14006

မာတိကာသို့

တိတ္ထိအမေးပုစ္ဆာ၊ လေးချက်…(၃)

ရှင်အနုရာဓမထေရ်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၊ မင်္ဂလာတိုက်၌ ဟောကြားတော်မူသော

တိတ္ထိအမေးပုစ္ဆာ၊ လေးချက်…(၃)

ရှင်အနုရာဓမထေရ်

သတိပဋ္ဌာန်လေးပါး

သတိပဋ္ဌာန်လေးပါးဟာ စရိုက်လိုက်ပြီး ထားရတယ်ဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတယ်နော် (မှန်ပ့ါ) သတိပဋ္ဌာန်လေးပါး ထားရတာ ဘယ်လိုကြောင့် လေးပါးဖြစ်လာပါလိမ့် (စရိုက်မတူလို့ပါ ဘုရား) စရိုက်၊ ဪ -စရိုက်က အမျိုးမျိုးရှိတယ်လို့ ကိုစံလှ၊ ကိုစောမောင် မှတ်ထားရမယ် (မှန်ပါ)။

တစ်ချို့က ရာဂစရိုက် လောဘအားကြီးတယ်၊ တစ်ချို့တော့လည်း ဒေါသစရိုက်အားကြီးတယ်၊ တစ်ချို့က မောဟစရိုက်ရှိတယ်၊ စရိုက်သုံးပါးမနေဘူးလား (နေပါတယ် ဘုရား) တစ်ချို့က သဒ္ဓါစရိုက်ရှိတယ်၊ တစ်ချို့က ဝိတက် စရိုက် ရှိတယ်။ တစ်ချို့က ပညာစရိုက်ရှိတယ်၊ စရိုက်ခြောက်ပါးမှတ်မိကြပြီလား (မှတ်မိပါတယ် ဘုရား)။

စရိုက်ခြောက်ပါး

လောဘစရိုက်-ဒေါသစရိုက်-မောဟစရိုက် ဒါက လူတိုင်းသိပြီးသား၊

သဒ္ဓါစရိုက်ဆိုတာက သဒ္ဓါတရား လွန်ကဲနေတာဘဲ၊ သူဟာ ပညာမပါဘူး၊ ဒီလိုကော မရှိဘူးလား (ရှိပါတယ် ဘုရား) ဘုရားချည်းဘဲ ကြည်ညိုနေတာဘဲ တစ်ခါတည်း လူမြင်ရလို့ရှိရင်လည်း တစ်ခါတည်း သက်ကြီးဝါကြီးလည်း ကြည်ညိုနေတာဘဲ (မှန်ပ့ါ) သဒ္ဓါစရိုက်သာ အားကြီးနေတာပဲ ပညာက မပါဘူး (မှန်ပ့ါ)။ ဒီလိုလည်းရှိသေးတယ် (မှန်ပါ)။

ဝိတက်စရိုက်ဆိုတဲ့ ဥစ္စာလည်းကိုစောမောင်ရေ သူ့တွေ့လိုက်လို့ရှိရင် ကြံဖန်နေ တာနဲ့ပဲ ပြီးသွားတာပဲ၊ ပွားရတယ် ရှုရတယ်မရှိဘူး(မှန်ပ့ါ) ဒီလို ဝိတက်စရိုက်လည်း မရှိဘူးလား (ရှိပါတယ် ဘုရား)

ပညာစရိုက်ဆိုတာကတော့ ထိုးထိုးထွင်းထွင်း သူကလာတယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား) အဲတော့ စရိုက်က ခြောက်ပါးရှိတယ်။

လောဘစရိုက် ဝေဒနာနုပဿနာရှု

စရိုက်ခြောက်ပါးရှိတော့ လောဘစရိုက်ရှိတဲ့ပုဂ္ဂိုလ်မှာ ဝေဒနာနုပဿနာရှု (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) လောစရိုက်ရှိတဲ့ပုဂ္ဂိုလ် (ဝေဒနာနုပဿနာရှုရပါမယ် ဘုရား)။ ဪ-ဘယ့်နှယ်ကြောင့်ပါလိမ့်မတုန်းဆိုတော့ ဝေဒနာနိရောဓောဖြစ်မှ တဏှာနိရောဓောဖြစ်မှာကိုး (မှန်ပါ ဘုရား) ကိုစောမောင် ဝေဒနာနိရောဓောဖြစ်မှ (တဏှာ နိရောဓောဖြစ်မှာပါ ဘုရား)။

သူ့ကို ဝေဒနာကမ္မဋ္ဌာန်းပေးပါ (မှန်ပါ) ဒကာ ဒကာမဘို့ ဘာပေးကြမတုန်း (ဝေဒနာကမ္မဋ္ဌာန်းပေးရမှာပါ ဘုရား)။ ရှင်းပြီနော် (မှန်ပ့ါ) ဦးဘရှင်း ဒီလိုမှ တည့်အောင်မပေးလို့ရှိရင်လည်း ဒီပုဂ္ဂိုလ်ဟာ လွဲနေမှာဘဲ (မှန်ပ့ါ) လွဲနေလို့ရှိရင်ဖြင့် ဦးဘကလေးတို့က စဉ်းစားတာပေါ့၊ ဪ အချိန်ကြာသလောက် ခရီးမပေါက်ဘူး၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ကိုစောမောင် ရှင်သာရိပုတ္တရာတောင် အချိန်လွဲပါတယ်ဆိုတာ ပြောထားပေါ့၊ ကိုစံလှရိပ်မိပြီလား (ရိပ်မိပါ တယ် ဘုရား)။

ဒေါသစရိုက် ဓမ္မာနုပဿနာ

ဒေါသစရိုက်ရှိလာတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင် ပညာနဲ့ နီးပါတယ်နော် (မှန်ပ့ါ) ဒေါသစရိုက်ရှိနေတဲ့ ပုဂ္ဂိုလ်ပညာနဲ့ နီးပါတယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဓမ္မာနုပဿနာ ဒုက္ခသစ္စာပေး (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

မောဟစရိုက် ကာယာနုပဿနာ

မောဟစရိုက်ရှိတဲ့ပုဂ္ဂိုလ် ကိုစောမောင် မလာဘူးလား (လာပါတယ် ဘုရား)။

မောဟစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ အင်မတန် ဉာဏ်မလေးပေဘူးလား၊ အဲဒီပုဂ္ဂိုလ်ကျတော့ ခုနင်ကလေးလေး ဖြစ်တဲ့၊ အဖြစ်ကလည်းနှေး၊ အပျက်ကလည်းနှေးနဲ့၊ ရုပ်တရားများကို ပေးရမယ်ဆိုတော့ သူ့စုရိုက်နဲ့သူ မလျော်ရင် တော်ပါ့မလား (မတော်ပါ ဘုရား)။

ဝိတက်စရိုက် အာနာပါနပေး

ဝိတက်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင်လည်း ဝိတက်က တောင်ပြေးမြောက်ပြေးနဲ့ ဪ-ဒါဖြင့် အာနာပါနပေးမှကိုက်မှာပေါ့ (မှန်ပ့ါ)။

မပြေးတဲ့တရား အာနာပါနဆိုတော့ စိတ်ကပြေးခွင့်ရသေးရဲ့လား (မရပါ ဘုရား) ဒီလိုပေးရတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါ ဘုရား)။

ပညာစရိုက် သစ္စာပေး

ပညာစရိုက်ရှိတဲ့ပုဂ္ဂိုလ်မျိုးကျတော့လည်း သစ္စာပေးပါ (မှန်ပ့ါ) သစ္စာကမ္မဋ္ဌာန်းသာ ပေးလိုက်၊ ခဏလေးနဲ့ ရတယ်၊ သဘောပါကြပြီလား (ပါပါတယ် ဘုရား) ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ စရိုက်နဲ့ လျှော်တာကို ဘုန်းကြီးကတော့ ရှင်းပြပေးနေတယ် (မှန်ပ့ါ)။

ဒကာ ဒကာမတွေဟာ အလုံးစုံပဲ အပါယ်လေးပါး တံခါးပိတ်ပြီး သကာလ သုဂတိ ဒုက္ခတွေတောင်မှ သူ့မတွေ့စေ လိုဘူး၊ ခန္ဓာဇာတ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကိုသာ ရောက်စေချင်တော့ ဒီထဲစရိုက်ကလည်း အမျိုးမျိုးရှိတယ်၊ မရှိပေဘူးလား (ရှိပါတယ် ဘုရား) အဲတော့ ကိုယ့်စရိုက်နဲ့ကိုယ် ကြိုက်ပြီး သကာလ ကိုယ်၊ တော်တဲ့ ကမ္မဋ္ဌာန်း ကိုယ်ယူပါဆိုတာကို ဒီကနေ့ ဝေဖန်ပေးနေတယ်(မှန်ပ့ါ)။

ဘယ်လိုယူကြမတုန်း (ကိုယ့်စရိုက်နဲ့တော်တာ ယူရမှာပါ ဘုရား) ကိုယ်နဲ့တော်တဲ့ ကမ္မဋ္ဌာန်းကိုယ်ယူပါ၊ သဘော ကျပြီလား (ကျပါတယ် ဘုရား)။

သို့သော် ဘယ်လိုပင် ဒီဟာတွေက ဘယ်လိုပင် ထူးခြားသော်လည်း နောက်ဆုံးပိတ် အနိစ္စာ ဝတ သင်္ခါရာ မလွတ်စေနဲ့ (မှန်ပါ) နောက်ဆုံးပိတ်ကျတော့ ဖြစ်တဲ့တရား ပျက်တတ်သည်။

ဖြစ်-ပျက်မှာ လမ်းဆုံးတယ်

ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ကလည်း အင်း သူသည် လောဘစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ဘာဖြစ်ဖြစ် လိုချင် ရချင်တဲ့ပုဂ္ဂိုလ် ဝေဒနာက စရှုရရမယ် (မှန်ပါ) သို့သော် တွေ့တော့ ဖြစ်-ပျက်ကိုတွေ့ရမယ်၊ ဖြစ်-ပျက်တွေ့ရင် ကိုမြင့် ပြီးတယ်။ နောက်ဆုံးမှာတော့ ဖြစ်-ပျက်မှာ လမ်းဆုံးတယ်လို့မှတ်ရမယ်၊ နောက်ဆုံးပိတ် တစ်နေ့ကျတော့ (ဖြစ်ပျက်မှာ လမ်းဆုံး ပါတယ် ဘုရား)။

ရှင်းပြီနော် (ရှင်းပါ ဘုရား) ကောင်းပြီ ဒါဖြင့် အားလုံးဒကာ ဒကာမတွေ စရိုက်မသိဘဲနဲ့ ကမ္မဋ္ဌာန်းကို ဆရာက ပေးပေး တပည့်ကပဲနေရာမကျလို့ပဲ အယူလွဲလွဲ၊ ကြာလိမ့်မယ်ဆိုတာ မှတ်ရမယ် (မှန်ပ့ါ) ဒကာကြီးလှိုင် ကြာလိမ့်မယ် နော်(မှန်ပ့ါ) ကြာလိမ့်မယ်ဆိုတာ သေချာပြီလား (သေချာပါ ဘုရား) သေသေချာချာ သိထားတော့မှ။

ဪ-ကမ္မဋ္ဌာန်း ဆရာလုပ်ဖို့လည်း မလွယ်ပါလား (မှန်ပါ) ကိုစောမောင် လွယ်ပါ့မလား (မလွယ်ပါ ဘုရား) မလွယ်ဘူးတဲ့၊ တစ်ချို့နေရာမှာများ ကိုစောမောင်တို့ ဒီနေရာလာလို့ရှိရင် ရှူရှိုက်မှုပဲ လုပ်ဟေ့ဆိုတော့ သူဟာ စရိုက် ရွေးသေးရဲ့လား (မရွေးပါ ဘုရား) မရွေးတော့ သူဘာဖြစ်မတုန်းလို့ မေးတဲ့အခါကျတော့ သူက ဝိတက်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်မှပေးရမှာ (မှန်ပ့ါ) ဝိတက်က တောင်ကြံ၊ မြောက်ကြံ အကြံအစည် များတယ် (မှန်ပ့ါ)။

အကြံအစည်များတဲ့ ပုဂ္ဂိုလ်

အကြံအစည်များတဲ့ ပုဂ္ဂိုလ်ကျ စိတ်က တောင်ရောက်မြောက်ရောက် ဒီလိုပုဂ္ဂိုလ်မှ အာနာပါနပေးရမဲ့ ဥစ္စာကို အင်း သူက ဝိတက်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်လည်း ဒါပေး လောဘစရိုက်ရှိတဲ့ ပုဂ္ဂိုလ်လည်း ဒါပေး ဒေါသစရိုက်ရှိတဲ့ ပုဂ္ဂိုလ်လည်း ဒါပေး ဆိုလို့ရှိရင် ကိုစောမောင် ရပါ့မလား (မရပါ ဘုရား) မရနိုင်ဘူး ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား) ဒါဖြင့် တောင်ဝှေးဆွဲလည်း အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

နောက်လိုက်ကော (အရေးကြီးပါ ဘုရား) နောက်လိုက်ကတော့ ဒီတရာမျိုးကို နာရမှ ရွေးတတ်တယ်။ တောင်ဝှေး ဆွဲကလည်း ဒီပုဂ္ဂိုလ်တွေရဲ့ စရိုက်တတ်မှ ဖမ်းတတ်မှ ကိုစောမောင် နေရာကျတယ် (မှန်ပ့ါ)။

လောဘစရိုက်နဲ့ ပုဂ္ဂိုလ်

လောဘစရိုက်နဲ့ ပုဂ္ဂိုလ်များသွားတဲ့ အခါကျလို့ရှိရင်ဖြင့် ကိုစောမောင် ခြေထောက်ဟာ စမ်းသပ်ပြီး နူးနူးညံ့ညံ့သွားလေ နင်းလေ့ရှိ တယ် (မှန်ပ့ါ) လောဘစရိုက်ရှိတဲ့ပုဂ္ဂိုလ်။ မကြွချင် ကြွချင်ပေါ့ဗျာ။ (မှန်ပ့ါ) ခပ်နှေးနှေးနဲ့ ခပ်ဖြေးဖြေး ဒီလိုသွားလေ့လာ လေ့ရှိတယ်။

သူ့အိပ်ယာ နေရာသွားကြည့်လို့ ရှိရင်ဖြင့် နူးနူးညံ့ညံ့ သန့်သန့်ရှင်းရှင်း လုပ်ထားလေ့ရှိတယ်။ ဒါ သူ့ဝါသနာ အတိုင်းလာတယ်(မှန်ပ့ါ) ဒါကျတော့ သူ့ကို ဝေဒနာနုပဿနာပေးလိုက်ရင် မတည့်ပေဘူးလား (တည့်ပါတယ် ဘုရား)။

ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်

ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ် သူ့အိမ်သွားကြည့်လိုက်ရင် သူ့အခန်း သွားကြည့်လိုက်ရင် ရှုပ်ပွေလိမ်နေတာပဲ၊ ဘယ်တော့မှ မလှည်းမကျင်းဘူး၊ ကိုစောမောင် ဖြစ်သလိုနေတတ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘာစရိုက်ဆိုကြမယ် (ဒေါသစရိုက် ရှိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား) အဲဒါတွေ ကျလာလို့ရှိရင်ဖြင့် ဪ-ဒေါသစရိုက်ရှိပါလား ဒေါသစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ဖြင့်လည်း ဘယ်ကမ္မဋ္ဌာန်းပေးရမှာတုန်းဆိုတာ ဆရာက မရွေးချယ်ဘူးလား (ရွေးချယ်ရပါ ဘုရား)။

လမ်းသွားတဲ့အခါကျလို့ရှိရင် ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကို အကဲခတ်ချင်ရင် သူ့ခြေရာ သွားကြည့်လိုက်ရင် သိမယ်၊ သူ့ခြေရာက နဂိုက မသွားခင်က ရောက်ချင်နေတယ်၊ ဒေါသစရိုက်သမားက၊ ဒေါသစရိုက်သမားက ဘာပါလိမ့်၊ (မသွားခင်က ရောက်ချင်ပါတယ် ဘုရား) မသွားခင်က ရောက်ချင် နေတော့ သူ့ခြေရာ သွားကြည့်လိုက်လို့ရှိရင် ကိုစောမောင် သူကရှေ့ကုတ်ကုတ်ပြီး မြေကြီးပေါ်မှာ သွားလေ့ရှိတယ် (မှန်ပ့ါ)။

