10410

မာတိကာသို့

လူမိုက်နဲ့ လူလိမ္မာထူးပုံ တရားတော်

ကျေးဇူးတော်ရှင် အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း

မိုးကုတ် ဆရာတော်ဘုရား၊ မန္တလေးမြို့

ဦးချစ်ဆွေ ဓမ္မာရုံ၌ ဟောကြားတော်မူသော

လူမိုက်နဲ့ လူလိမ္မာထူးပုံ တရားတော်

(၂၂-၂-၆၁)

ဒကာ ဒကာမတွေ သံသရာစခန်း သတ်ချင်လဲ အလွယ်ကလေး၊ သံသရာစခန်း သတ်ချင်လဲ အလွယ်ကလေး၊ ဟာ မသတ်ချင်ပါဘူးဆိုရင်လဲ မတတ်နိုင်ဘူးပေါ့လေ။

အဲဒီတော့ ဒီနေ့ဟောရမှာက လူမိုက်နဲ့ လူလိမ္မာ ဘယ်လို ထူးသလဲလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မေးတော့ ရဟန်းတွေက မဖြေနိုင်လို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက လူမိုက်နဲ့ လူလိမ္မာ ဒီလိုထူးတယ်ကွာ ဆိုတဲ့ အကြောင်းကို ရှင်းလင်းပြီးသကာလ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ ဟောပါတယ်။

သံသရာစခန်းသတ်ပါစေတော့

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဘုန်းကြီး တရားဟောနေတာ ဘာကျေးဇူးမှ မျှော်လို့မဟုတ်ပါဘူး၊ လူလိမ္မာဖြစ်ပြီး သံသရာစခန်းသတ်ပါစေတော့ဆိုတဲ့ စိတ်ထားနဲ့ ဟောနေတယ် (မှန်ပါ့ဘုရား)။

အားလုံး ဒကာ ဒကာမတွေ လူလိမ္မာတွေဖြစ်ပြီး သကာလ အိုဘေး နာဘေး အပါယ်ဘေးတွေကို သိမ်းကြပါစေ တော့ဆိုတဲ့ စေတနာနဲ့ ဟောနေတယ် (မှန်ပါ့) ဟောတော့ ဒကာ ဒကာမတွေကလဲ နားလည်အောင် နားထောင်ကြပါ နော်.(မှန်ပါ့)။

နားလည်အောင် နားထောင်ပြီးသကာလ ကဲ လူလိမ္မာ ဘယ်အလုပ် လုပ်ရမှာတုန်းလို့ သိလာလို့ရှိရင် လူလိမ္မာ အလုပ်ကို တခါတည်း လုပ်ပစ်လိုက်ပါ (မှန်ပါ့) ဘာလုပ်ရမှာတုန်း (လူလိမ္မာအလုပ်ကို တခါတည်း လုပ်ရပါမယ်)။

လူလိမ္မာအလုပ်ကို လုပ်ရမယ်

လူလိမ္မာအလုပ်ကို တခါတည်း လုပ်ရမယ်ဆိုလို့ရှိရင် ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ရဟန်းတွေကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ မေးတယ်၊ မေးတဲ့အခါကျတော့ လူလိမ္မာနဲ့ လူမိုက် ဘာထူး သတုန်းကွ တဲ့။ ဒီတော့ တပည့်တော်များတော့ မပြောတတ်ပါဘူးဘုရားလို့ပဲ ဖြေရတယ်၊ အဲဒါ ရဟန်းတွေပဲဆိုတာ မှတ်လိုက်စမ်းပါဦး (မှန်ပါ့ဘုရား)။

ရဟန်းတော်တွေကိုက တပည့်တော်တို့ဖြင့် ဘယ်လိုမှ မပြောတတ်အောင် ဖြစ်ပါတယ်ဘုရားလို့ လျှောက်ကြ တယ် (မှန်ပါ့) ဒကာ ဒကာမတို့ ရဟန်းတွေတောင် မလျှောက်တတ်တဲ့ခေတ် ဖြစ်သွားတယ်နော် (မှန်ပါ့)။

အဲဒါ ဘယ့်နှယ်ကြောင့် ဖြစ်ရသတုန်းလို့ မေးတဲ့အခါကျတော့ ဘုရားကလဲ ပွင့်စ၊ ရဟန်းတွေကလဲ ဖြစ်စေဆို တော့ ဒကာသစ်တို့ မောင်မြတို့ နားလည်ဖို့ ဒါဖြေတတ်ဖို့အကြောင်း လွယ်ကူပါ့မလား (မလွယ်ကူပါဘူးဘုရား)။

ဘုရားဖြစ်မှသာလျှင်လဲ ဝိပဿနာက ပေါ်လာသည်။ ဘုရားဖြစ်မှလဲ ဒီပုဂ္ဂိုလ်တွေက ရဟန်းတွေဘာတွေ ဖြစ်ကြတော့ အကုန်အသစ်တွေချည်း ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါဘူးဘုရား) ဘုရားကလဲအသစ်၊ တပည့် သားမြေး တွေကလဲ (အသစ်ပါဘုရား)။

အသစ်တွေဆိုတာက အရှင်ဘုရား ဘယ့်နှယ့်ကြောင့် အသစ်တွေလို့ ဆိုရပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့မှ ကဿပဘုရားလက်ထက်က စ,ပြီး ကွယ်လာလိုက်တဲ့ ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်တွေ လူလိမ္မာနဲ့ လူမိုက် ထူးတာ တွေ ဘယ်လိုထူးအောင် လုပ်ရမယ်ဆိုတဲ့ စခန်းတွေ နည်းလမ်းတွေ ကွယ်လာလိုက်တာ ဂေါတမဘုရား ပေါ်လာမှပဲ သူပြောမှပဲ သိရမယ်ဆိုတဲ့ အဓိပ္ပါယ်ရောက်ပါတယ်လို့ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ မှတ်ရလိမ့်မယ် (မှန်လှပါဘုရား)။

ကဿပဘုရားလက်ထက်ကနေပြီး ကွယ်လာလိုက်တာ

ကိုင်း ဒကာ ဒကာမတို့ ကဿပဘုရားလက်ထက်ကနေပြီး ကွယ်လာလိုက်တာ အခု ဒီကြားမှာ ဘုရားနဲ့တွေ့မှ ဖြစ်တဲ့ရဟန်းတွေ တပည့်တော်များ မလျှောက်ထားတတ်ပါဘူးဘုရားလို့ကို ဆိုယူရတယ် (မှန်ပါ့) ဘယ်လောက်များ ကြာသွားတယ်ဆိုတာ သဘောကျပလား (ကျပါတယ်)။

မြေကြီး ၁၃-မိုင် ပျမ်းမျှကြေးတက်မှ ဘုရားတဆူပွင့်မှာကိုး (မှန်ပါ့) ကဿပဘုရား ပွင့်သွားပြီး မြေကြီး ၁၃-မိုင်လောက် ပျမ်းမျှကြေးတက်တော့မှ ဂေါတမဘုရားက ပွင့်တော့ ဒီကြားမှာဆိုရင် ဝိပဿနာ အကုန်ကွယ်တယ် (မှန်ပါ့)။

အဲဒီတော့ ခုမှဖြစ်တဲ့ ရဟန်းတွေက ဒကာသစ်တို့ ကိုမြရွှေတို့ လျှောက်တတ်ပါ့မလား (မလျှောက်တတ်ပါဘူး)။

ဟေ့ လူမိုက်နဲ့လူလိမ္မာ ဘာထူးတုန်းကွ၊ တပည့်တော်များ မလျှောက်တတ်ပါဘူးဘုရား၊ အရှင်ဘုရားပြောမှ သိရမည့် ပုဂ္ဂိုလ်တွေဖြစ်ပါတယ်လို့ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ဒီအတိုင်း လျှောက်ကြတယ် (မှန်ပါ့ဘုရား)။

အဲဒီတော့ ဒီဒကာ ဒကာမတွေမှာလဲ ဘုရားကလဲ ပရိနိဗ္ဗာန်စံသွားတာ နှစ်ပေါင်း ၂၅၀၀-ဆိုတော့ ကျော်သွားတဲ့ အခါကျတော့ ကိုယ့်အမေ မိဘ သင်တာကလေးနဲ့ ကိုယ်အချိန်ကုန်ပြီးသကာလ နေကြတော့မယ်ဆိုလို့ရှိရင် အများကြီး ချွင်းချက် ကျန်ရစ်သေးတယ်ဆိုတာ မှတ်လိုက်စမ်းပါနော် (မှန်ပါ့ဘုရား)။

ဒါ့ကြောင့် ယခု ဆရာသမားက ဘယ်ကျေးဇူးမှ မမျှော်ပါဘူး၊ ဒကာ ဒကာမတွေ သံသရာ ကိုယ့်ဉာဏ်နဲ့ ကိုယ်ဖြတ်ပြီးသကာလ ကိုယ့်ဒုက္ခ ကိုယ်သိမ်းပါစေဆိုတဲ့ စိတ်ထားနဲ့ ဟောနေတယ်ဆိုတာကော သဘောကျပလား (ကျပါပြီဘုရား)။

ဘုန်းကြီးကတော့ နည်းတော့ ပေးတတ်ပါတယ် ဒကာ ဒကာမတို့ သိမ်းရမှာကတော့ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ဒုက္ခ သိမ်းရမှာ (မှန်ပါ့ဘုရား) ဘာလုပ်ကြရမယ် (ကိုယ့်ဉာဏ်နဲ့ ကိုယ့်ဒုက္ခသိမ်းရမှာပါ)။

ကိုင်း ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းတို့မေးလို့ မရလို့ရှိရင်ကွာ ငါပဲ ရှင်းပြပါမယ်ဆိုပြီး ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ရှင်းပြရှာတယ်နော် (မှန်ပါ့ဘုရား)။

ပုံစံကြည့်မှ ပိုရှင်းမယ်

ကိုင်း ဒကာ ဒကာမတို့ ပုံစံကြည့်မှ ပိုရှင်းမယ်ဆိုတာ မှတ်ထားပါနော် (မှန်ပါ့) ပုံစံကြည့်ကြတာပေါ့။

သတ္တဝါ အစ အဝိဇ္ဇာ တဏှာက (မှန်ပါ့ဘုရား)။

သတ္တဝါ အစ (အဝိဇ္ဇာ တဏှာကပါဘုရား)။

သတ္တဝါ အစ (အဝိဇ္ဇာ တဏှာကပါဘုရား)။

ဪ အဝိဇ္ဇာ တဏှာက စ,တယ်နော် (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ လူမိုက်မှာလဲ သတ္တဝါအစ အဝိဇ္ဇာ တဏှာကပဲ၊ လူလိမ္မာမှာကော (အဝိဇ္ဇာ တဏှာကပဲ စ,ပါတယ်) သူလဲ သတ္တဝါပဲကိုး (မှန်ပါ့)။

သူလဲ သတ္တဝါဆိုတော့ ဘယ့်နှယ်ဆိုကြပါ့မလဲ (အဝိဇ္ဇာ တဏှာက စ,ပါတယ်ဘုရား)။

ကိုင်း ဒကာ ဒကာမတွေ လူမိုက်မှာလဲ သတ္တဝါအစ အဝိဇ္ဇာ တဏှာက၊ လူလိမ္မာမှာလဲ သတ္တဝါအစ အဝိဇ္ဇာ တဏှာက ဆိုတော့ အလာမှာ အတူတူပဲ၊ စခန်းသိမ်းမှာ ထူးကြလိမ့်မယ်လို့ မှတ်ရုံရှိတော့တယ် (မှန်ပါ့) အလာမှာဖြင့် (အတူတူပါပဲဘုရား) စခန်းသိမ်းမှာတော့ (ထူးပါတယ်ဘုရား)။

ဪ ဒါဖြင့် ဦးခင်မောင်ရေ သေသေချာချာမှတ်မှ ဖြစ်တော့မယ် (မှန်လှပါဘုရား) ဦးခင်မောင်ကြီး ဘယ်က လာသတုန်း (အဝိဇ္ဇာ တဏှာက လာခဲ့ပါတယ်ဘုရား) ဖြေရုံပဲရှိတယ် (မှန်ပါ့) ဦးဇံရင်ကြီး ဘယ်ကလာသတုန်းဆိုရင် (အဝိဇ္ဇာ တဏှာကပါဘုရား)။

ဒါဖြင့် လူလိမ္မာမှာလဲ အဝိဇ္ဇာ တဏှာကစ,တယ်။ လူမိုက်မှာလဲ အဝိဇ္ဇာ တဏှာက စ,တယ်ဆိုလို့ရှိရင်ဖြင့် စ,ပုံခြင်းမှာ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ထူးသေးရဲ့လား (မထူးပါဘူးဘုရား)။

လာပုံချင်းတော့ တူပါတယ်

ဪ ဒါဖြင့် မထူးတာကို လာပုံချင်း တူပါလျက်သားနဲ့ စခန်းသိမ်းပုံ ကွာတာကို ဘုရားဟောတော့မှာပဲဆိုတာ မှတ်လိုက်စမ်း (မှန်ပါ့ဘုရား) လာပုံချင်းတော့ (တူပါတယ်ဘုရား) စခန်းသိမ်းပုံကျတော့ (ကွာပါတယ်ဘုရား)။

အဲဒါကြောင့် ယနေ့ ဒီလို လူလိမ္မာနဲ့ လူမိုက်သည်ကားလို့ဆိုရင်ကွာ တဲ့၊ လူမိုက်လဲ အဝိဇ္ဇာ တဏှာက စ,တာပဲဆိုတော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ မလာပေဘူးလား (လာပါတယ်ဘုရား) အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့မှတ်၊ ဒကာ ဒကာမတို့မှတ်ထား၊ လူလိမ္မာလို့ ဆိုလိုက်စမ်းပါဦး-

အဲဒီတော့ သင်္ခါရဆိုတာ တဏှာပါပဲ ကုသိုလ် သင်္ခါရရယ် အကုသိုလ် သင်္ခါရရယ် နှစ်ခု တွဲလျက်ချည်းပါနေ ပါတယ်။ ပုညာဘိ သင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရ ဆိုတာ စာလိုသုံးတော့ ရှုပ်နေမှာစိုးလို့ ကုသိုလ် ဆုတောင်း တဏှာ ဘုံဘဝ နှစ်သက်တဲ့ တဏှာ။

ဒါဖြင့် အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါဘုရား) သင်္ခါရနှစ်ခုနော် (မှန်ပါ့) ထိုသင်္ခါရကြောင့် ဒကာ ဒကာမတို့ ဒါ အတိတ်ဘဝဆိုတာ ရှင်းပလား (ရှင်းပါပြီဘုရား)။

ရှင်းတဲ့အခါကျတော့ ဒီဘဝမှာ သင်္ခါရပစ္စယာ ဝိညာဏံလို့ ဆိုငြားသော်လည်း ဒကာ ဒကာမတွေက မှတ်လိုက် တာပေါ့၊ ခန္ဓာငါးပါး ပေါ်လာတယ်လို့ မှတ်လိုက် (မှန်ပါ့) လူလိမ္မာမှာ ဘယ်နှစ်ပါး ပေါ်ပါလိမ့် (ခန္ဓာငါးပါး ပေါ်ပါတယ် ဘုရား)။

ဪ သူလဲ အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာငါးပါးပေါ်တာပဲလို့၊ ခန္ဓာငါးပါးဆိုတာ အခု တရားနာနေတဲ့ ဒကာ ဒကာမတွေ၏ ထိုင်နေတဲ့ ခန္ဓာငါးပါး (မှန်ပါ့ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒီဒကာ ဒကာမတွေ လူလိမ္မာဖြစ်မယ့် ပုဂ္ဂိုလ်နဲ့ အစမှာ အတူတူပဲ အဝိဇ္ဇာ သင်္ခါရ ခန္ဓာငါးပါး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီဘုရား)။

ကဲ လူမိုက်ကလေး ဒီဘက်က စ,ကြပါဦးစို့၊ လူမိုက်လဲ ဒကာ ဒကာမတို့ ဒီဘက်က ဒီအတိုင်း မှတ်တာပေါ့၊ အဝိဇ္ဇာ သင်္ခါရကြောင့် လူမိုက်မှာလဲ ခန္ဓာငါးပါးပဲလာမယ် (မှန်ပါ့)။

