နိဗ္ဗာန်ကို ဥစ္ဆေဒဒိဋ္ဌိမလွတ်တဲ့ယူနည်း
(ယမကရဟန်းဝတ္ထု)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံ၌ ဟောကြားတော်မူသောတရားတော်
နိဗ္ဗာန်ကို ဥစ္ဆေဒဒိဋ္ဌိမလွတ်တဲ့ယူနည်း
(ယမကရဟန်းဝတ္ထု)
မဂ်မရသ၍ ဒိဋ္ဌိအစွဲအလမ်းရှိတယ်
ဘုရားသခင် ကိုယ်တော်မြတ်ကြီး ရှင်သာရိပုတ္တရာတို့ သက်တော်ထင်ရှား ရှိစဉ်ကပင် အချို့ပုဂ္ဂိုလ်များ ရဟန်း လဲဖြစ်သေးတယ် ဒိဋ္ဌိအစွဲအလမ်းကိုလဲ ယူမိအောင် ယူကြသေးတယ်ဆိုတော့ ဪ ရဟန်းလဲဖြစ်နေတယ်။ ဒိဋ္ဌိအစွဲ အလမ်းကိုလဲ ယူမိအောင် ယူလိုက်သေးတယ်ဆိုတော့ ဘယ်လိုများပါလိမ့်မလဲလို့ ဘုန်းကြီးကို ဒကာ ဒကာမတွေက တွေးချင်တွေးလိမ့်မယ်နော် (မှန်ပါ့)။
မတွေးကြပါနဲ့ အားလုံး ဒကာ ဒကာမတွေမှာ မဂ်မရသ၍ ကာလပတ်လုံး ဒိဋ္ဌိအစွဲအလမ်း အပြည့်အနှက် ရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
ခုနင်က တွေးလုံးဟာ ဘုရားလဲရှိသေးတယ်။ ဘုရားမျက်မှောက် ဆိုသလို ဘုရားလောင်းရိပ်အောက်မှာ နေထိုင် တယ်။ ရဟန်းလဲဖြစ်သေးတယ် ဒါတောင်မှ ယမကဆိုတဲ့ ရဟန်းတော်ဟာ ဒိဋ္ဌိအယူ ဖြစ်နေတယ်လို့ အတွေးခေါင်ပြီး သကာလ သာသနာကောင်းတုန်း ခေတ်ကောင်းတုန်းမှာပင် ရဟန်းလဲဖြစ်သေးတယ် ဒိဋ္ဌိအယူလဲ ယူသေးတယ် ဘယ့်နှယ့်များဖြစ်ပါလိမ့်မတုန်းလို့ ဒီဟာတွေ မသုံးလိုက်ပါနဲ့၊ သုံးလိုက်ရင်ခင်ဗျားတို့ အများကြီးလွဲပါလိမ့်မယ်။
မိမိတို့မှာ မဂ်မရသေးရင် ဒိဋ္ဌိအစွဲအလမ်း အပြည့်အစုံရှိတယ်လို့ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချထားပါ (မှန်ပါ) ရဟန်းဖြစ်ပေမယ့် လဲ မဂ်ဉာဏ်ဖိုလ်ဉာဏ် မရရင် ဒိဋ္ဌိရှိတယ်လို့ပဲ ဦးဝတို့ ဦးခင်မောင်တို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။
ရဟန်းဖြစ်ဖြစ် လူဖြစ်ဖြစ် မဂ်မရသေးရင်ဘယ့်နှယ်ဆိုကြမလဲ (ဒိဋ္ဌိရှိပါတယ် ဘုရား)။
ဒိဋ္ဌိရှိလို့ရှိရင် အားလုံး ဒကာ ဒကာမတွေက ဆုံးဖြတ်ချက် ချအပါယ်လေးပါးနဲ့ သူနဲ့ဘယ်အခါမှ အိုးစားမကွဲသေး ဘူး။ ခေတ္တခဏ လူ့ပြည်အလည်လာတာ နတ်ပြည်အလည်လာတာလို့ မှတ်လိုက် (မှန်ပါ) ခေတ္တလာတာနော် ဒါပဲ (မှန်ပါ) ခေတ္တလို့သာမှတ်ကြပါ ဒကာ ဒကာမတွေ။
ရုပ်နာမ်ပေါ် ၌မသိသေး၊ ရုပ်နာမ်အဆုံးကိုမသိသေး
အဲဒီတော့ ရဟန်းဖြစ်စေ၊ လူဖြစ်စေ၊ ဘုရားလက်ထက်ဖြစ်စေ၊ ဘယ်ကာလဖြစ်စေ ကိုယ်တိုင်ပစ္စက္ခရုပ်နာမ်ပေါ် ၌ မသိသေး၊ ရုပ်နာမ်အဆုံးကိုမသိသေး နှစ်ချက်နော် (မှန်ပါ)
ကိုယ်ပိုင်ပစ္စက္ခအားဖြင့် ရုပ်နာမ်၏ဖြစ်ပျက်ကို မသိသေး၊ ရုပ်နာမ်၏ အဆုံးနိဗ္ဗာန်ကို မသိသေး။ ဤနှစ်ချက်ရှိနေသေးသ၍ ကာလပတ်လုံး အပါယ်နဲ့ ဘယ်အခါမှ ကာလမှ အိုးစားမကွဲဘူး (မှန်ပါ)။
မှတ်မိကြပြီလား (မှတ်မိပါပြီ)။
ဒီနှစ်ချက်မှတ်ပါ၊ ရဟန်းဖြစ်စေ၊ လူဖြစ်စေ သာသနာတွင်းမှာပင်ဖြစ်စေ ဒကာ ဒကာမတွေသည် မဂ်နဲ့ဒိဋ္ဌိကို မပယ်ရသေး၊ ရုပ်နာမ်အပေါ်၌ ဖြစ်ပျက်ကို မမြင်သေး, နိဗ္ဗာန်ကိုမမြင်သေး ဒီနှစ်ချက်မှတ်ပါ (မှန်ပါ)။
ရုပ်နာမ်၏ ဖြစ်ပျက်ကို မမြင်သေးတာ တစ်ချက်၊ ရုပ်နာမ်၏အဆုံးဟာ နိဗ္ဗာန်ဘဲလို့ ကိုယ်ကိုယ်တိုင် ဆုံးဖြတ် ချက်ချပြီး မမြင်သေးတဲ့ အဖြစ်ဆိုးတစ်ခု ဤအဖြစ်ဆိုးနှစ်ခုရှိနေပြီဆိုမှဖြင့် အဝီစိနဲ့လဲ ဒကာ ဒကာမတွေနဲ့ အိုးစားမကွဲ သေးဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ) သဘောကျကြပြီလား (ကျပါပြီ)။
ဦးဘတင် ဘယ်နှစ်ချက်ပါလိမ့် (နှစ်ချက်ပါ ဘုရား)။
မိမိမှာရှိတဲ့ ရုပ်နာမ်အပေါ်၌လည်း ဖြစ်ပျက်ကို မမြင်သေး (မှန်ပါ) ၎င်းရုပ်နာမ်၏ ဖြစ်ပျက်အဆုံး နိဗ္ဗာန်ဆိုတာကိုလဲ မမြင်သေး ဤနှစ်ခုရှိနေသ၍ ကာလပတ်လုံးဖြင့် ရဟန်းဖြစ် စေ လူဖြစ်စေ သာသနာတွင်းဖြစ်စေ သာသနာပဖြစ်စေ နတ်ဗြဟ္မာဖြစ်စေ ခေတ္တယာယီပဲလို့ သူတို့ရောက်နေတဲ့ဘဝဟာ မှတ်ကြ (မှန်ပါ) နောက်ဆုံးပိတ်အပါယ် ပြန်ကြရမှာ ချည်းပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)။
ဒါဖြင့်ရုပ်နာမ်ဖြစ်ပျက်မသိသေးဆိုတာပဲ မိစ္ဆာဒိဋ္ဌိ ရှိနေလို့ရှိရင် မသိသေးတာအမှန်ပဲ (မှန်ပါ) နိဗ္ဗာန်ကိုမမြင် တာလဲ သူကာကွယ်နေလို့ မမြင်သေးတာ အမှန် (မှန်ပါ)။
ဒိဋ္ဌာနုသယတို့ ဒိဋ္ဌာသဝ ဒိဋ္ဌောယ-ဒိဋ္ဌိသံယောဇဉ် ဆိုတာ တွေက ဒကာ ဒကာမတို့ သန္တာန်မပယ်နိုင်သေး မစွန့်နိုင်သေး၊ ဘယ့်နှယ့်ကြောင့် မပယ်နိုင်သေး မစွန့်သေး ဖြစ်ရပါလိမ့် မလဲလို့ အမေးထုတ်ခဲ့သည်ရှိသော် မိမိခန္ဓာ၌ အဖြစ်အပျက်ရှိပါလျက်သားနဲ့ အဖြစ်ပျက်ကိုမသိမှု – နည်းပေးလမ်းပြသည့် ဆရာကောင်း သမားကောင်း မရလို့မှတ် (မှန်ပါ)။
အဆုံးနိဗ္ဗာန်ရှိပါလျက်သား
အဖြစ်အပျက်အဆုံးရှိပါလျက်ပေမဲ့- အဆုံးနိဗ္ဗာန်ရှိပါလျက်သားနဲ့ နည်းကိုရငြားသော်လဲ မလုပ်သေး၊ ထိုကဲ့သို့ မလုပ်သေးတဲ့ပုဂ္ဂိုလ်မှာ နတ်ဖြစ်ဖြစ် ဗြဟ္မာဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ် လူဖြစ်ဖြစ် အပါယ်လေးပါးနဲ့ အိုးစားမကွဲသေးဘူးဆိုတဲ့ ဥစ္စာတထစ်ချ ယနေ့ဆုံးဖြတ်ချက်ချပါ (မှန်ပါ) ဒီအရေးဟာ အင်မတန်ကြီးတဲ့ အရေးလို့ပဲ ဆုံးဖြတ်ချက်ချပါတော့ (မှန်ပါ)။
ဒကာ ဒကာမတွေ ဒီဥစ္စာ သေသေချာချာမှတ်နော် (မှန်ပါ) နို့မဟုတ်လို့ရှိရင် ဒကာ ဒကာမတွေသည် အတော် အတန် ကလေးကို အားကိုးလုံးလုပ်နေလိမ့်အုံးမယ် (မှန်ပါ)။
အသင့်အတင့် မိမိတို့ လှူဒါန်းပေးကမ်း သီလကလေးစောင့် သမထကလေး လုပ်ရုံလောက်နဲ့ဟာ တို့တော့လူဖြစ်ကျိုးနပ်ပြီ အပါယ်လေးပါး တံခါးပိတ်ပြီလို့ တင်းတိမ်မနေပါနဲ့လို့ သတိပေးလိုက်ပါ (မှန်ပါ) ပြောသံကြားနဲ့ တင်းတိမ်မနေကြပါနဲ့ သတိပေးလိုက်တယ်၊ ကောင်းကောင်းဆုံးဖြတ်ချက်ချပြီး ယနေ့ပြောတာကို မှတ်ပါ (မှန်ပါ)။
ဦးခင်မောင်တို့ ကိုယ့်ဟာကိုယ်များ ကျေနပ်မနေလိုက်ပါနဲ့ (မှန်ပါ) ဦးဘအုန်းကြီးတို့ကော (မကျေနပ်ပါဘူး ဘုရား) ကျေနပ်သင့်ရဲ့လား ဒကာ ဒကာမတို့ (မကျေနပ်သင့်ပါဘူး ဘုရား) အများကြီးလိုသေးတယ် အောက်မေ့ပါ (မှန်ပါ) အများကြီးလိုသေးတယ်ဆိုတာ ဆုံးဖြတ်ချက်ချလိုက်စမ်းပါ (မှန်ပါ)။
ဒိဋ္ဌိရှိနေသေးလို့ရှိရင် ဒိဋ္ဌာနုသယလို့ခေါ်တယ်၊ ဒိဋ္ဌိဟာ လောဘနဲ့ယှဉ်တယ်လို့ ဆုံးဖြတ်ချက်ချပါ။ လောဘရှိလျက်နဲ့ အပါယ်လေးပါးနဲ့ သေခန်းရှင်ခန်းပြတ်ရမယ် ဆိုတာ ဝတ္တရားမဟုတ်ပါဘူး (မှန်ပါ) သမုဒယမှ မသေပဲနဲ့ ဘယ်ကလာ နိဗ္ဗာန်ကို မြင်နိုင်ပါ့မတုန်းဆိုတာကော ခင်ဗျားတို့ ကိုယ်တိုင် ဆုံးဖြတ်ချက် ချကြည့်လို့ရှိရင်လဲ ကိုယ့်အသိနဲ့ကိုယ်ပဲ အခု တရားနာပါများတော့ မှန်ပါပြီလို့ ဝန်ခံပါတယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ပေါဋ္ဌိလမထေရ်ကြီး
ဒါဖြင့်ဒါကလေးသိကာမျှနဲ့ ဘုရားက တော်လောက်ပြီ တန်လောက်ပြီလို့ မဆိုတဲ့အပြင် ပေါဋ္ဌိလ မထေရ်ကြီး အပြစ်ဆိုတာသာ ကြည့်ပေတော့ (မှန်ပါ) အချည်းနှီးပဲ အလကားပဲ ဘာမှအသုံးမကျဘူး အဖျင်းပဲကွဆိုတဲ့ အဓိပ္ပါယ်တွေ နဲ့ ပိဋကတ်သုံးပုံဆောင် ပေါဋ္ဌိလမထေရ်ကြီးကို အပြစ်ဆိုတာတွေလဲ ခင်ဗျားတို့ ကြားနာရဘူးကြပါပြီ (မှန်ပါ)။
ကိုင်း ဒါတွေထောက်ကြည့်တော့ ပစ္စက္ခသိမရောက်လို့ဆိုတဲ့ အဓိပ္ပါယ်ကောရှင်းကြပြီလား (ရှင်းပါပြီ) ရုပ်နာမ် ပေါ်၌ ဖြစ်ပျက်ကလေးတွေ ပစ္စက္ခသိမရောက်၊ ၎င်းရုပ်နာမ်၏အဆုံးကိုလဲ ကိုယ်က အာရုံမပြုနိုင်သေး မရောက်သေး၊ ဤအရေးနှစ်ရေးသည် ဒကာ ဒကာမတို့ အပါယ်တံခါးကို မပိတ်နိုင်တဲ့ အရေးပဲ (မှန်ပါ)။
ဒီအရေးနှစ်ရေးအောင်မြင်လို့ ရှိရင် အပါယ်လေးပါး စိတ်ချရလို့ ပြုံးကြပါတော့ ရွှင်ကြပါတော့လို့ အားပေးလိုက်ကြပါတယ် (မှန်ပါ) ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။
အဲဒီတော့ ကိုယ့်အားကိုးလုံး ကလေးတွေကို ကိုယ်ဟန်ရလောက်ပြီဆိုပြီး သကာလ နေကြလို့ရှိရင်ဖြင့် အဲဒါ သူတစ်ပါးပါးစပ်လမ်းဆုံးသေးတယ်လို့ မှတ်လိုက် (မှန်ပါ) ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။
အခုဒီအကြောင်းကို ရှေ့ပိုင်းကနေပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လမ်းခင်းရခြင်းသည် ခင်းချင်လို့ ခင်းရတာ မဟုတ်ပါဘူး၊ ယမကရဟန်းဟာ ဘုရားလက်ထက်၌ ရှင်သာရိပုတ္တရာတို့က သေသေချာချာဟောမှ သူ့ဒိဋ္ဌိ အယူကို သူစွန့်တယ်ဆိုတာမှတ်ပါ (မှန်ပါ) တရားနာရင်းကို အယူလွဲပြီး ဒိဋ္ဌိဖြစ်ခဲ့တယ် ဦးခင်မောင် ဘယ်လောက်များ ကြောက်စရာကောင်းသတုန်း (ကောင်းပါတယ် ဘုရား) ဦးဘအုန်းတို့ ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား) တရားနာရင်း ဘာဖြစ်သွားသတုန်း (ဒိဋ္ဌိဖြစ်ပွားပါတယ်)။
ဗြဟ္မာကြီးတွေ ဒိဋ္ဌိဖြစ်တယ်
