သုခနဲ့ ဒုက္ခ-ပရဗိုဇ်အမေး၊ ရှင်သာရိပုတ္တရာအဖြေ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ် ဆရာတော်ဘုရားကြး
အမရပူရမြို့၊ ဓမ္မာရုံ၌ ဟောကြား ဆုံးမတော်မူူသော
(၁၅-၉-၆၁ )
လိုရင်းအချက်ကိုမေးတယ်
ရှင်သာရိပုတ္တရာကို ပရဗိုဇ်တွေက လိုရင်းအချက်ကိုမေးတယ်လို့ ဒကာကြွယ်တို့ မှတ်ထားရမယ်နော် (မှန်ပါ့ ဘုရား)။
ရှင်သာရိပုတ္တရာကို ပရဗိုဇ်တွေက ဘယ်လိုမေးသတုန်းလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် အရှင်ဘုရားတဲ့ တပည့် တော်တို့ လောကကြီးထဲမှာ သုခဒုက္ခပဲရှိပါတယ်။ ဥပေက္ခာဆိုတာက ဒါလောက် မရှားပါဘူး၊ အဲဒီသုခနဲ့ ဒုက္ခဟာ တပည့်တော် တိုတိုနဲ့ ကျဉ်းကျဉ်းသိချင်ပါတယ်။ တိုတိုနဲ့ ကျဉ်းကျဉ်းသိပြီး သကာလ သုခဖြင့်လဲ သုခဘက်ကိုလိုက်ပါ တော့မယ်၊ ဒုက္ခဖြင့်လဲ ရှောင်ပါတော့မယ် ဆိုတဲ့စိတ်ထားနဲ့ မေးခြင်းဖြစ်ပါတယ်။ ဒါကြောင့် အရှင်ဘုရားသည် ပညာအရာမှာလဲ ဘုရားအောက် တစ်ယောက်သာရှိတယ်ဆိုတာ တပည့်တော်များ သိပါတယ်၊ ဒါကြောင့် သုခနဲ့ဒုက္ခဖြင့် တပည့်တော်တို့ ရှင်းအောင် အမိန့်ပေးပါလို့ ပရဗိုဇ်တွေက ဒကာကြွယ် မေးတယ်နော် (မှန်ပါ့ ဘုရား)။
ဒါ- ဒကာ ဒကာမတွေ ဒီတရားဘာတရားပါလိမ့်မတုန်းလို့ ဘာမှသံသယမရှိနဲ့၊ သုခနဲ့ ဒုက္ခ ဒကာ ဒကာမတွေ အလိုရှိနေတာလဲ သုခ၊ ဒကာ ဒကာမတွေ ရှောင်ရှားချင်တာကလဲ ဒုက္ခ (မှန်ပါ့) အဲဒီနှစ်ခုကိုတဲ့ သုခနဲ့ ဒုက္ခရှင်းရှင်း ပြောပြီး သကာလ သုခလိုက်သင့်လို့ရှိရင် သုခကို တပည့်တော်တို့ လိုက်မယ် (မှန်ပါ့) ဒုက္ခရှောင်သင့်လို့ရှိရင်လဲ ဘယ်ဟာ ရှောင်ရမယ်ဆိုလို့ ရှိရင်လဲ ရှောင်ဖို့ပဲ (မှန်ပါ့ ဘုရား)။
သုခဆိုတာဘယ်ဟာလဲ၊ ဒုက္ခဆိုတာ ဘယ်ဟာလဲ
ဒါကြောင့် သုခနဲ့ ဒုက္ခဖြင့် တပည့်တော်တို့ကို ရှင်းပြီး သကာလ အရှင်ဘုရားသည် အမိန့်ရှိပေးပါလို့ ဆိုတော့ ဒကာကြွယ် အင်မတန်ကောင်းတဲ့ စကားပဲ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ သုခနဲ့ ဒုက္ခဟာ သုခဆိုတာဘယ်ဟာလဲ၊ ဒုက္ခဆိုတာ ဘယ်ဟာလဲလို့ ပရဗိုဇ်က ရှင်သာရိ ပုတ္တရာကို မေးပါတယ် (မှန်ပါ့ ဘုရား)။
မေးတော့ ရှင်သာရိပုတ္တရာက ဘယ့်နှယ်ဖြေလိုက်သတုန်းလို့ ဆိုတော့ကွာ-တဲ့၊ နောင်တစ်ဖန် ပဋိသန္ဓေ နေရလို့ရှိရင်ဖြင့် ဒုက္ခကွ-(မှန်ပါ့) ပဋိသန္ဓေမနေရတဲ့ ပုဂ္ဂိုလ်ဟာဖြင့် သုခကွလို့ ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။
နောင်တစ်ဖန် ပဋိသန္ဓေနေရရင် (ဒုက္ခပါ) ပဋိသန္ဓေ လွတ်သွားလို့ရှိရင် (သုခပါ ဘုရား)။
ဪ ဒါဖြင့် ဒါကျဉ်းကျဉ်းနဲ့ မိတဲ့စကားပဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ရတော့မယ် (မှန်ပ့ါ ဘုရား)။
ဒို့ဟာ သုခဆိုတဲ့ဥစ္စာ နဂိုရ်က ရှုပ်နေတယ်၊ လူ့ပြည်ကဒုက္ခ၊ နတ်ပြည်က သုခလားအောက်မေ့ပြီး နေခဲ့တယ်၊ ဒို့မှားချက်သန်ခဲ့လှပြီ (မှန်ပါ့) မှားချက်သန်ခဲ့လှပြီဆိုတော့ ဒကာကြွယ်တို့ ရိပ်မိလောက်ပါပြီနော် (မှန်ပါ့ ဘုရား)။
လူ့ပြည်က ဒုက္ခ, နတ်ပြည်ကသုခလို့ ကိုယ့်အထင်နဲ့ကိုယ် ပြောသံကြားနဲ့မှတ်ပြီး နေတာလို့လဲ အသေပြောင်း ခဲ့ရလှပြီလို့ ဆိုလို့ရှိရင် မလွဲဘူး (မလွဲပါ) အသေပြောင်းခဲ့လှပြီဆိုတော့ ဒကာသစ် ရိပ်မိလောက်ပြီ (ရိပ်မိပါပြီ ဘုရား)။
လူ့ပြည်မှာ သေပြီးမှ နတ်ပြည်တစ်ခါသွားပြီး သကာလ သေရတဲ့ အလုပ်ပဲလို့ ဆိုလို့ရှိရင်ဖြင့် မလွဲဘူးပေါ့ (မလွဲပါ ဘုရား)။
နောင်တစ်ဖန် ပဋိသန္ဓေမနေရလို့ရှိရင် သုခ
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သုခနဲ့ဒုက္ခ ရှင်သာရိပုတ္တရာကို ပရဗိုဇ်တွေမေးလို့ သုခဆိုတာ နောင်တစ်ဖန် ပဋိသန္ဓေမနေရလို့ရှိရင် သုခပါပဲကွာ (မှန်ပါ့) နောင်တစ်ဖန် ပဋိသန္ဓေတည်နေရရင် (ဒုက္ခပါ ဘုရား)။
ကိုင်း ဒီနှစ်လုံးနဲ့ပဲ ဦးမာဒင်တို့ ကျေနပ်ဖို့ကောင်းပါပြီ (ကျေနပ်ပါပြီ ဘုရား) ဒီနှစ်လုံးဟာ အလွန်ကျေနပ် ဖို့ကောင်းတယ် ဒကာ ဒကာမတို့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
နောင်တစ်ဖန် ပဋိသန္ဓေနေရရင် (ဒုက္ခပါ ဘုရား) ဪ နောင်တစ်ဖန် ပဋိသန္ဓေနေရလို့ရှိရင် ဒုက္ခပဲ (မှန်ပါ့) နောင်တစ်ဖန် ပဋိသန္ဓေမလာတော့ဘူးဆိုရင်ဖြင့် (သုခပါ ဘုရား) သုခပဲဆိုတာ မသေချာဘူးလား (သေချာ ပါတယ် ဘုရား)။
အဲဒါတွေ သေသေချာချာ ရှင်းထားတော့မှ ဪ ဒို့ဟာ တဏှာက တော်အောင်ပြောနေတာတွေဟာ ဒို့-လွဲကုန်ပါပေါ့လားဆိုတာ ဒကာကြွယ် မှတ်ရမယ် (မှန်ပ့ါ)။
လူ့ပြည်က ဆင်းရဲတယ် ၊ နတ်ပြည်က ချမ်းသာတ်ယ၊ နတ်ပြည်က ဆင်းရဲတယ်၊ ဗြဟ္မာ့ပြည်က ချမ်းသာ တယ်၊ ဒကာသစ် ဒါ ဘယ်သူ ပြောနေတာတုန်း (တဏှာက ပြောတာပါ ဘုရား)။
ဪ သူပြောတာကို မယုံကြနဲ့လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သတိပေးရတယ် (မှန်ပါ့)။
တဏှာလှည့်စားတာ မယုံပါနဲ့
သူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လောဘဆိုတဲ့တဏှာသည် ကားလို့ဆိုလို့ရှိရင် ဒကာ ဒကာမတွေကို ထွက်ရပ် လမ်းကိုသွားမှာ အလွန်စိုးရိမ်တဲ့တရား (မှန်ပါ့ ဘုရား)။
ထွက်ရပ်လမ်းဖြစ်တဲ့ နိဗ္ဗာန်ကြီးသွားမှာကို (အလွန်စိုးရိမ်တဲ့တရားပါ) အလွန်စိုးရိမ်တဲ့တရား ၊ သံသရာ ထဲမှာ ဂျွမ်းထိုးမှောက်ခုံနဲ့ တိရစ္ဆာန်ဖြစ်လိုက်, အပါယ်ကျလိုက်, လူ့ပြည်မှာ မသာတွေအမျိုးမျိုး ဖြစ်လိုက်၊ နတ်ပြည် သွားပြီး မသာကောင်တွေ အမျိုးမျိုးဖြစ်လိုက်၊ ဒါကို သူ-ကျေနပ်တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တဏှာလှည့်စားတဲ့အတိုင်း ဒကာကြွယ် မယုံနဲ့နော် (မှန်ပါ့ ဘုရား)။
တဏှာလှည့်စားတာကို (မယုံပါ ဘုရား) မယုံကြပါနဲ့လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သတိပေးရတယ် (မှန်ပါ့) သူကတော့ဖြင် ဒကာ ဒကာမတွေကို လှည့်စားမှာပဲ (မှန်ပါ့ ဘုရား)။
သူ့ဝတ္တရားက ဘာတုန်းဆိုလို့ရှိရင် တဏှာဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ အင်မတန်ကြောက်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား) တဏှာသိပ္ပိနီ၊ တဏှာ=တဏှာသည်၊ သိပ္ပိနိ=အပ်ချုပ်သမားနဲ့တူ၏ (မှန်ပါ့ ဘုရား)။
တဏှာဟာ အပ်ချုပ်သမားနဲ့တူသကွ
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တဏှာဟာ အပ်ချုပ်သမားနဲ့တူသကွတဲ့ (မှန်ပါ့) အင်း ဘယ်လို တူပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့မှ ဒီစုတိပြီးရင် ဟို-ပဋိသန္ဓေ ဒုက္ခနဲ့ ဆက်ပေးချင်တဲ့ သတ္တိဟာ သူ့သတ္တိ (မှန်ပါ့ ဘုရား)။
ဒီအလုပ်ပြီးလို့ရှိရင် ဟိုအလုပ် ဆက်ပေးချင်တဲ့ သတ္တိဟာ (သူ့သတ္တိပါ ဘုရား) တဏှာ့သတ္တိပဲ (မှန်ပ့ါ) သဘော ကျပလား (ကျပါပြီ ဘုရား)။
ဥပမာမယ် ထမင်းစားပြီးပြီ၊ ထမင်းစားပြီးရင် ဟိုဟာကလေး လုပ်ပါဦးလားဆိုတာ ဘယ်သူ့သတ္တိလဲ (တဏှာ့သတ္တိပါ ဘုရား)။
အင်း ဟိုဟာလုပ်ပြီးတဲ့အခါကျတော့ ဒီအတိုင်းထိုင်နေလို့ မဖြစ်သေးဘူး၊ ဟိုကိစ္စတွေကလဲ ရှိသေးတယ်၊ အဲဒါ လုပ်ပါဦးလားဆိုတာကော (တဏှာ့သတ္တိပါ ဘုရား)။
ဒကာ ဒကာမတွေကလဲ တကယ့်အရှင်သခင်ကြီး မှတ်ပြီး သကာလ ပြောတာကိုဖြင့် မြေဝယ်မကျ နားထောင် နြေ့တာ တဏှာ၏ ကောက်ကျစ်မှုကို ဒကာကြွယ် မသိလို့ပေါ့ (မှန်ပ့ါ ဘုရား)။
တဏှာ၏ ကောက်ကျစ်မှုကို (မသိလို့ပါ ဘုရား) ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကျုပ်က အလုပ်နဲ့ လက်နဲ့ပြတ်နေရင် မနေတတ်ဘူး တဲ့ (မှန်ပါ့)။
ဘယ်နေတတ်မတုန်းဗျ၊ ခင်ဗျားတို့က ဒကာ ဒကာမတွေက တဏှာကို အရှင်သခင်ကြီး မှတ်ပြီး သကာလ အင်မတန် ကြောက်နေကြတယ် (မှန်ပါ့ ဘုရား)။
သူက ချောက်ထားတာကလဲ မင်းလုပ်မှ မင်းစားရမှာ၊ မင့်မှာ သားသမီးတွေနဲ့၊ မင်းပေါ့နေလို့လဲ ဘယ်ဖြစ် မလဲ ၊ သူကလဲ ဒါနဲ့ခြောက်တယ် (မှန်ပါ့) ဒီဒုက္ခတွေ အများကြီးရအောင်ကို သူက ခြောက်ထားတယ် (မှန်ပ့ါ ဘုရား)။
ဒီက ဒကာ ဒကာမတွေလဲ ယောင်ချာချာတွေ ဖြစ်နေတော့ ဪ ဟုတ်သားပဲ၊ သတိမေ့လို့ မလုပ်မိ ဘူး၊ ဒါဟာ အလုပ်ဆိုတာ ဆက်ပြီး သကာလ လုပ်မှလဲ ခရီးပေါက်တာ (မှန်လှပါ) ဆိုတော့ ဒုက္ခတွေ ဆက်ပေးတာ ခင်ဗျားတို့ကလဲ အကျေနပ်ကြီး ကျေနပ်နေကြတယ် (မှန်ပါ့ ဘုရား)။
ဒုက္ခဆက်ပေးတာကို (အကျေနပ်ကြီး ကျေနပ်နေပါတယ် ဘုရား)။
