10510

မာတိကာသို့

ခန္ဓာဝန်ထမ်း ခရီးကြမ်းသွားရပုံတရားတော်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း၊

မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံ၌

ဟောကြားတော်မူသော

ခန္ဓာဝန်ထမ်း ခရီးကြမ်းသွားရပုံတရားတော်

(၇-၃-၆၁)

ခန္ဓာကိုယ်ကြီးကဝန်ထုပ်ကြီး

ခန္ဓာဝန်ကြီး ထမ်းပြီးသကာလ အခုသုံးဆယ့်တစ်ဘုံမှာ လည်နေရတယ်နော်- (မှန်ပါ့)၊ ခန္ဓာဝန်ကြီးထမ်းပြီး ဘယ်များလည်နေရပါလိမ့် (သုံးဆယ့်တစ်ဘုံလည်နေပါတယ် ဘုရား) သုံးဆယ့်တစ်ဘုံမှာ လည်နေရတယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့၊ ခန္ဓာအိမ်ကြီးက ခန္ဓာဝန်ထုပ်ကြီးလို့ မှတ်ထားလိုက်စမ်းပါနော် (မှန်ပါ့ ဘုရား)။

ကိုယ့်နာမည်ကလေးတွေ၊ ကိုယ့်နာမည် ကလေးတွေက အထမ်းသမားလို့ နာမည်ရှိတဲ့ ပုဂ္ဂိုလ်ကလေးတွေက အထမ်းသမားလို့ မှတ်ထားစမ်းနော်-(မှန်ပါ့ ဘုရား)၊ ခန္ဓာကိုယ်ကြီးက ဘာပါလိမ့် (ဝန်ထုပ်ကြီးပါ ဘုရား)၊ နာမည်ရှိတဲ့ ပုဂ္ဂိုလ်က (အထမ်းသမားပါ ဘုရား)။

အဲ့ဒီ အထမ်းသမားကို ဒကာ ဒကာမတွေက သြော် မိမိခန္ဓာဝန်ကြီးလဲ မိမိနာမည်ရှိတဲ့ ပုဂ္ဂိုလ်က ထမ်းပြီး သကာလနေတုန်းမှာ ဝန်ထုပ်ပေးတာ ဘယ်သူပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့မှ ဪ တဏှာက ထပ်ထပ်ပြီး တင်ပေးနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

တဏှာက ဝန်တင်သမား

ဒါဖြင့် တဏှာက ဝန်တင်သမားပေါ့ (မှန်ပါ့ ဘုရား)။ ဘယ်လိုမှတ်ကြမယ် (တဏှာကဝန်တင်သမားပါ ဘုရား)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကိုယ့်ခန္ဓာကြီးက ဝန်ထုပ်ကြီး၊ နာမည်ရှိတဲ့ပုဂ္ဂိုလ်က အထမ်းသမား နာမည်ရှိတဲ့ ပုဂ္ဂိုလ်ကအထမ်းသမားမှာ တဏှာတည်းဟူသော ဝမ်းထဲမှာရှိတဲ့ ကိလေသာက သားဝန်ကလေး တင်ပေးလိုက်၊ သမီးဝန်ကလေးတင်ပေးလိုက်၊ ဒီအမေ,အဖေကပဲ ထမ်းရပြန်တယ်ဆိုတော့ ဝန်တင်ပေး သမား ဒကာ ဒကာမတို့၊ စဉ်းစားကြည့်စမ်းတဲ့၊ သနားတတ်တဲ့လူလား၊ မသနားတတ်တဲ့ပုဂ္ဂိုလ်လားဆိုတာလဲ အကဲခတ်ရ မယ် (မသနားတတ်တဲ့ လူပါ ဘုရား)၊ မသနားတတ်တဲ့တရား (မှန်ပါ့)၊ ဘယ်သူပါလိမ့် မသနားတတ်တဲ့ တရား (တဏှာပါ ဘုရား)၊ တဏှာ၊ လောဘဆိုတာ သဘောကျကြပလား (ကျပါပြီ)။

အဲဒီတော့ ဒီဒကာ ဒကာမတွေက ကိုယ့်ခန္ဓာဝန်ကြီးကိုလဲ ထမ်းရပြန်၊ ကိုယ့်ခန္ဓာဝန်ကြီးကို နာမည်ရှိတဲ့ ပုဂ္ဂိုလ်တွေ က မည်သူမည်ဝါဆိုတဲ့ ပုဂ္ဂိုလ်တွေကထမ်း၊ ကိုယ့်ဝန်ထုပ်ကြီးကလဲ တစ်နေ့တစ်ခြား မထမ်းနိုင်တဲ့ အခြေအနေ ရောက်အောင် တစ်နေ့တခြား လေးလေး လေးလေးလာပါတယ်၊ ပိုတော့ထမ်းနိုင်ကြသေးရဲ့လား (မထမ်းနိုင်ပါ ဘုရား)။

မထမ်းနိုင်လေ ဒကာ ဒကာမတွေမှာ သား, သမီး, မြေး, မြစ် ကျအောင်ပွားလေလေဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)၊ သားသမီးက မြေး, မြစ်ကျလေ (ပွားလေလေပါ ဘုရား)၊ အဲဒီဟာတွေပဲ ဘယ်သူက ထမ်းပါလိမ့်မလဲ လို့မေးတဲ့အခါကျတော့ ဒီဝန်ထမ်းသမားကပဲ ထမ်းတာပါပဲ-(မှန်ပါ့ ဘုရား)။

ဘယ်သူထမ်းပါလိမ့်

ဒကာ ဒကာမတွေ ဘယ်သူထမ်းပါလိမ့်-(ဝန်ထမ်းသမားကထမ်းပါတယ် ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ဟာ နဂိုက ကိုယ့်ဝန်ကြီးက လေးရတဲ့အထဲမှာ သားဝန်, သမီးဝန်, ဆွေဝန်, မျိုးဝန်, မင်းဝန်, စိုးဝန်တွေကလဲ ဒကာ ဒကာမတွေက မထမ်းရဘူးလား (ထမ်းရပါတယ် ဘုရား)၊

ဝန်ထုပ်ပေါင်း ဘယ်လောက်တုန်းလို့ မေးရင်ဘယ့်နှယ့်ပြောမလဲ-(မရေတွက်နိုင်ပါ ဘုရား)၊ ဦးဝ-မရေတွက်နိုင် ဘူးဆိုတာ သေချာတယ်နော်-(သေချာပါတယ် ဘုရား)၊ မရေတွက်နိုင်တဲ့ ဝန်ထုပ်တွေကို ဒကာ ဒကာမတွေ ငယ်ငယ်တုန်းက ဒီလောက်များသလား၊ ကြီးမှ များသလား-(ကြီးမှများပါတယ် ဘုရား)။

ရော့-ခက်လိုက်တဲ့ဖြစ်ခြင်း၊ ဒကာ ဒကာမတွေ စဉ်းစားကြပါတော့၊ မထမ်းနိုင်တဲ့အချိန်မှာ ဝန်ထုပ်များနေပါ သလား-(မှန်ပါ့ ဘုရား)၊ ဘယ်လိုပါလိမ့်-(မထမ်းနိုင်တဲ့အချိန်မှာ ဝန်ထုပ်များနေပါတယ် ဘုရား)။

မထမ်းနိုင်တဲ့အချိန်မှာ ဝန်ထုပ်တွေက တစ်ခါတည်း သားဝန်လဲ အို-ငါပဲ ရွက်ဆောင်ရမှာပဲ၊ သမီးတာဝန်လဲ ငါပဲဆောင်ရွက်ရမှာပဲ၊ မြေးတာဝန်ကော-(ငါပဲဆောင်ရွက်ရမှာပဲ)။

မြေးက မြစ်ကလေးတွေကျအောင် မိမိကအသက်ရှည်နေပြန်တော့ကော-(မိမိပဲ ထမ်းရမှာပဲ)၊ ကိုယ်ပဲထမ်းရမယ် ဆိုတဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ဪ-ဒကာ ဒကာမတို့ ဉာဏ်နဲ့ ကြည့်စမ်းပါ၊ ဉာဏ်နဲ့ကြည့် စမ်းပါ၊ ဉာဏ်နဲ့ကြည့်စမ်းပါ၊ ကိုယ့်ဝန်ထုပ်ကိုယ်နဲ့မျှရဲ့လား-(မမျှပါ ဘုရား)၊ မမျှတဲ့အခါမှာ တစ်ခါတလေ ညများနဖူးပေါ် လက်တင်ပြီး ဝန်များလေးပြီး ခက်ပါသေးရဲ့များ ညဉ်းလုံးများ ထုတ်နေသေးတယ်-(မှန်ပါ့ ဘုရား)။ ဘယ့်နှယ့်ကြောင့် ညဉ်းလုံးထုတ်နေတာတုန်းလို့ မေးလို့ရှိရင်ဖြင့် ဦးခင်မောင်ရေ-ဝန်ထုပ်လေးလွန်းလို့ (မှန်ပါ့ ဘုရား)။

ဝန်ကြီးလိုက်တာ

ဒကာ ဒကာမတွေ ညကျရင် နဖူးပေါ် လက်တင်ပြီးစဉ်းစားတဲ့အခါ သားအတွက်ကလဲ ဝန်ကြီးလိုက်တာ၊ သမီးအတွက်က ဝန်ကြီးလိုက်တာ၊ သူကမွေးဖွားလာတာတွေက ဝန်ကြီးလိုက်တာ။ တစ်ခါအမြတ်တော်ကြေး, ဥပစာခွန် အစရှိသည်တွေ ဒီဝန်တွေကလဲ ထမ်းပြီးသကာလ နေပြန်တော့တွေးလေတွေးလေ ဝန်ကြီးဟာလေးလေးလာတော့ အသက်ရှူတောင် မမှန်အောင်လေးတယ် (မှန်ပါ့ ဘုရား)၊ မလေးကြဘူးလား (လေးပါတယ် ဘုရား)။

အဲဒါ ဒကာ ဒကာမတွေ စဉ်းစားပါသလား။ ဪသံသရာ့ခရီးသည် ဝန်ထမ်းသမားမှာ ဝန်သေးသေးထမ်းရ တာလား၊ ကြီးကြီးထမ်းရတာလား (ကြီးကြီးထမ်းရတာပါ ဘုရား)၊ ကြီးကြီးထမ်းရတယ်နော်-(မှန်ပါ့)၊ အဲဒီတော့ဒကာဒကာ မတွေက မသိလို့ တဏှာက မြေးကလေးလာပြန်လဲ အို မင်းပဲတာဝန်ယူလိုက်လေ။ မြေးကလေးမွေးလာတဲ့ မြစ်ကလေး ကျအောင် ကိုယ်ကအသက်ရှည်နေတယ်၊ ကိုယ်ကပဲ တာဝန်ယူတယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ သနားတဲ့သဘောများ ပါရဲ့လား (မပါပါ ဘုရား)။ ခင်ဗျားတို့ကလဲ တဏှာတည်းဟူသော တရားကို ငါ့ကိုဝန်ထုပ်တင်ပေးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါလားဆိုပြီး သကာလ မင်းနဲ့ငါမပေါင်းဘူးဆိုတဲ့ ဉာဏ်က မလာဘူး၊ သူတင်ပေးတာကို ဟုတ်ပဆိုပြီး ထမ်းနေတာသာများတယ် (မှန်ပါ့ ဘုရား)၊ မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

ဝန်ပိ သေတဲ့ ပုဂ္ဂိုလ်

ဒါနဲ့ ဒကာ ဒကာမတွေ အချို့သေသွားတဲ့ အခါကျတော့အမောဆိုက်ပြီး တစ်ခါ သားစိတ်မချ၊ သမီးစိတ်မချ၊ ပစ္စည်းစိတ်မချ ဝန်တွေပိပြီး သေသွားကြတဲ့ပုဂ္ဂိုလ် ဒကာသစ် အင်မတန် မများဘူးလား (များပါတယ် ဘုရား)၊ ဒါဖြင့်ဝန်ပိ သေတဲ့ ပုဂ္ဂိုလ်ကောင်းရာသုဂတိ လားနိုင်ပါမလားလို့ မှေးကြည့်စမ်းပါဦး (မလာနိုင်ပါ ဘုရား)။

ဪဒီအထဲက ခင်ဗျားတို့က အခုထက်ထိပဲ ကိုယ့်သားသမီးမရှိလို့ရှိရင် သူများသားသမီးမွေးစားချင်၊ ဝန်ထုပ်တစ်ခုလျော့တယ်ထင်လို့ ထပ်တင်ပြီး ထမ်းချင်တဲ့ အဓိပ္ပာယ်တွေကလဲ မပါဘူးလား (ပါ-ပါတယ် ဘုရား)။

အဲဒါ တဏှာကပြောသရွေ့ ခင်ဗျားတို့ကလဲ အယုံအကြည်ရှိပြီးသကာလ သေချင်းဆိုးနဲ့ သေချင်လို့ ဒါလောက် တောင် တဏှာပြောတာ နားထောင်တာလားလို့ ဒကာသစ်မေးဖို့ ကောင်းတယ်-(ကောင်းပါတယ် ဘုရား)၊ မမေးသင့်ဘူး လား (မေးသင့်ပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့၊ ခင်ဗျားတို့ထမ်းရတဲ့ ဝန်ထုပ်ပေါင်းက ရေတွက်နိုင်သေးရဲ့လား (မရေတွက်နိုင်ပါ ဘုရား)၊ အထမ်းသမားက ဘယ်သူပါလိမ့်ဗျာ (တဏှာပါ ဘုရား)၊ အထမ်းသမာက ဒကာ ဒကာမတွေ- (မှန်ပါ့)။

အဲဒီ ထမ်းတာ ထမ်းရပါစေတော့၊ ဝန်ထုပ်တွေကလဲ ကြီးလိုက်တာ၊ များလိုက်တာကလဲ ပုံနေတာပဲ ဆိုတာလဲ ရှိပါစေတော့၊ ဘယ်လမ်းကို အထမ်းခိုင်းသတုံးလို့ မေးတဲ့အခါကျတော့ ဒီကနေ ဈေးချို-ဈေးချိုကနေပြီးသကာလ အမျိုးမျိုးအဖုံဖုံ ကိုယ့်အရောင်းဝယ်ရှိတဲ့ ဆီသွားကြတော့လမ်းမှာလဲ ဒကာ ဒကာမတို့ လေပူ၊ နေပူ၊ အညှော်တွေ၊ ဖုံတွေ၊ မြူတွေ၊ ပိုးကောင်းတွေ မရှိတော့ဘူးလားဗျာ (ရှိပါတယ် ဘုရား)။

၉၆-ပါး လမ်းကြမ်း

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဝန်ထုပ်ထမ်းရတာကလဲ ကြီးပြန်၊ ၉၆-ပါး လမ်းကြမ်းလဲသွားရပြန်-(မှန်လှပါ ဘုရား)၊ ဘယ်လိုမှတ်ကြမယ်-(ဝန်ထုပ်ထမ်းရတာလဲကြီးပြန်၊ ၉၆-ပါးလမ်းကြမ်းလဲ သွားရပြန်ပါ ဘုရား)။

ဝန်ထုပ်ကအင်မတန်ကြီးပါတယ်ဆိုတာ သေချာပလား (သေချာပါတယ်ဘုရားဝ၊ ဝန်ထမ်းရတဲ့လူက ထမ်းတဲ့ ဝန်ထုပ်နဲ့ ဒကာ ဒကာမတို့၊ ထမ်းတဲ့ဝန်ထုပ်နဲ့ကော မျှပါရဲ့လား (မမျှပါ ဘုရား)၊ ဒီအထဲ ၉၆-ပါး လမ်းကြမ်းမှာ အထမ်းခိုင်းတာ-(မှန်ပါ့ ဘုရား)။

ဒီကနေပြီး ဒကာ ဒကာမတို့ အိမ်ကလာခဲ့ရတယ်ဆိုလမ်းမှာ ကားတွေရှောင်ခဲ့ရတာနဲ့၊ ခလုတ်ကန့်သင်းတွေ ကြည့်ပြီးလာခဲ့ရတာနဲ့အောက်က မြေခိုးတွေမှုတ်တာကို ကြည့်ပြီးသကာလ လာခဲ့ရတာနဲ့၊ အပေါ်က အပူရှိန်တွေ လွှမ်းမိုးနေတာကလဲ ၉၆-ပါး လမ်းကြမ်းထဲမှာ မဆံ့မပြဲ ဝန်တွေထမ်းပြီးသကာလ ဒကာ ဒကာမတို့၊ သွားနေရလို့ဟာ ယနေ့စဉ်းစားကြည့်စမ်းပါ၊ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)။

