ကိုယ်သာနာ၍ စိတ်မနာစေနဲ့
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလလာရိပ်သာဓမ္မာရုံ၌
ဟောကြားတော်မူသော
ကိုယ်သာနာ၍ စိတ်မနာစေနဲ့
ပဋိစ္စသမုပ္ပါဒ် တရားတော် (၁၃)
(၄-၁၂-၆၁)
ဒကာ ဒကာမတွေ ယခု နေ့တိုင်းပဲ တရားနာနေကြတာ ဘယ်အကျိုးငှာတုန်းလို့ မေးလို့ရှိရင်ဖြင့် ကိုယ့်ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်ဖြတ်တာလို့ မှတ်ရမယ် (မှန်လှပါ ဘုရား)၊ တရားနာတာသည် ဘယ်အကျိုးငှာပါလိမ့် (ကိုယ့် ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်ဖြတ်တာပါဘုရား)၊ ကိုယ့်ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်ဖြတ်တယ်လို့ မှတ်ထားကြပါ (မှန် လှပါ)။
ဪ ကိုယ့်ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို ဒီမှာ ဆရာဘုန်းကြီးက ပြတယ်၊ ကိုယ့်ခန္ဓာပဋိစ္စသမုပ္ပါဒ်က စတော့ သမုဒယသစ္စာက စတယ် ရတော့ ဒုက္ခသစ္စာရတယ် (မှန်လှပါ)။
ခန္ဓာပဋိစ္စသမုပ္ပါဒ်
သမုဒယ စရင် ဒုက္ခရတယ် (မှန်လှပါ)၊ တစ်ခါ ဒုက္ခထဲက သမုဒယပေါက်ပွားပြန်ရင်လည်း ဘာရမလဲ (ဒုက္ခပဲ ရပါမယ် ဘုရား)။
ဪ ခန္ဓာပဋိစ္စသမုပ္ပါဒ်ဟာ ဘာပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက စဉ်းစားလိုက်တော့ ၁ ပြုလုပ်လို့ ရင် ၂ ရတယ် (မှန်ပါ့)၊ ၂ ထဲက တစ်ခါ ပေါက်ပွားလာပြန်လို့ရှိရင် ၃ ဖြစ်တယ် (မှန်ပါ့ ၃ ဖြစ်ပါတယ် ဘုရား)၊ ၃ ဖြစ်တော့လည်း တစ်ခါ ၄ ဒုက္ခသစ္စာရတယ် (ရပါတယ် ဘုရား)။
ဒါ ပဋိစ္စသမုပ္ပါဒ် လက်ကိုင်ရှိတဲ့ပုဂ္ဂိုလ်တွေ ကိုယ့်ခန္ဓာအစဉ်ကဖြင့် ဆရာကောင်း သမားကောင်းနဲ့လည်း မတွေ့၊ ဖြတ်နည်းတောက်နည်း နိဿယည်းကိုလည်း မရတော့ပါဘူးဆိုလို့ရှိရင် ဒကာကြွယ် ဒုက္ခသမုဒယ + သမုဒယဒုက္ခ ဒါပဲလှည့်နေတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဒကာကြွယ် ဘာတွေလှည့်နေပါလိမ့် (ဒုက္ခသမုဒယ + သမုဒယဒုက္ခ လှည့်နေပါတယ် ဘုရား)။
ဒါပဲ ဦးလှဘူး လှည့်နေတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ အဲဒီတော့ သမုဒယဆိုတာလည်း ဒကာ ဒကာမတို့ ကိလေသာမီးလို့ ပြောတယ်။ ဒုက္ခဆိုတာလည်း ထင်းလို့ပြောတယ် (မှန်လှပါ)၊ ခန္ဓာငါးပါးက ထင်း ပေါဗျာ၊ မီးနဲ့ထင်းသာ လှည့်နေတာပဲ (မှန်လှပါ)။
မီးနဲ့ထင်းပဲ လှည့်ဖြစ်နေတာ
ထင်းသိမ်းတယ်၊ မီးငြိမ်းတယ် လို့ လာရဲ့လား (မလာပါ ဘုရား)၊ ထင်းသိမ်းတယ် မီးငြိမ်းတယ်လို့ မလာ ပြန်တော့လည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ တဲ့ ဒို့ ရှေးတုန်းက ဘယ်လိုနေခဲ့ရသတုံး၊ စကြဝတေးမန္ဓတ် ဗြဟ္မာမင်းကြီးတွေများ ဖြစ်ခဲ့သလားလို့ မေးတော့ သမုတိသစ္စာကတော့ ဖြစ်ခဲ့ပါတယ် (မှန်လှပါ ဘုရား)၊ ပရမတ္ထသစ္စာ သေသေချာချာကြည့်တဲ့အခါကျတော့ဖြင့် မီးနဲ့ထင်းပဲ လှည့်ဖြစ်နေတာပဲ (မှန်လှပါ)၊ ဘာများဖြစ်နေကြသလဲ (မီးနဲ့ ထင်းပဲ လှည့်ဖြစ်နေပါတယ် ဘုရား)၊ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ၁ နံပါတ်ဆိုတာသည် အဝိဇ္ဇာ သင်္ခါရဆိုတာ သည် ဒကာ ဒကာမတို့ သမုဒယသစ္စာပဲ (မှန်ပါ့ ဘုရား)။
ဒါတွေ ဘာတွေတုံးလို့ ဆိုလို့ရှိရင်ဖြင့် ကိလေသာမီးတွေပဲ (မှန်ပါ့)၊ ဒီဘက်က ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတာ ခန္ဓာငါးပါး ထင်းတွေခေါ်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် သမုဒယသစ္စာတည်းဟူသော မီး၊ ထင်းတည်းဟူသော ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)၊ သမုဒယသစ္စာတည်း ဟူသော (မီးပါ ဘုရား)၊ ထင်းတည်းဟူသော (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါလှည့်နေတယ် (လှည့်နေပါတယ် ဘုရား)၊ တစ်ချက်က နှစ်ချက်ဖြစ်တယ် (မှန်ပါ့)၊ တစ်ခါ ဒီခန္ဓာကြီးရပြန်တော့လည်း ၂ နံပါတ်ခန္ဓာကြီး ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာကြီး ရထားပြန်တော့ ဒကာ ဒကာမတို့ ဆရာကောင်း, သမားကောင်းတွေကလည်း မတွေ့ပြန် (မှန်ပါ့)၊ ကိုယ်ထင်ရာ ကိုယ်လုပ်နေပြန်တော့လည်း ထင်းထဲက မီးပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ ထင်းခန္ဓာထဲက (မီးပေါ်လာပါတယ် ဘုရား)၊ ထင်းခန္ဓာထဲက မီးပေါ်လာတယ်ဆိုတာ တဏှာ ဥပါဒါန် ကမ္မဘဝတွေ ပေါ်လာတယ် (မှန်ပါ့ ဘုရား)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
အင်း မီးပေါ်လာတယ်ဆိုတာ ဘာပါလိမ့် (တဏှာ ဥပါဒါန် ကမ္မဘဝတွေ ပေါ်လာတာပါ ဘုရား)၊ မီးကြောင့် လောင်နေတဲ့ ထင်း- ထင်းထဲကနေပြီးသကာလ မီးထွက်လာပြန်တယ်ဆိုတော့ တဏှာ ဥပါဒါန် ကမ္မဘဝတွေ လာပြန် တယ် (မှန်ပါ့ ဘုရား)၊ ဒီကိလေသာမီးတွေကြောင့် တစ်ခါ ထင်းဖြစ်ပြန်တော့ အနာဂတ်ဘဝမှာ ဇာတိ ဇရာ မရဏ ဆိုတဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ၄ နံပါတ်တွေ ပေါ်ပြန်တယ် (ပေါ်ပါတယ် ဘုရား)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ သမုဒယကြောင့် ဒုက္ခဖြစ်၊ ဒုက္ခထဲက တစ်ခါ သမုဒယ ပြန်ပြီးပေါက်ပွား (မှန်ပါ့)၊ ပေါက်ပွားပြန်တော့ ဘာတွေဖြစ်ပြန်သတုံး (ဒုက္ခတွေဖြစ်ပါတယ် ဘုရား)၊ ဒီဒုက္ခသစ္စာ အနာဂတ်ဘဝပေါ့ (မှန်ပါ့ ဘုရား)၊ ဒီအနာဂတ်ထဲက မောင်ဘသော်တို့ ဒကာကြွယ်တို့ ဆရာကောင်း, သမားကောင်း မတွေ့ရင် ဘာတွေ ပေါက်ပွားမယ် ထင်ကြသတုံး (သမုဒယသစ္စာတွေ ပေါက်ပွားပါမယ် ဘုရား)၊ သမုဒယပါရင် ဒီမှာ အဆက်ကလေး ထည့်ရဦးမယ် (မှန်ပါ့)၊ မထည့်ရဘူးလား (ထည့်ရပါမယ် ဘုရား)၊ ထည့်လို့ရှိရင်ဖြင့် သမုဒယပေါက်ပွားရင် ဒီအခန်း မှာ ဒုက္ခတွေ လာဦးမှာပဲ (မှန်ပါ့)၊ မလားပေဘူးလား (လာပါမယ် ဘုရား)။
ဟင် ဒါဖြင့် ဒကာ ဒကာမတွေ တစ်သံသရာလုံးဟာဖြင့် တပည့်တော်တို့ ဘာတွေများ လှည့်နေရပါလိမ့် မလဲ လို့ ကိုယ်ကိုယ်တိုင် အကဲခတ်ကြည့်ပါ (မှန်ပါ့ ဘုရား)၊ မပေါ်ကြသေးဘူးလား (ပေါ်ပါတယ်)၊ ဘာတွေများ လှည့်နေသလဲ (သမုဒယနဲ့ ဒုက္ခ လှည့်နေပါတယ် ဘုရား)၊ သမုဒယနဲ့ ဒုက္ခ-သမုဒယနဲ့ ဒုက္ခ၊ ဒါပဲ ထပ်လှည့်တာပဲ (မှန်ပါ့ ဘုရား)၊ သမုဒယက မီး၊ ဒုက္ခက ထင်း၊ ဒါတွေပဲ လောင်လက်စသတ်သေးရဲ့လား (မသတ်ပါ ဘုရား)။
သုံးဆယ့်တစ်ဘုံထဲ မီးဟုန်းဟုန်းတောက်
ဒါကြောင့် မနေ့က တရားမှာပြောခဲ့ပါတယ်၊ သုံးဆယ့်တစ်ဘုံထဲ မီးဟုန်းဟုန်းတောက်တဲ့အထဲမှာ ထင်းရှာ ထွက်တာလောက် အရုပ်ဆိုးတာ မရှိဘူးလို့ မောင်ဘသော်တို့လည်း ပြောခဲ့တယ် (ပြောခဲ့ပါတယ် ဘုရား)၊ ဒကာကြွယ် လည်း နားလည်တယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
အဲဒီတော့ကို ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာလည်း လောင်စာသိမ်း၍ မီးငြိမ်းတာ၊ ဘာခေါ်ကြမလဲ (နိဗ္ဗာန် ခေါ်ပါတယ် ဘုရား)၊ လောင်စာသိမ်း၍ မီးငြိမ်းတာဆိုတာ ဒါလောင်စာတွေပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒီဟာက မီးတွေ (မှန်ပါ့ ဘုရား)၊ ဒီလောင်စာသိမ်း၍ ဒီမီးငြိမ်းတာ နိဗ္ဗာန် (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ စဉ်းစားကြည့်ပါ၊ ၂ နဲ့ ၃ သိမ်းရင် ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)၊ ဪ နိဗ္ဗာန်ဆိုတာ ၂ နဲ့ ၃ သိမ်းတာ နိဗ္ဗာန်ခေါ်တယ် (မှန်ပါ့ ဘုရား)၊ မြင်ကြပလား (မြင်ကြပါတယ် ဘုရား)၊ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (၂ နဲ့ ၃ သိမ်းတာပါ ဘုရား)၊ ၂ က လောင်စာ၊ ခန္ဓာတွေကိုး (မှန်ပါ့)၊ ၃ က မီးတွေ (မှန်ပါ့)၊ ကိလေသာ မီးတွေ (မှန်လှပါ ဘုရား)။
ဒါဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတာဆိုတဲ့ ဥစ္စာသည် ၂ နဲ့ ၃ သိမ်းတာလို့ ဂဏန်းနဲ့ပဲ မှတ်လိုက်ပါတော့ (မှန်ပါ့)၊ မမှတ်မိသေးဘူးလား (မှတ်မိပါတယ် ဘုရား)၊ ၂ က ဘာပါလိမ့် (လောင်စာပါ ဘုရား)၊ လောင်စာဆိုတာ ထင်းပါပဲနော် (မှန်ပါ့)၊ ၃ က ဘာပါလိမ့်မတုံး (မီးပါ ဘုရား)။
ဒါဖြင့် ဝိပဿနာ အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်မှာတဲ့ လောင်စာသိမ်း၍ မီးငြိမ်းဖို့ အရေးဟာဖြင့် မရှိပါဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)၊ လောင်စာသိမ်း၍ မီးငြိမ်းဖို့အရေးဟာ (မရှိပါ ဘုရား)။
ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်သိမ်းတယ်ဆိုတာ
ဒါ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်သိမ်းတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)၊ အင်း ဒီဘဝ လောင်စာကြီးဖြင့် ဒီထဲက မီးမပေါက်ပွားစေတော့ပါဘူး (မှန်ပါ့ ဘုရား)။
ဒီလောင်စာကြီးထဲက မီးသစ်ဖြင့် မပေါက်ပွားစေတော့ပါဘူးဆိုရင် ဦးဘအုန်းကြီး ဒီခန္ဓာသိမ်းပြီးသကာလ နောက် မီးတွေလည်း ငြိမ်းသွားလို့ရှိရင်ဖြင့် နောက်ထင်းဖြစ်စရာအကြောင်း ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဪ ဒါဖြင့် နိဗ္ဗာန်အနီးကလေးလား၊ အဝေးကြီးလားဆိုတော့ မသိမ်းတတ်လို့ရှိရင်လည်း ဝေးတယ် (မှန်ပါ့)၊ မသိမ်းတတ်ရင် (ဝေးပါတယ် ဘုရား)၊ သိမ်းတတ်ပြန်တော့လည်း ဒကာ ဒကာမတို့ ၂ ထဲကနေ ၃ မပေါက် ပွားရင် သိမ်းတာပဲ (မှန်ပါ့ ဘုရား)၊ ၂ ထဲကနေပြီး (၃ မပေါက်ပွားရင် သိမ်းတာပါပဲ ဘုရား)၊ ၃ မပေါက်ပွားရင် သိမ်းပြီးသားဖြစ်ပါတယ် (မှန်ပါ့ ဘုရား)၊ နောက် ထင်းတွေလာသေးရဲ့လား (မလာပါ ဘုရား)၊ ရှင်းကြပလား (ရှင်း ပါပြီ ဘုရား)။
