11507

မာတိကာသို့

ကိုယ့်ခန္ဓာ ကိုယ်သုံးသပ်နည်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့-ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော

(ကိုယ့်ခန္ဓာ ကိုယ်သုံးသပ်နည်း)နေ့အလုပ်ပေး တရားတော်

(၂၅-၉-၆၂)

အလုပ်စဉ်ပြတယ်

ဘုရားသခင် ကိုယ်တော်မြတ်ကြီး အလုပ်စဉ်ပြတယ်၊ အလုပ်စဉ်ပြတယ်ဆိုတာ တခြားမဟုတ်ပါဘူး၊ ခန္ဓာကိုယ် ပေါ်မှာ ဉာဏ်နဲ့ အလုပ်လုပ်ဖို့ကို ပြမည့်တရားလို့ မှတ်ထားရမယ်။

ခန္ဓာကိုယ်ပေါ်၌ ဉာဏ်နဲ့အလုပ်လုပ်ရမည့်တရား၊ ကိုယ့်ခန္ဓာဒုက္ခသစ္စာရှိလျက်နဲ့ ကိုယ့်ခန္ဓာမမြင်တဲ့သူကို ကန်းတဲ့ပုဂ္ဂိုလ်လို့ ဆိုသည်။ အန္ဓပုထုဇဉ်လို့ဆိုသည် (မှန်ပါ့ ဘုရား)။

ကိုယ့်ခန္ဓာမှာ ဖြစ်ပျက်နေတဲ့ ဓမ္မတွေ အမှန်ရှိပါလျက်သားနဲ့ ဒီအမှန်ကို မမြင်သေးလို့ရှိရင်ဖြင့် မွေးတုန်းက လည်း အကန်းကလေး မွေးလာတယ်လို့ မှတ်ရမယ်နော် (မှန်ပါ့ ဘုရား)။

မမြင်ဘဲနဲ့ သေသွားလို့ရှိရင်လည်း ထို့အတူပဲ အကန်းကလေး သေသွားတယ်လို့ မှတ်ရမယ် (မှန်ပါ့)။

ဒါ့ကြောင့် ဒကာ ဒကာမတွေ အန္ဓပုထုဇဉ်အဖြစ်နဲ့ မသေကြဘဲနဲ့ သေက္ခဖြစ်စေ အသေက္ခဖြစ်စေ၊ သေက္ခဆိုတာ သောတာပန် သကဒါဂါမ် အနာဂါမ်ကို ဆိုသည်။ အသေက္ခဆိုတာ ရဟန္တာကိုဆိုသည်။ အဲ သေက္ခ အသေက္ခအဖြစ်နဲ့ သေကြပါဆိုမှသာလျှင် ဉာဏ်အမြင်က အလင်းရောက် ကိုယ့်ဒုက္ခကိုယ်သိပြီး နောက်ဒုက္ခမဆက်တဲ့ ပုဂ္ဂိုလ်အဖြစ်သို့ ရောက်သွားတော့မှ ဪ နောက်ဒုက္ခမရှိတာ နိဗ္ဗာန်ကိုးဆိုတဲ့ဥစ္စာ မှတ်ထားရမယ် (မှန်ပါ့)။

အဲဒီတော့ ဒီဒကာ ဒကာမတွေက ဒီ့ပြင်နေရာကျတော့ သားကလေးတွေ သမီးကလေးတွေကျတော့ အမျိုးမျိုး စစ်ဆေးသုံးသပ်ကြတယ်၊ သတို့သား သတို့သမီးတို့၏ ကိစ္စဖြစ်နေတယ်၊ မိတ်ဆွေသင်္ဂဟတို့၏ကိစ္စ ဖြစ်နေတယ်။ အရောင်းအဝယ်နဲ့ပတ်သက်ပြီးလည်း အလွန်စစ်ဆေးကြတယ်၊ သူ့အတွက်က ရ မရ။ ဒီအတိုင်း ရှိ မရှိ၊ ကိုယ့်နောင်ရေး ဖြစ် မဖြစ်။ ကိုယ့်စီးပွားရေး ကိုယ်ရွက်ဆောင် မဆောင်။ ဒီပုဂ္ဂိုလ် အတော်ရွေးကြတယ် (မှန်ပါ့)။

သူများအတွက်တွေတော့ အင်မတန် ရွေးကြပြီး သကာလ ကိုယ့်အတွက်ကိုတော့ သူများအတွက်ကိုတောင် အမျိုးမျိုးစစ်ဆေးပြီး ကိုယ့်အတွက် မစစ်ဆေးတဲ့ပုဂ္ဂိုလ်ဟာလည်း လိုရင်းဟာတယ်လို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ကိုယ့်အတွက် မစစ်ဆေးတဲ့ပုဂ္ဂိုလ်

ကိုယ့်အတွက် မစစ်ဆေးတဲ့ပုဂ္ဂိုလ် ဘာဆိုကြမယ် (လိုရင်းဟာပါတယ် ဘုရား)။

အဲဒီတော့ ကိုယ့်အတွက် မစစ်ဆေးတဲ့ပုဂ္ဂိုလ်ဟာလည်း လိုရင်းဟာတယ်လို့ မှတ်ထားတော့ ကိုယ့်အတွက်ကို ကိုယ်စစ်ဆေးယူမှသာလျှင် ဒို့ရထားခဲ့တဲ့ ခန္ဓာကြီးဟာ အကောင်းလား အဆိုးလား (မှန်ပါ့)၊ အဆိုးဖြစ်ခဲ့လို့ရှိရင် ရှောင်ပေး။ အကောင်းဖြစ်ခဲ့လို့ရှိရင် ဆောင်ပေး ဆိုတဲ့ဥစ္စာလည်း ရှိနေတော့ ကိုယ့်အတွက် ကိုယ်စစ်ဆေးပါဆိုတာ မောင်ချစ်စိန် ဟောလိုက်တယ်နော် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ကိုယ့်အတွက် စစ်ဆေးဖို့ကို ဘုရားက အရေးကြီးတယ်။ သူများအတွက်ကို စစ်ဆေးဖို့ကို ဒါလောက် အရေးမကြီးဘူးတဲ့၊ သူများအတွက် မစစ်ဆေးတော့ မသိရုံဘဲရှိတယ်၊ ကိုယ့်အတွက် မစစ်ဆေးလို့ရှိရင်ဖြင့် သစ္စာတွေပျောက်ပြီး သကာလ သစ္စာမသိတဲ့အတွက် သံရာထဲ အိုဘေး, နာဘေး, သေဘေးတွေနဲ့ အဖော်လုပ်နေရုံပဲ ရှိတယ်ဆိုတာ မှတ်ထားကြပါ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘာစစ်ဆေးရမယ် (ကိုယ့်ကိုယ်ကိုယ် စစ်ဆေးရပါမယ် ဘုရား)၊ ကိုယ့်အတွက်ကို စစ်ဆေးဖို့ သိပ်အရေး ကြီးပါတယ်ဆိုတာ မှတ်ပါနော် (မှန်ပါ့ ဘုရား)၊ ဒါ့ကြောင့် သားသမီးပစ္စည်းအရေးတွေ စစ်ဆေးမှုကို ဘေးချိတ်ထား ပြီးတော့ ကိုယ့်အတွက် စစ်ဆေးမှုကို ကိုယ်အဓိကထားကြစမ်းပါဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကုရုတိုင်း မှာ ဟောသည် (မှန်ပါ့ ဘုရား)၊ ကုရုတိုင်းမှာ ဟောတယ်နော် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ပြောကြပါစို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ကုရုတိုင်းရောက်သွားတဲ့အခါ ကျတော့ သံဃာတွေနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကြည်ညိုပြီး သကာလ သံဃာတွေကလည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးနား ဝိုင်းပြီးနေကြတယ်။

ကိုယ့် အတွင်းသားများ စစ်ဆေးကြရဲ့လား

ထိုကဲ့သို့ နေကြတဲ့အချိန်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ ကိုယ့်အတွက်ကိုများကွာ ကိုယ့် အတွင်းသားများ စစ်ဆေးကြရဲ့လား တဲ့။

ကိုယ့်အတွင်းသားများ စစ်ဆေးကြရဲ့လားလို့ မေးလိုက်တယ်နော် (မှန်ပါ့ ဘုရား)၊ ကိုယ့်အတွင်းသားများကို ကိုယ်စစ်ဆေးသုံးသပ်ကြပါရဲ့လားလို့ မေးလိုက်တယ် (မှန်ပါ့)။

အဲဒီလိုမေးလိုက်တဲ့အခါကျတော့ ရဟန်းတစ်ပါးက ထတဲ့ပြီး သကာလ တပည့်တော်များ ကိုယ့်အတွင်းသား ကိုယ့်ခန္ဓာအတွင်းသား စစ်ဆေးပါတယ်ဘုရားဆိုပြီးတော့ ထ,လျှောက်တယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် မင်းကတော့ စစ်ဆေးတဲ့ပုဂ္ဂိုလ်ဆိုပြီး ငါ့ထ,လျှောက်လို့ ခန္ဓာကိုယ်ထဲမှာ မင်းစစ်ဆေးပုံကို ပြောစမ်းပါ။ စစ်ဆေးပုံကို ပြောစမ်းပါဆိုတော့ သူက ကေသာ, လောမာနခါ, ဒန္တာ, တစော ဆိုတဲ့ သုံးဆယ့်နှစ် ကောဋ္ဌာသတွေ လျှောက်ပြီး စစ်ဆေးနေတယ်။ ခန္ဓာထဲ ဒါပဲရှိတယ်လို့ (မှန်ပါ့)။

ဒီလိုဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူစစ်ဆေးပုံကို သူလျှောက်တဲ့အခါ ဘုရားက အလိုတော် မကျဘူးတဲ့။ တရားအောက်ကျတယ်။ စစ်ဆေးချင်တာက သစ္စာ (မှန်ပါ့)၊ သူက အသုဘ စစ်ဆေးနေတယ် (မှန်ပါ့)၊ စစ်ဆေးချင်တာက ဘာတုံး (သစ္စာပါ ဘုရား)၊ သစ္စာကို စစ်ဆေးစေချင်တယ်။

သူစစ်ဆေးနေတာက အသုဘ ခန္ဓာကိုယ်ကြီး စစ်ဆေးနေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သဘော မကျဘဲ ဖြစ်ပြီး သကာလ နေတယ် (မှန်ပါ့)။

ထိုကဲ့သို့ ဖြစ်ပြီး သကာလ နေတော့ ဘုရား အလိုတော်မကျမှန်း ညီတော်အာနန္ဒာက အနားမှာရှိတယ်။ ရှိတော့ အလိုမကျမှန်း သူသိတယ်။ အရှင်ဘုရား တဲ့။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားပြောမှ သိရမည့်ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ကောင်းသောစကားကို ဆိုတော်မူတတ်တဲ့ မြတ်စွာဘုရား အရှင်ဘုရားပြောဆိုမှသာလျှင် အားလုံးသော ပုဂ္ဂိုလ်တို့ သိရမှာဖြစ်ပါတယ်ဘုရား။ ဒါ့ကြောင့် စစ်ဆေးနည်း ခန္ဓာကိုယ်အတွင်းသား သုံးသပ်နည်းကို တပည့်တော် များ သနားသောအားဖြင့် ဟောကြားတော်မူပါလို့ ရှင်အာနန္ဒာက ထိုးလျှောက်လိုက်တယ် (မှန်ပါ့)။

