ဇာတိ, ဇရာ, မရဏ, ဒုက္ခ မြင်အောင်ရှုပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍနိက
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော
ဇာတိ, ဇရာ, မရဏ, ဒုက္ခ မြင်အောင်ရှုပုံ
ညအလုပ်ပေးတရားတော်
(၅-၆-၆၂)
ဒကာ ဒကာမတွေကို သစ္စာကိုသိအောင် ပြောတော့မှ ဪ ငါတို့သည်ကားလို့ဆိုရင် အဖြစ်ဆိုးကြီး ကြုံနေပါက လားလို့ဆိုတာ ပေါ်လာတယ်နော် (မှန်ပါ့) သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်အတွက်ကတော့ ကိုယ့်အဖြစ်ဆိုးကြီး ကိုယ်ပေါ် လာတာ ကိုယ်မသိသေးဘူး (မှန်ပါ့)။
အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ရှေးဦးစွာ ဓမ္မစကြာတရားကို ဘုရားတိုင်းဘဲ ဟောတယ်ဆိုတဲ့ ဥစ္စာ သစ္စာ စပြီး သကာလ ဟောတာ၊ သစ္စာမသိဘဲနဲ့ သောတာပန် တည်တယ်ဆိုလို့ ရှိရင်လဲ သစ္စသံယုတ်က မယုံပါ နဲ့လို့ ပြောထားတယ်နော် (မှန်ပါ့)။
အဲ့ဒီတော့ ဒီသစ္စာကလေးသိမှလဲ သံသရာအဆုံးသတ်တာကို သဘောကျတယ်၊ သစ္စာကို မသိလို့ရှိရင်တော့ သံသရာအဆုံးသတ်တာကို သဘောမကျကြဘူး (မှန်ပါ့)။
ဒကာ ဒကာမတွေ၏ အဖြစ်ဆိုး
ဒါ့ကြောင့် ဒကာ ဒကာမတွေ၏ အဖြစ်ဆိုးကိုဘဲ ရှေးဦးစွာ ရှေ့ပိုင်း နည်းနည်းကလေး ပြောပေးပါ့မယ်။
အခု ဒကာ ဒကာမတွေသည်ကားလို့ဆိုရင် ဇာတိဆိုတဲ့ ဥစ္စာ ပဋိသန္ဓေ နေလာခဲ့ကြတဲ့ ဥစ္စာ ဇာတိခေါ်တာ ဘဲ (မှန်ပါ့) အခု အမိဝမ်းခေါင်း အပြင်ဘက် ရောက်လာတဲ့အခါ တစ်နေ့တစ်ခြား ရင့်ရော်လာတာကို ဇရာလို့ ခေါ်ကြတာဘဲ၊ တော်တော်ကြာကျလို့ရှိရင် ခေါင်းပြင်ပြီး သုသာန်ပို့ကြတာကို မရဏလို့ ခေါကြတာဘဲ။
အဲ့ဒီတော့ ဇာတိ, ဇရာ,မရဏဟာ ဒကာ ဒကာမတွေမှာ ဒီခန္ဓာ၏ အတွင်းသားဘဲဆိုလို့ရှိရင် မှတ်လိုက်တာ ပေါ့နော် (မှန်ပါ့) ခန္ဓာ၏ အတွင်းသားဟာ ဘာတွေပါလိမ့် (ဇာတိ, ဇရာ, မရဏပါ ဘုရား)။
ဇာတိ,ဇရာ,မရဏဘဲရှိတယ်၊ အဲဒီ ဇာတိ,ဇရာ,မရဏဘဲရှိတော့ ဇာတိကြည့်လိုက်ပြန်တော့လဲ ဒုက္ခသစ္စာလို့ ဟောပြန်တယ်၊ ဇရာကြည့်လိုက်ပြန်တော့လဲ ဇရာပိ ဒုက္ခသစ္စ၊ မရဏကြည့်လိုက်ပြန်တော့ သေမှု ကြည့်လိုက်ပြန် တော့လဲ မရဏမ္ပိ ဒုက္ခသစ္စ ဆိုတော့ ဒကာ ဒကာမတွေ လာခြင်းကလဲ မကောင်းဘူး၊ နေခြင်းကလဲ မကောင်းဘူး၊ သေခြင်းကလဲ မကောင်းဘူး၊ ကောင်းကြရဲ့လား (မကောင်းပါ ဘုရား)။
လာခြင်းဇာတိကလဲမကောင်း၊ နေခြင်းဇရာကလဲမကောင်း၊ သေခြင်းမရဏကလဲမကောင်း ဆိုတော့ မကောင်း သုံးချက်ထပ်နေတယ် (မှန်ပါ့)။
ဒီဘဝ ဘာတွေများ ထပ်နေပါလိမ့် (မကောင်းသုံးချက်ထပ်နေပါတယ် ဘုရား)။
မကောင်းသုံးချက် ထပ်နေတယ်
မကောင်းသုံးချက် ထပ်နေတယ်လို့ဆိုတော့ ဒကာ ဒကာမတွေသည် ယခုရထားတဲ့ ခန္ဓာကိုယ်ကြီး၏ အတွင်း သဘောမှာ ဒါဘဲရှိတယ်နော် (မှန်ပါ့)။
ဪ ဒီခန္ဓာကြီးဟာ ယခု ဒို့ဘာတွေများ ရထားပါလိမ့် မတုန်းမေးတော့ ဒုက္ခသုံးချက်ကို ကိုယ်ပိုင်ရထား တယ်လို့ ဦးဘကလေး မှတ်လိုက်တာပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဘာတွေ ကိုယ်ပိုင်ရထားကြသလဲ (ဒုက္ခသုံးချက် ကိုယ်ပိုင်ရထားပါတယ် ဘုရား)။
ဒုက္ခသုံးချက် ကိုယ်ပိုင်ရထားတယ်၊ အဲဒါကို မသိသေးတော့ ဒကာ ဒကာမတွေက အင်း ဟင် ဘဝတဏှာ ဆိုတာက ရောက်ရာပျော်ပြီး သကာလ နေတယ်၊ ဒီသုံးချက်ကို မသိလို့ရှိရင် ရောက်ရာပျော်တဲ့ ဘဝတဏှာက သေသေ ချာချာရှိတယ်နော် (မှန်ပါ့)။
ဘဝတဏှာဆိုတာက မောင်နိုင်မှတ်လိုက်စမ်းပါ၊ ကိုပေါ်မှတ်လိုက်စမ်းပါနော်၊ ရောက်ရာ ပျော်နေတာ ဘာပါလိမ့် (ဘဝတဏှာပါ ဘုရား)။
ရောက်ရာပျော်နေတာ ဘဝတဏှာလို့ သေသေချာချာမှတ်ကြပါနော် (မှန်ပါ့)။
အဲဒီ ဘဝတဏှာက လွှမ်းမိုးပြီး သကာလ နေတော့ ဘဝတဏှာပေါ်မှာလဲ ဘယ်သူက အုပ်ချုပ်ပြီး နေပြန်သတုန်း မေးတဲ့အခါကျတော့ မသိမှု အဝိဇ္ဇာက အုပ်ချုပ်နေပြန်တယ် (မှန်ပါ့)။
မသိမှု အဝိဇ္ဇာက အုပ်ချုပ်နေပြန်တော့ ဘဝတဏှာကလဲ ကိုယ့်ရောက်ရာဘဝကလေး အရတော်လေစွ၊ ဒီသားနဲ့ ဒီသမီးနဲ့, ဒီမြေးနဲ့ ဒီပစ္စည်းနဲ့ ဒီတိုက်, ဒီရွှေ, ဒီငွေ, ဒီကားနဲ့ ဆိုပြီး သကာလ တော်သေးရဲ့လို့ ကိုယ့်စိတ်ထဲ တော်သေးရဲ့ ပေါ်တိုင်းပေါ်တိုင်း ဘဝတဏှာက ချော့ထားတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ကိုယ့်စိတ်ထဲ ဒီအတိုင်း တော်သေးရဲ့လို့များ တစ်လုံးလာလို့ရှိရင် ငါသစ္စာမရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဘဲ လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
တစ်ခါတစ်လေ ခင်ဗျားတို့ လာတတ်တယ်နော် (မှန်ပါ့) လာတတ်တယ်၊ တစ်ခါတစ်လေကျတော့ ဒီသားနဲ့ ဒီသမီးနဲ့ ဒီမြေးနဲ့ ဒီမြစ်နဲ့ ဒီကားနဲ့ ဒီစိန်နဲ့ ဒီရွှေနဲ့ ဒီငွေနဲ့ အကြောင်းများ ညီညွတ်နေတဲ့ အချိန်ကျလို့ရှိရင် တော်သေး ရဲ့ဟေ့ တစ်ယောက် တစ်ယောက်လက်တို့ပြီးများ ဘဝတဏှာက အပြောခိုင်းနေတာပါသေးတယ် (မှန်ပါ့) မပါဘူးလား (ပါ-ပါတယ် ဘုရား)။
ဘယ့်နှယ့်ကြောင့် ဒီဘဝတဏှာက လက်တို့ရပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့မှတဲ့ ခုနင်က ဒုက္ခသုံးချက်ကို မသိတဲ့ အဝိဇ္ဇာက ဖုံးပြီး ဖိပြီး ထားလိုက်တဲ့အတွက် ဘဝတဏှာက ချော့လို့ကောင်းတယ် (မှန်ပါ့)၊ မျက်လုံးပိတ်ပြီး ညာတာပါဘဲ။
ဘယ်လိုပါလိမ့် (မျက်လုံးပိတ်ပြီး ညာတာပါ ဘုရား)။
မျက်လုံးပိတ်ပြီး ညာတာကို ဒကာ ဒကာမတွေကလဲ ခံပြီး သကာလ နေရတော့ မျက်လုံးဖွင့်ပေးမည့်ဘုရားကလဲ ပရိနိဗ္ဗာန်စံ၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေကလဲ ဟောတော့ ဟောရှာရဲ့၊ ဟောပင်ဟောငြားသော်လဲ ဘဝတောင့်တမှုတွေကို များသောအားဖြင့် ပြောဆိုပြီး ဘဝကောင်းစားရေး ပြောနေပြန်တော့ ဒုက္ခသုံးချက်က ပျောက်နေတယ် (မှန်ပါ့)။
ဒုက္ခသုံးချက်က ပျောက်နေတယ်
ဒုက္ခသုံးချက်က (ပျောက်နေပါတယ် ဘုရား)။
အဲ့ဒါကြောင့် ယခုတော့ဖြင့် အမှန်တရားကို အမှန်ပြောရမယ်ဆိုလို့ ရှိရင်ဖြင့် ဇာတိ ဘာသစ္စာ (ဒုက္ခသစ္စာ ပါ ဘုရား)။
ယခုလို ခန္ဓာကိုယ်ကြီး အိုနေတာကလဲ (ဒုက္ခသစ္စာပါ ဘုရား) ဇရာဒုက္ခသစ္စာနော် (မှန်ပါ့)။
အင်း ဒီခန္ဓာကိုယ်ကြီးကလဲ ရှေ့ဘယ်လမ်းနဲ့ ဘယ်စခန်းများ သူအမှန် သွားနေပါလိမ့်မတုံးဆိုတော့ သေရာ မြန်းနေတယ်ဆိုတဲ့ မရဏမ္ပိ ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။
ဒီခန္ဓာကြီး ရ,စက ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) နေဆဲ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) သေပွဲ ဘာသစ္စ့ာလဲ (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်သူနဲ့များ အဖေါ်လုပ်နေပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့မှ ဒုက္ခသုံးချက်နဲ့ အဖေါ်လုပ်နေတာဘဲ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဘာနဲ့ အဖော်လုပ်နေတာလဲ (ဒုက္ခသုံးချက်နဲ့ အဖော်လုပ်နေပါတယ် ဘုရား)။
ဪ ဒုက္ခဆိုတာ အိုးစားကွဲဘို့ရာ ကြံဘို့ရာကို ဒကာ ဒကာမတွေ အဖေါ်ကောင်းလုပ်ပြီး ပေါင်းသင်းပြီး သကာလ နေတာဟာလဲ ပေါင်းချင်လို့ ပေါင်းကြတာ မဟုတ်ပါဘူး မသိတဲ့ အဝိဇ္ဇာက ဖုံးထားလို့ (မှန်ပါ့) ဒုက္ခသုံးချက်ကို ဖုံးထားတယ် (မှန်ပါ့)။
ဒုက္ခသုံးချက်မသိတဲ့ အဝိဇ္ဇာက ဖုံးထားတော့ တဏှာကလဲ မင်း အရတော်သကွာ၊ မင်းမှာ သားနဲ့ , သမီးနဲ့, ရွှေနဲ့, ငွေနဲ့, ကျောက်နဲ့, မြနဲ့, ဆိုသလို ချော့ပြီးထားလိုက်တော့ တစ်ခါတည်း အဝိဇ္ဇာက တဏှာဒဏ်ချက်တွေ လွှမ်းမိုးပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ ဒုက္ခသုံးချက် အကွယ်ကြီးကွယ်ပြီး အပျောက်ကြီး ပျောက်တယ်လို့ မှတ်ရမယ် (မှန်ပါ့) ဘယ်လောက်ဆိုးသွားလဲ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါတယ် ဘုရား)။
မရဏမ္ပိ ဒုက္ခက ပျောက်နေတယ်
အဲ့ဒီတော့ ဒီအရောင်းအဝယ်ကလေး ကောင်းတယ်ဆို ကောင်းလို့ ဇရာ ဒုက္ခပျောက်တာဘဲ၊ တချို့ သေခါနီးကြီး တွေ အရောင်းအဝယ်လုပ်နေတာလဲ မရဏမ္ပိ ဒုက္ခက ပျောက်နေတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဇာတိဒုက္ခပျောက်တာကို ဘုန်းကြီးတို့က အထူးမဆိုလိုပါဘူးတဲ့ ဇာတိဒုက္ခ ပဋိသန္ဓေနေခဲ့တဲ့ ဆင်းရဲကြီး ပျောက်နေတာကို အထူးမဆိုလိုပါဘူး။ ဇရာဒုက္ခကြီး နှိပ်စက်နေတာဟာလဲ စီးပွားရေး အကြောင်းညီညွတ်နေရင် ဇရာနှိပ်စက်တာကို မမြင်တော့ဘူး (မှန်ပါ့) မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
