14001

မာတိကာသို့

ဒိဋ္ဌိပြုတ်တရားတော် (၁)

သာသနာတွင်းသားဖြစ်မှမဂ်ဉာဏ်ရမည်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၊ မင်္ဂလာတိုက်၌ ဟောကြားတော်မူသော

ဒိဋ္ဌိပြုတ်တရားတော် (၁)

သာသနာတွင်းသားဖြစ်မှမဂ်ဉာဏ်ရမည်

တရားအားထုတ်တဲ့အခါကျလို့ရှိရင်ဖြင့် သာသနာတွင်းသားဖြစ်လို့ရှိရင် မဂ်ဉာဏ်ရမယ်၊ သာသနာတွင်းသား မဟုတ်လို့ရှိရင် မဂ်ဉာဏ်မရနိုင်ဘူး၊ သာသနာတွင်းသားဖြစ်ရင် (မဂ်ဉာဏ်ရနိုင်ပါတယ် ဘုရား) သာသနာတွင်းမဟုတ်ရင် (မဂ်ဉာဏ်မရနိုင်ပါဘူး ဘုရား)။

တို့သာသနာတွင်းလား၊ သာသနာပလား

မရနိုင်ဘူး၊ ကောင်းပြီ ဒါဖြင့် တို့သာသနာတွင်းလား၊ သာသနာပလားလို့ဆိုတာ ကိုယ့်ကိုယ်ဝေဖန်ပါ (မှန်ပါ့) သာသနာတွင်းသားဟုတ်တယ် မဟုတ်ဘူး၊ သာသနာပမှာ လူဖြစ်နေတယ် ဆိုတာလား၊ ကိုယ့်ဟာကိုယ် ဝေဖန်လိုက်ရင် ပေါ်လာတယ်(မှန်ပါ့)။

ဒါ ကြပ်ကြပ်စဉ်းစားပါ၊ သာသနာတွင်း သာသနာပဆိုတာက ဒကာ ဒကာမတို့ မှတ်စရာက အခုသာသနာရှိနေ တယ်၊ ရှိနေပေမယ့် သာသနာတွင်း အလုပ်မလုပ်လို့ရှိရင် သာသနာပ ရှင်းပလား (ရှင်းပါပြီ ဘုရား) သာသနာတွင်းဖြစ်နေ ငြားသော်လည်း သာသနာတွင်း အလုပ်မလုပ်လို့ရှိရင် (သာသနာပပါ ဘုရား) ပေါ်ပြီ (မှန်ပါ့)။

သာသနာတွင်းမှာ သာသနာတွင်းအလုပ်လုပ်လို့ရှိရင်ဖြင့် သူ သာသနာတွင်းသားရှင်းပြီး (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကိုယ့်ကိုယ်ကို စစ်ဆေးလိုက်လို့ရှိရင် ဝေဖန်လာတယ် ကိုယ့်ကိုယ်ကို စစ်ဆေးလိုက်တဲ့အခါ ကျလို့ရှိရင် ရှင်းလင်းသွားပါတယ်။

သာသနာတွင်း သာသနာပဆိုတော့ နှစ်ရှိတာကလိုရင်းလား၊ ကိုယ့်ဝမ်းထဲမှာ တရားထူးတာက လိုရင်းလားဆိုတာ လဲ မှတ်ပါဦး (မှန်ပါ့) သာသနာကြီးရှိနေတာက လိုရင်းလားကိုယ့်သန္တာန်မှာ သာသနာတွင်းတရား ရှိတာက လိုရင်းလား ဆိုတဲ့ ဥစ္စာကိုလဲ မှတ်ကြည့်ပါဦး (မှန်ပါ့)။

မှတ်ကြည့်တဲ့အခါကျတော့မှ ဪ သာသနာတွင်း သူ့ဟာသူ သာသနာ ၂၅၀၀ပျော့ပျော့ ကျန်တော့တယ် ဆိုတာ ဒါလိုရင်းမဟုတ်ဘူး၊ ကိုယ့်သန္တာန်ကိုန်းတဲ့ သာသနာတွင်း တရားကိန်းမှ သာသနာတွင်းလို့ မှတ်ကြစမ်းပါ (မှန်ပါ့)။

မဝေဖန်လို့ရှိရင်လည်း မတော်ဘူး

ကိုင်း ဒါဖြင့် သေသေချာချာ ပြောပါမယ်။ ဒကာ ဒကာမတွေလည်း ဘယ်အခါမှ ဒီဥစ္စာကို မပျောက်အောင် ဒီနှစ်ခုခွဲခြား ပြီး သိနေလောက်အောက် မှတ်ထားကြပါ (မှန်ပါ့) ရှင်းလို့ လွယ်တာ မဟုတ်ဘူးတဲ့၊ ဟာ-တရားပွဲထဲမှာ နာလိုက်တာပဲ သာသနာတွင်း သာသနာပဟောသွားတယ်၊ ကိုယ့်ကို ဟောသွားတာသာ သိလိုက်တယ်၊ ကိုယ့်ကိုယ်မှ မဝေဖန်လို့ရှိရင် လည်း မတော်ဘူး(မှန်ပါ့)။

ဒါဖြင့် ဘာလုပ်ကြရမယ် (ကိုယ့်ကိုယ်ကိုဝေဖန်ကြရမှာပါ ဘုရား) သာသနာတွင်း သာသနာပ ဟုတ်တယ် မဟုတ်တယ် ကိုယ့်ကိုယ်ကိုဝေဖန်ပါ (မှန်ပါ့) ဘယ်လိုပါလိမ့် (ကိုယ့်ကိုယ်ကိုဝေဖန်ရမှာပါ ဘုရား)။

ကိုယ့်ကိုယ်ကို ဝေဖန်ရမယ်နော်၊ ကဲ ဒါဖြင့် ပြောတော့မယ်နော်၊ ကိုယ့်ကိုယ်ကို ဝေဖန်ကြတာပေါ့၊ သာသနာပ တရားက ဘာတုန်း၊ သာသနာတွင်းတရားက ဘာတုန်းလို့မေးတဲ့အခါကျမှ သာသနာပတရားက လှူဒါန်းပေးကမ်းပြီး သကာလ နေတော့၊ အော်-တို့ကောင်းတာ လုပ်တာပဲ၊ ငါကောင်းတာလုပ် ငါကောင်းကျိုးပေးမှာပဲလို့ ကောင်းတာ လုပ်လို့ ကောင်းကျိုးပေးတာ ငါလုပ်မှာပဲဆိုတော့။

ကံ-ကံ၏ အကျိုးပေးယုံကြည်ပြီး သကာလ ဒါနတွေလုပ် သီလတွေ ဆောက် တည်နေကြတဲ့ဥစ္စာ ကောင်းတာလုပ်တာပဲ၊ ကျုပ်တို့တော့ဖြင့် ကောင်းကျိုးပေးမှာပဲလို့ဆိုတော့ ကံ ကံ၏အကျိုးယုံကြည်ရာ မကျဘူးလား (ကျပါတယ် ဘုရား) အဲဒါသာသနာပ, တရားရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘာတရားတဲ့ (သာသနာပ တရားပါ ဘုရား)။

သာသနာပ တရား

ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတာပဲ မကောင်းတာလုပ်ရင် မကောင်းကျိုးပေးတာပဲ၊ ကိုယ်ကောင်းတာလုပ် လို့ရှိရင် ကိုယ်ပဲခံစားရမှာပဲ၊ ကိုယ်မကောင်းတာလုပ်လို့ရှိရင် ကိုယ်ပဲ အပါယ်လေးပါးသွားရမှာပဲ မယုံကြည်ကြဘူးလား (ယုံကြည်ပါတယ် ဘုရား)။

ဒီလိုယုံကြည်တဲ့တရား ဒီလိုသိတဲ့ဉာဏ် ဒါသာသနာပတရားလို့ မှတ်လိုက်ပါ (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (သာသ နာပတရားလို့ မှတ်ရမှာပါ ဘုရား) သာသနာပတရား၊

ကောင်းတာလုပ်ရင် (ကောင်းကျိုးပေးရမှာပါ ဘုရား) မကောင်းတာ လုပ်ရင် (မကောင်းကျိုးပေးမှာပါ ဘုရား) အဲဒီလိုယုံကြည်တာရော ဉာဏ်ရောကို ဒီဟာဉာဏ်တော့ ဉာဏ်ပဲ၊ ဒီဉာဏ်သည် ကားလို့ဆိုလို့ရှိရင် သာသနာပမှာပေါ်တဲ့ သဒ္ဓါနဲ့ သာသနာပမှာပေါ်တဲ့ ဉာဏ်ပဲလို့မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဘယ်လိုဆိုကြပါ့မတုန်း (သာသနာပမှာရှိတဲ့ ဉာဏ်ပါ ဘုရား) သာသနာပမှာပေါ်တဲ့ (ဉာဏ်ပါ ဘုရား) ဦးမူ သေသေချာချာမှတ် (မှန်ပါ့)။

ကောင်းတာလုပ်လို့ ကောင်းကျိုးပေးတာပဲ လှူလိုက် ဒါန်းလိုက် ပေးလိုက် ကမ်းလိုက် သူ ကောင်းကျိုးတော့ ပေးမှာပါပဲ၊ ဘယ်နည်းနဲ့မှ ဒီဥစ္စာလှူတာဒါန်းတာ ပေးတာ ကမ်းတာ မကောင်းကျိုးတော့ ပေးမှာ မဟုတ်ပါဘူး ကောင်းကျိုးပေးမှာပဲ၊ ဒါကြောင့် ကျုပ်တို့တော့ ကြိုးစားရမှာပဲ၊ ဒါမလုပ်ကောင်းဘူးလို့ ဟောတာမဟုတ်ဘူး တဲ့ ဉာဏ်ကကောင်းတာလုပ် ကောင်းကျိုးပေးတယ်လို့တော့ သိတဲ့ဉာဏ်ရှိတယ် (မှန်ပါ့)။

သာသနာပဉာဏ်လို့မှတ်လိုက်

အဲဒီတော့ ဒီဉာဏ် ဘာဉာဏ်လို့ခေါ်ကြမတုန်းလို့ မေးလိုက်တဲ့အခါကျတော့မှ သာသနာပမှာရှိတဲ့ ဉာဏ်ဖြစ်လေ သောကြောင့် သာသနာပဉာဏ်လို့မှတ်လိုက်တာပေါ့ (မှန်ပါ့) သာသနာတွင်း မဟုတ်ဘူးတဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းတာလုပ် ကောင်းကျိုးပေးမှာပဲ မကောင်းတာလုပ် မကောင်းကျိုး ပေးတယ်လို့ လှူဒါန်းပေးကမ်း နေကြတာ ကုသိုလ် အလုပ်တွေ ပြုပြီး သကာလ အကုသိုလ်မပြုပဲ နေကြတာ မကောင်းကျိုး ပေးမှာစိုးလို့ ငါပဲမကောင်းကျိုး ခံစားရမှာပဲ။