လာပုံမှာ မတူကြဘူးလား (တူပါတယ်ဘုရား) လူလိမ္မာဖြစ်မည့် ပုဂ္ဂိုလ်မှာလဲ အဝိဇ္ဇာ သင်္ခါရ ခန္ဓာငါးပါး၊ လူမိုက်ဖြစ်မည့်ပုဂ္ဂိုလ်မှာကော (အဝိဇ္ဇာသင်္ခါရ ခန္ဓာငါးပါးပါပဲဘုရား)။

ဘာထူးသတုန်းကွာ တဲ့၊ လာပုံမှာ အတူတူပဲကွ ရဟန်းတွေရဆိုတော့ တပည့်တော်များတော့ မပြောတတ်ပါဘူး ဘုရား အရှင်ဘုရားဟောမှ ပြောမှသိရမှာပါပဲတဲ့။

ဘယ့်နှယ်ကြောင့်တုန်းဆိုတော့ ကဿပ မြတ်စွာဘုရားလက်ထက်က ကွယ်လိုက်တာ အခုအရှင်ဘုရားလာမှပဲ ဒီတရားတွေ ဒီလိုသိရတော့မယ်၊ ဟောမှသိရမည့် ပုဂ္ဂိုလ်တွေ ဖြစ်လေသောကြောင့် လူမိုက်နဲ့ လူလိမ္မာ တပည့်တော်တို့ ဘာထူးတယ်ဆိုတာ အရှင်ဘုရားအား မလျှောက်ထားနိုင်ပါဘူးဆိုတာ သေသေချာချာလျှောက်ပါတယ် (မှန်ပါ့ဘုရား) သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ ရဟန်းတွေမေးလို့နော် (မှန်ပါ့)။

လူမိုက်မှာလဲ အဝိဇ္ဇာပစ္စယာ သင်္ခါရာ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ လူမိုက်မှာလဲ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုတဲ့ ခန္ဓာငါးပါး မလာဘူးလား (လာပါတယ်ဘုရား) လူလိမ္မာမှာကော (ခန္ဓာငါးပါး လာပါတယ်ဘုရား)။

အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါ) သင်္ခါရပစ္စယာ (ဝိညာဏံပါ) ဝိညာဏ်ဆိုတော့ ခန္ဓာငါးပါး မလာဘူးလား (လာပါတယ်)။

ဟာ ဒါဖြင့် မောင်ထွန်းလှိုင် မောင်ကိုတို့ လာပုံအတူတူပါကလား (အတူတူပါဘုရား) ဒကာ ဒကာမတို့ လာပုံ ဘယ့်နှယ်နေပါလိမ့် (အတူတူပါပဲဘုရား)။

လာပုံအတူတူပဲတဲ့ ဒကာ ဒကာမတို့ ဪ တူတော့ တူကြပြီ၊ အဲဒီတော့ ဒီဟာတင် တူတာမဟုတ်သေးဘူးတဲ့ ဒီပြင်တူတာလဲ ရှိသေးတယ်။

ဒါလဲ ဒကာ ဒကာမတို့က ခန္ဓာငါးပါးမှတ်ထားလိုက်တာပေါ့ တစ်လုံးတည်းနော် (မှန်ပါ့) အဲဒါ ပြစရာရှိလို့ ဒကာ ဒကာမတွေ။

ကိုင်း လူမိုက်နဲ့ လူလိမ္မာ ခန္ဓာငါးပါးရတာခြင်းတော့ ထူးသေးရဲ့လား (မထူးပါဘူး) ခန္ဓာငါးပါး ရတာခြင်းမှာ (မထူးပါဘူးဘုရား)။

ဒါက လူလိမ္မာ၊ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားပဲ ရတယ် (မှန်ပါ့) ဒီဘက်က လူမိုက်မှာကော (ခန္ဓာငါးပါး ဒုက္ခသစ္စာတရားပဲ ရပါတယ်)။

ခန္ဓာငါးပါး ဒုက္ခသစ္စာတရား “သံခိတ္တေန ပဉ္ဇုပါဒါ နက္ခန္ဓာပိဒုက္ခ” ဆိုတဲ့ ဒီဒုက္ခပဲ ရတာပဲဆိုတာ သေချာပလား (သေချာပါပြီဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ အတိတ်ဘဝက ဖြစ်ခဲ့တဲ့ အဝိဇ္ဇာသင်္ခါရ၊ ဒါက ပစ္စုပ္ပန်ဘဝ အစလို့ဆိုရင် လွဲပါ့မလား (မလွဲပါဘူးဘုရား)။

ဒါ ယခုဘဝ ဒကာ ဒကာမတွေ၏ အစနော် (မှန်ပါ့ဘုရား) ခန္ဓာငါးပါးလုံး အမိဝမ်းခေါင်းထဲ ပဋိသန္ဓေနေတယ် ဆိုတာ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ယခုဘဝ အစ ခန္ဓာငါးပါးပေါ့ဗျာ၊ ရှေးဘဝကတော့ဖြင့် အတိတ်ကတော့ဖြင့် အဝိဇ္ဇာနဲ့ သင်္ခါရ ရှင်းကြပလား (ရှင်းပါပြီ)။

အတိတ်က ဘယ်သူပါလိမ့် (အဝိဇ္ဇာနဲ့ သင်္ခါရပါဘုရား) ယခုဘဝအစကတော့ (ခန္ဓာငါးပါးပါ)။

ခန္ဓာငါးပါး သင်္ခါရပစ္စယာဝိညာဏံဆိုတဲ့ ဝိညာဏ်ဆိုတာ ပဋိစ္စသမုပ္ပဒါအလိုမို့ ဝိညာဏ်၊ အဘိဓမ္မာနည်းနဲ့ ယူလိုက်တော့ ခန္ဓာငါးပါးပဲ ပဉ္စဝေါကာရဘုံ ပေါ်ပါတယ် (မှန်ပါ့) ပဉ္စဝေါကာရဘုံမှာ ခန္ဓာ ဘယ်နှစ်ပါးပေါ်သလဲ (ငါးပါးပေါ်ပါတယ်)။

အဲ သင်္ခါရပစ္စယာ ဝိညာဏံလို့သာဆိုတယ် ခန္ဓာငါးပါးပေါ်တယ်လို့ ဒကာ ဒကာမတွေက ရှင်းရှင်းလင်းလင်း မှတ်ထားပါလို့ သတိပေးလိုက်တယ်ပါတယ် (မှန်ပါ့ဘုရား)။

အဲဒီတော့ ဒီ ဝိညာဏ်တွေပေါ်တော့ ဪ ဒီဥစ္စာ ဝိညာဏ်ခန္ဓာငါးပါး ပေါ်လာပြီဆိုတော့ ကိုင်း သူတို့သည် ကားဆိုလို့ရှိရင် ကြီးရင့်ပြီးသကာလ လာကြတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဝိညာဏ်ပြီးလို့ နာမ်ရုပ်အစရှိသည်နဲ့ ပေါ်တဲ့အခါကျလို့ရှိရင် သူတို့အပြင်ဘက် မွေးဖွားတဲ့အခါ စက္ခုံပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံတွေ မလာပေဘူး လား (လာပါတယ်ဘုရား)။

ဝေဒနာသုံးပါး ခံစားတာပဲ

တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာကော မလာပေဘူးလား (လာပါတယ်ဘုရား)။

ဪ ဒါဖြင့် လူမိုက်မှာလဲ လူလိမ္မာလဲ ဒကာ ဒကာမတို့ ဝေဒနာသုံးပါး ခံစားတာပဲ (မှန်လှပါဘုရား) မွေးဖွားပြီးသည့်နောက် ဘာလုပ်ပါလိမ့် (ဝေဒနာသုံးပါးခံစားပါတယ်)

ကဲ တခါသွားလိုက်ဦး၊ ဒီပုဂ္ဂိုလ်မှာလဲ ဝိညာဏ်ရှိနေတဲ့အတွက် တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာဆိုတဲ့ ဝေဒနာကော မခံစားကြဘူးလား (ခံစားပါတယ်ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တစ် နှစ် သုံး လေး ဝေဒနာသုံးပါး ဝေဒနာချည်း ထားလိုက်ပါတော့၊ လေးပဲထားလိုက်ပါ တော့။

လူမိုက်မှာလဲ ဒီဘက်က တန်းပြတော့ တစ် နှစ် သုံး လေး သဘောကျပလား (ကျပါပြီ) လူလိမ္မာမှာကော (လေးပါပဲ) တစ် နှစ် သုံး လေး ပဲ (မှန်ပါ့)။

ဒကာ ဒကာမတို့ လူလိမ္မာကော (တစ် နှစ် သုံး လေးပါပဲ) တစ် နှစ် သုံး လေးပဲဆိုတာ သဘောကျပလား (ကျပါပြီ)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါ၊ ခင်ဗျားတို့ ကောင်းတာခံစားတော့ သုခဝေဒနာ မပေါ်ဘူးလား (ပေါ်ပါတယ်ဘုရား) မကောင်းတာတွေ ခံစားတော့ ဒုက္ခကလေးတွေကော (ပေါ်ပါတယ်ဘုရား) အလတ်စားခံစားတော့ ဥပေက္ခာဝေဒနာကော (ပေါ်ပါတယ်ဘုရား)။

ဪ ဒါဘယ်အခါမှာ ပေါ်ပါလိမ့်မတုန်းဆိုတော့ ယခုလို ပဝတ္တိအခါ (မှန်ပါ့) ယခုလို ပဝတ္တိအခါဆိုတော့ ယခုလို ကျန်းမာချမ်းသာ လူလားမြောက်လာတဲ့အချိန် ဆိုကြပါစို့ဗျာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် လာပုံချင်းမှာ ဟောဒီကျအောင်တူနေတယ်၊ တစ် နှစ် သုံး လေး လူမိုက်မှာလဲ လေးပဲ၊ လူလိမ္မာမှာကော (လေးပါပဲ) လေးပဲဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါပြီ)။

ကောင်းပြီ ဒါဖြင့် ဦးခင်မောင် ဒီပုံကလေး သေသေချာချာ မှတ်ထားနော်။ လူမိုက်နဲ့ လူလိမ္မာ ဒီနေရာမှာ မထူးသေးဘူးတဲ့ (မှန်ပါ့) ထူးကြရဲ့လား ဒကာ ဒကာမတို့ (မထူးပါဘူး)။

မထူးသေးဘူး၊ ဘယ့်နှယ်ကြောင့်တုန်းဆိုတော့ လာပုံမှာ အတူတူဖြစ်ပြီး ခံစားပုံမှာလဲ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ အတူတူ မကျဘူးလား (ကျပါတယ်)။

ခံစားပုံလဲ အတူတူပါပဲ

လူလိမ္မာလဲ ခံစားပုံက (အတူတူပါပဲဘုရား) ဝေဒနာသုံးပါးနဲ့နေတာပဲ (မှန်ပါ့) ဝေဒနာသုံးပါး ခံစားပြီး သကာလ ဝေဒနာက္ခန္ဓာနဲ့ နေတာပဲဆိုရင်တော့ လွဲပါ့မလား (မလွဲပါဘူး) လူလိမ္မာမှာလဲ ဝေဒနာသုံးပါး လှည့်ခံစားနေ တာပဲဆိုရင်ကော လွဲပါ့မလား (မလွဲပါဘူးဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လူလိမ္မာနဲ့ လူမိုက်သည်ကားလို့ ဆိုရင်ဖြင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ ဒီကနေပြီး ဒီ ဖဿပစ္စယာ ဝေဒနာကျအောင် အတူတူပဲထားလိုက်ကြပါတော့ (မှန်ပါ့) သဘောပါကြရဲ့လား (ပါ-ပါတယ်) မတူကြဘူးလား (တူပါတယ်ဘုရား)။

ဒါက အတိတ်ဘဝ၊ ပစ္စုပ္ပန်ဘဝမှာ ဒါတွေပဲ၊ ပဋိသန္ဓေနေပြီး ပြင်ဘက်ရောက်တဲ့အခါကျလို့ရှိရင် ကောင်းတာ ခံစားလဲ သုခဝေဒနာ မပေါ်ဘူးလား (ပေါ်ပါတယ်) မကောင်းတာခံစားတဲ့ ဒုက္ခဝေဒနာကော (ပေါ်ပါတယ် ဘုရား) အလတ်စားခံစားတဲ့ ဥပေက္ခာ ဝေဒနာကော (ပေါ်ပါတယ်ဘုရား)။

အဲ လူလိမ္မာမှာလဲ ဒါပေါ်တာပဲ ဒကာ ဒကာမတို့ လူမိုက်မှာကော (ဒါပေါ်တာပါပဲ) ကိုင်း ရှင်းကြပလား (ရှင်းပါပြီဘုရား)။

ရှင်းပြီ တဲ့ ဪ ဒီကျအောင် လူလိမ္မာနဲ့ လူမိုက်ဖြင့် မထူးသေးပါကလားဆိုတာ ဦးခင်မောင်တို့ ရှင်းသွားပြီ (ရှင်းပါပြီဘုရား) တရားတပွဲလုံး ရှင်းကြပလား (ရှင်းပါပြီဘုရား)။

လူလိမ္မာနဲ့ လူမိုက်ဟာ အခုအချိန်ကျအောင် ထူးသေးရဲ့လား (မထူးသေးပါဘူးဘုရား) ဖြစ်ပုံချင်းအတူတူပဲ မနေဘူးလား (နေပါတယ်ဘုရား)။

လူလိမ္မာမှာ ပညာဘက်ကို သွားပါတယ်

ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပေတော့ ဒကာ ဒကာမတို့ လူလိမ္မာနဲ့ လူမိုက်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သူကတော့ကို ဒကာ ဒကာမတို့သိတဲ့အတိုင်း ဝေဒနာပစ္စယာ တဏှာဘက်ကို သွားလိမ့်မယ်၊ မသွားဘူးလား (သွားပါတယ်ဘုရား) သူကတော့ ဝေဒနာ ပစ္စယာ ပညာဘက်ကို သွားလိမ့်မယ် (မှန်ပါ့) ဒါထူးတယ်တဲ့ (မှန်ပါ့) မြင်ကြရဲ့လား (မြင်ပါတယ်)။

ဝေဒနာပစ္စယာ လူလိမ္မာမှာ (ပညာဘက်ကို သွားပါတယ်) လူလိမ္မာမှာတော့ ဒကာ ဒကာမတွေ ရှေ့ပိုင်းက လူလိမ္မာထားလိုက်တော့ ပညာလာတယ်နော် (မှန်ပါ့)။

ဒီက လူမိုက်တန်းမှာတော့ ဝေဒနာပစ္စယာ (တဏှာပါဘုရား) ဟောဒီက စတယ်၊ ဒီကစတယ်၊ ဒီကစပြီဆိုတာ သိပြီ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

ဒီကစပြီ ဒကာ ဒကာမတို့ ဪ လူလိမ္မာနဲ့ လူမိုက်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လာပုံမှာတော့ တစ် နှစ် သုံး လေး ချင်းမှာဖြင့် အတူတူပဲ ဆိုနိုင်ကြပလား (ဆိုင်နိုင်ပါတယ်) တစ် နှစ် သုံး လေးမှာ (အတူတူပါပဲဘုရား) ငါးမှာ လာထူးတယ် (မှန်ပါ့)။

မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ဘယ်မှာထူးသဲ (ငါးမှာ ထူးပါတယ်ဘုရား) ငါးမှာတော့ လူလိမ္မာမှာတော့ ဝေဒနာနောက်က ပညာ (မှန်ပါ့)။

မောင်မြရွှေတို့ ဘယ်က စထူးသတုန်းဟေ့ (ငါးကအစ ထူးပါတယ်) အင် ဟင် တစ် နှစ် သုံး လေးမှာ (အတူတူပါပဲ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်၌တဲ့ ဪ ငါးနံပါတ်ဖြစ်အောင် လူလိမ္မာဖြစ်ချင်ရင် ငါးနံပါတ်မှာ လူမိုက်နဲ့ မတူအောင် လုပ်ရလိမ့်မယ် (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ)။

လူမိုက်နဲ့မတူအောင် ဘယ်နံပါတ်မှာ လုပ်ရမလဲ (ငါးနံပါတ်မှာပါဘုရား) ငါးနံပါတ်မှာ လုပ်ရမယ်၊ ငါးနံပါတ် ဝေဒနာပစ္စယာ (ပညာပါဘုရား) ကျေနပ်ပလား (ကျေနပ်ပါပြီ)။

