ခန္ဓာထဲ ဘာပေါ်ပေါ် ဒုက္ခသစ္စာတရားတော်
ရှင်အနုရာမထေရ်ဝတ္ထု(၂)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၊ ဦးချစ်ဆွေ ဓမ္မာရုံ၌ ဟောကြားတော်မူသော
ခန္ဓာထဲ ဘာပေါ်ပေါ် ဒုက္ခသစ္စာတရားတော်
ရှင်အနုရာမထေရ်ဝတ္ထု(၂)
(၁၀-၂-၆၁)
ဘာဘဲစပေါ်ပေါ် ဒုက္ခသစ္စာစပေါ်တယ်
ဒကာ ဒကာမတွေ ခန္ဓာထဲမှာ ဘာဘဲစပေါ်ပေါ် ဒုက္ခသစ္စာစပေါ်တယ်လို့သာ စောစောစီးစီးသတိပေးပါ (မှန်ပါ)။
ခန္ခာထဲ ဘာပဲပေါ်ပေါ် ဘာသစ္စာပေါ်သတုန်း (ဒုက္ခသစ္စာပေါ်ပါတယ်) ဝိပဿနာမရှုဘဲ နေလို့ရှိရင်ဖြင့် တစ်ထစ်ချသာ မှတ်ပါတော့ ဒုက္ခသစ္စာပေါ်တယ် (မှန်ပါ) ပေါ်တာကို ဝိပဿာနာရှုလိုက်လို့ရှိရင်ဖြင့် ဒုက္ခသစ္စာမိတာ ပဲလို့ မှတ်ကြရမယ် (မှန်ပါ့)။
ပေါ်လာတဲ့ တရားဝိပဿနာရှုလိုက်တော့ ဒကာ ဒကာမတို့ ပေါ်လာတဲ့တရားက ဒုက္ခသစ္စာရှုတာ မဂ္ဂသစ္စာ သွားဖြစ်ပါတယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ခန္ဓာကိုယ်ထဲဘာလလဲ ပေါ်ပေါ်ဘာသစ္စာပေါ်ပါလိမ့်(ဒုက္ခသစ္စာပေါ်ပါတယ်)၊ ပေါ်တိုင်းပေါ်တိုင်း ရှုတဲ့ ဉာဏ် ကလေးဘာသစ္စာပါလိမ့် (မဂ္ဂသစ္စာပါ ဘုရား)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ ပေါ်တဲ့တရား ဒုက္ခသစ္စာ။ ရှုတဲ့တရား မဂ္ဂသစ္စာလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှင်းရှင်းလင်းလင်း မှတ်ထားတော့ ခန္ဓာကိုယ်ထဲပေါ်တိုင်း မရှုမိတော့ ဒုက္ခသစ္စာတွေ ဆက်သွားတယ်(မှန်ပါ)။
ပေါ်တိုင်း မရှုမိရင် (ဒုက္ခသစ္စာ ဆက်သွားပါတယ် ဘုရား) ဒုက္ခသစ္စာတွေ ဆက်သွားတယ် ဆိုတာ ကျေနပ်ပါ သလား (ကျေနပ်ပါပြီ ဘုရား)။
ဒုက္ခသစ္စာတွေတန်းသွားတယ်
ဒါဖြင့် ဒကာ ဒကာမတို့ မနေ့ကတော့ ဒီဘဝ အစကစပြီးပြခဲ့ပါတယ်၊ ဒီဘဝမှာ ဝိညာဏ်စလို့ ဝိညာဏ် ဘာသစ္စာတဲ့ တုန်း (ဒုက္ခသစ္စာပါ) ဝိညာဏ်ပြီး နာမ်ရုပ်ပေါ်လာပြန်တော့ကော ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) နာမ်ရုပ်ပေါ်လာပြီး စက္ခု သောတ ဃာန ဇိဝှာ ကာယမနဆိုတဲ့ အာယတနတွေ ပေါ်လာတော့ကော (ဒုက္ခသစ္စာပါ)။
ဒါဖြင့် ဦးခင်မောင်တို့ ဒကာသစ်တို့ ပေါ်ချင်တာပေါ် ဝိပဿနာမရှုရင် ဘာသစ္စာတွေ တန်းသွားသတုံး (ဒုက္ခသစ္စာတွေ တန်းသွားပါတယ်)။
အဲဒီတော့ ဒုက္ခသစ္စာတွေတန်းသွားတယ် ဆိုတာသိတော့မှ ပုဂ္ဂိုလ်သတ္တဝါဆိုတာ နဂိုကမပါ-ပါကလား (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (ပုဂ္ဂိုလ်သတ္တဝါနဂိုက မပါ-ပါဘူး)။
ပုဂ္ဂိုလ်သတ္တဝါ နဂိုက မပါဘူးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားလိုက်တော့ ဪ -ဒါဟာ ဆရာ ဘုန်းကြီး ဘာဟောနေတာပါလိမ့်မတုန်း ဆိုတော့ အပါယ်သွားသည့် ဒိဋ္ဌိကို ဖြတ်တောက် ပေးနေတာကလို့ ယနေ့မှတ်စမ်းပါ နော်(မှန်ပါ)။
ပေါ်တာဒုက္ခသစ္စာ ပျက်တာဒုက္ခသစ္စာ
ပေါ်လာတဲ့ တရားတွေသည် ဘာသစ္စာတွေသာ ပေါ်လာပါလိမ့် (ဒုက္ခသစ္စာသာပေါ်လာပါတယ်) ဒုက္ခသစ္စာတွေ ပေါ်လာတယ်၊ ချုပ်သွားတဲ့ တရားကလည်း ပေါ်ပြီးပျက်သွားတယ်၊ ချုပ်သွားတယ်၊ သူကလည်း ဘာတွေများ ချုပ်သွား ပါလိမ့် (ဒုက္ခတွေချုပ်သွားပါတယ် ဘုရား)။
ဒုက္ခသစ္စာပဲချုပ်သွားတော့ ဪ ခန္ဓာကိုယ်ထဲမှာဖြင့်် ပေါ်တာလည်း ဒုက္ခသစ္စာ၊ ချုပ်တာလည်း ဒုက္ခသစ္စာ၊ ဒါပဲရှိပါသလား၊ ဘယ်အချိန် ဘာပေါ်ပေါ် ပေါ်တာဒုက္ခသစ္စာ ပျက်တာ ဒုက္ခသစ္စာလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အသိဉာဏ်ကလေး နောက်ကလိုက်သွားကြမယ် ဆိုလို့ရှိရင် အသိဉာဏ်ရတာဟာ ဝိပဿနာမဂ် ရတာပဲလို့ မှတ်လိုက် ကြစမ်းပါ (မှန်ပါ)။
အသိဉာဏ်ရလိုက်တာဘာဆိုကြမယ်(မဂ်ရတာပါ ဘုရား) မဂ်ရတာပဲဆိုတာ ဒကာ ဒကာမတွေက မှတ်ထား လိုက်တော့မှ ဪ -တို့ဘဝများစွာ သံသရာကြီးက မဂ်ဉာဏ် ဖိုလ်ဉာဏ်မရခဲ့တာ ဘာကြောင့်ပါလိမ့်မတုံး မေးတော့ အသိဉာဏ်ဆိုတဲ့ မဂ္ဂသစ္စာမလိုက်မှု အပြစ်သင့်ခဲ့တာပဲလို့ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
အဲဒါကြောင့် ယခုသာသနာတွင်းမှာ ဆရာတွေအမျိုးမျိုးအဖုံဖုံ ဟောကြပြောကြနေတဲ့ အချိန်မှာမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကိုယ့်ကိုယ်ကိုယ် မသနားလို့ မဂ္ဂင်သစ္စာ မလိုက်တော့ပါဘူးဆိုရင်ဖြင့် ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိဆိုပြီး ဒုက္ခတွေချည်းလာနေဦးမှာဘဲ (မှန်ပါ့) မလာပေးဘူးလား (လာပါတယ်)။
ကိုင်း ဒါဖြင့် လိုက်လိမ့်မယ်ဆိုတဲ့အခါကျလို့ရှိရင်လည်း ဒုက္ခတွေ ချုပ်သွားမှာပဲ(မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ)။
မလိုက်ရင် ဘာသစ္စာ (ဒုက္ခသစ္စာပါ) လိုက်လိုက်လို့ရှိရင် ဒုက္ခသစ္စာ ပြတ်သွားလိမ့်မယ်ဆိုတာ မသေချာဘူး လား (သေချာပါတယ်)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သည်ကားလို့ ဆိုရင်ဖြင့် အမြဲတမ်းလိုက်ပေးပါဆိုတာကို သတိပေး ပါတယ်နော်(မှန်ပါ)။
အသင်္ခတတရားဆိုတာ နိဗ္ဗာန်
သံယုတ်ပါဠိတော်ကြီးမှာ လာထားတာက ဘယ်လိုလာထားသတုန်းလို့ မေးတဲ့အခါကျတော့ အသင်္ခတတရား ဆိုတာ ဒကာ ဒကာမတွေ မနေ့က ဟောခဲ့လို့သိပါပြီ။ အသင်္ခတတရားဆိုတာ နိဗ္ဗာန်နော်(မှန်ပါ)။
ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ်တရားသည် အသင်္ခတတရားဆိုတာ နိဗ္ဗာန်လို့ ဟောလိုက်တယ်။ ဘယ်တရားသည် သင်္ခတဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်ကြောင်းတုန်းလို့ ဟောလိုက်ပြန်တော့လည်း ဒကာ ဒကာမတို့ ဝိပဿနာ လို့ ဟောလိုက်တယ်(မှန်ပါ)ရှင်းပြီလား (ရှင်းပါပြီ)။
အသင်္ခတတရားက ဘယ်သူပါလိမ့်(နိဗ္ဗာန်ပါ) ရောက်ကြောင်းတရားက ဘယ်သူပါလိမ့်(ဝိပဿနာပါ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ကျုပ်တို့ နိဗ္ဗာန် မရောက်ခဲ့တာ ဝိပဿနာဘဝများစွာ သံသရာက မပါခဲ့တဲ့ အဖြစ်ဟာ သေချာလွန်းလို့ ဒုက္ခပင်လယ်ဝေတဲ့ ခန္ဓာဒုက္ခသစ္စာကြီး ထမ်းပိုးလည်နေရတယ်ဆိုရင် လွဲပါ့မလား (မလွဲပါဘူး) သဘော ပါကြပြီလား (ပါ-ပါပြီ)။
ကောင်းပြီ ဒါဖြင့် မနေ့ကပြခဲ့တာက ဝိညာဏ်ကစပြီး နာမ်ရုပ် သဠာယတနာ ဖဿဝေဒနာ ဒုက္ခက္ခန္ဓာဿ သမုဒယော ဟောတိဆိုပြီး ဒုက္ခစည်ကြီး ဖြစ်ပုံကို မနေ့က မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ်)။
တစ်ခါ နာရီဝက်လောက်ရှိပြန်တော့ ဝိဉာဏ်ချုပ်တာသည် ဒုက္ခချုပ်တာ နာမ်ရုပ်ချုပ်တာသည် (ဒုက္ခချုပ်တာပါ) သဠာယတနချုပ်တာသည် (ဒုက္ခချုပ်တာပါ) ဒုက္ခချုပ်တာတွေပြောတော့ နောက်ဆုံးပိတ် နိဂုံးချုပ်လိုက်တော့ ဒုက္ခက္ခန္ဓဿ နိရောဓေါဟောတိ ဒုက္ခချုပ်တာနိဗ္ဗာန်ပဲဆိုတာ သဘောကျပြီလား (ကျပါပြီ)။
ပဋိစ္စသမုပ္ပါဒ်ချုပ်ရင် နိရောဓသစ္စာ
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ဖြစ်ရင် ဒုက္ခသစ္စာ၊ ပဋိစ္စသမုပ္ပါဒ်ချုပ်ရင် (နိရောဓသစ္စာပါ)။
အဲ့ဒီတော့ကို ပဋိစ္စသမုပ္ပါဒ်ဖြစ်ရင် ဒုက္ခသစ္စာဆိုတာလည်း ဒကာ ဒကာမတွေကသိထားပြီ (မှန်ပါ) ပဋိစ္စသမုပ္ပါဒ် ချုပ်ရင် နိရောဓသစ္စာဆိုတာလည်း သိထားတော့ ဪ -ဒါဖြင့် ဒီပဋိစ္စသမုပ္ပါဒ်ချုပ်မှာ နိဗ္ဗာန်ရမှာပါလားဆိုတာ သေချာကြပါပြီ (သေချာပါပြီ)။
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်မှ မသိတဲ့ပုဂ္ဂိုလ် ချုပ်ရာချုပ်ကြောင်း အကျင့်ကို နောက်ကလိုက်နိုင်ပါ့မလား (မလိုက် နိုင်ပါဘူး) ဝိပဿနာက လိုက်နိုင်ပါ့မလား (မလိုက်နိုင်ပါဘူး)။
အဲဒီမလိုက်နိုင်မှာ စိုးရိမ်တဲ့အတွက် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အသင်္ခတတရားဆိုတာ နိဗ္ဗာန်ကွ သံယုတ်ပါဠိတော်မှာ (မှန်ပါ)။
နိဗ္ဗာန်ရောက်ကြောင်း တရားက ဝိပဿနာ
အသင်္ခတတရားသို့ ရောက်ရာ ရောက်ကြောင်း အကျင့်ဆိုတော့ဘာတဲ့ (ဝိပဿနာပါ ဘုရား) နိဗ္ဗာန်က အသင်္ခတတရား၊ နိဗ္ဗာန်ရောက်ကြောင်း တရားက ဝိပဿနာလို့ သံယုတ်ပါဠိတော်မှာ သေသေချာချာ ဟောထားသည် ဖြစ်လေသောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာဖြင့် မလုပ်မဖြစ်ဘူးပေါ့ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဝိပဿနာဟာ (မလုပ်မဖြစ်မပါဘူး) မလုပ်မဖြစ်တဲ့ တရားပဲလို့ တစ်ခါတည်း သွင်းပါနော်(မှန်ပါ့)