သစ္စာစစ်ဆေးနည်း

လျှောက်လိုက်တဲ့အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တောင်းပန်မည့် ပုဂ္ဂိုလ်ရှိတာနဲ့ ဟောရ မည့်အကြောင်း ပေါ်ပေါက်လာတော့ ကိုင်း-မင်းတို့ ကောင်းကောင်းသာ နာကြကွာ။ ငါ သစ္စာစစ်ဆေးနည်းကို သေသေချာချာ ရှင်းပြမယ်ဆိုပြီးတော့ နိဒါနဝဂ္ဂ သံယုတ်ပါဠိတော်မှာ ဟောပါတယ်လို့ ဒကာ ဒကာမတွေ မှတ်ထား ကြပါ (မှန်ပါ့ ဘုရား)။

မင်းတို့ကွာ တဲ့ လူတိုင်းမှာရှိတယ်။ ခန္ဓာကိုယ်ထဲမှာ အိုတတ်တဲ့တရား၊ သေတတ်တဲ့တရား ခန္ဓာကိုယ်ထဲ မှာ ရှိတယ် (မှန်ပါ့)။

ဒီဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ထဲမှာ အိုတတ်တဲ့ ဇရာ ဒုက္ခ, အိုတတ်တဲ့ ဇရာပိဒုက္ခသစ္စံ၊ သေတတ်တဲ့ မရဏမ္ပိ ဒုက္ခသစ္စံဆိုတဲ့ တရားတွေဟာ အများကြီး ရှိပြီး သကာလ နေတော့ အများကြီးရှိတယ်ဆိုတော့ အိုတတ်တဲ့ တရား အများကြီးရှိတယ်၊ သေတတ်တဲ့တရား အများကြီးရှိတယ်၊ ခန္ဓာကိုယ်ထဲမှာ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်ထဲမှာ အိုတတ်တဲ့ တရားပေါင်း ဘယ်လောက်ရှိသတုံး (အများကြီးပါ)၊ အများကြီးရှိတယ်၊ သေတတ် တဲ့တရား ဘယ်လောက်ရှိသတုံး မေးရင်ကော (အများကြီးရှိပါတယ်)၊ အများကြီးရှိတယ်လို့ မှတ်ပါ၊ ဘာ့ကြောင့်တုံး ဆိုတော့ ရုပ်တွေ နှစ်ဆယ့်ရှစ်ခုဟာလည်း အိုတတ် သေတတ်တဲ့တရား၊ နာမ်ငါးဆယ့်သုံးကလည်း အိုတတ်, သေတတ် တဲ့တရား၊ အဲဒီတော့ အများကြီးရှိတယ်ဆိုတာ အင်မတန် သေချာနေပြီဆိုတာ မှတ်မိကြပြီ (မှန်ပါ့)၊ ဒီရုပ်နာမ်ပဲ ရှိ တာကိုး။

အိုတတ်တဲ့တရား, သေတတ်တဲ့တရားတွေ အများကြီးရှိတယ်။ အဲဒီ အိုတတ်တဲ့တရား, သေတတ်တဲ့တရား အများကြီးရှိတာကို မင်းတို့ ခန္ဓာကိုယ်ထဲကွာ အိုတတ်တာတွေ, သေတတ်တာတွေ, အိုတတ်, သေတတ်တဲ့ တရားတွေ၊ အိုတတ်တဲ့ တရားတွေဟာ ခန္ဓာကိုယ်ထဲ အများကြီးပါလား။

ဒါမှ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဘာသစ္စာမှ မရှိဘူး၊ ဒုက္ခသစ္စာတွေ ရှိနေတာပါကလားဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဒုက္ခသစ္စာသာ စုနေတယ်

ဘယ်လိုပေါ်လာသတုံး (ဒုက္ခသစ္စာတွေသာ ရှိနေပါကလားဆိုတာ ပေါ်လာပါတယ် ဘုရား)။

ဒုက္ခသစ္စာသာ စုနေတယ်လို့ ပေါ်လာတယ်လို့ မှတ်လိုက်ကြစမ်းပါနော် (မှန်ပါ့ ဘုရား)။

ဒုက္ခသစ္စာတွေ စုနေတယ် ပေါ်လာတော့ကို ဪ ဒုက္ခသစ္စာပဲ ခန္ဓာကိုယ်ထဲမှာ ရုပ်တွေ, နာမ်တွေ အလုံးစုံအကုန်တွေဟာ ဒုက္ခသစ္စာတွေပဲ၊ ဇရာပိ ဒုက္ခသစ္စံ၊ သေတတ်တဲ့ မရဏမ္ပိ ဒုက္ခသစ္စံဆိုတာလည်း သေဖို့ပဲဆိုတဲ့ ဥစ္စာ မောင်ချစ်စိန် မှတ်ထားရမယ် (မှန်ပါ့ ဘုရား)။

အခြားတရားတွေလား ဒါရုပ်နာမ်ပဲမဟုတ်လား (ရုပ်နာမ်ပါ)၊ အိုတတ်တဲ့တရားလည်း ရုပ်နာမ်၊ သေတတ်တဲ့ တရားလည်း ရုပ်နာမ်၊ အခု တရားနာနေတဲ့ ရုပ်နာမ်တွေ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့ ဘုရား)။

ဒါတွေဟာ ဘာဖြစ်တဲ့ တရားတွေတုံး (အိုတတ်, သေတတ်တဲ့ တရားတွေပါ ဘုရား)။

အိုတတ်တဲ့တရား သေတတ်တဲ့တရား၊ ဒါတွေစုနေတယ်လို့ သေသေချာချာမှတ်ပါနော် (မှန်ပါ့ ဘုရား)။

အဲဒါသုံးသပ်လိုက်တော့ ဪ ခန္ဓာကိုယ်ထဲမှာ ဘာသစ္စာမှမရှိဘူး၊ အိုတတ်, နာတတ်တဲ့ ‘ဇရာပိ ဒုက္ခသစ္စံ မရဏမ္ပိ ဒုက္ခသစ္စံ”ဆိုတဲ့ ဒီသစ္စာတွေသာ ရှိနေပါကလားဆိုတော့ သူသစ္စာသိလာတယ် (မှန်ပါ့)၊ မသိဘူးလား (သိပါတယ် ဘုရား)။

သစ္စာသိလာတယ်ဆိုကတည်းက ဇရာ, မရဏဟာ ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာကလေး လောကီမဂ္ဂသစ္စာ ကလေး တွေးလိုက်တဲ့အခါ လောကီမဂ္ဂသစ္စာကလေး ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဇရာ, မရဏက ခန္ဓာကိုယ်ထဲမှာ အပြည့်အနှက်ရှိနေတာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာလို့ ရှုနေလို့ သိတာကလေးက ဘာတုံး (မဂ္ဂသစ္စာပါ ဘုရား)၊ လောကီမဂ္ဂသစ္စာကလေးတဲ့။

အဲဒီလို အတွင်းသုံးသပ်လိုက်တဲ့အခါကျတော့ ကိုယ့်သန္တာန်မှာ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်တရားကောင်း ကလေး ပေါ်လာတယ်၊ တွေးလိုက်တာနဲ့ ပေါ်လာတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီဒုက္ခသစ္စာကို ဆက်တွေးဦးကွ တဲ့၊ အတွင်း ဆင်ခြင်ကြပါဆိုတဲ့အတိုင်း ဒီအိုတတ် နာတတ်တဲ့ တရားနှစ်ခုဟာ (ဝါ) ဇရာပိဒုက္ခသစ္စံ, မရဏမ္ပိ ဒုက္ခသစ္စံဆိုတဲ့ တရားနှစ်ခုဟာ ဘယ်ကများ လာပါလိမ့် မတုံးလို့ မင်းတို့ ဆက်ပြီးတော့ သုံးသပ်ဆင်ခြင်ကြစမ်းပါတဲ့ဆိုတော့မှ ဪ အိုတတ် သေတတ်တဲ့ တရားနှစ်ခု ဟာ ခန္ဓာက လာတာကိုး (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

အိုတတ် သေတတ်တဲ့ တရားနှစ်ခုဟာ (ခန္ဓာက လာပါတယ်ဘုရား)၊ ခန္ဓာက လာတယ်။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကလာတယ်လို့ ဘုရားက တွေးလိုက်တဲ့။ ခန္ဓာထဲမှာမှ အို ဆိုတဲ့ တေဇော၊ သေ ဆိုတဲ့ တေဇောဓာတ်တွေက ခန္ဓာက ဖြစ်လာတာ (မှန်ပါ့)၊ မဟုတ်ဘူးလား၊ ခန္ဓာက ပါလာတာ။

ဒါကြောင့် အို-သေ ဘယ်ကလာသတုံးမေးရင် ဘယ့်နှယ်ပြောကြမယ် (ခန္ဓာက လာပါတယ်ဘုရား)၊ ခန္ဓာက လာတယ်ဆိုတာ သေသေချာချာ မှတ်တော့မှ အို, သေက ဒုက္ခသစ္စာ။ ခန္ဓာက သမုဒယဖြစ်ကြောင်းပေါ့လေ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ သိတာကလေးက မဂ္ဂသစ္စာ။

ဒီသိတဲ့ပုဂ္ဂိုလ်က သမုဒယသစ္စာ သိနေ- သေနေတာပဲ (မှန်ပါ့)၊ နောက်ထပ် ဒီခန္ဓာကြီး ရချင်ယူချင်တဲ့သဘော တွေ လာသေးရဲ့လား (မလာပါ ဘုရား)။

အေး ဒါကြောင့် လေးချက် လေးချက် ပြီးသွားတယ်ကွာတဲ့။ ဒီလိုသုံးသပ်လိုက်လို့ရှိရင် လေးချက်လေးချက် ပြီးသွားတယ် (မှန်ပါ့)။

အို သေ ဘယ်ကလာသတုံး

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာထဲမှာ အိုတတ်တဲ့တရား သေတတ်တဲ့တရားကတော့ဖြင့် အခု ကိုယ်တိုင်အိုနေတာ မြင်သဖြင့်လည်း သိပါပြီ (မှန်ပါ့)၊ ကိုယ်တိုင်သေရတော့မယ်ဆိုတာလည်း ဘယ်သူမှ မြေကြီးလက် ခတ် မလွဲဘူး (မှန်ပါ့ ဘုရား)၊ သေကြလိမ့်မယ်ဆိုတာလည်း သေတတ်တဲ့တရား ပါနေလို့ သေလိမ့်မယ်ဆိုတာလည်း သိပြီးသားဖြစ်နေတော့ ဒီ အို သေ ဘယ်ကလာသတုံး (ခန္ဓာက လာပါတယ်ဘုရား)၊ ရှင်းကြပြီ (ရှင်းပါပြီ ဘုရား)။

အို သေ ဘယ်ကလာ (ခန္ဓာက လာပါတယ်ဘုရား)၊ ဒါဖြင့် ဒီ ဒကာ ဒကာမတွေ ခန္ဓာကလာတယ်ဆိုတာ ယခု ခန္ဓာငါးပါးက လာတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာငါးပါးကလာတော့ မောင်ချစ်စိန် ဒီခန္ဓာကိုများ ဒကာ ဒကာမတွေက နတ်ခန္ဓာကောင်းတယ်၊ ဗြဟ္မာခန္ဓာကောင်းတယ်၊ လူခန္ဓာကောင်းတယ်၊ စကြဝတေး မန္ဓာတ်ခန္ဓာ ကောင်းတယ်လို့များ နည်းနည်းကလေး ကိုယ့်စိတ်ထဲမှာ ထင်လိုက်လို့ရှိရင်ပဲ အိုချင်သေးလို့ သေချင်သေးလို့ မိုက်စိတ်ပေါ်တာပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (အိုချင်သေးလို့ သေချင်သေးလို့ မိုက်စိတ်ပေါ်တာပါ ဘုရား)။