ဪ ဒါဖြင့် တရားနာကြတာ ဘယ်အကျိုးငှာ နာကြပါလိမ့်မလဲလို့ ဆရာဘုန်းကြီးက မေးတော့ ကိုယ့် ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်ဖြတ်တာဘုရာ့ (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ တရားနာကြတာ ဘာပါလိမ့် (ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တာပါ ဘုရား)။
ဪ ခင်ဗျားတို့က မသိတော့ ကျုပ်တို့ တရားနာသွားရဦးမယ်၊ ကုသိုလ်ဖြစ်အောင် (မှန်ပါ့)၊ ဟာ ကုသိုလ်ဖြစ်အောင်တော့ မလာခဲ့ကြနဲ့ (မှန်ပါ့)၊ ကိုယ့်ဒုက္ခကိုယ်ဖြတ်ချင်ရင် လာခဲ့ကြ (မှန်ပါ့ဘုရား)၊ ဦးဘအုန်းတို့ ရှေးက ကြားဖူးတာက တရားနာရင် ကုသိုလ်ရတယ်ကွ၊ မင်းနာမှပေါ့ (မှန်ပါ့)၊ အင်း ဒါပဲ နှုတ်တက်နေတယ် (မှန်ပါ့ဘုရား)၊ ဒကာကြွယ်က တိုက်တွန်းရင် ဘာတဲ့တုံး (တရားနာရင် ကုသိုလ်ရတယ်လို့ တိုက်တွန်းပါတယ် ဘုရား)။
အံမာလေး ကုသိုလ်လိုချင်ရင် ရေအိုးစင်တည်လည်း ကုသိုလ်ရတယ်လို့ ပြောနေတယ်၊ သဘောကျပလား (ကျပါတယ်)၊ ဒီရေအိုးစင်တည်တယ်၊ နောက် တံမြက်စည်းလျှောက်လှဲနေရင်ကော (ကုသိုလ်ရပါတယ် ဘုရား)၊ ကုသိုလ် တော့ ရပါတယ်၊ ပဋိစ္စသမုပ္ပါဒ်က မပြတ်ဘူး (မပြတ်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ဉာဏ်နဲ့ဖြတ်မှပြတ်မယ်
ဒါ့ကြောင့် ပဋိစ္စသမုပ္ပါဒ်က ကုသိုလ်ရရုံနဲ့ ခင်ဗျားတို့ မပြီးသေးပါဘူးတဲ့၊ ဉာဏ်နဲ့ဖြတ်မှပြတ်မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာနဲ့ဖြတ်မှလဲ (ဉာဏ်နဲ့ဖြတ်မှ ပြတ်ပါတယ်)၊ ၂ နဲ့ ၃ မကူးအောင် ကြားထဲဉာဏ်ဝင်ရမယ် (မှန်ပါ့)၊ ၂ နဲ့ ၃ မကူးအောင် (ကြားထဲ ဉာဏ်ဝင်ရပါမယ် ဘုရား)၊ ကြားထဲ ဉာဏ်ဝင်ရမယ် ဦးဘအုန်း သတိထား စမ်းပါ (မှန်ပါ့)၊ ၂ နဲ့ ၃ သာ ကူးနေရင် ၄ တော့ဖြင့် ကိုယ်ပိုင်ရတော့မယ် (ရပါတော့မယ် ဘုရား)၊ ၄ ဒုက္ခသစ္စာကို (ကိုယ်ပိုင်ရပါတော့မယ် ဘုရား)။
ကိုယ်ပိုင်ရမယ်ဆိုတာ မငြင်းမဆန်နဲ့ ဒီဒုက္ခကြီး ခံရမယ် (မှန်ပါ့)၊ ဒကာကြွယ် တယ်ကြောက်စရာကောင်းပါ ကလား (ကြောက်စရာကောင်းပါတယ် ဘုရား)။
ဒါဖြင့် နောက် တရားနာလာကြလို့ရှိရင် ကိုယ့်ဒုက္ခ ကိုယ်အဖြတ်သွားဦးမယ်လို့ ဆိုပြီးလာခဲ့ကြ (မှန်ပါ့)၊ ကုသိုလ်ရချင်လိုတော့ မလာခဲ့ကြနဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ကုသိုလ်ရချင်လို့ရှိရင် ခင်ဗျားတို့အိမ်မှာ ဝေယျာ ဝစ္စဘုရားနဲ့ တရားနဲ့ ဘုရားဝေယျာဝစ္စတွေ လုပ်နေ၊ အများဆက်သွယ်တဲ့နေရာတွေ သန့်သန့်ရှင်းရှင်းလုပ်နေလည်း ဦးဘအုန်းတို့ မောင်ဘသော်တို့ ကုသိုလ်ရတယ် (ရပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ်တော့ ပြတ်ပါရဲ့လားလို့ မေးတော့ အို-ဒါ ကမ္မဿကတာဉာဏ်ပဲ (မှန်လှပါ)၊ ရှင်းပလား (ရှင်း ပါပြီ)၊ ဘာပါလိမ့် (ကမ္မဿကတာ ဉာဏ်ပါ ဘုရား)၊ ကမ္မဿကတာဉာဏ်ပဲ ရှိနေသေးတော့ ဝိပဿနာဉာဏ်, မဂ် ဉာဏ်က မဟုတ်ဘူး (မဟုတ်ပါ ဘုရား)၊ ဝိပဿနာဉာဏ်, မဂ်ဉာဏ်က မဟုတ်သေးတော့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေမှာ ကုသိုလ်တော့ ရတယ်၊ ကိုယ့်ဒုက္ခတော့ မပြတ်သေးဘူး (မပြတ်သေးပါ ဘုရား)၊ ဦးဘအုန်း ရှင်းရဲ့လား (ရှင်း ပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကို ကြည့်ပေးကြပါ ဒကာ ဒကာမတို့ ကိုယ့်ပါတဲ့စက်ဝိုင်း ကြည့်ချင်ကြည့်၊ ဘုန်းကြီး ထောက်ပြတဲ့ စက်ဝိုင်းကြီး ကြည့်ချင်ကြည့်တာပေါ့ဗျာ (မှန်ပါ့)။ ဒီဘက်ကို မကူးလို့ရှိရင် ဒီဘက်မီးတွေ လာပါဦးမလား (မလာပါ ဘုရား)၊ ဒီမီးက ဒီထင်းဖြစ်အောင်ကော လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါ ဘုရား)၊ မလုပ်နိုင်တော့ တရား နာတာသည်ကားလို့ဆိုရင် ဟောဒီနဲ့ ဒီမကူးရအောင်လို့ဆိုပြီးသကာလ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်ချင်လို့ နည်း ယူလာတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်အကျိုးငှာလာကြသလဲ (ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်ချင်လို့ နည်းယူလာပါတယ် ဘုရား)။
တပည့်တော်တို့ ဒုက္ခသစ္စာထဲက တပည့်တော်တို့ သမုဒယသစ္စာ မပေါက်ပွားတဲ့နည်း လိုချင်လို့ တရားနာလာ ပါတယ် (မှန်လှပါ ဘုရား)၊ ဒါအမှန်ဆုံးပဲ (မှန်ပါ့)၊ နိဗ္ဗာန်ရောက်တရားဆိုရင် ဒါလိုရင်းလို့ မှတ်လိုက်ကြစမ်းပါ (မှန် ပါ့)။
နို့မို့လို့ရှိရင် ဒီကိုယ့်ခန္ဓာကြီးက ဝိညာဏ် နာမ် ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတာ ကိုယ့်ခန္ဓာ (မှန်ပါ့)၊ အခု တရားနာနေတဲ့ ဒကာ ဒကာမတွေ ရထားတဲ့ ခန္ဓာဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒုက္ခသစ္စာကြီးနော် (မှန်ပါ့)၊ ဒီဒုက္ခနဲ့ပဲ တော်လောက်ပြီ နောက်ဒုက္ခမလာချင်လို့ တရားနာကြတယ် (မှန်ပါ့)။
နောက်ဒုက္ခမလာချင်တော့ကို ဒီဒုက္ခသစ္စာထဲက ဦးဘအုန်း သမုဒယသစ္စာမပေါ်ဖို့ အရေးကြီးတယ် (အရေး ကြီးပါတယ် ဘုရား)၊ ဒုက္ခသစ္စာထဲက (သမုဒယသစ္စာမပေါ်ဖို့ အရေးကြီးပါတယ် ဘုရား)၊ အခု ဒီစက်ဝိုင်းမှာ မြား ပြပြီးသကာလ ၃ နံပါတ်နဲ့ ဆက်လိုက်တာက ဒီဘက်က သမုဒယသစ္စာ ပေါ်ပေါ်လာတယ် (မှန်ပါ့ ဘုရား)၊ ဒုက္ခသစ္စာ ထဲမှ သမုဒယသစ္စာ ပေါက်ပွားလာတယ် (မှန်လှပါ ဘုရား)၊ ပေါက်ပွားတော့ ပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား)၊ မပြတ်ကြောင်းကိုလည်း ဒီမြားအနီက ပြတယ် (ပြပါတယ် ဘုရား)၊ မပြဘူးလား (ပြပါတယ် ဘုရား)။
ဒုက္ခဖြစ်ကြောင်းတွေသာ ပေါက်ပွားနေတယ်
မင်းတို့ခန္ဓာထဲက ဘာတွေမှ မပေါက်ပွားဘူး၊ ဒုက္ခဖြစ်ကြောင်းတွေသာ ပေါက်ပွားနေတယ် (မှန်လှပါ ဘုရား)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ခန္ဓာထဲက တရားကို ဝိပဿနာအလုပ် မလုပ်တော့ပါဘူး၊ မဂ်ဆိုက် ဖိုလ်ဆိုက်အလုပ် မလုပ်တော့ပါဘူးဆိုလို့ရှိရင်တဲ့ ရိုးရာနဲ့ပဲ နေကြတော့မယ်ဆိုရင်ဖြင့် ဒကာကြွယ် ၂ ထဲက ၃ ပေါက်ပွားမယ် (ပေါက် ပွားပါမယ် ဘုရား)၊ ဘာထဲက ဘာပါလိမ့် (၂ ထဲက ၃ ပေါက်ပွားမယ် ဘုရား)၊ ၂ ထဲက ဘာတွေပေါက်ပွားလာသတုံး မေးတဲ့အခါ ကိုယ့်ခန္ဓာခင်တဲ့တဏှာ (မှန်ပါ့)၊ ကိုယ့်ခန္ဓာစွဲလမ်းတဲ့ (ဥပါဒါန်ပါ ဘုရား)၊ သဘောကျပလား (ကျပါတယ်)။
အင်း ဟင် ကိုယ့်ခန္ဓာအတွက် ကာယကံ ဝစီကံတွေနဲ့ အားထုတ်ကြတာ ဘာခေါ်ကြမယ် (ကမ္မဘဝ ပါ ဘုရား)၊ ဪ ဒါတွေ လက်ရှိခန္ဓာထဲက ပေါ်လာတဲ့ သုံးခုပါလားလို့ ဒကာကြွယ် မှတ်စမ်းပါ (မှန်လှပါ ဘုရား)၊ လက်ရှိခန္ဓာထဲက ဘာတွေများ ပေါက်ပွားလာပါလိမ့် (တဏှာ ဥပါဒါန် ကမ္မဘဝပါ ဘုရား)။
တဏှာ ဥပါဒါန် ကံတွေ ပေါက်ပွားလာတယ် (မှန်ပါ့ ဘုရား)၊ ကိုယ်ခန္ဓာခင်တာက (တဏှာပါ ဘုရား)၊ ကိုယ့်ခန္ဓာ စွဲလမ်းတာက (ဥပါဒါန်ပါ ဘုရား)၊ ကိုယ့်ခန္ဓာ စားဖို့ သောက်ဖို့ နေဖို့ ထိုင်ဖို့ဆိုတဲ့ မကောင်းတာ လုပ် ကျွေးချင်လည်း ကျွေးမယ်ပေါ့ဗျာ (မှန်ပါ့)၊ မကောင်းသဖြင့် လိမ်လည်ကောက်ကျစ်ပြီး ကျွေးချင်ကျွေးမယ်၊ ပရိယာယ် မာယာတွေနဲ့ ခန္ဓာကိုယ်ကြီး ကျွေးဖို့ ကာယကံ ဝစီကံတွေက မလုပ်ကြဘူးလား (လုပ်ကြပါတယ် ဘုရား)။
အဲဒါ ဘယ်ထဲက ပေါက်ပွားလာတာပါလိမ့် (ကိုယ့်ခန္ဓာထဲကပါ ဘုရား)၊ ကိုယ့်ခန္ဓာထဲက ပေါက်ပွားတယ်၊ ကိုယ့်ခန္ဓာဆိုတာ နံပါတ် ဘယ်လောက်ပါလိမ့် (၂ နံပါတ်ပါ ဘုရား)။
ဪ ၂ နံပါတ် (မှန်ပါ့ဘုရား)၊ ဒကာ ဒကာမတွေ ဒီလောက်ဆိုလို့ရှိရင်ဖြင့် တဲ့ ဪ မိမိ ခန္ဓက ၂ နံပါတ်ထဲကနေပြီး ၄ ဖြစ်ကြောင်းဖြစ်တဲ့ ၃ ကို ပေါက်ပွားတယ် (မှန်လှပါ ဘုရား)၊ ၄ ဖြစ်ကြောင်းဖြစ်တဲ့ (၃ ကို ပေါက်ပွားပါတယ် ဘုရား)။
ကုသိုလ်ဖြစ်ချင်လို့ နာတာမဟုတ်ဘူး
အင်း ဟင် ဘယ်ကနေ ပေါက်ပွားပါလိမ့်မတုံးဆိုတော့မှ ဒကာ ဒကာမတွေ ၂ ထဲက ပေါက်ပွား လာတယ် (မှန်ပါ့ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်ကပေါက်ပွားသတုံး (၂ က ပေါက်ပွားပါတယ် ဘုရား)၊ ဦးဘအုန်း ပဋိစ္စသမုပ္ပါဒ်ကြည့်ပြီး နာရတော့မှ ဪ ကုသိုလ်ဖြစ်ချင်လို့ နာတာမဟုတ်ဘူး (မှန်ပါ့ဘုရား)၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်ချင်လို့ နာတာ (မှန်ပါ့ ဘုရား)၊ ဝေဒနာက တဏှာ မကူးရဘူး ဥပါဒါန် မကူးရဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
အင်း ဟင် ဝိညာဏ်နဲ့လည်း တဏှာမကူးရဘူး (မကူးရပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ နာမ်ရုပ်ကလည်း တဏှာမကူးရဘူး (မှန်ပါ့)။
