ကံတရားအရိပ်ကဲ့သို့ လိုက်မလိုက်(၁)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာတိုက်၌
ဟောကြားတော်မူသော တရားတော်
ကံတရားအရိပ်ကဲ့သို့ လိုက်မလိုက်(၁)
နွားသွားပြီဆိုမှဖြင့်
ဒကာ ဒကာမတို့ စက္ကံဝစဟတောပဒံ-ဆိုတဲ့အတိုင်း နွားသွားပြီဆိုမှဖြင့် နောက်က ဘီးဟာ မလိုက်ပါနဲ့ဆိုလို့ မရဘူးဆိုသလိုဘဲ သုတ္တန်ပိဋကတ်တော်တွေမှာ အမျိုးမျိုးအဖုံဖုံ ဟောထားတယ်နော်။ (မှန်ပါ့)။
ဒါဖြင့် ကံသည် ဒကာ ဒကာမတို့ ဒီလို ဟောထားလို့ရှိရင်ဖြင့် ကံဟာ နောက်က အမြဲလိုက်နေတယ် ဆိုတော့ မယူတတ်လျှင် သဿတဒိဋ္ဌိခံနေတဲ့ အဓိပ္ပါယ်ရောက်တယ်။ (မှန်ပါ့ ဘုရား)၊ မရောက်ဘူးလား။ (ရောက်ပါတယ် ဘုရား)။
ကြပ်ကြပ်စဉ်းစားကြပါ ဒီဥစ္စာ။ ဒီလိုယူထားတဲ့ဥစ္စာကို မယူနဲ့လို့ ဘုန်းကြီးများကလည်း မဆိုးဘူး၊ ဒီအတိုင်း ပဲ တိုက်ရိုက်ယူတော့လို့လဲ ဆိုလို့မဖြစ်ဘူး၊ ကိုစောမောင် စကားဟာ အင်မတန်ခက်တယ်နော်။ (မှန်ပါ့)၊
ဒီအတိုင်း မယူပါနဲ့လို့ ဆိုရမှာပဲ ပါဠိတော်တွေကလည်း ရှိနေတယ်။ ယူလို့ဆိုရမှာကလည်း ပါဠိတော်တွေက ရှိနေတော့ ပိဋကတ် တော်ချင်းချင်း ဆန့်ကျင်နေတဲ့အဓိပ္ပါယ်မျိုးလားဆိုတော့ ဒီလိုလဲ မရောက်ပါဘူးနော်။ (မှန်ပါ့)၊ ကိုယ်မယူတတ်လို့ ဖြစ်ရတဲ့ဖြစ်ထွေဆိုပြီး ရဟန်းတစ်ပါးကို ဟောထားတာ ရှိပါတယ်။ (မှန်ပါ့)။
ကံကို သိပ်အားကိုးကြတယ်
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကံကို သိပ်အားကိုးကြတယ်ဆိုတာလဲ လူတိုင်းလိုလိုပါပဲ။ (မှန်ပါ့)၊ ဗုဒ္ဓဘာသာတွေမှန်က ကံကို အားကိုးကြလိမ့်ဆိုတာလည်း ဒကာ ဒကာမတွေက ကျောက်ကလေး ရလည်း ကံပဲ၊ မရလည်း ကံပဲဆိုတာတော့ မိုးကုတ်မြို့မှာ နှုတ်ကို တက်နေတယ် ဆိုတာကိုဖြင့် ဘာမှ ငြင်းစရာမရှိအောင် မှန်နေတယ် လို့ မောင်နိုင် မဆိုထိုက်ဘူးလား။ (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒီတော့ ခုနင်က ပြောခဲ့တဲ့ ဓမ္မပဒပါဠိတော်မှာ
“ဆာယာဝ အနုပါယိနီ၊ စက္ကံဝစ ဟတောပဒံ”
ဆိုတဲ့အတိုင်း အရိပ်ပမာ ကံက လိုက်နေတယ်ဆိုတော့ ဝိပဿနာဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါမှာ မြင်ပါလိမ့်မယ်။ ကံဟာ ပြုလုပ် ပြီးရင် နောက်က အမြဲကို လိုက်နေတာကိုဆိုတော့ သဿတဒိဋ္ဌိဘက် တစ်ခါတည်း ပြေးသွားတယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)။
ကံဟာ နောက်က လိုက်နေတယ်ဆိုတော့ မပျက်စီးဘူး၊ မဖောက်ပြန်ဘူး၊ ခိုင်တယ်, မြဲတယ်ဆိုတဲ့ သဿတဒိဋ္ဌိ ဘက်ရောက်မသွားနိုင်ဘူးလား။ (ရောက်သွားနိုင်ပါတယ်)။
ဒီသဿတဒိဋ္ဌိရှိနေလို့ရှိရင်
ဒီသဿတဒိဋ္ဌိရှိနေလို့ရှိရင်လည်း ဒကာ ဒကာမတွေက မှတ်လိုက်ဦး၊ အကြင်ပုဂ္ဂိုလ်မှာ ဒိဋ္ဌိရှိ၏။ ထိုပုဂ္ဂိုလ်ဟာ အနုလောမိက ဉာဏ်ခေါ်တဲ့ ဝိပဿနာဉာဏ်ကို ရလိမ့်မယ်လို့ မဟောပါဘူးတဲ့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ မဂ်ဉာဏ်ရလိမ့်မယ်လို့လဲ (မဟောပါ ဘုရား)၊ သောတာပန် ဖြစ်လိမ့်မယ်ကော (မဟောပါ ဘုရား)၊ မဟောပါဘူးတဲ့။
ဘယ်တော့မှ ဒိဒီဋ္ဌိရှိနေလို့ရှိရင် အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဒိဋ္ဌိရှိနေတဲ့ ပုဂ္ဂိုလ်များ သစ္စအနုလောမိက ဉာဏ်တောင် ရလိမ့် မယ်လို့ ငါမဟောပါဘူးဆိုတော့ ကံနောက်က လိုက်နေတယ်လို့ဆိုတဲ့အခါကျတော့ ဘယ်သွားသွား ကိုစောမောင် နောက်က လိုက်နေတဲ့ အဓိပ္ပါယ်ရောက်တယ်။ (ရောက်ပါတယ် ဘုရား)၊
ရောက်နေတော့ကို အားလုံး ဒကာ ဒကာမတွေ သိထားကြတာက ကံကောင်းတုန်း မွေးလာတယ် လို့တောင် ပြောချင် ပြောလိုက်သေးတယ်။ (မှန်ပါ့)။
ဒီလိုပြောပြီး သကာလ ဒီနေ့တော့ ဒီကံသည်ကားလို့ ဆိုလို့ရှိရင် အမြဲလိုက်နေတဲ့အဓိပ္ပါယ် ယူလိုက်တော့၊ သဿတဒိဋ္ဌိအယူကို ယူတယ်လို့ ဆိုလိုက်လို့ရှိရင်လည်း ကိုပေါ်လွဲပါ့မလား။ (မလွဲပါ ဘုရား)၊ ကံနောက်က လိုက်နေတယ်ဆိုတော့ တစ်ခါပြုလုပ်ထားလို့ရှိရင် ဒီကံဟာ နောက်က လိုက်နေတယ်ဆိုတော့ မပျက်ဘူး၊ မချုပ်ဘူး မဖောက်မပြန်ဘူး၊ နိစ္စဓူဝသဿတဆိုတဲ့ အဓိပ္ပါယ် ကိုစောမောင် ရောက်-မရောက် (ရောက်ပါတယ် ဘုရား)။
ကံပြုတုန်းက ချုပ်ခဲ့တယ်
အဲဒါက သုတ္တန်ပိဋကတ်တော်မှာ ဟောတဲ့ နည်းနဲ့ ယူလိုက်မယ်ဆိုလို့ရှိရင် ကံတည်းဟူသော တရားက ကံပြုတုန်းက ချုပ်ခဲ့တယ်ဆိုတာတော့ ဒကာ ဒကာမတွေ ဒါလောက်တော့ လူတိုင်းသိပါတယ်နော်။ (မှန်ပါ့)၊ ဒီတော့ သတ္တိလိုက်နေတယ်လို့ မဆိုထိုက်ဘူးလား။ (ဆိုထိုက်ပါတယ်)။
ကံဟာ ပြုပြီးတဲ့ကံဟာ ဇောခုနစ်ကြိမ်ပြီးရင် ချုပ်တာပဲ၊ သူချုပ်သွားငြားသော်လည်း သူ့သတ္တိက မလိုက်ဘူး ဆိုရမှာလည်း ဟိုမှာ နတ်ဘုံနတ်နန်းနှင့် လူတွေမှာ အင်္ဂါကြီးငယ် စုံနေတာတွေ ထောက်လိုက်တဲ့အခါကျတော့ သတ္တိ ကလည်း ကျေးဇူးပြုနေတယ်ဆိုတာ မရှင်းသေးဘူးလား။ (ရှင်းပါတယ်)၊ ကိုစောမောင် ဒါဖြင့် ကံဒြပ်မလိုက်ဘူး၊ သတ္တိလိုက်၏ပေါ့ဗျာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ တစ်ခါ ဒကာ ဒကာမတွေက အားကိုးလိုက်ပြန်တဲ့အခါကျတော့ ကျုပ်တို့ပြုထားတဲ့ ကံတွေလာ ပြီ။ ကျုပ်တို့တော့ ဒီကံ အားကိုးရမှာပဲ၊ ဒီလိုကော မယူလိုက်ဘူးလား။ (ယူလိုက်ပါတယ် ဘုရား)၊ ဒီလိုအားကိုးလိုက်ပြန် တော့လည်း ငါ့ကိုယ်, ငါ,ဟာ, ငါဥစ္စာအဖြစ်ထဲ သက်ဝင်သွားတယ်။ (မှန်ပါ့)၊ မသက်ဝင်ဘူးလား။ (သက်ဝင်ပါတယ် ဘုရား)၊ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာလို့ အယူ-ယူလိုက်တဲ့ အဓိပ္ပါယ်လည်း မရောက်ဘူးလား။ (ရောက်ပါတယ်)၊
ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမရှိပါဘူး
ဒီကျပြန် တော့နေတံမမ၊ နေသောဟမသ္မိ၊ နမေသောအတ္တ-လို့ ဘုရားသည် ပါဠိတော်အစောင်စောင်မှာ ဟောပါလျက်သားနဲ့ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမရှိပါဘူးလို့ ပြောလျက်သားနဲ့ ကံလည်း ငါ့ဟာပဲ, ကံလည်းငါ့ပစ္စည်းပဲလို့ ယူထားပြန်တော့ လည်း အတ္တဆိုတဲ့ သဿတဒိဋ္ဌိဘက် ပြေးဝင်သွားပြန်တယ်လို့ မဆိုထိုက်ဘူးလား။ (ဆိုထိုက်ပါတယ် ဘုရား)။
ဂရုစိုက်ပြီး နားထောင်ကြ ဒကာ ဒကာမတို့၊ ဒီဥစ္စာ ခက်တဲ့အသုံးပဲဆိုတဲ့ အဓိပ္ပါယ်ကတော့ မောင်နိုင် ရှင်းနေတာပဲ။ (မှန်ပါ့)၊ သုတ္တန်နည်းနဲ့ဆိုရင် လိုက်နေတယ်လို့ ယူစရာပဲ၊ ဘုရားလဲ ဟောတော်မူတဲ့ တရားပဲ၊ အဲဒီတော့ ကံသာလျှင်အမိ, ကံသာလျှင်အဖလို့ မှတ်ကြဆိုတဲ့ဥစ္စာမျိုး ကမ္မဿကတဉာဏ် နေရာမှာလည်း သေသေချာချာ ဟောတယ်။ မဟောဘူးလား (ဟောပါတယ် ဘုရား)၊
ကမ္မံ သတ္တေ ဝိဘဇာတိ-ဆိုတော့ ကံကလိုက်နေသလို အဓိပ္ပါယ် ဟာလည်း ကိုစောမောင် ရှင်းလို့ လင်းလို့ပ။ (မှန်ပါ့)။
အဲဒီတော့ ဝိပဿနာဉာဏ်နဲ့ ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း ကံပဲ ငါ့ပစ္စည်းလုပ်နေလို့ ဝတ္တရား ရှိကြရဲ့လား။ (မရှိပါ ဘုရား)၊ ဝိပဿနာဉာဏ်နဲ့ စဉ်းစားတဲ့အခါကျတော့ ကံဟာ ငါ့ပစ္စည်းလို့ ယူနေလို့ရှိရင် ကံပေါ်မှာ သက္ကာယဒိဋ္ဌိ, သဿတဒိဋ္ဌိတွေက ဦးစီးမလာဘူးလား။ (လာပါတယ်)၊
အဲ ကံပေါ်မှာ သက္ကာယဒိဋ္ဌိ, သဿတဒိဋ္ဌိက ဦးစီးလာပြန်တော့ လည်း ဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်မှာ ကန့်ကွက်လိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်ကလည်း ရှင်းသွားတယ်။ (ရှင်းပါတယ် ဘုရား)၊ မရှင်းသေးဘူးလား။ (ရှင်းပါတယ် ဘုရား)၊ ဒိဋ္ဌိပါနေတာကိုး။
(မှန်ပါ့)၊ ဦးဘကလေးတို့ ရှင်းကြရဲ့လား။ (ရှင်းပါတယ် ဘုရား)၊ ဒကာကြီးလှိုင်တို့ ဒီဥစ္စာ ရှေ့လဲကျ နေတယ်၊ မှတ်လဲထားပါနော်။ (မှန်ပါ့)။
အဘိဓမ္မာနည်းနဲ့ ယူလိုက်ရင် ဒိဋ္ဌိပြုတ်တယ်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီနှစ်ခုကို ရှင်းအောင် ပြောရလိမ့်မယ်တဲ့။ သုတ္တန်ဟောတဲ့နည်းနဲ့ ပြောနေလို့ အဘိဓမ္မာနည်းနဲ့ ယူလိုက်ရင် သေသေချာချာ ဒိဋ္ဌိပြုတ်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
သုတ္တန်ဟောတဲ့နည်းနဲ့ ကြည့်လိုက်ရင် (လိုက်နေတယ်လို့ ယူစရာပါ ဘုရား)၊ လိုက်နေတယ်လို့ ယူလိုက်ရင်ဖြင့် မောင်နိုင် ဘာဒိဋ္ဌိဖြစ်သွားပလဲ။ (သဿတဒိဋ္ဌိဖြစ်သွားပါတယ် ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