အင်း သေခါနီးမှ ကံအကျိုးပေးနေပြန်တော့လဲ မရဏ ဒုက္ခသစ္စာကြီး ရောက်တော့မှာဘဲ ရောက်ဘို့ တည်းတည်း ကျန်တော့တယ်ဆိုတာကော (မမြင်ပါ ဘုရား)။
သူတို့ မမြင်ခြင်း၏ အကြောင်းနောက်က ဒကာ ဒကာမတွေ အကဲခတ်ကြည့်တော့မှ ဪ သစ္စာမသိမှု အဝိဇ္ဇာဒဏ်ချက် (မှန်ပါ့) ချော့ထားမှု ဘဝတဏှာဒဏ်ချက် (မှန်ပါ့) ဤဒဏ်ချက်နှစ်ချက် မိပြီး သကာလ နေလိုက်တဲ့ ဥစ္စာ ဒကာ ဒကာမတွေမှာ ဘယ်သူ့ ဘာထင်ရမတုန်းဆိုတဲ့ မာန်မာနတွေများတောင်မှ တက်လာလိုက်သေးတယ် (မှန်ပါ့) သစ္စာ မသိလိုက်လို့ ဖုံးသွားတာ (မှန်ပါ့) သိပ်ကြောက်စရာ ကောင်းပါကလား (ကောင်းပါတယ် ဘုရား)။
သစ္စာမသိလို့ သံသရာရှည်ခဲ့တယ်
ဒါကြောင့် ငါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးလဲ သစ္စာမသိလို့ သံသရာရှည်ခဲ့တယ်ကွ၊ မင်းတို့လဲ ငါကဲ့သို့ မှ အသိဉာဏ်ကို မရသေးလို့ ရှိရင်လဲ ရှည်မြဲ ရှည်ကြဦးမှာဘဲ ဆိုပြီး သကာလ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် သူကိုယ်တိုင်ရှည်ခဲ့တဲ့ အကြောင်းကို ဒကာ ဒကာမတွေ ထုတ်ဖေါ်ပြောတယ်နော် (မှန်ပါ့)။
ဇာတိအကြောင်း ပြောပါမယ်၊ ဇာတိဟာတဲ့ ဒကာ ဒကာမတို့ ဇာတိဆိုတာလဲ ခံဝန်ချုပ်တခုပါတဲ့၊ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်လို့ မှတ်လိုက်စမ်းပါ့နော် (မှန်ပါ့) ဇရာဆိုတဲ့ ဥစ္စာလဲ ခံဝန်ချုပ်တစ်ခုနဲ့ သူ ဝန်ထမ်းတစ်ယောက်ဘဲလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့) မရဏဆိုတာလဲ ဒကာ ဒကာမတွေ သူခံဝန်ချုပ်နဲ့ ဝန်ထမ်း တစ်ယောက်ဘဲလို့ မှတ်ထားပါ (မှန်ပါ့)။
ဝန်ထမ်း ဘယ်နှစ်ယောက်ရှိသလဲ (သုံးယောက်ပါ ဘုရား)။
ဇာတိကသူ့တာဝန် ဘယ်လိုဝန်ထမ်းသတုံး ဆိုလို့ရှိရင်ဖြင့်တဲ့ ဇရာတို့, မရဏတို့ သူက အဖေါ်လုပ်ပြီးပြောရင် ငါသည်ကားလို့ဆိုလို့ရှိရင်ကွာတဲ့၊ မောင်နိုင်ဆိုတဲ့ လူတစ်ဦးတစ်ယောက်ကို နောက်ဘဝ ဆွေမျိုးဉာတကာတွေထဲကမှ ဒီလူ့ဘဝ ကောင်းတယ်ဆိုပြီး သကာလ ဘယ်ဘဝရယ်လို့ မဟုတ်ဘူး။ ရောက်ရာဘဝကနေပြီး မင်းဘဝ မကောင်းဘူး။ လူ့ဘဝကောင်းတယ်ဆိုပြီး သကာလ သူက တရားဟောပြီး သကာလ ဆွဲယူလာတာနဲ့ မောင်နိုင် လူ့ဘဝ ဇာတိပဋိသန္ဓေ နေရတယ် (မှန်ပါ့)။
နောက်ဘဝဆွေမျိုးဉာတကာတွေထဲကနေပြီး ချော့မော့ပြီး တစ်ခါတည်း ခေါ်ဆောင်ပြီး သကာလ လာခဲ့လို့ ယခုအခါမှာ အမိဝမ်းခေါင်းထဲ ရောက်နေတယ်။ ဒါ ဇာတိတာဝန် (မှန်ပါ့ ဘုရား)။
ဇာတိက ဆွေမျိုးဉာတကတွေထဲကမှ ဆွဲထုတ်ဘို့၊ အားလုံးသော ပုဂ္ဂိုလ်တို့ ကန့်ကွက်နိုင်တဲ့ အခြေအနေမရှိ အောင် နောက်ဘဝက ဆွေမျိုးဉာတကာတွေထဲကမှ ဒီပုဂ္ဂိုလ်ကို တဘဝ ပဋိသန္ဓေနေရအောင် ဒုက္ခတွင်းထဲ ဆွဲချဘို့ ဒုက္ခရောက်တဲ့နေရာကို ထောင်ထဲပို့ဖို့ ဒါ ဇာတိတာဝန် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)၊
နောက်ဘဝက ဆွဲပြီး ဆွေမျိုးဉာတကာတွေ ငိုရင်း မျက်ရည်စက်လက်နဲ့ အထဲကနေပြီး မောင်နိုင်ကို အရဆွဲပြီး ကိုပေါ်ကို အရဆွဲပြီး သကာလ အမိဝမ်းခေါင်းထဲသို့ ရောက်အောင် ယူဆောင်လာကာ ဇာတိဆိုတဲ့ အမှုထမ်းတစ်ယောက် ၏ကိစ္စ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
လူကောင်းလား၊ လူဆိုးလား
ဒါဖြင့် လူကောင်းလား၊ လူဆိုးလားဆိုတာ စဉ်းစားကြည့်စမ်း (လူဆိုးပါ ဘုရား) လူဆိုးပါဘဲဆိုတာ ဒကာ ဒကာမ တွေ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
အင်း ဘယ်လောက်ထိအောင် ဆိုးတယ်ဆိုတာ နောက်ဘဝက ဆွေတွေ, မျိုးတွေ, သားတွေ, မယားတွေ, ပစ္စည်းတွေကြားထဲကမှ အတင်းအဓမ္မ ဆွဲထုတ်ပြီး သကာလ ဟောပြောပြီး သကာလ လူ့ဘဝ ကောင်းတယ်ဆိုပြီး သကာလ ဆွဲယူပြီး သကာလ အမိဝမ်းခေါင်းဆိုတဲ့ ကျင်ကြီး, ကျယ်ငယ်တွေ ကြားထဲ ပဋိသန္ဓေထောင်ထဲကို ချဘို့ရာ သူတာဝန်ခံထားတဲ့ အတွက် သူ့တာဝန်သည် ဒကာ ဒကာမတို့ ပဋိသန္ဓေနေခဲ့ရတာ ဇာတိ၏ တရားဟောပြောချက်ဆိုတဲ့ တရားစူးရှမှုကြောင့် ခင်ဗျားတို့ ပဋိသန္ဓေနေခဲ့ကြရတယ် (မှန်ပါ့ ဘုရား) လူကောင်းလား၊ လူဆိုးလား (လူဆိုးပါ ဘုရား)။
သူက ဒီလိုတရား ဟောထားတာ အမိဝမ်းခေါင်းထဲ ရောက်လာတော့ ဪ ဒို့ဖြင့် ရောက်တဲ့နေရာမှာ စဉ်းစားကြည့်တော့ ကျင်ကြီးကျင်ငယ်တွေ ကြားထဲမှာ အသက်မရှူဘဲနဲ့ နေရတယ်နော် (မှန်ပါ့ ဘုရား)။
ကျင်ကြီး, ကျယ်ငယ်တွေ ကြားထဲ အသက်မရှူဘဲနဲ့ နေရတာဟာ မောင်နိုင်ဘဲ စဉ်းစား၊ ကိုပေါ်ပဲ စဉ်းစားပါ ဒကာ ဒကာမတို့ ဘာဒုက္ခတုံး (ဇာတိဒုက္ခပါ ဘုရား)။
‘ဇာတိပိ ဒုက္ခသစ္စံ’ လို့ မောင်နိုင် ဟောထိုက် မဟောထိုက် (ဟောထိုက်ပါတယ် ဘုရား)။
ဦးဘကလေးတို့၊ နောက်က ဒကာ ဒကာမတွေ ဟောထိုက်ရဲ့လား (ဟောထိုက်ပါတယ် ဘုရား)။
ခင်ဗျားတို့ အဲ့ဒီ အထဲက နေပြီး သကာလ အဲ့ဒီအထဲရောက်လာတာ ဘာဖြစ်လို့တုံးလို့ မေးတဲ့အခါကျတော့ တရားဟောဆရာက ဆွေမျိုးဉာတကာတွေ နောက်ဘဝက ဆွေမျိုးဉာတကာတွေကြားထဲ ပစ္စည်းတွေကြားထဲ သားသမီး တွေကြားထဲမှာ မင်းနေလို့ အလကားဘဲကွ၊ နေချင်ပေမဲ့လဲ မနေရဘူးကွဆိုပြီး သူ တရားဟောကောင်းတာနဲ့ အမိဝမ်း ခေါင်းထောင်ထဲကို ကျလာတာ ဇာတိက ရွက်ဆောင်လာတဲ့ ကိစ္စ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဇာတိကလဲ ဒါဖြင့် ကြောက်စရာပါကလား၊ နှိပ်စက်တဲ့ လူတစ်မျိုးဘဲ (မှန်ပါ့) ဒါဖြင့် ဇာတိပိ ဒုက္ခသစ္စဆိုတာ မှန်ပါရဲ့လား(မှန်ပါတယ်) ဒုက္ခပေးလေသမျှ သူကဘဲဆိုတာကောပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ညှာတာမဖက် အမြဲနှိပ်စက်တာ
ဒါ့ကြောင့် ပဋိသမ္ဘိဒါမဂ်မှာ ရှင်သာရိပုတ္တရာက ဒုက္ခဿ ပီဠနဋ္ဌောကွတဲ့၊ ညှာတာမဖက် အမြဲနှိပ်စက်တာ ဇာတိကွတဲ့၊ ကျင်ကြီးကျင်ငယ်ထဲ တွန်းချလိုက်တာ (ဇာတိပါ ဘုရား) ဇာတိဘဲ၊ အစားအသောက် မစားရအောင် အငတ် ထားတာကော (ဇာတိပါ ဘုရား) အသက်မရှူနဲ့ဆိုတာကော (ဇာတိပါ ဘုရား)။
ဒါဖြင့် ပီဠနဋ္ဌ ညှာတာမဖက် အမြဲနှိပ်စက်တယ်ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပေါ်လာဘူး လား (ပေါ်လာပါတယ် ဘုရား)။
အဲဒါ ဒကာ ဒကာမတွေက မသိတော့ ဪ ဒီဘဝစုတေမနေ သေလွန်ရလို့ နိဗ္ဗာန်မရသေးခဲ့လို့ ရှိရင်ဖြင့် လူကောင်း, နတ်ကောင်းဘဲ ဖြစ်ရပါလို၏ ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့က ဇာတိက တရားဟောကောင်းတဲ့အထဲ ကိုယ်က အလိုတူ ပါသွားတဲ့အတွက် ဒုက္ခရောက်ကြဦးမှာဘဲ (မှန်ပါ့)။
ကိုယ်က အလိုတူ ပါသွားတဲ့အတွက် ဘာပါလိမ့် (ဒုက္ခရောက်ရပါတယ် ဘုရား)။
ကြပ်ကြပ် နားကြီးကြီးနဲ့ထောင်မှ ပေါ်လာတယ်နော် (မှန်ပါ့)။ နို့မဟုတ်လို့ရှိရင်ဖြင့် လူ့ဘဝအရ တော်လေစွ လို့ သစ္စာမသိဘဲနဲ့ သစ္စာဉာဏ်တွေကို မဟောဘဲနဲ့ မနုဿတ္တဘာဝေါ ဒုလ္လဘောကလေးလောက် ဟောနေမယ် ဆိုလို့ ရှိရင်ဖြင့် ဇာတိဒုက္ခသစ္စာဟာ ပျောက်ပျောက်သွားတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဇာတိ ဒုက္ခသစ္စာ ဘာဖြစ်သွားတုံး (ပျောက်ပျောက်သွားပါတယ် ဘုရား)။
အင်း မင်းအရတော်လေစွလို့ ဒုလ္လဘငါးပါးတွေကို ဟောလိုက်မယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေက ပြုံးကာ ရွှင်ကာနဲ့ တော်သေးရဲ့တော်သေးရဲ့နဲ့ သစ္စာပျောက်ထွက်သွားတယ် (မှန်ပါ့)။
သစ္စာပျောက်သွားရင် ခင်ဗျားတို့ တော်သေးရဲ့ဆိုတဲ့ တဏှာသည် သစ္စာကို ကန့်ကွက်လိုက်တဲ့အတွက် နိဗ္ဗာန် မဂ်ဖိုလ် မရတော့ပါဘူး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ရနိုင်ပါဦးမလား (မရနိုင်ပါ ဘုရား) တယ်လဲကြောက်စရာကောင်းပါကလား (မှန်ပါ့)။
တရားပေမဲ့ ချင့်ချိန်ပြီးတော့ နာကြရမယ်နော်
ဒါကြောင့် တရားပေမဲ့ ချင့်ချိန်ပြီးတော့ နာကြရမယ်နော် (မှန်ပါ့) သစ္စာမဆိုက်သေးတဲ့ တရားဟူသ၍ ဘုံဘဝကို တွယ်တာနိုင်တဲ့ တဏှာရှိတဲ့ တရား (မှန်ပါ့)၊