လမ်းကဘာလမ်းတဲ့ (၉၆-ပါးလမ်းပါ ဘုရား)၊ ၉၆-ပါးလမ်းကြမ်း (မှန်ပါ့ ဘုရား)၊ သံသရာခရီးသည်က ဝန်ထုပ် သမား (မှန်လှပါ ဘုရား)၊ ခန္ဓာငါးပါးကြီးက ဝန်ထုပ်ကြီး (မှန်ပါ့)၊ နောက်ဒီခန္ဓာငါးပါးကြီးအပေါ်၌ သားသမီးဆွေမျိုး ဉာတကာတွေကိုလဲ ကိုယ်ကပေးချင်ကမ်းချင် လက်ဆောင်ထိုးချင်တဲ့ စိတ်ကရှိပြန်တော့ ဝန်ထုပ်တွေက ဆက်မလာဘူး လား (လာပါတယ် ဘုရား)။

ဒါဖြင့် ဝန်ထုပ်တွေကလဲ များပြန်ဒကာ ဒကာမတို့ ၉၆-ပါးလမ်းကြမ်းလဲ အသွားခိုင်းပြန်၊ စီးပွားအရှာခိုင်းတယ် ဆိုတာ မှတ်လိုက်စမ်းပါ ကိုမြရွှေ-(မှန်ပါ့ ဘုရား)။ ၉၆-ပါး လမ်းကြမ်းအသွားခိုင်းတယ်-(မှန်ပါ့)။

ဒီကနေပြီး ရန်ကုန်သွားတယ်၊ မတော်ဗုံးတွေ ဘာတွေနဲ့တွေ့ရင် ဘယ်နှယ့်လုပ်မလဲ (မှန်ပါ့)၊ ဆီးချုပ်ဝမ်းချုပ်နဲ့ ကိစ္စဆိုတာကကော ပါသေးတယ်-(မှန်ပါ့)၊ အစားအသောက်တွေ တွေ့ကရ စားသောက်သွားမှာမို့ တွေ့ကရစားပြီး သွားရတဲ့ဥစ္စာ ရောဂါအဆိပ်တွေက ဦးခင်မောင် ဖြစ်နိုင်, မဖြစ်နိုင် (ဖြစ်နိုင်ပါတယ် ဘုရား)။

လမ်းကြမ်းမှာ အပြေးခိုင်းတယ်

ဒါဖြင့် ဒကာ ဒကာမတွေ တဏှာက ဝန်ထုပ်ထမ်းပြီး ၉၆-ပါးလှမ်းကြမ်းမှာ အပြေးခိုင်းတယ် (မှန်ပါ့ ဘုရား)၊ ဘယ်လိုခိုင်းပါလိမ့် (၉၆-ပါးလမ်းကြမ်းမှာ အပြေးခိုင်ပါတယ် ဘုရား)၊ အပြန်ကျတော့ကော ဒကာ ဒကာမတို့ အနှေးပဲ ပြန်စေသလား အပြေးပဲပြန်စေသလား (အပြေးပဲပြန်စေပါတယ် ဘုရား)။

ဪ ဒီဒကာ ဒကာမတွေ တဲ့၊ ဒီ သမုဒယသစ္စာ ဝန်ပေးသမား သူတင်သရွေ့ ခင်ဗျားတို့လက်ခံပြီး ၉၆-ပါး လမ်းကြမ်း အပြေးခိုင်းတာလဲ သူပဲ၊ ဝန်ထုပ်တွေ ပိုမိုတင်တာကကော-(သူပါပဲ ဘုရား)။ အပြေးခိုင်းတာရော-(သူပါပဲ ဘုရား)၊

တစ်သံသရာလုံး ဦးခင်မောင် လျှာထွက်ပြီး ဗိုင်းဗိုင်းလဲသေခဲ့ရတယ် (မှန်လှပါ ဘုရား)၊ တစ်သံသရာလုံး ဘယ်လိုများသေခဲ့ရသလဲ (လျှာထွက်ပြီး ဗိုင်းဗိုင်းလဲ သေခဲ့ရပါတယ်)၊ လျှာထွက်ပြီး ဗိုင်းဗိုင်းလဲ သေခဲ့ရတယ်ဆိုတဲ့ ဥစ္စာသေခြင်းကောင်းများ ကြုံကြရရဲ့လား (မကြုံခဲ့ရပါ ဘုရား)။

အင်မတန် ဒကာ ဒကာမတွေ အဖြစ်ဆိုးလွန်းလို့ ပြောပါတယ် (မှန်ပါ့ ဘုရား)၊ ဒါ ဘုန်းကြီးက ပြောတယ်လို့ မယူပါနဲ့၊ ခန္ဓာစဂ္ဂသံယုတ် ဘာရဝဂ်မှာ သေသေချာချာ လာပါတယ်တဲ့၊ အဲဒါ ဒကာ ဒကာမတွေ မသိတော့ သားကလေး မွေးလာလဲ ကိုယ့်တာဝန်ပဲ၊ သမီးကလေး မွေးလာကော (ကိုယ့်တာဝန်ပါပဲ ဘုရား)။

ကိုယ့်တာဝန်ပဲ၊ သူကမွေးဖွားလာတဲ့ ပုဂ္ဂိုလ်တွေကျ ပြန်တော့ကော-(ကိုယ့်တာဝန်ပါပဲ ဘုရား)၊ အင်း ခင်ဗျားတို့ ဟာ ကျောပေါ်နဲ့ခန္ဓာကိုယ်နဲ့ ဝန်ထုပ်ကြီးနဲ့ မျှသေးရဲ့လား (မမျှပါ ဘုရား)၊ မမျှတော့ အသက်အရွယ်ကလဲ ကြီးပြန်၊ ဝန်တွေကလဲ ပိပြန် (မှန်ပါ့ ဘုရား)။

အသက်အရွယ်ကလဲကြီး ဝန်တွေကလဲပိ

ဦးခင်မောင် ဘာတုန်း (အသက်အရွယ်ကလဲ ကြီးပြန်၊ ဝန်တွေကလဲပိပြန်)၊ ဦးခင်မောင်တို့ နဂိုလူပျိုတုန်းက ဒီလောက်ဝန်ထုပ်များရဲ့လား မေးချင်တယ် (မများပါ ဘုရား)၊ အခုအသက်အရွယ်ကလဲ ကြီးလာပြန်၊ ဝန်ထုပ်ကပိုမလာ ဘူးလား-(ပိုပါတယ် ဘုရား)။

ဘယ့်နှယ့်တုန်း၊ မထမ်းနိုင်တဲ့အချိန်နဲ့ ဝန်များတဲ့အချိန်နဲ့ကြုံပါပေါ့လား (ကြုံပါတယ် ဘုရား)၊ ဒကာသစ် ဘာတဲ့ တုန်း-(မထမ်းနိုင်တဲ့အချိန်နဲ့ ဝန်များတဲ့အချိန်နဲ့ ကြုံပါတယ် ဘုရား)၊ မထမ်းနိုင်တဲ့အချိန်နဲ့ ဝန်များတဲ့အချိန်နဲ့ ကြုံတယ်၊ ကြုံတဲ့အခါကျတော့ စားမည့်သူ၊ သောက်မည့်လူတွေလဲ ကိုယ့်ကျောပေါ်မှာ များနေတော့ ရှေးကလို နှေးနှေးလုပ်ရ သလားတဲ့။ ခပ်သွက်သွက် ငွေရှာရသလားလို့ မေးပြန်တော့လဲ ဘယ်နှယ့်ဖြေကြမယ် (ခပ်သွက်သွက်လုပ်ရပါတယ် ဘုရား)။

ဟာ ဒါဖြင့် အပြေးခိုင်းပြီး အရှာခိုင်းတယ် (မှန်ပါ့)။ ဒကာ ဒကာမတို့၊ ဘယ်လိုအရှာခိုင်းပါလိမ့် (အပြေးခိုင်း ပြီးအရှာခိုင်းပါတယ် ဘုရား)၊ အပြေးခိုင်းပြီးသကာလ ရှာစေတယ်ဆိုတာ ရိပ်မိပြီလား (မှန်ပါ့)၊ ဘယ်လိုများရှာစေပါ လိမ့် (အပြေးခိုင်းပြီး ရှာစေပါတယ် ဘုရား)။

အပြေးခိုင်းပြီး ရှာစေတယ် ဆိုတော့ လမ်းကလမ်းကောင်းလား-(လမ်းကြမ်းပါ ဘုရား)၊ ဘာလမ်းတဲ့-(၉၆-ပါး လမ်းကြမ်းပါ ဘုရား)၊ အမယ်လေး ဒကာ ဒကာမတွေရဲ့ မကြားဖူးတဲ့ လမ်းမကြီးပါသလား (မှန်ပါ့ ဘုရား)။

လမ်းမှာ လေပူ၊ နေပူတွေကလဲ ၉၆-ပါး ရောဂါဝေဒနာတွေ ပေးနေတာပဲ မဟုတ်လား (မှန်ပါ့ ဘုရား)၊ အညှော်အသင်း အိမ်သာနံ့တွေ ဘာတွေကကော (မှန်ပါ့ ဘုရား)၊ ၆၉-ပါး လမ်းကြမ်းမှန်ပါရဲ့လား (မှန်ပါ့ ဘုရား)။

အဲဒါလမ်းမှာ ဝန်ထုပ်တွေက မဆံ့မပြဲထမ်းလာတယ်၊ လမ်းလဲ သူတို့ဖို့ဆိုတာတွေက ပါလျက်ပဲ (မှန်ပါ့)၊ သားဖို့၊ သမီးဖို့၊ ဆွေဖို့၊ မျိုးဖို့ ဆိုတာတွေကလဲ ကိုမြရွှေ-မပါဘူးလား (ပါ,ပါတယ် ဘုရား)။

ဒါဖြင့် လမ်းမှာလဲ ဒီဝန်တွေက ထမ်းလျက်ပဲ ဆိုရင်ကော လွဲပါမလား (မလွဲပါ ဘုရား)၊ ဒကာ ဒကာမတို့ ထမ်းရတဲ့ ပုဂ္ဂိုလ်နဲ့ ဝန်ထုပ်နဲ့ မျှရဲ့လား (မမျှပါ ဘုရား)။

လမ်းကကော ကောင်းရဲ့လား (မကောင်းပါ ဘုရား)၊ ဘာလမ်းတဲ့တုန်း (၉၆-ပါးလမ်းကြမ်းပါ ဘုရား)။ ၉၆-ပါး လမ်းကြမ်းမှာ အပြေးပဲသွားရသလား၊ နှေးနှေးပဲသွားရသလား (အပြေးသွားရပါတယ် ဘုရား)။

ဪ သေခြင်းဆိုးတော့ ကပ်နေပါပေါ့လား (မှန်ပါ့ ဘုရား)။ ဒကာ ဒကာမတွေက မြည်တယ်၊ တွန်တယ်လို့ မအောက်မေ့လိုက်ပါနဲ့၊ ခင်ဗျားတို့ဖြစ်စဉ် ဆိုးလွန်းလို့ပြောပါတယ်-(မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့ဖြစ်စဉ် ဘယ်နှယ့်နေသလဲ (ဆိုးပါတယ် ဘုရား)။

ဝန်ချရာဌာန ဘယ်မှာပါလိမ့်

အင်မတန်ဆိုးပါတယ်ဆိုတာ မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)၊ အဲဒါတောင်မှ ဒကာ ဒကာမတွေကလဲ ဝန်ချရာဌာန ဘယ်မှာနေပါလိမ့်မလဲလို့ဆိုတာ ဝန်တင်မှန်းမသိတော့ ဝန်ချရာဌာန ဘယ်မှာပါလိမ့်မလဲဆိုတာ မသိဘဲ ဖြစ်နေတယ် (မှန်ပါ့ ဘုရား)၊ ဘယ်နှယ့်ဖြစ်နေကြပါလိမ့် (ဝန်ချရာဌာန မသိဘဲဖြစ်နေပါတယ် ဘုရား)။

ဝန်ချရာဌာန မသိဘဲဖြစ်နေတယ် (မှန်ပါ့)။ ဘာဖြစ်လို့ ဒီဒကာ ဒကာမတွေ ဝန်ချရာဌာန မသိပါလိမ့်မတုန်း မေးတော့မှ ဝန်တင်တဲ့ ပုဂ္ဂိုလ်မှ မသိလို့ရှိရင် ဝန်တွေထမ်းနေရတာလဲ သိပါ့မလား (မသိပါ ဘုရား)။

သမုဒယသစ္စာမူ မသိတော့ သမုဒယသစ္စာပေးတဲ့ ဒုက္ခသစ္စာဝန်ကိုလဲ ထမ်းနေရတာ ကိုယ်တိုင်သိသေးရဲ့လား (မသိပါ ဘုရား)၊ မသိသေးတော့ ၉၆-ပါး လမ်းကြမ်းကို ပြေးနေရပါသလားဆိုတာလဲ ဖော်ပြမှသာလျှင် အခုသံယောင် လိုက်ပြီး ပြောကြရတာ (မှန်ပါ့)၊ စင်စစ်သိတဲ့အမျိုး ဟုတ်ပါရဲ့လား-(မဟုတ်ပါ ဘုရား)၊ လူဆိုရင် ရှာစားရမှာပဲ၊ ဒီလိုပဲ အောက်မေ့တာပဲ (မှန်ပါ့)၊

လူဆိုရင် ဘာတဲ့-(ရှာစားရမယ်)၊ အမယ်လေး ဖြစ်မှဖြစ်ရပလေ ဒကာ ဒကာမတို့၊ ဒါကြောင့် အားလုံးမသာ တွေလျှောက်ပြီးသကာလ အသုဘသေတ္တာတွေ လျှောက်ကြည့်လိုက်တဲ့ အခါကျတော့ အင်း သားဝန်, သမီးဝန်, ဆွေဝန်, မျိုးဝန်တွေထမ်း၊ လမ်းကြမ်းပြေးပြီးသကာလ သေပွဲဝင်ရတာတောင်မှ ဪ မထမ်းချင်တော့ဘူးဆိုပြီး သေသွား တာလား၊ ထမ်းချင်လျက် တန်းလန်းနဲ့သေသွားတာလား (ထမ်းချင်လျက် တန်းလန်းနဲ့ သေသွားတာပါ ဘုရား)။

သားကလေးမှာချင်၊ သမီးကလေးမှာချင်၊ ပစ္စည်းကလေးကိုလဲ ခွဲဝေပေးချင်၊ လူ့အောက်ကျမှာစိုးရိမ်နဲ့ စိတ်ချ လက်ချသေသွားတာလား၊ ဒကာ ဒကာမတို့ စဉ်းစားကြပါဦး၊ ဝန်ထမ်းချင်လျက် တန်းလန်းနဲ့ သေသွားတာလား (ဝန်ထမ်းချင်လျက်တန်းလန်းနဲ့ သေသွားတာပါဘုရား။

ဝန်ထမ်းသမား အသေဆိုးကလေး

ဒါဖြင့် ဆုံးဖြတ်ချက်ချကြလော့၊ ဝန်ထမ်းသမား အသေဆိုးကလေး (မှန်ပါ့)၊ ဘယ်နှယ့်ဆုံးဖြတ်ချက်ချမလဲ (ဝန်ထမ်းသမားအသေဆိုးပါ ဘုရား)၊ မနာကြနဲ့နော်-(မှန်ပါ့)၊ မှန်ကောမှန်ရဲ့လား (မှန်ပါ့တယ် ဘုရား)၊ ဝန်ထမ်းသမား ကောဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။

အို ကလေးလေး တစ်ယောက်ရတယ်ဆိုကတည်းက ဒကာ ဒကာမတို့ ညမအိပ်ရ၊ နေ့မအိပ်ရ၊ ဝန်ထမ်းနေရတာ ကော (မှန်ပါတယ် ဘုရား)၊ ကိုယ့်ခန္ဓာကိုယ်ကြီးကိုလဲ ဆေးတိုက်ပြီး ဝန်ထမ်းနေရသေးတယ်-(မှန်ပါ့)၊ ဒီကလေး ကျန်းမာ ရေးလဲ ရင်ခွင်ထဲက မချနိုင်အောင် ထမ်းနေရသေးတယ် (မှန်ပါ့)။

ဒီအထဲ သား လင် ခင်ပွန်းတို့၏ မျက်နှာကြည်သာအောင် ချက်ပြုတ်ပြီးသကာလ မနိုင်ဝန်တွေ လုပ်နေရသေး တယ် (မှန်ပါ့)၊ အမယ်လေး ဒကာ ဒကာမတွေ ခင်ဗျားတို့မို့ ပြုံးနိုင်တာနော်၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘယ်လိုများ မှတ်ရပါလိမ့်၊ မိုက်လွန်းလို့ ပြုံးနိုင်တာ (မှန်ပါ့)။

