ်နေလို့ ဘယ်နည်းနဲ့မှ အဖြေမပေးနိုင်ဘူး (မှန်ပါ့)
သာသနာပများ ဘယ်လောက်ကြောက်စရာကောင်းသလဲ (ကြောက်စရာကောင်းပါတယ်)
အဲဒါကြောင့် မနေ့က သတိပေးခဲ့ပါတယ်၊ ဒကာ ဒကာမတွေ နက်ဖြန်သေရင် ကိုယ့်သာသနာမရှိဘူးနော် (မှန်လှပါ ဘုရား) မနက်ဖြန်အားမထုတ်ရင်လည်း အားမထုတ်တဲ့အချိန်မှာ ကိုယ့်သာသနာရှိသေးရဲ့လား (မရှိပါ) အဲဒါကြောင့် သာသနာကွယ် တော့တာပဲ၊ သေတဲ့အချိန်မှာရော (မရှိပါ) မလုပ်တဲ့အချိန်မှာရော (သာသနာမရှိပါ)
ဦးလှဘူးရေ ဒါကြောင့် အို သာသနာတွေအများကြီး ကျန်သေးတာပဲဆိုတဲ့ ဥစ္စာကကိုယ့်အတွက်ပြောတာလား နှစ်တွေလျှောက်ပြောနေတာလား (နှစ်အရေအတွက်ပြောတာပါ ဘုရား)
ကိုယ့်အတွက်ကိုယ်ပြောစမ်းပါ (မှန်ပါ့) ကိုယ်နဲ့ဆိုင်တာကိုယ်အသုံးချစမ်းပါလို့ ဒကာကြွယ် ဒကာသစ်တို့ သတိပေးလိုက်ပါတယ် (မှန်ပါ့) ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တစ်နံပါတ် သိကြားမင်းက ဘုရားမေးလိုက်ပါတယ်၊ အရှင်ဘုရား လူတွေနတ်တွေဗြဟ္မာတွေဟာ ကိုယ့်ကိုယ်ကိုလည်း မေတ္တာပို့ကြပါတယ် နေ့တိုင်း ကျန်းမာရေး ချမ်းသာရေး အလိုရှိလို့ အဟံအဝေရော ဟောမိ အဗျာပစ္စောဟောမိ အနီဃောဟောမိ သုခိအတ္တာနံ ပရိဟရာမိ ဆိုပြီးမေတ္တာပို့ကြပါတယ်။
အန္တရာယ်မကင်းဘေးမရှင်းတာ ဘာကြောင့်ပါလိမ့်
စားမှုသောက်မှုနေမှုထိုင်မှုတွေကိုလည်း သင့်တာတွေကို စားသောက်နေကြပါတယ် ကျန်းမာရေးကော မလိုက်ဘူးလား (ကျန်းမာရေးလိုက်စားပါတယ် ဘုရား)။ အဲဒီ ကိုယ့်ကိုယ်ကိုလည်း ကျန်းမာချင်လို့ မေတ္တာပို့ကြပါရဲ့ ကျန်းမာရေးကိုလည်း အစားအသောက်အနေအထိုင်နဲ့တကွ ဆင်ခြင်ကြပါရက်သားနဲ့ ဟိုကမျက်စောင်းထိုး ဒီကမျက်စောင်းထိုး ဒီကပလိပ်ရောဂါဖြစ်လာ ဒီကနေပူ လေပူမိလို့ ရောဂါတွေဖြစ် အဲဒီအန္တရာယ်မကင်းဘေးမရှင်းတာ ဘာကြောင့်ပါလိမ့်မလဲဘုရားလို့။
လူတွေ နတ်တွေ ဗြဟ္မာတွေမှာ အန္တရာယ်မကင်းဘေးမရှင်းတာ ကိုယ့်ကိုယ်ကို ကျန်းမာစေချင်တဲ့လူတွေချည်းပဲ ကျန်းမာရေးလည်း ကိုယ်နဲ့တန်သလိုလို လိုက်စားကြတာချည်းပဲ ထိုကဲ့သို့ကျန်းမာချင်ပါရက်နဲ့ ကျန်းမာရေး လိုက်စားပါရက်သားနဲ့ မကျန်းမာဘဲနဲ့ ဒုက္ခပင်လယ်ဝေပြီး ခေါင်းကိုင်ရင်နာ လည်နာရင်ကျပ်ဓာတ်ချုပ်ဆီးချုပ် အမျိုးမျိုးဖြစ်နေကြတာ ဘယ်အကြောင်းကြောင့်ပါလိမ့်မလဲလို့ သိကြားက ဘုရားကိုမေးလိုက်တယ် ( မေးလိုက်ပါတယ် ဘုရား)
ကိုင်း တရားကသုံးရက်ရှိလာလို့ ဒကာ ဒကာမတွေက ဖြေစမ်းပါ (ဣဿာမစ္ဆရိယရှိလို့ပါ)
ပေါ်ပြီလား ဣဿာမစ္ဆရိယမပယ်နိုင်လို့ သိကြားရေ ကိုယ့်ကိုယ်မေတ္တာပို့ငြားသော်လည်း မစူးဘူးကွ (မှန်ပါ့) ကျန်းမာရေးလိုက်စားငြားသော် လည်းမကျန်းမာဘူးကွ (မှန်ပါ့)
ဝမ်းထဲမှာ ဣဿာနဲ့မစ္ဆရိယ သူတစ်ပါးချမ်းသာတာ မကြည်ညိုနိုင်တဲ့ ဣဿာ (မှန်ပါ့ ဘုရား) ကိုယ့်ပစ္စည်းသူများလာလို့ရှိရင် ဖုံးဖိကာကွယ်ပြီး မပေးချင်လို့ ကာကွယ်သုံးစကားတွေသုံးတာကွ (မစ္ဆရိယပါ)
