10411

မာတိကာသို့

စရိုက် နှင့် လျှော်စွာ ကမ္မဋ္ဌာန်းပေးရပုံ

အသံဖိုင်ခေါင်းစဉ်= စရိုက်နှင့်လျှော်စွာ ကမ္မဋ္ဌာန်းပေးရပုံအမှတ်(၁)တရားတော်

စာအုပ်ထဲမှခေါင်းစဉ်= စရိုက်နှင့်လျှော်စွာ ကမ္မဋ္ဌာန်းပေးရပုံ (စိတ္တာနုပဿနာ နည်းမျိုးစုံနှင့် ဗာလပဏ္ဍိတအဆက်)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့ ဦးချစ်ဆွေ ဓမ္မာရုံ၌

ဟောကြားတော်မူသော

စရိုက် နှင့် လျှော်စွာ ကမ္မဋ္ဌာန်းပေးရပုံ တရားတော်

(စိတ္တာနုပဿနာ နည်းမျိုးစုံနှင့် ဗာလပဏ္ဍိတအဆက်)(၂၃-၂-၆၁)

သတ္တဝါအစ အဝိဇ္ဇာတဏှာက

လူမိုက် နဲ့ လူလိမ်မာ ထူးခြားပုံကို သုံးရက်ရှိပါပြီ ပြောခဲ့တာ၊ ဒါကြောင့် လူမိုက်က အဝိဇ္ဇာတဏှာချုပ်အောင် မလုပ်ဘူး၊ လူလိမ်မာက အဝိဇ္ဇာတဏှာချုပ်အောင် လုပ်သောကြောင့် သံသရာပြတ်တယ်ဆိုတာ ဦးခင်မောင်တို့ နားလည်ထားပါပြီ (မှန်ပ့ါ ဘုရား)။

အဲဒီတော့ လမ်းကလေးလည်း ရှေ့ပိုင်းက ခင်းကြပါဦးစို့၊ သတ္တဝါအစ အဝိဇ္ဇာတဏှာကလို့ မဟာဝဂ္ဂပါဠိတော် တွေမှာ မဟာဝါပါဠိတော်တွေမှာလည်း လာပါတယ် အမျိုးမျိုးသော ပါဠိတော်တွေမှာ။

”အနုမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော ဗုဗ္ဗကောဋိ နပညာယတိ

အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာ သံယော ဇာနာနံ သန္ဓာဝတံ သံသရတံ”(ခန္ဓဝဂ္ဂသံယုတ်ပါဠိ၊ ၁၂၁)

လို့ ဆိုတဲ့ဥစ္စာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟောလို့ သတ္တဝါအစ အဝိဇ္ဇာတဏှာဆိုတာ ဒကာ ဒကာမတွေ မှတ်ရလိမ့်မယ်နော် (မှန်ပါ့)။

သတ္တဝါအစ ဘယ်ကပါလိမ့် (အဝိဇ္ဇာတဏှာကပါ ဘုရား) ကိုင်း အဝိဇ္ဇပစ္စယာ သင်္ခါရာပဲလို့ ဆိုလိုက်ပါတော့။

ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာသင်္ခါရကြောင့် ဘာဖြစ်လာသတုန်းလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ဒီအတိတ်အကြောင်း နှစ်ခုကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဝိညာဏ် နာရုပ် သဠာယတန ဖဿ ဝေဒနာ ဖြစ်တော့ကို ခန္ဓာလို့ ဖွဲ့လိုက်တော့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာကို ခန္ဓာဖွဲ့လိုက်တော့ ဘယ်နှစ်ပါး ဖြစ်သွားသတုန်း (ငါးပါးပါ ဘုရား)။

ငါးပါးမှတပါး ပိုပြီးသကာလ မထွက်လာပါဘူးနော် (မှန်ပါ့) ဪ ဒါသည်ကားလို့ဆိုရင် မည်သူတွေပါလိမ့် မလဲလို့မေးတော့ အဝိဇ္ဇာသင်္ခါရက လုပ်လိုက်တာက ပဋိစ္စသမုပ္ပါဒ် အလိုတော့ ဝိညာမ် နာရုပ် သဠာယတန ဖဿ ဝေဒနာလို့ ဆိုကြမှာဘဲနော် (မှန်ပါ့)။

သတ္တဝါသညာပြုတ်နေတယ်

အဲဒီကဲ့သို့ ပဋိစ္စသမုပ္ပါဒ် နားလည်ပြန်တော့လည်း သတ္တဝါသညာပြုတ်နေပါတယ် (မှန်ပါ့) သတ္တဝါသညာ ဘယ့်နှစ်နေပါလိမ့် (ပြုတ်ပါတယ် ဘုရား)။

အဲဒီ သတ္တဝါပါကြရဲ့လား (မပါပါဘူး ဘုရား) ဪ သတ္တသညာ ပြုတ်နေတယ်၊ ဒါကြောင့် ဒကာ ဒကာမတွေ ပြောရတယ်၊ ပဋိစ္စသမုပ္ပါဒ်မှ နားမလည်ဘူးလို့ ကိုယ့်ဖြစ်ကြောင်းမှ ကိုယ်ကောင်းကောင်း မသိဘူးဆိုလို့ရှိရင် သတ္တဝါ ဟူသော သညာသည် ပျေက်ပါ့မလား (မပျောက်ပါဘူး ဘုရား)။

ကိုင်း အခုတော့ အဝိဇ္ဇာသင်္ခါရဆိုတဲ့ တရားနှစ်ခုကြောင့် အဝိဇ္ဇာတဏှာကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဖြစ်ပါတယ်၊ တပေါင်းတည်းဖြစ်ပါတယ်လို့ မှတ်ထား လိုက်တော့ ဒကာ ဒကာမတွေ ဒီအထဲမှာ အဝိဇ္ဇာသင်္ခါရကာ ယောကျာ်းကလေး တည်ထောက်လိုက်သလား မိန်းကလေးတည်ထောင်လိုက်သလားလို့ မေးရင်း ဘယ့်နှယ်ပြောပါ့မလည်း (ခန္ဇာငါးပါးတည်ထောင်ပါတယ်)။

ခန္ဓာငါးပါး၊ သူ့ပဋိစ္စသမုပ္ပါဒ်အလိုဖြင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာပေါ့ဗျာ (မှန်ပါ့) ခန္ဓာလိုဖွဲ့လိုက်တော့ ခန္ဓာငါးပါးပဲ တည်ထောင်လိုက်တာပဲ (မှန်ပ့ါ)။

ခန္ဓာငါးပါးဆိုတာ

ဘယ်ဟာများ တည်ထောက်လိုက်ပါလိမ့် (ခန္ဓာငါးပါး တည်ထောင်လိုက်ပါတယ် ဘုရား) ခန္ဓာငါးပါး တည်ထောင်လိုက်တယ်ဆိုတာ သေချာပါတယ်နော် (မှန်ပါ့)။

ခန္ဓာငါးပါးဆိုတာ ဒကာ ဒကာမတွေ ကိုင်တွယ်ရတာကြီးက ရုပ်ပေါ့ဗျာ (မှန်ပါ့) ဒီအထဲ ကောင်းတာ မကောင်းတာ ခံစားတာက ဝေဒနာ၊ မှတ်တာက သညာ၊ သွားဘို့လားလို့ တိုက်တွန်းနှိုးဆော်တဲ့ စေတနာက သင်္ခါရ ဟိုဟာသိ – ဒီဟာမသိ သိလုံးကလေးတွေဟူသ၍က ဝိညာဏ်ဆိုတာတော့ ဒကာ ဒကာမတွေ နားရေတွေ ဝနေလို့ အထူးပြောဘို့ မလိုပါဘူး (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာသင်္ခါရက တည်ထောင်လိုက်တာ ခန္ဓာဘယ်နှစ်ပါး တည်ထောင်လိုက်ပါလိမ့် (ငါးပါး ဘုရား)။

ငါးပါး တည်ထောင်လိုက်တဲ့ အခါကျလို့ရှိရင် ဪ ဒါတရားပွဲ တပွဲလုံးမှာ ပဋိသန္ဓေတုန်းကလည်း ဒါပဲ တည်ထောင်လိုက်တယ်၊ ပဝတ္တိ အခါမှာလည်း ဒါတွေပဲ ရုပ်အဆက်ဆက် နာမ်အဆက်ဆက် အနန္တရအဆက်ဆက်တွေ နဲ့ ဖြစ်ပြီးလာတော့ ယခုလည်း ဘယ်နှစ်ပါး နေကြသတုန်းလို့မေးရင် ဘယ့်နှယ်ဖြေ ကြပါ့မလည်း (ငါးပါးပါပဲ ဘုရား)။

ဪ ယခုလည်း ငါးပါးနဲ့ပဲ နေကြတော့ သိကြပါပြီတဲ့ အဲ့ဒီငါးပါးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေသည် ဒီခန္ဓာငါးပါးကို မနေ့က ပြောခဲ့တယ်၊ ဒီငါးပါးဘာလုပ်ကြမတုန်းလို့ မေးတဲ့အခါကျတော့ ဒီငါးပါးကို အဝိဇ္ဇာတဏှာမလာအောင် လုပ်ရမှာပဲ (မှန်ပါ့ ဘုရား)။

ဒီငါးပါး ကြည့်ပြီးသကာလ ဘာလုပ်ရမလည်း (အဝိဇ္ဇာတဏှာ မလာအောင်လုပ်ရပါမယ် ဘုရား) အဝိဇ္ဇာတဏှာ မလာအောင် လုပ်ရလိမ့်မယ်ဆိုတာ သဘောပါပလား (ပါပါပြီ)။

အဝိဇ္ဇာတဏှာလာလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သိတဲ့အတိုင်း ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာငါးပါးနောက်ထပ် လာလိမ့်ဦးမယ်ဆိုတဲ့ဥစ္စာက သေချာပါတယ် မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒါကလေး သေချာတော့မှ ဦးခင်မောင်ရေ သူ့နောက်က ဘာမလိုက်လို့ အရေးကြီးပါလိမ့် (အဝိဇ္ဇာတဏှာ မလိုက်ဘို့ အရေးကြီးပါတယ်)။

အဝိဇ္ဇာတဏှာ မလိုက်ဘို့ အရေးကြီးတယ်

သေသေချာချာ မှတ်ကြပါ ဒကာ ဒကာမတို့ ခန္ဓာငါးပါးနောက်က အဝိဇ္ဇာတဏှာ မလိုက်ဘို့ အရေးကြီးတယ် (မှန်ပ့ါ)။

ဘာမလိုက်ဘို့အရေးကြီးပါလိမ့် (အဝိဇ္ဇာနဲ့တဏှာမလိုက် အရေးကြီးပါတယ်။

ဪ အဝိဇ္ဇာတဏှာမလိုက်ဘို့ အထူးဘဲ အရေးကြီးတယ် (မှန်ပါ့) အကယ်၍များ လိုက်များ လိုက်လာခဲလို့ ရှိရင် ဒို့ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီး ပွားရချည်သေးရဲ့ ထမ်းရချည်သေးရဲ့ ပိုးရချည်သေးရဲ့ဆိုတာာဖြင့် ငြင်းဘို့ လိုသေးသလား (မလိုပါဘူး ဘုရား) သဘောပါကြလား (ပါ-ပါတယ်)။

ဒီတရားနှစ်ခုသာ အဝိဇ္ဇာတဏှာသာ လိုက်မယ်ဆိုရင် ဒီခန္ဓာငါးပါး ဒုက္ခသစ္စာ အသေကြီးဟာ လာဦးမလား မလာပေဘူးလား (လာမှာပါ ဘုရား)။

ဒုက္ခသစ္စာ အသေကြီးဟာ ဒကာ ဒကာမတို့မြင်တဲ့ အတိုင်းဘဲနော် (မှန်ပါ့) အဝိဇ္ဇာသင်္ခါရက ဒီကနေခန္ဓာငါး ပါးလာတယ်၊ ဒီခန္ဓာငါးပါးကိုပြန်ပြီးသကာလ ခန္ဓာငါးပါးရယ်လို့လည်းကောင်း၊ ဒုက္ခသစ္စာရယ်လို့လည်းကောင်း၊ မသိပြန် လို့ရှိရင် အဝိဇ္ဇာ ဘဝတဏှာမလာပေဘူးလား (လာပါတယ် ဘုရား)။

အဝိဇ္ဇာက မသိတာ ဘဝတဏှာက ဘဝကိုခင်တာ

အဝိဇ္ဇာနဲဘာတဏှာ၊ အဝိဇ္ဇာက မသိတာ ဘဝတဏှာက ရောက်ရောက် ကိုယ့်ခန္ဓာကိုယ်ခင်တာပေါ့ဗျာ (မှန်လှပါ ဘုရား)။

အဝိဇ္ဇာက (မသိတာ) ဘဝတဏှာက (ဘဝကိုခင်တာ ဘုရား) အဲရရာ ခန္ဓာကိုခင်တာ ဘဝတဏှာ အခု ဒကာ ဒကာမတွေ ခန္ဓာကလေးနဲ့ ရွက်ပြီးသကာလ မော်တော်ကားကလေးနဲ့ ဘယ်သွားရလည်း ကိုယ့်ခန္ဓာကလေးနဲ့ ကိုယ်ဟာ ပျော်နေတာပဲ၊ ခြေလျင်ကလေးသွားလိုက်ရလို့ရှိရင်လည်း ကိုယ့်ခန္ဓာကလေးနဲ့ ကိုယ်စိုက်စိုက်သွားရ ပျော်နေတာ ပဲ (မှန်ပါ့ ဘုရား)။

ကြည့်စမ်း ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် ပျော်ပါးလိမ့်မလဲလို့ ဦးဝတို့မေးရင်ဖြင့် ဘဝတဏှာ ချော့ ထားလို့သာဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဘယ်သူချော့တာပါလိမ့် (ဘဝတဏှာ ချော့ထားပါတယ် ဘုရား) ဘဝတဏှာဆိုတာက ဟောဒါကြီးက ခင်ဗျား တို့၏ ကာမဘဝကြီး၊ ကာမဘဝကြီးထဲမှာ နောက်ကတဏှာ ဪ မင်းအရတော်တယ် မင်းချော့တယ် မင်းလှတယ် မင်းဝတယ်ဆိုပြီး မင်းအကျိုးပေးဟာမင်းဖေ မင်းအမေ မင်းဆွေမျိုး မင်းအိမ် မင်းယာ မင်းတိုက် မင်းကားနဲ့ဆိုပြီး ဘဝတဏှာချော့ထားတယ် (မှန်ပ့ါ)။