မိုက်စိတ်လာတယ်။ ခန္ဓာက လာတယ်လို့ ဘုရားက ဟောထားတာကိုး (မှန်ပါ့)။

အို သေ ဘယ်ကလာသတုံး (ခန္ဓာက လာပါတယ် ဘုရား)။

ဒါဖြင့် လူခန္ဓာ ဆုတောင်းတဲ့ပုဂ္ဂိုလ်၊ နတ်ခန္ဓာ ဆုတောင်းတဲ့ပုဂ္ဂိုလ်၊ ဗြဟ္မာခန္ဓာကို ဆုတောင်းတဲ့ဥစ္စာ ဒုက္ခသစ္စာ ရရပါလို၏။ ဒီအဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဘယ်လိုရောက်ပါလိမ့် (ဒုက္ခသစ္စာ ရရပါလို၏)၊ ဒုက္ခသစ္စာ ရရပါလို၏။ ဆုတောင်းလိုက်တာနဲ့ အတူတူပဲ (မှန်ပါ့ ဘုရား)၊ ဒီကနေ စစ်ဆေးလိုက်တော့မှ မောင်ချစ်စိန် ပေါ်လာတယ် (မှန်ပါ့)။

ဒီကနေ စစ်ဆေးလိုက်တော့မှ ဪ ခန္ဓာများ ဆုတောင်းတဲ့ပုဂ္ဂိုလ်ဟာ ဤဆွမ်း, ဤကွမ်းကြောင့် ဤ ကျောင်း ဤကန်ကြောင့် ဤရေတွင်း ဤရေကန်ကြောင့် နောက်ဘဝ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာဆိုတာ များ မှားပြီး တောင်းမိကြတဲ့ပုဂ္ဂိုလ်ဟာ ဒုက္ခသစ္စာ အရယူတာပဲ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမယ် (ဒုက္ခသစ္စာ အရယူတာပါ ဘုရား)၊ ဒီ့ထက်မိုက်တာများ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဒုက္ခသစ္စာဆိုတာ အားလုံး ဒကာ ဒကာမတွေ မှတ်ထားလိုက်စမ်းပါ။ ရှောင်ကွင်းရမည့်အလုပ် (မှန်ပါ့)၊ ပိုင်ပိုင်နိုင်နိုင် သိသဖြင့် မင်းနေရစ်တော့ မင်းနဲ့အတူမနေတော့ဘူးကွ ဒီလိုတော်လှန်ရမည့် တရားကြီးကို အရယူချင်တဲ့သဘော ပေါ်လာလို့ရှိရင်ဖြင့် ဒုက္ခမကြိုက်ကောင်းတာကြီး ကြိုက်နေတဲ့ အဓိပ္ပာယ်ပဲဆိုတဲ့ဟာ ရှင်းနေတယ် (မှန်ပ့ါ)၊ မရှင်းဘူး လား (ရှင်းပါတယ် ဘုရား)။

အဲဒါကြောင့် ပြန်မေးပါတယ်။ နောက်က ဒကာ ဒကာမတွေ။ ခန္ဓာထဲမှာ အိုတတ် သေတတ်တဲ့ တရားတွေ ရှိတယ် (ရှိပါတယ် ဘုရား)၊ ဘယ်ကလာတာတုံး မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (ခန္ဓာက လာပါတယ် ဘုရား)။

ဪ ခန္ဓာရှိလို့ သူလာကိန်းနေတာ (မှန်ပါ့ ဘုရား)။

အိုတတ် သေတတ်တဲ့ တရားနှစ်ခုဟာ လူတိုင်းမှာ ကိန်းမှာပဲတဲ့ ခန္ဓာရှိလို့ရှိရင်ဖြင့် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာရှိရင် လူတိုင်းမှာ (ကိန်းမှာပါ ဘုရား)၊ ကိန်းမှာအောင်းမှာပဲဆိုတာ ပြောဖို့ လိုသေးသလား (မလိုပါ ဘုရား)။

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ “ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော” ဟုတ်တိုင်းမှန်စွာ ဟောတတ်ပြောတတ်တဲ့ဆရာ ငါမရှိသည့်နောက် ရှာဖြစ်အောင် ရှာကြပါကွ။ နို့မဟုတ်ရင် အို,သေ ဆုတောင်းယူတတ်တဲ့ လမ်းညွှန်မှားတွေနဲ့ တွေ့လိုက်လို့ရှိရင် မင်းတို့ ဒုက္ခရောက်ပါလိမ့်မယ် ဆိုတဲ့ဥစ္စာ မပေါ် လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။

ခန္ဓာကလာပါတယ်

ကိုင်း ဒကာ ဒကာမတို့ အို သေ ဘယ်ကလာ (ခန္ဓာကလာပါတယ် ဘုရား)။

ဒါဖြင့် ဘယ်ခန္ဓာများ ခင်ဗျားတို့ နောက်ထပ်ရရင် ကောင်းလိမ့်မယ် ထင်ကြသတုံး (ဘယ်ခန္ဓာမှ မကောင်းပါ ဘုရား)၊ ဘယ်ခန္ဓာရလို့မှ မကောင်းဘူးဆိုတာ သဘောပါပလား (ပါပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် မကောင်းပါလိမ့်မတုံးလို့ အမေးစိစစ်ထုတ်တဲ့အခါကျတော့မှ ဒကာ ဒကာမတို့ အို,သေဟာ ခန္ဓာက ယူဆောင်လာတာ (မှန်ပါ့ ဘုရား)။

အို, သေဟာ (သူယူဆောင်လာတာပါ)၊ ခန္ဓာက ယူဆောင်လာတာဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး တပည့်သားမြေးတွေ ဥပမာပြုထားတာရှိတယ် (မှန်ပါ့ ဘုရား)၊ အို,သေ ဘယ်ကလာ (ခန္ဓာကလာပါတယ် ဘုရား)။

ဪ ဒါဖြင့် ခန္ဓာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အို, သေကို လက်ခံတဲ့တရားပဲ (မှန်ပါ့)၊ မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား)။

ခန္ဓာသည် ဘာလက်ခံပါလိမ့် (အို,သေကို လက်ခံပါတယ် ဘုရား)။

အို, သေ လက်ခံတတ်တဲ့ တရားဆိုတော့ လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာကို ဒကာ ဒကာမတို့ ဘယ်အခါကာလ မှ မတောင်းကြပါနဲ့၊ ခန္ဓာချုပ်ငြိမ်း ရုပ်သိမ်းရာကိုသာ အလိုရှိကြပါ၊ ဆုတောင်းကြပါ၊ ရောက်အောင် အားထုတ်ကြပါ ဆိုတာ ဆရာဘုန်းကြီးက တိုက်တွန်းတယ်၊ ခန္ဓာရှိရင် အိုသေလာမှာကြောင့် (မှန်ပါ့)။

ဒါ့ကြောင့် ဘုရားက အို,သေ ဘယ်ကလာသတဲ့တုံး (ခန္ဓာကလာပါတယ် ဘုရား)၊ ဒီလိုနောက်ပြန်သုံးသပ်ပါ ကွ တဲ့ (မှန်ပါ့)။

နောက်ပြန်သုံးသပ်စမ်းပါတဲ့၊ အို, သေဟာ ခန္ဓာကလာတယ်၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ကောင်းပြီ တဲ့၊ ဒီခန္ဓာကိုလည်း တစ်ခါ မင်းတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဆက်ပြီး သကာလ မောင်ချစ်စိန် အကြောင်းရှာပါတဲ့ နော် (မှန်ပါ့)။

ဒီခန္ဓာကလည်း မိုးပေါ်ကျမဟုတ်ဘူးတဲ့၊ သူ ဘယ်ကလာသတုံးဆိုတဲ့ လက်သည်အကြောင်းရင်းကိုလည်း ဒကာ ဒကာမတွေ တွေးဖြစ်အောင် တွေးပါ (မှန်ပါ့)၊ ဒါမှ ကျင့်စရာ လမ်းကွက်ပေါ်လာမယ် (မှန်ပါ့)၊ နို့မဟုတ်ရင် ကျင့်စရာ လမ်းကွက် မပေါ်ပါဘူးတဲ့ (မှန်ပါ့)။

ဒါကြောင့် ဒီရှေ့ပိုင်းမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပဋိလောမ နောက်ဆုတ်မေးနေတယ်ဆိုတာ မောင် သစ် မှတ်ပါ (မှန်ပါ့)။

အို,သေဟာ အဆုံးပဲမဟုတ်လား၊ ပဋိစ္စသမုပ္ပါဒ်မှာ (မှန်ပါ့)။

အဲဒီ့ အို,သေ ဘယ်ကလာသတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ခန္ဓာက လာတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တစ်ခါ ဒီခန္ဓာကို လက်သည်ရှာပြီး အကြောင်းရင်းရှာပြီး တွေးလိုက်စမ်းပါဦးတဲ့ ဒီခန္ဓာက မိုးပေါ်ကျလား၊ သူ့ကို ဖြစ်စေတဲ့ အကြောင်းများ ရှိသေးသလားဆိုတာ တွေးလိုက်တော့ကို ဒကာ ဒကာမတွေ ဆုတောင်း တဏှာက လာတယ် (မှန်လှပါ ဘုရား)။

ခန္ဓာ ဘယ်ကလာ (ဆုတောင်းတဏှာက လာပါတယ်ဘုရား)။

ဪ ခင်ဗျားတို့ ဆုတောင်းတဏှာက ခန္ဓာလုပ်လိုက်တယ်၊ ခန္ဓာလုပ်လိုက်လို့ အို, သေနဲ့ ဇာတ်သိမ်းကြရတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ခန္ဓာ ဘယ်ကလာသတုံး

ပြန်မေးတယ်၊ အို, သေ ဘယ်ကလာသတုံး (ခန္ဓာက လာပါတယ် ဘုရား)၊ ခန္ဓာ ဘယ်ကလာသတုံး (ဆုတောင်း တဏှာက လာပါတယ်ဘုရား)၊ အဲ ဘုံဘဝဆုတောင်းတဲ့ တဏှာက လာတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်ကလာသတုံး (ဘုံဘဝဆုတောင်းတဲ့ တဏှာကလာတာပါ ဘုရား)။

ဘုံဘဝဆုတောင်းတဲ့ တဏှာက လာတယ်ဆိုတဲ့ဥစ္စာ မောင်ချစ်စိန် ပေါ်ရော့ပေါ့ (ပေါ်ပါပြီ)။

ဪ ဒါဖြင့် တဏှာဟာ တော်တော်အရင်းကျတဲ့တရားပဲ၊ ဒါဖြင့် တဏှာက သမုဒယသစ္စာ၊ ခန္ဓာက ဒုက္ခသစ္စာဖြစ်သွားပြန်တာပါပဲ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီလို မင်းတို့ ပြောင်းပြန်-ပြန်ပြီး သုံးသပ်စမ်းပါကွာတဲ့ နောက်အရင်းကျကျ ကျင့်စရာတရား ပေါ်ပါလိမ့် မယ်တဲ့ (မှန်ပါ့)။

ပြောင်းပြန်-ပြန်ပြီး သုံးသပ်တော့မှ ကျင့်စရာ တရားပေါ်လာတယ်နော် (မှန်ပါ့)။

ဒါဖြင့် ဒီနေ့တရားကို ပြောင်းပြန်-ပြန်ပြီး သုံးသပ်ခိုင်းတာ ဘုရားသည် ဘယ်အကျိုးငှာတုံးဆိုတော့ ကျင့်စရာ ကျင့်နည်းပေါ်အောင်လို့ ခိုင်းတာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်အကျိုးငှာ ဟောပါလိမ့် (ကျင့်နည်းပေါ်အောင်လို့ ဟောပါတယ် ဘုရား)။

ကျင့်နည်းပေါ်အောင်လို့ ဟောမယ်ဆိုတော့ ဒကာ ဒကာမတွေ ကျင့်စဉ်ဟောလိမ့်မယ်လို့သာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

