10310

မာတိကာသို့

စိတ္တာနုပဿနာ တရားတော်

ကျေးဇူးတော်ရှင် အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း

မိုးကုတ်ဆရာတော်ဘုရား မန္တလေးမြို့ ဦးချစ်ဆွေ ဓမ္မာရုံ၌

ဟောကြားတော်မူသော

စိတ္တာနုပဿနာ တရားတော်

(၈-၂-၆၁)

တရားရှာခန္ဓာထဲမှာ တွေ့ရမယ်

အားလုံး ဒကာ ဒကာမတွေ တရား နှလုံးသွင်းပါလို့ သတိပေးလိုက်တယ်နော်… တရား နှလုံးသွင်းဆိုတာ က မိမိတို့၏ ခန္ဓာကိုယ်ထဲမှာ တရားရှိတယ်လို့ မှတ်ရမယ်၊ ဘယ်မှာတရားရှိပါလိမ့် (မိမိတို့၏ ခန္ဓာကိုယ်ထဲမှာ ရှိပါ တယ်)၊ မိမိတို့ ခန္ဓာကိုယ်ထဲမှာ တရားရှိတယ်လို့ သေသေချာချာ မှတ်ထားကြပါ (မှန်ပါ့)။

တရားရှာ-ခန္ဓာထဲမှာ တွေ့ရမယ်ဆိုတဲ့အတိုင်း ခန္ဓာထဲမှာ ကြည့်ပါလို့ သတိပေးလိုက်တယ် (မှန်ပါ့)၊ အဲဒီတော့ ဒီခန္ဓာကြီးကို ဒကာ ဒကာမတွေက စောင့်ပြီး ကြည့်စမ်းပါလို့ ဒီကသတိပေးပြန်တယ်နော် (မှန်ပါ့)၊ ဦးခင်မောင်… ဘယ်လိုကြည့်ရမယ် (စောင့်ပြီး ကြည့်ရမယ်)၊ စောင့်ပြီး ကြည့်ရမယ်လို့ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ၊ ဘယ်လိုကြည့်ကြရမယ် (စောင့်ပြီး ကြည့်ရပါမယ်)။

စောင့်ပြီးသကာလ အသက်ကလေး မှန်မှန်ရှူပြီးသကာလ ကြည့်ရမယ်၊ အသက်ကလေး မှန်မှန်ရှူပြီးသကာလ ကြည့်နေတဲ့အခါကျတော့ အာရုံတွေက တိုက်ချင်ရာက တိုက်လိမ့်မယ်ဆိုတာ မှတ်ထားရမယ် (မှန်လှပါ ဘုရား)၊

အပြင်ဧည့်သည် ခြောက်ခု

အာရုံတွေက တိုက်ချင်ရာက တိုက်မယ်ဆိုလို့ရှိရင်ဖြင့် ဖြတ်ခနဲ မျက်လုံးဖွင့်လိုက်တယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမ တွေ မှတ်ထားပါ ဧည့်သည်ဖြစ်တဲ့ မြင်စိတ်ပေါ်လာတယ်လို့ မနေ့ကပြောတာ မှတ်မိကြတယ် မဟုတ်လား (မှတ်မိပါ တယ် ဘုရား)၊ မျက်လုံးဖွင့်လိုက်တဲ့အခါကျတော့ ဘယ်စိတ်ပေါ်လာသတုံး (ဧည့်သည်ဖြစ်တဲ့ မြင်စိတ် ပေါ်လာပါ တယ်)။

ဧည့်သည်ဖြစ်တဲ့ မြင်စိတ်

ဧည့်သည်ဖြစ်တဲ့ မြင်စိတ် ပေါ်လာတယ်၊ ကောင်းပြီ အဲဒီဧည့်သည်ဖြစ်တဲ့ မြင်စိတ်ဟာ အရင်ကပါလာတာ လား… ယခုမှ ဒီနားရောက်မှ ဒီအဆင်းနဲ့တွေ့လို့ ယခုမှ ပေါ်လာတာလား… မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ယခုမှ ပေါ်လာတာပါ ဘုရား)၊ ဒါဖြင့် ပစ္စုပ္ပန်စိတ်ပဲဆိုတာ မှတ်လိုက်တာပေါ့ (မှန်ပါ့)၊ ပစ္စုပ္ပန်စိတ်လို့ ဒကာ ဒကာ မတွေက မှတ်ပါနော် (မှန်ပါ့)၊ ဘာစိတ်ပါလိမ့် (ပစ္စုပ္ပန်စိတ်ပါ ဘုရား)၊ အဲဒါကြောင့် ဘဒ္ဒေကရတ္တသုတ်မှာ ဟောထား တာက ပစ္စုပ္ပန်တည့်တည့် ရှုကြပါဟေ့ဆိုတဲ့ အဓိပ္ပာယ်ကလေး ရှင်းပြပါတယ်။

အဲဒီတော့ ဒကာ ဒကာမတွေ သန္တာန်၌ မျက်လုံးကလေး ဖွင့်လိုက်ရင် မြင်စိတ်၊ မြင်စိတ် ပေါ်သည်နဲ့ တစ် ပြိုင်နက် စောင့်နေတဲ့ သတိ သမာဓိ ပညာက ဒကာ ဒကာမတွေ ချက်ချင်းလိုက်ပါ၊ ဪ… မြင်စိတ်ကလေး ပေါ်ပြီ၊ မြင်စိတ်ကလေး မရှိဘူးဆိုတာ ချက်ချင်းလိုက်ပါ (မှန်ပါ့ဘုရား)၊ သဘောကျကြပလား (ကျပါပြီ)။

ဒါ အလုပ်သင်နေတယ်လို့ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ မျက်လုံးဖွင့်လိုက်တော့ ဘာစိတ်ပေါ်တုံး (မြင်စိတ် ပေါ်ပါတယ် ဘုရား)၊ မြင်စိတ်ပေါ်တာကလေးကို ဦးခင်မောင်တို့ လူစုက ဒီအတိုင်း မနေလိုက်ပါနဲ့ စောင့်နေတဲ့ သတိ ပညာက လိုက်လိုက်ပါနော် (မှန်လှပါ ဘုရား)။

လိုက်လိုက်တဲ့အခါကျတော့ကို ရှိသေးရဲ့လား (မရှိတော့ပါဘူး)၊ မရှိတော့ “စက္ခုဝိညာဏံ အနိစ္စ”ဆိုတဲ့အတိုင်း အမြင်ကလေးကို ဖြစ်ပျက်-ဖြစ်ပြီးပျက်တဲ့ ဓမ္မကလေးရယ်လို့ စောင့်နေတဲ့တရားက မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)၊ စောင့်နေတဲ့တရားက မြင်တော့ ငါမြင် သူမြင်တာလားလို့ မေးတဲ့အခါကျတော့ ငါမြင် သူမြင်ဆိုတာ မဟုတ် ပါဘူး၊ မြင်စိတ်ကလေးက မြင်ပြီးသကာလ မြင်စိတ်ကလေးက မမြင်ဘဲနဲ့ပဲ ချုပ်သွားတယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ယူတာပေါ့ (မှန်လှပါ ဘုရား)။

မြင်စိတ်က ဖြစ်ပျက်၊ ရှုတာက မဂ်

အဲဒီကဲ့သို့ ရှုလိုက်တဲ့အခါကျတော့ မြင်စိတ်က ဖြစ်ပျက်၊ ရှုတာက မဂ်ဆိုတာတော့ ဒကာ ဒကာမတွေ မှတ်မိကြပါလိမ့်မယ်နော် (မှန်ပါ့)၊ မြင်စိတ်က ဘာတဲ့ (ဖြစ်ပျက်ပါ ဘုရား)၊ ရှုတာက (မဂ်ပါ ဘုရား)။

ရှုတာက ဝိပဿနာမဂ်ဖြစ်နေတော့ ဒီဟာတွေသည် ဘုန်းကြီးပြောတဲ့အတိုင်း ဒကာ ဒကာမတွေက စောင့် ကြည့်နေပြီး ပေါ်တဲ့ ဓမ္မတွေကို မလိုက်တော့ပါဘူးလို့ ဒကာ ဒကာမတွေက ခပ်ပေပေဖြင့် နေကြမယ်ဆိုလို့ရှိရင်ဖြင့် မြင်ရင်လိုချင်တယ် မလာဘူးလား (လာပါတယ်)၊ လိုချင်တယ်ဆိုတော့ (တဏှာပါ)၊ စွဲလမ်းတယ်ဆိုတော့ (ဥပါဒါန် ပါ)။

အားထုတ်တယ်ဆိုတော့ (ကံပါ)။

ဒါဖြင့် ဒီတဏှာ ဥပါဒါန် ကံတွေ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မြင်စိတ်ကလေး ရှူမှု-ရှိုက်မှုနဲ့ စိုက်ပြီးသကာလ ကြည့်နေတုန်း ဖြတ်ခနဲ မြင်စိတ်ကလေး ပေါ်တယ်၊ မြင်စိတ်ကလေးနောက်ကို တစ်ခါတည်း စောင့်နေတဲ့ ဓမ္မတွေက ချက်ချင်း လိုက်-လိုက်ပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

အကယ်၍ မလိုက်ဖြစ်တော့ပါဘူး၊ ဦးခင်မောင်တို့က မလိုက်ဖြစ်တော့ပါဘူး၊ ဒကာသစ်တို့က မလိုက်ဖြစ်တော့ ပါဘူးဆိုရင်ဖြင့် မြင်တာကို လိုချင်တယ် စွဲလမ်းတယ် အားထုတ်တယ်ဆိုတဲ့ အနာဂတ် အကြောင်းသုံးခု တစ်ခါတည်း ပေါ်လာတယ်လို့ မှတ်ထားကြပါနော် (မှန်လှပါ)။

အနာဂတ် အကြောင်းသုံးခု

ဘာပေါ်လာတယ် (အနာဂတ် အကြောင်းသုံးခု ပေါ်လာပါတယ်)၊ အနာဂတ် အကြောင်းသုံးခု ပေါ်လာလို့ ရှိရင် အနာဂတ် အကျိုးသုံးခုဆိုတဲ့ ဇာတိ ဇရာ မရဏ ဒုက္ခသစ္စာ သုံးခု လာမလား မလာဘူးလား (လာပါမယ် ဘုရား)၊ လာမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒါတွေကြောင့် ဒကာ ဒကာမတွေ စောင့်ပြီးသကာလ ပေါ်ရာကို အနိစ္စရှုပါ၊ (ဝါ) ဖြစ်ပျက်ရှုပါဆိုတဲ့ဥစ္စာ ဘာခိုင်းတာတုံး… မေးတဲ့အခါကျတော့ ဦးခင်မောင် မှတ်လိုက်စမ်းတဲ့ အခု ရှေ့ကပြထားတဲ့ တဏှာ ဥပါဒါန် ကံ တွေ သတ်နေတာလို့ မှတ်လိုက် (မှန်လှပါ ဘုရား)၊ ဘယ်လိုမှတ်ကြမယ် (တဏှာ ဥပါဒါန် ကံတွေ သတ်တာပါ ဘုရား)။

တဏှာ ဥပါဒါန် ကံတွေ သတ်လိုက်တော့ အကြောင်းသုံးခု သတ်လိုက်တဲ့အတွက် ဇာတိ ဇရာ မရဏဆိုတဲ့ အနာဂတ်ဘဝ အကျိုးသုံးခုသည် လာသေးရဲ့လား (မလာပါဘူး ဘုရား)၊ ဒါစောင့်ပြီးကြည့်နော် (မှန်လှပါ)။

ဒါဖြင့် စောင့်ပြီး မကြည့်တဲ့ ပုဂ္ဂိုလ်များအတွက်မှာဖြင့် ဪ ဘာများဖြစ်ရှာမှာပါလိမ့်မလဲလို့ ဒကာ ဒကာမ တွေက မေးလို့ရှိရင်ဖြင့် မြင်တဲ့စိတ် ဖြစ်ပျက်မရှုတဲ့အတွက် လိုချင်တယ် စွဲလမ်းတယ် မရရအောင် အားထုတ်မယ် ဆိုတဲ့ တရားသုံးခု မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒါ အနာဂတ်အကြောင်း မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အနာဂတ်အကြောင်းဆိုတာ အခုအကြောင်းတော့ လုပ်ထားတာပဲ၊ သေသည်၏ အခြားမဲ့၌ ဇာတိ ဇရာ မရဏ မလာပေဘူးလား (လာပါတယ်)၊ ဇာတိ ဇရာ မရဏဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

မြင်စိတ်ကို ဖြစ်ပျက် ရှုပါ

အဲဒီ ဒုက္ခသစ္စာတွေ လာမှာစိုးလို့ ဘုန်းကြီးက ဒကာ ဒကာမတွေ မြင်စိတ်ပေါ်လို့ရှိရင် မြင်စိတ်ကို ဖြစ်ပျက် ရှုပါ၊ ဧည့်သည်စိတ်ကလေးပါ၊ ငါမြင်-သူမြင် မဟုတ်ပါဘူး၊ အခုမှ အာရုံဒွါရ တိုက်ဆိုင်လို့ ပေါ်လာတာပါ၊ အဲဒီ အာရုံဒွါရ တိုက်ဆိုင်လို့ ပေါ်လာတာကလေးကို ခင်ဗျားတို့က ငါလည်း မထင်ပါနဲ့ သူလည်း မထင်ပါနဲ့ အနိစ္စ ကလေးလို့သာလျှင် မထင်ထင်အောင် လိုက်ပါ၊ အနိစ္စမို့ အနိစ္စသိအောင် လုပ်ပါလို့ဆိုတာ အလုပ်သင်တာပဲ လို့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)၊ ဒါအလုပ်သင်နေတာနော်… ဒကာ ဒကာမတို့ (မှန်လှ ပါ ဘုရား)၊ မြင်ရင် ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ မြင်ပြီးရင် ဘယ်သူလိုက်လာမယ် (တဏှာ ဥပါဒါန် ကံ လိုက်လာမယ်)၊ တဏှာ ဥပါဒါန် ကံ လိုက်လာမယ် (မှန်ပါ့)။

သေသည်၏ အခြားမဲ့၌ ဘာတွေများ အမွေရမလဲလို့ မေးလို့ရှိရင် ဇာတိ ဇရာ မရဏ ရမယ် (မှန်လှပါ ဘုရား)၊ ဘာတွေရမယ် (ဇာတိ ဇရာ မရဏ ရမယ်)၊ ဇာတိ ဇရာ မရဏ ရလိမ့်မယ်ဆိုတာ မသေချာဘူးလား (သေ ချာပါတယ် ဘုရား)။

ဪ… ဒါဖြင့် ဒကာ ဒကာမတို့ မြင်ရုံကလေးပဲ ဘာအပြစ်ရှိသတုံးဆိုတာ ဦးခင်မောင်တို့ ဒီစကားမသုံး လိုက်ပါနဲ့လို့ ဒကာသစ်တို့ကိုလည်း သတိပေးလိုက်တယ် (မှန်လှပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဒါဖြင့် ဒီစိတ် ကလေးဟာ ဧည့်သည်လား…၊ အိမ်သည်လားလို့ဆိုတာ ယခု ဒီရောက်မှ ပေါ်တာပဲ ဆိုကြပါစို့ (မှန်လှပါ ဘုရား)။

ကြားစိတ်ကလေးလာလည်း စောင့်ပြီးရှုပါ

ဒါဖြင့် ဧည့်သည်စိတ်ကလေး ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ထိုင်ရင်းမတ္တနဲ့ကော စောင့်နေရင်း မတ္တနဲ့ကော ဟိုဘက်က ဒိုင်းခနဲ ဒုန်းခနဲ အသံကလေးက ကြားပြန်တယ်ဆိုတော့ ဒကာ ဒကာမတို့ ဘာစိတ်ပေါ်မလဲ (ကြားစိတ်ပေါ်ပါတယ် ဘုရား)၊ ကြားစိတ်ပေါ်လို့ ကြားရတာ လန့်သွားတယ်ဆိုတော့ ဒေါသ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ အဝိဇ္ဇာ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ကြားစိတ်ကလေးလာလည်း ဒကာ ဒကာမတွေ စောင့်ပြီးရှုပါဆိုတာ မရှုလိုက်မိတဲ့အတွက် ဒီကနေပြီး ဒေါသ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ အဝိဇ္ဇာ ကျအောင် ပဋိစ္စသမုပ္ပါဒ် အဆုံးက ဆက်မလာဘူးလား (ဆက်လာပါတယ် ဘုရား)၊ ဆက်လာတော့ကို ဒါလည်း အနာဂတ်အကြောင်း ဖြစ်ထိုက် မဖြစ်ထိုက် (ဖြစ်ထိုက်ပါတယ် ဘုရား)။