ဒကာ ဒကာမတို့၊ ဘယ်လိုကြောင့် ပြုံးနိုင်တာပါလိမ့် (မိုက်လွန်းလို့ပြုံးနိုင်တာပါ ဘုရား)၊ ဦးခင်မောင် ကိုယ်တိုင် လုပ်ကြည့်တော့ ဘယ်နှယ့်တုန်းဗျ၊ ပြုံးကွက်ကို ပါသေးရဲ့လား (မပါ-ပါ ဘုရား)။

အဲဒီမှာ ဒကာ ဒကာမတွေက ကလေးကလဲ တစ်ဖက်နဲ့၊ ဈေးရောင်းတာကလဲ တစ်ဖက်နဲ့၊ သား လင် ခင်ပွန်း ကြည်သာအောင် ထမင်းချက်ချင်တာကလဲ တစ်ဖက်နဲ့ အမယ်လေး ဒကာ ဒကာမတွေက ဒီထဲကနေပြီးသကာလ ပြုံးနိုင်တာ တော်တော်ရူးလို့ မဟုတ်ဘူးနော် (မှန်ပါ့)။

အရူးသန်လွန်းလို့

ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ – (တော်တော်ရူးလို့ မဟုတ်ပါဘူး ဘုရား)၊ အရူးသန်လွန်းလို့ ဆိုစမ်းပါဗျာ (မှန်ပါ့ ဘုရား)၊ ဒကာဝ ဘယ်နှယ့်ဆိုမယ် (အရူးသန်လွန်းလို့ပါ ဘုရား)၊ အရူးမှ ဘာမှမသိအောင်ရူးနေတယ်၊ သစ္စာလေး ပါးမသိလို့ ရူးနေတယ်၊ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့၊ ဒီကလဲ ဝမ်းထဲရူး၊ သား လင် ခင်ပွန်း ကြည်သာအောင် သူတို့ဝန်တွေကိုလဲ ထမ်းရ၊ သားမယားကြည်သာအောင် ယောကျာ်းတွေကလဲ ဝန်တွေထမ်းရ ဒီလိုနေတာ ဒကာ ဒကာမတွေသည်ကား လို့ဆိုရင်ဖြင့် စိတ်အေးလက်အေး ဘဝင်အေးအေးများ အချိန်ပါကြရဲ့လား (မပါ ပါ ဘုရား)။

မပါဘူးနော် နေဝင်လို့သာ အလုပ်သိမ်းလိုက်ရတယ် အလုပ်ပြီးတယ်လို့များ ရှိရဲ့လား (မရှိပါ ဘုရား)၊ နက်ဖြန် ဖို့ချန်ထားတာတွေများ ရှိသေးသလား (ရှိပါတယ် ဘုရား)။ အမယ်လေး ဖြစ်မှဖြစ်ရပလေ ဒကာ ဒကာမတို့၊ အပြတ် အသတ်ကို မဖြစ်ပါသလား (မှန်ပါ့ ဘုရား)၊ ဖြစ်ပါရဲ့လား (မဖြစ်ပါ ဘုရား)၊ အမယ်လေး ကြောက်စရာကြီးပါသလား ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဒါဘယ်လောက်ကြာကြာ လုပ်ရမှာတုံး၊ အို သေခါနီးလျှာထွက်အောင် လုပ်ရမှာပါဘုရား (မှန်ပါ့ ဘုရား)၊ ဘယ်လိုမှတ်ကြမယ် (သေခါနီး လျှာထွက်အောင် လုပ်ကြမှာပါ ဘုရား)။ အတော်မဆိုးရွားဘူးလား (ဆိုးရွားပါတယ်)၊ ဒါများခင်ဗျားတို့က ဖြီးနိုင်၊ လိမ်းနိုင်၊ ပြုပြင်နိုင်သေးတယ်ဆိုတော့ အတော်ခက်နေတယ်-(မှန်ပါ့ ဘုရား)၊ ဒကာတွေကလဲ ပြင်နိုင်ဆင်နိုင် ကြွားနိုင် ဝါနိုင်သေးတယ်ဆိုတော့ ဘယ့်နှယ့်ဖြစ်နေသတုန်း (ခက်ပါတယ် ဘုရား)။

နောက်ဘဝကျလဲ အပါယ်ပို့လိုက်သေး

အတောက်ခက်နေဆိုတာ ဒကာဝ သေချာပြီလား (သေချာပါတယ် ဘုရား)၊ ဒါဖြင့် ဝန်ထမ်းသမားဟာ ကြွားချိန်များရှိပါရဲ့လား-(မရှိပါ ဘုရား)၊ ၉၆-ပါးလမ်းကြမ်းမှာ တဏှာက အတင်းလိုက်မောင်းတာနဲ့ ပြေးရတာနဲ့ ခင်ဗျားတို့ သက်သာခွင့်ပါရဲ့လား (မရပါ ဘုရား)။

သေတဲ့အခါ ကျပြန်လို့ရှိရင် သွားရောတဲ့ အပါယ်ဆိုပြီးသကာလ တဏှာက တွန်းချလိုက် သေးတယ်၊ အပြေးလဲ အမောင်းခိုင်းသေးတယ်၊ လမ်းလဲ လျှာထွက်သေအောင်လုပ်လိုက်သေးတယ်၊ နောက်ဘဝကျလဲ အပါယ်ပို့လိုက်သေးတယ် ဆိုတော့ ခင်ဗျားတို့မို့ပဲ သည်းခံနိုင်ပါပေတယ်၊ အံ့လဲ အံ့စရာကောင်းပါပေတယ် (မှန်လှပါ)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ဒီနေ့ကစပြီး ကြပ်ကြပ်သတိထားစမ်းပါ၊ တဏှာခိုင်းတာ မလုပ်ဘူးဟေ့၊ ဒကာ ဒကာမတွေ တော်လှန်ကြစမ်းပါ (မှန်လှပါ ဘုရား)၊ ဦးခင်မောင် ဒီနေ့ကစ၍ ဘာလုပ်ရမယ် (တဏှာခိုင်းတာ တော်လှန်ရပါမယ် ဘုရား)။

တဏှာက ဒီလမ်းသွားရမယ်၊ ဒီလမ်းက သွားခိုင်းလို့ရှိရင် မသွားဘူးကွာ၊ ခင်ဗျားတို့ ရဲပါရဲ့လား-(ရဲပါတယ်)၊ အင်း-အတော်ကို ငြိမ်းထွက်သွားတယ်၊ မရဲဘူးဗျ ကြောက်စရာသိပ်ကောင်းတယ် ငယ်ကြောက်ဖြစ်နေတယ်။

ငယ်ကြောက်ဖြစ်နေတယ်

ဦးခင်မောင် ဘာကြောက်ဖြစ်နေသတုန်း (ငယ်ကြောက်ဖြစ်နေပါတယ် ဘုရား)၊ ငယ်ကြောက်ဖြစ်နေတယ်ဆို တော့ တစ်သံသရာလုံးက ဘယ်တော့မှ တော်မလှန်ဘူးဆိုတော့ကို ဒကာ ဒကာမတို့၊ ငယ်ကြောက်ဖြစ်နေတယ်ဆိုတာ ဦးဝ သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီငယ်ကြောက်ကို ခင်ဗျားတို့ မကြောက်ပါနဲ့၊ သူ့ကို ကျုပ်တို့က မဂ်နဲ့ အပြန်အလှန် တိုက်ရမယ် (မှန်ပါ့ ဘုရား)။

မဂ်နဲပ မင်းသေအောင်တိုက်လို့ရှိရင် တို့အပေါ်မှာ ဝန်ထုပ်တွေ မတင်တော့ဘူး-(မှန်လှပါ ဘုရား)၊ ၉၆-ပါး လမ်းကြမ်းလဲ အပြေးမခိုင်းတော့ဘူး-(မှန်ပါ့)၊ လျှာထွက်သေတဲ့အလုပ်ကော-(မခိုင်ပါ ဘုရား)၊ ရပ်စဲသွားတယ်-(မှန်ပါ့)၊ အပါယ်လေးပါးပို့တဲ့ အလုပ်ကော (ရပ်စဲသွားပါတယ်)။

နွားကပိန်ပိန် ဝန်က ခုနှစ်ရာ

ရပ်စဲ ဇာတ်သိမ်းသွားမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ အဲဒါကြောင့် ခင်ဗျားတို့ အခု အချိန်မှာ မပျော်ကြပါနဲ့၊ နွားကပိန်ပိန် ဝန်က ခုနှစ်ရာလောက်တင်လာမယ်ဆိုရင် ကုန်ခုနှစ်ရာလောက် တင်လာမယ် ဆိုရင် ဦးခင်မောင် ကြည့်ကောင်းမကောင်း-(မကောင်းပါ ဘုရား)။

သို့သော်လဲ နွားရှင်ကတော့ ငွေလိုချင်တာနဲ့ တင်မှာပဲ (မှန်ပါ့ ဘုရား)၊ သူငွေရဖို့သာ အရေးကြီးတယ်၊ နွားပိန်တာ အရေးကြီးရဲ့လား (မကြီးပါ ဘုရား)၊ ခင်ဗျားတို့လဲ ပိန်ပိန်နဲ့ပဲ သွားမကွာ၊ လာဟာ-စားမကောင်းဘူး၊ စားမကောင်းလဲ သွားသာသွားကွာ၊ မင်းမသွား ခက်ကုန်ရောပေါ့။

ဒကာ ဒကာမတို့၊ ပိန်တယ်လို့ စားမကောင်းတယ်၊ တို့ကောတဏှာက အခိုင်းလွတ်ပါ့မလား (မလွတ်ပါ ဘုရား)။ခင်ဗျားတို့ကကော ကြည်ကြည်သာသာ သွားတာပဲလား။ မသွားဘူးလို့ကော တော်လှန်သေးသလား (မတော်လှန်ပါ ဘုရား)၊ ဘာဖြစ်နေကြတာလဲ (ငယ်ကြောက်ဖြစ်နေပါတယ် ဘုရား)။

ငယ်ကြောက် ဖြစ်နေတယ် (မှန်ပါ့)။ ဒကာ ဒကာမတွေ အလွန်ဆိုးနေပြီဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ အဲဒီတော့ တစ်သံသရာလုံးကို ဒီနေ့ဉာဏ်ဖြန့်ပါတော့လို့ ဒကာ ဒကာမတွေ သတိပေးလိုက်တယ်နော် (မှန်ပါ့)။

ဒီနေ့ ဉာဏ်ဖြန့်ပါတော့

ခန္ဓာမနိုင်ဝန်လဲ ထမ်းရသေးတယ်၊ ၉၆-ပါးလမ်းကြမ်းလဲ အသွားခိုင်းသေးတယ်၊ အပြေးလဲ နောက်ကရိုက်ပြီး နှင်သေးတယ်ဆိုတော့ ဦးခင်မောင် ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)၊ ဒါဖြင့် ကျုပ်တို့မှာ အသေကောင်း သေတာကြိုက်သလား၊ လျှာထွက်သေတာ ကြိုက်တဲ့တဏှာလားလို့ မေးကြည့်စမ်း (လျှာထွက်သေတာ ကြိုက်ပါတယ် ဘုရား)။ အဲဒီတော့ တစ်သံသရာလုံးကို ဒီနေ့ ဉာဏ်ဖြန့်ပါတော့လို့ ဒကာ ဒကာမတွေ သတိပေးလိုက်တယ်နော် (မှန်ပါ့)။

ခန္ဓာမနိုင်ဝန်လဲ ထမ်းရသေးတယ်၊ ၉၆-ပါးလမ်းကြမ်းလဲ အသွားခိုင်းသေးတယ်၊ အပြေးလဲ နောက်ကရိုက်ပြီး နှင်သေးတယ်ဆိုတော့ ဦးခင်မောင် ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)၊ ဒါဖြင့် ကျုပ်တို့မှာ အသေကောင်း သေတာကြိုက်သလား။ လျှာထွက်သေတာ ကြိုက်တဲ့တဏှာလားလို့ မေးကြည့်စမ်း (လျှာထွက်သေတာ ကြိုက်ပါတယ် ဘုရား)။

ဒို့ကိုပြောကြပါစို့ ဒကာ ဒကာမတို့၊ သေခြင်းဆိုးသေတာကြိုက်တဲ့တဏှာ (မှန်ပါ့ ဘုရား)၊ သေပြီးသည်၏ အခြားမဲ့၌ ခွေးသေမူလင်းတစာ ဖြစ်သေးတယ်၊ ကျုပ်တို့ကို အပါယ်ပို့ပေးတယ် (မှန်ပါ့ ဘုရား)။ ကဲ-စိတ်နာစရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ဘယ်နှယ့်လုပ်ကြမယ် (တော်လှန်ပစ်ရပါမယ်)၊ ဒကာ ဒကာမတို့ ဘယ့်နှယ့်လုပ်မလဲ၊ ခင်ဗျားတို့ အရှင် သခင်ကြီးက အတော်ကြီးကျယ်နေပြီ (မှန်ပါ ဘုရား)၊ မကြီးကျယ်ဘူးလား (ကြီးကျယ်ပါတယ် ဘုရား)။

ကယ်မည့်ယူမည့် တရား

ကဲ-မဂ်မှတစ်ပါး ဒကာ ဒကာမတို့ သူ့ကို ဖြတ်နိုင်တဲ့တရားရှိလိမ့်မယ်များ ထင်သလား (မရှိပါ ဘုရား)၊ ဘယ်သူ့တုန်းဗျာ၊ ခင်ဗျားတို့ကို ကယ်မည့်ယူမည့် တရား၊ ဘယ်တရားပါလိမ့် (မဂ်ပါ ဘုရား)။

ကိလေသေ မာရေန္တော နိဗ္ဗာနံ ဂစ္ဆတိတိ မဂ္ဂေါကိုး၊

ကိလေသေ၊ ခုနကခိုင်းတယ်၊ ဝန်တင်တယ်၊ ၉၆-ပါးလမ်း ကြမ်းကို အပြေးရိုက်ပြီး ခိုင်းတတ်တဲ့ကိလေသာ၊ အပါယ်လေးပါးပို့တတ်တဲ့ ကိလေသာကို၊ မာရေန္တော၊ သတိလျက်၊ နိဗ္ဗာနံ ဂစ္ဆတိ၊ နိဗ္ဗာန်သို့ သွားတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်၊ မဂ္ဂေါ၊ မဂ်မည်၏-ဆိုတော့ သူ့ကိုမရလို့ရှိလျှင် ဒီကျွန်စာရင်းကတော့ မလွတ်တော့ဘူး (မှန်ပါ့)၊ သဘောပါကြပြီလား (ပါပါပြီ)။

သူ့မရလို့ရှိရင် (ကျွန်စာရင်းက မလွတ်ပါ ဘုရား)၊ ကျွန်စာရင်းက လွတ်စရာများ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ ခေါင်းဖြူစွယ်ကျိုးတွေလဲ ဘာဖြစ်သတုန်း၊ ခိုင်းနေမှာပဲ (မှန်ပါ့)၊ ဦးခင်မောင်ရေ (ခိုင်းနေမှာပါ ဘုရား)။

လူမျက်မှန်တပ်ပြီး ခိုင်းနေတာ

ဒါကြောင့် ဘုန်းကြီးက ပြောရတယ်၊ နွားမျက်မှန်တပ်ခိုင်းတယ်လို့ ဘယ်သူမှမရှိဘူးကွ၊ လူမျက်မှန်တပ်ပြီး သကာလ လုပ်ပါဦးဆိုပြီး ခိုင်းနေတာတွေက ရေတွက်နိုင်ကြရဲ့လား (မရေတွက်နိုင်ပါ ဘုရား)။

နွားကို မျက်မှန်တပ်ပြီး ခိုင်းတာများ ဒကာသစ် မြင်ဖူးရဲ့လား (မမြင်ဖူးပါ ဘုရား)၊ တော်ပြီကွာ၊ ဒီနွားကို မခိုင်းချင်တော့ဘူး၊ ဘေးမဲ့လွှတ်လိုက်တာ ကောင်းတယ်ဆိုပြီး ဦးခင်မောင် နွားရှင်က ခိုင်းသေရဲ့လား (မခိုင်းပါ ဘုရား)။

