11612

မာတိကာသို့

အမှတ်မှားကြောင့် ကျန်အမှားတွေ ဆက်တိုက်ဖြစ်လာပုံ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော

(အမှတ်မှားကြောင့် ကျန်အမှားတွေ ဆက်တိုက်ဖြစ်လာပုံ)နေ့အလုပ်ပေး တရားတော်

(၈-၈-၆၁)

ပရမတ္ထနယ်ကခန္ဓာငါးပါး

ထိုင်နေတဲ့ ရုပ်ကို မေးလို့ရှိရင်ဖြင့် ထိုင်နေတဲ့ ရုပ်ကြီးဟာ ရူပက္ခန္ဓာ (မှန်ပါ့ ဘုရား)၊ ထိုင်နေတဲ့ ရုပ်ကြီးက (ရူပက္ခန္ဓာပါ ဘုရား)။

ဒီအထဲမှာ တရားကို ကောင်းတယ်ဆိုတဲ့ဥစ္စာက ဝေဒနာက္ခန္ဓာ (မှန်ပါ့)၊ တရား ကောင်းကောင်းနာမယ်ဆိုတဲ့ ဝေဒနာကလေးဟာ ဝေဒနာက္ခန္ဓာ (မှန်ပါ့)။

တို့တော့ မှတ်မိအောင် ကြိုးစားရမှာပဲဆိုတာက သညာက္ခန္ဓာ (မှန်ပါ့)၊ လက်အုပ်တွေချီ ဘုန်းကြီး ဘက် မျက်နှာမူလှည့်ပြီး သကာလ ထားကြတာက စေတနာက အလှည့်ခိုင်းတာနဲ့ လှည့်နေကြတော့ အဲဒီစေတနာ ကလေးဟာ သင်္ခါရက္ခန္ဓာ (မှန်ပါ့)၊ ဒီဟာကို မသိသိအောင် ကြိုးစားနေတာက စိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာ (မှန်ပါ့)။

ဒါ့ကြောင့် တရားနာနေကြတာ ဘယ်သူတွေတုံးလို့ မေးလို့ရှိရင်ဖြင့် ပရမတ္ထနယ်ကနေ ပြောလို့ရှိရင်ဖြင့် ခန္ဓာငါးပါး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တရားနာနေတာ ဘယ်သူတွေပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)၊ ခန္ဓာငါးပါးလို့ မှတ်ထားကြပါနော် (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒီခန္ဓာငါးပါးကို အခုလို သာသနာတွင်းတော့ ဆရာဘုန်းကြီးကလည်း ခေါင်းဆောင်၊ ဒကာ ဒကာမ တွေကလည်း ကြိုးစားကြလို့ ခန္ဓာငါးပါး သိကြတယ်၊ တော်တော်ကြာ အိမ်ရောက်သွားတဲ့အခါကျလို့ရှိရင်ဖြင့် ကိုယ့် ကိုယ်ကိုယ် မိန်းမဟူသော အမှတ်၊ ယောကျ်ားလုပ်တဲ့သူကလည်း ယောကျ်ားဟူသော အမှတ်၊ ဒီလိုအမှတ်တွေက အိမ်ရောက်လာတဲ့အခါကျလို့ရှိရင်ဖြင့် ခန္ဓာငါးပါးပျောက်ပြီး သကာလ ယောကျ်ား မိန်းမ, သားသမီးဟူသော အမှတ် မှားတွေက မလာဘူးလား (လာပါတယ် ဘုရား)။

အမှတ်မှားတစ်ခု လာလိုက်ပြီဆိုမှဖြင့်

အဲဒီ့အမှတ်မှားတစ်ခု လာလိုက်ပြီဆိုမှဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒါယောကျ်ားပဲ၊ ဒါမိန်းမ ပဲ၊ ဒါသားသမီးပဲဆိုပြီး သကာလ အမှတ်မှားလာပြီဆိုမှဖြင့် ဪ ဒါ ငါ၏ ခင်ပွန်းသည်ပဲ၊ ဒါ ငါ၏ မောင်ဖွားပဲ လို့ဆိုပြီး အသိမှားကလည်း လိုက်လာတယ် (မှန်ပါ့)။

ဆွေနဲ့ မျိုးနဲ့ဆိုတာ အားကိုးရာ တစ်ခုပဲဆိုပြီး အားကိုးမှားကကော (လိုက်ပါတယ် ဘုရား)၊ အားကိုးမှားက လည်း လိုက်လာတယ်ဆိုတာ သဘောပါပလား (ပါပါပြီ ဘုရား)။

ဪ ဒီဥစ္စာသည်ကားလို့ဆိုလို့ရှိရင် အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် ဒီအမှားသုံးချက်ဟာ ဒကာ ကြွယ် ရှိလျက်ပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

အလုပ် လုံးဝမလုပ်ဘူးတဲ့ ပုဂ္ဂိုလ်များမှာ ဒီအမှားသုံးချက် ဘယ်တော့မှ မပယ်ပါဘူး (မှန်ပါ့)၊ မပယ်တော့ သောတာပန်လည်း မတည်နိုင် သကဒါဂါမ် အနာဂါမ် ရဟန္တာကော (မတည်နိုင်ပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေမှာ ဘယ်သူများ နှိပ်စက်နေပါလိမ့်မတုံး၊ သံသရာထဲမှာ အိုဘေး, နာဘေး, သေဘေးတွေနဲ့ နေရတာဟာ ဘယ်သူနှိပ်စက်လို့ပါလိမ့်မတုံးဆိုတော့ သိကြား, ဗြဟ္မာ, ဘုရား လာပြီး သကာလ နှိပ်စက်လို့ ဆင်းရဲကွက်ကြုံရတယ်ဆိုတာ ဒကာကြွယ်တို့ ဦးလှဘူးတို့ မမှတ်လိုက်ပါနဲ့နော် (မှန်ပါ့)။

အမှတ်မှား, အသိမှား, အယူမှား နှိပ်စက်တယ်ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်သူ နှိပ်စက်နေပါလိမ့် (အမှတ်မှား, အသိမှား, အယူမှား နှိပ်စက်နေပါတယ် ဘုရား)။

အမှတ်မှား, အသိမှား, အယူမှား

ဪ ဒါဖြင့် ဒကာ ဒကာမတို့ အမှတ်မှား, အသိမှား, အယူမှား နှိပ်စက်နေတာ သိတဲ့ပုဂ္ဂိုလ်သည် အမှတ်မှားကိုလည်း ပယ်ရလိမ့်မယ် (မှန်ပါ့)၊ အသိမှားလည်း (ပယ်ရမှာပါ)၊ အယူမှားလည်း (ပယ်ရမှာပါ ဘုရား)။

ပယ်လိုက်တော့ နှိပ်စက်တတ်တဲ့ တရားတွေ မရှိတော့ဘူးဆိုတော့ ပဋိစ္စသမုပ္ပါဒ် ပြတ်ထွက်သွားတယ် (မှန် ပါ့)။

နှိပ်စက်တတ်တဲ့ တရားမရှိတော့ (ပဋိစ္စသမုပ္ပါဒ် ပြတ်ထွက်သွားပါတယ် ဘုရား)။

အဲဒီ့ပဋိစ္စသမုပ္ပါဒ် ပြတ်ထွက်သွားတော့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဒကာ ဒကာမတွေကို ခဏခဏပဲ ပြောလို့ သတိရကြပါလိမ့်မယ်၊ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”ဆိုတာ ပဋိစ္စသမုပ္ပါဒ် ပေါ်လာသ၍ ဒုက္ခအစု ပေါ်တာပဲ (မှန်လှပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ပေါ်လာသ၍ဟာ (ဒုက္ခအစု ပေါ်တာပါ ဘုရား)။

အဲဒီတော့ ဒီအမှတ်မှားကလည်း ပဋိစ္စသမုပ္ပါဒ် ပေါ်စေတာပဲ (မှန်ပါ့)၊ အသိမှားကကော (ပေါ်စေပါတယ် ဘုရား)၊ အယူမှားကကော (ပဋိစ္စသမုပ္ပါဒ် ပေါ်စေပါတယ်ဘုရား)။

ပေါ်တော့ ဘာသစ္စာတွေ ပေါ်လာသတုံးလို့ အကဲခတ်ကြစမ်း (ဒုက္ခသစ္စာတွေ ပေါ်ပါတယ်ဘုရား)။

ဪ ဒါဖြင့် ဒုက္ခသစ္စာတွေကို ပွားများအောင် လုပ်လေသမျှ အမှတ်မှား၊ အသိမှား၊ အယူမှားပဲ (မှန် ပါ့)။

ဒုက္ခသစ္စာတွေ ပွားများအောင် လုပ်လေသမျှ ဘာပါလိမ့်မယ် (အမှတ်မှား၊ အသိမှား၊ အယူမှားပါ)၊ အမှတ် မှား၊ အသိမှား၊ အယူမှားဆိုတာ ဒကာ ဒကာမတွေ ရိပ်မိကြပြီ (ရိပ်မိပါပြီ ဘုရား)။

သို့သော် သူတို့ကို ရိပ်မိကြငြားသော်လည်း ဘုန်းကြီးရှင်းပြပါဦးမယ် တဲ့၊ ဒီခန္ဓာငါးပါးကို ယောကျ်ားခန္ဓာ ဖြစ်ဖြစ်၊ မိန်းမခန္ဓာဖြစ်ဖြစ်၊ သား,သမီး ခန္ဓာဖြစ်ဖြစ် ဒကာ ဒကာမတွေ အမှတ်မှားလာပြီဆိုမှဖြင့် ဒီဥစ္စာကို မိမိ၏ ခင်ပွန်းသည်ယောကျ်ားရယ်လို့ မှတ်လိုက်ပြီဆိုတော့ သညာက္ခန္ဓာက မပေါ်လာဘူးလား (ပေါ်လာပါတယ်)၊ ဪ အမှတ်မှားလာပြီနော် (မှန်ပါ့)။

အမှတ်မှားလာတော့ ဒကာ ဒကာမတို့ ဒီဟာသည်ကားလို့ဆိုလို့ရှိရင်ဖြင့် သညာချည့်ပေါ်တယ်လို့ မယူလိုက် ပါနဲ့ (မှန်ပါ့)၊ သညာချည့်ပေါ်တယ်လို့ မယူလိုက်ပါနဲ့၊ ယောကျ်ားရယ်လို့ အမှတ်မှားပြီဆိုမှဖြင့် ယောကျ်ားဆိုလို့ရှိရင် ဖြင့် ခင်ရမှာပဲ၊ အားကိုးရမှာပဲဆိုတဲ့ တဏှာ ဒိဋ္ဌိ လိုက်လာတယ် (မှန်ပါ့)၊ တဏှာ ဒိဋ္ဌိ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။

ခင်ရမှာပဲ၊ အားကိုးရမှာပဲဆိုတဲ့၊ ခင်ရမှာပဲက တဏှာ၊ အားကိုးရမှာပဲက ဒိဋ္ဌိ (မှန်ပါ့)၊ လိုက်မလာဘူးလား (လိုက်လာပါတယ် ဘုရား)။

သညာကြောင့် တဏှာ ဒိဋ္ဌိဖြစ်တယ်

ဪ ဒါ သညာကြောင့် တဏှာ ဒိဋ္ဌိဖြစ်တယ် (မှန်လှပါ ဘုရား)။

သညာကြောင့် (တဏှာ ဒိဋ္ဌိဖြစ်ပါတယ်)၊ ဒကာ ဒကာမတွေက သညာအမှတ်မှားကလေးဟာ သာမညကလေး လို့ အောက်မေ့နေကြငြားသော်လည်းတဲ့ ခန္ဓာစဉ်မှာ ပထမသညာက္ခန္ဓာဖြစ်တယ် (မှန်ပါ့)၊ နောက်ကျတဲ့အခါကျလို့ ရှိရင် တဏှာဆိုတဲ့ သင်္ခါရက္ခန္ဓာ (မှန်ပါ့)၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ်ဘုရား)၊ တဏှာ ဒိဋ္ဌိဆိုတဲ့ သင်္ခါရက္ခန္ဓာတွေ မဖြစ်လား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် သညာပစ္စယာ တဏှာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

သညာပစ္စယာ (တဏှာပါ ဘုရား)၊ ဪ ဒကာ ဒကာမတွေ အမှတ်မှားနေကြတာနဲ့ ပဋိစ္စသမုပ္ပါဒ် ဆက်ပြီ (မှန်ပါ့)။

အမှတ်မှားတာနဲ့ ပဋိစ္စသမုပ္ပါဒ် ဘယ့်နှယ်တုံး (ဆက်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာသစ်ရေ တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား)၊ ဥပါဒါန် သွားပြီ (မှန်ပါ့)၊ တဏှာဒိဋ္ဌိက တွဲနေတယ် ဒကာကြွယ်ရ (မှန်ပါ့)၊ တဏှာနဲ့ ဒိဋ္ဌိက တွဲနေတယ် (မှန်ပါ့)၊ တွဲနေတော့ ဒိဋ္ဌိမထည့်ပါနဲ့တော့ တဏှာ ပစ္စယာ (ဥပါဒါနံပါ)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ဟော အနာဂတ်ဘဝပေါ်ပြီ (မှန်ပါ့)၊ ပစ္စုပ္ပန်အမှတ်မှားကနေပြီး သကာလ ဒီအသိမှားရောက်တယ် (ရောက်ပါတယ် ဘုရား)၊ အသိမှားရောက်တော့ စွဲလမ်းမှားကော (လာပါတယ် ဘုရား)၊ အားထုတ်မှားကော (လာပါ တယ်)၊ ကမ္မဘဝဆိုတာ အားထုတ်မှားပဲ (မှန်ပါ့)၊ မလာဘူးလား (လာပါတယ်)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ကိုင်း ဒကာ ဒကာမတို့ အမှတ်မှားကြောင့် အသိမှား၊ အသိမှားကြောင့် စွဲလမ်းမှား၊ စွဲလမ်းမှားကြောင့် အားထုတ်မှား၊ အားထုတ်မှားကြောင့်တဲ့ အရမှားလာဖြစ်တယ် (မှန်လှပါ ဘုရား)၊ အရမှား ဒုက္ခသစ္စာ လာဖြစ်တယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဪ ဒကာ ဒကာမတို့ အမှတ်မှားလိုက်တော့ သံသရာမှာ နှစ်ဘဝဆက်သွားတယ် (မှန်ပါ့)၊ ၁၊ ၂၊ ၃၊ ၄ က ပစ္စုပ္ပန်ဘဝ (မှန်ပါ့)၊ ဒီဇာတိ ဇရာ မရဏက (အနာဂတ်ဘဝပါ ဘုရား)။