အဝိဇ္ဇာ သင်္ခါရ ပြီးတော့ ဝိညာဏ်မလာဘူးလား (လာပါတယ်)၊ ဝိညာဏ်ဆိုတော့ ပဋိသန္ဓေလာခဲ့သော် ဒကာ ဒကာမတို့ ခင်ဗျားတို့၏ ဇာတိထဲက ပုဂ္ဂိုလ်က ဇာတိသွား၊ ဇရာထဲက ပုဂ္ဂိုလ်ကလည်း ဇရာသွား၊ ဗျာဓိထဲနေ ပြီး ဗျာဓိသွားတဲ့ ပုဂ္ဂိုလ်ထဲ ကျုပ်တို့ အပါအဝင် မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါ စိုးရိမ်တဲ့အတွက် ဒကာ ဒကာမတွေ ဒါကလေးဟာ အိမ်သည်လား… ဧည့်သည်လား စဉ်းစားစမ်း၊ ကြားစိတ်ကလေးဟာ (ဧည့်သည်ပါ ဘုရား)၊ ခုမှပေါ်လာတဲ့ ဧည့်သည်ကလေးဆိုတာကော ကျေနပ်ပလား (ကျေနပ် ပါပြီ)။

စိတ္တာ နုပဿနာ ဟောနေပါတယ်

ကောင်းပြီ… ဒါ ဆရာဘုန်းကြီးသည် ဘယ့်နှယ်ကြောင့် ဒကာ ဒကာမတွေကို စိတ္တာနုပဿနာ သင်ရပါ သလဲလို့ ဦးခင်မောင် မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ အခု ဘာဟောနေပါလိမ့် (စိတ္တာ နုပဿနာ ဟောနေပါတယ် ဘုရား)။

စိတ္တာနုပဿနာကို မနေ့ကစပြီး ယနေ့ ဆက်ဟောပြန်တယ်ဆိုတာကို ဒကာ ဒကာမတွေက သိထားတော့မှ စိတ္တာနုပဿနာကို သမ္မောအဋ္ဌကထာ ဆရာကကွာ…တဲ့၊ ဉာဏ်ကလည်း နုံ့ကြတယ်၊ ဒိဋ္ဌိကလည်း များကြတယ်၊ ငါ့စိတ်လို့ ထင်တယ်၊ ငါစားတယ်လို့ ဒီဥစ္စာထင်လို့ရှိရင် ဒိဋ္ဌိမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ငါမြင်တယ်ဆိုရင် ကော (ဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။

အဲဒီတော့ ဉာဏ်နုံ့တဲ့ပုဂ္ဂိုလ်တွေလည်း ဖြစ်ပြန်တယ်၊ စိတ်ပေါ်မှာလည်း သူတို့က ဒိဋ္ဌိများတဲ့ပုဂ္ဂိုလ်တွေ ဖြစ် လေသောကြောင့် အပါယ်လေးပါးသွားမှာ အင်မတန်မှ နီးကပ်တဲ့တရား ဖြစ်နေသောကြောင့် ဒကာ ဒကာမတို့ စိတ္တာနုပဿနာကို အရင်ရှုပါ (မှန်လှပါ ဘုရား)၊ သဘောပါကြလား (ပါပါတယ် ဘုရား)၊ ဘာရှုရမလဲ (စိတ္တာနုပဿနာ အရင်ရှုရမယ်)။

စိတ္တာနုပဿနာ အရင်ရှုတော့ ဒိဋ္ဌိက ပြုတ်တယ်လို့ ဒကာ ဒကာမတွေ မှတ်ထားစမ်းပါ (မှန်လှပါ)၊ စိတ္တာ နုပဿနာ အရင်ရှုတော့ (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

ဒိဋ္ဌိပြုတ်တယ်

ဒိဋ္ဌိပြုတ်တယ်လို့ မှတ်ထားလိုက်တော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌တဲ့၊ ဪ… ဒိဋ္ဌိတည်းဟူသော အနှောင်အဖွဲ့တွေကြောင့် အပါယ်ရောက်နေတဲ့ဥစ္စာဖြင့် ဒို့ ဒါဝိပဿနာရှုတာ ဘာပါလိမ့်မတုံးလို့ မေးမနေနဲ့ ဒိဋ္ဌိ သတ်တာလို့ မှတ်လိုက်ပါ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဘာသတ်တာပါလိမ့် (ဒိဋ္ဌိသတ်တာပါ ဘုရား)၊ ဒိဋ္ဌိသတ်နေတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ကဲ… ဒါဖြင့် စိတ်နှစ်စိတ် ပြီးသွားပြီနော်…၊ ဧည့်သည်နှစ်ခု ပြီးသွားပြီ (မှန်ပါ့)၊ အနံ့ကလေးတစ်ခု နံရင်လည်း လူတွေထဲမှာ နေကြတဲ့အတွက် နံတော့ နှာခေါင်းထဲ နံစိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ နံစိတ်ကလေး ဖြစ်ပျက် လိုက်ပြီး ရှုပါ ဒကာ ဒကာမတို့…နော် (မှန်ပါ့)။

မရှုလို့ရှိရင်ဖြင့် နံတဲ့အနံ့က ဘယ်သူက နံတယ်၊ ဘယ်ကနံတယ်ဆိုလို့ရှိရင် ဒေါသ သောက ပရိဒေဝ မလိုက် ပေဘူးလား (လိုက်ပါတယ် ဘုရား)၊ လိုက်လို့ရှိရင် အဝိဇ္ဇာက ပါမလာဘူးလား (ပါလာပါတယ် ဘုရား)၊ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ”နဲ့ အနာဂတ်ဘဝတွေ မလာပေဘူးလား (လာပါတယ် ဘုရား)။

နံတဲ့စိတ်ကလေး

ဒါကြောင့် နံတဲ့စိတ်ကလေး နှာခေါင်းထဲ ဧည့်သည်စိတ်ကလေး ပေါ်တော့ ဘာလုပ်ရမယ် (ဖြစ်ပျက် ရှုရပါ မယ်)၊ ဖြစ်ပျက် ရှုပေးပါတဲ့၊ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဒီက ဒုက္ခဒေါမနဿတွေ ဒကာ ဒကာမတွေ မသေဘူး လား (သေပါတယ် ဘုရား)၊ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ နောက်ကလာမည့် ဒုက္ခ ဒေါမနဿ သောက ပရိဒေဝ အဝိဇ္ဇာ သင်္ခါရတွေ မသေကြဘူးလား (သေပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီစိတ်တွေ ပေါ်လာရင် မြင်စိတ်ပေါ်လည်း ဖြစ်ပျက်ရှုပါဆိုတာ သဘောကျ ပလား (ကျပါပြီ)၊ ဘာဖြစ်လို့ သဘောကျသတုံးလို့ မေးတဲ့အခါကျတော့မှ အနာဂတ်အကြောင်းတွေ ပြတ်လို့ အနာဂတ် အကျိုးတွေ မပေါ်တာပါဘုရားလို့ဆိုတာ ခင်ဗျားတို့ အကျိုးခံစားရတာပဲ (မှန်ပါ့ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ အနာဂတ်အကြောင်းတွေ (မပေါ်လာလို့)၊ ပြတ်သွားတယ် (မှန်ပါ့ ပြတ်သွားပါတယ်)၊ ဒါဖြင့် အနာဂတ်အကျိုးတွေ ဘယ့်နှယ်ဖြစ်မလဲ (မပေါ်ပါဘူး)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာသည် အဝိဇ္ဇာ သင်္ခါရကို သတ်နေတဲ့တရားပဲဆိုရင်ကော လွဲပါ့မလား (မလွဲ ပါဘူး ဘုရား)၊ အဲဒီတော့ ဝိပဿနာသည်တဲ့… နောက်ခန္ဓာအစဉ် ပြတ်သွားအောင် ရှုတာပါပဲဆိုတာ ရိပ်မိကြ ပလား (ရိပ်မိပါပြီ)၊ ဝိပဿနာဆိုတာ ဘာပါလိမ့် (နောက်ခန္ဓာအစဉ် ပြတ်သွားအောင် ရှုတာပါ)၊ နောက်ခန္ဓာအစဉ် ပြတ်သွားအောင် ရှုတော့ကို နောက်ခန္ဓာအစဉ်ဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဪ… ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်များ ဒုက္ခပြတ်ပါကလားဆိုတာ တစ်ပွဲလုံးမှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား)၊ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်များ (ဒုက္ခပြတ်ပါတယ်)၊ ဒုက္ခပြတ်တယ်ဆိုတာ သေချာကြပလား (သေချာပါပြီ)။

လျှာပေါ်မှာ စားစိတ်ကလေး

ကောင်းပြီ ဒါဖြင့် လျှာပေါ်မှာ ကိုယ့်တံတွေးပဲမျိုမျို၊ စားစိတ်ကလေးတွေပဲပေါ်ပေါ် မပေါ်ဘူးလား (ပေါ်ပါ တယ် ဘုရား)၊ ရှေးကပေါ်တာလား ခုမှပေါ်တာလား (ခုမှပေါ်တာပါ ဘုရား)၊ ဒါဖြင့် ပစ္စုပ္ပန်စိတ် (မှန်ပါ့)၊ ပစ္စုပ္ပန် စိတ်ပဲဆိုတာ သဘောကျပလား (ကျပါပြီ)။

အဲဒီ ပစ္စုပ္ပန်စိတ်ကလေးကို ဒကာ ဒကာမတွေက ဖြစ်ပျက်ဆိုတဲ့ အနိစ္စ ရှုဖြစ်အောင်ရှုပါ (မှန်ပါ့)၊ မရှုလို့ ရှိရင်ဖြင့် စားရတာကောင်းရင် တဏှာ ဥပါဒါန် ကံ လိုက်ပါလိမ့်မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ စားရတာ ကောင်းရင် (တဏှာ ဥပါဒါန် ကံ လိုက်ပါလိမ့်မယ်)။

စားရတဲ့စိတ်ကလေးက မကောင်းဘူးလို့ ခင်ဗျားတို့ ထင်လို့ရှိရင်… ဒေါသ သောက ပရိဒေဝ (လိုက်ပါ လိမ့်မယ် ဘုရား)၊ စားတာမှ စားတဲ့စိတ်ကလေး ပေါ်မှန်းမှ မသိလို့ရှိရင် အဝိဇ္ဇာသင်္ခါရ လိုက်မယ် (မှန်ပါ့ လိုက်ပါ မယ် ဘုရား)၊ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)၊ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်တွေချည်း ဆက်လိုက်နေတော့ ဒကာ ဒကာမတို့ အကြောင်းတွေချည်း ဆက်လိုက်နေတဲ့အတွက် အကျိုးဒုက္ခတွေ မရပေဘူးလား (ရပါတယ် ဘုရား)။

ဒိဋ္ဌိသတ်လို့ရှိရင် သောတာပန်တည်တယ်

အဲဒါ ဘုရားက အရှုခိုင်းတော်မူတဲ့အတိုင်း ဘုန်းကြီးက စိတ္တာနုပဿနာ အရှုခိုင်းတာ၊ ဒိဋ္ဌိသတ်ပြီးသကာလ ဒိဋ္ဌိသတ်လို့ရှိရင် သောတာပန်တည်တယ်လို့ မှတ်ပါ။ တဏှာသတ်လို့ရှိရင် သကဒါဂါမ်, အနာဂါမ်, ရဟန္တာတည်တယ် လို့ မှတ်ပါ (မှန်ပါ့)၊ ဒါကြောင့် သောတာပန် အရင်တည်အောင်လို့ စိတ္တာနုပဿနာကို စဟောနေတယ် (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သောတာပန်တည်အောင်လို့ ဘာအနုပဿနာ ဟောသလဲ (စိတ္တာနုပဿနာ ဟောပါတယ်)၊ စိတ္တာနုပဿနာ ဟောနေတယ်ဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါပြီ)၊ ဘယ့်နှယ်ကြောင့် စိတ္တာနုပဿနာ ဟောရပါလိမ့်မတုံးဆိုတော့ ဒါ ငါစားတယ်ဆိုတော့ စားတာက ဒကာ ဒကာမတွေ စားစိတ်က စားတာကို ခင်ဗျားတို့က ငါစားကောင်းလိုက်တာ လို့ မထင်ဘူးလား (ထင်ပါတယ် ဘုရား)။

ဒါဖြင့် စိတ်ပေါ်မှာ စားစိတ်ပေါ်မှာ ဒိဋ္ဌိ ပါ-မပါ (ပါပါတယ် ဘုရား)၊ ငါစားကောင်းလို့ ငါ့သမီးကလေး ငါ့ သားကလေးလည်း ငါကျွေးချင်လိုက်တာဆိုတော့ အတ္တနိယ=ငါ့ဟာကော မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲ… ငါဆိုတဲ့ အတ္တ လာလို့ရှိရင် ငါ့ဟာဆိုတဲ့ အတ္တနိယ လာမှာစိုးတဲ့အတွက် ဘုရားသခင်ကိုယ်တော်မြတ် ကြီးက စိတ္တာနုပဿနာ အရှုခိုင်းပါတယ်ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)၊

ပစ္စုပ္ပန် ယားနာတဲ့စိတ်

ကိုင်း… ခန္ဓာကိုယ် မှာ ယားတယ် နာတယ် ဒကာ ဒကာမတို့၊ ဟိုအိမ်က ပါလာတာလား ဒီကျမှ ယားတာ နာတာလား မေးရင် ဘယ့်နှယ် ပြောကြမယ် (ဒီကျမှ ယားတာ နာတာပါ ဘုရား)။

ဒါဖြင့် ပစ္စုပ္ပန် ယားနာတဲ့စိတ်၊ ဒုက္ခသဟဂုတ်ကာယဝိညာဏ်စိတ်၊ သေချာပလား (သေချာပါပြီ)၊ အဲဒါပေါ်ရာ ကို လိုက်ပါလို့ဆိုတော့ ဒကာသစ်တို့ကဖြစ်စေ၊ ဦးခင်မောင်တို့ကဖြစ်စေ၊ လိုက်ပြီး ရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက်နဲ့ မဂ်ဟာ တန်းမသွားဘူးလား (တန်းသွားပါတယ် ဘုရား)။

ဒီလိုလည်း မရှုတော့ပါဘူးဆိုရင် နာတာကို မခံချင်စိတ်လာတဲ့အခါကျတော့ ဒေါသ သောက ပရိဒေဝတွေ နောက်ကလိုက်မလား မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)၊ လိုက်ပြန်လို့ရှိရင်လည်း အဝိဇ္ဇာ သင်္ခါရနဲ့တကွ တွဲပြီး သကာလ အနာဂတ်အကျိုးတွေ ကိုယ်ပိုင်မရပေဘူးလား ရမလား (ရပါမယ် ဘုရား)။

အဲဒါရမှာစိုးတဲ့အတွက် ဒကာ ဒကာမတို့၏ နောက်ဒုက္ခတွေ ဖြတ်နေတာဆိုတာကော ကျေကျေနပ်နပ် သဘော ကျရဲ့လား (ကျပါတယ် ဘုရား)၊ ဘာဖြတ်နေတာတုံး (နောက်ဒုက္ခတွေ ဖြတ်နေတာပါဘုရား)၊ ခင်ဗျားတို့ ရပြီးသား ဒုက္ခကို မမြင်တဲ့ပုဂ္ဂိုလ်ဟာ နောက်ဒုက္ခ ဘယ်တော့မှ မဖြတ်နိုင်ဘူးနော် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ရပြီးသား ဒုက္ခကို မမြင်တဲ့ပုဂ္ဂိုလ်များဟာ (နောက်ဒုက္ခ မဖြတ်နိုင်ပါဘူး)၊ ဟော… ဖြစ်ပျက်ဟာ ဒုက္ခသစ္စာလို့ မှတ်ထားပါ (မှန်ပါ့)။

ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ

ဖြစ်ပျက်ဟူသ၍ဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာလည်း ဖြစ်ပြီးပျက်တဲ့ ဓမ္မမှတစ်ပါး ဘာရှိသေးသတုံး (ဘာမှမရှိပါဘူး ဘုရား)၊ ဘာမှမရှိတော့ တစ်ကိုယ်လုံး ဘာသစ္စာဖွဲ့ မတုံး (ဒုက္ခသစ္စာ ဖွဲ့ပါမယ်)၊ အဲ တစ်ကိုယ်လုံး ဒုက္ခသစ္စာချည်းပဲ၊ နာမကာယလှည့်တာ ပေါ်ရာ ဒုက္ခသစ္စာချည်းပဲ မှတ်ထား (မှန်ပါ့)၊ ပေါ်တဲ့ ဓမ္မဟူသ၍ ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခသစ္စာချည်းပါ ဘုရား)။

အင်း… ဒုက္ခသစ္စာကို ဒုက္ခသစ္စာမှန်း နောက်က ဝိပဿနာနဲ့ ရှုလိုက်တော့ မဂ္ဂသစ္စာ ပေါ်လာတယ်ဆိုတာ တော့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

မဂ္ဂသစ္စာ ပေါ်လာပြန်တော့လည်း မဂ်သည် ဘာလုပ်ပါလိမ့်မလဲဆိုတော့ ဒကာ ဒကာမတို့ အနာဂတ်အကြောင်း တွေလည်း ဖြတ်သောကြောင့် အနာဂတ်အကျိုးတွေ လာသေးရဲ့လား (မလာပါဘူး)၊ အဲဒီကျအောင် ဒကာ ဒကာမ တွေ ဒါ တစ်ဘဝနဲ့ ကိစ္စပြီးတဲ့ တရားဆိုတာကော ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်လိုပါလိမ့် (တစ်ဘဝနဲ့ ကိစ္စပြီးတဲ့တရားပါ ဘုရား)၊ တစ်ဘဝနဲ့ ကိစ္စပြီးတဲ့တရား ခင်ဗျားတို့ ဒုက္ခတာ ရှည် ခံချင်သလားတဲ့၊ ဒီဘဝမှာ ကိစ္စတုံးသွားကြရင် မကောင်းဘူးလားဗျာ (ကောင်းပါတယ် ဘုရား)။

အဲဒါကြောင့် မကြိုးစားရင်တော့ မရဘူးဆိုတာတော့ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ကြိုးစားကြပါဆိုတာ ဒီက နေပြီး ဘုန်းကြီးက လေးလေးနက်နက်ပဲ ခင်ဗျားတို့ကို တိုက်တွန်းနှိုးဆော်ပြီးသကာလ ကိုယ့်အရေး ကိုယ်သိကြပါ ဆိုတာကော သေသေချာချာ ပြောပေးနေတယ်ဆိုတာကော ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊

ကောင်းစိတ်ကလေး

ကောင်းပြီ ဒါဖြင့် ကိုယ်ပေါ်မှာ ဒကာ ဒကာမတွေ တစ်ခါတလေကျတော့ လေလည်းတိုက် မီးလည်းလှုံ ချမ်းတဲ့အခါ မီးလေးလှုံတဲ့အခါ ကျတော့ ကောင်းစိတ်ကလေးများ ချမ်းသာတဲ့စိတ်ကလေးများ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ပေါ်သည်နဲ့ တစ်ပြိုင်နက်တည်း ချမ်းသာတဲ့ စိတ်ကလေးက ချမ်းသာလိုက်တာ သဘောကျလိုက်တာ နှစ်သက် လိုက်တာဆိုတဲ့ သဘောမျိုးဆိုရင် တဏှာ ဥပါဒါန် ကံ မလာပေဘူးလား (လာပါတယ်)၊ အဲဒါလာမှာစိုးတဲ့အတွက် အနာဂတ်အကြောင်းတွေ လာမှာစိုးတဲ့အတွက် ဦးခင်မောင်ရေ သုခကလေးပေါ်ရင်လည်း ဘာလုပ်ရမလဲ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

အင်း… သုခက ဖြစ်ပျက်၊ ရှုတာက မဂ် (မှန်ပါ့)၊ သုခက (ဖြစ်ပျက်)၊ ရှုတာက (မဂ်ပါ ဘုရား)၊ ဒီလိုသာ သံသရာပြတ်သွားမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဒီဘက်က ပေါ်လာတာ သမုဒယသစ္စာကလေး ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)၊ သူက လုပ်မှဖြစ်မည့်နောက် ဇာတိ ဇရာ မရဏ ဒုက္ခသစ္စာကော (မရှိပါဘူး)။

မရှိတော့ ဒကာ ဒကာမတို့ သစ္စာမရှိ သမုဒယနဲ့ ဒုက္ခကို ခင်ဗျားတို့ ဖြတ်ပေးနေတဲ့ အလုပ်ဆိုတာ သေသေ ချာချာ မှတ်ပါ (မှန်လှပါ ဘုရား)၊ ဒီသုံးခုက သမုဒယသစ္စာ၊ နောက်လာမှာက (ဒုက္ခသစ္စာပါ ဘုရား)၊ ယခုပြုလို့ နောက်ကမရှုဘဲနဲ့ ဆက်လာတာက ဘာဆိုကြမယ် (ဒုက္ခသစ္စာပါ) မရှုရင် ဆက်လာမယ်ဆိုတာက မသေချာဘူးလား (သေချာပါတယ် ဘုရား)။

တဏှာ ဥပါဒါန် ကံ မလာပေဘူးလား (လာပါတယ် ဘုရား)၊ အဲဒါက ဘာသစ္စာလဲ (သမုဒယသစ္စာပါ ဘုရား)၊ ဒါဖြင့် သေသည်၏ အခြားမဲ့၌ ဇာတိ ဇရာ မရဏက မလာပေဘူးလား (လာပါတယ် ဘုရား)၊ အဲဒါတွေက ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်များမှာ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာပြတ်တယ် (မှန်ပါ့)။

ဦးခင်မောင် ဘာပြတ်ပါလိမ့် (သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ ပြတ်ပါတယ် ဘုရား)၊ နောက်က ဒကာ ဒကာမ တွေ သေသေချာချာ အနည်းနည်းနဲ့ ပြနေတယ် (မှန်ပါ့)၊ ဒီရှုလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း တဏှာ ဥပါဒါန် ကံ ဆိုတဲ့ သမုဒယသုံးခုကော လာသေးရဲ့လား (မလာပါဘူး ဘုရား)၊ သမုဒယဖြစ်ကြောင်း သုံးခုဆိုတယ်နော် (မှန်ပါ့)၊ ဖြစ်ကြောင်းသုံးခု မလာတော့ ဖြစ်ကျိုးသုံးခုဆိုတဲ့ ဇာတိ ဇရာ မရဏကော လာသေးရဲ့လား (မလာပါဘူး ဘုရား)။

သမုဒယနဲ့ ဒုက္ခချုပ်အောင် လုပ်တာ

ဪ… ဒါဖြင့် ဒို့ကို စိတ္တာနုပဿနာ ပေးထားတာသည်ကားလို့ဆိုရင်ဖြင့် သမုဒယနဲ့ ဒုက္ခချုပ်အောင် လုပ်တာပါလားဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ ဒါဖြင့်လုပ်ဖြစ်အောင် လုပ်ပါလို့ အားလုံးကို တိုက်တွန်း ရတယ်နော် (မှန်ပါ့ ဘုရား)၊ မလုပ်ရင်ဖြင့် ဒကာသစ် ဖြစ်ကိုမဖြစ်ဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ ဒါဖြင့် အပြင်ဧည့်သည် ခြောက်ခု ပြီးသွားပြီ (ပြီးသွားပါပြီ)

အတွင်းဧည့်သည်ငါးခု

အတွင်းဧည့်သည်ငါးခု ရှိသေးတယ် ဆိုတာကိုလည်း ရှင်းပြပါမယ်၊ အတွင်းဧည့်သည်က တစ်ခါတလေကျတော့ လောဘအမျိုးမျိုး ပေါ်တတ်တယ်နော် (မှန်လှပါ ဘုရား)၊ အဲဒီ လောဘကလေး ပေါ်လာလို့ရှိရင်လည်း ဒကာ ဒကာမတွေ ဘာလုပ်ကြရမလဲ (ဖြစ်ပျက်ရှုရ ပါမယ် ဘုရား)။

ဖြစ်ပျက်ရှုလိုက်လို့ရှိရင် လောဘဟာ လောဘကလေး ချုပ်သွားပြီးသကာလ တဏှာတွေ ချုပ်သွားတော့ ဥပါဒါန်ကံတွေ လာသေးရဲ့လား (မလာပါ ဘုရား)၊ မလာတော့ အနာဂတ်အကြောင်းတွေ ဘယ့်နှယ်နေသလဲ (ချုပ် သွားပါတယ်)၊ အနာဂတ်အကြောင်းချုပ်တော့ အနာဂတ်အကျိုးတွေကော လာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး ဘုရား)။

လောဘလာလည်း ဖြစ်ပျက်ရှု

ဪ… ဒါဖြင့် တို့လောဘလာလည်း ဖြစ်ပျက်ရှုဖို့ပဲဆိုပြီးသကာလ သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာ နာတိ လုပ်ရမှာပေါ့ဗျာ (မှန်လှပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အကယ်၍ အကြောင်းမညီညွတ်တဲ့အခါကျတော့ ခန္ဓာကိုယ်ထဲမှာ ဒေါသကလေး ပေါ်လာတဲ့အခါကော မရှိ ဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒါကလေးလည်း ဦးခင်မောင်ရေ သတိထားပြီးသကာလ စိုက်ပြီး ရှုလိုက်တာပေါ့ (မှန်လှပါ)၊ ဒေါသစိတ်ကလေးရှုလိုက်တော့ ဒေါသက ဒေါသလား ဖြစ်ပျက်လား (ဖြစ်ပျက်ပါ ဘုရား)၊ ရှုတာက (မဂ် ပါ ဘုရား)။

အဲဒီတော့ သောက ပရိဒေဝ နောက်က ချုပ်-မချုပ် (ချုပ်သွားပါတယ် ဘုရား)၊ ချုပ်ခြင်းကြောင့် ဒကာ ဒကာမတို့ အဝိဇ္ဇာ တဏှာက နောက်ဘဝဆိုတဲ့ လုပ်စရာ ပေါ်သေးရဲ့လား (မပေါ်ပါဘူး ဘုရား)၊ ဪ… ဒါဖြင့် မဂ်တစ်ခုသည် ငါတို့ကိုကယ်မည့်ယူမည့် တရားပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)၊ မဂ်တစ်ခုဟာ ဘာပါလိမ့် (ကယ်မည့် ယူမည့် တရားပါ ဘုရား)။

အဲဒီတော့ ကယ်မည့်ယူမည့်တရားကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မလုပ်ဖြစ်ကြဘူးဆိုလို့ရှိရင် ခင်ဗျားတို့ ကယ်မည့်ယူမည့် တရားမရှိတဲ့ ပုဂ္ဂိုလ်တွေပဲ (မှန်လှပါ ဘုရား)၊ ရေထဲနစ်နေတဲ့ပုဂ္ဂိုလ်ဟာ လှေကလည်း မလာ၊ သင်္ဘောကလည်း မလာ သူ့ကို ဆယ်မည့်သူကလည်း မပါဆိုတော့ ဒီရေနစ်သမားလောက် ကံနည်းတာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

တဏှာ ရေထဲမှာ မျောနေကြတယ်

ဘာကြောင့်တုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ရေထဲနစ်နေတဲ့ပုဂ္ဂိုလ်ဖြစ်နေတော့ ကယ်မည့်ယူမည့် သူက ပေါ်သေးရဲ့လား (မပေါ်ပါဘူး)၊ ခင်ဗျားတို့မှာလည်းတဲ့ ကံက ပစ်ချလိုက်တဲ့အခါကျတော့ တဏှာ ရေထဲမှာ မျောနေကြတယ်၊ တဏှာ ရေထဲမှာ အကုန်မြုပ်နေကြတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ခင်ဗျားတို့ကို ကံက ပစ်ချလိုက်တာ ဘယ်ရေထဲ ပစ်ချလိုက်ပါလိမ့် (တဏှာရေထဲ ပစ်ချလိုက်ပါတယ် ဘုရား)၊ တဏှာရေထဲမှာ ခင်ဗျားတို့ တောင်ရောက်သွား မြောက်ရောက်သွား ဘာဖြစ်လို့သွားတာတုံး ကယ်မည့်သူ မတွေ့လို့၊ မြောက်ကလူက တောင်သွားတာကော (ကယ်မည့်သူ မတွေ့လို့)၊ အရှေ့ကလူက အနောက်သွားတာကော (ကယ်မည့် သူ မတွေ့လို့)၊ အနောက်ကလူက အရှေ့သွားတာကော (ကယ်မယ့်သူ မတွေ့လို့)။

ဘယ်ထဲမျောနေတုံး (တဏှာရေထဲ မျောနေပါတယ်ဘုရား)၊ ဟော… ကံက ပစ်ချလိုက်တာ ဒကာ ဒကာမ တို့ တဏှာရေထဲမျောနေတော့ အင်း… တဏှာရေထဲမျောနေတော့ တော်တော်ကြာကျလို့ရှိရင် တဏှာဆိုတာ ကာမာသဝ (မှန်ပါ့)၊ အာသဝဆိုတာ ဝဲဩဃ၊ ဩဃဆိုတာ တစ်ခါတည်း တဏှာရေယဉ် လည်ပါများလို့ရှိရင် နောက်ဆုံး ပိတ်ကျတော့ ဒကာသစ် မြုပ်သွားတာပဲ (မှန်ပါ့)။

ဩဃကိုး ဦးခင်မောင်ရ (မှန်လှပါ ဘုရား)၊ ကာမောဃဆိုတာ ဒကာ ဒကာမတို့ မြုပ်မသွားပေဘူးလား (မြုပ်သွားပါတယ် ဘုရား)၊ သေသည်၏ အခြားမဲ့၌ တဏှာရေထဲ မျောပြီးနေတဲ့ပုဂ္ဂိုလ်ဟာ သွားရင်း နေရင်း ထိုင်ရင်း နဲ့ သေတဲ့ပုဂ္ဂိုလ်ဟာ အားလုံးဟိုဘက်က ဒကာ ဒကာမတွေ မြုပ်ဖို့ရာ အကြောင်း သေချာလား (သေချာပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့်တုံး တဏှာရေထဲ မျောနေတာကိုးဗျ (မှန်ပါ့)၊ သေတော့ မမြုပ်ပေဘူးလား (မြုပ်ပါတယ် ဘုရား)၊ အဲဒါ ခင်ဗျားတို့ ကံကပစ်ချလိုက်တာ တဏှာရေထဲမှာမျော၊ တဏှာဝဲဩဃထဲမှာ မျောနေစေပြီးသကာလ နောက်ဆုံးပိတ် မြုပ်စေတဲ့တရားကို ကယ်မည့်သူ ယူမည့်သူ ယနေ့တွေ့ပါပလား (တွေ့ပါပြီ ဘုရား)။

ဟောဒီဝိပဿနာရှုတဲ့ မဂ်ဟာ ကယ်မည့်ယူမည့်သူပဲ (မှန်လှပါ ဘုရား)၊ သဘောပါကြလား (ပါပါပြီ ဘုရား)၊ ဝိပဿနာရှုတဲ့မဂ်ဟာ (ကယ်မည့်ယူမည့်သူပါ ဘုရား)၊ အဲဒီတော့ ခင်ဗျားတို့မှာ ဘုန်းကြီးက သတိပေးနေတယ်၊ ဦးခင်မောင်တို့ ဒကာသစ်တို့ ကယ်မည့်သူ ယူမည့်သူ ခင်ဗျားတို့ကို ဘုန်းကြီးပေးထားတယ် (မှန်ပါ့)။

