10603

မာတိကာသို့

ခန္ဓာပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်တရားတော်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ ဓမ္မာရုံ၌

ဟောကြားတော်မူသော

ခန္ဓာပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်တရားတော်

(၁၇-၁၁-၆၁)

ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း

ဒကာ ဒကာမတို့ ကိုယ့်စာရွက်ကိုလဲ ကိုယ်ကြည့်ပါ၊ ဒီက ပြတာကိုလဲကြည့်ပါနော်၊ (မှန်ပါ့ ဘုရား)။

ဒီဘက်က ဒကာ ဒကာမတွေ နံပါတ်မထိုးရသေးလို့ရှိရင် အတိတ်အကြောင်း ငါးပါးဆိုတာက ၁-နံပါတ် ကလေးထိုးကြပါနော်၊ ကိုယ့်ဟာကိုယ် အခုထိုးလိုက်ပါ၊ ဒီဘက်က ပစ္စုပ္ပန်အကျိုးဆီက ၂-ကလေး ထိုးလိုက်ပါ၊ ဒီဘက် ကပစ္စုပ္ပန်အကြောင်းခြင်းရာ ငါးပါးဆီက ၃-ကလေးထိုးပါ၊ ဒီက အနာဂတ်အကျိုး အခြင်းအရာ ငါးပါးဆီက ၄-ကလေး နံပါတ်ထိုးလိုက်ပါ၊ (မှန်ပါ့ ဘုရား)။

ဒါ အခုထိုးရမှာ၊ အခုထိုးရမှာ၊ နောက်မှထိုးလို့မဖြစ်ဘူး၊ တော်တော်ကြာ ၁-၂-၃-၄နဲ့ ပြောတော့ နားမလည်ဘဲ နေမှာစိုးလို့၊ (မှန်လှပါ ဘုရား) ဒကာကြွယ်-ထိုးနော်၊ (မှန်ပါ့) ၁-၂-၃-၄ဆိုတာ သူ့အတန်းနဲ့သူထိုးဖို့ ဒီပုံစံကြီးမြင်သဖြင့် လဲ ဒီအတိုင်းကြည့်ထိုးလဲ ဒကာကြွယ်တို့ ရပါတယ်၊ (မှန်ပါ့) တရားနာပါ-တရားနာပါ၊ ပြလဲပြမယ်။ တရားလဲနာရလိမ့် မယ်နော်၊ (မှန်ပါ့)။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ဘုရားဖြစ်တယ်ဆိုတာ ဒကာ ဒကာမတွေ ဘုရားအဖြစ်သို့ အရယူလာခဲ့တယ်ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သိပါပြီ၊ (မှန်ပါ့ ဘုရား)။

ဪ – ကိုယ်တော်မြတ်ကြီးဟာ ဘယ့်နှယ်ကြောင့် အလုံးစုံသိတဲ့ သဗ္ဗညုတဉာဏ်တော်ကြီး အလုံးစုံဝဋ်ဒုက္ခ ကျွတ်တဲ့ ကိုယ်တော်ကြီးဖြစ်သွားပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက စဉ်းစားခန်းထုတ်တော့ကို ပဋိစ္စသမုပ္ပါဒ်ပြတ် သွားလို့ ဘုရားဖြစ်သွားတယ်လို့ မှတ်ပါနော်၊ (မှန်ပါ့)။

ဘာကြောင့် ဘုရားဖြစ်ပါလိမ့်

ဘာကြောင့် ဘုရားဖြစ်ပါလိမ့်၊ (ပဋိစ္စသမုပ္ပါဒ်ပြတ်သွားလို့ ဘုရားဖြစ်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ်ပြတ်သွား လို့ဆိုတဲ့ အဓိပ္ပာယ်နော်၊ (မှန်လှပါ ဘုရား)။

အဲဒီတော့ ဘုရားဖြစ်ပါလိမ့်၊ (ပဋိစ္စသမုပ္ပါဒ်ပြတ်သွားလို့ ဘုရားဖြစ်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ်ပြတ်သွားလို့ ဆိုတဲ့ အဓိပ္ပာယ်နော်၊ (မှန်လှပါ ဘုရား)။

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ပြတ်မှပဲ ကိုယ်တော်မြတ်ကြီး ဘုရားအဖြစ်သို့ ငါသည်ကားလို့ဆိုရင် “ဝိဓူပယံ တိ’တိ မာရသေနံ သူရိယော ဝ ဩဘာသယမန္တလိက္ခံ”ဆိုပြီး ငါသည် နေဝန်း, လဝန်းကြီးလို ပေါ်ထွန်းပြီးသလာလ ဉာဏ်တော် ယှဉ်ပြီး သကာလလင်းရတယ်ဆိုတဲ့ ဥစ္စာကိုလဲ ကိုယ်တော်မြတ်ကြီး သူ့ဟာသူဝမ်းမြောက်တော်မူတယ်၊ (မှန်လှပါ ဘုရား)။

အဲဒီတော့ ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်တဲ့လမ်းစဉ်ကို ကျုပ်တို့က ကျင့်ရတော့မယ်ဆိုတော့ သူလို့ဘုရား မဖြစ်ငြားသော်လဲ သူလဲ သောတာပန်ကစ, တော့ကျုပ်တို့လဲ သောတာပန်ကစ, ရမယ်၊ (မှန်လှပါ ဘုရား)။

ဆိုင်ရာ ပဋိစ္စသမုပ္ပါဒ်ပြတ်ရမှာ

အဲဒီကဲ့သို့ သောတာပန်က စ,ရတော့ သောတာပန်ဖြစ်ချင်လဲ ဆိုင်ရာ ပဋိစ္စသမုပ္ပါဒ် ဒကာ ဒကာမတို့ ပြတ် ရလိမ့်မယ်လို့ မှတ်ထားကြပါ၊ (မှန်လှပါ ဘုရား) ဆိုင်ရာ ပဋိစ္စသမုပ္ပါဒ်ကို၊ (ပြတ်ရမှာပါ ဘုရား) မပြတ်ရင်ဖြစ်ကို မဖြစ် ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲနော်၊ (မှန်လှပါ ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေထဲမှာတဲ့၊ ဒီခန္ဓာကြီးက ဘာခန္ဓာကြီးတုံးလို့ ကိုယ့်ဟာကိုယ်ပဲ ဝေဖန်ကြည့်လိုက်လို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ်ခန္ဓာကြီးလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား) ဒီခန္ဓာကြီးက ဘာပါလိမ့်၊ (ပဋိစ္စသမုပ္ပါဒ် ခန္ဓာကြီးပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ခန္ဓာကြီးဆိုတာ သိနေကြပြီတဲ့၊ ပဋိစ္စသမုပ္ပါဒ် ခန္ဓာကြီးဟာ ဪ ခန္ဓာကြီးဟာ ဘဝစက်လည်နေ တဲ့ ခန္ဓာကြီးဆိုပြီး ပဋိစ္စသမုပ္ပါဒ်ခန္ဓာကြီး ဒကာ ဒကာမတွေက သိနေတော့ ယခုဘဝပြီးသကာလ တစ်ခါထပ်ပြီး အနာဂတ်ဘဝသွားရမယ် (မှန်လှပါ ဘုရား) အနာဂတ်ဘဝကနေပြီး ပြန်လှည့်ရမယ်၊ (မှန်လှပါ ဘုရား)။

ဪ – ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးဟာ ဒီဘဝက စုတိနဲ့ ဟိုဘဝက ပဋိသန္ဓေနဲ့ ဆက်စပ်နေ တာလဲ ပဋိစ္စသမုပ္ပါဒ်ပဲ၊ (မှန်လှပါ ဘုရား) စုတိနဲ့ ပဋိသန္ဓေ ဆက်နေတာလဲ ဘာပါလိမ့်၊ (ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား) ကံနဲ့ အကျိုးပေးဆက်နှေတာကော၊ (ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)။

ကံနဲ့ အကျိုးပေး ဆက်နေတာလဲ ပဋိစ္စသမုပ္ပါဒ်ပဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားတော့ အခု ကျန်တဲ့အကျိုးပေး ပြတ်သွားလို့ရှိရင်လဲ ပဋိစ္စသမုပ္ပါဒ်ပြတ်တယ်၊ (မှန်လှပါ) စုတိပဋိသန္ဓေ ပြတ်သွားရင်လဲ၊ (ပဋိစ္စ သမုပ္ပါဒ်ပြတ်ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ပြတ်သွားတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားတော့ ဪ – ပဋိစ္စသမုပ္ပါဒ် ပြတ်ရင် နိဗ္ဗာန်ပဲလို့လဲ မှတ်လိုက်ပါဦး၊ (မှန်ပါ့ ဘုရား)။ ပဋိစ္စသမုပ္ပါဒ်ပြတ်ရင် (နိဗ္ဗာန်ပါ ဘုရား)။

ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ် ပြတ်ဖို့အရေး

နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ထားတော့ ဪ – နိဗ္ဗာန်လိုချင်ရင်ဖြင့် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ပြတ်ရမှာပါကလားလို့ဆိုတဲ့ အကျဉ်းချုပ်စကားကလေးမှတ်ထားလိုက်စမ်းပါ (မှန်လှပါ ဘုရား) နိဗ္ဗာန်လိုချင်ရင် (ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ် ပြတ်ရမှာပါ ဘုရား) အဲ – ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် မပြတ်လို့ရှိရင် နိဗ္ဗာန်မရပါဘူး (မှန်လှပါ) ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ် ပြတ်မှသာလျှင် နိဗ္ဗာန်အစစ်ကို အနုပါဒိသေသ နိဗ္ဗာန်ဆိုတာ ရနိုင်ပါတယ်၊ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ် ပြတ်ဖို့အရေးသည် ကျုပ်တို့ နိဗ္ဗာန်ရောက်ဖို့အရေးပဲ (မှန်ပါ့ ဘုရား) ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ပြတ်အောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဟာ အရင်ပြတ်ရင်, အရင် နိဗ္ဗာန်ရတာပဲ၊ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီနေရာမှာ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပြတ်နည်းကို မသိတာက ဘာလဲလို့ မေးလို့ရှိရင်ဖြင့် – တဲ့၊ ဒကာ ဒကာမတွေ ယုံမှားသံသယရှိနေကြတယ်၊ ဪ – ဒို့အမေ – ဒို့အဖေ မွေးထားလို့ ဒို့သားသမီးဖြစ်လာတယ်လို့ ဒီလို အယူရှိကြတယ်၊ (မှန်ပါ့ ဘုရား)။

သားသမီးတို့ဖြစ်ခြင်း၏ အကြောင်း

အဖေ – အမေမွေးလို့ သားသမီးများ ထွန်းကားလာတယ်လို့ ယူကြပါတယ်၊ (မှန်လှပါ ဘုရား) ထိုကဲ့သို့ ယူကြ တော့ အဖေ-အမေသည် သားသမီးတို့ဖြစ်ခြင်း၏ အကြောင်းလို့ ဒကာ-ဒကာမတွေ ထင်ကြမှာပဲ၊ (မှန်ပါ့) အမေ အဖေသည် သားသမီး၏ ဖြစ်ခြင်း၏ အကြောင်းလို့ ထင်ပါလိမ့်မယ်၊ (မှန်ပါ့)။

သို့သော် ခင်ဗျားတို့ ထင်တာသည်ကားလို့ ဆိုလို့ရှိရင် တစ်စိတ်တစ်ဒေသမှန်၍ အကုန်မမှန်ဘူးဆိုတာ ဆုံးဖြတ် ချက်ချပါ၊ (မှန်လှပါ) အကုန်မမှန်ပါဘူး၊ (မှန်ပါ့)။

ဒကာ – ဒကာမတွေ စဉ်းစားကြည့်ပါ – တဲ့၊ တစ်ချို့မှာ အိမ်ထောင်ရက်သားကျတာ တော်တော်ကြာပြီ၊ သားသမီးတစ်ယောက်မှ မထွန်းကားဘူး၊ (မှန်လှပါ ဘုရား) ဒီလိုဆိုတာကော မရှိဘူးလား၊ (ရှိပါတယ် ဘုရား) ဦးသန်းမောင် ဒါတွေက ရှိတယ်နော်၊ (မှန်လှပါ)။

အဲဒါ အမေ-အဖေနဲ့ မဆက်သွယ်လို့ဆိုတာလဲ ဒီနေရာ ကန့်ကွက်ချက်တစ်ခု ဝင်လိမ့်မယ်ဆို ဝင်ရမှာပဲ၊ (မှန်လှပါ ဘုရား) မဝင်ရပေဘူးလား၊ (ဝင်ရမှာပါ ဘုရား)။

ဒါဖြင့် ဒီဟာလဲ အယူမှန်မဟုတ်သေးဘူး၊ (မှန်လှပါ) သဘောပါပလား၊ (ပါ, ပါပြီ) အမေ-အဖေကြောင့် သား-သမီးဖြစ်ရတယ်ဆိုတာ အယူဟုတ်မှန်သလား၊ (မဟုတ်ပါ ဘုရား)။

တစ်ချို့ သားသမီးတစ်ယောက်မှ မထွန်းကားဘူးဆိုတာတွေလဲ အမေ အဖေတွေ သေသွားရော၊ သားသမီး မထွန်းကားတာတွေ ထောက်တော့ အမေ အဖေကြောင့်ဆိုတဲ့ စကားဟာ အင်း မမှန်ဘူးဟေ့ဆိုတာ သိပါတယ်၊ (မှန်ပါ့သိပါတယ် ဘုရား)။

မမှန်သေးပါကလား

အဲဒါတော့ ပယ်လိုက်ပြီ၊ အမေ အဖေကြောင့်ဆိုတာ ဝေးသော အကြောင်းတော့ဖြစ်ပါတယ်နော်၊ (မှန်ပါ့ ဘုရား) အမေ အဖေကြောင့် သားသမီး ခန္ဓာငါးပါးဖြစ်လာတယ်ဆိုတဲ့ ဥစ္စာဟာ ဪ မမှန်သေးပါကလားဆိုတာလဲ ယနေ့ ဆုံးဖြတ်ချက်ချလိုက်၊ (မှန်ပါ့ ဘုရား)။

တစ်ခါ စဉ်းစားတော့လဲ ထာဝရဘုရားက ဖန်ဆင်းတယ်လို့ တစ်ချို့ခရစ်ယာန် မဟာဗေဒင်ဆိုတဲ့အယူဝါဒ တွေမှာ ရှိသေးတယ်၊ (မှန်လှပါ ဘုရား) ဘယ်သူဖန်ဆင်းသတုံး၊ (ထာဝရဘုရားက ဖန်ဆင်းပါသတဲ့ ဘုရား)။