ငါကောင်းတာလုပ် ငါပဲ ကောင်းကျိုးခံစားရမှာပဲလို့ ဒီလောက်သိတဲ့ဉာဏ် သာသနာတွင်းလား သာသနာပ, လား (သာသနာပ,ပါ ဘုရား) တော်တော်ရှင်းသွားပြီ ဒါသာသနာပ,နော်(မှန်ပါ့) သေသေချာချာ မှတ်ကြနော် (မှန်ပါ) ကောင်းတာလုပ် ကောင်းကျိုး ပေးတာသိတဲ့ဉာဏ် မကောင်းတာလုပ် မကောင်းကျိုး ပေးတယ်လို့ သိတဲ့ဉာဏ်သည် ဒီလို သိတဲ့ဉာဏ် ဘာဉာဏ်ခေါ်ကြမယ် (ကမ္မဿကတာ ဉာဏ်ပါ ဘုရား)။

ကမ္မဿကတာဉာဏ်

သာသနာပ,အလုပ်ပေါ့ (မှန်ပါ့) ဘယ်လိုဆိုကြပါမယ် (သာသနာပ,ပါ ဘုရား)

ဘာကြောင့်တုန်းလို့ဆိုတော့ သာသနာပ,မှာ ထမင်းရည်ချောင်းစီး လှူကြ ဒါန်းကြတာပဲ(မှန်ပါ့) ဒါဆိုရင် သာသနာပမှာလည်း လှူကြတာပဲ၊ အခု သာသနာတွင်းမှာလည်း လှူကြ ဒါန်းကြ ပေးကြ ကမ်းကြတာပဲ၊

သို့သော်တဲ့ ဒီဥစ္စာ ကံ ကံ၏အကျိုးကို ယုံကြည်ပြီး သကာလ သိတဲ့ဉာဏ်ဖြစ်လေသောကြောင့်၊ ကမ္မဿကတာဉာဏ်။

ဒီအလုပ်ကိုသာရပ်တန့်ပြီးနေကြမယ်ဆိုလို့ရှိရင် ဒီ့ထက် အထက်ကျတဲ့အလုပ်ကို မလုပ်ကြဘူးဆိုလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သာသနာတွင်း ကြုံသော်လည်း သာသနာပဉာဏ်လို့ မှတ်လိုက်စမ်းပါ(မှန်ပါ့) သာသနာ တွင်း ကြုံငြားသော်လည်း သာသနာပ, အလုပ်လုပ်နေတယ် ရှင်းပလား (ရှင်းပါတယ် ဘုရား)။

သာသနာတွင်း ကြုံငြားသော်လည်း (သာသနာပ,အလုပ်လုပ်နေပါတယ် ဘုရား) ဘာကြောင့်တုန်း ဆိုတော့ ပဏ္ဏာသက ဒါကကွာ- ငါလုပ်ငါရတာပဲ ငါမကောင်းတာလုပ် ငါမကောင်းကျိုးပေးတာပဲ၊ ငါကောင်းတာလုပ် ငါကောင်းကျိုး ပေးတာပဲဆိုတဲ့ သက္ကာယဒိဋ္ဌိမပြုတ်နိုင်ဘူးကွဲတဲ့ (မှန်ပါ့)။

သက္ကာယဒိဋ္ဌိပါတာပဲ

ဒါကြောင့် သာသနာပမှာလည်း လှူကြ ဒါန်းကြတာပဲတဲ့၊ သက္ကာယဒိဋ္ဌိက ပါတယ်ကွတဲ့၊ ဒီမျှလောက်နဲ့ ရပ်နေကြလို့ရှိရင် သက္ကာယဒိဋ္ဌိပါတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲတော့ ဒါသာသနာတွင်း အလုပ်လား သာသနာပအလုပ်လားဆိုတာ အကဲခတ်ကြ (သာသနာပ,အလုပ်ပါ ဘုရား) ဒီ ဉာဏ်သာဆုံးနေရင် ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

နို့ ဒါဖြင့် ဘုရား-သာသနာတွင်း အလုပ်ကဘယ်ဟာပါလိမ့်၊ သာသနာပအလုပ်ကလည်း လှူမှု ဒါန်းမှု-ပေးကမ်းမှု သီတင်းသီလ ဆောက်တည်မှု ကောင်းတာလုပ် ကောင်းကျိုးပေးမှာပဲ၊ မကောင်းတာလုပ် မကောင်းကျိုးပေးမှာပဲ ဆိုတော့ သက္ကာယဒိဋ္ဌိ မပြုတ်လို့ သာသနာပအလုပ်မို့ ရှိပါစေတော့ သာသနာတွင်း အလုပ်က ဘယ်အလုပ်တုန်း မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) သာသနာတွင်းအလုပ်ကတော့ကွာတဲ့၊ နှစ်ခုစလုံး လုပ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သာသနာတွင်း အလုပ်ကတော့ (နှစ်ခုစလုံး လုပ်ရမှာပါ ဘုရား) ကောင်းတာလုပ် ကောင်းကျိုးပေးမယ်၊ မကောင်း တာလုပ် မကောင်းကျိုးပေးတယ်လို့ သိတဲ့ဉာဏ်လည်းရှိရမယ် (မှန်ပါ့) သစ္စာနုလောမိက ဉာဏ်လည်း ရှိရမယ် သူကနှစ်ချက် (မှန်ပါ့)။

သာသနာတွင်းကျတော့ နှစ်ခုရှိတယ်

ဒကာ ဒကာမတွေ မှတ်လွယ်အောင်ဆိုရင် ကမ္မဿကတာ ဉာဏ်လည်းရှိရမယ်၊ သစ္စာနုလောမိက ဉာဏ်လည်း ရှိရမယ် (မှန်ပါ့) မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)။

ဒါကျတော့ ဘယ်နှယ့်ဆိုကြမယ်၊ သာသနာတွင်းအလုပ် ရှင်းပလား (ရှင်းပါပြီ ဘုရား) ကမ္မဿကတာဉာဏ်လဲ (ရှိရမှာပါ ဘုရား) သစ္စာနဲ့လျှော်တဲ့ဉာဏ်လဲ (ရှိရမှာပါ ဘုရား)။

အဲဒီနှစ်ခုရှိရင်တော့ဘာတဲ့ (သာသနာတွင်းပါ ဘုရား) အဲ သာသနာတွင်းကျတော့ကိုတဲ့ နှစ်ခုရှိတယ်၊ မကောင်း တာလုပ် မကောင်းကျိုးပေးတယ်၊ သစ္စာနုလောမိကဉာဏ်ဆိုတဲ့ ဒကာ ဒကာမတို့ ခန္ဓာ၏ဖြစ်ပျက်သိတဲ့ဉာဏ် ဘယ်တော့မှ မပါဘူး သာသနာပ, အလုပ်က (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းတာလုပ် (ကောင်းကျိုးပေးပါတယ် ဘုရား) မကောင်းတာလုပ်ရင် (မကောင်းကျိုးပေးမှာပါ ဘုရား) ဒီလောက်နဲ့ ရပ်နေတဲ့ ပုဂ္ဂိုလ်ဟာတဲ့ သာသနာတွင်း ကြုံငြားသော်လည်း သူ-ဘာအလုပ်လို့ဆိုကြမယ် (သာသနာပအလုပ် ပါ ဘုရား) သူက တစ်ခုတည်းနဲ့ ရပ်ပစ်လိုက်တယ် (မှန်ပါ့) သာသနာတွင်းသမားကတော့ နှစ်ခု၊ ကောင်းတာလုပ် (ကောင်း ကျိုးပေးပါတယ် ဘုရား)။

မကောင်းတာလုပ် (မကောင်းကျိုးပေးပါတယ် ဘုရား) ဒီဉာဏ်လည်းရှိတယ်၊ ခင်ဗျားတို့လုပ်နေတဲ့ ဖြစ်ပျက်မြင်တဲ့ ဉာဏ်လည်းရှိလို့ရှိရင် သာသနာတွင်းအလုပ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် သာသနာပအလုပ်ကတော့ ကမ္မဿကတာဉာဏ်တစ်ခုတည်းပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သာသနာတွင်းအလုပ်ကတော့ ကမ္မဿကတဉာဏ်ရော သစ္စာနုလောမိကဉာဏ်ရော နှစ်ဉာဏ်ရှိတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) သာသနာပ,အလုပ်ကတော့ ဘာတဲ့ (ကမ္မဿကတာဉာဏ် တစ်ခုတည်းပါ ဘုရား) ကမ္မ ဿကတာဉာဏ်တင် ရှိရမယ်၊

ဒီနှစ်ဉာဏ်ရှိရမယ်

ကမ္မဿကတာဉာဏ် ဆိုတာ ခင်ဗျားတို့ မသိမှာစိုးလို့ ထပ်ပြောနေပါတယ်၊ ကောင်းတာလုပ် ကောင်းကျိုး ပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုးပေးတယ်လို့ သိတဲ့ဉာဏ် (မှန်ပါ့)။

ဘာဉာဏ်လို့ခေါ်ကြမယ် (ကမ္မဿကတဉာဏ်ပါ ဘုရား) ဒီဉာဏ်တစ်ခုတည်းနဲ့ သေသွားကြမယ် ဆိုလို့ရှိရင် (သာ သနာပ,ပါ ဘုရား) မှတ်မိကြပလား (မှတ်မိပါတယ် ဘုရား)

သာသနာတွင်းသမားမှာ ဉာဏ်နှစ်မျိုးရှိရမယ် (မှန်ပါ့) ကောင်း တာလုပ် ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုးပေးတယ် ဆိုတဲ့ တစ်နံပါတ်ဉာဏ်လည်းရှိရမယ် (မှန်ပါ့)။

ဖြစ်ပျက်ဒုက္ခသစ္စာလို့ သိတဲ့ဉာဏ်လဲ (ရှိရမှာပါ ဘုရား) နှစ်ဉာဏ်ရှိရမယ် သဘောပါပလား (ပါပါတယ် ဘုရား) နှစ်ဉာဏ်ရှိရမယ် ကမ္မဿကတာဉာဏ်၊ သစ္စာနုလောမိကဉာဏ်၊ ဘယ်နှစ်ဉာဏ်ပါလိမ့် (နှစ်ဉာဏ်ပါ ဘုရား) ဘယ်သူ ဘယ်သူတဲ့ (ကမ္မဿကတာဉာဏ်၊ သစ္စာနုလောမိကဉာဏ်ပါ ဘုရား) သာသနာတွင်းသားမှာ ဒီနှစ်ဉာဏ်ရှိရမယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

သာသနာပ,သမားမှာ ဘယ်ဉာဏ်လျော့နေတယ်ဆိုတာလည်း ခင်ဗျားတို့ပေါ်ပါပြီ (မှန်ပါ့) ဘယ်ဉာဏ်လျော့ နေတုန်း (သစ္စာနုလောမိကဉာဏ်ပါ ဘုရား) သစ္စာနုလောမိကဉာဏ်မရှိဘူး (မှန်ပါ့) ဦးမူနေရာကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခုလို အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ သာသနာတွင်းမှာ မွေးဖွားပြီး လူလားမြောက်ငြား သော်လည်း သားရေး သမီးရေး စီးပွားရေးနဲ့ ပိုလျှံလာလို့ရှိရင် လှူတာဒါန်းတာ ပေးတာ ကမ်းတာနဲ့ပဲ အချိန်ကုန်သွားကြမယ်ဆိုလို့ရှိရင် သူ့ အတွက် ဘယ်လိုစဉ်းစားမတုံး (သာသနာပ,ပါ ဘုရား) သာသနာပ,ပဲ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သာသနာတွင်းသားဖြစ်ပါရစေ

