12508

မာတိကာသို့

လူမိုက်နှင့် လူလိမ္မာ သိရှိရန် ဗာလပဏ္ဍိတသုတ် (၁)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော

လူမိုက်နှင့် လူလိမ္မာ သိရှိရန် ဗာလပဏ္ဍိတသုတ် (၁)

ညအလုပ်ပေး တရားတော်

(၂၁-၈-၆၁)

လူမိုက်နဲ့ လူလိမ္မာ ထူးခြားပုံ

ဗာလပဏ္ဍိတသုတ်၊ ဗာလက = လူမိုက်၊ ပဏ္ဍိတက = ပညာရှိ၊ လူမိုက်နဲ့ လူလိမ္မာ ထူးခြားပုံကို ငါ သဗ္ဗညု တဉာဏ်နဲ့ ဟောကြည့်မယ်ကွ၊ မင်းတို့ သေသေချာချာ နားထောင်ကြဆိုပြီး ဘုရားက နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ သူကိုယ်တိုင်ဟောတယ်လို့ မှတ်ရမယ် (မှန်ပါ့)။

သူကိုယ်တိုင်ဟောတော့ ရဟန်းတွေအနားမှာရှိတယ် ရဟန်းတို့ လူမိုက်နဲ့ လူလိမ္မာ ဘာထူးသလဲကွ၊ တပည့်တော် များတော့ အရှင်ဘုရားဟောမှ ပြောမှ သိရမည့် ပုဂ္ဂိုလ်တွေဖြစ်ပါတယ်၊ အရှင်ဘုရားပဲ လူမိုက်နဲ့ လူလိမ္မာ ထူးခြား ကြောင်းကို ဟောတော်မူပါလို့ လျှောက်တော့ ကိုင်း ငါ မင်းတို့ကိုဖြစ်စဉ်နဲ့တကွ တွက်ပြမယ်ဆိုပြီး သကာလ လူမိုက်ဟာ လည်း ကွာတဲ့ အတိတ်အကြောင်းက အဝိဇ္ဇာ သင်္ခါရကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးဖြစ်တယ်။

အဝိဇ္ဇာသင်္ခါရ အတိတ်အကြောင်း နှစ်ခုကြောင့် ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာငါးပါး ဖြစ်ပါတယ်၊ လူလိမ္မာမှာလည်းကွာ အတိတ်အကြောင်းမှာ အတူတူပဲ၊ အဝိဇ္ဇာ သင်္ခါရကြောင့် ဝိညာဏ် နာမ်ရုပ် သဠယတန ဖဿ ဝေဒနာ ဆိုတဲ့ ခန္ဓာငါးပါးဖြစ်တာပဲ (မှန်ပါ့)။

ဒီဘက်က လူမိုက် ဒီဘက်က လူလိမ္မာ ဖြစ်ပုံမှာ အတူတူပဲ၊ ဖြစ်ပုံမျာ ထူးကြသေးရဲ့လား (မထူးပါ ဘုရား) အဝိဇ္ဇာ သင်္ခါရကြောင့် ဝိညာဏ်နာမ်ရုပ် သဠယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးဖြစ်တာချည်းပဲ (မှန်ပါ့)။

လူမိုက်မှာ ဒီအတိုင်းဖြစ်တယ်၊ လူလိမ္မာမှာလည်း ထို့အတူပဲ အဝိဇ္ဇာ သင်္ခါရကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးဖြစ်တာပဲလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် လာပုံမှာ ဘာထူးသေးသလဲလို့ မေးတဲ့ အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောဒီ လူမိုက်မှာတော့ကွာတဲ့ မိမိခန္ဓာကို ခင်မှု, စွဲလမ်းမှု ခန္ဓာငါးပါး ယုယမှု နောက်ခန္ဓာရမှုကို သူ ကြိုးစားတယ်ကွ တဲ့ (မှန်ပါ့) တဏှာ ဥပါဒါန် ကံနဲ့ နောက်ခန္ဓာရမှု ကြိုးစားတော့ လူမိုက်မှာတော့ ဇာတိ, ဇရာ , မရဏ ဆိုတဲ့ နောက် ခန္ဓာကြီးပြန်ရတယ်ကွတဲ့၊ လူလိမ္မာမှာတော့ကွာတဲ့ ဒီလိုမဟုတ်ပါဘူးတဲ့ မဂ္ဂဗြဟ္မစရိယအကျင့် ဒီရထားလိုက်တဲ့ ခန္ဓာ ငါးပါးကြီးကို ဝိပဿနာဉာဏ်နဲ့ ကြိုးစားလိုက်တဲ့ အတွက် ခုနင်က တဏှာ ဥပါဒါန်ကံတွေ မလာဘဲနဲ့ အနာဂတ်ဘဝဆိုတဲ့ ဇာတိ ဇရာ မရဏဆိုတာ မလာဘဲနဲ့ ဒီဘက်က သမုဒယသစ္စာတွေ ချုပ်တယ်ကွ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာ နောက်က မဂ်လိုက်တာ လူလိမ္မာ

ဒါ မနေ့က တရားပဲရှိသေးတယ်၊ ကောင်းပြီ ဒါဖြင့် လူလိမ္မာနဲ့ လူမိုက် ဘာထူးသတုန်းလို့ မေးလို့ရှိရင် ခန္ဓာ နောက်က မဂ်လိုက်တာ လူလိမ္မာ၊ ခန္ဓာ့နောက်က တဏှာ ဥပါဒါန်လိုက်တာ (လူမိုက်ပါ ဘုရား)။

သဘောကျသွားပြီ၊ ဪ လူမိုက်ဆိုတာက ဒုတ်, ဓါးကိုင်တာကို ဆိုတာ မဟုတ်ပါလား၊ တောထွက်ပြီးသကာလ ဆိုးသွမ်းနေတာကိုဆိုတာ မဟုတ်ပါလား၊ တဏှာ ဥပါဒါန် ကံလာလို့ရှိရင် ကိုယ်ခန္ဓာကြောင့် တဏှာ ဥပါဒါန် ကံလာ တယ် ဒါလာတာ လူမိုက်ဆိုတယ်၊ ဒီခန္ဓာအကြောင်းရင်းခံပြီး သကာလ တဏှာ ဥပါဒါန် ကံ မလာဘဲနေတဲ့ ပုဂ္ဂိုလ်များမှာ လူလိမ္မာပါကလား၊ ရှင်းပြီ (ရှင်းပါပြီ ဘုရား) သဘောပါသွားပြီ (ပါ ပါပြီ ဘုရား)။

ထူးပုံကို ပြောစမ်းပါဦးဆိုလို့ရှိရင် ပါဠိတော်နှင့် ပြောလို့ရှိရင် လူလိမ္မာမှာ ခန္ဓာငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တကြိုက်ရာ ရှုတဲ့အတွက် ကြိုက်ရာ မဂ္ဂ ဗြဟ္မ စရိယအကျင့်ကို ကျင့်တဲ့အတွက် ဟိုဘက်ကကြည့် တဏှာနိရောဓေါ ဖြစ်တယ် (မှန်ပါ့) တဏှာနိရောဓါ ဥပါဒါန်နနိရောဓေါ (မှန်ပါ့)။

ဥပါဒါန နိရောဓါ (ကမ္မနိရော ဓေါပါ ဘုရား) ကမ္မနိရောဓါ (ဇာတိနိရောဓေါပါ ဘုရား) ဇာတိနိရောဓါ (ဇရာမရဏ နိရောဓေါပါ ဘုရား) ဪ သူကတော့ တဏှာ ဥပါဒါန်ကံ ဇာတိဇရာမရဏ ချုပ်သဟေ့ (မှန်ပါ့)။

