သံသရာရေယာဉ်ကြော မြောခဲ့ရပုံ
(ခန္ဓာငါးပါး ကမ်းနားသစ်ပင်)
မှတ်ချက်။ ဒီရက်စွဲနဲ့ဒီခေါင်းစဉ်နဲ့တရားသီးခြားရှိနေ။ တရားအပုဒ်မှားနေတယ်)(၈-၁၀-၅၆)(၂၂-၉-၆၁)တို့ကိုကြည့်ပါ။
အသံဖိုင်ရက်စွဲနှင့် စာမကိုက်ပါ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူသော
သံသရာရေယာဉ်ကြော မြောခဲ့ရပုံ
ခန္ဓာငါးပါး ကမ်းနားသစ်ပင်
နေ့ အလုပ်ပေးတရားတော်
(၂၄(မှားနေ)-၁၂-၅၇)
ဘယ့်နှယ့်ကြောင့် အနိစ္စမှာ လမ်းဆုံးရပါလိမ့်
သင်္ခါရတရားဟာ ဘယ့်နှယ့်ကြောင့် အနိစ္စမှာ လမ်းဆုံးရပါလိမ့်မလဲဆိုတာ ယနေ့ စောဒကတက်ပါ (မှန်ပါ့) ဒကာ ဒကာမတို့ ဒီသင်္ခါရတရားလေးဟာ ဘယ်မှာလမ်းဆုံးသလဲ (အနိစ္စမှာလမ်းဆုံးပါတယ် ဘုရား)။
ဝေဒနာလေးဟာ ပေါ်တယ်၊ ပေါ်တာ သင်္ခါရတရား၊ နောက်ပျက်သွားတာက (အနိစ္စပါ ဘုရား) ဪ အနိစ္စမှာ လမ်းဆုံးတယ်၊ ဒါဖြင့် အနိစ္စ ဝတ သင်္ခါရာဘဲ (မှန်ပါ့)။
သင်္ခါရာ – သင်္ခါရတရားတို့သည် ဝတ = စင်စစ်၊ အနိစ္စာ = အနိစ္စဘဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘယ့်နှယ့်ကြောင့် ဆုံးပါလိမ့်မတုံး လို့ ဦးဘကြည်တို့ကမေးမေး၊ ဦးခင်မောင်တို့ကမေးမေး သူ့မှာ ဥပ္ပါဒနဲ့ ဝယဘဲ ရှိတယ်။
ဖြစ်ပျက်ဘဲရှိတယ်
ဦးဘကြည် ဘာရှိသလဲ (ဥပ္ပါဒနဲ့ ဝယဘဲရှိပါတယ် ဘုရား) ဖြစ်ပျက်ဘဲရှိတယ်၊ ဥပ္ပါဒဝယ ဓမ္မိနော – သူ့ကိုက ဖြစ်ပြီးပျက်တဲ့သဘောမှတပါး နဂိုရိကိုက ဘာမှမရှိဘူး (မှန်ပါ့) ဒါက အနိစ္စနဲ့ သင်္ခါရကို ထောက်ခံလိုက်တာ (မှန်ပါ့)။
အနိစ္စနဲ့ သင်္ခါရကို ဘာလုပ်လိုက်ပါလိမ့်် (ထောက်ခံပါတယ် ဘုရား) “ဥပါဒါ ဝယ ဓမ္မိနော” ဓမ္မိနောက သူ့သဘော ဖြစ်ခြင်းပျက်ခြင်း သဘောရှိသောကြောင့် သင်္ခါရမှာ အနိစ္စလမ်းဆုံးတာဘဲတဲ့ (မှန်ပါ့)။
ဒကာ ဒကာမတွေ သူ့သဘောဟာ ဘာရှိတယ် (ဖြစ်ခြင်းပျက်ခြင်းသဘော ရှိပါတယ်) ဖြစ်ခြင်း ပျက်ခြင်းသဘောဟာ နဂိုရ်ကရှိနေတော့ ဪ ဖြစ်တာက သင်္ခါရ၊ ပျက်တာက အနိစ္စ၊ ဆုံးသင့်တယ် (မှန်ပါ့)။
ဦးဘကြည် ဆုံးသင့် မဆုံးသင် (ဆုံးသင့်ပါတယ် ဘုရား)။
ကောင်းပြီ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ မင်းတို့ မသိမှာစိုးသကွာတဲ့၊ ဘယ်တရားမဆို မှတ်လိုက်၊ နိဗ္ဗာန်မှတပါး ဖြစ်ပြီး ပျက်တာချည့်မှတ်လိုက် (မှန်ပါ့)။
ဘာတဲ့တုံး (ဖြစ်ပြီး ပျက်တာချည့်ပါ ဘုရား) ဥပ္ပဇ္ဇိတွာ = ဖြစ်ကုန်ပြီး၍၊ နိရုဇ္ဈန္တိ = ချုပ်ကြကုန်၏ တဲ့၊ မင်းတို့ ကြိုကနှစ်သက်တဲ့ အလုပ်ဟူက၍ဟာ ဖြစ်ပျက်ချည့်ပဲကွ တဲ့ (မှန်ပါ့ ဘုရား)။
ဦးဘကြည့် ဘာဟောသတုံး (ဖြစ်ပျက်ချည့်ပါ ဘုရား) ဒကာ ဒကာမတို့ဘာဟောသတုံး (ဖြစ်ပျက်ချည့်ပါ ဘုရား) ခင်ဗျားတို့ ခန္ဓာကိုယ် တစ်ကိုယ်လုံးထဲမှာ ဘာသာလျှင်ရှိတယ်လို့ ဆုံးဖြတ်ချက်ချလိုက်သလဲ (ဖြစ်ပျက်ပါ ဘုရား) အဲ့ဒါကြောင့် ဖြစ်ပျက်ရှုဆိုတာ ပါဠိတော်တွေကလာတာ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်ဆုံးသွားမှ နိဗ္ဗာန်တွေ့မယ်
တေသံ = ထိုဖြစ်ပျက်တို့၏၊ ဝူပသမော = မရှိခြင်းသည်၊ သုခေါ = နိဗ္ဗာန်ဘဲ (မှန်ပါ့) ဖြစ်ပျက်ဆုံးသွားမှ နိဗ္ဗာန်တွေ့မယ်တဲ့ (မှန်ပါ့)။ ဘာတဲ့တုံး ဒကာ ဒကာမတွေ (ဖြစ်ပျက်ဆုံးသွားမှ နိဗ္ဗာန်တွေ့မှာပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့သည် ဘုန်းကြီးသင်ထားတဲ့ သုံးချက်မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား) ၁ – နံပါတ်က ဖြစ်ပျက် မြင်အောင်ကြည့်၊ ၂ – နံပါတ်က (ဖြစ်ပျက်မုန်းအောင်ကြည့်ရပါမယ်) ၃ – နံပါတ်က (ဖြစ်ပျက်ဆုံးအောင်ကြည့်ရပါမယ် ဘုရား)။ဖြစ်ပျက်ဆုံးအောင်ကြည့်ဆိုတော့ ဖြစ်ပျက်ဟာ မဆုံးသေးဘူးလား (ဆုံးပါပြီ ဘုရား) ဆုံးတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
ပါဠိတော် ဘယ့်နှယ့်ရှိသတုံး (တေသံ ဝူပသမော သုခေါပါ ဘုရား) တေသံ = ထိုဖြစ်ပျက်နှစ်ပါးတို့၏၊ ဝူပသမော = မရှိခြင်းသည်၊ သုခေါ = ချမ်းသာတဲ့နိဗ္ဗာန်ဘဲ (မှန်ပါ့)။
သူမရှိတာ ဘာခေါ်ကြမယ် (ချမ်းသာတဲ့ နိဗ္ဗာန်ပါ ဘုရား) အဲ့ဒါကြောင့် အိမ်ရောက်တဲ့အခါ ခင်ဗျားတို့ ဝေဒနာသုံးပါး တစ်ပါးပါးကို ဖြစ်ပျက်မြင်အောင်ကြည့်ရုံဘဲ (မှန်ပါ့)။
အားစိုက်ရင် မုန်းမှာဘဲ
နောက်ကျတော့ ကြည့်ရင်းမတ္တနဲ့ ဖြစ်ပျက်မုန်းအောင် တစ်ခါတည်း ဂရုစိုက်ပေး (မှန်ပါ့) အားစိုက်ရင် မုန်းမှာဘဲ (မှန်ပါ့)။
မုန်းလာတဲ့တစ်နေ့ကျတော့ မလိုချင်ဆိုတာ ဦးဘကြည် လာမလား၊ မလာဘူးလား (လာပါမယ် ဘုရား) မလိုချင်တဲ့ ၃ နံပါတ်ပေါ်လာလို့ရှိရင် ဒီကဆုံးတာဘဲ၊ မလိုချင်လို့ဆုံးတာ (မှန်ပါ့)။
အလိုလိုဆုံးတာလား၊ မလိုချင်လို့ ဆုံးတာလား (မလိုချင်လို့ ဆုံးတာပါ ဘုရား) မလိုချင်တော့ ဆုံးသွားတော့ မဂ္ဂင် ရှစ်ပါး မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲ့ဒီမဂ္ဂင်ရှစ်ပါးထဲမှာ သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပက မညာမဂ္ဂင်၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိက သမာဓိမဂ္ဂင်၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝက သီလမဂ္ဂင် (မှန်ပါ့ ဘုရား)။
အဲ့ဒီတော့ သုံးခုက နှစ်လီ၊ နှစ်ခုက တစ်လီဆိုတော့ ဘယ်လောက်ရှိသတုံး (ရှစ်ခုရှိပါတယ် ဘုရား)။
အဲ့ဒီတော့ ဒကာ ဒကာမတွေ အခုဆောက်လုပ်ထားတဲ့ သီလ၊ အခုတည်ထားတဲ့ သမာဓိ၊ အခုဆောက်တည်ထား တဲ့ပညာ၊ ဦးဝင်းတို့ ဦးဝတို့ မှတ်စရာက မမြဲသေးဘူးလို့ မှတ်ပါ (မှန်ပါ့)။
အခု ငါးပါးသီလ၊ ဆယ်ပါးသီလ၊ ဥပုတ်နေ့ ဆောက်တည်ကြတယ်၊ ဆောက်တည်တဲ့ အခိုက်တန့်ဘဲ အကြောင်းတိုက် ဆိုင်လို့ရှိရင် ဖျက်လိုက်ကြတာဘဲ (မှန်ပါ့)။
အသက်နဲ့ လဲပြီး သကာလ (ဒါဖြင့် မဖျောက်ပါဘူးဆိုတဲ့ စိတ္တပ္ပါဒ် အခုအခါမှာ မပေါ်သေးဘူး၊ မပေါ်သေးဘူး ဆိုတော့ ဒီသီလကို သာမညသီလလို့ခေါ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာတဲ့
အဲ့ဒီတော့ မဂ္ဂသစ္စာထိုက်လာတဲ့ သီလကျတော့ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာတဲ့၊ အဓိပိုလာတယ်နော် (မှန်ပါ့)။
အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာလို့ဆိုရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဪ မဂ်ဆိုက်ရင် အဓိတိုးလာတယ် လို့မှတ်ရမယ် (မှန်ပါ့)။
အဓိဆိုတာ ဒကာ ဒကာမတွေ နားမလည်ဘဲနေမှာစိုးရတယ်၊ ပါဠိဘာသာဖြစ်နေလို့ အဓိဆိုတာ တခြားမဟုတ်ပါ ဘူး၊ လွန်သောသီလ၊ လွန်သောသမာဓိ၊ လွန်သောပညာ၊ ဘယ်သူဖျက်လို့မှမရ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အဓိဆိုတာ ဘာပါလိမ့် (လွန်သောသီလ၊ လွန်သောသမာဓိ၊ လွန်သောပညာ ပါ ဘုရား)။
ခေါင်းပေါ်မှာ ဓာဂုတ်ဝဲပြီး သကာလ မင်း ဟောဒီသီလဖျက်ရမယ်၊ သမာဓိဖျက်ရမယ်၊ ပညာဖျက်ရမယ်လို့ တစ်ခုခု ဖျက်ခိုင်းငြားသော်လည်း မဖျက်တော့ဘူးဆိုတာ မှတ်ပါ (မှန်ပါ့) အဲ့ဒီကျမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သီလမြဲတယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့)။
အခုဆောက်တည် ထားတာကတော့ ဦးဝင်းတို့ အကြောင်းမညီညွတ်လို့ရှိရင် ဖျက်ကြတာဘဲ (မှန်ပါ့) အကြောင်းမညီ ညွတ်လို့ရင်ဖျက်တော့ ဒီသီလကို သာမညသီလလို့မှတ်ပါ၊ အဓိမပါဘူး (မှန်ပါ့)။
ဒါဖြင့် မဂ္ဂင်ဆိုက်ပြီး ဒုက္ခအဆုံးကိုမြင်တဲ့ သီလကျမှ မြဲ၏ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်သီလကျမှ မြဲမလဲ (အဓိသီလ အဓိစိတ္တ အဓိပညာ ကျမှ မြဲပါမယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် တပည့်တော်တို့ ယခုဆောက်တည်တဲ့သီလဟာ အကနိဋ္ဌ ဗြဟ္မာ့ ပြည်တိုင်အောင် အကျိုးပေးနိုင် တယ်ဆိုတော့ နိဗ္ဗာန်ပါကြရဲ့လား (မပါပါ ဘုရား)။
သမာဓိကလဲ ထို့အတူဘဲ၊ ဗြဟ္မာ့ပြည်ဘဲဆိုတော့ ဒကာ ဒကာမတွေ စဉ်းစားရမှာက ဪ တို့ အားကိုးအားထား ရမည့် သီလ သမာဓိ ပညာကလေးတွေဟာ မဂ်မဆိုက်သေးလို့ရှိရင်ဖြင့် အဓိသဒ္ဒါမပါသေးတဲ့အတွက် လွန်သောသီလ၊ လွန်သောသမာဓိ၊ လွန်သောပညာဆိုတော့ လွန်လွန်ကဲကဲပေါ့ဗျာ (မှန်ပါ့)။
အဲ့ဒီလို သီလ သမာဓိ ပညာက လွန်လွန်ကဲကဲ၊ လွန်သော သီလဖြစ်လာမှ လွန်သောပညာဖြစ်လာမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ လားရာဂတိ နိဗ္ဗာန်ဘက်သို့ မြဲသွားတယ် (မှန်ပါ့)။
ဒါဖြင့် သီလ သမာဓိ ပညာအဓိ ဆိုတာချည်းပြည့်စုံမှ မြဲတယ်လို့ ဦးကျော်မောင်တို့ ဦးဘတင်တို့ မှတ်ရမှာပေါ့ဗျာ၊ အခုဆောက်တည်ထားတာကလေးတွေက မြဲပါ့မလား (မမြဲပါ ဘုရား)။
ဒုက္ခချုပ်တာမြင်မှမြဲမယ်
ဒကာ ဒကာမတွေ ဪ ဒါဖြင့် တပည့်တော်တို့မြဲမှ ကျေးဇူးများမှာ ဖြစ်နေသောကြောင့် မြဲတာ ဘယ်အချိန်ကျမှ မြဲမလဲလို့ မေးခွန်းထုတ်လို့ရှိရင်ဖြင့် ဒုက္ခချုပ်တာမြင်မှမြဲမယ်၊ ဦးဘကြည်နော် (မှန်ပါ့)။
အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာဆိုတာ ဘယ်အချိန်ကျမှ ဖြစ်မလဲဆိုတာ မေးခွန်းထုတ်လို့ရှိရင်ဖြင့် နိဗ္ဗာန်မြင်မှဘဲ တစ်နည်း ဒုက္ခချုပ်တာမြင်မှဘဲ ဒီ သီလ သမာဓိ ပညာ မြဲမယ်လို့ ဒကာသိုက်တို့ မှတ်ရလိမ့်မယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် အခုဆောက်တည်တဲ့ သီလ အစရှိသည်တို့ဟာ ဒကာ ဒကာမတွေ သာမညဘဲ အကျိုးပေးမယ်လို့ ဆုံးဖြတ်ချက် ချတာပေါ့ (မှန်ပါ့)။
အကျိုးမကြီးဘူးလား (ကြီးပါတယ် ဘုရား) ခိုင်မြဲသလားဆိုတော့ မခိုင်မြဲသေးဘူး (မှန်ပါ့) ဒီ ဒုက္ခချုပ်တာ မြင်တဲ့ သီလ သမာဓိ ပညာကတော့ မဆောက်တည်ဘဲနဲ့မြဲတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ခင်ဗျားတို့အခု ဘုရားရှေ့မှာယူတာ ဘုန်းကြီးဆီမှာယူတဲ့သီလကျတော့ ဆောက်တည်မှမြဲတာ (မှန်ပါ့) ဆောက်တည် ပြီး သကာလ မြဲတယ်သာဆိုရတယ် အာရုံကြမ်းနဲ့တွေ့ရင် ဘယ့်နှယ့်ဆိုကြမလဲ (ပျက်ပါတယ် ဘုရား)။
ပျက်သေးတယ် ဘာဖြစ်လို့တုံး လို့မေးတဲ့အခါကျလို့ရှိရင်ဖြင့် သီလကလဲ အင်မတန်အစိုးရတဲ့ သီလ သမာဓိကလဲ အင်မတန်အစိုးရတဲ့ သမာဓိ၊ ပညာကလဲ အင်မတန်အစိုးရတဲ့ ပညာအဖြစ်သို့ မရောက်သေးလို့ပေါ့ (မှန်ပါ့)။
ဒီသုံးခုမြဲလာမှ လားရာဂတိမြဲမယ်
ဒါဖြင့် ကျုပ်တို့သည် ဒီသုံးခုမြဲလာမှ လားရာဂတိမြဲမယ်လို့ ဦးဘကြည်တို့မှတ်ရမယ်နော် (မှန်ပါ့) ဒါ မမြဲသေးရင်တော့ လားရာဂတိလဲ မမြဲသေးဘူးဆိုသဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စိတ်မချရသေးတဲ့ အဓိပ္ပာယ် ရောက်မနေသေးဘူးလား (ရောက်ပါတယ် ဘုရား)။
အဲ့ဒါကြောင့် စိတ်ချအောင်လို့ ဖြစ်ပျက်မြင်အောင်ကြည့်ပါ၊ ဖြစ်ပျက် မုန်းအောင်ကြည့်ပါ၊ ဖြစ်ပျက်အဆုံးမှာ နိဗ္ဗာန် ရှိပါတယ်၊ အဲ့ဒါ မြင်အောင်လုပ်ထားကြပါ၊ မြင်သည်နဲ့တပြိုင်နက်တည်း ပညာကလဲ အဓိပညာဖြစ်သွားတာဘဲ၊ သီလ ကကော (အဓိသီလ ဖြစ်ပါတယ် ဘုရား)။
သမာဓိကကော (အဓိစိတ္တ၊ အဓိသမာဓိဖြစ်ပါတယ်) အဲ့ဒီကြမှဘဲ ကျုပ်တို့သည် စိတ်ချရတော့တယ် ဆိုတဲ့ဥစ္စာ မှတ်ထားရမယ် (မှန်ပါ့ ဘုရား)။
ဪ ဒါဖြင့် ဒို့ဆောက်တည်နေတဲ့ သီလ သမာဓိ ပညာ တို့လုပ်နေတဲ့ ပညာစခန်း၊ တို့ဆောက်တည်နေတဲ့ သီလ စခန်း၊ တို့ရှုနေတဲ့ ဝိပဿနာပညာစခန်း၊ ဒါတွေဟာ မမြဲသေးပါကလား၊ မမြဲသေးပါကလား၊ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်မြင်မှ အဓိ သဒ္ဒါတပ်ပြီး သကာလ ဘုရားက ဟောသောကြောင့် အဲ့ဒီကျမှ မြဲတယ်ဆိုတာကို ယနေ့ ဆုံးဖြတ်ချက်ချထားပါနော် (မှန်ပါ့ ဘုရား)။
ဒီမဂ္ဂင်ရှစ်ပါးသည် ဘယ်အခါကာလကျမှ အဓိသဒ္ဒါနဲ့တွဲပြီး သကာလ ပေါ်ပေါက်မလဲဆိုရင်ကော ရိပ်မိကြပြီလား (ရိပ်မိပါပြီ) ဘယ်အခါကျမှလဲ (ဒုက္ခချုပ်တဲ့ နိဗ္ဗာန်မြင်မှပါ ဘုရား)။
အဲ ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကို အာရုံပြုတော့မှာဘဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မြဲမနော် (မှန်ပါ့)။
အပါယ်လေးပါးနဲ့ လုံးဝ ဆက်သွယ်ရေးမရှိ