သာသနာပ,သမားပဲ ဆုံးဖြတ်ချက်ချပါ၊ ကိုင်း ဒါဖြင့် တပည့်တော်ကို ဘုရားသာသနာတွင်းသား ဖြစ်အောင် လုပ်ပါရစေ၊ ဒါမှ မဂ်ဉာဏ်,ဖိုလ်ဉာဏ် ရမှာကိုးဗျ (မှန်ပါ့) သာသနာပဉာဏ်နဲ့မဂ်ဉာဏ် ဖိုလ်ဉာဏ်မရနိုင်ဘူး (မှန်ပါ့) မရနိုင်ဘူး၊ တပည့်တော်တို့ သာသနာတွင်းသားဖြစ်ပါရစေဆိုတော့ ကမ္မဿတကာဉာဏ်လည်းလုပ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းတာလုပ် ကောင်းကျိုးပေးတဲ့အလုပ်ကိုပဲ (လုပ်ရမှာပါ ဘုရား) မကောင်းတာလုပ် မကောင်းကျိုးပေးတဲ့ အလုပ်ကိုလည်းရှောင်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)

ကောင်းတာလုပ်ရင် (ကောင်းကျိုးပေးပါတယ် ဘုရား) ကောင်းကျိုးပေးတဲ့ အလုပ်ကိုလည်း လုပ်ပါ၊ မကောင်းတဲ့အလုပ်လုပ်လို့ရှိရင် မကောင်းကျိုးပေးတဲ့အလုပ်ကိုလဲ (ရှောင်ရ မှာပါ ဘုရား)၊ ရှောင်ကြဉ်တဲ့ဉာဏ် ရှိရမယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

အဲဒီဉာဏ်လည်းရှိရမယ်၊ ဖြစ်ပျက်သိတဲ့ဉာဏ်ရော (ရှိရမှာပါ ဘုရား) အဲဒါ ဖြစ်ပျက်သိတဲ့ဉာဏ်၊ ဖြစ်ပျက်က ဒုက္ခသစ္စာ အဲဒီဒုက္ခသစ္စာကို သိတဲ့ဉာဏ်က သစ္စာနဲ့လျှော်တဲ့ဉာဏ်သွားဖြစ်တယ် (မှန်ပါ့) နေရာကျပလား (မှန်ပါ့)

သစ္စာနုလောမိကဉာဏ်နဲ့ ကမ္မဿကတာဉာဏ်နှစ်ခုရှိတဲ့ပုဂ္ဂိုလ်ကို သာသနာတွင်းသား (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကမ္မဿကတာဉာဏ်ရော သစ္စာနုလောမိကဉာဏ်ရော ရှိခဲ့သော် (သာသနာတွင်းသားပါ ဘုရား) ကမ္မဿကတာ ဉာဏ်လေးနဲ့ သေပျော်ပြီဆိုတဲ့ ပုဂ္ဂိုလ်များ ဘယ်နှယ်ဆိုကြမတုန်း (သာသနာပ,ပါ ဘုရား) သာသနာပ,ဆိုတော့ကို ဒကာ ဒကာမတို့ သာသနာ့အရသာမတွေ့ရဘူး (မှန်ပါ့) ဘယ်လိုဆိုကြပါ့မတုန်း (သာသနာ့အရသာမတွေ့ရပါဘူး ဘုရား)။

သာသနာ့အရသာ မတွေ့ရဘူးဆိုတော့

သာသနာ့အရသာ မတွေ့ရဘူးဆိုတော့ ဘုန်းကြီးတို့ ဒကာမတို့ မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား) ဒါဖြင့် ဒီနှစ်ခုမှာ တစ်ခုတည်းလုပ်ရင် ကမ္မဿကတာဉာဏ်တစ်ခုတည်းနဲ့ နေခဲ့သော် ဒကာ ဒကာမတို့ ဘာသားလို့ဆိုကြမတုန်း (သာသနာပ,သားပါ ဘုရား) နှစ်ခုနဲ့နေရမှာ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

ကမ္မဿကတာဉာဏ်လည်း ထိုက်တန်သလောက်လုပ်ရမှာပေါ့ သစ္စာနုလောမိကဉာဏ်ကိုတော့ဖြင့် လက်မလွတ် တမ်း (လုပ်ရမှာပါ ဘုရား) လုပ်ရလိမ့်မယ်ဆိုတာ မှတ်မိကြပလား (မှတ်မိပါတယ် ဘုရား) ဘယ်ဉာဏ်အဓိကထားပြီး ဟောပါလိမ့်မတုန်း (သစ္စာနုလောမိကဉာဏ်ကို အဓိကထားပြီးဟောပါတယ်) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ် ဉာဏ် အရေးကြီးဆုံးတုန်း (သစ္စာနုလောမိကဉာဏ် အရေးကြီးဆုံးပါ ဘုရား) သစ္စာနုလောမိကဉာဏ်ဆိုတာ ဒကာ ဒကာမ တွေ မသိမှာစိုးသောကြောင့် ဖြစ်ပျက်က ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

သစ္စာနဲ့လျှော်တာသိတဲ့ဉာဏ်

ဝေဒနာဖြစ်ပျက် ဖြစ်ဖြစ်,ဘာဖြစ်ပျက် ဖြစ်ဖြစ်, ဖြစ်ပျက်ဟူသရွေ့ ဘာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) အဲဒီ ဒုက္ခ သစ္စာသိတဲ့ဉာဏ်သည် သစ္စာနဲ့လျှော်တာသိတဲ့ဉာဏ် မကျဘူးလား (ကျပါတယ် ဘုရား) ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ဒါက သစ္စာနုလောမိကဉာဏ်၊ သစ္စာက သစ္စာ၊ အနုလောမိက ကလျှော်တာ၊ ဉာဏ်က ဉာဏ်ရှင်းပလား (ရှင်း ပါတယ် ဘုရား) ပေါင်းလိုက်တော့ သစ္စာနုလောမိကဉာဏ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာဉာဏ်ပါလိမ့် (သစ္စာနု လောမိကဉာဏ်ပါ ဘုရား) ဒါဖြင့် သာသနာပ,မှာ ဘယ်ဉာဏ်တင်ရှိပါလိမ့် (ကမ္မဿကတာဉာဏ်သာရှိပါတယ် ဘုရား) မှတ်ထားပါ ခဲခဲ ယဉ်းယဉ်းပြောနေတယ်မှတ်ပါ။ ခင်ဗျားတို့ကို ပြောနေတဲ့ဥစ္စာသည် ခင်ဗျားတို့ မွေးဖွားတာက သာသနာ တွင်း၊ လုပ်နေတာက သာသနာပ,အလုပ်နဲ့ ကျေနပ်သွားမာ အလွန်စိုးရိမ်တယ် (မှန်ပါ) မစိုးရိမ်သင့်ဘူးလား (စိုးရိမ်သင့် ပါတယ် ဘုရား)။

ခုခေတ်ကြီးကြုံတာက သာသနာတွင်း လုပ်တာက (သာသနာပ,ပါ ဘုရား) သာသနာပ အလုပ်လုပ်ထားတော့ သာသနာ့အရသာတွေ့ရသေးရဲ့လား (မတွေ့ရပါ ဘုရား)။

နိဗ္ဗာန် ရောက်တဲ့ဟာ သာသနာ့အရသာ

သာသနာတွင်း အရသာဆိုတာက တခြားမှတ်မနေနဲ့တဲ့၊ နိဗ္ဗာန် ရောက်တဲ့ဟာ သာသနာ့အရသာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) နိဗ္ဗာန်ရောက်အောင် မျက်မှောက်ပြုရတာသည် (သာသနာ့အရသာပါ ဘုရား)။

သာသနာ့အရသာဖြစ်ချင်လို့ရှိရင် သစ္စာနုလောမိကဉာဏ်ကို အဓိကထားပြီးတော့ ဖြည့်စွက်လုပ်ပါ (မှန်ပါ့) ကမ္မဿကတာဉာဏ်လေးနဲ့ ဒကာ ဒကာမတွေနဲ့က သေပျော်ပေါ့၊ နေပျော်ပေါ့သွားလုပ်မနေနဲ့ ဒါလေးနဲ့မလုပ်ရဘူး မဟောဘူး တင်းတိမ်မနေနဲ့ (မှန်ပါ) ဘယ်လိုပါလိမ့် (တင်းတိမ်မနေပါနဲ့တဲ့ ဘုရား)။

တချို့ ဒကာ ဒကာမတွေကျတော့ ခင်ဗျားတို့ကိုပဲ ကြားဖူးပါလိမ့်မယ်၊ ခင်ဗျားတို့မှာ နားတွေအများကြီးပါပဲ၊ ဘုန်းကြီးက နားနှစ်ခုထဲပါပါတယ်၊ ကျုပ်တို့တော့ သေပျော်ပြီ၊ သားလည် ရှင်ပြုပြီးပြီ၊ ဘုရားလည်းတည်ပြီးညပီ၊ ကျောင်း ဆောင်တွေလည်း ဆောက်ပြီးပြီ၊ ဘာမှ လုပ်စရာမလိုတော့ဘူး၊ ဦးမူ ကြားဖူးလိမ့်မယ် (ကြားဖူးပါတယ် ဘုရား)။

အဲဒါ သူ-ဘာဉာဏ်နဲ့ ပြောနေတာတုန်း၊ သာသနာတွင်းလား၊ သာသနာပ,လား (သာသနာပ,ပါ ဘုရား) သာသနာပ,ဉာဏ်နဲ့ ပြောနေတယ်ဆိုတာကော ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါခုလိုပေးမဲ့သူမရှိတာနဲ့ ဦးမူရေ-သူခမျာမှာ မွေးဖွားတာက သာသနာတွင်း၊ ဉာဏ်က (သာသနာပ,ပါ ဘုရား) သာသနပ,ဉာဏ်နဲ့ အချိန်ကုန်သွားရှာတယ်ဆိုတော့ ဒကာ ဒကာမတို့ ပတ္တမြားတွေ ပေါပြီး မြေပေါ်မှာ ဖြန့်ကြဲထားငြား သော်လည်း ခုနင်က မှတ်မီး-ကောက်ယူသလို မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

မှတ်မီးက ဘာမှမတန်ဘူး

တကယ်တမ်းအဖိုးချင်း ယှဉ်ကြည့် လိုက်တဲ့အခါကျတော့ မှတ်မီးက ဘာမှမတန်ဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ခုနင်က-လည်သီးရေတွေမှီတဲ့ ပတ္တမြားတွေ ကောက်မိတယ်ဆိုလို့ရှိရင်ဖြင့် ဟိုတစ်သောင်းနဲ့ သူတစ်လုံးနဲ့တူပါ့ မလား (မတူပါဘူး ဘုရား) အင်မတန်ကွာသွားတယ်ဆိုတာ မကွာဘူးလား (ကွာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် သာသနာ တွင်းပင် မွေးငြားသော်လည်း ကောင်းတာလုပ် ကောင်းကျိုးပေးတာ၊ မကောင်းတာလုပ် မကောင်းကျိုးပေးတာပဲလို့ သိတဲ့ဉာဏ် သမားသည် သာသနာတွင်း ကြုံငြားသော်လည်း သူ့အတွက်သာ ဆိုကြမယ် (သာသနာပ,သားပါ ဘုရား)။