အိမ်မှာ ထင်းမရှိ ရေမရှိ ဆန်မရှိရင် မရှိမဖြစ်တဲ့ ပစ္စည်းလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) ထို့အတူဘဲ နိဗ္ဗာန်သွားချင်တဲ့ပုဂ္ဂိုလ်၊ ဒုက္ခခပ်သိမ်းငြိမ်းချင်ရင် အပါယ်လေးပါး ဇာတ်သိမ်းချင်ကြလို့ရှိရင်ဖြင့် ဝိပဿနာ မလုပ် မဖြစ်ဘူးဟေ့လို့ မှတ်လိုက်ကြစမ်း ပါ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ)။
ကဲ-ဝိပဿနာ ဆိုတော့ ရှုရမှာ ရှုရမှာကဘာကို ရှုရမှာတုန်းလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ မနေ့က ပြောခဲ့တယ် စိတ္တာနုပဿနာရှုလို့ ရှေးဦးစွာ ပြောလိုက်တယ်နော်(မှန်ပါ)။
အဲဒီတော့ ဒကာ ဒကာမတို့ စိတ္တာနုပဿနာ ဆိုတာ တစ်ခြားမဟုတ်ပါဘူး ဒီကနေပြီး ကြည့်လိုက်တော့ ကောင်းကင် ကြည့်လိုက်လည်း မီးတွေ ထွန်းထားတော့ ဒကာ ဒကာမတွေ မီးတွေ မြင်တဲ့စိတ် မပေါ်ဘူးလား (ပေါ်ပါတယ်)။
မြင်တဲ့စိတ်ပေါ်လာတယ်
ဪ ဒါကလေးဟာ မီးတွေမြင်တဲ့စိတ်ပေါ်လာတယ်၊ ဒါပစ္စုပ္ပန်ယခုပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်အစလို့ မှတ်လိုက် စမ်းပါ(မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။
စက္ခုံ စ ပဋိစ္စရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ-ဆိုတဲ့အတိုင်း စက္ခုဝိညာဏ် စိတ်ကလေးပေါ်တော့ ဒီစိတ်ကလေးပေါ်တာဘဲ၊ တိဏ္ဏံသင်္ဂတိ ဖဿ-ဆိုတော့ ဖဿက နောက်က မလိုက်ပေဘူးလား (လိုက်ပါတယ်) ဖဿပစ္စယာ (ဝေဒနာပါ ဘုရား)။
ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) တဏှာပစ္စယာ (ဥပါဒါန်ပါ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါ) ကမ္မဘဝေါဆိုတော့ အဲဒီဘဝမှာ မြင်လိုက်တယ်ဆိုလို့ရင်ဖြင့် ဒကာ ဒကာမတို့ မြင်တယ်၊ မြင်ပြီး သကာလ တွေ့တယ် တွေ့ပြီးခံစားမယ်၊ ခံစားတယ်ဆိုရင် သာယာတယ် စွဲလန်းတယ်၊ အားထုတ်တယ် မလာပေ ဘူးလား (လာပါတယ်)၊
ဪ -ဒါက မွေးကတည်းကပါတဲ့ ပဋိစ္စသမုပ္ပါဒ်လား အခုကြည့်လိုက်မှပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်လား အကဲခတ်စမ်း (အခုကြည့်မှ ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ပါ) ဒီပဋိစ္စသမုပ္ပါဒ်က ယခုဝိပဿနာရှုတဲ့ နေရာမှာ အရေးကြီးပါ တယ်ဆိုတာ မှတ်လိုက်တာပေါ့ (မှန်ပါ့)။
အခုကြည့်မှ ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်
ကဲ-ဒကာ ဒကာမတို့ မီးကလေးကြည့်လိုက်တော့ မြင်တဲ့စိတ်မလာဘူးလား(လာပါတယ်) မြင်ပြီးတော့ တွေ့ထိတဲ့ ဖဿကလေးကော (လာပါတယ်) ပြီးတော့မှ ခံစားတဲ့ ဝေဒနာကော (လာပါတယ်) မီးထွန်းထားတာ လှလိုက်တာလို့ ခံစားတဲ့ဝေဒနာပေါ်တယ် လှတာကလေး သလောကျတယ်ဆိုတဲ့ တဏှာကော (လာပါတယ်)။
ဒီဟာမျိုးကျုပ်ရချင်တယ် ဆိုတဲ့ ဥပါဒါန်မျိုးကော (လာပါတယ်) ရချင်လို့ရှိရင်ဖြင့် ရောင်းရ ဝယ်ရသွားရ အားထုတ်ရခံစားရတဲ့ ဝေဒနာကော (လာပါတယ်) မီးထွန်းထားတာ လှလိုက်တာလို့ခံစားတဲ့ ဝေဒနာပေါ်တယ်၊ လှတာကလေး သဘောကျတယ်ဆိုတဲ့ တဏှာကော (လာပါတယ်) ဒီဟာမျိုး ကျုပ်ရချင်တယ်ဆိုတဲ့ ကာယကံ ဝစီကံတွေကော မလာပေဘူးလား (လာပါတယ်)။
ဪ ဒါဖြင့်် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ ဟာ ဒကာ ဒကာမတို့ အိမ်ကပါလာတာဟာ ယခုမီးကြည့်လိုက်မှ ပေါ်လာတာလား (မီးကြည့်လိုက်မှ ပေါ်လာတာပါ)။
ဒါဖြင့် ဦးခင်မောင်တို့ ဒကာသစ်တို့ စဉ်းစား ဒါတွေ ဘာသစ္စာတွေတန်း သွားပါလိမ့် (ဒုက္ခသစ္စာတွေ တန်းသွား ပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ဒုက္ခသစ္စာတွေ တန်းသွားပါလိမ့်
အေး ဒုက္ခသစ္စာတွေ တန်းသွားတော့ကို ဘယ့်နှယ်ကြောင့် ဒုက္ခသစ္စာတွေ တန်းသွားပါလိမ့်မတုန်းလို့ မေးဖို့မလို ဘူးလား (လိုပါတယ်) အဲ ဒုက္ခသစ္စာတွေ မတန်းချင်ပါဘူးဘုရား။ ဒါတွေဟာ ဒုက္ခသစ္စာတွေ ချည်းဘဲ။ ကံပြီးတော့ ဘဝဆိုတာ ပဋိသန္ဓေနေမှု ဇာတိ ဇရာ မရဏတွေ မလာပေဘူးလား (လာပါတယ်)။
အဲဒီတော့ ဒကာ ဒကာမတို့ ဒါတွေ အလာမခံရအောင် ဘာလုပ်မလဲလို့ မေးတဲ့အခါမကျတော့မှ စက္ခုဝိညာဏံ အနိစ္စဆိုတဲ့ မြင်စိတ်ကို ဝိပဿနာရှုပေးပါ။ ပစ္စပ္ပုန် ပဋိစ္စသမုပ္ပါဒ်ကို ဝိပဿနာ ရှုပါနော် (မှန်ပါ့) ရှုလိုက်တော့ စိတ် ကလေးဖြစ်ပျက်မနေဘူးလား (နေပါတယ်)။
ရှုတာမဂ်မဖြစ်လားဘူးလား (ဖြစ်ပါတယ်) အဲ့ ဝိပဿနာမဂ်ဖြစ်လာတယ် ဆိုရင် ကျေနပ်ပါတယ် ဒီဘက်တန်းနိုင်သေးရဲ့လား (မတန်းနိုင်တော့ပါဘူး) မတန်းနိုင်လို့ရှိရင်ဖြင့််ရှိတာက ဇာတိဇရာ မရာဏတို့ကို ဒီဘက် ဖြတ်တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။
သူကဖြစ်ပျက် နောက်ကရှုတာကမဂ်
ကောင်းပြီ ဒါဖြင့် သူကဖြစ်ပျက် နောက်ကရှုတာက(မဂ်ပါ ဘုရား) ဖြစ်ပျက်ဆိုတာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) ရှုတာက ဘာပါလိမ့်(မဂ္ဂသစ္စာပါ) လောကီမဂ္ဂင်သစ္စာ ဖြစ်နေတော့ ဪ နိဗ္ဗာန်သည် အသင်္ခတတရား ဘယ်သူမှ မပြုပြင်ဘဲနဲ့ရှိတဲ့ တရားက နိဗ္ဗာန်ရောက်ကြောင်းတရား၊ ဘယ်သူတုန်းဆိုတော့ သံယုတ်ပါဠိတော်က ဝိပဿနာလို့ ဟောထားပြန်တယ် (မှန်ပါ့)။
ဪ -ဒါဖြင့် ဝိပဿနာလိုက်လိုက်တော့ နိဗ္ဗာန်ရောက်ကြောင်း ဟုတ်-မဟုတ် စဉ်းစားကြည့် တော့ ဖဿချုပ်၊ ဝေဒနာချုပ်၊ တဏှာချုပ်၊ ဥပါဒါန်ချုပ်၊ ကံချုပ်၊ ဒီဘက်က အနာဂတ်ဘဝ ဆိုတဲ့ ဇာတိဇရာ မရဏတွေ ဘယ့်နှယ်နေကြသလည်း (ချုပ်ပါတယ် ဘုရား)။
ဇာတိ၊ ဇရာ၊ မရဏအတွက် ချုပ်ရာ သိမ်းရာ ငြိမ်းရာကို ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) ဪ -ဒါတွေ ဘယ်သူကြောင့် ချုပ်ငြိမ်းရုပ်သိမ်းသွားပါလိမ့်မတုန်းဆိုတော့ ဟော ဒီဝိပဿနာကြောင့် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ) ဒီဝိပဿနာသာ မပါရင် ချုပ်ငြိမ်းရုပ်သိမ်းတာ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတို့ ဝိပဿနာသာ အလုပ်သည်ကားလို့ ဆိုလို့ရှိရင် နိဗ္ဗာန်ရောက်ကြောင်းပဲဆိုတာ သေချာကြပြီလား (သေချာပါပြီ)။
ဒါဝိပဿနာ ရှုနည်း
ကောင်းပြီ ဒါဖြင့် ဒါဝိပဿနာ ရှုနည်း ပစ္စုပ္ပန်မှာ မြင်တယ်ဆိုလို့ရှိရင်ဖြင့် ဪ -မြင်စိတ်ကို တို့ရှုရတော့မယ်၊ ကြားတယ် ဆိုရင်ကော (ကြားစိတ်ကိုရှုရပါတယ်) နံတယ်ဆိုရင် (နံစိတ်ရှုရမှာပါ) စားတယ်ဆိုရင် (စားစိတ်ရှုရမှာပါ)၊ ယားတယ်ယံတယ် နာတယ်ဆိုရင်ကော (ယားစိတ်ယံစိတ်ရှုရမှာပါ) ကောင်းတယ်ဆိုတဲ့ သုခဝေဒနာကလေး သုခသဟဂတံ ကာယဝိညာဏစိတ္တံဆိုတဲ့ စိတ်ကလေးပေါ်ရင်ကော (ရှုရမှာပါဘဲ)။
တစ်ခါ ဝမ်းသာတဲ့ သောမနဿ စိတ်ကလေးပေါ်လာ ရင်ကော (ရှုရမှာပါဘဲ) ဝမ်းနည်းတဲ့ ဒေါမနဿ စိတ်ကလေးပေါ်လာရင်ကော (ရှုရမှာပါပဲ)၊ သံသယရှိတဲ့စိတ် ကလေးပေါ်လာရင်လည်း (ရှုရမှာပါဘဲ) အိပ်ချင်တဲ့ စိတ်ကလေးပေါ်လာတယ် (ရှုရမှာပါဘဲ) ပျံ့လွင့်တဲ့စိတ်ကလေး ပေါ် လာလည်း (ရှုရမှာပါဘဲ)။
အဲ-အကုန်ရှုပေးပါတဲ့ ဘုရားက သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ။ သဒေါသစိတ္တံ သံခိတ္တိစိတ္တံ၊ ဝိက္ခိတ္တ စိတ္တစသည်ဖြင့်် စိတ္တာနုပဿနာ ဟောတော်မူတော့ တပည့်တော်တို့ ဘယ်ဟာ ရှုရမှာတုံးမေးတော့ ဒကာ ဒကာမတို့ ကိုယ်စိတ်ကိုယ်ရှု (မှန်ပါ့)။
ဘာလုပ်ရမတုန်း (ကိုယ့်စိတ်ကို ကိုယ်ရှုရပါမယ်) သဘောကျပြီလား (ကျပါပြီ)။
ဒါကြောင့် တစ်နေ့ကပြောခဲ့တယ် ဒကာ ဒကာမတို့ သူများစိတ်အကဲခတ်မရတာ မှားသည်မရှိ၊ မှန်သည်ရှိ ကိုယ့်စိတ်ကိုယ် အကဲခတ်လိုက်တဲ့အခါကျတော့ (မှန်ပါတယ်) သေချာပြီလား (သေချာပါပြီ)။
ကိုယ့်စိတ်ကိုယ် အကဲခတ်
ကဲ-ကိုယ့်စိတ်ကိုယ့် အကဲခတ်လိုက်တဲ့ အခါကျတော့ ဟောဒီ အကဲခတ်တာက မဂ်ဖြစ်ပြီး သကာလ သွားတော့ ရှေ့က ကြားစိတ်ကလေးက အကဲခတ်တဲ့စိတ်လာတော့ သူမချုပ်သေးဘူးလား ချုပ်သလား (ချုပ်ပါတယ် ဘုရား) မရှိဘဲနဲ့ ချုပ်တာလား (ချုပ်ပါတယ် ဘုရား) မရှိဘဲနဲ့ ချုပ်တာလား ပေါ်ပြီးမှချုပ်တာလား(ပေါ်ပြီးမှချုပ်တာပါ)
