ငါစွဲ သူစွဲ နှစ်ပါးလုံး ပြုတ်တဲ့တရား
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူသော
ငါစွဲ သူစွဲ နှစ်ပါးလုံး ပြုတ်တဲ့တရား
ရှင်အာနန္ဒာ သောတာပန်တည်ပုံ
မှန်ကြည့်သူနှင့် အရိပ်ဥပမာ
နေ့ အလုပ်ပေး တရားတော်
(၂၆-၁၂-၅၇)
ရှင်အာနန္ဒာ သောတာပန်တည်ပုံ
ယနေ့ ရှင်အာနန္ဒာ သစ္စာလေးပါး မြင်ပုံကို ဟောမယ်၊ သူ့ဆရာက ဟောလို့ ရှင်အာနန္ဒာက သစ္စာလေးပါးမြင်၊ သစ္စာလေးပါးမြင်ပြီး ရှင်အာနန္ဒာ သောတာပန်တည်ပုံကို ဘယ်လိုရှု ဘယ်လိုမြင်တယ်၊ ဘယ်လို ဟောတယ် ဆိုတဲ့ဥစ္စာ ဟောမယ် (မှန်ပါ့) သစ္စာလေးပါးလဲပါအောင် ရှင်အာနန္ဒာ၏ သောတာပန်တည်ပုံသိရအောင် ယနေ့ ရှင်းပြမယ် (မှန်ပါ့)။
အဲ့ဒီတော့ ဒကာ ဒကာမတွေ မှတ်စရာက လောကီဥပမာကို သူ့ဆရာက အရင်သင်ပြလိုက်တယ်၊ ဒီဘက်က မှန်လို့ မှတ်ထားတာပေါ့နော် (မှန်ပါ့)။
ဒီဘက်ငါးခုက ဘာပါလိမ့် (မှန်ပါ့) ဒီဘက်သုံးခုက (အရိပ်ပါ ဘုရား) ဒီဘက်က (ကြည့်တာပါ ဘုရား)။
ဒကာ ဒကာမတို့က စဉ်းစားရမယ်၊ ဒီမှန်ကို ကြည့်တဲ့လူက ကြည့်တဲ့အခါကျလို့ရှိရင်ဖြင့် ဒီဘက်မှန်က၊ ဒီဘက်က မှန်ရှေ့က ရပ်ပြီးကြည့်တဲ့လူ၊ ထိုကြည့်တဲ့လူအတွက် မှန်ကြည့်ပြီဆိုမှဖြင့် ကြည့်ကြတဲ့လူနဲ့ ပေါင်းသင်းဆက်ဆံမိပြီ တည့်နေပြီ ဆိုမှဖြင့် အရိပ်ဟာ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ မှတ်ထားရမှာက ဪ မှန်နဲ့ လူနဲ့တည့်ရင် အရိပ်ပေါ်တယ်၊ ဒကာ ဒကာမတွေ က မှန်ကြည့်ဖူးတဲ့ ပုဂ္ဂိုလ်တွေဖြစ်နေတော့ အထူးငြင်းစရာမရှိပါဘူးတဲ့၊ ဪ မှန်နဲ့လူနဲ့တည့်ရင် အရိပ်ပေါ်တာဘဲ (မှန်ပါ့)။
အဲ့ဒီတော့ ဒီဒကာ ဒကာမတွေ အထူး စဉ်းစားဖို့ရာက ဘာကိုစဉ်းစားရမတုံး ဆိုလို့ရှိရင်ဖြင့် ကြည့်တဲ့ ပုဂ္ဂိုလ်နဲ့ တူရမယ် ဆိုတာကလဲ အထင်အရှားဘဲ၊ ဦးဝင်း မတူဘူးလား (တူပါတယ် ဘုရား)။
ဒီမှာအရိပ်ပေါ်တယ်
ကြည့်တဲ့ပုဂ္ဂိုလ်နဲ့ တူရမယ်ဆိုတာ ဒကာ ဒကာမတွေ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား) ဒီကမှန်၊ ဒီကကြည့်တဲ့ လူ ဒီမှာအရိပ်ပေါ်တယ် (မှန်ပါ့)။
တူတော့ ဒကာ ဒကာမတွေက ဘယ်လိုစဉ်းစားသင့်သတုံးဆိုလို့ရှိရင်ဖြင့် ဒီအရိပ်ဟာ ငါဘဲလို့ဆိုမလားလို့မေးရင်ဖြင့် ဦးဝင်းတို့အားလုံး ဒကာ ဒကာမတွေက ဒီအရိပ်ဟာ ငါဘဲလို့ပြောကြဆိုကြမယ်ဆိုရင် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား) မဖြစ်နိုင်ဘူးတဲ့ ဒီဥစ္စာ အရိပ်ကို အရိပ်ဘဲလို့မှတ်ထားရမှာပေါ့ဗျာ (မှန်ပါ့ ဘုရား)။
အရိပ်ဟာငါလားဆိုတော့ ငါမဟုတ်ဘူးဆိုတာ ခင်ဗျားတို့သိတယ်၊ ဘာဖြစ်လို့တုံး အရိပ်ဖြစ်လို့ (မှန်ပါ့) နို့ အရိပ် ဖြစ်တာတော့ ရှိပါစေတော့ ကြည့်တဲ့ပုဂ္ဂိုလ်နဲ့တော့ တူတယ်ဆိုတာ ထင်ရှားပြီး သကာလ နေတော့ ကြည့်တဲ့ပုဂ္ဂိုလ်လား ဆိုတော့လဲ မဟုတ်ဘူး၊ ကြည့်တဲ့ပုဂ္ဂိုလ်နဲ့လဲ တူတယ်၊ ကြည့်တဲ့ပုဂ္ဂိုလ်ဟုတ်ပါရဲ့လားဆိုတော့လဲ ကြည့်တဲ့ပုဂ္ဂိုလ် မဟုတ်ဘူး ဆိုတာကလဲ ထင်ရှားနေတယ်၊ ထင်ရှားနေတော့ ဒကာ ဒကာမတွေက မသိတဲ့ပုဂ္ဂိုလ်မှာ ဒီအရိပ်ကို ငါဘဲလို့ထင်တတ်တယ် (မှန်ပါ့) ငါချောသားဘဲ၊ ငါလှသားဘဲ၊ ငါနေရာကျသားဘဲလို့ ဒါကို ကြည့်ပြီး ပြောကြတာမဟုတ်လား (မှန်ပါ့ ဘုရား)။
ဒီမှာပြောကြတော့ ဒီဟာ ငါဟုတ်ကဲ့လားလို့မေးလို့ရှိရင် (မဟုတ်ပါ ဘုရား) ငါမဟုတ်ဘူး ဆိုလို့ရှိရင် ငါနဲ့ ဘယ့်နှယ့် နေသတုံးလို့ ကြည့်တဲ့ပုဂ္ဂိုလ်နဲ့ ဘယ့်နှယ့်နေသတုံးလို့မေးရင် ဘယ့်နှယ့်ပြောမတုံး (တူပါတယ် ဘုရား) ကြည့်တဲ့ပုဂ္ဂိုလ်နဲ့တော့ တူတယ်။
အဲ့ဒီတော့ တူသာတူတယ် ငါဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) တူသာတူတယ် ငါမဟုတ်ဘူးဆိုတာ မှတ်ထားတော့ ဒီအလယ်ကဟာကလေးကို စဉ်းစားလိုက်တော့ ငါလဲမဟုတ်ဘူး ဆိုနိုင်ကြပြီလား (ဆိုနိုင်ပါတယ်) သူတစ်ပါးလားလို့ မေးပြန်တော့ (မဟုတ်ပါ ဘုရား)။
သူတပါးမဟုတ်ရင် ငါဖြစ်နေမှာဘဲ စိုးရသေးတယ်နော် (မှန်ပါ့) ငါလား သူတပါးလားလို့ အလယ်ကဟာကလေး မေးရင် (အရိပ်) ဒကာ ဒကာမတို့ ဘယ့်နှယ့်ဖြေကြမလဲ (ငါသူတပါးမဟုတ်ပါ ဘုရား) ငါလဲမဟုတ်ဘူး၊ သူတပါးလဲမဟုတ်ဘူး။
ဘယ့်နှယ့်ကြောင့် ငါမဟုတ်သတုံး
ဘယ့်နှယ့်ကြောင့် ငါမဟုတ်သတုံးလို့ မေးတဲ့အခါကျတော့ အရိပ်မှန်းသိလို့ သဘောကျပြီလား (မှန်ပါ့) အရိပ်မှန်း သိတော့ ငါလဲမဟုတ်ဘူးဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
သူတပါးလားလို့ မေးပြန်တော့လဲ ကြည့်တဲ့ ပုဂ္ဂိုလ်နဲ့ တူနေလို့ သူတပါးလဲမဟုတ်ဘူး (မှန်ပါ့) ဒီတော့ သူတပါး လားလို့မေးပြန်တော့ ကြည့်တဲ့ပုဂ္ဂိုလ်နဲ့ တူပါတယ် ဆိုတာ အဖြေထွက်လာတယ် ဒကာသိုက်တို့က (မှန်ပါ့) မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။
အဲ့ဒီတော့ သူတပါးလားဆိုတော့လဲ သူတပါးမဟုတ်ဘူး၊ ခင်ဗျားတို့က အဖြေထွက်တော့ကို သူတပါးတော့ မဟုတ်ဘူး၊ ငါတော့ဟုတ်သလိုလို အဓိပ္ပာယ်ရောက်နေတယ် (မှန်ပါ့) ငါတော့မဟုတ်ဘူး၊ သူတပါးဟုတ်တယ် ဆိုပြန်လို့ရှိရင်လဲ ဒီဥစ္စာ နေရာမကျသေးဘူး ဦးဘအုန်း နေရာမကျသေးလို့မှတ်ရမယ် (မှန်ပါ့) ငါရော သူတပါးရောကို မဟုတ်မှ ကိုက်မယ် (မှန်ပါ့ ဘုရား)။
ဒါတွေ တွေးကြည့်ရမယ် ဒကာ ဒကာမတို့ ဒီဥစ္စာ ရှင်ပုဏ္ဏမထေရ်က ရှင်အာနန္ဒာတို့ကို ပုံစံပြ၍ဟောတာလို့ ဦးဘကြည်တို့ မှတ်ရလိမ့်မယ်နော် (မှန်ပါ့ ဘုရား)။
ပုံစံပြဟောတာကိုး လို့ မှတ်တော့ ဒီအလယ်က အရိပ်ဟာ ဒကာ ဒကာမတို့ ငါလားလို့ မေးပြန်တော့ ဘယ့်နှယ့် ဆိုမလဲ (မဟုတ်ပါ) သူတပါးလားလို့ မေးပြန်ရင် (မဟုတ်ပါ ဘုရား) အဲ့ဒီတော့ ငါ သူတပါးမဟုတ်တဲ့ အဓိပ္ပာယ်ဟာ သေသေ ချာချာ ရောက်မနေဘူးလား (ရောက်နေပါတယ် ဘုရား)။
ငါ သူတပါး မဟုတ်ဘူး၊ ဒီဥစ္စာဟာ ဒါနဲ့ဒါ ပေါင်းမိလို့ ဖြစ်တဲ့သဘောကလေး၊ မှန်ကြည့်တဲ့ ပုဂ္ဂိုလ်နဲ့ ပေါင်းမိလို့ ဖြစ်တဲ့သဘောဘဲဆိုတော့ ငါလို့ကောဆိုကြမလား (မဆိုနိုင်ပါ ဘုရား) သူတပါးလို့ကော (မဆိုနိုင်ပါ ဘုရား)။
ဒီအရိပ်ဟာ ငါဘဲဆိုရင်
ငါလို့ဆိုရမှာလဲ ဒကာ ဒကာမတို့ ငါဆိုလို့ရှိရင်ဖြင့် ဒီအရိပ်ဟာ ငါဘဲဆိုရင် ကြည့်တဲ့ ပုဂ္ဂိုလ်ဟာ သူတပါးဖြစ်လိမ့် မယ် (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ်) အရိပ်ကို ငါထင်ကြည့်တဲ့ ပုဂ္ဂိုလ် ဘာဖြစ်မတုံး (သူတပါးပါ ဘုရား)။
ဒီအရိပ်ကို သူတပါးဆိုလို့ရှိရင်လဲ ဒကာ ဒကာမတို့ စဉ်းစားကြည့်လေ ကြည့်တဲ့ပုဂ္ဂိုလ်နဲ့ တူနေပြန်တယ် (မှန်ပါ့) အရိပ်ကို သူတပါးယူလိုက်ပြန်တော့ ဘာနဲ့တူနေသလဲ (ကြည့်တဲ့ပုဂ္ဂိုလ်နဲ့တူနေပါတယ် ဘုရား) ကြည့်တဲ့ပုဂ္ဂိုလ်နဲ့တူနေတယ် (မှန်ပါ့) မတူဘူးလား တူသလား (တူပါတယ် ဘုရား)။
ကဲ မှန်ကြည့်ပြီး ခင်ဗျားတို့ဘဲ ကိုယ့်ဟာကိုယ် အိမ်ကျတော့ အကဲခတ်ကြဦး (မှန်ပါ့) အကဲခတ်ကြည့်တော့ ဒီအယူဟာ အတော်တော့ခက်နေတယ် ဒကာသိုက်ရ (မှန်ပါ့ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ဒီဥစ္စာဒီဘက်ကမှန်နော် (မှန်ပါ့) ဒီဘက်ကကြည့်တဲ့ပုဂ္ဂိုလ်၊ အလည်မှာ အရိပ်မထင်ဘူး လား (ထင်ပါတယ် ဘုရား) အဲ့ဒါ ငါလားလို့မေးရင် ဘယ့်နှယ့်ပြောကြမလဲ (မဟုတ်ပါ ဘုရား)။
ငါမဟုတ်ရင် သူတပါးလားလို့မေးရင် (သူတပါးလဲ မဟုတ်ပါ ဘုရား) သူတပါးမဟုတ်တာ ဘယ်သူက သက်သေခံ သတုံးဆိုလို့ရှိရင် ကြည့်တဲ့ပုဂ္ဂိုလ်နဲ့သွားတူတယ်၊ မတူဘူးလား (တူပါတယ် ဘုရား) ကြည့်တဲ့ပုဂ္ဂိုလ်နဲ့သွားတူတယ်၊ မှန်ထဲကြည့် လိုက်တဲ့အခါ ကြည့်တဲ့ ပုဂ္ဂိုလ်နဲ့ အရိပ်နဲ့ဟာ ဘယ့်နှယ့်နေကြသတုံး (တူပါတယ် ဘုရား)။
ဒါဖြင့် ဒီဟာငါလားလို့မေးတယ် (မဟုတ်ပါ ဘုရား) သူတပါးလားလို့မေးတယ် (မဟုတ်ပါ ဘုရား) ဒါဖြင့် ဒီဥစ္စာ ငါ သူတပါးမဟုတ်တဲ့သဘောဘဲ၊ အရင်တုန်းကဟောတဲ့ တရားအခု ရှင်ပုဏ္ဏမထေရ်က ရှင်အာနန္ဒာကို ဟောတဲ့တရားတွေနဲ့ ဦးဝင်းဒါက ပိုရှင်းလိမ့်မယ် (မှန်ပါ့ ဘုရား)။
ဒါ နားမလည်သေးလို့ရှိရင် သုံးခေါက်ထပ်ပြောမယ် ဒကာ ဒကာမတို့ သတိထားပြီး နားထောင်စမ်း (မှန်ပါ့ ဘုရား)။
ဒီအရိပ်ကို ငါလားလို့မေးရင်
ဒီဟာက မှန်နော်၊ ဒီဘက်က ကြည့်တဲ့လူ၊ မှန်နဲ့ ကြည့်တဲ့လူနဲ့ ပေါင်းလို့ရှိရင် မှန်ကြည်လင်ရင် အရိပ်ပေါ်ရမယ် (မှန်ပါ့ ဘုရား) မပေါ်ရပေဘူးလား (ပေါ်ရပါတယ် ဘုရား) အဲ့ဒီလို အရိပ်ပေါ်လာတော့ ဒီအရိပ်ကို ငါလားလို့မေးရင် ဘယ့်နှယ့် ဖြေကြမတုံး (မဟုတ်ပါ ဘုရား) ဒါ ငါမဟုတ်ရင် သူတပါးလားလို့မေးရင် (မဟုတ်ပါ ဘုရား)။
သူတပါးလဲမဟုတ်ဘူး၊ ငါမဟုတ်တာကတော့ အရိပ်မှန်းသိလို့ (မှန်ပါ့) သူတပါး မဟုတ်တာသိတော့ ခင်ဗျားတို့ ဒီမျက်နှာအရိပ်နဲ့ ဒီမျက်နှာနဲ့ သွားတူတယ် (မှန်ပါ့)။
ဒီကကြည့်တဲ့လူမျက်နှာနဲ့ ဒါနဲ့မတူဘူးလား (တူပါတယ် ဘုရား) ဒါဖြင့် ဒါကလေးကို ဘယ့်နှယ့် ဆိုကြမယ် (ငါလဲ မဟုတ်၊ သူတပါးလဲမဟုတ်ပါ ဘုရား)။
ဒီကကြည့်တဲ့လူမျက်နှာနဲ့ ဒါနဲ့မတူဘူးလား (တူပါတယ် ဘုရား) ဒါဖြင့် ဒါကလေးကို ဘယ့်နှယ့် ဆိုကြမယ် (ငါလဲ မဟုတ်၊ သူတပါးလဲမဟုတ်ပါ ဘုရား)။
ငါလဲမဟုတ်ဘူး၊ သူတပါးလဲမဟုတ်ဘူး၊ ဒီလိုတင် ယူထားလိုက်နော် (မှန်ပါ့) ငါလဲမဟုတ်ဘူး၊ သူတပါးလဲမဟုတ်ဘူး ဆိုတာ ဦးဘကြည်ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) ရှင်းကြပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။
ဒီအရိပ်ကို ငါ လို့ စွဲလိုက်လို့ရှိရင် ကြည့်တဲ့လူသူတပါးဖြစ်တော့မှာဘဲ (မှန်ပါ့)။
ဒါဟာ ငါမဟုတ်တာတော့သေချာပြီ၊ သူတပါး မဟုတ်တာတော့လဲ ကြည့်တဲ့ပုဂ္ဂိုလ်နဲ့ သွားတူတယ် (မှန်ပါ့) မတူဘူးလား (တူပါတယ် ဘုရား)။
ငါလဲ မဟုတ်ဘူး၊ သူတပါးလဲမဟုတ်ဘူး
ဒါဖြင့် သူ့ကို ဆုံးဖြတ်ချက်ချ၊ ခင်ဗျားတို့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (အရိပ်ပါ ဘုရား) မဟုတ်ဘူး၊ ဒီလိုမချနဲ့၊ ငါလဲ မဟုတ်ဘူး၊ သူတပါးလဲမဟုတ်ဘူး (မှန်ပါ့) နှစ်ဘက်ယူရမှာ (မှန်ပါ့)။
အမယ်လေး ဒီဥစ္စာ သေသေချာချာ ရေရေလည်လည် နားထောင် ဒကာ ဒကာမတို့ (မှန်ပါ့) ဒီတရားကို သေသေ ချာချာနားထောင် သောတာပန်တည်နိုင်တဲ့တရားဖြစ်နေတယ် (မှန်ပါ့)။
ကိုင်း ဒါက မှန်လို့မှတ်ထားလိုက်စမ်းပါ၊ တစ်ခေါက်ပြောပါဦးမယ် (မှန်ပါ့) ဒါက ကြည့်တဲ့လူ၊ မှန်နဲ့ ကြည့်တဲ့လူနဲ့ ပေါင်းလို့ရှိရင် အရိပ်ဒီမှာမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ပေါ်ရမယ်ဆိုတာ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။
ပေါ်တဲ့အရိပ်ကို ဒကာ ဒကာမတို့ ငါ လို့ ဆိုမလား (မဆိုရပါ ဘုရား) ဘာဖြစ်လို့ ငါမဆိုနိုင်တာတုံး (အရိပ်မို့ပါ ဘုရား) အရိပ်မှန်းသိလို့နော် (မှန်ပါ့)။
ဒါဖြင့် ဒီထဲပေါ်နေတဲ့အရိပ်ဟာ သူတပါးလားလို့မေးလိုက်တယ် (မဟုတ်ပါ ဘုရား) ဘယ့်နှယ့်ကြောင့် သူတပါး မဟုတ်သတုံး (ကြည့်တဲ့လူနဲ့တူနေလို့ပါ ဘုရား)။
ဒါဖြင့် ဒီအထဲပေါ်နေတဲ့အရိပ်ဟာ သူတပါးလားလို့မေးလိုက်တယ် (မဟုတ်ပါ ဘုရား) ဘယ့်နှယ့်ကြောင့် သူတပါး မဟုတ်သတုံး (ကြည့်တဲ့လူနဲ့တူနေလို့ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အလယ်ဟာ (အရိပ်) ကို ဘယ်လိုဆုံးဖြတ်ချက်ချမတုံး (ငါလဲမဟုတ်၊ သူတပါးလဲမဟုတ်ပါ ဘုရား) ငါလဲမဟုတ် သူတပါးလဲမဟုတ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) နောက်က ဒကာ ဒကာမတွေကော ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။
အရိပ်ဟာ ငါလဲမဟုတ်ဘူး သူတပါးလဲမဟုတ်ဘူး၊ ဘယ်သူ့ကို မှီဖြစ်တာတုံးဆိုတော့ မှန်နဲ့လူကို မှီဖြစ်တာ (မှန်ပါ့) သဘောတရား သုံးခုလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါဖြင့် ဒီဥစ္စာကို ငါ့လိုဘဲ ဆိုကြမလား (မဆိုနိုင်ပါ ဘုရား) သူတပါးလို့ကော (မဆိုနိုင်ပါ ဘုရား)။
ဒါက စောစောစီးစီး ရှင်းထားတာပါ၊ ဒကာ ဒကာမတို့ ငါလဲမဟုတ်ဘူး၊ သူတပါးလဲမဟုတ်ဘူး ဆိုတာ ပေါ်လာ ကြပြီလား (ပေါ်လာပါပြီ ဘုရား) ဒါက ဥပမာကို ရှင်းပြလိုက်ပါတယ်။
ဒကာသိုက် ဒါက ဘာကိုရှင်းတာတုံး (ဥပမာပကိုရှင်းတာပါ ဘုရား) ဥပမာရှင်းစေတယ် တဲ့၊ ငါမဟုတ်တာလဲ အရိပ်မို့ ထင်ရှားတယ် (မှန်ပါ့) သူတပါးမဟုတ်တာလဲ ကြည့်တဲ့ ပုဂ္ဂိုလ်နဲ့ တူနေလို့ သူတပါးရော ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) ဒါဖြင့် ငါ သူတပါးမဟုတ်တဲ့ သဘောသုံးခုပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ရှင်ပုဏ္ဏဟောတဲ့တရား
