မဇ္ဈိမပဋိပဒါလမ်းကြောင်းမှကြွသွားပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့-ဦးချစ်ဆွေဓမ္မာရုံ၌
ဟောကြားတော်မူသော တရားတော်
မဇ္ဈိမပဋိပဒါလမ်းကြောင်းမှကြွသွားပုံ
(၁၄-၂-၆၁)
မဇ္ဈိမပဋိပဒါ မဂ္ဂင်လမ်းဆိုတဲ့ အလယ်လမ်း
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘယ်ကို သွားပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက အမေးထုတ် လို့ရှိရင်ဖြင့် လမ်းသုံးရှိသည့်အနက်က သဿတလမ်းကိုလဲ ရှောင်သွားပါတယ် ဥစ္ဆေဒဒိဋ္ဌိလမ်းကိုလဲ ရှောင်သွားပါ တယ်။ မဇ္ဈိမ ပဋိပဒါ မဂ္ဂင်လမ်းဆိုတဲ့ အလယ်လမ်းကို လိုက်သွားသောကြောင့် ဘုရားအဖြစ်သို့ ရောက်သွားပြီး သကာလ ယခုအခါ ဒုက္ခခပ်သိမ်း ကင်းငြိမ်း တဏှာဘုံ ဇာတ်တွေသိမ်းတဲ့ နိဗ္ဗာန်ကြီးကိုဖြင့် ရ-ရောက်နေပြီဆိုတာ ဒကာ ဒကာမတွေ သိပြီးသားပါပဲ။
ကိုယ်တော်ကြီး ဘယ်လမ်း လိုက်သွားတယ်ဆိုတာ ခင်ဗျားတို့ သိကြပြီ (သိပါပြီ ဘုရား)၊ အလယ်လမ်း လိုက် သွားတယ်လို့ မှတ်ကြစမ်းပါနော် (မှန်ပါ့ ဘုရား) ဘယ်လမ်း လိုက်သွားပါလိမ့် (အလယ်လမ်း လိုက်သွားပါတယ် ဘုရား) အလယ်လမ်းဆိုတဲ့ ဥစ္စာသည် ဘဝကို ခင်တွယ်တာက သဿတလမ်း၊ ဘဝကို အရမ်းပြတ်ချင်တာက ဥစ္ဆေဒလမ်း။
ဘဝကို ခင်တွယ်တာက (သဿတလမ်းပါ ဘုရား)။
ဘဝကို ဉာဏ်မပါဘဲနဲ့ အရမ်းပြတ်ချင်တာက (ဥစ္ဆေဒလမ်းပါ ဘုရား) အဲဒီနှစ်လမ်းကို ရှောင်ပြီးသကာလ မဇ္ဈိမပဋိပဒါဆိုတဲ့ အလယ်လမ်းကနေပြီး မဂ္ဂင်ရှစ်ပါးတွေ ပွားများပြီးသကာလ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ”ဆိုတဲ့အတိုင်း အလယ်မလမ်း တကြောင်းတည်းကနေ လိုက်သွားတာနဲ့ ဒုက္ခခပ်သိမ်း အပူသိမ်းတဲ့ အပူငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို ဘုရားကိုယ်တော်မြတ်ကြီးနှင့်တကွ နှစ်ဆယ့်လေးသင်္ချေနဲ့ ကုဋေခြောက်ဆယ် ဗိုလ်ခြေတစ်သိန်းနောက်ပါ တွေလဲ လိုက်သွားကြပြီ (မှန်လှပါ ဘုရား)။
ဘယ်လမ်းကများ သွားကြပါလိမ့် (အလယ်လမ်းက သွားပါတယ် ဘုရား) အလယ်လမ်းက သွားကြတော့ ဒကာ ဒကာမတွေ ကျုပ်တို့ ခင်ဗျားတို့မှာ ကျန်နေရစ်တာ ဘယ့်နှယ်ကြောင့် ဒို့ ကျန်ရစ်တာပါလိမ့်မလဲ ဘုရားတွေ ဂင်္ဂါသဲမှုန်နှင့်အမျှ ပွင့်သွားပါလျက်သားနဲ့ ဒို့ ကျန်ရစ်နေတာ ဘာပါလိမ့်မလဲဆိုတဲ့ တွေးလုံးထုတ်တော့မှ ဘဝခင်တွယ်တဲ့ သဿတလမ်းမှာ နေရစ်တာကိုး (မှန်လှပါ ဘုရား)။
တစ်ခါတလေကျတော့ ဆရာကောင်း သမားကောင်းမတွေ့ ကိုယ့်စိတ်နဲ့ကိုယ် ဘဝပြတ်ရင် ပြီးတာပဲဆိုတဲ့ ဒကာ ဒကာမတို့ ဥစ္ဆေဒလမ်းကို လိုက်နေတာနဲ့လဲ ကျန်ရစ်ခဲ့ကြတယ်နော် (မှန်လှပါ ဘုရား)။
သဿတလမ်း=ဘဝ ခင်တွယ်တဲ့လမ်း
ဒါကြောင့် ဘုရားအဆူဆူပွင့်လို့ ကျုပ်တို့မပါခဲ့တာ အမှန်အားဖြင့် အများအားဖြင့် ပြောရမယ်ဆိုရင်ဖြင့် ဒကာသစ်တို့ မောင်မြရွှေတို့ သဿတလမ်း=ဘဝ ခင်တွယ်တဲ့လမ်းမှာ နေရစ်တာများတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဘယ်လမ်း နေရစ်ခဲ့တာ များသလဲ (ဘဝခင်တွယ်တဲ့ သဿတလမ်း နေရစ်ခဲ့တာများပါတယ်)၊ ဘဝ ခင်တွယ်တာ သဿတလမ်း (မှန်ပါ့) ဘဝ ခင်တွယ်တာ ဘာလမ်းပါလိမ့် (သဿတလမ်းပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
ဒါဖြင့် ကျုပ်တို့ ကျန်ရစ်ခဲ့တာသည် ဘုရားသခင်ကိုယ်တော်မြတ်ကြီး တရားမဟောလို့ ကျန်ရစ်တာလား ကျုပ်တို့ကိုယ်တိုင်က သဿတဒိဋ္ဌိ အယူရှိပြီးသကာလနေလို့ ကျန်ရစ်ခဲ့တကြတာလား လို့ ဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့် ကိုယ့်သား ကိုယ့်သမီး ကိုယ့်မြေး ကိုယ်မြစ်နဲ့ ဘုံဘဝတွေစံပြီးသကာလ သုခဝေဒနာနှိပ်စက်တာနဲ့ ကျန်ရစ်နေရတာ (မှန်လှပါ ဘုရား) သုခယောင်ဆောင်လျက် နှိပ်စက်တာနဲ့ ဒကာ ဒကာမတွေ ကျန်ရစ်နေတယ်နော် (မှန်ပါ့ ဘုရား)။
ကမ္မဿကတာဉာဏ်
ဒါဖြင့် များသောအားဖြင့် ဗုဒ္ဓဘာသာမှန်က သဿတခံပြီး သကာလ ကျန်ရစ်တာက များတယ်နော် (မှန်လှပါ ဘုရား) ဗုဒ္ဓဘာသာမှန်က ဘယ်ဒိဋ္ဌိ များပါလိမ့် (သဿတဒိဋ္ဌိ များပါတယ် ဘုရား) အို ငါ ဒီဘဝ လုပ်ထားတာ ကလေးတွေ ငါပဲ ရမှာပဲဆိုတဲ့ ကမ္မဿကတာဉာဏ်က သဿတဒိဋ္ဌိ မပြုတ်တော့ ကမ္မဿကတာဉာဏ်လောက်နဲ့ ဒီဘဝ ငါ-လုပ်ထားတာကလေးဟာ ငါ-ကျောင်းဆောက်ထားတာကလေးဟာ ငါ-ဘုရား တည်ထားတာကလေးဟာ ငါပဲသွားပြီး ခံစားရမှာပဲ ဆိုပြီးသကာလ ကမ္မဿကတာဉာဏ်က ဒိဋ္ဌိနဲ့ မခွဲခွါနိုင်တော့ ဒါကလေးဟာလဲ ဘုံဘဝ နှစ်သက်တဲ့ သဘောကလေးက မပါဘူးလား (ပါပါတယ် ဘုရား) ဘာ ဒိဋ္ဌိကလေးပါလိမ့် (သဿတဒိဋ္ဌိကလေးပါ ဘုရား)။
သဿတဒိဋ္ဌိကလေး ရှိနေတဲ့အတွက် တဲ့ မခွဲနိုင် မခွါရက်ဆိုတဲ့ ခန္ဓာကို မခွဲနိုင် မခွါရက်၊ သားသမီး ကလေးတွေ မခွဲနိုင်မခွါရက်၊ ဒါကလေးတွေက ကိုယ့်သုခနဲ့ကိုယ် တင်းတိမ်ပြီးသကာလ နေတဲ့ဥစ္စာ ဒါကလေးခိုင်တယ် မြဲတယ် မှတ်ပြီးသကာလနေတဲ့ သဿတလမ်း လိုက်နေတာနဲ့ပဲ ကျန်ရစ်ခဲ့ရတယ်နော် ဦးခင်မောင်ရေ (မှန်လှပါ ဘုရား) အဲဒီတော့ ဒကာ ဒကာမတွေ စဉ်းစားကြည့်စမ်း ဂင်္ဂါဝါဠုသဲစုမက ဘုရားအဆူဆူ ပွင့်တော်မူကြပါလျက်သားနဲ့ ငါတို့ ဘယ်ချောင်ထိုး ဘယ်လိုများ ကျန်ရစ်ပါလိမ့်မတုံး မေးတော့ ဘယ်ချောင်ထိုးနေနေ ထိုးတာ အရေးမကြီးလှဘူး၊ ကျွတ်တမ်းဝင်မည့် ပုဂ္ဂိုလ်ဆိုရင် ဘုရားနောက် လိုက်ရမှာပဲ (မှန်ပါ့)။
သို့သော် သဿတ အရင်းခံနေတဲ့အတွက် မလိုက်နိုင်ဘဲ ဖြစ်နေတယ် (မှန်လှပါ ဘုရား) ဘာ ခံနေကြသလဲ (သဿတ အရင်းခံနေပါတယ် ဘုရား) ဘာ ခံနေကြသလဲ (သဿတ အရင်းခံနေပါတယ် ဘုရား)၊ သဿတ ခံနေတယ် ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါတယ်)။
အခုပဲ ဒကာ ဒကာမတွေ ကဲ နက်ဖြန်ပဲ ဒကာ ဒကာမတွေ ဒီနေ့ ဖြစ်ပျက်ရှုကြ၊ နက်ဖြန် ဉာဏ်စဉ်ကလေး တက်ပြီးသကာလ သဘက်ခါ ဒုက္ခသစ္စာ ပိုင်းခြားပြီးသကာလ နိဗ္ဗာန်မြင်ပါလိမ့်မယ်၊ ဆက်-အားထုတ်လို့ရှိရင် ချက်ခြင်း ရဟန္တာ ဖြစ်ပါလိမ့်မယ် ဆိုတာတောင်မှ ဒကာ ဒကာမတို့ မလုပ်ဖြစ်တာကလေးတွေ အကဲခတ်ကြည့်လို့ရှိရင်ဖြင့် ဘုံဘဝ ပျော်တဲ့ တဏှာကလေးဟာ ကျန်နေတယ်၊ ဦးခင်မောင်ရေ-မကျန်ဘူးလား (ကျန်ပါတယ် ဘုရား)။
နိဗ္ဗာန်တော့ အရောက်နှေးသတဲ့
အဲဒီကဲ့သို့ ကျန်နေသောကြောင့် ဒါသည် ဘဝတဏှာဆိုတာ သဿတဒိဋ္ဌိပါပဲ၊ ဒိဋ္ဌိနဲ့ တဏှာတွဲလျက်ဖြစ်ပြီး သကာလ နေပါတယ်၊ ဒါကြောင့် မဇ္ဈိမပဏ္ဏာသပါဠိတော်က-
”ဘဝတဏှာရှိတဲ့ သဿတ ဒိဋ္ဌိဟာ ဘဝစွန့်ဖို့ အတော်ခဲယဉ်းတယ်၊ ဘဝထဲမှာ ပုန်းအောင်းနေတဲ့အတွက် သူဟာ နိဗ္ဗာန် အရောက်နှေးသဟေ့ ၊ အပြစ်တော့ မကြီးဘူး”တဲ့။
ဒကာ ဒကာမတို့ နိဗ္ဗာန်တော့ အရောက်နှေးသတဲ့ (မှန်ပါ့ ဘုရား) သဿတဒိဋ္ဌိဟာ အပြစ်တော့ (မကြီးပါဘူး) ဒါလောက် မကြီးလှပါဘူး၊ နိဗ္ဗာန်ကျတော့ (အရောက်နှေးပါတယ် ဘုရား)။
နိဗ္ဗာန်အရောက်နှေးတယ်၊ ဘုရားနဲ့တွေ့လဲ ဘုရား၏ တပည့်သားနဲ့တွေ့လဲ ဘုံဘဝထဲမှာပဲ ပုန်းအောင်းပြီး နေရစ်တာပဲ (မှန်ပါ့)၊ ဘယ်လောက် ကြောက်စရာကောင်းသလဲ (ကောင်းပါတယ် ဘုရား)။
ဘုံဘဝဆိုတာ ဒကာ ဒကာမတွေ သိပြီးသားအတိုင်းပါပဲ ဘယ်ဘုံနေနေ အို နာ သေဘေး ရှိတာပဲဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါဘူး ဘုရား) အဲဒီ ဘုံဘဝတွေထဲမှာပဲ ကိုယ့်ဘဝကလေးနဲ့ကိုယ် အောင်းနေရစ်၊ ရောက် ရာဘဝ ခင်တွယ်ပြီး အောင်းနေတဲ့အတွက် သဿတဝါဒီရှိတဲ့ ပုဂ္ဂိုလ်များဟာ ဘုရားနဲ့ ဘုရား၏တပည့်သားနဲ့ တွေ့ငြား သော်လဲ အပြစ်သာ သေးတယ် ကျွတ်ခဲတယ် (မှန်ပ့ါ ဘုရား)။
သဿတဒိဋ္ဌိဟာ တယ် ကြောက်စရာ ကောင်းပါကလား (ကြောက်စရာ ကောင်းပါတယ်) အပြစ်တော့ ဘာတဲ့တုံး (သေးပါတယ် ဘုရား)၊ ကျွန်တော့ (ကျွတ်ခဲပါတယ်)။
ဥစ္ဆေဒဒိဋ္ဌိက အပြစ်ကြီးတယ်
ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ကတော့ အပြစ်တော့ အတော်ကြီးတယ်၊ ဒကာ ဒကာမတို့ ဘဝပြတ်ပြီးသားပဲ ဘာကိစ္စ ရှိသတုံးဆိုပြီး ကုသိုလ်လဲမပြုဘူး၊ အကုသိုလ်လဲ နင်းကန်လုပ်တာပဲ ဥစ္ဆေဒ ဒိဋ္ဌိဟာ ကုသိုလ်တော့ မပြုဘူး၊ အကုသိုလ် တော့ လုပ်တာပဲ၊ ဘုံဘဝလဲ သူ မခင်ဘူး (မှန်ပါ့)။
မခင်ပေမဲ့ သူ့ဟာက ဒကာ ဒကာမတို့ နိဗ္ဗာန်ရှိတယ်လို့ အယူ-ယူတဲ့သဘောက မပါတော့ သေသွားပြီးတာပဲ ပြတ်သွား ပြီးတာပဲဆိုတော့ ဒေါသစရိုက်နဲ့ ယှဉ်တွဲနေတယ် ဆိုတာကော ဒကာသစ်တို့ သဘောကျပလား (ကျပါတယ် ဘုရား)။
ကိုမြရွှေ သဘောကျပြီ နော် (သဘောကျပါပြီ) ဘာနဲ့ ယှဉ်တွဲနေသတုံး (ဒေါသစရိုက်နဲ့ ယှဉ်တွဲနေပါတယ်)။
သေရင် ပြီးတာပဲကွာ မွေးတစ်နေ့ သေတစ်နေ့ပဲ အရှိသဖြင့် ဥစ္ဆေဒဒိဋ္ဌိ အယူကို ယူတတ်ပါတယ်တဲ့ ထိုကဲ့သို့ယူတဲ့ ပုဂ္ဂိုလ်ဟာလဲ အပြစ်တော့ အင်မတန်ကြီးသတဲ့ ဦးခင်မောင်ရေ (မှန်ပါ့ ဘုရား)။
သို့သော် ဘုရားနဲ့ ဘုရား၏တပည့်သားတွေနဲ့ တွေ့မယ်ဆိုတော့ ချက်ခြင်း ဘုရားဆုရင်လဲ အလျှင်အမြန် တောင်းပစ်လိုက်တယ် (တနည်း) သာဘဝ ပါရမီဉာဏ်နဲ့ မြန်မြန်လုပ်ပြီး နိဗ္ဗာန်ယူလိုက်တယ် (မှန်ပါ့ ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိက အပြစ်ကြီးပြီး ကျွတ်လွယ်တယ်တဲ့ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား) အပြစ်ကြီးပြီးတော့ (ကျွတ် လွယ်ပါတယ် ဘုရား)။
သဿတဒိဋ္ဌိက (အပြစ်သေးပြီးတော့ ကျွတ်ခဲပါတယ် ဘုရား)။
အပြစ်သေးပြီး ကျွတ်ခဲ့တယ်ဆိုတော့ ကျုပ်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများမှာက များသောအားဖြင့် သဿတ ဒိဋ္ဌိရှီတယ်၊ အပြစ်တော့မကြီးဘူး ဒကာ ဒကာမတို့ ကျွတ်ခဲတယ်နော် (မှန်ပါ့ ဘုရား)။
မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တော့ တားတာချည်းပဲ
အဲဒီတော့ ဒီသဿတ ဥစ္ဆေဒ ရှိနေသ၍ ကာလပတ်လုံး မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တော့ တားတာချည်းပဲ မှတ်ရမယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)၊ သဿတ ဥစ္ဆေဒရှိနေရင် (မဂ်ဉာဏ် ဖိုလ်ဉာဏ် တားတာချည်းပဲ) မဂ်ဉာဏ် ဖိုလ်ဉာဏ်တော့ဖြင့် တားတာပဲ (မှန်ပါ့ ဘုရား)။