ကောင်းပြီ ဒါဖြင့် နိဗ္ဗာန် အာရုံပြုမှဘဲ မဂ္ဂင်ရှစ်ပါးက ခိုင်မြဲတော့တယ်ဆိုတာ ဒကာသိုက်တို့သိထားပြီ (မှန်ပါ့) ထိုကဲ့သို့ သိထားတဲ့အခါ ကျလို့ရှိရင်ဖြင့် ဒီအလုပ်ကိုသိသည်နဲ့ တပြိုင်နက်တည်း ခင်ဗျားတို့ စိတ်ချပါတော့၊ ဘာစိတ်ချသတုံး၊ အပါယ်လေးပါးနဲ့ လုံးဝ ဆက်သွယ်ရေးမရှိ၊ အနူ အရွဲ အဝဲတွေနဲ့လဲ လုံးဝ ဆက်သွယ်ရေးမရှိ၊ ချမ်းသာဟူသ၍ အထက်သာ တက်သွားတော့တယ်ဆိုတဲ့ ဥစ္စာ သမ္ဗောဓိပရာယဏော ဆိုတဲ့အတိုင်း အထက်မဂ်သာသူတက်တော့မယ်၊ အောက်ပြန်ဆင်းရဲ့လား )မဆင်းပါ ဘုရား) မဆင်းတော့ ဦးဘကြည့် မြဲမသွားဘူးလား (မြဲပါမယ် ဘုရား)။
ဒါဖြင့် သူ့ကိုမြဲစေချင်လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေဘာနဲ့ လုပ်မှမြဲမယ်ဆိုတာကော ယနေ့ သတိထားရမယ်နော် (မှန်ပါ့) သတိထားတဲ့အခါကျတော့ အဖြစ်နဲ့အပျက် ခန္ဓာကိုယ်ထဲမှာရှိတယ် မနေ့ကပြောခဲ့တယ်၊ အဲ့ဒီ ဖြစ်ပျက်ကိုမြင်အောင် ရှု၊ အဲ့ဒီဖြစ်ပျက်ကိုရှုရင်း မတ္တမုန်း၊ အဲ့ဒီ ဖြစ်ပျက်ကိုမြင်အောရှု၊ အဲ့ဒီဖြစ်ပျက်ကိုရှုရင်း မတ္တမုန်း၊ အဲ့ဒီဖြစ်ပျက်ကို ဒုက္ခသစ္စာ သိပြီး သကာလ မင်းဒုက္ခသစ္စာဘဲလို့ ဉာဏ်နဲ့ပိုင်းခြားပြီး ဆုံးအောင်လုပ်လိုက် (မှန်ပါ့ ဘုရား)။
လုပ်လိုက်လို့ရှိရင်ဖြင့် မဂ္ဂင်ရှစ်ပါးသည် အဓိသီလဖြစ်ပြီ၊ အဓိစိတ္တကော (ဖြစ်ပါပြီ) အဓိပညာကော (ဖြစ်ပါပြီ ဘုရား) ဪ ဒါဖြင့်အလုပ်စဉ်နဲ့တက်မှ မြဲမှာကိုးဆိုတာ ဦးခင်မောင်တို့ မှတ်ရလိမ့်မယ် (မှန်ပါ့) ဘာနဲ့တက်မှမြဲကြမယ် (အလုပ်စဉ်နဲ့တက်မှမြဲမှာပါ ဘုရား)။
ဪ ကျုပ်တို့သီလမြဲတယ်လို့ ယခုအခါ ကြွားလုံးမထုတ်လိုက်ပါနဲ့၊ ဒီမဂ်သီလက မဆောက်တည်ဘဲနဲ့ မြဲတဲ့သီလနော် (မှန်ပါ့) ဟိုဟာက ဆောက်တည်နိုင်မှ မြဲတာတောင်မဟုတ်သေးဘူး ဒကာသိုက်ရေ ဆောက်တည်တာတောင်မှ အကြောင်း မညီညွတ်ရင် (ပျက်ပါသေးတယ် ဘုရား)။
အဲ့ဒီတော့ တို့မှာ စိတ်မချရတဲ့သီလ စိတ်မချရတဲ့ဝိပဿနာ စိတ်မချရတဲ့သမထတွေ ဖြစ်နေသေးတော့ အင်း နေရာမကျသေးပါဘူး၊ စိတ်ချရအောင် လုပ်ထားရလိမ့်မယ်ဆိုတာ ဦးဝင်းတို့ပြောင်းရလိမ့်မယ် (မှန်ပါ့) မပြောင်းသင့်ဘူးလား (ပြောင်းသင့်ပါတယ် ဘုရား)။
ဒါဖြင့် ရှေးကတော့ ခင်ဗျားတို့အားကိုးကြတယ် ကျုပ်တို့ဖြင့် တစ်လ လေးသီတင်း ရှစ်သီတင်းဟာ မပြတ်ပါဘူး၊ ထိုက်တန်တဲ့ သမထအလုပ်ကလေးတွေ လုပ်ပါရဲ့၊ အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ ဝိပဿနာလေးလဲ နှလုံးသွင်းပါရဲ့၊ ကျုပ်တို့တော့ သေပင်သေသွားသော်လည်း ဘာမှကိစ္စမရှိဘူး၊ ဒါတွေအားကိုးအားထားရှိသားပဲဆိုတော့ သူက မြဲတဲ့သဘောလား မမြဲတဲ့သဘောလား (မမြဲတဲ့သဘောပါ ဘုရား)။
မမြဲတာကိုအားကိုးလို့ရှိရင်
မမြဲတဲ့သဘောရှိနေတာကို မမြဲတာကိုအားကိုးလို့ရှိရင်ဖြင့် ကျုပ်တို့ ခင်ဗျားတို့ ဒုက္စရောက်မယ် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား) မမြဲတာအားကိုးရင် ဘာဖြစ်မယ်ထင်သတုံး (ဒုက္ခရောက်ပါမယ် ဘုရား)။
အဲ့ဒီတော့ ယနေ့တရားကို ဒကာ ဒကာမတွေ နာရတော့ ဪ တို့သည် သီလကလေးတွေလဲ ထိုက်တန်သလောက် အားကိုးအားထားရှိကြတယ်၊ သမထ အာနာပါနတွေလဲ တို့ထိုက်တန်သလောက် လုပ်ကြတယ်၊ မရဏာ နုဿတိ ဆိုတဲ့ သမထတွေကိုလဲ တို့လုပ်ကြတယ်၊ အနိစ္စ ဒုက္ခ အနတ္တလဲ တို့ ပုတီးစိပ်ကြတယ်၊ စိပ်ကြပင် စိပ်ကြငြားသော်လည်း တို့မှာတော့ ဒါဟာ အားကိုးလောက်ပြီလို့ တစ်ထစ်ချဆုံးဖြတ်ချက် မချလိုက်ပါနဲ့လို့ ဦးဘကြည်တို့ကို ဘုန်းကြီးကမေတ္တာရပ်ခံတယ် (မှန်ပါ့) ဘာကြောင့်တုန်း အဓိသဒ္ဒါပါပလား (မပါသေးပါ ဘုရား) အဓိဖြစ်ပြီလား (မဖြစ်သေးပါ) မဖြစ်သေးတော့ ယိမ်းတယ် ယိုင်တယ် ပျောက်တယ်ဆိုတဲ့ သီလ သမာဓိ ပညာ ဖြစ်ပါလိမ့်မယ် (မှန်ပါ့) သဘောကျပြီလား (မှန်ပါ့ ဘုရား)။
ယိမ်းတယ် ယိုင်တယ် ပျောက်တယ်ဆိုတဲ့ သီလ သမာဓိ ပညာမဖြစ်ပေဘူုးလား (ဖြစ်ပါတယ်) ဖြစ်တော့ ကျုပ်တို့သည် ယိမ်းတာ ယိုင်တာ ပျောက်တာ ပျက်တာကို ကျုပ်တို့အားကိုးလို့ရှိရင် ကျုပ်တို့ဒုက္စရောက်မယ် (မှန်ပါ့ ဘုရား)။
သီလမြဲ သမာဓိမြဲ ပညာမြဲဆိုတာ
မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ သီလမြဲ သမာဓိမြဲ ပညာမြဲဆိုတာကတော့ဖြင့် ဒုက္ခအဆုံးကိုမြင်မှ ခုနင်ပြောခဲ့တဲ့ အာဓိပတေယျဋ္ဌောဆိုတာ ဖြစ်လာတယ် (မှန်ပါ့) ဒုက္ခအဆုံး မမြင်ရင် အာဓိပတေယျဋ္ဌော ဆိုတာ မဖြစ်သေးတော့ ယိမ်းတယ် ယိုင်တယ်ဆိုတာ ခင်ဗျားတို့ရိပ်မိပြီလား (မှန်ပါ့)။
ဒါဖြင့် ဒါအားကိုးထိုက်ပြီလား အားကိုးမထိုက်ဘူးလား (အားကိုးမထိုက်သေးပါ ဘုရား) ယိမ်းတယ် ယိုင်တယ် ရွဲ့တယ် စောင်းတယ် ဆိုတဲ့ တရားအားကိုးရင် ခင်ဗျားတို့ ငါးပါးမှောက်မယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် အခုဆောက်တည်နေတဲ့ သီလတွေ အားကိုးမထိုက်သေးဘူး (မှန်ပါ့ ဘုရား) အခုအားထုတ်နေတဲ့ သမထဟာ ကော (အားကိုးမထိုက်သေးပါဘူး) အခု ဝိပဿနာကလေး အားထုတ်နေတာကလေးလဲ (အားကိုးမထိုက်သေးပါ ဘုရား) ဘယ်ကျမှ အားကိုးထိုက်သတုံး (ဒုက္ခအဆုံးမြင်မှပါ ဘုရား) ဒုက္ခအဆုံး နိဗ္ဗာန်မြင်တော့မှဘဲ ဒါတွေက မယိမ်းမယိုင်တဲ့သဘော ဖြစ်လာတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မယိမ်းယိုင်တဲ့သဘောဖြစ်မှသာလျှင် ကျုပ်တို့သည် ဒုက္ခခပ်သိမ်း ငြိမ်းတယ်မဟုတ်ဘူး (မှန်ပါ့)။
ဒါဖြင့် ဦးဝင်းရေ ကျုပ်တို့ ဘာလုပ်ထားဖို့အရေးကြီးပါလိမ့်ဗျာ (ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ဆီမြင်ဖို့ လုပ်ထားရပါမယ် ဘုရား) ဒုက္ခခပ်သိမ်းငြိမ်းတဲ့ဆီ အာရုံပြုနိုင်တဲ့ သီလ သမာဓိ ပညာဖြစ်ဖို့ အရေးကြီးတယ် (မှန်လှပါ ဘုရား)။
ဦးဘကြည် ဘာအရေးကြီးသတုံး (ဒုက္ခချုပ်ရာမြင်တဲ့ သီလ သမာဓိ ပညာဖြစ်ဖို့ အရေးကြီးပါတယ် ဘုရား) ဒုက္ခချုပ်ရာ မြင်နိုင်တဲ့သီလ၊ ဒုက္ခချုပ်ရာမြင်နိုင်တဲ့ သမာဓိ၊ ဒုက္ခချုပ်ရာ မြင်နိုင်တဲ့ပညာ၊ ဒါတွေဖြစ်လာမှဘဲ စိတ်ချလက်ချနေကြဗျ (မှန်ပါ့)။
ဒါဖြင့် အခုဆောက်တည်ထားတဲ့သီလ၊ အခုအားထုတ်ထားတဲ့သမာဓိ၊ အခုကြိုးစားထားတဲ့ပညာ၊ ဝိပဿနာလောက်နဲ့ သေပျော်ပေါ့ နေပျော်ပေါ့လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘဝင်မမြင့်ပါနဲ့လို့ သတိပေးလိုက်တယ် (မှန်ပါ့ ဘုရား) ကျေနပ်ပြီ လား (ကျေနပ်ပါပြီ ဘုရား)။
ဒါက အထိမခံ ရွှေပန်းကန်ဖြစ်နေတယ်
ကောင်းပြီ ဒါအားကိုးရင် ဘာဖြစ်မတုံးလို့မေးလို့ရှိရင် ဒါက အထိမခံ ရွှေပန်းကန်ဖြစ်နေတယ် (မှန်ပါ့) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာဖြစ်ပြီလား ဦးဘကြည် (မဖြစ်သေးပါ ဘုရား) အခုလုပ်နေတဲ့ ဒကာ ဒကာမတွေ သာမညလုပ်တဲ့ အလုပ်ပေါ့ ဗျာ (မဖြစ်သေးပါ ဘုရား)။
အဲ ဒုက္ခအဆုံးကိုမြင်လို့ရှိရင်ဖြင့် ဘုန်းကြီးက ကိုင်း ခင်ဗျားတို့အတွက် စိတ်ချရပြီလို့ပြောလိုက်တယ် (မှန်ပါ့)။
ဖြစ်ပျက်မြင်တယ်၊ ဖြစ်ပျက်မုန်းတယ်၊ ဖြစ်ပျက်အဆုံးကိုဘဲ မြင်ပါပေါ့ဘုရားဆိုလို့ရှိရင်ဖြင့် ကဲ မင်းတို့ သီလဟာကွာ အခုလဲ မဆောက်တည်ဘဲနဲ့ ပြည့်စုံတဲ့သီလကွ၊ မင်းတို့သည် သေသည်၏ အခြားမဲ့၌လည်း နတ်ပြည်ရောက်လဲ မပျက်တဲ့ သီလ (မှန်ပါ့) ဗြဟ္မာ့ပြည်ရောက်ကော (မပျက်တဲ့သီလပါ) ပညာကော ဒကာ ဒကာမတို့ (မပျက်ပါ ဘုရား)။
ဪ ဒါဖြင့် ဒါအားကိုးတော့ (မှန်ပါ့) မပျက်တာကိုဖြင့် အားကိုးတော့၊ ပျက်တာကိုဖြင့် အားမကိုးပါနဲ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဦးဘကြည်တို့ ဘုန်းကြီးတို့ကပြောရတယ် ၊ အားကိုးလွဲမှာစိုးရတယ်နော် (မှန်ပါ့) သို့သော် အခု ဘုန်းကြီး ဖော်ပြနေလို့သာ (မှန်ပါ့) မကျေနပ်ကြဘူးလား (ကျေနပ်ပါတယ် ဘုရား)။
အင်း ကျုပ်တို့ကလည်း လေးသီတင်း၊ ရှစ်သီတင်း၊ သီလလဲဖြည့်ပြီ၊ ထိုက်တန်သလောက် သမထ မရဏာနုဿသိတွေ ကျုပ်တို့ နေ့တိုင်းလိုလိုအောက်မေ့ပါရဲ့၊ အနိစ္စ ဒုက္ခ အနတ္တ ဆိုတာလဲ ကျုပ်တို့ တစ်နေ့ ပုတီး ဘယ်နှစ်ပတ်မှန်းမသိ ရလိုက်တာဘဲဆိုပြီး သကာလ ဒကာ ဒကာမတွေ ကိုယ့်ဟာကိုယ် အားကိုးလုံးကလေးမရှိကြဘူးလား (ရှိပါတယ် ဘုရား) သို့သော် သူက ခိုင်မြဲသလား (မခိုင်မြဲပါ ဘုရား)။
ဘာကြောင့် မခိုင်မြဲသလဲ
ဘာကြောင့် မခိုင်မြဲသလဲမေးတော့ နိဗ္ဗာန်အတွက်လဲ ဉာဏ်ကမရသေးဘူး (မှန်ပါ့ ဘုရား) နိဗ္ဗာန်က ဦးဘကြည် အာရမ္မဏာ အဓိပတိ အဖြစ်နဲ့ ကျေးဇူးပြုပြီလား မပြုသေးဘူး၊ သာမညလူမှာလေ (မှန်ပါ့) ဒါဖြင့် နိဗ္ဗာန်က အာရမ္မဏာ အဓိပတိအဖြစ်နဲ့ ကျေးဇူးမပြုသေးတော့ သူ့ကို အဓိပတိပစ္စည်း၏ အကျိုးတရားလို့ဆိုနိုင်ပြီလား (မဆိုနိုင်ပါ ဘုရား)။
တစ်နည်း ဒီအထဲမှာပါတဲ့ ဆန္ဒ ဝီရိယ ပညာတို့ကလဲ သူတို့အချင်းချင်း ကြီးစိုးပြီလား (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အာရမ္မဏာဓိပတိအဖြစ်နဲ့ အာရုံကလဲ မကြီးစိုးသေးသောကြောင့် မမြဲဘူး (မှန်ပါ့) သဟဇာတာ ဓိပတိ အဖြစ်နဲ့ ဒီအထဲမှာပါတဲ့ ဆန္ဒ ဝီရိယ ပညာတို့ကလဲ ဒကာ ဒကာမတွေ မကြီးစိုးသေးဘူးလို့ မမြဲသေးဘူး (မှန်ပါ့) ဒါကလေးဟာ သဘောနှစ်ခုကို ပြောလိုက်တယ် (မှန်ပါ့)။
အာရုံရော သဟဇာတရော ဒီက အာရုံအဖြစ်နဲ့ ကြီးစိုးပြန်လဲ စိတ်ချတော့ (မှန်ပါ့) ဒီအတိုင်းသာသွားလို့ ဆန္ဒ ဝီရိယ တွေဟာ အဓိပတိထိုက်ရင်လဲ စိတ်ချတော့လို့ ဒကာ ဒကာမတွေ သတိပေးလိုက်တယ်နော် (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဘုန်းကြီးက ယနေ့ ကယ်တင်တာက ဪ ခင်ဗျားတို့ ပျက်တတ်တယ်၊ ပြိုတတ်တယ်၊ ပျောက်တတ်တာကြီး အားကိုးနေလို့ရှိရင် ခင်ဗျားတို့က အားကိုးလွဲပြီးမရောက်မှာဘဲ (မှန်ပါ့) မပျောက်မပျက်တာအားကိုးရင် (အားကိုးထိုက်ပါတယ် ဘုရား) အားကိုးထိုက်တယ်ဆိုတော့ ဪ ဒါတော်တော်အရေးကြီး ပါကလား (မှန်ပါ့) ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား)။
နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ မြို့သုံး ရွာသုံးနဲ့ဆိုရင် ဒါ အတော်ခက်နေတယ် ဦးဝင်းရဲ့ (မှန်ပါ့)။
မြို့သုံး ရွာသုံးက အို ကျုပ်တို့ထိုက်တန်တဲ့သီလ၊ ထိုက်တန်တဲ့ သမာဓိ၊ ထိုက်တန်တဲ့ပညာတွေ ကျုပ်တို့တော့ စုံလို့၊ အဲ့ဒီတော့ ကျုပ်တို့တော့ သေပျော်ပေါ့ နေပျော်ပေါ့လို့ ဆိုပြီး သကာလ အဓိတစ်လုံး မပါဘဲ ဦးဘကြည် သူတို့ အားကိုးနေလို့ ရှိရင် ဘယ့်နှယ့်ဆိုကြမလဲ (စိတ်မချရပါ ဘုရား) စိတ်မချရဘူး ပျက်စီးနိုင်တယ် (မှန်ပါ့ ဘုရား) သူတို့ အဓိပတိထိုက်ပြီလား (မထိုက်သေးပါ ဘုရား) မထိုက်သေးလို့ရှိရင် အဓိဆိုတာ လာနိုင်ပြီလား (မလာနိုင်ပါ ဘုရား) မလာနိုင်သေးလို့ရှိရင် မခိုင်သေးဘူး မမြဲသေးဘူးဆိုတာ တစ်ခါတည်းမှတ် (မှန်ပါ့ ဘုရား)။
ဘုရားလက်ထက်က ဒေဝဒတ်ကြီး
ဘုရားလက်ထက်က ဒေဝဒတ်ကြီးဟာ အဓိမတက်ရသေးတဲ့ သမာဓိရလို့ ကောင်းကင်ပျံ မြေလျှိုးနိုင်တယ်၊ ကောင်းကင်ပျံ မြေလျှိုးနိုင်ပြီး ယခု အဝီစိမှာ နေရတယ်၊ အဓိမပါလို့၊ ယုံကြည်ကြပြီလား (ယုံကြည်ပါပြီ ဘုရား)။
ကောင်းကင်ပျံ မြေလျှိုးနိုင်တဲ့ ဒေဝဒတ်ကြီး ရဟန်းဘဝမှာတော်တော့ကို တန်ခိုးကြီးပါတယ်၊ ထိုသို့တန်ခိုးကြီးငြား သော်လည်း ယခုဘယ်ရောက်သလဲ အဝီစိရောက်နေတယ်ဆိုတော့ အင်း ဒီဥစ္စာ ဘယ့်နှယ့်ကြောင့်ပါလိမ့်မတုံး လို့မေးရင် ဖြေတတ်ပြီလား (ဖြေတတ်ပါပြီ ဘုရား) ဘယ့်နှယ့်ကြောင့်ပါလိမ့် (အဓိမပါလို့ပါ ဘုရား)။
အဓိပတိ စွမ်းရည်သတ္တိမပါဘူး၊ ကြီးစိုးနိုင်တဲ့ စွမ်းရည်သတ္တိမပါဘူးတဲ့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘုရားလက်ထက်ကသီလတွေ ဆောက်တည်ပါလျက်သားနဲ့ အပါယ်ရောက်သွားတာတွေလဲ မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲ့ဒီသီလဟာလဲ အဓိသီလမဟုတ်လို့ (မှန်ပါ့) အဓိပညာမဟုတ်လို့ တိဿရဟန်းကြီးတို့ သန်းကြီးဖြစ်ရတာတွေလည်း ဘယ့်နှယ့်ဆိုကြမလဲ (အဓိပညာမဟုတ်လို့ပါ ဘုရား) အဓိပညာမဖြစ်ဘူး၊ အဓိမပါဘူး (မှန်ပါ့)။