ဒကာ ဒကာမတွေ ဒီခန္ဓာကြီး ထမ်းရတယ် ပိုးရတယ် ဒုက္ခသစ္စာထည်ကြီး အသုဘထည်ကြီး မြင်သေးရဲ့လား (မမြင်ပါဘူး)။

ဒါ ဘယ်သူချော့ထားလိုက်ပါလိမ့် (ဘဝတဏှာကချော့ထားလိုက်တာပါ ဘုရား) ဘဝတဏှာချော့ထားလိုက်တာ သေချာကြပလား (သေချာပါပြီ)။

ဒုက္ခသစ္စာ ဖုံးကွယ်ထားတာ

ဪ ဒါကြောင့် ဒကာ ဒကာမတွေမှ မသိအောင်ဖုံးကွယ်ထားတာက ဒုက္ခသစ္စာ ဖုံးကွယ်ထားတာက ဒုက္ခေ အဉာဏံ ဆိုတဲ့အတိုင်း အဝိဇ္ဇာပေါ့ဗျာ (မှန်ပ့ါ)။

ဒုက္ခေအဉာဏံဟာ ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ ဒုက္ခေ = ဒုက္ခသစ္စာ၌၊ အဉာဏံ = မသိအောင် ဖုံးလွှမ်း ခြင်းသည်၊ အဝိဇ္ဇာ – အဝိဇ္ဇာပဲ။

ဪ သူကဖုံးပြီးသကာလ ထားလိုက်တော့ ဘဝတဏှာက ရောက်ရာမပျော်လားဗျာ (ပျော်ပါတယ် ဘုရား)။

အဲဒီတော့ ဒီခန္ဓာငါးပါးက ဘာတွေများပေါက်ပွားလာပါလိမ့်မလဲလို့ဆိုလို့ရှိရင် ခန္ဓာမျိုးစေံ ပေါက်ပွားတယ် ဘဲ ဆိုလိုက်ပါတော့ (မှန်ပါ့)။

ဦးခင်မောင် ဘာပေါက်ပွားပါလိမ့် (ခန္ဓာမျိုးစေပေါက်ပွားလာပါတယ် ဘုရား) နဂိုရ်က ဒီခန္ဓာမျိုးစေ့ကြောင့် ဒီခန္ဓာပင်ပေါက်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အဝိဇ္ဇာတဏှာမျိုးစေ့ကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာကြီး ပေါက်ပွားလာပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

တခါ ဒီအပင်ကြီးက ဘာတွေများသီးပါလိမ့်မတုန်း မေးမြန်တော့လည်း (အဝိဇ္ဇာတဏှာပဲ သိးပါတယ်)။

အဝိဇ္ဇာတဏှာဆိုတဲ့ မျိုးစေ့တွေပဲ ပြန်ပြီးသကာလ မြေပေါ်ကျပြန်တယ် (မှန်ပ့ါ ဘုရား)။

မြေပေါ်ကျပြန်တော့ ဘာပင်များ ပေါက်မှာပါလိမ့်မတုန်းလို့ ဒကာမတွေက အကဲခတ်စမ်း (ခန္ဓာငါးပါးပဲ ဘုရား)။

ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးလည်း ပေါက်ပွားလာတယ်ဆိုတာ သဘောကျပလား (မှန်ပါ့ကျပါပြီ)။

ဒုက္ခသစ္စာတွေပဲ ပေါက်ပွားရမယ်

ကောင်းပြီဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီမျိုးစေ့သာ ပေါက်ပွားရင် ဒီအပင်ဖြစ်လိမ့်ဦးမယ် ဆိုတာကဖြင့် ငြင်းစရာမရှိအောင် မှန်တယ်၊ မမှန်ဘူးလား (မှန်ပါတယ်) ဒီမျိုးစေ့ဘာကျလို့ရှိရင် ဒီအပင်ကြီးဟာ ဘယ့်နှယ်ပါလိမ့် (ပေါက်မှာ ဘုရား) ပေါက်ဦးမယ်၊ ပေါက်ရင် ဇာတိဒုက္ခသစ္စာ၊ ဇရာဒုက္ခသစ္စာ၊ ဗျာဓိဒုက္ခသစ္စာ၊ မရဏ ဒုက္ခသစ္စာတွေပဲ ဒကာ ဒကာမတွ ပေါက်ပွားရမယ်ဆိုတာ သေချာလားဗျာ (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ လူမိုက်နဲ့လူလိမ်မာ ဘာထူးသတုန်းဆိုတဲ့ ဥစ္စာသည် ဒီမျိုးစေ့ နှစ်ခု မကျလို့ ရှိရင်ဖြင့် လူလိမ်မာ (မှန်ပ့ါ) ဒီမျိုးစေ့နှစ်ခုကျလာရင် (လူမိုက်ပါ ဘုရား)။

အဝိဇ္ဇာ တဏှာဆိုတဲ့ မျိုးစေ့ ဒီခန္ဓာထဲက သီးပွင်းလာခဲ့လို့ရှိရင် ဘာဆိုကြပါလိမ့် (လူမိုက်ပါ ဘုရား)။

ဟာမသီး မပွင့်ပ့ါဘူးဘုရား၊ သူက သီးပွင့်တာက ဆရာသမားကောင်း သူတော်ကောင်းနဲ့ တွေ့တဲ့အခါကျတော့ အဝိဇ္ဇာ နဲ့ အလောဘ သီးပွင်း့ပါတယ်ဆိုလို့ရှိရင်လည်း မျိုးစေ့ပေါက်နိုင်စရာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) သဘော ပါကြလား (ပါပါတယ် ဘုရား)။

အဲဒါကြောင့် ယနေ့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လူလိမ်မာ အဖြစ်ထဲသို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဧကန်သွင်းတကယ်သွင်းရမှာ ဖြစ်နေတော့ ဒကာ ဒကာမတို့ ခန္ဓာကို ကြည်ကြစို့နော် (မှန်ပါ့)။

ခန္ဓာကိုကြည့်တယ်ဆိုလို့ရှိရင် ခန္ဓာကို အကြည့်မှန်ခဲ့လို့ ရှိရင်ဖြင့် ဝိဇ္ဇာဖြစ်ပြီး ဝိဇ္ဇာဖြစ်ခဲ့လို့ ရှိရင်ဖြင့် ခန္ဓာ အကြည့်မှန်လို့ ဝိဇ္ဇာဖြစခဲ့သည်ရှိသော ဒကာ ဒကာမတို့ ခင်ပါဦးမလား (မခင်ပါဘူး ဘုရား)။

ဘဝတဏှာက မလာဘူးပေါ့ဗျာ (မှန်ပါ) မလာရင် အလောဘလို့ဆိုရင် လွဲပါ့မလား (မလွဲပါဘူး)။

ဒါဖြင့် ဝိဇ္ဇာနဲ့ အလောဘ ဖြစ်ရမယ် (မှန်ပ့ါ) ဗြောင်းပြန်ကို ဖြစ်မှ ကိုက်မယ် (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာနဲ့ တဏှာလာရင် ခန္ဓာပင်ပြန်ပေါက်မယ်

အဝိဇ္ဇာနဲ့ တဏှာလာရင် ခန္ဓာပင်ပြန်ပေါက်မယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) အဝိဇ္ဇာနဲ့တဏှာလာရင် (ခန္ဓာပင်ပြန်ပေါက်ပါမယ်)။

ဝိဇ္ဇာနဲ့ အလောဘလာရင် (ခန္ဓာပင်မပေါက်ပါ) ခန္ဓာဇာတ်သိမ်းပါလိမ့်မယ်နော် (မှန်ပ့ါ) ဒကာ ဒကာမတို့ ဘယ်လိုပါလိမ့် (ခန္ဓာဇာတ်သိမ်းပါလိမ့်မယ်) ခန္ဓာဇာတ်သိမ်းလိမ့်မယ် ကိုမြေရွှေတို့ ဦးဇံရင်တို့ (မှန်ပါ့)။

ဒါဖြင့် ဝိဇ္ဇာနဲ့ အလောဘဖြစ်ဘို့ အရေးဟာကဖြင့် ဘုရားပွင့်ပြီး ကလျာဏ မိတ္တနဲ့ တွေ့မှာပဲ (မှန်ပါ့)။

ဘယ်လို မှတ်ကြမယ် (ဘုရားပွင့်ပြီး ကလျာဏမိတ္တနဲ့တွေ့မှပါ ဘုရား) ဪ ဘုရားလဲပွင့်ပါဦးမှ ပွင့်ပြီးဘုရား တည်းဟူသော ကလျာဏ မိတ္တနဲ့တွေ့ဦးမှ ဝိဇ္ဇာနဲ့ အလောဘဖြစ်မယ် (မှန်ပါ့) သူ့ဟာသူပွင့်ပြီး မိမိနဲ့ မတွေ့ပြန်လို့ရှိရင် လည်း ဝိဇ္ဇာနဲ့ အလောဘ ဖြစ်ပ့ါမလား (မဖြစ်ပါဘူး ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဘုရားသာသနာကြုံရတော့လည်း ကိုယ်ကမိစ္ဆာဒိဋ္ဌိဖြစ်နေပြန်တော့လည်း မတွေ့ရာရောက်ပါတယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဦးခင်မောင်ရေ ယခုအချိန်ဖြင့် ဘုရားသာသနာတော်ကြီးကလည်း ရှိသေးတော့ ဘုရားကလည်း မှားပစ်ခဲ့တော့

ယောခေါ အာနန္ဒ မယာ ဓမ္မောစ ဝိနယောစ ဒေသိတော ပညတ္တော၊ သော ဝေါ မမပစ္စယေန သတ္ထာ။(မဟာဝဂ္ဂပါဠိ၊ ၁၂၇)

လို့ ငါမရှိလို့ရှိရင်ကွာ ပိဋကတ် သုံးပုံတွေ ပြန်ပြီးသကာလ ပြန်ပြီးသကာလပြောကြားတဲ့ ဆရာသမားတွေဟာ မင်းတို့ ဆရာတွေ ဖြစ်ရစ်ပါလိမ့်မယ်ဆိုတဲ့အတိုင်း အခုဘုန်းကြီးတို့ကလည်း တဆင့် ဆရာလုပ်တာပဲ (မှန်ပါ့ ဘုရား)။

ပဋိကတ်တွေကြည့်ပြီး ဆရာလုပ်ရပါတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်ပါပြီ ဘုရား) ကောင်းပြီ ဒါဖြင့် ဘာဖြစ်မှ အေးကြမှာပါလိမ့်မလည်း (ဝိဇ္ဇာနဲ့ အလောဘဖြစ် မှ အေးကြမှာပါ ဘုရား)။

ဝိဇ္ဇာနဲ့ အလောဘဖြစ်မှပဲ ဒုက္ခဇာတ်သိမ်းမယ်

ဝိဇ္ဇာနဲ့ အလောဘဖြစ်မှပဲ ဒုက္ခဇာတ်သိမ်းမယ် (မှန်ပါ့) ဝိဇ္ဇာနဲ့ အလောဘဖြစ်မှ (ဒုက္ခဇာတ်သိမ်းမယ်မှာ ပါ ဘုရား) ဒုက္ခဇာတ်သိမ်းတော့မယ်ဆိုတာ သေချာပလား (သေချာပါပြီ)။

ကိုင်းဒါဖြင့် ဝိဇ္ဇာနဲ့ အလောဘဖြစ်အောင်ပဲ ကလျာဏ မိတ္တတည်းဟူသော သူတော်ကောင်းနဲ့ ဓမ္မက္ခန္ဓာတွေ ဆရာထားပြီးသကာလ ဒကာ ဒကာမတွေ ကြိုးစားကြပါစို့ (မှန်လှပါ့ ဘုရား)။

ကြိုးစားကြပါစို့ ဆိုတော့ ဒိက ခန္ဓာငါးပါး (မှန်ပါ့) ခန္ဓာငါးပါးမနေ့က မနေ့ကမဆုံးခဲ့ဘူး ဒကာ ဒကာမတွေ ခန္ဓာငါးပါးကို ငါးပါးစလုံး ရှုရမယ်ဆိုတော့ ဖြစ်ပုံပျက်ပုံခြင်းက မတူကြဘူး (မှန်ပါ့ ဘုရား)ရုပ်တရားက အဖြစ်အတူတူ ထား အပျက်နှေားသဗျာ (မှန်ပါ့)။

နာမက္ခန္ဓာလေးပါးကတော့ ဖြစ်တူပျက်တူမို့ အဖြစ်လည်းမြန်တယ်၊ အပျက်လည်းမြန်တယ်ဆိုတာ သေချာ ပါတယ်နော် (သေချာပါတယ် ဘုရား)။

ခန္ဓာငါးပါးလုံး ရှုရမှာလား

အဲဒီသေချာတဲ့ အထဲမှာပဲ ခန္ဓာငါးပါးလုံး ရှုရမှာလားလို့ မေးတဲ့အခါကျတော့ သတိပဋ္ဌာန်ပါဠိတော်က ဟေ့ လေးပါးသာ အရေးကြီးတယ်လို့ ပြောထားတယ်နော် (မှန်ပါ့)။

ဒါဖြင့် ကာယာနုပဿနာက ရူပက္ခန္ဓာ (မှန်ပါ့) ဦးခင်မောင်ရေ ကာယာနုပဿနာက (ရှုပက္ခန္ဓာပါ ဘုရား)။

ဝေဒနာစေတသိတ်က (ဝေဒနာနုပဿနာပါ ဘုရား) အေး သညာသင်္ခါရက ဓမ္မာနုပဿနာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

သညာသင်္ခါရက (ဓမ္မာနုပဿနာပါ ဘုရား) စိတ်ကလေးက (စိတ္တာနုပဿနာပါ ဘုရား)။

စိတ္တာနုပဿနာဆိုတော့ ဒကာ ဒကာမတွေ သတိပဋ္ဌာန်က တစ်၊ နှစ်၊ သုံး၊ လေးပဲရှိပါတယ် (မှန်ပါ့)။

အဲဒီတော့ သတိပဋ္ဌာန်လေးပါးတော့ဖြင့်တွေ့ပြီ ဒကာသစ်ရေ (မှန်ပါ့) မတွေ့သေးဘူးလား (တွေ့ပါတယ် ဘုရား)။

ရုပ်တရားက ဘာတဲ့ဗျာ (ရူပက္ခန္ဓာပါ) ကာယာနုပဿနာသတိပဋ္ဌာန်နော် (မှန်ပါ့) ဝေဒနာက (ဝေဒနာနုပဿ နာ သတိပဋ္ဌာန်ပါ) သညာသင်္ခါရက (ဓမ္မာနုပဿနာသတိပဋ္ဌာန်ပါ) ဓမ္မာနုပဿနာ သတိပဋ္ဌာန်ရှင်းပြီနော် (မှန်ပါ့) စိတ်က (စိတ္တာနုပဿနာ သတိပဋ္ဌာန်ပါ)။