သာသနာပ,ဟာနဲ့ တင်းတိမ်နေတယ်၊ ကောင်းပြီ ဒါဖြင့် တပည့်တော်တို့ဘုရား ဆုံးမပါ သွန်သင်ပါ၊ တပည့်တော် တို့ သားနဲ့သမီး အိမ်ထောင်နဲ့ ရှုပ်ပွနေတာ ဒီလိုဟာတွေလည်း ဘုရားဒေသနာတော် တွေလည်း တပည့်တော်တို့ ကြား ရခဲ,နာရခဲပါတယ်၊ ကြည့်နိုင်ဖိုဆိုတာလည်း မျက်လုံးကို မပါဘူး၊ အရှင်ဘုရား အမှန်အကန်ပြောပေးပါလို့ဆိုပြီး ခင်ဗျား တို့ တရားနာကြတယ် (မှန်ပါ)။

အမှန်အကန်ပြောတာ နားထောင်ချင်လို့ တရားနာကြတယ်ဆိုတာပေါ်ပလား (ပေါ်ပါပြီ ဘုရား) နှစ်ဉာဏ်လုပ်ပါ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်ဉာဏ် ဘယ်ဉာဏ်ပါလိမ့် (ကမ္မဿကတာဉာဏ်နဲ့ သစ္စာနုလောမိကဉာဏ်ပါ ဘုရား)။

သစ္စာနုလောမိကဉာဏ်

အေး သစ္စာနုလောမိကဉာဏ်နော်၊ ဒါဖြင့် ဒီထဲမှာပဲ ဝေဖန်လိုက်တဲ့ အခါကျတော့ သာသနာတွင်း ဖြစ်လာတာက သစ္စာနုလောမိက ဉာဏ်ကြောင့် (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သာသနာတွင်း ဖြစ်လာတာက (သစ္စာနုလောမိကဉာဏ်ကြောင့်ပါ ဘုရား) သစ္စာနုလောမိကဉာဏ်ကြောင့် သာသနာတွင်း ဖြစ်လာတာ ဒါဖြင့် ဒီနှစ်ဉာဏ်မှာ ဘယ်ဉာဏ်သည် တန်ဖိုးများစွာ ထိုက်သတုန်းမေး (သစ္စာနုလောမိက ဉာဏ်ပါ ဘုရား) သေသေချာချာမှတ်နော်၊ သေသေချာချာမှတ်ပါ၊

ခင်ဗျားတို့ကို လူကြီးသူမ, တွေက ဆင်းသက်ပြီး သကာလ တဲ့ စကားတွေက စူးထားတာက တစ်မျိုး၊ တစ်ဆင့်ကြားတွေကြောင့် ခင်ဗျားတို့မှာ တော်အောင် တင်းတိမ်နေတာက တစ်မျိုးဖြစ်နေလို့။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မတင်းတိမ်ကောင်းတာ တင်းတိမ်နေလို့ နစ်နာပြီး သကာလ နက်ဖြန်အရိယာ ဖြစ်ရမှာကို ပုထုဇဉ်အဖြစ်နဲ့ သေသွားမှာစိုးလို့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) နက်ဖြန် အရိယာဖြစ်ရမှာ (ပုထုဇဉ်အဖြစ်နဲ့ သေမှာစိုးလို့ပါ ဘုရား) ကမ္မဿကတာ ဉာဏ်လောက်နဲ့ သေသွားတော့ ပုထုဇဉ်ပဲ အဖြစ်နဲ့သေချာလိမ့် မယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကမ္မဿကတာဉာဏ်နဲ့သေရင် (ပုထုဇဉ်အဖြစ်နဲ့ သေသွားတာပါ ဘုရား) သာသနာပ, အလုပ်ကြီးကိုဗျ (မှန်ပါ) ပုထုဇဉ်ဆိုတာ ထင်ရာလုပ်တာကို ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဘယ်နှစ်ဉာဏ်ကို လက်ကိုင်လုပ်ကြမယ် (နှစ်ဉာဏ်ကို လက်ကိုင်လုပ်ရမှာပါ ဘုရား)။

ဘယ်သူ့ကိုသာပြီး အဓိကထားရမယ်

နှစ်ဉာဏ်မှာလဲ၊ ဘယ်သူ့ကိုသာပြီး အဓိကထားရမယ် (သစ္စာနုလောမိကဉာဏ်ကို အဓိကထားရပါမယ် ဘုရား) သစ္စာနုလောမိကဉာဏ်ကို အဓိကထားလုပ်ပါလို့ တိုက်တွန်းလိုက်တယ် (မှန်ပါ)။

ဘာကြောင့် ဆရာဘုန်းကြီးက ဒီဥစ္စာကို ယနေ့ ဒကာ ဒကာမတွေ ဒီအသုံးအနှုန်းနဲ့ ဒီအပြင်အဆင်မျိုးကို ပြင်ရ ဆင်ရပေးရပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့က သန်မိသန်ရာ သန်နေတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

သန်မိသန်ရာ သန်နေတယ် (မှန်ပါ) သန်မိ သန်ရာနေတယ်ဆို ကမ္မဿကတဉာဏ်ဘက်ကိုတော့ ငယ်ငယ် ကတည်းက အထုံကပါနေခဲ့တယ် (မှန်ပါ)။

ပိုရင်ပေးမယ် ကမ်းမယ် လှူမယ် ဒါန်းမယ် (မှန်ပါ) မလာဘူးလား (လာပါတယ် ဘုရား)။

ငါ့မှာ ပစ္စည်းလေးပိုလာပြီ သစ္စာနုလောမိကဉာဏ်ရအောင် အားထုတ်မယ်ဆိုတာတော့ နှုတ်မတက်ဘူး (မှန်ပါ) တက်ခဲ့ကြရဲ့လား (မတက်ခဲ့ကြပါဘူး ဘုရား)။

ပိုရင်ပိုလာတယ်တို့မှာ တစ်သောင်းရင်း လိုက်တာ သုံးထောင် ဒီနှစ်ပိုလာတယ်၊ အမြတ်ကလေး ထွက်လာတယ် ထောင့်ငါးရာလောက်တော့ လှူလိုက်ဦးမယ်ဟေ့၊ ဒါအရင်ထွက်တယ် (မှန်ပါ) မထွက် ကြဘူးလား (ထွက်ပါတယ် ဘုရား) ဘာဉာဏ်ပါလိမ့် (ကမ္မဿကတာဉာဏ်ပါ ဘုရား) ဒီရည်ရွယ်ချက်နဲ့ပဲ ဒီလိုလုပ်လို့ရှိရင် ဒီလိုတော့ လှူနိုင်ပါသေးတယ်ကွာ၊ ဒါတော့ ဘုန်းကြီးက တိုက်တွန်းစရာမလိုတော့ဘူး၊ ဒကာ ဒကာမတွေ ပြည့်စုံပြီးသား (မှန်ပါ)။

ကဲ ခင်ဗျားတို့ပါးစပ်ဖျားက ကဲ ဒီနှစ်တော့ တစ်သောင်းရင်းတာ သုံးထောင်မြတ်တယ်၊ ထောင့်ငါးရာကို စား သောက်ပြီး သကာလ လှူလည်းလှူ စားလည်းစားပြီး သကာလ အရောင်းအဝယ်လေးရပ်စဲပြီး သစ္စာနုလောမိကဉာဏ် လုပ်လိုက်ဦးမယ်ဟ ဆိုတာလာရဲ့လား (မလာပါဘူး ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သာသနာ ပ, က နှုတ်တက်နေတယ်

ဒါ မလာပဲ ဖြစ်နေတယ်၊ သစ္စာနုလောမိကဉာဏ် မဘဲဖြစ်နေတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် သာသနာ ပ, က နှုတ်တက်နေတယ် သာသနာပအလုပ်ကို (နှုတ်တက်နေပါတယ် ဘုရား)

နှုတ်တက်နေတယ် လက်သွက်တယ် နှုတ်တက်တယ် (လက်သွက်ပါတယ် ဘုရား) သာသနာတွင်း အလုပ်တော့ ယောင်တိတိခံနေတယ်၊ ဘယ်နှယ်ဖြစ်နေ ကြတယ် (သာသနာတွင်း အလုပ်တော့ ယောင်တိတိ ခံနေပါတယ် ဘုရား)။

ယောင်တိတိ ခံနေတယ်၊ သာသနာတွင်းအလုပ်ကျတော့ ဘယ်နှယ်နေတုန်း (ယောင်တိတိခံနေတယ် ဘုရား) ယောင်တိတိ ယောင်ခြောက်ဆယ်မလာဘူးလား (လာပါတယ် ဘုရား)။

အဲတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ ဆွမ်းတစ်ခါ ကျွေးလိုက်တယ်ဆိုလို့ရှိရင် ဝေယျာဝစ္စသီလတွေရော ဒါနတွေရော တစ်ရက်ခွဲကုန်တယ်၊ တစ်ရက်ခွဲကုန်တယ်၊ ဝယ်တာချမ်းသာ တစ်ရက်၊ လှူတာပေးတကာ တစ်ရက်၊ နောက်ပန်းကန်တွေ ဆေးကြောသိမ်းနေရတာက ဦးမူရေ တစ်ရက်ဆိုတော့ တစ်ရက်ခွဲတော့ မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)။

တစ်ရက်ခွဲတော့ ဒကာ ဒကာမတွေ စုပြီး သကာလ လုပ်ဖြစ်ကြတာပဲ ကိုင်ဖြစ်ကြတာပဲ၊ ကြုံတဲ့အခါလုပ်ကြဦးစို့ ပြုစုကြဦးစို့၊ ဒီနေ့တစ်ရက်ခွဲ ကြိုးစားမယ် ဒီစိတ်ကြတော့ သစ္စာနုလောမိကဉာဏ် တစ်ရက်ခွဲကြိုးစားမယ် လို့တော့ လာရဲ့လား (မလာပါဘူး ဘုရား) ဟောကွာသွားပြီ မကွာဘူးလား (ကွာပါတယ် ဘုရား)။

သစ္စာနုလောမိကဉာဏ် တစ်ရက်ခွဲကြိုးစားမယ်တော့ (မလာပါ ဘုရား) ကိုင်းလုပ်ကိုင်လို့တော့ပြီးပြီ၊ ကဲဝယ်တဲ့နေ့၊ ဒီနေ့ဝယ်လိုက်ကြစို့၊ ဒီနေ့ပဲ ညချက်လိုက်ကြစို့ နက်ဖြန်မနက်ကျတော့ လှူကြ ဒါန်းကြ ပေးကြ ကမ်းကြတာပေါ့၊ ညနေဆို ရင်တော့ အကုန်ပြီးမှာပါပဲ သိမ်းလိုက် ဆည်းလိုက်တာနဲ့ဆိုတော့ လူပေါင်းများစွာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ လွယ်ကူတဲ့အလုပ် (မှန်ပ့ါ) ဘယ်လိုပါလိမ့် (လွယ်ကူတဲ့အလုပ်ပါ ဘုရား)။

သာသနာတွင်း အလုပ်ကို အင်း သုံးနာရီလုပ်ပါဆိုတော့

ဘယ့်နှယ်ကြောင့် ဒီဟာသည် ဒီဟာက တစ်ရက်ခွဲတောင်ပဲ အချိန်ယူအသုံးချနိုင်ပြီး၊ ဟိုဟာ သုံးနာရီ ဆုံးဖြတ်ချက် ချဖို့ကျတော့ (ခဲယဉ်းပါတယ် ဘုရား)