လူမိုက်မတော့ ခန္ဓာကြောင့် ခန္ဓာခင်တွယ်တဲ့ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ (မှန်ပါ့) ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ ဇာတိဇရာမရဏ သောကပရိဒေဝ ဒုက္ခ ဒေါမနဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ ဆိုတော့ သူ့ကျတော့ ဒုက္ခတွေ့ဆက်ဖြစ်တယ် (မှန်ပါ့)။

ဪ လူမိုက်နဲ့ လူလိမ္မာဟာ ဒုက္ခပြတ်တာနဲ့၊ သမုဒယဒုက္ခပြတ်တာ၊ သမုဒယသစ္စာသုံးခု , ဒုက္ခသစ္စာသုံးခု၊ ဒါလူမိုက်မှာပေါ်တယ် (မှန်ပါ့) လူလိမ္မာမှာ သမုယသစ္စာသုံးခုနဲ့ ဒုက္ခသစ္စာသုံးခု ပြတ်တယ် (မှန်ပါ့)။

ဗြဟ္မစရိယအကျင့်

ဘယ့်နှယ်ကြောင့် ပြတ်ပါလိမ့်မတုန်းဆိုလို့ ရှိရင်ဖြင့် အရိယာတို့၏ စကားကို နားလည်းနားထောင် ကျင့်ကြံတဲ့ အတွက် မဂ်ဆိုတဲ့ ဗြဟ္မစရိယအကျင့်ကို သူကျင့်တဲ့အတွက် သမုဒယနဲ့ ဒုက္ခချုပ်တယ်(မှန်ပါ့) သဘောကျပြီ (ကျပါပြီ ဘုရား)။

လူမိုက်မှာတော့ မဂ်ဆိုတဲ့ ဗြဟ္မစရိယအကျင့်ကို မကျင့်ဘူး၊ မကျင့်တဲ့အတွက် ထုံးစံအတိုင်း တဏှာ ဥပါဒါန် ကံဇာတိဇရာ မရဏ ဒီကိုသွားရမယ် (မှန်ပါ့)။

ဒါဖြင့် လူလိမ္မာနဲ့ လူမိုက်သည် ထူးခြားပါပြီလို့ ဆိုတာ ဒီတရားပွဲမှာ ဝန်ခံရတော့မယ် (မှန်ပါ့) ဒါက လူလိမ္မာ ပဋိစ္စသမုပ္ပါဒ်ပြတ်ပုံကို ပြတယ် (မှန်ပါ့) ဒါက လူမိုက် ပဋိစ္စသမုပ္ပါဒ်ဆက်ပုံကို ပြတယ် (မှန်ပါ့)။

အဲဒီတော့ကို လူလိမ္မာ လူမိုက်လို့ ဘုရားကတော့ ပညတ်တင်ပြီးဟောပါတယ် (မှန်ပါ့) စင်စစ်တော့ လူလိမ္မာ လူမိုက် မဟုတ်ပါဘူး၊ ဒီဓမ္မတွေဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ ဒီဓမ္မ ဒီဓမ္မပြီးတော့ ဒီဓမ္မဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ ဒီဓမ္မကို ကြိုးစားတဲ့ ပုဂ္ဂိုလ်ဟာ သံသရာပြတ်တယ် (မှန်ပါ့) ဒီဓမ္မတွေဆက်နေတဲ့ ဥစ္စာ သံသရာ ဆက်တာပဲ (မှန်ပါ့)။

အဲဒီတော့ လူလိမ္မာ လူမိုက်ဆိုတာတော့ ပြောမည့်ပြောနေတာလို့မှတ်ရမယ် (မှန်ပါ့) စင်စစ်တော့ ဒီဓမ္မတန်း တာနဲ့ ဒီဓမ္မမတန်းတာကွာတယ်ဆိုတော့ ဘာဖြစ်လို့ ဒီအကြောင်းကို ဆရာဘုန်းကြီးက နောက်ထပ် သုံးရသတုန်း ဆိုလို့ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိ ချုပ်ပြီးသားဖြစ်အောင်လို့ သုံးလိုက်တာ (မှန်ပါ့) ဒီဓမ္မ မတန်းရင် လူမိုက်၊ ဒီဓမ္မ ဒီတွင် ရပ်နေရင်တော့ (လူလိမ္မာပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ပုဂ္ဂိုလ်ပါသေးလား ဒီအထဲမှာ (မပါ ပါ ဘုရား) ဓမ္မတန်းရင် လူမိုက် (မှန်ပါ့) မိုက်တဲ့ ဓမ္မတန်းရင် မိုက်တယ် (မှန်ပါ့)။

လိမ္မာတဲ့ ဓမ္မတန်းရင်း လူလိမ္မာ (မှန်ပါ့) ဆိုတော့ ဒါဖြင့် ခင်ဗျားတို့ အသေဝနာစ ဗာလနံ ပဏ္ဍိတာနဉ္စ သေဝနံ လုပ်ကြစို့ (မှန်ပါ့)။

အသေသနာစ ဗာလာနံ = ဟောဒီ မမှီဝဲအပ်သည့် သုံးခု၊ မပေါ်ထိုက်တဲ့ သုံးခု ပေါ်လို့ရှိရင် ဒါဗာလတရား (မှန်ပါ့) ဗာလတရားကြောင့် သိတဲ့အတိုင်း ဒုက္ခဆိုတဲ့ ဆင်းရဲတဲ့ ဒုက္ခတွေ ပေါ်တယ် (မှန်ပါ့)။

မမှီဝဲကောင်းတာ မှီဝဲလို့

မမှီဝဲကောင်းတာ မှီဝဲလို့ မရကောင်းတာ ရတယ်(မှန်ပါ့) ရကောင်းတာ မှီဝဲလို့ (ရကောင်းတာ ရပါတယ် ဘုရား) မှီဝဲကောင်းတဲ့ နိဗ္ဗာန်ရတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မင်္ဂလသုတ်တော်က ဒါကို ဟောတာ (မှန်ပါ့) ခင်ဗျားတို့က ဟိုကောင်နဲ့ မပေါင်းနဲ့ (မှန်ပါ့) ဒီအတိုင်းထင်နေ ပါတယ်၊ ခင်ဗျားတို့က ပုဂ္ဂိုလ်အပေါ် သွားထုတ်နေတယ် (မှန်ပါ့) ပုဂ္ဂိုလ် က ဘယ်သူမှ မမိုက်ဘူး၊ ဟောဒီ ဓမ္မကမိုက်တာ (မှန်ပါ့) ဒီဓမ္မချုပ်တဲ့အတွက် မမိုက်တာ (မှန်ပါ) ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

အဲဒီတော့ ပူဇာစ ပူဇနေယျာနံ = ပူဇော်ရမယ် ခင်ဗျားတို့ ပူဇော်ရမယ် (မှန်ပါ့) ဧတံမင်္ဂလမုတ္တမံ၊ မုတ္တမံ = မြတ်သော၊ မင်္ဂလံ = နိဗ္ဗာန်တည်းဟူသော မင်္ဂလာသည်၊ ဟောတိ = ဖြစ်၏ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီက အသေဝနာစ ဗာလာနံ – ဒါတွေ မှီဝဲလို့ ပဏ္ဍိတဖြစ်တယ်၊ မဟုတ်ဘူးလား (မှန်ပါ့)။