တဏှာသည်ခန္ဓာဖြစ်ကြောင်း

ကိုင်း ဒါဖြင့် ဒီတဏှာသည်ကားလို့ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ခန္ဓာဖြစ်ကြောင်းပဲဆိုတာ ကင်းရှင်း သွားပြီနော် (မှန်ပါ့)၊ ခန္ဓာဖြစ်ကြောင်းပဲဆိုတာ မသေချာသေးဘူးလား (သေချာပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ အားလုံးကိုပဲ သတိပေးလိုက်ပါတယ်၊ ဘာကလေးလှူလှူ၊ ဘာကလေးတန်းတန်း၊ ဘယ်ဘဝ လိုချင်တဲ့တဏှာနဲ့တော့ သွားပြီး သကာလ ဘာဖြစ်ရပါလို၏၊ ညာဖြစ်ရပါလို၏-မတောင်းလိုက်ပါနဲ့၊ တောင်းလိုက်လို့ ရှိရင် ခန္ဓာရပါလိမ့်မယ်၊ ခန္ဓာရရင် အိုသေလိုက်လာပါလိမ့်မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ခန္ဓာရရင် (အိုသေလိုက်လာမှာပါ ဘုရား)။

ဒါကြောင့် ဘုရားက အိုသေ ဘယ်ကလာ၊ ခန္ဓာကလာ၊ ခန္ဓာ ဘယ်ကလာ ဆုတောင်းတဏှာကလာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ခန္ဓာ ဘယ်ကတဲ့တုံး (ဆုတောင်းတဏှာက လာပါတယ်ဘုရား)။

အဲဒါကြောင့် ဪ ကျုပ်တို့ ပဋိစ္စသမုပ္ပါဒ် ကြည့်စမ်းပါ (မှန်ပါ့)၊ ကြည့်စမ်းပါနော်။

ကြည့်လိုက်တော့ကို စတုတ္ထအကွက်မှာ ကြည့်စမ်း၊ မောင်ချစ်စိန်တို့ ဇရာ မရဏလို့ မပါဘူးလား (ပါပါတယ် ဘုရား)၊ ဇရာ မရဏကို ကြည့်လိုက်စမ်းပါ၊ ဒါ အို သေပဲ မဟုတ်လား (မှန်ပါ့)။

အဲဒီ အို သေကြည့်လိုက်တော့ ဘယ်ကလာသတုံး မေးတော့မှ ဇာတိခန္ဓာက လာတယ် (မှန်ပါ့)၊ မပေါ်သေး ဘူးလား (ပေါ်ပါပြီ)။

ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ် ကြည့်စမ်း၊ တွေ့ကြရဲ့လား (တွေ့ပါတယ် ဘုရား)၊ စတုတ္ထကွက်မှာ ဇရာ မရဏ မပါဘူးလား (ပါပါတယ် ဘုရား)။

၄ နံပါတ်ကွက်မှာ ကြည့်ပါ

အဲဒါ စတုတ္ထအကွက်မှာကြည့်။ ၄ နံပါတ်ကွက်မှာ ကြည့်ပါ ဇရာ မရဏ ပါပါတယ်။ ဇရာ မရဏ ဘယ်က လာသတုံး ဆိုတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း အို, သေပဲ မြန်မာလိုပြန်လိုက်တော့ (မှန်ပါ့)၊ အဲဒါ ဇာတိက လာတယ် မဆိုချင်တော့ ခန္ဓာကလာတယ်ဆိုတာ။ ဇာတိဆိုတာ ခန္ဓာငါးပါးရှိတာကိုး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါ ပြီ ဘုရား)။

ဇရာမရဏ ဘယ်ကလာသတုံး (ခန္ဓာက လာပါတယ်ဘုရား)၊ ခန္ဓာဆိုတာ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းထဲမှာတော့ ဘယ်သူ့ကိုဆိုပါလိမ့် (ဇာတိကို ဆိုပါတယ်ဘုရား)၊ ဇာတိဟာ ခန္ဓာငါးပါး (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)။

ဇာတိဟာ ခန္ဓာငါးပါးပဲဆိုတာ ပဋိစ္စသမုပ္ပါဒ်ကြည့်တဲ့ ပုဂ္ဂိုလ်များမှာ ရှင်းလို့လင်းလို့လည်း နေကြပါလိမ့်မယ် နော် (မှန်ပါ့)။

အဲဒီ ဇာတိဆိုတဲ့ခန္ဓာ ဘယ်ကလာသတုံးလို့ မေးတဲ့အခါကျတော့ ဟိုကံတွေဘာတွေ ရှုပ်မနေနဲ့ပေါ့။ ဟိုတဏှာ က လာတာသာ နောက်ဆုတ်တွေးလိုက်တော့ တတိယအကွက် လာတွေ့တယ် (မှန်ပါ့)၊ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

ကံရယ်, ဥပါဒါန်ရယ်, တဏှာရယ်, မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)၊ အဲဒီတဏှာကလာတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် ရေးထားတဲ့ထဲက ထွက်သေးရဲ့လား (မထွက်ပါ ဘုရား)၊ မထွက်ဘူးနော် (မှန်ပါ့)၊ ဉာဏ်နဲ့ မြင်ကြရဲ့လား (မြင်ပါတယ် ဘုရား)။

အဲဒီတော့ အဲဒီ့စာထဲမှာမြင်သလို ခန္ဓာမှာလည်း တွေးလိုက်ရင် ဒီအတိုင်းပဲဆိုတဲ့အတွေးကော ရှင်းသွားပလား (မှန်ပါ့ ဘုရား)၊ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

အေး ဒါဟာ သမ္မသနသုတ်တဲ့။ ခန္ဓာကိုယ် သုံးသပ်တဲ့ သုတ်နော် (မှန်ပါ့)၊ ဒီလိုသုံးသပ်မှ ကျင့်ချင်တဲ့စိတ် ပေါ်မယ်ကွတဲ့ (မှန်ပါ့)၊ ကျင့်ချင်တဲ့စိတ်ပေါ်မှ ကျင့်နည်းရှာမယ်။ ကျင့်နည်းရှာမှ လမ်းဆုံးမယ်တဲ့ (မှန်ပါ့)၊ ဟုတ်ပ လား (ဟုတ်ပါပြီ ဘုရား)။

ကျင့်နည်းရှာမှ (လမ်းဆုံးပါမယ်)၊ လမ်းဆုံးမှာဖြစ်နေတော့ မောင်ချစ်စိန် ကျင့်နည်းကို ဟောချင်လို့ ပဋိလောမ ပြောင်းပြန် ပြန်ပြီးတော့ သုံးသပ်ခိုင်းတာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

အေး ဒါကြောင့် ကြိုးစားပြီးမှတ်ကြ၊ တစ်ခေါက်ပြန်ပြောပါမယ်။

ဇရာမရဏ ဘယ်ကလာသတုံး (ခန္ဓာကလာပါတယ် ဘုရား)၊ ခန္ဓာဆိုတာ ပဋိစ္စသမုပ္ပါဒ်အကွက်မှာ ဘာပါ လိမ့် (ဇာတိပါ ဘုရား)။

အဲဒီတော့ ဇာတိကလည်း ခန္ဓာငါးပါးပါပဲ (မှန်ပါ့ ဘုရား)၊ အဲဒီဇာတိ ဘယ်ကလာသတုံး လို့ ရှုပ်နေမှာ စိုးတော့ အရင်းကျကျ တွေးလိုက်တဲ့အခါကျတော့ တဏှာကလာတယ် (မှန်ပါ့ ဘုရား)၊ တဏှာ ဥပါဒါန် ကံကိုး (မှန် ပါ့)၊ တတိယအကွက်မှာ မပါဘူးလား (ပါပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ကိုယ့်အတွက် စစ်ဆေးဖို့ကို ဘုရားက အရေးကြီးတယ်။ သူများအတွက်ကို စစ်ဆေးဖို့ကို ဒါလောက် အရေးမကြီးဘူးတဲ့၊ သူများအတွက် မစစ်ဆေးတော့ မသိရုံဘဲရှိတယ်၊ ကိုယ့်အတွက် မစစ်ဆေးလို့ရှိရင်ဖြင့် သစ္စာတွေပျောက်ပြီး သကာလ သစ္စာမသိတဲ့အတွက် သံရာထဲ အိုဘေး, နာဘေး, သေဘေးတွေနဲ့ အဖော်လုပ်နေရုံပဲ ရှိတယ်ဆိုတာ မှတ်ထားကြပါ (မှန်ပါ့ ဘုရား)။

ကိုယ့်ကိုယ်ကိုယ် စစ်ဆေးရပါမယ်

ဒါဖြင့် ဘာစစ်ဆေးရမယ် (ကိုယ့်ကိုယ်ကိုယ် စစ်ဆေးရပါမယ် ဘုရား)၊ ကိုယ့်အတွက်ကို စစ်ဆေးဖို့ သိပ်အရေး ကြီးပါတယ်ဆိုတာ မှတ်ပါနော် (မှန်ပါ့ ဘုရား)၊ ဒါ့ကြောင့် သားသမီးပစ္စည်းအရေးတွေ စစ်ဆေးမှုကို ဘေးချိတ်ထား ပြီးတော့ ကိုယ့်အတွက် စစ်ဆေးမှုကို ကိုယ်အဓိကထားကြစမ်းပါဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကုရုတိုင်း မှာ ဟောသည် (မှန်ပါ့ ဘုရား)၊ ကုရုတိုင်းမှာ ဟောတယ်နော် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ပြောကြပါစို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ကုရုတိုင်းရောက်သွားတဲ့အခါ ကျတော့ သံဃာတွေနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကြည်ညိုပြီး သကာလ သံဃာတွေကလည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးနား ဝိုင်းပြီးနေကြတယ်။

ထိုကဲ့သို့ နေကြတဲ့အချိန်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ ကိုယ့်အတွက်ကိုများကွာ ကိုယ့် အတွင်းသားများ စစ်ဆေးကြရဲ့လား တဲ့။

ကိုယ့်အတွင်းသားများ စစ်ဆေးကြရဲ့လားလို့ မေးလိုက်တယ်နော် (မှန်ပါ့ ဘုရား)၊ ကိုယ့်အတွင်းသားများကို ကိုယ်စစ်ဆေးသုံးသပ်ကြပါရဲ့လားလို့ မေးလိုက်တယ် (မှန်ပါ့)။

အဲဒီလိုမေးလိုက်တဲ့အခါကျတော့ ရဟန်းတစ်ပါးက ထတဲ့ပြီး သကာလ တပည့်တော်များ ကိုယ့်အတွင်းသား ကိုယ့်ခန္ဓာအတွင်းသား စစ်ဆေးပါတယ်ဘုရားဆိုပြီးတော့ ထ,လျှောက်တယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် မင်းကတော့ စစ်ဆေးတဲ့ပုဂ္ဂိုလ်ဆိုပြီး ငါ့ထ,လျှောက်လို့ ခန္ဓာကိုယ်ထဲမှာ မင်းစစ်ဆေးပုံကို ပြောစမ်းပါ။ စစ်ဆေးပုံကို ပြောစမ်းပါဆိုတော့ သူက ကေသာ, လောမာနခါ, ဒန္တာ, တစော ဆိုတဲ့ သုံးဆယ့်နှစ် ကောဋ္ဌာသတွေ လျှောက်ပြီး စစ်ဆေးနေတယ်။ ခန္ဓာထဲ ဒါပဲရှိတယ်လို့ (မှန်ပါ့)။

ဒီလိုဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူစစ်ဆေးပုံကို သူလျှောက်တဲ့အခါ ဘုရားက အလိုတော် မကျဘူးတဲ့။ တရားအောက်ကျတယ်။ စစ်ဆေးချင်တာက သစ္စာ (မှန်ပါ့)၊ သူက အသုဘ စစ်ဆေးနေတယ် (မှန်ပါ့)၊ စစ်ဆေးချင်တာက ဘာတုံး (သစ္စာပါ ဘုရား)၊ သစ္စာကို စစ်ဆေးစေချင်တယ်။