ဒီမှာ ကိလေသာတည်းဟူသော နွားရှင်ကတော့ ဒကာ ဒကာမတွေကို မျက်မှန်တပ်ပြီး ခိုင်းတယ်၊ တောင်ဝှေး ထောက်ပြီးတော့ (ခိုင်းပါတယ်)၊ သနားတဲ့စိတ် ပါ,ပါရဲ့လား (မပါ,ပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီထက်ကြီးတဲ့ ရန်သူများ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် သမုဒယသစ္စာကို ဘုရားက မဟာတဗ္ဗနဲ့ ပယ်ရမယ်တဲ့ (မှန်ပါ့)။ ဘယ်လိုတဲ့တုန်း (သမုဒယသစ္စာကို ပဟာတဗ္ဗနဲ့ ပယ်ရမယ်)၊ စာဆိုလား ခင်ဗျားတို့ကို နှိပ်စက်လွန်းလို့လား (နှိပ်စက်လွန်းလို့ပါ ဘုရား)၊ သဘောပါကြပြီးနော် (ပါ,ပါပြီ)။

သမုဒယသစ္စာဆိုတာ ပဟာတဗ္ဗနဲ့ ပယ်ကွ

ဘုရားက အပယ်ခိုင်းတာကို ခင်ဗျားတို့က လက်သပ်မွေးချင်သလားတဲ့၊ ဘုရားကတော့ အပယ်ခိုင်းတယ်၊ သမုဒယသစ္စာဆိုတာ ပဟာတဗ္ဗနဲ့ ပယ်ကွ၊ မခိုင်းဘူးလား (ခိုင်းပါတယ် ဘုရား)။

ခင်ဗျားတို့ကတော့ ဘယ်နှယ့်ဖြစ်နေသတုန်း၊ အို ကိုယ့်လောဘကလေးရှိလို့ ဒါကလေးရလိုက်သေးတယ် (မှန်ပါ့)။ အံမာ ခင်ဗျားတို့ လက်သပ်မွေး ဖြစ်နေတယ်၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)၊ ခင်ဗျားတို့က ဘာဖြစ်နေသတုံး (လက်သပ်မွေး ဖြစ်နေပါတယ် ဘုရား)။

ဒို့မှာ ဒီလောဘကလေးနဲ့ ဒီအချိန်ဒီအရွယ် လုပ်ခဲလို့ အခုဒီအချိန်မှာ သားတွေ၊ သမီးတွေ၊ မြေးတွေ ဝန်ထမ်း ချင်သေးတယ်၊ အမယ်လေး ဝန်ထမ်းတာတောင် ကြွားနေသေးတယ် (မှန်ပါ့ ဘုရား)။

ဘေးကများ ကြည့်စမ်းပါဦး ဒကာ ဒကာမတို့၊ နွားပိန်ပိန်မှာ ဝန်ခုနှစ်ရာတင်လာတော့ နွားရှင်တောင် ခင်ဗျားတို့ ရိုက်ထုတ်ချင်သေးတယ် (မှန်ပါ့)၊ မထုတ်ချင်ဘူးလား (ထုတ်ချင်ပါတယ် ဘုရား)။

ဒီမှာလဲ အရိယာမျက်လုံးတပ်ပြီး ဦးခင်မောင် ကြည့်စမ်းပါ၊ သူတို့ သားသမီးရှစ်ယောက်၊ ကိုးယောက်တစ် ဆယ်၊ ဟုတ်လား (မှန်ပါ့)၊ ဒီပြင်လဲ အိမ်မှာလုပ်ဖော်ကိုင်ဖက်တွေနဲ့ဆိုရင် မနည်းလှဘူး၊ ဒါတွေကို ဒီလင်မယားကပဲ ရှာကျွေးနိုင်တယ်ဆိုတဲ့ ဥစ္စာတော်တော်ထမ်းတဲ့ ဝန်လား။ အလွန်အလွန် မိုက်လွန်းလို့ ထမ်းတာလား မေးကြည့်စမ်း (အလွန့်အလွန်မိုက်လွန်းလို့ ထမ်းတာပါ ဘုရား)။

ဝန်သာ ထမ်းရတယ်၊ ဒီဝန်တွေက တနေ့တခြား တိုးပွားလာတဲ့ ဝန်လား၊ ဒကာ ဒကာမတို့ လျှော့သွားတဲ့ ဝန်လား (တိုးပွားလာတဲ့ ဝန်ပါ ဘုရား)၊ ကိုယ်ကတော့ အားအင်ဗလ ဘယ်လိုဖြစ်နေသတုန်း (လျှော့ပါတယ် ဘုရား)၊ ကိုယ်ကအားအင်ဗလ လျှော့တယ်၊ ဝန်ကတစ်နေ့တခြား ကြီးတယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့ သဘောပါပြီလား (ပါ, ပါပြီ)။

ဝန်လေးလွန်းလို့

ဒါကြောင့် ခင်ဗျားတို့ အိပ်ရာဝင် နဖူးပေါ်လက်တင်တဲ့အခါကျတော့ အသက်ရှူတာကို သူများရှူတာနဲ့ မတူဘူး (မှန်ပါ့)၊ ခင်ပြင်းပြင်းရှူတယ် (မှန်ပါ့)၊ ဘယ်နှယ့်ကြောင့် ခပ်ပြင်းပြင်းရှူပါလိမ့် (ဝန်လေးလွန်းလို့ပါ ဘုရား) ဝန်လေးလွန်းလို့ (မှန်ပါ့)၊ ဒကာ ဒကာမတို့၊ ဘာဖြစ်လို့လုပ်ပါလိမ့် (ဝန်လေးလွန်းလို့ပါ ဘုရား)။

ဝန်လေးလို့ ဝန်လေးလို့ လို့၊ တွေးလေ ကျုပ်ဖြင့်စိတ်ထဲပျက်လေပဲ ဆိုတဲ့ဥစ္စာ ဘာပါလိမ့် (ဝန်လေးလို့ပါ ဘုရား)၊ ဝန်ပိလေးလွန်းလို့ (မှန်ပါ့ ဘုရား)၊ ဘယ်နေရာပိသလဲ အိပ်ရာထဲမှာပါ (မှန်ပါ့)၊ ဟာ တော်သေးတယ်၊ သေခါနီး ဒီထက်ပိ ဦးမယ် (မှန်ပါ့)၊ အခုဟာက ပရိယာယ်ပိ ရှိသေးတယ် (မှန်ပါ့)။

ဦးခင်မောင်ရေ သေခါနီး စိတ်ချလက်ချနဲ့ ပိဦးမှာတွေမရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဪ အပါယ်သွား လောက်အောင် ခင်ဗျားတို့ မိုက်ဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ကော ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝန်ချရာဌာန နိဗ္ဗာန်

ဒါဖြင့် ဒကာ ဒကာမတို့၊ ဝန်ပေးသမား ဘယ်သူတုန်း (တဏှာပါ ဘုရား)၊ ဝန်ချရာဌာန နိဗ္ဗာန် (မှန်ပါ့)။ တဏှာသတ်ရင် နိဗ္ဗာန်ရောက်မယ် (မှန်ပါ့ ဘုရား)၊ တဏှာသတ်ရင်-(နိဗ္ဗာန်ရောက်မယ်)၊ နိဗ္ဗာန်ရောက်မယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ သံသရာကြီးထဲမှာ ခင်ဗျားတို့လည်ခဲ့ရတာဟာ ၉၆-ပါး လမ်းကြမ်းမှာ မနိုင်ဝန်ကြီး ထမ်းပြီး အပြေးအလွှားသွားပြီး လည်ခဲ့ရတာကိုဗျ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သံသရာကြီးထဲမှာ မနိုင်ဝန် (ထမ်းပါတယ် ဘုရား)၊ ၉၆-ပါးလမ်းကြမ်းမှာ (ထမ်းခဲ့ရပါတယ်)၊ အပြေးသွားရ တယ် (မှန်ပါ့ ဘုရား)၊ အမယ်လေး ဒီနေရာကနေပြီး ဒီဝန်ချပြီး ဦးခင်မောင် ဟိုဘက်ခန္ဓာဝန်ချပြီးတော့ ဘာလုပ်ရပြန်သ လဲ (ဟိုဘက်ဝန်ထမ်းရပါတယ် ဘုရား)၊ ဟိုဘက်ဝန် ထမ်းရတယ်ဆိုတော့ ခင်ဗျားတို့ဝန်နဲ့ ပြတ်ဖူးရဲ့လား (မပြတ်ပါ ဘုရား)။

အမယ်လေး နွားပခုံး သွားကြည့်တဲ့အခါကျတော့ ဦးခင်မောင်တို့က အင်း နွားသမားမိုက်လိုက်တာကွာ၊ မပြောကြဘူးလား (ပြောကြပါတယ် ဘုရား)။

မနိုင်ဝန် အထမ်းခိုင်းတယ်၊ သူဖို့သာ သူသိတယ်၊ နွားအကြောင်းဘာမှမသိရှာဘူး (မှန်ပါ့)၊ ခင်ဗျားတို့ကလဲ ကိုယ့်အကြောင်းကို ဘာမှမသိဘူး (မသိပါ ဘုရား)။

ဒီဝန်ထမ်းပြီးတော့ ဟိုဘက်ဝန် ဘာလုပ်ရပြန်သတုန်း (ထမ်းရပြန်ပါတယ် ဘုရား)။ ဒါဖြင့်ပခုံးနဲ့ ဝန်နဲ့ဘယ်နှယ့် နေသလဲ (မပြတ်ပါ ဘုရား)၊ ပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား)၊ လမ်းကဘာလမ်းတဲ့ (၉၆-ပါး လမ်းကြမ်းပါ ဘုရား)၊ ၉၆-ပါးလမ်းကြမ်း၊ ဝန်ကလဲ ပြောင်းလိုက်ရတာ မနည်းဘူး ထမ်းလိုက်ရတာ (မှန်ပါ့ ဘုရား)။

သွားတဲ့အခါကျတော့ အပြေးလား အနှေးလား (အပြေးပါ ဘုရား)၊ အမယ်လေး ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ဇာတ်သိမ်းတော့ မတော်ဘူး၊ အရုပ်ဆိုးကန်ပြီ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ခင်ဗျားတို့ဇာတ်ဟာ တစ်ခု သေသေချာချာ သိအောင်ပြောတဲ့အခါကျတော့ အသက်ရှူတောင်မမှန်ဘူး၊ မှန်ကြရဲ့လား (မမှန်ပါ ဘုရား)။

ဒီဇာတ်မသိမ်းရင် တော်ပါ့မလား

အသက်ရှူတောင် မမှန်တော့ ဘယ်နှယ့်ကြောင့် မမှန်တာပါလိမ့် (ဝန်လေးလွန်းလို့ပါ ဘုရား)၊ ဝန်လေးလွန်းလို့ နော် (မှန်ပါ့)၊ လမ်းကကော (လမ်းကြမ်းပါ ဘုရား)၊ နှေးနှေးသွားရသလား (မြန်မြန်သွားရပါတယ် ဘုရား)၊ ဦးခင်မောင် တော်တော့ တော်တော့ ဒီဇာတ်သိမ်းမူတော်မယ်-(မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့၊ ဘယ်နှယ့်ဆိုပါ့မလဲ (ဒီဇာတ်သိမ်းမူတော်မှာပါ ဘုရား)။

ဒီဇာတ်မသိမ်းရင် တော်ပါ့မလား (မတော်ပါ ဘုရား)၊ ကိုင်း ဒါဖြင့် ဇာတ်သိမ်းတဲ့တရား ခင်ဗျားတို့ လုပ်မလား (လုပ်ပါမယ် ဘုရား)၊ သိပြီနော်-(မှန်ပါ့)၊ ပရိယာယ်လား အဟုတ်တွေ့နေရတာလား-(အဟုတ်တွေ့နေရတာပါ ဘုရား)။ အဟုတ်တွေ့နေရတာဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် မြို့ထဲရွာထဲမှာ ဦးခင်မောင် လျှောက်ကြည့်နော် ဘယ်အိမ်ဖြင့် စိတ်ချမ်းသာ-လက်ချမ်းသာနဲ့ အေးဆေးချမ်းချမ်း နေရလေတယ်၊ ဘယ်မှမလာရ၊ ဘယ်မှမသွားရ၊ ဘယ်မှမရှာရ၊ ထမင်းလက်ဆေးစားပြီး သကာလ စိတ်သောက ဗျာပါဒငြိမ်းတဲ့ အိမ်ရယ်လို့ မြို့ထဲမှာ တစ်အိမ်မှမရှိဘူး (မှန်ပါ့)၊ ရှိပါ့မလား (မရှိပါ ဘုရား)။

ကျွန်ဖြစ်ကျိုးနပ်ပြီ

အို သူ့ဝန်နဲ့ သူနဲ့ဟာဖြင့် ဒေါင်ချာစိုင်းအောင် ထမ်းနေတာပဲ (မှန်ပါ့ ဘုရား)၊ မထမ်းဘူးလား-ထမ်းသလား (ထမ်းပါတယ် ဘုရား)၊ ဒီလောက်အရုပ်ဆိုးတဲ့ ဘဝကြီးဟာခင်ဗျားတို့က လူဖြစ်ကျိုးနပ်ပြီလို့များ အောက်မေ့မနေကြနဲ့ (မှန်ပါ့ ဘုရား)၊ ကျွန်ဖြစ်ကျိုးနပ်ပြီဆိုရင် တော်သေးရဲ့ (မှန်ပါ့ ဘုရား)၊ ရိပ်မိပြီလား၊ လူဖြစ်ကျိုးနပ်ကဲ့လား (မနပ်ပါ ဘုရား)။

မွေးကတည်းက ကိုယ့်ဝန် ကိုယ်ထမ်း၊ ကိုယ့်ဝန်ကိုယ်မထမ်းနိုင်တုန်းက အမေကထမ်း၊ ကိုယ့်ဝန် ကိုယ်ထမ်းနိုင်တဲ့ နေ့ကျတော့ ကိုယ့်ဝန်ကိုယ်ထမ်း၊ ကိုယ်ကပွားတာတွေကျတော့ ကိုယ်ထမ်းနိုင်တဲ့ နေ့ကျတော့ ဦးခင်မောင်ကြီးတို့များ အိုစိတ်ကို ပျက်စရာကြီး ထမ်းနေရတာ (မှန်ပါ့ ဘုရား)။

ဒကာသစ်တို့ကော (ထမ်းရပါတယ် ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)၊ စားတဲ့ထမင်းနဲ့ ထမ်းရတဲ့ဝန်နဲ့ ကဲ ဒကာ ဒကာမတို့ အလေးချိန်ကြစို့ရဲ့၊ ချိန်ရင် (ထမ်းရတဲ့ဝန်ကများပါတယ်)၊ ထမ်းတဲ့ဝန်ကများတယ်၊ စားတဲ့အလေး ချိန်က (နည်းပါတယ် ဘုရား)။

ဪ အငတ်ထားခိုင်းတာပါသလား-(မှန်ပါ့ ဘုရား)။ ဘာလုပ်ပါလိမ့်-(အငတ်ထားခိုင်းပါတယ် ဘုရား)၊ ဘယ်သူ ပါလိမ့် လက်သည် (တဏှာပါ ဘုရား)၊ ဒီလောက်အရုပ်ဆိုးတာတောင် ခင်ဗျားတို့ကလဲ ငယ်ပေါင်းမို့ မမေ့သေးဘူးဆို တော့ ခက်သေးတယ် (မှန်ပါ့ ဘုရား)၊ မပြောထိုက်ဘူးလား ပြောထိုက်သလား (ပြောထိုက်ပါတယ် ဘုရား)။

ဝိပဿနာနဲ့ဖြတ်မှ ရမယ်

ဒကာ ဒကာမတို့ ယနေ့ပြောနေတဲ့ တရားဟာ ဝိပဿနာနဲ့ဖြတ်မှ ရမယ်ဆိုတာ သိပါစေလို့။ အရုပ်ဆိုးတာ သိမှသာလျှင် ဦးခင်မောင်ရေ ဖြတ်ချင်လိမ့်မယ်နော် (မှန်ပါ့ ဘုရား)။

အရုပ်ဆိုးတာမှ မသိရင် ကိုယ့်ဟာကလေးနဲ့ ကိုယ်ဆိုရင် တစ်ပါးတည်းပျော်နေမှာပဲ (မှန်ပါ့)။ မပျော်ဘူးလား (ပျော်ပါတယ် ဘုရား)။

အေး ဒါကြောင့် အခုတော့ ပျော်စရာ အချက်အလက်အကွက်ရှိရဲ့လား-(မရှိပါ ဘုရား)။ ခင်ဗျားတို့ အသက်ကြီး မှာနဲ့ မြေးတွေ၊ မြစ်တွေက ခင်ဗျားတို့အပေါ်မှာ အမွေတောင်းမှာနဲ့တော့ ကိုက်များနေလိုက်ဦးမှာ (မှန်ပါ့)၊ တကယ် သေသေချာချာကိုက်တယ်-(မှန်ပါ့)၊ မကိုက်ပေဘူးလား ကိုက်မလား-(ကိုက်ပါတယ် ဘုရား)။

