10910

မာတိကာသို့

သဿတရှိသူ ဥစ္ဆေဒရှိသူသဘောအလေ့အကျင့်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ဟောကြားတော်မူသော

သဿတရှိသူ ဥစ္ဆေဒရှိသူသဘောအလေ့အကျင့်

ညအလုပ်ပေးတရားတော်

(၉-၁၂-၆၁)

သဿတဒိဋ္ဌိဆိုတာ ဝိပ္ပလ္လာသလို့ မှတ်ရမယ်၊ ဝိပ္ပလ္လာသချည်းဘဲ ဒီဥစ္စာတွေ (မှန်ပါ့)။

သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ဘဝထဲ ပျော်မွေ့တယ်လို့ မှတ်ထားရမယ်၊ နိဗ္ဗာန်ဝေးတယ် (မှန်ပါ့)။

ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ကလဲ ဘဝပြတ်တာကို သဘောကျပြီး နိဗ္ဗာန်သဘောမကျဘူးလို့ သူ့ကို မှတ်ထားရမယ် (မှန်ပါ့)။

သဿတဒိဋ္ဌိကတော့ကို နိဗ္ဗာန်မလိုချင်ဘူး သူက၊ ဘဝထဲ ပျော်မွေ့တယ်လို့ မှတ်ထားရမယ် (မှန်ပါ့)။

ဘဝဆုတောင်းတဲ့ လူမှန်လို့ရှိရင် ဘယ်လို အကဲခတ်ကြမယ် (သဿတဒိဋ္ဌိရှိသူပါ) သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ် (မှန်ပါ့)။

ဘဝကို အရမ်းပြတ်ပြီးသကာလ ဘာဖြစ်ဖြစ် မဖြစ်တာ ကြိုက်တဲ့လူ၊ သူက အရမ်းမဖြစ်တာ ကြိုက်တာက ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့) အရမ်း-အရမ်းပဲ (မှန်ပါ့)။

ကွာ မွေးတနေ့ သေတနေ့ ပြီးတာပါပဲ၊ ဘာမှ မထူးပါဘူးဆိုတဲ့ လူကျတော့ ဥစ္ဆေဒဒိဋ္ဌိသမား (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်အရှိတဲ့ ဉာဏ်အသိ ကိုက်ရမယ်

အဲဒီ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ ရှိနေလို့ ရှိရင်လဲတဲ့ “စက္ခုမန္တောစ ပဿန္တိ” (ဣတိဝုတ္တကပါဠိ၊၂၂၄) ဆိုတဲ့အတိုင်းတဲ့ မျက်စိအမြင်ရှိ အောင် လုပ်ကြပါလို့ဆိုတာ တိုက်တွန်းတယ် (မှန်ပါ့)။

မျက်စိအမြင်ဆိုတာ ဘာပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ခန္ဓာကိုယ်အရှိတဲ့ ဉာဏ်အသိ ကိုက်ရမယ် (မှန်ပါ့)။

မျက်စိအမြင်ရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ ဘာပါလိမ့် (ခန္ဓာကိုယ်အရှိနဲ့ဉာဏ်အသိ ကိုက်ရပါမယ် ဘုရား)။

ခန္ဓာကိုယ်အရှိက ဘယ်အချိန်ကြည့်ကြည့် ဖြစ်ပျက် အနိစ္စ ဒုက္ခ အနတ္တ ဒုက္ခသစ္စာ ဒါဘဲရှိတယ် (မှန်ပါ့)။

အဲဒီ ခန္ဓာကိုယ် အရှိနဲ့ဉာဏ်အသိ ကိုက်လို့ရှိရင်ဖြင့် စက္ခုမန္တောစ ပဿန္တိ၊ စက္ခုရှိတဲ့ ပုဂ္ဂိုလ်မို့မြင်တာ (မှန်ပါ့)။

ဒါ မမြင်သေးတဲ့ ဒကာ ဒကာမတွေ ဖြစ်ခဲ့လို့ရှိရင် ကြိုးစားပြီး အားထုတ်ကြပါဦး (မှန်ပါ့) အကန်းမွေးပြီး အကန်းသေ ဖြစ်သွားလိမ့်မယ်ဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟောပါတယ် (မှန်ပါ့) ဘာပြုလို့တုန်း စက္ခု မန္တောစ ပဿန္တိလို့ သူဟောထားတာကို ဥဒါန်းပါဠိတော်မှာဘဲ (မှန်ပါ့)။

ကဲဒါဖြင့် ရွာထဲမှာ သေသွားကြ ပြုသွားကြ၊ ဗုဒ္ဓဘာသာရယ်လို့ နာမည်ခံပြီး သေသွားကြတဲ့ ပုဂ္ဂိုလ်တွေ ခန္ဓာကိုယ်အရှိကို ဉာဏ်အသိနဲ့ သွားမကိုက်ဘူး (မှန်ပါ့) ဖြစ်မှုပျက်မှုကို ဦးသံဒိုင်တခါမှ တွေ့မသွားရရှာဘူး (မှန်ပါ့)။

အဲ မွေးတနေ့ သေတနေ့တော့ သူ သိတာပေါ့လေ၊ အဲဒီအသိကတော့ အလကားပဲ (မှန်ပါ့)။

ခန္ဓာကိုယ်ထဲမှာ ခဏခဏ ဝေဒနာကလေးတွေ၏ ပျက်စီးပုံ စိတ်ကလေးတွေ၏ ပျက်စီးပုံ ရုပ်ကလေးတွေ၏ ပျက်စီးပုံ၊ ဒါကလေးကို တွေ့မသွားဘဲနဲ့ သေတဲ့ ပုဂ္ဂိုလ် မောင်သစ်များလိမ့်မယ်ထင်တယ် (များပါတယ် ဘုရား)။

မှောင်ထဲမွေး၍ မှောင်ထဲသေ

အဲဒီ များတဲ့ ပုဂ္ဂိုလ်ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မှောင်ထဲမွေး၍ မှောင်ထဲသေသွားသဟေ့ တဲ့ (မှန်ပါ့)ဝိပ္ပလ္လာသဆိုတာ လုံးဝမတော်လှန်နိုင်ဘူးကွ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဝိပ္ပလ္လာသကို (လုံးဝမတော်လှန်နိုင်ပါ ဘုရား)။

ဒါဖြင့် ဝိပ္ပလ္လာသကို မတော်လှန်နိုင်တော့ ရူးလဲရူးတယ် ကန်းလဲကန်းတယ် (မှန်ပါ့ ဘုရား) အရူးအကန်း တယောက်ဖြင့် သေခြင်းဆိုးသေသွားပြီလို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (အရူးအကန်းတယောက် သေပြီလို့မှတ်လိုက်) အရူးအကန်းတယောက် ထည့်ပါဦး (မှန်ပါ့) ရှင်းပါလား (ရှင်းပါပြီ)။

ဒါကို ဆိုရက်လေခြင်းလို့ နောက်က ဒကာ ဒကာမတွေ က ဒီလိုမယူပါနဲ့၊ ဘုရားက ပင်ကိုယ်ကန်းလို့ ကန်းတယ် ပြောတာ ဝိပ္ပလ္လာသ ရှိနေတော့ ပင်ကိုယ်ရူးလို့ ရူးတယ်ပြောတာ (မှန်ပါ့)။

ဖြစ်ပျက်ရှိရက်သားနဲ့ ဖြစ်ပျက်မသိတာ ကန်းလို့ (မှန်ပါ့) ဒါသားဘဲ ဒါ မယားဘဲလို့ တကယ်ထင်ပြီး သကာလ တကယ်နေကြလို့ရှိရင်လဲ ရူးလို့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒီပုဂ္ဂိုလ်သည် ကန်းရုံတွင်မကဘူး၊ ရူးသေးတယ်ကွ၊ သေသွားလေရဲ့၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါ တယ်)။

အဲဒီ ဆိုထိုက်လို့ရှိရင် ဒီအထဲက ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ လွတ်အောင်ရုန်းကြပါ၊ အကန်း အရူး မသာ မဖြစ်ပါစေနဲ့ (မှန်ပါ့ ဘုရား)။

သာသနာတွင်း စကားပြောပေးတာ

အကန်း အရူးမသာ (မဖြစ်ပါစေနဲ့) မဖြစ်ပါစေနဲ့ဆိုတဲ့ ဥစ္စာကို ခင်ဗျားတို့ သာသနာတွင်း စကားပြောပေး တာလို့ မှတ်ပါ (မှန်ပါ့)။

ဘာစကားတုံး (သာသနာတွင်း စကားပြောပေးတာပါ)။

နို့မဟုတ်လို့ရှိရင်ဖြင့် ရှင်ဘုရင် နတ်ရွာစံတာ မဟုတ်ပါဘူး၊ ဘုန်းကြီးပျံတော်မူတာ မဟုတ်ပါဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ရှင်ဘုရင်လဲ နတ်ရွာမစံနိုင်ဘူး (မှန်ပါ့) မစံနိုင်ဘူး၊ အောက်ဘဲသွားတာဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘုန်းကြီးလဲ ပျံတော်မူတာ မဟုတ်ဘူး၊ တိုးတော်မူတာဘဲ မှတ်ရမယ် (မှန်ပါ့) ဒါ အင်မတန်အရေးကြီးတဲ့ စကားလို့ မှတ်ပါ (မှန်ပါ့)။

စက္ခုမန္တောစ ပဿန္တိကိုး၊ မျက်လုံးရှိတဲ့ ပုဂ္ဂိုလ်မှ မြင်နိုင်တယ်၊ “ဘူတံ ဘူတကာ ဒိသွာ ဘူတဿ နိဗ္ဗိ ဒါယ ဝိရာဂါယ နိရောဓာယ”။

ဘူတံ=ထင်ရှားရှိတဲ့ အနိစ္စ ဒုက္ခ အနတ္တကိ၊ ဘူတတော=ထင်ရှားရှိသောအားဖြင့်၊ ပဿတော=မြင်သောပုဂ္ဂိုလ် အား၊ စက္ခုမန္တောဝ=ဉာဏ်မျက်လုံးရှိတဲ့ ပုဂ္ဂိုလ်မှ မြင်နိုင်တယ်ကွတဲ့ (မှန်ပါ့)။

‘ဧဝံ ခေါ ဘိက္ခဝေ စက္ခုမန္တော စ ပဿန္တိ’ ရဟန်းတို့အမြင်ရှိတဲ့ပုဂ္ဂိုလ်မှာ ငါဘုရားက စက္ခုနှစ်ကွင်း အလင်း ရပြီး သေသွားတယ်လို့ဆိုလိုက်ပါတယ်တဲ့ (မှန်ပါ့) နို့မဟုတ်လို့ရှိရင် ငါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောမယ်တဲ့၊ မင်းတို့ဟာ ဇစ္စန္ဓသုတ်မှာ ကြည့်ပါတဲ့။

အကန်းတယောက်ကို အစမ်းခိုင်း

ဇစ္စန္ဓဆိုတာ အကန်းပေါ့ဗျာ (မှန်ပါ့) အကန်းတယောက်ကို ရှင်ဘုရင်တယောက်က ကဲမြို့ထဲကအကန်းတွေ အကုန်စုခဲ့စမ်းကွ၊ စုလာတယ်၊ စုလာပြီးသကာလ ဆင်တကောင်အနီးနားမှာ ရပ်ခိုင်းပြီးတော့အကန်းတယောက်ကို ကဲ မင်းတို့အစမ်းခိုင်းတဲ့။

အစမ်းခိုင်းတော့ တယောက်သော အကန်းက ဆင်ခြေထောက်ကြီး စမ်းမိတယ်၊ တယောက်သော အကန်းက ဗိုက်ကို စမ်းမိတယ်၊ တယောက်သော ပုဂ္ဂိုလ်က အမြီးကိုစမ်းမိတယ်။

ဒီတော့ ပြောကြမ်းစမ်းဟေ့၊ မင်းတို့ဆင်ဆိုတာ ဘယ့်နှယ်နေသတုံးတဲ့၊ အင်း ဆင်ခြောက်ထောက်စမ်းမိတဲ့ ပုဂ္ဂိုလ်က ဆင်ဆိုတာ တိုင်ကြီးနဲ့တူတယ်ပြောတယ် (မှန်ပါ့) ဆင်ဆိုတာတိုင်ဘဲယူထားတယ် (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့ ဒီလိုယူပါလိမ့်မတုံးဆိုတော့ ဒီ့ပြင်ဟာတွေရှိတာတွေအကုန်မမြင်လို့ (မှန်ပါ့ ဘုရား)။

တယောက်သောအကန်း မေးလိုက်တဲ့အခါကျတော့ ဗိုက်စမ်းမိတဲ့ အကန်း မေးလိုက်တဲ့အခါ ဆင်ဆိုတာ- ဆင်ဆိုတာ စဉ့်အိုးကြီးနဲပ တူတယ်တဲ့၊ ဒီလိုက်ထွက်လာတယ် (မှန်ပါ့)။

တယောက်သောအကန်းကလဲ အမြီးစမ်းမိတော့ ဆင်ဆိုတာ တံမြက်စီးနဲ့တူတယ်တဲ့၊ ဒီလိုချည့်ထွက်လာတယ် (မှန်ပါ့)။

ဒါနဲ့ သူတို့ဆင်ကို ရှိသလောက်သိသေးရဲ့လား (မသိပါ ဘုရား)။

ဒီလိုနဲ့ သေသွားတယ်တဲ့၊ ထို့အတူဘဲကွတဲ့၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ငါ ဇစ္စန္ဓသုတ် ဟောသလိုဘဲ မင်းတို့ ပုထုဇဉ်တွေလဲ ဆရာကောင်း သမားကောင်းဆီက နည်းလဲမရ ကိုယ်တိုင်လဲ မကြိုးစားကြပြီဆိုမှ လူဆိုတာသာ သိသွားမှာဘဲတဲ့။

လူဆိုတာ နားရွက်တိုသကွ၊ ဒီ့ပြင်သတ္တဝါနဲ့ မတူဘူး၊ ဒါလောက်နဲ့ သေသွားကြမှာဘဲတဲ့ (မှန်ပါ့) လက်နှစ်ချောင်း ရှိတယ်ကွ၊ ခြေထောက်နှစ်ချောင်းရှိတယ်ကွ၊ ဒါလောက်နဲ့ သေသွားကြမှာဘဲတဲ့။

ခုနင်က လူ့ခန္ဓာထဲမှာရှိတဲ့ အစိတ်တွေ အသေးစိတ်တွေ အကုန်မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဒါဖြင့် ယောက်ျားအဖြစ် မိန်းမအဖြစ်နဲ့ အမှတ်ထားပြီး သေသွားတယ် (မှန်ပါ့)။

ဒါဖြင့် ဝိပ္ပလ္လာသဖြစ်လိုက်ပြီး ဒိဋ္ဌိဝိပ္ပလ္လာသနဲ့ သေသွားလေရဲ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အကန်းရူးသေ

ဒါဖြင့် အကန်းရူးသေပေါ့ဗျာ (မှန်ပါ့)ဝိပ္ပလ္လာသ မတော်လှန်နိုင်လို့ရှိရင်ဖြင့် ရူးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အနိစ္စအချက်တွေမမြင်လို့ရှိရင် ကန်းတယ် (မှန်ပါ့)။

ဒီပုဂ္ဂိုလ် ရူးကန်းပြီး သေသွားလေရဲ့လို့ ခင်ဗျားတို့ မသာတိတ်တောင်မှ ဒီလိုတိတ်တောင်မှ ဒီလိုတိတ်ရမလို ကျနေပြီ (မှန်ပါ့ ဘုရား) အရူးအကန်းတယောက်အနိစ္စရောက်လို့ ကြွကြပါတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးလောက်တိတ်ရမယ်၊ ဘုရားဉာဏ်တော်နဲ့ကြည့်ရင် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘယ်လိုသေသွားပါလိမ့် (အရူး အကန်း တယေက်အဖြစ်နဲ့ပါ) အဲဒါကြောင့် ခင်ဗျားတို့ မြင်အောင်လုပ်ပါဆိုတာကို လေးစားစွာနဲ့ တိုက်တွန်းလိုက်တယ် (မှန်ပါ့ ဘုရား)။

