11004

မာတိကာသို့

ဓမ္မစီမံတဲ့အတိုင်း ဖြစ်ပေါ်နေကြပုံ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူသော

ဓမ္မစီမံတဲ့အတိုင်း ဖြစ်ပေါ်နေကြပုံ

ညအလုပ်ပေးတရားတော်

(၁-၆-၆၂)

တစ်ယောက်နဲ့ တစ်ယောက်မတူတာ ဘာပါလိမ့်

အခု ဒကာ ဒကာမတွေ လူရယ်လို့ဖြစ်ပြီးလာကြတော့ တစ်ချို့ပုဂ္ဂိုလ်နဲ့ တစ်ချို့ပုဂ္ဂိုလ်ဟာ အရုပ်အဆင်းလဲ မတူဘူး၊ တစ်ချို့ကပုတယ်၊ တစ်ချို့က ရှည်တယ်၊ တစ်ချို့က မျက်နှာဝိုင်းတယ်၊ တစ်ချို့က မျက်နှာသွယ်တယ်၊ တစ်ချို့က သွားပေါက်ပုံညီတယ်၊ တစ်ချို့က မညီဘူး၊ တစ်ချို့က ဆံပင်ကောင်းတယ်၊ တစ်ချို့က ဆံပင်မကောင်းဘူး၊ ထူးထူးခြားခြားကြီး ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက်မတူတာ ဘာပါလိမ့်မလဲလို့ မောင်နိုင်တို့က တွေးဖို့လိုတယ် နော် (မှန်ပါ့)။

ဓမ္မအတိုင်းဖြစ်တာဘုရားလို့ ဖြေရုံဘဲ (မှန်ပါ့) ဘယ်လိုဖြေကြမယ် (ဓမ္မအတိုင်းပါ ဘုရား) ဓမ္မအတိုင်းဖြစ်နေတယ်နော်။

နောက်ကောင်းတဲ့ဓမ္မက ကုသိုလ်ကောင်းမှုတွေ ဖြူဖြူစင်စင် လုပ်ခဲ့ပြန်လို့ရှိရင်လဲ ဒီဘဝမှာ စီးပွားရေးရော ခန္ဓာရေးရော ဖြူဖြူစင်စင်ဘဲ၊ ချောင်ချောင်လည်လည်ဘဲ။

ဒါ ဘယ်သူက လုပ်ပါလိမ့်မတုံး၊ မေးတဲ့အခါကျတော့ ကိုယ်လုံ့လ ဝီရိယတော့ လူတိုင်းဘဲ လုံ့လဝီရိယရှိကြတာ ဘဲ၊ ရှိပင်ရှိငြားသော်လဲ မောင်နိုင်တူကြရဲ့လား (မတူပါ ဘုရား)။

ဟ ဘယ်သူ စီမံနေပါလိမ့်မတုံးလို့မေးရင် ဘယ့်နှယ် ဖြေပါမလဲ (ဓမ္မက စီမံပါတယ် ဘုရား) ဓမ္မက စီမံတယ်နော (မှန်ပါ့)။

ကဲတစ်ခါလူ့ပြည်တော့ ဟုတ်ပြီဘုရား၊ ဓမ္မအမျိုးမျိုးဘဲ စီမံလို့ ကိုယ့်အကြောင်း ကိုယ့်အကြောင်းအတိုင်း ဖြစ်ကြတဲ့ ဓမ္မတွေ သေချာပါတယ်ဆိုတော့ တစ်ခါ အပါယ်လေးပါးမှာ တိရစ္ဆာန်ဘုံ ကြည့်လိုက်ပြန်လဲ တိရစ္ဆာန် အမျိုးမျိုးဖြစ်နေတယ်။

ဒါလဲ မောင်အောင်ချီတို့ မောင်မြင့်တို့က ဘယ်လိုတွေးပါ့မလဲ (ဓမ္မက စီမံပါတယ် ဘုရား)။

ဓမ္မကစီမံတယ်

ဓမ္မကစီမံတယ်၊ တစ်ချို့ တိရစ္ဆာန်က ကျင်ကြီးစားတယ်၊ တစ်ချို့ တိရစ္ဆာန်က မြက်စားတယ်၊ တချို့တိရစ္ဆာန်က နိုင်ရာစားတယ်၊ ပုံသဏ္ဍာန်မတူဘူး၊ အမွှေးအမျှင် မတူဘူး၊ ခြေချောင်း မတူဘူုး၊ ခြေများတာရှိတယ်၊ ခြေနည်းတာ ရှိတယ်၊ ခြေနှစ်ချောင်းရှိတယ်၊ ခြေလေးချောင်းရှိတယ်၊ ခြေမပါတာရှိတယ်။

အဲ့ဒီတော့ ဘယ်သူစီမံပါလိမ့်မတုံးလို့မေးယင် ဘယ့်နှယ်ဖြေကြမလဲ (ဓမ္မကစီမံပါတယ် ဘုရား)။

အဲဒါ ဒီဓမ္မက စီမံပြီး သကာလ နေတော့ အမျိုးမျိုးအဖုံဖုံဘယ်သူကမှ လာပြီး သကာလ ဖန်ဆင်းတယ်လို့ မယူကြပါနဲ့၊ ဓမ္မစီမံသလိုဖြစ်နေတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ဓမ္မကစီမံသလိုဖြစ်နေပါတယ် ဘုရား) ဓမ္မစီမံသလိုဖြစ်နေတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချလိုက်တော့ ဓမ္မဆိုတာ ဘယ်သူတုံး လက်သည်ရှာကြစမ်းနော် (မှန်ပါ့) ဓမ္မဆိုတာ ဘယ်သူတုံးလို့ ဒကာ ဒကာမတွေ လက်သည်ရှာကြတော့လို ခန္ဓာထဲမှာ ဖြစ်စဉ်ဟာ ဓမ္မဘဲ၊ ရှင်းကြပြီလား (ရှင်းပါပြီ)။

ကိုယ့်ခန္ဓာထဲမှာ ပေါ်လာတဲ့ ဓမ္မတွေက စီမံတာ

ဓမ္မဆိုတာ ဘယ်သူပါလိမ့် (ခန္ဓာထဲဖြစ်စဉ် ဓမ္မပါ ဘုရား)အဲ့ ဓမ္မဆိုတာ မင်းတို့က သီးသန့်မှတ်နေ တယ်။ မောင်အောင်ချီတို့ လူတစ်စုက သီးသန့်မှတ်နေတယ်၊ ဘယ်ဟုတ်လိမ့်မတုံးတဲ့၊ ကိုယ့်ခန္ဓာထဲမှာ ပေါ်လာတဲ့ ဓမ္မတွေက စီမံတာနော် (မှန်ပါ့) သဘောကျကြပြီလား (ကျပါပြီ) ဘယ်သူက စီမံတာပါလိမ့် (ကိုယ့်ခန္ဓာထဲ ပေါ်လာတဲ့ ဓမ္မတွေက စီမံတာပါ ဘုရား)။

ကိုယ်ခန္ဓာထဲက ပေါ်လာတဲ့ ဓမ္မတွေက နောက်အကျိုးတွေကို စီမံသွားတာဘဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဓမ္မက စီမံသလိုဖြစ်ြံပီး သကာလ နေတဲ့ ခန္ဓယတွေမတူ၊ အသွား-အလာမတူ၊ ချမ်းသာ-ဆင်းရဲမတူ၊ အပါယ်လေးပါးတွေမှာလဲ အချို့ကငရဲ၊ အချို့က တိရစ္ဆာန်၊ အချို့က ပြိတ္တာ၊ သုဂတိမှာလဲ နတ်ပြည်မှာ အောက်ထပ်- အထက်ထပ်ဗြဟ္မာပြည်မှာလဲ အောက်ထပ်-အထက်ထပ်၊ ဟိုမှာလဲ အမျိုးအမည်တွေ မတူကြ၊ တန်ခိုးအာနုဘော်ချင်း ကော တူကြရဲ့လား (မတူပါ ဘုရား)။

ဟ ဘယ်သူ စီမံတာပါလိမ့်မလဲ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဓမ္မကစီမံတာပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒီဓမ္မဟာက ဘယ်ကလာတာတုံးလို့ ဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့် ဒီဓမ္မဟာ ကိုယ့်ဝမ်းထဲမှာရှိတဲ့ ဓမ္မက ဒီဘဝစီမံလိုက်လို့ရှိရင် နောက်ထပ် တစ်မျိုးပေါ်လာတယ် (မှန်ပါ့)။

ဒါဖြင့် ဒီဓမ္မသည် ဘယ်ကဘာတာတုံးလို့ မေးလို့ရှိရင် ကိုယ့်ဝမ်းထဲမှာ ပေါ်တဲ့ ဓမ္မဘဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဒကာ ဒကာမတွေ ဓမ္မဘယ်မှာရှိပါလိမ့် (ကိုယ့်ဝမ်းထဲမှာရှိပါတယ် ဘုရား)။

အဲဒီဓမ္မက စီမံသလို နောက်ဘဝမှာ ခန္ဓာအမျိုးမျိုး အကျိုးပေးအမျိုးမျိုး ရုပ်ဆင်းသဏ္ဍာန် အမျိုးမျိုး၊ ဆင်းရဲချမ်းသာ အမျိုးမျိုး မောင်အောင်ချီ မလာဘူးလား (လာပါတယ် ဘုရား) ဘယ်သူက စီမံတာတုံး (ဓမ္မက စီမံတာပါ ဘုရား)။

ဓမ္မကစီမံတာ ဖြစ်ပြီး သကာလ နေတော့ ဪ ဒါဖြင့် ဓမ္မက လက်သည်၊ အခုဖြစ်နေကြတာတွေကတော့ ဖြင့် ဓမ္မကကြိုးဆွဲသလို ဓမ္မကစီမံသလို ပေါ်နေကြရတာဘဲဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။

ဓမ္မသည် သုံးမျိုးရှိတယ်

ဒါဖြင့် ဓမ္မသည် ကောင်းတာကိုစီမံတဲ့ဓမ္မ၊ မကောင်းတာကိုစီမံတဲ့ဓမ္မ၊ အလတ်စားစီမံတဲ့ ဓမ္မရယ်လို့ ဝမ်းထဲမှာ တရားတွေဘဲ၊ ကိုပေါ်ဘယ်နှစ်မျိုးရှိမယ် ထင်သတုံး (သုံးမျိုးပါ ဘုရား) သုံးမျိုးရှိတယ်။

ကောင်းတာစီမံတဲ့ဓမ္မလဲရှိတာဘဲ (မှန်ပါ့) မကောင်းတာစီမံတဲ့ (ဓမ္မလဲရှိပါတယ်) အလတ်စားစီမံတဲ့ ဓမ္မ (ရှိပါတယ် ဘုရား)။

အဲဒီတော့ကို ဒကာ ဒကာမတို့ ဒီဓမ္မတွေက စီမံရာကို အခုအစားချို့တဲ့-တဲ့လူလဲ ဓမ္မစီမံသလို၊ အစားပေါများတဲ့ ပုဂ္ဂိုလ်ကော (ဓမ္မစီမံသလို) ဓမ္မက စီမံသလိုဘဲဆိုတာ မှတ်ကြရမယ်နော် (မှန်ပါ့) အလတ်စားနေနိုင်-ထိုင်နိုင်တဲ့ ပုဂ္ဂိုလ်များမှာ (ဓမ္မစီမံသလိုပါဘဲ ဘုရား)။

တစ်ခါ အပါယ်မှာရှိနေတဲ့ ပုဂ္ဂိုလ်တွေလဲ ဘယ်သူကများ လက်သည်လုပ် စီမံနေပါလိမ့်မတုံး (ဓမ္မက စီမံပါတယ် ဘုရား) ဓမ္မက စီမံတာဘဲဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီဒကာ ဒကာမတွေမှာဖြင့် ဘယ်သူဖန်ဆင်းတာမှ မဟုတ်ဘူး။ ဓမ္မတွေစီမံတဲ့အတိုင်း ဖြစ်နေတော့တယ်ဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။

ဘယ်သူစီမံတာတုံး (ဓမ္မတွေစီမံတာပါ ဘုရား)။

ဓမ္မတွေစီမံတာဆိုတော့ ကောင်းပြီ ဒါဖြင့် ဓမ္မကိုသိပြီၤဘုရား-တပည့်တော်တို့၊ သတ္တဝါအမျိုးမျိုးက အကျိုးဝမ်းထဲ မှာရှိတဲ့ ဓမ္မတွေက (အကြောင်းပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ)။

သတ္တဝါအမျိုးမျိုးက (အကျိုးပါ ဘုရား) ဝမ်းထဲရှိတဲ့ဓမ္မတွေက (အကြောင်းပါ ဘုရား)။

ကောင်းပြီ ဓမ္မကအကြောင်းဆိုတာ သေချာကြပါပြီနော် (မှန်ပါ့)။

ဒီဓမ္မတွေ ဘယ်ကလာသတုံး

ကောင်းပြီ ဒါဖြင့် ဒီဒကာ ဒကာမတွေ ဓမ္မကအကြောင်းဆိုတာ သေသေချာချာ သိပြီး သကာလ ဒီဓမ္မဘယ်က လာတာတုံး (ခန္ဓာထဲကပါ ဘုရား)။

ဒီဓမ္မတွေ ဘယ်ကလာသတုံးလို့ဆိုတော့ အို မဟုတ်သေးဘူး၊ ပြန်ပြောဦးမယ် ခင်ဗျားတို့ အဖြေလွှဲနေတယ်၊ ကိုင်း-ဉာဏ်နဲ့ ဂရုစိုက်ပြီး နားထောင်ပါ၊ ဒါ သဘောချည့်ပြောနေတယ်လို့ မှတ်ရလိမ့်မယ်။

သတ္တဝါတွေ အခု ဆင်းရဲတယ်၊ ချမ်းသာတယ်၊ အပါယ်လေးပါး ခန္ဓာအမျိုးမျိုးပေါ်ကြတယ်၊ ဒါဘယ်သူက စီမံပါလိမ့်မတုံးဆို ဘယ့်နှယ်ဖြေကြမလဲ (ဓမ္မကစီမံပါတယ် ဘုရား)။

ဟောဝမ်းထဲမှာရှိတဲ့ ဓမ္မတွေက ဝမ်းထဲမှာရှိတဲ့ တရားတွေက စီမံတယ်ဆိုတာ သေချာပြီလား (သေချာ ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ခန္ဓာအမျိုးမျိုးက အကျိုးတရား (မှန်ပါ့) စီမံတဲ့ဓမ္မက (အကြောင်းတရားပါ) အကြောင်းတရား ဆိုတာ သေချာပြီလား (သေချာပါပြီ)။

အဲဒီအကြောင်းတရား ဘယ်ကဘာသတုံးလို့ တစ်ခါအရင်းကျကျ မေးဖို့လိုလာတယ် (မှန်ပါ့)။

အကြောင်းတရား ဘယ်ကလာ

ဒီအကြောင်းတရား ဘယ်ကလာသတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) ဒီကျမှ လမ်းဆုံးမှာကိုးကွ (မှန်ပါ့)။

ပြန်ပြောတယ် ဒကာ ဒကာမတွေ ကြပ်ကြပ်ရှင်းရှင်းနားထောင်ပါ၊ စာအုပ်ထဲသွားကြည့်လို့ ဒီဟာပါမှာ မဟုတ် ပါဘူး၊ စာအုပ်ထဲသွားကြည့်လို့ဒီဟာတွေမပါပါဘူးနော် (မှန်ပါ့) အမျိုးမျိုးသော ဘုရားဟောတွေကို ညှိနှိုင်းပြီးပြောမှ ဒီအဓိပ္ပါယ်ပေါ်လာလိမ့်မယ်နော (မှန်ပါ့)။

အဲ အခု မောင်အောင်ချီက ရုပ်တစ်မျိုး၊ မောင်မြင့်က ရုပ်တစ်မျိုး၊ မောင်နိုင်တို့က ရုပ်တစ်မျိုး၊ စီးပွားချမ်းသာ လဲ မင်းတို့မတူကြဘူး တမျိုးစီ (မှန်ပါ့)။