ကိုက်မယ် ကိုက်ကမရှာနိုင်တဲ့အချိန်ကျမှ သူတို့အတောင်းအရမ်း ထူမှာနဲ့တော့ ဦးခင်မောင် (ကိုက်ပါတယ် ဘုရား)။ သေသေချာချာ ကိုက်မယ်ဆိုတာ သဘောကျပြီလား-(ကျပါပြီ ဘုရား)။

ဒါဖြင့် အိုခြင်း ဆင်းရဲနဲ့တော့ ခင်ဗျားတို့ ရောတော့မယ် (မှန်ပါ့)၊ ခန္ဓာကိုယ်က အိုခြင်း (မှန်ပါ့)၊ သားတွေ သမီးတွေက အမွေလိုချင်လို့၊ နှိပ်စက်လို့ ခိုးကြဝှက်ကြတာက ခင်ဗျားတို့ စိတ်ဆင်းရဲလာမယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အိုခြင်းနဲ့ ဆင်းရဲနဲ့ဟာ တွဲမှ တွဲဖြစ်ပါ့မလား (တွဲဖြစ်ပါတယ် ဘုရား)၊ သေခြင်းနဲ့ ဆင်းရဲမှုနဲ့တော့- (တွဲဖြစ်ပါတယ် ဘုရား)၊ တွဲမိမှာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အိုခြင်းနဲ့ ဆင်းရဲနဲ့တွဲတာ

ဒီထဲ ဒကာ ဒကာမတွေ အိုခြင်းနဲ့ ဆင်းရဲနဲ့တွဲတာတွေ တစ်ပုံကြီးပါတယ် (မှန်ပါ့)၊ မပါဘူးလား (ပါ-ပါတယ် ဘုရား)၊ သေခြင်းနဲ့ ဆင်းရဲနဲ့တွဲမှာကော (ပါ,ပါတယ် ဘုရား)၊ အဲဒါ ဒကာ ဒကာမတွေ ဘယ်သူတင်တဲ့ ဝန်တွေကြောင့် အိုခြင်းနဲ့ ဆင်းရဲနဲ့တွဲရတာတုံး (တဏှာတင်တဲ့ဝန်ကြောင့်ပါ ဘုရား)။

သေခြင်းနဲ့ ဆင်းရဲနဲ့တွဲရတာပဲ ဘယ်သူကြောင့်ပါလိမ့် (တဏှာကြောင့်ပါ ဘုရား)၊ တဏှာ၏ လက်ချက်ပဲဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ကိုင်း-ဒါဖြင့် ဒီတဏှာကို ခင်ဗျားတို့ ယနေ့အကြီးဆုံး ရန်သူသာမှတ်ပေတော့ (မှန်ပါ့ ဘုရား)၊ ဘယ်လိုမှတ်ကြမယ် (အကြီးဆုံးရန်သူပါ ဘုရား)၊ အကြီးဆုံးရန်သူလို့ သေသေချာချာမှတ်ပါ ဒကာ ဒကာမ တို့။

ဒါဖြင့်-ဒကာ ဒကာမတို့၊ ဒီတဏှာသတ်လို့ ရှိရင်ဖြင့် ကျုပ်တို့ဝန်ချရာအရပ် ရောက်ပါပြီ (မှန်ပါ့ ဘုရား)။ ဒီတဏှာသတ်ရင် (ဝန်ချရာအရပ် ရောက်ပါပြီ ဘုရား)။ သဘောပါပြီလား (ပါ,ပါပြီဘုရား၊ ဒီတဏှာသတ်ရင် ဝန်ချရာ အရပ်ရောက်ပါပြီ ဆိုတာဖြင့် ငြင်းနေဖို့လိုသေသလား (မလိုပါ ဘုရား)။

ဒါဖြင့် ဒီတဏှာဟာ ပေါင်းသင်းထိုက်တဲ့ တရားလား။ ဒကာ ဒကာမတို့၊ စဉ်းစားကြည့်စမ်း၊ ခြေနဲ့ကန်ပစ်ရမည့် တရားလား (ခြေနဲ့ကန်ပစ်ရမည့်တရားပါ ဘုရား)။

ခင်တစ်လုံးတော့ ထည့်မနေပါနဲ့

ဒါကြောင့် ခင်ဗျားတို့က သားလဲမခင်ပါနဲ့။ သမီးလဲမခင်ပါနဲ့၊ ပစ္စည်းလဲမခင်ပါနဲ့၊ ဝတ္တရားအတိုင်းသာ သားလဲကျွေးတာပေါ့၊ သမီးလဲကျွေးတာပေါ့ (မှန်ပါ့ ဘုရား)၊ ခင်တစ်လုံးတော့ ထည့်မနေပါနဲ့ (မှန်ပါ့ ဘုရား)။

မင်္ဂလာသုတ်မှာလဲ ခင်ရမယ်လို့မပါဘူး၊ မာတာပိတုဥပဋ္ဌာနံ-အမိအဖများ လုပ်ကျွေးရမယ်သာပါတယ်။ ပုတ္တဒါရဿသင်္ဂဟော-သားသမီးများ မယားများကို သင်္ဂြိုလ်ထောက်ပံ့ရမယ်လို့ ပါတယ်၊ ခင်ရမယ်တော့မပါဘူး (မှန်ပါ့)၊ ပါသေးရဲ့လား (မပါ,ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့က မင်္ဂလသုတ်က ဘုရားဟောတာ ကျုပ်တို့သုတ်က ဒီသုတ်မဟုတ်ဘူး (မှန်ပါ့)၊ သဘောကျ ပြီလား-(ကျပါပြီ)၊ ကျုပ်တို့သုတ်က မင်္ဂလသုတ် မဟုတ်ဘူးဆိုတော့ အမင်္ဂလသုတ်က ခင်ဗျားတို့ ရထားတာကိုး (မှန်ပါ့)၊ ဦးခင်မောင် ခင်ဗျား ရထားက ဘာသုတ်ပါလိမ့် (အမင်္ဂလသုတ်ပါ ဘုရား)။

ဘုရားက ဘာသုတ်ဟောလဲ (မင်္ဂလသုတ်ဟောပါတယ်)၊ ခင်ဗျားတို့ရထားတာက (အမင်္ဂလသုတ်ပါ ဘုရား)။ ဒါနဲ့များ ခင်ဗျားတို့အိမ် အန္တရာယ်ကလေးများ ကင်းနေတာတော် တော်သေးတယ်၊ အမင်္ဂလသုတ် ရထားတာကိုး (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့၊ တဏှာသတ်ရင် ဝန်ချစရာအရပ်ရောက်ပါပြီ-(မှန်ပါ့)၊ တဏှာဘာနဲ့သတိကြမယ် (မဂ်နဲ့သတ်ပါမယ်)၊ မဂ်နဲ့သတ်ရမယ်ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား)။

တဏှာ၏လက်ချက်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ကျုပ်တို့ ခင်ဗျားတို့ တစ်သက်လုံးဆင်းရဲ၊ တစ်သက်လုံးဝန်ထမ်းသမား၊ တစ်သက် လုံး သေခြင်းဆိုး၊ တစ်သက်လုံး ဒကာ ဒကာမတို့ ကြည့်မကောင်းတဲ့အဖြစ်၊ ဒါတွေဟာ တဏှာ၏လက်ချက်ချည်းပဲ ဆိုတာ ပေါ်ကြပြီလား (ပေါ်လာပါပြီ ဘုရား)။

ဒါဖြင့် ဒီတဏှာကို ဘယ်အခါကာလမှ ကျုပ်တို့က ဦးခင်မောင်ရန်သူရယ်လို့ မသိခဲ့ကြဘူး (မသိခဲ့ကြပါ ဘုရား)၊ အခုတော့ဖြင့် ယနေ့ပြောလိုက်တော့ အကြီးဆုံးရန်သူဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် သူ့မသတ်မရွေ့ ကာလပတ်လုံး ကျုပ်တို့ ကျွန်သပေါက်တွေအဖြစ်မှ လွတ်နိုင်ပါ့မလား (မလွတ်နိုင်ပါ ဘုရား)၊ ဝန်ထမ်းသမားကူလီအဖြစ်မှကော (မလွတ်နိုင်ပါ ဘုရား)၊ သေခြင်းဆိုးအဖြစ်မှကော (မလွတ်နိုင်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ဒါ့ကြောင့်ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟေ့ တဏှာ ယောက်ျားလက် သမား၊ ခန္ဓာဝန်လုပ်ရတော့မယ်လို့ မအောက်မေ့နဲ့။ နောက်ငါမထမ်းဘူးကွ၊ မပါဘူးလား (ပါ,ပါတယ် ဘုရား)။

”အနေက ဇာတိသံသာရံ” ဆိုတာ အနေကဇာတင်တဲ့အခါကျတော့ ဟေ့-တဏှာယောက်ျားလက်သမားနောက် ခန္ဓာဝန်ကိုမင်းလုပ်ရတော့မယ်လို့ မင်းမအောက်မေ့နဲ့၊ ခန္ဓာဝန်ထမ်းတဲ့ဘဝမှာ ငါသည်ကူလီအဖြစ်မှ လွတ်ပြီကွ (မှန်ပါ့ ဘုရား)၊ ကိုမြရွှေမပြောဘူးလား-(ပြောပါတယ်)။

ဝန်ထမ်းသမားနဲ့ သေချင်သလား

ဒါဖြင့် ဒကာ ဒကာမတွေလဲ ဘုရားတပည့် ဗုဒ္ဓဘာသာဆိုလို့ရှိရင်ဖြင့် ဝန်ထမ်းသမားနဲ့ သေချင်သလား၊ ဘုရားလိုလွတ်ပြီး သေချင်သလား-(ဘုရားလိုလွတ်ပြီး သေချင်ပါတယ် ဘုရား)၊ ဟုတ်ကြရဲ့လား (ဟုတ်ပါတယ် ဘုရား)။

ခင်ဗျားတို့က အင်မတန်ဆိုးတယ်နော်၊ လမ်းသွားတာတောင်မှ သားကလေးလက်တစ်ဖက်က ဆွဲချင်တယ်၊ သမီးကလေးပွေ့ချင်တယ်ဆိုတော့ ဝန်မပါရင်ကို ခင်ဗျားတို့က ကြောင်တက်တက်ဖြစ်နေတယ် (မှန်လှပါ ဘုရား)။

ဘယ်နှယ့်ဖြစ်နေသလဲ (ဝန်မပါရင်ကြောင်တက်တက် ဖြစ်နေပါတယ် ဘုရား)၊ ဪ ရုန်းနေကျနွားကို-(မှန်ပါ့)၊ အဓိပ္ပာယ်က ဒီမရောက်ဘူးလား-(ရောက်ပါတယ် ဘုရား)၊ ဘယ်လိုဖြစ်သွားပါလိမ့်-(ရုန်းနေကျနွားဖြစ်ပါတယ် ဘုရား)။

ဪ ဒကာ ဒကာမတို့ ဘေးကနေ ကြည့်တဲ့အခါကျလို့ရှိရင် မော်တော်ကားလာလို့ ရှောင်ရတဲ့အခါများ ခင်ဗျားတို့လွတ်ဖို့အရေး အတော်ဝေးတယ်နော် (မှန်ပါ့)၊ မဝေးဘူးလား (ဝေးပါတယ် ဘုရား)။

ဟိုဟာတန်းလန်း ဒီဟာဖယ်ရနဲ့ ဆိုလို့ရှိရင်ဖြင့် နေရာမကျပါဘူး၊ ဒါကြောင့်ဒကာ ဒကာမတို့၊ ကိုယ်အရုပ်ဆိုးတာ ကိုယ်သိကြပြီလား (သိပါပြီ ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဝန်ချရာဌာနက ဘယ်ဟာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)၊ ဝန်ပေးသမားက ဘယ်သူတုန်း (တဏှာပါ ဘုရား)။

ဒါဖြင့် သူ့မသတ်သရွေ့ ဝန်ချရာဌာနရောက်ပါ့မလား။ (မရောက်ပါ ဘုရား)၊ ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ အလုပ်လုပ်မှ တော်တော့မယ် (မှန်ပါ့ ဘုရား)၊ ကဲ-အလုပ်ပြောကြတော့မယ်၊ ဒကာ ဒကာမတွေ။

ဝန်ထမ်း သမား ခန္ဓာငါးပါး

ဒကာ ဒကာမတွေ သိတဲ့အတိုင်း ဟောဒါဝန်ထမ်းသမား (မှန်ပါ)၊ ဒါဘာပါလိမ့်-(ခန္ဓာငါးပါးပါ ဘုရား)၊ ဝန်ထမ်း သမား ခန္ဓာငါးပါး-(မှန်ပါ့)၊ ဒီဝန်ဘယ်သူပေးလိုက်တယ်ဆိုတဲ့ အခါကျတော့မှ ဒါ အဝိဇ္ဇာနဲ့တဏှာကပေးလိုက်တယ်- (မှန်ပါ ဘုရား)။

အဝိဇ္ဇာက ဒါခန္ဓာကို ဒုက္ခသစ္စာလို့မသိဘူး၊ မသိတော့တဏှာက လိုချင်တော့ ဒီခန္ဓာငါးပါးကြီး ဝန်ထမ်းသမား မရဘူးလား (ရပါတယ် ဘုရား)၊ ဝန်ထမ်းသမားဟာ ခန္ဓာဝန်ထုပ်ကြီး မရဘူးလား (ရပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒီဝန်ထုပ်ကြီး တဏှာပေးလိုက်တယ်ဆိုတာ သေချာပြီလား (သေချာပါပြီ)၊ သိတဲ့လူပေးတာလား၊ မသိတဲ့လူပေးတာလား-(မသိတဲ့လူပေးတာပါ ဘုရား)၊ ကြည့်လေဒီဘက်က ဘာပါလိမ့်-(အဝိဇ္ဇာပါ ဘုရား)၊ ဒီဘက်က (တဏှာပါ ဘုရား)၊ မသိတဲ့လူကို တဏှာကပေးပါတယ် (မှန်ပါ့ ဘုရား)၊ မသိတဲ့လူကို (တဏှာက ပေးပါတယ် ဘုရား)။

မသိတာက အဝိဇ္ဇာ

ပေးတော့ ဘာကြီးရပါလိမ့် (ခန္ဓာငါးပါးရပါတယ် ဘုရား)၊ ခန္ဓာငါးပါးဝန်ထုပ်ကြီးရတယ်-(မှန်ပါ့)၊ သဘောကျပြီ လား-(ကျပါပြီ)၊ ဘာရပါလိမ့် (ခန္ဓာငါးပါးဝန်ထုပ်ကြီးရပါတယ်)၊ သိတဲ့လူ ပေးတာလား-မသိတဲ့လူပေးတာလား-(မသိတဲ့ သူပေးတာပါ ဘုရား)၊ မသိတာက ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ ပေးတာက-(တဏှာပါ ဘုရား)၊ ရ,တာက ဒီဒကာ ဒကာမ တွေ-(မှန်ပါ့ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)၊ ဒါကြီးဟာ ဒကာ ဒကာမတို့၊ ခန္ဓာငါးပါးကြီးဟာ စဉ်းစားကြည့်လိုက်တဲ့ အခါကျတော့ ဒီခန္ဓာငါးပါးကြီးသည် ဒကာ ဒကာမတွေ သိတဲ့အတိုင်း အသုဘ ဒုက္ခသစ္စာကြီး-(မှန်ပါ့ ဘုရား)၊ ဘယ်လိုဆို ကြမယ်-(အသုဘဒုက္ခသစ္စာကြီးပါ ဘုရား)၊ အသုဘဒုက္ခသစ္စာကြီးကို ဥပမာမယ် ဦးခင်မောင်ဆိုတဲ့၊ ဦးဝ,ဆိုတဲ့ နာမည်ရှိတဲ့ ပုဂ္ဂိုလ်က ဒီခန္ဓာငါးပါးထမ်းရတယ် (မှန်ပါ့ ဘုရား)။