ဘာဖြစ်တာတုန်း သာသနာတွင်းကျတော့ ခင်ဗျားတို့ သုံးနာရီခဲယဉ်းတယ်၊ သာသနာပ, ကျတော့ တစ်ရက်ခွဲဖြုန်းရဲတယ်၊ ကိုယ့်ဖာသာကိုယ်ချိန်ဖို့ ပြောနေတာ ဒေါ်အုန်းငွေတို့ ဒေါ်ပုတို့ ဒေါ်မေတို့ ဟုတ်မဟုတ် စဉ်းစားမယ် (ဟုတ်ပါတယ် ဘုရား)။

ဟိုဟာတစ်ရက်ခွဲတော့ ဖြုန်းရဲတယ်၊ ဒီ တစ်ရက်ခွဲကျတော့ ဘယ့်နှယ်တုန်း လေးကန်နေတယ်၊ လုပ်ဖြစ်ကဲ့လား လို့ မေးတော့ (မလုပ်ဖြစ်ပါဘူး ဘုရား)။

မလုပ်ဖြစ်ဘူး နို့သာသနာပ, အလုပ်တော့ တစ်ရက်ခွဲဖြုန်းရဲတယ်၊ သာသနာတွင်း အလုပ်ကို အင်း သုံးနာရီလုပ်ပါဆိုတော့ကို – အဲဒါထည့်ကို မစဉ်းစားဘူး (မှန်ပါ့) စဉ်းစားရဲ့လား (မစဉ်းစားပါဘူး ဘုရား)။

မစဉ်းစားတော့ ဒကာ ဒကာမတွေသည် မှတ်မီးကောက်ပြီး သကာလ ဒကာ ဒကာမတို့ ခုနက တကယ့်အသွေး လည်သီးရေ ပတ္တမြား မကောက်မိသလို ဖြစ်နေတယ် (မှန်ပါ) ကောက်မိရဲ့လား (မကောက်မိပါ ဘုရား) ဆိုတော့ ကိုယ့်ကိုယ်ကို ချိန်ကြည့်လိုက်ရင် တို့က သာသနာတွင်း အလုပ်နည်းနေတယ်၊

သာသနာပ အလုပ်ကျတော့ ရဲချည်းနေတယ် သာသနာတွင်း အလုပ်ကျတော့ (နည်းနေပါတယ် ဘုရား) သာသနာပ, အလုပ်ကျတော့ (ရဲနေပါတယ် ဘုရား)။

ဒါ-ဒီအထဲက သူဟာ- ဒကာ ဒကာမတို့ လိုသေးတယ် (မှန်ပါ) ဆုံးဖြတ်ချက် ချထိုက်မချထိုက် (ချထိုက်ပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် အကျိုးကျေးဇူးကို ပြောပြာဦးမယ်နော် (မှန်ပါ)။

အကျိုးကျေးဇူး ပြောပြဦးမယ်

အကျိုးကျေးဇူး ပြောပြဦးမယ်၊ ဒကာ ဒကာမတို့ သာသနာပ, အလုပ်က ဪ ဒီဘဝ ဒီလိုလုပ်ထားလို့ ရှိရင်လည်း နောက်ဘဝ ရောက်ရာဘဝ ကောင်းစားမှာပဲ၊ ရောက်ရာမှာ ဘုံနန်းဗိမာန် ပဒေသာပင်နဲ့ မကြောင့်မကြ မတောင့်မတပဲနဲ့ ပြည့်စုံလွယ်တဲ့ အလုပ်ပဲဆိုတော့ လူ့ပြည်က ပဋိစ္စသမုပ္ပါဒ်က ရောက်ရာသွားတန်းတယ် (မှန်ပါ) မတန်းဘူးလား တန်းသလား (တန်းပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ပြတ်သလား တန်းသလား (တန်းပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘာဖြစ်တယ် (ပဋိစ္စသမုပ္ပါဒ်တန်းပါတယ် ဘုရား) ဘုရားက တန်းတာ အလိုရှိပါသလား (ပြတ်တာ အလိုရှိပါတယ် ဘုရား) ဘာကြောင့်တုန်း ဆိုတော့ ပဋိစ္စသမုပ္ပါဒ်က အစကလည်း ဒုက္ခသစ္စာပဲ၊ အလယ်မှာကော (ဒုက္ခသစ္စာပါ ဘုရား) ဟိုဆက်တာကော (ဒုက္ခသစ္စာပါ ဘုရား)။

ဘုရားက ဒါ-ကြောက်တယ်၊ ဒုက္ခသစ္စာဆက်မှာကို ဘယ့်နှယ်တုန်း ဒကာ ဒကာမတို့ (ဒုက္ခသစ္စာ ဆက်မှာကို ကြောက်ပါတယ် ဘုရား) ဘုရားကြောက်တာ ဧကန်ပဲမှုတ်လား (မှန်ပါ) ခင်ဗျားတို့ကော ဒုက္ခသစ္စာဆက်မယ်ဆိုရင် (ကြောက်ပါတယ် ဘုရား) မကြောက်ဘူးလား (ကြောက်ပါတယ် ဘုရား)

ဒီဒုက္ခပြီး မင်း-အခုလှံနဲ့ ထိုးတာခံပြီးနောက် မီးရှို့တာ ခံရလိမ့်ဦးမယ် ဆိုတော့ (ကြောက်ပါတယ် ဘုရား)။

ဘယ်သူဖြစ်ဖြစ် ကြောက်မှာပဲ၊ အခုမီးရှို့တာခံပြီး သကာလ မင်းမသေသေးလို့ရှိရင် လှံနဲ့ထိုးသတ်လိမ့် ဦးမယ် ဆိုလို့ ရှိရင်ကော ကြောက်မကြောက်၊ ဘာကြောင့်တုန်း ဒုက္ခဆက်လို့ (မှန်ပါ) ဘယ်လိုဆိုကြပါ့ (ဒုက္ခဆက်လို့ပါ ဘုရား) ဒုက္ခဆက်လို့ ကြောက်တာ သဘောကျပလား (ကျပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိမပြုတ်လို့ ဒုက္ခဆက်တယ်

အဲတော့ကို သာသနာပအလုပ်ကတော့ကို ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိမပြုတ်လို့ ဒုက္ခဆက်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) သက္ကာယဒိဋ္ဌိမပြုတ်လို့ (ဒုက္ခဆက်ပါတယ် ဘုရား) ဉာဏ်ကြီးကြီးနဲ့ နားထောင် (မှန်ပါ) ငါလုပ် ငါရတာပဲဆိုတဲ့ထဲက သက္ကာယဒိဋ္ဌိမပါဘူးလား (ပါ,ပါတယ် ဘုရား) သက္ကာယဒိဋ္ဌိမပြုတ်တဲ့အတွက် ပဋိစ္စသမုပ္ပါဒ် ဘယ်နှယ်နေတုန်း (ဆက်ပါတယ် ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ဆက်ဆိုတာသည် သုခဆက်တာလား၊ ဒုက္ခဆက်တာလား (ဒုက္ခဆက်တာပါ ဘုရား) ပေါ်ပြီနော် (မှန်ပါ) ကိုင်း ဒါဖြင့် သာသနာပ, အလုပ်လည်း ခင်ဗျားတို့လုပ်ပါ၊ သာသနာတွင်းအလုပ်ကို အဓိကထားပါ (မှန်ပါ) ဟောပြီ ဘုရားက ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သသနာတွင်းအလုပ်က ဘာပါလိမ့် (အဓိကထားရမှာပါ ဘုရား) ဘယ်ဟာပါလိမ့်မတုန်း (သစ္စာနုလောမိက ဉာဏ်ပါ ဘုရား) သစ္စာနုလောမိကဉာဏ် မေ့မပစ်ပါနဲ့ဦး၊ ဒီဥစ္စာခဲခဲယဉ်းယဉ်း ဒီနှစ်လုံးတည်း ဟောနေတာတော့ မမေ့ပါနဲ့၊ သာသနာတွင်း အလုပ်က ဘာတုန်း (သစ္စာနုလောမိကဉာစ်ပါ ဘုရား) မြန်မာလိုပြောစမ်းပါဆိုတော့ ဖြစ်ပျက်မြင်တဲ့ဉာဏ် (မှန်ပါ) မြန်မာလိုပြောတော့ (ဖြစ်ပျက်သိတဲ့ဉာဏ်ပါ ဘုရား)။

ဒါ-ဘာအလုပ်ပါလိမ့် (သာသနာတွင်းအလုပ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) သူကတော့ ဒီကဖြစ်ပျက်, မြင်တာက မဂ်၊ ဒကာ ဒကာမတို့ ဖြစ်ပျက်နဲ့ ကိုက်သွားတယ်ဆိုတည်းက သူ-ဖြစ်ပျက် မမြင်ရင်သာ ဒီဘက်ကမြင်တယ် လိုချင်တယ်၊ မြင်တဲ့စိတ် ဖြစ်ပျက်မမြင်ရင် မြင်တယ် လိုချင်တယ် စွဲလမ်းတယ် အားထုတ်မယ်ဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ပြတ်သွားတယ်

ဖြစ်ပျက်မြင်လိုက်တော့ မြင်တဲ့စိတ် ဖြစ်ပျက်၊ လိုစိတ်လာသေးလား (မလာပါဘူး ဘုရား) စွဲလန်းတဲ့စိတ် (မလာပါဘူး ဘုရား) အားထုတ်တဲ့စိတ် (မလာပါဘူး ဘုရား) သာသနာတွင်း လုပ်လိုက်တော့ ဘာဖြစ်သွားတုန်း (ပဋိစ္စသမုပ္ပါဒ် ပြတ်ပါတယ် ဘုရား) ဘာပြတ်သွားတုန်း (ပဋိစ္စသမုပ္ပါဒ် ပြတ်သွားပါတယ် ဘုရား)။

ဒီဘက်က လာမှာဘာသစ္စာတုန်း (နိရောဓသစ္စာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် သာသနာတွင်း က ဒကာ ဒကာမတို့ ဒုက္ခသစ္စာပြတ်တယ် ရှင်းပလား (ရှင်းပါပြီ ဘုရား) သာသနာပ, ကတော့ ဒုက္ခသစ္စာဆက်ပါတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား) သာသနာတွင်းမှာ နှစ်ခုလုပ် (မှန်ပါ) ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား) ခုနင်က ဟောပြီးပြီ နော် (မှန်ပါ)။

သာသနာတွင်းမှာ ဒကာ ဒကာမတို့ နှစ်ခုလုပ်ပါ (မှန်ပါ) ကမ္မဿကတာဉာဏ်လည်းလုပ်၊ သစ္စာနုလောမိက ဉာဏ်လဲ (လုပ်ရမှာပါ ဘုရား) လုပ်ရမှာပဲတဲ့ လုပ်ပေမယ့် သူလုပ်တာ ကိစ္စမရှိဘူး သစ္စာနုလောမိကဉာဏ်က ဖြတ်ပေးတယ်၊ ဖြတ်ပြီးလုပ်ဖြစ်တယ် ရှင်းပလား (ရှင်းပါတယ်) ဘယ်လို လုပ်ဖြစ်ပါလိမ့် (ဖြတ်ပြီးလုပ်ဖြစ်ပါတယ် ဘုရား)။