ဪ သတိပဋ္ဌာန်နဲ့ ဝေဖန်လိုက်တော့ ခန္ဓာငါးပါးဟာ လေးဖြစ်သွားတယ် (မှန်ပါ့) ခန္ဓာငါးပါးဟာ ဘာလာ ဖြစ်ပါလိမ့် (လေးဖြစ်ပါတယ် ဘုရား)။

ဒါ မမေ့ပါနဲ့ ဒကာ ဒကာမတို့ ငါးပါးစလုံးရှုပြီး ကျုပ်တော့ ခန္ဓာငါးပါး မပြတ်မလပ် ရှုနေတာပဲလို့ ဆိုလိုက်လို့ရှိ ရင်လည်း ကုသိုလ်တော့ဖြစ်ပါရဲ့၊ သတိပဋ္ဌာန်နဲ့ မကိုက်တဲ့အတွက် မဂ်ဉာဏ် ဖိုလ်ဉာဏ် အရောက်နှေးနေမှာလည်း ဦးခင်မောင် စိုးရိမ်ရတယ် (မှန်လှပါ ဘုရား)။

မောင်ထွန်းလှိုင်ရေ မစိုးရိမ်ဘူးလား (စိုးရိမ်ပါတယ် ဘုရား)။

အဲဒါကြောင့် သတိပဋ္ဌာန်နဲ့ ဝေဖန်လိုက်တော့ ခန္ဓာငါးပါးဟာ ဘယ်နှစ်ပါးရသတုန်း (လေးပါးရပါတယ် ဘုရား) လေးပါး ရသွားတယ်တဲ့ လေးပါး ရသွားတယ်နော် (မှန်ပါ့)။

ဘယ်ဟာရှုရမှာတုန်း

ကောင်းပြီဒါဖြင့် ဒီလေးပါးထဲက တပည့်တော်တို့ ဘယ်ဟာရှုရမှာတုန်းဘုရား လေးပါးစလုံးဆိုတော့ လူတယောက်တည်းက ရေအိုးလေးလုံး ရွက်ရသလိုဖြင့် မသိမ်းနိုင် မသယ်နိုင် မချီနိုင်မပွေ့နိုင်ဖြစ်ပါလိမ့်မယ်ဆိုတော့ ဒကာ ဒကာမတို့ ဒီလို လုပ်ကြစို့နော် (မှန်ပ့ါ)။

ဒကာ ဒကာမတို့ ဘာနဲ့ ဝေဖန်ရမလည်း (ကိုယ်ဝါသနာပါတာနဲ့ ဝေဖန်ရပါမယ်) ကိုယ်ဝါသနာ ကိုယ့်ဝါသနာ ဆိုတာ စရိုက်ခေါ်ပါတယ် (မှန်ပါ့ ဘုရား) ကိုယ့်ဝါသနာဆိုတာ ဘာခေါ်ပါလိမ့် (စရိုက်ခေါ်ပါတယ် ဘုရား) စရိုက်လို့ ခေါ်တယ်နော် သူ့စရိုက် တယ်ကြမ်းတယ်၊ သူ့စရိုက်က နုတယ်ဆိုတာ သူ့ဝါသနာကိုပြောတာ (မှန်ပ့ါ) ရှင်းကြပလား (ှရှင်းပါပြီ)။

ဝါသနာစရိုက်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ) ဪ ဒါဖြင့် ဒကာ ဒကာမတို့ တချို့မှာ ဒကာ ဒကာမတို့ သိတဲ့အတိင်းတဲ့ စရိုက်တွေသည်ကားလို့ဆိုရင် တချို့က ဒိဋ္ဌိစရိုက်ရှိတယ်၊ တဏှာစရိုက်ရှိတယ်၊ စရိုက်ခြောက်ပါးတောင် ရှိတယ်၊အကျယ် ဝေဖန်မယ်ဆိုရင် အားကြီးပေါ့ဗျာ (မှန်ပါ့)။

စရိုက်နဲ့လျော်တဲ့တရား ပေးကြစို့

အဲဒီတော့ ဒကာဝတို့ စရိုက်နဲ့လျော်တဲ့တရား ပေးကြစို့ရဲ့ (မှန်ပါ့) မဟာဝါအဋ္ဌကထာကဘဲဆိုဆို – သမ္မော အဋ္ဌကထာကဘဲဆိုဆို တထပ်တည်းပဲ၊ ရှင်ဗုဒ္ဓဃောသရေးတာချည်းဖြစ်နေတဲ့တွက် ဒိဋ္ဌိစရိဿ = ဒိဋ္ဌိစရိုက်ရှိသော၊ မန္ဒဿ = ဉာဏ်နုံတဲ့ပုဂ္ဂိုလ်အား၊ စိတ္တာနုပဿနာ သတိပဋ္ဌာနံ ဝိသုဒ္ဓိမဂ္ဂေါတဲ့ ဪ ဒိဋ္ဌိစရိုက်ရှိပြီးသကာလ ဉာဏ်နည်း တဲ့ ပုဂ္ဂိုလ်များမှာဖြင့် ဒကာ ဒကာမတွေ စိတ္တာနုဿနာပေးတဲ့ (မှန်လှပါ ဘုရား)။

ဒိဋ္ဌိကလည်း ငါ့ကိုယ်ငါ့ဟာကလေးစွဲတာ တယ်များကြတယ် (မှန်ပါ့) ငါ့ကိုယ်ငါ့ဟာ ငါ့စိတ်တွေက စွဲတာ တယ်များကြတယ် ထိုကဲ့သို့များတဲ့ ပုဂ္ဂိုလ်အား ဒိဋ္ဌိစရိုက်လို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ့)။

ငါ့စိတ်မစမ်းနဲ့ဆိုတာလည်း ဘာစရိုက်ပါလိမ့် (ဒိဋ္ဌိစရိုက်ပါ ဘုရား) ငါ့စိတ်အကြောင်း နင်ကောင်းကောင်းမသိ ဘူးလားဆိုတာလည်း (ဒိဋ္ဌိစရိုက်ပါ ဘုရား)။

နင်ငါလိုချင်တယ်ဆိုတာ နင်မသိဘူးလားဆိုရင်ကော (ဒိဋ္ဌိစရိုက်ပါ ဘုရား) လောဘ ငါစွဲတာပဲနော် (မှန်ပါ့) ငါ့မသေးသေးဘူးဆိုတာလည်း ဒေါသ ငါစွဲတယ် (မှန်ပါ့) မစွဲကြဘူးလား (စွဲပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေမှာ များသောအားဖြင့် ဘာစရိုက်တွေများနေပါလိမ့် (ဒိဋ္ဌိစရိုက်တွေပါ ဘုရား)။

ဒိဋ္ဌိစရိုက် ဉာဏ်နုံနုံ

ဒိဋ္ဌိစရိုက်က များနေတယ်၊ ဒိဋ္ဌိစရိတဿ မန္ဒဿ နာတိပ္ပဘေဒ ဂတံ တခါတည်း တဏှာကတော့ သိပ်မများ ပဲနဲ့ ဉာဏ်ကလည်းသိပ်ပြီးတော့ မထက်တဲ့ပုဂ္ဂိုလ်ကျတော့ ဦးခင်မောင်ရေ စိတ္တာနုပဿနာ ဝိသုဒ္ဓိမဂ္ဂေါတဲ့၊ စိတ္တာ နုပဿနာဟာ သူ့မှာ နိဗ္ဗာန်ရောက်ကြောင်းသွားဖြစ်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိစရိုက်ရှိတဲ့ပုဂ္ဂိုလ် ဉာဏ်နုံ နုံနဲ့ ဒိဋ္ဌိစရိုက်ရှိတဲ့ ပုဂ္ဂိုလ်မှာ ဘယ်ဝိပဿနာနည်းနဲ့ အားထုတ်ရမှာပါ လိမ့် (စိတ္တာနုပဿနာကို အားထုတ်ရပါမယ်)။

တဏှာများများနဲ့ ဉာဏ်ထက်

စိတ္တာနုပဿနာ သတိပဋ္ဌာန်အားထုတ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) တဏှာများများနဲ့ ဉာဏ်ထက် တဲ့ပုဂ္ဂိုလ်ကျတော့ ဝေဒနာနုပဿနာ အားထုတ်ရမယ် (မှန်ပါ့)။

တဏှာများပြီး ဉာဏ်နည်း

တဏှာများပြီး ဉာဏ်နည်းနေတဲ့ ပုဂ္ဂိုလ်ကျတော့ ကာယာနုပဿနာ အားထုတ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)၊ သို့သော် ဒိဟာတွေ အဋ္ဌကထာဆရာ ဝေဖန်တာတွေလည်း အင်မတန်မှ ကောင်းပါတယ် ကောင်းပင် ကောင်းငြားသော်လည်းတဲ့ ဒီဟာ အင်မတန်မှန်ပါတယ်လို့ ဘုန်းကြီးများကလည်း တာဝန်ယူပါတယ်၊။ ဘုန်းကြီးများထက် ပညာကျယ်တဲ့ ပုဂ္ဂိုလ်ကြီးမို့လို့လေးလည်းလေးစားပါတယ်။

သောတာပတ္တိမဂ်သည် ဘာကိုပယ်မှ ရမှာ တုန်း

သို့သော် တခါယူကြဦးစို့ ဒကာဝတို့ ဦးခင်မောင်တို့နော် (မှန်ပ့ါ) သောတာပတ္တိမဂ်သည် ဘာကိုပယ်မှ ရမှာ တုန်းဆိုတော့ မေးလိုက်တဲ့အခါကျတော့ ဒိဋ္ဌိ ဝိစိကိစ္ဆာ ပယ်မှ ရမှာ (မှန်ပ့ါ ဘုရား)။

သောတာပတ္တိမဂ်ရချင်လို့ရှိရင် (ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာပယ်ရပါမယ်) ဒါဖြင့် ဒကာ ဒကာမတို့ သိတဲ့အတိုင်း ဪ ဒိဋ္ဌိပယ်ရင် ဝိစိကိစ္ဆာ အလိုလိုသွားတယ်ဆိုတာ သဘောကျပလား (ကျပါပြီ) အဲဒါ အင်္ဂုတ္တိုရ်မှာလည်း ပါဠိတော်နှင့် တကွ ရှိတယ် (မှန်ပါ့)။

ဒါဖြင့် ဒီနေ့ည ဒကာ ဒကာမတွေ မဂ်လေးပါးမှာလည်း သောတာပတ္တိမဂ်က စရမှာသာလျှင် အထက်မဂ် တက်လို့ရပါတယ်၊ ခုံတက်လို့ရတာမျိုးကော ဟုတ်ကြပါရဲ့လား (မဟုတ်ပါဘူး ဘုရား)။

အဲဒါကြောင့် ဒိဋ္ဌိစရိုက်လည်း ရှိပြန်၊ စိတ်ပေါ်လည်း ငါစွဲ၊ စွဲပြန်၊ ပဋ္ဌမမဂ်ကိုလည်း ရှေးဦးစွာ အားထုတ်ရမည့် အချက်အလက်ဖြစ်နေသောကြောင့် ဒကာ ဒကာမတို့ စိတ္တာနုပဿနာသည် ဒီဒကာ ဒကာမတွေနဲ့ လျော်တယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဘာနဲ့လျော်ပါလိမ့် (စိတ္တာနုပဿနဲ့ လျောပါတယ် ဘုရား) အားလုံး ဂရိုက်စိုက်ပြီးသကာလ ဪ ဒါဖြင့် စိတ္တာနုပဿနာ ဆရာဘုန်းကြီးဟောတောမှာပဲ ဒို့ကလည်း ဒိဋ္ဌိစရိုက်များတာက တကြောင်း ပဋ္ဌမမဂ်ရပြန်လို့ရှိရင်လည်း ဒိဋ္ဌိခွါမှရမှာဖြစ်နေသောကြောင့် စိတ္တာနုပဿနာ အတော်အရေးကြီးနေပါ ပေါ့ကလာ်းဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

အင်း ဘယ်လိုများပေါ်လာကြပါလိမ့် (စိတ္တာနုပဿနာအရေးကြီးနေပါပြီ ဘုရား) စိတ္တာနုပဿနာအရေးကြီး တယ်နော် (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတို့ ယနေ့ည ဘာဝိပဿနာပေးမယ်ထင်ကြသလည်း (စိတ္တာနုပဿနာ ပေါးပါမယ် ဘုရား) အဲဒီတော့ စိတ္တာနုပဿနာ ပေးတော့မယ်ဆိုတော့ စိတ္တာနုပဿနာကို ပေးတော့မယ်လို့ ဆရာဘုန်းကြီးက ပြေတော့ ကိုဒကာ ဒကာမတို့ ဘုရားကလည်းကွာ တဲ့ စိတ္တာနုပဿ ကောင်းပါတယ်တဲ့ ဦးခင်မောင် အင်မတန်ကောင်းတယ် လို့ တာဝန်ယူထားတယ် (မှန်ပါ့)။

ဦးဇံရင်ရေ စိတ္တာနုပဿနာ ဘုရားက ကောင်းတယ်လို့ တာဝန်ယူထားတယ်နော် အင်္ဂုတ္တိုရ်မှာပဲ တာဝန်ယူ ထားတယ် (မှန်ပါ့)။

ကိုယ့်မျက်နှာ မှန်ပေါ်ကြည့်လိုက်တဲ့အခါ

ဘယ်လိုတာဝန်ယူထားသတုန်းဆိုတော့ ဒကာ ဒကာမတွေ ကိုယ့်မျက်နှာ မှန်ပေါ်တင်ကြည့်လိုက်တဲ့အခါကျ လို့ရှိရင်ဖြင့် ဘယ်နေရာမှာညှင်း ဘယ်နေရာမှာမှည့် ဘယ်နေရာမှာတင်းတိပ် ဘယ်နေရာမှာ ဖီးလိမ်းထားတာ မညီညွတ် သေးဘူးဆိုတာ မျက်နှာ မှန်နဲ့ ဟပ်လိုက်သည်နဲ့ တပြိုင်နက်တည်း ကိုယ့်မျက်နှာအကြောင်း ကိုယ်သိတယ် (မှန်ပါ့) မသိကြဘူးလား (သိပါတယ် ဘုရား)။