အဲဒီတော့ မနေ့က ပြောခဲ့တဲ့စကား ပါဠိတော်နဲ့ ကိုက်ပလား (ကိုက်ပါတယ် ဘုရား) မိုက်ချိန် , လိမ္မာချိန် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါ မှီဝဲလိုက်လို့ရှိရင် မိုက်တယ်၊ ဒါမမှီဝဲလိုက်လို့ ရှိရင် လိမ္မာတယ်ဆိုတော့ အသက်ကြီးတာ အသက်ငယ်တာ လိုရင်းမဟုတ်ဘူး (မှန်ပါ့) မှီဝဲတာ မမှီဝဲတာ လိုရင်းပဲဆိုတာ မှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ သူများက ဆုံးဖြတ်ချက်ချရမှာလား မိမိကိုယ်ကို မိမိစစ်ဆေးပြီး ဆုံးဖြတ်ချက်ချရမှာလား အကဲခတ်ပါ၊ ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ (မိမိကိုယ်ကို မိမိစစ်ဆေးပြီး ဆုံးဖြတ်ချက်ချကြရမှာပါ ဘုရား)။

မိမိကိုယ်ကို မိမိဆုံးဖြတ်ချက်ချလို့ရှိရင်ဖြင့် စာတစ်အုပ်လုံးမိုက်ပေ့ မိုက်ပေ့ ချည့်ရေးရမှာဘဲ (မှန်ပါ့) စာ တစ်အုပ်လုံးဟာ မိုက်ပေ့ချည့်ရေးရမှာဘဲ၊ ဒါချည့်လာနေတာကိုး (မှန်ပါ့ ဘုရား)။

ဒါက မျက်စိတမှိတ်တောင် မရပ်ဘူး (မှန်ပါ့) ဒီဟာလုပ်နေရင် ရပ်မယ် (မှန်ပါ့ ရပ်ပါမယ် ဘုရား) ဒါ မလုပ် လို့ ရှိရင် ဒါဟာ ပေါ်နေမှာဘဲ (ပေါ်နေမှာပါ ဘုရား)။

လူတစ်သိန်းသေလို့

အဲဒီတော့ကို ဘုရားက ဟောလိုက်တယ်၊ လူတစ်သိန်းသေလို့ သုဂတိသွားတဲ့ လူတစ်ယောက် ငါမမြင်ပါဘူး တဲ့ (မှန်ပါ့ ဘုရား)။

လူတစ်သိန်းသေရင် တစ်ယောက်သွားတဲ့လူ ငါ မမြင်ဘူးတဲ့ (မှန်ပါ့) ဒါဖြင့် သူ့လက်ထက်တုန်းက သူကြီးစိုး နေတုန်းက မမြင်ရင် အခုအကုန်သွားပဲ (မှန်ပါ့) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

သို့သော် ဘုရားဟောချက်ကို ကိုယ့်ဖြစ်စဉ်နဲ့ ကိုက် မကိုက်ကြည့် (မှန်ပါ့) ကိုယ့်ဖြစ်စဉ်က ဒီအတန်းကများ သလား၊ ဒီဖြတ်တာကများသလား အကဲခတ် (ဖြတ်တာက များပါတယ် ဘုရား) ဖြတ်တာကများတယ်။

ဒါဖြင့် မမှီဝဲအပ်တာကို မှီဝဲသောကြောင့် ဗလ (မှန်ပါ့) မှီဝဲအပ်တာကို မှီဝဲရင် ပဏ္ဍိတ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီပုဂ္ဂိုလ်မှာ မင်္ဂလာမရှိဘူး (မှန်ပါ့) ဒီပုဂ္ဂိုလ်မှာ မင်္ဂလာရှိတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ သပြေပန်းကိုင်တာ အလကားပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သပြေပန်းဟာ ခင်ဗျားတို့ဟာ ခင်ဗျားတို့ မင်္ဂလာလုပ်ထားတာကိုး၊ ဒီတရားရှိရင် အမင်္ဂလာ ဒီတရားချုပ်ငြိမ်းရင် မင်္ဂလာပဲ (မှန်ပါ့ ဘုရား)။

ကြည့်လေ အသေဝနာစ ဗာလာနံ မမှီဝဲအပ်တာမှီဝဲတယ် ဆိုတော့ မပေါ်ကောင်းတဲ့ တရားပေါ်လို့ရှိရင် ဒါ ဗာလပဲ (မှန်ပါ့) ပဏ္ဍိတာနဉ္စသေဝနာ ဒါကလေးချည့် ပေါ်အောင်လုပ်နေမယ်၊ ဒါကလေးချည့် မှီဝဲဆည်းကပ်နေမယ် ဆိုရင် ပဏ္ဍိတဖြစ်တာပဲ (မှန်ပါ့ ဘုရား)။

ပုဂ္ဂိုလ်ကို ဟောတာလား ဓမ္မဟောတာလား

ဒါဖြင့် မင်္ဂလသုတ်ဟာ ပုဂ္ဂိုလ်ကို ဟောတာလား ဓမ္မဟောတာလား (ဓမ္မဟောတာပါ ဘုရား) ဓမ္မဟောတာကို ခင်ဗျားတို့က ပုဂ္ဂိုလ်ဘက် လှည့်သွားတယ် (မှန်ပါ့ ဘုရား) အဲဒါ ခင်ဗျားတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတာက တခြား၊ ကိုယ်ယူတာက တစ်ဖုံ၊ ဒီလိုဖြစ်မနေဘူးလား (ဖြစ်နေပါတယ် ဘုရား) ဖြစ်နေတော့ကို အလုပ် လုပ်ပါလို့ ပြောတဲ့တရား ပုဂ္ဂိုလ်မမှီဝဲနဲ့ ဖြစ်နေတယ် (မှန်ပါ့) သွားပြီ သွားပါပြီ ခင်ဗျားတို့ (မှန်ပါ့ ဘုရား)။

အလုပ်လုပ်ပါလို့ဟောတာ ခင်ဗျားတို့က ပုဂ္ဂိုလ်မမှီဝဲနဲ့ သွားယူတယ် (မှန်ပါ့) ဘယ့်နှယ်တုန်း (တပည့်တော်တို့ က ငယ်ငယ်တုန်းက ဒီမင်္ဂလသုတ် ကျက်ရတုန်းက အရှင်ဘုရား အမိန့်ရှိသလိုပဲ ပုဂ္ဂိုလ်စွဲတယ်) ဒါပဲ ဆရာ သင်တာပဲ။

အခုထိပဲ၊ ခုထက်တိုင်တိုင် ဒီအတိုင်း ယူနေကြမှာပဲ၊ ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ နဂိုကလည်း မရှိလို့ မိုက်စရာ လည်းမရှိဘူး (မှန်ပါ့ ဘုရား)။

မိုက်တတ်တဲ့တရားမို့ မိုက်တာပဲ

ပုဂ္ဂိုလ်ဟာ နဂိုကလည်းမရှိလို့ (မိုက်စရာလည်း မရှိပါ ဘုရား) ဓမ္မက နဂိုက သူဟာ အကြောင်း တိုက်ဆိုင်ရင် ပေါ်တဲ့အတွက် မိုက်တတ်တဲ့တရားမို့ မိုက်တာပဲ (မှန်ပါ့) သူက တဏှာဆိုတာ မိုက်တဲ့တရား (မှန်ပါ့) ဥပါဒါန်ကော (မိုက်တာပါပဲ၊ ဥပါဒါန်က ပိုမိုက်တယ်၊ သူအုပ်ချုပ် နေတဲ့ ကံကော (ကံဟာလည်း မိုက်တာပါပဲ ဘုရား)။