အဘိဓမ္မာနည်းနဲ့ ယူလိုက်ရင် (မလိုက်ပါ ဘုရား)၊ မလိုက်ဘူးလို့ ယူပါ။ လိုက်တယ်ဆိုရင် သဿတဒိဋ္ဌိဖြစ်နေ မယ်။ (မှန်ပါ့)၊ မဖြစ်ပေဘူးလား။ (ဖြစ်ပါတယ် ဘုရား)။
အဲဒါတွေ ထောက်ကြည့်တဲ့အခါကျတော့မှ ဪ ဆရာကောင်း သမားကောင်းတွေ ရှင်းလင်းပြီး သကာလ မပေးခဲ့သည်ရှိသော ဒီဥစ္စာအခက်ကြီးပါလားဆိုတော့ ဘုရားလက်ထက်က ဒီဝတ္တုက ပေါ်လာတယ်။ (မှန်ပါ့)၊ ကိုစောမောင် ဘုရားလက်ထက်မှာကို ပေါ်လာတာ။ (မှန်ပါ့)၊
ဒါ ဘုန်းကြီးတို့က စကားဆန်းသုံးချင်လို့ ဘုန်းကြီး သုံးနေတာပဲလို့ ဒီလို ဒကာ ဒကာမတွေက အယူမရှိနဲ့နော်။ (မှန်ပါ့)၊ ဖြောင့်ပြီးပေးမလို့ဆိုတဲ့ အဓိပ္ပါယ်မှတ်ပါ။ (မှန်ပါ့)၊
ဖြောင့်ပြီးပေးမလို့၊ နို့မဟုတ်လို့ရှိရင် ဒီလှူဒါန်းပေးကမ်းပြီးထားတဲ့ ဒကာ ဒကာမတွေ ကံ-ကံ၏ အကျိုး ယုံ ကြည်ပါကုန်သည်ဖြစ်၍ ဆိုတဲ့ ကမ္မဿကတဉာဏ်ကလည်း၊ ဘုရားလည်း ဟောထားတာပဲ ဆိုတာလည်း ခင်ဗျားတို့ လည်း သေသေချာချာသိပါတယ်။ (မှန်ပါ့)၊ မသိရဘူးလား။ (သိရပါတယ် ဘုရား)၊
အဲဒါမှ မယုံကြည်ရင်လည်း ကမ္မဿကတဉာဏ်က မြောက်သေးရဲ့လား။ (မမြောက်ပါ ဘုရား)၊ မမြောက်တဲ့ အဓိပ္ပါယ်ကော ရှင်းမနေပေဘူးလား။ (ရှင်းနေပါ တယ် ဘုရား)။
ကံက အမြဲလိုက်နေတယ် ထင်လိုက်ပြန်လို့ရှိရင်
အေး ဒါတွေကြည့်တော့မှ ဪ တို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ကမ္မဿတဉာဏ်ကို ခိုင်ခိုင်မြဲမြဲဖြစ်အောင် ကံက အမြဲလိုက်နေတယ် ထင်လိုက်ပြန်လို့ရှိရင် သဿတဒိဋ္ဌိဖြစ်ပြီး မဂ်ဖိုလ်ကို တားပေါ့။ (မှန်ပါ့)။
ခိုင်ခိုင်မြဲမြဲ ယူလိုက်ပြန်လို့ရှိရင်လည်း (မဂ်ဖိုလ်တားပါတယ်)၊ သေသေချာချာ တားလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ် လည်း ကင်းရှင်းသွားတော့တာနော်။ (မှန်ပါ့)။
ကိုစောမောင် ကမ္မဿကတဉာဏ်မျှ ခိုင်အောင်မြဲအောင် တကယ့်ကို လိုက်တယ်လို့ ယူလိုက်လို့ရှိရင်လည်း (မဂ်ဖိုလ်တားပါတယ် ဘုရား)။
မယုံရင်ကြည့်ပါတော့ သောတာပတ္တိမဂ်ရတယ်ဆိုတော့ အပါယ်ရောက်စေတတ်တဲ့ ကမ္မဿကတတွေ အကုန် ဖြတ်ချလိုက်တယ်။ (မှန်ပါ့)၊ မဖြတ်လိုက်ဘူးလား။ (ဖြတ်လိုက်ပါတယ် ဘုရား)၊ မဂ်ကလည်း ကံဖြတ်ရတယ်နော်။ (မှန်ပါ့)၊ ကံမဖြတ်လို့ ရှိရင်လည်း ဒကာ ဒကာမတို့ မဂ်က နိဗ္ဗာန်ကို ရောက်စေနိုင်ပါဦးမလား။ (မှန်ပါ့)၊ ကံတွေ ဝင်ပြီး အကျိုးပေးနေတယ်ဆိုလို့ရှိရင် ပုဂ္ဂိုလ်သတ္တဝါတွေဖြစ်ပြီး ဒုက္ခသစ္စာတွေ ပေါလောကြီး ပေါ်နေဦးမှာပဲ၊ (မှန်ပါ့)၊ မပေါ်ပေဘူးလား။ (ပေါ်မှာပါ ဘုရား)။
အဲဒါတွေ ဉာဏ်နဲ့ စဉ်းစားပြီးကြည့်တော့မှ ဪ ဒါကို ညှိမယူလို့ရှိရင် အခက်ကြီးပါလားဆိုတဲ့ အဓိပ္ပါယ် ပေါ်လာတယ်။ (မှန်ပါ့)။
ဝိပဿနာရှုရမယ်
ဝိပဿနာဉာဏ်နဲ့ ကြည့်လိုက်လို့ရှိရင် ရူပသေဉ္စတနာလောကေ- သဒ္ဒသေဉ္စတ နာလောကေ (ပ) ဓမ္မသေဉ္စ တနာလောကော ဆိုတော့ ဓမ္မသေဉ္စတနာဆိုရင် ကုန်သွားတာပဲ။ (မှန်ပါ့)၊ ဣစ္ဆေသာတဏှာ၊ ပဟီယမာနာ ပဟီယတိဆို ကတည်းက သူ့ကို ဝိပဿနာရှုရမယ်ဆိုတဲ့ အဓိပ္ပါယ်က ပါလာတယ်။ (မှန်ပါ့)၊ မပါလာဘူးလား။ (ပါလာပါတယ်)၊
ဝိပဿနာရှုရမယ်၊ သူ့ကို ဒုက္ခသစ္စာဖြစ်ပျက်ရှုရမယ် ဆိုတဲ့ဥစ္စာ ပါဠိတော်ကိုက ဟောတယ်။ (မှန်ပါ့)၊ မဟောဘူးလား။ (ဟောပါတယ် ဘုရား)။
အဲဒါတွေ ဉာဏ်နဲ့ လှည့်ကြည့်တော့မှ ယနေ့တရားမှာ ဒကာ ဒကာမတို့ သုတ္တန်မှာလာတဲ့နည်းကို မယူတတ် လို့ ကံကို အားကိုးနေတယ်။ အဘိဓမ္မာအလိုကံကြောင့် ဒိဋ္ဌိဖြစ်တယ်။ (မှန်ပါ့)၊ ကိုစောမောင် သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။
ဒါကြောင့် ရှင်းလင်းပြီး သကာလ ပြပါမယ်။ မဟာပုဏ္ဏမသုတ ဥပရိပဏ္ဏာသပါဠိတော်မှာ လာပါတယ်။ အဲဒါ အသာထားပြီး သကာလ နောက်မှပဲ ရှင်းကြပါစို့။ သူ့သုတ်စဉ်ကလေးကို ပြောပြပါမယ်။
ရဟန္တာအရှင်မြတ်က ကမ္မဋ္ဌာန်းဆရာ
ဘုရားသခင် ကိုယ်တော် မြတ်ကြီး သာဝတ္တိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူတဲ့အခါမှာ ရဟန္တာတစ်ပါးက ကမ္မဋ္ဌာန်းနည်းလမ်း ပေးပြီး လုပ်နေတဲ့ တောထဲမှာ ရဟန်းခြောက်ဆယ်ရှိတယ်။ တစ်ဝါတွင်းလုံး မောင်နိုင် ဒိရဟန်းခြောက်ဆယ်ကို ရဟန္တာအရှင်မြတ်က ကမ္မဋ္ဌာန်းဆရာလုပ်ပြီး ကမ္မဋ္ဌာန်းနည်းပေးနေတယ်။ (မှန်ပါ့)၊
ကမ္မဋ္ဌာန်းနည်းပေးနေတော့ နာမ်ရုပ်တွေကိုပဲ ဖြစ်ပျက်အရှုခိုင်းတာပဲ။ ရှုပင်ရှုခိုင်းနေတော့ ရဟန်းပေါင်း ခြောက်ဆယ်ကို ရဟန္တာက မေးတယ်။ ဘယ့်နှယ်တုန်း ဖြစ်ပျက်ဆုံးတဲ့ မဂ်ဉာဏ်ရပလား။ ခန္ဓာဆုံးတဲ့ နိဗ္ဗာန်ကို မြင်ကြပလား။ အဓိပ္ပါယ်တွေမေးတော့ တစ်ပါးမှ ကိုစောမောင် မမြင်လာဘူး။ ရှင်းပလား။ (ရှင်းပါပြီ)။
ရဟန်းခြောက်ဆယ်ကို ရဟန္တာက ကမ္မဋ္ဌာန်းပေးပြီးနေတာပါပဲ၊ ရဟန္တာက ကမ္မဋ္ဌာန်းပေးပြီး သကာလ နေ ငြားသော်လည်း ရဟန်းပေါင်း ခြောက်ဆယ်ကတော့ ကိုစောမောင် ရရဲ့လား။ (မရပါ ဘုရား)။
ဒါနဲ့ သီတင်းကျွတ်ကရော၊ သီတင်းကျွတ်လပြည့်နေ့ ရောက်ပြီး သကာလ လာကြတယ်။ ဒါ့ကြောင့် ဒီသုတ်ကို ပုဏ္ဏမသုတ်လို့ခေါ်တယ်။ လပြည့်ဟောတဲ့သုတ်။ (မှန်ပါ့)၊
အဲဒီလို ရောက်လာကြတဲ့ အခါကျတော့ ခုနင်က ခေါင်းဆောင် ရဟန္တာက သူတွေးလိုက်သေးတယ်။ ဪ ဒီကိုယ်တော်တွေဟာ ငါပေးတဲ့ ကမ္မဋ္ဌာန်းကို ရုပ်နာမ်တွေကို ဖြစ်ပျက် ရှုခိုင်းတာပဲ။ ဘယ်ဟာမှလည်း မရလာကြပါဘူး။
ဘယ့်နှယ်များ ဖြစ်နေပါလိမ့်၊ ငါချွတ်လို့ မရနိုင်မည့် ပုဂ္ဂိုလ်တွေလား၊ ဘုရားကိုယ်တိုင်ချွတ်မှ ရမည့်ပုဂ္ဂိုလ်တွေလား မသိကြဘူး၊ ငါ ဝါတွင်းသုံးလပတ်လုံး ကမ္မဋ္ဌာန်းပေးတာ ဘယ်သူမှ မဂ်ဉာဏ် ဖိုလ်ဉာဏ် မဆိုက်ကြဘူး၊ ဘယ်လိုဖြစ်နေပါလိမ့်မတုန်း။ ငါ ချွတ်လို့ မရမည့် ပုဂ္ဂိုလ်တွေ ဖြစ်နေလို့ မရတာ ထင်ပါရဲ့။ ဗုဒ္ဓဝေနေယျသာ ဖြစ်တော့တယ်။ သာဝကဝေနေယျ ဟုတ်ပုံမရဘူးဆိုပြီး ဘုရားဆီခေါ်သွားတယ်။ သဘော ကျပလား။ (ကျပါပြီ)။
ဘုရားဆီခေါ်သွားတယ်
ကိုယ်တော်တွေ ဘယ်ရောက်သွားသတုန်း။ (ဘုရားဆီ ရောက်သွားပါတယ်)၊ ဘုရားဆီရောက်သွားပြီး တစ်ဝါ တွင်းလုံး အားထုတ်လိုက်တာ မဂ်ဉာဏ်, ဖိုဉာဏ်ကို မရခဲ့ကြပါဘူး။
ဒါနဲ့ ဘုရားဆီရောက်သွားတဲ့အခါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ညနေရေချိုးပြီး သကာလ ကြွလာပြီး ထိုင်လျက် သီတင်းသုံးနေတော့ ခုနင်က ရဟန္တာက အရှင်ဘုရား ပုစ္ဆာကလေးတစ်ခု မေးလျှောက် ပါရစေတဲ့။ (မှန်ပါ့)။
ရဟန္တာက ပုစ္ဆာကလေး မေးပါရစေ ဆိုသဖြင့် သူ့မှာ သံသယရှိလို့လား၊ မဟုတ်ပါဘူး။ နောက်က ကိုယ်တော် တွေဟာ သူပြောတာတွေ မှတ်ပြီး သကာလ ဘုရားဟောတော်မူတာသည် သူသင်ထားတာနဲ့ မလွဲဘူးဆိုတာ သိအောင် လို့ ထ,ပြီး မေးလျှောက်တာ။ (မှန်ပါ့)။
သူ သင်ထားတာနဲ့၊ ဘုရားဟောတာနဲ့ မလွဲဘူးဆိုတာ သိအောင်လို့ ခုနင်က ရဟန္တာကိုယ်တော်က ထ,ပြီး အရှင်ဘုရား ပုစ္ဆာကလေးတစ်ခု မေးပါရစေဘုရားဆိုပြီး ထ,၍ လျှောက်တယ်။ (မှန်ပါ့)၊
ဒီတော့ မြတ်စွာဘုရားက ကဲ မင်းနေရာ မင်းပြန်ထိုင်နေ၊ အဲဒီမှာ ထိုင်ရင်း လျှောက်တာပေါ့လို့ ခွင့်ပြု တော်မူလိုက်တယ်။ သူက နဂိုက မတ်တပ်ထ, လျှောက်နေလို့။ (မှန်ပါ့)။
ဥပါဒါနာက္ခန္ဓာဆိုတဲ့ဥစ္စာ
ဒါနဲ့ ရဟန္တာက မေးတယ်။ အရှင်ဘုရား ဥပါဒါနာက္ခန္ဓာဆိုတဲ့ဥစ္စာဟာ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဆိုတာပဲ မဟုတ်ဘူးလားတဲ့။ (မှန်ပါ့)၊ ဘုရားက ဟုတ်တယ်၊ ဥပါဒါနာက္ခန္ဓာဆိုတာ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဆိုတဲ့ လောကီခန္ဓာတွေကို ဆိုတာပဲလို့ ဖြေတော် မူတယ်။ (မှန်ပါ့)။
သူလဲ သိပြီးပုဂ္ဂိုလ်ပါပဲ။ သို့သော် ထင်ရှားအောင်လို့ နောက်ရဟန္ဓာတွေကို ငဲ့ပြီးတော့ မေးလျှောက် နေတယ် လို့ မှတ်လိုက်ကြစမ်းပါ။ (မှန်ပါ့ ဘုရား)၊ ဒါနဲ့ သူ့အမေးနဲ့ ဘုရားအဖြေနဲ့ကော မကိုက်ဘူးလား။ (ကိုက်ပါတယ် ဘုရား)။
ဥပါဒါနာက္ခန္ဓာဆိုတာဘုရားတဲ့၊ လောကီဖြစ်တဲ့ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဆိုတဲ့ ယခု ဒကာ ဒကာမတွေမှာရှိတဲ့ ခန္ဓာငါးပါးကိုဆိုတာ မဟုတ်ပါဘူးလားလို့ မေးလျှောက်တော့ အေး ဟုတ်ပါတယ်၊ ဒါကို ဆိုတာပါပဲလို့ ဘုရားက ဖြေလိုက်တယ်။ (မှန်ပါ့)၊ ဒီတော့ နောက်က ရဟန်းတွေကလည်း ကိုစောမောင် ကျေနပ်တာပေါ့ဗျာ။ (မှန်ပါ့)၊၊
ခန္ဓာဟာ ဘယ်သူ့ကြောင့် ဖြစ်ပါလိမ့်