ဒီလိုမှ တိုက်တွန်းတာကို ခင်ဗျားတို့က ခန္ဓာရှိလျက်နဲ့ အနိစ္စခန္ဓာကြီးရှိလျက်နဲ့ အနိစ္စခန္ဓာကြီးမသိ၊ မသိဘဲနဲ့ သေသွားလို့ရှိရင်ဖြင့် ဝိပ္ပလ္လာသ မတော်လှန်နိုင်ဘဲနဲ့ မျက်စိနှစ်ကွင်း အလင်းမရဘဲနဲ့ သေသွားလို့ရှိရင်ဖြင့် ဟိုမှာလဲ အမှောင်ထဲဘဲ ရောက်မှာဘဲ (မှန်ပါ့) ဟိုကျတော့လဲ မှောင်ထဲဘဲသေမှာဘဲ (မှန်ပါ့)။

ဒီကနေပြီး အလင်းရပြီး သေသွားကြမယ် ဆိုလို့ရှိရင် ဒကာ ဒကာမတို့ဝိပ္ပလ္လာသလဲ နှလုံးသွင်းလိုက်တဲ့အခါ ဝိပ္ပလ္လာသပျောက်၊ ရှိတာကိုလဲ သိပြီးသေလို့ရှိရင်ဖြင့် ဒုတိယ ဘဝနိဗ္ဗာန်ရမယ် (မှန်ပါ့) ဒီဘဝ ဒွိဟိတ်အဟိတ်ဖြစ် နေတောင်တာမှ မပူပါနဲ့၊ ဒုတိယဘဝမှာ ကိစ္စပြီးပါလိမ့်မယ်လို့ ဘုရားကဟောတယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။

နို့မဟုတ်လို့ရှိရင်ဖြင့် ဒုတိယဘဝကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မဟောနိုင်တဲ့အပြင်မှာ နောက် ဘဝလဲအမှောင်ထဲမွေး အမှောင်ထဲသေဦးမှာဘဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) နောက်ဘဝလဲဘာဖြစ်ကြ သလဲ (အမှောင်ထဲမွေး အမှောင်ထဲသေဦးမှာပါ ဘုရား) အမှောင်ထဲမှာ သေရတယ်၊ အမှောင်ထဲမှာ နေရတယ်၊ အရူးက ထ,သေးတယ် (မှန်ပါ့ ဘုရား)။

အမှောင်ထဲမှာနေတယ်၊ အရူးက ထသေးတယ်

အမှောင်ထဲမှာနေတယ်၊ အရူးက ထသေးတယ် ဆိုတာကော သဘောပါပလား (ပါပါပြီ) အဲဒါ ဘာမစွန့်နိုင် လို့ဆိုတာဖြင့် ခင်ဗျားတို့ယနေ့သိပါပြီ၊ ဝိပ္ပလ္လာသ မကျော်သွားနိုင်ဘူး (မှန်ပါ့) စက္ခုကလဲ အလင်းမရဘူး (မှန်ပါ့) ဝိပ္ပလ္လာသလဲ (မကျော်နိုင်ပါ ဘုရား) စက္ခုကလဲ (အလင်းမရပါ ဘုရား)။

ဪ ဒို့ နောက်တုန်းက သိကြား ဖြစ်သလား၊ ဗြဟ္မာဖြစ်သလား၊ အဲဒါတော့ ဖြစ်ချင်ဖြစ်လိမ့်မယ်။ သို့သော်လဲ သိကြားရူး သိကြားကန်းဘဲ (မှန်ပါ့ ဘုရား) စကြဝတေးမင်းရူး (စကြဝတေး မင်းကန်းပါ ဘုရား) ဒါဘဲရှိတယ် (မှန်ပါ့)။

ဒီ့ပြင်ဟာတွေတော့ မဖြစ်ဘူးလို့တော့မဆိုပါဘူး၊ ဖြစ်ပေမယ့်လည်း အကန်းအရူး ပျောက်ရှာသလားလို့ မေးတဲ့ အခါကျတော့ ဘယ့်နှယ်ဖြေမလဲ (အကန်းအရူးမပျောက်ပါ ဘုရား) အကန်းအရူး မပျောက်ဘူး (မှန်ပါ့) အကန်းအရူး မပျောက်တော့ စကြဝတေးမင်းကလဲ ခွေးဖြစ်နိုင်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

စကြဝတေးမင်းကလဲ (ခွေးဖြစ်နိုင်ပါတယ် ဘုရား) ဒါကြောင့် ခင်ဗျားတို့မှာ မဖြစ်ဘူးသော မည်သည်တော့ မရှိပါဘူး (မှန်ပါ့) နိဗ္ဗာန်သာမရောက်တာ (မှန်ပါ့ ဘုရား) ဘာဖြစ်လို့တုန်း၊ အကန်းအရူးမပျောက်လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ယနေ့ည တိုက်တွန်းတာဟာ ဘာပါလိမ့်မလဲဆိုလို့ရှိရင် ခင်ဗျားတို့ ဝိပဿနာအလုပ်ကို မလုပ်သေးတဲ့ ပုဂ္ဂိုလ်မှန်ခဲ့လို့ရှိရင်ဖြင့် ငါသေရင် ဘယ်လိုသေပါလိ့မ်မတုန်းဆိုတာ ဘာမှတွေးမနေနဲ့၊ အကန်းမသာ-အရူးမသာမှ တပါး ဒီပြင်မသာပို့စရာမရှိဘူးဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့) အကန်းမသာ-အရူးမသာ ဒါဘဲရှိမယ် (မှန်ပါ့)။

နောက်ဘဝကျတော့ ဒီက ဘာမှမပါတော့ နောက်ဘဝလဲ တပည့်တော် ဘာဖြစ်ဦးမလဲ၊ ဟေ့ အကန်းအရူးဘဲကွ (မှန်ပါ့ ဘုရား) ဟိုဘက်ဘဝတွေကော (အကန်းအရူးပါဘဲ ဘုရား) အကန်းအရူးဘဲ ဖြစ်ကြရာမှတပါး ဘာမှမျှော်လင့် ချက် မရှိဘူးဆိုတာမှတ်ပါ (မှန်ပါ့ ဘုရား)ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီ ဒကာ ဒကာမတွေကို ဒီ သဿတဥစ္ဆေဒလွတ်အောင် ဘယ်နှယ့်လုပ်ရပါမတုံးလို့ဆိုလို့ ရှိရင် မျက်စိအမြင်ရှိမှဘဲ လွတ်မဟေ့ (မှန်ပါ့ ဘုရား)။

မျက်စိအမြင်ရှိမှ လွတ်မှာ

ဘာတဲ့ (မျက်စိအမြင်ရှိမှ လွတ်မှာပါ ဘုရား)။

မျက်စိအမြင်ရှိမှဘဲ လွတ်မယ် (မှန်ပါ့) မျက်စိအမြင်က ဘူတံ ဘူတတောဒိသွာ၊ ဘူတံ=ထင်ရှားရှိတဲ့ အနိစ္စကို၊ ဘူတတော=ထင်ရှားရှိသောအားဖြင့်၊ ပဿတော=မြင်သောပုဂ္ဂိုလ်အား၊ အနိစ္စရှိလို့ အနိစ္စသိတဲ့ ပုဂ္ဂိုလ်သာလျှင် ဪ မျက်စိနှစ်ကွင်း အလင်းရပြီး အရူးပျောက်ပြီး သကာလ သေသွားလေရဲ့၊ သူဖြင့် မျက်စိလင်းပြီးသေသွားတော့ နောက်လဲ သူအလင်းမျိုးစေ့နဲ့ဘဲ အပါယ်လေးပါးတည်းဟူသော ခလုတ်ကစင်းကျင်းတွေဖြင့် မကျတော့ဘူးဆိုတာ မှတ်ပါ (မှန်ပါ့ ဘုရား) သဘောပါကြလား (ပါပါပြီ)။

ဒါဖြင့် အပါယ်ကျလာတာဟာ ဘယ်လိုပုဂ္ဂိုလ်တုန်းဆို သွားမိသွားရာ ရူးမိရူးရာ ဒီလိုသွားတဲ့ပုဂ္ဂိုလ်မှတဲ့ အလည်လမ်းလဲ မရောက်ပါဘူး၊ ဘေးလမ်းလဲ ကျမိ ကျရာ ကျမှာဘဲ။

ဘေးလမ်းဆိုတာက မောင်သစ်တို့ ဦးသံဒိုင်တို့ မှတ်စရာက ဘေးလမ်းက အအို-အသေ လွတ်တဲ့လမ်းကို ရှာမတွေ့ဘူး (မှန်ပါ့)။

ဘေးလမ်းနှစ်လမ်းက (အအို-အသေ လွတ်တဲ့လမ်းကို ရှာမတွေ့ပါ ဘုရား) ရှာမတွေ့ဘူး၊ ရှိလဲမရှိဘူးတဲ့ (မှန်ပါ့)။

အအို-အသေလွတ်လဲ့လမ်းကဖြင့် အလည်လမ်း တက်နိုင်မှ၊ အလယ်လမ်းကလဲ မြင်တဲ့လူမှ အလယ်လမ်း-လမ်းကောင်းမှန်းသိတယ် (မှန်ပါ့) မမြင်တဲ့ပုဂ္ဂိုလ်ဖြင့် အလယ်လမ်းကို လမ်းကောင်းမှန်း မသိပါဘူး (မှန်ပါ့)။

အလယ်လမ်းဆိုတာ

အလယ်လမ်းဆိုတာလဲ မဂ္ဂင်မျက်လုံးတပ်ပြီးသွားတဲ့ ပုဂ္ဂိုလ်သာလျှင် မဂ်မျက်လုံးတပ်ပြီး သွားတဲ့ပုဂ္ဂိုလ်သာလျှင် ဦးသံဒိုင် အလည်လမ်းတက်မိတယ် (မှန်ပါ့ ဘုရား) ဒီပြင်ပုဂ္ဂိုလ်တော့ (မတက်မိပါ ဘုရား)။

မတက်မိဘူးဆိုတော့ ကျုပ်တို့အလယ်လမ်း မရောက်ဘူးကြသေးတော့ သုဂတိဆိုတဲ့ ကာမသုခလ္လိကာ လမ်းလဲ လိုက်ကြတာဘဲ၊ ဒုဂ္ဂတိဆိုတဲ့အတ္တကိလမထလမ်းလဲ (လိုက်ပါတယ် ဘုရား) လိုက်ကြတာဘဲတဲ့၊ အဲဒါ အလယ်လမ်းကို ဘယ်တော့မှ မတက်ဘူးဘူး(မှန်ပါ့)ဘာကြောင့် မတက်ဘူးသတုံးဆိုတော့ အကန်းအရူး မပျောက်လို့ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဘယ်လိုကြောင့်ပါလိမ့် (အကန်းအရူး မပျောက်လို့ပါ ဘုရား)။

ဒါဖြင့် ဒီလို ဘဝမှာ ပျောက်ရင်ပျောက်ပါတဲ့၊ ရှေ့တော့ ပျောက်ဆေး ရှာမတွေ့ပါဘူးလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ရှေ့တော့ဖြင့် ခင်ဗျားတို့ တီကောင်သွား-သွားမှာဘဲ၊ တီကောင်က မျက်လုံးမပါဘူး (မှန်ပါ့) ဟိုနားမှာ စားမလို့ စောင့်နေတဲ့ ကြက်က အဲဒီကြက်ဆီဘဲ သွားတာဘဲ (မှန်ပါ့) အဲဒီတော့ ကြက်၏အစာ မဖြစ်ရဘူးလား (ဖြစ်ရပါတယ်)။

ထို့အတူဘဲတဲ့ ခင်ဗျားတို့ မရဏမင်းရှိရာ လျှောက်ပြေးနေတာဘဲ (မှန်ပါ့) သဘောပါလား (ပါပါပြီ)။

ဘယ်လျှောက်ပြေးနေသတုံး (မရဏမင်းရှိရာ လျှောက်ပြေးနေပါတယ် ဘုရား)။

သုဂတိတက်လိုက်လဲ မရဏမင်းကို အခွန်ဆက်လာတာဘဲ၊ ခန္ဓာနဲ့အခွန်ဆက်လာတာ (မှန်ပါ့) ဒုဂ္ဂတိ သွားပြန် တော့လဲ မရဏမင်းဆီ အခွန်ဆက်ရတယ် (မှန်ပါ့) ဘာနဲ့ချည်း အခွန်ဆက်ရသတုံးလို့ မေးလို့ရှိရင် ခန္ဓာနဲ့ချည်း အခွန်ဆက်ရတယ် (မှန်ပါ့)။

ဒါ အလယ်လမ်းမရောက်တဲ့ လူအပေါင်းမှာ ဘာနဲ့အခွန်ဆက်ရသတုံး (ခန္ဓာနဲ့ အခွန်ဆက်ရပါတယ် ဘုရား)။

ခန္ဓာနဲ့ အခွန်ဆက်ရပါတယ်

အယ်မာလေး ခင်ဗျားတို့ သတ်မလို့ မောင်းလာတဲ့ သိုးတွေဆေးနီတွေသုတ်လို့ ဆေးဝါးတွေသုတ်လို့ ဘာဖြစ်လို့ သူတို့ဒီအမှတ်အသားတွေနဲ့ သွားရတာတုန်းဆိုတော့ မန္တလေးမြို့သူ-မြို့သားတွေ အသားနဲ့ အခွန်ဆက်ဖို့ (မှန်ပါ့ ဘုရား)။

ဘာနဲ့ အခွန်ဆက်ဖို့လဲ (အသားနဲ့အခွန်ဆက်ဖို့ပါ) ရှင်းပလား (ရှင်းပါပြီ)။

အသားနဲ့ အခွန်ဆက်ရတဲ့ ဘဝလောက် အရုပ်ဆိုး အကျည်းတန် အသုံးမကျတာတော့ ဦးသံဒိုင် ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲ ခင်ဗျားတို့က သိုးတွေ မြင်တဲ့အခါကျတော့ ဪ ကိုယ့်အလောင်းကလေး ကိုယ်ထမ်းပြီး အခွန်ဆက်သွား ကြလေရဲ့ဆိုတာ ခင်ဗျားတို့ လမ်းမှာမြင်တဲ့အခါ ပြောကြစမ်းပါ၊ ကိုယ့်အလောင်းကိုယ်ထမ်းပြီး အခွန်ဆက်သွားတာဘဲ (မှန်ပါ့) သူများ အထမ်းခိုင်းသေးသလား (မခိုင်းပါ ဘုရား) မခိုင်းဘူး၊ ကိုယ့်ဟာကိုယ်ထမ်းသွားတယ် (မှန်ပါ့)။

ဒီမှာလဲ ခင်ဗျားတို့သည် မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်အလောင်းကိုယ်ထမ်းပြီး မရဏမင်း အခွန်ဆက်သွားတာဘဲ (မှန်ပါ့)။

နတ်ဖြစ်ရပါလို၏ဆိုရင် နတ်ခန္ဓာနဲ့အခွန်ဆက်ရပါလို၏ (မှန်ပါ့) ဗြဟ္မာဖြစ်ရပါလို၏ (ဗြဟ္မာခန္ဓာနဲ့အခွန် ဆက်ရပါလို၏)

အယ်မာလေး မတောင်းကောင်းတဲ့ ဆုတွေပါလား၊ သိုးဆုတောင်းတာနဲ့ အတူတူပဲ (မှန်ပါ့) မတူဘူးလား (တူပါတယ်)။

သိုးကလေး ဒီလမ်း ဘုန်းကြီးတို့ ကျောင်းနားမောင်းသွားတယ်၊ ဆိတ်ကလေးတွေ မောင်းသွားတယ်၊ အားလုံး မြင်ဘူးကြမှာဘဲ (မြင်ဘူးပါတယ်) ဆေးနီ-ဆေးဝါတွေ သုတ်ပြီး သကာလ မမှားရအောင်လို့ သူတို့သတ်မည့်တံဆိပ် ပါပြီးသား (မှန်ပါ့)။

သူတို့ကတော့ လမ်းမှာ ပျော်လား-ပါလား မြူးလားနဲ့၊ ဒီလိုမနေကြဘူးလား (နေပါတယ်) ဘာဖြစ်လို့ ဒီလို နေပါလိမ့်မတုံး ဆိုလို့ရှိရင် အခွန်ဆက်သွားမှန်းမသိရှာဘူး (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့ ဒါလောက်ပျော်ကြပါလိမ့် (အခွန်ဆက်သွားမှန်း မသိလို့ပါ ဘုရား)။