သူစစ်ဆေးနေတာက အသုဘ ခန္ဓာကိုယ်ကြီး စစ်ဆေးနေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သဘော မကျဘဲ ဖြစ်ပြီး သကာလ နေတယ် (မှန်ပါ့)။

ခန္ဓာကိုယ်အတွင်းသား သုံးသပ်နည်း

ထိုကဲ့သို့ ဖြစ်ပြီး သကာလ နေတော့ ဘုရား အလိုတော်မကျမှန်း ညီတော်အာနန္ဒာက အနားမှာရှိတယ်။ ရှိတော့ အလိုမကျမှန်း သူသိတယ်။ အရှင်ဘုရား တဲ့။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားပြောမှ သိရမည့်ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ကောင်းသောစကားကို ဆိုတော်မူတတ်တဲ့ မြတ်စွာဘုရား အရှင်ဘုရားပြောဆိုမှသာလျှင် အားလုံးသော ပုဂ္ဂိုလ်တို့ သိရမှာဖြစ်ပါတယ်ဘုရား။ ဒါ့ကြောင့် စစ်ဆေးနည်း ခန္ဓာကိုယ်အတွင်းသား သုံးသပ်နည်းကို တပည့်တော် များ သနားသောအားဖြင့် ဟောကြားတော်မူပါလို့ ရှင်အာနန္ဒာက ထိုးလျှောက်လိုက်တယ် (မှန်ပါ့)။

လျှောက်လိုက်တဲ့အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တောင်းပန်မည့် ပုဂ္ဂိုလ်ရှိတာနဲ့ ဟောရ မည့်အကြောင်း ပေါ်ပေါက်လာတော့ ကိုင်း-မင်းတို့ ကောင်းကောင်းသာ နာကြကွာ။ ငါ သစ္စာစစ်ဆေးနည်းကို သေသေချာချာ ရှင်းပြမယ်ဆိုပြီးတော့ နိဒါနဝဂ္ဂ သံယုတ်ပါဠိတော်မှာ ဟောပါတယ်လို့ ဒကာ ဒကာမတွေ မှတ်ထား ကြပါ (မှန်ပါ့ ဘုရား)။

မင်းတို့ကွာ တဲ့ လူတိုင်းမှာရှိတယ်။ ခန္ဓာကိုယ်ထဲမှာ အိုတတ်တဲ့တရား၊ သေတတ်တဲ့တရား ခန္ဓာကိုယ်ထဲ မှာ ရှိတယ် (မှန်ပါ့)။

ဒီဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ထဲမှာ အိုတတ်တဲ့ ဇရာ ဒုက္ခ, အိုတတ်တဲ့ ဇရာပိဒုက္ခသစ္စံ၊ သေတတ်တဲ့ မရဏမ္ပိ ဒုက္ခသစ္စံဆိုတဲ့ တရားတွေဟာ အများကြီး ရှိပြီး သကာလ နေတော့ အများကြီးရှိတယ်ဆိုတော့ အိုတတ်တဲ့ တရား အများကြီးရှိတယ်၊ သေတတ်တဲ့တရား အများကြီးရှိတယ်၊ ခန္ဓာကိုယ်ထဲမှာ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်ထဲမှာ အိုတတ်တဲ့ တရားပေါင်း ဘယ်လောက်ရှိသတုံး (အများကြီးပါ)၊ အများကြီးရှိတယ်၊ သေတတ် တဲ့တရား ဘယ်လောက်ရှိသတုံး မေးရင်ကော (အများကြီးရှိပါတယ်)၊ အများကြီးရှိတယ်လို့ မှတ်ပါ၊ ဘာ့ကြောင့်တုံး ဆိုတော့ ရုပ်တွေ နှစ်ဆယ့်ရှစ်ခုဟာလည်း အိုတတ် သေတတ်တဲ့တရား၊ နာမ်ငါးဆယ့်သုံးကလည်း အိုတတ်, သေတတ် တဲ့တရား၊ အဲဒီတော့ အများကြီးရှိတယ်ဆိုတာ အင်မတန် သေချာနေပြီဆိုတာ မှတ်မိကြပြီ (မှန်ပါ့)၊ ဒီရုပ်နာမ်ပဲ ရှိ တာကိုး။

အိုတတ်တဲ့တရား, သေတတ်တဲ့တရားတွေ အများကြီးရှိတယ်။ အဲဒီ အိုတတ်တဲ့တရား, သေတတ်တဲ့တရား အများကြီးရှိတာကို မင်းတို့ ခန္ဓာကိုယ်ထဲကွာ အိုတတ်တာတွေ, သေတတ်တာတွေ, အိုတတ်, သေတတ်တဲ့ တရားတွေ၊ အိုတတ်တဲ့ တရားတွေဟာ ခန္ဓာကိုယ်ထဲ အများကြီးပါလား။

ဒါမှ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဘာသစ္စာမှ မရှိဘူး၊ ဒုက္ခသစ္စာတွေ ရှိနေတာပါကလားဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုပေါ်လာသတုံး (ဒုက္ခသစ္စာတွေသာ ရှိနေပါကလားဆိုတာ ပေါ်လာပါတယ် ဘုရား)။

ဒုက္ခသစ္စာသာ စုနေတယ်လို့ ပေါ်လာတယ်လို့ မှတ်လိုက်ကြစမ်းပါနော် (မှန်ပါ့ ဘုရား)။

ဒုက္ခသစ္စာတွေ စုနေတယ် ပေါ်လာတော့ကို ဪ ဒုက္ခသစ္စာပဲ ခန္ဓာကိုယ်ထဲမှာ ရုပ်တွေ, နာမ်တွေ အလုံးစုံအကုန်တွေဟာ ဒုက္ခသစ္စာတွေပဲ၊ ဇရာပိ ဒုက္ခသစ္စံ၊ သေတတ်တဲ့ မရဏမ္ပိ ဒုက္ခသစ္စံဆိုတာလည်း သေဖို့ပဲဆိုတဲ့ ဥစ္စာ မောင်ချစ်စိန် မှတ်ထားရမယ် (မှန်ပါ့ ဘုရား)။

အခြားတရားတွေလား ဒါရုပ်နာမ်ပဲမဟုတ်လား (ရုပ်နာမ်ပါ)၊ အိုတတ်တဲ့တရားလည်း ရုပ်နာမ်၊ သေတတ်တဲ့ တရားလည်း ရုပ်နာမ်၊ အခု တရားနာနေတဲ့ ရုပ်နာမ်တွေ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့ ဘုရား)။

ဒါတွေဟာ ဘာဖြစ်တဲ့ တရားတွေတုံး (အိုတတ်, သေတတ်တဲ့ တရားတွေပါ ဘုရား)။

အိုတတ်တဲ့တရား သေတတ်တဲ့တရား၊ ဒါတွေစုနေတယ်လို့ သေသေချာချာမှတ်ပါနော် (မှန်ပါ့ ဘုရား)။

သူသစ္စာသိလာတယ်

အဲဒါသုံးသပ်လိုက်တော့ ဪ ခန္ဓာကိုယ်ထဲမှာ ဘာသစ္စာမှမရှိဘူး၊ အိုတတ်, နာတတ်တဲ့ ‘ဇရာပိ ဒုက္ခသစ္စံ မရဏမ္ပိ ဒုက္ခသစ္စံ”ဆိုတဲ့ ဒီသစ္စာတွေသာ ရှိနေပါကလားဆိုတော့ သူသစ္စာသိလာတယ် (မှန်ပါ့)၊ မသိဘူးလား (သိပါတယ် ဘုရား)။

သစ္စာသိလာတယ်ဆိုကတည်းက ဇရာ, မရဏဟာ ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာကလေး လောကီမဂ္ဂသစ္စာ ကလေး တွေးလိုက်တဲ့အခါ လောကီမဂ္ဂသစ္စာကလေး ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဇရာ, မရဏက ခန္ဓာကိုယ်ထဲမှာ အပြည့်အနှက်ရှိနေတာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာလို့ ရှုနေလို့ သိတာကလေးက ဘာတုံး (မဂ္ဂသစ္စာပါ ဘုရား)၊ လောကီမဂ္ဂသစ္စာကလေးတဲ့။

အဲဒီလို အတွင်းသုံးသပ်လိုက်တဲ့အခါကျတော့ ကိုယ့်သန္တာန်မှာ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်တရားကောင်း ကလေး ပေါ်လာတယ်၊ တွေးလိုက်တာနဲ့ ပေါ်လာတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီဒုက္ခသစ္စာကို ဆက်တွေးဦးကွ တဲ့၊ အတွင်း ဆင်ခြင်ကြပါဆိုတဲ့အတိုင်း ဒီအိုတတ် နာတတ်တဲ့ တရားနှစ်ခုဟာ (ဝါ) ဇရာပိဒုက္ခသစ္စံ, မရဏမ္ပိ ဒုက္ခသစ္စံဆိုတဲ့ တရားနှစ်ခုဟာ ဘယ်ကများ လာပါလိမ့် မတုံးလို့ မင်းတို့ ဆက်ပြီးတော့ သုံးသပ်ဆင်ခြင်ကြစမ်းပါတဲ့ဆိုတော့မှ ဪ အိုတတ် သေတတ်တဲ့ တရားနှစ်ခု ဟာ ခန္ဓာက လာတာကိုး (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

အိုတတ် သေတတ်တဲ့ တရားနှစ်ခုဟာ (ခန္ဓာက လာပါတယ်ဘုရား)၊ ခန္ဓာက လာတယ်။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကလာတယ်လို့ ဘုရားက တွေးလိုက်တဲ့။ ခန္ဓာထဲမှာမှ အို ဆိုတဲ့ တေဇော၊ သေ ဆိုတဲ့ တေဇောဓာတ်တွေက ခန္ဓာက ဖြစ်လာတာ (မှန်ပါ့)၊ မဟုတ်ဘူးလား၊ ခန္ဓာက ပါလာတာ။

ဒါကြောင့် အို-သေ ဘယ်ကလာသတုံးမေးရင် ဘယ့်နှယ်ပြောကြမယ် (ခန္ဓာက လာပါတယ်ဘုရား)၊ ခန္ဓာက လာတယ်ဆိုတာ သေသေချာချာ မှတ်တော့မှ အို, သေက ဒုက္ခသစ္စာ။ ခန္ဓာက သမုဒယဖြစ်ကြောင်းပေါ့လေ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ သိတာကလေးက မဂ္ဂသစ္စာ။

ဒီသိတဲ့ပုဂ္ဂိုလ်က သမုဒယသစ္စာ သိနေ- သေနေတာပဲ (မှန်ပါ့)၊ နောက်ထပ် ဒီခန္ဓာကြီး ရချင်ယူချင်တဲ့သဘော တွေ လာသေးရဲ့လား (မလာပါ ဘုရား)။

အေး ဒါကြောင့် လေးချက် လေးချက် ပြီးသွားတယ်ကွာတဲ့။ ဒီလိုသုံးသပ်လိုက်လို့ရှိရင် လေးချက်လေးချက် ပြီးသွားတယ် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာထဲမှာ အိုတတ်တဲ့တရား သေတတ်တဲ့တရားကတော့ဖြင့် အခု ကိုယ်တိုင်အိုနေတာ မြင်သဖြင့်လည်း သိပါပြီ (မှန်ပါ့)၊ ကိုယ်တိုင်သေရတော့မယ်ဆိုတာလည်း ဘယ်သူမှ မြေကြီးလက် ခတ် မလွဲဘူး (မှန်ပါ့ ဘုရား)၊ သေကြလိမ့်မယ်ဆိုတာလည်း သေတတ်တဲ့တရား ပါနေလို့ သေလိမ့်မယ်ဆိုတာလည်း သိပြီးသားဖြစ်နေတော့ ဒီ အို သေ ဘယ်ကလာသတုံး (ခန္ဓာက လာပါတယ်ဘုရား)၊ ရှင်းကြပြီ (ရှင်းပါပြီ ဘုရား)။