တစ်ချို့ အိမ်က ဒကာကြွယ် ဒီလိုရှိသေးတယ်၊ ဟိုငွေချေးမယ့်လူလာတာ မင်းငွေမရှိဘူးလားကွာ ငါငွေပြတ်နေလို့ အံမယ် ဖုံလိုက်တာများ ရှိသေးတယ် မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီကဲ့သို့ လာတာတွေကရှိနေတော့ ဒါမစ္ဆရိယလို့ဆိုထိုက်မဆိုထိုက် (မစ္ဆရိယပါ) ကိုယ့်ဟာလျှို့ဝှက်တယ်၊ ဟိုမှငွေချေးမယ့်ပုဂ္ဂိုလ်က စကားမှမဟရသေးဘူး၊ သူလာရင်ချေးတတ်တယ်ဆိုတာနဲ့ တခြားလှည့်ချေး၊ ဒီလိုကောမရှိဘူးလား (ရှိပါတယ်) အဲဒါဘာခေါ်ကြမယ် (မစ္ဆရိယပါ) မစ္ဆရိယတွေပဲဆိုတာ ကျေနပ်ပြီလား (မှန်ပါ ဘုရား)
ဒါဖြင့် ဣဿာကလည်း သူလာကတည်းကိုက ကြည်ညိုသေးရဲ့လား (မကြည့်ညိုနိုင်ပါ) ဪ စကားက ရှည်လိုက်တာ မြင်မြန်ဆင်းသွား ဘယ်လောက်များကောင်းမတုန်း ဆိုပြီးဒကာစိန်ရေ စကားရှည်နေတာရော ကြိုက်ရဲ့လား (မကြိုက်ပါ ဘုရား) မြန်မြန်ဆင်းသွားရင်ရော (ကြိုက်ပါတယ်)
အင်း ဒါက ဣဿာပါလားဗျ (မှန်ပါ) ခုနကသူ့ရှေ့တင် ငွေလှမ်းချေးလိုက်တာ ဘာပါလိမ့် (မစ္ဆရိယပါ ဘုရား)
ဪ ဒါခင်ဗျားတို့ ဝမ်းထဲရှိနေတယ်အဲဒီဣဿာနဲ့မစ္ဆရိယရှိနေတဲ့ အတွက် သိကြားရေ ဘယ်အခါကာလမှအန္တရာယ်မကင်းဘူးကွလို့ မှန်ရဲ့လား ရှင်းပြီလား (ရှင်းပါတယ်) ဒါနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဣဿာလာလည်း ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်) မစ္ဆရိယလာရင်ရော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဣဿာ မစ္ဆရိယလာလည်း ဖြစ်ပျက်ရှု
ဒါဖြင့် ဣဿာလာလည်း ဖြစ်ပျက်ရှု မစ္ဆရိယလာလည်း ဖြစ်ပျက်ရှုလိုက်လို့ရှိရင် ဒေါသရှုပြီးသားဖြစ်နေတဲ့အတွက် သောကပရိဒေဝ ဒုက္ခဒေါမနဿ အကုန်ငြိမ်းတယ်၊ အဝိဇ္ဇာတွေ အကုန်သိမ်း၍ သံသရာစခန်းသတ်ပါတယ်။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)
ဒါကမနာသေးတဲ့အတွက် ဝိပဿနာရှုရင် ဒီလိုရှုရတယ်ဆိုတာ ပေါ်သွားအောင်ပြောလိုက်ပါတယ်။
ဒုတိယမေးခွန်းက အရှင်ဘုရားတဲ့ ဣဿာမစ္ဆရိယရှိသောကြောင့် သတ္တဝါတွေ ကိုယ့်ကိုယ့်မေတ္တာပို့ငြားသော်လည်း အန္တရာယ်မကင်း၊ ကျန်းမာရေးလိုက်စားငြားသော်လည်း ကျန်းမာရေး မရရောဂါဥပါဒ်တွေကလည်း ထူထဲပြီး သကာလ နေတာ တပည့်တော်ဖြင့်ကျေနပ်ပါပြီ ဣဿာမစ္ဆရိယကြောင့် ဖြစ်ရတဲ့ဖြစ်တွေပဲလို့ တပည့်တော်သိပါပြီ (မှန်ပါ့ ဘုရား)
၎င်းဣဿာမစ္ဆရိယကလည်း ဘုရားအကြောင်းမရှိမလာတန်ရာ ဣဿာမစ္ဆရိယဖြစ်ကြောင်းကြီးကို တပည့်တော် အမိန့်ရှိပါ ဦးလို့ သိကြားကမမေးလား မေးတဲ့အခါကျတော့ဘုရားက ဘယ့်နှယ်ဖြေပါလိမ့် (မှန်ပါ့)။
ချစ်ခြင်းမုန်းခြင်းက လာတာ
အင်း သိကြားရေတဲ့ ချစ်ခြင်းမုန်းခြင်းက လာတာကွတဲ့ (မှန်ပါ့) ဘယ်ကများလာတာတုန်း (ချစ်ခြင်းမုန်းခြင်းကပါ) ချစ်ခြင်းမုန်းခြင်းကလာတာ (မှန်လှပါ ဘုရား) ကိုယ့်သားလေးဆုံးမမရတာနဲ့ သူများသားသမီးတွေ သွားမုန်းတာကရှိသေးတယ် မရှိဘူးလား (ရှိပါတယ်)