ဘယ်သူက ထမ်းရတာပါလိမ့်-(နာမည်ရှိတဲ့ပုဂ္ဂိုလ်ကပါ)၊ ဦးခင်မောင်တို့ ဦးဝတို့က ထမ်းရတယ်ဆိုတာ သေချာ ပြီလား (သေချာပါပြီ)၊ ဘာကိုထမ်းရသတုန်းလို့မေးတော့မှ အသုဘနဲ့ ဒုက္ခသစ္စာကို ထမ်းရတယ် (မှန်ပါ့ ဘုရား)၊ သဘောပါကြသလား (ပါ,ပါပြီ ဘုရား)၊ ဘာထမ်းရပါလိမ့် (အသုဘနဲ့ဒုက္ဓသစ္စာထမ်းရပါတယ်)၊ အသုဘနဲ့ ဒုက္ခသစ္စာ ထမ်းရတယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒါကြီးထမ်းနေတဲ့ ပုဂ္ဂိုလ်သည် ဒကာ ဒကာမတို့ အသုဘစစ်တယ်၊ မစစ်ဘူးဆိုတာ ပြောဖို့မလိုပါဘူး-(မှန်ပါ့ ဘုရား)၊ ဒီကနေ နတ်ပြည်၊ နတ်ပြည်ကနတ်တွေ၊ တာဝတိံသာ စတုမဟာရာဇ်မှာရှိတဲ့ နတ်တွေဟာ ဒကာ ဒကာမတို့၊ တစ်ယူဇနာကနေ ကျုပ်လိုအနံ့တွေနံတယ်-(မှန်ပါ့ ဘုရား)။

လူပြည် အနံ့တွေကြောင့် တစ်ယူဇနာ အောက်ကိုမဆင်းဘူး၊ တစ်ယူဇနာအထက်မှာသာ သူတို့နေကြတယ်၊ အသုဘအနံ့တွေ ထွက်လွန်းလို့-(မှန်ပါ့ ဘုရား)၊ သဘောပါပြီလား-(ပါ,ပါပြီ ဘုရား)၊ အသုဘဟုတ်,မဟုတ် (ဟုတ်ပါတယ် ဘုရား)။

အသုဘနံ့တွေ နံလွန်းလို့

အဲဒီ တစ်ယူဇနာကနေ ဒီအနံ့တွေ ဘာဖြစ်သတဲ့တုန်း (နံပါတယ် ဘုရား)၊ နံ့လိုလူ့ပြည်လာရဲ့လား (မလာပါ ဘုရား)၊ ဘာဖြစ်လို့မလာတာလဲ (အသုဘနံ့တွေ နံလွန်းလို့ပါ)၊ အသုဘဖြစ်နေလို့ မလာတာ-(မှန်ပါ့ ဘုရား)၊ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။

အဲဒါခင်ဗျားတို့ အနံ့တွေကတော့ ဒီလောက်နံတယ် (မှန်ပါ့)၊ တစ်ယူဇနာစာနံတယ်ဆိုတော့ အသုဘို့ နံသလား အသုဘမို့နံသလား-(အသုဘမို့နံပါတယ် ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒါဖြင့် ဒီဟာကြီးထမ်းပြီး လည်နေရတယ်ဆိုတာက ဒကာ ဒကာမတွေ သူများ အလောင်းထမ်းပြီး လည်နေရတာလား ကိုယ့်အလှောင်းကိုယ်ထမ်းပြီး လည်နေရတာလား (ကိုယ့်အလောင်း ကိုယ်ထမ်းပြီး လည်နေရတာပါ ဘုရား)။

အသုဘကို ကိုယ့်အသုဘ ကိုယ်ထမ်းပြီးတော့ (လည်နေရပါတယ် ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ)၊ ကိုယ့်အသုဘကို (ကိုယ်ထမ်းပြီးလည်နေရပါတယ်)၊ ကဲဒါဖြင့် ဦးခင်မောင် အသုဘဆိုလို့ရှိရန်ဖြင့် ဒါ-ဒုက္ခသစ္စာပဲ လုပ်လိုက်ပါတော့ (မှန်ပါ့)၊ အသုဘက ဒုက္ခသစ္စာဆိုတာ သေချာကြပြီလား (သေချာပါပြီ)။

အသုဘဒုက္ခသစ္စာ

ဒါဖြင့် ဒီဟာကြီး မချသရွေ့ ကာလပတ်လုံး ဒါကြီးနဲ့ဆိုရင် ဒါကြောင့်ခန္ဓာငါးပါးဟာ နိဗ္ဗာန်မှာ မရှိဘူးဆိုတာ အသုဘဒုက္ခသစ္စာမို့ မရှိဘူးပြောတာ-(မှန်ပါ့ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)၊ ခန္ဓာငါးပါးဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ ဆက်လိုက်ပါဦး၊ အသုဘ၊ အသုဘဒုက္ခသစ္စာဆိုတာ သေချာပြီလား (သေချာပါပြီ)။

ဒါဖြင့် ဒီခန္ဓာကြီး နိဗ္ဗာန်ကကော လက်ခံပါရဲ့လား (မခံပါ ဘုရား)၊ ဘာကြောင့်ပါလိမ့် (အသုဘဒုက္ခသစ္စာမို့ပါ)၊ အသုဘဒုက္ခသစ္စာမို့ လက်မခံဘူး ဒကာ ဒကာမတို့ (မှန်ပါ့)။ ရှင်းပြီလား-(ရှင်းပါပြီ)၊ အဲဒါကြောင့်ဒီခန္ဓာကြီးမရှိမှ နိဗ္ဗာန်ကလက်ခံမှာ (မှန်ပါ့ ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ဒီခန္ဓာမရှိမှ ဘာပါလိမ့်-(နိဗ္ဗာန်က လက်ခံမှာပါ ဘုရား)၊ နိဗ္ဗာန်က လက်ခံတယ်ဆိုတာ သေချာပြီလား (သေချာပါပြီ)။

ဒီခန္ဓာကြီးမရှိအောင်လဲ ဒကာ ဒကာမတို့ ဘယ်သူ့သတ်မူ မရှိမှာတုန်းဆိုတော့ ဒီတဏှာက တည်ထောင်ခဲ့တယ်- (မှန်ပါ့)။ ဒီအဝိဇ္ဇာက တည်ထောင်ခဲ့တယ်ခန္ဓာကိုး-(မှန်ပါ့)၊ မသိတာက (အဝိဇ္ဇာပါ)၊ ဆုတောင်းတာက (တဏှာ)၊ မသိလို့ဆုတောင်းလို့ရတာက အသုဘဒုက္ခသစ္စာပါ-(မှန်ပါ့ ဘုရား)၊ ရှင်းကြပြီလား-(ရှင်းပါပြီ)။

မသိလို့ဆုတောင်းတော့ ရတာက ဘာတုံး

မသိတာက (အဝိဇ္ဇာပါ ဘုရား)၊ တောင်းတာက-(တဏှာပါ)၊ အဲ-မသိလို့ဆုတောင်းတော့ ရတာက ဘာတုံး (အသုဘ ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် သူတို့နှစ်ခုသေမှ ဦးခင်မောင်ပြီးတယ် (မှန်လှပါ ဘုရား)၊ မောင်ထွန်းလှိုင် သဘောကျပြီလား (ကျပါပြီ ဘုရား)၊ သူတို့နှစ်ခု မသေသရွေ့ ကာလပတ်လုံး ဒကာ ဒကာမတို့ အေးအေးချမ်းချမ်း နေချိန်ရှိပါရဲ့လား-(မရှိပါ ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒီလိုလုပ်ကြပေတော့တဲ့၊ မသိတာက ဘာတုန်း (အဝိဇ္ဇာပါ ဘုရား)၊ လိုချင်တာက (တဏှာပါ)၊ ရတာက (အသုဘဒုက္ခသစ္စာပါ)၊ အသုဘဒုက္ခသစ္စာ၊ ရှင်းကြပါဦး။ ဘာတဲ့ (အသုဘဒုက္ခသစ္စာပါ ဘုရား)၊ မသိတာက (အဝိဇ္ဇာ ပါ)၊ လိုချင်တာက (တဏှာ)၊ ရတာက (အသုဘဒုက္ခသစ္စာပါ)။

ကိုင်း-ဒါဖြင့် အဝိဇ္ဇာတဏှာ၏ လက်ချက်ကြောင့်အသုဘလို့ ဒုက္ခသစ္စာကြီး ကျုပ်တို့ထမ်းပြီး မလည်ရဘူးလား (လည်ရပါတယ် ဘုရား)၊ သဘောပါကြပလား (ပါ,ပါပြီ)။

လူ့ပြည်ရောက်ပြန်လဲ၊ ခင်ဗျားတို့ရှင်တုန်းလဲ အသုဘ-(မှန်ပါ့) ရှင်တုန်းတော့ ကိုယ့်ဟာကိုယ်ထမ်းတဲ့ အသုဘ၊ သေတော့ သူများထမ်းတဲ့ (အသုဘပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ)၊ ရှင်တုန်းတော့ ကိုယ့်ဟာကိုယ်ထမ်းတဲ့ အသုဘပါ ဘုရား)။

ဒွန်းစဏ္ဍားသွားဖြစ်တယ်

ကိုယ့်ဟာကိုယ် ထမ်းတယ်ဆိုတော့ ကိုယ်က ဒွန်းစဏ္ဍားသွားဖြစ်တယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။ ကိုယ့်ဟာကိုယ်ထမ်းတယ်ဆိုတော့ (ဒွန်းစဏ္ဍား သွားဖြစ်ပါတယ်)၊ မနာပါနဲ့နော် (မှန်ပါ့)၊ အခုတရားလာနာကြတာ ဒကာ ဒကာမတို့၊ သူများထမ်းပို့သလား၊ ကိုယ့်ဟာကိုယ်ပဲ ထမ်းလာကြသလား (ကိုယ့်ဟာကိုယ်ထမ်းလာပါတယ် ဘုရား)။

အမယ်လေး ဘာထမ်းလာခဲ့ကြသလဲ (အသုဘဒုက္ခသစ္စာကိုထမ်းပါတယ်)၊ ဘယ်လူမျိုးမို့ ထမ်းသလဲ (ဒွန်းစဏ္ဍား မို့ထမ်းပါတယ်)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ကျုပ်တို့မျိုးရိုးမကောင်းပါဘူးနော် (မှန်ပါ့)။

ခန္ဓာဝန်ထမ်းသမားအဖြစ်ဟာ မကောင်းဘူးဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ နာအောင်ပြောတာလား၊ မှန်နေသလား အကဲခတ် (မှန်နေပါတယ် ဘုရား)၊ ဦးဝ-နာအောင် ပြောတာလား၊ မှန်တာလား (မှန်ပါတယ် ဘုရား)။

ဒါဖြင့် ကျုပ်တို့မျိုးရိုး ဒီခန္ဓာကိုထမ်းနေတဲ့ မျိုးရိုးဟာဖြင့် ဦးခင်မောင် အတော်ညံ့တဲ့မျိုးရိုး (မှန်ပါ့ ဘုရား)၊ ရှင်းပလား-(ရှင်းပါပြီ) ဒီခန္ဓာဝန်ထမ်းနေတဲ့ မျိုးရိုးဟာဖြင့် (ညံ့ပါတယ် ဘုရား)၊ ဘာအမျိုးထဲ သွင်းကြမလဲ (ဒွန်းစဏ္ဍား အမျိုးပါ ဘုရား)။

အမယ်လေး ကြောက်စရာကြီးပါသလား၊ ဒီတရားပွဲကျမှ ဖြစ်ရလေခြင်းလို့တော့ မလုပ်ကြနဲ့နော် (မှန်ပါ့ ဘုရား)၊ နဂိုကိုက ဒီအတိုင်းပဲ၊ ရိပ်မိကြပြီလား-(ရိပ်မိပါပြီ ဘုရား)။

ရှင်တုန်းကတော့ ဘယ်သူထမ်းရသတုန်း (ကိုယ့်ဟာကိုထမ်းပါတယ်)၊ သေတော့ဘယ်သူထမ်းသတုန်း (သူများ ထမ်းရပါတယ်)၊ သူများထမ်းရတယ်ဆိုတော့ ဒကာ ဒကာမတို့၊ သေတော့ ဒွန်းစဏ္ဍားဝဋ်က ဒီဘဝကျွတ်သွားတာနဲ့ သူများထမ်းရတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မသေခင်တော့ (ကိုယ့် ကိုယ်တိုင်ထမ်းရပါတယ်)၊ ဟာဒွန်းစဏ္ဍားဝဋ်မကျွတ်လို့ပေါ့ (မှန်ပါ့ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)၊ ဘာမကျွတ်တာပါလိမ့် (ဒွန်းစဏ္ဍားဝဋ်မကျွတ်တာပါ ဘုရား)။

အမျိုးလဲမကောင်း ထမ်းရတာလဲ မကောင်း

ဒါဖြင့် ဒကာ ဒကာမတို့၊ တစ်သံသရာလုံးကျုပ်တို့ ဘယ်အမျိုးအမည်နဲ့ အမှုထမ်းကြသတုန်း (ဒွန်းစဏ္ဍားအမည် နဲ့ အမှုထမ်းခဲ့ပါတယ် ဘုရား)၊ ရှင်းပြီးနော်-(မှန်ပါ့)၊ ရှင်းလို့ရှိရင် ဒါဖြုတ်ကြပါစို့ဗျာ၊ အမျိုးလဲမကောင်းပါဘူး၊ ထမ်းရတာလဲ မကောင်းဘူး (မှန်ပါ့)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ထမ်းရတာကကော (မကောင်းပါ ဘုရား)၊ အမျိုးကကော-(မကောင်းပါ ဘုရား)၊ အမျိုးကလဲ မကောင်းလို့ရှိရင်၊ ထမ်းရတာလဲ မကောင်းလို့ရှိရန် ဒကာ ဒကာမတို့၊ ဒီခန္ဓာကြီး အခုပေါ်လာပါပြီ (မှန်ပါ့)၊ ဘာသစ္စာတဲ့တုန်း-(ဒုက္ခသစ္စာ ပါ ဘုရား)။ သုဘလား၊ အသုဘလား-(အသုဘပါ ဘုရား)။

ဒါဖြင့် အသုဘ ဒုက္ခသစ္စာကို ကျုပ်တို့ ယနေ့ထူးထူးခြားခြား ကိုယ့်ခန္ဓာကိုယ်မြင်နေတယ်- (မှန်ပါ့)၊ ကဲ- ဆုတောင်းချင်ကြသေးသလား-(မတောင်းချင်ပါ ဘုရား)။ အင်း တဏှာဟာ အရမ်းသေသွားတာပဲ (မှန်ပါ့)၊ သဘောကျ ပြီလား (ကျပါပြီ)။

ဝိဇ္ဇာနဲ့အလောဘ ဖြစ်သွားတယ်

ခင်ဗျားတို့ ဝမ်းထဲမှာ ဒီတရားကလေးနာလိုက်တာနဲ့ တဏှာသေသွားတယ် (မှန်ပါ့ ဘုရား)၊ အသုဘဒုက္ခသစ္စာ လို့ သိတာက ဝိဇ္ဇာ (မှန်ပါ့)၊ မလိုချင်တာက အလောဘ-(မှန်ပါ့အလောဘပါ)၊ ကဲ ဝိဇ္ဇာနဲ့အလောဘ ဖြစ်သွားတယ် (မှန်ပါ့)၊ ဘာဖြစ်သွားပါလိမ့် (ဝိဇ္ဇာနဲ့အလောဘ ဖြစ်သွားပါတယ် ဘုရား)။

ဟော ဝိဇ္ဇာနဲ့ အလောဘ ဖြစ်တယ်ဆိုတော့ ဒကာ ဒကာမတွေမှတ်လို၊ အဝိဇ္ဇာလဲ ချုပ်သွားတယ် (မှန်ပါ့)။ လောဘကော (ချုပ်သွားပါတယ် ဘုရား)၊ ချုပ်သွားတော့ကို ဝိဇ္ဇာနဲ့အလောဘဖြစ်သွားတယ်။ သူ့ကို အသုဘဒုက္ခသစ္စာလို့ သိလိုက်တဲ့အတွက် (မှန်ပါ့ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုသိလိုက်ပါလိမ့် (အသုဘဒုက္ခသစ္စာလို့ သိလိုက်ပါတယ် ဘုရား)၊ အသုဘဒုက္ခသစ္စာလို့ မသိလိုက်ဘူးလား (သိလိုက်ပါတယ် ဘုရား)၊ သိလိုက်တဲ့အခါကျတော့ အသုဘပဲ ဒုက္ခသစ္စာပဲ၊ အသုဘပဲ ဒုက္ခသစ္စာပဲလို့ ဒကာ ဒကာမတွေက ဒီခန္ဓာကြီး ရှုတော့မယ် (မှန်ပါ့ ဘုရား)။

