11503

မာတိကာသို့

သံသရာ့ခရီး၏ထွက်လမ်း

(အတ္တဒိဋ္ဌိဖြုတ်ပုံ)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌၊ ဟောကြားတော်မူသော

(သံသရာ့ခရီး၏ထွက်လမ်း)နေ့အလုပ်ပေးတရားတော်

(၁၉-၉-၆၂)

နိဗ္ဗာန်ဆိုတာ

ရုပ်နာမ်တို့၏ ဒုက္ခသိမ်းတာလဲ နိဗ္ဗာန်လို့မှတ်ပါ (မှန်ပါ့) ကိလေသာဆိုတဲ့ သောကတွေ ပရိဒေဝတွေ ဒေါမနဿ တွေ ဒီ အပူဓာတ်တွေ သိမ်းတာလဲ နိဗ္ဗာန်လို့ မှတ်ကြပါ (မှန်ပါ့)။

အဲဒီ့နိဗ္ဗာန်ကို ဒီ ဒကာ ဒကာမတွေ အခု ခန္ဓာဒုက္ဓသစ္စာကြီးကလဲ ပြုရ-စုရရဲ့ ရှိလျက်ပဲ။ သားပူ၊ သမီးပူ၊ ဆွေပူ၊ မျိုးပူ၊ ပစ္စည်းပူ၊ မင်းပူ၊ စိုးပူ-ဆိုတဲ့ အပူဓာတ်တွေကလဲ ဝမ်းထဲမှာ ရှိလျက်ပဲ (မှန်ပါ့)။

အဲဒီကဲ့သို့ ရှိလျက်ဖြစ်နေတော့ ကိလေသာ အပူကလဲ မငြိမ်း၊ ခန္ဓာဒုက္ခ မသိမ်း။ ဘာဖြစ်နေပါလိမ့်မလဲ။ ဘယ့်နှယ်ကြောင့် မသိမ်းပါလိမ့်မလဲ ကြာလှပြီ။ ဘုရားတွေ ဂင်္ဂါသဲမှုန့်နဲ့အမျှ ပွင့်သွားကြပြီ။ ဘယ့်နှယ်ကြောင့် ခန္ဓာ ဒုက္ခလဲ မသိမ်းပါလိမ့်မလဲ၊ ကိလေသာ အပူဓာတ်တွေလဲ ဘယ့်နှယ်ကြောင့် မငြိမ်းပါလိမ့်မလဲ။ ဒီလိုမေးလိုက်တဲ့အခါ ကျတော့ ဒါနကို ဒို့မလုပ်လို့လား ။ မဟုတ်ဘူး ဒါနလုပ်လို့ လူဖြစ်လာတာ အထင်အရှားပဲ (မှန်ပါ့)။

သီလ မဆောက်တည်ခဲ့လို့လား မေးပြန်လဲ သီလဆောက်တည်လို့ပဲ အခု ဒီအသက်၊ ဒီ အရွယ်ကျအောင် အသက်ရှည်နေကြတယ် (မှန်ပါ့)။

သမထ အားမထုတ်လို့လားလို့ မေးတော့လဲ ဗြဟ္မာပြည်ကကို အခေါက်ပေါင်း မရေတွက်နိုင်ဘူး။ ကမ္ဘာ ပျက်တိုင်း-ပျက်တိုင်း ဗြဟ္မာ့ပြည် ရောက်နေလို့ (မှန်ပါ့)။

ဒါဖြင့် ဒါန သီလတွေ လုပ်ပြီးသားတွေပဲ စုံလို့ပေါ့။

တစ်ခုသောအကန့်အကွက် ရှိလို့ နိဗ္ဗာန်မရတာ

ဘယ့်နှယ်ကြောင့် ခန္ဓာသိမ်းတဲ့ နိဗ္ဗာန်၊ ကိလေသာငြိမ်းတဲ့ နိဗ္ဗာန်၊ ဒီ ဒကာ ဒကာမတွေ မရောက်ပါလိမ့်မတုန်း။ ဒါနတွေ လုပ်ခဲ့လို့ပဲ လူ့ဘဝတောင် ရနေပြီ။ သီလဆောက်တည်ခဲ့လို့ပဲ၊ ဤ၍-ဤမျှ အသက်ရှည်နေကြပြီ။ သထမ အားထုတ်ခဲ့လို့လဲ ကမ္ဘာပျက်တိုင်း ဗြဟ္မာပြည်ရောက်ခဲ့ကြပြီ။ ဒို့ သန္တာန်မှာ တစ်ခုသော အကန့်အကွက်တော့ ရှိလို့ နိဗ္ဗာန်မရတာပဲဆိုတာ မှတ်ရမယ် (မှန်ပါ့)။

တစ်ခုသော အကန့်အကွက်ဆိုတာ ရှိလို့ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့နိဗ္ဗာန်ကြီး မရတာပဲဆိုတာ သေသေချာချာ မှတ်ပါ (မှန်လှပါ ဘုရား)။

အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ကန့်ကွက်လဲ တရား၏လက်သည်ကို ရှာလိုက်တော့ အင်း ဒါနလုပ်ပြန်လဲ အတ္တဒိဋ္ဌိ၊ ငါလှူလို့ ငါလုပ်ရမှာပဲ၊ သူဝင်ရှုပ်တယ်တဲ့ (မှန်ပါ့)။ သီလဆောက်တည်လဲ ငါအသက်ရှည်ဖို့ ငါကောင်းစားဖို့ ဆိုတော့ သူဝင်ရှုပ်တာပဲ (မှန်ပါ့) သမထ အားထုတ်လိုက်ပြန်တော့လဲ ငါ ဗြဟ္မာဖြစ်ဖို့ဆိုတဲ့ အတ္တ ဒိဋ္ဌိက ဝင်ရှုပ်ထားတယ် (မှန်ပါ့)။

ဪ ဒါဖြင့် ဒါန သီလတွေက တားတာမဟုတ်ပါလား၊ ဒီ ဒါန သီလထဲ ဝင်ရှုပ်နေတဲ့ ငါ့-အလှူ-ငါ့-သီလ၊ ငါ့-သမာဓိဆိုတဲ့ တရားတွေက တားတာပါလားဆိုတော့ ဒကာ ဒကာမတွေ ရုပ်လုံးပေါ်လာတယ် (မှန်ပါ့) ဪ သူပဲဆိုတာ လက်သည်ဖမ်းမိပြီ ဦးဘသန်း (မှန်ပါ့)။

မဖမ်းမိကြသေးဘူးလား (ဖမ်းမိပါပြီ ဘုရား) အင်း..ဘာ ဖမ်းမိကြသလဲ (လက်သည် ဖမ်းမိပါပြီ ဘုရား)။

ဘာ ဖမ်းကြသလဲ၊ ဒါနကလဲ မတား၊ သီလကလဲ လုပ်ခဲ့တာ သေချာ၊ သမထတွေလဲ လုပ်ခဲ့တာ သေချာပဲ မှတ်ရမယ်။ ဒီ အတ္တဒိဋ္ဌိရောပြီး လုပ်နေတာနဲ့ မောင်သစ်ရေ နိဗ္ဗာန်မရဘူး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

အတ္တဒိဋ္ဌိရောပြီး လုပ်နေလို့

နောက်က ဒကာ ဒကာမတွေ ဘာရောနေလို့ပါလိမ့် (အတ္တဒိဋ္ဌိရောပြီး လုပ်နေလို့ပါ ဘုရား)။

အတ္တဒိဋ္ဌိရောပြီးသကာလ နေတဲ့အတွက် ဒါနလုပ်ပြန်လဲ ဒါနလုပ်ခဲ့လို့ ဒါနအကျိုးဆက်ကြည့်လိုက်ပြန်လဲ ခန္ဓာတွေပေါ်နေတာက အထင်အရှားပဲ (မှန်ပါ့)။

သီလ ဆောက်တည်ခဲ့လို့ အခုတိုင်တိုင် ဦးဘသန်းတို့၊ ဦးကျော်မောင်တို့၊ မောင်သစ်တို့ အသက်ရှည်လာခဲ့ကြတာ။ မွေးတုန်းက ကလလရေကြည်က မသေခဲ့ပါဘူး (မှန်ပါ့) ပြင်ဘက် ရောက်တော့ သူငယ်နာနဲ့လဲ မသေခဲ့ပါဘူး (မှန်ပါ့) သီလတန်ခိုးကြောင့် အသက်ရှည်လာကြတယ်ဆိုတာလဲ အပေါ်လွင်သားပဲ၊ မပေါ်လွင်ဘူးလား (ပေါ်လွင်ပါတယ် ဘုရား)။

သမထမလုပ်ဘူး၊ ဘူးဆိုရမှာကလဲ ကမ္ဘာပျက်ပေါင်း ဘယ်လောက်တွေ့ခဲ့ကြပလဲ (များလှပါပြီ ဘုရား)။

ကမ္ဘာပျက်တိုင်း-ပျက်တိုင်းလဲ များသောအားဖြင့် ဗြဟ္မာ့ပြည်သာ လားနေကြတယ်ဆိုတာ မောင်ချစ်စိန် သမထ လုပ်ဖူးတာ သေချာတယ် (မှန်ပါ့)။

ဒါန၊ သီလ၊ သမထတွေ စုံအောင်လုပ်ဖူးပါလျက်သားနဲ့ ခန္ဓာသိမ်းတဲ့နိဗ္ဗာန်၊ ကိလေသာသိမ်းတဲ့ နိဗ္ဗာန်ကြီး မရောက်ခဲ့ကြတာကဖြင့် ဒီ အထဲမှာ အနှောင့်အယှက်ပါလို့ပဲ (မှန်လှပါ ဘုရား)။

တွေ့ကြပလား (တွေ့ပါပြီ) အနှောင့်အယှက် ဘယ်သူတုံးဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ) အတ္တဒိဋ္ဌိ (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဘယ်သူပါလိမ့် (အတ္တဒိဋ္ဌိပါ ဘုရား)။

အလှူထဲလဲ ငါ-ဝင်ရှုပ်နေတာပဲ (မှန်ပါ့) သီလထဲလဲ (သူပဲ ဝင်ရှုပ်နေပါတယ် ဘုရား)။

အဲ အတ္တဒိဋ္ဌိဝင်ရှုပ်နေတာပဲ။ သမထထဲမှာကော (အတ္တဒိဋ္ဌိ ဝင်ရှုပ်ပါတယ် ဘုရား)။

အတ္တဒိဋ္ဌိဝင်ရှုပ်နေတော့ ဟိုဟာတွေက အဖြောင့်သွားချင်ငြားသော်လဲ ကန့်ကွက်တဲ့ တရားကြီးနဲ့ တွဲလျက် ကြီးဖြစ်နေတော့ ဦးဘသန်းရေ အဖြောင့်သွားလို့ ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။

နို့- သာသနာတွေနဲ့ကော ၊ ဘုရား သာသနာတွေနဲ့ကော- မကြုံဘူးလားလို့မေးတော့ ကြံဖူးခဲ့တယ် (မှန်ပ့ါ) ဘုရားတွေလဲ ဒါလောက်များတော့ တစ်ဆူမတွေ့ တစ်ဆူတွေ့ဆိုသလို တွေ့တဲ့ဘုရားတွေလဲ နည်းလှမယ်-မဟုတ် ပါဘူး (မှန်ပါ့)။

ဘယ့်နှယ်ကောင့် ဒီ ကာဒ ကာမတွေ ဒုက္ခတန်းလန်း၊ အပူဓာတ်တွေ အလောင်ဓာတ်တွေနဲ့ တန်းလန်းကြီး ဖြစ်ပြီးသကာလ နေရစ်ခဲ့ရပါလိမ့်မလဲလို့ မေးဖို့ ကြုံလာတော့ ဪ ဘုရားတွေ့လဲ့ အတ္တဒိဋ္ဌိ- သူက ခန္ဓကိုယ်ထဲ ဝင်တားနေတော့ ဘုရားဟောတာက တခြား သူက တားတာကတဖုံ (မှန်ပါ့) ဒီလိုဖြစ်နေတော့ ဦးကျော်မောင်တို့၊ ဦးဘသန်းတို့ လက်သည်တော့ဖြင့် သူပဲဆိုတာ သေသေချာချာ မိထားတယ် (မှန်ပါ့ ဘုရား)။

နောက်က ဒကာ ဒကာမတွေ လက်သည်ဖမ်းမိကြပလား (ဖမ်းမိပါပြီ) ဘာတွေ့ပါလိမ့် (အတ္တဒိဋ္ဌိ တွေ့ပါတယ် ဘုရား)။

အတ္တဒိဋ္ဌိဆိုတာ

အတ္တဒိဋ္ဌိဆိုတာ မသိဘဲနေကြမှာ စိုးပါတယ်။ ငါ-ငါ့ဥစ္စာဆိုတာပါပဲ (မှန်ပါ့) ခန္ဓာကိုယ်ကိုငါ၊ ခန္ဓာကိုယ် လုပ်ကိုင်ထားတဲ့ ပစ္စည်းတွေ ငါ့ဥစ္စာ (မှန်ပါ့ ဘုရား)။

ငါ-ငါ့ဥစ္စာဆိုတဲ့ အတ္တဒိဋ္ဌိက တားနေတဲ့အတွက်တဲ့ ဘုရားနဲ့တွေ့လဲ သူက မဂ်ဉာဏ်, ဖိုလ်ဉာဏ် တားနေတာပဲ (မှန်ပါ့) ဒါနထဲလဲ သူ ဝင်ရှုပ်ပြီးသကာလ နိဗ္ဗာနပစ္စယော လုပ်ငြားသော်လဲ ထားလိုက်တာပဲ (မှန်ပါ့) သီလထဲမှာလဲ သူ ဝင်ရှုပ်ပြီး ဘာတုံး (တားပါတယ်) သမထထဲလဲ သူဝင်ရှုပ်ပြီးသကာလ (တားပါတယ် ဘုရား) တားတာပဲ။