ခင်ဗျားတို့က အဲဒီကယ်မည့်ယူမည့်သူကို ပြန်ပြီး ရန်သူထင်နေလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဝဲထဲ လှည့်လည်ပြီးသ ကာလ မြုပ်ပါလိမ့်မယ်လို့ ပြောရလိမ့်မယ် (မှန်လှပါ ဘုရား)။

ဝဲထဲ လည်ပြီးသကာလ (မြုပ်လိမ့်မယ်)၊ မြုပ်သွားလိမ့်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ အဲဒါကြောင့် တရားတစ်ပွဲလုံးရှိ ဒကာ ဒကာမတွေ လေးလေးနက်နက် သတိပေးနေပါတယ်၊ ခင်ဗျားတို့ကံက ပစ်ချ လိုက်တာက လုပ်စားရမည့် ဘဝထဲမှာ ရှာစားရမည့် ဘဝထဲမှာ ရောက်နေပါတယ်၊ တဏှာရေထဲမှာ လည်နေရတယ် (မှန်လှပါ)၊ မလည်ရဘူးလား (လည်ရပါတယ် ဘုရား)။

လည်တော့ သူလည်သွားနေရာ ကျုပ်တို့က လိုက်နေတာ၊ ခင်ဗျားတို့ လည်နေလိုက်တာ ကယ်မည့်ယူမည့်သူ ဖြစ်တဲ့ မဂ္ဂင်ဖောင်ကြီးကို ခင်ဗျားတို့က ကိုယ်တိုင်လည်း မလုပ်ကြ၊ လုပ်ပေးတဲ့ပုဂ္ဂိုလ်က လုပ်ပေးပြန်တော့လည်း ကိုယ်ပိုင်ဖောင်ကို မဆင်ဘဲနဲ့ ခင်ဗျားတို့က နေရစ်မယ်ဆိုလို့ရှိရင်ဖြင့် လည်ပြီး မြုပ်ပါလိမ့်မယ် ဒီဒကာ ဒကာမတွေ ဆိုရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား)၊ သဘောပါကြလား (ပါပါပြီ)။

ဒါဖြင့် ဒီဒကာ ဒကာမတွေ ယခု ကယ်မည့်ယူမည့်တရား သဘောပါကြလား (ပါပါပြီ ဘုရား)၊ ဘယ်တရား ပါလိမ့် (ဝိပဿနာမဂ်ပါ ဘုရား)၊ ရှုတဲ့မဂ်တရားပဲဆိုတော့ မဂ္ဂင်ငါးပါး မဂ္ဂင်ရှစ်ပါးသည် ဒကာ ဒကာမတို့ကို ကယ် မည့်ယူမည့်တရား (မှန်လှပါ ဘုရား)၊ သဘောပါကြလား (ပါပါပြီ)။

ခင်ဗျားတို့ သေလမ်းကို သားက တားနိုင်ရဲ့လား (မတားနိုင်ပါ ဘုရား)၊ သမီးကကော (မတားနိုင်ပါ ဘုရား)၊ အပါယ်သွားတာကို သားက… သမီးက ပစ္စည်းက (မတားနိုင်ပါ ဘုရား)။

နို့ဟိုဟာတွေဟာ ကယ်မည့်ယူမည့်သူဆိုတာ ခင်ဗျားတို့ သေချာပလား (သေချာပါပြီ)၊ ဘာ့ကြောင့်တုံးဆိုတော့ တစ်ခါတည်း ခင်ဗျားတို့ မပြတ်လည်နေတဲ့ ဝဲဩဃကြီးဆိုတဲ့ ကာမာသဝကြီးကိုလည်း ဦးခင်မောင် လာခွင့်ပေးသေး ရဲ့လား (မပေးတော့ပါဘူး)၊ တဏှာလာခွင့် ပေးသေးရဲ့လား (မပေးပါဘူး)။

အားကိုးရာအစစ်သည် မဂ္ဂင်

အဲဒီတော့ မဂ္ဂင်က လည်တဲ့တရားကို မလာခင် သူလုပ်ပေးနေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ နောက် သေသည်၏ အခြားမဲ့၌ အပါယ်လေးပါး မြုပ်စေရန်ဆိုတာကော သူက မကန့်ကွက်ဘူးလား (ကန့်ကွက်ပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ အားကိုးရာအစစ်သည် မဂ္ဂင်ဖြစ်တာပဲ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ အားကိုးရာ အစစ်သည် (မဂ္ဂင်ဖြစ်ပါတယ် ဘုရား)။

မဂ္ဂင်ပဲရှိတော့တယ် ဒကာ ဒကာမတို့ တခြားသောတရားဖြင့် အားကိုးရာ ဒီလောက်မဟုတ်ဘူးဆိုတာ ယနေ့ ရှင်းရှင်းလင်းလင်း သဘောကျပါ (မှန်လှပါ ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒေါသလာလည်း ဖြစ်ပျက် ရှုပါနော် (မှန်ပါ့)၊ စိတ်ထဲမှာ သံသယကလေး ရှိနေတယ်၊ ဘုရားကို ဘုရားမှဟုတ်ကဲ့လား၊ တရားကို တရားမှ ဟုတ်ကဲ့ လား၊ သံဃာကို သံဃာမှ ဟုတ်ကဲ့လားဆိုတဲ့ သံသယ ဝိစိကိစ္ဆာလာရင်လည်း ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

မရှုလို့ရှိရင် သံသယဝိစိကိစ္ဆာဆိုတာ ဦးခင်မောင် အဝိဇ္ဇာမောဟလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။

သင်္ခါရပစ္စယာ (ဝိညာဏံပါ)။

အဲ…ဒီတော့ ဒုတိယဘဝ ကူးမသွားပေဘူးလား (ကူးပါတယ် ဘုရား)။

ဒါကြောင့် ဝိစိကိစ္ဆာဆိုတဲ့ မောဟလာရင်လည်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဥဒ္ဓစ္စဆိုတဲ့ ပျံ့လွင့်တဲ့စိတ်ကလေးလာရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ အဲ… သံသယဖြစ်တယ်ဆို သံသယဖြစ်တဲ့စိတ် ကလေး ဝမ်းထဲ ပေါ်လာရင်လည်း အနိစ္စပဲလို့သာ ရှု (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ပျံ့လွင့်တဲ့စိတ် ကလေး လာရင်ကော (အနိစ္စရှုရမယ်)၊ အနိစ္စလို့ပဲ ဖြစ်ပျက်လို့ပဲ ရှုပါဆိုတော့ ဒကာ ဒကာမတို့ “သမောဟံဝါစိတ္တံ သမောဟစိတ္တန္တိ ပဇာနာတိ”ဆိုတဲ့အတိုင်း စိတ္တာနုပဿနာမှာ အဖိုးတန်သွားပါတယ်ဆိုတာ သေချာပလား (သေချာ ပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ အတွင်းက ဧည့်သည်လည်း ရှုတတ်ပလားလို့ မေးလိုက်ပါတယ် (ရှုတတ်ပါတယ်)။

အလောဘစိတ် အဒေါသစိတ်

ကဲ…ဒါဖြင့် အလောဘဆိုတဲ့ မလိုချင်တဲ့စိတ် စိတ်ထဲမလိုချင်ဘူးဆိုရင်ဖြင့် မလိုချင်ဘဲနဲ့ ရပ်မနေနဲ့၊ မလို ချင်တဲ့စိတ်လည်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

မေတ္တာပို့တဲ့ စိတ်ကလေးကော နောက်ဆုံးပိတ် ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)။

အဒေါသစိတ်လည်း ဖြစ်ပျက်ရှုပါဆိုသဖြင့် ဒကာ ဒကာမတို့သန္တာန်မှာ ပေါ်ရာစိတ်ကိုပဲ ဖြစ်ပျက်ရှုရပါလိမ့် မယ်နော် (မှန်လှပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာကိုရှုကြရမှာပါလိမ့် (ပေါ်ရာစိတ်ကို ဖြစ်ပျက်ရှုရပါမယ်)၊ ပေါ်ရာစိတ်ကို ဖြစ်ပျက်ရှုရလိမ့်မယ်ဆိုတာ သေချာပလား (သေချာပါပြီ)။

သက်စောင့်စိတ်ကလေး

ဘာမှမရှိတော့ပါဘူး၊ အလောဘ အဒေါသဟာလည်း မရှိတော့ဘူးဆိုလို့ရှိရင် ဒကာ ဒကာမတို့ ခင်ဗျားတို့ မှာ သက်စောင့်ရှူတဲ့ရှိုက်တဲ့ စိတ်ကလေး ရှိပါတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဘာရှိသလဲ (သက်စောင့်စိတ်ကလေး ရှိပါတယ်)

သက်စောင့်စိတ်ကလေး ရှိတယ်၊ ခင်ဗျားတို့ ဗြုန်းခနဲ ဗိုင်းခနဲ လဲမသေရအောင် တစ်ခါတည်း ခင်ဗျားတို့ကို စောင့်နေတဲ့ လေကလေး ပြင်ဘက်ထုတ်တဲ့စိတ်ကော မရှိဘူးလား (ရှိပါတယ် ဘုရား)၊ လေကလေး အတွင်းပြန်ရှိုက်တဲ့ စိတ်ကော (ရှိပါတယ် ဘုရား)။

အဲဒီစိတ်နှစ်ခုဟာ ဒကာ ဒကာမတို့ သက်စောင့်စိတ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ အိမ်သည်စိတ်လို့ လည်း မနေ့က ပြောခဲ့တယ်မဟုတ်လား (ပြောခဲ့ပါတယ် ဘုရား)။

အဲဒါကလေး ထွက်စိတ်ပေါ်လာရင်လည်း ထွက်အောင်လုပ်တဲ့ စိတ်ကလေးကို မှန်းပြီးသကာလ ဪ… သူပေါ်လို့ လေတွေ ထွက်လာတာပဲဆိုပြီးသကာလ သူ့ကိုဖမ်းပြီးတော့ ဒကာ ဒကာမတွေက ဖြစ်ပျက်ရှုပေးပါ (မှန်လှ ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဖြစ်ပျက်ရှုပေးလိုက်တော့ ထွက်စိတ်က ဖြစ်ပျက်ရှုတာက မဂ်သွားဖြစ်တယ်နော် (မှန်လှပါ)၊ ဝင်စိတ်ကလေးက လာတော့ လာရင် ဝင်တဲ့စိတ်ကလေးကို ပစ်မထားလိုက်ပါနဲ့ (မှန်ပါ့)၊ ဒီဝင်စိတ်ကလေးကိုလည်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရမယ်)။

အဲ… ဖြစ်ပျက်ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဝင်စိတ်က ဖြစ်ပျက်ရှုတာက မဂ်ဆိုတော့ ပဋိစ္စသမုပ္ပါဒ်ကြီး ဟာ လာသေးရဲ့လား (မလာပါဘူး ဘုရား)၊ အဲဒီတော့ အခုပြောခဲ့တာလည်း တော်တော်စုံပါပြီ၊ ဒကာ ဒကာမတွေ သန္တာန်မှာ ပေါ်ရာစိတ်တွေ အကုန်သာ ရှုပါတော့… ဖြစ်ပျက်ရှုပါတော့ဆိုတာဖြင့် ကျေကျေနပ်နပ် သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် နည်းပေးနေတာလို့ မှတ်လိုက်စမ်းပါနော် (မှန်လှပါ ဘုရား)၊ ဘာပေးနေတာပါလိမ့် (နည်းပေးနေတာ ပါ ဘုရား)၊ နည်းပေးနေတာ စိတ္တာနုပဿနာ နည်းပေးနေတာဆိုတာ သေချာကြပါလား (သေချာပါပြီ ဘုရား)။

ဘာကျေးဇူးများပါလိမ့်မတုံး

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ဪ… ဒီစိတ္တာနုပဿနာရှုခြင်းဟာ ဘာကျေးဇူးများပါလိမ့်မတုံး ဆိုတော့ ဒီထဲ အနိစ္စတရား ရှေ့ပိုင်းက ဖြစ်ပျက်ချည်းပဲဆိုတော့ အနိစ္စလား နိစ္စလား (အနိစ္စပါ ဘုရား)။

ဒါဖြင့် နိစ္စဒိဋ္ဌိဆိုတာ ကွာသွားမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဘာကွာသွားပါလိမ့် (နိစ္စဒိဋ္ဌိ ကွာ သွားပါတယ် ဘုရား)၊ နိစ္စဒိဋ္ဌိ ကွာသွားတယ်ဆိုလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ အတ္တဒိဋ္ဌိကော မကွာဘူးလား (ကွာပါ တယ် ဘုရား)၊ ငါ ငါ့ဥစ္စာလို့ ထင်သေးရဲ့လား (မထင်ပါဘူး ဘုရား)။

အင်း… နိစ္စဒိဋ္ဌိတို့ အတ္တဒိဋ္ဌိတို့ဆိုတဲ့ ဒိဋ္ဌိတွေ အကုန်ပြုတ်လို့ရှိရင်ဖြင့် ဖြစ်ပျက်ရှုလို့ ဒိဋ္ဌိပြုတ်လို့ရှိရင်ဖြင့် တဲ့ သောတာပန်တည်တယ်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)၊ ဒိဋ္ဌိပြုတ်ရင် (သောတာပန်တည်ပါတယ် ဘုရား)။

သောတာပန်တည်ချင်ရင် ဒိဋ္ဌိဖြုတ်ရမယ်

သောတာပန်တည်ချင်ရင် ဒိဋ္ဌိကို အရင်စပြီး ဖြုတ်ရမယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ သောတာပန် တည်ချင်ရင် (ဒိဋ္ဌိကို အရင်စဖြုတ်ရမယ်)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ကစပြီး မှတ်တာပေါ့၊ စိတ္တာနုပဿနာ ကြပ်ကြပ်ရှုကြ (မှန်လှပါ ဘုရား)၊ သောတာပန်တည်ရအောင်လို့နော် (မှန်ပါ့)၊ သောတာပန် မတည်ဘဲနဲ့ သကဒါဂါမ် အနာဂါမ်တည်ချင်လို့ကော (မဖြစ်နိုင်ပါဘူး)၊ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး)၊ သောတာပန် မတည်ဘဲနဲ့ သကဒါဂါမ် အနာဂါမ် ရဟန္တာ လှမ်း တက်လို့ (မရပါဘူး ဘုရား)၊ ဆရာသိန်း (မရပါဘူး ဘုရား)၊ မရဘူးဆိုတာ သေချာကြပလား (သေချာပါပြီ)။

သောတာပန် တည်ချင်ရင် စိတ္တာနုပဿနာရှုပါ

အဲဒါကြောင့် သောတာပန် တည်ချင်ရင် စိတ္တာနုပဿနာရှုပါ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ သောတာ ပန်တည်ချင်ရင် (စိတ္တာနုပဿနာ ရှုရမယ်)၊ အပါယ်လေးပါး လွတ်ချင်ရင် (စိတ္တာနုပဿနာ ရှုရမယ်)၊ ရပ်ပြစ်ရှစ်ပါး လွတ်ချင်ရင် (စိတ္တာနုပဿနာ ရှုရမယ်)။

စိတ္တာနုပဿနာ ရှုပါဆိုတော့ ဪ… ဒါဖြင့် အရှင်သာရိပုတ္တရာ ဟောထားတာကလေးကို ဒကာ ဒကာမ တွေ ဒီနေ့ ထူးထူးလည်လည်ကလေး ပြောပေးရမယ်နော် (မှန်ပါ့)၊ ဘုန်းကြီးကလည်း ပြောပေးတော့ကို ဦးခင်မောင် ရေ သေသေချာချာ မှတ်ပါ (မှန်ပါ့ဘုရား)။