သူ့ဖိနပ်ကို သွားကြည့်လိုက်လို့ရှိရင်လဲ ဒီရှေ့ပိုင်းက ခြေမတို့ခြေသူကြွယ်တို့ အစရှိသည်တို့က ကိုစောမောင် အဲဒီနေရာက ဖိနပ်က ခွက်နေတယ် (မှန်ပ့ါ) ကတ္တီပါဖိနပ်ဆို အဲဒီနေရာကစပြတ်တယ် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါ ဒေါသစရိုက်သမား မောဟစရိုက်သမား သွားကြည့်လို့ရှိရင် ခြေလှမ်းမဖြောင့်ဘူးတဲ့ (မှန်ပ့ါ) တောင်နင်းလိုက် မြောက်နင်းလိုက် ဒီလိုသွားတယ် ဖြောင့်ဖြောင့်ကို မသွားဘူး၊ သူကတွေဝေပြီး သွားတာပဲ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီလို ဆရာသမားက စရိုက်တွေကို အကုန်သိပြီးမှ ကိုစောမောင်ရေ ဒီဥစ္စာ ကမ္မဋ္ဌာန်းပေးလို့ရတယ် (မှန်ပ့ါ) နို့မို့လို့ရှိရင် ရပါ့မလား (မရပါ ဘုရား) ဒါဖြင့် ဦးဘရှင်း ရမ်းလုပ်နေတဲ့နေရာ ဆိုလို့ရှိရင်ဖြင့် ကြိုးသားကုန် မောင်ပုံ စောင်းမတတ်ဆိုတဲ့ အဓိပ္ပါယ်မျိုးရောက်မှာပဲ၊ မရောက်ပေဘူးလား(ရောက်ပါတယ် ဘုရား) ဒါကြောင့် ကိုစံလှ ကဲ ဆရာသည် အရေးကြီးတယ်။

မကြီးပေဘူးလား (ကြီးပါတယ် ဘုရား) ဒါ့ကြောင့် ရှင်အာနန္ဒာကို ပြောတာပေါ့ဘုရား၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ညီတော်အာနန္ဒာ ဆရာသမားများ ဘယ်လောက်အရေးကြီးသတုံးကွ၊ ဆရာသမားကြောင့် ဘုရားနိဗ္ဗာန် ရောက်တဲ့နေရာမှာ ထက်ဝက်ပဲ သူ့တာဝန်ပေါ့ဘုရား၊ တယ်ဖျင်းပါလား၊ မင်းက သာဝကကိုးကွ၊ သာဝကဉာဏ်လေး လောက်နဲ့ပြောနေတာ၊ မဟုတ်ဘူးကွ၊ သူ့တာဝန်လုံးလုံး၊ ရှင်းပြီလား (ရှင်းပါ ဘုရား)။

သူအမှီကောင်းမှ ရမယ်တဲ့

သူအမှီကောင်းမှ ရမယ်တဲ့ သူအမှီမကောင်းလို့ရှိရင် ကိုစောမောင် (မရပါ ဘုရား) ပေါ်ပြီလား (ပေါ်ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ တရားနာရ တရားတောင်းရ၊ ကိုယ်အလိုရှိလို့ အရွယ်ကြီးမှ နိဗ္ဗာန်ရောက်ကြောင်း ရှာကြ ပြန်တော့လည်း ဒီဆရာမှားနဲ့တွေ့မှာ စရိုက်အကဲမခတ်တတ်ဘဲနဲ့ ပေးနေတဲ့ ကမ္မဋ္ဌာန်းတိုက်တွေနဲ့ တွေ့မှာလည်း စိုးရိမ်ရတယ်၊ မစိုးရိမ်ရဘူးလား (စိုးရိမ်ရပါတယ် ဘုရား)။

အဲဒါ ယနေ့တော့ဖြင့် ရှင်းရှင်းလင်းလင်း ပြောတယ်ဆိုတော့ ဪ တော်တော်အရးကြီးပါလားဆိုတာ ပါလာ တယ်။ မပါဘူးလား (ပါ-ပါတယ် ဘုရား)။

ကြည့် အရှင်အနုရုဒ္ဓါဆိုတာ အဘိညာဉ်နေရာမှာ ဆိုရင်ဖြင့် ဧတဒဂ်ရ အဘိညာဉ်ဆိုတာ ကိုစောမောင် သေရင် ဘယ်သွားတယ်ဆိုတာ ချက်ချင်း သိတယ်၊ အဲဒီကိုယ်တော်ကြီးဟာ သောတာပန် သကဒါဂါမ် တည်ပြီး အနာဂါမ် ရဟန္တာ မဖြစ်ဘဲ ဖြစ်နေတယ်။

မာနခံနေတယ်

ဘာကြောင့် မဖြစ်တာတုန်းဆိုတော့ သူ့မှာတဲ့ ဒကာ ဒကာမတို့ မာနခံနေတယ်၊ ဪ-ငါလိုကြည့်နိုင်တဲ့ ပုဂ္ဂိုလ်ရှားပါလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ မာနခံနေတယ်။ သဘောကျပြီလား (ကျပါ ဘုရား) အဲဒီတော့ ရှင်သာရိပုတ္တရာ က မင်းဟာကွာတဲ့၊ အထက်မဂ်ဖိုလ်တွေရမယ့် ဥစ္စာ၊ ဒီဟာမှ မသတ်ဘဲကိုးဆိုတော့ ကိုစောမောင် သူ့ဟာသူ့စရိုက် ရှုမိတဲ့အခါကျတော့မှ။

မာနစရိုက်ရှိနေတဲ့ပုဂ္ဂိုလ်၊ မာနဆိုတာက ဒေါသကလာတာကို (မှန်ပ့ါ) ပညာက ထက်လွန်းလို့လည်း အဲဒီဘက် ကူးသွားတတ်တယ်၊ သဘောကျပြီလား (ကျပါ ဘုရား) အဲဒါကြောင့် သူပညာစရိုက်လည်း ရှိတယ်၊ ဒါကြောင့် မာနဘက် ထိုးထွင်းပြီး သကာလ ပညာရှိတဲ့ပုဂ္ဂိုလ်က မာနကို ရှိတတ်တယ် ကိုစောမောင်ရ (မှန်ပ့ါ)။

အဲဒါကြောင့် မာနက နောက်ကလိုက်တော့ အထက်မဂ် အထက်ဖိုလ်တက်လို့ မရဘူး (မှန်ပ့ါ) ရရဲ့လား (မရပါ ဘုရား) အနုရုဒ္ဓါ မင်းသည်ကားဆိုလို့ရှိရင် မာနကြပ်ကြပ် ရှုစမ်းကွ ဆိုတဲ့အခါကျတော့မှ မာနခံနေလို့ အထက် မဂ်မရတာ မာနဖြစ်ပျက်ရှုမှ ကိုစောမောင် တက်သွားတယ် (မှန်ပ့ါ) မလိုဘူးလားဗျာ (လိုပါတယ် ဘုရား) ရှင်သာရိ ပုတ္တရာကြီးက အကဲခတ်ပြီး တည့်ပေးသွားတယ်လို့ မဆိုနိုင်ဘူးလာ (ဆိုနိုင်ပါတယ် ဘုရား)။

အေး ပညာစရိုက်က သူကအားကြီးလို့ သူသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ပညာလွန်ပြီး သကာလ နေတော့ ကွေ့ကောက်နေတယ်ဆိုတဲ့ အဓိပ္ပါယ်သိတော့မှ မာနကြောင့် ကွေ့ကောက်နေတယ် ဆိုတာသိတော့ မာနဖြစ်ပျက် ရှုခိုင်းပစ်ရတယ် (မှန်ပ့ါ) ဒီတော့မှ တက်သွားတယ်ဆိုတာ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား) ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စရိုက်ရှင်းတမ်းကို တော်တော်လေး ပြောပြီးပါပြီ။

သတိပဋ္ဌာန်လေးပါး ဘယ့်နှယ့်ကြောင့် ပြားရသတုံး

တော်တော်လေး ပြောပြီးတော့ သတိပဋ္ဌာန်လေးပါး ဘယ့်နှယ့်ကြောင့် ပြားရသတုံးဆိုတော့ စရိုက်ပြားလို့ ပြားရတယ် (မှန်ပါ) ကိုစောမောင် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) သတိပဋ္ဌာန်တစ်ပါးတည်း ဟောပါတော့လားလို့ မေးတဲ့ အခါကျတော့ ဖြေတတ်ကြပြီလား (ဖြေတတ်ပါပြီ ဘုရား) ဘယ်လိုဖြေကြမယ် (စရိုက်ပြားလို့ပါ ဘုရား) စရိုက်များလို့ ပြားရသည် ဦးဘရှင်းတို့ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) စရိုက်များလို့ (ပြားရပါတယ်)။

အဲဒါစရိုက်များလို့ ပြားရသည်ဆိုတော့ ခင်ဗျားတို့အင်မတန် ရွေးချယ်ဖို့ အရေးကြီးလာပြီဆိုတာ ပေါ်လာတယ် ကိုစံလှ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား) ရမ်းပေးတဲ့ ဆရာနဲ့ဆို ဘယ်လိုဆိုကြမယ် (မရပါဘူး ဘုရား) မရပေဘူး လေဗျာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဉာဏ်နုံ့တဲ့ ပုဂ္ဂိုလ်မှာ ဒကာ ဒကာမတို့ ဉာဏ်ကတော့ ပါတော့ပါရမှာပေါ့ နုံတဲ့ပုဂ္ဂိုလ်မှာ ထင်ထင်ရှားရှား ဖြစ်တဲ့ရုပ်ကို၊ လေးလေးကန်ကန် ဖြစ်တဲ့ရုပ်ကို ရှုရမယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဉာဏ်နုံတဲ့ ပုဂ္ဂိုလ်ဟာ (ရုပ်ကို ရှုရပါမယ် ဘုရား) ဒါဖြင့် ကာယာနုပဿနာရှု။ သဘောကျပြီလား (ကျပါတယ် ဘုရား) ဉာဏ်ကတော့ ထက်ပါတယ်တဲ့ တဏှာကများနေတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင် ဝေဒနာနုပဿနာရှု (မှန်ပ့ါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဉာဏ်ကထက်တယ် မာနများနေတဲ့ ပုဂ္ဂိုလ်ကျတော့ ဓမ္မာပဿနာရှု၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား) ဉာဏ်ထက်ထက်နဲ့ ဒိဋ္ဌိများတဲ့ပုဂ္ဂိုလ်ကျတော့ စိတ္တာနုပဿနာပေး ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ကဲ-ကိုစောမောင် ရွေးလာတော့ ခက်မလာဘူးလား (ခက်ပါတယ် ဘုရား)။

ကြိုးသာကုန်မောင်ပုံ စောင်းမတတ်

ဒီလိုမရွေးဘဲနဲ့ဆို နောက်က ဒကာ ဒကာမတွေ သိတဲ့အတိုင်းပဲတဲ့ ကြိုးသာကုန်မောင်ပုံ စောင်းမတတ် ဆိုတဲ့အတိုင်း ဒကာ ဒကာမတို့ ရှေးကတော့ စောင်းကြိုးက ကျစ်ကျစ်ပြီး ထည့်ရတာကို ကိုစောမောင်နော်။

အခုခေတ်လို ကြေးနန်းကြိုးတွေ ဘာတွေက မဟုတ်တော့ ကြိုးတွေသာကုန်တယ် သူ့စောင်းတီးတဲ့ အတက်က တတ်တဲ့လား (မတတ်ပါ ဘုရား) အဲ ဒီလိုဖြစ်နေတယ်၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အရေးကြီးကြောင်း သပြီပေါ့ဗျာ (မှန်ပါ ဘုရား) အရေးကြီးကြောင်း သိတဲ့အခါကျတော့တစ်ခါ ဒါက ရှေ့ဦးစွာ ကမ္မဋ္ဌာန်း ကိုပြော ဆိုတာက၊ ရှေ့ဦးစွာ ကမ္မဋ္ဌာန်း ပြောဆိုတာပါ ဆိုတော့ ရှေ့ဦးစွာပေးရမယ့် ကမ္မဋ္ဌာန်းကိုပြောဆိုတာ (မှန်ပါ)။

ဒီဟာ ဒါနဲ့ပြီးရောလားဆိုတော့ မပြီးသေးဘူးတဲ့ မနေ့ကဟာပြန်ဆက် ကိုစောမောင်ရေ (မှန်ပါ) ဒီဟာတွေ ဘယ်လိုပင် ရှု့နေငြား သော်လည်း ဒီအပေါ်မှာ ဒိဋ္ဌိကမပြုတ်သေးလို့ ရှိရင်လည်း အလကားပဲ (မှန်ပါ) ကာယပေါ်မှာ ဒိဋ္ဌိကမပြုတ်လို့ရှိရင် (အလကားပါ) ဝေဒနာပေါ်မှာ ဒိဋ္ဌိကမပြုတ်ရင် (အလကားပါ) သညာ, သင်္ခါရပေါ် ဒိဋ္ဌိမပြုတ်လို့ ရှိရင် (အလကားပါ) အဲစိတ်ပေါ်ဒိဋ္ဌိ မပြုတ်လို့ရှိရင် (အလကားပါ)။

အနုရာဓပြန်ဆက်ကြစို့

အလကားပဲ၊ ဝိပဿနာ ဘယ်လိုရှု့ပေမယ့် ဖြစ်ပျက်ဘယ်လိုမြင်ငြားသော်လည်း ကိုစောမောင် မရဘူး (မှန်ပါ ဘုရား) ဒါနဲ့ အနုရာဓပြန်ဆက်ကြစို့၊ အနုရာဓ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တွေးလိုက်တယ်၊ ဪ တိတ္ထိတွေက မေးတာ သူမဖြေသင့်တာတွေ ဖြေတယ်ဆိုတာ ပြောပြီးပြီနော် (မှန်ပါ) မဖြေသင့်ပဲနေရမှာကို (ဖြေနေတယ်)။

ဒီထက်ပိုမေးလို့ရှိရင်လဲ၊ ဖြေစရာမရှိဘူးဆိုတဲ့ ဥစ္စာသည်လည်း သူသံသယကင်းရဲ့လား (မကင်းပါဘူး) ဒါဖြင့် မဖြေသင့်တာဖြေတဲ့အမှားကလည်း ဒိဋ္ဌိရှိလို့ (မှန်ပါ) ဝိစိကိစ္ဆာရှိလို့ (မှန်ပါ) သဘောပါကြပြီလား (ပါ,ပါတယ် ဘုရား)။

မဖြေသင့်တာ ဖြေရင်လည်း (ဒိဋ္ဌိဝိစိကိစ္ဆာရှိလို့ပါ ဘုရား) အဲဒါ စကားဦးပြောတာကိုလည်း ခင်ဗျားတို့ဖြေသင့် တဲ့စကား မဖြေသင့်တဲ့စကားဆိုတာ နေရာတိုင်းမှာ ရှိသလို ဒီလောကုတ္တရာ အလုပ်မှာ လည်း ရှိပါတယ်ဆိုတာ ဆုံးဖြတ် ချက်ချပါ (မှန်ပါ) သဘောပါပြီလား (ပါ,ပါတယ် ဘုရား)။

လောကုတ္တရာ အလုပ်မှာလည်း အားထုတ်သင့် မထုတ်သင့်ဆိုတာ ဆုံးဖြတ်ချက်မချသင့်ဘူးလား (ချသင့်ပါ တယ် ဘုရား) ကောင်းပြီ ဖြေသင့် မဖြေသင့်တာ (ဆုံးဖြတ်ချက်ချရပါ ဘုရား) မဖြေသင့်တာဖြေရင် ကိုယ့်မှာမပိုင်လို့ သာမှတ် (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) မဖြေသင့်တာဖြေရင် (ကိုယ့်မှာမပိုင်လို့ပါ)။