ကိုယ့်သားဒီအိမ် သွားတာသဘောမတူတာနဲ့ သူများသာသမီးတော့သေတာကြိုက်ပါတယ် ကြာရင်ခက်ရချည့်ရဲ့ ဒီလိုကောမလာဘူးလား (မှန်ပါ့)
အင်း ချစ်ခြင်းကြောင့် ဟိုဘက်မုန်းခြင်းကော (လာပါတယ် ဘုရား)
ဒါဖြင့်ချစ်ခြင်းမုန်းခြင်းကြောင့် ဟိုလူကိုသေတာကြိုက်၊ သေတာကြိုက်တာ ဣဿာမဖြစ်သေးဘူးလား (ဣဿာဖြစ်ပါတယ်) မစ္ဆရိကလည်း သူနဲ့သာတကယ်လို့များ အကြောင်းညီရင် ကျုပ်တစ်ပြားမှမထည့်ဘူး (မှန်ပါ့) မစ္ဆရိယကလည်းလာပြီ မလာဘူးလား လာသလား (လာပါတယ် ဘုရား)
အံမယ်လေး ဘုန်းကြီးများ ဒါများသိနေတယ်အောက်မမေ့နေနဲ့ ခင်ဗျားတို့စိတ်ကဒီအတိုင်းသာမှတ် ဒကာကြွယ် ရိပ်မိပြီလား (မှန်ပါ့)
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဣဿာမစ္ဆရိယ၏ ရေသောက်မြစ်ကဘယ်သူပါလိမ့် (ချစ်ခြင်းမုန်းခြင်းပါ) ချစ်ခြင်းမုန်းခြင်း (မှန်ပါ့) ဒကာကြွယ် နေရာကျပြီလား (မှန်ပါ့ ဘုရား)
ဣဿာမစ္ဆရိယဘယ်ကလာတယ် (ချစ်ခြင်းမုန်းခြင်းကပါ) ဒါဖြင့် ချစ်ခြင်းဆိုတဲ့လောဘစိတ်လာလည်း ဖြစ်ပျက်ရှုပါ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်အလယ်ကပြတ်ပါတယ် (မှန်ပါ့)
တရားနှလုံးသွင်းကြ တရားနှလုံးသွင်းကြ ကဲ တရားနာကြ ဣဿာမစ္ဆရိယဘယ်ကလာပါလိမ့် (ချစ်ခြင်းမုန်းခြင်းကပါ ဘုရား)
ချစ်ခြင်းရှိလို့ရှိရင်လည်း ဣဿာလာမှာပဲ (မှန်ပါ့) မစ္ဆရိယကရော (လာမှာပါ) မုန်းခြင်းရှိရင်ရော (လာပါတယ်)
ကောင်းပြီ ဒါကတော့ဖြင့် သိလောက်ပါပြီတဲ့ နှစ်ရက်သုံးရက်ဟောလို့နော် (မှန်ပါ့) ဒကာ ဒကာမတွေ တရားလည်းနာကြတယ်ဆိုတော့ လေးလေးစားစားမှတ်ကြနော် (မှန်လှပါ ဘုရား) ။
ချစ်ခြင်းမုန်ခြင်း(လောဘဒေါသ) ဖြစ်ပျက်ရှု
လောဘဆိုတဲ့ ချစ်ခြင်းကိုလည်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်) မုန်းခြင်းဆိုတဲ့ဒေါသကော (ဖြစ်ပျက်ရှုရပါမယ်)
ဖြစ်ပျက်ရှုလိုက်လို့ရှိရင်ဖြင့် ဣဿာမစ္ဆရိယပါ မသေဘူးလား (သေပါတယ်) ဦးဘအုန်းတို့ ဒါတွေမှတ်ရမယ်နော် (မှန်လှပါ ဘုရား)
ဒါကြောင့် ဘုရားက သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ သိအောင်လုပ်ပါကွ (မှန်ပါ့)
သဒေါသစိတ္တံ သဒေါသစိတ္တန္တိပဇာနာတိ သိအောင်လုပ်ပါကွ၊
ဣဿာမစ္ဆရိယသေအောင် လုပ်နေတာရှင်းပြီလား (မှန်ပါ့) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဣဿာမစ္ဆရိယပြန်မေးပါတယ်။
ဒကာတွေ ဒကာမတွေ ရောဂါဥပါဒ် အန္တရာယ်မကင်းတာဘာကြောင့်ပါလိမ့် (ဣဿာမစ္ဆရိယကြောင့်ပါ) ဣဿာမစ္ဆရိယကြောင့်ရှင်းပြီလား (ရှင်းပါတယ် ဘုရား) ရှင်းပြီနော် (မှန်ပါ့)
ဣဿာမစ္ဆရိယ ဘယ်ကများလာပါလိမ့် (ချစ်ခြင်းမုန်းခြင်းကပါ) ဪ ချစ်ခြင်းရှိလို့ရှိရင်လည်း ဒီလူချစ်လို့ရှိရင် ဟိုလူကိုဣဿာဖြစ်တာပဲ (မှန်လှပါ ဘုရား) မုန်းခြင်းရှိလို့ရှိရင်လည်း ဆိုနည်းအတူပဲတဲ့ ဟိုလူ့ပေါ်မှာ ဣဿနဲ့သူ့မပေးပါဘူးဆိုတဲ့ ဝန်တိုခြင်းမလာဘူးလား (လာပါတယ်)