ထာဝရဘုရားက ဖန်ဆင်းတယ် ဆိုပြီးသကာလ လူတွေ, နတ်တွေ, ဗြဟ္မာတွေဟာ ထာဝရဘုရားကဖန်ဆင်း တယ်ဆိုပြီးသကာလ ခရစ်ယာန် မဟာဗေဒင်အစရှိသည်တို့မှာ ယူပြီးသကာလ ထားတယ်၊ (မှန်ပ့ါ)။

အဲသည်ကဲ့သို့ ဖန်ဆင်းတယ်လို့ ယူထားတဲ့အခါကျလို့ရှိရင်လဲ အကြောင်းက မကုန်ဘဲဖြစ်နေတယ်၊ (မှန်ပါ့) ထာဝရဘုရားကျတော့ ဘယ်သူက ဖန်ဆင်းသလဲဆိုတဲ့ မေးခွန်းဟာထွက်လာတယ်၊ (မှန်ပါ့) မထွက်လာဘူးလား၊ (ထွက်လာပါတယ် ဘုရား)။

ဒါကျတော့-တဲ့ သူတို့ မပြောတတ်ပြန်ဘူး၊ (မှန်လှပါ) မပြောတတ်ပြန်တော့ ဖန်ဆင်းတယ်ဆိုတာလဲ မဟုတ် သေးပါဘူး၊ (မှန်လှပါ ဘုရား)။

အမေ အဖေကြောင့်လဲ မဟုတ်သေး၊ (မှန်လှပါ ဘုရား) ဖန်ဆင်းခြင်းကြောင့်လဲ၊ (မဟုတ်သေးပါ ဘုရား)။

တစ်ခါ ဟိန္ဒူတွေ ကျပြန်တော့လဲ ဒကာ-ဒကာမတွေ မှတ်စရာက ဗြဟ္မာကြီးခြောက်ယောက်ကမွေးတယ်၊ လူဆင်းရဲများ၊ (မှန်ပါ့) ဗြဟ္မာကြီး ဝမ်းဗိုက်ထဲက မွေးဖွားတယ်၊ လူချမ်းသာမျး၊ (မှန်ပါ့) ဗြဟ္မာကြီးဝမ်းထဲက ခွဲထွက်တဲ့ ပုဂ္ဂိုလ်များ၊ (မှန်ပါ့) ဗြဟ္မာကြီး ဦးခေါင်းက မွေးတဲ့ပုဏ္ဏားများ၊(မှန်ပါ့) သူတို့က ဒီလိုယူထားတယ်၊ (မှန်လှပါ ဘုရား) ဗြဟ္မာကြီးကပဲ အကုန်မွေးထုတ်တာပဲ၊ (မှန်ပါ့)။

ဘယ်သူက တည်ထောင်သတုံး

ဒီလို ဆိုပြန်တော့လဲခုနင်ကအမေးဟာ ထွက်လာဦးမှာဘဲ၊ (မှန်ပါ့) ဦးသန်းမောင် ထွက်ရမယ်၊ (ထွက်ရပါမယ် ဘုရား)၊ ၎င်းင်း ဗြဟ္မာကြီးကိုတော့ ဘယ်သူက တည်ထောင်သတုံးဆိုတဲ့ မေးခွန်းထွက်လာတယ်၊ (ထွက်လာပါတယ် ဘုရား) မထွက်လာဘူးလား၊ (ထွက်လာပါတယ် ဘုရား)။

အဲဒီတော့လဲ အဖြေဟာပျောက်သွားဦးမှာပဲ၊ (မှန်ပါ့) ဒကာကြွယ်-ဘယ့်နှယ်ဖြေမလဲ၊ (ပျောက်သွားပါမယ် ဘုရား) အဖြေပျောက်သွားလိမ့်မယ်ဆိုတာလဲ ဧကန်ပဲဆိုတာ ယုံကြည်ပလား၊ (ယုံကြည်ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာဖြင့် အင်း – ကိုယ့်အမေ အဖေတွေးလိုက်ပြန်လဲအကုန်နှံ့စပ်တဲ့ စကားမဟုတ်ဘူး၊ (မှန်လှပါ ဘုရား) ခရစ်ယာန်ဘာသာကို တွေးလိုက်ပြန်တော့လဲ သံသယရှိစရာ ပေါ်လာတယ်၊ (ပေါ်လာ ပါတယ်) ဟိန္ဒူဘာသာကို တွေးလိုက်ပြန်တော့လဲ သံသယရှိစရာပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား)။

ဒါဖြင့် သံသယနဲ့ပဲ ဒို့ ဘယ်ကလာပါလိမ့်မတုံး ဆိုပြီး သေသွားကြတယ်။ (သေသွားပါတယ် ဘုရား) အင်း- ဒို့ကို ဘယ်သူကလုပ်လိုက်လို့ ဒို့-ယခု ရုပ်နာမ်ခန္ဓာကြီးရနေပါလိမ့်မလဲဆိုတဲ့ ဒကာကြွယ်တို့ ဦးသန်းမောင်တို့ဟာ ကိုယ့်ဟာကိုယ် မသိတဲ့သဘော မရှိဘူးလား၊ (ရှိပါတယ် ဘုရား)။

ကိုယ့်ဟာကိုယ် သံသယရှိတယ်

ကိုယ့်ဟာကိုယ် သံသယရှိတယ်၊ ငါ ဘယ့်နှယ်ကြောင့် ဒီအဖြစ် ဒီအနှစ်သို့ ရောက်လာပါလိမ့်မတုံးဆိုတဲ့ သံသယ, ဒကာ ဒကာမတို့ ရှိလာတယ်၊ (ရှိပါတယ် ဘုရား)။

အဲဒါတွေကို ဘုရားကလဲ မပွင့်, ဆရာကောင်းကလဲမတွေ့တဲ့အခါကျတော့ ဒီသံသယတွေ ဘယ်သူက ဖျောက် ပေးမလဲလို့ မေးလို့ရှိရင် ဒကာကြွယ် – ဘယ့်နှယ်ဖြေပါ့မလဲ၊ (ဘယ်သူမှဖျောက်မပေးနိုင်ပါ ဘုရား) နောက်က ဒကာ ဒကာမတွေ ဘယ်သူများ ဖျောက်ပေးနိုင်သတုံး၊ (ဘယ်သူမှ ဖျောက်မပေးနိုင်ပါ ဘုရား)။

ဖျောက်မပေးနိုင်တော့ သံသယရှိတယ်၊ (မှန်ပါ့ ဘုရား) ဪ ငါသည်ကားလို့ဆိုရင် ဘယ်လိုငါပါလိမ့်မတုံး ဆိုတဲ့ ဝိစိကိစ္ဆာကလဲ ဝင်လာတယ် (ဝင်လာပါတယ် ဘုရား) ဝိစိကိစ္ဆာဝင်လာတော့ ဒိဋ္ဌိကဝင်လာတယ်၊ (ဝင်လာပါ တယ်) ဦးသန်းမောင်ရေ ဝိစိကိစ္ဆာ ဝင်တော့ကို ဒိဋ္ဌိလဲ (ဝင်လာပါတယ် ဘုရား)။

ဒိဋ္ဌိကလဲ ငါသည် ဘယ်လိုငါပါလိမ့်မတုံး၊ ဒီရုပ်နာမ်တွေဟာ ငါပါလားဆိုတဲ့ ဒိဋ္ဌိတွေဟာ လာမှာပဲ၊ (လာမှာ ပါပဲ ဘုရား) အဲဒီကဲ့သို့ ပဋိစ္စသမုပ္ပါဒ်ကို နားမလည်လို့ရှိရင် ဒိဋ္ဌိဝိစိကိစ္ဆာနဲ့ သေကြရပါလိမ့်မယ်၊ (မှန်ပါ့ ဘုရား)ဘာနဲ့ သေကြမလဲ၊ (ဒိဋ္ဌိဝိစိကိစ္ဆာနဲ့ သေကြပါမယ် ဘုရား)။

ဒိဋ္ဌိဝိစိကိစ္ဆာနဲ့ချည်း သေကြရ တော့မယ်

ဒါဖြင့် အားလုံးအပါယ်သွားရမယ်၊ (သွားရမှာပါပဲ ဘုရား) ဒကာ ဒကာမတို့ ဒိဋ္ဌိဝိစိကိစ္ဆာနဲ့ချည်း သေကြရ တော့မယ်ဆိုတော့ အားလုံးအပါယ်သွားရမယ်၊ (သွားရပါမယ်) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ဒါ့ကြောင့် ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် အပါယ်သွား ဒီလောက်များပါလိမ့်မတုံးဆိုတော့ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး နားမလည်လို့၊ (မှန်လှပါ ဘုရား) ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် အပါယ်သွားများပါလိမ့်၊ (ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုးနားမလည်လို့ပါ ဘုရား) ဪ ဒါဖြင့် အပါယ်လေးပါး တံခါးပိတ်တဲ့ တရားဟာဖြင့် ပဋိစ္စသမုပ္ပါဒ် နားမလည်မှုဆိုတဲ့ ဒိဋ္ဌိဝိစိကိစ္ဆာသတ်မှုပဲ၊ (မှန်လှပါ ဘုရား) ပေါ်လာပြီလား၊ (ပေါ်လာပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒကာ ဒကာမတွေ အပါယ်သွားများပါလိမ့်မလဲဆိုရင် ဘယ့်နှယ် ဖြေကြမလဲ၊ (ဒိဋ္ဌိ ဝိစိကိစ္ဆာ မသတ်နိုင်လို့ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ပါ၊ (မှန်ပါ့) ဪ ဒါဖြင့် ဒို့နားမလည်ထိုက်တဲ့တရားတစ်ခု ဟာ ဆရာဘုန်းကြီးက ချီးမြှောက်ရတော့မှာပဲဆိုပြီး ဝမ်းမြောက်ပါတယ်၊ (မှန်လှပါ ဘုရား)။

အင်မတန် အရေးကြီးပါပြီ တဲ့၊ ခါတိုင်းတော့ ဒီလိုအဝိုင်းနဲ့ မပြဘဲနဲ့ ပုံတန်းတန်းပြီး ပြနေတယ်၊ အခုတော့ ဖြင့် ကုသိုလ်လုပ်တဲ့ ပုဂ္ဂိုလ်ကလဲ ပါလာပြန်တော့ အင်း စာရွက်တွေဝေကမ်းတဲ့ ဒကာ ဒကာမတွေကလဲ အားလုံး သိစေချင်တဲ့ သဘောနဲ့ သူတို့ ဝေကြ-ကမ်းကြပြန်တယ်၊ တစ်ခါပုံစံကြီးကိုလုပ်ပြီး မောင်ထွန်းရင်တို့လဲပြတော့ သိဖို့ ရာ အကြောင်းတွေ ကုသိုလ်ပြုပြန်တော့ ဒကာ ဒကာမတွေမှာ ကံထူးတဲ့ ပုဂ္ဂိုလ်တွေလို့ဆိုရမယ်၊ (မှန်လှပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် နားမလည်သောကြောင့်

ဘာ့ကြောင့်တုံး၊ ဘယ်လိုကံထူးပါလိမ့်မတုံးမေးတဲ့အခါကျတော့ ဪ -ပဋိစ္စသမုပ္ပါဒ် နားမလည်သောကြောင့် ဒိဋ္ဌိဝိစိကိစ္ဆာမသေ, သစ္စာလဲမသိ၊ (မှန်လှပါ ဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာ (မသေပါ ဘုရား) သစ္စာကော၊ (မသိပါ ဘုရား) သစ္စာလဲ မသိ၊ ဒိဋ္ဌိဝိစိကိစ္ဆာလဲ မသေတော့ သစ္စာမသိတော့ သံသရာရှည်၊ ဒိဋ္ဌိဝိစိကိစ္ဆာမပယ်နိုင်တော့အပါယ်သွား၊ (မှန်လှပါ ဘုရား) ဒီလိုမနေဘူးလား၊ (နေပါတယ် ဘုရား)။

အဲဒီကဲ့သို့ နေတဲ့အတွက် ယနေ့သည် ဒါဆက်ပြီး ဒကာ ဒကာမတွေ တရားပွဲရက် မပျက်အောင်ဘဲ ဂရုစိုက် ကြနော်၊ (မှန်လှပါ ဘုရား) ကျန်းမာအောင်လဲနေကြပါလို့၊ ဒါ–နားလည်လို့ရှိရင်ဖြင့် နားလည်ကာ မတ္တနဲ့ အပါယ်တံခါး ပိတ်တယ်၊ (မှန်လှပါ ဘုရား) စူဠသောတာပန်ဖြစ်ရင် တစ်ဘဝ,နှစ်ဘဝ အပါယ်တံခါးပိတ်သွားတယ်၊ (မှန်လှပါ ဘုရား)။

သောတာပန်အမှန်တည်ပါ လိမ့်မယ်

ဒီအတိုင်းပဲ ဖြတ်လမ်းကို ဘုန်းကြီးကလဲ ဟောလို့ ဖြတ်လမ်းကိုကျင့်လို့ရှိရင် သောတာပန်အမှန်တည်ပါ လိမ့်မယ်၊ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေသည် ဪ ငါတို့ဟာ အရေးကြီးတဲ့ အချက်အလက်တွေ အခုအချိန်မှာရောက် နေသောကြောင့် သားရေး, သမီးရေး, စီးပွားရေးဆိုတာ ပဋိစ္စသမုပ္ပါဒ်လည်တဲ့လမ်း၊ (မှန်လှပါ ဘုရား) ဆရာသမားဆီမှာ ချဉ်းကပ်ပြီးသကာလ ဒီဟာကြည့်ပြီးသကာလ ဒီအဝိုင်းကြီးကြည့်ပြီးသကာလ ဖြတ်တဲ့နေရာကနေ ဖြတ်လိုက်တဲ့အခါ ကျတော့ ဪ ဒို့သည်ကားလို့ဆိုရင် အဝိုင်းပြေးဖြစ်မှာပဲ၊ အခုတော့ဖြင့် အဝိုင်းပြေးအဖြစ်မှ လွတ်ပြီးသကာလ အင်း-တက်စရာထိပ်တန်းတွေ တွေ့ပြီလို့ဆိုရလမ့်မယ်၊ (မှန်ပါ့ ဘုရား) ရှင်းပြီနော်၊ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခုနင်ကပြောခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေပြောနေတဲ့ အသွားဟာလဲ မဟုတ်ဘူးလို့မှတ်လိုက်ပါ၊ (မှန်လှပါ ဘုရား) ခရစ်ယာန်တွေပြောတဲ့ ထာဝရ ဖန်ဆင်းတာတွေလဲ မဟုတ်ဘူးလို့ပဲ မှတ်လိုက်၊ (မှန်လှပါ ဘုရား) အမေ, အဖကြောင့် သားသမီးခန္ဓာတွေဖြစ်လာတယ်ဆိုတာလဲ တစ်စိတ်တစ်ဒေသသာမှန် ၍ အကုန်မမှန်ဘူးလို့ မှတ်လိုက်၊ (မှန်လှပါ ဘုရား)။