တစ်ခါသွား ဖြေသင့်တာ မဖြေပြန်လို့ရှိရင် ကိုယ်မပိုင်လို့မှတ် (မှန်ပါ) ဒါဖြင့် ဒကာ ဒကာမတို့ သူများမေးတဲ့ အခါ မဖြေသင့်တာ ဖြေရင်ကော (ကိုယ်မပိုင်လို့ပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ဖြေသင့်တာ မဖြေပြန်လို့ ရှိရင် (ကိုယ်မပိုင်သေးလို့ပါ ဘုရား) ဒါဖြင့် ကိုယ်မပိုင်လို့ရှိရင် ဒါ ဒိဋ္ဌိ,ဝိစိကိစ္ဆာရှိနေတယ်မှတ်။

ကိုယ်မပိုင်လို့ရှိရင် ဒိဋ္ဌိ,ဝိစိကိစ္ဆာရှိနေတယ်

ကိုယ်မပိုင်တာတွေ ဟူသရွေ့ (ဒိဋ္ဌိ,ဝိစိကိစ္ဆာရှိတာ ချည်းမှတ်ရမှာပါ) ဒိဋ္ဌိ, ဝိစိကိစ္ဆာရှိတာချည်းပဲ မှတ်ဆိုတော့ ကိုစောမောင် ဒီနေ့ ဒီတစ်လုံးကို တိုးပေးလိုက်ပါတယ် (မှန်ပါ ဘုရား) မဖြေသင့်တာ ဖြေရင်လည်း (ကိုယ်မပိုင်လို့ပါ)။

ဘာရှိနေတုန်း (ဒိဋ္ဌိ, ဝိစိကိစ္ဆာရှိနေပါတယ် ဘုရား) ဖြေသင့်တာ မဖြေပြန်ရင်လည်း (ကိုယ်မပိုင်လို့ပါ) ဘာရှိနေတုန်း (ဒိဋ္ဌိ, ဝိစိကိစ္ဆာ ရှိနေပါတယ် ဘုရား)။

ဪ-ဒါဖြင့် ကိုယ်ရှင်းထားဖို့ အလုပ်သည်ကားဆိုလို့ရှိရင် ဒိဋ္ဌိ,ဝိစိကိစ္ဆာသည် ရှေ့ပိုင်းက အလုပ်ပါလား ဆို တာ မှတ်ရမယ်။

သတိပဋ္ဌာန် စရိုက်နားလည်ရုံနဲ့ မပြီးသေးဘူး၊ ဒိဋ္ဌိဖြုတ်တဲ့နေရာမှာလည်း ကိုစောမောင်ရေ တော်တော် အရေး ကြီးသေးတယ်၊ မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒီလောက်ဆိုရင် ဒကာ ဒကာမတွေ ဪ ကိုယ်စရိုက်နဲ့ ကိုယ် လျှော်တဲ့ကမ္မဋ္ဌာန်း ကိုယ်ယူပြီး သကာလ ဒိဋ္ဌိအရင် ခွါမှပါလား (မှန်ပါ) ကမ္မဋ္ဌာန်းကတော့ စရိုက်အတိုင်း ယူရမယ်၊ ယူပြီးတော့ ဘာလုပ်ရမတုန်း (ဒိဋ္ဌိခွါရပါမယ် ဘုရား) ဒိဋ္ဌိခွါရမယ်၊ ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

ဒိဋ္ဌိခွါပြီးမှ ဖြစ်ပျက်ရှုရမယ်

ကမ္မဋ္ဌာန်းကတော့ဖြင့် စရိုက်နဲ့လျှော်တဲ့ ကမ္မဋ္ဌာန်းယူပြီး၊ ယူပြီး ဘာလုပ်မတုံး (ဒိဋ္ဌိအရင်ခွါရပါမယ် ဘုရား) ဒိဋ္ဌိခွါပြီးမှ ဖြစ်ပျက်ရှုရမယ်၊ ဒါ ဒီနေ့ အစီအစဉ်ပေးပြီး ဒကာ ဒကာမတို့ သတိပဋ္ဌာန်လေးပါး ဘာနဲ့ယူရမယ် (စရိုက် နဲ့လျှော်တာ ယူရပါမယ် ဘုရား) စရိုက်နဲ့ လျှော်တာယူပါ၊ သဘောကျပြီလား (ကျပါပြီ ဘုရား) ကိုစောမောင် သတိပဋ္ဌာန် လေးပါး တစ်ပါးပါးပဲ ယူရလိမ့်မယ်။

ဘာနဲ့ယူရလိမ့်မယ် (စရိုက်နဲ့ လျှော်တာယူရပါမယ် ဘုရား) စရိုက်နဲ့လျှော်တာယူပါ၊ သဘောကျပြီလား (ကျပါ တယ် ဘုရား) ကိုစောမောင်ပေါ်ပြီလား (ပေါ်ပါ့ ဘုရား) စရိုက်လျှော်တာ ယူပြီးလို့ရှိရင် ဘာလုပ်ရမတုံး (ဒိဋ္ဌိခွါ ရပါမယ်) လေးပါးအပေါ်မှာ ဒိဋ္ဌိခွါရမယ် (မှန်ပါ) ရုပ်ဟာလည်း ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူး၊ ဝေဒနာကော (ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါ ဘုရား)။

သညာသင်္ခါရကော (ပုဂ္ဂိုလ်သတ္တဝါမဟုတ်ပါ ဘုရား)၊ ကဲ-ရှင်းပြီနော် အင်း စိတ်ဟာလည်း (ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါ ဘုရား) စရိုက်နဲ့ လျှော်ပြီး သကာလ ဒကာ ဒကာမတွေက ဝေဒနာကြိုက်ရင် ဝေဒနာယူတယ်၊ သစ္စာကြိုက် သစ္စာယူတယ်၊ ရုပ်ကြိုက်ရုပ်ယူတယ်၊ ယူချင်တာယူပါ ကိုယ့်စရိုက်နဲ့ကိုယ် ကြိုက်တာယူလို့ ရှိရင်ဖြင့် ဒါ ကမ္မဋ္ဌာန်းပေါက် ရောက်တာပဲ။

သို့သော် ဒီလောက်တင် ဉာဏ်နဲ့ဖြတ်ပိုင်းပြီး သကာလ တော်လောက်ပြီလို့ ခင်ဗျားတို့က မယူထားပါနဲ့ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား) စရိုက်နဲ့ တော်တာယူပြီးနောက် ကိုစောမောင် ဘာလုပ်ရမတုံး (ဒိဋ္ဌိခွါရပါမယ် ဘုရား) ဒိဋ္ဌိခွါပြီးနောက်မှ ကိုစောမောင်ရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ ရှု့ရမယ် (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာတော့ တော်တော်လုပ်တဲ့ ရဟန်းပဲတဲ့

အဲ့တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အနုရာဓကိုတွေးလိုက်တယ်၊ ဪ-တိတ္ထိတွေမေးတာ သူဖြေတာ ကလည်း တော်အောင် ဖြေထားတယ်၊ မပိုင်ဘဲဖြေထားလို့ သူဒိဋ္ဌိ, ဝိစိကိစ္ဆာ မကုန်ဘူး (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) သူမပိုင်ဘဲနဲ့ ဖြေထားလို့လည်း သူဝိစိကိစ္ဆာမကုန်ဘူး၊ သို့သော်တဲ့ ငါ့ရဟန်းလေးဟာ ဘုရားက တော်တော်တော့ အားထုတ်ရတဲ့ရဟန်း၊ ဒါ ဘုရားကသိတယ်၊ တော်တော်တော့ ဝိပဿနာလုပ်တဲ့ ရဟန်းပဲ ပေါ်လာပြီ ဝိပဿနာတော့ တော်တော်လုပ်တဲ့ ရဟန်းပဲတဲ့။

ဒကာ ဒကာမတို့ ဘာလိုနေတာတုံး မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ငါ့ရဟန်းလေးက မဖြေသင့်တာ ဖြေနေတာတော့ဖြင့် သူမှားတာ အမှန်ဘဲ၊ သို့သော်လည်း ဝိပဿနာအလုပ်တော့ တော်တော်လုပ်တဲ့ပုဂ္ဂိုလ်ဆိုတော့ ဝိပဿနာရှေ့ကျနေတယ်၊ မကျဘူးလား (ကျပါတယ် ဘုရား) ဒိဋ္ဌိခွါမှုက (နောက်ကျပါတယ် ဘုရား) နောက်ကျနေတယ် လို့ ဘုရားကကို ညည်းတော်မူတယ်။

မဖြေသင့်တာ ဖြေနေတာတဲ့

ငါ့ရဟန်းလေး မဖြေသင့်တာ ဖြေနေတာတဲ့၊ အားတော့အတော်ထုတ်တဲ့ ပုဂ္ဂိုလ်၊ ဒီစကားဟာ ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ ပေါ်လာပြီ (မှန်ပါ) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ငါ့အနုရာဓဟာ အင်မတန် ယောဂဝစရ ပုဂ္ဂိုလ်လေးဖြစ်တယ်၊ တော်တော်တော့ကြိုးစားတဲ့ ပုဂ္ဂိုလ်ပါပဲတဲ့၊ သို့သော် မဖြေသင့်တာ ဖြေနေတယ်လို့ ဆိုသဖြင့် ဦးဘရှင်း ဒါ ဘုရားက အပြစ်တင်လိုက်တာ (မှန်ပါ)။

မတင်သင့်ဘူးလား (တင်သင့်ပါတယ် ဘုရား) ဘာတင်လိုက်တုံး (ဒိဋ္ဌိမကွာဘဲ အားထုတ်နေတယ်တဲ့ပါ ဘုရား) ဒိဋ္ဌိမကွာဘဲ အားထုတ်နေတယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

ဘယ်လိုရှင်းတုံး (ဒိဋ္ဌိမကွာဘဲ အားထုတ် နေပါတယ် ဘုရား) ဪ- သူအားထုတ်နေတာ ကြာလည်း ကြာပြီတဲ့၊ အတော်လည်း အားထုတ်တဲ့ပုဂ္ဂိုလ်ပဲတဲ့၊ နိဗ္ဗာန် မဂ်ဖိုလ်တကယ်လိုချင်တာဘဲတဲ့၊ သို့သော် မဖြေသင့်တာ ဖြေနေတဲ့အတွက် သူ့မှာဖြင့် ဒိဋ္ဌိမကွာဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါ ဘုရား)။

ဒါ ထောက်ကြည့်တော့မှ ဒါကြောင့် သူမရတာကို ဆိုတာကောပေါ်လာတယ် (မှန်ပါ) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) သူ တော်တော်အားထုတ်တဲ့ ပုဂ္ဂိုလ် ဒကာ ဒကာမတို့ ဘုရားကိုယ်တိုင်ကကို ချီးမွမ်းတယ်၊ ချီးမွမ်း ပေမဲ့လို့ ချီးမွမ်းခြေကျောက် ဆိုသလိုပဲ ဦးဘရှင်း ဖြစ်သွားတယ်၊ ချီးမွမ်းခြေကျောက် ဖြစ်သွားတာ ဒကာကာမတွေ အားလုံး၊ ကိုမြင့်တို့ ရိပ်မိရောပေါ့ (မှန်ပါ)။

ရှေ့နောက်အစဉ်လွဲနေပါတယ်

ဘယ်လိုရိပ်မိတုန်း (ရှေ့နောက်အစဉ်လွဲနေပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေ ရှေ့နောက်အစဉ် လွဲနေ ပါတယ်ဆိုတာ ဘုရားက စွဲချက်တင်လိုက်တယ်၊ ရှေ့နောက် (အစဉ်လွဲနေပါတယ်)။

ရှေ့နောက် အစဉ်လွဲနေတဲ့အတွက် ဘုရားကပဲ ဒကာ ဒကာမတို့ စွဲချက်တင်လိုက်တော့ကို ဘုရားကပဲ ဆုံးဖြတ်ချက်ချပြီ၊ ငါ့ရဟန်းလေးဟာ တော်တော် အားထုတ်တဲ့ ပုဂ္ဂိုလ်ပဲ။ အနိစ္စ, ဒုက္ခ, အနတ္တတွေတော့ မြင်သားပဲ၊ သူမြင်တာနဲ့ ခွါပေးရမှာပဲ (မှန်ပါ) ဟောဒီလို လာတယ်၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) သူမြင်တာနဲ့ (ခွါပေးရမှာပါ ဘုရား)။

ကိုင်း ဘယ်သူကရှေ့ဘယ်သူက နောက်တုန်း မေးစရာလိုသေးလား (မလိုတော့ပါ ဘုရား) သူမြင်တာနဲ့ (ခွါပေးရမှာပါ ဘုရား)။

သူမြင်တာနဲ့ ခွါပေးရမှာဆိုလို့ရှိရင် သူမြင်တဲ့ အနိစ္စ, ဒုက္ခ, အနတ္တဟာ ဒိဋ္ဌိရောနေတဲ့၊ ဒိဋ္ဌိမဖြုတ်ဘဲနဲ့ သူရှု့ နေတဲ့ အနိစ္စ, ဒုက္ခ, အနတ္တဖြစ်နေသောကြောင့် ဝိပဿနာပေးရလိမ့်မယ်၊ ပေးပြီးခွါပေးရလိမ့်မယ် ဆိုတာ ဘုရား၏ စိတ်ထားပါပဲ (မှန်ပါ) ကိုစံလှ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) သူဘာဖြစ်နေတာတုံး (ဒိဋ္ဌိဝိစိကိစ္ဆာ မကွာပါ ဘုရား)။

ရှေ့နောက်လွဲတာလို့ ခင်ဗျားတို့က အတည်ပြုလိုက်ပါတော့ (မှန်ပါ) ဒကာ ဒကာမတို့ ဘာအတည်ပြုလိုက် တာတုံး (ရှေ့နောက်လွဲတာလို့ အတည်ပြုရမှာပါ ဘုရား) ရှေ့နောက်လွဲလို့ အတည်ပြုလိုက်ဆိုတော့ ဘုန်းကြီး ဒကာ ဒကာမတွေ ဒါ အနုရာဓကို ဟောနေတယ်လို့ မယူပါနဲ့၊ အနုဓက သက်သေလုံလောက်အောင်လို့ပြတာပါ၊

ကိုယ်ရှေ့ နောက်မလွဲစေချင်လို့ ပြောနေတာ

ကိုယ်ရှေ့ နောက်မလွဲစေချင်လို့ ပြောနေတာ၊ မလွဲစေချင်လို့ ပြောနေတယ်ဆိုတာ ကိုစောမောင် ကောင်းကောင်းရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။

ကဲ ဒါဖြင့် သတိပဋ္ဌာန်လေးပါးနဲ့ ပထမရှေ့ဦးစွာ သတိပဋ္ဌာန်လေးပါး တစ်ပါးပါး အားထုတ်တော့မယ် ဆိုတော့ ဘာကိုအရင်ရွေးရမလဲ (စရိုက် အရင်ရွေးရမှာပါ ဘုရား) စရိုက်ကိုအရင်ရွေးပါ ဦးပုကြီး ဘာလုပ်ရမတုံး (စရိုက်အရင် ရွေးမှာပါ ဘုရား)။

ပြီးတော့မှ ကိုယ်စရိုက်နဲ့တော်မဲ့ သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးပါးယူ၊ တစ်နံပါတ်ပြီးသွားရော (မှန်ပါ) ယူပြီး သကာလ ဖြစ်ပျက်ရှု့ရမလား မေးတာ့ ကိုစောမောင် ရှုသင့်ပြီလား ရှု့ချိန်ရောက်ပြီလား (မရောက်သေးပါ ဘုရား)။

မရောက်သေးဘူး၊ ကိုယ်ယူမည့်တစ်ပါးကို ဒိဋ္ဌိခွါသဘောကျပြီလား (ကျပါ ဘုရား) ကိုယ်ယူမည့် တစ်ပါးကို (ဒိဋ္ဌိခွါရပါမယ် ဘုရား) တနည်းလေးပါးလုံးကို (ခွါရမှာပါ ဘုရား) ခွါရလိမ့်မယ်၊ သဘောပါလား (ပါပါ ဘုရား) အဲဒီ လိုခွါပြီးနောက်မှ ကိုစောမောင် ဖြစ်ပျက်ရှု့ရလိမ့်မယ် (မှန်ပါ) သဘောကျပြီလား (ကျပါ ဘုရား)။