ဒါ့ကြောင့် ဒကာ ဒကာမတွေ ချစ်ခြင်းလာရင်လည်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်) မုန်းခြင်းလာလဲ (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုရမှာပဲဆိုတော့ ဒကာကြွယ် ရှုတတ်ပြီလား (မှန်ပါ့)
ဒါ နိဗ္ဗာန်ရောက်တရားချည်းလို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား) ဒါ လူတိုင်းနဲ့ ဆက်ဆံ မဆက်ဆံ စဉ်းစားကြပါ (ဆက်ဆံပါတယ်)
လူတိုင်းနဲ့အင်မတန်ဆက်ဆံပါတယ်ဆိုတာ ပေါ်ကြပြီလား (မှန်ပါ့) ဒါကြောင့် ခင်ဗျားတို့ကအိမ်နေတာ အပြစ်ရှိတာတုန်းဆ ိုတော့ မေးချင်မေးနေကြမယ် တောင်မြို့မှာနေကြတဲ့ ဒကာ ဒကာမတွေက အထည်ပုံနားမှာသာ ထိုင်နေကြစမ်းပါ (မှန်ပါ့)
ငွေမပါတဲ့လူ လာဝယ်လို့ရှိရင်ဖြင့် လူတော့ခင်ပါရဲ့ဗျာ ကျုပ်ငွေမလည်တာနဲ့ပဲ မပေးနိုင်ဘူး (မှန်ပါ့) မလာဘူးလာ (လာပါတယ် ဘုရား) လိမ်လည်း လိမ်လိုက်သေးတယ်၊ လူလည်းခင်တယ်လို့ လိမ်လိုက်သေးတယ် (မှန်ပါ့)
ဟုတ်လား ငွေလေးကမလည်တော့ ဒါလေးကလည်း အော်ဒါလေးက ရပြီးသားဖြစ်နေတော့ ဒီတစ်ခါတော့ သည်းခံပါဦး နောက်တစ်ခါ မပေးတော့ဘူးပေါ့လေ (မှန်ပါ့) ဒီအဓိပ္ပါယ်မကျဘူးလား (ကျပါတယ်)
အဲဒီလောက်ဆိုးဝါးတဲ့ဣဿာတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)
မစ္ဆရိယတွေကရော မများဘူးလား
မစ္ဆရိယကလည်း ဝန်တိုလိုက်တဲ့ဖြစ်ခြင်း တိုက်ပေါက်ဝမှ မရောက်သေးဘူး အိမ်ပေါက်ဝမှမရောက်သေးဘူး သမီးမျက်စပစ်ပြ သားမျက်စပစ်ပြနဲ့ ခိုင်းတဲ့လူ မျက်စပစ်ပြနဲ့ ကြွေးယူမယ့် လူကျတော့ သိမ်းထားလိုက်စမ်းပါ ဒါလေးကွယ်ရာကို (မှန်ပါ့) မလာဘူးလား (လာပါတယ်) ဒီလို မစ္ဆရိယတွေကရော မများဘူးလား (မစ္ဆရိယများပါတယ် ဘုရား)
အဲဒါ ချစ်တဲ့ပုဂ္ဂိုလ်လာပြန်တော့လည်း ပေးဖို့ရာအဆင်သင့် လုပ်တယ် (မှန်ပါ့) မုန်းတဲ့ပုဂ္ဂိုလ်လာပြန်တော့ ဝှက်ဖို့ရာအဆင်သင့်လုပ်ပြန်တယ် (မှန်ပါ့) ဒါဖြင့် ကျုပ်ဘာအပြစ်ရှိတုန်းလို့ မမေးနဲ့ဗျာ (မှန်ပါ့) ချစ်ပြစ်လည်းရှိတာပဲ (မှန်ပါ့) မုန်းပြစ်ရော (ရှိပါတယ်) ဒကာကြွယ် ဈေးသည်လုပ်စားချင်သေးရဲ့လား (မစားချင်ပါဘူး ဘုရား)
မစားချင်ဘူး မစားချင်ပေမယ့် အံတိုနေပြီ ခင်ဗျားတို့စားတာ (မှန်ပါ့) အတော်ဆိုးဝါးနေတယ်ဆိုတာ ပေါ်ကြပြီလား (မှန်ပါ့) နဂိုကတော့ ဆရာဒကာကလည်း ပေးနေကြတော့ မသိကြဘူးပေါ့ဗျာ အခုတော့ ဪ ဒီအလုပ်တွေဟာ အတော်အပြစ်ကြီးပါလား (မှန်ပါ့) မပေါ်လာသေးဘူးလား (ပေါ်ပါပြီ ဘုရား)
တို့အရောင်းအဝယ်လုပ်နေတာ ကိုယ့်ပစ္စည်းနဲ့ကိုယ်ရင်းပြီး ကိုယ့်ဟာကိုယ်ရောင်းဝယ်နေတာ မုသားလည်းမသုံးပါဘူး၊ ဆိုင်းဘုတ်ဆွဲရောင်းတာပါပဲ ဆိုငြားသော်လည်း အကြွေးသမားကတစ်မျိုး ခင်တဲ့ပုဂ္ဂိုလ်ကတစ်မျိုး၊ ခင်တဲ့ပုဂ္ဂိုလ်ကျ လို့ရှိရင်ဖြင့် ပေးလိုက်ချင်တယ်၊
မခင်တဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင် ဝှက်လိုက်ချင်တယ်ဆိုတာကဖြင့်လာရမယ် (လာပါတယ်) မလာပေဘူးလား (လာပါတယ် ဘုရား)