အဲ့ဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုန်းကြီးက ဝတ္တုသက်သေသာဓကတွေထောက်ပြီး ပြလို့ရှိရင်ဖြင့် ဪ တို့ဆရာဘုန်းကြီးက မခိုင်မြဲတာ အားမကိုးနဲ့ ခိုင်မြဲအောင်လုပ်ထားဆိုတာ တိုက်တွန်းချက်ပါလားလို့ဆိုတာ ယနေ့ ပြင်ပစ် ကြပါနော် (မှန်ပါ့)။
ဒီဘဝကစုတေမနေ သေလွန်တဲ့အခါ မခိုင်တာ အားကိုးလို့ရှိရင် မခိုင်တာတွေကတော့ဖြင့် ဧကန် ကယ်မယ် ယူမယ်လို့ ဒကာသိုက် စိတ်ချလို့ရပါ့မလား (မရပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒီကြားထဲ အာသန္နကံဝင်ပြီး ထိုးနိုင်တယ်လို့ ပြောတာပါဘဲ (မှန်ပါ့) မထိုးနိုင်ဘူးလား (ထိုးနိုင်ပါတယ် ဘုရား)။
ဘာအားကိုးကြမတုံး
ကဲ ဒါဖြင့် ဘာအားကိုးကြမတုံး (အဓိသီလ အဓိစိတ္တ အဓိပညာ အားကိုးရပါမယ်) အဓိသီလ အဓိစိတ္တ အဓိပညာ ဖြစ်အောင် လုပ်ကြပါဆိုတာ တိုက်တွန်းရတယ် (မှန်ပါ့) သူတို့ ဘယ်အချိန်ဖြစ်မှာတုံးဆိုတော့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်မြင်တဲ့အချိန် အကုန်ဖြစ်ပါတယ် (မှန်ပါ့)။
ဦးလှ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်မြင်တဲ့အခါကျတော့ အဓိသီလ၊ ဒါကကော (အဓိစိတ္တပါ) အဓိပညာဆိုတာ အစိုးရပါပြီ အဲ့ဒီကျတော့မှ ဪ လက်ခမောင်းခတ်၊ ပြုံးချင်သလိုပြုံး၊ ပျော်ချင်သ၍ပျော်၊ ပျော်ကြပါ၊ အပါယ်လေးပါး စိတ်ချရလို့နော် (မှန်ပါ့)။
ယခုဆောက်တည်ထားတဲ့ သီလကလေးလောက် ယခု အားထုတ်နေတဲ့ သမထကလေးလောက် ယခု အားထုတ်နေတဲ့ ဝိပဿနာဉာဏ်ကလေးလောက်နဲ့ ဒကာ ဒကာမတို့ သေပျော်ပေါ့ နေပျော်ပေါ့ ဆိုတဲ့ အလုပ်ဟာဖြင့် ဘဝင်မြင့်တဲ့အနာကြီး စွဲကပ်မနေပါနဲ့ဆိုတာ ပြောရတယ် (မှန်ပါ့)။
မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား) ခိုင်မြဲရဲ့လား (မခိုင်မြဲပါ ဘုရား) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။ ဒါဖြင့် အဓိဟာ ဘယ်လောက်အရေးကြီးသတုံး (ကြီးပါတယ် ဘုရား)။
ကောင်းပြီ ခင်ဗျားတို့ ဒါကိုမရသေးလို့ရှိရင်ဖြင့် အတော်ဆိုးဝါးပါတယ် တဲ့၊ ခင်ဗျားတို့ မခိုင်မြဲတာ အားကိုးမှုကြောင့် ခင်ဗျားတို့ ဒုက္ခရောက်ပုံကို ဘုရားကဟောတော်မူတယ် (မှန်ပါ့ ဘုရား)။
ကဲ ဒါကိုအသာထားလိုက်ပါဦး ဒါကို နောက်မှဘဲ နိဂုံးချုပ်ပါ့မယ် (မှန်ပါ့)။
ဒီအလုံးတွေကြည့်ပါ၊ ဒကာ ဒကာမတို့ ငါးလုံးတန်းထားတယ် ရူပက္ခန္ဗာ၊ သညာက္ခန္ဗာ၊ သင်္ခါရက္ခန္ဗာ၊ ဝိညာဏက္ခန္ဗာ နော် (မှန်ပါ့)။
ဒီကြားထဲ ဘာရှိသတုံး ဆိုလို့ရှိရင်ဖြင့် ဒါက ကမ်းနား သစ်ပင်တွေလို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့) ဒီကြားထဲမှာ တော့ ချောင်းရှိတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဒီကြားထဲမှာတော့ ချောင်းရှိတယ် လို့ မှတ်ထားလိုက်ပါ (မှန်ပါ့)။
ဒီကြားထဲမှာ ဘာရှိသတုံး (ချောင်းရှိပါတယ် ဘုရား) ဒီသုံးခုကလဲ ဘာပါလိမ့် (ကမ်းနားသစ်ပင်ပါ) ဒီဘက်နှစ်ခု ကကော (ကမ်းနားသစ်ပင်ပါဘဲ ဘုရား)။
အဲ့ဒီတော့ ဒကာ ဒကာမတွေ ကမ်းနားသစ်ပင်၊ ကမ်းနား သစ်ပင်ဆိုတာ ရေစားထားလို့ အမြစ်ဟာ ဘယ်သောအခါ ကာလမှ ခိုင်ခိုင်မြဲမြဲ မရှိဘူး၊ ကမ်းနားသစ်ပင် ဟူသ၍ဟာလေ (မှန်ပါ့) ဥိးဘကြည် ခိုင်မြဲရဲ့လား (မခိုင်မြဲပါ ဘုရား)။
မခိုင်မြဲတော့ သူတို့သည်ကား လို့ဆိုရင် အကိုင်းတွေ အရွက်တွေသည် ကုန်းပေါ်မှာသာ ရှိသလားဆိုတော့ ရေထဲမှာလည်း အကိုင်းအရွက်တွေ အဖျားကလေး ကျကျနေတယ် (မှန်ပါ့)။
ဒါဖြင့် ရေဘက်မှာလည်း ကိုင်းတာပေါ့ (မှန်ပါ့) မြေနဲ့တော့ တွယ်နေတာဘဲ၊ တွယ်ပင်တွယ်ငြားသော်လည်း ရေကစား တော့ အမြစ်ကမခိုင်တော့ ယိုင်တော့ မြစ်ထဲယိုင်ကြတယ် (မှန်ပါ့ ဘုရား)။
ဦးဘကြည် ကုန်းပေါ်များ ယိုင်သေးသလား (မယိုင်ပါ ဘုရား) ရေထဲဘဲ ကိုင်းကြ ရှိုင်းကြရတယ်ဆိုတာ ဒကာ ဒကာမတွေ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကမ်းနားသစ်ပင်တွေဟာ ဘယ်ကိုကိုင်းကြရသလဲ
ဒီ ကမ်းနားသစ်ပင်တွေဟာ ဘယ်ကိုကိုင်းကြရသလဲ (ရေထဲကိုင်းကြရပါတယ် ဘုရား) အမြစ်ကလဲ ရေစားထားလို့ ခိုင်ခိုင်မြဲမြဲရှိပါ့မလား (မရှိပါ ဘုရား)။
အဲ့ဒီမှာ ခင်ဗျားတို့သည် ဘာနဲ့တူပါသလဲလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့က သံသရာခရီးသည် ရေမျောလာတာနဲ့ တူတယ်လို့ ဘုရားကပြတယ် (မှန်ပါ့)။
သံသရာခရီးသည် ရေမျောလာတယ်တဲ့ ဒကာ ဒကာမတို့ ခင်ဗျားတို့ဟာ ဒါဘဲ၊ ဒီဘက်က အလယ်ကတစ်လုံးဟာ တရားနာနေတဲ့ ဒကာ ဒကာမတွေတစ်လုံးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဒါက ရေမျောလာတဲ့ပုဂ္ဂိုလ်ပေါ့ဗျာ (မှန်ပါ့)။
ကောင်းပြီ သူသည်ကားလို့ဆိုရင် ရေကမျောလာခဲ့တာ အတော်ကြာခဲ့ပြီ၊ သံသရာခရီးမှာ တဏှာမျှောတိုင်း မျောလာ ကြတာကိုးဗျ (မှန်ပါ့)။
တဏှာက နတ်ပြည်တောင့်တပြီး ကုသိုလ်လုပ်လဲ နတ်ပြည်မျောသွားတာပါဘဲ (မှန်ပါ့) တဏှာနဲ့ပတ်သက်ပြီး အကုသိုလ်တွေ လုပ်လိုက်ပြန်တော့ကော (အပါယ်မျောသွားပါတယ် ဘုရား)။
ဒါဖြင့် အပါယ်ရောက်သွားတော့ကို တဏှာရေယာဉ်ကြောထဲမှာ သံသရာ့ခရီးသည်ဆိုတဲ့ ဒကာ ဒကာမတွေ မမျော ရဘူးလား မျောရမလား (မျောရပါမယ် ဘုရား) ဒါ သံသရာရေကြီးလို့ မှတ်လိုက်ပါ (မှန်ပါ့)။
အလယ်က ဘာပါလိမ့် (သံသရာ့ရေယာဉ်ကြီးပါ) ဒါက သံသရာ့ခရီးသည် မျောလာတာ (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘာလို့မျောလာတာတုံး
ဘာလို့မျောလာတာတုံး (ဆုတောင်းလို့မျောလာတာပါ ဘုရား)။
အင်း ခင်ဗျားတို့ဆုတောင်းက မြဲချင်လို့ကို တောင်းတဲ့ဆု (မှန်ပါ့) ဒီဘဝ ဟိုဘဝ မျောရပါလို၏၊ ဦးဘအုန်း ဒီလိုဖြစ် နေတယ် (ဖြစ်နေပါတယ် ဘုရား)။ တောင်းတာကဘာတုံး (မျောချင်လို့ တောင်းတာပါ ဘုရား)။
ဒကာ ဒကာမတွေ ဟိုဘဝ ဒီဘဝဆိုတာက တဏှာပို့မှရောက်တာဘဲ၊ တဏှာရေယာဉ်ကြောမျောမှာဘဲ၊ ရောက်မှာဘဲဆိုတာ သိထားတဲ့အခါကျတော့ ခင်ဗျားတို့သည် ဟိုဘဝ ဒီဘဝ ကူးတာသည်ကား လို့ ဆိုလို့ရှိရင်ဖြင့် တဏှာရေထဲ မျောပြီး သကာလ လာတြတဲ့ပုဂ္ဂိုလ်ချည့်ဘဲလို့ ဆုံးဖြတ်ချက်ချတာပေါ့ (မှန်ပါ့)။
တဏှာဆုတောင်းမရှိဘဲနဲ့ ဦးဘကြည် တဏှာရေက မျှောမပေးရင် တစ်ဘဝနဲ့ တစ်ဘဝ ရောက်နိုင်ပါ့မလား (မရောက် နိုင်ပါ ဘုရား)။
ဒါဖြင့် သံသာရာ့ခရီးသည်မှန်သ၍ တဏှာရေထဲမှာ တဏှာက မျှောသလို မျောရတဲ့အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ်) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့ ဘယ်ကများ မျောလာပါလိမ့်မတုံးလို့ သံသယမရှိပါနဲ့၊ တပည့်တော်တို့ ဆုတောင်းတိုင်း တပည့်တော်တို့ တဏှာရေမျှောသလို မျောလာလို့ လူ့ပြည်ရောက်နေတယ် (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
ခန္ဓာငါးပါး ကမ်းနားသစ်ပင်
ကောင်းပြီ လူ့ပြည်ရောက်နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ မျောလာတော့ဖြင့် သေချာတော့ လူ့ပြည် ကျပြန်တော့ ဘာရပြန်သတုံး ဆိုတော့ ခန္ဓာငါးပါးရတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ခန္ဓာငါးပါး ကမ်းနားသစ်ပင် တဲ့၊ ဒကာ ဒကာမတို့ ခန္ဓာငါးပါးကလဲ ဘာပါလိမ့် (ကမ်းနားသစ်ပင်ပါ ဘုရား)။
ဪ အခုတရားနာနေကြတာ ဒကာ ဒကာမတွေ ခန္ဓာဘယ်နှစ်ပါးနဲ့ နာနေကြတာလဲ (ငါးပါးနဲ့ နာနေကြပါတယ် ဘုရား)။
ဒါကလဲ အခုသေသေချာချာပြတော့ ဘာတဲ့ (ကမ်းနားသစ်ပင်ပါ ဘုရား)။
အဲ့ဒါ မျောလာတဲ့ပုဂ္ဂိုလ်က ကိုယ့်ခန္ဓာငါးပါးကို ရုပက္ခန္ဓာကြီး ကြည့်လိုက်ပြန်လဲ ကိုယ်အားကိုးတာဘဲနော် (မှန်ပါ့ ဘုရား)။
အဲ့ဒီတော့ မျောလာတဲ့ပုဂ္ဂိုလ်က အားကိုးရာ ရှာလိမ့်မယ် (မှန်ပါ့) ဦးဘကြည် မရှာပေဘူးလား (ရှာပါတယ် ဘုရား)။
ဒကာ ဒကာမတွေ မျောလာတဲ့ ပုဂ္ဂိုလ်က ဘာရှာမယ် (အားကိုးရာရှာပါမယ်) ရှာတဲ့အခါကျတော့ဖြင့်ဆို ရူပက္ခန္ဗာ တည်းဟူသော ကမ်းနားသစ်ပင်ဆွဲလိုက်တယ်၊ သံသရာ့ခရီးသည်က (မှန်ပါ့) မဆွဲလိုက်ပေဘူးလား (ဆွဲလိုက်ပါတယ် ဘုရား)။
ငါ့ကိုယ် ငါ့ရုပ်ဆိုပြီး ဆွဲလိုက်တဲ့အခါကျတော့ ကမ်းနားသစ်ပင်ကိုးဗျ (မှန်ပါ့) ရူပက္ခန္ဗာဆိုတော့ အနိစ္စကမ်းနား သစ်ပင် မဖြစ်သေးဘူးလား (ဖြစ်ပါပြီ ဘုရား)။
ဆွဲလိုက်တော့ နဂိုရ်က သူက အမြစ်တွေလဲ မခိုင်ဟုတ်လား ဆွဲတဲ့ ပုဂ္ဂိုလ် ကလဲ တအားကုန်းပေါ်တက်ချင်လို့ (မှန်ပါ့ ဘုရား)။
ဆွဲတဲ့ပုဂ္ဂိုလ်က ဘယ်လိုဆွဲပါလိမ့် (ကုန်းပေါ်တက်ချင်လို့ပါ ဘုရား)။
အမြစ်မြေဆိုင်ပါ သူ့အပေါ်ပိတယ်
တအားဆွဲလိုက်တော့ ဦးလှတို့ အမြစ်ကလည်းမရှိဗျာ (မှန်ပါ့) ရေဘက်ကိုင်းနေလို့သာ ဆွဲလိုက်တာ သူကတော့ဖြင့် ရေမျောလာရတဲ့အတွက် အားကိုးလုပ်ပြီး တာအးဆွဲလိုက်တဲ့အခါ ကျတော့ အမြစ်မရှိတဲ့ သစ်ပင် ဆွဲမိတော့ ဒကာ ဒကာမတွေ မှတ်လိုက်တာပေါ့၊ အမြစ်မြေဆိုင်ပါ သူ့အပေါ်ပိတယ် (မှန်ပါ့)။
သူက အားကုန် ဆွဲလိုက်တာကိုး၊ အားကုန်ဆွဲလိုက်တော့ သစ်ပင်ရယ် ဒီကမြေဆိုင်ရယ် ဦးဘကြည် ဆွဲတဲ့ ပုဂ္ဂိုလ် ပေါ် မကျဘူးလား (ကျပါတယ် ဘုရား)။
ကျတော့ နဂိုရ်ကတော့ ရေထဲမျောလာတယ်၊ အခု မိမိခန္ဓာတည်းဟူသော ရူပက္ခန္ဗာကို အားကိုး အားထားလုပ်ပြီး သကာလ ဆွဲလိုက်တော့ သူက အနိစ္စခန္ဓာဖြစ်နေတော့ ပြုတ်ကျတဲ့သဘောကို ဘုရားဟောတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ပြုတ်ကျတော့ အလိုလိုပြုတ်ကျတာလား၊ အားကိုး အားထား ခြင်းကြောင့် ဆွဲလို့ပြုတ်ကျတာလား (အားကိုး အားထား လို့ပါ ဘုရား) ဘယ်သူ့အပေါ် ပြုတ်သတုံး (ဆွဲတဲ့ပုဂ္ဂိုလ်ပေါ် ပြုတ်ပါတယ်) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဆွဲတဲ့ပုဂ္ဂိုလ်ပေါ်မှာ (ပြုတ်ပါတယ်) ပြုတ်ကျတဲ့အခါကျတော့ နဂိုရ်ကမျောသမား ဒီသစ်ပင်ကြီးတစ်ပင်လုံး ပိပြီး သကာလ မျက်လုံးထဲ ပါးစပ်ထဲမှာ သူမြေဆိုင်တွေပါဝင် သစ်ပင်ကလဲ ပိဆိုတော့ မြုပ်ဖို့ဘဲ (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့ နဂိုရ်က အမျောသမားနော် (မှန်ပါ့) ဟိုဘဝက လာတာက မျောလာတာ ဒီဘဝကျတော့ ကမ်းနား သစ်ပင်နဲ့တူတဲ့ မိမိခန္ဓာကြီး ရူပက္ခန္ဗာကြီး အားကိုးထိုက်တယ်၊ ရူပက္ခန္ဗာဆိုတာက အနိစ္စ ကမ်းနားသစ်ပင်၊ ကမ်းနားသစ်ပင် ဟာ အဆွဲခံနိုင်ပ့ါမလား (မခံနိုင်ပါ ဘုရား) တဏှာ ဥပါဒါန်တို့၏ အဆွဲကို ခံနိုင်ပါ့မလား (မခံနိုင်ပါ ဘုရား) မခံနိုင်တော့ ဆွဲတဲ့ ပုဂ္ဂိုလ်အပေါ်မှာဘဲ မြေဆိုင်နဲ့တကွ ပြုတ်မကျပေဘူးလား (ပြုတ်ကျပါတယ် ဘုရား)။
ပြုတ်ကျတော့ နဂိုရ်ကလဲ ကိုယ်က ဆောက်တည်ရာမရဘဲနဲ့ နေတဲ့ပုဂ္ဂိုလ်၊ မျောလာတာကလဲ ရှည်တော့ လက်ပန်း ခြေပန်း ကလဲကျ (မှန်ပါ့)။
အမြုပ်သမားသွားဖြစ်တယ်
အားကိုးရမလားလို့ ဆွဲလိုက်ပြန်တော့လဲ ကမ်းနားသစ်ပင် ဆွဲမိလျက် ကြုံဆိုတော့ မျောလို့ မောလာတာက တစ်မျိုး အပေါ်ကပိလို့ မြုပ်ရမှာတစ်မျိုး ဖြစ်လေသောကြောင့် ခင်ဗျားတို့သည်ဆွဲ ပြန်တာနဲ့ဘဲ ခန္ဓာပိပြီး သကာလ ခင်ဗျားတို့သည် အမြုပ်သမားသွားဖြစ်တယ် (မှန်ပါ့)။
ပထမလာတုန်းကတော့ ဘာသမားတုံး (မျောသမားပါ ဘုရား) နောက်ကျတော့ ကမ်းနားသစ်ပင်နဲ့တူတဲ့ ခန္ဓာငါးပါး အားကိုးလိုက်ပြန်တော့ အနိစ္စအားကိုးလို့ အနိစ္စဆိုတာမမြဲတာ၊ မမြဲတော့ ပြုတ်မကျပေဘူးလား (ပြုတ်ကျပါတယ် ဘုရား) တခြားနေရာတော့ မပြုတ်လို့ အောက်မေ့တယ် (မှန်ပါ့) တဏှာ ဥပါဒါန်နဲ့ အားကိုးလို့ ရမလားလို့ ဆွဲတဲ့ ပုဂ္ဂိုလ် အပေါ်မှာတော့ မပြုတ်ပေဘူးလား၊ ပြုတ်မလား (ပြုတ်မှာပါ ဘုရား)။
ပြုတ်တဲ့အခါကျတော့ ဟိုပုဂ္ဂိုလ်ကလဲ ထောက်တည်ရာရယ်လို့ အောက်မှာ ရေထဲမှာ ရှိပါရဲ့လား (မရှိပါ ဘုရား) မရှိတော့ အပေါ်က ကြီးလှစွာသော အမြစ်မရှိသောသစ်ပင် အဲ့ဒါတွေ ဖိပြီး သကာလ လာပြန်တော့ ဒကာ ဒကာမတို့ အမျောသမားမှာ အမြုပ်သမားဖြစ်ရပြန်တယ် (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုနေခဲ့ကြရသလဲ (အမြုပ်သမား အမျောသမား အဖြစ်နဲ့ နေခဲ့ကြရပါတယ် ဘုရား)။