နှစ်ဘဝဆက်ပါတယ်

ဒကာသစ်ရေ အမှတ်မှားလိုက်တာ ဘယ်နှစ်ဘဝ ဆက်သွားသလဲ (နှစ်ဘဝဆက်ပါတယ် ဘုရား)၊ ဦးလှဘူး မနာဘူးလား (နာပါတယ် ဘုရား)။

ဪ ဒါဖြင့် ပြင်ပေးမည့်လူမရှိလို့ရှိရင် ဒကာ ဒကာမတွေ တစ်နေ့ ကိုယ့်ခင်ပွန်း၊ ကိုယ့်သား,သမီးဆိုတာ ဘယ်နှစ်ခါ မှတ်ကြပါလိမ့် (မရေတွက်နိုင်ပါ ဘုရား)။

နာမည်များ ပျောက်သွားသေးသလား (မပျောက်ပါ)၊ ကြီးလာတဲ့အခါမို့ ငယ်မူတွေ ပျောက်သွားတဲ့အခါ ဖြစ်သွားသောကြောင့်လည်း၊ အင်း မှတ်မိ-မှတ်မိကြရဲ့လား (မှတ်မိပါတယ် ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် အမှတ်မှားကြောင့် အသိမှားဆိုတဲ့ အယူဒိဋ္ဌိ မလာဘူးလား (လာပါတယ် ဘုရား)၊ တဏှာဒိဋ္ဌိလာတော့ တဏှာပစ္စယာ (ဥပါဒါနံ)၊ အတူတူပဲ ဒိဋ္ဌိပစ္စယာလည်း ဥပါဒါနံပဲ (မှန်ပါ့)၊ ဒိဋ္ဌိပစ္စယာ ဥပါဒါနံဆိုတော့ ဒကာ ဒကာ မတွေ မသိမှာစိုးလို့ ဒိဋ္ဌိ-ဒိဋ္ဌုပါဒါန် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒိဋ္ဌိက တစ်မျိုး ဒိဋ္ဌုပါဒါန်က (တစ်မျိုးပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒီကံဟာ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံ,သွားဖြစ်တယ် (မှန်ပါ့)၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံ,သည် ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ ဇာတိဆိုတော့ ဒကာကြွယ် ဘယ်ဘဝတုံး (အနာဂတ်ဘဝပါ ဘုရား)။

ဪ ဘယ်ဇာတိပါလိမ့်မတုံးဆိုတော့ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံ,ကြောင့် ပေါ်ရမည့် ဇာတိဆိုတော့ အပါယ် ဇာတိဖြစ်ပါတယ် (မှန်ပါ့)၊ အပါယ်ဇာတိဖြစ်တယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါ မနေ့က တရားရှင်းပြီးလို့ တရားရှေ့တက်တာလို့ အောက်မေ့ကြပါ (မှန်ပါ့)။

တစ်ချက်မှားလိုက်တာ သံသရာပါ မျောပါသွား

တရားက မနေ့က ရှင်းပြီးသွားပြီ (မှန်ပါ့)၊ ဆယ့်နှစ်ခုရှင်းသွားလို့ ဪ သညာတစ်ခုကလည်း သညာ ကနေပြီး သကာလ တဏှာဒိဋ္ဌိ၊ ဒိဋ္ဌိကနေပြီး သကာလ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ၊ ကမ္မဘဝပစ္စယာ ဇာတိ၊ ဇာတိ ပစ္စယာ ဇရာ မရဏဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ တစ်ချက်မှားလိုက်တာ သံသရာပါ မျောပါသွားရတယ် လို့ဆိုရင် ငြင်းဖို့ရာ လိုသေးသလား (မလိုပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တစ်နေ့ ဘယ်နှစ်ခါ သားဟူသော အမှတ်၊ သမီးဟူသော အမှတ်၊ ခင်ပွန်းဟူသော အမှတ် ဘယ်နှစ်ခါများ မှတ်ကြသတုံးလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (မရေတွက်နိုင်ပါ ဘုရား)။

မရေတွက်နိုင်အောင်လည်း မှတ်ပြီး သကာလ နေကြတော့ ဒီကံပေါင်း ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံ,ပေါင်း တစ်နေ့ ဘယ်လောက်များ ခင်ဗျားတို့ ကံ,ပြုလုပ်ကြသတုံးလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေမလဲ (မရေတွက်နိုင်ပါ)။

ဦးဘအုန်း ခက်ပြီ (မှန်ပါ့)၊ ခက်ပြီ ဒကာ ဒကာမတို့ ဪ ငါတို့ သား, လင်, ခင်ပွန်းနဲ့ နေကြတာ ဘာအပြစ်ရှိသတုံး၊ ကိုယ့်သား,သမီး၊ ကိုယ်မခင်ရင် တိရစ္ဆာန်ဖြစ်ရတော့မပေါ့ အစရှိသည်နဲ့ ခင်ဗျားတို့က အခု တိရစ္ဆာန်ဖြစ်တာသာ မြင်တာကိုး၊ နောက် တိရစ္ဆာန်ဖြစ်မှာ မြင်မှ မမြင်ဘဲ (မှန်လှပါ ဘုရား)၊ အတော်ဆိုးဝါးတယ် (ဆိုးဝါးပါတယ်)။

ကိုင်း ဒါဖြင့် သညာကနေ စ,လိုက်တာ ဒကာသစ် ကံ,မြောက်သွားတယ် (မြောက်ပါတယ်)၊ ကံ,ကနေပြီး သကာလ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ဇာတိဆိုတော့ ပစ္စုပ္ပန်ဘဝလား၊ အနာဂတ်ဘဝလား (အနာဂတ်ဘဝပါ ဘုရား)။

ဒကာကြွယ် ခင်ဗျားတို့ လူ့ဘဝမှာ ဆရာကောင်း, သမားကောင်းနဲ့ ဘုရား သာသနာနဲ့ မတွေ့လို့ ဆုံးမသွန်သင် ကင်းပြီးနေကြမယ်ဆိုရင် ဒီအမှတ်မှားကြီးကလည်း ပြင်လို့မရတော့၊ အမှတ်မှားတစ်ခုတည်းနဲ့ အချိန်ကုန်သလား၊ ကံ,မြောက်သည်တိုင်အောင် လုပ်ကြသလား (ကံ,မြောက်သည်တိုင်အောင် လုပ်ကြပါတယ်)၊ ကံ,မြောက်သည်တိုင်အောင် ဒီမှာ ဒကာသစ် မြင်တဲ့အတိုင်း (မှန်ပါ့)။

ဒါဖြင့် တစ်နေ့ မျက်လုံးပေါက်က အပြစ် ဘယ်လောက်သင့်ပါလိမ့်မတုံး (မရေတွက်နိုင်ပါ)၊ ကဲ ဦးဘအုန်း သဘောကျပလား (ကျပါပြီ)၊ ဦးလှကြီး သဘောကျပလား (ကျပါပြီ ဘုရား)။

တစ်နေ့ ကံ,ပေါင်း ဘယ်လောက်မြောက်သတုံး (မရေတွက်နိုင်ပါ)၊ ခင်ဗျားတို့ ကျောင်းဆောက်တဲ့ ကံ,က ဒါလောက်များသလား (မများပါ)၊ ဘုရားတည်တဲ့ ကံ,က (မများပါ)၊ မများပါဘူး ဒကာ ဒကာမတို့၊ မဟုတ်တဲ့ဒိဋ္ဌိ အုပ်ချုပ်တဲ့ ကံ,ကတော့ (များပါတယ် ဘုရား)။

များတယ်ဆိုသဖြင့် ဦးဘအုန်း ကယ်မည့်တရားက နည်းနည်း၊ ထိုးချမည့်တရားက များများ (များပါတယ် ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီလို သယ်ယူပို့ဆောင်ပေးမည့် ကံ,ဖြတ်ပေးမည့် ဆရာကောင်း၊ သမားကောင်းနဲ့ မတွေ့တော့ပါဘူးဆိုလို့ရှိရင် ကိုယ်ကလည်း မရှာတော့ပါဘူးဆိုလို့ရှိရင်ဖြင့် ကိုယ်ကျိုးအကြီးအကျယ် နည်းပေါ့ (နည်းပါတယ် ဘုရား)။

ဉာဏ်နားနဲ့ ထောင်ကြည့်တော့မှ

ဒါ ဉာဏ်နားနဲ့ ထောင်ကြည့်တော့မှ ဪ ဟုတ်ပါလား၊ မျက်လုံးပေါက်က ဖွင့်လိုက်လို့ရှိရင် ဒါ ခင်ပွန်းပဲလို့ မှတ်လိုက် (မှန်ပါ့)၊ ခင်ပွန်းဖြစ်လို့ရှိရင် ခင်ရမှာပဲ၊ အားကိုးရမှာပဲဆိုတဲ့ ဒိဋ္ဌိ-တဏှာ မလာဘူးလား (လာပါတယ်)။

အင်း သူ့ပဲ စွဲစွဲလမ်းလမ်းပဲ၊ သူနဲ့ပဲ ထင်းပုံခေါင်းချသွားရမှာပဲဆိုတဲ့ ဥပါဒါန်ကကော (လာပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ကို ကာယကံ၊ ဝစီကံနဲ့ပဲ သူ့ကို ပြောလိုက်ဆိုလိုက် တိုင်ပင်လိုက် နှီးနှောလိုက်ဆိုတဲ့ အလုပ်အကိုင် တွေ တိုင်ပင်နှီးနှောတာတွေက ဒကာသစ် ဘာခေါ်ကြမယ် (ကမ္မဘဝပါ ဘုရား)။

ကာယကံနဲ့ နှီးနှော (မှန်ပါ့)၊ ဝစီကံနဲ့ ပြော (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီ ကံ,တွေက ဘယ်များ ပို့မှာပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ခင်ဗျားတို့ အိမ်နေကြတာ ဘာလုပ်နေကြပါလိမ့်မတုံး မေးတဲ့အခါကျလို့ရှိရင်ဖြင့် အနာဂတ်ဒုက္ခအတွက် လုပ်နေတာပဲ ဘုရာ့ (မှန်ပါ့)။

ဒကာကြွယ် ဘယ့်နှယ်ဆိုပါ့မ်ယ (အနာဂတ် ဒုက္ခအတွက် လုပ်နေတာပါဘုရား)။

ဒကာသစ် ဒါက ပဋိစ္စသမုပ္ပါဒ်မှာ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။

အဲဒီလို သိပြီး သကာလ ထားတော့မှ ဪ ငါတို့သည်ကားလို့ဆိုရင်ဖြင့် ဉာဏ်မျက်လုံးဖွင့်ပေးမည့် ဆရာ နဲ့သာ မတွေ့လို့ရှိရင်ဖြင့် လူ့ပြည်အလည်လာတာ၊ သေရင် အပါယ်သွားတော့မယ် (မှန်ပါ့)၊ အဓိပ္ပာယ် ဒါမှတစ်ပါး ဘာမှပြောစရာမရှိဘူး (မရှိပါ ဘုရား)။

ဦးလှဘူး ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)၊ ဦးလှကြီးကော (ရိပ်မိပါပြီ ဘုရား)၊ မဆိုးဘူးလား၊ ကဲ (ဆိုးပါတယ် ဘုရား)။

တစ်နေ့ ဘယ်နှစ်ကြိမ်တုံးဆိုတော့ (မရေတွက်နိုင်ပါ)၊ ဒါ မျက်လုံးတစ်ပေါက်တည်းက မရေတွက်နိုင်တဲ့ ကံ (မှန်ပါ့)၊ နားပေါက်ကလည်း ရေတွက်နိုင်ပါ့မလား (မရေတွက်နိုင်ပါ)။

နားပေါက်က ကိုယ့်နာမည်ကို ခေါ်လိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် ဪ ဒါ ခင်ပွန်းက ခေါ်တာပဲဆိုတော့ ခင်ပွန်းအမှတ်ကလေးက ပါသွားတယ် (ပါသွားပါတယ်)၊ မဆိုင်တဲ့လူဖြင့် ဘယ်ခေါ်မလဲ၊ ဆိုင်တဲ့လူမို့ ခေါ်တာပေါ့ ဆိုပြီး သကာလ ကိုယ်ကလည်း ခေါ်သံကြားရင် ခပ်ပြုံးပြုံးနဲ့ ခင်လျက် အားကိုးလျက်ပဲ (မှန်ပါ့)၊ အားကိုးရုံတွင်မက ဘူး၊ စွဲလမ်းတယ် (စွဲလမ်းပါတယ်)၊ စွဲလမ်းရုံမဟုတ်ဘူး၊ ကာယကံ, ဝစီကံနဲ့ သွားလိုက်၊ လာလိုက်၊ ပြောလိုက်၊ ဆိုလိုက် ကော မလုပ်ဘူးလား (လုပ်ပါတယ်)၊ အဲဒီတော့ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

တစ်နေ့ ဇာတိပေါင်း ဘယ်လောက်လုပ်ပါလိမ့်

ဪ နားပေါက်က တစ်နေ့ ဇာတိပေါင်း ဘယ်လောက်လုပ်ပါလိမ့် (မရေတွက်နိုင်ပါ)၊ ဒကာသစ် ထွက်ပေါက်ရှိသေးသလား (မရှိပါ ဘုရား)။

ဒကာ ဒကာမတို့ သေသေချာချာ စဉ်းစားမှ ခင်ဗျားတို့ နေပုံ-ထိုင်ပုံတွေသည် ထွက်ပေါက်မရှိဘူးဆိုတာ ထင်ရှားပါတယ် (မှန်လှပါ)၊ ထွက်ပေါက် ဘယ့်နှယ်နေသလဲ (မရှိပါ ဘုရား)။