မျက်နှာ မှန်နဲ့ ဟပ်လိုက်လို့ရှရင် (ကိုယ့်မျက်နှာ အကြောင်းကိုယ်သိပါတယ်) ကိုယ့်မျက်နှာအကြောင် ကိုယ် သိတယ်၊ ဘာကြောင့်တုန်းလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ကိုယ်ဖီးလိမ်းထားတာကို ကိုယ့်မှန်နဲ့ တိုက်ကြည့်လိုက်တဲ့အခါ ကိုယ့်မျက်နှာအကြောင်း ကောင်းကောင်းပေါ်လာတယ် ဒကာ ဒကာမတို့ ကိုယ့်သန္တာန်ဖြစ်တဲ့စိတ်ကို ကိုယ်နောက်က ရှုရလို့ရှိရင် သာပေါ်တယ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်သန္တာန်ဖြစ်တဲ့ စိတ်ကို (ကိုယ်ရှုရင် သာပေါ်ပါတယ်) ဘယ်စိတ်ဖြစ်ဖြစ် ကိုယ့်သန္တာန် လောဘကလေး ဖြစ်သွားပြိလို့ နောက်ကသိတယ် (မှန်ပါ့) ဒေါသကလေးဖြစ်သွားပြီလို့ကော (သိပါတယ် ဘုရား)။

ကိုယ်ကမသိပါနဲ့ဆိုလို့ ရပါ့မလား (မရပါဘူး) ဘာဖြစ်လို့တုန်း သူတို့က ကိုယ့်မျက်နှာပေါ်ရှိတဲ့ တင်းတိပ် ကိုယ့်မျက်နှာပေါ်ရှိတဲ့ မှည့်ပါကလား(မှန်ပ့ါ ဘုရား) ကိုယ်မျက်နှာပေါ်ရှိတဲ့ ဖီးလိမ်းထားတဲ့ မညီမညွတ်မှုပါကလား ဆိုရင် လွှဲပါ့မလား (မလွဲပါဘူး)။

ကိုယ့်ဖြစ်တဲ့စိတ်တွေ ကိုယ်အကုန်သိပါတယ်

ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားကြစို့ မှန်ပေါ်မှာ ကြည့်တော့ ကိုယ့်မျက်နှာအကြောင်း ကိုယ်ကောင်းကောင်း သိသလို ဒီမှာလည်း ဉာဏ်မှန်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ကိုယ့်ဖြစ်တဲ့စိတ်တွေ ကိုယ်အကုန်သိပါတယ် (မှန်ပါ့ ဘုရား)။

ဉာဏ်မှန်နဲ့ထင်အောင် ကြည့်လိုက်တဲ့အခါ ဘယ့်နှယ်တဲ့ (ကိုယ်ဖြစ်တဲ့ စိတ်တွေကိုယ် အကုန်သိပါတယ် ဘုရား) ဒါကြောင့် အရှင်သာရိပုတ္တရာကို ဘုရားက သူတပါးစိတ် မသိချင်နေပါစေကွာ ကိုယ့်စိတ်ကိုယ်သိရင် တော်ပြီဟေ့ (မှန်ပါ့)။

ဘယ်လိုပါလိမ့် (သူတပါးစိတ်မသိချင်နေပါစေ ကိုယ်စိတ်သိရင် တော်ပါပြီတဲ့) ဪ ဒါဖြင့် ကမ္မဋ္ဌာန်းဟာ အတော် အရှာခက်နေတဲ့တယ်လို့ ဆိုကြမလား ဒကာ ဒကာမတို့ ဘယ့်နှယ်ဆိုကြမလည်း အလွယ်ကလေးပဲ ဆိုကြမလား (အလွယ်လေးပါ ဘုရား)။

ဦးခင်မောင် ဘယ့်နှယ်တုံး (လွယ်ပါတယ် ဘုရား) သူများစိတ် သိရမှာလား (ကိုယ့်စိတ်ကိုယ်သိရမှာပါ) ဘယ်ဟာသိရမှာလည်း (ကိုယ်စိတ်ကိုယ်သိရမှာပါ) ကိုယ်စိတ်ကိုယ်သိရမယ် (မှန်ပါ့ဘုရာ)းရှင်းကြပါလား (ရှင်းပါပြီ)။

ဦးခင်မောင် ဘယ့်နှယ့်တုံး (လွယ်ပါဘယ် ဘုရား) သူများစိတ် သိရမှာလား (ကိုယ့်စိတ်ကိုသိရမှာပါ) ဘယ်ဟာ သိရမှာလည်း (ကိုယ့်စိတ်ကိုယ်သိရမှာပါ) ကိုယ့်စိတ်ကိုသိရမယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ကိုယ့်စိတ်ကိုယ်သိရမှာ

ဒကာ ဒကာမတို့ ဘယ်သူ့စိတ်ဘယ်သူသိရမှာတုန်း (ကိုယ့်စိတ်ကိုယ်သိရမှာပါ) ဪ ဒါဖြင့် မရှုူးသေးပါဘူး ဒကာ ဒကာမတို့ ကိုယ့်စိတ်တော့ ကိုယ်သိနိုင်ပါသေးတယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ကိုယ့်စိတ်တော့ ဘယ့်နှယ်တုန်း (ကိုယ်သိနိုင်ပါတယ် ဘုရား)။

ကိုယ့်စိတ်တော့ ကိုယ်သိနိုင်ပါဘုရား ဆိုတော့ နေရာကျပြီး ဒကာ ဒကာမတို့ ဘုရားကလည်း သူတပါးစိတ် အကဲခတ်ရတာ မှားသည်ရှ – မှန်သည်ရှိပါတယ်ကွာ မိမိစိတ် မိမိအကဲခတ်ပါလို့ ဆိုတဲ့စကားကလေးဟာက ဦးခင်မောင် တယ်ကောင်းပါကလား (ကောင်းပါတယ် ဘုရား)။

ဒကာ ဒကာမတို့ သူတပါးစိတ် အကဲခတ်ရတာက ဘာတဲ့ (မှန်ရှိသည် မှာသည်ရှိပါ ဘုရား) မိမိစိတ်မိမိအကဲ ခတ်ရတာက (မှန်ပါတယ် ဘုရား)။

မှန်တယ်ဆိုတော့ မိမိစိတ် မိမိအကဲခတ်တာသည် စိတ္တာနုပဿနာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) မိမိစိတ် ကို (မိမိအကဲခတ်တာက စိတ္တာနုပဿနာပါ ဘုရား)။

အင်း အတော်နေရာကျတဲ့ ပါဠိတော်ပါကလား အင်း မတန်နေရာကျတဲ့ ပါဠိတော်ပါကလား အင်း မတန်နေရာ ကျတဲ့ ပါဠိတော်ပါကလား ဒကာ ဒကာမတို့ (မှန်ပ့ါ)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ဦးခင်မောင်ရေ တကယ့် ကို ဒကာ ဒကာမတွေ သနားသောကြောင့် အကဲခတ်ဟေ့ဆိုတော့ တည့်တယ်(မှန်ပ့ါ) မတည့်ကြဘူးလား (တည့်ပါတယ် ဘုရား)။

ကိုမြရွှေတို့တည့်ရဲ့လား (တည့်ပါတယ် ဘုရား) ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ရင် တည့်ရမယ်နော် (မှန်ပါ့)။

ကိုင်းဒါဖြင့် ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ရင် တည့်ရမယ်ဆိုသောကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ ဒီလိုလုပ်ပါလားကွ ဆိုပြီးသကာလပြောလိုက်တော့ သရာဂ ဝါစိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ၊ (သုတ်မဟာဝါပါဠိ၊၂၃၇) လောဘစိတ်ပေါ်ရင် လောဘစိတ်ပေါ်တယ်လို့ နောက်ကနေ သိပေးပါကွာ မလာဘူးလား (လာပါတယ် ဘုရား)။

စိတ်တလုံးဘဲရှုတော့မယ်

ဒီခန္ဓာငါးပါးထဲက ဖြုတ်လိုက်ပြီ ဒကာ ဒကာမတို့ ခန္ဓာငါးပါးထဲက စိတ်တလုံးဘဲရှုတော့မယ် (မှန်ပါ့) ခန္ဓာငါး ပါးထဲကဘာဘဲ ရှုမယ် (စိတ်တလုံးပဲရှုပါတော့မယ်) စိတ်တလုံးပဲ ရှုတော့မယ် (မှန်ပါ့)။

ဘယ့်နှစ် စိတ်သည်ကားလို့ဆိုရြင် တလုံးတည်းပဲလား ဘုရားလို့မေးတော့ ဒကာ ဒကာမ စိတ်ဟာ တလုံးတည်း ပေါ့ ဘယ်မှာ ပြုံးပြီးပေါ်နိုင်ပါ့မလည်း (မှန်ပါ့ ဘုရား)။

မဖြစ်နိုင်ဘူး၊ ဆေးလိပ်သောက်ချင်တဲ့စိတ် ချုပ်ပြီးမှ ကုဋိသွားချင်တဲ့စိတ် ကျငယ် စွန့်ချင်တဲ့စိတ် လာရမှာ မဟုတ်လား (မှန်ပါ့ ဘုရား)။

”အညံ ဥပ္ပဇ္ဇတေ စိတ္တံ၊ အညံ စိတ္တံ နိရုဇ္ဈတိ (ယမိုက်ပါဠိတော်)ကိုး” တခုသောစိတ်ချုပ်ပြီးမှ တခုသောစိတ်ဖြစ်ရမယ်(မှန်ပါ့ ဘုရား)။

သတ္တဝါတွေ သန္တာန်မှာ နှစ်ခု ပြိုင်မဖြစ်ရဘူးကွ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) တခုသောစိတ် ချုပ်ပြီး မှ (တခုသောစိတ်ဖြစ်ရပါမယ်)။

တခုသောစိတ်ဖြစ်ရမယ်ဆိုတော့ ဒကာ ဒကာမတို့က တခုသော ချုပ်တာကို တခုသော ဖြစ်တဲ့စိတ်နဲ့ ပြန်ပြီးအကဲ ခတ်ပါ (မှန်လှပါ ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) မပေါ်သေးဘူးလာ (ပေါ်ပါပြီ ဘုရား)။

တခုသောဖြစ်ပေါ်သောစိတ်နဲ့ အကဲခတ်

တခုသောစိတ်ချုပ်သွားတာကို တခုသော ဖြစ်ပေးသော စိတ်နဲ့ အကဲခတ်ပါ (မှန်လှပါ ဘုရား)။

တခုသောဖြစ်ပေါ်သောစိတ်နဲ့ အကဲခတ်လိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဖြစ်ပေါ်သော စိတ် နဲ့ အကဲခတ်လိုက်တာ ချုပ်တာက အနိစ္စ၊ ဖြစ်ပေါ်၍ အကဲခတ်နိုင်တာက မဂ္ဂဖြစ်လာတယ် (မှန်ပါ့)။

ချုပ်တာက (အနိစ္စပါ ဘုရား) ဖြစ်ပေါ်၍ အကဲခတ်တာက (မဂ္ဂပါ ဘုရား) ဪ ဒီလိုသွားရမှာပါကလား ဆိုတာ ဦးခင်မောင် ပေါ်လာတယ် (မှန်ပါ့) ပေါ်လာတယ် ပေါ်လာတယ်နော်။

ဒကာ ဒကာမတို့ မပေါ်သေးဘူးလား (ပေါ်လာပါတယ် ဘုရား) တခုသော ရှေးဦးစွာ မိမိသန္တာန် နှစ်စိတ်ကဖြင့် တစ်၊ နှစ်၊ တစ်မချုပ်ဘဲနဲ့ နှစ်မဖြစ်ပါဘူး (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ တစ် မချုပ်ပဲနဲ့ (နှစ်မဖြစ်ပါဘူး ဘုရား) ဒါဖြင့် တစ်ကို ၂ နဲ့ အကဲခတ် (မှန်ပါ့) ပေါ်ကြ ပြီလား (ပေါ်ပါပြီ ဘုရား)။

ဘာတဲ့ ဒကာ ဒကာမတို့ ( ၁ ကို ၂ နဲ့ အကဲခတ်ပါ ဘုရား) ၁ ကို ၂ နဲ့ အကဲခတ်ပါလို့ တပွဲလုံး သတိပေးလိုက်ပါတယ်၊ (မှန်ပါ့ ဘုရား) ၁ ကို (၂ နဲ့ အကဲခတ်ပါ ဘုရား)။

သတိထား ဝိရိယစိုက်ပြီး

”ကာယမိမံ သမ္မသတ၊ ပရိဇာနာထ ပုနပ္ပုနံ။

ကာယေ သဘာဝံ ဝိဒိတွာန၊ ဒုက္ခဿန္တိ ကရိဿတိ”(မိလိန္ဒပဉှာ၊၃၆၁) လို့

အရှင်သာရိပုတ္တရာကြီးက အမိန့်ရှိတယ်ကွာတဲ့ မင်းတို့ စောင့်ပြီးသတိထား ပညာကလေးနဲ့ သတိထား ဝိရိယစိုက်ပြီး ပညာကလေးနဲ့ စောင့်ပြီး နေပြီဆိုမှဖြင့်ကွာတဲ့ ဒကာ ဒကာမတွေ လာတိုင်း လာတိုင်း ဒီချုပ်တာကလေးကိုဖြင့် သိအောင် လုပ်မယ်ဆိုတဲ့ ရှေးဦးစွာ အဓိဋ္ဌာန်ချက် ကလေး ရှိမယ်ဆိုလို့ရှိရင်ဖြင့် ဒီအဓိဋ္ဌာန်ကလေးဟာ ရှေးစိတ် ချုပ်ပြီးရင် ဒီအဓိဋ္ဌာန် ချက်ကလေးပေါ်ပါတယ် (မှန်ပါ့)။

ရှေ့စိတ် ချုပ်ပြီးရင် (အဓိဋ္ဌာန်ချက်ကလေး ပေါ်ပေါက်လာပါတယ်) သတိထား၊ ဝိရိယစိုက် ပညာနဲ့ သညာ သည် ရှေ့စိတ် ချုပ်သွားတဲ့ဥစ္စာကိုဖြင့် ငါသည် သတိ ဝိရိယ ပညာနဲ့ ဘယ်စိတ်ဖြစ်၍ ဘယ်စိတ် ချုပ်တယ်ဆိုတာ ငါသိအောင် လုပ်ပါတော့မယ်ဆိုတဲ့ အဓိဋ္ဌာန်ချက်သာ ရှိမယ်ဆိုလို့ရှိရင်ကွာတဲ့ အကဲသာခတ်နေ မတွေ့တဲ့အချိန် မရှိပါဘူးတဲ့ (မှန်ပ့ါ)။

အကဲခတ်နေရင် (မတွေ့တဲ့အချိန်မရှိပါဘူး) မတွေ့တဲ့အချိန် မရှိပါဘူးတဲ့ ဒကာ ဒကာမတို့အင်မတန် အဘိုး တန်နေပါပေါ့ကလား (မှန်ပါ့)။