ဒီလိုမကူးအောင်လုပ်နိုင်တော့ ဒကာ ဒကာမတို့ ၂ အစဉ်ဇာတ်သိမ်းပြီးသကာလ ၃ နံပါတ် မပေါ်လာတဲ့ အတွက် ဒုတိယဘဝဆိုတဲ့ အနာဂတ်ဘဝ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဒုတိယဘဝမလာတာ ဘယ့်နှယ်ကြောင့် ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့မှ ၃ မရှိလို့ ၄ မရှိဘူး (မှန်လှပါ)၊ ဘယ်လိုဆိုကြမယ် (၃ မရှိလို့ ၄ မရှိပါဘုရား)၊ ၃ မရှိလို့ ၄ မရှိဘူးဆိုတော့ ၃ မရှိတာကလည်း တဏှာ ဥပါဒါန် ကံမရှိဘူး (မှန်ပါ့ ဘုရား)၊ ၄ မရှိတာကလည်း ဝိညာဏ် နာမ် ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာ မရဏ မရှိတာပဲ (မှန်ပါ့ ဘုရား)၊ သဘောပါကြလား (ပါပါတယ် ဘုရား)။
ဪ ဒါဖြင့် မီးသိမ်း၍ ထင်းကုန်တာပဲ (မှန်ပါ့)၊ မီးသိမ်း၍ (ထင်းကုန်တာပါပဲ ဘုရား)၊ စက်ဝိုင်းကြီး သာ ကြည့် ဒကာ ဒကာမတွေ ဒီဘက်က မီး (မှန်ပါ့)၊ ဒီဘက်က ထင်းတွေပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် အဂ္ဂိဝစ္ဆ ဟောတဲ့အခါကျတော့ လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်ကွ (မှန်လှပါ ဘုရား)၊ ဘယ့်နှယ် ဆိုကြမယ် (လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်ပါ ဘုရား)။
ကြည့်လေ ဒီက မီး၊ ဒီက လောင်စာ (မှန်ပါ့ ဘုရား)၊ ဒီဇာတိဆိုတာ ခန္ဓာချည်းပဲ (မှန်ပါ့)၊ ဇရာ မရဏဆိုတာ ကော (ခန္ဓာတွေပါ ဘုရား)၊ ခန္ဓာတွေပဲဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။
လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်
အင်း ဟင် ဒီက မီးငြိမ်းတယ်၊ မီးငြိမ်းတော့ ဒီမှာကော လောင်စာလည်း ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဪ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လောင်စာသိမ်း၍ မီးငြိမ်းတာ ဦးဘအုန်းတို့ မောင်ဘသော်တို့က ဘာခေါ်ကြမယ် (နိဗ္ဗာန်ခေါ်ပါတယ် ဘုရား)။
ဪ နိဗ္ဗာန်ဆိုတာ တခြားလား မှတ်နေတယ် ဒကာကြွယ်ရေ လောင်စာသိမ်း၍ မီးငြိမ်းတာ (မှန်လှပါ ဘုရား)၊ ဒါတွေက လောင်စာတွေချည်း မှတ်ပါ (မှန်ပါ့)၊ ဒါတွေက မီးတွေချည်း မှတ်ပါ (မှန်ပါ့ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ)။
ဒီအဆက်ဖြတ်လိုက်တော့ မီးကော လောင်စာကော ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အဲဒီ့မီး၊ လောင်စာ မရှိချင်လို့ တပည့်တော်တို့ နောက်လာမည့် သမုဒယနဲ့ နောက်လာမည့် ဒုက္ခ၊ ကိုယ့်ဒုက္ခ ကိုယ်ဖြတ်တာပါ ဘုရား၊ ဒါကြောင့် တရားအားထုတ်ရပါတယ်၊ တရားနာရပါတယ်ဆိုတော့ ကုသိုလ်ရချင်လို့ မဟုတ်ပါဘူး (မဟုတ်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ရှေးကတော့ ကုသိုလ်ရဖို့ တရားနာသွားရအောင်လို့ ပြောလေ့, ဆိုလေ့ရှိတယ် (မှန်ပါ့ဘုရား)၊ ကုသိုလ်ရရုံတော့လည်း ဘယ်နေရာနေနေ ကုသိုလ်ရပါတယ် (မှန်ပါ့ ဘုရား)၊ ဦးဘအုန်း မရဘူးလား (ရပါတယ် ဘုရား)။
သို့သော် ကိုယ့်ခန္ဓာပဋိစ္စသမုပ္ပါဒ်ဖြတ်မှု ကျလာတဲ့အခါကျတော့ ဒကာ ဒကာမတို့ ဝိပဿနာအလုပ် လုပ်၊ ဒါမှပဲ ဖြတ်တယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ကုသိုလ်ရချင်လို့လား၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကိုယ် ဖြတ်ချင်လို့လား (ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ် ချင်လို့ပါ ဘုရား)၊ ဦးဘအုန်း ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်ချင်လို့ (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ)။
လောင်စာနဲ့မီး တွဲပြီး လောင်နေလို့
ဘယ့်နှယ်ကြောင့် ဒီ ဒကာ ဒကာမတွေ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်ချင်ပါလိမ့်မတုံး မေးတဲ့အခါကျ တော့ တပည့်တော်တို့မှာ ဘုရား လောင်စာနဲ့မီးက တွဲပြီး လောင်နေလို့ (မှန်လှပါ ဘုရား)၊ ဘယ့်နှယ်ဆိုကြမယ် (လောင်စာနဲ့မီး တွဲပြီးလောင်နေလို့ပါ ဘုရား)။
ဒီအထဲကြည့်ပါ၊ ၂ ပါတ်ထဲ ကြည့်ပါ ၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟာ စုပေါင်းလိုက် တော့ ခန္ဓာငါးပါး (မှန်ပါ့)၊ ခန္ဓာထဲမှာ ဇာတိ ဇရာ မရဏ ပါ မပါ (ပါပါတယ် ဘုရား)။
ဒါဖြင့် ဇာတိ ဇရာ မရဏက မီး-ခန္ဓာက လောင်စာ (မှန်လှပါ ဘုရား)၊ ဒီခန္ဓာနဲ့ ဒီလောင်စာ လောင်နေလို့ နောက်တစ်ခါ လောင်ရမှာ ကြောက်လွန်းလို့ (မှန်လှပါ ဘုရား)၊ နောက်တစ်ခါ လောင်ရမှာ ဖြတ်ချင်လွန်းလို့ တပည့် တော်တို့ တရားနာပြီး တရားအားထုတ်ပါသည် (မှန်လှပါ)။
နောက်ခန္ဓာနဲ့ နောက်လောင်စာတွေ ဒကာ ဒကာမတွေ လောင်မီးတွေ ကြောက်လွန်းလို့ တပည့်တော်တို့ ဘုရား ယခု လောင်စာသိမ်း၍ ယခု ငြိမ်းလို့ရှိရင် တော်ပါပြီ (မှန်လှပါ ဘုရား)။
နောက်လောင်စာနဲ့ နောက်မီးနဲ့ တွေ့ရမှာဖြင့် စက်ဆုပ်လွန်းလို့ (မှန်လှပါ ဘုရား)၊ ဒါ့ကြောင့် တပည့်တော် တို့ တရားနာပါတယ်ဆိုတဲ့ အဓိပ္ပာယ်ရှင်းပလား (ရှင်းပါပြီ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ ကုသိုလ်ရချင်လို့ တရားနာချင်တယ်ဆိုတော့ ကိုယ့်ဒုက္ခ ကိုယ်မြင်လာတဲ့သဘော ရောက်သေးရဲ့လား (မရောက်ပါ ဘုရား)။
ထင်းရှာထွက်နေတာ
ကုသိုလ်ရရင် တို့နောက်ဘဝ ကောင်းစားမှာပဲဆိုပြီးတော့ အံမာ ထင်းတောင်ရှာလိုက်သေးတယ် (မှန်ပါ့ ဘုရား)၊ ဘာရှာသေးသတုံး (ထင်းရှာပါသေးတယ် ဘုရား)၊ တရားနာမယ်ဆို ကုသိုလ်ရတယ်၊ နောက်ဘဝ တို့ဒါမှ ဟန်ကျမှာ၊ အဲဒါကတော့ ထင်းရှာထွက်တာ (မှန်လှပါ)၊ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)၊ နားကြီးကြီးနဲ့ ထောင် မှနော် (မှန်ပါ့ ဘုရား)။
ဒကာကြွယ် တချို့ ထင်းရှာထွက်နေတာ ရှိသေးတယ် (ရှိပါတယ် ဘုရား)၊ လဲပြီးလဲ လဲရင်းနဲ့ ကိုယ်လည်းစိတ်တူ သူလည်းစိတ်တူ နောက်ဘဝ ကိုယ်လက် သန့်သန့်ရှင်းရှင်းဖြစ် (မှန်ပါ့ ဘုရား)၊ အင်း ကိုယ်လက် သန့်သန့်ရှင်းရှင်း ဖြစ်ဆိုကတည်းကိုက ဦးဘအုန်းက စဉ်းစားတာပေါ့ ထင်းရှာပြန်ပဟေ့ (မှန်လှပါ)၊ ဘယ့်နှယ်ဆိုကြမယ် (ထင်းရှာကြ တာပါ ဘုရား)၊ ထင်းရှာပြန်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)၊ ထင်းရှာလို့ရှိရင်ဖြင့် မီးက ပါဦးမှာ (မှန်ပါ့ ပါဦး မှာပါ ဘုရား)၊ ထင်းထဲ ဇာတိ ဇရာ မရဏက (ပါဦးမှာပါ)၊ အဲဒါကမီးဗျာ (မှန်ပါ့)၊ ဒီထင်းထဲမှာပဲ ကိုယ့်ခန္ဓာကိုယ် လောင်တဲ့ ကိလေသာမီးတွေကကော (ပါပါတယ် ဘုရား)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ မသိပြီဆိုမှဖြင့် ထင်းရှာချည်းထွက်တယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ မသိရင် (ထင်းရှာချည်း ထွက်ပါတယ် ဘုရား)။
ဪ အခု ထင်းမှ မီးမငြိမ်းသေးဘူး၊ ထည့်နေတုံးရှာပြန်ပြီ (မှန်လှပါ ဘုရား)၊ ဦးဘအုန်း ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ဒါ ဘုန်းကြီးက ဟောတယ်လို့ မယူလိုက်ပါနဲ့ ဒကာကြွယ်ရ (မှန်လှပါ ဘုရား)၊ အဂ္ဂိက္ခန္ဓောပမသုတ်မှာ မြတ်စွာဘုရား ဟောထားပါတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အဲဒါက ဟိုကအင်္ဂုတ္တိုရ်ကဟာ သွားမယူနဲ့၊ သံယုတ်ထဲမှာ ပါနေတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
ကိုင်း ဒကာ ဒကာမတို့ ကုသိုလ်ရချင်လို့ တရားနာကြတာလား၊ ကိုယ့်ဒုက္ခသိမ်းချင်လို့ နာကြတာလား (ကိုယ့်ဒုက္ခသိမ်းချင်လို့ နာကြတာပါ ဘုရား)၊ နောက်တော့ တရားနာ ထွက်မယ်ကြံရင် ဒုက္ခသိမ်းသွားဦးမယ်လို့ ပြောကြ (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ဘယ်လိုပြောရမယ် (ဒုက္ခသိမ်းသွားဦးမယ်လို့ ပြောရပါမယ်)။
အဲဒါ တည့်တယ် (မှန်ပါ့)၊ ကုသိုလ်ရက မတည့်ဘူး (မှန်လှပါ ဘုရား)၊ ကုသိုလ်ရတာက အချို့ကုသိုလ်တွေက ဒုက္ခထင်းရှာလွတ်တဲ့ ကုသိုလ်တွေက ရှိနေပြန်သေးတော့ ဦးဘအုန်း ပြောထိုက် မပြောထိုက် (မပြောထိုက်ပါ ဘုရား)။
တရားနာကြတာ ဘာလုပ်ကြတာတုံး
အဲ ဒါဖြင့် ဒကာ ဒကာမတို့ အခု တရားနာကြတာ ဘာလုပ်ကြတာတုံး (ဒုက္ခသိမ်းချင်လို့ပါ ဘုရား)၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တာ (မှန်ပါ့)၊ ဒါမှ ကိုယ့်ဒုက္ခ ကိုယ်သိမ်းမယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဦးဘအုန်း ဒီလိုဘယ်ပြောခဲထင်ပါရဲ့ (မှန်ပါ့)၊ ပြောကိုပြော မထင်ပါဘူး (မပြောခဲ့ပါ ဘုရား)၊ ပြောကို မပြောခဲ့ပါဘူး၊ ကုသိုလ်ရတာပဲ ပြောနေတာပဲ (မှန်ပါ့)၊ ဒကာကြွယ်ကော ရှေးက ဘယ်လိုပြောဖူးသလဲ (ကုသိုလ်ရတာပဲ ပြောဖူးပါ တယ် ဘုရား)။
အင်း ကုသိုလ်ရချင်လို့ရှိရင်ဖြင့် ခင်ဗျားတို့ကုသိုလ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ထင်းရှာတဲ့ကုသိုလ်လည်း ဖြစ်နိုင်တယ် (မှန်ပါ့)၊ ထင်းသိမ်းတဲ့ကုသိုလ်လည်း ဖြစ်နိုင်ပါတယ် (မှန်ပါ့ ဘုရား)။
သို့သော် ခင်ဗျားတို့ ရည်ရွယ်ချက်ကို မှန်းခြေကို အမှန်ပြောရလို့ ဝမ်းထဲမှ တွေးပြီး သိတာပြောရလို့ ရှိရင် ထင်းရှာထွက်တာက များတယ် (များပါတယ် ဘုရား)၊ မများဘူးလား (များပါတယ် ဘုရား)။