လူမိုက်ထုံးစံ သံသရာခရီးသည်

လူမိုက်ထုံးစံအတိုင်း သံသရာခရီးသည်ဖြစ်ချင်လို့ရှိရင်ဖြင့် ဝေဒနာပစ္စယာ (တဏှာပါဘုရား) ဝေဒနာပစ္စယာ တဏှာ၊ ဝေဒနာပစ္စယာ ဒေါသော၊ ဝေဒနာပစ္စယာ မောဟော၊ မလာနိုင်ဘူးလား (လာနိုင်ပါတယ်ဘုရား) ဒီနောက်က လောဘ၊ ဒေါသ၊ မောဟ အကုန်မလာပေဘူးလား (လာပါတယ်ဘုရား)။

လူလိမ္မာကတော့ ဝေဒနာပစ္စယာ (ပညာပါဘုရား) ဪ ဟော ဦးခင်မောင် ထူးပလား (ထူးပါပြီဘုရား) နောက်က ဒကာ ဒကာမတွေ ထူးကြရဲ့လား (ထူးပါတယ်ဘုရား)။

သံသရာခရီးဆုံးတဲ့ နေရာမှာ ကွာခြားတယ်

ခင်ဗျားတို့ ရှင်းရှင်းလင်းလင်းပြနေပါတယ်၊ လာပုံမှာအတူတူပဲ သံသရာခရီးဆုံးတဲ့ နေရာမှာ ကွာခြားတယ်ဆို တာ ဒကာ ဒကာမတို့ အခုပုံချပြသဖြင့် တော်တော်ရှင်းကြရဲ့လား (ရှင်းပါတယ်ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီပုဂ္ဂိုလ်ကတော့ ဒကာ ဒကာမတို့ လူမိုက်ကိုးဗျ၊ လူမိုက်ဆိုတော့ သိတဲ့အတိုင်းတဲ့၊ ဝေဒနာ ပစ္စယာတဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါ) ကမ္မဘဝပစ္စယာ (ဇာတိ)။

ဇာတိဆိုတော့ အနာဂတ်ဘဝဆက်မယ် (မှန်ပါ့) မဆက်ပေဘူးလား (ဆက်ပါတယ်) တဏှာလာတဲ့အတွက် ဇာတိဇရာ မရဏကျအောင် မဆက်ဘူးလား (ဆက်ပါတယ်ဘုရား)။

ဒါဖြင့် မှတ်လိုက်ဦး၊ ဪ လူမိုက်က နောက် ပဋိသန္ဓေနေတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) ဘယ်လို မှတ်ကြမယ် (လူမိုက်က နောက် ပဋိသန္ဓေနေပါတယ်)။

လူလိမ္မာကတော့ ဝေဒနာပစ္စယာ ပညာလို့ လာသောကြောင့် တဏှာက မလာ၊ ဥပါဒါန်က မလာ၊ ကံက ကော (မလာပါဘူးဘုရား) ကံမလာဘဲနဲ့ ဇာတိ-နောက် ပဋိသန္ဓေကကော (မလာပါဘူး) ရှင်းကြပလား (ရှင်းပါပြီ)။

ဪ ဒါဖြင့် တို့ဆရာဘုန်းကြီးက တို့အပေါ်မှာ ရှင်းပြတဲ့ဥစ္စာသည် အင်မတန်မှ ထူးထူးခြားခြားပါကလား လို့ တိုတိုမှတ်ချင်တော့ ဒီအနားမှာ တချက်မှတ်လိုက်၊ ဝေဒနာပစ္စယာ ပညာမှာ တချက်မှတ်လိုက်၊ ဝေဒနာပစ္စယာ တဏှာမှာ တချက်မှတ်လိုက် (မှန်ပါ့)။

လူမိုက်ကတော့ ဝေဒနာပစ္စယာ (တဏှာပါ) လူလိမ္မာကတော့ (ဝေဒနာပစ္စယာ ပညာပါဘုရား) ဪ ဒါက အလုပ်စခန်းသွင်းတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (အလုပ်စခန်းသွင်းတာပါဘုရား)။

အလုပ်စခန်းသွင်းလာပြီ ဒကာ ဒကာမတို့ နောက် ရှုပုံနဲ့တကွ ပြတော့မယ် (မှန်ပါ့) အဲဒီတော့ အကျဉ်းချုပ် ကလေး ဘုရားတပည့်တော်တို့ မှတ်ပါရစေဦးလို့ ဒကာ ဒကာမတွေက ပြောလို့ရှိရင်ဖြင့်တဲ့ သူ့ပါဠိတော်အတိုင်း ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဟောဒီလူလိမ္မာက နောက် ပဋိသန္ဓေမနေဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဟောဒီ လူမိုက်က နောက်ပဋိသန္ဓေ များစွာနေမယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

လူလိမ္မာက နောက်ပဋိသန္ဓေ မနေဘူး

လူလိမ္မာကတော့ (နောက်ပဋိသန္ဓေ မနေပါဘူး) နောက် ပဋိသန္ဓေမနေဘူးနော် (မှန်ပါ့) လူမိုက်ကတော့ (နောက် ပဋိသန္ဓေ များစွာနေပါတယ်)။

ဪ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်ကား ဟေ့ လူလိမ္မာနဲ့ လူမိုက်ဟာ ဘာထူးသတုန်းကွ ဆိုတော့ ဒကာ ဒကာမတို့ အခု ငါးနံပါတ်ထူးခြားတဲ့အတွက် နောက် ခြောက်တွေ ခုနှစ်တွေ ပဋိသန္ဓေနေမှု အိုမှု နာမှု သေမှုတွေဟာ ဒကာ ဒကာမတို့ မလာပေဘူးလား လူမိုက်ကတော့ (လာပါတယ်ဘုရား)။

လူလိမ္မာကတော့ ငါးနံပါတ်က နောက်ကနေပြီး သကာလ ကျင့်ကြံတဲ့ မဂ္ဂဗြဟ္မစရိယာအလုပ် လိုက်ရတယ်၊ မလိုက်ဘူးလား (လိုက်ပါတယ်ဘုရား)။

ဒါဖြင့် လူလိမ္မာကတော့ဖြင့် ပညာလိုက်လာတယ်ဆိုတာကြောင့် ဝိပဿနာ သွင်းပေးတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

ဝိပဿနာ သွင်းပေးတယ်

လူလိမ္မာက (ဝိပဿနာသွင်းပေးပါတယ်) ဟို ပုဂ္ဂိုလ်က ဝေဒနာပစ္စယာ တဏှာဆိုတဲ့ နှစ်သက်မှုလာတယ် (မှန်ပါ့) ဝိပဿနာမလာဘဲနဲ့ တဏှာဆိုတဲ့ နှစ်သက်မှုကြီး မလာဘူးလား (လာပါတယ်ဘုရား)။

တဏှာ နှစ်သက်မှုလာတော့ ဥပါဒါန် စွဲလမ်းမှုက (လာပါတယ်ဘုရား) စွဲလမ်းမှုလာတော့ ကံကကော (လာပါ တယ်ဘုရား)။

ဟာ ဒါဖြင့် ဒီလူမိုက် ပဋိသန္ဓေ နေပေတော့ (မှန်ပါ့) ကမ္မဘဝပစ္စယာ ဇာတိဆိုတော့ ဒကာ ဒကာမတွေပဲ စဉ်းစားတာပေါ့ ဪ ဒီဇာတိဆိုတာ ဘာဇာတိပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ငရဲဇာတိ-ငရဲပဋိသန္ဓေလဲ ဆိုနိုင်တာပဲ၊ ပြိတ္တာပဋိသန္ဓေကော (ဆိုနိုင်ပါတယ်) နတ်ပဋိသန္ဓေ (ဆိုနိုင်ပါတယ်) ဗြဟ္မာပဋိသန္ဓေ (ဆိုနိုင်ပါတယ်) အင်း ဟင် ဘာသစ္စာတွေလဲ (ဒုက္ခသစ္စာတွေပါဘုရား)။

သူက ဒုက္ခသစ္စာ၊ ဝေဒနာနောက်က တဏှာလိုက်တဲ့ပုဂ္ဂိုလ်ဟာ ဒုက္ခသစ္စာပြန်ရတယ် (မှန်ပါ့) ဒကာ ဒကာမတို့ ဝေဒနာနောက်က တဏှာလိုက်တဲ့ပုဂ္ဂိုလ်က (ဒုက္ခသစ္စာ ပြန်ရပါတယ်)။

ဝေဒနာနောက်က ပညာလိုက်တဲ့ပုဂ္ဂိုလ်က ဒုက္ခသစ္စာ ဇာတ်သိမ်းတယ် (မှန်ပါ့) ဝေဒနာနောက်က ပညာလိုက် တဲ့ ပုဂ္ဂိုလ်က (ဒုက္ခသစ္စာ ဇာတ်သိမ်းပါတယ်)။

တယ်လဲ ထူးခြားပါကလား မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ဘယ့်နှယ်နေသတုန်းဟေ့ (ထူးခြားပါတယ်ဘုရား) အလာမှာ တူငြားသော်လည်း သံသရာခရီးဆုံးတာ ကွာခြားကြတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီဘုရား) အလာမှာ တော့ဖြင့် (တူပါတယ်ဘုရား)။

အင် ဟင် ဒကာ ဒကာမတို့ အသွားကျတော့ တူကြရဲ့လား (မတူပါဘူး) မတူဘူး တဲ့၊ ခရီးဆုံးတဲ့ပုဂ္ဂိုလ်က တမျိုး၊ ခရီးမဆုံးတဲ့ ပုဂ္ဂိုလ်က (တမျိုးပါဘုရား) မခြားနားဘူးလား (ခြားနားပါတယ်)။

ဪ ဒါတွေသိရတော့ ဦးခင်မောင် သေပျော်ပြီလို့ ဆုံးဖြတ်ချက်ချစမ်းပါ (မှန်ပါ့)။

ဒါက ဘုန်းကြီးက သရုပ်ဆောင်ပြီးသကာလ အကွက်ချပြနေတာလား ဘုရားကိုက လူမိုက်နဲ့ လူလိမ္မာ ဘာထူး သတုန်း ထူးပုံကို သိစမ်းပါတော့ သိအောင်ပြောပါဆိုလို့ ဘုန်းကြီးက ပြောရတာပါ (မှန်ပါ့ဘုရား)။

လူမိုက်က ဝေဒနာနောက် ဝိပဿနာပညာ မလိုက်ဘဲနဲ့ တဏှာလိုက်နေတယ် (မှန်ပါ့) ရှင်းကြပါလား (ရှင်းပါပြီ) လူလိမ္မာကတော့ ဝေဒနာနောက်က ဘာလိုက်သလဲ (ပညာလိုက်ပါတယ်)။

ဒါဖြင့် မောင်ထွန်းလှိုင် မောင်ကိုတို့ ဒီနေရာ ထူးထူးခြားခြား မှတ်လိုက်စမ်းပါ၊ ဪ သူက ကျင့်မှုလိုက်တယ်၊ သူက သာယာမှုလိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

လူလိမ္မာကတော့ ကျင့်မှုလိုက်ပါတယ်

လူလိမ္မာကတော့ (ကျင့်မှုလိုက်ပါတယ်) လူမိုက်က မကျင့်မှုလိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) လူလိမ္မာကတော့ ဝေဒနာနောက်က (ကျင့်မှုလိုက်ပါတယ်) အေး ပညာဆိုတဲ့ ကျင့်မှုကြံမှု၊ မလိုက်ဘူးလား (လိုက်ပါတယ်)။

ကဲ လူမိုက်ကတော့ (မလိုက်ပါဘူး) ကျင့်မှု ကြံမှု မလိုက်ဘူးဆိုတော့ သူကတော့ အကျင့်ကို မကျင့်တော့ပါဘူး။ ဗြဟ္မစရိယအကျင့်ကို မကျင့်တော့ပါဘူးဆိုတော့ မကျင့်တော့ ထုံးစံအတိုင်း ပဋိစ္စသမုပ္ပါဒ် မသွားဘူးလား (သွားပါတယ် ဘုရား) ဒီဟာကတော့ ပဋိစ္စသမုပ္ပါဒ် မဖြတ်လိုက်ဘူးလား (ဖြတ်လိုက်ပါတယ်)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ လူလိမ္မာနဲ့ လူမိုက်သည်ကားလို့ ဆိုရင်ဖြင့် ကျင့်မှုနဲ့ မကျင့်မှုမှာ ထူးခြားတယ်၊ (မှန်ပါ့) ပေါ်သွားပြီ (ပေါ်ပါပြီ)။

ဘယ်လိုများ ပေါ်သွားပါလိမ့် (ကျင့်မှုနဲ့ မကျင့်မှုမှာ ထူးခြားပါတယ်) ကျင့်မှုနဲ့ မကျင့်မှု ကွာခြားတယ်ဆိုတာ ဒကာ ဒကာမတွေ ရှင်းရှင်းလင်းလင်း သိပလား (သိပါပြီ)။

ဒါဖြင့် လူချင်းတူပေမယ့် မူကွဲရသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

လူချင်းကတော့ ဒီကျအောင် တူတယ်၊ ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါးရတာလဲ တူတယ်၊ ဖဿပစ္စယာ ဝေဒနာ တွေဖြစ်တာကော (တူပါတယ်ဘုရား)။

အေး လူလိမ္မာလဲ ဒီအတိုင်း ဝေဒနာသုံးပါး ခံစားတာပဲ (မှန်ပါ့) လူမိုက်ကော (ခံစားပါတယ်ဘုရား)။

အဲဒီတော့ ဝေဒနာနောက်က ပညာလိုက်တာက ပညာဆိုတာ မောင်ထွန်းလှိုင် မောင်ကိုတို့ မှတ်ထား ကျင့်မှု လိုက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ကျင့်မှုလိုက်တယ်နော် (မှန်ပါ့) ဦးခင်မောင် ဘာလိုက်ပါလိမ့် (ကျင့်မှုလိုက်ပါ တယ်)။

သူကတော့ လူမိုက်ကတော့ ဒကာ ဒကာမတို့ ကျင့်မှုမလိုက်ဘူးတဲ့၊ ပဋိစ္စသမုပ္ပါဒ်အတိုင်း စုန်သွားတဲ့အတိုင်း တောက်လျှောက် စုန်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဘာဖြစ်သွားသတုန်း (တောက်လျှောက်စုန်သွားပါတယ်) ပဋိစ္စသမုပ္ပါဒ် ဖြတ်တဲ့တရား ပါသေးလား (မပါပါ ဘူး)။

လူမိုက်မှာ ဘုရားမပွင့်ပါဘူး

ဒါဖြင့် သူ့မှာ ဘုရားမပွင့်ဘူး (မှန်ပါ့) လူမိုက်မှာ (ဘုရားမပွင့်ပါဘူး) လူလိမ္မာမှာ (ဘုရားပွင့်ပါတယ်) အဲ ဘုရားပွင့်တယ်ဆိုတော့ ဘုရားပွင့်မှ ဝိပဿနာက ပေါ်တာကိုး (မှန်ပါ့)။

သူ့မှာ ဘုရားပွင့်လဲ ဥပမာ အခု သာသနာနှစ်ထောင့်ငါးရာကျော်ကျော်ကလေး ရှိသေးတယ်၊ နောက် နှစ် ထောင့်ငါးရာပြောပြော ကျန်သေးတယ် ထားဦးတော့၊ ဒီမကျင့်လို့ရှိရင် သူ့သန္တာန်မှာ ဦးခင်မောင် ဘုရားပွင့်-မပွင့် (မပွင့်ပါဘူး) မပွင့်ဘူးဆိုတာ သေချာပလား (သေချာပါပြီ)။

ကောင်းပြီ ဒါဖြင့် ကျင့်တဲ့ပုဂ္ဂိုလ်မှာတော့ဖြင့် (ဘုရားပွင့်ပါတယ်)။

ဘုရားပွင့်တယ်ဆိုတဲ့ ဥစ္စာက ဒကာ ဒကာမတို့ တခြားအောက်မေ့မနေနဲ့ ဘုရားပွင့်မှ ဝိပဿနာပေါ်လို့ ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်များမှာ ဒကာ ဒကာမတွေသည် ကြိုးကြိုးစားစား လုပ်ကြပါ၊ ဒါ ကိုယ့်သန္တာန် ဘုရားပွင့်လို့ သံသရာခရီးအဆုံးသတ်တဲ့ အလုပ်ပဲဆိုဖြင့် သေသေချာချာ မှတ်ရလိမ့်မယ် (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ)။