ဘယ်ထွက်ပေါက်ရှိမတုံး၊ ကံ,စုနေကြတာ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်လိုဆိုကြပါ့မလဲ (ကံ,စုနေကြတာပါ ဘုရား)၊ ကံ,စုနေကြတယ် (မှန်ပါ့)။

ဪ ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် ဒီကံ,တွေ စုနေကြပါလိမ့်မတုံး ဘုရားဆိုတော့ ဒီစွဲလမ်းမှု ကြောင့် (မှန်ပါ့)။

ဒီကံ,တွေ ဘယ့်နှယ်ကြောင့် စုပါလိမ့် (ဒီစွဲလမ်းမှုကြောင့်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ကလည်း စွဲလမ်းပါလိမ့်မတုံး မေးတော့ ခင်တဲ့ ဒိဋ္ဌိကြောင့်ဘုရား (မှန်ပါ့)၊ ခင်တဲ့ တဏှာ၊ အမှားစွဲလမ်းတဲ့ ဒိဋ္ဌိကြောင့် (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီဒိဋ္ဌိက ဘယ်ကများ လာပါလိမ့်မတုံးဆိုတော့ တပည့်တော်တို့က ဉာဏ်မျက်လုံးမဖွင့်တော့ ဒါခင်ပွန်းလို့ မှတ်ထားတဲ့အမှတ်ကြောင့် ဘုရား (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒီလိုပြောင်းပြန်လည်း ပဋိလောမဆိုတဲ့ ဥစ္စာလည်း ဒကာသစ်သိမှ (မှန်ပါ့)၊ အနုလောမဖြစ်လို့ရှိရင် ပဋိလောမ ဟာလည်း အကြောင်းအကျိုး ဆက်တတ်ရတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဟောဒါ ခင်ဗျားတို့ လူ့ဘဝကြီးပဲ ထားပါဦး (မှန်ပါ့)၊ လူ့ဘဝကြီးပဲ ထားပါဦး၊ ဒီဘဝ, လူ့ဘဝဇာတိ ဆိုတာ ဒုက္ခသစ္စာနော် (မှန်ပါ့)၊ ဇရာဆိုတာ (ဒုက္ခသစ္စာပါ ဘုရား)၊ မရဏဆိုတာ (ဒုက္ခသစ္စာပါ)။

ဪ တို့မှာ ဇာတိ ဒုက္ခ, ဇရာ ဒုက္ခ, မရဏ ဒုက္ခနဲ့ တို့မှာ အဖော်လုပ်ပြီး သကာလ နေကြရတယ် (မှန် ပါ့)၊ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးဆိုတော့ အတိတ်ဘဝက ဒီကံ,ကြောင့် (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီကံ,ဘယ်က လာပါလိမ့်မတုံးဆိုတော့ အတိတ်က သား၊ လင်၊ ခင်ပွန်းစွဲလမ်းမှု (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အတိတ်က သား၊ လင်၊ ခင်ပွန်း စွဲလမ်းမှု၊ ဘယ့်နှယ်ကြောင့် လာပါလိမ့်မတုံးလို့ မေးလို့ရှိရင်ဖြင့် ခင်မှုအားကိုး မှုကြောင့် (မှန်လှပါ)၊ ခင်တာက တဏှာ၊ အားကိုးတာက ဒိဋ္ဌိ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ့်နှယ်ကြောင့် ခင်မှု အားကိုးမှုတွေ လာပါလိမ့်မလဲလို့ အမေးထုတ်တော့မှ အမှတ်မှားမှု (မှန်ပါ့)၊ သား၊ လင်၊ ခင်ပွန်းရယ်လို့ အမှတ်မှားမှု (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အမှတ်မှားကြောင့် အထင်အားကိုးမှား (မှန်ပါ့)၊ စွဲလမ်းမှား (မှန်ပါ့)၊ ကံ,ပြုမှား (မှန်ပါ)၊ ဟော အရမှား (မှန်ပါ့)၊ အကုန်တောက်လျှောက် အမှားချည်းပဲ (မှန်ပါ့)။

ကိုယ့်အမှား တယ်ကြီးပါလား

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ကိုယ့်အမှား တယ်ကြီးပါလားဆိုတာ ယနေ့ ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား)။

ဒကာကြွယ် ဘယ်လိုပေါ်ပါလိမ့် (ကိုယ့်အမှား တယ်ကြီးပါတယ် ဘုရား)။

ဒကာကြွယ်ကတော့ ဝါတွင်း ဆွမ်းစဉ်ရုံနဲ့ ပြီးပေါ့ အောက်မေ့နေတယ် (အောက်မေ့ပါတယ်)၊ အံမာလေး လွဲလိုက်တဲ့ဖြစ်ခြင်း၊ မျက်လုံးတစ်ပေါက် ဖွင့်တာတောင် မကြေဘူး (မှန်ပါ့)၊ ကြေပါ့မလား (မကြေပါ ဘုရား)။

မျက်လုံးတစ်ပေါက် ဖွင့်လိုက်တာက ကြည့် အမှတ်မှား၊ အထင်အားကိုးမှား၊ စွဲလမ်းမှား၊ အားထုတ်မှား (မှန်ပါ့)၊ အမှားပေါင်း ဘယ်လောက်များသတုံး (မရေတွက်နိုင်ပါ ဘုရား)၊ အင်မတန်များတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

ဒါ့ကြောင့် ဒကာ ဒကာမတို့ သညာကနေပြီး ယနေ့ ပဋိစ္စသမုပ္ပါဒ် ဆက်ပြတယ် (မှန်ပါ့)၊ သညာက ဆက်ပြ တယ် (မှန်ပါ့)။

ဒကာသစ် ဒီတရားဟာ မနာရသေးဘူး (မနာရသေးပါ ဘုရား)။

မှတ်ပါတဲ့၊ အားလုံး ဒကာ ဒကာမတို့ ဪ ငါတို့မိဘရိုးရာ သင်ထားတဲ့ အမှတ်သည်ကားလို့ဆိုလို့ ရှိရင် ခေါ်ရုံ ပညတ်ရယ်လို့ တို့ကလည်း မမှတ်ဘူး၊ တကယ့်သားပဲ၊ တကယ့်သား,မယားပဲလို့ တို့မှတ်ထားတဲ့၊ အမှတ် ကြီးက အမေ မိဘ ဆုံးမတဲ့ အမှတ်ထက် ပိုမိုပြီး သကာလ ကြီးကျယ်နေတယ်ဆိုတာကော သေချာပလား (သေချာပါ ပြီ ဘုရား)။

အမှတ်ကိုလည်း ဒကာ ဒကာမတွေက နှစ်မျိုးထားပြီး မမှတ်ဘူး (မှန်ပါ့)၊ ခေါ်ဝေါ်ရုံမျှ မှတ်ရတဲ့ အမှတ် ဟုတ်လား ဒီလိုဆိုရင် ကိစ္စမရှိပါဘူး၊ အခုတော့ တကယ်သားပဲ၊ တကယ်သမီးပဲ၊ တကယ်မြေးပဲ၊ တကယ်ခင်ပွန်းမ ပဲလို့ အားကိုးလိုက်တာ (မှန်ပါ့)၊ တကယ့်ကို မှတ်ချလိုက်တော့ ဒကာ ဒကာမတို့ ဒါအမှတ်မှားလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အမှတ်မှားနောက်ကနေပြီး အထင်မှား၊ အားကိုးမှားက (လိုက်ပါတယ် ဘုရား)၊ စွဲလမ်းမှား (လိုက်ပါတယ်)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ကမ္မဘဝဖြစ်တဲ့ အားထုတ်မှု အမှားကော (လိုက်ပါတယ်)၊ မလိုက်ကြပေဘူးလား (လိုက်ပါတယ် ဘုရား)။

တချို့ ဒကာ ဒကာမတွေကျတော့ သား၊ လင်၊ ခင်ပွန်း ကိစ္စနဲ့ အားရတယ်ကို မရှိဘူးတဲ့ (မှန်ပါ့)။

သား၊ လင်၊ ခင်ပွန်းကိစ္စနဲ့ (အားရတယ်ကို မရှိပါ)၊ ဒါကမ္မဘဝလုပ်နေကြတာ (မှန်ပါ့)။

ဘာလုပ်နေကြတာတုံး (ကမ္မဘဝ လုပ်နေကြတာပါ)။

အေး ဒကာကြွယ်တို့ကလည်း လင့်ဝတ်-မယားဝတ်ဆိုတာ ရှိသေးသကွတဲ့ (မှန်ပါ့)၊ အင်း ဒကာ ကြွယ်တို့က သူတော်ကောင်းသံနဲ့ လေချိုသွေးပြီး (မှန်ပါ့)၊ မပြောဘူးလား ဒကာကြွယ် (ပြောပါတယ် ဘုရား)။

သီလ ဟောတာ

သား လင် ခင်ပွန်း ဝတ်ဆိုတာ ရှိသေးတယ်၊ အဲဒါကတော့ သီလဟောတာ (မှန်ပါ့)၊ ဝတ်နဲ့ ပြည့်စုံရင် သီလ ဟောတာ (မှန်ပါ့)။

အခုဟာက အဲဒီသီလကို ဟောတာမဟုတ်ဘူးတဲ့၊ ဝိပဿနာဉာဏ်ကို ဟောနေတာ (မှန်ပါ့)။

ဟိုဟာက သီလအကျိုးတော့ ပြီးပါတယ်၊ ဝတ်ပျက်ရင် သီလပျက်တာပဲ (မှန်ပါ့)၊ ဝတ်နဲ့ပြည့်စုံရင် သီလပြည့်စုံ တာပဲ (မှန်ပါ့)။

သို့သော် ဒီသီလလောက်နဲ့ပဲ နိဗ္ဗာန်ရောက်မှာလားလို့ မေးတဲ့အခါကျတော့ သား လင် ခင်ပွန်း ဝတ်ပြုနေရုံ နဲ့လည်း မရောက်ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေက ကျုပ်တို့ဖြင့် တရားဓမ္မတွေ လိုရင်းချုပ်ပြီး ပြောနေတယ်ဆိုတာ ကြားပါ တယ်။ ခင်ပွန်းမကလည်း မမာမကျန်းရှိနေလို့ သူ့ဝတ်ပြုနေရတာနဲ့ ကျုပ်မသွားနိုင်ဘူး (မှန်ပါ့)၊ ဒကာမတွေကလည်း ထို့အတူပဲ ကျုပ်တို့ဖြင့် ဒီဝတ်က တယ်ကြီးသကိုး ကြီးကြီးနဲ့ပဲ ပြုနေတာပဲ (မှန်ပါ့)၊ အဲဒါ ကမ္မဘဝလုပ်နေတယ် မှတ်ပါ (မှန်လှပါ ဘုရား)။

ဘယ်လိုဆိုကြမယ် (ကမ္မဘဝ လုပ်နေတာပါ ဘုရား)။

ဒီကမ္မဘဝ ဒီကာယကံ ဝစီကံ ဘယ့်နှယ်ကြောင့် လုပ်ဖြစ်ပါလိမ့်မတုံး မေးတော့ စွဲလမ်းမှုရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဘယ့်နှယ်ကြောင့် ဒီစွဲလမ်းမှုကြီး ကြီးကျယ်ပါလိမ့်မတုံး မေးတဲ့အခါကျတော့ ခင်မှု အားကိုးမှုကြောင့် (မှန် ပါ့)။

ဘယ့်နှယ်ကြောင့် ခင်မှု အားကိုးမှုကြီးကို ခင်ဗျားတို့သန္တာန်၌ တစ်ပေါ်တည်း ပေါ်နေပါလိမ့်မလဲ မေးတော့ အမှတ်မှားမှုကြောင့် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ပြောင်းပြန်လည်းမှန်တယ် (မှန်ပါတယ် ဘုရား)။

ဘုရားမပွင့်လည်း ရှိတာပဲ

အဲဒါက ဘုရားမပွင့်လည်း ရှိတာပဲ (မှန်ပါ့)၊ ဘုရားပွင့်လည်း (ရှိပါတယ် ဘုရား)။

သို့သော် ခင်ဗျားတို့သန္တာန်မှာ ဘုရားပွင့်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်အလုပ်ကို မလုပ်ရင်ရှိတာပဲ (မှန်ပါ့)၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်အလုပ်ကို လုပ်ပြန်တော့လည်း ပျက်သွားတာပဲဆိုတာ ပေါ်လာကြပလား (ပေါ်လာပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေရာမှာ ဝိပဿနာမဂ်ဆိုတဲ့ ပွားများမှု မဂ်မှ ဒကာသစ် မသွင်းတော့ဘူးဆိုရင် ဒီကံချည့်မြောက်နေမယ် (မှန်ပါ့)။

ဒီကံမြောက်လို့ရှိရင် ငါသေရင် ဆွမ်းမသွတ်နဲ့။ အမျှမရဘူးသာမှတ် (မှန်ပါ့)၊ ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)၊ အပါယ်သွားပြီ (မှန်ပါ့)။

ခင်ဗျားတို့ လူ့ပြည်က ဆွမ်းကလေး ကွမ်းကလေးကို ငရဲသားက စားပါ့မလား (မစားပါ ဘုရား)၊ သူတို့သံတွေ ခဲတွေ ရှိလေရဲ့၊ အဲဒါစားနေတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါလောက် ဖြစ်ပြီး သကာလ နေတော့ ဒကာကြွယ် ဒကာသစ်တို့ ဪ တို့အဖြစ်ဟာ အဖြစ်ဆိုးကြီး နော်။ သေသေချာချာတွေးမှ အဖြစ်ဆိုးကြီးပါလား (မှန်ပါ့ ဘုရား)။

အိမ်နီးချင်းချင်းပြောတာတော့ သွားမယောင်နဲ့ (မှန်ပါ့ ဘုရား)၊ ဟိုအိမ်က ဘယ်သူဖြင့် ခင်ပွန်းမ ကြည့်လိုက် ပြန်လည်း လင်ဝတ် သားဝတ် ကျေလိုက်တာ (မှန်ပါ့)၊ အင်း ယောကျ်ားဘက်ကနေပြီး ယောကျ်ားချီးမွမ်းပြန်တော့ လည်း အင်း သူကလည်း သားမယားဝတ်တော့ အတော်ကျေပွန်တဲ့လူ။ ဒါကြောင့်လည်း သင့်သင့်တင့်တင့်နဲ့ တော်ကြတယ်။ တယ်ကုသိုလ်ကောင်း (မှန်ပါ့ ဘုရား)။

