10403

မာတိကာသို့

တဏှာထက် ဒိဋ္ဌိကပို၍ ကြောက်စရာကောင်းပုံတရားတော်

ကျေးဇူတော်ရှင် အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း

မိုးကုတ် ဆရာတော်ဘုရား၊ မန္တလေးမြို့

ဦးချစ်ဆွေ ဓမ္မာရုံ၌ ဟောကြားတော်မူသော

တဏှာထက် ဒိဋ္ဌိကပို၍

ကြောက်စရာကောင်းပုံတရားတော်

(၁၅-၂-၆၁)

ဒိဋ္ဌိကပိုပြီး ကြောက်စရာကောင်းတယ်

အားလုံး ဒကာ ဒကာမတို့ ဒိဋ္ဌိနဲ့ တဏှာဟောတဲ့ ဒိဋ္ဌိကပိုပြီး ကြောက်စရာကောင်းတယ်လို့ မှတ်ကြစမ်းပါ။

ဒိဋ္ဌိတဏှာ ဘယ်ဟာ ပိုကြောက်စရာ ကောင်းပါလိမ့် (ဒိဋ္ဌိက ပိုကြောက်စရာကောင်းပါတယ် ဘုရား)။

ဒိဋ္ဌိပိုကြောက်စရာကောင်းတယ်လို့ ဘုန်ကြီးတို့ ဒကာ ဒကာမတွေက လေးစားစွာ မှတ်ထားတာပေါ့ ဦးခင်မောင် တဏှာကို သောတာပတ္တိမဂ်က – အကုန် မပယ်နိုင်သေးပါဘူး။(မှန်လှပါ)။

ဒိဋ္ဌိအကုန်ပယ်ရတယ်ဆိုကတည်းက စဉ်းစားကြည့်ပါလားတဲ့ ဒိဋ္ဌိက အပါယ်လေးပါး အမြဲတမ်းချလို့၊ တဏှာက အပါယ်မချတဲ့ တဏှာကရှိတယ်၊ ဒိဋ္ဌိကတော့ အပါယ်မချတဲ့ ဒိဋ္ဌိက မရှိအောင် ဖြစ်ပြီးသကာလ နေတော့ သောတာ ပတ္တိမဂ် ရတယ် ဆိုရင် ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာသာ ပယ်ရတယ်၊ တဏှာ ၄-ပိုင်းတွင် ၃-ပိုင်းကျန်နေတယ်ဆိုတာ ဘာမှ ကိစ္စ မရှိတဲ့အတွက် အဓိပ္ပါယ်က ရှင်းသွားတာဘဲ (မှန်လှပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ဒိဋ္ဌိနဲ့ တဏှာ ဘယ်ဟာက ကြောက်စရာကောင်းသတုန်း (ဒိဋ္ဌိက ကြောက် စရာကောင်းပါတယ် ဘုရား) ဒိဋ္ဌိကြောက်စရာကောင်းတယ်လို့ မှတ်ကြစမ်းပါ နော် (မှန်ပါ့) ဒိဋ္ဌိ နောက်ကမှ တဏှာက လိုက်လာတာ။

အဲဒီတော့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာကြီးက –

ဒိဋ္ဌိဗန္ဓန ဗန္ဓာသေ၊

တဏှာသောတေန ဝှယှရေ။

တဏှာသောတေန ဝိယှန္တာ၊

န တေ ဒုက္ခာ ပမုစ္စရေ။ ။(ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ဒု၊ နှာ-၂၃၈)

ဆိုပြီးသကာလ – ဒိဋ္ဌိတည်းဟူသော အနှောင်အဖွဲ့နှင့် ဖွဲ့ပြီးဆိုမှဖြင့် တဏှာတည်းဟူသောရေက မျှောတော့ တာဘဲဆိုတော့ – ဒိဋ္ဌိက သတ္တဝါကို အချည်သမား အတုပ်သမားနဲ့ တူတယ် (မှန်ပါ့) တဏှာက မျှောတဲ့ရေနဲ့ တူတယ် ဆိုတော့ ချည်တုပ်ပြီး မျှောလို့ရှိရင်ဖြင့် သောင်ကမ်း တွေ့ငြားသော်လည်း အားကိုးရာမဲ့ ဖြစ်တော့မှာဘဲ (မှန်ပါ့ ဘုရား)။

ချည်တုပ်ပြီးသကာလ ဒကာ ဒကာမတွေ ရေသာ မျှောကြည့်ပါ၊ သောင်ကမ်းတို့ ဖောင်တို့တွေ့ငြားသော်လည်း ချည်တုပ်ထားတာကြောင့် အားကိုရာမဲ့ မဖြစ်ပေဘူးလား။ (ဖြစ်ပါတယ် ဘုရား)။

ဒိဋ္ဌိက ချည်တုပ်သမား၊ တဏှာက မျှောသမား

အဲ့ဒါကြောင့် ဒိဋ္ဌိက ချည်တုပ်သမား၊ တဏှာက မျှောသမားဆိုတော့ ဒိဋ္ဌိနဲ့ တဏှာ ဘယ်ဟာသာ၍ ကြောက် စရာကောင်းတယ်ဆိုတာ ပေါ်ကြပါလား (ပေါ်ပါတယ် ဘုရား)။

ဘယ်ဟာက ကြောက်စရာ ကောင်းပါလိမ့် (ဒိဋ္ဌိက ကြောက်စရာ ကောင်းပါတယ် ဘုရား) ဒိဋ္ဌိ ပိုမို ကြောက်စရာကောင်းတော့တယ်ဆိုတာ ရှင်းကြပလား (ရှင်းပါတယ်) ဒိဋ္ဌိဆိုတာ အခြားမဟုတ်ဘူး၊ ခန္ဓာငါးပါး – ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာတွေ ထင်ပြီးသကာလ နေတဲ့ဥစ္စာ – ဒါ ဒိဋ္ဌိပါဘဲ။

ဒါကြောင့် ဒကာ ဒကာမတွေကို ပဋိစ္စသမ္မပါဒ်ကို အားကြီးရှင်းပြီး ပေးနေတဲ့ အဓိပ္ပါယ်က ဒကာ ဒကာမတို့ ဒိဋ္ဌိဖြုတ်နေတာလို့ မှတ်စမ်းပါနော် (မှန်လှပါ)။

ဘာဖြုတ်နေတာပါလိမ့် (ဒိဋ္ဌိဖြုတ်နေတာပါ ဘုရား) ဒိဋ္ဌိ ပြုတ်ရင် အပါယ်လွတ်တယ်ဆိုတာ သေသေချာချာ မှတ်ပါ၊ (မှန်ပါ) ဦးခင်မောင် ဒိဋ္ဌိဖြုတ်ရင် (အပါယ်လွတ်ပါတယ် ဘုရား) အပါယ်လွတ်တယ်ဆိုတာ မောင်ထွန်းလှိုင်တို့ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ကောင်းပြီး ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိက ခန္ဓာဖြစ်စဉ်မသိလို့ –

ခန္ဓာ အဝိဇ္ဇာ ဖဿောစ၊

သညာတက္ကော အယောနိသော၊

ဆိုတဲ့အတိုင်း ခန္ဓာဖြစ်စဉ် မသိလို့ ဒိဋ္ဌိလာတာပါ(မှန်ပါ့) ဘာမသိလို့ ဒိဋ္ဌိ လာပါလိမ့် (ခန္ဓာဖြစ်စဉ် မသိလို့ ဒိဋ္ဌိလာပါတယ် ဘုရား)။

ပစ္စုပ္ပန်ခန္ဓာကြီး-ယခု ဖြစ်စဉ်ကြီးကို မသိတဲ့အတွက် ဒကာ ဒကာမတို့မှာ ဒိဋ္ဌိလာရခြင်း ဖြစ်ပါတယ်ဆိုတော့ ဘုန်ကြီးက နေ့တိုင်း ဒကာ တကာမတို့ဖြစ်စဉ်ကို ရှင်းပေးနေတဲ့အတွက် ဒိဋ္ဌိဟာ ကွာ ကွာ-ကွာ ကွာသွားတယ်လို့ ဦးခင်မောင် မှတ်ရလိမ့်မယ်နော့် (မှန်ပါ့ ဘုရား) သဘောပါကြလား (ပါ-ပါပြီ)။

ကောင်းပြီးဒါဖြင့် တနေ့ နည်းနည်း – နည်းနည်းရှင်းပေးတော့ ဒီ ဒိဋ္ဌိတွေဟာ ဒကာ ဒကာမတို့ မကျန်တော့ ပါဘူးဆိုတာ မှတ်ရမှာဘဲ (မှန်ပါ့)။

ကြားစိတ်ကလေး မပေါ်ဘူးလား

အသံလေးက တစ်ခုကြားတယ်ဆိုရင် ကြားစိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဪ ဒါ ဖြင့်ဆို “သောတဉ္စ ပဋိစ္စ သဒ္ဒေစ ဥပ္ပဇ္ဇိ သောတဝိညာဏံ” ဆိုတဲ့အတိုင်း အသံနဲ့ နားနဲ့ တိုက်ဆိုင်ပြီးဆိုမှဖြင့် ကြားစိတ်ကလေးပေါ်လာတယ်၊ ကြားတယ်ဆို ဒကာ ဒကာမတို့က တွေ့ချင်တယ်ဆိုတာ မလာ ဘူးလား (လာပါတယ် ဘုရား)။

အသံသာ ကြားလိုက်ရတယ် မတွေ့လိုက်ရဘူးဆိုတာပါသေးတယ် (မှန်ပါ့) အခုတော့ အသံကြားပြီး ဘာ – ဖြစ်ချင်ကြပါလိမ့် (တွေ့ချင်ပါတယ် ဘုရား) တွေ့ချင်တယ်ဆိုတာက ဖဿလို့ မှတ်လိုက်တာပေါ့ နော် (မှန်ပါ့ ဘုရား)။

တွေ့ရုံတင် ကျေနပ်သလား ပြုံးပြုံးရွင်ရွင်နဲ့ စကားစမြီး ပြောချင်သေးသလားလို့ မေးရင်ကော (ပြောချင်ပါတယ် ဘုရား) ပြုံးပြုံးရွင်ရွင်နဲ့ စကားစမြီး ပြောချင်သေးတယ်ဆိုသဖြင့် ပြုံးချင်တာ ရွင်ချင်တာတွေ ဝေဒနာ ပါဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီး)။

ဒါဖြင့် ဖဿပစ္စယာ (ဝေဒနာပါ ဘုရား) ဝေဒနာလို့ မှတ်လိုက်တာပေါ့၊ ဝေဒနာလာပြီဆိုမှဖြင့် ဒကာ ဒကာမတို့ ဤပုဂ္ဂိုလ်နှင့် ပြုံးပြုံးရွင်ရွင်ပြောရတဲ့ အခါကျလို့ရှိရင် နီးကပ်သွားတော့ ခင်လုံးကလေးက မလာဘူးလား (လာပါတယ် ဘုရား)။

ခန္ဓာဖြစ်စဉ်လို့ မှတ်နော်

ဒါဖြင့် ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) ဒါ ဒကာ ဒကာမတို့မှာ ဘုန်းကြီးက တန်းဆာဆင်ပြောတာလား၊ ခန္ဓာဖြစ်စဉ်လား (ခန္ဓာဖြစ်စဉ်ပါ ဘုရား) ခန္ဓာဖြစ်စဉ်လို့ ဒကာသစ်တို့ သေသေချာချာ မှတ်နော် (မှန်ပါ့) ဘာဖြစ်စဉ်တဲ့ (ခန္ဓာဖြစ်စဉ်ပါ ဘုရား)။

အဲ့ဒီခန္ဓာဖြစ်စဉ်ကြီး ဖြစ်နေတာကို ဒကာ ဒကာမတွေက ဪ တခုပြီးမှ တခုဖြစ်တယ်၊ မိမိတို့ ခန္ဓာကြီး ပြောင်းလဲနေပါကလားဆိုတာကို မသိတော့ တတန်းထဲ ဖြစ်နေတဲ့အတွက် ဒီခန္ဓာတွေ မသိတဲ့အတွက် ဒိဋ္ဌိ ဖြစ်တာပါ (မှန်ပါ့ ဘုရား) ခန္ဓာတွေ မသိတဲ့အတွက် (ဒိဋ္ဌိ ဖြစ်တာပါ ဘုရား) ဒိဋ္ဌိဖြစ်တယ်ဆိုတာ သဘောကျ ပလား (ကျပါပြီ)။

အခုတော့ကြားတယ်၊ ကြားစိတ်ပေါ့ဗျာ၊ ဒိဋ္ဌိ ဖြစ်သေးရဲ့လား (မဖြစ်ပါဘူး) တွေ့ချင်တယ်ဆိုတော့ ဖဿပေါ့ဗျာ၊ (မှန်ပါ့) ဒိဋ္ဌိဖြစ်သေးရဲ့လား (မဖြစ်ပါဘူး ဘုရား)။

အင် ပျော်ပျော်ရွင်ရွင်ကလေး ပြောချင်တယ် ဆိုချင်တယ် ဆိုတော့ကော (ဝေဒနာပါ ဘုရား) ဝေဒနာ ဆိုတော့ ဒါ ဝေဒနာကလေး မိမိသန္တာန်ပေါ်လိုက်တာဘဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ပြုံးပြုံးရွင်ရွင် ပြောရတဲ့အခါကျတော့ကော ခင်လာတဲ့ အဓိပ္ပါယ်ဟာလည်း တဏှာဘဲ (မှန်ပ့ါ) ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) ကောင်းပြီ၊ ရှင်းသွားကြပလား (ရှင်းပါပြီ)။

အဲ့ဒီတော့ ဒီက သွားတော့မယ်ဆိုတဲ့ ပုဂ္ဂိုလ်က သွားတော့မယ်လို့ ဆိုတာတောင် မသွားပါနဲ့လို့ တားတာက – တဏှာ ပစ္စယာ (ဥပါဒါန်ပါ ဘုရား) ဥပါဒါန်ဆိုတာက ဒကာ ဒကာမတို့ သူများသန္တာန် ဖြစ်တာလား ကိုယ့်သန္တာန် ဖြစ်တာလား (ကိုယ့်သန္တာန်ဖြစ်တာပါ ဘုရား)။

ကိုယ့်သန္တာန်ဖြစ်တာကြီးကို ဒကာ ဒကာမတွေက ဒီလို အစဉ်အတိုင်း သိ သိသွားတဲ့အခါကျတော့ ပုဂ္ဂိုလ် သတ္တဝါဆိုတဲ့ – ငါ သူတပါး ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါဆိုတဲ့ ဒိဋ္ဌိ ထင်မှားမှုကြီးဟာ ကပ်နိုင်သေးရဲ့လား (မကပ်နိုင်ပါဘူး ဘုရား) ဒါ ဉာဏ်နဲ့ သေသေချာချာ ရှင်းပေးနေတယ်နော် (မှန်ပ့ါ ဘုရား)။

ဒီလို ရှင်းပေးနေလို့ ရှိရင်ဖြင့် ဪ ကြားတယ် တွေ့ချင်တယ် စကားစမြီး ပြောချင်တယ်ခင်တယ် ဟုတ်လား၊ မသွားပါနဲ့ဦးလို့ စွဲလမ်းတာတွေ မလာဘူးလား (လာပါတယ် ဘုရား)။

မနေ့က ပြောခဲ့တယ် ကာယကံ ဝစီကံနဲ့ ထမင်းစားသွားပါဦး၊ ဝစီကံနဲ့ ထမင်းစားသွားပါဦး၊ တာရှည်ကလေး ထိုင်ပါဦး အစရှိသည်ဖြင့် ဝစီကံတွေကော မသုံးကြဘူးလား (သုံးကြပါတယ် ဘုရား)။

ဒါဟာ ဘယ်သူ့ ပဋိစ္စသမုပ္ပါဒ် ပါလိမ့်မတုန်း

အဲ့ဒါ ကမ္မဘဝဆိုတာ ဒါဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒါဟာ ဘယ်သူ့ ပဋိစ္စသမုပ္ပါဒ် ပါလိမ့်မတုန်းလို့ မေးလိုရှိရင် ဘယ်နှယ်ဖြေကြပါမယ် (တပည့်တော်၏ ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)။

ခန္ဓာပဋိစ္စသမုပ္ပါဒ်၊ တပည့်တော်၏ ပဋိစ္စသမုပ္ပါဒ်၊ ခန္ဓာ၏ ပဋိစ္စသမုပ္ပါဒ်ဆိုတာ မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား)။

ဒါလေးက ဘာတဲ့ ကြားတာ၊ ကြားတော့ ဒကာ ဒကာမတွေက ဘယ့်နှယ်ဖြစ်နေသလဲ (တွေ့ချင်ပါ တယ်) တွေ့ချင်တယ် တွေ့ချင်ပြီး စကားစမြည်ကကော (ပြောချင်ပါတယ် ဘုရား)။

အင်း ကြားတယ်ဆိုတာက သောတဝိညာဏ်၊ တွေ့ချင်တယ်ဆိုတာက ဖဿ၊ စကားစမြည်ပြောချင်တာက ဝေဒနာ (မှန်ပ့ါ) ပြောရင်း – ပြောရင်းနဲ့ ခင်လာကြတော့ (တဏှာပါ ဘုရား) မသွားပါနဲ့ဦးလို့ တားတော့ (ဥပါဒါန်ပါ ဘုရား)။