ဒါကြောင့် ဒကာ ဒကာမတို့ သန္တာန်မှာ လောဘစိတ်လေးပေါ်လာတော့ ရှုတဲ့စိတ်နောက်စိတ် ပေါ်နိုင်မလား (မပေါ်နိုင်သေးပါဘူး)။

မပေါ်နိုင်သေးတော့ ဒီလောဘစိတ်ကလေးက “အညံ ဥပ္ပဇ္ဇတေ စိတ္တံ၊ အညံ စိတ္တံ နိရုဇ္ဈတိ” ဆိုတဲ့ အတိုင်း နဲ့ ယမိုက်ပါဠိတော်မှာလည်း လာတဲ့အတိုင်း ဒီစိတ်ကလေးဟာ ဖြတ်ဆို ချုပ်ပျောက်သွားတယ် (မှန်ပါ့)။

ချုပ်ပျောက်သွားတော့ ဦးခင်မောင်တို့က နောက်က အကဲခတ်တာပေါ့ (မှန်ပ့ါ) အကဲခတ်တော့ ဘာများတွေ့ပါ လိမ့် (ချုပ်တာတွေ့ပါတယ် ဘုရား)။

ချုပ်တာပဲတွေ့ပါတယ်

ဒကာ ဒကာမတွေ ဘာတွေ့ပါလိမ့် (ချုပ်တာပဲတွေ့ပါတယ် ဘုရား) ချုပ်တာပဲ တွေ့တယ် (မှန်ပါ့) ပျက်တာကော (တွေ့ပါတယ် ဘုရား)၊ ချုပ်တာ ပျက်တာပဲ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

ဪ ချုပ်တာ ပျက်တာပဲ ဒီ ဒကာ ဒကာမတွေ ရတယ်ဆိုတာ အကဲခတ်လို့ တွေ့တာ (မှန်ပါ့)။

ဒကာ ဒကာမတွေဘယ်လိုကြောင့်ပါလိမ့် (အကဲခတ်လို့တွေ့တာပါ ဘုရား) အကဲခတ်လို့ တွေတာ၊ အကဲမခတ်တဲ့ ပုဂ္ဂိုလ်များကျတော့ ဦးခင်မောင်တို့ ဒကာဝတို့ တွေ့ပါမလား (မတွေ့ပါဘူး ဘုရား)။

မတွေ့နိုင်ဘူးဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား) ဒါဖြင့် သူများ အကဲခတ်ကြမလား ကိုယ် ၁ နံပါတ် ကို ၂ နံပါတ်နဲပ အကဲခတ်ကြမလား (ကိုယ့် ၁ နံပါတ် ၂ နံပါတ်နဲ့ အကဲခတ်ပါမယ်)။

အဲဒါကြောင့် ၁ ကို ၂ နဲ့ အကဲခတ်လိုက်လို့ ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စိတ္တာနုပဿနာဖြစ်ပါ တယ် (မှန်ပါ့ ဘုရား)။

ဒီနေ့ သေသေချာချာ မှတ်ကြပါ၊ အိမ်ကျလိုရှိရင်ဖြင့် ထိုင်ပြီးစောင့်သာနေ၊ ဘယ်စိတ်ကလေး ပေါ်တာတုန်း ကြည့်ကြည့်တဲ့အခါ ဘယ်စိတ်ပေါ်လာလာ ပေါ်လာတဲ့စိတ်ကို ရှိ-မရှိ အကဲခတ် (မှန်ပါ့ ဘုရား) ရှိ-မရှိ အကဲခတ် တဲ့ အခါကျတော့ အကဲခတ်တဲ့စိတ် ပေါ်လို့ရှိရင် အရင်စိတ်ဟာ ရှိသေးရဲ့လား (မရှိပါဘူး)။

အညံ ဥပ္ပဇ္ဇ စိတ္တံ၊ အညံ စိတ္တံ နိရုဇ္ဈတိ ဆိုတော့ နောက်အကဲခတ်တာသာ ပေါ်လာရင် ရှေ့စိတ်ချုပ်ပြီးသား မှတ်ပေတော့ (မှန်ပါ့ ဘုရား) အကဲခတ်တဲ့စိတ်ပေါ်ရင် (ရှေ့စိတ် ချုပ်ပြီးသားပါ ဘုရား)။

ရှေ့စိတ် ချုပ်ပြီးသားဟုသာ ဘုန်းကြီးတို့ ဒကာမတွေက စွဲစွဲမြဲမြဲသာ မှတ်လိုက်ပါတော့ (မှန်ပါ့ ဘုရား) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေ အိမ်ကျတော့ ထွက်သက် ဝင်သက်ကလေး မှန်မှန်ရှု တာပေါ့ဗျာနော် (မှန်ပါ့။

ဒီကနေပြီး သကာလမှ ဒကာ ဒကာမတွေ သန္တာန်မှာ အင်း ဟင် ဟိုနေရာက ယားလာတယ် ဒီနေရာက နာလာတယ် ဆိုလို့ရှိရင် ရှုတာ ရှိုက်တာ ချုပ်ပစ်လိုက်တယ် (မှန်ပါ့) ရှုတာရှိုက်တာကို (ချုပ်ပစ်လိုက်ပါတယ် ဘုရား)။

ရှုတာရှိုက်တာသိတဲ့ စိတ်ကလေး ဦးခင်မောင် ချုပ်တယ် (မှန်ပါ့) ချုပ်ပြီးသကာလ အင်း ယားတဲ့စိတ်ကလေး ဆီကို ယားတာကလေး ရှိ-မရှိ အကဲခတ်လိုက်တာ ရှိသေးရဲ့လား (မရှိပါဘူး)။

မရှိတာ ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား)။

အကဲခတ်တာက (မဂ္ဂပါ ဘုရား)။

မရှိတာက အနိစ္စ၊ အကဲခတ်တာက မဂ္ဂ

ဪ မရှိတာက အနိစ္စ၊ အကဲခတ်တာက မဂ္ဂဆိုတော့ ဦးခင်မောင်ရေ မဂ္ဂဆိုဆိုတာသည် အဝိဇ္ဇာလား ဝိဇ္ဇာလား (အဝိဇ္ဇာပါ ဘုရား)။

ဒီလိုပျက်တာမျိုး လိုချင်သေးရဲ့လား မလိုချင်တော့ဘူးလား (မလိုချင်တော့ပါဘူး ဘုရား) မလိုချင်တာက အလောဘဆိုတာ မသေချာဘူးလား(သေချာပါတယ် ဘုရား) အဲသဟဇာတ အဖြစ်နဲ့ပါသွားတယ်(မှန်ပ့ါ)။

အဲသဟဇာတအဖြစ်နဲ့ ပါသွားတော့ သို့သော် အဲဒါတွေက ပါပြီးသားကိုသာ ဒကာ ဒကာမတွက သတိထား ပြီးသကာလ ဪ အကဲခတ်တာသည် ဘယ်နှစ်ပါးနဲ့ အကဲခတ်ပါလိမ့်မလဲဆိုတာ ဝေဖန်ကြတာပေါ့နော် (မှန်ပါ့)။

အဲဒီတော့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်ငါးပါးဟာ အကဲခတ် တဲ့တရားလို့မှတ်လိုက် (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (မဂ္ဂင်းငါးပါးဟာ အကဲခတ်တဲ့ တရားပါ ဘုရား) သေသေချာချာ မှတ်ပါနော် ဒကာ ဒကာမတို့ ချုပ်သွားတဲ့တရားကို ငါးပါးနဲ့ အကဲခတ်တယ် (မှန်ပါ့)။

ချုပ်သွားတဲ့တရားကို ငါးပါးနဲ့ အကဲခတ်လိုက်တော့ ချုပ်သွားတဲ့တရားက အနိစ္စ၊ ငါးပါးနဲ့ အကဲခတ်တာက (မဂ္ဂင်ပါ ဘုရား) ဝိပဿနာမဂ်ဆိုတာ ဒါပဲဗျာနော် (မှန်ပ့ါ ဘုရား)။

ဒကာ ဒကာမတို့ ချုပ်သွားတာကို သိတိုင်း သိတိုင်း ဘာမဂ်ဖြစ်ပါလိမ့် (ဝိပဿနာမဂ်ဖြစ်ပါတယ်) ဝိပဿနာမင်္ဂ ဖြစ်တယ်၊ ရှင်းကြပလား(ရှင်းပါပြီ)။

ဦးခင်မောင်ရေ ချုပ်သွားတာက ဘာတဲ့တုံး (အနိစ္စပါ ဘုရား) အကဲခတ်တာက (မဂ္ဂပါ ဘုရား) လောကုတ္တရာ မဂ်လား၊ ဝိပဿနာမဂ်လားလို့ တခါရွေးလိုက် (ဝိပဿနာ မဂ်ပါ ဘုရား)။

လောကီမဂ်ပဲ ရှိသေးတယ်

အဲ ဝိပဿနာမဂ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ လောကုတ္တရာမဂ် မဟုတ်သေးဘူးနော် (မှန်ပါ့ ဘုရား) ဘာမဂ် ပါလိမ့် (ဝိပဿနာ မဂ်ပါ ဘုရား) ဝိပဿနာမဂ်ဆိုတာ လောကီမဂ်ပဲ ရှိသေးတယ် (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ ဘယ်လိုပြောကြမယ် (လောကီမဂ်ပါ ဘုရား)။

ဪ လောကီမဂ်ဖြင့်ရပေါ့ဟေ့၊ ဆိုနိုင်ကြပလား၊ (ဆိုနိုင်ပါတယ်) လောကီမဂ်ဖြင့်ရပြီး ငါတို့ဖြင့် လောကီမဂ် ရပြီ၊ အဲဒီတော့ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ရင် ဘာမဂ်ရမယ် (လောကီမဂ် ရပါတယ် ဘုရား)။

ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တော့ ဒကာ ဒကာမတွေအကဲခတ်တဲ့အထဲမှာလည်း စိတ်ပါပါတယ်၊ အကဲခတ်စရကလည်း စိတ်ပဲ (မှန်ပါ့) နှစ်စိတ်ပြိုင်နိုင်ပါ့မလား (မပြိုင်နိုင်ပါဘူး ဘုရား)။

မပြိုင်နိုင်တော့ အရင် အကဲခတ်ခံရတဲ့တရားသည် ရှိသေးရဲ့လား (မရှိပါဘူး) ဒါဖြင့် မရှိတာ (အနိစ္စပါ ဘုရား) အကဲခတ်တာက (မဂ္ဂပါ ဘုရား)။

အေး ဒီလိုဆိုတော့ ဒကာ ဒကာမတွေ အင်း ဒါဘယ်သူ့ခန္ဓာအကဲခတ်တာပါလိမ့် (ကိုယ့်ခန္ဓာအကဲခတ်တာပါ)။

ဪ ဒါဖြင့် ခန္ဓာနောက်က သမ္မာဒိဋ္ဌိလိုက်တယ်၊ သမ္မာသာမာဓိ လိုက်တယ်၊ လိုက်တော့ ဗြဟ္မစရိယာအကျင့် ဖြစ်နေတယ် (မှန်ပါ့)။

လူလိမ်မာမို့ ခန္ဓာနောက်က ဘာလိုက်လသတုန်း (ဗြဟ္မစရိယာအကျင့်ပါ ဘုရား) အဲ ဗြဟ္မစရိယာအကျင့်ဆိုတော့ မဂ္ဂမလိုက်ဘူးလား (လာပါတယ် ဘုရား) အဲဗြဟ္မစရိယာ အကျင့်ဆိုတာ မဂ္ဂဗြဟ္မစရိယာအကျင့်ဆိုတာ ဒါပါပဲ (မှန်ပါ့ ဘုရား) မဂ်လည်း မဖြစ်ဘူးလား(ဖြစ်ပါတယ်)။ ၏

ဒါဖြင့် တဏှာဖြစ်တဲ့ တရားငါးခုဆိုရင် လွှဲပါ့မလား (မလွဲပါဘူး)။

ဝိပဿနာမဂ် မရဘဲနဲ့ သောတာပတ္တိမဂ် မရဘူး

ဒါဖြင့် ဒါကို ဝိပဿနာမဂ်လို့ ပဋိသမ္ဘိဒါမဂ်ကလည် ဆိုထားပါတယ်နော် (မှန်ပါ့) အဲဒီ ဝိပဿနာမဂ် မရဘဲနဲ့ ဒကာ ဒကာမတို့ တပွဲလုံးမှတ်ထား လောကုတ္တရာ သောတာပတ္တိမဂ်ကို ဘယ်သူမှ မရဘူးဆိုတာ ဆုံးဖြတ် ချက်ချ (မှန်လှပါ ဘုရား)။

သူရမှ ဟိုမဂ်ရမယ်၊ (မှန်ပါ့ ဘုရား)၊ သူ သူရပြီးမှနော် (မှန်ပါ့) သူမရဘဲနဲ့ ရလိမ့်မယ်ဆိုတာတော့ ဘယ်အခါ ကာလမှ အယုံအကြည်မရှိပါနဲ့ ဘယ်တော့မှ မရဘူးဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား) ဒါဖြင့် လောကုတ္တရာ မဂ်၏ ရှေ့ပြေးသည် ဘာပါလိမ့် ဒကာ ဒကာမတို့ (ဝိပဿနာမဂ်ပါ ဘုရား)။

လောကီမဂ်နော် ဒါကြောင့် တနေ့ကပြောခဲ့ရတယ် ဒကာ ဒကာမတို့ သိတဲ့အတိုင်းအာရုဏ်မတက်ဘဲနဲ့ နေထွက် တဲ့ နေ့ရမယ်လို့ ဦးခင်မောင် ရှားပါတယ် (ရှားပါတယ် ဘုရား) ရှိကော ရှိပါ့မလား (မရှိပါး ဘုရား)။

အာရုဏ်မတတ်ဘဲနဲ့ နေမထွက်ပါ

အဲဒါကြောင့်ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာမဂ်ဟာ တကယ့် လောကုတ္တရာမဂ် ထွက်တော့မလို့ အာရုဏ်တတ်တာပါဘဲဆိုတာ ဦးခင်မောင် လေးစာစွာ မှတ်လိုက်စမ်းပါ (မှန်ပ့ါ ဘုရား)ဒါဖြင့် သူမပါဘဲနဲ့ ရနိုင်ပ့ါမလား (မရနိုင်ပါဘူး ဘုရား)။

ဒါက နာမရူပပရိစ္ဆေဒကျမ်းမှာ လာတာကို ပြောပါတယ်။ နာမရူပပရိစ္ဆေဒကျမ်းက အာရုဏ်မတတ်ဘဲနဲ့ နေမထွက်ပါဘူးကွ အာရုဏ်တတ်မှနေထွက်ပါတယ်၊ အဲဒီအတိုင်းပါပဲ ဝိပဿနာမဂ် ရှေ့မပြေးပဲနဲ့ လောကုတ္တရာမဂ် နောက်ကမလိုက်နိုင်ဘူး (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) အဲဒါတွေ ပိုင်ပိုင်နိုင်နိုင် သိထားတော့မှ ဪ ဒို့ အလုပ်က ဝိပဿနာ အလုပ်၊ ရှင်းပလား (ရှင်းပါပြီ)။