လမ်းတွေ့တဲ့ သစ်ရွက်ကလေးတွေစား၊ နောက်ကလဲ တဟဲ့ဟဲ့ မောင်း၊ လမ်းကျတော့လဲ ပျော်လိုက်-မြူးလိုက် သူတို့အချင်းချင်း၊ ဟ ဒီသိုးကလေးတွေ ဘာဖြစ်နေတာတုံးလို့ဆို ဪ လူမျက်လုံးနဲ့ နေကြည့်တဲ့အခါကျတော့ အသားနဲ့ အခွန်ဆက်သွားတာတောင် မသိရှာဘူး (မှန်ပါ့)။

အသားနဲ့ အခွန်ဆက်သွားတာ

ခင်ဗျားတို့လဲ လူ့ ဘဝနတ်ဘဝတွေ ဆုတောင်းတာဟာ အသားနဲ့ အခွန်ဆက်သွားတာကို မသိရှာကြသေးဘူး (မသိပါ ဘုရား)။

မသိတာလဲ တန်းကုန်နေပြီ (မှန်ပါ ဘုရား) မဆိုးဝါးဘူးလား (မဆိုးဝါးပါတယ် ဘုရား) သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘဝကို စက်ဆုတ်တော်မူတယ်ဆိုတာ ခင်ဗျားတို့ သိလောက်ပါ ပြီ (မှန်ပါ့) အခွန်ဆက်ရတာက (များလွန်းပါတယ်)။

အခု ကျွေးမွေးပြီး စက္ခုနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်များ အဝတ်ကောင်းကလေး ဝတ်ပြီးသကာလ အစား ကောင်းကလေး စားပြီးသကာလ အခွန်ဆက်ဖို့ဘဲ ခန္ဓာကြီးပွားရေး လုပ်နေတယ် (မှန်ပါ့ ဘုရား)။

ဘာလုပ်နေကြသလဲ (အခွန်ဆက်ဖို့ဘဲ ခန္ဓာကြီးပွားရေး လုပ်နေကြပါတယ်) မျက်စိနှစ်ကွင်း အလင်းမရတဲ့ လူကို ပြောပါတယ် (မှန်ပါ ဘုရား)။

မျက်စိနှစ်ကွင်း အလင်းမရတဲ့လူများ ကောင်းနိုးရာရာ စားပြီး ကောင်းနိုးရာရာတွေ ဝတ်ပြီးသကာလနေတဲ့ ပုဂ္ဂိုလ်များ ဪ ဝဝဖြိုးဖြိုး အခွန်ဆက်ဖို့ဘဲ (မှန်ပါ့ ဘုရား)။

မျက်စိက အလင်းမရဘူး၊ ဘယ်နှယ့် မသေလမ်းမှ သူမသွားတတ်ဘဲ (မှန်ပါ့) အလယ်လမ်းကို မသွားတတ် ဘူး (မှန်ပါ့) သေလမ်းဘဲ သူသွးတယ်ဆိုတော့ ဝဝဖြိုးဖြိုးနဲ့အခွန်ဆက်ချင်လို့ဘဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါ ဘယ်လမ်းမသိတဲ့ ပုဂ္ဂိုလ်လဲ (အလယ်လမ်း မသိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။

အဲ မသိသ၍ ကာလပတ်လုံးလဲ ခန္ဓာနဲ့အခွန်ဆက်တဲ့ လမ်းချည်း လိုက်မှာဘဲ (မှန်ပါ့)။

မသိသ၍ကာလပတ်လုံး (ခန္ဓာနဲ့အခွန်ဆက်တဲ့ လမ်းချည်းလိုက်မှာပါ ဘုရား)။

အို ကြောက်စရာကြီး ကြောက်စရာကြီး၊ ဒကာ ဒကာမတို့ ဟင် (မှန်ပါ့)။

ဦးသံဒိုင် သေသေချာချာ ပြောလို့ သေသေချာချာဟောတော့မှ ငါဘယ်လို အမျိုးအစားတုန်းဆိုတာ (ပေါ်လာ ပါတယ် ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ငါဘယ်လို အမျိုးအစားတုန်းလို့ မေးတဲ့အခါကျတော့ ငါ့ဘာမှတ်လို့တုန်းတဲ့၊ ဘာမှ မမှတ်ပါဘူး ခန္ဓာနဲ့ အခွန်ဆက်ဖို့ ပြုပြင်နေတာပါဘဲ (မှန်ပါ့) ဒီပြင် ဘာများပြောစရာရှိသတုန်း (မရှိပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ ဘာကြောင့်တုန်းလို့ မေးတဲ့အခါ အရူးကလဲမပျောက် အကန်းကလဲ အလင်းမရ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အရူးအကန်းထဲမှာ အရူးလဲမပျောက် အကန်းလဲမပျောက်ဘူးဆိုလို့ရှိရင် ဒီအခွန်ဆက် လမ်းမှတပါး ဘယ်လမ်း မှ မသွားတတ်ဘူး (မှန်ပါ ဘုရား) နားလည်ကြပလား (နားလည်ပါပြီ)။

ဘယ်လမ်းသွားတာ များနေကြသတုန်း (ဘေးလမ်းသွားသာများပါတယ်) ဘေးလမ်းချည့်သွားတယ် (မှန်ပါ့)။

ဘေးလမ်းချည်းဘဲ တခါတည်း ကိုယ့်ကိုယ်ဆင်းရဲတဲ့လမ်းရယ်၊ ကိုယ့်ကိုယ်ချမ်းသာတယ်လို့ ထင်တဲ့လမ်းရယ် ဒီလမ်းချည်းသွားတာဘဲ (မှန်ပါ ဘုရား)။

တကယ့်ချမ်းသာတာလား မေးလိုက်တဲ့အခါကျတော့ လမ်းဆုံးကျလိုက်တဲ့အခါကျတော့ အခွန်ဆက်လမ်း ပြန်ရောက်တယ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အလည်လမ်းတက်မိမှအေးရမှာ

ဒကာ ဒကာမတွေ ဒါဖြင့် ဘယ်လမ်းတက်မိမှ အေးရမှာတုန်း (အလည်လမ်းတက်မိမှအေးရမှာပါ) အလယ် လမ်း တက်မိမှ သေသေချာချာ အေးရမယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

နို့မဟုတ်လို့ရှိရင်ဖြင့် ခင်ဗျားတို့ခုနင်ကပြောတဲ့ သိုးဆိတ်ဥပမာနဲ့ ကိုယ့်ဖြစ်စဉ်နဲ့ တတန်းပဲ၊ လေးချောင်းနဲ့ နှစ်ချောင်းပဲကွာတယ် (မှန်ပါ့)။

ခြေလေးချောင်းနဲ့ (ခြေနှစ်ချောင်းဘဲ ကွာပါတယ် ဘုရား) နှစ်ချောင်းပဲကွာတာ၊ ဒါကြောင့် မပြုံးကြပါနဲ့ဦးလို့ ဆရာဘုန်းကြီးက ကန့်ကွက်တယ် (မှန်ပါ့)။

မျက်စိမြင်အောင် လုပ်စမ်းပါဦး၊ မြင်အောင်လုပ်လို့ အလယ်လမ်း တက်မိရင်ပြုံးပါ (မှန်ပါ့)ဒီတခါ အခွန်ဆက် ပြီးရင် နောက်တခါ ဆက်စရာမလို (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီတခါ အခွန်ဆက်ရတာကလဲ နောက်က အဝိဇ္ဇာသင်္ခါရတည်းဟူသော အကြောင်းက ခင်ဗျားတို့က လုပ်လာလို့ ဒီတခါ အခွန်ဆက်ရတာ (မှန်ပါ့) ဒါ့ကြောင့် ဝိညာဏ်နာမ်ရုပ်သဠာယတန ဖဿ ဝေဒနာဆိုတဲ့ စုတိပဋိသန္ဓေက ပါ လာတယ် (မှန်ပါ့)မပါဘူးလား (ပါပါတယ် ဘုရား)။

ပြုံးချိန်မဟုတ်သေးဘူး

ဒီတခါ အခွန်ဆက်ပြီးနောက် ဝဋ်ကျွတ်ပြီကွလို့ အဲဒီလိုသိထားလို့ရှိရင် ပြုံးကြပါ (မှန်ပါ ဘုရား)။

အခုအချိန်တော့ဖြင့် ခင်ဗျားတို့ ဖြစ်ပျက်မမြင်သေး၊ ဖြစ်ပျက်ကို မမုန်းသေး၊ ဖြစ်ပျက်ကို ဉာဏ်ကမရောက် သေးလို့ရှိရင်ဖြင့် ပြုံးချိန်မဟုတ်သေးဘူးဟေ့၊ အခွန်ဆက်ဖို့ရာ စောင့်နေတာကိုယ့်အလှည့်မကျသေးလို့၊ ဈေးနေ့မကျ သေးတာနဲ့ ကိုယ်ချန်ထားသေးတယ် အောက်မေ့ပါ (မှန်ပါ ဘုရား)။

သားကောင် ငါးကောင်တွေ ငါးရက်တဈေး ကျတော့ ဈေးနေ့ကျတဲ့ အကောင်ဟာ ဝဝဖြိုးဖြိုးနဲ့ အလေးချိန် များတဲ့ လူကို ဝက်သည်ကလဲ ဒါပဲအသုံးချတယ်၊ ဆိတ်သည်ကလဲဒါဘဲအသုံးချတယ်၊ သိုးသည်ကလဲ ဒါဘဲအသုံးချ တယ်ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ဘယ်လိုပြင်လို့ ဘယ်လိုဆင်ကြမလဲဆိုတာ ယနေ့ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

ဘယ်လိုပြင်ကြ ဆင်ကြမလဲ (အလယ်လမ်းလိုက်ရပါမယ်) အလယ်လမ်းရောက်အောင်သွားရမယ်၊ မသွား သ၍ ကာလပတ်လုံး ပြုံးချိန်မရှိသေး (မှန်ပါ့)။

မသွားသ၍ ကာလပတ်လုံး (ပြုံးချိန်မရှိသေးပါ ဘုရား) ပြုံးချိန်မရှိသေးဘူးဆိုတာ ပြုံးရင်လဲ အရူးအကန်း ပြုံးတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

စီးပွားကလေး အကြောင်းညီညွတ်ပြီးသကာလနေလို့ သားလင် ခင်ပွန်းနဲ့ ကျန်းကျန်းမာမာနဲ့ စီးပွားရေးကလဲ အကြောင်းညီညွတ်လို့ ပြုံးတာကတော့ဖြင့် သိုးတွေလမ်းသွားရင် ပြုံးတာနဲ့ မထူးလှပါဘူး (မှန်ပါ့) ထူးသေးရဲ့လး (မထူးပါ ဘုရား) အခွန်အထုတ် အဆက်လွတ်ပလား (မလွတ်ပါ ဘုရား) မလွတ်သေးတော့ ဒါ အလားပြုံးလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့) အကန်းပြုံး အရူးပြုံးဆိုတာ သေချာပလား (သေချာပါပြီ)။

အဲ သေချာတော့ အလယ်လမ်းရောက်အောင် တက်လို့ပြုံးတဲ့အပြုံးမှသာလျှင် ဪ ဒီတခါသာ သေရတော့ မယ်၊ နောက် သေမင်း၏ စားဖတ် ဝါးဖတ်အဖြစ်မှ လွတ်ခြင်းကြီးမက လွတ်ရတော့မယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒီ နှစ်ခုဟာလဲ ဘယ်ကလာလို့ ဖြစ်ရတာတုံးဆိုတာခင်ဗျားတို့ လက်သည်ရှာတော့မှ ဒိဋ္ဌိဝိပ္ပလ္လာသ ကြီးစိုး နေလို့ ဒီလမ်းချည့် သွားဖြစ်တယ်မှတ်ပါ (မှန်ပါ ဘုရား)။

ဘယ်သူကြီးစိုးနေသလဲ (ဒိဋ္ဌိဝိပ္ပလ္လာသကြီးစိုးနေပါတယ်)

ဒိဋ္ဌိဝိပ္ပလ္လာသက ကြီးစိုးနေတယ်၊ ငါ့သား၊ ငါ့မယား၊ ငါ့ဥစ္စာ ငါ့တိုက် ငါ့စိန် ငါ့ရွှေ ငါ့ကားဆိုတဲ့ဥစ္စာ တခါ တည်း ကြီးစိုးပြီးသကာလ နေတော့ သဿတဒိဋ္ဌိက တခါတလေကြီးစိုးလိုက်၊ ဒေါကဖြစ်တဲ့အခါ ဥစ္ဆေဒဒိဋ္ဌိကကြီးစိုး လိုက် (မှန်ပါ့)။

ဒေါသဖြစ်တယ်ဆိုတာ မောင်သစ်တို့၊ ဦးသံဒိုင်တို့ ငါသေချင်တယ်ကွာ ဒါဥစ္ဆေဒသံ ထွက်လာတယ် (မှန်ပါ့) တခါတလေကျတော့ ဒီလိုဆို တော်သေးရဲ့ကွဆိုတော့ သဿတ (မှန်ပါ့)။

ဒီလိုဆိုတော်သေးရဲ့ဆိုရင် (သဿတပါ) သေများသေချင်တယ်ဟေ့ဆိုတဲ့ ဥစ္စာက (ဥစ္ဆေဒပါ ဘုရား)။

ဒါဘယ်သူကမှထွက်တဲ့ အသံမဟုတ်ဘူး သဿတ ဥစ္ဆေဒက ထွက်တဲ့ အသံချည့်ဘဲလို့ မှတ်ထား (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ခင်ဗျားတို့မသေချင်ပေမယ့် ခန္ဓာကတော့ သေနေတာပါဘဲ (မှန်ပါ့) ခင်ဗျားတို့နေချင်လဲ ခန္ဓာက သေနေတာဘဲလို့ ဒိဋ္ဌိအမြင်ရှိတဲ့ ပုဂ္ဂိုလ်က အသေချင်လဲသေနေတာဘဲ၊ သေချင်လဲသေနေတာဘဲ၊ ရှင်းပလား (ရှင်း ပါပြီ)။

ခဏခဏသေနေတာ၊ ဝေဒနာက္ခန္ဓာဟာ ဝေဒနာက္ခန္ဓာချုပ်ရင် ဝေဒနာက္ခန္ဓာသေတာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဝေဒနာသေရင် သညာ သင်္ခါရ ဝိညာဏ်တို့က အကုန်သေတာဘဲ (မှန်ပါ့) သူနဲ့ သဟဇာတဖြစ်တဲ့ ရုပ်တွေလဲ သေလိုက်တာဘဲ (သေပါတယ်)နောက်ပိုင်းသာ နာနာကြတယ်၊ သေပွဲကတော့ အတူတူဘဲ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ)။

တနေ့အကြိမ်ပေါင်းများစွာ သေနေတယ်

ခန္ဓာသည် တနေ့အကြိမ်ပေါင်းများစွာ သေနေတယ်ဆိုတာကို ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါ မြင်ပါလိမ့်မယ် (မှန်ပါ့ ဘုရား)

မြင်တဲ့အခါကျတော့မှပင် ဝိဇ္ဇာဥဒပါဒိ ဆိုတဲ့အတိုင်း ဝိဇ္ဇာဉာဏ်အရောင်လင်းသည်၊ ဥဒပါဒိ ဖြစ်ပေါ်လာ၏လို့ ဘုရားက ဝိဇ္ဇာဥဒပါဒိနောက်က အာလောကော ဥဒပါဒိ-ဒီကောင်လင်းပြီကွတဲ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အာလောကော ဥဒပါဒိ ဆိုတာ (အလင်းရပါပြီ ဘုရား) အလင်းရသွားပြီဆိုတော့ သောတာပတ္တိမဂ်ရမှ ဒီဥစ္စာ အလင်းရမယ် (မှန်ပါ့)။

သောတာပတ္တိမဂ် မျိုးစေ့ကိုမလုပ်တဲ့ပုဂ္ဂိုလ်ကတော့ သောတာပတ္တိမဂ် ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