ဘုံဘဝကို တွယ်တာတဲ့ (တဏှာရှိတဲ့ တရားပါ ဘုရား) တဏှာရှိတဲ့တရားဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ဘုံဘဝဒုက္ခ ဇာတ်သိမ်းနိုင်ပါ့မလား၊ သစ္စာမသိတဲ့ တရားဟာ သိမ်းနိုင်ပါ့မလား (မသိမ်းနိုင်ပါ ဘုရား)။
မသိမ်းနိုင်သေးလို့ရှိရင် ဒါသံသရာမှာဖြင့် အာပေးတဲ့တရားတွေကလဲ အမျိုးမျိုး အဖုံဖုံ ဘုရားကလဲ ဝေနေယျဇ္ဈာသယလိုက်ပြီး ဟောရရှာတယ်နော် (မှန်ပါ့) မဟောရဘူးလား (ဟောရပါတယ် ဘုရား)။
သို့သော် အထွဋ်ဆုံး အမြတ်ဆုံး အကောင်းဆုံး ပြောပါတော့ဆိုတော့ သစ္စာဘဲပြောရလိမ့်မယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အထွဋ်ဆုံး, အမြတ်ဆုံး, အကောင်းဆုံး ဟောရလို့ရှိရင် (သစ္စာဘဲ ဟောရမှာပါ ဘုရား)။
သူကိုယ်တိုင် သစ္စာသိလို့ ဘုရားဖြစ်လာတဲ့ ဥစ္စာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
နို့ ကျန်တဲ့ ပုဂ္ဂိုလ်တွေ ဘယ့်နှယ့်ကြောင့် ဒုလ္လဘတရားတွေ, ဘာတွေကို သံယုတ်, အင်္ဂုတ္တိုရ် ပါဠိတော် တွေများမှာ ဟောပါလိမ့်မတုံးလို့ မေးတဲ့အခါကျလို့ ရှိရင်ကွာ အောက်တန်းစားတော့ အလယ်တန်းကောင်းတာကို ပြောတာ (မှန်ပါ့)။
အကောင်းဆုံးလားလို့ မေးတဲ့အခါကျတော့ အကောင်းဆုံးကတော့ သစ္စာသိမှ ပြီးတယ်ကွ ဆိုတာလဲ မှတ်ထား ရမယ် (မှန်ပါ့) စက္ခုံဥဒပါဒိ မရောက်သေးရင် မပြီးသေးဘူးပေါ့ကွ (မှန်ပါ့) ရိပ်မိကျပြီလား (ရိပ်မိပါပြီ ဘုရား)။
”ဉာဏံ ဥဒပါဒိ၊ ဝိဇ္ဇာ ဥပါဒိ၊ အာလောကော ဥဒပါဒိ”မှ မရောက်သေးလို့ရှိရင် အကောင်းဆုံးတော့ မဟုတ် သေးဘူးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ)။
ကိုင်း ဒါဖြင့် ဇာတိ၏ ကိစ္စက အခု မောင်နိုင်တို့ ကိုပေါ်တို့ ပြီးခဲ့ကြပြီ (ပြီးသွားပါပြီ ဘုရား)။
အမိဝမ်းခေါင်းထဲ ထောင်ချလိုက်တယ်
နောက်ဘဝ ဆွေမျိုးဉာတကာတွေကြားထဲက အတင်းဆွဲယူပြီး သကာလ အမိဝမ်းခေါင်းထဲ ထောင်ချလိုက်တယ် (မှန်ပါ့ ဘုရား)။ ဘယ်သူ့ကိစ္စပါလိမ့် (ဇာတိကိစ္စပါ ဘုရား)။
ဒကာ ဒကာမတို့ ခင်ဗျားတို့အဖြစ်ဟာ နောက်ဘဝထဲက ဆွေမျိုးဉာတကာတွေ မျက်ရည်စက်လက်နဲ့ ပစ္စည်း တွေ အသေအလဲ ရှာပြီး ကြားထဲမှာ မသုံးရမစွဲရဘဲနဲ့ ဆွဲထုတ်ပြီး သကာလ ဒီ အမိဝမ်းခေါင်းတစ်ခုကို ပို့တဲ့ကိစ္စဟာ ဘယ်သူ့ကိစ္စတုံး (ဇာတိကိစ္စပါ ဘုရား)။
ဪ ဇာတိတယ်ဆိုးပါကလားဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲ့ဒါမသိတော့ ဇာတိဟာ ဘာတုံး၊ ပီဠနဋ္ဌောမှ တပါးဘာမှ ဟောစရာမရှိဘူး (မှန်ပါ့)။
ပီဠနဋ္ဌော=ညှာတာမဖက် မမြဲ နှိပ်စက်တယ်ဆိုတော့ ဆွေမျိုးဉာတကာတွေ ဟိုဘက်က ဆွေမျိုးဉာတကာ တွေ ငဲ့သေးသလား (မငဲ့ပါ ဘုရား)။
ဒီဘဝ ဒီကျင်ကြီးကျင်ငယ်ကြားထဲမှာ ထောင်ချလိုက်တာကော သူငဲ့လုံးပါသေးလား (မပါ -ပါ ဘုရား)။
ဒါဖြင့် ညှာတာမဖက် အမြဲနှိပ်စက်တဲ့သဘော ပါ-ပါရဲ့လား (ပါ-ပါတယ် ဘုရား)။
ဒါဖြင့် ဇာတိဟာ ဒကာ ဒကာမတို့ ဆုတောင်းပြီး ယူစရာလား၊ အဇာတိကို ပြေးစရာလားဆိုတာ ပေါ်လာတယ် နော် (ပေါ်ပါတယ် ဘုရား)။
ဆုတောင်းယူစရာ ဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)။
လူ့ဘဝ ရ,ရပါလို၏ဆိုတာ ဇာတိရ ရပါလို၏၊ နတ်ဘဝရရပါလို၏ ဆိုတာကော (ဇာတိရ, ရပါလို၏)ဗြဟ္မာ ဘဝရ,ရပါလို၏ (ဇာတိရရပါလို၏)။
ဪ ခင်ဗျားတို့ အတော်ခြေချော်နေပြီ (မှန်ပါ့)။
အတော်ခြေချော်နေပြီ၊ ဇာတိရရပါလို၏ဆိုရင် နှိပ်စက်မည့် လူတစ်ဦးတစ်ယောက်သည် ကျုပ်တို့ဖြင့် အမြဲ ကြုံရပါလို့၏ ဆိုတာနဲ့ကော ထူးသေးသလား (မထူးပါ ဘုရား)။
အဲဒီလောက်ကျအောင် ဉာဏ်ထဲမှာ အရုပ်ဆိုးနေတာကို အခု သစ္စာပြောလိုက်တော့မှ ပေါလောကြီး ပေါ်လာ တယ်ဆိုတာကော ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဒါ့ကြောင့် ဘယ်ဇာတိမှ မကောင်းပါဘူးနော် (မှန်ပါ့) ဘယ်ဇာတိကို နှစ်သက်ကြသလဲ (ဘယ်ဇာတိမှ မနှစ်သက် ပါ ဘုရား)။
သူ့နာမည်ကြည့်လေ၊ ဇာတိပိ ဒုက္ခသစ္စ (မှန်ပါ့) ဒကာ ဒကာမတို့ ဘယ်ဇာတိကြိုက်ကြသလဲ (ဘယ်ဇာတိ မှ မကြိုက်ပါ ဘုရား) ဘယ်ပဋိသန္ဓေ ကြိုက်သလဲ (ဘယ်ပဋိသန္ဓေမှ မကြိုက်ပါ ဘုရား) ဘာကြောင့်တုံး ညှာတာမဖက် အမြဲ နှိပ်စက်လို့ (မှန်ပါ့)။
ပြောကြစမ်းပါ ညှာတာမဖက် အမြဲနှိပ်စက်လို့ ဘယ်ဇာတိမှ မကြိုက်ပါဘုရား။
ညှာတာမဖက် အမြဲနှိပ်စက်ပါတယ်၊ ဘယ်ပုဂ္ဂိုလ်မှ မညှာဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဘယ်ပုဂ္ဂိုလ်မှ ညှာလိမ့်မယ်လို့ဆိုတာမျိုး သစ္စာက ငါအမှန်လုပ်မယ်၊ မင်းတို့ကို ဆွေမျိုးဉာတကာထဲက ဆွဲထုတ်တဲ့ ကိစ္စလဲ မျက်ရည်စက်လက်ထဲကနေ ဆွဲယူတဲ့ကိစ္စလဲ ငါ့ကိစ္စကွ၊ ရောက်ရာမှာ ထောင်ချဘို့ အလုပ်လဲ ငါ့ကိစ္စကွ ဆိုတာ ဘယ်သူ၏ ကိစ္စတွေပါလိမ့် (ဇာတိ၏ ကိစ္စတွေပါ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ပေါ့ပေါ့တန်တန်ကလေးနဲ့ ဒီတရားကို မနာပါနဲ့ အင်မတန် ခင်ဗျားတို့ အရုပ်ဆိုး အကြီးတန်တဲ့အထဲက လာခဲ့ရတယ်ဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။
ဇာတိပိ ဒုက္ခသစ္စံ
ဒါကြောင့် ဇာတိကို ဘုရားက ကောင်းတယ်လို့ သစ္စဉာဏ်ကိစ္စဉာဏ်တွေနဲ့ ကြည့်ဟောလိုက်တဲ့အခါ ဇာတိပိ ဒုက္ခသစ္စံလို့ ဟောလိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ပဋိစ္စသမုပ္ပါဒ် ကြည့်ပြန်တော့ “ဇာတိ ဇရာ မရဏံ ဧဝမေတဿကေဝလဿ ဒုက္ခက္ခ္ခန္ဓဿ”လို့ ဟောလိုက်ပြန်တော့ ဒုက္ခအစုကြီးလို့ဘဲ ဟောလိုက်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
သစ္စာနဲ့ ဟောလိုက်ပြန်တော့လဲ (ဒုက္ခသစ္စာပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်နဲ့ ဟောလိုက်ပြန်တော့လဲ (ဒုက္ခ အစုကြီးပါ ဘုရား)။
ဒုက္ခအစုကြီးလို့ဘဲ ဟောလိုက်ပြန်တော့ ဪ ဒကာ ဒကာမတို့ ဉာဏ်မချော်ပါနဲ့တော့ဆိုတာ အခုသေသေ ချာချာ တည့်ပေးနေတယ် (မှန်ပါ့)။
ဉာဏ်မချော်ပါနဲ့လို့ဆိုတာ တည့်ပေးတာကို ကောင်းကောင်း သဘောကျပြီလား (ကျပါပြီ)။
ဒကာ ဒကာမတို့ ဒီဇာတိကို နောက်ထပ် လိုချင်တဲ့ ပုဂ္ဂိုလ်မှန်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ အခုရှိတဲ့ ဆွေမျိုး ဉာတကာတွေထဲကမူ ခင်လျက် မင်လျက် သူတို့ မျက်ရည်စက်လက်နဲ့ ကိုယ်ကလဲ မလိုက်ချင် လိုက်ချင်နဲ့ ထောင်ထဲ အသွင်းခံရဦးမယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)။
ဇာတိကိစ္စ သေးတာမှမဟုတ်ဘဲ၊ သေးပါ့မလား (မသေးပါ ဘုရား)။
နောက်ဘဝ ဆွေမျိုးဉာတကာ ပစ္စည်းတွေကြားထဲက ဆွဲထုတ်တာကော ဘယ်သူတုန်း (ဇာတိပါ ဘုရား)။
သူဆွဲထုတ်လို့ ရောက်တဲ့နေရာကျတော့ သူက အချော့ကောင်း အမော့ကောင်းနဲ့ ဒီနေရာ ကောင်းပါတယ် ဆိုပြီး ပဋ္ဌမဟောလာပြီး အခု ကျင်ကြီးကျင်ငယ် ကြားထဲမှာချထားတာက ဘယ်သူပါလိမ့် (ဇာတိပါ ဘုရား)။
ဒါဖြင့် ဒီဇာတိသည်ကားလို့ ဆိုလို့ရှိရင် အငတ်ထားတာလဲ ဇာတိ၊ အသက်မရှူရအောင် အလုံထောင်ချထား တာလဲ (ဇာတိပါ ဘုရား) ဒါဖြင့် သူ့ကို ဘာသစ္စာဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။
ဘယ့်နှယ်ကြောင့် သူ့ကို ဒုက္ခသစ္စာလို့ ဘုရားက ဟောပါလိမ့်မတုန်းလို့မေးတော့ ပီဠနဋ္ဌော (မှန်ပါ့) ညှာတာ မဖက် အမြဲနှိပ်စက်တယ် ဒီပုဂ္ဂိုလ်ကို (မှန်ပါ့)။
ငါတရားဟောနေတဲ့ ဥစ္စာလိုက်လာတဲ့ ပုဂ္ဂိုလ်ကိုဖြင့်ကွာ ကျကျနနနှိပ်စက်ရမှာဘဲဆိုပြီး သကာလ နှိပ်စက် လိုက်တယ် (မှန်ပါ့)။ ဇာတိက နှိပ်စက်တာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ) ဘယ်သူက နှိပ်စက်တာပါလိမ့် (ဇာတိက နှိပ်စက်တာပါ ဘုရား)။
ဒါ့ကြောင့် ဘယ်ဇာတိကိုမှ ဒကာ ဒကာမတွေ ဘယ်သူက ဟောလို့ ဘယ်သူကပြောပြော မလွမ်းလိုက်ပါနဲ့၊ လွမ်းလိုက်ရင် မိုးကြိုးပစ်တာထက်နာသေးတယ် (မှန်ပါ့) လွမ်းလိုက်လို့ ရှိရင် (မိုးကြိုးပစ်တာထက် နာပါတယ် ဘုရား)။
အဲ့ဒါကြောင့် ဒကာ ဒကာမတွေ သစ္စာမသိသေးတော့ ခင်ဗျားတို့က လူ့ပြည်နတ်ပြည် အကြိမ်ကြိမ် ခံစားရတဲ့ တရားတွေ အရမ်းသဘောကျနေပြီဆိုမှဖြင့် ဪ ဆွေမျိုးထဲမှာ မျက်ရည်စက်လက်နဲ့ ဆွဲထုတ်တာဘဲ သူ့အကြိုက်ဘဲ၊ ရောက်ရာ ထောင်ချတာလဲ (သူ့အကြိုက်ပါ ဘုရား)။
အကြိုက်မှားနေပြီ
အကြိုက်ကလဲ မှားလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့) မမှားဘူးလား (မှားပါတယ် ဘုရား)။