နည်းပေးနေတာ

ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ ရှေ့ဦးစွာ ကမ္မဋ္ဌာန်း ယူတော့မယ်ဆိုလို့ရှိရင်ဖြင့် ဘာနဲ့လျှော်တာ ဘာယူ ရမယ် (စရိုက်နဲ့လျှော်တဲ့ ကမ္မဋ္ဌာန်းယူရမှာပါ ဘုရား) ကိုယ့်စရိုက်နဲ့လျှော်တာ ယူရမယ်၊ ဒါတရားဟောနေတာ မဟုတ်ဘူး၊ နည်းပေးနေတာ၊ ကဲယူပြီးပါပြီ ကိုစောမောင်၊ အားထုတ်ရုံပဲလား မေးတော့မဟုတ်ဘူး အားမထုတ်နဲ့ဦး သိမှုအရင်လုပ် လိုက်ဦး၊ သဘောကျပြီလား (ကျပါ ဘုရား)

သိမှုဆိုတာ ဘာတုန်းဆိုတော့။ ဒိဋ္ဌိရှိသလား မရှိဘူးလား သိမှု၊ အဲဒီဒိဋ္ဌိခွါတဲ့ အလုပ် သိမှုကို အရင်လုပ်လိုက်ပါ (မှန်ပါ) သဘောကျပြီလား (ကျပါ ဘုရား) ဒိဋ္ဌိသိမှုနဲ့ ခွါပြီးတော့မှ ပွားမှုနဲ့ခွါရမှာကိုး (မှန်ပါ) ပွားမှုနဲ့ ခွါပြီးတော့မှ ပယ်မှုနဲ့ (ခွါရမှာပါ ဘုရား) အခွါ ဘယ်နှစ်မျိုးပါလိမ့် (သုံးမျိုးပါ ဘုရား) သိမှု တစ်နံပါတ် ခွါရမယ်၊ နှစ်နံပါတ် (ပွားမှုနဲ့ခွါရမှာပါ ဘုရား) သုံးနံပါတ်က (ပယ်မှုနဲ့ ခွါရမှာပါ ဘုရား) ပယ်မှုနဲ့ခွါရမယ်ဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ကမ္မဋ္ဌာန်းပေးပြီလို့ အောက်မေ့ပါတော့၊ ကမ္မဋ္ဌာန်းပေးတော့ကို အနုရာဓမင်း သည်ကား ဆိုလို့ရှိရင်ကွာတဲ့၊ ခန္ဓာငါးပါးရှိတယ်၊ ခန္ဓာငါးပါးရှိတဲ့အနက်က ချုံးလိုက်တော့ သတိပဋ္ဌာန်လေးပါး ဖြစ်ပါတယ်၊ ခန္ဓာငါးပါးကို ချုံးလိုက်တဲ့အခါ (သတိပဋ္ဌာန်လေးပါးဖြစ်ပါတယ်) သတိပဋ္ဌာန်လေးပါးဖြစ်တယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ခန္ဓာငါးပါးနဲ့သူ့ကို အရင်ခွါ

အဲဒါ သတိပဋ္ဌာန်လေးပါးထဲက ကိုစောမောင်ရေ တစ်ပါးပါးကို စရိုက်နဲ့ လျော်တာ မယူရပေဘူးလား (ယူရပါ တယ် ဘုရား) ယူပြီးသည့်နောက်မှ သူသည်ကားဆိုလို့လို့ရှိရင် ပထမရှေ့ဦးစွာ သူတို့ သတိပဋ္ဌာန်လေးပါးထဲက ယူငြား သော်လည်း ခန္ဓာငါးပါးနဲ့သူ့ကို အရင်ခွါ (မှန်ပါ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား)။

ခန္ဓာငါးပါးနဲ့ (အရင်ခွါရ မှာပါ ဘုရား) ခန္ဓာငါးပါးကိုယူ ရှေ့ဦးစွာပြပြီးတော့မှ သတိပဋ္ဌာန်လေးပါးနဲ့ဝေဖန်။

ဝေဖန်ပြီးတော့မှ တစ်ခါခန္ဓာငါးပါးကို အကုန်ခွါပေးလိမ့်မယ် တစ်ပါးပါး ငြိနေလျှင်လည်း မရမှာစိုးလို့ (မှန်ပါ ဘုရား) ဒါလေးလည်း သတိထားလိုက်ပါဦး၊ ခန္ဓာက ဘယ်နှစ်ပါးရှိသတုံး (ငါးပါးရှိပါတယ် ဘုရား) သတိပဋ္ဌာန်နဲ့ ဝေဖန်လိုက်တော့ (လေးပါးပါ ဘုရား) လေးပါးပဲရှိတော့တယ် လေးပါးကို တစ်ခါဖြန့်လိုက်တော့ ငါးပါးပြန်မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ဘာဖြစ်လို့ ပြန်ဖြန့်ရပါလိမ့်မတုံး တစ်ခုခုကပ်နေမှာစိုးလို့ (မှန်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သိတဲ့အတိုင်း အနုရာဓဟောတော့ ဒါ ငါဝေဖန်ပြီးပြီ မင်းသည်ကားဆိုလို့ရှိရင် ဒီခန္ဓာငါးပါးကို သေသေချာချာ အနုရာဓ မင်းမှတ်ဆိုပြီး သကာလ ကိုစောမောင်ရေ ဝိပဿနာ အရှု့ခိုင်းတယ်၊ ဒိဋ္ဌိခွါပြီး (မှန်ပါ ဘုရား) ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အနုရာဓ မင်းသည်ကား ဆိုလို့ရှိရင် ဟောဒီရုပ်လေးကို အနိစ္စယူမလား နိစ္စယူမလားလို့ မေးလိုက်ပါတယ် (အနိစ္စယူပါမယ် ဘုရား)။

အနိစ္စယူရမယ်၊ သဘောပါပြီလား (ပါပါတယ် ဘုရား) ရုပ်တရားလေးတစ်လုံးကိုနော် (မှန်ပါ ဘုရား) ရုပ်ဆိုတာ ဘယ်နှယ့်ကြောင့် ရုပ်တုံးဆိုတော့ ဖောက်ပြန်ပျက်စီးတာ ရုပ်လို့ဆရာဘုန်းကြီး ဟောပြီးပြီ (မှန်ပါ ဘုရား)။

ပင်ကိုယ် သဘောစွန့်တာ

ဖောက်ပြန် ပျက်စီးတာ ရုပ်ပါ ဟောထားတော့ ဖောက်ပြန်တာနဲ့ ပျက်စီးတာဟာ ဖောက်ပြန်တယ် ဆိုတာလည်း ပင်ကို သဘော စွန့်တာ၊ ပျက်စီးတယ်ဆိုတာလည်း ပင်ကိုယ် သဘောစွန့်တာ ဒါဖြင့် ခင်ဗျားတို့ ပင်ကိုသဘောကို စွန့်မှအမှန်ရောက်မယ်။

ခင်ဗျားတို့ ရှု့တဲ့အခါတော့ ပင်ကိုသဘောစွန့်လား၊ မစွန့်ဘူးလား၊ စွန့်တဲ့အခြေအနေရောက်မှ ကိုစောမောင် အနိစ္စမှန် (မှန်ပါ) အနိစ္စမှန်ဆိုတာ ဘာပါလိမ့် (ပင်ကိုသဘော စွန့်တာပါ ဘုရား) ပင်ကိုသဘောစွန့်မှ ရုပ်ဟာ ရုပ်သဘော စွန့်မှ၊ ဝေဒနာဟာ (ဝေဒနာသဘောစွန့်မှပါ ဘုရား) သညာဟာ (သညာသဘောစွန့်မှပါ ဘုရား) အင်း သင်္ခါရကကော (သင်္ခါရ သဘောစွန့်မှပါ ဘုရား) စိတ်ဟာ (စိတ်သဘောစွန့်မှပါ ဘုရား)။

ဟော ကိုစောမောင် အနိစ္စဆိုတာ ဒါဆိုတာပါလား (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ပင်ကိုသဘောစွန့် တာက အနိစ္စ၊ ပင်ကိုသဘောကို မစွန့်ဘဲနဲ့ အသီးသီးဟာ ဒါရုပ်- ဒါဝေဒနာ -ဒါသညာ ဘဲလို့ သိတာက ဒိဋ္ဌိခွါတာ၊ ပင်ကိုသဘောစွန့်တာ သိမှ ဝိပဿနာရှု့တာ၊ ဒါသေသေချာချာ မှတ်ပါ၊ ဒကာ ဒကာမတို့ သူအမည်နာမနဲ့ ခန္ဓာကိုယ်ထဲမှာ သိနေတာက ဒါ-ဘာခွါတာတုံး (ဒိဋ္ဌိခွါတာပါ ဘုရား)။

ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ဦးဘကလေး ရှင်းပြီ(မှန်ပါ)။

အခုခန္ဓာငါးပါးက နဂိုက ငါးပါးရှိတယ်၊ ငါးပါးရှိတဲ့ အနက်က ဒကာ ဒကာမတွေ ပုဂ္ဂိုလ်သတ္တဝါ ပျောက်သွားပြီ၊ ခန္ဓာငါးပါးမှတစ်ပါး အပိုအလျှံမရှိဘူးလို့ သိတာသည် ကိုစောမောင် ဘာတုန်း (ဒိဋ္ဌိခွါတာပါ ဘုရား) အဲဒါ ဉာတပရိညာပြီးသွားပြီ (မှန်ပါ) သိမှုပြီးသွားပြီ (မှန်ပါ)။

ပွားမှုနဲ့ပယ်ကြစို့

ဒကာ ဒကာမတို့ ဘာပြီးသွားပြီတုံး (သိမှုပြီးသွားပါပြီ ဘုရား)ကိုင်း ပွားမှုနဲ့ပယ်ကြစို့ဆိုတော့ ဒီ-ဒိဋ္ဌိ (မှန်ပါ) ပွားမှုနဲ့ပယ်ကြပေတော့ ဆိုတဲ့ဥစ္စာက ဘယ်နှယ်ကြောင့် ဒီတရားကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဒုတိယအချက် ဟောရပါလိမ့်မတုံးဆိုတော့ ပွားမှုကို မမေးထိုက်ဘူးလား (မေးထိုက်ပါတယ် ဘုရား) ဒိဋ္ဌိတော့ ကွာတော့ ကွာတယ်တဲ့ ဒကာ ဒကာမတို့။ သူသိရုံလေး ခန္ဓာငါးပါးလို့ သူသိပြီး သကာလ နေတာ၊ ပင်ကိုသဘောစွန့်တာ မသိသေးလို့ရှိရင်ဖြင့်တဲ့ သညာနဲ့ကွာတာ၊ ပညာနဲ့ကွာတာ မဟုတ်သေးဘူး (မှန်ပါ) ဒါ-သေသေချာချာမှတ်ပါ (မှန်ပါ)။

ဒီ-ငါးပါးတော့သိပြီ၊ ဘယ်အချိန်ဘဲပွားပွား ဒီငါးပါးကို မသိကြဘူးလား (သိကြပါတယ် ဘုရား) သိပြီ ပူတာ-အေးတာရုပ်ပဲ၊ ခံစားတာ ဝေဒနာ၊ မှတ်တာက သညာ၊ ပြုပြင်စေ့ ဆော်တာ သင်္ခါရ။ သိတာ ဝိညာဏ်၊ ဒါလောက်သိရင် ဒိဋ္ဌိတော့ ကွာပါရဲ့တဲ့၊ သညာနဲ့ကွာတာ၊ ကိုစောမောင်ဘာနဲ့ကွာတာတုံး (သညာနဲ့ ကွာတာပါ ဘုရား)။

အဲ့တော့ ပညာနဲ့ ကွာတာ ကျန်နေတယ်၊ ပညာကလည်း နှစ်မျိုးယူပါ၊ လောကီပညာနဲ့ ကွာတာတစ်မျိုး- လောကုတ္တရာ ပညာနဲ့ကွာတာ တစ်မျိုး (မှန်ပါ) ကိုစောမောင် ဒီလိုခွဲရအုံးမှာဗျ (မှန်ပါ) ဒီလိုမှ စိပ်စိပ်ရှင်းရှင်း မလာလို့ဆိုရင်ဖြင့် ကိုစံလှ ကိုယ်ကျိုးနည်း ပြီလို့သာ အောက်မေ့တော့ (မှန်ပါ)။

ကဲ ဒါဖြင့် ရှေ့ဦးစွာ အခု ခန္ဓာငါးပါးထဲမှာ ပုဂ္ဂိုလ်သတ္တဝါ မပါပါဘူး ကိုစောမောင်ရေ (မှန်ပါ) ဒါ-ခင်ဗျား တို့ ပညာနဲ့ခွဲထားတာလား-သညာနဲ့ ခွါထားတာလား (သညာနဲ့ ခွါထားတာပါ ဘုရား) ဆရာဘုန်းကြီးပေးတဲ့ အမှတ် အသားနဲ့ ခွါထားတာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ကဲ ဒီကရှေ့တက်ကြစို့၊ ကိုစောမောင် အလုပ်ခွင်ဝင်ကြစို့ (မှန်ပါ) အလုပ်ခွင်ဝင်ကြစို့ ဆိုတော့ လောကီပညာနဲ့ ခွါရလိမ့်မယ် (မှန်ပါ)။

လောကီပညာနဲ့ ခွါတော့မယ်

သဘောကျပြီလား (ကျပါပြီ ဘုရား) လောကီပညာနဲ့ ခွါတော့မယ်ဆိုတော့ ရုပ်ဟာသဘောစွန့် (ပင်ကိုသဘော စွန့်ပါ ဘုရား) သူ့သဘောသူစွန့်တယ် (မှန်ပါ) ရုပ်ကိုမကြည့်ရဘူး (မှန်ပါ) ရုပ်ဟာ ရုပ်သဘောစွန့်သွားတော့ ရုပ်ရှိသေး ရဲ့လား (မရှိပါဘူး) ဝေဒနာဟာ ဝေဒနာသေတာစွန့်ရင် (ဝေဒနာမရှိပါ ဘုရား)သညာ-သညာ သဘောစွန့်ရင် (သညာ မရှိတော့ပါ ဘုရား) သင်္ခါရဟာ သင်္ခါရသဘောစွန့်ရင် (သင်္ခါရမရှိတော့ပါ ဘုရား)။

အဲဒီ သဘောစွန့်တာလေးတွေကို မြင်အောင် ကြည့်နိုင်လို့ရှိရင်ဖြင့် လောကီပညာဟာ ကိုစောမောင်ပိုင်ပြီး သဘောကျပြီလား (ကျပါပြီ ဘုရား) အဲတော့ ရုပ်ရှု့နေတာဗျ။ ရုပ်ချည်းတွေ့နေတာပဲ ဆိုလို့ရှိရင်ဖြင့် ဒါ-တီရဏပရိညာ ဆိုတော့ ပွားမှုဟုတ်ကို မဟုတ်ဘူး (မှန်ပါ)။

ဒကာကြီးလှိုင် သေသေချာချာ မှတ်နော် (မှန်ပါ) ဒါ အလုပ်ခွင်မို့ သေသေချာချာ ပြောနေပါတယ်၊ ဒကာ ဒကာမတို့၊ ကဲဒါဖြင့် ဒကာ ဒကာမတို့ ရှု့လိုက်တဲ့အခါကျတော့ လို့ရှိရင်ဖြင့် ကဲအကုန် ပြောနေလို့ရှိရင် ပြီးမှာမဟုတ် တော့ ကိုစောမောင်ရေ စိတ်တစ်လုံးတည်း ပြောမယ် (မှန်ပါ)၊ စိတ်တစ်လုံး ပြောကြပါစို့တဲ့၊ ဒကာ ဒကာမတို့ ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်တွေပဲ စိတ်ပဲ၊ ကဲမူတည်လိုက်ဦးတော့ စိတ်မူတည်လိုက်တဲ့အခါကျတော့။ စိတ်ဟာ သူဟာ၊ ကြံစည်အောက်မေ့ တတ်တာကို စိတ်လို့ခေါ်တယ် (မှန်ပါ)။