ဒါဖြင့် အမှန်အစစ်ကို ရှာကြပါစို့၊ (မှန်လှပါ ဘုရား) အမှန်အစစ်ကိုရှာကြပါစို့ ဆိုတော့ ဒကာ ဒကာမတို့ ဒါဟာလိုရင်းအချက်ပဲ ဆိုတာ ဒကာကြွယ် မှတ်ရပေလိမ့်မယ်၊ (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အခု ရ, ထားတဲ့ တရားဟောတဲ့ဘုန်းကြီး၏ခန္ဓာ၊ တရားနာနေကြတဲ့ ဒကာ ဒကာမတွေ၏ ခန္ဓာငါးပါး၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ထိုင်ကြတာ ဘယ်သူတွေပါလိမ့်

တရားနာကြတာ, နေကြတာ, ထိုင်ကြတာ ဘယ်သူတွေပါလိမ့်၊ (ခန္ဓာငါးပါးပါ ဘုရား) ဪ-ခန္ဓာငါးပါးရုပ် နာမ် နှစ်ပါးထွေပဲနော်၊ (မှန်ပါ့ ဘုရား)။

ဘယ်သူ တည်ထောင်လို့ ဒီအဖြစ် ဒီနေရာရောက်လာပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ဘယ်သူဆိုတဲ့ပုဂ္ဂိုလ် ဟာ ရှာမတွေ့ပါဘူး၊ (မှန်ပါ့) ဘယ်သူဆိုတဲ့ ပုဂ္ဂိုလ်ဟာဖြင့်၊ (ရှာမတွေ့ပါ ဘုရား)။

ဪ –ဒါဖြင့် ပုဂ္ဂိုလ်မရှိကတည်းက ဒကာ ဒကာမတွေက မှတ်လိုက်တာပေါ့၊ ဓမ္မရှိတယ်လို့မှတ်၊ (မှန်လှပါ ဘုရား) ပုဂ္ဂိုလ်ကတော့ မဖန်ဆင်းပါဘူး၊ (မှန်ပါ့) ဓမ္မကတည်ထောင်တယ်လို့ မှတ်လိုက်တာပေါ့၊ (မှန်လှပါ ဘုရား) ဘယ်လိုမှတ်ကြမယ်၊ (ဓမ္မကတည်ထောင်ပါတယ် ဘုရား)။

ဓမ္မကတည်ထောင်တယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါနော်၊ (မှန်ပါ့) ဒါနဲ့ ဘုရား သခင်ကိုယ်တော်မြတ်ကြီးသည် ဘုရားဖြစ်တဲ့နေ့မှာ ဓမ္မကတည်ထောင်တာ ဟောချင်တော့ သူဘယ်လိုစ, လာသတုံးဆို တာ ပဋိစ္စသမုပ္ပါဒ် နိဒါနဝဂ္ဂသံယုတ် ပါဠိတော်မှာ လာပါတယ်၊ (မှန်ပါ့ ဘုရား)။

သတ္တဝါတွေ အစငါရှာမယ်

ဘယ်လိုလာသတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့သတ္တဝါတွေ အစငါရှာမယ်ဆိုပြီး သကာလ အနမတဂ္ဂ သံယုတ်များမှာလဲ လာထားတယ်၊ (မှန်ပါ့ ဘုရား)။

သတ္တဝါတွေ အစရှာလိုက်တာဥပမာမယ်၊ ဦးသန်းမောင် အစ,ရှေးဘဝက ဦးသန်းမောင်က နတ်ဖြစ်ခဲ့တယ်၊ ဟိုဘက်ဘဝက ဗြဟ္မာဖြစ်ခဲ့တယ်၊ ဟိုဘက်ဘဝက တိရစ္ဆာန်တွေဖြစ်ခဲ့တယ်၊ ဒီလိုပုဂ္ဂိုလ်အဖြစ်တွေနဲ့ ရှောက်တွေးလိုက် တာ ဒကာ ဒကာမတို့ ဘုရားဖြစ်တဲ့အချိန်က ဦးသန်းမောင်အကြောင်းကို တွေး၊ အင်မတန်ကြီးကျယ်တဲ့ ဉာဏ်ကြီးနဲ့ တွေးတာဆုံးမကိုမဆုံးနိုင်ဘူး၊ (မှန်လှပါ ဘုရား) ပုဂ္ဂိုလ်အဖြစ်နဲ့ တွေးယင်ဖြင့်၊ (မဆုံးပါ ဘုရား)။

မဆုံးနိုင်အောင်ဘဲ အသေတွေ အနေတွေ များခဲ့တယ်လို့ မှတ်လိုက်စမ်းပါ၊ (မှန်လှပါ ဘုရား) မဆုံးနိုင်အောင် ဘဲ၊ (အသေတွေ အနေတွေ များခဲ့ပါတယ် ဘုရား)။

အသေတွေ အနေတွေ များခဲ့တယ်ဆိုတာဖြင့် ဒကာ ဒကာမတို့ ဘုရားတောင်မှ ပုဂ္ဂိုလ်သတ္တဝါ၏ အစမမြင် ဘူး၊(မှန်လှပါ ဘုရား) ပုဂ္ဂိုလ်အစနော်၊ (မှန်လှပါ) ပုဂ္ဂိုလ်ဆိုတာ အထည် စ, လု့ိ မှတ်လိုက်စမ်းပါ၊ (မှန်လှပါ)။

ဒီခန္ဓာဒြပ်ကြီး အစရှောက်တွေးလိုက်တဲ့အခါကျတော့ ဘယ်ခန္ဓာကစ,တယ်ဆိုတာ ဘုရားဖြစ်တဲ့နေ့ကတွေး၊ ပရိနိဗ္ဗာန်စံသည့်တိုင်အောင်တွေး၊ တစ်ယောက်၏ဖြစ်ပျက်မှု နောက်ဆုတ် တွေးသွားတာ ဦးသန်းမောင် မကုန်ဘူး၊ (မှန်လှပါ ဘုရား)။

အသေချင်းတွေဖြင့် စပ်ခဲ့ပေါ့

ဒါဖြင့် ကျုပ်တို့ခန္ဓာတွေ ဘယ်လောက်ရှည်ခဲ့သလဲဆိုရင် ဘယ့်နှယ်ဖြေကြမလဲ၊ (မရေမတွက်နိုင်ပါ ဘုရား) မရေတွက်နိုင်ဘူး၊ (မှန်လှပါ) ဒကာကြွယ် ရေတွက်နိုင်ရဲ့လား၊ (မရေတွက်နိုင်ပါ ဘုရား) အသေချင်းတွေဖြင့် စပ်ခဲ့ပေါ့ လို့ဆိုရင်ကော၊ (ဆိုနိုင်ပါတယ် ဘုရား)။

အေး အသေချင်းစပ်ခဲ့သော ဒီမြေတွေဟာ ဘယ်သူ့မြေတွေတုံးလို့ မေးလို့ရှိရင် ကျုပ်တို့ အသားထဲကဖြစ်တဲ့ မြေတွေပဲ (မှန်လှပါ) ဘယ်လောက်များ ကျုပ်တို့ အသေများခဲ့တယ်ဆိုတာ ဒကာ ဒကာမတွေရှင်းကြပလား၊ (ရှင်းပါ ပြီ ဘုရား) အသေဘယ်လောက်များခဲ့သလဲ၊ (မရေတွက်နိုင်ပါ ဘုရား)။

ဒီမြေတွေ ဒီရေတွေဟာ ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင် ကျုပ်တို့အသားအသွေးတွေကို မြေခံပြီးသကာလ ဖြစ်လာတာ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ)။

ကောင်းပြီတဲ့၊ ဒကာ ဒကာမတို့ ဒါဖြင့်ပုဂ္ဂိုလ်သတ္တဝါတွေကဖြင့် ပြေးခဲ့ပြီပေါ့၊ (မှန်ပါ့) ပြေးလို့ကိုဆုံးရဲ့လား၊ (မဆုံးပါ) ဦးသန်းမောင်နောက်ဆုတ်ပြေးလိုက်တာ ဆုံးသေးရဲ့လား၊ (မဆုံးပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ နောက်ဆုတ်ပြေးတာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ အင်မတန်ကြီးကျယ် တဲ့ဉာဏ်၊ အင်မတန် လျှင်မြန်တဲ့ဉာဏ်နဲ့ ပြေးတာတောင်ပုဂ္ဂိုလ်အဖြစ်နဲ့ပြေးရင် ဆုံးသေးရဲ့လား၊ (မဆုံးပါ ဘုရား) အဲဒါကြောင့် –

”အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော

ပုဗ္ဗာ ကောဋိ န ပညာယတိ”(နိဒါနဝဂ္ဂသံယုတ်ပါဠိ၊ ၃၈၇)

အယံသံသာရော – ဤခန္ဓာ သံသရာကြီးသည်၊ အနမတဂ္ဂေါ = မသိအပ်သော အစရှိ၏။ ငါ-မသိပါဘူးကွာ၊ ရှည်လိုက်တာလွန်လို့၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ)။

မသိအပ်သော အစ,ရှိတယ်၊ မသိအပ်သော အစ,ရှိတယ်ဆိုကတည်းက ဒကာ ဒကာမတွေ အစ,ရှာမတွေ့ဘူး၊ (မှန်ပါ့) ခန္ဓာတွေနဲ့သာ ပြေးလို့ရှိရင် ဦးသန်းမောင် ဘာတဲ့၊ (အစမရှိပါ ဘုရား) အစ, ရှာမတွေ့ဘူးဆိုတာ ဒကာ ဒကာမတွေ ရှင်းလောက်ပါပြီ၊ (ရှင်းပါပြီ ဘုရား)။

အင်း ဟင်း ဒကာကြွယ်တစ်ယောက်ကိုပဲ နောက်ဆုတ်တွေးလိုက်လို့ရှိရင်ဖြင့် ဘုရားဖြစ်တဲ့နေ့ကတွေး ပရိနိဗ္ဗာန်သာ စံစရာရှိတယ်၊ သူများပြောဟောချိန်လဲ မပေးနိုင်တော့ဘူး၊ ဒါတောင် မဆုံးဘူး၊ (မှန်လှပါ ဘုရား)။

သံသရာရှည်ခဲ့တယ်

သတ္တဝါအစ ဘယ်လောက်ရှည်ခဲ့တယ်ဆိုတာဖြင့် ဒကာ ဒကာမတွေ ပြေးကိုပြေးလို့ မဆုံးဘူးဆိုတဲ့ အသေ တွေထပ် အနေတွေထပ်ဆိုတာ ပြောဖို့လိုသေးလား၊ (မလိုပါ ဘုရား) အဲဒါကြောင့် ဒကာ ဒကာမတို့ သံသရာရှည်ခဲ့တယ် ဆိုတာ သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ဪ နောက်ထပ်လဲ ဒကာ, ဒကာမတွေ သံသရာရှည်ကြောင်းကို ကြိုးစားနေကြဦးမယ်၊ ထွက်လမ်းကို မရှာတော့ပါဘူးဆိုရင်ဖြင့် ဒီမြေပေါ် ကိုယ့်အရိုးအသားတွေက ဖြစ်တဲ့ မြေပေါ်မှာ ကိုယ့်သစ်ပင်စားသောက်တဲ့ သစ်ပင် တွေစိုက်ပြီးသကာလ ကိုယ့်အသား အရိုးဖြစ်တဲ့မြေပေါ်မှာ ကိုယ်စားကောင်းတဲ့သစ်ပင်တွေစိုက်ပြီး ဦးသန်းမောင် စားရုံပဲရှိတယ်၊ (မှန်လှပါ ဘုရား)။

အဲဒါမှ မြေပိုင်ဖြစ်တယ်၊(မှန်လှပါ ဘုရား) ကိုယ့်အသားအရိုးကဖြစ်တဲ့မြေ၊ (မှန်ပါ့ ဘုရား) ဒါလောက်ရှည်ခဲ့ပါ တယ်။ ဒကာ ဒကာမတို့၊ (မှန်ပါ့ ဘုရား) ဒီမြေတွေဟာ ဘယ်သူကဖြစ်တဲ့မြေလို့ဆိုကြမလဲ၊ (ကိုယ့်အသားအရိုးက ဖြစ်တဲ့မြေပါ ဘုရား)။

ဒီမြေပေါ်မှာ ပေါက်တာတွေ ဘယ်သူစားနေရသတုံးဆိုတော့ ဒီအသားအရိုးကို နဂိုရ်ကစွန့်ပစ်ထားခဲ့တဲ့ ကိုယ့်မြေပိုင်လုပ်ပြီး သကာလ စားနေကြတယ်ဆိုရင်ကော လွဲပါ့မလား၊ (မလွဲပါ ဘုရား)။

ဪ – ဒို့မှာဖြင့် ကြောက်စရာကြီးပါကလား၊ ကိုယ့်အသားအရိုး မြေလုပ်ပြီး ဒီပေါ်မှာ အပင်စိုက်စားပြီးတော့ မှစားတဲ့ ပုဂ္ဂိုလ်က ဒီအပေါ်မှာ မြေဩဇာဖြစ်အောင် ပြန်မြှုပ်၊ (မှန်လှပါ ဘုရား) တစ်ခါ ဒီအပေါ်မှာပဲပြန်ဖြစ်ဆိုတော့ ဦးသန်းမောင် ဒီမြေဟာ မြေကောင်းလား-မြေမကောင်းလား၊ (မြေမကောင်းပါ ဘုရား)။

ဒီအသားအရိုး က ဖြစ်တဲ့မြေတွေ

ဘယ်လိုကမ္မဝါဖတ်ဖတ် မကောင်းဘူးဗျ၊ (မှန်လှပါ) ခင်ဗျားတို့က အိမ်ကလေး ဆောက်မယ်ကြံ၊ ကမ္မဝါလေး ကူပါဦး၊ ဘာလေး ညာလေး အန္တရာယ်ကင်းအောင်၊ ဘေးရှင်းအောင်လို့ ပြောကြတယ်၊ (မှန်ပါ့ ဘုရား) ဒီအသားအရိုး က ဖြစ်တဲ့မြေတွေကို ဘယ်တော့မှ မင်္ဂလာရှိတဲ့မြေလို့ ဆိုလို့ရမလဲ၊ (မရပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ)။