ပေါ်တာ ဒုက္ခသစ္စာ ချုပ်တာလည်း ဒုက္ခသစ္စာလို့ ဆိုသောကြောင့် ဒုက္ခက္ခန္ဓဿလို့ မဆိုဘူးလား (ဆိုပါတယ်) အဲဒီတော့ ဒုက္ခကို မဂ္ဂင်က မြင်တာလို့ မှတ်ကြပါ(မှန်ပါ့)။
ဒါက ယခုချက်ခြင်းပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ပြတယ်နော်(မှန်ပါ) နားဘက်ကကြားရင်လည်း ချက်ခြင်း ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ် မလာပေဘူးလား(လာပါတယ်) နှာခေါင်းက နံတဲ့ ပဋိစ္စသမုပ္ပါဒ် ပေါ်လာလို့ ရှိရင်လည်း ချင်ခြင်း ဒီကျမှပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ် မရှိပေဘူးလား (ရှိပါတယ်) အဲဒါကိုယ့်ဉာဏ်နဲ့ ကိုယ်ဖြတ်ကြပါ ဆိုတာကော သဘောကျပြီလား (ကျပါပြီ)။
ကောင်းပြီ ဒါဖြင့် ကိုယ့်ဉာဏ်နဲ့ ကိုယ်ဖြတ်တော့ ရှုစရာတွေဟူသ၍ ဘာသစ္စာတွေ တွေ့နေသလဲ (ဒုက္ခသစ္စာ တွေ တွေ့ပါတယ်) ပုဂ္ဂိုလ်သတ္တဝါတွေများ တွေ့သေးလား(မတွေ့ပါဘူး) မတွေ့တော့ဘူးဆိုတာ သေချာပြီလား (သေချာ ပါပြီ)။
ဒီကနေပြီး မရှုမိဘူးဘုရား ဝေဒနာကျမှ တွေ့တယ်ဝေဒနာကျမှ တပည့်တော် ရှုမိတယ်ဆိုရင်လည်း ဝေဒနာရှု လိုက်တာပေါ့။ သဘောကျပြီလား (ကျပါပြီ) ဟာ-တဏှာကျမှ ရှုနိုင်တယ်ဆိုရင်ကော တဏှာကျမှရှု၊ တဏှာကိုသရာဂစိတ္တံ သရာဂစိတ္တန္တိပဇာနာတိလုပ်လိုက်တာပေါ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဘယ်စိတ်ပေါ်ပေါ်ရှုတတ်ပြီလား
ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်စိတ်ပေါ်ပေါ်ရှုတတ်ပြီလား (ရှုတတ်ပါပြီ)
အေး-ရှုတတ်ပါပြီဆိုတော့ မနေ့က ပြောခဲ့တယ်၊ ပုထုဇဉ်သန္တာန်မှာကွာ အရိယာသန္တာန် ဖြစ်တဲ့စိတ်တွေ ကလည်း မပေါ်ပါဘူး (၃၇)ပါးသော စိတ်သာရှိပါတယ်၊ အဲဒါတွေထဲကသာ ရှုရမယ်၊ ပုထုဇဉ်ရှုရင် ဒါပါပဲ၊ မမှီတာလှမ်းမရှုပါနဲ့ မှီတာကိုသာ ရှုပါဆိုတာကော သေချာပြီလား (သေချာပါပြီ)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်မှာ ယခုလို အိမ်မှာနေရင်း တရားနာရင်း လမ်းသွားရင်း ဆိုတော့ မြင်စိတ် ပဋိစ္စသမုပ္ပါဒ်လာလည်း ဖြစ်ပျက်ရှုရမှာပဲ၊
ကြားစိတ် ပဋိစ္စသမုပ္ပါဒ် တန်းရင်ကော (ဖြစ်ပျက်ရှုရပါမယ်) နံစိတ် ပဋိစ္စသမုပ္ပါဒ်တန်းရင်ကော (ဖြစ်ပျက်ရှုရပါမယ်) စားစိတ် ပဋိစ္စသမုပ္ပါဒ်တန်း လာရင်ကော (ဖြစ်ပျက်ရှုရပါမယ်)။ ယားစိတ် ယံစိတ်ပဋိစ္စသမုပ္ပါဒ်တန်း လာရင်ကော (ဖြစ်ပျက်ရှုရပါမယ်) မရှုလို့ရှိရင် ဘာဖြစ်မလဲလို့ မေးလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ယားစိတ်ကလေးမရှုလို့ရှိရင် ယားစိတ်နဲ့ ငါနဲ့ရောတော့မယ်(မှန်ပါ) မရောပေဘူလား(ရောပါတယ်) ငါယားလိုက်တာလို့ မလာပေဘူးလား (လာပါတယ်) ယားစိတ်နဲ့ ဘယ်သူနဲ့ ရောသွားသတုန်း (ငါနဲ့ရောသွားပါတယ်)။
သက္ကာယဒိဋ္ဌိသွားဖြစ်တယ်
ဒါဖြင့် ဒကာ ဒကာမမတို့ ဝိညာဏံ အတ္တတော သမနုပဿတိ။ ဝိညာဏံ ယားစိတ်ကလေးကို အတ္တတော ငါဟူ၍ သမနုပဿတိ ရှု၏ဆိုတော့ သက္ကာယဒိဋ္ဌိသွားဖြစ်တယ်(မှန်ပါ)။
ဝိညာဏံအတ္တတော သမုနုပဿတိဆိုသဖြင့် ဝိညာဏံယားစိတ်ကလေးကို အတ္တတော ငါယားတယ်ဟူ၍ သမနုပဿတိသူမြင်နေပြန်တယ် (ဝါ) ရှုနေပြန်တယ်ဆိုတော့ စိတ်ပေါ်မှာ ဒိဋ္ဌိမစွဲဘူးလား(စွဲပါတယ်)။
တစ်ခါနာတဲ့ စိတ်ကလေးကို ဒကာ ဒကာမတွေက နာတာသည်ကားဆိုရင် ဒုက္ခသစ္စာလို့ မသိလို့ရှိရင်ဖြင့် နာတဲ့စိတ်ကိုလည်း ဝိညာဏံအတ္တတောသမနုပဿတိသွားပြီးဖြစ်မှာပဲ။ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်) သက္တာယဒိဋ္ဌိ ဝင်ဝင်မလာပေဘူးလား (ဝင်လာပါတယ်)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်စိတ်ပေါ်ပေါ်ဘာရှုမတုံး(ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်တာက ဘာသစ္စာ (ဒုက္ခသစ္စာပါ) ရှုတာကမဂ္ဂသစ္စာပါ ဒါကြောင့် ဒုက္ခက္ခန္ဓဿဟောတိလို့ မနေ့ကပြောခဲ့ပါတယ်။ ကျေကျေနပ်နပ် သဘောကျပါရဲ့လား (ကျပါတယ် ဘုရား)။
ခင်ဗျားတို့ တွေ့ချင်တာတွေ့ ဒုက္ခသစ္စာတွေ့မှာပဲမို့ ဦးခင်မောင် မမှာဘူးလား။ မနေ့က (မှာခဲ့ပါတယ်) နောက်က ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘောကျရဲ့လား (ကျပါတယ်)။
ကိုင်း- ဒါဖြင့် ခင်ဗျားတို့ သန္တာန်ပေါ်တဲ့ စိတ်ဟူသ၍ ဘာသစ္စာတုံး(ဒုက္ခသစ္စာပါ) ဘုရားက ဘယ့်နှယ်ဟော သတုန်း (ဒုက္ခက္ခန္ဓဿသမုဒယော ဟောတိပါ) မင်းတို့ သန္တာန်ဖြစ်နေတာ တွေဟာ ဒုက္ခတွေဖြစ်နေတာပဲကွ ပေါ်တဲ့စိတ် တွေဟာ ဒုက္ခတွေဖြစ်ပေါ်လာတာဘဲလို့ ဟောတာသေချာဘူးလား (သေချာပါတယ် ဘုရား)။
ရှုလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ ဖျပ်ဆိုယား စိတ်ကလေး ပေါ်လာတာကိုပဲ နောက်မဂ်နဲ့နေပြီ ရှုလိုက်တဲ့ အခါကျတော့ ရှိသေးရဲ့လား (မရှိပါဘူး) မရှိတော့ဘူး ဒုက္ခချုပ်မသွားဘူးလား(ချုပ်သွားပါတယ်) အဲဒါကျတော့ ဘုရားက ဒုက္ခက္ခန္ဓဿ နိရောဓေါဟောတိ။ ဒါဒုက္ခချုပ်တာလို့ မှတ်လိုက်တာပေါ့ဆိုတော့ ဪ -တို့သန္တာန်မှာ ဒုက္ခဖြစ်တာနဲ့ ဒုက္ခ ချုပ်တာပဲ ရှိပါလားဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဒကာ ဒကာမတွေ သန္တာန် ဘာဖြစ်တာနဲ့ ဘာချုပ်တာသာရှိသတုန်း(ဒုက္ခဖြစ်တာနဲ့ ဒုက္ခချုပ်တာရှိပါတယ်) သဘောပါပြီလား (ပါ ပါပြီ)။
တတန်းလုံးပုဂ္ဂိုလ်သတ္တဝါမပါဘူး
ဒါဖြင့် ဦးခင်မောင်ရေ အခုကြားတဲ့စိတ်ထဲမှာလဲ တတန်းလုံးပုဂ္ဂိုလ်သတ္တဝါမပါဘူး (မပါ-ပါဘူး) နံတဲ့စိတ် တတန်းလုံးမှာကော (ပုဂ္ဂိုလ်သတ္တဝါမပါပါဘူး)။ ယားတဲ့ယံတဲ့စိတ် တတန်းလုံးမှာကော (ပုဂ္ဂိုလ်သတ္တဝါမပါပါဘူး) ပုဂ္ဂိုလ်သတ္တဝါပါကို မပါဘူးဆိုတာ သေချာပြီလား (သေချာပါပြီ)။
ကိုင်း-ဒါဖြင့် ခင်ဗျားတို့ သန္တာန်ပေါ်ချင်ရာပေါ် ပုဂ္ဂိုလ်သတ္တဝါ မပါပါဘူး(မှန်ပါ့) ဘာသစ္စာတွေ ပေါ်ပေါ်နေ သတုန်း (ဒုက္ခသစ္စာတွေပေါ်နေပါတယ်)။
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ဒီအထဲမှာ ပေါ်ချင်တဲ့စိတ်ပေါ် ဒိဋ္ဌိကွာပြီလားလို့ မေးလိုက်တယ်(ကွာပါ တယ်) ပေါ်ချင်တဲ့စိတ်ပေါ် ပေါ်တဲ့စိတ်ဟူသ၍သည် ဘာသစ္စာတွေတုံး (ဒုက္ခသစ္စာတွေပါ) ဒုက္ခသစ္စာမှန်းသိထားတော့ ဒီပုဂ္ဂိုလ်သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ ရောသေးရဲ့လား (မရောပါဘူး) ဒါ ဘာကွာသွားတာတုန်း(ဒိဋ္ဌိကွာ သွားတာပါ)။
ကိုင်း-ဒါဖြင့် ဝိပဿနာရှုမယ်ကြံလို့ရှိရင် ကိုယ့်စိတ်အစဉ်ကြီးဖြစ်တာကို ကိုယ့်ဟာကိုယ်သိပြီး သကာလ ဒါတွေ ဒုက္ခသစ္စာတွေတန်းနေတာပဲဆိုတာ ရှေးဦးစွာသိနှင့်ထားရမယ်ဆိုတာ ပေါ်ကြပြီလား(ပေါ်ပါပြီ) ရှင်းပြီနော်(ရှင်းပါပြီ)။
ဒါဖြင့် ဘယ်တရားပေါ်ပေါ် ဒကာ ဒကာမတွေ သန္တာန်မှာ မရှုဘဲနဲ့ ပေါ်နေတဲ့တရား အာရုံနဲ့တိုက်ဆိုင်လို့ ပေါ်တဲ့တရား ဘာသစ္စာတွေလဲ (ဒုက္ခသစ္စာပါ) သူနဲ့ဆက်ပြီးပေါ်တဲ့တရားတွေကော (ဒုက္ခသစ္စာတရားတွေပါ) ဒုက္ခသစ္စာ တွေချည်းပေါ်နေတော့ ဦးခင်မောင်တို့ ဒကာဒကာသစ်တို့ မောင်မြတို့ စဉ်းစားကြပါ ပုဂ္ဂိုလ်သတ္တဝါပါသေးလား(မပါပါဘူး)။
ဒါကြောင့် စောစောစီးစီး ဒီဒကာ ဒကာမတွေ မနေ့ကစပြီး သကာလ ဘာလုပ်ပေးနေသတုန်းဆိုတော့ ဒိဋ္ဌိခွါ ပေးနေတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိမကွာဘဲနဲ့ ဝိပဿနာရှုခဲ့သော် ဒိဋ္ဌိတည်းဟူသော တရားက အမြဲတမ်း တားနေသောကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်မရနိုင်ဘူး (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဒိဋ္ဌိမခွါဘဲနဲ့ ဝိပဿနာရှုနေခဲ့သော်
ဒိဋ္ဌိမခွါဘဲနဲ့ ဝိပဿနာရှုနေခဲ့သော် (မဂ်ဉာဏ်ဖိုလ်ဉာဏ်မရနိုင်ပါဘူး) ဒိဋ္ဌိက ဘာတားပါလိမ့် (မဂ်ဉာဏ် ဖိုလ်ဉာဏ်တားပါတယ်) မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်မြင်မှုကို တားတယ် (မှန်ပ့ါ)။