အဲဒါကြောင့် ဣဿာမစ္ဆရိယ ဘယ်ကလာတုန်း (ချစ်ခြင်းမုန်းခြင်းကပါ) ဒါဖြင့် ဒကာ ဒကာမတွေ ဈေးဆိုင်ကနေနိဗ္ဗာန်သွားချင်လို့ရှိရင် ဒကာကြွယ် ချစ်ခြင်းလာလည်းဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်) မုန်းခြင်းလာလည်းဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)
ချစ်တဲ့လူလည်းမရှိဘူး၊ မုန်းတဲ့လူလည်းမရှိဘူးဆိုတော့ ဒီဈေးဆိုင်သွားချင်သေးရဲ့လား (မသွားချင်ပါ) မသွားချင်ဘူး၊ မသွားချင် ဘုန်းကြီးကအကြိုက်ပဲ (မှန်ပါ့) သွားချင်မှာစိုးရိမ်နေတာ (မှန်ပါ့) သဘောပါကြပြီလား (သဘောပါပါတယ် ဘုရား)
ခင်ဗျားတို့ဟာက မိုးလင်းလို့ရှိရင်ဖြင့် ချစ်ခြင်းမုန်းခြင်းရှိတဲ့ဆီကိုသွားချင်တယ် ဒီနေ့တော့ ဘယ်သူက အော်ဒါပေးထားတယ် အဲဒါမပေးရင်မကောင်းဘူး၊ သူနဲ့ကျုပ်နဲ့က သိပ်ရင်းနှီးတာ ဟော ချစ်ခြင်းကြောင့်သွားတာ (မှန်ပါ့) ဟိုကျတော့ မုန်းတဲ့ပုဂ္ဂိုလ်ကအရင်ရောက်နေတာ ဂွကျကုန်ပါပြီကော မလာဘူးလား လာလား (လာပါတယ်) အဲဒီတော့ ခင်ဗျားတို့ ဆိုင်ထိုင်တာ ဆိုင်ပေါ်ရောင်းကြတာ ရှေ့မှာထိုင်ကြတာ နေကြတာ မကြည်ညိုလို့မဟုတ်ပါဘူး ဒကာကြွယ် မကြည်ညိုလို့ မဟုတ်ပါဘူးနော် (မှန်ပါ့ ဘုရား)
အပါယ်သွားမလို့ဆိုင်ထိုင်နေတာ
ဪ ဘယ်သွားမလို့ထိုင်နေပါလိမ့်မတုန်းလို့ မေးလိုက်တဲ့အခါ အပါယ်သွားမလို့ထိုင်နေတာ (မှန်ပါ့) ဘယ့်နှယ်ဆိုကြပါ့မတုန်း (အပါယ်သွားဖို့ပါ)
ချစ်ခြင်းလာတော့လည်း ချစ်ခြင်းကနေ တဏှာဥပါဒါန်ဘက်လှည့်တယ် (လှည့်ပါတယ်) မုန်းခြင်းလာပြန်တော့ ဒေါသသောက ပရိဒေဝဘက် မလှည့်ဘူးလား (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)
အဲဒီတော့ ဒီနေရာပဋိရူပဖြစ်မဖြစ် (ပဋိရူပမဖြစ်ပါ) ဒကာကြွယ် ပဋိရူပဒေသဝေါသောစ သင့်အပ်လျောက်ပတ်သော အရပ်၌နေရခြင်း (ဝါ) လောဘဒေါသမရှိတဲ့နေရာ၌ နေရခြင်းသည်လည်းကောင်း၊ ဒီလိုနေရာကျတော့ နေလို့ဖြစ်ကြရဲ့လား (မဖြစ်ပါ)
ဘာဖြစ်လို့မဖြစ်တာတုန်း အပါယ်မသွားရလို့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဒီလိုမနေတာက ဘယ့်နှယ့်ကြောင့်ပါလိမ့် (အပါယ်မသွားရလို့ပါ) အပါယ်မသွားရလို့ (မှန်ပါ့)
ဪ ခင်ဗျားတို့ပါးစပ်ကမို့ ထွက်ရက်ပါပေ (မှန်ပါ့) အတော်မဆိုးဘူးလား (ဆိုးပါတယ်) အတော်ဆိုးတယ်ဆိုတာ ခုအဓိပ္ပာယ်သေသေချာချာ ဒကာသစ်ရှင်းလိုက်တော့မှပေါ်လာတယ်။
ဪ သူတို့ ဆိုင်ထိုင်နေတာ ဘေးကပုဂ္ဂိုလ်တွေကတော့ အရောင်းတွေကသွက် အဝယ်တွေကလည်း နောက်ကရှိနေတော့ ဘေးကရှိနေတဲ့ပုဂ္ဂိုလ် ကိုယ့်မေတ္တာရှိနေတဲ့ပုဂ္ဂိုလ်ကရော ကျုပ်ဖြင့်ဝမ်းသာလိုက်တာဗျာ (မှန်ပါ့)
ဪ အပါယ်သွားတာ ဝမ်းသာနေတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ) ဘယ်သွားတာဝမ်းသာနေတုန်း (အပါယ်သွားတာဝမ်းသာနေပါတယ် ဘုရား) ဒါ ခင်ဗျားကျေးဇူးပါပဲဆိုတာများ ပြောလိုက်သေးတယ် (မှန်ပါ့)