ဘယ့်နှယ် ဒီဘဝ ဆင်းရဲနေတဲ့ဥစ္စာ ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်း တရားကလေး ဘာကလေး နာ မှပေါ့ကွ ၊ ဒါမှ ကုသိုလ်ရတယ်၊ ကုသိုလ်ရမှ မင်း နောက် ကောင်းစားမှာပေါ့ဆိုတော့ ဘာရှာထွက်တာတုံး (ထင်းရှာထွက်တာပါ ဘုရား)၊ ထင်းရှာထွက်တာ ဖြစ်နေတယ် ဒကာကြွယ်ရ (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ)။
ကိုင်း ဒါဖြင့် အဲဒီမူကိုပြောင်းပြီးသကာလ ဒကာ ဒကာမတွေက ကဲ တရားနာသွားဦးမယ်၊ ကိုယ့်ဒုက္ခ ကိုယ်သိမ်းနိုင်တဲ့ တရားသွားပြီးသကာလ နည်းယူဦးမယ် (မှန်လှပါ ဘုရား)၊ ကိုယ့်ဒုက္ခ ကိုယ်သိမ်းနိုင်တဲ့နည်း သွား ပြီးသကာလ ယူချေဦးမယ် (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်လိုလာခဲ့ကြရသလဲ (ကိုယ့်ဒုက္ခ ကိုယ်သိမ်းနိုင်တဲ့ နည်း သွားယူချေဦးမယ်)။
ကိုယ့်ဒုက္ခ ကိုယ်သိမ်းနိုင်တဲ့နည်း သွားယူချေဦးမယ်၊ ကိုယ့်ကိုယ်တိုင်က မသိမ်းတတ်တာကိုး (မှန်ပါ့)၊ မသိမ်း တတ်တော့ ဒကာ ဒကာမတို့ ကိုယ့်ဒုက္ခ ကိုယ်သိမ်းတဲ့နည်း သွားယူရဦးမယ်ဆိုတဲ့ စကားဟာဖြင့် တရားထဲမှာဖြင့် အဖိုးအတန်ဆုံး ရည်ရွယ်ချက်ပဲလို့ မှတ်ရမယ် (မှန်လှပါ)၊ နို့မဟုတ်လို့ရှိရင် ကိုယ့်ဒုက္ခရှိတာ ကိုယ်မသိဘူး (မသိပါ ဘုရား)။
ကုသိုလ်ရချင်တဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်ဒုက္ခရှိတာ ကိုယ်သိရဲ့လား (မသိပါ ဘုရား)၊ မသိသေးလို့ရှိရင် သူ သစ္စာ မသိဘူး (မှန်လှပါ)၊ သစ္စာမသိရင် နောက်ခန္ဓာလိုချင်မှာပဲ (လိုချင်ပါတယ် ဘုရား)၊ လိုချင်လို့ရှိရင်ဖြင့် ထင်းရှာထွက် ဦးမှာပဲ (ထွက်ဦးမှာပါပဲ)၊ မထွက်ပေဘူးလား (ထွက်ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကုသိုလ်ရချင်လို့ တရားနာကြတာလား၊ ကိုယ့်ဒုက္ခသိမ်းလိုလို့ တရားနာ ကြတာလား (ကိုယ့်ဒုက္ခသိမ်းလိုလို့ တရားနာကြတာပါ ဘုရား)။
သစ္စဉာဏ်နဲ့နာတာ
အဲ ဒါကတော့ သစ္စဉာဏ်နဲ့နာတာ (မှန်ပါ့)၊ သစ္စဉာဏ်နဲ့ ပြောတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘုန်းကြီးက ဆန်းပြီး ပြောနေတယ်လို့ မောင်ဘသော်တို့၊ ဦးဘအုန်းကြီးတို့က ဆိုချင်သေးသလား (မဆိုချင်ပါ ဘုရား)။
မဆိုနဲ့နော် မင်းတို့ဟာတွေက အလွဲချည်းဖြစ်နေလို့ (မှန်ပါ့)၊ ပြင်ပေးနေရတာ ဒကာကြွယ်ရ (မှန်ပါ့)၊ မပြင်ထိုက်ဘူးလား (ပြင်ထိုက်ပါတယ် ဘုရား)၊ ဒကာကြွယ်တို့ ရှေးမူတွေ ဖျောက်နော် (ဖျောက်ပါမယ် ဘုရား)။
ကိုယ့်ဒုက္ခ ကိုယ်သိမ်းချင်လို့ ကျုပ်တို့ဖြင့် တရားနည်း ယူသွားရဦးမယ်၊ ဖြတ်နည်း, ယူနည်းတွေ ယူသွားရဦး မယ် (မှန်လှပါ)၊ ဦးဘအုန်း မှန်-မမှန် (မှန်ပါတယ် ဘုရား)၊ ဒါမှ ဝဋ်ကျွတ်တဲ့တရား၊ ဝဋ်ကျွတ်တဲ့ အလုပ်ကိုးဗျ (မှန် ပါ့)။
ဒီဘက်ကြည့်လေ၊ ဒါ ကိလေသဝဋ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒါ ကိလေသဝဋ်နဲ့ ကမ္မဝဋ် (မှန် ပါ့)၊ တဏှာ ဥပါဒါန်က ကိလေသဝဋ်၊ ကမ္မဘဝက (ကမ္မဝဋ်ပါ)၊ ကမ္မဝဋ်တွေ, ကိလေသာဝဋ်တွေ ဖြတ်တာ (မှန်ပါ့)၊ ကမ္မဝဋ်နဲ့ ကိလေသဝဋ်ကို မဂ်နဲ့ ဒီကနေ အားထုတ်လိုက်တဲ့အခါ ဒီဘက်ပြတ်မသွားဘူးလား (ပြတ်သွားပါတယ် ဘုရား)။
ဒီဘက်က ဝိပါကဝဋ်ဆိုတာ လာသေးရဲ့လား (မလာပါ ဘုရား)၊ ဝိပါကဝဋ် ရှစ်ပါးတဲ့ ရေးထားတယ်၊ လာသေး ရဲ့လား (မလာပါ ဘုရား)၊ မလာတော့ဘူးတဲ့၊ ဒါဖြင့် ကိုယ့်ဝဋ်ကို ကိုယ်ဖြတ်သွားဦးမယ် (မှန်ပါ့)၊ မတည့်သေးဘူးလား (တည့်ပါပြီ ဘုရား)၊ ကိုယ့်ဝဋ်ကို (ကိုယ်ဖြတ်သွားဦးမယ်)။
ဒါဖြင့် ဒါဟာ တပည့်တော်တို့ ဒီတရားရှည်လှတယ်ဆိုလည်း ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်အဖြတ်သွားဦးမယ် (မှန်ပါ့)၊ ကိုယ့်ဒုက္ခ ကိုယ်အသိမ်းသွားဦးမယ်၊ ဒီလိုဆိုရင် မောင်ဘသော်တို့ တည့်ပြီ (တည့်ပါပြီ ဘုရား)၊ ဒကာကြွယ် ဒီစကားတွေဟာလည်း ကွယ်နေတယ် (ကွယ်နေပါတယ် ဘုရား)၊ ဦးဘအုန်း ကွယ်နေတယ် (ကွယ်နေပါတယ် ဘုရား)၊ ဘာနှုတ်တက်နေကြသလဲ (ကုသိုလ်ရအောင် တရားနာဦးမယ်)၊ ကုသိုလ်ရအောင် တရားနာဦးမယ်၊ ဒီလိုက များနေ တယ် (မှန်ပါ့)။
ဒါဟာ အမေ မိဘတွေကလည်း ဒီအတိုင်း သင်ထားတာ (မှန်ပါ့)၊ သင်ထားတော့ ကလေးတွေကလည်း ကျုပ်တို့လည်း ကုသိုလ်တော့ ရချင်တာပဲ၊ ကျုပ်တို့လည်း လိုက်ပါရစေဦးဆိုပြီး၊ နို့ ကုသိုလ်ရတာ ဘာကျေးဇူးရှိသတုံး လို့ဆိုပြီး ကလေးက မေးလို့ရှိရင် အမေ မိဘကလည်း ဖြေမယ်၊ နင် နောင်ဘဝ ကောင်းစားမှာပေါ့ (မှန်ပါ့ ဘုရား)။
ဟာ ထင်းရှာထွက်ပြီ အမေ မိဘကတော့ (မှန်ပါ့)၊ အမေ မိဘကတော့ ထင်းရှာပဲ သင်တယ် (သင်ပါ တယ် ဘုရား)၊ သူကလည်း ထင်းရှာပဲ တတ်ထားတာ (မှန်ပါ့)။
ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်ဖို့ဆိုတဲ့ စကား ကိုယ့်ဒုက္ခ ကိုယ်သိမ်းဖို့ဆိုတဲ့စကား ကိုယ့်ဝဋ်ကို ကိုယ်ချွတ်ဖို့ ဆိုတဲ့စကားဟာဖြင့် ဦးဘအုန်းတို့ မောင်ဘသော်တို့ ကွယ်နေပြီ (ကွယ်နေပါပြီ ဘုရား)၊ မကွယ်ဘူးလား (ကွယ်ပါတယ် ဘုရား)။
ကိုယ့်ဒုက္ခ ကိုယ်အသိမ်းသွားမလို့
ကိုင်း ဒါဖြင့် ဒီကရှေ့ အိမ်က ထွက်လာကြတော့မယ်ဆိုရင် ကဲ ဟေ့ ကိုယ့်ဒုက္ခ ကိုယ်သိမ်းရအောင် သွားကြဦးစို့ (မှန်ပါ့)၊ ဦးဘအုန်း နှုတ်ဆက်ပုံကို တစ်မျိုးလုပ်ရဦးမယ် (တစ်မျိုးလုပ်ရပါမယ် ဘုရား)၊ မလုပ်ရပေဘူး လား (လုပ်ရပါမယ်)၊ ဘယ်သွားမတုံးမေးရင် ဘယ့်နှယ်ဖြေမလဲ (ကိုယ့်ဒုက္ခ ကိုယ်အသိမ်းသွားမလို့ပါ ဘုရား)။
ကိုယ့်ဒုက္ခ ကိုယ်အသိမ်းသွားဦးမဟေ့ (မှန်ပါ့)၊ ဒီ့ပြင် ဒကာ ဒကာမတွေကတော့ နားလည်မှာ မဟုတ်ဘူး ဒကာကြွယ်ကတော့ နားလည်ပြီးသား (မှန်ပါ့)၊ ဦးဘအုန်းကို နှုတ်ဆက်ရင် ဦးဘအုန်း ဘယ်သွားမလို့တုံး မေးရင် ဖြေတတ်ပလား (ဖြေတတ်ပါပြီ)၊ ဘယ့်နှယ်ဖြေပါ့မယ် (ကိုယ့်ဒုက္ခ ကိုယ်အသိမ်းသွားမလို့ပါ)၊ ကိုယ့်ဒုက္ခ ကိုယ်အသိမ်း သွားမလို့ဆိုတော့ ကိုယ်က သစ္စာသိတယ် (မှန်ပါ့)၊ သစ္စာသိတဲ့ဉာဏ်နဲ့ ပြောလိုက်တယ် (မှန်ပါ့ ဘုရား)၊ ကိုယ့်ဒုက္ခ ဆိုတော့ ကိုယ့်ခန္ဓာကြီးက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အဲ ယခု ဒုက္ခသစ္စာကြီးရှိနေတော့ ကိုယ့်ဒုက္ခကို နောင်မပေါ်အောင် အသိမ်းသွားမလို့ (မှန်ပါ့ ဘုရား)၊ တည့်ကော မတည့်ဘူးလား (တည့်ပါတယ်)၊ ဒကာကြွယ် ဒါ အိမ်က ဒကာ ဒကာမတွေ နှုတ်ဆက်တတ်ပလား (ဆက် တတ်ပါပြီ ဘုရား)။
ငါ ဒုက္ခအသိမ်းသွားဦးမယ်ဟေ့ ၊ မင်းတို့ ငါရှာမနေနဲ့၊ မပြောရဲဘူးလား (ပြောရဲပါတယ် ဘုရား)၊ ပြော သာ ပြောပါဗျ၊ ဒီဟာ ရှက်တယ် လုပ်မနေပါနဲ့ (မှန်ပါ့)၊ ပြောသာပြောပါ ဒီဟာ အင်မတန်တည့်တဲ့ တရား၊ ကုသိုလ် ရအောင် သွားဦးမယ်ဆိုလို့ရှိရင်တော့ ကုသိုလ်က အမျိုးမျိုးဖြစ်နေတယ် (မှန်ပါ့)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲဒါက သစ္စာသိတဲ့ဉာဏ်နဲ့ ပြောတာလား၊ မသိတဲ့ဉာဏ်နဲ့ ပြောတာလား (မသိတဲ့ဉာဏ်နဲ့ ပြောတာပါ ဘုရား)၊ မသိတဲ့ဉာဏ်နဲ့ ပြောလို့ရှိရင် များသောအားဖြင့် ထင်းရှာထွက်ဦးမယ် (မှန်လှပါ)၊ သဘောပါလား (ပါပါတယ် ဘုရား)။
ကဲ ဒကာကြွယ်ရေ ဒီဘုန်းကြီးနဲ့ တွေ့မှ နှုတ်ဆက်နည်းကို ပြင်ရဦးမလိုလို ကျနေပြီ (မှန်လှပါ ဘုရား)၊ ပြင်ရမှာပဲ (မှန်ပါ့)၊ ဘယ့်နှယ်ပြင်ကြမလဲ (ကိုယ့်ဒုက္ခ အသိမ်းသွားမလို့)၊ ဥပမာမယ် ဦးလှဘူး ဘယ်သွားမလို့တုံး ဆိုပြီး လမ်းက ဆီးမေးပြီဗျာ၊ ခင်ဗျား ဘယ့်နှယ်ဖြေမလဲ (ကိုယ့်ဒုက္ခ ကိုယ်အသိမ်းသွားမလို့)၊ ကိုယ့်ဒုက္ခ ကိုယ်အသိမ်း သွားမလို့ (မှန်ပါ့)၊ ဘယ်လောက်တည့်သလဲ (တည့်ပါတယ် ဘုရား)၊ ကိုယ့်ဒုက္ခဆိုတာ ယခု လက်ရှိခန္ဓာကြီးဟာ ဘာ တုံး (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒါကြီး နောင်မပေါ်လာအောင်လို့ အသိမ်းသွားမှာ (မှန်ပါ့)၊ ဒီလိုဆိုတော့ ကိုယ့်ဒုက္ခ ကိုယ်အသိမ်းသွားတဲ့ အလုပ်သည် သစ္စာမြင်ပြီး နှုတ်ဆက်တဲ့ အလုပ်ပါ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ နက်ဖြန်ကစပြီး တစ်ပွဲလုံး သူများကမေးရင် ဒီအတိုင်းသာဖြေ (မှန်ပါ့)။
သူတို့ကတော့ သိမှာမဟုတ်ဘူး၊ တရားပွဲရှိတယ်လို့ သိမှာတော့မဟုတ်ဘူး (မှန်ပါ့)၊ သိ သိပါဦးမလား (မသိပါ ဘုရား)၊ သစ္စာမသိတဲ့ နားထဲမှာ ကြားရတော့ ဒီဥစ္စာ ဘယ်သွားမှာပါလိမ့်မတုံး၊ သူ့ဒုက္ခ သူအသိမ်းသွားမယ်လို့ ပြောတယ်၊ ဘယ်သွားသိမ်းပါလိမ့်မတုံး (မှန်ပါ့)၊ တရားပွဲဆီတော့ သူတို့ မရောက်တော့ဘူး (မရောက်ပါ ဘုရား)၊ သူတို့ နားလည်ထားတာက ထင်းရှာ နားလည်တာ (မှန်ပါ့ ဘုရား)။
ဪ လူကြီးတွေ အသက်အရွယ်ကြီးတော့ ကုသိုလ်ရှာကြတယ်၊ ဒါလောက် နားလည်ထားတာ (မှန်လှ ပါ ဘုရား)၊ အတော်ခက်နေပါကလား ဒကာကြွယ်ရ (ခက်ပါတယ် ဘုရား)၊ အဲဒါ သစ္စာသိတဲ့ ပုဂ္ဂိုလ်လား မသိ တဲ့ ပုဂ္ဂိုလ်လား (မသိတဲ့ပုဂ္ဂိုလ်ပါ ဘုရား)။
ခန္ဓာနိရောဓော နိဗ္ဗာနံ(ခန္ဓာနံ နိရောဓော နိဗ္ဗာနံ)
ကိုင်း ဒါဖြင့် ဒီက ဒကာ ဒကာမတွေကတော့ဖြင့် သစ္စာသိနေတော့ ဒီအဖြေနဲ့ ဒီအမေးသည် သူတို့ မေးချင်တာမေး ၊ ကိုယ့်ဒုက္ခ ကိုယ်အသိမ်းသွားဦးမယ်ဆိုတဲ့ စကားသည် အင်း ကိုယ့်ဒုက္ခ သိမ်းတော့မယ် ဆိုတော့ ခန္ဓာနိရောဓော နိဗ္ဗာနံ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ခန္ဓနိရောဓော (နိဗ္ဗာနံပါ ဘုရား)၊ ခန္ဓ နိရောဓော = ခန္ဓာချုပ်ခြင်းသည်၊ နိဗ္ဗာနံ = နိဗ္ဗာန်မည်၏ (မှန်လှပါ)၊ ခန္ဓာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒါကြောင့် ကိုယ့်ဒုက္ခ ကိုယ်အသိမ်း သွားဦးမယ်ဆိုတဲ့ စကားဟာ အင်မတန် အဖိုးတန်တယ် (တန်ပါတယ်)၊ ဒကာကြွယ် သုံးရဲပါ့မလား (သုံးရဲပါတယ် ဘုရား)။