စိတ်ဆိုတာ ဘာတုံး

ဒကာ ဒကာမတို့ စိတ်ဆိုတာ ဘာတုံး (ကြံစည်အောက်မေ့တတ်တာပါ ဘုရား)ကြံစည်အောက်မေ့တာ၊ အာရမ္မဏံ စိန္တေတီတိ စိတ္တံ ပေါ့ဗျာ- အာရမ္မဏံ- အာရုံကို စိန္တေတိ- ကြံ တတ်၏ ဣတိတသ္မာ ထို့ကြောင့် စိတ္တံ စိတ်မည်၏။ စိတ်ဆိုတာ ကိုစောမောင်ဘာတဲ့တုံး (အာရုံကိုကြံစည်တတ်တာပါ ဘုရား)။

အဲဒီ ကြံစည်အောက်မေ့တတ်တဲ့ သဘောလေးစွန့်သွားတာကို မြင်တော့မှ ဝိပဿနာအမြင် (မှန်ပါ) သဘော ကျပြီလား (ကျပါပြီ ဘုရား) ကြံစည်အောက်မေ့တတ်တဲ့ သဘောလေးစွန့်သွားရင် (ဝိပဿနာပါ ဘုရား) ဝိပဿနာအမြင် ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) ဒါဖြင့် ဒီစိတ်ကလေးတစ်ခု ခင်ဗျားတို့ သန္တာန် ဘယ်စိတ်လာလာ ပုထုဇဉ် သန္တာန်လာတဲ့ စိတ်ကို ရှု့ရလိမ့်မယ် ဆိုတာကော ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

လာတဲ့စိတ်ကို ရှု့ပါ

ပုထုဇန်သန္တာန် လာတဲ့စိတ်ကို ရှု့ပါတဲ့၊ လောဘလာရင် လောဘရှု့၊ ဒေါသလာရင်ရှု၊ မောဟလာလည်း ရှု့ပါတဲ့၊ ဣဿလာကော (ရှု့ရပါမယ် ဘုရား) မစ္ဆရိယလာရင်ကော (ရှု့ရမှာပါ ဘုရား) အိပ်ချင် ထိုင်းမှိုင်းတဲ့ စိတ်လာရင်ကော (ရှု့ရပါမယ် ဘုရား) အင်း ရှု့ရလိမ့်မယ် ဒကာ ဒကာမတို့။

ရှု့စိတ် ရှိုက်စိတ်ကလေးကော (ရှု့ရပါမယ် ဘုရား) အင်း စားစိတ်ဝါးစိတ်ကလေးကော (ရှု့ရပါမယ် ဘုရား) ကြားစိတ်ကလေးတွေကော (ရှု့ရပါမယ် ဘုရား)၊ ယားစိတ်ယံစိတ်တွေကော (ရှု့ရပါမယ် ဘုရား) ရှု့ရမှာ၊ ကိုယ်သန္တာန် လာတဲ့စိတ်ဟူသ၍ကိုဖြင့် ဒကာ ဒကာမတို့ ဧဟိပဿိကောနဲ့လုပ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား) ချုပ်သွား တဲ့တရားက ဧဟိလာပါ-ပဿရှု့ပါ။

ကိုစောမောင် ဧဟိက လာပါ၊ ပဿက (ရှု့ပါ ဘုရား) လာရှု့၊ ဒကာ ဒကာမတို့ စိတ်က ဘယ့်နှယ်ခေါ်ပါလိမ့် (လာရှုပါတဲ့ ဘုရား) လာရှုပါ ဆိုတော့ ကိုစောမောင်တို့က စိတ်ပေါ်တာကို လာမရှု့ရပေဘူးလား (ရှု့ရပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား) ဧဟိက (လာပါတဲ့ ဘုရား) ပဿက (ရှု့ပါတဲ့ ဘုရား) ဟင်-သူက ဘယ်လိုများခေါ် ပါလိမ့် (လာရှု့ပါတဲ့ ဘုရား) လာရှု့ပါဆိုတော့ ခင်ဗျားတို့က ကျုပ်ကို အာရုံပြုပြီး နေပါလို့။ ရှု့ပါလို့ ကျုပ်ဘာဖြစ်တယ် ဆိုတာ ခင်ဗျားရှု့ပါဆိုတာ မဂ္ဂင်ကိုခေါ်တာ (မှန်ပါ) စိတ်က ဘယ်သူ့ကိုခေါ်တုံး (မဂ္ဂင်ကိုခေါ်ပါတယ် ဘုရား) ရှင်းပြီ နော်။

ဝိပဿနာအလုပ်အစစ်တွေကို ပေးနေတယ်

ဒါ-ဝိပဿနာအလုပ်အစစ်တွေကို ပေးနေတယ် (မှန်ပါ) စိတ်က ဘယ်လိုခေါ်တုံး (လာရှု့ပါတဲ့ ဘုရား) လာရှု့ပါ ခေါ်တယ်၊ ဘယ်နှယ်တဲ့ (လာရှု့ပါတဲ့ ဘုရား) ဘယ်သူကခေါ်တာတုံး (စိတ်ကခေါ်တာပါ ဘုရား) ဒါဖြင့် ဒကဒကာမတို့ အရှု့ခံက အရှုဉာဏ်ကို ခေါ်သည် (မှန်ပါ)။

အရှု့ခံတရားက (အရှုဉာဏ်ကို ခေါ်ပါသည် ဘုရား) အရှု့ခံတရားက အရှု့ဉာဏ်တရားကို ခေါ်တဲ့သဘော (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား) အဲဒီလို ခေါ်တဲ့အခါကျတော့ကိုတဲ့ ခေါ်လို့သွားတယ် ခေါ်လို့က ခင်ဗျား တို့က ဥပမာ လောဘစိတ်ကလေး ပေါ်လာတယ်၊ အင်း-သူက ကျုပ်လောဘပါပဲဆိုပြီး သကာလ ခင်ဗျားတို့က နောက်က လောဘဖြစ်တယ်လို့ မသိရပေဘူးလား (သိရပါတယ် ဘုရား) သိတာ သူခေါ်လို့လာတာ (မှန်ပါ) လောဘက ခေါ်လို့လာတာ၊ ကိုစောမောင် လောဘက မခေါ်ရင် မဂ္ဂင် (မလာပါ ဘုရား) မလာဘူးဆိုတာ သေချာပြီလား (သေချာ ပါပြီ ဘုရား)။

ခေါ်တဲ့တရားကလည်း နာမ်၊ အခေါ်ခံရတဲ့ တရား၊ လာမဲ့တရားကတော့ (နာမ်ပါ ဘုရား) နာမ်ဆိုတော့ နှစ်ခုဖြစ်ကြောင်းရဲ့လား (မဖြစ်ကောင်းပါ ဘုရား) မဖြစ်ကောင်းတော့ သူကခေါ်လည်းခေါ်တယ် သူ့သဘောလည်း ပြောပြတယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ခေါ်လည်းခေါ်တယ် (သူ့သဘောလည်း ပြောပြပါတယ် ဘုရား) ခေါ်လည်းခေါ်တယ်ဆိုတာက ကျုပ်လောဘ ဖြစ်နေတယ်လို့ခေါ်တာ။

ခေါ်တော့ ဒီကလည်း လာတယ်-မဂ္ဂင်ကလာတယ်၊ လောကီသမားက၊ လာတဲ့အခါကျတော့ကို ဒကာ ဒကာမတို့ မရှိဘူး (မှန်ပါ ဘုရား) သူ့သဘောသူစွန့်သွားတယ်၊ လောဘသဘောက (စွန့်သွားပါတယ် ဘုရား) ကျုပ်ဟာကျုပ်ကို ကျုပ်မနိုင်ပါဘူး။

လက္ခဏာကို သွားတွေ့တယ်

ကျုပ်သည်ကားဆိုလို့ရှိရင်ဖြင့်တဲ့၊ ကျုပ်သဘောစွန့်ပါပြီ ဆိုတဲ့အကြောင်းကို လာလိုက်တဲ့တရားလည်း လာပါရော့ သူပင်ကိုသဘောစွန့်ပြီးသား ဖြစ်နေတယ် (မှန်ပါ ဘုရား) မစွန့်ဘူးလား (စွန့်ပါတယ် ဘုရား) အဲ-ပင်ကိုသဘောစွန့်ပြီး သား ဖြစ်နေတာကို ကိုစောမောင်က ဦးဘရှင်းတို့က မြင်ပါမှ လက္ခဏာကို သွားတွေ့တယ်၊ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား) ဘာသွားတွေ့တုန်း (အနိစ္စ၏လက္ခဏာကို သွားတွေ့တယ်) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် အနိစ္စတွေ့ရုံနဲ့၊ အနိစ္စဆိုတာက ဒီတရားလေးဟာ အနိစ္စရောက်မဲ့တရားလို့ သိတာအနိစ္စဘဲ (မှန်ပါ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား) လက္ခဏာကတော့ ဒီတရားလာတဲ့အချိန် တွေ့မှ လက္ခဏာတွေ့မယ် (မှန်ပါ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား) ဒါဖြင့် အနိစ္စနဲ့လက္ခဏာ ဘယ်ဟာမိမှ အချိုးကျပါလိမ့် (လက္ခဏာ မိမှ အချိုးကျပါမယ်) ဒါ-သေသေချာချာ မှတ်ပါတဲ့၊ ဒါ-အလုပ်စဉ်ကို သေသေချာချာပြောနေတယ် (မှန်ပါ ဘုရား)။

သေသေချာချာ ပြောနေတာဆိုတာ ဒီဟာပြောရတာက ကျင်ပြီးပြောရတာ မဟုတ်တော့ ခင်ဗျားတို့ ထင်မြင်မှု ဂရုစိုက်ရတဲ့အတွက် ဪ-အနိစ္စလက္ခဏာ မြင်မှ တို့သည်ကားဆိုလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ပြတ်ပါလား ဆိုတာ မှတ်ပါ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

ဘာမြင်မှပါလိမ့် (အနိစ္စ၏လက္ခဏာမြင်မှပါ) ဧဟိပဿိကောဆိုပြီး ရှေ့ပိုင်းက စိတ်ကလေးကခေါ်တယ် (မှန်ပါ ဘုရား) ခေါ်လို့လာတဲ့အခါကျတော့ ဉာဏ်သည်လာတဲ့တရားသည် ဘာကို တွေ့သတုန်းလို့ မေးလို့ရှိရင် ကိုစောမောင် စိတ်တွေ့သလားတဲ့ စိတ်၏အနိစ္စလက္ခဏာကို တွေ့သလား (အနိစ္စ၏ လက္ခဏာကို တွေ့ပါတယ်)။

စိတ်၏အနိစ္စလက္ခဏာတွေ့ဖို့

အဲ-စိတ္တာနုပဿနာလို့ ဆိုငြားသော်လည်းတဲ့၊ သူဟာ၊ ပြောမဖြစ်လို့ပြောတာ (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါတယ် ဘုရား) စင်စစ်စိတ်တွေ့ဖို့ မဟုတ်ပါဘူး (မှန်ပါ) စိတ်၏ အနိစ္စလက္ခဏာတွေ့ဖို့ပါ၊ သဘောပါပြီလား (ပါ-ပါပြီ) စိတ်တွေ့ဖို့လား (စိတ်၏အနိစ္စလက္ခဏာ တွေ့ဖို့ပါ)။

စိတ်တွေ့နေလို့ရှိရင် ခင်ဗျားတို့ခက်ပြီ၊ စိတ်တွေ့နေလို့ ရှိရင် ဒီကမ္မဋ္ဌာန်းဆရာ အလကားဆရာလို့မှတ်ပါ (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါတယ် ဘုရား) ခင်ဗျားတို့က တွေ့နေတဲ့ပုဂ္ဂိုလ်လည်း အရူးမို့လို့ တွေ့တယ်လို့ ပြောတာ (မှန်ပါ ဘုရား)။

နှစ်စိတ်ပြိုင်ကောင်းရဲ့လား (မပြိုင်ကောင်းပါ ဘုရား) မပြိုင်ကောင်းဘူးဆိုတာ သေချာပြီမှတ်လား (သေချာ ပါပြီ ဘုရား)ခေါ်တော့မခေါ်ဘူးလား (ခေါ်ပါတယ်) ခေါ်တော့ ခေါ်တယ်နော်၊ ဥပမာမယ် ခင်ဗျားတို့ ရှင်းသတက် ရှင်းအောင်ပြောမယ်ဆိုတော့ ခြင်လေးက ပခုံးကျောလည်မှာ ကိုက်နေတယ် ဆိုပါတော့ ကိုစောမောင် (မှန်ပါတယ် ဘုရား) ကျောလည်မှာကိုက်နေတဲ့အခါကျတော့ မယားလား (ယားပါတယ် ဘုရား) လက်ကလေးက သွားလိုက်တဲ့အခါ ကျတော့ ခြင်ရှိသေးလားလို့မေးရင် (မရှိတော့ပါဘူး ဘုရား) ဪ-ခြင်မရှိတော့ဘူး။

ဖောက်ပြန်ပျက်စီးတာတွေ့မှ

ဒါဖြင့် ခေါ်သာခေါ်တယ် ခြင်မတွေ့ဘူး၊ ဘာတွေ့သတုန်း မေးတဲ့အခါကျတာ့ ဖောက်ပြန်နေတာ တွေ့တယ်၊ မယားတာမှ ယားတာတွေ့တယ် (မှန်ပါ ဘုရား) မယားတာမှ ယားတာတွေ့တယ်၊ ဒါဖြင့် ဖောက်ပြန်နေတာဘဲ (မှန်ပါ ဘုရား) ပင်ကိုက အယားလား-မယားတာချုပ်သွားလို့ ယားတာ ပေါ်နေတာလား (မယားတာချုပ်သွားလို့ ယားတာပေါ် နေတာပါ)။

အဲ-ဖောက်ပြန်ပျက်စီးတာတွေ့မှ ကိုစောမောင် ပင်သဘောစွန့်တာ၊ ခြင်ကိုမတွေ့မှ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒီမှလည်း စိတ်ကခေါ်ငြားသော်လည်း ဘာမတွေ့မှတုန်း (စိတ်မရှိတာတွေ့မှပါ ဘုရား) သေသေချာချာမှတ်ပါ၊ သေသေချာချာ ရှင်းရှင်းလင်းလင်းပြောနေတယ်၊ စိတ်ကခေါ်ငြားသော်လည်း (စိတ်မရှိတာတွေ့ရမှာပါ)အဲ-ခြင်ဆီကို လက်ကသွားငြားသော်လည်း ခြင်မတွေ့စေနဲ့တဲ့၊ ခြင်သတ္တိတွေ့ရင် ပြီးတာပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား) ခြင်တွေ့နေလို့ရှိရင် ကိုစောမောင် ဘယ်နေရာကျမတုန်း (မကျပါ ဘုရား)။

ဒါက ဥပမာပြောတာနော်၊ ခုနင်က အစားလွန်ကဲနေတဲ့ ခြင်ကိုတော့ ခင်ဗျားတို့ ဖိသတ်ရင် တွေ့ချင် တွေ့မှာပေါ့ ဥပမာပြောတာပါ။ သဘောပါပြီလား (ပါ-ပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဧဟိဿိကော ဧဟိလာခဲ့ပါ၊ ပဿရှု့ပါလို့ ဆိုငြားသော်လည်း ကိုစောမောင်ရေ ရှု့ပါလာပါလို့ခေါ်တာလည်း အမှန်၊ သွားလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ပင်ကိုသဘော စွန့်သွားတာလည်း အမှန်၊ အဲဒီပင်ကို သဘောစွန့်သွားတာလေး ဒကာ ဒကာမတွေ မြင်လို့ရှိရင်ညနေအားထုတ် မနက် ရပါတယ်(မှန်ပါတယ် ဘုရား)။