ဒါဖြင့်..ဒါန..အပြစ်လဲ..မရှိ..၊ သီလ..အပြစ်လဲမရှိဘူး၊ သမထ အပြစ်လဲမရှိဘူး၊ ဦးကျော်မောင်ရေ အတ္တဒိဋ္ဌိက ဝင်တားတားနေလို့ အလုံးစုံထဲ သူဝင်ရှုပ်နေတဲ့အတွက် ကျုပ်တို့ ခင်ဗျားတို့ ခန္ဓာဒုက္ခသစ္စာကြီးကို ထမ်းပိုး နေရတယ် (မှန်ပ့ါ ဘုရား)။

သူ့လဲ ထမ်းရသေးရဲ့ သူ့ထဲကပေါ်တဲ့ ကိလေသာတွေက သူ့ပဲလောင်တာပဲ (မှန်ပါ့) မလောင်ဘူးလား (လောင် ပါတယ် ဘုရား)။

မီးနဲ့ထင်း တွဲလျက်ကြီးဖြစ်ပြီးသကာလ နေရစ်ခဲ့ရတဲ့ ဥစ္စာ ယနေ့ည လက်သည်ဖမ်းပေးလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ ပေါ်သွားပါပြီ (ပေါ်ပါပြီ) ဘာတွေ့သတုံး (အတ္တဒိဋ္ဌိ တွေ့ပါတယ် ဘုရား)။

အတ္တဒိဋ္ဌိပဲ တွေ့တယ်ဆိုတာ လေးလေးစားစား မှတ်ကြပါ (မှန်ပါ့) နို့ အတ္တဒိဋ္ဌိကလဲ..တဲ့၊ သာသနာပမှာ မင်းမူနေတယ်၊ ဒါကလေး မှတ်လိုက်စမ်းပါ (မှန်ပါ့) သာသနာမရှိတဲ့ပုဂ္ဂိုလ်မှာ မင်းမူနေတယ် (မှန်ပါ့ ဘုရား)။

သေသေချာချာ မှတ်စမ်းပါ၊ ဘာတဲ့တုန်း (သာသနာမရှိတဲ့ ပုဂ္ဂိုလ်မှာ မင်းမူနေတယ်ပါတယ် ဘုရား)။

အဲ သာသနာပမှာ မင်းမူနေတာပဲ (မှန်ပါ့) အတ္တဒိဋ္ဌိဟာ ဘုရင်ကြီးလုပ်နေတာပဲ (မှန်ပါ့) ဘယ်ပုဂ္ဂိုလ်မဆိုကွ ထွက်ရပ်လမ်း မပေါက်အောင် ငါရွက်ဆောင်နေတာပဲ (မှန်ပါ့ ဘုရား)။

သာသနာပမှာ မင်းမူနေတယ်

ဒါလောက်ထိအောင် သာသနာပမှာ မင်းမူနေတယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ တွေ့ကြပလား (တွေ့ပါပြီ) ဘယ်သူပါလိမ့် (အတ္တဒိဋ္ဌိပါ ဘုရား)။

အတ္တဒိဋ္ဌိ၊ ငါ-ငါ့ဥစ္စာနော်၊ ကိုယ့်ကိုယ်ကြီး ငါထင်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်ကိုယ်ကြီး ငါထင်တာရယ်၊ ကိုယ်ရှာထားတဲ့ ပစ္စည်း ကိုယ့်သားသမီး- ငါ့ဥစ္စာထင်ရတယ် (မှန်ပါ့) အဲဒီ့ အတ္တဒိဋ္ဌိနှစ်ခုက အတ္တနှင့်အတ္တနိယ၊ သူတို့နှစ်ခု ဝင်တားလိုက်တာနဲ့ ဘုရားတရားမဟောလို့ ကျုပ်တို့နိဗ္ဗာန်မရသည် မဟုတ် (မှန်ပါ့) ဘုရားတရား မနာရလို့ နိဗ္ဗာန်မရသည်မဟုတ် (မှန်ပါ့) ဒါန၊ သီလ၊ သမထတွေ မလုပ်ဖူးလို့ နိဗ္ဗာန် မရသည်မဟုတ် (မှန်ပါ့) အတ္တဒိဋ္ဌိကို ကျုပ်တို့ အရေးတကြီး မဖြုတ်မိလို့ မရတာပဲ (မှန်ပါ့ ဘုရား)။

အတ္တဒိဋ္ဌိကို အရေးတကြီး မဖြုတ်မိတဲ့အတွက် ကျုပ်တို့သည် ဘုရားတရားနာရလဲ ဒိဋ္ဌိဝင်တားလိုက်တာပဲ (မှန်ပါ့) ဒါနဲ့ သီလ၊ သမထတွေ လုပ်ပြန်တော့လဲ (ဒိဋ္ဌိတားပါတယ် ဘုရား)။

ဒိဋ္ဌိပဲ ဝင်တားပြီးနေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ ခုထက်တိုင်တိုင် ခန္ဓာ့ဒုက္ဓ၊ ကိလေသာဒုက္ခကို ခံရလျက်ပဲ (မှန်ပါ့ ဘုရား)။

ခန္ဓာ့ဒုက္ခလဲ ခံလျက်ပဲ (မှန်ပါ့) ကိလေသာလောင်မြိုက်တဲ့ အပူကြီးလဲ ကျုပ်တို့သည် ကိုင်နေရတာပဲ (မှန်ပါ့ ဘုရား)။

တစ်ခါတလေများ ဒကာ ဒကာမတွေ သားပူ၊ သမီးပူ၊ ဆွေပူ၊ မျိုးပူတွေများလို့ ရှုပ်ပြီးသကာလ ထမင်းမစား၊ ဟင်းမစားများ ဖြစ်လာလိုက်သေးတယ် (မှန်ပါ့) ဒီကိလေသာပူတွေကလဲ လောင်လျက်ပဲနော် (မှန်ပါ့ ဘုရား)။

ခန္ဓာကြီးကလဲ နာလိုက်၊ ကျင်လိုက်၊ ကိုက်လိုက်၊ ခဲလိုက်၊ အိုလိုက်၊ သေလိုက်၊ ရောဂေါတွေဟူသ၍ လက်ခံလိုက် နဲ့ ဒီဒုက္ခကြီးနှစ်ခု ကိလေသာညှဉ်းဆဲတဲ့ဒုက္ခ၊ ခန္ဓာချင်း ခန္ဓာနှိပ်စက်နေတဲ့ ဒုက္ခ၊ တစ်ခန္ဓက တစ်ခန္ဓာကို နှိပ်စက်နေတဲ့ ဒုက္ခ (မှန်ပါ့) အဲဒါတွေ ခုထက်တိုင်တိုင် လက်ရှိကိုယ်တွေ့ ကိုယ်ကိုယ်တိုင် ခံနေရတဲ့အဖြစ်ဟာ ဒကာ ဒကာမတို့ ဘုရားနဲ့လဲလွဲခဲ့၊ ဪ လက်သည် ယနေ့ည ဆရာဘုန်းကြီးဖမ်းပေးတော့မှ အတ္တဒိဋ္ဌိ (မှန်ပ့ါ) သူတားနေတာ (မှန်ပါ့ ဘုရား)။

ဦးဘသန်းကြီး ဘာပါလိမ့် (အတ္တဒိဋ္ဌိက တားနေတာပါ) နောက်က ဒကာ ဒကာမတွေ ဘာတဲ့တုန်း (အတ္တဒိဋ္ဌိက တားနေတာပါ ဘုရား)။

အတ္တဒိဋ္ဌိဆိုတာ ခန္ဓာကိုယ် ငါထင်တာနော် (မှန်ပါ့)

ခန္ဓာကိုယ် ရုပ်နာမ်ဖြစ်ပျက်ကို ဘာထင်သတုံး (ငါ့ထင်ပါတယ်) ခန္ဓာကိုယ်က ပွားလာတာကျတော့ (ငါ့ဥစ္စာ လို့ ထင်ပါတယ်) ငါ့ဥစ္စာထင်တယ်။

ဒီနှစ်ခုတားနေတာ

မောင်ချစ်စိန် ဒီနှစ်ခုတားနေတာ (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ အတ္တနဲ့ အတ္တနိယ တားလိုက်ပါတယ်။ (မှန်ပါ့) မြန်မာလို ပြန်ပါဆိုတော့ ငါ-ငါ့ဥစ္စာနှစ်ခုက တားလိုက်တာပဲ (မှန်ပါ့ ဘုရား)။

မယုံရင် အိမ်ပြန်ကြည့်ပါ ဒကာ ဒကာမတို့၊ ငါမရှိရင် အို-ဒီလိုဖြစ်ကုန်တာပဲဆိုတော့ ငါမရှိရင် ဆိုကတည်းက ကိုယ့်ကိုယ်ကိုယ်မှာ ငါထားသည် (မှန်ပ့ါ ဘုရား)။

ငါမရှိရင် ငါ့ဥစ္စာတွေဟာ အကုန်စာရင်းတွေနဲ့တကွ အလုံးစုံတွေဟာ ဘာမှ မစေ့စပ်တော့ဘူးဆိုတော့ င့ါဥစ္စာ တွေလဲစွဲတယ်၊ ငါလဲလုပ်- ငါ့ဥစ္စာလဲ လုပ်ကြသေးတယ် (မှန်ပါ့)။

ခင်ဗျားတို့ အိမ်ပြန်တဲ့အခါ ငါမရှိရင် ဆိုကတည်းက ဒီက စ,လာတယ် (မှန်ပါ့) မစ,ဘူးလား (စ,ပါတယ် ဘုရား)။

ငါမရှိဆိုရင်တော့ ငါက စိတ်ကိုစွဲထားတယ် (မှန်ပါ့) မရှိရင်ဆိုတဲ့ ဥစ္စာက အတ္တနိယကလေး အကြောင်း ပြောတော့မလို့ဆိုတော့ ငါနဲ့ ငါ့ဥစ္စာဟာ ဒကာ ဒကာမတို့ တွဲလျက်ကြီးပါကလား (မှန်ပါ့ ဘုရား)။

ငါရှိလို့ ငါ့ဥစ္စာရှိနေတယ် (မှန်ပါ့) ငါရှိလို့ (ငါ့ဥစ္စာ ရှိနေပါတယ်) မောင်သစ်တို့ ပြန်ရင်လဲ ညည်းချင်ညည်း မယ်၊ ဦးကျော်မောင်တို့ ပြန်ရင်လဲ ညည်းချင်ညည်းမယ်၊ မင်းတို့ကွာ ငါမရှိရင် ဒီလိုချည့်ပဲ (မှန်ပါ့ ဘုရား)။

ငါမရှိရင်ဆိုတဲ့ ဥစ္စာကတော့ အတ္တဒိဋ္ဌိနော် (မှန်ပါ့) ဒီလိုချည့်ပဲလို့ ရှေ့သွားမည့်တရားက ဘာပါလိမ့် (အတ္တနိယ ပါ ဘုရား) အတ္တနိယသဘောကို သူဆွဲပြောနေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အိမ်မှာ အမှိုက်ကလေး ရှုပ်နေလို့ရှိရင် လာပြီ၊ ငါကအရင်လာတယ် (မှန်ပါ့) ငါမရှိလို့ရှိရင် ရှုပ်ပွေနေတာပဲ ဆိုတော့ ငါ့ဥစ္စာပေါ်မှာ ရှုပ်နေတာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ အိမ်ဝင်ရင် ဘယ်သူဦးစီး ဝင်ကြသတုံးဆိုတဲ့ အဓိပ္ပာယ်လဲ ပေါ်သွားပြီ (ပေါ်သွား ပါပြီ) ဘယ်သူဦးစီးဝင်သတုံး (အတ္တဒိဋ္ဌိဦးစီးဝင်ပါတယ် ဘုရား)။

အတ္တက ဦးစီးတော့ အတ္တနိယက တစ်ခါတည်းပါသွားတယ် (မှန်ပါ့) ငါ-ငါ့ဥစ္စာ (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် အိမ်ကနေသွားတော့မယ် ဆိုပြန်တော့လဲ ခင်ဗျားတို့က ဘယ့်နှယ် နှုတ်ဆက်ကြသတုံးဆိုတော့ ငါသွားဦးမယ် (မှန်ပ့ါ ဘုရား)။

တကယ်ငါထင်တာနော်

ဟော အတ္တနဲ့ ကိုယ့်ခန္ဓာကြီး ငါထင်ပြီး သကာလ တကယ်ငါထင်တာနော် (မှန်ပါ့) ငါသွားဦးမယ်..တဲ့၊ အဲဒီတော့ စိတ်ချလက်ချ နေရစ်ဆိုတော့ ငါ့ဥစ္စာက စိတ်ချလက်ချ နေရစ် (မှန်ပါ့) ငါ-ငါ့ဥစ္စာ နှစ်ခုနဲ့ နှုတ်ဆက် တယ် (မှန်ပါ့ ဘုရား)။

ဖြစ်မှ-ဖြစ်ရလေထဲ ကျနေပြီ (မှန်ပါ့) နေတုန်းကလဲ ဘာနဲ့နေကြသလဲ (ငါနဲ့တွေပါတယ်) ငါ, ငါ့ဥစ္စာနှစ်ခုနဲ့ ခင်ဗျားတို့ အဖော်လုပ်နေတယ် (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တစ်နေရာက တစ်နေရာကို မလွှဲသာလို့ သွားတော့မယ်ဆိုတော့လဲ ဘယ်လိုများ သွားလေ့ရှိပါလိမ့် (ငါ၊ ငါ့ဥစ္စာနဲ့ သွားပါတယ်) ငါ သွားဦးမယ်ကိုး၊ ဟုတ်လား (မှန်ပါ့ ဘုရား)။