အကြိုက်မှားနေပြီ၊ လူပုံအလယ်မှာ ဝက်ဟာမရှက်ဘဲနဲ့ ကျင်ကြီးစားသလို မရှက်ဘဲနဲ့ ကျင်ကြီး စားနေတော့ လူမျက်လုံးတွေ ဝိုင်းကြည့် နတ်မျက်လုံး ဗြဟ္မာမျက်လုံးတွေနဲ့ ဝိုင်းကြည့်တော့ အကြိုက်မှားနေပဟ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (အကြိုက်မှားနေပါတယ် ဘုရား) ဒီမှာလဲ ခင်ဗျားတို့ကို သစ္စာမျက်လုံးနဲ့ အရိယာ သူတော် ကောင်းတွေက ကြည့်လိုက်တဲ့အခါကျတော့ အကြိုက်မှားနေပြီဟေ့ သဘောကျလား (ကျပါတယ် ဘုရား)။
ဘာဖြစ်နေကြလဲ (အကြိုက်မှားနေကြပါတယ် ဘုရား)။
မှားကြဦးမှာလား (မမှားပါဘူး ဘုရား)။
မမှားပါနဲ့နော် အဇာတိရှိလျက်နဲ့တော့ ဇာတိမလုပ်ကြပါနဲ့နော် (မှန်ပါ့)။
အဇာတိ ပဋိသန္ဓေ မနေရာဆိုတော့ ရှိလျက်သားနဲ့ ဇာတိဒုက္ခသစ္စာကြီးကို မက်မက်မော်မော ဆွမ်းတွေ ကွမ်းတွေနဲ့ ကျွေးမွေးပြီး သကာလ တောင်းယူတဲ့ပုဂ္ဂိုလ်များဟာဖြင့် ဝက်လိုဘဲ အားလုံးအလယ်မှာ မရှက်တဲ့ သဘော ရှိတယ် (မှန်ပါ့) မကြောက်တဲ့ သဘောလဲ (ရှိပါတယ် ဘုရား) တယ်လဲ ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။
ဒါ့ကြောင့် အဝိဇ္ဇာသည်ကားလို့ ဆိုလို့ရှိရင် အနောတ္တပ္ပ အဟိရိက သူသာရှိလာလို့ရှိရင် မရှက်ဘူးဟေ့ ဘုရားရှေ့ တောင်းတာဘဲတဲ့ (မှန်ပါ့) ဘယ်လောက်များ ဆိုးသွားသလဲ (ဆိုးပါတယ် ဘုရား)။
ဒီ့ပြင်နေရာမှာ ခင်ဗျားတို့ တောင်းတာမဟုတ်ဘူး၊ ဘုရားရှေ့မှာကို နောက်ဘဝတွေက ပါ-ပါနေတယ် (မှန်ပါ့)။
ဒါ ဘယ့်နှယ်ကြောင့် တောင်းတာတုန်းဆိုတဲ့ အခါကျတော့ အဝိဇ္ဇာရှိနေလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ အရှက်အကြောက်မရှိလို့ တောင်းတာ (မှန်ပါ့)။
အရှက်အကြောက်မရှိ
အဝိဇ္ဇာရှိနေတဲ့အတွက် (အရှက်အကြောက်မရှိလို့ တောင်းတာပါ ဘုရား)။
အဲ ဟီရိဩတ္တပ္ပဆိုတဲ့တရား မရှိဘူး၊ ဟိရိဩတ္တပ္ပ ဆိုတဲ့ ရှက်ကြောက်တတ်တဲ့ တရားနှစ်ခု မရှိတော့ အဟီရိက အနောတ္တပ္ပဆိုတဲ့ တရားနှစ်ခုဟာ အဝိဇ္ဇာကြောင့် ဖြစ်တာလို့ သေသေချာချာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် မဟာဝဂ္ဂသံပုတ်မှာ ဟောပါတယ်နော် (မှန်ပါ့ ဘုရား) သဘောပါကြလား(ပါပါတယ် ဘုရား)။
အဲ့ဒီတော့ ဘုရားရှေ့သွားပြီး သကာလ မလုပ်ကြပါနဲ့တဲ့၊ လူ့မျက်လုံး၊ နတ်မျက်လုံးကို အကောင်းမျက်လုံး တွေနဲ့ကြည့်တော့ ဝက်ဟာ မရှက်ဘဲနဲ့ ကျင်ကြီးစားနေတော့ မောင်နိုင်ကြည့်ကောင်းရဲ့လား (မကောင်းပါ ဘုရား)။
ဒီမှာလဲ ထို့အတူဘဲ ဘုရားရှေ့ သွားပြီး သကာလ လူ့ပြည်နတ်ပြည် အကြိမ်ကြိမ်ခံစား၍ဆိုတာ ဒီသား ဒီသမီး ဒီမြေးနဲ့ မခွဲရပါလို၏ဆိုတဲ့ ဇာတိတောင်းတာတွေဟူသ၍တော့ဖြင့် ဒကာ ဒကာမတို့ အရှက်မရှိတဲ့ ဝက်လိုဘဲဆိုတဲ့ အဓိပ္ပါယ်ဟာ သေသေချာချာ ပါတယ် (မှန်ပါ့) မပါဘူးလား (ပါ-ပါတယ် ဘုရား)။
တော်တော်အရုပ်ဆိုးတယ်နော် (ဆိုးပါတယ် ဘုရား) တစ်ချို့ဆရာသမားတွေ၊ တစ်ချို့စာအုပ်တွေ၊ တစ်ချို့ လူတွေက ဟတောင်းပါကလားဟ၊ ဟတောင်းပါလားဟ ဆိုလိုက်သေးတယ်။ (မှန်ပါ့) သိပ်လွဲတာပေါ့၊ မလွဲဘူးလား (လွဲပါတယ် ဘုရား)။
မင်း အနှိပ်စက်ခံချေကွလို့ တွန်းချလိုက်တာနဲ့ကော (အတူတူပါ ဘုရား)။
အတော်ဆိုးပါကလားဟေ့ (မှန်ပါ့) အတော်ဆိုးပါတယ် အတော်ဆိုးပါတယ်နော် (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဇာတိ ဘယ်လောက် တရားဟော ကောင်းတယ်ဆိုတာ ကျေနပ်ပြီလား၊ မင်း ဆွေမျိုးဉာတကာတွေ မျက်ရည်စက်လက်နဲ့ နေပေမဲ့ ငါခေါ်ရာလိုက်ပြီး သကာလ လာသာလာခဲ့ပါကွာ၊ ဒီနေရာ ကောင်းပါတယ်လို့ ဟောပြီး သကာလ မှ ထောင်ချတာကိုးဗျ (မှန်ပါ့) ဘယ်လောက်ဆိုးတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဇာတာဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဘယ့်နှယ်ကြောင့် သူ့ကို ဒုက္ခသစ္စာလို့ ဘုရားဟောပါလိမ့် မတုံးဆိုတော့ အို နှိပ်စက်တတ်လို့ ဟောတာ (မှန်ပါ့) သဘောကျကြပြီလား(ကျပါပြီ)။
ပါဠိရွတ်ကြည့်တော့ (ပီဠနဋ္ဌောပါ ဘုရား)။
ဒါက သေသေချာချာ ဘုရားဟော ပါဠိတော်နော်(မှန်ပါ့) ရှင်သာရိပုတ္တရာလဲ ဟောတယ်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးလဲ လက်မှတ်ထိုးတယ်၊ သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် ဒီဇာတိလောက် ကြောက်စရာကောင်းတာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
နောက် အင်မတန်ရှာထားတဲ့ ပစ္စည်းတွေကြားထဲ အင်မတန် ခင်တဲ့ ခင်ပွန်းမတွေ ကြားထဲကနေပြီး လင်သည် ယောက်ျားကို တစ်ခါတည်း အနိုင်ဆွဲထုတ်ပြီး သကာလ တစ်ခုသော ဝမ်းခေါင်းတည်းဟူသော အကျဉ်းထောင်ထဲ ချပေးလိုက်တယ် (မှန်ပါ့) ဘယ်သူ့သတ္တိလဲ (ဇာတိသတ္တိပါ ဘုရား) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
မောင်မြင့်တို့ သဘောကျရဲ့လား၊ ကျရဲ့နော် (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ (ကျပါတယ် ဘုရား)။
အရတော်လေစွာ့ဘဲလား (အရဆိုးပါတယ် ဘုရား) အရ အတော်ဆိုးတယ်၊ အလိုက်အတော်မှားတယ် (မှန်ပါ့) မမှားဘူးလား (မှားပါတယ် ဘုရား)
အရအတော်ဆိုး၊ အလိုက် အတော်မှားတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ပင်ကိုက မကောင်းတာ
အဲ့ဒီတော့ ကဲ ဇာတိက ပြောလာတာလဲ နာရီဝက်ရှိသွားပြီ ဒကာ ဒကာမတို့နော်၊ သူဆိုးကြောင်း သိတာကိုလဲ ဘုန်းကြီးက စကားတတ်လို့ ပြောနေတာ၊ စာအုပ်တွေကြည့်ပြီး သကာလ ပြောနေတာလား၊ ပင်ကိုက မကောင်းတာလား ဆိုတာကိုလဲ မင်းတို့က တရားဟောတဲ့ ဘုန်းကြီးအပေါ်မှာ ဝေဖန်ကြည့်တာပေါ့နော် (မှန်ပါ့) ပင်ကိုယ်က မကောင်းတာ ပါဘုရား။
အေး ဇာတိပိ ဘာတဲ့တုန်း (ဒုက္ခသစ္စံပါ ဘုရား) ပင်ကိုယ်က မကောင်းဘူးလို့ပြောမှာပါဘဲနော် (မှန်ပါ့)။
ဘယ့်နှယ့်ကြောင့် သူ့ကို ဒုက္ခသစ္စာလို့ ပြောရပါလိမ့်မတုန်းဆိုတော့ ခုနင်က ပါဠိတော်ကလေး ပြန်ရွတ်လိုက် (ပိဠနဋ္ဌောပါ ဘုရား) ပီဠနဌော=ညှာတာမဖက် အမြဲနှိပ်စက်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါတယ် ဘုရား)။
သူတရားဟောလို့ရတဲ့ ပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက်တာ ဇာတိ (မှန်ပါ့)။
ဟိုဘဝကနေ ဆွဲပြီး ဒီဘဝ ကောင်းပါတယ်လို့ တရားဟောပြီး ဆွဲထုတ်လာတဲ့ သဘောသည်ကားလို့ဆိုရင် ဇာတိ၏သဘော၊ ရောက်ရာကျမှ အကျဉ်းထောင်ချပြီး အငတ်ထားတာ ဘယ်သူပါလိမ့် (ဇာတိပါ ဘုရား)။
ဘယ်လောက်များ ဆိုးတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
အဲ့ဒါကြောင့် ဘယ်ဇာတိသုခသစ္စာဖွဲ့တယ်လို့ သဗ္ဗညုတဉာဏ်တော်နဲ့ ဟောတဲ့နေရာ ပါသေးသလား (မပါပါ ဘုရား) ဘယ်ဇာတိမှ မဟောခဲ့ဘူးနော် (မှန်ပါ့)။
နောက်ပဋိသန္ဓေ နေတဲ့ အပြစ်ဟာ အကြီးဆုံး
ငါကွာ ဘုရားက ပဏ္ဏာသပါဠိတော်ကြီးများကျတော့ သတ္တဝါအပြစ်ကြီးဆုံးသင့်တာ ငါသဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တာဟာ ဘယ်ဟာ အကြီးဆုံးတုံးလို့ မှတ်လိုက်တဲ့အခါ ကျလို့ရှိရင် သေသေချာချာ ပြန်တွေးပြီး သဗ္ဗညုတ ဉာဏ်နဲ့ အစွမ်းကုန် ကြည့်လိုက်တော့ အပြစ်အကြီးဆုံး ရှာလိုက်တာ လောကကြီးထဲမှာ တဘဝ စုတေပြီး နောက်ပဋိသန္ဓေ နေတဲ့ အပြစ်ဟာ အကြီးဆုံးအပြစ်ဟေ့လို့ ရှင်သာရိပုတ္တရာရလို့ ဆန္ဒသုတ်မှာ သေသေချာချာ ဟောထားတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) တယ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဘယ်ဇာတိကြိုက်ကြသလဲ (ဘယ်ဇာတိမှ မကြိုက်ပါ ဘုရား)။
ဇာတိဆိုရင် ခင်ဗျားတို့က စာသံပါနေတယ်၊ ဘယ်ဘဝကြိုက်သလဲ (ဘယ်ဘဝမှ မကြိုက်ပါ ဘုရား) အဲ ဘယ်ဘဝမှ မကြိုက်ပါနဲ့တဲ့ ရောက်ကတည်းက အနှိပ်စက်ခံရတယ် (မှန်ပါ့ ဘုရား)။
ရောက်ကတည်းက (အနှိပ်စက်ခံရပါတယ် ဘုရား) အနှိပ်စက်ခံရတယ်တဆိုတော့ ဘယ်သူက နို့ချိုလာကျွေး ပါလိမ့် ၉-လခွဲ(မကျွေးပါ ဘုရား) ဘယ်သူ့မှ နို့ချိုလာမတိုက်ပါဘူး (မှန်ပါ့ ဘုရား)။
ဝမ်းထဲမှာ မောင်နိုင် မင်းကိုယ်တိုင်နေခဲ့တာ ဘယ်သူက တိုက်သတုန်း (ဘယ်သူမှ မတိုက်ပါ ဘုရား)။