အနိစ္စလက္ခဏာမတွေ့သေးလို့ ရှိရင်ဖြင့်တဲ့

မနက်အားထုတ် (ညနေရပါတယ်) ညနေရပါတယ်ဆိုတာ ဘုရားဟောပါ (မှန်ပါ ဘုရား)ကိုပေါ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)ဒါဖြင့် ကျုပ်တို့ရှု့တဲ့အခါ ဘာတွေ့ဖို့လိုပါလိမ့်ဗျာ (ပင်ကိုသဘောကို စွန့်သွားတာကို တွေ့ဖို့လိုပါတယ်) သဘောကျပြီလား (ကျပါတယ် ဘုရား)။

အနိစ္စလက္ခဏာမတွေ့သေးလို့ ရှိရင်ဖြင်တဲ့၊ ဒကာ ဒကာမတို့ တရားမမှန်သေးဘူး လို့မှတ် (မှန်ပါ ဘုရား)တရား (မမှန်သေးဘူးလို့ မှတ်ရပါမယ်) မမှန်သေးဘူးလို့ သေသေချာချာမှတ်ပါ။

ဒါကရှုမှုရှိုက်မှုတွေ ပြောနေတာမဟုတ်ဘူးနော်၊ တကယ့် နိဗ္ဗာန်တရားကိုပြောနေတာ၊ သဘောကျပြီလား (ကျပါတယ် ဘုရား) ရှုမှုရှိုက်မှုတွေ ပြောနေတာ မဟုတ်ဘူး၊ ရှုမှုရှိုက်မှုကတော့ ရှုတယ်ရှိုက်တယ် သိနေပြီးတာဘဲ၊ ဒါ-ပြီးနေတာပါဘဲ၊ တကယ့်ဝိပဿနာ ကျလာတော့ ဧဟိပဿိကော လက်လွှတ်လို့ မရပါဘူး (မှန်ပါ ဘုရား) သဘောကျ ပြီလား (ကျပါတယ် ဘုရား) ဧဟိပဿိကောကို (လက်လွှတ်လို့ မရပါဘူး) လက်လွှတ်လို့ဘယ်ရမလဲ ကိုစောမောင်ရဲ့၊ ဧဟိ-လာခဲ့ပါ။ ပဿ-ရှုဆိုတာက ချုပ်သွားတဲ့တရားက ခေါ်တာပါ၊ ချုပ်သွားတဲ့တရားက ဘာခေါ်တာတုန်း (မဂ္ဂင်ကိုခေါ် တာပါ)။

ချုပ်သွားတဲ့တရားက မဂ္ဂင်ကိုခေါ်တာ

မဂ္ဂင်ကိုခေါ်တာ ရှင်းပလား (ရှင်းပါတယ် ဘုရား) ချုပ်သွားတဲ့တရားက (မဂ္ဂင်ကိုခေါ်တာပါ) အဲ မဂ္ဂင်ကိုခေါ် တော့ မဂ္ဂင်ဒီနေရာရောက်တော့ ကိုစောမောင် သူရှိသေးရဲ့လား (မရှိတော့ပါဘူး ဘုရား)

ဒါဖြင့် မရှိခြင်းလက္ခဏာဟာ အနိစ္စလက္ခဏာ၊ မရှိခြင်းလက္ခဏာဟာ (အနိစ္စလက္ခဏာပါ) ပင်ကိုတကယ်မရှိဘူး ဆိုရင်လည်း ပညတ်ဖြစ်သွားပြီ (မှန်ပါ ဘုရား) ရှိရာကို မရှိတာမှ လက္ခဏာ (မှန်ပါ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား)။

ပင်ကိုက မရှိလို့ရှိရင် ပညတ်၊ ပင်ကိုကမရှိရင် (ပညတ်ပါ) အဲဒါကျတော့ ဧဟိပဿိကောက မခေါ်ဘူး (မှန်ပါ ဘုရား) ခေါ်ကြရဲ့လား (မခေါ်ပါဘူး ဘုရား) အဲဒါကြောင့် ဧဟိပဿိကောကလည်း ခေါ်ရမယ်၊ သဘောကျရဲ့ လား (ကျပါတယ် ဘုရား) ပြီးတော့ကို ခေါ်လို့ရောက်တဲ့အချိန်မှာလည်း မရှိဘူး (မှန်ပါ ဘုရား)။

ဒီနှစ်ခုညီရင် ခင်ဗျားတို့ ခဏလေးပေါက်ရောက်တော့မယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား) ဒီနှစ်ခုညီရင် (ခဏလေးပေါက်ရောက်တော့ မှာပါ) ခေါ်တာက၊ အရှုခံတရားက ဧဟိပဿိကော (မှန်ပါ)။

ဧဟိ လာခဲ့ပါ။ ပဿ-ရှုပါလို့ ခေါ်လဲခေါ်တယ် ကိုစောမောင် ရှိလည်းမရှိဘူး၊ ခေါ်တာက သူဘယ်သူခေါ်တာ တုံး (အရှုဉာဏ်ကိုခေါ်တာပါ) အရှုဉာဏ်ကိုခေါ်တာ၊ အရှုဉာဏ်ကလည်း သူ-ဒီနေရာကို ဦးတည်လိုက်ပါရော ကိုစောမောင် ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဒါဖြင့် ခင်ဗျားတို့တွေ့တဲ့အခါ ဘာတွေ့တုန်းဆိုတော့ ဘယ်နှယ် ဖြေကြမတုန်း (မရှိတာကိုတွေ့ပါတယ်) မရှိတာကိုတွေ့တယ်ဆိုတော့ မရှိတာ ဘယ်သူ၏လက္ခဏာတုန်း (အနိစ္စ၏ လက္ခဏာပါ)။

လက္ခဏာတွေ့မှအမှန်

သူဟာ ပင်ကိုက အနိစ္စသဘော (မှန်ပါ ဘုရား) ပင်ကိုက အနိစ္စတရားလေး၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား) အနိစ္စတရားလေးသွားပြီး ရှုလိုက်တဲ့အခါကျတော့ ဒါသူ့ လက္ခဏာဒီကလည်း ဧဟိပဿိကောနဲ့ ခေါ်လို့လာလည်း လာပါရော သူလည်းမတွေ့တော့ဘူး (မှန်ပါ ဘုရား) တွေ့သေးရဲ့လား (မတွေ့ပါဘူး ဘုရား)။

မတွေ့တော့ အနိစ္စ တွေ့ သလား-အနိစ္စရဲ့လက္ခဏာတွေ့သလား (လက္ခဏာတွေ့ပါ ဘုရား) လက္ခဏာတွေ့မှ အမှန်၊ ကိုစံလှရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

ဘာတွေ့မှတုန်း (လက္ခဏာတွေ့မှပါ ဘုရား) ဒီလိုသာဘုန်းကြီး အခုပြောသလို ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ စိတ်ကလေးက ဥပမာ-ယားတဲ့စိတ်ကလေးက လက်မောင်းမှာပေါ်တယ်- ပေါ်တော့ ကိုစောမောင် အရင်ယားတဲ့စိတ် ကလေးဆီကို ဉာဏ်ကနေပြီးကြည့်လိုက်တဲ့အခါကျလို့ရှိရင် ဉာဏ်ကခေါ်လို့ သွားရပကောဗျ(မှန်ပါ ဘုရား) မသွားဘူး လား (သွားပါတယ် ဘုရား)သွားတဲ့အခါ ယားတာလေးကို မရှိတာတွေ့ရတယ်၊ မရှိတာတွေ့ရင် သူ့လက္ခဏာတွေ့ရတယ်၊ သူက ပင်ကိုက အနိစ္စသာဆိုတယ် လက္ခဏာကို မပြောရသေးဘူး ကိုစောမောင် (မှန်ပါတယ် ဘုရား)။

လက္ခဏာကို ပြောလိုက်တဲ့အခါကျတော့မှတဲ့၊ ဒကာ ဒကာမတို့က ဪ- အနိစ္စဆိုတာ လက္ခဏာမှာ လမ်းဆုံး တယ် (မှန်ပါ ဘုရား) အနိစ္စဆိုတာ (လက္ခဏာမှာ လမ်းဆုံးတယ်) ဒါဖြင့် ခင်ဗျားတို့ သုံးကြတဲ့ အားလုံး ဒကာ ဒကာမ တွေ သုံးနေကြတာ အနိစ္စရှု့ဖို့ပဲ၊ ကိုစောမောင် မသုံးကြဘူးလား (သုံးကြပါတယ် ဘုရား)အနိစ္စရှုဖို့ပဲသုံးကြတယ်၊ ဒကာကြီး ဦးလှိုင် (မှန်ပါတယ် ဘုရား)တွေ့တာက အနိစ္စတွေ့သလား-လက္ခဏာတွေ့သလား (လက္ခဏာတွေ့ပါတယ်)ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

အနိစ္စဆိုတာ ခန္ဓာငါးပါး

ဒါကြောင့် ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာက အနိစ္စန္တိ ခန္ဓာပဉ္စကံ၊ အနိစ္စဆိုတာကွာ-ခန္ဓာငါးပါးရှိနေတာကို ဆိုတာပါ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အနိစ္စလက္ခဏာဆိုတာ ဟုတွာအဘာဝတ္ထေန လက္ခဏာ ဟုထွာဖြစ်ပြီး အဘာဝတ္ထေန ဟိုကမဂ္ဂင် လာတဲ့အခါ မရှိတာမှ သူလက္ခဏာကွ (မှန်ပါ ဘုရား)ရှင်းပြီ၊

ဒါဖြင့် ခင်ဗျားတို့မှတ်စရာက ကိုစံလှတိုပ သေသေချာချာမှတ်၊ ရှိရာက မရှိတာ ဒါ-အနိစ္စလက္ခဏာ (မှန်ပါ ဘုရား) ရှိရာမှ မရှိတာ (လက္ခဏာပါ ဘုရား)။

ဒါကြောင့် ဒီမှာ ဧဟိပဿိကောနဲ့ တစ်လုံးတိုးလိုက်တယ်၊ သန္ဒိဋ္ဌိကောကို ခင်ဗျားတို့လက်မလွှတ်နဲ့ (မှန်ပါ ဘုရား) ဧဟိပဿိကောက ခေါ်သမား၊ သဘောကျပြီလား (ကျပါတယ် ဘုရား) ဧဟိပဿိကောက ခေါ်သမားလို့ဆိုတဲ့အခါ ကျတော့ ဟောဒီတရားက သန္ဒိဋ္ဌိကောဖြစ်ရမယ် (မှန်ပါ ဘုရား)သူကိုယ်တိုင် မြင်ရတယ် (မှန်ပါ ဘုရား)။

ဪ-ရှိရာက မရှိဘူးလို့၊ သူက ဆုံးဖြတ်ချက်ချ-မဂ္ဂင်က ဆုံးဖြတ်ချက်ချ၊ မဂ္ဂင်က ဆုံးဖြတ်ချက် ချလိုက်တဲ့ အခါကျတော့ ဧဟိပဿိကောကို သန္ဒိဋ္ဌိကောနဲ့ လိုက်တယ်၊ လိုက်တော့ လက္ခဏာ သွားတွေ့တယ် (မှန်ပါ ဘုရား)။

သဘောကျပြီလား (ကျပါတယ် ဘုရား)ဧဟိပဿိကော ဘာပါလိမ့် ကိုစောမောင် (အခေါ်သမားပါ) အခေါ် သမားသက်သက် ခေါ်ပြီး ပြေးသလိုဘဲ ကိုစောမောင် ခေါ်ပြေးပြီး သကာလ သန္ဒိဋ္ဌိကောနဲ့ ကျုပ်တို့က ခင်ဗျားတို့ ကျုပ်တို့ လက္ခဏာသွားမတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

ဒါဖြင့် သန္ဒိဋ္ဌိကောနဲ့ လိုက်တဲ့အခါကျတော့ ဘာသွားတွေ့တုန်း (လက္ခဏာတွေ့ပါတယ် ဘုရား) ဧဟိပဿိကော ခေါ်တုံးက ပေါ်စရှိသေး၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

သန္ဒိဋ္ဌိကောနဲ့လည်း လိုက်လိုက်ပါရော

သန္ဒိဋ္ဌိကောနဲ့လည်း လိုက်လိုက်ပါရော ခုနက ဖြစ်နေတဲ့တရားလေး သတ္တိတွေစွန့်သွားတာသာ တွေ့တော့ တယ် (မှန်ပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါတယ် ဘုရား) ဘာတွေ့ပါလိမ့် (သတ္တိစွန့်သွားတာတွေ့ပါတယ် ဘုရား)။

ဒါဖြင့် ဒီနှစ်ခုလွှတ်လို့မရဘူး (မရပါ ဘုရား) ကိုပေါ်လွှတ်လို့မရပါဘူး၊ အားလုံးနောက်က ဒကာ ဒကာမတွေရော (လွှတ်လို့ မရပါ ဘုရား) ဒါနှစ်လုံးတည်းပြောနေငြားသော်လည်း ကိုစောမောင် သဘောဆိုက်အောင် မလွယ်ပါဘူး (မှန်ပါ ဘုရား) ဦးဘရှင်းလွယ်ပါ့မလား (မလွယ်ပါဘူး ဘုရား)။

ကဲ-ဒါဖြင့် ပြန်ပြောတယ်၊ စိတ်ကလေးတစ်ခု ဒကာဒကာတွေ ဘယ်စိတ်လာလာရှု့ပြီ၊ ဘယ်စိတ်လာလာ စိတ်က ဘာလုပ်တတ်သတုန်း မေးလို့ရှိရင် ဘယ့်နှယ်ပြောကြမတုန်း (ဧဟိပဿိကောတဲ့ပါ ဘုရား) ဧဟိလာခဲ့ပါ၊ ပဿရှု့ပါ၊ သူလာရှုပါချည်း မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။

ခေါ်တော့ ခင်ဗျားတို့က ဘယ်ပါဠိတော်နဲ့ လိုက်မတုန်း (သန္ဒိဋ္ဌိကောနဲ့ လိုက်ပါမယ်) သန္ဒိဋ္ဌိကောနဲ့ သာမံပဿိတဗ္ဗော၊ သာမံ ကိုယ်တိုင် ပဿိတဗ္ဗော မြင်အောင် လိုက်မယ်ဆိုပြီး လိုက်လိုက်တဲ့ အခါကျတော့ ကိုစောမောင်ရေ၊ ဟိုကခေါ်ပြေးသွားတတယ် (မှန်ပါ ဘုရား)။

ခေါ်လည်းခေါ် ပျောက်လည်းပျောက်

ခေါ်လည်းခေါ် ပျောက်လည်းပျောက်တယ် (မှန်ပါ ဘုရား)လိုက်လိုက်တဲ့အခါကျတော့ကိုတဲ့၊ အထည်တွေ့ သလား၊ လက္ခဏာတွေ့သလား (လက္ခဏာတွေ့ပါတယ် ဘုရား) လက္ခဏာတွေ့မှ အနိစ္စလက္ခဏာ၊ ဒါကြောင့် သူသည် အနိစ္စဉာဏ်သွားဖြစ်တယ်၊ လက္ခဏာမတွေ့ရင် အနိစ္စဉာဏ် မဖြစ်ဘူးတဲ့၊ ဝေဒနာ တွေ့နေလို့ရှိရင် ဒီဥစ္စာ အနိစ္စဉာဏ် မဖြစ်တဲ့အပြင် နာမပရိစ္ဆေဒဉာဏ် သွားဖြစ်တယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုပေါ် ဒါမလွယ်ဘူးနော် မလွယ်ဘူး၊ ဒကာ ဒကာမတို့ ဒီကနေ့ကို အထူးဂရိုက်ပြီးနာမှပဲ၊ ဦးဘရှင်းရေ လိုရင်းဆိုက်မယ် (မှန်ပါ ဘုရား)အခုပြောနေတာမှ မဆိုက်သေးလို့ရှိရင်လည်း ဒကာ ဒကာမတွေ အတော်လေး အားထုတ် ရမယ် (မှန်ပါ ဘုရား)။