အဲ သောတာပတ္တိမဂ် မျိုးစေ့ဟာ ဘာတုံးလို့ မေးတဲ့အခါကျတော့မှ ရှေးဦးစွာ ဝိပဿနာဉာဏ်တွေဟာ ဒါ သောတာပတ္တိမဂ် မျိုးစေ့လို့မှတ်လိုက်စမ်းပါ (မှန်ပါ့) ဘာကြောင့်တုန်းဆိုတော့ သစ္စာနိုလောမိက ဉာဏ်ဖြစ်လို့-လို့ မှတ်လိုက်(မှန်ပါ့)။

ဘာဉာဏ်တဲ့ (သစ္စာနုလောမိကဉာဏ်ပါ ဘုရား)။

သစ္စာနုလောမိကဉာဏ်ဆိုတာ

သစ္စာနုလောမိကဉာဏ်ဆိုတာကဖြစ်ပျက်ဆိုတာက ဒုက္ခသစ္စာအဲဒီ ဒုက္ခသစ္စာကို သွားပြီးမြင်လိုက်တော့ကို ဪ သူ သစ္စာနဲ့လျော်ပြီ (မှန်ပါ့ ဘုရား) သစ္စာနားကပ်နေပြီ (မှန်ပါ့)။

နောက်ကျတော့ ဒါရင့်လာလို့ရှိရင် တကယ်သစ္စာကို တကယ်ဒုက္ခသစ္စာကြီး ပီဠနဋ္ဌ သဘောတွေကို သန္တာပဋ္ဌ ဝိပရိဏာမဋ္ဌတွေ တခါတည်းအကုန်မြင်တော့တာဘဲ (မှန်ပါ့ဘုရးာ) ရှင်းပလား (ရှင်းပါပြီ)။

အဲဒါ အလည်လမ်းကိုဖြင့် ဝိပဿနာမလုပ်တဲ့ ပုဂ္ဂိုလ်ဟာ မတက်မိဘူး (မတက်မိပါ ဘုရား)။

ဒကာ ဒကာမတွေ ဘယ်လမ်းသွားချင်သတုန်း ပြောပါဦး (အလယ်လမ်းသွားချင်ပါတယ် ဘုရား)။

ဒါကတော့ လူတိုင်း အခုပြောတော့ ကြိုက်သွားတာဘဲ (မှန်ပါ) သို့သော် ကြိုက်အောင်ပြောဖို့ကို မလွယ်ဘူး (မလွယ်ပါ ဘုရား)။

ခင်ဗျားတို့ သည်းခြေကြိုက်ကိုပြောရမယ်ဆိုလို့ရှိရင်ဖြင့်တဲ့ ခင်ဗျားတို့က သုဂတိခန္ဓာကြီးနဲ့ အခွန်ဆက်ချင်တဲ့ လမ်းကို အလွန်ကြိုက်တယ် (မှန်ပါ့)။

ဘာကြိုက်သတုန်း (သုဂတိခန္ဓာကြီးနဲ့ အခွန်ဆက်တဲ့လမ်းကို အလွန်ကြိုက်ပါတယ်)။

ကြောက်စရာကြီးပါလား၊ အခွန်ဆက်ကတော့ မထူးလှဘူး (မှန်ပါ့) အခု ဒီခန္ဓာလဲ သေမင်း အခွန်ဆက်ဖို့ပဲ (မှန်ပါ့)မရဏကို အခွန်ဆက်ရတယ် (မှန်ပါ့) ရှင်းပြီ (ရှင်းပါပြီ ဘုရား) သုဂတိခန္ဓာကော (မရဏကို အခွန်ဆက်ရပါတယ် ဘုရား)။

သို့သော် ခင်ဗျားတို့က အခွန်ဆက်ရတာချင်းတူလို့ရှိရင် ဘယ်ဟာကြိုက်သတုံး (သုဂတိခန္ဓာကြိုက်ပါတယ် ဘုရား)။

သုဂတိကြိုက်တယ်ဆိုတော့ ဒီထဲ ဝိပ္ပလ္လာသပါတယ်(မှန်ပါ့) ဝိပ္ပလ္လာသပါတယ်ဆိုတာ သေချာသွားပြီ (သေချာပါ ပြီ ဘုရား) သဘောပါကြပလား (ပါပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် မျက်စိမြင်အောင် လုပ်ပါဆိုတာ မနေ့ကတရားကို မျက်စိမမြင်သေးသ၍ အလယ်လမ်း မသေး လမ်းကို မရောက်သေး (မရောက်သေးပါ ဘုရား)။

အလယ်လမ်းဖြစ်တဲ့ မသေလမ်းကို (မရောက်သေးပါ ဘုရား) မျက်စိမြင်လို့ရှိရင်ဖြင့် နေရာကျပေါ့ (မှန်ပါ့)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဘယ်လမ်းက နေပြီးသကာလ သူအမြင်ရလာပါလိမ့်မတုန်း။ ဘယ်လမ်းကသွားလို့ သူ မသေလမ်း တက်မိပါလိမ့်မတုံး မေးတဲ့အခါကျတော့ ခင်ဗျားတို့ သိတဲ့အတိုင်းတဲ့ သစ္စာနု လောမိက ဉာဏ်က သူ,စတက်တာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ရဟန်းဘဝ ခုနှစ်ဘဝ ရခဲ့တယ်တဲ့၊ သစ္စာနုလောမိကဉာဏ်ရအောင် သူလုပ်ခဲ့တယ် (မှန်ပါ့) မလုပ်ဘူးလား (လုပ်ပါတယ်) ရှင်းပလား (ရှင်းပါပြီ)။

မျက်စိအမြင်ရပြီး သေရမှတော်မည်

ကိုင်း ဒါဖြင့် ဒီ ဥစ္စာ အသာထား၊ ဒါဖြင့် မျက်စိအမြင်ရပြီး သေရမှတော်မည်ဆိုတာကို ယနေ့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ (မျက်စိအမြင်ရပြီး သေရမှတော်မှာပါ ဘုရား)။

မျက်စိအမြင်ရပြီးမှ တို့သည်ကားလို့ဆိုလို့ရှိရင် တခါသေရာရှိတယ်၊ များများသေမရှိဘူး (မှန်ပါ့) အတိအလင်း ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

မျက်စိကလေးဖြင့် မြင်ရပါရစေလို့ ဆုတောင်းလို့မရဘူး၊ ခန္ဓာထဲမှာစိုက်ကြည့်မှ ဝေဒနာပေါ်တဲ့နေရာ ဝေဒနာ စိုက်ကြည့်၊ စိတ်ပေါ်တဲ့နေရာ စိတ်စိုက်ကြည့်၊ ကြည့်လိုက်တဲ့ အခါကျတော့မှ မင့် ခန္ဓာမဟုတ်ဘူး၊ မင်းမပိုင်ဘူး၊ မင်း မဆိုင်ဘူး၊ ဟောဒါ ဝိညာဏက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာကလဲ စိတ်ဆိုတော့ ဖြစ်ပျက်ကွ (မှန်ပါ့)။

ဝေဒနာက္ခန္ဓာကလဲကွ မင်းမပိုင်ဘူး မင်းမဆိုင်ဘူး၊ သူ့ဟာ သူအကြောင်းတိုက်ဆိုင်လို့ အာရုံဒွါရတိုက်ဆိုင်လို့ ဖဿကြောင့်ပေါ်တယ်၊ ဖြစ်ပြီးပျက်တာဘဲဆိုတာ သူတို့က ပြောလာလိမ့်မယ် (မှန်ပါ့ ဘုရား)။

သူတို့က ပြောလာတော့မှ ခင်ဗျားတို့က ဪ ခိုင်တယ်ထင်တာလဲ မခိုင်ပါလား ဆိုတော့ ဝိပ္ပလ္လာလ အရူး ကလေးက ပျောက်သွားတယ် (မှန်ပါ့)။

ဝိပ္ပလ္လာသ အရူးကလေးက ပျောက်သွားတော့မှ မျက်စိကကြည့်လိုက်တော့လဲ ဒါမျိုးချည်းမြင်လာတော့မှ ဪ အရူးပျောက်ပြီးသကာလ အကန်းမြင်လာတယ်ဆိုတာသေချာသွားပြီ (မှန်ပါ့ ဘုရား)။

အရူးပျောက်ပြီး (အကန်းမြင်လာပါတယ် ဘုရား) အကန်း မြင်လာတယ်ဆိုတာ ဦးသံဒိုင်တို့ သေချာပါပြီ (မှန်ပါ့ ဘုရား)။

အရိယာမျိုးစေ့ဆိုတာ

ဒါ့ကြောင့် ဒီအလုပ်ကို မဂ်မရချင်နေ လုပ်ရမယ် (မှန်ပါ့) ရမှာတော့ သေချာတယ် (မှန်ပါ့) သူအရိယာမျိုး စေ့ကိုး (မှန်ပါ့) ဒီဟာမြင်ရင် အရိယာ မျိုးစေ့ဖြစ်ပြီး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

အရိယာမျိုးစေ့ဆိုတာက အမေကအရိယာမို့ သားကလေးအရိယာဖြစ်တာဆိုတာ မဟုတ်ပါဘူး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) မျက်စိအမြင်ရတဲ့ပုဂ္ဂိုလ်ကို အရိယာမျိုးစေ့ဆိုပါတယ် (မှန်ပါ့)။

မျက်စိအမြင်ရတဲ့ပုဂ္ဂိုလ်ကို (အရိယာမျိုးစေ့ဆိုပါတယ် ဘုရား) အဲဒီတော့ အရိယာမျိုးစေ့ဟာ တခြားလားတဲ့ ဆရာကောင်း သမားကောင်း ကလျာဏမိတ္တနဲ့ပေါင်းပြီးသကာလ တရားနာမှုနဲ့ နှလုံးသွင်းမှန်မှုရှိမှရပါတယ် (မှန်ပါ့ ဘုရား)။

ကလျာဏ မိတ္တနဲ့ပေါင်း၊ ပြီးတော့ တရားနာ၊ ပြီးတော့မှ ဓမ္မနု ဓမ္မပဋိပတ္တိဆိုတာနဲ့ နှလုံးသွင်းလိုက်၊ နှလုံးသွင်း လိုက်လို့ရှိရင်ဖြင့် ဒါ အလယ်လမ်းပေါ်စရောက်တာဘဲ (မှန်ပါ့) အဲဒီကျရင် လက်ခမောင်းခတ်ပါတော့၊ တော်လာပြီ အဲဒီကျလို့ရှိရင် (မှန်ပါ့) နို့မဟုတ်လို့ရှိရင်ဖြင့် ခုနင်က ပြောခဲ့တဲ့ အခွန်ဆက်လမ်းပြန်နိုင်တယ်(မှန်ပါ့) ဒကာ ဒကာမ တွေ ခင်ဗျားတို့ သေတာ ဘုရားတဆူတဆူကြားမှာ အရိုးပုံ ဝေပုလ္လတောင်လောက်ရှိတယ် (မှန်ပါ့) အရိုးတွေ စုပြီး ပုံလိုက်လို့ရှိရင် (မှန်ပါ့)။

ဝေပုလ္လတောင်ဆိုတာ ဘယ်လောက်များ မြင့်သတုံး ဘုရားလို့ ပြောစရာရှိတယ်နော် (မှန်ပါ့) လေးရက်တက် လေးရက်ဆင်းရှိတယ် (မှန်ပါ့) ဘုရားတဆူ တဆူကြားမှာ ခင်ဗျားတို့ ကျုပ်တို့ အရိုးတွေ မပုပ်မဆွေးဘဲနဲ့ ဆင့်ဆင့် ဆင့်ဆင့်ပြီး ဘေးကလဲဆင့် အပေါ်လဲမြင့်အောင်ဆင့်ပြီး သေတဲ့အရိုးတွေစုထားလို့ရှိရင်ကွာတဲ့ လေးရက်တက် လေး ရက်ဆင်းရှိပါတယ်တဲ့ (မှန်ပါ့)။

ဘယ်နှယ့် ဒါလောက် အရိုးများလှချည့်လားဆိုတော့ အသေများလို့ဘုရား (မှန်ပါ့)။

ဘယ်နှယ့်ဆုံးဖြတ်ချက်ချမလဲ (အသေများလို့ပါ ဘုရား) အသေများလို့မှတပါး ဘာမှဆုံးဖြတ်ချက်ချစရာ မလိုပါ ဘူး (မှန်ပါ့ ဘုရား) လိုသေးရဲ့လား (မလိုပါ ဘုရား)။

ဘယ်နှယ့်ကြောင့် အသေများပါလိမ့်မတုံးဆိုလို့ရှိရင်ဖြင့် အရူးအကန်းမပျောက်လို့ဘဲ (မှန်ပါ့)။

ဘယ်နှယ့်ကြောင့် အသေများပါလိမ့် (အရူး အကန်းမပျောက်လို့ပါ ဘုရား)။

ဘေးလမ်း ဟူသ၍ ခန္ဓာနဲ့အခွန်ဆက်လမ်း

အရူးအကန်း မပျောက်လို့ဘဲ သွားမိသွားရာချည့်သွားနေတယ်၊ ဘေးလမ်းချည်းသွားနေတယ် (မှန်ပါ့) ဘေးလမ်း ဟူသ၍ကလဲ ခန္ဓာနဲ့အခွန်ဆက်လမ်းချည်းဘဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

”သိယာ ပဗ္ဗတသမော ရာသိ၊ ဣတိဝုတ္တံ မဟေသိနာ” ဝေပုလ္လတောင်မှာနှိုင်းချိန်တဲ့အခါကျတော့ ဣတိဝုတ် ပါဠိတော်မှာ ဒီအတိုင်းလာတယ် (မှန်ပါ့)။

တကယ်တကယ်အတွင်းမှာ သတ္တဝါ တယောက်၏ အရိုးကိုပုံထားလိုက်လို့ရှိရင် ပဗ္ဗတောရာသိတဲ့၊ ဘယ်တောင် တုန်းဆိုတော့ ဝေပုလ္လတောင်လောက်ရှိတယ် (မှန်ပါ့ ဘုရား) ဘယ်လောက်ကြောက်စရာကောင်းသတုန်း (ကြောက်စရာ ကောင်းပါတယ် ဘုရား)။

ဒါ ရိုးရိုးသေလား၊ သူများပါစပ်ထဲ သေလားလို့ မေးလို့ရှိရင် နိုင်ရာစား သူများပါးစပ်ထဲ သေတာကများ တယ် (မှန်ပါ့) ရိုးရိုးဝေဒနာရောက်သေတာက နည်းပါတယ် (မှန်ပါ့ ဘုရား)။

လူ့ဘဝက ရခဲတယ်ဆိုတာကိုး (မှန်ပါ့) လူ့ဘဝသာရတဲ့အခါ ဆရာဝန်နဲ့ ဆေးသမားနဲ့ဆိုသလို ကုရ-သရတာ ကိုး(မှန်ပါ့) ဒီ့ပြင်ဘဝတွေက များတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဘုရားက ငြီးငွေ့သင့်ပြီကွ ရွံသင့်ပြီကွ မုန်းသင့်ပြီကွ ဒီခန္ဓာကြီးကို ဒါလောက် အသေများတာ ကြီး သူဖြစ်နေတဲ့ဥစ္စာ၊ ရှင်းပလား (ရှင်းပါပြီ)။

အသေဓာတ်ပါလာလို့ သေတာ

ခန္ဓာရတယ်ဆိုလို့ရှိရင် တထစ်ချမှတ်ပါ၊ ခန္ဓာထဲက အသေဓာတ်ပါလာလို့ သေတာ၊ သူများသတ်လို့ သေတာ မဟုတ်ဘူး (မှန်ပါ့ ဘုရား) သူများသတ်လိုပ သေတဲ့ဘဝလဲရှိတယ် (မှန်ပါ့ ဘုရား)။

သို့သော် သူများမသတ်ဘူးဆို့ရှိရင် သူ့အထဲမှာပါတဲ့သူ့အဆိပ်က သူ့ကိုသတ်တယ် (မှန်ပါ့ ဘုရား) ရှင်းပြီ (ရှင်းပါပြီ)။

သူ့အဆိပ်က (သူ့သတ်ပါတယ် ဘုရား)။

သူ့သတ်တော့ ခန္ဓာရအောင် ဆုတောင်းတဲ့ ပုဂ္ဂိုလ်များသေမင်းပါရပါလို၏ဆိုတာနဲ့ မထူးဘူး (မထူးပါ ဘုရား)။