ဒါကြောင့် ဒကာ ဒကာမတို့ ဗြဟ္မာကြီးတွေ ဒိဋ္ဌိဖြစ်တယ်ဆိုတာ ဗကဗြဟ္မာတို့အကြောင်းကို ခဏခဏ ဘုန်းကြီးတို့ သတိမပေးဘူးလား (ပေးပါတယ်)၊ ဗြဟ္မာဖြစ်တာက တစ်လမ်း-ဒိဋ္ဌိကတခြား (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဗြဟ္မာဖြစ်တာက (တလမ်းပါ) ဒိဋ္ဌိဝမ်းထဲကိန်းနေရတာက (တခြားပါ)၊ တလမ်းဆိုတာက သမထကြောင့် ဖြစ်တာတခြားဆိုတာက ဒိဋ္ဌိရှိနေသောကြောင့် အပါယ်လားရဦးမယ် (မှန်ပါ) မလားပေဘူးလား (လားရပါတယ်) အဲဒီတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိကိလေသာဟာ မဆိုးဘူးလား (ဆိုးပါတယ်)။
ဒါကြောင့် သံယုတ်ပါဠိတော်မှာ ရင်ဝလှံဟူး ဦးခေါင်းမီးလောင်နေတဲ့ ပုဂ္ဂိုလ်သည် ဖြေးဖြေးမှ လုပ်ချင်လုပ်ပါ၊ ၎င်းသက္ကာယ ဒိဋ္ဌိကိုတော့ဖြုတ်လိုက်ပါလို့ သံယုတ်ပါဠိတော်မှာ ဟောတယ် (မှန်ပါ)၊ ဖြုတ်တဲ့နည်းက ဖြုတ်အောင် ဟောတတ်ပြောတတ်တဲ့ဆရာ၊ ဖြုတ်တဲ့ဉာဏ်ရအောင်ကြိုးစားကြပါ (မှန်ပါ)။ သာမညအရေးကြီးသလား အလွန့်အလွန် အရေးကြီးသလား (အလွန့်အလွန် အရေးကြီးပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတွေ ဒီတရားကို ဘုန်းကြီးတို့ အပင်ပန်းခံပြီး သကာလ ဒကာ ဒကာမတွေပြောနေတာ မည်မျှလောက် ကရုဏာဆိုတာ ပေါ်ရောပေါ့ဗျာ (မှန်ပါ) အင်မတန် ခင်ဗျားတို့ လိုနေသေးတယ်ဆိုတဲ့အဖြစ်ကို ဘုန်းကြီး များက ဝမ်းထဲဝင်ပြီး သကာလ မကြည့်နိုင်ငြားသော်လည်း သူတို့အားကိုးလုံး ကလေးတွေဟာဟေ့ ရွှံလုံးကိုရွှေလုပ်နေတာ ပါကလားလို့ အောက်မေ့လို့ပြောတာ မှန်လှပါ၊ ရွှံလုံးကလေးတွေကို ရွှေလုပ်နေတာပါကလားဆိုတော့ ကောင်းသေးရဲ့လား (မကောင်းပါဘူး) အရေးရှိတော့ မိုးကျတော့ ပျော်သွားမှာပေါ့ဗျာ (မှန်ပါ)။
ရွံ့လုံးရွှေလုပ်ရင် မိုးမကျခင်သားပေါ့၊ မိုးကျရင် ထိုင်းစွေပြီး သကာလ ပျော်သွားမှာပဲ ပျော့သွားမှပဲ ပျောက်သွား မှာပဲ (မှန်ပါ) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။
အဲဒါတွေ စဉ်းစားတော့မှ ဪ တို့ဆရာဘုန်းကြီးပြောနေတဲ့ အရေးဟာဖြင့် တကယ့်မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟောတဲ့ ဘုရားနှုတ်တော်က ထွက်တာတွေကို တိုက်ရိုက်ပြောပြီး သကာလ နေတာပါလားဆိုတာလဲ ခင်ဗျားတို့က ဆုံးဖြတ်ချက်ချမှ (မှန်ပါ) ဘုရားဟော အဓိပ္ပါယ်မှတစ်ပါး အပိုမပြောပါဘူး (မှန်ပါ)။ စကားပြောတာ မြန်မာလို ပြောတာကအစ ဘုရားဟောအဓိပ္ပါယ်မှ အပိုမပါဘူးလို့ မှတ်ကြပါ (မှန်ပါ)။
ဒိဋ္ဌိပြုတ်လို့ သောတာပန်တည်တယ်
ကိုင်း ဒါဖြင့် ဝတ္ထုခင်းကြပါစို့ ဘုရားလက်ထက်က ဒိဋ္ဌိဖြစ်ပြီး သကာလ ဒိဋ္ဌိပြုတ်လို့ သောတာပန်တည်တယ်၊ သောတာပန်တည်ပြီးသည်၏ အခြားမဲ့မှာ သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်ပုံရှင်သာရိပုတ္တရာနှစ်ဆင့် ထပ်ပြီး သကာလ ဟောတဲ့တရားလို့မှတ်ရမယ် (မှန်ပါ)။
ဒကာ ဒကာမတွေ မနေ့ကလဲ ဟောခဲ့တယ် သောတာပန် ဖြစ်ချင်ရင် ဘာသတ်ရမတုန်း (ဒိဋ္ဌိသတ်ရပါမယ် ဘုရား) သကဒါဂါမ်, အနာဂါမ်ရဟန္တာဖြစ်ချင်ရင် (တဏှာသတ်ရပါမယ်)။
ဒါလောက်ကိုပဲ ဦးခင်မောင် သိဖို့ရာလွယ်ပါ့မလား (မလွယ်ပါဘူး) ဒါကိုမလွယ်တော့ဘူး သောတာပန်ဖြစ်ချင် ရင် ဒိဋ္ဌိနာနာသတ် (မှန်ပါ) သကဒါဂါမ် အနာဂါမ် ရဟန္တာတက်ပြီး ဖြစ်ချင်တဲ့အခါကျတော့ (တဏှာနာနာသတ်ရပါမယ်)။
ဒကာ ဒကာမတွေ ရန်သူမမိဘဲနဲ့ မြင်သ၍ လူဟာငါ့ရန်သူပဲလို့ရမ်းပြီး သတ်နေလို့ရှိရင်ဖြင့် ရန်သူအစစ်ရှင်းပါ့မလား (မရှင်းပါဘူး) လိုတဲ့ရန်သူကို မမိဘဲဖြစ်နေမယ် (မှန်ပါ) ကိုယ့်ရန်သူကလေး ကိုယ့်သတ်နေရင် ရန်သူဟာ ပွားပါ့မလား (မပွားပါဘူး)။
မြင်သမျှရန်သူသတ်နေလို့ရှိရင် လိုအပ်တဲ့ရန်သူကို အရင်မမိဘဲဖြစ်နေလို့ လိုအပ်တဲ့ဆီ ရောက်ပါ့မလား (မရောက်ပါဘူး) ဒီမှာဒိဋ္ဌိရန်သူရှိလို့ ဒိဋ္ဌိရန်သူကို အရင်သတ် (မှန်ပါ)၊ ဒီ့ပြင်လူကို အသာထားဦး ရန်သူမပွားစေနဲ့ဦး (မှန်ပါ)၊ ကဲ တဏှာရန်သူသတ်ချိန် ရောက်လာလို့ တဏှာရန်သူက အကြီးဆုံးဖြစ်တဲ့ အချိန်ကျတော့ တဏှာကိုသတ်ပါ၊ ဒီ့ပြင်ရန်သူက ပွားစရာလိုသေးသလား (မလိုပါဘူး)။
ဒါဟာအစီအစဉ် အချိုးကျလား
အခုတော့ အနိစ္စဒုက္ခ အနတ္တရှုကွာ ရှုကွ။ ဘာကိုဦးတည်သတ်တယ်လို့လဲ မဟုတ်ဘူး၊ မဟုတ်လား (မှန်ပါ) ဘာသတ်သတုန်းမေးတော့ ကိလေသာသတ်တာပဲ၊ ဒါဟာအစီအစဉ် အချိုးကျလားလို့ မေးလိုက်တော့ ဦးခင်မောင် ဘယ့်နှယ်ဖြေမတုန်း (မကျသေးပါဘူး)၊
ဦးဘအုန်းအချိုးကျပြီလား (မကျသေးပါဘူး) ဟာဒါဖြင့် အချိုးကျမလုပ်တော့ အရင်သတ်ရမည့် ရန်သူစစ်ကို မမိဘဲရှိနေမယ်၊ ရန်တွေကော ပွားနေမလား (မှန်ပါ) လိုအပ်တဲ့ခရီးကော မြန်မြန်ဆိုက်ပါဦး မလား (မဆိုက်ပါဘူး ဘုရား)။
လူတစ်ယောက်ဟာ တစ်ယောက်နဲ့ရန်ဖြစ်နေတယ်၊ အဲဒီတစ်ယောက်ကို ကိုယ်ကမိအောင် ရိုက်နိုင်လို့ရှိရင် ဒီ့ပြင်လူကတော့ အိုဒီလူကဆိုးလို့ သူ့ကိုဟိုလူကရိုက်တာ တို့ကြည့်နေရုံပဲ ဆိုကြမှာပဲ (မှန်ပါ)။
ဟာအကုန်သာ စုရိုက်နေ မယ်ဆိုရင်တော့သွားပြီး ဟိုလူတွေက သူ့ကိုဝိုင်းရိုက်တော့မှာပဲ၊ ဒီလူ့လောက သဘော မရှိဘူးလား (ရှိပါတယ်)၊ အဲဒီလို ဆန်ဆန်လဲ ဒီမှာလဲ ဉာဏ်ကသူ့အချက်ကျ သူ့အတွက်ကျ ကလေးကို အစီအစဉ်ကျ သတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ရှင်းသွား တယ် (မှန်ပါ) ပေါ်ပြီလား (ပေါ်ပါပြီ)။
ဪ ဒါဖြင့် ဒီစကားမျိုးဟာလဲ ကြားရခဲတဲ့စကားမျိုးပဲ တစ်သက်တစ်ခါဆိုသလို နားရှိလို့ ကြားရပါကလားဆိုတာ ပေါ်လာတယ် (မှန်ပါ) နို့မဟုတ်လို့ရှိရင် ရမ်းသတ်မှန်းသတ်ထဲ သွားတော့မှာပဲ (မှန်ပါ)။
ရမ်းသတ်နေတာ
ကဲ ဦးဝတို့ အသက်ရှည်လှပါပြီ ဒီအထဲမှာ ဦးဝတို့ ရှည်တဲ့အထဲက ထားပါတော့၊ ဟိုဘက်က ဒကာ ဒကာမကြီး တွေ ဒေါ်တင်တို့ လူစုတွေရှည်ခဲ့ပါပြီ၊ ရမ်းသတ်တာ သတ်နေခဲ့ကြမယ် (မှန်ပါ)
သီလနဲ့သတ်လိုက် သမထနဲ့ သတ်လိုက်၊ ဘာတုန်း ဒကာ ဒကာမတို့ မပြောတတ်ပါဘူးဘုရား ကုသိုလ်ရတယ်ဆိုလို့ ဒီပဲလမ်းဆုံးတယ်၊ ကုသိုလ်ရတယ်ဆိုလို့ပဲ လမ်းဆုံးတယ် (မှန်ပါ) ဒီ့ပြင်ထူးထူးလည်လည် (မရှိပါဘူး ဘုရား)။
မရှိဘူးဆိုတော့ ဪ ရမ်းသတ်နေတာကိုးဆိုတာ ပေါ်သွားတယ် (မှန်ပါ) ဦးခင်မောင်ရမ်းဖမ်းတော့ ဘယ့်နှယ်တုန်းဗျာ ပုလိပ်တောင်မှ ရမ်းဖမ်းရင် ကိုယ့်မှာတရားစွဲခံ ရဦးမယ် (မှန်ပါ) သူ့သရေပျက်နဲ့ လုပ်လို့ ဟိုကရမ်းဖမ်းရင်လေ (မှန်ပါ) သေသေချာချာ စုံထောက်ပြီး သကာလ ဒီလူပဲဆိုရင်တော့ ကိုယ့်မှာရာထူးတက်တာပေါ့ဗျာ (မှန်ပါ) ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) ဒီလိုဖြစ်နေပြီဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဪ ဒို့သည်ကားလို့ဆိုရင်ဖြင့် ရမ်းသတ်-အလုပ်ဟာဒို့၏အလုပ် ရိုးရာကြီးဖြစ်နေပါလားဆိုတာ ပေါ်သွား တယ် (မှန်ပါ)။
ဘယ့်နှယ့်ဆိုကြမလဲ (ရမ်းသတ်အလုပ်ဟာ အလုပ်ရိုးရာကြီးဖြစ်နေပါတယ် ဘုရား) အဲဒါတွေကြောင့်လဲ လိုရင်း မဆိုက်ဘူးဆိုတာလဲ မှတ်ကြရမယ် (မှန်ပါ) ကိုမြရွှေတို့လဲ ကဲ-သဘော ပါပြီလား (ပါပါပြီ)။
ကဲဒါဖြင့် ယနေ့ ဘာလုပ်မှာတုန်းလို့ဆိုတော့ သောတာပန် တည်ချင်ရင် ဒိဋ္ဌိသတ်ကွ-ဆိုတဲ့ ဥစ္စာကို သတ်ပုံနဲ့ တကွဘုရားလက်ထက်က ပေါ်ခဲ့တဲ့ ဝတ္ထုကို သောတာပန်၏ အမြင်ကျအောင် နာရီမစေ့ခင် ထုတ်မှာပါဘဲ (မှန်ပါ) နာရီစေ့ရင်လဲ နက်ဖြန်ပေါ့ဗျာနော် (မှန်ပါ)။
ဘယ့်နှယ်ကြောင့်လဲ ယမကထက်ရှုပ်နေလို့
ဘာဖြစ်လို့လဲ ဒီဥစ္စာကို ဒီလိုလုပ်လိုက်ပါလားဆိုလို့ မပြီးသေးဘူး။ ဒီလိုလိုက်ရင် အရှင်ဘုရား ယမကဟာ ရှင်သာရိပုတ္တရာဟော သောတာပန်တည်သွားမှာပေါ့လို့ ဆိုချင် ဆိုကြမယ် အိုသူတည်တာက အလွယ်ကလေး ခင်ဗျားတို့ တည်ဖို့ခဲ့ယဉ်းတယ် (မှန်ပါ) ဘယ့်နှယ်ကြောင့်လဲ ယမကထက်ရှုပ်နေလို့ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဘယ်လိုကြောင့်ပါလိမ့် (ယမကထက်ရှုပ်နေလို့ပါ ဘုရား) အဲဒါလဲသိဦးမှကိုးဗျ။ ကိုယ့်ဘာလဲကိုယ်သိကြဦးဗျ သူများဟာချည့်ပြောနေလို့ မဖြစ်သေးဘူးဗျ (မှန်ပါ) ရှုပ်တာက ခင်ဗျားတို့ ပိုရှုပ်တာ (မှန်ပါ)။
ခင်ဗျားတို့က ပိုရှုပ်နေတဲ့ အတွက်ဟာ တပည့်တော်တို့မနေ့ကလဲ မျှော်လင့်နေတယ် မီးကငြိမ်း နာရီကတိုသွားနဲ့။ ဒီနေ့များပြီးမှ ပြီးပါ့မလား။ ဟာ မပြောတတ်ဘူးလို့ ပြောရမှာဘဲ (မှန်ပါ) မပြောတတ်တာက ဆရာဘုန်းကြီးက မပြောတတ်တာ ဆရာဘုန်းကြီး မပြောတတ်တာလား သူများအပေါ် ရှင်းလင်းတာ မပြီးတာလား (သူများအပေါ် ရှင်းလင်းတာ မပြီးတာပါ ဘုရား) အဲ မပြီးရင် ကိုယ့်အတွက်မှတ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)
ဪ ဒီနေ့တရားမပြီးဘူးလား ဆိုလို့ရှိရင် ဘယ့်နှယ်တုန်း (တပည့်တော်တို့ အရှုပ်မကုန်လို့ပါ) ကိုယ့်အရှုပ် မကုန်လို့ (မှန်ပါ) အဲဒီလိုလဲမှတ်ကြရသေးတယ်ဗျ နို့မဟုတ်ရင် ခင်ဗျားတို့က ညည်းလုံး ကလေးနဲ့ ပြန်ချင်ပြန်ကြဦးမှာ။ ဒီနေ့မျှော်လင့်ချက်က အကုန်မပြီးဘူး (မှန်ပါ)။ ညည်းလုံးကလေးနဲ့ ဦးခင်မောင်က မနေ့က ပြန်သွားလို့ပြောရတယ် (မှန်ပါ) ကဲ ဒကာ ဒကာမတွေ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ညည်းလုံးကလေးနဲ့ မပြန်နဲ