မဂ် အလုပ်က သူ့ဟာသူပေါ်မည့်အလုပ် သဘောကျပလား (ကျပါပြီ) ဒို့အလုပ်က (ဝိပဿနာ အလုပ်ပါ) ဝိပဿနာရှုရမည့်အလုပ်၊ မဂ်အလုပ်က (သူ့ဟာသူပေါ်လာမည့်အလုပ်ပါ) သူ့ဟာသူ ပေါ်လာမည့်အလုပ် ဦးခင်မောင်ရေ ရှင်းပလား (ရှင်းပါပြီ)။

ဝိပဿနာရှုရမည့်အလုပ်က ကျုပ်တို့အင်တိုက်အားတိုက်လုပ်ရမည့် အလုပ် (မှန်ပါ့) မဂ်ပေါ်ဘို့အလုပ်ကတော့ ဝိပဿနာမဂ်က အနန္တပစ္စယောကိုဗျ (မှန်ပါ့) အနန္တရပစ္စယော ဆိုကတည်းက ခုနင်က လောကုတ္တရာမဂ်က အနန္တရ ပစ္စည်း၏ ပစ္စယုပ္ပန်ဆိုတော့ ပစ္စည်းရှိတော့ ပစ္စယုပ္ပန် ဆိုတဲ့ အကျိုးက ပေါ်လာတယ် (မှန်ပါ့)။

အကြောင်းသာ လုပ်ဘို့ရာ လိုပါတယ်

ဒါဖြင့် ကျုပ်တို့က အကြောင်းသာ လုပ်ဘို့ရာ လိုပါတယ် အကျိုးလုပ်ဘို့ရာ လိုသေးသလား (မလိုပါဘူး) ဒါဖြင့် ခင်ဗျားတို့ ကြိုးစားရမည့်အလုပ်ကို ကိုယ်စိတ်ကို ကိုယ်အကဲလခခတ်ရမည့် ဝိပဿနာမဂ် (မှန်လှပါ ဘုရား) ဆုံးဖြတ်ချက်ချပြီ (မှန်ပါ့) ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ရမည့် (ဝိပဿနာမဂ်ပါ ဘုရား) ဝိပဿနာမဂ်မှာ ဒီနေ့ လေးလေးစားစားမှတ်ပါ ဒီနေ့လေးလေးစားစားမှတ်ပါ ကျမ်းကုန်လည်းပြေနေတယ်၊ လိုရင်းအောင်လည်း ပြောနေတယ် ဒါ-နိဗ္ဗာန်ကျအောင် ပို့ပေးလိမ့်မယ် ဦးခင်မောင်ရေ (မှန်ပါ့ ဘုရား) နိဗ္ဗာန်ကျအောင် ပို့ပေးလိမ့်မယ်ဆိုတဲ့ဥစ္စာ ရှင်း ရှင်းလင်းလင်း မှတ်စမ်းပါ။

ကိုင်း ဒကာ ဒကာမတို့ တနေ့က စကားပဲ ပြန်သုံးလိုက်ပါဦးတော့မယ်၊ တနေ့ကစား ပြန်သုံးတော့မယ်ဆိုတာ ဦးခင်မောင်ရေ ဝါးစိမ်းနှစ်လုံးကို ဦးဝတို့ ပွတ်တာပေါ့ဗျာ (မှန်ပါ့ ဘုရား) ပွတ်တော့ ပူမလားပေဘူးလား (ပူလာပါတယ် ဘုရား) ဪ နဂိုရ်ကပါလာတဲ့ အပူလား၊ အားစိုက်မှုကြောင့် ပူတာလား (အားစိုက်မှုကြောင် ပူတာာပါ ဘုရား)။

တခါ အားစိုက်မှုကြောင့် ပူလာတာတော့ သိပါပြီတဲ့ နောက်မီးထွက်လာတဲ့အခါကျတော့ ခင်ဗျားတို့ အားစိုက် မှုမပါပဲနဲ့ ထွက်သလား အလိုလိုက်ထွက်လာသလား (အားစိုက်ကြောင့် ထွက်လာပါတယ် ဘု

မီးပူလောက်အောင် ပွတ်လို့ရှိရင် မီးထွက်တာပဲ

ဒါဖြင့် မီးပူလောက်အောင် ပွတ်လို့ရှိရင် မီးထွက်တာပဲ (မှန်ပါ့) မီးပူလောက်အောင် ပွတ်လို့ရှိရင် (မီးထွက်ပါတယ် ဘုရား)။

ဒါက မိလိန္ဒပဥှာမှာ လာတာနော် (မှန်ပါ့) မိလိန္ဒပဥှာလာတော့ ခင်ဗျားတို့က ဝိပဿနာရှုရုံပဲ၊ မဂ် က အလိုလိုပေါ်မယ် (မှန်ပါ့) ခင်ဗျားတို့က ပူအောင်လုပ်ရုံပဲရှိတယ်) မီးအလိုလိုထွက်လာလိမ့်မယ် (မှန်ပါ့ ဘုရား)။

တပည့်တော် မဂ် မရသေးဘူးဘုရား၊ လိုသေးတယ်ဘုရား၊ တပည့်တော်ရှာဦးမယ်ဘုရားလို့ လုပ်မနေနဲ့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ကိုယ်စိတ်ကို အကဲခတ်နေပါလို့ ကြီးစွာသောသတိ ပေးလိုက်ပါတယ် (မှန်ပါ) ဘာအကဲခတ်ရမလည်း (ကိုယ်စိတ် ကို အကဲခတ်လိုက်ပါမယ်)။

ကိုယ့်စိတ်ဟာ ကိုယ်အကဲခတ်ဘို့ အလုပ်ဟာ ခင်ဗျားတို့ အလုပ် (မှန်ပါ့) သူများအလုပ်တာဝန်လို့ ဆိုလို့ ရပါ့မလား (မရပါဘူး ဘုရား)။

ဝါးစိမ်းနှစ်ခု မီးထွက်အောင်ပွတ်တာကို မီးထွက်လာအောင် ထပ်ပွတ်တဲ့အလုပ်ဟာ သူကိုယ့် တာဝန်ပေ့ (မှန်ပါ့ ဘုရား) သူများတာဝန်လို့ဆိုလို့ရပါ့မလား (မရပါဘူး ဘုရား)။

ကိုယ့်တာဝန် သူ့တာဝန်

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ ကိုယ့်တာဝန် သူ့တာဝန်ဆိုတာ နှစ်ဝန်ထားပြီး သကာလ ပြုလိုက်တော့ ဝိပဿနာလုပ်ဘို့ ကိုယ့်တာဝန် မဂ်ရဘို့ မဂ်ပေါ်လာဘု့ိရာ မဂ်၏ အလုပ် သူ့ဟာသူ ဝင်လာလိမ့်မယ် (မှန်ပါ့ ဘုရား) မဂ်၏ အလုပ်ဟာဘာတုန်း ဒကာ ဒကာမတို့ (သူ့ဟာသူ ဝင်တာပါ ဘုရား) သူ့ဟာသူရင့်လိုပပေါ်လတာ ပဲရှိတယ် (မှန်ပါ့)။

သရက်ပင် စိုက်ဘို့ရာ ဦးခင်မောင် သရက်သီး စားချင်တဲ့ ပုဂ္ဂိုလ်၏ တာဝန် (မှန်လှပါ ဘုရား) သရက်သီးသီးဘို့ရာနဲ့ သရက်သီးမှည့်ဘို့ရာကတော့ သရက်ပင်၏ တာဝန်ပေါ့ဗျာ (မှန်လှူပါ)။

ကျုပ်တို့က စိုက်ပြီ ရေလောင်းပေးတာ ကျုပ်တို့အလုပ်ပဲ၊ သီးပါစေ ဆုတောင်းနေလို့ မှည့်ပါစေ ဆုတောင်း နေဘို့က ကျုပ်တို့အလုပ် မရှိပါဘူး(မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ)။

ကျုပ်တို့က ဒီသရက်ပင်ကို ပိုးမွှားမရှိအောင် ရေလောင်းရအောင် မြေတောင် မြှောက်ရအောင် ဒါကျုပ်တို့ အလုပ်ပဲ (မှန်လှပါ ဘုရား)။

ဒါဘာလုပ်ရမှာ သီးပါစေဆုတောင်းဘို့ ကျုပ်တို့ပါရဲ့လား (မပါပါဘူး ဘုရား) မှည့်ပါစေ ဆုတောင်းဘိုတော့ (မပါပါဘူး ဘုရား)ကျုပ်တို့က သရက်ပင်ကြီးပွားရေးသာ လုပ်နေဘို့ပဲ (မှန်ပါ့)။

ကိုယ့်သန္တာန်ပေါ်တဲ့စိတ် ကိုယ်သာရှုနေစမ်းပါ

ဒီမှလည်း ကျုပ်တို့သန္တာန်မှာ ဝိပဿနာဉာဏ်နဲ့ ဒကာ ဒကာမတွေ ဘယ်စိတ်လာလာ ပုထုဇဉ်သန္တာန်မှာလာတဲ့ လေးဆယ့်ငါးပါးသောစိတ် ဟုတ်လား (မှန်ပါ့) ဒါတွေသာ ခင်ဗျားတို့က ကိုယ့်သန္တာန်ပေါ်တဲ့စိတ် ကိုယ်သာရှုနေစမ်းပါ (မှန်ပါ့) ဘာမှမရှိလျှင် ရှုစိတ် ရှုစိတ်ကိုရှု (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

လောဘလာပင် ဘာလုပ်မယ် (ဖြစ်ပျက်ရှုပါမယ်) ဖြစ်ပျက်ရှုပေးလိုက် (မှန်ပါ့) လောဘလာတို့ ရှိရင်လည်း ဘာပါလိမ့်မလည်း အကဲခတ်ကြည့်တဲ့အခါကျတော့ ဖြစ်ပြီး ပျက်သွားတဲ့ ဓမ္မပဲ ခင်ဗျားတို့ တွေ့မယ် (မှန်ပါ) လောဘ ရယ်လို့ တွေ့သေးရဲ့လား (မတွေ့ပါဘူး ဘုရား)။

ဘာတွေ့မယ်ထင်ကြသလည်း (ဖြစ်ပျက် ဓမ္မ တွေ့ပါတယ်) ဪ အနိစ္စဘဲတွေ့တယ်၊ ဒါဖြင့် သဘောပါကြလား (ပါပါတယ်) ဘာတွေ့ပါလိမ့် (အနိစ္စတွေ့ပါတယ်)။

ဒေါသလာလို့ရှိရင် နောက်ကနေ အကဲခတ်လိုက်ပြန်တော့ ဒေါသတွေ့သလား ဖြစ်ပျက်တွေ့လသား (ဖြစ်ပျက် တွေ့ပါတယ် ဘုရား) ဖြစ်ပြီး ပျက်သွာားတာပဲ တွေ့တယ်ဆိုတော သဘောကျပလား (ကျပါပြီ)။

ဝိစိကိစ္ဆာကလေး လာတာကိုလည်း ဒကာ ဒကာမတွေ နောက်က အကဲခတ်တာပေါ့၊ ကိုယ့်မှန်ကိုယ်ကြည့်သလိုပဲ ဝိစိကိစ္ဆာကလေး တွေ့သလား၊ ဒကာ ဒကာမတို့ ဖြစ်ပျက်တွေ့သလား (ဖြစ်ပျက် တွေ့ပါတယ် ဘုရား)။

ဖြစ်မှုနဲ့ ပျက်မှုပဲသွားတွေ့ တယ်

ဒါဖြင့် “သမောဟံဝါစိတ္တံ အမောဟံစိတ္တန္တိ ပဇာနာတိ” ဆိုငြာသော်လည်း ဒကာ ဒကာမတို့ တွေ့တာကတော့ သမုဒယ ဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ” သမုဒယနဲ့ ဝယပဲ သွားတွေ့တယ် (မှန်ပါ့) ဖြစ်မှုနဲ့ ပျက်မှုပဲသွားတွေ့ တယ် ရှင်းကြပလား (ရှင်းပါပြီ)။

မောဟ တွေ့သလား ဖြစ်ပျက်မှု တွေ့သလား (ဖြစ်ပျက်မှု တွေ့ပါတယ် ဘုရား) အဲ အဲဒီတော့ ဒကာ ဒကာမတို့ သတိပဋ္ဌာန်ပါဠိတော်မှာလို ရှေ့ပိုင်းနဲ့ နောက်ပိုင်း စမ်းကြည့်ရမယ် (မှန်ပါ့) ရှေ့ပိုင်းနဲ့ နောက်ပိုင်း စမ်းကြည့်ရတယ် ဒကာသစ်တို့ရဲ့နော် (မှန်ပါ့)။

ဝေဒနာဖြင့်၊ ဝေဒနာရှုဆိုပေမဲ့ တွေ့တဲ့ပုဂ္ဂိုလ်က ဝေဒနာတွေ့ပါသလားတဲ့ ၊ တကယ်ရှုးလိုက်တဲ့အခါကျတော့ မရှိမှုတွေပါသလား (မရှိမှုတွေ့ပါတယ် ဘုရား)။

ဒါဖြင့် ‘ဟုတွာ အဘာဝဋ္ဌေန အနိစ္စ” ဆိုတဲ့အတိုင်း ဟုတွာ = ဖြစ်ပြီး၍ အဘာဝေဋ္ဌေန – ဤနေရာ၌မရှိခြင်း ကြောင်းပင်လျှင်၊ အနိစ္စ = အနိစ္စမည်၏ ဆိုတဲ့အတိုင်း အင်း ဟင် ဒကာ ဒကာမတို့ အကဲခပ်လိုက်တဲ့အခါကျတော့ ဝေဒနာမတွေ့ပါဘူးဘုရား၊ တပည့်တော် အနိစ္စတွေ့ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အနိစ္စတွေ့ပါတယ်

ဘာတွေများတွေ့သလည်း (အနိစ္စတွေ့ပါတယ်) ဒီအနိစ္စကလည်း သူများ အနိစ္စလား တဲ့၊ မိမိခန္ဓာအနိစ္စလား (မိမိခန္ဓာအနိစ္စပါ ဘုရား) ပေါ်လာပြီ ပေါ်လာပြီ ကိုယ့်စိတ်က ဝိညာဏက္ခန္ဓာကို (မှန်ပါ့) ဒကာ ဒကာမတို့ သူများ အနိစ္စလား (မိမိခန္ဓာ အနိစ္စပါ ဘုရား)။