ဒါကြောင့် အရင်ကတော့ အမျောသမား အမြုပ်သမားကို စာထဲမှာ ဒီပါဠိတော်ကိုဘဲ ရေးတော့ ရေးခဲ့တာဘဲ၊ အခုတော့ ပုံစံပါချပြီးပြတဲ့အတွက် ဪ တို့လာတာက ဒီဘဝကူးလာတာက အမျောသမား၊ ဒီဘဝကျမှ မိမိခန္ဓာ အားကိုး လိုက်တဲ့အခါ အနိစ္စခန္ဓာ အားကိုလိုက်တဲ့အခါကျတော့ မမြဲတဲ့အတွက် အားကိုးတဲ့ ပုဂ္ဂိုလ်မှဘဲ အဖိခံရတယ်၊ အဖိခံရတယ်၊ အဖိခံရတယ်ဆိုတာက ဒကာ ဒကာမတွေ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား) ဒါဖြင့် ဘာသမားဖြစ်သတုံး (မြုပ်သမား ဖြစ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဦးဘကြည်တို့ ကျုပ်တို့ သံသရာထဲ မိုက်တုန်းက ဘယ်လိုနေခဲ့ရပါလိမ့်မတုံးဆိုတာဖြင့် ယနေ့ ကောင်း ကောင်းဘဲ ဘုရားဟောတော်မူတာ ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) ဘယ်လိုများနေခဲံကြရသလဲ (မြုပ်သမား မျောသမားအဖြစ်နဲ့ နေခဲ့ရပါတယ် ဘုရား) ဘယ်တော့မှ နိဗ္ဗာန်သောင်ကမ်းပေါ်မတက်ခဲ့ကြရဘူုး (မှန်ပါ့)။
နိဗ္ဗာန်သောင်ကမ်းဆိုတာ
နိဗ္ဗာန်သောင်ကမ်းဆိုတာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ အပ္ပမာဒဝဂ်တွေမှာ နိဗ္ဗာန်သောင်ကမ်းကို ဟောထား ပါတယ်၊ ဆရာတော် သမားတော်တွေကလဲ ဟောပြောကြပါတယ် (မှန်ပါ့)။
ခင်ဗျားတို့က အဲ့ဒီသောင်ကမ်းကို နောက်က တက်ဘူးကြခဲ့ရဲ့လားလို့မေးရင် မတက်ခဲ့ပါဘူး ဘုရား) ဒါဖြင့် ဘယ်အဖြစ် နဲ့များ အချိန်ကုန်ခဲ့ရပါလိမ့် (အမြုပ်သမား အမျောသမားအဖြစ်နဲ့ အချိန်ကုန်ခဲ့ရပါတယ် ဘုရား)။
ဒါဖြင့် မျောသမား မြုပ်သမားဖြစ်ပြီး အချိန်ကုန်ခဲ့တယ် ဆိုတော့ ခုနင်က ပြောခဲ့တဲ့ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ တို့ ဘယ်အချိန်မှမရခဲ့လို့ ဒီလမ်းချည့်မျောတယ်၊ ဒီချောင်းထဲချည့်မြုပ်တယ် (မှန်ပါ့) ဒီလိုမနေပေဘူးလား (နေပါတယ် ဘုရား) ဦးဘအုန်း ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ကျုပ်တို့ နောက်တုန်းက ဘယ်လိုနေရပါလိမ့် (အမြှူပ်သမား အမျောသမားအဖြစ်နဲ့ နေခဲ့ရပါတယ် ဘုရား)။
အဲ့ဒါကြောင့် ပါးစပ်ကဖွင့်ပြီး ခင်ဗျားတို့က ဒီဘဝ စုတေမနေ ဘယ်ကို ရောက်ရပါ၏ဆိုတာ မျောချင်လို့ (မှန်ပါ့ ဘုရား)။
ရောက်တဲ့အခါကျတော့ မိမိခန္ဓာမိမိအားမကိုးပေဘူးလား ကိုးမလား (ကိုးပါတယ် ဘုရား) အားကိုးတော့ ခန္ဓာငါးပါး ဟာ အနိစ္စတရားမဟုတ်လား (မှန်ပါ့)။
အနိစ္စတရားဆိုတော့ အားကိုးခံနိုင်တဲ့ တရားလား ကိုယ့်အပေါ်ဖိမည့် တရားလား (ဖိမည့်တရားပါ ဘုရား) ကိုယ့်အပေါ်ဖိမည့်တရားဖြစ်ပြီး သကာလ နေတော့ အဟုတ်ဆွဲရင် အဟုတ်ပိတာဘဲ (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
သူကလဲ ရေဘက် ကိုင်းနေတယ်ဆိုတာကိုးဗျာ ဆွဲမည့် ပုဂ္ဂိုလ်ဘက် ကိုင်းနေတယ် (မှန်ပါ့) အတင်း အားကုန် ဆွဲလိုက်လေလေ ဒီအပေါ်မှာမြုပ်ချက်က သန်လေလေဘဲ (မှန်ပါ့ ဘုရား)။
ဦးဝင်း ဘယ်လိုနေပါလိမ့် (အားကုန်ဆွဲလေလေ မြုပ်ချက်သန်လေလေပါ ဘုရား)။
ဪ တို့ကိုဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးနောက်ကြောင်းဖော်ပြီးတော့ ပြောရှာတယ်၊ ယခုဘဝ အဆွဲမမှား အောင်ဟာ တယ်ပြီးအရေးကြီးပါလား (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ယခုဘဝ ဘာပါလိမ့် (အဆွဲမမှားအောင် အရေးကြီးပါတယ် ဘုရား) အဆွဲမမှားဖို့ သိပ်အရေးကြီးတယ်တဲ့ (မှန်ပါ့) ခန္ဓာငါးပါးကိုတော့ သွားပြီးမဆွဲနဲ့ အနိစ္စချည့်ဖြစ်နေတယ် (မှန်ပါ့) ဆွဲတဲ့ ပုဂ္ဂိုလ်အပေါ် အကုန်ပြုတ်ကျမှာဘဲ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲ့ဒီတော့ ခုနေက နိဗ္ဗာန်တည်းဟူသော နေရာဋ္ဌာနဆွဲမိလို့ရှိရင်တော့ဖြင့် ပြုတ်နိုင် ပျက်နိုင်တဲ့သဘောမရှိဘူး (မရှိပါ) ခိုင်တဲ့ မြဲတဲ့သဘောသာရှိတယ် (မှန်ပါ့) အဲ့ဒီတော့ အဆွဲလွဲသေးရဲ့လား (မလွဲပါ ဘုရား)။
အဆွဲမှန်ဖို့ အရေးကြီးတယ်
ဒါဖြင့် ဒကာ ဒကာမတို့ ဘာအရေးကြီးပါလိမ့် (အဆွဲမှန်ဖို့ အရေးကြီးပါတယ်) အဆွဲမမှန်သေးလို့ရှိရင် သံသရာ တောက်လျှောက်မှာ ဒီထဲမှာဘဲကျတယ်နော်၊ မျောသမား မြုပ်သမား (မှန်ပါ့) ရှင်းကြလား (ရှင်းပါပြီ ဘုရား)။
သံသရာထဲနောက်တုံးက တပည့်တော်တို့ ဘာဖြစ်သတုံးဆိုတော့၊ ဘာဖြစ်တယ်လို့တော့ ဘုန်းကြီး မပြောတတ်ဘူး၊ မျောသမား မြုပ်သမားဖြစ်ခဲ့တာတော့ ပြောနိုင်တယ် (မှန်ပါ့) ဦးဘကြည် ရိပ်မီပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖြစ်တယ် ညာဖြစ်တယ် ပြောနေပေမဲ့လဲ မျောသမား မြုပ်သမားမှာ ဇာတ်ဆုံးတာ (မှန်ပါ့) မဆုံးဘူးလား ဦးဘကြည် (ဆုံးပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နောက် တပည့်တော်တို့ ဘာဖြစ်ခဲ့ပါလိမ့်မလုံးလို့ တွေးကြည့်ကြစမ်း (မျောသမား မြုပ်သမား ဖြစ်ခဲ့ပါတယ် ဘုရား) ဒါဖြင့် ကမ်းပေါ်တတ်နိုင်တဲ့ အချိုးအစား မရခဲ့ကြဘူးပေါ့ (မရခဲ့ကြပါ ဘုရား)။
မျောသမားဆိုတာက ဒီဘဝမျောတာ (မှန်ပါ့) မြုပ်သမားဆိုတာ အပါယ်လေးဘုံ ပြောင်းတာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
မျောသမားဆိုတာ ဘာပါလိမ့် (ဟိုဘဝ ဒီဘဝကူးတာပါ ဘုရား) ဟိုဘဝ၊ ဒီဘဝပြောင်းပြီးတော့ ကူးခတ်နေတာ၊ သဘောကျပြီလား (မှန်ပါ့) မြုပ်သမားဆိုတာက မိမိခန္ဓာ အားကိုးလို့ မိမိခန္ဓာနှိပ်စက်ပြီး သကာလ ဘာတုံး (အပါယ်လေးပါး ရောက်သွားတာပါ ဘုရား)။
အပါယ်လေးပါးရောက်သွားတော့ မြုပ်သမားမဖြစ်ဘူးလား (ဖြစ်ပါတယ်) အဲ မြုပ်သမားက တက်လာပြန်တော့ မျောသမားအဖြစ်နဲ့ လာပြန်တာဘဲ (မှန်ပါ့) အမျောသမားအဖြစ်နဲ့ လာပြန်တော့ ရပ်ရွာအားကိုးပြန်တော့လဲ (မြုပ်သမား ဖြစ်ပါတယ်) ဒါဘဲရှိတယ် ကိုင်း ဒကာ ဒကာမတို့ ဘယ်လောက်ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။
သံယုတ်ပါဠိတော်မှာ အဓိပ္ပာယ်ဟောတယ် ဦးဘကြည် (မှန်ပါ့) ဒကာ ဒကာမတွေ ဒါသံဝေဂရစေချင်လို့ ဟောတာ မဟုတ်ပါဘူး၊ ဖြစ်စဉ်ကိုက်ဟောတာလို့မှတ်ပါ (မှန်ပါ့) သံဝေဂရစေချင်လို့ ဘုန်းကြီးက ဟောတာဘဲလို့ မအောက်မေ့နဲ့၊ ခင်ဗျားတို့ ကျုပ်တို့နေခဲ့ရတာ ဒီအတိုင်းဘဲမှတ် (မှန်ပါ့ ဘုရား)။
တကယ့်ဖြစ်စဉ်ပြောနေတာ
သံဝေဂဆိုတော့ ခင်ဗျားတို့ကို တရားအားထုတ်ဖြစ်အောင် ဟောတယ်လို့ ဒီလိုထင်နေလိမ့်မယ် (မှန်ပါ့) မဟုတ်ဘူး တကယ့်ဖြစ်စဉ်ပြောနေတာ ဦးဝင်း၊ သံဝေဂရဖို့လောက် ပြောတာမဟုတ်ဘူး (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ ကိုယ့်အဖြစ် နောက်တုံးက ဘယ်လိုနေခဲ့ရတယ်ဆိုတာကို ထင်ရှားအောင်ပြတာ (မှန်ပါ့ ဘုရား)။
ကိုယ့်အဖြစ်က ဘယ်လိုနေခဲ့ရသတုံး (အမြုပ်သမလား အမျောသမားအဖြစ်နဲ့ နေခဲ့ရပါတယ်) ဟိုဘဝ ဒီဘဝကူးတာ ကဘာတုံး (မျောသမားပါ) ရောက်ရာမှာ ခန္ဓာငါးပါးကို ကိုယ့်ခန္ဓာကြီး ကိုယ်အားကိုးတယ်၊ အနိစ္စခန္ဓာကြီး အားကိုးလိုက်တဲ့ အတွက် အနိစ္စဖြစ်ဖြစ်သွားလို့ ဒေါမနဿတွေနဲ့ သောကတွေနဲ့ ပရိဒေဝတွေနဲ့ မြုပ်သွားတဲ့ဘဝတွေ မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဒါဖြင့် မြုပ်သွားပြန်တော့ အပါယ်လေးပါး၊ မျောပြန်တော့ သုံးဆယ့်တစ်ဘုံဟုတ်လား (မှန်ပါ့) မျော့ပြန်တော့ အထက်ဘုံတွေ ရှောက်မျောနေတယ်၊ မျောရာကနေပြီး အားကိုးလွဲလို့ပြုတ်ကျပြန်တော့ အပါယ်လေးပါးမြုပ်တယ် (မှန်ပါ့)။
ဒါဖြင့် ကျုပ်တို့သည် မြုပ်တာနဲ့ မျောတာ ဘယ်ဟာကြာလိမ့်မယ်ထင်သတုံး အကဲခတ်ကြစမ်း (မြုပ်တာက ကြာပါတယ် ဘုရား) ဒါဖြင့် အပါယ်လေးပါးမှာကြာတယ် (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
အပါယ်လေးပါးမှာ ကြာတယ်
ဘယ်မှာကြာပါလိမ့် (မြုပ်တာကြာပါတယ် ဘုရား) မြုပ်တာကြာတယ်ဆိုတော့ အပါယ်လေးပါးမှာ ကြာတယ် (မှန်ပါ့) အပါယ်လေးပါးက အောက်မှာရှိတာကိုးဗျ (မှန်ပါ့) မျောလာတယ်ဆိုရင်ဖြင့် ပေါ်လို့မျော၊ မျောလို့ရှိရင် အားကိုးရှာတာဘဲ (မှန်ပါ့ ဘုရား)။
ရှာတယ်ဆိုရင်ဖြင့် အနိစ္စတွေချည့် အားကိုးချလိုက်တာဘဲ (မှန်ပါ့) အားကိုးသည်နဲ့ တပြိုင်နက်တည်း အနိစ္စမို့ မခိုင်လို့ အားကိုးတဲ့လူအပေါ်မှာဘဲ ပြုတ်ကျတာဘဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲ့ဒီတော့ဖြင့် ဒကာ ဒကာမတို့ ဒါလောက်ဆရာဘုန်းကြီးက သယ်ယူပို့ဆောင်ပြီး သကာလ မျောသမားလဲသိပြီ၊ မြုပ်သမားလဲ ဖြစ်တော့မှာဘဲဆိုတာ ခင်ဗျားတို့သိနေတော့ သောင်ကမ်းဖြင့်ရှာမှဘဲ၊ ကိုထွန်းဦး လာသင့် မလာသင့် (လာသင့်ပါ တယ် ဘုရား)။
နိဗ္ဗာန်တည်းဟူသော သောင်ကမ်းကြီးကိုဗျာ ဒီကိုတက်ဖြစ်အောင် အလုပ်ကိုဖြင့် လုပ်ဖြစ်အောင် လုပ်ပါမှဘဲ ဆိုတာကို ဆုံးဖြတ်ချက်ချကြ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အင်မတန်ကံထူးလို့ ခင်ဗျားတို့ ဒီဥစ္စာသိရတယ် (မှန်ပါ့) နောက်က ခင်ဗျားတို့ ဘယ်လိုနေခဲ့ရတယ်ဆိုတာ အခု သေသေချာချာပေါ်ပါပြီ (မှန်ပါ့) ဘုရားသေသေချာချာ ဟောတာဘဲ ဦးဘအုန်းရဲ့ (မှန်ပါ့) ဟုတ်ကော ဟုတ်ပုံရရဲ့လားလို့ သံသယမရှိနဲ့ ဒီအတိုင်းသာမှတ် (မှန်ပါ့) ရှင်းကြပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။
ဒါ ပထမသစ်ပင်ကဖိလိုက်တာနဲ့ မြုပ်သွားတယ် (မှန်ပါ့) ဒုတိယသစ်ပင် ဝေဒနာအားကိုးပြန်တော့ ချမ်းသာတာ ကလေး အားကိုးပြန်တော့ ချမ်းသာတာကလေးဟာလဲ ဖြစ်ပျက်ဆိုပြုတ်သွားတာဘဲ (မှန်ပါ့ ဘုရား)။
မြုပ် မသွားရပေဘူးလား
ပြုတ်ထွက်သွားတော့ ချမ်းသာတာကလေးကို မရလိုက်တဲ့ အတွက် ဒကာ ဒကာမတို့ ဒုက္ခဒေါမနဿတွေနဲ့ မြုပ် မသွားရပေဘူးလား (မြုပ်သွားရပါတယ်) မြုပ်သွားတော့ ခုနေက ဒီအပင်ဆွဲလဲ မြုပ်တာဘဲ၊ ဒီဘက်က သညာက္ခန္ဓာ ဆွဲပြန်တော့ ကော (မြုပ်ပါတယ် ဘုရား)။
ကိုယ့်အတတ်ပညာကလေး အားကိုးနေပြန်တော့ သညာကလေးကလဲ အနိစ္စရောက်သွားပြန်တော့ ကိုယ်ကျိုးနည်းပေါ့ ဆိုတာ လာဦးမှာဘဲ၊ မြုပ်ဦးမှာဘဲ (မှန်ပါ့) သင်္ခါရအားကိုးပြန်တော့ကော (မြုပ်ဦးမှာပါ ဘုရား) ဝိညာဏက္ခန္ဓာ အားကိုးပြန်တော့ (မြုပ်ဦးမှာပါ ဘုရား) ကမ်းနားသစ်ပင်ချည်းဘဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲ့ဒီတော့ ခန္ဓာငါးပါး ကမ်းနားသစ်ပင်ဆိုတာ ပေါ်ရောပေါ့ (ပေါ်ပါပြီ ဘုရား) ကျုပ်တို့သည် သုံးဆယ့်တစ်ဘုံ လည်တာက မျောနေတာ (မှန်ပါ့) ရောက်ရာဘုံမှာ အားကိုးတာကဖြင့် ဒီခန္ဓာငါးပါးမှတစ်ပါး ဘာမှအားမကိုးဘူး (မှန်ပါ့ ဘုရား)။
ဒါဘဲ အားကိုးနေတယ် ကိုထွန်းဦး (မှန်ပါ့) အားကိုးပေမဲ့ သူတို့ပိလို့ဘဲ မြုပ်ရတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) တစ်ခါမြုပ်လို့ရှိရင် ဘယ်တော့မှပေါ်မတုံးဆိုလို့ရှိရင် ဟောဖို့မလွယ်ဘူး (မှန်ပါ့ ဘုရား)။
တစ်ခါမြုပ်သွားရင် ဦးဘအုန်း ဘယ်လောက်ခက်သတုံး (မှန်ပါ့) ဒကာ ဒကာမတို့ တခါမြုပ်သွားလို့ရှိရင် ဘယ်တော့ပေါ်လိမ့်မယ်ဆိုတာ ဟောဖို့ကိုမလွယ်ဘူး၊ ဘယ်လောက် ကြောက်စရာကောင်းသတံုံး (ကောင်းပါတယ် ဘုရား)။
နိဗ္ဗာန်သောင်ကမ်းပေါ် မတက်ဖြစ်သ၍
ကြောက်စရာ အင်မတန်ကောင်းတော့ကို သောင်ကမ်းကို ရှာကြပါတော့ (မှန်ပါ့) ဒီက ရေထဲမှာတော့ မျောတယ်၊ သောင်ကမ်းပေါ် တက်မိအောင်တက်၊ ဘယ်လှိုင်း ဘယ်ရေဂယက်မှ ဒီရေမနှိပ်စက်နိုင်တဲ့ နိဗ္ဗာန်သောင်ကမ်းပေါ် မတက်ဖြစ် သ၍ ကာလပတ်လုံးတော့ ဒီမျောလိုက် မြုပ်လိုက်ဘဲနေမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဦးဘကြည် အဓိပတေယျ ဟောသင့်သလား မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား) အဓိပတေယျ ရမှသာလျှင် သောင်ကမ်းတွေ့တာကိုးဗျ (မှန်ပါ့) အဓိပတေယျ မရသေးသ၍ကာလပတ်လုံး (မတွေ့ပါ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ သီလကလေးကြောင့် နတ်ပြည်ရောက်ပြန်တယ်၊ ဒါနကလေးကြောင့် နတ်ပြည်ရောက်ပြန်တယ် ဆိုလို့ရှိရင် ဒီခန္ဓာငါးပါးဘဲ ခင်ဗျားတို့ အားကိုးကြဦးမှာဘဲ (မှန်ပါ့) မကိုးပေဘူးလား (ကိုးမှာပါ ဘုရား)။