ဪ ဒကာသစ်ရေ- မရိပ်မိဘူးနော် (မရိပ်မိပါ ဘုရား) မရိပ်မိဘူး၊ ဒကာ ဒကာမတွေက ဆောင်းတွင်းလဲ ဆောင်းအလုပ် ထားရတယ်ဘုရာ့ ၊ နွေလဲ နွေအလုပ် ထားရတယ်ဘုရာ့ ၊ မိုးလဲ မိုးအလုပ် ထားရတယ်ဘုရာ့၊ မတော်အလုပ်ပြတ်သွား ဘယ့်နှယ်လုပ်မတုန်းဆိုတော့ ဆင်းရဲပြတ်သွားရင် ဘယ့်နှယ်လုပ်မတုန်းပြောတာ (မှန်ပ့ါ)။
ဘာပြောတာပါလိမ့် (ဆင်းရဲပြတ်သွားရင် ဘယ့်နှယ်လုပ်မတုန်း ပြောတာပါ ဘုရား)။ အံမာလေး ကြောက် စရာကြီးပါလား ဒကာ ဒကာမတို့ (မှန်ပါ့) ခင်ဗျားတို့ကိုက ဆင်းရဲပြတ်မှာကို အင်မတန်စိုးရိမ်တယ် (မှန်ပ့ါ) သဘော ကျပလား (ကျပါပြီ ဘုရား)။
ခင်ဗျားတို့ကိုက (ဆင်းရဲပြတ်မှာကို အင်မတန် စိုးရိမ်ပါတယ် ဘုရား) ဘယ်သူကပါလိမ့် (တဏှာကပါ ဘုရား)။
ဒကာကြွယ် ကဲကွာ မင်းက ဒီလို ဆောင်း, နွေ, မိုး ဥတုသုံးပါးစလုံး အလုပ်မပြတ်အောင် မင်းက ဆက်ပြေးငြားသော်လဲ မင်းပေးတာ ဒုက္ခချည့်ပါပဲ၊ ငါတော့ဖြင့် တော်လှန်ပါတော့မယ်၊ မလုပ်ပါဘူးလို့ ဒကာကြွယ် တို့ကလဲ မလာဘူး (မှန်ပါ့) တယ်လဲ ကျွန်ပီပါလား (ပီပါတယ် ဘုရား) ရိပ်မိကြပလား (မှန်ပါ့ ဘုရား)။
သူက အပြောကောင်း
ဘယ့်နှယ်ကြောင့် ဒါလောက် ကြောက်နေကြပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ သူက အပြောကောင်း ကိုးဗျ (မှန်ပါ့) အင်း မင်းမွေးထားတဲ့ သားသမီးတွေ မင်း လူလားမြောက်အောင် မဆောင်ရင် မင်းဘယ့်နှယ် လုပ်မတုန်း (မှန်ပါ့ ဘုရား)။
အင်း သူက သားသမီးပြဟောလိုက်၊ အင်း အိမ်ကလိုသေးတယ်, တိုက်ကလိုသေးတယ်, ကားက လိုသေးတယ်၊ ဒီအတိုင်းနေလို့ မင်း တော်ပါ့မလား (မှန်ပါ့)။
ဟိုဖြင့် အမောဆိုက်ပြီ၊ သူက ဒီအတိုင်းနေလို့ တော်ပါ့မလား ပြောတုန်းရှိသေး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။
ဒကာသစ် အမောဘယ်လောက် ဆိုက်ပြီတုန်း (ဆိုက်ပါတယ် ဘုရား) အမောဆိုက်တာတောင်မှ သူက လုပ်ကွက် တွေဆင်ပြီး ပြတုန်းရှိသေးတယ် (မှန်ပါ့)။
ဒကာကြွယ် လွန်လှချည့်လား (လွန်ပါတယ် ဘုရား) အင်မတန်ဆိုးတဲ့ တဏှာဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါက အခုပြောလို့ တရားပွဲထဲ ရိပ်မိတာနော် (မှန်ပါ့) တရားပွဲထဲရိပ်မိတာ အိပ်ရောက်လို့ရှိရင်ဖြင့် ကိုယ့် အလုပ်ချည့်ပဲ အောက်မေ့ထားတယ် (မှန်ပ့ါ ဘုရား)။
ဘယ့်နှယ်များ အောက်မေ့သတုန်း (ကိုယ့်အလုပ်ချည့် အောက်မေ့ပါတယ် ဘုရား)။
ဘယ့်နှယ်တုန်း ဒကာသစ်ရေ တရားပွဲထဲ တရားနာနေတုန်းတော့ ဟုတ်သလိုလိုနဲ့၊ သူ့နယ်ထဲရောက်သွားတဲ့ အခါကျတော့ သူစီမံသလို လိုက်နာနေရတဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒကာကြွယ် အိမ်များပြန်ချင်သေးသလား (ပြန်ချင်ပါတယ် ဘုရား) တိုးတိုးပြောပါ၊ အိမ်ပြန်ချင်တာ ဘာ့ကြောင့် ပါလိမ့်မတုန်းဆိုတော့ ဘယ်သူ့မေးမေး ဪ လုပ်စရာကိုင်စရာတွေက လူဆိုတာ အင်မတန်များတာဘုရာ့လို့ ဆိုတာ ဒီအဖြေ ထွက်လာမှာပဲ (မှန်ပါ့) ဦးလှဘူး မထွက်ပေဘူးလား (ထွက်ပါတယ် ဘုရား)။
အဲဒီတော့ အိမ်ပြန်တာ သုခရချင်လို့လား ၊ ဒုက္ခရချင်လို့လား (ဒုက္ခရချင်လို့ပါ ဘုရား)။
ဒကာကြွယ် အိမ်ပြန်တာ ဘာတဲ့ (ဒုက္ခရချင်လို့ပါ ဘုရား)။
ဒုက္ခဆိုတာ ရှောင်ရမှာလား ၊ ဆောင်ရမှာလား
ဒုက္ခရချင်လို့ ၊ ဒုက္ခဆိုတာ ရှောင်ရမှာလား ၊ ဆောင်ရမှာလား (ရှောင်ရမှာပါ ဘုရား)။
ရှောင်ရပေမယ့်လဲ ခင်ဗျားတို့က ဆောင်ရမည့်တရားထဲ သွင်းထားတော့ အတော်ခက်နေတယ် (မှန်ပ့ါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါ ခင်ဗျားတို့က သူက ဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ တပည့်သားဖြစ်တဲ့ ရှင်သာရိပုတ္တရာကို မေးတော့ ဒုက္ခနဲ့သုခ ပြောစမ်းပါလို့ဆိုတော့ နောင်တစ်ဖန် ပဋိသန္ဓေမနေရတာ ဘာတဲ့တုန်း (သုခပါ ဘုရား) သုခပါနော် (မှန်ပ့ါ) နောင်တစ်ဖန် ပဋိသန္ဓေနေရရင် (ဒုက္ခပါ ဘုရား) ဒုက္ခဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘုရား တဲ့ ပရဗိုဇ်တွေက၊ အရှင်ဘုရားဟာ အဖြေတိုပါတယ် ရှင်းပါဦး တဲ့၊ (မှန်ပါ့) အဖြေ တိုနေပါတယ်ဘုရား၊ ရှင်းပါဦးဆိုတော့ နောင်တစ်ဖန် ပဋိသန္ဓေနေရတော့ ခန္ဓာရတယ်ကွာ (မှန်ပါ့)။
ခန္ဓာရတဲ့အခါကျတော့ကို ဒကာ ဒကာမတို့၊ နေပူ-လေပူ မခံရဘူးလား (ခံရပါတယ် ဘုရား) ကျင်ကြီးကျင် ငယ် ကိစ္စတွေကော (ခံရပါတယ် ဘုရား)။
ဆွေပူ၊ မျိုးပူတွေကော (ခံရပါတယ် ဘုရား) သူတစ်ပါး မျက်စောင်းထိုးပြီး ကဲ့ရဲ့သင်္ဂြိုဟ်တာတွေကော (ခံရ ပါတယ် ဘုရား) နောက် ဇာတိ၊ ဇရာ၊ မရဏတွေဆိုတဲ့ လက်ချက်တွေနဲ့ကော ဝိညာဏ်မချုပ်ရဘူးလား (ချုပ်ရပါတယ် ဘုရား)။
နောင်တစ်ဖန် ပဋိသန္ဓေနေရလို့ရှိရင်
ကဲ နောင်တစ်ဖန် ပဋိသန္ဓေနေရလို့ရှိရင်ဖြင့် ဒကာကြွယ် နေပူ၊ လေပူ တွေ့ရပါမယ်ဆိုပါလားဗျာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ကျင်ကြီးကျင်ငယ်ကိစ္စတွေကော (တွေ့ရပါတယ် ဘုရား) မင်းဘေး၊ စိုးဘေး၊ သူခိုး ဘေးတွေကော (တွေ့ရပါတယ် ဘုရား) အို,သေကိစ္စတွေကော (တွေ့ရမှာပါ ဘုရား) ဆွေမျိုးဉာတကာတွေက သူ့သာပေး တယ်၊ ငါတော့ မပေးဘူးဆိုတဲ့ မျက်စောင်းထိုးမှုတွေကော (တွေ့ရမှာပါ ဘုရား) ခံရမယ်ဆိုတာ သေချာပလား (သေချာ ပါပြီ ဘုရား)။
ဒါဖြင့် နောင်တစ်ဖန် ပဋိသန္ဓေနေတဲ့ပုဂ္ဂိုလ်များ မျက်စောင်းထိုးခံချင်လို့ (မှန်ပါ့)။
ဒကာကြွယ် နောင်တစ်ဖန် ပဋိသန္ဓေနေချင်တဲ့ ပုဂ္ဂိုလ်များ ဘာပါလိမ့် (မျက်စောင်းထိုးခံချင်လို့ပါ ဘုရား)။
တယ်လဲ ခင်ဗျားတို့က မျက်စောင်းထိုးခံချင်ပါကလား ၊ မျကေ်စာင်းထိုးဆိုတာ မုန်းလို့ထိုးတာ (မှန်ပါ့) အဲဒါ ခင်ဗျားတို့က လူ့ဘဝတွေ၊ နတ်ဘဝတွေ ရချင်ကြလို့ရှိရင်ဖြင့် နတ်-နတ်ချင်း မျက်စော်ငးထိုး၊ လူ-လူချင်း ဆွေမျိုးဉာတကာတွေက သူ့သာပေးတယ်၊ ငါ့မပေး-ဆိုတာတွေက လာလိမ့်ဦးမယ် (မှန်ပါ့)။
တစ်နည်း ကိုယ်က မရှိပြန်လို့ရှိရင်လဲ အင်း လာပြန်ပြီ၊ တောင်းမလို့ ရမ်းမလို့ မျက်စောင်းထိုးပြန်ပြီ (မှန်ပါ့ ဘုရား) ဒါကို ခင်ဗျားတို့ကလဲ ဒီမျက်စောင်းထိုးကို ကြက်သရေများ ရှိတယ်မှတ်နေရင်တော့ ဒကာကြွယ် ခက်ပါသေးရဲ့ (ခက်ပါတယ် ဘုရား)။
ဒကာကြွယ် အမျိုးမျိုးအထိုးတော့ မခံခဲ့ရသေးဘူးလား (ခံခဲ့ရပါတယ် ဘုရား)။
ကိုယ်ကတော့ ရှေ့စိုက်သွားနေတာပဲ၊ နောက်ကလူတွေက လက်ညှိုးနဲ့ထိုးလို့ထိုး၊ မျက်စောင်းနဲ့ထိုးလိုထိုး၊ သွားပြီ ဘာမှအသုံးမကျဘူး၊ တစ်ဖက်သတ်သမားကြီး၊ ဘယ်လိုညာလိုနဲ့ ရှုပ်နေတာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား) ရိပ်မိရင် ခင်ဗျားတို့ နောက်ဘဝလိုချင်သေးသလား (မလိုချင်ပါ ဘုရား) လိုချင်စရာကော ရှိကြရဲ့လား (မရှိပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ နောင်တစ်ဖန် ပဋိသန္ဓေ နေရရင် ဘာပါလိမ့် (ဒုက္ခပါ ဘုရား) ပဋိသန္ဓေ မနေရရင် (သုခပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နောင်တစ်ဖန် ပဋိသန္ဓေနေရတဲ့ အဖြစ်ဟာဖြင့် ဒုက္ခမျိုးစုံ အကုန်ရတယ် (မှန်ပါ့) ဒုက္ခလွတ်သွားလို့ရှိရင်ဖြင့် ပဋိသန္ဓေမျိုးစုံ အကုန်ကျွတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုရားရှေ့သွားပြီး ဒုက္ခတော့ မတောင်းကြနဲ့
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားရှေ့သွားပြီး ဒုက္ခတော့ မတောင်းကြနဲ့ (မှန်လှပါ)။
ဒကာကြွယ် ဘယ့်နှယ်ပြောသလဲ (ဘုရားရှေ့သွားပြီး ဒုက္ခတော့ မတောင်းပါနဲ့) ဒကာကြွယ် တောင်းဘူးသေး သလား၊ ဘုရားရှေ့များ သွားမတောင်းပါနဲ့နော် (မှန်ပါ့ ဘုရား)။
ဘုရားက ဒုက္ခသစ္စာဆိုတာ ပရိညေယျနဲ့ ပိုင်းခြားပြီး ခြေကန်ပစ်ခဲ့ရတယ် (မှန်ပ့ါ) ဒါကို ဒကာသစ်တို့ လူစု၊ ဒကာကြွယ်တို့ လူစုတွေက ဒီဘဝက စုတေမနေ သေလွန်ရလို့ရှိရင်ဖြင့် ဒီသား၊ ဒီသမီး၊ ဒီမြေး၊ ဒီမြစ်နဲ့ နေရ ထိုင်ရတဲ့ သဘောတွေနဲ့များ သွားတောင်းမယ်ဆိုလို့ရှိရင် ဘုရားရှေ့မှာ ဒကာသစ် ဘာသွားတောင်းတာတုန်း (ဒုက္ခ သွားတောင်းတာပါ ဘုရား)။