သုံးသာသုံး သုံးသာသုံး၊ ကိုယ် ဒုက္ခသစ္စာသိတဲ့ဉာဏ်နဲ့ ပြောရခြင်းကြောင့် အင်မတန် အဖိုးတန်တယ် (မှန်လှပါ ဘုရား)။
ကဲ ဒါဖြင့် ၂ နံပါတ်မှာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ၃ နံပါတ် မပွားအောင်လို့ တရားနာကြ တာ (မှန်လှပါ ဘုရား)၊ ၃ နံပါတ် မပွားအောင်လို့ (တရားနာကြတာပါ ဘုရား)၊ တဏှာ ဥပါဒါန် ကံတွေ မလာအောင် လို့ (တရားနာကြတာပါ ဘုရား)၊ အဝိဇ္ဇာ တဏှာတွေ (မလာအောင်လို့ တရားနာကြတာပါ ဘုရား)။
ဒါဖြင့် ဒုက္ခဖြစ်ကြောင်းတွေ သိမ်းလိုက်တော့ နောက်ဒုက္ခလာသေးရဲ့လား (မလာပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်သွားမလို့တုံး မေးရင် ဘယ့်နှယ်ပြောမလဲ (ဒုက္ခအသိမ်း သွားမလို့ပါဘုရား)၊ ကိုယ့်ဒုက္ခ ကိုယ်အသိမ်း သွားဦးမယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
သစ္စာသိတဲ့ဉာဏ်နဲ့ ပြောတာ
ကောင်းပြီ ဒီလိုဆိုတော့ ဘယ်ဉာဏ်နဲ့ ပြောလိုက်ပါလိမ့် (သစ္စဉာဏ်နဲ့ ပြောလိုက်ပါတယ် ဘုရား)၊ ကဲ ကုသိုလ်ရတာနဲ့ တခြားစီဖြစ်သွားတာပဲ (မှန်ပါ့)၊ သစ္စာသိတဲ့ဉာဏ်နဲ့ ပြောတာ (မှန်လှပါ)၊ ဟိုဟာက ကမ္မဿကတာ ဉာဏ်နဲ့ ပြောတဲ့စကား ဒါက သစ္စာသိတဲ့ဉာဏ်နဲ့ ပြောတဲ့စကား (မှန်လှပါ)၊ ဟိုဟာက သာသနာပစကား၊ ဒီဟာ က သာသနာတွင်းစကား (မှန်လှပါ ဘုရား)။
ဒါ တော်တော်အရေးကြီးတယ်ဆိုတဲ့ဥစ္စာ ဒီမှာတမ်းဟာလည်း ဒကာကြွယ် သေးသေးသိမ်သိမ်လို့ မမှတ်ပါနဲ့ (မှန်လှပါ ဘုရား)၊ နို့မို့ ရိုးရာကတော့ဖြင့် ဒကာကြွယ် ဒီအတိုင်းပဲ ၊ ကိုယ်လည်း လူကြီးဖြစ်လာတော့ တရားနာ ကလေး ဘာလေး သွားတာမဟုတ်ဘူး၊ ဒီအကောင် ကုသိုလ်လိုချင်ပုံ မရပါဘူး၊ ဒီလိုပဲ ပြောလေ့ဆိုလေ့ရှိတယ် (မှန် ပါ့ ဘုရား)။
ဦးဘအုန်းတို့ လူကြီးဖြစ်ပြီး ဆုံးမတော့ တစ်ယောက်တစ်ယောက် တိုက်တွန်းတယ်မဟုတ်လား (တိုက်တွန်း ပါတယ် ဘုရား)၊ တိုက်တွန်းလို့မရတော့ ဒီကောင် ကုသိုလ်လိုချင်ပုံ မရပါဘူး (မှန်လှပါ ဘုရား)၊ ဒီကုသိုလ်ရဖို့ပဲ အောက်မေ့နေတာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
အဲ သူ့ဒုက္ခ သူသိမ်းဖို့ဆိုတဲ့ဥစ္စာတော့ မပြောမိဘူး (မပြောမိပါ ဘုရား)၊ မပြောမိတော့ ခန္ဓာ ဒုက္ခသစ္စာ လို့ လက်ရှိ ခန္ဓာဒုက္ခသစ္စာလို့ သိကြသေးရဲ့လား (မသိပါ ဘုရား)။
ဒါဖြင့် သစ္စာမသိဘဲနဲ့ တရားနာတာ (မှန်ပါ့ ဘုရား)၊ သစ္စာမသိဘဲနဲ့ တရားနာလို့ရှိရင် ဒုက္ခသစ္စာ ပြန်ရမှာ ပဲ (ရမှာပါပဲ ဘုရား)၊ မရပေဘူးလား (ရပါတယ်)၊ သဘောပါလား (ပါပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီဒုက္ခသစ္စာကြီးကို ဒုက္ခသစ္စာထဲကနေပြီး သမုဒယသစ္စာ မပွားဘူး (မပွားပါ ဘုရား)၊ ၂ ထဲက ၃ မပွားဘူး (မပွားပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ၂ ထဲက (၃ မပွားပါ ဘုရား)၊ ဪ တရားနာကြတာ ၂ ထဲက ၃ မပွားဘူး (မှန်လှပါ)၊ သဘောပါလား (ပါပါတယ် ဘုရား)၊ ၂ ထဲက (၃ မပွားပါ ဘုရား)။
အေး- ၂ နံပါတ် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာထဲက တဏှာ ဥပါဒါန် ကံတွေ မပွားကြလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မီးသိမ်းတယ်၊ လောင်စာကုန်တယ် (မှန်လှပါ ဘုရား)၊ မီးသိမ်းတယ်ဆိုတော့ ၃ နံပါတ် လာသေးရဲ့လား (မလာပါ ဘုရား)၊ လောင်စာကုန်တယ်ဆိုတော့ ဒကာ ဒကာမတွေ ၄ နံပါတ် နောက်ထပ် ထင်းထည့်သေးရဲ့လား (မထည့်ပါ ဘုရား)။
ပင်ကိုမီးနဲ့ ပင်ကိုထင်း ကုန်သွားရင်
မတည့်လို့ရှိရင် ပင်ကိုမီးနဲ့ ပင်ကိုထင်း ကုန်သွားရင် ဦးဘအုန်း နောက်ထပ် အေးရော (အေးပါတယ် ဘုရား)၊ ပင်ကိုထင်းနဲ့ ပင်ကိုမီး ကုန်သွားရင် (နောက်ထပ် အေးပါတယ် ဘုရား)။
နောက်ထပ် အေးချမ်းသွားတာပဲ၊ အရင်လို ထင်းရှာတဲ့ဇာတ်ထုပ် ခင်းသေးသလား (မခင်းပါ ဘုရား)၊ ဪ တယ်အဖိုးတန်ပါကလားဆိုတာ သဘောကျပလား (ကျပါတယ်)။
အဲဒါ ကိုယ့်ဒုက္ခ ကိုယ်သိမ်းတာဆိုတာ ဒကာ ဒကာမတို့ ယခု ဒုက္ခကတော့ဖြင့် ရှိနေတာပဲ (မှန်ပါ့)၊ အနာဂတ် ဒုက္ခတွေ အကုန် သိမ်းပစ်လိုက်တယ် (မှန်ပါ့ ဘုရား)၊ ယခု ဒုက္ခသိမ်းပြီးနောက် အနာဂတ်ဒုက္ခ မလာရင်ဘဲ ကျုပ်တို့ ကံကောင်းတယ် (မှန်လှပါ ဘုရား)၊ အင်မတန် ကျေးဇူးများပြီဆိုတာ သဘောပါကြပလား (ပါပါတယ် ဘုရား)။
အေး ဒါကြောင့် ဒီအသံမျိုးကို ကြားဖို့ရာလည်း ဒကာကြွယ် မလွယ်ပါဘူး (မလွယ်ပါ ဘုရား)၊ ဦးဘအုန်း လွယ်သလား (မလွယ်ပါ ဘုရား)၊ တစ်သက်နဲ့တစ်ကိုယ် ကြားဖူးကြလိမ့်မယ် မဟုတ်ဘူး (မကြားဖူးပါ ဘုရား)။
ကိုယ့်ဒုက္ခ ကိုယ်အသိမ်းသွားဦးမယ်ဆိုတဲ့ နှုတ်ဆက်မျိုးဖြင့် သစ္စာမသိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်နေတော့ ဒီအသံကို မထွက်ဘူး (မထွက်ပါ ဘုရား)။
သစ္စာမသိလို့ သံသရာရှည်ခဲ့တယ်
ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း မဟာဝါ ပါဠိတော်ကြီးများ၌ “စတုန္နံ အရိယသစ္စာနံ ယထာဘူတံ အဒဿနာ”တွေနဲ့ ဟောလိုက်တာ သစ္စာမသိလို့ ငါရှည်ခဲ့တယ်ကွာ (မှန်ပါ့)၊ သစ္စာသိတဲ့နေ့မှာ ငါဘုရားဖြစ်လာတော့ တယ်၊ အဲဒီကျမှ ပြတ်ပေတော့တယ် (မှန်လှပါ ဘုရား)၊ မဟောဘူးလား (ဟောပါတယ် ဘုရား)။
အဲဒီကျမှ သူလည်း ကိုယ့်ဒုက္ခ ကိုယ်သိမ်းတာကို ကြိုးစားတာကိုး (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲ ဒကာကြွယ် ဘယ်သွားမလို့တုံးမေးရင် ဖြေစမ်း (ကိုယ့်ဒုက္ခ ကိုယ်အသိမ်းသွားမလို့ပါ ဘုရား)။
ကိုယ့်ဒုက္ခ ကိုယ်အသိမ်းသွားမလို့ဆိုတော့ ဪ အသိဉာဏ်ပါတဲ့ လူပါကလားလို့ ပညာရှိ နားမှာတော့ ဖြင့် အတော် အဖိုးတန်သွားတယ် (အဖိုးတန်ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
ဟိုဘေးက ကုသိုလ်ရချင်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီ ဒကာကြီး ဘာပြောသွားပါလိမ့်မတုံးလို့ မသိပါဘူး၊ သူ သစ္စာမှ မသိဘဲ (မှန်လှပါ ဘုရား)။
သူတို့က သစ္စာသိသေးရဲ့လား (မသိပါ ဘုရား)၊ သစ္စာမသိတော့ ဘုရားက သံသရာရှည်ရမယ် ဟောသလား၊ တိုရမယ် ဟောသလား (ရှည်ရမယ် ဟောပါတယ် ဘုရား)။
အဲ သူတို့ မသိချင်နေ ဒကာကြွယ် ကိုယ်သိတဲ့ဉာဏ်နဲ့ ကိုယ်ပြောလိုက် (မှန်လှပါ့)၊ ရှင်းပလား (ရှင်းပါ ပြီ)။ မနက်ဖြန် ဒကာ ဒကာမတွေ လမ်းက ဆီးမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ကိုယ့်ဒုက္ခ ကိုယ်အသိမ်းသွားမလို့ ပါ ဘုရား)၊ ကိုယ့်ဒုက္ခ ကိုယ်အသိမ်းသွားဦးမယ် (မှန်ပါ့)၊ ဒီအဖြေဟာ အတည့်ဆုံးပဲ (မှန်လှပါ)။
ကိုယ်တော်မြတ်ကြီး ကြိုက်တဲ့ အဖြေ
ဒီအဖြေသည် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကြိုက်တဲ့ အဖြေပဲဆိုတာ မှတ်ပါ (မှန်လှပါ ဘုရား)။
နို့မို့လို့ရှိရင် မသိတဲ့ ဒကာ ဒကာမတွေကျတော့ တရားနာရင် ကုသိုလ်ရတယ်၊ နောက်ဘဝကျတော့လည်း ဒီတရားတန်ခိုးဟာ ဖားကလေးတောင် နတ်သားသွားဖြစ်သေးတယ် (မှန်လှပါ ဘုရား)။
ဖားကလေးက ဖားကလေးလည်း ဒုက္ခသစ္စာပဲ၊ နတ်သားကော (ဒုက္ခသစ္စာပါပဲ ဘုရား)၊ အင်း ဒါဖြင့် ခင်ဗျားတို့ ဖားနဲ့ နတ်သားသည် သစ္စာမှာ ဘယ့်နှယ်နေသလဲ (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ဖားသစ္စာဖြစ်ချင်သလား၊ နတ်သားသစ္စာ ဖြစ်ချင်သလား (ဘာမှမဖြစ်ချင်ပါ ဘုရား)၊ ဒုက္ခသစ္စာ အတူတူချည်းပဲ (မှန်လှပါ)။
အဲဒါ ဖားကတောင် နတ်သားဖြစ်သေးတယ်ဆိုပြီး ဒါကြိုက်နေလို့ရှိရင် ဒုက္ခပြန်ကြိုက်တယ် (မှန်လှပါ ဘုရား)၊ ထင်းရှာထွက်တာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ကျုပ်တို့တော့ တရားနာသွားရမယ်၊ တရားနားလည်တာ မလည်တာ အပထား တရားရယ်လို့ သိရင် ဖား ကလေးတောင် နတ်သားဖြစ်သေးတယ် (မှန်လှပါ)၊ သွားပြီ ဦးဘအုန်းရေ သွားပြီ (မှန်လှပါ)၊ မသွားသေးဘူး လား (သွားပါပြီ ဘုရား)၊ ဖားက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ နတ်သားက (ဒုက္ခသစ္စာပါ ဘုရား)၊ လူ့မှာ ဘာတုံး လို့ မေးတဲ့အခါကျတော့ အရင်မီးကလည်း ခန္ဓာလောင်တာ (မှန်ပါ့)၊ နောက်မီးကကော (ခန္ဓာလောင်တာပါ ဘုရား)၊ သမုဒယနဲ့ တွဲလျက်လောင်တယ် (မှန်ပါ့)၊ တွဲလောင်ပြန်တာပဲဆိုတော့ ဪ မီးပုံပြောင်းတာပဲ ရှိတယ် (မှန်ပါ့)၊ ဖား မီးပုံကနေပြီး နတ်မီးပုံ ပြောင်းတယ် (မှန်ပါ့)၊ ဖား မီးပုံကတော့ ဒကာ ဒကာမတို့ တစ်ဆုပ်စာကလေး (မှန်ပါ့)၊ နတ်မီးပုံကတော့ ဒကာ ဒကာမတို့ သုံးဂါဝုတ် လောင်ရမယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် မီးပုံကြီး ကြိုက်သလား (မကြိုက်ပါ ဘုရား)၊ ဒကာကြွယ် မီးပုံကလေး ကြိုက်သလား၊ မီးပုံကြီး ကြိုက် သလား (မကြိုက်ပါ ဘုရား)၊ သစ္စာသိတဲ့ပုဂ္ဂိုလ်က ဘယ်ဟာမှ မကြိုက်ဘူး (မှန်ပါ့)၊ သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ကတော့ ဖားတောင် နတ်သားြဖ်သေးတာ၊ ကျုပ်တို့ မရှုံးပါဘူး (မှန်ပါ့)၊ မီးပုံကြီးကြိုက်သလား (မကြိုက်ပါ)၊ ရိပ်မိပလား (ရိပ် မိပါပြီ)။