ညည်းလုံးကလေးနဲ့ မပြန်နဲ့နော်။ နက်ဖြန်လဲတို့ ဒီဥစ္စာကို ဂရုစိုက်ရဦးမှာ ဒီနေ့ဆိုရင် ပိုင်နိုင်သေးမှာ မဟုတ်ဘူး လို့ ဦးဘအုန်း ဆုံးဖြတ်ချက်ချ (မှန်ပါ)။
ဒါဖြင့် ဒကာ ဒကာမတို့ ပြောကြပါစို့တဲ့ ယမကလဲ နားလည်မှုရှိအောင် ကိုယ့်အရှုပ်လဲ ရှင်းသွားအောင် (မှန်ပါ) ဒီလိုဆိုရင် နှစ်ဖက်ပြီး-ပြီးသွားမှာဘဲ (မှန်ပါ) ဒါဆိုရင် ယမကပါ ဟောစရာမလိုတော့ဘူး။ သူ့ဖြစ်စဉ်ကလေး လျှောက်ပြောရုံပဲ (မှန်ပါ) သူ့ကျင့်စဉ်ကလေး လျှောက်ပြောရုံပဲ (မှန်ပါ) ရှင်သာရိ ပုတ္တရာဟောတာ ထုတ်ဖော်ရုံပဲ (မှန်ပါ) ဒီအဓိပ္ပါယ်ရပါတယ်တဲ့ (မှန်ပါ) ဒကာ ဒကာမတွေကျတော့ ဒါလောက်နဲ့ မရနိုင်ဘူး ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။
ဒါဖြင့် ဘယ်လောက်ထိအောင် တပည့်တော်တို့ ရှုပ်နေလို့ တုန်းတရားဆိုတော့ ယမက က ဒိဋ္ဌိတစ်လုံး ရှုပ်တာ ခင်ဗျားတို့က ထောင့်ငါးရာရှုပ်နေတာ (မှန်ပါ)။
ဘယ့်နှယ့်ဆိုပါမလား (ထောင့်ငါးရာရှုပ်နေတာပါ ဘုရား) တစ်လုံးရှုပ်တဲ့လူနဲ့ ထောင့်ငါးရာရှုပ်တဲ့လူနဲ့ ဘယ်သူက ရှင်းလွယ်ပါ့မလဲ (တစ်လုံးက အရှင်းလွယ်ပါတယ် ဘုရား) တစ်လုံးရှုပ်တဲ့သူက အရှင်းလွယ်တယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ)။
ကိုယ့်အရှုပ်လဲကိုယ်သိတာ မဟုတ်ဘူး
အမယ်လေး ဒကာ ဒကာမတွေ မနည်းကိုဖော်ပြောရတယ် ကိုယ့်အရှုပ်လဲကိုယ်သိတာ မဟုတ်ဘူး (မှန်ပါ)။ ဉာဏ်ရောက်ကြပြီလား (ရောက်ပါပြီ ဘုရား) အဲဉာဏ်ရောက်လို့ရှိရင်ဖြင့် ကိုယ့်အရှုပ်ရှင်း ရှင်းသွားပြီးတော့မှ လိုရင်းဆိုက်မယ်လို့ မှတ်ပေတော့ (မှန်ပါ)။
ဒါတရားကို ဆွဲဟောတယ်လို့ ဆိုမလား ဦးခင်မောင် (မဆိုပါဘူး) အံမာလေး ဘုန်းကြီးနှယ့် အရှောင်ကောင်း လိုက်တာလို့လဲ အောက်မေ့မနေနဲ့ဦး။ အရှောင်ကောင်းတာလဲ မဟုတ်ပါဘူး။ ခင်ဗျားတို့ အရှုပ်တော်ပုံကြီးတာကို ဖော်တာပါ (မှန်ပါ)။
ယမကဆိုတဲ့ ကိုယ်တော်ကဘယ်လို ကျင့်တာပါတုန်းဆိုတော့ ဘုရားတရားတော်သွားပြီး နာလိုက်တဲ့အခါကျ တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရဟန္တာတွေမှဘဲ အလုံးစုံ ခန္ဓာဇာတ်သိမ်းငြိမ်းတော့တာပဲ။ ရဟန္တာဆိုတာ ခန္တာဇာတ်သိမ်းငြိမ်းတာ (မှန်ပါ)။
ခန္ဓာဇာတ်သိမ်းငြိမ်းတာကိုသာ သူ့ဉာဏ်နဲ့ ယုန်သူငယ်များ ပင်လယ်ကို ခြေနဲ့ထောက်စမ်းသလိုပေါ့ဗျာ ဘယ်လောက်ထောက်ထောက် သူမှီနိုင်ပါ့မလား (မမှီပါဘူး) မမှီတာနဲ့ ထောက်စမ်းတော့ သူလွဲမှာပေါ့ (မှန်ပါ) မလွဲပေ ဘူးလား (လွဲပါတယ်)။
အဲဒါလဲ သတိထားရသေးတယ် ဪ ယမကမှားချင်လို့ မှားတာလား သူ့ဉာဏ်မမှီခင် ထောက်စမ်းလို့မှားတာ လား။ နှစ်သိန်းလေးသောင်း အထုအောက်နက်နေတာကြီး ခြေထောက်နဲ့ ထောက်ကြည့်ပြီးသူမှီရာ သူစကားပြောတော့ မှန်ပါ့မလား (မမှန်ပါဘူး)။
အဲဒီလို ဖြစ်ပြီး သကာလ နေတော့ ရဟန္တာများဟာ ခန္ဓာဇာတ်သိမ်းသွားတာပါပဲ။ ဒါကိုသူကကြားလိုက်ရတယ် ဘုရားဟောတာ (မှန်ပါ) ဒါကြားတော့ သူက ထောက်ကြည့်လိုက်တယ် ဪ ဒါဖြင့် ရဟန္တာသေရင် ပြတ်တာပဲ။ ဘာမှမဖြစ်တော့ဘူး ဒီလိုယူပစ်လိုက်တယ် (မှန်ပါ)။
သူကသတ္တဝါနဲ့ကိုင်စွဲပြီး အထည်ပျောက် ယူပစ်လိုက်တယ်
ဘုရားဟောတာကတော့ ခန္ဓာဇာတ်သိမ်းငြိမ်းတယ် (မှန်ပါ) ခန္ဓာက ဒုက္ခသစ္စာ။ ဒုက္ခသစ္စာသိမ်း၍ ငြိမ်းတယ် (မှန်ပါ) ဒါဟောလိုက်တော့ သူကသတ္တဝါနဲ့ကိုင်စွဲပြီး အထည်ပျောက် ယူပစ်လိုက်တယ် (မှန်ပါ)၊ ဘာမှမဖြစ်တော့ဘူး မီးငြိမ်းသွားတဲ့အခါ အရောင်ရုပ်တွေဟာ အကုန်ပျောက်ပြီး သကာလ သွားသလို အမှောင်ရုပ်တိုးလာတာတော့ သူမသိ ဘူး (မှန်ပါ) ခင်ဗျားတို့က အခုစောစောစီးစီးသိထားပါ အရောင်ရုပ်ပျောက်သွားရင် အမှောင်ရုပ်လာတယ်လို့မှတ် (မှန်ပါ)။
ဘယ်လိုဆိုကြမလဲ (အရောင်ရုပ်ပျောက်သွားရင် အမှောင်ရုပ်လာပါတယ် ဘုရား)။
တကယ်လို့ အရောင်ရုပ်သာမပျောက်ဘဲနေရင် တလင်းတည်းလင်းနေမှာပေါ့ (မှန်ပါ) အဲဒီတော့ အမှောင်ရုပ် တွေ ပျောက်အောင်လဲ အရောင်ရုပ်ကလုပ်တယ် (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)
အဲဒီတော့ ဒီကျတော့ ဒီလိုပြောင်းပြန်မှတ်လိုက် ဪ ရဟန္တာသေတာသည် ဘာပါလိမ့်မလဲလို့ ခင်ဗျားတို့က ရှေ့ပိုင်းက တွေးထားလိုက်တဲ့ အခါကျတော့ ဪ အမှောင်ပျောက်လို့ အရောင်ရောက်လာတာ (မှန်ပါ) ဒီလိုဆိုရင် တည့်သွားမယ် (မှန်ပါ)။
ဘယ့်နှယ့်ဆိုကြမလဲ (အမှောင်ရုပ်ပျောက်လို့ အရောင်ရုပ်ရောက်လာပါတယ် ဘုရား) အမှောင်ပျောက်လို့ အရောင်ရောက်လာတယ်ဗျာ။ ရုပ်မထည့်ပါနဲ့တော့ (မှန်ပါ)။
အမှောင်ပျောက်လို့ (အရောင်ရောက်ပါတယ်) ဪ ရဟန္တာသေတာသည် ကားလို့ဆိုရင် အမှောင်ဒုက္ခသစ္စာ ပျောက်ပြီး အလင်းနဲ့တူတဲ့ နိရောဓသစ္စာရောက်လာတာပဲ။ ဒါအမှန်ကိုးဗျ (မှန်ပါ) သဘောပါကြပြီလား (ပါပါပြီ)။
အမှောင်ပျောက်ရင် အလင်းရောက်
သူက ဒီလိုယူသေးရဲ့လား (မယူပါဘူး) တစ်ခါတည်း အမှောင်ပျောက်သွားပြီးသည်၏ အခြားမဲ့၌ ဘာမှမရှိ တော့ဘူး။ ဘာမှမရှိရင် ခင်ဗျားတို့ပဲ အကဲခတ်ကြည့်ပါ။ ခင်ဗျားတို့ ဟောဒီမီးကို ငြိမ်းကြည့်ပါ။ ဦးခင်မောင် အလင်းပျောက်ရင် ဘာရောက်မလဲ (အမှောင်ရောက်ပါတယ်)။ ကဲတခါ အမှောင်တွေ ရှိနေလို့ ထပြီးခလုတ်ဖွင့်ကြည့်ပါ (အလင်းရောက်ပါတယ်) တခုရှိရမယ် မဟုတ်လား (မှန်ပါ) အဲဒါရှိနေတာ သူကယူသေးရဲ့လား (မယူပါဘူး) တစ်ခုပြတ် လို့ရှိရင် နောက်တစ်ခုဘာမှာ မရှိဘူးတဲ့ (မှန်ပါ) သူကဒီလိုယူလိုက်တော့ မလွဲဘူးလားတဲ့ (မှန်ပါ) သူကဒီလိုယူလိုက် တော့ မလွဲဘူးလား (လွဲပါတယ်)။
ကဲ ရှေ့ပိုင်းသဘောကျပြီလား (ကျပါပြီ) ဘယ်လိုများ ကျပါလိမ့် (အမှောင်ပျောက်ရင် အလင်းရောက်မှာပါ) အဲဒါထုံးစံမဟုတ်လား (မှန်ပါ)။
အဲဒီထုံးစံကိုမှ သူကသဘောမကျလောက်အောင် ဖြစ်နေတယ် (မှန်ပါ) ဒါလဲခင်ဗျားတို့လဲ ကျုပ်ပြောလို့ သဘောကျတာပါ။ နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့လဲ ပျောက်ပဟပြောတာပဲ (မှန်ပါ) ပျောက်သွားရင် ဘာမှမလာတော့ဘူး ဒီမီးဟာ ဒီလိုထင်ပါရဲ့ ဆိုတော့ပျောက်သွားသာ သူပြောတယ်၊ ဘာတိုးလာတယ်လို့ သိရဲ့လား (မသိပါဘူး) အခုတော့ သိပြီလား (သိပါပြီ)။
ဘယ့်နှယ့်သိသတုန်း (အမှောင်ပျောက်ရင် အလင်းပျောက်ပါတယ်) ဒုက္ခသစ္စာအမှောင်ပျောက်ရင် သန္တိလက္ခဏာရှိသည့် နိရောဓသစ္စာရရှိသည်။
လောကကြီးထဲမှာ အမှောင်ရုပ်ပျောက်သွားရင် အလင်းရုပ်ပေါ်လာတာပဲ (မှန်ပါ) အလင်းရုပ် ပျောက်သွားရင် (အမှောင်ရုပ် ပေါ်ပါတယ်) နို့သူ့ဟာက ဆက်လက်ချည့်ပါလား (မှန်ပါ)။
ဒီမှာလဲ ထို့အတူပဲ ဒကာ ဒကာမတွေက မှတ်လိုက်လို့ရှိရင် ဪ ဒုက္ခပျောက်သွားရင် သုခရောက်မှာပဲ (မှန်ပါ)
ဘယ့်နှယ့်ဆိုကြမလဲ (ဒုက္ခပျောက်သွားရင် သုခရောက်မှာပါ) ကိုယ့်အနာကလေးလဲ ပေါက်ဘူးကြရဲ့ မဟုတ် လား (မှန်ပါ) အဲဒီအနာပျောက်တော့ ဒကာ ဒကာမတို့ အနာတုန်းက ဒုက္ခရောက်တယ်နော်။ ပျောက်တော့ သုခရောက်ပါ တယ်။ (မှန်ပါ) ဒါသူများပြောလား ကိုယ်တွေ့လား (ကိုယ်တွေ့ပါ ဘုရား) ဒါဖြင့်နိဗ္ဗာန်လဲ ဒီအတိုင်းပေါ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)
ကိုယ့်ဒုက္ခပျောက်သွားရင် (သုခရောက်မှာပါ) ဒီသုခဘယ်သူရောက်သတုန်းလို့မေးရင် (ကိုယ်ရောက်မှာပါ) အိုဘယ်သူရောက်သတုန်းလို့မေးရင် (ကိုယ်ရောက်မှာပါ) အိုဒါအထင်အရှားပဲ သူများမေးစရာများ လိုသေးသလား (မလိုပါဘူး)။
အဲဒါကျအောင်လဲ မတွေးတတ်တော့ ခက်နေတာ (မှန်ပါ) ကဲတွေးတတ်ကြပြီလား (တွေးတတ်ကြပါပြီ)။
အံမာ တွေးလုံးတောင်တင်ရပါသလား (မှန်ပါ)။ အရမ်းချည့်တွေးနေလို့။ အမှန်ကိုမရောက်နိုင်လို့ ဒါလောက် သင်နေရတာပေါ့ (မှန်ပါ)။
တွေးလုံးကလေးလဲ မှန်ပါစေ
အသက်လဲ ကြီးပြီ ဦးဝကြီးရ တွေးလုံးကလေးလဲ မှန်ပါစေဦး (မှန်ပါ)။ မမှန်ရင်ဒိဋ္ဌိဖြစ်မယ် (မှန်ပါ)။ မမှန်လို့ ခုနင်က ယမကဘာဖြစ်သွားသတုန်း (ဒိဋ္ဌိဖြစ်ပါတယ်)။
မြတ်စွာဘုရားဟောတော်မူတာ သူသိပါတယ်တဲ့။ ရဟန္တာများသေတဲ့အခါကျတော့ ပျောက်သွားတာပဲတဲ့။ ဘာမှမဖြစ်တော့ဘူးတဲ့။ ဒီလိုယူပစ်လိုက်တယ် (မှန်ပါ)။
ကဲ ခင်ဗျားတို့ ခုနင်ကဟောထားတဲ့ ဉာဏ်နဲ့တခြားစီ မနေဘူးလား (နေပါတယ် ဘုရား) သူကကြည့်လေ ဘုရားဟောတာ သူသိပါတယ်တဲ့ သူကတရားနာတာကိုး၊ ဘုရားဟောတာသူသိပါတယ်တဲ့။ ရဟန္တာများ ပရိနိဗ္ဗာန်စံ သည်၏ အခြားမဲ့၌ ဘာမှမဖြစ်တော့ဘူး ပျောက်သွားတယ်တဲ့ (မှန်ပါ) ဒီလိုယူပစ်လိုက်တယ် (မှန်ပါ)။
ကဲ-ခင်ဗျားတို့ကို ခုနင်က သင်ထားတဲ့ ဉာဏ်နဲ့တွေးကြည့်ဦးတော့ ယမကလွဲပေါ့ဟေလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