အဲဒီတော့ ဒါတွေဟာ မမှီဝဲအပ်တဲ့တရား (မှန်ပါ့ ဘုရား) အသေဝနတရား (မှန်ပါ့) သူက သေဝနတရား မှီဝဲရမယ်တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် မှီဝဲအပ်တဲ့ တရားဟာ ကျုပ်တို့ အခုအချိန်မှာဖြင့် အသက်တွေလည်း ကြီးကုန်လို့ ပုဂ္ဂိုလ် စွဲဖြုတ်ပြီး သကာလ မှီဝဲအပ်တဲ့ ဓမ္မစွဲပဲ ဓမ္မပဲ မှီဝဲကြစို့တော့ (မှန်ပါ့) ဒါဆုံးဖြတ်ချက် ချပေးလိုက်တယ် (မှန်ပါ့ ဘုရား)။

ပုဂ္ဂိုလ်က အခုရှိခိုးခံနေတယ်၊ သူရှိခိုးပေမယ့် သူ့ဝမ်းထဲစိတ်က ဘာမှန်းမသိဘူး (မှန်ပါ့) ရှိခိုးပါ၏ ဆိုပေမယ့် သူ့စိတ်က ခဏကလေး ပြောင်းချင်ပြောင်းသွားမယ် ဟင် (ပြောင်းပါတယ် ဘုရား)။

အဲဒီတော့ ပုဂ္ဂိုလ်မှီဝဲလို့တော့ဖြင့် အမှန်မရောက်ဘူး (မှန်ပါ့) ဓမ္မမှီဝဲရင် (ရောက်ပါတယ် ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ ဓမ္မမှီဝဲလို့ရှိရင် အမှန်ရောက်မယ်ဆိုတာ ကိုယ့်စိတ်ကို ကိုယ်သိတတ်တဲ့ သဘောရှိ ရမယ် (မှန်ပါ့) ဒါမှ ဓမ္မမှီဝဲရာရောက်မယ် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် သံသရာရှည်တာကတော့ဖြင့် ဒီဓမ္မတွေသာဆက်နေမယ်ဆိုရင် သံသရာကတော့ အဝိုင်းပြေးပဲ (မှန်ပါ့) အဲဒီတော့ အခုအချိန်အခါ ကာလလေးပဲ ဒါပေါ်တယ် (မှန်ပါ့) နေ့လည်က ပြောတဲ့ “ဝိပဿနာဉာဏံ သာသနသ္မိ ံယေဝဟောတိ” ဝိပဿနာဉာဏ်ဟာ သာသနာရှိတုန်း သာပေါ်တယ်၊ နောက်မပေါ်တော့ဘူး (မပေါ်ပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ အသေစောသွားမှာ စိုးရိမ်တယ်ပြောတာ (မှန်ပါ့) မစိုးရိမ်သင့်ဘူးလား (စိုးရိမ်သင့် ပါတယ် ဘုရား)။

ဝိပဿနာဉာဏ်ဟာ ဘယ်အချိန်ပေါ်လာတုန်း

ဒါကြောင့် ဝိပဿနာဉာဏ်ဟာ ဘယ်အချိန်ပေါ်လာတုန်း၊ သာသနာရှိတုန်းမှာ ပေါ်တယ် (မှန်ပါ့) မဟုတ်ဘူး လား၊ သာသနာရှိတော့ အားထုတ်ဖြစ်တာပေါ့ (မှန်ပါ့) သာသနာ မရှိတော့ ဒီနည်းမှာ ပေးမည့်သူ မရှိရင် (မရပါ ဘုရား)။

ကဲ ဒါဖြင့် ဗာလပဏ္ဍိတ သဘောကိုဖြင့် မင်္ဂလသုတ်ကလာတဲ့ ဗာလပဏ္ဍိတနဲ့ သံယုတ်ကလာတဲ့ ဗာလပဏ္ဍိတ နဲ့အတူတူပဲ (မှန်ပါ့) အတူတူပဲ (မှန်ပါ့ အတူတူပါပဲ ဘုရား) ဒါက ကိုယ်ကလွှဲတာ (ဆရာကလည်း လွဲတာပါတယ်) အဲ နှစ်ခုစလုံးပဲတဲ့ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် သွားကြစို့တဲ့၊ သာသနာတွင် ကျုပ်တို့ရောက်ကြစို့ (မှန်ပါ့) အခုဟာက အသိသာရောက်သေးတာ၊ အလုပ်နဲ့ မရောက်သေးဘူး (မှန်ပါ့) အသိသာရောက်သေးတာ၊ ဪ ဒို့ပဏ္ဍိတဘက်တော့ဖြင့် ကူးအောင်ကြိုးစား မယ်၊ အသေဝနာစ ဗာလာနံ အဖြစ်တော့ဖြင့် ဒို့ရှောင်တော့မယ် (မှန်ပါ့)ဆိုတော့ ဒီ ပဋိစ္စသမုပ္ပါဒ်ရှောင်ပြီး ဒီပဋိစ္စသမုပ္ပါဒ် ပြတ်တာ မှီဝဲရင် ပြီးတာပဲ (မှန်ပါ့) သူ့ကိုလွတ်လို့ မရဘူး (မှန်ပါ့) ရပါ့မလား (မရပါ ဘုရား)။

ဒီ ပဋိစ္စသမုပ္ပါဒ်နဲ့ပဲ လိမ်မာတယ်၊ ဒီ ပဋိစ္စသမုပ္ပါဒ်နဲ့ပဲ မိုက်တယ်ဆိုတော့ ဒါပဲရှိတာပဲ၊ ဓမ္မက မိုက်၍ ဓမ္မက လိမ္မာတယ် ဒါပဲရှိတာပဲ (မှန်ပါ့) ဒီ့ပြင် ဘာမှပြောစရာ မရှိဘူး (မှန်ပါ့)။

ကိုင်း ဒါဖြင့် ခန္ဓာငါးပါး၊ ခန္ဓာငါးပါးဆိုတာ ပဋိစ္စသမုပ္ပါဒ်ကို ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဒါပေါင်းလိုက်ရင် ခန္ဓာငါးပါးလာဖြစ်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာငါးပါးဆိုတာ

ခန္ဓာငါးပါးဆိုတာ ပဋိစ္စသမုပ္ပါဒ်နဲ့ တခြားစီလားလို့ မေးတော့ ပဋိစ္စသမုပ္ပါဒ် ငါးမျိုးပေါင်းလိုက်လို့ရှိရင် ခန္ဓာငါးပါးဖြစ်တယ် (မှန်ပါ့)။

ဝိညာဏ် ရုပ်နာမ် သဠာယတန ဖဿ ဝေဒနာပေါင်းလိုက်တော့ (ငါးပါး) ခန္ဓာဖွဲ့လိုက်တော့ကော (ငါးပါးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် တခြားစီမဟုတ်ပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ က အံမာ ရှုပ်စရာမရှိရင် ကြံဖန်ရှုပ်မည့်လူတွေက ရှိသေးတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်က တန်းပြီးပြတယ် ဘုန်းကြီးက ပေါင်းပြီးပြတယ် (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်က မနေ့ကပြောခဲ့တယ်၊ ပန်းလိုသီတာ (မှန်ပါ့) ပန်းဆိုတာက သီထားတော့လည်း တန်းနေတယ် (မှန်ပါ့ ဘုရား) ပွင့်တော့လည်း အဆုပ်ကလေးတွေပွင့်နေတယ်၊ ဒါအဆုပ်ကလေးတွေပွင့်တယ်၊ ဒါ အဆုပ်ကလေးတွေ ပွင့်တာပဲ၊ ပင်ကိုယ်ပွင့်ကိုပြောတ (မှန်ပါ့) ပင်ကိုယ်ပွင့်ပေမယ့် လူပယောဂနဲ့ သီထားတာ (မှန်ပါ့) အဲသုတ္တန်နည်းကလည်း လူ့ပယောဂနဲ့ သီထားတာ (မှန်ပါ့)။