ဒါကို ဖြေပြီးသည်၏ အခြားမဲ့၌ တပည့်တော်ဆက်ပြီး မေးပါရစေဦးဘုရားဆိုပြီး ခန္ဓာဟာ ဘယ်သူ့ကြောင့် ဖြစ်ပါလိမ့်ဘုရားလို့ ဆက်ပြီးမေးပြန်တယ်။ (မှန်ပါ့)၊ ဘုရားက ခန္ဓာဟာ တခြားကြောင့် မဟုတ်ပါဘူး။ ဆန္ဒတဏှာ ကြောင့် ဖြစ်တာပါပဲတဲ့။ သဘောကျပလား။ (ကျပါပြီ ဘုရား)။
ခန္ဓာဟာ ဘယ်သူ့ကြောင့် ဖြစ်သတုန်း။ (ဆန္ဒတဏှာကြောင့်ဖြစ်ပါတယ်)၊ တဏှာကြောင့် ဖြစ်တယ်ဆိုတာ သာ မှတ်လိုက်ပါတော့ ဒကာ ဒကာမတို့။ (မှန်ပါ့)။တဏှာကြောင့်ဖြစ်ပါတယ်။)
ခင်ဗျားတို့ခန္ဓာ ဘယ်သူ့ကြောင့်ဖြစ်တယ်။ (တဏှာကြောင့်ဖြစ်ပါတယ်)၊ ဘယ်တဏှာတုန်းမေးတော့ သိတဲ့ အတိုင်းပဲ ဒကာ ဒကာမတွေကို ဘုန်းကြီး ပဋိစ္စသမုပ္ပာဒ် နေ့တိုင်းပြောနေတဲ့အခါကျတော့ တဏှာဥပါဒါန်ကံတွေ ကြောင့် ကိုစောမောင် ခန္ဓာငါးပါးဖြစ်တယ်။ (မှန်ပါ့)။
တဏှာဥပါဒါန်ကံကြောင့် ဘာဖြစ်ကြသတုန်း။ (ခန္ဓာငါးပါးဖြစ်ပါတယ်)၊ ခန္ဓာငါးပါးဖြစ်ရတယ်ဆိုတာ ရှင်းနေ တယ်။ (မှန်ပါ့)၊
ဒီဘဝလား၊ နောက်ဘဝလားလို့ မေးတဲ့အခါ ဒီတဏှာဥပါဒါန် ကံဆိုကတည်းက ဒါဟာ အနာဂတ် အကြောင်းလို့ ဒကာ ဒကာမတွေကို ဘုန်းကြီးက သင်ပြီးသား မထားဘူးလား။ (ထားပါတယ် ဘုရား)၊ အနာဂတ် ဖြစ်မည့် အကြောင်းဆိုတော့ ဟောဒီ ပစ္စုပ္ပန်ခန္ဓာငါးပါးဟာ လွန်ခဲ့တဲ့ဘဝက တဏှာဥပါဒါန်ကံရှိလို့ ခင်ဗျားတို့ ခန္ဓာငါးပါးရတာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ကံကြောင့်ဖြစ်တယ်ဆိုတာ နီးသော အကြောင်း
ဪ ဒါဖြင့် ခန္ဓာငါးပါး တခြားကြောင့် ဖြစ်လေကြသလားလို့ မေးတဲ့အခါ ကံကြောင့်ဖြစ်တယ်ဆိုတာ နီးသော အကြောင်းကို ယူတာပါ။ တဏှာချုပ်လို့ ရှိရင် ဥပါဒါန်သာ ချုပ်ကြည့်စမ်းပါ၊ ဒီကံ ဘာလုပ်နိုင်သေးသတုန်း၊ မေးကြည့်စမ်း ကိုစောမောင် (ဘာမှ မလုပ်နိုင်ပါ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)။
တဏှာဥပါဒါန်ချုပ်တဲ့တစ်နေ့ ကံဟာ ဘာလုပ်နိုင်သေးသတုန်း။ (ဘာမှ မလုပ်နိုင်ပါ ဘုရား)၊ ဘာမှ မလုပ်နိုင် ဘူးဆိုတာ မထင်ရှားဘူးလား။ (ထင်ရှားပါတယ်)။
ကောင်းပြီ၊ ဒါကြောင့် မဂ်ကိစ္စ ဖိုလ်ကိစ္စကျတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်းပဲ သမုဒယသစ္စာ ဆိုတဲ့ တဏှာဥပါဒါန်ကို မဂ်နဲ့ မဖြတ်ကြဘူးလား။ (ဖြတ်ပါတယ် ဘုရား)၊ ကံကို အထူးဖြတ်နေရ သေးသလား။ (မဖြတ်ရပါ ဘုရား)၊
တဏှာဥပါဒါန်ကံကို ဖြတ်ပြီး ချလိုက်လို့ရှိရင် ကံကအကျိုးပေး နိုင်သေးရဲ့လား။ (မပေးနိုင်ပါ ဘုရား)၊ ဒါကြောင့် ဘုရားက ခန္ဓာ ဘယ်သူ့ကြောင့်ဖြစ်သတုန်းလို့ ခုနင်က ရဟန္တာက မေးတဲ့အခါ ခန္ဓာဟာ တဏှာဆန္ဒကြောင့်ဖြစ်ပါတယ် လို့ ဘုရားဖြေတော်မူတာလဲ ဒကာ ဒကာမတွေ ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။
ဒကာ ဒကာမတွေ ယခု ခန္ဓာငါးပါးကြီး ဘယ်သူ့ကြောင့် ဖြစ်ပါလိမ့်။ (တဏှာကြောင့်ပါ ဘုရား)၊ ဒီဘဝတဏှာ လား၊ ဟိုဘဝတဏှာလား။ (ဟိုဘဝတဏှာပါ ဘုရား)၊ ဟိုဘဝက ဆုတောင်း တဏှာမျိုးနော်။ (မှန်ပါ့)၊ ဆုမတောင်းဘဲနဲ့ လဲ လုပ်တဲ့တဏှာမျိုးနော်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊
ဆုမတောင်းဘဲနဲ့ လုပ်တဲ့ တဏှာကော
ဆုမတောင်းဘဲနဲ့ လုပ်တဲ့ တဏှာကော ဒကာ ဒကာမတွေသိတဲ့အတိုင်း စသည့် ကောင်းတယ်၊ စွဲလမ်းတယ်၊ နောက်ထပ် ဝယ်ဦးမယ်ဆိုတဲ့ အားထုတ်မှုတွေကလည်း ကိုစောမောင် ဒါဟာ ကံပဲ မဟုတ်လား။ (မှန်ပါ့)၊ ဆုတောင်းရသေးသလား။ (မတောင်းရပါ ဘုရား)၊
မတောင်းဘဲနဲ့လည်း နောက်ခန္ဓာဖြစ်ခြင်း၏ အကြောင်း ဖြစ်-မဖြစ် စဉ်းစားစမ်း။ (ဖြစ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် စားလို့ကောင်းတယ်၊ စွဲလမ်းတယ်၊ နောက်ထပ် ဝယ်ဦးမယ်ဆိုတဲ့ အသွားတွေသည်ကား လို့ဆိုလို့ရှိ ရင် တဏှာဥပါဒါန် ကံအလုပ်ပဲတဲ့။ ဆုမတောင်းဘဲနဲ့ နောက်ခန္ဓာ တစ်ခုခုတော့ မရပေဘူးလား။ (ရပါတယ် ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ခန္ဓာ ဘယ်သူ့ကြောင့် ဖြစ်ပါလိမ့်။ (တဏှာကြောင့် ဖြစ်ပါတယ်)၊ တဏှာကြောင့် ဖြစ်တယ် ဆိုတာ ဘုရားက ဟောတော်မူလိုက်တော့ ဒါဖြင့် ကျေနပ်ပါပြီလား။ (ကျေနပ်ပါပြီ ဘုရား)၊ သို့သော် ဥပါဒါန်နဲ့ ခန္ဓာ ဆိုတဲ့ ဥစ္စာ တခြားစီပဲလားလို့ မေးလိုက်ပြန်တယ်။ (မှန်ပါ့)။
ဥပါဒါန်နဲ့ ခန္ဓာဆိုတာ တခြားစီပဲလားလို့ မေးလိုက်ပါတယ် ဒကာ ဒကာမတို့နော်။ ခန္ဓာက ဒါပဲ ထားပါတော့ နော်။ ယခု လက်ရှိ ခန္ဓာကြီးပေါ့ဗျာ။ (မှန်ပါ့)၊ ဥပါဒါန်နဲ့ ခန္ဓာဟာ တခြားစီလားလို့ မေးလိုက်တဲ့ အခါကျတော့ ဒီလို တော့ မဟုတ်ပါဘူးတဲ့။ တခြားစီမဟုတ်ပါဘူးတဲ့။ (မှန်ပါ့)၊ ဥပါဒါန် ဆိုတဲ့ ဥစ္စာက၊ တဏှာဥပါဒါန်ဆိုတဲ့ ဥစ္စာက မောင်နိုင်တို့ သိတဲ့အတိုင်း ခန္ဓာကို ခင်တာကိုဆိုတယ်။ (မှန်ပါ့)၊၊
အဲဒီတော့ ခန္ဓာသာရှိလို့ ရှိရင်ဖြင့် ပုထုဇဉ်လည်း ဖြစ်မယ်။ အထက်မဂ်တွေလည်း မရသေးဘူးဆိုရင် ဥပါဒါန် က ရှိမနေဘူးလား။ (ရှိပါတယ်)၊ အဲဒါကြောင့် ခန္ဓာနဲ့ ဥပါဒါန်ဟာ တခြားစီမဟုတ်ပါဘူး၊ ခန္ဓာကြောင့် ဥပါဒါဖြစ်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ ဥပါဒါန်ရှိလို့လည်း ခန္ဓာရတယ်ဆိုတော့ သူတို့သည် ကားလို့ဆိုလို့ရှိရင် ဖြင့် ဥပါဒါန်နဲ့ ခန္ဓာလို့ မခေါ်ထိုက်ဘူးလား။ (ခေါ်ထိုက်ပါတယ်)၊ ကျေနပ်ပြီနော်။ (မှန်ပါ့ ဘုရား)။
ဘယ်လိုများ ထူးထူးခြားခြားဖြစ်လေ့ရှိပါလိမ့်မလ
နို့ ခန္ဓာဟာ ဘုရား ဘယ်လိုများ ထူးထူးခြားခြားဖြစ်လေ့ရှိပါလိမ့်မလဲဆိုပြီး စတုတ္တမေးခွန်းမေးပြန်တယ်။ ဒါတွေကတော့ ဒကာ ဒကာမတွေ သိပ်ပြီးတော့ တာရှည်မဆွဲပါဘူး၊ ခက်တဲ့နေရာမှပဲ ရှင်းပြပါ့မယ်။
ခန္ဓာဟာ ထူးခြားတာပေါ့။ ဆုတောင်းက တချို့က ဘယ်လိုအဆင်းမျိုး၊ ဘယ်လိုရုပ်မျိုးဖြစ်ရပါလို၏ဆိုတော့ ဒီဥစ္စာ ခန္ဓာအဆင်း ရုပ်တစ်မျိုး ထူးမလာဘူးလား။ (ထူးလာပါတယ် ဘုရား)၊ ဘယ်လိုဝေဒနာမျိုးဖြစ်ရပါလို၏ ဆိုရင် ကော ထူးမလာဘူးလား။ (ထူးလာပါတယ်)၊ ချမ်းသာတဲ့ခန္ဓာ ပေါ်ရပါလို၏ဆိုတော့ ချမ်းသာတဲ့ ဝေဒနာ ဆုတောင်း တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
နောက်ဘဝကျလို့ရှိရင်ဖြင့် ဘယ်ပညာမျိုး ပေါ်ရပါလို၏။ ဘယ်အတတ်မျိုးကို တတ်ရတဲ့သဘောမျိုး ဖြစ်ရပါလို ၏ဆိုတော့ သညာက မထူးပေဘူးလား။ (ထူးပါတယ်)။
အဲ ထို့အတူပဲ သင်္ခါရလည်း ထူးမှာပဲ၊ နောက်ဘဝက စ၍ နိဗ္ဗာန်မရမီစပ်ကြား စိတ်ကောင်း စိတ်မြတ်နဲ့သာ နေနိုင်ပါရစေ၊ သူတစ်ပါးပြစ်မှားတဲ့စိတ် မပေါ်ပါရစေနဲ့ဆိုတော့လည်း ခင်ဗျားတို့က ဆုတောင်းယူလေ့ရှိကြသေးတယ်။ (မှန်ပါ့)၊ မတောင်းပေဘူးလား။ (တောင်းပါတယ် ဘုရား)၊
တောင်းတော့ ခင်ဗျားတို့ ဆုတောင်းအတိုင်း ခန္ဓာတွေ ကကော ဘယ့်နှယ်နေသလဲ။ (ရပါတယ်)၊ ရတော့ ခန္ဓာတွေဟာ တူပါ့မလား။ (မတူပါ ဘုရား)။
အဲဒါကြောင့် ခန္ဓာမှာ ထူးသေးသလားဘုရားဆိုတော့ ခန္ဓာမှာ အထူးရှိတယ်လို့ ဘုရားက ဟောလိုက်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ရုပ်ကော တူကြရဲ့လား
အခု ဒကာ ဒကာမတွေထဲမှာ ရုပ်ကော တူကြရဲ့လား။ (မတူပါ ဘုရား)၊ ပေါ်လာတဲ့ ခန္ဓာကော။ (မတူပါ ဘုရား)၊ ဝေဒနာချင်းကော တူကြရဲ့လား။ (မတူပါ ဘုရား)၊ သညာချင်းကော (မတူကြပါ ဘုရား)၊ စေတနာချင်းကော (မတူပါ ဘုရား)၊ စိတ်ချင်းကော (မတူပါ ဘုရား)၊ ဒါဟာ ခန္ဓာထူးထူးခြားခြားရှိတယ်ဆိုတာ မှတ်လိုက်တာပေါ့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ရှည်နေမှာစိုးလို့ ဪ ခန္ဓာထူးတာ တခြားကြောင့်လား မှတ်နေတယ်၊ တဏှာာထူးလို့ ထူးတာ ပါကလားဆိုတာလဲ မှတ်လိုက်တာပေါ့။ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ်။ (တဏှာထူးလို့ ထူးပါတယ် ဘုရား)၊ တဏှာထူးလို့ ခန္ဓာထူးတယ်လို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)၊ ဆုတောင်း တဏှာထူး၍သော်လည်းကောင်း၊ ဆုမတောင်းဘဲနဲ့ ပြုလုပ်တဲ့ တဏှာထူး၍သော်လည်းကောင်း၊ ဘာထူးရသလဲ။ (ခန္ဓာထူးရပါတယ် ဘုရား)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။
သက္ကာယဒိဋ္ဌိကို အမိန့်ရှိပါဦးဘုရား