ဒါကရှေ့ကဆရာသမားက သင်ထားလို့ ခင်ဗျားတို့ ဒီအဓိပ္ပါယ်ကလေးလိုက်တတ်တာ (မှန်ပါ) နို့မဟုတ်လို့ရှိရင် ဖြင့် ခင်ဗျားတို့လဲ ယမကထဲ ကနဦးမှာပါဘဲ (မှန်ပါ ဘုရား) ပျောက်သွားတယ် ပြတ်သွားတယ် ယူဦးမှာဘဲ။ ပျောက်သွား တာဖြင့်လဲ ကျုပ်တို့မကြိုက်ပါဘူး။ မပျောက်တာ ကြိုက်ပါတယ် ဖြစ်နေဦးမှာဘဲ (မှန်ပါ) မပျောက်တာကြိုက်ဆိုတော့ အနာကြိုက်ဖြစ်နေဦးမှာ (မှန်ပါ)။
ဒါစကားတတ်လို့ပြောတာလား အဓိပ္ပါယ်စကားကျအရကို ပြောတာလား (အဓိပ္ပာယ်စကားကျအရကို ပြောတာ ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ခန္ဓာကိုယ်မှာ အနာရှိတာချည့်
ဦးဝ အနာပျောက်တာဘယ့်နှယ့်တုန်း (ကြိုက်ပါတယ်) ခန္ဓာကိုယ်ကြီးက ရောဂတောလို့ဆိုတယ် အနာခန္ဓာ ကိုယ်ကြီးဘဲ။ မဟုတ်ဘူးလား (မှန်ပါ) ဒကာ ဒကာမတွေ ခန္ဓာကိုယ်ဟာ အနာများရှိကြရဲ့လား (ရှိပါတယ် ဘုရား) ခန္ဓာကိုယ်မှာ အနာရှိတာချည့်ဘဲ။ ခင်ဗျားတို့က ကျောက်ပေါက်နာ သွားမယူနဲ့ဦး (မှန်ပါ)။ လေနာရင်နာလောက်ကို သွားပြီးမယူပါနဲ့ဦး (မှန်ပါ) ဒါတွေကတော့ လူတိုင်းသိပဲ ခွေးများ တိရစ္ဆာန်များတောင် သိတန်သမျှသိပါတယ်။
တိရစ္ဆာန်များလဲ နာရင်အော်တာပဲ မဟုတ်လား (မှန်ပါ) အဲဒီအော်တဲ့အနာကို ဆိုတာမဟုတ်ဘူး သဘောကျပြီ လား (မှန်လှပါ)။
ဒီအတိုင်းနေရင်း မတ္တနဲ့ကို ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးက အကောင်းပျောက်ပျောက်ပြီး အဆိုးရောက်ရောက် နေတယ်။ (မှန်လှပါ ဘုရား)။
အကောင်းပျောက်ပြီးတော့ (အဆိုးရောက်ပါတယ် ဘုရား) အဲဒါကခင်ဗျားတို့ ဟိုအနာလို၊ ကျင်နာကိုက်ခဲတာ ဟုတ်ရဲ့လား (မဟုတ်ပါဘူး ဘုရား)။ အဆိုးရောက်လာတယ်ဆိုတော့ ဒါသည်ကားလို့ဆိုလို့ရှိရင်ဖြင့် နည်းနည်းကောင်းတာ လေးတွေကပျောက်၊ ဆိုးတာကလေးတွေကရောက် ဟုတ်လား (မှန်ပါ) နောက်တော့ဆိုးတာကလေးတွေလဲပျောက် နောက်ဒီ့ထက်ဆိုးတာ ကလေးတွေလဲ ရောက်ဆိုတော့ နဂိုကတည်းက အနာကစပြီး အနာဆုံးတာကိုးဗျ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဘယ်ကစပြီး ဘယ်မှာဆုံးသလဲ (အနာကစပြီးအနာဆုံးပါတယ်)။ ဒါဖြင့် ဘယ်တော့ကျန်းမာသတုန်း (ဘယ်တော့မှ မကျန်းမာပါဘူး)။
အဲဒီမကျန်းမာတာကြီး တစ်ခုလုံးများသိမ်းရရင် ဒကာ ဒကာမတွေ ကျေနပ်ပါ့မလား (ကျေနပ်ပါတယ်) ပြောသံ ကြားကျေနပ်တာလား တကယ်ဝမ်းထဲက လှိုက်လှိုက်လှဲလှဲ ကျေနပ်မှာလားလို့မေးရသေးတယ်။ (ဝမ်းထဲကလှိုက်လှိုက်လှဲလှဲ ကျေနပ်ပါတယ်) အဲဒါမှ နိဗ္ဗာန်သဘောကျတယ် (မှန်ပါ) နို့မဟုတ်ရင် သဘောကျနိုင်စရာအကြောင်း ဖြစ်သေးရဲ့လား (မဖြစ်ပါဘူး)။
ဒီစကားတွေဟာ မြတ်စွာဘုရား ပါဠိတော်ကို ရှုမျှော်ပြီး ပြောနေတာလို့ မှတ်ရမယ် (မှန်ပါ) ဘုန်းကြီးက အပိုတွေပြောနေတာလို့ မမှတ်နဲ့ (မှန်ပါ) ဟိုကတဖက်တဖက်ကို ဒီစကားမကြည့်လို့ရှိရင် ဒီအသံမထွက်နိုင်ဘူး (မှန်ပါ) မမှန်တာတွေထွက်ပြီး ပြောနေရင် အဓမ္မဖြစ်သွားမယ်။ (မှန်ပါ) အဓမ္မဆိုတာ တရားမဟုတ်တော့ဘူး၊ တရားမဟုတ်တာ ဟောရင် ဟောတဲ့ပုဂ္ဂိုလ်အပါယ်ကျသွားမယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ပိဋကတ်တော်မှာ အစုံရှိလို့ ဒီအသံတွေထွက်တာ
တရားမဟုတ်တာ တရားလုပ်ဟောရင် အပါယ်ကျသွားမှာကိုးဗျ (မှန်ပါ)။
အဲဒါကြောင့် အခုမြန်မာလိုပြောနေငြားသော်လဲ ဒီစကားစုတွေရဲ့ အဓိပ္ပါယ်တွေ အစုံရှိတယ်လို့ မှတ်ပေတော့ (မှန်ပါ) ပိဋကတ်တော်မှာ အစုံရှိလို့ဪ ဒီအသံတွေထွက်တာလို့ဆိုတာ မှတ်ကြပါ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ တကိုယ်လုံးဟာ ဘာတဲ့ (အနာချည့်ပါ ဘုရား) ဟာတစ်ကိုယ်လုံးအနာတွေ၊ အနာများပျောက်သွားရင် ဘယ်နှယ့်ဆိုပါ့မလဲ (ကြိုက်ပါတယ် ဘုရား) အနာပျောက်လို့ရှိရင်ဖြင့် ကြိုက်ကြရမှာပဲ ဒကာ ဒကာမတို့ (မှန်ပါ)။
သို့သော် ခင်ဗျားတို့ နားလည်စေမှုပြောနေရတော့ ယမကမဟောခင် ခင်ဗျားတို့ကို ဟောရတာ ကြာလိမ့်မယ် ပြောတာ (မှန်ပါ) ရိပ်မိပါလား (ရိပ်မိပါပြီ) အမယ်လေး အရုပ်ဆိုးလွန်းလို့ ရှင်းရတာနော် (မှန်ပါ) ဘယ့်နှယ့်ကြောင့်တုန်း ဆိုတော့ အနာကိုပေါက်မှန်းမသိဘူး။ ဒီကစပြီး ခက်နေတာ (မှန်ပါ)။
အနာပေါက်မှန်းမသိတာက ခက်နေတယ်
ခုနင်က အနာပေါက်တာ အနာပျောက်ရင် ကြိုက်ပါတယ်လို့ တာဝန်ခံတာတော့ ဘုန်းကြီးများကလဲ ဝမ်းသာ တယ်၊ သို့သော်အနာပေါက်မှန်းမသိတာက ခက်နေတယ် ဒါကိုညည်းရတယ် (မှန်ပါ)။
ဘယ်နှယ့်တုန်း (ပေါက်မှန်းမသိတာက ခက်ပါတယ်) ဒါဖြင့်ပျောက်ချင်တဲ့စိတ် သူ့မှာမရှိဘူး (မှန်ပါ) အနာပေါက်မှန်းမှ မသိတဲ့ပုဂ္ဂိုလ်ဘယ့်နှယ့်ဆိုကြမလဲ (ပျောက်ချင်တဲ့စိတ် သူ့မှာမရှိပါဘူး)။
ဒါဖြင့် သူ့ကိုဘယ့်နှယ့်လုပ်မတုန်း ဘာကိုဟောရမတုန်း ဦးဘအုန်း။ ဦးဘတင်ဘာဟောမတုန်း စကားရှာဦး ခင်ဗျားတို့ ဟောစရာကိုရှိပါ့မလား (တန်းကုန်နေပါပြီ) တကယ်သွက်သွက်ခါ ရူးသွားပြီ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဘာဖြစ်သွားတာတုန်း (သွက်သွက်ခါ ရူးသွားတာပါ)
သွက်သွက်ခါ ရူးသွားပြီ၊ အနာပေါက်တာလဲ သူမသိဘူးဆိုတော့ သူ့ကိုပျောက်တာကြိုက်အောင် ဟောဖို့ ဘယ့်နှယ်လုပ်မလဲ (ဟောဖို့မလွယ်ပါဘူး) ခင်ဗျားတို့ပြောရင် ပြောတဲ့လူ အရူးဖြစ်မယ် (မှန်ပါ) မဖြစ်ပေဘူးလား (ဖြစ်ပါတယ်) ကျုပ်မှာဘာအနာရှိလို့တုန်းလို့ အရူးကနေပြီး ပြန်ဆဲမယ်ဗျ (မှန်ပါ) မဆဲပေဘူးလား (ဆဲပါတယ်)။ အဲဒီလောက် အခြေအနေ တို့ဆိုက်နေပါကလား ဆိုတာလဲ မှတ်ထားရပါသေးတယ်၊ ရှင်းပြီလား (ရှင်းပါပြီ)။
ဦးဘအုန်းရေ ဘယ်အခြေအနေဆိုက်နေသလဲ (သွက်သွက်ခါ ရူးတဲ့အခြေအနေ ဆိုက်နေပါတယ်) လျှော့ဈေး များမပြောကြနဲ့နော်၊ သွက်သွက်ခါ ရူးမှာသေချာလိုက်တာ (မှန်ပါ)။
ကိုယ့်အနာတွေပေါက်နေတာကို တပည့်တော် အန္တရာယ်ကင်းပါတယ် ပြောနေတာ (မှန်ပါ) အန္တရာယ်ကင်းလို့ ဒီတရားပွဲလာနိုင်တယ်ပြောနေတာ (မှန်ပါ) သွက်သွက်မခါသေးဘူးလား (ခါပါတယ် ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ)။
အမယ်လေး ဖြုန်းခနဲဆိုတော့ တပည့်တော်တို့များ ပြောရက်လိုက်တာလို့ အောက်မေ့နေတယ် (မှန်ပါ) ဘယ်ဟုတ်လိမ့်မလဲ သွက်သွက်ခါနေတာပဲ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
သွက်သွက်ခါနေတာ ကိုယ်ရူးနေတာ
သွက်သွက်ခါနေတာ ကိုယ်ရူးနေတာကို ဒကာ ဒကာမတို့ မသိကြတော့ ခဏခဏ ဒီခန္ဓာကိုယ်ကြီးပျက် ခဏခဏ အစားထိုးလိုက် မထိုးရဘူးလား (ထိုးရပါတယ်) ထိုးရတော့ ပျောက်တာလဲ အနာပေါက်လို့ ပျောက်တာဘဲ မဟုတ်လား (မှန်ပါ) အစားထိုးရတာလဲ ခုနင်က အနာဆေးကုလို့ အသားနုတက်တာပဲရှိတယ်။ ဘယ်မာဒီလူ အန္တရာယ်ကင်းရဲ့လား (မကင်းပါဘူး)၊ အနာပေါက်တာရယ်၊ အသားနုတက်တာရယ် ဒါဘဲရှိတယ် (မှန်ပါ) ဒါဖြင့်ရောဂါကင်းကြရဲ့လား မေးရင်ဘယ့်နှယ့်ဖြေပါ့မလဲ (မကင်းပါဘူး) အသားနုတက်တာရှိပါသေးတယ် ဖြေရုံဘဲ (မှန်ပါ)။ ဒီ့အပြင်ဘာဆိုကြမလဲ (ဘာမှဆိုစရာမရှိပါဘူး) ရှင်းပြီလား (ရှင်းပါပြီ)။
ဒါကြောင့် မပြုံးကြနဲ့ဦးလို့ ပြောလိုက်ပါတယ် (မှန်ပါ) ပြုံးချိန်ရောက်ပြီလား (မရောက်သေးပါဘူး ဘုရား) မရောက်သေးပါဘူး၊ ခင်ဗျားတို့ပြုံးလဲ အရူးပြုံးဖြစ်နေမှာစိုးလု့ိ (မှန်ပါ) ဦးဘတင်ရှင်းပြီလား (မှန်ပါ)။
ကိုမြရွှေ ပြုံးချင်သေးသလား (မပြုံးချင်ပါဘူး ဘုရား) နေရာကျလိုက်တာ၊ ဒါတောင်မှ သားနဲ့သမီးနဲ့ ဆွေနဲ့ မျိုးနဲ့စီးပွားရေးအကြောင်း ညီညွှတ်ရင် ခင်ဗျားတို့က အိမ်တွင်းပုန်းလုပ်ပြီး ပြုံးနေတာ (မှန်ပါ) အဲဒါဘာပြုံးလို့ဆိုကြမလဲ (အရူးပြုံးပါ ဘုရား) အနာပေါက်လျက်နဲ့ ပြုံးတော့ဘယ့်နှယ်ဆိုကြမလဲ (အရူးပြုံးပါ ဘုရား) အသားနုတက်လျက်နဲ့ ပြုံးရင် ကော (အရူးပြုံးပါပဲ)။ အသားနုတက်ဆိုတာ ညှော်နံခံတာမျိုး ဟုတ်ကဲ့လား (မဟုတ်ပါဘူး ဘုရား) မပြုံးသေးနဲ့ဦး (မှန်ပါ) ရိပ်မိပြီလား (မှန်ပါ ဘုရား)။
အမယ်လေး ခင်ဗျားတို့ ဖြစ်စဉ်ကတော့ ပြောဘဲမပြောချင်ဘူး။ (မှန်ပါ) ယမကမဟောရသေးဘူး ခင်ဗျားတို့ အတွက် ကြာလိမ့်မယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် ဘုန်းကြီးတရား ဆွဲဟောတာ မဟုတ်ပါဘူးဗျာ (မှန်ပါ မဟုတ်ပါဘူး ဘုရား)။
ယမကရဟန်းအယူ
ကိုင်းဒါဖြင့် ဒီယမကသည်ကားလို့ဆိုရင်ဖြင့် တရားဟောတာသူသိပါတယ်တဲ့၊ ရဟန္တာသေလို့ရှိရင် သေသည်၏ အခြားမဲ့၌ ဘာမှမဖြစ်တော့ဘူးတဲ့၊ ဒီအယူကိုယူပစ်လိုက်တယ် (မှန်ပါ)။
အဲဒီတော့ သူ့အယူအတိုင်းဆိုရင်ဘာမှမဖြစ်လို့ရှိရင် ဘာအသုံးကျသေးသတုန်း၊ ဒီလိုတောင် မတွေးကြပေ ဘူးလား (မှန်ပါ) ခင်ဗျားတို့ကော ကိုင်းဒီအတိုင်းပြန်ပြီး စိတ်မဝေ့ပေဘူးလား (ဝေ့ပါတယ် ဘုရား) ဒီကလဲပဲ ပြန်လှည့်မယ် သတ္တဝါဘက်ပဲ ပြန်လှည့်မယ် (မှန်ပါ)။
အနာပေါက်တာလဲ မသိဘူး၊ အသားနုတက်တာကော (မသိပါဘူး) အဲမသိတဲ့ လူကပြောတာကို ခင်ဗျားတို့က ယမကယူတာ ကျုပ်ကသဘောကျသေး၊ ဒီလိုမလာပေဘူးလား လာမလား (လာနိုင်ပါတယ်) ယမကဖြင့် ဘယ်လိုအချိုး အစားတုန်းဆိုတော့ အနာပေါက်လဲမသိ၊ အသားနုတက်တာကော (မသိပါ ဘုရား) အဲဒါသွားပြီး သဘောကျရင်တော့ ကျုပ်အနာတန်းလန်းနဲ့ နေပါရစေတော့၊ ဒီအဓိပ္ပါယ်မှတစ်ပါး ဘာပါသေးသတုန်း (မပါပါဘူး)။