ဘယ်ကုသိုလ်ကောင်းရမှာတုံး ဒီမှာကြည့်စမ်း တန်းနေတာ (မှန်ပါ့)၊ ကုသိုလ်ကောင်းတာလား အပါယ် သွားဖို့လားဆိုတာ (အပါယ်သွားဖို့ပါ ဘုရား)၊ သေချာပလား (သေချာပါပြီ)။

အိမ်နီးချင်းစကားကို မယောင်ပါနဲ့

ဒါကြောင့် အိမ်နီးချင်းစကားကို မယောင်ပါနဲ့လို့ ပြောတာ (မှန်ပါ့ ဘုရား)၊ ဦးဘအုန်း ယောင်ဦးမှာလား (မယောင်ပါ ဘုရား)၊ မယောင်နဲ့ မသိတဲ့လူကပြောတာ ခင်ဗျားတို့က ယောင်တဲ့လူက ပိုအလို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပြောတဲ့လူက ဘာတုံး (မသိလို့ပြောတာပါ ဘုရား)၊ အဲဒီသူပြောတာကိုပဲ အင်း တို့ ဒီအတိုင်းဆိုရင် လူ ချီးမွမ်း နတ်ချီးမွမ်းပါတယ်တဲ့ (မှန်ပါ့)၊ နတ်က မချီးမွမ်းပါဘူး စိတ်သာချပါ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်ပါပြီ)။

မချီးမွမ်းပါဘူး ဒကာ ဒကာမတို့ရဲ့ ခင်ဗျားတို့ဟာ ဘယ်မှာ ကံတွေက အကုသိုလ်ကံတွေ ဖြစ်ပြီး သကာလ နေတဲ့ ဥစ္စာကြီးပဲ အမှတ်မှားကလာတဲ့ဥစ္စာ အကောင်းတစ်ခုပါရဲ့လား (မပါပါ ဘုရား)။

အကောင်းတစ်ခုမှ မပါတာကို ဒကာ ဒကာမတွေသည်ကားလို့ဆိုရင်ဖြင့် မသိတဲ့လူက ချီးမွမ်း၊ မလိမ်မာတဲ့ လူက ဝမ်းမြောက် (မှန်ပါ့)၊ ဒီလိုဖြစ်နေတဲ့ဇာတ်ထုပ် (မှန်လှပါ ဘုရား)။

မသိတဲ့လူက (ချီးမွမ်းပါတယ် ဘုရား)၊ မလိမ်မာတဲ့လူက (ဝမ်းမြောက်ပါတယ် ဘုရား)။

ဒကာကြွယ်တို့ ယုံသလား (မယုံပါ ဘုရား)၊ အဲဒါ စဉ်းစားကြည့်တော့ အမှတ်မှားကြောင့် အားကိုးမှား (မှန် ပါ့)၊ အားကိုးမှားကြောင့် စွဲလမ်းမှား (မှန်ပါ့)၊ စွဲလမ်းမှားကြောင့် (အားထုတ်မှားပါတယ် ဘုရား)၊ အားထုတ်မှားကြောင့် အပါယ်ခန္ဓာရတယ် (မှန်ပါ့)၊ မရဘူးလား ရသလား (ရပါတယ် ဘုရား)။

ကိုယ့်ငါးချဉ်-ကိုယ်ချဉ်နေတာ

ဒါတွေ သေသေချာချာသိထားတော့မှ ဪ ဒို့သည် ဒီလိုတရားထူး တရားမြတ်ကိုမှ ထူးထူးလည်လည် မနာရ မတွေ့ရလို့ရှိရင်ဖြင့် ကိုယ့်ငါးချဉ်-ကိုယ်ချဉ်နေတာကိုး (မှန်ပါ့)၊ တကယ်သူတော်ကောင်းကတော့ မကြိုက်တာ အမှန်ပဲ (မှန်ပါ့)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

သူတော်ကောင်းမှ မကြိုက်တဲ့တရားကို တရားမှန်လို့ ဆိုလို့ရပါ့မလား (မရပါ ဘုရား)။

အလုပ် လုံးဝမလုပ်ဘူးတဲ့ ပုဂ္ဂိုလ်များမှာ ဒီအမှားသုံးချက် ဘယ်တော့မှ မပယ်ပါဘူး (မှန်ပါ့)၊ မပယ်တော့ သောတာပန်လည်း မတည်နိုင် သကဒါဂါမ် အနာဂါမ် ရဟန္တာကော (မတည်နိုင်ပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေမှာ ဘယ်သူများ နှိပ်စက်နေပါလိမ့်မတုံး၊ သံသရာထဲမှာ အိုဘေး, နာဘေး, သေဘေးတွေနဲ့ နေရတာဟာ ဘယ်သူနှိပ်စက်လို့ပါလိမ့်မတုံးဆိုတော့ သိကြား, ဗြဟ္မာ, ဘုရား လာပြီး သကာလ နှိပ်စက်လို့ ဆင်းရဲကွက်ကြုံရတယ်ဆိုတာ ဒကာကြွယ်တို့ ဦးလှဘူးတို့ မမှတ်လိုက်ပါနဲ့နော် (မှန်ပါ့)။

အမှတ်မှား, အသိမှား, အယူမှား နှိပ်စက်တယ်ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်သူ နှိပ်စက်နေပါလိမ့် (အမှတ်မှား, အသိမှား, အယူမှား နှိပ်စက်နေပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ အမှတ်မှား, အသိမှား, အယူမှား နှိပ်စက်နေတာ သိတဲ့ပုဂ္ဂိုလ်သည် အမှတ်မှားကိုလည်း ပယ်ရလိမ့်မယ် (မှန်ပါ့)၊ အသိမှားလည်း (ပယ်ရမှာပါ)၊ အယူမှားလည်း (ပယ်ရမှာပါ ဘုရား)။

ပယ်လိုက်တော့ နှိပ်စက်တတ်တဲ့ တရားတွေ မရှိတော့ဘူးဆိုတော့ ပဋိစ္စသမုပ္ပါဒ် ပြတ်ထွက်သွားတယ် (မှန် ပါ့)။

နှိပ်စက်တတ်တဲ့ တရားမရှိတော့ (ပဋိစ္စသမုပ္ပါဒ် ပြတ်ထွက်သွားပါတယ် ဘုရား)။

အဲဒီ့ပဋိစ္စသမုပ္ပါဒ် ပြတ်ထွက်သွားတော့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဒကာ ဒကာမတွေကို ခဏခဏပဲ ပြောလို့ သတိရကြပါလိမ့်မယ်၊ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”ဆိုတာ ပဋိစ္စသမုပ္ပါဒ် ပေါ်လာသ၍ ဒုက္ခအစု ပေါ်တာပဲ (မှန်လှပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ပေါ်လာသ၍ဟာ (ဒုက္ခအစု ပေါ်တာပါ ဘုရား)။

အဲဒီတော့ ဒီအမှတ်မှားကလည်း ပဋိစ္စသမုပ္ပါဒ် ပေါ်စေတာပဲ (မှန်ပါ့)၊ အသိမှားကကော (ပေါ်စေပါတယ် ဘုရား)၊ အယူမှားကကော (ပဋိစ္စသမုပ္ပါဒ် ပေါ်စေပါတယ်ဘုရား)။

ပေါ်တော့ ဘာသစ္စာတွေ ပေါ်လာသတုံးလို့ အကဲခတ်ကြစမ်း (ဒုက္ခသစ္စာတွေ ပေါ်ပါတယ်ဘုရား)။

ဒုက္ခသစ္စာတွေကို ပွားများအောင် လုပ်လေသမျှ

ဪ ဒါဖြင့် ဒုက္ခသစ္စာတွေကို ပွားများအောင် လုပ်လေသမျှ အမှတ်မှား၊ အသိမှား၊ အယူမှားပဲ (မှန် ပါ့)။

ဒုက္ခသစ္စာတွေ ပွားများအောင် လုပ်လေသမျှ ဘာပါလိမ့်မယ် (အမှတ်မှား၊ အသိမှား၊ အယူမှားပါ)၊ အမှတ် မှား၊ အသိမှား၊ အယူမှားဆိုတာ ဒကာ ဒကာမတွေ ရိပ်မိကြပြီ (ရိပ်မိပါပြီ ဘုရား)။

သို့သော် သူတို့ကို ရိပ်မိကြငြားသော်လည်း ဘုန်းကြီးရှင်းပြပါဦးမယ် တဲ့၊ ဒီခန္ဓာငါးပါးကို ယောကျ်ားခန္ဓာ ဖြစ်ဖြစ်၊ မိန်းမခန္ဓာဖြစ်ဖြစ်၊ သား,သမီး ခန္ဓာဖြစ်ဖြစ် ဒကာ ဒကာမတွေ အမှတ်မှားလာပြီဆိုမှဖြင့် ဒီဥစ္စာကို မိမိ၏ ခင်ပွန်းသည်ယောကျ်ားရယ်လို့ မှတ်လိုက်ပြီဆိုတော့ သညာက္ခန္ဓာက မပေါ်လာဘူးလား (ပေါ်လာပါတယ်)၊ ဪ အမှတ်မှားလာပြီနော် (မှန်ပါ့)။

သညာချည့်ပေါ်တယ်လို့ မယူလိုက် ပါနဲ့

အမှတ်မှားလာတော့ ဒကာ ဒကာမတို့ ဒီဟာသည်ကားလို့ဆိုလို့ရှိရင်ဖြင့် သညာချည့်ပေါ်တယ်လို့ မယူလိုက် ပါနဲ့ (မှန်ပါ့)၊ သညာချည့်ပေါ်တယ်လို့ မယူလိုက်ပါနဲ့၊ ယောကျ်ားရယ်လို့ အမှတ်မှားပြီဆိုမှဖြင့် ယောကျ်ားဆိုလို့ရှိရင် ဖြင့် ခင်ရမှာပဲ၊ အားကိုးရမှာပဲဆိုတဲ့ တဏှာ ဒိဋ္ဌိ လိုက်လာတယ် (မှန်ပါ့)၊ တဏှာ ဒိဋ္ဌိ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။

ခင်ရမှာပဲ၊ အားကိုးရမှာပဲဆိုတဲ့၊ ခင်ရမှာပဲက တဏှာ၊ အားကိုးရမှာပဲက ဒိဋ္ဌိ (မှန်ပါ့)၊ လိုက်မလာဘူးလား (လိုက်လာပါတယ် ဘုရား)။

ဪ ဒါ သညာကြောင့် တဏှာ ဒိဋ္ဌိဖြစ်တယ် (မှန်လှပါ ဘုရား)။

သညာကြောင့် (တဏှာ ဒိဋ္ဌိဖြစ်ပါတယ်)၊ ဒကာ ဒကာမတွေက သညာအမှတ်မှားကလေးဟာ သာမညကလေး လို့ အောက်မေ့နေကြငြားသော်လည်းတဲ့ ခန္ဓာစဉ်မှာ ပထမသညာက္ခန္ဓာဖြစ်တယ် (မှန်ပါ့)၊ နောက်ကျတဲ့အခါကျလို့ ရှိရင် တဏှာဆိုတဲ့ သင်္ခါရက္ခန္ဓာ (မှန်ပါ့)၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ်ဘုရား)၊ တဏှာ ဒိဋ္ဌိဆိုတဲ့ သင်္ခါရက္ခန္ဓာတွေ မဖြစ်လား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် သညာပစ္စယာ တဏှာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

သညာပစ္စယာ (တဏှာပါ ဘုရား)၊ ဪ ဒကာ ဒကာမတွေ အမှတ်မှားနေကြတာနဲ့ ပဋိစ္စသမုပ္ပါဒ် ဆက်ပြီ (မှန်ပါ့)။

အမှတ်မှားတာနဲ့ ပဋိစ္စသမုပ္ပါဒ် ဘယ့်နှယ်တုံး (ဆက်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာသစ်ရေ တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား)၊ ဥပါဒါန် သွားပြီ (မှန်ပါ့)၊ တဏှာဒိဋ္ဌိက တွဲနေတယ် ဒကာကြွယ်ရ (မှန်ပါ့)၊ တဏှာနဲ့ ဒိဋ္ဌိက တွဲနေတယ် (မှန်ပါ့)၊ တွဲနေတော့ ဒိဋ္ဌိမထည့်ပါနဲ့တော့ တဏှာ ပစ္စယာ (ဥပါဒါနံပါ)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ဟော အနာဂတ်ဘဝပေါ်ပြီ (မှန်ပါ့)၊ ပစ္စုပ္ပန်အမှတ်မှားကနေပြီး သကာလ ဒီအသိမှားရောက်တယ် (ရောက်ပါတယ် ဘုရား)၊ အသိမှားရောက်တော့ စွဲလမ်းမှားကော (လာပါတယ် ဘုရား)၊ အားထုတ်မှားကော (လာပါ တယ်)၊ ကမ္မဘဝဆိုတာ အားထုတ်မှားပဲ (မှန်ပါ့)၊ မလာဘူးလား (လာပါတယ်)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ကိုင်း ဒကာ ဒကာမတို့ အမှတ်မှားကြောင့် အသိမှား၊ အသိမှားကြောင့် စွဲလမ်းမှား၊ စွဲလမ်းမှားကြောင့် အားထုတ်မှား၊ အားထုတ်မှားကြောင့်တဲ့ အရမှားလာဖြစ်တယ် (မှန်လှပါ ဘုရား)၊ အရမှား ဒုက္ခသစ္စာ လာဖြစ်တယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

အမှတ်မှားလိုက်တော့

ဒါဖြင့် ဪ ဒကာ ဒကာမတို့ အမှတ်မှားလိုက်တော့ သံသရာမှာ နှစ်ဘဝဆက်သွားတယ် (မှန်ပါ့)၊ ၁၊ ၂၊ ၃၊ ၄ က ပစ္စုပ္ပန်ဘဝ (မှန်ပါ့)၊ ဒီဇာတိ ဇရာ မရဏက (အနာဂတ်ဘဝပါ ဘုရား)။