အင်း ကျုပ် သွားပြီးသကာလ စားစရာ သောက်စရာကလေး ဝယ်လိုက်ဦးမယ်ဆိုပြီး ကာယကံနဲ့ သွား၊ ဝစီကံနဲ့ပြောပြောဆိုဆို ဒါကျတော့ ကမ္မဘဝ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) ဦးဇံရင် ရှင်းပလား (ရှင်းပါပြီ ဘုရား) ကိုမြရွှေကော (ရှင်းပါပြီ ဘုရား)။

တခုချုပ်ပြီးမှ တခုဖြစ်တယ်

ဒါ ခင်များတို့သန္တာန် ဖြစ်တာမှဟုတ်ကဲ့လား ၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကလဲ နှလုံးမသွင်းမိဘူး၊ ဪ ဒါ တခုချုပ်ပြီးမှ ဒါ တခုဖြစ်တယ်။

ဝိညာဉ်ချုပ်ပြီးမှ (ဖဿဖြစ်တယ်)။

ဖဿချုပ်ပြီးမှ ဘာတုန်း (ဝေဒနာဖြစ်ပါတယ်)။

ဝေဒနာချုပ်ပြီးတော့မှ (တဏှာဖြစ်ပါတယ်)။

တဏှာချုပ်ပြီးတော့မှ (ဥပါဒါန်ဖြစ်ပါတယ်)။

ဥပါဒါန်ချုပ်ပြီးတော့မှ (ကမ္မဘဝဖြစ်ပါတယ်)။

ကံဖြစ်လာတယ်၊ ကာယကံ ဝစီကံ ဖြစ်လာတယ်၊ သဘောကျပလား (မှန်ပါ့ ဘုရား)။

အဲ့ဒီတော့ ဒကာ ဒကာမတွေသန္တာန်မှာ တခါမြင်လိုက်ရင် ဒီကျအောင် သွားတယ် (မှန်ပါ့) တခါကြား လိုက်ရင်ကော (ဒီကျအောင် သွားပါတယ် ဘုရား) ကံကျအောင် သွားလိုက်တယ် (သွားပါတယ် ဘုရား)။

တခါးတည်းအနံ့ကလေး ရှုလိုက်ရင်ကော (ကံကျအောင် သွားပါတယ် ဘုရား)။

တခါတည်း အထည်ကလေး ဘာလေး စိန်းကလေး ရွှေလေဝတ်လိုက်ရင်ကော (ကံကျအောင်သွားပါတယ်)။

ကံကျအောင် သွားတယ်ဆိုတော့ ခင်များတို့ ဒီကံတွေက သေသေချာချာ စဉ်းစားကြည့်တော့ တဏှာ ဥပါဒါန်ကံ၊ ဒီကံတွေကို ဘုန်ကြီးတို့က မဂ်နဲ့မှ ဖြတ်မပေးတော့ဘူးဆိုရင် ဒီဒကာ ဒကာမတွေဟာ အပါယ်က တက်စရာကိုမရှိ တော့ဘူး (မရှိပါဘူး ဘုရား)။

ဒီကံတွေက တဏှာ ဥပါဒါန်ကံဆိုတော့ တဏှာက ဥပါဒါန်ဖြစ်စေတယ်၊ ဥပါဒါန်ကံကိုဖြစ်စေတယ်ဆိုတော့ အကောင်းက ဖြစ်စေတာလား အဆိုးက ကံကိုဖြစ်စေတာလား (အဆိုးက ကံကိုဖြစ်စေတာပါ ဘုရား)။

အပါယ်က တက်ခွင့်မရှိပါဘူး

အဆိုးကကံကိုဖြစ်စေတာကို ဒကာ ဒကာမတွေက ရေရေ လည်လည်သိတော့မှ ဪ ဒီကံတွေမှ ဆရာဘုန်းကြီးကဖြစ်စေ၊ သိ-လိမ်မာတဲ့ ပုဂ္ဂိုလ်ကဖြစ်စေ၊ မြတ်စွာဘုရားကလည်း နည်းမထားခဲ့လို့ဖြစ်စေ ဒီကံတွေ ဖြတ်မပေးတော့ဘူးဆိုရင် တနေ့ဖြစ်လိုက်တဲ့ကံဟာ အပါယ်က တက်ခွင့်မရှိပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

တစ်နေ့ဖြစ်တဲ့ကံဟာ (အပါယ်ကတက်ခွင့်မရှိပါဘူး) ဦးဘအုန်း ကျေနပ်ကဲ့လား (ကျေနပ်ပါတယ်) မင်း ကံမြောက်သွားပြီလို့ ပြောဘို့ရာများ လိုသေးသလား (မလိုပါဘူး ဘုရား)။

မြင်တယ်ဆိုရင် ကံမြောက်ပြီး (မှန်ပါ့) ကြားတယ်ဆိုရင်ကော (ကံမြောက်ပါပြီ ဘုရား) နမ်းရှုပ်တယ် ဆိုရင်ကော (ကံမြောက်ပါပြီ) စားတယ် သောက်တယ်ဆိုရင် (ကံမြောက်ပါပြီ)။

ဝိပဿနာ မပါရင် ကံမြောက်ချည်း သွားနေတယ် (မှန်ပါ့) ဝိပဿနာပါရင် ကံ ဖြတ်တယ် (ကံဖြတ်တယ်)။

ဝိပဿနာ မပါရင် ကံမြောက်သွားတယ်

ဒါ သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ ဝိပဿနာမပါရင် (ကံမြောက်သွားပါတယ်) ဝိပဿနာပါရင် (ကံဖြတ်ပါတယ်)ကံဖြတ်တယ်၊ အဲ့ဒီတော့ ကံဖြတ်တယ်ဆိုတာကတော့ သူတဏှာကနေ ဖြတ်လိုက်တာ ဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အဲ့ဒီကဲ့သို့ ဖြတ်လိုက်တဲ့အခါကျတော့ ဒီကံတွေက ဝိပဿနာဉာဏ်က ဖြတ်လိုက်တဲ့အခါကျတော့ ဦးခင်မောင် ဒီကံတွေက ကျုပ်တို့ကို ထင်သလို အကျိုးပေးနိုင်သေးရဲ့လား (မပေးနိုင်ပါဘူး)။

ဒါဖြင့် ကျုပ်တို့ကို ကယ်မည့်တရား၊ ကျုပ်တို့ကို ချမ်းသာပေးမည့်တရား၊ ကျုပ်တို့မိုက်ပြစ်တွေကို ရှင်းလင်း ပေးမည့်တရား ကံပြတ်တရားဘဲ အားကိုးရတော့မယ် (မှန်လှပါ) ကိုမြရွှေ ဘာ အားကိုးမယ် (ကံ ပြတ် တရား အားကိုးရပါမယ် ဘုရား)။

ဒါဖြင့် ကံပြတ်တရား အားကိုးတော့ ကံပြတ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ဝိပဿနာရှုလိုက်တဲ့အခါတော့ အပါယ်သွားမည် ကံတွေက တကယ် မဂ်ဆိုက်သွားပြီဆိုတော့လဲ “စတူဟာပါ ယေဟိစ ဝိပ္ပမုတ္တော” ဆိုတဲ့အတိုင်း အပါယ်ကံတွေက လွတ်မသွားဘူးလား (လွတ်သွားပါတယ် ဘုရား)။

အဲ့ဒီတော့ ဝိပဿနာမဂ်တို့ လောကုတ္တရာမဂ်တို့ကြောင့် ပြတ်သွားတာဆိုရင်ရင် လွဲသလား (မလွဲပါဘူး ဘုရား)။

အဲ့ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကယ်မည့်သူ ယူမည့်သူ ရှာနေတာ အတော်ကြာပေါ့။ဘာများ အားကိုးရပါမတုံးလို့ မေးတဲ့အခါကျတော့ ကံပြတ်ကို အားကိုးရမယ် (မှန်ပ့ါ ဘုရား)။

ကံပြတ်တယ်ဆိုတာ ဘာပါလိမ့် (ဝိပဿနာပါ) ဝိပဿနာရှုတဲ့မဂ်၊ လောကုတ္တရာမဂ်၊ ရှင်းကြပလား (ရှင်းပါပြီ) ကံပြတ်ဆိုတာ ဘာပါလိမ့် (ဝိပဿနာမဂ်၊ လောကုတ္တရာမဂ်ပါ ဘုရား) ဝိပဿနာရှုတဲ့ မဂ်ကလဲ ထိုက် တန်သလောက် ဖြတ်တာဘဲ (မှန်ပါ့) သူက နေပြီး ကျေးဇူးပြုသွားတော့ လောကုတ္တရာမဂ်ကကော (ဖြတ်ပါတယ် ဘုရား)။

အဲ အပါယ်လေးပါးကျမည့်ကံကို ၁-နံပါတ် မဂ်ကနေ ဖြတ်ချလိုက်တာဘဲ (မှန်ပါ့)။

အဲ့ဒီတော့ ဒကာ ဒကာမတို့ ခင်များတို့မှာ ဒီတနေ့တနေ့မှာ ကြားတယ်၊ တွေ့ချင်တယ်၊ ပြုံးတယ်၊ ရွှင်ချင်တယ်၊ ခင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်၊ အားထုတ်တယ်၊ အားထုတ်တယ်ဆိုတာ ကံပေါ့ဗျာ (မှန်ပါ့) အဲဒါတွေက အကြိမ်ပေါင်း ဘယ်လောက်တုံး တဲ့ (မရေတွက်နိုင်ပါဘူး ဘုရား)။

ကံပြတ်ဝိပဿနာအလုပ်

မရေတွက်နိုင်လို့ရှိရင်ဖြင့် ကံပြတ်ဝိပဿနာအလုပ်လည်း မလုပ်တော့ပါဘူးဆိုလို့ရှိရင်ဖြင့် ကမ္မဘဝပစ္စယာ ဇာတိ (ဇာတိပါ ဘုရား)မလာပေးဘူးလား (လာပါတယ် ဘုရား)။

ဒါ ဘယ်ဇာတိတုံးဆိုတော့ အို တဏှာ ဥပါဒါန်က အုပ်ချုပ်တဲ့ ကံကလုပ်တဲ့ ဇာတိဆိုတော့ ဒကာ ဒကာမတို့ အပါယ်ဇာတိလဲ ဖြစ်နိုင်တာဘဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) သုဂတိဇာတိကော (ဖြစ်နိုင်ပါတယ် ဘုရား)။

သို့သော် ဘာဘဲဖြစ်ဖြစ် ဇာတိတော့ ဖြစ်ရမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) ဇာတိ ဘာသစ္စာလည်း (ဒုက္ခသစ္စာပါ ဘုရား) ဇာတိ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) ဒါ ခင်များတို့ ကံပြတ် မရှိရင် ဘာသစ္စာလာမလဲ (ဒုက္ခသစ္စာလာပါမယ်) ဒုက္ခသစ္စာလာမယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

အဲ့ဒီတော့ ဒကာ ဒကာမတို့ ခင်များတို့မှာ အခု ဆရာဘုန်းကြီးကလဲ ခေါင်းဆောင်ပြီးပြောနေတော့ အား ကိုးရာမဲ့ဖြစ်နေတော့ ဘာအားကိုရမှန်းလဲမသိဘူး။လုပ်ထားတဲ့ ကံတွေကလဲ မှိုပေါက်နေတယ် (မှန်ပါ့) ဦးဘအုန်း လုပ်ထားတဲ့ ကံတွေက (မှိုပေါက်နေပါတယ်)မှိုပေါက်တာက နည်းသေးတယ်(မှန်ပါ့)။

တနေ့တနေ့ မျက်လုံးပေါက်က ကံပေါင်း ဘယ်လောက်တုံးမေးရင် ဘယ်နှယ်ဖြေကြမယ် (မရေတွက်နိုင် ပါဘူး ဘုရား) နားပေါက် ကံပေါင်း ဘယ်လောက်(မရေတွက်နိုင်ပါ ဘုရား) နှခေါင်းပေါက်က ကံပေါင်းဘယ်လောက် (မရေတွက်နိုင်ပါ ဘုရား) မနောပေါက်က ကံပေါင်းဘယ်လောက် (မရေတွက်နိုင်ပါ ဘုရား)။

အဲ့ဒီ ကံတွေဟာ တဏှာဥပါဒါန် ကံချည်း မသွားဘူးလား (သွားပါတယ် ဘုရား)။

ဒါဖြင့် ဇာတိပေါင်း တနေ့တနေ့ ဘယ်လောက်ရပါမတုံး- (မရေတွက်နိုင်ဘူး ဘုရား) မရေတွက်နိုင်အောင် ဇာတိတွေ အများကြီးမရပေဘူးလား (ရပါတယ်) ဇာတိ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အို ဒကာ ဒကာမတို့ ဒုက္ခသစ္စာမှ ထွက်လမ်း လွတ်လမ်း၊ ကျွတ်လမ်းကို မရှိတော့ပါဘူး (မှန်ပါ့) သဘောကျကြရဲ့လား (ကျပါတယ်)။ဒုက္ခသစ္စာမှ ကျွတ်လမ်း လွတ်လမ်း ဘယ့်နှယ်နေကြ (မရှိပါဘူး ဘုရား)။

အဲ့ဒီတော့ ဘုန်းကြီးများက ဪ ဒကာ ဒကာမတွေလဲ မသိဘူး။စုထားတဲ့ ကံတွေကလဲ နည်းကြ သလား (မနည်းပါဘူး)။

ဒီကံတွေ အဟောသိကံဖြစ်အောင် လုပ်ပေးမည့်တရားကိုမူ ခင်များတို့ အားလဲ မထုတ်တော့ပါဘူး။ကြိုးလဲ မကြိုးစားတော့ဘူးဆိုလို့ရှိရင်ဖြင့် အပါယ်လေးပါးကို ခါးစည်းခံမယ်လို့သာ စိတ်ကူးပေတော့ (မှန်ပါ့ ဘုရား) သဘောကျပလား- (ကျပါပြီ)။

အပါယ်လေးပါးကို (ခါးစည်းခံမယ်လို့ စိတ်ကူးပေတော့) ခါးစည်းခံရမယ်ဆိုတဲ့ ဥစ္စာ ထွက်ရက်ရှိပါရဲ့လား (မရှိပါဘူး ဘုရား) တကံပြီးတကံ လုပ်ပေးလိမ့်မယ်၊ တဏှာ ဥပါဒါန်က ဒီကံတွေ သိမ်းသိမ်းထားတယ်လို့ မပြောဘူး လား (ပြောပါတယ် ဘုရား) အရင် ပြောခဲ့ပါပြီနော် (မှန်ပါ့)။

အဲဒီတော့ ကံတွေက ဟိုမှာ ဇာတိတခု၊ ဇာတိ ဇရာမရဏတခုပြီးတော့မှ ဒီက တဏှာ ဥပါဒါန်ကံက နောက်ကံ လွတ်ပြန်တာဘဲ၊ လွှတ်တော့ ဒယ်အိုးထဲကဘဲ ဒကာ ဒကာမတို့ ပြန်တက်ချိန်ပါသေးရဲ့လား (မပါ-ပါ ဘုရား) ထောင်က ထွက်ရင်ကော (မပါ-ပါဘူး ဘုရား) မရှိသလိုဘဲ မြစ်မနေဘူးလား (မှန်ပါ့)။

ကံဖြတ်တဲ့တရားကို အားကိုးကြရမယ်

အဲဒါ ဒကာ ဒကာမတို့ ဘာအားကိုးကြရမယ် (ကံဖြတ်တရားကို အားကိုးရမယ်) ကံဖြတ်တဲ့တရားကို အားကိုးကြရမယ် (ကံဖြတ်တဲ့တရား အားကိုးကြရမယ်)။

မကောင်းတဲ့ ကံတွေကိုလဲ ဖြတ်မယ်၊ ဒုက္ခရောက်စေတဲ့ကံတွေဖြတ်တဲ့တရားဟူသ၍ ခင်ဗျားတို့၏ ကိုးစားရာ အားထားရာ အစစ်လို့ ဦးခင်မောင် သေသေချာချာ မှတ်စမ်းပါ (မှန်လှပါ ဘုရား)။

ဒုက္ခသစ္စာ အကျိုးပေးတဲ့ကံတွေ ဟူသ၍ကို ဖြတ်တဲ့ဥစ္စာ ခင်ဗျားတို့ကများ ဝမ်းနည်းသေးသလား (မနည်း ပါဘူး ဘုရား)။

မနည်းလိုရှိရင် ဒီဥစ္စာ ဝိပဿနာအလုပ်ဟာ အားလုံးတရားနာကျတဲ့ ဒကာ ဒကာမတွေ အကုသိုလ်ကြွေးတွေ များလွန်းလို့ ဒီကြွေးတွေကို မဂ်နဲ့ဘဲ ဆပ်ရတော့မယ် (မှန်ပါ့) ဒီအတိုင်း နေမယ်ဆိုရင် ခန္ခာနဲ့ ဆပ် (မှန်ပါ့ ဘုရား)။