ဘဝခင်တွယ်နေတဲ့ သဿတက ဟိုဘဝကို ရှိတယ်လို့ ယူလိုက် ဟိုဘဝ ဒီဘဝရှိတယ်၊ ဒီလုပ်ရင် ငါလုပ်ရမှာ ပဲဆိုတဲ့ သဿတဒိဋ္ဌိ သမားလဲ ဒကာ ဒကာတို့ နိဗ္ဗာန်တော့ တားတယ် ရှင်းပလား (ရှင်းပါပြီ)။
ဥစ္ဆေဒဒိဋ္ဌိကကော (နိဗ္ဗာန်တားပါတယ်ဘုရား။
သို့သော် ဘယ်သူ ကျွတ်လွယ်သတုံးမေးတော့ ဘယ့်နှယ်ဖြေကြမလဲ (ဥစ္ဆေဒက ကျွတ်လွယ်ပါတယ် ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိ အပြစ်တော့ ကြီးတဲ့ ဒကာ ဒကာတွေ ကျွတ်လွယ်တယ်လို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ သဿတ ဒိဋ္ဌိက ဒကာ ဒကာမတို့ အပြစ်တော့ ဒါလောက် မကြီးလှဘူးတဲ့နော် ဘုရားနဲ့ ဘုရား၏တပည့်သား သာဝကနဲ့ တွေ့တဲ့အခါ ဘုံဝဘထဲ ပုန်းအောင်းပြီး နေရစ်ချင်တဲ့စိတ်က များလွန်းလို့ ဦးခင်မောင်ရေ ကျွတ်ခဲတယ်ဆိုပါကလား (မှန်ပါ ဘုရား)၊
ဒါဖြင့် ဒကာ ဒကာမတို့ ဒီ ဒိဋ္ဌိနှစ်ခု ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဘဝ ခင်တွယ်တာက ဘာဒိဋ္ဌိတဲ့ (သဿတဒိဋ္ဌိပါ ဘုရား) ဘဝ မခင်တွယ်က (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)၊ ဘယ်သူက အပြစ်ကြီးသတုံး (ဥစ္ဆေဒဒိဋ္ဌိက အပြစ် ကြီးပါတယ်) ကျွတ်လွယ်တော့ ဘယ်သူက ကျွတ်လွယ်သတုံး (ဥစ္ဆေဒက ကျွတ်လွယ်ပါတယ်) ဥစ္ဆေဒက ကျွတ်လွယ်တယ်၊ သဿတက ကျွတ်ခဲတယ်လို့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ သဿတက (ကျွတ်ခဲပါတယ် ဘုရား)။
ဘုံဘဝ ခင်တွယ်တဲ့ တဏှာတွေက ရှိပြီးသကာလနေတော့ ကျွတ်ခဲပါတယ်လို့ မဇ္ဈိမပဏ္ဏသ အဋ္ဌကထာမှာ သေသေချာချာ ဖွင့်ထားတော့ ဒကာ ဒကာမတွေ ဒီဟာ ရိပ်မိတော့ ဪ ဒို့ နှစ်ခုစလုံး ရှောင်ရမှာလည်ပါ ကလား (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ခန္ဓာပဋိစ္စသမုပ္ပါယ် နားလည်မှ နှစ်ခုစလုံး ရှောင်လို့ရတယ်
နှစ်ခုစလုံး ရှောင်ချင်တော့ ဦးခင်မောင်ရေ ခန္ဓာပဋိစ္စသမုပ္ပါယ် နားလည်မှ နှစ်ခုစလုံး ရှောင်လို့ရတယ် (မှန်လှပါ)၊
ဒကာ ဒကာမတို့ ဘာနားလည်ရမှာတုံး (ခန္ဓာပဋိစ္စသမုပ္ပါယ် နားလည်မှ နှစ်ခုစလုံး ရှောင်လို့ရပါတယ်)၊ ခန္ဓာပဋိစ္စသမုပ္ပါယ် နားလည်မှ နှစ်ခုစလုံး ရှောင်လို့ရပါတယ် (မှန်ပါ့)။
ယခု ခန္ဓာဖြစ်နေတဲ့ ဖြစ်စဉ်ကြီး နားလည်မှ ဘာပါလိမ့် (နှစ်ခုစလုံး ရှောင်လို့ရပါတယ် ဘုရား)၊ နှစ်ခုစလုံး လွတ်မယ် (မှန်ပါ့ ဘုရား) ဒီဟာ နားမလည်ဘဲနဲ့ မနေ့ကလဲပြော တမြန်နေ့ကလဲပြော၊ ဝိပဿနာရှုနေလို့ရှိရင် ဒီ ဒိဋ္ဌိနှစ်ခုက အမြဲတမ်း ကန့်ကွက်နေတာပဲ (မှန်ပ့ါ ဘုရား)။
ဒါကြောင့် ဒီဥစ္စာကို ဆရာဘုန်းကြီးက အရေးတကြီး ပြောနေတယ်ဆိုတာ ဒကာ ဒကာမတွေအပေါ် စေတနာ မေတ္တာပိုတာလဲ သိပြီ မဟုတ်လား (သိပါပြီ ဘုရား) ကျုပ်တို့ အရမ်းရှုနေလို့ မဖြစ်သေးဘူးဆိုတာကော ပေါ်လာကြ ပလား (ပေါ်လာပါတယ် ဘုရား)။
အားနည်းတဲ့ ဝိပဿနာ ဖြစ်လို့ မဂ်ဉာဏ် မရပါဘူး
ရှေ့က ရှင်းစရာ လင်းစရာဖြစ်တဲ့ သဿတ ဥစ္ဆေဒတွေကို ဦးခင်မောင်ရေ ဒုဗ္ဗလ=အားနည်းတဲ့ ဝိပဿနာ ဖြစ်လို့ မဂ်ဉာဏ် မရပါဘူး (မှန်လှပါ ဘုရား) ဒီနှစ်ခု ကွာပြီးမှ ရှုလို့ရှိရင်ဖြင့် အားကြီးတဲ့ ဝိပဿနာဖြစ်လို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်ပါတယ်ဆိုတာ သေသေချာချာ မှတ်ကြပါ (မှန်ပါ့ ဘုရား)။
ဆရာဘုန်းကြီးများက ယခု ထိုးထိုးထွင်းထွင်း ပြောရခြင်းကြောင့် ဒကာ ဒကာမတွေကို ထပ်ပြန်တလဲလဲ ဘုန်းကြီးများက ပြောတော့ ဒကာ ဒကာမတွေက ဒီအဓိပ္ပာယ်ကိုကို ခပ်သေးသေးသိမ်သိမ် မှတ်ပြီးသကာလ အို ကုသိုလ်ဖြစ်အောင် နာမယ်ဆိုတဲ့စိတ်နှင့် မနာကြနဲ့နော် (မှန်လှပါ ဘုရား) ကုသိုလ်ဖြစ်တာတော့ ရေအိုးစင်တည်လဲ ကုသိုလ်ဖြစ်တာပဲ ဦးခင်မောင်ရ (မှန်ပါ့ ဘုရား) တံမြက်စည်း လျှောက်လှဲနေလဲ (ကုသိုလ်ဖြစ်ပါတယ် ဘုရား)။
ကုသိုလ်တော့ ဖြစ်ပါတယ်၊ ဒိဋ္ဌိက မကွာလို့ရှိရင်ဖြင့် တဲ့ ကုသိုလ်က သုဂတိ အကျိုးပေးပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေကို ကန့်ကွက်တဲ့ ဒိဋ္ဌိက ပါနေပြန်လို့ရှိရင်လဲ နိဗ္ဗာန် မဂ်ဖိုလ်ကျတော့ မတားပေဘူးလား (တားပါတယ် ဘုရား)။
ဒိဋ္ဌိခွါတဲ့အလုပ်
အဲဒါကြောင့် ဒကာ ဒကာမတွေ ခန္ဓာပဋိစ္စသမုပ္ပါယ်ဆိုတာ ကိုယ်တိုင်သိအပ်တဲ့ ဒိဋ္ဌိခွါတဲ့အလုပ်လို့ မှတ်ပါ (မှန်ပါ့ ဘုရား) ခန္ဓာပဋိစ္စသမုပ္ပါယ်ဆိုတာ ဘာပါလိမ့် (ကိုယ်တိုင်သိအပ်တဲ့ ဒိဋ္ဌိခွါတဲ့ အလုပ်ပါ ဘုရား)၊ ကိုယ်တိုင် သိအပ်တဲ့ကိစ္စ ဒိဋ္ဌိမခွါဘဲနဲ့ ရကိုမရတဲ့ ကိစ္စဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့) ရှင်ဆန္န မရတာ သေချာပလား (သေချာပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ခန္ဓာပဋိစ္စသမုပ္ပါယ်ကလေးတော့ဖြင့် ဒကာ ဒကာမတွေ အမြဲတမ်းမှတ်ရလိမ့်မယ်၊ မြင်တယ် မြင်စိတ်ကလေး ပေါ်လာတယ် နော်၊ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏ”ဆိုတော့ မြင်စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) မြင်တယ်ဆိုလို့ “တိဏ္ဏံ သင်္ဂတိ ဖဿေ”ဆိုလို့ရှိရင် မြင်တာကလေးနဲ့ တွေ့ချင်တာက မလာပေဘူးလား (လာပါတယ် ဘုရား) တွေ့ပြီးသကာလ သူနဲ့ ပျော်ပျော်ပါးပါး နေချင်တဲ့ ဝေဒနာကလေးကကော (လာပါတယ် ဘုရား)။
ဖြစ်စဉ်ကိုက်ပြောပေးနေတယ်
ဒါ ခင်ဗျားတို့က စာလိုပြောနေရင် ခင်ဗျားတို့ နားမလည်ဘူး၊ ခင်ဗျားတို့စိတ်ထဲ ဖြစ်စဉ်တွေ ပေါ်လာအောင် ပြောမှ နားလည်တယ်ဆိုသောကြောင့် ခင်ဗျားတို့စိတ်ကို ခင်ဗျားတို့မြင်အောင် ဖမ်းနိုင်မှသာလျှင် နေရာကျမှာဖြစ်သော ကြောင့် စာဆိုချိတ်ထားပြီးသကာလ ခင်ဗျားတို့ ဖြစ်စဉ်ကိုက်ပြောပေးနေတယ်လို့ မှတ်ရလိမ့်မယ် နော် (မှန်ပါ့)။
မြင်တာက မြင်စိတ်ဗျာ၊ မြင်ရင်ဖြင့် မြင်ရုံနဲ့ ခင်ဗျားတို့က မကျေနပ်သေးဘူး၊ တွေ့ချင်သေးတယ်ဆိုတာ လာပြန်ကော (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား) မြင်ပြီး ဘာလုပ်ချင်ကြသလဲ (တွေ့ချင်ပါတယ် ဘုရား) တွေ့ချင်ပြီးသကာလ ခင်ဗျားတို့က ပျော်ပျော်ပါးပါး ပြုံးပြုံးရွှင်ရွှင် နေချင်သေးတယ် ဆိုတာကော (လာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မြင်တာက ဝိညာဏ်၊ တွေ့ချင်တာက ဖဿ၊ ပျော်ပျော်ပါးပါးနေချင်တာက ဝေဒနာ၊ သဘောကျပလား (မှန်လှပါ)၊ ပျော်ပျော်ပါးပါး နေချင်တာက (ဒေဝနာပါ ဘုရား)။
သွားတော့မယ်လို့ ပြောတော့ မသွားပါနဲ့ဦး၊ ခု ထိုင်ခါရှိသေးတယ်ဆိုတော့ တဏှာက လာတားတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) သွားတော့မယ်ဆိုတော့ ဒါက ခင်ဗျားတို့က ဘယ့်နှယ်ပြောကြမလဲ (ထိုင်ပါဦး)။
ထိုင်ပါဦး၊ ခဏကလေးရှိသေးတယ်၊ မတွေ့ရတာလဲ ကြာလှပြီဥစ္စာပဲ ဆိုပြီးသကာလ တဏှာက ဝင်တားလိုက် တယ်၊ ဟုတ်ကဲ့လား (မှန်ပါ့)၊ ဟိုက တကယ် ထ-တော့မယ်ဆိုတော့ လက်ကလေး ဘာကလေးဆွဲတာက ဥပါဒါန် ဖြစ်နေတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ်) တဏှာပစ္စယာ ဥပါဒါနံ မနေဘူးလား (နေပါတယ် ဘုရား)။
ကာယကံ ဝစီကံနဲ့ ကျုပ်မုန့်သွားဝယ်ဦးမယ်ဆိုပြီး စောင့်ဆိုင်းအောင် လုပ်ထားတာကော မရှိဘူးလား (ရှိပါ တယ်)၊ ဒါက ကမ္မဘဝ လာဖြစ်နေတယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲဒါတွေ ကိုယ်ထဲမှာပေါ်တာကို သိနေမှ ဪ ဒါ ကိုယ့်ပဋိစ္စသမုပ္ပါယ်က ကိုယ့်အစဉ်အတိုင်းကို ဒီအတိုင်း ဖြစ်နေတာပါကလားဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
မြင်စိတ်၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကံ
ကဲ လူတစ်ယောက်ကို မြင်တယ်ဆိုတော့ မြင်စိတ်မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ မြင်ရုံနဲ့ ကျေနပ် ကဲ့လား (မကျေနပ်ပါဘူး) ဘာလုပ်ချင်ကြသလဲ (တွေ့ချင်ပါတယ်) တွေ့ချင်တယ် ဟုတ်လား (မှန်ပါ့) မျက်နှာ ချင်းဆိုင်တွေ့ချင်တယ်ဆိုတဲ့ သဘောကလေး မလာဘူးလား (လာပါတယ် ဘုရား)၊ တွေ့ပြီး စကားစမြည်ကော (ပြောချင် ပါတယ် ဘုရား)။
စကားစမြည် ပြောချင်တယ်ဆိုတော့ ပြုံးပြောမှာလား၊ မဲ့ပြောမှာလား (ပြုံးပြောမှာပါ ဘုရား) ပြုံးပြောတော့ သုခဝေဒနာ၊ မဲ့ပြောတော့ ဒုက္ခဝေဒနာပဲ၊ ပြောချင်တာနဲ့ပြော (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)၊ ပြုံးပြောတော့လဲ ဝေဒနာပဲ (မှန်ပါ့)၊ မဲ့ပြီးသကာလ ကျုပ်တို့ ဘယ်နေ့က ဘာဖြစ်သွားတာများ မကြားလိုက်ဘူးလားလို့ မျက်ရည်ခံထိုး တော့လဲ ဒေါမနဿဝေဒနာနဲ့ ပြောတာပဲ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
အဲဒီတော့ ဖဿပစ္စယာ (ဝေဒနာပါ ဘုရား) ဝေဒနာပစ္စယာ တဏှာဆိုတာက ဒကာ ဒကာမတွေ ဒီလူက ကျုပ်မျာလဲ ကိစ္စရှိသေးတယ်ဗျ၊ အို မသွားရသေးဘူး-ဆိုတော့ ဘာဖြစ်သွားသတုံး (တဏှာပါ ဘုရား) တဏှာ ဖြစ်သွားတယ် တဲ့၊ ဟိုက တကယ်ထတော့မယ်ဆိုတော့ လက်ကလေး ဘာကလေး ဆွဲပြီး မတားဖူးကြဘူးလား (တားဖူးပါတယ်) အဲဒီ ဆွဲပြီးတော့ကို တားတဲ့အတွက် ဥပါဒါန်ကော မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဈေးသွားဟေ့၊ စားစရာ သောက်စရာကလေး ဝယ်ချည်ဦး တစ်ခါတလေ တွေ့ရတဲ့ဥစ္စာပဲဆိုပြီး ကာယကံ ဝစီကံနဲ့ကော မပြောလိုက်ဘူးလား (ပြောပါတယ် ဘုရား) အဲဒါက ကမ္မဘဝ ဖြစ်လာတယ် (မှန်ပါ့)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဒါ ခင်ဗျားတို့သန္တာန်မှာဖြစ်တဲ့ ခင်ဗျားတို့ ခန္ဓာပဋိစ္စသမုပ္ပါယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ပဋိစ္စသမုပ္ပါယ်ပါလိမ့် (ခန္ဓာပဋိစ္စသမုပ္ပါယ်ပါ ဘုရား) ဟုတ်မှ ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)။