ဒကာသစ်ရေ အမှတ်မှားလိုက်တာ ဘယ်နှစ်ဘဝ ဆက်သွားသလဲ (နှစ်ဘဝဆက်ပါတယ် ဘုရား)၊ ဦးလှဘူး မနာဘူးလား (နာပါတယ် ဘုရား)။

ဪ ဒါဖြင့် ပြင်ပေးမည့်လူမရှိလို့ရှိရင် ဒကာ ဒကာမတွေ တစ်နေ့ ကိုယ့်ခင်ပွန်း၊ ကိုယ့်သား,သမီးဆိုတာ ဘယ်နှစ်ခါ မှတ်ကြပါလိမ့် (မရေတွက်နိုင်ပါ ဘုရား)။

နာမည်များ ပျောက်သွားသေးသလား (မပျောက်ပါ)၊ ကြီးလာတဲ့အခါမို့ ငယ်မူတွေ ပျောက်သွားတဲ့အခါ ဖြစ်သွားသောကြောင့်လည်း၊ အင်း မှတ်မိ-မှတ်မိကြရဲ့လား (မှတ်မိပါတယ် ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် အမှတ်မှားကြောင့် အသိမှားဆိုတဲ့ အယူဒိဋ္ဌိ မလာဘူးလား (လာပါတယ် ဘုရား)၊ တဏှာဒိဋ္ဌိလာတော့ တဏှာပစ္စယာ (ဥပါဒါနံ)၊ အတူတူပဲ ဒိဋ္ဌိပစ္စယာလည်း ဥပါဒါနံပဲ (မှန်ပါ့)၊ ဒိဋ္ဌိပစ္စယာ ဥပါဒါနံဆိုတော့ ဒကာ ဒကာ မတွေ မသိမှာစိုးလို့ ဒိဋ္ဌိ-ဒိဋ္ဌုပါဒါန် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒိဋ္ဌိက တစ်မျိုး ဒိဋ္ဌုပါဒါန်က (တစ်မျိုးပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒီကံဟာ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံ,သွားဖြစ်တယ် (မှန်ပါ့)၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံ,သည် ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ ဇာတိဆိုတော့ ဒကာကြွယ် ဘယ်ဘဝတုံး (အနာဂတ်ဘဝပါ ဘုရား)။

ဪ ဘယ်ဇာတိပါလိမ့်မတုံးဆိုတော့ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံ,ကြောင့် ပေါ်ရမည့် ဇာတိဆိုတော့ အပါယ် ဇာတိဖြစ်ပါတယ် (မှန်ပါ့)၊ အပါယ်ဇာတိဖြစ်တယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါ မနေ့က တရားရှင်းပြီးလို့ တရားရှေ့တက်တာလို့ အောက်မေ့ကြပါ (မှန်ပါ့)။

တရားက မနေ့က ရှင်းပြီးသွားပြီ (မှန်ပါ့)၊ ဆယ့်နှစ်ခုရှင်းသွားလို့ ဪ သညာတစ်ခုကလည်း သညာ ကနေပြီး သကာလ တဏှာဒိဋ္ဌိ၊ ဒိဋ္ဌိကနေပြီး သကာလ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ၊ ကမ္မဘဝပစ္စယာ ဇာတိ၊ ဇာတိ ပစ္စယာ ဇရာ မရဏဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ တစ်ချက်မှားလိုက်တာ သံသရာပါ မျောပါသွားရတယ် လို့ဆိုရင် ငြင်းဖို့ရာ လိုသေးသလား (မလိုပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တစ်နေ့ ဘယ်နှစ်ခါ သားဟူသော အမှတ်၊ သမီးဟူသော အမှတ်၊ ခင်ပွန်းဟူသော အမှတ် ဘယ်နှစ်ခါများ မှတ်ကြသတုံးလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (မရေတွက်နိုင်ပါ ဘုရား)။

ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံ,ပေါင်း တစ်နေ့ ဘယ်လောက်

မရေတွက်နိုင်အောင်လည်း မှတ်ပြီး သကာလ နေကြတော့ ဒီကံပေါင်း ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံ,ပေါင်း တစ်နေ့ ဘယ်လောက်များ ခင်ဗျားတို့ ကံ,ပြုလုပ်ကြသတုံးလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေမလဲ (မရေတွက်နိုင်ပါ)။

ဦးဘအုန်း ခက်ပြီ (မှန်ပါ့)၊ ခက်ပြီ ဒကာ ဒကာမတို့ ဪ ငါတို့ သား, လင်, ခင်ပွန်းနဲ့ နေကြတာ ဘာအပြစ်ရှိသတုံး၊ ကိုယ့်သား,သမီး၊ ကိုယ်မခင်ရင် တိရစ္ဆာန်ဖြစ်ရတော့မပေါ့ အစရှိသည်နဲ့ ခင်ဗျားတို့က အခု တိရစ္ဆာန်ဖြစ်တာသာ မြင်တာကိုး၊ နောက် တိရစ္ဆာန်ဖြစ်မှာ မြင်မှ မမြင်ဘဲ (မှန်လှပါ ဘုရား)၊ အတော်ဆိုးဝါးတယ် (ဆိုးဝါးပါတယ်)။

ကိုင်း ဒါဖြင့် သညာကနေ စ,လိုက်တာ ဒကာသစ် ကံ,မြောက်သွားတယ် (မြောက်ပါတယ်)၊ ကံ,ကနေပြီး သကာလ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ဇာတိဆိုတော့ ပစ္စုပ္ပန်ဘဝလား၊ အနာဂတ်ဘဝလား (အနာဂတ်ဘဝပါ ဘုရား)။

ဒကာကြွယ် ခင်ဗျားတို့ လူ့ဘဝမှာ ဆရာကောင်း, သမားကောင်းနဲ့ ဘုရား သာသနာနဲ့ မတွေ့လို့ ဆုံးမသွန်သင် ကင်းပြီးနေကြမယ်ဆိုရင် ဒီအမှတ်မှားကြီးကလည်း ပြင်လို့မရတော့၊ အမှတ်မှားတစ်ခုတည်းနဲ့ အချိန်ကုန်သလား၊ ကံ,မြောက်သည်တိုင်အောင် လုပ်ကြသလား (ကံ,မြောက်သည်တိုင်အောင် လုပ်ကြပါတယ်)၊ ကံ,မြောက်သည်တိုင်အောင် ဒီမှာ ဒကာသစ် မြင်တဲ့အတိုင်း (မှန်ပါ့)။

ဒါဖြင့် တစ်နေ့ မျက်လုံးပေါက်က အပြစ် ဘယ်လောက်သင့်ပါလိမ့်မတုံး (မရေတွက်နိုင်ပါ)၊ ကဲ ဦးဘအုန်း သဘောကျပလား (ကျပါပြီ)၊ ဦးလှကြီး သဘောကျပလား (ကျပါပြီ ဘုရား)။

တစ်နေ့ ကံ,ပေါင်း ဘယ်လောက်မြောက်သတုံး

တစ်နေ့ ကံ,ပေါင်း ဘယ်လောက်မြောက်သတုံး (မရေတွက်နိုင်ပါ)၊ ခင်ဗျားတို့ ကျောင်းဆောက်တဲ့ ကံ,က ဒါလောက်များသလား (မများပါ)၊ ဘုရားတည်တဲ့ ကံ,က (မများပါ)၊ မများပါဘူး ဒကာ ဒကာမတို့၊ မဟုတ်တဲ့ဒိဋ္ဌိ အုပ်ချုပ်တဲ့ ကံ,ကတော့ (များပါတယ် ဘုရား)။

များတယ်ဆိုသဖြင့် ဦးဘအုန်း ကယ်မည့်တရားက နည်းနည်း၊ ထိုးချမည့်တရားက များများ (များပါတယ် ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီလို သယ်ယူပို့ဆောင်ပေးမည့် ကံ,ဖြတ်ပေးမည့် ဆရာကောင်း၊ သမားကောင်းနဲ့ မတွေ့တော့ပါဘူးဆိုလို့ရှိရင် ကိုယ်ကလည်း မရှာတော့ပါဘူးဆိုလို့ရှိရင်ဖြင့် ကိုယ်ကျိုးအကြီးအကျယ် နည်းပေါ့ (နည်းပါတယ် ဘုရား)။

ဒါ ဉာဏ်နားနဲ့ ထောင်ကြည့်တော့မှ ဪ ဟုတ်ပါလား၊ မျက်လုံးပေါက်က ဖွင့်လိုက်လို့ရှိရင် ဒါ ခင်ပွန်းပဲလို့ မှတ်လိုက် (မှန်ပါ့)၊ ခင်ပွန်းဖြစ်လို့ရှိရင် ခင်ရမှာပဲ၊ အားကိုးရမှာပဲဆိုတဲ့ ဒိဋ္ဌိ-တဏှာ မလာဘူးလား (လာပါတယ်)။

အင်း သူ့ပဲ စွဲစွဲလမ်းလမ်းပဲ၊ သူနဲ့ပဲ ထင်းပုံခေါင်းချသွားရမှာပဲဆိုတဲ့ ဥပါဒါန်ကကော (လာပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ကို ကာယကံ၊ ဝစီကံနဲ့ပဲ သူ့ကို ပြောလိုက်ဆိုလိုက် တိုင်ပင်လိုက် နှီးနှောလိုက်ဆိုတဲ့ အလုပ်အကိုင် တွေ တိုင်ပင်နှီးနှောတာတွေက ဒကာသစ် ဘာခေါ်ကြမယ် (ကမ္မဘဝပါ ဘုရား)။

ကာယကံနဲ့ နှီးနှော (မှန်ပါ့)၊ ဝစီကံနဲ့ ပြော (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီ ကံ,တွေက ဘယ်များ ပို့မှာပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ခင်ဗျားတို့ အိမ်နေကြတာ ဘာလုပ်နေကြပါလိမ့်မတုံး မေးတဲ့အခါကျလို့ရှိရင်ဖြင့် အနာဂတ်ဒုက္ခအတွက် လုပ်နေတာပဲ ဘုရာ့ (မှန်ပါ့)။

ဒကာကြွယ် ဘယ့်နှယ်ဆိုပါ့မ်ယ (အနာဂတ် ဒုက္ခအတွက် လုပ်နေတာပါဘုရား)။

ဒကာသစ် ဒါက ပဋိစ္စသမုပ္ပါဒ်မှာ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။

သေရင် အပါယ်သွားတော့မယ်

အဲဒီလို သိပြီး သကာလ ထားတော့မှ ဪ ငါတို့သည်ကားလို့ဆိုရင်ဖြင့် ဉာဏ်မျက်လုံးဖွင့်ပေးမည့် ဆရာ နဲ့သာ မတွေ့လို့ရှိရင်ဖြင့် လူ့ပြည်အလည်လာတာ၊ သေရင် အပါယ်သွားတော့မယ် (မှန်ပါ့)၊ အဓိပ္ပာယ် ဒါမှတစ်ပါး ဘာမှပြောစရာမရှိဘူး (မရှိပါ ဘုရား)။

ဦးလှဘူး ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)၊ ဦးလှကြီးကော (ရိပ်မိပါပြီ ဘုရား)၊ မဆိုးဘူးလား၊ ကဲ (ဆိုးပါတယ် ဘုရား)။

တစ်နေ့ ဘယ်နှစ်ကြိမ်တုံးဆိုတော့ (မရေတွက်နိုင်ပါ)၊ ဒါ မျက်လုံးတစ်ပေါက်တည်းက မရေတွက်နိုင်တဲ့ ကံ (မှန်ပါ့)၊ နားပေါက်ကလည်း ရေတွက်နိုင်ပါ့မလား (မရေတွက်နိုင်ပါ)။

နားပေါက်က ကိုယ့်နာမည်ကို ခေါ်လိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် ဪ ဒါ ခင်ပွန်းက ခေါ်တာပဲဆိုတော့ ခင်ပွန်းအမှတ်ကလေးက ပါသွားတယ် (ပါသွားပါတယ်)၊ မဆိုင်တဲ့လူဖြင့် ဘယ်ခေါ်မလဲ၊ ဆိုင်တဲ့လူမို့ ခေါ်တာပေါ့ ဆိုပြီး သကာလ ကိုယ်ကလည်း ခေါ်သံကြားရင် ခပ်ပြုံးပြုံးနဲ့ ခင်လျက် အားကိုးလျက်ပဲ (မှန်ပါ့)၊ အားကိုးရုံတွင်မက ဘူး၊ စွဲလမ်းတယ် (စွဲလမ်းပါတယ်)၊ စွဲလမ်းရုံမဟုတ်ဘူး၊ ကာယကံ, ဝစီကံနဲ့ သွားလိုက်၊ လာလိုက်၊ ပြောလိုက်၊ ဆိုလိုက် ကော မလုပ်ဘူးလား (လုပ်ပါတယ်)၊ အဲဒီတော့ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ဪ နားပေါက်က တစ်နေ့ ဇာတိပေါင်း ဘယ်လောက်လုပ်ပါလိမ့် (မရေတွက်နိုင်ပါ)၊ ဒကာသစ် ထွက်ပေါက်ရှိသေးသလား (မရှိပါ ဘုရား)။

ဒကာ ဒကာမတို့ သေသေချာချာ စဉ်းစားမှ ခင်ဗျားတို့ နေပုံ-ထိုင်ပုံတွေသည် ထွက်ပေါက်မရှိဘူးဆိုတာ ထင်ရှားပါတယ် (မှန်လှပါ)၊ ထွက်ပေါက် ဘယ့်နှယ်နေသလဲ (မရှိပါ ဘုရား)။

ဘယ်ထွက်ပေါက်ရှိမတုံး၊ ကံ,စုနေကြတာ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်လိုဆိုကြပါ့မလဲ (ကံ,စုနေကြတာပါ ဘုရား)၊ ကံ,စုနေကြတယ် (မှန်ပါ့)။

ဪ ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် ဒီကံ,တွေ စုနေကြပါလိမ့်မတုံး ဘုရားဆိုတော့ ဒီစွဲလမ်းမှု ကြောင့် (မှန်ပါ့)။