သီတံနဲ့ သီထားတာကို ဘာခေါ်မယ် (သုတ္တန်နည်းပါ ဘုရား) သုတ္တန်နည်းဆိုရင် တန်းသွားလိမ့်မယ် (မှန်ပါ့ ဘုရား)။

သီတံနဲ့ သီမထားပါဘူး၊ ဖြစ်စဉ်ကိုက် ဟောမယ်ဆိုတာ ခန္ဓာငါးပါးပေါင်းပြတာ (မှန်ပါ့) အဘိဓမ္မာနည်းက ပေါင်းပြတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အဘိဓမ္မာနည်းဟာ ဖြစ်စဉ်ကိုက်အမှန် (မှန်ပါ့) သုတ္တန်နည်းက သိလွယ်အောင်လို့ တန်းပြတာ (မှန်ပါ့) သိလွယ်အောင်လို့ တန်းပြတာ၊ ဖြစ်စဉ်တော့ မဟုတ်ဘူး (မှန်ပါ့) ဒါဖြင့် အခုပြတာ ဘာတုန်း၊ ဖြစ်စဉ်ကိုက်ပြမယ် (မှန်ပါ့ ဘုရား)။

ဖြစ်စဉ်ကိုက်ပြတော့ ခန္ဓာငါးပါး (မှန်ပါ့) ခန္ဓာငါးပါးဟာ ငါးပါးစလုံးရှုခဲ့သော် နိဗ္ဗာန် မရနိုင်ဘူး၊ ဘာ့ကြောင့် တုန်းလို့ မေးတဲ့အခါကျတော့ ဖြစ်ပုံနဲ့ ချုပ်ပုံ အသက်တမ်းမတူလို့ (မှန်ပါ့) ဒါမှတ်ထား။

ဖြစ်ပုံနဲ့ ချုပ်ပုံ (အသက်တမ်းမတူပါ ဘုရား) ရူပက္ခန္ဓာကအသက်ရှည်တယ်၊ နာမက္ခန္ဓာက အသက်တိုတယ် (မှန်ပါ့ ဘုရား)။

ပေါင်းမရှုရဘူး

အဲ ပေါင်းမရှုရဘူး (မှန်ပါ့) ဘုရားကဟောလိုက်တော့ ပေါင်းမရှုပုံ ရှင်းပြမယ်ဆိုပြီး ကာယာ နုပဿနာသတိ ပဋ္ဌာန်ဆိုပြီး ရုပ်ပြတယ် (မှန်ပါ့)။

ဝေဒနာနုပဿနာဆိုတော့ ဝေဒနာပြတယ်၊ ဓမ္မာနုပဿနာဆိုတော့ သညာသင်္ခါရပြတယ်၊ စိတ္တာနုပဿနာ ဆိုတော့ စိတ်ပြတယ် (မှန်ပါ့) ပေါင်းမရှုနဲ့လို့ပြောတာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ့်နှယ်ပြောသတုန်း (ပေါင်းမရှုနဲ့ ပြောပါတယ် ဘုရား) ကြည့်လေ သတိပဋ္ဌာန်လေးပါး ခွဲလိုက်တယ် (မှန်ပါ့) ပေါင်းမရှုနဲ့ဆိုတော့ ကာယာနုပဿနာ ရှုချင်ရှု၊ ဝေဒနာနုပဿနာ ရှုချင်ရှု၊ ဓမ္မာနုပဿနာ ရှုချင်ရှု၊ စိတ္တာနုပဿနာ ရှုချင်ရှု သဘောပါပလား (ပါ ပါပြီ ဘုရား)။

ဪ ဒါဖြင့် ခန္ဓာငါးပါးကို သတိပဌာန်နဲ့ ဝေဖန်လိုက်တော့ လေးပါးဖြစ်တယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါ ပြီ ဘုရား)။

ကောင်းပြီ၊ သတိပဋ္ဌာန်လေးပါးကို ပေါင်းလိုက်ဦးမယ် ကျုပ်က (မှန်ပါ့) သတိပဋ္ဌာန်လေးပါးကို ပေါင်းလိုက်ဦး မယ်တဲ့ ခင်ဗျားတို့က လေးပါတောင်ဘုရား၊ များလိုက်တာ လူတစ်ယောက်တည်း လေးလုပ် , လုပ်ရမယ်ဆိုရင် မဖြစ် ပါဘူးလို့ ခင်ဗျားတို့ကလည်း ခပ်ပျင်းပျင်းနဲ့ ခပ်ဖျင်းဖျင်းနဲ့ ဆင်ခြေများများနဲ့ နဂိုက ဟန်မရတဲ့အထဲ ချေးကထူ သေးတယ် (မှန်ပါ့ ဘုရား)။

ဒီလိုရှိသေးတော့ ဒီလိုလုပ်ပါတဲ့ ခန္ဓာငါးပါးကို သစ္စာဖွဲ့လိုက်ဆိုတော့ ဒုက္ခသစ္စာချည့် ဖြစ်သွားတယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာဒုက္ခာ ကိုး အကုန် ဒုက္ခဖြစ်သွားတယ် (မှန်ပါ့)။

အဲဒီတော့ အကုန်ဒုက္ခကိုသိလိုက်တော့ ဪ ဒါ ဒုက္ခတစ်ခုတည်းဖြစ်သွားပြီ၊ ပေါ်ပြီမဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ဒုက္ခတစ်ခုတည်း ဖြစ်သွားပြီ

ဒုက္ခတစ်ခုတည်း ဖြစ်သွားပြီ၊ ဒုက္ခတစ်ခုတည်း ဘယ့်နှယ်ကြောင့် ဖြစ်ရသတုန်းဆိုလို့ရှိရင် ဒီနှစ်ခုစလုံးဟာ ဖြစ်မှု နဲ့ ပျက်မှုပဲရှိတယ် (မှန်ပါ့) ဖြစ်မှု, ပျက်မှု ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာတစ်လုံးတည်းဆိုရင် ခင်ဗျားတို့ အလျှော့ နောက်ထပ်မခိုင်းနဲ့တော့ မရဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာရှုရမတုံး (ဒုက္ခသစ္စာရှုရပါမယ် ဘုရား) အဲဒီ ဒုက္ခသစ္စာ တစ်လုံးတည်းရှု၊ ဒီ့ထက်လျှော့လို့တော့ မဖြစ်တော့ ဘူး၊ အိပ်နေရုံပဲရှိတော့တယ် (မှန်ပါ့) ဒုက္ခသစ္စာတစ်လုံးတည်း ရှုလိုက်ရင်ပြီးတာပဲ၊ မပြီးဘူးလား (ပြီးပါတယ် ဘုရား)။

ကဲ ဒါဖြင့် ခင်ဗျားတို့ ကာယာနုပဿနာကြိုက်လည်းဖြစ်ပျက်ရှု (မှန်ပါ့) ဒုက္ခသစ္စာပဲရှု (မှန်ပါ့) ဝေဒနာနုပဿ နာကြိုက်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဓမ္မာနုပဿနာကြိုက်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား) စိတ္တာနုပဿနာ ကြိုက်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဒီအထဲ အကုန်ဝင်တာပဲ (မှန်ပါ့) မြတ်စွာဘုရားဉာဏ်ကြီးဘယ်လောက်ကြီးသတုန်းဟင် (မှန်ပါ့) အင်မတန် ကြီးကျယ်တယ် (ကြီးပါတယ် ဘုရား)။