ခန္ဓာငါးပါးက လာတယ်

အို သေ ဘယ်ကလာ (ခန္ဓာက လာပါတယ်ဘုရား)၊ ဒါဖြင့် ဒီ ဒကာ ဒကာမတွေ ခန္ဓာကလာတယ်ဆိုတာ ယခု ခန္ဓာငါးပါးက လာတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာငါးပါးကလာတော့ မောင်ချစ်စိန် ဒီခန္ဓာကိုများ ဒကာ ဒကာမတွေက နတ်ခန္ဓာကောင်းတယ်၊ ဗြဟ္မာခန္ဓာကောင်းတယ်၊ လူခန္ဓာကောင်းတယ်၊ စကြဝတေး မန္ဓာတ်ခန္ဓာ ကောင်းတယ်လို့များ နည်းနည်းကလေး ကိုယ့်စိတ်ထဲမှာ ထင်လိုက်လို့ရှိရင်ပဲ အိုချင်သေးလို့ သေချင်သေးလို့ မိုက်စိတ်ပေါ်တာပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (အိုချင်သေးလို့ သေချင်သေးလို့ မိုက်စိတ်ပေါ်တာပါ ဘုရား)။

မိုက်စိတ်လာတယ်။ ခန္ဓာက လာတယ်လို့ ဘုရားက ဟောထားတာကိုး (မှန်ပါ့)။

အို သေ ဘယ်ကလာသတုံး (ခန္ဓာက လာပါတယ် ဘုရား)။

ဒါဖြင့် လူခန္ဓာ ဆုတောင်းတဲ့ပုဂ္ဂိုလ်၊ နတ်ခန္ဓာ ဆုတောင်းတဲ့ပုဂ္ဂိုလ်၊ ဗြဟ္မာခန္ဓာကို ဆုတောင်းတဲ့ဥစ္စာ ဒုက္ခသစ္စာ ရရပါလို၏။ ဒီအဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဘယ်လိုရောက်ပါလိမ့် (ဒုက္ခသစ္စာ ရရပါလို၏)၊ ဒုက္ခသစ္စာ ရရပါလို၏။ ဆုတောင်းလိုက်တာနဲ့ အတူတူပဲ (မှန်ပါ့ ဘုရား)၊ ဒီကနေ စစ်ဆေးလိုက်တော့မှ မောင်ချစ်စိန် ပေါ်လာတယ် (မှန်ပါ့)။

ဒီကနေ စစ်ဆေးလိုက်တော့မှ ဪ ခန္ဓာများ ဆုတောင်းတဲ့ပုဂ္ဂိုလ်ဟာ ဤဆွမ်း, ဤကွမ်းကြောင့် ဤ ကျောင်း ဤကန်ကြောင့် ဤရေတွင်း ဤရေကန်ကြောင့် နောက်ဘဝ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာဆိုတာ များ မှားပြီး တောင်းမိကြတဲ့ပုဂ္ဂိုလ်ဟာ ဒုက္ခသစ္စာ အရယူတာပဲ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမယ် (ဒုက္ခသစ္စာ အရယူတာပါ ဘုရား)၊ ဒီ့ထက်မိုက်တာများ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဒုက္ခသစ္စာဆိုတာ အားလုံး ဒကာ ဒကာမတွေ မှတ်ထားလိုက်စမ်းပါ။ ရှောင်ကွင်းရမည့်အလုပ် (မှန်ပါ့)၊ ပိုင်ပိုင်နိုင်နိုင် သိသဖြင့် မင်းနေရစ်တော့ မင်းနဲ့အတူမနေတော့ဘူးကွ ဒီလိုတော်လှန်ရမည့် တရားကြီးကို အရယူချင်တဲ့သဘော ပေါ်လာလို့ရှိရင်ဖြင့် ဒုက္ခမကြိုက်ကောင်းတာကြီး ကြိုက်နေတဲ့ အဓိပ္ပာယ်ပဲဆိုတဲ့ဟာ ရှင်းနေတယ် (မှန်ပ့ါ)၊ မရှင်းဘူး လား (ရှင်းပါတယ် ဘုရား)။

အဲဒါကြောင့် ပြန်မေးပါတယ်။ နောက်က ဒကာ ဒကာမတွေ။ ခန္ဓာထဲမှာ အိုတတ် သေတတ်တဲ့ တရားတွေ ရှိတယ် (ရှိပါတယ် ဘုရား)၊ ဘယ်ကလာတာတုံး မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (ခန္ဓာက လာပါတယ် ဘုရား)။

ဪ ခန္ဓာရှိလို့ သူလာကိန်းနေတာ (မှန်ပါ့ ဘုရား)။

အိုတတ် သေတတ်တဲ့ တရားနှစ်ခုဟာ လူတိုင်းမှာ ကိန်းမှာပဲတဲ့ ခန္ဓာရှိလို့ရှိရင်ဖြင့် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာရှိရင် လူတိုင်းမှာ (ကိန်းမှာပါ ဘုရား)၊ ကိန်းမှာအောင်းမှာပဲဆိုတာ ပြောဖို့ လိုသေးသလား (မလိုပါ ဘုရား)။

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ “ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော” ဟုတ်တိုင်းမှန်စွာ ဟောတတ်ပြောတတ်တဲ့ဆရာ ငါမရှိသည့်နောက် ရှာဖြစ်အောင် ရှာကြပါကွ။ နို့မဟုတ်ရင် အို,သေ ဆုတောင်းယူတတ်တဲ့ လမ်းညွှန်မှားတွေနဲ့ တွေ့လိုက်လို့ရှိရင် မင်းတို့ ဒုက္ခရောက်ပါလိမ့်မယ် ဆိုတဲ့ဥစ္စာ မပေါ် လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ အို သေ ဘယ်ကလာ (ခန္ဓာကလာပါတယ် ဘုရား)။

ဘယ်ခန္ဓာမှ မကောင်းပါ

ဒါဖြင့် ဘယ်ခန္ဓာများ ခင်ဗျားတို့ နောက်ထပ်ရရင် ကောင်းလိမ့်မယ် ထင်ကြသတုံး (ဘယ်ခန္ဓာမှ မကောင်းပါ ဘုရား)၊ ဘယ်ခန္ဓာရလို့မှ မကောင်းဘူးဆိုတာ သဘောပါပလား (ပါပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် မကောင်းပါလိမ့်မတုံးလို့ အမေးစိစစ်ထုတ်တဲ့အခါကျတော့မှ ဒကာ ဒကာမတို့ အို,သေဟာ ခန္ဓာက ယူဆောင်လာတာ (မှန်ပါ့ ဘုရား)။

အို, သေဟာ (သူယူဆောင်လာတာပါ)၊ ခန္ဓာက ယူဆောင်လာတာဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး တပည့်သားမြေးတွေ ဥပမာပြုထားတာရှိတယ် (မှန်ပါ့ ဘုရား)၊ အို,သေ ဘယ်ကလာ (ခန္ဓာကလာပါတယ် ဘုရား)။

ဪ ဒါဖြင့် ခန္ဓာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အို, သေကို လက်ခံတဲ့တရားပဲ (မှန်ပါ့)၊ မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား)။

ခန္ဓာသည် ဘာလက်ခံပါလိမ့် (အို,သေကို လက်ခံပါတယ် ဘုရား)။

အို, သေ လက်ခံတတ်တဲ့ တရားဆိုတော့ လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာကို ဒကာ ဒကာမတို့ ဘယ်အခါကာလ မှ မတောင်းကြပါနဲ့၊ ခန္ဓာချုပ်ငြိမ်း ရုပ်သိမ်းရာကိုသာ အလိုရှိကြပါ၊ ဆုတောင်းကြပါ၊ ရောက်အောင် အားထုတ်ကြပါ ဆိုတာ ဆရာဘုန်းကြီးက တိုက်တွန်းတယ်၊ ခန္ဓာရှိရင် အိုသေလာမှာကြောင့် (မှန်ပါ့)။

ဒါ့ကြောင့် ဘုရားက အို,သေ ဘယ်ကလာသတဲ့တုံး (ခန္ဓာကလာပါတယ် ဘုရား)၊ ဒီလိုနောက်ပြန်သုံးသပ်ပါ ကွ တဲ့ (မှန်ပါ့)။

နောက်ပြန်သုံးသပ်စမ်းပါ

နောက်ပြန်သုံးသပ်စမ်းပါတဲ့၊ အို, သေဟာ ခန္ဓာကလာတယ်၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ကောင်းပြီ တဲ့၊ ဒီခန္ဓာကိုလည်း တစ်ခါ မင်းတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဆက်ပြီး သကာလ မောင်ချစ်စိန် အကြောင်းရှာပါတဲ့ နော် (မှန်ပါ့)။

ဒီခန္ဓာကလည်း မိုးပေါ်ကျမဟုတ်ဘူးတဲ့၊ သူ ဘယ်ကလာသတုံးဆိုတဲ့ လက်သည်အကြောင်းရင်းကိုလည်း ဒကာ ဒကာမတွေ တွေးဖြစ်အောင် တွေးပါ (မှန်ပါ့)၊ ဒါမှ ကျင့်စရာ လမ်းကွက်ပေါ်လာမယ် (မှန်ပါ့)၊ နို့မဟုတ်ရင် ကျင့်စရာ လမ်းကွက် မပေါ်ပါဘူးတဲ့ (မှန်ပါ့)။

ဒါကြောင့် ဒီရှေ့ပိုင်းမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပဋိလောမ နောက်ဆုတ်မေးနေတယ်ဆိုတာ မောင် သစ် မှတ်ပါ (မှန်ပါ့)။

အို,သေဟာ အဆုံးပဲမဟုတ်လား၊ ပဋိစ္စသမုပ္ပါဒ်မှာ (မှန်ပါ့)။

အဲဒီ့ အို,သေ ဘယ်ကလာသတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ခန္ဓာက လာတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တစ်ခါ ဒီခန္ဓာကို လက်သည်ရှာပြီး အကြောင်းရင်းရှာပြီး တွေးလိုက်စမ်းပါဦးတဲ့ ဒီခန္ဓာက မိုးပေါ်ကျလား၊ သူ့ကို ဖြစ်စေတဲ့ အကြောင်းများ ရှိသေးသလားဆိုတာ တွေးလိုက်တော့ကို ဒကာ ဒကာမတွေ ဆုတောင်း တဏှာက လာတယ် (မှန်လှပါ ဘုရား)။

ခန္ဓာ ဘယ်ကလာ (ဆုတောင်းတဏှာက လာပါတယ်ဘုရား)။

ဪ ခင်ဗျားတို့ ဆုတောင်းတဏှာက ခန္ဓာလုပ်လိုက်တယ်၊ ခန္ဓာလုပ်လိုက်လို့ အို, သေနဲ့ ဇာတ်သိမ်းကြရတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ပြန်မေးတယ်၊ အို, သေ ဘယ်ကလာသတုံး (ခန္ဓာက လာပါတယ် ဘုရား)၊ ခန္ဓာ ဘယ်ကလာသတုံး (ဆုတောင်း တဏှာက လာပါတယ်ဘုရား)၊ အဲ ဘုံဘဝဆုတောင်းတဲ့ တဏှာက လာတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်ကလာသတုံး (ဘုံဘဝဆုတောင်းတဲ့ တဏှာကလာတာပါ ဘုရား)။