ဘယ်သူက ထမင်းလာခွံ့သတုန်း (ဘယ်သူကမှ မခွံ့ပါ ဘုရား) ဘယ်သူက မင်းကျင်ကြီးလာကြုံးသတုန်း (ဘယ်သူမှ မကြုံးပါ ဘုရား) မကြုံးဘူးလား၊ ဘယ်သူက စောင်းတည့်ပေးမည့် ပုဂ္ဂိုလ် (မရှိပါ ဘုရား)၊ အော်နိုင်တဲ့ ပါးစပ်ကလဲ အော်လို့ရရဲ့လား (မရပါ ဘုရား)။
ဪ ဒါဖြင့် မင်းတို့ ဒီအလုံထောင်မှာ အခုချတယ်ဆိုတာဟာ အတွင်းမှာ ကိုယ့်ဟာကိုယ်အော်မယ်ဆို အသက်ရှူပေါက်ပါလို့ အော်နိုင်သေးတယ် (မှန်ပါ့) ဟိုမှာ အသက်ရှူပေါက်မပါလို့ အော်ကိုမအော်နိုင်ဘူး (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ အရတော်လာကြသလား၊ အရဆိုးကြသလား (အရဆိုးပါတယ် ဘုရား)။
နိတတ္ထ, နေယျတ္ထ
အေး ဒါ နိတတ္ထ တိုက်ရိုက်ဟောတော့မယ်ဆို ဒီလို ဟောရတယ် (မှန်ပါ့) နေယျတ္ထဆောင်ဟောတော့မယ်ဆို တော့ လူ့ဘဝရခဲတယ်လို့ ဟောရတယ်နော် (မှန်ပါ့ ဘုရား)။
အဲ့ဒါကြောင့် နိတတ္ထ, နေယျတ္ထ မကွဲဘဲနဲ့ နေကြပြန်လို့ ရှိရင်လဲ ငါဘုရားကို စွပ်စွဲလိမ့်မယ်ကွလို့ အင်္ဂုတ္တိုရ် ပါဠိတော်များ လာပြန်သေးတယ်နော် (မှန်ပါ့) သေသေချာချာ အရေးကြီးတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဇာတိတစ်လုံးတည်း ပြောနေတော့ အခု ဒကာ ဒကာမတို့ ၃၅မိနစ်ရှိသွားပြီနော် (မှန်ပါ့) ပေါ်ကြပြီ (ပေါ်ပါပြီ) သူ့ကို ထိတ်လန့်သလား (ထိတ်လန့်ပါတယ် ဘုရား)။
ဒါဖြင့် သူဟောတဲ့ နောက်ကို ကျုပ်တို့ ဒီဆွေမျိုးဉာတကာထဲက ဆွဲထုတ်တာလဲ သူနော် (မှန်ပါ့) ရောက်ရာ အလုံထောင်ချတာလဲ (သူပါဘဲ ဘုရား)။
သူ့သတ္တိ မကုန်သေးပါဘူးတဲ့ ကျုပ်တာဝန်က ဟိုဘဝက ဒီဘဝကောင်းပါတယ်ဆိုပြီး သကာလ ဆွဲယူပြီး ဒီဘဝအလုံထောင်ချဘို့ရာ ကျုပ်တာဝန်၊ ကဲ ကျုပ်တာဝန်ကုန်တဲ့အခါကျတော့ ခင်ဗျားက နဂိုရ်ကဇရာကရိုက်သတ်ပါ မယ်ဆိုတဲ့ တာဝန်ရိုက်ပြီး သကာလ ညှဉ်းဆဲပါ့မယ်ဆိုတဲ့ တာဝန် ခံထားတာက ရှိသေးတယ် (မှန်ပါ့)။
ဖျတ်ဆို ဇာတိကိစ္စ သုတ္တနည်းနဲ့ ပြင်ဘက်လဲထွက်ပါရော ဇရာဆိုတာက တခါတည်း လေပူ, နေပူတွေနဲ့ ရိုက်တော့တာဘဲ မရိုက်ဘူးလား (ရိုက်ပါတယ် ဘုရား)။
တစ်ခါတည်း ရင့်ကျက်လာတယ်၊ ခလေးကလေး ငယ်ငယ်ကလေး မွေးတုန်းက သေးသေးကလေး (မှန်ပါ့) ပြင်ဘက်တစ်ခါတည်း ရင့်ကျက်ပြီး လာလိုက်တော့ ကြီးထွားမလာဘူးလား (လာပါတယ် ဘုရား)။
အဲ့ဒါ ဘယ်သူ့ဒဏ်ချက်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) ဇရာဒဏ်ချက် (မှန်ပါ့) သေမလို့ ရင့်ရော်လာတာ (မှန်ပါ့) ဘာပါလိမ့် (သေမလို့ ရင့်ရော်လာတာပါ ဘုရား)။
ဇရာ ထိုးအပ် လိုက်တယ်
သေမလို့ ရင့်ရော်လာတော့ ကျုပ်တာဝန်ကုန်ပြီ ခင်ဗျားတာဝန်ဘဲ ရှိပါတော့တယ်ဆိုပြီးတော့ ဇရာ ထိုးအပ် လိုက်တယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ အလိုတူကိုးဗျ (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ) ဘာတဲ့တုန်း (ဇရာ ထိုးအပ်လိုက်ပါ တယ် ဘုရား)
ဇရာဆီ ထိုးအပ်လိုက်တာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နဂိုရ်က သုံးယောက်တိုင်ပင်ပြီး သတ်ပွဲဆင်မှာကိုးကွ (မှန်ပါ့ ဘုရား)။
သုံးယောက်တိုင်ပင်ပြီး သတ်ပွဲဆင်မှာကို မင်းတို့က မရိပ်မိတော့ အင်း လူလားမြောက်လာပြီလို့ အောက်မေ့နေ တယ်။ သေကာနီး ဖြစ်လာကာ ရိုက်နှက်လို့ (မှန်ပါ့)။
ဝမ်းထဲက တက်သေခါနီး မဖြစ်သေးဘူးလား (ဖြစ်ပါပြီ ဘုရား)။
တစ်ချို့ပြင်ဘက်ရောက်ပြီး ဖျတ်ကနဲ သေသွားတာတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
သေကာနီး ဖြစ်လာတာ လူလားမြောက်လာတယ်၊သားရတနာကလေး ထွန်းကားလာတယ်လို့ မင်းတို့က ဘဝ တဏှာတွေကနော်၊ သမုဒယသစ္စာတွေက ချော့လိုက်ပြီဆိုမှဖြင့် တစ်ခါတည်း သတင်းစာထဲများထည့်ပြီး ကြော်ငြာလိုက် ချင်သေးတယ် (မှန်ပါ့) အတော်ဆိုးပစ်လိုက်တဲ့ အဓိပ္ပါယ် မလာဘူးလား (လာပါတယ် ဘုရား)။
ကဲ ရှင်းကြပြီလား (ရှင်းပါပြီ) အပြီးသတ်တော့ အရိုက်အနှက်ခံရတဲ့ အခြေအနေရောက်ပြီ (မှန်ပါ့)။
ဘယ်လိုဆိုကြမယ် (အရိုက်အနှက်ခံရတဲ့ အခြေအနေရောက်ပါပြီ ဘုရား)။
ဘယ်သူ့သတ္တိပါလိမ့်မတုန်းမေးတော့ (ဇရာသတ္တိပါ ဘုရား) ဇရာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) အင်း ဒုက္ခသစ္စာဆိုတာတော့ ဒုက္ခက ဆင်းရဲတာ၊ သစ္စာကမှန်တာ၊ ဆင်းရဲတာ အမှန်ပါဘဲ (မှန်ပါ့)။
သို့သော်လဲ ဆင်းရဲအောင်လုပ်တာ ဘယ်သူတုန်းလို့ မေးတဲ့ အခါကျတော့မှ ဇရာ၊ ဟ ဇရာ ဘယ်လက္ခဏာ ရှိသတုံး၊ ဟုတ်လား၊ သစ္စာနဲ့ တွေ့စမ်းပါဆိုတော့ ဇရာဒုက္ခသစ္စာမှာလဲ ပီဠနဋ္ဌောဘဲ (မှန်ပါ့)။
ဘယ်လိုဆိုကြမယ် (ပီဠနဋ္ဌောပါ ဘုရား)။
ညှာတာမဖက် အမြဲနှိပ်စက်
ရောက်လာတဲ့အချိန်မှာ ညှာတာမဖက် အမြဲနှိပ်စက်ဖို့ သူ့လက်တွင်း ရောက်တဲ့အချိန် ညှာတာမဖက် အမြဲ နှိပ်စက်ဘို့ရာလဲ ဘယ်သူ့ကိစ္စပါလိမ့် (ဇရာကိစ္စပါ ဘုရား) ဇရာ၏ ကိစ္စဆိုတာ ကျေနပ်ကြပြီလား (ကျေနပ်ပါပြီ ဘုရား)။
ဦးဘကလေး ဆိုးလွန်းလို့ ပြောပါတယ် (မှန်ပါ့)။
ဆိုးလွန်းလို့ ဒီတလုံးတလုံးကိုဘဲ နာရီဝက်လောက်ပြောပြီး သကာလ နေတာ ဒကာ ဒကာမတွေမှာ ဪ ဒို့မသိတာ ဒီဆရာဘုန်းကြီးက ကောင်းကောင်းမွန်မွန် ဖေါ်ပြောပြီး သကာလ နေလို့ ဒို့ကဖြင့် ရောက်ရာပျော်တယ်၊ မသိတာ အဝိဇ္ဇာက ဖုံးလွှမ်း၊ ရောက်ရာမှာ ပျော်ပြီး သကာလ မူးဟယ်-ရူးဟယ်၊ ပေါင်းဟယ် -သင်းဟယ် အစရှိသည်နဲ့ အမျိုးမျိုးနေတဲ့ဥစ္စာ အနှိပ်စက်ခံရင်း ပျော်နေတော့ ရူးလို့ရင်လဲ ဖြစ်ပါလိမ့်မယ် (မှန်ပါ့)။
အနှိပ်စက်ခံရင်း ပျော်နေတော့ (ရူးလို့ရင်လဲ ဖြစ်ပါလိမ့်မယ် ဘုရား)။
သွားနှိပ်စက်လို့လဲ သွားတွေက ယိုင်လို့၊ နာလိုက်, အောင့်လိုက် မရှိဘူးလား (ရှိပါတယ် ဘုရား) ခန္ဓာကိုယ် ရိုက်ထားလို့လဲ ဟိုကကျဉ်သလို, ဒီကကိုက်သလို, ခဲသလို, ဇရာကိစ္စတွေကလဲ အမြဲနှိပ်စက်နေတယ် (မှန်ပါ့)။
အဲ့ဒီနှိပ်စက်ရင်း မတ္တနဲ့ဘဲ ပျော်လိုက်၊ မြူးလိုက်ဆိုတော့ ဟ ဒီပုဂ္ဂိုလ် ဘယ်လိုပါလိမ့်မတုံးလို့ မေးလို့ရှိရင်ဖြင့် ကိလေသာ အရူးထ,နေလို့ (မှန်ပါ့)။
ဘယ်လိုဆိုကြမယ် (ကိလေသာ အရူးထ,နေလို့ပါ ဘုရား)။ ပေါ်ကြပြီလား (ပေါ်ပါပြီ) ရှင်းကြပြီနော် (ရှင်းပါပြီ)။
အခု ဘယ်သူကနေ ထိုးအပ်လိုက်လို့ ဘယ်သူ့လက်ထဲ ရောက်လာပါလိမ့် မောင်နိုင်ရေ (ဇာတိက ထိုးအပ်လိုက် လို့ ဇရာလက်ထဲ ရောက်လာပါတယ် ဘုရား)။
အင်း သဘောတူမှ ဟုတ်ကြရဲ့လား (ဟုတ်ပါတယ် ဘုရား)။
ဟိုဘဝတည်းကနေပြီး တရားပြပြီး ထောင်ချပြီး သကာလ ထောင်ချဘို့ တာဝန်က ဇာတိ၏ တာဝန်နော် (မှန်ပါ့)။
အင်း ထောင်ထဲကနေပြီး သကာလ ထောင်ထဲ ရောက်တဲ့အခါကျလို့ရှိရင်ဖြင့် ရိုက်ဖို့, နှက်ဖို့ မထနိုင်အောင် လဲနေအောင် လုပ်ဘို့တာဝန်က ဘယ်သူ့တာဝန်တုန်း (ဇရာ၏ တာဝန်ပါ ဘုရား)။
ဇရာလက်ထဲ ရောက်နေတယ်
အခု ဦးဘကလေးတို့ ဘယ်သူ့လက်ထဲရောက်နေကြသလဲ (ဇရာလက်ထဲ ရောက်နေပါတယ် ဘုရား)။
ဪ ဒီအချိန်မှာ သားနဲ့, မယားနဲ့, ပစ္စည်းကလေး အကြောင်းညီညွတ်ပြီး သကာလ ၊ ပျော်ပြီး သကာလ ဒီလို များဖြင့် ကျုပ်မသေချင်သေးဘူးဆိုတော့ အရိုက်ခံလျက်နဲ့ ပြောနေတာ (မှန်ပါ့)။
ဒီလိုတော့ ကျုပ်မသေချင်သေးဘူးဆိုတာ ဘာပါလိမ့် (အရိုက်ခံလျက်နဲ့ ပြောနေတာပါ ဘုရား)။
ဟာ မင်းတို့ဟာ ခက်လှချည်လားကွာ၊ ခွေးရိုက်တဲ့အခါကျတော့ လွတ်အောင်ပြေးတယ်မဟုတ်လားကွ (မှန်ပါ့) ဒီမှာ ရိုက်နေလျက်နဲ့ လွတ်အောင်ပြေးသလား၊ ဒီလိုဆိုရင် တော်ပါသေးရဲ့လားဆိုကြသလား (တော်ပါသေးရဲ့ ဆိုကြပါတယ် ဘုရား)။
ဟာ သွားပြိကောကွ (မှန်ပါ့) သွားပြီကွ၊ အတော်ဆိုးသွားပြီ၊ မဆိုးသေးဘူးလား (ဆိုးပါတယ် ဘုရား)။
ဉာဏ်နားနဲ့ ထောင်ကြည့်တော့မှ ခွေးရိုက်တော့ အင်း တစ်ခါတည်းပြေးရှာတယ် မောင်မြင့် မပြေးဘူးလား (ပြေးပါတယ် ဘုရား) မောင်အောင်ချီတို့ မပြေးဘူးလား (ပြေးပါတယ် ဘုရား)။
မင်းတို့ ဒီဇရာထဲမှာဘဲ ဒီလိုနေရလို့ရှိရင် အခု ဇရာ အခြေအနေပါဘဲ၊ ဒီလိုအခြေအနေနဲ့ ဒီလိုအနေဆိုလို့ ရှိရင်လဲ တော်-တော်သေးရဲ့ဆိုတော့ အင်း နိဗ္ဗာန်ဘက် ပြေးမလို့ စိတ်ကူးတာလား၊ တော်သေးရဲ့ဆိုပြီး ပေးပြီးအရိုက် ခံတာလား (ပေးပြီးအရိုက်ခံတာပါ ဘုရား)။
ဟာ ဦးဘကလေး လွန်ကုန်ပြီထင်တယ် (မှန်ပါ့) မလွန်သေးဘူးလား (လွန်ပါပြီ ဘုရား)၊