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ငါလဲမဟုတ်၊ သူတပါးလဲမဟုတ် ဆိုတာ ဒီ့ပြင်တရားနဲ့ ရှင်ပုဏ္ဏဟောတဲ့တရားနဲ့ ဥပမာပေးချင်းမတူဘူး (မှန်ပါ့)။
အရင်တုန်းက ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆုံးမခဲ့ပါတယ်၊ ဒီရုပ်တရားဟာလဲ ငါလဲမဟုတ်ဘူး၊ သူတပါးလဲ မဟုတ်ဘူး၊ ငါ ငါ့ဥစ္စာမဟုတ်ဘူးလို့သာဟောခဲ့တယ်၊ ငါ သူတပါးကို ဝေဖန်ပြီး သကာလ ဤမျှလောက် မဟောခဲ့သေးဘူး (မှန်ပါ့)။
ဒါကြောင့် အခုအလယ်က ပြထားတဲ့ဟာကို (အရိပ်) ဘယ်လိုဆိုကြမယ် (ငါလဲမဟုတ်ဘူး၊ သူတပါးလဲ မဟုတ်ပါ ဘုရား) ငါမဟုတ်တယ်ဆိုလို့ရှိရင် ဘယ်အဓိပ္ပာယ်ရောက်မလဲ၊ ဒီအရိပ်ကို ငါဘဲလို့ ယူလိုက်ရင် ဒီဘက်က ကြည့်တဲ့လူမှာ သူတပါး သွားဖြစ်နေမယ် (မှန်ပါ့)။
ကြည့်တဲ့လူဘာဖြစ်သတုံး (သူတပါး ဖြစ်သွားပါတယ် ဘုရား) သူတပါး သွားဖြစ်တယ်နော်၊ ဒါက တခြားလူဖြစ်သွား တယ် (မှန်ပါ့) ဒါကို ငါယူရင် ဒါ သူတပါးဖြစ်ရတော့မှာကိုးဗျ (မှန်ပါ့) သေချာပြီလား (သေချာပါပြီ ဘုရား)။
အရင်တုန်းကပြုခဲ့တဲ့ ငါ သူတပါးကတော့ ဒီလိုယူနည်းမျိုးမဟုတ်ဘူး၊ အခုယူတာကတော့ ငါဆိုလို့ရှိရင်လဲ ဒါဟာ သူတပါးဖြစ်ရတော့မယ်၊ ဒါကို ငါယူရင် ဒါသူတပါး (မှန်ပါ့ ဘုရား)။
ဒါကို သူတပါးယူလိုက်ပြန်လို့ရှိရင်လဲ ဒကာ ဒကာမတို့ ဒါဟာ ငါဖြစ်ရတော့မယ် (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) ဒီနှစ်ခု လွတ်သွားအောင် ရှင်ပုဏ္ဏက ဟောနေတာ (မှန်ပါ့)။
အတ္တပြုတ်ရေး၊ အနတ္တ ထင်မြင်လာရေး၌ တော်တော်ကြံစည်ပြီး ဥပမာနဲ့ဟောတာဗျ၊ ဒီတရားဟာ (မှန်ပါ့ ဘုရား) ဦးဘတင် သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
အရိပ်ကို အရိပ်မှန်းသိသောကြောင့်
ဘယ်လိုများ သဘောကျပါလိမ့် ခင်ဗျားတို့၊ အလယ်မှာ ပေါ်လာလို့ အရိပ်ကို အရိပ်မှန်းသိသောကြောင့် ဘာစင်သွား သတုံး (ငါစင်သွားပါတယ် ဘုရား)။
သူတပါးကိုယူရအောင်ကလဲ ဒီအရိပ်က ဘာနဲ့တူနေသလဲ (ကြည့်တဲ့ပုဂ္ဂိုလ်နဲ့ တူနေပါတယ် ဘုရား) ဒါဖြင့် သူတပါး ကော်ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။
ဒါဖြင့် ထင်လာတဲ့ အရိပ်တရားကို ဘယ်လို ဆိုကြမလဲ (ငါမဟုတ်၊ သူတပါးမဟုတ်တဲ့တရားပါ ဘုရား) ဪ ငါလဲ မဟုတ်ဘူး၊ သူတပါးလဲမဟုတ်ဘူး (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ငါမဟုတ်၊ သူတပါးမဟုတ်တဲ့ဥစ္စာ နားလည်ပါးလည်ရှိဖို့ ဦးဇံရင်တို့ မလွယ်ဘူးနော် (မလွယ်ပါ ဘုရား) အခုထောက် ပြီး ပြောတော့မှ ခင်ဗျားတို့သေချာတယ် (မှန်ပါ့ ဘုရား)။
ငါမဟုတ်တာက ဘယ့်နှယ့်ကြောင့် ငါမဟုတ်တာတုံးမေးတဲ့ အခါကျတော့ မှန်ကကြည်လို့၊ လူနဲ့တည့်လို့ ပေါ်တဲ့ အရိပ်ဖြစ်လေသောကြောင့် ငါ မဟုတ်ဘူး (မှန်ပါ့) ဆိုနိုင်ပြီလား (ဆိုနိုင်ပါတယ် ဘုရား) သူတပါးမဟုတ်တာက ကြည့်တဲ့ ပုဂ္ဂိုလ်နဲ့ တူနေသောကြောင့် အရိပ်ကို သူတပါးလို့ သွားမဆိုနဲ့ (မှန်ပါ့) ကြည့်ရင် မျက်နှာချင်းက တစ်ထပ်တည်း (မှန်ပါ့ ဘုရား)။
ဒါဖြင့် အရိပ်ကို ဘယ့်နှယ့်ဆိုကြမလဲ (ငါမဟုတ် သူမဟုတ်တဲ့တရားပါ ဘုရား) ငါလည်းမဟုတ်ဘူး၊ သူတပါးလဲ မဟုတ်ဘူး၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) မှန်ကြည်လို့ ဖြစ်နေတဲ့သဘော ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
မှန်ကြည့်လို့ဖြစ်နေတဲ့ သဘောဆိုသဖြင့် ဒကာ ဒကာမတို့ ငါလည်းမဟုတ်ဘူး၊ သူတပါးလဲ မဟုတ်ဘူး ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
ရှင်ပုဏ္ဏက ရှင်အာနန္ဒာကို ဟောလိုက်တယ်
ကောင်းပြီ ဒါက ဥပမာကို ရှင်ပုဏ္ဏက ရှင်အာနန္ဒာကို ဟောလိုက်တယ်၊ သံယုတ်ပါဠိတော်မှာ လာတယ်၊ ငါ သူတပါး မဟုတ်တော့တာဖြင့် အားလုံး ဒကာ ဒကာမတွေ သုံးလေးခေါက်ပြောလို့ ဪ ဒါဟာ အရိပ်ကို ငါလို့လဲ ဆိုလို့ မရဘူး၊ သူတပါးလို့ ဆိုလိုက်ပြန်လဲ ကောင်းကောင်း လွဲတော့မယ်၊ ငါနဲ့တူနေတာက သေချာတယ် (မှန်ပါ့)။
ကဲ ဦးဘအုန်း ဘယ့်နှယ့်ဆိုကြမလဲ (ကြည့်တဲ့လူနဲ့ တူနေပါတယ် ဘုရား) ကြည့်တဲ့လူနဲ့ တူနေတော့ အရိပ်ကို ဘာခေါ် ကြမယ် (ငါလဲမဟုတ်၊ သူတပါးလဲမဟုတ်ပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘယ့်နှယ့်ကြောင့် ငါ သူတပါး မဟုတ်တာ သေချာရသတုံးလို့ မေးတဲ့အခါကျတော့ ကြည့်တဲ့ ပုဂ္ဂိုလ်နဲ့ မှန်နဲ့တည့်လို့၊ မှန်ကြည်သောကြောင့် အရိပ်ဖြစ်ပြီး သကာလ နေသောကြောင့် ငါမဟုတ်ဘူးနော် (မှန်ပါ့ ဘုရား) သူတပါးမဟုတ်တာက ကြည့်တဲ့ပုဂ္ဂိုလ်နဲ့ တူနေသောကြောင့် သူတပါးလဲမဟုတ်ဘူး (မှန်ပါ့)။
သူတပါးဖြစ်နေလို့ရှိရင်လဲ ခင်ဗျားတို့ အစွန်းက ထွက်နေတယ်၊ သူတပါးဖြစ်လို့ရှိရင်ဖြင့် ငါရှိလို့ သူတပါး၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
သူတပါးဆိုတာ ဘာကိုထောက်ပြီးခေါ်တာတုံး (ငါထောက်ပြီးခေါ်တယ်) ငါထောက်ပြီးတော့ သူတပါး လာတာ ငါရှိလို့ သူတပါး သူတပါးရှိလို့ ငါဆိုတော့ ဒီနှစ်ခုလုံးစင်ရမယ် (မှန်ပါ့)။
ဒီနှစ်ခုစလုံး မစင်လို့ရှိရင် ခင်ဗျားတို့ တရားမှာ အတော်ခက်သွားလိမ့်မယ် တဲ့ (မှန်ပါ့) မြတ်စွာဘုရားနဲ့ ဆန့်ကျင်ဘက် ကြီး ဖြစ်သွားလိမ့်မယ် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ အခု ငါသူတပါးမဟုတ်တာ သေချာပြီလား (သေချာပါပြီ) ဘာထောက်ပြီး ပြောကြတာတုံး၊
ဒီမှန်နဲ့ လူနဲ့ တည့်ပြန်တော့ ကြည့်တဲ့ပုဂ္ဂိုလ်နဲ့ တည့်ပြန်တော့လဲ အရိပ်သဖွယ် မှန်ကြည်သလောက် မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
အဲ့ဒါကြောင့် ငါကောဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ငါမဟုတ်တာ ခင်ဗျားတို့ အရိပ်မှန်းသိတယ် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ အခု ငါသူတပါးမဟုတ်တာသေချာပြီလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ငါမဟုတ်တာတော့ သေချာပြီ၊ သူတပါးများ ဖြစ်နေသေးသလားလို့ တခါ မေးခွန်းထုတ်ဦး ထုတ်လိုက်တော့ သူတပါးရော ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။
ဘယ့်နှယ့်ကြောင့် သူတပါးမဟုတ်သတုံး
ဘယ့်နှယ့်ကြောင့် သူတပါးမဟုတ်သတုံး (ကြည့်တဲ့ပုဂ္ဂိုလ်နဲ့ တူနေလို့ပါ ဘုရား) ကြည့်တဲ့ပုဂ္ဂိုလ်နဲ့ ဒီအရိပ်နဲ့ဟာ သေသေချာချာ တထပ်တည်း (မှန်ပါ့) ဒါကြောင့် သူတပါးကော (မဟုတ်ပါ ဘုရား)။
ဒါဖြင့် အရိပ်တရားကို ဘာခေါ်ကြမယ် (ငါ သူတပါး မဟုတ်တဲ့တရားပါ ဘုရား) သူတပါးလဲ မဟုတ်ဆိုတော့ ခင်ဗျားတို့ ရှေးကယူထားတဲ့ ငါ သူတပါးနဲ့ အတော်ကွာတယ် (မှန်ပါ့ ဘုရား)။
ဒါနဲ့ ပြန်ဆက်ရတယ်၊ သူတပါး မဟုတ်ကြောင်းကိုတော့ မျက်နှာရိပ်က ကြည့်တဲ့ လူနဲ့ တူတာနဲ့ ပြန်ဆက်ရတယ် (မှန်ပါ့ ဘုရား)။
ကြည့်တဲ့ပုဂ္ဂိုလ်နဲ့ တူသောကြောင့် ဘာစင်သွားသတုံး (သူတပါး စင်သွားပါတယ်) ငါရော သူတပါးရော စင်ရမယ် (မှန်ပါ့) ငါရော သူတပါးရော စင်မှသာလျှင် သက္ကာယဒိဋ္ဌိ ပြုတ်ရမည့်အဓိပ္ပာယ် သေသေချာချာရောက်တယ်၊ သူတပါး မစင်ရင် သက္ကာယဒိဋ္ဌိ ပြုတ်နိုင်ပါ့မလား (မပြုတ်နိုင်ပါ ဘုရား)။
အဲ့ဒါကြောင့် ငါနဲ့ သူတပါး လွတ်အောင် ယူနည်းကို ဦးဘကြည်တို့ ဒီဥစ္စာ အတော်မဆန်းပြားဘူးလား (ဆန်းပြား ပါတယ် ဘုရား)။
ဉာဏ်ထဲမှာရော ရှင်းရဲ့မဟုတ်လား (ရှင်းပါတယ် ဘုရား) ငါ သူတပါး လွတ်တယ်မဟုတ်လား (လွတ်ပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သူ့သဘောဟာ စဉ်းစားကြည့်ပါ တဲ့၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အရိပ်ဟာ ငါ သူတပါး လွတ်တဲ့တရား မဟုတ်ဘူးလား (လွတ်ပါတယ်) ငါ သူတပါး ပါသေးရဲ့လား (မပါ ပါ ဘုရား)။
ကဲ ဒကာသိုက်တို့ ဦးခင်မောင်တို့ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ကိုင်း မှန်ကြည့်ကြတဲ့၊ ဒကာ ဒကာမတွေ နားလည်ကြရဲ့လား (နားလည်ပါတယ် ဘုရား) မှန်တော့ ကြည့်တော့ ကြည့်တာဘဲ၊ ငါထင်ချင်လဲ ထင်နေလိမ့်မယ်၊ သူတပါးထင်တဲ့ ခလေးတွေကျတော့လဲ လန့်ချင်လန့်မယ် (မှန်ပါ့)။
ခလေးကျတော့ သူတပါးထင်ပြီးလန့်တယ်
ခလေးကျတော့ သူတပါးထင်ပြီးလန့်တယ်၊ လူကြီးကျတော့ ငါထင်ပြီး သကာလ မာန်တက်တယ် (မှန်ပါ့) သဘောကျ ပြီလား (သဘောကျပါပြီ ဘုရား)။
လူကြီးကျတော့ အခုပြောတဲ့အကြောင်းကို နားမလည်တော့ဘူးဆိုရင် လူကြီးမှာ မှန်ကြည့်လိုက်သည်နဲ့ တပြိုင်နက် တည်း ငါတော်တော်နုပျိုပါသေးတယ်၊ လုပ်နိုင် ကိုင်နိုင်ပါသေးတယ်ဆိုပြီး သကာလ ငါထင်ပြီးတော့ မာန်တက်တယ် (မှန်ပါ့) မတက်ကြဘူးလား (တက်ပါတယ် ဘုရား)။
တချို့ခလေးတွေကကျတော့ မှန်ထဲမှာ သူကလုပ်ရင် ဟိုကလုပ်တဲ့အတွက် ခလေးများ လန့်ပြီး ငိုကြတယ်၊ သူတပါး ထင်လို့ (မှန်ပါ့) ကိုထွန်းဦး သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဒီနှစ်ခုလွတ်အောင် ရှင်ပုဏ္ဏသည် ဟောရတယ်ဆိုရင်တော့ အားလုံး ဒကာ ဒကာမတွေ လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။
အခု ခင်ဗျားတို့ရှင်းပြီလား (ရှင်းပါပြီ ဘုရား) အလည်ဟာ ဘာပါလိမ့် (ငါလဲမဟုတ် သူလဲမဟုတ်တဲ့ တရားပါလား)။
ဪ ငါလဲမဟုတ် သူလဲမဟုတ် မှန်းကို အမှီပြုပြီး သကာလ ဖြစ်တဲ့သဘောပေါ်လာတယ် (မှန်ပါ့) သဘောကလေး ဘဲရှိတယ်မဟုတ်လား (မှန်ပါ့)။
ဒါ သက္ကာယပြတ်ဖို့ ဟောတယ်
ဒါ ဥပမာကိုဟောနေတယ် ဒကာ ဒကာမတို့၊ ဥပမာကို ဟောတယ်၊ ကဲ ဥပမေယျကို ဆရာဘုန်းကြီးက ဒကာ ဒကာမတွေကို ဟောတော့မယ်၊ ဒါ သက္ကာယပြတ်ဖို့ ဟောတယ် (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် ဒီအရပ်သည်ကား လို့ ဆိုလို့ရှိရင်ဖြင့် ရှင်အာနန္ဒာက ရဟန်းတွေကိုပြောတယ်၊ ရှင်ပုဏ္ဏဟောလိုက် တယ် ရဟန်းငယ် ရဟန်းသစ်များစွာ သောတာပန်တည်ကြတယ် (မှန်ပါ့)။
ဘယ်လိုကျေးဇူးများတယ်ဆိုတာ သူက ရှင်းပြတယ်၊ သူက သောတာပန်တည်ပြီးပြီ (မှန်ပါ့) ဒီတရားနဲ့ သောတာပန် တည်တယ်၊ “ဥပါဒါယ အသ္မိ ဟောတိ၊ နေယအနုပါဒါယ” ဥပါဒါယ = စွဲမှီး၍၊ အသ္မိ = ငါဟူသော တဏှာ မာန ဒိဋ္ဌိသည်၊ ဟောတိ = ဖြစ်၏၊ နေအနုပါဒါယ = မစွဲလမ်းလို့ရှင်ရင် ငါဟူသော တဏှာ မာန ဒိဋ္ဌိ မဖြစ်ဘူးတဲ့ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါးကို ဒါက ခန္ဓာငါးပါးယူလိုက်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား) ခန္ဓာငါးပါးကို မှီပြီ သကာလ ဒါက ပုထုဇဉ်၊ ဒါက ခန္ဓယငါးပါး သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီဘက်ကဘာတုံး (ပုထုဇဉ်ပါ ဘုရား) ဒီဘက်က (ခန္ဓာငါးပါးပါ) ပုထုဇဉ်က ကိုယ့်ခန္ဓာငါးပါးကိုယ်ကြည့်လိုက်ပြီး သကာလ ငါဘယ်သူမှ လူမထင်ဘူး၊ ငါ့ကိုယ်ငါခင်တယ် ဆိုတာတွေမလာပေဘူးလား (လာပါတယ် ဘုရား)။
ဒီဟာတွေဟာ ငါချည့်ဘဲလို့ကော မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ဒီတဏှာ မာန ဒိဋ္ဌိဆိုတဲ့ အယုတ်သုံးခုဟာ ဒကာ ဒကာမတို့ “ဥပါဒါယ အသ္မိ ဟောတိ” ဥပါဒါယ = ခန္ဓာငါးပါးကိုစွဲ၍၊ အသ္မိ = တဏှာ မာန ဒိဋ္ဌိသည်၊ ဟောတိ = ဖြစ်၏၊ ပုထုဇဉ်သည် ခန္ဓာငါးပါးကိုကြည့်ပြီး ဒီတဏှာ မာန ဒိဋ္ဌိ အရိပ်ထွက်လာတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ခန္ဓာငါးပါးကိုကြည့်ပြီးတော့ ထွက်တတ်တယ်
ပုထုဇဉ်ဟာ ဘယ်သူ့ကို အကြောင်းရင်းခံပြီးမှ တဏှာ မာန ဒိဋ္ဌိ ထွက်လာသတုံး (ခန္ဓာငါးပါးကို အကြောင်းရင်းခံပြီး ထွက်ပါတယ်) အင်း ခန္ဓာငါးပါးကိုကြည့်ပြီးတော့ ထွက်တတ်တယ်။
ဒကာသိုက် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ပုထုဇဉ်များ တဏှာ ဖြင့် ကိုယ့်ကိုယ်ကို ကြည့်လိုက်လို့ရှိရင် ဖြင့် အင်း တော်ပါသေးရဲ့၊ ပျိုပါသေးရဲ့၊ နေနိုင်ပါသေးရဲ့၊ ကိုယ့်ကိုယ်ကို အခင်ဆုံးဆိုတာလဲ သိပြီးသားပါဗျာ (မှန်ပါ့)။