ဒါဖြင့် မြေကြီး, ကြီးပွားရေးကိုဖြင့် နောက်ထပ်မလုပ်ပါနဲ့တော့၊ (မှန်လှပါ ဘုရား) ဘယ်လိုအမိန့်ပေးပါလိမ့် မြေကြီး ကြီးပွားရေးကိုဖြင့် နောက်ထပ် မလုပ်ပါနဲ့တော့ ဦးသန်းမောင် လူဖြစ်ရပါလို၏။ လူ့ပြည်အကြိမ်ကြိမ်ခံစားရပါ လို၏ ဆိုတာနဲ့ မြေကြီး, ကြီးပွားရေးဖြစ်ပါလို၏၊ (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ)။

လူ့ပြည်အကြိမ်ကြိမ် ဖြစ်ရပါလို၏ဆိုရင် (မြေကြီးဖြစ်ရပါလို၏) နတ်ပြည် အကြိမ်ကြိမ်ခံစားရပါလို၏ ဆိုရင်ဖြင့် ခဏခဏသေရပါလို၏။ (မှန်ပါ့) နတ်ကျတော့ အထည်မကျန်ဘဲကိုး၊ (မှန်လှပါ)။

သေခြင်းအမျိုးမျိုး

နတ်ပြည်အကြိမ်ကြိမ် ဖြစ်ရပါလို၏လို့ ဆုတောင်းတဲ့ ပုဂ္ဂိုလ်ကျတော့ နတ်ပြည်မှာ အဖန်ဖန် သေခြင်းဆိုးနဲ့ သေရပါလို၏။ (မှန်ပါ့ ဘုရား) ရှင်းပြီလား၊ (ရှင်းပါပြီ)။

ဗြဟ္မာ့ပြည်ဖြစ်ရပါလို၏ ဆုတောင်းတော့လဲ ဗြဟ္မာ့ပြည်မှာ သေခြင်းအမျိုးမျိုးနဲ့ ပုံပြောင်းပြီး မသာကြီးချ အဖြစ်နဲ့ သေရပါလို၏။ (မှန်လှပါ) ဒီလိုဆုတောင်းတာနဲ့ကော ထူးသေးရဲ့လား၊ (မထူးပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လူ့ပြည်ဆုတောင်းလဲမြေကြီး, ကြီးပွားရေးပဲ၊ (မှန်ပါ့ ဘုရား) နတ်ပြည်ဆုတောင်းတော့ အသေထပ်ဖို့ပဲ (မှန်ပါ့) ဗြဟ္မာ့ပြည်ဆုတောင်းတော့ မသာကြီးချဖို့ပဲ၊ (မှန်ပါ့) အထည်ကြီး သေ၊ (မှန်ပါ့) သဘောပါပလား၊ (ပါ, ပါတယ် ဘုရား)။

ဒါဖြင့် မြေကြီး, ကြီးပွားရေး ကြိုက်သလား၊ အဖန်ဖန်သေတာကြိုက်သလား၊ မသာကြီးချ ကြိုက်သလားလို့မေး ရင် ဘယ့်နှယ်ဖြေမလဲ (ဘာမှမကြိုက်ပါ ဘုရား)။

အင်း- တော်လာပြီ၊ တော်လာပြီ ဘယ်ဟာမှ မကြိုက်တော့ပါဘူးဆိုတဲ့ ဥစ္စာကလေးဟာလဲ ဦးသန်းမောင်တစ် သံတည်းထွက်လာတာ ဘုန်းကြီးတို့ ကျေနပ်ပြီ၊ (မှန်လှပါ ဘုရား) အသေသည် “မရဏမ္ပိ ဒုက္ခသစ္စံ”လို့ ဒကာ ဒကာမ တွေသိတယ်၊ (မှန်ပါ့ ဘုရား) သေတာဘာတဲ့တုံး၊ (မရဏမ္ပိဒုက္ခသစ္စံပါ ဘုရား)။

ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာ အရင်သတ်ကြပေတော့

ဪ ဒါဖြင့် တပည့်တော်တို့ နောက်ထပ်ဒုက္ခ မရောက်ချင်တော့ဘူးဘုရား၊ ဒုက္ခကိုအခုဒီဘဝနဲ့ပဲ သိမ်းချင် တယ်ဆိုတာ တရားတစ်ပွဲလုံး သဘောတူသလား၊ (တူပါတယ် ဘုရား) ကဲ သဘောတူလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာ အရင်သတ်ကြပေတော့၊ (မှန်ပါ့ ဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာ အရင်သတ်ကြပါစို့၊ (မှန်ပါ့ ဘုရား)။

ကိုင်း -ဒါဖြင့် ဒကာ ဒကာမတို့ ဒီပုံစံကြီး ၁-နံပါတ်ကို ကြည့်ရမနော် (မှန်ပါ့) ၁-နံပါတ်ကြည့်တဲ့အခါကျ တော့ ဟောဒီအတိတ်အကြောင်းခြင်းရာ ငါးပါးဆိုတာ အတိတ်ကဖြစ်ခဲ့တယ်၊ (မှန်ပါ့ ဘုရား)။

အတိတ်အကြေင်းခြင်းရာ ငါးပါးဆိုတာ ဘယ်တုန်းကဖြစ်တာတုံး၊ (အတိတ်တုန်းကဖြစ်ပါတယ် ဘုရား) လွန်ခဲ့တဲ့ ဘဝများစွာက ဖြစ်ခဲ့တယ်လို့ မှတ်လိုက်စမ်းပါ၊ (မှန်လှပါ ဘုရား) ၁-နံပါတ်မှာ ဖတ်လိုက်တော့ ဘာတွေ့သတုံး၊ (အတိတ် အကြောင်းခြင်းရာ ငါးပါးပါ ဘုရား)။

အင်း အတိတ်အကြောင်းခြင်းရာ ငါးပါးလို့ ဒကာ ဒကာမတွေက တွေ့ပါတယ်၊ (မှန်ပါ့ ဘုရား) အင်း ဒါ ဘယ်တုန်းကဖြစ်ခဲ့တာလဲလို့ မေးဖို့လိုသေးလား (မလိုပါ ဘုရား) မလိုတော့ဘူး ဦးလှဘူး၊ အတိတ်ကဖြစ်ခဲ့တာ၊ (မှန်လှပါ) ရှင်းပလား၊ (ရှင်းပါပြီ)။

ဒါဖြင့် အတိတ်က ဖြစ်ခဲ့တယ်ဆိုတဲ့ ၁-နံပါတ် ဒကာ ဒကာမတွေက မြင်ရပါပြီ၊ (မြင်ရပါပြီ ဘုရား) ဘယ်သူက အတိတ်တုန်းကပုဂ္ဂိုလ်သတ္တဝါက တည်ထောင်တာလား မေးရလိမ့်မယ်နော်၊ (မှန်ပါ့ ခန္ဓာကိုယ်ကို ဓမ္မက တည်ထောင်တာ လားလို့မေးရလိမ့်မယ်၊ (မှန်လှပါ)။

ဓမ္မက တည်ထောင်တာ

အဲဒီတော့ ဒကာ ဒကာမတွေက အဖြေထွက်ပါ၊ ကျုပ်ခန္ဓာကြီးကို ပုဂ္ဂိုလ်သတ္တဝါက တည်ထောင်တာမဟုတ်၊ (မှန်လှပါ ဘုရား) ဓမ္မက တည်ထောင်တာ၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

အခုတရားနာနေတဲ့ ဒကာ ဒကာမတွေဆိုတဲ့ ခန္ဓာငါးပါး (မှန်လှပါ) ဘယ်သူတည်ထောင်တာပါလိမ့်မတုံး၊ (ဓမ္မကတည်ထောင်တာပါ ဘုရား)။

အဲ – ဓမ္မတည်ထောင်တာလို့ဆိုတော့ ဘယ်တုံးကတုံးမေးတော့မှ အတိတ်က (မှန်ပါ့) ဒီမှာ အတိတ်အကြောင်း ငါးပါးခင်ဗျားတို့ကို ဖြစ်စေတဲ့အကြောင်းငါးပါး၊ (မှန်လှပါ ဘုရား) ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။

အတိတ်အကြောင်း ငါးပါးဆိုတာ ဒကာ ဒကာမတွေဖြစ်စေတဲ့ အကြောင်းငါးပါး၊ (မှန်လှပါ ဘုရား) အတိတ် အကြောင်းငါးပါးဆိုတာ ဘာပါလိမ့်၊ (တပည့်တော်တို့ကို ဖြစ်စေတဲ့ အကြောင်းငါးပါးပါ ဘုရား) အဲဒီအကြာင်းငါးပါး ကခန္ဓာကိုဖြစ်စေတယ်လို့မှတ်ပါ၊ (မှန်လှပါ ဘုရား) သိကြား ဗြဟ္မာ ဘုရားကလာပြီး ဖန်ဆင်းတယ်လို့ မယူလိုက်ပါနဲ့၊ (မှန်လှပါ ဘုရား) ဒကာကြွယ်-သဘောပါပလား၊ (ပါ,ပါပြီ ဘုရား)။

အဲဒါ ဘယ်သူတုံးလို့မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတွေဒီမှာကြည့်ပါ၊ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒန်, ဘဝ၊(မှန်ပါ့ ဘုရား) ဒါ သတ္တဝါတည်ထောင်တဲ့တရားငါးခုပဲ၊ (မှန်ပါ့ ဘုရား) ဘယ်သူပါလိမ့်ဗျာ၊ (အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ဘဝပါ ဘုရား)။

အို ဒီနေ့တရားသည် ဒကာ ဒကာမတို့ အလွန်အဖိုးတန်ပြီ၊ (မှန်ပါ့ ဘုရား) ဘာဖြစ်လို့တုံးဆိုတော့ ဆရာပြောသံ ကြားမဟုတ်ဘူး၊ မျက်မြင်ရော ပြောသံရော တစ်ခါတည်းနှစ်ခုစလုံး အိမ်ရောက်ပါတော့မယ်၊ ငါတို့၏ ဆုတောင်းကိုလဲ ငါတို့သိပြီဆိုတဲ့ ဥစ္စာလဲ ဒကာ ဒကာမတွေ ထင်ထင်ရှားရှားပဲ ဉာဏ်ထဲပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား)။

အတိတ်က ဘာတွေလုပ်ခဲ့သလဲ

ဒကာ ဒကာမတွေ အတိတ်က ဘာတွေများ ဒကာ ဒကာမတွေလုပ်ခဲ့ပါလိမ့်မတုံး မေးတဲ့အခါကျတော့ အတိတ်က အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ဘဝတွေလုပ်ခဲ့တယ်၊ (မှန်ပါ့ ဘုရား) အတိတ်က ဘာတွေလုပ်ခဲ့သလဲ (အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ဘဝတွေလုပ်ခဲ့ပါတယ် ဘုရား)။

ဪ ဟုတ်ပြီတဲ့၊ ဒကာ ဒကာမတို့ အတိတ်က ဒီငါးမျိုးတည်ထောင်ခဲ့သော ဦးသန်းမောင်ရေ ဒီငါးမျိုး၏ သဘောကို တည်ထောင်တတ်တဲ့ တရားသဘော ငါးမျိုးကို ဒကာကြွယ် ရှင်းပြဦးမယ် (မှန်လှပါ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ အတိတ်ကတည်ထောင်တက်တဲ့တရား ဘယ်နှစ်ပါး ပါလိမ့် (ငါးပါးပါ ဘုရား)ဒါဖြင့် ဘယ်သူပါလိမ့်ဗျာ၊ (အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ဘဝပါ ဘုရား)။

အို နေရာကျလိုက်တာ၊ နေရာကျလိုက်တာ၊ ဒကာ ဒကာမတွေ အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန်ဘဝဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ပေါ်လာတဲ့အခါကျတော့ ဪ ဒါတွေဟာ ဒကာ ဒကာမတွေက ဒီနေ့ခပ် နားလည်လည်နဲ့ ခပ်ကြမ်းကြမ်းပြောတဲ့ နေ့လို့မှတ်ပါနော် (မှန်လှပါ ဘုရား) တနေ့ထက်တနေ့တော့ စိပ်လာလိမ့်မယ်၊ (မှန်ပါ့)။

အဲဒီ လွန်ခဲ့တဲ့အတိတ်ဘဝက အဝိဇ္ဇာဆိုတာကလဲ ဒကာ ဒကာမတွေ သစ္စာလေးပါး မသိဘူး (မှန်ပါ့) အဝိဇ္ဇာဆိုတာဘာတုံး (သစ္စာလေးပါးမသိတာပါ) ဪ အတိတ်ဘဝကကျုပ်တို့ ခေါင်းဆောင်နေတာ အဝိဇ္ဇာခေါင်း ဆောင်နေတာ၊ (မှန်လှပါ ဘုရား) အင်း -ဟင် သူကလဲ ဘာမသိတာတုံး၊ (သစ္စာလေးပါး မသိတာပါ ဘုရား)။

အလွန်ယုတ်မာတဲ့ ခေါင်းဆောင်ကြီး

ဪ – ဒါဖြင့် ကျုပ်တို့အလွန်ယုတ်မာတဲ့ ခေါင်းဆောင်ကြီးဟာ ကျုပ်တို့သန္တာန်မှာကိန်းခဲ့တယ်၊ (မှန်လှပါ ဘုရား) အောင်းခဲ့တယ်ဆိုရင် လွဲပါ့မလား၊ (မလွဲပါ ဘုရား)။

အေး-ဒါကြောင့် အတိတ်ဘဝက ဒကာ ဒကာမတွေကျုပ်တို့ သစ္စာလေးပါး မသိတဲ့ အဝိဇ္ဇာက ဝမ်းထဲမှာရှိခဲ့ တယ်။ (မှန်ပါ့) ဝမ်းထဲမှာရှိတဲ့အခါကျတော့ ကျုပ်တို့က လူ့ဘဝကလေးတစ်ခုကို ဆက်ပြပါမယ် ဒကာ ဒကာမတို့နော်၊ (မှန်လှပါ ဘုရား)။