လွန်ကုန်ပြီဆိုတာ ဉာဏ်နားနဲ့ ထောင်ကြည့်မှ သူ့ဟာက သစ္စာမသိတော့ မောင်နိုင်ရေ ပီဠနဋ္ဌောကို သူမရိပ်မိ ဘူး (မှန်ပါ့)။
ညှာတာမဖက် အမြဲ နှိပ်စက်နေတာကို သူရိပ်မိရဲ့လား (မရိပ်မိပါ ဘုရား)။
မရိပ်မိတဲ့အတွက်ကြောင့် အင်း ဒီလိုဆိုရင် တော်သေးရဲ့ အရွယ်ကလေးကလဲ မြောက်လာပြီ၊ စီးပွားရေး ကလေးကလဲ ထောက်လာတယ်၊ ကာလဒေသကလေးနဲ့ဆိုတော့ ကိုယ့်အခြေအနေမဆိုးလှဘူးဆိုပြီး တစ်ယောက် တည်းများ ပြုံးပြီးနေတာပါသေးတယ် (မှန်ပါ့ ဘုရား) မပါဘူးလား (ပါ-ပါတယ် ဘုရား)။
ဘယ်သူ့သတ္တိထင်ကြသတုန်း (ဇရာသတ္တိပါ ဘုရား)။
ဇရာ၏ သတ္တိက မဟုတ်ဘူးပေါ့၊ ဘဝတဏှာက ချော့လိုက်တယ် (မှန်ပါ့) ဇရာကတော့ ရိုက်လျက်ဘဲ၊ ဇရာက တော့ တစ်နေ့တစ်ခြား အိုမှုကို မထနိုင်အောင် လုပ်တော့မယ်၊ သို့သော် မင်းတို့က ပြုံးနေတာက ဘယ်သူ ချော့ထားလို့လဲ (ဘဝတဏှာ ချော့ထားလို့ပါ ဘုရား)။
ဘဝတဏှာ ချော့ထားတယ်နော် (မှန်ပါ့) အဲ့ဒီတော့ ဇရာကို မမြင်အောင် မဖုံးထားတာလဲ အဝိဇ္ဇာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ဇရာရိုက်နှက်တာမမြင်အောင် ဖုံးထားတာလဲ (အဝိဇ္ဇာပါ ဘုရား)။
အဝိဇ္ဇာက ဖုံးထားတာ၊ တဏှာကချော့တော့ မင်းတို့ကမြူးတာပေါ့ကွာ (မှန်ပါ့) ဒီအတိုင်း အဓိပ္ပါယ် မရဘူးလား (ရပါတယ် ဘုရား)။
အဲ့ဒါ အင်မတန်သိခဲ့တဲ့ တရားဆိုတာလဲ နောက်က ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒီနေ့ ဒီတရားသည်ကားဆို့လို့ရှိရင် အခု ငါတို့သည်ကား ဘယ်သူ့လက်တွင်း ရောက်နေပါလိမ့်မလဲ ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)။
ဦးဘကလေး ဘယ်သူ့လက်ထဲရောက်နေသလဲ (ဇရာ လက်ထဲရောက်နေပါတယ် ဘုရား) ဇရာက ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) ဘာလုပ်နေတတ်သတုံးဆိုတော့ ဘယ့်နှယ်ဖြေမလဲ (ပီဠနဋ္ဌော နှိပ်စက်တတ်ပါတယ် ဘုရား)။
ပီဠနဋ္ဌောဆိုတာ ညှာတာမဖက် အမြဲနှိပ်စက်တတ်တယ် (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။
ဘာလုပ်တတ်သလဲ (ညှာတာမဖက် အမြဲနှိပ်စက်တတ်ပါတယ် ဘုရား)။
ညှာတာမဖက် အမြဲနှိပ်စက်တတ်တယ်
ညှာတာမဖက် အမြဲနှိပ်စက်တတ်တယ်ဆို ဘုရားကိုတောင် မညှာဘူးကွ (မှန်ပါ့) မမြင်ဘူးလား၊ ခါးတော် နာလာတယ်၊ အရေတွေ တွန့်လိပ်လာတယ်၊ ဘယ်သူ့ညှာသေးသလဲ (ဘယ်သူ့မှ မညှာပါ ဘုရား)။
သူ့သဘောက သစ္စာတဲ့ မှန်တာလုပ်မယ်၊ ပုဂ္ဂိုလ်မရွေးဘူးကွ၊ သဘောကျပြီလား (ကျပါပြီ)။
ဘုန်းရှင်-သမ္ဘာ့ရှင်-ကံရှင်တွေရယ်လို့ ရွေးသေးရဲ့လား (မရွေးပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ)။
ကဲ ဒါဖြင့် အခု ဒကာ ဒကာမတွေ ဇရာလက်တွင်းမှာဖြင့် အရိုက်အနှက် ခံနေရတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ငါဘယ့်နှယ်ဖြစ်တယ် မသိဘူးဟေ့ နားက ခပ်အူအူဖြစ်လာတယ်၊ ဦးဘကလေးက မျက်လုံးကလဲ ခပ်သီသီဖြစ် လာတယ်၊ ဘယ့်နှယ်မှမဖြစ်ဘူး၊ ဇရာရိုက်နှက်လို့ ဒဏ်ချက်မိတာ (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ) ငါ့ဆံပင်ကလေး တွေတဲ့ အရင်နဲ့မတူဘူး၊ ဘယ်လိုဖြစ်လာတယ်မသိဘူး၊ ဘယ်က ဘာမသိဘူး လုပ်မနေနဲ့ ဘယ်သူ့ဒဏ်ချက်တုံး (ဇရာ ဒဏ်ချက်ပါ ဘုရား) ဇရာဒဏ်ချက်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ) အဲဒီထဲက နေပြီး သကာလ မှ ဒကာ ဒကာမတို့ အရူးထလို့ မကောင်းတော့ဘူး (မှန်ပါ့)။
ဦးဘကလေး ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား) မကောင်းပါဘူးတဲ့၊ နှိပ်စက်တာက အချိန်တိုင်းလား၊ အချိန်တိုင်းလား အချိန်ခြားသေးသလား (အချိန်မခြားပါ ဘုရား) အချိန်တိုင်း နှိပ်စက်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အချိန်တိုင်း နှိပ်စက်ပါတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) တစ်ချိန်နဲ့ တစ်ချိန်ရင့်ရော်မှု တူပါရဲ့ လား (မတူပါ ဘုရား) အဲ့ဒါ ဘယ်သူရိုက်နှက်တာပါလိမ့် (ဇရာရိုက်နှက်တာပါ ဘုရား) အဲ ဇရာဆိုတာသည်ကားလို့ ဆိုရင်ဖြင့် ဒုက္ခသစ္စာဆိုတာ ပေါ်ရောပေါ့ဦးဘကလေးရဲ့ (မှန်ပါ့) ဘယ့်နှယ်ကြောင့် သူ့ကို ဒုက္ခသစ္စာလို့ ဆိုရပါလိမ့်မတုံး ဆိုတော့ သူ့ကိစ္စကြည့်လိုက်တော့မှ ပီဠနဋ္ဌော (မှန်ပါ့) ညှာတာမဖက် အမြဲနှိပ်စက်တဲ့ ကိစ္စ သူ့ကိစ္စပေါ့ (မှန်ပါ့)။
ဒါ သူ့လေးချက်ကုန်အောင် မဟောသေးပါဘူး၊ ဒကာ ဒကာမတို့ အင်မတန် ဆိုးနေပြီနော် (မှန်ပါ့) မဆိုးပါဘူး လား (ဆိုးဝါးပါတယ် ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ) ဒါဖြင့် သူသည်ကား ဇာတိနဲ့ ဇရာဟာ သဘောတူ နှိပ်စက်ကြ တယ် (မှန်ပါ့ ဘုရား) မောင်နိုင်ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။
ဒီအထဲ ထောင်ချပြီး သကာလ ထောင်ထဲ ရောက်ဘို့ တာဝန်ကျုပ်တာဝန်၊ ထောင်ထဲရောက်ပြီး သကာလ မသေမခြင်း သေခါနီးထိအောင် ရိုက်မှုနှက်မှုဟာ ခင်ဗျား တာဝန်လို့ဆိုတာ နဂိုရ်ကမှ သုံးယောက်သဘောတူ အစည်း အဝေး ဖွင့်ပြီး သကာလ သတ္တဝါ တစ်ဦးတစ်ယောက် နှိပ်စက်တာကိုး (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
သတ္တဝါ တစ်ဦးတစ်ယောက်ကို နှိပ်စက်တဲ့ သုံးယောက်ကဖြင့် ဒကာ ဒကာမတို့ ဆွေးနွေးပြီးသား တိုင်ပင်ပြီး သား သဘောတူ လက်မှတ်ထိုးပြီးသားဆိုတဲ့ ဥစ္စာ သေချာပါတယ် (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ် ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ) ဒါဖြင့် အခု ဘယ်သူ့လက်တွင်း ရောက်နေသလဲ (ဇရာလက်တွင်း ရောက်နေပါတယ် ဘုရား) တစ်နေ့မှ မနှိပ်စက်တဲ့နေ့ (မရှိပါ ဘုရား) မရှိဘူးဆိုတာကော ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ကောင်းပြီ ဒါဖြင့် ဒီဇရာကလဲ သူ့တာဝန်က သူများထူမှ ထနိုင်တဲ့ တာဝန်ကျအောင် သရိုက်ရမှာကိုး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) မျက်မှန်ငှား တောင်ဝှေးငှားနဲ့ သွားနိုင် လာနိုင်တဲ့အချိန် မျက်မှန်ငှား တောင်ဝှေးငှားနဲ့ သူတစ်ပါးထူမှ ထနိုင်တဲ့ အခြေအနေကျအောင် သူရိုက်ရ နှက်ရဦးမှာ (မှန်ပါ့ ဘုရား)။
မရဏက ငါ့တာဝန်ပေါ့ကွာ
အခု ဒကာ ဒကာမတွေ ရိုက်ဆဲပဲရှိသေးတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) အဲဒီ သူမျက်မှန်စွပ်ပြီး တောင်ဝှေးထောက်တဲ့ အခြေအနေရောက်အောင် နှိပ်စက်ပြီးသည့် အခြားမဲ့၌ သူဘယ်သူ့ဆီ ထိုးအပ်မတုန်းလို့ဆို တော့ နဂိုရ်က သုံးယောက်တိုင်ပင်ထားတာတွေ ဆရာသမားက ဟောခဲ့တယ် (မှန်ပါ့) ကွာ တဲ့ မင်းက အကုန်ရိုက်နှက် ထားလို့ ကျေနေလို့ရှိရင် ခေါင်းဖြတ်အသက်သတ်ဘို့ရာ မရဏက ငါ့တာဝန်ပေါ့ကွာတဲ့ လာပြန်တာဘဲ (မှန်ပါ့) ဘယ်လောက်များ ဆိုးသလဲ (ဆိုးပါတယ် ဘုရား) မောင်မြင့် ပေါ်ပြီလားဟေ့ (မှန်ပါ့) မောင်အောင်ချီတို့ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
အခု မင်းတို့သည်ကား စက်တိုင် ရောက်မည့်ဆဲဆဲပါပဲ (မှန်ပါ့) ဦးဘကလေး (စက်တိုင်ရောက်မည့် ဆဲဆဲပါ ဘုရား) ဆဲဆဲဘဲနော် (မှန်ပါ့) ပေါ်ကြရဲ့လား ဒကာ ဒကာမတို့ (ပေါ်ပါတယ် ဘုရား) ဘယ်ရောက်မည့် ဆဲဆဲတုန်း (စက်တိုင်ရောက်မည့်ဆဲဆဲပါ ဘုရား) အင်း သေပွဲရောက်မည့်ဆဲဆဲ၊ အခု ဒကာ ဒကာမတို့ ဘယ်အချိန် သူထိုးအပ်မတုန်း၊ သူထိုးအပ်တဲ့ အချိန်မှာ ကျုပ်တို့သည် သုသာန်ပို့ဘို့အချိန်ဘဲ (မှန်ပါ့) မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲ့ဒါကြောင့် ဒကာ ဒကာမတို့ အခု တည်းတည်းကလေး အချိန်မှာ ဆရာဘုန်းကြီးက ကဲကွာ မင်းတို့ဖြင့် ဇာတိတရားဟောတာ လိုက်လာမိတဲ့အတွက် မင်းတို့ ဒုက္ခလဲ ရောက်ခဲ့ပြီ၊ အခုတစ်ခါ ဇာတိက ထိုးအပ်လိုက်လို့ ဇရာလက်ထဲ ရောက်ပြန်တော့ ဒီထက်ကြီးတဲ့ ဒုက္ခကြီးနဲ့ မင်းတို့ ရင်ဆိုင်တွေ့ရပြန်ပြီ ဟောပြန်တယ် (မှန်ပါ့) မဟော ထိုက်ဘူးလား (ဟောထိုက်ပါတယ် ဘုရား) ဒီ့ထက်တစ်ခါ ရှေ့ဇရာက လက်လွှဲပြန်မယ်ဆို့လို့ရှိရင်လဲ မင်းတို့ သေပွဲရှိတော့ တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဇရာက လက်လွှဲရင် (သေပွဲရှိပါတော့တယ် ဘုရား) သေပွဲပဲရှိတော့တယ်ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါ ပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေ အခု ဘယ်အခြေအနေ ရောက်နေကြသတုန်းလို့ မေးလို့ရှိရင်ဖြင့် တပည့်တော်တို့ဘုရား သူအပ်ရုံဘဲ ကျန်ပါတော့တယ် (မှန်ပါ့) ဇရာက မရဏဆီ အပ်ရုံပဲ ကျန်ပါတော့တယ် (မှန်ပါ့)။