အံမာလေး အတော်ပြောတဲ့ ဘုန်းကြီးလို့ ခင်ဗျားတို့က အောက်မေ့မနေနဲ့၊ သစ္စာနဲ့ကြည့်မှ ခင်ဗျားတို့ အရုပ်ဆိုးတာ သိပ်ပေါ်တာ (မှန်ပါ့ ဘုရား)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
အံမာ တစ်ကြိမ်မဟုတ်ဘူးတဲ့၊ ဖားကလေးကလည်း အကြိမ်ကြိမ် ဖြစ်နိုင်သတဲ့၊ နတ်သား အကြိမ်ကြိမ် ဖြစ်နိုင် သတဲ့ဆိုရင် သွားပြန်ပြီ (သွားပါပြီ ဘုရား)၊ မသွားသေးဘူးလား (သွားပါပြီ ဘုရား)၊ ဒုက္ခလက်စ မသတ်တော့ဘူး ပြောတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
နှုတ်ဆက်တတ်ပလား
ကိုင်း ဒါဖြင့် ဒကာကြွယ် နှုတ်ဆက်တတ်ပလား (ဆက်တတ်ပါပြီ ဘုရား)၊ သူများက မေးမှ ဆက်နော် ကိုယ့်ဟာကိုယ်လည်း ပြောမနေနဲ့ဦး (မှန်ပါ့)၊ ဘယ်သွားမလို့တုံး မေးမှ ပြော (မှန်ပါ့)၊ ဒီတရားပွဲက ဒီနေ့ ခပ်ဆန်း ဆန်းချည်း ဖြစ်ကုန်ပြီ၊ သို့သော်လည်း တရားက မှန်လွန်းတယ် (မှန်ပါ့)၊ ဦးဘအုန်း ဘယ့်နှယ်နေသလဲ (မှန်လွန်း ပါတယ် ဘုရား)။
အဲဒီတော့ အမှန်သမားကဖြင့် ဒီဥစ္စာ အမှန်ကြိုက်တာပဲ (မှန်လှပါ)၊ အမှားသမားကတော့ ဒီဥစ္စာ ကြိုက်မယ် မဟုတ်ဘူး (မကြိုက်ပါ ဘုရား)၊ ဘာများပြောသွားပါလိမ့်မတုံးလို့ ကြိုက်မှာမဟုတ်ဘူး (မှန်ပါ့)၊ သူက ကိုယ့်ခန္ဓာ ဒုက္ခသစ္စာမသိလို့ (မှန်ပါ့ ဘုရား)၊ မသိတော့ သိတဲ့ပုဂ္ဂိုလ်က ဒို့ဒုက္ခအသိမ်း သွားမလို့ (မှန်လှပါ ဘုရား)၊ ဒီလိုဆိုတော့ ဦးဘအုန်း နားလည်ပါ့မလား (မလည်ပါ ဘုရား)၊ ဘယ့်နှယ်ကြောင့် မလည်တာတုံး သူမလည်ပုံ အကဲခတ်ကြစမ်း (သစ္စာမသိလို့ပါ ဘုရား)၊ သူ့ခန္ဓာကို ဒုက္ခသစ္စာလို့ မသိဘူး (မှန်ပါ့)၊ သူ့ခန္ဓာ ဒုက္ခသစ္စာမသိတော့ နောက်ခန္ဓာကော (မသိပါ ဘုရား)။
ဒါဖြင့် မသိတဲ့ပုဂ္ဂိုလ်မို့ သူ ဒီဥစ္စာ ဘာပြောသွားမှန်း မသိဘူးဆိုတဲ့ အဓိပ္ပာယ်ဟာ သူသည် ဒကာ ဒကာမတို့ သာသနာတွင်းသားလား၊ သာသနာပသားလားဆိုတာ အကဲခတ်စမ်း (သာသနာပသားပါ ဘုရား)။
အဲဒီလိုပြောလိုက်တော့မှ ဒကာကြွယ်တို့ ရှင်းလင်းပြီးသွားလိမ့်မယ် (မှန်ပါ့ ဘုရား)၊ ကဲ ဒါဖြင့် နှုတ်ဆက် တတ်ပါပြီ (တတ်ပါပြီ ဘုရား)၊ အံမာ မနည်းသင်ရပါကလား (သင်ရပါတယ် ဘုရား)။
ဒီလိုသာ ထိုးထိုးထွင်းထွင်း ဆရာကောင်း သမားကောင်းနဲ့ မတွေ့လို့ရှိရင်ဖြင့် ခင်ဗျားတို့လည်း ရိုးရာထဲ ပါ သွားမှာပဲ (ပါသွားမှာပါပဲ ဘုရား)၊ မပါပေဘူးလား (ပါပါတယ် ဘုရား)။
မိကျောင်းနဲ့တူတဲ့ တောင်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာ ၂ နံပါတ်ထဲက ၃ နံပါတ် သမုဒယသစ္စာ မသွားဖို့အရေးဟာ ဘုန်းကြီးရှင်းပြပါမယ် (မှန်ပါ့ ဘုရား)၊ တိုင်းကြီး သောဠသဆိုတာ ရှိတယ် ဒကာကြွယ်ရဲ့နော် (မှန်ပါ့)၊ သောဠသ ဆိုတာ တစ်ဆယ့်ခြောက် အဲဒီထဲက ဘဂ္ဂတိုင်းမှာ သံသုမာရဂီရိဆိုတဲ့ မိကျောင်းနဲ့တူတဲ့ တောင်ရှိတယ်၊ အဲဒီမှာ ဘုရားက သီတင်းသုံးနေတော်မူတယ် (မှန်လှပါ)၊ ဘုရားက အဲဒီတိုင်းကို ကြွတော်မူတယ်ဆိုပါတော့ (မှန်လှပါ)။
အဲဒီ့တိုင်းမှာ ဘာရှိသတုံးလို့ မေးတော့ သူ့မယ်တော်နဲ့ ခမည်းတော်ရှိတယ် (မှန်ပါ့)၊ သုဒ္ဓေါဒနနဲ့ မယ်တော် မာယာလားလို့ မေးတော့ မဟုတ်ဘူး (မှန်လှပါ ဘုရား)၊ ဒီအဘိုးကြီးနဲ့ ဒီအဘွားကြီး၏ ဝမ်းထဲမှာ အကြိမ်ငါးရာ ဘုရားအလောင်း ပဋိသန္ဓေနေဖူးတယ် (မှန်လှပါ)၊ ဦးဘအုန်း နည်းသလား (မနည်းပါ ဘုရား)၊ ဒကာ ဒကာမတို့ အကြိမ်ငါးရာ ဝမ်းထဲမှာ အောင်းလိုက် ထွက်လိုက် ပြန်သေလိုက် (မှန်လှပါ ဘုရား)၊ ဒီအဘိုးကြီး အဘွားကြီး အိမ် ထောင်ကျပြီး ဒီအထဲမှာပဲပြန်ပြီး ပဋိသန္ဓေနေလိုက်ဆိုတော့ အကြိမ် ဘယ်လောက်တဲ့ (ငါးရာပါ ဘုရား)၊ နကုလမာတာ နဲ့ နကုလပိတာပေါ့ဗျာ (မှန်ပါ့)၊ သံသရာငါးရာတောင် နေရတယ်ဆိုတဲ့ဥစ္စာ စင်စစ်တော့ နေလိုက်, သေလိုက်နေမှာ ပါပဲ (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမယ် (နေလိုက် သေလိုက်ပါ ဘုရား)၊ မွေးလိုက် အသက်ငါးဆယ် ခြောက်ဆယ်ရှိ သေ လိုက် (မှန်ပါ့)၊ တစ်ခါ ဒီအဘိုးကြီး အဘွားကြီး ဝမ်းထဲ ပဋိသန္ဓေ နေလိုက်၊ အသက် ငါးဆယ်ခြောက်ဆယ် ပြည့်တော့ (သေလိုက်ပါ ဘုရား)။
ဪ ပဋိသန္ဓေနေလိုက် သေလိုက် ဘယ်လောက်တဲ့တုံး (ငါးရာပါ ဘုရား)၊ ပဋိသန္ဓေနေလိုက် သေလိုက် အကြိမ်ပေါင်းငါးရာ (မှန်ပါ့)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ပဋိသန္ဓေနေတာလဲ ဇာတိပိ ဒုက္ခသစ္စံ၊ သေတာလည်း မရဏမ္ပိဒုက္ခသစ္စံပဲ၊ အကြိမ် ဘယ်နှစ်ကြိမ်တဲ့လဲ (ငါးရာပါ ဘုရား)။
အဲ အဲဒါ ဘုရားမဖြစ်ခင်တုန်းက ငါမသိခင်တုန်းက ဖြစ်ခဲ့တဲ့ ဒုက္ခတွေတဲ့ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ငါ သစ္စာမသိခင်တုန်းက ဖြစ်ခဲ့တဲ့ဒုက္ခတွေ (မှန်လှပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒီအဘိုးကြီးနဲ့ ဒီအဘွား ကြီး ဝမ်းထဲတွင် ပဋိသန္ဓေ နေလိုက် သေလိုက်နဲ့ အကြိမ်ပေါင်း ဘယ်လောက်တဲ့လဲ (ငါးရာပါ ဘုရား)။
အင်း ဘာသစ္စာတွေ ဖြစ်နေသလဲ (ဒုက္ခသစ္စာတွေ ဖြစ်နေပါတယ် ဘုရား)၊ ဇာတိ ဒုက္ခသစ္စာနဲ့ မရဏ ဒုက္ခသစ္စာ၊ ကြားထဲကဟာ ဦးဘအုန်း ပါပြီးသား (မှန်ပါ့ ပါပြီးသားပါ)၊ ဒကာ ဒကာမတို့ ဘုရားအလောင်း ဘယ့်နှယ် ကြောင့် ဒီလောက်ကြာကြာ ဒုက္ခရောက်နေပါလိမ့်မတုံး (သစ္စာမသိလို့ပါ ဘုရား)။
ပဋိသန္ဓေ နေလိုက် သေလိုက်
အဲ ခင်ဗျားတို့ နှုတ်ဆက်တဲ့နည်းကို မသိဘူး (မှန်ပါ့)၊ ကိုယ့်ဒုက္ခ ကိုယ်အဖြတ်သွားမလို့၊ ဒီဟာကို သူ မသိဘူး (မှန်လှပါ)၊ မသိလို့ ဒီအဘိုးကြီးနဲ့ အဘွားကြီး ဝမ်းထဲမှာ ပဋိသန္ဓေ နေလိုက် သေလိုက် အကြိမ်ပေါင်း ငါး ရာဖြစ်ရတာ (မှန်လှပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
အဲဒါ အဘိုးကြီးနဲ့ အဘွားကြီးနဲ့ဟာ အိမ်ထောင်ကျတဲ့ဘဝ၊ ဒီအဘိုးကြီးနဲ့ ဒီ့ပြင် နကုလမာတာ မဟုတ်ဘဲနဲ့ တခြားသော ဒကာမနဲ့ အိမ်ထောင်ကျတဲ့ ဘဝနဲ့ ရှိသေးတယ် (မှန်လှပါ ဘုရား)၊ အဲဒီထဲမှာလည်း ငါးရာပဋိသန္ဓေ နေပြီး ငါးရာ သေဖူးသေးတယ် (မှန်လှပါ ဘုရား)။
ဟင်း ဒကာကြွယ် တစ်ထောင်ပြည့်တော့မယ် (ပြည့်ပါတယ် ဘုရား)၊ တစ်ထောင်ပြည့်သွားပြီ (မှန်ပါ့)၊ ဒီအဘွားကြီးနဲ့ တခြားသော ဒကာနဲ့ အိမ်ထောင်ကျပြီး အဲဒီအထဲမှာ သူပဋိသန္ဓေနေရတာ ငါးရာ၊ တစ်ထောင့်ငါးရာ ဖြစ်သွားပြီ (မှန်လှပါ)၊ စုံ အတူတူနေတုန်းက ငါးရာကိုးဗျ (မှန်ပါ့)၊ နောက် သူတို့ချင်း ဘဝတွေ ကွဲကွဲကွဲကွဲသွားပြီး ဘုရားအလောင်းက ဒီအထဲမှာချည်း ပဋိသန္ဓေနေရတာ အဘိုးကြီးဘက်က တခြားသော ဒကာမနဲ့ အိမ်ထောင်ကျလို့ ငါးရာ (မှန်ပါ့)၊ အဘွားကြီးကလည်း တခြားသော ဒကာနဲ့ အိမ်ထောင်ကျလို့ (ငါးရာပါ ဘုရား)၊ ဘယ်လောက်ရှိသွား ပလဲ (ထောင့်ငါးရာပါ ဘုရား)။
အင်း ဘာမသိလို့ ဒီလောက်တောင် ဒီဒုက္ခကြီး ခံရပါလိမ့် (သစ္စာမသိလို့ပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါ ပြီ)။
သားကြီး ကြွလာတယ်
အဲဒါနဲ့ပဲ ဘဝပေါင်းက ထောင့်ငါးရာဖြစ်နေတော့ ဒကာကြွယ်ရေ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကပိလ ဝတ်ပြည်က ကြွလာတော့ အံမာလေး သားကြီး ကြွလာတယ်၊ သားကြီး ကြွလာတယ်ဆိုပြီးတော့ အဘိုးကြီးနဲ့ အဘွား ကြီးက (မှန်လှပါ)၊ သားကြီး ကြွလာတယ်၊ အမေ အဖေတို့အိုမှ ကျေးဇူးဆပ်ဖို့လာသလား၊ စားချိန်လည်း မရှိ၊ သောက် ချိန်လည်း မရှိ၊ ဝတ်ချိန်လည်း မရှိမှပဲ ကြွလာတယ် (မှန်လှပါ ဘုရား)၊ နောက်ကပါတဲ့ ရဟန်းတွေက တွေးကြတယ်, ဘယ့်နှယ်တုံး ကပိလဝတ်ပြည်မှာ ခမည်းတော် သုဒ္ဓေါဒနနဲ့ မယ်တော်မာယာတဲ့၊ အခု ဒီမှာ အမေသစ် အဖေသစ် တွေ့နေပြန်ပြီ၊ ခက်ကောင်း ခက်ရချည်းရဲ့လို့ တွေးကုန်ကြတာပေါ့ (မှန်လှပါ ဘုရား)။
အဲဒီတွင် ဘုရားက ပြန်ပြောရတယ်၊ ငါ သစ္စာမသိတုန်းက ဒီအဘိုးကြီးနဲ့ ဒီအဘွားကြီး အိမ်ထောင်ကျတဲ့ အထဲမှာ ပဋိသန္ဓေနေမိတာ အကြိမ်ငါးရာ (မှန်ပါ့ ဘုရား)၊ အဘိုးကြီးက တခြားသောမိန်းမနဲ့ အိမ်ထောင်ကျတုန်း ငါ ပဋိသန္ခေနေရတာ (ငါးရာပါ ဘုရား)၊ အဘွားကြီးက ဒီဒကာကြီးနဲ့ အိမ်ထောင်မကျဘဲနဲ့ တစ်ပါးသော ဒကာနဲ့ အိမ်ထောင်ကျလို့ (ငါးရာပါ ဘုရား)။
အဲဒီက အရှိန်အစော် အာနုဘော်တွေ ခင်မှု ကိလေသာတွေကြောင့် သားကြီးကြွလာတယ်၊ သားကြီး ကြွလာ တယ်လို့ ပြောကြတာ (မှန်ပါ့ ဘုရား)၊ ဟိုက အရှိန်ပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
အဲဒီတုန်းက အဘိုးကြီးက ဒီဝတ္ထုထုတ်ပြီး ဒီပဋိသန္ဓေခန်း ပြောနေတာက အားလုံး ဒကာ ဒကာမတို့ ခင်ဗျား တို့ နှုတ်ဆက်မှုကလေး ဘယ်လောက်အဖိုးတန်တယ်ဆိုတာ သိအောင်လို့ (မှန်လှပါ ဘုရား)။
သူသစ္စာမသိလို့ ထောင့်ငါးရာ (မှန်ပါ့ ဘုရား)၊ ခမည်းတော် သုဒ္ဓေါဒနနဲ့ မယ်တော်မာယာ မပါသေးဘူး (မှန်ပါ့)၊ မောင်ဘသော် ပါပလား (မပါသေးပါ ဘုရား)၊ မပါသေးဘူး ဒီ့ပြင် အမေ အဖေတွေကော (မပါသေးပါ ဘုရား)၊ မပါသေးဘူးဆိုတော့ ဒကာ ဒကာမတို့ ထောင်ကျလိုက် သေလိုက်၊ ထောင်ကျလိုက် သေလိုက်၊ ထောင်ကျ လိုက် သေလိုက်၊ ဘယ်ဟာ ကြိုက်သတုံး (ဘယ်ဟာမှ မကြိုက်ပါ ဘုရား)။