ကျုပ်တို့က သင်္ခါရဆိုတဲ့ အဝိဇ္ဇာပြီး သင်္ခါရ တွေ့ရဲ့လား၊ (တွေ့ပါတယ် ဘုရား) သင်္ခါရဆိုတာက ပြုပြင်တာလို့ မှတ်လိုက်ပါ၊ (မှန်လှပါ ဘုရား) သင်္ခါရဆိုတာ (ပြုပြင်တာပါ ဘုရား) အဲ-မသိတဲ့တရားက ပြုပြင်ခိုင်းတာနဲ့ ပြုပြင်တယ်၊ (မှန်ပါ့) မသိတဲ့တရားက (ပြုပြင်ခိုင်းတာနဲ့ ပြုပြင်ပါတယ် ဘုရား)။

ဪ -ဒါဖြင့် ဦးသန်းမောင် မသိတဲ့လူက ပြုပြင်ခိုင်းပြီ၊ (မှန်လှပါဘုရား မသိတဲ့လူက ပြုပြင်ခိုင်းတယ်လို့ မသိတာက အဝိဇ္ဇာ၊ ပြုပြင်တာက (သင်္ခါရပါ ဘုရား) အဲဒီ သင်္ခါရကလေးရှင်းပြပါရစေ ဒကာမတို့နော်၊ (မှန်ပါ့ ဘုရား)။

သင်္ခါရကလေးက ဘာပါလိမ့်

ဒီသင်္ခါရကလေးက ဘာပါလိမ့်မလဲ-လို့ ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့နားလည်မှုတွေ ရှေ့ထားပြောရလို့ရှိရင်ဖြင့် သင်္ခါရဆိုတာ စေတနာပဲ၊ (မှန်လှပါ ဘုရား)။

ဥပမာ ဒကာ ဒကာမတွေက ဆရာသမားတွေ ဆွမ်းကျွေး ဘုရားတွေ တံမြတ်စီးလှဲကြ၊ ဆွမ်းတော်, ပန်းတော် တွေကပ်ကြ၊ ကပ်ကြတဲ့အခါကျလို့ရှိရင် ငါသည်နောက်ဘဝ လူချမ်းသာဖြစ်ရပါလို၏ (မှန်ပါ့) ကုသိုလ်ပြုလိုက်တယ် နော် (မှန်ပါ့)။

ကုသိုလ်ပြုပြီးသကာလ ကုသိုလ်ပြုတဲ့စေတနာ လူချမ်းသာဖြစ်ချင်တဲ့ တဏှာနဲ့ ဆုတောင်းလိုက်တယ်၊ (မှန်လှပါ ဘုရား) ဒါဖြင့် ကုသိုလ်သင်္ခါရနဲ့ ဆုတောင်းတဲ့တဏှာ၊ (မှန်ပါ့) ပေါ်ကြပလား၊ (ပေါ်ပါပြီ ဘုရား)။

အင်း ပြုတာကဲ ကုလိုလ်ပြုကြပါတယ်၊ (မှန်ပါ့ ဘုရား) ဆုတောင်းလိုက်တော့ နောက်ဘဝလူဖြစ်ရပါလို၏ (မှန်ပါ့) မတောင်းလိုက်ဘူးလား၊ (တောင်းလိုက်ပါတယ် ဘုရား)။

တောင်းလိုက်တဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတွေ ဪ အဝိဇ္ဇာကမသိတာ၊ ပြုတဲ့ကုသိုလ်ကလဲ သင်္ခါရ ကုသိုလ် (မှန်လှပါ ဘုရား) သင်္ခါရကုသိုလ်နဲ့ ပြုလိုက်ပြန်တော့ တဏှာနဲ့ဆုတောင်းတယ်၊ (မှန်လှပါ) ဥပါဒါန်ကဘဲ ဒကာ ဒကာမတို့ မရမနေနိုင်ဘူးဆိုတဲ့ သဘောလဲပါတယ် (ပါပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က ကာယကံနဲ့လဲ ရှိခိုးပြီးသကာ လူ့ဘဝရရပါလို၏ (မှန်လှပါ ဘုရား) ကာယကံနဲ့ရှိခိုး တယ်၊ လက်အုပ်ချီလိုက်တယ်၊ (မှန်ပါ့) ဝစီကံနဲ့ ဆုတောင်းပြည့်ပါရစေ ဘုရားဆိုပြီး ဝစီကံနဲ့ ပြုပြင်လိုက်တယ်၊ (မှန်လှပါ ဘုရား) မပြုပြင်ဘူးလား၊ (ပြုပြင်ပါတယ် ဘုရား)။

အတိတ်အကြောင်ခြင်းရာ ငါးပါး

ဒါဖြင့် ဒကာ ဒကာမတို့ အဲဒီလိုပြုပြင်လိုက်တော့ အဝိဇ္ဇာက မသိတာ၊ သင်္ခါရက ပြုပြင်တာ၊ တဏှာက ဆုတောင်းတာ၊ ဥပါဒါန်ကစွဲလမ်းတာ၊ ဘဝက ကမ္မဘဝကိုဆိုသောကြောင့် ကာယကံ, ဝစီကံ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ) ကာယကံ, ဝစိကံနဲ့ ကျွေးဟယ်- မွေးဟယ်- လုပ်ဟယ်-ပြုဟယ် မောလို့ပေါ့ဗျာ၊ (မှန်ပါ့)။

အဲဒီ အခုပြောခဲ့တဲ့ သူ့ကို စာဖတ်လို့ရှိရင် အတိတ်အကြောင်ခြင်းရာ ငါးပါးဆိုတာပေါ်သွားတယ်၊ (ပေါ်သွားပါ တယ် ဘုရား) လူ့ဘဝက ခင်ဗျားတို့ မိုက်ပြစ်တွေပေါ့ဗျာ၊ (မှန်ပါ့)။

နိဗ္ဗာန်ကို ဆုမတောင်းဘဲနဲ့ နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်မလုပ်ဘဲနဲ့ ခင်ဗျားတို့ကုသိုလ်သည် နိဗ္ဗာန်ကိုလဲ ပေးနိုင်တယ်၊ (မှန်လှပါ ဘုရား) လူ့ဘဝ, နတ်ဘဝ,ကိုလဲ ပေးနိုင်တယ်၊ (မှန်ပါ့) သို့သော် ခင်ဗျားတို့က အဝိဇ္ဇာက သစ္စာလေးပါး မသိတဲ့တရားက ဒီသင်္ခါရအပေါ်မှာ အုပ်ချုပ်နေတဲ့အတွက် လူချမ်းသာ, နတ်ချမ်းသာ ဖြစ်ရပါလို၏။ (မှန်ပါ့) ခင်ဗျားတို့က တောင်းလိုက်တယ်၊ (တောင်းပါတယ် ဘုရား)။

ဒါဖြင့် သစ္စာသိတဲ့တရားလား၊ မသိတဲ့တရားလား၊ (မသိတဲ့တရားပါ ဘုရား) သစ္စာမသိတဲ့တရားက အုပ်ချုပ် ခြင်းခံရသောကြောင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ (မှန်လှပါ ဘုရား) မသိတဲ့တရားကြီး အုပ်ချုပ်ခြင်းခံရသောကြောင့် (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ ဘုရား) အဝိဇ္ဇာက မသိတာ၊ သင်္ခါရာက အုပ်ချုပ်ခြင်းခံရတာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါ ပြီ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာကမသိတာ၊ သင်္ခါရာက ခင်ဗျားတို့ နတ်ပြည်ရောက်ကြောင်း၊ ဗြဟ္မာ့ပြည်ရောက်ကြောင်း ကုသိုလ်လုပ်တာ (မှန်ပါ့) တဏှာကမပြည့် ပြည့်အောင်တောင်းတာ။ (မှန်ပါ့) ဥပါဒန်က မရ, ရအောင်စွဲလမ်းတာ (မှန်ပါ့)။

ပြီးတော့မှ ကာယာကံ, ဝစီကံတွေနဲ့ ဒကာ ဒကာမတွေကတစ်ခါတည်း လူ့ပြည်ရောက်ကြောင်းကို ကာယကံနဲ့ လဲလုပ်တယ်၊ (မှန်ပါ့) ဘုရားရှိခိုးလိုက်တယ်၊ (ရှိခိုးပါတယ်) ဝစီကံနဲ့လဲ ဆုတောင်းလိုက်တယ်၊ သဘောကျပလား၊ (ကျပါပြီ ဘုရား) ဝစီကံနဲ့လဲ ပြောပြောဆိုဆို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ လုပ်လိုက်တယ်၊ (လုပ်လိုက်ပါတယ် ဘုရား)။

ဒါဘယ်ဘဝ လုပ်ပါလိမ့်

ကိုင်း ဒါဘယ်ဘဝ လုပ်ပါလိမ့်ဗျာ၊ (အတိတ်ဘဝကလုပ်ပါတယ်) ဒါကြောင့် အတိတ်အကြောင်းခြင်းရာ ငါးပါးဆိုတာ ပေါ်ကြပလား၊ (ပေါ်ပါပြီ) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အတိတ်အကြောင်းခြင်းရာ ငါးပါးဟာ ဒါပါပဲ (မှန်လှပါ ဘုရား)၊ ၁-နံပါတ် စစ်ဝိုင်းကဟာနော် (မှန်ပါ့) ဒါဘယ်ဘဝကပါလိမ့် (အတိတ်ဘဝပါ ဘုရား)။

ကောင်းပြီ ကောင်းပြီ၊ ဒါဖြင့် အောက်ဆုံးဒီနားမှာ ဝင်ရိုးနားမှာ ဘာပါကြသလဲ၊ (သမုဒယသစ္စာပါ) သမုဒယ သစ္စာ၊ (မှန်ပါ့) ဒကာ ဒကာမတို့ ဘာတဲ့တုံး၊ (သမုဒယသစ္စာပါ ဘုရား) ဒီအကွက်ထဲက မရွှေ့နဲ့နော်၊ (မှန်ပါ့) ဒါကလေး ဟာဘာတဲ့၊ (သမုဒယသစ္စာပါ ဘုရား)။

ဪ ခင်ဗျားတို့အဲဒီငါးပါးစလုံးဟာ သမုဒယသစ္စာချည်းပဲ၊ (မှန်ပါ့) ကောင်းကြသေးရဲ့လား၊ (မကောင်းပါ) ဘာသစ္စာတုံး၊ (သမုဒယသစ္စာပါ) အတိတ်အကြောင်းငါးပါးဟာ ဘာပါလိမ့် (သမုဒယသစ္စာပါ ဘုရား)။

အကြောင်းမှန်ကြီး

သမုဒယဆိုတာက လောဘ၊ သစ္စာက မှန်တာ၊ (မှန်ပါ့)၊ သမုဒယဆိုတာက အကြောင်း၊ သစ္စာက (မှန်တာပါ) ဦးသန်းမောင် သမုဒယက (အကြောင်းပါ) သစ္စာက (မှန်တာပါ)။

ကောင်းပြီတဲ့ အကြောင်းမှန်ကြီးကို မင်းတို့လုပ်ထားတဲ့အတွက်တဲ့၊ မင်းတို့သည်ကားလို့ဆိုရင် သမုဒယသစ္စာ အကြောင်းကိုဖြင့် မင်းတို့လုပ်ထားပြီ (မှန်ပါ့) ဒါကြောင့် ဘယ်တုန်းက လုပ်တာတုံး မသိမှာစိုးလို့ လွန်လေပြီးသော အတိတ်ကာလက (မှန်လှပါ) ပေါ်ကြပလား (ပေါ်ပါပြီ) ဘယ်တုန်းက သမုဒယသစ္စာလုပ်ပါလိမ့်၊ (လွန်လေပြီးသော အတိတ်ကာလကပါ ဘုရား)။

ဒါ့ကြောင့် ဒကာ ဒကာမတို့ ဒီကြားနဲ့ ဒီကြားကို အတိတ်အကြောင်းတစ်လွှာဆိုတာ ပေါ်လာတယ်၊ မပေါ်သေး ဘူးလား၊ (ပေါ်ပါတယ် ဘုရား) အတိတ်အကြောင်းဘာတဲ့၊ (တစ်လွှာပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီအခန်းမှာ ရှိသည့်အတိတ်အကြောင်းခြင်းရာငါးပါးဆိုတာ အဝိဇ္ဇာ, သင်္ခါရ, တဏှာဥပါဒါန်, ကမ္မဘဝ၊ (မှန်ပါ့) ဘယ်ကာလတုန်းလို့ မေးတော့ လွန်လေပြီးသော အတိတ်ကာလက၊ (မှန်ပါ့)။

ဒါ့ကြောင့် အတိတ်အကြောင်း တစ်လွှာဆိုတော့ ဒါကတစ်လွှာ၊ ဒါကတစ်လွှာ၊ ဒါကတစ်လွှာမို့ ဒါပထမအလွှာ သွားဖြစ်တယ်၊ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဟာ ဦးသန်းမောင်ကြီး ဒီအတိတ်အကြောင်း တစ်လွှာလို့ဆိုတာ (သဘောကျပါပြီ ဘုရား) ဘာသစ္စာပါလိမ့်၊ (သမုဒယသစ္စာပါ)။

သမုဒယသစ္စာသွားဖြစ်တယ်

ဪ ခင်ဗျားတို့ လှူတာ၊ တန်းတာ၊ ပေးတာ၊ ကမ်းတာသည်ကားလို့ဆိုရင်ဖြင့် နိဗ္ဗာန်ကိုမသိ၊ နိဗ္ဗာန်ရောက် ကြောင်းကုသိုလ်ကြီး မလုပ်တတ်တဲ့အတွက် သမုဒယသစ္စာသွားဖြစ်တယ် (မှန်လှပါ့) ဘာဖြစ်သွားသလဲ (သမုဒယသစ္စာ သွားဖြစ်ပါတယ် ဘုရား) နာလိုက်တာဗျာ၊ (မှန်ပါ့ ဘုရား) ဘာသစ္စာဖြစ်သလဲ (သမုဒယသစ္စာသွားဖြစ်ပါတယ်)အားလုံး ဒကာ ဒကာမတွေ မြင်ကြရဲ့လား၊ (မြင်ပါတယ် ဘုရား)။

ခင်ဗျားတို့နောက်ဘဝက သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာကြောင့် ကုသိုလ်ကိုပြုလာတယ်၊ လူ့ပြည်ကို တဏှာနဲ့ ဆုတောင်းတယ်၊ ဥပါဒါန်နဲ့ စွဲလမ်းတယ်၊ ကာယကံ ဝစီကံနဲ့အားထုတ်တယ်၊ (မှန်လှပါ) အဲဒီငါးခုဟာ ဘာသစ္စာတုံး၊ (သမုဒယသစ္စာပါ ဘုရား)။