အဲဒီတော့ ခင်ဗျားတို့ ဘုံဘဝဆုတောင်းတဲ့ ပုဂ္ဂိုလ်ဟာ ဒါကိုသဘောကျတယ်၊ အနာပေါက်တာလဲ ကျေနပ်တယ်၊ အသားနုတက်ပြီး ညှော်မိမှာလဲ (ကျေနပ်ပါတယ်) ဒါဖြင့်အနာမကင်းရပါလို၏ မိမိတောင်းတဲ့ဆု မရမဖြစ်ပေဘူးလား (ဖြစ်ပါတယ်) ဘဝတဏှာနဲ့ ရူးလို့တောင်းတဲ့ဆု (မှန်ပါ) ဘဝတဏှာမရူးရင် (မတောင်းပါဘူး) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဦးဝတို့ စာတွေပေတွေကြည့်ပြီး အရူးများပျောက်ပြီလား (နည်းနည်းပါးပါးတော့ ပျောက်ပါတယ် ဘုရား) ဒါဖြင့် သည်းခြေလောက် ကျန်တော့တာပေါ့ (မှန်ပါ) သည်းခြေလောက်ဆိုတာက ဉာဏ်က အကုန် မပိုင်သေးတာကို ပြောတာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဘုရားပွင့်တော်မူတယ်ဆိုတာ
အဲဒါကြောင့် ဒကာ ဒကာမတွေ ဘုရားပွင့်တော်မူတယ်ဆိုတာ သူ့ကိလေသာရန်သူစစ်တိုက်လို့ ဘုရားဖြစ် တာက တစ်မျိုး (မှန်ပါ) ဘေးကကိလေသာသမားတွေက ဝိုင်းပြီး သကာလ တစ်ခါတည်း မယုံနိုင်ပါဘူးဆိုပြီး သကာလ အကြောက်အကန် သူတို့က စစ်တိုက်နေတာက တစ်မျိုး၊ ဘေးကလဲ အကုန်စစ်တိုက် နေကြတယ်။ အဲဒီအထဲမှာ တစ်ပါးတည်း ထိုးထွင်းထွက်ခဲ့ရတာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
နောက်ဆုံးပိတ်ကျမှ တန်ခိုးပြရတာလဲ ဒါစစ်တိုက်ချင်လို့ (မှန်ပါ) မျိုးရိုးဂုဏ်နဲ့ စည်းစိမ်ဥစ္စာစသည်ပြပြီး ဟောရတာကော (ဒါပါပဲ ဘုရား) အမွဲအတေ မဟုတ်ဘူး။ ငါပဋိသန္ဓေနေတဲ့နေ့ကစပြီး ရွှေအိုးကြီး လေးလုံး ပါတယ်၊ အမွဲက ဘုရားဖြစ်လာတာ မဟုတ်ဘူး၊ ဒီအဓိပ္ပာယ် မျိုးတွေ မဟုတ်လား (မှန်ပါ) ဒါမျိုးတွေ ဟောရသေးတယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
လူမွဲ ဇာတ်အမျိုးအနွယ်နိမ့်သူ စကားဆိုရင် သူပြောတဲ့ စကားမမှန်ပါဘူးဆိုပြီး ဖြစ်ချင်ဖြစ်ဦးမှာ (မှန်ပါ) ဒါ့ကြောင့် အမွဲအတေဇာတ်နိမ့်သူ မဖြစ်အောင်ကလဲ နဂိုကတည်းက ကြည့်ရသေးတာ (မှန်ပါ)။
အဲဒီတော့ ကိုယ်တော်မြတ်ကြီးမှာ နိဗ္ဗာန်ရဖို့ရာ မခဲယဉ်းဘူး၊ ဒကာ ဒကာမတို့ တရားဟောဖို့ရာ ပါရမီဆယ်ပါး အပြားသုံးဆယ်တွေ ဆည်းပူးတော်မူရတယ်၊ နိဗ္ဗာန်ရဖို့ရာကတော့ သုမေဓာလက်ထက်က ရထားတာပဲ (မှန်ပါ) မရဘူး လား (ရနိုင်ပါတယ် ဘုရား) မထင်ရှားဘူးလားတဲ့ (ထင်ရှားပါတယ်)။
အဲဒီတော့ လက်တော်သို့ရောက်တဲ့ နိဗ္ဗာန်ကိုစွန့်ခဲ့တယ် မယူခဲ့သေးဘူးတဲ့ ဝေနေယျတို့ကိုချွတ်ပြီးမှ ယူမယ် (မှန်ပါ) ချွတ်ရင်လဲ ဂုဏ်ပြရပေလိမ့်မယ်၊ ဂုဏ်တက်ကြောင်း ဒါနသီလစတဲ့ ပါရမီတွေ အကုန်လုပ်ရဦးမယ် (မှန်ပါ) မလုပ်ရပေဘူးလား (လုပ်ရပါမယ်)။
လုပ်လို့လဲ ဒါလောက်ချွတ်လို့ရတာ (မှန်ပါ) မလုပ်လို့ ရှိရင်ဒါလောက်လွယ်ကူမှာ မဟုတ်ဘူး (မှန်ပါ)၊ ဒိဋ္ဌိတွေနဲ့များ တန်ခိုးပြိုင်ခဲ့ရတာ ကိုယ်တော်မြတ်ကြီး ပြိုင်ဘက်ရှိတယ်ဆိုလို့ ပြိုင်လိုက်ရသေးတယ် (မှန်ပါ) ပြိုင်လို့နိုင်လို့သာလျှင် ဘေးက ဪ ဟုတ်တယ် ကိုယ်တော်ကြီးက တန်ခိုးကြီးတော်မူတယ် ဆိုပြီး ညွတ်လာတာ ပေါ့ဗျာ (မှန်ပါ)။
ညွတ်လာမှလဲ တရားဟောလို့ လွယ်ကူပေတာကိုး (မှန်ပါ)၊ တစ်ခါဘုန်းတွေ၊ ကံတွေကြည့်လိုက်ပြန် တော့လဲ သူကသာတာချည့်ပဲ မနေဘူးလား (နေပါတယ်) ပြောဆိုတဲ့နေရာမှန်တာတွေကလဲ ကိုယ်တော်ကြီးက မှန် သလား တိတ္ထိတွေက မှန်သလား (ဘုရားကမှန်ပါတယ်) အဲဒီကျမှ ပြိုပြီး လိုက်လာကြတာဗျ (မှန်ပါ)။
တန်ခိုးပြနေရတာ ကြာပါတယ်
ဒါဖြင့်တရားဟောတာကြာသလား တန်ခိုးပြနေရတာ ကြာသလားလို့မေးရင် (တန်ခိုးပြနေရတာ ကြာပါတယ်) ရှင်းပြီလား (ရှင်းပါပြီ)။
တရားဟောရတာကတော့ ဖြစ်ပျက်ပြလိုက်ရင် ရှင်းနေတာဗျ၊ အဲဒါဟောနိုင်ဖို့ တန်ခိုးငွေ အခြံအရံတွေလဲ လုပ်တဲ့နေရာမှာ လုပ်နေရသေးတာ (မှန်ပါ) ခင်ဗျားတို့ ကိလေသာတန်ခိုးတွေကလဲ အလွန်ကြီးနေတော့ အဲဒီကိလေသာ တန်ခိုးနှိမ်နေရတာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘာတန်ခိုးကြီးနေကြတာတုန်း (ကိလေသာတန်ခိုးကြီးနေကြတာပါ ဘုရား) ကိလေသာတန်ခိုးတွေက ခင်ဗျားတို့ မှာကြီးနေကြတာ၊ အို ဘယ်ဘုန်းကြီးဖြင့် မနာနိုင်ပါဘူး ဟောကိလေသာ တန်ခိုးက မာနတွေ ဒေါသတွေကြီးပြီး (မှန်ပါ) ဘယ်မြို့ကတဲ့ ဘယ်ကလာဟောတယ် အိုဒါအလကားပါကွာ လုပ်ကြပြီ (မှန်ပါ) ဦးဘအုန်းရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘယ်စာအုပ်ကလေးက ဆိုတယ်ဆိုရင် အိုဒါလောက်တော့ မခက်ပါဘူးတဲ့၊ အကုန်လာနေကြတာပဲ၊ မလာဘူးလား (လာပါတယ်) ကိလေသာတန်ခိုးက ဘယ်လောက်များ တွန်းလှန်ထုတ်နေတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)။
အဲဒါတွေကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပါရမီဆယ်ပါး အပြားသုံးဆယ်ဖြည့်ရတာ တန်ခိုးတွေက အရေးကြီးပုံပေါ်ပြီလား (ပေါ်ပါပြီ)။
အဲဒီလိုအရာရာဘက်က သာလွန်နေအောင် အတုမရှိအောင် လုပ်တော်မူခဲ့တယ်၊ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။
ကိုမြရွှေ ဘယ်လိုလုပ်ယူတော်မူခဲ့ရသလဲ (အတုမရှိအောင် လုပ်တော်မူခဲ့ရပါတယ်) ဒါတောင်မှ ဘုရားတုတွေ ပေါ်လွန်းလို့ မနည်းလှပါကလား (မှန်ပါ) ဘုရားတုဂိုဏ်းကြီ ခြောက်ဦးလောင် ထင်ထင်ရှားရှား ပေါ်လာတယ်၊ အတုမရှိတဲ့ ကိုယ်တော်ကြီးတောင် ကြံဖန်တုသေးတယ် (မှန်ပါ) သူကတန်ခိုးနဲ့ပျံရင်တို့က ဝါးလုံးရှည်ရှည် ထောင်တက်မယ်ကွဆိုတဲ့ ပုဂ္ဂိုလ်စားတွေက တပုံကြီး လာသေးတယ် (မှန်ပါ)။
တရားဟောခက်တာလား၊ မာနနှိမ်ဖို့ခက်တာလား
ကဲဒါဖြင့် တရားဟောခက်တာလား ဒကာ ဒကာမတို့ မာနနှိမ်ဖို့ခက်တာလား (မာနနှိမ်ဖို့ခက်နေတာပါ) ပေါ်ပြီလား (ပေါ်ပါပြီ)။
ကဲ ဒါဖြင့် ဟောကြပါစို့ဗျာ နို့မဟုတ်ရင် ဆုံးမှာမဟုတ်တော့ပါဘူး ခင်ဗျားတို့ရှင်းနေရတာနဲ့ (မှန်ပါ)။
ယမကယူတဲ့ အဓိပ္ပါယ်ပေါ်ကြပြီလား (မှန်ပါ) ရဟန္တာသေရင် ဘာတဲ့ (ဘာမှမဖြစ်တော့ဘူး) ပြတ်သွားသတဲ့ သေသည်၏ အခြားမဲ့၌ ဘာမှမဖြစ်ဘူးတဲ့၊ ဘာဒိဋ္ဌိဖြစ်နေသတုန်း (ဥစ္ဆေဒဒိဋ္ဌိဖြစ်နေပါတယ်)။
ဘာကိုသဘောမကျလို့ ဥစ္ဆေဒဒိဋ္ဌိဖြစ်တာတုန်းဆိုလို့ရှိရင် အမှောင်ပျောက်၍ အလင်းရောက်တာကို သူသဘော မကျဘူး (မှန်ပါ) ကျသေးရဲ့လား (မကျပါဘူး)။
ဒါကဥပမာပြောတာနော်၊ အမှန်ကို အတည့်ပြောကြစို့ဆိုတော့ ဒုက္ခပျောက်၍ သုခရောက်တာကို သဘောမကျ ဘူး (မှန်ပါ)။
ဘယ်လိုဆိုကြမလဲ (ဒုက္ခပျောက်၍ သုခရောက်တာကို သဘောမကျပါဘူး)။
ဘယ်လောက်များ ဆိုးသွားတယ်ဆိုတာပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ဒီဒကာ ဒကာမတွေကော ဒုက္ခပျောက်၍ သုခရောက်မယ်ဆိုမယ်ဆိုတော့ ကြိုက်တယ်၊ မကြိုက်ပေဘူးလား (ကြိုက်ပါတယ်)
ဒါတောင်မှ သားနဲ့သမီးနဲ့ ခွဲပါဆိုတော့ (မကြိုက်ပါဘူး) ဟောပြန်ထလာတယ်၊ အရူးထလာတာ (မှန်ပါ) မထပါဘူးလား ထသလား၊ (ထပါတယ် ဘုရား)။
ဒါတွေဟာ ခင်ဗျားတို့ ချီနေရတယ် ပိုးနေရတယ် ကုန်းပြီးလုပ်ကျွေးနေရတယ်၊ ဒုက္ခတွေ၊ ဒါတွေပျောက်သွားရင် မအေးဘူးလားဆိုရင် မလုပ်ပါနဲ့၊ လာပြီကောဗျ၊ အမှောင်ပျောက်မှာကို ဘယ်နှယ့်နေကြသတုန်း (ကြောက်ပါတယ် ဘုရား) ကဲဘယ်လောက် အဟောခက်နေသတုန်း (ခက်ပါတယ်)။
ဘယ်သူကအချွတ်ခက်မှာတုန်း
ဒါဖြင့်ဒကာ ဒကာမတို့ ယမကနဲ့ ဒီဒကာ ဒကာမတွေနဲ့ ဘယ်သူကအချွတ်ခက်မှာတုန်း (ဒကာ ဒကာမတွေက ခက်မှာပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါတွေ ပြောနေရမှာကြောင့် တရားရှည်လိမ့်မယ် ပြောတာ (မှန်ပါ) ဦးခင်မောင် ရှည်ချင်ရှည်ပါတော့ လိုက်ရုံပဲရှိတော့တယ် (မှန်ပါ) ဘာဖြစ်လို့တုန်း ရှည်ပါတော့ဆိုရင် ကိုယ့်မှာ ရှင်းစရာတွေများလို့ပဲ (မှန်ပါ)။
ကဲ ဒါဖြင့် ယမကထက် ဒကာ ဒကာမတွေကို ဘယ်လိုဆိုကြမလဲ (ပိုပြီးဆိုးပါတယ် ဘုရား) ပိုဆိုးတယ်လို့ဆိုရုံပဲ ဒီလိုလဲစွဲချက်တင်ပါဦးမယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ယမကဟာ တော်ရုံတန်ရုံပဲဆိုးတာ (မှန်ပါ) ဒကာ ဒကာမတွေက ဘယ့်နှယ်တုန်း (ပိုဆိုးပါတယ် ဘုရား) မနည်းကို ဒီရောက်အောင် ပြောရပါကလား၊ နို့မဟုတ်ရင် ကိုယ့်ကိုယ်အလွန်လိမ်မာတယ်ထင်ပြီး ဒီအတိုင်းနေကြဦးမှာ (မှန်ပါ) မြို့ထဲရာထဲကြတော့ ခင်ဗျားတို့ လူလိမ်မာတွေပါပဲ၊ နေ့တိုင်းတရား နာသွားကြတယ် လူလိမ်မာတွေပဲ (မှန်ပါ)။
အခုတော့ ကိုယ့်အကြောင်းကိုယ်သိတယ်ဆိုတော့ ဪ ငါတို့ရူးသေးကပါကလားဆိုတာသိတော့ ဆေးရှာ အောင်လို့ ဒီအသံတွေပြောနေတာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ရူးတာသိတော့ဘာတဲ့ (ဆေးရှာအောင်လို့ပါ ဘုရား) နဂိုတုန်းက သွက်သွက်ခါရူးနေတာတောင် မသိတော့ ဆေးရှာသေးရဲ့လား (မရှာပါဘူး) အမှိုက်ပုံကိုသာ ယက်ပြီးစားနေတယ် (မှန်ပါ)။