ကောင်းပြီ၊ ဒါဖြင့် ခန္ဓာထူးတာကိုလည်း ကျေကျေနပ်နပ် သဘောကျထားတော့ ရှည်နေမှာစိုးလို့ ခုနင်က ကံပိုင်းကို ရှင်းရမှာဖြစ်နေလို့ သူမေးတာက သက္ကာယဒိဋ္ဌိကို အမိန့်ရှိပါဦးဘုရားတဲ့။ ဒါကို သူ မေးပြန်တယ်နော်။ (မှန်ပါ့)။
သက္ကာယဒိဋ္ဌိ-သက္ကာယဒိဋ္ဌိဆိုတာ အမိန့်ရှိပါဦးဘုရားဆိုတော့ ဘုရားက ခန္ဓာငါးပါးကို ငါထင်ရင် သက္ကာယ ဒိဋ္ဌိ။ (မှန်ပါ့)၊ ရူပံ အတ္တတော သမနုပဿတိဆိုတဲ့ အတိုင်း ရုပ်ကို ငါထင်ရင်လည်း သက္ကာယဒိဋ္ဌိ ဖြစ်တာပဲ။ (မှန်ပါ့)၊ ဝေဒနာကို ငါထင်ရင်လည်း (သက္ကာယဒိဋ္ဌိဖြစ်ပါတယ်)၊ သညာငါထင်ရင်လည်း (သက္ကာယဒိဋ္ဌိဖြစ်ပါတယ်)၊ စေတနာဆို တဲ့ သင်္ခါရထင်ရင်ကော (သက္ကာယဒိဋ္ဌိဖြစ်ပါတယ်)၊ စိတ်ကို ငါထင်ရင်ကော (သက္ကာယဒိဋ္ဌိဖြစ်ပါတယ်)။
သက္ကာယဒိဋ္ဌိ မဖြစ်တာကို အမိန့်ရှိပါဦး
ဒါဖြင့် ဘုရား၊ သက္ကာယဒိဋ္ဌိ မဖြစ်တာကို အမိန့်ရှိပါဦးတဲ့။ (မှန်ပါ့)၊ နောက်က ရဟန်းတွေ သဘောပေါက် သွားအောင် သက္ကာယလည်း ဖြုတ်ပေးနေရသေးတယ် ကိုစောမောင်။ (မှန်ပါ့)၊ နောက်ကပါလာတဲ့ ရဟန်းခြောက် ဆယ်က မဂ်ဖိုလ်မရလို့ ဒီအတိုင်း တန်းခံနေတယ်။ (မှန်ပါ့)
သူတို့ကို ဝါတွင်းသုံးလ ကမ္မဋ္ဌာန်းပေးတာ ဒီနည်းအတိုင်း ကို ပေးတာပဲ။ (မှန်ပါ့)၊ ပေးပင်ပေးငြားသော်လည်း ထိုရဟန်းခြောက်ဆယ်က မောင်နိုင်ရပါရဲ့လား။ (မရပါ ဘုရား)၊ နောက်ပိုင်းက ပါလာတာက ပုထုဇဉ်တွေပဲ။ (မှန်ပါ့)။
ကမ္မဋ္ဌာန်းပေးတာက ရဟန္တာနော် ဒကာ ဒကာမတို့။ (မှန်ပါ့)၊ ရဟန္တာပေမယ့်လို့ ဒကာ ဒကာမတို့ ကမ္မဋ္ဌာန်း ပေးတဲ့နေရာမှာ အာသယာနုသယဓာတ်ကို လိုက်ပြီး ပေးသည်ဆိုတော့ မလွယ်ပါဘူး၊ ဘုရားအရာကိုး။ (မှန်ပါ့)၊ ရဟန္တာဖြစ်တာက တခြား၊ သတ္တဝါတို့စရိုက်ကို သိဖို့က တခြားပါ။ သူ့မှာ ရဟန္တာဖြစ်လာတဲ့နည်းနဲ့ ရဟန္တာဖြစ်လာတာ ပဲ။ သူတစ်ပါးအာသယသိဖို့က တခြားပဲ။ (မှန်ပါ့)။
ကိုင်း ဒါဖြင့် သက္ကာယဒိဋ္ဌိမဖြစ်တာကတော့ ဘယ်လိုပါလိမ့်မတုန်းဆိုတော့ ဟောဒီခန္ဓာငါးပါးကို ဖြစ်ပျက်ကို မြင်လို့ရှိရင် ဒါ ငါမဟုတ်ဘူး။ ဖြစ်ပျက်လို့ သိတဲ့ ပုဂ္ဂိုလ်ကျတော့ သက္ကာယဒိဋ္ဌိမဖြစ်ပါဘူးတဲ့။ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ဒါတွေက ဒကာ ဒကာမတွေကလည်း ရှင်းနေပါပြီ။ နေ့တိုင်းလိုလိုပြောနေတယ်။ ဖြစ်ပျက်ရှုနေရင်၊ ဖြစ်ပျက် မြင်နေရင် သက္ကာယဒိဋ္ဌိမဖြစ်ဘူး။ (မှန်ပါ့)။
ခန္ဓာငါးပါး တစ်ပါးပါးဖြစ်ပျက်ရှုရင် (သက္ကာယဒိဋ္ဌိမဖြစ်ပါ ဘုရား)၊ သက္ကာယဒိဋ္ဌိမဖြစ်ဘူးဆိုတော့ အင်မတန် ရှင်းလင်းပြီး သကာလ နေတာကိုလည်း ခင်ဗျားတို့ လုပ်နေတာ မှန်ပါတယ်ဆိုတာ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ ဒါ ရဟန်းတွေ ကြားလောက်အောင် ကိုစောမောင် မေးနေတာ။ (မှန်ပါ့)။
ဘယ်လိုရှုရင် တဏှာမာန ဒိဋ္ဌိများ စင်ပါ့မလဲ
ဒါဖြင့်ဘုရား ခန္ဓာတွေဟာ တပည့်တော်တို့ ဘယ်လိုရှုပြီး သကာလ ထားတဲ့အခါကျလို့ရှိရင် တဏှာမာန ဒိဋ္ဌိများ စင်ပါ့မလဲဘုရားလို့ မေးလိုက်တယ်။ (မှန်ပါ့)။
အဘယ်ကဲ့သို့ ရှု၍ အဘယ်ကဲ့သို့ မှတ်နေကြလို့ ရှိရင် တဏှာမာန ဒိဋ္ဌိဘယ်လိုလုပ်ပြီး သကာလ စင်နိုင်ပါ့ မလဲတဲ့။ ဘယ်လိုရှုလို့ရှိရင် စင်နိုင်ပါ့မလဲလို့ တစ်ခါဆက်မေးပြန်တယ် ရဟန္တာကနော။ (မှန်ပါ့)။
တဏှာမာနဒိဋ္ဌိစင်အောင်တော့ ရူပံ အတီတာနာဂတ ပစ္စုပ္ပန္နံလို့ မြတ်စွာဘုရား ဟောနေကျတရားတွေ ရှိပါတယ်၊ ရုပ်တရားကိုလည်း အတိတ် အနာဂတ် ပစ္စပ္ပုန်ရုပ်တွေ၊ နောက်က ဖြစ်ခဲ့တာတွေလည်း ဖြစ်ပျက်ပဲ။ ယခုဖြစ်နေတဲ့ ပစ္စပ္ပုန်ရုပ်လည်း ဖြစ်ပျက်ပဲ၊ ရှေ့ဖြစ်မှာတွေလဲ ဖြစ်ခဲ့လို့ရှိရင် ဖြစ်ပျက်ပဲရှိမှာပဲ။ ဘယ်ဟာမှ ငါ့ကိုယ်, ငါ့ဟာ, ငါဥစ္စာမရှိဘူးဆိုတာကို ယခုခန္ဓာကိုယ်ဖြစ်ပျက် ရှုလိုက်လို့ရှိရင် အတိတ်ကဟာတွေလည်း ဒီအတိုင်းပဲ၊ အနာဂတ် ကဟာတေါလည်း ဒီအတိုင်းပဲလို့ ဉာဏ်သိမ်းပြီး သကာလ အကုန် သဗ္ဗေသင်္ခါရာ အနိစ္စာသာရှိပါတယ်လို့ ရှုလိုက်လို့ရှိရင် လည်း တဏှာမာနဒိဋ္ဌိဟာ စင်သွားးတာပဲ။
ဒါ့ကြောင့် အဲဒီတရားတွေကို ရှုတဲ့အခါကျတော့ နေတံမမ နေသောဟမသ္မိ နမေသောအတ္တာဆိုတဲ့ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ်အောင် ရှုနိုင်လို့ရှိရင် တဏှာမာနဒိဋ္ဌိသေတာပါပဲ။ ကဲ ရှင်းပ လား။ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီဥစ္စာ ငါ, ကိုယ်, ငါ,ဟာမှန်း နေတံမမနေသော ဟမသ္မိ နမေသော အတ္တာ-ဆိုတော့ ရုပ်တရားတွေ လည်း အနတ္တပဲ ဟောလိုက်တယ်နော်၊ အနိစ္စတွေ ဟောပြီးသည်၏ အခြားမဲ့၌။ (မှန်ပါ့)၊ ဝေဒနာကိုလည်း နေတံမမ နေသောဟမသ္မိ နမေသောအတ္တာ-ဆိုတော့ ဝေဒနာကိုလည်း ဘာဟောလိုက်သတုန်း။ (အနတ္တပဲ ဟောလိုက်ပါတယ်)၊ သညာကော (အနတ္တပဲဟောပါတယ်)၊ စေတနာကိုကော (အနတ္တပဲဟောပါတယ်)၊ အနတ္တပဲဟောတယ်ဆိုတာ သဘော ကျပလား။ (ကျပါပြီ)၊ ဘယ်သူဆိုင်လို့ ဘယ်သူပိုင်တာရှိသလဲ။ (ဘယ်သူမှ မပိုင်ပါ ဘုရား)၊ ဘယ်သူမှ မပိုင်လို့ ဘယ်သူ မှ မဆိုင်ဘူးဆိုတာ ဟောလိုက်တယ်။ (မှန်ပါ့)၊ စိတ်ကိုလည်း တစ်ခါ ဘာဟောလိုက် ပြန်သတုန်း။ (အနတ္တပဲ ဟောပါတယ်)။
ရဟန်းတစ်ပါးကဗွေဖောက်လာတယ်
အဲဒီလို အနတ္တလို့ ဟောလိုက်တော့ ခုနင်က ရဟန်းခြောက်ဆယ်ထဲက ဗွေဖောက်လာပြီ ကိုစောမောင်။ (မှန်ပါ့)၊ မူလပြောခဲ့တဲ့ စကားဟာ ဒီနေရာကျမှ သွားတာလာတာ၊ ဟိုဟာတွေက တရားစဉ်အတိုင်း တရားစဉ်မပျက် အောင် ဘုန်းကြီးများက ဟောတာလို့ မှတ်ပါ။ (မှန်ပါ့)။
ရဟန်းခြောက်ဆယ်ထဲက ရဟန်းတစ်ပါးက ဘယ့်နှယ်ဖြစ်လာသတုန်းဆိုလို့ရှိရင် အလုံးစုံပဲ၊ ရုပ်လဲ အနတ္တ၊ ဝေဒနာလည်း အနတ္တ, သညာလဲ အနတ္တ, စေတနာတွေလည်း အနတ္တ, စိတ်တွေလည်း အနတ္တလို့ ဟောထားလို့ရှိရင် ဖြင့် ရဟန်းတစ်ပါးက
“အနတ္တကတာနိ၊ ကမ္မာနိ၊ ကမတ္တာနံ ဖုသန္တိ။”
ဘယ်လို ဗွေဖောက်ယူလာသတုန်း ဆိုတော့ အနတ္တကတာနိ – ငါမဟုတ်သဖြင့် ပြုအပ်ကုန်သော။ ကမ္မာနိ- ကံတို့သည်။ ကမတ္တာနံ-ဘယ်အတ္တကို။ ဖုသန္တိ-ရောက်ကုန်တော့အံ့နည်း။ ကံဆိုတဲ့ စေတနာတို့ဟာ ဘယ်အတ္တကို စွဲ ကုန်မလဲတဲ့။ အကုန်အနတ္တဆိုရင် သူအားကိုးလိုတဲ့ ကံတွေက ဘယ်အတ္တကို စွဲပြီး ဖြစ်ပါ့မလဲတဲ့။ လာပြီ ဒကာ ဒကာမတို့။ (မှန်ပါ့)၊ သူက ဘာအားကိုးချင်တဲ့ စိတ်ပေါ်လာသတုန်း။ (ကံကို အားကိုးချင်တဲ့ စိတ်ပေါ်လာပါတယ် ဘုရား)။
ကံကို အားကိုးချင်တဲ့ စိတ်ပေါ်လာပါတယ်
အနတ္တကတာနိ ကမ္မာနိ ကမတ္တာနံ ဖုသန္တိ-ဒါ သူ့ပါဠိတော်ပဲ။(မှန်ပါ့)၊ အနတ္တကတာနိ – အနတ္တက ပြုလုပ် ထားအပ်ကုန်သော။ ကမ္မာနိ-ကံတို့သည်။ ကံအတ္တာနံ-အဘယ်အတ္တကို။ ဖုသန္တိ-ရောက်ရကုန်အံ့နည်းတဲ့။
အကုန်အနတ္တ ဆိုတော့ အနတ္တက လုပ်ထားတဲ့ ကံတို့ဟာ ဘယ်အတ္တကိုများ စွဲမှီကပ်နေတော့မှာလဲ။ (မှန်ပါ့)၊ ကံကိုတော့ သူက အားကိုးအားထား အတ္တလုပ်ထားချင်တာကိုး။ အကုန်အနတ္တတွေဖြစ်နေတော့ ဒီကံက ဘယ်အတ္တကို သွားမှီနေတော့မှာ လဲတဲ့။ (မှန်ပါ့)၊ အနတ္တဟောတော့ ဒီကံကို သူက တစ်ခါတည်း သွားဆွဲပြီး ယူလိုက်တယ်။ (မှန်ပါ့)၊ ရှင်းကြရဲ့လား။ (ရှင်းပါတယ် ဘုရား)။
ဘုရားက ရှေ့ပိုင်းက ဟောလာတာ။ အလုံးစုံအနတ္တချည့် ဟောခဲ့တယ်၊ ဘာမှ အားကိုးစရာမရှိဘူးဆိုတော့ ကံကို အားကိုး လုပ်ထားချင်တော့ ဒီကံကလေးတွေဟာ ဘယ်အတ္တများ တွယ်ကပ်နေတော့မှာလဲလို့ ဗွေဖောက်လာတာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဘာတဲ့တုန်း။ (ကံကို အတ္တလုပ်ထားပါတယ် ဘုရား)၊ ဘုရားက အကုန်အနတ္တလို့ ဟောပါလျက်သားနဲ့ သူ့မှာ တော့ တစ်ခါတည်း ကံကို အားကိုးအားထားလုပ်ချင်သေးတယ်။ (မှန်ပါ့)၊ အကုန် အနတ္တ ဖြစ်တယ်လို့ ဟောခဲ့ပြီ၊ ကံကိုတော့ အတ္တအဖြစ်နဲ့၊ ငါ့ဥစ္စာအဖြစ်နဲ့ လုပ်ထားတော့ သူ့မှာ သဿတဒိဋ္ဌိ ဝင်ပြီး ပူးကပ်တာ။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)၊ မောင်နိုင်ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။
သဿတဒိဋ္ဌိအပင်းခံနေရင် ဘယ်တော့မှမရ
အားလုံး ဒကာ ဒကာမတွေ ဒီအချက်ဟာ သာမညအရေးရယ်လို့ မတွေးမိလိုက်ပါနဲ့၊ ဝိပဿနာ ဉာဏ်ပညာ အရာမှာ အလွန်အရေးကြီးပြီး သတ်ရလိမ့်မယ်ဆိုတာ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)၊