အမိဝမ်းခေါင်းထဲ ထောင်ကျလိုက်
အမိဝမ်းခေါင်းထဲ ထောင်ကျလိုက် (မှန်ပါ့)၊ ထွက်တော့သေလိုက် (မှန်ပါ့)၊ ဘယ်ဟာ ကြိုက်သတုံး (ဘယ်ဟာ မှ မကြိုက်ပါဘုရား)၊ အဲဒါ သစ္စာမသိသေးရင် ဒီလိုချည်း ပဋိသန္ဓေနေရမယ် (မှန်လှပါ)၊ သစ္စာမသိသေးရင် (ဒီလို ချည်း နေရပါမယ် ဘုရား)၊ ဒုက္ခသစ္စာလို့ မသိသေးသ၍ ကာလပတ်လုံး ဒုက္ခဖြတ်ရေးကိုဖြင့် ဘယ်တော့မှ တွေ့ကြ မယ်မဟုတ်ဘူး (မတွေ့ပါ ဘုရား)၊ ဒုက္ခဖြတ်ရေး ဘယ်တော့ တွေ့ကြမလဲ (ဘယ်တော့မှ မတွေ့ပါ ဘုရား)၊ ဘယ်တော့ မှ မတွေ့ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ကိုင်း ဘုရားအလောင်းကို ဒီအဘိုးကြီးနဲ့ ဒီအဘွားကြီး အဆက်ကလေးမပြတ်ဘဲနဲ့ ထောင့်ငါးရာဆိုတော့ ဒကာ ဒကာမတို့ ကိုယ့်ကိုယ်တိုင် ဝင်အောင်းကြည့်စမ်းပါ၊ နေရဲကြပါ့မလား (မနေရဲပါ)၊ သေရဲကြပါ့မလား (မသေရဲ ပါ ဘုရား)။
အဲ အခုတော့ နည်းနည်းကလေး ကိုယ့်ဒုက္ခ ကိုယ်သိပြီ (မှန်လှပါ)၊ သစ္စာသိတယ် ကိုယ့်ခန္ဓာ ဒုက္ခ သစ္စာကြီး ကိုယ်သိတယ်၊ ကြောက်လှချည်ရဲ့ နောက်ဒုက္ခ ထင်းဖြစ်ရမှာများ ကြောက်လှချည်ရဲ့ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါ့ကြောင့် ကိုယ့်ဒုက္ခ ကိုယ်သိမ်းတဲ့ တရားနာအဖြစ် ရောက်အောင် လုပ်ကြစမ်းပါ (မှန်လှပါ ဘုရား)၊ ကုသိုလ်ရအောင်လို့ မယူကြစမ်းပါနဲ့ (မှန်လှပါ ဘုရား)၊ ကိုယ့်ဒုက္ခ ကိုယ်သိမ်းတဲ့ တရားနာအဖြစ် ရောက်အောင် ကြိုးစားပါ (မှန်လှပါ ဘုရား)၊ ဦးဘအုန်း ပြောထိုက်ပလား (ပြောထိုက်ပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
တိုတိုကလေးနဲ့ မိတဲ့တရား
ဒါနဲ့ အိမ်ရောက်တော့ နကုလပိတာ ဒကာကြီးက တပည့်တော်တို့ အသက်အရွယ်ကြီးပါပြီ ဘုရား ၊ မှတ်သားနိုင်အောင် တိုတိုကလေးနဲ့ မိတဲ့ တရားကို ဟောစမ်းပါလို့ လျှောက်တယ် (မှန်ပါ့)၊ ဒါပဲ သူလျှောက်တယ်၊ တိုတိုကလေးနဲ့ မိတဲ့တရားပဲ ဟောစမ်းပါလို့ဆိုတာ မလျှောက်ထိုက်ဘူးလား (လျှောက်ထိုက်ပါတယ် ဘုရား)။
ဒီအချိန်မှာ အသက်ခုနစ်ဆယ်လောက် ရှိပြီ (မှန်လှပါ)၊ ဒီတွင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို တပည့် တော်တို့ မမာဘူး၊ အားလုံး မမာဘူး၊ အဘိုးကြီးလည်း မမာဘူး၊ အဘွားကြီးလည်း မမာဘူး၊ ပြောကြတာပေါ့လေ (မှန်ပါ့ ဘုရား)။
ကျန်းမာတဲ့အချိန် မရှိပါဘူး
”ယောဟိကောစိ ဂဟပတိ ဣမံကာယံ ပရိဟရန္တော မုဟုတ္တံ အာရောဂျံ ဇာနေယျကိံ အညတြ ဗာလျာ ”(ခန္ဓဝဂ္ဂသံယုတ္တပါဠိ၊ ၁)
ဒါက ဘုရားက ဟောလိုက်တာ (မှန်လှပါ ဘုရား)၊ အဓိပ္ပာယ်ကတော့ ဒါပါပဲ၊ ဒကာကြီး တဲ့ ဝိပဿနာမျက်လုံး သုတဝါ အရိယ သာဝကောဆိုတဲ့ အရိယာတို့၏ မျက်လုံးနဲ့ ကြည့်မယ်ဆိုရင်ဖြင့် ဘယ်အချိန်မှ ကျန်းမာတဲ့အချိန် မရှိပါဘူး၊ ခန္ဓာကိုယ်မှာ (မှန်လှပါ ဘုရား)၊ ဘယ်အချိန်မှ (ကျန်းမာတဲ့အချိန် မရှိပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါ ပြီ ဘုရား)။
ဘုရားက လူမိုက်ဖြစ်ရင် ကျန်းမာပါတယ်လို့ ဖြေလိမ့်မယ်တဲ့ (မှန်ပါ့)၊ ဒကာကြွယ် လူမိုက်ဖြင့် (လူမိုက်ဖြင့် ကျန်းမာတယ်လို့ ဖြေပါလိမ့်မယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ နှုတ်ဆက်နေတာ လူမိုက်ချည်းပဲ (လူမိုက်ချည်းပါ ဘုရား)၊ ဘယ့်နှယ်တုံး ဦးဘအုန်း နေကောင်းကျန်းမာရဲ့လား (ကျန်းမာပါတယ် ဘုရား)၊ ဟာ သွားပြီ လူမိုက်ထဲ (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
”ယောဟိကောစိ ဂဟပတိ ဣမံ ကာယံ ပရိဟရန္တော”တဲ့ ဤခန္ဓာကိုယ်ကြီး ဆောင်နေရတဲ့ ပုဂ္ဂိုလ်ဟူသ၍ ဖြင့် တဲ့ လူမိုက်ကို ချန်လှပ်တဲ့ ကျန်းမာတယ်ဆိုတာ ဘယ်သူမှ မဖြေဘူး (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဝလျှင် ဝ,နာနဲ့၊ ဆာလျှင် ဆာနာနဲ့၊ အောက်ထောက်နေရလို့ရှိရင် တောင့်တင်းတဲ့အနာနဲ့၊ ကုန်းနေရလို့ရှိရင် လည်း ခါးဘက်က အနာနဲ့ (မှန်လှပါ ဘုရား)၊ ဒီလိုမှ မနာရလို့ရှိရင် ချွေးတွေ သံတွေ ထွက်နေလို့ အိုက်ပူတဲ့ အနာ နဲ့ (မှန်လှပါ ဘုရား)၊ ဒီအထဲကမှ မလာလို့ရှိရင် အေးတဲ့ အနာတွေနဲ့ နေခဲ့ရတယ် (မှန်ပါ့)၊ ဘယ်အချိန် ကျန်းမာတာ ရှိသလဲ (ဘယ်အချိန်မှ မကျန်းမာပါ ဘုရား)၊ သဘောပါလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ယောဟိကောစိ (ပ) ဗာလျာ တဲ့ လူမိုက် ချန်လှပ်ကွာ တဲ့၊ အရိယာတို့၏ တပည့်သား မျက်လုံး နဲ့သာ တပ်ကြည့်မယ်ဆိုရင် ဘယ်အချိန်မှ မကျန်းမာတာ အမှန်ပဲတဲ့ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာကြွယ် ကျန်းမာရဲ့လား မေးရင် ဘယ့်နှယ်ဖြေမလဲ (မကျန်းမာပါ ဘုရား)၊ ဟင် ခုတော့ ပါးသွားပြီကိုး (မှန်ပါ့ ပါးသွားပါပြီ ဘုရား)။
လောကွတ်များ ချော်လိုက်သေး
ရှေးတုန်းကတော့ ခင်ဗျားပြုံးပြီးတော့ အင်း ကျန်းမာပါရဲ့လို့ လောကွတ်များ ချော်လိုက်သေး (မှန်လှပါ ဘုရား)၊ လူကြည့်တော့ဖြင့် တစ်နေ့မှ ကျန်းမာတာမရှိဘူး (မရှိပါ ဘုရား)၊ တစ်နာရီမှကော (မရှိပါ ဘုရား)၊ မရှိပါ ဘူး၊ ဟိုဘက် စောင်းရ ဒီဘက်ရွှေ့ရ (မှန်လှပါ)၊ ဦးဘအုန်း တရားကလေး တစ်နာရီဟောတာတောင် အစောင်း အရွှေ့ လွတ်ကဲ့လား (မလွတ်ပါ ဘုရား)။
ဟ ဘာဖြစ်တာတုံး မေးတော့ (မကျန်းမာလို့ပါ ဘုရား)၊ မကျန်းမာလို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အင်း လက်ကိုင်ပဝါလေးတွေ, မျက်နှာသုတ်ပဝါကလေးတွေ ယူလာခဲ့ကြရတယ် (မှန်ပါ့)ဟု ဘာဖြစ် လို့တုံး၊ အို အနာရှိနေတော့ အနာသုတ်ဖို့ (မှန်လှပါ ဘုရား)၊ ဟို ပူအိုက်တဲ့ အနာတွေကျတော့ ချွေးတွေ ဘာတွေထွက်တယ် (မှန်ပါ့ ဘုရား)၊ အနာ့အတွက် ယူခဲ့ရတယ်ဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)၊ ခင်ဗျားတို့ ကတော့ အနာမသိအောင် ဖုံးပြီး ချွေးကလေးထွက်တဲ့အခါ သုတ်ပစ်တယ်၊ ချွေးကလေးစိုရင် (မှန်ပါ့)၊ စင်စစ် ဘယ် ဟုတ်မလဲ အနာကြီး ပေါက်နေတာ (မှန်ပါ့)၊ တစ်ကိုယ်လုံးပေါက်တဲ့ အနာလား ဒကာ ဒကာမတို့ တခြားတစ်စိတ် တစ်ဒေသ ပေါက်တာလား (တစ်ကိုယ်လုံး ပေါက်တာပါ ဘုရား)။
အဲဒါ ချွေးကလေးထွက်တဲ့အခါ သုတ်ဖို့တဲ့ (မှန်ပါ့)၊ မြို့သုံးတော့ သိပ်ချိုပါကလား (မှန်လှပါ)၊ ဒကာကြွယ် ဒီအတိုင်း သုံးနေကြတယ်ဗျ (သုံးနေပါတယ် ဘုရား)၊ အနာဖုံးပစ်တယ် (မှန်လှပါ ဘုရား)။
ဘယ်အချိန်မှ အနာမကင်း
ကဲဒါဖြင့် ဒကာ ဒကာမတို့ ဘယ်အချိန် အနာကင်းပါလိမ့် (ဘယ်အချိန်မှ မကင်းပါ ဘုရား)၊ ဘယ်အချိန်မှ အနာမကင်းဘူးတဲ့ လူမိုက်ချန်ကွာတဲ့ (မှန်လှပါ)၊ အရိယာမျက်လုံးနဲ့ သုတဝါ အရိယာသာဝကော ဖြစ်ခဲ့လို့ရှိရင်ဖြင့် ကျန်းမာတယ်ဆိုတဲ့အချိန် ရှိကိုမရှိပါဘူးကွ (မှန်လှပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာကြွယ် ဒီနှုတ်ဆက်လည်း သင်ရလိမ့်ဦးမယ် ခင်ဗျားတို့ သတိပေးရဦးမှာပဲ၊ မပေးရင် တော်ပါ့ မလား (မတော်ပါ ဘုရား)၊ ဒကာကြွယ် ကျန်းမာရဲ့လားလို့ မေးလို့ရှိရင်ဖြင့်တဲ့ ခန္ဓာရတဲ့နေ့ကစပြီး ကျန်းမာတယ် ဆိုတာ မရှိပါဘူး (မှန်လှပါ ဘုရား)။
ဒါနဲ့ဖြေမှ အတည့်ပဲ (မှန်လှပါ ဘုရား)၊ ခန္ဓာရတဲ့နေ့ကစပြီး (ကျန်းမာတယ်ဆိုတာ မရှိပါဘုရား)၊ ရှိရဲ့လား (မရှိပါ ဘုရား)၊ ဆာတဲ့ အနာတွေ၊ ဝတဲ့အနာတွေဆိုတာတွေကလည်း ရှုပ်နေတာပဲ (ရှုပ်နေတာပါပဲ ဘုရား)၊ ဆာတယ် ဆိုရင် ညနေခင်း ဆာနာပေါက်ပြီး စားပြီးပြန်တော့ ဝတဲ့ အနာပေါက်ပြီ (မှန်လှပါ)၊ မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ ဆာနာ ဝနာတွေကလည်း တစ်နေ့ ၄ ကြိမ်လောက် ပေါက်တယ် (မှန်ပါ့)၊ ချွေးထွက်တဲ့အနာတွေ ရေချိုးချင်တဲ့ အနာတွေကကော (ပေါက်ပါတယ် ဘုရား)။
ဟာ ဒါဖြင့် အနာမျိုးစုံ ပြောရမယ်ဆိုရင် ခန္ဓာမှာအပ် သွားချစရာမရှိပါဘူး (မရှိပါ ဘုရား)၊ အကုန် ပေါက်နေတာပဲဆိုတာ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာကြွယ် နှုတ်ဆက်တတ်ပလား (နှုတ်ဆက်တတ်ပါပြီ ဘုရား)၊ ကဲ သူများက ကျန်းမာ ပါရဲ့လားလို့ မေးလို့ရှိရင်ဖြင့် ခန္ဓာရတဲ့နေ့ကစပြီး မကျန်းမာပါဘူး (မှန်လှပါ)၊ ဒါအတည့်ပါပဲ (မှန်ပါ့)၊ မကျန်းမာတာ သူသစ္စာနဲ့ ဖြေလိုက်တယ် (မှန်ပါ့)၊ ဘာနဲ့ဖြေလိုက်သလဲ (သစ္စာနဲ့ ဖြေလိုက်ပါတယ် ဘုရား)၊ ဒီလူတွေ ဂွချည်းပဲလို့ တော့ ဖြစ်တော့မှာပဲနော် ဖြစ်သာဖြစ်၊ အားလုံးနဲ့ ဂွဖြစ်ရမှ နေရာကျမှာ (မှန်လှပါ ဘုရား)၊ ပြောသွားလို့ရှိရင်ဖြင့် ခင်ဗျားတို့သည်ကားလို့ဆိုရင် သိတဲ့လူနဲ့ မသိတဲ့လူ ဦးဘအုန်း ဘယ်ကများသလဲ (မသိတဲ့လူက များပါတယ်ဘုရား)။
ဒါဖြင့် ပြောသွားရင် မသိဘဲသွားတဲ့လမ်း သွားသာသွား (မှန်ပါ့ ဘုရား)၊ အပါယ်လေးပါး ရောက်မှာပဲ (ရောက်မှာပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှင်းသွားအောင် ဖြေရှာပါတယ်တဲ့၊ လောကကြီးထဲမှာတဲ့ မြေညီနဲ့ မညီညွတ်တဲ့နေရာနဲ့ ဘယ်ဟာက များသတုံးတဲ့ (မညီညွတ်တဲ့မြေက များပါတယ် ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ရေမှာကော ကောင်းတဲ့ ရေနဲ့ မကောင်းတဲ့ရေ ဘယ်ဟာကများသတုံး (မကောင်းတဲ့ရေက များပါတယ် ဘုရား)။