ကိုယ့်ကိုယ်ကိုနဲ့အကြောင်းရင်းခံပြီး သွားနိုင် လာနိုင် ပြောနိုင် ဆိုနိုင်သေးရင်လဲ မာန်တက်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ကြည့်ပြီးမာန်တက်တာ (မှန်ပါ့) ဟေ့ သူများလို့ပါဘဲကွ ပုခုံးနှစ်ခုကြားက မခံပါဘူးဆိုတဲ့ဥစ္စာလဲ ဒီခန္ဓာကြည့်ပြောတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီတော့ တို့တော့ ကိုယ်သွားနိုင် ကိုယ်လာနိုင်လို့ရှိရင်တော့ ဘယ်သူမှ အောက်ကျ နောက်ကျမခံဘူး၊ ကိုယ့်ကိုယ်ကို အားကိုးတယ်၊ လာမလား မလာဘူးလား (လာပါတယ်) ဒါ ဘယ်မှန်ကြည့်ပြီး ဘာဖြစ်လာကြတာတုံး ဆိုတာ ခင်ဗျားတို့ စဉ်းစာကြပါတော့ (ခန္ဓာငါးပါးမှန်ကြည့်ပြီး ဖြစ်လာတာပါ) ခန္ဓာငါးပါး မှန်ကြည့်ပြီး သကာလ တဏှာ မာန ဒိဋ္ဌိ ဖြစ်လာတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဦးဘကြည် ဘာတဲ့တုံး (ခန္ဓာငါးပါးမှန်ကြည့်ပြီးတော့ တဏှာ မာန ဒိဋ္ဌိဖြစ်လာပါတယ်) နောက်က ဒကာ ဒကာမတွေ ရှင်းကြရဲ့လား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့ သန္တာန် တဏှာ မာန ဒိဋ္ဌိ ဆိုတဲ့ သံသရာချဲ့ထွင်တတ်တဲ့ တရားဟာ ဘယ်ကလာပါလိမ့် မတုံးဆိုလို့ရှိရင်ဖြင့် ပုထုဇဉ်သည် ကိုယ့်ခန္ဓာတည်းဟူသော မှန်ကို ကိုယ်ကိုယ်တိုင် ကြည့်တဲ့အတွက် တဏှာ မာန ဒိဋ္ဌိ အရိပ်ပေါ် တယ် (မှန်ပါ့) နဂိုရ်က မရှိဘူး (မှန်ပါ့) နဂိုရ်ကရှိရဲ့လား (မရှိပါ) ပုထုဇဉ်နဲ့ ခန္ဓာငါးပါးနဲ့ ပေါင်းမိလို့ဖြစ်တာ (မှန်ပါ့ ဘုရား)။
ပုထုဇဉ်နဲ့ ခန္ဓာငါးပါးနဲ့ ပေါင်းမိတော့
ဒီပုထုဇဉ်ဆိုတဲ့ နာမည်ဆိုင်းဘုတ်ကလဲ ရှိနေတော့ မသိတဲ့ အန္ဓဗာလ ပုထုဇဉ်မျိုးပေါ့ဗျာ (မှန်ပါ့) ကိလေသာ ပေါများတဲ့ ပုထုဇဉ်နဲ့ ခန္ဓာငါးပါးနဲ့ ပေါင်းမိတော့ အားလုံး ဒကာ ဒကာမတွေက ဘာပေါ်သတုံး (တဏှာ မာန ဒိဋ္ဌိ ပေါ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတွေ တဏှာ မာန ဒိဋ္ဌိရဲ့ လက်သည်ဟာ ယနေ့ ကောင်းကောင်းဖမ်းမိပြီ (မှန်ပါ့) ကြည့်တဲ့လူက ဘာတုံး (ပုထုဇဉ်ပါ) အကြည့်ခံတာက (ခန္ဓာငါးပါးပါ) ဪ ခန္ဓာငါးပါးကို ပုထုဇဉ်မျက်လုံးတတ်ကြည့်ပါတယ် ဟေ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ခန္ဓာငါးပါးကို ဘာမျက်လုံးတပ်ကြည့်သလဲ (ပုထုဇဉ်မျက်လုံးတပ်ကြည့်ပါတယ်) ပုထုဇဉ်မျက်လုံး တပ်ကြည့်လိုက်တော့ ငါဟုတ်လား (မှန်ပါ့) ကိုယ့်ကို ခင်တဲ့တဏှာကောမလာဘူးလား (လာပါတယ်) မာနဆိုတဲ့ ထောင်လွှားမှု (လာပါတယ် ဘုရား)။
ဒိဋ္ဌိဆိုတဲ့ ခိုင်မြဲလိမ့်မယ်ထင်တာတွေ (လာပါတယ် ဘုရား) လာတော့ ဪ ဒါဟာ ပုထုဇဉ်နဲ့ ခန္ဓာငါးပါးနဲ့ ပုထုဇဉ် က ခန္ဓာငါးပါးကို ကြည့်လိုက်တာနဲ့ တဏှာ မာန ဒိဋ္ဌိလာတာကိုး ဆိုတော့ ဒကာ ဒကာမတွေ ပုထုဇဉ်က တဏှာ မာန ဒိဋ္ဌိ မပယ်နိုင်ဘူးဆိုတာလဲ သေချာသွားပြီ (မှန်ပါ့) မသေချာဘူးလား (သေချာပါပြီ ဘုရား)။
ပုထုဇဉ် တဏှာ မာန ဒိဋ္ဌိပယ်နိုင်ကြရဲ့လား (မပယ်နိုင်ပါ ဘုရား) ဘာကြောင့်တုံးဆိုတော့ ပုထုဇဉ်ဆိုရင် ကိုယ့် ခန္ဓာကိုယ်ကြည့်ပြီး သကာလ အမြဲတမ်း တခါတည်းခင်တဲ့ တဏှာလာတာဘဲ၊ တက်တဲ့မာနကော (လာပါတယ် ဘုရား)။
ဒီအလုပ် ငါလုပ်စမ်းပါမယ်၊ ငါကိုင်စမ်းပါမယ်ဆိုတဲ့ မာနတွေကော (လာပါတယ်) ဒိဋ္ဌိဆိုတဲ့ဥစ္စာကလဲ ငါလုပ်မှဘဲ ဘာဖြစ်ဖြစ်နဲ့ လေးလေးနက်နက် ကိုယ့်ဥစ္စာအဖြစ်နဲ့ ဖြစ်နိုင်တယ်ဆိုတော့ ဒိဋ္ဌိတွေကော (လာပါတယ် ဘုရား)။
ဪ ဒါဖြင့် ပုထုဇဉ်သည် ဒကာ ဒကာမတို့ ပုထုဇဉ်မျက်လုံးနဲ့ ခန္ဓာသာကြည့်မိရင်တော့ ပပဉ္စထွက်ရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ပုထုဇဉ်မျက်လုံးကြည့်ရင် (ပပဉ္စထွက်ရပါမယ်) ဒါမှတ်ထားပါ၊ ဒီတစ်လုံးအတော်ပိုင်သွားပြီ (မှန်ပါ့) ဦးခင်မောင် မပိုင်သေးဘူးလား (ပိုင်ပါပြီ ဘုရား)။
အဲ့ဒီတော့ ပုထုဇဉ်မျက်လုံးနဲ့ ကိုယ့်ခန္ဓာကြည့်လိုက်ပြီဆိုမှဖြင့် ဘာတွေလာတတ်ကြသတုံး (ပပဉ္စတွေ လာပါတယ် ဘုရား) ပပဉ္စတရားဟာ တရားကိုယ်ကောက်လိုက်တော့ ဘာတဲ့ (တဏှာ မာန ဒိဋ္ဌိပါ ဘုရား)။
တဏှာ မာန ဒိဋ္ဌိလာတယ်
တဏှာ မာန ဒိဋ္ဌိလာတယ်ဆိုတော့ လုပ်နိုင်တုန်း လုပ်ပါရစေဦး၊ မလုပ်နိုင်တော့ ထိုင်တာပေါ့ ဟုတ်လား (မှန်ပါ့) လုပ်နိုင်တုန်း လုပ်ပါရစေဦး၊ မလုပ်နိုင်တော့ ထိုင်တာပေါ့ဆိုတော့ တဏှာ မာန ကိလဲ လုပ်နိုင်တုန်း လုပ်ချင်သေးတယ်ဆိုတဲ့ ဥစ္စာ မာနကလဲ မပါဘူးလား (ပါပါတယ် ဘုရား)။
အင်း သူ ဘယ်သူ့ကိုကြည့်ပြီးပြောနေတာပါလိမ့် (ခန္ဓာငါးပါးကိုကြည့်ပြီး ပြောနေတာပါ ဘုရား) ကိုယ့်ခန္ဓာငါးပါးကို ဘယ်ဟာဖြစ်ဖြစ် ခန္ဓာငါးပါးကြည့်တဲ့ပြီး သကာလ သူ့အကြောင်းရင်းခံပြီး လုပ်နိုင်သေးတယ်ဆိုတဲ့မာနဟာ တက်လာတာဘဲ (မှန်ပါ့) ခိုင်မြဲပါတယ်ဆိုတဲ့ဒိဋ္ဌိကော (တက်လာပါတယ် ဘုရား) ကိုယ့်ကိုခင်တဲ့ သဘောကလေးဟာကော (တက်လာပါတယ် ဘုရား)။
တက်လာတော့ ဪ ဘာမျက်လုံးနဲ့ တပ်ပြီး သကာလ ဘာကိုကြည့်လို့ ဒီဟာ လာပါလိမ့်မလဲဆိုတာ ယနေ့ တွေးကြည့် (ပုထုဇဉ်မျက်လုံးနဲ့ ခန္ဓာငါးပါးကြည့်မိလို့ပါ ဘုရား) အဲ ခန္ဓာငါးပါးကြည့်လိုက်တော့ ဘာတွေ ထွက်လာသတုံး (တဏှာ မာန ဒိဋ္ဌိ ထွက်လာပါတယ် ဘုရား) ပပဉ္စဆိုတဲ့ တဏှာ မာန ဒိဋ္ဌိ ထွက်လာပါတယ် ဘုရား) ပပဉ္စဆိုတဲ့ တဏှာ မာန ဒိဋ္ဌိ ထွက်လာပါတယ် ဘုရား) ပပဉ္စဆိုတဲ့ တဏှာ မာန ဒိဋ္ဌိ ထွက်လာတယ် ဦးဘကြည်တို့ ဟင် (မှန်ပါ့ ဘုရား) ဘယ်လောက် ဆိုးသတုံး (ဆိုးပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ဒီတရားဟာ အင်မတန်ကောင်းပြီး သူဟာ အရိပ်ဘဲတဲ့ မဟုတ်ဘူးလား (မှန်ပါ့ အရိပ်ပါ ဘုရား) နဂိုရ်က ခုနေက ငါလားလို့မေးတော့ ငါမဟုတ်ဘူး၊ သူတပါးလားလို့ မေးတော့လဲ (မဟုတ်ပါ ဘုရား) ဒါနှစ်ခု ပေါင်းလို့ဖြစ်တာ (မှန်ပါ့) ငါလဲမဟုတ်ဘူး၊ သူတပါးလဲ မဟုတ်ဘူး၊ သက်သက် သူတို့က အပါယ်ချမလို့ ပေါ်လာတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့ ဒါဖြင့် အရိပ်နှိပ်စက်နေတယ်လို့ ဆရာဘုန်းကြီးက စွဲချက်တင်လိုက်တယ် (မှန်ပါ့) ခင်ဗျားတို့ တစ်သံသရာ လုံးမှာ အထည်က မနှိပ်စက်ဘူး၊ ဘယ်သူက နှိပ်စက်နေသတုံး (အရိပ်က နှိပ်စက်နေပါတယ် ဘုရား)။
အရိပ်က နှိပ်စက်နေလို့
ဪ အရိပ်က နှိပ်စက်နေလို့ သုံးဆယ့်တစ်ဘုံထဲမှာ တစ်ခါတည်း အိုဘေး နာဘေး သေဘေး မွဲဘေး ကွဲဘေး တွေနဲ့ ကြုံဆုံပြီး သကာလ နေရတယ်လို့ ဒကာသိုက်ဆိုထိုက်ပြီလား (ဆိုထိုက်ပါတယ် ဘုရား) အထည်ကြောင့်လား အရိပ်ကြောင့်လား (အရိပ်ကြောင့်ပါ ဘုရား)။
ခက်တယ် ဒါဖြင့် အရိပ်ကြောင့် ဆိုလို့ရှိရင်ဖြင့် အရိပ်နှိပ်စက်လို့ တပည့်တော်တို့ ခက်ရတယ် ဆိုတဲ့ အဓိပ္ပာယ် ဟာ အထည်နှိပ်စက်လို့ တုတ်နဲ့ရိုက်တာလား၊ တုတ်နဲ့ရိုက်တာက သေသေချာချာ နာတယ် ဆိုတာ ဟုတ်တယ် (မှန်ပါ့)။
အရိပ်နဲ့ ရိုက်ဘယ်ဆိုတာက အရိပ်ရိုက်လို့ နာတယ်ဆိုတော့ လောကစကားလဲ နားထောင်လို့မကောင်းဘူး (မှန်ပါ့) ကောင်းပါ့မလား (မကောင်းပါ ဘုရား)။
တုတ်နဲ့ရိုက်လို့တော့နာတယ်၊ တုတ်၏အရိပ်ကြောင့် နာတာတော့ ရှိကြရဲ့လား (မရှိပါ ဘုရား) တုတ်စစ်စစ်နဲ့ ရိုက်တော့ (နာပါတယ် ဘုရား)။
ခလေးတွေ ရွယ်တဲ့အခါကျတော့ လူကြီးတွေက အရိပ်နဲ့ ရွယ်တာ (မှန်ပါ့) တုတ်က ပြရုံဘဲ၊ အရိပ်ကတော့ သူ့ဆီ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒီလိုဘဲတဲ့၊ ခင်ဗျားတို့လဲ အရိပ်နဲ့ နှိပ်စက်ပြီး သကာလ နေတာ တစ်သံသရာလုံးမှာ ဒီအရိပ်သုံးခု နှိပ်စက်နေတာ (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဘယ်သူနှိပ်စက်သတုံး (တဏှာ မာန ဒိဋ္ဌိနှိပ်စက်ပါတယ်) တဏှာ မာန ဒိဋ္ဌိဆိုတဲ့ အရိပ်သုံးခုနော် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတွေ အထည်နှိပ်စက်လို့ သံသရာထဲ အိုရ၊ နာရ၊ သေရရင် ကိစ္စမရှိပါဘူး ဦးခင်မောင်ရဲ့၊ အထည်နဲ့ ရိုက်တာကိုး (မှန်ပါ့)။
အရိပ်ဆိုတဲ့ အမှားတော်ပုံကြီး
အခုတော့ ခင်ဗျားတို့မှာ ဘာနဲ့ရိုက်တာနဲ့ ဘာကို အမှားကြီးမှားနေတာနဲ့ အရိပ်ဆိုတဲ့ အမှားတော်ပုံကြီး ကြီးတာနဲ့ ခင်ဗျားတို့ ကျုပ်တို့သည် ဘုရားအဆူဆူလွဲ၊ အပါယ်လေးပုံထဲမှာ အမြဲနွှဲပြီး သကာလ နေရတာ ဪ အထည်ကြောင့်လား၊ အရိပ်ကြောင့်လားသာ စဉ်းစားကြပေတော့ (အရိပ်ကြောင့်ပါ ဘုရား)။
ခင်ဗျားတို့ ကြီးလဲကြီးကြပြီ၊ အရိပ်မကွဲသေးတာခက်တယ်၊ မဟုတ်ဘူးလား (မှန်ပါ့) ကြီးလဲကြီးကြပြီကော ဒကာ ဒကာမတွေ အသက်ဘယ်လောက်ရှိကြပြီလဲဆိုရင် ထိုက်တန်သလောက် အသက်တွေကဖြင့် တော်တော်ပါးနပ်ဖို့ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
အထည်နှိပ်စက်လို့ရှိရင် တို့နာတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ်၊ ခံလိုက်တယ် (မှန်ပါ့) အရိပ်နှိပ်စက်တာက နာတာ ကျင်တာ ကိုက်တာ ခဲတာက ဖြစ်နိုင်ကြရဲ့လား (မဖြစ်နိုင်ပါ ဘုရား)။
မဖြစ်နိုင်ပေမဲ့ ခင်ဗျားတို့ တစ်သံသရာလုံး ဒီတဏှာ မာန ဒိဋ္ဌိကြောင့် ခင်ဗျားတို့သည် ဘုံဘဝတွေမှာ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခတွေနဲ့ မနေရဘူးလား၊ နေရသလား (နေရပါတယ် ဘုရား)။
နေရတာ ဘုန်းကြီးရှင်းပြတော့ တဏှာ ဥပါဒန် ဘဝ ဇာတိ ဇရာ မရဏဟာ တဏှာရှိရင်လာမယ် ဒကာ ဒကာမတို့။
မာနဟာလဲ တဏှာနဲ့ အတူတူဘဲ တဲ့၊ ယှဉ်ဖော် ယှဉ်ဖက် သမ္ပယုတ္တ ဓမ္မဘဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲ့ဒီတော့ မာန ဥပါဒန် ဘဝ ဇာတိ ဇရာ မရဏ လာထိုက် မလာထိုက် (လာထိုက်ပါတယ် ဘုရား) ဒိဋ္ဌိကလဲ တဏှာနဲ့၊ သဟဇာတဘဲ၊ ဒိဋ္ဌိ ဥပါဒါန် ဘဝ ဇာတိ ဇရာ မရဏ ကျအောင် မသွားဘူးလား (သွားပါတယ် ဘုရား)။
ဒါဖြင့် သူတို့သည် သံသရာ့ရေသောက်မြစ် သုံးခုပေါ်လာတယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား) သံသာရာ ဆက်ပေးတဲ့ ရေသောက်မြစ်သုံးခု မဟုတ်ဘူးလား၊ ဟုတ်သလား (ဟုတ်ပါတယ် ဘုရား)။
သံသရာရေသောက်မြစ်
သံသရာရေသောက်မြစ်သည် ဘယ်သူပါလိမ့် ဒကာ ဒကာမတို့ (တဏှာ မာန ဒိဋ္ဌိပါ ဘုရား) အထည်လား အရိပ်လား (အရိပ်ပါ ဘုရား)။
ခက်လိုက်တာ၊ တပည့်တော်တို့ အရိပ်ကြောင့် သံသရာလည်ရတယ်ဘုရာ့၊ အရိပ်ကြောင့် ဘုရားအဆူဆူကိုလွဲရတယ် အရိပ်ကြောင့် အပါယ်လေးပါးမှာ အမြဲနေရတယ်ဘုရာ့ လို့ ဒကာ ဒကာမတွေ ယနေ့လျှောက်နိုင်ပြီလား (လျှောက်နိုင်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့အရိပ်နဲ့ အထည်ကို မကွဲခဲ့ပါဘူး၊ တစ်သံသရာလုံး မကွဲခဲ့ဘူး (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ဘာများမကွဲခဲ့သတုံး နောက်က (အရိပ်နဲ့အထည်မကွဲခဲ့ပါ ဘုရား) အရိပ်နဲ့ အထည်မကွဲခဲ့တော့ များသောအားဖြင့် နှိပ်စက်တာက ဘယ်သူနှိပ်စက်သတုံး (အရိပ်က နှိပ်စက်ပါတယ် ဘုရား)။
ဒါဖြင့် ဘုရားအဆူဆူနဲ့လွဲတာနဲ့ အရိပ်နှိပ်စက်လို့ မျက်ရည်ကြီးငယ်ကျရတာကော (အရိပ်နှိပ်စက်လို့ပါ ဘုရား) ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား)။
ဒီခန္ဓာကြီးက နှိပ်စက်တယ်ဆိုတာတော့ ဟုတ်ပါတယ် သို့သော် သူတည်းဟူသော အကြောင်းခံပြီး သကာလ သူတည်း ဟူသော မှန်ပေါ်မှာတည်တဲ့ အရိပ်ဖြစ်တဲ့ တဏှာ မာန ဒိဋ္ဌိ ရှိလို့ သံသရာရှည်တာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် သံသရာရှည်တဲ့ ပပဉ္စတရားသုံးခု ဒကာ ဒကာမတွေ တွေ့ပြီလား (တွေ့ပါပြီ) ဘယ်သူတွေ ပါလိမ့်ဗျာ (တဏှာ မာန ဒိဋ္ဌိပါ ဘုရား)။
ခုနေက ရှင်ပုဏ္ဏက စပြီး တရားဥပမာ ချီလိုက်ကတည်းက အထည်လား၊ အရိပ်လား (အရိပ်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ သံသရာထဲမှာ အိုကြ နာကြ သေကြတာတွေ တဏှာ ဥပါဒါန် ဘဝ ဇာတိ ဇရာ မရဏ ဒီကလဲ ဒိဋ္ဌိ ဥပါဒါန် ဘဝ ဇာတိ ဇရာ မရဏ ဆိုပြီး တောက်လျှောက် ဆက်ပေးနေတာဘဲ (မှန်ပါ့) ဘဝပေါင်း ဘယ်လောက် ဆက်သံတုံး (မရေတွက်နိုင်ပါ ဘုရား)။
ဒါဖြင့် သူ့ကို ပပဉ္စလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) ပပဉ္စဆိုတာ ဘဝတွေကျယ်အောင် ပွားအောင် လုပ်တာကို ဘာခေါ်ကြမယ် (ပပဉ္စပါ ဘုရား)။
ပပဉ္စတရားသုံးခု
ဒါဖြင့် ပပဉ္စတရားသုံးခုသည် ဒကာ ဒကာမတို့ သတ္တဝါတွေကို ဘာလုပ်တတ်ပါသတုံး မေးတော့ သံသရာမှာ ကျယ်အောင် ပွားအောင် လုပ်တတ်တယ်နော် (မှန်ပါ့)။
အိုမှု ကျယ်အောင် ပွားအောင် (မှန်ပါ့) နာမှုကော (ကျယ်အောင် ပွားအောင် လုပ်တတ်ပါတယ် ဘုရား) သေမှု ကျယ်အောင် ပွားအောင် (လုပ်တတ်ပါတယ်) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘုံဘဝတွေမှာ မရောက်ဘူး မရှိအောင် လုပ်တာကော (ပပဉ္စတရားပါ) ပပဉ္စတရားဘဲဆိုတော့ သူရှောက်ချဲ့နေတာနဲ့ ကျုပ်တို့မှာ သံသရာထဲမှာ တဝဲလယ်လယ် တရစ်ပတ်ပတ်နဲ့ မနေရသလား (နေရပါတယ် ဘုရား)။
အဲ့ဒါ ခင်ဗျားတို့ နဂိုရ်တုန်းက အရိပ်နဲ့ အထည်နဲ့ မကွဲမိတဲ့အတွက် ခက်ဗျားတို့၏ အဖြစ်ဆိုးကြီး ကြုံရတယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