ဒါ့ကြောင့် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်မသိတဲ့ ပုဂ္ဂိုလ်များ ဒိဋ္ဌိကွာလို့ အတော်ခဲယဉ်းပါတယ်။ မခဲယဉ်းဘူးလား (ခဲယဉ်းပါ တယ်)။ ကဲ-အခု ရှင်းပါပြီလား (ရှင်းပါပြီ) မျက်လုံးပေါက်က ပဋိစ္စသမုပ္ပပါဒ်လာလည်း ဒုက္ခတွေ တန်းလာတာပဲ (မှန်ပါ) နားပေါက်က ပဋိစ္စသမုပ္ပါဒ်လာပြန်ရင်ကော (ဒုက္ခတွေတန်းပါတယ်) နှာခေါင်းပေါက်က စလိုက်ပြန်ရင်ကော (ဒုက္ခတွေတန်းပါတယ်) လျှာပေါက်က စလိုက်ရင်ကော(ဒုက္ခတွေတန်းပါတယ်) ကိုယ်ပေါက်ကစ လိုက်ရင်ကော (ဒုက္ခတွေ တန်းပါတယ်) မနောပေါက်စလိုက်လို့ တန်းသွားပြန်ပြီ စိတ်တွေက ဘာတွေတန်းတုန်း (ဒုက္ခတွေ တန်းပါတယ်)။
အဲဒီတော့ ဒကာ ဒကာမတွေ အစပဋိသန္ဓေတုန်းကလဲ ဝဉာဏ်နာမ်ရုပ်သဠာယတန ဖဿဝေဒနာ မနေ့က ပြခဲ့တုန်းကလဲ ဒုက္ခပဲပါခဲ့တယ် (မှန်ပ့ါ) ယခုဘဝမှာလဲ အသစ်မြင်လို့ ပေါ်ကြားလို့ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်တွေလဲ ဘာတွေသာ ပေါ်လာသတုန်း (ဒုက္ခတွေပဲပေါ်လာပါတယ်)။
တော်တော် ကျေနပ်ပါပြီတဲ့ ဘုန်းကြီးက ဒကာဒကာတွေအတွက် တော်တော်အဖိုးတန်လို့ တော်တော့်ကို အဖိုးတန်ပါတယ်။ ဪ -ဒါဖြင့် တို့သန္တာန်ပေါ်လေသမျှ ဒုက္ခသစ္စာချည်းပဲ(မှန်ပ့ါ) ရှင်းပြီးလား (ရှင်းပါပြီ)။
တို့သန္တာန်ပေါ်လေသ၍ (ဒုက္ခသစ္စာချည်းပါ ဘုရား) ဒုက္ခသစ္စာချည်းပဲ သိတော့ ပုဂ္ဂိုလ်သတ္တဝါ မပြုတ်သေးဘူး လား ပြုတ်ပြီလား (ပြုတ်ပါပြီ) အဲ-အပြောတော့ ဘယ်ပြုတ်မတုန်းဗျ ဉာဏ်ထဲမှာ ပြုတ်ရင် ပြီးတာပဲ (မှန်ပါ)။
အပြောက ကိစ္စမရှိပါဘူး
အပြောကတော့ ခင်ပွန်းရှိတယ် သားကလေးရှိတယ် သမီးကလေးရှိတယ်ဆိုတာတော့ ပြောနိုင်ပါတယ်။ ဘုရားသခင် ကိုယ်တော်မြတ်ကြီးတောင်မှ အပြောတော့ ပြောသေးတာပဲ၊ အပြောက ကိစ္စမရှိပါဘူး၊ အထင်ပြုတ်ရင် ပြီးတာပဲ (မှန်လှပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အပြောမပြုတ်ပေမဲ့ အထင်ပြုတ်ရင် (ပြီးတာပါပဲ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီနေ့ ဒိဋ္ဌိတွေ စောစောစီးစီး ဖြုတ်ထားတော့ ဒိဋ္ဌိမဖြုတ်ဘဲနဲ့ ရှင်အနုရောဓမှာ ဝိပဿရှု နေတဲ့အတွက် သူ့မှာ ကန့်လန့်ဖြစ်နေတယ်ဆိုတဲ့ဥစ္စာ ဒီနေ့ ဝတ္ထုထုတ်တော့မယ်နော် (မှန်ပါ) ဒါဖြင့် ဒကာ ဒကာမတို့ သေသေချာချာ နားထောင်ကြ။
ဝေသာလီပြည်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သီတင်းသုံးပြီး သကာလ နေပါတယ်။ အနုရာဓဆိုတဲ့ ရဟန်း ကလေးက ဘုရားကျောင်းတော်နဲ့ မနီးမဝေးမှာ တစ်ပါတည်း နေပါတယ် (မှန်ပ့ါ)။
အနုရာဓရဟန်း
အနုရာဓရဟန်းကလေး တစ်ပါးတည်း သီတင်းသုံးနေရာသို့ ဒိဋ္ဌိတွေက လာကြတယ်။ ဘုရားဆီမသွားဘဲနဲ့ ဦးခင်မောင် ဒီကိုယ်တော်ဆီကိုပဲ သွားကြတယ်။ အလ္လာပ သလ္လာပ စကားတွေ ပြောဆိုပြီးတဲ့အခါ ရှင်အနုရာဓ၊ ကျုပ်တို့ မေးပါရစေ၊ မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်ကြီးဟာ ယောက်ျားမြတ် လို့လည်း ဆိုပါတယ်။ ယောက်ျားမွန်လို့လဲ ဆိုပါတယ်၊ ယောက်ျားချွန်လို့လဲ ဆိုကြပါတယ်။ ယောက်ျားမြတ်၊ ယောက်ျားမွန်၊ ယောက်ျားချွန်တွေလဲ ဧကန်ဖြစ်ပါတယ်။ အင်မတန် ထက်တဲ့ ပုဂ္ဂိုလ်ကြီးပါပဲ။
အဲဒီပုဂ္ဂိုလ်ကြီးကို ရှင်အနုရာဓတို့ကတော့ တပည့်တွေလဲ ဖြစ်နေတော့ တပည့်တော်တို့ မေးပါရစေတဲ့ ဒီပုဂ္ဂိုလ် ကြီးဟောတဲ့ တရားတွေ ရှင်အနုရာဓသိသလောက် ပြောစမ်းပါဆိုပြီး မေးကြတယ်နော်(မှန်ပ့ါ)။
အနုရာဓရဟန်းကို ဒိဋ္ဌိတွေကမေးပြီလို့ ဒကာ ဒကာမတွေမှတ်ထားလိုက်စမ်းပါ နော်(မှန်ပါ) ဘယ့်နှယ့်မေးလိုက် သတုန်းလို့ဆိုတော့ ဒကာသစ်တို့ ဦးခင်မောင်တို့ မောင်မြတို့ သေသေချာချာ မှတ်ကြစမ်းပါ။ သတ္တဝါသေလို့ရှိရင် ဖြစ်သေးသလားလို့ မေးလိုက်တယ် (မှန်ပ့ါ)။
သတ္တဝါသေရင် ဖြစ်သေးသလား
ဒကာ ဒကာမတို့ ဘယ့်နှယ်မေးပါလိမ့် (သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးပါတယ်)။
ကိုင်း-ခင်ဗျားတို့ ဒီအထဲမှာ သတ္တဝါများပါရဲ့လား (မပါပါဘူး) မနေ့က ပဋိစ္စသမုပ္ပါဒ်မှာကော (မပါပါဘူး) မပါဘူး၊ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲ ရှိတယ်နော် (မှန်ပ့ါ) ယခု ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ် မျက်လုံးပေါက်က ပဋိစ္စသမုပ္ပါဒ်တွေ တန်းလာတဲ့အထဲမှာ သတ္တဝါပါရဲ့လား (မပါပါဘူး)။
သတ္တဝါ မပါတဲ့ဥစ္စာ သတ္တဝါသေရင် ဖြေဖို့သင့်-မသင့် ဒကာ ဒကာမတွေပဲ ချိန်ကြည့်ကြစမ်းပါ (မသင့်ပါဘူး ဘုရား)။
ဒါ ခင်ဗျားတို့ အင်မတန် ဉာဏ်ထက်နေကြလို့၊ ရှေ့ကလဲ ဆရာဘုန်းကြီးက လမ်းခင်းထားလို့၊ ဟောထားတာကလဲ သတ္တဝါတွေကို မနေ့ကကတည်းက ဦးခင်မောင် ဖြုတ်ထားတယ် (မှန်ပါ) ပါကောပါရဲ့လား (မပါပါဘူး)။
ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿဝေဒနာထဲမှာလဲ သတ္တဝါပါရဲ့လား (မပါပါဘူး) ဒီနေ့ပြောတဲ့ အထဲမြင်တယ်၊ လိုချင်တယ် စွဲလန်းတယ် အားထုတ်တယ်ဆိုတဲ့ အထဲမှာကော (မပါပါဘူး) ကြားတဲ့အထဲမှာကော (မပါပါဘူး) စိတ်တွေက ကြားတာပဲဆိုတာ သိနေတော့ ခင်ဗျားတို့ကတော့ဖြင့် ရှင်းနေတယ်၊ စိတ်တွေ တန်းနေတာဘုရား ဘယ်မှာသတ္တဝါ ပါရမှာတုန်းဆိုတော့ ခင်ဗျားတို့က တဖွဲ့လုံးကပဲ အဖြေထွက်နိုင်ပါတယ် (မှန်ပ့ါ)။
ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ သူမေးတာကလေးကုန်အောင် ကျုပ်တို့ ရှင်းကြဦးစို့။ ၁-နံပါတ်က ဘယ်လိုမေးလိုက် သတုံးဆိုတော့ ရှင်အနုရာဓ သင်တို့၏ဆရာ မြတ်စွာဘုရားက သတ္တဝါသေရင် ဖြစ်သေးသလားဆိုတဲ့အမေးကို ဘယ်လို များ ဖြေလေ့ရှိပါသလဲလို့ မေးလိုက်တယ်နော် (မှန်ပ့ါ)။
စုတိဆိုတာလဲ ဒုက္ခသစ္စာ
ကဲ-ဒကာ ဒကာမတွေ သေပါတယ်။ သေတာလဲ စုတိစိတ်ပဲ မနေဘူးလား (မှန်ပ့ါ) စုတိပြီးရင် ပဋိသန္ဓေမလာဘူး လား (လာပါတယ်) ကဲ စုတိဆိုတာလဲ ဒုက္ခသစ္စာပဲ၊ ပဋိသန္ဓေကကော (ဒုက္ခသစ္စာပါပဲ) သတ္တဝါပါသေးသလား (မပါပါဘူး)။
ဪ-နဂိုကတည်းက ဒီကတန်းတာက မြင်တယ် တွေ့တယ် ခံစားတယ် လိုချင်တယ် စွဲလန်းတယ်၊ အားထုတ် တယ်၊ အားထုတ်တယ်ဆိုတာ ကမ္မဘဝ။ ကမ္မဘဝပစ္စယာဇာတိ ဟုတ်လား (မှန်ပ့ါ) ဇာတိပြီးတော့ ဇရာဇရဏ မလာပေ ဘူးလား (လာပါတယ်) ဇရာမရဏလာတော့ ဒီထဲမှာ သတ္တဝါပါသေးသလား (မပါပါဘူး)
ဇာတိဆိုတာသည် ဒကာ ဒကာမတို့ သတ္တဝါလား ဒုက္ခသစ္စာလား (ဒုက္ခသစ္စာပါ ဘုရား) ဇာတိဆိုတာ ရုပ်နာမ်ပါပဲ။ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ) ဇရာဆိုတာလဲ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ) မရဏဆိုတာလဲ (ဒုက္ခသစ္စာပါပဲ) ဒါဖြင့် အစကလဲ ဘာသစ္စာကစသလဲ (ဒုက္ခသစ္စာက စပါတယ်) အလည်မှာ ဘာတွေနဲ့ နေရသလဲ (ဒုက္ခသစ္စာနဲ့ နေရပါတယ်)။
တစ်ခါ ကံကနေပြီး ကျေးဇူးပြုလိုက်တဲ့ ဇာတိကျတော့လည်း (ဒုက္ခသစ္စာပါ) ဇရာမရဏတွေ (ဒုက္ခသစ္စာပါ)။
အဲဒီတော့ ဒီကြားထဲမှာ ဇာတိပြီးတော့ကို သေတယ်၊ သေပြီး သကာလ ဒကာ ဒကာမတို့ သိတဲ့အတိုင်း ကံကုန်တဲ့ အခါသေတယ်ဆိုတော့ ဒီအဖြူကလေး စုတိထားလိုက်တာပေါ့နော် (မှန်ပါ) ကံကုန်တော့ စုတိမလာဘူးလား (လာပါတယ်) စုတိပြီး ပဋိသန္ဓေမလာဘူးလား (လာပါတယ်) ပဋိသန္ဓေနေပြီး သကာလ အိုသေမလာဘူးလား (လာပါတယ်) ဒီအထဲမှာ ဒကာ ဒကာမတွေက စဉ်းစားတာပေါ့ ပုဂ္ဂိုလ်သတ္တဝါများပါသေးသလား (မပါပါဘူး)။
ဒိဋ္ဌိတွေမေးတဲ့ ၁-နံပါတ်မေးခွန်း
အဲဒီတော့ ဒိဋ္ဌိတွေမေးတဲ့ ၁-နံပါတ်မေးခွန်းကို ဒကာ ဒကာမတွေ ရှင်းလိုက်စမ်းပါဦး၊ အရှင်အနုရာဓ သင်တို့၏ ဆရာဖြစ်တဲ့ မြတ်စွာဘုရားက သတ္တဝါသေရင် ဖြစ်သေးသလားဆိုတဲ့ မေးခွန်းမေးလို့ရှိရင် ဘယ်လိုများ ဖြေပါသတုန်း ရှင်အနုရာဓ မကြားဖူးဘူးလား ဆိုတော့ ဒကာ ဒကာမတွေ ဒီအထဲသတ္တဝါ ပါရဲ့လား (မပါပါဘူး)။
ဒီကံပြီးတော့ကို စုတိမလာဘူးလား (လာပါတယ်) သူကလေးကို စုတိမှတ်ပါ။ စုတိပြီးတော့ ဘာလာသတုန်း (ပဋိသန္ဓေလာပါတယ်) ပဋိသန္ဓေလာတော့ ကံကလဲ ဒုက္ခသစ္စာ။ စုတိကလဲ (ဒုက္ခသစ္စာပါဘဲ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
ဒီဘက် ဇာတိ မရာမရဏ ကကော (ဒုက္ခသစ္စာပါပဲ) ဦးခင်မောင် ဘာတွေသာတန်းနေသတုန်း (ဒုက္ခသစ္စာပါ) ကဲ သတ္တဝါပါရဲ့လား (မပါပါဘူး) သူတို့က သတ္တဝါနဲ့မေးနေတော့ ဒိဋ္ဌိအယူနဲ့ မေးနေတာ (မှန်ပ့ါ)။