ဘုန်းကြီးက ကျောင်းကနေ ရမ်းပြောနေတယ်လို့ ခင်ဗျားတို့ ထင်နေလိမ့်ဦးမယ်-ဟုတ်လား၊ ကျောင်းကနေ ရမ်းပြောတာလား၊ ဖြစ်စဉ် ခင်ဗျားတို့မှာ ကိုက်ကဲ့လား (ဖြစ်စဉ်ကိုက်ပါတယ် ဘုရား) ဖြစ်စဉ်ကိုက်ပါတယ် ဦးခင်မောင်ရ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
အဲဒီတော့ ဒကာ ဒကာမတွေ ဒါ အခုတန်းပြီး တစ် ၊ နှစ် ၊ သုံး ၊ လေး ၊ ငါး ၊ ခြောက် တန်းပြီးကာလ ပြလိုက်တော့ ဒါချုပ်ပြီးမှ ဒါဖြစ်မှာပဲ မဟုတ်ဘူးလား။ မြင်တဲ့စိတ် ခုပ်သွားပြီးတော့မှ တွေ့ချင်တဲ့ ဖဿကလေးက မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား) သဟဇာတိဆိုလဲ ဟုတ်တာပါပဲ ထားလိုက်ပါတော့၊ သို့သော် ဘုရားက ဟောထားတဲ့အတွက် မြင်ပြီးတွေ့ချင်တဲ့ ဖဿကလေးကလဲ ဖဿချုပ်သွားတော့ ဘယ်သူပြန်လာ သလဲ (ဝေဒနာလာပါတယ် ဘုရား) တစ်ခါ ဝေဒနာချုပ်သွားပြန်တော့ (တဏှာလာပါတယ် ဘုရား)၊ တဏှာ စကားစပြီး ပြောရင်းပဲ ထင်လာတာက နောက်စိတ်က ကြားထိုးလာတယ် (မှန်ပါ့)။
စကားစမြည် ပြောလို့ ဝမ်းသာတာက ဝေဒနာကိုးဗျ (မှန်ပါ့)။
ဝေဒနာဟာ ပြောရင်း ဆိုရင်းနဲ့ပဲ သူ့အပေါ်မှာ မေတ္တာရှေ့ထားလာတယ်ဆိုတာက တဏှာ ရှေ့ထားလာတာ ပြောတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ တဏှာမလာဘူးလား (လာပါတယ် ဘုရား) ဟော သွားတော့မယ် ဆိုတော့ ဆွဲပြီးသကာလ တားလို့ပြုလို့ နေ-နေပါဦးတော့ ဘယ်လိုလဲ စကားမှ ဝအောင်မပြောရသေးဘူးဆိုပြီး ဆွဲလုံး ပြုလုံးတွေနဲ့ ပြောလိုက်တာက ဘာဆိုကြမယ် (ဥပါဒါန်ပါ ဘုရား)။
စားပြီးမှပြန်ရမယ် မစားရင် ပြန်ကိုမပြန်ရဘူး၊ ခင်ဗျားတို့ လောကွက်ကလဲ ပေါလိုက်တဲ့ဖြစ်ခြင်း ၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အဲဒီတော့ ဒါက ဘာပါလိမ့်မတုံး ဒကာ ဒကာမတို့ (ကမ္မဘဝပါ ဘုရား)။
ကာယကံ ဝစီကံ ဟုတ်လား ကာယကံနဲ့လဲ လက်ဆွဲချင်ဆွဲတာ ဝစီကံနဲ့လဲ မစားလို့ရှိရင် ကျုပ်တို့ မကျေနပ်တာ အမှန်ပဲဆိုတဲ့ ဝစီကံ-တွေကကော မလာဘူးလား (လာပါတယ် ဘုရား)။
တစ်ခုပြီးတစ်ခု ဖြစ်တဲ့ဖြစ်စဉ်
အဲဒါ ခင်ဗျားတို့ သန္တာန်မှာ ဒါ တစ်ခုပြီးတစ်ခု ဖြစ်တဲ့ဖြစ်စဉ်၊ သိပလား (သိပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ) တစ်ခုပြီးမှတစ်ခုဖြစ်တဲ့ ဖြစ်စဉ် ဦးခင်မောင် သေချာကြပလား (သေချာပါတယ် ဘုရား)။
ဒါ ဘယ်သူ့ ပဋိစ္စသမုပ္ပါယ်တုံး (ခန္ဓာပဋိစ္စသမုပ္ပါယ်ပါ ဘုရား) တရားနာနေတဲ့ ဒကာ ဒကာမတွေ၏ ခန္ဓာပဋိစ္စသမုပ္ပါယ် (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
ဘယ်အချိန်ဖြစ်သတုံး အို ဒီဥစ္စာက မျက်စိတစ်မှိတ်မှာ တော်တော်ကြာ နှစ်ခါ သုံးခါ လေးခါ ငါးခါ ဖြစ်နေတယ် (မှန်ပါ့ ဘုရား) ပြတ်သေးရဲ့လား (မပြတ်ပါဘူး ဘုရား) ကောင်းပြီ မပြတ်တော့ဘူး ဆိုတော့ ပြတ်ယင် ခင်ဗျားတို့ ဗိုင်းကနဲလဲသေမယ် (မှန်ပါ့ ဘုရား) ဗိုင်းကနဲ လဲသေတယ်ဆိုတာ ဒီစိတ်တွေမရှိဘဲ စိတ်မရှိရင် ရုပ်ချည်း ကျန်နေရစ်ရင် သေမှာပေါ့ (မှန်ပါ့) မသေပေဘူးလား (သေပါတယ် ဘုရား)။
ခင်ဗျားတို့ သန္တာန်မှာ ဖြစ်တဲ့ ဖြစ်စဉ်
အဲဒီတော့ ဒကာ ဒကာမတို့ ဒါတွေဟာ ခင်ဗျားတို့ သန္တာန်မှာ ဖြစ်တဲ့ ဖြစ်စဉ်ဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဝိညာဏ်ဖြစ်လဲ ဖြစ်ပြီး ချုပ်သွားတဲ့အခါ ဘယ်သူ့ပေါ်စေသလဲလို့ မေးလို့ ရှိရင် ဖဿပေါ်စေတယ်နော် (မှန်ပါ့ ဘုရား)။
ဘယ်သူ့ပေါ်စေသတုံး (ဖဿပေါ်စေပါတယ် ဘုရား) ဒါ ဖဿ-ကလဲ ဒကာ ဒကာမတို့ ဝိညာဏ်ပေါ်စေလို့ ဖဿက ပေါ်ပြီ၊ ဖဿ-ပေါ်ပြီး ဖဿ-ကလဲ အနိစ္စတရားမို့ ချုပ်ပျောက်ရမယ် (မှန်ပါ့)။
ချုပ်ပျောက်ပင် ချုပ်ပျော်ငြားသော်လည်း ဝေဒနာကို သူ ကျေးဇူးပြုတယ်၊ ဝေဒနာပေါ်ခွင့်ကို ကျေးဇူးပြု ခဲ့ရမယ် (မှန်ပါ့)၊ မပြုရသေဘူးလား (ပြုရပါတယ် ဘုရား) ဒါကြောင့် ဖဿ-ပစ္စယာ (ဝေဒနာပါ ဘုရား)၊ အဲ ဒါဖြင့် ဒကာ ဒကာမတို့ ဖဿဟာ ဖြစ်လဲဖြစ်တယ်၊ ချုပ်လဲချုပ်တယ်။ သဘောကျပလား (မှန်ပါ့ ဘုရား)။
ဖြစ်ကော (ဖြစ်ပါတယ် ဘုရား)။
ချုပ်ကော (ချုပ်ပါတယ် ဘုရား)။
ဖြစ်လဲ ဖြစ်တယ်၊ ချုပ်လဲချုပ်တယ်၊ နောက်စိတ်ပေါ်အောင်ကော ကျေးဇူးပြုခဲ့ မပြုခဲ့ (ကျေးဇူးပြုခဲ့ပါတယ် ဘုရား) ပြုခဲ့တယ်ဆိုတော့ စဉ်းစားမိပလား (မှန်ပါ့) ဒါဖြင့် နောက်စိတ်ပေါ်အောင် ကျေးဇူးပြုခဲ့ပြန်တော့ကို ဒကာ ဒကာမတို့ ဥစ္ဆေဒဖြစ်သေးရဲ့လား (မဖြစ်ပါဘူး ဘုရား) မဖြစ်တော့ဘူးတဲ့ သူ့အကြောင်း သူ့အကျိုးဖြစ်တယ် (မှန်ပါ့) ဥစ္ဆေဒ ဖြစ်သေးရဲ့လား (မဖြစ်ပါဘူး ဘုရား)။
ဒါကလေးကလဲ ပျက်သွားတော့ ပျောက်သွားတဲ့ သဘောကလေး မြင်လိုက်တော့ ခိုင်တယ်၊ မြဲတယ်ဆိုတဲ့ သဿတကော ရှိသေးရဲ့လား (မရှိပါဘူး) ကျေးဇူးပြုတာ မြင်လိုက်တော့ ဥစ္ဆေဒ ဖြစ်သေးရဲ့လား (မဖြစ်ပါဘူး ဘုရား) ဒီလိုပြောတဲ့ သဿတ ဥစ္ဆေဒ-က သေသေချာချာ စိတ်စဉ်ကိုင်ပြောနေသောကြောင့် ဒကာ ဒကာမတွေက မနေ့ကထက် လေးလေးစားစား မှတ်ရမယ် (မှန်ပါ့ ဘုရား)။
သဿတ ဥစ္ဆေဒ အကြီးအကျယ် ခွါနေတယ်
စိတ်စဉ်ကိုင်ပြောတာ ခုဟာက (မှန်ပါ့) ပြန်ပြောပါမယ် ဒကာ ဒကာမတို့ ဒါ ခန္ဓာထဲမှာ ဖြစ်စဉ်နော် (မှန်ပါ့) သဿတ ဥစ္ဆေဒ အကြီးအကျယ် ခွါနေတယ်လို့ အောက်မေ့စမ်းပါ (မှန်ပါ့ ဘုရား) ဘာလုပ်နေတာပါလိမ့် (သဿတ ဥစ္ဆေဒ အကြီးအကျယ် ခွါနေတာပါ)။
ခင်ဗျားတို့ ဒါပြီးရင် မဂ်ရစေချင်လို့ မဂ်ရခြင်းအကြောင်းကို ခင်ဗျားတို့ ပိုင်ပိုင်လုပ်ရင်ဖြင့် အနီးဆုံးနှင့် ရပါစေတော့လို့ ဒါ ရှေးဦးစွာ လုပ်ပေးနေတာ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)၊ ဟေ့ ဦးဘအုံးကြီး သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ကြည့် ဒီနေ့ပြောတဲ့ စကားနှစ်ခွန်းကို ကြည့်ပါတဲ့ တစ်ခုပြောရင် အကုန်ပြောတာပဲ (မှန်ပါ့) ဖဿသည် ဒကာ ဒကာမတို့ ဖြစ်လဲဖြစ်တယ်ဆိုကတည်းက မြင်တော့ တွေ့ချင်တယ်ဆိုတဲ့ ဥစ္စာ အမှန်ပဲမဟုတ်ဘူးလား (မှန်ပါ ဘုရား) တွေ့ချင်တာ ဘာခေါ်ကြမယ် (ဖဿပါ ဘုရား)။
အဲ ဖဿက တွေ့ချင်ပြီးသကာလ သူကလဲ တာရှည်တွေ့နိုင်တဲ့ တရားလား အနိစ္စတရားလား (အနိစ္စ တရားပါ ဘုရား) အနိစ္စတရားမို့ ဒကာ ဒကာမတို့ သူ ပျက်သွားလိမ့်မယ်၊ မပျက်ပေဘူးလား (ပျက်ပါတယ်ဘုရား ပျက်လဲသွားမယ်၊ ဝေဒနာပေါ်ခွင့်လဲပေးခဲ့မယ် (မှန်ပါ့) မပေးပေဘူးလား (ပေးပါတယ် ဘုရား) ဖဿပစ္စယာ (ဝေဒနာ ပါ ဘုရား) ဟော ဝေဒနာပေါ်ခွင့်လဲ ပေးတယ် ပျက်လဲပျက်တယ် (မှန်ပါ့)။
ပျက်ကော (ပျက်ပါတယ် ဘုရား) နောက် ဝေဒနာပေါ်ခွင့်ကော (ပေးပါတယ် ဘုရား) ပေးခဲ့တော့ ပျက်တာကို မြင်သဖြင့် ခင်ဗျားတို့ သဿတ ကျန်သေးသလား သေသေချာချာ မှတ်ပါ၊ ပျက်တာမြင်သဖြင့် (သဿတ စင်ပါတယ် ဘုရား) ဥစ္ဆေဒစင်တယ် ပြတ်မှ-မပြတ်တော့ဘဲ (မှန်ပါ့) ပျက်လဲပျက်တယ် အကြောင်းအကျိုးလဲ ပြတ်ကဲ့လား (မပြတ် ပါဘူး ဘုရား) မောင်ထွန်းလှိုင် ဒါကို ဂရုစိုက်ပါ၊ အားလုံး တရားတစ်ပွဲလုံး ဒကာ ဒကာမတွေ ဒီအရေး မသေးဘူး၊ အင်မတန် အရေးကြီးပါတယ် (မှန်လှပါ ဘုရား) ဒကာသစ်တို့ ဦးဇံရင်တို့ ဒီအရေးမသေးဘူးဆိုတာ သေသေချာချာ မှတ်ပါနော် (မှန်လှပါ)။
ပြန်ပြောပါတယ် ဖဿကလေးဟာ ဝိညာဏ်ကြောင့် ဖဿ-ကလေး မဖြစ်ဘူးလားဗျာ (ဖြစ်ပါတယ် ဘုရား) ဖြစ်ပြီးသကာလ သူဟာ ဖြစ်ပြီးပျက်ရမည့် တရားဖြစ်သောကြောင့် ပျက်မှာပဲ ပျက်ပင်ပျက်ငြားသော်လဲ ဒေဝနာကို ပေါ်ခွင့် ပေး-မပေး (ပေးပါတယ် ဘုရား)။
နဂိုရ်က ဝေဒနာ ရှိနှင့်တာ မဟုတ်ဘူးနော် (မှန်ပါ့)၊ သူချုပ်မှ ပေါ်ရမှာ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) အဲ ဒါဖြင့် ဖဿကလေးပျက်တာ မြင်သဖြင့် ဘယ်ဒိဋ္ဌိ စင်သတုံး (သဿတဒိဋ္ဌိ စင်ပါတယ် ဘုရား) သဿတဒိဋ္ဌိ စင်သွားရင် ဦးခင်မောင်-ခိုင်တာမြဲတာ ယူသေးရဲ့လား (မယူပါဘူး ဘုရား)။
နောက် ဝေဒနာကလေး ပေါ်လာတာ မြင်သဖြင့်လဲ အကြောင်းအကျိုး ဆက်သလား ပြတ်နေသလား (ဆက်ပါတယ် ဘုရား) ဆက်တာ မြင်သဖြင့်လဲ ဥစ္ဆေဒဒိဋ္ဌိ စင်သွားတယ် (မှန်ပါ့) ဖဿကလေးပေါ်မှာ ဥစ္ဆေဒဒိဋ္ဌိကော ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) သူက ပျက်သွားတာ မြင့်သဖြင့်လဲ သဿတစင်တယ်၊ သူက ကျေးဇူးပြုခဲ့တာ မြင်သဖြင့်လဲ ဦးခင်မောင်ရေ ဥစ္ဆေဒ မစင်ဘူးလား (စင်ပါတယ် ဘုရား)။
ဒါဖြင့် ဒီတရားကလေးတစ်ခုထဲမှာ ဖဿကလေး ပျက်သွားတာမြင်လိုက်ရင် (သဿတစင်ပါတယ်) သူ ချုပ်သွားငြားသော်လည်း သူ့နေရာမှာ ဝေဒနာပေါ်ခွင့်ကို မပေးခဲ့ဘူးလား (ပေးခဲ့ပါတယ် ဘုရား) ပေးခဲ့တာမြင်သဖြင့် (ဥစ္ဆေဒ စင်ပါတယ် ဘုရား) အဲ ဖြတ်လဲမသွားတာ သေချာတယ်၊ ပျက်သွားတာလဲ သေချာတယ်၊ မြင်လဲမသွားတာ (သေချာပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ)။
နားကြီးကြီးနဲ့ ထောင်ပါ
ဒီဥစ္စာက အင်မတန် နားကြီးကြီးနဲ့ထောင်မှ ဦးခင်မောင်ရေ ရှင်းမှာနော် (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ ဘာနဲ့ထောင်ရမယ် (နားကြီးကြီးနဲ့ ထောင်ရပါမယ်)။
ကဲ နားသေးသေးနဲ့ မထောင်ကြနဲ့ဆိုတာကိုလဲ သတိပေးရပြန်တယ် (မှန်ပါ့)၊ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ကိုယ့်ခန္ဓာ ပဋိပစ္စသမုပ္ပါဒ်ထဲမှာ ဒီတရားကလေး တစ်ခုတည်းမှာ ပျက်တာမြင်သဖြင့် သဿတ စင်တယ်၊ သူက ကျေးဇူးပြုခဲ့တာ မြင်သဖြင့်လဲ ဒါကလေးဟာ ပြတ်သွားတယ်လို့ ယူသေးရဲ့လား (မယူပါဘူး ဘုရား) ဒီတစ်လုံးထဲမှာ သဿတ ဥစ္ဆေဒ စင်ရမှာ ဦးဘအုန်းရ (မှန်ပါ့ ဘုရား)။
ကဲ ဒကာ ဒကာမတွေ ဦးဇံရင်တို့ လွယ်သလားဗျာ (မလွယ်ပါဘူး ဘုရား) ပြန်ပြောဦးမယ် သုံးခေါက်စေံ အောင် ဒကာ ဒကာမတို့ ပြန်ပြောဦးမယ်၊ ဒါကို ကြပ်ကြပ်သတိထားပါ၊ မြင်တော့ကို ဒကာ ဒကာမတို့ မြင်တဲ့စိတ်ကလေး ချုပ်သွားပြီးနောက် ခင်ဗျားတို့က ဘယ်လိုပေါ်လာသလဲ (တွေ့ချင်တယ်)။