ဒကာ ဒကာမတွေ သူများစိတ် အကဲခတ်မယ်ဆိုတော့ ကိုယ့်ဆိုင်ကိုလာငြားသော်လည်း ဝယ်ချင်တာလား ဈေးစုံစမ်းတာလား ဟုတ်လား ဒါကို အကဲခတ်ဖို့ အတော်မခက်ဘူးလား (ခက်ပါတယ် ဘုရား)၊ တကယ်ဝယ်ချင်လို့ လာတာလား၊ ဈေးပဲ စုံစမ်းဖို့လာတာလား၊ ဝယ်ချင်လွန်းလို့ လာတာလား၊ ကောင်းအောင်ပြောနေတဲ့စကားလား ဆို တာကော ခင်ဗျားတို့ အကဲခတ်ရင် အတော်ခက်မယ် (ခက်ပါတယ် ဘုရား)။

လူတစ်ယောက် ကိုယ့်ဆိုင်နား လာရောက်တဲ့အခါကျလို့ရှိရင်ဖြင့် ဈေးဆစ်ရင် ဒါကို တကယ်လိုချင်လို့ ဆစ် တာလား… သိရုံပဲ ဆစ်တာလား ဟာ… ဝင်ကောင်းထွက်ကောင်းဖြစ်အောင်လို့ ဆစ်တာလားဆိုတာ သူ့စိတ်ကို အကဲခတ်ဖို့ ဘယ့်နှယ်နေကြသလဲ (ခက်ပါတယ် ဘုရား)၊ အင်မတန် မခက်ဘူးလား (ခက်ပါတယ် ဘုရား)၊ သဘော ပါပလား (ပါပါပြီ)။

ကိုယ့်စိတ်ကို အကဲခတ်ပါ

ဒါဖြင့် သူတစ်ပါးစိတ် အကဲခတ်ရတာ အင်မတန် ခက်တယ်လို့ အရှင်သာရိပုတ္တရာက ပြောလိုက်ပါတယ် (မှန်ပါ့ဘုရား)၊ ကိုယ့်စိတ်ကို အကဲခတ်ပါ (မှန်ပါ့ဘုရား)၊ ဒကာ ဒကာမတို့ ဘာတဲ့တုံး (ကိုယ့်စိတ်ကို ကိုယ် အကဲခတ် ရပါမယ်)၊ သူများစိတ် အကဲခတ်ရတာကတော့ မမှန်ပါဘူးကွာတဲ့ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာလုပ်ရမယ် (ကိုယ့်စိတ်ကို ကိုယ် အကဲခတ်ရပါမယ်)၊ ကိုယ့်စိတ်ကို ကိုယ် အကဲခတ်ရမယ် သူများစိတ် အကဲခတ်ရတာကတော့ (မမှန်ပါဘူး)၊ မမှန်ဘူးတဲ့ သူက ဝိညာဏ်အရပဲကိုး (မှန်လှပါ)။

ဒါဖြင့် ဘယ်ဟာ အကဲခတ်ရမတုံး (ကိုယ့်စိတ်ကို ကိုယ် အကဲခတ်ရမယ်)၊ ဒါဖြင့် ကိုယ့်စိတ်ကို ကိုယ် အကဲ ခတ်ပါလို့ဆိုတဲ့ စကားကလေးတစ်လုံးကို စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့်မတုံး မေးလို့ရှိရင် ကိုယ့်စိတ်ကို ကိုယ် အကဲခတ်တာလို့ မှတ်လိုက် (မှန်ပါ့ဘုရား)။

စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်စိတ်ကို ကိုယ် အကဲခတ်တာပါ ဘုရား)။

စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်စိတ်ကို ကိုယ် အကဲခတ်တာပါ ဘုရား)။

စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်စိတ်ကို ကိုယ် အကဲခတ်တာပါ ဘုရား)။

(သုံးကြိမ်စေ့အောင် ထပ်၍ မေးသည်) မမေ့စေနဲ့ ကိုယ့်စိတ်ကို ကိုယ် အကဲခတ်ပါ (မှန်ပါ့)၊ ဒကာ ဒကာမတို့ သူများ အကဲခတ်ရမှာလား ကိုယ့်စိတ် ကို ကိုယ် အကဲခတ်ရမှာလား (ကိုယ့်စိတ်ကို ကိုယ် အကဲခတ်ရမှာပါ ဘုရား)။

ဒါဖြင့် စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်စိတ်ကိုကိုယ် အကဲခတ်တာပါ)၊ ကိုယ့်စိတ်ကို ကိုယ် အကဲ ခတ်တော့ လွဲများသွားဦးမှာလား ဒကာ ဒကာမတို့ (မလွဲပါဘူး ဘုရား)၊ မှားသော်ရှိ မှန်သော်ရှိလား ကိုယ့်စိတ်ကို ကိုယ် အကဲခတ်လို့ရှိရင် သေသေချာချာမှန်တယ်တဲ့ (မှန်ပါ့ဘုရား)၊ သဘောပါလား (ပါပါတယ်)။

အကဲခတ်တာက မဂ္ဂ

လိုချင်တဲ့စိတ်ကလေး လာတယ်ဆိုရင် ဪ… လိုချင်တဲ့စိတ်ကလေး ရှိ-မရှိသာ အကဲခတ် (မှန်ပါ့ဘုရား)၊ ဘယ့်နှယ်ပြောမယ်ထင်တုံး (ဖြစ်ပြီးမရှိပါ ဘုရား)၊ ဒါဖြင့် မရှိတာက အနိစ္စ၊ အကဲခတ်တာက မဂ္ဂပဲ (မှန်ပါ့ဘုရား)။

မရှိတာက (အနိစ္စပါ ဘုရား)။

အကဲခတ်တာက (မဂ္ဂပါ ဘုရား)။

ဪ… ဒါဖြင့် ဒီနည်းရလို့ရှိရင် တို့သေပျော်ပြီလို့ အောက်မေ့ပါ (မှန်ပါ့)၊ ဒီနည်းရလို့ရှိရင် (တို့သေပျော် ပြီ)၊ သေပျော်ပြီဆိုတော့ ဦးခင်မောင် သူများစိတ် အကဲခတ်ရတာကတော့ အရှင်သာရိပုတ္တရာက တယ် အကဲခတ် ခက်သကွာတဲ့ မမှန်ဘူးလား (မှန်ပါ့)။

ကိုယ့်စိတ်ကို ကိုယ် အကဲခတ်လိုက်တဲ့အခါကျတော့ ဘယ့်နှယ်နေကြသလဲ (မှန်ပါတယ် ဘုရား)၊ မှန်တာက ဘယ်လိုမှန်သတုံး မေးတော့ စားချင်တဲ့စိတ်ကလေး ဖြတ်ခနဲ ပေါ်လာတယ်၊ ထမင်းဆာတဲ့စိတ်ကလေး ပေါ်လာတယ်။

ဒီဟာ ဘုရားက ဟောပြတော်မူတဲ့အတိုင်း ဘုန်းကြီးက ဒကာ ဒကာမတွေကို သင်ထားတယ်၊ ဒီစိတ်ကလေး အကဲခတ်လိုက်စမ်းပါဆိုတော့ အကဲခတ်တဲ့မဂ် ပေါ်နေမှ ဒီစိတ်ကရှိဦးမှာလား (မရှိပါဘူး ဘုရား)။

မရှိတော့ မရှိတာက ဘာတဲ့လဲ (အနိစ္စပါ ဘုရား)။

အကဲခတ်တာက (မဂ္ဂပါ ဘုရား)။

မရှိတာက (အနိစ္စပါ ဘုရား)။

အင်း… အကဲခတ်ခံရတာက အနိစ္စ၊ အကဲခတ်တဲ့ဉာဏ်က မဂ္ဂ (မှန်လှပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါ ပြီ ဘုရား)။

အကဲခတ်ခံရတာက (အနိစ္စပါ ဘုရား)။

အကဲခတ်တဲ့ဉာဏ်က (မဂ္ဂပါ ဘုရား)။

အဲဒီတော့ အခု တစ်လုံးတည်းပေးလိုက်တာ ဘုရားနဲ့ အရှင်သာရိပုတ္တရာ ပေးတာကို ဘုန်းကြီးက နောက် လိုက်ပြီးသကာလ အတူတူ ပေးတာတော့ ဒီတစ်ပွဲလုံးဟာ စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့်မတုံးဘုရားလို့ မမေးနဲ့ တော့ ကိုယ့်စိတ်ကိုယ် အကဲခတ်တာ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်စိတ် ကိုယ် အကဲခတ်တာပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် မူလပေါ်တာက ကိုယ့်စိတ်၊ အကဲခတ်တာက မဂ်စိတ် (မှန်ပါ့ဘုရား)၊ သဘောပါလား (ပါပါပြီ)။

မူလပေါ်တာက (ကိုယ့်စိတ်ပါ ဘုရား)။

အကဲခတ်တာက (မဂ်စိတ်ပါ ဘုရား)။

ကဲ စိတ်ဟာ နှစ်စိတ်ပြိုင်ဖြစ်ကောင်းသလားလို့ မေးရင် ဘယ့်နှယ်ပြောကြမယ် (မဖြစ်ကောင်းပါဘူး)၊ မဖြစ် ကောင်းတော့ တစိတ်ချုပ်ပြီးမှ ဒီတစိတ်ဖြစ်ရမယ်၊ ဒါလည်းသိပါတယ်နော် (မှန်ပါ့)၊ ဒါလည်း ဘာခေါ်ကြမယ် (စိတ် ပါ)၊ စိတ်ပါပဲဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

စိတ္တာနုပဿနာဆိုတာ

ကောင်းပြီ ဒါဖြင့် စိတ္တာနုပဿနာဆိုတာ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာ၊ ရှင်းကြပလား (ရှင်းပါပြီ)၊ စိတ္တာ နုပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာပါ ဘုရား)၊ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာဆိုတော့ ကိုယ့်စိတ်က ၁ နံပါတ်၊ ထို ၁ နံပါတ်စိတ်ကို ၂ နံပါတ်နဲ့ အကဲခတ်ပါ (မှန်ပါ့)၊ ၁ နံပါတ် ကိုယ့်စိတ်ကို (၂ နံပါတ် နဲ့ အကဲခတ်ပါ)၊ ဒါဖြင့် ၁ က အနိစ္စ၊ အကဲခတ်တဲ့ ၂ က မဂ္ဂပဲ (မှန်ပါ့ ဘုရား)။

၁ က (အနိစ္စပါ ဘုရား)။

အကဲခတ်တာက (မဂ္ဂပါ ဘုရား)။

မဂ္ဂဘဲဆိုတော့ ဒကာ ဒကာမတွေ သံသယရှိသေးရဲ့လား (မရှိပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်ပေါ်မည့်စိတ်တွေက သိပ်လည်းမများပါဘူးလို့ ပြောထားတယ်၊ ဒကာ ဒကာမတွေ…နော် (မှန်ပါ့)၊ ဒကာသစ်ရေ ဦးခင်မောင်ရေ ကာမစိတ် ၅၄ ဆိုတာ ကြားဖူးကြတယ်မဟုတ် လား (ကြားဖူးပါတယ် ဘုရား)၊ စာထဲမှာ ကြားဖူးတယ်နော် (မှန်ပါ့)။

အဲဒီ ကာမစိတ် ၅၄ မှာပဲ ဘုရားရဟန္တာမှာဖြစ်တဲ့ ဒကာ ဒကာမတွေ မဟာကြိယာစိတ် ၈ ခုနဲ့ ဟသိတုပ္ပါဒ် ဆိုတဲ့ စိတ် ၉ ခု ပြန်နှုတ်လိုက်စမ်းပါ၊ ၅၄ ထဲက ၉ ခု ပြန်နှုတ်လိုက်တော့ ဘယ်လောက်ကျန်သတုံး (၄၅ ကျန်ပါတယ် ဘုရား)။

အဲဒီ ခင်ဗျားတို့သန္တာန်မှာ သေသေချာချာသာမှတ် ၄၅ စိတ်တည်း ပေါ်လိမ့်မယ် (မှန်လှပါ ဘုရား)၊ လောဘ ပေါ်မယ်၊ ဒေါသပေါ်မယ်၊ မောဟပေါ်မယ်၊ မြင်စိတ်ပေါ်မယ်၊ ကြားစိတ်ပေါ်မယ်နော် (မှန်ပါ့ဘုရား)။

ခင်ဗျားတို့ အကဲခတ်ရမည့်စိတ် ဘယ်လောက်ပါလိမ့်မတုံးဆိုတာကော သေချာပလား (သေချာပါပြီ)၊ ဘယ် လောက်ပါလိမ့်မတုံး (၄၅ ခုပါ ဘုရား)၊ အဲဒီ ၄၅ လှည့် ပေါ်မှာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာပေါ်မယ် ထင်ကြတယ် (၄၅ လှည့် ပေါ်ပါတယ်ဘုရား)၊ ၄၅ လှည့်ပေါ်ပြီး သူပေါ်ချင်ရာ ပေါ်လိမ့်မပေါ့ဗျာ၊ အဲဒါပေါ်တိုင်း ပေါ်တိုင်းကိုသာ ရှိ-မရှိ အကဲခတ် (မှန်ပါ့)၊ ပေါ်တိုင်းပေါ်တိုင်း (ရှိ-မရှိ အကဲခတ်ရပါမယ်)။

အကဲခတ်တဲ့စိတ်လာရင်

ဒါဖြင့် ပေါ်တဲ့စိတ်ဟာဖြင့် အကဲခတ်တဲ့စိတ်လာရင် အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေ ပေါ်တဲ့စိတ် ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊ အကဲခတ်တာက နောက်မှ အကဲခတ်ရမှာကိုး (မှန်ပါ့)၊ နောက်မှ အကဲခတ်ရမှာ ဧကန်ဖြစ်ပြီးသကာလနေတော့ ရှေ့ပေါ်သွားတာက ချုပ်ပြီးမှ နောက်က အကဲခတ်တဲ့စိတ်က လာရတာကိုးဗျ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ရှေ့စိတ်က အနိစ္စ၊ အကဲခတ်တဲ့စိတ်က (မဂ္ဂပါ ဘုရား)၊ အဲဒီ မဂ္ဂကတော့ဖြင့် ဒကာ ဒကာမတို့ နောက်စိတ်တွေ အဆက်ခံသေးရဲ့လား (မခံပါဘူး ဘုရား)၊ မခံလို့ရှိရင် အနာဂတ်အကြောင်းတွေ ဘယ့်နှယ်နေသလဲ (ပြတ်သွားပါတယ် ဘုရား)၊ အနာဂတ်အကြောင်းတွေ ပြတ်တယ်ဆိုတော့ အနာဂတ်အကျိုးတွေ လာသေးရဲ့လား (မလာပါ ဘုရား)။

ဒါဖြင့် စိတ္တာနုပဿနာဆိုတာ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာလို့ ဆိုပါသည် (မှန်ပါ့ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာပါ)၊ အကဲခတ်လိုက်တော့ ဒကာသစ် တို့ ဦးခင်မောင်တို့က ရှင်းကြစမ်း၊ ရှိတာ တွေ့သလား၊ မရှိတာ တွေ့သလား (မရှိတာ တွေ့ပါတယ် ဘုရား)၊ မရှိတာ ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား)၊ အင်း… အကဲခတ်တဲ့စိတ်က (မဂ္ဂပါ ဘုရား)။

ရှေ့စိတ်ကို နောက်စိတ်နဲ့သာ အကဲခတ်

အဲ…အကဲသာ ခတ်နေ ခင်ဗျားတို့ ကိုယ့်စိတ်ကို၊ ရှေ့စိတ်ကို နောက်စိတ်နဲ့သာ အကဲခတ်ပြီးသကာလ နေကြမယ်ဆိုတော့ မဂ်ရနေတယ်မှတ်ပါ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ မဂ်ရတယ်ဆိုတာ ဘာပါလိမ့် ဒကာ ဒကာမတို့ (ကိုယ့်စိတ်ကို အကဲခတ်တာ)၊ ကိုယ့်စိတ်ကို အကဲခတ်တဲ့စိတ်ဟာဖြင့် မဂ်ရတာပဲ (မှန်ပါ့)၊ ကိုယ့်စိတ် ကို အကဲခတ်တဲ့စိတ်ကို (မဂ်ရပါတယ်)။