ဒကာ ဒကာမတွေ ဘာသွားတောင်းပါလိမ့် (ဒုက္ခသွားတောင်းတာပါ ဘုရား) ဘုရားသခင်ကိုယ်တော်မြတ် ကြီးကလဲ “တိဏ္ဏော တာရေယျံ၊ မုတ္တော မောစေယျံ၊ ဗုဒ္ဓေါ ဗောဓေယျံ”၊ ငါ ဒုက္ခသိသလို သူတို့ကို ဒုက္ခသိစေမဟ (မှန်လှပါ) ငါသည် ဒုက္ခထဲမှ လွတ်မြောက်သလို သူတို့ကို လွတ်မြောက်စေမဟ (မှန်ပါ့) ဒီလိုရည်ရွယ်ချက်ကြီးနဲ့ ဘုရားဖြစ်လာတာ သူ့ရည်ရွယ်ချက်နဲ့ ခင်ဗျားတို့ တောင်းတဲ့ဆုနဲ့ ကိုက်ကဲ့လား (မကိုက်ပါ ဘုရား) ဒါဖြင့် ဘုရားကို ဘာလုပ်ကြတုန်းဆိုတော့ ကန့်လန့်လုပ်တာ (မှန်ပ့ါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘုရားကို ကန့်လန့်လုပ်တာတော့ တော်မထင်ပါဘူး
ဘာလုပ်ကြတာတုန်း (ကန့်လန့်လုပ်ကြတာပါ ဘုရား)။ ဟာ ဒကာကြွယ် လူကြီးလူကောင်းလုပ်ပြီး ဘုရားကို ကန့်လန့်လုပ်တာတော့ တော်မထင်ပါဘူးဗျာ (မတော်ပါ ဘုရား)။
ဒီ့ပြင်လူ ဂုဏ်တူတဲ့လူကို ကန့်လန့်လုပ်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ဒါလောက် အပြစ်မကြီးပါဘူး (မှန်ပါ့) အတု မရှိ ကိုယ်တော်ကြီးသွားပြီး ဘာလုပ်သတုန်း (ကန့်လန့်လုပ်ပါတယ် ဘုရား) လုံးဝ မတော်ဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒကာကြွယ် လုပ်ဖူးသေးသလား ကန့်လန့်ကလေး ဘာကလေး (လုပ်ဖူးပါတယ် ဘုရား) မသိခင်က လုပ်ကြ တယ် (မျန်ပါ့) သိပြီးတော့ ဒါ ဦးလှဘူး မထည့်နဲ့နော် (မှန်လှပါ ဘုရား) နိဗ္ဗာန်ကလဲ ဗြုန်းကနဲရမှာမဟုတ်တော့ နည်းနည်းတော့ ထည့်လိုက်ဦးမှထင်ပါရဲ့ (မှန်ပါ့) သိပြီးမှ ကန့်လန့်က လာသေးတယ် (မှန်ပါ့ ဘုရား) မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒါကြောင့် အဲဒီ ကန့်လန့်လာတာသည် ဘယ်သူ၏ လက်ချက်လဲ လို့ ဘယ်သူ၏ လက်ချက်လဲ လို့ ဒကာသစ်တို့ မေးလို့ရှိရင် တဏှာ၏ ကောက်ကျစ်မှုလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
သူက တဏှာသိပ္ပိနီ ဆိုတဲ့အတိုင်းတဲ့ ဒကာ ဒကာမတွေကို စုတိနဲ့ ပဋိသန္ဓေပြတ်သွားမှာ သိပ်စိုးရိမ်တယ် (မှန်ပါ့) စုတိနဲ့ ပဋိသန္ဓေဆက်နေရင် သဘာကျတယ် (မှန်လှပါ ဘုရား) ဒုက္ခပင်လယ်ဝေနေရင် (ကြိုက်ပါတယ် ဘုရား) သဘောကျတယ်ဆိုတော့ ပေါင်းကောင်း-မပေါင်းကောင်း ဒီပုဂ္ဂိုလ်ကို (မပေါင်းကောင်းပါ ဘုရား)။
မပေါင်းကောင်းပေမယ့် ခင်ဗျားတို့က ကျေးဇူးတင်လိုက်သေးတယ် (တင်ခဲ့ပါတယ် ဘုရား)။
အင်း ကိုယ့်လောဘကလေးနဲ့ ကိုယ်ဆိုတော့ ဒါကလေး ရလိုက်သေးတယ် (မှန်ပါ့) အံမာလေး ကျေးဇူးများ တင်လိုက်သေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မပေါင်းကောင်းဘူးလဲဆိုရဲ့ ကျေးဇူးလဲ တင်သေးရဲဆိုတော့ ဦးလှဘူးရေ အတော်ခက်နေပြီ (မှန်ပါ့)။
ဒကာကြွယ် ခေတ်ကောင်းကလေးတုန်းက ကိုယ်က ခပ်လောလောကလေး လုပ်လိုက်တာနဲ့ ဒါကလေးရ လိုက်သေးတယ်၊ အင်း ဒီလောဘကလေး သူ့အကြောင်း တိုက်ဆိုင်လို့ ပေါ်လာလို့ပဲ သူ့ကျေးဇူး သူ့ကျေးဇူး (မှန်လှပါ) အဲဒီအခါတုန်းက ရတာမယူလိုက်လို့ရှိရင် အခု မခက်ဘူးလား တဲ့ (မှန်ပါ့) အခုခက်တာလဲ သူမမြင်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အခုခက်တာက နည်းနည်းနောနော ခက်တာလားလို့ ဆိုရင် ရတဲ့ပစ္စည်းကို ရသလောက် ကျယ်ကျယ် ဝန်းဝန်းလုပ်ရလို့ရှိရင် ဒုက္ခသေးသွားသလား၊ ကြီးလာသလား (ကြီးလာပါတယ် ဘုရား)။
အဲဒါလဲ မမြင်ပါဘူး၊ အခု ဘယ့်နှယ်လုပ်မတုန်းသာ ပြောနေတာပဲ (မှန်ပါ့)။
သမုဒယသစ္စာကိုလဲ သိခဲတယ်ဆိုတာ
အံမာလေး ထူလိုက်တာ အ,လိုက်တာလဲ ဒကာကြွယ် အဆုံးအဆ မရှိပါကလား (မရှိပါ ဘုရား)။
ဒါကြောင့် သမုဒယသစ္စာကိုလဲ သိခဲတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ခင်ဗျားတို့ကမှ သူမှမရှိလို့ရှိရင် နေမကောင်းဘူး (မှန်ပါ့) ဪ ပျင်းလိုက်တာ (မှန်ပါ့) ရောင်းဈေး၊ ဝယ်ဈေးကလဲ မဟုတ်တော့ အလကားနေရင်း ထိုင်နေရတယ်ဆိုတော့ သူမရှိလို့ပျင်းတယ် (မှန်ပါ့-ပျင်းပါတယ် ဘုရား)။
ဒကာသစ် ဘယ်သူမရှိတာတုန်း (တဏှာလောကမရှိတာပါ ဘုရား) တဏှလောကမရှိတော့ ဘယ့်နှယ်ဖြစ်နေ သတုန်း (ပျင်းပါတယ် ဘုရား)။
ပျင်းတယ်၊ ဒီအတိုင်းဆိုရင် အခက်ကြီးပါကလား တဲ့ (မှန်ပါ့) အင်း ဒီအတိုင်းဆိုရင် ဘာတဲ့တုန်း (အခက်ကြီးပါ ဘုရား) ဘယ်သူမရှိလို့တုန်း (တဏှာမရှိလို့ပါ ဘုရား)။
အင်း သူမရှိရင် အပါယ်မှသွားရပါတော့မလား၊ ဒီအတိုင်း ဆိုရင် အခက်ကြီး (မှန်ပ့ါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အံမာလေး ဒကာ ဒကာမတွေ ခင်ဗျားတို့ အခက်ကြီးဟာ အတော်ကြောက်စရာ ကောင်းသနော် (ကောင်း ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာကြွယ်ရေ အခုတရားမှာ ကျုပ်တို့ ခန္ဓာပြတ်ဟောရတော့မယ် (မှန်ပါ့ဘုရာူး)။
ဒကာကြွယ် ပဋိသန္ဓေနေရမှ သုခကိုးဗျ (မှန်ပ့ါ) နောင်တစ်ဖန် ပဋိသန္ဓေနေရရင် (ဒုက္ခပါ) ဒုက္ခပဲဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒီခန္ဓာကြီးမရှိရင် ဘာနဲ့များနေမှာပါလိမ့်
အဲဒါကြောင့်တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီခန္ဓာကို ခန္ဓာပြတ်ကို ဟောတော့မယ်လို့ဆိုတော့ ဒကာ ဒကာမတွေက ဗြုန်းကနဲဆိုတော့ ဪ ဒီခန္ဓာကြီးမရှိရင် ဘာနဲ့များနေမှာပါလိမ့်မတုန်း၊ ဒီမှာ သံသယက ဝင်လာ တယ် (မှန်ပါ့ ဘုရား)။
ဒီခန္ဓာမရှိရင် (ဘာနဲ့များနေကြမတုန်း) ဘာနဲ့နေမတုန်းဆိုတဲ့ သံသယဟာ ခန္ဓာပြတ်ဟောတော့မယ်ဆိုရင် ဒကာသစ် ဒါလာပြီ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။
ဪ ဘယ့်နှယ်ကြောင့် ဒါလာပါလိမ့်မလဲလို့ အကြောင်းရင်းရှာကြပါစို့ (မှန်ပါ့) ခန္ဓာကို ဒုက္ခမသိလို့ လာတာ (မှန်ပါ့) ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ဒီခန္ဓာကြီးပြတ်သွားရင် တပည့်တော်တို့ ဘာနဲ့နေရမှာတုန်းလို့ သံသယ ဒီလိုလာတဲ့ပုဂ္ဂိုလ်မှာ ခန္ဓာဒုက္ခမသိလို့ လာတာ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာတုန်း (ခန္ဓာဒုက္ခ မသိလို့လာတာပါ) အဲဒါ ခင်ဗျားတို့ ဝမ်းထဲမှာလာတိုင်း-လာတိုင်း ဪ ဘုန်းကြီးကလဲ ခန္ဓာမရှိရင် ကောင်းတယ်လို့ ဟောတယ်၊ ဘုရားကလဲ ဟော်တော်မူတယ်၊ ရှင်သာရိပုတ္တရာကလဲ ယခုဟောပြီ၊ ခန္ဓာမရှိ ရင် ဘာနဲ့များ နေရမှာပါလိမ့်မလဲလို့ တွေးလုံးလာလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခန္ဓာဒုက္ခသစ္စာလို့ မသိတဲ့ အဝိဇ္ဇာက လာတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
မသိတဲ့အဝိဇ္ဇာက လာတာ
ဘယ်သူကလာတာတုန်း (ခန္ဓာဒုက္ခသစ္စာလို့ မသိတဲ့အဝိဇ္ဇာက လာတာပါ) ဪ သူ့လက်ချက် သူ့လက် ချက် (မှန်ပါ့) သစ္စာမသိတဲ့ အဝိဇ္ဇာ၏လက်ချက်က လာတာပဲဆိုတာ ဒကာကြွယ် ပေါ်ပါပြီ (ပေါ်ပါပြီ) မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ ခန္ဓာဒုက္ခသိမှ ခန္ဓာပြတ်ကို သဘောကျတယ် (မှန်ပါ့) ခန္ဓာဒုက္ခ မသိသေးရင် (ခန္ဓာပြတ်ကို သဘောမကျပါ) ခန္ဓာပြတ်ကို သဘောကျပါ့မလား (မကျပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သည် ဝမ်းထဲမှာလဲ ဘုန်းကြီးများကလဲ ဪ နိဗ္ဗာန်မသိသေးတော့ သူတို့ ဖြစ်တော့ဖြစ်မှာပဲ၊ ဒီဘဝက စုတေမနေ သေလွန်ရလို့ ရှိရင်ဖြင့် ခန္ဓာမရရင် ကောင်းတယ်လို့ ရှင်သာရိပုတ္တရာက ဟောလိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
စုတေမနေ သေလွန်ရရင် ဘာတဲ့တုန် း(ခန္ဓာမရရင် ကောင်းပါတယ်) ခန္ဓာမရရင် ကောင်းတယ်ဆိုတော့ ဗြုန်းကနဲ ဒကာ ဒကာမတွေ တရားတစ်ပွဲလုံးက ခန္ဓာမရှိရင် ဘယ်သူန့နေမလဲလို့ မလာပေဘူးလား (လာပါတယ်) ဒီအသံ ဘာအသံတုန်းလို့ ဒကာသစ်က အကဲခတ်စမ်း (သစ္စာမမြင်တဲ့အသံပါ) ဒုက္ခသစ္စာ မသိတဲ့ အဝိဇ္ဇာက ထွက် လာတာ (မှန်ပ့ါ ဘုရား)။
ဘယ်သူက ထွက်လာတာတုန်း (ဒုက္ခမသိတဲ့ အဝိဇ္ဇာက ထွက်လာတာပါ ဘုရား)။
ခန္ဓာကို ဒုက္ခသစ္စာလို့ မသိတဲ့ အဝိဇ္ဇာက ထွက်လာတာ (မှန်ပါ့) ဒကာကြွယ် ကောင်းကောင်းရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်က ထွက်လာတာတုန်း (ခန္ဓာကို ဒုက္ခသစ္စာလို့ မသိတဲ့ အဝိဇ္ဇာက ထွက်လာတာပါ ဘုရား)။
အဲ ဦးမာဒင်တို့ ဒီအတွေးကလေးလာလို့ရှိရင် ဟ ငါ့မှာ အဝိဇ္ဇာဝင်လာပြီအောက်မေ့လိုက် (မှန်ပါ့ ဘုရား)။
ဒီအတွေးကလေး ဝင်လာရင် (အဝိဇ္ဇာဝင်လာပြီ အောက်မေ့ရပါမယ် ဘုရား)။
အဝိဇ္ဇာ၏ စီမံချက်ဖြင့် ဝင်လာပြီ