ဒီမိတ်ဆွေနဲ့ ဘာလုံး (တွေ့ချင်တယ်) တွေ့ချင်တာ ဘာခေါ်မလဲ (ဖဿပါ ဘုရား) အဲ ဖဿကလေး လက်ကိုင်ထားပါပြီ-ဒကာသစ်၊ ဖဿကလေးက ပေါ်မလာဘူးလား (ပေါ်လာပါတယ်) ဒါ ခင်ဗျားတို့ သူများပြောလား ကိုယ့်ခန္ဓာဖြစ်စဉ်ကိုက်ပဲလား ကိုင်း-ခင်ဗျားတို့ မုန်းတဲ့ပုဂ္ဂိုလ်ရော (တွေ့ချင်ပါတယ်)။
မုန်းတဲ့ပုဂ္ဂိုလ်လဲ တွေ့ချင်တာပဲ
တွေ့ချင်တာပဲ ခင်ဗျားတို့က မုန်းတဲ့ပုဂ္ဂိုလ်လဲ ကျုပ်က မျက်နှာချင်းဆိုင် ပြောချင်သေးတာပဲဆိုတာ လာသေး တာပဲ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား) မုန်းတဲ့ပုဂ္ဂိုလ်လဲ ဘယ့်နှယ်တုံး (တွေ့ချင်ပါတယ်)၊ အလကားပြောတာ မုန်းတဲ့ပုဂ္ဂိုလ်များ မတွေ့ချင်ဘူးဆိုတာ မဟုတ်ဘူး ကျုပ်က မျက်နှာကြည့်ပြောရမှ ကျေနပ်တာဆိုတာ လာသေးတာဗျ၊ မုန်းတဲ့ပုဂ္ဂိုလ်လဲ ခင်ဗျားတို့က တွေ့ချင်တာပဲ (မှန်ပါ့)၊ မတွေ့ချင်ဘူးလား (တွေ့ချင်ပါတယ် ဘုရား)။
ကောင်းပြီ နဂိုရ်ကတော့ ခင်ဗျားတို့ မတွေ့ချင်ဘူးလို့ ဒုန်းခံတာနော် (မှန်ပါ့)၊ ကဲ ဒါဖြင့် တွေ့တဲ့ဖဿ ကလေးက တွေ့ရော၊ တွေ့ပြီးသည်၏ အခြားမဲ့၌ ဖဿကလေးက တစ်-နှစ်-ဆိုတော့ မချုပ်ပေဘူးလား (ချုပ်ပါတယ် ဘုရား)။
သူ့ သက်တမ်းက ဒါလောက်ရှိတော့ ဒါလောက်နဲ့ သူ ချုပ်သွားတယ် (မှန်ပါ့) ချုပ်ပေမယ့်လဲ ချုပ်သွားတာ မြင်လိုက်တော့ ဒကာ ဒကာမတွေက ဘယ့်နှယ်ဆိုမယ် (သဿတဒိဋ္ဌိစင်ပါတယ် ဘုရား) သဿတဒိဋ္ဌိ စင်သွားတယ်၊ မောင်ထွန်းလှိုင်တို့ သေသေချာချာ မှတ်စမ်းပါနော် (မှန်ပါ့)။
သဿတစင်သွားတာလဲ ကျေနပ်ပြီ၊ သူ့ဘာသာသူ ချုပ်တော့ ချုပ်သွားတာပဲတဲ့ ဝေဒနာပေါ်ခွင့်ကို ပေးခဲ့- မပေးခဲ့ (ပေးခဲ့ပါတယ် ဘုရား) ပေးခဲ့တော့ သူဟာ ချုပ်သာသွားတယ်၊ သူ့အကြောင်း သတ္တိ ကုန်ရဲ့လား (မကုန်ပါဘူး ဘုရား) မကုန်ဘူး၊ အဲဒီတော့ အကြောင်းသတ္တိမကုန်တာ သိလိုက်တော့ ဘာဒိဋ္ဌိစင်သွားသတုံး (ဥစ္ဆေဒဒိဋ္ဌိ စင်သွား ပါတယ်)။
ဒါဖြင့် ဖဿကလေး တစ်လုံးတည်းမှာ ဒကာ ဒကာမတို့ အပျက်မြင်သဖြင့် သဿတစင်တယ်၊ သူကချုပ်ပြီး သူ ကျေးဇူးပြုတတ်တဲ့ သတ္တိရှိတာ မြင်သဖြင့်လဲ ဘာစင်သွားပြန်သလဲ (ဥစ္ဆေဒဒိဋ္ဌိ စင်သွားပြန်ပါတယ် ဘုရား)။
တစ်လုံး-တစ်လုံးတည်းမှာ သဿတ ဥစ္ဆေဒ စင်-စင် သွားရမယ်
ဒါဖြင့် တစ်လုံး-တစ်လုံးတည်းမှာ သဿတ ဥစ္ဆေဒ စင်-စင် သွားရမယ် (မှန်ပါ့ ဘုရား) ကဲ စင်တတ်ကြ ပလား (စင်တတ်ပါပြီ ဘုရား) အပျက်မြင်ရင် (သဿတ စင်ပါတယ် ဘုရား) ကျေးဇူးပြုခဲ့တာ မြင်ရင် (ဥစ္ဆေဒ စင်ပါ တယ် ဘုရား)။
ဟော ဒါဖြင့် ဪ ဒါကလေးဟာ ဖြစ်လဲဖြစ်တယ် ဒကာ ဒကာမတို့ မသိဘူးလားဗျာ (သိပါတယ်) ပျက်ကော (ပျက်ပါတယ် ဘုရား) အဲ ဖြစ်လဲဖြစ်တာ အမှန်ပဲနော် (မှန်ပါ့)၊ ပျက်လဲ (ပျက်တာပါပဲ ဘုရား) ပျက်ပြီး ကျေးဇူးပြုခဲ့တာလဲ (အမှန်ပါ ဘုရား) အမှန်ပဲဆိုတော့-ဖြစ်တာလဲ အမှန်၊ ပျက်တာလဲ (အမှန်ပါ ဘုရား) ကျေးဇူးပြုခဲ့ တာလဲ (အမှန်ပါ ဘုရား)။
အမှန်သုံးချက်
ဒီအမှန်သုံးချက်ကို မလွတ်စေနဲ့ (မှန်ပါ့ ဘုရား) ဒီ အမှန်သုံးချက်ကို ဒကာ ဒကာမတွေ မလွတ်ပါစေနဲ့နော် (မှန်ပါ့ ဘုရား) ဝိပဿနာ ရှုတော့မယ်ဆိုရင် ဒီတစ်လုံးတည်းမှာ နှစ်လုံးပူးရှုလို့ မရပါဘူး ဦးခင်မောင်ရ (မှန်လှပါ ဘုရား)၊ ဒကာ ဒကာမတွေ စိတ်ထဲ တစ်လုံးသာ ပေါ်မှာကိုး (မှန်ပါ့) နှစ်လုံးပေါ်တယ်လို့ ထုံးစံရှိရဲ့လား (မရှိပါဘူး ဘုရား) မရှိတော့ကို ဥပမာ ဖြတ်ဆို ဖဿကချုပ်သွားတော့ ဝေဒနာကလေးက မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ပေါ်ပြီး သူ ဘာလုပ်ရမည့် တရားတုံး (ချုပ်ရပါမယ်) ချုပ်ရမည့်တရားဆိုတော့ ပေါ်တာမြင်သဖြင့်လည်း ဒကာ ဒကာမတို့ အဖြစ်ကို သူမမြင်ဘူးလား (မြင်ပါတယ်)၊
မြင်တယ် တဲ့၊ နောက် ပျက်သွားတယ် ဒကာ ဒကာမတို့ (မှန်ပါ့) ပျက်သွားတာမြင်တော့ ဘယ်ဒိဋ္ဌိ စင်သတုံး (သဿတဒိဋ္ဌိ စင်ပါတယ်)။
ဟော ခိုင်တယ် မြဲတယ်ဆိုပြီး ဒို့ ယူထားတာ လွဲကုန်ပြီဆိုတော့ ဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါဘူး) သို့သော်လဲ သူသာ ပျက်သွားတယ် ဒကာထွန်း၊ ပျက်ပြီး သူ့ သတ္တိကလေးက ကျေးဇူးပြုသေးသလား မပြုဘူးလား (ပြုပါတယ် ဘုရား)။
ဟော တဏှာကလေး နောက်ထပ်ပေါ်လာတယ် (မှန်ပါ့ ဘုရား) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ဘာ ပေါ်လာသလဲ (တဏှာပေါ်လာပါတယ် ဘုရား)။
တဏှာပေါ်လာတာ ထောက်လိုက်တဲ့အခါကျတော့ ချုပ်သွားတဲ့ ဓမ္မ၏ သတ္တိပဲဆိုတော့ မသိဘူးလား (သိပါ တယ် ဘုရား) သိတော့ ဥစ္ဆေဒဒိဋ္ဌိ လာသေးရဲ့လား (မလာပါ ဘုရား)။
ဒါဖြင့် ဒီတရားကလေးဟာ အဖြစ်မြင်သဖြင့် ဥစ္ဆေဒ စင်တယ်၊ အပျက်မြင်သဖြင့် သဿတ စင်တယ်ဆိုတာ သေသေချာချာ ကျေနပ်ပလား (ကျေနပ်ပါတယ်)၊ မကျေနပ်သေးဘူးဘား (ကျေနပ်ပါတယ် ဘုရား)။
ဖြစ်ပျက်ရှုပေးပါ
ဒါဖြင့် ဒီတရားကလေး တစ်ခုတစ်ခုမှာ ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုပေးပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ခင်ဗျားတို့ ခန္ဓာထဲ ပေါ်လာတဲ့ တရားတစ်ခုတစ်ခုမှာ (ဖြစ်ပျက်ရှုပေးရပါမယ်)၊ အဲဒီတော့ အဖြစ်မြင်ရင် ဘာစင်သတုံး (ဥစ္ဆေဒ စင်ပါတယ် ဘုရား) အဖြစ်မြင်ရင် (ဥစ္ဆေဒ စင်ပါတယ်) အပျက်မြင်ရင် (သဿတ စင်ပါတယ်)
ကဲ သဘောပါကျပလား (ပါပါပြီ) အဖြစ်မြင်ရင် (ဥစ္ဆေဒစင်ပါတယ်)၊ ဥစ္ဆေဒ စင်ပါတယ်ဆိုတော့ ဪ ဒါဟာ နောက်က အကြောင်းမရှိဘဲနဲ့ သူမဖြစ်ဘူး (မှန်ပါ့)။ ဒီလိုဆိုတော့ ဥစ္ဆေဒမစင်သွားဘူးလား (စင်သွားပါးတယ် ဘုရား) နောက်က အကြောင်းမရှိဘဲနဲ့ အခု ဓမ္မကလေးဟာ (မဖြစ်ပါဘူး ဘုရား) မဖြစ်ဘူးဆိုတာ သေချာပလား (သေချာပါတယ်)။
ဒါဖြင့် အဖြစ်မြင်ရင် (ဥစ္ဆေဒစင်ပါတယ်)။
အပျက်မြင်ရင် (သဿတ စင်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒီတရားကလေးမှာ ဖြစ်ပျက်နှစ်ခု မရှိဘူးလား၊ ရှိသလား (ရှိပါတယ် ဘုရား)။
ကဲ သူ ချုပ်သွားပြန်တော့လဲ တဏှာကလေးက ပေါ်လာပြန်တယ်ဆိုတော့ သူ့အဖြစ်မြင်ရင် (ဥစ္ဆေဒ စင်ပါတယ် ဘုရား) အပျက်မြင်ရင် (သဿစင်ပါတယ် ဘုရား)။
ကဲ သေချာကြပလား (သေချာပါတယ်) ဒီလိုချည်း မောင်မြရွှေတို့ ဦးဇံရင်တို့ ကဲ အခုတရားဖြင့် ဪ ဒါကလေးဟာ ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ် နော် (မှန်ပါ့) ဖြစ်လဲဖြစ်တယ်၊ ပျက်လဲ ပျက်တယ်လို့ ခင်ဗျားတို့ ဉာဏ်ထဲမှာ ရှုတိုင်းရှုလိုက်တိုင်း ဪ ဖြစ်လဲ ဖြစ်ပေမှာပဲ ဒီဥစ္စာက အကြောင်းမကင်းသေးတော့ ဖြစ်မှာပဲဆိုတော့ ဥစ္ဆေဒစင်မသွားဘူးလား (စင်သွားပါတယ် ဘုရား)။
အကြောင်းသတ္တိကုန်တော့လဲ ပျက်ပေမှာပဲ
အကြောင်းသတ္တိကုန်တော့လဲ ပျက်ပေမှာပဲဆိုတော့ သဿတကော (စင်ပါတယ် ဘုရား) အကြောင်းသတ္တိမကုန် သေးတော့ ဖြစ်မှာပဲဆိုတော့ ဘယ်ဒိဋ္ဌိစင်သွားသတုံး (ဥစ္ဆေဒစင်ပါတယ်)၊ ဥစ္ဆေဒ စင်သွားတယ်၊ အကြောင်းသတိ ကုန်တော့လဲ (ပျက်ပါတယ် ဘုရား) ဒီလိုဆိုတော့ (သဿတစင်ပါတယ်) ဒီတစ်လုံးတည်းကို သိသိသွားရမယ်တဲ့ (မှန်ပါ့) အင်မတန် အရေးကြီးတယ် နော်၊ ဒကာ ဒကာမတို့ ဒါ သာမညအရေးလား၊ အလွန်ကြီးတဲ့အရေးလား (အလွန် ကြီးတဲ့အရေးပါ ဘုရား)။
အဲဒါ ခင်ဗျားတို့က ဘုန်းကြီးကတော့ အရေးကြီးတယ် ဒို့ကလဲ ခက်လိုက်တာ မလုပ်နဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) နားမလည်-လည်အောင်ကို နားထောင်ရမယ်၊ ဒါကလေး နှစ်ခုကို နားမလည်တော့ဘူးဆိုရင် ခင်ဗျားတို့ အာပေါက်အောင် အနိစ္စ ဒုက္ခ အနတ္တအားထုတ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရဘူး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
အနိစ္စ ဒုက္ခ အနတ္တကို တစ်ခါတည်း ပုတီးတစ်ကုံးပြီးတစ်ကုံး တစ်ရာ့ရှစ်လုံး စိပ်ချ၊ ပုတီးကြိုးသာပြတ်မယ် မရဘူး၊ ရိပ်မိပလား (မှန်ပါ့) ဘာဖြစ်လို့ မရတာတုံးဆိုတာ ရိပ်မိပလား (မှန်ပါ့ ဘုရား) ဘာ မစင်လို့ပါလိမ့် (သဿတ ဥစ္ဆေဒ မစင်လို့ပါ ဘုရား)။
လုပ်သာ လုပ်နေတာကိုး၊ သဿတ ဥစ္ဆေဒ ကပ်လျက်ပဲတဲ့၊ သဿတ ဥစ္ဆေဒ ကပ်လျက်ရှိပြီး သကာလနေတော့ ဦးဇံရင် ရနိုင်ပါ့မလား (မရနိုင်ပါဘူး ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် တစ်လုံးတစ်လုံးမှာ ဖြစ်ပျက်ရှိတာကော ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား) အဖြစ်ကောင်းကောင်း မြင်ရင် (ဥစ္ဆေဒစင်ပါတယ် ဘုရား) အပျက်ကောင်းကောင်းမြင်ရင် (သဿတ စင်ပါတယ် ဘုရား) သဿတ စင်တယ် ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။
အားကြီးတဲ့ ဝိပဿနာ
ဒါဖြင့် ဖြစ်ပျက်ဟာ ခင်ဗျားတို့ အခုလိုသိပြီးမှ ရှုလို့ရှိရင်ဖြင့် အားကြီးတဲ့ ဝိပဿနာဖြစ်သောကြောင့် ဝိပဿနာ ဉာဏ်က အနန္တရပစ္စည်း၊ မဂ်ဉာဏ်က အနန္တရပစ္စည်း၏ ပစ္စယုပ္ပန် ဖြစ်ရမယ်၊ သေသေချာချာမှတ်တော့ (မှန်လှပါ ဘုရား) အနန္တရ ပစ္စယော- အခြားမရှိမူ၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊ သဘောကျပလား (ကျပါပြီ) အနန္တရပစ္စယော အခြားမရှိမူ၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်းဆိုတော့ ဒါတွေ ဖြစ်ပျက် ဖြစ်ပျက်လို့ ရှုလိုက်တော့ ဖြစ်ပျက်ရှုတဲ့ ဉာဏ်ကလေးက ဒီမှာ မလာပေဘူးလား (လာပါတယ် ဘုရား)။
ဖြစ်ပျက်ရှုတဲ့ဉာဏ်အဆုံးမှာ ဒကာ ဒကာမတို့ ဒီဘက်က ဒါက ဖြစ်ပျက်ရှုတဲ့ မဂ္ဂင်လာပြီးသကာလ ဒီဘက်က ဖြစ်ပျက်မမြင်ဘဲ သစ္စာမြင်တဲ့ မဂ္ဂင်ရှစ်ပါးလာရမယ် တဲ့ (မှန်လှပါ)၊ ကဲ ဘယ်လောက် မြန်သတုံးဗျာ (မှန်ပါ့)။
ဝိပဿနာ ဉာဏ်ပြီးရင် မဂ်ဉာဏ်လာရမယ်
ဒါဖြင့် သဿတ ခွါပြီးသားပုဂ္ဂိုလ်မှာ ဝိပဿနာ ဉာဏ်ပြီးရင် မဂ်ဉာဏ်လာရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) သဿတ ဥစ္ဆေဒ ရှင်းပြီးသားပုဂ္ဂိုလ်မှာ ရှုလိုက်လို့ရှိရင် ဒီဘက်က ဖြစ်ပျက်တွေ ရှုလိုက်လို့ရှိရင် ဘယ့်မှယ်ဆိုကြမယ် (ဝိပဿနာ ဉာဏ်ငါးခုလာပါတယ်) ဝိပဿနာဉာဏ် ငါးခုလာပြီး မဂ္ဂင်ရှစ်ပါးတည်းဟူသော မင်္ဂဉာဏ်ဟာ (လာပါမယ် ဘုရား) ဝေးသလား (မဝေးပါဘူး ဘုရား)။