ဒါကြောင့် သံယုတ်ပါဠိတော်ကြီးတွေမှာ လာတာက အင်းမြွေလေးစင်းကွ ဟောလိုက်တယ်၊ မဟောသင့်ဘူး လား (ဟောသင့်ပါတယ်)။

တကောင်ကိုက် သေတာဘဲကွဆိုတော့ ပထဝီဓာတ်ဆိုတဲ့ မြွေကလဲ သူကိုက်လဲ တောင့်တင်းပြီး သေတာဘဲကွ (မှန်ပါ့) အာပေါဓာတ်ကလဲ ဆီးတွေ သွေးတွေ သွန်ပြီးသေတာဘဲကွ တေဇောဓာတ်ကလဲ ပိန်ချောက်ပြီး သတ်လိုက် တာဘဲကွ၊ ဝါယောဓာတ်ကလဲ ဖောင်းကြွပြီး ရောင်ဖောသေလိုက်တာဘဲကွ (မှန်ပါ့)။

မြွေလေးစင်း ကိုက်သေတဲ့ ဘဝ

အဲဒီ မြွေလေးစင်း ကိုက်သေတဲ့ ဘဝချည့်ဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီခန္ဓာရတော့ မြွေလေးစင်းက မပါဘဲ နေမှာလား (ပါပါတယ် ဘုရား) ပါလို့ရှိရင် တကောင်ကောင် ကိုက်ရင်ကော (သေမှာပါ ဘုရား) လေးကောင်လုံးကိုက်မှ မဟုတ်ပါဘူး (မှန်ပါ့) ရှင်းပြီ (ရှင်းပါပြီ)။

အဲဒီတော့ ဒါတွေချည့်ဘဲအသေခံပြီးသကာလ တပည့်တော်တို့ နေခဲ့ရတာကလဲ အရိုးတောင်နှယ်ပုံပါပြီ၊ ဘယ်နှယ့်ကြောင့် တပည့်တော်တို့ သေခြင်းဆိုးလမ်းကို လိုက်ဖြစ်ပါလိမ့်မတုန်း မေးတဲ့အခါကျတော့မှ အရူးအကန်း မပျောက်လို့ဟေ့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဘာမပျောက်လို့တုံး (အရူးအကန်းမပျောက်လို့ပါ) ရှင်းပြီ (ရှင်းပါပြီ)။

အရူးအကန်း ပျောက်ဖို့ရာဖြင့် ကြိုးစားကြပါဆိုတဲ့ဥစ္စာ ခင်ဗျားတို့ အထူးပြောစရာမလိုဘူး (မလိုပါ ဘုရား)။

ကိုယ့်ခန္ဓာထဲမှာရှိတဲ့ “သဗ္ဗေသင်္ခါရာ အနိစ္စာ ယဒါပညာယပဿတိ” နဲ့ အနိစ္စပညာနဲ့ မကြည့်သ၍ကာလ ပတ်လုံးတဲ့ ဘယ်တော့မှ ‘အထနိဗ္ဗိ န္ဒတိ’ ဆိုတဲ့ဥစ္စာ မလာပါဘူးတဲ့၊ လာပါ့မလား (မလာပါ ဘုရား)။

ဧသမဂ္ဂေါ ဝိသုဒ္ဓိယာ ဆိုတဲ့ ဝိသုဒ္ဓိယာ = စင်ကြယ်သော နိဗ္ဗာန်သို့၊ ဧသ=ဧသော ဤပုဂ္ဂိုလ်သည်၊ မဂ္ဂေါ=ရောက် ပြီ မဆိုနိုင်ဘူးတဲ့ ဒီဥစ္စာ (မှန်ပါ့) သင်္ခါရကို ပညာနဲ့ မကြည့်သ၍ ကာလပတ်လုံး ဘယ်တော့မှ နိဗ္ဗာန်ရောက်လိမ့်မယ် လို့ မဟောဘူးပါဘူးကွာတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဖြစ်ပျက် သင်္ခါရကို ပညာနဲ့မကြည့်သ၍ ကာလပတ်လုံး (နိဗ္ဗာန်ရောက်လိမ့်မယ်လို့ မဟောပါ) နိဗ္ဗာန်ရောက် လိမ့်မယ်လို့ ငါတောင်မှ မဟောဘူးတဲ့၊ မင်းတို့ဟော မင်းတို့ ဘာလုပ်နေနေတဲ့ (မှန်ပါ့) ငါကတော့ မဟောဘူးတဲ့ ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ ခင်ဗျားတို့က နိဗ္ဗာန်ရောက်ကြောင်း အစစ်ကိုမျက်လုံးမြင်တဲ့ ပုဂ္ဂိုလ်မှရောက်မယ်ဆိုတာလဲ ဒီ ပါဠိတော်ကလဲ ထောက်ခံချက်ပေးလိုက်ပါပြီ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကဲဒါဖြင့် ဒီ ဒိဋ္ဌိနှစ်ခုလွတ်အောင် မျက်လုံးအမြင်ရအောင် လုပ်ကြပါနော် (မှန်ပါ့) မျက်လုံးအမြင် မရသေးရင် ဒီပုဂ္ဂိုလ်၏ စရိုက်ကို ဘုရားက ရှင်းပြမယ်ကွာတဲ့၊ မျက်လုံးအမြင်မရသေးတဲ့ပုဂ္ဂိုလ်၏ စရိုက်ကို သေသေချာချာ ရှင်းပြမယ်တဲ့ (မှန်ပါ့) သေသေချာချာ နားထောင်ကြနော် (မှန်ပါ့)။

သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်

သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ဟာကွာတဲ့ မျက်လုံးအမြင် မရသေးတော့ သူ့စိတ္တုပ္ပါဒ် ဒီလိုဖြစ်တတ်တယ်တဲ့၊ သူသိ တယ် ဟိုဘဝဒီဘဝရှိတယ်ဆိုတာလဲ သူသိတယ် (မှန်ပါ့)။

သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်က ဒီဘဝသေလို့ရှိရင် ဟိုဘဝဖြစ်ရလိမ့်မယ်ဆိုတာလဲ သူသိတယ် (မှန်ပါ့) ကောင်းတာ လုပ်ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုးပေးတယ်ဆိုတာလဲ သဿတဒိဋ္ဌိသမားက သိတာပါဘဲတဲ့ (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။

ဟိုဘဝ ဒီဘဝရှိတယ်လို့ကော (သိပါတယ် ဘုရား) ဘယ်ဒိဋ္ဌိရှိတဲ့သူတုံး သဿတဒိဋ္ဌိရှိတဲ့သူပါဘုရား။

ကောင်းပြီ ကောင်းတာလုပ် ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုးပေးတယ်ကော သူမသိ ဘူးလား (သိပါတယ် ဘုရား)။

ကောင်းပြီ သူသိတာ အခုနှစ်ချက်ရှိသွားပြီ (မှန်ပါ့) ပြီးတော့ သူသည် ကုသိုလ်ကျတော့ သူအင်မတန် ပြုရဲ တယ်တဲ့ (မှန်ပါ့) အကုသိုလ်ကျတော့ သိပ်ကြောက်တယ်(မှန်ပါ့)။

သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်၏ စိတ်နေစိတ်ထား ကုသိုလ်ကျတော့ (ပြုရဲပါတယ် ဘုရား) အကုသိုလ်ကျတော့ (ကြောက်ပါတယ် ဘုရား)။

ဪ ခင်ဗျားတို့ကတော့ ဒါသူတော်ကောင်းလို့ ထင်လိုက်မှာဘဲ (မှန်ပါ့) ကုသိုလ်တော့ သူသိပ်ပြုတဲ့လူဟေ့၊ အကုသိုလ်တော့ (ကြောက်ပါတယ် ဘုရား) ကြောက်တယ်တဲ့၊ သဘောကျပလား (ကျပပြီ ဘုရား)။

အင်း ဘယ်ဒိဋ္ဌိရှိတဲ့သူတုန်း (သဿတဒိဋ္ဌိရှိတဲ့သူပါ ဘုရား) ဒါက မဇ္ဈိမပဏ္ဏာသပါဠိတော် အဋ္ဌကထာ ဒီဃနခ သုတ်မှာလာတယ် (မှန်ပါ့)။

အကုသိုလ်တော့ သူကြောက်တယ်၊ ကုသိုလ်တော့ ရဲရဲတင်းတင်းကိုလုပ်တာဘဲ (မှန်ပါ့) အဲဒီတော့သူ့မှာ ဘာဒိဋ္ဌိရှိနေသတုန်း (ပဿတဒိဋ္ဌိရှိနေပါတယ် ဘုရား)။

ကုသိုလ်တော် ရဲရဲတင်းတင်းဘဲ၊ အကုသိုလ်ပြုရမှာတော့ သိပ်ကြောက်တာဘဲ (မှန်ပါ့ ဘုရား)။

နောက်ဆုတ်သွားတယ်

ပြီးတော့ တကယ့်သူတော်ကောင်း ဆရာကောင်းနဲ့တွေ့လို့ ဖြစ်ပျက်အလုပ်-လုပ်လို့ရှိရင်ဖြင့် နိဗ္ဗာန်ရောက်လိမ့် မယ်လို့ ဆိုတဲ့အခါကျတော့ နောက်ဆုတ်သွားတယ် (မှန်ပါ့) သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်၏ သဘောသွား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကုသိုလ်တော့ (ပြုရဲပါတယ် ဘုရား) အကုသိုလ်တော့ (ကြောက်ပါတယ် ဘုရား)။

ဪ ခင်ဗျားတို့က ကြည့်လိုက်တော့ တကယ် သူတော်ကောင်းကြီးနော်၊ ဦးသံဒိုင်တို့က ခင်ဗျားတို့စိတ်ကူးနဲ့ ဆိုရင် ဒါ သူတော်ကောင်းခေါ်မှာဘဲ (မှန်ပါ့ ဘုရား) ခင်ဗျားတို့က မသိရှာဘူး။

မသိရှာဘူးတဲ့၊ သူ ကုသိုလ်ပြုတဲ့လူမို့ တော်ပါပေတယ်၊ အကုသိုလ် အတော်ကြောက်တဲ့လူဟေ့၊ လူတော် လူတော် ခင်ဗျားတို့က ဆုံးဖြတ်ချက်ချလိမ့်မယ် (မှန်ပါ့ ဘုရား)။

တကယ် ဒီ ထွက်ရပ်လမ်းတရားကျတော့ကို သူသည်ကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့၊ ဘဝတဏှာငြိနေတဲ့အတွက် ထွက်ရပ်လမ်းကျတော့ သူမလုပ်ချင်ဘူး (မှန်ပါ့)။

ထွက်ရပ်လမ်းကျတော့ (မလုပ်ချင်ပါ ဘုရား)ဟာ ဘယ်ဒိဋ္ဌိရှိတဲ့လူတုန်း (သဿတဒိဋ္ဌိရှိတဲ့လူပါ)။

ယုတ်စွာအဆုံး ဘုရားနဲ့တွေ့၊ သူမလုပ်ဘူးတဲ့ (မှန်ပါ့) သဿတဒိဋ္ဌိသမားကလဲ ရဲတင်းလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့)။

ကုသိုလ်တော့ (လုပ်ပါတယ် ဘုရား) အကုသိုလ်ကျတော့ (ကြောက်ပါတယ် ဘုရား)။

လုပ်လဲ မောင်သစ်တို့ မျက်လုံးနဲ့ကြည့်မယ်ဆို၊ နောက်က ဒကာ ဒကာမတွေ မျက်လုံးနဲ့ကြည့်မယ်ဆို၊ အို ဒီလိုလူ ရှာမှရှား၊ ခင်ဗျားတို့တွေးကြမယ်တဲ့ (မှန်ပါ့)။

ဘုရား နဲ့တွေ့တဲ့အခါတောင် သူ့အယူ မစွန့်နိုင်ဘူး

ဒီလိုလူဟာ (ရှာမှရှားပါ)ဒီလူတော့ နိဗ္ဗာန်နဲ့နီးပြီ၊ အမယ်လေး ခင်ဗျားတို့က အပိုတောင်စွက်လိုက်သေးတယ် (မှန်ပါ့)။

နိဗ္ဗာန်နဲ့နီးပြီလို့ အပိုတောင်စွက်ပါလိမ့်မယ် (မှန်ပါ့) မစွက်ပါနဲ့တဲ့၊ အဋ္ဌကထာဆရာက မဟုတ်ဘူးတဲ့၊ ဘုရား နဲ့တွေ့တဲ့အခါတောင် သူ့အယူ မစွန့်နိုင်ဘူးတဲ့ (မှန်ပါ့ ဘုရား) သူ့အယူစွန့်ဖို့ကို အင်မတန် ဝန်လေးတယ်တဲ့ (မှန်ပါ့ ဘုရား)။

တုံစဉ် စံချင်တဲ့သဘော စွန့်ဖို့ရာ (အင်မတန်ဝန်လေးပါတယ် ဘုရား) ဝန်လေးတယ်တဲ့။

ဒါကြောင့် သူသည်လည်း အပြစ်သေးပြီးသကာလ အဖြတ်ခက်တယ် (မှန်ပါ့)။

သဿတဒိဋ္ဌိသမားဟာ ဘာတုန်း (အပြစ်သေးပြီး အဖြတ်ခက်ပါတယ် ဘုရား)။

ဪ အပြစ်တော့ သေးပါတယ်တဲ့ သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ဟာ၊ ကုသိုလ်လဲလုပ်တေးတာကိုးဗျ (မှန်ပါ့)။ အပြစ်တော့သေးတာပါဘဲ (မှန်ပါ့)အဖြတ်ကျတော့ သိပ်ခက်တယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာတဲ့တုန်း (အပြစ်တော့သေးပါတယ် အဖြတ်ခက်ပါတယ် ဘုရား)။ ဘာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်လဲ (သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။

ကဲ ဦးသံဒိုင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့ ပုဂ္ဂိုလ်မြင်တိုင်း အကဲခတ်နည်းကိုအခု သေသေချာချာပြန်ပြီ (မှန်ပါ့) ခင်ဗျားတို့ကတော့ ရမ်းပြီး ချီးမွမ်းချင် ချီးမွမ်းနေတာ (မှန်ပါ့) ခင်ဗျားတို့ အသွားကလေ (မှန်ပါ့) ရမ်းချီးမွမ်းတာတွေများနေတယ် (မှန်ပါ့) မများဘူးလား (များပါတယ် ဘုရား)။

အို ဒီလူက ကုသိုလ်လဲသိပ်ပြုတာဘဲ၊ အကုသိုလ်ကျတော့လဲ ပိုး ရွ ခြ ပုန်းကစပြီးသူ့ခမျာမှာ သတ်ဖို့ဖြတ်ဖို့ ဆိုတာ အတော်ဝန်လေးတယ်၊ ဒီလိုလူမှ နိဗ္ဗာန်မရောက် ဘယ်သူရောက်ဦးမတုန်းကွ၊ အယ်မာ ခင်ဗျားတို့က သိမ် အမွှမ်းတင်ပြစ်လိုက်တယ် (မှန်ပါ့) မတင်ပေဘူးလား (တင်ပါတယ် ဘုရား)။

တင်လိမ့်မယ်တဲ့၊ တင်ပင် တင်ငြားသော်လည်းမဟုတ်ဘူးတဲ့၊ သူဟာ ဒန္ဓဝိရာဂီတဲ့၊ ဒန္ဓဝိရာဂီဆိုတာဘာတုန်းလို့ မေးတဲ့အခါကျတော့သူဟာ ခန္ဓာဖြတ်ဖို့ရာ အလုပ်ကျတော့အတော်ကို ဝန်လေးသတဲ့ (မှန်ပါ့)။

ခန္ဓာဖြတ်ပြီး နိဗ္ဗာန်သွားဖို့ရာ အလုပ်ကျတော့ သူပျော်နေတဲ့ဥစ္စာကို မစွန့်နိုင်ဘူးတဲ့ (မှန်ပါ့) ဒါ ဘယ်ဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်တုန်း (သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။

ဒါ အပြစ်သေးပြီးသကာလ နိဗ္ဗာန် ဝန်လေးတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူတုန်း (သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။