ဒကာ ဒကာမတို့ သတ္တဝါ ပါ-မပါ (မပါပါဘူး) မနေ့က ပြောခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် တစ်ခုလုံးမှာကော (မပါပါဘူး) ယနေ့မှ စပေါ်တဲ့ မြင်စိတ် ကြားစိတ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်တွေမှာကော (မပါပါဘူး)။
ဒါဖြင့် ဒကာ ဒကာမတွေ သတ္တဝါသေရင် ဖြစ်သေးလား မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေပဲ စဉ်းစားကြည့် ပါတော့ သတ္တဝါမရှိလို့ ဖြစ်-မဖြစ် ပြောစရာမလို (မှန်ပါ) ရှင်းပြီလာ (ရှင်းပါပြီ) သတ္တဝါရှိသေးသလား (မရှိပါဘူး)မရှိလို့ ဖြစ်သေးသလား မဖြစ်တော့ဘူးလားဆိုတဲ့အမေးသည် ပြောစရာများရှိသေးသလား (မရှိပါဘူး) သတ္တဝါမရှိတဲ့အတွက် သတ္တဝါသေရင် ဖြစ်သေးသလားဆိုတဲ့ အမေးမျိုးကို ဖြေစရာမရှိတဲ့ အမေးလို့မှတ်လိုက်စမ်းပါ (မှန်ပါ)။
နဂိုကမှ သတ္တဝါမရှိသောကြောင့်
သတ္တဝါသေရင် ဖြစ်သေးသလားလို့မေးရင် ခင်ဗျားတို့ ဘယ်နှယ်ပြောမလဲ (ဖြေစရာမရှိပါဘူး) ဖြေစရာမရှိဘူး နဂိုကမှ ဘာတုန်း (သတ္တဝါမရှိပါဘူး ဘုရား) နဂိုကမှ သတ္တဝါမရှိသောကြောင့် သတ္တဝါသေလို့ရှိရင် ဖြစ်သေးသလား ဆိုတာလဲ ပြောဖို့လိုသေးသလား (မလိုပါဘူး)။
အဲဒါ မနေ့ကလည်း ရှင်းထား ယနေ့လည်းရှင်းထားလို့ ဦးခင်မောင် ခင်ဗျားတို့မှာ ဒိဋ္ဌိကွာနေတာ (မှန်ပါ) ဒီအထဲ သတ္တဝါကို ပါရဲ့လား(မပါပါဘူး) ရှင်းကြပြီလား (ရှင်းပါပြီ)။
ကိုင်း-ဒါဖြင့် သတ္တဝါသေရင် ဖြစ်သေးသလားလို့ ဘုရားကများ ဘယ်လိုများ ပြောဖူးပါသတုန်း ရှင်အနုရာဓလို့ မေးတဲ့အခါကျတော့ ရှင်အနုရာဓက မဖြေဘူး ဒကာ ဒကာမတွေကော သတ္တဝါသေရင် ဖြစ်သေးသတုန်းလို့ မေးရင် ဖြေနိုင်ကြပါ့မလား (မဖြေပါဘူး) ဘာကြောင့်တုန်း (သတ္တဝါမရှိလို့ပါ ဘုရား)။
နဂိုကလဲ သတ္တဝါမရှိဘူး။ နောက်လဲဖြစ်တော့ သတ္တဝါမဟုတ်ဘူး (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ) ဒုက္ခဖြစ်လို့ ဒုက္ခပျက်တာတွေပဲ တွေ့မှာပဲ (မှန်ပါ) ဒီ့ပြင်ဘာများ တွေ့မလဲ (မတွေ့ပါဘူး) ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲ တွေ့ကြမှာပဲ (မှန်ပါ)။
ဒါဖြင့် သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးတဲ့အမေးကို ခင်ဗျားတို့ အဖြေဘယ်လိုထွက်ကြမတုန်း (ဖြေစရာ မရှိပါဘူး ဘုရား) ဖြေစရာမရှိဘူး သတ္တဝါ နဂိုကမရှိလို့ (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ)။
ဒီဟာမြင်စိတ်လည်း ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) တွေ့တဲ့ဖဿကော (ဒုက္ခသစ္စာပါ ဘုရား) ဝေဒနာကော (ဒုက္ခသစ္စာပါ ဘုရား)၊ တဏှာကော (ဒုက္ခသစ္စာပါ ဘုရား) ဖြစ်ပျက်တွေပဲ၊ ဒုက္ခသစ္စာတွေပဲ ဒကာ ဒကာမတို့နော် (မှန်ပါ) တစ်ခါသွားလိုက်ပါဦး ဥပါဒါန်တွေကော (ဒုက္ခသစ္စာပါ ဘုရား) ကံတွေကော (ဒုက္ခသစ္စာပါ ဘုရား) ကံကုန်လို့ သေတဲ့စုတိ ကကော (ဒုက္ခသစ္စပါ ဘုရား)။ စုတိပြီး ပဋိသန္ဓေ လာတာကလေးကကော (ဒုက္ခသစ္စာပါ)။
ဒါဖြင့် ဒီထဲမှာ နဂိုကလည်း သတ္တဝါမပါဘူး။ ဒီဘက်မှာလည်း သတ္တဝါဖြစ်သေးလား (မဖြစ်ပါဘူး)။
ဒါတွေကို သူတို့က သတ္တဝါယူတာ
ဒါဖြင့် သတ္တဝါသေရင်ဆိုတာ ဒါတွေကို သူတို့က သတ္တဝါယူတာ(မှန်ပါ) သဘောကျပြီလား (မှန်ပါ) သတ္တဝါသေ ရင် ဖြစ်သေးသလား အနုရာဓလို့မေးတော့ အနုရောဓက ဖြေရဲ့လား (မဖြေပါဘူး) ဒီ ဒကာ ဒကာမတွေကကော သတ္တဝါသေရင် ဖြစ်သေးသလားမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဖြေစရာမရှိပါဘူး ဘုရား)။
ဖြေချင်လို့ရှိရင်လဲ ဒီတရားတစ်ပွဲလုံး ဖြေကြပါတော့နော် သတ္တဝါ နဂိုကမရှိလို့ သတ္တဝါ သေတာလည်း မရှိပါဘူး၊ ရှင်းပြီလား (ရှင်းပါပြီ)။
သတ္တဝါမရှိလို့ သတ္တဝါသေစရာမပါပါဘူး၊ နဂိုကမှ သတ္တဝါရှိရဲ့လား (မရှိပါဘူး) သတ္တဝါမှမရှိတော့ သတ္တဝါ သေတယ်ဆိုတဲ့ စကားကော သုံးလို့ရရဲ့လား (မပါပါဘူး) ဖြစ်သေးသလားဆိုတဲ့ စကားကော သုံးလို့ရရဲ့လား (မရပါဘူး)။
ဒါခင်ဗျားတို့ ဘာရှင်းထားလို့ပါလိမ့်မတုန်းဆိုတော့ ဒကာ ဒကာမတို့ ပေါ်ကြပြီလား (ပေါ်ပါပြီ) ကိုယ့်သန္တာန် ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကြီးက ဘာသစ္စာတွေလို့ သိထားကြသတုံး (ဒုက္ခသစ္စာလို့ သိထားကြပါတယ်)။
သတ္တဝါမရှိလို့ သေတာလဲ မရှိဘူး
ဒုက္ခသစ္စာတွေလို့ သိထားတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သတ္တဝါသေရင် ဖြစ်သေးသလားဆိုတဲ့ အမေးသည်ကားလို့ဆိုရင် သတ္တဝါမရှိလို့ သေတာလဲ မရှိဘူး၊ သဘောကျပြီလား (ကျပါပြီ) ဖြစ်စရာကော (မရှိပါဘူး)။
သတ္တဝါမရှိလို့ သေတာလဲ မရှိဖြစ်စရာလဲမရှိ၊ ဘာတွေသာရှိနေပါလိမ့် (ဒုက္ခသစ္စာတွေသာရှိပါတယ်) ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲရှိတယ်လို့ မောင်ထွန်းလှိုင်တို့ သေချာပြီလား (သေချာပါပြီ)။
ဒီလိုသေချာတော့သတ္တဝါသေရင် ဖြစ်သေးသလား ဆိုတော့ ဘယ့်နှယ်လုပ် ဖြေကြမတုံး (ဖြေစရာမလိုပါဘူး) ဖြေစရာမရှိဘူး၊ ဘုရားလဲ ဘယ်တော့မှမဖြေဘူး ဒီအဖြေမျိုးကို ဖြေစရာကောရှိပါ့မလား (မရှိပါဘူး)။
ဒီဘက်ကဟာတွေ သတ္တဝါတွေလား ဒုက္ခတွေလား (ဒုက္ခတွေပါ) ဒီဘက်ဆက်သွားတာတွေကော သတ္တဝါ တွေလား ဒုက္ခတွေလား (ဒုက္ခတွေပါ ဘုရား)။
ကဲ-ဒါဖြင့် သတ္တဝါသေရင် ဖြစ်သေးသလားဆိုတော့ ဒါအသေပဲထားပါတော့သေတာလဲ မရဏဒုက္ခသစ္စာပါပဲနော် (မှန်ပါ) သတ္တဝါသေရင် ဖြစ်သေးသလားဆိုတော့ ဒကာ ဒကာမတွေ ဘယ်လိုဖြေကြမယ် (ဖြေစရာမရှိပါဘူး)။
ဘယ့်နှယ် ကြောင့်ပါလိမ့် (သတ္တဝါရယ်လို့ နဂိုကမရှိလို့ပါ) သတ္တဝါ နဂိုက မရှိလို့ သေစရာမရှိဘူး၊ သေစရာမရှိလို့ ဖြစ်စရာမရှိဘူး၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဒုက္ခတွေ ဆက်သွားတာပဲရှိတယ်
ဒါကြောင့် ဒီဟာတွေ သတ္တဝါလို့ ဘာမှမယူဘဲနဲ့ ဪ ဒါတွေဒုက္ခတွေပဲ ဒါလဲဒုက္ခ၊ ဒါလဲဒုက္ခ၊ ဒုက္ခတွေပဲရှိတယ်၊ ဒုက္ခတွေ ဆက်သွားတာပဲရှိတယ်ဆိုတာကော သေချာကြပြီလား (သေချာပါပြီ)။
ဒါ တခြားကတရားယူဟောတာလားတဲ့ ခင်ဗျားတို့ခန္ဓာဖြစ်စဉ်ကို တန်းပြတာလား (ခန္ဓာဖြစ်စဉ်ကို တရားပြပါ ဘုရား) ခန္ဓာဖြစ်စဉ် တန်းပြလိုက်ကတည်းက ခန္ဓာဖြစ်စဉ် တန်းမှတစ်ပါးပုဂ္ဂိုလ်သတ္တဝါကော ရှိသေးရဲ့လား (မရှိပါဘူး)။
ဒါကြောင့် သတ္တဝါသေရင်ဖြစ်သေးသလား လို့မေးရင် ဘယ်နှယ်ပြောကြမလဲ (ပြောစရာမရှိပါဘူး ဘုရား)။ ဦးခင်မောင် ဖြေစရာမရှိဘူးဆိုတဲ့ စကားတစ်လုံးဟာ ဒိဋ္ဌိကွာတာနော် (မှန်ပါ)
ဒီဘက်မှာကော သတ္တဝါပါရဲ့လား (မပါပါဘူး) ဒီဘက်သေတာကော သတ္တဝါဟုတ်ရဲ့လား (မဟုတ်ပါဘူး) ဘယ်ဟုတ်မလဲ သတ္တဝါ စုတိစိတ်ကလေးပေါ်တာ (မှန်ပါ) ဒီဘက်ပဋိသန္ဓေ စိတ်ကလေးဟာလဲ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ)။
ဒါဖြင့် ဒုက္ခတတန်းလုံး တန်းနေတဲ့ ဥစ္စာသတ္တဝါမှ မပါဘဲနဲ့ သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးရင် ဘယ့်နှယ်ပြောကြမလဲ (ဖြေစရာမရှိပါဘူး)။
မောင်ထွန်းလှိုင် ကောင်းကောင်း ကျေနပ်ပြီလား (ကျေနပ်ပါပြီ) ဒါဒိဋ္ဌိခွါနေတာ၊ ဒိဋ္ဌိခွါပြီးလို့ ဝိပဿနာရှုလို့ ရှိရင် မဂ်ဉာဏ်ဖိုလ်ဉာဏ် ရနိုင်ပါတယ် (မှန်ပါ) ဒိဋ္ဌိမကွာဘဲနဲ့ ရှုနေလို့ရှိရင်ဖြင့် ဦးခင်မောင် မရနိုင်ပါဘူး (မှန်လှပါ) ဒါသေသေချာချာ မှတ်ပါ။
ဒီထဲမှာ သတ္တဝါကိုက နဂိုမပါခဲ့လို့
၁-နံပါတ်က မေးပုံကလေး အားလုံးက ဒကာ ဒကာမတွေ ဘယ့်နှယ့်မေးသတုန်း (သတ္တဝါသေရင် ဖြစ်သေးသလား လို့ မေးပါတယ်) ဖြေစရာရှိရဲ့လား (မရှိပါဘူး) ဖြေစရာမရှိဘူး မရှိတာလဲ ခင်ဗျားတို့သိပါပြီ။ ဒီထဲမှာ သတ္တဝါကိုက နဂိုမပါခဲ့လို့ (မှန်ပါ) ပါသေးရဲ့လား (မပါပါဘူး)။
ခင်ဗျားတို့ သန္တာန်ဘာပဲဖြစ်ဖြစ် သတ္တဝါပါသေးရဲ့လား (မပါပါဘူး) ရုပ်ဖြစ်လို့ရှိရင်လဲ ရုပ်ပဲ ဖြစ်မှာပဲ၊ နာမ်ဖြစ်ရင် နာမ်ပဲဖြစ်မှာပဲ၊ ဖြစ်တာ ဟူသ၍လဲ ဒုက္ခသစ္စာချည့်ပဲ (မှန်ပါ) သဘောပါပြီလား (ပါပါပြီ)။
အဲဒီကဲ့သို့ ပါတော့ သတ္တဝါသေရင်ဖြစ်သေးသလား ဆိုတော့ ဘယ့်နှယ်ပြောကြမလဲ (ဖြေစရာမရှိပါဘူး) ဘယ်နှယ်ကြောင့် ဖြေစရာ မရှိသတုန်းလို့ မေးတော့ ဘယ့်နှယ်ဖြေမလဲ (နဂိုက သတ္တဝါမရှိလို့ပါ)။