ဒါကြောင့် သူက အနန္တရပစ္စည်း၊ သူက အနန္တပစ္စည်း၏ ပစ္စယုပ္တန်၊ သူ့အကြောင်းကိုရှု၊ သူ့အကြောင်းကို ကြိုးစားရင် အကျိုးပေါ်မယ် တဲ့၊ ခင်ဗျားတို့ မကြာတော့ဘူးတဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အဲဒီတော့ အားငယ်စရာများ ရှိပါရဲ့လား (မရှိပါဘူး ဘုရား)။
ဖြစ်ပျက်ရှုတဲ့ ဉာဏ်အဆုံးမှာ ဒကာ ဒကာမတို့ ဒီဘက်က ဒါက ဖြစ်ပျက်ရှုတဲ့ မဂ္ဂင်လာပြီးသကာလ ဒီဘက်က ဖြစ်ပျက်မမြင်ဘဲ သစ္စာမြင်တဲ့ မဂ္ဂင်ရှစ်ပါးလာရမယ် တဲ့ (မှန်လှပါ)၊ ကဲ ဘယ်လောက် မြန်သတုံးဗျာ (မှန်ပါ့)။
ဒါဖြင့် တဿသ ဥစ္ဆေဒခွါပြီးသား ပုဂ္ဂိုလ်မှာ ဝိပဿနာ ဉာဏ်ပြီးရင် မဂ်ဉာဏ်လာရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) သဿတ ဥစ္ဆေဒ ရှင်းပြီးသားပုဂ္ဂိုလ်မှာ ရှုလိုက်လို့ရှိရင် ဒီဘက်က ဖြစ်ပျက်တွေ ရှုလိုက်လို့ရှိရင် ဘယ့်နှယ်ဆိုကြမယ် (ဝိပဿနာဉာဏ် ငါးခုလာပါတယ်) ဝိပဿနာဉာဏ် ငါးခုလာပြီး မဂ္ဂင်ရှစ်ပါးတည်းဟူသော မဂ်ဉာဏ်ဟာ (လာပါမယ် ဘုရား) ဝေးသလား (မဝေးပါဘူး ဘုရား)။
ဒါကြောင့် သူက အနန္တရပစ္စည်း၊ သူက အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်၊ သူ့အကြောင်းကိုရှု၊ သူ့အကြောင်းကို ကြိုးစားရင် ဒီအကျိုးပေါ်မယ် တဲ့၊ ခင်ဗျားတို့ မကြာတော့ဘူးတဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ အဲဒီ တော့ အားငယ်စရာများ ရှိပါရဲ့လား (မရှိပါဘူး ဘုရား)။
ဖြစ်သင့်လို့ဖြစ်တယ်
ဒါဖြင့် ဒကာ ဒကာမတို့ ဒီတစ်လုံးတည်းမှာ သဿတ ဥစ္ဆေဒ ခွါပြီးသကာလ ဪ-ဖြစ်သင့်လို့ဖြစ်တယ်၊ အကျိုးချုပ်ရရှာတာပဲလို့ သိလိုက်တော့ ဪ ဖြစ်သင့်လို့ဖြစ်၊ ပျက်သင့်လို့ ပျက်သွားတာပဲလို့ မြင်လိုက်တော့ ဒါ ဘာဉာဏ်ဖြစ်သွားသလဲ (ဝိပဿနာဉာဏ်ဖြစ်ပါတယ်)။
ဝိပဿနာဉာဏ်၊ ဒိဋ္ဌိခွါပြီးသားမြင်တဲ့ဉာဏ် (မှန်ပါ့)၊ ဒီထဲမှာ ဒိဋ္ဌိရောနေသေးသလား (မရောပါဘူး) အဲဒီတော့ ဒိဋ္ဌိကွာပြီးသားမြင်တဲ့ ဝိပဿနာဉာဏ်၊ “သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ”ဆိုတဲ့ မဂ္ဂင်ငါးပါး-ရှုတာဟာ မဂ္ဂင်ငါးပါးမှတ်ကြပါ ဒကာ ဒကာမတို့ နော် (မှန်ပါ့)။
ရှုနေရင် မဂ္ဂင်ဘယ်နှပါးရသလဲ (ငါးပါးရပါတယ် ဘုရား) ဖြစ်ပျက်မြင်ရင် (မဂ္ဂင်ငါးပါးရပါတယ်) ဖြစ်ပျက် မြင်ရင် (မဂ္ဂင်ငါးပါးပါ ဘုရား) အဲဒီတော့ ဖြစ်ပျက်မြင်ရင် မဂ္ဂင်ငါးပါးရတယ်လို့ဆိုတာက ဒကာ ဒကာမတို့ သဿတ ဥစ္ဆေဒ ရှင်းပြီးသားပုဂ္ဂိုလ်မှာ ဒီဥစ္စာ အားနည်းတဲ့ ဝိပဿနာလို့ မဆိုနဲ့ နော် (မှန်လှပါ ဘုရား)။
ဘယ့်နှယ်ဆိုကြမယ် (အားကြီးတဲ့ ဝိပဿနာပါ ဘုရား)၊ အားကြီးတဲ့ ဝိပဿနာလို့ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်ပါ့)။
ဘယ်လို ဆုံးဖြတ်ချက်ချမယ် (အားကြီးတဲ့ ဝိပဿနာပါ ဘုရား) အားကြီးတဲ့ ဝိပဿနာလို့ ဆုံးဖြတ်ချက် ချပါ၊ ဘယ့်နှယ်ကြောင့် အားကြီးတာတုံး ဒိဋ္ဌိခွါပြီးတော့ကို မြင်တဲ့အမြင် (မှန်ပါ့)။
ဒိဋ္ဌိခွါပြီးတော့ကို မြင်တဲ့အမြင်
ရှေးက ဖြစ်ပျက်ကလေးကို ဘာခွါပြီး မြင်တာတုံး (ဒိဋ္ဌိခွါပြီး မြင်ပါတယ်)။
ဒိဋ္ဌိ ရောနေသေးသလား (မရောပါဘူး ဘုရား) ကုသိုလ်ဖြစ်အောင် လုပ်တာမျိုး ဟုတ်သေးလား (မဟုတ်ပါဘူး) မဟုတ်ဘူးတဲ့၊ ဖြစ်သင့်လို့ဖြစ်တယ်၊ ပျက်သင့်လို့ ပျက်တယ်ဆိုတဲ့ ဥစ္စာကို တစ်ခါတည်း မမြင်လာဘူးလား (မြင်လာ ပါတယ် ဘုရား)။
မြင်လာတဲ့အခါကျတော့ ဖြစ်ပျက်-မဂ်၊ လောကုတ္တရာ မဂ်၊ (မှန်ပါ့ ဘုရား) ကဲ ဝေးသလားဗျာ (မဝေး ပါဘူး)။
ပဋ္ဌမ ရှေးဦးစွာတော့ ဒိဋ္ဌိ ခွါပြီးသား ပုဂ္ဂိုလ်မှာ သူက ဘာတုံး (ဖြစ်ပျက်ပါ ဘုရား) သူက ဘာတုံး (မဂ်ပါ ဘုရား) ဝိပဿနာ မဂ် ဆိုလိုက်စမ်းပါ (မှန်ပါ့)၊ ဒီက ဘာပါလိမ့် (ဖြစ်ပျက်ပါ ဘုရား)။
ဒီက (ဝိပဿနာ မဂ် ပါ ဘုရား)၊ ကဲ ဝိပဿနာ မဂ်လဲ ရင့်လဲ ရင့်ပါရော ဒကာထွန်း၊ ဝိပဿနာမဂ် ပြီးတော့ ဘာလာမယ် (လောကုတ္တရာ မဂ် လာပါမယ်)၊ ဝေးသလားဗျာ (မဝေးပါဘူး)။
အဲဒီတော့ မဝေးတာကိုလဲ သံယုတ်အဋ္ဌကထာ ဆရာက ဝိပဿနာ ဟာကွာ တဲ့၊ အနန္တရပစ္စည်းပါတဲ့၊ လောကုတ္တရာ မဂ်-က အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်လို့၊ ဦးခင်မောင် ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)၊ အခြား ရှိသေးသလား (မရှိပါဘူး) ဒါဖြင့် ဒိဋ္ဌိခွါပြီးမှ ရှုတဲ့ဝိပဿနာ ဉာဏ်သည် အခြားမရှိမူ၍ ကျေးဇူးပြုတယ်ဆိုတာ ပေါ်ကြပလား (ပေါ်လာပါတယ်ဘုရားဝ။
ဒါဖြင့် ဒီနေ့ ဒီ-ဒကာ ဒကာမတွေကို ဒီလောက် ခက်ခက်ခဲခဲ အဓိပ္ပာယ်ကို ဒီလောက်ဉာဏ်ထဲမှာ ထင်ထင် ရှားရှား ရောက်အောင် ပြောရတဲ့အတွက် ဘုန်းကြီးတို့အတွက်မှာ ဝမ်းသာလို့ မဆုံးပါဘူး (မှန်ပါ့)။
မဂ်ဉာဏ်, ဖိုလ်ဉာဏ် ကပ်သွားပြီ
ခင်ဗျားတို့အဖို့မှာလဲ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ကပ်သွားပြီ (မှန်ပါ့) မကပ်သေးဘူးလား (ကပ်ပါတယ် ဘုရား) ကဲ ဒါဟာ ခင်ဗျားတို့ သန္တာန်ဖြစ်တဲ့ တဏှာကလေး ဆိုလိုက်ပါတော့ ဒါကလေးဖြစ်ပြီးတော့ ဘာဖြစ်မယ် (ပျက် ပါတယ် ဘုရား) ပျက်သွားတော့ ဖြစ်သင့်လို့ ဖြစ်တာမဟုတ်လားဗျာ (မှန်ပါ့) ဝေဒနာက ဖြစ်ခိုင်းလို့ ဖြစ်ရတယ်၊ သဘောကျပလား (ကျပါပြီ)။
အဲ ဝေဒနာက ဖြစ်ခိုင်းလို့ ဖြစ်ရတော့ အသက်တမ်းစေ့တော့ သူ့ အသက်တမ်းကလဲ ၁-ဆိုရင် ဖြစ်ရ ရှာတယ်၊ ၂-ဆိုရင် သေရရှာတယ် (မှန်ပ့ါ) ဒါဖြင့် ပျက်သင့်လို့ကော (ပျက်ပါတယ် ဘုရား)။
ဒါဖြင့် သူက ဖြစ်ပျက် ခင်ဗျားတို့က ရှုလိုက်တော့ (မဂ်ပါ ဘုရား) ဝိပဿနာ မဂ်ဖြစ်သွားတယ်ဆိုတာ သေချာ ပလား (သေချာပါတယ် ဘုရား)။
ဖြစ်ပျက် ဝိပဿနာ မဂ် ဖြစ်သွားတော့ ဖြတ်ဆို ဝိပဿနာ မဂ်လဲ ဒကာသစ်တို့ ဦးဇရင်တို့ ကိုမြရွှေတို့ ဖြိုင်ဖြိုင်ကလေး ရှုပေးလိုက် (မှန်ပါ့ ဘုရား)။
ရှုလိုက်တော့ ဘာဖြစ်လာမယ်ထင်သတုံး (လောကုတ္တရာ မဂ် ဖြစ်လာပါတယ်) အားကြီးသော ဝိပဿနာ ရင့်မလာဘူးလား (ရင့်လာပါတယ် ဘုရား)။
လောကုတ္တရာမဂ် ကျေးဇူးပြုမယ်
ရင့်လာသည်နှင့် တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ ဒီ မဂ်က ဘယ် မဂ် ကျေးဇူးပြုမလဲ (လောကုတ္တရာ မဂ် ကျေးဇူးပြုပါတယ် ဘုရား)။ လောကုတ္တရာ မဂ် ကျေးဇူးပြုမယ်ဆိုတော့ ဒီ-မဂ် မရဘဲနဲ့ ဒီ-မဂ် ကို ရနိုင်ပါမလား (မရနိုင်ပါဘူး)။
မရနိုင်တော့ ဪ ဒီဖြစ်ပျက်ကြောင့် ဒီ-မဂ်ဖြစ်တယ်၊ ဒီ-မဂ်ကြောင့် ဒီ-မဂ်ဖြစ်တယ် (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ) ဒီ-ဖြစ်ပျက်ကြောင့် (ဝိပဿနာ မဂ် ဖြစ်ပါတယ် ဘုရား) ဝိပဿနာ မဂ်ဖြစ်တယ်၊ ဝိပဿနာ မဂ် ကြောင့် (လောကုတ္တရာ မဂ် ဖြစ်ပါတယ် ဘုရား)။
လောကုတ္တရာမဂ် ဖြစ်တယ်ဆိုတော့ ဒီ-အစီအစဉ်မျိုးကို ခင်ဗျားတို့ ပိုင်ပိုင်နိုင်နိုင်ကြီး ဪ ဒိဋ္ဌိ ခွါပြီး ရှုလို့ရှိရင် အနီးကလေးပါကလား (မှန်ပါ့) ဒီ-မဂ်က နိဗ္ဗာန်မြင်တဲ့ မဂ် (မှန်ပါ့) ဒီ-မဂ်က ဖြစ်ပျက်မြင်တဲ့ မဂ်၊ သဘောကျပလား (ကျပါပြီ) ဒီ-ဝိပဿနာမဂ်-က ဘာမြင်သလဲ (ဖြစ်ပျက် မြင်ပါတယ် ဘုရား)။
လောကုတ္တရာ ပေါ်ရန် သူက ကျေးဇူးပြုလိုက်တော့ လောကုတ္တရာ မဂ် ပေါ်တော့ လောကုတ္တရာ မဂ်-က ဘာမြင်သတုံး (နိဗ္ဗာန်မြင်ပါတယ် ဘုရား) နိဗ္ဗာန်မြင်တယ်ဆိုတော့ သောတာပတ္တိ မဂ်-ဖြစ်နေပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီနေ့ ကံထူးတယ် အင်မတန် ထူးတဲ့နေ့ပဲဆိုတာ ပေါ်ကြ ပလား (ပေါ်လာပါတယ်)။
ဒါကြောင့် တဲ့ ဒကာ ဒကာမတို့ ဒီဖြစ်ပျက်ကို မမေ့ပါနဲ့ (မှန်ပါ့) အဖြစ်မြင်လို့ရှိရင် ဘာစင်သတဲ့တုံး (ဥစ္ဆေဒစင်ပါတယ် ဘုရား) အပျက်မြင်ရင် (သဿတ စင်ပါတယ်) ဟော ခိုင်တယ်-မြဲတယ်လို့ မဟုတ်ဘူးဆိုတာ မသေချာဘူးလားဗျာ (သေချာပါတယ်)၊ ဒါ မိမိခန္ဓာလား သူတစ်ပါး ခန္ဓာလား (မိမိ ခန္ဓာပါ ဘုရား)။
ဘယ်စိတ်ပေါ်ပေါ် ဖြစ်ပျက် သာရှိတယ်
အဲ မိမိ ခန္ဓာမှာ ဒါပဲရှိတယ်ဆိုတာ မသေမခြင်းမှတ်ပါ (မှန်ပါ့) မိမိ-ခန္ဓာ ဘယ်စိတ်ပေါ်ပေါ် ဖြစ်ပျက် သာရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) မိမိ-ခန္ဓာ ဘယ်စိတ်ပေါ်ပေါ် (ဖြစ်ပျက်သာ ရှိပါတယ် ဘုရား) ဖြစ်ပျက်သာ ရှိတယ်။ ယောကျ်ားမပါဘူး၊ မိန်းမမပါဘူး (မှန်ပါ့) သဿတဒိဋ္ဌိလဲ ခွါပြီးသား ၊ သက္ကာယဒိဋ္ဌိလဲ ခွါပြီးသား ၊ ဥစ္ဆေဒဒိဋ္ဌိလဲ ရှင်းပြီးသားနော် (မှန်ပါ့) ကျေနပ်ကြပလား (ကျေနပ်ပါပြီ) အဲဒီတော့ ဒါမပါဘဲနဲ့ ရှုနေတဲ့အတွက် ဝတ္ထုထုတ်တော့မယ် (မှန်ပါ့)၊ ဒါမပါဘဲနဲ့ ရှုနေတာ ဘယ်သူတုံးဆိုတော့ ဖွားဘက်တော် ဆန္နနော် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒီလို သဿတက ဥစ္ဆေဒမခွါဘဲနဲ့ ရှုနေတာ ဘယ်သူပါလိမ့် (ဆန္နပါ ဘုရား) ဖွား ဘက်တော်ဆန္န (မှန်ပါ့) သေချာပလား (သေချာပါပြီ)။
ဘယ်သူပါလိမ့်ဗျာ (ဖွားဘက်တော် ဆန္နပါ ဘုရား) ဖွားဘက်တော် ဆန္နဟာ နည်းတဲ့နှစ် မဟုတ်ဘူးနော် လေးဆယ့်လေး-လေးဆယ့်ငါးနှစ်ကြီး ရှုတာ၊ ဝိပဿနာ ရှုနေတာ (မှန်ပါ့) ဖြစ်ပျက်တော့ သူမြင်တယ်၊ ဉာဏ်ထဲမှာ သဿတ မခွါတတ်ဘူး (မှန်ပါ့) ဥစ္ဆေဒ (မခွါတတ်ပါဘူး)။
အဲဒါကြောင့် ဘယ်လောက် ကြာသွားသတုံး (၄၄=၄၅နှစ် ကြာသွားပါတယ်) အဲ ဘုရားဖြစ်ကတည်းက သူ့အပင့်လွှတ်လိုက်တုံးက သုဒ္ဓေါဓနမင်းကြီးက သူ့အပင့်လွှတ်တာပဲ သူပါ သင်္ကန်းဝတ်နေတယ်ဆိုတာလဲ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။
အဲဒါတွေ ထောက်ပြီးတော့- တစ်သက်လုံး ၄၅ နှစ်လောက် ဝိပဿနာလုပ်နေတဲ့ ပုဂ္ဂိုလ်ကြီးဆိုရင်ကော ခင်ဗျားတို့က ငြင်းဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။
သဿတ ဥစ္ဆေဒ မကွာလို့