ကိုးလိုက်တဲ့အခါကျတော့ ဒါ အနိစ္စခန္ဓာတွေ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ပြုတ်ကျပြန်တော့ ဪ ကိုယ်ဖြင့် ကိုယ်ကျိုးကြီးနည်းပေါ့ ဖြစ်မှဖြစ်ရလေခြင်း မလာပေဘူးလား (လာပါတယ် ဘုရား)။
ကိုယ့်ခန္ဓာအားကိုးရင် အနိစ္စကြီး မြုပ်ပြန်ပြီ၊ ဒါ ဘာတုံး တဏှာ ဥပါဒါန်နဲ့ ဆွဲလိုက်တာဗျ (မှန်ပါ့) ရေထဲကနေပြီး ဆွဲလိုက်တာ ဘာနဲ့ဆွဲလိုက်တာတုံး (တဏှာ ဥပါဒါန်နဲ့ ဆွဲတာပါ ဘုရား) တဏှာ ဥပါဒါန်နဲ့ ဆွဲလိုက်တော့ အားကုန်ရှိသလောက် ဆွဲလိုက်တယ် ဆိုတာကော သေချာပြီလား (သေချာပါပြီ ဘုရား)။
ကမ်းနားသစ်ပင်က ခိုင်မှာလား မခိုင်ဘူးလား
နို့ ကမ်းနားသစ်ပင်က ခိုင်မှာလား မခိုင်ဘူးလား (မခိုင်ပါ ဘုရား) မခိုင်တော့ ဘယ်သူ့ အပေါ် ပြုတ်ကျမယ် (တပည့်တော်တို့အပေါ် ပြုတ်ကျမှာပါ) ရော မျောသမားက တော်သေးတယ်၊ မြုပ်သမားအဖြစ်က မြေဆိုင်နဲ့တကွ အပင်ပါ ပြုတ်ကျတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
မြေဆိုင်နဲ့တကွ အပင်ပါပြုတ်ကျလာတော့ ဒီပုဂ္ဂိုလ်သည် မျောလို့ မောရတဲ့အထဲမှာ မြှူပ်လုံး နဲ့ကြုံပါတယ် ဆိုလို့ရှိ ရင်ဖြင့် ဒီပုဂ္ဂိုလ်လောက် အဖြစ်ဆိုးတာတော့ မရှိပါဘူး (မရှိပါ ဘုရား)။
နဂိုရ်က ဘာသမားတုံး (မျောသမားပါ ဘုရား) နောက် အားကိုးလိုက်တော့ (မြုပ်သမားပါ ဘုရား) အေး ဒါကြောင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ ဪ တပည့်တော်တို့ နောက်တုန်းက ဘယ်လိုများ နေခဲ့ထိုင်ခဲ့ကြရပါလိမ့်ဘုရား၊ တပည့်တော် တို့ကောင်းတာကလေးများ မြင်ခဲ့ကြရပါရဲ့လားလို့ ဘုရားကို လျှောက်ထားရင် ကောင်းတာ ရယ်လို့မမြင်ဘူး၊ မြုပ်တာနဲ့ မျောတာကိုဘဲ မြင်တယ်လို့ ဟောတော်မူမှာဘဲ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲ့ဒီတော့ ခင်ဗျားတို့က လျှောက်ငြားသော်လည်း ဘုရားအမှန်ဖြေမှာကတော့ ဒါဘဲ (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့ ဘာသမားတွေပါလိမ့် (မြုပ်သမား မျောသမားပါ ဘုရား) ဪ နဂိုရ်ကမသိဘူး (မှန်ပါ့) နဂိုရ်ကတော့ မသိဘူး၊ နဂိုရ်ကတော့ ကံကောင်း အကြောင်းသင့်ပြီး လူ့ပြည်ရောက်လာတယ်ထင်တယ်၊ ဘယ်ဟုတ်မလဲဗျ၊ တဏှာမျောလိုက် လို့ (မှန်ပါ့)။
တဏှာမျောလို့ ဒီရောက်လာတယ်၊ ဒီကျတော့လဲ မိမိ ခန္ဓာကြီးဟာ ငါးပါးမရှိဘူးလား (ရှိပါတယ် ဘုရား) ကိုယ်လုပ် ကိုယ်စားရတာပေါ့ ကိုယ်ကျန်းမာဖို့ အရေးကြီးတယ်၊ ကိုယ်ရှာမယ် ကိုယ်ဖွေမယ်ဆိုတာ ဘာအားကိုးသတုံး (ခန္ဓာ အားကိုးပါတယ် ဘုရား)။
ဒါတွေကလဲ အနိစ္စတွေဘဲ၊ ကမ်းနားသစ်ပင်တွေဘဲ ဒကာ ဒကာမတွေ၊ ရီးတီးယားတားလုပ်မနေပါနဲ့ ပြုတ်ကျမှာ ချည့်ဘဲ (မှန်ပါ့)။
ဆွဲတဲ့လူပေါ် ပြုတ်ကျမှာ
ပြုတ်ကျလို့ရှိရင် သူများပေါ် ပြုတ်ကျမှာလား၊ ဆွဲတဲ့လူပေါ် အားကိုးတဲ့လူပေါ် ပြုတ်ကျမှာလားဆိုတာ တွေးလုံး ထုတ်ပါ (မှန်ပါ့ ဆွဲတဲ့လူပေါ် ပြုတ်ကျမှာပါ ဘုရား) ဒါဖြင့် မြုပ်မှ မြုပ်ပါ့မလား (မြုပ်ပါတယ် ဘုရား)။
အဲ့ဒါကြောင့် ခင်ဗျားတို့ မြုပ်တယ်ဆိုတာ သေချာပြီး သကာလ နေတော့ အားမကိုးကောင်းတာ အားကိုးတဲ့အတွက် မြုပ်လုံးနဲ့ဘဲ အချိန်ကုန်ကြတယ်ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား)။
အဲ့ဒါတွေသိမှတော့ ခင်ဗျားတို့သည် ဪ ဒီဇာတ်ကို သိမ်းမှကောင်းမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီဇာတ်သိမ်းမှ ကောင်းမယ်ဆိုတော့ အမျောသမားလဲ မဖြစ်ရအောင် တဏှာသတ်ရလိမ့်မယ်၊ မြုပ်သမားလဲ မမြုပ်ရအောင် ခန္ဓာ အားမကိုးပါနဲ့ (မှန်ပါ့) ဦးဘကြည်နှစ်ချက်လာပြီ (မှန်ပါ့)။
မျောသမားမဖြစ်ရအောင် ဘာလုပ်ရမယ် (အမျောသတ် ရပါမယ် ဘုရား) မြုပ်သမားမဖြစ်အောင် (ခန္ဓာ အားမကိုးရ ပါ ဘုရား)။
ခန္ဓာကို အားမကိုးရဘူူး၊ ခန္ဓာကိုယ်အနတ္တကို အနတ္တအတိုင်းထားရမယ်၊ သွားမဆွဲနဲ့ (မှန်ပါ့) ဆွဲရင် ပြုတ်ကျလိမ့်မယ် နော် (မှန်ပါ့)။
အင်မတန်အဖိုးတန်တဲ့တရားပါကလား ကိုထွန်းဦး (မှန်ပါ ဘုရား) အင်မတန် အဖိုးတန်တဲ့တရား ဒကာ ဒကာမတွေ (မှန်ပါ့)။
ခင်ဗျားတို့ အင်မတန် ကံကြီး အကြောင်းကြီးပြီး သကာလ ပုံစံနဲ့တကွ ပြပြီးဟောတော့မှ ကိုယ့်ဖြစ်ထွေနဲ့ ကိုယ်နဲ့ ကိုယ်လာခဲ့တဲ့လမ်းကြီးကို တစ်ခါတည်း မျက်လုံးထဲ တန်းကြည့်လိုက်တဲ့အခါကျတော့ ဪ နောက်က ဖြစ်စဉ် ကြည့်လိုက် ရလို့ ရှိရင်ဖြင့် အတော်ရုပ်ဆိုး အကျည်းတန်ပါကလား၊ ဆင်းရဲမျိုးစုံကို ကုန်ရော တွေ့ခဲ့တာ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဒကာသိုက်ရေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ နောက်က ကိုယ်နေခဲ့တဲ့ဖြစ်စဉ်ကြီး ကောင်းကောင်းပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ဘယ်လို များနေခဲ့ကြသလဲ (မြုပ်သမား မျောသမား အဖြစ်နဲ့ နေခဲ့ကြပါတယ် ဘုရား) မျောတာက ဘယ်သူ့ကြောင့်လဲ (တဏှာကြောင့်ပါ ဘုရား) မြုပ်တာက (ခန္ဓာကြောင့်ပါ ဘုရား) အနိစ္စတရားအားကိုးမိလို့ (မှန်ပါ့) တဏှာ ဥပါဒါန်နဲ့ ခင်မင်မိလု့ိ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါ ကိုယ့်ကိုယ်ကိုတောင် မဟုတ်ဘဲနဲ့ ကိုယ့် ခင်ပွန်းမတွေ့သားသမီးတွေ အားကိုးရင်ကော (ပြုတ်ကျမှာပါ ဘုရား) ပြုတ်ကျမှာချည့်ဘဲလို့ ဆုံးဖြတ်ချက်ချစမ်းပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ရှိတဲ့ပစ္စည်းကလေး အားကိုးပြန်လဲ ခန္ဓာထဲက ရူပက္ခန္ဗာထဲကဘဲ (မှန်ပါ့ ဘုရား) သူလဲ ဘာဖြစ်မှာတုံး (ပြုတ်ကျမှာပါ ဘုရား)။
သုံးဆယ့်တစ်ဘုံထဲမှာဖြင့် ပြုတ်ကျမှာသာရှိတယ်
ပြုတ်ကျမှာချည့်ဘဲဆိုတာ ဦးဝင်းရေ သုံးဆယ့်တစ်ဘုံထဲမှာဖြင့် ပြုတ်ကျမှာသာရှိတယ်၊ အားကိုးရာမရှိဘူး (မှန်ပါ့) ဆိုထိုက်ပြီလား (ဆိုထိုက်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အကြောင်းကိုယ်သိပြီလား (သိပါပြီ ဘုရား) ကိုယ့်အကြောင်း ကိုယ်သိတော့ ပြင်ချင်ပြင် ဘုန်းကြီးက အခုပြောပြီ ဒကာ ဒကာမတို့ မဂ္ဂင်ရှစ်ပါးကို အဓိပတိထိုက်အောင် လုပ်ပါ၊ အဓိပတိထိုက်အောင်မှ မလုပ်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ နိဗ္ဗာန်သောင်ကမ်းပေါ်တင်မယ်မဟုတ်ဘူး (မှန်ပါ့)။
နိဗ္ဗာန်သောင်ကမ်းဆိုတာက ဘယ်လိုရေ ဘယ်လိုလှိုင်း ဘယ်လိုဂယက် ဘယ်လိုဝဲတို့မှ သူ့ကိုလှုပ်ရှားနိုင်အောင် လုပ်နိုင်ရဲ့လား (မလုပ်နိုင်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မြုပ်စရာ မျောစရာရှိသေးရဲ့လား (မရှိပါဘူး) ဒါဖြင့် တို့သည်ကား လို့ ဆိုရင်ဖြင့် လုပ်မှ ကိုက်မယ်၊ မလုပ်လို့ရှိရင် ဒီနေရာ ရောက်မှာမဟုတ်ဘူး၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် မျောသမား မြုပ်သမားအဖြစ်ကို ကိုယ့်ဖြစ်စဉ်ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ဒီဘက်က ရူပက္ခန္ဗာအားကိုးလဲ ဘာဖြစ်မှာတုံး (မြုပ်မှာပါ ဘုရား) အနိစ္စမို့ ပြုတ်ကျမှာဘဲ၊ ပြုတ်ကျတော့ သူ့ပေါ်မှာ ဘဲဖိ၊ ဖိလို့ သူဘာဖြစ်ရမတုံး (မြုပ်မှာပါ ဘုရား) ဒီဘက်က ခန္ဓအားကိုးလိုက် ပြန်ပြီ သစ်ပင်ကို (မြုပ်မှာပါ ဘုရား) ပြုတ်ကျမှာဘဲ ပြုတ်ကျရင် ဘာဖြစ်မယ် ထင်သတုံး (မြုပ်မှာပါ ဘုရား)။
ဒီဘက်က သညာက္ခန္ဗာ အားကိုးလိုက်ပြန်လဲ (ပြုတ်ကျမှာပါ ဘုရား) ပြုတ်ကျလို့ မြုပ်မှာဘဲ၊ ဒီဘက်က သင်္ခါရက္ခန္ဗာ အားကိုးလိုက်ပြန်လဲ (ပြုတ်ကျမှာပါဘဲ ဘုရား) ဒီဘက်က ဝိညာဏက္ခန္ဗာ အားကိုးရင် (ပြုတ်ကျမှာပါ ဘုရား)။
ကဲ မြုပ်သွားပြီ တဲ့ ဒီပုဂ္ဂိုလ်၊ ကမ္ဘာပေါင်းများစွာကို မြုပ်တော့မှာဘဲ (မှန်ပါ့) မမြုပ်ပေဘူးလား (မြုပ်ပါတယ် ဘုရား)။
အပါယ်လေးပါးက တက်လာပြန်တော့လဲ
မြုပ်လို့ အပါယ်လေးပါးက တက်လာပြန်တော့လဲ လူ့ပြည် မျောလာပြန်ပြီ၊ အပါယ်လေးပါးက တက်လာပြန်တော့ တဏှာမျောလိုက်တာနဲ့ ဒီဘက်ရောက်လာပြန်ပြီ (မှန်ပါ့) ရောက်ပြန်ရင် ဒီသစ်ပင် တွေ့ဦးမှာဘဲ (မှန်ပါ့) တွေ့ပြန်ရင် ဘာလုပ်ဦးမှာပါလိမ့် (ဆွဲဦးမှာပါ ဘုရား) ဆွဲရင် ဘာဖြစ်ဦးမယ် (မြုပ်ဦးမှာပါ ဘုရား)။
ဒါဖြင့် ပထမကတည်းက မြုပ်နေပြီဗျ၊ ဒီဘက် သွားတာဟာ အပိုပြောတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ပထမကတည်းက မြုပ်နေတော့ မြုပ်ပြီး နောက်တစ်ခါ မျောရုံ ကျန်တော့တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဪ ဒါဖြင့် တပည့်တော်တို့၏ နေခဲ့ရသည့်ဖြစ်စဉ်ဟာဖြင့် ကိုယ့်ကိုယ်ကြည့်လိုက်ပြန်လဲ အလွန်ဆိုးဝါးတဲ့ အခြေအနေပါကလား၊ သူတစ်ပါး ကြည့်လိုက်ပြန်လဲ ထို့အတူဘဲဆိုတော့ ဦးဝင်းတို့ အခုအချိန် ဘာရှာဖို့ အရေးကြီးသလဲ (သောင်ကမ်းရှာဖို့ အရေးကြီးပါတယ် ဘုရား)။
အဲ့ဒီတော့ သောင်ကမ်းရှာဖို့ အရေးကြီးတယ် ဆိုငြားသော်လည်း ခင်ဗျားကို သောင်ကမ်းကို ပြပေးနိုင်တဲ့ ဆရာတွေ့ဖို့ ကလဲ မလွယ်သေးဘူး (မှန်ပါ့ ဘုရား) လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။
သောင်ကမ်းအားကိုးရာကို တကယ်မေးတော့မယ် ဆိုငြားသော်လဲ ခုနင်က နတ်ပြည်အရောက်ပို့ထားတဲ့ ဆရာနဲ့ ဆိုတော့ နတ်ခန္ဓာငါးပါးမြုပ်ဦးမှာဘဲ (မှန်ပါ့) ဗြဟ္မာခန္ဓာကော (မြုပ်ဦးမှာပါ ဘုရား)။
အဲ့ဒီလိုဆိုရင် ခင်ဗျားတို့ မြုပ်သမားဘဲ ရောက်သွားဦးမယ် (မှန်ပါ့) မရောက်ပေဘူးလား ရောက်မလား (ရောက်မှာပါ ဘုရား)။
ခင်ဗျားတို့က တရားဆိုရင်ဖြင့် ကိုယ်က မသိတော့ ဘာဖြစ်ဖြစ် အဟုတ်ဘဲချည့်လို့ ထင်ချင် ထင်ပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။
အခု သေသေချာချာဟောတော့ နတ်ခန္ဓာလဲ ငါးပါးဘဲ (မှန်ပ့ါ) ဗြဟ္မာခန္ဓာကော (ငါးပါးပါ ဘုရား) မျောလာတဲ့ ပုဂ္ဂိုလ် ဒီငါးပါး အားမကိုးပေဘူးလား (ကိုးပါတယ် ဘုရား) ကိုးရင် အနိစ္စခန္ဓာတွေနဲ့ ဘာဖြစ်မယ်ထင်ကြသတုံး (ပြုတ်ကျ မှာပါ ဘုရား)။
ပြုတ်ကျတော့ ဘယ်သူ့ပေါ်မှာ ဖိသတုံး (ဆွဲတဲ့လူပေါ်မှာ ဖိပါတယ် ဘုရား) နတ်ပေါ်မှာလဲ ပိတယ်၊ ဗြဟ္မာပေါ် မှာလဲ ဖိတယ် (မှန်ပါ့ ဘုရား) ပိတော့သူလဲ အောက်ကျအောင် မြုပ်တာဘဲ (မှန်ပါ့)။
အပါယ်လေးပါးကျအောင် မြုပ်ပြန်တော့ ဪ ဒီနေရာ ဒီဋ္ဌာနတွေဟာ မျောရာ မြုပ်ရာ ဋ္ဌနတွေဘဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
မတက်မိရင်တော့ဖြင့် ကိုယ်ကျိုးကြီးနည်းပေါ့
အေး ဒီတစ်ခါကျမှ သောင်ကမ်းတက်မိရင် တက်မိ၊ မတက်မိရင်တော့ဖြင့် ကိုယ်ကျိုးကြီးနည်းပေါ့ (မှန်ပါ့) ခင်ဗျားတို့ အတွက် ဦးဝင်း ပြောထိုက် မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။
ပြီးတော့လဲ ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ သောင်ကမ်းပေါ် တက်နည်းကိုလဲ ဆရာကောင်း သမားကောင်းက ဒီလို တက်ရင်ရောက်မယ်၊ ပြောပေးမည့်သူ ရှိသေးတယ် (မှန်ပါ့)။
ခင်ဗျားတို့နောက်က နေခဲ့ရတာဖြင့် မြုပ်လိုက် မျောလိုက် ဆိုရင် ပြောမည့်လူကို မလာဘူး (မှန်ပါ့) နည်းပေးတဲ့သူကော (မလာပါ ဘုရား)။
ဘုရားတဆူဆူ ပွင့်တော်မူကြတယ်ဆိုပေမဲ့ မြုပ်တဲ့အထဲ တာရှည်တော့ ဘုရားကလဲ အဲဒီ ကျုပ်တို့ မြုပ်တဲ့ဆီကို မရောက်ဘူးဗျ (မှန်ပါ့) ဘယ်မှာနေကြသတုံး ကျုပ်တို့က (မြုပ်နေကြပါတယ် ဘုရား) မြုပ်တယ်ဆိုတာ အပါယ်လေးဘုံ။
ဦးလှ ဘယ်မှာနေကြပါလိမ့် (အပါယ်လေးဘုံမှာပါ ဘုရား)။ အဲ့ဒီနေရာ ဘုရားရောက်ပါရဲ့လား (မရောက်ပါ ဘုရား) ဘုရားကိုတော့ မြင်တော့ မြင်မယ်၊ မြင်ပေမဲ့လဲ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်တွေ ဖြစ်နေတဲ့အတွက် ဘုရားက မကြွဘူး (မှန်ပါ့) ကျွတ်တမ်းဝင်စရာမရှိဘူးဆိုပြီး လာသေးရဲ့လား (မလာပါ ဘုရား)။