ကဲ-ဒါဖြင့် အခုဓမ္မဂုဏ်တော် ၆ပါးထဲမှာ ဒီနေ့ဘယ်နှစ်လုံးသုံးပါလိမ့် (နှစ်လုံးသုံးပါတယ် ဘုရား) ဧဟိပဿိကောက ရှေ့ကအပျက်က၊ ပျက်မဲ့တရားက ခေါ်တာ၊ သဘောကျပြီလား (ကျပါတယ် ဘုရား) သန္ဒိဋ္ဌိကောက (လိုက်ရမယ့်တရားပါ ဘုရား) လိုက်ရှု့ရမယ်။

သာမံ ပဿိတဗ္ဗော

သာမံပဿိတဗ္ဗော၊ သာမံကိုယ်တိုင်ဆိုတာ ဉာဏ်ကိုပြောတာ (မှန်ပါ ဘုရား) ဉာဏ်ကိုယ်တိုင် လိုက်လာတဲ့ အခါကျတော့ ဘာတွေ့သတုန်း (လက္ခဏာတွေ့ပါတယ် ဘုရား)

ဒါဖြင့် သန္ဒိဋ္ဌိကောလို့ဆိုငြား သော်လည်း ဒကာ ဒကာမ တို့စိတ်က သူခေါ်တော့ ခေါ်တာအမှန်ပဲတဲ့ ခေါ်ပျောက်- ပျောက်ရလိမ့်မယ်(မှန်ပါ ဘုရား) သဘောကျပြီလား (ကျပါ တယ် ဘုရား)ခေါ်ရင်း ခေတ္တနဲ့ (ပျောက်ရပါတယ် ဘုရား) ပျောက်သွားတော့ကို သန္ဒိဋ္ဌိကောနဲ့လည်း ကိုစောမောင်တို့က လိုက်လိုက်ပါရောတဲ့ သူ့လက္ခဏာပဲသွားတွေ့တော့တယ် (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

ဘာတွေ့ရသတုန်း (သူလက္ခဏာဘဲတွေ့ပါတယ်) အဲဒီလိုချည်း ဒကာ ဒကာမခေါ်တိုင်းလိုက်၊ လက္ခဏာတွေ့၊ ခေါ်တိုင်းလိုက်၊ ခေါ်တိုင်း(လိုက်ရပါမယ်) ခေါ်တိုင်းလိုက်ရမယ်၊ လိုက်တဲ့အခါ လက္ခဏာတွေ့၊ ဒါဖြင့် ခေါ်တာကိုလည်း ကိုစောမောင် အရေးကြီးတယ် (မှန်ပါ) လိုက်တဲ့အခါလက္ခဏာတွေ့ဖို့လည်း (အရေးကြီးပါတယ်) ဒါဖြင့် ခေါ်တာရှိမှ လိုက်တဲ့အခါလည်းလိုက်မှ (မှန်ပါ ဘုရား) လိုက်တဲ့အခါ အထည်တွေ့နေရင်မှားမယ် (မှန်ပါ ဘုရား) လိုက်တဲ့အခါကျတော့ အထည်တွေ့နေရင် မှားပါတယ်၊ အဲ-အထည်တွေ့နေရင်မှားပြီ (မှန်ပါ ဘုရား)။

လက္ခဏာတွေ့မှ (အမှန်ပါ ဘုရား) ဒကာကြီး လှိုင်သဘောပါရဲ့လား (ပါ-ပါတယ် ဘုရား) ခေါ်လဲခေါ်မှာဘဲ (မှန်ပါ ဘုရား) လိုက်လည်းလိုက်မှာဘဲ (မှန်ပါ ဘုရား) လိုက်တဲ့အခါ ဘာတွေ့ရမတုန်း (လက္ခဏာတွေ့ရပါမယ် ဘုရား)။

ဒါဖြင့်ခေါ်တုန်းက ကိုစောမောင် သူတစ်ခုတည်းဖြစ်နေတယ်၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား) လိုက်တဲ့တရား မဖြစ်သေးဘူး (မဖြစ်သေးပါဘူး ဘုရား) မဖြစ်သေးဘူးတဲ့၊ နောက်-လိုက်တဲ့ တရားဖြစ်လာလို့ လိုက်-လိုက်တဲ့အခါကျတော့ ခေါ်တဲ့တရားမရှိဘူး (မရှိပါဘူး ဘုရား)။

လက္ခဏာတွေ့မှ ကိုက်တယ်

ဒါကြောင့် လက္ခဏာတွေ့မှ ကိုက်တယ် (မှန်ပါ ဘုရား) သဘောပါပြီလား (ပါပါတယ် ဘုရား) ဪ တော်တော် အရေးကြီးပါလား (မှန်ပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါတယ် ဘုရား) ကိုစံလှကြီး ကျေကျေနပ်နပ်သဘောကျရဲ့လား (ကျပါတယ် ဘုရား) ဧဟိသဿိကောက ဘာတုန်း (ခေါ်ပါတယ် ဘုရား) ခေါ်တာရှိတုန်းက ခေါ်တာ၊ သန္ဒိဋ္ဌိကောက အဲဒီအချိန် လိုက်နိုင်ပြီလား (မလိုက်နိုင်ပါဘူး ဘုရား)။

အင်း-ခေါ်တဲ့တရား ပျောက်သွားတော့မှ (လိုက်ပါတယ် ဘုရား) လိုက်လာတဲ့အခါကျတော့ ဘာတွေ့တုန်း (မရှိတဲ့လက္ခဏာတွေ့ပါတယ် ဘုရား) ဒါဖြင့် ဘယ်သူ့မရှိတာတုန်း မေးတဲ့အခါကျတော့ ခုနင်က ခေါ်တဲ့စိတ်ကလေး မရှိတာ (မှန်ပါ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား) ခေါ်တဲ့စိတ်ကလေး မရှိတာတွေ့တော့မှ အဲဒီကျတော့မှ ဪ ဘာမှ မမြဲပါလားဆိုတာ ဒီက ဆုံးဖြတ်ချက်ချတာ (မှန်ပ့ါ ဘုရား)။

လိုက်တဲ့တရားက (ဆုံးဖြတ်ချက်ချပါတယ် ဘုရား) လိုက်လိုက်တော့ သူအထည်မှ မတွေ့တာဘဲ (မတွေ့ပါ ဘုရား) မမြဲတာ ဪ ဒီနေရာက ခေါ်လည်းခေါ်တယ် ရှာလည်း မတွေ့ဘူးဆိုတာ ဒီလိုက်တဲ့တရားက မသိဘူးလား (သိပါတယ် ဘုရား) ခေါ်ကော (ခေါ်ပါတယ် ဘုရား) လိုက်ကော (လိုက်ပါတယ် ဘုရား) လိုက်တော့ အတည်တွေ့ရဲ့လား (မတွေ့ပါ ဘုရား) ဘာတွေ့တုံးဆိုတော့ လက္ခဏာပဲ တွေ့တယ်။

အဖြစ်ကအခေါ်ပါ၊ အပျောက်က လက္ခဏာပြ

ဦးဘရှင်း ရှင်းပြီလား (မှန်ပ့ါ ဘုရား) ဘယ်တရားရှုရှု ဒီအတိုင်းသွားရမယ် (မှန်ပါ ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်-ပျက်ဆိုငြားသော်လည်း အဖြစ်က အခေါ်အပျောက်က လက္ခဏာပြ၊ ဒကာ ဒကာမတို့ အဖြစ်ကအခေါ်ပါ၊ အပျောက်က (လက္ခဏာပြပါ ဘုရား) ဒါမှတ်ထားလိုက်ရင် ရှင်းပြီ၊

အဖြစ်က (အခေါ်ပါ) အပျောက် က (လက္ခဏာကို ပြပါတယ် ဘုရား) အပျောက်ဆိုတာ မရှိတာ၊ မရှိတဲ့လက္ခဏာကို ပြပါတာ၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လိုမှတ်မတုံး (မရှိတဲ့ လက္ခဏာကို ပြပါတယ် ဘုရား) ကဲ-ဖြစ်, ပျက်ဗျာ၊ အဖြစ်က ဘာတုန်း (အခေါ်သမားပါ ဘုရား) အပျက်ကက (လက္ခဏာပါ ဘုရား)

အဲလက္ခဏာပြတယ်ဆိုတော့ ဒါကမှသာလျင် ဟုတွာ အဘာဝတ္ထေနအနိစ္စံ သွားကိုက်တယ်၊ ဟုတွာဖြစ်၍ ကိုစောမောင် ဒီနေရာမှာ ပျက်တယ်၊ နားဖြစ်ဖြစ် မျက်လုံး ထဲမှာဖြစ်ဖြစ်၊ ဘယ်ထဲဖြစ်ဖြစ်ပေါ့ဗျာ၊ သူ့နေရာနဲ့သူ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) ဟုတွာ ဒီမျက်လုံးထဲမှာ ဖြစ်၍ အဘာဝတေ၊န ဒီသန္ဒိဋ္ဌိကောက လိုက်လိုက်တဲ့အခါ မရှိခြင်းသည်ပင်လျှင် ဒါ သူလိုက်တဲ့အခါမှာ မရှိတာတွေ့ရ မယ် (မှန်ပါ ဘုရား)။

မရှိတာတွေ့တော့မှ ဘာမှမမြဲပါလား ဆိုတာ မလာဘူးလား (လာပါတယ် ဘုရား) ဒါဖြင့် ဘာမှမမြဲပါလား ဆိုတာ သည် ဒီလိုက်တဲ့ တရားကပြောတာ (မှန်ပါ ဘုရား)။

ဒါဖြင့် လိုက်တဲ့တရားသည် ဒကာ ဒကာမတို့ သူလိုက်တယ် မလိုက် တယ်ဆိုတာဟာ ခင်ဗျားတို့ စဉ်းစားကြည့်ပါတဲ့၊ သူလိုက်လို့ လိုက်တာ အမှန်ဆိုရင် ပဋိစ္စသမုပ္ပါဒ် ပြတ်တယ် (မှန်ပါ)။

သူလိုက်တာ မမှန်ရင် မပြတ်ဘူးဆိုတာ သူနဲ့ပဲ ဒီဂရီထိုးကြည့်တဲ့ အခါကျတော့မှ ကိုစံလှ ပေါ်သွားတယ် (မှန်ပ့ါ ဘုရား) ပေါ်ပြီလား (ပေါ်ပါတယ် ဘုရား)။

ဉာဏ်က လက္ခဏာတွေ့ရတယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုလို့ ဆိုငြားသော်လည်း ဘုန်းကြီးများက ရှင်းအောင်ပြောတာပါလို့ မှတ်လိုက် တာပေါ့ အဖြစ်ကခေါ်တယ် အပျက်က လက္ခဏာပြတယ် (မှန်ပါတယ် ဘုရား) အဖြစ်က ခေါ်ပါတယ်၊ အပျက်က (လက္ခဏာပြပါ ဘုရား) ဒါဖြင့် ဉာဏ်က ဘာတွေ့တုန်း(အပျက်တွေ့ပါတယ် ဘုရား) ဉာဏ်က လက္ခဏာတွေ့ရတယ် (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါတယ် ဘုရား) လက္ခဏာတွေ့တော့မှ သူက အနိစ္စလက္ခဏာ၊ သူကမဂ္ဂသစ္စာ၊ ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

မရှိတာကလေးက အနိစ္စလက္ခဏာ၊ ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား) မရှိတာလေးက (အနိစ္စလက္ခဏာ) ဉာဏ်က (မဂ္ဂသစ္စာ) ဒါ-ကိုက်ရမယ် ဒကာ ဒကာမတို့၊ သဘောပါပြီလား (ပါပါတယ် ဘုရား) ဒီလိုသာ ကိုက်မယ်ဆိုရင် ခင်ဗျားတို့ ခုနင်ကပြောတဲ့ ပါဠိတော်ပဲတဲ့၊ မနက်အားထုတ် ညနေရရမယ်၊ (မှန်ပါ ဘုရား) မရဘူးလား၊ ညနေအားထုတ်ရင် (မနက်ရပါမယ် ဘုရား)။

ကိုင်း ဒါဖြင့် အခုလက္ခဏာသိတဲ့ ဒကာ ဒကာမတွေကျတော့ ကိုစောမောင် အရင်လိုတစ်ခါတည်း ဒါလေးဟာ စိတ်ကလေးပဲဆိုရုံနဲ့ ဒိဋ္ဌိကွာတာ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး ဘုရား) စိတ်ကို စိတ်မှန်းသိတော့ သညာနဲ့ကွာတာ (မှန်ပါ ဘုရား)။

ခုတော့ လက္ခဏာလေး မြင်ရတဲ့ အခါကျတော့ဖြင့် လောကီပညာနဲ့ ကွာပါပြီ (မှန်ပါ ဘုရား) ဘာနဲ့ကွာတုန်း (လောကီပညာနဲ့ ကွာပါတယ် ဘုရား)။

ဒိဋ္ဌိကွာပုံချင်းကို မတူဘူး

လောကီပညာနဲ့ ဘာကွာသွားတုန်း ကိုစောမောင်၊ ဒိဋ္ဌိကွာပုံချင်းကို မတူဘူး (မှန်ပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါတယ် ဘုရား) အရင်ဟာက (သညာကွာပါ ဘုရား) နောက်ဟာက (လောကီပညာ ကွာပါ ဘုရား)။

လောကီပညာနဲ့ ကွာတော့၊ ကိုစောမောင်က ဝေဖန်ပါအုံး ဪ သညာနဲ့ ပညာကွာ၊ သညာကွာက အထည်ရှိပါလား (မှန်ပါ ဘုရား) ပညာကွာက (အထည်မရှိပါ ဘုရား) ဒီမှာ ထူးခြားသွားတယ်၊ မထူးခြားဘူးလား (ထူးခြားပါတယ် ဘုရား)။

သညာကွာက (အထည်ရှိပါတယ် ဘုရား) ပညာကွာက (အထည်မရှိပါ ဘုရား) ကဲ ဘယ်သူက ဒဏ်ချက် ဉာဏ်ချက်ပြင်းသတုန်း၊ အကဲခတ်ကြည့်ပါ (ပညာက ဉာဏ်ဒဏ်ချက် ပြင်းပါတယ် ဘုရား) ပညာက၊ ဪ ငါ့ကိုယ်ငါ့ဟာ လုပ်စရာ ဘယ်ရှိမတုံး၊ မလာဘူးလား (လာပါတယ် ဘုရား) ဟို ရှိနေတုန်းကတော့ ရုပ်ရုပ်မှန်းသိ၊ စိတ်စိတ်မှန်းသိတုန်းက တော့ ဪ-ရှိတဲ့စိတ်က ပြောတာကိုဆိုတော့ အရှိခံနေတယ် (မှန်ပါတယ် ဘုရား)။

နဲနဲလေး အရှိခံနေသေးတယ် (မခံဘူးလား) အခုသေသေချာချာ ဝိပဿနာဉာဏ်နဲ့ လိုက်-လိုက်တဲ့ အခါကျတော့ အရှိခံသေးရဲ့လား (မခံတော့ပါဘူး ဘုရား) မခံတော့ဘူးဆိုတော့ လက္ခဏာမပြဘူးလား (ပြပါတယ် ဘုရား) လက္ခဏာပြ တော့ကိုတဲ့၊ ပြတာက လက္ခဏာ သိတာက မဂ္ဂသစ္စာ (မှန်ပ့ါ ဘုရား) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

ပြတာကလက္ခဏာ သိတာကမဂ္ဂသစ္စာ

ပြတာက (လက္ခဏာပါ) သိတာက (မဂ္ဂသစ္စာပါ) ဒီလိုဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီးက ရှင်းသထက် ရှင်း အောင်ပြောနေတယ်တဲ့၊ ဪ တယ်ခက်ပါလားလို့ ဒီလိုလည်း မယူနဲ့၊ ရှုလိုက်တော့ ဒါပဲတွေ့မှာပဲ (မှန်ပါ ဘုရား)။