အပြစ်ကတော့ သေးသတဲ့။ သူကုသိုလ်တွေ အားကြီးလုပ်တဲ့လူဘဲ (မှန်ပါ့) အပြစ်ကတော့ သေးပါတယ်။ မရှိပါဘူးတဲ့ (မှန်ပါ့) သို့သော်လည်း ဘုရားနဲ့တွေ့သည်ဖြစ်စေ ဘုရား၏တပည့်သားနဲ့ တွေ့သည်ဖြစ်စေ သူ့အယူကို မြန်မြန်ကြီးစွန့်ဖို့ အတော်ခဲယဉ်းတယ်တဲ့ (မှန်ပါ့ ဘုရား)။

စွန့်ဖို့ကျတော့ ခဲယဉ်းတယ်

မြန်မြန်ကြီးစွန့်ဖို့ (ခဲယဉ်းပါတယ် ဘုရား) အင်မတန် ခဲယဉ်းသတဲ့ ဒိဋ္ဌိကခံနေတာ (မှန်ပါ့) ဘာဒိဋ္ဌိတုန်း (သဿတဒိဋ္ဌိပါ ဘုရား)။

ဪ ကြောက်စရာကြီးပါလား (မှန်ပါ့) ခင်ဗျားတို့ကလဲ ရမ်းပြီးချီးမွမ်းတက်တာနဲ့ သူ့သဘောကလဲ နူးညံ့ တာနဲ့ (မှန်ပါ့) သူ့ သဿတဒိဋ္ဌိသဘောက သိပ်နူးညံ့တယ် (မှန်ပါ့) သူတော်ကောင်းယောင်ဆောင်ပြီးတော့ ထွက်လမ်း ကို မသွားခဲ့ဘူး (မှန်ပါ့ ဘုရား)။

သူတော်ကောင်းယောင်တော့ (ဆောင်ပါတယ်) ထွက်လမ်းတော့ (မသွားပါ ဘုရား)။

မသွားဘူး၊ ဒါ မဇ္ဈိမပဏ္ဏသအဋ္ဌကထာမှာ ဒီအတိုင်းကိုဘဲပြပါတယ် (မှန်ပါ့ ဘုရား)။

အပြစ်တော့ (သေးပါတယ် ဘုရား) သူ့အယူ စွန့်ဖို့ကျတော့ (ခဲယဉ်းပါတယ်)ခဲယဉ်းတယ်၊ အချွတ်ခက်တယ် ကွတဲ့ သဿတဒိဋ္ဌိသမားဟာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာတဲ့တုန်း (သဿတဒိဋ္ဌိသမားဟာ အချွတ်ခက်ပါတယ် ဘုရား)။

အချွတ်ခက်တယ်တဲ့၊ ကုသိုလ်တော့ မပြုဘူးလား (ပြုပါတယ် ဘုရား) အကုသိုလ်ဆိုရင်ကော (ကြောက်ပါတယ် ဘုရား)။

ဟာ ဒီလိုဆိုရင် ခင်ဗျားတို့အကြိုက်တော့ တော်တော်ကျသွားပြီ (မှန်ပါ ဘုရား) အတော်ကျသွားပြီ၊ မကျဘူး လား (ကျပါတယ် ဘုရား)။

ဪ ဒီလူမျိုးမှ နိဗ္ဗာန်မရောက်ရင် ရောက်စရာမရှိဘူး၊ ဟေ့လို့တောင် ခင်ဗျားတို့သူ့အတွက် ချီးကျူးတဲ့ ဂုဏ်တွေဟာ နည်းမှာမဟုတ်ပါဘူး (မှန်ပါ ဘုရား)။

မရောက်ဘူးကွတဲ့ ဘုရားက၊ မရောက်နိုင်ဘူးတဲ့၊ ဘာကြောင့်တုန်းလို့ မေးတဲ့အခါကျတော့ သူသည် အပြစ် တော့သေးပါတယ်တဲ့၊ သူ့အယူကို သူစွန့်ဖို့ကျတော့ ဥစ္ဆေဒထက်သူကငြိသေးသတဲ့( မှန်ပါ ဘုရား) ဘဝတဏှာ အား ကြီးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သဿတနဲ့ဥစ္ဆေဒက ဘာသာမတုန်း စိတ်နေစိတ်ထားသဘောသွားကို ယနေ့ရှင်းပြတော့ကိုနုနုနဲ့ ကြောက် စရာကောင်းတာက သဿတဒိဋ္ဌိ (မှန်ပါ့ ဘုရား)။

နုနုနဲ့ ကြောက်စရာ ကောင်းတာက (သဿတဒိဋ္ဌိပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကြည့်စမ်း၊ ဟိုဘဝဒီဘဝရှိတာဘဲ သူသိတယ်တဲ့ (မှန်ပါ့) ကောင်းတာလုပ် ကောင်းကျိုးပေးတယ် ဆိုတာကော (သိပါတယ်) မကောင်းတာလုပ် မကောင်းကျိုးပေးတယ်ကော (သိပါတယ်) ကုသိုလ်ကော (သိပါတယ် ဘုရား) အားကြီး ပြုတယ်၊ အကုသိုလ်ကျတော့ (ကြောက်ပါတယ် ဘုရား)။

သို့သော်တဲ့ ဘုရားနဲ့ တွေ့တွေ့တကယ် သူတော်ကောင်းနဲ့ တွေ့တွေ့ကျတော့ သူ့အယူစွန့်ခဲတယ်ကွ (မှန်ပါ့)။

ဘဝတဏှာ ဘယ်လောက်ကြီးတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။

ဘဝတဏှာ (အလွန်ကြီးပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။

အဲဒါ သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်၏ စိတ်နေစိတ်ထားဟာ သံသရာရှည်လျားနေတာ သူ့သဘောသွားဟာ ဒါ ကြောင့်ပဲ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

နုပြီးတော့ အဖြတ်ခက်တယ်

အင်း သဿတဒိဋ္ဌိကလဲ နုပြီးတော့ အဖြတ်ခက်တယ် (မှန်ပါ့ ဘုရား)။

ကလေးမွေးစပေါက် ဆံပင်ကလေးကို အင်း ဆံပင်ကလေးတွေတော့ အနုကလေးတွေဘဲလို့ ဆိုပြီးသကာလ ခင်ဗျားတို့ သွားမရိတ်နဲ့၊ အရိတ်ခက်တယ် (မှန်ပါ့ ဘုရား) ဘာဖြစ်လို့တုန်း (နုလို့ပါ ဘုရား)။

နုနေပြန်တော့လဲ လုံးခံနေတယ်၊ ရိတ်မရဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ကြမ်းကြမ်းတမ်းတမ်းဆိုရင် ရိတ်လို့လွယ်တယ်၊ ဓါးထက်ထက်နဲ့ ရိတ်လိုက်လို့ရှိရင် (မှန်ပါ့)။

ဟိုမှာ ဓါးထက်ထက်နဲ့ ရိတ်လိုက်လို့ရှိရင် လုံးခံနေတယ် (မှန်ပါ့ ဘုရား)။

ကဲ ဒီ ဒကာ ဒကာမတွေကော ဘယ်အထဲကတုန်း အရိတ်ခက်တဲ့ထဲကများ ကျနေသလား။

ခင်ဗျားတို့ အရိတ်ခက်တယ် မခက်တယ်ဆိုတာ ခင်ဗျားတို့ကိုယ်ကို ခင်ဗျားတို့အကဲခတ်ဖို့ ဒီတရားက ပြော လိုက်သည် (မှန်ပါ့ ဘုရား) ကဲ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဪ ဒို့ဟာ ဘယ်အမျိုးအစားထဲက ဘာပါလိမ့်မတုန်းလို့ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ကိုယ်ဟာကိုယ် နဖူးပေါ်လက် တင်စဉ်းစားလို့ရှိရင် ငါ သဿတဒိဋ္ဌိဘဲဆိုတာ သူက ပြောလာပါလိ့မ်မယ် (မှန်ပါ့ ဘုရား) မပြောပေဘူးလား (ပြော ပါတယ် ဘုရား)။

ကောင်းပြီ သဿတဒိဋ္ဌိရှိနေရင် စွန့်ခဲလို့ နိဗ္ဗာန်မရဘူးကွတဲ့ (မှန်ပါ့ ဘုရား)ပေါ်ကြပလား (ပေါ်ပါပြီ) တယ်လဲ ကြောက်စရာကောင်းပါလား (ကြောက်စရာကောင်းပါတယ် ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်

ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ကတော့ကွာတဲ့ အပြစ်တော့ကြီးတယ်ကွတဲ့ (မှန်ပါ့) အယူတော့ စွန့်လွယ်တယ် (မှန်ပါ့) သူကတစ်မျိုး (မှန်ပါ့)။

ဟိုကတော့ အပြစ်သေးပြီး စွန့်ခဲတယ် (မှန်ပါ့) ဥစ္ဆေဒဒိဋ္ဌိသမားကတော့ (အပြစ်ကြီးပြီး စွန့်လွယ်ပါတယ်)။

အဲဒီတော့သူ့ကိုငါရှင်းပြမယ်တဲ့၊ ဟိုဘဝ ဒီဘဝရှိတယ်ဆိုတာ သူယူပါတယ်တဲ့ ဥစ္ဆေဒသမားကလဲ၊ ကောင်း တာလုပ်ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုးပေးတယ်လဲ သူသိတယ်တဲ့၊ ဒါ ဥစ္ဆေဒဒိဋ္ဌိရှိငြားသော် လည်း (မှန်ပါ့) သို့သော်လည်း ကုသိုလ်တော့ဘယ်တော့မှ မပြုဘူးတဲ့ (မှန်ပါ့) ကုသိုလ်လဲ မပြုချင်ဘူးတဲ့ (မှန်ပါ့) အကုသိုလ်ကျတော့ ဥစ္ဆေဒသမာမို့ ရဲရဲတင်းတင်းကို ပြုတာဘဲတဲ့ (မှန်ပါ့) ဟိုဘက်ဘာမှမရှိဘူး ယူထားတာကိုး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကုသိုလ်တော့ (မပြုပါ ဘုရား) အကုသိုလ်ကျတော့ (ပြုရဲပါတယ် ဘုရား) ရဲရဲတင်းတင်းပြုတာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အခု မိုစလမန်တို့ ဥပမာ နွားတွေဘာတွေ သတ်ပြီးနေကြတယ်ဆိုတဲ့ဥစ္စာမျိုးကျတော့သူတို့က ဥစ္ဆေဒများတယ် (မှန်ပါ့) သေပြတ်တာဘဲ၊ ဘာကိစ္စရှိသတုန်း ဘာမှဟိုဘက်အကျိုးခံစားစရာမရှိဘူး (မှန်ပါ့)။

တနည်းအားဖြင့် ရှိတယ်လို့ဆိုလို့ရှိရင်လဲ သူတို့ဘုရားကခံလိမ့်ဖြစ်နေတယ်။

ပြီးတော့ ဘုရားနဲ့တွေ့တွေ၊ ဘုရား၏ တပည့်သားနဲ့ တွေ့တွေ့အယူကို မြန်မြန်စွန့်ပစ်တယ် (မှန်ပါ့ ဘုရား) တရားနာရလို့ရှိရင် သူကမြန်သတဲ့ (မှန်ပါ့ ဘုရား) မြန်ပြီးသကာလ သူကကျွတ်တမ်းဝင်တယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပြစ်ကြီးပြီး စွန့်လွယ်တယ်

သူက ဘာဒိဋ္ဌိတုန်း (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား) ဒကာ ဒကာမတွေ ဥစ္ဆေဒဒိဋ္ဌိကတဲ့ အပြစ်ကြီးပြီး စွန့်လွတ်တယ်တဲ့ (မှန်ပါ့ ဘုရား) မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိက (အပြစ်ကြီးပြီး စွန့်လွယ်ပါတယ် ဘုရား) အပြစ်ကြီးပြီး စွန့်လွယ်တယ်တဲ့။

ကဲဒါဖြင့် ဒကာ ဒကာမတွေ ဥစ္ဆေဒနဲ့ သဿတ တယ်ဟာကြောက်စရာကောင်းသတုန်း (သဿတက ကြောက် စရာကောင်းပါတယ် ဘုရား)။

အင်း ခင်ဗျားတို့ကလဲ အဲဒါများတယ် (မှန်ပါ့ ဘုရား) မများဘူးလား (များပါတယ် ဘုရား)။

အကုသိုလ်ကျတော့ ခင်ဗျားတို့ဘယ့်နှယ် နေကြသတုန်း (ကြောက်ပါတယ် ဘုရား) ကုသိုလ်ပြုဖို့ကျတော့ (ရဲပါတယ် ဘုရား) ရဲတယ်ဆိုကတည်းက သူ့သတ္တိမပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အင်း တကယ်တမ်း နိဗ္ဗာန်ရောက်တဲ့အလုပ်ကို ဘုရားကဟောဟော ဆရာသမားကဟောဟောဆိုတဲ့အခါ ကျတော့ အင်း တစတစတော့ ရအောင်လုပ်ရမှာပဲ၊ ဒီဘက်လှည့်လာတယ် (မှန်ပါ့ ဘုရား) ဘာတုန်းသူက (သဿတ ဒိဋ္ဌိပါ ဘုရား) သဿတဒိဋ္ဌိသမား၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒါက သူများအကဲခတ်ဖို့ ဟောတဲ့တရားကို မယူနဲ့ (မှန်ပါ့) ကိုယ့်ကိုယ် အကဲခတ်ကြပါဆိုတဲ့တရား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ငါ သဿတရှိတယ်ဆိုလဲ မျက်စိအမြင်ရအောင်လုပ်ပေး (မှန်ပါ့) ငါ ဥစ္ဆေဒရှိတယ်ဆိုရင်ကော (မျက်စိအမြင်အရအောင် လုပ်ပေးရပါမယ်) မျက်စိအမြင်ရရင် နှစ်ခုစလုံးပျောက်တယ် (မှန်ပါ ဘုရား)။

မျက်စိအမြင်ရရင် (နှစ်ခုစလုံးပျောက်ပါတယ် ဘုရား) နှစ်ခုစလုံးပျောက်တယ်၊ ဒါကြောင့်ဘုရားက သေသေ ချာချာတဲ့ ဥပါဒါန်ပါဠိတော်မှာ ဟောပါတယ်ဆိုတာ ကျေကျေနပ်နပ်သဘောကျဖို့ကောင်းပါတယ် (မှန်ပါ ဘုရား) သဘောပါကြပလား (ပါပါပြီ)။

ကိုယ့်ဟာကိုယ်ကော အကဲခတ်တတ်ပလား (ခတ်တယ်ပါပြီ) သူများကိုမပြောနဲ့နော် (မှန်ပါ့) ပြောလို့လဲ မဖြစ်ဘူး၊ ကိုယ့်ဟာကိုယ်တော့သိတယ် (မှန်ပါ့ ဘုရား)။

ငါက သဿတသန်တယ်၊ ငါ့ဝမ်းထဲမှာ (မှန်ပါ့) ငါဥစ္ဆေဒသန်တယ် (မှန်ပါ့) အင်း ဒါလူတိုင်းမှာသိမယ် (မှန်ပါ့)။

အခု ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဖို့ ကြည့်ပါလား၊ ဥစ္ဆေဒသမားက ဟိုဘဝ ဒီဘဝရှိတယ်ဆိုတာ သူသိပါတယ်တဲ့ (မှန်ပါ့) ကောင်းတာလုပ် ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုးပေးတယ်ကော (သိပါတယ် ဘုရား)။

သို့သော် သူကုသိုလ်ကျတော့ (မလုပ်ပါ ဘုရား) မလုပ်ဘူးတဲ့၊ အကုသိုလ်ကျတော့ (လုပ်ရဲပါတယ် ဘုရား) ရဲရဲတင်းတင်း လုပ်တယ်တဲ့ (မှန်ပါ့) ဒါက ဥစ္ဆေဒသမား၏ စိတ်နေစိတ်ထားသဘောသွားပါဘဲတဲ့ (မှန်ပါ့)ရှင်းပြီ (ရှင်းပါပြီ)။

နောက်ကျတော့ ဘုရားနဲ့တွေ့တွေ့၊ ဆရာကောင်း သမားကောင်းနဲ့တွေ့တွေ့ တခါတည်းသူ့အယူချက်ခြင်း စွန့်တယ် (မှန်ပါ့) တခါတည်း ကျွတ်သွားတာဘဲ (မှန်ပါ့)။