ကံကို ငါ့ဥစ္စာ လုပ်ထားတယ်၊ ဘယ်တော့မှ မပျောက်ဘူး၊ မပျက်ဘူး၊ အမြဲလိုက်ပါနေတယ်လို့ ယူထားတဲ့ ပုဂ္ဂိုလ်ဟာ ဝိပဿနာအားထုတ်လို့ရှိရင် သဿတဒိဋ္ဌိအပင်းခံနေပြီး ဘယ်တော့မှ မရနိုင်ဘူး၊ ဒီဒိဋ္ဌိမစွန့်သရွေ့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဒါနနဲ့ သီလလုပ် – အကျိုးပေးလိမ့်မယ်ဆိုတဲ့ ကမ္မဿကတဉာဏ်ကို ဟောတာကိုး ကိုစောမောင်။ (မှန်ပါ့)၊ အခုဟာက ကမ္မဿကတဉာဏ်မှ မဟုတ်ဘဲ ဒကာ ဒကာမတို့၊ ယံကိစ္ဆိရူပံအတီတာနာ ဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံဝါ ဗဟိဒ္ဓံ ဝါ ဩဠာရိကံဝါ သုခုမံဝါ ဟိနံဝါ ပဏီတံဝါ သန္တိကေဝါ သဗ္ဗံနေသောမမ နေသောဟမသ္မိ နမေသောအတ္တာ- ဆိုတော့ အလုံးစုံအကုန်ပဲ ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာ မဟုတ်အောင် ရှုရမှာကိုး။ (မှန်ပါ့)၊ ဘယ်ဟာ ငါ့ဟာရယ်လို့ ထား ရမှာပါသေးရဲ့လား။ (မပါ,ပါ ဘုရား)၊ ရှင်းကြပလား။ (ရှင်းကြပါပြီ)၊
ဘယ်ဟာမှ ငါ့ဟာလို့ မရှိစေနဲ့
ဒကာ ဒကာမတို့ ရှုတဲ့အထဲမှာ ဘယ်ဟာမှ ငါ့ဟာလို့ မရှိစေနဲ့၊ ပေါ်လာတဲ့ဥစ္စာသည် စေတနာပေါ်လာလဲ စေတနာကို ဖြစ်ပျက်ရှုရုံပဲ။ (မှန်ပါ့)၊ ကိုစောမောင် ဘယ်ဟာ မရှုစရာရှိသေးသတုန်း။ (မရှိပါ ဘုရား)၊ အဇ္ဈတ္တရော, ဗဟိဒ္ဓရော အကုန်ရှုရမယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟောရင်းမတ္တနဲ့ ခုနင်က ရဟန်းခြောက်ဆယ်ထဲက ရဟန်းတစ်ပါး ဗွေဖောက်လာတယ်ဆိုတာကကော ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။ ရှေ့ပိုင်းက ဘုရားက အနတ္တတွေ ချည့် ဟော မသွားဘူးလား။ (ဟောသွားပါတယ်)၊ အနတ္တတွေတဲ့ ခန္ဓာငါးပါးဟာ အနတ္တတရားချည့်ပဲ၊ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာဆိုတာ ဘာမှမရှိပါဘူး၊ မဟောဘူးလား။ (ဟောပါတယ်)၊ ရှင်းကြပလား။ (ရှင်းပါပြီ)၊ ကိုစောမောင် ကျေနပ်ကဲ့လား။ (ကျေနပ်ပါတယ် ဘုရား)။
ကောင်းပြီး၊ ဒါနဲ့ ဤကဲ့သို့ ဟောနေရင်းမတ္တနဲ့ ခုနင်က ရဟန်းက ဗွေဖောက်ပြီး သကာလ ဪ ဘာမှ အားကိုးစရာမရှိတော့ဘူး။ ရှေ့ပိုင်းမှာ ဘုရားဟောတဲ့ ဥစ္စာတွေ၊ အဲဒီတော့ ကံကို အားကိုးလိုပြီး အနတ္တလာပြုတဲ့ ကံတို့ဟာ ဘယ်အတ္တကို တွေ့ထိကုန်မှာလဲဆိုတဲ့ ဥစ္စာ ဗွေဖောက်တော့ဘုရားက တရားဟောရာက ပရစိတ္တ ဝိဇာနန အဘိဉာဏ်နဲ့ သိမြင်တော်မူတယ်။ ဒီရဟန်း ဗွေဖောက်နေလို့ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဒီကံကို အတ္တစွဲထားတဲ့ ဒိဋ္ဌိခံနေတယ်
အဲဒီ မှတ်ထားကြပါ၊ ဝါတွင်းသုံးလပတ်လုံး အားထုတ်တာ ဒီတစ်ခုခံနေတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ဝါတွင်းသုံးလပတ်လုံး ရဟန္တာအရှင်မြတ်က ပေးတဲ့တရားကိုပဲ အားထုတ်တာပဲ မောင်နိုင်။ (မှန်ပါ့)၊ ဒီဟာကို ဆုံးဖြတ် ချက်မချနိုင်ဘူး။ (မှန်ပါ့)၊ ဒီကံကို အတ္တစွဲထားတဲ့ ဒိဋ္ဌိခံနေတယ်ဆိုတာ သဘောကျပလား။ (ကျပါပြီ)။
ဘာမှ အားကိုးစရာမရှိတော့ ကံပဲ အားကိုးလို့လဲ သဿတဒိဋ္ဌိစွဲတွေ ဝင်နေတယ်။ (မှန်ပါ့)။
ရဟန္တမထေရ်မြတ်က ကြည့်လိုက်တယ်၊ ရဟန်းတွေ အားထုတ်မှုညံ့လို့ မရတာလား၊ ငါပဲ တရားပေးညံ့လို့ မရတာလားလို့ ကြည့်လိုက်တဲ့အခါ ကြက်ကလေး ရေသောက်တဲ့ တစ်ချိန်လောက်တောင် ကြက်ကလေး များသည် ရေခွက်ကလေးထဲမှာဖြစ်စေ၊ ရေရှိတဲ့နေရာမှာ ဖြစ်စေ ကပျာကယာ နှုတ်သီးကလေးနဲ့ အောက်ချပြီး တစ်ခါ မမော့ရ ဘူးလား။ (မော့ရပါတယ်)၊
အဲဒီက မော့တာလောက်တောင် နားနေတဲအချိန်မရှိဘူးတဲ့ ကိုစောမောင်။ (မှန်ပါ့)၊ ရဟန်းခြောက်ဆယ် အားထုတ်တာတော့ အလွန်ပါပဲတဲ့။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။
ဒီသုတ်တော်သည် သံယုတ် ပါဠိတော်မှာလဲ လာပါတယ်၊ ဥပရိပဏ္ဏသ ပါဠိတော်မှာလည်း မဟာပုဏ္ဏမသုတ် ဆိုပြီး လာပါတယ်၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် မရတာတုန်း
ဒါဖြင့် ဒီရဟန်းခြောက်ဆယ်ဟာ ဘယ့်နှယ်ကြောင့် မရတာတုန်းလို့ ခုနင်က ပြောသလို အားမထုတ် လို့လားဆို တော့ ကြက်ရေတစ်ခါ သောက်လောက်တောင် အအားမနေပါဘူး။ ကမ္မဋ္ဌာန်းအလုပ်ကို လုပ်နေပါလျက်သားနဲ့ မရခဲ့ တာဟာ ဘုရားကလည်း ခုနင်က ရဟန္တာအမေးကို ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ပုံတွေ မဟောဘူးလား။ (ဟောပါ တယ်)၊ ခန္ဓာငါးပါးစလုံး ဟောလိုက်တယ်နော်။ (မှန်ပါ့)၊ သင်္ခါရက္ခန္ဓာထဲပါတဲ့ စေတနာဆိုတဲ့ ဥစ္စာကိုလည်း ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ်ဘူးလို့ ရှုရမယ်။ ဒါမှ တဏှာမာနဒိဋ္ဌိသေတယ်လို့ မဟောဘူးလား။ (ဟောပါတယ် ဘုရား)။
ဟောလိုက်တော့ ခုနင်က ရဟန်းတစ်ပါးက ဘယ့်နှယ်ဗွေဖောက်လာသတုန်း။ (ကံကို အားကိုးလုပ်ချင်ပါ တယ် ဘုရား)၊ ခန္ဓာငါးပါး ဘာမှ အားကိုးစရာ မရှိတော့ဘူး။
အဲဒီတော့ အနတ္တကပြုတဲ့ ကံတို့ဟာ ဘယ်အတ္တကို တွေ့ထိကုန်မှာလဲတဲ့။ (မှန်ပါ့)၊ အကုန် အနတ္တဆိုရင် ကံကတော့ ဘယ်အတ္တကိုများ စွဲမှီ ကပ်တွယ်နေပါလိမ့်လို့ ကံကို သဿတနေနဲ့ အတ္တစွဲကပ်လိုတယ်။ (မှန်ပါ့)၊ ကံကိုအားကိုးလိုတယ်ပေါ့။ (မှန်ပါ့)၊
ခိုင်တယ်, မြဲတယ်, အားကိုး တဲ့ဘက်ကို မယူလိုက်ဘူးလား။ (ယူလိုက်ပါတယ် ဘုရား)၊ ယူလိုက်တော့ ဘုရားက
“အဝိဒွာ အဝိဇ္ဇာဂတော တဏှာဓိပတေ ယျေန စေတသာ သတ္တုသာသနံ အတိဓာဝိတဗ္ဗံ မညေယျ”-တဲ့၊
ငါဘုရားအဆုံးမတော်ကို ကျော်လွန်သွားတယ်ကွာ
ဒီတရားပွဲထဲမှာ ပညာမရှိဘဲနဲ့ အဝိဇ္ဇာကလဲ အုပ်ချုပ် နေတဲ့၊ တဏှာကလဲ ဦးစီးနေတဲ့ ပုဂ္ဂိုလ်ဟာ ငါဘုရားအဆုံးမတော်ကို ကျော်လွန်သွားတယ်ကွာတဲ့၊ ဘုရားက ဖွင့်ကို ဟောတယ်။ (မှန်ပါ့)။
ကံကို အခိုင်အမာ အတ္တစွဲယူထားလိုတဲ့ပုဂ္ဂိုလ်ရှိနေတယ်။
ဒါကြောင့် တဏှာဓိပတေယျ ဖြစ်နေတယ်။ ဒီကံက လုပ်တဲ့ ပစ္စည်းမရှိရင် သူအခက်ကြီး ခက်တော့မယ် ဆိုတဲ့ တဏှာက ပါနေတယ် ကိုစောမောင်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)။
အဝိဒွါ အဝိဇ္ဇာဂတော တဏှာဓိပတေယျေနစေတသာ သတ္တုသာသနံ အတိဓာဝိတဗ္ဗံမညေယျ- ငါဘုရား၏ သာသနာတော်ကို ကျော်လွန်သွားပြီတဲ့၊ ငါဘုရား ဟောတော်မူတာကို အကြံလွန်ပြီး သကာလ ဘာမှ အားကိုးစရာမရှိရင် ကံကိုပဲ အားကိုးချင်တဲ့ဆီ ရောက်သွားပြီတဲ့။ ဘုရားအဆုံးအမ နည်းလမ်းကို ကျော်လွန်ပြီး ဉာဏ်က ပြေးသွားပြီတဲ့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဘုရားဟောတော်မူတာ လွန်ပြီးတော့ ဘယ်ပြေးသွားသတုန်း။ (သဿတဘက်ကူးသွားပါတယ်)၊ တစ်ခါတည်း ကံကို အခိုင်အမာယူထားလို့တဲ့၊ သဿတဘက်ကူးမသွားဘူးလား။ (ကူးသွားပါတယ်)၊ အဲဒါကြောင့် အဋ္ဌကထာဆရာ က ဖွင့်တယ်၊ အဲဒါ သဿတဒိဋ္ဌိဘက် ကူးသွားတယ်လို့။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။
ကိုစောမောင် ကံကို မပျက်ဘူးလို့ ယူတဲ့ အဓိပ္ပါယ်ရောက်- မရောက် (ရောက်ပါတယ် ဘုရား)၊ အဲဒီတွင်မ ဘုရားသခင် ကိုယ်တော်မြတ်ကြီး အဝိဒွါ အဝိဇ္ဇာကတေည စသည်ဖြင့် မိန့်တော်မူတာ။ (မှန်ပါ့)၊ ဗွေဖောက်နေတဲ့ ရဟန်းအထင်မှာ ခန္ဓာလွတ်မှာကိုပင် သူကြောက်နေတော့ ဒီကံရှိမှသာလျှင်၊ ဒီကံရှိမှ မြဲနေမှသာလျှင် ရောက်ရာဘဝ၌ ခံစားရမှာဆိုတဲ့ဥစ္စာကို ယူထားတာကိုး။ (မှန်ပါ့)။
ဝိပဿနာ ပညာ နည်းနည်းမှ မရှိဘူးတဲ့
ဒီဥစ္စာကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဝိဒွါ-ပညာနည်းနည်းမှ မရှိသော ဆိုတာ ဝိပဿနာ ပညာ နည်းနည်းမှ မရှိဘူးတဲ့။ (မှန်ပါ့)၊ အဝိဇ္ဇာကတောတဲ့ တဏှာကလည်း ဦးစီးနေတယ်တဲ့။ တဏှာဓိပတေယျေန-တဲ့ တဏှာကလည်း အကြီးအမှူးလုပ်နေပြီတဲ့။ (မှန်ပါ့)၊
သူ့စိတ်မှာ တဏှာကြီးမှူးတဲ့စိတ်ဖြစ်ပြီး သကာလ သတ္တုသာသနံ- ငါဘုရားသာသနာတော်က အနတ္တလို ဟောသွားပါလျက်သားနဲ့၊ အတိဓာဝိတဗ္ဗံမညေ-တဲ့ ကံကို အခိုင်အမာယူထားတဲ့၊ သဿတဘက်သို့ လွန်သွားပြီတဲ့။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် အဲဒီလွန်သွားတဲ့အတွက် ဘုရားသခင် ကိုယ်တော်မြတ်ကြီး တရားပြန်ဟောရတယ်။ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)၊ တရားပြန်ဟောရလိမ့်မယ် ဒကာ ဒကာမတို့၊ သူ့မှာ ဗွေဖောက်နေပြီ။ (မှန်ပါ့)၊
ဟောရင်းမတ္တနဲ့ အကုန်အနတ္တလို့ ဟောပါလျက်သားနဲ့ သူ့မှာ ဘာဖြစ်နေသလဲ။ (ဗွေဖောက်နေပါတယ် ဘုရား)၊ အနတ္တဆိုတာ ဘာမှ အားကိုးစရာမရှိအောင် ဟောတာပဲ။ (မှန်ပါ့)၊ သေသေချာချာ ဒကာ ဒကာမတွေက ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့ ခန္ဓာကိုယ်ထဲမှာ အားကိုးစရာ ဘယ်ဟာများရှိသတုန်း။ (မရှိပါ ဘုရား)၊