ဪ… ဒါဖြင့် မဂ်ရဖို့အရေးဟာ ဆုတောင်းရမှာလား၊ အကဲခတ်နေရမှာလား (အကဲခတ်နေရမှာပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ အဲ…ဒါဖြင့် ဒီနေ့ ဒီတစ်လုံးတိုးပေးလိုက်သဖြင့် တပည့်တော်တို့ စိတ္တာနုပဿနာ မရှုတတ်သေးပါဘူး ဘုရားလို့ တစ်ပွဲလုံးက ပြန်လျှောက်စရာအကြောင်း ကုန်သွားပြီ (မှန်လှပါ ဘုရား)။

ဘာ့ကြောင့် ကုန်သွားသလဲ မေးလို့ရှိရင် ခုနက ၄၅ စိတ်ရှိတဲ့အနက်က ၄၅ ပဲ လှည့်ပေါ်မှာပဲ၊ အဲဒီပေါ်တိုင်း ပေါ်တိုင်း ပေါ်လို့ရှိရင် ရှိ-မရှိ အကဲခတ်ရုံပဲဆိုတာ ရှင်းကြပလား (ရှင်းပါပြီ)၊ ပေါ်တဲ့စိတ်ကို ဘာတဲ့ (ရှိ-မရှိ အကဲ ခတ်ရုံပါ ဘုရား)၊ ရှိ-မရှိ အကဲခတ်တဲ့အခါကျတော့ မရှိတာက (အနိစ္စပါ)၊ အကဲခတ်တဲ့စိတ်က (မဂ္ဂပါ)။

ဒါဖြင့် ခင်ဗျားတို့မှာ အကဲခတ်များတဲ့ပုဂ္ဂိုလ်ဟာ မဂ်ရမှာပဲ (မှန်လှပါ ဘုရား)၊ အကဲမခတ်တဲ့ပုဂ္ဂိုလ်ဟာ (မဂ်မရပါဘူး)၊ အဲဒီတော့ သတိထားပြီး ပညာနဲ့ကြည့်တဲ့ပုဂ္ဂိုလ်ဆိုတာ အကဲခတ်တဲ့ပုဂ္ဂိုလ်ကို ဆိုတာပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာဆိုတာပါလိမ့် (အကဲခတ်တဲ့ပုဂ္ဂိုလ်ကို ဆိုတာပါ)၊ အကဲခတ်တဲ့ ပုဂ္ဂိုလ်ဆိုတာပါဆိုတာ ဒကာ ဒကာမတွေ ကျကျနန ရှင်းပလား (ရှင်းပါပြီ)။

သစ္စာထဲသွင်းကြပါစို့

ကဲ ဒါဖြင့် သစ္စာထဲသွင်းကြပါစို့ ဦးခင်မောင်တို့ ဒကာသစ်တို့နော် (မှန်လှပါ ဘုရား)၊ သစ္စာထဲ သွင်းလိုက် တော့ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာလို့ဆိုသဖြင့် စိတ်ကလည်း ပုထုဇန်စိတ်၊ ၄၅ ထည်း ကာမစိတ် ၄၅ ထည်း ဒီ့ပြင်ဟာတွေကလည်း ဘုရားရဟန္တာမှာဖြစ်လို့ ကိုယ့်သန္တာန်လည်းမပေါ်လို့ သူတို့ကို အကဲခတ်စရာ လိုသေးသလား (မလိုပါဘူး ဘုရား)။

ဒါဖြင့် ကိုယ့်သန္တာန်ပေါ်တဲ့ ခုနကပြောခဲ့တဲ့ ပုထုဇန်စိတ် ၄၅ စိတ်ကလေးဟာ ဒီထဲမပေါ်ပေဘူးလား (ပေါ် ပါတယ် ဘုရား)၊ ပေါ်တဲ့အခါကျတော့ ဒီစိတ်ကလေးကို ဒကာ ဒကာမတွေက ပေါ်တိုင်းပေါ်တိုင်း အကဲခတ်မယ် ဆိုလို့ရှိရင်ဖြင့် ကြာတော့ အကဲခတ်ပါများတော့ ဪ… ဒီစိတ်ကလေး ဒုက္ခရောက်တာပဲ အကြည့်ခိုင်းတာပါကလား ဆိုတာ ပေါ်လာလိမ့်မယ် (မှန်လှပါ ဘုရား)။

ဒီပထမပေါ်တဲ့စိတ်ကလေးက ဘာဖြစ်သွားပါလိမ့် (ဒုက္ခရောက်သွားပါတယ်)၊ ဒါဖြင့် ပထမပေါ်တဲ့စိတ်ကလေး ဒုက္ခရောက်တာကို ဒုက္ခရောက်-မရောက် အကဲခတ်ခိုင်းတာ (မှန်လှပါ ဘုရား)၊ ဒုက္ခသစ္စာ ဟုတ်-မဟုတ် အကဲခတ် ခိုင်းတော့ ဒကာ ဒကာမတွေ ဒုက္ခသစ္စာဆိုတာ ကြည့်စမ်း။

ဒီကိုယ့်သန္တာန်ပေါ်လာတဲ့စိတ်၊ မျက်လုံးက ပေါ်တဲ့စိတ်ဖြစ်ဖြစ်၊ ဝမ်းထဲက ပေါ်လာတဲ့စိတ်ဖြစ်ဖြစ်၊ နားထဲ ပေါ်လာတဲ့စိတ်ဖြစ်ဖြစ် တစ်နေရာကနေပြီး တစ်နေရာ ရွှေ့သေးသလား၊ ဒီနေရာမှာပဲ သေသွားကြသလား (ဒီနေရာ မှာပဲ သေသွားကြပါတယ် ဘုရား)၊ ဒီနေရာမှာပဲ သေသွားတော့ ဪ… သေမလို့ပေါ်တာရယ်၊ သေတာရယ် နှစ်ခုမတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)၊ သေမလို့ပေါ်တာရယ်၊ သေတာရယ် နှစ်ခုတွေ့ရတော့ သေမလို့ပေါ် တာလည်း ဒုက္ခသစ္စာ (မှန်ပါ့ဘုရား)၊ သေသွားတာကော (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အကဲခတ်တော့ အကဲခတ်ပါများတော့ ဟာ့…အာ… ဒါကိုယ့်ဒုက္ခကိုယ် အကဲခတ် ခိုင်းတာပါကလားဆိုတာ နောက်တော့ ဉာဏ်တက်လာမယ် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာအကဲခတ် ခိုင်းတာပါလိမ့် (ကိုယ့်ဒုက္ခကိုယ် အကဲခတ်ခိုင်းတာပါ ဘုရား)၊ ကိုယ့်ဒုက္ခကို ကိုယ်အကဲခတ်ခိုင်းတာ၊ မမြင်ရတော့ ကိုယ့်မှာ ပစ္စည်းကလေးကလည်းရ၊ သားကလေး သမီးကလေးတွေလည်း စုံပြီး ကျန်းမာရေးကလည်း လုံလောက်နေတဲ့ အခါကျလို့ရှိရင် ကိုယ့်မှာ ဒုက္ခမရှိဘူးထင်လိုက်ကြတယ် (မှန်ပါ့)။

ကိုယ့်စိတ်ကို ကိုယအကဲခတ်လိုက်တဲ့အခါကျတော့ အို… ခဏခဏ ကိုယ်သေနေတာတွေ မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)၊ ဒါဖြင့် ကိုယ်သေနေတာတွေ ကိုယ်တွေ့ရတဲ့အတွက် အသေခံရတာက ဒကာ ဒကာမတို့ ဒီစိတ်ကလေး ဖြစ်ပေါ်လာတာဟာ သေမလို့ပေါ်လာတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အကဲခတ်လိုက်တော့ သေသွားတာကော မတွေ့ရဘူးလား (တွေ့ရပါတယ်)။

ဒါဖြင့်ပေါ်ကတည်းက သူ့မှာ ဒုက္ခသစ္စာ (မှန်ပါ့)၊ ပျက်သွားတော့ကော (ဒုက္ခသစ္စာပါ ဘုရား)။

ပေါ်လာပြန်တော့ (ဒုက္ခသစ္စာပါ)။

ပျက်သွားပြန်တော့ (ဒုက္ခသစ္စာပါ)။

အဲ… ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တဲ့အခါကျတော့ ကိုယ့်ဒုက္ခ ကိုယ်သိတယ်ဆိုပြီး ဉာဏ်တက်လာပါတယ် (မှန်လှပါ)၊ အနိစ္စလုပ်တော့ သူ ဒုက္ခသစ္စာထဲ ရောက်သွားပြီ (မှန်ပါ့)၊ အကဲခတ်တာ မြင်ပြန်တော့ ဘယ်ဘက်ရောက် ပါလိမ့် (မဂ္ဂသစ္စာပါ ဘုရား)။

အကဲခတ်ခံရတာက ဒုက္ခသစ္စာ၊ အကဲခတ်တာက မဂ္ဂသစ္စာ

ဒုက္ခသစ္စာထဲ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ဒါဖြင့် အကဲခတ်ခံရတာက ဒုက္ခသစ္စာ၊ အကဲခတ် တာက (မဂ္ဂသစ္စာပါ ဘုရား)၊ အကဲခတ်ခံရတာက (ဒုက္ခသစ္စာပါ)၊ ဟင်… အကဲခတ်တာက (မဂ္ဂသစ္စာပါ)၊ မဂ္ဂသစ္စာ ဆိုတော့ ဪ… မဂ်ရတဲ့ပုဂ္ဂိုလ်ဆိုတော့ ဒီဘက် အပါယ်လေးပါး သွားမည့်တရားတွေက ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါဘူး)။

ဒါဖြင့် အပါယ်လေးပါးတွေကော ကျုပ်တို့အတွက် ကျွတ်မသွားပေဘူးလား (ကျွတ်သွားပါတယ် ဘုရား)၊ ဒါ ဖြင့် အပါယ်လေးပါး လွတ်ချင်လို့ရှိရင် ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ပါ၊ ဒုက္ခသစ္စာလား၊ သုခသစ္စာလားလို့ အကဲခတ် ပါ (မှန်လှပါ ဘုရား)၊ ဦးခင်မောင်ရေ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဒီကနေ့ အလုပ်တရားချည်းပဲ ပြောနေတယ် ဆိုတာ ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ)။

ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တယ်ဆိုတော့ ကိုယ့်စိတ်သေတာ၊ ကိုယ်သေတာ ကိုယ်အကဲခတ်စမ်း (မှန်လှပါ ဘုရား)၊ ဘာအကဲခတ်တာပါလိမ့် (ကိုယ်သေတာ ကိုယ်အကဲခတ်ခိုင်းတာ)၊ ကိုယ်သေတာ၊ ကိုယ်အကဲခတ်ခိုင်းတာပါ၊ ခင်ဗျားတို့က မသေဘူးထင်နေလို့နော် (မှန်လှပါ ဘုရား)၊ ကျုပ်ကတော့ ငါးဆယ်ကျော်မှ သေမယ်၊ တစ်ရာမှာ ခုနစ် ဆယ့်ငါးနှစ် နေရလိမ့်မယ်၊ အဲဒါတွေယုံမနေနဲ့ (မှန်လှပါ)။

အဲဒါတွေ မယုံပါနဲ့ ဒကာ ဒကာမတို့က ကိုယ့်စိတ်ကလေး ခဏကလေးပေါ်လာပြီး အခုရွှေ့သွားတာသည် ကားလို့ဆိုရင် ကိုယ်သေတာလို့ မှတ်ပါ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်စိတ်ကလေးပေါ်ပေါ်၊ ဘယ် စိတ်ကလေးချုပ်သွားသွား ဒါဘာဆိုကြမလဲ (ကိုယ်သေတာပါ ဘုရား)၊ ကိုယ်သေတာသည်ကားလို့ဆိုရင်ဖြင့် ကဲ နောက် စိတ်သာ မလာဘူးဆိုလို့ရှိရင်ဖြင့် ဦးခင်မောင် ကိုယ်သေတာ ဟုတ်-မဟုတ် (ဟုတ်ပါတယ် ဘုရား)။

အကဲခတ်တဲ့စိတ်ဟာ အကဲခတ်တဲ့စိတ် မလာတော့ပါဘူးလို့ ဒကာ ဒကာမတွေမှာ ဖြစ်စဉ်ပြတ်သွားရင် ဘယ့်နှယ်ဆိုကြမယ် (သေပါတယ် ဘုရား)၊ ဒါဖြင့် အဲဒီစိတ်ကိုပင် နောက်စိတ်ပေါ်တယ် ထင်နေတာပေါ့ဗျ (မှန်လှပါ ဘုရား)၊ အဲဒီစိတ်ပေါ်ပြီးနောက် ရှုတဲ့စိတ် ထပ်မလာရင် (သေပါတယ် ဘုရား)။

ဒါဖြင့် ကိုယ့်အသေဟာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ ရှုတာသေတာက မွေးပြီးသေလိုက်၊ မွေးပြီးသေလိုက် က ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါကို မြင်အောင်ကြည့်တဲ့ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)၊ အဲ…ဒါဖြင့် သစ္စာကို အရှုခိုင်းတာလို့ မှတ် လိုက်စမ်းပါ (မှန်လှပါ ဘုရား)၊ ဘာအရှုခိုင်းတာပါလိမ့် (သစ္စာကို အရှုခိုင်းတာပါ ဘုရား)၊ ဒီနေ့ တရားဟာ ဒကာ ဒကာမတို့ အလုပ်သင်တာ အကောင်းဆုံးလို့ မှတ်စမ်းပါ (မှန်လှပါ)။

ဖြစ်ပျက် ဆိုတာဒုက္ခသစ္စာ

အလုပ်လုပ်တဲ့ပုဂ္ဂိုလ်များဖြင့် အကောင်းဆုံးလို့ ဒကာ ဒကာမတွေ မှတ်စမ်းပါ (မှန်လှပါ ဘုရား)၊ ဖြစ်ပျက် ဆိုတာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ အဲ… သူများ၏ ဒုက္ခသစ္စာလား… မိမိ၏ ဒုက္ခသစ္စာလား (မိမိ၏ ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီလိုသိလာတဲ့အခါကျတော့ ကိုယ့်စိတ်ကလေးနဲ့ အသက်ရှင်နေတာ ဒီစိတ်ကလေးဟာ ဖြစ် ပြီးပျက်သွားတဲ့ ဒုက္ခသစ္စာပဲ (မှန်ပါ့)။

ဤကဲ့သို့ သိပြီးသကာလ သွားလို့ရှိရင် ဪ… အဖြစ်ကလည်း ဒုက္ခသစ္စာ၊ အပျက်ကလည်း (ဒုက္ခသစ္စာ ပါ)၊ အကဲခတ်တဲ့စိတ်က ဘာသစ္စာလဲ (မဂ္ဂသစ္စာပါ)၊ အကဲခတ်တဲ့စိတ်က မဂ္ဂသစ္စာတဲ့၊ ဘာကြောင့်တုံးဆိုတော့ ဒုက္ခ ကို သူသိလို့ မဂ္ဂသစ္စာနော် (မှန်လှပါ ဘုရား)။

ဦးခင်မောင်ရေ ဘာသိလို့ ဘာသစ္စာပါလိမ့် (ဒုက္ခသိလို့ မဂ္ဂပါဘုရား)၊ ဒုက္ခသိလို့ မဂ္ဂသစ္စာဆိုတော့ ဒကာ ဒကာမတွေ ဝမ်းထဲမှာ ဒီမဂ္ဂသစ္စာက ဒုတိယဆင့်မလာဘူးလား (လာပါတယ် ဘုရား)၊ ဒီမဂ္ဂသစ္စာ လာဖို့ရာ ခင်ဗျား တို့ ဘုရားရှိခိုရင်း ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရရပါလို၏ဆိုတာ သူဝမ်းထဲ ရောက်ရပါလို၏လို့ ပြောတာ (မှန်လှပါ ဘုရား)။