ဥစ္ဆေဒသမားကနိဗ္ဗာန်နဲ့နီးပါတယ်

နောက်ဆုံးပိတ် ဘုရားအဖြစ်တောင် သူယူတတ်တဲ့ ဥစ္ဆေဒသမားက (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဘယ်ဟာက နိဗ္ဗာန်နဲ့နီးသတုန်း (ဥစ္ဆေဒသမားကနိဗ္ဗာန်နဲ့နီးပါတယ် ဘုရား)။

ဥစ္ဆေဒကနီးတယ် (မှန်ပါ့) ခင်ဗျားတို့က ဘာကြိုက်နေသတုန်း (သဿတကြိုက်နေပါတယ်) သဿတကြိုက် နေရင်တော့ ဝေးပါပြီ (မှန်ပါ ဘုရား) သဿတကြိုက်ရင် နိဗ္ဗာန်နဲ့ဝေးတယ်ဆိုတာ သေချာတယ် (မှန်ပါ ဘုရား)။

ကိုင်း ဒါတွေက အင်မတန်လဲ ကြားရခဲတော့ ကိုယ့်အကဲကိုယ်ခတ်နည်း (မှန်ပါ ဘုရား) အကဲခတ်နည်း မဟုတ်ပါဘူး (မှန်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါ ဘာတုန်းဗျ (ကိုယ့်အကဲကိုယ်ခတ်တဲ့နည်းပါ ဘုရား) ကိုယ့်အကဲကိုယ်ခတ်တဲ့နည်းဆိုတော့ ဘာဘဲရှိရှိ ဒကာ ဒကာမတွေ ဒီနှစ်ခုတခုခုတော့ရှိမှာဘဲ (မှန်ပါ ဘုရား) ရှိပင်ရှိငြားသော်လဲ ဒါဟာ မျက်စိမမြင်သေးလို့ရှိတာ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) မျက်စိမြင်လာရင် ပျောက်တာဘဲ (ပျောက်ပါတယ် ဘုရား)။

ဘယ့်နှယ်မှတ်ကြမယ် (မျက်စိမြင်လာရင်ပျောက်ပါတယ် ဘုရား)။

မျက်စိသာမြင်လာတဲ့ တနေ့ကျတော့ ဒကာ ဒကာမတွေမှတ်လိုက်ပါတဲ့၊ ဒီနှစ်ခုစလုံး အကုန်ပျောက်တယ် (မှန်ပါ့)။

အဖြစ်မြင်ရင် ဥစ္ဆေဒပျောက်၊ အပျက်မြင်ရင် သဿတပျောက်

ဖြစ်ပျက်ကို ဝေဒနာကလေး၏ ဖြစ်ပျက် စိတ်ကလေး၏ ဖြစ်ပျက်ကို ခင်ဗျားတို့မြင်တဲ့ အခါကျတော့ အဖြစ် မြင်သဖြင့်လဲတဲ့ ဒကာ ဒကာမတို့ ဥစ္ဆေဒလွယ်ပါတယ် (မှန်ပါ့) အပျက်မြင်သဖြင့်လဲ သဿတလွတ်ပါတယ် (မှန်ပါ့)။

ဒါကြောင့် ဖြစ်ပျက်တာ ကျေးဇူးများတယ်ပြောတာ (မှန်ပါ) ဒီနှစ်လုံးကို သေသေချာချာမှတ်ပါ (မှန်ပါ့)။

အဖြစ်မြင်ရင် (ဥစ္ဆေဒပျောက်ပါတယ် ဘုရား) အပျက်မြင်ရင် (သဿတပျောက်ပါတယ် ဘုရား)။

ဒါကြောင့်ဘုရားက ဥဒယဗ္ဗယ ဟောပေတာဘဲ (မှန်ပါ့) ပါဠိတော်တွေ အကုန်လျှောက်ကြည့်၊ ဥဒယဗ္ဗယ သူအဓိကထားတယ် (မှန်ပါ ဘုရား)။

ဘုရားပါဠိတော်တွေ ဘယ်လောက်လဲ ပိဋကတ်သုံးပုံဟောထားတာ ဥဒယဗ္ဗယအရေးကြီးသဟေ့ (မှန်ပါ့)။

ဘာဖြစ်လို့ဒါလောက် အရေးကြီးတယ်လို့ ဟောပါလိမ့်မတုန်း မေးတော့မှ ဒိဋ္ဌိတော်လှန်နိုင်တာ သူဘဲရှိ တယ် (မှန်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာတော်လှန်နိုင်တာတုန်း (ဒိဋ္ဌိတော်လှန်နိုင်တာပါ ဘုရား) ဒိဋ္ဌိတော်လှန်နိုင်တာတော့ သူဘဲရှိတယ် ဆိုတာ တော့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ခင်ဗျားတို့ အခုလိုသာသနာတွင်းကြုံတဲ့ အချိန်မှာဒီဟာဖြင့် လုပ်ဖြစ်အောင် လုပ်ရလိမ့်မယ် (မှန်ပါ ဘုရား)။

ဒါမှ မလုပ်ဖြစ်လို့ရှိရင်ဖြင့် တဘက်ဘက် စောင်းတော့မယ် (စောင်းတော့မှာပါ ဘုရား) မစောင်းပေဘူးလား (စောင်းပါတယ် ဘုရား)။

သဿတဘက်ရင်လဲ (စောင်းမှာပါ ဘုရား) ဥစ္ဆေဒဆရာနဲ့တွေရင်လဲ (စောင်းမှာပါ ဘုရား)။

အဲ စောင်းလိမ့်မယ်တဲ့၊ စောင်းလို့ရှိရင်လဲ အလယ်မရောက်တော့ဘူး (မရောက်ပါ ဘုရား) စောင်းရင် (အလယ် မရောက်ပါ ဘုရား)။

စောင်းရင် ဘယ်တော့မှ အလယ်မရောက်ဘူးဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ဒါဖြင့် အလယ်ရောက်ချင်လို့ရှိရင် မျက်စိအမြင်ရမှဖြစ်မှာဘဲ (မှန်ပါ့)။

အလည်ရောက်ချင်ရင် (မျက်စိအမြင်ရမှာ ဖြစ်မှာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ လုပ်နေတဲ့ အလုပ်ဟာ ဆရာဘုန်းကြီးက နေ့တိုင်းဟေ့ ဖြစ်ပျက်ကလေးများတွေရဲ့လား ဟေ့၊ အင်း ဒကာ ဒကာမတွေ လာလို့ရှိရင် အလုပ်သမားတွေဆိုရင်မေးပြီ (မှန်ပါ့)ဘာဖြစ်လိုပ မေးရတာတုန်းဆိုတာ ဦးသံဒိုင်ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား) မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

မျက်လုံးမြင်ပလားကွ (မှန်ပါ့ ဘုရား) အရူးပျောက်ပလားကွ (မှန်ပါ့) အင်း မင်း ဒါဖြင့် အလယ်လမ်းရောက် ပဟေ့၊ ကြိုးစား-ကြိုးစား၊ ဒါမင်းနောက်ဆုံးပိတ်ဘဝဘဲ (မှန်ပါ့ ဘုရား) ဒီကျအောင် ခင်ဗျားတို့ ကျေးဇူးများလို့ ဒါ ပြောနေရတာ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဘယ်နှယ့်လုပ်ကြမှာတုန်း (အလယ်လမ်းရောက်အောင် လုပ်ရမှာပါ ဘုရား)။

ဖြစ်ပျက်မြင်မှ ဖြစ်မယ်

အလယ်လမ်းရောက်အောင် ဘာကြည့်မှ အလယ်လမ်းရောက်မှာတုန်း (ဖြစ်ပျက်ကြည့်ရမှာပါ) ဖြစ်ပျက်မြင်မှ ဖြစ်မယ် (မှန်ပါ့)။

ခန္ဓာကိုယ်ထဲမှာ ဖြစ်မှုပျက်မှုကလေးတွေ မြင်လို့ရှိရင်တော့ဖြင့်၊ အကုန်မြင်ဖို့ မဟုတ်ပါဘူး၊ ဒီနေရာ ဝေဒနာ ပေါ်တယ်၊ ဒီနေရာ ဝေဒနာမရှိဘူး သိဖို့ဘဲ (မှန်ပါ့) ဒီနေရာမှာ စိတ်ပေါ်တယ်၊ ဒီနေရာမှာ စိတ်မရှိဘူး သိဖို့ဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အဲဒီကဲ့သို့ စိတ်ရှုတဲ့ ပုဂ္ဂိုလ် စိတ်၏ ဖြစ်ပျက်ကိုမြင်ရင်ပြီးတာဘဲ (မှန်ပါ့) ဝေဒနာရှုတဲ့ပုဂ္ဂိုလ် (ဝေဒနာ၏ ဖြစ်ပျက်မြင်ရင် ပြီးတာပါဘဲ)။

အဲဒါ မျက်စိနှစ်ကွင်း အလင်းရတယ်ဆိုတာဖြင့် ခင်ဗျားတို့ သေချာပါပြီ (မှန်ပါ့ ဘုရား) မသေချာဘူးလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် မျက်စိဖြင့် အလင်းရဘို့ အရေးဟာ ဆရာဘုန်းကြီးတော်တော်ပြောတာဘဲ (မှန်ပါ့) ပြောလဲ ပြောထိုက်ပေတာဘဲ (မှန်ပါ့)။

ဒို့မှာ သဿတနဲ့ တခါတလေနေရစ်နေတယ် (မှန်ပါ့) တခါတလေကျတော့ ဥစ္ဆေဒနဲ့ နေရစ်ရတယ် (မှန်ပါ့) ဘုရားတွေ ပွင့်သွားတဲ့ဥစ္စာ တခုခုနဲ့ကပ်နေရစ်လို့ နေရစ်တာ၊ နို့မဟုတ်လို့ရှိရင် ပါလောက်တယ် (မှန်ပါ့)။

တခါတလေ သဿတ ဆရာနဲ့တွေ့ပြန်တော့ ဘယ်ရောက်သွားသတုန်း၊ ဘုရားနဲ့တွေ့ပေမယ့် သဿတနောက် လိုက်သွားတယ် (မှန်ပါ့) ကုသိုလ်ပြုပြီးသကာလ တခါတည်းနေတော့တာဘဲ (မှန်ပါ့)။

အကုသိုလ် မလုပ်နဲ့ကွာ၊ ကုသိုလ်မှဟေ့ ဆိုပြီးသကာလ သူသည်ကားလို့ ဆိုလို့ရှိရင် ရဲရဲတင်းတင်းနေလိုက် တာဘဲ (မှန်ပါ့)။

ရဲရဲတင်းတင်း နေပေမယ့်လဲ ခုနင်က ဘုရားနဲ့တွေ့တဲ့အချိန်ကျတော့ သူ့မှာ သဿတဒိဋ္ဌိက ရှိနေတော့ ကျွတ်တမ်းဝင်ဖို့နှေးသွားတယ် (နှေးပါတယ် ဘုရား) မနှေးဘူးလား (နှေးပါတယ် ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိသမားကတော့ ဒကာ ဒကာမတို့တဲ့ အင်း သတ်စရာရှိလဲ သတ်လိုက်မှာဘဲ၊ ပေးစရာရှိ မပေးဘဲ နေလိုက်မှာဘဲ (မှန်ပါ့) သို့သော်လည်းတဲ့ သူသည် ဘုရားနဲ့တွေ့တွေ့ သူတော်ကောင်းနဲ့တွေ့တဲ့အခါကျတော့ သူက သူ့အယူစွန့်ဖိုရာ အလွန်လျင်မြန်သတဲ့ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

စရိုက်နဲ့ ဝေဖန်

ဒါဖြင့် စရိုက်နဲ့ ဝေဖန်လိုက်တဲ့၊ စရိုက်နဲ့ ဝေဖန်လိုက်ရင် ခင်ဗျားတို့ ရှင်းသွားပါပြီ (မှန်ပါ့)။

သဿတဒိဋ္ဌိသမားက ရာဂစရိုက်တဲ့ (မှန်ပါ့) ဥစ္ဆေဒသမားက ဒေါသစရိုက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

သဿတဒိဋ္ဌိသမားက (ရာဂစရိုက်ပါ ဘုရား) ရာဂစရိုက်ဆိုတော့ သူ ဘဝခင်တွယ်တာကိုး (မှန်ပါ့ ဘုရား)။

သဿတဒိဋ္ဌိသမားက (ရာဂစရိုက်ပါ ဘုရား) ရာဂစရိုက်တဲ့၊ လောဘအားကြီးတဲ့စရိုက် (မှန်ပါ့)။

ဥစ္ဆေဒဒိဋ္ဌိသမားက (ဒေါသစရိုက်ပါ ဘုရား) ဒေါသစရိုက်တဲ့၊ ကျုပ်က မလုပ်ဘူးဆိုရင် မလုပ်ဘူးဗျာဆိုတဲ့ ဥစ္ဆောဒသမား (မှန်လှပါ)။

မလုပ်ဘူးဆိုရင် ကျုပ်က ဘယ်လိုခိုင်းခိုင်း မရတော့ဘူး၊ ကျုပ်က မလုပ်ဘူးဆိုရင် ခင်ဗျားအိမ်မှာ မလုပ်တော့ ဘူး (မှန်ပါ့) ခင်ဗျား တရားပေလဲမလုပ်ဘူး၊ တစ်ထောင်ပေးလဲ မလုပ်တော့ဘူး (မှန်ပါ့) သူက ဒေါသသမား၊ ထွက်မယ် ဆိုရင် ထွက်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဟို သဿတဒိဋ္ဌိသမားကတော့ အိုဒီလိုဘဲ အပြောမှားအဆိုမှားဆိုတာ ရှိတာဘဲ၊ ကျွန်တော်တို့ ပဋ္ဌမ ဒီက သွားမလို့ စိတ်ကူးတာမဟုတ်ဘူး (မှန်ပါ့) ဒီဟာ ဆရာကကောက်လို့ရှိရင်လဲ တပည့်ကဖြောင့်တပည့်က ကောက်လို့ရှိရင် လဲ ဆရာကဖြောင့် သူက ဒီဘက်လှည့်သွားတယ် (မှန်ပါ့ ဘုရား) သူက ဒီက မထွက်ချင်ဘူး၊ ရိပ်မိပလား (ရိပ်မိ ပါပြီ)။

သဿတဒိဋ္ဌိကတော့ မထွက်ချင်ဘူးနော် (မှန်ပါ့) ဥစ္ဆေဒဒိဋ္ဌိကတော့ (ထွက်ချင်ပါတယ်)။

ဟေ့ မပြန်ဘူး၊ ခင်ဗျားအိမ် ခြေဦးမလှည့်ဘူး (မှန်ပါ့)။

အင်း သူက ဥစ္ဆေဒဒိဋ္ဌိသမားက ထက်တယ် (မှန်ပါ့) သဿတဒိဋ္ဌိသမားကပျော့တယ် (မှန်ပါ့ပျော့ပါတယ်)

သဿတဒိဋ္ဌိသမားက (ပျော့ပါတယ်) ဥစ္ဆေဒဒိဋ္ဌိသမားက (ထက်ပါတယ်)။

အဲဒါ ကိုယ့်ကိုယ်ကို အကဲခတ်၊ ဒီနေ့ည တရားတွေဟော သူများအကဲခတ်ဖို့ ဟောတာမဟုတ်ဘူး (မှန်ပါ့ ဘုရား)။ ဘယ်သူအကဲခတ်ရမတုန်း (ကိုယ့်ကိုယ်ကိုယ် အကဲခတ်ရပါမယ် ဘုရား)။

ကိုယ့်ကိုယ်ကိုယ်အကဲခတ်

အင်း ကိုယ့်ကိုယ်ကိုယ်အကဲခတ်ပါတဲ့၊ ဒါ ဒိဋ္ဌိကလာတဲ့ အသံချည့်သာမှတ် (မှန်ပါ့) အမူအရာတွေကော (ဒိဋ္ဌိကလာတာပါ) ဒိဋ္ဌိကလာတဲ့ အမူအရာတွေချည့်ဘဲမှတ်ပါ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟောတာ မောင်သစ်ဘာမှကိုချွင်းချက်မရှိဘူး၊ မင်းတို့က မရောက်ဘူးလို့သာ ခက်နေတာ၊ ချွင်းချက်ကိုမရှိဘူး (မှန်ပါ့)။