လုပ်နေလျက်နဲ့ ဘာဖြစ်လို့ ဘုရား ပရိနိဗ္ဗာန်စံသွားတောင် မရပါလိမ့်မတုံး (သဿတ ဥစ္ဆေဒ မကွာလို့ပါ ဘုရား) သဿတ ဥစ္ဆေဒ ဟောဒီအပေါ်မှာ ဖြစ်ပျက်ဖြစ်မည့် တရားအပေါ်မှာ မခွါတတ်ဘူး ဦးခင်မောင်ရေ (မှန်လှပါ)။
ရိပ်မိကြပလား (ရိပ်မိပါပြီ) ဘယ်အပေါ်မှာ မခွါတတ်တာပါလိမ့် (ဖြစ်ပျက်ဖြစ်မည့် တရားအပေါ်မှာ မခွါ တတ်ပါဘူး)။
အေး ခန္ဓာ ပဋိစ္စသမုပ္ပါဒ်အပေါ်မှာ မခွါတတ်တာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) ဘယ်အပေါ်မှာ မခွါတတ်တာပါလိမ့် (ခန္ဓာ ပဋိစ္စ သမုပ္ပါဒ် အပေါ်မှာ)။
ခန္ဓာပဋိစ္စသမုပ္ပါဒ်အပေါ်မှာ မခွါတတ်တဲ့အတွက် သူ့ ဘာငြိနေသတုံး (သဿတ ဥစ္ဆေဒ ငြိနေပါတယ်)၊ သဿတ ဥစ္ဆေ၏ ငြိနေတဲ့အတွက် နှစ်ပေါင်း ဘယ်လောက်ကြာသွားသလဲ (၄၅-နှစ်ပါ ဘုရား) အဲ ဦးဇံရင်တို့ ကိုမြရွှေတို့ မနစ်နာဘူးလားဗျာ (နစ်နာပါတယ် ဘုရား)။
အင်မတန် နစ်နာတယ်၊ ဦးခင်မောင် (နစ်နာပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ (နစ်နာပါတယ် ဘုရား) အဲဒီတော့ ခင်ဗျားတို့မှာ အခု မနစ်နာရအောင် ဖြစ်ပျက်+ ဝိပဿနာ မဂ်၊ ဝိပဿနာမဂ်+ လောကုတ္တရာ မဂ်၊ ကဲ ဝေးသလား (မဝေးပါဘူး)။
မဝေးဘဲနဲ့ ဘယ့်နှယ်ကြောင့် မရောက်ပါလိမ့်မတုံး ဆို မလုပ်တာတော့ မတတ်နိုင်ဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
နည်းသာ ပေးနိုင်တယ်
ဒကာ ဒကာမတွေကလဲ အချောင်က အင်မတန်လိုချင်တယ်၊ ဘုရားရှေ့သွားပြီးသကာလ ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန် မဂ်-ဖိုလ်ရရပါလို၏ ဘုရား လို့ ဆုတောင်းတယ် (မှန်ပါ့) ဒါဖြင့် ဘုရားက ပေးနိုင်တယ်ထင်တယ် ထင်ပါရဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဒကာ ဒကာမတွေ နည်းသာ ပေးနိုင်တယ်၊ သဘောကျပလား (မှန်ပါ့)၊ ကိုယ့်ဟာကိုယ် လုပ်ယူကြ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘုရားက သွားတောင်းတဲ့ အခါကျတော့ ဘာပေးသတုံး (နည်းသာပေးပါ တယ် ဘုရား) နည်းတော့ ပေးနိုင်တယ် တဲ့၊ ရတော့ ကိုယ့်စွမ်းရည်နဲ့ ရ-ရမှာ (မှန်ပါ့ ဘုရား) ဘုရားက နည်းပေး သမား၊ ကိုယ်က ကိုယ့်စွမ်းရည်နဲ့ လုပ်ယူသမား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။ အဲဒီတော့ ခင်ဗျားတို့ နည်းလဲ တောင်းရမှာပဲ သဘောကျပလား (ကျပါပြီ)။
ကိုယ့်စွမ်းရည်နဲ့ လုပ်ယူရမှာလဲ ဧကန်ပါပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ကိုင်း ဒါဖြင့် အရှင်ဆန္နဝတ္ထု စ,စို့ ဦးခင်မောင်ရေ (မှန်လှပါ ဘုရား) အခု ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) ဖြစ်ပျက်၊ ဘာမဂ်တုံး (ဝိပဿနာ မဂ်ပါ ဘုရား) ဝိပဿနာမဂ်ပြီးရင် (လောကုတ္တရာမဂ်ပါ ဘုရား) အဲ ခွါပြီးမှမြင်ရင် ကိစ္စပြီးတာပဲဆိုတာ သေချာ ပလား (သေချာပါပြီ)။
အဲဒီတော့ ခင်ဗျားတို့ အရှင်ဆန္နအကြောင်းကို ထုတ်လုပ်မှပဲ ဪ-ဒို့သည်ကားလို့ ဆိုလို့ရှိရင် အရှင်ဆန္နထက် တောင် သာနေပါသေးလား အခု ရှေးဦးစွာ ခွါပေးတယ်ဆိုတော့ ဦးခင်မောင် မသေချာဘူးလား (သေချာပါတယ် ဘုရား) ခန္ဓာ ပဋိပစ္စသမုပ္ပါဒ်မှာ သဿတ ဥစ္ဆေဒ ခွါပေးတယ် ဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါဘတယ် ဘုရား) ကဲ ထားလိုက်ဒါဖြင့် အရှင်ဆန္နဆိုတဲ့ ပုဂ္ဂိုလ်ဟာ သာဝတ္တိပြည် ဇေတဝန်ကျောင်းမှာ ဘုရား ပရိနိဗ္ဗာန်စံပြီးသည့် နောက် အဲဒီမှာပဲ သူက နေရစ်တယ် (မှန်ပါ့)။
အရှင်ဆန္န
နေရစ်ပြီးသကာလ သူ့ကို စကားပြောမည့်သူက မရှိတာနဲ့ သူ့ကျောင်းကလေး တံခါးပိတ်ပြီး သကာလ ဦးခင်မောင် လျှောက်လည်တယ် နော် (မှန်ပါ့) အရှင်ဘုရားတို့ တပည့်တော်ကို ဆုံးမကြပါဦးဘုရာ့၊ ကံမြစ် ကြပါဦးဘုရာ့၊ တရားကလေး ဘာကလေးလဲ ပေးကြပါဦးဘုရာ့၊ နို့မို့လို့ရှိရင် တပည့်တော် ဘာမှ ကျေးဇူးများတော့မှာ မဟုတ်ဘူး၊ ကျောင်းတွေလျှောက်ပြီး သူ့ကို ဆုံးမပါဦးတဲ့ ကံမြစ်ကြပါဦး တရားနည်းပေးကြပါဦးဆိုပြီး သူက လိုက်ပြီး တောင်းသနော် (မှန်ပါ့)။
ဘာတဲ့တုံး (တရားတောင်းပါတယ် ဘုရား) တရားလိုက်တောင်းတယ်၊ ဆုံးမပါဦးဘုရာ့, ကံမြစ်ပါဦးဘုရာ့, တရားပေးပါဦးဘုရာ့ ဒီအတိုင်း ပစ်မထားကြပါနဲ့ မတောင်းဘူးလား (တောင်းပါတယ် ဘုရား) တောင်းတော့ အဲဒီ့ ကိုယ်တော်တွေက ကြားတဲ့အခါကျတော့ အို အရှင်ဆန္န ဒို့-ဆုံးမပါ့မယ်၊ ဒို့ကံမြစ်ပါတယ်၊ ဒို့-တရားပေးပါ့မယ်ကွ ၊ ဟော ခန္ဓာငါးပါးရှိတယ်၊ ရုပ်တရားဟာ အနိစ္စ၊ ဝေဒနာ အနိစ္စ၊ သညာအနိစ္စ၊ သင်္ခါရ အနိစ္စ၊ ဝိညာဏ် အနိစ္စ၊ တိုတိုကွာ သဗ္ဗေ သင်္ခါရာ အကုန်အနိစ္စချည်းပဲ သဗ္ဗေဓမ္မာ အနတ္တာ၊ အကုန်အနတ္တ ကွ နိဗ္ဗာန်တောင် အနတ္တလို့ တစ်ခါတည်း သူတို့က ဟောလိုက်တယ် (မှန်ပါ့)။
အားထုတ်နေတာ ကြာလှပြီ
ဟောလိုက်ရင်ပဲ ဦးခင်မောင် အို ဒီလောက်တော့ ကျုပ် အားထုတ်နေတာကြာလှပြီ၊ ဒီလို အားထုတ်နေတာ ကြာလှပြီတဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်လိုများ နှုတ်လှန်ထွက်လာပါလိမ့် (ဒီလိုအားထုတ်တာ ကြာလှပါပြီတဲ့)၊ ဒီ အနိစ္စမျိုး ဒီအနတ္တမျိုး၊ သဗ္ဗေသင်္ခါရာ အနိစ္စ၊ သဗ္ဗေဓမ္မ အနတ္တနဲ့ သူ အားထုတ်နေတာ ကြာလှပါပြီတဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ အားလဲထုတ်တယ်နော် (မှန်လှပါ ဘုရား) ကြာကော မကြာဘူးလား (ကြာပါတယ် ဘုရား)၊ ဘုရားဖြစ်စဉ်က အားထုတ်တာဗျာ၊ ဘုရားပဲ ပရိနိဗ္ဗာန်စံပြီးပေါ့ မောင်ထွန်းလှိုင် မကြားဘူးလား (ကြာပါတယ် ဘုရား)
အဲဒီတော့ ဒီ ဥစ္စာတွေ သူ အားထုတ်တာ ကြာလှပြီတဲ့ ကြာပင် ကြာငြားသော်လဲတဲ့ အခု ကိုယ်တော်တွေ ဟောတဲ့ တရားမျိုးကို အနတ္တတွေ၊ သဗ္ဗေသင်္ခါရာ အနိစ္စသဗ္ဗေဓမ္မာ အနတ္တတွေကို သူ အားထုတ်ပြီးတော့ ကြည့်တယ်တဲ့ (မှန်ပါ့)၊ ကြည့်တဲ့အခါကျလို့ရှိရင်ဖြင့် ဟောဒီ သင်္ခါရ၊ ဒါ ဖြစ်ပျက်၊ ဖြစ်ပျက်ဟာ သင်္ခါရနော် (မှန်ပါ့ ဘုရား) ဟောဒီ သင်္ခါရ ချုပ်သွားတဲ့ နိဗ္ဗာန်ကို တစ်ခါမှ မမြင်ဘူး-ဘူးတ့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
တစ်ခါမှ မမြင်ဖူးပါဘူး
ဖြစ်ပျက် ချုပ်သွားတဲ့ နိဗ္ဗာန်ကို (တစ်ခါမှ မမြင်ဘူးပါဘူး) တစ်ခါမှ မမြင်ဘူးတဲ့ (မှန်ပါ့) ခန္ဓာချုပ်တဲ့ နိဗ္ဗာန်ကို (တစ်ခါမှ မမြင်ဖူးပါဘူး)။
အဲဒီတော့ သူ ဖြစ်ပျက်ချုပ်တဲ့ နိဗ္ဗာန် ခန္ဓာချုပ်တဲ့ နိဗ္ဗာန်၊ သင်္ခါရချုပ်တဲ့ နိဗ္ဗာန် တဏှာကုန်တဲ့ နိဗ္ဗာန်ကို ဘယ်တော့မှ မမြင်ပါဘူးတဲ့ (မှန်ပါ့) ဒီ ကိုယ်တော်တွေ ဟောနည်းအတိုင်း သူ ရှုပါတယ် တဲ့၊ ရှုပင် ရှုငြားသော်လဲ မြင်ကို မမြင်ဘူး တဲ့ ကိုမြရွှေ (မှန်လှပါ ဘုရား)။
ရှုတော့ မရှုဘူးလား (ရှုပါတယ် ဘုရား) မြင်ရဲ့တဲ့လား (မမြင်ပါဘူး ဘုရား) မမြင်ဘူးတဲ့ ဒီသင်္ခါရတရားတွေ သူ ရှုပါတယ် တဲ့၊ ရှုပင် ရှုငြားသော်လဲ သင်္ခါရချုပ်မှ နိဗ္ဗာန်၊ ခန္ဓာချုပ်မှ (နိဗ္ဗာန်ပါ ဘုရား) အဲဒီဆီကို ရောက်အောင် တစ်ခါမှ မမြင်ဖူးပါဘူးတဲ့) မမြင်ဘူးတော့ မမြင်ဘူးတဲ့အပြင် သူ့မှာ ဘယ့်နှယ်ဖြစ်လာသတုံး ဆိုလို့ရှိရင်ဖြင့် တဲ့၊ ဒီဟာတွေ ရှုလိုက်တဲ့အခါကျလို့ရှိရင် ထိတ်လန့်တဲ့ သဘောလဲ သူ့မှာ လာလာဖြစ်တယ် တဲ့ (မှန်ပါ့)။
ထိတ်လန့်တဲ့သဘော လာလာဖြစ်တယ် တဲ့၊ ဒကာ ဒကာမတို့နော် (မှန်လှပါ)၊ စွဲလန်းတဲ့သဘောလဲ လာလာ ဖြစ်တယ် (မှန်ပါ့) ဘယ်နှစ်ချက်ဖြစ်သလဲ (နှစ်ချက် ဖြစ်ပါတယ်)။ ထိတ်လန့်တဲ့ သဘောလဲ (ဖြစ်ပါတယ် ဘုရား) စွဲလန်းတဲ့ သဘောလဲ (ဖြစ်ပါတယ် ဘုရား) ထိတ်လန့်တဲ့သဘောက ဖြတ်ဆို အနတ္တ၊ ဒခါကလေးဟာ ဪ အနတ္တပါကလားလို့ သူက ဝိပဿနာမဂ်နဲ့ ရှုလိုက်လို့ရှိရင်ဖြင့် တစ်ခါတည်း ထိတ်လန့်သွားတာပဲ၊ ငါ့မှာ အားကိုး မရှိဘူးဆိုပြီး လန့်လန့်သွားသတဲ့ (မှန်ပါ့)။
ငါ ဘာအားကိုးမတုံး
ဒီအထဲမှာ ဘာမှ အားကိုးစရာ မရှိတော့ဘူး၊ အကုန် အနတ္တဆိုရင် ငါ ဘာအားကိုးမတုံး ဆိုတာကလေးက ပေါ်ပေါ်လာတယ် (မှန်ပါ့) အဲသည်တွင် လန့်လန့်သွားတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ) ဖြစ်ပျက် ရှုလိုက်ရင် သူ့စိတ်ထဲ အနတ္တလို့ ရှုလိုက်ရင် ဘယ်လို ဖြစ်သွားသလဲ (လန့်လန့်သွားပါတယ် ဘုရား) လန့်လန့်သွားတဲ့ အပြင်မှာတဲ့ လိုရင်းတော့ဗျာ သစ်ပင်ပေါ်က ဝုန်းကနဲ ကျသွားသလို သူ့စိတ်ထဲ ဖိုဖိုသွားတယ် (မှန်ပါ့)။
သူ့စိတ်ထဲ ဖိုဖိုသွားလို့ ဘာများ ဒီဥစ္စာကလေးဟာ အားကိုးရာမဲ့ဖြစ်ပြီဆိုပြီး သကာလ ဖိုဖိုသွားတယ် (မှန်ပါ့) ပျက်သွားလိုက်၊ သူ့စိတ်ထဲမှာ မဂ်မရတဲ့အပြင် ဝမ်းထဲမှာ ဖိုဖိုသွားတာက လာတယ်နော် (မှန်ပါ့) ဖိုဖိုသွားတယ် ဆိုတာက သစ်ပင်ပေါ်ကျ ကျသလို-ကမ်းပါးပြတ်ကြီးက ကျသလို ဖြစ်ဖြစ်သွားတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ။
ပရိတဿနာ-တဲ့ ကြောက်လန့်ခြင်းသာ ဖြစ်သွားတယ်၊ ပြီးတော့ နောက်လဲတဲ့ စိတ်က ဒီဟာတော့ အနတ္တ ဆိုလို့ရှိရင် ဘယ်ဟာ အားကိုးရပါ့မလဲဆိုတဲ့ ဥပါဒါန်ကလဲ တစ်ခါ ပြန်လာသေးတယ် တဲ့ (မှန်ပါ့) လန့်တာက တစ်မျိုး ဥပါဒါန် စွဲလန်းတာက တစ်မျိုး နှစ်မျိုး-နှစ်မျိုး လာတယ်တဲ့ (မှန်ပါ့)၊ ဒီကိုယ်တော်တွေ ဟောတဲ့နည်း ရှုတာ (မှန်ပါ့ ဘုရား) အံမာလေး သူကလဲ စွဲချက်တင်တာ မသေးလှပါကလား (မှန်ပ့ါ) ဒကာ ဒကာမတွေ ဘယ်နှစ်ချက် တင်လိုက်သလဲ (နှစ်ချက် တင်ပါတယ် ဘုရား)။
ဒီ ကိုယ်တော်တွေ ဟောတဲ့အတိုင်းတဲ့ အနိစ္စတွေ အနတ္တတွေ ရှုလိုက်တဲ့အခါကျတော့ အနတ္တရှုတော့ ဘာမှ မရှိတော့ပါကလား ဘာမှ အားကိုးစရာ မရှိပါကလားဆိုပြီး ဖိုသွားတာပဲ-တဲ့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
ကြောက်လန့်တာနဲ့ စွဲလန်းတာ