ရုပ်အဆင်းလဲ မတူဘူး၊ စီးပွားချမ်းသာလဲ မတူဘူးစိတ်နေစိတ်ထားကော (မတူပါ ဘုရား) မတူကြဘူုး၊ အကြိုက်ကော (မတူပါ ဘုရား)။

ဟဒါတွေဘယ်နှယ့်ကြောင့် ဒီခန္ခာ အမျိုးမျိုး၊ ဒီစရိုက်အမျိုးမျိုး ဘယ့်နှယ့်ကြောင့် ပေါ်လာပါလိမ့်မလဲလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် သူ့တို့ဝမ်းထဲရှိဓမ္မက အတိတ်ဘဝက လွန်ခဲ့တဲ့ဘဝပေါ့လေ (မှန်ပါ့) ဓမ္မက အမျိုးမျိုးပေါ် ကြလို့သူတို့မှာ သဏ္ဍာန်အမျိုးမျိုး၊ အကြိုက်အမျိုးမျိုး ဖြစ်နေကြတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အတိတ်ဘဝက ဝမ်းထဲပေါ်ကြတဲ့ ဓမ္မတူကြရဲ့လား (မတူပါ ဘုရား)။

ဒကာ ဒကာမတွေ ကြပ်ကြပ်မှတ်ပါ၊ ခန္ဓအမျိုးမျိုးကို ဘယ်သူစီမံပါလိမ့်မလဲ (ဓမ္မကစီမံပါတယ် ဘုရား) ဓမ္မကစီမံတယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီဓမ္မတွေဟာက ဝမ်းထဲမှာ ဘုရားကလာထည့်သလား၊ ပင်ကိုယ်က အလိုလို ဖြစ်လာသလားဆိုတဲ့ မေးခွန်းကော ထွက်မလာဘူးလား (ထွက်လာပါတယ် ဘုရား)။

ဒီဓမ္မဟာ အာရုံဒွါရကြောင့် ဖြစ်တာ

မှတ်ကြစမ်းပါ၊ ဒါဖြင့် ဒီဓမ္မလက်သည် ရှာလိုက်ပြန်တယ်နော် (မှန်ပါ့) ဒီဓမ္မလက်သည် ရှာလိုက်တော့ ဒီဓမ္မဟာ အာရုံဒွါရကြောင့် ဖြစ်တာ (မှန်ပါ့) ဒါသေသေချာချာမှတ်ပါ။

ဒီဓမ္မဟာ ဘယ်သူ့ကြောင့်လဲ (အာရုံဒွါရကြောင့်ပါ ဘုရား)။

အာရုံဒွါရကြောင့် ဖြစ်တာဆိုတော့ လက်သည်ပေါ်သွားပြီး (မှန်ပါ့) အာရုံဒွါရကြောင့် ဖြစ်တာနော်။

ကြပ်ကြပ်စဉ်းစားကြပါ ဒကာ ဒကာမတို့ ခန္ဓာအမျိုးမျိုး၊ သဏ္ဍာန်အမျိုးမျိုး၊ ဆင်းရဲချမ်းသာ အမျိုးမျိုး၊ ဘုံအမျိုးမျိုး၊ တိရစ္ဆာန်အမျိုးမျိုး၊ ငရဲကောင်အမျိုးမျိုး၊ ငရဲခံရပုံ အမျိုးမျိုး ဘယ်သူက စီမံပလိမ့််မလဲ (ဓမ္မကစီမံ ပါတယ် ဘုရား)။

ဒါဖြင့် ဓမ္မကချယ်လှယ်သလို ဟိုမှာ ပေါ်နေကြရတယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဓမ္မကအကြောင်း၊ ဟိုမှာ ပေါ်နေတဲ့ ဟာတွေက မောင်မြင့် (အကျိုးပါ ဘုရား) ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။

ကောင်းပြီ ဒီအကျိုးတရားတွေ ရိပ်မိပါပြီတဲ့ ဒီအကျိုးတရားတွေတော့ ရိပ်မိတော့ ဒီအကြောင်းလဲ တပည့်တော်တို့အခုဆရာဘုန်းကြီး ခေါ်ပြောလို့ သိပါပြီဘုရား ဝမ်းထဲမှာ ပဋိစ္စသမုပ္ပါဒ်ဓမ္မတွေကြောင့် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ဓမ္မ

ဘယ်ဓမ္မတွေကြောင့်ပါလိမ့် (ပဋိစ္စသမုပ္ပါဒ်ဓမ္မပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်ဓမ္မတွေဆိုတာ တော်တော်ကြာ ဝမ်းထဲမှာ စားချင်တဲ့စိတ်ကလေး ပေါ်လာလိုက်၊ အိပ်ချင်တဲ့စိတ်ကလေးပေါ်လာလိုက်၊ ပြောချင်တဲ့စိတ်ကလေးပေါ် လာလိုက်၊ လောဘဖြစ်တဲ့ စိတ်ကလေး ပေါ်လာလိုက်၊ သံသယရှိတဲ့ စိတ်ကလေး ပေါ်လာလိုက်၊ ပျံ့လွင့်တဲ့ စိတ်ကလေး ပေါ်လာလိုက်၊ ဒါပဋိစ္စသမုပ္ပါဒ်ဓမ္မတွေဘဲ (မှန်ပါ့)။

ဒီဓမ္မတွေစီမံသလို နောက်ခန္ဓာတွေ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ကောင်းပြီ ဒီဓမ္မတွေက ဘယ်က ဘာသတုံး (အာရုံးဒွါရက လာပါတယ် ဘုရား) ဒါမှ အရင်းကျတယ် (မှန်ပါ့ ဘုရား) ဒီဓမ္မတွေဘယ်က လာပါလိမ့် (အာရုံဒွါရက လာပါတယ် ဘုရား) အာရုံဒွါရက လာတယ်ဆိုတော့ စာသံပါနေတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ အာရုံဒွါရက လာတယ်ဆိုတော့ စာသံပါနေတယ်တဲ့၊ ခင်ဗျားတို့ နားလည်မှုနဲ့ဆိုတော့ အာရုံ ဆိုတာက ခင်ဗျားတို့ သားတို့ သမီးတို့ တွေတို့ မျိုးတို့ ပစ္စည်းတို့ဟာ အာရုံပေါ့ဗျာ (မှန်ပါ့)။

မှန်က ခြောက်ချပ်ရှိတယ်

ဒီထဲ လှည့်တဲ့ မှန်က ခြောက်ချပ်ရှိတယ်၊ မျက်လုံးကလဲ မှန်အကြည်တစ်မျိုး၊ သဘောကျပြီလား (ကျပါပြီ) နားတယ် (မှန်အကြည်တစ်မျိုးပါ ဘုရား) နှာခေါင်းကလဲ (မှန်အကြည်တစ်မျိုးပါ ဘုရား) အဲဒါ ဒွါရခေါ်တာဘဲ နော် (မှန်ပါ့)။

လျှာကလဲ အကြည်တစ်မျိုးပါဘဲ၊ ကိုယ်ပေါက်တွေကကော (အကြည်တစ်မျိုးပါဘဲ) ကိုယ်ပေါက်ကလဲ တစ်ခုလုံး အကြည်တွေဘ (မှန်ပါ့) မနောဟဒဝတ္ထုကလဲ အကြည်တစ်ခုပါတယ် (မှန်ပါ့)။

အဲ့ဒီ့အကြည်နဲ့ ဟိုဘက်က အာရုံဆိုတဲ့ ဖြူနီကြောင်းကြား သားသမီး တွေမျိုးဉာတကာ ပစ္စည်းတစ်ခုခုနဲ့ သွားတိုက်တယ်၊ ဒီအထဲမှာရှိတဲ့ မှန်နဲ့ ဟိုကပြင်ဘက်ရှိတဲ့ သားနဲ့ သမီးနဲ့ ပစ္စည်းနဲ့ သွားတိုက်လိုက်လို့ရှိရင်ဖြင့်် သားတည်း ဟူသော အာရုံနဲ့ တိုက်လိုက်လို့ရှိရင်ဖြင့် သားမြင်တဲ့ စိတ်ကလေးပေါ်လာတယ် သားခင်တဲ့စိတ်ထားကလေး ပေါ်လာ တယ်၊ ပဋိစ္စသမုပ္ပါဒ်စ၊ တယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒီက မျက်လုံးအကြည်မှန်ကလေးကို ကိုယ့်သားရှိတဲ့ဘက်လှည့်လိုက်စမ်း မောင်နိုင်မြင်တဲ့စိတ်ကလေး မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

မြင်တဲ့စိတ် ပေါ်လာလို့ရှိရင်ဖြင့် ဒါ ပဋိစ္စသမုပ္ပါစ် စ,တာ (မှန်ပါ့) မစ, သေးဘူးလား (စ,ပါတယ် ဘုရား)။

မြင်တော့ တစ်ခါ ခင်တယ်ဆိုတာကလေးဟာကော မလာဘူးလား (လာပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်နှစ်ခုရှိသွားပြီ၊ မရှိသေးဘူးလား (ရှိပါပြီ) ခင်တယ်ဆိုလို့ရှိရင်ဖြင့် သာမညခင်တာလား ၊ ကိုယ့်သားသမီးကို စွဲစွဲလမ်းလမ်းဘဲလားလို့ မေးလိမ့်မယ (စွဲစွဲလမ်းလမ်းပါ ဘုရား)။

မြင်ဓမ္မကြောင့် ခင်ဓမ္မပေါ်တယ်

ဟာဓမ္မတွေ ပေါ်လှချည်လား (မှန်ပါ့) မြင်ဓမ္မကြောင့် ခင်ဓမ္မပေါ်တယ် (မှန်ပါ့) ခင်ဓမ္မကြောင့် စွဲလမ်းတဲ့ ဓမ္မ (ပေါ်ပါတယ် ဘုရား)။

စွဲလမ်းပြီး သကာလ ဪ သူတို့အတွက် စားဖို့, သောက်ဖို့, နေဖို့, ထိုင်ဖို့ ဆိုလဲဆို ပြောလဲပြော လုပ်လဲ လုပ်မှဘဲဆိုတဲ့ ပြောဆိုတာ ဝစီကံ၊ လုပ်ဆိုတာ ကာယကံ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ကာယကံ, ဝစီကံနဲ့ ဒီသားအတွက် ဒီဥစ္စာလုပ်ကြ၊ ရောင်းကြ-ဝယ်ကြ မလာကြဘူးလား (လာပါတယ် ဘုရား) ဟာဓမ္မတစ်ခု ပေါ်လာပြန်ပြီဟေ (မှန်ပါ့)။

ခုနက မြင်ဓမ္မကြောင့် ခင်ဓမ္မပေါ်တယ် (မှန်ပါ့) သဘောကျပါလား (ကျပါပြီ) မြင်ဓမ္မကြောင့် (ခင်ဓမ္မပေါ်ပါတယ် ဘုရား)။

ခင်ဓမ္မကြောင့် စွဲလမ်းတဲ့ ဓမ္မကော (ပေါ်ပါတယ် ဘုရား) စွဲလမ်းတဲ့ ဓမ္မကြောင့် အားထုတ်တဲ့ ကာယကံ, ဝစီကံ ဓမ္မကော (ပေါ်ပါတယ် ဘုရား)။

ဟော ဒါဖြင့် စက္ခုဝိညာဏ်ပြီးတော့ကို မြင်တယ်ဆိုလို့ရှိရင် မြင်ပြီး သကာလ တဏှာဘက်ကို သွားလိုက်ပါတယ်၊ ဝီထိတော့ မတန်းတော့ပါဘူး။ မြင်တယ်ဆိုရင် ခင်တဲ့ စိတ်က နောက်က လိုက်လာတာဘဲ (မှန်ပါ့)။

ခင်တယ်ဆိုရင် စွဲလမ်းတဲ့ စိတ်ကကော (လိုက်ပါတယ် ဘုရား)

စွဲလမ်းလို့ရှိရင်ဖြင့် သူတို့အဘို့ ပြောလဲ ပြောမှဘဲ၊ ဆိုလဲဆိုမှာဘဲ၊ ရောင်းမူဘဲ၊ ဝယ်လဲ ဝယ်မှာဘဲဆိုတော့ ကောင်းတာ-မကောင်းတာ မရွေးနိုင်ဘူး၊ ကာယကံ ဝစီကံလာ မလာ (လာပါတယ် ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ)။

ဒါဖြင့် မြင်တယ်၊ ခင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်ဆိုတဲ့ဓမ္မဟာ ဒကာ ဒကာမတို့ ဝမ်းထဲမပေါ်ဘူး လား (ပေါ်ပါတယ် ဘုရား) ဟောဒါဓမ္မပေါ်လာတာ၊ မောင်မြင့် ရိပ်မိပြီးလား (ရိပ်မိပါပြီ ဘုရား)။

ဓမ္မအတန်းကြီး ပေါ်လာတယ်

ဒါဘာပေါ်တာတုံး (ဓမ္မပေါ်လာတာပါ ဘုရား) ဓမ္မအတန်းကြီး ပေါ်လာတယ်၊ စ တာကတော့ မြင်စိတ်က စတယ် (မှန်ပါ့)။

ဟိုက သားတည်းဟူသော အာရုံနဲ့ ဒီက မျက်လုံးမှန်နဲ့ သွားတိုက်တဲ့အခါ ဒီအထဲမှာ သားအရိပ်ဟာ လာထင်တယ်၊ မထင်ဘာဘူးလား (ထင်လာပါတယ် ဘုရား)။

ထင်သည်နဲ့ တစ်ပြိုင်နက်တည်း ထင်​​ပြီးလို့ရှိရင် ဒါသားဘဲလို့ မြင်ပြီးသည်နဲ့ တစ်ပြိုင်နက်တည်း ခင်ဆိုတာက လာတယ် (မှန်ပါ့) မလာဘူးလား (လာပါတယ်) ခင်မင်စွဲခမ်းတာကကော (လာပါတယ်) စွဲလမ်းပြီး သကာလ သူတို့ကို ကြိုးစားမယ်ဆိုတဲ့ ကာယကံ၊ ဝစီကံ အားထုတ်မှု (လာပါတယ် ဘုရား)။

ဒါဖြင့် ဓမ္မဘဝ မောင်နိုင်ရောက်သွားပြီ (ရောက်သွားပါပြီ ဘုရား) မြင်တယ်၊ ခင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ် လေးခု ဓမ္မတွေ တန်းသွားပြီး (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား)။

အားထုတ်တော့ ကံဖြစ်သွားပြီးတဲ့၊ ကာယကံ၊ ဝစီကံ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) ဒါဖြင့် အဲ့ဒီကျမှ ပဋိစ္စသမုပ္ပါဒ်မင်းတို့ ရပြီးတာနဲ့ ဆက်ယူလိုက်တာပေါ့၊ ဓမ္မဘဝပစ္စယော (ဇာတိပါ ဘုရား)။

ဒါဖြင့် ဒီဇာတိသည် ဇာတိဆိုတာ ခန္ဓာပေါ်ပြီး (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ) ဪ ဒါဖြင့် ဒီခန္ဓာတွေဟာ ဘယ်ကများလာပါလိမ့်မတုံးဆိုလို့ရှိရင်ဖြင့် အားထုတ်မှုက လာတယ် (မှန်ပါ့ ဘုရား)။

ဒီအားထုတ်တာလဲ အလကား အားထုတ်ဖြစ်တာလား၊ မေးတဲ့အခါ စွဲလမ်းမှုကြောင့် (မှန်ပါ့) ပြောင်းပြန်လှည့်လိုက် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် စွဲလမ်းပါလိမ့်ခင်လို့ (မှန်ပါ့) ဘယ်နှယ့်ကြောင့် ခင်ပါလိမ့်မြင်လို့၊ မမြင်ခင်တုန်း က ဘာမှမပေါ်ဘူး၊ ဓမ္မတွေတန်းပေါ်လာတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒါဖြင့် မောင်အောင်ချီတို့၊ မောင်မြင့်တို့၊ မောင်နိုင်တို့ မင်းတို့ခန္ဓာပေါ်လာပြီကွ၊အမိဝမ်းခေါင်းထဲ ပဋိသန္ဓေ နေဖြစ်သွားပြီနော် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် မင်းတို့ ဒီပဋိသန္ဓေနေဖြစ်ပါလိမ့်မတုံး