ဇရာက မရဏဆီ အပ်ရုံပဲ ကျန်တော့တယ်
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ဇရာက မရဏဆီ အပ်ရုံပဲ ကျန်ပါတော့တယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ) အဲ့ဒီတော့ တိုတိုပြောတော့ တစ်နေ့ကျရင် သတ်ဖို့နွားကို လမ်းတော့ ဆွဲသွားပြီ-နွားသတ်ရုံ မရောက်သေးတာ တမယ် ကျန်တော့တယ်၊ (မှန်ပါ့) လမ်းတော့ ဆွဲသွားပြီ (မှန်ပါ့) မဆွဲသွားသေးဘူးလား (ဆွဲသွားပါပြီ ဘုရား)။
ဘယ်မရောက်သေးတာတမယ် ကျန်တော့သလဲ (နွားသတ်ရုံ မရောက်သေးတာတမယ် ကျန်ပါတော့တယ် ဘုရား)။
အဲဒီ မရောက်ခင်ကလေး တွန်စမ်းပါရစေဦးဘုရား၊ မြေကြီးယက်စမ်းပါရစေဦးဘုရာ့ ဆိုတဲ့ နွားတွေနဲ့တော့ တကယ်တူဘဲ (မှန်ပါ့) မတူဘူးလား တူသလား (တူပါတယ် ဘုရား)။
ပြုံးပြီးနေတဲ့ ပုဂ္ဂိုလ်များလေ (မှန်ပါ့) အပျော်ကျူးနေတဲ့ ပုဂ္ဂိုလ်များကော မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်။
အင်း သေခါနီးနွားက မသိရှာတော့ ဘေးကနေပြီး သကာလ ဗုဒ္ဓဘာသာမျက်လုံးနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ တစ်နေ့ကြီး သွားကြည့်မိလိုက်တဲ့အခါကတော့ မောင်မြင့် မမြင်ရဘူးလားကွာ (မြင်ရပါတယ် ဘုရား)။
နွားကဖြင့် သေပွဲရယ်လို့ မသိရှာဘူး (မှန်ပါ့) သူ့မှာဖြင့် တစ်ခါတည်း မြူးလိုက်တာနဲ့ ပြေးလိုက်တာနဲ့ လွှားလိုက်တာနဲ့ တွန်လိုက်တာနဲ့ နွားအဖေါ်များ တွေ့လို့ဆိုတော့ ဒီနွားကို ဘယ်လိုဆုံးဖြတ်ချက်ချမတုန်းဆိုတော့ သေခါနီး ပျော်လို့ခေါ်တယ် (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (သေခါနီးပျော်ပါတယ် ဘုရား)။
သေခါနီးပျော်လို့ ဆုံးဖြတ်ချက်ချရင် မလွဲပါဘူး (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒီမှာလဲ ဒကာ ဒကာမတွေ အင်းကျုပ်မှာလဲ မကင်းတရားကလေးရှိလို့ သွားရ, လာရ, ပြောရ, ဆိုရဦးမှာဘဲ၊ ဟိုကျပြန်လဲ ဝိုင်းဖွဲ့ပြီး သကာလ စကားလက်ဆုံများ ကျနေတာ ဘာပါလိမ့်မတုန်း (သေချာနီးပျော်ပါ ဘုရား) ရိပ်မိ ပြီလားကွ (ရိပ်မိပါပြီ ဘုရား)။
ဒကာ ဒကာမတို့ စကားလက်ဆုံများ ကျနေတာ၊ တစ်ယောက် ပြုံးလို့နေကြတာတွေ ဘာတွေဆိုတာ ပေါ်ကြပြီ လား (ပေါ်ပါပြီ) ဟ ဘာတွေ ဖြစ်နေကြတာတုန်း (သေခါနီးပျော်ပါ ဘုရား) နွားသတ်ရုံမရောက်ခင်ပေါ့ဗျာ (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲ့ဒီတော့ သေခါနီးပျော် သစ္စာမသိသေးလို့ ရှိရင်ဖြင့် ဒီအပျော်ဟာ အဝိဇ္ဇာက မသိအောင်ဖုံး၊ တဏှာက ချော့လိုက်တဲ့အခါ အခုမှ မိတ်ဆွေသင်္ဂဟတွေနဲ့ တွေ့ရတော့ ကျန်းကျန်းမာမာနဲ့လဲ တွေ့ရတော့ ဝမ်းမြောက်လိုက် တာများ လာလိုက်သေးတယ် (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။
သေခါနီးပျော်ပါ
ဟ ဘာဖြစ်ကြတာတုန်း မေးရင် ဘယ်နှယ့်ပြောပါ့မယ် (သေခါနီးပျော်ပါ ဘုရား)။
အံမာလေး ခုနင်က နွားပျော်နဲ့ ဘယ်နှယ့်နေကြသလဲ ထူးသေးသလား (မထူးပါ ဘုရား)။
အဲဒီလောက်ကအောင် မောင်အောင်ချီတု့ိ ရုပ်ဆိုးနေတယ်ဆိုတာကော မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
အဲ့ဒါ သစ္စာမသိတဲ့ သတ္တိဟာ ဒကာ ဒကာမတို့ ဘယ်လောက်များ ဆိုးနေပြီလဲ (ဆိုးပါတယ် ဘုရား) သေခါနီး ပျော်တောင် လာလိုက်သေးတယ် (မှန်ပ့ါ)။
ဘာမသိတာတုံး (သစ္စာမသိလို့ပါ ဘုရား)။
အခု ဇရာ့လက်တွင်းမှာ ကြိုးကြီးနဲ့ ဆွဲပြီးသွားသလို မရဏ မင်းတို့ဆိုတဲ့ သေမင်းဆီ နွားသတ်ရုံအပ်တော့မည့် ဆဲဆဲတောင်မှ တွန်နိုင်သေးတယ်၊ ခွါကလေးနဲ့ မြေကြီးယက်ပြီး သကာလ ချိုများ သွေးနိုင်သေးတယ်ဆိုလို့ရှိရင်ဖြင့် ဪ တိရစ္ဆာန်ဖြစ်ရခြင်းဟာဖြင့် အတော်မသိလို့ဘဲလို့ သူကဲ့ရဲ့မယ်ဆိုလို့ရှိရင် ကိုယ့်ကိုကို ပြန်ကြည့်ပါဦး (မှန်ပါ့) မကြည့်ထိုက်ဘူးလား (ကြည့်ထိုက်ပါတယ် ဘုရား)။
လူထဲသွားလဲ လူလိုဝတ်သွားမှ တော်တယ်၊ ဟိုကျတဲ့အခါကျတော့ သူမခေါ် လူမခေါ်မှာလဲ စိုးရိမ်ရသေးတယ် ဆိုပြီးတော့ မြို့ကြီးပြကြီးတွေကျတော့ မရှိရင် ငှါးဝတ်တာတွေတောင် တစ်ပုံကြီးဘဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
အဲဒါ ဘာဖြစ်ကြတာတုံးဆိုတော့ ဘယ့်နှယ်ဖြေပါ့မလဲ (သေခါနီးပျော်ပါတယ် ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
နက်ဖြန် ပြုံးမယ်ကြံရင် ငါ ဘာပါလိမ့်မတုန်း မေးကြည့်စမ်းပါ (မှန်ပါ့)။
ဘယ့်နှယ်မေးကြမလဲ (ငါ ဘာပါလိမ့်မတုန်းလို့ပါ ဘုရား) အင်း ကိုယ်ပြုံးမိလို့ရှိရင်လဲ မိတ်ဆွေတွေနဲ့ တွေ့လို့ ပြုံးမိ၊ သင်္ဂဟတွေနဲ့ တွေ့လို့ ပြုံးမိရင်မေးကြည့်၊ တရားပေါက်လို့ ပြုံးလို့ရှိရင်တော့ ဘုန်းကြီးများ မဆိုပါဘူး (မှန်ပါ့) အသေလွတ်ကို လွတ်တော့မယ်ဆိုပြီး ပြုံးတာပြုံး (မှန်ပါ့)။
တရားမပေါက်ဘဲနဲ့ မိတ်ဆွေသင်္ဂဟေတွေနဲ့ တွေ့ရ, ကြုံရ,လို့ လွမ်းဆွတ်နေတာကြာလှပြီ၊ ခုမှ သုံးနှစ်, သုံးသီး ခွဲနေရတာ ခုမှဘဲ တွေ့ရခြင်းကြောင့် ကျုပ်ဖြင့် ပြောလို့ မဆုံးဘူး၊ စကားလက်ဆုံကြလို့ မသွားပါနဲ့ဦး ဆိုပြီး ထဆွဲတဲ့ အချိန်ကျလို့ ရှိရင် ဘာပျော်လို့ဆိုကြမလဲ (သေခါနီးပျော်ပါတယ် ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဦးဘကလေး ဒါ စောင်းဟောနေတာ မဟုတ်ဘူးနော် အားလုံးမှားနေလို့ ပြောနေတာ (မှန်ပါ့) ရိပ်မိကြပြီလား (မှန်ပါ့) မှားချက် အတော်မပြင်းဘူးလား (ပြင်းပါတယ် ဘုရား)။
မရဏလက်ထိုးအပ်မယ်
အခု ဇရာ့လက်ထဲမှာနေတာ မောင်နိုင် ဘယ်သူ့ဆီ ထိုးအပ်မလဲ (မရဏလက်ထိုးအပ်ပါမယ် ဘုရား)။
မရဏဆိုတဲ့ နွားသတ်ကုလားဆီ ထိုးအပ်တော့မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
တော်တော်ကြာ လှည်လှီးခံရတော့မယ်ဆိုတာ သူဓါးသွေးပါမှ စားရတော့ လည်လှီးခံရတော့မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒီအချိန်မှာ တိရစ္ဆာန်ဖြစ်နေတဲ့ နွားသည် ဒကာ ဒကာမတို့ လမ်းမှာ တွန်လိုက် – ဟောလိုက် ခွါယက်လိုက်နဲ့ အမြီးထောင်လိုက်နဲ့ ဘာဖြစ်နေတာတုံးမေးတော့ တိရစ္ဆာန်မို့ ဘုရားမသိရှာတော့ ပျော်ရှာတာဘဲ၊ ဟိုနားရောက်ယင် နောက်လေးငါးလံလောက် သွားလို့ရှိရင် နွားသတ်ရုံရောက်မယ်၊ ယဇ်နတ်ပူဇော်ခံရတော့မယ်ဆိုတာ မသိရှာလို့ မိုက်မဲ တာဘဲ ဆိုရင်ဖြင့် ဦးဘကလေး ဒါ (အမှန်ပြောရမယ် (မှန်ပါ့) တိရစ္ဆာန်မိုက်ပေါ့ (မှန်ပါ့)။
ကျုပ်တို့ကတော့ တိရစ္ဆာန်တော့ မဟုတ်ဘူးတဲ့ နာမည်ပြောင်းပြီး မိုက်တာ (မှန်ပါ့) တိရစ္ဆာန်တော့ မဟုတ်ဘူး ပဋိသန္ဓေကမှ တိရစ္ဆာန်မဟုတ်ဘဲ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (နာမည်ပြောင်းပြီးတော့ မိုက်တာပါ ဘုရား) နာမည်ပြောင်းမိုက်တာ၊ အဲဒါ ယဉ်ကျေး တယ်ကွ အခုပြောတာ၊ ဟို တိရစ္ဆာန်မိုက်ဆိုလို့ရှိရင် အင်မတန် နာစရာကောင်းတယ် (မှန်ပါ့)။
ဦးဘကလေး ဒါ နက်ဖြန်ကျလို့ရှိရင် ပြုံးမယ်, ရွဲ့မယ်, ဟုတ်လား၊ ဒကာ ဒကာမတွေက အင်း တော်, တော်သေး ရဲ့ဆိုတဲ့ ဘဝတဏှာကလေးများ ထွက်လာမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ မင်းဟာ အတော်ဆိုးပါ ကလား ‘ဇရာပိဒုက္ခသစ္စ’ များ မင်းလှည့်မကြည့်လို့ပါလား၊ မင်း အပ်ရုံကျန်တော့တယ် မရဏဆီကို ဟုတ်လား ဒကာ ဒကာမတို့ (ဟုတ်ပါတယ် ဘုရား)။
ဘယ်သူ့လက်တွင်း အပ်ရုံ ကျန်တော့သလဲ (မရဏလက်တွင်း အပ်ရုံ ကျန်ပါတော့တယ် ဘုရား)။
မရဏလက်တွင်းအပ်ရုံကျန်တော့တယ်ဆိုလို့ရှိရင် ပျော်စရာလား လွတ်အောင် ရုန်းဘို့လား (လွတ်အောင် ရုန်းဘို့ပါ ဘုရား)။
လွတ်အောင် ရုန်းဆိုတာ
အဲ လွတ်အောင် ရုန်းဆိုတာကတော့ ဆရာဘုန်းကြီးက ဝိပဿနာလုပ်လို့ ပြောတာ၊ ဟိုမှာ အပ်မိမှာတော့ မရတော့ဘူး (မှန်ပါ့)။