ဒါဖြင့် နောက်ထပ်ဘာများ အားကိုးအားထား လုပ်ရပါမတုံးဆိုတဲ့ စွဲလန်းတဲ့စိတ်ကလဲ ပြန်ပေါ်လာတာပဲ-တဲ့ (မှန်ပါ့ ဘုရား) ဒါဖြင့် ကြောက်လန့်တာနဲ့ စွဲလန်းတာတောင် ပိုလာသေးသတဲ့-နိဗ္ဗာန် မမြင်တဲ့ပြင် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် နောက်ထပ်ဘာများ အားကိုးအားထား လုပ်ရပါမတုံးဆိုတဲ့ စွဲလန်းတဲ့စိတ်ကလဲ ပြန်ပေါ် လာတာပဲ-တဲ့ (မှန်ပါ့ ဘုရား) ဒါဖြင့် ကြောက်လန့်တာနဲ့ စွဲလန်းတာတောင် ပိုလာသေးသတဲ့-နိဗ္ဗာန် မမြင်တဲ့အပြင် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဘာဖြစ်တယ်ဆိုတာ ခင်ဗျားတို့ သိရောပေါ့ဗျာ (မှန်ပါ့ ဘုရား) ဘာကြောင့် ဒီ ကြောက်လန့် တာနဲ့ စွဲလန်းတာ ပြန်လာသတုံး (သဿတ ဥစ္ဆေဒ မခွါလို့ပါ ဘုရား) သဿတ ဥစ္ဆေဒခွါပြီး မရှုလို ဖြစ်နေတာပါ (မှန်ပ့ါ) ရိပ်မိကြပလား (ရိပ်မိပါပြီ)။
ဘာ ခွါ-မရလို့ပါလိမ့် (သဿတ ဥစ္ဆေဒ မခွါလို့ပါ ဘုရား) သဿတ ဥစ္ဆေဒခွါပြီး မရှုလို့ဖြစ်နေရတာပါ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ)။
ဘာ ခွါ-မရှုလို့ပါလိမ့် (သဿတ ဥစ္ဆေဒခွါပြီး မရှုလိုပါ ဘုရား) ဘယ်လောက် နစ်နာသွားသလဲ (မှန်ပါ့ ဘုရား) သူ ရှုကြည့်တယ်တဲ့ ဒကာ ဒကာမတို့ သူ ရှုကြည့်တယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ကိုယ့်သန္တာန်ခန္ဓာ ပဋိစ္စသမုပ္ပဒါန်ကို-ဒီဖြစ်ပျက်တွေကို အလုံးစုံသော ခန္ဓာတွေ အနိစ္စ၊ အလုံးစုံသော ခန္ဓာတွေ အနတ္တ၊ တစ်ခုတည်းလဲ အနိစ္စ၊ တစ်ခုတည်းလဲ အနတ္တ ရှုကြည့်တာပဲတဲ့။
ရှုကြည့်တဲ့အခါကျလို့ရှိရင် ဪ ဖြတ်ဆို ဒါတွေက ချုပ်သွားရင် ဘာ အားိကုးရပါ့မလဲဆိုပြီး ဖိုသွားလိုက်၊ အင်း-အားကိုးရာ မရှိဘူး ဆိုပြီးသကာလ ပြန်ပြီးအားကိုးရာကို စွဲလန်းတဲ့သဘော ဥပါဒါန်က လာလိုက်၊ သဘောကျ ပလား (မှန်ပ့ါ ဘုရား)။
ပသရိတဿနာစ ဥပါဒါနစ ဥပ္ပဇ္ဇတိ-ပါဠိတော်က ပရိတဿနာစ=ထိတ်လန့်ခြင်းသည် လည်းကောင်း၊ ဥပါဒါနစ= ထိတ်လန့်ခြင်းသည်လည်းကောင်း၊ ဥပါဒါနာစ=စွဲလန်းခြင်းသည်လည်းကောင်း၊ ဥပ္ပဇ္ဇတိ=ရှင်ဆန္န သန္တာန်၌ ဖြစ်လာ၏တဲ့၊ သူ့မှာ ဒါတွေချည်း ဖြစ်နေတယ်၊ ရှုလိုက်ရင် ဒါ နှစ်ခု ဖြစ်လာတာပဲ (မှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီလိုလာရပါသတုံး
ရှုလိုက်တော့ ဘာ-ဘာဖြစ်နေသလဲ (ထိတ်လန့်တာနဲ့ စွဲလန်းတာ ဖြစ်ပါတယ် ဘုရား) ထိတ်လန့်တာနဲ့ စွဲလန်း တာချည်းလာတယ် တဲ့ (မှန်ပါ့ ဘုရား) ဘယ့်နှယ်ကြောင့် ဒီလိုလာရပါသတုံးလို့ သူ့ဟာသူ တွေးကြည့်တဲ့အခါမှာလဲ ဒကာ ဒကာမတို့ အကုန် အနတ္တဆိုရင် ဘာ အားကိုးမတုံး ၊ ဟုတ်လား (မှန်ပါ့)။
ကျုပ်တို့အိမ်မှာ လူမိုက်ချည်းပဲဆိုရင် ဘာအားကိုးရမှာတုံးလို့ ဒကာ ဒကာမတွေကော မသုံးဘူးလား (သုံးပါ တယ် ဘုရား)။
သားလေးာကည့်လိုက်ပြန်လဲ တေပေ။ သမီးကလေးကြည့်လိုက်ပြန်လဲ အချိုးမကျ၊ ဒို့အိမ်များ ဘာ အားကိုးရ မှန်းမသိပါဘူးဆိုတာ မလာပေဘူးလားဗျာ (လာပါတယ် ဘုရား) အဲ ဒီလို ဖြစ်လာတဲ့ သူ့စိတ်ထဲမှာ (မှန်ပါ့)။
ခန္ဓာငါးပါး ဘယ်ဟာမဆို အားကိုးစရာမရှိဘူး၊ အနတ္တချည်းလို့ ကိုယ်တော်တို့ဟောတဲ့အတိုင်း တပည့်တော် ရှုကြည့်တဲ့အခါကျတော့ ဘာ အားကိုးရမတုံးဆိုတာ တပည့်တော် လာတာပဲ (မှန်ပါ့)။
သူ့မှာ ဒါကလေး ပျောက်သွားတဲ့အခါကျတော့ ဖိုကနဲ ဖိုကနဲ ဖြစ်သွားတယ်၊ ထိတ်လန့်တဲ့ သဘောချည်းပဲ ဖြစ်သွားတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်မမြင်တဲ့အပြင် သူ့မှာ အန္တရာယ်တောင် ဝင်နေတယ် (မှန်ပါ့ ဘုရား) နိဗ္ဗာန် မမြင်တဲ့အပြင် (အန္တရာယ်တောင် ဝင်နေပါတယ် ဘုရား)
ကိုင်း ဒကာ ဒကာမတို့ ဘယ် နှနှစ်ကြာသွားသတုံး (၄၅-နှစ်ပါ) ကြောက်စရာကြီးပါကလား (မှန်ပါ့) ကြောက်စရာကြီးပါကလား ဒကာ ဒကာမတို့ (မှန်လှပါ) အင်မတန် ကြောက်စရာကောင်းတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။
ချောက်ထဲ ကျသလို ဖြစ်သွားတယ်
သူ့မှာ ဒါကလေးတွေက ဖြတ်ကနဲ ကြိုယ့်စိတ်ဉာဏ်ရှေ့မှာ ပေါ်လိုက်၊ ပျောက်သွားလိုက်၊ ဪ အနတ္တ ဆိုတာ ပျောက်သွားပြီဆိုတော့ သူ့ခန္ဓာထဲက အနတ္တရယ်လို့ ပျောက်လဲသွားပါရော ဒကာ ဒကာမတို့ တစ်ခါတည်း အမြင့်ကနေ ချောက်ထဲ ကျသလို ဖြစ်သွားတယ် (မှန်လှပါ ဘုရား)။
အမြင့်ကနေ (ချောက်ထဲကျသလိုဖြစ်သွားပါတယ်) အဲဒီလို ဖိုကနဲ ဖိုကနဲ မသွားပေဘူးလား (သွားပါတယ်) ဘာများ အားကိုးရပ့ါမတုံးဆိုတာကော နောက်ထပ် လှည့်မလာပေဘူးလား (လာပါတယ် ဘုရား)။
ကဲ ဦးခင်မောင်ရေ ခုနက သင်္ခါရချုပ်တဲ့ နိဗ္ဗာန်၊ ဥပဓိချုပ်တဲ့ နိဗ္ဗာန် မမြင်တဲ့အပြင်မှာ ဖိုသွားတာရယ် စွဲလန်းမှု ပြန်လာတာရယ် ဒါတောင် လာလိုက်သေးတယ် တဲ့ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ) ဘယ့်နှယ် ကြောင့် သူ့မှာ ဒီလိုချည်း ဖြစ်နေပါလိမ့်မတုံး (သဿတ ဥစ္ဆေဒ မကွာလို့ပါ ဘုရား)။
ခုနကပြောတဲ့ ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို (နားမလည်ပဲနဲ့ ရှုနေလို့) နားမလည်ပဲနဲ့ ရှုနေတဲ့အတွက် ဒကာ ဒကာမတို့ သဿတ ဥစ္ဆေဒ မကွာသောကြောင့် ဤကဲ့သို့ ဖြစ်ရပါတယ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) အင်မတန် အရေးကြီးတဲ့ စကားဆိုတာ ဦးခင်မောင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဝိပဿနာမှာ အရင်းကျကျ တစ်ခါတည်း လိုရင်းဆိုက်ဆိုက် ပြောနေတယ်ဆိုတဲ့ ဥစ္စာ ဦးဇံရင်တို့ သိပြီလား (သိပါပြီ ဘုရား) သာမညရှုနေလို့ မဖြစ်သေးဘူးဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အင်း ဟင် နည်းကောင်းနည်းမှန်တွေ ရှာပြီးသကာလ အမျိုးမျိုး ရှင်းသင့်ရှင်းထိုက်တာတွေ ရှင်းပြီးမှ ဝိပဿနာ ဉာဏ်စခန်း ဝင်မှသာလျှင် လိုရာကိစ္စ ပြီးတော့မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) သဘောပါကြလား (ပါပါတယ်)။
နည်းယူပြီး ကျင့်မယ် လို့လာတာ
ဒီတော့ ဒီလာတဲ့ ဒကာ ဒကာမတွေ ဘုန်းကြီးကြည်ညိုလို့ တရားကြည်ညိုလို့ ဒီလိုမလုပ်ပါနဲ့၊ တစ်ခါတည်း ဒို့ နိဗ္ဗာန်မဂ်ဖိုလ်ရအောင် နည်းကို အရယူပြီးသကာန ကျင့်ကြံအားထုတ်မယ်လို့ လာတာဟေ့-၊ နည်းယူပြီး ကျင့်မယ် လို့လာတာဟေ့ ဆိုတဲ့စိတ်ကို အမြဲတမ်းမွေးပါ (မှန်လှပါ ဘုရား)။
ကိုယ့်ဒုက္ခကိုယ်သိမ်းတာ ပျင်းစရာရှိကြရဲ့လား (မရှိပါဘူး ဘုရား) မြန်မြန်သိမ်းတာနဲ့ နှေးနှေးသိမ်းတာ ဘယ်ဟာ ကောင်းသတုံး (မြန်မြန်သိမ်းတာ ကောင်းပါတယ် ဘုရား)။
တစ်စ တစ်စ လုပ်ရမှာပဲလို့ လုပ်ချင်ကြသေးသလား (မလုပ်ချင်ပါဘူး ဘုရား) တစ်စတစ်စဆိုရင် ဒီ အစကလေး ပျောက်သွားရင် ခက်မယ်နော် (မှန်ပါ့ ဘုရား)၊ ဘယ်တော့မှ မပေါ်လာတော့ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
အဲဒီတော့ တစ်စတစ်စလဲ စိတ်မကူးပါနဲ့၊ ကိုယ့်ဒုက္ခကိုယ်သိမ်းတာ အမြန်ဆုံးသိးကြပါဆိုတာ ဒီကနေ့ တိုက်တွန်း ရပြန်တယ် (မှန်ပါ့ ဘုရား) မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့အား ဘုန်းကြီး ပြောကြားချင်တာ တစ်လုံးကိုတော့ ခင်ဗျားတို့ ဒီတရားကို ကြိုက်သည် ဖြစ်စေ၊ မကကြိုက်သည်ဖြစ်စေ လုပ်သာလုပ်ပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ခင်ဗျားတို့ကြိုက်လဲ (လုပ်ရ မှာပါပဲ) မကြိုက်လဲ (လုပ်ရမှာပါပဲ)။
ဘာပြုလို့တုံး ၊ အမှန်အလုပ်ကိုဗျာ (မှန်ပါ့)၊ အမှန်အလုပ်ဆိုတော့ ကြိုက်-ကြိုက် မကြိုက်-ကြိုက် တဏှာ ကတော့ ဒီထဲမှာ ဒီ့ပြင်အလုပ်တွေက ရှိသေးတယ်၊ ဒီအလုပ်က လုပ်သာလုပ်နေရတာ ဒီ့ပြင်အလုပ်တွေက မအားဘူး၊ အို အားအား မအားအား ဒီအလုပ်က လုပ်သာလုပ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
မကြိုက်လဲ လုပ်ရမှာပါပဲ
ဟိုဟာက ဒုက္ခပေးမည့်အလုပ်ကိုး (မှန်ပါ့) ဒါက ဒုက္ခသိမ်းမည့် အလုပ်ဆိုတော့ ခင်ဗျားတို့ဝမ်းထဲ မကြိုက်လဲ လုပ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ခင်ဗျားတို့ဝမ်းထဲက (မကြိုက်လဲ လုပ်ရမှာပါပဲ ဘုရား) ကြိုက်လဲ (လုပ်ရမှာ ပါပဲ)။
အဲဒီတော့ ကြိုက်လဲ ခွံ့ရမှာပဲ (မှန်ပါ့) မကြိုက်လဲ (ခွံ့ရမှာပဲ) အဲ ခင်ဗျားတို့ကို အတင်းခွံ့နေတာပဲ မျို- မှိတ်သာမျိုကြ၊ ရိပ်မိပလား (ရိပ်မိပါပြီ) မှိတ်မျိုမှရမှာ နို့မို့ရင် ရကိုမရဘူး (မှန်ပါ့) ခင်ဗျားတို့က ဂျီးက များများရယ်။
ကိုင်း ဒါဖြင့်၊ ဒကာ ဒကာမတို့ ဒီဥစ္စာက တိုက်တွန်းနှိုးဆော်တာပါပဲ၊ ကလေးတွေကို မမျိုချင်ဒါနဲ့ ငိုနေမှာ စိုးလို့နော် (မှန်ပါ ဘုရား) ငိုနေရင် ဦးခင်မောင် သူ့မှာ ဓာတ်ချုပ်တဲ့ဝေဒနာနဲ့ ဒီကလေး သေတော့မယ်ဗျ (မှန် လှပါ) စမြင်းတွေဖြစ်ပြီး မသေပေဘူးလား (သေပါတယ် ဘုရား)။
အဲဒီတော့ အမေမိဘလုပ်တဲ့ ပုဂ္ဂိုလ်က ဒီဆေးနဲ့ ဒီဥစ္စာနဲ့ တည့်တယ်ဆိုရင် သူ ငိုလဲတိုက်၊ မငိုလဲတိုက် (မှန်လှပါ) အဲဒီတော့ ခင်ဗျားတို့ကိုယ်လဲ ခင်ဗျားတို့ မကြိုက်လဲလုပ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ) ကြိုက်လဲ (လုပ်ရမှာပါပဲ)။
သံသရာကြောက်လို့ရှိရင်လုပ်၊ သံသရာတော့ မကြောက်သေးဘူး၊ သားနဲ့ ခင်ပွန်းနဲ့ ပျော်တုန်းပဲ၊ ပျော်လဲ လုပ်သာလုပ်နေ ဒီအလုပ်တော့ဖြင့် မလျှော့နဲ့ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါ မလုပ်ရင်တော့ မဖြစ်ဘူးဆိုတာ ခင်ဗျားတို့က ကလေးစိတ် ဖြစ်နေတာကိုး (မှန်ပ့ါ ဘုရား)။
အဘယ ရာဇကုမာရ မင်းသား
ဒါက ဘုန်းကြီးကပေးတဲ့ ဥပမာလို့ ဒကာ ဒကာမတွေ မမှတ်ပါနဲ့ နော် (မှန်ပါ့) ဘုန်းကြီးကပေးတဲ့ ဥပမာလို့ မမှတ်ကြပါနဲ့ တဲ့ ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ ဘယ်လို ဖြစ်နေသတုံးဆိုလို့ရှိရင် ဘုရားသခင်ကိုယ်တော် မြတ်ကြီးထံ အဘယ ရာဇကုမာရ မင်းသားကလေးက လာမေးတဲ့အခါကျတော့ အရှင်ဘုရားဟာ သူတစ်ပါး မကြိုက်တာကိုလဲ ပြောလေ့ ဆိုလေ့ရှိတယ်လို့ ပြောပါတယ် တဲ့။