ဦးဘကြည် သဘောကျပြီလား (ကျပါပြီ ဘုရား) ဘာမကွဲမှုတုံး (အရိပ်နဲ့ အထည်မကွဲမှုပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘုရားအဆူဆူနဲ့လွဲ၊ ကမ္ဘာပျက်တွေ အမျိုးမျိုးနဲ့ ကြုံ၊ ဘယ့်နှယ့်ကြောင့် ကြုံပါလိမ့်မတုံး ဆိုတော့ ပုထုဇဉ်မျက်လုံးနဲ့ ကိုယ့်ခန္ဓာတည်းဟူသော မှန်ကို ကိုယ်ကြည့်လိုက်ပြီဆိုမှဖြင့် တဏှာ မာန ဒိဋ္ဌိ အရီပ်က ထွက်လာ၊ ထွက်လာ တော့ ဒီက ကြည့်တိုင်းကြည့်တိုင်း ဒီသုံးခုက ထွက်လာတာဘဲ၊ ပုထုဇဉ်သာကြည့် (မှန်ပါ့)။
ဆရာကောင်း သမားကောင်းဆီမှာ နည်းနာနိဿယ မရဘဲနဲ့ရှိရင်ဖြင့် ဒီသုံးခုဟာ ဗြောင်ဝင်လာတယ်လို့ ဆုံးဖြတ် ချက်ချပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီသုံးခုသည် တခါတည်း တဏှာပါလာလို့ရှိရင်ဖြင့် တဏှာဆိုတာ လောဘမူစိတ် ရှစ်ခုမှာရှိတဲ့၊ သူနဲ့ သဟဇာတဖြစ်တဲ့ လောဘစေတသိက်ကို ခေါ်တာဆိုတော့ လောဘမူစိတ် ရှစ်ခုဟာ မာနကလဲ ယှဉ်တာဘဲ၊ ဒိဋ္ဌိကော ယှဉ်ပါတယ် (မှန်ပါ့)။
ပုထုဇဉ်မျက်လုံးတပ်ပြီး ခန္ဓာငါးပါးကြည့်လို့
ဒိဋ္ဌိယှဉ်ပြီး သကာလ နေတော့ ဒီသုံးခု ဗြောင်ဝင်လာတာဘဲ ဆိုတာ ဒကာ ဒကာမတို့ ဘာမျက်လုံးတပ်ပြီး ဘာကြည့် လို့ပါလိမ့် (ပုထုဇဉ်မျက်လုံးတပ်ပြီး ခန္ဓာငါးပါးကြည့်လို့ပါ ဘုရား) ပုထုဇဉ်မျက်လုံး တပ်ပြီးတော့ ခန္ဓာငါးပါးမှန်ကို ကြည့်တယ်။
ခန္ဓာငါးပါးဆိုတာ ဘုန်းကြီးက ထည့်ပြောတာ ခင်ဗျားတို့နားလည်အောင်လို့ (မှန်ပါ့) ပုထုဇဉ်မျက်လုံးတပ်ပြီးတော့ ကိုယ့်ကိုကြည့်တာ ခင်ဗျားတို့အလိုကျတော့ (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ခန္ဓာငါးပါးရယ်လို့ မပေါ်လာတော့ဘူး ၊ ပုထုဇဉ်မျက်လုံး တပ်ပြီး ကိုယ့်ကိုယ်ကြည့်လိုက်တာနဲ့ ဘာတွေပေါ်လာသတုံး (တဏှာ မာန ဒိဋ္ဌိတွေ ပေါ်လာပါတယ် ဘုရား)။
အဲ ပုထုဇဉ်မျက်လုံးတပ်၊ ကိုယ့်ကိုယ်ကြည့်တော့ ဒကာသိုက် ဘာတွေတဲံ့ (တဏှာ မာန ဒိဋ္ဌိတွေပေါ်ပါတယ် ဘုရား)။
ဒါဖြင့် တဏှာ မာန ဒိဋ္ဌိဟာ အထည်လား အရိပ်လားလို့ တခါဆက်လက်ပြီးတော့ မေးပြန်တော့ (အရိပ်ပါ ဘုရား)။
ဒါဖြင့် သတ္တဝါနှိပ်စက်တာ အထည်ကနှိပ်စက်တာလား အရိပ်ကနှိပ်စက်တာလား (အရိပ်က နှိပ်စက်တာပါ ဘုရား) ဒါဟာ အခံရအခက်ဆုံးဘဲ၊ ဘယ့်နှယ့်တုံး ဦးခင်မောင် (မှန်ပါ့ ရှက်ဖို့ကောင်းပါတယ် ဘုရား)။
အရိပ်နှိပ်စက်တယ်ဆိုတာ ဒကာ ဒကာမတွေ သိပ်ရှက်ဖို့ကောင်းတယ် (မှန်ပါ့) အရိပ်နှိပ်စက်တယ်ဆိုတော့ ခင်ဗျားတို့ ဟာ လူကြီးစိတ် မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ရောက်သွားတယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ခလေး ကလေးတွေ၊ မွေးစပေါပ် ခလေး ကလေးတွေ၊ လေးဘက်သွား ခလေးတွေ မှန်နားသွားကပ်လို့ ရှိရင်ဖြင့် မှန်ထဲမှာ သူ့အရိပ်ကလည်း ပြေးနေတယ်၊ သူကလဲပြေးနေတော့ ချက်ချင်းအမေမိဘဆီ ပြေးလာတာဘဲ၊ မကြောက်ဘူးလား ကြောက်သလား (ကြောက်ပါတယ် ဘုရား)။
တခါတည်း ငိုယိုပြီးပြေးလာတာဘဲ၊ သူ့ကို ဘယ်သူနှိပ်စက်တာတုံးမေးရင် ဘယ့်နှယ့်ပြောမတုံး (အရိပ်နှိပ်စက်တာပါ ဘုရား)။
ဒီတရားပွဲလူကြီးတွေပါသလား
ဒါဖြင့် ဒီတရားပွဲလူကြီးတွေပါသလားဆိုရင် ဘယ့်နှယ့်ဆိုမလဲ (တပည့်တော်တို့ ခလေးတွေလို ဖြစ်နေပါတယ် ဘုရား) ကဲ ဒကာ ဒကာမတွေ အင်မတန်ဆိုးရွားတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ခင်ဗျားတို့ နေ့တိုင်း ဘာလုပ်ချင်တယ်၊ ဘာကိုင်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတိုင်း ငါသွားမယ်၊ ငါပြောမယ် ငါကိုင်မယ်လို့ ဆိုတိုင်း ဆိုတိုင်း ခင်ဗျားတို့ ဒီခန္ဓာကြီးမာလို့ပြောတဲ့စကား (မှန်ပါ့) ဒီခန္ဓာကြီးမာလို့ ပြောတဲ့စကား ဦးလှ ဒီ့ပြင် ဘာပါသေးသတုံး (မပါပါ ဘုရား) မထနိုင်လို့နေရင်လဲ ပြောကို မပြောဘူး (မှန်ပါ့) ငါလုပ်မယ် ငါကိုင်မယ် ငါရှာမယ် လာသေးရဲ့လား (မလာပါ ဘုရား)။
အဲ့ဒီတော့ ခင်ဗျားတို့ ဘာကြည့်ကြည့်ပြောနေတာတုံး၊ ဒီတဏှာ မာန ဒိဋ္ဌိပေါ်လာတာက (ခန္ဓာငါးပါးကြည့်ကြည့် ပြောတာပါ)ခန္ဓာကြည့်ပြီး သကာလ တဏှာ မာန ဒိဋ္ဌိ အရိပ်က ထွက်ထွက်မနေဘူးလား (ထွက်ပါတယ် ဘုရား)။
ထွက်နေတော့ ဒီအလုပ် သိမ်းပါတော့ဆိုရင် နည်းနည်း အရွယ်ကလေးကျန်သေးတယ် မသိမ်းနိုင်ဘူး၊ သိမ်းနိုင်ကြ ရဲ့လား (မသိမ်းနိုင်ပါ ဘုရား) ဘာဖြစ်လို့မသိမ်းနိုင်တာလဲ ဒီခန္ဓာကြည့်နေတယ် သဘောကျပြီလား (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့မသိမ်းနိုင်မဆည်းနိုင် အမောအပန်းခံနိုင်တာလည်း ရိပ်မိကြရောပေါ့ (ရိပ်မိပါပြီ) ပုထုဇဉ်မျက်လုံးနဲ့ ဘာကိုကြည့်သလဲ (မိမိခန္ဓာကိုကြည့်ပါတယ် ဘုရား) အဲ မိမိခန္ဓာဆိုလို့ ခန္ဓာငါးပါးသာ အမှန်မြင်ရင် ခင်ဗျားတို့ နိဗ္ဗာန်ရောက်ခဲ့ပြီ (မှန်ပါ့) ဟုတ်ပြီလား (မှန်ပါ့ ဘုရား)။
ပုထုဇဉ်မျက်လုံး ဘာကိုကြည့်ပါလိမ့် (မိမိကိုယ်ကိုယ်ကြည့်ပါတယ်) အဲ ပုထုဇဉ်မျက်လုံး မိမိကိုယ်ကိုယ်ကြည့်လိုက် တော့ လုပ်နိုင်သေးတယ်၊ ကိုင်နိုင်သေးတယ်၊ သူများအောက်မကျဘူး မလာသေးဘူးလား လာမလား (လာပါတယ် ဘုရား)။
အင်း ဒါဖြင့် ဒကာ ဒကာမတို့ အကြည့်ကဖြင့် ကောင်းကောင်းကြီးလွဲနေပေါ့ (မှန်ပါ့) မလွဲသေးဘူးလား (လွဲပါတယ် ဘုရား)။
ဒါဖြင့် ဒီဥစ္စာကိုစဉ်းစားကြည့်တဲ့၊ ဒီဥစ္စာက နဂိုရ်အရိပိဆိုတော့ ငါကောဟုတ်ကဲ့လား (မဟုတ်ပါ) သူတပါးကော (မဟုတ်ပါ) သက်သက် ငါသူတပါး မဟုတ်တာကြီးခင်ဗျားတို့ကို နှိပ်စက်နေတာ (မှန်ပါ့) ရှင်းပြီလား (မှန်ပါ့)။
ဘယ်သူနှိပ်စက်တာတုံး
ငါနှိပ်စက်တာလို့ကော ဆိုနိုင်မလား (မဟုတ်ပါ) သူတပါးနှိပ်စက်တာလို့ကော (မဆိုနိုင်ပါ) ဘယ်သူနှိပ်စက်တာတုံး (အရိပ်နှိပ်စက်နေတာပါ) ငါ သူတပါးမဟုတ်တဲ့တရားက နှိပ်စက်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ငါလဲမဟုတ်တဲ့တရား၊ သူတပါးလဲမဟုတ်တဲ့တရားဆိုတော့ လောကကြီးထဲမှာ ဒီအနှိပ်စက်ခံရတာလောက် ခင်ဗျားတို့ ရှက်စရာကောင်းတာတော့ ရှိကို မရှိတော့ဘူးဗျ (မရှိပါ ဘုရား)။
ဦးဝင်း အခုဘယ်သူနှိပ်စက်နေသလဲ ခင်ဗျားကို (ငါ သူတပါး မဟုတ်တဲ့တရားက နှိပ်စက်နေပါတယ်) ငါ သူတပါး မဟုတ်တာနော်၊ မဟုတ်တာထည့်ပါဦး (မှန်ပါ့) ငါ သူတပါး ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ငါ သူတပါး မဟုတ်တာက ဘယ့်နှယ့်တုံး (နှိပ်စက်နေပါတယ် ဘုရား)။
ဪ ဒါဖြင့် ငါကနှိပ်စက်တာမဟုတ်ဘူး၊ သူတပါးကလည်း နှိပ်စက်တာမဟုတ်ဘူး၊ ငါ သူတပါးမဟုတ်တဲ့ တရားက (နှိပ်စက်နေပါတယ် ဘုရား)။
ဒါ ဘယ့်နှယ့်လုပ်ပြီး ဦးကံမင်း နှိပ်စက်သတုံး၊ မင်းကို ဘယ်သူနှိပ်စက်သတုံးဆိုတော့ ဒါ ဖမ်းလို့လည်း မိမှာ မဟုတ်ဘူးဗျ (မှန်ပါ့) အတော့ကိုခက်နေတာ၊ မခက်ဘူးလား (ခက်ပါတယ် ဘုရား) သူတပါး နှိပ်စက်တယ်ဆိုလို့ ရမလား (မရပါ ဘုရား)။
သူ့ဟာသူ သေကြောင်းကြံတယ်ဆိုလို့ကော ရမလား (မရပါ ဘုရား) ငါလဲမဟုတ်ဘူး၊ သူတပါးလဲ မဟုတ်ဘူး၊ အဲ့ဒါ ဘာက နှိပ်စက်နေသတဲ့ (မှန်ပါ့ ဘုရား)။
ပုထုဇဉ်မျက်စိလည်နေတာ ပြောပါတယ် (မှန်ပါ့) ပုထုဇဉ် မျက်စိလည်နေတာ ဦးခင်မောင် နည်းနည်းဘဲလား (အများကြီးပါ ဘုရား) ဘာပုဒ်မတပ်ပြီး ခင်ဗျားတို့ဖမ်းမတုံး၊ မဖမ်းနိုင်ဘူး၊ ဒီလိုမေးရမှာကိုး ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အထည်မရှိဘဲနဲ့ နှိပ်စက်နေတာ
ဒါဖြင့် ဒကာ ဒကာမတို့ နှိပ်စက်နေတဲ့ လက်သည်ဟာ သေသေချာချာ အထည်မရှိဘဲနဲ့ နှိပ်စက်နေတာ (မှန်ပါ့) ဦးဘကြည် ကောင်းကောင်း သဘောကျပြီလား (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ ဘယ့်နှယ့်နေကြသတုံး (အထည် မရှိဘဲ နှိပ်စက်နေပါတယ်) ငါ သူတပါးမဟုတ်တဲ့တရားက နှိပ်စက်နေတယ် (မှန်ပါ့ ဘုရား)။
ကိုင်ထွန်းဦး ရှင်ပုဏ္ဏဟောပုံ ဒေသနာဟာ ဘယ်လောက်ရှင်းသတုံး (မှန်ပါ့) အင်မတန်ရှင်းတယ်၊ နဂိုရ်ကရှင်းထားလို့ ခင်ဗျားတို့ ဒီဥစ္စာ ပရမတ်မှာသွားပြီးရှင်းတာ (မှန်ပါ့) နဂိုရ်က ပညတ်နဲ့ဥပမာရှင်းထားလို့ ပရမတ်မှာရှင်းသွားတာ (မှန်ပါ့) နို့မဟုတ်ရင် ဥပမာက မရှင်းခဲ့လို့ရှိရင် ဥပမေယျကျတော့ (ရှုပ်နေမှာပါ ဘုရား) မရှင်းနိုင်တော့ဘူး။
ဒကာ ဒကာမတွေ ဒီနေ့ တရား ကောင်းကောင်းကျေနပ်ကဲ့လား (ကျေနပ်ပါတယ် ဘုရား) ဒါဖြင့် ခင်ဗျားတို့ ငါလည်း နှိပ်စက်တာမဟုတ်ဘူး၊ သူတပါးလည်း နှိပ်စက်တာမဟုတ်ဘူး အရိပ်နှိပ်စက်တဲ့သဘောဘဲ (မှန်ပါ့) အထည်မရှိတဲ့အရိပ်က နှိပ်စက်နေတဲ့သဘောဘဲ (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
အရိပ်နှိပ်စက်တဲ့သဘောသည်ကား လို့ဆိုရင် အရိပ်သည် သတ္တဝါကို ဘာလုပ်တတ်သတုံးလို့ မေးတဲ့အခါ အရိပ်ချည်း သက်သက်ဖြင့် သတ္တဝါကို ဦးဘကြည် ဘာလုပ်တတ်သတုံး (ဘာမှမလုပ်တတ်ပါ့) ဘာမှမလုပ်တတ်ဘူး၊ ဘာမှမလုပ်တတ်တဲ့ တရားက လုပ်တတ်အောင်၊ ဘာမှမဟုတ်တဲ့တရားက ခင်ဗျားတို့ ကိုယ့်အဟုတ်နဲ့ကိုယ် တခါတည်း ဒုက္ခရောက်ကုန်တာဘဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကိုယ့်အထင်နဲ့ကိုယ် ဒုက္ခရောက်တယ်
ဘာနဲ့ ဒုက္ခရောက်ကြသတုံး (ကိုယ့်အထင်နဲ့ကိုယ် ဒုက္ခရောက်ပါတယ် ဘုရား) ဖြစ်မှဖြစ်ရလေဗျာ သစ်ပင်ကြီးကို သရဲထင်ပြီး လန့်များသေတဲ့ဥစ္စာကို ကိုယ့်အထင်နဲ့ကိုယ် သေတာဘဲ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ညမှောင်နေတဲ့အခါကျတော့ ကိုယ်ကလဲ မရောက်ဖူးတော့ ဒီဥစ္စာသရဲ သဘက် ထင်ပြီး သကာလ ဘီလူးတွေ ထင်တယ်ဆိုပြီး သကာလ လန့်ဖြန့်သေတာတွေဟာလဲ သစ်ပင်က သတ်တာလဲမဟုတ်ဘူး မဟုတ်ဘူးလားဗျာ (မှန်ပါ့)။
သူ့ဟာသူအထင်မှားတဲ့မျက်လုံးနဲ့ တပ်ပြီးကြည့်သည့် သကာလ သူ့ဟာသူလုပ်တဲ့သဘောက သူ့ကိုသတ်တာ (မှန်လှပါ) သူ့ဟာသူ သရဲလုပ်ပစ်လိုက်တာကိုး၊ အဲ့ဒီ သရဲလုပ်ပစ်လိုက်တာက သူ့ကိုသတ်တာ (မှန်ပါ့ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
ဒါဖြင့် သရဲသတ်တာကော ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) သစ်ပင်က သတ်တာကော (မဟုတ်ပါ ဘုရား) သူ့လုပ် ချက်နဲ့သူ သေရတာ၊ သူ့အထင်မှားနဲ့ သူသေတယ် မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ခင်ဗျားတို့ သုံးဆယ့်တစ်ဘုံ ကျင်လည်ရတာကော (ကိုယ့်အထင်နဲ့ကိုယ် လည်ရတာပါ ဘုရား) ကိုယ့်အထင်မှား ထည့်လိုက်ပါဦး၊ ဘယ်လိုဆိုကြမလဲ (ကိုယ့်အထင်မှားက ကိုယ်သတ်တာပါ ဘုရား) ကိုယ့်အထင်မှားနဲ့ကိုယ် ဒုက္ခရောက်တြာ ဆိုတာပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အထင်မှားနဲ့ကိုယ် ဒုက္ခရောက်တာသည် ခင်ဗျားတို့ ခုချိန်မှာ ဆရာကောင်း သမားကောင်း တွေ့လို့မှ မပြင်တော့ဘူးဆိုရင် ဒါပြင်နည်းဟောရမှာကိုး (မှန်ပါ့) ပြင်နည်းကို သေသေချာချာဟောရမယ်။
အခုဟာက အမှားပုံသေချာအောင်လို့ပြောတာ (မှန်ပါ့ ဘုရား) မှားပုံသေချာတော့ ပြင်လိုက်တော့ လွယ်တာပေါ့ဗျာ (မှန်ပါ့)။
မှားတာက မှားမှန်း မသိသေးတော့ မှားပုံကိုဘဲ အရေးအကြီးအကျယ် နာရီဝက်လောက်ပြောရမယ် (မှန်ပါ့) မပြောရပေဘူးလား (ပြောရပါတယ် ဘုရား) ခင်ဗျားတို့ အမှားတော်ပုံကြီးတာပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ဘယ်လိုပေါ်သတုံး (ကိုယ့်အထင်မှားနဲ့ကိုယ် ဒုက္ခရောက်တာပါ ဘုရား) ကိုယ့်အထင်မှားနဲ့ကိုယ် ဘယ်သွားရသတုံး၊ သံသရာထဲ သွားရတယ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူ့ကြောင့်ဆိုတဲ့ လက်သည်ပေါ်ရောပေါ့
ဘယ်သူလာပြုတာကော ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) ဘယ်သူ့ကြောင့်ဆိုတဲ့ လက်သည်ပေါ်ရောပေါ့ဗျာ (ပေါ်ပါပြီ ဘုရား) ဘာပါလိမ့် (ကိုယ့်အထင်မှား ကိုယ်ပြုလုပ်ပါတယ် ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ပုထုဇဉ်မျက်လုံးတပ်ပြီး သကာလ မိမိကိုယ်ကို ကြည့်လိုက်မိတာနဲ့ တဏှာ မာန ဒိဋ္ဌိတည်းဟူသော အရိပ်ဟာ ပေါ်လာ သောကြောင့် အဲ့ဒါကိုဘဲ ငါ သူတပါး လုပ်တဲ့ပြီး သကာလ ခင်ဗျားတို့က ထင်ပြီး သကာလ နေသောကြောင့် အပါယ်လေးပါး တို့ သံသရာသုံးဆယ့်တစ်ဘုံထဲသို့ လှည့်ပြေးပြီး သကာလ လည်ကြရတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ရောက်ချင်လို့ရှိရင် ကိုယ့်အထင်မှားပျောက်ဖို့ဘဲ အရေးကြီးတယ် (မှန်ပါ့)။