ဘုရားက ခန္ဓာပြတ်ဟောတယ်၊ ရှင်သာရိပုတ္တရာကလဲ နောက်ခန္ဓာမရရင် သုခလို့ဟောတယ် (မှန်ပါ့) ဒီ ခန္ဓာမရှိရင် ဘာနဲ့နေရမှာတုန်း လို့များ ခင်ဗျားတို့ တွေးလုံးကလေးတစ်လုံးလာလို့ရှိရင် အဝိဇ္ဇာ၏ စီမံချက်ဖြင့် ဝင်လာပြီအောက်မေ့ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (အဝိဇ္ဇာ၏ စီမံချက်ဝင်လာပါပြီ) ကြည့်- ရှင်သာရိပုတ္တရာ ဟောတာကြည့်ပါ ဒကာကြွယ်ရ (မှန်ပါ့) ဒီခန္ဓာစွန့်ပစ်ပြီး နောက်ခန္ဓာမရရင် သုခလို့ဆိုတော့ သုခကိုမသိဘူး၊ ဒီခန္ဓာမရှိရင် ဘာနဲ့နေမတုန်းသာ သူပေါ်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခန္ဓာမရှိရင် သုခရှိပါတယ် (မှန်ပါ့) ခန္ဓာမရှိရင် (သုခရှိပါတယ်) ခန္ဓာရှိနေရင် (ဒုက္ခရှိပါတယ် ဘုရား) ဒါကွဲမှ ဦးမာဒင် နေရာကျမှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခန္ဓာမရှိရင် (သုခပါ) ခန္ဓာရှိရင် (ဒုက္ခပါ) ကောင်းပြီဒါဖြင့် ခန္ဓာကဒုက္ခသစ္စာ၊ ခန္ဓာမရှိတဲ့ ပေါ်လာတဲ့ သုခက နိရောဓသစ္စာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခန္ဓာမရှိလို့ ခန္ဓာချုပ်ငြိမ်းလို့ ချမ်းသာလုံးကလေး ပေါ်လာတာက ဘာပါလိမ့် (နိရောဓသစ္စာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာကိုသိမှ နိရောဓသစ္စာကို မျက်မှောက်ပြုနိုင်တယ်ဆိုတဲ့ စကားဟာ ကောင်း ကောင်းကြီး ရှင်းသွားပါတယ် (ရှင်းသွားပါတယ်) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကောင်းပြီ-ဒါဖြင့် ခန္ဓာမရှိအောင် လုပ်ကြစို့ (မှန်ပါ့) ခန္ဓာမရှိရင် သုခကရတော့မယ် (မှန်ပါ့) ခန္ဓာမရှိရင် (သုခက ရတော့မှာပါ ဘုရား)။
ခန္ဓာငါးပါး၏ ဒဏ်ချက်ဟာ
ကိုင်း ဒကာ ဒကာမတို့ နည်းနည်းကလေး စဉ်းစားလိုက်ပါနော် (မှန်ပါ့) အခု ဒီခန္ဓာကြီး ရှိပြီး သကာလ အသီးအသီး ဒကာ ဒကာမတွေမှာ ခန္ဓာငါးပါးနဲ့အတူ နေကြရတာကိုးဗျ (မှန်ပါ့) အတူနေကြရတဲ့အခါကျတော့ ခန္ဓာ ငါးပါး၏ ဒဏ်ချက်ဟာ ဒကာ ဒကာမတို့ ဘယ်အချိန်မှ ဘယ်အဝတ်ဝတ်ပေးလဲ မအေးဘူး (မအေးပါ) ဘယ်အစာ ကျွေးလဲ (မအေးပါ) မအေးဘူးတဲ့၊ ဘယ်ဥတုနဲ့ကြုံပြန်လဲ (မအေးပါ) ဘယ်ကိစ္စနဲ့ ကြုံပြန်လဲ (မအေးပါ ဘုရား)။
တစ်ခါတည်း သူကတော့ဖြင့် ဒီဥတုကို မကြိုက်ဘူး၊ ဟိုဥတုကိုမှ ကြိုက်တယ်၊ ဒီအစာကို မကြိုက်ဘူး၊ ဟို အဟာမှ ကြိုက်တယ် (မှန်ပါ့) တစ်ခါတည်း ကျွေးကျိုး၊ မွေးကျိုး၊ ပြင်ကျိုး၊ ဆင်ကျိုးဆိုတာ ပေးသေးရဲ့လား (မပေးပါ ဘုရား)။
ကျွေးကျိုး၊ မွေးကျိုး၊ ပြင်ကျိုး၊ ဆင်ကျိုး၊ ရှိသေးရဲ့လား (မရှိပါ) မရှိဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အဲဒါတွေ ကြည့်တဲ့အခါကျတော့ ခန္ဓာ၏ နှိပ်စက်မှုပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဘယ်သူ၏ နှိပ်စက်မှုလဲ (ခန္ဓာ၏ နှိပ်စက်မှုပါ ဘုရား)။
ဒီခန္ဓာကြီးကတော့ ဒကာ ဒကာမတို့ သူကပေါက်ပွားတာတွေလဲ သူက အဆိပ်ပင်ကြီးဖြစ်နေတော့ သူက ပေါက်ပွားတာတွေလဲ အဆိပ်တွေလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီခန္ဓာကြီးက အဆိပ်ပင်ကြီးကိုးဗျ (မှန်ပါ့) အင်း သူက ပေါပ်ပွားတာတွေဟူသ၍ (အဆိပ်တွေပါ) အဆိပ် တွေပဲ ပေါက်ကွားနေတယ်ဆိုတော့ ဒီခန္ဓာကြီးကြောင့် ဒီခန္ဓာကြီး ဆွေးမြေ့လု့ိ နောက်ခန္ဓာရပြန်လို့ရှိရင်လဲ အဆိပ် ပင်ပေါက်ပြန်တာပဲ (ပေါက်ပါတယ်) နောက်ခန္ဓာတွေ အဆက်ဆက် သူက ပေါက်ပွားလာတဲ့ သားတွေ၊ သမီးတွေ ဆိုတာကော (အဆိပ်ပင်တွေပါ ဘုရား)။
အဆိပ်ပင်တွေပဲ၊ ဘာကြောင့်တုန်းဆိုတော့ စဉ်းစားကြည်ပါ၊ သားနေမကောင်းဘူးဆိုရင် အမေဖျားတာ- အဖေဖျားတာ (မှန်ပါ့) အဆိပ်သီးသွားစားတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သမီးနေမကောင်းဘူးဆိုရင် အမေ-အဖေကော (ဖျားပါတယ် ဘုရား) နေမကောင်းတော့ဘူး (မှန်ပါ့)။
ဘာဖြစ်သတုန်းမေးကြည့်တဲ့အခါကျတော့ ဟိုက အဆိပ်သင့်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
မိမိ နေမကောင်းဘူးဆိုတော့လဲ သားတွေ သမီးတွေလဲ အဆိပ်မသင့်ဘူးလား (သင့်ပါတယ် ဘုရား) ဟာ ဒါဖြင့် ဒီအမျိုး ဘာအမျိုးပါလိမ့် (အဆိပ်မျိုးပါ ဘုရား) အဆိပ်မျိုးတွေ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
နီးရာအကုန်နှိပ်စက်တာပဲ
နီးရာအကုန်နှိပ်စက်တာပဲ (မှန်ပါ့) ကိုယ့်ကိုယ်ကိုယ်လဲ (နှိပ်စက်ပါတယ် ဘုရား) နီးရာတွေလဲ (နှိပ်စက်ပါတယ် ဘုရား)။
အို-တစ်ခါတလေကျတော့ တစ်ယောက်သော ပုဂ္ဂိုလ်က ပစ္စည်းရှင်ဖြစ်ပြီး ဆုံးပါးရှုံးပါးရှိသွားပြီး သကာလ နေတဲ့အခါ တစ်မျိုးလုံး တစ်ဆွေလုံးများ ဝိုင်းပြီး သကာလ အဆိပ်ငွေ့တွေသင့်ပြီး သကာလ စားမဝင် အိပ်မပျော်တွေ ဒကာကြွယ် မလာဘူးလား (လာပါတယ် ဘုရား) အဲဒါ ဘာပင်က ဘာအနံ့သင့်သွားတာပါလိမ့် (အဆိပ်ပင်က အဆိပ်နံ့ သင့်သွားတာပါ ဘုရား) သူ အဆိပ်ပင်မှ ဟုတ်ကဲ့လား မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒီပုဂ္ဂိုလ်ကလဲ သူသေသွားတာလဲ ဥပမာမယ် ခုနင်က ဂုဏ်ကြီးဒြပ်ကြီးနဲ့ သေသွားတော့ သူ့အဆိပ်သင့်ပြီး သူသေတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သူ့ထဲမှာ ဇာတိ ဇရာ မရဏအဆိပ်တွေက သူ့ကိုဖျက်ဆီးပစ် လိုက်တယ် (မှန်ပါ့)။
ဒါဖြင့် ဒီပဋ္ဌမ အဆိပ်ပင်ကြီးကလဲ အလိုလိုသေတာလား အဆိပ်တွေကြောင့် သေသွားတာလား (အဆိပ် တွေကြောင့် သေတာပါ ဘုရား) တစ်ခါ ဒီအဆိပ်တွေကနေပြီး ဒကာ ဒကာမတွေ ဟိုဘက်မှာ ဆွေတွေရော မျိုးတွေ ရော စားမဝင် အိပ်မပျော်ဖြစ်အောင် ဘာလုပ်သွားပြန်ပါလိမ့်မတုန်း မေးပြန်လဲဘယ့်နှယ်ဖြေကြမလဲ (အဆိပ်သင့် တာပါ ဘုရား) အဆိပ်တွေ တစ်ခါတည်း ပျမ်းမျှကြေး သင့်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဒီလို ဆွေးမျိုးဉာတကာတွေ မဆိုထားပါနဲ့ ကိုယ့်မှီပြီး သကာလ အသက်မွေးဝမ်းကျောင်း လုပ်နေတဲ့ ပုဂ္ဂိုလ် တွေတောင်မှ ဒကာကြွယ် သွားပြီး ထိခိုက်တယ် (ထိုခိုက်ပါတယ် ဘုရား) ဘာက သွားထိခိုက်တာပါလိမ့် (အဆိပ်ပင်က သွားထိခိုက်ပါတယ် ဘုရား) ဒီအဆိပ်ပင်ကြီးက သွားထိခိုက်တယ် (မှန်ပါ့)။
အင်း ဒါဖြင့် နောက်ဘဝများ သွားပေါက်ဦးမယ်ဆို ဒီအဆိပ်ပင် ဘာဖြစ်ဦးမှာတုန်း၊ သူ့ဟာသူလဲ သတ် မယ် (မှန်ပါ့ ဘုရား) သူတစ်ပါးကိုလဲ သေစေမယ် (မှန်ပါ့) ဒါဖြင့် သူ့ကို ဘာသစ္စာဆိုမတုန်း (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာသိမှ နိရောဓကို သဘောကျမယ်နော် (မှန်ပါ့)။
ဒုက္ခသစ္စာသိမှ (နိရောဓကို သဘောကျပါမယ် ဘုရား) နိရောဓသစ္စာကို သဘောကျမှာမို့ ဒကာကြွယ်ရ ဒုက္ခခန္ဓာကိုယ် အဆိပ်ပင်ကြီး ပြောနေရပါတယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒီခန္ဓာကြီးဟာ ဒကာ ဒကာမတို့ သူ့အဆိပ်နဲ့သူပဲ သေရတယ် (မှန်ပါ့) လောကီဥပမာ ပြေကြစို့ဆိုတော့ ဝက် အသားတိုးလို့ရှိရင် ဒကာ ဒကာမတို့ ဘယ်သူမှ မသတ်ဘဲနဲ့ လဲသေတာပဲ (သေပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။
ဝက်ဟာ ဒီအတိုင်းပဲ အဆီပိတ်ပြီး သကာလ ဘယ့်နှယ်တုန်း (သေပါတယ် ဘုရား) အင်း ဘယ်သူသတ်တာ ပါလိမ့် (သူ့ဟာသူ သတ်တာပါ ဘုရား)။ သူ့အသားက သူ့သတ်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဝက် ဘယ်သူသတ်ပါလိမ့် (သူ့အသားက သူ့သတ်ပါတယ် ဘုရား)။
သူ့အဆိပ်က သူ့သတ်တာ
ဒီမှာလဲ ဒကာ ဒကာမတို့ ခန္ဓာကြီးက ‘ဖျတ်’ကနဲဆို ဆုံးပါးရှုံးပါးရှိတဲ့အခါ မရှိဘူးလား (ရှိပါတယ် ဘုရား) ခြင်ထောင်မျိုးစုံကာလို့ ဆရာဝန်တွေ ဝိုင်းလို့ ဒီကြားထဲမှာ ဦးမာဒင် ဆုံးရှုံးသွားတာတွေကော မတွေ့ဘူးလား (တွေ့ ပါတယ် ဘုရား) ဒါ သူ့အဆိပ်က သူ့သတ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သူ့အဆိပ်က (သူ့သတ်ပါတယ် ဘုရား) သူ့အထဲမှာ ဇရာအဆိပ်တွေ ရှိတယ် (မှန်ပါ့) သေစေတတ်တဲ့ မရဏ အဆိပ်တွေ (ရှိပါတယ် ဘုရား)။
ဒါဖြင့် ဒီခန္ဓာကြီးသည်ကားလု့ိဆိုရင် ဒကာ ဒကာမတို့ပဲ စဉ်းစားပါတော့ တဲ့၊ အဆိပ်ပင်ကြီးမှ ဟုတ်ရဲ့ လား (ဟုတ်ပါတယ် ဘုရား)
အဆိပ်ပင်ကြီးကနေပြီး သကာလ တစ်ခါတည်း ပွားလိုက်တာတွေလဲ ဘာတွေများ ပွားလာသတုန်း (အဆိပ် ပင်တွေပဲ ပွားလာပါတယ် ဘုရား) အဆိပ်မျိုးစေ့တွေပဲ မကျဘူးလား (ကျပါတယ် ဘုရား) အဲဒီ့ အဆိပ်မျိုးစေ့တွေပဲ ကျပြီး ပေါက်ပြန်တာတွေလဲ ဘာတွေပဲ ပေါက်မယ်ထင်ကြသလဲ (အဆိပ်ပင်တွေပဲ ပေါက်မှာပါ ဘုရား)။