ဒီကံ,တွေ ဘယ့်နှယ်ကြောင့် စုပါလိမ့် (ဒီစွဲလမ်းမှုကြောင့်ပါ ဘုရား)။

ဒီဒိဋ္ဌိက ဘယ်ကများ လာပါလိမ့်

ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ကလည်း စွဲလမ်းပါလိမ့်မတုံး မေးတော့ ခင်တဲ့ ဒိဋ္ဌိကြောင့်ဘုရား (မှန်ပါ့)၊ ခင်တဲ့ တဏှာ၊ အမှားစွဲလမ်းတဲ့ ဒိဋ္ဌိကြောင့် (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီဒိဋ္ဌိက ဘယ်ကများ လာပါလိမ့်မတုံးဆိုတော့ တပည့်တော်တို့က ဉာဏ်မျက်လုံးမဖွင့်တော့ ဒါခင်ပွန်းလို့ မှတ်ထားတဲ့အမှတ်ကြောင့် ဘုရား (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒီလိုပြောင်းပြန်လည်း ပဋိလောမဆိုတဲ့ ဥစ္စာလည်း ဒကာသစ်သိမှ (မှန်ပါ့)၊ အနုလောမဖြစ်လို့ရှိရင် ပဋိလောမ ဟာလည်း အကြောင်းအကျိုး ဆက်တတ်ရတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဟောဒါ ခင်ဗျားတို့ လူ့ဘဝကြီးပဲ ထားပါဦး (မှန်ပါ့)၊ လူ့ဘဝကြီးပဲ ထားပါဦး၊ ဒီဘဝ, လူ့ဘဝဇာတိ ဆိုတာ ဒုက္ခသစ္စာနော် (မှန်ပါ့)၊ ဇရာဆိုတာ (ဒုက္ခသစ္စာပါ ဘုရား)၊ မရဏဆိုတာ (ဒုက္ခသစ္စာပါ)။

ဪ တို့မှာ ဇာတိ ဒုက္ခ, ဇရာ ဒုက္ခ, မရဏ ဒုက္ခနဲ့ တို့မှာ အဖော်လုပ်ပြီး သကာလ နေကြရတယ် (မှန် ပါ့)၊ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးဆိုတော့ အတိတ်ဘဝက ဒီကံ,ကြောင့် (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီကံ,ဘယ်က လာပါလိမ့်မတုံးဆိုတော့ အတိတ်က သား၊ လင်၊ ခင်ပွန်းစွဲလမ်းမှု (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်တာက တဏှာ၊ အားကိုးတာက ဒိဋ္ဌိ

အတိတ်က သား၊ လင်၊ ခင်ပွန်း စွဲလမ်းမှု၊ ဘယ့်နှယ်ကြောင့် လာပါလိမ့်မတုံးလို့ မေးလို့ရှိရင်ဖြင့် ခင်မှုအားကိုး မှုကြောင့် (မှန်လှပါ)၊ ခင်တာက တဏှာ၊ အားကိုးတာက ဒိဋ္ဌိ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ့်နှယ်ကြောင့် ခင်မှု အားကိုးမှုတွေ လာပါလိမ့်မလဲလို့ အမေးထုတ်တော့မှ အမှတ်မှားမှု (မှန်ပါ့)၊ သား၊ လင်၊ ခင်ပွန်းရယ်လို့ အမှတ်မှားမှု (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အမှတ်မှားကြောင့် အထင်အားကိုးမှား (မှန်ပါ့)၊ စွဲလမ်းမှား (မှန်ပါ့)၊ ကံ,ပြုမှား (မှန်ပါ)၊ ဟော အရမှား (မှန်ပါ့)၊ အကုန်တောက်လျှောက် အမှားချည်းပဲ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ကိုယ့်အမှား တယ်ကြီးပါလားဆိုတာ ယနေ့ ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား)။

ဒကာကြွယ် ဘယ်လိုပေါ်ပါလိမ့် (ကိုယ့်အမှား တယ်ကြီးပါတယ် ဘုရား)။

ဒကာကြွယ်ကတော့ ဝါတွင်း ဆွမ်းစဉ်ရုံနဲ့ ပြီးပေါ့ အောက်မေ့နေတယ် (အောက်မေ့ပါတယ်)၊ အံမာလေး လွဲလိုက်တဲ့ဖြစ်ခြင်း၊ မျက်လုံးတစ်ပေါက် ဖွင့်တာတောင် မကြေဘူး (မှန်ပါ့)၊ ကြေပါ့မလား (မကြေပါ ဘုရား)။

မျက်လုံးတစ်ပေါက် ဖွင့်လိုက်တာက ကြည့် အမှတ်မှား၊ အထင်အားကိုးမှား၊ စွဲလမ်းမှား၊ အားထုတ်မှား (မှန်ပါ့)၊ အမှားပေါင်း ဘယ်လောက်များသတုံး (မရေတွက်နိုင်ပါ ဘုရား)၊ အင်မတန်များတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

ဒါ့ကြောင့် ဒကာ ဒကာမတို့ သညာကနေပြီး ယနေ့ ပဋိစ္စသမုပ္ပါဒ် ဆက်ပြတယ် (မှန်ပါ့)၊ သညာက ဆက်ပြ တယ် (မှန်ပါ့)။

ဒကာသစ် ဒီတရားဟာ မနာရသေးဘူး (မနာရသေးပါ ဘုရား)။

မှတ်ပါတဲ့၊ အားလုံး ဒကာ ဒကာမတို့ ဪ ငါတို့မိဘရိုးရာ သင်ထားတဲ့ အမှတ်သည်ကားလို့ဆိုလို့ ရှိရင် ခေါ်ရုံ ပညတ်ရယ်လို့ တို့ကလည်း မမှတ်ဘူး၊ တကယ့်သားပဲ၊ တကယ့်သား,မယားပဲလို့ တို့မှတ်ထားတဲ့၊ အမှတ် ကြီးက အမေ မိဘ ဆုံးမတဲ့ အမှတ်ထက် ပိုမိုပြီး သကာလ ကြီးကျယ်နေတယ်ဆိုတာကော သေချာပလား (သေချာပါ ပြီ ဘုရား)။

အမှတ်ကိုလည်း ဒကာ ဒကာမတွေက နှစ်မျိုးထားပြီး မမှတ်ဘူး (မှန်ပါ့)၊ ခေါ်ဝေါ်ရုံမျှ မှတ်ရတဲ့ အမှတ် ဟုတ်လား ဒီလိုဆိုရင် ကိစ္စမရှိပါဘူး၊ အခုတော့ တကယ်သားပဲ၊ တကယ်သမီးပဲ၊ တကယ်မြေးပဲ၊ တကယ်ခင်ပွန်းမ ပဲလို့ အားကိုးလိုက်တာ (မှန်ပါ့)၊ တကယ့်ကို မှတ်ချလိုက်တော့ ဒကာ ဒကာမတို့ ဒါအမှတ်မှားလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အမှတ်မှားနောက်ကနေပြီး

အမှတ်မှားနောက်ကနေပြီး အထင်မှား၊ အားကိုးမှားက (လိုက်ပါတယ် ဘုရား)၊ စွဲလမ်းမှား (လိုက်ပါတယ်)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ကမ္မဘဝဖြစ်တဲ့ အားထုတ်မှု အမှားကော (လိုက်ပါတယ်)၊ မလိုက်ကြပေဘူးလား (လိုက်ပါတယ် ဘုရား)။

တချို့ ဒကာ ဒကာမတွေကျတော့ သား၊ လင်၊ ခင်ပွန်း ကိစ္စနဲ့ အားရတယ်ကို မရှိဘူးတဲ့ (မှန်ပါ့)။

သား၊ လင်၊ ခင်ပွန်းကိစ္စနဲ့ (အားရတယ်ကို မရှိပါ)၊ ဒါကမ္မဘဝလုပ်နေကြတာ (မှန်ပါ့)။

ဘာလုပ်နေကြတာတုံး (ကမ္မဘဝ လုပ်နေကြတာပါ)။

အေး ဒကာကြွယ်တို့ကလည်း လင့်ဝတ်-မယားဝတ်ဆိုတာ ရှိသေးသကွတဲ့ (မှန်ပါ့)၊ အင်း ဒကာ ကြွယ်တို့က သူတော်ကောင်းသံနဲ့ လေချိုသွေးပြီး (မှန်ပါ့)၊ မပြောဘူးလား ဒကာကြွယ် (ပြောပါတယ် ဘုရား)။

သား လင် ခင်ပွန်း ဝတ်ဆိုတာ ရှိသေးတယ်၊ အဲဒါကတော့ သီလဟောတာ (မှန်ပါ့)၊ ဝတ်နဲ့ ပြည့်စုံရင် သီလ ဟောတာ (မှန်ပါ့)။

အခုဟာက အဲဒီသီလကို ဟောတာမဟုတ်ဘူးတဲ့၊ ဝိပဿနာဉာဏ်ကို ဟောနေတာ (မှန်ပါ့)။

ဟိုဟာက သီလအကျိုးတော့ ပြီးပါတယ်၊ ဝတ်ပျက်ရင် သီလပျက်တာပဲ (မှန်ပါ့)၊ ဝတ်နဲ့ပြည့်စုံရင် သီလပြည့်စုံ တာပဲ (မှန်ပါ့)။

ဒီသီလလောက်နဲ့ပဲ နိဗ္ဗာန်ရောက်မှာလား

သို့သော် ဒီသီလလောက်နဲ့ပဲ နိဗ္ဗာန်ရောက်မှာလားလို့ မေးတဲ့အခါကျတော့ သား လင် ခင်ပွန်း ဝတ်ပြုနေရုံ နဲ့လည်း မရောက်ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေက ကျုပ်တို့ဖြင့် တရားဓမ္မတွေ လိုရင်းချုပ်ပြီး ပြောနေတယ်ဆိုတာ ကြားပါ တယ်။ ခင်ပွန်းမကလည်း မမာမကျန်းရှိနေလို့ သူ့ဝတ်ပြုနေရတာနဲ့ ကျုပ်မသွားနိုင်ဘူး (မှန်ပါ့)၊ ဒကာမတွေကလည်း ထို့အတူပဲ ကျုပ်တို့ဖြင့် ဒီဝတ်က တယ်ကြီးသကိုး ကြီးကြီးနဲ့ပဲ ပြုနေတာပဲ (မှန်ပါ့)၊ အဲဒါ ကမ္မဘဝလုပ်နေတယ် မှတ်ပါ (မှန်လှပါ ဘုရား)။

ဘယ်လိုဆိုကြမယ် (ကမ္မဘဝ လုပ်နေတာပါ ဘုရား)။

ဒီကမ္မဘဝ ဒီကာယကံ ဝစီကံ ဘယ့်နှယ်ကြောင့် လုပ်ဖြစ်ပါလိမ့်မတုံး မေးတော့ စွဲလမ်းမှုရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဘယ့်နှယ်ကြောင့် ဒီစွဲလမ်းမှုကြီး ကြီးကျယ်ပါလိမ့်မတုံး မေးတဲ့အခါကျတော့ ခင်မှု အားကိုးမှုကြောင့် (မှန် ပါ့)။

ဘယ့်နှယ်ကြောင့် ခင်မှု အားကိုးမှုကြီးကို ခင်ဗျားတို့သန္တာန်၌ တစ်ပေါ်တည်း ပေါ်နေပါလိမ့်မလဲ မေးတော့ အမှတ်မှားမှုကြောင့် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ပြောင်းပြန်လည်းမှန်တယ် (မှန်ပါတယ် ဘုရား)။

အဲဒါက ဘုရားမပွင့်လည်း ရှိတာပဲ (မှန်ပါ့)၊ ဘုရားပွင့်လည်း (ရှိပါတယ် ဘုရား)။

သို့သော် ခင်ဗျားတို့သန္တာန်မှာ ဘုရားပွင့်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်အလုပ်ကို မလုပ်ရင်ရှိတာပဲ (မှန်ပါ့)၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်အလုပ်ကို လုပ်ပြန်တော့လည်း ပျက်သွားတာပဲဆိုတာ ပေါ်လာကြပလား (ပေါ်လာပြီ ဘုရား)။

ဝိပဿနာမဂ်ဆိုတဲ့ ပွားများမှု

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေရာမှာ ဝိပဿနာမဂ်ဆိုတဲ့ ပွားများမှု မဂ်မှ ဒကာသစ် မသွင်းတော့ဘူးဆိုရင် ဒီကံချည့်မြောက်နေမယ် (မှန်ပါ့)။

ဒီကံမြောက်လို့ရှိရင် ငါသေရင် ဆွမ်းမသွတ်နဲ့။ အမျှမရဘူးသာမှတ် (မှန်ပါ့)၊ ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)၊ အပါယ်သွားပြီ (မှန်ပါ့)။

ခင်ဗျားတို့ လူ့ပြည်က ဆွမ်းကလေး ကွမ်းကလေးကို ငရဲသားက စားပါ့မလား (မစားပါ ဘုရား)၊ သူတို့သံတွေ ခဲတွေ ရှိလေရဲ့၊ အဲဒါစားနေတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါလောက် ဖြစ်ပြီး သကာလ နေတော့ ဒကာကြွယ် ဒကာသစ်တို့ ဪ တို့အဖြစ်ဟာ အဖြစ်ဆိုးကြီး နော်။ သေသေချာချာတွေးမှ အဖြစ်ဆိုးကြီးပါလား (မှန်ပါ့ ဘုရား)။

အိမ်နီးချင်းချင်းပြောတာတော့ သွားမယောင်နဲ့ (မှန်ပါ့ ဘုရား)၊ ဟိုအိမ်က ဘယ်သူဖြင့် ခင်ပွန်းမ ကြည့်လိုက် ပြန်လည်း လင်ဝတ် သားဝတ် ကျေလိုက်တာ (မှန်ပါ့)၊ အင်း ယောကျ်ားဘက်ကနေပြီး ယောကျ်ားချီးမွမ်းပြန်တော့ လည်း အင်း သူကလည်း သားမယားဝတ်တော့ အတော်ကျေပွန်တဲ့လူ။ ဒါကြောင့်လည်း သင့်သင့်တင့်တင့်နဲ့ တော်ကြတယ်။ တယ်ကုသိုလ်ကောင်း (မှန်ပါ့ ဘုရား)။