ချွင်းချက်ပါသေးရဲ့လား (မပါပါ ဘုရား) မပါဘူး၊ ပုဂ္ဂိုလ်စရိုက်ဝမ်းထဲကို ဟောတာ (မှန်ပါ့) ဝမ်းထဲမှာ သူ့ဝမ်းထဲ ဘာရှိတယ်ကွ၊ တခါတည်း ကုန်ရော (မှန်ပါ့ ဘုရား)။

ငါ ဟောစရာကျန်ရင် ပရိနိဗ္ဗာန် မစံသေးပါဘူးကွ (မှန်ပါ့) ဟောစရာမကျန်လို့ (ပရိနိဗ္ဗာန်စံတာပါ) ဆုံးမစရာ ကော (မကျန်တော့ပါ ဘုရား) တနည်း သူ ဆုံးမလို့ ကျွတ်တမ်းဝင်မည့်ပုဂ္ဂိုလ် (မကျန်ပါ ဘုရား)။

မကျန်ဘူးတဲ့ ငါဟာ ပဉ္စဝဂ္ဂီအစ သုဘဒ္ဒအဆုံး ငါ့ကိစ္စကုန်ဘာဘဲကွတဲ့ (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။

အဲဒီတော့ သိက္ခာပုဒ်တွေလဲ ငါမရှိတဲ့ အခါကျတော့ သေးငယ်တာတွေနှုတ်ကွာ၊ အကြီးတွေသာ ချန်ထားကွ၊ သေးငယ်တာတွေ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တွေ ငါမရှိတော့ ဖြုတ်လိုက်အာနန္ဒာ၊ မှာပစ်ခဲ့တယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။

ကောင်းပြီ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး တာဝန်ကုန်ပြီ၊ ဘုန်းကြီးများကလဲ ကိုယ်စားလည်လုပ်ပြီး ဟောပြန်တော့ ဘုန်းကြီးများတာဝန်လဲ အတော်ကုန်ပြီ (မှန်ပါ့) မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့က ဘာလုပ်မတုန်းဆိုတော့ ဪ ဘယ်ဒိဋ္ဌိရှိရှိ ဒို့ဆရာဘုန်းကြီးက ဟောထားတယ်၊ မျက်လုံး အမြင်ရရင် နှစ်ခုပျောက်တယ် (မှန်ပါ့)ရှင်းပလား (မှန်ပါ့)။ ဒါကလေးက လိုရင်းဘဲ (မှန်ပါ့)။

မျက်လုံးအမြင်ရရင် (နှစ်ခုပျောက်ပါတယ်)။

ဒါကြောင့် အဖြစ်မြင်ရင် ဥစ္ဆေဒပျောက်ပါတယ်(မှန်ပါ့) အပျက်မြင်ရင် (သဿတပျောက်ပါတယ်)။

ဖြစ်ပျက်နှစ်ခု မြင်ကတည်းက

သဿတပျောက်တယ်ဆိုကတည်းက ဖြစ်ပျက်နှစ်ခု မြင်ကတည်းက ဦးသံဒိုင်ဘာကျန်မှာတုန်း (မကျန်ပါ ဘုရား) ကုန်ပြီ (မှန်ပါ့)မကုန်သေးဘူးလား (ကုန်ပါပြီ) ကုန်ရင် အလယ်လမ်းရောက်တာဘဲ (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။

အဲဒီတော့ခင်ဗျားတို့ ဒီအလုပ်မှတပါး ဒိဋ္ဌိသတ်နည်း နိဿယျည်းကလဲ ရှိကိုမရှိဘူူး (မှန်ပါ့ ဘုရား) ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ဒီ အလုပ်မှတပါး (ဒိဋ္ဌိသတ်နည်း နိဿယျည်းမရှိပါ ဘုရား)။

ဒိဋ္ဌိသတ်နည်း နိဿယျည်းမရှိဘူး၊ ဒါဘဲ၊ ဘယ်ပါဠိတော်မှာ ဘာဟောဟော နောက်ဆုံးပိတ်ကျတော့ ပဋိစ္စ သမုပ္ပါဒ် ကိုင်လာတာဘဲ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်ဆိုတာ “ဝေဒနာ ပစ္စယာ တဏှာ၊ ဝေဒနာနိရောဓါ တဏှာနိရောဓေါ၊ ဖဿပစ္စယာ ဝေဒနာ၊ ဖဿနိရောဓါ ဝေဒနာနိရောဓေါ” ဒါတွေဟာ အတူတူဖြစ်ပြီး အတူတူပျက်တယ်ပြောတာ (မှန်ပါ့) ရှင်းပလား (ရှင်း ပါပြီ)။

အဲဒါ ပဋိစ္စသမုပ္ပါဒ်နားလည်တဲ့ ပုဂ္ဂိုလ်တွေ၊ အခုတော့ ဘုန်းကြီးကလဲ ပဋိစ္စသမုပ္ပါဒ် နားလည်ဖို့ ထိုးထိုးထွင်း ထွင်း လုပ်ထားပြန်တော့ ဒကာ ဒကာမတွေကလဲ နားလည်တော့ ဪ ဖဿချုပ်ရင် ဝေဒနာချုပ်မှာဘဲ (မှန်ပါ့)။

ဖဿချုပ်ရင် (ဝေဒနာချုပ်မှာပါ) အင်း ဒါဖြင့် အဖြစ်နဲ့အပျက်ရှိတာပါလား၊ ဒီမှာ ခင်ဗျားတို့က ပဋိစ္စသမုပ္ပါဒ် က ပိုင်နေပြီ (မှန်ပါ့)။

ပိုင်ပြီးသကာလနေတော့ ဪ ဒို့ဟာ အလယ်လမ်းရောက်ပလား မရောက်ဘူးလားလို့ ကိုယ့်ဥစ္စာ သံသယမရှိနဲ့ အလယ်လမ်းဘဲ တက်နေတာဘဲ (မှန်ပါ့)။

ဆုံးပလား မဆုံးသေးဘူးလားဆိုတာသာ ဝေဖန်ရမယ် (မှန်ပါ့) အလယ်လမ်းပေါ်တော့ရောက်ပြီ (မှန်ပါ့) ချော်ကျစရာတော့ မရှိဘူး (မှန်ပါ့) တသံသရာလုံး နေခဲ့တာတော့ ဘေးလမ်းချည့်လျှောက်ခဲ့တယ် (မှန်ပါ့)။

တသံသရာလုံးနေခဲ့တာတော့ (ဘေးလမ်းချည့် လျှောက်ခဲ့တာပါ ဘုရား)။

အဲ အခုတောဖြင့် ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်ဖြစ်ပျက်ကလေးတွေ တွေ့ပြီ၊ ဒီနေရာ ယားတယ်၊ ဟော မရှိဘူး၊ ဟော ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ်

ဒီနေရာက နာတယ်၊ နာတဲ့နေရာကလေးကြည့်လိုက်ရင် အင်း ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ် (မှန်ပါ့)။

လောဘစိတ်ကလေး ပေါ်လာတယ်၊ ကြည့်လိုက်တယ် ဖြစ်လဲဖြစ်ပြီးပျက်လဲပျက်သွားတာဘဲ (မှန်ပါ့)။

ဒေါသစိတ်ကလေးပေါ်လာလဲ ကြည့်လိုက်၊ ဉာဏ်နဲ့ဘဲကြည့်၊ ဖြစ်ပြီးပျက်သွားတာဘဲ (မှန်ပါ့) မဖြစ်ဘဲနဲ့လဲ အပျက်တွေ့ပါ့မလား (မတွေ့ပါ ဘုရား)။

အဲဒါတွေ သည်ကားလို့ဆိုလို့ရှိရင် ဒါ အလယ်လမ်းရောက်တဲ့ ပုဂ္ဂိုလ်၊ မျက်လုံးမြင်တဲ့ပုဂ္ဂိုလ်၊ အရူးအကန်း ပျောက်တဲ့ပုဂ္ဂိုလ်၊ မျက်လုံးမြင်တဲ့ပုဂ္ဂိုလ်၊ အရူးအကန်းပျောက်တဲ့ ပုဂ္ဂိုလ်၏ မျက်လုံးအမှန်လို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ကယ်မည့်ယူမည့်တရား၊ ဒိဋ္ဌိသတ် တရားကတော့ဖြင့် ဦးသံဒိုင်တွေ့ပြီ (တွေ့ပါပြီ ဘုရား) မတွေ့သေး ဘူးလား (တွေ့ပါပြီ ဘုရား)။

ဘာတွေ့သတုန်း၊ ဖြစ်ပျက်မြင်အောင် ကြည့်ရမယ် (မှန်ပါ့)။

မရှိတာအကြည့်ခိုင်းတာလား၊ ဘုရားက မရှိတာအကြည့်ခိုင်းတာလား (ရှိတာအကြည့်ခိုင်းတာပါ ဘုရား)။

ရှိတာအကြည့်ခိုင်းလို့ရှိရင်ဖြင့် ခင်ဗျားတို့ အရူးအကန်းသာပျောက်လို့ရှိရင် တွေ့ရမယ် (မှန်ပါ့) အရူးအကန်း မပျောက်သေးရင်တော့ (မတွေ့ပါ ဘုရား)။

မတွေ့နိုင်ပါဘူးဆိုတော့ အရူးအကန်းမပျောက်လို့ရှိရင်ဖြင့် ဒိဋ္ဌုမ္မတ္တကဆိုတဲ့ ဒိဋ္ဌိရူးကလဲ ရှိသေးတယ် (မှန်ပါ့) ရာဂုမ္မတ္တကဆိုတဲ့ ဒိဋ္ဌိရူးကလဲ ရှိသေးတယ် (မှန်ပါ့) ရာဂုမ္မတ္တကဆိုတဲ့ ရာဂရူးကလဲ ရှိသေးတယ် (မှန်ပါ့) မောဟုမ္မတ္တက ဆိုတဲ့ ဘာမှမမြင်တဲ့ အရူးကလဲ ရှိသေးတယ် (မှန်ပါ့ ဘုရား)။

ဒီအရူးတွေကို ဒကာ ဒကာမတို့က ဒီဖြစ်ပျက်တလုံး နိုင်မှဒီအရူးတွေကလဲပျောက်တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒီဟာမြင်မှလဲ သဿတ ဥစ္ဆေဒကလဲ ကွာတယ် (ကွာပါတယ် ဘုရား) ဒိဋ္ဌိခြောက်ဆဲ့ နှစ်ပါးရှိတဲ့ အနက်က ချုံ့လိုက်ရင်သဿတ ဥစ္ဆေဒဘဲရှိမယ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိခြောက်ဆယ့်နှစ်ပါးရှိပါတယ်၊ ရှိပင်ရှိငြားသော်လည်း ချုံ့လိုက်တဲ့အခါကျတော့ (သဿတ ဥစ္ဆေဒဘဲရှိပါ တယ် ဘုရား)။

အဲ သဿတ ဥစ္ဆေဒဘဲရှိတယ်၊ ခိုင်တာရယ် ပြတ်တာရယ် ဒါဘဲရှိမှာဘဲ (မှန်ပါ့)။

ခိုင်တာရယ် ပြတ်တာရယ် (ဒါဘဲရှိပါတယ် ဘုရား)။

ဒါဘဲရှိတော့ ခန္ဓာက ပြောတယ်၊ ကျုပ်ဟာခင်ဗျားရှေ့တွင်ဘဲ ပေါ်ပါပြီ၊ ခင်ဗျားရှေ့တွင်ဘဲ ပျက်သွားပါပြီ၊ ကျုပ်ဟာခင်ဗျား ဘယ်လိုထင်မြင်ပြီးသကာလ နေငြားသော်လည်း ခင်ဗျားရှေ့မှာဘဲ ကျုပ်ပေါ်လာတယ်၊ ခင်ဗျားရှေ့ မှာဘဲ ပြတ်ပါတယ်ဆိုတဲ့ ဥစ္စာကို ဘယ်သူကပြောပါလိမ့် (ခန္ဓာကပြောပါတယ် ဘုရား)။

ခန္ဓာကပြောတယ်၊ နာမ် ခန္ဓာက ပြောရင်လဲ ပြောမယ်၊ ရုပ်ခန္ဓာက ပြောရင်လဲ (ပြောမှာပါ ဘုရား)။

ခန္ဓာက မပြောတဲ့အချိန် မရှိ

ပြောမှာဘဲတဲ့၊ အဲဒီပြောတာကို ကိုယ်က သူကတော့ဖြင့် မပြောတဲ့နေ့ မပြောတဲ့အချိန် မပြောတဲ့စက္ကန့် မရှိပါဘူးတဲ့ (မှန်ပါ့) ကိုယ်ကနားမထောင်တဲ့အချိန်ကများကြတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာက မပြောတဲ့အချိန်ကတော့ (မရှိပါ ဘုရား)။

အို ခန္ဓာက ရေစီးသလို စီးနေတာကိုး (မှန်ပါ့) ရေစီးနေတာ ဧရာဝတီမြစ် ဘယ်တော့နားတယ်လို့ရှိသတုန်း (မရှိပါ ဘုရား)။

အောက်စီးတဲ့ရေကလဲ စီးတာဘဲ၊ အထက်ကရေကလဲအောက်ခုန်လာခဲ့တာဘဲ၊ ဧရာဝတီမြစ်ကြီးနားနေတဲ့အချိန် ပင်လယ်ဟီတဲ့အချိန်များ ပါသေးလား (မပါပါ ဘုရား) ဘယ်နည်းမှမပါဘူး၊ ဒီခန္ဓာကလဲ ထို့နည်းအတူဘဲ မပါဘူး (မှန်ပါ့)။

ဟာ ဖြစ်မှုပျက်မှုနဲ့ ခန္ဓာရှိသ၍ သူ ဒုက္ခသစ္စာမို့ ဒုက္ခသစ္စာသဘော သူပြောနေတာဘဲ (မှန်ပါ့) “ဝိပရိဏာ မလက္ခဏဒုက္ခသစ္စ” ဖြစ်လိုက် ပျက်လိုက်ဒါဘဲ ပြောနေတာဘဲ (မှန်ပါ့)။

ခင်ဗျားတို့က ဧရာဝတီမြစ် ဘယ်တော့မှမခန်းတောကိုကြည့်သလိုပေါ့ဗျာ အောက်ရေနဲ့အထက်ရေခွဲသာကြည့် နေ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုကြည့်ရမယ် (အောက်ရေနဲ့ အထက်ရေခွဲသာကြည့်နေရပါမယ်) အောက်ရေနဲ့ အထက်ရေခွဲသာကြည့် နေလို့ရှိရင် အောက်ရေက ပျက်တာဘဲ၊ အထက်ရေက ဖြစ်တာဘဲ (မှန်ပါ့)။

အောက်ရေက (ပျက်တာပါ) စုန်သွားပကော၊ ပျောက်တာပေ့ါ၊ ကိုယ့်မျက်လုံးအောက်က ပျောက်တယ် (မှန်ပါ့) အထက်ရေကစီးလာတာဘဲ၊ ကိုယ့်မျက်လုံးအောက်မှာဖြစ်တယ် (မှန်ပါ့) ကိုင်းဖြစ်တာနဲ့ ပျက်တာမှတပါး ခန္ဓာကိုယ်ထဲမှာ ဘာမှမရှိဘူး (မရှိပါ ဘုရား)။

အဲဒီအဖြစ်အပျက်ကို ခင်ဗျားတို့ကြည့်ရင်းမတ္တနဲ့ ဆုံးအောင်လိုက်နိုင်ရင် နိဗ္ဗာန်ဘဲ (မှန်ပါ့ ဘုရား)။

”ဝေသံ ဝူပသမော သုခေါ”

တေသံ=ထိုဖြစ်ပျက်နှစ်ပါးတို့၏ ဝူပသမော=ချုပ်ငြိမ်းခြင်းသည် (ဝါ) ဆုံးသွားတဲ့ နိဗ္ဗာန်သည်၊ သုခေါ=ချမ်းသာတာဘဲတဲ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ပါဦး။

သာဓု သာဓု သာဓု။