အဲဒီတော့ ငါမရှိရင် ငါ့ဥစ္စာတွေ စိတ်ချပါရစေနော် ဆိုပြီးတော့ ငါ့ဥစ္စာတွေဘက် လက်ညှိုးထိုးထိုးနေတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဪ..ခင်ဗျားတို့ဟာ နေပြန်လဲ ဒီတရားနဲ့ ငါနဲ့အဖော်လုပ်နေတယ်၊ မဟုတ်ဘူးလား (မှန်ပါ့) သွားပြန် တော့ကော (ငါနဲ့အဖော် လုပ်နေပါတယ်) ငါနဲ့ အဖော်လုပ်ပြီး ထွက်တယ်ဆိုတော့ ဘယ်မှာ နိဗ္ဗာန်ရောက်တော့မလဲ (မှန်ပါ့) ရောက်ဖို့ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဒကာ ဒကာမတွေ ခင်ဗျားတို့ သာသနာပ ဘုရင်လုပ်နေတယ်ဆိုတာ ပေါ်ပြီ (ပေါ်ပါပြီ) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အခု သာသနာတွင်းသာ သူက၊ ဒါတော်မှ ဆရာကော်း သမားကောင်းက နည်းပေးကောင်းမှ၊ ဟေ့ ခန္ဓာ ကိုယ်တစ်ကိုယ်လုံးဟာ ဖြစ်မှုနဲပပျက်မှုဒုက္ခသစ္စာကြီးရှိတယ်၊ ထ,ထကြည့်လိုက်လို့ ရှောင်ရှောင်နေတာ သူက (မှန်ပ့ါ) ဒီအလုပ်လဲ ရပ်စဲလိုက်ရော တစ်ခါတည်း သူရောက်တာပဲ (မှန်ပါ့ ဘုရား)။

ဝိပဿနာအလုပ်လဲ ရပ်စဲလိုက်ပါရော

ဝိပဿနာအလုပ်လဲ ရပ်စဲလိုက်ပါရော (သူရောက်လာတာပါပဲ) မင်းမူပြန်တာပဲ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် သာသနာတွင်းတောင် အခိုက်အတန့်လောက်သာ မင်းမမူတာ မောင်ချစ်စိန် (မှန်ပါ့) သာသနာ ပကျတော့ ဘယ့်နှယ်ဆိုကြမယ် (အမြဲမင်းမူပါတယ်) အမြဲမင်းမူတယ် (မှန်ပါ့ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဘယ့်နှယ်တုန်း၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒါဖြင့် မင်းမူနေတဲ့ တရားကလဲ ဘယ်တရားတုန်းလို့ သေသေချာချာ အကွက်ကျကျ သူအရုပ်ဆိုးတာသိရ အောင် မေးတော့မှ ခန္ဓာသိမ်း နိဗ္ဗာန် တဏှာငြိမ်း နိဗ္ဗာန်ဆိုတဲ့ နိဗ္ဗာန်တားတာ (မှန်ပါ့) ဒီ့ပြင်နေရာ မတားဘူး (မှန်ပါ့ ဘုရား)။

နတ်ပြည်အကြိမ်ကြိမ်ခံစားမလား သွားသာသွား၊ ငါမတားဘူး (မှန်ပါ့) သူ့နယ် သူက အာသဝပဲ (မှန်ပါ့) ဒိဋ္ဌာသဝကိုး၊ သူ့နယ်ထဲကမှ မထွက်တော့ ဘယ်တားမတုံး (မှန်ပါ့ ဘုရား)။

အင်မတန် သဘောပါတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလဲ ရှင်းရှင်းလင်းလင်း နားထောင်ပါ (မှန်ပါ့ ဘုရား)။

သူ့နယ်ထဲကဆိုရင်တော့ သူကမတားဘူး (မှန်ပါ့) သုံးဆယ့်တစ်ဘုံ အိုဘေး၊ နာဘေး၊ သေဘေး ဆီသာ လွှတ်ရမယု်ဆိုလို့ရှိရင်ဖြင့် လုပ်ကွာ၊ မင်းဒါနလုပ်ပါလား၊ လုပ်သာလုပ်၊ မင်းလုပ်မှ မင်းရမှာ၊ သူကတောင် ဟောလိုက် သေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သီလလဲ မင်းဆောက်တည်မှ မင်းအသက်ရှည်မှာဆိုပြီး သူကတောင် အားပေးလိုက်သေးတယ် (မှန်ပါ့) သူက သုံးဆယ့်တစ်ဘုံ မထွက်ရင်တော့ ကြိုက်တယ် (မှန်ပါ့) ဒုက္ခပင်လယ်ဝေရင် ကြိုက်တယ် (မှန်ပါ့) ဒုက္ခနဲ့ ကျွတ်လွတ် သွားမှာတော့ သူ မကြိုက်ဘူး (မကြိုက်ပါ) ဘယ်လောက်ဆိုးတဲ့ တရားတုန်း (မှန်ပါ့ ဘုရား)။

အဲဒါ ခင်ဗျားတို့ကလဲ ဘုရင်တစ်ဆူလုပ်ပြီး ကိုးကွယ်နေတော့ မောင်ချစ်စိန် သိပ်ခက်ပါကလား (ခက်ပါ တယ်) ဘုရင်တစ်ဆူလုပ်ပြီး ကိုးကွယ်နေတယ် (မှန်ပါ့ ဘုရား)။

ဘုရင်တစ်ဆူလုပ်ပြီး ကိုးကွယ်တယ်

ဘုရင်တစ်ဆူလုပ်ပြီး ကိုးကွယ်တယ်ဆိုတော့ ဦးကျော်မောင်တို့က ဗြုန်းကနဲမယုံဘူး (မှန်ပါ့) သေသေချာချာ ဖော်ပြောတော့မယ်ဆိုတော့မှ အေး ငါ့ကို ကျန်းမာအောင် ပြုကြ စုကြ၊ ငါရှိမှ နင်တို့ငွေဝင်များမှာကိုး (မှန်ပါ့ ဘုရား)။

အံမာလေး တကယ့်ကို အတ္တဒိဋ္ဌိ ကိုယ်တိုင်လာပြီးတော့ မင်းမူနေတာပဲ (မှန်ပါ့) သဘောပါပလား (ပါပါတယ် ဘုရား)။

ငါ-ကျန်းမာလို့ အရေးကြီးတယ်။ ငါ-ကျန်းမာလို့ရှိရင်ဖြင့် မင်းတို့ နောက်က အသာမှေးလိုက်ပြီး စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ ဝတ်ဖို့ဆိုတဲ့ဥစ္စာ အလွယ်တကူနဲ့ ပြီးသွားတယ်။ အဲဒီတော့ ငါ့, မေတ္တာပို့ကြ (မှန်ပ့ါ)။

မံမာလေး သွားပြီကောကွ။ ဒိဋ္ဌိကြီး မေတ္တာအပို့ခိုင်းတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒိဋ္ဌိကို ပူဇော်ကြဟေ့ (မှန်ပါ့) ပြောကော မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

အင်း ဘယ်သူ့ကို ပူဇော်ကြဟေ့ ပြောတာတုန်း (ဒိဋ္ဌိကိုပါ ဘုရား)။

အင်း ကိုယ်ကလဲ ဒိဋ္ဌိ (မှန်ပါ့) ဘေးက ပုဂ္ဂိုလ်တွေက ငါ့,ကျန်းမာအောင် မေတ္တာပို့ကြ။ ငါ့ကို ကောင်း ကောင်းမွန်မွန် ကျွေးကြ၊ ပြုကြ၊ စုကြ၊ ငါတစ်ယောက် ခေါင်းဆောင်နေတာ။ ငါ-ခေါင်းဆောင်လို့ မင်းတို့ ပြောင်နေ တာ။ အံမာလေး မင်းမူနေလိုက်တာ (မှန်ပါ့)။

မေတ္တာများ ပို့ကြဦးတဲ့။ ကောင်းကောင်းမွန်မွန် ပြုကြ၊ စုကြဦး..တဲ့။ ဒိဋ္ဌိကို ပူဇော်နေကြတာ (မှန်ပါ့) ဖော်မပြောရင် ခင်ဗျားတို့က ဒါလောက် ရိပ်မိတာမဟုတ်ဘူး (မရိပ်မိပါ ဘုရား)။ အခုတော့ သေချာပလား (သေချာ ပါပြီ)။

အေး ကွာ မင်းတို့ ဘာပူစရာရှိသတုံး။ သူများချော့ချင် မော့ချင်ပြန်လို့ရှိရင်လဲ။ ငါရှိနေတာပဲ တဲ့ (မှန်ပါ့) အံမာ..လာပြန်ပြီ (မှန်ပါ့) ဟင် မောင်သစ် မလာဘူးလား (လာပါတယ် ဘုရား)။

သူများ ချော့ချင် မော့ချင်လို့ သနားတဲ့စိတ်ကလေး သနားတဲ့ဥစ္စာ ကရုဏာ (မှန်ပါ့) ကရုဏာဟာ ဗြဟ္မာ့ ပြည်လားနိုင်တယ် (မှန်ပါ့) ဗြဟ္မာ့ပြည်လားနိုင်တယ်။ မေတ္တာ ကရုဏာ မုဒိတာ-ဆိုတဲ့ တရားတွေဟာ တရားကောင်း တွေပဲ။ သို့သော်လဲတဲ့ ။ ငါက တန်းလန်းဖြစ်နေတော့ ဒိဋ္ဌိက ရှုပ်လျက်ပဲ (မှန်လှပါ ဘုရား)။

ဘယ့်နှယ်နေသတုံး (ဒိဋ္ဌိက ရှုပ်လျက်ပါပဲ ဘုရား)။

ဒိဋ္ဌိက ရှုပ်ပြီး သကာလ နေတော့ ဒကာ ဒကာမတွေက အခု ဖော်ပြောလို့သာ သိတာကိုး (မှန်ပါ့) နို့မဟုတ်လို့ ရှိရင် သူ ရှုပ်နေမှာလို့ ဒို့မှာ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်မရတာပါကလားလို့ မတွေးဘူး။ ဒါန သီလနည်းလို့ မရဘူးပဲ ထင်နေတယ် (မှန်ပါ့)။

အဲဒီတော့ ဒီနေ့ည အထင်ပြောင်းလိုက်စမ်းပါဦး (မှန်ပါ့) ဒါန သီလ သမထတော့ ခင်ဗျားတို့ နားမလည် ဘူး (မှန်ပါ့) သို့သော် ဒိဋ္ဌိဖြုတ်နည်း သိဿယည်းက မရဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိဖြုတ်နည်း နိဿယည်းကလဲ မရတော့ ဘာဖြစ်လို့ မရပါလိမ့်မတုန်းမေးတော့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်၊ စိတ်စဉ် တွေသာဖြစ်၍ စိတ်စဉ်ချုပ်တယ်၊ ရုပ်စဉ်ဖြစ်၍ ရုပ်စဉ်ချုပ်တာကို ပဋိစ္စသမုပ္ပါဒ် သူက နားမလည်ဘဲ ဖြစ်သွားတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။

စိတ်စဉ်တွေ တစ်ခုပြီးတစ်ခု ဖြစ်တာလဲ (နားမလည်ပါဘူး) နားမလည်ဘူး။ ရုပ်တွေ တစ်ခုပြီးတစ်ခုဖြစ်လို့ တစ်ခုချုပ်တာတွေကော (နားမလည်ပါ ဘုရား)။

ဒါဖြင့် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် နားမလည်မှုကြောင့် ဒီ ဒိဋ္ဌိလာတာပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာ, နားမလည်လို့လဲ (ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ပါ ဘုရား)။

ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် နားမလည်သ၍

အင်း ခက်ပါသေးတယ်။ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် နားမလည်သ၍ ကာလပတ်လုံးလဲ မောင်သစ်တို့က မလိုက်ဘဲ။ ဘယ်တော့မှ ဒိဋ္ဌိမပြုတ် (မှန်ပါ့) ပေါ်တာကို ငါ,လုပ်တော့မှာပဲ (မှန်ပါ့ ဘုရား)။

တဏှာကလဲ ငါလိုချင်တယ်။ ဥပါဒါန်လာလဲ ငါမရမနေနိုင်ဘူး (မှန်ပါ့) ကဲ ဟုတ်ပလား (မှန်ပါ့) ကံ- လာပြန်တဲ့အခါ ငါ, ကြိုးစားရဦးမယ်။ ကံ-ကိုလဲ ငါ,လုပ်ပစ်တာပဲ (မှန်ပါ့) တဏှာကော (ငါ, လုပ်ပစ်ပါတယ် ဘုရား) ဥပါဒါန်ကော (ငါလုပ်ပစ်ပါတယ် ဘုရား)။

မျက်လုံးဘက်က ခုနင်က သဠာယတန၊ ကြည့်လိုက်ပြန်တော့လဲ ငါမြင်တယ်..တဲ့ (မှန်ပါ့) နားစိတ်ကို ငါ ကြားပါတယ်တဲ့ (မှန်ပါ့)။

ဘယ်မှာတုန်း ပဋိစ္စသမုပ္ပါဒ်တွေ ပေါ်သ၍ကို ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်နားမလည်တော့ နာမ်ရုပ်တွေ အစဉ် အတိုင်းဖြစ်ပြီးနေတာကို အကုန် ငါလုပ်ချင်တယ် (မှန်ပါ့) မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

နာမ်ရုပ်တွေ အစဉ်အတိုင်းဖြစ်တာကို (ငါလုပ်ပါတယ်) အကုန် ငါ,လုပ်ပြီးသကာလ နေကြတော့ တစ်နေ့လုံး ချေးထဲများနေတဲ့ အချိန်များ အို မောင်သစ်တို့ ဘယ်သူ မင်းမူနေသတုန်း (အတ္တိဒဋ္ဌိ မင်းမူနေပါတယ်) သေချာ ပလား (သေချာပါပြီ ဘုရား)။