ဘုံဘဝဆုတောင်းတဲ့ တဏှာက လာတယ်ဆိုတဲ့ဥစ္စာ မောင်ချစ်စိန် ပေါ်ရော့ပေါ့ (ပေါ်ပါပြီ)။

တဏှာဟာ တော်တော်အရင်းကျတဲ့တရား

ဪ ဒါဖြင့် တဏှာဟာ တော်တော်အရင်းကျတဲ့တရားပဲ၊ ဒါဖြင့် တဏှာက သမုဒယသစ္စာ၊ ခန္ဓာက ဒုက္ခသစ္စာဖြစ်သွားပြန်တာပါပဲ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီလို မင်းတို့ ပြောင်းပြန်-ပြန်ပြီး သုံးသပ်စမ်းပါကွာတဲ့ နောက်အရင်းကျကျ ကျင့်စရာတရား ပေါ်ပါလိမ့် မယ်တဲ့ (မှန်ပါ့)။

ပြောင်းပြန်-ပြန်ပြီး သုံးသပ်တော့မှ ကျင့်စရာ တရားပေါ်လာတယ်နော် (မှန်ပါ့)။

ဒါဖြင့် ဒီနေ့တရားကို ပြောင်းပြန်-ပြန်ပြီး သုံးသပ်ခိုင်းတာ ဘုရားသည် ဘယ်အကျိုးငှာတုံးဆိုတော့ ကျင့်စရာ ကျင့်နည်းပေါ်အောင်လို့ ခိုင်းတာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်အကျိုးငှာ ဟောပါလိမ့် (ကျင့်နည်းပေါ်အောင်လို့ ဟောပါတယ် ဘုရား)။

ကျင့်နည်းပေါ်အောင်လို့ ဟောမယ်ဆိုတော့ ဒကာ ဒကာမတွေ ကျင့်စဉ်ဟောလိမ့်မယ်လို့သာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒီတဏှာသည်ကားလို့ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ခန္ဓာဖြစ်ကြောင်းပဲဆိုတာ ကင်းရှင်း သွားပြီနော် (မှန်ပါ့)၊ ခန္ဓာဖြစ်ကြောင်းပဲဆိုတာ မသေချာသေးဘူးလား (သေချာပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ အားလုံးကိုပဲ သတိပေးလိုက်ပါတယ်၊ ဘာကလေးလှူလှူ၊ ဘာကလေးတန်းတန်း၊ ဘယ်ဘဝ လိုချင်တဲ့တဏှာနဲ့တော့ သွားပြီး သကာလ ဘာဖြစ်ရပါလို၏၊ ညာဖြစ်ရပါလို၏-မတောင်းလိုက်ပါနဲ့၊ တောင်းလိုက်လို့ ရှိရင် ခန္ဓာရပါလိမ့်မယ်၊ ခန္ဓာရရင် အိုသေလိုက်လာပါလိမ့်မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ခန္ဓာရရင် (အိုသေလိုက်လာမှာပါ ဘုရား)။

ဒါကြောင့် ဘုရားက အိုသေ ဘယ်ကလာ၊ ခန္ဓာကလာ၊ ခန္ဓာ ဘယ်ကလာ ဆုတောင်းတဏှာကလာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ခန္ဓာ ဘယ်ကတဲ့တုံး (ဆုတောင်းတဏှာက လာပါတယ်ဘုရား)။

အဲဒါကြောင့် ဪ ကျုပ်တို့ ပဋိစ္စသမုပ္ပါဒ် ကြည့်စမ်းပါ (မှန်ပါ့)၊ ကြည့်စမ်းပါနော်။

ကြည့်လိုက်တော့ကို စတုတ္ထအကွက်မှာ ကြည့်စမ်း၊ မောင်ချစ်စိန်တို့ ဇရာ မရဏလို့ မပါဘူးလား (ပါပါတယ် ဘုရား)၊ ဇရာ မရဏကို ကြည့်လိုက်စမ်းပါ၊ ဒါ အို သေပဲ မဟုတ်လား (မှန်ပါ့)။

အဲဒီ အို သေကြည့်လိုက်တော့ ဘယ်ကလာသတုံး မေးတော့မှ ဇာတိခန္ဓာက လာတယ် (မှန်ပါ့)၊ မပေါ်သေး ဘူးလား (ပေါ်ပါပြီ)။

စိတ်ဆယ့်နှစ်မျိုး ဘုန်းကြီး ရေးထားပါတယ်

စိတ္တာနုပဿနာ စာရွက်ကလေးတွေဟာ စိတ်ဆယ့်နှစ်မျိုး ဘုန်းကြီး ရေးထားပါတယ် (မှန်ပါ့ ဘုရား)။

အဲဒါ ခင်စရာ, မင်စရာတွေ ခင်ဗျားတို့က ထင်တယ်၊ ကိုယ့်မျက်စိထဲ ကြည်လာလို့ရှိရင်လည်း မောင်သစ် တို့က ကြည့်လို့ကောင်းလိုက်တာ၊ မျက်လုံးပေါ်မှာ သာယာမှု (မှန်ပါ့)၊ ဒါမြင်စိတ် သာယာတာပေါ့ကွာ (မှန်ပါ့ ဘုရား)။

နားကလေးက ကြည်လာပြန်လည်း (သာယာပါတယ်)၊ ဒါကြားစိတ်ကလေးကို (သာယာတာပါ ဘုရား)။

နှာခေါင်းကလေးက ရှူလို့ရှိုက်လို့ နှာစေးတာပါ၊ ပျောက်သွားလို့ရှိရင်ကော (သာယာပါတယ်)၊ လျှာကလေးက အရသာထက်ထက်ကလေး စားရ, သောက်ရရင် (သာယာပါတယ် ဘုရား)။

ကိုယ်ကလေးကလည်း တစ်ခါ ပေါ့ပေါ့ပါးပါးနဲ့ သွားရ-လာရလို့ရှိရင် (သာယာပါတယ်)၊ ကိုယ်ကိုသာယာပြန် တာပဲ (မှန်ပါ့ ဘုရား)။

နေလို့ထိုင်လို့ မသွက်ဘူး၊ ကိုယ်ကြီး ခက်တယ်ဆိုပြီး ကိုယ်ကြီး ရန်ဖြစ်နေတာပဲ (မှန်ပါ့ ဘုရား)

ပေါ့ပေါ့ပါးပါးနဲ့ သွားရ, လာရလို့ရှိရင် ကိုယ်ပေါ် သာယာတယ် (မှန်ပါ့)၊ စိတ်ကလေးကလည်း ဖြူဖြူစင်စင် နဲ့ အကြံအစည်ကလေး ကောင်းကောင်းကလေးနဲ့ဖြင့် ကိုယ့်စိတ် ကိုယ်သာယာနေတယ် (မှန်ပါ့ ဘုရား)။

မင်းတို့ လူတစ်ယောက်ချီးမွမ်းရင် ဒီလူဟေ့ သိပ်စိတ်ကူးကောင်းတာပဲ (မှန်ပါ့)၊ မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

ကျုပ်တို့က ဒီလိုစိတ်ကူးမကောင်းဘူး၊ ကျုပ်တို့စိတ်များက ခက်လိုက်တာ၊ သူတို့စိတ်ကူးကောင်းတော့ မမြင်ဘူး လား စီးပွားရေးဆိုတာ ဖြောင့်နေတာပဲ (မှန်ပါ့)၊ ကိုယ့်စိတ်ကိုယ် သာယာနေကြတယ် (မှန်ပါ့ ဘုရား)။

ကိုယ့်စိတ်ကူးကလေးနဲ့ ကိုယ်တည့်သွားတဲ့အခါကျတော့ မောင်သစ် ဘယ့်နှယ်နေသတုံး (သာယာပါတယ် ဘုရား)။

အင်မတန် သဘောကျတယ် (မှန်ပါ့)၊ ပြောလို့ကော ဆုံးရဲ့လား (မဆုံးပါ)၊ မဆုံးတော့ ဒါ ဘယ်သူ့သာယာ တာတုံး (ကိုယ့်စိတ်ကိုယ် သာယာတာပါ ဘုရား)။

ကိုယ့်စိတ်ကိုယ် သာယာတော့ ကိုယ့်စိတ်က ဒုတိယအကွက်မှာ (မှန်ပါ့)၊ သာယာတာက တတိယအကွက်မှာ တဏှာကိုးကွ (မှန်ပါ့ ဘုရား)။

သာယာတာက ဘယ်အကွက်မှာတုံး (တတိယကွက်မှာပါ)၊ တတိယကွက်မှာ ရှိတယ်ဆိုတာ မှတ်ထားစမ်းပါ။

ဪ ဒါဖြင့် ဒကာ ဒကာမတွေမှာ အခုဝေထားတဲ့ စိတ်ဆယ့်နှစ်ချက်ကို မြင်စိတ်ကလေးကို သာယာ လို့ရှိရင်လည်း မြင်စိတ်က ဒုတိယအကွက်မှာ၊ သာယာတာက တတိယအကွက်မှာ၊ အဲဒီလိုသာယာလို့ရှိရင် ခန္ဓာရဦး မှာပဲ (မှန်ပါ့)၊ ခန္ဓာရရင် အို,သေက (လာဦးမှာပါ)၊ အို,သေက လာဦးမှာပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကြားစိတ်ကလေးက ဒကာ ဒကာမတို့ ဒုတိယအကွက်မှာ၊ သာယာတာက (တတိယအကွက်ပါ ဘုရား)။

တတိယအကွက်မှာ သာယာတယ်၊ သာယာတယ်ဆိုလို့ရှိရင်လည်း နောက်ဇာတိက (လာဦးမှာပါ)၊ ခန္ဓာလာဦး မှာပဲ (မှန်ပါ့ ဘုရား)။

ခန္ဓာရရင် အို,သေကကော (လာမှာပါ)၊ လာမှာပဲဆိုတော့ ဪ ဒီအကွက်မှာ မှားနေတာကိုးဆိုတဲ့ဥစ္စာ ပေါ်လာတယ် (ပေါ်လာပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘယ်အကွက်မှာ မှားသတုံး (နံပါတ် ၂ အကွက်မှာ မှား ပါတယ် ဘုရား)။

နံပါတ် ၂ အကွက် သွားကြည့်တော့ ဘုရားက ဘာသစ္စာလို့ ဟောထားသတုံး (ဒုက္ခသစ္စာလို့ ဟောပါတယ် ဘုရား)၊ နံပါတ် ၂ ဟာနော် (မှန်ပါ့)။

ဒုက္ခသစ္စာလို့ ဟောထားပါလျက် ခင်ဗျားတို့က သာယာနေတော့ သုခသစ္စာဖြစ်နေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သာယာနေလို့ သံသရာရှည်တယ်

ခင်ဗျားတို့က သာယာနေတော့ သုခသစ္စာဖြစ်ပါတယ် ၊ ဒါဖြင့် အဲဒါ သံသရာရှည်တာပဲ (မှန်ပါ့)၊ ဒီလို သာယာနေလို့ မောင်ချစ်စိန် ဘာဖြစ်သတုံး (သံသရာရှည်ပါတယ် ဘုရား)။

သံသရာရှည်တာတော့ ၂ ကနေပြီး ၃ ရောက် ဟုတ်လား (မှန်ပါ့)၊ ၃ ကနေပြီး ၄ ရောက်၊ ၄ ကနေပြီး ၁ ပြန်ထွက်လာတယ် (မှန်ပါ့)၊ မထွက်ပေဘူးလား (ထွက်ပါတယ် ဘုရား)၊ ထွက်တော့ အဝိုင်းပြေးမသွားဘူးလား (သွား ပါတယ် ဘုရား)။

အဲဒါကြောင့် ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီးဟာ လည်ရပါပြီ၊ ဘယ်အကွက် အမှားမပြင်နိုင်လို့ လည်ရတာလဲ (နံပါတ် ၂ အကွက် အမှားကို မပြင်နိုင်လို့ပါဘုရား)။