ဘယ့်နှယ်ကြောင့် မင်းတို့ ဒီပဋိသန္ဓေနေဖြစ်ပါလိမ့်မတုံးမေးတော့ နောက်ဘဝက ဘယ်လိုကြောင့်ပါလိမ့် (အားထုတ်လို့ပါ ဘုရား) အားထုတ်မှုကြောင့် ကံကိုးကွ။

ဘယ်နှယ်ကြောင့် မောင်နိုင် ဒီဥစ္စာကြီး မင်းအားထုတ်ဖြစ်ပါလိမ့်မတုံးမေးတော့ (စွဲလမ်းမှုကြောင့်ပါ ဘုရား) ခင်မှုစွဲလမ်းမှုကြောင့် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် စွဲလမ်းပါလိမ့်မတုံး- ကြည့်လိုက်ပြန်တော့- (ခင်မှုကြောင့်) ခင်တာကလဲ ဘယ့်နှယ်ကြောင့် ခင်ဖြစ်ပါလိမ့် (မြင်လို့ပါ ဘုရား)။

ဒီကချည်းလာတယ်၊ ကြားရင်လဲ ဒီအတိုင်းသွားမှာဘဲ (မှန်ပါ့) ဒါဖြင့် ဒီမြင်စိတ်ကလေး ပေါ်လာတယ်၊ အာရုံနဲ့ မှန်အကြည်ဆိုတဲ့ ဒွါရကြောင့်ဘဲဆိုတော့ လက်သည် မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပြန်မေးပါဦးမယ်တဲ့၊ သတ္တဝါအမျိုးမျိုးဖြစ်ပေါ်လာနေတာ၊ ငရဲကောင်ဖြစ်စေ ဟုတ်လား၊ လူကောင်ဖြစ်စေ အမျိုးမျိုး၊ နတ်ကောင်ဖြစ်စေ ဗြဟ္မာကောင်ဖြစ်စေ သမုတိနယ် ပြောရလို့ရှိရင်၊ ဟ ဒါတွေ က ဘယ်ကလာပါလိမ့်မတုံး၊ သိကြား၊ ဗြဟ္မာ ဘုရားဖန်ဆင်းလို့ဖြစ်တာ တွေလား မေးတဲ့အခါကျတော့ကို၊ သူဇာတိပဋိသန္ဓေတွေပေါ့ကွာ၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်ကလာပါလိမ့်ဒီဇာတိဟာ (ဓမ္မကလာတယ်) ဒီလိုမဖြေနဲ့၊ ခုနက သိပြီးသားအတိုင်းဖြေ၊ နောက်ဆုတ်ဖြေ၊ ဒီဇာတိ ဘယ်ကလာပါလိမ့် (ကမ္မဘဝကလာတယ်) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒီကမ္မဘဝကနေ ယခုပစ္စုပ္ပန်ဘဝကလား၊ အတိတ်ဘဝက ကံလား (အတိတ်ဘဝက) ရှင်းပြီးလား (ရှင်းပါပြီ) အတိတ်ကံပေါ့ကွ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒီဇာတိ ဘယ်ကလာသတုံး

ဇာတိဆိုတော့ ဒီဘဝ အမိဝမ်းခေါင်းထဲရောက်တာကို ဆိုပါတယ်နော်၊ ဒီဇာတိ ဘယ်ကလာသတုံးဆိုတော့ (ကမ္မဘဝကလာပါတယ်) ကံကလာတယ်၊ အားထုတ်တဲ့ကံက လာတယ်၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဒီကံ ဘယ်ကလာသတုံးဆိုလို့ရှိရင် ဘယ့်နှယ်ဖြေမလဲ (စွဲလမ်းမှုလာပါတယ်) ဒါလဲလွန်ခဲ့တဲ့ ဘဝက ကံဘဲ၊ သဘောကျပြီလား (ကျပါပြီ) ဟင်ဘယ့်နှယ်ကြောင့် စွဲလမ်းမှုကြီး ဒီလောက်ပြင်းထန်ပါလိမ့်မလဲ၊ လွန်ခဲ့တဲ့ ဘဝက ခင်လို့၊ ဘယ့်နှယ်ကြောင့် ဒီဒကာ ဒကာမတွေကလည်း ခင်ရပါလိမ့်မတုံးဆိုတော့ (မြင်လို့) မမြင်ရင် ဘာမှ မဖြစ်နိုင်ဘူး။

ဒါဖြင့် မြင်တယ်၊ ခင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်ဆိုတာ လွန်ခဲ့တဲ့ဘဝက တရားလေးခု မြင်တယ်၊ ခင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်ဆိုတာ ဘာတုံး (လွန်ခဲ့တဲ့ဘဝက တရားလေးခု) အတိတ်ဘဝက ရှင်းပြီးလား။ (ရှင်းပါပြီ ဘုရား)

ဒါဖြင့် အတိတ်ဘဝက ကံစီမံတဲ့ တရားလေးခုပေါ့၊ ယခုပစ္စုပ္ပန်ကြတော့ ခန္ဓာကိုယ်ကြီးတွေ ပေါ်နေတယ်၊ ငရဲခန္ဓာပေါ်တယ်၊ တချို့လဲ လူခန္ဓာပေါ်တယ်၊ တစ်ချိူ့နတ်ခန္ဓာပေါ်တယ်၊ တစ်ချို့ဗြဟ္မာခန္ဓာတွေ ပေါ်တယ်ဆိုတော့ ဘယ်ခန္ဓာတွေ ပေါ်ပေါ် မောင်နိုင်တို့က တထစ်မချမှတ်မောင်အောင်ချီတို့၊ မောင်မြင့်တို့က တစ်ထစ်ချမှတ်၊ အားထုတ်မှုက လာတာချည့်ဘဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အားထုတ်မှု ကာယကံ၊ ဝစီကံ မလာဘူးလား (လာပါတယ် ဘုရား) ကောင်းပြီ ဒါဖြင့် ခန္ဓာတွေသည် ဆင်းရဲတဲ့ခန္ဓာ၊ ချမ်းသာတဲ့ခန္ဓာ၊ အရုပ်ဆိုးတဲ့ခန္ဓာ၊ ငရဲခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ၊ ပစ္စုပ္ပန်ဘဝလာလာပေါ်တယ် (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့်ပေါ်ပါလိမ့်မလဲ မေးတဲ့အခါအကျတော့ (အားထုတ်လို့ပါ ဘုရား) အားထုတ်မှုကြောင့် ပေါ်တာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အားထုတ်မှုကို ပဋိစ္စသမုပ္ပါဒ်လိုသုံးတော့ ဘာတဲ့ (ကမ္မဘဝပါ ဘုရား) ကမ္မဘဝ၊ ရှင်းပြီးလား (ရှင်းပါပြီ) ကာယကံ ဝစီကံ ကွ မောင်နိုင် ရ (မှန်ပါ့)။

အဲ့ဒီကမ္မဘဝဟာက ဒီဘဝလားတဲ့၊ အခုဘဝမှာ ဖြစ်လာတဲ့၊ အတိတ်ဘဝ ဖြစ်တာလား (အတိတ်ဘဝ ဖြစ်တာပါ ဘုရား)။

အဲဒီကကလည်း အတိတ်ဘဝက ကံကလည်း သူချည့််သက်သက်ဘဲလား၊ သူ့အပေါ်မှာ ချယ်လှယ်တာရှိသေး သလားလို့ နောက်ဆုတ်တွေးစမ်း (မှန်ပါ့) ဘာတွေ့သလဲ (စွဲလမ်းမှုကြောင့်ပါ ဘုရား) စွဲလမ်းမှု ဥပါဒါန်သွား တွေ့တယ် (မှန်ပါ့) မတွေ့သေဘူးလား (တွေ့ပါတယ် ဘုရား)။

သူကလဲ သူချည့်စွဲလမ်းချင်လို့ စွဲလမ်းရတာလားလို့ မေးတဲ့အခါ သူ့အထက်က ချယ်လှယ်တာရှိ-မရှိ (ရှိပါ တယ် ဘုရား)။

အင်း ဘာတွေ့သလဲ (ခင်မင်မှုပါ ဘုရား) ခင်မှုဆိုတဲ့ တဏှာသွားတွေ့တယ်၊ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီတဏှာကလဲ သူ့ဟာသူ အလိုလိုပေါ်လာတာလားလို့ မေးတဲ့အခါကျတော့ ဘယ်နှယ့်ဖြေမလဲ (မြင် လို့ပါ ဘုရား) မြင်စိတ်ကလေးကြောင့် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အကြည်နဲ့ အာရုံနဲ့ သွားတိုက်တယ်

ဒီမြင်စိတ်ကလေးကလဲ ဒကာ ဒကာမတို့ သူ့ဟာသူအလိုလို ပေါ်လာတာလားဆိုတော့ အကြည်နဲ့ အာရုံနဲ့ သွားတိုက်တယ် (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဟိုအာရုံနဲ့ ဒီကမျက်လုံးအကြည့်နဲ့ သွားတည့်တဲ့အခါ မြင်စိတ်ပေါ်လာတာဘဲ (မှန်ပါ့) ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တစ်ခေါက်ပြန်မေးပြန်တယ် သတ္တဝါအမျိုးမျိုးပဋိသန္ဓေအမျိုးမျိုးပေါ့ကွာ၊ ဘယ်က လာသတုံး (အတိတ်ဘဝကပါ ဘုရား) အတိတ်ဘဝက ဘယ်သူလက်သည်ပါလိမ့် (အားထုတ်မှု ကမ္မဘဝပါ ဘုရား) ဒါအသေအချာ၊ အဲဒီ ကမ္မဘဝဆိုတဲ့ စေတနာကလည်း မောင်နိုင်ဘယ်ကလာသလည်း၊ စွဲလမ်းမှုက မှတ်ပါ၊ စွဲလမ်းမှုက ဘယ်ကလာသလဲ (ခင်မှုက လာပါတယ် ဘုရား) ခင်မှုက ဘယ်ကလာသလဲ (မြင်မှုက လာပါတယ် ဘုရား) မြင်မှုက ဘယ်ကလာသလဲ (အာရုံဒွါရက လာပါတယ်) အာရုံဒွါရ နှစ်ခုတိုက်လို့ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။

ဟိုက အာရုံရယ်၊ မျက်လုံးအကြည်ရုပ် ဆိုတာရယ်၊ အာရုံဒွါရနှစ်ခုမတိုက်ဘဲနဲ့ မြင်စိတ်ဆိုတာ ပေါ်ပ့ါမလား (မပေါ်ပါ ဘုရား)။

ဒါဖြင့် မြင်လို့ဘာဖြစ်တုံး (စွဲလမ်းတယ် ဘုရား) ခင်တယ်၊ မစွဲနဲ့ဦး စောသေးတယ်၊ မြင်တယ်ဆိုပြီးတော့မှ ဘာဖြစ်တုံး၊ ခင်တယ်၊ ပြီးတော့မှ စွဲလမ်းတယ်၊ စွဲလမ်းပြီၤးတော့မှ အားထုတ်တယ်၊ အားထုတ်တဲ့အခါကြတော့ စုတေ မနေ သေလွန်တော့ ဟိုဘက်သွားပြီး သကာလ ဇာတိပဋိသန္ဓေ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အကြောင်းအကျိုးဆက်တက်ပြီလား

အကြောင်းအကျိုးဆက်တက်ပြီးလား (ဆက်တက်ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒါက ဒါ-အနုပဋိလောမ အစဉ်အတိုင်းလဲ ပြောပါတယ် (မှန်ပါ့) ပဋိလောမ-ပြောင်းပြန်လဲ မင်းတို့နားလည်အောင် ပြောထားပါတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာကိုယ်ကြီးတွေ အခု အမျိုးမျိုး ပုံသဏ္ဍာန်ဟန်ပန်အမျိုးမျိုး၊ ချမ်းသာ-ဆင်းရဲအမျိုးမျိုး၊ ရုပ်ဆင်း သဏ္ဍာန်အမျိုးမျိုး၊ ဘုံနန်းဗိမာန်အမျိုးမျိုး၊ သုံးဆယ့်တစ်ဘုံမှာဖြင့် မတူတာတွေ မများဘူးလား (များပါတယ် ဘုရား)

အဲဒါတွေသည်ကားလို့ ဆိုလို့ရှိ့ရင် ဘယ်ကလာပါလိမ့်မတုံးလို့ မေးလို့ရှိရင်ဖြင့် ဘယ့်နှယ်ဖြေကြပါ့မလဲ (ဓမ္မကလာပါတယ် ဘုရား)။

ဘယ်ဓမ္မက လာသလဲ (အားထုတ်မှုကပါ) ကမ္မဘဝကအားထုတ်မှုကမ္မဘဝက (မှန်ပါ့) ရှင်းပြီလား ကွ (ရှင်းပါပြီ)။

အဲဒီ့ ဓမ္မဟာအလိုလို လာတာလားလို့ မေးလိုက်တယ် (စွဲလမ်းမှုကြောင့်ပါ ဘုရား) စွဲလမ်းတဲ့ ဥပါဒါန်ကြောင့် (မှန်ပါ့)။

အဲဒီစွဲလမ်းတာလဲတွေ့တွေ့ခြင်း စွဲလမ်းတာဘဲလားလို့ မေးရင်ဘယ့်နှယ်ဖြေကြမလဲ (ခင်မှုကြောင့်ပါ ဘုရား)။

ရှေးဦးစွာ အခင်ကလေး စ ရသေးတယ် (မှန်ပါ့) အခင်ကလေးက မစ ရဘူးလား (စ ရပါတယ် ဘုရား)။

ကဲဒီအခင်ကလေးက ဘယ်က လာပါလိမ့် (မြင်မှုကလာပါတယ် ဘုရား)။

ဪ မမြင်မတွေ့ရရင်လဲ ဒါတွေ မပေါ်ပါဘူးနော် (မှန်ပါ့) ဒီမြင်စိတ်ကလေးကလဲ သိကြား၊ ဗြဟ္မာ ဘုရားလာပြီး ဖန်ဆင်းလို့ မြင်တာကလေး ပေါ်တာလားလို့ မေးတဲ့အခါ ဘယ့်နှယ်ပြောကြမလဲ (အာရုံဒွါရ တိုက်ဆိုင်လို့ပါ ဘုရား)။

အဲဟိုဘက်က အာရုံနဲ့ ဒီဘက်က မျက်လုံးအကြည့်နဲ့ ထိခိုက်တာနဲ့ မြင်စိတ်ကလေး ပေါ်လာတယ် (မှန်ပါ့)။

မြင်လို့ခင်- ခင်လို့စွဲလမ်း၊ စွဲလမ်းလို့ (အားထုတ်ပါတယ်) အားထုတ်လို့ ဟိုဘက်ခန္ဓာ အမျိုးမျိုးပေါ်တယ် (မှန်ပါ့) ရှင်းပြီလာ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာ အမျိုးမျိုးတွေ ပေါ်ခြင်းသည် မောင်မြင့် ဘယ်သူစီမံတာတုံးမေးရင် ဖြေတတ်ကြပြီလား (ဖြေတတ်ပါပြီ ဘုရား) ဓမ္မတွေစီမံတာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ခန္ဓာအမျိုးမျိုးကို (ဓမ္မတွေစီမံတာပါ ဘုရား)။

ဒီ ဓမ္မကလည်းတဲ့ အတိတ်ဘဝက ဘယ်နှစ်မျိုးတုံး မေးတဲ့ အခါကျတော့ မောင်နိုင်က ရေတွက်တတ်ပါ့ မလား (မှန်ပါ့) ရေစမ်းပါ၊ မြင်တယ်၊ ခင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ် (မှန်ပါ ဘုရား) အတတ်ဘဝ က ဘယ်နှစ်ခုပါလိမ့် (လေးခုပါ ဘုရား)။