ဪ ဒါဖြင့် သုံးဆယ့်တစ်ဆဘုံသည်ကား လို့ ဆိုလို့ရှိရင် အဆိပ်ပုံကြီးပဲ (မှန်ပါ့)။
ဒါကြောင့် ခင်ဗျားတို့အိမ်မှာ မသာဖိတ်စာကို ဒကာကြွယ် မအားပါဘူး (မအားပါ ဘုရား) ဦးမာဒင်တို့ ဟင်္သာတမှာ နေမယ်ဆို မသာဖိတ်စာတွေ (မအားပါ ဘုရား) ဟ ဘာဖြစ်ကြတာတုန်းလို့ တွေးမိကြရဲ့လား (မတွေး မိပါ ဘုရား) သူ့အဆိပ်နဲ့သူသေတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သူ့အထဲမှာလဲ ဇရာဆိုတဲ့အဆိပ်၊ မရဏဆိုတဲ့ သေရမည့် အဆိပ်တွေက မပါလာဘူးလား (ပါပါတယ်) သဘောကျပလား (ကျပါပြီ)။
ကိန်းရာပုဂ္ဂိုလ်အရင်သတ်တယ်
ဒါဖြင့် ဒီအဆိပ်တွေသည် ဘယ်သူ့အရင်သတ်သတုန်းမေးလို့ရှိရင်ဖြင့် ကိန်းရာပုဂ္ဂိုလ်အရင်သတ်တယ် (မှန်ပါ့)။
ကိန်းရာပုဂ္ဂိုလ်ကို (အရင်သတ်ပါတယ် ဘုရား) ဘေးက ပုဂ္ဂိုလ်တွေကော (သတ်ပါတယ် ဘုရား) သတ်တာပဲ ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး အလိုတော်ကျဖြစ်တဲ့ ပဋိသမ္ဘီဒါမဂ် အဋ္ဌကထာ ဆရာက “ဝိသဘူတ ဒုက္ခဒဿနေန ”တဲ့ (မှန်ပါ့) ဝိသဘူတ ဒုက္ခ ဒဿနေန=အဆိပ်ပင်ကြီး၊ အဆိပ်မျိုးစေ့နဲ့ တူတဲ့ ခန္ဓာကြီးကို အဆိပ်တွေလို့ မြင်ပြီး သကာလ နေမှသာလျှင် အမတဋ္ဌော=ဪ..ခန္ဓာမရှိမှ အသေလွတ်ပါလား ဆိုတာ ပေါ်လာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခန္ဓာမရှိမှ (အသေလွတ်ပါတယ် ဘုရား) ခန္ဓာကတော့ အဆိပ်ကိုးဗျ (မှန်ပါ့) သဘောပါကြပလား (ပါပါတယ် ဘုရား)။
ဒါ သစ္စာထည့်ပေးနေပါတယ် ဒကာကြွယ် (မှန်ပါ့) သစ္စာထည့်ပေးနေပါတယ်ဆိုတာ ဦးမာဒင် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
ဝိသဘူတဒုက္ခဒဿနေန=အဆိပ်ဖြစ်၍ ဖြစ်သော ဒုက္ခသစ္စာကြီးကို ဉာဏ်နဲ့ မြင်မှသာလျှင်၊ အမတဋ္ဌော= မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်သည်၊ ပါတုဘဝတိ=ယောဂီပုဂ္ဂိုလ်တွေ ဉာဏ်ထဲ ပေါ်လာပြီး သဘောကျ၏ (မှန်လှပါ)။
အဆိပ်ပင်ဖြစ်တာ သိပါမှ
ဪ ဒါကြီး အဆိပ်ပင်ဖြစ်တာ သိပါမှ မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်ကို သူသဘောကျမယ် တဲ့ (မှန်ပါ့) ဒီဟာ အဆိပ်ပင်ကြီးလို့ သဘောမကျသေးသ၍ ကာလပတ်လုံး နိဗ္ဗာန်ကို ဘာနဲ့နေမတုန်းဆိုတာ လာမှာပဲ (လာပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နားကြီးကြီးနဲ့ ထောင်မှပဲ ဒီနေ့ တရားကိုက်တော့မယ် (မှန်ပါ့ ဘုရား) ဘာဖြစ်လို့ တုန်းဆိုတော့ သစ္စာဆိုတာ “ဒုက္ခေ ဉာဏံ”ဆိုတာ မလွယ်ဘူး (မလွယ်ပါ ဘုရား) ဒုက္ခေ=ဒုက္ခသစ္စာ၌၊ ဉာဏံ=သိတဲ့ ဉာဏ်သည် တဲ့၊ သူတစ်လုံးသိလိုက်ရင်လဲ နိဗ္ဗာန်ရသွားမယ် (ရပါတယ် ဘုရား) သူတစ်လုံး သိလိုက်ရင် (နိဗ္ဗာန်ရပါ မယ် ဘုရား)။
ဒကာကြွယ်ရေ အခု ဒကာကြွယ် မျက်လုံးမွဲတယ်၊ အားအင်ဗလဲ ချိနဲ့တယ်၊ အင်း ဘယ်သူက လုပ်လို့ တုန်းလို့ ဆိုလို့ရှိရင် ခန္ဓာက လုပ်လို့ပေါ့ဗျာ (မှန်လှပါ)။
ဘယ့်နှယ်ဆိုကြမယ် (ခန္ဓာက လုပ်လို့ပါ ဘုရား) ခန္ဓာက လုပ်တယ် (မှန်ပါ့) ခန္ဓာဟာ ဘယ်ခန္ဓာက လုပ်သတုန်း ဆိုတော့ ဒကာ ဒကာမတို့ အာဟာရစားလို့ အာဟာရ ရုပ်ခန္ဓာကလဲ လုပ်လိုက်တာပဲ (မှန်ပါ့) မလုပ်ဘူးလား (လုပ်ပါ တယ် ဘုရား) စိတ်ခန္ဓာကလဲ စိတ်က ညစ်လိုက်ပြီဆိုမှဖြင့် တစ်ခါတည်း ရုပ်တွေဟာ အကုန်ထိခိုက်သွားတာပဲ (မှန်ပါ့)။
ဒါက အားမလျှော့ကြနဲ့ တဲ့၊ အရုပ်ဆိုးရုံလုပ်သေးတာ (မှန်ပါ့) အသေသတ်ပြီး သကာလ ခင်ဗျားတို့ကို မြို့ထဲက ထုတ်သည့်တိုင်အောင် လုပ်ရဦးမယ် (မှန်ပါ့ ဘုရား) မလုပ်မိဘူးလား လုပ်မလား (လုပ်ပါမယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ခန္ဓာထဲမှာရှိတဲ့ စိတ်ကလဲ ဒကာ ဒကာမတွေတို့ နှိပ်စက်တာပဲ (မှန်ပါ့) ရုပ်ကကော (နှိပ်စက်ပါတယ် ဘုရား) ဝေဒနာသညာတွေကတော့ (နှိပ်စက်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့ ခန္ဓာထဲမှာ နှိပ်စက်တတ်တဲ့ အဆိပ်တွေပဲ စုနေတယ် (မှန်ပါ့)။
ခန္ဓာထဲမှာ နှိပ်စက်တတ်တဲ့ အဆိပ်တွေပဲ စုနေတယ်
ဘာတွေများ စုနေသလဲ (နှိပ်စက်တတ်တဲ့ အဆိပ်တွေပဲ စုနေပါတယ် ဘုရား)။
ဝေဒနာကလေး ပေါ်လာတယ် ၊ အင်း နှိပ်စက်တတ်တဲ့ အဆိပ်ရှိလို့သာ ရှုပေရော့ (မှန်ပါ့) သညာ ကလေးပေါ်လာရင် (နှိပ်စက်တတ်တဲ့အဆိပ်ကို ရှုရမှာပါ) စိတ်ကလေးပေါ်လာရင် (နှိပ်စက်တတ်တဲ့ အဆိပ်လို့ ရှုရ ပါမယ်) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီကဲ့သို့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာဖြင့် ဘာမှမရှိဘူး ၊ မြွေပွေးသုံးကောင်လုံး အဆိပ်ချည့်ပဲလို့ ခင်ဗျား တို့ပြောသလိုပေါ့ဗျာ (မှန်ပ့ါ) မြွေပွေးတစ်ကောင်လုံး ဘယ်လိုပြောကြသလဲ (အဆိပ်ချည့်ပါ ဘုရား) ခန္ဓာကိုယ်တစ်ခု လံးမှာလဲ (အဆိပ်ချည့်ပါ ဘုရား)။
အဆိပ်တွေရှိပြီး သကာလ နေတော့ ဒကာ ဒကာမတို့ ဝမ်းထဲက အောင်လာတာဆိုတော့ အဆိပ်တက်တာ (မှန်ပါ့) ဒီနေရာမောလာတယ် ဆိုတာကကော (အဆိပ်တတ်တာပါ ဘုရား) သူများထည့်တဲ့အဆိပ်လား၊ ခန္ဓာထဲက ပေါ်လာတဲ့ အဆိပ်လား (ခန္ဓာထဲက ပေါ်လာတဲ့အဆိပ်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ခန္ဓာကြီးဟာ နှိပ်စက်တတ်တဲ့ခန္ဓာ (မှန်ပါ့) ဘယ်လိုဆိုကြပါ့မယ် (နှိပ်စက်တတ်တဲ့ ခန္ဓာပါ ဘုရား)။
ဒကာသစ် ဒီနေ့တရား ဂရုစိုက်ရလိမ့်မယ် (မှန်ပါ့) ဒီသစ္စာတစ်လုံးပေါက်လို့ ဆရာဘုန်းကြီးပြောတဲ့အတိုင်း ဉာဏ်ထဲမှာ ရောက်မယ်ဆိုလို့ရှိရင်လဲ ရှုလိုက်တဲ့အခါ ဒီအတိုင်း နှိပ်စက်တတ်တာတွေ မြင်လာပြီဆိုမှဖြင့် ဖျတ်ဆို ချုပ်ပြီး နိရောဓပေါ်လာတာပဲ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဝေဒနာပေါ်လာလဲ အဆိပ်သင့်တာပဲ
ကိုင်း ဒါဖြင့် ဒါရှုနည်းကို သင်နေတယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့) ဝေဒနာပေါ်လာလဲ အဆိပ်သင့်တာပဲ (မှန်ပါ့) စိတ်ကလေးပေးလာလဲ (အဆိပ်သင့်တာပါ ဘုရား) ရုပ်ကလေး ပေါ်လာလဲ (အဆိပ်သင့်တာပါ ဘုရား)။
အဆိပ်သင့်တာပဲ ဒကာ ဒကာမတို့ ဒီရုပ်က တစ်ခါတည်း ဖောက်ပြန် ပျက်စီးပစ်လိုက်တာပဲ (မှန်ပါ့) ဝေဒနာတွေကလဲ ကိန်းရာပုဂ္ဂိုလ်ကို (ဖောက်ပြန်ဖျက်ဆီးပစ်လိုက်တာပါပဲ) နှိပ်စက်လိုက်ပြန်ပြီဆိုတာ သဘောကျ ပလား (ကျပါပြီ) သညာကကော (နှိပ်စက်ပါတယ်) သညာကလဲ နှိပ်စက်တာပဲ (မှန်ပါ့ ဘုရား)။
သညာကလဲ ဟိုနားမှာ ငါ့ဖြင့်ကွာ ကိုယ့်သမီးကလေးမှတ်လို့ ဖိုကနဲ ဖြစ်သွားတယ်ဆိုတာ သညာက နှိပ်စက်တာ (မှန်ပ့ါ ဘုရား)။
ဟိုနား ခလေးကလေးတစ်ယောက် လဲနေတယ်၊ ကိုယ့်သမီးကေးလနဲ့တူတော့ စိတ်ထဲ သညာက အမှတ်မှား လိုက်တော့ အမေမိဘမှာ တစ်ခါတည်း ဖိုကနဲ-ဟိုက်ကနဲ ဖြစ်မလာဘူးလား (လာပါတယ် ဘုရား) ဒါ-ဘယ်သူ နှိပ်စက် လိုက်သတုန်း (သညာနှိပ်စက်ပါတယ် ဘုရား)။
စိတ်ကလဲ-တဲ့ နှိပ်စက်လိုက်တာ ဒကာ ဒကာမတို့ အခု ကြည့်ပါလား ၊ သတင်းစာတွေ,ဘာတွေထဲပါတယ်၊ ရေထဲခုန်ချ၊ သေကြ,ပြုကြဆိုတာ ဘယ်သူနှိပ်စက်တာတုန်း (စိတ်က နှိပ်စက်တာပါ ဘုရား) စိတ်က ခန္ဓာကို သတ်ပစ် လိုက်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ အဆိပ်ဘယ်နှစ်မျိုး ရှိပါလိမ့် (ငါးမျိုးပါ ဘုရား) ငါးမျိုး ၊ သဘောပါ ပလား (ပါပါပြီ ဘုရား)။
ဒကာကြွယ် အဆိပ်ဘယ်နှစ်မျိုး ရှိသတုန်း (ငါးမျိုးပါ) အဲဒါကို ခန္ဓာငါးပါလို့ ခေါ်နေကြတယ် (မှန်ပ့ါ)။
ဒါဖြင့် ဒီအဆိပ်တွေသည်ကားလို့ဆိုရင်ဖြင့် ဒကာ ဒကာမတို့ သူ့ခင်တဲ့ပုဂ္ဂိုလ်ကို နှိပ်စက်သလား ၊ မခင်တဲ့ ပုဂ္ဂိုလ်ကို နှိပ်စက်သလား (ခင်တဲ့ပုဂ္ဂိုလ်ကို နှိပ်စက်ပါတယ် ဘုရား)။
ဪ ဒါငြဖ့် ခင်ဗျားတို့ဟာ ဆုလဲတောင်းယူရသေးတယ်၊ သူ့ကိုလဲ ဆုတောင်းယူရသေးတယ် ခင်ဗျား တို့က (မှန်ပ့ါ) သူကလဲ နှိပ်စက်သေးတယ်ဆိုတော့ ဒီဘဝမှာ ခင်ဗျားတို့ အသိဉာဏ်ကလေး ရှိလာတော့ သူ့ကိုဖြင့် အကြီးဆုံး ရန်သူရယ်လို့ ၁-နံပါတ် မှတ်တမ်းမှာဝင်ဖို့ တယ်ကောင်းတယ် (မှန်ပါ့) ဒကာကြွယ် မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ဒီဥစ္စာကို အင်မတန် အရေးကြီးတဲ့ တရားလို့မှတ်ရမယ် (မှန်လှပါ) ဘုရားသည် ဒီခန္ဓာ ကြီးကို ဒီအတိုင်းမြင်တာနဲ့ ဒီခန္ဓာချုပ်ပြီး နိဗ္ဗာန်ပေါ်လာတာပဲ (မှန်ပ့ါ) ဒီအတိုင်းမြင်နေလို့နော် (မှန်ပါ့)။
လိုချင်တဲ့တဏှာလဲ ချုပ်ပါရော