သူ အားကိုးပြီး အခိုင်အမာယူထားလိုတဲ့၊ ကံကိုပဲ ကြည့်ပါဦး။ ကံဟာ စေတနာပဲ။ စေတနာဟာ နာမ်တရားပဲ မဟုတ်လား။ (မှန်ပါ့)၊ နာမ်တရားဆိုရင် ဖြစ်ပြီး ပျက်တာမှတစ်ပါး ဘာရှိသေးသတုန်း။ (ဘာမှ မရှိပါ ဘုရား)၊ အားကိုးစရာ ခိုင်တယ်, မြဲတယ် ယူစရာများရှိသေးရဲ့ လား။ (မရှိပါ ဘုရား)။
ငါ့ကိုယ် မဟုတ်ပါဘူး၊ ငါ့ဟာ မဟုတ်ပါဘူး၊ ငါ့ဥစ္စာကော (မဟုတ်ပါ ဘုရား)၊ နေတံမမ နေသောဟမသ္မိ- နမေသောအတ္တာ- ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ပါဘူးဆိုတာ မသေချာဘူးလား။ (သေချာပါတယ် ဘုရား)။
ကံရဲ့ စွဲမှီရာ အတ္တသဘာဝကို ရှာကြံပြန်တယ်
အဲဒီလို ဟောလိုက်တော့ သူ့စိတ်ထဲမှာ တစ်မျိုးယူလာတယ် ကိုစောမောင်။ (မှန်ပါ့)၊ ဘာမှ ငါမဟုတ်လို့ရှိရင် ငါမဟုတ်တဲ့ အနတ္တက ပြုထားတဲ့ ကံတွေကကော ဘယ်အတ္တကို စွဲမှီတော့မလဲတဲ့။ (မှန်ပါ့)၊ ကံကိုခိုင်တယ်, မြဲတယ် ယူပြီတော့ ကံရဲ့ စွဲမှီရာ အတ္တသဘာဝကို ရှာကြံပြန်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဒါဖြင့် သူက ဘာကို အားကိုးလိုသလဲ။ (ကံကို အားကိုးလိုပါတယ်)၊ ကံတစ်ခုက ခုနင်က ပြောသလိုပေါ့ဗျာ၊ လူသွားရာအရိပ်ပါဆိုသလို၊ နွားသွားရာ နောက်က ဘီးလိုက်နေရသလို ကံကလည်း အမြဲတစ်စေ မပျက်စီးဘဲနဲ့ သတ္တဝါသွားရာ အမြဲစွဲကပ်မှီတွယ်လိုက်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ယူတော့ သူ့မှာ ဘယ်ဒိဋ္ဌိဝင်လာသတုန်း။ (သဿတဒိဋ္ဌိ ဝင်လာပါတယ် ဘုရား)၊ ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။
ဒကာ ဒကာမတို့ ဘာဒိဋ္ဌိဝင်လာပါလိမ့်။ (သဿတဒိဋ္ဌိဝင်လာပါတယ် ဘုရား)၊ သဿတဒိဋ္ဌိဝင်ပြီး သကာလ နေတဲ့အတွက် ဝါတွင်းသုံးလပတ်လုံး အားထုတ်မရခဲ့ဘူး။ ရဟန္တာပေးတဲ့ တရားလွဲလို့ မဟုတ်ဘူး။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ)၊
သူ့ကို အထင်သေးမှာစိုးလို့၊ ဘုရားဆီမှာ သိပြီးသားပုစ္ဆာတွေ မေးရတယ်။ (မှန်ပါ့)၊ မေးတာကလည်း တခြားဟာကို မေးတာမဟုတ်ဘူး၊ သူပေးထားတဲ့ ကမ္မဋ္ဌာန်းတွေ မေးတာပါပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)၊ အဲဒီတော့ ရဟန္တာမထေရ်မြတ်ပေးထားတဲ့ ကမ္မဋ္ဌာန်းက များလို့လား၊ ဗွေဖောက်တဲ့ ရဟန်းရဲ့ ဝမ်းထဲက လွဲနေလို့လား။ (အစွဲလွဲနေလို့ပါ ဘုရား)။
ဝိပဿနာဉာဏ် အရာမှ မတင်းတိမ်ပါနဲ့
ဒါဖြင့် ဒကာ ဒကာမတို့ ကံသာလျှင် မိမိဥစ္စာရှိတယ်ဆိုတဲ့ ကမ္မဿကတ ဉာဏ်လောက်ကိုသာ ဝိပဿနာဉာဏ် အရာမှ မတင်းတိမ်ပါနဲ့တော့။ (မှန်ပါ့)၊
ဒါနပြုရာ၊ သီလဆောက်တည်တဲ့ နေရာမှာတော့ ကိစ္စမရှိပါဘူး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ကံသာလျှင်အမိ၊ ကံသာလျှင်အဖဆိုတာ ကမ္မဿကတ ဉာဏ်တည်သွားအောင် ကမ္မံ သတ္တေ ဘဇတိ ဟီနပဏီတ ဘာဝါယ- အစရှိသည်နဲ့ ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် ဟောထားတာတွေ ရှိပါတယ်။ (မှန်ပါ့)၊ ကံက ငါသွားရာပါမယ်၊ ငါသွားရာ အရိပ်ပမာ လိုက်နေမယ်ဆိုတဲ့ ကမ္မဿကတဉာဏ် တည်အောင် ဟောထားတာကို ဒါန သီလလုပ်တဲ့နေရာတွေမှာ အားကိုးရပါတယ်။ (မှန်ပါ့)၊
ဝိပဿနာလုပ်တဲ့ နေရာကျတော့ ဒီကမ္မဿကတ ဉာဏ်လောက်ကို အားကိုးတင်းမတိမ်ပါနဲ့၊ ဝိပဿနာသမ္မာဒိဋ္ဌိ မဂ္ဂသမ္မာာဒိဋ္ဌိဖြစ်အောင် တစ်လှမ်း တက်ရပါလိမ့်မယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဝိပဿနာနေရာမှာ ဒီလိုကံက အမြဲတစ်စေ အရိပ်ပမာ လိုက်နေတယ်ဆိုရင် တစ်ခါတည်း သဿတဒိဋ္ဌိက ဝင်လာတာပဲ။ (မှန်ပါ့)၊ ဝင်လာသည်နဲ့ တစ်ပြိုင်နက်တည်း မဂ်တား, ဖိုလ်တား ဒိဋ္ဌိတရား ကပ်နေတာပဲ။ (မှန်ပါ့)။
သဿတဒိဋ္ဌိဝင်လာရင် မဂ်တား,ဖိုလ်တား
ဝိပဿနာလုပ်တဲ့နေရာမှာ သဿတဒိဋ္ဌိဝင်လာရင် မဂ်တား, ဖိုလ်တား ဒိဋ္ဌိတရားသာ မှတ်ကြပါ။ (မှန်ပါ့)၊
ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း ဒီရဟန်းစိတ်အကြံကို မြင်တော်မူလို့ အနတ္တဟောကာမှ သူက ကံကို ငါ ငါ့ဥစ္စာလုပ်ပြီး သဿတဒိဋ္ဌိဝင်လာတော့ မောဃပုရိသ- မဂ်ဖိုလ်မှ အချည်းနှီးဖြစ်တဲ့ ပုဂ္ဂိုလ်လို့ တစ်ခါတည်း စွပ်စွဲချလိုက်တာပဲ။ (မှန်ပါ့)၊
ကိုစောမောင် မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သွားတဲ့ ပုဂ္ဂိုလ်တဲ့ အဝိဇ္ဇာဦးစီးပြီး တဏှာကြီးမှူး နေတဲ့အတွက်၊ ဘဝသံသရာပြတ်သွားမှာ စိုးရိမ်တဲ့အတွက် ဒီကံကို အခိုင်အမာယူပြီး နေလိုက်တော့တာပဲဆိုတဲ့ဥစ္စာ မှတ်ကြပါ။ (မှန်ပါ့)၊
မြတ်စွာဘုရားက ဒါကြောင့် မောဃပုရိသလို့ စွဲချက်တင်လိုက်တယ်။ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်တဲ့ ပုဂ္ဂိုလ်တဲ့။ သဘောကျပလား။ (ကျပါပြီ ဘုရား)။
ဒါက ဘယ်နေရာမှာ ဒီဥစ္စာကို ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ်ဘူးလို့ လုပ်ရမှာတုန်းဆိုတော့ ဝိပဿနာ လုပ်တော့မယ်ဆိုရင် ဒီကံကို ဘာမှ အားကိုးမနေနဲ့တော့၊ ကိုယ့်ဟာကိုယ်သာ လုပ်နေပါ။ (မှန်ပါ့)၊ ကံပေါ်လဲ ဖြစ်ပျက် ရှု။ သဘောကျပလား။ (ကျပါပြီ)။
ကံပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဖြစ်ပျက်ရှုပါ၊ မရှုလို့ရှိရင် ကိုစောမောင် ဒိဋ္ဌိဖြစ်နေ ဦးမယ်နော်။ (မှန်ပါ့)၊ သဗ္ဗေသင်္ခါရာအနိစ္စာ- သဗ္ဗေဓမ္မာအနတ္တာဆိုတော့ သူလဲ သဗ္ဗေဓမ္မာထဲ အပါအဝင်မနေဘူးလား။ (နေပါတယ်)။
စေတနာရဲ့ နောက်ကလိုက်တဲ့ တဏှာဒိဋ္ဌိ
ဒါ့ကြောင့် သတိပဋ္ဌာန်ပါဠိတောကျတော့ ရူပသေဉ္စတနာ, သဒ္ဒသေဉ္စတနာ, ဂန္ဓသေဉ္စတနာ, ရသသေဉ္စတနာ, ဖောဋ္ဌဗ္ဗသေဉ္စတနာဆိုတာ ကံတွေချည်းပဲ။ (မှန်ပါ့)၊ ဧတ္တေသာတဏှာ, ပဟီယမာနာ, ပဟီယတိဆိုတော့ အဲဒီစေတနာ နောက်လာတဲ့ တဏှာတွေလည်း ဖယ်ရလိမ့်မယ်ဆိုတဲ့ဥစ္စ စေတနာရဲ့ နောက်က လိုက်တဲ့ တဏှာတို့၊ ဒိဋ္ဌိတို့က ရှိနေ တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊
အဲဒါကြောင့် ပယ်ရမည့်နေရာကျတော့ ဧတ္တေသာတဏှာ, ပဟီယမာနာ, ပဟီယတိလို့ မဟောပေဘူးလား။ (ဟောပါတယ်)၊ ကိုပေါ်နားလည်ရဲ့ မဟုတ်လား။ (လည်ပါတယ် ဘုရား)၊ ကောင်းပြီ၊ ဒါဖြင့် ပယ်ရမယ်ဆိုတာ မပါဘူးလား။ (ပါ,ပါတယ် ဘုရား)၊ ဧတ္တေသာတဏှာ, ပဟီယမာနာ, ပဟီယတိ နိရုစ္ဈမာနာ နိရုစ္ဈတိလို့ သေသေချာချာ မြတ်စွာဘုရားကလည်း ခြွင်းချက်မရှိ အကုန် ဟောထားတော်မူတော့ ဘုရားအဆူဆူ မစွန့်တဲ့ သတိပဋ္ဌာန်ပါဠိတောဆိုတာလဲ မှတ်ထား လိုက်ကြတာပေါ့။ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။
တရားလဲ မလွဲစေနဲ့၊ အမှတ်လဲ မမှားစေနဲ့
ကိုင်း ဒကာ ဒကာမတွေ တရားလဲ မလွဲစေနဲ့၊ ခင်ဗျားတို့ အမှတ်လဲ မမှားစေနဲ့။ (မှန်ပါ့)၊ ဒါနသီလလုပ်တဲ့ အခါကျတော့ ကံကို အားကိုးရလိမ့်မယ်။ ကံကို ယုံလည်း ယုံကြည်ရမယ်။ (မှန်ပါ့)၊ ဝိပဿလုပ်တဲ့အခါ ကံကို ဒီလောက် အားကိုးမနေပါနဲ့တော့။ (မှန်ပါ့)၊
ဝိပဿနာလုပ်တဲ့ အခါကျတော့ ဉာဏ်စခန်းဖြစ်လို့ ဉာဏ်ပဲ၊ ခင်ဗျားတို့သည် အဓိက ပဓာနထား လုပ်ပါ။ (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ဒါန သီလလုပ်တဲ့အခါကျတော့ (ကံအားကိုးရပါမယ်)၊ ကံကို အားကိုးရမှာပါပဲ။ သူက ကံလမ်းတွေကိုး။ (မှန်ပါ့)၊ ဝိပဿနာမဂ် ဆိုတာကတော့ ဉာဏ်လမ်း ပဓာနကိုး။ (မှန်ပါ့)။
အဲဒီတော့ ယခုကိုယ်တော်မှာလည်း လုပ်နေတာက ဝိပဿနာ ၊ သို့ပေမယ့် သူ့မှာကံလမ်း ဝင်ရှုပ် နေသေး တယ်ဆိုတာလည်း သေချာနေပါတယ်။ (မှန်ပါ့)၊ သေချာပလား။ (သေချာပါပြီ ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။
အမှားတွေများ ဖြန့်ရင် ခွကျကုန်မှာ
ဒါ သေသေချာချာ စွဲစွဲမြဲမြဲမှတ် နို့မို့ရင် ဆရာ့အပေါ် ခင်ဗျားတို့ စွဲချက်တင်မယ်၊ ကျုပ်တို့က ဆရာက ဒီလို ဟောတာပဲဆိုပြီး ခင်ဗျားတို့ ဝါဒဖြန့်လို့ရှိရင်၊ အမှားတွေများ ဖြန့်ရင် ခွကျကုန်မှာပေါ့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)
ဒါန သီလနေရာမှာ ဘာအားကိုးရမယ်။ (ကံကို အားကိုးရပါမယ်)
သမထနေရာမှာ သမာဓိအားကိုးရမယ်။
ဝိပဿနာနေရာမှာ (ဉာဏ် အားကိုးရပါမယ်) ရှင်းပလား။ (ရှင်းပါပြီ)။