ဒီလေးခုဟာလဲတဲ့ တစ်ခုပြီးမှ တစ်ခုပေါ်ရတာဖြစ်နေတော့ ပထမဆုံးတစ်ခုဟာ ဘယ်သူ့ကြောင့် ပေါ်သတုံး (အာရုံဒွါရကြောင့် ပေါ်ပါတယ် ဘုရား) ရှင်းပြီးလား (ရှင်းပါပြီ)။

အာရုံဒွါရကြောင့်၊ ရှင်းကြပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒီဓမ္မတွေဟာ ဒီလိုဘဲ တန်းသာနေကြမယ်ဆိုရင် ဟိုဘဝကျတော့လဲ ခန္ဓာပေါ်ပြီး သကာလ မောင်အောင်ချီတို့ မြင်ဦးမှာဘဲ (မှန်ပါ့) မြင်ရင် ခင်ဦးမှာဘဲ (မှန်ပါ့) ခင်ရင် (စွဲလမ်းပါတယ်) စွဲလမ်းရင် (အားထုတ်ပါ တယ်)အားထုတ်ရင် ဟိုအနာဂတ်ဘဝ ဘာပေါ်ဦးမလဲ (ဇာတိပေါ်ပါတယ် ဘုရား)။

ခန္ဓာပေါ်ဦးမယ်၊ အဲခန္ဓာပေါ်ပြန် သွားပြန်ရော (မှန်ပါ့) မြင်ဦးမှာဘဲ၊ ခင်ဦးမှာဘဲ၊ စွဲလမ်းဦးမှာဘဲ၊ အားထုတ်ဦးမှာဘဲဆိုတော့ ကိုင်းဒါခန္ဓာသံသရာဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

သံသယရှိသေးသလား၊ ငါဘယ်ကလာပါလိမ့်မတုံးလို့ သံသယရှိသေးသလား (မရှိပါ ဘုရား)။

အဲဒါ ဝိစိကိစ္ဆာ ပယ်ပေးလိုက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မင်းတို့ သံသယရှိသေးသလား (မရှိပါ ဘုရား) ကဲ ဒါဖြင့် မောင်မြင့် မင်းဘယ်ကလာသတုံး၊ ခန္ဓာကြီး လဘယ်ကလာသတုံးမေးတော့ အတိတ်ဘဝက ကံတရား၊ ကမ္မဘဝက လာတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ရှင်းပြီမဟုတ်လား (ရှင်းပါပြီ ဘုရား)။

သူ့အစဉ်အတိုင်း ဒီဓမ္မနိယာမ ဖြစ်စဉ်

အဲဒီကံ ဘယ်ကလာသတုံး (အားထုတ်မှုက လာပါတယ် ဘုရား) ဥပါဒါန်ကလာတယ်၊ ကျော်လို့မရဘူး၊ သူ့အစဉ်အတိုင်း ဒီဓမ္မနိယာမ ဖြစ်စဉ်ကို ပြောရမယ် (မှန်ပါ့) နားလည်ပြီလား (မှန်ပါ့) ကျော်ပြောရင် ခင်ဗျားတို့ တရားဖောက်တယ်၊ တရားဖောက်လို့ရှိရင် တရားမမှန်ဘူတဲ့၊ မမှန်လို့ရှိရင် ဒါအယူမမှန်တော့ဘူးနော် (မှန်ပါ့) ဓမ္မနိယာမပျက်တယ်။

ဒါက ဘုရားမရှိလည်း ဒီဓမ္မက အမြဲသွားတာဘဲ၊ ဒါတွေတန်းနေတာဘဲ၊ ဘုရားမရှိလည်း (တန်းနေပါတယ် ဘုရား)။

ပြန်မေးတယ်၊ ကျော်လို့ မရဘူးဆိုတာမှတ်၊ ကျော်ရင် ကိုယ်တရားဖောက်ပြီးလို့ အောက်မေ့ ပေတော့ အသိဖောက်တာ (မှန်ပါ့)နော်အသိဖောက်လို့ရှိရင် မိစ္ဆာဒိဋ္ဌိလို့မှတ်။

ကဲ မင်းတို့ခန္ဓာတွေ ဘယ်ကလာကြသတုံး (ကမ္မဘဝကလာပါတယ်) ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

မင်းတို့ပြောနေတာက ကမ္မဘဝလို့သာ မပြောတယ်၊ ကံကောင်းလို့ လူဖြစ်လာတယ်လို့ပြောတယ် (မှန်ပါ့) အပြီးသတိတော့ ကမ္မဘဝရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီကံ ဘယ်ကလာပါလိမ့် (ဥပါဒါန်က လာပါတယ်) စွဲလမ်းတဲ့ ဥပါဒါန်က (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့ စွဲလမ်းပါလိမ့် (ခင်လို့ပါ ဘုရား) ခင်မှုကြောင့်သာ၊ ဒီခင်မှုက ဘယ်က လာပါလိမ့်မတုံး (မြင်မှုကြောင့် ပါ ဘုရား)။

ဒီမြင်မှုက ဘယ်က လာပါလိမ့် (အာရုံဒွါရက လာပါတယ် ဘုရား) အာရုံရကြောင့် လာတယ်ဆိုတော့ ခန္ဓာထဲမှာ တရားဘယ်နှစ်ခုလဲ (လေးခုပါ ဘုရား)။

ပစ္စုပ္ပန်ဘဝကျတော့ ခန္ဓာပေါ်တယ်၊ ခန္ဓာဆိုတော့ ဇာတိမနေလား (မှန်ပါ့) ဇာတိ, ဇရာ, ဗျာဓိ, မရဏ လေးခု ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဇာတိ, ဇရာ, ဗျာဓိ, မရဏ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အဲဒီ ဇာတိ, ဇရာ, ဗျာဓိ, မရဏဟာ သူတို့လဲ အစဉ်အတိုင်း ပေါ်လာတာဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲဒါဖြင့် သွားကြပါဦးစို့၊ ဇာတိ, ဇရာ, ဗျာဓိ, မရဏ လာလို့ရှိရင်ဖြင့်တဲ့ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿကော မလာပေဘူးလား (လာပါတယ် ဘုရား)။

သောကဆိုတော့ စိုးရိမ်တယ်၊ ပရိဒေဝဆိုတဲ့ ငိုကြွေးခြင်း၊ ဒုက္ခဆိုတဲ့ ဆင်းရဲခြင်း၊ ဒေါမနဿဆိုတဲ့ နှလုံး မသာယာခြင်း၊ ဥပါယာသဆိုတဲ့ ပြင်းစွာ ပင်ပန်းခြင်း မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ပြန်မေးပြန်တယ်၊ မောင်နိုင်ရေ- သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ ဘယ်က လာသတုံးဆိုတော့ မရဏက လာပါတယ်ဘုရား- ဆိုရုံဘဲ၊ သေမှုက လာတယ် (မှန်ပါ့)။

သေမှု ဘယ်က လာသတုံး

သေမှု ဘယ်က လာသတုံးဆိုတော့ (ဇာတိက လာပါတယ် ဘုရား)။

ဘယ်- ဒီလို မဟုတ်ဘူး၊ အစဉ်အတိုင်းသွား၊ သေမှု ဘယ်ကလာသတုံးဆိုတော့ အိုမှုက လာတယ် (မှန်ပါ့) အိုမှု ဘယ်ကလာသတုံး (နာမှုကလာပါတယ် ဘုရား) ဟင့်အင်းမင်းတို့ဟာက ပြောင်းပြန်ကြီး၊ နာတာက နောက်ကျပြီး- သေတာက စောနေလို့ မဖြစ်ဘူး၊ ပဋိလောမ စဉ်းစားရမယ်။

နို့-မဟုတ်လို့ရှိရင် မင်းတို့ပဋိစ္စသမုပ္ပါဒ်ကို ကိုယ့်ဖြစ်စဉ်ကို ကိုယ်နားမလည်တဲ့ အထဲကို ပါသွားတယ် (မှန်ပါ့) မပါဘူးလား (ပါ-ပါတယ် ဘုရား)။

ကိုယ့်ဖြစ်စဉ်မှ ကိုယ်နားမလည်လို့ရှိရင်ဖြင့် ဒါပုထုဇဉ်အရူးထဲ မသွားရပေဘူးလာ (သွားရပါတယ် ဘုရား)။

ပြန်ပြောပါ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿသည် ဘယ်က လာသတုံး (သေမှုက လာပါတယ်) မရဏက လာတယ်၊ သေတာကလာတယ် (မှန်ပါ့) သေခါနီးမှ ဒါတွေမလာနိုင်ဘူးလား (လာနိုင်ပါတယ် ဘုရား)။

အဲ့ဒီအသေဘယ်ကလာသတုံးဆိုတော့ အနာကလာတယ်၊ အနာရလို့ (မှန်ပါ့)နော် စောသေးတယ်၊ မင့်ဟာ မလာနဲ့ဦး (မှန်ပါ့)။

အနာဘယ်က လာသတုံးဆိုတေ့ာ အိုမှုလာတယ် (မှန်ပါ့) ဒီလိုသွားမှ သူက ကိုက်တယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ရှင်းကြရဲ့လား ဒကာ ဒကာမတို့၊ ကိုယ်လာတဲ့ လမ်းကို ကိုယ်မသိဘူး၊ မင်းတို့ကလဲ ခက်နေလိုက်တာ (မှန်ပါ့)။

ကိုယ်လာတဲ့လမ်းမှ ကိုယ်မသိလို့ရှိရင်

ကိုယ်လာတဲ့လမ်းမှ ကိုယ်မသိလို့ရှိရင် ကိုယ်သွားရမည့်လမ်းကော (မသိပါ ဘုရား) မသိတော့ဘူးဆိုတော့ ပုထုဇဉ်စုံလုံးကန်းထဲ သွားလိမ့်မယ်၊ မသွားပေဘူးလား (သွားပါတယ် ဘုရား)။

အဲဒီတော့ လမ်းသိတဲ့ ပုဂ္ဂိုလ်ကျတော့ ဆရာဘုန်းကြီးက အခု သတိပေးတယ်၊ လမ်းသိလို့ရှိရင်ဖြင့် လမ်းကောင်း မကောင်း ရွေး (မှန်ပါ့) လမ်းသိတဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖြင့် လမ်းအမျိုးမျိုးကို သိတဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင် သူက မျက်လုံး ပေါက် လှမ်းပြသေးတာကိုးကွ၊ အဲဒီတော့ ဒါလမ်းကောင်းဘဲ- လမ်းဆိုးဘဲဆိုတာ မရွေးပေဘူးလား (ရွေးပါတယ် ဘုရား)။

လာတဲ့လမ်းလဲ မသိဘူး၊ သွားရမာ့်လမ်းလဲ မသိဘူးဆိုလို့ရှိရင်ဖြင့် လမ်းကောင်း လမ်းဆိုး ဘယ့်နှယ်လုပ်မလဲ (မသိပါဘူး ဘုရား)။

အဲ့ဒါကြောင့် ဒီနေ့ လမ်းကောင်း-လမ်းဆိုးကို ခွဲခြားပြီးပြတဲ့ နေ့ကို အထူးဂရုစိုက်ပါ (မှန်ပါ့) မစိုက်သင့်ဘူး လာ (စိုက်သင့်ပါတယ် ဘုရား)။

ကဲ-ပြန်ပြောတယ်၊ သောက၊ ပရိဒေဝ၊ ဒုက္ခ ဒေါမနဿဆိုတာက တစ်ခုပေါ်ရင် အကုန်ပေါ်လို့ ပေါင်းလိုက်ပါ တယ်နော် (မှန်ပါ့) ဘယ်က လာတာတုံး (သေမှုက လာပါတယ် ဘုရား) အဲသေမှုက လာတယ်နော် (မှန်ပါ့)။

အသေက ဘယ်ကလာသတုံးဆိုတော့ ဘယ့်နှယ်ပြောမလဲ (နာမှုကလာပါတယ် ဘုရား)။

အဲ နာမှုရှိတယ်၊ ဗျာဓိကြောင့် မရဏ ဖြစ်တာကိုး (မှန်ပါ့ ဘုရား)။

အိုမှု ဘယ်ကလာပါလိမ့် (ဇာတိကလာပါတယ်) ပဋိသန္ဓေနေမှုက မြန်မာလို ပြန်လိုက်တော့ (မှန်ပါ့) မကြ ဘူုးလား (ကျပါတယ် ဘုရား)။

အဲဒီ ဇာတိဆိုတာက ကဲအနာဂါတ်ဘဝလို့ မောင်နိုင်က မှတ်ထားလိုက် (မှန်ပါ့)။

ကဲ အတိတ်ဘဝက စ ကြစို့တဲ့နော်၊ အဲ့ဒီဇာတိဘယ်က လာပါလိမ့်မတုံး (ကမ္မဘဝကလာပါတယ်) အဲ ကမ္မဘဝဆိုတာ အတိတ် ဖြစ်နေတယ်၊ လွန်ခဲ့တဲ့ ဘဝ မကျဘူးလား (ကျပါတယ် ဘုရား)။

အဲဒီကံ ဘယ်ကလာပါလိမ့် (စွဲလမ်းမှုက လာပါတယ်) ဥပါဒါန်ကလာတယ်၊ အတိတ်ဘဝဘဲမဟုတ်လား (မှန်ပါ့)။

အင်းဒီဥပါဒါန်ဘယ်ကလာပါလိမ့်မတုံး (ခင်မှုကလာပါတယ်) ခင်မှုက လာတယ်ဆိုတာ တဏှာက လာတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

ဒီခင်မှုဟာလဲ ဘယ်ကလာပါလိမ့်မတုံး (မြင်မှုကလာပါတယ် ဘုရား)။

ဒီမြင်မှု ဘယ်ကလာပါလိမ့် (အာရုံဒွါရကလာပါတယ် ဘုရား)။

ခုမှဘဲ မင်းတို့တည့်ပေတော့တယ်၊ လက်သည် အရင်းကျကျ လျှောက်ရှာတယ် (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒီလမ်း အစမှာနော်အာရုံဒွါရကစလို့ မြင်မှုပေါ်တယ်နော် (မှန်ပါ့) မြင်မှုပေါ်ပြီးတော့မှ ခင်မှုပေါ်တယ်၊ ခင်မှုပေါ်ပြီးတော့မှာ စွဲလမ်းမှု၊ စွဲလမ်းမှုပေါ်ပြီးမှ အားထုတ်မှု၊ အားထုတ်မှု ပေါ်ပြီးတော့မှ ပဋိသန္ဓေနေမှု မလာဘူးလား (လာပါတယ် ဘုရား)။

သူလာပြီးတော့ အိုမှု၊ အိမှုပြီးတော့မှ နာမှု၊ နာမှုပြီးတော့မှ သေမှု၊ သေမှုပြီးတေ့ာမှ စိုးရိမ်သောက ဗျာပါဒ အမှုတွေမလားဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ စိုးရိမ်သောကဗျာပါဒ အမှုလက်သည် အရင်းကျကျ ရှာလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် မြင်မှုဘဲ (မှန်ပါ့) အစပြန်ဖမ်းတော့ ဘာရသလဲ (မြင်မှုရပါတယ် ဘုရား)။

မြင်မှု သေချာကြပြီလာ (သေချာပါပြီ ဘုရား) မြင်မှုကြောင့် ခင်မှု (မှန်ပါ့) ဒီခင်မှုကြောင့်လဲ စိုးရိမ် သောကဗျာပါဒ မလာပေဘူးလား (လာပါတယ် ဘုရား)။

စွဲလမ်းမှုကြောင့်ကော စိုးရိမ်သောက ဗျာပါဒ (လာပါတယ် ဘုရား)သဘောကျပလား (ကျပါပြီဘုရား။)