အမှိုက်ပုံကိုသာ ယက်ပြီးစားနေတယ်
ဆေးမရှာတဲ့အပြင်ဘာတဲ့ (အမှိုက်ပုံသာယက်ပြီးစားနေပါတယ်) ဒါဟာခင်ဗျားတို့ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ချည့် အချိန်ကုန်ပြီး မေ့လျော့နေကြတာဟာ အမှိုက်ပုံယှက်စားနေတာပဲ ဘာထူးသတုန်း (ဘာမှမထူးပါဘူး) သဘောကျပြီလား (ကျပါပြီ)။
တို့ဟာ ဘာများရှာစားနေပါလိမ့် (အမှိုက်ပုံယှက်စားနေပါတယ်) ဟာဒါဟာ သွက်သွက်ခါနေလို့မှတ်ပါ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဪ သနားစရာကောင်းလိုက်တာလို့ ဘုရားကတော့ မဆိုပေဘူးလား (ဆိုမှာပါ ဘုရား) သို့သော် ကိုယ့်လူချင်းကြည့်လိုက်တော့ ဒီလိုပဲ ရှာစားရတာ ကျုပ်တို့ထုံးစံပဲတဲ့၊ ဒါကတော့ အရူးချင်းပြောတာကိုးဗျ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
အဲဒါ အရူးချင်းလက်ခုပ်တီးတာ တစ်ယောက်သောအရူးက ထကနေတာ ဘယ်တတ်နိုင်တော့မတုန်းဗျ၊ ဒီပွဲ အတွက် ဘယ့်နှယ်နည်းနဲ့မျှ မတတ်နိုင်တော့ဘူး လက်လျှော့ရုံရှိတော့တယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ခင်ဗျားတို့က တော်လိုက်တာ၊ တိုက်နဲ့ကားနဲ့ ရွှေနဲ့စိန်နဲ့ဟောလူတစ်ယောက်ကို မြှောက်ပေးတယ်၊ မဟုတ်ဘူး လား (မှန်ပါ) ကျုပ်တို့ကတော့ ဒီလိုမရူးရသေးဘူး၊ ဘာထူးသတုန်း ဒီလိုပြောသံနဲ့ (မထူးပါဘူး ဘုရား) သူကဖြင့် အရူးသားကြီး လှချေရဲ့၊ ကျုပ်တို့က ဒါလောက်မရူးရသေးလို့ လိုက်ရဦးမယ် ဒီအခြေအနေရောက်အောင် (မှန်ပါ) ဘာပါလိမ့်မလဲ ဒီဥစ္စာ (အရူးချက်ကြီးတာပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ကြောက်စရာကောင်းလှချေကလား ဒကာ၊ဒကာမတို့ အမှိုက်ပုံယှက်စားချင်တာခြင်း တူချင်တာကိုးဗျ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။
သူလဲအလုပ်အကိုင်ကြီး သမားကြီးဖြစ်ချင်တယ် မဟုတ်လား သူလဲစက်ပိုင်ကြီး ဖြစ်ချင်တယ်၊ ဒီလိုပဲ သူလိုရူးချင် နေကြတာပဲမဟုတ်လား (မှန်ပါ)။
အင်မတန် သနားလိမ့်မယ်
ကဲ ဒါဖြင့်ဪ သုံးဆယ့်တစ်ဘုံသားတွေအတွက် ဘုရားသခင် ကိုယ်တော်မြတ်ကြီး အင်မတန် သနားလိမ့်မယ် ဆိုတာ အရူးတွေများပြားနေတော့ ဘယ့်နှယ်နေပါ့မလဲ (သနားတော်မူမှာပါ ဘုရား)
သေတော့လဲ အပါယ်သွားတာတွေကို နှစ်လမ်းမြင်တော်မူထားတာ (မှန်ပါ) အခုရူးတာလဲမြင်တယ်၊ သေတော့လဲ ကိုးရိုးကားရားနဲ့ အပါယ်သွားတာကော (မြင်ပါတယ် ဘုရား) ဘယ့်နှယ်တုန်း ဘုရားကရုဏာတော် (ကြီးရမှာပါ ဘုရား)။
ရိုးရိုးကရုဏာလား မဟာကလေးများ တပ်ရဦးမှာလား (မဟာတပ်ရမှာပါ) ဒါကြောင့် မဟာတပ်ထားတာကို ခင်ဗျားတို့ကသိမှ မသိဘဲ (မှန်ပါ) ပစ္စုပ္ပန်ရူးတာ လဲမြင်တယ်၊ ရူးပြီး အပါယ်နစ်မွမ်းရဦးမှာလဲ မြင်တော်မူတော့ မဟာမတပ်ထိုက်ဘူးလား (တပ်ထိုက်ပါတယ် ဘုရား)
ကျုပ်တို့သူတကာကတော့ ဘယ်မှာမဟာတပ်ထိုက်မလဲ သေသွားရင် ကမ္မဿကာပေါ့ဗျာတဲ့၊ မဟာကရုဏာပါသေး သလား (မပါ-ပါဘူး) ဒါကြောင့်ကျုပ်တို့ကျတော့ မဟာမတပ်ဘူးဗျ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
မြတ်စွာဘုရားကတော့ သတ္တဝါတွေ ရူးတာကိုလဲမြင်တယ်၊ ရူးပြီးသေသွားတာကော (မြင်ပါတယ်) နောက်လဲ တက်လမ်းမမြင်တာကော (မြင်ပါတယ်) အဲဒါကြောင့် မဟာတပ်ပြီး မဟာကရုဏာတော် ဟုခေါ်ရတယ် (မှန်ပါ)၊ အင်မတန် သနားလိမ့်မယ်, အကြီးအကျယ်သနားလိမ့်မယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)။
ခင်ဗျားတို့ကတော့ ဘယ်သူသေသေတဲ့၊ ဪ သေမျိုးပဲ ဒါလောက်ပဲ ဒီ့ပြင်များ ဘာမြင်သတုန်း (မမြင်ပါဘူး)၊ သေရမှာတော့ ကြောက်ပါရဲ့၊ ကိုယ်ကျတော့ ဒါပြန်စဉ်းစားတယ် (မှန်ပါ) ဒီ့ပြင်ဘာဖြစ်သေးသတုန်း (ဘာမှမဖြစ်ပါဘူး) နက်ဖြန်ကျတော့ ရောင်းဝယ်နေတာပဲ (မှန်ပါ) ဘာထူးသေးသတုန်း မနေ့ကပြောတဲ့ အသံတွေလာသေးရဲ့လား (မလာပါဘူး)။
ကိုယ့်အရူးကကြီးပါတယ်
ကိုယ့်ဒကာ ဒကာမတို့ ယမကနဲ့ ကိုယ်နဲ့ ဘယ်သူကကြီးသတုန်း (ကိုယ့်အရူးကကြီးပါတယ်) ဟာဒါဖြင့် ဒီရှင်းပွဲ တော့လုပ်ရလိမ့်မယ်၊ မလုပ်လို့ရှိရင် ပြီးပါ့မလား (မပြီးပါဘူး)။
ကဲဒါဖြင့် ဒကာ ဒကာမတွေ အင်မတန်ဆိုးဝါးတဲ့ အဓိပ္ပါယ်ဟာ ကိုယ့်အပေါ်မှာရှိတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။
ဘာဖြစ်လို့တုန်းဆိုတော့ ကိုယ့်မှာအိုဘေး၊ နာဘေး၊ သေဘေးသင့်မှာ ဖြစ်နေပါလျက်သားနဲ့ သူများကို သနားရုံ လောက်သာ ကိစ္စပြီးနေမယ်ဆိုရင်လဲ ကိစ္စမပြီးသေးဘူးဗျ (မှန်ပါ) ကိုယ့်မှာလဲ မျက်စိမှာ တိမ်ကြီးနဲ့ဟုတ်လား၊ ကိုယ့်မျက်စိကလဲ တယ်ပြီးကုလို့ရပုံမပေါ်ဘူး၊ သူများသနားရုံလောက် လုပ်နေရင်လဲ ဒီလူဟာ မဟုတ်သေးဘူး၊ သူကုတဲ့ ဆေးကော စူးပါ့မလား (မစူးပါဘူး)။
သူ့ဟာသူပျောက်အောင်ကုပါဦး လာမှာပေါ့ဗျ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ) အဲဒီတော့ ကိုယ့်အရေးကိုယ် သနားကြပါဦး ပြောလိုက်တယ် (မှန်ပါ) သူတစ်ပါးတရားမနာတတ်တဲ့ ပုဂ္ဂိုလ်ကိုသနားလိုက် တာလို့ လုပ်ရုံလောက် လုပ်မနေကြနဲ့၊ ကိုယ့်ဟာကိုယ်လဲ အရင်ကုပစ်ကြပါ (မှန်ပါ) ကိုယ်က စုံလုံးကန်းဘဝမှ စုံလုံးမြင် ဖြစ်လာရင်တော့ သနားတော့ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ကိုင်းဒါဖြင့် ကိုယ့်ဟာကိုယ် အရင်သနားပါဦး (မှန်ပါ) ဘုရားကလဲ အတ္တာနမေဝပဋ္ဌမံ၊ ပဋိရူပေ နိဝေသယေ တဲ့၊ အတ္တာနမေဝ-မိမိကိုယ်ကိုသာလျှင်၊ ပဋ္ဌမံ-ရှေးဦးစွာ ပဋိရူပေ လျောက်ပတ်သော အကျင့်အာစာရ၌ နိဝေသယေ- ရှေးဦးစွာ အောင်မြင်အောင် သွင်းထားလိုက်ပါဦးတဲ့ (မှန်ပါ) ပြီးတော့မှ သူတစ်ပါးကို သနားပါ ရှင်းပြီလား (ရှင်းပါပြီ) နို့မဟုတ် မျက်စိကုတဲ့လူက တိမ်ကြီးနဲ့ဖြစ်နေဦးမှာပေါ့ဗျ (မှန်ပါ)။
မျက်စိကုတဲ့လူက တိမ်ကြီးနဲ့
ဘယ့်နှယ်ဆိုကြမလဲ (မျက်စိကုတဲ့လူက တိမ်ကြီးနဲ့ဖြစ်နေမှာပါ) ဘယ့်နှယ့်လုပ် ကုစားမလဲ ဟိုကကော ယုံပါ့ မလား (မယုံပါဘူး) သူသနားတာကော အစစ်ဟုတ်ကဲ့လား (မဟုတ်ပါဘူး) အဲငွေလိုချင်လို့ သူ့ဟာသူတော့ မပျောက်ဘူး၊ သူများကိုပျောက်လိမ့်မယ်လို့ ပြောဟောနေတာ သူငွေလိုချင်တာ သေချာနေတယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
လောကီတွေကလဲ လောကုတ္တရာဘက်ကျအောင် လှည့်ပြောနေရတာ မလွဲဘူးနော် (မှန်ပါ)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီအယူကိုဘေးကရဟန်းတွေကို ရဟန္တာသေရင်ဘာမှမဖြစ်တော့ဘူးဆိုတဲ့ ဥစ္စာကို သူကသူ့ဝါဒဖြန့်တော့တာကိုး (မှန်ပါ)၊ ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ်)၊
သူတော့ဖြင့် ဘုရားဟောတော် မူတာလဲ သိပါရဲ့ကလဲပါလိုက်သေးတယ် (မှန်ပါ)၊ ဘုရားဟောတော်မူတာလဲ သူသိပါတယ်ဆိုတော့ အဟောခက်နေတာ ကိုးဗျ (မှန်ပါ)။
ဘုရားဟောတော်မူတာလဲ သူသိပါတယ်တဲ့ ရဟန္တာသေရင်ပြတ်တယ်၊ ပျောက်တယ်၊ ဘာမှမဖြစ်တော့ဘူး ဆိုတဲ့ အဓိပ္ပါယ်ကိုဟောပါတယ်၊
အဲဒါကြောင့် သူလဲဒီအယူကို သဘောကျပါတယ်တဲ့ (မှန်ပါ) ဒီအယူကို သူသဘောကျတယ် ဆိုတော့ သူ့အယူဆိုတဲ့ ဥစ္စာဒကာ ဒကာမတို့ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လက်တွေ့တော့ ပြောချင်တယ် (မှန်ပါ) မပြောချင်ဘူးလား (ပြောချင်ပါတယ်)။
ပြောချင်လို့ပဲ ရဟန်းတွေ အစုအပုံအလည်မှာ ဒီဥစ္စာဘုရားဟောတော်မူတာ သူသိပါတယ်၊ ရဟန္တာသေရင် ပျောက်တာပျက်တာပဲ ဘာမှမဖြစ်တော့ဘူး၊ ဘာမှမဖြစ်တော့ဘူး၊ တပည့်တော်ဖြင့် ဒါပဲသဘောကျနေတယ်ဆိုတော့ တော်သေးတာပေါ့ဗျာ ခင်ဗျားတို့ ဝေလေလေနေတဲ့အထဲများသွားပြောရင် ဘယ့်နှယ်နေကြမတုန်း (ပါသွားမှာပေါ့ ဘုရား) ဘယ်သူမှ ကန့်ကွက်မည့်သူလာမှာ မဟုတ်ဘူး၊ ဒီလိုဖြင့် ကျုပ်တို့မလိုချင်ဘူးချည့် လာမှာပဲ (မှန်ပါ) မလာပေ ဘူးလား (လာပါတယ်)။
ဘုရားက ဒီလိုမဟောပါဘူး
ဟိုမှာတော့ အရိယာတွေကလဲရှိ ဘုရားလက်ထက်မို့ဟာယမက ဘုရားက ဒီလိုမဟောပါဘူး၊ ငါ့ရှင်ယူတဲ့အယူလဲ မဟုတ်ပါဘူးကွ၊ ငါ့ရှင်သည်ကားလို့ဆိုရင် ဘုရားလဲမစွပ်စွဲပါနဲ့တဲ့ (မှန်ပါ) ဘုရားကလဲ ဒီလိုမဟောပါဘူး။
အဲဒီလို မဟောပါဘူး ပြောတာကိုပင်လျှင် သူ့စိတ်ထဲမှာ မကျေနပ်သေးဘူး၊ သူကဟောတယ် ယူထားတာကိုး (မှန်ပါ)၊ ဒါနဲ့ ရဟန်းတွေက အကုန်ဝိုင်းပြီး ဆုံးမကြပေါ့ဗျာ အမျိုးမျိုး အဖုံဖုံ ဆုံးမကြတယ်၊ ဘုရားမဟောဘူး ဘုရားကို မစွပ်စွဲနဲ့၊ ဒီဥစ္စာ မဟုတ်ဘူး ကိုယ်တော့်အယူ၊
ဘယ်မှာရဟန္တာသေရင် ပြတ်သွားတယ်ဆိုတဲ့ဥစ္စာ ဟုတ်မှမဟုတ်ဘဲ ဟောလဲ မဟောဘဲနဲ့ ကိုယ်တော်ကလိုက်ပြီး ဝါဒဖြန့်နေလို့၊ ကိုယ်တော့်အမှားကို သူခိုးသေဖော်မညှိပါနဲ့ အဓိပ္ပါယ်မျိုး ပေါ့ဗျာ လောကီလိုတော့ (မှန်ပါ)။
အဲဒီလို ပြောကြဆိုကြတော့ မရဘူးဗျ၊ ဇွတ်ခံနေတယ် (မှန်ပါ) ကဲ ဘယ်လောက်ကြပ်သွားသတုန်း ဇွတ်ခံနေတယ် (မှန်ပါ)။