ဖြတ်ပြီးလုပ်ဖြစ်တယ်ဆိုတော့ ကိုယ်ဒါန ကိုယ့်ခန္ဓာ ဒုက္ခသစ္စာမြင်ပြီး သစ္စာမြင်ပြီး သကာလ လှူလည်းလှူတယ်၊ ဖြတ်လည်းဖြတ်တယ်၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား) ဝဋ်ပြတ်တဲ့အလှူ (မှန်ပါ) ဘယ်လိုဆုံးဖြတ်ချက်ချကြမတုန်း ဒါဖြင့် ဝိဝဋ္ဋဒါန (မှန်ပါ) ရှင်းပါလား (ရှင်းပါပြီ ဘုရား)။

ဝဋ်ပြတ်တဲ့ အလှူဆိုတော့ နိဗ္ဗာန်ရောက်တဲ့အလှူ (မှန်ပါ) နားကြီးကြီးနဲ့ထောင်မှ ရှင်းပါ (မှန်ပါ) ရှင်းရဲ့လား (ရှင်းပါပြီ ဘုရား) ဟို-ဦးမူကြီးကော ရှင်းရဲ့လား ကြားရဲ့လား (ကြားရပါတယ် ဘုရား) သေသေချာချာလုပ်ကြားရရဲ့ဆိုတာ မကြားမှာစိုးရတယ်။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ သာသနာပ, မှာဆိုတော့ အဖြတ်ပါရဲ့လား (မပါ ပါဘူး ဘုရား) ဒါ-သဿတပါသွား တယ် ဘာပါသွားပါလိမ့် (သဿတပါသွားပါတယ် ဘုရား) ငါလုပ် ငါရမယ်ဆိုတော့ ငါပဲခံစားရမှာပဲ၊ ဘာပါသွားတုန်း (သဿတပါသွားပါတယ် ဘုရား)။

အတ္တဒိဋ္ဌိပါတယ်

ဒိဋ္ဌိမပြုတ်ဘူး ဒါကြောင့် အတ္တဒိဋ္ဌိပရာမာသကတ္တာတဲ့ အတ္တဒိဋ္ဌိပါတယ်ကွ သာသနာပ ကမ္မဿကတာဉာဏ်က ရှင်းပလား (ရှင်းပါတယ် ဘုရား) အတ္တဒိဋ္ဌိ (ပါ, ပါတယ် ဘုရား) သဿတဒိဋ္ဌိ (ပါ, ပါတယ် ဘုရား) ဦးမူ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

သာသနာတွင်းမှာ လုပ်တော့ကိုတဲ့ ကမ္မဿကတာဉာဏ်လည်း လုပ်ပါ။ လှူပါ ဒါန်းပါ-ပေးပါ ကမ်းပါ- တိုက်တွန်းတယ် (ရှင်းပါတယ် ဘုရား) သစ္စနုလောမိကဉာဏ်လဲ (လုပ်ရမှာပါ ဘုရား) ဖြစ်ပျက်ရှုတဲ့ဉာဏ်လည်း လုပ်ပါဆိုတော့ ဖြစ်ပျက်ရှုတဲ့ ဉာဏ်လုပ်တယ်ဆိုလှူပေါ့၊ လှူတဲ့ခန္ဓာကိုယ်ကြီး ဖြစ်ပျက်ရှုပြီး သကာလ ဪ ဒီဒုက္ခဝဋ်မှ ကျွတ်ချင်လို့ လှူပါတယ်ဆိုတော့ ခုနဒုက္ခဖြတ်တာလည်း မပါဘူူးလား (ပါ, ပါတယ် ဘုရား) လှူတာလည်း အထမြောက် တာပဲ (မှန်ပါ) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

လှူပေမဲ့ ဒုက္ခဆက်သေးသလား (မဆက်ပါဘူး ဘုရား) ဒါဖြင့် သာသနာတွင်းမှာ နှစ်ခုလုပ်ထိုက်တယ် ဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဉာဏ်နဲ့စဉ်းစားနော် (မှန်ပါ) ဒါဖြင့် သာသနာတွင်းနဲ့ လှူတော့ ဒကာ ဒကာမတွေ ဘယ်လိုလုပ်ကြမတုန်းလို့ မေးတဲ့အခါကျတော့မှ လှူလည်းလှူပါ၊ လှူတဲ့အခါမှာ ဒီခန္ဓာကြီး ဒုက္ခကိုလည်း မြင်ပြီး သကာလ ဒုက္ခကျွတ်ချင်လို့ လှူမယ် (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘယ်လိုလှူကြမတုန်း (ဒုက္ခမှ ကျွတ်လိုလု့ိ လှူရမှာ ပါ ဘုရား)။

ဒုက္ခကျွတ်ချင်လို့ လှူမယ်ဆိုရင်

ဒါဖြင့် ဒုက္ခကျွတ်ချင်လို့ လှူမယ်ဆိုရင် လှူ၊ ဟုတ်လား ဒုက္ခလွတ်အောင်လို့ အားထုတ်မယ်ဆို့ရင် အားထုတ်၊ နှစ်ဘက်ရမယ်၊ ဒီဟာမပါလု့ိရှိရင်ဖြင့် သာသနာပလို့မှတ်လိုက်စမ်းပါ (မှန်ပါ) ဘယ်လိုတုန်း သစ္စာနုလောမိကဉာဏ် မပါလို့ရှိရင် ဘယ်လို့ဆိုကြမတုန်း (သာသနာပ ပါ ဘုရား)။

အဲတော့ သာသနာကျန်တာကလိုရင်းလား၊ ခင်ဗျားတို့ဉာဏ်ရှင်းတာက လိုရင်းလား (ဉာဏ်ရှင်းတာက လိုရင်းပါ ဘုရား) ဒါဖြင့် ဒီဉာဏ်ကို ယနေ့ဒကာ ဒကာမတွေ ရှင်းရှင်းလင်းလင်းပဲ အဓိပ္ပါယ်ပြောပေးနေတယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် သာသနာပမှာ ဘယ်နှဉာဏ်ထားရမယ် (တစ်ဉာဏ်ထားရပါမယ်) အတ္တဒိဋ္ဌိပြုတ်ပါရဲ့လား၊ (မပြုတ်ပါဘူး ဘုရား) ဒါကြောင့် သာသနာပအတ္တဒိဋ္ဌိမပြုတ်ဘူးတဲ့၊ သဿတဒိဋ္ဌိကော (မပြုတ်ပါဘူး ဘုရား) သူ့ဘယ့်နှယ်ဆို ဆိုမယ်တဲ့ (သာသနာပဉာဏ်ပါ ဘုရား)။

သာသနာပဉာဏ်၊ အဲဒီကံ ကံ၏အကျိုးကို ယုံကြည်တဲ့ဉာဏ် ဘာဆိုကြမတုန်း (သာသနာပဉာဏ်ပါ ဘုရား) သာသနာပ, ဉာဏ်-ကမ္မဿကတာဉာဏ် ဒိဋ္ဌိမပြုတ်လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သာသနာတွင်းမှာဆိုတော့ အခု ဒကာ ဒကာမတွေက လှူဆဲဒါန်းဆဲ-ပေးကမ်း ကမ်းဆဲ မှာ ခန္ဓာကိုယ်ဖြစ်ပျက် ဒုက္ခသစ္စာမြင်ပြီး ဒုက္ခဝဋ်မှ ကျွတ်ချင်လွန်းလို့ ဒီဒုက္ခဝဋ်မှ ကျွတ်ချင်လို့ ဒီဝဋ်ကြီးပြတ်ချင်လွန်းလို့ လှူပါတယ် ဒါန်းပါတယ်-ပေးပါတယ် ဆိုတော့ သစ္စာနုလောမိကဉာဏ် လည်းပါတယ် (မှန်ပါ)။

လှူလို့ဒါန်းလို့ အကျိုးရှိတယ်

လှူလို့ဒါန်းလို့ အကျိုးရှိတယ် ဆိုတာလည်း သိသွားတယ်၊ သူက နှစ်ဉာဏ်ရတယ် (မှန်ပါ) ဒါဖြင့် ကမ္မဿကတာဉာဏ်ရော (သစ္စာနုလောမိကဉာစ်ရောပါ ပါတယ် ဘုရား) ဒါမှ သာသနာတွင်းကျမယ် (မှန်ပါ) ပေါ်ကျပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီအရေးဟာ ဒကာ ဒကာမတို့ ဒီသာသနာရှိတာက လိုရင်လား-ဉာဏ်ကိုဝေဖန်နိုင်တာက လိုရင်းလား (ဉာဏ်ကို ဝေဖန်နိုင်တာက လိုရင်းပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ကိုင်း သစ္စာနုလောမိကဉာဏ်က သာသနာပမှာ ပေါ်သလား-သာသနာတွင်းမှာ ပေါ်သလား (သာသနာတွင်းမှာ ပေါ်ပါတယ် ဘုရား) ကဲ အဲဒီတော့မှ အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်များမှာ ဘယ်လိုဆိုကြပါမတုန်း (သာသနာပ, ပါ ဘုရား)။

သူ-ကမ္မဿကတာဉာဏ်နဲ့ တင်းတိမ်နေတယ် (မှန်ပါ) သဘောကျရဲ့လား (ကျပါတယ် ဘုရား) ဘာနဲ့တင်းတိမ်နေ တုန်း (ကမ္မဿကတာဉာဏ်နဲ့ တင်းတိမ်နေပါတယ် ဘုရား) အခါက သာသနာတွင်းဉာဏ်က ဘာဖြစ်နေတုန်း (သာသနာပ, ပါ ဘုရား) အခါက သာသနာတွင်းနော် (မှန်ပါ) ဉာဏ်က (သာသနာပဉာဏ်ပါ ဘုရား) နစ်နာလိုက်တာ မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။

နှစ်ဉာဏ်နဲ့လှူတာ

ကဲ-ဘုန်းကြီးတို့ ဒကာ ဒကာမတွေကျတော့ နှလုံးလည်းသွင်းဖြစ်ပါတယ်ဘုရား၊ လှူဒါန်းလည်း တပည့်တော်တို့ လှူပါတယ်-ဒါန်းပါတယ်၊ ပေးပါတယ် – ကမ်းပါတယ်၊ သို့သော် တပည့်တော်တို့ ဒီခန္ဓာဝဋ်ဖြစ်ပျက်မြင်ပြီး သကာလ -ဖြစ်ပျက်ကျွတ်ချင်တဲ့ဉာဏ်နဲ့ လှူတာဘုရာ့-ဆိုတော့ နှစ်ဉာဏ်နဲ့လှူ၊ လှူတာဘုရာ့ ဆိုတော့ ကမ္မဿကတာဉာဏ်၊ ဖြစ်ပျက် ဒုက္ခသစ္စာကျွတ်ချင်လို့ဆိုတာကတော့ သစ္စာနုလောမိကဉာဏ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သူကျတော့ ဘယ်နှဉာဏ်နဲ့ လုပ်ပါလိမ့် (နှစ်ဉာဏ်နဲ့လုပ်ပါတယ် ဘုရား) အဲ-နှစ်ဉာဏ်ကိုဘယ်တော့မှ လက်မလွှတ်ပါနဲ့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘယ်နှစ်ဉာဏ်ပါလိမ့် (နှစ်ဉာဏ်ပါ ဘုရား) သာသနာတွင်းသားဖြစ် အောင် ကမ္မဿကတာဉာစ်လည်းမပယ်နဲ့၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