အပါယ်သွားတဲ့လူက သွားမယ်လူကနေပြီး သကာလ ခင်ဗျားဒီစိတ်ထားရှိတာ ကျုပ်တို့မေတ္တာစူးရှပါတယ်ဗျာ ကျုပ်တော့ ဒယ်အိုးရောက်ပါပြီ (မှန်ပါ့) ဒီအဓိပ္ပါယ်ပဲ မကျဘူးလား (ကျပါတယ်)
ဟာ ဒကာကြွယ် လောကကြီးထဲမှာ မသိတဲ့လူနဲ့ပေါင်းနေရတာအခက်ဆုံးပဲနော် (မှန်လှပါ ဘုရား) မသိတဲ့လူနဲ့ ပေါင်းနေတာ မလိမ်မာတဲ့ပုဂ္ဂိုလ်တွေက ဘယ့်နှယ်ဖြစ်နေတုန်းဆိုတော့ သူပြောတာအဟုတ်ပဲ သူ့စေတနာကောင်းနဲ့ပြောတာ သူ့စေတနာက အပါယ်ရောက်အောင်ကောင်း (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ်)
အဲဒါ ဒကာသစ်တို့ဒကာကြွယ် တို့ ကြပ်ကြပ်စဉ်းစားပါ (မှန်ပါ့ ဘုရား) ဆိုင်ထိုင်နေရင် ဒီနှစ်ခုရှိရမယ် ချစ်တဲ့ပုဂ္ဂိုလ်ကော (ရှိပါတယ်) မုန်းတဲ့ပုဂ္ဂိုလ်ရော (ရှိပါတယ်) သူတို့နှစ်ခုရှိရင်နောက်က ဘယ်သူလိုက်မယ် ထင်တုန်း (မှန်ပါ့ ဘုရား) ဣဿာမစ္ဆရိယ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။
လူတစ်သိန်းသေလို့ သုဂတိတစ်ယောက်မရောက်ပါဘူး
ကိုင်း ဒါဖြင့် ဒကာကြွယ် ရေ လူတစ်သိန်းသေလို့ သုဂတိတစ်ယောက်မရောက်ပါဘူးလို့ ဘုရားက သစ္စသံယုတ်ဟောလိုက်တာနဲ့ ယုံပြီလာ (ယုံပါပြီ ဘုရား)
အဲဒါ ခင်ဗျားတို့က ကျုပ်ကျောင်းဆောက်ထားပြီး ဘုရားတည်ထားပြီး ကျုပ်ဘာလိုသေးတုန်း (မှန်ပါ့) မလိုနဲ့လိုသေးတယ် အပါယ်ကမတက်နိုင်သေးဘူး ရိပ်မိပြီလား (ရိပ်မိပါပြီ)
ဒါတွေက နေ့တိုင်းဖြစ်တာ ကျောင်းဆောက်ဘုရားတည်တာကတစ်ခါတစ်လေ အကြောင်းညီညွှတ်မှ လုပ်တာကိုးဗျ (မှန်ပါ့ ဘုရား) ဒါ ဆိုင်ထိုင်နေတာ နေ့တိုင်းမလာဘူးလား (နေ့တိုင်းပါ ဘုရား)
အဲဒါကြောင့်မို့ ဒကာသစ်တို့ အရင်းတွေမို့ ဒကာကြွယ် တို့ အရင်းတွေမို့ ချွင်းချက်မရှိ အမှန်သိဖို့ ဟောနေတယ်လို့သေသေချာချာမှတ်ပါနော် (မှန်ပါ့)
ဒါတွေ ဆရာဘုန်းကြီး မသင်လို့ရှိရင် ဘုရားကလည်း မဟောဘူးဆိုလို့ရှိရင် ဒကာ ဒကာမတွေ ဘာအပြစ်ရှိတုန်းဆိုတာနဲ့နေရာမှာ (မှန်လှပါ ဘုရား) မနေပေဘူးလား (နေရမှာပါ) သဘောကျပြီလား (သဘောကျပါတယ် ဘုရား)။
ချစ်ခြင်းမုန်းခြင်း ဘယ်ကလာပါလိမ့်
ကိုင်း ဒကာ ဒကာမတို့ နာရီကလည်း စေ့ခါနီးနေပြီ ဒီချစ်ခြင်းမုန်းခြင်း ဘယ်ကလာပါလိမ့် (ဆန္ဒကလာပါတယ်) မနေ့ကနာဖူးတဲ့ပုဂ္ဂိုလ်က ဆန္ဒကလာတယ် (မှန်ပါ့) ဒကာ ဒကာမတို့ ဘယ်ကလာသတဲ့ (ဆန္ဒကပါ)
ဪ သူ့ကိုပေါင်းရလို့ရှိရင် နေရာကျမှာပဲဆိုတဲ့ဆန္ဒ (မှန်ပါ့)
သူနဲ့မပေါင်းရလို့ရှိရင် ကျုပ်ကျေးဇူးမယုတ်ဘူး ဆိုတဲ့ဆန္ဒ (မှန်ပါ့) ဪ အပေါင်းအသင်းရွေးတာဆန္ဒ (မှန်ပါ့)ဘာပါလိမ့် (ဆန္ဒပါ ဘုရား) မင်းက ရမ်းပေါင်းနေတာကိုဟ (မှန်ပါ့)
အံမယ်လေး လူကြီးကသင်ပြီ မင်းသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ကိုယ်ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်း ပေါ့ကွ (မှန်ပါ့) ကိုယ့်ကျေးဇူးမရှိတဲ့ ပုဂ္ဂိုလ်နဲ့ပေါင်းရင် ကိုယ်ကုန်သွားမှာပေါ့ကွ၊ အံမယ် ဒကာကြွယ် တို့က လူကြီးလုပ်ပြီး ဆန္ဒကိုသင်နေတာ (မှန်ပါ့) ဆန္ဒကိုမသင်ဘူးလား (ဆန္ဒကိုသင်ပါတယ် ဘုရား)