အားထုတ်မှုကြောင့်ကော (လာပါတယ် ဘုရား) ဟိုသောက ပရိဒေဝတော့ လာရမယ်နော် (မှန်ပါ့)။

ကောင်းပြီ ပဋိသန္ဓေ နေမှုကြောင့်ကော (သောကပရိဒေဝ လာမှာပါ ဘုရား) အိုမှုကြောင့်ကော (လာရမှာပါ ဘုရား) နုမှုကြောင့်ကော (လာရမှာပါ ဘုရား) သေမှုကြောင့်ကော (လာရမှာပါ ဘုရား)။

ဒါဖြင့် သောကပရိဒေဝ ဒုက္ခ ဒေါမနဿဆိုတာ သောကဆိုတာ စိုးရိမ်တာ၊ ပရိဒေဝဆိုတာ ငိုကြွေးရတာ၊ အပါယ်ရောက်လို့ ငိုကြွေးရတာ ရှိတယ်၊ ငိုချင်တာနဲ့ ငိုပေါ့ဗျာ၊ ငိုစရာဆိုရင် တစ်ခုမှအကောင်းမပါ-ပါဘူး (မှန်ပါ့) ပါသေးသလား (မပါပါ ဘုရား)။

ဒုက္ခတွေ ရောက်တာကော အကောင်းပါရဲ့လား (မပါ-ပါ ဘုရား) ဒေါမနဿတွေ ဖြစ်ရတာကော ( မပါ-ပါ ဘုရား) ပြင်းစွာ ပင်ပန်းခြင်းဖြစ်ရတာကော (မပါ-ပါ ဘုရား)။

အဲ့ဒီ့ သောက ပရိဒေဝ ဒုက္ခဒေါမနဿ ဒကာ ဒကာမတို့ လက်သည်အရင်းရှိလို့ရှိရင် မြင်မှုဘဲ လာတွေ့တယ် (မှန်လှပါ ဘုရား)။

နောက်ဆုတ်လိုက်တဲ့အခါကျတော့ မောင့်မြင့်ဘာလာဖမ်းမိသလဲ (မြင်မှုဘဲ ဖမ်းမိပါတယ်) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒို့ ဒီမြင်မှုကို ဇာတ်သိမ်းရလို့ ဟိုဘက်က သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဇာတ်သိမ်း၊ မသိမ်း (သိမ်းနိုင် ပါတယ် ဘုရား) ဇာတ်ဇရာမရဏကော (သိမ်းနိုင်ပါတယ် ဘုရား)။

မြင်တာဟာ မြင်စိတ်ဘဲ

ဪ ဒါဖြင့် မင်းတို့လုပ်နေတဲ့ စိတ္တာနုပဿနာဟာ မြင်တာဟာ မြင်စိတ်ဘဲကိုး (မှန်ပါ့) ကိုပေါ် ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။

မြင်တာဟာ (မြင်စိတ်ပါ ဘုရား) စိတ်ဘဲ၊ ဪ သူဟာအကြောင်းရင် လိုက်ရှာတဲ့အခါကျလို့ရှိရင်ဖြင့် အာရုံဒွါရကြောင့် မြင်မှုက ပေါ်ပေါ်လာတယ် (မှန်ပါ့) ကြားမှုကကော (ပေါ်ပါတယ် ဘုရား)။

ဒီလိုချည်းဘဲ၊ ကြံမှုကကော (ပေါ်ပါတယ် ဘုရား) ကြံမှုဆိုရင်ဒီဥစ္စာတွေက ဒီခြောက်ခုကတော့ အတူတူေ ပါ့ကွာအာရုံဒွါရ တိုက်တာချည်းဘဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ကို ဆရာဘုန်းကြီးက ဝိပဿနာပေးနေတယ်ဟေ့ မြင်စိတ်ကလေး ရှုပေး၊ ဟိုပရိဒေဝ တွေသိမ်းတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

မြင်စိတ်ကလေး ရှုဆိုတာ (သောက ပရိဒေဝတွေ သိမ်းပါတယ် ဘုရား) သောက ပရိဒေဝ သိမ်းတယ်၊ တစ်ခါ ကြားစိတ်ကလေး ရှုလိုက်ကြတော့ ဆိုတာတော့ (သောက ပရိဒေဝသိမ်းပါတယ် ဘုရား)။

ဒါတွင် သိမ်းသလားတဲ့ပဋိသန္ဓေနေခြင်း ဆင်းရဲ၊ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲကော (သိမ်းပါတယ် ဘုရား)။

ဟာ ဒါဖြင့် မင်းတို့အလုပ်-လုပ်ထိုက်တယ် (မှန်ပါ့) ဘယ့်နှယ်တုံး (လုပ်ထိုက်ပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ လုပ်ထိုက်-မလုပ်ထိုက် အကဲခတ်ကြည့်စမ်း (လုပ်ထိုက်ပါတယ် ဘုရား)။ နောက်က ဒကာ ဒကာမတွေ လုပ်ထိုက်-မလုပ်ထိုက်အကဲခတ်ကြည့်စမ်း (လုပ်ထိုက်ပါ ဘုရား)။

ဒီမြင်စိတ်ကလေးဝိပဿနာရှု

ဒီမြင်စိတ်ကလေးဝိပဿနာရှုတာလေ (မှန်ပါ့) သူက စတာကိုးကွ၊ခါတိုင်းတော့ မင်းတို့က မသိဘူး၊ငါ က ဒီလောက်အကြောင်းအကျိုးဆက်မပြတော့၊ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက ဒီစိတ်တွေ အရှုခိုင်းနေပါလိမ့် မတုံး၊ မင်းတို့ ထင်ချင်ထင်မယ် (မှန်ပါ့ ဘုရား)။

အခုတော့ဖြင့် မောင်အောင်ချီတို့ မောင်မြင့်တို့ ပေါ်ပြီလား (ပေါ်ပါပြီ) အင်းပူရ၊ ဆွေးရ၊ ငိုကြွေးရတဲ့ ဇာတ်ထုတ်သူက စ ခင်းတာ၊သဘောကျပြီလား (ကျပါပြီ ဘုရား)။

ပူရ၊ ဆွေးရ၊ ငိုကြွေးရတဲ့ ဇာတ်ထုပ် (သူက စ၊ ခင်းတာပါ ဘုရား) မြင်စိတ်ကလေးက စ၊ တာ (မှန်ပါ့) ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။

အိုရ၊ နာရ၊သေရလဲ ဘယ်သူက စခင်းတာပါလိမ့် (မြင်စိတ်က စ ခင်းတာပါ) ရှင်းကြပြီးလား (ရှင်းပါ ပြီ ဘုရား)။

ဒါဖြင့် မင်းတို့ ဒီမြင်စိတ်ကလေးကိုသူ့ကို အနားမပေးဘဲနဲ့ ဒီမြင်စိတ်ကလေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်ဖြစ်ပြီး ပျက်တယ်လို့ ရှုလိုက်တာ့ကို ခုနင်က ခင်မှုက စဖြစ်တယ် (မှန်ပါ့) ဟိုဘက် အို၊နာ၊သေကော လာသေးရဲ့လား (မလာပါ ဘုရား) ပူဆွေးသောကကော (မလာပါ ဘုရား)။

ကဲမောင်အောင်ချီတို့ ရှုထိုက်မရှုထိုက် (ရှုထိုက်ပါတယ် ဘုရား) ဝေဒနာရှုလဲ ဒါပေါ့ကွာ (မှန်ပါ့) စိတ်ရှုကော (ဒါပါဘဲ ဘုရား)။

ကဲဒါ ရှုထိုက်-မထိုက် (ရှုထိုက်ပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ အငိုသိမ်းချင်းရင် ဘာလုပ်ကြရ မယ် (မြင်စိတ် ဖြစ်ပျက်ရှုရပါမယ်) အို၊နာ၊ သေ သိမ်းချင်ရင်ကော (မြင်စိတ် ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဪ ဒါဖြင့် ဟိုဓမ္မစီမံသလို ခံမလားတဲ့ဒီဓမ္မကိုလမ်းပြောင်းမလားဆိုတဲ့ဥစ္စာ မင်းတို့ မေးခွန်းထုတ်လိုက် (မှန်ပါ့) ဒီဓမ္မတန်းသွားတာတော်သေးလား၊ဒီဓမ္မကိုလမ်းပြောင်းမလားဆိုတဲ့ ဥစ္စာ မင်းတို့ မေးခွန်းထုတ်လိုက် (မှန်ပါ့) ဒီဓမ္မတန်း သွားတာ တော်သလား၊ ဒီဓမ္မကို ဖြတ်ပြီးတစ်လမ်း ခွဲရတာတော်သလာ (ဖြတ်ပြီးတစ်လမ်းခွဲရတာတော်ပါတယ် ဘုရား)။

ဒါဖြင့် မင်းတို့ တစ်သံသရာလုံး ရှည်လာတာကတော့ဖြင့် လမ်းမခွဲတတ်လို့ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

တစ်သံတစ်ရာလုံးရှည်နေတာက (လမ်းမခွဲတတ်လို့ပါ ဘုရား) လမ်းမခွဲတတ်လို့ ဖြစ်ရပါတယ်၊ ရှင်းကြ ပြီလား (ရှင်းပါပြီ) တစ်သံတစ်ရာလုံးရှည်တာက (လမ်းမခွဲတတ်လို့ပါ ဘုရား)။

အခုတော့ မင်းတို့ကျောင်းရောက်လာတော့ ဆရာဘုန်းကြီးက အရှုခိုင်းတယ်လေမြင်စိတ်ကလေးပေါ်ရင် မြင်စိတ်ကလေးရှု၊ ကြားစိတ်ကလေးပေါ်ရင်တော့ (ကြားစိတ်ရှုရပါမယ်) ကြံစိတ်ကလေး ပေါ်ရင်ကော (ကြံစိတ် ကလေးရှုရပါမယ် ဘုရား)။

ဟဒါဘာလုပ်နေတာတုံးဆိုတော့ ကြံစိတ်ကို ရှုတော့ သူက အနိစ္စဖြစ်သွားတယ် (မှန်ပါ့ ဘုရား) ရှုတာက မဂ္ဂဖြစ်သွားတော့ မောင်မြင့် တဏှာ၊ ဥပါဒါန်၊ကံ၊လာသေးသလား (မလာပါ ဘုရား)ဟိုဘက် ဇာတိ၊ ဇာရာ၊ မရဏ (မလာပါ ဘုရား) သောက၊ပရိဒေဝ၊ ဒုက္ခ၊ဒေါမနဿ (မလာပါ ဘုရား)။

ဒါဖြင့် မင်းတို့မကြိုက်တာတွေ ကုန်ရောပေါ့ကွ (မှန်ပါ့ ဘုရား)။

မင်းတို့မကြိုက်တာက ဇာတိ၊ဇရာ၊မရဏလဲ မင်းတို့ကြိုက်တဲ့လား (မကြိုက်ပါ ဘုရား) ဒုက္ခသစ္စာ တွေမို့ျ (မှတန်ပါ့)။

သောက၊ပရိဒေဝ၊ ဒုက္ခ၊ဒေါမနဿ၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒါတွေမင်းတို့ မကြိုက်ဘူး (မှန်ပါ့) မကြိုက်ပေမဲ့လဲ မင်းတို့က ဆရားဘုန်းကြီး ပေးတဲ့နည်းကို ဒီ ဒကာ ဒကာမတွေက မလိုက်နာတော့ဘူးဆိုတော့ မင်းတို့သည်ကားလို့ဆိုရင် အို၊ နာ၊ သေ နဲ့ လဲတွေ့ရမယ် (မှန်ပါ့) စိုးရိမ်၊ ပူဆွေး ငိုကြွေးတာနဲ့ကော (တွေ့ရပါတယ် ဘုရား)။

မောင်မြင့် လွတ်ပါ့မလား (မလွတ်ပါ ဘုရား) ဘာဖြစ်လို့တုံး၊ မင်းတို့ ငါပြောတာမှ နားမထောင်ဘဲ (မှန်ပါ့) လမ်းခွဲခွဲပစ်ရမယ်၊ဒီလမ်းဟာတော့ ဘုရားမပွင့်ရင် ဒီအတိုင်းသွားတယ် (မှန်ပါ့)။

အခု ဘုရားပွင့်တဲ့ အခါကျတော့ ဒီတခါ ဒီလို လုပ်တာပေါ့။ ဘုရားပွင့်တဲ့အခါကျတော့ သူမြင်စိတ် ကလေးကို မောင်မြင့်က ဖြစ်ပြီးပျက်တယ်လို့ ရှုလိုက် (မှန်ပါ့) ရှုလိုက်တဲ့အခါအကျတော့ တဏှာပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။

မပေါ်တော့ သူသည်ကားလို့ဆိုလို့ရှိရင်ဖြင့် တဏှာဆိုတော့ သမုဒယချုပ်တယ် (မှန်ပါ့) မချုပ်ဘူလား (ချုပ်ပါတယ် ဘုရား)။

တဏှာသမုဒယချုပ်သွားတော့ ဟိုဒုက္ခသစ္စာဆိုတဲ့ ဇာတိ၊ ဇရာ၊ မရဏကကော (ချုပ်ပါတယ် ဘုရား) သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿဆိုတဲ့ ပူဆွေး- ငိုကြွေးတွေကော (ချုပ်သွားပါတယ် ဘုရား)။

မဂ်လမ်း လိုက်ပစ်လိုက်တယ်

ဒါဘယ်နှယ့်ကြောင့်ချုပ်သွားတာတုံးဆိုတော့ တပည့်တော် မဂ်နဲ့ လမ်းခွဲလိုက်လို့ (မှန်ပါ့)သဘောကျပြီလား ( ကျပါပြီ ဘုရား)။

တပည့်တော်က မဂ်လမ်း လိုက်ပစ်လိုက်တယ်၊ဟို-တဏှာလမ်း မလိုက်ဘူး (မှန်ပါ့) ဘယ်လမ်း လိုက်ပစ် လိုက်သလဲ (မဂ္ဂင်လမ်း လိုက်ပစ်လိုက်ပါတယ် ဘုရား)။

အရင်တုန်းက မင်းတို့ ဘယ်လမ်းလိုက်နေသတုံး (တဏှာလမ်း လိုက်နေပါတယ် ဘုရား) မြင်တယ်ဆိုရင် ခင်လမ်းလိုက်သွားတယ် (မှန်ပါ့) အခုတော့ မြင်တယ်ဆိုလို့ရှိရင်ဖြင့်မြင်တာကို အနိစ္စလို့ ရှုတဲ့ မဂ္ဂင်လမ်း လိုက်ပသ် လိုက်တယ် (မှန်ပါ့ ဘုရား)။

မဂ္ဂင်လမ်း လိုက်ပစ်လိုက်တော့ သမုဒယသစ္စာက စပြီး မသေဘူးလား (သေပါတယ် ဘုရား) သေတော့ ဇာတိ၊ ဇရာ မရဏ ဒုက္ခသစ္စာ (သေပါတယ် ဘုရား) သောက၊ ပရိဒေဝ၊ ဒုက္ခ၊ဒေါမနဿ (သေပါတယ် ဘုရား)။း

ဒါက မြင်လမ်းကို မြင်လမ်းအတိုင်းလိုက်နေကြမယ်ဆိုလို့ရှိရင်တော့ဖြင့် မင်းတို့ သမုဒယနဲ့ ဒုက္ခလာမှာဘဲ (မှန်ပါ့)။

မြင်လမ်းကို လမ်းခွဲပြီး သကာလ မြင်စိတ်ကလေးဖြစ်ပျက်ရှုလိုက်၊ ဉာဏ်ကလေး သွင်းပေးလိုက်စမ်းပါလို့ မောင်အောင်ချီတို့ ငါသင်မပေးထားဘူးလား (သင်ထားပါတယ် ဘုရား)။

သင်ထားလိုက်တဲ့အခါကျတော့ ဖျက်ဆို မြင်စိတ်ကဖြစ်ပြီး ပျက်သွားတာကို ဉာဏ်ကအင်း ဒါကလေးဟာ ဖြစ်ပျက်ဘဲလို့ ဥဒယဗ္ဗယနဲ့ဘဲ ရှုကြည့်လိုက်တာပေါ့နော် (မှန်ပါ့)။