နှိပ်စက်တတ်တာတွေ မြင်တာနဲ့ပဲ လိုချင်တဲ့တဏှာချုပ်တယ် (မှန်ပါ့) လိုချင်တဲ့တဏှာလဲ ချုပ်ပါရော နိဗ္ဗာန်ကြီးက ပေါ်လာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အခုတော့ ခင်ဗျားတို့ နိဗ္ဗာန်မပေါ်သေးတာ ခန္ဓာအပေါ်မှာ ခင်တွယ်တဲ့ တဏှာမချုပ်သေးလို့ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ခန္ဓာအပေါ်မှာလိုချင်တဲ့တဏှာ မချုပ်သေးလို့ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဪ-နိဗ္ဗာန်များ ဘုန်းကြီးကလဲ အနီးကလေး ဟောတယ်၊ ကိုယ်ရှုနေတာလဲ ဗြုန်းကနဲလဲ မပေါ်လာ (မှန်ပါ့) ဘာကြောင့်များပါလိမ့်မတုန်း ဆိုလို့ရှိရင်ဖြင့် ဘာမှသက်သေထူမနေနဲ့၊ မိမိမိုက်ပြစ်ပဲ (မှန်ပ့ါ) ခန္ဓာခင်တဲ့ တဏှာမချုပ်သေးလို့ မပေါ်လာတာ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နိဗ္ဗာန်မပေါ်လာတာသည် (ခန္ဓာမချုပ်သေးလို့ မပေါ်လာတာပါ ဘုရား)။
ခန္ဓာခင်တဲ့ တဏှာလဲချုပ်ပါရော ဦးမာဒင်ရေ-နိဗ္ဗာန်သည် ကားလို့ဆိုရင် ခန္ဓာပျောက်ပြီး နိဗ္ဗာန်ရောက် တာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဟောတဲ့ပုဂ္ဂိုလ်၏အပြစ်လား ရှုတဲ့ပုဂ္ဂိုလ်၏ ညံ့ဖျင်းမှုလား (ရှုတဲ့ပုဂ္ဂိုလ်၏ ညံ့ဖျင်း မှုပါ ဘုရား) သေချာပြီ (သေချာပါပြီ ဘုရား)။
ကိုယ့်တဏှာ အမျှင်မပြတ်သေးလို့ပဲ
ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်မမြင်သေး၊ ရှုလျက်,ပွားလျက်နဲ့၊ ဖြစ်ပျက်တွေမြင်လျက်နဲ့ နိဗ္ဗာန်ကြီး မပေါ်လာ တဲ့အရေးဟာဖြင့် ဒကာ ဒကာမတို့ ကိုယ့်တဏှာ အမျှင်မပြတ်သေးလို့ပဲ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမယ် (ကိုယ့်တဏှာ အမျှင်မပြတ်သေးလို့ပါ ဘုရား)။
အဲဒီတော့ ဒါကိုမသိတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒကာကြွယ်ရေ- အပြစ်က တစ်မျိုးလွဲထင်တတ်တယ် (မှန်ပါ့) ပါရမီက ညံ့လို့လား ၊ ကိုယ်ကဖျင်းလို့လား ၊ ဟုတ်လား တဲ့ (မှန်ပါ့)။
ဘာမှမဟုတ်ဘူး၊ ကိုယ့်ခန္ဓာခင်တဲ့ တဏှာ မချုပ်သေးလို့ မပေါ်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) နိဗ္ဗာန်မပေါ်လာတဲ့ သတ္တိဖြင့် ယနေ့ရှင်းလောက်ပါပြီ (ရှင်းပါပြီ ဘုရား)။
ဒကာကြွယ် နိဗ္ဗာန်ဘယ့်နှယ်ကြောင့် မပေါ်လာသတုန်း (ကိုယ့်ခန္ဓာခင်တဲ့ တဏှာမချုပ်သေးလို့ပါ ဘုရား)။
ဒါဖြင့် ဘုရားဟောထားတာ ဘယ်လွဲမတုန်း-တဲ့၊ တဏှာ နိရောဓာ နိဗ္ဗာနံကိုးဗျ (မှန်ပါ့) ကိုယ့်ခန္ဓာခင်တဲ့ တဏှာလဲ ချုပ်ရော နိဗ္ဗာန်လဲပေါ်လာတာပဲ (မှန်ပါ့)။
ဒါဖြင့် တပည့်တော်တို့ဘုရား၊ ဘယ့်နှယ်များဖြစ်နေသတုန်း မပြောတတ်ပါဘူးလို့ နောက်ကို ဒီအသုံးအနှုန်း မလာနဲ့ (မှန်ပါ့ ဘုရား)။
ခန္ဓာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကြီး
ဘယ့်နှယ်ဖြစ်နေသတုန်း မပြောတတ်ပါဘူး ၊ ကြိုးလဲကြိုးစားသားဘုရား၊ ခန္ဓာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကြီး ပေါ်ကိုမပေါ်လာသေးဘူးတဲ့၊ ဒကာကြွယ် ဒီလိုညည်းလေ့ရှိတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဒါ သူညည်းတာသည်ကားလို့ဆိုရင် မှန်ပါ့ရဲ့လားလို့မေးတော့ဖြင့် ပါရမီတွေ ဟုတ်လား ရောဂါဥပါဒ်အန္တရာယ် တွေ ဘာမှမဆိုင်ဘူး (မှန်ပါ့)။
ခန္ဓာခင်တဲ့ တဏှာက (မချုပ်သေးလို့ပါ ဘုရား) မချုပ်သေးလို့ပါဆိုတော့ သူများအပြစ်လား ကိုယ့်အပြစ်လား (ကိုယ့်အပြစ်ပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
နိဗ္ဗာန်မြင်တဲ့ ပုဂ္ဂိုလ်များကျတော့လဲ ဒကာ ဒကာမတို့ အပါယ်လေးပါး တံခါးပိတ်တဲ့ နိဗ္ဗာန်ကြီးမြင်တဲ့ ပုဂ္ဂိုလ်ကျတော့ပဲ သူ့ခန္ဓာခင်တဲ့တဏှာလဲ ချုပ်ပါရော ဒကာကြွယ်ရေ-နိဗ္ဗာန်သည် ဘွားကနဲပေါ်လာတာပဲ (ပေါ်လာ ပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။
နှိပ်စက်လို့ရွှေ့ရပြန်ပြီ
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာ၏ နှိပ်စက်မှုကို ကြပ်ကြပ်ကြည့်ပေး (မှန်ပါ့ ဘုရား)။
ခန္ဓာ၏နှိပ်စက်မှုကို ကြပ်ကြပ်ကြည့်ပေးတော့ ရွှေ့ရပြန်ပြီ ဆိုလို့ရှိရင်လဲ နှိပ်စက်လို့ရွှေ့ရပြန်ပြီ (မှန်ပ့ါ) ထ,ရပြန်ရင်ကော (နှိပ်စက်လို့ ထ,ရပြန်တာပါ) ကုဋိသွားရပြန်ရင်ကော (နှိပ်စက်လို့ သွားရပြန်တာပါ) ဆေးကလေး တစ်လုံး မျိုလိုက်ရပြန်ပြီ (နှိပ်စက်လို့ မျိုရပြန်တာပါ ဘုရား)။
အဲဒါ ဘာတွေ့တွေ့၊ ဘာကိစ္စနဲ့တွေ့တွေ့ နှိပ်စက်ပြန်ပြီ၊ နှိပ်စက်ပြန်ပြီ (မှန်ပါ့) ဒီခန္ဓာကြီးက နှိပ်စက်နေတယ်၊ ဒီခန္ဓာကြီးက နှိပ်စက်နေတယ်ဆိုတာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အမြဲတမ်း သူ့ကို ရှုပြီး သကာလ နေလို့ရှိရင် လဲတဲ့၊ ဒီခန္ဓာကြီးဟာ နှိပ်စက်ပါများတော့ ကျုပ်တို့ ခင်မှုဟာ လျော့သွားတယ် (လျော့သွားပါတယ်) မလျော့ပါနဲ့ဆိုလို့ (မရပါ ဘုရား)။
အဲဒါကြောင့် ဒုက္ခသစ္စာတစ်လုံးကို ပိုင်ပိုင်နိုင်နိုင် ရှုလိုက်၊ ဝေဒနာကလေး ပေါ်လာလဲ နှိပ်စက်ပြန်ပြီ (မှန်ပါ့) သညာကလေး ပေါ်လာလဲ (နှိပ်စက်ပြန်ပြီ) အင်း ရောဂါကလေး ပေါ်လာရင် (နှိပ်စက်ပြန်ပြီ) ရောဂါပေါ်တာ မဟုတ်ပါဘူး၊ ဝေဒနာပေါ်တာပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
စိတ်ပေါ်လာတာ နှိပ်စက်မလို့လာတာ (နှိပ်စက်မလို့လာတာပါ ဘုရား) သညာပေါ်တာကော ဘာလုပ်မလို့ ပေါ်လာတာတုန်း (နှိပ်စက်မလို့ ပေါ်လာတာပါ ဘုရား)။
နှိပ်စက်တာပေါ့ဗျ၊ အင်း-သုံးနှစ်သုံးသီး ကွဲနေတဲ့ဟာကလေး သညာကလေးက အမှတ်ရလိုက်တယ်ဆို ချက်ခြင်း မျက်ရည်ထွက်တယ် (မှန်ပါ့)၊ နှိပ်စက်-မနှိပ်စက် (နှိပ်စက်ပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
နှိပ်စက်တာချည့်ပဲ၊ ဒါဖြင့် ခင်ဗျားတို့သန္တာန် ပေါ်လာတဲ့ ဓမ္မဟူသ၍ မဂ်ဓမ္မမှတစ်ပါး ကျန်တဲ့တွေးလုံး၊ ဆလုံးတွေ ဟူသ၍ဖြင့် ဒကာကြွယ် ဘာလုပ်မလို့ ပေါ်လာတာတုန်း (နှိပ်စက်မလို့ ပေါ်လာတာပါ ဘုရား)။
ဟိုရွှေ့ရတာလဲ ဘာဖြစ်လို့ ရွှေ့ရသတုန်း (နှိပ်စက်လို့ ရွှေ့ရပါတယ်) ရွှေ့တဲ့နေရာ ပြန်တည့်ရပြန်ပြီ (မှန်ပါ့ ဘုရား)။
ရော ခင်ဗျားတို့ဥစ္စာက ရွှေ့လဲရွှေ့တယ်၊ ရွှေ့ပြီး ဘာလုပ်ပြန်သတုန်း (ဒီနေရာပြန်တည့်ရပါတယ်) ဒီနေရာ ပြန်တည့်ရပြန်တယ် (မှန်ပါ့) ဟာ ရွှေ့လို့ရှိရင် လုံးလုံးရွှေ့သွား (မှန်ပါ့) ဘယ့်နှယ်ကြောင့် ဒီနေရာပြန်တည့်ရပြန် သတုန်း (နှိပ်စက်လို့ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ အချိုချက်မရ-အချဉ်ချက်မရ နှိပ်စက်နေတာမှတစ်ပါး ဘာမှမရှိဘူး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အခုတော့ဖြင့် မရွှေ့ပြောင်းခိုင်းရုံတင် ရှိသေးတယ် နော်ဆုံးပိတ် ခေါင်းထဲထည့်ပေးဦးမယ်ဆိုတဲ့ နှိပ်စက် လုံးကော ရှိ,မရှိ (ရှိပါတယ် ဘုရား)။
ဒါဖြင့် ဒီခန္ဓာကြီးထဲမှာ ဘာတရားတွေ စုနေသတုန်း (နှိပ်စက်တတ်တဲ့ တရားတွေစုနေပါတယ်) နှိပ်စက် တတ်တဲ့ တရားတွေ စုနေတယ် ဒကာကြွယ်ရေ (မှန်ပါ့ ဘုရား)။
နှိပ်စက်တတ်တဲ့ တရားတွေ စုနေပါတယ်
ဦးမာဒင် ဘာတွေစုနေပါလိမ့် (နှိပ်စက်တတ်တဲ့ တရားတွေ စုနေပါတယ် ဘုရား)။
အဲဒါ ရေကလေးသောက်ပြန်လဲ နှိပ်စက်ပြန်ပြီ (မှန်ပါ့) ဆေးလိပ်သောက်ပြန်လဲ (နှိပ်စက်ပါတယ်) ဒီနေရာက ဟိုနေရာစောင်းပြန်ပြီ (နှိပ်စက်ပါတယ်) စောင်းတဲ့နေရာမှာ တစ်ခါ မနေနိုင်ကြလို့ တည့်ရပြန်ပြီ (နှိပ်စက်ပါတယ် ဘုရား)။
အဲဒါ နှိပ်စက်တတ်တဲ့ တရားကလေးတွေကို တစ်ခါတည်း ဝေဒနာက နှိပ်စက်ရင် ဝေဒနာဟာ နှိပ်စက် တတ်တဲ့တရား (မှန်ပါ့) သညာက နှိပ်စက်ရင်လဲ (သညာဟာ နှိပ်စက်တတ်တဲ့ တရားပါ) အင်း စိတ်က နှိပ်စက် ရင်လဲ (စိတ်ဟာနှိပ်စက်တတ်တဲ့ တရားပါ ဘုရား)။
ရုပ်က ပူလာပြန်လို့ ရွှေ့ရပြန်တယ်ဆိုရင်ကော (နှိပ်စက်တတ်တဲ့တရားပါ) အေးပြန်လို့ မနေနိုင်ပါဘူး၊ ခြုံ ပေးပါဦး ဆိုရင်ကော (နှိပ်စက်တတ်တဲ့ တရားပါ) အဲဒါ နေရာတိုင်းမှာ ခင်ဗျားတို့ မျက်ခြေမပြတ်အောင် နှိပ်စက် တာကြီးရှိနေတယ် (မှန်ပါ့ ဘုရား)။
နှိပ်စက်တာကြီး ရှိပြီဆိုမှဖြင့် ဪ ဘုရားဟောတော်မူတာ ဒုက္ခသစ္စာ၊ ဒို့အမြင်လဲ ဒုက္ခသစ္စာဖြစ်ပြီ (မှန်ပါ့ ဘုရား)။