ကိုင်း ဒါဖြင့် ဟိုဟာက ဟိုဟာတခြားပေါ့။ သဘောကျပလား။ (ကျပါပြီ)၊ ဟိုဟာတခြား ဆိုပေမယ့်လည်း လူသွားရာ အရိပ်ပါသလိုဆိုငြား သော်လည်း မူလက ဆရာဘုန်းကြီး ရှင်းခဲ့တဲ့အတိုင်း ကံကတော့ ချုပ်ပြီးသားပါ၊ သတ္တိကလေးသာရှိတယ်၊ နာနာက္ခဏိက ကမ္မသတ္တိလို့ ကမ္မပစ္စည်းရဲ့ သတ္တိကလေးမျှသာ ဖြစ်တယ်။ (မှန်ပါ့)၊
ကံဒြပ် အထည်ခေါ်တဲ့ စေတနာကတော့ လုပ်ကတည်းက ဖြစ်ပြီး ချုပ်သွားတာပါပဲ။ သဘောကျပလား။ (ကျပါပြီ)။
ကံဒြပ် အထည်ကတော့ ဘယ့်နှယ်နေကြသတုန်း။ (လုပ်တုန်းကလည်း ချုပ်ခဲ့ပါတယ်)။ လုပ်တုန်းကတည်းက ချုပ်သွားတာပါပဲ။ လက်မြှောက်တယ်ဆိုရင် မြှောက်တဲ့ အချိန်ပဲ ချုပ်သွားတယ်၊ အထက်ကို လက်ရောက်သည့်တိုင် အောင် ဆိုင်းသေးရဲ့လား။ (မဆိုင်းပါ ဘုရား)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။
ကောင်းပြီ၊ ဒကာ ဒကာမတို့ ခုနင်က တရားဗွေဖောက်တာကော ရိပ်မိပါပလား။ (ရိပ်မိပါပြီ)၊
ခန္ဓာငါးပါးလုံး အလုံးစုံအနတ္တပဲ ဟောလိုက်ပါရော
ခန္ဓာငါးပါးလုံး အလုံးစုံအနတ္တပဲ ဟောလိုက်ပါရော သူ့ကံကလေး အားကိုးစွဲမြဲစရာ မရှိတော့ဘူးလို့ ဒီလိုယူပစ်လိုက်တယ်။ (မှန်ပါ့)၊
အားကိုးရာ မရှိတော့ဆိုတော့ အားကိုးရာကို သူရှာတာပေါ့ မောင်နိုင်။ (မှန်ပါ့)၊ အနတ္တက ပြုတဲ့ကံတို့ဟာ ဘယ်အတ္တကို တွေ့ထိ ရောက်ကုန်တော့အံ့နည်းဆိုတော့ ကံကို သူက ခိုင်တယ်, မြဲတယ် အတ္တလုပ်ပြီး အားကိုးထားချင်တော့တာကိုး။ (မှန်ပါ့)၊ အလုံးစုံအနတ္တဆိုရင် ကံပဲ အားကိုးချင်လာတာပေါ့။ (မှန်ပါ့)။
ကိုစံလှ ဒီလိုယူပစ်လိုက်မယ်။ (မှန်ပါ့)၊ ဘယ်လောက်ဆိုးသွားသတုန်း။ (ဆိုးပါတယ် ဘုရား)၊ အလုံးစုံအနတ္တ ချည်းပဲ၊ အတ္တမရှိပါဘူးဆိုတော့ မရှိဘူး ယူပစ်လိုက်ရင် အနည့်ပဲ။ (မှန်ပါ့)၊ အခုတော့ သူက အားကိုးစရာ အတ္တ ကလေးယူထားသေးတာကိုး။ (မှန်ပါ့)၊
လူသွားရာ အရိပ်ပါသလို အမြဲလိုက်နေတဲ့ ကံကလေးကို ကမ္မဿကတ ဉာဏ် တုန်းကလိုပဲ ဝိပဿနာဉာဏ် မှာလဲ ယူထားတာကိုး။ (မှန်ပါ့)၊ ခိုင်တယ်၊ မြဲတယ်ထင်ပြီး ယူထားလိုက်တော့ ဝါတွင်း ကြိုးစားတာတောင် မရခဲ့ဘူး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊
သဿတဒိဋ္ဌိက ကန့်ကွက်နေတယ်
ဘယ်ဒိဋ္ဌိက ကန့်ကွက် နေပါလိမ့်။ (သဿတဒိဋ္ဌိက ကန့်ကွက်နေပါတယ် ဘုရား)၊ သဿတဒိဋ္ဌိက ကန့်ကွက်နေတယ်ဆိုတာ ကောင်းကောင်း ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ဪ ကိုစောမောင် ဒီဥစ္စာ ခွဲခြားမဟောရင် အတော်ရှုပ်မှာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ဒါကို မြင်လို့ ဘုန်းကြီးတို့က ရဲရဲတင်းတင်း ဆုံးဖြတ်ချက်ချပေးနိုင်တာ၊ ဘုရားကိုယ်တိုင် စွဲချက်တင်လိုက်တာပဲ။
“မောဃပုရိသော အဝိဒွါ အဝိဇ္ဇာကတော မညေယျ”
ဒီရဟန်းဟာ ငါဘုရားအဆုံးမကို လွန်သွားပြီဆိုတော့ ဆုံးမတဲ့ နေရာ အနတ္တဟာ အနတ္တလို့ ဒီနေရာမှာ သူက အတ္တလို့ တစ်ခါဝင်ပြီး ယူလိုက်ပြန်တော့ ဘုရားဟောတော်မူတာ လွန်မသွားဘူးလား။ (လွန်သွားပါတယ် ဘုရား)၊
ဘုရားဟောတော်မူတာက ရူပံအနတ္တာ, ဝေဒနာအနတ္တာ, သညာ အနတ္တာ အားလုံးကိုပဲ အနတ္တာ၊ နေတံမမ နေသောဟမသ္မိ နမေသောအတ္တ- အလုံးစုံအကုန်ပဲ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာဆိုတာ ဘာမှ မရှိပါဘူးလို့ ဟောပြီး သကာလ နေတော့ ဘာမှ အားကိုးစရာမရှိတာ မဟောလိုက်ဘူးလား။ (ဟောလိုက်ပါတယ် ဘုရား)၊ အားကိုးရာမရှိမှ တဏှာက သေမှာကိုးဗျ။ (မှန်ပါ့)၊
အဝိဇ္ဇာကလည်း အားကိုးရာမရှိတာ ကို မြင်တာသည် ဒကာ ဒကာမတွေ သိတဲ့အတိုင်း ဝိဇ္ဇာလာလို့ အဝိဇ္ဇာချုပ်လို့ မြင်ရှာတာ။ (မှန်ပါ့)၊ အဲဒီတော့ တဏှာသည်ကားလို့ဆိုရင် စွဲရာကို ပါနေတာ၊ သူပြုတ်သွားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဥပါဒါန်မပြုတ်ဘူးလား။ (ပြုတ်ပါတယ်)၊ ဥပါဒါန်ပြုတ်ရင် နောက်ခန္ဓာ လာသေးရဲ့လား။ (မလာပါ ဘုရား)။
အတ္တဝါဒုပါဒါန်က မပြုတ်ဘဲဖြစ်နေတော့
အဲဒါ သူစိတ်ထဲမှာ ဥပါဒါန်က မပြုတ်ဘဲ အတ္တဝါဒုပါဒါန်က မပြုတ်ဘဲဖြစ်နေတော့ ဘုရားကလည်း အလုံးစုံ ရူပံအနတ္တာ, ဝိညာဏံအနတ္တာဆိုတော့ ခန္ဓာငါးပါးလုံးအနတ္တတရား။ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာရယ် မရှိဘူး။
နေတံ မမ နေသောဟမသ္မိ နမေသောအတ္တာရယ်လို့ တစ်ခါတည်း မင်း ဒီလိုရှုစမ်းပါ တဏှာမာန ဒိဋ္ဌိစင်ပါလိမ့်မယ်လို့၊ စင်အောင်ဟောင်နေတဲ့အထဲက ကိုစောမောင် သူက တစ်ခါတည်း အားကိုးရာမဲ့ ဖြစ်သွားတာကိုး။ အလုံးစုံအကုန် အနတ္တဆိုရင် ဘာများ အားကိုးရပါ့မတုန်းဆိုတဲ့ ဘုရားဟောတော်မူတာ လွန်မသွားဘူးလား။ (လွန်သွားပါတယ်)၊ ဘုရားက ဘာမှ အားကိုးရာမရှိဘူးလို့ မဟောဘူးလား။ (ဟောပါတယ်)။
ထိုကဲ့သို့ ဟောတာကို၊ အားကိုးရာမရှိတာကို အားကိုးရာမရှိမှန်းသိသွားလို့ရှိရင် သူသည် မဂ်ဉာဏ် ဆိုက်ပြီး သစ္စာမြင်တော့မှာပဲ။ (မှန်ပါ့)၊ မမြင်ပေဘူးလား။ (မြင်ပါတယ် ဘုရား)။
သို့သော် ဒီအထဲကနေပြီး သကာလ တရားနာရလို့ရှိရင်ဖြင့်၊ သူ့မှာဖြင့် အနတ္တက လုပ်ထားတဲ့ ကံတွေဟာ ဘယ်အတ္တကို မှီခိုတွယ်ကပ်ပြီး နေပါ့မလဲဆိုတော့ ကံစိတ်ပေါ်မှာ သူသည် သဿတဒိဋ္ဌိဝင်နေတယ်။ (မှန်ပါ့)။
ဒီရဟန်း မှာ ဒိဋ္ဌိနှိပ်စက်နေတယ်
အဲဒါကို ဘုရားက ဒကာ ဒကာမတို့ ပရစိတ္တဝိဇာနနဉာဏ်နဲ့ တရားပွဲကနေကြည့်တော့ သိမြင်တော် မူတယ်။ (မှန်ပါ့)၊ ဒီရဟန်း မှာ ဒိဋ္ဌိနှိပ်စက်နေတယ်။ (မှန်ပါ့)။
ဒီရဟန်းမှာ ဘာနှိပ်စက်နေတာတုန်း။ (ဒိဋ္ဌိနှိပ်စက်နေပါတယ် ဘုရား)၊ ဘာဒိဋ္ဌိပါလိမ့်။ (သဿတ ဒိဋ္ဌိပါ)၊ ဘယ်သူ့အပေါ်မှာ စွဲထားပါလိမ့်။ (ကံပေါ်မှာ စွဲထားပါတယ်)၊ အဲ ကံပေါ်စွဲထားတဲ့ သဿတဒိဋ္ဌိ။
ကိုစောမောင် ဘယ်လောက်များ ကြောက်စရာကောင်းတယ်ဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ)၊
ဒါ့ကြောင့် ကမ္မဿကတဉာဏ် သက်သက်နဲ့ချည်း ဥပနိဿယသတ္တိ-အကျိုးဝေး အကြောင်းဝေးနဲ့သာ နိဗ္ဗာန်ကို အကျိုးပေးနိုင် တယ်၊ သူ့သက်သက်နဲ့ချည့်ဖြင့် နိဗ္ဗာန်ကို တိုက်ရိုက်မရနိုင်သေးပါဘူးဆိုတာ ရှင်းပလား။ (ရှင်းပါပြီ)၊
ရှေ့ဉာဏ်တွေ ကူပေးမှ သာရမယ်၊ သူ့သက်သက်နဲ့ဖြင့် သူက ဒိဋ္ဌိကို ဖြုတ်နိုင်တဲ့ဉာဏ် မဟုတ်သေးဘူး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဒိဋ္ဌိကို ဖြုတ်နိုင်တဲ့ဉာဏ် ဟုတ်ပါရဲ့လား။ (မဟုတ်ပါ ဘုရား)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။
မဖြုတ်နိုင်တာကလည်း သူ အကျိုးပေးတည့်အောင် ဟောရတာကလည်း ဒကာ ဒကာမတို့ ဆာယာဝ အနု ပါယိနီ-အရိပ်ကဲ့သို့ လိုက်နေတယ်။
စက္ကံဝစ ဟတောပဒံဆိုတဲ့အတိုင်း နွားသွားရာကို နောက်က ဘီးလိုက်နေတယ်ဆို တဲ့အတိုင်း လိုက်နေရတာပဲဆိုတာကော သဘောကျပလား။ (ကျပါပြီ)၊
ငါ့ကိုယ်,ငါ့ဟာ,ငါ့ဥစ္စာ မဟုတ်ဘူးလို့ ကံကို ရှုပစ်ပါ
ကဲ သူ့နေရာနဲ့သူတော့ မမှန်ဘူးလား။ (မှန်ပါ တယ်)၊ ဒါနခန်း၊ သီလခန်းတွေမှာ ကံကို အကြီးအကျယ် အားကိုးရပါတယ်။ (မှန်ပါ့)၊ ကိုစောမောင် ဝိပဿနာခန်း ကျလို့ရှိရင် ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးလို့ ကံကို ရှုပစ်ပါ။ ရှင်းပလား။ (ရှင်းပါပြီ)။
နေတံမမ နေသောဟမသ္မိ နမေသောအတ္တာ ဖြစ်အောင်လုပ်ပါ။ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ်ဘူးလို့ ဒီလိုကို ရှုရမှာ ဒကာ ဒကာမတို့။ မရှုရင် ရပါ့မလား။ (မရပါ ဘုရား)၊ မရှုရင် ဘာဝင်လာမယ်ထင်သတုန်း။ (သဿတဒိဋ္ဌိ ဝင်လာပါမယ် ဘုရား)။
သဿတဒိဋ္ဌိဝင်လာလို့ရှိရင် အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဟောထားတာရှိတယ်။ အကြင်ပုဂ္ဂိုလ်သည် ဒိဋ္ဌိတစ်မျိုးမျိုး ရှိအံ့၊ ထိုပုဂ္ဂိုလ်သည် သစ္စအနုလောမိကဉာဏ်တောင် မရနိုင်ဘူးဆိုတော့ မဂ်ဉာဏ် ဘယ့်နှယ်ဆိုပါမလဲ။ (မရနိုင်ပါ ဘုရား)၊
သောတာပန်, သကဒါဂါမ်, အနာဂမ် ရဟန္တာလည်း မဖြစ်နိုင်ဘူးဆိုတာလည်း မဟောဘူးလား။ (ဟောပါတယ်)၊ ရှင်းပလား ကိုစောမောင်။ (ရှင်းပါပြီ)။
ဒါဖြင့် ဝိပဿနာနေရာကျတော့ သူ့ကို အကုန်ဖြစ်ပျက်ရှု၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။
ဝိပဿနာနေရာကျတော့ ဘာလုပ်ရမတုန်း။ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ စေတနာလာရင် စေတနာကို ဖြစ်ပျက်ရှု၊ မရှုရင် ဘာဖြစ်မယ်ထင်သတုံး။ (သဿတဒိဋ္ဌိဖြစ်ပါလိမ့်မယ်)၊