သစ္စာနုလောမိကဉာဏ်ကော (မပယ်ရပါဘူး ဘုရား) မပယ်ပါနဲ့တဲ့၊ သို့သော် ဒီထဲမှာ အရောင်တင် ဒီကျွန်းသားတွေ ဘယ်လိုပင် – ရွေဘော်ထိုးထားငြားသော်လည်း ဆေးသုတ်ပြီးသလောက်တော့ ဈေးမတက်ဖူး (မှန်ပါ) တက်ပါ့မလား (မတက်ပါဘူး ဘုရား)

ဟိုဘီရိုကြီးကြည့်ပါ ကျွန်းသား ရိုးရိုးရွေဘော်ထိုးပြီး သကာလ လုပ်ထားတာနဲ့ အခုလို ဆေးအရောင် အမျိုးမျိုးချယ်ထားတာနဲ့ ဘယ်သူက ဈေးတက်သွားတုန်းမေးရင် ဘယ့်နှယ်ဖြေမတုန်း (ဆေးရောင်ချယ်ထား တကာက ဈေးပိုတက်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာပဲလုပ်လုပ်သစ္စာနုလောမိကဉာဏ်ထည့်ပါ

ဈေးတက်သွားတယ်ဆိုတော့ ဈေးများများရတာပေါ့ (မှန်ပါ) ဘာပဲလုပ်လုပ်သစ္စာနုလောမိကဉာဏ်ထည့်ပါ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာလုပ်ရမတုန်း (သစ္စာနုလောမိကဉာဏ်လုပ်ရမှာပါ ဘုရား) ကိုယ့်ခန္ဓာဖြစ်ပျက်မြင်ပြီး သကာလ ဒကာ ဒကာမတွေ လှူကြ ဒါန်းကြ – ပေးကြ ကမ်းကြ သီလဆောက်တည်လည်း ဒီအတိုင်း ဒါနပြုလဲ (ဒီအတိုင်းပါပဲ ဘုရား)။

ဒီအတိုင်းပဲ၊ ဒီသစ္စာနုလောမိကဉာဏ်တော့ လက်မလွှတ်ပါနဲ့ (မှန်ပါ) ဒါအရောင်တင်တာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) အရောင်တင်လိုက်တော့ ခုနင်က ကျွန်းသားသက်သက် ဘီရိုနဲ့ အရောင်တင်ပြီးသား ဘီရိုနဲ့ ဈေးကွာတယ်၊ မကွာဘူးလား (ကွာပါတယ် ဘုရား)။

ဒါဖြင့် သစ္စာနုလောမိက ဉာဏ်ဟာ အရေးတကြီး အချယ်အလှယ်ဉာဏ်ပဲဆိုတာ ပေါ်လာတယ် (မှန်ပါ) မပေါ်လာဘူူးလား (ပေါ်လာပါတယ် ဘုရား)။

အဲတော့ သူမပါလို့ရှိရင်ဖြင့် ကျွန်းဈေးပဲရမယ် (မှန်ပါ) မဟုတ်ဘူးလား၊ သူပါလာလု့ိရှိရင် ကျွန်းဈေးထက်ပိုမိုပြီး သကာလ လက်ခရော အရောင်တင်ဆေးအတွက်ရော အရောင်တင်ခငွေရော၊ ဥပမာ နှစ်ရာနဲ့ရောင်းမှာ သုံးရာဖြစ်မယ် လေးရာဖြစ်ရမယ်၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒီမှာလည်း ထိုနည်းအတူပဲ၊ ဒကာ ဒကာမတို့ ဒီဉာဏ်ကိုဖြင့် မဖြည့်စွက်ရင် ဈေးကျတယ်သာ အောက်မေ့လိုက် (မှန်ပါ) ဒီသစ္စာနုလောမိကဉာဏ် မဖြည့်စွက်ရင် (ဈေးကျပါတယ် ဘုရား) ရှင်းပလား (ရှင်းပါတယ် ဘုရား)။

အင်း သူ့ကိုဖြင့် အမြဲတန်းဘာလုပ်ရမတုန်း (ထည့်ပေးရမှာပါ ဘုရား) ထည့်ပေးရမယ်၊ ဒါနလုပ်လဲ (ထည့်ပေး ရမယ် ဘုရား) သီလလုပ်လဲ (ထည့်ပေးရမှာပါ ဘုရား) မလုပ်တဲ့အခါလည်း လုပ်ရမယ်၊ ဒါန သီလမလုပ်တဲ့ အခါလည်း သူက သာသနာတွင်းမို့ သာသနာတွင်း အလုပ်လုပ်ရမယ် (မှန်ပါ)။

သူရောမှ ပြတ်တယ်

ဘာကြောင့်တုန်းလို့ မေးတဲ့အခါကျတော့မှ ဟိုဟာက ပဋိစ္စသမုပ္ပါဒ် မပြတ်ဘူးဘုရား (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) သူရောမှ ပြတ်တယ်၊ သစ္စာနုလောမိကဉာဏ်ရောမှ (ပြတ်မှာပါ ဘုရား) ဟိုကမ္မဿတာဉာဏ်ဆိုရင် (မပြတ်ပါဘူး ဘုရား) သူချည်းသက်သက်ဆိုရင် (မပြတ်ပါဘူး ဘုရား)။

သစ္စာနုလောမိကဉာဏ်လည်း ထည့်လိုက်ပါရော (ပြတ်ပါတယ် ဘုရား) ကမ္မဿကတာဉာဏ်လည်း ဝိဝဋ္ဋဒါနဖြစ် ရော သစ္စာနဲ့ လျှော်တဲ့ဉာဏ်ကိုလည်း လုပ်သောကြောင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကော (ရပါတယ် ဘုရား) ရ,ရပါတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ – ရော့အင့်တွေကတော့ များလေရဲ့၊ သားဆိုလည်း ကြွေးလိုက်တာပဲ၊ သမီးဆိုလည်း ကျွေးလိုက်တာပဲ၊ ပေးလိုက်တာပဲ – ကမ်းလိုက်တာပဲ၊ ဒီဉာဏ်က မပါဘဲဖြစ်နေတယ်၊ ရော့နင် – ယူသွားလေ ရော့နင်စားချင်ရင် အဖိုးတန်တာလည်း တော်အောင် ပေးလိုက်တာပဲ၊ အဖိုးမတန်တာကော (တော်အောင်ပေးလိုက်တာပဲ ဘုရား)။

ဒါဖြင့် ဒီသစ္စာနုလောမိကဉာဏ် ပါသေးလား (မပါ, ပါဘူး ဘုရား) မပါတော့ ကမ္မဿကတာဉာဏ် သက်သက်ဖြစ်နေတယ် (မှန်ပါ) အဲဒီလို ကမ္မဿကတာဉာဏ် သက်သက်ဖြစ်နေတော့ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ပြတ်-မပြတ် (မပြတ်ပါဘူး ဘုရား) မပြတ်တော့ ဘာသစ္စာဆက်နေတုန်း (ဒုက္ခသစ္စာဆက်နေပါတယ် ဘုရား) မဆက်ပေဘူးလား (ဆက်ပါတယ် ဘုရား)။

သစ္စာနုလောမိကဉာဏ်ရော လိုက်တဲ့အခါ

သူရောလိုက်တဲ့အခါကျတော့ သစ္စာနုလောမိကဉာဏ်ရော လိုက်တဲ့အခါကျတော့ ဘယ်နှယ်နေကြမယ် (ဒုက္ခမဆက်ပါဘူး ဘုရား) အဲ-ပဋိစ္စသမုပ္ပါဒ်ပြတ်ခြင်းကြောင့် ဝဋ္ဋလား ဝိဝဋ္ဋလား (ဝိဝဋ္ဋပါ ဘုရား) ဝဋ္ဋ-ဝိဝဋ္ဋခွဲတာ ဒါပဲ၊ ယနေ့ ရှင်းရှင်းလင်းလင်း ပြောတယ် (မှန်ပါ)။

ပဋိစ္စသမုပ္ပါဒ်ပြတ်ရင် ဝိဝဋ္ဋါဒါန၊ ပြတ်တဲ့အလုပ်မျိုးလုပ်ရင် (ဝိဝဋ္ဋါပါ ဘုရား) ဝဋ္ဋ-ဝိဝဋ္ဋဆိုတာ ဖြတ်တဲ့ဉာဏ်က ပဓါန (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဆုတောင်းကလိုရင်းလား – ပင်ကိုယ်ဖြတ်တဲ့သဘောကလိုရင်းလား (ပင်ကိုဖြတ်တဲ့သဘောကလိုရင်းပါ ဘုရား) ဆုတောင်းက ခင်ဗျားတို့ ကျက်တားထဲ့ ဝဋ္ဋဆုတောင်းကျက်ထားလည်း ဝဋ္ဋဆုတောင်းဖြစ်မှာပဲ၊ ဝိဝဋ္ဋဆုတောင်းကျက်ထားလဲ (ဝိဝဋ္ဋဆုတောင်းဖြစ်မှာပါ ဘုရား)။

ဆုတောင်းကလိုရင်းလား – ကိုယ်ဉာဏ်ထဲမှာ ဖြတ်တတ်တဲ့ဉာဏ်ကလိုရင်းလား (ဖြတ်တတ်တဲ့ဉာဏ်က လိုရင်းပါ ဘုရား) အဲဒါတပည့်တော်တို့ဘုရား ဆုတောင်းလိုက်တာပဲ၊ ဝဋ်တော့ကြောက်လွန်းလို့ ဝဋ်မှကျွတ်ချင်လို့ပဲ၊ လှူလိုက် ဒါန်းလိုက်-ပေးလိုက် ကမ်းလိုက်တာပဲ (မှန်ပါ) စာဆိုနဲ့ လုပ်နေတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စာဖတ်ပြီးတော့ကို ပြောနေတာနဲ့မတူဘူးလား (တူပါတယ် ဘုရား)။

ကဲ-ဒါဖြင့် ဘယ့်နှယ်လုပ်ကြမယ်၊ အမြင်နဲ့ လုပ်ပါ (မှန်ပါ) ဘယ်လို (အမြင်နဲ့ လုပ်ရမှာပါ ဘုရား) အမြင်နဲ့ လုပ်ပါလို့ဆိုတော့ ဒကာ ဒကာမတို့ မရှင်းသေးဘူး၊ ကောင်းပြီ ဒါဖြင့် သစ္စာနုလောမိကဉာဏ် ဆိုတာ ဘာမြင်တဲ့ဉာဏ် (ဖြစ်ပျက်မြင်တဲ့ဉာဏ်ပါ ဘုရား)။

ဒီဖြစ်ပျက်ဆုံးလို့ရှိရင်

ဒီဖြစ်ပျက်ဆုံးလို့ရှိရင် ဖြစ်ပျက်မရှိတဲ့ နိဗ္ဗာန်မြင် – မမြင် (မြင်ပါတယ် ဘုရား) ဒါဖြင့် နိဗ္ဗာန်တောင် ဆက်မြင်မဲ့ ဉာဏ်ကို သစ္စာနဲ့လျှော်တဲ့ဉာဏ်ဆိုလိုက်ပါ (မှန်ပါ) နိဗ္ဗာန်ပဲ ဆက်မြင်မှာ သူကတော့၊ မမြင်ဘဲနဲ့နေမှာလား မြင်ရဦးမှာလား၊ ဆက်သာကြည့်သွားရင် နိဗ္ဗာန်မြင်မလား – မမြင်ဘူးလား (မြင်မှာပါ ဘုရား)။