ရှုတော့ လက္ခဏာပဲတွေ့မှာပဲ (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဟာ-တရားက ကြာလေခက်လေ ကြာလေ ခက်လေ ရမှရနိုင်ပါ့လား၊ ဒီဘက်ကို မသွားနဲ့ ရှုတဲ့အခါ ဒီနည်းအတိုင်း ဖြစ်လိမ့်မယ်ပြောတာ (လက္ခဏာ တွေ့ရပါမယ် ဘုရား) စိတ်လာရှု၊ ဝေဒနာလာရှု၊ ဒီနည်း အတိုင်းသွားမှာ (မှန်ပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ကိုစောမောင် သေပျော်ပြီဆိုတဲ့အဓိပ္ပါယ် မရဘူးလား (ရပါတယ် ဘုရား) ဒါဖြင့် နာမရူပ ပရိစ္ဆေဒကျမ်းကို ထည့်လိုက်ပါတဲ့၊ စိတ်လာတိုင်း- လာတိုင်း ကိုစောမောင်ရေ ဧဟိပဿိကောနဲ့ ခေါ်လို့ သန္ဒိဋ္ဌိကောနဲ့ လိုက်လိုက်တာ၊ ဧဟိပဿိကောက ခေါ်လိုက် အဖြစ်က ခေါ်လိုက်နော်၊ အလိုက်က လက္ခဏာတွေ့လိုက်၊ ဦးဘရှင်း ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

အပျက်က လက္ခဏာပြောသမား

အဖြစ်က ခေါ်သမား အပျက်က လက္ခဏာပြောသမား၊ သဘောကျပြီလား (ကျပါတယ် ဘုရား) အဖြစ်က (အခေါ်သမားပါ ဘုရား) အပျက်က လက္ခဏာပြောသမား၊ လက္ခဏာပြောလိုက်တယ်၊ သူ့လက္ခဏာဒါပါပဲ ပြောလိုက် တော့ ခင်ဗျားတို့က ဒိဋ္ဌိမစင်ချင်လို့ရအုံးမလား (မရတော့ပါ ဘုရား) ခိုင်တာ မြဲတာရှိသေးရဲ့လား (မရှိတော့ပါ ဘုရား) ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

ခိုင်တာမြဲတာ ငါ့ကိုယ်ငါ့ဟာကော (မရှိပါ ဘုရား) မရှိတော့ဘူးတဲ့၊ လောကီပညာက အင်မတန် ကောင်းပါတယ်၊ ဒါဖြင့် ဒီပညာဟာ တစ်ကြိမ်တည်း ဖြစ်ရမှာလား မေးတဲ့အခါကျတော့မှ ပဋိသမ္ဘိဒါမဂ်က ပညာဟာ ပွားရလိမ့်မယ်ဟေ့ (မှန်ပါ ဘုရား) ဒီပညာဟာ ဘာတဲ့ (ပွားရမှာပါ)။

ဒါဖြင့် “ပရိပါက -ကမေနေဝံ၊ ပရိဘာဝတိတဘာဝန ပရိစ္စဇန္တိသင်္ခါရေ၊ ပက္ခန္ဒတိ အသင်္ခတေ သူ့ပါဠိက ဒီပါဠိသက်သက် ဘာတုံးဆိုရင်ဖြင့် မင်းကြပ်ကြပ်ပွားစမ်းပါတဲ့။

ဒကာ ဒကာမတို့ စိတ်ပေါ်တိုင်း ပေါ်တိုင်း ဒီက ဧဟိပဿိကောက ခေါ် သန္ဒဋ္ဌိကောကလိုက် လက္ခဏာတွေ့၊ သဘောကျပြီလား (ကျပါတယ် ဘုရား) ဧဟိပဿိကောကခေါ်၊ သန္ဒိဋ္ဌိကောက (လိုက်ပါတယ်) ဒီမဂ္ဂင်က လိုက်ပေါ့ (မှန်ပါ ဘုရား) ဘာတွေ့မတုံး (လက္ခဏာတွေ့ပါမယ်) လက္ခဏာတွေ့၊ ကိုမြင့်ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ကိုစံလှတို့ကော (ရှင်းပါပြီ)။

ဧဟိပဿိကောက ခေါ်ပါတယ်၊ သန္ဒိဋ္ဌိကောက လိုက်တယ်၊ ဘာတွေ့တုံး (လက္ခဏာတွေ့ပါတယ်) ဘယ်သူ့၏ လက္ခဏာတုံး မေးတော့မှ အနိစ္စ၏ လက္ခဏာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာတွေ့ပါတုံး (အနိစ္စ၏လက္ခဏာ) အနိစ္စ၏ လက္ခဏာ သွားတွေ့တယ် ကိုစောမောင် ဘယ်သူ၏ လက္ခဏာ သွားတွေ့တုန်း (အနိစ္စ၏ လက္ခဏာသွားတွေ့ပါတယ်) အနိစ္စ၏ လက္ခဏာသွားတွေ့တယ်တဲ့၊

ကိုယ့်နွားဘာဖြစ်လို့ သိသတုန်း

နွားတွေတစ်ပုံကြီး ရှိငြား သော်လည်း ကိုယ်နွားကျတော့ ဘာမှတ်တုံးဆိုတော့ နွားတွေ မွေးထားတဲ့အထဲ ကိုစောမောင် ကိုယ်မွေးထားတဲ့နွား၊ ရွေးချင်တဲ့အခါကျတော့ ကိုတဲ့၊ နွားချင်းအတူတူဘဲတဲ့ လက္ခဏာကို သိပြီဖမ်းမယ် (မှန်ပါ ဘုရား)

သဘောကျပြီလား (ကျပါတယ် ဘုရား) နွားတွေ အများကြီးရှိတဲ့အနက် ကိုစောမောင် နွားကလည်း အဲဒီအထဲ မှာ ဝင်နေတယ်ဆိုပါတော့ ကိုစောမောင် သွားဖမ်းတဲ့အခါကျတော့ ဒီ့ပြင်နွား ဖမ်းမလား ကိုယ့်နွားဖမ်းမလား (ကိုယ့်နွား ဖမ်းပါမယ် ဘုရား)။

ဟ-နွားချင်းအတူတူ ကိုယ့်နွားဘာဖြစ်လို့ သိသတုန်းမေးတော့လက္ခဏာ မတူဘူးဘုရား၊ ဘယ်လိုပါ လိမ့် (လက္ခဏာချင်း မတူပါဘူး ဘုရား)။

ဒီမှာလည်း လက္ခဏာကို တွေ့ပါမှ ဒကာ ဒကာမတို့ ဟို အမှန်ရောက်ပါလိမ့်မည် (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါတယ် ဘုရား) လက္ခဏာကိုတွေ့မှ ကိုယ့်ဟာအစစ် (မှန်ပါ ဘုရား) လက္ခဏာ မတွေ့ခင်တုန်းက မဟုတ်သေးဘူး၊ နွားတွေတစ်ပုံကြီးရှိတယ် (မှန်ပါ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အနိစ္စနဲ့ လက္ခဏာကော ထူးပြီလား (ထူးပါပြီ) နွားတွေလို ဆိုတုန်းက ဒါ အနိစ္စတွေ ထားပါတော့၊ ကိုစောမောင်က သူ့ဟာရယ်လို့ မှတ်ပြီး ဖမ်းလိုက်တယ်၊ သူဘာကြည့်ဖမ်းတုန်း မေးရင် (လက္ခဏာကြည့် ဖမ်းပါတယ် ဘုရား)။

ဂျိုနေပုံ မတူဘူးကွ၊ အမွေးနေပုံမတူဘူးကွ၊ ကိုစောမောင် မလာဘူးလား (လာပါတယ် ဘုရား) အဲဒါဘာကြည့် ဖမ်းတုံး (လက္ခဏာကြည့်ဖမ်းပါတယ်)။

လက္ခဏာမိရမှာမှတ်ပါ

ဒါဖြင့် အနိစ္စရှုငြားသော်လည်း အနိစ္စတွေတစ်ပုံကြီးထဲက ခင်ဗျားတို့ ဉာဏ်ထဲမှာ မိရမှာက လက္ခဏာမိရမှာမှတ်ပါ (မှန်ပါ ဘုရား) ဘာမိမှာတုံး (လက္ခဏာ မိရမှာပါ ဘုရား) သဘောကျပြီလား (ကျပါ တယ် ဘုရား)။

ဒါဖြင့် လက္ခဏာကို ဘယ်လောက်ထိအောင် မိရမှာတုံး ကိုစောမောင်ရေလို့ မေးတော့ ကိုယ့်သန္တာန်မှာ ပုထုဇဉ်သန္တာန်မှာ ပေါ်တဲ့စိတ်တွေပေါ်တိုင်း၊ ပေါ်တိုင်း ဒါ လက္ခဏာမိအောင် လိုက်ပါ (မှန်ပါ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား) ပေါ်တိုင်း-ပေါ်တိုင်း (လက္ခဏာမိအောင် လိုက်ရမှာပါ) လက္ခဏာမိအောင် လိုက်-လိုက်တဲ့ အခါက တော့ကိုတဲ့ ခင်ဗျားတို့ကျတော့ ဒီလက္ခဏာတွေချည်းတွေ့ပြီး တွေ့ပြီးနေတော့ ရှင်းသွားရော၊ လက္ခဏာတွေဟာဖြင့် အကုန်ဘဲ တွေ့ပြီဘုရား။

ဘယ်စိတ်မှ ဘယ်စိတ်ကယ်လို့ မဟုတ်ဘူးဘုရား တပည့်တော်ဖြင့် အဲဒီစိတ်ကလေးတွေဟာ နာမည်သာ တပ်လိုက်ရတယ်၊ တပည့်တော်တွေ့တာဖြင့် ပျက်စီးတဲ့ လက္ခဏာလေးတွေပဲ တွေ့လိုက်တယ် (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

ခင်ဗျားတို့တွေ့တဲ့အခါကျတော့ (ပျက်စီးတဲ့ လက္ခဏာပဲ တွေ့ပါတယ် ဘုရား) ဒါဖြင့် လိုက်ပါများတော့ ပျက်စီးတဲ့လက္ခဏာတောင်မှ ကိုစောမောင်ရေ မတွေ့တော့ဘူး (မှန်ပါ) မတွေ့တော့ဘူး (မှန်ပ့ါ) လိုက်ပါများတော့ (မတွေ့တော့ပါ ဘုရား) မတွေ့တော့ဘူး (မှန်ပါ) မတွေ့တော့ဘူး (မှန်ပါ) လိုက်ပါများတော့ (မတွေ့တော့ပါ ဘုရား) မတွေ့တော့ဘူး၊

ဉာဏ်ရင့်လာရင် မတွေ့တော့ပါ

ဒကာ ဒကာမတို့ လိုက်ပါများလာတဲ့အခါကျတော့ မတွေ့တော့တာ ဘာဖြစ်လို့တုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) မတွေ့တာက ဒီလိုပါတဲ့၊ ဒကာ ဒကာမတို့ မတွေ့တာသည်ကားလို့ ဆိုလို့ရှိရင်။

ဉာဏ်ရင့်လာလို့မှတ်၊ သဘောကျပြီလား (ကျပါ ဘုရား) ဉာဏ်ရင့်လာရင် (မတွေ့တော့ပါ ဘုရား) မတွေ့ဘူးသာ မှတ်ရမယ်နော်၊ လိုက်ပါများလာလို့ ဒီဉာဏ်ဘယ့်နှယ်ကြောင့် ရင့်ပါလိမ့်မတုံး မေးတဲ့အခါကျတော့ သူသတ်တဲ့ဒိဋ္ဌိက ဒကာ ဒကာမတို့ ပါး-ပါးသွားလို့ မတွေ့တာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါ ဘုရား) ဒါဖြင့် သူသတ်တဲ့ဒိဋ္ဌက ဝမ်းထဲမှာ အနုသယသဘောနဲ့ ကိန်းနေတာ။

ရှင်းပြီလား (ရှင်းပါ ဘုရား) အဲဒီကိန်းနေတဲ့တရား လေးပျောက်သွားတဲ့အချိန်မှာ လက္ခဏာ မတွေ့တော့ဘူး၊ သဘောကျပြီလား (ကျပါ ဘုရား) လက္ခဏာမတွေ့ဘူးဆိုတော့ အနိစ္စလက္ခဏာ မတွေ့တော့ဘူး၊ သဘောကျပြီလား (ကျပါ ဘုရား) ဘာတွေ့မတုန်းဘုရားလို့ မေးဖို့မလိုဘူးလား (လိုပါ ဘုရား) အင်း နိစ္စလက္ခဏာသွားတွေ့တယ် (မှန်ပါ) ဒကာ ဒကာမတို့ ဘာသွားတွေ့မတုန်း (အနိစ္စလက္ခဏာ သွားတွေ့ပါတယ် ဘုရား)။

လိုက်ပါများတော့ (နိစ္စလက္ခဏာတွေ့ပါတယ်) ပထမတော့ ခင်ဗျားတို့ ဘာတွေချည်းတွေ့နေမတုံး (အနိစ္စ လက္ခဏာတွေချည်း တွေ့ပါတယ်) နောက်ကြတော့ အနိစ္စလက္ခဏာကို မတွေ့တော့ဘူး ကိုစောမောင် (မှန်ပါတယ် ဘုရား) ဘာတွေတွေ့နေတုံး (နိစ္စကို တွေ့ပါတယ်)။

နိစ္စလက္ခဏာတွေ့ရင် နိဗ္ဗာန်မှတ်

ဒါဖြင့် နိစ္စလက္ခဏာတွေ့ရင် နိဗ္ဗာန်မှတ် (မှန်ပါ ဘုရား) နိစ္စလက္ခဏာတွေ့က ဝိပဿနာဉာဏ်မှတ် (မှန်ပ့ါ ဘုရား) နိစ္စလက္ခဏာတွေ့ရင် (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်မှတ်ဆိုတော့ ဒါဒိဋ္ဌိသေတဲ့ နိဗ္ဗာန်ကို တွေ့တဲ့အခါကျလို့ရှိရင် ဒါ နိစ္စလက္ခဏာတွေ့တာပဲ (မှန်ပါ ဘုရား)။

သဘောကျရဲ့လား (ကျပါတယ် ဘုရား) ဒိဋ္ဌိ ဝိစိကိစ္ဆာသေတဲ့အခါကျတော့ နိစ္စနိဗ္ဗာန် (မှန်ပါ ဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာ မသေ့တသေ ဖြစ်နေလို့ရှိရင်ဖြင့် အနိစ္စလက္ခဏာဘဲတွေ့မယ် (မှန်ပါ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာ မသေ့တသေဖြစ်နေလို့ရှိရင် အားနဲ့ရုံလေးရှိနေသေးရင် (အနိစ္စလက္ခဏာဘဲတွေ့မှာပါ) ဒါဖြင့် ဒကာ ဒကာမ တို့ ရှုပါများလာတဲ့အခါကျတော့ကိုတဲ့၊ ဧဟိပဿိကောက အနိစ္စလက္ခဏာကလည်း အနိစ္စကလည်း မရှိဘူး။

လက္ခဏာကလည်း မပြတော့ဘူးဆိုလို့ရှိရင်ဖြင့် ဒီဉာဏ်သည် ဘာတွေ့မတုန်း (နိစ္စလက္ခဏာတွေ့ပါတယ်) နိစ္စလက္ခဏာက နိဗ္ဗာန်၊

နိဗ္ဗာန်သည် အသင်္ခတ

အနိစ္စလက္ခဏာက ဒကာ ဒကာမတွေ သိတဲ့အတိုင်း သင်္ခါရသဘော (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါတယ် ဘုရား) ဒါဖြင့် သင်္ခတသဘောက အသင်္ခတပြောင်းမယ်၊ သင်္ခတသဘောက (အသင်္ခတ ပြောင်းပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

အနိစ္စလက္ခဏာသည် သင်္ခတ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) နိဗ္ဗာန်သည် (အသင်္ခတပါ ဘုရား) ဒါဖြင့် သင်္ခတမှ အသင်္ခတကူးတာမှ တရားမှန် (မှန်လှပါ ဘုရား)။

သင်္ခတမှ (အသင်္ခတသို့ ကူးတာမှ တရားမှန်ပါ) လုပ်တတ်ပြီလား (လုပ်တတ်ပါပြီ ဘုရား) ဒါ အနုရောဓ မဆက်နိုင်ဘူး ခင်ဗျားတို့ သင်ကြားနေတာနဲ့ နာရီစေ့သွားပြီ။

ကဲ ယနေ့ ဒီတွင် တော်ပါဦး

သာဓု…..သာဓု….သာဓု