ကျုပ်တို့ မြတ်စွာဘုရားက ၄၅ ဝါတဲ နေရတော့ ကဗျာကယာ ကျွတ်တမ်းဝင်မဲ့ပုဂ္ဂိုလ်တွေဆီ အမြဲလိုက်ပြီး ကယ်နေ ရတော့ နေ့မအိပ် ညမအိပ် အလုပ်လုပ်တော်မူရတာကိုးဗျ (မှန်ပါ့) အပါယ်ငရဲ ကျွတ်တမ်းမဝင်မည့်ဆီသွားဖို့တောင် သိပ်အချိန် မရပါဘူး (မရပါဘူး)။
မျောသမား မြုပ်သမားဖြစ်နေလို့
အဲ့ဒီတော့ ကျုပ်တို့သည် ဘုရား အဆူဆူပွင့်တော်မူသော ကျွတ်တမ်း မဝင်ခဲ့တဲ့အဓိပ္ပာယ် အခုကိုယ်ပိုင် ဉာဏ်နဲ့ ကြည့်တော့ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ဘာဖြစ်နေကြတာတုံး (အပါယ်လေးပါး နစ်နေပါတယ် ဘုရား) ဒီလိုဆိုပါ မျောသမား မြုပ်သမားဖြစ်နေလို့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အခုတော့ဖြင့် ဒကာသိုက်ရေ ကိုယ်တိုင် နားလည်ရတဲ့ အတွက် ယုံပေါ့ဗျာ (ယုံပါတယ် ဘုရား) ဒကာ ဒကာမတွေ အားလုံး ယုံပြီလား (ယုံပါပြီ ဘုရား)။
ဒါဖြင့် ယခုအချိန်မှာ တပည့်တော်တို့ ဆရာဘုန်းကြီးက ဟောလို့ ခန္ဓာငါးပါးကို အားမကိုးတော့ဘူး၊ အနိစ္စကို အနိစ္စမှန်းသိမယ်၊ ဒုက္ခကို ဒုက္ခမှန်းသိမယ်၊ အနတ္တမို့ ကိုးစားစရာ အားထားစရာမရှိဘူးလို့ သိမယ်ဆိုရင်ဖြင့် ဆွဲပါဦးမလား (မဆွဲပါ ဘုရား)။
မခင်လို့ မဆွဲတယ်၊ မခင်လို့ မဆွဲတော့ ဦးဘကြည်ရေ ခင်တာက တဏှာကိုးဗျ (မှန်ပါ့) မခင်တော့ ဆွဲမိသေးရဲ့လား (မဆွဲမိပါ ဘုရား)။
ဒါဖြင့် မခင်ခြင်းကြောင်လဲ ဒီတဏှာရေကလဲ ခမ်းသွားတယ် (မှန်ပါ့) ဒီတဏှာက ရေဘဲမဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
အဲ့ဒီတော့ မခင်တဲ့ပုဂ္ဂိုလ်မှာ တဏှာရေ မခမ်းဘူးလား (ခမ်းပါတယ် ဘုရား) မဆွဲတဲ့ပုဂ္ဂိုလ်မှာ ပြုတ်ကျစရာရှိသေး ရဲ့လား (မရှိပါ ဘုရား)။
အဲ့ဒီတော့ တဏှာရေခမ်းပြီး ပြုတ်လို့ ပိလို့ မဖြစ်နိုင်တဲ့ အခြေအနေဟာ့ဖြင့် အလုပ်လုပ်မှဘဲ ရမယ် (မှန်ပါ့)။
ဦးဘကြည် ဘာလုပ်ရမတုံး၊ ဒီနေ့တရားက တဏှာရေခမ်းအောင် လုပ်ရမယ်၊ ဟိုဟာကို မဆွဲမိအောင် ကြိုးစားရမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
တဏှာရေခမ်းအောင်ကော (လုပ်ရပါမယ် ဘုရား) ကမ်းနားသစ်ပင်ငါးခုကော (မဆွဲရပါ ဘုရား) မခိုင်ဘူးဆိုတာ သိရမယ်၊ ဒါကြောင့် မဆွဲဖြစ်ဘူး၊ (မှန်ပါ့) မဆွဲဖြစ်ဘူးဆိုတာသည် တဏှာ ဥပါဒါန် မရှိအောင် နေပါလို့ ပြောတာဘဲ ဦးဘအုန်းရဲ့ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတွေ ဪ ဒီတရားဟာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတဲ့ဥစ္စာ တကယ်ကိုဘဲ တကယ့်ကို ကျေးဇူးများတဲ့ တရားပါကလား၊ ကမ်းနားသစ်ပင်အကြောင်းနဲ့ ပတ်သက်ပြီး ကိုယ်တော်မြတ်ကြီးဟောတော်မူ တာသည် တို့၏ နောက်ဖြစ်စဉ်ကိုလဲ သေချာတယ်၊ ရှေ့ကိုလဲ ဆရာဘုန်းကြီး အကူအညီနဲ့ တို့ သောင်ကမ်း တွေ့မည့်ဥစ္စာ ဆိုတော့ တို့အကြောင်းဆိုးတာလဲ တို့ သိရပြီ၊ တို့ အကြောင်းကောင်းတာလဲ တို့ သိရပြီ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
နိဗ္ဗာန်သောင်ကမ်းကြီးကို တက်မိအောင်
အကြောင်းဆိုးဟာ နောက်က ပြန်ကြည့်လိုက်တော့ ဒကာ ဒကာမတွေ မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ဒီကရှေ့ ဟောမည့်တရားကလည်း နိဗ္ဗာန်သောင်ကမ်းကြီးကို တက်မိအောင် ဟောမည့်တရား (မှန်ပါ့)။
ခင်ဗျားတို့ကလည်း အားထုတ်ပြီးတက်မယ်ဆိုလို့ရှိရင် အရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား) ဪ တို့ သံသရာ စခန်းသတ်မဲ့တရားပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
သံသရာစခန်းသတ်ချင်တော့ကို ဒကာ ဒကာမတွေ တဏှာရေခမ်းအောင်လုပ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
တဏှာရေခမ်းရင် မျောစရာ လိုသေးသလား (မလိုပါ ဘုရား) ကမ်းနားသစ်ပင်ကို ကမ်းနားသစ်ပင်မှန်းသိအောင်လုပ် (မှန်ပါ့) ပျက်တတ်တယ် ပျောက်တတ်တယ် မခိုင်ဘူး (မှန်ပါ့ ဘုရား)။
ဒါဖြင့် ခန္ဓာငါးပါးကို အနိစ္စ ဒုက္ခ အနတ္တရှုပေါ့ဗျာ (မှန်ပါ့) ပျက်တယ် ပျောက်တယ် မခိုင်ဘူး ဆိုတာ ဦးဘကြည် မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရေခမ်းအောင်လဲ လုပ်ရလိမ့်မယ် (မှန်ပါ့) အားမကိုးထိုက်တာမို့ အားမကိုးတဲ့အလုပ်ကိုလဲ လုပ်ရလိမ့်မယ် (မှန်ပါ) မလုပ်ရပေဘူးလား (လုပ်ရပါမယ် ဘုရား)။
ဒီလိုဆိုလို့ရှိရင် ဒကာ ဒကာမတို့ ရေခန်း၍ သစ်ပင်ပိစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား) သစ်ပင်မဆွဲခြင်းကြောင့် လဲသစ်ပင်ပိစရာရှိသေးရဲ့လား (မရှိပါ ဘုရား) သစ်ပင်မဆွဲခြင်းကြောင့်လဲ သစ်ပင်ပိစရာ လိုသေးရဲ့လား (မလိုပါ ဘုရား) မလိုသောကြောင့် မြုပ်သမားဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။
ဒါဖြင့် ရေခမ်း၍ သစ်ပင်မပိအောင် ဘုန်းကြီးက ဟောရလိမ့်မယ် (မှန်ပါ့) မဟောရပေဘူးလား (ဟောရပါတယ် ဘုရား) ဒကာသိုက် မလွယ်ဘူးနော် (မှန်ပါ့)။
ရေခမ်းအောင်လုပ်ဖို့လဲမလွယ်ဘူး မဆွဲမိအောင် သူတို့ပြောဖို့ရာကော (မလွယ်ပါ ဘုရား) မလွယ်ဘူး သူ့ဟာက အတင်းဆွဲနေကြတာ (မှန်ပါ့)။
ရန်ဖြစ်မှ သာပြီး သိသာသေးတယ်
ရန်ဖြစ်မှ သာပြီး သိသာသေးတယ်၊ အကြင် လင်မယားမတည့်တဲ့အခါဖြစ်စေ၊ မောင်ချင်း နှမချင်း မတည့်တဲ့အခါဖြစ်စေ ဘယ်သူ့အားကိုးရမလဲ၊ ကိုယ့်ကိုယ်ကို အားကိုးတယ်၊ အံမာ ခန္ဓာငါးပါးကို တခါတည်း အားကိုးလိုက်တယ် ဆွဲယူလိုက်မယ် အစရှိသည်နဲ့ ကိုယ့်ကိုယ်ကို အားကိုးမယ်ဆိုတဲ့အလုံးတွေ မလာကြဘူးလား (လာပါတယ် ဘုရား)။
ဘယ်သူ့ အရေးစိုက်ရမှာတုံးတဲ့၊ မဟုတ်ဘူးလား (မှန်ပါ့) သူများလိုဘဲ ခြေနှစ်ဘက် ပုခုံးနှစ်ဘက်နဲ့ဘဲ စိတ်နဲ့ဘဲ ဘယ်သူ့အောက်မှမကျဘူး အစရှိသည်နဲ့ ကိုယ့်ခန္ဓာငါးပါး ကမ်းနားသစ်ပင်ကို အတင်းဆွဲတာဘဲ (မှန်ပါ့) ပိမှာ မြုပ်မှာကော ဦးထွန်းဦး မြင်သေးရဲ့လား (မမြင်ပါ ဘုရား) အဲ့ဒါ ဘယ်အခါ မမြင်တာတုံး ဆိုတော့ အဝိဇ္ဇာအုပ်ချုုပ်ပြီး ဒေါသများ ကြီးလာတဲ့ အခါကျတော့ ကမ်းနားသစ်ပင်ကို အတင်းဆွဲမယ်ဆိုတာပြောတာဘဲ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။
မိန်းမတွေမှာလဲ ထို့အတူဘဲ၊ ယောကျာ်းတွေမှာလဲ ထို့အတူဘဲ၊ ဆိုင်ရာဆိုင်ရာ အားကိုးလုံးရှိကြတယ် (ရှိကြပါတယ်) မရှိပေဘူးလား (ရှိပါတယ် ဘုရား)။
အဲ့ဒီတော့ ပစ္စည်းအားကိုးလဲ ပစ္စည်းကရုပ်ဓမ္မ၊ ဘာသစ်ပင်တုံး (ကမ်းနားသစ်ပင်ပါ ဘုရား) မောင်နှမတွေ အားကိုပြန် တော့ကော (ကမ်းနားသစ်ပါ) သားတွေသမီးတွေအားကိုးပြန်လဲ (ကမ်းနားသစ်ပါ) ကမ်းနားသစ်ပင်ဆိုတာ အနိစ္စတရားကို ပြောတာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် အကုန်အနိစ္စဖြစ်မှ ခင်ဗျားတို့သည် မမြုပ်မယ် (မှန်ပါ့) ဒါကြောင့် ဘုရားက သဗ္ဗေသင်္ခါရာ အနိစ္စာလို့ဟော တာဟာ ဟောထိုက် မဟောထိုက် (ဟောထိုက်ပါတယ် ဘုရား)။
ဘာဖြစ်လို့တုံးဆိုတော့ အနိစ္စမှန်းသိနေတော့ သူတို့ အားမကိုးတော့ဘူး (မှန်ပါ့) အားမကိုးရင် မြုပ်စရာရှိသေးရဲ့လား (မရှိပါ) မြုပ်စရာမရှိရင်ဖြင့် ဒကာ ဒကာမတွေ အားမကိုးတာသည် မခင်လို့အားမကိုးတာ (မှန်ပါ့ ဘုရား)။
မခင်ဘူးဆိုကတည်းက တဏှာခမ်းပြီ
မခင်ဘူးဆိုကတည်းက တဏှာရှိသေးရဲ့လား (မရှိပါ ဘုရား) မခင်ဘူးဆိုကတည်းက တဏှာခမ်းပြီ (မှန်ပါ့) အားမကိုးဘူးဆိုကတည်းကိုက ဒီခန္ဓာငါးပါး မခိုင်မှန်းသိပြီ (မှန်ပါ့)။
မခိုင်မှန်းသိတော့ မခင်တာရယ် မခိုင်မှန်းသိတာရယ် ဒီနှစ်ခု အရေးကြီးတယ် (မှန်ပါ့) မခင်လို့ရှိရင် ဒကာ ဒကာမတွေ ဘာဖြစ်လဲ (တဏှာသေပါတယ်) မခိုင်မှန်းသိရင်ကော (အနိစ္စမြင်ပါတယ်) သဘောကျပြီလား (ကျပါပြီ ဘုရား)။
မခင်လို့ရှိရင် တဏှာရေခမ်းတယ်၊ သဘောကျပြီလား (ကျပါပြီ) မခိုင်မှန်းသိရင် အနိစ္စ ဒုက္ခ အနတ္တအကုန်မြင်တာဘဲ (မှန်ပါ့) ဒုက္ခသစ္စာလို့ကော (မြင်ပါတယ် ဘုရား) မြင်တာဘဲတဲ့ ဒီအပင်ဆွဲလိုက်ရင် ကိုယ့်အပေါ်ပိမှာ၊ ကိုယ့်ဒုက္ခရောက်မှာ ဆိုတော့ ဒုက္ခသစ္စာတွေကော မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။
အဲ့ဓီတော့ ဒကာ ဒကာမတွေ သား လင် ခင်ပွန်းတွေကို အားကိုးဖို့လိုသေးလား (မလိုပါ ဘုရား) ယောကျာ်းတွေက လည်း ကိုယ့်ကိုယ်ကို ယောကျာ်းဘဲကွလို့ မာန်တက်စရာရှိသေးလား (မရှိပါ ဘုရား)။
တက်ကြည့်စမ်းပါလား ခန္ဓာငါးပါးဟာ ဘာသစ်ပင်တဲ့ (ကမ်းနားသစ်ပင်ပါ ဘုရား) ကိုယ်က မျောသမား ဖြစ်ရတဲ့ အထဲ မြုပ်သမားဖြစ်ချင်လို့ ယောကျာ်းဘဲကွလို့ ခါးတောင်းကြိုက်တာဘဲ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ခါးတောင်းကြိုက်တဲ့ပုဂ္ဂိုလ်များ ကြည့်လိုက်လို့ရှိရင် မင်းမြုပ်ချင်လို့ကြိုက်ပြန်ပြီ (မှန်ပါ့) မဆိုထိုက်ဘူးလား ဆိုထိုက် ပြီလား (ဆိုထိုက်ပါပြီ ဘုရား)။
အဲ့ဒီတော့ ဒါလောက်ထိအောင် ခင်ဗျားတို့ ခန္ဓာကိုယ်ခင်တဲ့ ပုဂ္ဂိုလ်အပေါင်းဟာဖြင့် မမြင်လို့ အားကိုးတာဘဲ ရေသောက်မြစ်လဲမရှိဘူး၊ ရေစားလို့ကော ဦးဘကြည် ဒီသစ်ပင်ဟာ ဘယ်လိုဆွဲဆွဲ မြဲစရာရှိသေးသလား (မရှိပါ ဘုရား)။
အဲ့ဒီတော့ ဒကာ ဒကာမတို့ဆွဲတဲ့ ပုဂ္ဂိုလ်ဆိုရင်ဖြင့် အမှားတော်ပုံ အကြီးမြုပ်ချင်လို့ဘဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲ့ဒီတော့ ဘယ်သူပြောပြော ငါ့အားကိုး နင့်အားကိုးလို့ ပြောပြောမယုံနဲ့၊ တစ်ခါတည်း အကုန်ပိတ် လိုက်တယ် ခင်ဗျားတို့ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်သူကပြောပြော ပြောလို့ရှိရင်ဖြင့် ဘုန်းကြီးဟောတဲ့တရားအတိုင်း ကမ်းနားသစ်ပင်က တော်အောင် ပြောနေတာ၊ မြုပ်တာကြည့်ချင်လို့ ထင်ရဲ့၊ ဒီလိုအဖြေထွက်ရတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘာများအားကိုးကြသေးသတုံး
ဘာများအားကိုးကြသေးသတုံး (ကမ်းနားသစ်ပင် အားကိုးနေပါတယ် ဘုရား) သေသေချာချာစဉ်းစားနော် ဦးဝင်း (မှန်ပါ့) ကိုယ့်ဟာကိုယ် တိတ်တိတ်ပုန်း ဘယ်သူရှိနေလို့ ဘယ်သူ့အားကိုးနေရတယ်လို့ ဆိုလို့ရှိရင်ဖြင့် ဒါဟာ အနိစ္စထင်တဲ့ ဝိပ္ပလ္လာသက အားကိုးနေတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
တဏှာရေက ခမ်းပါဦးမလား (မခမ်းပါ ဘုရား) တဏှာရေမခမ်းဆို ခင်လို့ အားကိုးတာကိုးဗျ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
အဲ့ဒီတော့ တဏှာရေကလည်းခမ်း၊ အားကိုးလုံးကလည်းခင်တယ် မြုပ်သွားတာကလည်း ခင်တယ်ဆိုတော့ အမြုပ်သမား ဖြစ်ဦးမယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ကျေနပ်ပြီလား (ကျေနပ်ပါပြီ) ဘယ်လိုကျေနပ်သတုံး (အမြုပ်သမားမဖြစ်အောင် လုပ်ရပါမယ်) အမြုပ်သမား အမျောသမားမဖြစ်အောင် လုပ်ရမယ် နိဗ္ဗာန်သောင်ကမ်းပေါ် တက်မိအောင်လုပ်ရမယ် (မှန်ပါ့ ဘုရား)။
အဓိပတိထိုက်အောင်လုပ်
မြုပ်သမား၊ မျောသမားအဖြစ်မှ လွတ်၍နိဗ္ဗာန်သောင်ကမ်းတက်မိအောင် ကြိုးစားမှသာလျှင် ဦးဘကြည် ခိုင်လုံတော့ မယ် (မှန်ပါ့) ဒါဖြင့် အဓိပတိထိုက်အောင်လုပ် (မှန်ပါ့ ဘုရား)။
ဦးဘကြည် ဘယ်လိုလုပ်ရမလဲ (အဓိပတိထိုက်အောင်လုပ်ရပါမယ်) ဒါဖြင့် အဓိပတိ မထိုက်သ၍ ကာလပတ်လုံး ကျုပ်တို့ဘယ်လိုနေရမယ်ဆိုတာကော ပေါ်ပြီလား (ပေါ်ပါပြီ) ဘယ်လိုနေရမတုံး (အမျောသများ အမြုပ်သမားအဖြစ်နဲ့ နေရပါမယ်) အမျောသမား အမြုပ်သမားမှာလည်း ဘယ်ဟာ တာရှည်သတုံး (အမြုပ်သမားက တာရှည်ပါတယ် ဘုရား)။
ဒါကြောင့် ဂင်္ဂါသဲမှုန့်နဲ့အမျှ ဘုရားမြတ်စွာတွေဆိုတော့ ဦးဘကြည် ဘုရားပေါင်းဘယ်လောက်တုန်း (မရေတွက် နိုင်ပါ ဘုရား) ဘယ့်နှယ့်ကြောင့် ရှာမတွေ့ပါလိမ့်မတုံးဆိုတော့ (အမြုပ်သမားဖြစ်နေလို့ပါ) မပေါ်သေးဘူးလား (ပေါ်ပါပြီ) ဒီတစ်ခါမြုပ်ရင်ဖြင့် နောက်လဲ တော်တော်နဲ့ တွေ့စရာမြင်သေးသလား (မမြင်ပါ ဘုရား)။