ရှုကြည့်လိုက်တော့ကိုမောင်မြင့် တဏှာကစပြီး မသေဘူးလား (သေပါတယ် ဘုရား) မြင်ပြီးခင်သေးရဲ့လား (မခင်ပါ ဘုရား) တဏှာက စ သေတော့ ဥပါဒါန်ကော (သေပါတယ်) ကံကော (သေပါတယ်) လာမည့်ဇာတိ၊ ဧရာ၊ မရဏ (သေပါတယ် ဘုရား) သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ (သေပါတယ် ဘုရား)။

ဟိုဟာက ပဋိစ္စသမုပ္ပါဒ်လမ်း

ဒါက ဘာလမ်းပါလိမ့်၊ မဂ္ဂင်လမ်း၊ ရှင်းပြီလား (ရှင်းပါပြီ) ဟိုဟာက ပဋိစ္စသမုပ္ပါဒ်လမ်း၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဟိုဟာက ပဋိစ္စသမုပ္ပါဒ်လည်တဲ့လမ်း၊ဒါက ဖြတ်လမ်းရှင်းပြီလား (ရှင်းပါပြီ)။

မဂ္ဂင်လမ်းက (ဖြတ်လမ်းပါ) ဟို ပဋိစ္စသမုပ္ပါဒ်အတိုင်းသွားတာက (လည်လမ်းပါ ဘုရား)။

ဒါဖြင့် လည်းလမ်းနဲ့ ဖြတ်လမ်း ဘယ်ဟာကြိုက်သလဲ (ဖြတ်လမ်းကြိုက်ပါတယ် ဘုရား)။

ဖြတ်လမ်းဆိုတာ ဘာကိုဖြတ်ပါလိမ့်မတုံးဆိုတော့ တဏှာဥပါဒါန်၊ ကံဆိုတဲ့ သမုဒယသစ္စာသုံးခုကို ဖြတ်တယ် (မှန်ပါ့)ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ဒေါမနဿဆိုတဲ့ ဒုက္ခသစ္စာတွေကော (ဖြတ်ပါတယ် ဘုရား)။

ဒါဖြင့် ဖြတ်လမ်းသ သမုဒယနဲ့ ဒုက္ခဖြတ်တယ် (မှန်ပါ့) လည်လမ်းက သမုဒယနဲ့ ဒုက္ခဆက်တယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဖြတ်လမ်းက (သမုဒယနဲ့ ဒုက္ခဖြတ်ပါတယ်) သမုဒယ ဒုက္ခကိုဖြတ်တယ် (မှန်ပါ့) လည်လမ်းက (သမုဒယနဲ့ ဒုက္ခဆက်ပါတယ်) သမုဒယနဲ့ ဒုက္ခကိုဆက်ပေးလိုက်တယ်။

တစ်ခါ ဒုက္ခထဲကမှ သမုဒယပွားဦးမှာကိုး (မှန်ပါ့) မပွားပေဘူးလား (ပွားပါတယ် ဘုရား)။

ဒါဖြင့် ဓမ္မစီမံသလို ဖြစ်ရတယ်ဆိုတဲ့ဥစ္စာ မင်းတို့သည် မိဘရိုးရာအတိုင်း မှတ်ပြီးမထားပါနဲ့နော် (မှန်ပါ့) မိဘရိုးရာအတိုင်းမှတ်မထားပါနဲ့လို့ ဆရာဘုန်းကြီးက ပြင်ပေးလိုက်တယ်။

ဟေ့ ပဋိစ္စသမုပ္ပါဒ်လမ်းမလိုက်ပါနဲ့ကွ၊ မဂ္ဂင်လမ်းလိုက်ကွ (မှန်ပါ့)။

လမ်းကတော့ လမ်းချည့်ဘဲ၊ ပဋိစ္စသမုပ္ပါဒ်လမ်းကို (မလိုက်ပါနဲ့) မဂ္ဂင်လမ်းကို (လိုက်ပါ ဘုရား)။

မဂ္ဂင်လမ်းလိုက်တော့ ဘာဖြစ်မတုံးလို့ မေးတဲ့အခါကျတော့ သမုဒယသစ္စာသေ၍ ဒုက္ခသစ္စာချူပ်တယ်၊ ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။

မီးနဲ့လောင်စာ သိမ်းတယ်

သမုဒယသစ္စာဆိုတာမီး၊ကိလေသမီး (မှန်ပါ့) ရှင်းပြီးလား (ရှင်းပါပြီ) ဒုက္ခသစ္စာဆိုတဲ့ ခန္ဓာကြီးက လောင်စာရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် မီးနဲ့လောင်စာ သိမ်းတယ်၊ မဂ္ဂင်လမ်းလိုက်ရင် (မှန်ပါ့)။

မီးနဲ့လောင်စာသိမ်းတယ်၊တဏှာဥပါဒါန်ကံတွေက မီးကိုဗျ (မှန်ပါ့) ဇာတိ၊ ဇရာ၊မရဏတွေက ထင်းထွေ၊ ခန္ဓာတွေကိုးကွ၊မဟုတ်ဘူးလား (မှန်ပါ့)။

ဒါဖြင့် မီးနဲပလောင်စာသိမ်းတဲ့လမ်း လိုက်မလား၊ မီးနဲ့လောင်စာပွားတဲ့လမ်း လိုက်မလားမေးဖို့ တစ်ခါတည်း ပေါ်လာတယ် (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ပေါ်လာတော့ဘယ်လမ်းလိုက်ကြမယ် (မီးနဲ့လောင်စာသိမ်းတဲ့လမ်းလိုက်ကြပါတယ် ဘုရား)။

အပြောကတော့ ဒကာ ဒကာမတွေ မသိခင်တုန်းကထက် အခု အပြောကတော့ မှန်သွားပြီ။

မောင်မြင့် မမှန်သေးဘူးလား (မှန်သွားပါပြီ ဘုရား) အလုပ်လိုက်ဖို့ဘဲ လိုတော့တယ် (မှန်ပါ့)။

လမ်းနှစ်လမ်းရှိတယ်

အလုပ်လိုက်ဖို့လိုတော့တယ်ဆိုတော့ လမ်းနှစ်လမ်းရှိတယ်၊ ပဋိစ္စသမုပ္ပါဒ်လမ်း၊မဂ္ဂင်လမ်း၊ပေါ်ပြီလား (ပေါ်ပါပြီ)။

ပဋိစ္စသမုပ္ပါဒ်လမ်း (မဂ္ဂလမ်းပါ ဘုရား)

မဂ္ဂလမ်းက သမုဒယဒုက္ခဖြတ်တဲ့လမ်း (မှန်ပါ့)ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်လမ်းကတော့ဖြင့် (သမုဒယ ဒုက္ခဖြစ်တဲ့လမ်းပါတယ်) သမုဒယဒုက္ခဖြစ်တဲ့လမ်း။

မောင်အောင်သိန်းကျေနပ်ပြီလား (ကျေနပ်ပါပြီ)။

ဒါဖြင့် ဒီမြင်စိတ်ကို ဖြစ်ပျက်မရှုတဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် မဂ်ကလဲမပေါ်လာ (မှန်ပါ့) ပေါ်လာသေးရဲ့လား (မပေါ်လာပါ ဘုရား)။

မပေါ်လာရင်တော့လမ်းရိုးကြီးအတိုင်း သွားကြပေတော့ (မှန်ပါ့)။

လမ်းရိုးကြီးအတိုင်းသွားပေတော့ သမုဒယ ဒုက္ခ သမုဒယဒုက္ခ သမုဒ ဒုက္ခ၊ဒီလိုချည့်သွားမယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

လမ်းရိုးကြီးအတိုင်းဆို

လမ်းရိုးကြီးအတိုင်းသွားတော့ ဘယ်လိုဆိုမယ် (သမုဒယဒုက္ခပါ ဘုရား) နောက်တစ်ခါ သွားပြန်တော့ကော (သမုဒယဒုက္ခပါ ဘုရား)။

နောက်ခန္ဓာတွေက တစခါ သမုဒယပေါ်ဦးမှာကိုး (မှန်ပါ့)မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား) အဲတတိယ ခန္ဓာကျတော့ ဒုက္ခမလာပေဘူးလား (လာပါတယ် ဘုရား)။

ကဲဒါဖြင့် လမ်းရိုးကြီးအတိုင်းလိုက်လို့ရှိရင်ဖြင့် ဘယ်သစ္စာနှစ်ခုကို ကိုယ်ပိုင်ရသတုံး (သမုဒယနဲ့ ဒုက္ခသစ္စာ ကို ကိုယ်ပိုင်ရပါတယ် ဘုရား)။

ကဲတပည့်တော်တို့ကတော့ ဘုရားအခု ဆရာသမားအမှီကောင်းရတဲ့အတွက် တပည့်တော်တို့ မဂ္ဂင်လမ်းဘဲ လိုက်ပါတော့မယ်ဆိုလိုရှိရင်ဖြင့် မြင်စိတ်ကလေး ပေါ်လာလဲ ဖြစ်ပြီးပျက်တယ်လို့ ရှုရုံဘဲ၊ကြားစိတ်ကလေး ပေါ်လာရင် (ဖြစ်ပြီး ပျက်တယ်လို့ ရှုပါတယ် ဘုရား)။

ရှုလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ရှုတော့ ရှုတဲ့ဉာဏ်ကလေးမဂ္ဂ၊ ဟုတ်လား (မှန်ပါ့) ဟိုဘက်က သမုဒယ တွေ ဒုက္ခတွေ ချုပ်သွားတာက နိရောဓ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သမုဒယ ဒုက္ခချုပ်တာက (နိရောဓပါ ဘုရား) “တဏှာနိရောဓေါ နိဗ္ဗာနံ၊ ခန္ဓနိရောဓေါ နိဗ္ဗာနံ” ကိုး၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

တဏှာချုပ်လဲ နိဗ္ဗာန်ဘဲ၊ ခန္ဓချုပ်ကော (နိဗ္ဗာန်ပါဘဲ ဘုရား) နိဗ္ဗာန်ဘဲဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)

ဒါဖြင့် မောင်အောင်လချီ မင်းလမ်းနှစ်လမ်းသိပြီလား (သိပါပြီ ဘုရား)တရားတစ်ပွဲလုံး သိပြီလား (သိပါပြီ ဘုရား) တော်တော်အရေးဘကီးတယ် ဒီဥစ္စာ (မှန်ပါ့)။

အနုလောမ- ပဋိလောမ ပြောကြည့်တော့မှ

အနုလောမ- ပဋိလောမ ပြောကြည့်တော့မှ လက်သည်တွေလည်း အရင်းကျကျ မပေါ်သေးဘူးလား (ပေါ်ပါ တယ် ဘုရား)။

ပေါ်လာပြီဆိုတော့ ဒါဖြင့် ဆရာဘုန်းကြီး ပြောနေတဲ့ စိတ္တာနုပဿနာဖြစ်ဖြစ်၊ ဝေဒနာနုပဿနာဖြစ်ဖြစ် မောင်အောင်ချီမရှုလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်လမ်းအတိုင်းသွားမှာဘဲ (မှန်ပါ့ ဘုရား)။

ဒီလမ်းကတော့ ဘာနဲ့ အဖော်လုပ်ရတုံးဆိုတော့ သမုဒယနဲ့ ဒုက္ခအဖော်လုပ်နေရတယ် (မှန်ပါ့) သမုဒယက ပူဆွေးတာ၊ဒုက္ခက ခံရတာ၊ဆင်းရဲတာ၊ ပူဆွေးမှုနဲ့ ဆင်းရဲမှုချည်းတွေ့တာဘဲ၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘာတုံး (ပူဆွေးမှုနဲ့ ဆင်းမှုချည်း တွေ့ပါတယ် ဘုရား) မဂ္ဂင်လမ်းလိုက်လိုက်တဲ့အခါကျတော့ ပူဆွေးမူလဲ သိမ်း၊ ဆင်းရဲမှုကော (သိမ်းပါတယ် ဘုရား)

ဒါဖြင့် မင်းတို့ ဘယ်ဟာကြိုက်သလဲ (သိမ်းတာကြိုက်ပါတယ် ဘုရား)။

ဒါဖြင့် သေသေချာချာကြိုက်ပါတော့လို့ ဒီနေညတာဝန်ခံပြီး ပြောတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဒီအထဲ မကြိုက်တာများပါသေးသလား (မပါ ပါ ဘုရား) သေသေချာချာ ကြိုက်ထိုက်တယ် ဆိုတာကော ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါ မင်းတို့ခန္ဓာထဲက ဖြစ်စဉ်ကြည့်ပြောတာပေါ့ (မှန်ပါ့) ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာထဲက ဖြစ်စဉ်ကြည့်ပြောတာပါ၊အရမ်းပြောနေတဲ့စကားလို့ မောင်အောင်ချီ ထင်သလား (မထင်ပါ ဘုရား) မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

အေး ဒါကြောင့်ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ဘုရားဟာ အဘယ့်ကြောင့်ဘုရားဖြစ်သတုံး၊အို ပဋိစ္စသမုပ္ပါဒ်လမ်းမလိုက်ဘဲနဲ့မဂ္ဂင်လမ်းလိုက်သွားတာနဲ့ ဘုရားဖြစ်တာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘုရား ဘာကြောင့်ဘုရားဖြစ်သလဲ (မဂ္ဂင်လမ်းလိုက်လို့ပါ ဘုရား)။

မင်းတို့ကတော့ ပါရမီဆယ်ပါးအပြားသုံးဆယ်ဆိုတဲ့အရှည်ကြီး ပြောချင်ပြောနေမယ်၊ ဘယ်လိုဟိုကရှည်ရှည် ဒီမဂ္ဂင်လမ်းလိုက်ဖြစ်လို့ဘဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

မဂ္ဂင်လမ်းသာ မလိုက်ဖြစ်ဘူးဆိုရင် (မဖြစ်ပါ ဘုရား) ဘုရားမဖြစ်နိုင်ဘူးဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေချာပြီလား (သေချာပါပြီ ဘုရား)။

ကဲ ဒါဖြင့် မင်းတို့ အခုအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာ မောင်အောင်ချီတို့ မောင်မြင့်တို့ မောင်နိုင်တို့ ဘယ်လမ်းလိုက် နေကြသလဲ (မဂ္ဂင်လမ်းလိုက်နေကြပါတယ် ဘုရား)။

ကိုယ့်မီး ကိုယ်ငြိမ်းပြီး ကိုယ့်ဒုက္ခကိုယ်သိမ်းတဲ့လမ်း

ဒါဖြင့် ကိုယ့်မီး ကိုယ်ငြိမ်းပြီး ကိုယ့်ဒုက္ခကိုယ်သိမ်းတဲ့လမ်း (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမယ် (ကိုယ့်မီးကိုယ်ငြိမ်းပြီးကိုယ့်ဒုက္ခကိုယ်သိမ်းတဲ့လမ်းပါ ဘုရား)။

ကိုယ့်မီး ကိုယ်ငြိမ်းဆိုတာတဏှာ ဥပါဒါန် ကံတွေ ငြိမ်းလိုက်တယ် (မှန်ပါ့) မဟုတ်ဘူးလား တဏှာ ဥပါဒါန် ကံမရှိတော့ ဇာတိ ဇရာ မရဏတွေကောပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား) ခန္ဓာလာသေးရဲ့လား (မလာပါ ဘုရား)။

ဒါဖြင့် ကိုယ့်မီးနဲ့ ကိုယ့်ထင်းကို ဒကာ ဒကာမတို့ ကိုယ့်လောင်မည့်မီး ကိုယ့်ခန္ဓာကဖြစ်ရမည့်ထင်းကို သိမ်းတယ် (မှန်ပါ့) ကိုယ့်မီးနဲ့ကိုယ့်ထင်းသိမ်းပစ်လိုက်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘာသိမ်းတာတုံး (ကိုယ့်မီးနဲ့ကိုယ့်ထင်းသိမ်းတာပါ ဘုရား) ဘယ်လမ်းလိုက်မှာတုံး (မဂ္ဂင်လမ်းလိုက်မှာပါ ဘုရား)။