မအပ်ခင်ကလေး လမ်းမှားမပျော်ဘဲနဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့) ကဲ ဒီတစ်ခါသာ သေပွဲဝင်နိုင်မယ်ကွာ၊ ဒီလမ်းတော့သိပြီ၊ ဒီသုံးချက်လမ်းတော့ ငါသိပြီ၊ ဇာတိလမ်းလဲ အညာမခံတော့ဘူး ဇရာနှိပ်စက်လဲ မခံတော့ဘူး၊ မရဏ သတ်မှုကိုလဲ စက်ဆုပ်ပါပြီ ဆိုပြီး သကာလ ဇရာကနေ မရဏမရောက်ခင် လမ်းလွှဲဘို့အချိန်ဟာ ခင်ဗျားတို့ကို ဒါဟောချင်တယ် (မှန်ပါ့ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဇရာက မရဏမရောက်ခင် (လမ်းလွှဲဘို့ ပါ ဘုရား) လမ်းလွှဲဘို့ အချိန်ကလေးကို မောင်မြင့်တို့၊ မောင်အောင်ချီ တို့ ငါသင်ပေးနေတာဒါပဲ (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ရောက်မှတော့ ဘယ့်နှယ်လုပ်ကြမလဲ (မတတ်နိုင်ပါ ဘုရား) တတ်နိုင်ကြသေးရဲ့လား (မတတ်နိုင်ပါ ဘုရား)။
မတတ်နိုင်တော့ကိုတဲ့ ကိုင်း ဒါဖြင့် နောင်ကို ဒီလမ်းမသွားချင်လို့ရှိရင်ဖြင့် အင်း ဘယ်နေရာကနေ လမ်းခွဲရှာ ရမှာတုန်းဆိုတာလဲ မောင်နိုင် တွေ့ရောပေါ့ကွာ (မှန်ပါ့) ဇရာက မရဏမရောက်ခင် လမ်းခွဲရှာကြ (မှန်ပါ့)။
ဘယ်လိုလဲ (ဇရာက မရဏရောက်ခင် လမ်းခွဲရှာကြရပါမယ် ဘုရား) လမ်းခွဲရှာနော် (မှန်ပါ့) လမ်းခွဲရှာပါတဲ့ လမ်းခွဲဆိုလို့ ရှိရင်ဖြင့် ဟိုဘဝ-ဒီဘဝ ဆုတောင်းရင် ကာမေသုခလ္လကာ နုယောဂလမ်း သွားလိမ့်မယ်နော် (မှန်ပါ့)။
အင်း ဒီလမ်းအတိုင်း ပြန်လိုက်နေမယ် ဆိုလို့ရှိရင်လဲ ဒကာ ဒကာမတို့ မိစ္ဆာဒိဋ္ဌိကရှိနေတော့ တော်တော်ကြာ အတ္ထကိလမထာနုယောဂလမ်းလဲ မရောက်ဘူးလို့ မဆိုနိုင်ဘူး (မှန်ပါ့) ဒိဋ္ဌိမပြုတ်သေးရင် ရောက်ဦးမယ် (မှန်ပါ့ ဘုရား) မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။
အဲ့ဒီတော့ကိုတဲ့ ဇရာတဲ့ မရဏကြားထဲက အလယ်လမ်းကနေပြီး သကာလ ဒကာ ဒကာမတို့ ကာမသုခလ္လိ ကာနုယောဂလမ်းဆိုတဲ့ ဥစ္စာကိုလဲ မသွားဘဲနဲ့ နောက်ထပ် ကာမဂုဏ်ခံစားတဲ့ လမ်းကိုလဲ မသွားနဲ့၊ သဘောကျပြီလား (ကျပါပြီ)။
နောက်ထပ် ဒိဋ္ဌိဦးစီးနေလို့ ရှိရင်လဲ အတ္တကိလမထာနုယောဂလမ်းကိုလဲ အမေမိဘမှားနဲ့တွေ့ရင် လိုက်ဦးမယ် သူ (မှန်ပါ့မလား) မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။
အလယ်လမ်းဖြစ်တဲ့ ဝိပဿနာမဂ္ဂင်လမ်း
အဲ့ဒီတော့ အဲ့ဒီလမ်းနှစ်လမ်း ရှောင်ပြီး သကာလ အလယ်လမ်းဖြစ်တဲ့ ဝိပဿနာမဂ္ဂင်လမ်းကို လိုက်ဖို့ရာဟာ ဇရာက မရောက်ခင်ကလေးတွင် ဆရာဘုန်းကြီးကလဲ လမ်းပြနိုင်တယ် (မှန်ပါ့) ဒီ့ပြင်အချိန်မှာ ပြပါဆိုလို့ (မရပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် အခုဘယ်အချိန်ရောက်ပတုန်းဆိုတော့ ဒကာ ဒကာမတွေ လမ်းခွဲရှာချိန်မရောက်သေးဘူးလား (ရောက်ပါပြီ) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဘယ်အချိန်ရောက်ပြီလဲ (လမ်းခွဲရှာချိန်ရောက်ပါပြီ ဘုရား) လမ်းခွဲရှာချိန် သေသေချာချာ ရောက်ပြီနော် (မှန်ပါ့ ဘုရား)။
ဘာကြောင့်တုန်း ဆိုလို့ရှိရင်ဖြင့် ဒီနေ့ရှာပါ။ နက်ဖြန် မရဏမင်းကို ဇရာက အပ်လိုက်လို့ မရဏဆီ အပ်လိုက်ပြီ ဆိုမှဖြင့် လမ်းခွဲရှာနှေးတာနဲ့ဘဲ အသေစောသွားလိမ့်မယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (လမ်းခွဲရှာနှေးတာနဲ့ အသေစောသွားလိမ့်မယ် ဘုရား)။
လမ်းခွဲရှာနှေးတာနဲ့ အသေစောသွားလိမ့်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲ့ဒီတော့ ခင်ဗျားတို့ တွင်းကျင်းက ရှေ့လမှ ဘာလမှ ဆေးရလား (ရှုပ်ပါတယ် ဘုရား)။
အင်း ကျောက်ဈေး, နာဈေးကလဲ ရှေ့ကျလို့ရှိရင် ဘယ်လို, ညာလို အစရှိသည်နှင့် အဲဒီမြှော်လုံးတွေ အသာ ချိတ်ထားပြီး လမ်းခွဲရှာတဲ့ အရေးကို ကြီးပေးပါဆိုတာ သတိပေးလိုက်တယ် (မှန်ပါ့) မပေးထိုက်ဘူးလား (ပေးထိုက် ပါတယ် ဘုရား)။
ဘာပေးပါလိမ့် (လမ်းခွဲရှာဖို့ သတိပေးပါတယ် ဘုရား) လမ်းခွဲဆိုတာက ခင်ဗျားတို့ မရှာရင် ဖြစ်ကို မဖြစ်ဘူး (မှန်ပါ့)။
ဇရာက ထောင်းထုပြီးလို့ သူများထုမှ ထနိုင်တဲ့ အခြေအနေဟုတ်လား၊ သူများပေးမှ ပါးစပ်ထဲကို ရေကလေးမှ ပြွန်ကလေး, ပိုက်ကလေးနဲ့ သောက်နိုင်တဲ့ အခြေအနေ ရောက်အောင်ဟာ သူ့တာဝန်ရှိသေးတယ် (မှန်ပါ့ ဘုရား)။
အဲ့ဒီ သူ့တာဝန်ရှိလို့ ကဲ ကျုပ်တဝန်ကုန်ပြီဆိုတဲ့ တစ်နေ့ကျတော့ ဒကာ ဒကာမတို့ မရဏဆိုတဲ့ ခေါင်းဖြတ် အသက်သတ်မည့်ဆီ အပ်တော့မယ် (မှန်ပါ့) မအပ်ပေဘူးလား (အပ်ပါတယ် ဘုရား)။
အဲ့ဒီအပ်မှဆိုတော့လဲ ဘာတတ်နိုင်ကြသေးသတုံး (မတတ်နိုင်ပါ ဘုရား)။
မတတ်နိုင်တော့ သူမအပ်ခင်ကလေး ရိုက်ရင်း, နှက်ရင်းနဲ့ ကျုပ်တို့ လမ်းခွဲရှာရမယ် (မှန်ပါ့)။
ဘယ်လိုရှာကြမယ် (ရိုက်ရင်း, နှက်ရင်းနဲ့ လမ်းခွဲရှာရပါမယ် ဘုရား) ရိုက်ရင်း, နှက်ရင်းနဲ့ လမ်းခွဲရှာရမယ် ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဘယ့်နှယ့်ကြောင့် လမ်းခွဲအရှာခိုင်းပါလိမ့်မတုန်း မေးတော့မှ အစကလဲ မကောင်းလို့ ဘုရာ့၊ အလယ်မှာလဲ မကောင်းပါ။ အဆုံးကောင်းမှာလဲ ဧကန်မဟုတ်သောကြောင့် တပည့်တော်တို့ဖြင့် လမ်းခွဲရှာပေါ့ဆိုပြီး ဆုံးဖြတ်ချက်ချ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အစကလဲ (မကောင်းပါ ဘုရား) အခု နေရတဲ့ အလယ်မှာကော (မကောင်းပါ ဘုရား) ရှေ့ဆုံးရင်ကော (မကောင်းပါ ဘုရား) မကောင်းတော့ ကိုင်း မဆုံးခင် ဘာလုပ်ကြရမယ် (လမ်းခွဲရှာရပါမယ် ဘုရား)။
လမ်းခွဲရှာပါလို့ဆိုတာ ဝိပဿနာအလုပ်မှတစ်ပါး ဒကာ ဒကာမတို့ အားကိုးရာ မရှိဘူး (မှန်ပါ့) သဘောကျပြီး လား (ကျပါပြီ ဘုရား)။
ခန္ဓာမရတဲ့ လမ်းခွဲရှာ
လမ်းခွဲရှာဆိုတော့ကို ဘယ်လို ရှာရမှာတုံးဆိုတော့ ခန္ဓာမရတဲ့ လမ်းခွဲရှာရမယ် (မှန်ပါ့)။
ဘယ်လမ်းခွဲရှာရမလဲ (ခန္ဓာမရတဲ့ လမ်းခွဲရှာရပါမယ်) ခန္ဓာမရလို့ရှိရင်တော့ ဒီသုံးယောက်လက်လဲမှာဘဲ အသက်ထွက်ရဦးမယ် (မှန်ပါ့) ဝိဉာဏ်ချုပ်ရဦးမယ် (မှန်ပါ့) သဘောကျပါပြီလား (ကျပါပြီ ဘုရား)။
ခန္ဓာမရတဲ့ လမ်းခွဲကို (ရှာရပါမယ်) ရှာရမယ်ဆိုတော့ ဘုန်းကြီးက အလွယ်ကလေးနဲ့ဘဲ ဒကာ ဒကာမတို့ ပြောနိုင်ပါတယ်တဲ့၊ လက်ရှိခန္ဓာကြီးမှာ ဒုက္ခသုံးချက် သိသွားဘို့ အခုဟောလာတယ် (မှန်ပါ့)။
”ဇာတိပိ ဒုက္ခသစ္စ” ဆိုတာ ဇာတိနှိပ်စက်မှုကော ပီဠနဋ္ဌောသိပြီ (မှန်ပါ့) ဇရာနှိပ်စက်မှုဆိုတာကော (သိပါပြီ) အချိန်တိုင်း ရိုက်နှက်ပြီး၊ နှိပ်စက်ပြီး နှိပ်စက်နေတယ် ဆိုတာကော ဒကာ ဒကာမတို့ ငြင်းဆန်နေဘို့ လိုသေးသလား (မလိုပါ ဘုရား)။
နောက်နှိပ်စက်မည့်တရားကတော့လို့ မေးလိုက်လို့ရှိရင်လဲ နောက်နှိပ်စက်မည့် တရားကလဲ ဒကာ ဒကာမတို့ ဝိညာဏ်ချုပ်ရုံဘဲ ကျန်တော့တယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ သူတို့ သုံးယောက်လက်တွင်းမှာဘဲ ဘဝများစွာ သံသရာက အချိန်ကုန်ခဲ့ကြ တယ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူ့လက်ချက်နဲ့မှ မသေရဘူး၊ သူတို့ သုံးဦးလက်ချက်နဲ့ချည်း ကျုပ်တို့ သေခဲ့ကြရတယ် (မှန်ပါ့)။
ဒီအထဲ ပြန်တိုးဦးမယ် ဆိုလို့ရှိရင်ဖြင့် ဒီ့ထက်မိုက်တာတော့ (မရှိပါဘုးရား) မရှိတော့ဘူးဆိုတာ ပေါ်ကြပြီး လား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ လမ်းခွဲရှာပါဆိုတော့ မဂ္ဂင်လမ်းရှာရလိမ့်မယ် (မှန်ပါ့)။
မဂ္ဂင်လမ်း ရှာမည့်ကြံတဲ့အခါကျတော့ကိုတဲ့ ကိုယ့်ခန္ဓာအကြောင်း ကိုယ်ပြန်သိဘို့ အရေးကြီးတယ် (မှန်ပါ့)။
သိတော့ ဒီခန္ဓာကြီး အမှန်သိလာအောင် ဘုန်းကြီးက ဝိဇ္ဇာမျက်လုံး ကပ်ပေးမှ ခင်ဗျားတို့ အခု ဒီခန္ဓာကြီး အရိုက်အနှက်ခံရမှုတွေလဲ ရှင်းရှင်းလင်းလင်းမြင်မယ် (မှန်ပါ့) ခဏခဏ ပျက်စီးမှုတွေကော (မြင်ပါတယ် ဘုရား) ခဏခဏ ကိုယ်မပိုင်မှုတွေကော (မြင်ပါတယ် ဘုရား) အဲ မြင်ပါလိမ့်မယ်တဲ့ နော် (မှန်ပါ့)။
အဲ့ဒီကဲ့သို့ မြင်လာတဲ့အခါကျတော့မှ တော်ပြီ၊ ဇာတိမလာပေဘူူးလား (လာပါတယ် ဘုရား) တော်ပြီ ဇရာ့ လက်တွင်းလဲ မနေချင်တော့ဘူး (မနေချင်တော့ပါ ဘုရား) အဲ မနေချင်တော့ဘူးဆိုတာ လာပါလိမ့်မယ်နော် (မှန်ပါ့)။
အဲ့ဒါကတော့ကို ဒကာ ဒကာမတို့ နက်ဖြန်မှ အလုပ်တည့်ပြီး ခန္ဓာကိုပြမှ ရမှာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ဒီနေ့ နာရီစေ့ပြီ တော်ကြဦးစို့။
သာဓု သာဓု သာဓု။