ဒါတွေက ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) သေတာက (ဒုက္ခသစ္စပါပဲ) နောက်ပေါ်တာလဲ (ဒုက္ခသစ္စာပါပဲ)၊ ဘယ်မှာတုန်း သတ္တဝါကိုမပါဘူး (မပါပါဘူး)။
ဒီပစ္စုပ္ပန်ဘဝမှာလဲ ပါကြရဲ့လား (မပါပါဘူး) သေတဲ့ စုတိခဏမှာကော (မပါပါဘူ) ပဋိသန္ဓေနေတဲ့ ခဏမှာကော (မပါပါဘူး) ဘာတွေသာ တန်းနေကြပါလိမ့် (ဒုက္ခတွေသာ တန်းနေကြပါတယ်) ဒါဖြင့် သတ္တဝါ နဂိုကမရှိလို့ ကျုပ်တို့ ဖြေစရာ မရှိဘူးဆိုတဲ့ စကားဟာ အတော်ချောသွားပြီ (မှန်ပါ) မောင်ထွန်းလှိုင် ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။
ဒါ ဒိဋ္ဌိအပင်းဖြုတ်နေတာနော် (မှန်ပါ) ဒကာ ဒကာမတို့ ဒီတရားကို သာမညနားနဲ့ သေးသေးသိမ်သိမ်နဲ့ မထောင်ပါနဲ့ဆိုတာ ဒီအပြုတ်မျိုး ပြုတ်သွားတော့မှ ဟုတ်ပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ) သတ္တဝါ နဂိုကကို မရှိဘူး၊ ရှိရဲ့လား (မရှိပါဘူး)။
သတ္တဝါ ဟုတ်သေးရဲလား
ဒီဘက်ကြည့်လေ မြင်တယ် ကြားတယ်ဆိုတော့ သတ္တဝါမှမဟုတ်ဘဲ မြင်စိတ်တွေ ကြားစိတ်တွေ ဆိုတော့သတ္တဝါ ဟုတ်သေးရဲလား (မဟုတ်ပါဘူး) ယောကျာ်း၊ မိန်းမကော (မဟုတ်ပါဘူး) မဟုတ်ပါဘူး၊ ဒါတွေ ဘာသစ္စာတွေတုံး (ဒုက္ခသစ္စာတွေပါ)။
ဒီအလည်မှာ သေတာကလေးကကော (ဒုက္ခသစ္စာပါ) ဒီဘဝ ပဋိသန္ဓေနေတာကလေးကကော (ဒုက္ခသစ္စာပါ) ဘယ်မှာတုန်းသတ္တဝါက ဒီဘက်ကလဲ မပါဘူး။ သေဆဲလဲ မရှိဘူး နောက်သေပြီးလို့ အကြောင်းအကျိုး ဆက်ပြန်တော့လဲ သတ္တဝါပေါ်သေးရဲ့လား (မပေါ်ပါဘူး) သေချာပြီလား (သေချာပါပြီ)။
ဒါဖြင့်ပထမပုစ္ဆာရှင်းပြီ ဦးခင်မောင်ရေ (မှန်ပါ) သတ္တဝါသေရင် ဖြစ်သေးသလားဆိုတဲ့ စကားတစ်လုံးဟာ ခင်ဗျားတို့ အင်မတန် ကျေးဇူးများတဲ့ စကားတစ်လုံး (မှန်ပါ) ဒကာ ဒကာမတို့ ဖြေစရာမရှိဘူးဆိုတာ သေသေချာချာ ဉာဏ်ထဲမှာ သဘောကျသောကြောင့် ဖြေစရာမရှိဘူးပြောတာ (မှန်ပါ့) ဉာဏ်ထဲမှာ သဘောကျတယ် မဟုတ်လား (ကျပါတယ်) ပြောစရာရှိရဲ့လား (မရှိပါဘူး) အဲ ဖြေစရာမရှိလို့ ပြောစရာမရှိဘူး ပြောတာ။
နဂိုကသတ္တဝါမရှိလို့ သတ္တဝါသေတာလဲ မရှိလို့ ဖြစ်တာလဲ မရှိလို့ သတ္တဝါရယ်လို့ ရှိရဲ့လား (မရှိပါဘူး) အဲဒါကြောင့် ဖြေစရာမရှိဘူး (မှန်ပါ) သိပ်အဖိုးတန်သွားပြီ ဒကာ ဒကာမတို့ မနေ့ကတော့ခန္ဓပဋိသမုပ္ပါဒ် စပြီးဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို စသင်တယ်၊ ယနေ့တော့ အာရုံတိုက်ဆိုင်တဲ့ ပဋိစ္စသမုပ္ပါဒ်ခြောက်မျိုးကို ပြလိုက်တယ်နော် (မှန်ပါ)။
သတ္တဝါသေရင် မဖြစ်တော့ဘူးလို့ ဖြေသလား
ကဲ-ဒါနဲ့ ဒုတိယပုစ္ဆာကို မေးပြန်တယ်၊ အရှင်အနုရာဓ အသင်တို့၏ ဆရာဘုရားက သတ္တဝါသေရင် မဖြစ်တော့ ဘူးလို့ ဖြေသလားတဲ့၊ မဖြစ်တော့ဘူးလို့များ ယူပါသလားလို့ မေးပြန်တယ်၊
အဲဒါကို အရှင်အနုရာဓက မဖြေဘဲနေလိုက် တယ်၊ ဒကာ ဒကာမတွေကော ဘယ်လိုနေမလဲ (မဖြေဘဲ နေပါမယ်) နဂိုက သတ္တဝါရှိရဲ့လား (မရှိပါဘူး) နဂိုက ဒုက္ခ သစ္စာ၊ သေတာလဲ (ဒုက္ခသစ္စာပါပဲ) ဒီဘက်ဆက်ပြီး သွားပြန်တာကော (ဒုက္ခသစ္စာပါပဲ)။
အဲဒီတော့ သတ္တဝါသေလို့ရှိရင် မဖြစ်တော့ဘူးလားလို့ ဆိုတော့ သတ္တဝါကမှ သေစရာမရှိတော့ မဖြစ်တော့ဘူး လားဆိုတဲ့ စကားဟာလဲ ဒကာ ဒကာမတို့ ဖြေလို့ ကောင်းပါသေးရဲ့လား (မကောင်းပါဘူး) မောင်ထွန်းလှိုင် ကျေနပ်ပြီ လား (ကျေနပ်ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ တရားတစ်ပွဲလုံးပဲမေးပါတယ်၊ သတ္တဝါသေလို့ရှိရင် မဖြစ်ဘူးလားလို့မေးတော့ ဒကာ ဒကာမတွေဘဲ ဉာဏ်ဝင်ကြစမ်းပါ၊ ဘယ့်နှယ်လုပ်ကြမလဲ (ဖြေစရာမရှိပါဘူး ဘုရား) ဘယ့်နှယ်ကြောင့် ဖြေစရာ မရှိပါလိမ့်မလဲမေးတော့ ဘယ့်နှယ်ဖြေကြမလဲ (နဂိုက သတ္တဝါမရှိလို့ပါ) နဂိုက သတ္တဝါမရှိလို့ ဖြေစရာမရှိဘူး၊ နောက်ထပ် မဖြစ်ဘူးလို့လဲ ပြောစရာလိုသေးလား (မလိုပါဘူး)။
ဒါဖြင့် သတ္တဝါသေလို့ရှိရင် ရှင်အနုရာဓ မဖြစ်တော့ဘူးလားလို့ မေးတဲ့အမေးကို အနုရာဓ ဖြေသေးသလား (မဖြေပါဘူး) ဒကာ ဒကာမတွေကကော (မဖြေပါဘူး ဘုရား) ဘာဖြစ်လို့တုန်း ဆိုတော့ သတ္တဝါလို့ယူတဲ့ ဒိဋ္ဌိအစွဲက ဒီအထဲမှာ သတ္တဝါကိုပါရဲ့လား (မပါ-ပါဘူး) သတ္တဝါသေကော ရှိရဲ့လား (မရှိပါဘူး) သတ္တဝါသေလည်းမရှိဘူး၊ စုတိစိတ် ပေါ်တာပဲရှိတယ် (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ)။
မဖြစ်ဘူးဆိုရမှာကလဲ နဂိုကမှ သတ္တဝါမရှိတဲ့ ဥစ္စာကို မဖြစ်တော့ဘူးလားလို့ မေးတဲ့ဥစ္စာဟာ မရှိတဲ့ဥစ္စာ မေးနေတဲ့ အဓိပ္ပါယ်မရောက်ဘူးလား (ရောက်ပါတယ်)။
ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ သတ္တဝါသေရင် မဖြစ်တော့ဘူးလားလို့ တစ်ယောက်သော ပုဂ္ဂိုလ်က မေးမယ်ဆိုရင် ဘယ့်နှယ်ဖြေကြမလဲ (ဖြေစရာမရှိပါဘူး ဘုရား)
ကိုင်း-တရားတစ်ပွဲလုံးပဲ ဘယ့်နှယ်ကြောင့် ဖြေစရာမရှိပါလိမ့်ဗျာ (နဂိုက သတ္တဝါမရှိလို့ပါ ဘုရား) သတ္တဝါနဂိုကမရှိလို့ သေစရာမရှိ (မှန်ပါ) သေစရာမရှိလို့ ဖြစ်စရာလဲ မရှိပါဘူးဆိုတာလဲ ဉာဏ်ထဲမှာ ရှင်းပြီလား (ရှင်းပါပြီ)။
ဒီတစ်လုံးပြုတ်ရင်လဲ စုဠသောတာပန်
ဒကာ ဒကာမတို့ ဒါဟာ ခဏခဏ ထပ်ပြောနေလို့ သေးသေးသိမ်သိမ် မအောက်မေ့ပါနဲ့ ဒိဋ္ဌိကွာအောင် အကြီးအကျယ် ဖြုတ်ပေးနေတာ (မှန်ပါ) ဒီတစ်လုံးပြုတ်ရင်လဲ စုဠသောတာပန်စခန်းဆိုက်နိုင်ပါတယ်၊ (မှန်ပါ) ဒါက အလုပ်နဲ့ပြုတ်တာ မဟုတ်သေးဘူး အသိနဲ့ပြုတ်တာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘာနဲ့ ပြုတ်နေတာတုန်း (အသိဉာဏ်နဲ့ ခန္ဓာထဲမှာဖြုတ်နေတာ) ဖြစ်ပျက်ရှုပြီး ဖြုတ်တာ မဟုတ်သေးပါဘူး၊ ဖြစ်ပျက်ရှုပြီးဖြုတ်တာကတော့ နက်ဖြန်မှ ဟောပါ့မယ် (မှန်ပါ) အခုအသိဉာဏ်နဲ့ ပြုတ်ပြီးတော့မှ ဖြစ်ပျက်ရှုတော့ကို ပိုမိုပြီး သကာလ ဦးခင်မောင်ပြုတ်ပါတယ် (မှန်ပါ) ဒိဋ္ဌိပြုတ်သွားလို့ရှိရင်ဖြင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို အလွယ်တကူနဲ့ ရနိုင်တယ်လို့ မှတ်ကြပါ (မှန်ပါ)။
ကိုင်း-ဒါဖြင့် ပုစ္ဆာဘယ်နှစ်ချက်ရှိသွားပြီလဲ (နှစ်ချက်ရှိသွားပါပြီ) ၁-နံပါတ်က ဘာတုန်း (သတ္တဝါသေရင် ဖြစ်သေးသလား) အဲဒီတော့ ဘယ်နှယ်ဖြေကြမတုန်း (ဖြေစရာ မရှိပါဘူး)၊ သတ္တဝါမှ မရှိလို့ပေါ့ဗျာ (မှန်ပါ) ၂-နံပါတ်က သတ္တဝါသေရင် မဖြစ်တော့ဘူးလားလို့ မေးပြန်တယ်၊ (ဖြေစရာမရှိပါဘူး) တစ်ပွဲလုံး ကျေနပ်ပါရဲ့လား (ကျေနပ်ပါတယ် ဘုရား)။
ကျေနပ်ကအောင် မှတ်ကြစမ်းပါ ဒီဥစ္စာကို စိတ်ထဲသဘောမကျလို့ရှိရင် ဘုန်းကြီးက မရှင်း ရှင်းအောင် ပြောနေ မှာပဲ ဒကာကာမတွေကို ဒါတွေဟာ ဒုက္ခသစ္စာတွေလို့ အစောကြီးက ခင်းထားကတည်းက ဒီအဖြေဟာ တစ်ပွဲလုံး တညီတညွတ်တည်း ဖြေနိုင်တဲ့ အဖြေဖြစ်ရမယ် (မှန်ပါ) နဂိုကတည်းက ဘာသစ္စာတွေဆိုတာ သိပြီးသားပဲ (မှန်ပါ)။
ခန္ဓာထဲ ပေါ်သ၍ ဘာသစ္စာတွေတုန်း (ဒုက္ခသစ္စာတွေပါ) အဲဒီတော့ သတ္တဝါကို ပါရဲ့လား (မပါပါဘူး) ဒါကြောင့် သတ္တဝါသေရင်ဖြစ်သေးသလား မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ပြောစရာမရှိပါဘူး) ဦးခင်မောင်ရေ နေရာကျ လိုက်တာ၊ သတ္တဝါသေရင် မဖြစ်တော့ဘူးလားလို့ မေးပြန်ပြီ (ဖြေစရာ မရှိပါဘူး)။
ပုစ္ဆာနှစ်ခုဖြင့် ခင်ဗျားတို့ ဒိဋ္ဌိပြုတ်တဲ့ အသံတွေ သေသေချာချာထွက်ပါတယ်။ မထွက်ဘူလား (ထွက်ပါတယ်)။
သိပ်ပြီး အဖိုးတန်ပြီနော် ဒကာ ဒကာမတို့၊ ဒိဋ္ဌိတစ်လုံးပြုတ်တယ်ဆိုရင် အကုသိုလ် ရေသောက်မြစ်တစ်ခု ပြုတ်တာပဲလို့ ဒကာသစ်တို့ မောင်မြတို့ မှတ်ကြစမ်းပါ (မှန်ပါ)။
အကုသိုလ်ရေသောက်မြစ်ကြီးလွန်းလို့
ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ရင်ဝလှံစူးဦးခေါင်းမီးလောင်တာ ဖြေးဖြေးမှ ငြိမ်းချင်ငြိမ်း၊ နှုတ်ချင်နှုတ် ပါကွ၊ ဒိဋ္ဌိအရင်ဖြုတ်ပါကွဆိုတာ အကုသိုလ်ရေသောက်မြစ်ကြီးလွန်းလို့ ပြောနေတာ (မှန်ပါ)။
ကိုင်း-ဒါနဲ့ တတိယပုစ္ဆာကို ဒိဋ္ဌိတွေက ဆက်မေးပြန်တယ် အနုရာဓကို။ ဒါဖြင့် ဘုရား အရှင်အနုရာဓ သင်တို့ဆရာဘုရားက ဘယ်လိုဟောပြောပါလိမ့် သတ္တဝါသေရင် အချို့ဖြစ်၍ အချို့မဖြစ်ဟု ဟောလေ့ပြောလေ့ ရှိပါသလားတဲ့ ဘယ်နှယ်ဖြေကြမလဲ (ဖြေစရာမရှိပါဘူး ဘုရား) အချို့ဖြစ်၍ အချို့မဖြစ်ဟု ဟောလေ့ ပြောလေ့ ရှိပါသလားလို့ မေးလိုက်တဲ့ အခါကျတော့ အနုရာဓက ဖြေသလား၊ မဖြေဘူလား (မဖြေပါဘူး ဘုရား)။