နို့မဟုတ်လို့ရှိရင်ဒီလမ်းမှာတစ်ပါး မင်းတို့မလိုက်တော့ပါဘူး၊ ဒီဒကာ ဒကာမတွေ မလိုက်တော့ပါဘူး ဆိုလို့ရှိရင် ဖြင့် မီးရယ်- ထင်းရယ် ထင်းထဲကတစ်ခါမီး ထ တောက်၊နောက်ပြန်ပြီး ဟိုဘက်က ထင်းတစ်ခုပြန်ပေါ်၊ မပေါ်ပေ ဘူးလား (ပေါ်ပါတယ် ဘုရား)။

ထင်းပေါ်လိုက် မီးပေါ်လိုက်

ခန္ခာပေါ်တိုင်း ထင်းပေါ်တာပေါ့ကွာ (မှန်ပါ့)အင်း ခန္ဓာပေါ်တိုင်းထင်းပေါ်လိုက် မီးပေါ်လိုက်၊ထင်းပေါ်လိုက် မီးပေါ်လိုက်နဲပ လောင်လက်စ သတ်ပါ့မလား (မသတ်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံး၊အိုလမ်းမှာလို့ ဒကာ ဒကာမတို့ ဘယ်လိုဆိုကြပါမယ် (လမ်းမှားလို့ပါ ဘုရား) လမ်းမှားပြီး ဘုရားတပည့်တော်တို့ လမ်းမှအကြီးအကျယ်မှားတာဘဲ (မှန်ပါ့)။

ဘယ်လမ်း မလိုက်မိလို့လဲ (မဂ္ဂင်လမ်းမလိုက်မိလို့ပါ ဘုရား)။

ခုနင်က ဖြစ်ပျက်နဲ့ မဂ်နဲ့ မရှုမိတဲ့လမ်းပေါ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

အဲဒီတော့ မင်းတို့ ဘာအားငယ်စရာရှိသတုံးဒီဥစ္စာ ရှုရမှာဘဲ (မှန်ပါ့)။

ဘာ့ကြောင့်တုံး၊ကိုယ့်မီးကိုယ်သိမ်း၊ကိုယ့်ထင်းကိုယ်သိမ်းတာကိုး (မှန်ပါ့) လုပ်ရမှာလားမလုပ်ရမှာလား (လုပ်ရမျာပါ ဘုရား)။

ဒါ ဆင်ခြင်လဲနေဖို့လားဆိုတော့ ကိုယ့်သမယြ ကိုယ့်သမုဒယ ကိုယ့်သိမ်း၊ကိုယ့်ဒုက္ခ ကိုယ်သိမ်းတဲ့အလုပ် ဒုက္ခကြောက်ပါတယ်ဆိုရင် ဒါမှ တစ်ပါး သိမ်းတဲ့နည်း မရှိဘူး (မှန်ပါ့)။

မောင်အောင်သိန်းရှိသေးရဲ့လား (မရှိပါ ဘုရား) ဒုက္ခကြောက်ပါတယ်ဆိုရင်ဖြင့် ဒီမဂ္ဂင်လမ်းမှတစ်ပါးသိမ်းပေး မည့်လူကော (မရှိပါ ဘုရား)။

အမေ၊ အဖေတွေက ရွှေတွေ ပုံပေးခဲ့၊ငွေတွေပုံပေးခဲ့၊ အိုမြဲ၊ နာမြဲ၊ သေမြဲဘဲ (မှန်ပါ့) သဘောကျရဲ့လား (ကျပါပြ) ရွှေတောင်ကြီးပေါက်အောင်ဆုတောင်းကြလဲ အိုမြဲ၊ နာမြဲ သေမြဲဘဲ မဟုတ်ဘူးလား (မှန်ပါ့)။

အသက်ရှည်ရပါလို၏လို့ ဆုတောင်းတာလဲရှည်သာရှည်တယ်၊ အသေလွတ်တဲ့လား (မလွတ်ပါ ဘုရား)အပူ အဆွေကော (မလွတ်ပါ ဘုရား)။

ဟာ ဒါဖြင့် ဘယ်ကုန်ကူးမှ တော်မယ်လို့စိတ်ကူးတွေများ ပြောင်းနေလိုက်တာလဲ ဘာထူးသေးလဲ (မထူးပါ ဘုရား)။

ဒါဖြင့် ဒီ့ပြင်ဟာတွေကတော့ဖြင့် မဂ္ဂင်လမ်း မလိုက်တဲ့ ပုဂ္ဂိုလ်ဖြင့် အိုလမ်း၊နာလမ်း၊သေလမ်း မောင်မြင့် ဒါဘဲလိုက်နေတယ် (မှန်ပါ့) ဒီပြင် ဘာများလိုက်နေသလဲ (မလိုက်ပါ ဘုရား)။

လမ်းနှစ်လမ်းသိကြပြီလား

ကဲ ဒါဖြင့် လမ်းနှစ်လမ်းသိကြပြီလား (သိပါပြီ ဘုရား) အိုလမ်း၊ နာလမ်း၊ သေလမ်း၊တစ်မျိုး (မှန်ပါ့) အအိုလွတ်၊ အနာလွတ်၊ အသေလွတ်က (တစ်မျိုးပါ ဘုရား)။

ဒါဖြင့် ဘယ်လမ်းလိုက်ကြမယ် (မဂ္ဂင်လမ်း လိုက်ပါမယ် ဘုရား)။

ကဲ မဂ္ဂင်လမ်း လိုက်ပါမယ်လို့ဆိုတော့ တစ်ပွဲလုံး တာဝန်ခံပါပြီတဲ့၊ မဂ္ဂင်လမ်းလိုက်ပါမယ်ဆိုတော့လဲ ဆရာကောင်း ကလဲတွေ့ဦးမှ (မှန်ပါ့) ဘယ့်နှယ့်တုံး (ဆရာကောင်းကလဲတွေ့ဦးမူပါ ဘုရား)။

သာသနာတွင်းကလဲ ကြုံဦးမှ (မှန်ပါ့) သာသနာကကျတော့ ဆရာကောင်ကလဲ မရှိတော့ တရားတွေ အကုန် ပျောက်ကုန်တယ် (မှန်ပါ့)။

နောက်ပိုင်းမှာ (မိရုံရှိပါတယ်) မိရုံကလေးရှိတော့ ဒါကလေးကို မင်းတို့မလိုက်တော့ပါဘူးဆိုရင်ဖြင့် မင်းတို့ သည်ကားလို့ဆိုရင်အပါယ်လေးပါးလမ်းကို ဒါဘဲ နေ့တိုင်းလျှောက်နေတယ် (မှန်ပါ့) အပါယ်ခန္ဓာကြီး ပေါ်အောင်ဘဲလုပ် နေတာဘဲ (မှန်ပါ့)။

အပါယ်ခန္ဓာရောက်ကြောင်းဖြစ်တဲ့ သမုဒယသစ္စာကော မလုပ်ပေဘူုးလား (လုပ်ပေးပါတယ် ဘုရား) နောက်အပါယ်ခန္ဓာဆိုတဲ့ ဒုက္ခသစ္စာအကျိုးတွေကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒီတော့ ဘာဖြစ်လို့ပါလိမ့်မတုံး မေးလို့ရှိရင် ဘယ့်နှယ်ဖြေပါ့မလဲ (လမ်းလွဲပါ ဘုရား)။

ဒါဖြင့် လမ်းလွဲလို့ ဆရာဘုန်းကြီးကဟေ့ မင်းတို့သွားတာ ပဋိစ္စသမုပ္ပါဒ်လမ်းချည်း လိုက်နေတယ်၊ မယုံ ရွတ်ကြည့်ပါတဲ့၊ ပဋိစ္စသမုပ္ပါဒ်အဆုံးရွတ်ကြည့်၊ ဒုက္ခက္ခန္ဓဿလာတာချည်းဘဲ (မှန်ပါ့)။

ဒုက္ခအစုကြီး တွေ့မည်

ဘာလာသတုံး (ဒုက္ခက္ခန္ဓဿလာပါတယ် ဘုရား) ဒုက္ခက ဒုက္ခ ၊ခန္ဓဿ=အစုမလားဘူးလား (လာပါတယ် ဘုရား) ဒုက္ခအစုတွေ့မည့်လမ်းကိုမင်းတို့ လိုက်တာ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဘာတွေ့မှာတုံး (ဒုက္ခအစုကြီး တွေ့မည်လမ်းပါ ဘုရား) ပါဠိတော်ကြီး ဒုက္ခက္ခန္ဓဿ သမုဒယဟောတိ ရွတ်ကြစမ်းပါ (ဒုက္ခ က္ခန္ဓဿ သမုဒယ ဟောတိ)။

ဒါတဏှာကနေပြီးအခုမြင်ရာကနေပြီးခင်တဲ့ဆီသာဒီလမ်းသာလိုက်မယ်ဆိုရင်ဘယ်မှာလမ်းဆုံးမလဲ (ဒုက္ခ အစု ကြီးမှာပါ ဘုရား)။

ဒုက္ခ က္ခန္ဓဿ (သမုဒယောဟောတိပါ ဘုရား)ဒုက္ခတ= ဒုက္ခ၊ ခန္ဓတ=အစု၊ သမုဒယောက=ဖြစ်တာမင်းတို့ ဒုက္ခအစုကြီးကိုယ်ပိုင်ရမယ်တဲ့ (ဒီလမ်းလိုက်ရင် ကောင်သေးရဲ့လား (မကောင်းပါ ဘုရား)။

ဒုက္ခအစုကြီး ကိုယ်ပိုင်ရမည့်လမ်း ပဋိစ္စသမုပ္ပါဒ်လမ်း၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခအစုကြီးနဲ့ အိုးစားကွဲမည့်လမ်းကဘယ်လမ်းပါလိမ့် (မဂ္ဂင်လမ်းပါ ဘုရား)။

မဂ္ဂင်လမ်းဆိုတာ

မဂ္ဂင်လမ်းဆိုတာကောဆရာ ဘုန်းကြီးအခုပြောလို့သာ မင်းတို့ရိပ်မိတာကိုး (မှန်ပါ့) နို့မဟုတ်လို့ရှိရင် မဂ္ဂင်ဟာ ဪ ဆုတောင်းယူရတော့မှာဘဲ လို့ အောက်မေ့တယ်နော် (မှန်ပါ့)။

တပည့်တော်တို့ဖြင့်ဘုရားသား သမီးတို့ ဆွေမျိုးနဲ့ တွေ့ပြန်တော့ ခွဲချင်တဲ့ဒုက္ခ၊သားကောင်းသမီးကောင်း ဆွေမျိုကောင်းနဲ့တွေ့ပြန်တော့လဲ မခွဲချင်ဘဲဒုက္ခလာရတယ်၊ သားဆိုး၊ သမီးဆိုးနဲ့ နေရတဲ့အခါကြပြန်တော့ စိတ်ဆင်းရဲတဲ့ ဒုက္ခကလာတာဘဲ (မှန်ပါ့)။

သားဆိုး၊သမီးဆိုး၊ဆွေမျိုး၊မျိုးဆိုးနဲ့ တွေ့ပြန်တော့လဲ ခွဲချင်တဲ့ တစ်ခါတည်းနှိပ်စက်နေတဲ့ ဒုက္ခမတွေ့ရဘူူးလား (တွေ့ရပါတယ် ဘုရား)။

ကိုင်း ဘုန်ကြီးတို့ ဒကာ ဒကာမတွေ ဘယ်ဒုက္ခ ကြိုက်သတုံး (ဘယ်ဒုက္ခမှ မကြိုက်ပါ ဘုရား) ရိုးရိုးပြောပါ ခင်ဗျားတို့က ရိုးရိုးပြောကြစမ်းပါ။

ဪ သူတို့ဆုတောင်းတွေက သားကောင်း၊ သမီးကောင်း၊ ဆွေကောင်း၊ မျိုးကောင်းတွေ တွေ့လိုပါ၏။ ဒါ ဆုတောင်းတယ် (မှန်ပါ့) မတောင်းကြဘူးလား (တောင်းပါတယ် ဘုရား)။

အဲဒါဘယ်ဒုက္ခကြိုက်တာတုံးလို့ မေးတော့ကို အတွင်းမီးလောင်တဲ့ ဒုက္ခကြိုက်တယ် (မှန်ပါ့) သားဆိုး၊သမီးဆိုး၊ ဆွေဆိုး၊မျိုးဆိုးနဲ့ တွေ့ရပါလို၏။ ဆုမတောင်းဘဲနဲ့ ပြည့်တာကတော့ကို အပြင်မီးလောင်တာ ကြိုက်တယ် (မှန်ပါ့)။

အတွင်းမီးနဲ့အပြင်မီး

အတွင်းမီးနဲ့အပြင်မီး ဘယ်ဟာကလောင်ချက်ပြင်းသလဲ (အတွင်းမီးက လောင်ချက်ပြင်းပါတယ် ဘုရား)။

သို့သော် မင်းတို့က အတွင်းမီးကြိုက်တယ်၊ ရိပ်မိပြီလား (ရိပ်မိပါ်ပြီ) ဘာကြိုက်နေကြသလဲ (အတွင်းမီး ကြိုက်နေ ကြပါတယ် ဘုရား)။

အတွင်းမီးကြိုက်နေတယ်ဆိုတော့ ရူးလွန်းသကွာ (မှန်ပါ့) အတွင်းမီးလောင်တာနဲ့ အပြင်မီးလောင်တာနဲ့ ဘယ်သူက ပြေးရလွယ်သလဲ (အပြင်မီးလောင်တာက ပြေးရလွယ်ပါတယ် ဘုရား) အပြင်မီးလောင်တာက ပြေးရလွယ် ပါသေးတယ်။

နို့ မင်းတို့က ဘယ်မီးကြိုက်သလဲ (အတွင်းမီးကြိုက်နေပါတယ် ဘုရား) အတွင်းမီး ကြိုက်နေတယ်၊အုံနွေးနွေး လောင်နေတာ အကြိုက်ဆုံးပါဘဲ၊ရှင်းကြပြီလားကွ (ရှင်းပါပြီ ဘုရား)။

အေး ဒကာ ဒကာမတွေနဲပ ပြောရတဲ့အလုပ်ဟာ အကြိုက်ကလဲ သူတို့ဟာက အတွင်းမီးကိုခပ်ကြိုက်ကြိုက် ၊ကြိုက်နေတယ်ဆိုတဲ့ အဓိပ္ပါယ် မောင်နိုင်မမှားဘူးနော် (မှန်ပါ့)။

မင်းတို့လဲ စိတ်ဆင်းရဲချင် ဆင်းရဲပါစေ၊ကြမ်းကြမ်းတမ်းတမ်းနဲ့ ဒီအတိုင်းလက်သိပ်ထိုး ပေးနေရတာက သားတွေ သမီးတွေ ကိစ္စမရှိဘူး၊ဟုတ်လား ဒုတ်တစ်ပျက် ဓါးတစ်ပျက်နဲ့ ချောက်လှန့် တောင်းတာတော့ မကြိုက်ဘူး၊ ရိပ်မိကြ ပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်ဟာကြိုက်သတုံးလို့၊ဒုတ်တစ်ပျက် ဓါးတစ်ပျက်ကြိုက်သလားတဲ့၊ ချော့တောင်းသွားပြီး မွဲအောင်လုပ်တာ ကြိုက်သလား (ချော့တောင်းသွာပြီးမွဲအောင်လုပ်တာကြိုက်ပါတယ် ဘုရား)။

အတော်လွဲနေတာ (မှန်ပါ) အတော်လွဲနေတာဆိုတာပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)ကဲ ဒါဖြင့် ဒကာ ဒကာမ တို့ဘယ်မီးမှ လောင်တာ မကောင်းဘူး (မှန်ပါ့)မီးသူတော်ကောင်းတွေ့ဘူးကြရဲ့လား (မတွေ့ပါ ဘုရား) လောင်တာချည့်ဘဲြ ွရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အတွင်းမီးကလည်း (လောင်တာပါဘဲ) အပြင်မီးကကော (လောင်တာပါဘဲ ဘုရား) သို့သော် ဘယ်အလောင် ကြိုက်ကြသလဲ (ဘယ်အလောင်မှ မကြိုက်ပါ ဘုရား) အဲဒါမှ မှန်တယ်။ ဒါမှ မှန်မယ်တဲ့၊ သမုဒယဆိုရင် အဆိုးချည်းဘဲ (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