ကောက်နှုတ်ချက်ချပြီ နိဗ္ဗာန်ရောက်ချင်ရင် ဘာလုပ်ရမတုံး (ကိုယ့်အထင်မှားကို သတ်ရမှာပါ ဘုရား) ကိုယ့်အထင် မှားပျောက်ဖို့ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ကိုယ့်အထင်မှားဖျောက်ဖို့ဆိုတော့လဲ ခုနင်က ဥပမာပေးတုန်းက ပြခဲ့တာက အတော်ရှင်းသွားပြီ၊ ဒီဘက်က ဘာတဲ့မှန်၊ ဒီဘက်က ကြည့်တဲ့လူ၊ ဒါကဘာတုံး (အရိပ်ပါ ဘုရား) ဒီအရိပ်ဟာ ငါလားလို့ မေးပြန်တော့ (မဟုတ်ပါ ဘုရား) သူတပါးလားလို့ မေးပြန်တော့ (မဟုတ်ပါ ဘုရား) ဒါဖြင့် ငါလဲမဟုတ်၊ သူတပါးလဲမဟုတ်ဆိုတော့ သဘောကလေးဟာ မပေါ်ဘူး လား(ပေါ်လာပါတယ် ဘုရား)။
ကောင်းပြီ ဒီဥစ္စာကလေး ငါ သူတပါးမဟုတ်တာဆိုတာကလေး ခင်ဗျားတို့ ရှင်းပြီး သကာလ သွားတော့ ဒါကလေး မပေါ်အောင် ခင်ဗျားတို့ ဒါကလေးဟာ အမှားသုံးချက်ကိုးဗျ နော် (မှန်ပါ့)။
အမှားသုံးချက်မပေါ်အောင် ဘယ်ကနေပြီး သကာလ ဖြုတ်ရမလဲလို့ မေးခွန်းထုတ်ဖို့လိုလာတော့ (လိုလာပါတယ် ဘုရား)။
အမှားသုံးချက်
အမှားသုံးချက်ကတော့ဖြင့် ပုထုဇဉ်မျက်လုံးနဲ့ မိမိကိုယ်သာကြည့်ရင် (ပေါ်ပါတယ် ဘုရား)။
ဒါဖြင့် လူချည့်သက်သက် ဒကာ ဒကာမတို့ ပုထုဇဉ်ချည့် သက်သက်သည် မှန်မရှိလို့ ရှိရင်လဲ ဒီအရိပ် ထွက်ပါ့မလား (မထွက်ပါ ဘုရား) ဒီက မှန်မရှိလို့ရှိရင်လဲ ဒီအရိပ်ဟာ (မထွက်ပါ ဘုရား) မထွက်နိုင်ဘူးနော် (မှန်ပါ့)။
ဒါဖြင့် ဒီကလဲပြောင်း ဟုတ်လား၊ ဒီကလဲ ပြောင်းရမယ် (မှန်ပါ့) မပြောင်းရင်မဖြစ်ဘူး (မှန်ပါ့)။
ဒီက ပုထုဇဉ်အဖြစ်က “သုတဝါ အရိယသာဝကော” ဖြစ်ရလိမ့်မယ်၊ တရားနာပြောင်းရမယ် (မှန်ပါ့) ဒီကလဲ ပြောင်းမှရမယ် (မှန်ပါ့) ဦးဘကြည်ဒီက မပြောင်းရင်ကော (မရပါ ဘုရား)။
ဒီကလဲ ပုထုဇဉ်တော့ ပုထုဇဉ်ဘဲ၊ ပုထုဇဉ်ပေမဲ့ အသုတဝါနဲ့ သုတဝါပြောင်း (အကြားအမြင်များတဲ့ ဆရာကောင်း သမားကောင်းနဲ့ ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်အဖြစ်ပြောင်းလိုက် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီကလဲ ပြောင်းရလိမ့်မယ် ဒကာ ဒကာမတို့၊ ဒီကလဲ မပြောင်းလို့ရှိရင် ရကိုမရပါဘူး (မှန်ပါ့) ဒီကမပြောင်းလို့ ရှိရင် ဒီက ငါဖြစ်နေလို့ရှိရင်ဖြင့် ငါကိုယ် ဖြစ်နေလို့ရှိရင် နေရာမကျသေးတော့ ဒီကလဲ အနိစ္စပြောင်းရမယ် (မှန်ပါ့) ဒီက အနိစ္စပြောင်း၊ ဒီက သုတဝါနှစ်ခုပြောင်း၊ ဒါမှကိုက်တယ် (မှန်ပါ့ ဘုရား) ဦးဘကြည် ပြောင်းနည်း သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီက ဘာလုပ်ရမတုံး (သုတဝါ ပြောင်းရပါမယ် ဘုရား) ဒီက သုတဝါ ဖြစ်တော့ ဒီက အနိစ္စသဘောပြောင်း၊ ဒီက အနိစ္စ၊ ဒီက သုတဝါ၊ သဘောကျပြီလား (ကျပါပြီ ဘုရား) အနိစ္စနဲ့ သုတဝါတွေ့ပါမှ ဒါပြောင်း (မှန်ပါ့)။
အနိစ္စနဲ့ သုတဝါနဲ့တွေရင် ဘာတုံး၊ ဒီက သုတဝါရကတည်းက အကြားအမြင်များတဲ့ ပုဂ္ဂိုလ် ရကတည်းက ဒကာ ဒကာမတို့ ဒီဥစ္စာ အနိစ္စ့ဖြစ်ရတော့မယ် (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဖြစ်တော့ ဒီဟာသည် အနိစ္စဖြစ်သွားတော့ ငါအဖြစ်မှ ငါ့ကိုယ်အဖြစ်မှ သူတို့ မပျောက်ပေဘူးလား ပျောက်မလား (ပျောက်ပါတယ် ဘုရား)။
ပျောက်တော့ ဒါကမရှိ ဒါကလဲ ပြောင်းပြီးသား ဒါကလဲ မှန်အဖြစ်နဲ့ မရှိတောဘူး၊ ငါအဖြစ်နဲ့ကော (မရှိပါ ဘုရား) ငါ့ကိုယ်အဖြစ်နဲ့ကော (မရှိပါ ဘုရား)။
မရှိတဲ့အခါကျလို့ရှိရင်ဖြင့် ဒီမှန်ကနေပြီး သကာလ ဦးကြိုင်ဖျက်လိုက်နော်၊ ဒီကတော့ တရားနာရုံနဲ့ ကိစ္စပြီးတယ် (မှန်ပါ့ ဘုရား)။
အကြားအမြင်များအောင် တရားနာ
သုတဝါဖြစ်တာ သုတဝါ = အကြားအမြင်များသော ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖြင့် ဒါ အကြားအမြင်များအောင် တရားနာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီက ဘာဖြစ်အောင်လုပ်ရမလဲ (သုတဝါဖြစ်အောင် လုပ်ရပါမယ် ဘုရား) အကြားအမြင်များအောင် လုပ်ရမယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဒီဘက်က ဘာသင်ပေးရမတုံး (အကြားအမြင်များအောင် သင်ပေးရပါမယ် ဘုရား)။
ဒါဖြင့် အကြားအမြင်မများတဲ့ ပုဂ္ဂိုလ်များ ဦးဘကြည်တို့ ဦးစံရီတို့က စဉ်းစာ၊ ဦးလှတို့က စဉ်းစား၊ ဘယ်တော့မှ နိဗ္ဗာန်မရောက်တော့ဘူး (မှန်ပါ့) ဘယ်တော့ တို့ဟာ ပြင်ဖြစ်ဦးမှာတုံး (မပြင်ဖြစ်ပါ ဘုရား) ပြင်နိုင်သေးရဲ့လား (မပြင်နိုင်တော့ ပါ ဘုရား)။
အဲ့ဒီတော့ ခင်ဗျားတို့ ဘယ်လိုလုပ်နေကြ ငြားသော်လဲ ဒီအမှန်က အနိစ္စအဖြစ်သို့မရောက်၊ ဒီကလဲ သုတဝါ မဖြစ်သေးလို့ ရှိရင်ဖြင့် ဒါဟာ ဘယ်သူ ပယ် ပယ်မရဘူး (မှန်ပါ့) ရပါ့မလား (မရပါ ဘုရား) အရိပ်သုံးခု ပယ်နိုင်ကြပါ့မလား (မပယ်နိုင်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့သည် တဏှာ မာန ဒီဋ္ဌိ သုံးခုတည်းဟူသော အရိပ်မထွက်ပါမှဘဲ သံသရာပြတ်မယ် (မှန်ပါ့) တဏှာ မာန ဒိဋ္ဌိ အရိပ်သာထွက်နေဦးမယ်ဆိုရင်ဖြင့် (သံသရာ မပြတ်ပါ ဘုရား) သံသရာပြတ်နိုင်တဲ့ အခြေအနေ ရှိကြပါ့ မလား (မရှိပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သံသရာ ပြတ်ချင်လို့ ရှိရင် သုတဝါဖြစ်အောင် တရားနာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အကြားအမြင်များအောင် တရားနာပါ၊ တရားနာတဲ့အခါကျလို့ရှိရင် တရားနာတဲ့ပုဂ္ဂိုလ်သည် ယောနိသော မနသိ ကာရနဲ့ နှလုံးသွင်းလိုက်ပြီဆိုမှဖြင့် ဒါတွေဟာ အနိစ္စသဘောတွေ ပေါ်လာလိမ့်မယ် (မှန်ပါ့) အနိစ္စသဘော ပျက်စီးသွား တယ် (မှန်ပါ့) ပျက်စီးသွားတော့ မှန်ကြည်သေးသလားတဲ့ အရိပ်ထွက်စရာ ထွက်နိုင်သေးရဲ့လား (မရှိပါ ဘုရား) မှန်ကို ချေလိုက်တာကိုးဗျ၊ မှန်ကို ရှိသေးရဲ့လား (မရှိပါ ဘုရား)။
မရှိတော့ ဒီကလဲ သုတဝါဖြစ်သွားတော့ ဟိုကလဲ မှန်ကျေတော့ ဒီမှာ အရိပ်ထွက်စရာလာသေးရဲ့လား (မလာပါ ဘုရား) မလာတော့ ဒီ တဏှာ မာန ဒိဋ္ဌိ ပေါ်ခွင့်ရသေးရဲ့လား (မရပါ ဘုရား)။
ဒီကလဲ သုတဝါ ဖြစ်သွားတော့ကို ခုနင်က အသုတဝါ ပုတုဇ္ဇနော၊ ဒီက သုတဝါ အရိယသာဝကော (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒီဘက်ကမြင်တာက နှစ်ခုနော် (မှန်ပါ့) အသုတဝါ ပုဇ္ဇနောတုန်းကတော့ ဒီကလဲ သုတဝါ အရိယ သာဝကော ဖြစ်ရမယ် ဒီက (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
သုတဝါ အရိယ သာဝကော ဖြစ်မှသာလျှင် ဒီက ငါလဲ အနိစ္စ ဆိုတဲ့ဥစ္စာ မှန်သဘောမှ ပျောက်ပြီး သကာလ ပျက်စီးခြင်း သဘောသို့မရောက်ပေဘူးလား (ရောက်ပါတယ်) ဦးဝင်း ကျေနပ်ပြီလား (ကျေနပ်ပါပြီ) ဦးစံရီတို့ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ဘယ်နှစ်ခုပြင်ရမှာတုံး
ဒါဖြင့် ဘယ်နှစ်ခုပြင်ရမှာတုံး (နှစ်ခုပြင်ရမှာပါ) နှစ်ခုပြင်နော် (မှန်ပါ့) ဒီက အသုတဝါ ပုထုဇ္ဇနောကို ဘာလုပ် ကြမယ် (သုတဝါ အရိယ သာဝကေ ဖြစ်အောင် လုပ်ရပါမယ်)။
အသုတဝါ ပုထုဇ္ဇနောဆိုတဲ့ အကြားအမြင်မရှိတဲ့ ပုထုဇဉ်ဆိုရင် ဒီအရိပ်ထွက်မယ်၊ မထွက်ပေဘူးလား (ထွက်မှာပါ ဘုရား) သုတဝါ အရိယ သာဝကော ဆိုလို့ရှိရင် ဒီအရိပ် ထွက်ပါဦးမလား (မထွက်ပါ ဘုရား)။
ဘာကြောင့် မထွက်သတုံး၊ ဒီဥစ္စာကို အထည်အဖြစ်နဲ့ မထားတော့ဘူး (မှန်ပါ့) ဒကာ ဒကာမတို့ အနိစ္စ ဒုက္ခ အနတ္တ အဖြစ်နဲ့ မထားပေဘူးလား (ထားပါတယ် ဘုရား)။
ထားတော့ကို သုတဝါ ပုထုဇ္ဇနောက အနိစ္စ ဒုက္ခ အနတ္တကို ရှုလိုက်ပါတယ် (မှန်ပါ့) ဒီအရိပ်တွေ ထွက်ဦးမလား (မထွက်နိုင်ပါ ဘုရား)။
ဒီက မှန်လဲကွဲသွားပြီ၊ ဒီကလဲ ပုထုဇဉ်အဖြစ်မှ လွန်မြောက်သွားပြီ (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲ့ဒီတော့ ဒါဟာ ကလျာဏပုထုဇဉ် ဖြစ်ရင်လဲ ဒါတော်တော်ပြုတ်ပါတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒကာ ဒကာမတို့ ဒီနေ့တရားသည် ကောင်းကောင်းပေါ်ရဲ့လား (ပေါ်ပါတယ် ဘုရား) ခင်ဗျားတို့ ဒါ တစ်သက် တစ်ကိုယ် တစ်ခါ တွေ့ရတာဘဲ ဒီတရား (မှန်ပါ့)။
ခင်ဗျားတို့ ဒီလိုထင်ထင်ရှားရှားတွေ့ဖို့ ဦးဘအုန်း အတော်ခက်ပါတယ် (ခက်ပါတယ် ဘုရား) ပေါ်လာတာလဲ မသိပါဘူး၊ ဘာမျက်လုံးတပ်ပြီး သကာလ ဘယ်လိုကြည့်လို့ ဒါပေါ်တယ် ဆိုတာကိုဘဲ အို တဏှာ မာန ဒိဋ္ဌိကြောင့် ခက်တယ် ဆိုတာတော့ဖြင့် ကြားဖူးကြမှာပေါ့ဗျာ (မှန်ပါ့)။
သို့သော် ဒီ တဏှာ မာန ဒိဋ္ဌိက ဘယ်လိုကြောင့် ပေါ်လာပါလိမ့်မတုံး လို့ဆိုတာ ရှင်ပုဏ္ဏက အကြောင်းနှစ်ခု ပြတယ် (မှန်ပါ့) အင်မတန် မပေါ်လွင်ဘူးလား (ပေါ်လွင်ပါတယ် ဘုရား)။
အဲ့ဒီတော့ မိမိ သူတပါး နှစ်ဦးသာ မဟုတ်တာကိုလဲ သူရှင်းပြတာ တယ်ကောင်းတယ် (မှန်ပါ့) ဒါ မိမိ သူတပါး ရော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။
အကြားအမြင်မရှိတဲ့ ပုထုဇဉ်
မဟုတ်ပါဘူး တဲ့၊ ဒါနဲ့ ဒါအကြောင်းအရင်းခံပြီး ဒီက အကြားအမြင်မရှိတဲ့ ပုထုဇဉ်ဟာ ဒီဟာကို ငါထင်ပြီး ဖြစ်ရတာ ပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အကြား အမြင် မရှိတဲ့ ပုဂ္ဂိုလ်က ဒီဟာကို ငါမထင်သောကြောင့် ငါပြုတ်တယ် (မှန်ပါ့) သူဟာ ရှင်းနေတာဘဲ (မှန်ပါ့)။
ဒကာ ဒကာမတို့ အနိစ္စ ဒုက္ခ အနတ္တ မပါဘဲနဲ့ (ဝါ) ဒုက္ခသစ္စာကျအောင် မရှုနိုင်ဘဲနဲ့ဖြင့် ဒီ တဏှာ မာန ဒိဋ္ဌိ သေလိမ့်မယ် ပြုတ်လိမ့်မယ်ဆိုတာ ဘယ်သူဟောဟော မယုံနဲ့ (မှန်ပါ့)။
ယုံစရာရောရှိသေးရဲ့လား (မရှိပါ ဘုရား) ယုံစရာ မရှိပါဘူးတဲ့၊ မှန်လဲဖျက်မရ၊ ဒီကကြည့်မည့် ပုထုဇဉ်ကလဲ မပြာင်းဘူး ဆိုရင် ဘယ့်နှယ့်လုပ်ပြီး တဏှာ မာန ဒိဋ္ဌိ သေမတုံး (မသေပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဪ တဏှာ မာန ဒိဋ္ဌိ သေစေချင်လို့ရှိရင်ဖြင့် တရားနာမှုဆိုတဲ့ သုတဝါ အရိယသာဝကောဖြစ်အောင် တရားနာ ကြဟုတ်လား (မှန်ပါ့)။
တရားနာတော့လဲ ဒီတရားမျိး၊ ဒီလို တဏှာ မာန ဒိဋ္ဌိကို သတ်တဲ့တရား မျိုး ကိုနာမှ (မှန်ပါ့) တဏှာ မာန ဒိဋ္ဌိ ပွားတဲ့ တရားမျိုး ဆိုလို့ ရှိရင်လဲ ခင်ဗျားတို့ ဒုက္ခရောက်ဦးမယ် (မှန်ပါ့) မရောက်ပေဘူးလား ရောက်မှာလား (ရောက်မှာပါ ဘုရား)။
သာမညဟောတဲ့ ဆရာသမားမျိုး ဆိုလို့ရှိရင်
အဲ့ဒီတော့ သာမညဟောတဲ့ ဆရာသမားမျိုး ဆိုလို့ရှိရင် ဖြင့် ဦးဝင်း တဏှာ မာန ဒိဋ္ဌိ ပွားတာကိုဘဲ ပြောချင်ပြောမိ မယ်၊ မဟုတ်ဘူးလား (မှန်ပါ့)။
ဒီဘဝထက် ဟိုဘဝ ကောင်းတယ်ဆိုလို့ရှိရင်ဖြင့် ပုထုဇဉ်ကလဲ ကြိုက်နေမှာဘဲ၊ အံဲ့ဒီတော့ တဏှာ မာန ဒိဋ္ဌိ မပွား ပေဘူးလား (ပွားပါတယ်) ပွားလို့ရှိရင်ဖြင့် ဪ ဒါ ပပဉ္စအားကိုးတရားဘဲလို့ မဆိုထိုက်ဘူးလား ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။
အဲ့ဒီတော့ ခင်ဗျားတို့ တဏှာ သာယာမှုကို မျှော်လင့်ချက် ပေးပြီး နောင်ဘဝ ကောင်းစားရေး လောက်ကိုသာ ဦးစား ပေးတဲ့ နားထောင်ကောင်းတဲ့ တရားလို့ရှိရင် ပပဉ္စများတယ် (မှန်ပါ့)။
သံဝေဂရတဲ့တရား ဆိုလို့ရှိရင် ခင်ဗျားတို့ ပပဉ္စချုပ်ပါတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
နားထောင်ကောင်းတဲ့တရားမျိုးဆိုရင် များသောအားဖြင့် ဘာဆိုကြမယ် (ပပဉ္စပွားပါတယ် ဘုရား) ပပဉ္စပွားတယ်၊ ကိုယ့်ဟာကိုယ်လည်း ပြုံးကာ ရွှင်ကာ လာတော့တာဘဲ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။
အေးဒါကြောင့် ဒကာ ဒကာမတို့ ဒီကြားမှာ ခင်ဗျားတို့ နည်းနည်းကလေး ဗဟုသုတရှိအောင် ထိုးပြမယ်နော် (မှန်ပါ့) တရားဟောတဲ့ပုဂ္ဂိုလ်၊ တရားနာတဲ့ ဒကာ ဒကာမ၊ တရားကိစ္စပြီးတဲ့အဖြစ် ဘယ်နှစ်မျိုးရှိပါလိမ့် (သုံးမျိုးပါ ဘုရား)။
ဒါက တရားဟောပုဂ္ဂိုလ်၊ ဒါက တရားနာတဲ့ပုဂ္ဂိုလ်၊ ကျင့်ပုဂ္ဂိုလ်နော် (မှန်ပါ့) ဒါ တရားဆုံးတဲ့ပုဂ္ဂိုလ်၊ ဘုရားက ဓမ္မကထိကဝဂ်ဆိုပြီး သံယုတ်ပါဠိတော်မှာ ဟောထားတယ် (မှန်ပါ့) ဦးဘကြည် ဒီဥစ္စာ သေသေချာချာမှတ်ရလိမ့်မယ် (မှန်ပါ့)။
တရားဟောတဲ့ပုဂ္ဂိုလ်သည်
တရားဟောတဲ့ပုဂ္ဂိုလ်သည် ဘယ်လိုဟောရမှာတုံး မေးလို့ရှိရင် ဥပမာ ဒီဘက်က ခန္ဓာငါးပါး ရှိတယ်နော် (မှန်ပါ့) အဲ့ဒီခန္ဓာငါးပါးကို ဝိရာဂါယ၊ နိဗ္ဗိဒါယ၊ နိရောဓာယ တဲ့၊ ချုပ်အောင် ဟောနိုင်ကြလို့ရှိရင် အဲ့ဒါ ဓမ္မကထိကလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