ဪ ဒါဖြင့် ဘုန်းကြီး ဒကာ ဒကာမတွေကို အားလုံးပဲ မေတ္တာရှေ့ထားပြောပါတယ်၊ မသေကြနဲ့ဦး၊ တားရလို့ ရှိရင် တားကြဦး ခင်ဗျားတို့ သန္တာန် သာသနာနဲ့ကြုံအောင် လုပ်လိုက်ပါဦး (မှန်ပါ့ဘုရား) ဟောထိုက်မဟောထိုက် (ဟောထိုက်ပါတယ်ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) အင်မတန် အရေးကြီးလို့ ပြောနေတယ်ဆိုတာကော ပေါ်ပလား (ပေါ်ပါပြီ)။

ဒီ ကျင့်မှုကလေးမှ မကျင့်လိုက်ရသေးဘူး ဆိုလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဒီခန္ဓာနဲ့ ဟိုခန္ဓာဆက်တာဆိုတာ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဘာလဲ (ဒီခန္ဓာနဲ့ ဟိုခန္ဓာဆက်တာ ဆိုတာပါ)။

ဟော အတိတ်ခန္ဓာနဲ့ ဟောဒါကလဲ အဝိဇ္ဇာကလဲ သင်္ခါရက္ခန္ဓာ၊ ဒါတွေကလဲ သင်္ခါရက္ခန္ဓာ ထားပါတော့နော် (မှန်ပါ့) အတိတ်ခန္ဓာတွေနဲ့ ပစ္စုပ္ပန်ခန္ဓာ သွားဆက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒါပစ္စုပ္ပန်ခန္ဓာ

ပစ္စုပ္ပန်ခန္ဓာက ဒါပါပဲ၊ ဒါပစ္စုပ္ပန်ခန္ဓာ ထားပါတော့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာနော် (မှန်ပါ့)။

ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေထားလိုက်ပါတော့ ဝေဒနာသုံးမျိုးနဲ့ ဒကာ ဒကာမတို့ ပစ္စုပ္ပန်ခန္ဓာ ရှင်းရှင်းကြီး ရှေ့မှာပေါ်ပြီးသကာလ ဒီခန္ဓာနောက်က ပညာလိုက်နေတယ် လူလိမ္မာက (မှန်ပါ့) ဒီခန္ဓာ နောက်က (ပညာလိုက်နေတယ်)။

ဒီပုဂ္ဂိုလ်ကျတော့ ဒီခန္ဓာနောက်က တဏှာလိုက်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) တဏှာဒိဋ္ဌိ မလိုက်ဘူးလား (လိုက်ပါတယ်ဘုရား)။

ဒါဖြင့် လူလိမ္မာ ခန္ဓာက ဒါ ခန္ဓာငါးပါးဒီနေရာ သွင်းလိုက်ကြစို့၊ ခန္ဓာငါးပါးဆိုတော့ ဝေဒနာ ပါသွားပါပြီနော် (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတို့ လူမိုက် ခန္ဓာငါးပါးနဲ့ လူလိမ္မာ ခန္ဓာငါးပါးရပုံခြင်း ဘာခြားနားသလဲ (မခြားနားပါဘူး ဘုရား) ရပုံချင်းမထူးဘူးနော်၊ ရပုံချင်းတော့ဖြင့် ငါးငါးချည်းပဲဆိုတာ သေချာကြပလား (သေချာပါတယ်)။

ဪ ဒါဖြင့် လူမိုက်ခန္ဓာကတော့ဖြင့် ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာကို နှစ်သက်ခင်တွယ် တဏှာဥပါဒါန် ကံလာတယ်။ (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ) ကိုယ့်ခန္ဓာခင်တွယ်တဲ့ တဏှာ ဥပါဒါန် ကံ (လာပါတယ် ဘုရား)။

ဒါဖြင့် သူ့ပဋိစ္စသမုပ္ပါဒ်သည် အနာဂတ်ဘဝ ဇာတိဇရာ မရဏ ဆက်-မဆက် (ဆက်ပါတယ်ဘုရား)။

ဪ လူမိုက်က ဒကာ ဒကာမတို့ သုံးဘဝဆက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အတိတ်ဘဝ၊ ဒါက ဘာတုံး (ပစ္စုပ္ပန်ဘဝ) ဒီဘက်မှာ ဇာတိ ဇရာ မရဏဆိုတာ အနာဂတ်ဘဝ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒါ သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ နှစ်ယောက်ပြနေရတဲ့အတွက် ဒီပုံစံတွေလဲ မလောက်တော့ဘူး (မှန်ပါ့) မလောက်တော့ဘူး၊ ကဲ သဘောပါကြပလား (ပါ-ပါပြီ)။

လူမိုက်က သုံးဘဝဆက်တယ်

ဒါဖြင့် ရှင်းရှင်းကလေးနဲ့ ဝိပဿနာမပေးခင် ဒကာ ဒကာမတို့ နည်းအကျအနသိရအောင် လူမိုက်နဲ့လူလိမ္မာ သည် ဘာထူးသတုန်းလို့ မေးလို့ရှိရင် လူမိုက်က သုံးဘဝဆက်တယ်ဘုရား ပေါ်ကြပလား (ပေါ်ပါပြီ) လူမိုက်က (သုံးဘဝ ဆက်ပါတယ်ဘုရား)။

လူလိမ္မာက နှစ်ဘဝတွင် ဇာတ်သိမ်းတယ်ဘုရား (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ) အဝိဇ္ဇာပစ္စယာ သင်္ခါရာပြီးတော့ ဒီခန္ဓာငါးပါး မလာဘူးလား (လာပါတယ်) ဒီခန္ဓာငါးပါးနောက်က ပညာလာလိုက်တဲ့အခါ နောက်ခန္ဓာ အနာဂတ် ဘဝတွေ လာသေးရဲ့လား (မလာပါဘူးဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ရှင်းသထက်ရှင်းအောင် ပြောကြပါစို့ဆိုလို့ရှိရင်ဖြင့် လူမိုက်က သုံးဘဝဆက်တယ်၊ ဒါက အမြင်ပြတာနော် (မှန်ပါ့)။

လူမိုက်က (သုံးဘဝဆက်ပါတယ်) ဒါအမြင်ပြတာနော် (မှန်ပါ့) ဒီဇာတိပေါင်း ဘယ်လောက်တုန်းလို့ မပြောနိုင် ဘူး၊ ဘဝပေါင်းများစွာလာတယ်၊ သို့သော် အမြင်မှာတော့ဖြင့် ဘယ်နှစ်ဘဝဆက်သတုန်း (သုံးဘဝဆက်ပါတယ်)။

လူလိမ္မာကတော့ ဒကာ ဒကာမတို့ မြင်တဲ့အတိုင်း ဟောဒါအတိတ်ဘဝ၊ ဟောဒါ ပစ္စုပ္ပန်ဘဝ ခန္ဓာငါးပါး ဒီနောက်က ပညာ လိုက်လိုက်တဲ့အတွက် အနာဂတ်ဘဝ လာသေးရဲ့လား (မလာပါဘူး)။

ဒါဖြင့် ဒကာ ဒကာမတို့ လူလိမ္မာက နှစ်ဘဝက ဇာတ်သိမ်းတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်နှစ်ခုနဲ့ဘဲ ပြီးသွားတယ်။

လူမိုက်ကတော့ဖြင့် ပဋိစ္စသမုပ္ပါဒ် သုံးခုဆက်သွားတယ်လို့ အမြင်အားဖြင့် ပြောလို့ရှိရင်လဲ မောင်ထွန်းလှိုင် မောင်ကိုတို့ အမြင်အားဖြင့် သူ ရှင်းမနေဘူးလား (ရှင်းနေပါတယ်) သဘောပါကြလား (ပါပါတယ်)။

လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုန်း

ဪ လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုန်း ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် သုံးခုဆက်ရင် (လူမိုက်ပါ ဘုရား) နှစ်ခုနဲ့ပြတ်ရင် (လူလိမ္မာပါဘုရား) ရှင်းပလား (ရှင်းပါပြီ) သုံးခုဆက်ရင် (လူမိုက်ပါဘုရား) အင်း ဟင် နှစ်ခုနဲ့ ပြတ်သွားရင် (လူလိမ္မာပါဘုရား)။

အဲဒီတော့ ဘုရားရှင်နှင့် ဘုန်းကြီးတို့တတ်နိုင်တာက ဟောဒီ ပစ္စုပ္ပန်ဘဝကနေပြီး အနာဂတ်ဘဝ မကူးအောင် တော့ တတ်နိုင်တယ် (မှန်ပါ့) ဒါဘုန်းကြီးတို့၏ တာဝန်ရှိတယ် (မှန်ပါ့)။ ဒကာ ဒကာမတွေကလဲ ကိုယ်ပိုင်ဉာဏ်ကလေး သုံးပြီးသကာလ ဝေဒနာနောက်ကနေပြီး ပညာလိုက်ရလို့ရှိရင်ဖြင့် သုံးဘဝ တို့မကူးတော့ဘူး၊ မဆက်တော့ဘူးဆိုတာ (သေချာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လူမိုက်နဲ့လူလိမ္မာ ဘာထူးသတုန်းဆိုတော့ လူမိုက်က သုံးဘဝဆက်သည်၊ ရှင်းကြပလား (ရှင်းပါပြီ)။

အတိတ်ဘဝက အဝိဇ္ဇာသင်္ခါရက မရှိလားဗျာ (ရှိပါတယ်ဘုရား) ယခုဘဝ ခန္ဓာငါးပါးကြီး ရနေတယ် (ရပါတယ်)။

ခန္ဓာငါးပါး နောက်ထပ်ရပြီးသကာလ အနာဂတ်ခန္ဓာ တဏှာ ဥပါဒါန် ကံ အနာဂတ်အကြောင်းတွေ လုပ်တဲ့ အတွက် ဇာတိဇရာ မရဏဆိုတဲ့ အနာဂတ်ဘဝတွေကော (လာပါတယ်ဘုရား)။

ဒါဖြင့် လူမိုက်က ဘယ်နှစ်ဘဝဆက်သတုန်း (သုံးဘဝဆက်ပါတယ်) လူလိမ္မာက ဘာတဲ့ (နှစ်ဘဝဆက်ပါတယ်) နှစ်ဘဝနဲ့ပြတ်တယ် (မှန်ပါ့) ဦးခင်မောင်တို့ ကျေနပ်ကြပလား (ကျေနပ်ပါပြီ)။

နားလည်အောင် ပြောနေပါတယ် ဒကာ ဒကာမတို့ သေသေချာချာ မှတ်ကြစမ်းပါ၊ ဒါ အလုပ်နဲ့ဖြတ်ရမယ် ဆိုတာလဲ စောစောစီးစီးက တင်ကြိုပြီး မှတ်ထားပါနော် (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့က စဉ်းစားကြည့်ပါတော့၊ ဒီမှာ ဘုရားကလဲ ဟောပြီတဲ့၊ လူမိုက်ကတော့ကွာတဲ့ နောက်ဒုက္ခ ရတယ်၊ အနာဂတ်ဒုက္ခရတယ်၊ လူလိမ္မာက (အနာဂတ်ဒုက္ခမရပါဘူး) လူမိုက်က (အနာဂတ်ဒုက္ခရပါတယ်) လူလိမ္မာက (အနာဂတ်ဒုက္ခမရပါဘူး)။

အနာဂတ်ဒုက္ခမရဘူးဆိုတော့ ဒကာ ဒကာမတို့ ကိုယ့်ဟာကိုယ် မိုက်မှန်းလဲ ယနေ့တော့ဖြင့် မပေါ်လို့ကို မဖြစ်တော့ဘူး (မှန်ပါ့) မပေါ်လို့ကို မဖြစ်တော့ဘူး ဦးခင်မောင် (မဖြစ်တော့ဘူး)။

အနာဂတ်ဘဝဆုတောင်း တယ်

စုတေမနေ သေလွန်ရလို့ရှိရင်ဖြင့် လူကောင်း နတ်ကောင်း ဖြစ်ရပါလို၏ဆိုတော့ အနာဂတ်ဘဝဆုတောင်း တယ် (မှန်ပါ့) မဆက်ဘူးလား (ဆက်ပါတယ်)။

အဲဒါ ဘုရားက ဘယ်အထဲ သွင်းလိုက်သလဲ (လူမိုက်ထဲ သွင်းပါတယ်) ဆက်သွားပြီ (မှန်ပါ့)။

ဒါ ဘုန်းကြီးက ပြောတာမဟုတ်ဘူးနော် ဘုန်းကြီးက ပြောတာမဟုတ်ဘူး ဒကာ ဒကာမတို့ ဘယ်သူက ပြောတာ တုန်း (ဘုရားကပြောတာပါ)။

လူမိုက်က နောက် ပဋိသန္ဓေ ရှိတယ်ကွတဲ့ ပေါ်ကြပလား (ပေါ်ပါပြီ) နောက်ပဋိသန္ဓေဆိုတော့ အနာဂတ်ဘဝ မကျဘူးလား (ကျပါတယ်)။

လူလိမ္မာက နောက် ပဋိသန္ဓေ မလာဘူးကွတဲ့ ဆိုတော့ ဆုတောင်းယူတဲ့ ပုဂ္ဂိုလ်များ ဘယ်အထဲ သွင်းကြသလဲ (လူမိုက်ထဲသွင်းပါ)။

ဪ သွင်းတတ်ရင်တော့ တော်သေးတယ်နော်၊ သွင်းတတ်ရင်တော့ ကိုယ့်ဟာကိုယ်မိုက်တာ မိုက်မှန်းသိတယ်၊ (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ) သွင်းတတ်လို့ရှိရင် (ကိုယ်မိုက်တာ မိုက်မှန်းသိပါတယ်)။

အို ကျုပ်တို့တော့ဖြင့် ဒီလိုမနေနိုင်ပါဘူး၊ ကျုပ်တို့တော့ဖြင့် ဘုံစဉ်စံကလေးတော့ဖြင့် ကြိုက်ပါသေးတယ်ဆိုရင် သူ့ဟာ အသံသာချိုတယ်၊ လူမိုက်ထဲဝင်တယ် (မှန်ပါ့)။

အသံတော့ချိုတယ်နော် (မှန်ပါ့) ဘယ်အထဲ ဝင်သွားပါလိမ့် (လူမိုက်ထဲ ဝင်ပါတယ်) သဘောကျပလား (ကျပါပြီ)။

ဗာလပဏ္ဍိတသုတ်

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကိုက ဗာလပဏ္ဍိတသုတ်ဆိုပြီးသကာလ နိဒါနဝဂ္ဂ သံယုတ်ပါဠိ တော်ကြီးမှာ ကိုယ်တော်တိုင် ဟောပြီးသကာလ ထားတဲ့အတွက် ဒကာ ဒကာမတို့ လူမိုက်က မမြတ်သောအကျင့်ကို ကျင့်တယ်ကွာတဲ့၊ ခန္ဓာငါးပါးအပေါ်၌ (မှန်ပါ့) လူလိမ္မာက မြတ်သောအကျင့်ကို ကျင့်တယ်ကွတဲ့၊ ခန္ဓာငါးပါးအပေါ်၌ (မှန်ပါ့)။

လူမိုက်က မြတ်သောအကျင့်ကို မကျင့်ဘူး၊ ယုတ်သောတရားတွေနဲ့ ဆက်သွားတယ်ကွ တဲ့၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတွေ ဘုံဘဝတွေကို လိုချင်တဲ့ ဒကာ ဒကာမတွေကို ရှင်းရှင်းနဲ့ဘွင်းဘွင်း ပြောရလို့ရှိရင်ဖြင့် အခု ဒေသနာတော်အတိုင်း ဘုရားဟောတော်မူတဲ့အတိုင်း သစ္စာနဲ့ဝေဖန်တဲ့အတိုင်း ဆိုရင်ဖြင့် ဘယ်ထဲသွင်းရမလဲ (လူမိုက်ထဲ သွင်းရမယ်)။

ကိုယ့်ဟာကိုယ်သွင်းကြ နော် (မှန်ပါ့) ကိုယ့်ဟာကိုယ် သွင်းကြတဲ့၊ ဆရာဘုန်းကြီးကတော့ ဒီတရားဖြစ်စဉ်ကိုပဲ လျှောက်ပြီးပြောတာပါပဲ (မှန်ပါ့)။

ဘုရားက သူလာရင် လူမိုက်ကွ၊ ဒီဟာက လူလိမ္မာကဆိုလို့ ဟောတော့ဟောတာပဲ၊ ကိုယ့်ဟာကိုယ် တခါတည်း ဪ ငါသည်ကား မိုက်ချက်သန်သလား၊ မသန်ဘူးလား ဆိုတာတော့ နဖူးပေါ်လက်တင် စဉ်းစားလိုက်တော့မှ ပေါ် လာတယ်၊ (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ်ဘုရား) ဟိုဘဝ ဒီဘဝ လိုချင်ရင် ဘာဆိုကြမယ် (လူမိုက်ပါ ဘုရား)။