အိမ်မှာ လူကြီး-လူကော်ငး လုပ်ပြီးသကာလမှ သားတွေ၊ သမီးတွေ ကိုယ့်ချွေရံတွေများ ဆုံးမပြီးသကာလ ငါ ပြောတာ နားမထောင်ကြလို့ရှိရင် ခက်ကြလိမ့်မယ်..နော်၊..။ လူကြီး သူမသံတွေကလဲ ငါထဲကကိုမထွက်ဘူး (မှန်ပ့ါ)။ ဒါပဲလာတာပဲ (မှန်ပ့ါ) သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဆုံးမတဲ့အချိန်မှာပဲ သူတစ်ပါးအကောင်းပြောနေတဲ့ အချိန်မှာလဲ ကိုယ်ကသာ အကောင်း ပြောနေတယ်၊ မဂ်တား-ဖိုလ်တား ဒိဋ္ဌိက မင်းမူလျက်ပဲ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ကုသိုလ်မရဘူးလား (ရပါတယ် ဘုရား) သူများဆုံးမတာပဲ (ကုသိုလ်တော့ အင်မတန်ရပါတယ်) ရပင်ရငြား သော်လဲ ခင်ဗျားတို့ရတဲ့ ကုသိုလ်က နိဗ္ဗာန်ရတဲ့ကုသိုလ် မဟုတ်ဘူး၊ သူဂတိ လည်ရမည့် ကုသိုလ်ဖြစ်နေတယ် (မှန်ပါ့) အတ္တဒိဋ္ဌိက ဝင်တားတာကိုး (မှန်ပါ့)။

ဒကာ ဒကာမတု့ိ ပေါ်ကြပလား (ပေါ်ပါပြီ) အင်း ခင်ဗျားတို့ အိမ်မှာ ဘယ်သူမင်းမူနေသတုံး (အတ္တိဒိဋ္ဌိ မင်းမူနေပါတယ် ဘုရား)။

အတ္တိဒိဋ္ဌိ မင်းမူနေတယ်ဆိုတော့ ဒီအိမ်မှာလဲ အတ္တိဒိဋ္ဌိ မင်းမူတယ်၊ ဟို-အိမ်မှာလဲ (အတ္တိဒိဋ္ဌိ မင်းမူတာပါပဲ ဘုရား)။

ကဲ ဦးဘသန်း ဘယ်အိမ်များ နိဗ္ဗာန်ရောက်စရာ မြင်သေးသတုန်း (မမြင်ပါ ဘုရား) မမြင်တော့ဘူး၊ ရှင်းပြီနော် (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒီ ဒကာ ဒကာမတွေမှာ ခုနင်က စကားကို ပြန်နိဂုံးချုပ်ကြစို့၊ မောင်သစ် (မှန်ပါ့) ဒါနမရှိလို့ နိဗ္ဗာန်မရောက်တာလဲ မဟုတ်ဘူး (မှန်ပါ့)၊ သီလမရှိလို့ (နိဗ္ဗာန်မရောက်တာလဲ မဟုတ်ပါ ဘုရား) သမထမရှိလို့ (နိဗ္ဗာန်မရောက်တာလဲ မဟုတ်ပါ ဘုရား) နိဗ္ဗာန်မရောက်တာ မဟုတ်ဘူး။ ဒီအထဲ ရောနေတဲ့ အတ္တိဒိဋ္ဌိမဖြုတ်တတ် တာနဲ့ နိဗ္ဗာန်မရောက်ဘဲ ဖြစ်သွားတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အတ္တိဒိဋ္ဌိ မဖြုတ်တတ်လို့

ဒီထဲမှာ ရောနေတဲ့ (အတ္တိဒိဋ္ဌိ မဖြုတ်တတ်လို့ပါ ဘုရား)။ အတ္တိဒိဋ္ဌိ မဖြုတ်တတ်တာနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌တဲ့ ဘုရား အဆူဆူတွေ့ပြီး လွဲရတဲ့ဥစ္စာ အတ္တိဒိဋ္ဌိ မပြုတ်လို့ (မှန်ပါ့)။

လွဲတာကလဲ လွဲချင်းကြီး လွဲတာတွေကလဲ အတ္တိဒိဋ္ဌိ မပြုတ်လို့ (မှန်ပါ့) တွေ့ပြီးလွဲရတာလဲ (အတ္တိဒိဋ္ဌိမပြုတ် လို့ပါ) ဒါ နှစ်ချက်မှတ်ပါ (မှန်ပါ့) စကားတစ်ခွန်းတည်းလို့ မယူလိုက်ပါနဲ့ (မှန်ပါ့ ဘုရား)။

မတွေ့ရတဲ့ ဘုရားတွေနဲ့ အလွဲကြီးလွဲရတာကော (အတ္တိဒိဋ္ဌိ မပြုတ်လို့ပါ) ဒါကျတော့ ခုနင်က အတ္တိဒိဋ္ဌိ ကြောင့် အပါယ်ရောက်နေတာကိုး (မှန်ပါ့) တွေ့နိုင်ပါဦးမလား (မတွေ့နိုင်ပါ ဘုရား)။

တွေ့လျက်နဲ့ လွဲတာကလဲ ဝမ်းထဲမှာ အတ္တိဒိဋ္ဌိအပင်းကြောင့် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘယ်နှစ်လွဲနဲ့ ကြုံခဲ့သလဲ (နှစ်လွဲနဲ့ ကြုံခဲ့ပါတယ်) ပေါ်လောက်ပါပြီ။ ဒါလောက်ဆိုလို့ ရှိရင်နော် (မှန်ပါ့) တွေ့လွဲလဲ ဟုတ်ပါတယ်၊ ဟုတ်လား (မှန်ပါ့) မတွေ့လွဲလဲ (ဟုတ်ပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်သူသည် အများဆုံး အကြီးအကျယ်ဆုံး တွေ့လွဲကို လုပ်ပါသတုံး မတွေ့လွဲကို လုပ်သတုံး၊ သုံးဆယ့်တစ်ဘုံထဲ ချာချာပတ်အောင် ပဋိစ္စသမုပ္ပါဒ်အဝိုင်းကြီးအတိုင်း အတိတ်၊ ပစ္စုပ္ပန် အနာဂတ်အဝိုင်းကြီးလှည့်ပြီး အပြေးစိုင်းနေတာလဲ ဪ..အတ္တိဒိဋ္ဌိပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သဘောပါကြပလား (ပါပါပြီ) ဘာပါလိမ့် (အတ္တိဒိဋ္ဌိပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ တစ်အိမ်လုံး မင်းမူနေတာလဲ သူပဲ (မှန်ပါ့) တစ်မြို့လုံး မင်းမူနေတာကော (သူပါပဲ) အဲ- သုံးဆယ့်တစ်ဘုံ မင်းရှာလိုက်တဲ့ အခါကျတော့ဖြင့် သူပဲတွေ့တယ် (မှန်ပါ့ ဘုရား)။

သုံးဆယ့်တစ်ဘုံ မင်းမူနေတာ ဘယ်သူပါလိမ့် (အတ္တိဒိဋ္ဌိပါ ဘုရား) မောင်ချစ်စိန် မပေါ်သေးဘူးလား (ပေါ်ပါပြီ) ပေါ်ပြီ၊ နောက်က ဒကာ ဒကာမတွေကော ရှင်းကြရဲ့လား (ရှင်းပါတယ်) ဘယ်သူများ မင်းမူနေသတုံး အတ္တိဒိဋ္ဌိ မင်းမူနေပါတယ် ဘုရား)။

နိဗ္ဗာန်တစ်ခုပဲ တားတယ်

သူကလဲ သုဂတိတားသလား၊ ဗြဟ္မာပြည်တားသလား (မတားပါ) နိဗ္ဗာန်တစ်ခုပဲ တားတယ် (မှန်ပါ့ ဘုရား)။

ဦးဘသန်း ဘာတားသလဲ (နိဗ္ဗာန်တစ်ခုပဲ တားပါတယ်) ဒီ့ပြင်နေရာ သူတားကို မတားဘူး (မှန်ပါ့ ဘုရား)။

ကိုင်း ဒီ့ပြင်နေရာတွေ မတားနိုင်ပါဘူးတဲ့၊ တကယ့်ချက်ကောင်းမှ ဝင်တားတယ်လို့ဆိုတာ ဒကာ ဒကာမတွေ မှတ်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်နေရာတားသတုန်း (နိဗ္ဗာန်တားပါတယ်) နိဗ္ဗာန်ကျမှ တားတယ်။ ဗြဟ္မာ့ပြည်သွားမလား၊ ငါတောင် လိုက်ခဲ့ဥိးမယ်ထဲက (မှန်ပါ့) အားပေးလိုက်တဲ့ဖြစ်ခြင်း၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ဟိုဗကဗြဟ္မာကြီးများ စဉ်းစားကြည့်ပါလား၊ နာပြီးရတဲ့ ခန္ဓာကို နိဗ္ဗာန်လို့တောင် ပြောနေတယ် (မှန်ပါ့) ဘယ်တော့မှ မအိုဘူးတဲ့၊ အဲဒါကြောင့် နတ်ဗြဟ္မာခန္ဓာဟာ နိဗ္ဗာန်တဲ့ (မှန်ပါ့) ဒိဋ္ဌိကြီး မင်းမူနေလိုက်တာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေမှာလဲတဲ့ ဪ နင်တို့ ငါရှိတုန်း လူလားမြောက်အောင်လုပ်ကြ၊ အံမာ ဒိဋ္ဌိက (မှန်ပ့ါ) ဘာတဲ့တုန်း (ငါရှိတုန်း လူလားမြောက်အောင် လုပ်ကြပါတဲ့ပါ)။

မောင်သစ်တို့ ပြောဖူးရဲ့လား (ပြောဖူးပါတယ်) အံမာ သူရှိတုန်းကို လူလားမြောက်အောင် လုပ်ပါတဲ့ (မှန်ပါ့) နို့မဟုတ် ငယ်သားတွေ တော်တော်ကြာ မျက်စိမပွင့် မျက်စိမလင်းနဲ့ သူများ အလိမ်အကောက်တွေ ခံရပြီး ဆုံးရှုံးခြင်း ဖြစ်နိုင်ပါလိမ့်မယ်များ တစ်ခါတည်း ဒိဋ္ဌိက မင်းမူနေလိုက်တာ၊ တစ်ခါတလေ အပြင်ထွက်ပြလိုက်သေးတယ် (မှန်ပ့ါ) မပြဘူးလား (ပြပါတယ် ဘုရား)။

အပြင်ထွက်ပြတယ်ဟေ့၊ မင်းတို့ ငါမရှိသိလိမ့်မယ်..နော်၊ အံမာ တစ်ခါတလေ အပြင်ထွက်ပြတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒိဋ္ဌိမင်းမူတာ

ဒီလိုပြောမိကြသေးရဲ့လား (ပြောမိပါတယ်) ဘယ်သူမင်းမူတာတုံး (ဒိဋ္ဌိမင်းမူတာပါ ဘုရား)။

ဝမ်းထဲ ဒါန သီလ လုပ်တုန်းတွင် မင်းမူတာမဟုတ်ဘူ၊ ပြင်ဘက်များ ထွက်ပြီးသကာလ သူက လက်ခမောင်း ခတ်ပြလိုက်သေးတယ် (မှန်ပါ့) ငါမရှိ သိရစ်လိမ့်မယ် (မှန်ပါ့ ဘုရား)။

ဟ..ဘာဖြစ်တာတုန်း (မင်းမူတာပါ) မင်းမူတာက အတွင်းတွင် မင်းမူနေသလား၊ အပြင်ဘက်ထွက်ပြီး သကာလ လက်ခမောင်းခတ်ပြတာလား (အပြင်ဘက်ထွက်ပြီး လက်ခမောင်းခတ်ပြတာပါ) အဲ..ငါမရှိသလိမ့်မယ် ကိုးဗျ (မှန်ပါ့) ပြောမိကြသလား (ပြောမိပါတယ် ဘုရား)။

အင်း..ငါမရှိ သိလိမ့်မယ်ဆိုတော့ ငါလဲရှိမှာ မဟုတ်ပါဘူး၊ ငါလဲ အပါယ်ရောက်တော့မှာပဲ ဒီအပြောသာ ပြောနေရင် ထင်လဲထင်နေရင်တော့ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပ့ါ ဘုရား)။

ဒိဋ္ဌိတစ်လုံးတည်း အတော်ဆိုးနေပါကလား

ဦးကျော်မောင် ဒီနေ့ ဒိဋ္ဌိတစ်လုံးတည်း အတော်ဆိုးနေပါကလား (ဆိုးပါတယ်) အဲဒီတော့ မှတ်စရာက ဒီနေ့မှာ သိပ်များများမပါဘဲနဲ့ အကျယ်အဝန်းကို ဂရုစိုက်ပြီးသကာလ ဪ သာသနာပမင်းမူတဲ့ ရှင်ဘုရင် တွေ့ပေါ့ (မှန်ပါ့) တွေ့ပြီနော် (မှန်ပါ့ ဘုရား)။

ဘာပါလိမ့် (သာသနာပ မင်းမူတဲ့ရှင်ဘုရင် တွေ့ပါပြီ)။

ဘယ်သူပါလိမ့် (အတ္တိဒိဋ္ဌိပါ) အတ္တိဒိဋ္ဌိ (မှန်ပါ့) တစ်နည်းက ဒါက ဘုရားကို သနာသနာပထားတဲ့အခါ မင်းမူတယ် (မှန်ပါ့)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီး ရှိလျက်သားနဲ့ ဆရာကောင်း သမားကောင်းနဲ့ မတွေ့ဘဲနဲ့ သူတို့မှာ ဒါန သီလ လောက်နဲ့ တင်းတိမ်နေတဲ့ပုဂ္ဂိုလ်များမှာ ထို့အတူပဲ သာသနာပပဲလို့ သူ (မှန်ပါ့) သူ့လဲ အတ္တိဒိဋ္ဌိ မင်းမူလျက်ပဲ (မှန်ပါ့ ဘုရား)။