သို့သော် ခင်ဗျားတို့ ပြောတတ်တဲ့ပုဂ္ဂိုလ်က ပြောလို့သာ ခင်ဗျားတို့က နားလည်တာ၊ နို့မဟုတ်လို့ရှိရင် ဝေဒနာ မှ နိဗ္ဗာန်ရောက်တယ် ထင်ချင်ထင်နေတာ (မှန်ပါ့)။

စိတ်မှ နိဗ္ဗာန်ရောက်တယ်လို့ ထင်ချင်ထင်နေတာ (မှန်ပါ့) မဟုတ်ဘူးတဲ့ နောက်ဆုံးနိဂုံးချုပ်တော့ ဖြစ်ပျက်မြင် ကြဖို့ပါပဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘာမြင်ကြရမလဲ (ဖြစ်ပျက်မြင်ပါမယ် ဘုရား) နို့ ဝေဒနာ ရှုတာမှ မဟုတ်ဘဲ ခင်ဗျားတို့၊ သမုဒယနဲ့ ဝယရှု တာ(မှန်ပါ့) သမုဒယဆိုတာ ဖြစ်တာ ဝယဆိုတာ ပျက်တာ (မှန်ပါ့) သမုဒယနဲ့ ဝယရှုတာပဲ (မှန်ပါ့)။

နောက်ဆုံးပိတ်ကျတော့ ဘာတွေ့သတုန်း (ဖြစ်ပျက်တွေ့ပါတယ် ဘုရား) ဖြစ်ပျက် သစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒီဒုက္ခသစ္စာတစ်လုံးတည်း ရှုရမှာ၊ ရှုလိုက်ရင် သမုဒယသစ္စာပယ်မယ်၊ မပယ်ဘူးလား (ပယ်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒုက္ခသစ္စာတစ်လုံးတည်း ခင်ဗျားတို့ ရှုရတော့မယ်၊ ဒုက္ခသစ္စာတစ်လုံးတည်း ရှုရတော့မယ် ဆိုတော့ ဖြစ်ပျက်တစ်ခုတည်းပဲ (မှန်ပါ့)။

ဖြစ်ပြီး ပျက်တာချည့်ပဲရှိတယ်

ဖြစ်ပြီး ပျက်တာချည့်ပဲရှိတယ်ဆိုတော့ ဪ ဖြစ်ပျက်ဆိုတာ သစ်ပင်လည်း ဖြစ်ပျက်ပဲ တောတွေ တောင်တွေ လည်းဖြစ်ပျက်ပဲ၊ ရုပ်နာမ် ရှိတဲ့ဟာတွေမှာကော (ဖြစ်ပျက်ပါ ဘုရား) ဖြစ်ပျက်ချည့်ပဲလို့ဆိုတော့ ခင်ဗျားတို့ မြင်သရွေ့ ဖြစ်ပျက်ရှုရမယ်ဆိုတော့ ရှုပ်သွားတယ် (မှန်ပါ့) မြင်သ၍ ဖြစ်ပျက်ရှုရမယ်ဆိုတော့ (ရှုပ်သွားပါတယ်ဘုရား ရှုပ်သွား တယ်) ဉာဏ်ကမနုံနိုင်ဘူး (မှန်ပါ့)။

ဉာဏ်ကမနုံနိုင်တော့ ဘုန်းကြီးက ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ် စိတ္တာနုပဿနာရှု (မှန်ပါ့) ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ် (စိတ္တာ နုပဿနာရှုရပါမယ် ဘုရား)။

အဲဒီတော့ စိတ်ကို ဘုန်းကြီးက ခင်ဗျားတို့ကို ဟောရမယ် (မှန်ပါ့) ဖြစ်ပျက်တော့ ဖြစ်ပျက်ပဲ၊ စိတ်ဖြစ်ပျက် ဟောရတော့မှာပဲ (မှန်ပါ့)။

အဲဒီတော့ စိတ်ကို ဘုန်းကြီးက ခင်ဗျားတို့ကို ဟောရမယ် (မှန်ပါ့) ဖြစ်ပျက်တော့ ဖြစ်ပျက်ပဲ၊ စိတ်ဖြစ်ပျက် ဟောရတော့မှာပဲ (မှန်ပါ့)။

ကဲ စိတ်ဝေဖန်ကြစို့၊ စိတ်ကို ဝေဖန်ကြစို့ ဆိုတော့ စိတ်ဟာ ဘုရားကဟောထားတာက သတိပဋ္ဌာန်ပါဠိတော် မှာ ကာမစိတ်, ရူပါစိတ်, အရူပစိတ်, လောကုတ္တရာစိတ် (မှန်ပါ့) ဘုရားက ကာမရူပ, အရူပ, လောကုတ္တရာလို့ ဝေဖန်ထားတယ်(မှန်ပါ့)။

အဲဒီတော့ ကာမစိတ် ဪ ဒါ ခင်ဗျားတို့နဲ့ကိုက်တယ် ကာမဘုံသာ (မှန်ပါ့) ရူပ, အရူပ လောကုတ္တရာ ဆိုတော့ကိုက်ပါ့မလား (မကိုက်ပါ ဘုရား) အဲဒီတော့ ဒါကိုလည်း နှုတ်တက်ရသေးတယ် (မှန်ပါ့) ဒါနှုတ်မတက်ရင် သွားပြီ (မှန်ပါ့ ဘုရား)။

ဒါ မနှုတ်လို့ရှိရင် ပါဠိတော်က အကုန်ဆိုတယ်၊ မင်းကဘာဘုံသားတုန်းမေးမှာပဲ (မှန်ပါ့ ဘုရား) ပါဠိတော်က ကာမပုဂ္ဂိုလ်လည်း သူဟောတယ်၊ ရူပပုဂ္ဂိုလ်ကော (ဟောပါတယ် ဘုရား) အရူပ ပုဂ္ဂိုလ်ကေ (ဟောပါတယ် ဘုရား) လောကုတ္တရာ ပုဂ္ဂိုလ်ကော (ဟောပါတယ် ဘုရား) ခင်ဗျားက ဘာပုဂ္ဂိုလ်တုန်း (ကာမပုဂ္ဂိုလ်ပါ ဘုရား) ကာမပုဂ္ဂိုလ် ဖြစ်ရင် ရူပစိတ် ခင်ဗျား သန္တာန် ရှိပါ့မလား (မရှိပါ ဘုရား) အရူပစိတ်ကော (မရှိပါ ဘုရား) လောကုတ္တရာစိတ်ကော (မရှိပါ ဘုရား)။

အဲ ရှိတာကိုရှု၊ မရှိတာရှုရင် ပညတ်ဖြစ်သွားမယ်၊ ဒါဝေဖန်ရသေးတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အလုပ်ပေးနည်းက မလွယ်ဘူး

အလုပ်ပေးနည်းက မလွယ်ဘူး (မှန်ပါ့ မလွယ်ပါ ဘုရား)။ ဒါ့ကြောင့် တစ်နေ့က ရန်ကုန် မင်းကွန်းက ဘုန်းကြီး တပည့်ကလေးတွေ တရားဟောရသေးတယ်၊ မိုးကုတ်လိုက်လာတယ် (မှန်ပါ့) မင်းတို့ အလွဲတွေ လျောက်လုပ်မနေနဲ့၊ မင်းတို့ ဘုရားကဟောထားတာက ကာမပုဂ္ဂိုလ် ကာမစိတ်တွင် ရှုနိုင်တယ်၊ ဘုရားမှာတော့ ပရိနိဗ္ဗာန်စံမှာမို့ ပုဂ္ဂိုလ် စုံအတွက် အကုန်ဟောခဲ့ရတယ်၊ မင်းတို့က ရန်ကုန်သူတွေ ဟောနေတာ ပုထုဇန်တွေ ဟောတော့ ကာမပုဂ္ဂိုလ် ကာမ စိတ်ကွက်ပြီးတော့ အရှုခိုင်း (မှန်ပါ့)။