အေး ကွာတဲ့ သူတစ်ပါးမကြိုက်တာလဲ ငါပြောလေ့ဆိုလေ့ ရှိတယ်ဆိုတာဟာ ပြောပါတယ်တဲ့ ဒီလိုကွ သနားလို့ ပြောတာပါ ဦးခင်မောင် ဘာဖြစ်လို့ ပြောတာပါလိမ့် (သနားလို့ ပြောတာပါ ဘုရား) ဥပမာ မှာကွာ တဲ့ မင်းကလေး ကလေးတစ်ယောက် ရှိတယ်တဲ့ မင်းမှာ လေးဘက်သွားကလေး ကလေးတစ်ယောက် အဘယရာဇကုမာရ မင်းသားမှာရှိတယ်။
လေးဘက်သွားကလေးက ဒကာ ဒကာမတို့ လေးဘက်သွားတတ်တဲ့အခါကျတော့ ဟိုရွရွ ဒီရွရွ မသွား ဘူးလားဗျာ (သွားပါတယ် ဘုရား) ဟိုနား ကျောက်ခဲကလေးတွေ့လဲ ပါးစပ်ထဲ ထည့်တာပဲ (မှန်ပါ့) မထည့်ဘူးလား (ထည့်ပါတယ် ဘုရား) ဒုတ်ချောင်းကလေးတွေ့တော့ (ထည့်ပါတယ် ဘုရား) ထည့်တဲ့အခါကျတော့ အမေ မိဘက မေ့နေတုန်း သူက ထည့်ငြားသော်လည်း မြင်ရင် ပါးစပ်ထဲ ရောက်တဲ့အချိန် ကျလို့ရှိရင် ဘယ်လက်မောင်းနဲ့ပွေ့ပြီး တစ်ခါတည်း ဒကာ ဒကာမတို့ ညာဘက်လက်ညှိုးမနဲ့ ပါးစပ်ထဲကွေးပြီးသကာလ သူငိုလဲ ထုတ်ပစ်ရမယ် (မှန်ပါ့ ဘုရား)။
ဘာပြုလို့တုံး ထွက်သက်ဝင်သက် ပိတ်ပြီးတော့ သေသွားမှာကြောက်လို့ ထုတ်ပစ်ရမယ် (မှန်ပါ့) အဲဒီတော့ ကွာ ငါဟာ ကြိုက်လဲ ပြောရမှာပဲ၊ မကြိုက်လဲ ပြောရမှာပဲ တဲ့ ကလေးသေသွားလိမ့်မယ် တဲ့ သူငိုတာ ငါ ဂရုစိုက်မနေနိုင်ဘူးတဲ့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
အဲဒီတော့ ခင်ဗျားတို့ ငိုတာကို မလုပ်ချင်လို့ ပျင်းလို့ ငိုနေတာကို ဘုန်းကြီးက ဂရုစိုက်နေမယ်လို့ အောက်မေ့ မနေနဲ့ လုပ်သာလုပ် ရိပ်မိပလား (ရိပ်မိပါပြီ)။
ကလေးမိုက် မိုက်နေတယ်
မလုပ်လို့ရှိရင်ဖြင့် ဪ ငါ-ကလေးမိုက် မိုက်နေတယ်သာ အောက်မေ့ပေတော့ (မှန်ပါ့ ဘုရား) ခင်ဗျားတို့ မျိုနေတာကတော့ သားကလေးခင်တဲ့ စိတ်ကလေးကို တွေးလုံးနဲ့ မျိုနေတယ် (မှန်ပါ့ ဘုရား)။
သမီးကလေး နေရာချထားရေးကို တွေးလုံးနဲ့ မျိုနေတယ် (မှန်ပါ့) ခင်ဗျားတို့မျိုတာ ဒုတ်ချာင်းချည်းပဲ (မှန်ပါ့) သေပါလိမ့်မယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အဲဒါတွေ မမျိုနဲ့ဗျ ထုတ်ပစ်ရတယ်၊ ဒါတွေက တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာမရဏဆိုတော့ ဒကာ ဒကာမတို့ အပါယ်လေးပါး မရောက်သေးဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒါတွေ မျိုတဲ့အခါကျတော့ ဘုရားက ဒါရှု ဒါရှု မင်းဟိုတာတွေ မျိုမနေနဲ့ (မှန်ပါ့) မပြောရပေဘူးလား (ပြောရပါတယ် ဘုရား)။
ကဲ ဒါဖြင့် ခင်ဗျားတို့ ခင်ဗျားတို့ဟာ ဘာနဲ့တူသတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ကလေးနဲ့ တူပါ တယ် ဘုရား) ကလေးပေမယ့် ဒိုင်းဒိုင်းပြေးတတ်တဲ့ ကလေးလား-လေးဘက်သွားလား (လေးဘက်သွား ကလေးပါ ဘုရား)၊ ကလေးတောင်မှ လေးဘက်သွားပဲ ရှိသေးတယ်၊ ဒိုင်းဒိုင်းပြေးဆိုရင် တော်တော်လိမာပြီ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
သူက လေးဘက်သွားဆိုတော့ သာဆိုးနေတာပေါ့ သဘောပါပလား (ပါပါပြီ) ဒါဖြင့် ခင်ဗျားတို့ လေးဘက် သွားဆိုရင် ခင်ဗျားတို့ သေကြောင်းကြံတဲ့ ပစ္စည်းသာ မျိုနေတာ (မှန်လှပါ ဘုရား) သေရမည့်ပစ္စည်းသာ (မျိုပါတယ် ဘုရား)။
အဲ မျိုချင်လို့ရှိရင် ဖြစ်ပျက်ရှုတဲ့ ဉာဏ်ကို မျိုထားပါ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) ဘာကို မျိုရမလဲ (ဖြစ်ပျက်ရှုတဲ့ဉာဏ်ကို မျိုရပါမယ်)၊ ဖြစ်ပျက်ရှုတဲ့ဉာဏ်ကို မျိုဗျ၊ သားကလေးစိတ်ကူးပြီး မျိုချမနေနဲ့၊ သမီး ကလေး စိတ်ကူးပြီးတော့ (မျိုချမနေနဲ့) ပစ္စည်းကလေးရှာတာ စိတ်ကူးပြီးသကာလ (မျိုချမနေနဲ့)။
အဲဒါတွေ မျိုချနေလို့ရှိရင်ဖြင့် ဘာကြောင့်တုံး ဆိုလို့ရှိရင် ဒုက္ခ ဒေါမနဿ ဥပါယာသ ဇာတိ ဇရာမရဏ ဦးခင်မောင် မသွားပေဘူးလား (သွားပါးတယ် ဘုရား)။
သမီးကြောင့်ဆိုတော့ သောက ပရိဒေသ ဒုက္ခ ဒေါမနဿ ဇာတိ ဇရာ မရဏ မလာပေဘူးလား (လာပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။
အဲဒီတော့ ဟိုဟာတွေ မျိုလိုက်လို့ရှိရင် ဇာတိ ဇရာ မရဏတွေချည်း ဝမ်းထဲရောက်နေတယ် (မှန်ပါ့) မရောက်သေးဘူးလား (ရောက်ပါတယ် ဘုရား) သံသရာ ဆက်သွားတာချည်းပဲ ဒကာ ဒကာမတွေ ဆိုးဝါးတဲ့ တရားတွေချည်း မရောက်ဘူးလား (ရောက်လာပါတယ် ဘုရား)။
ကဲ ဒါဖြင့် ကောင်းသေးရဲ့လား ဒကာ ဒကာမတို့ (မကောင်းပါဘူး) အဲဒီတော့ အဲဒါတွေများ မျိုမည် လုပ်ရင် သားစိတ် သမီးစိတ် ဆွေစိတ် မျိုးစိတ်တွေများ အိပ်ရာဝင် နဖူးပေါ် လက်တင်လာမည့် စိတ်ကူးလို့ရှိရင် ဒုတ်ချောင်းမျို ဥပမာနော် လေးဘက်သွားဟ နော်၊ ကိုယ့်ဟာကိုယ် ရိပ်မိပလား (ရိပ်မိပါပြီ)။
လေးဘက်သွား ဒုတ်ချောင်းမျိုလို့ရှိရင် ထွက်သက် ဝင်သက် ပိတ်သေပါလိမ့်မယ် (မှန်ပါ့ ဘုရား) မသေဘူး လား (သေပါတယ် ဘုရား)။
အဲဒီတော့ ကိုယ့်ဟာကိုယ် လိမ်မာပြီး သကာလ အင်း ဘုရားကလဲ မှာတယ်၊ ဒို့ ဆရာဘုန်းကြီးကလဲ မှတြယ်၊ ဖြစ်ပျက် ရှုမရတဲ့ အဲဒီ မဂ်ဉာဏ်သာ မျိုမရတဲ့ (မှန်ပါ့ ဘုရား)။
ဒုတ်ချောင်းတွေ သားတွေ သမီးတွေ ဆွေစိတ် မျိုးစိတ်တွေ မျိုချမနေနဲ့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား) အိမ်ကျရင် မျိုကြဦးမှာလား ခင်ဗျားတို့ (မမျိုပါဘူး ဘုရား) ကြိုးကြား-ကြိုးကြားများ စိတ်ကူးသေး သလား (မကူးပါဘူး)။
အချို့လဲ ကြိုးကြားကလာသေးတာပဲ ကြောက်စရာ သိပ်ကောင်းတာ၊
ဖြစ်ပျက် မြင်ရင် သူလန့်ပြီ
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အခု အရှင်ဆန္နမှာတဲ့ ဖြစ်ပျက်ကိုတော့ သူမြင်တယ်၊ ဖြစ်ပျက် မြင်ရင် သူလန့်ပြီ (မှန်ပါ့)။
ဖြစ်ပျက်မြင်ရင် သူ ဘာတုံး (လန့်ပါတယ် ဘုရား) ပြီးတော့ ဘာအားကိုးရမလဲဆိုတဲ့ စွဲလန်းလုံးကကော (လာပါတယ် ဘုရား)။
စွဲလန်းလုံးက လာတယ်၊ ကဲ ဖြစ်ပျက် မမြင်လို့လား၊ မြင်လျက်သားနဲ့ မဂ် မရလာတား (မြင်လျက်သားနဲ့ မဂ် မရတာပါ ဘုရား)။
ဘာလိုနေသတုံး (ခန္ဓာ ပဋိစ္စသမုပ္ပါဒ်မြင်ဖု့ိ လိုပါတယ်)။ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် နားမလည်တော့ သဿတ ဥစ္ဆေဒ မကွာဘူးလား (မကွာပါဘူး) ရှင်းပလား (ရှင်းပါပြီ) ခန္ဓာ ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့အတွက် သဿတ ဥစ္ဆေဒ မကွာဘူး (မကွာပါဘူး) ရှင်းပလား (ရှင်းပါပြီ) ခန္ဓာ ပဋိစ္စသမုပ္ပါဒ် နာမးလည်တဲ့အတွက် (သဿတ ဥစ္ဆေဒ မကွာပါဘူး)။
အဲဒါကြောင့် ဒီကိုယ်တော်တွေ ဟောတဲ့ တရားနဲ့တော့ သူ နိဗ္ဗာန်ရဖို့ မမြင်ဘူးတဲ့ (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ) ဒီကိုယ်တော်တွေ ဟောတာလား ဘုရားဆီက ဒီကိုယ်တော်တွေက ရ-ထားတာလား (ဘုရားဆီက ရထားတာပါ ဘုရား)။
ဘုရားဆီက ရထားတာ၊ ဒီကိုယ်တော်တွေ ဟောတဲ့ တရားမျိုးတော့ ဝမ်းထဲအံခွဖြစ်နေပြီတဲ့၊ မရဘူးတဲ့ မဂ်ဖိုလ်ကို (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) သူ့မူက အချိုးမကျတာဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ကဲ ဒကာ ဒကာမတွေကော အခု ဘာခွါပြီးမှ ရှုရမတုံး (သဿတ ဥစ္ဆေဒ ခွါပြီးမှ ရှုရပါမယ် ဘုရား)။
အဲ ဒိဋ္ဌိ ခွါပြီးမှ ခန္ဓာထဲပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ် ရှုပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဒိဋ္ဌိခွါပြီးမှ (ခန္ဓာထဲပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ် ရှုပါ) အခုတော့ ခင်ဗျားတို့ ဒိဋ္ဌိခွါတာ ဘုန်းကြီးက ခင်ဗျားတို့ဟာ ခင်ဗျားတို့ မခွါပါနဲ့ တော့ ပေါ်လာတဲ့ တရားကလေးကို ဘုန်းကြီးက အခု ပဋိစ္စသမုပ္ပါဒ်နဲ့ ရှင်းပေးတော့ ခင်ဗျားတို့ဝမ်းထဲ ကွာပြီးသားပါ။ ရှုရုံတင် ရှုပါတော့ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့က အထူးခွါစရာ မလိုတော့ဘူး
ခင်ဗျားတို့က အထူးခွါစရာ မလိုတော့ဘူး (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ) ခင်ဗျားတို့က အထူးခွါဖို့ လိုသေးသလား (မလိုပါဘူး) ဒီဟာတွေအဖြစ် မြင်ကတည်းက ဘာစင်သွားသတုံး (ဥစ္ဆေဒစင်ပါတယ်) အပျက်မြင်က တည်းက (သဿတ စင်ပါတယ်)။
သဿတ စင်သွားပြီဆိုကတည်းက ဪ ဒါကြောင့်လဲ ဖြစ်တာပဲ ဒါကြောင့်လဲ ပျက်တာပဲဆိုရင် သဿလဲ ရှိစရာ မမြင်ဘူး ဥစ္ဆေဒလဲ ဥစ္ဆေဒဆိုတာ ပြတ်သွားတဲ့ ဒိဋ္ဌိလဲ ဝမ်းထဲမှာ ရှိသေးရဲ့လား (မရှိပါဘူး) မရှိဘဲနဲ့ဆိုတော့ ဖြစ်ပျက်တွေ မဲမဲသဲသဲနဲ့သာရှု (မှန်ပါ့ ဘုရား)။
ရှုလိုက်လို့ရှိရင် ၁-နံပါတ် ဘယ်မဂ်-ရမလဲ (သောတာပတ္တိမဂ် ရပါမယ်)၊ သူ့ရင့်ကျက်လာရင် ၂-နံပါတ် ဘယ်မဂ်ရမယ် (သကဒါဂ်ါမိမဂ်ပါ ဘုရား) လောကုတ္တရာမဂ် ရမယ်ဆိုတာ အဲဒါ ဒိဋ္ဌိခွါပြီး ခန္ဓာ ပဋိစ္စသမုပ္ပါဒ်မြင်ပြီး ဒိဋ္ဌိခွါရှုတဲ့ ပုဂ္ဂိုလ်မှ ဒါ တန်းရတယ် (မှန်ပါ့ ဘုရား)။
ဒီ ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ကို မခွါတဲ့ပုဂ္ဂိုလ် နားမလည်တဲ့ ပုဂ္ဂိုလ်မှာ သဿတ ဥစ္ဆေ၏ အပင်းခံနေတဲ့အတွက် ဥိးခင်မောင် ဘယ်တော့မှ မရ လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား) ဘယ်သူတုံးလို့ မေးကြည့်တော့မှ အရှင်ဆန္န (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။
ဘယ်သူပါလိမ့် (အရှင်ဆန္နပါ ဘုရား) အရှင်ဆန္နမထေရ်ဟာ ဖြစ်ပျက်မြင်လိုက်ရင်ပဲ သူ့စိတ်ထဲမှာလန့်ပြီး (မှန်ပါ့) စွဲလန်းပြီ (မှန်ပါ့)၊ ဘာဖြစ်နေသလဲ (လန့်တယ်၊ စွဲလန်းတယ်)။
ကဲ ဒကာ ဒကာမတို့ ဖြစ်ပျက် မမြင်လို့လား မြင်လျက်သားနဲ့လား (မြင်လျက်သားနဲ့ပါ ဘုရား) ဒါဖြင့် ဖြစ်ပျက်မြင်ရုံနဲ့လဲ နိဗ္ဗာန် မရနိုင်သေးဘူး၊ ဒိဋ္ဌိ အရင်ခွါပြီးမှ ရမယ်ဆိုတဲ့ သဘောပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။
သို့သော် ရှင်ဆန္နရှုပုံရှုနည်းကိုတော့ နာရီစေ့ပြီ နက်ဖြန်မှပြောမယ်၊ ယနေ့ တော်ကြဦးစို့။
သာဓု သာဓု သာဓု
ဤတွင် အမှတ်စဉ်(၃) ပြီးပါပြီ။