အဲဒီဆန္ဒကြောင့်ဘာဖြစ်တာတုန်း (ချစ်ခြင်း မုန်းခြင်းဖြစ်ပါတယ် ဘုရား) သွားပါပြီ လူကြီးကြောင့် ဒုက္ခရောက်ပြီ မရောက်ဘူးလား (ရောက်ပါတယ်)
လူကြီးကြောင့် ဒုက္ခရောက်တာများ ကလေးတွေ မွေးတည်းကတတ်တာ ဟုတ်ပါရဲ့လား (မွေးကတည်းက မတတ်ပါဘူး ဘုရား)
ကိုင်း ဒါဖြင့် သင်သာသင်ရတာ ကိုယ့်သားသမီးချစ်လို့ခင်လို့ကြင်နာလို့ လူချင်းတူတူနေတတ်အောင်သာ သင်တတ်တာကိုးဗျ (မှန်လှပါ ဘုရား) လူချင်းတူတူဖြစ်အောင်သာသင်တတ်တာ နိဗ္ဗာန်သွားအောင်တော့ မသင်နိုင်ဘူး (မသင်တတ်ပါ) တယ်လည်း ဆိုးဝါးပါလား (ဆိုးဝါးပါတယ်)
ကဲ ဒါဖြင့် ချစ်ခြင်းမုန်းခြင်း ဘယ်ကလာပါလိမ့် (ဆန္ဒကပါ) အင်း ဒကာသစ်တို့က ဆိုင်ရောက်ရင် ဘယ်စိတ်ကူးကူး ယနေ့တော့ဖြင့် ဘယ်သူ့ဘယ်လိုပြောရပါ့မလဲ (မှန်ပါ့) ဒါလည်းဆန္ဒပဲ (မှန်ပါ့)
ဘယ်သူ့ပေါ်တော့ဖြင့် စကားကလွန်နေတယ်၊ ဘယ်လိုပတ်လွှတ်ရပါ့မလဲ၊ ဘာပါလိမ့်ဒါက (ဆန္ဒပါ ဘုရား) ဒီဆန္ဒကဖြင့် ဆိုင်ထိုင်ရင်း မတ္တနဲ့ဘယ်သူမှ အရောင်းအဝယ်မလာခင် သူကရှေးဦးစွာ ဗိုလ်လုပ်ထွက်ပါတယ် (မှန်ပါ)
ဒကာကြွယ် ဆန္ဒကဘာလုပ်ထွက်လာတယ် (ဗိုလ်လုပ်ထွက်ပါတယ်) အရောင်းလည်းမလာသေးဘူး၊ အဝယ်လည်းမလာသေးဘူး ဒီဆန္ဒက အရင်ရောက်နေတယ် (မှန်ပါ့ ဘုရား)
ဒါဖြင့် ဆိုင်ထိုင်ကောင်းက အရင်ရောက်လာတယ် (မှန်ပါ့) ကြောက်စရာကောင်းလိုက်တဲ့ ဖြစ်ခြင်းပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ဒီနေ့တော့ ဘယ်သူ့ဘယ်လိုပြောရမယ်ဆိုတာ ဘာပါလိမ့် (ဆန္ဒပါ)
ဘယ်သူ့တော့ဖြင့် စကားလွန်ထားတယ် ဘယ်လိုလှည့်လိုက်မှပဲ ဆိုတာတော့ (ဆန္ဒပါ) အဲဒါက အရောင်းအဝယ် မလာခင်ကလား လာမှလား (အရောင်းအဝယ်မလာခင်ကပါ) အဲဒါလောဘဒေါသမဖြစ်ခင်ကလာတဲ့ဆန္ဒ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
ဒါဖြင့် ဆန္ဒကြောင့်ဘာဖြစ်တုန်း (ချစ်ခြင်းမုန်းခြင်းပါ) ချစ်ခြင်းမုန်းခြင်းကြောင့် ဘာလာတုန်း (ဣဿာ မစ္ဆရိယပါ)
ဣဿာမစ္ဆရိယ ဖြစ်သောကြောင့် ဘာလာပါလိမ့်မလဲ (မှန်ပါ့) ရောဂါများတယ် ပေါ်ကြပြီလား (မှန်ပါ့) ပြန်မေးပါဦးမယ်၊ ခင်ဗျားတို့နှုတ်လေးနေတယ် (မှန်ပါ့)
ရောဂါကျတော့အန္တရာယ်မကင်းချင်ကြလို့ တယ်မထွက်ချင်ကြဘူး၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ် ရေ ဆန္ဒကြောင့် ဘာဖြစ်ပါလိမ့် (ချစ်ခြင်းမုန်းခြင်းဖြစ်ပါတယ်) ချစ်ခြင်းမုန်းခြင်းကြောင့် (ဣဿာမစ္ဆရိယဖြစ်ပါတယ်) ဣဿာမစ္ဆရိယရှိလို့ (ရောဂါများပါတယ်) ရောဂါများရတယ် သေပွဲဝင်ရတယ် ဆိုတာ သဘောကျပြီလား (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့်ဘုန်းကြီးက တန်ဆာဆင်ပြောတဲ့စကားလား သိကြားက ဘုရားမေးလို့ ဘုရားကအမှန်ဟောတာလား (ဘုရားဟောအမှန်ပါ)။
ဝိတက်ဘယ်နှစ်မျိုးရှိပါလိမ့်