အခုဟာက သညာသိရှိသေးတာကိုး (မှန်ပါ့)၊ ပညာသိကျန်နေသေးတယ်၊ အခုဟာကဘာတဲ့ (သညာသိပါ ဘုရား)၊ နောက်ဘာသိကျန်ပါလိမ့် (ပညာသိကျန်ပါတယ် ဘုရား)၊ ပညာသိကျန်နေသေးတော့ ဝိပဿနာပွားယူရမယ် (မှန်လှပါ ဘုရား)။ ဘယ်လိုလုပ်ရမယ် (ဝိပဿနာပွားယူမှရပါမယ် ဘုရား)။ ဝိပဿနာပွားယူမှ ရမယ်ဆိုတာ သေချာ ကြပြီလား (သေချာပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့၊ ဝိပဿနာအလုပ်လုပ်ရမယ် (မှန်ပါ့ ဘုရား)။

သမ္မာဒိဋ္ဌိက ဝိဇ္ဇာပဲ

ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီဘက်က ဝိပဿနာဆိုတာ မဂ္ဂင်ငါးပါးလို့မနေ့က မပြောဘူးလား (ပြောပါတယ် ဘုရား)၊ ဒီအထဲ သမ္မာဒိဋ္ဌိက ဝိဇ္ဇာပဲ (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သမ္မာဒိဋ္ဌိက ဘာပါလိမ့် (ဝိဇ္ဇာပါ ဘုရား)။ ဝိဇ္ဇာမဂ္ဂင်ပဲ သူက-(မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီအထဲမှာ လောဘပါသလား။ အလောဘသာ ပါတော့တယ် (မှန်ပါ့ ဘုရား)၊ အလောဘသာ ပါတော့တယ်၊ မလိုချင်တာသာပါတော့တယ် (မှန်ပ့ါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲဒါဖြင့်ခန္ဓာငါးပါးကို တစ်ပါးပါးကို ဒကာ ဒကာမတို့ ဘာလုပ်ရမယ် (ဝိပဿနာရှုရပါမယ်)၊ ဝိပဿနာရှုရမယ် (မှန်ပါ့ ဘုရား)၊ အရှင်ဘုရားတပည့်တော် သိပြီးပြီ၊ အသုဘဒုက္ခသစ္စာသာပဲ၊ အို-ဒါက ဆရာပြောလို့ သိတာရှိသေးတယ်၊ ကိုယ့်ဉာဏ်နဲ့ ထိုးထိုးထွင်းထွင်းမသိရသေးဘူး-(မှန်ပါ့ဘုရာ)ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာနဲ့ စိတ်ကိုကြိုက်ရာရှုကြ

ဘယ်လိုသိရမယ် (ကိုယ့်ဉာဏ်နဲ့ထိုးထိုးထွင်းထွင်းသိရမယ်)၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီအထဲမှာ ဝေဒနာနဲ့ စိတ်ကိုကြိုက်ရာရှုကြစမ်း၊ သဘောကျပြီလား (မှန်ပါ့ ဘုရား)။

ဝေဒနာကလေးတစ်ခုပေါ်လာတယ်ဆိုလဲ ဒကာ ဒကာမတို့ ဖြစ်တယ်။ ယားတဲ့စိတ်ကလေး ဒီအပေါ်မှာပေါ် တယ်၊ ယားပြီးမပျောက်ဘူးလား-(ပျောက်ပါတယ် ဘုရား)၊ သူများသေတာလား၊ မိမိဝေဒနာသေတာလား (မိမိဝေဒနာ သေတင်ပါ ဘုရား)၊ ဒါဖြင့်မိမိသေတာပေါ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် မိမိသေတာသည် ဒကာ ဒကာမတို့ သုဘလား။ အသုဘလား (အသုဘပါ ဘုရား)၊ မိမိသေတာသည် ဒုက္ခလား၊ သုခလား (ဒုက္ခပါ ဘုရား)၊ ဒါလက်တွေ့ပြပါပြီ တဲ့၊ ဒကာ ဒကာမတို့ ကိုယ့်လက်ကို လက်သည်းကလေးနဲ့ လက်မောင်းကလေးတစ်ခုကို ခြစ်ကြည့်ပါတဲ့၊ ခြစ်ကြည့်တော့ ဝေဒနာကလေး မပေါ်ဘူးလား-(ပေါ်ပါတယ် ဘုရား)၊ ဒုက္ခဝေဒနာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒီအတိုင်းနေတော့ သုခဝေဒနာ (မှန်ပါ့ ဘုရား)၊ သုခဝေဒနာလဲ ပျက်လျက်ပဲ-(မှန်ပါ့)၊ ဒုက္ခဝေဒနာကော (ပျက်လျက်ပါပဲ ဘုရား)၊ ဒါဖြင့်ဒကာ ဒကာမတို့၊ သုခဝေဒနာလဲဖြစ်ပြီး ပျက်တော့အသုဘပဲ (မှန်ပါ့ ဘုရား)၊ ဘယ်သူသေ တာပါလိမ့် (မိမိသေတာပါ ဘုရား)၊ မိမိဟာ ဝေဒနာက္ခန္ဓာကိုးဗျ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက် မြင်အောင်ကြည့်စမ်းပါ

မိမိဟာ ဝေဒနာက္ခန္ဓာ ဖြစ်နေတော့ ဝေဒနာက္ခန္ဓာမသေဘူးလား-(သေပါတယ် ဘုရား)၊ သေတာသည် သုဘလား၊ အသုဘလား-(အသုဘပါ ဘုရား)၊ သေတာသည် ဒုက္ခလား၊ သုခလား-(ဒုက္ခပါ ဘုရား)၊ အဲဒါကြောင့်ဖြစ်ပျက် မြင်အောင်ကြည့်စမ်းပါ (မှန်ပါ့ ဘုရား)၊ ဝေဒနာကလေး တစ်လုံးဟာ ဖြစ်ပြီးပျက်တယ်၊ ဖြစ်ပြီးပျက်တယ်၊ စိတ်ကလေး တစ်လုံးဟာကော-(ဖြစ်ပြီးပျက်ပါတယ် ဘုရား)။

ဖြစ်ပြီးပျက်တယ်၊ ဖြစ်ပြီးပျက်တယ်လို့ ဒီကမဂ္ဂင်ငါးပါးနဲ့ ကြည့်ပေးစမ်းပါ-(မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတို့ အိမ်ကျတော့ထိုင်၊ ထိုင်ပြီးသကာလ ပထမတော့ လေကလေးမှန်မှန်ရှူမှန်မှန်ရှိုက်ပြီး နေရင်းမတ္တနဲ့ ဟိုကယား ဒီကယားနဲ့ လာလိမ့်မယ်၊ အဲဒါ လက်သည်းနဲ့ မဖျောက်နဲ့ မဖျောက်နဲ့ (မှန်ပါ့ ဘုရား)၊ မဖျောက်ပါနဲ့ ဒကာ ဒကာမတို့ အလုပ်သင်လွှတ် နေတယ်- (မှန်ပါ့ ဘုရား)။

အင်း ဘာပါလိမ့်မလဲဆိုတော့ ဝေဒနာကလေးပဲ၊ အဲဒါသည် ကားလို့ဆိုလို့ရှိရင် ဝေဒနာကလေးနဲ့၊ ဖောက်ပြန်လာ တာပဲ၊ “ဝိပရီဏာမလက္ခဏံ ဒုက္ခသစ္စံ” ဦးခင်မောင် (မှန်ပါ့ ဘုရား)၊ ဘာတဲ့တုန်း-(ဝိပရီဏာမလက္ခဏံဒုက္ခသစ္စံပါ ဘုရား)။ ဝိပရိဏာမလက္ခဏံ၊ ဖောက်ပြန်ခြင်း လက္ခဏာသည်။ ဒုက္ခသစ္စံ၊ ဒုက္ခသစ္စာပဲ-(မှန်ပါ့ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကလေးက ယားတာလဲ နဂိုကမရှိဘူး၊ ခုမှပေါ်လာတာ-(မှန်ပါ့)၊ နာတာကော- (ခုမှပေါ်လာတာပါ ဘုရား)၊ ဖောက်ပြန်လာတာပေ့ါဗျာ-(မှန်ပါ့ ဘုရား)။

ပေါ်ရာကို လှည့်ရှု

ဦးဝ, ဟုတ်သလား-(ဟုတ်ပါတယ် ဘုရား)၊ အဲဒါဘာသစ္စာတုန်း-(ဒုက္ခသစ္စာပါ ဘုရား)၊ အင်း ဒါ ဒုက္ခသစ္စာ ပါသလား ဒါ ဖြစ်ပျက် ဒုက္ခသစ္စာပါသလား၊ ဒါ ဖြစ်ပျက် ဒုက္ခသစ္စာပါသလားလို့ ခန္ဓာကိုယ်လှည့်ရှု (မှန်ပါ့ ဘုရား)။ ပေါ်ရာကို လှည့်ရှုပါ။

လှည့်ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် အသုဘ ဒုက္ခသစ္စာ မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)၊ မြင်တာက ဝိဇ္ဇာ၊ မလိုချင်တာက အလောဘ၊ ရှင်းပြီလား – (ရှင်းပါပြီ)၊ ဒါဖြင့် အဝိဇ္ဇာနှင့် တဏှာမသေဘူးလား – (သေပါတယ် ဘုရား)၊ ဒါဖြင့် မသိအောင်လုပ်တဲ့ အဝိဇ္ဇာ၊ ဆုတောင်းခိုင်းတဲ့တဏှာ မသေဘူးလား (သေပါတယ် ဘုရား)။

ဒါဖြင့် ဒီဝန်ကြီး နောက်ထပ်လာပါဦးမလား (မလာပါ ဘုရား)၊ ကျုပ်တို့သိပြီ၊ မထမ်းတော့ဘူး၊ ဒီအဓိပ္ပာယ်ရတယ် (မှန်ပါ့)၊ သိပြီဆိုတာက ဝိဇ္ဇာဖြစ်တာ (မှန်ပါ့)၊ မထမ်းတော့ဘူးဆိုတာက တဏှာသေသွားတာ-(မှန်ပါ့)၊ သိပြီးမထမ်းတော့ ဘူးဆိုတော့ နှစ်ချက်မပိုင်ဘူးလား-(ပိုင်ပါတယ် ဘုရား)။

သိပြီး မထမ်းတော့ဘူး

သိတာကဘာပါလိမ့် (ဝိဇ္ဇာပါ ဘုရား)၊ မထမ်းတော့ဘူးဆိုတာက တဏှာသေသွားတာ-(မှန်ပါ့)၊ သိပြီးမထမ်း တော့ဘူးဆိုတော့ နှစ်ချက်မပိုင်ဘူးလား-(ပိုင်ပါတယ် ဘုရား)။

သိတာက ဘာပါလိမ့် (ဝိဇ္ဇာပါ ဘုရား)၊ မထမ်းတော့ဘူးလို့ဆိုတာက-(အလောဘပါ)၊ အဲ ခန္ဓာမလိုချင်တော့ဘူး ဆိုတာက တဏှာချုပ်တာ-(မှန်ပါ့ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ သိပြီဆိုတာက (ဝိဇ္ဇာပါ)၊ မထမ်းတော့ဘူး ဆိုတာက (အလောဘပါ)၊ အလောဘဆိုတော့ တစ်ခါတည်းဒီအထဲမှာ ဒကာ ဒကာမတို့၊ မဂ္ဂင်ကောင်းကောင်းဆိုက်တယ် (မှန်လှပါ ဘုရား)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

မဂ္ဂင်ကောင်းကောင်းဆိုက်တယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)၊ ဒါဖြင့်ဘယ်နေရာမှာပေါ်တဲ့ ဓမ္မဖြစ်ဖြစ် ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုပေးပါ (မှန်လှပါ ဘုရား)။

ဝေဒနာတွေက အနှံ့အပြားပေါ်လိမ့်မယ်နော်-(မှန်ပါ့)၊ ဝမ်းသာတဲ့ဝေဒနာလာရင်လဲ ဘာလုပ်ကြမယ်-(ဖြစ်ပျက် ရှုရပါမယ်)၊ ဝမ်းနည်းတာကလေးပေါ်လဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ယားတဲ့ဝေဒနာ ပေါ်လာရင် (ဖြစ်ပျက်ရှုပေးရပါမယ်)၊ နာတာပေါ်လာမယ်-(ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

မြင်တာကလေးပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ မြင်တာလဲ ဥပေက္ခာဝေဒနာကိုးဗျ၊ ကြားတာဥပေက္ခာ ဝေဒနာဘာလုပ်ရမလဲ-(ဖြစ်ပျက်ရှုပေးရပါမယ်)၊ အဲဖြစ်ပျက်ရှုပါဆိုတဲ့ ဥစ္စာကဒကာ ဒကာမတို့ ရှုရတာမဟုတ်ပါဘူး၊ ကိုယ့်အသေကိုယ်မြင်အောင်ပြတာပါ-(မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ကိုယ်ခန္ဓာကြီးဟာ ဘာသစ္စာတဲ့ (ဒုက္ခသစ္စာပါ ဘုရား)၊ ထည့်လိုက်ပါဦး အသုဘ (အသုဘ ဒုက္ခသစ္စာပါ ဘုရား)၊ ကိုယ့်ဟာကိုယ်သေခြင်းကြောင့်လဲ အသုဘ (မှန်ပါ့)၊ သေတာသည် ဒုက္ခဖြစ်လေသောကြောင့်လဲ ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)၊ ဘာသစ္စာတဲ့-(အသုဘဒုက္ခသစ္စာပါ ဘုရား)၊ အဲဒါမြင်အောင်ကြည့် (မှန်ပါ့)။

တစ်ပါးတည်း ကွက်ကြည့်ပါ

မြင်အောင်ကြည့်ဆိုတော့ သူများမြင်အောင် ကြည့်ရမှာလား၊ ကိုယ့်ခန္ဓာထဲပေါ်တာ မြင်အောင် ကြည့်ရမှာလား (ကိုယ့်ခန္ဓာထဲပေါ်တာ မြင်အောင်ကြည့်ရမှာပါ)၊ အဲဒီတော့ ခန္ဓာကြီးက ငါးပါးဖြစ်နေတော့ တစ်ပါးတည်း ကွက်ကြည့်ပါ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)။

ခန္ဓာ ဘယ်နှစ်ပါးတဲ့-(ငါးပါးပါ ဘုရား)၊ ငါးပါးဖြစ်နေတဲ့အတွက် ဘယ်လိုကြည့်မယ် – (တစ်ပါးတည်း ကွက်ကြည့် ရပါမယ်)၊ တစ်ပါးတည်းကွက်ကြည့်၊ ဦးခင်မောင် ဝေဒနာဖြင့် ဝေဒနာတစ်ပါးတည်းကြည့် စိတ်ဖြင့် ဝိညာဏက္ခန္ဓာ တစ်ပါးတည်းကွက်ကြည့် (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ ကြည့်လိုက်တဲ့အခါကျလို့ရှိရင် စိတ်တွေထဲ ဝေဒနာပါသွားတယ် – (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် – (ရှင်းပါပြီ) ကဲ ဒါဖြင့်လဲ ဒီလိုကြည့်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ ဝိဇ္ဇာဆိုတာသည် ပညာပါပဲ (မှန်ပါ့ ဘုရား)။

ဒီလိုမြင်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့၊ ခန္ဓာကြီးကို လိုချင်သေးရဲ့လား (မလိုချင်ပါ ဘုရား)၊ မလိုချင်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ တဏှာ မဆိတ်ဘူးလား (ဆိတ်ပါတယ်)၊ ဥပါဒါန်ကော – (ဆိတ်ပါတယ်)၊ ကံကော (ဆိတ်ပါတယ်)၊ ဥပါဒါန်ကော – (ဆိတ်ပါတယ်)၊ ကံကော – (ဆိတ်ပါတယ်)၊ နောက်ဘဝလာဦးမှာလား (မလာပါ ဘုရား)။ ဪ ဘယ့်နှယ်ကြောင့် မလာပါလိမ့်မလဲဆိုတော့ အသုဘ ဒုက္ခသစ္စာသိလို့ (မှန်ပါ့ ဘုရား)၊ ဘယ်လို ဆုံးဖြတ်ချက်ချ မလဲ (အသုဘဒုက္ခသစ္စာသိလို့ပါ ဘုရား)၊ ဘယ်ခန္ဓာပါလိမ့် မိမိခန္ဓာ – (မှန်ပါ့ ဘုရား) မိမိခန္ဓာကို ဘယ်လိုသိရမယ် – (အသုဘဒုက္ခသစ္စာပါ ဘုရား)။