ဒကာသိုက် သိပ်အဖိုးတန်တယ် (မှန်ပါ့)၊ သိပ်အဖိုးတန်တယ်တဲ့ ၊ ဒါပြင်နိုင်မှ (မှန်ပါ့)။

ဘုရားဟာ ဒါပြင်နိုင်တာနဲ့ ဘုရားဖြစ်တာ (မှန်ပါ့)၊ သောတာပန်တည်တာကော (ဒါပြင်နိုင်လို့ပါ ဘုရား)၊ သကဒါဂါမ်, အနာဂါမ် ဖြစ်ကြတာတွေ (နံပါတ် ၂ အကွက် ပြင်နိုင်လို့ပါ ဘုရား)။

နံပါတ် ၂ အကွက်ကို ပြင်နိုင်ကြလို့ ၊ ဒုက္ခသစ္စာကို ဒုက္ခသစ္စာဖြစ်အောင် လုပ်နိုင်ကြလို့ (မှန်ပါ့)။

ကိုယ့်အသိကို ပြင်ပေးရမယ်

ပြင်တယ်ဆိုတာကတော့ ကိုယ့်စိတ်ကို ကိုယ့်အသိကို ကိုယ်ပြင်ရတာပါပဲ၊ ဟို ပင်ကိုက တရားက ပြင်စရာ မလိုဘူး (မလိုပါ ဘုရား)၊ ကိုယ့်အသိကို ပြင်ပေးရမယ် (မှန်ပါ့)။

ကိုယ်မှားနေတဲ့အမှားကို (ပြင်ပေးရပါမယ်)၊ အဲဒီပြင်ပေးလိုက်တဲ့အခါကျတော့ဖြင့်တဲ့ ဒုက္ခသစ္စာကွက်ဖြစ်သွား ရင် မှန်ပြီ (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)။

သူက ဒုက္ခသစ္စာကွက် ဖြစ်လို့ရှိရင်ဖြင့် နောက်က သမုဒယသစ္စာကွက် မလာတော့ဘူး (မလာတော့ပါ ဘုရား)၊ လာပါ့မလား (မလာပါ ဘုရား)။

အဲ ဒုတိယအကွက်က ဒုက္ခသစ္စာဖြစ်လို့ရှိရင် ဒကာ ဒကာမတွေ တတိယအကွက် သမုဒယသစ္စာ ဘယ့်နှယ် တုံး (မလာပါ ဘုရား)။

စတုတ္ထကွက် ဒုက္ခသစ္စာ (မလာတော့ပါ ဘုရား)၊ မလာတော့ဘူးဆိုတော့ မောင်ချစ်စိန် သူပဲ (မှန်ပါ့)၊ လက်သည် ပေါ်ပြီမဟုတ်လား (ပေါ်ပါပြီ ဘုရား)။

သူပဲဆိုတဲ့ အဓိပ္ပာယ်ရှင်းသွားပြီ၊ ဒုတိယအကွက်မှာ မှောက်မှားနေတယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ ဘယ်အကွက်မှာ မှောက်မှားနေသလဲ (ဒုတိယအကွက်မှာ မှောက်မှားနေပါတယ် ဘုရား)၊ ဒုတိယအကွက်မှာ မှောက်မှားနေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် ဒီအမှောက်မှားကြီးကို ပြင်ပြီးတော့မှ ကျုပ်တို့ သေရလို့ရှိရင် အရိယာသေပဲ (မှန်ပါ့)၊ အမှောက် မှားကြီး မပြင်ဘဲနဲ့ သေလို့ရှိရင် အရူးအကန်းသေပဲ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒုတိယကွက် ဘာသစ္စာဖြစ်ရမှာတုံး (ဒုက္ခသစ္စာ ဖြစ်ရပါမယ်ဘုရား)၊ အဲဒါမဖြစ်ဘဲနဲ့ သေသွားရင် မောင်ချစ်စိန် မင်းပဲ စဉ်းစားကြည့်ပါ (အရူးအကန်းသေပါ ဘုရား)၊ ကိလေသာ ရူး ဟင် (မှန်ပါ့)။

ဒုက္ခသစ္စာကို သုခသစ္စာလုပ် ရူးတာက တစ်မျိုး၊ ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ မမြင်လို့ ကန်းတာက တစ်မျိုး (မှန်ပါ့)၊ အရူးအကန်း သေပြီး သကာလ သေခြင်းဆိုး, နေခြင်းဆိုးနဲ့ သွားတော့တာပဲ (မှန်ပါ့)၊ ဇရာ မရဏပဲ လမ်းဆုံး တာပဲ (မှန်ပါ့)၊ မဆုံးရပေဘူးလား (ဆုံးရပါတယ် ဘုရား)။

တယ်လည်း ကြောက်စရာကောင်းပါကလား ၊ ဒကာသိုက် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘယ်အကွက်ဟာ အရေးကြီးသတုံးကွ (နံပါတ် ၂ အကွက်ပါ ဘုရား)၊ နံပါတ် ၂ ဒုတိယအကွက်ဟာ သိပ်အရေးကြီးတယ် (မှန်ပါ့)။

တရားက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အဲ ကျုပ်တို့က ဒုက္ခသစ္စာကိုက်ဖြစ်ဖို့ အရေးကြီးတယ် (မှန်ပါ့)။

မောင်ချစ်စိန် တရားက (ဒုက္ခသစ္စာပါ ဘုရား)၊ မင်းတို့က ဘာဖြစ်အောင်လုပ်ရမလဲ (ဒုက္ခသစ္စာဖြစအောင် လုပ်ရပါမယ် ဘုရား)၊ ဒုက္ခသစ္စာပဲဖြစ်အောင် လုပ်ရမယ် (မှန်ပါ့)။

အဲဒီတော့ကို ခင်ဗျားတို့အလိုတော့ မဖြစ်တော့ဘူး၊ ဆရာဘုန်းကြီး ကူမှ ရတော့မှာပဲ (မှန်ပါ့)။

ခင်ဗျားတို့အလိုတော့ ဘယ်နည်းနဲ့မှ မဖြစ်ဘူး (မှန်ပါ့)၊ ဘာမှ,မှ မပါလာပဲကိုး (မှန်ပါ့)။

ထမင်းစားတတ်တာရယ် ရေသောက်တတ်တာရယ်၊ ဒါပဲပါလာတော့ ဒီဥစ္စာကို ပြင်ပေးမည့် ဆရာသမား ကောင်းဆိုတာကို ရှာပါဆိုတဲ့ဥစ္စာ မောင်သစ် မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ပေါ်ပြီကွ (မှန်ပါ့)၊ ဒါကြောင့် အကြိမ်ပေါင်း (၁၇၉၂) ကြိမ်တိုင်တိုင် ရှာစမ်းပါကွဆိုတဲ့ဥစ္စာ မမှာသင့်ဘူး လား (မှာသင့်ပါတယ် ဘုရား)။

သူနဲ့မတွေ့ရင် သွားပြီ (မှန်ပါ့)၊ ဘယ်လောက်တာရှည်သတုံး (ရှည်ပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ရိုက်သံ, နှက်သံကလေးကြားကြား သံရိုက်သံကလေးကြားကြား၊ လက်သမားတွေ က ထုသံကြားကြား၊ ကြားစိတ်ကလေး နားထဲပေါ်လိမ့်မယ် (မှန်ပါ့)။

မောင်သစ် ဘာလုပ်မလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ဟော ဒုတိယကွက်ထဲ မပါဘူးလား (ပါပါတယ် ဘုရား)။

အဲဒီတော့ မနာယတနကိုး၊ မနာယတနဆိုတာ စိတ် (မှန်ပါ့)၊ အဲ သူက ဒုက္ခသစ္စာ၊ ရှုတာကလေးက (မဂ္ဂသစ္စာပါ ဘုရား)၊ ကဲ တတိယအကွက် လာသေးလား (မလာပါ ဘုရား)၊ စတုတ္ထအကွက်ကော (မလာပါ ဘုရား)။

မလာလို့ရှိရင် သံသရာစခန်းသတ်ပေါ့၊ ဒုက္ခသစ္စာသိသွားလို့ သတ်တာပဲ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့်ပါလိမ့် (ဒုက္ခသစ္စာသိသွားလို့ပါ ဘုရား)၊ ဒုက္ခသစ္စာသိသွားလို့ သံသရာ ရှေ့ဆက်သေးရဲ့ လား (မဆက်ပါ ဘုရား)၊ မဆက်တော့ ဒါအဖိုးတန်တယ် (မှန်ပါ့)။

ဒါဖြင့် နှာခေါင်းက မွှေးစိတ်, နံစိတ်ကလေးလာလည်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ကဲ ဖြစ်ပျက်က ဘယ်အကွက်ထဲမတုံး (နံပါတ် ၂ အကွက်ထဲမှာပါ ဘုရား)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ

ဪ ဒါဖြင့် ဟုတ်ပြီ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ၊ ကိုက်ပြီ (မှန်ပါ့)၊ ဖြစ်ပြီး ပျက်ကတည်းက ဖြစ်ဒုက္ခ, ပျက်ဒုက္ခကိုး (မှန်ပါ့)။

ဖြစ်တာလည်း ဒုက္ခ၊ ပျက်တာကော ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲ နောက်ကနေ ဖြစ်ပျက်လို့ သိလိုက်တာကလေးကကော (မဂ္ဂသစ္စာပါ ဘုရား)၊ ဪ သူ ဒုက္ခသစ္စာ သိတာပဲ ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အေး ဒီလိုသိသွားတော့မှ ဒီဒကာ ဒကာမတွေမှာ ဪ အရင်တုန်းက သုခသစ္စာ ပိယ,သာတ ဖြစ်နေတဲ့အကွက်ကို အခုတော့ဖြင့် ပိယ,သာတ ဖြစ်သေးရဲ့လား (မဖြစ်တော့ပါ ဘုရား)၊ ပိယက-ခင်တယ်၊ သာတက သာယာတယ်ဆိုတာ မဖြစ်ဘူး။ ဒုက္ခသစ္စာလို့သာ သိတော့တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒုက္ခသစ္စာလို့သာ သိတဲ့အတွက်တဲ့ ဒုက္ခသစ္စာကွက်၌ ဒုက္ခသစ္စာပဲဖြစ်တယ် (မှန်ပါ့)၊ အရင်တုန်းက ဒီနေရာ မှောက်မှားတဲ့အကွက်ကိုးနော် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ အခုမှောက်မှားသေးရဲ့လား (မမှောက်မှားပါ ဘုရား)။

ယထာဘူတဉာဏ်ရပြီ

ဒါဖြင့် ယထာဘူတဉာဏ်ရပြီ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ် မရကြသေးဘူးလား (ရပါပြီ ဘုရား)၊ ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် လျှာပေါ်မှာ စားစိတ်ကလေး ပေါ်တိုင်းပေါ်တိုင်း ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ အဲ ဒုတိယကွက် ဒုက္ခသစ္စာဖြစ်ပြီ ဟုတ်လား (မှန်ပါ့)၊ ရှုတာ ကလေးက (မဂ္ဂသစ္စာပါ ဘုရား)။

အဲဒီတော့ မဂ္ဂသစ္စာကလေးက တစ်သံသရာလုံးမှာ သမုဒယသစ္စာဘက်သာ ကူးတာ၊ အကူးခံသေးရဲ့လား (မခံပါ ဘုရား)၊ မကူးတော့ပါဘူးတဲ့။ သူ ကြားဝင် ဖြတ်လိုက်တာကိုး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

အဲ ကြားဝင်ဖြတ်လိုက်တယ်ဆိုကတည်းက ဟိုမြားကလေးဟာ ဒီဘက်ကူးသေးရဲ့လား (မကူးပါ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။