ဒါဖြင့် အနုရာဓက မဖြေတာတော့ အသာထား။ ဒီ ဒကာ ဒကာမတွေကကော (မဖြေပါဘူး ဘုရား) ဘာကြောင့် တုန်း (နဂိုကသတ္တဝါမရှိလို့ပါ) နဂိုကတည်းက သတ္တဝါမပါဘူး၊ သေတာကော သတ္တဝါဟုတ်ကဲ့လား (မဟုတ်ပါဘူး) နေတာကော (မဟုတ်ပါဘူး) သေတာကော (သတ္တဝါ မဟုတ်ပါဘူး)။
နောက်ဆက်ပေါ်တာတွေကာ (သတ္တဝါမဟုတ်ပါဘူး) အဲဒီတော့ သတ္တဝါသေရင် အချို့ဖြစ်၍ အချို့မဖြစ်ဘူးလားလို့ မေးလိုက်လို့ရှိရင် ခင်ဗျားတို့ တစ်ပွဲလုံးက ဘယ်လိုအဖြေ ထွက်မယ် (ဖြေစရာမရှိပါဘူူး ဘုရား) ဘယ့်နှယ်ကြောင့် ဖြေစရာမရှိပါလိမ့် (နဂိုကသတ္တဝါမရှိလို့ပါ)။
နဂိုက သတ္တဝါမရှိဘူး၊ အဲဒီတော့ သတ္တဝါနဲ့ စလာတာဟူသ၍ ခင်ဗျားတို့က အကုန်ပယ်ထုတ်ရမှာပဲ (မှန်ပါ) မထုတ်ရပေဘူးလား (ထုတ်ရပါတယ်) သတ္တဝါလို့ ပါကိုပါရဲ့လား(မပါပါဘူး) ဒါဖြင့် သတ္တဝါမှမရှိတာ သတ္တဝါသေရင် ဆိုတော့ သေစရာကော (မရှိပါဘူး)။
ဘယ့်နှယ်ကြောင့် ဒိဋ္ဌိပြုတ်ခွင့်ရကြပါလိမ့်
အဲဒီတော့ တရားပွဲမှာ ဘယ့်နှယ်ကြောင့် ဒိဋ္ဌိပြုတ်ခွင့်ရကြပါလိမ့်မလဲလို့ မေးတော့မှ နဂိုက ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ရှင်းထားလို့ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ) နဂိုက ရှင်းထားလို့ ခင်ဗျားတို့မှာ ဒါလောက်ဉာဏ်ထဲမှာ ရှင်းထွက်လာ တာ၊ ဒိဋ္ဌိကွာတဲ့ အသံထွက်ပါတယ်(မှန်ပါ) သဘောပါကြပြီလား (ပါပါပြီ)။
ဘာကွာတဲ့ အသံတွေပါလိမ့် (ဒိဋ္ဌိကွာတဲ့အသံတွေပါ) အဲဒါဘာနားလည်ထားလို့ပါလိမ့် (ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် နားလည်ထားလို့ပါ) ပဋိစ္စသမုပ္ပါဒ် ဒုက္ခသစ္စာနားလည်ထားတယ်၊ ဒုက္ခသစ္စာဖြစ်တယ် ဒုက္ခသစ္စာချုပ်တယ် ဒါနားလည် ထားတော့ သတ္တဝါက မပါခဲ့ဘူး (မှန်ပါ) ပါသေးရဲ့လား (မပါပါဘူး)။
သတ္တဝါကို မပါခဲ့တဲ့အတွက် အလွန်နေရာကျနေတဲ့ အဖြေပဲဆိုတာ ခင်ဗျားတို့ သေသေချာချာ ရှင်းပြီးဖြေတဲ့ အဖြေဆိုရင် လွဲပါ့မလား (မလွဲပါဘူး) ဦးခင်မောင် နေရာကျပြီလား (ကျပါပြီ)။
အားလုံး တရားတစ်ပွဲလုံးပဲ ဒကာ ဒကာမတို့ သတ္တဝါသေရင် အချို့ဖြစ်၍ အချို့မဖြစ်လောက်ဘူးလားလို့ မေးလိုက်ပါတယ် (ဖြေစရာမရှိပါဘူး ဘုရား) ဘာကြောင့်ဖြေစရာမရှိပါလိမ့် (နဂိုက သတ္တဝါမရှိလို့ပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာကိုက ဒါခန္ဓာတွေပဲ သတ္တဝါဟုတ်ပါရဲ့လား (မဟုတ်ပါဘူး) သတ္တဝါမဟုတ် တော့ကို သတ္တဝါသေရင် အချို့ဖြစ်၍ အချို့မဖြစ်ဘူးလားဆိုတဲ့ မေးခွန်းဟာ မေးသော မေးနေသော ဒကာ ဒကာမတို့ ဒိဋ္ဌိနဲ့မေးနေတာသူက (မှန်ပါ) ကျုပ်တို့က ဒိဋ္ဌိဖြုတ်ပြီးသားနဲ့ ဖြေနေရတဲ့အတွက် ဒကာ ဒကာမတို့ ဖြေစရာမရှိဘူး (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ကျုပ်တို့က ဘာနဲ့ ဖြေထားသတုန်း (ဒိဋ္ဌိဖြုတ်ပြီးသား ဉာဏ်နဲ့ ဖြေထားပါတယ်) ဒိဋ္ဌိဖြုတ်ပြီးသားဉာဏ်နဲ့ဆိုတော့ သတ္တဝါသေရင် အချို့ဖြစ်၍ အချို့မဖြစ်ဘူးလားဆိုတော့ ဖြေစရာကိုမရှိဘူး (မှန်ပါ) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
အဲဒါဒီနေ့ တရားထူးတရားမြတ်တွေ အမျိုးမျိုးအဖုံဖုံ ဘုရားဟောတော်မူသော ဒီခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ထေရဝဂ်မှာ သေသေချာချာ လာပြီး သကာလ နေပြန်တော့ ဪ -ဒီဥစ္စာဒိဋ္ဌိပြုတ်တဲ့ပုဂ္ဂိုလ်မှာဖြင့် ဖြေစရာမရှိပါလား ဆိုတာ ရှင်းသွားပြီ (ရှင်းသွားပါပြီ)။
ဒိဋ္ဌိပြုတ်တဲ့ပုဂ္ဂိုလ်မှာ ဖြေစရာမရှိ
ဦးခင်မောင်ဘာတဲ့ (ဒိဋ္ဌိပြုတ်တဲ့ပုဂ္ဂိုလ်မှာ ဖြေစရာမရှိပါဘူး) နောက်က ဒကာ ဒကာမတွေ (ဒိဋ္ဌိပြုတ်တဲ့ ပုဂ္ဂိုလ်မှာ ဖြေစရာမရှိပါဘူး)။
ဒိဋ္ဌိမပြုတ်သေးတဲ့ ပုဂ္ဂိုလ်ကျတော့ ဒါတွေကို သတ္တဝါယူမှာပဲ (မှန်ပါ) မယူပေဘူးလား (ယူပါတယ်) ဒါတွေကို သတ္တဝါသေတယ်လို့ မယူဘူးလား (ယူပါတယ်) ဒါတွေဖြစ်လာပြန်တော့ သတ္တဝါတွေ ဖြစ်တယ်လို့ မယူပေဘူးလား (ယူပါတယ်)။
ဒါဖြင့် သတ္တဝါတွေလို့ ယူထားသော ဒုက္ခသစ္စာကို သူနားလည်သေးရဲ့လား (မလည်ပါဘူး) ဒုက္ခသစ္စာလို့ သူနားမလည်တဲ့အတွက်မှာ ကိုယ်ကျိုးနည်းရှာတယ် (မှန်ပါ) ဖြစ်တာက ဒုက္ခသစ္စာအစစ်၊ ဒုက္ခသစ္စာကို မဖြစ်ဘူးဆိုတော့ အဝိဇ္ဇာတို့ ဒိဋ္ဌိတို့က ဒကာသစ်တို့ မောင်မြတို့ ရောက်မလာပေဘူးလား (ရောက်လာပါတယ်) ကဲ ယခု ရှင်းကြပြီလား (ရှင်းပါပြီ)။
၄-နံပါတ်ပုစ္ဆာကို တစ်ခါမေးပြန်တယ်၊ ရှင်အနုရာဓ အရှင်ဘုရား၏ ဆရာဟာ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ် ပုဂ္ဂိုလ်ချွန် ဖြစ်ပါတယ်၊ သတ္တဝါသေလို့ရှိရင် ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်၊ ဒီလိုများဟောလေ့ ပြောလေ့ ရှိပါသလားတဲ့။
ကြည့်စမ်း ဒကာ ဒကာမတို့ သတ္တဝါ သေရင် ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်၊ ဒီလိုများဟော လေ့ ပြောလေ့ရှိပါသလားဆိုတော့ သတ္တဝါနဲ့မေးပြန်တယ်(မှန်ပါ) ဒီတရားပွဲက ဘယ့်နှယ်ဖြေမလဲ (ဖြေစရာမရှိပါဘူး ဘုရား) ဘယ်နှယ်ကြောင့် ဖြေစရာမရှိပါလိမ့် (နဂိုက သတ္တဝါမရှိလို့ပါ ဘုရား)။
နဂိုက သတ္တဝါမရှိလို့ပါ
နဂိုကိုက သတ္တဝါမပါတဲ့အတွက် ဒကာ ဒကာမတို့ ယောက်ျားမပါ၊ မိန်းမ မပါဘူး၊ ပဋိစ္စသမုပ္ပါဒ် အတန်းကြီး ဒုက္ခအတန်းကြီးဘဲ၊ချုပ်ပြန်လဲ ဒုက္ခချုပ်တာဘဲ၊ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ်)။
ဒါဖြင့် သတ္တဝါသေလို့ရှိရင် မဖြစ်သည်လည်း မဟုတ်၊ ဖြစ်သည်လည်း မဟုတ်ဘူးလားလို့ မေးရင် ဘယ်နှယ် ပြောကြမလဲ၊ (ဖြေစရာမရှိပါဘူး) ဘာကြောင့် ဖြေစရာမရှိသတုန်း(နဂိုက သတ္တဝါမရှိလို့ပါ ဘုရား)။
ဦးခင်မောင်ကျေနပ်ပြီလား (ကျေနပ်ပါပြီ) မောင်ထွန်းလှိုင်ကော ကျေနပ်ပြီလား (ကျေနပ်ပါပြီ) နဂိုကတည်းက တော့ သတ္တဝါကို ပါသေးရဲ့လား (မပါပါဘူး) မပါပါဘူး ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ပြောဆိုတာတော့ ပြောကြပါ၊ သို့သော် နဂိုရင်း သတ္တဝါဟူ၍ မရှိတာတော့ သိထားပါ (မှန်ပါ)။
ပြောတော့ ယောက်ျားတွေပဲ မိန်းမတွေပဲ။ ပြောတာတော့ ပြောတာပေါ့ ကိုယ့်သန္တာန်ဖြစ်စဉ်မှာတော့ဖြင့် ဒကာ ဒကာမတွေ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပဲ ရှိတယ် (မှန်ပါ) ဒီပြင်ဘာရှိသေးသတုန်း (ဘာမှမရှိပါဘူး) ဒါကလေးဖြစ် တယ်ဆို ဒုက္ခဖြစ်တာ၊ ဒါကလေးချုပ်သွားပြန်တော့ (ဒုက္ခချုပ် သွားတာပါ) သဘောကျပြီလား (ကျပါပြီ)။
ကိုင်း ဒါဖြင့် ဒီက သစ္စအနုလောမိက ဉာဏ်တွေရပြီး သကာလ ထားတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သတ္တဝါနဲ့ မေးတာဟူသ၍ ဖြေစရာမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ကဖြင့် ဒိဋ္ဌိပြုတ်တဲ့ ပုဂ္ဂိုလ်တွေ အဖြေလို့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ဒါအသိနဲ့ ပြုတ်တာနော်၊ အလုပ်နဲ့ ပြုတ်တာမဟုတ်သေးဘူး၊ အလုပ်နဲ့ပြုတ်ပုံကို ဒီတစ်ရက် နှစ်ရက်ရောက် ပါလိမ့်မယ် ဒကာ ဒကာမတို့နော် (မှန်ပ့ါ)။
ပုစ္ဆာလေးချက်
ဒါဖြင့် ပုစ္ဆာလေးချက်ကလေး ပြန်ပြီး နိဂုံးချုပ်ကြဦးစို့၊ ဒကာ ဒကာမတို့နော် (မှန်ပါ) ၁-နံပါတ် သတ္တဝါသေရင် ဖြစ်သေးသလားမေးတယ်၊ (ဖြေစရာမရှိပါဘူး) ဖြေစရာမလိုဘူး၊ သတ္တဝါမရှိလို့ (မှန်ပါ)။
သတ္တဝါသေရင် မဖြစ်တော့ဘူးလားလို့ မေးလိုက်ပြန်တယ်(ဖြေစရာမလိုပါဘူး)။
သတ္တဝါသေရင် အချို့ဖြစ်၍ အချို့မဖြစ်ဘူးလားလို့ မေးလိုက်တယ်၊ (ဖြေစရာမလိုပါဘူး)။
သတ္တဝါသေရင် ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်ဘူးလားလို့ မေးလိုက်ပြန်တယ်၊ (ဖြေစရာ မလိုပါဘူး)။
ဒီလိုမေးလိုက်တော့ ဦးခင်မောင်ရေ အရှင်ဘုရားတပည့်တော်တို့ ပုစ္ဆာလေးချက်ရှိပြီ၊ အရှင်ဘုရားကြား ဖူးတဲ့အတိုင်းပဲ အဖြေထုတ်စမ်းပါဦးလို့ဆိုတော့ ရှင်အနုရာဓက ဘုရားတော့ ဒီပုစ္ဆာမျိုး မဖြေဘူးလို့ သူက ဒါပဲပြော လိုက်တယ်။