သာသနာတွင်း ၂၅၀၀ ပျော့ပျော့ ကျန်ပါသေးတယ်။ သို့သော်လဲ သူ့မှာတော့ သာသနာပပဲ (မှန်ပါ့) ဘာ မင်းမူနေသလဲ (အတ္တိဒိဋ္ဌိ မင်းမူနေပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လောက်များ အတ္တိဒိဋ္ဌိ အရာကျယ်တယ်ဆိုတဲ့ ဥစ္စာဖြင့် ဒကာ ဒကာမတို့ အင်မတန်မှ ဆိုးဝါးတဲ့ တရားက အရာကျယ်လိုက်တဲ့ဖြစ်ခြင်း၊ မင်းမူနေလိုက်တဲ့ဖြစ်ခြင်း သူမပါရင် အလုပ်လုပ်လို့ မဖြစ်ဘူး (မှန်ပါ့)။

သူမပါလို့ရှိရင် ဘယ့်နှယ်တုံး (အလုပ်လုပ်လို့ မဖြစ်ပါ ဘုရား)။

ဘယ်ဖြစ်တော့မတုန်းကွ၊ မင်းတို့က အိမ်ကဆင်းရင် ငါသွားဦးမယ် ပြောရတာ (မှန်ပါ့) သူမပါရင်ကို ခြေသလုံး လှမ်းလို့မဖြစ်ဘူး (မှန်ပါ့)။

အင်း လာခဲ့ပြန်တော့လဲ ရောက်ပြန်ပလား၊ ဟုတ်ကဲ့၊ ကျုပ် ပြန်လာပါပြီဆိုတော့ ကျုပ်နဲ့ ငါနဲ့ပဲ အရင် သုံးတာ ထူးတာပဲ (မှန်ပါ့)။

အိမ်ဝင်လာတော့လဲ သူနဲ့ပဲ (မှန်ပါ့) ထွက်သွားတော့လဲ (သူနဲ့ပါပဲ ဘုရား) အလှမ်း လှမ်းပြန်တော့ကော (သူနဲ့ပါပဲ ဘုရား)။

ကဲ မောင်သစ် ဘယ်အချိန်များ သူ မင်းမမူတဲ့အချိန် ပြောစမ်းပါဦး (မရှိပါ ဘုရား) ဒါဖြင့် မင်းမပါရင် သူ မင်းမူတဲ့အချိန် သာသနာပ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သူ မင်းမူတဲ့အချိန် (သာသနာပပါ ဘုရား) သာသနာပဆိုတော့ ဝိပဿနာကလေး ရှုလိုက်တော့၊ ခန္ဓာကိုယ် ထဲမှာ ဖြစ်မှု-ပျက်မှုကလေး မြင်တဲ့အချိန်လောက်သာ သူက မင်းမူပဲနေတာ (မှန်ပါ့) ဒီ့ပြင်အချိန်မှာတော့ (မင်းမူ ပါတယ် ဘုရား) မင်းမူနေတာပဲဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

အဲဒီတော့ ယနေ့ညဟောတဲ့တရားမှာ သာသနာပ, အခြေအနေပေါ်သွားပြီ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။

သာသနာပ,မှာ ရှင်ဘုရင် ဘယ်သူလုပ်နေပါလိမ့် (အတ္တိဒိဋ္ဌိ လုပ်နေပါတယ် ဘုရား)။

သူ့မှာ သာသနာပ,ပဲ

သာသနာတွင်းမှာလဲ ကမ္မဿကတဉာဏ်လောက်နဲ့ နေတဲ့ ပုဂ္ဂိုလ်များမှာ (အတ္တိဒိဋ္ဌိမူတာပါပဲ ဘုရား) အတ္တိဒိဋ္ဌိ မင်းမူလျက်ပဲ (မှန်ပါ့) သူ့မှာ သာသနာပ,ပဲ (မှန်ပါ့) ထူးသေးရဲ့လား (မထူးပါ ဘုရား)။

တစ်ချို့ မြို့တွေ ရွာတွေထဲမှာ အို အပါယ်တံခါးပိတ်ပြီးပြီ။ သေပျော်ပြီ။ ဒါ ကျုပ်နောက်က ကျုပ်အထုပ်ပဲ။ ကျုပ်နောက်လိုက်မှာ ။ အံမာ သုံးများသုံးလိုက်သေးတယ် (မှန်ပါ့) သုံးကော မသုံးဘူးလား (သုံးပါတယ် ဘုရား)။

လိုက်ကော လိုက်ကဲ့လားလို့ မေးတော့ (မလိုပါ ဘုရား) ဘယ်လိုက်လိမ့်မတုံး။

အဲဒီလို ပုဂ္ဂိုလ်တွေကျတော့ မောင်သစ်တို့က ဪ..သာသနာတွင်းပဲလား၊ သာသနာပ, ပဲလားဆိုတာ စဉ်းစားပါ (သာသနာပ-ပါ ဘုရား) အတ္တိဒိဋ္ဌိ မင်းမူနေတာ (မှန်ပ့ါ) ရှင်းကြပလား (ရှင်းပါပြီ)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သုံးဆယ့်တစ်ဘုံမှာ ဘုရားအဆူဆူနဲ့ တွေ့လွဲလဲ အတ္တိဒိဋ္ဌိပဲ (မှန်ပါ့) မင်းမူနေလို့ (မှန်ပါ့) ဟုတ်လား..မတွေ့ဘဲနဲ့ လွဲရတာလဲ (အတ္တိဒိဋ္ဌိပါပဲ ဘုရား) အတ္တိဒိဋ္ဌိ မင်းမူနေလို့နော် (မှန်ပါ့)။

သာသနာထားလျက်နဲ့ လွဲရတာကော (အတ္တိဒိဋ္ဌိ မင်းမူနေလို့ပါ ဘုရား)။

အတ္တိဒိဋ္ဌိ မင်းမူနေလို့ ဆိုတော့ ဪ မောင်ချစ်စိန် ထွက်လမ်းကိုမမြင်တော့ဘူး (မမြင်ပါ ဘုရား) နိဗ္ဗာန် ထွက်လမ်းကို မောင်သစ် မြင်သေးရဲ့လား (မမြင်ပါ ဘုရား) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ဟာ တစ်ခါတလေများ ဒီက ဒကာ ဒကာမတွေများ ငါ့သား၊ ငါ့သမီးရှိရာကို အတ္တိဒိဋ္ဌိက ဆွဲများသွား လိုက်တဲ့ဖြစ်ခြင်း ဒေါင်ချာစိုင်းလို့ ဟင် အမောဆိုက်များ ရောက်သွားတယ် (မှန်ပါ့) အတ္တိဒိဋ္ဌိက ဆွဲချလိုက်တာ (မှန်ပါ့)။

တစ်ခါတလေ အတ္တိဒိဋ္ဌိ က ဒုန်းပြေးခိုင်းတဲ့အခါများ ပါသေးတယ် (ပါပါတယ်) မပါဘူးလား (ပါပါတယ် ဘုရား)။

အတ္တိဒိဋ္ဌိ ဒုန်းပြေးခိုင်းတယ်

ငါမှီအောင် သွားရလိမ့်မယ်။ ငါမမှီရင် ကိုယ်ကျိုးနည်းလိမ့်မယ်။ အတ္တိဒိဋ္ဌိ ဒုန်းပြေးခိုင်းတယ် (မှန်ပါ့)။

တစ်ခါတလေ အတ္တိဒိဋ္ဌိက ဒုန်းအပြေးမခိုင်းဘူး၊ ဂုတ်ကြိုးတပ်ပြီးသကာလ တစ်ခါတည်း ဆွဲများသွားလိုက် တာ ကိုယ့်အိမ်-ကိုယ့်ရာရှိတာကိုး သွားရမှာပဲဆိုပြီးတော့ (မှန်ပါ့)။

အတ္တိဒိဋ္ဌိက ဘယ့်နှယ်တုံးဗျာ (ဆွဲပါတယ် ဘုရား)။

အဲဒါကြောင့် ဒိဋ္ဌိ သံယောဇဉ်ဆိုတာ ဒီ နေရာကျတော့ ကြိုးသဘောခေါ်နေတယ် (မှန်ပါ့) ဟုတ်လား ဒါကြောင့်

ဒိဋ္ဌိဗန္ဓနဗန္ဓာ တေ၊ တဏှာသောတေန ဝုယှရေ။

တဏှာသောတေန ဝုယှန္တာ၊ န တေ ဒုက္ခာ ပမုဒ္စရေ။ ဟောသင့်တယ်နော် (မှန်ပါ့)။

ဒိဋ္ဌိက ချည်ပြီးရင်တော့ကွာ တဏှာရေကတော့ မျောမှာပေါ့ကွတဲ့ (မှန်ပါ့) ချည်တုပ်ပြီးလို့ မျောရတဲ့ ပုဂ္ဂိုလ် ကမ်းတွေ့လို့မှ ကိုယ်ဟာဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)၊ ဖောင်တွေတွေ့တော့ကော (မဟုတ်ပါ ဘုရား) ချည်တုပ်ထားတာကိုး (မှန်ပါ့)။

တွေ့လွဲဖြစ်သွားတယ်

ဒီမှာလဲ ဒကာ ဒကာမတို့ ဘုရားတည်းဟူသော ကိုယ်တော်ကြီးက ကယ်မည့်-ယူမည့် လာပြန်လဲ ကိုယ်က ချည်ပြီး-တုပ်ပြီးဖြစ်နေတယ်။ သားကြောင့် မသွားနိုင်။ သမီးကြောင့် မသွားနိုင် (မှန်ပါ့) ပစ္စည်းမရှိ အကြောင်းမညီ ညွတ်တာနဲ့ မသွားနိုင်-မလာနိုင်သေးတာလဲ ချည်ပြီး-တုပ်ပြီး ဖြစ်နေတာနဲ့ တွေ့လွဲဖြစ်သွားတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာလွဲတဲ့လဲ (တွေ့လွဲပါ ဘုရား) တွေ့လွဲ-တွေ့လွဲ။

တောဒေယျတို့များ ကြည့်ပါလားကွာ ၊ ဘုရားကျောင်းတော် အရှေ့ဘက်မှာ နေတယ်။ တွေ့တော့-တွေ့တောပဲ လွဲနေတယ် (မှန်ပါ့) သဘောပါကြလား (ပါပါတယ်)။

တွေ့ပြီးလွဲတာပဲသူ၊ သူ့သား တစ်ယောက်ကိုသာ သူအရေးယူနေတာ (မှန်ပါ့) သုဘ-လူလားမြောက်ဖို့သာ အရေးယူတယ်။ ဒီ့ပြင်ဟာ ဘယ်သူ့မှ ဂရုမစိုက်ဘူး (မှန်ပါ့) ကိုင်း ပေါ်ကြပလား (ပေါ်ပါပြီ)။

ကဲ ဒါဖြင့် ဒကာ ဒကာမတွေ သုံးဆယ့်တစ်ဘုံ၏ ဘုရင်ကြီးကိုဖြင့် ယနေ့ည ဘွင်းဘွင်းပေါ်ပါပြီ (ပေါ်ပါ ပြီ) ဘယ်သူပါလိမ့် (အတ္တိဒိဋ္ဌိ ပါ ဘုရား) ရှင်းပြိနော် (ရှင်းပါပြီ)။

သုံးဆယ့်တစ်ဘုံလှည့်ပတ် အပြေးခိုင်းတာလဲ သူပဲမဟုတ်လား (မှန်ပါ့) ဂုတ်ကြိုးတပ်ပြီး အဆွဲခိုင်းတာလဲ (သူပါပဲ ဘုရား) ပြေးပြန်တော့လဲ ဟပ်ထိုးလဲအောင် လုပ်တာလဲ (သူပါပဲ ဘုရား)။

သူပဲဆိုတော့ ဪ ဒို့ဖြင့် ဒိဋ္ဌိလက်အောက်မှာ ဝိညာဏ်ပျောက်ရတဲ့ဘဝ ဘယ်လောက် ရှိပါလိမ့်မတုံး ဆိုတော့ သားကျွေးရင်း၊ မယားကျွေးရင်း တစ်ခါတည်း ရောဂါပြီး သေကြတာပဲ (မှန်ပါ့) ဒိဋ္ဌိလက်အောက်မှာ ငါ့သား သမီးစားဖို့ ငါ့သား-မယားစားဖို့ဆိုပြီး ဒိဋ္ဌိဒဏ်ချက်နဲ့ပဲ ဝိညာဏ်ပျောက်ခဲ့တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘယ်သူ့ ဒဏ်ချက်တုန်း (ဒိဋ္ဌိဒဏ်ချက်ပါ ဘုရား)။

ဒိဋ္ဌိဒဏ်ချက်နဲပပဲ ဝိညာဏ်ပျောက်ရတယ်ဆိုတာ လူပေါင်း ဘယ်လောက်တုံးလို့ မောင်သစ် မေးရင် ဘယ့်နှယ် ပြောမလဲ (မရေမတွက်နိုင်ပါ ဘုရား) အကုန် ဒီ ဒဏ်ချက်မိတာပဲ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒိဋ္ဌိဒဏ်ချက်ကြောင့်

ကိုင်း အသက်အရွယ်လဲ ကြီးပြီကွ အရင်တော့ ဒိဋ္ဌိဒဏ်ချက်ကြောင့် သားနား၊ သမီးနား၊ ဆွေနား၊ မျိုးနား မကင်းနိုင်တော့ နေရသေးကွ။ အခုတော့ ဒိဋ္ဌိဒဏ်ချက်က ဒီနားနေလို့ရှိရင်ဖြင့် အသေဆိုးသေပါလိမ့်မယ်ကွ၊ မင့် နယ်ထွက်ပါတော့မယ်ကွ-ဆိုပြီး ထွက်သွားတဲ့ပုဂ္ဂိုလ်က အိုလဲမထွက်ဘူး (မှန်လှပါ ဘုရား)။

အိုတော့လဲ ပြုမည့် စုမည့်လူ ရှိဦးမှ (မှန်ပါ့) ပျိုးတုန်းတော့လဲ ကျွေးချင် မွေးချင်သေးလို့ (မှန်ပါ့)။