ဦးသန်းမောင်ရေ ဒီမှာမပြရင် ဒီလိုမှ ဒကာ ဒကာမတွေမသိကြလို့ရှိရင် ဒီသမုဒယသစ္စာကြီးကိုပင်လျှင် ကျုပ်ကုသိုလ်ကြီးပဲ၊ ကျုပ်တော့ဖြင့် နိဗ္ဗာန်နဲ့ နီးပေါ့လို့ဆိုချင်လဲ ဆိုကြမယ် (မှန်ပါ့ ဘုရား)။

သို့သော် နိဗ္ဗာန်နီးသလား၊ ဘာသစ္စာ ဖြစ်နေသလဲ၊ (သမုဒယသစ္စာဖြစ်နေပါတယ် ဘုရား) နိဗ္ဗာန်နီးရင် မဂ္ဂသစ္စာ ဖြစ်ရမယ်ဗျ (မှန်လှပါ) အခုတော့ ဘာသစ္စာဖြစ်နေသလဲ (သမုဒယသစ္စာဖြစ်နေပါတယ်) ကဲ ဦးသန်းမောင်ကြီး ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)ရှင်းပြီနော်၊ (မှန်ပါ့)။

မသေလို့ ကြားကြရတယ်

အေး နောက်က ဒကာ ဒကာမတွေ မသေလို့ ကြားကြရတယ်နော်၊ (မှန်ပါ့)မသေလို့ ကြားကြရတယ်၊ အင်မတန် ဘုန်းကံပါရမီရှိလို့သာလျှင် ဒီအကြောင်းသိရတယ်၊ နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ အခုပြောတဲ့အတိုင်း ဪ ဒီဘဝချမ်း သာတာကလဲ မဖြစ်လောက်သေးဘူး၊ နောက်ဘဝချမ်းသာမှုကို အလိုရှိသေးတယ်ဆိုတဲ့ သဘောတွေက ဒကာ ဒကာမ တို့မလာသေးဘူးလား၊ (လာပါတယ် ဘုရား)။

လာလို့ရှိရင်ဖြစ် ဒီဘချမ်းသာတာ နည်းနည်းရှိတယ်၊ နောက်ဘဝချမ်းသာတာ ဒီထက်အရေးကြီးဖို့လိုမယ်ဆိုတာ မသိလို့ပြုတာ (မှန်ပါ့ ဘုရား) မသိလို့ပြုပြီးတော့ တောင်းတဲ့တဏှာ (မှန်ပါ့) မရအရ စွဲလမ်းတဲ့ဥပါဒါန် (မှန်ပါ့) မရ မနေနိုင်ဘူးဆိုတဲ့ အားထုတ်တဲ့ကံ၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘာသစ္စာတွေကြိုးစားခဲ့သလဲ (သမုဒယသစ္စာတွေ ကြိုးစား ပါတယ်) ဪ သမုဒယသစ္စာတွေ ကြိုးစားခဲ့တယ်နော်၊ (မှန်ပါ့) ဘယ်တုန်းက ကြိုးစားတာလဲ (အတိတ်ဘဝတုန်းက ကြိုးစားတာပါ)။

ဒီကြည့် လွန်လေပြီးသော အတိတ်ကာလက (မှန်ပါ့) ပေါ်ကြပလား၊ (ပေါ်ပါပြီ) ဘယ်ကာလပါလိမ့် (လွန် လေပြီးသော အတိတ်ကာလပါ ဘုရား) ဒါ့ကြောင့် ဒီဥစ္စာအတိတ်အကြောင်း တစ်လွှာ (မှန်ပါ့) ဘာသစ္စာတဲ့လဲ (သမုယဒ သစ္စာပါ ဘုရား)။

ကဲ ဒါဖြင့် ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မသိလို့ လှူတဲ့အလှူဟာ မသိတာက အဝိဇ္ဇာ၊ လှူတာက သင်္ခါရ (မှန်ပါ့) တောင်းတာက (တဏှာပါ ဘုရား) စွဲလမ်းတာက (ဥပါဒါန်ပါ ဘုရား) အားထုတ်တဲ့ကာယကံ, ဝစီကံ (ကမ္မဘဝပါ ဘုရား) ပေါ်ကြပလား၊ (ပေါ်ပါပြီ ဘုရား) ဘာသစ္စာတွေ ရှေးကလုပ်ခဲ့သလဲ၊ (သမုဒယသစ္စာတွေ ရှေးကလုပ် ခဲ့ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီသမုဒယသစ္စာတွေသာ ခင်ဗျားတို့ဆရာကလဲ ဖွင့်မပေး၊ ဘုရားကလဲ မဟော၊ ကိုယ့်အရေးအရာနဲ့ ကိုယ့်ဘာသာ နေကြမယ်ဆိုရင်ဖြင့် ခင်ဗျားတို့ သမုဒယသစ္စာပဲ ထပ်လုပ်မယ်၊ (မှန်ပါ့) မလုပ်ပေးဘူးလား၊ (လုပ်ပါတယ် ဘုရား) ဒါဖြင့် ကြောက်စရာကောင်းလိုက်တာ (ကောင်းပါတယ် ဘုရား) ဒကာ ဒကာမ တို့ သမုဒယသစ္စာဆိုတာအကြောင်း၊ ဒုက္ခသစ္စာဆိုတာက (အကျိုးပါ ဘုရား)။

ဒုက္ခသစ္စာဆိုတာက အကျိုး

ဒါဖြင့် ခင်ဗျားတို့ဘာအကျိုးများကြပါလိမ့် (ဒုက္ခသစ္စာအကျိုးများပါတယ် ဘုရား) ဟင် ဦးသန်းမောင် သွားပြီ (မှန်ပါ့) သွားပြီ သွားပြီ။

ဒကာ ဒကာမတွေ သမုဒယသစ္စာဆိုတာ ဘာတဲ့ (အကြောင်းပါ ဘုရား) ဒီအကြောင်းကဘယ်အကျိုးပေးတတ် ပါလိမ့် (ဒုက္ခသစ္စာအကျိုးပေးပါတယ် ဘုရား) ဒုက္ခသစ္စာအကျိုးပေးတတ်တယ်ဆိုတာ သေချာပလား (သေချာပါပြီ)။

ဒါဖြင့် ဦးသန်းမောင်တို့ ဒကာကြွယ်တို့ ဦးလှဘူးတို့ ဘယ်နည်းနှင့်မှ ဒီဥစ္စာသည်ကားလု့ိ ဆိုလို့ရှိရင် မရွေ့ နိုင်တော့ဘူး (မှန်ပါ့) သမုဒယသစ္စာလုပ်ရင် ဒုက္ခရောက်မှာပဲ (မှန်ပါ့) မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား) သမုဒယသစ္စာလုပ်ရင် (ဒုက္ခရောက်ရပါမယ် ဘုရား) ဒုက္ခရောက်မှာပဲဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဦးသန်းမောင်ရေ ဒကာကြွယ်ရေ ခင်ဗျားတို့ အတိတ်ဘဝက ဘာသစ္စာတွေကြိုးစားခဲ့သလဲ၊ (သမုဒယ သစ္စာတွေ ကြိုးစားခဲ့ပါတယ် ဘုရား)။

ဒါ့ကြောင့်တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သမုဒယသစ္စာကြိုးစားခဲ့အတွက် ဒုက္ခသစ္စာဖြင့် ကျုပ်မယူချင်ဘူး ဆိုရင် ရပါ့မလား (မရပါ ဘုရား) ဘာတွေ ကြိုးစားခဲ့သလဲ၊ (သမုဒယသစ္စာတွေ ကြိုးစားခဲ့ပါတယ်)။

သမုဒယသစ္စာတွေပါ

ကောင်းပြီး ဒါဖြင့် ဒကာ ဒကာမတွေ ဒီမှာ အဝိဇ္ဇာလဲ သမုဒယသစ္စာ၊ သင်္ခါရကော (သမုဒယသစ္စာပါ ဘုရား) တဏှာကော၊ (သမုဒယသစ္စာပါ ဘုရား) ဥပါဒန်ကော (သမုဒယသစ္စာပါ ဘုရား) ကံတွေကော (သမုဒယသစ္စာတွေပါ ဘုရား) အဝိဇ္ဇာအုပ်ချုပ်တဲ့ ကံတွေ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘယ်သူအုပ်ချုပ်တဲ့ ကံတွေပါလိမ့် (အဝိဇ္ဇာအုပ် ချုပ်တဲ့ ကံတွေပါ ဘုရား)။

ကံသွားပါဦး တဏှာအုပ်စု၊ သင်္ခါရကလဲ တဏှာကို ကျေးဇူးပြုတယ် (မှန်ပါ့) တဏှာအုပ်ချုပ်တဲ့ဥပါဒါန်၊ ဥပါဒါန်အုပ်ချုပ်တဲ့ ကံဆိုတော့ ဒီကံဟာ ကံကောင်းလို့ဆိုမလား၊ ကံဆိုးလို့ဆိုမလား (ကံဆိုးပါတယ် ဘုရား)။

သူ့အဘက်တော်ကလဲ တစ်ခုမှမကောင်းဘူး(မှန်ပါ့) သဘောပါပလား (ပါ ပါပြီ) သူ့အဘက်တော် တစ်ခုမှ မကောင်းဘူး(မှန်ပါ့) ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ ကုသိုလ်လုပ်လို့ရှိရင်လဲ အင်း ကုသိုလ်လုပ်ကြပါ ကြိုးစားပြီး (မှန်ပါ့) လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝဆိုတဲ့ ဒုက္ခသစ္စာကို မထည့်ပါနဲ့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ကုသိုလ်တော့ လုပ်ရမယ်နော် (မှန်ပါ့) လူ့ဘဝဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

အဝိဇ္ဇာက ဝိဇ္ဇာဖြစ်သွားတယ်

အဲဒီဒုက္ခကြီးကို ကျွတ်ချင် လွတ်ချင်လို့ တပည့်တော်တို့ ကုသိုလ်လုပ်ပါတယ်ဆိုတော့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်သွား တယ် (မှန်လှပါ ဘုရား) အဝိဇ္ဇာက ဘာဖြစ်သွားတယ် (ဝိဇ္ဇာသွားဖြစ်ပါတယ် ဘုရား)။

ဝိဇ္ဇာသွားဖြစ်တော့လဲ ဒကာ ဒကာမတို့ တစ်မျိုးပြောင်းရမှာပဲ (မှန်ပါ့) သို့သော် အဲဒါ မထည့်သေးပါဘူးတဲ့ နောက်ရက်များကျမှ ဒကာ ဒကာမတွေ ရေရေလည်လည်ဟောပါ့မယ်၊ အခုတော့ဖြင့် ဒို့ဖြစ်စဉ်၊ ဒို့အကြောင်း၊ ဒို့ ကောင်းကောင်းသိဖို့ပဲ အရေးကြီးသေးတယ်ဆိုတာ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် အတိတ်ဘဝက ဘယ်နှစ်မျိုးလုပ်ခဲ့ကြသလဲ (ငါးမျိုးပါ ဘုရား) အင်း အတိတ်ဘဝက ငါးမျိုးလုပ်ခဲ့ကြတယ်နော်၊ (မှန်ပါ့) ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။

ခက်ပြီ ခင်ဗျားတို့လုပ်တော့ အလုပ်လုပ်တာပဲ၊ ကောင်းတယ်ထင်လို့ လုပ်တာပဲ၊ သစ္စာထဲသွင်းလိုက်တော့ ဘာသစ္စာဖြစ်နေသတုံး၊ (သမုဒယသစ္စာပါ ဘုရား)။

သမုဒယသစ္စာတွေ ကြိုးစားပါတယ်

သမုဒယသစ္စဖြစ်နေတယ် (မှန်ပါ့) သေသေချာချာကြည့်ပါ၊ ၁-နံပါတ်အတွက်က မပြောင်းသေးဘူး (မှန်လှပါ) ၁-နံပါတ်အကွက်က (မပြောင်းသေးပါ ဘုရား) ဘာသစ္စာတွေကြိုးစားကြသလဲ (သမုဒယသစ္စာတွေ ကြိုးစားပါတယ် ဘုရား)။

ကဲ ဦးသန်းမောင် ကျုပ်တို့ လွဲပုံ ချော်ပုံ (မှန်လှပါ ဘုရား) ဒကာ ဒကာမတွေ လွဲပုံ ချော်ပုံ ပေါ်ပလား (ပေါ် ပါပြီ ဘုရား) မသိတာက ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား) အင်း ဟင် ပြုလုပ်တဲ့ကုသိုလ်က ဘာပါလိမ့် (သင်္ခါရပါ ဘုရား) ဆုတောင်းတာက (တဏှာပါ ဘုရား) စွဲလမ်းတာက (ဥပါဒါန်ပါ ဘုရား) အားထုတ်တာက (ကမ္မဘဝပါ ဘုရား) အေး ကမ္မဘဝတို့ ကံလုပ်ခဲ့လို့နော် (မှန်လှပါ)။

ဒီဘဝကလဲ ဥပပတ္တိဘဝပါ ထည့်မလို့ လုပ်ထားလို့ ကမ္မဘဝထည့်ပေးပါ (မှန်ပါ့ ဘုရား) ဒီငါးလုံးစလုံး ဘာသစ္စာ လဲ (သမုဒယသစ္စာပါ ဘုရား)။

ဦးသန်းမောင် ဘယ်တုန်းကတုံးဗျ (အတိတ်ဘဝကပါ ဘုရား) လွန်လေပြီးသော အတိတ်ကာလက (မှန်ပါ့ ဘုရား)။

အင်း ဒါဖြင့် ဒကာ ဒကာမတို့ ဟောဒီအထက်ဆုံးအပြာတန်းကို သွားလိုက် (မှန်လှပါ ဘုရား)။

အပြာတန်းသွားလိုက်တော့ ကိလေသာဝဋ်သုံးပါး (မှန်ပါ့) ဒီဘက်သွားပြန်တော့ (ကမ္မဝဋ်ပါ ဘုရား) အင်း ခင်ဗျားတို့ဟာ နို့ ကိလေသဝဋ် ကမ္မဝဋ် လုပ်တာကိုး (မှန်ပါ့ ဘုရား) ဘာလုပ်ပါလိမ့် (ကိလေသဝဋ်နဲ့ ကမ္မဝဋ် လုပ်ပါတယ် ဘုရား) ဘယ်ကောင်းနိုင်စရာ ရှိတော့မလဲ (မကောင်းနိုင်ပါ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အံမာလေး ဒကာ ဒကာမတွေ ဒီတရာမျိုး ဒီလိုထူးထူးခြားခြားပုံစံနဲ့ပြပြီး မနာကြရ, မတွေ့ကြရ, မကြုံကြ ရလို့ရှိရင်ဖြင့် ခင်ဗျားတို့က ကျုပ်လုပ်တဲ့အလုပ် သာဓုခေါ်ခိုင်းလိုက်သေးတယ် (မှန်လှပါ ဘုရား) သူဘာသစ္စာလုပ် မလဲ (သမုဒယသစ္စာပါ ဘုရား)။