သဘောကျပလား (မှန်ပါ့)၊ တပည့်တော် ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရောက်ရပါလို၏လို့ဆိုတာဟာ ဒီမဂ် ဝမ်း ထဲ ရောက်ရပါလို၏လို့ဆိုတာပဲ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ အဲ…ဟိုဟာတွေကတော့ဖြင့် ဟောဒီလို ဆရာကောင်း သမားကောင်းနဲ့ တွေ့လို့ ခင်ဗျားတို့ အကူအညီပေးတယ် (မှန်ပါ့)။

အကူအညီပေးတော့ ခင်ဗျားတို့ အခု ဒီမှာမရဘူးလား (ရပါတယ် ဘုရား)၊ ရတဲ့အခါကျလို့ရှိရင် အစစ်ရတာ ကတော့ ကိုယ်တိုင်ရှုမှ ကိုယ်တိုင်လိုက်ရမယ် (မှန်လှပါ ဘုရား)၊ ကိုယ်တိုင်ရှုမှ (ကိုယ်တိုင်လိုက်ရမှာပါ ဘုရား)၊ ကိုယ်တိုင်ရှုမှ (ကိုယ်တိုင်လိုက်ရမှာပါ)၊ ကိုယ်တိုင်လိုက်ရမယ်ဆိုတာက သေချာပလား (သေချာပါပြီ)။

မဂ်ရချင်ရင် ရှုကြ

ဒါဖြင့် မဂ်ရချင်ရင် ရှုကြ (မှန်လှပါ ဘုရား)၊ သဘောကျကြပလား (ကျပါပြီ)၊ မဂ်ရချင် ဘာလုပ်ကြမယ် (ရှုကြ)၊ မရှုရင် ရလိမ့်မယ်လို့ ဘယ်အခါကာလမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက စိတ်ထဲမှာ မဥပါဒ်ပါနဲ့ (မှန်ပါ့)၊ ရနိုင်ပါ့မလား (မရနိုင်ပါဘူး ဘုရား)။

ဒုက္ခသစ္စာမှ မမြင်ဘဲနဲ့ မဂ္ဂသစ္စာ ဝမ်းထဲ ဝင်လာပါ့မလား (မဝင်ပါ ဘုရား)၊ မဝင်နိုင်ဘူးဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)၊ အဲဒီတော့ ဒကာ ဒကာမတို့ မဂ်ပုဂ္ဂိုလ်ဆိုတာ ဝမ်းထဲမှာ ဒီမဂ်ရောက်လာတယ် (မှန်ပါ့)၊ ဖိုလ်ပုဂ္ဂိုလ်ဆိုတာတော့ ဒီမဂ်ပြီး ဖိုလ်ဝင်လာလို့ ဖိုလ်ပုဂ္ဂိုလ်ဖြစ်ရတာ (မှန်ပါ့)။

ဒီရှုတဲ့ပုဂ္ဂိုလ်မှ ဝင်လာမယ်ဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)၊ မရှုတဲ့ပုဂ္ဂိုလ် ဝမ်းထဲ ရောက်ပါ့ မလား (မရောက်ပါ ဘုရား)၊ အဲဒီတော့ မဂ်ပုဂ္ဂိုလ်ဖြစ်ချင်ရင် မဂ်ဝမ်းထဲရောက်အောင် လုပ်ပါ (မှန်ပါ့)၊ ဖိုလ်ပုဂ္ဂိုလ် ဖြစ်ချင်ရင်ကော (ဖိုလ်ဝမ်းထဲရောက်အောင် လုပ်ပါ)။

ဖိုလ်ဝမ်းထဲရောက်အောင် လုပ်ရလိမ့်မယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)၊ အဲဒီတော့ မဂ် ရောက်ရင် ဖိုလ်ရောက်တာ ဧကန်ပါပဲ၊ ဘာမှ ခင်ဗျားတို့ သံသယမရှိပါနဲ့ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါဖြင့် ဖြစ်ပျက်ဟာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ဖြစ်ပျက်မြင်ရင် (မဂ္ဂသစ္စာပါ ဘုရား)၊ အကဲခတ်တဲ့ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)။

ဒီတော့ ဝမ်းထဲ မရောက်သေးဘူးလားဗျ (ရောက်ပါတယ် ဘုရား)၊ အဲဒီလိုက်ပြီး ငါးပါးက ရှစ်ပါးဖြစ်သွားတဲ့ တစ်နေ့မှာ သောတာပန်အစစ်ဖြစ်တာပဲ (မှန်ပါ့ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ငါးပါးက ရှစ်ပါးဖြစ်သွားရင် (သောတာပန်အစစ် ဖြစ်သွားပါတယ်)၊ ကျေနပ်ကြပလား (ကျေနပ်ပါတယ်)။

ဒါဖြင့် မဂ်ရဖို့အရေးဟာ ဒကာ ဒကာမတို့ အကဲခတ်တဲ့ အရေးပါကလား (မှန်လှပါ ဘုရား)၊ မဂ်ရဖို့အရေး ဟာ (အကဲခတ်တဲ့အရေးပါ ဘုရား)၊ အကဲခတ်တဲ့ အရေးဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

ဘယ်သူ့ကို အကဲခတ်ရမှာပါလိမ့် (ကိုယ့်စိတ်ကို ကိုယ် အကဲခတ်ရမှာပါ ဘုရား)၊ ကိုယ့်စိတ်ကို ကိုယ်အကဲ ခတ်ရင် မဂ်ရတာပဲ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)၊ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ရင် (မဂ်ရပါတယ် ဘုရား)၊ ဘာ့ကြောင့် မဂ်ရတယ်လို့ ဆရာဘုန်းကြီး ထပ်ပြီး ရှင်းပြန်ရသတုံးလို့ မေးတဲ့အခါကျတော့ ပထမဒီဥစ္စာက မိမိစိတ် (မှန်ပါ့)။

ဒါလည်း မိမိစိတ်ပဲဆိုတော့ နှစ်စိတ်က ပြိုင်ပေါ်ကောင်းရဲ့လား (မပေါ်ကောင်းပါဘူး ဘုရား)၊ ဒါဖြင့် ဒီစိတ် ဖြစ်ပြီးမှ ရှုတဲ့စိတ် မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)၊ ဒါဖြင့် အရှုခံရတဲ့စိတ်သည် ဒကာ ဒကာမတို့ ဒုက္ခရောက် တာမှ ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)၊ ဒါဖြင့် အရှုခံရတဲ့စိတ်က ဖြစ်ဒုက္ခ ပျက်ဒုက္ခနဲ့ ချုပ်သွားလေရဲ့ (မှန်လှ ပါ)၊ သူ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အင်း… ရှုတဲ့ဉာဏ်က ဘာဆိုကြမယ် (မဂ္ဂသစ္စာပါ ဘုရား)၊ အဲဒီတော့ ဒါသာရဖို့ အရေးကြီးနေတာပဲ၊ ဟို သံသရာပြတ်ဆိုတာ မဂ်က သူ့ဟာသူ ဖြတ်သွားမှာပဲ ခင်ဗျားတို့က ဖြတ်ပါဆိုလို့ သူတို့က ဖြတ်မှာမဟုတ်ဘူး (မှန်လှ ပါ)၊ သဘောပါကြလား (ပါပါပြီ)၊ ကောင်းပြီ ဒါဖြင့် ယနေ့ အကဲခတ်ရမည့် စိတ်ပေါင်းက ဘယ်လောက်တဲ့ ဒကာ ဒကာမတို့ (၄၅ ပါးပါ ဘုရား)။

အဲ…ပုထုဇန်မှာ ဒီ ၄၅ ပဲ ဝင်တယ်၊ ဒါ တိဟိတ်မှလာမှာနော်… ဒွိဟိတ်ဆိုရင် ၄၅ မလာသေးဘူး (မှန်ပါ့)၊ ဒွိဟိတ်ဆိုရင် ၄၁ လောက်သာ လာတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ တိဟိတ်မို့ ၄၅ လို့ ဘုန်းကြီးက ပြောလိုက်ပါတယ် (မှန်ပါ့)။

အိမ်ပေါ်တွင်ပဲ ရပါတယ်

အဲဒီတော့ ဒီကိုယ့်သန္တာန် ၄၅ လာတာကို နောက်ကနေပြီး အကဲခတ်တဲ့ မဂ္ဂင်ငါးပါးနဲ့ အကဲသာခတ်နေလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟာ အိမ်ပေါ်တွင်ပဲ ရပါတယ်၊ ထမင်းဟင်း ချက်ရင်းလည်း ရပါ တယ်၊ ထမင်းဟင်း ချက်ရင်းလည်း ရပါတယ်၊ အပ်ချုပ်ရင်းလည်း ရပါတယ်၊ ရောင်းရင်းဝယ်ရင်းလည်း ရနိုင်ပါတယ် ဆိုတာ သဘောကျပလား (ကျပါပြီ)။

အကဲသာခတ်နေနော် (မှန်ပါ့ဘုရား)၊ ဘယ်စိတ်ကလေးပေါ်ပေါ် အကဲခတ်၊ ဦးခင်မောင် ရှိသေးသလား မရှိတော့ဘူးလား… ဘာလုပ်ရမှာတုံး (အကဲခတ်ရမှာပါ)၊ နောက်က ဒကာ ဒကာမတွေ ရှိ-မရှိ အကဲခတ်ပါနော် (မှန်လှပါ ဘုရား)၊ ၁ ကို ၂ နဲ့ အကဲခတ်ပါ (မှန်ပါ့)၊ ဘယ်လိုမှတ်ကြမယ် (၁ ကို၊ ၂ နဲ့ အကဲခတ်ရမှာပါ ဘုရား)၊ ၁ ကို ၂ နဲ့ အကဲခတ်တော့ ၁ က မရှိဘူး ပြောတာ (မှန်ပါ့)၊ ၂ က မရှိမှန်းသိလာတာပါပဲ (မှန်လှပါ ဘုရား)။

၁ က (မရှိဘူးပြောတာပါ)။

၂ က (မရှိမှန်းသိတာပါ)။

ဒါဖြင့် မရှိတာက ဒုက္ခသစ္စာ၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခနဲ့မို့ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊ မရှိတာက ဒုက္ခသစ္စာ၊ အကဲခတ်တာက (မဂ္ဂသစ္စာပါ ဘုရား)၊ ဒါဖြင့် မဂ်ရတာသည် ဒကာ ဒကာမတို့ အကဲမခတ်တဲ့ပုဂ္ဂိုလ်မှာ ရသလား အကဲခတ်မှ ရသလား (အကဲခတ်မှ ရပါတယ် ဘုရား)၊ ဪ… ဒါဖြင့် ကျေနပ်ပြီ ဒကာ ဒကာမတို့ (မှန်ပါ့)။

ကျေနပ်ပါပြီ ဒီဟာ အလုပ်တရား ပေးပြီးပြီနော် (မှန်လှပါ)၊

ဝစ္ဆပရိဗိုဇ်ဝတ္ထု

အဲဒီတော့ ဟိုဝတ္ထုကို ပြန်ပြီးသကာလ ဒကာ ဒကာမတွေ ဆက်ကြပါစို့ဆိုတော့ ဒီထဲသွင်းရမှာပဲ ဦးခင်မောင်တို့ ဒကာသစ်တို့နော် (မှန်လှပါ)၊ ၁ နံပါတ် ဝစ္ဆပရိဗိုဇ် က မေးလိုက်တယ်နော် ပထမနေ့ကဟာပဲ ပြန်ပြောပါတယ် ဒကာ ဒကာမတွေ ဒီနေ့ကျုပ်သိမ်းမယ်လို့ (မှန်လှပါ ဘုရား)၊ ရှင်ကြီးဂေါတမလူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရနိုင်ပါ့မလားလို့ ဝစ္ဆပရိဗိုဇ်က မမေးလား ဦးခင်မောင် (မေးပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဘယ့်နှယ်မေးပါလိမ့် (လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလား)၊ ဘုရားက ဘယ့်နှယ်ဖြေပါလိမ့် (မရဘူးတဲ့)၊ မရနိုင်ဘူး (မှန်ပါ့)၊ ဘုရားက ဘာတဲ့ (မရနိုင်ဘူးတဲ့)၊ ဟုတ်တယ် ဘယ်ရမတုံး ဒကာ ဒကာမတို့ရာ ဒီစိတ်ကလေးကို ဒီကနေပြီးသကာလ ကိုယ့်စိတ်ကလေးကို ကိုယ့်ခန္ဓာကလေးကို ကိုယ်ခင်မင် မယ် ကိုယ်စွဲလမ်းမယ် ကိုယ်အားထုတ်မယ်ဆိုရင် ရပါ့မလား (မရပါဘူး)။

ဒါကလူ လူဆိုတာက ခန္ဓာငါးပါးကို လူခေါ်တာပါပဲ၊ သဘောကျကြပလား (မှန်ပါ ကျပါပြီ)၊ အဲဒီတော့ ဒီခန္ဓာငါးပါး လူခေါ်တော့- ဒါ ဝိညာဏက္ခန္ဓာဆိုတာ မသေချာဘူးလား (သေချာပါတယ်)၊ အဲဒါကို ခင်မင်မယ် စွဲလမ်းမယ် အားထုတ်နေမယ်ဆိုလို့ရှိရင် လူဟာ လူ့သံယောဇဉ်သုံးခု စွန့်သေးရဲ့လား (မစွန့်ပါ ဘုရား)၊ မစွန့်တော့ မဂ်ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

မရနိုင်ဘူးတဲ့ ဒီကံလာလို့ရှိရင် ဇာတိ ဇရာ မရဏတွေသာ ရမယ်၊ မဂ်တော့ မရဘူး (မှန်လှပါ)၊ ဘာရမယ် (ဇာတိ ဇရာ မရဏတွေသာ ရမှာပါဘုရား)၊ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နေကြလို့ရှိရင် ဒကာ ဒကာမတွေ ဘာ ရမယ် (ဇာတိ ဇရာ မရဏတွေ ရပါမယ်ဘုရား)။

ကြည့်… ရှင်းပြမယ်၊ ဒါက လူ ဒီကိုယ့်လူကို ကိုယ့်ခန္ဓာကို ကိုယ်ခင်မင်မယ်၊ ကိုယ်စွဲလမ်းမယ်၊ ကိုယ်အား ထုတ်မယ်ဆိုတော့ သံယောဇဉ်က သုံးခုမလာဘူးလား (လာပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလား

လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလားဆိုတော့ ဘုရားက မရနိုင်ဘူးတဲ့၊ ဟောဒါတော့ ရမယ်တဲ့၊ ဇာတိ ဇရာ မရဏ ဒါပဲရမယ် (မှန်ပါ့)၊ နိဗ္ဗာန်တော့ (မရပါဘူး ဘုရား)၊ သဘောပါကြလား (ပါပါပြီ)၊ လူဟာ လူ့ သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ကို (မရနိုင်ပါဘူး)၊ ကဲ… အခုမြင်အားဖြင့်လည်း သေချာကြပလား (သေချာပါတယ် ဘုရား)၊ ဒီကိုယ့်ခန္ဓာက ဟောဒါက ဒကာ ဒကာမတွေ၏ ခန္ဓာ၊ ကိုယ့်ခန္ဓာ၊ လူပဲ၊ သဘောကျပလား (ကျပါပြီ)။

သမုတိသစ္စာနဲ့ဆိုတော့ လူပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ပရမတ္ထသစ္စာနဲ့တော့ ဝိညာဏက္ခန္ဓာ ပေါ့ဗျာ (မှန်လှပါ)၊ သူသည် ကိုယ့်စိတ်ကလေး ကိုယ်ခင်နေတဲ့အခါကျလို့ရှိရင် တဏှာ ဥပါဒါန် ကံ လာ-မလာ (လာ ပါတယ် ဘုရား)။

ဒါဖြင့် သံယောဇဉ် စွန့်-မစွန့် (မစွန့်ပါဘူး ဘုရား)၊ သံယောဇဉ်မစွန့်သောကြောင့်တဲ့၊ နိဗ္ဗာန်ရပါ့မလားဆို တော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (မရပါဘူး)၊ ဒါဖြင့် နိဗ္ဗာန်မရတော့ ဘာရမှာတုံးဆိုတော့ ဒီဘက်ကြည့်လိုက် (နတ်ရွာသုဂတိတော့ ရပါတယ်)။