ဒါဖြင့် သစ္စာနုလောမိကဉာဏ်ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) သစ္စာဟာ နိဗ္ဗာန်ကျအောင် မြင်မဲ့ဉာဏ်ကို သစ္စာနဲ့ လျှော်တဲ့ဉာဏ်၊ နိဗ္ဗာန်က နိရောဓသစ္စာကိုး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) နိဗ္ဗာန်ကဘာသစ္စာ (နိရောဓ သစ္စာပါ ဘုရား)

အဲဒီကျအောင် ဒီဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်ဟာမမြင်ပေဘူးလား (မြင်ပါတယ် ဘုရား) ဒါဖြင့် သစ္စာနုလောမိကဉာဏ် ဆိုတာ ကောင်းကောင်းသဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် သူမပါဘဲနဲ့ ခင်ဗျားတို့ ဒါနပဲလုပ်လုပ်-သီလပဲလုပ်လုပ်၊ မတော်ဘူး (မှန်ပါ)။

ဟုတ်လား- ကျွန်းသားဒီအတိုင်းရောင်းသလို ဖြစ်နေတယ်၊ ဆေးသုတ်ရောင်းတဲ့ အဓိပ္ပါယ်ရောက် သေးရဲ့လား (မရောက်ပါဘူး ဘုရား)။

အဲတော့ ဒီ-ဈေးနည်းတာပေါ့ဗျာ၊ မရဘူးဟောသလား- ဈေးနည်းတယ် ဟောတာလား (ဈေးနည်းတယ် ဟောပါတယ် ဘုရား) သဘောကျရဲ့လား (ကျပါတယ်) အဲတော့ပေးတာကမ်းတာ ဈေးရင်းအတူပဲ၊ ဈေးများများရတဲ့ နိဗ္ဗာန်ရလို့ရှိရင် ဒကာတွေ ဒကာမတွေ ပိုမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ကိုယ့်ခန္ဓာကို မြင်ပြီးတော့လုပ်ပါ

ဒါဖြင့် ဘာလုပ်ကြရမယ် (သစ္စာနုလောမိကဉာဏ်လုပ်ရပါမယ် ဘုရား) ဒါနလုပ်ရင်လည်း သစ္စာနုလောမိကဉာဏ် (ပါရပါမယ် ဘုရား) သီလဆောက်တည်လဲ (သစ္စာနုလောမိကဉာဏ်ပါရပါမယ် ဘုရား) သီလဆောက်တည်တာ တခြားကြောင့်မဟုတ်ဘူး၊ ဒီ ဒုက္ခသစ္စာကြီးလွတ်ချင်လို့ဆိုပြီးကိုယ့်ခန္ဓာကို မြင်ပြီးတော့လုပ်ပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါနလဲမလုပ်ဘူးဘုရား၊ သီလလဲမဆောက်တည်ဘူးဘုရား၊ တပည့်တော်အိပ်ယာထဲကထပြီး သကာလ တစ်ခါတည်း ဖြစ်ပျက်သာ နှလုံးသွင်းနေမယ်၊ အို-ကြိုက်တယ်ဘုရားက ဒီဥစ္စာပဲ သူတော့ပါပစေပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) သူ-မပါရင်တော့ နိရောဓသစ္စာကို (မရောက်နိုင်ဘူး ဘုရား) မရောက်နိုင်ဘူး-မမြင်နိုင်ဘူး၊ ရှင်းကြပလား ရှင်းပါတယ်ဘုရား။

ကဲ ဘယ့်နှယ်လုပ်ကြမယ် (သစ္စာနုလောမိက ဉာဏ်ရအောင်လုပ်ကြရမှာပါ ဘုရား) ဒါဖြင့် သူကအရောင်တင် သမားပဲရှိတယ်၊ ရှင်းပလား (ရှင်းပါတယ် ဘုရား) ခင်ဗျားကျောက်ထုပ် ထုပ်တဲ့အခါ သူအစည်းပဲ၊ ကျောက်ထုတ်တဲ့အခါကျ လို့ရှိရင် အစည်းတစ်လုံး နှစ်လုံးမထည့်ရပေဘူးလား (ထည့်ရပါတယ် ဘုရား)။

သူမပါလို့ရှိရင် ဒီ-သုံးခုလေးခုနှုတ်ပြီး သကာလ ရောင်းမယ်ဆိုလို့ရှိရင် ဈေးအများကြီးကျမယ်၊ သူနဲ့တွဲပြီးမှ ရောင်းမယ်ဆိုလို့ရှိရင် ဈေးကတက်လာတာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) သစ္စာနုလောမိဉာဏ်က အစီးနဲ့တူတယ်၊ ကမ္မဿကတာဉာဏ်က ခုနင်က အစီးမပါသေးတာနဲ့တူတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သောင်းပြောင်းထဲမှာ အစည်းလေးထည့်ပေးပါ

ဒါဖြင့် ခင်ဗျားတို့ သောင်းပြောင်းထဲမှာ အစည်းလေးထည့်ပေးပါ (မှန်ပါ) သောင်းပြောင်းထဲမှာ ဘာလုပ်ရမယ် (အစည်းလေးထည့်ပေးရပါမယ် ဘုရား) အစည်းထည့်ပေးလိုက်တော့ ဒီကျောက်ထုပ် ဘာဖြစ်လာတုန်း (အဖိုးတန်လာ ပါတယ် ဘုရား)။

သူက နည်းနည်းလေးမှုတ်လား နှစ်လုံးသုံးလုံးတည်း (မှန်ပါ) ဟိုဟာတွေက တပုံကြီး၊ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။

ဒီတော့မှ ဈေးကအများကြီး ကွာမသွားဘူးလား (ကွာသွားပါတယ် ဘုရား) ဒါဘယ့်နှယ့်ကြောင့် ကွာတာတုန်း အစီးပါလို့ဒီမှာလည်း သစ္စာနုလောမိကဉာဏ် မရလို့ရှိရင် နိဗ္ဗာန်အထောက်အပံ့သာဖြစ်တယ်၊ တိုက်ရိုက်မရောက်ဘူး (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်၏အထောက်အပံ့နဲ့ တိုက်ရိုက်ကိုယ်တိုင်ဝင်သွားရတာနဲ့၊ သူများက လိုက်ပို့ဖို့ရှာနေရတာနဲ့ ကိုယ်တိုင်တောက်လျှောက်ဝင်ရတာနဲ့ ဘယ်သူက အရင်ရောက်မတုန်း (ကိုယ်တိုင်ဝင်ရတာက အရင်ရောက်ပါတယ်)

အဲ-အထောက်အပံ့ကို လုပ်နေလို့ရှိရင် ပို့မဲ့လူရှာနေရတယ် (မှန်ပါ) ကိုယ်တိုင်တောက်လျှောက် ဝင်လိုက်လို့ရှိရင် မြန်မြန်ရောက်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ-သစ္စာနုလောမိကဉာဏ် တိုက်ရိုက်လုပ်လို့ရှိရင် ကိုယ်တိုင်သွားလိုက်တာနဲ့တူတယ်၊ ဟိုဟာတွေ လုပ်နေလို့ရှိရင် အထောက်အပံ့ရှာနေတာနဲ့တူတယ်၊ ဟိုဟာတွေ လုပ်နေလို့ရှိရင် အထောက်အပံ့ ရှာနေတာနဲ့တူတယ်၊ မတူဘူလား (တူပါတယ် ဘုရား) အထောက်အပံ့က နိဗ္ဗာနပစ္စယော ဖြစ်မနေဘူးလား၊ နိဗ္ဗာန်၏ အထောက်အပံ့သည် ဖြစ်စေသတည်း ဆိုတော့ အထောက်အပံ့ရှာနေတယ်၊ လိုက်ပို့မည့်သူဘာတုန်း – ရှာနေတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုယ်တိုင်ဝင်ရတာ

ရှာပင်ရှာငြားသော်လည်းတဲ့၊ ကိုယ်တိုင်လိုက်ရတာက သွက်သွက်လက်လက် မြန်မြန်ရောက်တယ် (မှန်ပါ့ ဘုရား) ဦးမူကြီး ဘယ့်နှယ်ဆိုပါမယ် (ကိုယ်တိုင်ဝင်ရတာ သွက်သွက်လက်လက်ရောက်ပါတယ် ဘုရား)

အဲတော့ မသိခင် တုန်းက တော့ ထောက်ပံ့မဲ့သူရှာရတယ် မရှာရပေဘူးလား (ရှာရပါတယ် ဘုရား) အင်း သိလာတဲ့တစ်နေ့ကျတော့ (ကိုယ်တိုင် ဝင်လိုက်တာပဲ ဘုရား) ကိုယ်တိုင်ဝင်လိုက်တာပဲပေါ့ဆိုတော့ ဒါနလုပ်လည်း ကိုယ်တိုင်ဝင်နိုင်အောင် လုပ်ပါ၊ သီလဆောက် တည်ကော (ကိုယ်တိုင်ဝင်နိုင်အောင် ဆောက်တည်ပါမယ် ဘုရား)။

ကိုယ့်သီလနဲ့ ကိုယ်သွားမယ်၊ ကိုယ့်သီလကို ဆောက်တည်ရင် သစ္စာမြင်တဲ့သီလ၊ သစ္စာမြင်တဲ့ဒါနနဲ့ ဒကာ ဒကာမတွေ သွားလိုက်မယ်ဆိုတော့ အထောက်အပံ့ရော – ကိုယ်တိုင်သွားရော ကိုယ်တိုင်သွား တစ်ခါတည်း ကျသွားတယ် (မှန်ပါ) အထောက်အပံ့လိုသေးရဲလား (မလိုပါ ဘုရား) ကမ္မဿကတာဉာဏ် သက်သက်ဆိုရင် အထောက်အပံ့လုပ်နေ ရမယ်၊ ရှင်းပလား (ရှင်းပါတယ် ဘုရား) သဘောပါပလား (ပါ ပါတယ် ဘုရား)။

သာသနာတွင်း ဘယ်နှစ်ဉာဏ်ရပါလိမ့်

ဒါဖြင့် သာသနာပမှာ ဘယ်နှစ်ဉာဏ်ရပါလဲ (တစ်ဉာဏ်ပါ ဘုရား) ဘာဉာဏ်ပါလိမ့် (ကမ္မဿကတဉာဏ်ပါ ဘုရား) သာသနာတွင်း ဘယ်နှစ်ဉာဏ်ရပါလိမ့် (နှစ်ဉာဏ်ရပါတယ် ဘုရား) ဘာဉာဏ်တွေပါလိမ့် (ကမ္မဿကတာဉာဏ် နဲ့ သစ္စာနုလောမိကဉာဏ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် သာသနာတွင်းအလုပ်ကို ကမ္မဿကတာဉာဏ်ရော – သစ္စာနုလောမိကဉာဏ်ရော လုပ်ပါဆိုတာ တိုက်တွန်းရင်း တရားပွဲသိမ်းပြီနော် (မှန်ပါ)။

သာဓု . . . သာဓု . . .သာဓု။