ဘုရားတော့ ဒီပုစ္ဆာမျိုး မဖြေဘူးတဲ့ ဒကာ ဒကာမတို့ ဒါကော ကျေနပ်ရဲ့လား (ကျေနပ်ပါတယ် ဘုရား) ဘာကြောင့်တုန်းများ (နဂိုက သတ္တဝါရယ်လို့ မရှိလို့ပါ) နဂိုကမှ သတ္တဝါရယ်လို့ မရှိဘဲ။ ဘုရားလဲ ဖြေစရာကော (မရှိပါဘူး) ဒီတော့မြတ်စွာဘုရားက ဒီလေးချက်ဖြေစရာလိုသေးရဲ့လား (မလိုပါဘူး)။
အဲဒီတော့ ရှင်အနုရာဓဖြေတာလဲ တယ်ကောင်းပါကလား ဦးခင်မောင်ရေ ဘုရားကတော့ ဒီလိုမဟောပါဘူးတဲ့ (မှန်ပါ) ဘုရားက ဒီလိုမဟောပါဘူး၊ သတ္တဝါ သေရင် ဖြစ်သေးတယ်လို့လဲ မဟောပါဘူး၊ မဖြစ်တော့ဘူးလို့လဲ မဟောပါဘူး၊ အချို့ဖြစ်၍ အချို့မဖြစ်ဘူးလို့လဲ မဟောပါဘူး။ သတ္တဝါသေရင်ဖြစ်သည်လည်းမဟုတ် မဖြစ်လည်း မဟုတ်လို့ဘဲ မဟောပါဘူးလို့ ဒိဋ္ဌိတွေကို ဖြေထုတ်လိုက်တယ် (မှန်ပါ)။
အဲဒါ အဖြေတော့ ထွက်သွားတာအမှန်ပဲ၊ ဘယ်နှစ်ခုအဖြေထွက်သွားသတုန်း (လေးခုထွက်သွားပါတယ်) လေးခုဟာ ဖြေစရာမရှိဘူးဆိုတဲ့ အဖြေနဲ့ပဲ ပြီးရတယ်ဆိုတာကော ဒကာသစ်တို့ မောင်မြတို့ ကျေနပ်ပြီလား (ကျေနပ် ပါပြီ)။
သူတို့ယူထားတာက ဒိဋ္ဌိအယူကိုး
ဒါနဲ့ တိတ္ထိတွေက သူတို့ယူထားတာက ဒိဋ္ဌိအယူကိုးဗျ။ သတ္တဝါလို့ ယူထားတာကိုး (မှန်ပါ) ရုပ်နာမ်ဖြစ်ပျက်တွေကို သူတို့က ဘာယူထားသတုန်း (သတ္တဝါယူထားပါတယ်)။
သတ္တဝါကလဲ ကျုပ်တို့ ယူရမှာက ပဋိစ္စသမုပ္ပါဒ်တွေ ရှင်းလင်းထားတဲ့ ဒကာ ဒကာမတွေဖြစ်နေတော့ သတ္တဝါ လို့မပါ၊ ပါသေးရဲ့လား (မပါပါဘူး) ဒါဖြင့် ဒိဋ္ဌိနဲ့ သတ္တဝါကိုင်မေးတဲ့ လေးချက်ကို ကျုပ်တို့ ဖြေစရာမလိုဘူးဆိုတာနဂိုက သတ္တဝါမပါလို့ မဖြေတာပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဒီ ဒကာ ဒကာမတွေ အခုအဖြေထွက်တာနဲ့ ရှင်အနုရာဓအဖြေထွက်တာနဲ့ ဘုရားကတော့ ဒီလိုမဟောပါဘူး၊ သတ္တဝါနဲ့ မဟောပါဘူးလို့ ပြောလိုက်တော့ ဒိဋ္ဌိတွေက မကျေမချမ်းဖြစ်နေတယ်လို့ ဦးခင်မောင်မှတ်ရမယ် (မှန်ပါ)။
မကျေမချမ်း ဖြစ်နေပြီး ပြောစာရာလဲ စကားက ကုန်နေတဲ့အခါကျတော့ သူတို့ ဒိဋ္ဌိချင်းတိုင်ပင်ကြတယ်၊ ဒီအနုရာဓဆိုတဲ့ ကိုယ်တော်ဟာ သူငယ်သီတင်းငယ်ကလေးဖြစ်ပါလိမ့်မယ်၊ ဒါ့ကြောင့် မဖြေနိုင်တာတဲ့ (မှန်ပါ)။
သူငယ် ကလေးမို့ မဖြေနိုင်တာရင်လဲ ဖြစ်ပါလိမ့်မယ်။ တကယ်လို့ ဝါးကြီးလို့ရှိရင်လဲ ဘာမှအသုံးမကျတဲ့ အလကား အသက်ကြီး နေတဲ့အသက်ကြီးမို့ မဖြေနိုင်တာ ထင်ပါရဲ့ဆိုပြီး ထသွားတယ် (မှန်ပါ) ဒကာ ဒကာမတွေ အပြစ်တင်ပြီးတော့ ထသွား တယ် (မှန်ပါ) သဘောကျပြီလား(ကျပါပြီ)။
ငယ်ရင်လဲ လူမိုက်ကလေးတဲ့၊ ကြီးလို့ရှိရင်လဲ အဖျင်းတဲ့
ဒိဋ္ဌိတွေ သွားကြပြီနော် ရိုးရိုးသွားတာလား အပြစ်တင်ပြီးသွားတာလား (အပြစ်တင်ပြီးသွားတာပါ) ငယ်ရင်လဲ လူမိုက်ကလေးတဲ့ ကြီးလို့ရှိရင်လဲ အဖျင်းကွတဲ့။ ဒါကြောင့် သူတို့မေးတာ တစ်လုံးမှ မဖြေနိုင်ဘူးတဲ့ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါနဲ့ သူကလဲ မောင်ထွန်းလှိုင်ရ တော်တော်ခက်တဲ့ကိုယ်တော်၊ အနုရာဓကလဲ တော်တော်ခက်တဲ့ ကိုယ်တော် (မှန်ပ့ါ) သူကလဲ ဘုရားတော့ဖြင့် ဒီလိုမဟောဘူးလို့သာ ဖြေနိုင်တယ်။ သူ့ဉာဏ်ထဲကမရှင်းဘူး (မှန်ပါ) ဒါကလေးကို သေသေချာချာမှတ်ပါ (မှန်ပါ)။
ဘုရားတော့ ဒီလိုမဟောဘူးလို့ သူဖြေလိုက်တယ် မဟုတ်လား (မှန်ပါ) သူ့ဉာဏ်ထဲတော့ ရှင်းရဲ့လား (မရှင်းပါဘူး) သူ့ဉာဏ်ကိုက ဒိဋ္ဌိမပြုတ်ဘူး (မှန်ပါ) မပြုတ်တော့ သူစိတ်ထဲ သံသယဝင်လာတယ်၊ ဒိဋ္ဌိတွေကတော့ မေးသွားကြပြီ။ ဒိဋ္ဌိတွေမေးတဲ့ပုစ္ဆာလေးချက်ကို ဘုရားကတော့ ဒီလိုမဟောပါဘူးလို့ဖြေတော့ ဖြေလိုက်တာပဲ။ သူ့အဖြေလား ဘုရားမဟော တဲ့အဖြေလား (ဘုရားမဟောတဲ့ အဖြေပါ ဘုရား) ဒါဖြင့် သူ့အသိမပါသေးဘူး (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
သူ့အသိက မပါသေးတော့ ဒီထက်များ ဒိဋ္ဌိတွေက ပိုမေးရင် သူခက်ပြီ၊ ဒကာ ဒကာမတို့ သူဒိဋ္ဌိ ကွာလို့လား မကွာလို့လား (မကွာသေးလို့ပါ ဘုရား) သူ့အသံကြည့်လေ ဒီထက်ပိုမေးရင် ခက်ပြီ (မှန်ပါ) ဒါ အနုရာဓကသုံးတဲ့အသုံး (မှန်ပါ)။
အမြင် အားဖြင့် ဒိဋ္ဌိမကွာဘူး
ဒါနဲ့ ဒီထက်ပိုမေးရင်တော့ ခက်တာပဲ။ အခုတော့ ဘုရားဒီလိုမဟောဘူးလို့ ဖြေလိုက်တာကတော့ဖြင့် တော်ပဲ တော်သေးရဲ့။ ဒီထက်များ ပိုမေးမယ်ဆိုရင် သူတော့ဖြင့် ခက်တော့တာပဲဆိုတာ ဒကာ ဒကာမတို့ သူကိုယ်တိုင် အမြင် အားဖြင့် ဒိဋ္ဌိမကွာဘူး (မှန်ပါ)။
နောက်ဘုရားက ဟောလိမ့်မယ်နော်။ သူကိုယ်တိုင် ဒိဋ္ဌိမကွာလို့ ဘုရားက ဟောပါလိမ့်မယ် (မှန်ပါ)။
ဒါနဲ့ ဒိဋ္ဌိတွေလဲ သွားရော ဘုရားဆီသွားဦးမှာပဲဆိုပြီး သွားတယ်(မှန်ပါ)။
ဘုရားဆီသွားဦးမှပဲတဲ့ ဒီထက်ပိုမေးရင် ခက်လိမ့်မယ် (မှန်ပါ)။ သူကိုယ်တိုင်ဒိဋ္ဌိမကွာတဲ့။ ဥစ္စာသေချာပြီလား (သေချာပါပြီ)၊ ဘုရားဖြေတဲ့ဥစ္စာကိုဖြေလိုက်တယ်၊ သူ့ဉာဏ်ထဲတော့သတ္တဝါမရှင်းသေးဘူး (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
သူ့ဉာဏ်ထဲတော့ မရှင်းသေးဘူး။ သေရင် ဘယ်မှာဖြစ်ပါလိမ့်မလဲဆိုတဲ့ ဝိစိကိစ္ဆာရော (ရှိပါတယ် ဘုရား)။
ဒါဖြင့် သတ္တဝါရှိတယ်ဆိုတဲ့ ဒိဋ္ဌိသေရင်ဘာများ ဖြစ်ပါလိမ့်မတုံးဆိုတဲ့ ဝိစိကိစ္ဆာ သူ့မှာ ဒိဋ္ဌိဝိစိကိစ္ဆာ မပြုတ်ဘဲ ဖြစ်နေတယ် (မှန်ပါ) သဘောပါပြီလား (ပါပါပြီ)။
ဒါဖြင့် ဒီ့ထက်ပိုမေးရင်ခက်ချည်ရဲ့ဆိုတာ သူဘာမပြုတ်တာတုန်း (ဒိဋ္ဌိမပြုတ်တာပါ) ဒိဋ္ဌိဝိစိကိစ္ဆာ မပြုတ်တာနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဆီ သွားတာပဲ (မှန်ပါ) ဘုရားဆီရောက်တော့ မေးတာပေါ့။
ဘုရားဆီရောက်တော့ မေးတာပေါ့
အရှင်ဘုရားတပည့်တော် ကျောင်းကို တိတ္ထိတွေဝင်လာပြီး သကာလ အရှင်ဘုရား၏ ဆရာဟာ ယောက်ျားမြတ်၊ ယောက်ျားမွန်၊ ယောက်ျားချွန် ဖြစ်ပါတယ်။ အရှင်ဘုရား၏ ဆရာဟာ ဘယ်လိုများ ဟောလေ့ ပြောလေ့ရှိပါလိမ့်မတုန်း သတ္တဝါသေရင် ဖြစ်သေး သလားလို့ ၁-နံပါတ်မေးပါတယ်ဘုရား၊ သတ္တဝါသေရင် မဖြစ်တော့ဘူး လားဆိုတာလဲမေးပါတယ်။
သတ္တဝါသေရင် ဖြစ်သေးတယ်လို့ ယူရင် သဿကဒိဋ္ဌိ(မှန်ပါ) ရိပ်မိကြပြီလား (ရိပ်မိပါပြီ) သတ္တဝါမှမရှိဘဲနဲ့ သတ္တဝါသေရင်ဖြစ်တယ်လို့ ယူရင် သဿကဒိဋ္ဌိမဖြစ်ပေဘူးလား (ဖြစ်ပါတယ်)။
သတ္တဝါသေရင်မဖြစ်တောဘူးလို့ ယူလိုက်ရင် ဘာဒိဋ္ဌိတုန်း (ဥစ္ဆေဒဒိဋ္ဌိပါ)။
သတ္တဝါသေရင် အချို့ဖြစ်၍ အချို့မဖြစ်တော့ဘူးဆိုရင် တစ်စိတ်တစ်ဒေသ သဿကလို့ယူတဲ့ ဧကစ္စ သဿတ ဒိဋ္ဌိဖြစ်ပါတယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ) တစ်စိတ်တစ်ဒေသဒိဋ္ဌိလို့ မှတ်ချင်လဲ မှတ်ထားကြပေါ့ (မှန်ပါ)။
သတ္တဝါသေရင် မဖြစ်သည်လည်းမဟုတ်၊ဖြစ်သည်လည်း မဟုတ်ဆိုတာက အမရာဝိက္ခေပဒိဋ္ဌိတဲ့၊ ဒိဋ္ဌိတွေ မေးတာ အဲဒီဒိဋ္ဌိလေးမျိုးနဲ့မေးတာ (မှန်ပါ)။
ဒိဋ္ဌိလေးမျိုးနဲ့ မေးပါတယ်
ဦးခင်မောင် ဒိဋ္ဌိဘယ်နှစ်မျိုးနဲ့မေးသတုန်း(ဒိဋ္ဌိလေးမျိုးနဲ့ မေးပါတယ်) အဲ ဒိဋ္ဌိလေးမျိုးနဲ့မေးထားတော့ ဖြေစရာ ရှိပါ့မလား (မရှိပါဘူး) ပုဂ္ဂိုလ်သတ္တဝါရယ်လို့ နဂိုကလဲ ပါပါရဲ့လား (မပါပါဘူး)။
အဲဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဆီကို သူသွားလျှောက်တယ်၊ ဒီလိုမေးပါတယ်ဘုရား၊ တပည့်တော် ဖြေလိုက်တာကတော့ ဘုရားတော့ ဒီလိုမဟောပါဘူးလို့ ဒါလောက်ကလေးပဲ ဖြေလိုက်ရပါတယ်၊(မှန်ပါ) ဒီထက်တက်မေး လို့ရှိရင် သူ့မှာအခက်ကြုံလိမ့်မယ်ဆိုတော့ သူဟာ သတ္တဝါဟူသောအယူကို ဉာဏ် မရှင်းသေးဘူး (မှန်ပါ) သဘောကျပြီ လား (ကျပါပြီ)။
သတ္တဝါသေရင်ဖြစ်မလား၊ မဖြစ်ဘူးတဲ့လားဆိုတဲ့ ဝိစိကိစ္ဆာရော (ရှိပါတယ်) ဒါဖြင့် သူကိုယ်တိုင် ဒိဋ္ဌိဝိစိကိစ္ဆာ ဘယ်နှယ်နေသတုံး (မပြုတ်သေးပါဘူး) ဒါဖြင့် သူကိုယ်တိုင် ဒိဋ္ဌိဝိစိကိစ္ဆာရှိနေတဲ့ ပုဂ္ဂိုလ်ဆိုတာ သေချာပြီ လား (သေချာပါတယ်)။
အဲဒီတွင်မှ သူ့ကို ဒိဋ္ဌိဝိစိကိစ္ဆာ ဖြုတ်ပေးရလိမ့်ဦးမယ် ဒကာ ဒကာမတို့။ မဖြုတ်ရပေဘူးလား (ဖြုတ်ပါတယ်)။
ကဲ-ခင်ဗျားတို့ အခုထိုက်တန်သလောက် ပြုတ်ပြီမဟုတ်လား (မှန်ပါ) နက်ဖြန်မှ ဖြုတ်ရတော့မယ်