ဒီဟာတွေကို နိဗ္ဗိန္ဒဖြစ်အောင် ဟောနိုင်လို့ရှိရင် ဘာတုံး (ဓမ္မကထိကပါ ဘုရား) တရားနာပုဂ္ဂိုလ်ကလဲ အဲ့ဒါတွေနာပြီး ဒါတွေ နိဗ္ဗိန္ဒဖြစ်အောင်ကျင့်မှ ဓမ္မနု ဓမပဋိပတ္တိ ဆိုတဲ့ တရားနာပုဂ္ဂိုလ်ဖြစ်မယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
တရားနာတဲ့ပုဂ္ဂိုလ်ကလဲ နိဗ္ဗိန္ဒအစစ်ဖြစ်အောင် နာနိုင်မှ တရားနာပုဂ္ဂိုလ်အစစ်ဖြစ်မယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
တရားဟောတဲ့ပုဂ္ဂိုလ်က ဘယ်လိုဟောရမယ် (နိဗ္ဗိန္ဒဖြစ်အောင် ဟောရမယ်) တရားနာတဲ့ပုဂ္ဂိုလ်ကလဲ နာတဲ့အတိုင်း ခန္ဓာပေါ်မှာဖြစ်ရမယ်၊ နိဗ္ဗိန္ဒဖြစ်အောင်ကျင့်ပြီး နာနေရတယ် (မှန်ပါ့)။
အဲ့ဒီလိုနာတော့မှ ပုဂ္ဂိုလ်က ဘယ်လိုဟောရမယ် (နိဗ္ဗိန္ဒဖြစ်အောင် ဟောရမယ်) တရားနာပုဂ္ဂိုလ်ကလဲ နာတဲ့အတိုင်း ခန္ဓာအပေါ်မှာဖြစ်ရမယ်၊ နိဗ္ဗိန္ဒဖြစ်အောင် ကျင့်ပြီး နာနေရမယ် (မှန်ပါ့)။
အဲ့ဒီလိုနာတော့မှ ဒီပုဂ္ဂိုလ်နဲ့ ဒီလို ဒကာ ဒကာမတွေနဲ့ တွေ့လို့ရှိရင် ဘုရားက ထောက်ခံချက် ပေးမယ်ဆိုပြီး တတိယထောက်ခံချက် ပေးမယ် (မှန်ပ့ါ)။
တတိယ ဘယ်လိုထောက်ခံချက်ပေးသလဲ၊ ဒီဘဝ နိဗ္ဗာန်ရအောင်လို့ ထောက်ခံချက်ပေးတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီဘဝနိဗ္ဗာန်ရနိုင်တယ်
ဘာတဲ့တုံး (ဒီဘဝနိဗ္ဗာန်ရနိုင်ပါတယ် ဘုရား) ဒီဘဝတွင်တောင် နိဗ္ဗာန်ရနိုင်တယ် ဒကာ ဒကာမတို့ (မှန်ပါ့) တရားဟောတဲ့ ပုဂ္ဂိုလ်က ခန္ဓာငါးပါး တပါးပါး နိဗ္ဗိန္ဒဖြစ်အောင် ဟောပေးရမယ် (မှန်ပါ့)။
ခင်ဗျားတို့ကလဲ နိဗ္ဗိန္ဒဖြစ်အောင်ကျင့်ရမယ် (မှန်ပါ့) ဘုရားက အဲ့ဒီတော့မှ ဘယ်လိုထောက်ခံသတုံး (ဒီဘဝတွင် တောင် နိဗ္ဗာန်ရနိုင်ပါတယ်)။
အဲ့ဒါ ဓမ္မကထိကဝဂ်မှာ ဒီသုံးခုပါတယ် (မှန်ပါ့) ဓမ္မကထိက ဆိုတာ ဒါမှ ဓမ္မကထိကဆိုပြီး ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဒီအင်္ဂါနဲ့ ပြည့်စုံရမယ်တဲ့နော် (မှန်ပါ့) တရားနာတဲ့ပုဂ္ဂိုလ်က ဒီအင်္ဂါနဲ့ ပြည့်စုံရမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲ့ဒီတော့ သူနဲ့သူ့အင်္ဂါပြည့်စုံလို့ရှိရင် သုံးခုမြောက်ထောက်ခံချက်ပေးတယ်၊ ဘယ်လိုပေးသတုံး (နိဗ္ဗာန်ကို ဒီဘဝနှင့် ရနိုင်ပါတယ် ဘုရား)။
ဒီဘဝမှာပင် နိဗ္ဗာန်ရနိုင်တယ်လို့ ပေးလိုက်တယ်၊ ဆုကြီးပန်လို့မဟုတ်လို့ရှိရင် ဒီဘဝရနိုင်တယ် (မှန်ပါ့) ဦးဘကြည် ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ဟောတဲ့ပုဂ္ဂိုလ်ကလဲ နိဗ္ဗိန္ဒ့ဖြစ်အောင်ဟော၊ နာတဲ့ပုဂ္ဂိုလ်ကလဲ နိဗ္ဗိန္ဒဖြစ်အောင်ကျင့်၊ အဲ့ဒီကျတော့ ဘာတုံး (ဒီဘဝ နိဗ္ဗာန်ရနိုင်ပါတယ် ဘုရား)။
နိဗ္ဗာန်ရနိုင်တယ်ဆိုတာ နိဗ္ဗိန္ဒဉာဏ်ဖြစ်လို့ရှိရင် မဂ်ကျန်တော့တာကိုး ဗျ၊ နိဗ္ဗာန်မဂ်ဖိုလ် ရနိုင်တာပေါ့ (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ တရားဟောပုဂ္ဂိုလ်၏ အင်္ဂါကောသိပြီလား (သိပါပြီ) ခန္ဓာငါးပါးကို ငြီးငွေ့အောင် ဟောရမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
နာတဲ့ ပုဂ္ဂိုလ်က ဘယ်လိုကျင့်ရမလဲ (ခန္ဓာငါးပါး ငြီးငွေ့အောင် ကျင့်ရပါမယ်) အဲ့ဒီတော့ ဘုရားက ဘယ်လို တာဝန်ယူသတုံး (ဒီဘဝမှာပင် နိဗ္ဗာန်ရနိုင်ပါတယ် ဘုရား)။
ဒါ သံယုတ်ပါဠိတော်မှာ ဒီအတိုင်းလာပါတယ် ဒကာ ဒကာမတို့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
တရားနာတတ်ပြီလား
ကဲ တရားနာတတ်ပြီလားခင်ဗျားတို့ (နာတတ်ပါပြီ) ဘယ်လိုဖြစ်အောင်နာမယ် (ခန္ဓာငါးပါးကို ငြီးငွေ့အောင် နာရပါမယ်) နိဗ္ဗိန္ဒဖြစ်အောင် ဟောတဲ့တရားဆိုရင် နာပေတော့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
နာပြီးတော့ ခင်ဗျားတို့ အိပ်နေလို့မဖြစ်သေးဘူး၊ ဘာလုပ်ရမလဲ (ငြီးငွေ့အောင်ကျင့်ရပါမယ်) ကျင့်ပေးတဲ့အခါကျ လို့ရှိရင်ဖြင့် ဘုရားက ဘယ်လိုထောက်ခံသတုံး (ဒီဘဝတွင် နိဗ္ဗာန်ရနိုင်ပါတယ် ဘုရား)။
အဲ့ဒီတော့ ဘုရားက အရိနိဗ္ဗာန်စံတော်မူသွားပြီ၊ သို့သော ဓမ္မခန္ဓာတွေထားပြီး ထောက်ခံထားခဲ့တယ် (မှန်ပါ့) ဒီတော့ ခင်ဗျားတို့သည် နှစ်လုပ်ဘဲရှိတယ်ဆိုတော့ ဦးစံရီရေ တနေ့က ဟောခဲ့တဲ့ ပေဋကော ပဒလေနဲ့ သွားကိုက်တယ် (မှန်လှပါ ဘုရား)။
သစ္စာတရားနာမှု၊ သစ္စာနှလုံးသွင်းမှုရှိရင် ပြီးတာဘဲဆိုတဲ့ ဦးဘကြည် တစ်ထပ်တည်းမနေဘူးလား (တစ်ထပ်တည်းပါ ဘုရား)။
ဘုရားထောက်ခံချက်ဆိုတာကတော့ ဒဠှီဖြစ်အောင်လုပ်တာ စကားမြဲမြန်အောင်ပြောတာ (မှန်ပါ့)။
ကဲ ဒကာ ဒကာမတွေ နောက်ကို ခင်ဗျားတို့ တရားနာတတ်ပြီလား (နာတတ်ပါပြီ ဘုရား) ဘယ်လိုနာရမယ် (ခန္ဓာငါးပါး ငြီးငွေ့အောင်နာရပါမယ် ဘုရား)။
အဲ နိဗ္ဗိန္ဒဖြစ်အောင်ဟောတဲ့တရားကို ခင်ဗျားတို့နာရမယ် (မှန်ပါ့) နောက်ကျတော့ ခင်ဗျားတို့နာပြီး ဘာလုပ်ရမလဲ (ကျင့်ရပါမယ် ဘုရား)။
ကျင့်လို့ရှိရင်ဖြင့် ခင်ဗျားတို့အတွက် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ်လိုအကူအညီပေးသတုံး (ဒီဘဝတွင် နိဗ္ဗာန်ရနိုင်ပါသတဲ့) ယခုဘဝတွင် နိဗ္ဗာန်ရနိုတယ်လို့ ထောက်ခံချက်မပေးဘူးလား (ပေးပါတယ် ဘုရား)။
အဲ့ဒါ ဘုရားဟောတော်မူသော စကားတော်သည်ကားလို့ဆိုရင် သုဂတောလို့လာတယ်၊ သုဂတောဆိုတာ ကောင်းသောစကားကို ဆိုတော်မူသော ဘုရား (မှန်ပါ့)။
တစ်ခွန်းနဲ့ အမှန်ကို ပြောလေ့ရှိတယ်
မကောင်းတာ တစ်လုံးမှ မဟောဘူးဗျ (မှန်ပါ့) ကောင်းသောစကားမှာလဲတဲ့ နှစ်ခွန်းမပြောဘူး၊ တစ်ခွန်းနဲ့ အမှန်ကို ပြောလေ့ရှိတယ် (မှန်ပါ့)။
ပြောတော့ဘာစကားပြောသတုံး (ကောင်းသောစကား ပြောပါတယ် ဘုရား) ကောင်းသောစကားမှာလည်း နှစ်ခွန်းလား တစ်ခွန်းလား (တစ်ခွန်းသာပြောပါတယ်) တစ်ခွန်းပြောတာလဲ အမှားလား အမှန်လား (အမှန်ပြောပါတယ် ဘုရား)။
ဒါဖြင့် သူဟာ အင်္ဂါစုံနေပေါ့၊ ဒီဘဝ နိဗ္ဗာန်ရနိုင်တယ်ဆိုတာ ဘာများ ကျုပ်တို့က ဘုရားစကားတော်ထဲ စောဒက တက်နေစရာရှိသေးသလဲ (မရှိပါ ဘုရား)။
နှစ်ခွန်းပြောသလား တစ်ခွန်းလား (တစ်ခွန်းပါ ဘုရား) တစ်ခွန်းအမှားလား အမှန်လား (အမှန်ပါ ဘုရား) ပြောတဲ့စကားကလည်း အကောင်းလား အဆိုးလား (အကောင်းပါ ဘုရား)။
ဒါဖြင့် သုဂတော ဂုဏ်တော်ကြီးကို ခင်ဗျားတို့ဘဲ စဉ်းစားကြည်လိုကပါတော့၊ ဘုရားက ရနိုင်တယ်ဆိုရင် ခင်ဗျားတို့ ကသံသယရှိမနေနဲ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ငါရမှ ရနိုင်ပါ့မလား၊ ဒွိဟိတ်လား၊ တိဟိတ်လား စသည့်ဖြင့် တွေးတောမှုတွေဘာတွေထားမနေကြနဲ့၊ အားထုတ် မိတာဆိုရင်ဘဲ မနည်းလှပါဘူး (မှန်ပါ့)။
အားထုတ်တဲ့အခါလည်း နိဗ္ဗိန္ဒဉာဏ်ရောက်အောင်သာ အားထုတ်၊ ဘုရားဟောတဲ့ စကားဟာ ဘယ်တော့ လွဲဖူး သတုံး (မလွဲပါ ဘုရား)။
နောက် ခုနှစ်ရက်ရှိရင် မြေမျိုလိမ့်မယ်ဆိုပြီး သုပ္ပဗုဒ္ဓကို ဟောလိုက်တယ် ဦးစံရီ၊ ခုနှစ်ရှိရင် မျိုတာဘဲ (မှန်ပါ့)။
ဒေဝဒတ်ဟာ ငါ့ကိုမဖူးမျှော်ထိုက်ဘူး၊ မင်းတို့ထမ်းလာကြပေမဲ့ မဖူးထိုက်ဘူး၊ ငါ့ကျောင်းတော်ထဲထိအောင် မလာ နိုင်ဘူးဆိုတာ မယုံကြဘူး တချိူ့က၊ နောက်ကျတော့ ကျောင်းတော်အနီး ရေကန်မှာရေချိုးတော့ မြေမျိုသွားတာဘဲ၊ ကျောင်းထဲကို ဝင်လို့မရဘူး (မှန်ပါ့)။
ကဲ ဘုရားဟောတာ အလွဲပါကြရဲ့လား (မပါ ပါ ဘုရား)၊ ဒီပုဂ္ဂိုလ် ဘယ်နားကျရင် နွားရှေ့ သေလိမ့်မယ် ဆိုရင်လဲ ကိုထွန်းဦး သေတာဘဲဗျ (မှန်ပါ့)။
အဲ့ဒီတော့ မြတ်စွာဘုရားဟာ တစ်ခွန်းနဲ့ အမှန်ကိုပြောတယ်၊ ကောင်းသောစကားကိုလည်းပြောတယ်ဆိုတာ ခင်ဗျားတို့ ယုံကြည်ကြပြီလား (ယုံကြည်ပါပြီ ဘုရား)။
ခန္ဓာငါးပါးကို နိဗ္ဗိန္ဒဉာဏ် ဖြစ်အောင်
ယုံကြည်အောင်ခင်ဗျားတို့ ဘယ်လိုတရားနာကြမလဲ (နိဗ္ဗိန္ဒဉာဏ်ဖြစ်အောင် နာရပါမယ်) အဲ ခန္ဓာငါးပါးကို နိဗ္ဗိန္ဒဉာဏ် ဖြစ်အောင် ဆရာသမားဆီမှာ တရားနာရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
တရားနာပြီး ခင်ဗျားတို့က ဘာလုပ်ကြမလဲ (ကျင့်ရပါမယ် ဘုရား) ဒီခန္ဓာငါးပါးကို နိဗ္ဗိန္ဒဖြစ်အောင်ကျင့်ပါ၊ ငြီးငွေ့ လာအောင် ရှုပေးပါ (မှန်ပါ့)။
အဲ့ဒီတော့မှ ကိုယ်တော်မြတ်ကြီးဟောတဲ့စကားသည် လွဲစရာတစ်ခုမှမရှိလို့ ကျုပ်တို့ဆုတောင်းနေစရာတောင် အထးူ မလိုပါဘူး (မှန်ပါ့) ကိုထွန်းဦးက တောင်းချင်သေးသလား (မတောင်းချင်ပါ ဘုရား)။
ဘာဖြစ်လို့တုန်း ဒီနှစ်ခုလုံလို့ရှိရင်ဖြင့် ဒီဘဝနိဗ္ဗာန်ရနိုင်တယ်လို့ ဘုရားကဘဲ ထောက်ခံဟောကြားတာဘဲ၊ ဆုတောင်း နေစရာကော လိုသေးသလား (မလိုပါ ဘုရား) ဒီနှစ်ခု ညီအောင်သာလုပ်ပါ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီကရှေ့ကို ဘယ်လိုကြိုးစားကြမယ်ဆိုတာကော ဝေဖန်တတ်ပြီလား (ဝေဖန်တတ်ပါပြီ) ကောင်းပြီ ဒါက တရားနာနည်း၊ တရားဟောတဲ့ ပုဂ္ဂိုလ်ကို ရွေးချယ်နည်း (မှန်ပါ့) ဒီကထောက်ခံချက်လုံလောက်ခြင်းကြောင့် တရားနာနည်း ကိုပြင်းပြင်းထန်ထန်ကြိုးစားပါ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အေး ဒါကို ကြပ်ကြပ်သတိထားကြပါ၊ ပေါ့ပျက်ပျက် လုပ်နေတယ် ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ တရားနာရင်လည်း လွဲလိမ့်မယ်၊ သို့မဟုတ် ကိုယ်ကလည်း နိဗ္ဗိန္ဒဖြစ်အောင်မလုပ်ထားရင်လဲ ပျော့ညံ့မှုတစ်ခုရှိလိမ့်မယ် ဟုတ်လား ၊ တရား ဟောတာကတော့ မလွဲတာချည်းဘဲ အမှန်ဘဲ (မှန်ပါ့ ဘုရား)။
ဘုရားကတော့ မလွဲဘူး
ဒါဖြင့် ဒီဘဝမဂ်မရတဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင်၊ တရားနာရင်လဲ လွဲရမယ်၊ အားထုတ်ရင်လဲ (လွဲရမယ် ဘုရား) ဘုရား ကိုတော့ လွဲတယ်လို့သွားပြီးမဆိုနဲ့နော်၊ ဘုရားကတော့ မလွဲဘူး (မှန်ပါ့ ဘုရား)။
ဘုရားက ဘယ်တော့မှမလွဲဘူး၊ နှစ်ခွန်းသော စကားကို ဘုရားဟာ ဘယ်တော့မှမပြောဘူး၊ တစ်ခွန်းဘဲ မှန်မှန် ပြောတယ် (မှန်ပါ့) ဦးဝင်း ရိပ်မိပြီလား (မှန်ပါ့) အဲ ကိုယ်မရတာ ဘာကြောင့်တုံး (လွဲလို့ပါ ဘုရား) နာမှုလွဲ၊ ကျင့်မှုကော (လွဲပါတယ်) အဲ့ဒါကြောင့် မရတာ (မှန်ပါ့ ဘုရား)။
ဒီနှစ်ခုကို မှတ်ထားပါ၊ ဒါသံယုတ်ပါဠိတော်မှာလာတာ (မှန်ပါ့) ဒကာ ဒကာမတို့ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘယ်သူ့အပစ်ဆိုကြမတုံး ခင်ဗျားတို့ (မိမိအပြစ်ပါ ဘုရား) မိမိ၊ မိမိတရားနာထားတာလည်း မဟန်လို့သော် ၎င်း၊ ဦးဘအုန်း ဒါဘဲရှိတယ် (မှန်ပါ့) ဒါကျေနပ်ပြီနော် (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီဥစ္စာကို ပြန်ကောက်ကြစို့၊ အခုပြောခဲ့တာက ကြားထိုးပြီး ခင်ဗျားတို့ နောက်ကို နေတတ်ထိုင်တတ်ရှိအောင်လို့ ဦးစံရီ ကြားသွင်းတာနော် (မှန်ပါ့)။
ကောင်းပြီ ဒကာ ဒကာမတို့ ဒီကဘာကြောင့်ရမတဲ့ (သုတဝါကြောင့်ရပါမယ်) သုတဝါအရိယသာဝကော၊ အရိယာ များ ဟောဆိုတဲ့တရားကို ဟောဆိုနိုင်တဲ့ သုတဝါဆီမှာ ခင်ဗျားတို့ တရားနာပါတဲ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲ့ဒီတော့ ဘုန်းကြီးကဟောနေတာ အရှင် ပုဏ္ဏဟောတာကို ဟောပြနေတာ (မှန်လှပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ) ရှင်ပုဏ္ဏဟောတာကို ရှင်အာနန္ဒကတစ်ဆင့် ဟောတယ်၊ ရှင်အာနန္ဒာဟောတာကို ဘုန်းကြီးကဆင့် ဒကာ ဒကာမတွေကို ဟောတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် သုတဝါ အရိယာ သာဝကောဆိုတာ သဘောကျပြီလား (ကျပါပြီ) အရိယာ၏ သာဝကဖြစ်တဲ့ ပုဂ္ဂိုလ်က အရိယာ၏တပည့်က ဟောနေတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ပြောင်းဖြစ်အောင်ပြောင်းပါ
ဒါဖြင့် သုတဝါ အရိယာ သာဝကောဖြစ်အောင် ပြောင်းပါ၊ မပြောင်းရင် မဖြစ်ဘူး၊ အန္ဓပုထုဇဉ်အဖြစ်နဲ့ သွားမကြည့်နဲ့ ဝိပဿနာ ရှုတော့မယ်ဆိုရင် ပြောင်းဖြစ်အောင်ပြောင်းပါ (မှန်ပါ့) ကြည့်ရင်ရပါ့မလား (မရပါ ဘုရား)။
မရဘူးဆိုတော့ ဪ အလုပ်လုပ်ပါ အလုပ်လုပ်ပါလို့ သာမညပြောတော့ ဘာပြောင်းပြီး ဘာလုပ်ရမှာတုံးဆိုတာ လဲ ဦးဘကြည်တို့ မသိပြန်ရင်လဲ မခက်ဘူးလားဗျာ (ခက်ပါတယ် ဘုရား)။
ဒါဖြင့် ဒီက ဘာပြောင်းရမယ် (သုတဝါ အရိယ သာဝကောဖြစ်အောင် ပြောင်းရပါမယ်) သုတဝါ အရိယ သာဝကော ဖြစ်အောင် ကိုယ့်ကိုယ်ကို လုပ်ပါနော် (မှန်ပါ့ ဘုရား)။
ဒီကလဲ ပြုတ်ပြီး သကာလ အနိစ္စပါ ဟုတ်တယ်ဆိုတာကို ခင်ဗျားတို့၊ ဒုက္ခသာဟုတ်တယ်၊ အနတ္တသာဟုတ်တယ် ဆိုတာကို ခင်ဗျားတို့ ကြည့်ဖြစ်အောင်ကြည့်ပါ၊ မကြည့်သင့်ဘူးလား (ကြည့်သင့်ပါတယ် ဘုရား)။