ဘယ်မှာတုန်းကွ ထွက်တာကို ပါသေးရဲ့လား (မပါပါ ဘုရား) ရိပ်မိကြရဲ့လား ။ နောက်က ဒကာ ဒကာမ တွေ (ရိပ်မိပါတယ် ဘုရား) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

အေး ဒါကြောင့် ဘုန်းကြီးက တစ်ခါတစ်ခါပြောလို့ ဘေးမဲ့လွှတ်တာတောင် မသွားဘူးဟေ့..ဆိုတော့ ဦးဘသန်း မနာနဲ့ဗျ (မနာပါ ဘုရား)။

ဒီအရွယ် ကျောင်းကန်ဘုရားနဲ့ တော်ပြီး၊ သားတွေ သမီးတွေက ထမင်းပဲ လိုက်ပို့မယ်။ ဆေးလိပ်အလိုရှိလဲ ခုနှစ်ရက်တစ်ပတ် ပို့နေမယ်။ နင်တို့က မသိပါဘူး။ ငါက ဒိဋ္ဌိသိထားတာကိုး (မှန်ပါ့)။

ငါမရှိရင် ကစဉ့်ကလျားဖြစ်မှား စိုးနေတယ်။ နင်တု့ိက ကိစ္စမရှိပါဘူးဆိုကတည်းက ဘာတုံးကွ (အတ္တိဒိဋ္ဌိ ပါ ဘုရား) ငါ (မှန်လျပါ ငါပါ ဘုရား)။

အိမ်မှာ လူကြီးမရှိဘူးဆိုရင် လူမလေး ခွေးမခန့်ဖြစ်ကုန်မှာပေါ့ ဆိုတော့ ငါဟာ ဒီ ငွေမရှာငြားသော်လဲ ဒရဝမ်လုပ်နိုင်သေးတယ်ပြောတာ (မှန်ပ့ါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ငွေမရှာနိုင်ငြားသော်လဲ (ဒရဝမ်လုပ်နိုင်သေးတယ်) ဒရဝမ်လုပ်နိုင်သေးတယ်ဆိုတဲ့ ငါကလဲ အတော်ဆိုးတာကွ (မှန်လှပါ ဘုရား) မဆိုးဘူးလား၊ ဆိုးသလား (ဆိုးပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဘယ်ကလာကွာ..၊ မဂ်တား-ဖိုလ်တားကြီးက ဘုရင်လုပ်နေပေါ့- မောင်သစ် နိဗ္ဗာန်ရောက်ဖို့ ဘယ့်နှယ် နေကြသတုံး (မရောက်နိုင်ပါ ဘုရား) မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဝိပဿနာလုပ်တာဟာ ဒိဋ္ဌိသတ်တာပဲ

ဒါဖြင့် မင်းတို့ ဝိပဿနာလုပ်တာဟာ ဒိဋ္ဌိသတ်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဝိပဿနာလုပ်တာသည် (ဒိဋ္ဌိသတ်တာပါ ဘုရား)။

အဲ ဒါကြောင့် ဒိဋ္ဌိဟာ ခင်ဗျားတို့ အင်မတန် အကန့်အကွက်ထဲမှာဖြင့် အပြင်းဆုံး ကန့်ကွက်နိုင်တဲ့ တရားပဲ (မှန်လှပါ ဘုရား) နိဗ္ဗာန်ကို ကန့်ကွက်တာနော် (မှန်ပါ့) ဒီ့ပြင်နေရာတော့ သူက မကန့်ကွက်ပါဘုရား။ လမ်းတောင် ဖွင့်ပေးသေးတယ် ငါလုပ်မှ ငါရမှာကိုး (မှန်ပါ့)။

နင်တို့ဖို့တွေ ဘယ်မှ မထားခဲ့ဘူး။ ငါ အကုန်ယူသွားမယ်။ သားတွေ သမီးတွေ စိတ်ဆိုးတဲ့အခါကျတော့လေ (မှန်ပါ့)။ နင်တို့ဖို့ပဲ တစ်ပဲမှ မထားခဲ့ဘူးတဲ့။ ငါ့ဟာငါ လှူတန်းပြီး၊ ငါ့အထုပ် ငါယူသွားမယ် (မှန်ပါ့) ဒိဋ္ဌိက အဲဒီလို တော့ တွန်းပေးတယ် (မှန်ပါ့)။

တွန်းပေးတယ်၊ ဘာဖြစ်လို့တုန်း။ သူ့နယ်ထဲကမှ မလွတ်ဘဲကိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ရှေးအဖွားကြီးတွေ၊ ရှေးအဖိုးကြီးတွေ သား-သမီးတွေ စိတ်ဆိုးတဲ့အခါကျလို့ရှိရင် ဒါ သုံးလာတာပဲ (မှန်ပ့ါ) နင်တို့ဖို့ မထားခဲ့ဘူး၊ ငါလုပ်ထားတာ ငါယူသွားမယ် (မှန်ပါ့) ဘာနဲ့ယူသွားတာတုန်း၊ အတ္တိဒိဋ္ဌိနဲ့ ယူသွားတာ (မှန်ပ့ါ) ပြောကော မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

အဲဒီတော့ သူ ကုသိုလ်မရဘူးလားဆိုတော့ ကုသိုလ်ရတယ်။ နိဗ္ဗာန်မရဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘာတဲ့တုန်း (ကုသိုလ်ရပါတယ်၊ နိဗ္ဗာန်တော့ မရပါဘုရားပါ)။

အဲ ကုသိုလ်ရတာက တစ်မျိုး၊ နိဗ္ဗာန်ရတာက တစ်မျိုးကိုးဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကုသိုလ်ရတာကတော့ ဒိဋ္ဌိနဲ့ပြုလဲ ကုသိုလ်ရတာပဲ (မှန်ပါ့) နိဗ္ဗာန်ကျလာတော့ ဒိဋ္ဌိပါလာရင် လုံးဝမရဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် တဲ့၊ ခင်ဗျားတို့ ဒိဋ္ဌိခွါဖို့ အရေးဟာဖြင့် ရင်ဝလှံစူး ဦးခေါင်းမီးလောင်တာထက် ရင်ဝလှံစူး မြန်မြန်ရှောင်သလို ဟုတ်လား၊ ဦးခေါင်းမီးလောင် မြန်မြန်ငြိမ်းသလို သူ့ထက်အရေးတကြီး လုပ်ရမယ်ဆိုတော့ တန်းကုန် ရောပေါ့ကွာ (မှန်ပါ့) မကုန်သေးဘူးလား (ကုန်ပါပြီ ဘုရား)။

ရင်ဝလှံကြီးနဲ့ ထိုးလိုက်တယ်၊ ကပြာကရာမရှောင်ပေဘူးလား (ရှောင်ပါတယ်) အဲဒါ ရှောင်တာထက် ဒိဋ္ဌိကို အရင်ရှောင်ရမယ် (မှန်ပါ့) ဦးခေါင်း မီးလောင်တာ မြန်မြန်ငြိမ်းချင်တဲ့ သဘောထက် ဒိဋ္ဌိကို ဒီ့ထက်မြန်မြန်ဖယ်ရှား ပစ်ရမယ် (မှန်ပါ့) ဒါလောက် ဟောထားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ သံယုတ်ပါဠိတော်မှာ ကိုယ်တော်တိုင် ဟောတာ (မှန်ပါ့) မောင်သစ် သဘောကျပလား (ကျပါပြီ ဘုရား)။

သံယုတ်ပါဠိတော်မှာ ကိုယ်တော်တိုင် ဟောတာ၊မောင်သစ် ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်း ပါတယ် ဘုရား)။

အရေးကြီးလွန်းလို့ မြန်မြန်လုပ်လိုက်စမ်းပါ

ဒီ့ပြင်ဟာများ ဒါလောက် မြန်မြန်လုပ် ဆိုတာများပါသေးလား (မပါပါ) မပါဘူးတဲ့၊ ဒါကျတော့ တစ်ခါတည်း အရေးကြီးလွန်းလို့ မြန်မြန်လုပ်လိုက်စမ်းပါ ဆိုတဲ့အသွား ဘုရားသည် ဒီလိုဟောတယ်ဆိုတာ တကယ်အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်က တကယ်အမှန်ပြောလို့ ခင်ဗျားတို့က အေးစက်စက်ကြီး လုပ်မနေနဲ့ (မှန်ပါ့ ဘုရား)။

အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်က အမှန်ပြောတာကိုက အမြင်လဲမကျယ်ဘဲနဲ့ အေးစက်စက်လုပ်နေရင် တော်ပါ့မလား (မတော်ပါ ဘုရား)။

ဘယ့်နှယ်တုန်း ဦးကျော်မောင်တို့၊ ဦးဘသန်းတို့ ဟင် (မှန်ပ့ါ ဘုရား)။

ကိုင်း ဒါနဲ့ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးကွာ တဲ့၊ အတ္တိဒိဋ္ဌိက ဘယ်လောက်ထိအောင် မျိုးစေ့တွေ သန်တယ်၊ ဘယ်လောက်ထိအောင် ဒိဋ္ဌိတေါ ပွားနိုင်တယ်ဆိုတာ ငါရှင်းပြမယ်ကွ..တဲ့၊ နိဗ္ဗာန်မရတာ သူပဲတဲ့ (မှန်ပါ့) ဆိုပြီးသကာလ အဗျာကတသံယုတ်မှာ ဝစ္ဆပရဗိုဇ်က မေးတယ် (မှန်ပါ့)။

ဝစ္ဆပရဗိုဇ်က မေးတယ်

အရှင်ကြီးဂေါတမ အတ္တရှိသလားတဲ့ (မှန်ပါ့ ဘုရား)။

မဖြေဘူး၊ မတုန်မလှုပ်နေတယ် (မှန်ပါ့) အတ္တရှိသလားလို့ သူက မေးလိုက်တယ် ဘုရားကမဖြေဘူး၊ မဖြေတာ ကြောင့် အဗျာကတ သံယုတ်လို့ဆိုတယ်၊ အဗျာကတဆိုတာ သူတစ်ပါးဘာမှ မပြောတော့ဘူး၊ တိတ်တိတ်နေတာ (မှန်ပါ့ ဘုရား)။

ရှင်ကြီးဂေါတမ ငါရှိသလားလို့သူမေးတာ မြန်မာလိုတော့ (မှန်ပါ့) ငါဆိုတဲ့ သဘောကလေးဟာ ရှိသလား။

ဝမ်းထဲမှာ ငါဆိုတဲ့ စိတ်ကလေးဖြစ်စေ၊ ဝိညာဏ်ကလေးဖြစ်စေပေါ့လေ (မှန်ပါ့) အဲဒီ့ ငါကလေးဟာ ရှိသလား လို့ မေးလိုက်တယ် (မှန်ပါ့) ဘုရားက မဖြေဘူး။

ဒါဖြင့် ရှင်ကြီးဂေါတမ ငါမရှိဘူးလား တဲ့၊ ငါဆိုတဲ့အတ္တကောင် မရှိဘူးလားတဲ့ (မှန်ပါ့) ဘုရားက မဖြေ ဘူး (မှန်ပ့ါ ဘုရား)။

နှစ်ခုစလုံး မဖြေဘူးနော် (မှန်ပါ့) ဒကာ ဒကာမတွေ တစ်ခေါက် ပြန်ပြောပါဦးမယ်။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဇေတဝန်ကျောင်း သီတင်းသုံးနေလို့ ဝစ္ဆပရဗိုဇ်က အနားလာပြီးသကာလ ပဋိသန္တာရစကားတွေကိုပြောပြီး နောက်ဆုံးပိတ် သူအမေးထုတ်ပါတယ်တဲ့၊ ရှင်ကြီးဂေါတမ ငါဆိုတဲ့ အတ္တဟာရှိသလား တဲ့၊ ဘုရားက မဖြေဘူး (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ကတော့ ဖြေပါတယ်၊ မင့်ပေးလိုက်တုန်းက ငါအရှိသားပဲ တဲ့၊ အပြောမျိုးတွေ ခင်ဗျားတို့က (မှန်ပါ့ ဘုရား)။

မင့်ပေးလိုက်တုန်းက ဘာတုံး (ငါအရှိသားပဲ) ဘယ့်နှယ်တုံး မင်းတို့ဟာကလဲ လွန်လှချည့်လား (မှန်ပါ့) ဘုရားကတော့ ဖြေကို မဖြေဘူး (မှန်ပါ့) ဘုရားက မဖြေဘူး၊ မင်းတို့က အဖြေထုတ်နေလို့ ခက်နေတာ (မှန်ပါ့ ဘုရား)။

ဘုရားကို ရှင်ကြီးဂေါတမတဲ့၊ ဝစ္ဆကမေးတော့ အတ္တရှိသလားဆိုတော့ အတ္တဆိုတာ ငါနော် (မှန်ပါ့) တစ်ခုခုကို ငါထင်နေတာကလေး (မှန်ပါ့) ဘုရားကို ဖြေကိုမဖြေဘူး (မှန်ပါ့ ဘုရား)။

မင်းတို့ကတော့ကို ဟိုပုဂ္ဂိုလ်က ကျုပ်ဒီပစ္စည်းကလေး ခုနင်က ဒီနေရာမေ့နေရစ်တယ်လို့ ထင်လို့လာခဲ့ပါတယ် ဆိုောတ့ အို နင်မေ့မနေနဲ့ ငါအရှိသားပဲ၊ နင်ယူသွားတာ ငါမြင်တယ် (မှန်ပါ့) ဟော-ငါကို အရှိသားပြောတာ (မှန်ပါ့ ဘုရား)။