အဲ့ဒီတော့ ကိုယ်ကျိုးနည်းတာ ခင်ဗျားတို့ အရေးမကြီးပါဘူး၊ နောင် ဒုက္ခပင်လယ်ဝေပြီး ငရဲထဲမှာ အချိန်ကုန်ပြီး သကာလ နေကြရင် အဲ့ဒါမှ ကိုယ်ကျိုးနည်းတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ယနေ့ခင်ဗျားတို့ ဘယ်ရောက်အောင်ကျိုးစားရမယ်ဆိုတာကော ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) နိဗ္ဗာန်ရောက် အောင် ကြိုးစားပါမယ်၊ အေး နိဗ္ဗာန်သောင်ကမ်းပေါ် တက်မိအောင်ဆိုတော့ အဓိပတေယျဖြစ်အောင် ဦးဘကြည် ကြိုးစား ဂမယ် (မှန်ပါ့ ဘုရား)။
ဦးလှ နေရာကျပြီလား (ကျပါပြီ ဘုရား) ကိုထွန်းဦး ဘာဖြစ်မှာတုံးဗျ (နိဗ္ဗာန်သောင်ကမ်းသို့ ရောက်အောင် လုပ်ရပါ မယ် ဘုရား) မလုပ်လို့ ခင်ဗျားတို့ မတက်မိဘူးဆိုရင်ဖြင့် မျောသမားဖြစ်မှာဘဲ (မှန်ပါ့ ဘုရား)။
မျောသမားဖြစ်သွားရင် မြုပ်သမား သွားပြန်ဦးတော့မယ်၊ မသွားပေဘူးလား (သွားပါတယ် ဘုရား) မျောသမာဆိုတာ က ခင်ဗျားတို့ ဝဋ်တောင့်တပြီးလုပ်ထားတဲ့ ဝဋ်ကုသိုလ်၊ ဒါန သီလကလေးက မျှောပစ်လိုက်လိမ့်မယ် (မှန်ပါ့) မျှောပြီး ရောက်ရာဘဝမှာ ကိုယ့်ကိုယ်ကို အားကိုးဆိုတဲ့ ခန္ဓာငါးပါး အားကိုးလုံးက လာမလား မလာဘူးလား (လာမှာပါ ဘုရား) လာရင် မြုပ်ဦးမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
နောက်ဘဝ ငါဘာဖြစ်မှာတုံး
အဲ့ဒီတော့ ဒီဘဝမျောသွားရင် နောက်ဘဝ ငါဘာဖြစ်မှာတုံးဆိုရင် ဒကာ ဒကာမတွေ ဖြေတတ်ပြီလား (ဖြေတတ်ပါ ပြီ) ဘာဖြစ်မယ် (မြုပ်သမားဖြစ်မှာပါ) နောက်တုန်းကတော့ ဘယ်လိုနေခဲ့ရသတုံး (မြုပ်သမား မျောသမားပါ ဘုရား)။
ဒီဘဝစုတေ မနေ သေလွန်လို့ရှိရင် နတ်ဗြဟ္မာဖြစ်မယ်၊ စကြာဝတေးမင်း၊ မန္ဓာတ်မင်း ဖြစ်လိမ့်မယ်လို့ မပြောဘူး ဘာဖြစ်လိမ့်မယ်လို့ ပြောလို့လည်းမလွယ်ဘူး မြုပ်သမား မျောသမားဖြစ်လိမ့်မယ်လို့ ပြောဖို့ကတော့ သေချာတယ် (မှန်ပါ့) ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒီနေ့ ဘာအရေးကြီးသတုံး (နိဗ္ဗာန်သောင်ကမ်းရောက်ဖို့ လုပ်ရန် အရေးကြီးပါတယ် ဘုရား) နိဗ္ဗာန်သောင်ကမ်း ကို ဘယ်လိုဖြစ်မှ ရောက်နိုင်မတုံးဆိုတော့ ခုနေက ဥစ္စာပြန်စနော် (မှန်ပါ့) ခုနေက ပညာမဂ္ဂင်ဘယ်နှစ်ပါးပါလိမ့် (နှစ်ပါးပါ) သီလမဂ္ဂင်ကကော (သုံးပါး) သမာဓိမဂ္ဂင်ကကော (သုံးပါးပါ) အဲ့ဒါကို ခင်ဗျားတို့ ပြည့်စုံအောင်လုပ်ပါ (မှန်ပါ့) ဒါဟာ ဖောင်ကြီးဖြစ်လာတယ် (မှန်ပါ့) ဒါကြောင့် မဂ္ဂင်ဖောင်ကြီးဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဘယ်လိုလှိုင်း၊ ဘယ်လိုဂယက် ဘယ်လိုဒီရေမ လှုပ်ရှားလို့ ပျောက်ပျက် ပျက်ဆီးနိုင်တဲ့ စွမ်းရည်သတ္တိရှိရဲ့လား (မရှိပါ) ဒါဖြင့် မဂ္ဂင်ဖောင်ကြီးဖြစ်ဖို့ အတော်အရေးကြီးပါတယ် (မှန်ပါ့) ဒီ မဂ္ဂင်ဖောင်ကြီးနဲ့မှ နိဗ္ဗာန်သောင်ကမ်းကိုရောက်မှာ ကိုးဗျ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
မဂ္ဂင်ဖောင်ကြီးမရှိဘဲနဲ့လဲ နိဗ္ဗာန်သောင်ကမ်းရောက်ဖို့ ဒကာ ဒကာမတွေ လွယ်ကူပါ့မလား (မလွယ်ကူပါ ဘုရား) မလွယ်ကူဘူး တဏှာရေကြောလည်း ဖြတ်ရဦးမှာကိုး (မှန်ပါ့) အခုတော့ တဏှာ မကုန်သေးဘဲကိုး (မှန်ပါ့) မကုန်သေးတော့ ကိုထွန်းဦး တဏှာရေကြောကို မဂ္ဂင်နဲ့ဖြတ်ရဦးမှာ (မှန်ပါ့) မဖြတ်လို့ရှိရင်လဲ ရောက်ပါ့မလား (မရောက်ပါ ဘုရား)။
မဂ္ဂင်ဖောင်ရဖို့အရေးကြီးတယ်
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဘာမှအားမကိုးနဲ့ ဒီမဂ္ဂင်ဖောင်ရအောင် ခင်ဗျားတို့ အရေးကြီးပြီ (မှန်ပါ့)။
ဦးဘကြည် ဘယ့်နှယ့်တုံး (မဂ္ဂင်ဖောင်ရဖို့အရေးကြီးပါတယ် ဘုရား) သူကတော့ ဘယ်လို တဏှာရေမျိုးမဆို ဖြတ်တောက်ပြီး ထွက်သွားမှာဘဲ (မှန်ပါ့) မထွက်ပေဘူးလား (ထွက်ပါတယ် ဘုရား)။
အေး ဒါကြောင့် မဂ္ဂင်ဖောင်စီးမိအောင် စီးဖြစ်အောင် ဒကာ ဒကာမတို့ ကိုယ်တိုင်ကြိုးစားရင် စီးဖြစ်ပါလိမ့်မယ် (မှန်ပါ့ ဘုရား) ကိုယ်တိုင်မကြိုးစားရင်တော့ဖြင့် (မဖြစ်ပါ ဘုရား)။
ဒါဖြင့် ဦးဝင်း ဒီည မဂ္ဂင်ဖောင်တော့ မဖြစ် ဖြစ်အောင်လုပ်ဗျာ (မှန်ပါ့) ဦးဘအုန်း ဘယ့်နှယ့်လုပ်မလဲ (မဖြစ် ဖြစ်အောင် လုပ်ရပါမယ် ဘုရား) မဖြစ်လို့ရှိရင် ခင်ဗျားတို့ ကိုယ်ကျိုးနည်းရချည့်ရဲ့၊ ဒါမဖြစ်ဘဲသေသွားရင် မျောသမား မြုပ်သမား (မှန်ပါ့) နဂိုရ်မူရင်းအတိုင်း ပြန်မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။
နဂိုရ် ဘယ်ကလာခဲ့တာတုံး (မျောသမား မြုပ်သမားဘဝက လာခဲ့တာပါ ဘုရား)။
မဂ္ဂင်ဖောင်ကလဲ ဒီဘဝမဆင်ဖြစ်ဘူး၊ ဆင်တတ်အောင်ပေးတတ်တဲ့ ဆရာနဲ့လည်း မတွေ့ဘူးဆိုရင် ဦးဘကြည် တို့ကလည်း ဆင်ဖြစ်အောင်မလုပ်တတ်၊ ဆင်ဖြစ်အောင် ဝီရီယမစိုက်ဘူးဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ နဂိုရ်မူရင်းအတိုင်းဘဲ ပြန်လှည့်ရမယ် (မှန်ပါ့) မလှည့်ရပေဘူးလား (လှည့်ရပါတယ် ဘုရား) နဂိုရ်မူရင်းဆိုတာ ဘာပါလိမ့် (မျောသမား မြုပ်သမား ပါ ဘုရား)။
မျောသမား မြုပ်သမားဆိုတော့ ဒကာ ဒကာမတွေ ကျောင်းဒကာလဲ မျောသမား မြုပ်သမားဖြစ်နိုင်တာဘဲ၊ ဘုရား ဒကာကော (ဖြစ်နိုင်သေးတာဘဲ ဘုရား) နောက်တုန်းက မျောမြုပ်လာတာ အဓိပတိမဖြစ်လို့ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား) ဒီ အဓိပတိမဖြစ်သေးရင် ဒီကျောင်းဒကာ ဘုရားဒကာတွေပင် ဘာဖြစ်ရဦးမှာပါလိမ့် (မျောသမား မြုပ်သမားပါ ဘုရား)။
နတ်ပြည်မှာ ဘုံပေါက်ပြီး
အဲ့ဒီတော့ ဒီတရားကို သေသေချာချာမှတ်၊ မင်းတို့သည် နောင်ဘဝကျလို့ရှိရင် နတ်ပြည်မှာ ဘုံပေါက်ပြီး သကာလ ခံစားလို့ဘယ်မှာ ဆုံးနိုင်တော့မတုံး ဆိုတော့ နတ်ပြည်မျောသွားတာတော့ မထည့်ဘူး (မှန်ပါ့)။
နတ်ခန္ဓာအားကိုး ပြီး သကာလ နတ်ခင်ပွန်းမတွေ နတ်ခင်ပွန်းသည်တွေ အစရှိသည်ကို အားကိုးပြီး ခင်လျက် မင်လျက်နဲ့ စုတိစိတ်ကျသွားတော့ သူ့ကို သတ်လိုက်တာဆိုရင်ကော လွဲသလား (မလွဲပါ ဘုရား) အဲ့ဒီတော့ နတ်ပြည်ရောက်လည်း နောက်မြုပ်ရဦးမှာဘဲ (မြှုပ်မှာဘဲ၊ အပါယ်လေးပါး ကျဦးမှာပါ ဘုရား)။
ကဲ ဒါဖြင့် နတ်ပြည်ရောက်တာက ကောင်းသလားဆိုတော့ အဓိပတိထိုက်ပြီးမှ ရောက်လို့ရှိရင် ဦးဘကြည် သေချာတယ် (မှန်ပါ့) အဓိပတိမထိုက်ဘဲရောက်ရင်တော့ (မသေချာပါ ဘုရား) စိတ်မချရဘူးဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) စိတ်မချရဘူးဆိုတာ ဦးဘကြည်ရေ လုံးလုံးမဖြစ်နိုင်သလောက်နေရာပါဘဲ (မှန်ပါ့)။
ဒီက အရှိန်မပါရင် (မဖြစ်နိုင်ပါ ဘုရား) လုံးလုံးကို နတ်ပြည်ကျမှ သောတာပန်တည်ဖို့အရေးဟာ ဒီက ပါမသွား လို့ရှိရင် ဦးဘကြည် အတော်ခဲယဉ်းပါတယ် (မှန်ပါ့ ဘုရား) အင်္ဂုတ္ထိုရ်က ဒီကပါရင်တော့ ရတယ်ပြောတာ (မှန်ပါ့) ရှင်းကြ ပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ရှေ့ကို ခင်ဗျားတို့ ဘာများဖြစ်ချင်သေးသတုံး (ဘာမှမဖြစ်ချင်ပါဘူးဘုရား၊ နိဗ္ဗာန်သာ ရောက်ချင်ပါတယ် ဘုရား) ဘယ်နေရာမှ မဖြစ်ချင်ဘူးဆိုတဲ့ အဓိပ္ပာယ် အင်မတန်ရှင်းပါတယ် တဲ့၊ မျောသမား မြုပ်သမားမဖြစ်ချင်ဘူးလို့ ပြောတာ (မှန်ပါ့) ဖြစ်သေးတဲ့ ပုဂ္ဂိုလ်ကတော့ မျောသမား မြုပ်သမားဘဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်ဘာတုံး (မျောသမား မြုပ်သမားပါ ဘုရား) ဒါဘဲတဲ့၊ နောက်တုံးက မူရင်းအတိုင်းဘဲ ကိုထွန်းဦး ဖြစ်ရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီမဂ္ဂင်ဟာ ဘုန်းကြီးနေ့တိုင်းပြောနေတယ် ဦးဘကြည်ရဲ့၊ ရှုတုန်းမှာ ငါးပါးပြည့်စုံတော့ (ရှစ်ပါးပါ ဘုရား)။
ဒီငါးပါးသည် အဓိမပါဘူး
ဒါဖြင့် ခင်ဗျားတို့သည် ရှုတုန်းမှာတော့ ငါးပါးဘဲရမယ်ဆိုတော့ ဒီငါးပါးသည် အဓိမပါဘူး (မှန်ပါ့) ပါပါ့မလား (မပါပါ ဘုရား) အဓိပညာလို့ရရဲ့လား (မရပါ ဘုရား)။
အဓိစိတ္တလို့ကော (မရပါ ဘုရား) အဓိစိတ္တဆိုတာ သမာဓိကိုဗျနော် (မှန်ပါ့ ဘုရား) မရသေးတဲ့အဓိကို တပ်လို့ မရသေးဘူး (မှန်ပါ့)။
ဒါဖြင့် ဒါလောက်နဲ့ စိတ်ချရမလားလို့မေးရင် (မချရပါ ဘုရား) ဟောဒီ သီလမဂ္ဂင်သုံးပါး တိုးလာတော့မှ သူလဲ အဓိပတိဖြစ်တယ် (မှန်ပါ့) သူကော (အဓိပတိဖြစ်ပါတယ် ဘုရား) ဒီဘက်ကကော (အဓိပတိဖြစ်ပါတယ် ဘုရား) ဒါဖြင့် ဒီသုံးပါး ဝင်လာမှ သေချာတာပါလား (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်ဆိုတဲ့ မဂ္ဂင်ရှစ်ပါးစုံမှုဟာ ကျုပ်တို့၏ နိဗ္ဗာန်သောင်ကမ်းကူးခပ်ဖို့ရာ မဂ္ဂင်ရှစ်ပါး ယာဉ်ရထားသော်၎င်းင်း၊ ဖောင်ကြီးသော်၎င်းင်း ကိုယ်ပိုင်ရတာဘဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) မြုပ်စရာကော မျောစရာကော ဒကာ ဒကာမတို့ ရှိသေးသလား (မရှိပါ ဘုရား)။
ဒါဖြင့် ဖောင်ကြီးဆင်တယ်ဆိုရင် ရှစ်လုံးတွဲဆင်လို့တော့ မဖြစ်ဘူး (မှန်ပါ့) ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား) ငါးလုံးကို အရင်မဆင်ရပေဘူးလား (ဆင်ရပါတယ် ဘုရား) နောက်မှ တစ်ခါ တွဲတွဲ တွဲတွဲယူသွားလို့ရှိရင်ဘဲ ဦးဘကြည် ရှစ်လုံးမပြည့် ပေဘူးလား (ပြည့်ပါတယ် ဘုရား)။
အဲ့ဒီ ရှစ်လုံးပြည့်တဲ့အခါကျတော့မှ အင်း ဖောင်ကိုယ်ပိုင်ရှိပေါ့ဆိုပြီး သကာလ သူကျတော့ ဆန်ဖောင်သက်သက်၊ မျောဖောင်မဟုတ်ဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘာဖောင်ပါလိမ့် (ဆန်ဖောင်ပါ ဘုရား) ဆန်ဖောင် သက်သက်ပါဘဲ တဲ့၊ မျောဖောင်မဟုတ်ပါဘူး (မှန်ပါ့)။
ဒါဖြင့် ကျုပ်တို့သည် ဒီဟာမရှိသ၍ ကာလပတ်လုံးဖြင့် ကိုထွန်းဦးရေ စိတ်ချလက်ချကို မနေနဲ့ဦး (မှန်ပါ့) တော်ပါ့ မလား (မတော်ပါ ဘုရား) စိတ်ချလက်ချ မနေနဲ့နော် ဒကာ ဒကာမတို့ (မှန်ပါ့) ရွှေရှိရင် စိန်ရှိရင် ကျုပ်တို့ ဒါရှိသားဘဲ ဘာ ပူစရာမရှိတုံး တဲ့၊ ဘာမှ ပူစရာမဟုတ်ဘူး၊ မြုပ်အောင်တော့ လုပ်လိမ့်မယ် (မှန်ပါ့)။
ဘာပူစရာရယ်လို့ မဟုတ်ပါဘူး ဒကာ ဒကာမတို့ ရွှေတွေ ခင်ရင် မြုပ်မှာဘဲ၊ သူက ကမ်းနားသစ်ပင်ကိုး (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်သောင်ကမ်းကို ဘာနဲ့သွားမတုံး
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့က ဘာအားကိုးကြမတုံး (မဂ္ဂင်ကို အားကိုးကြပါမယ် ဘုရား) နိဗ္ဗာန်သောင်ကမ်းကို ဘာနဲ့သွားမတုံး (မဂ္ဂင်နဲ့ သွားပါမယ် ဘုရား) မဂ္ဂင်နဲ့သွားမှ ရောက်မှာဖြစ်တော့ ကျုပ်တို့ကိုယ်ပိုင်ရှိဖို့က ဘာပါလိမ့် (မဂ္ဂင်ပါ ဘုရား) မဂ္ဂင်ကိုယ်ပိုင်ရှိဖို့ပါဘဲ (မှန်ပါ့)။
ဒီမဂ္ဂင်ကလဲ သူတပါးဆင်ပေးလို့မရဘူးလား (မရပါ ဘုရား) ဦးဘကြည် ဘယ့်နှယ့်တုံး (ကိုယ့်ဟာကိုယ် ဆင်ရပါမယ် ဘုရား) ကိုယ့်ဟာကိုယ် ဆင်ရမယ်နော် ဒကာ ဒကာမတွေ (မှန်ပါ့)။
အကြင် လင်မယားနှစ်ယောက်ရှိတယ်၊ ဒီ မဂ္ဂင်ဖောင်ကို မင်းအတွက် ငါဆင်ပါမယ် ယောကျာ်းက ဆိုလို့ကော (မရပါ ဘုရား) ဟာ ကျမဆင်ပေးမယ်ဆိုလို့ကော (မရပါ ဘုရား) ဒါ ကိုယ်တိုင်မှ ကိုယ်ရမှာပေါ့ (မှန်ပါ့)။
မဂ္ဂင်ရှစ်ပါးဆိုတာလဲ အလိုလိုပေါ်တဲ့တရားလားတဲ့ ဒကာ ဒကာမတို့ ဟုတ်လား ဆရာကောင်း သမားကောင်းဆီ နည်းရပြီး သကာလ ကိုယ်တိုင်ကြိုးစားမှ ပေါ်တဲ့တရားလို့ သေသေချာချာမှတ်ပါ (မှန်ပါ့)။
ဆရာကောင်း သမားကောင်းဆီက နည်းရဖို့ ၁ – နံပါတ် ကိုယ်တိုင်ကြိုးစားဖို့က (၂ – နံပါတ်ပါ ဘုရား) အဲ့ဒီ ၁ – ၂ နဲ့ ပြည့်စုံမှရမယ် (မှန်ပါ့)။
ဆရာကောင်းသမားကောင်းဆီက နည်းရဖို့က ဘာတုံး (နံပါတ် ၁ ပါ ဘုရား) ကိုယ်တိုင်ကြိုးစားတာက (နံပါတ် ၂ ပါ ဘုရား)။
ဒီဖောင်မဖြစ်လို့ ရှိရင် နိဗ္ဗာန်သောင်ကမ်း မကပ်နိုင်ဘူး
အဲ့ဒီ ၁ နဲ့ ၂ သာ ခင်ဗျားတို့ လက်လွှတ်ထားကြမယ်ဆိုရင်ဖြင့် ဘယ်နည်းနဲ့မှ ဒီဖောင်မဖြစ် (မှန်ပါ့) ဒီဖောင်မဖြစ်လို့ ရှိရင် နိဗ္ဗာန်သောင်ကမ်း မကပ်နိုင်ဘူး (မှန်ပါ့) ကပ်နိုင်ပါမလား (မကပ်နိုင်ပါ ဘုရား)။
မကပ်နိုင်လို့ရှိရင်ဖြင့် ဖောင်ကလဲမရှိ၊ ကပ်လဲမကပ်နိုင်ဖြစ်နေတော့ ဪ တို့အကျိုးပေးက မျောသမား မြှုက်သမား ဘဲ ဒီဘဲပြန်ရောက်မယ် (မှန်ပါ့) တခြားရောက်စရာရှိသေးရဲ့လား (မရှိပါ ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂင်လုပ်ရမည့် အလုပ်ဘဲ ဆိုတော့ လုပ်သာလုပ်ပေတော့၊ မဂ္ဂင်မလုပ်ရှိရင် ဖြစ်ကို မဖြစ်ဘူးဆိုတာ ပေါ်ပြီလား (ပေါ်လာပါပြီ ဘုရား)။