သာဓုခေါ်လို့ကောင်းတုန်း

ဟာ ဦးသန်းမောင်ကြီးတို့လိုလူက သာဓုဗျာတဲ့၊ ခင်ဗျား သမုဒယသစ္စာလုပ်တဲ့လူ (မှန်ပါ့ ဘုရား) ရမ်းပြီးခေါ်ချ လိုက်တာပဲ (မှန်ပါ့ရမ်းခေါ်ပါတယ်) ဟိုဖြင့် ဒုက္ခရောက်တော့မယ် ဒီက သာဓုခေါ်လို့ကောင်းတုန်းရှိသေးတယ် (ကောင်း တုန်းရှိပါသေးတယ်)။

ဟိုမှာဖြင့် ဘာတုံး (ဒုက္ခရောက်ပါတော့မယ်) ကြည့်လေ ၂-နံပါတ်မပြသေးလို့သာ သူဒုက္ခရောက်တော့မှာ (မှန်ပါ့ ဘုရား) သမုဒယသစ္စာလုပ်ထားတဲ့ ပုဂ္ဂိုလ် ဒုက္ခရောင်ချင် ကွင်းချင်လို့ ဖြစ်ပါ့မလား၊ (မဖြစ်ပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ လွန်လေပြီးသော အတိတ်ကာလက ဘာသစ္စာတွေလုပ်ခဲ့သလဲ (သမုဒယသစ္စာတွေလုပ်ခဲ့ပါတယ် ဘုရား) ဒါကုသိုလ်လုပ်တာပဲ ဟောသေးတယ်နော် (မှန်ပါ့)။

ကုသိုလ်လုပ်တာ ဘုံဘဝကို တောင့်တ, လုပ်တဲ့ကုသိုလ်ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား) သမုဒယသစ္စာ (မှန်ပါ့) ဦးသန်းမောင် စဉ်းစားစမ်း၊ သမုဒယသစ္စာလုပ်ထားတဲ့ ပုဂ္ဂိုလ်များ ဒုက္ခမှထွက်ပြေးလို့လွတ်ပါ့မလား၊ (မလွတ် ပါ ဘုရား)။ ဒါဖြင့် သမုဒယသစ္စာလုပ်နေတဲ့ ဒကာ ဒကာတွေ လူ့ဘဝ, နတ်ဘဝရောက်ချင်လို့လုပ်နေတဲ့ သင်္ခါရကုသိုလ် တွေကို ခင်ဗျားတို့က ဪ သူတို့တော့ ကုသိုလ်ပြုရရှာတယ်၊ နိဗ္ဗာန်တော့ နီးပေါ့၊ အံမာ ခင်ဗျားတို့က ရမ်းများနီးပေါ့ လို့ လေပြေထိုးသေးတယ် (ထိုးပါတယ် ဘုရား)။

နီးပေါ့လို့ ခင်ဗျားတို့က မပြောဘူးလား၊ (ပြောပါတယ်) ပြောပင်ပြောငြားသော်လဲ ခင်ဗျားတို့က ဒီအဝိုင်းတွေ ကြည့်ပါတဲ့၊ သမုဒယသစ္စာပါ (မှန်ပါ့ ဘုရား)။

သမုဒယသစ္စာဆိုတော့ ဦးလှဘူးတို့ ဒကာကြွယ်တို့က ဆုံးဖြတ်ချက်ချ၊ နောင်အကျိုးပေးရင် ဘာသစ္စာအကျိုး ပေးမလဲ (ဒုက္ခသစ္စာ အကျိုးပေးပါ့မယ် ဘုရား) နိဗ္ဗာန်လာပါ့မလား၊ (မလာပါ ဘုရား)။

သူများဒုက္ခရောက်မှာကို သာဓုခေါ်တယ်

ဪ ဒါဟာ သူဒုက္ခရောက်တာကို ဦးသန်းမောင်က သာဓုခေါ်တယ် (မှန်လှပါ ဘုရား) ဘာတဲ့တုံး၊ သူဒုက္ခ ရောက်တာကို သာဓုခေါ်ပါတယ် ဘုရား) သူများဒုက္ခရောက်မှာကို သာဓုခေါ်တယ် (မှန်ပါ့ ဘုရား)။

အင်း ဝက်တစ်ကောင်ဖြင့် သေတော့မှာပဲ သာဓု သာဓု၊ ဒီလိုဖြစ်နေတယ်၊ ဒကာ ဒကာမတွေက အင်မတန် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

အဲဒါ နက်နက်နဲနဲသိလာတော့မှာ ဪ ငါတို့အမှားဟာ အတော်ကျွံနေပါကလား (မှန်ပါ့ ဘုရား)ဘယ်လိုဆို ကြမယ် (အမှားအတော်ကျွံနေပါတယ် ဘုရား) အမှားအတော်ကျွံနေပြီဆိုတာ ဒကာ ဒကာမတွေရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ကလဲ နှုတ်သီးကောင်း လျှာပါးနဲ့ဆွမ်းကလေးလှူလိုက် ကွမ်းကလေးလှူလိုက်ပြီး သကာလ ဒုက္ခ ဝဋ်မှကျွတ်ရပါလို၏ ဆိုတဲ့ နိဗ္ဗာန် မလာဘဲနဲ့ ဒကာကြွယ်တို့က ခေါင်းပေါင်းသာ ထောင်နေတာ(မှန်လှပါ ဘုရား)။

အင်း ဟင် ခုဘဝအသင့်အတင့်နေနိုင်ပြီ ဟိုဘဝဒီထက် အသင့်အတင့်နေနိုင်အောင်လုပ်ဦးမယ်ဟ ဆိုပြီး လုပ်လိုက်တော့ ဘာသစ္စာသူလုပ်သလဲ (သမုဒယသစ္စာလုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒီဘဝဒုက္ခနည်းတာနဲ့ နောင်ဘဝ ဒုက္ခကြီးကြီးရအောင် လုပ်တာနဲ့ ဦးသန်းမောင် တူ-တူမ (တူပါတယ် ဘုရား) လုပ်ကောင်းရဲ့လား (မလုပ်ကောင်းပါ ဘုရား)။

ဒုက္ခသစ္စာမတွေ့တဲ့ကုသိုလ်

ဒါ့ကြောင့် ကုသိုလ်လုပ်ကြစမ်းပါလို့ ဘုန်းကြီးက တိုက်တွန်းတယ် (မှန်လှပါ) ဒုက္ခသစ္စာမတွေ့တဲ့ကုသိုလ် ဒီ ဒုက္ခသစ္စာကြီးကို မရချင်လို့ လှူပါတယ်၊ ဒုက္ခလွတ်ရာကိုသာ တပည့်တော်တို့ ကြိုက်ခြင်းကြောင့် လှူပါတယ်ဆိုရင် ခန္ဓာကိုယ် ပေါင်လှူလို့ပြောတယ် (မှန်လှပါ ဘုရား) ဒိပြင် ပစ္စည်းအကုန်လုပ်ပေါ့ဗျာ၊ (မှန်ပါ့)။

ဒီလိုကျတော့ လှူကောင်းပါတယ် (မှန်လှပါ ဘုရား) နို့မဟုတ်ရင် ဦးသန်းမောင် ဒုက္ခပဲ ပြန်ရောက်မယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကြည့်လေ ဒကာ ဒကာမတို့ ဒီဘဝမှာ ဒကာ ဒကာမတွေ ဟောဒီမြားကလေးက ဒီငါးခုသာလုပ်ရင် ဒီဘက် ဆက်လိမ့်မယ်လို့ပြောတာ (မှန်လှပါ ဘုရား)။

ဒီငါးခုလုပ်ရင် ဒီငါးခုနဲ့ ဆက်လိမ့်မယ်

ဒီမြားကလေးက ဘာပြသလဲ (ဒီဘက်ဆက်လိမ့်မယ်လို့ ပြပါတယ်) ဆက်လိမ့်မယ်တဲ့၊ ဒီ ငါးခုဟာ မင်းလုပ်လို့ ရှိရင် ဟောဒီငါးခုနဲ့ ဆက်လိမ့်မယ် (မှန်ပါ့ မပြောဘူးလား၊ ပြောပါတယ် ဘုရား) ဒီငါးခုလုပ်ရင် ဒီငါးခုနဲ့ ဆက်လိမ့်မယ် အေး ၁ငါးကို လုပ်လို့ရှိရင် ၂-ငါးနဲ့သွားဆက်မယ် (မှန်လှပါ) ပေါ်ပလား (ပေါ်ပါပြီ)။

ဒါဖြင့် ၁နံပါတ် ငါးခုကို လုပ်ရင် ၂-နံပါတ်ရှိတဲ့ ငါးဖြစ်ရမှာဘဲ ပေါ်ပြီဗျ (မှန်ပါ့ -ပေါ်ပါပြီ) ကဲ ဦးသန်းမောင် ရှင်းပလား (ရှင်းပါပြီ) ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

၂-နံပါတ် ငါးကြည့်လိုက်တော့ ဒကာ ဒကာမတို့ သူ့အတန်းနဲ့သူပဲ ကြည့်ပါ (မှန်ပါ့) သူ့အတန်းနဲ့ သူကြည့်ပါ ဆိုတော့ ဝိညာဉ်ဆိုတဲ့ ပဋိသန္ဓေနေပါပြီ (မှန်ပါ့) နာမ်ရုပ်ဆိုတာ ခင်ဗျားတို့ အခုမရဘူးလား (ရပါတယ် ဘုရား) စက္ခု, သောတ, ဃာန, ဇိဝှါ့, ကာယ, မနကောရှိပါရဲ့လား၊ (ရှိပါတယ် ဘုရား) ဖဿကော၊ ရှိပါရဲ့လား (ရှိပါတယ် ဘုရား) ခင်ဗျားတို့မှာ ဝေဒနက္ခန္ဓာကော ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား)။

ဒါဖြင့် အောက်နားသွားကြည့်လိုက်၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဪ ခင်ဗျားတို့ ဟောဒါ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဒုက္ခသစ္စာ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အတိတ်အကြောင်း ငါးပါးကြိုးစားခဲ့တာနဲ့ ဒကာ ဒကာမတွေ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး၊ ဟောဒါပေါင်းလိုက်ရင် ခန္ဓာငါးပါး (မှန်လှပါ) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဟာ ခင်ဗျားတို့ လူ့ဘဝရ, ရပါလို၏ဆိုပြီး ရည်မှန်းလှူဒါန်းတဲ့ ကုသိုလ်က ဘာသစ္စာကြီး အကျိုးပေးပါလိမ့် (ဒုက္ခသစ္စာကြီး အကျိုးပေးပါတယ် ဘုရား) ဒုက္ခသစ္စာအကျိုးပေးလိုက်တယ်၊ ဒကာ ဒကာမတို့ (မှန်လှပါ) ပေါ်ပလား၊ (ပေါ်ပါပြီ ဘုရား) ဘာသစ္စာအကျိုးပေးသလဲ (ဒုက္ခသစ္စာအကျိုးပေးပါတယ်)။

ဝိညာဏ်ဆိုတာလဲ ပဋိသန္ဓေစိတ်

ဟုတ်သားပဲ၊ ဝိညာဏ်ဆိုတာလဲ ပဋိသန္ဓေစိတ် (မှန်ပါ့) ပဋိသန္ဓေသည် ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ) နာမ်ရုပ်က ကော (ဒုက္ခသစ္စာပါ ဘုရား) စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယစိတ်တွေကတော့ (ဒုက္ခသစ္စာပါ ဘုရား) ခင်ဗျားတို့ ခန္ဓာထဲရှိတဲ့ ဟိုတွေ့ ဒီတွေ့ ဖဿကကော (ဒုက္ခသစ္စာပါ ဘုရား) ဝေဒနာသုံးပါးကကော (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် ရင် ဒီဒုက္ခသစ္စာ၊ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား (မှန်လှပါ ဘုရား) ဒါပေါင်းလိုက်ရင် ခန္ဓာငါးပါး ပဲ (ငါးပါးပါ ဘုရား) ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒကာ ဒကာမတွေ ဒီဒုက္ခသစ္စာ ဘယ်ကလာပါလိမ့်မတုံးမေးတော့ ဒီအဆက်ကလေးကိုကြည့် ဒီငါးခု ကိုလုပ်မိတဲ့အတွက်တဲ့ မင်းတို့ဒါဆက်ရတယ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အတိတ်အကြောင်း ငါးပါးလုပ်မိတဲ့အတွက်တဲ့ ပစ္စုပ္ပန်ယခုဘဝမှာ အကျိုးအခြင်းအရာ ငါးပါးရတယ် (ရပါတယ် ဘုရား) ဒီကြည့်လေ၊ ဝိညာဉ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ငါးခု (မှန်ပါ့) ဒါကို ခန္ဓာဖွဲ့လိုက် တော့ ခန္ဓာဘယ်နှစ်ပါးပါလိမ့် (ငါးပါးပါ ဘုရား) ဟာ ဒါဖြင့် လူ, ခန္ဓာငါးပါးကြီးတော့ ပေါ်ရဲ့၊ ဒကာ ဒကာမတို့ ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ သားကိစ္စ၊ သမီးကိစ္စ၊ ဆွေကိစ္စ၊ မင်းကိစ္စ ဟုတ်လား (မှန်ပါ့) ၉၆-ပါး ရောဂါကိစ္စ သားကလေး သမီးကလေး ငယ်သေးလို့ ကြည့်ရရှုရတဲ့ ကိစ္စကောမရှိဘူးလား (ရှိပါတယ် ဘုရား)။

သားမလိမ္မာ၊ သမီးမလိမ္မာတွေနဲ့တွေ့ရလို့ စိတ်မချရတဲ့ကိစ္စကြီးကော (ရှိပါတယ် ဘုရား) ဒီအထဲပဲ ဒီကိစ္စတွေ တွေးရင်း အိုဘေး, နာဘေးကော သင့်ရဲ့လား (သင့်ပါတယ် ဘုရား) ဒါဖြင့် ဒီလူ့ဘဝကြီးမှာ ဘာသစ္စာဖြစ်နေသလဲ၊ ဒုက္ခသစ္စာပါဘုရား။