ခင်ဗျားတို့ အားကိုးလိုက်လိမ့်မယ်။ (မှန်ပါ့)၊ အားကိုးလိုက်ရင် ဘာဒိဋ္ဌိဖြစ်မလဲ။ (သဿတဒိဋ္ဌိ ဖြစ်ပါတယ်)၊ သဿတဒိဋ္ဌိဖြစ်မယ်။ ဒီ ဝတ္တုမှာ အဋ္ဌကထာဖွင့်ထား တယ်၊ ဒါကလေးဟာ အားကိုးရမယ် ဆိုတော့ မပျောက်နိုင်တဲ့ တရားလုပ်ထားတယ်ဆိုတာ သေချာနေတယ်။ (သေချာ ပါတယ် ဘုရား)။
အဲ သူ့နေရာနဲ့သူ သုံးကြမှသာလျှင် မဂ်ဆိုက်, ဖိုလ်ဆိုက် နိုင်တယ်ဆိုတာကော သဘောကျပလား။ (ကျပါပြီ)။
ကမ္မဿကတဒိဋ္ဌိရယ်လို့ ဟောထားရ ပြန်တယ်
ကဲ ဒါဖြင့် မယုံကြည်တဲ့ပုဂ္ဂိုလ်ကျတော့လည်း အကျိုး မပေးပြန်ဘူး ကိုစောမောင်။ (မှန်ပါ့)၊ ဒါနလုပ်လုပ်, သီလလုပ်လုပ် အကျိုးမပေးဘူး၊ မပေးနိုင်ဘူးတဲ့ သူကလဲ။ (မှန်ပါ့)၊
ဒါကြောင့် ကမ္မဿကတဒိဋ္ဌိရယ်လို့ ဟောထားရ ပြန်တယ်။ သူလဲ သမ္မာဒိဋ္ဌိတော့ သမ္မာဒိဋ္ဌိပဲ၊ ကံ-ကံ၏အကျိုးကို ယုံကြည်တဲ့ သမ္မာဒိဋ္ဌိ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဒါကြောင့် ကမ္မဿကတ, သမ္မာဒိဋ္ဌိ, ဝိပဿနာ သမ္မာဒိဋ္ဌိ, မဂ်သမ္မာဒိဋ္ဌိ စသည်ဖြင့် မရှိဘူးလား။ (ရှိပါတယ်)၊ အဲ ကမ္မဿကတသမ္မာဒိဋ္ဌိကျတော့ စေတနာကလေးကို ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ်၊ မကောင်းတာ လုပ် မကောင်းကျိုးပေးမယ်လို့ ဒီဉာဏ်က သိထားရမယ်။ ဝိပဿနာသမ္မာဒိဋ္ဌိ ကျတော့ အလုံးစုံဖြစ်ပျက်သာရှိတယ်လို့ သိရမယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဝိပဿနာသမ္မာဒိဋ္ဌိ ကျတော့ (အလုံးစုံဖြစ်ပျက်သာ ရှိမယ်လို့ သိရပါမယ်)၊ အလုံးစုံဖြစ်ပျက်ပဲ။ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာဆိုတာ ဘာမှမရှိဘူး ကိုစောမောင်၊ ဒီလိုသိရမယ်တဲ့။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊
မဂ်သမ္မာဒိဋ္ဌိကျတော့ ဒကာ ဒကာမတို့ ဒီကံတွေကို ပယ်ချလိုက်တာပဲ။ (မှန်ပါ့)။
မဂ်သမ္မာဒိဋ္ဌိက ဒီကံတွေကိုပယ်ချတယ်
မဂ်သမ္မာဒိဋ္ဌိကျတော့ သောတာပတ္တိမဂ်ရောက်တယ်ဆိုရင် အပါယ်ရောက်စေတတ်တဲ့ ကံတွေ ဘယ့်နှယ်တုန်း။ (ဖြတ်ချပါတယ် ဘုရား)၊
အကုန်ဖြတ်ချလိုက်တာပဲဆိုတော့ ဒကာ ဒကာမတို့ သူ့ကို ဒီကံကို ပယ်ရမည့် တရားထဲ အပါအဝင်လို့ မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါတယ်)၊
ဝေဿန္တရာမင်းကြီးဘဝက လှူထားတာတွေဟာ ဘုရားသာ မဖြစ်သေး ဘူးဆိုရင် နည်းနည်းနောနော အကျိုးပေးမှာ မဟုတ်ပါဘူး။ (မှန်ပါ့)၊ အများကြီး အကျိုးပေးလိမ့်ဦးမယ် ဆိုတာ မသေချာ ဘူးလား။ (သေချာပါတယ် ဘုရား)၊
ကမ္မဿကတက သူထင်သလောက် ခြယ်လှယ်မသွားပေဘူးလား။ (ခြယ်လှယ်ပါ တယ် ဘုရား)၊ ခန္ဓာအမျိုးမျိုးဖြစ်ရဦးမယ်ဆိုတာကော မသေချာဘူးလား။ (သေချာပါတယ်)၊ ခန္ဓာအမျိုးမျိုးဖြစ်ရလိမ့် ဦးမယ် မောင်နိုင်၊ သူမတူအောင်လုပ်ထားတာ၊ သူမတူအောင် အကျိုးပေးတွေက မလာပေဘူးလား။ (လာပါတယ်)၊
လာတော့ ဘာလာမတုန်းမေးစမ်း။ ကမ္မဿကတ၏ စွမ်းရည်သတ္တိနဲ့ ခန္ဓာအမျိုးမျိုး လာလိမ့်မယ်။ (မှန်ပါ့)၊ မလာပေ ဘူးလား။ (လာမှာပါ ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။
ဝိပဿနာသမ္မာဒိဋ္ဌိကို သုံးပါ
ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာလုပ်တဲ့နေရာမှာ ကမ္မဿကတလောက် အားကိုးနေမှုကို ချိတ်ထားကြပါ ဦး။ ဝိပဿနာသမ္မာဒိဋ္ဌိကို သုံးပါ။ (မှန်ပါ့)၊ ဝိပဿနာသမ္မာဒိဋ္ဌိကို သုံးပါဆိုတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲက ဘာကလေး ပေါ်လာလာ စေတနာကလေးပေါ်လာလဲ ဖြစ်ပျက်ရှုပေး။ (မှန်ပါ့)။
စေတနာကလေးပေါ်လာလည်း ဘာလုပ်ပေးရမလဲ။ (ဖြစ်ပျက်ရှုပေးရပါမယ်)၊ ရူပါရုံကြည့်လိုတဲ့ စေတနာ ကလေးပေါ်လာရင် (ဖြစ်ပျက်ရှုပေးရပါမယ်)၊ သဒ္ဒါရုံကို နားထောင်ချင်တဲ့ စေတနာကလေး ပေါ်လာရင်လည်း (ဖြစ်ပျက်ရှုပေး ရပါမယ်)၊
ဖြစ်ပျက်ရှုဆိုတော့ ဖြစ်ပျက်ရှုမှသာလျှင် သူချုပ်သွားမယ်။ နို့မဟုတ်ရင် သူဆက်လက်ကြီးထွား လာပြီး အားထုတ်ပစ်လိုက်လိမ့်မယ်။ (မှန်ပါ့)၊ အားကိုးပစ်လိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်မြင်ငြား သော်လည်း ဒိဋ္ဌိခံနေရင် မဂ်ဖိုလ်မရနိုင်သေး။ (မှန်ပါ့)။
ခုနင်က ရဟန်းဆိုရင် ဒကာ ဒကာမတို့ တစ်ဝါတွင်းလုံး အားထုတ်လိုက်တာ မဂ်ဖိုလ်ဉာဏ် ရပါရဲ့လား။ (မရပါ ဘုရား)၊ ဘာခံနေလို့လဲ။ (ဒိဋ္ဌိခံနေလို့ပါ)၊ ဘာဒိဋ္ဌိပါလိမ့်။ (သဿတဒိဋ္ဌိပါ ဘုရား)၊ ဘယ်သူ့ပေါ် ယူထားတဲ့ သဿတဒိဋ္ဌိရှိပါလိမ့်။ (ကံပေါ်မှာ ယူထားတဲ့ သဿတဒိဋ္ဌိပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ)။
အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီအထဲမှာ အဝိဇ္ဇာဦးစီးပြီး တဏှာကြီးစိုးနေတဲ့ ပုဂ္ဂိုလ်ဟာ ကံကို အတ္တစွဲယူပြီး သကာလ နေပါပေါ့လားလို့ ဘုရားက ဖွင့်ဟောရတယ်။ (မှန်ပါ့)၊ အဲဒီနောက်မှ တစ်ခါ မင်းတို့ ဒီလို မယူကြနဲ့ဆိုပြီး သကာလ ဖြစ်ပျက်ကို ပြန်ပြီး အလုံးစုံ ခန္ဓာငါးပါးစလုံးဟာ ဖြစ်ပျက်ဆိုပြီး ခုနင်က ရဟန္တာမေးတဲ့ အတိုင်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အနိစ္စလား၊ နိစ္စလားမေးတော့ အနိစ္စပါပဲ ဖြေကြတာပဲ။ (မှန်ပါ့)၊
စေတနာ ကော အနိစ္စလား၊ နိစ္စလားမေးတော့ ဘယ့်နှယ်ဖြေမလဲ။ (အနိစ္စပါ ဘုရား)၊ အဲဒီ အနိစ္စဖြစ်တဲ့တရားဟာ ဒုက္ခလား၊ သုခလားလို့ မေးပြန်တာပဲ။ (ဒုက္ခပါ ဘုရား)၊ အနိစ္စ, ဒုက္ခဖြစ်တဲ့ တရားကို ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လားလို့ မေးပြန်တာပဲ။ (မဆိုနိုင်ပါ ဘုရား)။
ခန္ဓာကိုယ်ဉာဏ်လှည့်လိုက်တယ်
ဒီတော့မှ ဪ ဒီလိုရှုရမှာကိုးဆိုပြီး ရဟန်းခြောက်ဆယ်က ခန္ဓာကိုယ်ဉာဏ်လှည့်လိုက်တယ်။ (မှန်ပါ့)၊ အဲဒီလို ဉာဏ်လှည့်တော့မှ ဒီတရားပွဲလည်းပြီးရော ရဟန်းခြောက်ဆယ် အားလုံး ရဟန္တာဖြစ်တယ်။ (မှန်ပါ့)၊ ရိပ်မိ ပလား။ (ရိပ်မိပါပြီ)။
အဲဒါ ခုနင်က နဂိုက မဖြစ်ခဲ့တဲ့ အဓိပ္ပါယ်ပဲ၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ဖြစ်သွားတဲ့ အဓိပ္ပါယ်ကော ရှင်းပလား။ (ရှင်းပါပြီ)၊ မဖြစ်တဲ့ အဓိပ္ပါယ်အပေါ်မှာ သဿတဒိဋ္ဌိရှိနေလို့၊ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာလုပ်နေလို့။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ)။
နောက်ကျတော့ ဒီအလုံးစုံသော စေတနာကံတွေကို အကုန်ငါစွဲဖြုတ်ပြီး ဘုရားက ရဟန္တာကို အဖြေခိုင်းပြီး အရှုခိုင်းတော့မှ ခြောက်ဆယ်လုံး ရဟန္တာဖြစ်ကြတယ်။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ရှုနေတာ အလုံးစုံပဲ စိတ်ထဲမှာ စေတနာပေါ် စေတနာရှု၊ စိတ်ပေါ်ရင် စိတ်ရှု။ အကုန်ပေါ်ရာ ရှုပါ၊ သဗ္ဗေဓမ္မာ အနတ္တာဖြစ်ပေစေ။ (မှန်ပါ့)၊ ဖြစ်ခဲ့လို့ရှိရင်ဖြင့် ဖြစ်ပျက်က အနတ္တ၊ ရှုတာက မဂ္ဂမလာပေဘူးလား။ (လာပါတယ်)၊
ဒိဋ္ဌိဆိုတာကော မသေသေးဘူးလား။ (သေပါတယ် ဘုရား)၊ ကဲ ဒိဋ္ဌိသေရင် ပထမဂ်- သောတာပန် ဖြစ်ရမယ်၊ မဖြစ်ပေဘူးလား။ (ဖြစ်ပါတယ်)၊ ဖြစ်လို့ရှိရင် အပါယ်တံခါးပိတ်တယ် ဆိုတာ သေချာ ပလား။ (သေချာပါပြီ)။
အဲဒါကြောင့် အလုံးစုံအနတ္တထင်လာသည်တိုင် ရှုပါဆိုတဲ့ အဓိပ္ပါယ်မျိုးကိုလည်း ဒီနေရာမှ သေသေချာချာ ရှင်းပြပါတယ်။ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါပြီ)။
ဝိပဿနာနေရာမှာတော့ ထိုကံကို အားကိုးမနေပါနဲ့ တော့
ဒါဖြင့် ဒါန သီလ ကံနေရာမှ စေတနာကို ဘာလုပ်ရမတုန်း။ (အားကိုးရပါတယ်)၊ အားကိုးရမယ်၊ ယုံကြည်ရမယ်။ (မှန်ပါ့)၊ ဝိပဿနာနေရာမှာတော့ ထိုကံကို အားကိုးမနေပါနဲ့ တော့။ (မှန်ပါ့)၊ အားကိုးလွန်းပြီး စေတနာကို အခိုင်အမြဲ ပွားယူလိုက်ရင် ဘာဖြစ်မလဲ။ (သဿတဒိဋ္ဌိဖြစ်သွားပါမယ်)၊ သဿတဒိဋ္ဌိဖြစ်သွားရင် မဂ်တား, ဖိုလ်တား လာပါလိမ့်မယ်။ (မှန်ပါ့)။
ရဟန်းခြောက်ဆယ်ကို ရဟန္တာမထေရ်မြတ်က ဝါတွင်းသုံးလပတ်လုံး တရားဟောခဲ့တာဟာ ဒီဒိဋ္ဌိခံနေတာနဲ့ ပဲ ဒကာကြီးလှိုင် မရခဲ့ဘူးလို့ ဆိုဖွယ်ရာသာရှိတော့တယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။
ကိုင်း ယနေ့ ဒီတွင် တော်ကြစို့။
သာဓု…သာဓု…သာဓု