အဲ့ဒီတော့ ဒီဟာကိုလည်း ပြင်ပေါ့ဗျာ (မှန်ပါ့ ဘုရား) ဒီနှစ်ခုပြင်လိုက်ရင် ဟောဒီ ပပဉ္စတရားဟာ နင်သွားတော့လို့ မဆိုရဘူး သဘောကျပြီလား (ကျပါပြီ) ဆိုရသေးရဲ့လား (မဆိုရပါ ဘုရား)။
မဆိုရတော့ဘူး၊ ဒီကလည်း သုတဝါ အရိယသာဝကော၊ ဒီကလဲ အနိစ္စတရားတွေတွေ့လို့သာ ခင်ဗျားတို့က ပြင် ပေးလိုက်လို့ရှိရင် ဒကာသိုက် အလည်ဟာ ဟုတ်သွားတော့ ဆိုရမှာလား မဆိုရဘူးလား (ဆိုရမှာပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်သူဟောတာတုံး၊ ရှင်ပုဏ္ဏက မှန်ဥပမာပြ တရားကို ဟောတဲ့အတွက်၊ ဒါ မှန်ဥပမာ ထားဟောတဲ့ တရားဘဲနော် (မှန်ပါ့ ဘုရား)။
ငါတည်ပုံ မင်းတို့ကိုဘဲ ပြောပြပါဦးမယ်
အဲ့ဒီတော့ ငါတည်ပုံ မင်းတို့ကိုဘဲ ပြောပြပါဦးမယ်၊ ငါ ဘယ်လိုနဲ့ သောတာပန်တည်လာတယ်ဆိုတဲ့ဥစ္စာ ဒါဆုံးတဲ့ အခါကျလို့ရှိရင်ဖြင့် ရှင်ပုဏ္ဏက ဘယ်လိုအရှုခိုင်းလို့ ငါ ဘယ်လိုကိစ္စပြီးလာတယ်ဆိုတာ ပြောပြတဲ့ အဓိပ္ပာယ်မျိုးတွေ (မှန်ပါ့ ဘုရား) သောတာပန်တည်တာဟာ ရှင်အာနန္ဒာဟာ ရှင်ပုဏ္ဏဆီမှာတည်ရတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒါဖြင့် သူတည်ပုံ သူဟောတယ်ဆိုတော့ အားလုံးသော ဒကာ ဒကာမတွေ ဪ မရသေးတဲ့ ပုဂ္ဂိုလ်က ဟောတာ မဟုတ်ပါလား၊ ရပြီးသားပုဂ္ဂိုလ်က ဟောတာ (မှန်ပါ့ ဘုရား) ရပြီးသား ပုဂ္ဂိုလ်ကလည်း သူ့လမ်း သူသိပြီးသာ ပုဂ္ဂိုလ်လားမသိသေးဘဲနဲ့ ရမ်းတတ်တာလား (သိပြီးသား ပုဂ္ဂိုလ်ပါ ဘုရား)။
သိပြီးသားပုဂ္ဂိုလ် တက်လာတဲ့ပုဂ္ဂိုလ်က ဟောပါတယ်ဆိုသဖြင့် တို့လည်း ဒီအတိုင်းလုပ်ရင် ဖြစ်နိုင်ပါတယ် (မှန်ပါ့ ဘုရား) တို့ ဒီအတိုင်းလုပ်ရင် တဏှာ မာန ဒိဋ္ဌိပြေးမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
သေချာတော့ ဘုရားအဆူဆူဟောတော်မူတာလဲ ဒီတရားဘဲ ရှင်ပုဏ္ဏဆီက ငါသောတာပန်တည်ပြန်လဲ ဒီတရားဘဲ လို့ဟောပြန်တာက ရှင်အာနန္ဒာမရှိတော့ ဘုန်းကြီးက “သုတဝါ အရိယသာဝကော” အနေဖြင့် ဟောဒီတရားဘဲလို့ စတုတ္ထ အဆင့်ပြောတာဘဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဒီအတိုင်း အားထုတ်ရလိမ့်မယ် (မှန်ပါ့) အားထုတ်ပုံပြောတော့မယ် ဒကာ ဒကာမတို့ ခင်ဗျားတို့ အားထုတ်တဲ့အခါကျလို့ရှိရင်ဖြင့် ဥပမာ ဝေဒနာတက်ချင်တဲ့ ပုဂ္ဂိုလ်ကတက်တယ်၊ ရုပ်တက်ချင်တဲ့ ပုဂ္ဂိုလ်က ရုပ်ပေါ့ဗျာ၊ ဒါက မထူးလှဘူးနော် (မှန်ပါ့ ဘုရား)။
ကြိုက်တာကိုရှုပေးပါ
ကြိုက်တာကိုတက်ပေးပါ၊ ကြိုက်တာကိုရှုပေးပါ သို့သော် ဘုန်းကြီးက ဒကာ ဒကာမတို့ကို အမြန်ဆုံးနည်းနဲ့ ရောက်စေချင်လို့ ဝေဒနာကိုပဲ မူတည်ထားတယ်လို့ ဆိုကြပါတော့နော် (မှန်ပါ့ ဘုရား)။
ဝေဒနာမူတည်ကတည်းက ခန္ဓာကိုယ်မှာ ဝေဒနာ ဘယ်နှစ်မျိုးရှိသတုံး (သုံးမျိုးရှိပါတယ်) အဲ့ဒီတော့ ဝေဒနာ သုံးမျိုး ခင်ဗျားတို့ ဝေဒနာသုံးမျိုးဟာ ခန္ဓကိုယ်ထဲမှာ ဘယ်တော့မှ ပြိုင်တူမပေါ်ဘူး၊ တစ်ခုသာပေါ်မှာဘဲ (မှန်ပါ့) တစ်ခုသာ ပေါ်မှာဘဲဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ကောင်းပြီ တစ်ခုသာပေါ်နိုင်တော့ အဲ့ဒီဝေဒနာလေး ပေါ်လာလို့ရှိရင် “သုတဝါ အရိယာသာဝကော” ဘယ်လိုလုပ် ရသတုံးလို့မေးတဲ့အခါကျလို့ရှိရင် အထမဦးစွာ သုတရှိတဲ့ပုဂ္ဂိုလ်မို့ ပေါ်လာတာဟာ ဝေဒနာတော့ ဝေဒနာဘဲ ပေါ်လာတာ ဝေဒနာဆိုတာ သုတဝါမို့ ဝေဒနာလို့ပြောတာ (မှန်ပါ့) သုတဝါမဟုတ်လို့ရှိရင် ငါဘာဖြစ်ပါလိမ့်မတုန်း လာလိမ့်မယ် (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။
သုတဝါဖြင့် ဒါဘာတုံး (ဝေဒနာပါ ဘုရား) ဝေဒနာလေးဘဲ အခုမှပေါ်လာတဲ့ ဝေဒနာကလေးဘဲလို့ မဆိုပေဘူးလား (ဆိုပါတယ် ဘုရား)။
အ သုတဝါဖြစ်ခဲ့လို့ရှိရင် ဘယ်လိုဆိုမတုံး (ငါဘာဖြစ်ပါလိမ့်မလဲလို့ဆိုမှာပါ) ငါယားတယ် ငါနာတယ် လာမလား မလာဘူးလား (လာပါတယ် ဘုရား) အဲ သုတနဲ့ အသုတ ခွဲလိုက်တာပါ (မှန်ပါ့ ဘုရား)။
တော်တော့ကိုဘဲ အခုရှင်းပြီမဟုတ်လား (ရှင်းပါပြီ) သုတဝါ အရိယာသာဝကောနဲ့ အ သုတဝါ ပုထုဇ္ဇနောဟာက အတော်ကလေးကို ထူးခြားတယ် (ထူးခြားပါတယ် ဘုရား)။
အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်
အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်ကဖြင့် ဒါဟာ ပရမတ်ဝေဒနာကလေး ပေါ်လာတာဘဲ၊ တစ်ခါတည်းပေါ်လာရင် သိတာဘဲနော် (မှန်ပါ့) အသုတဝါပုဂ္ဂိုလ်ကျတော့ ငါဘာဖြစ်ပါလိမ့် ငါယားလိုက်တာ၊ ငါနာလိုက်တာ၊ ငါတော့ ဒီဥစ္စာက ကမ္မသကာဘဲထားမှဘဲ အစရှိသည်နဲ့ ငါနဲ့ဘဲသွားနေတယ်၊ ဝေဒနာကို ငါထင်တယ် (မှန်ပါ့) မထင်ဘူးလား (ထင်ပါတယ် ဘုရား)။
ဦးဘကြည် ဘယ့်နှယ့်နေသလဲ (ဝေဒနာကို ငါထင်နေပါတယ် ဘုရား) အဲ့ဒါ ဘာပုဂ္ဂိုလ်လဲ (အသုတဝါပုဂ္ဂိုလ်ပါ ဘုရား) အသုတဝါ ပုထုဇ္ဇနောလို့တောင်မဆိုဘူး၊ အရိယ သာဝကောတဲ့၊ အင်မတန်ကွာသွားတယ် (ကွာပါတယ် ဘုရား)။
ခင်ဗျားတို့လဲ နိဗ္ဗိန္ဒထိအောင်မကျင့်ရင် (မှန်ပါ့ ဘုရား) ခင်ဗျားတို့လဲ နိဗ္ဗိန္ဒထိအောင်မကျင့်ရင် လွဲဦးမှာဘဲ (လွဲဦးမှာပါ ဘုရား) အဲ့ဒီတော့ ယနေ့တော့အကုန်ဘဲ ဘုရားဟောတော်မူတဲ့နည်းကို အကုန်လိုက်ပေါ့ဗျာ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကြည့်နေတော့ ဝေဒနာကလေးပေါ်လာတယ် ဆိုလို့ရှိရင်ဖြင့် ဝေဒနာပေါ်မှန်းလဲ သိရမယ် ပျောက်မှန်းကော (သိရမှာပါ ဘုရား)။
ဪ ပေါ်ပြီးပျောက်သွားတာဘဲလို့ သိတဲ့အခါကျလို့ရှိရင်ဖြင့် ဒါဟာ အနိစ္စကို မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား) ဖြစ်ပြီးပျက်လို့ အနိစ္စမဟုတ်ဘူးလား (မှန်ပါ့) ဇတိ ဇရာ မရဏ နှိပ်စက်လို့ ဒုက္ခ၊ တားလို့ ဆည်းလို့ မရလို့ (အနတ္တပါ ဘုရား)။
မဂ္ဂင်ငါးပါးပေါ်တော့တယ်ဆိုတာ
ဒီလိုမြင်သွားတဲ့အခါကျလို့ရှိရင်ဖြင့် သူက ဒကာ ဒကာမတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဒီအရိယာ သာဝက သန္တာန်မှာ တစ်ခါတည်း မဂ္ဂင်ငါးပါးပေါ်တော့တယ်ဆိုတာ ငြင်းနေဖို့လိုသေးသလား (မလိုပါ ဘုရား)။
မလိုတော့ဘူး၊ ဒါကလေး သာဝကလို့ သူပေါ်တာ (မှန်ပါ့) အရိယာ သာဝက မဟုတ်လို့ရှိရင် ဒီငါးပါးမလာဘူးမဟုတ်လား (မှန်ပါ့)။
မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာသမာဓိသာလာတယ် (မှန်ပါ့) အကုသိုလ်မဂ္ဂင်ငါးပါးလာပါတယ်၊ အကုသိုလ်မဂ္ဂင်ငါးပါး မလာပေဘူးလား (လာပါတယ် ဘုရား)။
သုတဝါ အရိယာသာဝကော ဆိုတော့ ကုသိုလ် မဂ္ဂင်ငါးပါး (မှန်ပါ့) အသုတဝါ ပုထုဇ္ဇနောဆိုတော့ (အကုသိုလ် မဂ္ဂင်ငါးပါးပါ ဘုရား) အကုသိုလ်မဂ္ဂင်ငါးပါးမလာပေဘူးလား (လာပါတယ် ဘုရား)။
ကဲ အဲ့ဒါကိုဘဲ အတော်ကွာခြားတယ်၊ အမဲနဲ့ အဖြူကွာတယ် (မှန်ပါ့) ဒီဟာက အမဲ၊ သုတဝါ အရိယ သာကော ကျတော့ အဖြူငါးပါးလာတယ်၊ သုက္ကာဓမ္မာလာတယ် (မှန်ပါ့) ရှင်းပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဖြစ်ပျက်ကိုမြင်တိုင်း မြင်တိုင်း သုတဝါ အရိယာ သာဝကောမှာ မဂ္ဂင်ဘယ်နှစ်ပါးရသတုံး (ငါးပါးရပါတယ် ဘုရား)။
ငါးပါးရတယ်ဆိုတော့ ဒီဝေဒနာတွေဟာလည်း ဒကာ ဒကာမတို့ တော်တော်ကြာအနိစ္စ တော်တော်ကြာဒုက္ခ တော်တော်ကြာအနတ္တဆိုတော့ သူဟာ အရှင်အာနန္ဒာကတော့ သူသောတာပန်တည်လာတာ ဒီလိုတည်တယ် တဲ့၊ ဒီဝေဒနာ ကလေးဟာ အနိစ္စလားလို့ ရှင်ပုဏ္ဏကမေးတယ် တဲ့၊ သူက အနိစ္စလို့ဖြေတယ်၊ သုတဝါနဲ့ ဖြေတာကိုးဗျ (မှန်ပါ့)။
အနိစ္စဖြစ်တဲ့တရားဟာ သုခလား ဒုက္ခလား
အဲ့ဒီအနိစ္စဖြစ်တဲ့တရားဟာ သုခလား ဒုက္ခလား မေးပြန်တယ်၊ ဒုက္ခလို့ဖြေလိုက်ပါတယ် တဲ့၊ မေးတော့ မပိုင်မဆိုင်လို့ အနတ္တဘဲလို့ ကိုယ့်သန္တာန်ရှိတဲ့ဝေဒနာ ကိုယ်ဖြေလိုက်တာဘဲတဲ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲ့ဒါကို ဆက်ပြီးမေးပြန်တယ် တဲ့၊ ရှင်ပုဏ္ဏက အဲ့ဒီလို အနိစ္စ ဒုက္ခ အနတ္တဖြစ်တဲ့တရားကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စလို့ ဆိုနိုင်ရဲ့လားလို့မေးတယ်၊ ဆက်မေးတော့ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ်ပါဘူးလို့ ဖြေလိုက်တယ် တဲ့ (မှန်ပါ့)။
ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဆိုရင်တော့ တဏှာ မာန ဒိဋ္ဌိလာမှာကိုး (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
သူက ဘယ်လိုဖြေသတုံး (ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ဘူးလို့ဖြေလိုက်ပါတယ် ဘုရား) ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ်ဘူး လို့ဖြေလိုက်သဖြင့် သူတို့သုံးခုကို နင်သွားတော့လို့ ဆိုရသလား ဖြေတာနဲ့ဘဲ ပြီးသွားသလား (ဖြေတာနဲ့ဘဲ ပြီးသွားပါတယ် ဘုရား) ဖြေတာနဲ့ ဒီသုံးခုချုပ်သွားတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဖြေတာနဲ့ ချုပ်တာဘဲ တဲ့၊ မြင် ဖြေဆိုရင် ချုပ်တာဘဲ (မှန်ပါ့) ဒီမဂ္ဂင်ငါးပါးနဲ့ မြင်လျက်ကိုးဗျ (မှန်ပါ့)။
ဒါကြောင့် ဒကာ ဒကာမတို့ ဒီအမြင်နဲ့ ဖြေလို့ရှိရင် ဒါ လာကိုမလာဘူး၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဟုတ်ကြရဲ့လား
ဒီအမြင်ငါးခုနဲ့ဆိုရင် ဒါကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ်ဘူးလို့ သိမယ်ဆိုရင်ဖြင့် ဒကာ ဒကာမတွေ ဒါ အနိစ္စ ဒုက္ခ အနတ္တသာဖြစ်တယ် ၊ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)။
မဟုတ်တော့ အဲ့ဒီအမြင်မျိုးနဲ့ ဒီက မြင်နေမယ်ဆိုတော့ ဒကာ ဒကာမတွေ စဉ်းစားကြည့်တာပေါ့၊ ဘယ်ကနေပြီး သကာလ အရိပ်သဖွယ် တဏှာ မာန ဒိဋ္ဌိ လာဦးမလဲ (မလာပါ ဘုရား)။
မလာတော့ တဏှာ မာန ဒိဋ္ဌိဟာ ပထမဉာဏ်မှာဘဲ အတော်ပြုပြီ၊ ဒိဋ္ဌိဆိုရင် လုံးဝပြုတ်ပြီ၊ တဏှာ မာနက ဒကာ ဒကာမတို့ မှတ်ပါတော့ ဝိတိက္ကမတို့လောက် ပြုတ်သွားပြီ (မှန်ပါ့) မပြုတ်သေးဘူးလား (ပြုတ်ပါပြီ ဘုရား)။
အဲ့ဒီကဲ့သို့ ရှုပြီး သကာလ ဒါကလေးကို ငြီးငွေ့အောင်လုပ်ပါလို့ ဟောပြန်တာဘဲ (မှန်ပါ့) ဘယ်သူဟောတာတုံး (ရှင်ပုဏ္ဏက ဟောတာပါ ဘုရား) ရှင်ပုဏ္ဏက ဟောတော့ ရှင်အာနန္ဒက ဒါကို ငြီးငွေ့အောင်ဘဲ ကြည့်တာဘဲ (မှနပါ့) ကြည့်လိုက်တော့ ဒါတွေဟာ ငြီးငွေ့စရာ နှစ်သက်စရာ ခင်တွယ်စရာ ဘာမှမရှိဘူး၊ မုန်းစရာတွေဘဲလို့ သူမဂ္ဂင်ငါးပါးနဲ့ဘဲ သာဝက အဖြစ်နဲ့ မကြည့်လိုက်ဘူးလား (ကြည့်လိုက်ပါတယ် ဘုရား)။
အဲ့ဒီတော့ အရိယာ သာဝကမှ အရိယာအဖြစ်သို့ တက်ရမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အရိယာသာဝကမှ မဟုတ်လို့ရှိရင် အရိယာ ဘယ့်နှယ့်လုပ်တက်မလဲ (မတက်ရပါ ဘုရား)။
နိဗ္ဗိန္ဒထိအောင်မကျင့်ရင် လွဲဦးမှာဘဲ
ဘယ်နည်းနဲ့မှ မတက်နိုင်ဘူးဆိုတော့ ဒါကို နိဗ္ဗိန္ဒ ဖြစ်အောင် ကြိုးစားပါတဲ့၊ ကြိုးစားတဲ့အခါကျလို့ရှိရင်ဖြင့် နောက် ခင်ဗျားတို့လဲ နိဗ္ဗိန္ဒထိအောင်မကျင့်ရင် (မှန်ပါ့ ဘုရား) ခင်ဗျားတို့လဲ နိဗ္ဗိန္ဒထိအောင်မကျင့်ရင် လွဲဦးမှာဘဲ (လွဲဦးမှာပါ ဘုရား) အဲ့ဒီတော့ ယနေ့တော့အကုန်ဘဲ ဘုရားဟောတော်မူတဲ့နည်းကို အကုန်လိုက်ပေါ့ဗျာ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကြည့်နေတော့ ဝေဒနာကလေးပေါ်လာတယ် ဆိုလို့ရှိရင်ဖြင့် ဝေဒနာပေါ်မှန်းလဲ သိရမယ် ပျောက်မှန်းကော (သိရမှာပါ ဘုရား)။
ဪ ပေါ်ပြီးပျောက်သွားတာဘဲလို့ သိတဲ့အခါကျလို့ရှိရင်ဖြင့် ဒါဟာ အနိစ္စကို မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား) ဖြစ်ပြီးပျက်လို့ အနိစ္စမဟုတ်ဘူးလား (မှန်ပါ့) ဇတိ ဇရာ မရဏ နှိပ်စက်လို့ ဒုက္ခ၊ တားလို့ ဆည်းလို့ မရလို့ (အနတ္တပါ ဘုရား)။
ဒီလိုမြင်သွားတဲ့အခါကျလို့ရှိရင်ဖြင့် သူက ဒကာ ဒကာမတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဒီအရိယာ သာဝက သန္တာန်မှာ တစ်ခါတည်း မဂ္ဂင်ငါးပါးပေါ်တော့တယ်ဆိုတာ ငြင်းနေဖို့လိုသေးသလား (မလိုပါ ဘုရား)။
မလိုတော့ဘူး၊ ဒါကလေး သာဝကလို့ သူပေါ်တာ (မှန်ပါ့) အရိယာ သာဝက မဟုတ်လို့ရှိရင် ဒီငါးပါးမလာဘူးမဟုတ်လား (မှန်ပါ့)။
မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာသမာဓိသာလာတယ် (မှန်ပါ့) အကုသိုလ်မဂ္ဂင်ငါးပါးလာပါတယ်၊ အကုသိုလ်မဂ္ဂင်ငါးပါး မလာပေဘူးလား (လာပါတယ် ဘုရား)။
သုတဝါ အရိယာသာဝကော ဆိုတော့ ကုသိုလ် မဂ္ဂင်ငါးပါး (မှန်ပါ့) အသုတဝါ ပုထုဇ္ဇနောဆိုတော့ (အကုသိုလ် မဂ္ဂင်ငါးပါးပါ ဘုရား) အကုသိုလ်မဂ္ဂင်ငါးပါးမလာပေဘူးလား (လာပါတယ် ဘုရား)။