သမုဒယဆိုရင် (အဆိုးချည့်ပါဘဲ ဘုရား) အဆိုးချည့်ဘဲလို့ သေသေချာချာမှာလိုက်စမ်းပါ။ ဒါဖြင့် ဘယ်လမ်း လိုက်မှ မောင်မြင့်လွတ်မှာတုံး (မဂ္ဂင်လိုက်မှ လွတ်ပါ့မယ် ဘုရား)။

မဂ္ဂင်လမ်းကတော့ ကြည့်၊ နောက်ကမီးကိုလဲ မသိမ်းဘူးလား (သိမ်းပါတယ် ဘုရား) ခန္ခာလဲသိမ်းတယ်၊မီးဆိုတဲ့ တဏှာ ဥပါဒါ ကံကော (သိမ်းပါတယ် ဘုရား)။

ဒါဖြင့် မင်းတို့ အတွင်းမီးရော-အပြင်မီးရော လာသေးရဲ့လား (မလာပါ ဘုရား) ဒါဖြင့် ဒီအလုပ်ဟာဖြင့် ဒို့မှာ လောင်စာသိမ်း၍ မီးငြိမ်းတဲ့အလုပ် (မှန်ပါ့)။

မီးငြိမ်းတယ်ဆိုတာ နိဗ္ဗာန်

ဘယ်လိုဆိုကြမယ် (လောင်စာသိမ်း၍ မီးငြိမ်းတဲ့အလုပ်ပါ ဘုရား)လောင်စာသိမ်း၍ မီးငြိမ်းတယ်ဆိုတာ နိဗ္ဗာန် ခေါ်တာဘဲ (မှန်ပါ့)။

မောင်နိုင် ဘာတဲ့တုံး (နိဗ္ဗာန်ခေါ်ပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ လောင်စာသိမ်း၍ မီးငြိမ်းတယ် ဆိုတာ (နိဗ္ဗာန်ပါ ဘုရား)။

ဒါဖြင့် အခု မဂ္ဂင်လမ်းလိုက်- လိုက်တော့ ဘယ့်နှယ့်တုံး (လောင်စာသိမ်း၍ မီးငြိမ်းပါတယ် ဘုရား) ခန္ဓာကော ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား) လောင်တတ်တဲ့ ကိလေသာမီးတွေကော (မခေါ်ပါ ဘုရား)။

ဒါဖြင့် မောင်မြင့်ဘယ်ဟာ ကြိုက်သတုံးကွ (နှိဗ္ဗာန်ကြိုက်ပါတယ် ဘုရား)။

လောင်စာသိမ်း၍ မီးငြိမ်းတာဆိုရင်တော့ မဂ္ဂင်ဘဲရှိတယ် (မှန်ပါ့) ဒီ့ပြင်တော့ ဘုန်းကြီးဘားမှ မပြောတတ် တော့ဘူး။ ဘုရားကလဲ ဒါပြောမှာဘဲ (မှန်ပါ့)ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ကို ဒကာ ဒကာမတို့ ဘုရား၏ ဝါဒကို ပြောပါတော့မယ်၊တရား စတော့မယ်၊ အခုဟာက အမြင်ကို ခင်းပြနေတာ (မှန်ပါ့) ဝတ္ထုထုတ်တော့မယ်နော် (မှန်ပါ့)။

ဘုရား၏ ဝါဒ

ဝတ္ထုထုတ်မယ် ဒကာ ဒကာမတို့ ဆယ်မိနစ်ထဲ ကျန်တယ်ဂရုစိုက် နားထောင်လိုက် (မှန်ပါ့)။

သက္ကတိုင်းမှာ ရဟန်းတွေရှိကြတယ်၊သက္ကတိုင်း ဒေဝဒဟရွာမှာ ရဟန်းတွေရှိတယ်၊ဘုရားကလဲ အဲဒီမှာဘဲ သီတင်းသုံးတယ်။

ဘုရားကိုသွားလျှောက်ကြတယ်၊ရဟန်းဆယ်ပါးကအရှင်ဘုရား တပည့်တော်တို့သည်ကား ပစ္ဆာဘူမက ဆိုတဲ့ တပည့်တော်တို့ မိဘမွေးရပ်ထံ ပြန်ချင်ပါတယ်ဘုရား၊ အဲဒီသွားပြီးဝါဆိုချင်ပါတယ်ဘုရား (မှန်ပါ့)ရဟန်ဆယ်ပါးက သွားလျှောက်တယ်။

သွားလျှောက်တဲ့အခါကျတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကသိတယ်၊ ဪ ဒီရဟန်တွေ ဘာမှလဲမသိရှာ သေးဘူး၊ ဒို့နဲ့ခွဲပြီး သကာလ ပစ္ဆာဘူမ သွားပြီးဝါဆိုကြမလို့တဲ့။

ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကသနားတယ်၊ဘာမှ မသိသေးဘဲကိုး၊ သံသရာသိမ်း မီးငြိမ်းတဲ့လမ်း မသိသေးဘူး၊မသိသေးတော့ဘုရားက အကြောင်းပြလိုက်တယ် သွားဖို့ မသွားဖို့ အသာနေပါဦးကွ၊ မင်းတို့နောင်တော်ကြီး ရှင်သာရိပုတ္တရာ သိပြီလား။

ဒကာ ဒကာမတို့ ဘာမေးပါလိမ့် (ရှင်သာရိပုတ္တရာ သိပြီလားတဲ့)။

မင်းတို့သွားမှာ ရှင်သာရိပုတ္တရာ သိပြီလားလို့ မေးတော့ မသိပေးပါဘုရား အရှင်ဘုရား လျှောက်တုန်းဘဲ ရှိပါသေးတယ်။

အို ရှင်သာရိပုတ္တရာဟာ မိတ်တွေသင်္ဂဟ မင်းတို့ တပည့်သားမြေး အပေါ်မှာ အများကြီး ကျေးဇူးဥပကာရ အလိုရှိပြီး ပြောလေ့ဆိုလေ့ရှိသကွာ သူ့ကို သွားပြီးတောင်းပန်ကြဦးဆိုပြီး ဘုရားက လွှဲပေးလိုက်တယ်။

လွှဲပေးလိုက်တော့ ဒီရဟန်းတွေက သွားကြတာပေါ့၊ရှင်သာရိပုတ္တရာ တစ်ခုသာ ခြုံကိုမဏ္ဍပ်လုပ်ပြီးနေတဲ့ဆီ ရောက်သွားတယ်၊ ရဟန်းတွေက သွားကြတယ်။

အရှင်ဘုရား၊တပည့်တော်တို့ ပစ္ဆာဘူမက ဆိုတဲ့ဆီသွားပြီး ဝါဆိုဖို့စိတ်ကူးပါတယ်ဘုရား။

နို့ မင်းတို့ ဘုရားကို လျှောက်ပြီၤပြီလားတဲ့ လျှောက်ပြီးပါပြီ။

လျှောက်ပြီးတော့ ဘာပြောလိုက်တုံး၊မင်းတို့ နောင်တော်ကြီၤးဟာ မင်းတို့ အကျိုးစီးပွား အများကြီး အလိုရှိတယ်၊ အဲဒီနောင်တော်ကြီးကိုလဲ သွားပြောကြဦးဆိုတော့ ဪ ငါတရားဟောဘို့ တိုက်တွန်းလိုက်တာဘဲ၊ ဆုံးမသွန်သင်ဘို့ တိုက်တွန်းလိုက်တာဘဲဆိုတာ ရှင်သာရိပုတ္တရာသိတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီ ရှင်သာရိပုတ္တရာ သိပြီး သကာလ နေတာနဲ့ မင်းတို့သွားတာတော့ သွားပါကွာ၊ အဲဒီ ပစ္ဆာဘူမကဆိုတဲ့ နေရာမှာ ဗိမ္မိသာရမင်းကြီးဆိုတာလဲပညာရှိကွ၊ဒီပြင် ပုဏ္ဏားရှိ စိတ္တသူကြွယ်ဆိုတဲ့ လူပညာရှိ သူဋ္ဌေးပညာရှိတွေက ဘယ်ပေါတယ်ကွ

မင်းတို့က ဒီက သွားတော့ သွားပါပြီ၊ မင်းတို့ ဘယ်က လာသလဲ ဘုရားဆီက လာခဲ့တယ် သက္ကတိုင်းက၊ အရှင်ဘုရားတို့ဘုရား ဘယ်အယူရှိသတုံးလို့ မင်းတို့ကို မေးလိုက်လို့ရှိရင် မင်းတို့ကလဲ ဘာမှနားမလည်၊အဲဒီတော့ မင်းတို့ မခက်ပေဘူးလားတဲ့၊ ဒါမြင်တာကိုးဗျ (မှန်ပါ့) ရိပ်မိကြလား (ရိပ်မိပါပြီ ဘုရား)။

မင်းတို့ဘုရား ဘယ်အယူရှိသတုံးလို့ မေးပါလိမ့်မယ်တဲ့ ၊အဲလိုမေးတဲ့အခါ မင်းတို့ကကော ရမ်းဖြေပြန်လဲ ဘုရားအလိုတော်မကျလို့ရှိရင် အပါယ်ရောက်တော့မယ်တဲ့။

ရမ်းဖြေလို့ကော သင့်ပါ့မလား

ရမ်းဖြေလို့ကော သင့်ပါ့မလား (မသင့်ပါ ဘုရား) ကိုယ်မှမသိတာရမ်းဖြေလို့ ကိုက်ပါ့မလား (မကိုက်ပါ ဘုရား) အဲဒီတော့မင်းတို့ အကြပ်တွေ့မယ်တဲ့။

ဒါကြောင့်မင်းတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့်ဒီလို ဟိုပုဂ္ဂိုလ်တွေက အရှင်ဘုရားတို့ ဘုရားဆီက လာတယ်ဆိုရင် ဘုရား၏ အယူဝါဒ ပြောစမ်းပါ၊ ဘယ်လို အယူဝါဒ ရှိတယ်ဆိုတာတပည့်တော်တို့ သိပါရစေဆိုတာတွေကိုမေးကြ၊ မြန်းကြလိမ့်မယ်တဲ့။

မေးကြ၊မြန်းကြတဲ့အခါကြလို့ရှိရင်မင်းတို့ဘယ်နှယ်ပြောမတုံးတဲ့၊ ဘယ့်နှယ်မှ မပြောတတ်ပါဘုရားတဲ့၊ တပည့်တော်များ အခု အရှင်ဘုရားဆီ ဘုရားက လွှတ်လိုက်လို့ လာခဲ့ရတာပါ။ တပည့်တော်တို့ ခပ်ဝေးဝေးကဘဲ အရှင်ဘုရားဆီရောက်အောင် လာခဲ့ရတော့ အရှင်ဘုရားပြောမှ သင်ပေးမှ သိရမည့် ပုဂ္ဂိုလ်တွေဖြစ်ပါတယ်၊ရှင်းပြီလား (ရှင်းပါပြီ) သူတို့ဘာနားလည်သေးတုံး (ဘာမှ နားမလည်ပါ ဘုရား)။

ဘာမှ နားမလည်တော့ကဲကွာ၊ဟိုကြတော့ကွာ၊ဗိမ္မိသာရမင်းကြီးတို့၊ ဇာရုက္ခပုဏ္ဏာတို့၊စိတ္တသူကြွယ်တို့ဆိုတဲ့ အမျိုးမျိုးသော လူပညာရှိတွေ တွေ့လိမ့်မယ်၊တွေ့တဲ့အခါကျတော့၊ အရှင်ဘုရားတို့ ဘယ်အယူရှိသတုံးဆိုတာ မေးပါလိမ့်မယ်တဲ့၊မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

ဘုရားဆီကလာတာကိုး၊ဘုရားအယူဘယ်အယူရှိသတုံးမေးရင် မင်းတို့ ဘယ့်နှယ်ဖြေမလဲ၊

ကဲ ဟောဒီလို ဖြေကြ သင်ပေးလိုက်တယ်ကွာတဲ့ ငါဘုရားအယူက “ဆန္ဒရာဂ ဝိနယက္ခာယီခေါ အာဝုသော သတ္ထာ” ဒီအဓိပ္ပါယ်က ဘာတုံးဆိုတော့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ တဏှာဆန္ဒကို သိမ်းတဲ့ အလုပ်ကို လုပ်တဲ့ အယူဝါဒဟာ သူ့ဝါဒ (မှန်ပါ့ ဘုရား) တဏှာသိမ်းတဲ့ ဝါဒဟော့ပေါ့လေ (မှန်ပါ့) တဏှာဆန္ဒအလုပ်ကို ပယ်တဲ့အလုပ်ဟာ သူ့ဝါဒ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

တဏှာပယ်တဲ့အလုပ်ဟာ သူဝါဒ

တဏှာပယ်တဲ့အလုပ်ဟာ သူဝါဒ၊ဒါဖြင့် သမုဒယသစ္စာချုပ်တဲ့ ဝါဒဟာ ဘုရားဝါဒ (မှန်ပါ့) သမုဒယသစ္စာ ချုပ်ရင် ဒုက္ခချုပ်ဖို့ရာ တောင်းပန်းရသေးသလား (မတောင်ပန်ရပါ) ဒါဖြင့် မင်းတို့သင်ထားတာ၊ဘုရားအယူသင်ထားတာ ကြည့်စမ်း မြင်စိတ်ကလေးဖြစ်ပျက်ရှုလိုက်တော့ ဟိုဘက်က တဏှာလာသေးရဲံ့လား (မလာပါ ဘုရား)။

ဒါဖြင့် တဏှာချုပ်တဲ့ ဝါဒပါလား၊ ရှင်းပြီးလား (ရှင်းပါပြီ)ဒါဖြင့် မင်းတို့ အခုရှုခိုင်းနေတဲ့ စိတ္တာနုပဿနာ၊ ဝေဒနာနုပဿနာ မောင်အောင်ချီ ဘယ်သူ့ဝါဒပါလိမ့် (ဘုရာဝါဒပါ ဘုရား) ဘုရားဝါဒဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါ့ကြောင့် စိတ္တာနုပဿနာ ကြိုးစားလုပ်စမ်းပါ၊စိတ္တာနုပဿနာ ကြိုးစားလုပ်စမ်းပါ၊ဝေဒနာဟာလဲ ဒီထဲပါသွား တာဘဲ၊ဝေဒနာလုပ်ချင်လဲ လုပ်ပါတော့ အထူးပြောစရာလိုသေးရဲ့လား (မလိုပါ ဘုရား) ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။

ဒါ ဘုရားအယူသိပြီနော် ဒါဖြင့် မင်းတို့လုပ်နေတာ အလုပ်မှန်မှ မှန်ရဲ့လားလို့သံသယမရှိနဲ့၊ ဘယ်သူဘယ်ဝါဒ ပါလိမ့် (ဘုရားယူဝါဒပါ) ကဲ မယုံလို့ရှိရင် မင်းတို့ရှုာကြည့်၊ကြားစိတ်ကလေး ပေါ်လာဘာလုပ်ကြမတုံး (ဖြစ်ပျက်ရှုရ ပါမယ်) ဖြစ်ပျက်ရှုလိုက်တော့ ကြားခြင်းကြောင့်ပေါ်မဲ့နောက်ဘဝ ဇာတိ၊ ဇရာ၊ မရဏ (မလာတော့ပါ ဘုရား) သောက၊ ပရိဒေဝ၊ဒုက္ခဒေါမနဿ (မလာတော့ပါ ဘုရား)။

ဒါဖြင့် ဒါဘယ်သူ့ဝါဒလဲ (ဘုရားဝါဒပါ) ဘုရားဝါဒဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ နာရီစေ့ပြီ၊

နက်ဖြန်မှ ဆက်ကြစို့။

သာဓု သာဓု သာဓု။