ဘာကြောင့်တုန်းဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှင်းရှင်းပဲ ပြောလိုက်တယ်၊ ဟိုဘဝ ဒီဘဝ ဆိုတာများကွာ တဲ့၊ ငါ ဘဝရတဲ့ပုဂ္ဂိုလ်မှာ ဘယ်အခါကာလမှ ဘဝကောင်းတယ်လို့ မချီးမွမ်းပါဘူး တဲ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘဝကောင်းတယ်လို့ ဘယ်အခါမှ မချီးမွမ်းဘူး ဘူးတဲ့ (မှန်ပါ့)။

ဘဝကို ကောင်းတယ်လို့ မချီးမွမ်းဘူး

ကဲ အင်္ဂုတ္ထိုရ် ပါဠိတော် ဒီဥစ္စာက ဒုကနိပါတ် အင်္ဂုတ္ထိုရ် ပါဠိတော်မှာ ဒကာ ဒကာမတို့ ဘဝကို ကောင်းတယ်လို့ ဘယ်တော့မှ ငါ ဘုရားမချီးမွမ်းဘူး ဘူးတဲ့ (မှန်ပါ့)။

နောက်လာမည့် ဘဝတွေ ဘယ်လိုတဲ့ (ကောင်းတယ်လို့ ဘယ်လိုမှ ငါဘုရားမချီးမွမ်းဘူး တဲ့) ကောင်းတယ်လို့ ဘယ်တော့မှ မချီးမွမ်းဖူး ဘူးတဲ့၊ ဒကာဒကာတို့ နားကြီးကြီးနဲ့ထောင်ပါ (မှန်ပါ့) ကောင်းတယ်လို့ (ဘယ်တော့မှ မချီးမွမ်းဖူးဘူး တဲ့)။

ဘုရားက မချီးမွမ်းဘူး ကိုယ်တော် မချီးမွမ်းနေ တပည့်တော်တို့က ကြိုက်တယ်ဘုရား၊ ဟာ သွားပြီ ခင်ဗျားတို့ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ဟာက ခက်တယ်၊ ဘုရား ဘက်တိုက်နေတာပဲ (မှန်ပါ့) ဘယ်လိုဆိုကြပါ့မလဲ (ဘုရား ဘက်တိုက်တာပါ) ဘုရား ဘက်တိုက်တာဆိုရင် မောင်ကိုတို့ မောင်ထွန်းလှိုင်တို့ လွဲပါ့မလား (မလွဲပါဘူး)။

အဲဒီတော့ ခင်ဗျားတို့ ဂုဏ်ချင်းတူတဲ့ ယောက်ျား ယောက်ျားချင်း၊ မိန်းမ-မိန်းမချင်းတွင်သာ ဘဲ့တိုက်ပါ၊ အတုမရှိတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့ သွားပြီး ဘက်မတိုက်ပါနဲ့၊ တောင်းပန်ပါရစေ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါ ပြီ)။

အတုမရှိတဲ့ ကိုယ်တော်ကြီးနဲ့ ခင်ဗျားတို့တုလို့ကော ဖြစ်မှာလား (မဖြစ်ပါဘူးဘုရား)။

အဲဒါတော့ သွားပြီးသကာလ ဘက်မတိုက်ပါနဲ့လို့ ဒကာ ဒကာမတွေကို မေတ္တာရပ်ခံပါတယ် (မှန်ပါ့)။

တိုက်တာကို ဘုရားရှေ့မှာသွားပြီး-အရှင်ဘုရား ဒီပန်း ဒီဆွမ်း ဒီကွမ်းကြောင့် ဒီသွားတိုက်တယ်၊ မတိုက်ဘူး လား တိုက်သလား (တိုက်ပါတယ်ဘုရား)။

သေသေချာချာ တိုက်တယ်ဆိုတာ ဒကာ ဒကာမတွေ ပေါ်လာပလား (ပေါ်လာပါပြီဘုရား) ငါကလဲ ဘဝများ ကွာ ဘယ်ကာလမှ လက်ဖျစ်တတွတ်တောင်မှ ဘယ်ဘဝကောင်းတယ်လို့ မချီးမွမ်းဖူးပါဘူးတဲ့ (မှန်ပါ့) မင်းတို့က ယူချင်တာတော့ဖြင့် မတတ်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ် မရောက်ဘူးလား (ရောက်ပါတယ်ဘုရား)။

နှောင်အိမ်ကျတာကွ

ကိုင်း ဒါဖြင့် ဘုရားက ဘဝကောင်းတယ်လို့ ချီးမွမ်းသလား ဘဝသည် “တယောဘဝေ အဒ္ဒုဃရံဝိယ ဒဋ္ဌဗ္ဗံ” တဲ့ တယောဘဝေ=ဘုံသုံးပါးဆိုတာ ကာမ ရူပ၊ အရူပ ကာမဘုံ ရူပဘုံ အရူပဘုံ အဲဒီဘဝတွေဟာတဲ့၊ အဒ္ဒုဃရံဝိယ ဒဋ္ဌဗ္ဗံ=နှောင်အိမ်ကျတာကွ တဲ့၊ သဘောကျပလား (ကျပါပြီ)။

လူ့ပြည်ပြန်ပြီး ကျတော့လဲ နှောင်အိမ်ထဲကျတာပဲ၊ နတ်ပြည်ကျပြန်ကော (နှောင်အိမ်ထဲကျတာပါပဲ) ဗြဟ္မာပြည် ကျပြန်ကော (နှောင်အိမ်ထဲကျတာပါပဲ)။

ကိုင်း ဒကာ ဒကာမတို့ “တယောဘဝေ အဒ္ဒုဃရံဝိယ ဒဋ္ဌဗ္ဗံ” ဆိုတဲ့အတိုင်း ဘုံသုံးပါးကို ထောင်သုံးခုလို့ ငါသေသေချာချာ ပြောပါတယ်တဲ့ (မှန်ပါ့)။

အဲဒီတော့ မင်းတို့ဟာမင်းတို့ ကိုယ့်ဟာကိုယ် ကျချင်လို့ရှိရင်လဲ မတတ်နိုင်ဘူးပေါ့ကွာ တဲ့၊ ငါတော့ မချီးမွမ်း ဘူးတဲ့ (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေ ဘုံဘဝလိုချင်တဲ့ ပုဂ္ဂိုလ်များ ဘယ့်နှယ်ဆိုကြပါ့မယ် (နှောင်အိမ်ကျတာပါဘုရား) နှောင်အိမ်မှာ ကျပါရစေဦးဆိုတဲ့ အဓိပ္ပါယ် ရောက်-မရောက် (ရောက်ပါတယ်ဘုရား)။

ဒါဖြင့် သူများက ကျချင်လို့ ကျရတာလား ကိုယ်ကိုယ်တိုင် လက်ဆောင်ထိုး ဝင်တာလားဆိုတဲ့ အဓိပ္ပါယ်လဲ တခါ စဉ်းစားပါဦး (ကိုယ်ကိုယ်တိုင် လက်ဆောင်ထိုးဝင်တာပါဘုရား) အတော်မဆိုးဘူးလား (ဆိုးပါတယ်ဘုရား)။

နိဗ္ဗာန်ကိုသာ ရောက်ရပါလို၏

အဲဒါကြောင့် ဘာကလေးလှူလှူ “ဣဒံ မေပုညံ အာသဝက္ခယံ ဝဟံဟောတု” လို့ ဆိုပြီးတော့ ဒါနလဲလုပ်ပါ၊ သီလလဲလုပ်ပါ၊ အကုန်လုပ်ပါ၊ သူတော်ကောင်းအလုပ်ဟူသ၍ သုစရိုက်ဟူ၍ အကုန်လုပ်ပါ၊ သို့သော်လည်း အာသဝေါ ကုန်ရာ နိဗ္ဗာန်ကိုသာ ရောက်ရပါလို၏ဆိုတာသာ မလွတ်ပါစေနဲ့၊ ထောင်ကျတော့ မခံပါနဲ့ (မှန်ပါ့ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာတဲ့တုန်း (ထောင်ကျတော့ မခံပါနဲ့)။

အာသဝေါကုန်ရာ ရောက်ရပါလို၏သာ ဒကာ ဒကာမတွေ အရေးတကြီးထားပါ (မှန်ပါ့) အာသဝေါကုန်ရာ ရောက်ရပါလို၏သာ (အရေးတကြီးထားပါ) အာသဝေါကုန်ရာဟာ နိဗ္ဗာန်ပါပဲ၊ တနေ့က အာသဝေါကုန်ရာ ပြပြီးပြီ မဟုတ်လား (မှန်ပါ့ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လူမိုက်က ထောင်ထဲကျတယ်၊ လူလိမ္မာက ထောင်ကထွက်တယ်၊ ဟော ရှင်းမသွား သေးဘူးလား (ရှင်းပါတယ်ဘုရား)။

လူမိုက်ကတော့ (ထောင်ကျပါတယ်ဘုရား) ဘုံသုံးပါး ထောင်ကြီး မကျဘူးလား (ကျပါတယ်ဘုရား) လူလိမ္မာက (ထောင်ထွက်ပါတယ်ဘုရား) ထောင်မှ လွတ်သွားတယ် (မှန်ပါ့)။

ဟောဒါ လူ့ပြည်မှာ လူ့ပြည်ဘုံဆိုတာ ကာမဘုံပေါ့ မောင်ကိုရေ ကာမဘုံကနေပြီး ဒီဝိပဿနာအလုပ် လုပ်လိုက်တော့ မဂ်ဉာဏ်တွေဆိုက်အောင် လုပ်လိုက်တော့ လွတ်မသွားဘူးလား (လွတ်သွားပါတယ်ဘုရား) မဂ်ဉာဏ်ရ ရင် လွတ်မသွားဘူးလား (လွတ်သွားပါတယ်)။

ထောင်ကလွတ်တာ လူလိမ္မာ

အဲ လွတ်သွားတဲ့အခါကျတော့ သူက ထောင်ကလွတ်တာ လူလိမ္မာက (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) လူမိုက် ကတော့ (ထောင်ကျပါတယ်) ဒီထောင်ပြီးတော့ ကာမထောင်ပြီးတော့ ရူပထောင် ပြောင်းတယ် (မှန်ပါ့) ရူပထောင်ပြီး တော့ အရူပထောင်လဲ သူပြောင်းချင်ပြောင်းလိမ့်မယ် (မှန်ပါ့)။

ဘာကြောင့်တုန်း ဆိုလို့ရှိရင်ဖြင့် ခုနင်က ပြောခဲ့တဲ့ လူလိမ္မာက မဂ္ဂဗြဟ္မစရိယာအကျင့် ကျင့်ပါတယ်၊ မဂ္ဂ ဗြဟ္မစရိယအကျင့် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) လူလိမ္မာက ဘာကျင့်သလဲ (မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်ပါတယ်)။

အဲ လူမိုက်က မဂ္ဂဗြဟ္မာစရိယအကျင့် မကျင့်သောကြောင့် ထောင်ပြန်ကျတယ် (မှန်ပါ့) ဒကာ ဒကာမတို့ ထောင်ကြီးကြိုက်လား ထောင်လေးကြိုက်လား (မကြိုက်ပါဘူးဘုရား) ရိုးရိုးပြောကြစမ်းပါ၊ ထောင်ကြီးနဲ့ ထောင်လေး ဘယ်ဟာများ ကြိုက်ကြသတုန်း (ဘယ်ဟာမှ မကြိုက်ပါဘူးဘုရား)။

အမှတ်တမဲ့ သတိမထားလို့တော့ဖြင့် သိပြီးသားပဲ၊ နတ်ထောင် ကြိုက်သလား-ဗြဟ္မာထောင် ကြိုက်သလားလို့ မေးရင် ဘယ့်နှယ်ပြောကြမယ် (ဘယ်ဟာမှမကြိုက်ပါဘူး)။

ခုတော့ ထောင်ဆိုတဲ့ ဆိုင်းဘုတ်ကလေး ဆွဲလိုက်တဲ့အတွက် ဘယ်သူမှ မကြိုက်ကြဘူး (မှန်ပါ့) နဂိုရ်တုန်း ကတော့ လူ့ချမ်းသာတဲ့၊ ချမ်းသာကလေးက ဖုံးလိုက်ပြန်တော့ ကြိုက်တာ (မှန်ပါ့) နတ်ချမ်းသာဆိုတဲ့ ချမ်းသာကလေး လှည့်စားလိုက်တာ (မှန်ပါ့) ဗြဟ္မာချမ်းသာဆိုတဲ့ ချမ်းသာကလေးက လှည့်စားလိုက်တာ (မှန်ပါ့)။

အဲဒီ ချမ်းသာဟာ ဘယလသူတုန်းလို့ မေးတဲ့အခါကျတော့ အဲဒီ ချမ်းသာဟာ သေသေချာချာ စဉ်းစားတော့ လူချမ်းသာဆိုတာလည်း ဝေဒနာက္ခန္ဓာပဲ၊ နတ်ချမ်းသာဆိုတာကော (ဝေဒနာက္ခန္ဓာပါပဲ) ဗြဟ္မာချမ်းသာ ဆိုတာကော (ဝေဒနာက္ခန္ဓာပါပဲ)။

အဲ ဝေဒနာက္ခန္ခာကို ဒကာ ဒကာမတွေက သေသေချာချာ စဉ်းစားတော့ ဝေဒနာက္ခန္ဓာဟာ ဒကာ ဒကာမတို့ ဘာသစ္စာလည်း (ဒုက္ခသစ္စာပါဘုရား)။

ဒုက္ခသစ္စာဆိုရင်ရှောင်ရမှာ

အဲ ခင်ဗျားတို့ကြိုက်တာ ဒုက္ခသစ္စာချည်းပဲ မှတ်လိုက် ရှင်းပါလား (ရှင်းပါပြီ) ခင်ဗျားတို့ကြိုက်တာ (ဒုက္ခသစ္စာပါ ဘုရား)။

ကဲဖျင်းလှချည်ရဲ့၊ ဒုက္ခသစ္စာဆိုရင်ရှောင်ရမှာကိုးကွ (မှန်ပါ့) ဒုက္ခသစ္စာဆိုရင် (ရှောင်ရမှာပါဘုရား) အဲဒါ ဘယ်လိုဖြစ်နေသတုန်း (ကြိုက်နေပါတယ်ဘုရား)။

ဪ ဒါဖြင့် ခင်ဗျားတို့ဟာ မှောင်ထဲ လမ်းသွားတဲ့လူနဲ့တူနေတယ် (မှန်ပါ့) မှောင်ထဲလမ်းသွားတော့ ကျင်ကြီး က စွန့်ထား ခြေထောက်နဲ့ နင်းမိတော့ ခပ်နွေးနွေး နင်းမိတယ် ရိပ်မိပါလား (ရိပ်မိပါပြီ)၊

ကျင်ကြီးက စွန့်ထားတယ်၊ ကိုယ်ကလည်း မှောင်ထဲသွားတာကိုး ရိပ်မိပါား (ရိပ်မိပါပြီ) နင်းသားနင်းမိတယ် ခြေထောက်က နင်းမိတာက ခမ်းနွေးနွေး နင်းမိတော့ တော်သေးတာပေါ့ဗျာ (မှန်ပါ့) ဘာနင်းမိတာတုန်း နင်းမိတာက (ကျင်ကြီးပါဘုရား)။

ကျင်ကြီးနင်းမိတာ ခပ်နွေးနွေး နင်းမိတာတော်သေးရဲ့ ဆိုတဲ့ အဓိပ္ပါယ် မကျဘူးလား (ကျပါယတ်) ကဲ ဒါ ဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီတခါတော့ဖြင့် ကျင်ကြီးလည်း မနင်းပါနဲ့၊ ဆူးလည်း မနင်းပါနဲ့တော့ သဘောကျပါလား (မှန်ပါ့)။