ဪ ဒီလိုပါလားလို့ အဲဒီကျမှ ရိပ်မိတယ် (မှန်ပါ့) နို့မို့ ပါဠိတော်အတိုင်းသွားနေမယ် (သွားပါတယ် ဘုရား)။

ပါဠိတော်ကတာ့ အကုန်သိမ်းကြုံးပြီး ဟောတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ပါဠိတော်ဆိုတိုင်း အကုန်လိုက်မလား ကိုယ်နိုင်ရာ ကိုယ်လုပ်ရမှာလား (ကိုယ်နိုင်ရာ ကိုယ်လုပ်ရမှာ ပါ ဘုရား)။

အံမာလေး မနည်းစစ်ရပါလား (မှန်ပါ) ကိုယ်နိုင်ရာ ကိုယ်လုပ်ရမယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ အများဆုံးဖြစ်တာ ၃၇ပဲ ရှိတယ် (မှန်ပါ့) ဒါပဲလှည့်ပေါ်တယ်၊ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ သန္တာန်မှ (၃၇ပဲပေါ်ပါတယ် ဘုရား) ဒါပဲ၊ အကုသိုလ်ကံ ၁၂ခု၊ ဒါကတော့ ခင်ဗျားတို့ တစ်ခုမှ မပယ်သေးတာ ပေါ်ချင်တာပေါ်မယ် (မှန်ပါ့) အဟိတ် စိတ်က ၁၈ရှိတယ်၊ ၁၈ပါးရှိပေမယ့် ရဟန္တာမှာသာဖြစ်တဲ့ ဟသိတုပ္ပါဒ်စိတ်တစ်ခု နှုတ်လိုက်တော့ သူကလည်း ဘယ်လောက်ရမလဲ (၁၇ ခုရပါမယ် ဘုရား) အေး ဒါပဲရမယ် ဟုတ်လား (မှန်ပါ့ ဘုရား)။

အဲဒီတော့ မဟာကုသိုလ်စိတ် ၈ခု ထည့်လိုက် (၃၇ခုပါ ဘုရား) ဝိပါက်တွေဆိုတာ ခင်ဗျားတို့ သန္တာန် အများ အားဖြင့် အိပ်မှဖြစ်တာ၊ ဒါကို ခင်ဗျားတို့ ရှုလို့ ဖြစ်မှာမဟုတ်ဘူး (မှန်ပါ့)။

ဒို့ရှုရမှာ ၃၇ထဲမှာ

ဪ ဒို့ရှုရမှာ ၃၇ထဲမှာလား၊ ဒါ ရကော်တာထဲပါမှ အဖိုးတန်မယ် (မှန်ပါ့) ရမ်းရှုလို့မဖြစ်ဘူး၊ ၃၇ထဲ ပေါ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

၃၇ကို တစ်ခါ ဘုန်းကြီးက ဟာ ၃၇တောင်များလှတယ်၊ ဒါ ပညာသည်ဆိုတော့ ချုံးပြနိုင်တာကိုး (မှန်ပါ့)။

ဟာ ၃၇ကို ဒီလိုလုပ်မနေနဲ့ ကြာတယ်၊ ၃၇ပေါ်တိုင်းလည်း ခင်ဗျားတို့ ထင်ရှားတဲ့နေရာကို ရှုဆိုတော့ မြင်စိတ် (မှန်ပါ့) မလာဘူးလား၊ မြင်စိတ်ဆိုတော့ ခင်ဗျားတို့က သိပြီ၊ ဒါ ၃၇ထဲကပဲ (မှန်ပါ့) ကြားစိတ် ဟုတ်လား (မှန်ပါ့ ဘုရား) နံစိတ် , စားစိတ် သဘောကျပလား (ကျပါပြီ ဘုရား) ယားယံနာတဲ့စိတ် ကိုယ်စိတ်ပေါ့လေ ကာယဝိ ညာဏ်စိတ် (မှန်ပါ့) ကောင်းစိတ် ကိုယ့်ပေါ်မှာ သုခစိတ် (မှန်ပါ့) သုခသဟဂကံ ကာယဝိညာဏံ (မှန်ပါ့) ဒါ အပြင် ဧည့်သည် ခြောက်ယောက်ကွ၊ ဘုန်းကြီးက တစ်ခါ ချုံးလိုက်ပြန်တယ် (မှန်ပါ့ ဘုရား)။

ပြီးတော့မှ မင်းတို့ သန္တာန်မှာ လောဘစိတ်, ဒေါသစိတ်, မောဟစိတ် ဟုတ်လား (မှန်ပါ့) ပြီးတော့မှ အလောဘ, အဒေါသ၊ ဟော ဒါ အတွင်းဧည့်သည်ဆိုတာ ဝမ်းထဲပေါ်တာ (မှန်ပါ့ ဘုရား) အတွင်းမှာလည်း သူတို့ငါးခု ပြိုင်ပေါ်တာမဟုတ်ဘူး၊ တစ်ခုစီပေါ်တာ (မှန်ပါ့)။

ပြီးတော့မှ အိမ်သည်နှစ်ခုရှိသေးတယ်ကွ ဆိုတာက မရှုဘဲ မရှိုက်ဘဲ မနေနိုင်လို့ လေထုတ်တဲ့ စိတ်, လေရှိုက် တဲ့စိတ် (မှန်လှပါ့ ဘုရား)။

အမောဟချန်ပစ်ခဲ့တယ်

အဲဒီမှာ အမောဟချန်ပစ်ခဲ့တယ်၊ ဘာဖြစ်လို့ ချန်ပစ်ခဲ့သတုန်းဆိုတော့ ရှုရမည့် တရားဖြစ်လို့ ချန်ပစ်ခဲ့တယ် (မှန်ပါ့) ဒါတွေကတော့ အရှုခံတရားမို့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) မြင်စိတ် ( ကြားစိတ် , နံစိတ် , စားစိတ်) ယားနာတဲ့စိတ်၊ ကောင်းတဲ့စိတ်၊ ဒါ ကိုယ်ပေါ်မှာချည့် ပေါ်တာ (မှန်ပါ့) အပြင်ဧည့်သည် ခြောက်ယောက် (မှန်ပါ့)။

ဒါ အပြင်မှာပေါ်တာ၊ စာလိုတော့ အဇ္ဈတ္တိကာယတန၊ ဒါပေမယ့် ကိုယ့်သန္တာန်မှာ ဒါ အပြင်ဘက်ပေါ်လို့ အပြင်ဧည့်သည်သာမှတ်လိုက် (မှန်ပါ့) အပြင်မှာပေါ်လို့ အပြင်ထာဝရမပေါ်လို့ ဧည့်သည် (မှန်ပါ့) ဒါ့ကြောင့် ပေါင်းလိုက်တော့ အပြင်ဧည့်သည် (မှန်ပါ့)။

အတွင်းဧည့်သည်က ငါးခု၊ လောဘ, ဒေါသ, မောဟ, အလောဘ , အဒေါသ (မှန်ပါ့)။

အမောဟ ဘာဖြစ်လို့မပါသတုန်း မရှုရမှာကြောင့် (မှန်ပါ့ ဘုရား) အမောဟကနေပြီး အကုန်ရှုမှာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒါက လေထုတ်တဲ့စိတ်၊ ဒါက လေပြန်ရှိုက်တဲ့စိတ် (မှန်ပါ့) သူက အိမ်သည် နှစ်ခု၊ အိမ်သည်နှစ်ခု ဆိုတော့ သက်စောင့် (မှန်ပါ့) သူမရှိသေသွားမယ် (မှန်ပါ့ သေရမှာပါ ဘုရား)။