ဒါနဲ့ ရဟန်းတွေက ဒီပုဂ္ဂိုလ်တော့ မဖြစ်ဘူး သနားစရာကောင်းလှတယ် သူတော့ ကယ်တင်မှပဲဆိုတဲ့ သဘောနဲ့ တရားစစ်သူကြီးဖြစ်တဲ့ ရှင်သာရိပုတ္တရာထံသွားပြီး တိုင်ကြားလျှောက်ထားမှပဲဆိုပြီး သကာလ ရှင်သာရိပုတ္တရာဆီ ရဟန်းတွေက သွားကြတယ် (မှန်ပါ)။
အရှင်ဘုရား ယမကဆိုတဲ့ ရဟန်းတော့ဖြင့် ဒီအယူတော်တော်စူးနေပြီ၊ ဘုရားဟောတော်မူတာ သူသိပါတယ်တဲ့၊ ရဟန္တာသေလို့ရှိရင်ဖြင့် ပြတ်တာပဲ ဘာမှမဖြစ်တော့ဘူးလို့ ယူနေတယ်၊ အဲဒါ အရှင်ဘုရား သနားသဖြင့် ဒီယမကကိုဖြင့် ကယ်တင်ဦးမှပဲ၊ ဒီအတိုင်း ဆိုလို့ရှိရင်ဖြင့် သူ့မှာခက်နေပြီ။
မဂ်မရသေးရင် အဝီစိနဲ့ မိတ်ဆွေမပြတ်သေးဘူး
မဂ်မရသေးရင် ဒီအသံထွက်တတ်ကြတယ်၊ ဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ မဂ်မရသေးရင် အဝီစိနဲ့ မိတ်ဆွေမပြတ်သေးဘူးဆိုတာ မနေ့ကလဲ ဟောခဲ့တယ်၊ ယုံပြီလား (ယုံပါပြီ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့လဲ ဘယ်လိုပဲ လုပ်ကိုင်နေငြားသော်လဲ ခုနင်က မူလဘူတပြောခဲ့ တဲ့ နှစ်ချက်ကို လက်မလွှတ်လိုက်နဲ့၊
ရုပ်နာမ်ဖြစ်ပျက်ကိုမြင်မှု တစ်ချက်ကို လက်မလွတ်နဲ့၊ ရုပ်နာမ်ဖြစ်ပျက်ကို မြင်မှု တစ်ချက်ကို လက်မလွှတ်နဲ့၊ ရုပ်နာမ်အဆုံးကိုမြင်မှု တစ်ချက်ကို လက်မလွှတ်နဲ့ (မှန်ပါ) ဒီနှစ်ခု လက်လွှတ်လိုက်လို့ရှိရင် တော့ ခင်ဗျားတို့သည် အဝီစိနဲ့ ဘယ်အခါကာလမှ အိုးစားကွဲတယ်လို့ မဆိုရတော့ဘူး၊ မိတ်ဆွေဖြစ်နေကြဦးမှာပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
အခုဘာလုပ်လာကြတာတုန်း လူ့ပြည်ဆိုတော့ အလည်လာတာပဲ (မှန်ပါ) ဘယ်လောက်ကြာမှာတုန်း ဆိုတော့ ခဲမြှောက်ပစ်လိုက်ရင် ခဲအပေါ်ရပ်သလောက်ပဲတဲ့ (မှန်ပါ) ခင်ဗျားတို့ လက်ကလေးနဲ့ မြှောက်လိုက်ပါ ခဲတစ်လုံးကို ခဲအပေါ်ရပ်တာ ဘယ်လောက်ကြာမတုန်း (မကြာပါဘူး ဘုရား) ဘာလုပ်ဖို့ရပ်တာတုန်း ကျမလို့ရပ်တာ (မှန်ပါ) အပေါ်ရပ်ရောက်ကလေးမရှိဘူးလား (ရှိပါတယ်) အဲဒါဘာလုပ်မလို့လဲ (ကျမလို့ပါ)။
အဲ ခင်ဗျားတို့လဲ ဒီလာနေတာက ဘယ်လိုထင်ကြသတုန်း (ကျမလို့ပါ ဘုရား) ကျမလို့ဗျ၊ အခုခဏလေး မြှောက်လို့ အရှိန်ကလေးရပ်နေတာ (မှန်ပါ) နောက်ဘယ်ကျမတုန်း (အောက်ပြန်ကျပါမယ် ဘုရား)။
နောက်မဆင်းရအောင် အရအမိဆွဲတာ
ဒါ့ကြောင့် ရပ်တဲ့အချိန်ကလေးမှာ ဘုန်းကြီးတို့က နောက်မဆင်းရအောင်ဆိုပြီး အရအမိဆွဲတာပဲ (မှန်ပါ) ဦးဘအုန်း ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အရအမိဆွဲနေတယ်ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ) အဲ အရအမိဆွဲတဲ့အထဲက ခင်ဗျားတို့က ပဲ မဆွဲပါနဲ့ ကိုယ်တော် လောကွတ်မချော်ပါနဲ့ဆိုရင်လဲ ဘယ်မှာတတ်နိုင်ပါ့မတုန်း (မှန်ပါ၊ မတတ်နိုင်ပါဘူး ဘုရား)၊ အရအမိဆွဲတဲ့အထဲက မဆွဲပါနဲ့ဆိုရင်တော့ ခင်ဗျားတို့နဲ့ ဆိုးဝါးတာရှာလို့ တွေ့ပါဦးမလား (မတွေ့ပါဘူး ဘုရား) သဘောပါပြီလား (ပါပါပြီ)။
ဒီအထဲကပဲ ဒကာ ဒကာမတွေက အင်း တရားကတော့ ကောင်းပါရဲ့ အင်မတန်လဲ သဘောကျပါရဲ့၊ ကိုယ်က ရက်ရှည်က မနိုင်ဘူး၊ အားကမထုတ်ဘူး၊ အဲဒါခက်နေတာတဲ့၊ အဲဒါခက်နေတာဆိုတာ ပြန်ချင်လှပြီပြော နေတာပေါ့ (မှန်ပါ) ဘယ်ပြန်မတုန်း (အောက်အပါယ်ပြန်မလို့ပြောတာပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ရှင်းကြလို့ရှိရင်ဖြင့် ဒီဥစ္စာ နိုးနိုးကြားကြားနဲ့ မှတ်ပြီး သကာလ ကြိုးကြိုးစားစားလုပ်ပါ၊ နို့မဟုတ်လို့ရှိရင် မရဘူး (မှန်ပါ) ဒါခင်ဗျားတို့ စိတ်ဓါတ်ကို ဆွဲတယ်ထင်သလား ဖြစ်စဉ်ကိုက်ပြောသလား (ဖြစ်စဉ်ကိုက်ပြောတာပါ) စိတ်ဓါတ်ဆွဲတာမထင်ပါနဲ့ ခင်ဗျားတို့ဖြစ်စဉ်က ကိုက်နေလို့ပြောရတာ (မှန်ပါ)။
ဒါနဲ့ ဒကာ ဒကာမတို့ ရှင်သာရိပုတ္တရာကို ဘေးကရဟန်းသွားပြီးယမက ယူပုံလျှောက်ထားကြတာပေါ့ (မှန်ပါ) ယမကဟာဒီလိုယူလိုက်တော့ နိဗ္ဗာန်ကို တကယ်သဘောကျ၊ တကယ်သိသေးရဲ့လား (မသိပါဘူး)။
မသိတော့ နိဗ္ဗာန်ကိုမရှိ ဘူးလို့ ယူလိုက်တာပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဘာပါလိမ့် (နိဗ္ဗာန်ကို ဘာမှမရှိဘူးယူတဲ့အယူပါပဲ) ကဲ ဘယ်လောက်ဆိုးတဲ့အယူတုန်း (မှန်ပါဆိုးပါတယ် ဘုရား) ဒိဋ္ဌိအယူဗျ နိဗ္ဗာန်မရှိဘူးလို့ ယူလိုက်တာက ဘာနဲ့ယူလိုက်တာတုန်း (ဒိဋ္ဌိနဲ့ယူတာပါ)။
**(၁) ရဟန္တာသေပြီးလျှင် ဘာမှမဖြစ်တော့ဘူး၊ ပြတ်သွားတာပဲဟု ယူလိုက်ခြင်းသည် ရဟန္တာဟူသော သမုတိပညတ် အားဖြင့် ပုဂ္ဂိုလ်အတ္တ စွဲကိုင်ထားသည်။ ပုဂ္ဂိုလ်သေ၍ ပုဂ္ဂိုလ်ပြတ်သည်ဟုယူသည်။ ပုဂ္ဂိုလ်စွဲကိုင်ကတည်းက ဗုဒ္ဓ သာသနာတော်၏ ကျက်စားသက်ဝင်ရာ မဟုတ်တော့ချေ။ ထို့ပြင် ပုဂ္ဂိုလ်သတ္တဝါဟူ သောသက္ကာယဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်နေသည်။ ဘာမှမဖြစ်တော့ဘူးဟူသော အယူဖြင့် သန္တိသုခ သဘောကြီးကိုလည်း လက်ခံရာ မရောက်တော့ပေ။
**(၂) ပုဂ္ဂိုလ်သတ္တဝါမဟုတ် သင်္ခါရတွေသာဖြစ်ပေါ်နေကြသည်။ သင်္ခါရဆိုလျှင် ဒုက္ခသစ္စာပင်ဖြစ်၏။ ရဟန္တာသေ လျှင် ဒုက္ခသစ္စာတွေချုပ်ငြိမ်းသွား၍ ဒုက္ခသစ္စာတွေ ဖြစ်ပေါ်မလာခြင်းဖြစ်သည်ဟု ယူဆလျှင် သာသနာတော်၏ သက်ဝင်ကျက်စားရာ အယူအဆ စကားလုံးဖြစ်၏။
ဒိဋ္ဌိရှိနေရင် နိဗ္ဗာန်
အဲ ဒိဋ္ဌိရှိနေရင် နိဗ္ဗာန် မမြင်နိုင်တော့ဘူးဆိုတာ မှတ်လိုက်ရုံပဲ (မှန်ပါ)။
အဲဒီတော့ ဒိဋ္ဌိသတ်ပေးမှာပဲ ဒီနေ့တရားမှာ ဒိဋ္ဌိသတ်ပေးရင် နိဗ္ဗာန်မြင်တော့မှာပဲ (မှန်ပါ) မြင်လို့ရှိရင်ဖြင့် မျက်စိနှစ်ကွင်း အလင်းရတာပဲ (မှန်ပါ) နို့မဟုတ်ရင် တိမ်သလား ဖုံးတယ်သာမှတ်ပေတော့ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဒါနဲ့ ရှင်သာရိပုတ္တရာက ညနေကျတော့ ကိုယ်တော်တိုင် ယမကဆီကို ကြွသွားတော်မူတယ် (မှန်ပါ) ကဲ ဦးခင်မောင် ခင်ဗျားတို့လိုဖြင့် ဘယ့်နှယ်နေမတုန်း သူ့ကံနဲ့သူပေါ့ကွာ ဘယ်တတ်နိုင်ပါဦးမလဲ ဒီအတိုင်းမလာကြပေဘူး လား (မှန်ပါ ဘုရား)။
ဦးဘတင် တို့ ခပ်တိုတိုဆိုရင် ဘယ့်နှယ်နေပါ့မလဲ သူ့ဖာသာသူ ဖြစ်ချင် သလိုဖြစ်နေပါစေကွာ တို့ဂရိုက်မစိုက်ဘူး ဒီအတိုင်းမနေကြပေ ဘူးလား (နေမှာပါ ဘုရား)။
ဦးဘတင် ယမကရဲ့ ယူဆပုံက ပုဂ္ဂိုလ်စွဲနေတာကိုးဗျ ဓမ္မရဲ့ဖြစ်ပျက်မှုကို မယူဘဲကိုး၊ ဒါကလေး မှတ်စမ်းပါ (မှန်ပါ) သူက ပုဂ္ဂိုလ်စွဲနေတယ်၊ ဓမ္မကိုမသိဘူး (မှန်ပါ)။
မှတ်မိကြပြီလား (မှန်ပါ) ဘယ်လိုပါလိမ့် (ပုဂ္ဂိုလ်စွဲနေတယ်၊ ဓမ္မမသိဘူး) ဒါကြောင့်ဖောက်ပြန်တာ (မှန်ပါ)။
ရဟန္တာပုဂ္ဂိုလ် သေတယ်ဆိုပြီး ပုဂ္ဂိုလ်စွဲနေတယ်
သူက ရဟန္တာပုဂ္ဂိုလ် သေတယ်ဆိုပြီး ပုဂ္ဂိုလ်စွဲနေတယ် (မှန်ပါ) ရဟန္တာပုဂ္ဂိုလ်ဆိုတာက အခေါ်ပဲ သမုတိသစ္စာပဲ ဓမ္မကတော့ဖြင့် ခန္ဓာငါးပါးပဲ ရယ်လို့ ဒါကိုခွဲခြမ်းပြီးမသိဘူး (မှန်ပါ) သဘောကျပြီလား။
ရဟန္တာဆိုတာက (သမုတိသစ္စာပါ) ပုဂ္ဂိုလ်ကိုစွဲခေါ်တာ၊ သမုတိသစ္စာ၊ သမုတ်ထားတဲ့သစ္စာ၊ ရှင်းပြီလား (မှန်ပါ)။
ဒါဖြင့် သူဟာ ဘာမသိတာပါလိမ့် (ဓမ္မကိုမသိတာပါ) ဓမ္မကဘာပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား) အဲ ခန္ဓာငါးပါး ပဲတမျိုးခေါ်ရင်တော့ ရုပ်နဲ့နာမ်ပဲရှိတယ်၊ အဲဒီခန္ဓာငါးပါးဆိုတဲ့ ရုပ်နာမ်ကို သူမသိဘူး၊ ခန္ဓာမသိဘူးဆိုတော့ အာယတန တွေဓါတ်တွေလဲ အတူတူပေါ့ဗျာ မသိတာပါပဲ (မှန်ပါ) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ တရားကို ခွဲခြမ်းဝေဖန် သိရမည့်ဥစ္စာခွဲခြမ်းဝေဖန်မသိမှု၏အပြစ်ပဲ (မှန်ပါ) သမုတိသစ္စာနဲ့ ပရမတ္တသစ္စာက၊ သုမတိသစ္စာက ပုဂ္ဂိုလ်သတ္တဝါ၊ ပရမတ္တသစ္စာ ခန္ဓာငါးပါးရှင်းပြီလား (ရှင်းပါပြီ) အဲဒါ ဝေဖန်မသိမှုကြောင့် သူ့ခဗျာမှာ သမုတိသစ္စာအခေါ်ပဲ တကယ်ဉာဏ်ထဲက ယူထားတဲ့အတွက် သူ့မှာ ဒိဋ္ဌိဖြစ်ရှာ တယ် (မှန်ပါ) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။
သူဒိဋ္ဌိဖြစ်တာ ဘာပါလိမ့် (သမုတိသစ္စာကို သမုတိ သစ္စာမှန်းမသိလို့ပါ ဘုရား) မသိလို့ကို ဒိဋ္ဌိဖြစ်ရတယ် (မှန်ပါ) ဘယ်လောက်များနှစ်နာသွားတယ်ဆိုတာ ဒကာ ဒကာမတို့ပေါ်ပြီလား (ပေါ်ပါပြီ)။
အခု ဒကာ ဒကာမတွေကို သမုတိသစ္စာနဲ့ ပရမတ္တသစ္စာခွဲပြလိုက်ပြီ (မှန်ပါ) ယောက်ကျာ်းတွေ မိန်းမတွေ ဆိုတာ ဘာသစ္စာတုန်း (သမုတိသစ္စာပါ) ခန္ဓာငါးပါးက (ပရမတ္ထသစ္စာပါ)။
သမုတိသစ္စာနဲ့ ပရမတ္တသစ္စာ
အဲ ပရမတ်နယ်ကတော့ သစ္စာပဲ မှန်တယ် (မှန်ပါ) ဟိုကလဲ သမုတိကလဲ သစ္စာပါတော့ သမုတ်ထားတာတော့ မှန်တယ်၊ အမှန်တစ်မျိုးပဲ (မှန်ပါ) ဟိုဘက်ကလဲ အမှန်တစ်မျိုး ဒီဘက်ကလဲ အမှန်တစ်မျိုး (မှန်ပါ) ဟိုက မရှိပဲနဲ့ သမုတ်ထားတဲ့ အခေါ်အဝေါ်အားဖြင့် အမှန်၊ ဒါက ရှိပြီးမှန်တာ (မှန်ပါ) ဒါကို ဝေဖန်မှတ်လိုက်ပါ (မှန်ပါ) မရှိမှန်နဲ့ ရှိမှန် နော်၊ သဘောကျပြီလား (ကျပါပြီ)။