ကဲ အဲ့ဒါကိုဘဲ အတော်ကွာခြားတယ်၊ အမဲနဲ့ အဖြူကွာတယ် (မှန်ပါ့) ဒီဟာက အမဲ၊ သုတဝါ အရိယ သာကော ကျတော့ အဖြူငါးပါးလာတယ်၊ သုက္ကာဓမ္မာလာတယ် (မှန်ပါ့) ရှင်းပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။
မဂ္ဂင်ဘယ်နှစ်ပါးရသတုံး
ဒါဖြင့် ဖြစ်ပျက်ကိုမြင်တိုင်း မြင်တိုင်း သုတဝါ အရိယာ သာဝကောမှာ မဂ္ဂင်ဘယ်နှစ်ပါးရသတုံး (ငါးပါးရပါတယ် ဘုရား)။
ငါးပါးရတယ်ဆိုတော့ ဒီဝေဒနာတွေဟာလည်း ဒကာ ဒကာမတို့ တော်တော်ကြာအနိစ္စ တော်တော်ကြာဒုက္ခ တော်တော်ကြာအနတ္တဆိုတော့ သူဟာ အရှင်အာနန္ဒာကတော့ သူသောတာပန်တည်လာတာ ဒီလိုတည်တယ် တဲ့၊ ဒီဝေဒနာ ကလေးဟာ အနိစ္စလားလို့ ရှင်ပုဏ္ဏကမေးတယ် တဲ့၊ သူက အနိစ္စလို့ဖြေတယ်၊ သုတဝါနဲ့ ဖြေတာကိုးဗျ (မှန်ပါ့)။
အဲ့ဒီအနိစ္စဖြစ်တဲ့တရားဟာ သုခလား ဒုက္ခလား မေးပြန်တယ်၊ ဒုက္ခလို့ဖြေလိုက်ပါတယ် တဲ့၊ မေးတော့ မပိုင်မဆိုင်လို့ အနတ္တဘဲလို့ ကိုယ့်သန္တာန်ရှိတဲ့ဝေဒနာ ကိုယ်ဖြေလိုက်တာဘဲတဲ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲ့ဒါကို ဆက်ပြီးမေးပြန်တယ် တဲ့၊ ရှင်ပုဏ္ဏက အဲ့ဒီလို အနိစ္စ ဒုက္ခ အနတ္တဖြစ်တဲ့တရားကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စလို့ ဆိုနိုင်ရဲ့လားလို့မေးတယ်၊ ဆက်မေးတော့ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ်ပါဘူးလို့ ဖြေလိုက်တယ် တဲ့ (မှန်ပါ့)။
ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဆိုရင်တော့ တဏှာ မာန ဒိဋ္ဌိလာမှာကိုး (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
သူက ဘယ်လိုဖြေသတုံး (ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ဘူးလို့ဖြေလိုက်ပါတယ် ဘုရား) ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ်ဘူး လို့ဖြေလိုက်သဖြင့် သူတို့သုံးခုကို နင်သွားတော့လို့ ဆိုရသလား ဖြေတာနဲ့ဘဲ ပြီးသွားသလား (ဖြေတာနဲ့ဘဲ ပြီးသွားပါတယ် ဘုရား) ဖြေတာနဲ့ ဒီသုံးခုချုပ်သွားတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဖြေတာနဲ့ ချုပ်တာဘဲ တဲ့၊ မြင် ဖြေဆိုရင် ချုပ်တာဘဲ (မှန်ပါ့) ဒီမဂ္ဂင်ငါးပါးနဲ့ မြင်လျက်ကိုးဗျ (မှန်ပါ့)။
ဒါကြောင့် ဒကာ ဒကာမတို့ ဒီအမြင်နဲ့ ဖြေလို့ရှိရင် ဒါ လာကိုမလာဘူး၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီအမြင်ငါးခုနဲ့ဆိုရင် ဒါကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ်ဘူးလို့ သိမယ်ဆိုရင်ဖြင့် ဒကာ ဒကာမတွေ ဒါ အနိစ္စ ဒုက္ခ အနတ္တသာဖြစ်တယ် ၊ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)။
မဟုတ်တော့ အဲ့ဒီအမြင်မျိုးနဲ့ ဒီက မြင်နေမယ်ဆိုတော့ ဒကာ ဒကာမတွေ စဉ်းစားကြည့်တာပေါ့၊ ဘယ်ကနေပြီး သကာလ အရိပ်သဖွယ် တဏှာ မာန ဒိဋ္ဌိ လာဦးမလဲ (မလာပါ ဘုရား)။
ဝိတိက္ကမတို့လောက် ပြုတ်သွားပြီ
မလာတော့ တဏှာ မာန ဒိဋ္ဌိဟာ ပထမဉာဏ်မှာဘဲ အတော်ပြုပြီ၊ ဒိဋ္ဌိဆိုရင် လုံးဝပြုတ်ပြီ၊ တဏှာ မာနက ဒကာ ဒကာမတို့ မှတ်ပါတော့ ဝိတိက္ကမတို့လောက် ပြုတ်သွားပြီ (မှန်ပါ့) မပြုတ်သေးဘူးလား (ပြုတ်ပါပြီ ဘုရား)။
အဲ့ဒီကဲ့သို့ ရှုပြီး သကာလ ဒါကလေးကို ငြီးငွေ့အောင်လုပ်ပါလို့ ဟောပြန်တာဘဲ (မှန်ပါ့) ဘယ်သူဟောတာတုံး (ရှင်ပုဏ္ဏက ဟောတာပါ ဘုရား) ရှင်ပုဏ္ဏက ဟောတော့ ရှင်အာနန္ဒက ဒါကို ငြီးငွေ့အောင်ဘဲ ကြည့်တာဘဲ (မှနပါ့) ကြည့်လိုက်တော့ ဒါတွေဟာ ငြီးငွေ့စရာ နှစ်သက်စရာ ခင်တွယ်စရာ ဘာမှမရှိဘူး၊ မုန်းစရာတွေဘဲလို့ သူမဂ္ဂင်ငါးပါးနဲ့ဘဲ သာဝက အဖြစ်နဲ့ မကြည့်လိုက်ဘူးလား (ကြည့်လိုက်ပါတယ် ဘုရား)။
အဲ့ဒီတော့ အရိယာ သာဝကမှ အရိယာအဖြစ်သို့ တက်ရမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အရိယာသာဝကမှ မဟုတ်လို့ရှိရင် အရိယာ ဘယ့်နှယ့်လုပ်တက်မလဲ (မတက်ရပါ ဘုရား)။
ဘယ်နည်းနဲ့မှ မတက်နိုင်ဘူးဆိုတော့ ဒါကို နိဗ္ဗိန္ဒဖြစ်အောင် ကြိုးစားပါတဲ့၊ ကြိုးစားတဲ့အခါကျလို့ရှိရင်ဖြင့် နောက် ကျတော့ နိဗ္ဗိန္ဒဖြစ်လာတဲ့အခါကျတော့ နိဗ္ဗိန္ဒဖြစ်လာတဲ့အခါ သန်လာတဲ့အတွက် နိဗ္ဗိန္ဒန္တောဝိရဇ္ဇတိ၊ နိဗ္ဗိန္ဒန္တော = ငြီးငွေ့ပြီးသည် ရှိသော်၊ ဝိရဇ္ဇတိ = တပ်ခြင်းကင်း၏ (ဝါ) တဏှာ မာနချုပ်သွား၏၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ရှင်အာနန္ဒာ ဒီလိုတည်သွားတော့ ပပဉ္စချုပ်တယ်ဆိုတာ အပါယ်သွားနိုင်တဲ့ ပပဉ္စတွေ ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတော့ကို တဏှာ မာန ဒိဋ္ဌိချုပ်သည်နဲ့ တပြိုင်နက်တည်း ဒီကလဲ ချုပ်ချင် ချုပ်သည်နဲ့ တပြိုင်နက်တည်း ဒီကလည်း ချုပ်ချင်လို့ ချုပ်ရတာမဟုတ်ဘူး၊ အရင်အတိုင်းမှတ် သစ္စမြင်လာလို့ (မှန်ပါ့)။
နိဗ္ဗိန္ဒပြီးရင် ပိုင်းခြားတာဘဲ
တဏှာ မာန ဒိဋ္ဌိ အခုနင်ကပြောခဲ့တဲ့ ချုပ်သွားပြီဖြစ်၏ အခြားမဲ့၌ ဖြစ်ပျက်သည်ကားလို့ဆိုရင် ဒုက္ခသစ္စာအစစ်ဘဲ လို့ ပိုင်းခြားလာတယ် (မှန်ပါ့) နိဗ္ဗိန္ဒ့ပြီးရင် ပိုင်းခြားတာဘဲ (မှန်ပါ့)။
နိဗ္ဗိန္ဒပြီးရင် ဒီဖြစ်ပျက်တွေ ဒုက္ခသစ္စာ အစစ်ဘဲလို့ ပိုင်းခြားတယ်၊ အဲ့ဒီ ပိုင်းခြားတဲ့အချိန်မှာ ဒီတဏှာ မာန ဒိဋ္ဌိ ချုပ်တာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) သောတာပန်နဲ့ ထိုက်တန်သလောက် အသီးသီးချုပ်တာပေါ့ဗျာ (မှန်ပါ့)။
တဏှာ မာန ဒိဋ္ဌိချုပ်ပါပြီ၊ ဘယ်အချိန်ချုပ်သတုံးလို့ မေးလို့ရှိရင် အားလုံး ဒကာ ဒကာမတွေ ဖြေတတ်ပြီလား (မှန်ပါ့ ဘုရား) မပိုင်းခြားသေးရင် (မချုပ်သေးပါ)။
အဲ့ဒီတော့ ဒီဟာကို နိဗ္ဗိန္ဒဖြစ်နေတုန်းက သူတို့သည် ဒကာ ဒကာမတို့ ချုပ်တယ်လို့ မဆိုရသေးဘူးလို့ မှတ် (မှန်ပါ့)။
သူတို့သည် ဒုက္ခသစ္စာဘဲ၊ တို့ကြည့်နေတဲ့ အာရုံဟူသ၍သည် ဒုက္ခသစ္စာဘဲ၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခ ဘဲလို့ရှုသည်နဲ့ တပြိုင်နက်တည်း ဒါဒုက္ခမှတပါး ဘာမှ မဟုတ်ဘူး၊ ဒုက္ခအစစ်သာဟုတ်တယ်လို့ ဒကာ ဒကာမတို့သည် ကိစ္စဉာဏ်နဲ့ ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့ ဘုရား) ဒါ ဒုက္ခသစ္စာဘဲလို့ သိတာဘဲ ဦးဘကြည် (မှန်ပါ့)။
သို့သော် ကိစ္စဉာဏ်က ဆုံးဖြတ်ချက်ချလိုက်တယ်၊ ဒုက္ခမှတပါး ဘာမှမဟုတ်ဘူး၊ ဒုက္ခသာ ဟုတ်တယ်၊ ဖြစ်တာလဲ ဒုက္ခဘဲ ပျက်တာလဲဒုက္ခဘဲ ဆိုတော့ ဘာဉာဏ်ဖြစ်သွားသတုံး (ကိစ္စဉာဏ်ပါ ဘုရား)။
ကိစ္စဉာဏ်နဲ့လည်း ဆုံးဖြတ်ချက်ချပါရော သူချုပ်တဲ့အခါ သူတို့လည်းချုပ်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် တဏှာ မာန ဒိဋ္ဌိလဲချုပ်၊ ဒီကလဲ မှန်လဲ ပြုတ်ပေါ့ဗျာ (မှန်ပါ့)။
တဏှာနိရောဓောလဲ နိဗ္ဗာနံဘဲ
ချုပ်တဲ့အခါကျလို့ရှိရင် ဪ ဒုက္ခလည်းချုပ်သွားပြီ တဏှာ မာန ဒိဋ္ဌိလဲ ချုပ်သွားပြီ၊ ဒုက္ခလဲချုပ်၊ တဏှာ မာန ဒိဋ္ဌိလဲချုပ် ဆိုသဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ကတော့ တဏှာနိရောဓောလဲ နိဗ္ဗာနံဘဲ (မှန်ပါ့) ဒီက ဒုက္ခနိရောဓော (နိဗ္ဗာနံပါ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဦးဘကြည် ဘာတဲ့တုံး (ဒုက္ခနိရောဓော နိဗ္ဗာနံပါ)။
အင်း ဒီဘက်ကလည်း ဒုက္ခမရှိတာ၊ ဝမ်းထဲမှာလဲ တဏှာ မရှိတာ၊ ဝမ်းထဲက တဏှာ မရှိတော့ မဂ္ဂင်ရှစ်ပါးရှိတယ်လို့ ဆုံးဖြတ်ချက်ချ၊ ရှုနေတဲ့အာရုံ ဖြစ်ပျက် ဒုက္ခမရှိလို့ နိဗ္ဗာန်ရှိတယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပ့ါ)။
ဝမ်းထဲမှာ ဘယ်သူရှိလို့ တဏှာချုပ်သတုံး (မဂ္ဂင်ရှစ်ပါးရှိလို့ပါ) တဏှာ မာန ဒိဋ္ဌိတို့သည် နဂိုရန်တုန်းက ဟဒယ ဝတ္တုပေါ်မှာ တွယ်ပြီး ဖြစ်တယ်၊ ဒီ့ပြင်နေရာ တွယ်နိုင်ရဲ့လား (မတွယ်နိုင်ပါ ဘုရား)။
အဲ့ဒီမှာ ဒုက္ခလည်းုပိုင်းခြားသိပါရော မဂ္ဂင်ရှစ်ပါးလည်းရောက်ပါရော၊ သူတို့ အမြစ်တွယ်မဲ့နေရာမှာ မဂ်က အမြစ် တွယ်တယ် (မှန်ပါ့)။
တွယ်တဲ့အခါကျတော့ သူတို့ဘာဖြစ်သွားသတုံး (ချုပ်သွားပါတယ်) ချုပ်တော့မှ မလာဘဲချုပ် (အနုပ္ပါဒ နိရေဓ) လို့မှတ်လိုက်ပါတော့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
သူဖြစ်တဲ့အချိန်နဲ့ ဒီက ဒုက္ခချုပ်တဲ့အချိန်နဲ့ကလဲ ဒကာ ဒကာမတွေ တပြိုင်နက် မှတ်ပေါ့ (မှန်ပါ့) ဘာကြောင့် မှတ်ရမလဲဆိုတော့ ဒီမှာက ဖျပ် ဆို ပျောက်သွားတဲ့အခါ အလင်းသည်ကားလို့ဆိုရင် ဖြေးဖြေးထိုးသလားလို့ မေးလို့ရှိရင် အလင်းလာရင် အမှောင်က ပျောက်ရမှာဘဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကြည့်နေတဲ့ ပုဂ္ဂိုလ် နဲ့ကြုံရမှာဘဲ
ဒါဖြင့် အလင်းနိရောဓကြီးဟာ ဒကာ ဒကာမတွေ ဘယ်သူနဲ့ တွေ့ရ ကြုံရပါလိမ့်မတုန်းဆိုရင် ကြည့်နေတဲ့ ပုဂ္ဂိုလ် နဲ့ကြုံရမှာဘဲ (မှန်ပါ့) မကြုံဘူးလား (ကြုံပါတယ် ဘုရား)။
ဒါဖြင့် ဒီပုဂ္ဂိုလ်သည် မှောင်တာလည်းသိတယ်၊ လင်းတာကော (သိပါတယ် ဘုရား) အင်း ကိလေသာ မှောင်နေတာ ကိုလဲ ကိလေသာမရှိလို့ ချုပ်တယ်လို့ သူမသိဘူးလား (သိပါတယ် ဘုရား)။
ဒုက္ခမရှိလို့ နိရောဓပေါ်လာတယ်လို့ကော (သိပါတယ် ဘုရား) ဒါကြောင့် တပြိုင်နက်ဟောတာ (မှန်ပါ့)၊
ကိလေသာမရှိတော့ အမှောင်ဘယ့်နှယ့်နေသတုံး (လင်းပါတယ် ဘုရား) ဒီအမှောင် ဘာဖြစ်လို့ မရှိရသတုံး ဆိုရင် ဒီက နိရောဓအရောင်ကြောင့် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် နိရောဓအမှောင်ကြောင့် ကိလေသာအမှောင်ပျောက်မယ်ဆိုရင် ဒုက္ခသည် ဒကာ ဒကာမတို့ ချုပ်ပြီးကော မကျဘူးလား (ကျပါတယ် ဘုရား)။
ဒါဖြင့် သမုဒယနဲ့ ဒုက္ခသည် ဘယ်သူရှေ့ ဘယ်သူနောက် ချုပ်လေ့ရှိသလဲ (တပြိုင်နက်ပါ ဘုရား) တပြိုင်နက် ချုပ်တယ်၊ သူတို့နှစ်ခုကို အမှောင်ထားလိုက်ဗျာ (မှန်ပါ့) မဂ္ဂနဲ့ နိရောဓသည် ဒကာ ဒကာမတို့ မဂ်ပေါ်တာနဲ့ ဒီက မြင်တာနဲ့ ဟာဘယ်သူရှေ့ ဘယ်သူနောက်တုန်းလို့မေးရင် ဘယ့်နှယ့်ဖြေကြမလဲ (တပြိုင်နက်ပါ ဘုရား)။
ဒါဖြင့် သူက အာရမ္မဏ ပစ္စယောကော (ဟုတ်ပါတယ်) သို့သော် ပုရေဇာတကို မယူနဲ့၊ ပုရေဇာတဆိုရင် နိဗ္ဗာန် ဟာ ရှေ့က ဖြစ်နေတဲ့ အဓိပ္ပာယ်ရောက်သွားမယ် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အရမ္မဏ ပစ္စယောနဲ့ အဓိပတိ ပစ္စယောယူ (မှန်ပါ့)။
သူသည် အာရုံအဖြစ်နဲ့ သူ့ကို ကျေးဇူးမပြုဘူးလား (ပြုပါတယ် ဘုရား) အဓိပတိအဖြစ်နဲ့ကော ကျေးဇူးမပြုဘူးလား (ပြုပါတယ် ဘုရား)။
ဒါကြောင့် အာရုံအဓိပတိ (မှန်ပါ့) ဒီတော့ ဘာတုံး သဟဇာတ အဓိပတိ (မှန်ပါ့)။
ဒါကြောင့် မနေ့က ဦးဘကြည်တို့ကို ဆုံးမခဲ့တယ်၊ ဒီကအဓိပတိဖြစ်ပါမှ အာရမ္မဏ အဓိပတိအဖြစ်နဲ့ သူ့ကိုလည်း ကျေးဇူးပြုတယ် (မှန်ပါ့)။
ဒီကလဲ သမ္ပယုတ္တ ဓမ္မတွေဆိုတဲ့ ယှဉ်ဖော် ယှဉ်ဖက်တွေကို ဆန္ဒစိတ္တ ဝီရိယတို့က ကြီးစိုးပါဦးမှ (မှန်ပါ့) ဒီက သဟဇာတအဖြစ်နဲ့ သူ့ ယှဉ်ဖော် ယှဉ်ဖက်တွေကို ကြီးစိုးပေါ့ဗျာ (မှန်ပါ့ ဘုရား)။
အဓိပတ္တေယျဋ္ဌော ဆိုတဲ့
သူက ဒီအပေါ်ကြီးစိုး၊ ကြီးစိုးမှုနှစ်ခုကြုံမှ ခင်ဗျားတို့သည် အဓိပတ္တေယျဋ္ဌော ဆိုတဲ့အဓိပ္ပာယ်ရောက်တယ် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။ အဓိပတ္တေယျဋ္ဌော ရောက်မှသာလျှင်လဲ ခင်ဗျားတို့ ပညာမဂ္ဂင်မြဲတော့တယ်၊ သမာဓိမဂ္ဂင်ကော (မြဲပါတယ်) အာဓိပတေယျဋ္ဌော မရှိသေးရင် (မမြဲပါ ဘုရား)။
ဒီအထဲမှာ အဓိပတိသုံးခုမရှိသေးရင်လဲ ဦးစံရိတို့ ဦးထွန်းဦးတို့က မှတ်လိုက် ဒါဟာ မဂ်အစစ်မဟုတ်သေးဘူး (မှန်ပါ့) ဒီကအာရုံက ဒီအပေါ်မကြီးစိုးသေးလို့ရှိရင်လဲ ဒါဟာ နိဗ္ဗာန်မဟုတ်သေးဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ရှင်အနန္ဒာဟာ သောတာပန်တည်တယ်
ဒါဖြင့် သူက အာရမ္မဏော အဓိပတိအဖြစ်နဲ့ ကျေးဇူးပြုမှ၊ ဒီကလဲ သဟဇာတ အဓိပတိအဖြစ်နဲ့ ဒီသုံးခုကလဲ မဂ္ဂင်ပေါ်မှာ ကြီးစိုးမှ ဒါမှသာလျှင် အာဓိပတေယျဋ္ဌောဖြစ်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲ့ဒီတော့ အာဓိပတေယျဋ္ဌောဖြစ်သွားတော့ကို ရှင်အနန္ဒာဟာ ရှင်ပုဏ္ဏ မှန် ဥပမာပြောနဲ့ဘဲ သောတာပန် တည်တယ် (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား) ရှုတတ်ပြီလား (ရှုတတ်ပါပြီ ဘုရား) ဉာဏ်စဉ်ကော ရပြီလား (ရပါပြီ ဘုရား)။