ဪဒါဖြင့်နေရာကျပြီ ဒကာ ဒကာမတို့ အကဲလည်ခတ်လိုက်ပါရော ကိုယ့်အသေကိုမြင့်တော့တာပဲ (မှန်ပါ့) အကဲခတ်လိုက်တော့ ဘာမြင့်ပါလိမ့် (ကိုယ့်အသေကိုမြင်ပါတယ် ဘုရား)။

ကိုယ့်ခန္ဓာအသေ ကိုယ်မြင်တယ် (မှန်ပါ့) ဦးခင်မောင်ရေ ဘာတွေ့ကြသလည်း (ကိုယ့်ခန္ဓာအသေမြင်ပါတယ်) ဒကာ ဒကာမတို့ တယ်လည်း အဖိုးတန်ပါကလား ဒကာ ဒကာမတို့ ကိုယ့်အသေ ကိုယ်မြင်တယ်ဆိုတဲ့ စကားကလး တလုံးဟာ အင်မတန် အရေးကြီးါတယ် (မှန်ပါ့)။

ဘယ်လောက်ထိအောင် အရေးကြီးသတုန်းဆိုတော့ သေတာကို ဒကာ ဒကာမတွေက အကဲခတ်ကြည့်စမ်းပါ၊ မရဏမ္ပိဘာသစ္စာလည်း (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒကာ ဒကာမတွေ သစ္စာတွေပါပနော် သစ္စာတွေပြီ (မှန်ပါ့) တွေပြီ တွေ့ပြီ ကိုယ့်အသေ ကိုယ်မြင့် တာကိုး (မှန်ပါ့) မရဏမ္ပိ ဒုက္ခသစ္စံ ဆိုတော့ ဘာတွေ့ပါလိမ့် (ဒုက္ခသစ္စာ တွေ့ပါတယ်)။

ဪ အသေဆိုတာ တခြားလား အောက်မေ့နေတယ် ဒုက္ခသစ္စာတွေ့ပါကလားဆိုတော့ သာသနာမှာ တခါတည်း ဒကာ ဒကာမတို့ ဘယ်ပုဂ္ဂိုလ်နိဗ္ဗာန် ရောက်ပါတယ်ဆိုတာသည် ဒကာ ဒကာမတို့ သစ္စာမသိပဲနဲ့ ဘယ်သူ မှ မရောက်ဘူး (မှန်လှပါ ဘုရား)။

သစ္စာကိုမသိသေး

ဒါကြောင့် ဓမ္မစကြာမှာ သွားကြည့်တော့မှ ပေါ်လာတယ်၊ ဒကာ ဒကာမတွေ ဒီပြင့် သံယုတ် တကျမ်းလုံး ပြောစရတွေတော့ ရှိသေပေါ့ဗျာ၊ သို့သော် ဓမ္မစကြာက အားလုံးနဲ့ ဆက်စပ်နေတယ် ငါသည် သစ္စာကိုမသိသေး၊ ထိုအခါ ဘုရားဟူ၍ ဝန်မခံသေးတဲ့ (မှန်ပါ့) မပါဘူးလား (ပါပါတယ် ဘုရား) ငါသည် သစ္စာမသိသေး (ထိုအခါ ဘုရားဟူ၍ ဝန်မခံသေးပါ ဘုရား) ထိုအခါ ဘုရားဟူ၍ (ဝန်မခံသေးပါ ဘုရား)။

အကြင်အခါ သစ္စာသိ၏၊ ထိုအခါ ဘုရားဟူ၍ ဝန်ခံ၏ (မှန်လှပါ ဘုရား) အင်း ခင်ဗျားတို့ မြတ်စွာဘုရားကိုယ် တော်မြတ်စသိတဲ့ သစ္စာသွားသိတယ် (မှန်ပါ့ ဘုရား) ကိုယ်အသေ သိတယ်နော် (မှန်ပါ့)။

ကိုယ့်အသေ မရဏမ္ပိ (ဒုက္ခသစ္စာပါ ဘုရား) အဲ မရဏမ္ပိ ဒုက္ဓသစ္စာ ဆိုတာ သဘောကျပလား (ကျပါပြီ) ဒါ စိတ်ကလေးတလုံးတည်း သေတာ ကိုယ့်အသေဘဲဆိုတာ ဦးခင်မောင်တို့ဖြင့် ရိပ်မိပါပြီ (ရိပ်မိပါပြီ ဘုရား)။

မိမိ အသေဟာ ဒုက္ခသစ္စာ

ဒါဖြင့် ဘယ်စိတ်သေသေ အင် ဘယ်သူ့ အသေလို့ဆိုကြမလည်း (ကိုယ့်အသေပါ ဘုရား) မိမိအသေပေါ့ဗျာ (မှန်ပါ့) ဪ မိမိ အသေဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) မိမိအသေကို မိမိသိတာက ဘာသစ္စာပါလိမ့် (မဂ္ဂသစ္စာပါ ဘုရား)။

ဪ ခင်ဗျားတို့ တခါတည်းကို နေရာကျသွားပြီတဲ့၊ ပဋ္ဌမတော့ ဒါ ဒုက္ခသစ္စာလို့သိတယ် နောက်တော့ ဪ ဒါသေချင်လို့သေတာ မဟုတ်ပါကလား ဒကာ ဒကာမတို့ ဒီစိတ်ကလေးဟာလည်း အကြောင်းချုပ်လို့ ဒီစိတ် ကလေးဟာလည်း (အကျိုးချုပ်ပါတယ် ဘုရား) အကြောင်းချုပ်လို့ (အကျိုးချုပ်ပါတယ် ဘုရား) အကြောင်းချုပ်လို့ အကျိုး ချုပ်တဲ့ တရားကလေးဆိုတာ လွဲပါ့မလား(မလွဲပါဘူး)။

အေး ဒါကြောင့် ဝိညာဏ် ချုပ်လို့ နာမ်ရုပ် ချုပ်တာပဲ ဒကာ ဒကာမတို့ နာရုပ်ချုပ်လို့ဘာဆိုကြမယ် (သဠာယတနာ ချုပ်ပါတယ်) ဝိညာဏ်ချုပ်တယ်၊ ဒီလို ပြောင်းပြန်ယူ (မှန်ပါ့)။

ဝိညာဏ်ချုပ်လို့ (နာမ်ချုပ်ပါတယ်) နာမ်ရုပ်ချုပ်လို့ (ဝိညာစ်ချုပ်ပါတယ် ဘုရား) ဝိညာဏ်ချုပ်တယ် ဒါက နဠကလာပီသုတ် သံယုတ်ပါဠိတော်မှာ ဒကာ ဒကာမတို့ ဝိညာဏ်နဲ့နာမ်ရုပ်ဟာ ဒီလို မှီနေပါတယ် (မှန်ပ့ါ) တခု ဖြုတ်လိုက်ရင် တခုလည်းပါလာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ အားလုံး တရားတပွဲလုံးက မှတ်လိုက်စမ်းပါ၊ နာမရူပ နိရောဓာ – ဝိညာဏ နိရောဓော (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ) ဒီစိတ်ကလေးချုပ်ပုံဲပြပါတယ် (မှန်ပါ့) ဝိညာဏနိရောဓာ (နာမရှုပနိရောဓော)။

အဲ သူ တခုဖြုတ်လိုက်လို့ရှိရင် ခန္ဓာငါးပါး အကုန်ပါတယ် (မှန်ပါ) ဒါကြောင့် တလုံးတည်းကို ဘုရားက ကိုင်လိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒီတလုံးသာ ရှု၊ ခန္ဓာငါးပါး အကုန်ပါတယ်ဆိုတာ လေးစားစွာ နဲ့ မှတ်လိုက်တော့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒီအထဲ မရှိ တာက ငါးခုစလုံးမရှိသွားတာ

သို့သော် ခင်ဗျားတို့ မြင်တာကလည်း ငါးပါးစလုံးမြင်တာ မှ မဟုတ်ပဲ မရှိတာ သိတာဆိုတော့ ဒီအထဲ မရှိ တာက ငါးခုစလုံးမရှိသွားတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) မရှိတာလည်း (ငါးခုစလုံး မရှိတာပါ ဘုရား) အြ ငါးခု စလုံးမရှိတာကို ကျုပ်တို့ မသိဘူးလားဗျာ (သိပါတယ် ဘုရား)။

အဲအကဲခတ်လိုက်တော့ သိပါတယ်ဆိုသဖြင့် ဒကာ ဒကာမတို့ မရှိတာက အနိစ္စ အကဲခတ်တာက မဂ္ဂမဖြစ် သေးဘူလား (ဖြစ်ပါတယ်) ဖြစ်တော့ ဒီအထဲမှာ လာကြည့်တော့ ဒါလူမိုက်လား – လူလိမ်မာလားလို့ မေးလိုက်တဲ့ အခါကျတော့ မဂ် ပေါ်နေတဲ့အတွက် ဘယ်လို ဆုံးဖြတ်ချက်ချမလည်း (လူလိမ်မာပါ ဘုရား)။

လူလိမ်မာဆိုတော့ ဒီဘက် အဝိဇ္ဇာက ဒီထဲ စဉ်းစားကြည့်ပါလား သမ္မာဒိဋ္ဌိဆိုတဲ့ဥစ္စည်သည် ဉာဏ်ထဲ မဟုတ်လား (ဉာဏ်ပါ ဘုရား) ဒါဖြင့် ဝိဇ္ဇာ မဂ္ဂင် လာကတည်းက အဝိဇ္ဇာကချုပ်တယ် (မှန်ပါ့) ကိုယ့်အသေ ကိုမြင့် တော့ ဒီအသေ လိုချင်သေးရဲ့လား (မလိုချင်ပါဘူး)။

မလိုချင်တော့ တဏှာကလည်း ချုပ်တော့ အဝိဇ္ဇာတဏှာက ဒီနောက်က ချုပ်တယ် (မှန်ပါ့) ဒီနောက်က ချုပ်နေတော့ ဒီဘက် ဒီခန္ဓာသစ်ပေါ်ဦးမလား (မပေါ်ပါဘူး ဘုရား) ခန္ဓာသစ်မပေါ်ဘူးဆိုတာ သေချာကြပါလား (သေချာပါပြီ ဘုရား)။

ဪ ဒါဖြင့် လူမိုက်နဲ့ လူလိမ်မာသည် ဘာထူးပါလိမ့် မတုန်းဆိုတော့ လူလိမ်မက ဗြဟ္မစရိယာအကျင့် ကျင့်သောကြောင့် ဒီဘက်က အဝိဇ္ဇာတဏှာချုပ်တယ်၊ အဝိဇ္ဇတဏှာချုပ်သောကြောင့် နောက်ခန္ဓာ မရဘူး(မှန်ပါ့ ဘုရား)။

လူမိုက်ဖြင့် အဝိဇ္ဇာတဏှာ လာသောကြောင့် နောက်ခန္ဓာ ရပါတယ်၊ ဒါကြောင့် လူမိုက်ဖြစ်ရတယ် (မှန်ပါ့ ဘုရား)။

လူမိုက်ကဖြင့် အဝိဇ္ဇတဏှာ လာသောကြောင့် နောက်ခန္ဓာရပါတယ် ဒါကြောင့် လူမိုက်ဖြစ်ရတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

လူမိုက်ဆိုတာ ဒကာ ဒကာမတို့ အဝိဇ္ဇာတဏှာမချုပ်လို့ နောက်ခန္ဓာတာ ဘာခေါ်ကြမယ် (လူမိုက်ပါ ဘုရား) အဝိဇ္ဇာတဏှာချုပ်တဲ့ ပုဂ္ဂိုလ်နောက်ခန္ဓာ ရသေးရဲ့လား (မရပါဘူး)။

ဒါဖြင့် လူမိုက်နဲ့ လူလိမ်မာဘာထူးသတုန်းလို့ ဗာလပဏ္ဍိတသုတ် ဟောတဲ့အခါ ဘုန်းကြီး တနေ့က ပြောတဲ့ အတိုင်း တနေ့ နေ့သည် ဗာလပဏ္ဍိတ ထူးကြောင်းကို ထူးသတဲ့ထူးအောင်ဆိုတော့ ဪ လူလိမ္မာက ဗြဟ္မစရိယအကျင့် ကျင့်လို့ အဝိဇ္ဇာတဏှာချုပ်တယ် (မှန်ပါ့) လူမိုက်က ဗြဟ္မ စရိယာအကျင့် မကျင့်သောကြောင့် ဒကာ ဒကာမတို့ အဝိဇ္ဇာတဏှာမချုပ်ဘူး (မှန်ပါ့)။

ဗြဟ္မစရိယအကျင့်ဆိုတာ

လူလိမ်မာက ဗြဟ္မစရိယအကျင့်ဆိုတာ ဖြစ်ပျက်နဲ့ မဂ်နဲ့ လိုက်အောင် လုပ်သောကြောင့် အဝိဇ္ဇာတဏှာ ဘယ့်နှယ်နေသလည်း (ချုပ်ပါတယ် ဘုရား) ချုပ်သောကြောင့် နောက်ခန္ဓာ ဘယ့်နှယ်နေသုန်း (မလာပါဘူး ဘုရား) မလာတော့ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒီကဲ့သို့ သေချာတော့ နောက်ခန္ဓမလာတာသည် ဒကာ ဒကာမတို့ မဂ်လေးတန်ဘာရရင် နောက်ခန္ဓာ လုံးဝမလာဘူး (မှန်ပါ့ ဘုရား) လာသေးရဲ့လား (မလာပါဘူး)။

အဲဒါကြောင့် သို့သော် ခုတော့ဖြင့် ဒကာ ဒကာမတွေ သိတဲ့အတိုင်း ဒိဋ္ဌိဖြုတ်နေတဲ့အတွက် ပဋ္ဌမမဂ်ရဘို့ အလွန် အရေးကြီးနေတယ် (မှန်ပ့ါ ဘုရား)။

ကိုင်းဒါဖြင့် ဦးခင်မောင်ရေ ခင်ဗျားသန္တာန်မှာပေါ်တဲ့ စိတ်က အကုသိုလ်စိတ် တဆယ့်နှစ်ခုကလည်း ပေါ်နိုင်တာချည်း ဖြစ်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အဟိတ်စိတ် တဆယ့်ရှစ်ခုထဲကလည်း ဟိသိတုပ္ပါဒ် ချန်လှပ်ပြီး ကျန်တာတွေကပေါ်နိုင်တာချည်းဖြစ်နေတယ်၊ မျက်လုံး၊ မျက်စိစိတ်၊ နားစိတ်၊ နားခေါင်းစိတ်တွေကလည်း မပေါ်နိုင်ဘူးလား (ပေါ်နိုင်ပါတယ် ဘုရား)။