ဟင် ခင်ဗျားတို့က ဘာတဲ့ (ငါအရှိသားလို့ ပြောပါတယ်) ငါအရှိသားတဲ့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားကတော့ ရှင်ကြီးဂေါတမ ငါရှိသလားလို့မေးတော့ ဘုရားက ဘယ်လိုတုန်း (မဖြေပါ) ခင်ဗျားတို့က တော့ (ဖြေပါတယ်) သွားပြီကော၊ မသွားသေးဘူးလား (သွားပါပြီ ဘုရား)။

အတော်ဆိုးသွားပြီ ဒကာ ဒကာမတို့၊ ဒီစကားဟာက ခင်ဗျားတို့ လောကီနဲ့ ဘုရားဟောတော်မူတဲ့ လောကုတ်နဲ့ တိုက်တိုက်ပြောမှ ခင်ဗျားတို့ အမှားတော်ပုံ ကြီးကျယ်မှန်းဟာ သိတယ် (မှန်ပ့ါ) နို့မဟုတ်ရင် သိပါ့မလား (မသိပါ ဘုရား)။

ဦးကျော်မောင်ကြီး အိမ်နေတဲ့အခါကျတော့ နင်ယူသွားတာ ငါရှိသားပဲ၊ ဟော (မှန်ပါ့) နင့်ကို ငါအသိသားပဲ (မှန်ပ့ါ ဘုရား)။

ဟော ငါအရှိသား ငါအသိသား၊ တကယ်ငါထင်တာပေါ့ ဒီခန္ဓာငါးပါးကို ဘယ့်နှယ်တုံး (ထင်ပါတယ် ဘုရား)။

ငါရှိတယ်ထင်တာလဲ ဒီခန္ဓာငါးပါးကို ငါထင်ထားတာပဲ (မှန်ပါ့) ငါသိတယ်ဆိုတာလဲ ဒီခန္ဓာကြီးက သတိတယ်လို့ ပြောနေတာပဲ၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲဒီတော့ ဝစ္ဆပရဗိုဇ်က ရှင်ကြီးဂေါတမ အတ္တဆိုတာ ရှိသလားဆိုတော့ စာလိုဖြစ်နေလို့ မြန်မာလိုပြောကြ ပါစို့၊ ရှင်ကြီးဂေါတမ ငါဆိုတဲ့သဘောကလေးဟာ ရှိသလားတဲ့ တဲ့။ ဝမ်းထဲမှာပေါ့လေ (မှန်ပ့ါ) ဘုရားက ဖြေကို မဖြေဘူး (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါနဲ့ သူဆက်ပြီး မေးလိုက်တယ်၊ ဝစ္ဆကပဲ၊ ရှင်ကြီးဂေါတမ ဒါဖြင့် ငါမရှိဘူးလားတဲ့ (မှန်ါ့) ဘုရားကဖြေကို မဖြေဘူး (မှန်ပါ့ ဘုရား)။

ငါမရှိဘူးလားလို့ မေးတဲ့အခါကျလို့ရှီရင်ဖြင့် ဖြေကို မဖြေဘူး၊ ခင်ဗျားတို့က ခေါ်လိုက်တယ်ဆိုလို့ရှိရင်ဖြင့် ဥပမာ ငါမရှိဘူးလားဆိုဟ- ငါရှိပါတယ်ဟ- ပြောချင်ပြေမယ်- ဟင် (ပြောပါတယ် ဘုရား)။

ဒီအိမ် ဘယ်သူမှ မရှိဘူးလားလို့ ဟ-ငါအရှိသားပဲ (မှန်ပါ့) သုံးကြရဲ့လား (သုံးပါတယ်) ထင်ကောမထင် ဘူးလား (ထင်ပါတယ်) တယ်လဲပေါတဲ့လူတွေပါလား။

ဒိဋ္ဌိအရေးတကြီး ပြောနေတာ

ဒီနေ့ညတရားမှာ ဒိဋ္ဌိအရေးတကြီး ပြောနေတာ (မှန်လှပါ ဘုရား)။

ဒိဋ္ဌိအရေးတကြီးပြောနေတာ..တဲ့။ ဒီဥစ္စာ မောင်ချစ်စိန် မဟောသေးပါဘူးတဲ့ (မှန်ပါ့) အင်မတန်အရေး ကြီးတဲ့စကားတွေ သုံးနေတာ (မှန်ပါ့) မဟောသေးပါဘူးတဲ့ ဒီ ဥစ္စာ။

ကဲ..ဒါဖြင့် ဒကာ ဒကာမတို့ အခု ဝစ္ဆပရဗိုဇ်က နှစ်ချက်မေးတော့ ဘာမှ ဘုရားကမဖြေဘဲ မတုန်မလှုပ် နေတာနဲ့ ပြန်သွားတယ် (မှန်ပါ့)။

၁-နံပါတ်က ရှင်ကြီးဂေါတမ ငါရှိသလား တဲ့။ ဘုရားက မတုန်မလှုပ်နေလိုက်တယ်။ ဖြေစရာမရှိဘဲကိုး (မှန်ပါ့)။

ဒါဖြင့် ငါမရှိဘူးလားလို့ သူဆက်မေးပြန်တော့ ဒါလဲ မဖြေဘဲ နေလိုက်တယ် (မှန်ပ့ါ)။

ဒီတော့ ရှင်အာနန္ဒာက အနားမှာ ရှိမြဲဓမ္မတာ ဖြစ်နေတော့ ဝင်လာတယ် (မှန်ပ့ါ) မေးတုန်းကလဲ သူကြား တယ်၊ အရှင်ဘုရား ဘယ့်နှယ် ဝစ္ဆပရဗိုဇ်က အတ္တရှိသလားလို့ မေးပြန်တော့ အရှင်ဘုရားကလဲ မတုန်မလှုပ်နေ တယ်၊ အတ္တမရှိဘူးလားလို့ မေးပြန်တော့လဲ မတုန်မလှုပ်မဖြေဘဲ နေလိုက်ပြန်တယ်။ အားနာစရာကြီး ။ သူက လောကွတ်ချော်ချင်တဲ့ ပုဂ္ဂိုလ်ကိုး (မှန်ပါ့)။

အဲဒီအခါမှာတဲ့ သူသည်ကားလို့ ဆိုလို့ရှိရင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးနားမှာ သူပဲ လျှောက်ဝံ့သူ ပုဂ္ဂိုလ် ရှိလို့ သူ လျှောက်တယ် (မှန်ပါ့)။

ကဲ ကွာ အာနန္ဒာ..ခင်း၊ နားထောင် ပြောပြမယ်တဲ့ (မှန်ပါ့) အတ္တရှိသလားလို့ သူမေးလိုက်တဲ့ ဥစ္စာကို ငါကရှိတယ်လို့ ဖြေလိုက်လို့ရှိရင် သဿတဒိဋ္ဌိဖြစ်တော့မယ်ကွတဲ့ (မှန်လှပါ ဘုရား) ဒီ စိတ်ကလေး ဒီ ဝိညာဏ်ကလေးဟာ ဟိုဘုံသွားလိုက်၊ ဒီ ဘုံသွားလိုက်ဆိုပြီး သူ ဘယ်တော့မှ မသိဘူးတဲ့၊ သဘောကျပလား (ကျပါပြီ)။

အတ္တရှိတယ်လို့ ဖြေလိုက်လို့ရှိရင် သူ ဘာ ဒိဋ္ဌိဖြစ်သွားမလဲ (သဿတဒိဋ္ဌိ ဖြစ်သွားပါမယ် ဘုရား)။

ကဲ ဒကာ ဒကာမတို့ ဘယ်လောက် ကြောက်စရာကောင်းသတုန်း (ကောင်းပါတယ် ဘုရား)။

အတ္တမရှိဘူးလားလို့ မေးလို့ ငါက မရှိဘူးဖြေလိုက်လို့ရှိရင် သူ ဥစ္ဆေဒဒိဋ္ဌိဘက်သွားတော့မယ်တဲ့။ ဒီ ဝစ္ဆဟာ (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

အတ္တရှိတယ်လို့ ငါဖြေလိုက်လို့ရှိရင် ဘာတဲ့တုန်း (သဿတဒိဋ္ဌိဘက် သွားပါမယ် ဘုရား)။

ဟာ..အတ္တမရှိပါဘူးကွာ။ သူက မရှိဘူးလားမေးလို့ မရှိပါဘူးကွာလို့ ဖြေလိုက်လို့ရှိရင်လဲ ဘာဖြစ်မလဲ (ဥစ္ဆေဒဒဋ္ဌိ ဖြစ်သွားပါမယ် ဘုရား)။

အဲဒါကြောင့် ဟေ တဲ့၊ ငါမဖြေလိုက်ဘူးတဲ့ (မှန်ပါ့)။

ဒိဋ္ဌိအခွါ ဘယ်လောက် ခက်တယ်ထင်သတုံး

ကဲ ဒိဋ္ဌိအခွါ ဘယ်လောက် ခက်တယ်ထင်သတုံး (မှန်ပါ့) မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

ဒိဋ္ဌိအခွါ အားကြီးခက်တယ်ဆိုတာ ဒကာ ဒကာမတွေ ပေါ်လောက်ပါပြီ နော် (ပေါ်ပါပြီ) နားကြီးကြီးနဲ့ ထောင်လို့ရှိရင်တော့ သိပ်အဖိုးတန်တာပဲ (မှန်ပါ့) သိပ်အဖိုးတန်ပါတယ်။

ဒါတွင် မကသေးဘူး..တဲ့၊ ညီတော် အာနန္ဒာရ..တဲ့၊ ခက်တာက အတ္တရှိသလားလို့ မေးလို့ရှိရင် ငါဟော ထားတဲ့ “သဗ္ဗေဓမ္မာ အနတ္တ”နဲ့ ကန့်လန့်ဖြစ်တယ်ကွတဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

အတ္တရှိသလားလို့ မေးတော့ ငါက ရှိတယ်လို့ ဖြေလိုက်ရင် “သဗ္ဗေဓမ္မ အနတ္တာ”ဆိုတဲ့ လောကကြီး အကုန် အနတ္တနဲ့ကို ဆန့်ကျင်ဘက်မဖြစ်ပေဘူးလားကွတဲ့။ ဒါကြောင့် ငါ မတုန်မလှုပ်နေလိုက်တယ်တဲ့ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ) ဒါ ဒုတိယအဖြေနော် (မှန်ပါ့) ခုနင်ကတော့ သဿတ ဥစ္ဆေဒနဲ့ ဖြေပါတယ် (မှန်ပါ့)။

အခုတော့ဖြင့် အတ္တရှိသလား၊ ရှိတယ်လို့ နောက်နည်းနဲ့ဖြေလိုက်ပြန်လို့ရှိရင်လဲ “သဗ္ဗေဓမ္မ အနတ္တာ”ဆိုတဲ့ လောကကြီးဟာ အကုန် အနတ္တရှိနေတဲ့ဥစ္စာနဲ့ သေသေချာချာ ဆန့်ကျင်ဘက် ဖြစ်မှာစိုးလို့ ငါမဟောဘူးတဲ့ (မှန်ပါ့) ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။

ငါ မပြောဘဲနေလိုက်တယ်

သေသေချာချာ ဆန့်ကျင်ဘက်ဖြစ်မှာ ဖြစ်နေလို့ကွာတဲ့၊ အတ္တရှိသလားဆိုလဲ၊ ငါ မပြောဘဲနေလိုက်တယ် (မှန်ပါ့)။

ဘာနဲ့ ဆန့်ကျင်ဘက်ဖြစ်မှာတုန်း (သဗ္ဗေဓမ္မာအနတ္တနဲ့ပါ ဘုရား)။

အတ္တရှိသလား။ ရှိတယ်လို့ ဖြေလိုက်ရင် ဘာနဲ့ဆန့်ကျင်ဘက် ဖြစ်မတုန်း (သဗ္ဗေဓမ္မာအနတ္တနဲ့ပါ ဘုရား)။

”သဗ္ဗေဓမ္မာအနတ္တ”ဆိုတဲ့ ပါဠိတော်ကြီးနဲ့ သေသေချာချာ ဆန့်ကျင်ဘက် ဖြစ်တော့မယ် တဲ့ (မှန်ပါ့)။

”သဗ္ဗေဓမ္မာအနတ္တ”ဆိုတဲ့ လောကဖြစ်စဉ်ကြီးနဲ့ ဘယ့်နှယ်နေသတုန်း (ဆန့်ကျင်ဘက်ဖြစ်ပါတယ် ဘုရား) အဲဒါကြောင့် ငါမဖြေဘူးကွာတဲ့ (မှန်ပါ့)။

တစ်ခါ အတ္တမရှိဘူးလို့ ယူလိုက်ပြန်လို့ရှိရင်လဲတဲ့ ဪ ခုနင်တုန်းကတော့ဖြင့် အတ္တရှိသလိုလို အခု အတ္တမရှိဘူးဆိုတော့ ဘယ်ဟာ ယူရမှန်းမသိဘဲနဲ့ ဒီပရဗိုဇ် တွေဝေသွားမယ် (မှန်ပါ့ ဘုရား)။

သူတို့က အတ္တ သဘောကျထားတာတဲ့၊ အတ္တမရှိဘူးလို့ ငါက ဖြေလိုက်လို့ရှိရင် ပိုမိုပြီး သူ တွေဝေတော့မယ် တဲ့ (မှန်ပါ့ ဘုရား)။

အဲဒီ တွေဝေမှုတွေကြောင့် အတ္တမရှိဘူးလို့လဲ ငါမဖြေလိုက်တော့ပါဘူးကွာတဲ့ (မှန်ပါ့ ဘုရား)။