ဒါဖြင့် အားလုံးပါပဲတဲ့၊ သစ်ပင်မှာ အသုံးချဖြစ်တဲ့ သစ်ပင်နဲ့ အသုံးချမဖြစ်တဲ့အပင် ဘယ်ဟာများသတုံး (အသုံးချမဖြစ်တဲ့အပင်က များပါတယ်ဘုရား)။
အေး လောကကြီးထဲ၌ အသုံးချဖြစ်တဲ့လူက အနည်းကလေးရှိတယ် (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
အဲဒါကြောင့် ဒကာကြွယ်တို့ လူစုကိုလည်း သူများထဲက ခွဲထုတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ရှင်းပလား (ရှင်းပါ ပြီ)၊ အသုံးချဖြစ်တဲ့အထဲ ပါပါစေ (မှန်လှပါ)။
ကဲ ဦးဘအုန်း ကျန်းမာရဲ့လားဆို ဘယ်နှယ်ဖြေမတုံး (ခန္ဓာရတဲ့နေ့ကစ၍ မကျန်းမာပါ ဘုရား)၊ ခန္ဓာ ရတဲ့နေ့ကစပြီး မကျန်းမာပါဘူးဗျာ (မှန်လှပါ)၊ တည့်နေတာပဲ (မှန်ပါ့)၊ ကျန်းမာတယ်ဆိုရင် ခင်ဗျား ကျင်ကြီးမစွန့် ရဘူးလား ကျင်ငယ်မစွန့်ရဘူးလား မေးရင် ဒါ အနာ ပြည်ပေါက်တာ (မှန်လှပါ)၊ မပေါက်ဘူးလား (ပေါက်ပါ တယ် ဘုရား)၊ သဘောပါကြလား (ပါပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ဒကာ ဒကာမတွေ ရှင်းပါပြီတဲ့ ဒါဘုရားက ဖြေတာလို့ မှတ်လိုက်စမ်းပါ (မှန် ပါ့)၊ လူမိုက်ချန်လှပ်ကွာ တဲ့ ခန္ဓာရတဲ့ပုဂ္ဂိုလ် ဘယ်တော့မှ မကျန်းမာဘူးတဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် ကျန်းမာလို့ တော်သေးရဲ့ဆိုတာ များသည်ကားဆိုရင် အတော်ဝေးတယ် (ဝေးပါတယ် ဘုရား)၊ ဒီအထဲမှာ ဒကာ ဒကာမတွေ ကျန်းမာကြရဲ့လား မေးရင် ဘယ့်နှယ်ဖြေမလဲ (မကျန်းမာပါ ဘုရား)။
အေး တော်လာပြီ တော်လာပြီ (မှန်ပါတော်လာပါပြီ)၊ ခင်ဗျားတို့က ဆေးသမားဝိုင်းမှရတာ ထင်နေတာ ကိုး (မှန်ပါ့)၊ စင်စစ် ဆေးသမားဝိုင်းမှရတာ မဟုတ်ပါဘူး၊ ကိုယ့်ဆေးနဲ့ကိုယ် ကုနေရတာကိုက မနည်းပါဘူး (မနည်း ပါ ဘုရား)၊ ဆေးသမားဆိုတာက အင်မတန် ပြင်းထန်တဲ့ဝေဒနာမှ ခေါ်တာပါ (မှန်ပါ့)။ ကိုယ့်ဆေးနဲ့ကိုယ် သက်သာ နေကြလို့ (မှန်ပါ့)၊ ညနေထမင်းကလေး ကျွေးလိုက်တော့ ဆာတာကလေးက ပျောက်သွားတယ် (မှန်ပါ့)။
အင်း ကျင်ကြီးစွန့်ချင်တဲ့အခါ ကုဋီလိုက်ပို့လိုက်တဲ့အခါကျတော့ ခုနက စွန့်ချင်တဲ့ အနာကလေးဟာ ပျောက် သွားတယ် (မှန်ပါ့ ပျောက်သွားပါတယ်)၊ ဒါဖြင့် ကိုယ့်ဆေးနဲ့ကိုယ်ကုနေရတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ပုလင်းနဲ့ထည့်မှ ဆေးထင် နေရင် အတော်ခက်
အံမာလေး ကိုယ့်ဆေးနဲ့ကိုယ် ကုနေတာတောင် ဒကာ ဒကာမတွေက မသိဘူး၊ ပုလင်းနဲ့ထည့်မှ ဆေးမှန်း သိနေတာကိုး (မှန်လှပါ)၊ ခက်လိုက်တဲ့ဖြစ်ခြင်းမှာ ပြော-မပြောပါနဲ့တော့ ဦးဘအုန်းတို့ ပုလင်းနဲ့ထည့်မှ ဆေးထင် နေရင် အတော်ခက်တယ်နော် (မှန်လှပါ)၊ ကိုယ့်အိမ်မှာရှိတဲ့ဥစ္စာတွေ ဆေးကုနေတာတွေ တစ်ပုံကြီးဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။
အင်း- အိမ်ဆောက်ထား-ထားတာလည်း ဆေးအိမ်ဗျာ၊ လေနာတွေ ဖြစ်မှာစိုးလို့ (မှန်ပါ့)၊ လေနာဆိုတာ လေကတိုက်လိုက်တော့ အအေးပတ်တဲ့အနာ (မှန်ပါ့ ဘုရား)၊ သိပ်လုံလွန်းပြန်တော့လည်း အပူလောင်တဲ့အနာ (မှန် လှပါ)။
ဒီလိုဆိုတော့ ခင်ဗျားတို့အိမ်မှာရှိတာတွေဟာ အကုန်ဆေးရုံရယ် ဆေးခွက်ချည်းပါပဲ (မှန်လှပါ ဘုရား)၊ ဆေးပစ္စည်းချည်းပါပဲ (မှန်လှပါ ဘုရား)၊ အဲဒါနဲ့ကုပြီး သက်သာနေကြတာ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ အနာကင်းလို့လားတဲ့ ကိုယ့်ဆေးနဲ့ ကိုယ်ဖာထေးနေတာလား (ကိုယ့်ဆေးနဲ့ ကိုယ်ဖာထေးနေတာပါ ဘုရား)၊ ဘာသစ္စာမို့ပါလိမ့် (ဒုက္ခသစ္စာမို့ပါ ဘုရား)။
ငါ့မှာကွာ ထမင်းစားကောင်းလိုက်တာ တော်-တော်သေးရဲ့ (မှန်လှပါ)၊ အင်း ဝေဒနာကုတာမှန်း သူမသိဘူး (မှန်လှပါ)၊ အတော်ဆိုးဝါးနေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒကာကြီးတဲ့ သူ့ခမည်းတော်ကို၊ ဘဝပေါင်း ထောင်ငါးရာဖြစ်ခဲ့ဖူးတဲ့ ခမည်းတော်ကြီးပေါ့ဗျာ၊ နကုလပီတာကြီးကို (မှန်ပါ့)၊ လူမိုက်ချန်လှပ် ဒကာကြီး ရတဲ့၊ ခန္ဓာကိုယ် ဆောင်နေရတဲ့ပုဂ္ဂိုလ် ဘယ်တော့မှ မကျန်းမာဘူးဆိုတာ မှတ်ထားပါတဲ့ (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ လူမိုက်ကို ချန်လှပ်ပါတဲ့၊ ခန္ဓာကိုယ် ရွက်ဆောင်နေရတဲ့ ပုဂ္ဂိုလ်များ ဘယ်အခါကာလမှ မကျန်းမာ ပါဘူးဆိုတဲ့ဥစ္စာ ဘုရားဖြေတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ခန္ဓာက နှိပ်စက်နေတာ
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း ဪ ဘယ်အချိန်မှ မကျန်းမာပါကလားဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခဿ ပီဠနတ္ထောဆိုတာ ပေါ်လာတယ် (ပေါ်လာ ပါတယ် ဘုရား)၊ ဒီခန္ဓာက နှိပ်စက်နေတာ (မှန်ပါ့)၊ ဘယ်သူက နှိပ်စက်နေသလဲ (ဒီခန္ဓာက နှိပ်စက်တာပါ ဘုရား)။
အဲ နှိပ်စက်မည့် ခန္ဓာကြီးဆုတောင်းယူတဲ့ ပုဂ္ဂိုလ်များဟာ ဒကာကြွယ် သစ္စာသိ-မသိ အကဲခတ်စမ်း (မသိပါ ဘုရား)၊ အဲ ဘဝဆုတောင်းတဲ့ ပုဂ္ဂိုလ်များ သစ္စာမသိလို့ မှတ်ပါ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာကြွယ် အင်မတန် အရေးကြီးပါတယ် (အရေးကြီးပါတယ် ဘုရား)၊ ဒီတွင် ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဒကာကြီးကလည်း ခုနက လျှောက်ထားတယ်၊ အရှင်ဘုရား တဲ့ အဘိုးအို အဘွားအိုတွေလည်းဖြစ် ကုန်ပြီ၊ မယ်တော် ခမည်းတော်တွေကို တရားရှည်ရှည်ကြီး ကျင့်ရမယ်ဆိုလို့ရှိရင်လည်း ခဲယဉ်းတယ်၊ ဒီအသက်နဲ့ဆို တော့ သေမှာက စောသွားလိမ့်မယ် (မှန်လှပါ ဘုရား)၊ တိုတိုနဲ့ မိမိ တရားကို ပြောစမ်းပါ (မှန်ပါ့ဘုရား)။
ကိုယ်သာနာ၍ စိတ်မနာစေနဲ့
သူဟာ ခမည်းတော်ကြီးဖြစ်တော့ ရဲရဲတင်းတင်း လျှောက်ရဲတာပေါ့ (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒီတွင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ့်နှယ်ဟောလိုက်သတုံးလို့ မေးတဲ့အခါကျတော့ ဒကာကြီးတဲ့ ကိုယ်သာနာ၍ စိတ်မနာစေနဲ့တဲ့ (မှန်လှပါ ဘုရား)၊ ဒါကလေးပဲ ဟောလိုက်တယ် (မှန်ပါ့)၊ ဒကာကြွယ် ဘယ့်နှယ် ဟောသလဲ (ကိုယ်သာနာ၍ စိတ်မနာစေနဲ့ပါ ဘုရား)၊ ဒကာ ဒကာမတွေ နားလည်သလား (မလည်ပါ ဘုရား)၊ ဒီ တစ်လုံးတည်းပါ ပါသေးတယ်၊ ဒီနေ့ တရားကျင့်ရမှာ (မှန်ပါ့ ဘုရား)၊ ဘာတဲ့တုံး (ကိုယ်သာနာ၍ စိတ်မနာစေပါနဲ့ တဲ့ ဘုရား)၊ ကိုယ်သာနာ၍ စိတ်မနာစေနဲ့ (မှန်လှပါ ဘုရား)။
ဒကာ ဒကာမတွေ ခန္ဓာကိုယ်ဖြင့် နာချင်နာပါစေ၊ ဒုက္ခသစ္စာ အနာကတော့ ရှိနေတာပဲ (မှန်လှပါ)၊ စိတ်က တော့ မနာစေနဲ့တဲ့ (မှန်လှပါ)၊ ဘယ်လိုပါလိမ့် (ကိုယ်သာ နာချင်နာပါစေ စိတ်ကတော့ မနာပါပေနဲ့)၊ ကိုယ်သာနာတဲ့ စိတ်မနာစေနဲ့ဆိုတဲ့ ဥစ္စာဘုရားက တိုတိုဆုံးမတော်မူတာ (မှန်လှပါ ဘုရား)။
ဒီတွင် ဒကာကြီးက ရိပ်မိတယ် (မှန်ပါ့)၊ ရိပ်မိတာကလည်း ဒီဒကာ ဒကာမတွေ ရိပ်မိတာလောက်ပဲ ရိပ်မိ ပါတယ် (မှန်လှပါ ဘုရား)၊ ကိုယ်သာနာ၍ စိတ်မနာစေနဲ့လို့ ဟောလိုက်တယ်ဆိုတော့ သူ့မှာ ဘဝများစွာ ထောင့် ငါးရာက သားအဖတော်လာတဲ့ သားကြီးက ဟောတဲ့ တရားဆိုတော့ အင်မတန်မှ နှစ်သက်တယ် (မှန်လှပါ ဘုရား)၊ မျက်နှာတွေ ဘာတွေ ရွှင်ပြသွားတယ်၊ ရွှင်ပြသွားပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း ဒီတရားဟောပြီးသ ကာလ တရားကလည်း လမ်းဆုံးနေတော့ ဦးဘအုန်း နောက်ထပ် မဆက်ဘူး (မှန်ပါ့)၊ ဒကာ ဒကာမတွေ ဒါလောက် ပဲ ဟောသွားတယ် (မှန်ပါ့)။
အရှင်သာရိပုတ္တရာဆီရောက်
ဒါလောက်ပဲ ဟောပြီးသွားတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကြွသွားတဲ့အခါကျတော့ အရှင်သာရိပုတ္တရာ ကလည်း ဤဘဂ္ဂတိုင်းမှာပဲ ရှိနေတယ် (မှန်ပါ့)၊ အရှင်သာရိပုတ္တရာဆီ ပြေးတာပေါ့လေ (မှန်ပါ့)၊ အရှင်သာရိပုတ္တရာ က ဆီပြီးဟာ-နကုလပီတာ ဒကာကြီး သားတော်ကြီးက တရားထူး ဟောလိုက်တယ်၊ ထင်တယ်၊ ခင်ဗျားမျက်နှာတွေ တယ်ရွှင်ပါလား ဟိုကနေပြီး နှုတ်ဆက်တာပေါ့လေ (မှန်ပါ့)။
ဟာ မရွှင်ဘဲ နေပါ့မလားဘုရား တရားအမြိုက်ဆေး တိုက်ကျွေးလိုက်တယ်ဆိုတော့ အင်မတန်မှ ဝမ်းမြောက်တယ်၊ တပည့်တော်တို့ စိတ်ထဲမှာ သားကြီးက ပေးတဲ့တရားဆိုတော့ ပိုမိုဝမ်းမြောက်တာပေါ့ (မှန်လှပါ ဘုရား)။
ဒါဖြင့်ဗျာ ကျုပ်ကို ဟောစမ်းပါ၊ အဲဒီတရားကို ကျုပ်လည်း မနာရသေးပါဘူး (မှန်လှပါ)၊ အရှင်သာရိ ပုတ္တရာက တရားတောင်းပန်နေတယ် (မှန်လှပါ)၊ ကိုယ်သာနာ၍ စိတ်မနာစေနဲ့လို့ ဟောပါတယ် ဘုရား (မှန်ပါ့)။
ဒါဖြင့် ဒကာကြီး ဒီအဓိပ္ပာယ်ကို ဒကာကြီး သိပါရဲ့လားတဲ့၊ မသိပါဘုရား တဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒီ ဒကာ ဒကာမတွေကော သိပလား (မသိသေးပါ ဘုရား)၊ ကိုယ်သာနာ၍ စိတ်မနာစေနဲ့ဆိုတဲ့ တရားကို အကျယ်သိပ လား (မသိသေးပါ ဘုရား)။
မသိသေးပေမဲ့ နာရီစေ့ပြီ၊ နက်ဖြန်မှ ဟောကြစို့။
သာဓု သာဓု သာဓု ။