ပေါ်လာတော့ ခင်ဗျားတို့ စိတ်ကို ဟောလို့ ရှိရင်လဲ ဝေဒနာပါသည်၊ ဝေဒနာဟောလို့ ရှိရင်လဲ စိတ်ပါတယ် ဆိုတော့ ခင်ဗျားတို့သန္တာန်၌ လောဘစိတ်လဲ လာချင်လာမယ်၊ ဒေါသစိတ်ကော (လာပါမယ် ဘုရား) မောဟစိတ်ကော (လာပါမယ် ဘုရား) လာမှာဘဲ၊ လောဘဆိုတာက လိုချင်တာ၊ ဒေါသဆိုတာက သူတပါးမုန်းတာ၊ မောဟဆိုတာက စိတ်လွင့်နေတာရယ်၊ သံသယရှိနေတာရယ်၊ ဒါမောဟဘဲ၊ မောဟက နှစ်မျိုးရှိတယ် (မှန်ပါ့)။
စိတ်လွင့်နေတာလဲ ဘာလဲ (မောဟပါ ဘုရား) ဟုတ်မှဟုတ်ပါ့မလားလို့ သံသယရှိနေတာကော (မောဟပါ ဘုရား)။
အဲ့ဒီတော့ လောဘပေါ်လဲခင်ဗျားတို့ ဖြစ်ပျက်ရှုပေးလို့ ဆရာဘုန်းကြီးက သတိပေးလိုက်တယ် (မှန်ပါ့) လောဘ ဟဒယဝတ္တုပေါ်မှာဘဲ ပေါ်တယ်၊ တခြားနေရာမှာ မပေါ်ဘူး (မှန်ပါ့)။
ဘယ်နေရာမှာပေါ်သတုံး (ဟဒယဝတ္တုပေါ်မှာ ပေါ်ပါတယ် ဘုရား) သူ့ကိုဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုပေးရပါမယ် ဘုရား) ဖြစ်ပျက်ရှုတော့ သူက အနိစ္စဖြစ်မယ်၊ သူက မဂ္ဂ ဆိုတော့ မဂ္ဂင်လာဖြစ်တယ် (မှန်ပါ့)။
ငါးလုံးတွဲဖောင်တော့ ဖြစ်လာတယ်
ငါးလုံးတွဲဖောင်တော့ ဖြစ်လာတယ်၊ သို့သော် လှိုင်းတွေ ဂယက်တွေကို မခံနိုင်သေးဘူး (မှန်ပါ့) ခံနိုင်ပါ့မလား (မခံနိုင်ပါ ဘုရား) ဘာဖြစ်လို့ မခံနိုင်သလဲဆိုတော့ ရှစ်လုံးတွဲလောက် မမြိုင်သေးလို့ပေါ့ဗျာ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ငါးလုံးတွဲကလေးနဲ့လဲ ဒကာ ဒကာမတွေက တော်လောက်ပြီလို့ လုပ်မနေနဲ့ဦး ဟုတ်လား၊ ရှစ်လုံးတွဲ မဖြစ်သေးဘူး၊ ခိုင်လောက်အောင်ကြိုးစားပါဦး ဆိုတာကိုလဲ တိုက်တွန်းရပြန်တယ် ဒကာသိုက်ရဲ့ (မှန်ပါ့)။
ကဲ သွားပါဦး ဒေါသစိတ်ပေါ်လာရင် ဘာလုပ်မယ် (ဖြစ်ပျက်ရှုပါမယ် ဘုရား) သူလဲ အနိစ္စဘဲလို့ ရှုပစ်၊ ရှုပစ်တဲ့အခါ ကျတော့ ဒကာ ဒကာမတို့ ခုနေက လောဘစိတ်ပေါ်တုန်းကတော့ ဘာလုပ်ခဲ့တယ် (ဖြစ်ပျက်ရှုပါတယ် ဘုရား) ဖြစ်ပျက်ရှုလိုက်တော့ သူက ဖြစ်ပျက်အနိစ္စဖြစ်သွားတယ်၊ သူက မဂ္ဂဖြစ်သွားတော့ လောဘဟာ တဏှာဘဲ မဟုတ်လား (မှန်ပါ့ ဘုရား) ဥပါဒါန်လာသေးရဲ့လား (မလာပါ ဘုရား) ဘဝတွေကော (မလာပါ ဘုရား) ဟာ ဘဝမှ မလာတော့ဘဲဆိုတော့ မျောသမားလဲ ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား) ဒါတွေ အနိစ္စမို့အားမကိုးတော့ သူက ပြုတ်ကျသေးရဲ့လား (မပြုတ်ကျပါ ဘုရား)။
မကျတော့ ဒကာ ဒကာမတွေ သူ့ကို အနိစ္စရှုလိုက်တဲ့အတွက် တဏှာရေလည်း မခမ်းဘူးလား (ခမ်းပါတယ် ဘုရား) အားကိုးကော ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတဲ့အတွက် ပြုတ်ကျစရာကော (မရှိပါ ဘုရား) မရှိတော့ တဏှာလဲခမ်း၊ ပြုတ်လို့ ကျလို့ ပိစရာလည်းမရှိ (မှန်ပါ့) ဦးဝင်း ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲ့ဒီကဲ့သို့မရှိတဲ့အခါကျတော့ ဘာရှိသတုံးဆိုတော့ သူက တဏှာရေကလဲမရှိ၊ အားမကိုးသောကြောင့် ပြုတ်ကျမဲ့ သစ်ပင်ကော (မရှိပါ ဘုရား) မရှိတော့ အခုဘာရှိနေသတုံးဆိုတော့ ဖောင်ဘဲရှိတယ် (မှန်ပါ့) သစ်ပင်မရှိ၊ ရေမရှိ၊ ဖောင်ကိုယ် တိုင်ရှိ၏ (မှန်ပါ့)။
ဒကာ ဒကာမတွေ သစ်ပင်လဲမရှိဘူး၊ တဏှာရေလည်းမရှိဘူးဆိုတော့ ဘာရှိနေသတုံး (ဖောင်ရှိပါတယ် ဘုရား) ဖောင်ဘဲရှိတယ်ဆိုတော့ ခင်ဗျားတို့ ကုန်းပေါ် အခုကိုစပြီးရောက်မယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဦးဘကြည် အခုကို မရောက်သေးဘူးလား (ရောက်ပါတယ် ဘုရား) ရေကော မခမ်းသေးဘူးလားဗျာ (ခမ်းပါတယ် ဘုရား)။
သစ်ပင်ကော ပိသေးရဲ့လား (မပိပါ ဘုရား) မပိတော့ အခုဘာရထားသတုံး (ဖောင်ဘဲ ရထားပါတယ် ဘုရား) ဖောင်ကြီးလား ဖောင်သေးလား (ဖောင်သေးပါ ဘုရား)။
ဖောင်သေးဆိုတော့ လှိုင်းလေ မခံနိုင်ဘူး
အဲ ဖောင်သေးဆိုတော့ လှိုင်းလေ မခံနိုင်ဘူးပေါ့ဗျာ (မှန်ပါ့) ဘာဖြစ်လို့တုံး (ဖောင်သေးမို့ပါ) မဂ္ဂင်စုံလား (မစုံသေးပါ ဘုရား)။
မစုံသေးတော့ ဒကာ ဒကာမတွေ မှတ်လိုက်ပါဦး၊ ဒီဥစ္စာသည် လှိုင်းလေတွေ မခံနိုင်သေးဘူး၊ လေဘလှိုင်း၊ ဒေါသ လှိုင်း၊ မောဟလှိုင်းတွေ တကယ်တိုက်လိုက်ပါမယ်ဆိုရင် ခံနိုင်ပါ့မလား (မခံနိုင်ပါ ဘုရား)။
ဒါဖြင့် ဖောင်ကြီးဖြစ်အောင် ခင်ဗျားတို့ ကြိုးစားပါဥိး (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
ကဲ ဒေါသ ခင်ဗျားတို့ သန္တာန်ဖြစ်လဲ ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ်) ဖြစ်ပျက် အနိစ္စရှုလိုက်ပြန်လဲ ဒေါသ နောက်က သောက ပရိဒေဝဆိုတဲ့ဟာတွေ လာသေးရဲ့လား (မလာပါ ဘုရား)။
မလာတော့ ဒကာ ဒကာမတွေ သစ်ပင်မပိသောကြောင့်လဲ သောက ပရိဒေဝမလာဘူး (မှန်ပါ့) အဲ့ဒီတော့ ရေလဲခမ်း သစ်ပင်လည်းမရှိဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား) ဘာကိုလဲ ကိုယ်ပိုင်ရသလဲ (ဖောင်လဲ ကိုယ်တိုင်ရပါတယ် ဘုရား)။
တစ်ခါ မောဟ ဝီစိကိစ္ဆာလာတယ်၊ ဥဒ္ဓစ္စလာပြန်လဲ ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ် ဘုရား) ရှုလိုက်တဲ့အခု ကျတော့ တဏှာရော မသေဘူးလား (သေပါတယ် ဘုရား)။
တဏှာ မာန ဒိဌိတွေအကုန်မသေဘူးလား (သေပါတယ် ဘုရား) အဲ့ဒီတော့ ရေခမ်းဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
သူ့ကို အနိစ္စရှုသောကြောင့် သူ့ကို အားကိုးလုံးမလာတဲ့အတွက်ကော ပိစရာလိုသေးလား (မလိုပါ ဘုရား) သူ့ကို ကျုပ်တို့မဆွဲဘူးဗျ (မှန်ပါ့) ဆွဲသေးရဲ့လား (မဆွဲပါ ဘုရား)။
မဆွဲတော့ ပိစရာကော ဒကာ ဒကာမတို့ (မရှိပါ ဘုရား) မရှိတဲ့အတွက် ရေလဲခမ်း သစ်ပင်လည်း မပိရဘူး (မှန်ပါ့) ဘာကို ကိုယ်ပိုင်ရသလဲ (ဖောင် ကိုယ်ပိုင်ရပါတယ် ဘုရား)။
ကောင်းပြီ ဒါ ဖောင်သည်ကားလို့ဆိုရင် ဒကာ ဒကာမတွေက လုံလောက်ပြီလား၊ မလုံလောက်သေးဘူးလားဆိုရင် ဖြင့် မလုံလောက်သေးဘူး (မှန်ပါ့)။
ဦးဘကြည် ဘာတုံး (မလုံလောက်သေးပါ ဘုရား) မလုံလောက်သေးရင် ထပ်ပြီးဆင်ပေါ့ဗျ (မှန်ပါ့)။
ဒကာ ဒကာမတွေ မလုံလောက်ရင် ဘာလုပ်ရမတုံး (ထပ်ဆင်ရပါမယ် ဘုရား)။
ထပ်ဆင်ရလိမ့်မယ် ဆိုတော့ နေ့တိုင်း ဟောနေတဲ့ တရားကို ဒကာ ဒကာမတွေ အသိသားဘဲ၊ ဖြစ်ပျက် ခုနင်က ပြီးခဲ့ပြီနော် (မှန်ပါ့)။
ခင်ဗျားတို့လုပ်ထားတဲ့ ကုသိုလ်ကလေးလာတောင် ဒီကုသိုလ်ကလေး ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှု ရပါမယ်) ဒီလိုမဟုတ် ဘဲ သာမညကုသိုလ်ကလေး အားကိုးလိုက်လို့ရှိရင်လဲ ဂွကျနေဦးမှာဘဲ (မှန်ပါ့)။
ခင်ဗျားတို့ ဒါနလုပ်ထားတဲ့ကုသိုလ်တွေ ငါ့မှာ ဒါနရှိသားဘဲဆိုပြီး ဒါနကလေးနဲ့သေတာ သုဂတိကတော့ မြဲဦးမှာ ပေါ့ဗျာ (မှန်ပါ့)။
တော်တော်ကြာ သုဂတိကတော့ ခန္ဓာငါးပါးအားကိုးဦးမှဘဲ (မှန်ပါ့) ကိုးတော့ ဦးဘကြည် ဘာဖြစ်မယ်ထင်သတုံး (ပြုတ်ကျမှာပါ ဘုရား)။
ကုသိုလ်လဲ ဘာလုပ်ရမတုံး
အဲ ဒါကြောင့် ခင်ဗျားတို့ ကုသိုလ်လဲ ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါမယ်) အဲ့ဒီတော့ ကုသိုလ်ခင်တွယ်တဲ့ တဏှာက လာသေးရဲ့လား (မလာပါ ဘုရား)။
အဲ့ဒီတော့ တဏှာရေလဲ မခမ်းဘူးလား (ခမ်းပါတယ် ဘုရား) ခင်ဗျားတို့ ဘာကိုယ်ပိုင်ရသလဲ (ဖောင်ကိုယ်ပိုင် ရပါတယ်) စုံပြီလားတဲ့ ဒီဖောင် (မစုံသေးပါ ဘုရား)။
မစုံသေးတော့ ဒီဖြစ်ပျက်တွေကို ဒကာ ဒကာမတွေ နိဗ္ဗိန္ဒဉာဏ်ရအောင် မုန်းအောင်ရှုပါ (မှန်ပါ့) ကုသိုလ်လဲရှု၊ အိပ်ချင်တဲ့စိတ်တွေကော (ရှုရပါမယ်) နိုးတဲ့စိတ်တွေကော (ရှုရပါမယ်) ပေါ်တဲ့စိတ်တွေအကုန်သာရှု (မှန်ပါ့) မုန်းအောင်ရှု (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
မုန်းအောင်ရှုတဲ့အခါကျတော့ ခုနေကလို ဖြစ်ပျက်မြင်တာမဟုတ်ဘူး၊ မုန်းလာပြီ (မှန်ပါ့) မုန်းလာလို့ရှိရင် မဂ္ဂင်ငါးပါး မရဘူးလား (ရပါတယ် ဘုရား)။
သို့သော် ဖာင်ရှစ်လုံးစုံပြီလား (မစုံသေးပါ ဘုရား) မစုံသေးရင် ကုန်အောင်လုပ် (မှန်ပါ့) ဦးဘကြည် တော်တော်နဲ့ စုံနိုင်ပါ့မလား (မစုံနိုင်ပါ ဘုရား)။
တရားဟောနေသလောက် လွယ်တာမဟုတ်ဘူးဗျ၊ တကယ်လုပ်တော့လေ (မှန်ပါ့) တကယ်လုပ်တော့ မဂ္ဂင်ရှစ်ပါးစုံ ဖို့ အားလုံးဒကာ ဒကာမတွေ လွယ်တယ်များအောက်မေ့ မနေနဲ့နော် (မှန်ပါ့) ဖြစ်ပျက်ကနေပြီး ဖြစ်ပျက်မုန်းဖို့ကို အတော် လုပ်ယူရတယ် (မှန်ပါ့)။
သို့သော် ပါရမီထက်တဲ့ ပုဂ္ဂိုလ်ကျတော့ ဖြစ်ပျက်ဆိုပြီး ခဏနဲ့ဘဲ မုန်းချင်မုန်းလာတာ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ မုန်းပြီး သကာလ ဒီဖြစ်ပျက်တွေကို ခင်ဗျားတို့ ဆုံးအောင်ကြည့်လို့ ဆရာဘုန်းကြီးက မသင်ဘူးလား (သင်ပါတယ် ဘုရား)။
အို သင်ပေမဲ့ ခင်ဗျားတို့ အလိုလို ဆုံးလိမ့်မယ်များ ထင်သလား (မထင်ပါ ဘုရား) အလိုလိုဆုံးတာမဟုတ်ဘူးတဲ့ ဒကာ ဒကာမတို့ ဖြစ်ပျက်ဟာ ဪ ဒီရုပ်နာမ်တွေဘဲ၊ ခန္ဓာတွေဘဲ၊ ဒါတွေဟာ ဒုက္ခအစစ်တွေဘဲ၊ သုံးဆယ့်တစ်ဘုံမှာဖြင့် ရုပ်နာမ်ဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။
ဒုက္ခမှန်းသိပြီး သကာလ ဒီဥစ္စာတွေသည်ကား လို့ ဆိုရင်ဖြင့် အိုဘေး နာဘေး သေဘေးတွေနဲ့ ရောထွေးနေတာဘဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အိုသေနဲ့ ရောထွေးနေတယ်
ဦးဘကြည် ဒါဘာနဲ့ ရောထွေးနေသတုံး (အိုသေနဲ့ ရောထွေးနေပါတယ်) ဒါဖြင့် ခန္ဓာငါးပါးသည် အိုဘေး နာဘေး သေဘေးနဲ့ ရောထွေးနေတယ်ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
သောက ပရိဒေဝ ဒုက္ခဒေါမနဿမီးတွေကော (ပါပါတယ် ဘုရား)။
ခန္ဓာရတဲ့ ပုဂ္ဂိုလ်ဖြင့် လောင်နေတာဘဲလို့ ခင်ဗျားတို့ မဂ္ဂင်ရှစ်ပါးနဲ့ မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား) မြင်တဲ့ အချိန် ကျလာတော့ ဒကာ ဒကာမတွေ ဪ ဒုက္ခအစစ်ဆိုတာက ဒါကိုး ခန္ဓာကိုး လို့ ခင်ဗျားတို့ ပိုင်းခြားနိုင်လိမ့်မယ် (မှန်ပါ့)။
ခန္ဓာကိုး လို့ ပိုင်းခြားလိုက်တဲ့အခါကျတော့ ဒီခန္ဓာဖြင့် မရချင်တော့ပါဘူးဆိုတဲ့ ဒုတိယစိတ် ပေါ်မလား မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ပေါ်တဲ့အခါကျတော့ ဒီငါးပါးချုပ်တယ် (မှန်ပါ့) ငါးပါးချုပ်တော့ ဒုက္ခချုပ်သွားတယ် (မှန်ပါ့) ဒုက္ခချုပ်သွားရင် ဒီနေရာမှာ ဘာကျန်ရစ်မလဲ (သုခကျန်ရစ်ပါတယ် ဘုရား)။
သုခ ကျန်ရစ်တယ်လို့ ဆိုချင်လဲ ဆိုပါ တဲ့၊ ဒုက္ခမရှိဘူးလို့ ဆိုချင်လဲ ဆိုပါ (မှန်ပါ့)။
ဦးဘကြည် ဘာဆိုမလဲ (ဒုက္ခမရှိပါ ဘုရား) ဒါဖြင့် ဒုက္ခမရှိတာကို ခင်ဗျားတို့ တွေ့လိုက်ရတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒုက္ခမရှိတာ နိဗ္ဗာန်၊ မရှိတာကို သိတာက မဂ်ဉာဏ် (မှန်ပါ့) ဒါဖြင့် မဂ္ဂင်ရှစ်ပါး ဒီကျမှစုံတယ် (မှန်ပါ့) ဒါ နဂိုရ် က ငါးပါးနဲ့ချည့် လာခဲ့တယ် (မှန်ပါ့)။
ကဲ ဒါဖြင့် မဂ္ဂင်ရှစ်ပါး မတွေ့ရသေးဘူးလား (တွေ့ရပါတယ် ဘုရား) ဒါဖြင့် သောင်ကမ်းကြီးလဲ မမြင်ရသေးဘူး လား (မြင်ရပါပြီ ဘုရား)။
မြင်ရတာသည် ဒကာ ဒကာမတို့ သူပို့လို့မြင်တာ (မှန်ပါ့) သူမပို့ရင် မမြင်ဘူး (မှန်ပါ့)။
ပြာပြာသလဲ လုပ်ပါ
အဲ့ဒီကျမှ ခင်ဗျားတို့ စိတ်အေး လက်အေး ဘဝင်အေးပြီး သကာလ နေကြပေတော့၊ ဒီကြားထဲမှာဖြင့် ပြာပြာသလဲ လုပ်ပါ (မှန်ပါ့) သူမပို့ရင် မမြင်ဘူး (မှန်ပါ့)။
အဲ့ဒီကျမှ ခင်ဗျားတို့ စိတ်အေး လက်အေး ဘဝင်အေးပြီး သကာလ နေကြပေတော့၊ ဒီကြားမှာဖြင့် ပြာပြာသလဲ လုပ်ပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အသောက ဦးသွားရင်လဲ ဒီဖောင်ဖြစ်ပါဦးမလား (မဖြစ်ပါ ဘုရား) မဖြစ်ရင် ရှေ့ကို ဘာဖြစ်မယ်ထင်ကြသလဲ (မြုပ်ဦး မျောဦးမှာပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီရှစ်ပါးဖြစ်အောင်လုပ်ပါ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။