ဘုရားဟောကဘာတဲ့ (ဒုက္ခသစ္စာပါ) ကိုယ့်ဉာဏ်အမြင်ကကော (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒီ ဒုက္ခသစ္စာ ဒီလိုဒုက္ခသစ္စာ မြင်တိုင်း မြင်တိုင်း သမုဒယချုပ်တယ် (မှန်ပါ့) သမုဒယမချုပ်ရင် ပါးတာပဲ (မှန်ပါ့) ပါးပါများရင် ပျောက်ရမယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ပလဂတ္တသုတ်ဆိုပြီး သကာလ ခန္ဓဝဂ္ဂသံယုတ် ကျတော့ကွာ တဲ့၊ ဒီလိုတွေးနေတဲ့ သူတို့နှိပ်စက် တိုင်း-နှိပ်စက်တိုင်း- နှိပ်စက်ပြန်ပြီလို့ လိုက်နေတဲ့ ပုဂ္ဂိုလ်များမှာ ငါဘုရားသခင်ကိုယ်တော်မြတ်ကြီး ဥပမာပေးပါမယ် ဆိုပြီး သကာလ ဥပမာကလေးပေးပုံလဲ ဒကာသစ် သိပ်ကောင်းတယ် (မှန်ပါ့ ဘုရား)။
ဒုက္ခသစ္စာသိတယ်
ဥပမာပေးပုံ ဘယ်လိုပေးလိုက်သတုန်း ဆိုလို့ရှိရင်ဖြင့် ဒီနှိပ်စက်ပြန်ပြီ-နှိပ်စက်ပြန်ပြီလို့ သိတိုင်း-သိတိုင်း ဟာ ဒကာ ဒကာမတို့ ဒုက္ခသစ္စာသိတယ် (မှန်ပါ့ ဘုရား)။
အဲဒီလို ဒုက္ခသစ္စာသိတော့ သမုဒယသစ္စာက ပါးပါးမသွားဘူးလား (ပါးပါတယ် ဘုရား)။
အဲဒီတော့ လက်သမားများကိုင်တဲ့ လက်ရိုက်ကို ဒကာကြီး ဦးမာဒင်တို့ မြင်ဖူးပါလိမ့်မယ် (မြင်ဖူးပါတယ် ဘုရား)။
ပဋ္ဌမလိုက်ရိုက်ကို ရွေဘော်ကလေး ဘာကလေးထိုး အဖျားကလေး ဘာကလေးရှူး- ဟုတ်လား၊ အဖျား ဘုကလေး ဘာကလေးထည့်၊ တော်တော်ကြာ လက်ကလေးနဲ့ ကိုင်ပြီး ဆောက်တွေ ထွင်းကြပေါ့ဗျာ (မှန်ပါ့) ကြေးခွေတွေ ဘာတွေ ထွင်းတဲ့အခါကျတော့ သူနဲ့ရိုက်ရတယ် (မှန်ပါ့) ရှေးကရှေးက (မှန်ပါ့ ဘုရား)။
ကြာတော့ လက်ချောင်းရာ, လက်မရာတွေ ဒကာသစ်ထင်-မထင် (ထင်ပါတယ်) တစ်နေ့နဲ့တစ်နေ့ တူရဲ့လား (မတူပါ) နက်ဖြန်ကျရင် နည်းနည်းကလေး နက်ရောင်ကလေးလာတယ်၊ သန်ဘက်ခါကျရင် ပိုသွားပြီ (မှန်ပါ့) ဒီ့ ဘက်လက်ချောင်းရာ, လ က်မရာတွေ နက်နက်မသွားဘူးလား (သွားပါတယ် ဘုရား)။
ကြာတော့ ဒီလက်ရိုက်ဟာ သုံးလို့ ဖြစ်ပါသေးရဲ့လား (မဖြစ်ပါ) ဘာဖြစ်တာတုန်း- လက်က စားစားသွားလို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်သူက စားစားသွားသတုန်း (လက်က စားစားသွားပါတယ်) ဘက်က လက်ရိုက်ကို စားသွားတယ် (မှန်ပါ့ ဘုရား)။
ဒီမှာလဲတဲ့ နှိပ်စက်ပြန်ပြီ- နှိပ်စက်ပြန်ပြီ၊ ဝေဒနာကလေး ပေါ်လဲ နှိပ်စက်ပြန်ပြီ၊ သညာပေါ်ရင် နှိပ်စက် ပြန်ပြီ (မှန်ပါ့)။
ရုပ်ကလေး ပူတာ-အေးတာ လာပြန်ရင်ကော (နှိပ်စက်ပြန်ပြီ ဘုရား)။
လက်သမားကိုင်တဲ့ လက်ရိုက်လိုပဲ
အဲဒီလိုတွေးတော့ ကိလေသာတည်းဟူသော တရားက ဒကာ ဒကာမတွေ လက်သမားကိုင်တဲ့ လက်ရိုက် လိုပဲ နည်းနည်း-နည်းနည်းပါး၊ နည်းနည်း-နည်းနည်းပါးပြီး ကြာတော့ လုံးဝပြုတ်တာပဲ (မှန်ပါ့) အဲ သူလုံးဝ ပြုတ်ထွက်သွားတဲ့အခါကျတော့လဲ နိဗ္ဗာန်ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် နှိပ်စက်ပြန်ပြီ၊ နှိပ်စက်ပြန်ပြီဆိုတဲ့ဥစ္စာ ဒကာကြွယ် ဒါ အလုပ်တရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဝေဒနာပေါ်ရင်လဲ (နှိပ်စက်တာပါပဲ) သညာပေါ်ရင်လဲ (နှိပ်စက်တာပါပဲ) သင်္ခါရပေါ်ရင်ကော (နှိပ်စက်တာပါ) စိတ်ပေါ်လာရင် (နှိပ်စက်တာပါ) ရုပ်ပေါ်လာရင် (နှိပ်စက်တာပါ ဘုရား)။
ခင်ဗျားတို့ သန္တာန် ကိစ္စပေါ်တိုင်း-ပေါ်တိုင်း၊ နှိပ်စက်လို့ ပေါ်တာနော် (မှန်ပါ့) ရေသောက်ချင်တာကော (နှိပ်စက်လို့ ပေါ်တာပါ) ဆာလာတာဟာ တဏှာက နှိပ်စက်တယ် (မှန်ပါ့ ဘုရား) ကျင်ကြီးသွားချင်ပြန်တယ်ဆို ဒုက္ခဝေဒနာက နှိပ်စက်တယ် (မှန်ပါ့) ကျင်ငယ်စွန့်ချင်ပြန်တယ်ဆိုတာကော (ဒုက္ခဝေဒနာက နှိပ်စက်တာပါ ဘုရား)။
ဆေးကလေး တိုက်ပေးပါဦးဆိုတာလဲ (ဒုက္ခဝေဒနာက နှိပ်စက်တာပါ) ဒုက္ခဝေဒနာက နှိပ်စက်တယ်၊ ဟိုနား ဒီနား ရွှေ့ပေးပါဦး ဆိုတာကတော့ဖြင့် ပူလို့ရွှေ့ပါဦးဆိုတော့ ရုပ်က နှိပ်စက်တယ် (မှန်ပါ့) အေးလွန်းလို့ ဟိုဘက် လုံရာရွှေ့ပေးပါဦးဆိုတော့လဲ အအေးရုပ်က နှိပ်စက်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ရွှေ့ရတာလဲ နှိပ်စက်ခံရတာပဲ (မှန်ပါ့) တည့်ပေးရတာလဲ ၊ နှိပ်စက်ခံရတာပါပဲ ဘုရား) စောင်း ရတာကော (နှိပ်စက်ခံရတာပါ ဘုရား) အင်း ဒါဖြင့် ပက်လက်နေပြီး ကုလားထိုင်ပေါ် ရွှေ့ရတာကော (နှိပ်စက် ခံရတာပါဘုရား ကုလားထိုင်ပေါ် မနေနိုင်ဘူး၊ ကျောပူတယ်ဆိုပြီး လင်းရာရှင်းရာကို သွားရဦးမယ် ဆိုတာကော (နှိပ်စက်ခံရတာပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးကို ဘယ်လိုလုပ်လုပ် ဘယ်နေရာရွှေ့ရွှေ့ ဘာကျွေးကျွေး ဘာလုပ်တာတုန်း (နှိပ်စက်ခံရတာပါ ဘုရား)။
နှိပ်စက်ပြန်ပြီသာ မြင်အောင်ကြည့်နေ
အဲဒါ နေရာတိုင်းမှာ နှိပ်စက်ပြန်ပြီ နှိပ်စက်ပြန်ပြီသာ ဒကာကြွယ် မြင်အောင်ကြည့်နေ (မှန်ပါ့) နှိပ်စက်တဲ့ လက်သည်လဲ တွေ့အောင်ရှာ (မှန်ပါ့)။
ဒါဖြင့် ဒုက္ခဝေဒနာက နှိပ်စက်ပြန်ပြီ၊ ပထဝီဓာတ်က နှိပ်စက်ပြန်ပြီ (မှန်ပါ့) အင်း သညာက နှိပ်စက် ပြန်ပြီ၊ ဒီလို သိလိုက်တဲ့အခါကျလို့ရှိရင် ခန္ဓာငါးပါး နှိပ်စက်တတ်တဲ့ တရား (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (ခန္ဓာငါးပါး နှိပ်စက်တတ်တဲ့တရားပါ ဘုရား)။
နှိပ်စက်တတ်တဲ့တရား- နှိပ်စက်တတ်တဲ့တရားလို့ ဉာဏ်ကလေးက သိပေး၊ နှိပ်စက်တာက ဒုက္ခသစ္စာ၊ နှိပ်စက် မှန်း သိတာက မဂ္ဂသစ္စာ (မှန်လှပါ ဘုရား)။
ဟိုမှာ လက်ရိုက်လို ဉာဏ်ကနေပြီး ကိလေသာပါးအောင် လုပ်သွားတော့ ခန္ဓာခင်တဲ့ တဏှာက ပါးပါး- ပါးပါးသွားတယ် (မှန်ပါ့) လက်ရိုက်ရိုးကို လက်ကစားသလို ပါးပါးသွားတယ် (မှန်ပါ့) မပါးဘူးလား (ပါးပါတယ် ဘုရား) အဲဒီပါးတာက သမုဒယသေတာပဲ (မှန်ပါ့) မသေရင် ခေါင်းပါးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
အဲ ပါးလို့ရှိလို့ သူပါ တစ်ပါတည်း ချုပ်သွားတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန် ပေါ်လာ မယ် (မှန်ပါ့ ဘုရား) သူ မချုပ်သေးရင် (နိဗ္ဗာန်မပေါ်လာပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်သည် ဒကာ ဒကာမတို့ ဘယ်သူက ဖုံးဖိနေတယ်ဆိုတာ ယနေ့တရားမှာ ပေါ်ပါတယ် (ပေါ် ပါတယ် ဘုရား) ဘယ်သူက ဖုံးဖိနေသတုန်း (တဏှာက ဖုံးဖိနေပါတယ် ဘုရား) အဝိဇ္ဇာနဲ့ တဏှာ ဖုံးဖိနေတယ် (မှန်ပါ့) ဪ သူကွယ်ထားတာပဲ (မှန်ပ့ါ)။
နှိပ်စက်တာချည့်ကြည့်
ကိုင်း မင်း ကွယ်ထားတာကို ဒို့က ဖွင့်ကြည့်မယ်ဆိုပြီး သကာလ နိဗ္ဗာန်ကို မကြည့်နဲ့ (မှန်ပါ့) နိဗ္ဗာန်ကို ဘယ်တော့မှ မကြည့်နဲ့ (မှန်ပါ့) နှိပ်စက်တာချည့်ကြည့် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
နှိပ်စက်တာချည့် ကြည့်နေလိုက်တော့ စောင်းလဲ နှိပ်စက်ပြန်ပြီ၊ တည့်လဲ နှိပ်စက်ပြန်ပြီ၊ ရေတိုက်ပြန်လဲ နှိပ်စက်ပြန်ပြီ၊ ဟုတ်လား (မှန်လှပါ) ဆေးကလေးကျွေးရပြန်ရင်လဲ (နှိပ်စက်ပြန်ပါပြီ) အင်္ကျီကလေးလဲရရင်ကော (နှိပ်စက်ပြန်ပါပြီ)။ ရေကလေးချိုးပြန်ရင် (နှိပ်စက်ပြန်ပါပြီ) ဒါဖြင့် မနှိပ်စက်ဘဲနဲ့ လုပ်ရတဲ့အလုပ်-ပါကြရဲ့လား (မပါပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
မနှိပ်စက်ဘဲနဲ့ ထ,လုပ်ရတဲ့ အလုပ်ဟူသ၍ဖြင့် မရှိပါဘူး (မရှိပါ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်သူက နှိပ်စက်တာတုန်း (ခန္ဓာကပါ ဘုရား) ခန္ဓာက နှိပ်စက်တယ် (မှန်ပါ့) ခန္ဓာက နှိပ်စက်တယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒါ ဒုက္ခသစ္စာကို ပိဠနဋ္ဌသဘောနဲ့ ကိစ္စဉာဏ်နဲ့ ကြည့်လိုက် (မှန်ပါ့ ဘုရား) ညာဉာဏ်နဲ့ ကြည့် လိုက်သလဲ (ကိစ္စဉာဏ်နဲ့ ကြည့်လိုက်ပါတယ် ဘုရား)။
ကိစ္စဉာဏ်နဲ့ ကြည့်လိုက်
ကိစ္စဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ တစ်ကိုယ်လုံးမှာရော ကိုယ့်ကိစ္စမရှိဘူး၊ သူနှိပ်စက်လို့ ပြုပြင်နေရတဲ့ ကိစ္စနဲ့ အချိန်ကုန်နေတာပဲ (မှန်ပါ့)။
သူနှိပ်စက်တာနဲ့ပဲ (ပြုပြင်နေရတဲ့ကိစ္စနဲ့ အချိန်ကုန်နေပါတယ် ဘုရား) ဒီနေရာမထိုင်ချင်ဘူး၊ ရွှေ့ရတာလဲ ဘာဖြစ်လို့တုန်း (နှိပ်စက်လို့ပါ ဘုရား) ဟိုနေရာမှာ အမြဲထားလို့ မရတာလဲ ဘာဖြစ်လို့လဲ (နှိပ်စက်လို့ပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဟို-လက်ဖက်ရည်အိုးနားကပ်ရတာလဲ ဘာလုပ်တာလဲ (နှိပ်စက်တာပါ ဘုရား) ရေနွေးကလေးတည်ရတာလဲ ဘာလုပ်တာတုန်း (နှိပ်စက်ရတာပါ ဘုရား) ဆေးတွေဘာတွေ အနားမှာ ခဏခဏထားရတာကော (နှိပ်စက်တာပါ ဘုရား) နှိပ်စက်တာ၊ ခန္ဓာက နှိပ်စက်တာ၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် လုပ်တိုင်း လုပ်တိုင်း နှိပ်စက်လို့သာလျှင် ပြုပြင်မှုတွေ လုပ်နေရတယ်လို့ သိလာလို့ရှိရင် ခန္ဓာကို နှိပ်စက်တတ်တဲ့ တရားလို့ သိပြီ (မှန်ပါ့)။