ကျင်ကြီးလည်း မနင်းပါနဲ့တော့ ဆူးလည်း မဆူးပါနဲ့တော့ လမ်းဖြောင့်သာ လိုက်ပါတော့ (မှန်ပါ့) မဂ္ဂဗြဟ္မစရိယ အကျင့် “ဧကာယနော အယံ ဘိက္ခဝေ အဂ္ဂေါ” မဂ္ဂင်လမ်းသာ လိုက်ပါတော့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြိး)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လူမိုက်နဲ့ လူလိမ္မာဖြင့် ဒီနေ့ ဗလပဏ္ဍိတသုတ် ဟောရတဲ့အတွက် မောင်ထွန်းလှိုင် တို့ မောင်ကိုတို့ ဘုန်းကြီးများသည် အင်မတန်မှ ကျေကျေနပ်နပ် သဘောကျတယ်၊ ဒကာ ဒကာမတွေ လည်း ရှင်းအောင်ပြနိုင်တဲ့ ဘုန်းကြီးမို့ ခင်ဗျားတို့လည်း ကျေနပ်ကြပါလိမ့်မယ်၊ မကျေနပ်ဘူးလား(ကျေနပ်ပါတယ်ဘုရား)။

လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုန်းကွ ဆိုတော့ ပဋိစ္စသမုပ္ပါဒ် သုံးမျိုးဖြစ်တာက (လူမိုက်ပါဘုရား) ပဋိစ္စသမုပ္ပါဒ် နှစ်မျိုးတည်းနဲ့ ဇာတ်သိမ်းသွားတာက (လူလိမ္မာပါဘုရား)။

လူလိမ္မာက ဝိပဿနာ ရှုတယ်

ဘယ့်နှယ်ကြောင့် သူသိမ်းနိုင်ပါလိမ့်မတုန်းဆိုတော့ လူလိမ္မာက ဝိပဿနာ ရှုတယ်၊ (မှန်ပါ့) သူက (ဝိပဿနာ မရှုပါဘူး) မရှုဘူး သဘောကျပလား (ကျပါပြီ)။

ကိုင်း ရူးတာနဲ့ မရှုးတာ ဘယ်လောက် ကွာသွားတယ်ဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ) အဲဒါ သုံးဘဝ ဆက်တာနဲ့ နှစ်ဘဝနဲ့ ပြတ်တာနဲ့ဆိုတော့ အတော်ကွယ်တယ် (မှန်ပါဘုရား) မကွာကြဘူးလား (ကွာပါတယ်ဘုရား)။

အဲဒါတွေ ဉာဏ်နဲ့ သိပြီးတော့မှ ဒကာ ဒကာမတို့ ဘုန်းကြီးက တရားဟောနေတာက တနေ့က ပြောခဲ့ပါတယ်၊ ခင်ဗျားတို့ နားထောင်ကောင်းအောင် ဟောတာ မဟုတ်ဘူးနော် အိမ်ပြန်ပြီး အလုပ်လုပ်ပါစေတော့ဆိုပြီး ဟောတာ (မှန်ပါ့ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဘယ်လိုသဘောနဲ့ ဟောတာပါလိမ့် (အိမ်ပြန်ပြီးအလုပ်လုပ်ပါစေတောဆိုတဲ့ သဘောနဲ့ ဟောတာပါ) အိမ်ပြန်ပြီး ဗြဟ္မစရိယာအလုပ်ဆိုတဲ့ မဂ်အကျင့်-ဖိုလ်အကျင့် ကျင့်ပါစေတော့ဆိုတဲ့ စိတ်ထားနဲ့ ဟောနေတယ်ဆိုတော့လည်း ကိုယ့်ကိုယ်ကိုယ် သနားရင်လည်း လုပ်ပါ၊ ဆရာဘုန်းကြီး ကြည်ညိုရင်လည်း လုပ်ပါလို့ဆိုတာ ခဏခဏ ပြောရတယ် (မှန်ပါ့)။

ဆရာဘုန်းကြီး မကြည်ညိုရင်နေပါစေ ကိုယ့်ကိုကို သနားရင်လည်း (လုပ်ရမှာပါဘဲ) ရှင်းပလား (ရှင်းပါပြီဘုရား)အဲဒီတော့ ကိုယ့်ကိုမသနားတဲ့ ပုဂ္ဂိုလ်ဟာ သုံးဘဝဆက်မယ် (မှန်ပါ့)သုံးဘဝဆိုတော့ ဒီဘက် ရေ တွက်နိုင်ရဲ့လား (မရေတွက်နိုင်ပါဘူး) ကိုယ့်ကိုယ် သနားတဲ့ ပုဂ္ဂိုလ်တော့ ဒီဘဝနဲ့ပဲ ဘာဖြစ်သလည်း (ပြတ်ပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ ဪ ကိုယ့်ကိုယ်သနားလို့ ခင်ဗျားတို့သည်ကားလို့ ဆိုရင် ထမင်းရှာကျွေး၊ စိန်တွေ ဝယ်ဆင်ငြားသော်လည်း သနားရာ ရောက်ကဲ့လား (မရောက်ပါဘုရား)။

အနာဂါတ်ဘဝ ဆက်မယ်ဆိုတော့ အနာဂတ်ဘဝ ဇာတိ ဇရာ မရဏတွေဟာ ခင်ဗျားတို့ ကိုယ်တိုင်ပစ္စည်း မဖြစ်ရပေဘူးလား (ဖြစ်ရပါတယ်)။

ကိုင်း ဒါဖြင့် ဒီ ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကိုယ်သနားတဲ့ ပုဂ္ဂိုလ် – မသနားတဲ့ပုဂ္ဂိုလ်ဆိုတာ နဖူးပေါ် လက်တင်စဉ်းစားပါ (မှန်ပါ့) လက်ရှိခန္ဓာငါးပါး ဝိပဿနာရှုရင် ကိုယ့်ကိုယ်ကိုယ် သနားလို့မှတ် (မှန်ပါ့) လက်ရှိ ခန္ဓာငါးပါးကို ကျွေးမွေးပြီးသကာလ နေလို့ရှိရင်ဖြင့် ဪ တိရစ္ဆာန် ကလေး ရှာကျွေးနေတာပဲ၊ လူ့တိရစ္ဆာန်ကိုသာ မှတ်လိုက်ပေတော့ (မှန်ပါ့ဘုရား)။

နာနာတော့ ပြောတာမဟုတ်ပါဘူး ဖြစ်ပုံကိုက်တာ ပြောတာပါ (မှန်ပါ့ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) နာနာတော့ပြောတာ မဟုတ်ပါဘူး ဖြစ်ပုံတူလို့ ပြောတာပါ (မှန်ပါ့)။

ကိုယ့်ကိုယ်ကိုယ် သနားရင်

အဲ ခင်ဗျားတို့ကတော့ဖြင့် ကိုယ့်ကိုယ်ကိုယ် သနားရင် ဘာလုပ်ရမယ် (ဝိပဿနာရှုရပါမယ်)။

အင်း မဂ္ဂဗြဟ္မစရိယာအကျင့် စာလိုတော့ (မှန်ပါ့) ဒကာ ဒကာမတွေ အဓိပ္ပါယ် နားလည်မှု ရှင်းလင်းပြောလို့ရှိ ရင် လက်ရှိခန္ဓာငါးပါး ဝိပဿနာရှု (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ကိုင်း ဒါဖြင့် မရှုပါဘူး ဒီခန္ဓာကြီးတော့ ဒီခန္ဓာကြီးပဲခင်မယ် ဒီခန္ဓာကြီးပဲ ငါ-ငါ့ဟာဟု စွဲလမ်းသာယာမယ်ဆို လို့ရှိရင်ဖြင့် ခင်ဗျားတို့ တိရစ္ဆာန်ပဲ၊ မနက် မိုးလင်းလို့ရှိရင် သူ့ကိုယ်သူ ဘာလုပ်သလည်း၊ ရှာကျွေးတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

တိရစ္ဆာန်ဘာတုန်း (သူ့ကိုယ်သူရှာကျွေးပါတယ်ဘုရား) ခင်ဗျားတို့ကော (ခန္ဓာကိုယ်ရှာကျွေးပါတယ်ဘုရား) မဂ္ဂဗြဟ္မစရိယာအကျင့်ကို မကျင့်ဘူး၊ မကျင့်ရင် ဘာလုပ်နေသတုန်းမေးရင် ဘယ့်နှယ့်ဖြေမလည်း ရှာကျွေးတဲ့အလုပ် လုပ်နေတယ်(မှန်ပါ့) မကျင့်ရင် ဘာလုပ်နေသလည်း (ရှာကျွေးတဲ့လုပ် လုပ်နေပါတယ်ဘုရား)။

ရှာကျွေးတယ်၊ ရိုးရိုးရှာတာလား၊ လုရှာတာလား (လုရှာကျွေးတာပါဘုရား) ဟာ ခွေးတွေနဲ့ တူလို့ဗျာ ရိပ်မိ ပလား (ရိပ်မိပါပြီ)။

အဲ လုတောင်ရှာကျွေးနေသေးတယ် ဆိုကတည်းက ဘုန်းကြီးကတော့ တိရစ္ဆာန်လို့ မဆိုလိုပါဘူး၊ ဖြစ်စဉ်ကိုက်တာ တခုသာ ပြောပြတာပါ ရိပ်မိပလား (ရိပ်မိပါပြီ)။

ကဲ ဦးခင်မောင်ရေ လူမိုက်နဲ့ လူလိမ္မာ ယနေ့ တော်တော်ထူးပလား (ထူးပါပြီဘုရား) အလာမှာ တူငြာသော် လည်း သံသရာစခန်းသတ်တော့ (မတူပါဘူးဘုရား) လူမိုက်က စခန်းမသတ်နိုင် (မှန်ပါ့) လူလိမ္မာက (သတ်နိုင်ပါ တယ်ဘုရား)။

စခန်းသတ်နိုင်တယ်ဆိုတော့ ခုအချိန် ဆရာဘုန်းကြီးကလည်း ပြောဆိုနိုင်တဲ့ အချိန် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကလည်း သဘောကျကျ နားထောင်နိုင်တဲ့ အချိန်၊ ဒီအချိန် ကွယ်သွားလို့ရှိရင်ဖြင့် ခင်ဗျားတို့သန္တာန်မှာ ဘုရား မပွင့်တော့ပါဘူး။ (မှန်ပါ့) ဘယ်လောက် ကြောက်စရာကောင်းသလည်း (ကောင်းပါတယ်ဘုရား)။

ဒီ မဂ္ဂဗြဟ္မစရိယာ ကွယ်သွားရင် မောင်ထွန်းလှိုင် မောင်ကို သွားတာပဲ (မှန်ပါ့) ဒီထက်အတန်းအတိုင်း မသွားပေဘူးလား (သွားပါတယ်ဘုရား)။

မဂ္ဂဗြဟ္မစရိယာဆိုတာ

ဒီ မဂ္ဂဗြဟ္မစရိယာပဲ ကျုပ်တို့မှာ နောက်ဒုက္ခ သိမ်းနိုင်တာက ဒါပဲ ရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

နောက်ဒုက္ခသိမ်းနိုင်တာက ဘာပါလိမ့် (မဂ္ဂဗြဟ္မစရိယာပါဘုရား) မဂ္ဂဗြဟ္မစရိယာဆိုတာ ပါဠိလိုသုံးတာ စင်စစ်ဝိပဿနာရှုပါလို့ ပြောတာ (မှန်ပါ့) သဘောပါကြလား (ပါ-ူပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့တရားသည် ဪ လူလိမ္မာနဲ့ လူမိုက်သည် ဒို့ သံသရာရှည်ခဲ့တာ ဘာကြောင့်ပါလိမ့် မိုက်လွန်းလို့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒို့ သံသရာရှည်ခဲ့တာ (မိုက်လွန်းလို့ပါဘုရား) အခု မကျွတ်သေးတာ (မိုက်လွန်းလို့ပါဘုရား)။

ဒါဖြင့် အခု မဂ္ဂဗြဟ္မစရိယာကို ကျင့်လိုက်လို့ရှိရင် ဒကာ ဒကာမတို့ လူလိမ္မာထညဲ မသင်ဝင်ဘူးလား (သက်ဝင်ပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ခင်ဗျားတို့သည် ဘယ်အထဲကို ခင်ဗျားတို့ ကြိုက်ကံပါသတုန်းလို့ မေးတဲ့အခါကျတော့ လူပုံ အလယ် တော့ဖြင့် သွင်းသွင်းပြောရမှာပဲ (တပည့်တော်တို့ ဘဝ ဆက်ထာတော့ မကြိုက်ဘူးဘုရား) လူပုံအလယ်မှာ ပြောမည့် စကားကနော် (မှန်ပါ့)။

အိမ်ကျလာပြီဆိုမှဖြင့် ခင်ဗျားတို့ ဒီသား ဒီသမီး ဒီမြေး ဒီမြစ်တွေနဲ့ ခက်ပါသေးတယ်၊ သေတောင် စိတ်ချ စရာမရှိဘူးလားပြီ ခင်ဗျားတို့ကတော့၊ မလာဘူးလား လာသလား (လာပါတယ်ဘုရား)။

သေတောင် စိတ်ချစရာ မရှိဘူးဆိုတော့ မင်းတို့စွဲတဲ့ တဏှာဥပါဒါန်တွေနဲ့ ငါသေရလိမ့်မယ်ပြောတာ (မှန်ပါ့ဘုရား)။

မင်းတို့စွဲတဲ့ (တဏှာ ဥပါဒါန်တွေနဲ့ သေရပါလိမ့်မယ်ပြောတာပါ) တဏှာဥပါဒါန်နဲ့ သေရလိမ့်မယ်ဆိုတော့ မစွဲလေနဲ့ မစွဲလေနဲ့ နင့်ကြောင့် ခွေးဖြစ်ပြီသာ မှတ်ပေတော့ မဟုတ်ဘူးလား (ဟုတ်ပါတယ်ဘုရား) နင့်ကြောင့်ဘယ့်နှယ် ဆိုမယ် (ခွေးဖြစ်လိမ့်မယ်)။

ခွေးသွားဖြစ်တယ်

ဟို ဒကာမကြီး ကြည့်ပါလား “သတ္တသတ္တ” ဇာတ်မှာ သူ့သား ခင်လိုက်တာနဲ့ ခွေးသွားဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ခွေးဖြစ်ပါတယ်) ခွေးဖြစ်သွားတာဘဲ ဒကာ ဒကာမတို့ (မှန်ပါ့ဘုရား)။

ဒါကြောင့် ဘုန်းကြီးက ခဏခဏ ပြောတယ် ခင်ဆိုတာလည်း ခခွေးကြောင်းနဲ့ ရေးရတာပဲ၊ နောက်ဖြစ်တဲ့ခွေးလဲ ခခွေးကြောင်းနဲ့ ရေးရတာပဲ၊ မင်းတို့ ဒီအနီးတော့ သိပ်မကပ်နဲ့ ခခွေးတကြောင်းတည်းတော့ မဖြစ်စေနဲ့ (မှန်ပါ့ဘုရား) မပြောထိုက်ဘူးလား ပြောထိုက်သလား (ပြောထိုက်ပါတယ်ဘုရား)။

ခင် ဘာနဲ့ ရေးကြမယ် (ခခွေးနဲ့ပါဘုရား) ခွေး ဘာနဲ့ရေးကြမယ် (ခခွေးပါပဲဘုရား) သင်ပုန်းကြီးတော့ အကျေသားနဲ့ခင်ဗျားတို့ သင်ပုန်းကြီးကျေပြီးတာ့ ခင်ဗျားတို့ကခက်နေတာ။

မောင်ကို ဒီဘက်က (ထောင်လမ်းပါဘုရား) ဒီဘက်က (ရှောင်လမ်းပါဘုရား)။

အဲဒီတော့ ဘယ်သူ့ရှောင်ရမှာတုန်း ဆရာဘုန်းကြီးကတော့ဖြင့် ဟောဒါ ဒကာ ဒကာမတို့ ဒီဘက်က ပဋိစ္စသမုပ္ပါဒ်က ရှောင်လမ်း ပဋိစ္စသမုပ္ပါဒ်၊ ဒါဖြင့် ထောင်လမ်း ပဋိစ္စသမုပ္ပါဒ် ဒါပဲ တတ်နိုင်တယ် ဘုန်းကြီးတာဝန်က မပြောဘူးလား (ပြောပါတယ်ဘုရား)။

ဒါပဲ တတ်နိုင်တယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို လေးလေးစားစား ပြောနေတော့ ဪ အရှင် ဘုရားကလည်း ထောင်လမ်းချည်း ပြောနေတယ် ခင်ဗျားတို့က ခင်ဗျားတို့က ဆင်ခြေတတ်တော့မလို့နော်(မှန်ပ့ါ)။

ထောင်လမ်းချည်း ပြောနေတယ် ဘာစားမတုန်းဘုရား လာပြီ လာပြီ ဘာစားမတုန်းဘုရားဆိုတော့ ခုတင်က ရှောင်လမ်း လိုက်ပါတော့မလား၊ ဘာစားမုတုန်ဆိုကတည်းက ဒီခန္ဓာကြီး သူအင်မတန် မွန်မြတ်ပြီး ကျွေးချင်တဲ့ ခန္ဓာတဏှာ မလာဘူးဘားဗျာ (လာပါတယ်) ခန္ဓာစွဲလမ်းတဲ့ ဥပါဒါန် (လာပါတယ်) ခန္ဓာဘို့ အားထုတ်မည့် ကာယကံ ဝစီကံ၊ (လာပါတယ်ဘုရား)။

အဲဒီတော့ ဘာစားမတုန်းလို့ တလုံးမေးလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘာသံမှ ထွက်မလာဘူး ခွေးသံ ထွက်လာတာပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာသံများ ထွက်လာသလည်း (ခွေးသံထွက်လာပါတယ်) ခွေးသံထွကလာ အူရုံရှိတော့တာပေါ့။

အင်မတန် ဆိုးသွားတယ် (မှန်ပါ့) မဆိုးဘူးလား ဆိုးသလား (ဆိုးပါတယ်ဘုရား)။

အဲဒါ ဘုန်းကြီးက ကြမ်းလိုက်တာလို့ ဆိုမလား ကိုယ်အသံ ထွက်တာက ဒီထက်ဆိုးသေးတယ် (ဆိုးပါတယ်ဘုရား)။

ကိုယ့်အသံထွက်တာက ဒီထက်ဆိုးတယ် အောက်မေ့ (မှန်ပါ့) အဲဒီတော့ နာလဲနာပြီးသကာလ ကဲ ခွေးမူတော့ မလိုက်ပါဘူးဟ ဘုရားမူ လိုက်ပါတော့မယ်၊ ပြောင်းကြပါတော့ (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ)။

ခွေးမူတော့ဖြင့် (မလိုက်ပါဘူး) ဘုရားမူပဲ (လိုက်ပါတော့မယ်) လိုက်ပါတော့မယ်ဆိုတော့ ဪ ဘုရားကြည်ညိုလို့ လိုက်ရမှာလည်း ကိုယ့်ကိုယ်သနားလို့ လိုက်ရမှာလည်း (ကိုယ့်ကိုယ်သနားလို့ လိုက်ရမှာပါဘုရား)။

အဲဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပဏ္ဏာသပါဠိတော်များ ဟောလိုက်တာ ဦးခင်မောင် သိပ်ကြည်ညိုစရာကောင်းတယ်နော် (မှန်လှပါဘုရား)။

မိတ်ဆွေကောင်းတယောက်

ငါဘုရားကွာတဲ့ မင်းတို့ကို မိတ်ဆွေကောင်းတယောက်အဖြစ်က ပြောတယ်ဆိုပြီးတော့ ဒီစကားယုံကြည်ရင် တော်ပါပြီတဲ့ (မှန်ပ့ါ)။

ငါဘုရားကို မိတ်ဆွေကောင်းတယောက် ဒို့ကို ပြောနေပါကလားလို့ တရားနာတဲ့ပုဂ္ဂိုလ်တွေက ယူရင်ဘဲ တော်ပါပြီတဲ့၊ မိတ်ဆွေကောင်းတယောက်က ပြောတယ်ဆိုရင် တော်ပါပြီ ဒီလောက်ထိအောင် ဆုံးမတယ်နော် (မှန်ပါ့)။

ကဲ ဒီထက်စကားအောက်ချစရာ ရှိသေးရဲ့လား (မရှိပါဘူး) ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တတွေ အသာ ထားစမ်းပါဦး (မှန်ပါ့) မိတ်ဆွေကောင်းတယောက် ဪ ဒီလိုဆုံးမရှာတယ်ဆိုပြီး လိုက်နာရင် တော်ပါပြီတဲ့ ရန်သူဖြစ်တဲ့ ဒီဘက်က သုံးဘာဆက်တာကိုတော့ မင်းတို့မလုပ်ပါနဲ့တဲ့ (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ်)။

နှစ်ဘဝနဲ့ ပြတ်တာကိုတော့ (လုပ်ရပါမယ်) လုပ်ရမှာပဲဆိုတော့ ဘုရားစကားလည်း ဒကာ ဒကာမတို့ မကုန် သေးဘူး (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။

”မိတ္တဝဒါယ သုမဒါစရထ” မိတ္တဝါဒယ = မိတ်ဆွေကောင်းကြီးက ခုပြောတဲ့စကားဟူ၍၊ သမုဒါစရထ = ဪ မိတ်ဆွေကောင်းကပြောတဲ့စကားမို့ ဒီအကျင့် – ကျင့်ရမယ်၊ သဘောကျပလား (ကျပါပြီ)။

ဒီသုံးဘဝဆက်လမ်း လိုက်ရင် (ရန်သူ အကျင့်ပါဘုရား) အဲ မိတ်အဖြစ်နဲ့ ကျင့်ကြံမယ်ဆို သူပြောတာက ဒို့ိတ်ဆွေကောင်းကြီးက ပြောတာ ဒါလုပ်ရမယ်ဆိုရင်ပဲ တော်ပါပြီတဲ့ ဆိုတော့ ဒီထက် စကားလျှော့ဈေး ရှိသေးရဲ့လား (မရှိပါဘူး)။

အို ကိုယ်တော်က လျှော့ချင်လျှော့၊ တပည့်တော်တို့ကပဲတဲ့ တိုက်ရဦးမယ်ဆိုရင် ဝေဒနာပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါန်နဲ့ချည်း တိုက်ဘာပဲ၊ မတိုက်ဘူးလား (တိုက်ပါတယ်)။

အဲဒီတော့ ခင်ဗျားတို့ဟာက သာမညလူတဲ့ တိုက်တာလား အတုမရှိပုဂ္ဂိုလ်ပဲတိုက်တာလား (အတုမရှိတဲ့ပုဂ္ဂိုလ်ပဲ တိုက်တာပါဘုရား)။

ဦးခင်မောင် တော်ပါ့မလားဗျာ (မတော်ပါဘုရား) မတော်တော့ ဒကာ ဒကာမတို့ ဝမ်းထဲကတဏှာကလည်း ချော့ဦးမယ် ဪ တဘဝထဲနဲ့လည်း နိဗ္ဗာန်ရောက်မှ မဟုတ်ဘူး၊ အဲဒီတော့ မင်း ဣဒံ မေပုညံ အာသဝက္ခယံ ဝဟံ ဟောတု ဆိုတဲ့ဥစ္စာကြားထဲများ မင်း ဘာများဖြစ်နေမလည်း မသိဘူး၊ အဲဒီတော့ နိဗ္ဗာန်မရမီ စပ်ကြားလေးဟာ မင်းငတ်နေမှာ၊ အဲဒီတော့ ဒါကလေးထည့်ပါဦးလားဆိုတော့ ကြားခိုပေးပါဦးမလား ဒီပြင်ဘဝတွေ ပေးပါဦးဆိုတဲ့ အဓိပ္ပါယ် မရောက်ဘူးလား၊ ရောက်သလား (ရောက်ပါတယ်ဘုရား)။

မဂ်ဉာဏ် ဖိုလ်ဉာဏ် ရောက်အောင် ကျင့်လိုက်တာပေါ့

အဲဒီတော့ ရောက်အောင်ပဲ ကျင့်တာပေါ့၊ သဘာဝကျပလား (မှန်ပါ့) မဂ်ဉာဏ် ဖိုလ်ဉာဏ် ရောက်အောင်ပဲ ကျင့်လိုက်တာပေါ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဒီဘဝမရ၊ နောက်ဘဝသူ့ အစားရတာပဲ ကျင့်လို့တော့ သေပစေ (မှန်ပါ့) ရှင်းကြပလား၊ (ရှင်းပါပြီ)။

ဒါဖြင့် မောင်ထွန်းလှိုင် မောင်ကိုတို့ လူမိုက် နဲ့ လူလိမ္မာ ထူးကြပလားကွ (ထူးပါတယ်ဘုရား)။

အကျင့်မဟောသေးပါဘူး ဒကာ ဒကာမတို့ အသွားလမ်းစဉ်ကို ပြတုန်းရှိသေးတယ် (မှန်ပါ့ဘုရား) သဘာဝကျ ပလား (ကျပါပြီ)။

လူမိုက်က ဘယ်နှစ်ဘဝဆက်သတုန်း (သုံးဝဘက်ပါတယ်) အနည်းဆုံး သုံးဘဝ (မှန်ပါ့) လူလိမ္မာက (နှစ်ဘဝပါဘုရား) နှစ်ဘဝနဲ့ ပြတ်တယ်၊ ဘာထူးသွားသတုန်း မေးတော့ လူလိမ္မာက ခန္ဓာနောက်က ပညာလိုက်တယ် (ဝါ) မဂ္ဂဗြဟ္မစရိယာကျင့်တယ်၊ ရှင်းပါလား (ရှင်းပါပြီ)။

ခန္ဓာနောက်က (ပညာလိုက်ပါတယ်) ပညာလိုက်တဲ့အတွက် ဒကာ ဒကာမတို့ မဂ္ဂဗြဟ္မစရိယာအကျင့် မုန်း သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

လူမိုက်ကတော့ မဂ္ဂဗြဟ္မစရိယာ အကျင့်ကို မကျင့်ပဲနဲ့ ကိုယ်ကိုယ်လဲ ပစ်ထားလို့မဖြစ်ဘူး၊ ကိုယ့်ကိုယ်ကိုယ်ခင် မှ ကိုယ်ဆင်မှပေါ့၊ လူအဝတ် တောင်းအကွပ်တဲ့၊ အံမာလေး ရှုပ်လို့ပါလား ဒကာ ဒကာမတို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒါကလေးက သိပ်ရှုပ်တယ် ဒကာ ဒကာမတို့ မရှုပ်ဘူးလား (ရှုပ်ပါတယ်ဘုရား) အဲဒါ ကိုယ့်ကိုယ် ဝင်လို့ လား မခင်လို့လား (ခင်လို့ပါဘုရား) အင်း ခင်မင်လို့ ပေါ်တာနော် မလုပ်မထိပါစေနဲ့၊ ဆူးမငြိပါစေနဲ့ ဟုတ်လား ဒီနေရာလေးက ပွန်းတယ်ဆိုရင် ဒီနေရာ ပျောက်ပါစေ၊ ဒီနေရာ အနာမပေါက်ပါစေနဲ့ အစရှိသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် သိပ်ခင်တာပေါ့ (မှန်ပါ့)။

ကိုယ့်ကိုယ်ခင်တော့ ခန္ဓာနောက်က အခင်လိုက်တယ် အခင်လိုက်တော့ စွဲလမ်းတယ်၊ မလိုက်ဘူးလား (လိုက်ပါတယ်ဘုရား) စွဲလမ်းလိုက်တော့ အားထုတ်မှ (လိုက်ပါတယ်ဘုရား) အားထုတ်မှု လိုက်တဲ့အခါကျတော့ ဟိုဘဝ က ဇာတိ ဇရာ မရဏ မရ (ရပါတယ်ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

အနည်းဆုံး သုံးဘဝဆက်တယ်

အဲဒါ ဗြဟ္မစရိယာ မကျင့်တဲ့ပုဂ္ဂိုလ်သည် အနည်းဆုံး သုံးဘဝဆက်တယ်၊ အများဆုံးတော့ မရေတွက်နိုင်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အနည်းဆုံးတော့ဖြင့် (သုံးဘဝဆက်ပါတယ်) မဂ္ဂဗြဟ္မစရိယာအကျင့် ကျင့်တဲ့ပုဂ္ဂိုလ်ကတော့ဖြင့် ဒကာ ဒကာမတို့ တခါတည်းသာ မှတ်လိုက်ပါတော့ ဒီဘဝနေ ပြတ်တော့တယ် (မှန်ပါ့) မပြတ်ဘူးလား (ပြတ်ပါတယ်)။

ဟ ဘာတွေ ပြတ်ပါလိမ်မတုန်းဆိုတော့ ဟိုဘက် ဘာသစ္စာတွေတုန်း (ဒုက္ခသစ္စာပါဘုရား) ဪ လူလိမ္မာ များ ဒုက္ခသစ္စာ ဇာတ်သိမ်းတတ်တယ်၊ ရှင်းကြပလား (ရှင်းပါပြီ) လူမိုက်က ဒုက္ခသစ္စာ အရယူတတ်တယ်၊ (မှန်ပါ့) မကွာခြားဘူးလား (ကွာခြားပါတယ်)။

လူမိုက်က ဒုက္ဓသစ္စာကို (အရယူတတ်ပါတယ်) လူလိမ္မာကတော့ (ဇာတ်သိမ်းတတ်ပါတယ်) ဒုက္ခသစ္စာကို ပြတ်အောင် လုပ်ပစ်လိုက်တယ် (ဝါ) ဇာတ်သိမ်းပစ်လိုက်တယ်ဆိုတော့ ဒါအကျင့်ပေါ်မှာ မှီတယ်ဆိုတာ သေချာကြ လား (သေချာပါပြီဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဒီလို အကျင့်တရား မပါလို့ရှိရင် လုံးဝမပြီးနိုင်တဲ့ သဘောကော ဒကာ ဒကာမတွေ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ခန္ဓာနောက်က ဘာလိုက်မတုန်း (ပညာလိုက်ရပါမယ်) အဲ လူမိုက်နောက်က တဏှာလိုက်တယ်၊ သဘောကျပလား (ကျပါပြီ) လူလိမ္မာကတော့ ခန္ဓာနောက်က (ပညာလိုက်ပါတယ်) ပညာလိုက်တယ်ဆိုတာ သေချာကြ ပလား (သေချာပါပြီ)။

ဝိပဿနာ မဂ်-ပညာကို ဆိုသည်

ဪ ဒါဖြင့် ပညာသည်ကားလို့ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဝိပဿနာ မဂ်-ပညာကို ဆိုသည်လို့ ထူးထူး ခြားခြားပဲမှတ်ပါနော် (မှန်ပါ့)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌တဲ့ ဒီလိုမှ ပြောပေးမည့်သူ ဆိုပေးမည့်သူ မရှိလို့ရှိရင် ခန္ဓာနောက် က ပညာလိုက်ရတယ်ဆိုတာလည်း မကြားဘူးဘူး (မှန်ပါ့) ကြားဘူးကြရဲ့လား (မကြားဘူးပါဘူး) ခန္ဓာနောက်က တဏှာလာတော့ မိဘရိုးရာမို့ ဖုံလို့ (မှန်ပါ့) လမ်းကို ဖုံနေတာ (မှန်ပါ့ဘုရား)။

ခန္ဓာနောက်က တဏှာလိုက်တာတော့ (လမ်းကိုဖုံနေပါတယ်) လမ်းကိုဖုံနေတယ်ဆိုတာ သေချာကြပလား (သေချာပါပြီ)။

ဒါဖြင့်ခန္ဓာနောက်က ပညာလိုက်ပါလို့ဆိုတာ ဘုရားပွင့်မှ တခါတခါပေါ်တာ (မှန်ပ့ါဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဦးဇံရင် ခန္ဓာနောက်က ပညာလိုက်ပါဆိုတာ (ဘုရားပွင့်မှ တခါတခါပေါ်တာပါ) ဒါဖြင့် ခင်ဗျားတို့သည် ဘုရားကို အိမ်မှာ ညောင်ရေအိုးဝင်ပေါ်ထားပြီး ပညာမလိုက်ဘဲနဲ့ နေတာ ခင်ဗျားတို့အိမ်မှာ ဘုရားမပွင့်သလို ဖြစ်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။ ဒါဖြင့် လုပ်ဖြစ်အောင် လုပ်ပါ (မှန်ပါ့)။

အရှင်ဘုရား အရှင်ဘုရားက ပေးထားတဲ့တရားအတိုင်း တပည့်တော်ဖြင့် မဂ္ဂဗြဟ္မစရိယာအကျင့် ကျင့်နေပါ ပြီဘုရား၊ အရှင်ဘုရားသည် ဒီခန္ဓာဇာတ်သိမ်းပြီးနောက် ခန္ဓာမလာသလို တပည့်တော်လည်း အရှင်ဘုရားပြောတဲ့ နည်းအတိုင်း ဒီခန္ဓာ ဇာတ်သိမ်းပြီး နောက်ခန္ဓာမလာတဲ့ မဂ္ဂဗြဟ္မစရိယာအကျင့် ကျင့်နေပါပြီး ဘုရားလို့ ဘုရားရှိ ခိုးတဲ့အခါမှာလည်း ရှိခိုးပြီး အဲဒါကလေးလျှောက်ပြီးတော့မှ ခင်ဗျားတို့ သူ့ရှေ့မှာ သူကြိုက်တဲ့ အထိုင်မျိုး ထိုက်လိုက် တာပေါ့ဗျာ (မှန်ပါ့ဘုရား)။

ဘဝကို လက်ဖျစ်တတွက် မချီးမွမ်းဘူး

သူက ဒါမကြိုက်ဘူးလား (ကြိုက်ပါတယ်ဘုရား) ဘဝကို ငါလက်ဖျစ်တတွက် မချီးမွမ်းဘူးတဲ့ နောက်ဘဝတွေ (မှန်ပါ့) ဘယ်ဘဝ လက်ဖျစ်တတွက် ချီးမွမ်းသတဲ့လည်း (ဘယ်ဘဝမှ မချီးမွမ်းပါဘူး)။

ဘယ်ဘဝ ကောင်းတယ်လို့ ငါလက်ဖျစ်တတွက် မချီးမွမ်းဘူးဘူးတဲ့ (မှန်ပါ့) မောင်ထွန်းလှိုင် သဘောပါရဲ့လား (ပါပါတယ်)။

အဲဒီတော့ သူက ဘဝမုန်းတဲ့ ကိုယ်တော်ကြီးက ကျုပ်တို့က ဒီဘဝပြီးရင် နောက်ဘဝမလာလို့ရှိရင် ဇာတ်သိမ်း တဲ့အဓိပ္ပါယ် မရောက်ဘူးလား (ရောက်ပါတယ်)။

အဲဒီတော့ သူကြိုက်တဲ့အလုပ်ကို ကျုပ်တို့လုပ်တာ မကျဘူးလား (ကျပါတယ်) သဘောကျပလား (ကျပါတယ်)။

ဒီဘက်က ဟာက သူမကြိုက်တဲ့အလုပ် လုပ်ရာမကျဘူးလား (ကျပါတယ်)။

အဲဒီတော့ ကျုပ်တို့က အရှင်ဘုရား ကိုးကွယ်ပါ၏ ဆည်းကပ်ပါ၏ဘုရာ၊ အရှေးရှိ ကယ်တော်မူပါဘုရား၊ ဘုရားမှတပါး အားကိုးရာတပည့်တော်တို့ မရှိပါဘူးဘုရား၊ ခင်ဗျားတို့က အဲဒီကျတော့ လော့ကွတ်တွေ များလွန်းတယ် (မှန်ပါ့) မများလွန်းဘူးလား(မှန်ပါ့) ကိစ္စကလေးကြုံလာရင် လူမမာကလေး ရှိလာမယ်ဆိုလို့ရှိရင်ပဲ ဆိုကုန်ပြီ၊ ဟိုနား မီးလောင်တယ်၊ ဟိုနား သူပုန်ထတယ်ဆိုရင်ပဲ ဘုရားကို ဆည်းကပ်နေပြီ အရင် ဆည်းကပ်တာနဲ့ တူကြရဲ့လာ း(မတူပါဘူးဘုရား)။

အင်မတန် အားကိုးတဲ့အဓိပ္ပါယ်မရောက်ဘူးလား ရောက်သလား (ရောက်ပါတယ်ဘုရား)။

အဲ အားကိုးတဲ့အဓိပ္ပါယ် ရောက်လို့ရှိရင်ဖြင့် သူက ဘာကြိုက်သတုန်း၊ ဒီကိုယ်တော်ကြီးက သူ့ကို အားကိုး လို့ရှိရင် သူကြိုက်တာ ဒို့လုပ်ရမယ်ဆိုတာ ဒကာ ဒကာမတွေ ခရီးပန်းလာတဲ့ ပုဂ္ဂိုလ်ဟာ ဒါမောင်ထွန်းလှိုင် မောင်တို့ ကို ရေပေးတာ အရေးကြီးဆုံး အလုပ်ပဲ (မှန်လှပါ)။

သူ့ကို ထမင်းပေးမှာနဲ့ ရေပေးမှာ ဘယ်ဟာကြိုက်သတုန်း (ရေပေးမှာ ကြိုက်ပါတယ်)။

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း အရေးတကြီး ဘာကြိုက်သတုန်းဆိုတော့ ဒီမဂ္ဂဗြဟ္မစရိယာ ဘုံဘဝပြတ်တဲ့ အလုပ်ကို ကြိုက်တယ် (မှန်ပ့ါ)။

သူကြိုက်တဲ့ရေကို ပေးပါ

အဲဒါသူကြိုက်တဲ့ရေကို ပေးပါ (မှန်ပါ့)သဘောကျပလား (ကျပါပြီ) ဘာတဲ့တုန်း(မဂ္ဂဗြဟ္မစရိ ယာကျင့်ရပါမယ်)။

သူကြိုက်တဲ့ရေကို ပေးလိုက်လို့ရှိရင် သူအင်မတန် ဝမ်းမြောက်တယ် သူကကြိုက်တာက ရေ၊ ခင်ဗျားတို့ ပေးတာက ထမင်းဆိုတော့ အော်ဂလီဆန်နေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမယ် ရေကြိုက်တဲ့ ကိုယ်တော်ကြီးရေပေးသလို ဟုတ်လား ကျုပ်တိုက သူကလည်း အကျင့်ကြိုက်တဲ့ ကိုယ်တော်ကြီး ဒကာ ဒကာမတို့ သံသရာပြတ်တာကို ကြိုက်တဲ့ကိုယ်တော်ကြီး ဖြစ်သောကြောင့် ကျုပ်တို့က ကြိုက်တဲ့အလုပ် လုပ်ပစ်လိုက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ ဒါအင်မတန် ဖြောင့်နေပြီဆိုတဲ့ အဓိပ္ပါယ်မရဘူးလား (ရပါတယ်ဘုရား) လှူတဲ့ တန်းတဲ့ ပေးတဲ့ ကမ်းတဲ့ အခါမှာလည်း ကိုယ်တော်ကြီးက အာသဝေါကုန်တာ ကြိုက်သောကြောင့် ဒကာ ဒကာမတွေကလည်း အာသဝေါ ကုန်တဲ့ အလုပ်ပဲ လုပ်ကြ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

သူက မဂ္ဂဗြဟ္မစရိယာအကျင့် ကြိုက်ပြန်တယ်ဆိုပြန်တော့လည်း ဘာလုပ်မယ် (မဂ္ဂဗြဟ္မစရိယာ ကျင့်ရပါမယ်)။

သုမေဓာ ရသေ့ အဖြစ်က ရပါတယ်

အဲဒီတော့ကွာတဲ့ ငါတယောက်တည်း နိဗ္ဗာန်ယူရင် သုမေဓာ ရသေ့ အဖြစ်က ရပါတယ်၊ မင်းတို့ ငါ့စကား နားထောင်လိမ့်မယ် ငါကယ်တင်ချင်တဲ့ စေတနာတွေနဲ့ အများကြီး ကယ်တင်ချင်ပြီး မင်းတို့ ငါ့စကား နားထောင်လိမ့် မယ် ဆိုတဲ့ သဘောမျိုးနဲ့ ငါသည်ကား လေသင်္ချေနဲ့ ကမ္ဘာတသိန်း ဆင်းရဲခံပြီး ပါရမီတွေကျင့်လာတာ မင်းတို့ ငါကြို့် တာက ရေ မင်းတို့လည်း ဟောဒီရေကိုပဲ မင်းတို့ကလည်းပေး မင်းတို့လည်းသောက် အဓိပ္ပါယ်ရတယ် (မှန်ပါ့) မရဘူးလား ရသလား (ရပါတယ်ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီအလုပ်ကို မလုပ်မဖြစ်တဲ့အထဲ သွင်းဖြစ်အောင် သွင်းပါဆိုတာကိုလည်း မတိုက်တွန်းလိုက်ဘူးလား (တိုက်တွန်းလိုက်ပါတယ်)။

အဲဒီတော့ ဘုန်းကြီးပြောတဲ့စကားက များသလား ဒကာ ဒကာမတွေ ပေတာ လွန်သလားဆိုတာ စဉ်းစားပါဦး တဲ့ ခင်ဗျားတို့ကပေးတာလွန်နေလို့၊ ဘုရားက မဂ္ဂဗြဟ္မစရိယာအလုပ် သိပ်ကြိုက်တယ် (မှန်ပါ့)။

ဓမ္မာနုဓမ္မပ္ပဋိပတ္တိနဲ့ ပူဇော်တာ အမြတ်ဆုံး

ငါ့ ပူဇော်တာကွာတဲ့ ဓမ္မာနုဓမ္မပ္ပဋိပတ္တိနဲ့ ပူဇော်တာ အမြတ်ဆုံး ငါကြိုက်တယ်တဲ့ (မှန်ပါ့)။

ကျင့်မှုနဲ့ ပူဇော်တာကို (အမြတ်ဆုံး ကြိုက်ပါတယ်) အဂုၤတ္တိုရ်မှာလည်း ဒီအတိုင်းလာပါတယ်၊ ဒကာ ဒကာမတို့ ကဲ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ကိုယ့်ကို သနားရင်လည်း ဘယ်အကျင့် ကျင့်ရမယ် (မဂ္ဂဗြဟ္မစရိယာအကျင့်-ကျင့်ရပါမယ်ဘုရား)။ အဲ ကိုယ်ကိုယ်တိုင် မသနားလို့ရှိရင် သုံးဘဝဆက်ပြီး သူကာလ နေတဲ့အလုပ်ကို လုပ်ရုံပဲ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

အဲဒီတော့လောကမှာ ကိုယ့်ကိုယ်မှ မသနားတဲ့ပုဂ္ဂိုလ်ဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ခက်ပြီနော် အရှုမှ အကြီးစားဖြစ်ပြီ (မှန်ပါ့ဘုရား) မဖြစ်ဘူးလား ဖြစ်သလား (ဖြစ်ပါတယ်) ကဲ ဒါဖြင့် ဘယ့်နှယ်လုပ်ကြမယ် (မဂ္ဂဗြဟ္မ စရိယာအကျင့် ကျင့်ရပါမယ်)။

မဂ္ဂဗြဟ္မစရိယာအကျင့်ကိုတော့ ဒါ ဘယ်ပုဂ္ဂိုလ်ထဲသွင်းကြမလည်း သနားတဲ့ ပုဂ္ဂိုလ်လား မသနားတဲ့ ပုဂ္ဂိုလ်လား (သနားတဲ့ပုဂ္ဂိုလ်ပါဘုရား)။

အဲ ကိုယ့်ကိုယ်ကိုယ်သနားလို့ရှိရင် ဒီပြင်လုပ်၊ ဒါန၊ သီလတွေလည်းလုပ်၊ မဂ္ဂဗြဟ္မစရိယာကိုလည်း လက်မလွတ် ကြနဲ့ (မှန်ပါ့ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ကဲ မဂ္ဂဗြဟ္မစရိယာ ဟိုဟာတွေလည်း တဏှာငြိနေမှာ စိုးလို့ စွန့်ရသေးတယ် (မှန်ပါ့) မတော် ဟိုဟာတွေ ကလည်း တဏှာငြိနေမှာ စိုးလို့စွန့်ရသေးတယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။

တခါတလေ ဥပုဒ်စောင့်ရသေးတယ်ဆိုတော့ ဒီကျန်တဲ့ အာရုံတွေနဲ့ ဖြတ်တာ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ) ကျန်တဲ့ အာရုံတွေနဲ့ ဘာလုပ်ရသလည်း (ဖြတ်ရပါတယ်)။

ဖြတ်ရတယ်ဆိုတော့ ခဏ တောထွက်စမ်းတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဝိပဿနာဉာဏ်က ယတိပြတ် ဖြတ်တာ

သူကတော့ ယတိပြတ် ဖြတ်တာ(မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဝိပဿနာဉာဏ်ကတော့ (ယတိပြတ် ဖြတ်တာပါ)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ယနေ့နာရီလလည်း စေ့တာနဲ့ ဝိပဿနာ မဂ္ဂဗြဟ္မစရိယာ အကျင့် ကျင့်ပုံကို မပြောရဘူး၊ မပြောရတော့ ဒကာ ဒကာမတွေက ဪ လူမိုက် နဲ့ လူလိမ္မာ ဘာထူးသတုန်းဆိုတော့ မဂ္ဂဗြဟ္မစရိယာအကျင့် ကျင့်တာနဲ့ တဏှာလာတာနဲ့ ထူခြားတယ် (မှန်ပ့ါဘုရား)။

လူလိမ္မာက (မဂ္ဂဗြဟ္မစရိယာအကျင့်-ကျင့်ပါတယ်) လူမိုက်ကတော့ (တဏှာလာပါတယ်)။

ခန္ဓာနောက်က တဏှာလာတယ်၊ ခန္ဓာနောက်က ပညာလာတယ်ဆိုတော့ သဘော တော်ာတော်ပါသွားပြီ (ပါ-ပါပြီ) ခန္ဓာနောက်က ပညာလာရင် (လူလိမ္မာပါဘုရား)။

ခန္ဓာနောက်က တဏှာလာရင်း (လူမိုက်ပါဘုရား) လူမိုက်ဘဲဆိုတာ သေချာကြပလား (သေချာပါပြီ)။

အဲဒီတော့ ကိုယ့်ဟာကိုပဲ အလုပ် မလုပ်သေးလို့ရှိရင် ခန္ဓာနောက်က တဏှာလာတယ် (မှန်ပါ့) အလုပ် လုပ်နေလို့ရှိရင် (ပညာလာပါတယ်)။

ဒါဖြင့် ခင်ဗျားတို့ မိုက်ချိန် လိမ္မာချိန်ကော ကွဲရဲ့လား (ကွဲပါတယ်ဘုရား)။

ပညာလာရင် လိမ္မာချိန်

ခန္ဓာနောက်က ပညာလာရင် (လိမ္မာချိန်ပါဘုရား) လိမ္မာချိန်ပေ့ါဗျာ ခန္ဓာနောက်ကနေပြီး ဒါကြီးဘယ်လို ကျွေးမတုန်း ဒီသားသမီး ဘယ်လိုကျွေးမတုန်း (ရှေ့ကြီးရင် ခင်ပါသေရဲ့ဆိုလို့ရှိရင် ခန္ဓာနောက်က ဘာလာသတုန်း (တဏှာလာပါတယ်)။

အဲဒါ အိပ်ယာထဲတွင် မိုက်တဲ့အမိုက် (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ) ဒီဟာကတော့ (အိပ်ယာထဲတွင် လိမ္မာတာပါ) အိပ်ရာထဲတွင် တယောက်တည်း မိုက်နေတာက ရှိသေးတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ်)။

ဪ ဒီသားကလည်းငယ်သေး၊ သမီးကလည်း နေရာမကျသေးနဲ့ ကိုယ့်အတွက်ကလည်း မလုံသောက်သေးနဲ့ ခက်ပါတယ်ဆိုပြီး သကာလ ခန္ဓာ့နောက်ကနေပြီး ခက်ပါ့သေးတယ်ဆိုတဲ့ ဒေါသ သောက ပရိဒေဝတွေ မလာဘူလား လာပါတယ်ဘုရား) ပညာလာသေးရဲ့လား (မလာပါဘူး)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ဟာကိုယ်ကော မိုက်ချိန်နဲ့ လိမ္မာချိန် ကွဲရဲ့လား (ကွဲပါတယ်ဘုရား)။

ခန္ဓာအတွက် ဖြစ်ပျက်မတွေးမိလို့ရှိရင် မိုက်ချိန် (မှန်ပါ့ဘုရား) ဖြစ်ပျက်တွေးမိလို့ရှိရင် (လိမ္မာချိန်ပါဘုရား)။

အဲဒီတော့ ဘုန်းကြီးက ဒီဒကာ ဒကာမတွေ အိပ်ကျရင် လိမ္မာပါ့မလားဆိုတာ လိုက်တော့မစစ်တော့ဘူး၊ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြိ)။

ဘယ်လို လုပ်ကြမယ် (ကိုယ့်ဟာကို ဆုံးဖြတ်ချက်ချရဲပါမယ်)။

ကဲဒါဖြင့် ယနေ့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက် ချတဲ့ တရားနဲ့ သိမ်းကြပါစို့။

သာဓု သာဓု သာဓု။