ဘယ်ကုသိုလ်ကောင်းရမှာတုံး ဒီမှာကြည့်စမ်း တန်းနေတာ (မှန်ပါ့)၊ ကုသိုလ်ကောင်းတာလား အပါယ် သွားဖို့လားဆိုတာ (အပါယ်သွားဖို့ပါ ဘုရား)၊ သေချာပလား (သေချာပါပြီ)။

ဒါကြောင့် အိမ်နီးချင်းစကားကို မယောင်ပါနဲ့လို့ ပြောတာ (မှန်ပါ့ ဘုရား)၊ ဦးဘအုန်း ယောင်ဦးမှာလား (မယောင်ပါ ဘုရား)၊ မယောင်နဲ့ မသိတဲ့လူကပြောတာ ခင်ဗျားတို့က ယောင်တဲ့လူက ပိုအလို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပြောတဲ့လူက ဘာတုံး (မသိလို့ပြောတာပါ ဘုရား)၊ အဲဒီသူပြောတာကိုပဲ အင်း တို့ ဒီအတိုင်းဆိုရင် လူ ချီးမွမ်း နတ်ချီးမွမ်းပါတယ်တဲ့ (မှန်ပါ့)၊ နတ်က မချီးမွမ်းပါဘူး စိတ်သာချပါ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်ပါပြီ)။

မချီးမွမ်းပါဘူး ဒကာ ဒကာမတို့ရဲ့ ခင်ဗျားတို့ဟာ ဘယ်မှာ ကံတွေက အကုသိုလ်ကံတွေ ဖြစ်ပြီး သကာလ နေတဲ့ ဥစ္စာကြီးပဲ အမှတ်မှားကလာတဲ့ဥစ္စာ အကောင်းတစ်ခုပါရဲ့လား (မပါပါ ဘုရား)။

မသိတဲ့လူက ချီးမွမ်း

အကောင်းတစ်ခုမှ မပါတာကို ဒကာ ဒကာမတွေသည်ကားလို့ဆိုရင်ဖြင့် မသိတဲ့လူက ချီးမွမ်း၊ မလိမ်မာတဲ့ လူက ဝမ်းမြောက် (မှန်ပါ့)၊ ဒီလိုဖြစ်နေတဲ့ဇာတ်ထုပ် (မှန်လှပါ ဘုရား)။

မသိတဲ့လူက (ချီးမွမ်းပါတယ် ဘုရား)၊ မလိမ်မာတဲ့လူက (ဝမ်းမြောက်ပါတယ် ဘုရား)။

ဒကာကြွယ်တို့ ယုံသလား (မယုံပါ ဘုရား)၊ အဲဒါ စဉ်းစားကြည့်တော့ အမှတ်မှားကြောင့် အားကိုးမှား (မှန် ပါ့)၊ အားကိုးမှားကြောင့် စွဲလမ်းမှား (မှန်ပါ့)၊ စွဲလမ်းမှားကြောင့် (အားထုတ်မှားပါတယ် ဘုရား)၊ အားထုတ်မှားကြောင့် အပါယ်ခန္ဓာရတယ် (မှန်ပါ့)၊ မရဘူးလား ရသလား (ရပါတယ် ဘုရား)။

ဪ ခင်ဗျားတို့သည် အပါယ်လေးပါးက ပြန်ရက်ကို မရှိတော့ဘူး (မှန်ပါ့)။

ဦးဘအုန်း ဘယ့်နှယ်တုံး (အပါယ်လေးပါးက ပြန်ရက် မရှိပါ ဘုရား)။

အပြောကြီးတာလား ဖြစ်စဉ်က များတာလား (ဖြစ်စဉ်က များပါတယ်)၊ ဖြစ်စဉ်က များတာဆိုတာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ (မှန်ပါ့)၊ ကဲ ဒကာသစ် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီဟာ ဘာပါလိမ့် ဒကာ ဒကာမတို့ (ခန္ဓာငါးပါးပါ ဘုရား)။

အမှတ်ကလေး မှန်သွားပြီ

ဪ ဒါဖြင့် ခင်ဗျားတို့သန္တာန် ဝမ်းထဲက မှတ်တတ်တဲ့ သညာကလေးက အမှတ်ကလေး မှန်သွားပြီ (မှန်ပါ့)။

အမှတ်မှားကလေးက ဘာဖြစ်သွားသလဲ (အမှတ်မှန် ဖြစ်သွားပါတယ်)၊ အဲ အမှတ်မှားကလေးက ဒကာ ဒကာမတို့ နေရာကျပါပြီတဲ့ ခုနင်က အစိမ်းကလေးက အနီဖြစ်တယ် (မှန်လှပါ)၊ အမှတ်မှားက (အမှတ်မှန် ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါး ရုပ်နာမ်တရားဆိုကတည်းက ဘယ်မှာ ခင်စရာ မင်စရာ ရှိပါ့မလဲဆိုတာကလေးကော ဘယ့်နှယ်တုံး မလာဘူးလား (လာပါတယ် ဘုရား)။

အင်း ဒီလိုကျတော့ အသိမှန်ကလေးဖြစ်တယ် (မှန်ပါ့)၊ ခင်စရာ မင်စရာ မရှိပါဘူး (မရှိပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ခင်စရာ မင်စရာမရှိတဲ့တရား စွဲလမ်းနေလို့လည်း အပိုပေါ့ဆိုတော့ စွဲလမ်းမှားလည်း ပြင်လိုက် တယ် (မှန်ပါ့)၊ မပြင်ဘူးလား (ပြင်ပါတယ် ဘုရား)။

သား လင် ခင်ပွန်းကိစ္စနဲ့ အချိန်ကုန်နေလို့ နိဗ္ဗာန်ရောက်မှာ မဟုတ်ဘူးဆိုတဲ့ အပြုမှားကြီးကိုလည်း ဝတ္တရား အတိုင်းသာ ပြုတော့မယ်၊ ကိုယ့်အရေး ကိုယ်ကြီးရတော့မယ်ဆိုတဲ့ ဒကာ ဒကာမတွေ အပြုမှားကိုလည်း အပြုမှန်ဖြစ် အောင် ပြင်ရလိမ့်မယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် အမှား ၄ ချက်က ယခု ဒကာ ဒကာမတွေ ဘာတွေ တွေ့ရပါသတုံး မေးတော့မှ အမှန် ၄ ချက် တွေ့ ရတယ် (မှန်ပါ့ အမှန် ၄ ချက် တွေ့ရပါတယ် ဘုရား)။

အမှား ၄ ချက် ပြင်လိုက်တော့ (အမှန် ၄ ချက် တွေ့ရပါတယ် ဘုရား)။

ဦးဘအုန်း သိပ်အဖိုးတန်ပါလား (တန်ပါတယ် ဘုရား)၊ အင်မတန် အဖိုးတန်တယ် ဒကာ ဒကာမတို့ (မှန်လှ ပါ ဘုရား)။

အမှား ၄ ချက်က အမှန် ၄ ချက် ဖြစ်ပါတယ်

အမှား ၄ ချက်က (အမှန် ၄ ချက် ဖြစ်ပါတယ်)၊ ဒီဟာ တစ်သံသရာလုံး မပြင်ဖူးတာ (မှန်ပါ့)၊ အဖြေကို မတွေ့ဖူးဘူး (မတွေ့ဖူးပါ ဘုရား)။

တစ်သံသရာလုံး အမှား ၄ ချက်ဆိုတာ အရူး ၄ ချက်နဲ့ အချိန်ကုန်လာခဲ့တာ (မှန်ပါ့)၊ အခုလို အမှန် ၄ ချက်တည်းဟူသော တရားဓမ္မကို ဘယ်အခါကာလမှလည်း မနာခဲ့ရ (မှန်ပါ့)၊ ဘယ်အခါကာလမှလည်း ကိုယ့်ကိုယ်တိုင် လည်း ပြင်ဖို့ စိတ်ကူးမပေါ်ခဲ့ (မပေါ်ခဲ့ပါ)၊ အင်း ဒီဘဝတော့ ဒီမျှပဲဆိုပြီး ဒီသား လင် ခင်ပွန်းနဲ့ သေလိုက် တာပဲ (မှန်ပါ့)။

ဒီဘဝ ဒီမျှပေါ့၊ ဘယ်တတ်နိုင်ကြပါ့မတုံး၊ သေမျိုးချည့်ကိုး (မှန်ပါ့ ဘုရား)။

အင်း ဒါပဲ (မှန်ပါ့)၊ အဲဒီမှာ ဒကာကြွယ်တို့ လူစုက လူက မလွမ်းတတ် မဆွေးတတ်လို့ တော်သေးရဲ့ နော်တဲ့ (မှန်ပါ့ ဘုရား)။

ဘယ်ဟုတ်လိမ့်မတုံးဗျ၊ အိမ်ထောင်ကျကတည်းက ဒီအမှားဟာ ပြင်ကို မပြင်ဘူး (မှန်ပါ့)၊ တော်သေးရဲ့ဆိုတာ များ ဒကာသစ် ပြောဖို့အခွင့်ကို ပါရဲ့လား (မပါပါ ဘုရား)၊ ရှင်းပလား ဒကာကြွယ်ရ (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ်ရေ ခြောက်ဆယ်ကျော်မှ ပြင်ဖော်ရလို့ တော်သေးတယ်နော် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာတုံး (ခြောက်ဆယ်ကျော်မှ ပြင်ဖော်ရလို့ တော်ပါသေးတယ် ဘုရား)။

ကြေးဖလားဥပမာ

ဒါမပြင်ဘဲနဲ့ သေသွားမယ်ဆိုလို့ရှိရင်ဖြင့် ကြေးဖလားတစ်ခုကို ဈေးချိုသွားဝယ်လိုက် (မှန်ပါ့)၊ ဟိုက တိုက် ပြုထားတာ မဟုတ်တော့ အင်း ဒီဟာ ဘယ်လောက်တုံး၊ ဘယ်လောက်ဆိုပြီး ဝယ်လာခဲ့၊ အိမ်ကျတော့လည်း တော်ရာထိုးထားတော့ နဂိုကလည်း ချေးတွေနဲ့ (မှန်ပါ့)၊ နောက် တော်ရာထိုးထားပြန်တော့ ချေးက ပိုတက်တယ် (မှန်ပါ့)၊ သုံးလို့ဖြစ်တဲ့လား (မဖြစ်ပါ ဘုရား)။

အဲ ခင်ဗျားတို့ နဂိုကလည်း ဘာမှမသိခဲ့လို့ ကြေးဖလားက ချေးတွေနဲ့ (မှန်ပါ့)၊ နောက်ကျတော့လည်း ပွတ်သတ်တဲ့ အလုပ်ကို ဆရာကောင်း-သမားကောင်းက မတွေ့တော့ အိမ်ကျတော့လည်း ရိုးရာအတိုင်း နေလိုက်တဲ့ အခါကျတော့ ချေးတက်တာပဲရှိတယ် (မှန်ပါ့)၊ ပြောင်တဲ့အချိန်ကို မပါဘူး (မပါပါ)၊ အသုံးချစရာ ပါသေးရဲ့လား (မပါပါ ဘုရား)။

အဲ ဒီလို သေသွားကြတာ များတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တယ်လည်း ကြောက်စရာကောင်းပါလား တို့၏ ဖြစ်စဉ်ကဖြင့် အဘိဓမ္မာနဲ့ စစ်ဆေး၊ ပဋိစ္စသမုပ္ပါဒ်နဲ့ စစ်ဆေး, စစ်ဆေးကြည့်လိုက်တဲ့အခါကျမှ တို့မှာဖြင့် နေ့တိုင်း အညစ်အကြေးတွေနဲ့ပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ အညစ်အကြေး ၄ ချက် မလာဘူးလား (လာပါတယ် ဘုရား)။

အညစ်အကြေး ၄ ချက်စင်ပြီး

ကိုင်း အခု တရားနာလိုက်တဲ့အခါကျတော့ အညစ်အကြေး ၄ ချက်စင်ပြီး သကာလ ဖြူစင်မှု ၄ ခု ပေါ် လာတယ် (မှန်ပါ့ ဘုရား)၊ အမှတ်မှန် (မှန်ပါ့)၊ အသိမှန် (မှန်ပါ့)၊ အားကိုးမှန် (မှန်ပါ့)၊ အားထုတ်မှန် (မှန်ပါ့)၊ ဒီဟာ ရောက်တော့မယ် (မှန်ပါ့)။

တော်တော်နေရာကျပြီ ဒကာ ဒကာမတို့ (မှန်ပါ့)၊ တော်တော်နေရာကျပြီ ဒကာကြွယ်ရေ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဝိပဿနာအားထုတ်ကြ အားထုတ်ကြဆိုငြားသော်လည်း ဒီအမှတ်မှားမှ ပြင်မပေးလို့ရှိရင် တော့ ရပါ့မလား (မရပါ)၊ အမှတ်မှား ပြင်မပေးရင် အသိမှားလာမယ် (မှန်ပါ့)၊ စွဲလမ်းမှား (လာပါမယ်)၊ အားထုတ် မှား (လာပါမယ်)၊ မလာပေဘူးလား (လာပါမယ် ဘုရား)။

ဒါကြောင့် တိတ္ထိတွေ အားထုတ်တော့ ဦးဘအုန်း ကြားဖူးပါလိမ့်မယ်နော် (မှန်ပါ့ ဘုရား)။

ဘုရားလက်ထက်က တိတ္ထိတွေ အားထုတ်နေတာ ဆူးပေါ်အိပ်နေလို့ရှိရင် နာလွန်းလို့ ဘယ်ကိလေသာမှ မလာဘူးတဲ့ (မှန်ပါ့)၊ သူတို့က ဆူးပေါ်အိပ်တယ် (မှန်ပါ့)၊ ပုလင်းကွဲတွေ စားကြတယ်၊ နေပူတဲ့အခါ မီးတွေဖိုလှုံတယ်၊ ကိလေသာ မလာအောင်လို့ဆိုပဲ (မှန်ပါ့ ဘုရား)။

သူတို့က ကိလေသာဆိုတာ လောဘတစ်လုံးတည်း ယူထားတာ (မှန်ပါ့)၊ ဟိုမှာ မီးလှုံလို့ ပူလွန်းလို့ ဒေါသဖြစ် နေတဲ့ ဒေါသကိလေသာကျတော့ သူမှမသိတော့ဘဲ (မှန်ပါ့)၊ သိသေးရဲ့လား (မသိပါ ဘုရား)။