သူ့ဟာက ဒိဋ္ဌိဘက်ပြေးမှာချည့်ပဲ (မှန်ပါ့) မပြေးမှာကော ပါသေးရဲ့လား (မပါပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာလဲ တဲ့၊ အခခု ခင်ဗျားတို့ဟာက စကားပြောလဲ ဒိဋ္ဌိဘက် ပြေးတာပဲ၊ အိမ်ဝင်လာပြန်တော့လဲ (ဒိဋ္ဌိဘက်ပြေးပါတယ်) အိမ်က ထွက်ပြန်တော့လဲ (ဒိဋ္ဌိဘက် ပြေးပါတယ်) ခုနင်က ပရဗိုဇ်ထက်ဆိုးနေပြီ၊ မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ဒါဖြင့် တစ်အိမ်လုံး ဘယ်သူမင်းမူနေပြန်သတုန်း မေးလိုက်ပြန်တော့ (ဒိဋ္ဌိမင်းမူနေပါတယ်) ဒိဋ္ဌိမင်းမူနေတယ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဖြေရင် တစ်ဖက် စောင်းသွားမယ်

ကောင်းပြီ ဒါဖြင့် ဘုရားမဖြေတာများ မောင်သစ်၊ ဝမ်းနည်းစရာရှိရဲ့လား (မရှိပါ ဘုရား) ဖြေရင် တစ်ဖက် စောင်းသွားမယ် (မှန်ပါ့) မသွားပေဘူးလား (သွားပါတယ် ဘုရား)။

အဲဒါကြောင့် ဒီ ဒကာ ဒကာမတွေတော့ဖြင့် ခင်ဗျားတို့ ကြပ်ကြပ်သတိထားပြီး နားထောင်ပါ (မှန်ပါ့) ဘုန်းကြီးရေးထားတဲ့ စိတ်ကလေး ဆယ့်နှစ်ချက်၊ ဝေဒနာဖြစ်ရင် ငါးချက်၊ ဒါကလေး ဖြစ်ပျက်ကိုတော့ မြင်မှဖြစ်မှာပဲ (မှန်ပါ့ ဘုရား)။

ဒါ ဖြစ်ပျက်ကိုတော့ မြင်မှဖြစ်မှာပဲ (မှန်ပါ့) ဒါမမြင်လို့ ရှိရင်ဖြင့် ဒါကလေးဟာ ခိုင်တယ်ဆိုရင် သဿတ ဒိဋ္ဌိလာမှာပဲ (မှန်ပါ့) ဒါကလေးမှာ မခိုင်တော့ဘူး ဘယ်တော့မှ မဖြစ်တော့ဘူး ယူလိုက်ပြန်လို့ရှိရင်လဲ (ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပါတယ် ဘုရား)။

ကျုပ် ဝေနာဘယ်တော့မှ မဖြစ်ပါဘူးဆိုတာတောင် ခက်နေပါတယ် (မှန်ပါ့) ဥစ္ဆေဒဒိဋ္ဌိဘက် ပြေးသွားတယ် (မှန်ပါ့ ဘုရား)။

ကျုပ်ဝေဒနာလဲ ခဏခဏ ဖြစ်နေတာပဲလို့ ပြောလိုက်ပြန်တော့လဲ ကျုပ်ဝေဒနာက ခက်သွားတယ် (မှန်ပါ့) ဝေဒနာ သူက ပိုင်သလိုဖြစ်နေတယ် (မှန်ပ့ါ) မပိုင်ဘူးလား (မပိုင်ပါ ဘုရား)။

ဖြစ်ပျက်မြင်မှုမှတပါး

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဖြစ်ပျက်မြင်မှုမှတပါး ဒိဋ္ဌိကို ဖယ်ရှားနိုင်တဲ့တရား မရှိဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဖြစ်ပျက်မြင်မှ ဘာပယ်ရှားနိုင်သတုန်း (ဒိဋ္ဌိပယ်ရှားနိုင်ပါတယ်) ဖြစ်ပျက်မမြင်လို့ရှိရင် (ဒိဋ္ဌိမပယ်ရှားနိုင်ပါ ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့ ကြိုးစားနေတဲ့ဖြစ်ပျက်ဟာ ဒိဋ္ဌိကို သူဉာဏ်နဲ့ပယ်နေတာ (မှန်ပါ့) ဉာဏ်နဲ့ပယ်လို့ ဒီဒိဋ္ဌိအမြစ် ပြတ်သွားတဲ့ တစ်နေ့ကျလို့ရှိရင် အမြစ်ပြတ်အောင် ပယ်နိုင်လို့ရှိရင်ဖြင့် အမြစ် ပြတ်အောင် တူးဆွနေတာသည် ဝိပဿနာမဂ်နဲ့ တူတယ် (မှန်ပါ့) ဒိဋ္ဌိရေသောက်မြစ်ဖြတ်တာဟာ လောကုတ္တရာ မဂ်နဲ့ တူတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက်လုပ်နေတာသည် အမြစ်တွေတူးဆွနေတာ (မှန်ပါ့) ဖြတ်လိုက်တဲ့အခါ လွတ်အောင် လို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

နောက်ကျလာတော့ မဂ္ဂင်ငါးပါးနဲ့ တူးဆွနေပြီး မဂ္ဂင်ရှစ်ပါးတည်းဟူသော ဓားနဲ့ဖြတ်လိုက်တဲ့အခါကျတော့ ဒိဋ္ဌိရေသောက်မြစ်ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ သစ်ပင်သည် မပေါ်ကနေပြီး ဘာမှမတူးဆွဘဲနဲ့ ဦးဘသန်း ရေသောက်မြစ်ပြတ် ချင်လို့တော့ ရမှာမဟုတ်ဘူး (မရပါ ဘုရား)။

သစ်ပင်ရေသောက်မြစ်ကိုရှာပြီး

သစ်ပင်ရေသောက်မြစ်ကိုရှာပြီး သကာလ တူးဆွပြီး အမှုန်တွေဖယ်နေတာနဲ့ ဝိပဿနာနဲ့တူတယ် (မှန်ပါ့) နောက်ဆုံးပိတ်မှ ရေသောက်မြစ်တွေ့လို့ ဖြတ်လိုက်တာနဲ့ လောကုတ္တရာမဂ်နဲ့ တူတယ် (မှန်ပါ့ ဘုရား) မောင်ချစ်စိန် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ်ပင်ကြီးကို ဒီအတိုင်း အမြစ်ရှာတဲ့ လူတွေ့ပါ့မလား (မတွေ့ပါ ဘုရား)။

ဟိုကတူး၊ ဒီကဆွနဲ့ ရေသောက်မြစ်ရှာနေတာနဲ့ ဘာနဲ့တူသလဲ (ဝိပဿနာမဂ်နဲ့ တူပါတယ် ဘုရား) ဝိပဿနာ မဂ်နဲ့ တူတယ် (မှန်ပါ့)။

နောက်တော့ ရေသောက်မြစ်တွေ့တဲ့အခါကျတော့ သွားရော..ဟေ နောက်, ဘယ်တော့မှမပေါက်အောင် ဆိုပြီးသကာလ ဖြတ်လိုက်၊ တောက်လိုက်တဲ့အခါကျတော့ ပြတ်ထွက်သွားတယ်။ နောက် ဘယ်တော့မှ မပေါက်တာနဲ့ လောကုတ္တရာမဂ်နဲ့ တူတယ် (မှန်ပါ့)။

ဒါဖြင့် သစ်ပင်ကို တူးဆွပြီးသကာလ ရေသောက်မြစ် မရှာဘဲနဲ့ သစ်မြစ်ကြီးဖြတ်ချင်လို့တော့ မရဘူး (မရပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ရေသောက်မြစ်ရှာတာက ဝိပဿနာမဂ်ရှာနည်း နိဿယည်းနဲ့ ဝိပဿနာမဂ် ရှုနေတာနဲ့ တူတယ်၊ ဟုတ်လား (မှန်ပါ့) ရေသောက် မြစ်တွေ့ပြီးသကာလ ဝိပဿနာမဂ်က ဖော်ပေးတော့မှ ရေသောက်မြစ် ဖြတ်တာနဲ့ လောကုတ္တရာမဂ္ဂင်ရှစ်ပါးနဲ့ တူတယ် ဆိုတာလဲ ရှင်းကြပါပြီ (ရှင်းပါပြီ)။

ပဌမမဂ်ဟာ ဒိဋ္ဌိတစ်ခုတည်း ဖြတ်ချလိုက်တာ

ဒီလိုဆိုလို့ရှိရင် သူ ဘယ်သူ့မှ မဖြတ်ဘူးလို့မှတ်၊ လောဘလဲ သူ မဖြတ်သေးဘူး၊ ဒေါသလဲ သူ မဖြတ်သေး ဘူး၊ မောဟလဲ သူ မဖြတ်သေးဘူး။ ပဌမ-မဂ်ဟာ ဒိဋ္ဌိတစ်ခုတည်း ဖြတ်ချလိုက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ပဌမ-မဂ်က ဘာဖြစ်သတုံး (ဒိဋ္ဌိတစ်ခုတည်း ဖြတ်ပါတယ် ဘုရား) ဒိဋ္ဌိတစ်ခုတည်း ဖြတ်တယ်နော် ဒကာ ဒကာမတို့ (မှန်ပါ့)။

ဒါကြောင့် ခင်ဗျားတို့ ဖြစ်ပျက်ရှုနေတာသည် ဒိဋ္ဌိရေသောက်မြစ် ရှာနေတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

နောက်တော့ တွေ့ပြီ သူပဲလို့ ဆိုတဲ့အခါကျတော့မှ မဂ္ဂင်ရှစ်ပါးတည်းဟူသော လောကုတ္တရာမဂ်နဲ့ ဖြတ် တောက်လိုက်တဲ့အခါကျတော့ ဒိဋ္ဌိရေသောက်မြစ် ပြုတ်သွားတယ် (မှန်ပါ့)။

ဒိဋ္ဌိရေသောက်မြစ် ပြုတ်သွားတကည်းက အားလုံး ဒကာ ဒကာမတွေ အပါယ်သီး၊ အပါယ်ပွင့်၊ အပါယ်ခန္ဓာ၊ တိရစ္ဆာန်ခန္ဓာ ရသေးရဲ့လား (မလာတော့ပါ ဘုရား)။

မလာတော့ဘူးဆိုတော့ အပါယ်လေးပါးက နိဗ္ဗာန်မသွားနိုင်ဘူးဆိုတာတော့ သေချာပါတယ် (မှန်ပါ့)။ မဟုတ် ဘူးလား (ဟုတ်ပါတယ်) သူ့ ပယ်လိုက်ကတည်းက အပါယ်လေးပါး လွတ်သွားတယ် (မှန်ပါ့) သူ့ မပယ်ခင်တုန်းက (အပါယ်လေးပါး မလွတ်ပါ ဘုရား)။

ဒါဖြင့် အပါယ်လေးပါးချလေသ၍ ဒိဋ္ဌိပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

သူဂတိတွေမှာ ရောက်ပြီး နိဗ္ဗာန်ကန့်ကွက်လေသ၍လဲ (ဒိဋ္ဌိပါပဲ ဘုရား)။

ဒိဋ္ဌိပဲဆိုတော့ ဒိဋ္ဌိဟာ အပါယ်လေးပါးကျတော့ မရောက်ရောက်အောင် ပို့တယ် (မှန်ပါ့) သုဂတိရောက်သွား တဲ့ ပုဂ္ဂိုလ်ကျတော့ နိဗ္ဗာန်ကန့်ကွက်ထားတယ် (မှန်ပါ့) နိဗ္ဗာန်ကန့်ကွက်သေးတယ်ဆိုတော့ မနာဘူးလား (နာပါတယ် ဘုရား)။

အင်မတန် နာလေသောကြောင့် ခင်ဗျားတို့ အဖြစ်မြင်လို့ ရှိရင်ဟုတ်လား၊ ဥစ္ဆေဒစင်တယ် (မှန်ပါ့) အပျက် မြင်လို့ရှိရင် (သဿတစင်ပါတယ် ဘုရား)။

အဖြစ်အပျက်ကလေး နှစ်ခုဟာ ဒိဋ္ဌိစင်သွားတယ်

သဿတစင်တယ်ဆိုတော့ ခင်ဗျားတို့ အဖြစ်အပျက်ကလေး နှစ်ခုဟာ ဒိဋ္ဌိစင်သွားတယ် (မှန်ပါ့)။

အဲဒီတော့ ငါ, ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲ ဒါကလေး သေသေချာချာမှတ်ပါ၊ အဖြစ်မြင်ရင် (ဥစ္ဆဒစင်ပါတယ်)ဥစ္ဆေစင်တယ်၊ အကြောင်းရှိလို့ ဖြစ်လာပြန်တာကိုး (မှန်ပါ့) ဖြစ်လာတယ်ဆိုကတည်းက ဥစ္ဆေဒလာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

အပျက်မြင်တော့ ခိုင်တယ်-မြဲတယ် သဿတယူသေးရဲ့လား (မယူပါ ဘုရား)။

ဒါဖြင့် အပျက်မြင်တော့ (သဿတဒိဋ္ဌိစင်ပါတယ် ဘုရား) အဖြစ်အစားထိုးလာတာမြင်တော့ (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ဘုရား)။

ဒါဖြင့် သဿတ ဥစ္ဆေဒစင်တယ် ဆိုကတည်းက သက္ကာယက ပြားလာတဲ့ သဿတ ဥစ္ဆေဒကိုးဗျ (မှန်ပ့ါ) အတ္တဒိဋ္ဌိက ပြားလာတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ အတ္တဒိဋ္ဌိတည်းဟူသော တရား၏အညွန့်-အငြှောင့်တွေရော အတ္တဒိဋ္ဌိရော ဒကာ ဒကာမတွေ အကုန်ပျောက်သွားတယ် (မှန်ပါ့)။

ဒါဖြင့် ဖြစ်ပျက်မြင်အောင် လုပ်ပါဆိုတဲ့ စကားသည် ဒိဋ္ဌိအသတ်ခိုင်းတာပဲဆိုတာ ယနေ့ည၊ ရှင်းသွားပြီ (ရှင်းပါပြီ)။

ဖြစ်ပျက်မုန်းအောင် လုပ်စမ်းပါဆိုတာသည် ဒိဋ္ဌိမုန်းအောင် လုပ်ပါလို့ ပြောတာပဲ (မှန်ပါ့)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု ။