သဿတ နှင့် ဥစ္ဆေဒဒိဋ္ဌိရှိပုံ အကဲခတ်နည်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော
သဿတ နှင့် ဥစ္ဆေဒဒိဋ္ဌိရှိပုံ အကဲခတ်နည်း
ညအလုပ်ပေး တရားတော်
(၈-၁၂-၆၁)
ဒိဋ္ဌိဝိပ္ပလ္လာသ အရေးကြီးတယ်
ဝိပ္ပလ္လာသထဲမှာ ရှေးဦးစွာ ဒိဋ္ဌိဝိလ္လာသ၊ စာဆိုမှာ နောက်ကျငြားသော်လည်း ဒကာ ဒကာမတွေမှာ အရေး ကြီးတာကတော့ ဒိဋ္ဌိဝိပ္ပလ္လာသဟာ အရေးကြီးတယ် (မှန်ပါ ဘုရား)။
ဒိဋ္ဌိဝိပ္ပလ္လာသ ဘယ့်နှယ်ကြောင့် အရေးကြီးသလဲလို့ မေးလို့ရှိရင် ရှေးဦးစွာ သောတာပတ္တိမဂ်က သူ့ကို အရင်ပယ်ရခြင်းသည် အပါယ်ပဋိသန္ဓေကို မုချပေးစေနိုင်လို့ လို့ မှတ်ရမယ်နော် အပါယ်ကိုဖြစ်စေနိုင်လို့ (မှန်ပါ ဘုရား)။
အဲဒီတော့ အပါယ်ဖြစ်စေနိုင်လို့ဆိုတော့ ဒကာ ဒကာမတွေက အမှန်မသိရင် ဒိဋ္ဌိဝိပ္ပလ္လာသကိုကပ်တယ်၊ အဲဒါကြောင့် ဒီနေ့ ဒိဋ္ဌိကနေပြီးသကာလ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံတွေဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် မသွားရအောင် သေသေချာချာပြောမယ်တဲ့ (မှန်ပါ့)။
ကောင်းပြီဒါဖြင့် မြန်မာပြည်မှာ ဒိဋ္ဌိဘယ်နှစ်မျိုး ရှိသတုန်းလို့ မေးလို့ရှိရင် သက္ကာယဒိဋ္ဌိလဲရှိတယ်၊ သက္ကာယဒိဋ္ဌိကိုခွဲလိုက်လို့ရှိရင် သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိဘဲရတယ်။
သက္ကာယဒိဋ္ဌိက ခွဲလိုက်လို့ရှိရင် သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိဘဲ ရှိတယ်လို့ မှတ်ထားကြပါ (မှန်ပါ ဘုရား)။
သက္ကာယဒိဋ္ဌိ လို့ဆိုတော့ ပေါင်းခေါ်တာ၊ ခွဲလိုက်လို့ရှိရင် သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ၊ ဒါဘဲရှိတယ် (မှန်ပါ ဘုရား)။
ကိုယ့်ဟာကိုယ် အကဲခတ်
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ အထူးမှတ်စရာက ကိုယ့်သန္တာန်မှာ ဒီနေ့အကဲခတ်ကြည့်၊ ငါ့သန္တာန်မှာ သဿတဒိဋ္ဌိရှိသလား သို့မဟုတ် ငါ့မှာ ဥစ္ဆေဒဒိဋ္ဌိရှိသလားလို့ ဆိုတာကို ဘုရားကဟောလိမ့်မယ်၊ ဘုရားဟောတော် မူတဲ့အတိုင်း ဆရာဘုန်းကြီးကပြောလိမ့်မယ်၊ ပြောတဲ့အခါကျလို့ရှိရင် ကိုယ့်ဟာကိုယ် အကဲခတ်ကြ (မှန်ပါ့)။
ဘယ်သူ့အကဲခတ်ရမှာတုန်း (ကိုယ့်ဟာကိုယ် အကဲခတ်ရမှာပါ ဘုရား)။
ကိုယ့်ဟာကိုယ် အကဲခတ်ရမယ်၊ ငါဟာ သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်လား၊ ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်လား၊ ဒီ ဝိပ္ပလ္လာသတွေမှာ ဒိဋ္ဌိဆိုတာ ဝိပ္ပလ္လာသချည့်ဘဲ (မှန်ပါ့) ဘယ်လို အချိုးအစားထဲက မိမိစရိုက်နေပါလိမ့်မလဲ၊ မိမိ ဝါသနာ အထုံဟာ ဘယ်ဘက် သန်နေပါလိမ့်မလဲဆိုတာ အကဲခတ်ပါနော် (မှန်ပါ့)။
”ဒွိဟိ ဘိက္ခဝေ ဒိဋ္ဌိဂတေဟိ ပရိယုဋ္ဌိတာ ဒေဝမနုဿာ ဩလီယန္တိ ဧကေ၊ အတိဓာဝန္တိ ဧကေ၊ ဒိဋ္ဌိဟာနှစ်မျိုး ရှိတယ်ကွာတဲ့၊ သက္ကာယ ဒိဋ္ဌိ နှစ်ဆယ်မှာ ဝေဖန်လိုက်လို့ရှိရင် သဿတနဲ့ ဥစ္ဆေဒဘဲ ဒီအထဲပြန်ဝင်တာဘဲ (မှန်ပါ့)။
သဿတနဲ့ ဥစ္ဆေဒ
အဲဒီကဲ့သို့ သိထားတော့ကို တချို့သဿတ ဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ တရားနာလိုက်ရင် တွန့်ထွက်သွား တယ်၊ ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ကလဲ လွန်သွားတယ်၊ ဒါ မှတ်ထားစမ်းပါ (မှန်ပါ့)။
သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်က တရားနာလိုက်ရင်လို့ရှိရင် ဘဝပြတ် ဟောလိုက်ရင် တွန့်ထွက်သွားတယ် (မှန်ပါ့) စိတ်နောက်ဆုတ်သွားတယ် (မှန်ပါ့)။
ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ကလဲ လွန်ပြေးတယ်၊ ဘုရားအလိုကိုမကျဘူး၊ ဒီ ဒိဋ္ဌိနှစ်ခုက (မှန်ပါ့)။
သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်က ဘာဖြစ်သွားသတုန်း (တွန့်သွားပါတယ် ဘုရား) တွန့်သွားတယ်၊ သူကလဲ တမျိုးဘဲ ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်က လွန်သွားတယ် (မှန်ပါ့) ဘုရားအလိုကို အလည်မကျဘူး (မှန်ပါ့) သိပ်ကြောက်စရာကောင်း တဲ့ ဒိဋ္ဌိနှစ်ခုတဲ့၊ ဒီဝိပ္ပလ္လာသဟာ သိပ်ကြောက်စရာကောင်းတယ်။
ကောင်းပြီ သက္ကာယဒိဋ္ဌိ နှစ်ဆယ်ကို ဝေဖန်လိုက်တဲ့အခါ သဿတဒိဋ္ဌိ နဲ့ ဥစ္ဆေဒဒိဋ္ဌိဘဲ ရှိတယ်လို့ မှတ်ထား လိုက်ပါ (မှန်ပါ့)။
သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်
သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်က ဘဝကို ပြတ်အောင် ဟောလိုက်လို့ရှိရင် သူက မကြိုက်ဘူး၊ သူ့စိတ်တွန့်ထွက် သွားတယ်၊ ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်က ဘဝပြတ်ကို ဟောလိုက်တဲ့ အခါကျတော့ လွန်ထွက်ပြေးတယ်ဆိုတော့ကို ဒကာ ဒကာမတွေ မှတ်ရမှာက ဘယ်သူမှ အချိုးမကျဘူးဆိုတာ မှတ်ပါ (မှန်ပါ့ ဘုရား) အလည်လမ်းဘယ်သူမှ မရောက်ဘူး။
ကောင်းပြီ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “ဒွီဟိ ဘိက္ခဝေ ဒိဋ္ဌီဂတေဟိ ပရိယုဋ္ဌိတာ ဒေဝမနုဿာ ဩလီယန္တိ ဧကေ အတိဓါဝန္တိဧကေ” လို့ ပါဠိတော်က ရှိနေတယ်၊ သဿတဒိဋ္ဌိ ရှိနေတဲ့ ပုဂ္ဂိုလ်ဟာ ဘဝပြတ် ဟော လိုက်ရင် ဘာဖြစ်သတုန်း (တွန့်သွားပါတယ်) တွန့်သွားတယ်၊ နောက်ဆုတ်သွားတယ် (မှန်ပါ့)။
ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်
ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ကို ဟောလိုက်ပြန်တော့ (လွန်သွားပါတယ် ဘုရား) အဲ ဘဝပြတ်ဟောလိုက်ရင် သူကတော့ လဲ လွန်ပြေးတယ်။
အဲဒီတော့ကို အခု တရားနာနေကြတာ အများကြီးပါပဲ၊ ငါ ဘယ်ဒိဋ္ဌိထဲကလဲဆိုတာကို အကဲခတ်၊ ကိုယ် ဟာ ကိုယ်အကဲခတ်လို့ရပြီဆိုလို့ရှိရင် ဒီဒိဋ္ဌိနှစ်ခုစလုံးကို ဘုန်းကြီးက နောက်ဆုံးပိတ်ကို ဘာမှ မရှိရအောင် ဖျက်ပေးပါ မယ်(မှန်ပါ့ ဘုရား)။
ဒီ ဒိဋ္ဌိနှစ်ခု မရှိမှ၊ ရှိလို့ရှိရင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဘယ်လိုပင် အားထုတ်ထုတ် ဦးသံဒိုင်တို့ မရဘူး (မှန်ပါ့ ဘုရား) သဿတဒိဋ္ဌိငြိနေလဲမရပါဘုရား၊ ဥစ္ဆေဒဒိဋ္ဌိငြိနေရင်ကော (မရပါ ဘုရား) မရဘူးဆိုတာ သေသေချာ ချာ မှတ်ကြပါ။
သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်က ကဲ ကွာ ရုပ်နာမ်ဆုံးရင် နိဗ္ဗာန်ပါဘဲ၊ ရုပ်နာမ်မရှိလို့ရှိရင် နိဗ္ဗာန်ပါပဲ၊ ဟော လိုက်တယ် ဘုရားကပဲ ဘုန်းကြီးကပဲ ဟောလိုက်တယ်၊ ဘုရားကလဲ ဒီအတိုင်းပဲ ဟောလို့ ရုပ်နာမ်ဆုံးရင် နိဗ္ဗာန်ပဲဟေ့။
ရုပ်နာမ်ဆိုတာက ဒုက္ခသစ္စာကိုး (မှန်ပါ့) ဒုက္ခဿ အန္တံ ကရိဿတိ ဆိုတဲ့အတိုင်း ဒုက္ခဿ=ဒုက္ခ၏၊ အန္တံ အဆုံးကို ကရိဿတိ = မျက်မှောက်ပြုနိုင်လတ္တံ့၊ ဒီတရားတွေ ဟောလိုက်တယ်၊ ဒုက္ခဆုံးတာ နိဗ္ဗာန်ပဲဟေ့ ဒုက္ခဆုံးတာ ဒါပဲ ရှိတာကိုး (မှန်ပါ့)။
သဿတ ဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်က မကြိုက်ဘူး
ဒုက္ခဆုံးတာ (နိဗ္ဗာန်ပါ ဘုရား) အဲဒီတော့ ခန္ဓာကြီးကလဲ ဒုက္ခသစ္စာ၊ ခန္ဓာကြီးက ဒုက္ခသစ္စာဖြစ်ပြီးနေတော့ ရုပ်နာမ်အဆုံးကို ဟောလိုက်တဲ့အခါကျတော့ အို သူက ဘယ့်နှယ်ဖြစ်သွားသတုန်းလို့ ဆိုတော့ သဿတ ဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်က မကြိုက်ဘူးတဲ့ (မှန်ပါ့)။
ရုပ်နာမ်မရှိလို့ရှိရင် ဘာအသုံးကျတော့မတုန်း၊ ဘာစားလို့ ဘာဝတ်ရမှာတုန်း၊ ဘယ်ဟာ ခံစားရမှာတုန်း အစရှိသည်နဲ့တဲ့ သူက ဘဝထဲ ပျော်မွေ့နေတယ် (မှန်ပါ့ ဘုရား)။
ရုပ်နာမ်အဆုံး ဟောလိုက်လို့ရှိရင် ကျုပ်တော့ ဒီတရားတယ်မကျေနပ်ပါဘူး၊ သဘောလဲမကျပါဘူး၊ ရုပ်နာမ် ဆုံး နိဗ္ဗာန်လို့ခေါ်ထားစတယ်၊ ခေါ်ထားတော့ ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင် ရုပ်နာမ် မရှိဘူးဆိုလို့ရှိရင် ဘာနဲ့ နေလို့ ဘာနဲ့စားလို့ ဘာနဲ့ ဝတ်မတုန်း၊ ဘယ်လိုစည်းစိမ် ဘယ်လိုချမ်းသာဆိုတဲ့ ဥစ္စာ သူ နားမလည်တော့ ဘဝပြတ် ဟောလိုက်လို့ရှိရင် တခါတည်း တွန့်ထွက်သွားပြီး နောက်ဆုတ်သွားပြီး ဘဝထဲမှာဘဲ နေပါတော့မယ်ဆိုတဲ့ စိတ်ပေါ် လာတယ် (မှန်ပါ့ ဘုရား) နားလည်ပလား (နားလည်ပါပြီ ဘုရား)။
ဘယ်မှာ နေချင်သတုန်း (ဘဝထဲမှာဘဲ နေချင်ပါတယ်)။
”ဘဝရတာ ဘဝသမ္မုဒိတာ” တဲ့ ဘဝလို့ တခါတည်း ဟောလိုက်လို့ရှိရင်ဖြင့် “စိတ္တံ နပက္ခန္ဒတိ နပ္ပသီဒတိ နသန္တိ ဋ္ဌတိ နာဓိ မုစ္စတိ၊” နှလုံးကို မသွင်းနိုင်ဘူးတဲ့ (မှန်ပါ့)။
သဿတဒိဋ္ဌိခံနေတယ်
ဒါ ဘယ်သူကလဲ ဘယ့်နှယ်ကြောင့် ဒီဥစ္စာ ဖြစ်ရပါလိမ့်မတုန်း၊ ဘဝပြတ်လို့ ရုပ်နာမ်ဆုံးရင် နိဗ္ဗာန်လို့ ဟောထားတဲ့ဥစ္စာ သူဘယ့်နှယ်ကြောင့် မကြိုက်ပါလိမ့်မတုန်းဆိုတော့ သူ့ဝမ်းထဲမှာ သဿတဒိဋ္ဌိခံနေတယ်လို့ ဆုံး ဖြတ်ချက်ချပါ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (သူ့ဝမ်းထဲမှာ သဿတဒိဋ္ဌိခံနေပါတယ်) သဿတဒိဋ္ဌိခံနေတယ်၊ ရှင်းပြီနော် (ရှင်းပါပြီ)။
သူ့ဝမ်းထဲမှာ ဘာခံနေသတုန်း (သဿတဒိဋ္ဌိခံနေပါတယ်)။
သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဟာ ဘဝဆုံးနိဗ္ဗာန်ဆိုလို့ရှိရင် သူမကြိုက်ဘူး (မှန်ပါ့ ဘုရား) ရုပ်နာမ်ချုပ်ငြိမ်းတယ်ဆို ရင် ဘာနဲ့စည်းစိမ်ခံစားလို့ ဘာနဲ့ဝတ်လို့ ဘာနဲ့စားလို့ ဘယ်လိုနေရမှန်းမသိတဲ့အတွက် ကျုပ်တို့တော့ တော်ပြီ၊ ဘုံစဉ်စံပဲကြိုက်တော့တယ်၊ အစရှိသည်နဲ့ သူ ဒီလို ပြောင်းထွက်သွားတယ် (မှန်ပါ့ ဘုရား) ဘဝချုပ်ငြိမ်း ရုပ်သိမ်းတာ ဟောလိုက်တာနဲ့ (မှန်ပါ့) ဘဝချုပ်ငြိမ်းရုပ်သိမ်းတဲ့ တရား ဟောလိုက်တော့ နိဗ္ဗာန်ဟောလိုက်တယ်၊ နိဗ္ဗာန်ဟောလိုက် တော့ သူကြိုက်တဲ့လား (မကြိုက်ပါ) အဲဒါ ဘယ်ဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်မို့လဲ (သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်မို့ပါ)။
ကိုယ့်ဟာကိုယ် အကဲခတ်ပါ၊ ဝိသာခါတို့ နဂိုက ပုထုဇဉ်ဖြစ်စဉ်အခါတုန်းက ဘဝပျော်မွေ့တယ် ဘဝပျော်မွေ့ တဲ့အတွက် သူတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အင်း သောတာပန် ဖြစ်လို့ရှိရင်လည်း ဖြုန်းကနဲတော့ ခန္ဓာဆုံး နိဗ္ဗာန်ကို မသွားချင်သေးဘူးဆိုပြီး သကာလ ပုထုဇဉ်တုန်းက သဿတဒိဋ္ဌိရှိတာနဲ့ အခု ခုနှစ်ဘဝ ဒုက္ခသစ္စာနဲ့ နေရသေးတယ် (မှန်ပါ့ ဘုရား)။
ဘယ်နှစ်ဘဝတုန်း (ခုနှစ်ဘဝပါ ဘုရား) ခုနှစ်ဘဝ ဒုက္ခသစ္စာနဲ့နေရတယ်၊ နဂိုက သူ ဒုက္ခသစ္စာနဲ့နေရတယ်၊ နဂိုက ဘာရှိတယ်ဆိုတာ သူ့ကို အကဲခတ်ကြည့်လိုက်ရင် သိတာပဲ (သဿတဒိဋ္ဌိရှိပါတယ်) သဿတဒိဋ္ဌိရှိနေတယ်ဆို တာ သဘောကျပလား (ကျပါပြီ)။
ဘဝထဲ မွေ့လျော်တယ်
သူက ဘယ်လိုကြောင့်တုန်း၊ ဘဝါရာမာ ဘဝထဲ မွေ့လျော်တယ်၊ ဘဝရတာ တဲ့၊ ဘဝထဲနှစ်သက်နေတယ်၊ ဘဝသမ္မုဒိတာဘဝထဲမှာ သူနေရတာ ဝမ်းမြောက်နေတယ်။
“တေသံ ဘဝနိရောဓာယဓမ္မေ ဒေသိယမာနေ စိတ္တံ နာပက္ခန္ဒတိ နပ္ပသီဒတိနာဓိမုစ္စတိ”(ဣတိဝုတ္တကပါဠိ၊ ၂၂၄) တဲ့၊ ဘဝချုပ်ငြိမ်းတဲ့ ပြတ်တဲ့ တရား ဟောလိုက်လို့ ရှိရင် နားထဲမှာကို ဒီတရား မဝင်လာဘူးတဲ့ (မှန်ပါ့) ဘာဒိဋ္ဌိရှိတဲ့သူမို့လဲ (သဿတဒိဋ္ဌိ ရှိတဲ့သူပါ ဘုရား)။
အဲဒါ ခင်ဗျားတို့လည်း ကြားဘူးကြပါလိမ့်မယ်၊ ကျုပ်တို့တော့ နိဗ္ဗာန်တော့ နိဗ္ဗာန်ဆိုတာ ရုပ်နာမ်မရှိဘူးလို့ လဲ ဆရာသမားတွေက ဟောတယ်၊ အဲဒါကြောင့် ကျုပ်တို့တော့ဖြင့် ဘာမှမရှိလို့ရှိရင် ရုပ်နာမ်မှမရှိရင် ဘာခံစား မလဲ ဘာဝတ်မလဲ ဘာစားမလဲ၊ အဲဒီတော့ ကျုပ်တို့တော့ဖြင့် အပါယ်လွတ်ရင်တော်ပြီ၊ အပါယ်တစ်ခုလွတ်ရင်တော်ပါ ပြီတဲ့၊ အခုလို အသံတွေဟာ ဘဝါရာမ ဘဝမွေ့လျော်တဲ့ပုဂ္ဂိုလ်၏ အသံတွေ (မှန်ပါ့ ဘုရား) ဘာဒိဋ္ဌိရှိနေသတုန်း (သဿတဒိဋ္ဌိရှိနေပါတယ် ဘုရား)။
သဿတဒိဋ္ဌိရှိနေတယ်၊ အဲဒါ မြို့ထဲရွာထဲမှာ ဒီအသံရှိတဲ့ ပုဂ္ဂိုလ်ကို ခင်ဗျားတိုက ကိုယ့်ကိုယ်လဲ အကဲခတ်ပါ၊ သူများလဲ အကဲခတ်ပါ (မှန်ပါ့)။
သူများလဲအကဲခတ်လိုက်တော့ ဒီအသံတွေ ထွက်လာလို့ရှိရင် ဪ သဿတဒိဋ္ဌိက လာတာလို့မှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
သဿတဒိဋ္ဌိသမားက ဘဝပျော်မွေ့တယ် (မှန်ပါ့) ဘဝချုပ်ကြောင်းကို ဟောလိုက်လို့ရှိရင် တွန့်ထွက်သွား တာဘဲ (မှန်ပါ့)။
ဒါ့ကြောင့် တရားနာတဲ့အထဲမှာ လူကမျိုးစုံပါပြီး သကာလနေတော့ ဒါ ကိုယ့်ဟာကိုယ် အကဲခတ်ပါ (မှန်ပါ့) ကိုယ့်ဟာကိုယ်အကဲခတ်တော့ များသောအားဖြင့် သဿတဒိဋ္ဌိကတော်တော်များတယ် (မှန်ပါ့)။
ရုပ်နာမ်အဆုံး နိဗ္ဗာန်၊ ခန္ဓာဆုံးနိဗ္ဗာန်၊ ဒါကို ဟောလိုက်လို့ရှိရင် ရုပ်နာမ်ခန္ဓာမှ မရှိလို့ရှိရင် ဘာစားလို့ ဘာဝတ်လို့ ဘယ်လိုပျော်လို့ ဘယ်လိုမွေ့လို့ ဘယ်ချမ်းသာကို ဘာခံစားမလဲ၊ ဦးသံဒိုင် မလာပေဘူးလား (လာပါတယ် ဘုရား)။
လာတော့ သူကြိုက်နိုင်သေးရဲ့လား၊ မကြိုက်နိုင်ဘူးလား (မကြိုက်နိုင်ပါ ဘုရား)။
သူ နောက်ဆုတ်သွားတာဘဲ
အဲဒီတော့ ဘဝပြတ် နိဗ္ဗာန်ကို ဟောလိုက်လို့ရှိရင် မောင်သစ် သူ နောက်ဆုတ်သွားတာဘဲ (မှန်ပါ့ ဘုရား) ဘယ်ပုဂ္ဂိုလ်လို့ အကဲခတ်မလဲ (သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား) သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်။
ကျုပ်တို့တော့ဖြေးဖြေးဘဲ၊ ဘုံစဉ်စံပဲ ကြိုက်နေတယ်၊ အပါယ်လဲမကျဘူး၊ ဘုံစဉ်လည်း စံရမယ်ဆိုရင် ကျုပ်တို့ ကြိုက်တယ်၊ ဒါ ဘာဒိဋ္ဌိလဲ (သဿတဒိဋ္ဌိပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
ဒါက သဿတဒိဋ္ဌိ သမားက သူ့ဝမ်းထဲမှာရှိလို့ သူ့အသံ ထွက်လာတာ (မှန်ပါ့ ဘုရား) သူ့ဝမ်းထဲမှာ ရှိတဲ့ အတွက် ရုပ်နာမ်ဆုံးသွားတာ နိဗ္ဗာန်ပါပဲ ဆိုလို့ရှိရင် ရုပ်နာမ်မရှိရင် ဘာခံစားမလဲဆိုတဲ့ သူ့ဆင်ခြေနဲ့ သူလဲတတ်ပြီး သကာလ ဘဝထဲဘဲ ပြန်ပုန်းအောင်းချင်တဲ့ စိတ်ပေါ်တယ် (မှန်ပါ့) ဘာဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်လဲ (သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ် ပါ) သိပ်ကြောက်စရာကောင်းပါကလား (ကောင်းပါတယ် ဘုရား)။
အကြိမ်ကြိမ်ခံစား၍ ဆိုတဲ့ပုဂ္ဂိုလ်
ဒါဖြင့် ဘုရားရှေ့ ဆုတောင်းပြီးသကာလ လူ့ပြည်နတ်ပြည် အကြိမ်ကြိမ်ခံစား၍ ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဘာထင်ကြ သတုန်း (သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။
မရဘူးတဲ့ သူ နိဗ္ဗာန်၊ လူ့ပြည် နတ်ပြည်တော့ ရမယ် (မှန်ပါ့) နိဗ္ဗာန်တော့ (မရပါ ဘုရား) ဘာခံနေသတုန်း (သဿတဒိဋ္ဌိခံနေပါတယ်)။
သဿတဒိဋ္ဌိဆိုတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသခံပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ကြောက်စရာကြီးပါလား (မှန်ပါ့)။
သဿတဒိဋ္ဌိကလည်း နိဗ္ဗာန်တော့ ရခဲတဲ့ အထဲကဘဲလို့မှတ်လိုက်စမ်းပါ (မှန်ပါ့)။
သဿတဒိဋ္ဌိက (နိဗ္ဗာန်ရခဲတဲ့ အထဲကပါ)။
နိဗ္ဗာန်ရခဲတဲ့ အထဲ၊ ဘာ့ကြောင့် ရခဲသတုန်းဆိုတော့ ဘဝါရာမာ၊ ကဲ ဘဝထဲ ပျော်နေတယ်၊ ဘဝရတာ၊ ဘဝကို ထပ်နှစ်သက်တယ်တဲ့၊ ဘဝသမ္မုဒိတာ ဘဝထဲနေရတာ၊ သူ သိပ်ဝမ်းမြောက်နေတယ်တဲ့ (မှန်ပါ့)။
တေသံ = ထိုပုဂ္ဂိုလ်တို့အား၊ ဘဝနိရောဓာယ = ဘဝ၏ချုပ်ရာ နိဗ္ဗာန်အကျိုးငှာ၊ ဓမ္မေ = တရားကို၊ ဒေသိယမာနေ = ဘုရားက ဟောသည်ရှိသော်၊ နပက္ခန္ဒတိ = ဒီတရားထဲ စိတ်မဝင်စားတော့ဘူးတဲ့၊ နပ္ပသီဒတိ = ကြည်လင်ခြင်း မရှိတော့ဘူးတဲ့ (မှန်ပါ့) နာဓိမုစ္စတိ = နှလုံးလဲမသွင်းတော့ဘူးတဲ့၊ ဒီတရားကို (မှန်ပါ)။
ဒါ ဘာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်လဲ (သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား) သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်တဲ့၊ ဦးသံဒိုင် ဘယ့်နှယ် တုန်း၊ ကြောက်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား)။
များသောအားဖြင့် ဗုဒ္ဓဘာသာမှာ ဒီဒိဋ္ဌိရှိတယ် (မှန်ပါ့)။
များသောအားဖြင့် ဗုဒ္ဓဘာသာမှာ ဒီဒိဋ္ဌိရှိတယ်
များသောအားဖြင့် (ဗုဒ္ဓဘာသာမှာ ဒီ ဒိဋ္ဌိရှိပါတယ်) ဒီ ဒိဋ္ဌိရှိတယ်ဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါပြီ)။
ဒီ ဒိဋ္ဌိရှိနေလို့ရှိရင် ဒီ ဒိဋ္ဌိက ကြီးလာလိမ့်မယ်၊ ဒိဋ္ဌိ ဒိဋ္ဌုပါ ဒါန် ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံဆိုပြီး သကာလ သူ ဒုက္ခ သစ္စာကြီးရဦးတော့မယ် (မှန်ပါ့) မရပေဘူးလား (ရပါတယ်) ဒီ ပဋိစ္စသမုပ္ပါဒ်က လွတ်မှာမှမဟုတ်ဘဲ (မှန်ပါ့)။
မလွတ်ပေမဲ့လည်း သူအပါယ်သာကြောက်တယ်၊ ခန္ဓာတွေကျတော့ သဘောကျတယ် (မှန်ပါ့) လူခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ ခန္ဓာတွေကို ဘယ်လိုပဲအို ဘယ်လိုပဲနေ ဘယ်လိုပဲသေသေ သူကြိုက်တယ် (မှန်ပါ) ဘာဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်လဲ (သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ပါ)။
အင်း သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်လဲ အင်မတန် ကြောက်စရာကောင်းပါတယ်။
ဒါဖြင့် ဒိဋ္ဌိမဂ်တားတယ်ဆိုတာဟာပေါ်ကြပြီ (ပေါ်ပါပြီ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။
ဒိဋ္ဌိမဂ်တားတယ်ကွ၊ ဘုရားကဟောတယ်နော် (မှန်ပါ့) ဒိဋ္ဌိဟာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို တားတယ်ကွ ဆိုတဲ့ ဥစ္စဟာ ဒကာ ဒကာမတွေ ဒီနေ့ ဒီဟာကို ပြောလိုက်သဖြင့် ပဋိသမ္ဘိ ဒါမဂ် ပါဠိတော် ပြောလိုက်သဖြင့် ဒိဋ္ဌိအ ကြောင်းကို ဪ ဟုတ်ပေမှာဘဲ ဒိဋ္ဌိမဂ်တားတယ်ဆိုတာ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုမှ သူရဖို့ရာ မကြိုးစားချင်တော့ ပဲ၊ ကြိုးစားသေးရဲ့လား (မကြိုးစားပါ ဘုရား)။
ဘာဖြစ်လို့ မကြိုးစားသတုန်း (နားမလည်လို့ပါ) ဒီလိုမဆိုနဲ့၊ ဘဝပျော်ပိုက်လို့ (မှန်ပါ့) ရှင်းပြီ (ရှင်းပါပြီ)။
ဘယ်လိုကြောင့်ပါလိမ့် (ဘဝပျော်ပိုက်လို့ပါ ဘုရား)။
သူကလည်း နားမလည်ဘူးလေ၊ ရုပ်နာမ်ဆုံး နိဗ္ဗာန်ဆိုတာကို ရုပ်နာမ်မရှိ ဘာခံစားမလဲ၊ ဘာဝတ်လို့ ဘယ် ချမ်းသာဆိုတာ ကျုပ်တို့တော့ မပြောတတ်ပါဘူး၊ မပြောတတ်တဲ့အတွက် ဘဝထဲမှာဘဲ သူသည် အကြိမ်ကြိမ် ခံစားချင် တဲ့စိတ်၊ အပါယ်တော့ကြောက်တယ် (မှန်ပါ့) သုဂတိတော့ မကြောက်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
အပါယ်တော့ ကြောက်ပါတယ်
အပါယ်တော့ (ကြောက်ပါတယ်) သုဂတိတော့ (မကြောက်ပါ ဘုရား)။
မကြောက်တဲ့ ပုဂ္ဂိုလ် ဘာဒိဋ္ဌိရှိတယ်လို့သာ အကဲခတ်စမ်း (သဿတဒိဋ္ဌိရှိပါတယ်)။
အဲဒါ ကိုယ့်ဟာကိုယ်ရှိနေရင်လဲ နောက်တရားနိဂုံးချုပ်တော့ ပါပါလိမ့်မယ်၊ ပြင်ရလိမ့်မယ် (မှန်ပါ) ပြင်ရလိမ့် မယ်။
ဘယ့်နှယ်ကြောင့်ပြင်ရလိမ့်မတုန်းလို့ မေးလို့ရှိရင်ဖြင့် ဒိဋ္ဌိမဂ္ဂါဓိဂမဿ နိဝါရဏာ ဒိဋ္ဌိဟာမဂ်တားတယ်ကွာ တဲ့။
ဒိဋ္ဌိဟာဘာတဲ့ (မဂ်တားပါတယ် ဘုရား) မဂ်တားတယ်။
ဒါဖြင့် ခင်ဗျားတို့နိဗ္ဗာန်မရတာ ပါရမီမရှိလို့မရတာလား၊ ကိုယ့်ကိုယ်တိုင်သည်ပင် ဘဝပျော်မွေ့လို့ မရတာ လားဆိုလို့ မေးလို့ရှိရင်ဖြင့် ကိုယ့် ကိုယ် ကိုယ် အကဲခတ်ကြည့် မခတ်နိုင်သေးဘူးလား (ခတ်နိုင်ပါတယ် ဘုရား) ဘာဖြစ်နေသတုန်း (ဘဝပျော်လို့မရတာပါ) ရောက်ရာဘဝ ပျော်မွေ့တယ်၊ ရှင်းပလား (ရှင်းပါပြီ)။
ဘာဒိဋ္ဌိရှိတာတုန်း (သဿတဒိဋ္ဌိရှိပါတယ်) အဲဒီတော့ ကိုယ့်ဟာကိုယ် တရားနာကြည့်တဲ့ အခါမှာ သိပါတယ် တဲ့ ဘုရားက ကိုယ်ဟာကိုယ် တရားနာကြည့်တဲ့အခါကျတော့ နိဗ္ဗာန်ဆိုတာ ရုပ်နာမ်ဆုံးနိဗ္ဗာန်လို့ ကြားလိုက်လို့ရှိရင် သူ့စိတ်ထဲ ကျေကိုမကျေနပ်ဘူး (မှန်ပါ့)။
ဘာဖြစ်လို့တုန်းလို့မေးတော့ သဿတဒိဋ္ဌိရှိနေတော့ သစ္စာကို သူမသိသေးဘူး (မှန်ပါ) ရုပ်နာမ်ဟာ ဒုက္ခသစ္စာ လို့ သူ့ဉာဏ်ထဲမှာ မပိုင်ဘူး (မှန်ပါ့) မပိုင်တော့ နိဗ္ဗာန်၏သဘောကို ကောင်းကောင်းမသိတဲ့အတွက် ဘဝထဲ ပျော်မွေ့တဲ့ စိတ်သာ ပေါ်ပေါက်ပြီးသကာလ လာတဲ့အဖြစ်ဟာ သဿတဒိဋ္ဌိက ဝမ်းထဲက နေပြီးသကာလ နှိုးဆော်နေတယ်၊ သူသည် ဒိဋ္ဌာနုသယအဖြစ်နဲ့ ဝမ်းထဲမှာ ကိန်းနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (ဒိဋ္ဌာနုသယအဖြစ်နဲ့ ဝမ်းထဲမှာ ကိန်းနေပါတယ် ဘုရား)။
ဒိဋ္ဌိနုသယအဖြစ်နဲ့ ဝမ်းထဲမှာ ကိန်းနေတယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့) တယ်ကြောက်စရာကောင်း ပါသလား မောင်သစ်တို့ ကဲ ပေါ်ပြီလား (ပေါ်ပါပြီ)။
ဘယ်ဒိဋ္ဌိက အပင်းခံနေသတုန်း
ဘုရားရှေ့များသွားပြီး အို ပန်းကလေး တပွင့်နဲ့ပန်းကလေးလက်ထဲ ထည့်ပြီးသကာလ အမျိုးမျိုးများ ဦးသံဒိုင် တို့ရွှေတိဂုံ သွားသွား ဘုရားကြီးထဲသွားသွား တောင်းနေလိုက်တဲ့ ဆုဟာ ဘာ သမားတွေတုန်းလို့ အကဲခတ်လို့ ရှိရင် ဆုရှည်ကြီးတောင်းပြီးတော့ တခါတည်း ဒီသားနဲ့ ဒီသမီးနဲ့ ဒီမြေးနဲ့ ဒီမြစ်နဲ့ ဟုတ်လား၊ နိဗ္ဗာန် သွားတောင်မှ အတူတူမှဘဲ ဘုံစဉ်စံ ဘယ်ရောက်ရောက် အတူတူ၊ ဒီဟာတွေဟာ တောင်းထည့်နေလိုက်တဲ့ ဥစ္စာ ခင်ဗျားတို့က ဘာက တောင်းတယ် ထင်သလဲ (သဿတဒိဋ္ဌိကပါ ဘုရား) သဿတဒိဋ္ဌိကနေပြီး တောင်းနေတာ (မှန်ပါ့)။
အင်း သူ့ဝမ်းထဲမှာဖြင့် ဒီ ဒိဋ္ဌိရှိတယ်ဆိုတာ တခါတည်း ဒကာ ဒကာမတွေက အကဲသာ ခတ်လိုက်တော့၊ ဪ သဿတဒိဋ္ဌိသမားပါကလား လို့ (မှန်ပါ့) အခုရလည်း သူယူမည့်လူ မဟုတ်ဘူး (မှန်ပါ့) ယူပါ့မလား (မယူပါ ဘုရား)။
မယူဘူးတဲ့ ဘယ်ဒိဋ္ဌိက အပင်းခံနေသတုန်း (သဿတဒိဋ္ဌိက အပင်းခံနေပါတယ်)။
သဿတဒိဋ္ဌိ အပင်းခံနေတယ်ဆိုတာတော့ ကျေနပ်လောက်အောင် သဘောကျကြပြီ (ကျပါပြီ ဘုရား)။
ကထဉ္စ ဘိက္ခဝေ ဩလီယန္တိ ဧကေ၊ ဘယ်လိုများ တွန့်သွားသတုန်းဆိုတော့ ဘဝါရာမာဘိက္ခဝေ ဘဝရတာ ဘဝသမ္ဗုဒိတာ တေသံ ဘဝနိရောဓယ ဓမ္မေဒေသိယမာနေ ဘဝထဲ ပျော်နေတဲ့ပုဂ္ဂိုလ်ဟာ ဘဝပြတ် ဟောလိုက်လို့ရှိရင် ဖြင့် စိတ်ကိုမဝင်စားတော့ဘူးတဲ့၊ တရာနာရင်းကို စိတ်မဝင်စားဘူးတဲ့ (မှန်ပါ့)။
ဘယ်သူက ခံနေသတုန်း (သဿတဒိဋ္ဌိက ခံနေပါတယ် ဘုရား)။
သဿတဒိဋ္ဌိက ခံနေတဲ့ အတွက်တဲ့နိဗ္ဗာန်တော့ ပြောကြတာပဲ၊ သူ့စိတ်ထဲကပေါ့လေ (မှန်ပါ့) ပြောပင်ပြောကြ ငြားသော်လည်း ကျုပ်တို့တော့ သဘောကလည်း မပါလို့ ထင်ပါရဲ့ သိပ်တော့ အကြိုက်ကြီး မကြိုက်သေးဘူးဆိုရင် သဿတဒိဋ္ဌိသာမှတ်ပေတော့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဒီလိုလူ များလိမ့်မလား၊ နည်းလိမ့်မလားလို့ မောင်သစ်အကဲခတ်စမ်း (များပါတယ် ဘုရား)။
ဟာ ဒါဖြင့် ဘယ်မှာ နိဗ္ဗာန်ရမလဲ၊ နိဗ္ဗာန်မရနိုင်ဘူး၊ ဦးသံဒိုင် ရှင်းပလား (ရှင်းပါပြီ)။
ဘဝပြတ်တရား ဟောလို့ရှိရင် စိတ်မဝင်စားပါဘူး
နိဗ္ဗာန်မရတာဟာ သူကိုယ်တိုင်ကိုက ဘဝထဲပျော်မွေ့ပြီးသကာလ ဘဝပြတ်တရား ဟောလို့ရှိရင် စိတ်ကိုမှ မဝင်စားပါဘူးတဲ့၊ စိတ်ကိုမဝင်စားပါဘူးတဲ့ (မှန်ပါ့) ဘယ်လောက်ကြောက်စရာကောင်းသတုန်း (ကောင်းပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီပုဂ္ဂိုလ် စိတ်မဝင်စားပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ဘဝနိရောဓောနိဗ္ဗာနံကို သူသဘောမကျဘူး (မှန်ပါ့ ဘုရား)။
ဘဝနိရောဓော နိဗ္ဗာနံကို (သဘောမကျပါ ဘုရား)။
ဘဝချုပ်ရင် နိဗ္ဗာန်ဘဲဆိုတာ ဥစ္စာကိုဘဲ သူ့စိတ်ထဲ ဒီအသံကိုမကြားချင်ဘူး (မှန်ပါ့)။
ဒီအသံ မကြားချင်ဘူး၊ ဒီရုပ်နာမ်မရှိလို့ရှိရင် ဘာနဲ့သုံးစွဲပြီး ဘယ်လိုနေလို့ ဘယ်လိုခံရမှန်းမသိဘူး၊ ဘယ်လိုစံရ မှန်းမသိဘူးဆိုတဲ့ အဓိပ္ပါယ် ဦးသံဒိုင် သူ ဒါဘဲ ဝေဖန်တော့တာပဲ (မှန်ပါ့)။
ဒါဖြင့် ဒီ ပုဂ္ဂိုလ် ဘယ်လိုပဲ တရားနာနာ ဘယ်လိုပဲ တရားအားထုတ်ငြားသော်လည်း သူမရနိုင်ဘူးကွတဲ့ (မှန်ပါ့)။
တရားနာလည်း မရနိုင်ဘူးကွ၊ တရားအားထုတ်လည်း (မရနိုင်ပါ ဘုရား) ဘာခံနေသတုန်း (သဿတဒိဋ္ဌိ ခံနေပါတယ်) သဿတဒိဋ္ဌိခံနေတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။
ဒီသားနဲ့ ဒီသမီးနဲ့ ဒီမြေးနဲ့ ဒီမြစ်နဲ့ ဒီဆွေနဲ့ ဒီမျိုးနဲ့၊ သွားခြင်းသွားလည်း တပြုံကြီးမှတဲ့၊ အင်း သူ့ဘဝထဲတော့ သေသေချာချာပျော်ပြီ (မှန်ပါ ဘုရား)။
တပြုံကြီးဆိုတာက တယောက်ကအဝီစိ တယောက်ကနေဝသညာနာသညာယတနဘုံမှာ၊ ခုနင်က ဖားကလေး ဖြစ်နေတယ် ဘယ့်နှယ် လုပ်ဆုံမှာတုန်း (မဆုံပါ ဘုရား) ဒါဖြင့် မသွားဘူးပြောတာနဲ့ ဘယ့်နှယ်တုန်း (အတူတူပါဘဲ) အတူတူပဲဆိုတော့ သဘောကျကြပလား (မှန်ပါ့) အင်း ဘာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်လဲ(သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။
တရားနာရင်းကို ဗွေဖောက်တာဘဲ
သူတရားနာရင်းကို ဗွေဖောက်တာဘဲ (မှန်ပါ့) ဘဝချုပ်ငြိမ်းတဲ့ တရား ဟောလိုက်လို့ရှိရင် မကြိုက်တော့ဘူး၊ စိတ်လဲမဝင်စားဘူး၊ ဒီတရားလဲ မနာချင်ပါဘူး၊ သူများနဲ့ ရောလက်အုပ်ချီပြီး နာငြားသော်လည်း သူ့စိတ်ထဲကတော့ ဖြင့် ဒိဋ္ဌိက အတင်းကန်ထုတ်နေတယ် (မှန်ပါ ဘုရား)။
နိဗ္ဗာန်လည်း ကျုပ်တို့သိပ်ပြီး မလိုချင်သေးဘူးတဲ့၊ ဒါယဉ်အောင်ပြောတာ (မှန်ပါ့) စင်စစ်တော့ လိုကို မလိုချင်တာ (မှန်ပါ့) ဘယ်ဒိဋ္ဌိကတုန်း (သဿတဒိဋ္ဌိကပါ ဘုရား) သဿတဒိဋ္ဌိက သိပ်ကြောက်စရာကောင်းပါလား (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒီဒကာ ဒကာမတွေမှ ဘဝသံသရာ ရှည်ခဲ့တာလဲ ဒို့လဲ ဒိဋ္ဌိဘဲဆိုတဲ့ ဥစ္စာကို ယနေ့ဆုံးဖြတ်ချက်ချ ရင် ရပါပြီ (ရပါပြီ ဘုရား)။
ဘုရားတဆူနဲ့ မတွေ့ရင် တဆူနဲ့တော့ တွေ့ခဲ့တာဘဲ၊ တွေ့ရင် ဒီ ဒိဋ္ဌိနှစ်ခုတော့ဖြင့် သူရှင်းအောင် ဟောတာဘဲ (မှန်ပါ့)ဟောပင် ဟောငြားသော်လည်းကျုပ်တို့ မရခဲ့တာ ထောက်ကြည့်လို့ရှိရင် ဘာထင်ကြသတုန်း (သဿတဒိဋ္ဌိခံနေ လို့ပါ ဘုရား) သဿတဒိဋ္ဌိရှိလို့ပဲ၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဘဝပြတ် ဟောလို့ကိုမရဘူး (မရပါ ဘုရား) မရဘူး၊ သူ့ဟာက ကြောက်စရာကြီးပါသလား (မှန်ပါ ဘုရား)။
အဲဒါ ဘာကြောင့်တုန်းလို့ မေးလို့ရှိရင်ဖြင့် နိရောဓသစ္စာ၏ ချမ်းသာမှု သန္တိလက္ခဏာ ငြိမ်းအေးခြင်း လက္ခဏာကိုလည်း သူမကြိုက်ဘူး၊ မသိလည်း မသိဘူး၊ မိမိခန္ဓာကြီး၏ ဒုက္ခသစ္စာကိုလည်း ဒိဋ္ဌိကခံနေတော့ မသိဘူး (မှန်ပါ ဘုရား)။
ဘယ်ဘုရားနဲ့ တွေ့တွေ့ ဒီ ဒိဋ္ဌိက ကန်ထုတ်ပစ်တယ်
အဲဒီ မသိတဲ့အတွက်တဲ့ ဒီ ဒိဋ္ဌိက ဘယ်ဘုရားနဲ့ တွေ့တွေ့ ဒီ ဒိဋ္ဌိက ကန်ထုတ်ပစ်တယ် (မှန်ပါ့)။
ဘုရားဟာ ဂင်္ဂါသဲမှုန့်နဲ့အမျှ ပွင့်သွားတယ်ဆိုတာ ဒကာ ဒကာမတွေကို ခဏ ခဏ ဟောလို့ ကြားဘူးကြ ပါပြီ (မှန်ပါ ဘုရား) ထိုကဲ့သို့ ကြားဘူးပါလျက်သားနဲ့ ဂင်္ဂါသဲမှုန့်နဲ့ အမျှဆိုတဲ့ ဥစ္စာက ဦးသံဒိုင်ရေတွက်လို့ ရတာမျိုး လား (မရပါ ဘုရား) ရေတွက်လို့ မရဘူး (မှန်ပါ့)။
ထိုကဲ့သို့ မရတဲ့အထဲမှာ ကျုပ်တို့မပါတာဟာ ပေါ်ကြပါပြီ (ပေါ်ပါပြီ ဘုရား) ဘာခံနေသတုန်း (သဿတဒိဋ္ဌိ ခံနေပါတယ် ဘုရား) သဿတဒိဋ္ဌိ ခံနေတယ်။
ဘုရားဟောတိုင်း ဟောတိုင်းဟာ ဘဝပြတ်ချည့်ဟောတာဘဲ (မှန်ပါ့) ဘဝပြတ်ချည့်ဟောတာပဲ၊ ဟောတိုင်း ဟောတိုင်းလဲ သူ့နားထဲမှာ ကြားတော့ကြားတယ်၊ သဘောက မကြိုက်ဘူး (မှန်ပါ့ ဘုရား)။
ကြားတော့ (ကြားပါတယ်) သဘောကတော့ (မကြိုက်ပါ ဘုရား) ဘာဖြစ်လို့ မကြိုက်တာတုန်း (သဿတဒိဋ္ဌိ ခံနေလို့ပါ ဘုရား)။
သဿတဒိဋ္ဌိက ဘယ်ထဲပျော်မွေ့သတုန်း (ဘဝထဲပျော်မွေ့ပါတယ် ဘုရား)။
ဘဝထဲမှာ ပျော်မွေ့ နှစ်ခြိုက်ပြီး သကာလ နေတော့ ခင်ဗျားတို့ကြည့်ပါလား သားကလေး မြေးကလေး ကြည့်နေချင်သေးတယ်၊ မသေချင်သေးဘူး၊ ဒီလိုညည်းတဲ့ ပုဂ္ဂိုလ်တွေရှိတယ်၊ သမီးကလေးတွေ လူလားမြောက်အောင် လို့ နေမယ်ဆို နေလို့ရနေချင်သေးတယ် (မှန်ပါ့) ဘာဒိဋ္ဌိဖြစ်နေသတုန်း (သဿတဒိဋ္ဌိဖြစ်နေပါတယ် ဘုရား) မများ ဘူးလား များသလား (များပါတယ် ဘုရား)။
ကဲ မောင်သစ် ကိုယ့်ကိုယ်တိုင်က ကိုယ့်ကိုယ်ကနေ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ကိုယ့်ကိုယ်ကနေ ဆုံးဖြတ်ချက်ချ၊ ဟိုမှာ သီလရှင်တွေ ဝတ်ထားတာတွေလည်း အင်း နိဗ္ဗာန် လိုချင်လို့ဝတ်တာ၊ ဟုတ်ကဲလား မဟုတ်ဘူးလား၊ တခါ ကိုယ့်ဟာကိုယ်လဲ ဆုံးဖြတ်ချက်ချကြပါဦး ဟင် (မှန်ပါ ဘုရား)။
မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား) ပေါ်လာပြီတဲ့ သဿတဒိဋ္ဌိကပေမဲ့ ဒကာ ဒကာမတို့ အလွန် ကြောက်စရာကောင်းတဲ့တရား (မှန်ပါ့ ဘုရား) ဘယ်ကျမှ ကန့်ကွက်တာတုန်း (နိဗ္ဗာန်ကျမှ ကန့်ကွက်ပါတယ် ဘုရား)။
နိဗ္ဗာန်ကျမှ ကန့်ကွက်တယ်
နိဗ္ဗာန်ကျမှ ကန့်ကွက်တယ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ကျရင်ကန့်ကွက်ပြီ (မှန်ပါ့)။
ဒါနလုပ်ပါကွ ဆိုရင် အို အကြီးအကျယ်လုပ်တယ် (မှန်ပါ့) သီလဆောက်တည်ပါဆိုရင် (အကြီးအကျယ် ဆောက်တည်ပါတယ် ဘုရား) အသက်ရှည်သကိုး (မှန်ပါ့) အကြီးအကျယ်ပဲ သူဆောက်တည်မှာဘဲ (မှန်ပါ့)။
ဟေ့ နိဗ္ဗာန်အလုပ် လုပ်ပါ ဆိုလို့ရှိရင် နောက်တွန့်တယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား) နိဗ္ဗာန်အလုပ် လုပ်ပါဆိုရင် (နောက်တွန့်ပါတယ် ဘုရား) ဘာဖြစ်လို့တုန်း (သဿတဒိဋ္ဌိ ခံနေလို့ပါ)။
အဲဒါကြောင့် တရားဟောစက ခင်ဗျားတို့ကို ပြောပါတယ်၊ ဪ ငါဘာဒိဋ္ဌိရှိတယ်ဆိုတဲ့ ဥစ္စာ ကိုယ့်ဟာကိုယ် အကဲခတ်ကြပါဆိုတဲ့ဥစ္စာ မောင်သစ် ပေါ်ရောပေါ့ (ပေါ်ပါပြီ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။
ဒါဖြင့် သဿတဒိဋ္ဌိရှိသော ပုဂ္ဂိုလ်၏ စိတ်နေ စိတ်ထား သဘောသွားဆိုတာ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) ပေါ် ကြပြီနော် (မှန်ပါ့)။
နက်ဖြန် ခန္ဓာဇာတ်သိမ်းငြိမ်းတဲ့နိဗ္ဗာန် ရောက်ပါလိမ့်မယ်ဆိုလို့ရှိရင်ဖြင့် “ဆိုင်းပါရစေဦး” ဆိုလို့ရှိရင် ဘာဒိဋ္ဌိ ထင်ကြသတုန်း (သဿတဒိဋ္ဌိ ခံနေတာပါ) သဿတဒိဋ္ဌိနော်။
သားကလေးတွေ မြေးကလေးတွေ လူလားမြောက်တာကို ကြည့်ချင်ပါသေးတယ်ဆိုတဲ့ အသွားဟာ ဘယ်သူက လာထွက်တယ်ဆိုတာလည်း အကဲခတ် (သဿတဒိဋ္ဌိက ထွက်တာပါ ဘုရား)။
သဿတဒိဋ္ဌိက အကဲခတ်တယ်ဆိုတာ သူ၏အာဘော်အကုန်ထွက်လာတယ် (မှန်ပါ့) မထွက်တာရယ်လို့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
တော်တော်အရာကျယ်ပါတယ် (မှန်ပါ့) မကျယ်ဘူးလး (ကျယ်ပါတယ် ဘုရား)။
ဆုမျိုးစုံတောင်းနေတဲ့ ပုဂ္ဂိုလ်တွေ မောင်သစ် အကဲခတ်စမ်း ဘာတွေတုန်းက (သဿတဒိဋ္ဌိ ခံနေတာတွေပါ ဘုရား)။
ဒါဘဲ သူက အတောင်းခိုင်းနေတာ (မှန်ပါ) ဘယ်သူက အတောင်းခိုင်းနေတာတုန်း (သဿတဒိဋ္ဌိက အတောင်း ခိုင်းနေတာပါ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့က မသိလို့ ဒိဋ္ဌိက ဘုရားရှေ့ဝင်ရှုပ်နေတာများ ခင်ဗျားတို့က မတွေးမိဘူး၊ ဘုရား ရှိခိုးနေတယ် အောက်မေ့နေတယ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ကတော့ ဘုရားရှိခိုးနေတယ်၊ အဲဒါ ဘုရားရှိခိုးကို မဟုတ်ဘူး၊ ဆုတောင်းနေတာ (မှန်ပါ့)။
ဘုရားရှိခိုးက ပြီးခဲ့ပြီ၊ ရှိခိုးပါ၏ ဆိုပြီး ရှိခိုးရသော အကြောင်းကြောင့်ဆိုရင် သွားပြီ (မှန်ပါ့ ဘုရား)။
ဘုရားရှိခိုးက တိုတိုကလေး (မှန်ပါ) မောင်သစ် ဘုရားရှိခိုးက ရှည်တယ်ထင်သလား (တိုပါတယ် ဘုရား) ဆုတောင်းက (ဆုတောင်းကရှည်ပါတယ် ဘုရား)။
အဲဒါ ဘယ်သူက တောင်းတယ်ထင်သတုန်း (သဿတဒိဋ္ဌိကပါ) ဒိဋ္ဌိကဝင်တောင်းနေတာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အံမာလေး ဒီလူဟာ ဘုရားရှိခိုး ရှည်လိုက်တာလို့ဆိုတော့ အင်း ဂုဏ်တော်တွေ လျှောက်ပြီး ရှိခိုးနေရင်တော့ ဘုန်းကြီးမဆိုလိုပါဘူး (မှန်ပါ့) ရှိခိုးပါ၏ ဆိုပြီး ရှိခိုးရသော အကြောင်းကြောင့် ရှိခိုးရသာ အကျိုးကြောင့် လာလို့ရှိရင် တော့ အင်း သွားပြီ သွားပြီ၊ ဒိဋ္ဌိကဝင်ရှုပ်ပြီး (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ကတော့ သူများရေးထားတဲ့ စာလမ်းဆုံးနေတာ ဆုတောင်းကလေးကောင်းလို့ရှိရင် ကျက်ထားလိုက်တာဘဲ (မှန်ပါ့) မကျက်ကြဘူးလား (ကျက်ကြပါတယ်) ဟ ဘယ်သူက ကျက်တာတုန်း (သဿတဒိဋ္ဌိ က ကျက်တာပါ ဘုရား)။
ဒိဋ္ဌိ အကျက်ခိုင်းတာ ခင်ဗျားတို့က မသိလို့သာ (မှန်ပါ့)။
ဒိဋ္ဌိက အကျက်ခိုင်းတယ်
ဒိဋ္ဌိက အကျက်ခိုင်းတယ်၊ ဆုတောင်းကလေးက နေရာကျလိုက်တာ၊ အင်း နေရာကျတယ်ဆိုလို့ရှိရင် သူ့ဟာ သူသာ အကဲခတ်လိုက်တော့၊ သူ့အကဲခတ်လိုက် (မှန်ပါ့)။
ဒီ ဒကာ ဒကာမတွေထဲမှာ ဆုတောင်းကြီး ရှည်နေပြီဆိုလို့ ရှိရင်ဖြင့် ကိုယ့်ကိုယ်ကို အကဲခတ်ကြပါ၊ ဘာဒိဋ္ဌိ က လာသတုန်း (သဿတဒိဋ္ဌိက လာပါတယ် ဘုရား)။
ဒါ သဿတဒိဋ္ဌိက ဘယ်လောက် အရာကျယ်တယ်ဆိုတာ ဦးသံဒိုင်ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ပေါ်ပြီနော် (မှန်ပါ့) ဒါဖြင့် ဘုရားမှာကရုဏာမရှိလို့လား ပွင့်တိုင်းဘုရားတွေမှာ ဟုတ်လား (မှန်ပါ့) ကိုယ့် သဿတဒိဋ္ဌိကြောင့် လား ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်မရောက်တာ (ကိုယ့် သဿတဒိဋ္ဌိကြောင့်ပါ ဘုရား)။
ဘယ်ဘုရားမဆို လောကတ္ထစရိယံ = လောကကြီးအကုန်ကယ်တင်မည်ဆိုပြီးကျင့်တာ (မှန်ပါ့) ဉာတတ္ထစရိယံ = သူ့အမျိုးတွေလည်း အကုန်ကယ်တင်မည်လို့ ကျင့်တာပဲ၊ ခင်ဗျားတို့လည်း သူ့အမျိုးတွေ မဟုတ်တဲ့အထဲမှာလည်း နေဘူးတယ်၊ ဟုတ်တဲ့အထဲမှာလည်း (နေဘူးပါတယ်) သို့သော်မပါဘူး (မှန်ပါ့)။
ဘာဖြစ်နေသတုန်း (သဿတဒိဋ္ဌိ ခံနေလို့ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အံမာလေး ခင်ဗျားတို့ နက်ဖြန် ဘုရားရှိခိုးကြည့်နော် နက်ဖြန် ဆွမ်းတော်တင်ကြည့်၊ နက်ဖြန်ဘုရားရှိခိုးကြည့်၊ ငါဘာဒိဋ္ဌိတုန်းဆိုတာ ပေါ်လာလိမ့်မယ် (မှန်ပါ့ ဘုရား)။
မပေါ်ပေဘူးလား (ပေါ်ပါတယ်) ပေါ်မှာဘဲ တဲ့။
ပါတဲ့လူတွေ လှလှပလုပ်ကြဟ၊ ဒါမှ နောင်ဘဝ တဲ့ အင်း ဒါဟာ ဒိဋ္ဌိကပေးတဲ့အသံပဲ (မှန်ပါ့)။
ဘယ်သူကပေးတဲ့အသံတုန်း (ဒိဋ္ဌိကပေးတဲ့အလံပါ ဘုရား) ဒိဋ္ဌိကပေးတဲ့အသံ၊ လာတာပဲ၊ မဟုတ်ဘူးလား (မှန်ပါ့)။
အဲဒီတော့ ဆွမ်းတော်ပွဲကလေး ဟိုကမ်း ဒီကမ်းနဲ့ ရှိသေးတယ်၊ မရှိဘူးလး (ရှိပါတယ်)။
တယောက်က ဆွမ်းတော်တင်ပြီးရင် ဟိုတယောက် ပေးလိုက်ပြန်ပြီ၊ ခင်ဗျားတင်ဦး၊ မလာဘူးလား (လာပါ တယ် ဘုရား) ဘာဖြစ်လို့တုန်း၊ အို သားရယ် သမီးရယ်လို့ ဖြစ်လာတော့ သွားတူလာတူပေါ့ (မှန်ပါ့) အင်း လာပြီ ဒိဋ္ဌိ (မှန်ပါ့) မလာသေးဘူးလား (လာပါတယ်)။
သွားတူလာတူဆိုတော့
သွားတူလာတူဆိုတော့ ဟိုသွားလဲ သူက အတူတူပါသွားပြီ (မှန်ပါ့) ဘာဒိဋ္ဌိရှိလို့လဲ (သဿတဒိဋ္ဌိပါ) အံမာ လေး ကြောက်စရာကြီးပါလား (မှန်ပါ့)။
မရိပ်မိဘူးနော်၊ အခု သေသေချာချာ ဖော်ပြလို့ ဪ ငါ ဆွမ်းတော်တင်နေတာ၊ ဆွမ်းတော်တင်နေတာ တော့ဟုတ်ပါရဲ့၊ ဆွမ်းတော်တင်နောက်ဆက်တွဲက ဒိဋ္ဌိကောင်ရှုပ်နေတယ် (မှန်လှပါ ဘုရား)။
ဆွမ်းတော်တင် နောက်ဆက်တွဲမှာ ဘယ့်နှယ်နေကြသလဲ (ဒိဋ္ဌိကဝင်ရှုပ်နေပါတယ်)။
အေးရှုပ်ပေမယ့် ခင်ဗျားတို့က အင်း အမျှသာ ယူကြတော့ အစရှိသည်နဲ့ ဒိဋ္ဌိဝင်ရှုပ်တာကို ခင်ဗျားတို့က မသိဘူး (မသိပါ ဘုရား) အမျှပေးချင်တာသာ စောင့်နေတော့တယ် (မှန်ပါ့)။
မောင်သစ် ပေါ်ပလား (ပေါ်ပါပြီ) ဦးသံဒိုင်ကော ပေါ်ပလား (ပေါ်ပါပြီ)။
များသောအားဖြင့် ဒကာမတွေကသာများတယ် (မှန်ပါ့) ဒီဘက်က ဒီဘက်က (မှန်ပါ့)။
များသောအားဖြင့် (ဒကာမတွေကသာများပါတယ်) ဒကာမတွေဘက်ကသာများပါတယ်။
သူက ဘာကြောင့်တုန်းဆိုတော့ လောဘစရိုက်ကိုး၊ များသောအားဖြင့် (မှန်ပါ့) လောဘစရိုက်ဆိုတော့ လောဘနဲ့ ဒိဋ္ဌိဆိုတာ တွဲလျက်ဘဲ (တွဲလျက်ပါ ဘုရား)။
အဲဒါကြောင့် အငဲ့အပြုများတဲ့ပုဂ္ဂိုလ်မှာ သဿတဒိဋ္ဌိပိုတယ်ဆိုတာ တခါတည်းမှတ်ပါ (မှန်ပါ့) အငဲ့များတဲ့ ပုဂ္ဂိုလ်မှာ (သဿတဒိဋ္ဌိ ပိုပါတယ် ဘုရား)။
အငဲ့များတော့ကို ဘာဖြစ်သလဲလို့ မေးတဲ့အခါကျတော့ကို ခုနင်ကဘဝတွေ ပျော်မွေ့ချင်တဲ့သဘောပါတယ် (မှန်ပါ့) ဘာပါသတုန်း(ဘဝတွေ ပျော်မွေ့ချင်တဲ့သဘော ပါပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘယ်ဒိဋ္ဌိကနေပြီးသကာလ ခေါင်းဆောင်နေတာတုန်းဆိုတော့ ပေါ်သွားပြီ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ) ဘယ်သူတုန်း (သဿတဒိဋ္ဌိပါ ဘုရား)။
အင်း ဆွမ်းတော်တင် နောက်ဆက်တွဲချင်ရင် သူလာလိမ့်မယ်နော် (မှန်ပါ့) ဆွမ်းတော်တင် နောက်ဆက်တွဲက ရှိသေးတယ်၊ ဘုရားရှိခိုးနောက်ဆက်တွဲတာကော (ရှိပါတယ် ဘုရား)။
ရှိသေးတယ်၊ အဲဒါကို ဘယ်သူ ခြယ်လှယ်သည်ဆိုတာကို ကိုယ့်ဟာကိုယ်သိပါ (မှန်ပါ။)
သိလို့ရှိရင်ဖြင့် ဪ ဒါသဿတဒိဋ္ဌိပဲ၊ မင်းတော့နိုင်အောင်သတ်မှဘဲ၊ မင်းခံနေလို့ရှိရင် ဘယ်တော့မှ နိဗ္ဗာန်ရမှာမဟုတ်ဘူးဆိုပြီးသကာလ သူ့ကိုကြိမ်းမောင်းရမည့် အသွားကိုယနေ့ပြောတာပဲ (မှန်ပါ့ ဘုရား)။
ကြိမ်းမောင်းရဲပါ့မလား (ကြိမ်းမောင်းရဲပါတယ် ဘုရား) ဟာ ဆွမ်းတော်မှ မတင်သေးဘဲ ခင်ဗျားတို့ တင်လို့ ရှိရင် ခင်ဗျားတို့က တော်တော်ကြာ ကိုယ်ရတာ လျှောက်ရွတ်လိမ့်ဦးမယ် (မှန်ပါ့) မရွတ်ပေဘူးလား (ရွတ်ပါတယ် ဘုရား)။
ရွတ်လို့ရှိရင်ဖြင့် သူဝင်လာတာ ခင်ဗျားတို့ သိရမယ် သဿတဒိဋ္ဌိဝင်လာပြီး မဝင်လာဘူးဆိုတဲ့ဥစ္စာ ပေါ် လာလိမ့်မယ် (မှန်ပါ့) သဘောပါကြလား (ပါ ပါပြီ) တယ်လဲကြောက်စရာကောင်းပါလား (မှန်ပါ့)။
လောကကြီးကို အကုန် ကယ်တင်မည်
ဒါကြောင့် ခုနင်က စကားကုန် ပြောလိုက်ပါတယ်၊ ဘယ်ဘုရားမှ မဟာကရုဏာတော် မပါဘဲနဲ့ “လောကတ္ထစရိယ ဉာတတ္ထစရိယ ဗုဒ္ဓတ္ထစရိယ” ဆိုတာ ဘယ်ဘုရားမှ မစွန့်ရဘူး (မှန်ပါ့) လောကကြီးကို အကုန် ကယ်တင်မည် ဆိုတဲ့ စိတ်ထားပါရတယ် (မှန်ပါ့) မပါဘူးလား (ပါ ပါတယ် ဘုရား)။
သူ့ အမျိုးအဆွေတော်ဘူးသ၍လည်း အကုန်ကယ်တင်တယ် (မှန်ပါ့) ဒါ ဘုရားနဲ့ မတော်ဘူးတဲ့ ပုဂ္ဂိုလ်က ဒီအထဲမှာရှာပါ (မှန်ပါ့) မဟုတ်ဘူးလား၊ ရှာမှရှားပါတယ် (မှန်ပါ့) ဂင်္ဂါဝါဠု သဲစုဘုရားတွေကိုး (မှန်ပါ့)။
အဲဒီထဲ မပါတာကို ကိုယ်တိုင်ဉာဏ်နဲ့ စဉ်းစားကြည့်ပါ (သဿတဒိဋ္ဌိခံနေလို့ပါ ဘုရား)။
ဟော သူ့ဟာသူ ထွက်လာပြီကော (မှန်ပါ့) ဒကာ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘုရားသခင်တို့မှာ မဟာကရုဏာတော် မပါတဲ့ဘုရားရှိခိုးရဲ့လား (မရှိပါ ဘုရား) ဘယ့်နှယ်ကြောင့် ဒို့အပေါ် ကရုဏာမနှံ့ပါလိမ့်မတုန်းလို့ ဆိုမလား မဆိုဘူးလား၊ ခင်ဗျားတို့ အရမ်းဆိုရင်တော့ ဆိုလိမ့်မယ် (မှန်ပါ့)။
ကရုဏာတော်က နှံ့တယ် (မှန်ပါ့) မလိုက်ချင်တာက ပိုလာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ကိုယ်တော့ ဟာ ကိုယ်တော်ကြွပါထဲကပဲ၊ ရှင်းပလား (ရှင်းပါပြီ)။
ဘာတဲ့တုန်း (ကိုယ်တော်ဟာ ကိုယ်တော်ကြွပါထဲကပါ) ကိုယ်တော့ဟာ ကိုယ်တော်ကြွပါ ထဲကကျနေတာ (မှန်ပါ့) ဘာဒိဋ္ဌိကနေ တွန်းထုတ်နေသတုန်း (သဿတဒိဋ္ဌိကနေတွန်းထုတ်ပါတယ်)။
ဘုရားလက်လျှော့တဲ့ အထဲမှာ
အဲဒါ ဘုရားလက်လျှော့တဲ့ အထဲမှာဖြင့် အခုကျန်နေတဲ့ ဒကာ ဒကာမတွေ ပါပြီးသားဆိုတာ ဆုံးဖြတ်ချက် ချ (မှန်ပါ ဘုရား)။
အခုတော့ ဘုန်းကြီးများက ကိုင်း ဒကာ ဒကာမတို့က ဒီဥစ္စာ သဿတဒိဋ္ဌိရှိနေလို့ရှိရင် ဘဝထဲမှာဘဲ၊ ဘဝဆိုတာ ဘယ်ဘဝရရ ခင်ဗျားတို့ ဇာတိ ဇရာ ဗျာဓိ မရဏ သောက ပရိဒေဝ ဒုက္ခဒေါမနဿတို့၏ လောင်စာနဲ့ ထင်းချည်းပါပဲ (မှန်ပါ့) ဘယ်ဘဝမဆို လောင်စာထင်းချည်းဘဲ (မှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဘယ်ဘဝမဆို (လောင်စာထင်းချည်းပါ ဘုရား)။
အဲဒါ သေသေချာချာ သိထားတော့မှ ဪ ဘဝပျော်မွေ့တယ်ဆိုတာ ဒုက္ခသစ္စာထဲ ပျော်မွေ့တာပါလား (မှန်ပါ့)။
ဘယ်သစ္စာထဲ ပျော်မွေ့တာပဲဆိုတဲ့ဥစ္စာ (ဒုက္ခသစ္စာထဲ ပျော်မွေ့ပါတယ်)။
ဒုက္ခသစ္စာထဲ ပျော်မွေ့တာပဲဆိုတဲ့ဥစ္စာ မောင်သစ် သေချာပြီကွ (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် သဿတဒိဋ္ဌိ အကြောင်းတော့ အခု နာရီဝက်သာသာပြောပြီးလို့ ဪ ကိုယ့်အကြောင်းကို ကိုယ်အကဲခတ်နိုင်ကြပါပြီ (မှန်ပါ့) မခတ်နိုင်သေးဘူးလား (ခတ်နိုင်ပါပြီ)။
အဲ ဘယ်အချိန် အကဲခတ်ရမှာတုန်းဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ အလှူအတန်းပေးတဲ့အချိန်မှာ သူ့ သတ္တိပါ တတ်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အလှူအတန်းပေးတဲ့အချိန်မှာ (သူ့သတ္တိပါတတ်ပါတယ် ဘုရား)။
အဲဒီ့အချိန် အကဲခတ်ပါ ၊ အခုအချိန် တရားနာတုန်းကို သိပ်မရသေးဘူး (မှန်ပါ့ ဘုရား)။
ဆွမ်းတော်တင်တော့မယ်၊ ကျောင်းကန်ဘုရားလှူတော့မယ်၊ လှူတော့မယ် တန်းတော့မယ် ဆိုတော့မှ စိတ်မချလုံးကလေး ပါပါလာလို့ရှိရင် သူကဆွဲပြီအောက်မေ့ပေတော့ (မှန်ပါ့)။
ဒုက္ခဝဋ်မှကျွတ်ရပါလို၏ ဆိုပြီးတော့ ဒုက္ခဝဋ်မှ မကျွတ်ခင်စပ်ကြား တလုံးပါလာလို့ရှိရင် သူသာမှတ်ပေတော့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
နိဗ္ဗာန်မရမီစပ်ကြား ဆိုတာ
နိဗ္ဗာန်မရမီစပ်ကြား ဆိုတာတွေဟာ မောင်သစ် ဘယ်သူထင်သတုန်း (သဿတဒိဋ္ဌိပါ ဘုရား)။
ဒါမင်းတို့ အခု ဒိဋ္ဌိနှစ်ပါးကို ကောင်းကောင်းမသိတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့လို့ ရှိရင်ဖြစ်တဲ့ ဒီဥစ္စာပါလာတာဘဲ (မှန်ပါ့) မပါလာဘူးလား (ပါလာပါတယ်)။
ကိုင်း ဒါဖြင့် ကိုယ့်ဟာ ကိုယ်အကဲခတ်တတ်ပလားလို့ မေးလိုက်တယ် (ခတ်တတ်ပါပြီ) ခတ်တတ်ပြီနော် (မှန်ပါ့ ဘုရား)။
ဘယ်အချိန်တုန်း မေးတဲ့အခါကျတော့ ဘာတံမြက်စည်း ကလေးလှဲလှဲ ရေအိုးစင်တည်တည် ကျောင်းကန် ဘုရားပဲလုပ်လုပ် တပို့တွဲ နှမ်းမနဲဘဲထိုးထိုး သူရှိရင်သူလာတာဘဲ (မှန်ပါ့ ဘုရား)။
သူရှိရင် (သူလာပါတယ် ဘုရား) အေး သူမရှိရင် မလာပေဘူး (မှန်ပါ့)။
သူရှိလို့ရှိရင်တော့ (လာပါတယ်) လာမှာဘဲဆိုတဲ့ဥစ္စာ ခင်ဗျားတို့နက်ဖြန်မိုးလင်းရင် သိပါပြီ၊ ငါ ဘာဒိဋ္ဌိ တုန်းဟေ့ဆိုတာ ဒီအတိုင်းရှာပေတော့ (မှန်ပါ့)။
လာမယ် လာမယ် သူ့သတ္တိကို အကုန်ပြမယ် (မှန်ပါ့) မပြပေဘူးလား (ပြပါတယ် ဘုရား)။
ကဲ ဒါဖြင့် သဿတဒိဋ္ဌိ စိတ်နေစိတ်ထား သဘောသွား သဿတဒိဋ္ဌိရှိသော ပုဂ္ဂိုလ်၏ စိတ်နေ စိတ်ထား သဘောသွားကို အခုနာရီဝက်သာသာ ပြောပြီးပြီ (မှန်ပါ့) ဥစ္ဆေဒဒိဋ္ဌိပြောပြဦးမယ် (မှန်ပါ့)။
ဥစ္ဆေဒဒိဋ္ဌိက ဘဝပြတ်တာကိုကြိုက်တယ်
ဥစ္ဆေဒဒိဋ္ဌိက သူက ဘဝပြတ်တာကိုကြိုက်တယ် (မှန်ပါ့) ကြိုက်ပြီးတော့ သူကလွန်သွားတတ်တယ်၊ ဘယ်လို လွန်သွားသတုန်းမေးတဲ့အခါကျတော့ ဘာမှမဖြစ်ရင် ကောင်းတယ် (မှန်ပါ့) သူက ဘာမှမဖြစ်ရင် ကောင်းတယ်ဆို တော့ နိဗ္ဗာန်တနေ့ဟောခဲ့တယ်၊ နိဗ္ဗာန်ဆိုတာဟေ့ ဒုက္ခချုပ်ပြီး သုခရှိတာကို နိဗ္ဗာန်ခေါ်တယ် (မှန်ပါ့ ဘုရား) ဘုန်းကြီးတို့ ကဟောတယ်၊ ဘုရားကဟောတဲ့အတိုင်း (မှန်ပါ့)။
ဒုက္ခချုပ်ပြီး သုခပေါ်လာတာ (နိဗ္ဗာန်ပါ ဘုရား) ဒုက္ခကတော့ချုပ်သွားတယ် (မှန်ပါ့) သုခသစ္စာကတော့ပေါ် လာပါတယ်ဘုရား။
အတ္ထိဘိက္ခဝေ ကိုး၊ ဘိက္ခဝေ = ရဟန်းတို့၊ နိဗ္ဗာနံ=နိဗ္ဗာန်သည်၊ အတ္တိ=ရှိ၏။ သူကိုယ်တိုင် တခါတည်း ဟောထားတယ် ဥဒါန်းပါဠိတော်များမှာ (မှန်ပါ့)။
ရှိပါတယ်၊ ဟောတဲ့ဥစ္စာ သူကပြတ်ရင် ကြိုက်တယ်၊ ဒီမပြတ်လို့ ခက်နေတာ (မှန်ပါ့) ဒီတော့ သူကတော့ လဲ လွန်သွားပြီကွတဲ့၊ သဘောကျပလား (ကျပါပြီ)။
ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်က (လွန်သွားပါပြီ ဘုရား) ဘာမှ မဖြစ်ရင် ကျုပ်ကြိုက်တာဘဲ (မှန်ပါ့)။
ဘာမှမဖြစ်ရင် ကျုပ်ကြိုက်တာပဲဆိုတော့ ဒကာ ဒကာမတွေ သူကတော့အကြံလွန်သွားပြန်ပြီ (မှန်ပါ့) ဒီထဲမှာ ရှိတဲ့ ဓါးခုတ် လှံထိုး မင်းစိုးရာဇာတို့၏ ဩဇာတိက္ကမတွေကို အမျိုးမျိုး ညှင်းဆဲတယ်၊ ခံနေရတယ် (မှန်ပါ့) ဒီရုပ်နာမ်ရှိနေ လို့၊ ရုပ်နာမ်မရှိရင်ပြီးတာပဲ၊ ဘယ်လိုနေရနေရ သူက ဒီဘက်လှည့်သွားတယ် (မှန်ပါ့)။
နိဗ္ဗာန်ကို ကျော်လွန်သွား တယ်
သူက ဘာဖြစ်သွားသတုန်း (ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားပါတယ် ဘုရား) ဒီလိုမလုပ်နဲ့၊ သူက နိဗ္ဗာန်ကို ကျော်လွန်သွား တယ်။ (ကျော်လွန်သွားပါတယ်) သဘောကျပလား (ကျပါပြီ)။
လွန်ထွက်သွားတယ်တဲ့၊ သူကြံတာနဲ့သူ (မှန်ပါ့) အင်း ရုပ်နာမ်ရှိနေတဲ့အတွက် သူများက မျက်စောင်းထိုး အမျိုးမျိုးအဖုံဖုံ ကဲ့ရဲ့သင်္ဂြိုဟ် စကားတင်းဆိုတာခံရ၊ ရုပ်နာမ် မရှိလို့ရှိရင်ဖြင့် ဘာမှမရှိဘူး၊ ဘယ်သူ ဘာပြောစရာရှိ သေးသတုန်း၊ ဒီတော့ မရှိတာကျုပ်ကြိုက်တယ်ဆိုတော့ သူကရုပ်နာမ်မရှိတာသာကြိုက်တာ၊ နိဗ္ဗာန်မကြိုက်ပြန်ဘူး၊ ဘာဖြစ်သွားပြန်သတုန်း (လွန်သွားပါတယ် ဘုရား)။
လွန်သွားပြန်တယ်၊ ဒါမရှိရင် ဟိုဟာရှိရမှာကိုး (မှန်ပါ့) အဲဒီကို သူကမသွားဘူးစိတ်က (မှန်ပါ့) သွားရဲ့လား (မသွားပါ ဘုရား) မသွားတော့ သူကလည်း အကြံ လွန်သွားပြန်တယ် (မှန်ပါ့)။
အဲဒီပုဂ္ဂိုလ်ဟာလဲတဲ့ ဒကာ ဒကာမတိုက ဒိဋ္ဌိတမျိုးဘဲ၊ ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့) သူဝမ်းထဲရှိနေလျက်နဲ့ တရားအား ထုတ်ရင် သူက ဝင်တားတာပဲ၊ မရနိုင်ဘူးတဲ့ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ)။
သူဝမ်းထဲရှိနေလျက်နဲ့ အဖြစ်အပျက် အလုပ်တွေ ဆရာဘုန်းကြီးက ဘယ်လိုပဲ အာပေါက်အောင်ပေး၊ ခင်ဗျားတို့ကလည်းကြိုးစား၊ ဥစ္ဆေဒဒိဋ္ဌိရှိနေတဲ့အတွက် မရနိုင်ဘူးကွတဲ့ (မှန်ပါ့) လွန်သွားပြီ (မှန်ပါ့) သဘောပါကြ ပလား (ပါပါပြီ)။
ဒိဋ္ဌိနှစ်ခုကြားသွားဖို့တယ်မလွယ်ဘူး
အင်း ဒီ ဒိဋ္ဌိနှစ်ခုကြားသွားဖို့တယ်မလွယ်ဘူးနော် (မှန်ပါ့)တယ်မလွယ်ပါဘုရား အတော်ခဲယဉ်းတယ် (မှန်ပါ့)။
သူကလည်း နိဗ္ဗာန်ကို သဘောကျတာလား၊ သူကတော့ ဘာတုန်းလို့ မေးရင်ရုပ်နာမ်ရှိလို့ ဓါးခုတ်လှံထိုး ခံရတယ်၊ သူများ ကဲ့ရဲ့သင်္ဂြိုဟ် စကားတင်းဆိုခြင်း ခံကြရတယ်၊ မင်းစိုးရာဇာတို့ဝိုင်းပြီးသကာလ မွှေကြနှောက်ကြ နှိပ်စက်ကြတယ်၊ အဲဒီတော့ ရုပ်နာမ်အပြစ်ပဲတဲ့၊ တည့်သလိုလိုနဲ့ သူကစောင်းထွက်သွားတယ် (မှန်ပါ့)။
အဲဒီတော့ သူမရှိတာသာ ကျုပ်ကြိုက်တာဘဲ (မှန်ပါ့) သူကတော့ ရုပ်နာမ်မရှိတာသာ ကြိုက်နေတော့ သူက လည်းမရှိ တလုံးသာပိုင်တာ၊ မှန်သလိုလိုနဲ့ သူကမှားတယ် (မှန်ပါ့)။
ဘာဒိဋ္ဌိတုန်း (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား) သူကတော့ အပြတ်ကြိုက်တယ်၊ ဘယ်လို အပြတ်ကြိုက်နေသတုန်းလို့ မေးလို့ရှိရင်ဘဝကိုသူက စက်ဆုပ်နေတာကိုး (မှန်ပါ့)။
”ဘဝေနေဝ အဋ္ဋီယမာနာ ဟရာယမာနာ ဇိဂုစ္ဆမာနာ” ဘဝကို သူက စက်ဆုပ်တယ်၊ “တေသံ ဘဝ နိရောဓေ ပက္ခန္ဒတိ။ ဘဝနိရောဓာယ ဒိဋ္ဌိစိတ္တံ ပက္ခန္ဒတိ” ကြိုက်တယ်တဲ့၊ ကျုပ်တို့က ဒီလိုပြတ်သွားတာကြိုက်တာဘဲဆိုပြီး သကာလ သူကလည်းအပြတ်ကြိုက်ကြိုက်ဖြစ်နေတော့လဲ နိဗ္ဗာန်ကလဲ ရုပ်နာမ်မရှိလို့ရှိရင်ဖြင့် နိဗ္ဗာန်ရှိတော့မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ရုပ်နာမ်မရှိရင် (နိဗ္ဗာန်ရှိပါတယ်) နိဗ္ဗာန်ပေါ်လာရမယ် (မှန်ပါ့)။
ရုပ်နာမ်ဖုံးကွယ်နေလို့ နိဗ္ဗာန်မမြင်ရဘူး
ရုပ်နာမ်ဖုံးကွယ်နေလို့ နိဗ္ဗာန်မမြင်ရဘူး (မှန်ပါ့) ရုပ်နာမ်ဖုံးကွယ်နေလို့) နိဗ္ဗာန်မမြင်ရပါ ဘုရား)။
နေ့လည်က ပြလိုက်တယ် ဒီဥစ္စာကို ကြားလိုက်ကြတယ်မဟုတ်လား (မှန်ပါ့) ၂-နံပါတ်ဖုံးနေတဲ့အတွက် ၂-နံပါတ် ထဲရှိတဲ့ နိဗ္ဗာန်ကိုမမြင်ဘူး (မှန်ပါ့) နေ့လည်က ဟောလိုက်တယ် ပဋိစ္စသမုပ္ပါဒ်မှာနော် (မှန်ပါ့ ဘုရား)။
၂-နံပါတ် ဒုက္ခသစ္စာကြီးကိုမကျော်လွှားနိုင်တာနဲ့ ၂-နံပါတ်အထဲမှာပါတဲ့ နိဗ္ဗာန်ကို ခင်ဗျားတို့ မရောက်ကြ ဘူး (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
၂-နံပါတ် ဒုက္ခသစ္စာကြီးကို မကျော်လွှားနိုင်တာနဲ့ ၂-နံပါတ်ထဲမှာဘဲရှိတဲ့ နိဗ္ဗာန်ကိုမရဘူး၊ ပဋိစ္စသမုပ္ပါဒ် အဝိုင်းကြီးသွားကြည့်ပါ (မှန်ပါ့)။
၂-နံပါတ်ဘယ်မှာတုန်း ဒုက္ခသစ္စာထဲပါတယ်(မှန်ပါ့) ၂-နံပါတ်မှာဘဲ နိရောဓသစ္စာ (ပါပါတယ်) ပါတယ် ပဋိစ္စသမုပ္ပါဒ်အဝိုင်းကြီးမှာ (မှန်ပါ့)။
”ဝေဒနာ နိရောဓာ တဏှာနိရောဓော” နိဗ္ဗာန်ဟုတ်လား (မှန်ပါ့) တနည်းအားဖြင့်လည်း ခန္ဓာနိရောဓော နိဗ္ဗာနံ ပေါ့လေ၊ ပေါင်းဆိုလိုက်ရင် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
အဲဒါ နိဗ္ဗာန်ဟာ ရှိတယ်လို့ ဥစ္ဆေဒဒိဋ္ဌိသမားက မယူဘဲနဲ့ခန္ဓာကိုသာ စက်ဆုပ်ပြီး သကာလ ခန္ဓာမရှိတာ တခုတည်းကြိုက်နေပြန်တော့လည်း လွန်သွားပြန်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခန္ဓာမရှိတာ တခုတည်းကြိုက်နေပြန်တော့ (လွန်သွားပါတယ် ဘုရား) လွန်သွားတယ်။
အဲဒီ ပုဂ္ဂိုလ်ကလဲတဲ့ ဘာဒိဋ္ဌိရှိသတုန်း (ဥစ္ဆေဒိဒိဋ္ဌိရှိပါတယ်) အဲ ဥစ္ဆေဒဒိဋ္ဌိကတော့လည်း လွန်သွားသော ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ နိဗ္ဗာန်မရနိုင်ပြန်ဘူး (မှန်ပါ့)။
တသံသရာလုံး အလည်လမ်းကို မရောက်ဘူး
အလည်လမ်းကို မရောက်ဘူး (မှန်ပါ့) ခင်ဗျားတို့ တသံသရာလုံးလာတာ အလည်လမ်းကို မရောက်ဘူး (မှန်ပါ့)။
တခါတလေ ဒေါသဖြစ်တဲ့ အခါကျတော့ ဒီရုပ်နာမ်ကြီးရှိလို့ ခက်တယ်ကွာ၊ ရုပ်နာမ်မရှိရင် ကောင်းတာဘဲ ဆိုပြန်တော့လည်း ဥစ္ဆေဒဒိဋ္ဌိဘက် ပြေးသွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ရုပ်နာမ်အပြတ် ဟောလိုက်ပြန်တော့လဲ ခုနင်က ပြောသလို ဒကာ ဒကာမတွေက ရုပ်နာမ်ထဲသွားပြီး ဘုံဘဝထဲ သွားပြီး ပုန်းအောင်းနေတယ် (မှန်ပါ့) အလည်လမ်းကို မတက်ဘူး (မှန်ပါ ဘုရား)။
နိဗ္ဗာန်ကလဲ မောင်သစ်အလည်လမ်းက သွားရမှာ (မှန်ပါ ဘုရား) နိဗ္ဗာန် ဘယ်လမ်းက သွားရမယ် (အလည် လမ်းက သွားရမှာပါ ဘုရား)။
အလည်လမ်းကသွားရမည့်ဥစ္စာကိုဦးသံဒိုင် အလည်လမ်းက သွားရမည့်ဥစ္စာကို ဦးသံဒိုင် အလည်လမ်းကို မတက်မိဘူး (မှန်ပါ့) ဘေးတက်လိုက်၊ ဒီဘက်ဘေးတက်လိုက်၊ ဟိုဘက်ဘေးတက်လိုက်၊ အလည်လမ်းကို မရောက် ဘူး (မှန်ပါ ဘုရား)။
တခါတလေကျပြန်တော့ သားနဲ့ သမီးနဲ့ပျော်နေတဲ့ အခါကျတော့ ဒီလိုများနေရတယ်ဆိုရင် အသက်ရှည်ချင် ပါသေးရဲ့ (မှန်ပါ့) ဒီကျတော့ သဿတဒိဋ္ဌိက စောင်းတယ် (မှန်ပါ့) ဟာ နင်တို့နဲ့ နေရတာ သေဘဲ သေချင်ပါတယ် ဆိုတော့ ဥစ္ဆေဒဒိဋ္ဌိဘက် စောင်းတယ်၊ ဒီနှစ်လမ်းဘဲ ပြောနေကြတယ်၊ အလည်လမ်းကို စကားပြောသံ ကြားဘူးရဲ့ လား (မကြာဘူးပါ ဘုရား)။
ကျုပ်တို့မပါတဲ့ သတ္တိဟာဒါဘဲ
ဟာ ဒါကြောင့်လဲ ဂင်္ဂါဝါဠုသဲစုမက ဘုရားတွေပွင့်သွားတာ ကျုပ်တို့မပါတဲ့ သတ္တိဟာဒါဘဲ (မှန်ပါ့) တခါ တလေဥစ္ဆေဒဘက် စောင်းပြေးလိုက်၊ တခါတလေကျတော့ သဿတဘက် စောင်းပြေးလိုက် (မှန်ပါ့)။
တခါတလေ သားနဲ့ သမီးနဲ့ စီးပွားရေးနဲ့များ အကြောင်းညီညွတ်လို့ အဆင်ကလေးများ၊ ပြေနေတဲ့အခါကျ တော့မသေချင်ဘူး၊ လာတာပဲ (မှန်ပါ့) မလာဘူးလား (လာပါတယ်)။
သူများ မပြောရှိရမယ်၊ ကိုယ့်ဝမ်းထဲက (သဘောကျပါတယ်) ကိုယ့်ဝမ်းထဲမတော့ ဒီဥစ္စာသဘောကျတယ် (မှန်ပါ့) ဒါက ဘယ်သူကသဘောကျနေတာလဲ (သဿတကသဘောကျနေတာပါ ဘုရား)။
အဲဒီကျတော့ သားကလည်း ထော်လော်ကန့်လန့်၊ သမီးကလည်း ထော်လော်ကန့်လန့်၊ မဟုတ်ဘူးလား (မှန်ပါ့) ကိုယ်ကလဲခန္ဓာကမမာ၊ လာပြီ ကဲ သေရင်လည်း အေးတယ် (မှန်ပါ့) မလာဘူးလား (လာပါတယ်) ဒါက ဘာဒိဋ္ဌိလဲ (ဥစ္ဆေဒဒဋ္ဌိပါ) ဒီဘက်ချည့်သွားပါလား (မှန်ပါ ဘုရား)။
ဒကာ ဒကာမတွေ ဘယ်ဘက်ချည့် လှည့်နေသတုန်း (ဥစ္ဆေဒဘက်ချည့်လှည့်နေပါတယ်) စိတ်ပျက်တော့ ဥစ္ဆေဒ (မှန်ပါ့) စိတ်ပျော်တော့ (သဿတပါ ဘုရား)။
ကဲ ဒါကြောင့် တမြန်နေ့ကပဲ ပြောလိုက်ရသေးတယ်၊ ဦးသံဒိုင်တို့ ဒီကကြားမှာပေါ့မကြားဘူးလား (ကြားပါ တယ် ဘုရား) ပြုံးလမ်း မဲ့လမ်းဟေ့ (မှန်ပါ့) ဒါဟောနေတာ အခုဟာ (မှန်ပါ ဘုရား)။
ပြုံးလမ်း မဲ့လမ်းဟေ့ဆိုတာ ရှင်းပလား (ရှင်းပါပြီ) ခင်ဗျားတို့ သားနဲ့သမီးနဲ့ ပစ္စည်းနဲ့အဆင်ပြေနေတော့ အင်း ဒီအချိန်ဖြင့် မရဏမင်းခေါ်လို့သာ လိုက်ရမယ်၊ ကျုပ်တော့မသေချင်သေးပါဘူးတဲ့ (မှန်ပါ့) ဘာတုန်းသူက (သဿတဒိဋ္ဌိပါ) ထော်လော်ကန့်လန့်တွေနဲ့ တွေ့ပြီဆိုမှဖြင့် (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။
ထော်လော်ကန့်လန့်နဲ့ တွေ့ပြန်တော့ ဥစ္ဆေဒဒိဋ္ဌိဘက် ပြေးပြန်တာပဲ (မှန်ပါ ဘုရား) အံမာလေး ကြောက်စရာ ကြီးပါလား (မှန်ပါ့)။
ခင်ဗျားတို့က အလည်လမ်းကို မတက်ဘူးပါဘူး (မှန်ပါ့) ဘယ့်နှယ်နေကြသလဲ (အလည်လမ်းကို မတက်ဘူးပါ ဘုရား)။
အလည်လမ်းကို တခါမှ မတက်ဘူးဘူးတဲ့၊ တခါတလေ သဿတဘက်ပြေးလိုက်၊ တခါတလေ ဥစ္ဆေဒဘက် ပြေးလိုက်၊ အလယ်လမ်းရှိမှန်းလဲ မသိဘူး (မှန်ပါ့) စိတ်ပျက်တာနဲ့ စိတ်ပျော်တာသာရှိတာကိုး (မှန်ပါ့) အလယ်လမ်း ကို မပါဘူး (မပါ ပါ ဘုရား)။
မပျော်မပျင်းတဲ့လမ်းကို တခါမှမသွားဘူး (မသွားဘူးပါ ဘုရား) ဘယ်လောက် အရုပ်ဆိုး အကျည်းတန်တဲ့ နေမှုနဲ့နေခဲ့ရတယ်ဆိုတဲ့ ဥစ္စာ မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ ဘုရား)။
အဆင်ပြေရင် သဿတ(မှန်ပါ့) အဆင်မပြေရင် (ဥစ္ဆေဒပါ) ဥစ္ဆေဒ၊ အဲဒါ ဘဝတိုင်း ဒါချည်းလာတာပဲ (မှန်ပါ့)။
အလယ်လမ်းကမှ သွားလို့ရတယ်
အဲဒီတော့ နိဗ္ဗာန်ကလဲ သွားချင်လို့ရှိရင် အလယ်လမ်းကမှ သွားလို့ရတယ် (မှန်ပါ့) သဿတလမ်းက သွား လည်း (မရပါ ဘုရား) ဥစ္ဆေဒလမ်းက သွားလည်း (မရပါ ဘုရား)။
ကဲ ဦးသံဒိုင် ဘယ်က သွားမတုန်း (အလယ်လမ်းက သွားရပါမယ်)။
အလယ်လမ်းလဲ ခင်ဗျားက မတက်မိဘူး (မှန်ပါ့) ခက်လိုက်တာ၊ အကြောင်းမညီညွတ်ရင်လဲ ကွာ သေတာ အေးသေးတယ်၊ အင်း ဥစ္ဆေဒဘက်၊ သေတာ ဘယ်အေးရမလဲ (မှန်ပါ့) အေးရဲ့လား (မအေးပါ)။
မအေးပါဘူးတဲ့၊ သေတာက ဒုက္ခသစ္စာဘဲ၊ နောက်ပဋိသန္ဓေနေပြန်တော့ကော (ဒုက္ခသစ္စာပါ)။
ဘယ်အေးရမလဲ၊ သေတာ အေးတယ်လို့ သူပြောခဲ့တယ် (မှန်ပါ့) သူက လွန်သွားတယ် အဲဒါကျတော့ (မှန်ပါ့) မလွန်ဘူးလား (လွန်ပါတယ်)။
ဥစ္ဆေဒက လွန်လွန်ထွက်သွားတယ် (မှန်ပါ့) သဿတကတော့လဲ ဘဝပျော်မွေ့လိုက်တာ သူ့ဟာ လွန်နေတာ ဘဲ (မှန်ပါ့)။
ကိုင်း ဒါဖြင့် သဿတလမ်းကလည်း ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မရောက်နိုင်ဘူးကွ၊ သဿတလမ်း က ကာမသုခလ္လိကာ နုယောဂလမ်း (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဥစ္ဆေဒလမ်းက အတ္တကိလမထ ခန္ဓာကိုယ်ကြီး ဆင်းရဲတဲ့ အချိန်မှ သူက ပေါ်ပေါ်လာတယ် (မှန်ပါ့) ရှင်းပ လား (ရှင်းပါပြီ)။
ဒါဖြင့် ဘယ်လမ်း လိုက်ကြမယ် (အလယ်လမ်း လိုက်ပါမယ် ဘုရား)။
အို ခင်ဗျားတို့ အပြောဘဲ အလယ်လမ်းဖြစ်နေတယ်။
ကဲ ယနေ့ ဒီတွင် တော်ပါဦးစို့။
သာဓု သာဓု သာဓု။