ခန္ဓာနဲ့ ဘယ်သွားဆပ်ရမတုံးလို့ မေးတော့မှ သုံးဆယ်တဘုံမှာ လှည့်ဆပ်ရမယ် (မှန်ပါ့) နွားဖြစ် ဆပ်လိုက် ရ၊ ဝက်ဖြစ် ဆပ်လိုက်ရ၊ ငရဲကောင်ကြီးဖြစ်ပြီး ဆပ်လိုက်ရ၊ ပြိတ္တာကောင်ကြီး ဖြစ်ပြီးသကာလ (ဆပ်လိုက်ရတယ်)။

အဲ ဒါကမဂ်နဲ့ မဆပ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခန္ခာနဲ့ဆပ် (မှန်ပါ့ ဘုရား) မဂ်နဲ့ဆပ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ တဲ့ ကြွေးတွေအကုန်ကျေ (မှန်ပါ့ ဘုရား) မောင်ထွန်းလှိုင် ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဒီဥစ္စာ နာလဲ နာရခဲတယ်၊ ဪ ဒို့အားကိုးရာအစစ် ရှာနေတာ ကြာပေါ့၊ ဘာများအားကိုးရပါ့မတုံးလို့ ဦဇံရင်တို့ အစစ်ရှာတော့မှ မကောင်းတဲ့ ဒုက္ခရောက်စေတဲ့ကံတွေ ဖြတ်တာ ဘယ်သူပါလိမ့် ဗျာ (မဂ်ပါ) မဂ်ဘဲ၊ ရှင်းကြပလား (ရှင်းပါပြီ) ဒုက္ခရောက်စေတတ်တဲ့ကံတွေ ဖြတ်လိုက်တာ (မဂ်ပါ ဘုရား)။

မုဆိုးကြီး

စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့ ၊ စဉ်းစားကြည့်ပါ။မုဆိုးကြီး တသက်လုံးလုပ်နေတဲ့ အကုသိုလ်များ နည်းသလား ဓမ္မပဒမှာလာတာ ဦးခင်မောင် (မှန်လှပါ ဘုရား)။

ဖြတ်ဆို ဘုရားသွားပြီးသကာလ ဝိပဿနာတရားဟောပြီး အလုပ်ခိုင်းလိုက်တော့ လောကုတ္တရာမဂ် သူ့သန္တာန် စိုက်သွားတော့ တသက်လုံးလုပ်တဲ့ မိုက်ပြစ်တွေဟူသ၍ အဟောသိကံ ဖြစ်ရတယ် (မှန်ပါ့ ဘုရား) ဘယသူကနေပြီး အဟောသိကံ ဖြစ်အောင် ကယ်ယူတင်လိုက်ပါလိမ့်မတုံး (လောကုတ္တရာမဂ်ပါ ဘုရား) မဂ်က-ဆိုကြစို့ နော် (မှန်ပါ့)။

အဲဒါ လောကုတ္တရာမဂ်ကလဲ ဝိပဿနာမဂ် မပါဘဲနဲ့ လောကုတ္တရာမဂ်က ဖြစ်ပါ့ မလား (မဖြစ်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ တသက်လုံး မုဆိုးကြီး၊ အပါယ်အိုးဂျိုးကပ်နေမည့် မုဆိုကြီး နှင့် တကွ မုဆိုကြီး သားတွေကော ချွေးမတွေကော ကယ်တင်လိုက်တာ ဘယ်သူပါလိမ့် (လောကုတ္တရာမဂ်ပါ ဘုရား)။

အင်္ဂုလိမာလ

အင်္ဂုလိမာလ ဆိုတဲ့ – လက်ညိုးပေါင်းတထောင်ဖြတ်ပြီး လူသတ်ယောကျာ်း ကယ်တင်လိုက်တာကော (လောကုတ္တရာမဂ်ပါ ဘုရား) ကံဖြတ်တာ သေချာသွားပြီး (မှန်ပါ့သေချာပါပြီ) မသေချာဘူးလား (သေချာပါတယ် ဘုရား)

အဲဒါတွေ သိတော့မှ ဪ ဒါလောက် ကြီးကျယ်တဲ့ ကံကြီးတွေတောင် ပဉ္စာနန္တရိယကံမှတပါး မဂ်က နိုင်သေးတာဘဲ၊ ငါတို့ အခု မြင်တယ် – ကြားတယ် – ကြားလို့ တွေ့ချင်တယ် တွေ့ချင်ရင်ဖြင့် စကားစပြီး ပြောချင် တယ်၊ ပြောမိရင် ခင်တယ် ခင်ရင်စွဲလမ်းတယ်၊ စွဲလန်းရင် အားထုတ်တယ်ဆိုတဲ့ ကံကလေး တွေမျှလောက်တော့ ခင်ဗျားတို့ ဝိပဿနာမဂ် – လောကုတ္တရာမဂ်က ဖြတ်နိုင်ပါတယ် (မှန်ပ့ါ ဘုရား)။

အားကိုးရာမဲ့တော့ မနေကြပါနဲ့ (မှန်ပါ့ ဘုရား) သဘောပါကြရဲ့လား (ပါ-ပါပြီ ဘုရား) အားကိုးရာ မဲ့လို့ ဒီလိုမယူနဲ့ ဖြစ်နိုင်သေးတဲ့ အခြေအနေ ရှိသေးတယ် (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ ဘယ်လိုပါလိမ့် (ဖြစ် နိုင်သေတဲ့ အခြေအနေရှိပါတယ် ဘုရား)။

အဲ ဖြစ်နိုင်သေးတဲ့ အခြေအနေရှိတုန်းကို ခင်ဗျားတို့က – ဪ ကြွေးတင်နေတဲ့ ပုဂ္ဂိုလ်က အကုသိုလ် အကျိုးတွေက တနေ့မှ ဒွါရ ခြောက်ပေါက်က ကံမြောက်နေတာတွေက ကိုမြရွှေနည်းသလား (မနည်းပါဘူး ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဒွါရခြောက်ပေါက်က ကံမြောက်နေတာ တနေ့ ဘယ်လောက်တုံး (မရေ တွက်နိုင်ပါ ဘုရား) ဒွါရခြောက်ပေါက်က ကံမြောက်နေတာတွေ ဘယ်လောက်ပါလိမ့်မယ် (မရေတွက်နိုင်ပါဘူး ဘုရား)။

မရေတွက်နိုင်တော့ တဏှာ ဥပါဒါန် ကံတဏှာ ဥပါဒါန် ကံ-တဏှာ ဥပါဒါန် ကံ အို တနေ့တွင် နည်းတာ တွေမှ မဟုတ်ဘဲ ဒကာ ဒကာမတို့ ဒီကံတွေ လေလိုလွင့်သွားမယ်၊ ပြာလို လွင့်သွားလိမ့်မယ်လို့ ထင်ကြသလား (မထင်ပါဘူး ဘုရား) မထင်နဲ့ ကမ္မဘဝပစ္စယာ ဘာတဲ့တုံး (ဇာတိပါ ဘုရား)။

ဇာတိဒုက္ခချည်း ပေးမယ်

သူကဇာတိဒုက္ခချည်း ပေးမယ်ဆိုတော့ အပါယ်ဇာတိ-နွားဇာတိ-ကျွဲဇာတိ-ဝက်ဇာတိ-ဦးခင်မောင်ရေ ဇာတိမျိုးစုံ မလာပေးဘူးလား (လာပါတယ် ဘုရား)။

အဲဒီ ဇာတိမျိုးစုံ အကျိုးပေးနေမယ်ဆိုလို့ရှိရင် ဘယ်မှသာလျှင် ကျုပ်တို့သည်ကားလို့ ဆိုရင် အေးချမ်းသာယာ စွာနဲ့ နေစရာ အချက် အလက် အကွက် မြင်သေးရဲ့လား (မမြင်ပါဘူး ဘုရား)။

ဒါဖြင့် ဒီဥစ္စာ ဒီဇာတိတွေဟာ မဂ်နဲ့ မဖြတ်ရင် (ခန္ဓာဇာတိ ဖြစ်ပါမယ်) ခန္ဓာဇာတိ ဖြစ်ရမယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတို့ ဒီကံတွေကို မဂ်နဲ့ဖြတ်ချင်သလား (မဂ်နဲ့ ဖြတ်ချင်ပါတယ် ဘုရား)။

အဲ နောက်-မဂ်နဲ့ ဖြတ်ပြီးတဲ့အခါကျမှ ခင်ဗျားတို့ကြိုက်တဲ့ ထမင်းကြမ်း ယပ်ခတ်စားတာပေ့ါ၊ ကိစ္စမရှိပါ ဘူး (မှန်ပါ့ ဘုရား)။

အခုအချိန်ဖြင့် အေးအေး ချမ်းချမ်းကလေး မနေလိုက်ပါနှင့်ဦး (မှန်လှပါ ဘုရား) သဘောပါပလား (ပါ-ပါပြီး) အခုအချိန်မှာ ဘုန်းကြီးက ဘယ်လိုမေတ္တာရပ်သလဲ (အေးအေး ချမ်းချမ်း မနေပါနဲ့ဦး) မသိအေ-ဟာ မကောင်းဘူးနော် (မှန်ပါ့)။

မသိ-အေးဟာ ရေအိုးတင်ထားတဲ့ ရေအိုးကရွတ်ဆိုတာ ဦးခင်မောင်-တောဆီမှာ မြင်ဘူးမှာပေါ့ဗျာ (မှန်ပါ့ ဘုရား) အေးတော့ အေးတာဘဲ၊ ဆွေးပြီး ပျက်စီးသွားတယ် (မှန်ပါ့) အအေးကောင်း ဆိုမလား ဆွေးသွား တာလို့ ဆိုမလား (ဆွေးသွားတာပါ ဘုရား)။

အဲ ခင်ဗျားတို့ဟာလဲ အခုအေးနေတာက ဆွေးသွားမည့် အအေးမျိုး- (မှန်ပါ့) အကောင်းဖြစ်မည့် အအေး လို့ ဆိုလို့ ရရဲ့လား (မရပါဘူး ဘုရား)။

ပြာပြာသလဲ လုပ်ချိန်

အဲဒါကြောင့် ဒကာ ဒကာမတို့ အေးချိန်လား တဲ့၊ ယခု အခါမှ ပြာပြာသလဲ လုပ်ချိန်လား (ပြာပြာ သလဲ လုပ်ချိန်ပါ ဘုရား) ဘယ့်နှယ် ပြာပြာသလဲလုပ်ဘို့မှ ဒကာ ဒကာမတို့ အချိန်ဟာ ကိုယ်အသက်တမ်းကြီးက အသေထဲက လုပြီး ပြောရမှာ (မှန်ပါ့ ဘုရား)

ခန္ဓာကိုယ်က အသေဘက်ချည်း သွားတာ (မှန်ပါ့ ဘုရား) ခန္ဓာကိုယ်က ဘယ်ချည်း သွားသတုံး (အသေ ဘက်ချည်းသွားပါတယ် ဘုရား) ခင်ဗျားတို့ တားလို့ ဆီးလို့ရရဲ့လား (မရပါဘူး)။

အဲ့ဒီထဲကနေပြီး အသေထဲက မသေခင်ကလေး သေလို့ ရှိရင် ဇာတိဖြစ်တော့မှာစိုးလို့ သဘောကျပလား (ကျပါပြီး) အပါယ်ဇာတိတွေ လင်းဆွဲ ဇာတိတွေ ဖြစ်မှာစိုးတဲ့အတွက် ဒီအသေထဲ ကဗျာကရာ နှုတ်ယူလိုက်ရတာ (မှန်ပါ့ ဘုရား) အသေထဲက ကဗျာကရာ ဒီ-ရှုတဲ့ဉာဏ်ကလေး ကဗျာကရာ ထုတ်ယူ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ လွတ်လွတ်လပ်လပ် လုပ်ရလို့ရှိရင်လဲ ဘုန်းကြီးက ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပင်ပန်းမှာစိုး တဲ့အတွက် ဖြေးဖြေလုပ်ကြတာပေါ့ဗျာ၊ ပြောရသေးတယ် (မှန်ပါ့) အခုတော့ ဒီလိုပြောချင်တာ တယောက်မှ မပါဘူး (မှန်ပါ့) အဇ္ဇေဝ သုဝေဝ = ယနေ့လား နက်ဖြန်လား ပုဂ္ဂိုလ်ချည်းဘဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီထဲမှာ ဖြေးဖြေးလုပ်ကြတော့နော် လို့ ဆရာဘုန်းကြီးက ဖါဖါထေးထေး ဖေးဖေးမမနဲ့ ပြောချိန်မရလို့ (မှန်ပါ့) ရသေးရဲ့လား (မရပါဘူး ဘုရား)။

ခင်ဗျားတို့က ကံတွေကလဲ မနည်းဘူး စုထားတာ၊ အသေဘက်လဲ ခန္ဓာက သွားနေတယ်၊ သွားနေလို့ရှိရင် ဖြင့် ကံကုန်သွားတော့ ဇာတိဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲ ဇာတိလာမှတော့ ဘုန်းကြီးလဲ မကယ်နိုင်ဘူး၊ ဘုရားကော (မကယ်နိုင်ဘူး ဘုရား) အားလုံး ဒကာ ဒကာမတွေကယ့်မည့်သူ ယူမည့်သူ မြင်သေးရဲ့လာ (မမြင်ပါဘူး ဘုရား)။

မဂ်ကို အားကိုးရမယ်

ဒါဖြင့် ဦးဇံရင် ဘာ- အားကိုးမတုံး (မဂ်ကို အားကိုးရပါမယ်) မဂ်ဆိုတာလဲ ခင်ဗျားတို့ ဘာဝေတဗ္ဗ ကိစ္စတဲ့ (မှန်လှပါ) မဂ်ဆိုတာ ဘာကိစ္စတဲ့ (ဘာဝေတဗ္ဗကိစ္စပါ) ဘာဝေတဗ္ဗကိစ္စဆိုတာ ပွားမှဖြစ်မှာ (မှန်လှ ပါ ဘုရား) ဘယ်လိုပါလိမ့် (ပွားမှ ဖြစ်မှာပါ ဘုရား)။

ပွားမှဖြစ်မည့်ဥစ္စာ ခင်ဗျားတို့က သားသမီးသား ပွား – ပစ္စည်း သားပွားအောင် လုပ်နေတယ်၊ ဉာဏ်ပွားမှ မပွားဘဲ (မှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) အဲဒီတော့ ဘာပွားရမှာလဲ (ဉာဏ်ပွားရမှာပါ ဘုရား) ဉာဏ်ပွား ရမယ်ဆိုတာ မောင်ထွန်းလှိုင် သေချာပလား (သေချာပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘာဝေတဗ္ဗကိစ္စဆိုတာလည်း ဘုန်းကြီး ရှင်းပြီးသကာလ ယနေ့ နှစ်လုံးထဲ ထူးထူးပြောပါဦးမယ်၊ ဦးခင်မောင်-သေသေချာချာ မှတ်စမ်းပါနော် (မှန်လှပါ ဘုရား) လောကီမဂ်ကတော့ဖြင့် အကြိမ်များစွာ ပွားရပါတယ်) လောကုတ္တရာမဂ်ကျတော့ (တကြိမ်သာ ပွားရပါတယ်)။

ဒါဖြင့် လောကီမဂ် ပွားရတာပေါ့၊ လောကုတ္တရာမဂ်ကျတော့ တကြိမ်နဲ့ပြီးပါတယ်၊ တကြိမ်နဲ့ ကံတွေအကုန် ပြတ် – အပါယ်ရောက်စေတတ်တဲ့ ကံတွေ အကုန်ပြတ်သွားတယ်ဆိုတာ သေချာပလား (သေချာပါတယ်)။

အဲဒီတော့ လောကီမဂ်ကလေးသာ ပွားပေးပါဆိုတော့ မဂ်ရဲ့ ဘာဝေတဗ္ဗကိစ္စဆိုတာဟာ လောကီမဂ် ဆိုတာလား-လောကုတ္တရာမဂ်ဆိုတာလား (လောကီမဂ် ဆိုတာပါ ဘုရား) လောကီမဂ်ဆိုတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) လောကုတ္တရာမဂ်ကျတော့ တစ်ကြိမ်ပြီးရင် နောက်ထပ် ဒီအကြိမ်မျိုးကောလာသေးရဲ့ လား (မလာပါဘူး ဘုရား)။

လောကီမဂ် ပွားရမှာ

အဲ ”မဂ္ဂါဘိညာ သကိံမတာ” ဆိုတဲ့ အတိုင်း မဂ်ဇော် အဘိညာဏ်ဇော်တို့ကို၊ သကိံ= တကြိမ်၊ မတာ = သိအပ်ကုန်၏လို့ သင်္ဂြိုလ်မှာပါသားဘဲ နော်၊ တကြိမ်တည်းဖြစ်တာပါလားလို့ ဆိုတာ သေချာပလား (သေချာ ပါပြီ)။

ဒါဖြင့် ဘယ်မဂ်ပွားရမှာပါလိမ့် (လောကီမဂ် ပွားရမှာပါ ဘုရား) လောကီမဂ်တော့ဖြင့် ဖြစ်ပျက်ရှုတဲ့ မဂ်ကိုတော့ ကြပ်ကြပ်ပွား (မှန်ပါ) နိဗ္ဗာန်မြင်တဲ့ မဂ်ကတော့ တကြိမ်ပေါ်ပြီ-ပြီးတာဘဲ၊ နောက်လဲ ဘယ်တော့မှ မလာတော့ဘူး (မှန်ပါ့) လာသေးရဲ့လား (မလာပါဘူး ဘုရား)။

အဲဒီတော့ ပွားရမည့်မဂ်ကို ပွား၊ ပွားရမည့် မဂ်ကို ပွားလိုရှိရင်ဖြင့် ဖြတ်တတ်မဂ်ပေါ်လိမ့်မယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ပွားရတဲ့မဂ်ကို (ပွားလို့ရှိရင် ဖြတ်တတ်တဲ့မဂ်ပေါ်မယ်) ဖြတ်တတ်တဲ့မဂ်ကို ခင်ဗျားတို့က တောင်းတရတာလား သူ့အစဉ်အတိုင်း ပေါ်တာလား (သူ့အစဉ်အတိုင်း ပေါ်လာတာပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့က အစဉ်အတိုင်းပေါ်မည့်ဥစ္စာကို တောင်းယူနေလို့ရှိရင်ဖြင့် ခက်ကြမှာစိုး တဲ့အတွက် ခင်ဗျားတို့ ပွားသာယူရင် လောကုတ္တရာမဂ်ပေါ်မယ် (မှန်ပါ့ ဘုရား) တောင်းယူလို့ရှိရင်မပေါ်ကို-မပေါ် ဘူး စိတ်ချရပါမလား (မရပါဘူး ဘုရား)။

အဲဒါတွေ ရှင်းရှင်းလင်းလင်း ဒါ အခု ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာမှာလဲ သေသေချာချာ ပါ-ပါတယ် ဒကာ ဒကာမတို့ လောကီမဂ်ဆိုတာ ပွားရမယ်ဟေ့၊ လောကုတ္တရာမဂ်ကတော့ တကြိမ်ဘဲဟေ့ – ဆိုတဲ့ ဥစ္စာလဲ သင်္ဂြိုလ် လာတဲ့အတိုင်း ပဋိသမ္ဘိဒါမဂ်ကလဲ ဒီအတိုင်းလာပါဘဲ၊ ကဲ ဦးခင်မောင်တို့ ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် ပွားတတ် ကြပလား (ပွားတတ်ကြပါပြီ)။

ဝါးလုံးနှစ်လုံး ပွတ်တယ်

အဲဒီတော့ ပွားတယ်ဆိုလို့ရှိရင်လဲ ဝါးလုံးနှစ်လုံး ပွတ်တယ်ဆိုတဲ့ ဥစ္စာ ပူရုံကလေး ပွတ်နေလို့ မဖြစ်သေးဘူး (မှန်ပါ့ ဘုရား) မီးထွက်လာအောင်ပွတ်ပါ (မှန်ပါ့) ဘယ့်နှယ်အပွတ်ခိုင်းသတုံး (မီးထွက်လာအောင်ပွတ်ပါ)။

မီးထွက်လာအောင် ပွတ်လိုက်တဲ့အခါကျတော့ မီးထွက်တယ် ပူရုံကလေး ပွတ်နေလို့ ရှိရင်ဖြင့် – မီး အလိုရှိတဲ့ ပုဂ္ဂိုလ်ဟာ ပူရုံ နွေးရုံကလေး ပွတ်နေလို့ရှိရင်ဖြင့် မောင်ထွန်းလှိုင်ရေ ပွတ်ကျိုးမနပ်ပါဘူး (မနပ်ပါဘူး ဘုရား) ဘာကြောင့်တုံး မီးမှမရဘဲကိုး (မှန်ပါ့ ဘုရား) ရကြရဲ့လား (မရပါဘူး)။

မီးအလိုရှိတဲ့ ပုဂ္ဂိုလ်ဟာ မီးထွက်အောင် ပွတ်မယ်ဆိုလို့ရှိရင်ဖြင့် မီး ရမလား မရဘူးလား (ရပါတယ် ဘုရား) ဒီမှာလဲ ဝိပဿနာမဂ်ကို – ဖြစ်ပျက်ကို ဖြိုင်ဖြိုင်သာရူပါတဲ့၊ မီးထွက်သည်နဲ့တပြိုင်နက် လောကုတ္တရာမဂ် ဟာ ပေါ်ရမယ် (မှန်လှပါ ဘုရား) မပေါ်ရင် (မဖြစ်ပါဘူး) မပေါ်ရင် ဖြစ်ကိုမဖြစ်ဘူး မပေါ်ဘို့လမ်းကို ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဒါ့ကြောင့် မိလိန္ဒပဥှာက မီးထွက်အောင် ပွတ်ယင်ကွာ “ကဋ္ဌ သံဃဋ္ဋနဇာတာ” ဆိုတဲ့အတိုင်း ဒကာ ဒကမ တို့ မီးထွက်အောင်သာ ပွတ်လို့ရှိရင်ဖြင့် မီးထွက်မှာဘဲဆိုတော့ ဒါဖြင့် မီးထွက်တော့ ကျုပ်တို့က နောက်ထပ်ပွတ်ဘို့ လိုသေးသလား ဒီမီး အသုံးချဘို့ဘဲ လိုတော့သလား (ဒီမီး အသုံးချဘို့ဘဲလိုပါတော့တယ်)။

ဒါ ဒါဖြင့် ဝိပဿနာဆိုတာ ဒကာ ဒကာမတို့ ခေါင်းပါးအောင်လုပ်တဲ့တရား၊ ခေါင်းပါးအောင်လုပ်ပြီးမှ မဂ်က ဖြတ်တာကိုးဗျ (မှန်လှပါ)။

အမှိုက်တွေစုပြီး ပုံထားတာ

လောကီ ဥပမာပြောကြပါစို့ ဆိုတော့-ဒကာ ဒကာမတို့ ပဏ္ဏာသဋ္ဌကထာများကျတော့ ဒီလိုလာတယ် ဒကာ ဒကာမတို့ ဝိပဿနာမဂ်က လယ်လုပ်မည့် လမ်းခင်းကို အမှိုက်တွေစုပြီး ပုံထားတာနဲ့တူတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အမှိုက်တွေ ဘာလုပ်ထားတာနဲ့ တူသလဲ (စုပြီး ပုံထားတာနဲ့တူတယ်) စုပြီးပုံထားတာနဲ့တူတယ်၊ ဝိပဿနာ မဂ်က ဟိုကစု ဒီကစုပြီး အမှိုက်တွေ စုပုံထားတာနဲ့တူတယ်- ဦးခင်မောင်ရေ (မှန်လှပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဝိပဿနာ မလုပ်ဘဲနဲ့ မဂ်ရလိပ်မယ်ဆိုတဲ့ ဥစ္စာတော့- ပုံမှမပုံဘဲနဲ့ မီးရှို့ဖြစ်လိမ် မယ်ဆိုတာ ဦးဇံရင် ယုံမလားဗျား (မယုံပါဘူး ဘုရား) ကိုမြရွှေ ယုံမလား (မယုံပါဘူး ဘုရား)။

စုပုံတာက ဝိပဿနာမဂ်

ဒါဖြင့် ဘာလုပ်ကြရမယ်၊ စုပုံတာက ဘာမဂ်နဲ့ တသတုံး-(ဝိပဿနာမဂ်နဲ့ တူပါတယ်) ကိလေသာတွေ စုပုံ နေတာက ဦးခင်မောင် ဘာမဂ်နဲ့ တူသတုံး (ဝိပဿနာမဂ်နဲ့ တူပါတယ်) လောကုတ္တရာ သောတာပတ္တိမဂ်နဲ့ မတူလားဗျာ (တူပါတယ် ဘုရား)။

အဲဒါကြောင့် ဝိပဿနာကို ဘာဝေတဗ္ဗကိစ္စနဲ့ ပွားပြီးသကာလ၊ မဂ်ကိစ္စနဲ့ ကိလေသာ မီးရှို့ပစ်လိုက်ပါဆိုတော့ ဒကာ ဒကာမတို့ ဒီကလေသာချုပ်တော့ ကံတွေသိမ်းထားတဲ့ ကိလေသာချုပ်ပေါ့ ဒကာ ဒကာမတို့၊ ဒီကံတွေက-သူသိမ်းထားတဲ့ လူဘဲသေပေါ့ ဒီကံတွေဟာသေတဲ့အထဲ ပါသွားတာဘဲ (မှန်ပါ့ ဘုရား) ဒီကိလေသာသေတော့ ဒီကံဟာ ဘယ့်နှယ်နေသလဲ (သေပါတယ် ဘုရား)။

အဲဒီတော့ နဂိုရ်က ဘုန်းကြီးပြောထားတာဘဲ၊ ကမ္မသမင်္ဂဆိုတဲ့ ဥစ္စာ ကိလေသာက ကံတွေ သိမ်းထားတယ် (မှန်ပါ့) ဒါဟာ ကိလေသာသေတော့ ကံကျန်ရစ်ဦးမလား (မကျန်ရစ်ပါဘူး)။

အဲဒီတော့ ဒကာ ဒကာမတို့ ကိလေသာသေအောင် ကိလေသာတွေ စုပုံရအောင် ဘယ်မဂ်ကိုပွားမယ် (ဝိပဿနာမဂ် ပွားပါမယ်) ၎င်းကိလေသာတွေ မီးရှို့တာက ဘယ်မဂ်ကလဲ (လောကုတ္တရာမဂ်ပါ ဘုရား)။

အဲ မီးရှို့တော့ ကံပါ ပါ-မသွားသေးဘူးလား(ပါးသွားပါတယ်) ရှင်းကြပလား (ရှင်းပါပြီ) ဒါ အင်မတန် ကြားရခဲတဲ့ စကား ကြားရခဲတဲ့တရားဆိုတာကော ဒကာ ဒကာမတွေ သေသေချာချာ ဉာဏ်ထဲမှ ဝေဖန်နိုင်ကြပလား (ဝေဖန်နိုင်ပါယ် ဘုရား)။

အေး ဉာဏ်ထဲ ဝေဖန်နိုင်တော့မှ ဪ မလုပ်ချင် မဖြစ်တဲ့အလုပ် ဘယ်အလုပ်ပါလိမ့်မလဲဆိုတာ ယနေ့ ပေါ်သွားပါပြီ (မှန်ပါ့ ဘုရား) အမှိုက်စုရမည့်အလုပ်ဟာ ဘယ်သူ့အလုပ်ပါလိမ့်မတုံး (ဝိပဿနာအလုပ်ပါ) ဝိပဿနာအလုပ်။

အဲ မစုဘဲနဲ့ မီးရှို့မယ်ဆိုရင် မီးခြစ်ဆံကုန်ရုံဘဲ ရှိမယ်။အမှိုက်ပြောင်းမှာမဟုတ်ပါဘူး (မှန်ပါ့)ပြောင်း ကြပါ့မလား-(မပြောင်းပါဘူး) ဟိုနားတရွတ် ဒီနားတရွတ် သစ်ရွက်ခြောက်တွေ၊ လိုက်သာရှို့နေကြ ဒကာ ဒကာမတို့ မီးခြစ်ဆံသာကုန်တယ်၊ အမှိုက်ပြောင်းပါ့မလား (မပြောင်းပါဘူး) စုပုံပြီး လုံးထွေးထားပြီးသကာလမှ ရှို့လိုက်ရင် မပြောင်းလား (ပြောင်းပါတယ် ဘုရား)။

အဲ့ဒီတော့ ဝိပဿနာမဂ် မပါဘဲနဲ့၊ လောကုတ္တရာမဂ်အားလုံး ဒကာ ဒကာမတွေ မဖြစ်နိုင်ဘူးဆိုတာ မပွားဘဲ နဲ့ လောကုတ္တရာမဂ် မရလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီး)။

ဒါဖြင့် ဒကာ ဒကာမတို့ ပွားကြပါ-ပွားကြပါဆိုတာ တိုက်တွန်းရမှာလား၊ ခင်းဗျားတို့ ကိလေသာ အရှုပ်တွေက ကိုယ့်မှာကြောက်စရာ အကျိုးပေးတဲ့အတွက် ကိလေသာ အရှုပ်တွေ အရှုခိုင်းတာလား (ကိလေသာအရှုပ်တွေ အရှုခိုင်းတာပါ ဘုရား)။

လယ်ကောင်း ဖြစ်မသွားဘူးလား

အဲ အရှုခိုင်းပြီး သကာလ ဒကာသစ်တို့ နောက်ကျတော့ ရှု့ပြီးသကာလ မီးရှို့လိုက်တော့ ပြောင်သွား တာပေါ့ (မှန်ပါ့ ဘုရား) ပြောင်းသွားတော့ ဒီနေရာသည် လယ်ကောင်း ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ် ဘုရား) ဦးခင်မောင် ဘာဖြစ်သွားသတုံး (လယ်ကောင်းဖြစ်သွားပါတယ် ဘုရား)။

အဲဒီကျမှ “အနုတ္တရံ ပုညခေတ္တံ လောကဿ” လောကဿ= လူပေါင်း၏။အနုတ္တရံ = အတု မရှိသော။ပုညခေတ္တံ = ကောင်းမှုတို့၏ စိုက်ပျိုးရာ လယ်မြေကောင်း ဖြစ်သွားပြီဆိုတော့ သောတာပန်မြေ ဖြစ်သွားပြီပြောတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာမြေ ဖြစ်သွားသတုံး (သောတာပန်မြေ ဖြစ်သွားပါတယ် ဘုရား)။

သောတာပန်မြေ ဖြစ်သွားတယ်ဆိုတော့ ကောင်းမှုတို့၏ စိုက်ပျိုးရာ လယ်မြေကောင်းဖြစ်သွားပြီကွတဲ့ ကြည့် လေအမှိုက်လဲ ရှင်းပြီးပြီ၊ မီးကလဲရှို့ပြီးပြီ၊ ဒီမြေ – မြေကောင်းလား၊ မြေမကောင်းလားဆိုတာ ဒကာ ဒကာမတွေဘဲ တွေးစမ်း (မြေကောင်းပါ ဘုရား)။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ အရိယာ ရှစ်ယောက်ကို “အနုတ္တရံ ပုညခေတ္တံ လောကဿ” လောကဿ = လူအပေါင်း၏။အနုတ္တရံ = အတု မရှိသော။ပုညခေတ္တံ = ကောင်းမှုတို့၏ စိုက်ပျိုးရာ လယ်ယာမြေ ကောင်း ဖြစ်သွားပြီတဲ့ သူ့ကို လှူရင် အကျိုးပေမယ် (မှန်ပါ့ ဘုရား) မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒါတွေ ထောက်ကြည့်တော့ သူကမီးရှို့ပြီးသားလယ်ပေါ်မှာ ကျုပ်တို့က ဒါနမျိုးစေ့၊ သီလမျိုးစေ့ စိုက်ရလိမ့် မယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် သာမည အရေးကြီးသလား ၊ အလွန် အလွန် အရေးကြီးသလားဆိုတာ ဒကာ ဒကာမတွေ ပေါ်ကြပလား – (ပေါ်ပါပြီ) ဘယ်လိုပေါ်ပါလိမ့် (အလွန့်အလွန်အရေးကြီးပါတယ် ဘုရား)။

ကိလေသာ အမှိုက်သရိုက်တွေ

ခင်ဗျားတို့ အခုခန္ဓာကိုယ်ထဲမှာကော ကိလေသာတည်းဟူသော အမှိုက်သရိုက်တွေက ဦးခင်မောင်နှယ် တောထနေတယ် – (မှန်လှပါ ဘုရား) တောထနေတယ်၊ ရိပ်မိကြပလား (ရိပ်မိပါပြီ) ကိလေသာ အမှိုက်သရိုက် တွေက (တောထနေပါတယ် ဘုရား)

အဲဒီ တောထနေတဲ့အထဲမှာဖြင့် ခင်ဗျားတို့ သူများက ဒါနပြုပြီး မျိုးစေ့ ကလေးစိုက်၊ ခင်ဗျားတို့ကျွေး၊ ခင်ဗျားတို့ သူများက ဒါနစိုက်ပေမယ့်လည်း ဒီလယ်က လယ်ကောင်းမှ မဖြစ်တော့ဘဲ (မှန်လှပါ ဘုရား) ဖြစ်သေ ရဲ့လား (မဖြစ်ပါဘူး) မဖြစ်တော့ အလွန့်အလွန် အကျိုးပေးနိုင်ပါ့မလား (မပေးနိုင်ပါဘူး)

အေး ဒါနသာ မြောက်တာပေါ့၊ လယ်ကောင်း စိုက်မိတာလား ၊ လယ်ညံံ့ စိုက်မိတာလား (လယ်ညံ့ စိုက်မိတာပါ ဘုရား) ဘာဖြစ်လို့တုံးဆိုတော့ ဝိပဿနာမလုပ်၊ မဂ်ကမီးမရှို့ရသေး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီး)။

ဝိပဿနာနဲ့လည်း ကိလေသာတွေ မစုရသေး။မဂ်နဲ့လဲ ကိုယ့်ကိလေသာတွေ ကိုယ်မီးမရှို့ရသေးဆိုတော့ ခင်ဗျားတို့ သောတာပန် မတည်သ၍ ကာလပတ်လုံး “အနုတ္တရံ ပုညခေတ္တံ လောကဿ” လူအပေါင်း၏ စိုက်ပျိုးရာ လယ်မြေကောင်းကို မဖြစ်သေးဘူးဗျ (မှန်လှပါ)ပေါ်ကြပလား (ပေါ်ပါပြီး)။

ခန္ဓာပဋိစ္စသမုပ္ပါဒ်

ကဲ ဒါဖြင့် ဒီလောက်ဆိုရင် ရှေ့ပိုင်းမှာ မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား)ရှင်းသွားပြီ တဲ့၊ရှင်းသွား တော့ ဒါ ဘယ်သူ့ပဋိစ္စသမုပ္ပါဒ်ပါလိမ့် – ဒကာ ဒကာမတို့ (ကိုယ့်ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား) ခန္ဓာပဋိစ္စသမုပ္ပါဒ် နော် (မှန်ပါ့)။

လူတယောက်ထဲ၏ ပဋိစ္စသမုပ္ပါဒ် အားလုံးမှာ ဖြစ်စဉ်ဟာ ဒီအတိုင်း၊ ဒီအတိုင်းဘဲလို့ တညီတညွတ်တည်း မှတ်နိုင်ကြပလား (မှတ်နိုင်ပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ ဒါကလေးက ကြားတယ် (မှန်ပါ့) ဒါကလေးဘာတုံး တွေ့ချင်တယ် (တွေ့ချင်တယ်) ဒါက စကားစမမြီးပြောချင်တယ် (မှန်ပါ့) စကားစမြီးပြောဖန်များတော့ခင်လာတယ် (မှန်ပါ့) ခင်တော့ မသွားစေချင်ဘူးလား (မှန်ပါ့)။

မသွားစေချင်တာက ဘာပါလိမ့် (ဥပါဒါန်တရား) ဥပါဒါန်၊ မသွားစေချင်တဲ့ အခါကျတော့ ကျုပ်သည် ကျွေးဘို့ မွေးဘို့ သွားပြီးသကာလ ဝယ်လိုက်ဦးမယ် တွေ့လိုက်ဦးမယ်ဆိုတဲ့ ကာယကံ၊ ဝစီကံကော မလာဘူးလား (လာပါတယ်)။

အဲဒီတော့ ဒါဘယ်သူ၏ ဖြစ်စဉ်တုံးဆိုတော့ အားလုံးသော ပုဂ္ဂိုလ်တွေ၏ ဖြစ်စဉ် (မှန်ပါ့)။

မျက်လုံးရှိတဲ့ ပုဂ္ဂိုလ်၏ ဖြစ်စဉ် (မှန်ပါ့)။

နားရှိတဲ့ ပုဂ္ဂိုလ်၏ (ဖြစ်စဉ်ပါ ဘုရား)။

နှခေါင်းရှိတဲ့ ပုဂ္ဂိုလ်၏ (ဖြစ်စဉ်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ ဒါချုပ်ပြီး၊ ဒါဖြစ်မှာဘဲ (မှန်ပါ့) ဒါချုပ်ပြီးတော့ (ဒါဖြစ်မှာပါဘဲ) ဒါဖြစ်မှာ ဘဲ၊ ဒီဟာ ချုပ်ပြီးတော့ (ဒါဖြစ်မှာပါဘဲ)။

ဒါဖြင့် နာမည်ခေါ်ကြစို့တဲ့ အကြားချုပ်ပြီးတော့ သကာလ အတွေ့ဖြစ်မယ် (မှန်ပါ့) အတွေ့ဖြစ်ပြီး သကာလ ပြုံးရွှင်တာ (ဖြစ်မယ်) ပြုံးရွင်တာ ဖြစ်ပြီးသကာလ ခင်မှု၊ ခင်မှု မဖြစ်ပေဘူးလား (လာပါတယ်) စွဲလမ်းမှု ချုပ်သွားရင် အားထုတ်မှု မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒီတော့ တခုပြီးမှ တခုချုပ်၊ တခုဖြစ် တခုချုပ်၊ တခုဖြစ်၊ တခုချုပ်၊ တခုဖြစ်ဆိုတော့ ဒကာ ဒကာမတို့ ဒါတယောက်သေပြန်ပြီ၊ ဒါတယောက်သေမှ ဒီတယောက် ပေါ်တယ် (မှန်ပါ့)။

ဒီတယောက်သေမှ (ဒီတယောက်ပေါ်ပါတယ်)။

ဒီတယောက်သေမှ (ဒီတယောက်ပေါ်ပါတယ်)။

ဒီတယောက်သေမှ (ဒီတယောာက်ပေါ်ပါတယ်)။

အံမလေး ခင်ဗျားတို့ဟာ ဟိုမှာ မုန့်သွားဝယ်တဲ့ အခြေအနရောက်အောင်ဘဲ လူဘယ်နှစ်ယောက် သေသတုံး မေးတော့ ဟောဒီ ငါးယောက်သေပြီ (မှန်ပါ့ ဘုရား)။

မုန့်သွားဝယ်တဲ့ အချိန်ကျတော့ ဒါနဲ့ ကံမြောက်နေတဲ့ အချိန်ဟာ ကံစေတနာနဲ့ ဝယ်နေတာဖြစ်နေတော့ ခင်ဗျားတို့ စပြီးကြားတဲ့ပုဂ္ဂိုလ် ဘယ်နှစ်ယောက် သေပြီးပလဲ (ငါယောက်သေပြီးပါပြီ)။

ငါးယောက် အသေကိုမြင်ဘို့ အရေးကြီးတယ်

အဲဒီ ငါးယောက် အသေကိုမြင်ဘို့ အရေးကြီးတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ဘာအသေမြင် ဘို့အရေးကြီးသလဲ (ငါးယောက်အသေမြင်ဘို့ အရေးကြီးပါတယ်) ဘယ်တော့များ ခင်ဗျားတို့ ဒီဥစ္စာ-ဒီအသေကို ရှုဘူးသတုံးလို့ မေးလို့ရှိရင် မရူပါဘူးဗျာ၊ ရှုကို မရှုဘူးဘူး (မှန်လှပါ့ ဘုရား)။

ကဲ-ဒီထဲက ဒကာတွေ ကိုမြရွှေတို့ ဦးဇံရင်တို့ ရှုဘူးတဲ့ပုဂ္ဂိုလ်ရှားလိမ့်မယ် (မှန်ပါ့) မရှားပေးဘူးလား (ရှားပါတယ် ဘုရား)။

ဒါဖြင့် ကိုယ့်အသေကိုယ်မြင်ဘူးရဲ့လား-(မမြင်ဘူးပါဘူး ဘုရား) ကိုယ့်အသေကိုယ် သမုတိသစ္စာထဲက ကိုယ်သေ ပြန်တော့ကော ကိုယ့်အလောင်းကိုယ်မြင်ဘူးကြရဲ့လား (မမြင်ဘူးပါဘူး ဘုရား)။

ဒါဖြင့် ဒီ ရှင်တုန်းသေတဲ့ အသေတွေကော (မမြင်ဘူးပါဘူး ဘုရား) ဪ ခင်ဗျားတို့က စုံလုံးကန်း ဖြစ်နေတာကိုး (မှန်ပါ့) စုံလုံးကမ်းဖြစ်နေတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒီတော့ ကိုယ့်အသေ ကိုယ်မမြင်လို့ရှိရင် အနိစ္စ မမြင်သေးပါဘူး (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ကိုယ့်အသေမှ ကိုယ်မမြင်ရင် (အနိစ္စ မမြင်သေးပါဘူး ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အနိစ္စ ဒုက္ခဘဲ နိဗ္ဗာန် ရောက်ကြောင်းရှိတယ်လို့ ပြောနေတော့ ခင်ဗျားတို့မှာ အနိစ္စ ဒုက္ခဟာ ကွယ်နေပြီး (မှန်ပါ့ ဘုရား) ရိပ်မိပလား .(ရိပ်မိပါပြီ)ခင်ဗျားတို့ဘာကွယ်နေတုံး (အနိစ္စ ဒုက္ခ ကွယ်နေပါတယ်) အနိစ္စ ဒုက္ခ အနတ္တ ခင်ဗျားတို့သန္တာန် ဘာဖြစ်တုံး (ကွယ်နေပါတယ် ဘုရား)။

ဪ ဒါဖြင့် ဘုရားမပွင့်သေးပါဘူး ခင်ဗျားတို့ဆီ၊ ရိပ်မိပလား (မှန်ပါ့ ဘုရား) ဘုရားမွင့်ဘူး ခင်ဗျားတို့ သန္တာန်မှာ ဘယ်နှယ်ဖြစ်နေသတုံး (ကွယ်နေပါတယ် ဘုရား)။

အနိစ္စ ဒုက္ခ အနတ္တ ကွယ်နေတာနဲ့ ဘုရားပွင်လာတော့ ဘာတွေများ ဟောလေ့ရှိတုံးဆိုတော့ အနိစ္စ ဒုက္ခ အနတ္တ ရေလဲနဲ့သုံး ဟောတာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘုရားပွင့်တယ်လို့ ဆိုမလား

အဲဒါ တပည့်တော်တို့ ခန္ဓာကိုယ်ထဲ မမြင်ဘူးပါဘူး ဆိုကတည်းက ခင်ဗျားတို့မှာ ဘုရားပွင့်တယ်လို့ ဆိုမလား မပွင့်သေးဘူးလို့ ဆိုမလား (မပွင်းသေးပါဘူး ဘုရား)။

ဒီလိုပြောလိုက်ရင် ခင်ဗျားတို့က ဘုရားနဲ့ လှည့်ပြီး ပြောရမလားလို့ စိတ်များ ဆိုးနေကြဦးမလား၊ မပွင့်တာ ကတော့ သေချာနေပြီ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ကစပြီးသကာလ ကိုယ့်သန္တာန်မှာတဲ့ “စက္ခုံ ဥပပါဒိ” ဆိုတဲ့ ဉာဏ်စက္ခူ ကလေးတော့ ဖြစ်အောင်လုပ်ကြစမ်းပါ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ကြားတဲ့စိတ်ကလေး လာလို့ရှိရင် ကြားတဲ့ စိတ်ကလေးကို ဘာလုပ်ရမယ် (ဖြစ်ပျက်ရှု ပါမယ်) အဲ ဖြစ်ပျက် ရှုလိုက်တဲ့ အခါကျတော့ ကြားတဲ့ပုဂ္ဂိုလ် သေတာ (မှန်ပါ့) ဦးခင်မောင် .ဘယ်သူသေတာ တုံး (ကြားတဲ့ပုဂ္ဂိုလ်သေတာပါ)။

ကြားတဲ့စိတ်ကလေး သေတယ်ဆိုတော့ သေတာက အနိစ္စ၊ သေမှန်းသိတာက (မဂ္ဂပါ ဘုရား) ဒီကျမှ ကိုယ့်အသေကိုယ်သိတယ် (မှန်ပါ့)။

သေတာက (အနိစ္စပါ ဘုရား)။

သေမှန်းသိတာက (မဂ္ဂပါ ဘုရား)။

ဪ လူ့ပြည်လာတာ အသေလာတာလား ဒကာ ဒကာမတို့၊ အနေလာတာလား (အနေလာတာပါ ဘုရား)။

အဲ ခင်ဗျားတို့က အနေလာတယ်၊ ဖြစ်စဉ်က (အသေပါ ဘုရား) ဖြစ်စဉ်က အသေလာတာ၊ ခင်ဗျား တို့ အထင်က (အနေလာတာပါ ဘုရား) ဒီလောက်ထိအောင် ခြားနားနေပါတယ် (မှန်ပါ့) ဒီလောက်ထိအောင် ခြားနားနေတယ်ဆိုတာကော ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်စိတ်ကိုယ်ရှု

ကိုင်း ဒါဖြင့် မောင်ထွန်းလှိုင်ရေ ကိုယ့်စိတ်ကိုယ်ရှုတော့မှ စိတ်တခုနဲ့ “ဧကစိတ္တ သမာယုတ္တာ” လူတစ်ယောက်ဟာ ဘယ်လောက်များ အသက်ရှင်နေသတုံးဆိုတော့ တစိတ်နဲ့ အသက်ရှင်နေတယ်ဆိုတော့ ဒီ စိတ်တခု သေသွားရင် သေတာဘဲ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ စဉ်းစားကြည့်၊ သေတဲ့ပုဂ္ဂိုလ်များမှာ လေကလေးထုတ်တဲ့စိတ်- လေကလေးက ဒီမှာထွက်လာတယ်၊ ထုတ်တဲ့စိတ်ကြောင့် မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။

နောက်- ရူတဲ့စိတ်ကလေး မလာတော့ ခင်ဗျားတို့ဟာ ဘယ့်နှယ် ပြောကြမလဲ (သေပါတယ် ဘုရား) သေပြီဆို ဒီတစိတ်နဲ့ အသက်ရှင်နေတယ်ဆိုတာ သေချာတယ် (မှန်ပါ့ ဘုရား) ဘာနဲ့ အသက်ရှင်နေတာတုံး ( တစိတ်နဲ့အသက်ရှင်နေတာပါ)။

ဘာပြုလို့တုံးဆိုတော့ လေကလေး ထုတ်လိုက်တုံးကတော့ဖြင့် ဟာ-ရှင်သေတယ်၊ ရှင်သေတယ် ဟုတ်လား နောက်-ပြန်ပြီးသကာလ ရှုတဲ့စိတ်ကလေးက ဒီလူမမာက မလာတော့ဘူးဆိုတာ့ ခင်ဗျားတို့က ခေါင်းပြတ်ကြတော့ ဖြစ်လာတယ်၊ (မှန်ပါ) သေသွားတဲ့ အဓိပ္ပါယ် မရောက်ဘူးမလား (ရောက်ပါတယ် ဘုရား)။

တစိတ်နဲ့ အသက်ရှင်နေတယ်

ဒါဖြင့် နဂိုရ်က ဘယ်နှစ်စိတ်နဲ့ အသက်ရှင်နေတာတုံး (တစိတ်နဲ့ အသက်ရှင်နေပါတယ် ဘုရား) ကဲ တစိတ်နဲ့ အသက်ရှင်ကြောင်း၊ နောက်တစိတ်မလာရင် သေတာမြင်သဖြင့် ရှင်းနေတယ် (မှန်ပါ့ ဘုရား) မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့က အသက်တမ်း တပည်တော့်တို့ ဘယ်လောက်များ နေရဦးမှာတုံးဘုရားလို့ မေးတဲ့အခါ၊ အို နောက်စိတ်လာရင်တော့ နေဦးပေါ့ဗျား (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) နောက်စိတ်မလာရင် သေကြ ပေတော့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

အံမာလေး ခင်ဗျားတို့က ပုဏ္ဏား သွားမေးရတာနဲ့၊ ဗေဒင်သွားမေးနဲ့၊ ကျုပ်ဟာ ဘယ်လောက် အသက်ရှည် မှာတုံး အဲ ဒါက လွဲသေးတယ် (မှန်ပါ့) မလွဲပေးဘူးလား (လွဲပါတယ် ဘုရား)။

ဟာခင်ဗျားတို့ဗျာ အိုဇာတာ သိပ်ကောင်းတာဘဲ၊ အသက်ကိုဘဲ ခင်ဗျားတို့ သား – သမီးမုန်းအောင် သူများ မုန်းအောင် နေရဦးမှာ – ပြုံးလို့ပေါ့ ဒကာ ဒကာမတွေကလေ (မှန်ပါ့)။

ပြုံးများ ပြုံးလိုက်သေး၊ သားမုန်း၊ သမီးမုန်း – သူများမုန်းအောင် နေရဦးမှာ၊ အိုဇာတာ ကောင်းတယ်လို့ များပြောလိုက်ချင်ကြသေးတယ်၊ ဘယ်မှာဒီလိုဟုတ်လိမ့်မလဲ ကြပ်ကြပ်အိုလေမုန်းလေမဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

မုန်းတာတောင်မှ အမုန်းခံပြီး သကာလ ဒီဗေဒင်ဆရာကို ခင်ဗျားတို့က ကျေးဇူးတင်သေးတယ်။အမုန်းခံပြီး သကာလ ကိုယ်က ပြုံးလိုက်သေးတယ်။မုန်းမည့်ကိစ္စ ပေါ်လာတာတောင်းမှ ကိုယ့်မှာတော့ ပြုံးတဲ့ကိစ္စ လာဖြစ်နေ တယ် (မှန်လှပါ ဘုရား)။

ကိစ္စက ဘာပေါ်တာတုံး (မုန်းမည့်ကိစ္စပါ ဘုရား) သူတို့ သန္တာန် မေးတဲ့ ပုဂ္ဂိုလ်ကတော့ ပြုံးတဲ့ကိစ္စ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)ရှင်းကြပလား (ရှင်းပါပြီ)။

မုန်းတဲ့ကိစ္စဟောတာ ခင်ဗျားတို့က ပြုံးတဲ့ကိစ္စ ဖြစ်တယ်ဆိုတော့ တယ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား) ဟောတာက ဘယ်ဟောလိုက်သလဲ (မုန်းမည့်ကိစ္စ ဟောပတယ်)။

ခင်ဗျားတော့ဗျာ တကယ့် သံတုံးသံခဲပါဘဲ၊ မြေးတွေသာ သေ-သေသွား ခင်ဗျားကမသေဘူး၊ ဒီလိုဆိုတော့ သိပ်သဘောကျသွားတယ်၊ သဘောမကျဘူးလား (ကျပါတယ်)။

အဲ ဒါဖြင့် ဒကာ ဒကာမတို့ ဟောတာက ဘာကိစ္စဟောသတုံး (မုန်းမည့်ကိစ္စ ဟောပါတယ်) အင်း နာတဲ့ ပုဂ္ဂိုလ်က ပြုံးကိစ္စဖြစ်နေတယ် (မှန်ပ့ါ ဘုရား) ဟောတာက မုန်းကိစ္စ၊ နာတဲ့ပုဂ္ဂိုလ်က (ပြုံးကိစ္စပါ ဘုရား)။

အဲဒါ ကိုယ့်အသက်တမ်းကို ကိုယ်မသိတဲ့ ပုဂ္ဂိုလ်များ ရမ်းပြုံးတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဘယ်လောက် အသက်ရှည်သတုံး

ဒါဖြင့် အသက်တမ်းသည် ဒကာ ဒကာမတွေ ယနေ့ရှင်းအောင်ပြောပါတယ်၊ ဘယ်လောက် အသက်ရှည်သတုံး ဆိုတော့ စိတ်တခုဘဲ အသက်ရှည်ပါတယ် (မှန်ပါ့) ဘယ်လောက်များ အသက်ရှင်နေကြသလဲ (စိတ်တခုဘဲ အသက် ရှိနေပါတယ် ဘုရား) နောက်စတ် မလာရင် (သေပါတယ် ဘုရား)။

ဒကာ ဒကာမတို့ အသက်တမ်း အသက်တမ်း ဘယ်လောက်ရှိသတုံးဆိုတော့ ဘယ့်နှယ်ဖြေမလဲ (စိတ်တခု ပါ ဘုရား) စိတ်တခုအသက်သာရှိပါတယ် ဘုရား) နောက်စိတ် မလာရင် (သေပါတယ် ဘုရား)။

ကိုင်း သေတဲ့ ပုဂ္ဂိုလ်တွေ သွားမေးကြည့်စမ်း – ဘယ့်နှယ်ကြောင့် သေပါလိမ့်မတုံးလို့ နောက်စိတ် မလာ လို့ သေတဲ့လူချည်းဘဲ (မှန်လှပါ)။

ခင်ဗျားတို့ကတော့ မသိဘူး၊ ကံမကောင်း အကြောင်းမသင့်လို့ သေသွားရှာတယ် ကွကျလိုက်တဲ့ဖြစ်ခြင်း မှ၊ စင်စစ် နောက်စိတ် မလာလို့သေတာ (မှန်ပါ့ ဘုရား) ရိပ်မပလား (ရိပ်မိပါပြီ) ဘာမလားလို့ ဘာလိမ့် (နောက်စိတ်မလာလို့ သေတာပါ ဘုရား)။

အဲဒါ ခင်ဗျားတို့က ဘယ်လိုစွဲချက်တင်လိုက်သလဲ (ကံမကောင်း အကြောင်းမသင့်လို့) ကံမကောင်း အကြောင်းမသင့်လို့၊ နေမည်ဆို- နေနိုင်သေးတယ် (မှန်လှပါ) အံမာလေး လောကွက်တွေကများ မျှောက်လုံးတွေက သိပ်ရှုပ်ပါလား။

ဘယ်မှာ မနေနိုင်လို့ သူခမျာ သွားပေါ့၊ နေမည်ဆို နေနိုင်သေးတယ်ဆိုတော့ အတော်ခက်နေတယ်၊ အလောင်း ရှင်ကို တခါတည်း စိတ်ကျေနပ်အောင် ပြောလုံး မုသားကလေးကလဲ သွင်းလိုက်ရသေးတယ် (မှန်ပါ့ ဘုရား) ဒီအဓိပ္ပါယ် က မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင် နေမယ်ဆို မနေနိုင်လို့ သေတာမဟုတ်လား ဦးခင်မောင်ရဲ့ (မှန်လှပါ) ဦးခင်မောင်အသက်ဟာ ဘယ်လောက်ရှည်မည်ထင်သတုံး (စိတ်တခုပါဘဲ ဘုရား) နောက်စိတ်မလာခင် (မှန်ပါ့နောက်စိတ်မလာရင်)။

နောက်စိတ်မလာသေးလို့ရှိရင်ဖြင့် သေမှာဘဲ၊ အခုစိတ်ချုပ်ပြီး နောက်စိတ် မလာရင် (သေမှာပါဘဲ) သေမှာဘဲဆိုတော့ တစိတ်ဘဲ တပည့်တော်တို့အသက်ရှင်ပါတယ်ဘုရားလို့ဆိုတာ မှတ်မိကြပလား (မှတ်မိပါတယ်) ဒကာ ဒကာမတွေ အသက်ဘယ်လောက်ရှင်မှာပါလိမ့် (စိတ်ခုပါဘဲ ဘုရား)။

ကိုယ့်အသေ ကိုယ်မြင်တာ

အဲဒါသိထားတော့ ဒါဖြင့် ကိုယ့်အသေ ကိုယ်မြင်တာကို မနည်းဖော်နေရတယ် (မှန်ပါ့ ဘုရား)။

ကိုယ့်အသေ ကိုယ်မြင်တာ မနည်းဖော်နေရတယ်၊ ဟောဒီ ကြားစိတ်ကလေး ဒီနေ့ စ-ဟောတော့- ကြားစိတ် ကလေးက ဒကာ ဒကာမတို့ ကြားပြီးတော့ ဘာဖြစ်သွားမတုံး (ချုပ်သွားပါတယ်)။

ချုပ်သွားတော့ အဲဒီ ကြားတဲ့ ဦးခင်မောင် တယောက် ဘာဖြစ်သွားသတုံး (သေပါတယ် ဘုရား)။

သေသွားတော့ သေတာတော ဟုတ်ပြီ တဲ့ ဦးခင်မောင်ရေ ဝိပဿနာကလေးနဲ့ ရှုပါဦးဆိုတော့ ဦးခင်မောင် က ကိုယ့်အသေကလေး ကိုယ်မကြည့်နိုင်ဘူးလား (ကြည့်နိုင်ပါတယ်)။

ကြည့်နိုင်တော့ ဝိပဿနာရှုတဲ့စိတ်နဲ့ အသက်ရှိနေတယ် (မှန်လှပါ ဘုရား) နောက်စိတ်နဲ့ အသက်ရှိနေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဘာနဲ့ အသက်ရှင်နေသလဲ (နောက်စိတ်နဲ့ အသက်ရှင်နေပါတယ်)။

ဒါဖြင့် ဒါက သက်ကောင်းရှည်တယ် (မှန်ပါ့) ဦးခင်မောင် ဘယ်နှယ်ဆိုမလဲ (သက်ကောင်းရှည်ပါတယ်)။

ဒါ မရှုတဲ့ပုဂ္ဂိုလ်ကျတော့ ဒါကြည့်ဦး၊ သူ့အဆက် သူကြည့်ဦး ဦးခင်မောင်၊ ကြားစိတ်ကလေး ချုပ်သွားပြီးတော့ တွေ့ချင်တဲ့စိတ်ကလေးနဲ့ သူဘာဖြစ်နေသတုံး (အသက်ရှင်နေပါတယ် ဘုရား)။

အဲဒီတော့ သူ့အသက် ရှင်နေတာကို သူတော့ ဘယ့်နှယ်ဆိုမတုံး (သက်ဆိုးရှည်တယ်) သက်ဆိုး ရှည်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဝိပဿနာနဲ့ ရှင်နေတာကတော့ (သက်ကောင်းရှည်ပါတယ်) သက်ကောင်းရှည် တယ်၊ ခင်ဗျားတို့ ဖဿနဲ့ ရှင်နေတာက (သက်ဆိုးရှည်ပါတယ်)။

ကဲ ဖဿလေး ချုပ်သွားတဲ့ အခါကျတော့ ဝေဒနာကလေးနဲ့ အသက်ရှင်နေတယ်ဆိုတော့ ဘယ့်နှယ်ဆို ကြမလဲ (သက်ဆိုးရှည်ပါတယ် ဘုရား)။

ဝေဒနာလေး ချုပ်သွားပြီး တဏှာနဲ့ အသက်ရှင်နေတော့ (သက်ဆိုးရှည်ပါတယ် ဘုရား)။

အဲ ခင်ဗျားတို့ ဈေးရောင်းနေတာ သက်ဆိုးရှည်တာမှတ် (မှန်ပါ့) တဏှာနဲ့ အသက်ရှင်နေတာကို (မှန် လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) ဘာနဲ့ အသက်ရှင်နေတာတုံး (တဏှာနဲ့ အသက်ရှင်နေပါတယ်) ဦးခင်မောင် သဘောကျရဲ့လား (ကျပါတယ်)။

ဖြစ်စဉ်နဲ့ အကိုက် ပြောတာ

ဆရာဘုန်းကြီးက စကားစပ်လို့ ပြောတာလား၊ ဖြစ်စဉ်နဲ့ အကိုက် ပြောတာလား (ဖြစ်စဉ် နဲ့ အကိုက် ပြောတာပါ ဘုရား)။

အဲ တဏှာကလေး ချုပ်သွားတဲ့ အခါကျတော့ ဘာနဲ့ အသက်ရှင်နေပြန်တုံး (ဥပါဒါန်နဲ့ အသက်ရှင် နေတာပါ) ဒီတော့ ဒါ ဘယ့်နှယ်ဆိုကြမလဲ (သက်ဆိုးရှည်ပါ ဘုရား)။

သက်ဆိုးရည် ဥပါဒါန်ဘဲ၊ ရိပ်မိပလား တဏှာပစ္စ ဥပါဒါနံဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘယ့်နှယ်ဆိုကြမလဲ (သက်ဆိုးရှည်ပါ ဘုရား)။

အဲ ခင်ဗျားတို့ ကိုယ့် သက်ကောင်းရှည်နဲ့ သက်ဆိုးရည်ကို ဒကာ ဒကာမတွေက မခွဲတတ်သေးဘူးဗျာ (မှန်ပ့ါ ဘုရား)။

ကဲ ဒါဖြင့် တဏှာနဲ့အသက်ရှင်ပြီး တခါ ဥပါဒါန်နဲ့ အသက်ရှင်တယ်နော် (မှန်ပါ့) ဥပါဒါန်ပြီးသကာလ ဒကာ ဒကာမတို့ ဥပါဒါန်ကလေးကလဲ တစ်-နှစ်ဆို ဦးခင်မောင် ဘာ ဖြစ်သွား သတုံး (ချုပ်သွားပါတယ် ဘုရား)။

ချုပ်သွားတဲ့အခါကျတော့ ကံကလေးနဲ့ အသက်ရှင်နေတယ် . (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကံကလေးနဲ့ အသက်ရှင်နေတော့ ဒီကလေးကလဲ ဥပါဒါန်အုပ်ချုပ်တဲ့ ကံကလေး (မှန်ပါ့ ဘုရား)။

အဲ့ဒီတော့ ဒီကံကလေးက ဆိုးမိုးမှောင်လို့ ဆိုးမလား ကံကောင်းလေးလို့ဆိုမလား (ကံဆိုးမိုးမှောင်ပါ ဘုရား) အဲဒီကံကလေးကလဲ ကံကောင်းလို့ အသက်ရှင်နေပေမဲ့လည်း ဒီဥစ္စာကလည်း ကံဆိုးအသက်ရှည်နေတာ ကိုဗျ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒါ ခင်ဗျားတို့ နေ့တိုင်း နေ့တိုင်း တပည့်တော်တို့ အသက် ရှင်နေတာ သက်ကောင်းရှည်လား သက် ဆိုးရှည်လား ကိုယ့်ဟာကိုယ်တွေ (သက်ဆိုးရှည်ပါ ဘုရား)။

သက်ဆိုးရှည်

သက်ဆိုးရှည် ခင်ဗျားတို့က သူငယ်နာကျိုးကလေး မှ သက်ဆိုးရှည်လို့ မှတ်နေကြတာကိုး၊ မဟုတ်ဘူး၊ ခင်ဗျား တို့က သက်ဆိုးရှည် ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒီစိတ်တွေနဲ့ ရှင်နေကတည်းကိုက ဘယ်မှာ ဒီဥစ္စာတဏှာနဲ့ အသက်ရှင်တယ်၊ ဥပါဒါန်နဲ့ အသက်ရှင်တယ်၊ မကောင်းတဲ့ကံနဲ့ အသက်ရှင်နေတယ်၊ ကဲ သက်ကောင်းရှည်လား သက်ဆိုးရှည်လား (သက်ဆိုးရှည်ပါ ဘုရား)။

ကဲ သူငယ်နာဂုတ်ကျိုးနဲ့ ခင်ဗျားတို့နဲ့ ထူးသေးရဲ့လား (မထူးပါဘူး ဘုရား) ခြောက်ကောက် လက်ကောက်တာကလေး ကြည့်လိုက်တော့ အို ဒီကောင်ကလေးက သက်ဆိုးရည်ကလေး၊ မဆိုးကြဘူးလား (ဆိုးပါတယ် ဘုရား)၊ ခင်ဗျားတို့ကကော (သက်ဆိုးရည်ပါ ဘုရား)။

ခင်ဗျားတို့ကကော ခြေမကောက် လက်မကောက်ဘဲနဲ့ သက်ဆိုးရည်နေတယ်- (မှန်ပ့ါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) အဲဒီလိုဖြစ်နေတာ့ မခြားနားဘူးဆိုတာ သဘောပါပလား (ပါ-ပါတယ်)။

ကိုင်း ဒါဖြင့် ဒီဥစ္စာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘာနဲ့ ဖြတ်ကြမှ ဒီသက်ဆိုးရည်ပြတ်မယ်ဆိုတာ စဉ်းစား ကြည့်စမ်းပါ- (မဂ်နဲ့)ဖြတ်မှပြတ်ပါမယ် ဘုရား)မဂ်နဲ့ ဖြတ်မှ (မှန်ပ့ါ ဘုရား)။

မဂ်နဲ့ဖြတ်တော့ကို ဖြတ်လိုက်တဲ့မင်းက မဂ်နဲ့ အသက်ရှင်နေတာ၊ မဂ်နဲ့ အသက်ရှင်နေတော့ ခုနက ဘယ်လို ပြောခဲ့ကြသလဲ (သက်ကောင်းရှည်ပါ ဘုရား) သက်ကောင်းရှည် (မှန်ပါ့) မဂ်နဲ့အသက်ရှင်နေတယ်၊ မဂ်ဆိုတာ ကုသိုလ်မဟုတ်လား (မှန်ပါ့ ဘုရား)။

အဲ ကုသိုလ်စိတ်နဲ့ချည်အသက်ရှင်နေတော့ သူ့ကိုဘယ်နှယ်ဆိုကြမယ် (သက်ကောင်းရှည်ပါ ဘုရား)။

သက်ကောင်းရှည်ဆိုတော့ အဲဒါ ကိုယ့်ဟာကိုယ် ငါအကုသိုလ်ရှိနေသလား ငါ အကုသိုလ် ဒီနေ့ ကင်းလေသလား မကင်းဘူးလားဆိုတာ ဒီဟာသာ တန်းကြည့်လိုက် ပေါ်လာတာဘဲ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ခင်းဗျားတို့ကတော့ အင် သူများပစ္စည်းခိုး မုသားတွေ ဘာတွေပြော ဒီလိုမှ ခင်ဗျားတို့က အို အပြစ် တွေက တယ်များတယ်၊ သူတို့လိုတော့ ကျုပ် အသက်မရှည်ချင်ပါဘူးဗျား၊ ကျုပ်ရှည်ချင်တာက ခြေမကောက် လက် မကောက်နဲ့ပဲ သက်ဆိုးရှည်ချင်တယ်၊ ဒီရောက်နေတယ် မရောက်ဘူးလား ရောက်သလား (ရောက်ပါ တယ် ဘုရား) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

အတွင်းက ဝေဖန်တာ

အံမာလေး ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ခင်ဗျားတို့ စိတ်နဲ့ ဝေဖန်ရတယ်နော် (မှန်ပါ့ ဘုရား) သူများနဲ့ ဝေဖန်ရင် – ပြင်ဘက်က ဝေဖန်တာနဲ့ အတွင်းက ဝေဖန်တာနဲ့ မောင်ကို ဘယ်သူက တည့်ပါ့မတုံး( အတွင်းက ဝေဖန်တာက တည့်ပါတယ် ဘုရား)။

အတွင်းက ဝေဖန် မှ တည့်မှာပေါ့၊ ပြင်ဘက်က သနပ်ခါးလိမ်းထားတာတော့ ပြေနေတယ်၊ ပြင်ဘက်နေ အကဲခတ်ရင် လွဲလိမ့်မယ်၊ မလွဲပေဘူးလား (လွဲပါတယ် ဘုရား) အတွင်း အကဲခတ်လိုက်တာ (မလွဲပါဘူး ဘုရား)။

အဲ ဒါဖြင့် ခင်ဗျားတို့ အတွင်းစိတ်တွေဟာက ပဓာန၊ အကျိုးပေးလဲ သူကပဲ၊ ရှင်းပလား (ရှင်းပါပြီ)။

မကောင်းကျိုးပေးလဲ (သူကပါပဲ)

ကောင်းကျိုးပေးလဲ (သူကပါပဲ)

သူကပဲဆိုတော့ အဲဒီ ကိုယ့်အတွင်းစိတ်ကို ကိုယ်အကဲခတ်ပါ၊ ဒါကြောင့် ဘုရားက အဇ္ဈတ္တာတမ္မာ = အဇ္ဈတ္တ ဖြစ်ပျက်ရှုကွတဲ့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ) ဘာရှုရမလဲ (အဇ္ဈတ္တဖြစ်ပျက်ရှု)

အဇ္ဈတ္တဖြစ်ပျက်ရှု၊ ကိုယ့်အကြောင်း ကိုယ်အသိဆုံး (မှန်ပါ) ဒကာ ဒကာမတွေ ဘာတဲ့တုံး (ကိုယ့် အကြောင်းကိုယ်အသိဆုံးပါ ဘုရား)။

ကိုယ့်အကြောင်း ကိုယ်အသိဆုံးဆိုတော့ သူများလာတဲ့အခါကျတော့ အဝတ်နဲ့ ဖုံးထားတော့ ကိုယ့်အကြောင်း သူများမသိပါဘူး၊ ကိုယ်ကတော့ ဘယ့်နှယ်နေသတုံး (သိပါတယ် ဘုရား)။

ကိုယ့်အကြောင်း ကိုယ်အသိဆုံး

ကိုယ်ကတော့ သိတယ်ဆိုသဖြင့် ဒကာ ဒကာမတို့ ကိုယ့်အကြောင်း ကိုယ်အသိဆုံး၊ အသိဆုံးမှလဲ အဆုံးမရ လည်း ကိုယ်အခက်ဆုံး၊ ဒါလေးလည်း ထည့်လိုက်ရတယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)ကိုယ့်အကြောင်း လည်း (ကိုယ်အသိဆုံးပါ ဘုရား) အဆုံးမရလဲ (ကိုယ်အခက်ဆုံးပါ ဘုရား)။

ကိုယ်အခက်ဆုံး၊ တော်တော်ဂွကျတဲ့ လူတွေပါပဲ၊ ဟောစရာအကွက်မရှိဘူး (မှန်ပါ့) သဘောပါကြလား (ပါ-ပါတယ်) ကိုယ့်အကြောင်း (ကိုယ်အသိဆုံးပါ ဘုရား) အဆုံးမရလည်း (ကိုယ်အခက်ဆုံးပါ ဘုရား) ကိုယ်အခက်ဆုံး၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

အမေမိဘတွေက ခလေးကလေး ဒုတ်ပြလိုက်တဲ့အခါကျတော့ မောင်တို့ကို မောင်ထွန်းလှိုင်တို့ ငြိမ်သွားတယ်၊ မငြိမ်ဘူးလား (ငြိမ်ပါတယ် ဘုရား)။

ဒီကောင်ကလေး တယ်မိုက်ပါကလား နင်-ဒီလို မပြောကောင်းဘူး၊ ဒီလိုမဆိုကောင်းဘူးဆိုလို့ရှိရင် ခဏတော့ ငြိမ်သွားတာဘဲ (မှန်ပါ့ ဘုရား) ကိုယ်ကတော့ဖြင့် ငြိမ်တယ်လို့ကိုရှိရဲ့လား (မရှိပါဘူး ဘုရား) အတော် ဆိုးနေတာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လူကြီးဆိုးနဲ့ ကလေးဆိုသည် ဘယ်ဟာ ကြောက်စရားကောင်းပါလိမ့်(လူကြီးက ကြောက်စရာကောင်းပါတယ် ဘုရား) လူကြီးတွေကလဲ ဆိုးချည်းနေတာဘဲလား (မှန်ပါ့ ဘုရား) ဆိုးချည်နေတာက များတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အသေ ကိုယ်မြင်အောင်ကြည့်တာ ဝိပဿနာလို့မှတ်ပါ (မှန်ပါ့ ဘုရား) ကိုယ့်အသေ ကိုယ်မြင်အောင်ကြည့်တာ (ဝိပဿနာပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ) တကယ် သေတာကျတော့ ဘယ်သူ့ဆီမှာတုံးဗျ (မသိပါဘူး ဘုရား)။

ဒါဖြင့် တကယ်အသေကို မသိတော့ ဒကာ ဒကာမတို့ တကယ်သေတော့ သူများကသာ သိတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒီရှင်တုန်းကို ကိုယ့်သန္တာန် စိတ်တခုနဲ့ အသက်ရှင်နေတယ်၊ အဲဒါ သေတာသိမှသာလျှင် ဪ သေတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။

ဒုက္ခသစ္ခာ ပေါ်တယ်

ဟော ဒီမှာ သူ့ ဒုက္ခသစ္ခာ ပေါ်တယ် (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ်) ဘာတွေ ပေါ်လာကြတုံး- (ဒုက္ခသစ္စာပေါ်လာပါတယ်)။

အဲဒီတော့ ဪ လူ့ပြည်ဆိုတာ ဒုက္ခသစ္စာကိုး၊ နတ်စိတ်ကြည့်လိုက်ပြန်တော့ (ဒုက္ခသစ္စာပါ) ဗြဟ္မာ စိတ်ကြည့်လိုက် (ဒုက္ခသစ္စာပါ)။ဒါဖြင့် သဗ္ဗေသင်္ခါရာ ဒုက္ခာဆိုတာ ဟောသင့်တယ်၊ အလုံးစုံ ဒုက္ခဟေ့လို့ ဟောတာ ဒကာ ဒကာမတွေ ငြင်းဘို့ လိုသေးသလား (မလိုပါဘူး ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဝိပဿနာရှုပါဆိုတာ ဒုက္ခသစ္စာ အရှုခိုင်းတာ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)သက္ကာယဒိဋ္ဌိကော မပြုတ်သေးဘူးလား (ပြုတ်ပါပြီ) သဿတ ဥစ္ဆေဒ ရှိသေးရဲ့လား (မရှိပါဘူး) မရှိတော့ ဘာမြင်သတုံး (ဒုက္ခမြင်ပါတယ် ဘုရား)။

အဲဒုက္ခသစ္စာမြင်တယ်၊ ဒုက္ခသစ္စာချုပ်သွားရင် ဘာမြင်မယ်ထင်သတုံး (နိရောဓသစ္စာမြင်ပါတယ်) နိရောဓ သစ္စာ မြင်မယ်၊ (မှန်ပါ့) မမြင်ပါနဲ့ဆိုလို့ (မရပါဘူး)။

မရဘူးဆိုတော့ ဒါဖြင့် ဒကာ ဒကာမတို့ ဆန္ဒကို ပြန်ကောက်ကြစို့ ဆန္ဒချုပ်တာ ဒီနေရာကလေး ချုပ်တာ ဘဲ (မှန်ပါ့)။

ဆန္ဒက ဟိုကိုယ်တော်တွေ တရားဟောခိုင်း၊ ဒီကိုယ်တော်တွေ တရားဟောခိုင်း၊ ဒီဆန္ဒကို ပစ်မထားကြပါနဲ့ ဘုရား အရှင်းဘုရားတို့ ဆုံးမကြပါဦး၊ ကံမြစ်ကြပါဦး သွန်သင်ကြပါဦးဆိုတော့ ဖွားဘက်တော် ဆန္ဒက လိုက် ပြီးတောင်းပန်တော့ ဦးခင်မောင်ရေ ကိုယ်တော်တွေ မဟောကြဘူးလား (ဟောပါတယ် ဘုရား)။

ဟေ့ ဆန္ဒ ရုပ်အနိစ္စကွ၊ ဝေဒနာအနိစ္စ၊ သညာအနိစ္စ၊ သင်္ခါရ အနိစ္စ၊ ဝိညာဏ်အနိစ္စကွ ခန္ဓာငါးပါး အနိစ္စတရားကွနော် မှတ်ထားဟေ့၊ ခန္ဓာငါးပါး အနတ္တတရားကွ။အို-တိုတို ပြောလိုက်မယ်ဟေ့ – ရဟန်းတွေက သဗ္ဗေသင်္ခါရာ အနိစ္စကွ။သဗ္ဗေဓမ္မာအနတ္တာကွလို့ မဟောကြဘူးလား (ဟောကြပါတယ် ဘုရား)။

ဒကာ ဒကာမတို့ သူတို့ရှုနေတာ မနေ့ကပြောခဲ့တယ်၊ ကြာလှပြီလို့ မပြောခဲ့ဘူးလား (ပြောပါတယ် ဘုရား) ၄၄ နှစ် ၄၅ နှစ်လောက်ရှိပါတယ်။မောင်ထွန်းလှိုင်တို့ သူ့ ဝိပဿနာရှုနေတာ မကြားဘူးလား (ကြားပါတယ် ဘုရား)။

ဒီကိုယ်တော်တွေ ရှု့ခိုင်းတဲ့-တရားလဲ ရှုတာပါပဲတဲ့ (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ်) မြင် ရဲ့တဲ့လား (မမြင်ပါဘူး)။

ဖြစ်ပျက်တွေတော့ သူမြင်တယ်

ဒကာ ဒကာမတို့ ဝိပဿနာတော့ ရှုတယ်နော် (မှန်ပါ့) ဖြစ်ပျက်တွေတော့ သူမြင်တယ်နော် (မှန်ပါ့) နိဗ္ဗာန်တွေ့ရဲ့လား (မတွေ့ပါဘူး)

အဲဒါကို ဒကာ ဒကာမတွေ အရှင်ဆန္န သူကိုယ်တိုင်ရှုပြီး သူကိုယ်တိုင် ဟောတဲ့တရားထဲမှာ သူရှုနေတာ ၄၄ နှစ် ၄၅ နှစ်ကြာပါပြီတဲ့၊ ဘယ်အခါကာလမှ နိဗ္ဗာန်ဆိုတာ မမြင်ပါဘူးတဲ့ ဦးခင်မောင်ရေ (မှန်လှပါ ဘုရား) မြင်ရဲ့လား (မမြင်ပါဘူး) ဘယ်လောက်ကြာပြီလဲ (၄၄နှစ်၄၅နှစ်ပါ ဘုရား)။

နို့-ဘုရားဖြစ်ကတည်းက သူအပင့်သွားရင်ပဲ-မောင်းထွန်းလှိုင်ရဲ့ ကြာလှရော့ပေ့ါနော် (မှန်ပါ့)။

အဲဒါ ဘုရားဖြစ်တဲ့နောက် သူ လိုက်သွားပြီး ဒီဥစ္စာတွေ ရှုတာပါပဲ၊ ရှုလိုက်ရင်း သူ့စိတ်ထဲမှာ အနိစ္စရှုလိုက်၊ ဒုက္ခရှုလိုက်၊ အနတ္တရှုလိုက် ရှုသည်နဲ့ တပြိုင်နက်တည်း စိတ်ထဲမှာ ကြောက်လန့်တဲ့စိတ်လဲပေါ်လာတယ်၊ ဘာ-အားကိုး ရပါ့မတုံးဆိုတဲ့ ဒုတိယ စိတ်လဲ ပေါ်တယ်- စိတ်နှစ်မျိုး နှစ်မျိုးပေါ်တယ်- (မှန်ပါ့)။

ဒကာ ဒကာမတို့ ဒါသေသေချာချာမှတ်ပါ(မှန်ပါ့ ဘုရား) သူဟာ ဖြစ်တိုင်းရှုတိုင်း ကြောက်လန့်တဲ့စိတ်လဲ ပေါ်ပေါ်လာတယ်၊ ဘာပေါ်လာသလဲ (ကြောက်လန့်စိတ် ပေါ်လာပါတယ်) စွဲလမ်းတဲ့စိတ်ကော(ပေါ်ပါတယ် ဘုရား)။

ကြောက်လန့်တာက အခြားမဟုတ်ဘူးတဲ့၊ ဒါကလေးဟာ အနတ္တဘဲလို့ ရှုလိုက်ရင် ဟာ အားကိုးရာဘဲ မရှိတော့ဘူး ဆိုပြီး တခါတည်း ဒကာ ဒကာမတို့ ကြောက်လန့်သွားတာပဲ ဖိုသွားတာပဲ (မှန်ပါ့ ဘုရား) အနတ္တရှုလိုက် ရင် ဖိုသွားတာပဲ (မှန်ပါ့ ဘုရား) ဘာများ အားကိုးရပါ့မတုံးဆိုတဲ့ ဥပါဒါန်ကလည်း ပြန်လာတာပဲ (မှန်ပါ့ ဘုရား)။

အနတ္တရှုမှ နိဗ္ဗာန်ရောက်တယ်

အနတ္တတလုံး ရှုလိုက်တာပဲ၊ ခင်ဗျားတို့ကလဲ အနတ္တရှုမှ နိဗ္ဗာန်ရောက်တယ် ပြောလို့ပါ (မှန်ပါ့ ဘုရား) သဘောကျ ပလား (ကျပါပြီ)။

အနတ္တတလုံး သူရှုလိုက်တယ်တဲ့၊ ရုပ်လည်း အနတ္တ၊ ဝေဒနာလည်း အနတ္တ၊ သညာလည်း အနတ္တ၊ ခန္ဓာငါးပါး လုံး အနတ္တဆိုတယ်လို့ ဆိုရင်ပဲ သူ့စိတ်ထဲ ခက်ပကောလို့ လာတာပဲ၊ ဘယ်ဟာမှ အားကိုးစရာ မရှိတော့ဘူ တဲ့ (မှန်ပါ့)။

ကဲ အနတ္တနဲ့ပဲ ဖိုကနဲ သွားတယ်ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ) ဘယ်ဟာ အားကိုးရမှာတုံး-တဲ့ အကုန်အနတ္တဆိုရင် ဘယ်ဟာမှ အားကိုးစရာမရှိတော့ဘူးဆိုပြီးသလာ တခါတည်း မြင့်လှစွာသော ကမ်းပါးချောက် ကြီးက ဝုန်းကနဲ အောက်ကျ သလို စိတ်ထဲ ဖိုဖိုသွားတယ်၊ ရင်ထဲ အေးအေးသွားတာပေါ့ဗျာ(မှန်ပါ့)။

ကြောက်အားလည်း သန်သန်သွားတယ်လို့ ဦးခင်မောင် မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား) ဘာရှုလိုက်တာ တုန်း (အနတ္တရှုလိုက်တာပါ)။

အနတ္တရှုလိုက်တယ်၊ အနတ္တရှုလိုက်တာ တခါတည်း သူ့စိတ်ထဲမှာဖြင့် ကြောက်စိတ်ပေါ်ပေါ်လာပြီး သကာလ ဘာများအားကိုးရမတုန်းဆိုတဲ့ ဒုတိယစိတ်ဟာ တခါတည်း ပေါ်လာတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါတယ်)။

အဲဒီတော့မှ ဒကာ ဒကာမတို့ သူ့ အနိစ္စရှုကြည့်၊ အနတ္တရှုကြည့်တဲ့အခါ ကြောက်လန့်စိတ်ပေါ်တယ်၊ အင်း- အားကိုးချင်တဲ့စိတ်အားကိုးရာရှာတဲ့သဘောပေါ်လာတယ်၊ နှစ်မျိုးချည်းပေါ်လာနေတယ် (မှန်ပါ့ ဘုရား)။

ကြောက်လန့်စိတ် ပေါ်တယ်

မောင်ကို ဒီဥစ္စာ သေသေချာချာမှတ်စမ်းပါနော် (မှန်ပါ့) အနတ္တရှုလိုက်သည်နဲ့ တပြိုင်နက်တည်း ဘာပေါ် လာသတဲ့တုန်း (ဘာအားကိုးရမလဲလို့ ကြောက်စိတ်ပေါ်လာပါတယ်) ရှေးဦးစွာ ဘာပေါ်သလဲ (ကြောက်လန့်စိတ် ပေါ်ပါတယ်) နောက်တခါ အားကိုးရှာတဲ့သဘောကော (ပေါ်လာပါတယ် ဘုရား)။

အင်း ဒီလိုဆိုတော့ စဉ်းစားကြည့်ပါလား ဒကာ ဒကာမတို့ ဒါက ပျောက်သွားပြီး နိဗ္မာန်က မပေါ်လာဘူး (မှန်လှပါ ဘုရား) မပေါ်လာတော့သူ့မှာ အားကိုးရာမဲ့ ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ် ဘုရား)။

ဒီဟာ ဘယ့်နှယ်ကြောင့် ဒါရှေ့က သင်္ခါရချုပ်သွားလို့ရှိရင် အသင်္ခတပေါ်မယ်၊ ဒီနေရာ နိဗ္ဗာန်ပေါ်ရမယ် (မှန်ပါ့ ဘုရား) တကယ်ချုပ်လို့ရှိရင် မပေါ်ရပေဘူလား (ပေါ်ရပါမယ် ဘုရား)။

ဘယ်မှာ ပေါ်နိုင်လိမ်မတုန်း တဲ့၊ သူက ခုနက ခင်ဗျားတို့ နားလယ်ထားတဲ့ ပဋိစ္စသမုပ္ပါဒ်အသိနဲ့ သဿတ ဥစ္ဆေဒဖြုတ်ထားတာ မဟုတ်ဘဲနဲ့ ရှုနေလို့ မပေါ်လာတာတဲ့ (မှန်ပါ့ ဘုရား)။အဋ္ဌကထာဆရာကရှင်းပြတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သဿတဥစ္ဆေတ မပြုတ်ဘဲနဲ့ ရှုနေလို့ နိဗ္ဗာန်မပေါ်လာတာ(မှန်ပ့ါ ဘုရား) ပေါ်ကြပလား (ပေါ်ပါြ့ပီ ဘုရား) ဒကာ ဒကာမတို့ ဒီတလုံးဟာ တိုးလာပြန်ပြီ၊ တနေ့မှာ တလုံးတည်း တိုးပေးတယ်နော် (မှန်ပါ့)

ဒကာ ဒကာမတို့ အခုသူဖြစ်ပျက်ရှုလိုက်တော့ ဖြစ်ပျက်တွေ ပျောက်သွားလို့ရှိရင်ဖြင့် ဪ အနတ္တမို့ ကွယ်သွားပြီလို့ဆိုရင် သူ့စိတ်ထဲလန့်လဲသွားတယ်(မှန်ပါ့) ဘာအားကိုးရပါ့မလဲဆိုတဲ့ အားကိုးရှာတဲ့သဘောကော (ပေါ်လာပါတယ် ဘုရား)။

သင်္ခတဒုက္ခချုပ်သွားလို့ရှိရင် ဒီနေရာ အသင်္ခတနိဗ္ဗာန်ဟာ ပေါ်ရမယ် (မှန်ပါ့) မပေါ်ဘဲ ခံနိုင်ပါ့မလား (မခံနိုင်ဘူး ဘုရား)။

သင်္ခတတလုံးသာ ချုပ်သွား ဘာ-ပေါ်ရမလဲ (အသင်္ခတနိဗ္ဗာန်ပေါ်ရမယ်) သူ့မှာတော့ သင်္ခတသာ ချုပ် သွားတယ် ဒကာသစ်ရဲ့ အသင်္ခတက မပေါ်လာဘူးတဲ့ (မှန်ပါ့)ကဲ မောင်ထွန်းလှိုင်တို့ ပေါ်လာသေး ရဲ့လား (မပေါ်လာပါဘူး ဘုရား)။

ပဋိစ္စသမုပ္ပါဒ် သူနားမလည်ဘဲနဲ့ ရှုနေတယ်

ရှုတော့ ရှုလိုက်တာဘဲ၊ အသင်္ခတဆိုတဲ့ နိဗ္ဗာန်ကြီး အားကိုးရာတခု အစားထိုး ပေါ်ရဲ့လား (မပေါ်ပါဘူး) ဘယ်နှယ်ကြောင့် အရှင်ဆန္နမှာ မပေါ်ပါလိမ့်မတုန်းလို့ ဆိုလို့ရှိရင်ဖြင် -”သော ကိရ ဘိက္ခု ပစ္စယာကာရံ အမနသိ ကရိတွာ” လို့ အဋ္ဌကထာဆရာက- ဒီရဟန်းဟာတဲ့ ခုနက ပဋိစ္စသမုပ္ပါဒ် သူနားမလည်ဘဲနဲ့ ရှုနေတယ်၊ ရှင်းပလား (ရှင်းပါပြီ)။

ပဋိစ္စသမုပ္ပါဒ်ကြီးကို ခုနက သက္ကာယဒိဋ္ဌိ မပြုတ်ဘဲနဲ့ ရှုနေတယ် (မှန်ပါ) သဿတ ဥစ္ဆေဒ မပြုတ်ပဲနဲ့ ဦးဘအုန်း ရှုနေလို့တဲ့ (မှန်ပါ့ ဘုရား) ဒါကြောင့် နိဗ္ဗာန် မပေါ်လာဘူးတဲ့ (မှန်ပါ့) ပေါ်လာသေးရဲ့လား (မပေါ်လာပါဘူး) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာ ရှုမှုထက် ဒိဋ္ဌိဖြုတ်မှုဟာ အရေးကြီးတယ်ဆိုတာကော ယနေ့ရှင်းရှင်း လင်းလင်း မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာရှုမှုနဲ့ ဒိဋ္ဌိခွါမှု ဘယ်ဟာ ရှေ့ထားကြမယ် (ဒိဋ္ဌိခွါမှု ရှေ့ထားရပါမယ်) အဲ ဒိဋ္ဌိခွါမှု ရှေ့ထားတော့ ခင်ဗျားတို့ မြင်တယ် တွေ့တယ်ဆိုတဲ့ ဥစ္စာ ဒီအတန်းတွေ ဟာ ပေါ်ပေါ်နေအောင် လုပ်ရမယ် (မှန်ပါ့ ဘုရား) ဉာဏ်ထဲမှာ လိုက်လိုက် ရှင်းပေးရမယ် (မှန်ပါ့ ဘုရား)။

ကြားပြန်လည်း ဒီအတိုင်း ပေါ်လာတယ် ဦးခင်မောင် (မှန်လှပါ ဘုရား) အင်း နံပြန်ကော (ဒီအတိုင်း ပေါ်ပါတယ်)။

ဒီအတိုင်းပေါ်တယ်၊ ကံရောက်အောင် ကံရောက်အောင် ပေါ်သွားတာကလေးတွေ ခင်ဗျားတို့က သိထား တော့မှ ဪ ဒီလိုပေါ်တာကိုး၊ ဒီအကြောင်းကြောင့် ဒီအကျိုး၊ ဒီအကြောင်းကြောင့် ဒီအကျိုးပေါ်တယ်၊ ဒီအကြောင်း ချုပ်လို့ ဒီအကျိုးချုပ်တယ်၊ ဒီလို သိထားတော့ သဿတ ဥစ္ဆေဒ ဘယ့်နှယ်နေသတုန်း (ကွာပါတယ် ဘုရား)။

ဒါ သင်္ခတ တရား – ဖြစ်ပျက်

အဲ ကွာပြီး မှ ရှုလို့ရှိရင်တဲ့ ဟောဒီ ရှုလည်းရှုကြ၊ ကွာပြီး မှ ရှုတဲ့ ပုဂ္ဂိုလ်ကျတော့ ရှုလိုက် – ဒါ သင်္ခတ တရား – ဖြစ်ပျက်၊ ကြားစိတ်ကလေး ဖြစ်ပျက်ကြပါစို့ (မှန်ပါ့) ဒါကလေး ချုပ်သွားပြီး တဲ့၊ အသင်္ခတဓာတ်က ဒီနေရာ ပေါ်ဘို့ပဲ၊ နိဗ္ဗာန်ပေါ်လာရတယ် (မှန်လှပါ)။

သူသ သင်္ခတတရားကိုဗျ – (မှန်လှပါ ဘုရား) ပြုပြင်လို့ ပေါ်လာတဲ့ သင်္ခတတရား မဟုတ်လား (မှန်လှပါ ဘုရား) သင်္ခတတရားဆိုတော့ သူကလဲ ခုနက ကြည့်ပါလားဗျ၊ “သောတဉ္စပဋိစ္စ” ဆိုတော့ သောတကလဲ သူ့ပြုပြင်လို့ ပေါ်တာပဲ (မှန်လှပါ) “သဒ္ဒေစ ဥပ္ပဇ္ဇတိ” လို့ သဒ္ဒါရုံကပြုပြင်လို့ပေါ်လာတဲ့ သောတဝိညာဏ်စိတ် ကလေးပါ (မှန်ပါ့ ဘုရား) ပြုပြင်လို့ ပေါ်လာတဲ့စိတ်ကလေး (မှန်ပ့ါ ဘုရား) မဟုတ်ဘူးလား။

ဒါဖြင့် သူ့ကို ဘာတရားခေါ်မယ် (သင်္ခတရားပါ ဘုရား) သင်္ခတတရားကလေးကို ကျုပ်တို့က အင်း အကြောင်းဖြစ်လို့ အကျိုးဖြစ်နေတာပဲ အကြောင်းချုပ်လို့ အကျိုးချုပ်တာပဲလို့ သိပြီးသား ပုဂ္ဂိုလ်က ဖြစ်ပြီး ပျက်သွား တာသူချုပ်သွားပြီဆိုလို့ရှိရင် ဘာမှမလာဘဲနေလို့ရှိရင်ဖြင့် တဲ့ ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ ပုဂ္ဂိုလ်မို့ မလာတာ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန် ဒီကြားထဲ ဝင်လာလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်က သဿတဥစ္ဆေဒ ခွါပြီးသား ပုဂ္ဂိုလ်ဖြစ်ရင် သင်္ခတချုပ်ရင် အသင်္ခတဝင်တယ် (မှန်ပါ့)ဒါ သေသေချာချာ မှတ်ပါ၊ မောင်ထွန်းလှိုင် အရေးကြီးတယ် (မှန်လှပါ ဘုရား)။

မောင် ကို သင်္ခတချုပ်ရင် ဘာပေါ်ရမှာတုန်း (အသင်္ခတပေါ်ပါမယ်) ဘယ့်နှယ်ကြောင့် အရှင်ဆန္န မပေါ်ပါလိမ့်မတုန်းဆိုတော့ အားကိုးရာမဲ့ ဖြစ်ဖြစ်သွားတယ် (မှန်ပါ့) သူရှုကြည့်တယ် တဲ့၊ တခါတလေ ရင်ထဲ ဖိုဖိုသွားတယ်(မှန်ပါ့) အားကိုးရာ ပျောက်ပျောက်သွားတယ် (မှန်ပါ့) မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား) သင်္ခတနောက်နားက အသင်္ခတ လာသေးရဲ့လား (မလာပါဘူး ဘုရား)။

အဲဒါ အဋ္ဌကထာဆရာက ဘယ့်နှယ်ကြောင့် ဒီရဟန်းမှာ ဒီလို ကြောက်ပြီးသကာလ အားကိုးရာအစစ်ကို ရှာပြန်ပါလိမ့်မတုန်း မေးတဲ့အခါကျတော့ ပစ္စယာကာရဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို နားမလည်းဘဲနဲ့ ရှုနေသောကြောင့် ဒုဗ္ဗလ = အားနည်းတဲ့ ဝိပဿနာဖြစ်နေလို့ ဒိဋ္ဌိမပြုတ်ဘဲ ဖြစ်နေတာဘဲ၊ ဒါကြောင့် သူ နိဗ္ဗာန်မရတာ (မှန်ပါ ဘုရား)။

ရှင်းပလား (ရှင်းပါပြီ) နိဗ္ဗာန်မရတဲ့အကြောင်း ကောင်းကောင်းရှင်းပလား (ရှင်းပါပြီ ဘုရား) ပဋိစ္စ သမုပ္ပါဒ် သူနားလည်ရဲ့လား (နားမလည်ပါဘူး) နားမလည်တော့ သဿတဥစ္ဆေဒ ကွာရဲ့လား (မကွာပါ ဘုရား)။

အဲ မကွာတော့ကိုတဲ့ ဖြစ်ပျက်တော့ မြင်ရဲ့ ဦးခင်မောင် နိဗ္ဗာန် မဝင်လာဘူး (မှန်လှပါ ဘုရား)။

ဒါဖြင့် ဪ တော်တော် အရေးကြီးပါကလားဆိုတာ ယနေ့ ရှင်းရှင်း လင်းလင်း မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ဖြစ်ပျက်ချုပ်တိုင်း နိဗ္ဗာန်ပေါ်လိမ့်မယ်လို့ ယူလို့ရရဲ့လား (မရပါဘူး)။

ဒိဋ္ဌိခွါပြီး စောစောစီးစီးက ရှင်းထားတဲ့ ပုဂ္ဂိုလ် သဿတဥစ္ဆေဒ ကွာပြီး ရှုမှသာလျှင် ဦးခင်မောင် ဖြစ်ပျက်လဲ ချုပ်ပါရော တစ်ခါတည်း မဖြစ်မပျက်တဲ့ နိဗ္ဗာန် အစားထိုးလာတယ် (မှန်ပါ့ ဘုရား) သဘောပါ ပလား (ပါ-ပါပြီ)။

နို့မို့လို့ဆိုရင်ဖြင့် ဒီ အရှင်ဆန္နလိုဘဲ ခင်ဗျားတို့ ဖြစ်နေမယ်။ဖြစ်ပျက်ကလေးကလဲ ချုပ်သွားရော-ဟော ဖိုကနဲသွားတာဘဲ အားကိုးရာ မရှိတော့ပါကလား ဘာများ အားကိုးရမှာတုန်း ဖြစ်လာတာပဲ (မှန်ပါ့ ဘုရား) ကဲ ပေါ်ကြပလား (ပေါ်ပါပြီး ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီအရေးဟာ အင်မတန် အရေးကြီးပါကလားဆိုတာ ပေါ်လာပြီ ဦးခင်မောင် (ပေါ်လာပါပြီ ဘုရား) ဒါဖြင့် ဝိပဿနာမရှုခင် သဿတဥစ္ဆေဒ ခွါရမယ် (မှန်လှပါ ဘုရား) ဘာ-ခွါရမယ် (သဿတ ဥစ္ဆေဒ ခွါရပါမယ်)။

သဿတ ဥစ္ဆေဒ ခွါချင်တော့

သဿတ ဥစ္ဆေဒ ခွါချင်တော့ ခန္ဓပဋိစ္စသမုပ္ပါဒ် နားလည်ရမယ် (မှန်ပါ့ ဘုရား) မျက်လုံးပေါက်ကလာတဲ့ ပဋိစ္စသမုပ္ပါဒ်လဲ သူ့ အစဉ်အိုင်း သိရမယ် (မှန်လှပါ)နားပေါက်ကလာတဲ့ ပဋိစ္စသမုပ္ပါဒ်ကော (သူ့အစဉ်အတိုင်း သိရပါမယ်)။

အဲဒီလိုသိသွားတော့ ဪ ဒါအကြောင်းဖြစ်လို့ အကျိုးဖြစ်တာပဲ၊ အကြောင်းချုပ်လို့ (အကျိုးချုပ်တာပဲ)။

အကျိုးချုပ်တာပဲဆိုတော့ သဿတ ဥစ္ဆေဒတွေက မောင်ကို ဘယ့်နှယ်နေသတုန်း (ကွာပါတယ် ဘုရား)။

ကွာပြီးမှ ရှုစမ်းပါတဲ့ ရှုသွားလို့ရှိရင် ဟောဒီ သင်္ခတရှုရင်း မတ္တသင်္ခတချုပ်ပြီး အသင်္ခတ ချက်ခြင်း အစား ထိုးမယ်(မှန်ပါ့)ချက်ချင်း နိဗ္ဗာန်ပေါ်မယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် နည်းမမှန်ရင် ကြောက်စရာကြီးပါကလား (မှန်လှပါ ဘုရား) ဦးဘအုန်း ဘယ့်နှယ်ဆိုမယ် (နည်းမမှန်ရင် ကြောက်စရာကြီးပါ ဘုရား)။

ဒါဖြင့် ရှေ့နောက် အခု ဒကာ ဒကာမတွေ ဆရာသမားစဉ်ပေးတာရော ဘုရားဟောပါဠိတော် အားကိုးပြီး သကာလစဉ်လိုက်တာကော . သဘောကျပလား (ကျပါပြီ)။

ဝိပဿနာရှုမှု ရှေ့ထားရမှာလား ဒိဋ္ဌိခွါမှု ရှေ့ထားရမှာလား (ဒိဋ္ဌိခွါမှု ရှေ့ထားရမှာပါ ဘုရား)။

အဲ-ဒိဋ္ဌိခွါမှု ရှေ့ထားပြီး သကာလမှ ခင်ဗျားတို့ ဝိပဿနာရှုနေတိုင်း ခွါမနေနဲ့ တခါခွါပြီး-ပြီးတာဘဲ (မှန်ပ့ါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) နေတိုင်းလည်း ခွါဘို့မလိုပါဘူး (မှန်ပါ့)။

ဉာဏ်ထဲမှာ ကွာပြီဆိုမှဖြင့် ဪ ဒီဥစ္စာ အကြောင်းဖြစ်လို့ အကျိုးဖြစ်တာ၊ အကြောင်းချုပ်လို့ အကျိုး ချုပ်တာဘဲလို့ သိပြီးသည်၏ အခြားမဲ့၌ ရှုတော့ (မှန်ပါ့)။

ရှုလို့ရှိရင်ဖြင့် ဒီသင်္ခါရတရားတွေဟာ ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက် ပျက်လိုက် ဝိပဿနာဉာဏ်မရင့်သေး ရင် ဖြစ်ပျက်ချည်းတွေ့မယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာဉာဏ်ရင့်လာလို့ မဂ်ဉာဏ်ဆိုက်ကာနီးကျလို့ရှိရင် ဖြစ်ပျက် ပျောက်ပြီးသကာလ နိဗ္ဗာန် အစားထိုး မယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)ရှင်းကြပလား (ရှင်းပါပြီ)။

တရားတော့ မဆုံးသေးဘူး၊ နာရီစေ့ပြီ တော်ကြဦးစို့။

သာဓု သာဓု သာဓု။