ဘယ်လိုသိပါလိမ့် (ခန္ဓာကို နှိပ်စက်တတ်တဲ့တရားလို့ သိရပါတယ် ဘုရား)။
ခန္ဓာကို နှိပ်စက်တတ်တဲ့တရားလို့ သိလာတဲ့အခါကျတော့ ဒီခန္ဓာကြီးကို ခန္ဓာက နှိပ်စက်တတ်တဲ့တရား၊ သိတာကမဂ်တရား (မှန်ပ့ါ) ပါးတာက ကိလေသာတရား (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
နှိပ်စက်ပြန်ပြီလို့ တစ်ချက်မြင်လိုက်ရင် ဟိုက ကိလေသာ ပါးပြီ (ပါးပါတယ် ဘုရား) နှိပ်စက်ပြန်ပြီလို့ တစ် ချက်မြင်လိုက်ရင် (ကိလေသာ ပါးပါတယ် ဘုရား)။
ဒါဖြင့် နှိပ်စက်တိုင်း ဒကာ ဒကာမတွေက ကျွေးပြန်လဲ နှိပ်စက်လို့ ကျွေးရတယ် (မှန်ပါ့) ထုတ်ရပြန်ကော (နှိပ်စက်လို့ ထုတ်ရတာပါ ဘုရား) အဝတ်ကလေးတစ်ခု လဲလိုက်ရပြန်ရင်ကော (နှိပ်စက်လို့ လဲရတာပါ ဘုရား) လဲတဲ့ အဝတ် ပြန်ချွတ်ရပြန်တာကော (နှိပ်စက်လို့ပါ ဘုရား) ရိပ်မိကြပြီ (ရိပ်မိပါပြီ ဘုရား)။
လက်သည်ရှာတော့ ခန္ဓာတွေ့တယ်
ဒါဖြင့် ဒကာကြွယ် ဘာလုပ်လုပ်- ကျုပ်တို့မှာဖြင့် နှိပ်စက်ပြန်ပြီ၊ နှိပ်စက်လို့ လုပ်ရတယ်၊ နှိပ်စက်လို့ လုပ်ရ တယ်ဆိုတော့ အင်း လက်သည်ရှာတယ် (မှန်ပ့ါ ဘုရား) ဘာတွေ့သတုန်းဗျ (ခန္ဓာတွေ့ပါတယ် ဘုရား) ဪ လက်သည်ရှာတော့ ခန္ဓာတွေ့တယ် (မှန်ပ့ါ)။
ကြည့်စမ်း ဒကာ ဒကာမတို့ ဒီရှုနည်းကို ခင်ဗျားတို့ မရှုလို့ (မှန်ပါ့) ဒီရှုနည်းသာ ရှုလိုက်မယ်ဆိုရင် ကိလေသာ ပါး-မပါး (ပါးပါတယ် ဘုရား)။
မင်းဖြင့် မရချင်တော့ပါဘူးကွာ၊ မင်းတည်းဟူသော ခန္ဓာကြီးဖြင့် မလိုချင်တော့ပါဘူးကွာ (မှန်ပါ့) မင်းတည်း ဟူသော ခန္ဓာကြီးဖြင့် မတောင့်တတော့ပါဘူးကွာ (မှန်ပါ့) ဒီဟာတွေ လာ-မလာ ဒကာသစ် (လာပါတယ် ဘုရား) ဒါ ဘာမြင်လို့ပါလိမ့် (နှိပ်စက်တာမြင်လို့ပါ ဘုရား)။
သေသေချာချာ မှတ်ပါ တရားသိမ်းတော့မယ်၊ နှိပ်စက်တာ မြင်လို့မလိုချင်တာ (မှန်ပါ့)။
ဒါဖြင့် နှိပ်စက်တာက ဒုက္ခသစ္စာ (မှန်ပါ့) နှိပ်စက်တာ မြင်တာက ဒကာ ဒကာမတို့ မဂ္ဂသစ္စာ (မှန်ပါ့) မြင်တိုင်း မြင်တိုင်း ပါးတာက သမုဒယသေတာ (မှန်ပါ့)။
မြင်တိုင်း-မြင်တိုင်း ပါးတာက (သမုဒယသေတာပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
အဲဒီတော့ လက်ရိုက်ရိုးနဲ့ မတူသေးဘူးလား (တူပါတယ် ဘုရား) နှိပ်စက်တာ တစ်ခါမြင်ရင် ကိလေသာက ဘယ့်နှယ်တုန်း (ပါးပါတယ် ဘုရား) နှစ်ခါမြင်တိုင်း ဒကာသစ်-ရေ (ပါးပါတယ် ဘုရား) သုံးခါမြင်ပြီ (ပိုပါးပါတယ် ဘုရား)။
နှိပ်စက်တာကို ကြပ်ကြပ်တွေးဖို့ အရေးကြီးတယ်
ကိုင်း ဒါဖြင့် ဘယ်နေ့ဘယ်ရက်က ဒီလက်ရိုက်ရိုးကို ဘယ်လောက်စားတယ်လို့တော့ ငါဘုရား မဟော နိုင်ဘူးကွ-တဲ့ (မှန်လှပါ ဘုရား) နှိပ်စက်တာမြင်လို့ရှိရင် ကိလေသာပါးတာ ကတော့ဖြင့် တစ်နေ့တခြား ပါးတာတော့ ငါဘုရားဟောရဲတယ် တဲ့ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က နှိပ်စက်တာကို ကြပ်ကြပ်တွေးဖို့ အရေးကြီးတယ် (မှန်ပါ့)။
ဒကာကြွယ် ဘာအရေးကြီးပါလိမ့် (နှိပ်စက်တာကို ကြပ်ကြပ်တွေးဖို့ အရေးကြီးပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ကလဲ သတိလစ်ပြီး သကာလ နေတော့ ရေသောက်ပြန်လဲ နှိပ်စက်ပြန်ပြီလို့ မလာဘူး (မှန်ပါ့)။
အင်း ရေကလေးက အေးလိုက်တာ ရေခဲသေတ္တာထဲက သောက်ရလို့ထင်ပါရဲ့ တဲ့၊ သာတောင် သာယာ လိုက်သေးတယ် (မှန်ပါ့ ဘုရား) အင်း အပြီးသတ်တော့ ခန္ဓာကိုယ်က ဆာလောင်မွတ်သိပ်တဲ့ ဝေဒနာက နှိပ်စက်လို့ ခင်ဗျားတို့ ရေတိုက်ရတာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ပန်ကာကလေးတွေ ဖွင့်ရပြန်ရင်လဲ ခန္ဓာကြီးက ဘာတုန်း (နှိပ်စက်လို့ပါ ဘုရား) အပူက နှိပ်စက်လို့၊ ခန္ဓာ ကြီးက နှိပ်စက်နေတဲ့အတွက် ကိုယ်ကနေပြီး ပန်ကာ ပိုက်ဆံကုန်ရှာပြီး သကာလ လှည့်ပေးနေရတဲ့ အဓိပ္ပာယ်ကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဒါဖြင့် ဦးမာဒင်ရေ ခင်ဗျားတို့ပြုသ၍, ပြင်သ၍ အိမ်ဆောက်ပေးရ၊ ကုဋိတည်ပေးရ၊ အမျိုးမျိုးအဖုံဖုံ ကုလား ထိုင်ဆိုဖာတွေ ထားရ၊ မော်တော်ကားအမျိုးမျိုးထားရ၊ ဒကာကြွယ်ရေ- ဘာဖြစ်လို့ ထားရတာတုန်း (ခန္ဓာက နှိပ်စက်လို့ ထားရတာပါ ဘုရား)။
ဒါဖြင့် အားလုံး သူသည် ခန္ဓာထဲမှာ ဘာတရားတွေ စုနေသတုန်း (နှိပ်စက်တတ်တဲ့တရားတွေ စုနေပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ) နှိပ်စက်တတ်တဲ့ တရားတွေ စုနေတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ပါးစပ်ပေါက်ကလဲ နှိပ်စက်ပါတယ် (မှန်ပါ့) နားပေါက်ကလဲ (နှိပ်စက်ပါတယ်) နှာခေါင်းပေါက်ကကော (နှိပ်စက်ပါတယ်) လျှာပေါက်ကကော (နှိပ်စက်ပါတယ်) ကိုယ်ပေါက်ကကော (နှိပ်စပ်ပါတယ်) မနောပေါက်ကကော (နှိပ်စက်ပါတယ် ဘုရား)။
ဒွါရခြောက်ပေါက်မှာ ပေါ်လာတဲ့တရား
ဒါဖြင့် ဒွါရခြောက်ပေါက်မှာ ပေါ်လာတဲ့ တရားဟူသ၍ ဘာလုပ်တတ်သတုန်း (နှိပ်စက်တတ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါ ဘာပဲလုပ်လုပ်, ရေခွက်ကလေးကိုင်ကိုင်, ဆပ်ပြာကလေးကိုင်ကိုင်, နှိပ်စက်ပြန်ပြီ- နှိပ်စက်ပြန်ပြီလို့ သာလုပ်နေ (မှန်ပါ့) နှိပ်စက်တဲ့အခါ တရားကိုယ်လဲ ပေါ်ပါစေ၊ နှိပ်စက်တဲ့အခါ ဒါ-ဝေဒနာက နှိပ်စက်တာ၊ ဒါ- သညာက နှိပ်စက်တာ၊ ဒါ-ရုပ်က နှိပ်စက်ပြန်ပြီ၊ ဒါ-နာမ်က နှိပ်စက်ပြန်ပြီလို့ ဒကာကြွယ် သိအောင်လုပ် (မှန်ပါ့) ကြာတော့ ခန္ဓာငါးပါးစလုံး ဘာတရား ဖြစ်သွားသတုန်း (နှိပ်စက်တတ်တဲ့တရား ဖြစ်သွားပါတယ် ဘုရား)။
ဒါဖြင့် နှိပ်စက်တတ်တာ ဘာသစ္စာ (ဒုက္ခသစ္စာပါ) အဲဒီလို သိတဲ့ ဉာဏ်ကလေးက (မဂ္ဂသစ္စာပါ) နှိပ်စက်မှန်း သိတော့ ဒီ-ခန္ဓာကြီးကို နဂိုရ်က တောင်းထားတဲ့ဆုနဲ့ နဂိုရ်က ယုယထားတဲ့ တဏှာတွေဟာ ဘယ့်နှယ်ဖြစ်သွားသတုန်း (ဆုတ်သွားပါတယ်) ပါးသွားတယ်- ဆုတ်သွားတယ် (မှန်ပါ့)။
အဲဒါ လုံးလုံးချုပ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒါဖြင့် နိဗ္ဗာန် ဘာဖြစ်လို့ မပေါ်တာတုန်းဆိုတော့ ခန္ဓာ့နှိပ်စက်မှု မမြင်သေးလို့ (မှန်ပါ့)။
ခန္ဓာ့နှိပ်စက်မှုမမြင်သေးလို့
ဒကာကြွယ် ဘယ်လိုမှတ်ပါ့မယ် (ခန္ဓာ့နှိပ်စက်မှုမမြင်သေးလို့ပါ ဘုရား)။
ဒါဖြင့် ဘာပဲလာလာ- နှိပ်စက်တတ်တဲ့တရား ဒုက္ခသစ္စာ၊ နှိပ်စက်တတ်တဲ့တရား ဒုက္ခသစ္စာ၊ နှိပ်စက်တတ်တဲ့ ဒုက္ခသစ္စာ၊ ဒကာ ဒကာမတို့ ရွှေ့တိုင်း၊ ပြောင်းတိုင်း (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အင်း ထမင်းစားတိုင်း, ရေသောက်တိုင်း, ခေါင်းဖြီးတိုင်း, အဝတ်လဲတိုင်း ဘာလုပ်ရမလဲ (နှိပ်စက်ပြန် ပြီလို့ သိရပါမယ်) နှိပ်စက်နေတာပဲဆိုတာ သေချာပလား (သေချာပါပြီ) ဘယ်သူက နှိပ်စက်တာတုန်း (ခန္ဓာက နှိပ်စက်တာပါ ဘုရား)။
ဒါဖြင့် ခန္ဓာသည် ဒကာ ဒကာမတို့ ဘာသတ္တိရှိသတုန်း (နှိပ်စက်တတ်တဲ့သတ္တိ ရှိပါတယ်) နှိပ်စက်တတ်တဲ့ သတ္တိရှိတယ်လို့ သိတာက ဘာသစ္စာ (မဂ္ဂသစ္စာပါ) နှိပ်စက်မှန်းသိလို့ မခင်တာက သမုဒယသေတာ (မှန်ပါ့)။
ဒါဖြင့် သူသေလို့ရှိရင် နိဗ္ဗာန်မှ ရောက်ပါ့မလား (ရောက်ပါတယ် ဘုရား)။
နှိပ်စက်တတ်တဲ့ တရားလဲ ဒကာ ဒကာမတို့ ချုပ်ပါရော- မနှိပ်စက်တတ်တဲ့တရား ဒီနေရာပေါ်လာတယ် (မှန်ပါ့ ဘုရား)။
ဓမ္မာနုပဿနာသတိပဋ္ဌာန်
ဒါဖြင့် နှိပ်စက်တတ်တာ ဘာသစ္စာ (ဒုက္ခသစ္စာပါ) နှိပ်စက်မှန်းသိတာက (မဂ္ဂသစ္စာပါ) နှိပ်စက်မှန်း သိလို့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ခင်တာသည် ပါးသွားတာ ဘာပါလိမ့် (သမုဒယ သေတာပါ ဘုရား) ဒါဖြင့် နောက် ခန္ဓာမရတာ ဘာသစ္စာ (နိရောဓသစ္စာပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် နှိပ်စက်၏- နှိပ်စက်၏ နှိပ်စက်၏ ဆိုတာ အမြဲရှုပေးကြ (မှန်ပါ့) ဒါက ဓမ္မာနုပဿနာ သတိပဋ္ဌာန်လို့ ခေါ်သည် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။