ဒါပဲ ခင်ဗျားတို့ တတ်တယ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့မှာလည်း အဲဒီလိုဖြစ်နေတယ် (မှန်ပါ့)၊ ဒီလိုဖြစ်နေတယ်၊ လူရယ်လို့ဖြစ်ရင်ဖြင့် အိမ်ထောင်ရက်သားနဲ့ နေဖို့ပဲ (မှန်ပါ့)၊ ပိုလျှင်လည်း လှူဖို့ပဲ (မှန်ပါ့)၊ ဒါမှ သေရာကောင်းတော့ မပေါ့၊ ဘဝကူးကောင်းဖို့ အရေးကြီးတယ် (မှန်ပါ့)၊ ဒါပဲ ခင်ဗျားတို့ တတ်တယ် (မှန်ပါ့ ဘုရား)။

မနေ့က ဒါကြောင့် ဘဝကူးကိုလည်း တော်တော်ပြောခဲ့တယ် (ပြောခဲ့ပါတယ်)၊ ဘဝကူးကောင်းဆိုတဲ့ဥစ္စာကို ပယ်ကြ (မှန်ပါ့)၊ ဘဝချုပ်ငြိမ်း ရုပ်သိမ်းတဲ့ နိဗ္ဗာန်ကိုသာ ရောက်အောင်ကြိုးစားပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘက်က အမှတ်မှန်၊ ဒီဘက်က အသိမှန်၊ ဒီဘက်က အားကိုးမှန် (မှန် ပါ့)၊ ဒီဘက်က အားထုတ်မှန် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် အားထုတ်မှုမှန်အောင် လုပ်ကြပါစို့ဆိုတော့ ခန္ဓာငါးပါးကို ငါးပါးစလုံး မရှုနဲ့ (မှန်ပါ့)၊ ငါးပါးစလုံး မရှုနဲ့-ရူပက္ခန္ဓာဆိုတာ ကာယာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ သညာနဲ့ သင်္ခါရတို့က ဓမ္မာနုပဿနာ သတိပဋ္ဌာန် (မှန်ပါ့)၊ စိတ်က စိတ္တာနုပဿနာ သတိပဋ္ဌာန် (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးကို သတိပဋ္ဌာန်ထဲ သွင်းလိုက်တော့ လေးပါးဖြစ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာငါးပါး သတိပဋ္ဌာန်ထဲ သွင်းလိုက်တော့ (လေးပါးဖြစ်ပါတယ်)၊ လေးပါးဖြစ်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သတိပဋ္ဌာန်လေးပါးနဲ့ ခန္ဓာငါးပါး

ဒါကြောင့် သတိပဋ္ဌာန်လေးပါးနဲ့ ခန္ဓာငါးပါး တခြားစီမမှတ်ပါနဲ့ (မှန်ပါ့ ဘုရား)။

သတိပဋ္ဌာန်လေးပါးနဲ့ (ခန္ဓာငါးပါး တခြားစီမမှတ်နဲ့)၊ တခြားစီမမှတ်နဲ့။

ဒီခန္ဓာငါးပါးကို ဖြန့်လိုက်ရင် အာယတန ဆယ့်နှစ်ပါးဖြစ်မယ် (မှန်ပါ့)၊ ပြန်ချုံးလိုက်ရင် ဒီသတိပဋ္ဌာန် လေးပါးထဲ ပြန်ဝင်မှာပဲ (မှန်ပါ့ ဘုရား)။

ဓာတ်တစ်ဆယ့်ရှစ်ပါး ရှိငြားသော်လည်း ဒကာသစ်ရေ ဖြန့်လိုက်လို့ ဆယ့်ရှစ်ပါး (မှန်ပါ့)၊ ပြန်စုလိုက်ရင် သတိပဋ္ဌာန်လေးပါးထဲ ပြန်ဝင်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘာတွေ ဘယ်လောက်များများ သစ္စာထဲဝင်မယ် (မှန်ပါ့)၊ သစ္စာလေးပါးထဲ ဝင်ရမယ် (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဘာတွေ ဘယ်လောက်များများ သစ္စာထဲ ဝင်ရမှာပဲ (မှန်ပါ့ ဘုရား)။

ဆင်ခြေရာဥပမာ

ဒါ့ကြောင့် ရှင်သာရိပုတ္တရာက ဟတ္ထိပဒေါပမသုတ်မှာ ဟောတယ် (မှန်ပါ့)၊ ဟတ္ထိပဒေါပမသုတ်မှာ ဆိုလို့ ရှိရင် ဒကာ ဒကာမတို့ ဆင်တွေက ဟောဟိုဘက်က ဗွက်တွေရှိတဲ့ လမ်းသွားတယ်ဆိုပါတော့ဗျာ (မှန်ပါ့)၊ ဆင်ခြေရာ ကြီးတွေ အကြီးကြီး မနေပေဘူးလား (နေပါတယ် ဘုရား)။

နောက်က နွားတွေလိုက်လာ၊ ဆိတ်တွေလိုက်လာ၊ သားကောင် ငါးကောင်တွေ အကုန်လိုက်ငြားသော်လည်း ဆင်ခြေရာကို အုပ်မိအောင် သွားနိုင်တဲ့ သတ္တဝါ လာပါ့မလား (မလာပါ)၊ ဘာ့ကြောင့်တုံး ဆင်ခြေရာထဲ ထောက်သွား ရကြတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နောက်ဆုံးပိတ် တစ်နေ့ကျတော့ ဒကာ ဒကာမတို့ သတိပဋ္ဌာန်လေးပါးဟာလည်း သစ္စာလေးပါး လမ်းဆုံးလို့ ရှိရင် နိဗ္ဗာန်ဝင်မယ် (မှန်ပါ့ ဘုရား)။

သတိပဋ္ဌာန်လေးပါးကို (သစ္စာလေးပါးထဲ ဝင်ရင် နိဗ္ဗာန်လမ်းဆုံးပါမယ်)၊ သစ္စာလေးပါးထဲသာ ဝင်လိုက်တော့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာရှုလို့ရှိရင် သစ္စာရှုရအောင် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီက ရူပက္ခန္ဓာဟာ ရုပ်ကယ်လို့ ကြည့်လိုက်ပြန်တော့ တကယ့်ဉာဏ်မျက်လုံး တပ်ကြည့်တော့ ဖြစ်ပျက် မှုပဲ တွေ့တယ် (မှန်ပါ့)၊ ဝေဒနာကလေးလည်း ကြည့်ပြန်တော့ (ဖြစ်ပျက်မှုပဲ တွေ့ပါတယ်)၊ သညာ သင်္ခါရရယ်လို့ ကြည့်လိုက်ပြန်တော့ (ဖြစ်ပျက်ပဲ တွေ့ပါတယ်ဘုရား)၊ စိတ်ကယ်လို့ ကြည့်လိုက်ပြန်တော့ (ဖြစ်ပျက်ပဲ တွေ့ပါတယ် ဘုရား)။

ဘယ်ထဲသွားဝင်သတုံး (ဆင်ခြေရာထဲ ဝင်သွားပါတယ်)၊ အကုန် ဒုက္ခသစ္စာ ဒီဥစ္စာ (မှန်ပါ့ ဘုရား)။

သစ္စာလိုဖွဲ့လိုက်တော့

သတိပဋ္ဌာန်အလိုသာ လေးပါးပြားပါတယ်၊ သစ္စာလိုဖွဲ့လိုက်တော့ သစ္စာ ဘယ်နှစ်ပါးဖြစ်သွားသလဲ (သစ္စာ လေးပါးပါ)၊ လေးပါးမဖြစ်နဲ့တော့ သတိပဋ္ဌာန်လေးပါးကို ဖွဲ့လိုက်ရင် (တစ်ပါးပါ)၊ ဒုက္ခသစ္စာတစ်ပါးတည်း (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာငါးပါးကို သစ္စာဖွဲ့လိုက်လို့ရှိရင် (ဒုက္ခသစ္စာတစ်ပါးတည်းပါ ဘုရား)။

ဒါ့ကြောင့် သံခိတ္တေန=အကျဉ်းကို ငါးဟောတော့မယ်ကွတဲ့။ မင်းတို့ ရှုနည်းအကျဉ်းကို (မှန်ပါ့)၊ ပဉ္စုပါဒါနက္ခန္ဓာ ပိဒုက္ခာဆိုတော့ ဒီသစ္စာထဲ သွားဝင်တယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဘယ်ထဲ သွားဝင်သလဲ (ဒုက္ခသစ္စာထဲ သွားဝင်ပါတယ်)၊ ဒါဖြင့် ခင်ဗျားတို့ ဒုက္ခသစ္စာတစ်လုံးတည်းရှု၊ ရပြီ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အင်း ဘယ်နှစ်ခု ရှုရမှာပါလိမ့် (ဒုက္ခသစ္စာ တစ်ခုတည်းရှုရမှာပါ ဘုရား)။

ဒါဖြင့် တစ်ခုတည်းရှုရမှာ၊ တစ်ခုတည်းရှုပြီး အရူးလည်းပျောက်မယ်၊ အပါယ်လေးပါးလည်း တံခါးပိတ်မယ် (မှန်ပါ့)၊ ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန်လည်း ရောက်မယ်ဆိုတော့ ရှုရမှာက ဘယ်နှစ်ခုတုံး (တစ်ခုတည်းပါ)၊ များသေးသလား (မများပါ ဘုရား)။

ဒါမှများရင် မလျှော့နိုင်တော့ဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါမှ များလို့ရှိရင်လည်း လျှော့စရာကို ကုန်နေပြီ (မှန်ပါ့ ဘုရား)။

ကဲ အားလုံးချုံးလိုက်တဲ့အခါမှာ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက်သာမြင်အောင် ရှုလို့ရှိရင် ဒုက္ခသစ္စာရှုတာပဲ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မြင်အောင်ရှုရင်

ဖြစ်ပျက်မြင်အောင်ရှုရင် (ဒုက္ခသစ္စာရှုတာပါ)၊ ဒုက္ခသစ္စာရှုတာပဲဆိုတော့ ဒုက္ခသစ္စာရှုလိုက်လို့ရှိရင် အမှတ်က ကော (မှန်ပါတယ်)၊ အသိကကော (မှန်ပါတယ်)၊ စွဲလမ်းမှုကကော (မှန်ပါတယ်)၊ အားထုတ်မှုက (မှန်ပါတယ် ဘုရား)။

ဒါဖြင့် ဒီဘက်ကနေပြီး သကာလ ဒကာ ဒကာမတို့ အမှန်လေးချက်ကော ရောက်မလာဘူးလား (ရောက်လာ ပါတယ် ဘုရား)။

ဒါဖြင့် ဒီဒကာ ဒကာမတွေ ဪ တော်တော်ကံကောင်းပြီး အကြောင်းသင့်တဲ့နေ့ပဲ (မှန်လှပါ)၊ ဒါ့ကြောင့် ဘုရားက ဧကော ဓမ္မော ကွ၊ ဒုက္ခသစ္စာတစ်ခုတည်း ရှု တဲ့ (မှန်ပါ့ ဘုရား)။

ဘယ့်နှစ်ခုရှုရမလဲ (ဒုက္ခသစ္စာတစ်ခုတည်း ရှုရပါမယ် ဘုရား)၊ ဘယ်သူက အနိစ္စရှုရှု၊ ဘယ်သူက ဒုက္ခ ရှုရှု၊ ဘယ်သူ အနတ္တရှုရှု၊ ပုဂ္ဂိုလ်သတ္တဝါစရိုက်ကြောင့်သာ ဟောရတာ ဖြစ်ပါတယ် (မှန်ပါ့)၊ စင်စစ် ရှုစရာကတော့ ဒုက္ခသစ္စာတစ်ပါးပဲ ရှိတယ် (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ရှုစရာကတော့ဖြင့် (ဒုက္ခသစ္စာတစ်ပါးတည်း ရှိပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာဆိုတာလည်း တခြားမှတ်ပြီး သကာလ မနေပါနဲ့နော် (မှန်ပါ့)၊ ရူပက္ခန္ဓာ ကြည့်ပြန်လည်း ဖြစ်မှုပျက်မှု တွေ့ရမှာပဲ (မှန်ပါ့)၊ ဝေဒနာဆိုတဲ့ သတိပဋ္ဌာန် ကြည့်လိုက်ပြန်တော့ကော (ဖြစ်မှုပျက်မှု တွေ့မှာပါပဲ ဘုရား)၊ ဓမ္မဆိုတဲ့ သညာ သင်္ခါရ ကြည့်လိုက်ပြန်တော့လည်း (ဖြစ်မှု ပျက်မှုပါပဲ ဘုရား)။

စိတ်ဆိုတာလည်း နာမည်သာရှိမယ်၊ ကျုပ်တို့ ရှုကြည့်တော့ ဘာတွေ့သလဲ (ဖြစ်ပျက်ပဲ တွေ့ပါတယ် ဘုရား)။

ဒါဖြင့် ဖြစ်ပျက် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ သတိပဋ္ဌာန်လေးပါး ပေါင်း လိုက်တော့ ဘာသစ္စာဖြစ်သွားသတုံး (ဒုက္ခသစ္စာဖြစ်သွားပါတယ် ဘုရား)။

ဒါဖြင့် ‘ဧကော ဓမ္မော’ဖြစ်ပြီ (မှန်ပါ့)၊ ဒကာကြွယ် ပိုင်ပလား (ပိုင်ပါပြီ ဘုရား)။

ဒါဖြင့် ဒီသစ္စာတစ်ပါးတည်းကို ဒကာ ဒကာမတို့ ရှုရတော့မယ် (မှန်ပါ့)၊ ဒီသစ္စာတစ်ပါး ရှုလိုက်လို့ရှိရင် အမှန်လေးချက်ဖြစ်တော့မယ် (မှန်ပါ့)၊ အမှန်လေးချက်ဖြစ်သည်နဲ့ တစ်ပြိုင်နက်တည်း သောတာပန် တည်ပါလိမ့်မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့တော့ နာရီစေ့ပြီ၊

နက်ဖြန်မှ အမှန်လေးချက် သွားကြစို့။

သာဓု သာဓု သာဓု။