မဟာကုသိုလ်စိတ် ရှစ်ခုဆိုတာကလည်း ပေါ်နိုင်တာတွေ ဖြစ်တယ် သဘောကျပလား (ကျပါပြီ) အဲဒီတော့ မဟာကုသိုလ်စိတ် ရှစ်ခုလည်း ပေါ်နိုင်တောတွေ ဖြစ်နေတော့ ဒကာ ဒကာမတို့ ဒီပေါ်လာတဲ့ စိတ်တွေကို ခင်ဗျား တို့ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီထဲက မဂ္ဂင် ငါးပါးထားပြီးသကာလ မဂ္ဂင်ငါးပါးနှုတ်ပြီး ရှုရမှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ကိုင်းဒါဖြင့် အခုဘုန်းကြီးပြောလိုက်တဲ့နည်းက ဘယ်လိုတန်ဖိုးသတုန်းဆို တပည့်တော်တို့ ဘာရှုရမတုန်းဆိုတဲ့ အဖြေဟာ သေသေချာချာ ထွက်သွားတယ် (မှန်ပါ့ ဘုရား)။

ကိုယ့်စိတ်ကိုယ်ရှု

ဘာရှုရမတုန်း မေးစရာမလိုတော့ဘူး (မလိုပါဘူး) ဘာကြောင့်တုန်း ကိုယ့်စိတ်ကိုယ်ရှုကွ (မှန်ပါ့) ဘယ်လို ပါလိမ့် (ကိုယ့်စိတ်ကိုရှုရပါမယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်စိတ်ကိုယ်ရှုဆိုတော့ ကိုယ့်စိတ်မဖြစ်ရင်လည်း ကိုယ်သေတော့မယ် (မှန်ပါ့)။

ကိုယ့်စိတ်မဖြစ်ရင် (ကိုယ်သေပါတော့မယ် ဘုရား) ပေါ်တဲ့စိတ်ကို နောက်စိတ်က ရှုနေလို့ရှိရင်လည်း ကိုယ်ရှင် တော့မယ် (မှန်ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေ ရှေ့စိတ်ကသေပြီး နောက်စိတ်နဲ့ အသက်ရှင်တယ်ဆိုတာ သေချာ ပလား (သေချာပါပြီ)။

ဦးခင်မောင်ရေ ဘယ်လိုပါလိမ့် (ရှေ့စိတ်က သေပြီး နောက်စိတ်နဲ့ အသက်ရှင်ပါတယ် ဘုရား) နောက်စိတ် နဲ့ အသက်ရှင်တော့ ဒါဖြင့် ဘုန်းကြီးက တနေ့ကပြောသလို ဒကာ ဒကာမတို့ အသေကို အရှင်နဲ့ကြည့် (မှန်ပါ့ ဘုရား)။

ဒီနည်းပဲ အမျိုးမျိုးပေးနေတယ် (မှန်ပါ့) ဘယ်လိုပေးလိုက်ပါလိမ့် (အသေကို အရှင်နဲ့ ကြည့်ရပါမယ်) ဒါကြောင့် ခင်ဗျားတို့ အသေးစိတ်ကို (အရှင်နဲ့ကြည့်ရပါမယ်) ဒါကြောင့် ခင်ဗျားတို့ အသေစိတ်ကို (အရှင်နဲ့ကြည့်) အရှင်နဲ့ကြည့် ဆိုတော့ မမိသေးဘူးလား (မိပါတယ် ဘုရား)။

၁ ကို ၂ နဲ့ကြည့်ဆိုရင်ကော (မိပါတယ် ဘုရား) အနိစ္စနောက်က မဂ္ဂလိုက်ပါစေဆိုရင်ကော (မိပါတယ် ဘုရား) မိတာချည်းပဲ ဒီစကားလုံးဟာ အကုန်မိတာချည်းပဲ ဆိုတာ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဘယ်စိတ် ရှုရမှာတုံးလို့မေးရင် ဘယ့်နှယ်ဖြေကြမလည်း (ကိုယ့်စိတ်ကိုယ် ရှုရမှာပါ ဘုရား) အဲ မိမိစိတ် မိမိရှုရုံပဲ (မှန်ပါ့) သဘောကျပလား(ကျပါပြီ)။

မိမိစိတ် လောဘလာလို့ရှိရင်လည်း မိမိစိတ် လောဘကို ဖြစ်ပျက်ရှု (မှန်ပါ့) မိမိစိတ် ဒေါသလာရင် (ဖြစ်ပျက် ရှုရပါမယ်) မိမိစိတ်က ဒေါသလာရင် (ဖြစ်ပျက်ရှုရပါမယ်) မိမိစိတ်က ဣဿာ လာပြန်တယ် (ဖြစ်ပျက် ရှုရပါမယ်) မိမိစိတ်က သူတပါး ဝန်တိုပြန်တယ် (ဖြစ်ပျက်ရှုပါမယ်)။

ဖြစ်ပျက်ရှုတာ ဒေါသရှုတာချည်းပဲ မှတ်ရမှာပဲ (မှန်ပါ့ ဘုရား) ခွဲဖြစ်တဲ့အရာတွေမို့ ဒေါသစိတ်ပေါ်မှာ မှီနေတဲ့ သဟဇာတ သမ္ပယုတ္တ ဓမ္မတွေပဲဆိုတာ သေချာပါလား (သေချာပါပြီ ဘုရား)။

အသေကလေး ကျုပ်တို့က မကြည့်ရပေဘူးလား

ကိုင်း ယုတ်စွအဆုံး ဒကာ ဒကာမတို့ မိမိပြုထားတဲ့ ကုသိုလ်ကလေးတောင်မှ ဝိပဿနာကိုး ဒါလည်း ကုသိုလ် စိတ်ကလေး နဲ့ အသက်ရှင်နေတာ အဲဒီ အသေကလေး ကျုပ်တို့က မကြည့်ရပေဘူးလား (ကြည့်ရပါတယ်)။

ဒါဖြင့် မိမိမြင့်စိတ်ကလေးပေါ်လာတောလည်း ဘာလုပ်ရမလည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား) မြင်စိတ် ဖြစ်ပျက်ရှု ကြားစိတ် ကလေးလာပြန်တော့လည်း (ကြားစိတ် ဖြစ်ပျက်ရှုရပါမယ်)။

အဲ နံစိတ်ကလေးလာပြန်တော့ (နံစိတ်ဖြစ်ပျက်ရှုရပါမယ်) စားစိတ်ကလေး လာပြန်တော့ (စားစိတ် ဖြစ်ပျက်ရှုရပါမယ်) ယားစိတ် ယံစိတ်ကလေးလာပြန်တော့ (ယာစိတ် ဖြစ်ပျက်ရှုပါမယ်) ဒါကိုယ်ပေါ်မှာ ယားစိတ် ယားစိတ်ပေါ်ဖြင့်လည်း ကိုယ်ပေါ်မှာ ရှောင်ရှုရမယ် (မှန်ပါ့)။

ထွက်မှန်းသိ ဝင်မှန်းသိဆိုပြီး ပထမလုပ်နေ

အဲဒီတော့ ဒကာ ဒကာမတို့ အိမ်ကျတော့ ထိုင်၊ ထိုင်တဲ့အခါကျလို့ရှိရင် များသောအားဖြင့် ဒကာ ဒကာမတွေ ထိုင်ပြီး အာနာပါနကလေးလုပ်ပြီး သကာလ နှာသီးဖျားမှာ စိတ်ထားပြီးသကာလ ထွက်သက် ဝင်သက်ကလေးကို ထွက်မှန်းသိ ဝင်မှန်းသိဆိုပြီး ပဋ္ဌမလုပ်နေနော် (မှန်ပါ့)။

လုပ်ရာကနေ နေပြီးသကာလ ယားစိတ်လာရင် ယားစိတ်သိလိုက် ဒါတွေအကုန်ဖြုတ် (မှန်ပါ့) မြင်စိတ်လာ ရင် (မြင့်စိတ်ဆီလိုက်) ကြားစိတ်လာရင် (ကြားစိတ်ဆီလိုက်) ဒါသမာဓိတည်ရုံကလေးတွင် အာနာပါနက ဖမ်းတာ၊ သူလိုချင်တာမဟုတ်ပါဘူး (မှန်ပါ့) သူက ကာယာနုပဿနာကိုး (မှန်ပါ့) ဘုန်းကြီးတို့ စိတ္တာနုပဿနာက ဒိဋ္ဌိ ဖြုတ်ချင် တာကိုး (မှန်ပါ့)။

ပဋ္ဌမ သောတာပန်တည်ချင်တော့ ဒိဋ္ဌိက ဖြုတ်ချင်တယ် (မှန်ပါ့) သဘောပါကြလား (ပါပါတယ်) ဒါဖြင့် ဒိဋ္ဌိက ဖြုတ်ချင်တော့ စိတ်ပေါ်ရာလိုက်မှ ဪ ငါမြင်တယ်ဆိုတဲ့ သတ္တသညာလည်း ပျောက်တော့ မပေါ့ဘူးဗျာ (မှန်ပ့ါ) ငါကြားတယ်ဆိုတဲ့ သတ္တသညာကော (ပျောက်ပါတယ် ဘုရား)။

သတ္တသညာဆိုတာ နဂိုရ်တုန်းက သတ္တဝါ ထင်နေတယ်၊ (မှန်ပါ့) ဒါကြားစိတ်ကို ငါထင်နေတယ် (မှန်ပါ့) ငါကြားလိုက်တာ ငါစားလိုကောင်းလိုက်တာ ငါယားလိုက်တာငါကောင်းနေလိုက်နာ ငါကြံစည်နေလိုက်တာ ဦးခင်မောင် စိတ်ပေးမှာ ဘယ်လောက် ဒိဋ္ဌိများသလည်း (များပါတယ် ဘုရား)။

ဒိဋ္ဌိ အရင် ဖြုတ်ရမယ်

အဲဒါကြောင်း သောတာပန်တည်ချင်တယ် ဘာအရင် ဖြုတ်ရမလည်း (ဒိဋ္ဌိ အရင် ဖြုတ်ရပါမယ်) အဲဒါကြောင့် စိတ္တာနုပဿနာကစ ပေးတယ်ဆိုတာကော ကျေနပ်ကြပလား (ကျေနပ်ပါပြီ) ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်စိတ် ရှုရမှာပါလိမ့်မလည်း (ကိုယ့်စိတ်ကိုရှုရမှာပါ) ကိုယ့်စိတ်ကိုရှု (မှန်ပါ့) ကိုယ့်စိတ်ကိုရှုတော့ ဒကာ ဒကာ တွေက ဘယလျား သွားရှုရမှာပါလိမ့်မတုန်း မေးမနေနဲ့နော် မေးရင် အရှုးကျလိမ့်မယ် (မှန်ပါ့)။

မေးရြင် (အရှုကျပါတယ်) ဘယ်သူ့ ရှုရမှာတုန်း (ကိုယ့်စိတ်ကိုယ်ရှုရမှာပါ ဘုရား) ကိုယ့်စိတ်ကိုရှုနော် ကိုယ့် ိစိတ်က စားချင်တာကလေး ထွက်လာရင်ကော (စားချင်တာကလေးရှု) စားချင်တာကလေးကို ရှိ-မရှိပဲ ရှုပေး (မှန်ပါ့)။

ပြောချင်တဲ့စိတ်ကလေး လာလို့ရှိရင်ကော (ပြောချင်တဲ့စိတ်ကလေးရှိ-မရှိရှုရပါမယ်) ရှိ မရှိ အကဲခတ်လိုက် တော့ အဲ အကဲခတ်တဲ့စိတ်လာရင် သူရှိသေရဲ့လား (မရှိပါဘူး) အဲဒီကဲ့သို့ ဒကာ ဒကာမတို့ ယာားရင် ယားစိတ်ရှု၊ နံရင်နံစိတ်ရှု၊ ပြောရင် ပြောချင်တဲ့စိတ်ရှု လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဖြစ်ပြီးပျက်တာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) မြင်တာက (မဂ္ဂသစ္စာပါ ဘုရား)။

ဒါဖြင့် နောက်က အဝိဇ္ဇာတဏှာက မသေဘူးလား သေသလား (သေပါတယ် ဘုရား) တဒင်္ဂတော့ သေသေ ချာချာ သေပြီ (မှန်ပါ့) တဒင်္ဂမသေဘူးလား (သေပါတယ် ဘုရား) ဒါဖြင့် အဝိဇ္ဇာတဏှာကတည်းက ဦခင်မောင် နောက်ခန္ဓာလာပါဦးမလား (မလာပါဘူး)။

အင်း ဒါ လူလိမ်မာမှာတော့ နောက်ခန္ခာမရတာ မဂ္ဂဗြဟ္မစရိယာအကျင့် ကျင့်လို့ နောက်ခန္ခာမရဘူး (မှန်လှပါ ဘုရား) လူမိုက်မှာတော့ မဂ္ဂဗြဟ္မစရိယာအကျင့်ကျင့်လို့နောက်ခန္ခာမရဘူး (မှန်လှပါ ဘုရား) လူမိုက်မှာတော့ မဂ္ဂဗြဟ္မစရိယာ အကျင့် မကျင့်တဲ့အတွက် ဒကာ ဒကာမတို့ လူမိုက်မှာတော့ နောက်ခန္ခာ ဒုက္ခသစ္စာကြီးရယ် (မှန်ပါ)။

ဒုက္ခသစ္စာ မမြင်သ၍ နိဗ္ဗာန်မရ

ဒါဖြင့် တိုတိုပြောကြပါစို့ နာရီကစေ့နေလို့ ဒုက္ခသစ္စာ မမြင်သ၍ ကာလပတ်လုံး ဘယ်အခါကာလမှ နိဗ္ဗာန်မရလို့မှတ် (မှန်လှပါ ဘုရား) ဒုက္ခသစ္စာကို (မမြင်သ၍ ဘယ်အခါကာလမှ နိဗ္ဗာန်မရပါ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ဟာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) မြင်လို့ရှိရင် (မဂ္ဂ သစ္စာပါ) ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ဒါဖြင့် ဖြစ်ပျက်က ဒုက္ခသစ္စာ၊မြင်တာက (မဂ္ဂသစ္စာပါ) သေတာက (သမုဒယသစ္စာပါ) အဲ အဝိဇ္ဇာ တဏှာ သေတောက သမုဒယချုပ်တာ နောက်ခန္ဓာ မလာတာက (နိရောဓ သစ္စာပါ ဘုရား) ဟော သစ္စာလေးပါ သွားကိုက်တယ် (မှန်ပါ့)

ကဲ နက်ဖြန်မှ အကျယ်ဟောကြစို့။

သာဓု သာဓု သာဓု။