သမုတိသစ္စာက (မရှိမှန်ပါ) မရှိပဲနဲ့မှန်တယ် (မှန်ပါ) အထည်ကောင်ဒြပ် ပုဂ္ဂိုလ် သတ္တဝါဆိုတာ သေသေချာချာ တော့ မရှိဘူးမှန်တော့မှန်တယ် သူ့ဟာက (မှန်ပါ)။
ပရမတ္ထသစ္စာကတော့ (ရှိပြီးမှန်တာပါ) အဲဒါကိုလဲ ခွဲထားရသေးတယ် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဒီနှစ်လုံးမှတ်မိရင်ပဲ သေပျော်သေးတယ် (မှန်ပါ)။
သမုတိသစ္စာက (မရှိ-မှန်ပါ) ပရမတ္ထ သစ္စာက (ရှိပြီးတော့မှန်ပါတယ်) ရှိမှန်တဲ့သူကတော့ ရူပက္ခန္ဓာဖြင့် ရူပက္ခန္ဓာ ပထဝီဓာတ်စသည် စမ်းမိရင် တကယ်ရှိတယ် ကိုင်လို့တွယ်လို့ရတယ်၊ ခင်ဗျားတို့ကို ခင်ဗျားတို့ အခုစမ်းကြည့်ပါလား၊ ပူတယ်၊ မာတယ်ဆိုတာ တွေမှာပဲ၊ နွေးတယ်၊ မာတယ်ဆိုတာကော (တွေ့ပါတယ်) လှုပ်တယ်၊ ရှားတယ်ဆိုတာကော (ရှိပါတယ်)။
ဒီနေရာကနေပြီး နှိပ်ကြည့်တဲ့အခါ ကျတော့ ဝမ်းထဲက လေရှိတယ်ဆိုတာတော့ လေလဲခင်ဗျားတို့သိတာပဲ (မှန်ပါ) အဲ ပရမတ္ထသစ္စာကတော့ရှိပြီး မှန်တယ် (မှန်ပါ) သမုတိသစ္စာကတော့ မရှိဘဲနဲ့ အခေါ်ပဲ၊ အခေါ်သာမှန်တယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ) ဒါဖြင့် အမှန်နှစ်ချက် ခွဲခြားသိပြီးလား (သိပါပြီ ဘုရား)။
အဲ ဒါကလေးကို ခွဲထားရမယ်၊ ဒါမခွဲရင် ဒိဋ္ဌိဘက်ကူးဦးမယ် (မှန်ပါ) မကူးပေဘူးလား (ကူးပါတယ်) ဦးဘတင် ဘယ်လောက်အရေးကြီးသတုန်း (ကြီးပါတယ် ဘုရား)။
သမုတိသစ္စာကဘာတဲ့ (မရှိဘဲမှန်ပါတယ်) ပရမတ္ထသစ္စာက (ရှိပြီးမှန်ပါတယ်) အဲ ရှိပြီး သကာလ မှန်တယ် (မှန်ပါ) မှန်တော့ မှန်တာချည့်ပဲနော် (မှန်ပါ)။
သစ္စာနှစ်ပါးဟောခဲ့ပါတယ်
ဒါအကြောင့် ဒုဝေ သစ္စာနိ အက္ခာသိဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီဟာ သစ္စာနှစ်ပါးဟောခဲ့ပါတယ်တဲ့ (မှန်ပါ) ဒါက ဟိုသစ္စာလေးပါးနဲ့ သွားမရောနဲ့ဦး ဒီနှစ်ပါးကတခြား (မှန်ပါ) အံမလေး မနည်းထိန်းရ ပါကလား ဦးခင်မောင် အလှုပ်မခံဘူးနော် ခင်ဗျားတို့က (မှန်ပါ) အလှုပ်မခံဘူး ထိန်းနိုင်မှ တန်ကာရှိတယ် (မှန်ပါ)။
ခလေးကလေးပဲတဲ့ နည်းနည်းမတိုက်မိနဲ့ ထိုးပြီးလဲလိုက်မယ်ဆိုတဲ့ဟာမျိုးက အင်မတန်ပါတယ် ခင်ဗျားတို့မှာ (မှန်ပါ) ခလေးကလေးများလမ်းသွားနေတဲ့အခါ နည်းနည်းကလေးအတိုက်ခံရဲ့လား (မခံပါဘူး) တစ်ခါတည်း ထိုးလဲ လိုက်တာပဲ အဲဒီတော့ အမြဲထိန်းထားရတယ်၊ လက်ကလေးတစ်ချောင်း ဆွဲထားရတယ်၊ ဒီထဲကတောင် ခွေပြီးလဲချင်သေး တယ်၊ မခက်သေးဘူးလား (ခက်ပါတယ် ဘုရား) အဲဒါခင်ဗျားတို့ဖြစ်ထွေ ပေါ်ပြီလား (ပေါ်ပါပြီ)။
လက်ကလေးဆွဲသွားတာတောင် ဘာတုန်း (လဲချင်ပါသေးတယ် ဘုရား) ဆွဲလျက်တောင်မှ ခွေလဲရင်ဖြင့် ဒီအတိုင်း လွှတ်ထားရင်ဖြင့် ငါးပါးမှောက်ပြီ (မှန်ပါ) မမှောက်သေးဘူးလား (မှောက်ပါပြီ)။
ဦးခင်မောင်တို့ခလေးဖြစ်ပြန်လို့များ အောက်မေ့ မနေနဲ့နော်(မှန်ပါ)။
ကိုင်း ဒါဖြင့် သမုတိသစ္စာက ဒကာ ဒကာမတို့မရှိဘဲနဲ့မှန်တယ်ဆိုတာ အမိလို့ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ဥပမာမယ်ဒီဘက်က အမိရှိကြသလားလို့ မေးလို့ရှိရင် အမိ မသေသေးတဲ့ ပုဂ္ဂိုလ်များက ရှိပါတယ်ဘုရား (မှန်ပါ) ဘယ်သူ့အမိတုန်း တပည့်တော် အမိပေါ့ တပည့်တော်အမေပေါ့၊ ရှိနေတာပဲ (မှန်ပါ) တကယ် အမိလားလို့ သွားစမ်းတဲ့အခါကျတော့ ဓါတ်လေးပါးတွေ့မယ်၊ အမိတော့မတွေ့ဘူး (မှန်ပါ) တွေ့သေးရဲ့လား (မတွေ့ပါဘူး)။
မရှိပေမယ့် သူကမှန်နေတယ်
သို့သော်လဲ မတွေ့လို့သူ့ကိုသွားပြီး သကာလ ကာယကံ၊ ဝစီကံ၊ မနောကံပြစ်မှားရင် အမိပြစ်မှားတဲ့ကံတွေ လာမယ်၊ မာတုဃာတကကံထိအောင်တောင် လာနိုင်တယ်၊ မရှိပေမယ့် သူကမှန်နေတယ် (မှန်ပါ) ဒါကြောင့် ကံထိုက်တာပေါ့ (မှန်ပါ)။
သူက မရှိမှန်နော်၊ သွားပြီးပြစ်မှားတော့ ကံမထိုက်ဘူးလား (ထိုက်ပါတယ်) ဒါဖြင့် မှန်လို့ပေါ့ဗျ (မှန်ပါ) ရှိတောတော့ မရှိဘူးလေ၊ မှန်တော့မမှန်ဘူးလား (မှန်ပါတယ်) အဲဒီလိုစွဲမှတ်ရတယ်၊ သဘောကျပါလား (ကျပါပြီ)။
ရှိမှန်ကတော့ အထူးဖြေစရာမလိုပါဘူး၊ သွားစမ်းကြည့်တော့လဲရှိတယ်၊ ဒီဥစ္စာသည် ဒုက္ခသစ္စာဟုတ်ရဲ့လား ဆိုတော့လည်း (ဟုတ်ပါတယ် ဘုရား) သူကရှိမှန်ပေါ့ဗျာ (မှန်ပါ) ဟိုဟာကမရှိဘဲနဲ့မှန်တယ် (မှန်တယ်)။
ဒါဖြင့် သမုတိသစ္စာကိုလဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောခဲ့တာပဲ၊ ပရမတ္ထသစ္စာကိုကော (ဟောခဲ့ပါတယ်) ဟောခဲ့တာချည့်ပဲ၊ ဘယ်ဟာမှားတယ်လို့သွားပြီး မဆိုလိုက်ကြပါနဲ့ (မှန်ပါ)။ နို့မဟုတ်ရင် ပရမတ် ဖောက်ထွက်သွားမယ် ခင်ဗျားတို့ ဆရာကောင်းသမားကောင်းနဲ့ မတွေ့ရင် ဖောက်ထွက်သွားမယ် (မှန်ပါ)။
ငါးပါးမမှောက်ပေဘူးလား
ဟာ အမေ မရှိဘူးတဲ့၊ မရှိရင် အမေကိုပြစ်မှားကြည့်စမ်းပါကလား၊ ငါးပါးမှောက်ချေရဲ့ (မှန်ပါ) မရှိဘူးလို့ဆိုပြီး ပြစ်မှားကြည့်စမ်းပါ့လား ငါးပါးမမှောက်ပေဘူးလား (မှောက်ပါတယ် ဘုရား) အဖေမရှိဘူးလား၊ ငါးပါးမှောက်မှာပဲ (မှန်ပါ) ရှိတယ် သူ့နေရာနဲ့သူ သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် သမုတိသစ္စာက ဘာမှန်တာတဲ့ (မရှိမှန်ပါ ဘုရား) ပရမတ္ထသစ္စာက (ရှိမှန်ပါ ဘုရား)။
အဲဒါကလေးကိုလဲ ရေရေလည်လည်မှတ်ထားလိုက်ရသေးတယ် (မှန်ပါ) နို့မဟုတ်ရင် သူကလဲ ဒိဋ္ဌိဘက်သွား မယ်နော် (မှန်ပါ)။
ကိုင်း ဒကာ ဒကာမတို့ ရဟန္တာရယ်လို့ ဒကာ ဒကာမတို့ရှိရဲ့လား (ပရမတ္ထအားဖြင့် မရှိပါ ဘုရား) ပုဂ္ဂိုလ်သတ္တဝါ စွဲအားဖြင့်မရှိဘူး (မှန်ပါ) ဒါဖြင့် ရဟန္တာရယ်လို့ သေစရာကောရှိရဲ့လား (မရှိပါဘူး) ယမကယူထားတာက ရဟန္တာ သေတယ် ယူထားတာ (မှန်ပါ)။
ရဟန္တာလဲမရှိဘူး၊ ပြီးတော့ သေတယ်လဲယူလိုက်သေးတယ်၊ သေပြီးတော့လဲ ဘာမှမဖြစ်တော့ဘူးတဲ့ ဘယ်နှစ်ချက် လွဲသတုန်း (နှစ်ချက်လွဲပါတယ်) ပုဂ္ဂိုလ်သတ္တဝါယူတာရယ် သေပြီး ဘာမှမဖြစ်ဘူး ယူတာရယ် (မှန်ပါ)။
ပရမတ္ထသစ္စာက လွဲသွားတော့ ရဟန္တာသေရင်ဘာမှမဖြစ်တော့ဘူးဆိုတော့ နဂိုက အမှားပေါ် အမှားထပ်နေ တယ် (မှန်ပါ)။
ဘယ်လိုဆိုကြမလဲ (အမှားပေါ် အမှားထပ်နေပါတယ်) အမှား အမှားချင်းထပ်နေတယ်၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ သူ့အတွက်ဟာက ဒါမပြေပျောက်လို့ရှိရင် ဦးခင်မောင် ငါးပါးမှောက်မယ် (မှန်ပါ) ခင်ဗျားတို့လဲ ရှင်းပေမည့် သူမရှိရင်တော့ (ငါးပါးမှောက်မှာပါပဲ)၊ ဒုက္ခရောက်မယ်၊ တချို့ပရမတ် ဖော်တယ် ဆိုတာက အမေမရှိ ပါဘူးကွာ ရုပ်နာမ်အတူတူချည့်ပါပဲ ရုပ်နာမ်ချင်းအတူတူမို့ မိဘဝတ်တွေပြုစရာမလိုဘူးပေါ့လေ (မှန်ပါ) ဒီတော့ ဒီသစ္စာနှစ်ပါး သူကွဲသေးရဲ့လား (မကွဲပါဘူး)။
ဒီသစ္စာနှစ်ပါး သူကွဲသေးရဲ့လား
ကျုပ်တို့က အမေရယ်လို့မထားတော့ပါဘူး၊ အဖေရယ်လို့မထားတော့ပါဘူးတဲ့၊ ရုပ်နာမ်အတူတူချည်းပဲတဲ့၊ ဒီလိုဆိုတော့ ဘုရားတောင်မှပဲ ဘုရားလို့ထားတော့မှ မဟုတ်ပါဘူး၊ ထားဦးမလား (မထားပါဘူး) ဘုရားရယ်လို့ မထားရင်သွားပြီ သူ့ဟာ ကျော်လွန်ပြေးသွားပြီ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ နှစ်ခုစလုံးနာလည်ရမယ် (မှန်ပါ) ဘယ်ဟာ ဘယ်ဟာပါလိမ့် (သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာပါ ဘုရား) သမုတိသစ္စာလဲ နားလည်ရမယ် ပရမတ္ထသစ္စာကိုကော (နားလည်ရပါမည် ဘုရား) နားမလည်လို့ ရှိရင် ဖောက်မှာချည့်ပဲ၊ ကျော်လွန်တတ်တယ် (မှန်ပါ) ပရမတ္ထသစ္စာ နားမလည်လဲ ဒိဋ္ဌိဘက်သွားမယ် (မှန်ပါ) ဒိဋ္ဌိ ဘက်သွားရင် ဒိဋ္ဌိဆိုတာ အမှားရှင်းပြီလား (ရှင်းပါပြီ) ဒါဖြင့် အမှားဟူသ၍ဟာ နိဗ္ဗာန်မရောက်နိုင်၊ သဘောကျပြီလား (ကျပါပြီ)။
ဦးခင်မောင်ရေ နာရီကတော့ စေ့တေ့တေ့ဖြစ်နေပြီ (မှန်ပါ) ဘယ့်နှယ် ဒီတရားဆုံးပုံရသေးရဲ့လား ဒကာ ဒကာမတို့မဆုံးပါဘူး မဆုံးတာက ဘယ်သူအတွက်ကြောင့်ပါလိမ့် (တပည့်တော်တို့အတွက်ကြောင့်ပါ)။
ကဲ တပည့်တော်တို့အတွက် ပြန်ရုံရှိတော့တာပေါ့ ဦးခင်မောင်။
ကဲ သာဓုအနုမောဒနာ ခေါ်ပြီး ပြန်ကြပေါ့ဗျာ။
သာဓု…သာဓု…သာဓု
မှတ်ရန် ။ ။
သမုတိသစ္စာလည်း အခေါ်အဝေါ်အားဖြင့်မှန်၏ ပရမတ္ထသစ္စာသည်လည်း သဘာဝအားဖြင့် မှန်၏၊ တစ်ခုနှင့်တစ်ခု စည်းကမ်းဘောင်အတွင်း မှန်အောင်မယူတတ်လျှင် အမှားဘက်သို့ ဝင်သွားတတ်၏။
မိဘခေါ်ထားသော သမုတိသစ္စာကို ရုပ်နာမ်ပရမတ်တွေပဲဟု အတ္တပျောက်မှုလောက်မယူဘဲ ရုပ်နာမ်ချင်း အတူတူ မိဘကိုကောင်းသောအမှု၊ မကောင်းသောအမှုတွေပြုလုပ်ငြားသော်လည်း အကျိုးမရ၊ ရုပ်နာမ်ချင်းတူတူမို့ သားသမီးဝတ်တွေ ပြုစရာမလိုဟု ပရမတ်ကို ယူသင့်သည်ထက် ကျော်လွန် ယူချေပါက ဒသဝတ္ထုက ဒိဋ္ဌိသက်ဝင်ပြီး ဥစ္ဆေဒဒိဋ္ဌိသို့ ပြေးဝင်၏။
ရုပ်နာမ်ပရမတ်ကို မိဘအကောင်အထည်ကြီး ကိုယ်ကြီးအမှန်ပင်ဖြစ်သည်ဟု အတ္တစွဲယူပါကလဲ သမုတိအတ္တ စွဲမပျောက်ဘဲ ဝီသကိဝတ္ထုက ဒိဋ္ဌိသက်ဝင်ပြီး သက္ကာယဒိဋ္ဌိဖြစ်ပြန်၏။
(မိုးကုတ်အဖွဲ့ချုပ်ထုတ်စာအုပ်၌ ပါရှိသည့်အတိုင်းဖြစ်ပါသည်။)