ကဲ ဒါဖြင့် ခင်ဗျားတို့ ဒီနေ့ အလုပ်စပေးပြီ (မှန်ပါ့) ဒါပေါ်ရင် ဒါဖြစ်ပျက်လိုက် (မှန်ပါ့) ဒါပေါ်ရင် (ဖြစ်ပျက်ကြည့်လိုက်ရပါမယ် ဘုရား)။

အဲ အပြင်ဧည့်သည်ပေါ်ရင်လည်း တစ်ခုစီပေါ်မှာပဲ၊ အကုန်ဖြစ်ပျက်လိုက် (မှန်ပါ့) အတွင်းဧည့်သည် ငါးယောက် တစ်ယောက်ယောက်ပေါ်ရင် (ဖြစ်ပျက်လိုက်ရပါမယ် ဘုရား) ဘာမှမရှိဘူးဆိုရင် ဒီနှစ်ခု လှည့်ရှု (မှန်ပါ့) ပေါ်ရင်ပြန်လိုက်၊ သဘောပါပလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် စိတ်ဘယ့်နှယ်မျိုးပြသတုန်းကြည့် (ဆယ့်သုံးမျိုးပါ ဘုရား) အဲ သုံးဆယ့်ခုနှစ် ခုကို ချုံ့လိုက်ရင် ဒါပဲ ရှိတယ် (မှန်ပါ့)။

(၃၇)သုံးဆယ့်ခုနှစ်ကို ချုံ့လိုက်ရင်

သုံးဆယ့်ခုနှစ်ကို ချုံ့လိုက်ရင် (ဆယ့်သုံးပဲရှိပါတယ် ဘုရား) အဲ ဆယ့်သုံးမျိုးပဲရှိတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ဟိုမှာတော့ အင်မတန် ကျယ်ဝန်းအောင်ပြတယ် (မှန်ပါ့)ဒွိဟိတ်ပုဂ္ဂိုလ်ရော တိဟိတ်ပုဂ္ဂိုလ်ပါပြတယ် (မှန်ပါ့ ဘုရား) ဒါက ခင်ဗျားတို့ ဒွိဟိတ်ဖြစ်ဖြစ်, တိဟိတ်ဖြစ်ဖြစ် ဒါတော့ ပေါ်ရမယ် (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

လောဘမပေါ်နဲ့ ဆိုလို့မရဘူးလား၊ အကြောင်း တိုက်ဆိုင်ရင်ပေါ်ရမှာပဲ (မှန်ပါ့) ဒေါသ မပေါ်ပါနဲ့ဆိုလို့ မရဘူး၊ မောဟမပေါ်ပါနဲ့ဆိုလို့ မရဘူး အကြောင်းတိုက်ဆိုင် ပေါ်မှာဘဲ ပယ်မှ မပယ်သေးပဲကိုး (မှန်ပါ့)။

အလောဘဆိုတဲ့ လှူချင်၊ တန်းချင်တာကော အဒေါသဆိုတဲ့ မေတ္တာကော (ပေါ်ပါတယ် ဘုရား) ရှူမှု, ရှိုက်မှု ကကော ကင်းရဲ့လား (မကင်းပါ ဘုရား)။

အဲဒီတော့ အပြင်ဧည့်သည့် ၆၊ အတွင်းဧည့်သည် ၅၊ အိမ်သည် ၂ခုကို ခင်ဗျားတို့ အမောဟနဲ့ ရှု (မှန်ပါ့)။

အမောဟက သူချည့်တစ်ခုတည်း ဖြစ်လေ့မရှိသောကြောင့် ၅-ခုပြတယ် (မှန်ပါ့) သမ္မာဒိဋ္ဌိ, သမ္မသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ၊ ဒီ ၅ခုနဲ့ ရှု (မှန်ပါ့)။

ရှုတာ ဘယ်သူတုန်းလို့ မေးရင် ဓမ္မ (မှန်ပါ့) အရှုခံတာ ဘယ်သူတုန်းလို့ မေးရင်ကော ဓမ္မပဲ၊ ဓမ္မကို ဓမ္မနဲ့ ရှု (မှန်ပါ့) ဓမ္မကို ဓမ္မနဲ့ရှုဆိုတော့ ဘုန်းကြီးက အထူးပြောဖို့ မလိုတော့ဘူး။ သက္ကာယဒိဋ္ဌိပြုတ်တယ် (မှန်ပါ့) မပြုတ်သေး ဘူးလား (ပြုတ်ပါတယ် ဘုရား)။

ဓမ္မကို (ဓမ္မနဲ့ ရှုရပါ့မယ်) အဲ ဒါဟာ ပြီးသွားတာပေါ့ ဓမ္မကို ဓမ္မနဲ့ ရှုနေရတာ သိလို့ရှိရင်ဖြင့် သက္ကာယဒိ ဋ္ဌိပြုတ်ပြီ (မှန်ပါ့ ဘုရား)။

သက္ကာယဒိဋ္ဌိ ပြုတ်တယ်

ဓမ္မကို ဓမ္မနဲ့ ရှုနေရင် (သက္ကာယဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား) ဒီဓမ္မတွေဟာ အကြောင်းရင်း ဖြစ်တာမဟုတ်ဘူး၊ အကြောင်းကြောင့် ဖြစ်တယ်လို့ သိလို့ရှိရင် ဝိစိကိစ္ဆာပြုတ်ပြီ (မှန်ပါ့ ဘုရား)။

ဒီဓမ္မတွေဟာ အလိုလိုပေါ်တာလား အကြောင်းကြောင့် ဖြစ်တာလား (အကြောင်းကြောင့် ဖြစ်တာပါ) အဲ အကြောင်းကြောင့်ဖြစ်တယ်ဆိုတော့ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားတွေပဲလို့ သိနေလို့ရှိရင် ဝိစိကိစ္ဆာပြုတ် ပြီ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဒီသမ္မသနဆိုတဲ့ ဝိပဿနာဉာဏ် ခင်ဗျားတို့ ယနေ့စပြီ (မှန်ပါ့) ဘာမှ မရှိရင် ဒါကလေးရှုနေ (မှန်ပါ့) ပေါ်ရင် ပေါ်ရာလိုက်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဖြစ်ပျက် – မဂ်, ဖြစ်ပျက် – မဂ်, ဖြစ်ပျက် – မဂ်ကြားက ကိလေသာ ကြားမခြားဘူး၊ ဒါနဲ့ ဒါနဲ့ ကြားမှာ မခြားတော့ဘူးဆိုရင် ညနေအားထုတ်, မနက်ရမယ်(မှန်ပါ့)။

မရရင် ခင်ဗျားတို့ ကြားခြားလို့

မနက်အားထုတ်ရင် (ညနေရပါမယ်) မရရင် ခင်ဗျားတို့ ကြားခြားလို့ဆိုတာ ကျုပ်က ဆုံးဖြတ်ချက်ချပြီ (မှန်ပါ့) ဘယ့်နှယ်နေသတုန်း မေးလို့ရှိရင် တယ်ကိလေသာ ပေါတဲ့လူတွေဗျာ (မှန်ပါ့) ဒါပဲဆိုရမှာပဲ၊ ဒီ့ပြင်ဘာဆိုစရာရှိသေးသတုန်း (ဒါပဲဆိုရမှာပါ ဘုရား)။

ဘုရားကညနေအားထုတ် မနက်ရ ရမယ်တဲ့၊ မနက်အားထုတ် ညနေရ ရမယ်ဆိုတော့ မရသေးဘူး ဘုရာ့၊ မရရင် ကိလေသာကြားခိုတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။