အကြောင်းမှားမှုကြောင့် အကျိုးမှားမှု

ဟာ ဒါဖြင့် ဦးသန်းမောင် လူ့ခန္ဓာကြီးဟာ ဝိညာဏ် နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ လူ့ခန္ဓာကြီး ဟာ အားလုံး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အတိတ်အကြောင်း သင်္ခါရမှားမှုကြောင့် အကြောင်းမှားမှုကြောင့် အကျိုးမှားမှု ဒုက္ခသစ္စာရလာတယ် (မှန်ပါ့ ဘုရား)ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အကြောင်းမှားမှုကြောင့် (အကျိုးမှာမှု ဒုက္ခသစ္စာရလာပါတယ် ဘုရား) အကျိုးမှားဒုက္ခသစ္စာ ရတယ်ဆိုတော့ ဘယ်ဘဝရသတုံးဆိုတာ မသိမှာ စိုးတဲ့အတွက်တဲ့ ဒကာ ဒကာမတို့ဒီမှာ ဖတ်ကြည့်လိုက် (ပစ္စုပ္ပန်ဘဝရပါတယ် ဘုရား) ဪ ယခုဘဝရထားပါတယ်၊ ပစ္စုပ္ပန်ဆိုတာ ယခုဘဝ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒါဟာ ဦးသန်းမောင်၏ ခန္ဓာ (မှန်ပါ့) ဒကာကြွယ်၏ ခန္ဓာငါးပါး (မှန်ပါ့) ဒီနေရာမှာသေပြီး ဒီမှာ ပေါ်တာပေါ့ဗျာ (မှန်ပါ့) ဪ ဒါဖြင့် ခန္ဓာငါးပါးဘာသစ္စာတရားလဲ (ဒုက္ခသစ္စာပါ ဘုရား)။

အင်း ဘယ့်နှယ်ကြောင့် ဒုက္ခသစ္စာက ဒီမှာပေါ်ပါလိမ့်မတုံး ခန္ဓာငါးပါး ရုပ်နာမ်ဒုက္ခသစ္စာကြီး ပေါ်ပါလိမ့်မတုံး ဆိုတော့ ဟောဒီအတိတ်ဘဝက သမုဒယသစ္စာ အားထုတ်လို့ ဟောဒီ ဒုက္ခသစ္စာဆိုတဲ့ ဒါတွေ ပေါ်လာတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒကာကြွယ် ကောင်းကောင်းရှင်းရဲ့လား (ရှင်းပါတယ် ဘုရား) သေသေချာချာကြည့်ပါ ဒကာ ဒကာမတို့ ဒီ ဥစ္စာ၊ ဒီဟာမပါလို့ရှိရင် တရားဟောနေပေမယ့် အပိုပဲ (မှန်ပါ့) တကယ် ကွက်ကွက်ကွင်းကွင်း မြင်မှုဖြစ်မှုမရှိဘူး (မှန်လှပါ ဘုရား) ကဲ ပေါ်ကြပလား၊ (ပေါ်ပါပြီ ဘုရား) အတိတ်ဘဝက ဘာသစ္စာလုပ်ခဲ့သလဲ (သမုဒယသစ္စာလုပ်ခဲ့ပါ တယ်)။

လူ့ဘဝဒုက္ခသစ္စာ

ဪ ယခုခန္ဓာငါးပါးကြီးကို ရထားတယ် (ရ, ထားပါတယ်) ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) ဟာ ခင်ဗျား တို့လူ့ဘဝဒုက္ခသစ္စာဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) အသက်ကြီးလေလေ ဒုက္ခတိုးလေလေ ပူစရာ, ဆွေးစရာများ လေလေ ကိလေသာမီး လောင်တာတွေက များလေလေ(မှန်ပါ့) ဘာသစ္စာရသတုံး (ဒုက္ခသစ္စာရပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာခန္ဓာငါးပါးကြီးဟာ ဘယ်သူမှ ဖန်ဆင်းတာမဟုတ်ဘူး (မှန်ပါ့) ထာဝရဘုရားလဲ မဖန်ဆင်း ဘူး၊ဗြဟ္မာလဲ မဖန်ဆင်းဘူး (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ) အလိုလိုပဲ ဖြစ်တာမဟုတ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဟောဒီ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်ကံအတိတ်ဘဝက ပြုလုပ်လိုက်တာ (မှန်ပါ့)ပေါ်ကြပလား (ပေါ်ပါ ပြီ) အတိတ်ဘဝပြုလုပ်လိုက်တော့ ဒါဘာပေါ်သလဲ (ပစ္စုပ္ပန်ခန္ဓာငါးပါးပါ ဘုရား) ခန္ဓာငါးပါး ဒုက္ခသစ္စာတရား (မှန်ပါ့)။

ခန္ဓာလိုဖွဲ့လိုက်တော့ (ခန္ဓာငါးပါးပါ ဘုရား) သစ္စာသွားလိုက်တော့ (ဒုက္ခသစ္စာပါ ဘုရား) ကိုင်း ဒကာ ဒကာမ တို့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာသစ္စာပေါ်သလဲ (ဒုက္ခသစ္စာပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာ ယခုရထားတဲ့ ခန္ဓာကြီးသည် ဒကာ ဒကာမတို့ သိကြားက ဖန်ဆင်းတာလား၊ ထာဝရ ဘုရားက ဖန်ဆင်းတာလား၊ မဟာမက်ကဖန်ဆင်းတာလား၊ အလိုလိုပေါ်တာလား၊ ဒီခန္ဓာငါးပါးဟာ (မဟုတ်ပါ ဘုရား) ဘယ်သူပါလိမ့်ဗျာ(အတိတ်ဘဝကပါ) အတိတ်ဘဝကဘယ်သူပါလိမ့် (အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံပါ ဘုရား)

ဒါဖြင့် အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကမ္မဘဝပေါ့ဗျာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) ဒါဖြင့် ကျုပ် တို့ခန္ဓာဖြစ်ကြောင်းကိုဖြင့် ယနေ့ကောင်းကောင်းသိပြီ (သိပါပြီ ဘုရား)။

ကျုပ်တို့ ခန္ဓာငါးပါးကြီးဟာ ယခုပစ္စုပ္ပန်ဘဝကိုးဗျ (မှန်ပါ့) ဒါဟာ ခန္ဓငါးပါးပါပဲ (မှန်ပါ့) ဝိညာဏ်, နာမမ် ရုပ် သဠာယတန, ဖဿ, ဝေဒနာဟာဘာပါလိမ့် (ခန္ဓာငါးပါးပါ) ခန္ဓာထဲသွင်းလိုက်တော့ ခန္ဓာငါးပါးဖြစ်တယ် (မှန် ပါ့) ပဋိသစ္စသမုပ္ပါဒ်အလိုတော့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿဝေဒနာပဲ (မှန်ပါ့) ဒီခန္ဓာငါးပါးဟာ ဘာသစ္စာ တဲ့လဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ခင်ဗျားတို့ ဘာသစ္စာ ရှေးကကြိုးစားခဲ့သလဲ၊ (သမုဒယသစ္စာ ကြိုးစားခဲ့ပါတယ်) အဲဒီ သမုဒယသစ္စာ ဘယ်သူပါလိမ့်မတုံးလို့ စဉ်းစားတော့ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန် ဘဝ, ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အင်း သမုဒယသစ္စာငါးပါး ကြိုးစားခဲ့တဲ့အတွက် ဒုက္ခသစ္စာငါးပါးဖြင့် (ရပါပြီ ဘုရား) ရပြီဆိုတာ ပေါ်လာ ကြပလား (ပေါ်လာပါပြီ ဘုရား)။

ဒါဖြင့် ကျုပ်တို့ကို ပြုပြင်လိုက်တဲ့တရားက ငါးခု (မှန်ပါ့) ပြုပြင်လို့ကျုပ်တို့ အခုခန္ဓာထဲမှာ ခန္ဓာကြီးပါ ရ, ထားတာက ငါးခု (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အတိတ်ကပြုခဲ့တာက (ငါးခုပါ ဘုရား) အဲဒီ ငါးခုကြောင့် ပစ္စုပ္ပန်ဘဝမှာ (ငါးခုရပါတယ် ဘုရား)။

ပစ္စုပ္ပန်ဘဝမှာ ငါးခုရပါတယ်

ငါးခုဆိုတာသည် ဒကာ ဒကာမတို့ ဝိညာဏ်, နာမ်ရုပ်, သဠယတန, ဖဿ, ဝေဒနာ (မှန်ပါ့) ခန္ဓာအလို့ ဖွဲ့လိုက်ရင် (ငါးပါးပါ) အင်း ဒီခန္ဓာငါးပါးက ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) ဟာ ဦးသန်းမောင်ရေ အခု ဘာနဲ့ နေရပါလိမ့် (ဒုက္ခသစ္စာနဲ့ နေရပါတယ် ဘုရား)။

ခင်ဗျားပဲဗျာ ဒုက္ခသစ္စာကြီးကို ဘယ့်နှယ်ကြောင့် ခင်ဗျားဒုက္ခသစ္စာကြီးနဲ့ နေဖြစ်ပါလိမ့်မတုံးလို့ မေးတဲ့အခါ ကျတော့ တပည့်တော်က အတိတ်ဘဝက သမုဒယသစ္စာငါးပါး ကြိုးစားခဲ့တယ် (မှန်ပါ့ ဘုရား) ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) သမုဒယသစ္စာငါးပါးက ဘယ်သူပါလိမ့် ဒကာ ဒကာမတို့၊ (အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကမ္မဘဝပါ ဘုရား)။

အဲ အဝိဇ္ဇာ, သင်္ခါရ, ဥပါဒါန်, ဘဝဆိုတာ သမုဒယသစ္စာ (မှန်လှပါ) အဲဒါ ခင်ဗျားတို့က အတိတ်ဘဝက ကြိုးစားခဲ့တဲ့အတွက် ယခုကြည့်ပစ္စုပ္ပန်အကျိုး ငါးပါးဆိုတာ ပစ္စုပ္ပန်ဘဝ (မှန်ပါ့) ခန္ဓာငါးပါးကြီးပေါ်မလားဘူးလား (ပေါ်လာပါတယ် ဘုရား) ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါ ရှေးဘဝက ကုသိုလ်မလုပ်တတ်တာနဲ့ ဒုက္ခရောက်တာ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ကုသိုလ် မလုပ်တတ်တာနဲ့ (ဒုက္ခရောက်တာပါ ဘုရား)။

ဒါဖြင့် ဒီနေ့တရားကလဲ နာရီကစေ့နေပြီ၊ အချိန်ကလဲ သိပ်မရဘူး (မှန်ပါ့) ဒကာ ဒကာမတို့ ကျုပ်တို့အခု ဒီဘဝရောက်ပါပြီ၊ ပစ္စုပ္ပန်ဘဝ ယခုမသေကြသေးပါဘူး (မှန်ပါ့) မသေကြသေးတော့ ခန္ဓာငါးပါးနဲ့ မနေရဘူးလား (နေရပါတယ် ဘုရား)။

ဪ ကျုပ်တို့ အမေ, အဖေတွေက မွေးတာလား၊ အဝိဇ္ဇာ သင်္ခါရတို့ကလား (အဝိဇ္ဇာ, သင်္ခါရတို့ကပါ ဘုရား) ထာဝရဖန်ဆင်းတာလား၊ အဝိဇ္ဇာ, သင်္ခါရတို့ကလား (အဝိဇ္ဇာ, သင်္ခါရတို့ကပါ ဘုရား) မဟာမက် ဖန်ဆင်းတာလား၊ အဝိဇ္ဇာသင်္ခါရကလား (အဝိဇ္ဇာ, သင်္ခါရကပါ ဘုရား) အလိုလိုပေါ်တဲ့ ခန္ဓာငါးပါးလား၊ အဝိဇ္ဇာ, သင်္ခါရကလား (အဝိဇ္ဇာ, သင်္ခါရကပါ ဘုရား)။

ဒိဋ္ဌိဖြုတ်လိုက်ပြီ

အဲဒါ ဒိဋ္ဌိဖြုတ်လိုက်ပြီ၊ သဘောကျပလား (ကျပါပြီ) ငါ ဘယ်က လာပါလိမ့်မတုံး ဆိုတာကော သိပြီလား (သိပါပြီ ဘုရား)။

အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်ဘဝကြောင့် ဟောဒီမှာ ခန္ဓာငါးပါးဆိုတဲ့ ငါပေါ်လာတယ် (မှန်ပါ့) မပေါ် လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား) ဘာသစ္စာပေါ်သလဲ (ဒုက္ခသစ္စာပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ကျုပ်တို့၏ အမေ, အဖေဟာ သိပြီ (သိပါပြီ ဘုရား) သဘောကျပလား (ကျပါပြီ) အဝိဇ္ဇာတို့ တဏှာတို့ ပဲ (မှန်ပါ့ ဘုရား) သူတို့၏ လက်ချက်ကြောင့် ကျုပ်တို့မှာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားရတယ် (မှန်လှပါ ဘုရား)။

သူတို့က ဘာသစ္စာတုံးလို့ မေးလိုက်တော့ (သမုဒယသစ္စာပါ ဘုရား) ဘယ်ဘဝကပါလိမ့် (အတိတ်ဘဝက ပါ ဘုရား)။

အတိတ်ဘဝက ကျုပ်တို့ သမုဒယသစ္စာငါးပါး ကြိုးစားခဲ့တယ် (မှန်ပါ့) ဒါကြောင့် ဒုက္ခသစ္စာငါးပါးဆိုတဲ့ ခန္ဓာငါးပါးရပါတယ် (မှန်ပါ့) ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ဘယ်ကလာပါလိမ့် (ပစ္စုပ္ပန်ကာလကပါ ဘုရား)။

ဪ ပစ္စုပ္ပန်ကာလမှာ ကျုပ်တို့ရနေပြီ (မှန်ပါ့) အကြောင်းလား၊ အကျိုးလားမေးတော့ သူကအကြောင်း (မှန်ပါ့) ဒီမှာကြည့်လေ အကျိုး၊ ဟော – ပစ္စုပ္ပန်အကျိုးခြင်းရာ ငါးပါးဆိုပြီး ခန္ဓာငါးပါးပေါ်လာတယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။