ဖြစ်လိုက် ပျက်လိုက် ဒုက္ခသစ္စာ

အဲ ခင်ဗျားတို့သိတာကတော့ ပုပ်ညှီနေမှ အသုဘ၊ ဟုတ်လား (မှန်ပါ့)၊ အင်း ဟင် နာလှချည်ရဲ့လို့အော်နေမှ ဒုက္ခသစ္စာ၊ ဒီလိုမယူပါနဲ့၊ တရားဓမ္မကလေးတစ်ခု ဖြစ်လိုက် ပျက်လိုက်ဆိုရင် ဦးခင်မောင် ဘယ်လိုဆိုကြမလဲ – (ဒုက္ခသစ္စာပါ ဘုရား)။ အသုဘဒုက္ခသစ္စာပဲ – (မှန်ပါ့)၊ ရိပ်မိကြပြီလား – (ရိပ်မိပါပြီ)။ ဘာသစ္စာတဲ့လဲ (အသုဘ ဒုက္ခသစ္စာပါ ဘုရား)။

အဲ့ဒီတော့ ခန္ဓာထဲမှာ ပေါ်ရာ စိတ်ပေါ်ရင် စိတ်ရှု၊ ဝေဒနာပေါ်ရင် – (ဝေဒနာရှုရပါမယ်)၊ ရှုလိုက်တဲ့အခါကျ တော့ ဘာမြင်ပါလိမ့် (အသုဘဒုက္ခသစ္စာပါ ဘုရား)၊ သူက အသုဘဒုက္ခသစ္စာ၊ ဒါက အသုဘ ဒုက္ခသစ္စာ မြင်တာက (မဂ္ဂသစ္စာပါ ဘုရား)၊ လိုချင်သေးရဲ့လား (မလိုချင်ပါ ဘုရား)။

မလိုချင်တော့ တဏှာ၊ ဥပါဒါန်တွေမချုပ်ဘူးလား – (ချုပ်ပါတယ်)၊ တဏှာ၊ ဥပါဒါန်တွေ ချုပ်တယ်ဆိုကတည်း က ဟိုဘက် ဇာတိ ဇရာ မရဏ ဘယ့်နှယ်နေသတုန်း (မလာပါ ဘုရား)၊ မလာရင် နိရောဓသစ္စာ ဖြစ်ရတော့မယ် ဆိုတော့ ဟိုဘက်မှ ခန္ဓာထမ်းဖို့ ထမ်းစရာခန္ဓာ ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။

ကိုင်း ဒီ ထမ်းတဲ့ ခန္ဓာကြီးကို အသုဘ ဒုက္ခသစ္စာသိရင် နောက်ထမ်းတဲ့ ခန္ဓာမပေါ်ဘူး – (မပေါ်ပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ)၊ ဒါကို မသိသေးသရွေ့ ကာလပတ်လုံး နောက်ထမ်းတဲ့ ဒုက္ခသစ္စာ ဘယ့်နှယ်နေကြသလဲ (ပေါ်ပါတယ် ဘုရား)၊ ပေါ်မယ်ဆိုတာ သေချာပြီလား (သေချာပါပြီ)၊ ဒါဖြင့် ဒီဥစ္စာ ဒကာ ဒကာမတို့ ဝိဇ္ဇာပညာနဲ့ ဒီကိလေသာမှ လွတ်မသွားဘူးလား – (လွတ်သွားပါတယ် ဘုရား)၊ ရှင်းပြီလား – (ရှင်းပါပြီ)။

သုသိမပရိဗိုဇ်

ဒါဖြင့် မနေ့က ဝတ္ထုကို နည်းနည်းပြန်ဆက်လိုက် (မှန်ပါ့)၊ သုသိမပရိဗိုဇ် မေးတော့ ရဟန္တာတွေက ဘယ်လို ဖြေလိုက်သလဲ၊ ပညာနဲ့ တို့ ကိလေသာမှ လွတ်လာတာ – (မှန်ပါ့ ဘုရား)၊ မဖြေဘူးလား – (ဖြေပါတယ် ဘုရား)၊ ဘာနဲ့ လွတ်လာသတဲ့လဲ (ပညာနဲ့ ကိလေသာမှ လွတ်ပါတယ် ဘုရား)။

အသုဘဒုက္ခသစ္စာကို မြင်တဲ့ပညာနဲ့ နောက်ကိလေသာတွေ လွတ်တယ်ကွ – (မှန်ပါ့ ဘုရား)၊ မတည့်ဘူးလား (တည့်ပါတယ် ဘုရား)၊ အသုဘ ဒုက္ခသစ္စာကို မြင်တဲ့ပညာနဲ့ ဘာလွတ်သွားသတုန်း – (နောက်ကိလေသာတွေ လွတ်ပါ တယ် ဘုရား)၊ နောက်ကိလေသာတွေ လွတ်တော့ နောက်ခန္ဓာတွေကော – (လွတ်ပါတယ် ဘုရား)၊ လွတ်တယ်ဆိုတာ မသေချာဘူးလား – (သေချာပါတယ် ဘုရား)။

အဲဒါကိုပင်လျှင် ရဟန္တာတွေကဖြေတာ ဒကာ ဒကာမတို့၊ မှန်သလား (မှန်ပါတယ် ဘုရား)၊ သို့သော် သုသိမ သဘောကျရဲ့လား (မကျပါ ဘုရား)။

သူက ရဟန္တာဖြစ်လို့ရှိရင် ဦးခင်မောင်ရေ – ကောင်းကင်ပျံနိုင်ရမယ်၊ မြေလျှိုးနိုင်ရမယ်ဆိုပြီး ဈာန်လမ်း ချည်းမေးတယ် (မှန်လှပါ)၊ ဈာန်လမ်းချည်းမေးတော့ ဟို ကိုယ်တော်တွေက ဈာန်လမ်းက နိဗ္ဗာန်ရောက်တာလားတဲ့၊ ဒကာ ဒကာမတို့၊ ဝိပဿနာလမ်းက ရောက်လာတာလား (ဝိပဿနာလမ်းက ရောက်လာတာပါ ဘုရား)။

ဟိုက သမထက ရဟန္တာဖြစ်လာတာ မဟုတ်ဘူး – (မှန်ပါ့)၊ ဝိပဿနာက (ရဟန္တာဖြစ်လာတာပါ)၊ အဲဒီတော့ ရဟန္တာကြီးတွေမဖြေဘူးလား၊ ဟေ့ သုသိမ၊ မင်းသည် ကားလို့ဆိုရင် ဒို့ကို ဈာန်လမ်းတွေလာမေးနေတယ်၊ ဒို့က ဝိပဿနာလမ်းက ရဟန္တာဖြစ်လာတာလို့ အမှန်ဖြေတာပဲ (မှန်ပါ့ ဘုရား)၊ ဖြေပင်ဖြေငြားသော်လဲ သုသိမ ဗဟုသုတ မရှိတော့ ဒကာ ဒကာမတို့၊ ကျေနပ်ပါရဲ့လား (မကျေနပ်ပါ ဘုရား)။

ဈာန်ခြောက် ပါတယ်

မကျေနပ်တော့ မင်းသိချင်သိ မသိချင်နေကွာ၊ ဒို့သည် ကားလို့ဆိုလို့ရှိရင်ဖြင့် ဈာန်လဲမပါ,ပါဘူး၊ ဈာန်ခြောက် ပါတယ်၊ ဝိပဿနာမျှနဲ့ ဝိပဿနာရှုတာနဲ့ ဒို့နိဗ္ဗာန်ရပါတယ် ဖြေလိုက်တယ် – (မှန်ပါ့ ဘုရား)၊ သဘောကျပြီလား – (ကျပါပြီ)၊ ဈာန်ကော မပါဘူးတဲ့ (မပါ,ပါ ဘုရား)၊ ဒကာ ဒကာမတို့၊ ဘာနဲ့ရသတုန်း (ဝိပဿနာနဲ့ ရပါတယ် ဘုရား)။

ဝိပဿနာ မတ္တေနေဝ ဝိမုတ္တာ – ကိုး၊ ဝိပဿနာ မတ္တေနေဝ၊ ဝိပဿနာမျှနဲ့ပဲ၊ ဝိမုတ္တာ၊ ကိလေသာမှ လွတ်ပါတယ်တဲ့၊ အဋ္ဌကထာဆရာက သေသေချာချာဖွင့်ပြတယ် (မှန်ပါ့ ဘုရား)၊ ကျေနပ်ပြီလား (ကျေနပ်ပါပြီ)၊ ဒါနဲ့ သုသိမ ဒကာ ဒကာမတွေ ဒီကိုယ်တော်တွေဖြေတာကို သူရှင်းရှင်းလင်းလင်း နားလည်ပါရဲ့လား – (မလည်ပါ ဘုရား)၊ မလည်တာနဲ့ ဘုရားဆီသွားတယ် (မှန်ပါ့)။

ဘယ်သွားပါလိမ့် (ဘုရားဆီသွားပါတယ်)၊ ဘုရားဆီသွားပြီ သုသိမက ဒီကိုယ်တော်တွေ သူမေးတဲ့ အကျိုး အကြောင်းတွေ ဘုရားဆီ အကုန်လျှောက်တာပေါ့ ဦးခင်မောင်ရေ – (မှန်ပါ့ ဘုရား)၊ ဦးဝ – အကုန်လျှောက်တယ်နော် (မှန်ပါ့ ဘုရား)။

ရှေ့က ဝိပဿနာ မဂ်ငါးခုနဲ့ ရှု

အဲ့ဒီတော့ ဘုရားတဲ့၊ ကိုယ်တော်တွေဖြေတဲ့ အဖြေဟာ တပည့်တော် မရှင်းဘဲဖြစ်နေတယ်၊ အဲဒီတော့ တပည့်တော်ကို သေသေချာချာ ရှင်းပေးပါဦးဘုရား၊ ဒီဥစ္စာ ဒီအတိုင်းပစ်မထားပါနဲ့ဆိုတော့ “ပုဗ္ဗေခေါ သုသိမ ဓမ္မဋ္ဌိတိ ဉာဏံ ဟောတိ” ၁ – နံပါတ် ဖြေလိုက်တယ်။

”ဗုဗ္ဗေခေါသုသိမ ဓမ္မဋ္ဌိတိ ဉာဏံ ဟောတိ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ” လို့ ဖြေလိုက်တယ် (မှန်ပါ့ ဘုရား)။ မြန်မာလိုပြန်လိုက်တော့ သေသေချာချာမှတ်ကြ ရှေ့က ဝိပဿနာ မဂ်ငါးခုနဲ့ ရှုကွ – (မှန်ပါ့ ဘုရား)၊ သဘောကျပြီ လား (ကျပါပြီ ဘုရား)။

နောက်က လောကုတ္တရာမဂ်ရှစ်ခု အလိုလိုလိုက်လာလိမ့်မယ်လို့ ဖြေလိုက်တယ် – (မှန်ပါ့ ဘုရား)၊ ရှေ့က ဝိပဿနာမဂ်နဲ့သာ ရှုပါတဲ့ ဦးခင်မောင် – (မှန်ပါ့ ဘုရား)၊ နောက်က မဂ္ဂင်ရှစ်ပါး သောတာပန်ဖြစ်တဲ့မဂ် အလိုလို လိုက်လာလိမ့်မယ် (မှန်ပါ့ ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဒါဘယ်သူဖြေတာပါလိမ့် (ဘုရားက ဖြေတာပါ ဘုရား)၊ ဗုဗ္ဗေခေါသုသိမ၊ ဒါက ဗုဗ္ဗေနော် – (မှန်ပါ့ ဘုရား)၊ သုသိမ၊ သုသိမ။ ဗုဗ္ဗေ၊ ရှေးကာလ၌၊ ဓမ္မဋ္ဌိတိဉာဏံ၊ ဝိပဿနာမဂ်ဉာဏ်သည်။ ဟောတိ၊ ဖြစ်၏။ ရှေ့က ဝိပဿနာမဂ်သာရှုကွ-တဲ့၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ တဲ့။ ပစ္ဆာ၊ နောက်ကာလ၌တဲ့။ နောက်တော့ နိဗ္ဗာန် မြင်တဲ့ဉာဏ် လာမယ်တဲ့ (မှန်ပါ့ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

နောက်တော့ နိဗ္ဗာန် မြင်တဲ့ဉာဏ် လာမယ်

ဒါဖြင့် ၁-နံပါတ်က အသုဘ ဒုက္ခသစ္စာ ဖြစ်ပါလိမ့်မယ်တဲ့ (မှန်ပါ့ ဘုရား)၊ ရှေ့မဂ်က ဘာဖြစ်မယ် (အသုဘ ဒုက္ခသစ္စာမြင်ပါမယ်)၊ နောက် ဒီမဂ်တွေ အားကြီးလာတဲ့အခါကျတော့ မဂ္ဂင်ရှစ်ပါးမလာဘူးလား (လာပါတယ် ဘုရား)၊ သူကတော့ နိဗ္ဗာန်မြင်တဲ့ဉာဏ် လာပါလိမ့်မယ်တဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ရှေ့ပိုင်းက ဒီမဂ်မပါဘဲနဲပ ဒီနိဗ္ဗာန် မြင်နိုင်ပါ့မလား (မမြင်နိုင်ပါ ဘုရား)။ ဒါဖြင့် ဝိပဿနာမဂ်အမြင်သည် ဖြစ်ပျက်ကိုမြင်တယ်- (မှန်ပါ့ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ သူက ရင့်လာလို့ ရှိရင် ဒကာ ဒကာမတို့ မဂ္ဂင်ရှစ်ပါး ဖြစ်ရမယ် – (မှန်ပါ့)၊ မဖြစ်လို့ရှိရင် နေနိုင်ပါ့မလား (မနေနိုင်ပါ ဘုရား)။

အဲဒါကျတော့ ခုနကအမြင်မျိုး မဟုတ်ဘူးတဲ့၊ နိဗ္ဗာန်မြင်ပါလိမ့်မယ် – (မှန်ပါ့ ဘုရား)၊ နိဗ္ဗာန်မြင်လို့ရှိရင်တော့ သောတာပတ္တိမဂ် အစစ်မှတ် (မှန်ပါ့ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဒါ ဘယ်သူဖြေတာတုန်း (ဘုရားဖြေတာ ပါ ဘုရား)၊ ဘုရားဖြေတာ။

ဗုဗ္ဗေခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ အရှေ့ပိုင်း ဝိပဿနာဉာဏ်နဲ့သာ ဖြစ်ပျက်မြင်အောင်ရှု၊ ဘုရားက ဘာတဲ့ ဒကာ ဒကာမတို့ (ဝိပဿနာဉာဏ်နဲ့ ဖြစ်ပျက်မြင်အောင်ရှုတဲ့)။

ရှေ့ပိုင်းက ဝိပဿနာဉာဏ်

ရှေ့ပိုင်းက ဝိပဿနာဉာဏ်နဲ့ ဖြစ်ပျက်မြင်အောင်ရှုတဲ့ နောက်ပိုင်းကျလာလို့ ဒီဝိပဿနာဉာဏ် ရင့်လာလို့ ရှိရင်၊ ဖြစ်တဲ့ – နိဗ္ဗာန်မြင်တဲ့မဂ္ဂင်ရှစ်ပါးလာလိမ့်မယ် (မှန်ပါ့ ဘုရား)။ ဝေးသလား ဒကာ ဒကာမတို့ (မဝေးပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးဆုပေးတဲ့အခါ ခင်ဗျားတို့ သေသေချာချာနားထောင်ရဲ့လား (မှန်ပါ့ ဘုရား)။ ဝိပဿနာဉာဏ် သည် မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သည်ဖြစ်စေ မလာဘူးလား (လာပါတယ် ဘုရား)၊ ဒါဖြင့် ဝိပဿနာဉာဏ်မပါပဲနဲ့ မဂ်ဉာဏ်ကော (မလာပါ ဘုရား)၊ မဂ်ဉာဏ်မရပဲနဲ့လဲ နိဗ္ဗာန်မြင်ပါ့မလား (မမြင်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ရှေ့ပိုင်းက ဘာအားထုတ်ရမယ်၊ (ဝိပဿနာဉာဏ် အားထုတ်ရပါမယ် ဘုရား)။ ဝိပဿနာဉာဏ် ဆိုတာ ခန္ဓာငါးပါးကြီး၏ ဖြစ်ပျက်က မြင်တဲ့ဉာဏ် (မှန်ပါ ဘုရား)။

သူ ရင့်လာလို့ရှိရင် ဘယ်ဉာဏ်လာမယ် (မဂ်ဉာဏ်လာပါမယ်)၊ မဂ်ဉာဏ်လာလို့ရှိရင် ဘာမြင်မယ် (နိဗ္ဗာန် မြင်ပါတယ် ဘုရား)။ နိဗ္ဗာန်မြင်တယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)၊ သဘောကျပြီနော် (ကျပါပြီ ဘုရား)။

ကိုင်း နာရီက စေ့သွားတယ်၊ နက်ဖြန်မှ ဟောကြစို့။

သာဓု သာဓု သာဓု။