ဒီဆန္ဒဘယ်ကလာတုန်း (ဝိတက်ကပါ) ဝိတက်ကလာတာ ဝိတက်ကမှတ်ကြ ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက် ၊ဝိတက်ဘယ်နှစ်မျိုးရှိပါလိမ့် (သုံးမျိုးရှိပါတယ်) ရေစမ်းပါဦးဘာတဲ့ (ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက်) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)
ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟသဝိတက် သူကဆန္ဒထက်စောသေးတယ်တဲ့ ဒကာကြွယ် ရေ (မှန်ပါ့) ဆန္ဒထက်စောသေးတယ်
ကာမဝိတက်ဆိုတာ ယနေ့အိမ်က မထွက်ခင်ကတည်းက ယနေ့အထည်ကိုပြင်လို့ရှိရင်ဖြင့် ဘယ်ဟာကို ရှေ့ထားပြင်မယ် ဘယ်လိုပြင်ဆင် ခင်းထားမယ်ဆိုတဲ့ဥစ္စာ အိမ်ကထဲက တစ်ခါတည်း ဘယ်ကိုအရင်သွားမယ်၊ ဘယ်ကိုအရင်ပြောမယ်၊ ဘယ်ကိုအရင်ပြင်ဆင် မယ်ဆိုတဲ့ ကြံလုံးတွေကကာမဝိတက် (မှန်ပါ့) သဘောကျပြီလား (သဘောကျပါတယ် ဘုရား)
ဗျာပါဒဝိတက်ဆိုတာက ဒကာ ဒကာမတို့တွေတဲ့ ဘယ်သူလာလို့ရှိရင် ခပ်နာနာပြောမှရမှာ (မှန်ပါ့) သူ့ခပ်နာနာ မပြောလို့ရှိရင် ဒီလိုစပ်ဖြဲစပ်ဖြဲနဲ့ ပေးမှာမဟုတ်ဘူး မလာဘူးလား (လာပါတယ်) မျက်နှထိမျက်နှာထားနဲ့ကို ပြောမှပဲဆိုတာက ဗျာပါဒဝိတက် (မှန်ပါ့) သဘောကျပြီလား (မှန်ပါ့ ဘုရား)
ဝိဟိံသဝိတက်ကတော့ ဒကာ ဒကာမတို့ စိတ်ထဲမှာတင်ပဲ ဒီပုဂ္ဂိုလ်ဟာကွာ ဘယ်သူ့ပစ္စည်းယူယူ ပြန်ပေးချင်တဲ့ စိတ်မရှိဘူး သေတာကောင်းတယ် (မှန်ပါ့) ဒါကဝိဟသဝိတက် (မှန်လှပါ ဘုရား)
ဒကာကြွယ် ဒါတွေကအိမ်မှာ ဆိုင်မရောက်ခင် အိမ်က မရောက်ခင်က ပေါ်တဲ့ဝိတက်သုံးခု (မှန်ပါ့) ဘာပါလိမ့် (ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက်)။
ဒီဝိတက်သုံးခုကြောင့် ဘာလာပါလိမ့်
အဲ ဝိတက်သုံးခု၊ ဒကာ ဒကာမတွေ ဒီဝိတက်သုံးခုကြောင့် ဘာလာပါလိမ့် (ဆန္ဒလာပါတယ်)ဆန္ဒလာလို့ (ချစ်ခြင်းမုန်းခြင်းပါ ဘုရား) ချစ်ခြင်းမုန်းခြင်းလာလို့ (ဣဿာမစ္ဆရိယလာပါတယ် ဘုရား)
ဣဿာမစ္ဆရိယရှိလို့ (ရောဂါများ ပါတယ် ဘုရား) ရောဂါဥပါဒ် အန္တရာယ်ဖြစ်ရသည်ဆိုတော့ ဒီဝိတက်သုံးခု၏လက်သည်ရှိသေးတယ်လို့ဘုရားက ဟောတယ် (မှန်လှပါ ဘုရား)
အရှင်ဘုရား ဒီဝိတက်သုံးခု၏ လက်သည်ပြောစမ်းပါဦးလို့ ဆိုတော့ ပပဉ္စကြောင့်ဟေ့ (မှန်ပါ) တဏှာ မာန ဒိဋ္ဌိကြောင့် (မှန်ပါ့)။
တဏှာ မာန ဒိဋ္ဌိကြောင့် ဝိတက်ဖြစ်တယ်
ဒကာ ဒကာမတို့ ဒီဝိတက်သုံးခုဘယ်ကလာတုန်း (ပပဉ္စကြောင့်ပါ) ပပဉ္စဆိုတာဘာပါလိမ့် (တဏှာ မာန ဒိဋ္ဌိပါ ဘုရား) အဲ တဏှာ မာန ဒိဋ္ဌိကြောင့် ဝိတက်ဖြစ်တယ် (မှန်ပါ့) ဝိတက်ကြောင့်ဆန္ဒဖြစ်တယ် ဆန္ဒကြောင့် (ချစ်ခြင်း မုန်းခြင်းဖြစ်ပါတယ်) ချစ်ခြင်းမုန်းခြင်းကြောင့် (ဣဿာမစ္ဆရိယဖြစ်ပါတယ်) ဣဿာမစ္ဆရိယရှိလို့ (ရောဂါများပါတယ်) ရောဂါများရတယ်ဆိုတာ သေချာပြီလား (သေချာပါတယ် ဘုရား) နာရီကစေ့သွားတယ် တရာမဆုံးဘူး။
ကဲ ယနေ့ ဒီတွင်ပဲ နားကြပါဦး။
သာဓု-သာဓု-သာဓု