ပေါ်ပြီ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ ဘာရမယ် (နတ်ရွာသုဂတိ ရပါမယ်)၊ ဒါဖြင့် ဒကာ ဒကာမ တို့ ဒီလိုလုပ်ကြ၊ လူဟာ လူ့သံယောဇဉ် စွန့်ရင်တော့ဖြင့် ဟောဒီသုံးခုမလာလို့ရှိရင် ဒီသုံးခုကော လာပါ့မလား (မလာပါဘူး)။

ဒါဖြင့် ဒီလိုလုပ်လိုက်တာပေါ့ ဒကာ ဒကာမတို့ ပေါ်တဲ့စိတ်ကလေး ပေါ်တဲ့စိတ်ဟာ လူ့သန္တာန်ပေါ်တဲ့စိတ် ပဲ၊ သဘောကျပလား (မှန်လှပါ)၊ သမုတိသစ္စာနဲ့ ရောပြောထားလို့ ဒီဟာကလေး ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ မဂ်ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အခုနက တဏှာ ဥပါဒါန် ကံဆိုတော့ လူ့သံယောဇဉ် လာသေးရဲ့လား (မလာပါဘူး)၊ လူ့သံယောဇဉ်မှ မလာဘဲနဲ့ ဇာတိ ဇရာ မရဏ နောက်ဆက်တွဲ လာပါ့မလား (မလာပါဘူး)။

ကိုယ့်စိတ်ကိုယ် အကဲခတ်ရင် ရရမယ်

ဒါဖြင့် လူဟာ လူ့သံယောဇဉ်ရှိရင်သာ မရတာ၊ မရှိလို့ ကိုယ့်စိတ်ကိုယ် အကဲခတ်ရင် ရရမယ် (မှန်လှပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ကိုယ့်စိတ်ကိုယ် (အကဲခတ်ရင် ရရမယ်)၊ ကိုယ့်စိတ်ကိုယ် အကဲခတ်ရင် ရရမယ် ဆိုတာ သေချာပလား (သေချာပါတယ်)၊ ကောင်းပြီ ဒါဖြင့် ဒီအဖြေကို သုံးရက်ရှိပြီ ပဋိစ္စသမုပ္ပါဒ်နဲ့ ရှင်းပြီး ဖြေလိုက် တဲ့အတွက် တရားတစ်ပွဲလုံး ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ ဘုရား)။

ရှုလိုက်တော့ သံယောဇဉ်လာသေးရဲ့လား (မလာပါဘူး ဘုရား)၊ မလာရင် ဘာတုံး (နိဗ္ဗာန်ရပါမယ်)၊ နိဗ္ဗာန် ရမယ် ဒီဇာတိ ဇရာ မရဏ လာသေးရဲ့လား (မလာပါဘူး)၊ ဇာတိချုပ်တာ ဘာခေါ်မယ် (နိဗ္ဗာန်ပါ)။

ဇရာချုပ်တာ (နိဗ္ဗာန်ပါ)။

မရဏချုပ်တာ (နိဗ္ဗာန်ပါ)။

အဲဒါ သံယောဇဉ် နောက်ထပ်မလာဘဲ ဒီကိုယ့်စိတ်ကို ကိုယ်အကဲခတ်လိုက်တာနဲ့ သံယောဇဉ်တွေက နောက် က ချုပ်သွားတယ် (မှန်လှပါ)။

သံယောဇဉ်တွေက နောက်က ချုပ်သွားတော့ကို စုတိမနေ သေလွန်တော့ ဇာတိ ဇရာ မရဏတွေကော မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ လာသေးရဲ့လား (မလာပါဘူး)၊ မလာတော့ ဇာတိချုပ်ရာ နိဗ္ဗာန်၊ ဇရာချုပ်ရာ (နိဗ္ဗာန်ပါ)၊ မရဏချုပ်ရာ (နိဗ္ဗာန်ပါ)၊ ဪ…နိဗ္ဗာန်သည် ဒကာ ဒကာမတို့ မဂ်ဝင်မှ ရတယ်ဆိုတာ သေချာပလား (သေချာပါတယ်)။

ကိုယ့်စိတ်ကို ကိုယ်အကဲခတ်မှ ဘာရတုံး (နိဗ္ဗာန်ရပါတယ်)၊ နိဗ္ဗာန်ရနိုင်တယ်ဆိုတာကော ယနေ့ ရှင်းပါ ပလား (ရှင်းပါပြီ)၊ သေသေချာချာ မှတ်ပါတဲ့ ဒီဥစ္စာ အတော်အရေးကြီးပါတယ် (မှန်ပါ့)၊

ဒုတိယမေးခွန်း

ကိုင်း… ဒါဖြင့် လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နတ်ရွာသုဂတိ ရောက်နိုင်သလား…တဲ့၊ ဒုတိယမေးခွန်း။

ဒကာ ဒကာမတွေ ဘာတဲ့တုံး ဒုတိယမေးခွန်းက (လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နတ်ရွာသုဂတိ ရောက် နိုင်သလား)၊ အဲဒီကျတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (ရောက်နိုင်တယ်)၊ ရောက်နိုင်တယ်ကွတဲ့၊ လူဟာ ဥပမာမယ် ဆွမ်းလှူလိုက်တယ်-ကွမ်းလှူလိုက်တယ်၊ ဒကာ ဒကာမတွေက ဘုရားလှူလိုက်တယ်-ရှိခိုးလိုက်တယ်၊ ဒီရှိခိုးရတဲ့ အကြောင်းကြောင့် စုတိမနေ သေလွန်သည်၏ အခြားမဲ့၌ လူချမ်းသာ နတ်ချမ်းသာ ရရပါလို၏ဆိုတော့ လူချမ်းသာ နတ်ချမ်းသာ လိုချင်တဲ့ တဏှာဆန္ဒက မလာဘူးလား (လာပါတယ် ဘုရား)။

မရ မရှိပါရစေနဲ့ဆိုတော့ ဥပါဒါန်ကော (လာပါတယ် ဘုရား)၊ ခုနက ဒီအားထုတ်တဲ့ ဒါန သီလတွေ အား ထုတ်တဲ့ ကာယကံ ဝစီကံတွေကကော ဒီဘက်က မလာဘူးလား (လာပါတယ် ဘုရား)၊ ဒီတဏှာ ဥပါဒါန် ကံတွေ ကြောင့် စုတိမနေ သေလွန်သည်၏ အခြားမဲ့၌ ဟော…နတ်ကောင်ကြီးပေါ်မှာပဲ၊ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

လူကောင် နတ်ကောင် မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)၊ ဒါကတော့ ဒကာ ဒကာမတွေ ဒီကံကလေး တဏှာပဲ အုပ်ချုပ်တယ်၊ တဏှာ ဥပါဒါန်တွေ အုပ်ချုပ်တယ် ကံက ကံကောင်းဖြစ်နေတယ်၊ ကမ္မဿကတာကံ ဖြစ် နေတယ် (မှန်လှပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိ ရောက်နိုင်ပါ့မလား လို့ဆိုရင် ဘယ့်နှယ်ဖြေကြမလဲ (ရောက်နိုင်ပါတယ် ဘုရား)။

ဒီ…ကြည့်…ခင်ဗျားတို့ ဟောဒါလူပဲ၊ ကိုယ့်ကိုယ်ကိုယ် ခင်တဲ့အတွက် နောက်ဘဝကိုလည်း ကိုယ့်ကိုယ် ကိုယ် ကောင်းစားတာကိုသာ သဘောကျတဲ့အတွက်ဆိုတော့ ဒီဘဝမှာလည်း ကိုယ့်ကိုယ်ကိုယ် ခင်တဲ့တဏှာ မလာ ဘူးလား (လာပါတယ် ဘုရား)၊ စွဲလမ်းတဲ့ ဥပါဒါန်ကော (လာပါတယ် ဘုရား)၊ ကိုယ့်ကိုယ်အတွက် အားထုတ်တဲ့ ဒါန သီလ (လာပါတယ် ဘုရား)။

အဲဒါတွေကြောင့် သေသည်၏ အခြားမဲ့၌ ဟောဒီနတ်ကောင် လူကောင်တွေ ဖြစ်ထိုက်… မဖြစ်ထိုက် (ဖြစ်ထိုက်ပါတယ် ဘုရား)၊ သံယောဇဉ်ကြောင့်ကို ဖြစ်သွားတယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ သံယောဇဉ်ကြောင့် မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ သံယောဇဉ်ဆိုပေမယ်လို့ ဒီကံက သူက သံယောဇဉ် အုပ်ချုပ်တဲ့ ကံသာ ဖြစ်နေတော့ ဒီကံကတော့ ကုသိုလ်ကံပဲ၊ ဒါန သီလ ပြုလုပ်တဲ့ကံဆိုတော့ သဘောကျပလား (ကျပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားကို ဒုတိယဆက်ပြီး ဝစ္ဆပရိဗိုဇ်က မေးတော့ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲ နဲ့ သုဂတိရောက်နိုင်သလားလို့ မေးတော့ ဘုရားက ဖြေလိုက်တယ်၊ တစ်ရာမကဘူး တစ်ထောင်မကဘူး တစ်သောင်း မကဘူး တစ်သိန်းမကဘူး တစ်သန်းမကဘူးကွ ရောက်တယ်တဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘုရားဖြေပုံကော ကျေနပ်ပလား (ကျေနပ်ပါတယ်)၊ ဘယ်လောက်ရောက်နိုင်သတဲ့တုံး (တစ်သိန်း၊ တစ်သန်းမက ရောက်နိုင်ပါသတဲ့)၊ အေး… ရာပေါင်း ထောင်ပေါင်းမက ရောက်နိုင်ပါတယ်ကွဆိုတာကော သေချာကြပလား (သေချာပါတယ်)။

ဒါဖြင့် သံယောဇဉ်ဆိုတဲ့တရားဟာ တဏှာ ဥပါဒါန် ကံဆိုတဲ့ တရားတွေဟာ ဒကာ ဒကာမတို့ နိဗ္ဗာန်တော့ ထားတယ်၊ သုဂတိတော့ ရောက်အောင်ပို့တယ် (မှန်ပါ့)၊ နှစ်ချက်ယူပါ (မှန်လှပါ ဘုရား)။

နိဗ္ဗာန်ကျတော့ (တားပါတယ်)။

သုဂတိကျတော့ (ရောက်အောင်ပို့ပါတယ်)။

ရှင်းကြပလား (ရှင်းပါပြီ)၊ အေး… ဒါကို သေသေချာချာ သိထားတော့မှတဲ့ ဘာလုပ်လုပ် ခင်ဗျားတို့ ဒီတဏှာ ဥပါဒါန်မပါဘဲနဲ့ ကံတွေကို လုပ်လို့ရှိရင် ဒီဒါနအလှူပွဲကြီး လှူရတဲ့အတွက် ကျောင်းဆောက်တဲ့အတွက် ဘုရားတည်ရတဲ့အတွက် ဇာတိ ဇရာ မရဏတို့၏ ချုပ်ရာ သိမ်းရာ ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကိုသာ ရောက်ရပါလို၏ ဆိုတော့ ဝိဝဋ္ဋကံတွေ လုပ်လိုက်ပြန်တော့လည်း ဒီတဏှာပါသေးရဲ့လား (မပါပါဘူး ဘုရား)။

အဲ… ဝိဝဋ္ဋကံ လုပ်လိုက်ပြန်တဲ့အခါကျလို့ရှိရင် သူသည် ဥပနိဿယသတ္တိနဲ့ အားကြီးသောအကြောင်းနဲ့ ကျေးဇူးပြုလိုက်တော့ နောက် ဝိပဿနာတွေလည်း ရှုလိုက်တော့ ရောက်သွားတယ် (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် ဥပထမ္ဘကတော့ သေသေချာချာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲ… တဏှာ ဥပါဒါန် မပါရင်တော့ ရောက်ပါတယ်၊ ဒါန သီလ ကံတွေနဲ့လေ (မှန်ပါ ရောက်ပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ တဏှာ ဥပါဒါန် အုပ်ချုပ်နေရင်တော့ (မရောက်ပါဘူး)၊ မရောက်ပေဘူးဆိုတာ သဘော ကျပလား (ကျပါပြီ)။

ဒါကြောင့် ဝစ္ဆပရိဗိုဇ်က သေသေချာချာ ဘုရားကိုမေးတဲ့အခါကျတော့ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလားဆိုတုန်းက ဘုရား ဘယ့်နှယ်ဖြေသလဲ (မရပါဘူး ဘုရား)၊ မရဘူးဖြေတယ် (မှန်ပါ့)၊ လူဟာ လူ့သံယော ဇဉ် မစွန့်ဘဲနဲ့ သုဂတိရောက်နိုင်ပါ့မလားဆိုတော့ (ရောက်နိုင်ပါတယ်)။

ရောက်နိုင်တယ်လို့ ဖြေလိုက်တယ် (မှန်ပါ့)၊ ဒါဖြင့် ပုစ္ဆာနှစ်ချက် ပြီးသွားတာပေါ့ဗျာ (မှန်လှပါ)၊ ကိုင်း ဒီနေ့ နောက်နှစ်ချက်ပါ ရှင်းပေးပါ့မယ် (မှန်ပါ့ ဘုရား)၊ နောက်နှစ်ချက်က ဒကာ ဒကာမတို့ ဒါဗဟုသုတဖြစ်အောင် သေ သေချာချာမှတ်ပါ၊

အာဇီဝက ပရိဗိုဇ်တွေ နိဗ္ဗာန်ရောက်နိုင်ရဲ့လား

နောက်နှစ်ချက်က ဘာပါလိမ့်မတုံး မေးတဲ့အခါကျတော့ ကျုပ်တို့ ဒီအဝတ် မဝတ်တဲ့ ပုဂ္ဂိုလ်တွေ ကို ဦးခင်မောင်တို့ မြင်ဖူးမှာပေါ့ဗျာ၊ တရားကျင့်နေတာ အဝတ် မဝတ်တဲ့ပုဂ္ဂိုလ်တွေ (မှန်လှပါ)။

မရှိကြဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒီ မိစ္ဆာဒိဋ္ဌိ အကျင့်တွေ မများဘူးလား၊ တချို့ အိန္ဒိယမှာ ခုတိုင်ရှိနေ တာတွေ တစ်ပုံကြီး ရှိကြပါလိမ့်မယ်နော် (မှန်လှပါ)၊ အဲဒီတော့ ဒကာ ဒကာမတွေ ဒီလိုစဉ်းစားပါတဲ့၊ စဉ်းစားစရာ က အရှင်ဘုရားတဲ့ တပည့်တော်မသိလို့ မေးပါရစေတဲ့ ဝစ္ဆပရိဗိုဇ်က လျှောက်တယ်၊ ဒီအဝတ် မဝတ်ဘဲနဲ့ ကိုယ့်ကိုယ် ကိုယ် ဆင်းရဲခံပြီး ကျင့်နေတဲ့ အာဇီဝကတို့ဆိုတာတွေ နိဗ္ဗာန်များ ရောက်နိုင်ရဲ့လားတဲ့။

ဒီလိုမေးလိုက်တယ်နော်…၊ အာဇီဝက ပရိဗိုဇ်တွေ နိဗ္ဗာန်ရောက်နိုင်ရဲ့လား…လို့ မေးလိုက်တယ် (မှန်ပါ့ ဘုရား)၊ ဘုရားက မရောက်နိုင်ဘူးလို့ ဖြေလိုက်တယ်၊ သဘောကျပလား (မှန်လှပါ ဘုရား)၊ ဒါက သူ မိစ္ဆာဒိဋ္ဌိ အုပ် ချုပ်နေတာ ဒကာ ဒကာမတွေ ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါဘူး ဘုရား)၊ မိစ္ဆာဒိဋ္ဌိ အုပ်ချုပ်နေတဲ့အတွက် နိဗ္ဗာန်ဟာ ဘယ့်နှယ်တုံး (မရောက်နိုင်ပါဘူး)။

ဒိဋ္ဌိဟာ နိဗ္ဗာန်ကို အမြဲတားတဲ့တရားဆိုတာ သေချာပလား (သေချာပါတယ်)၊ ကောင်းပြီ ဒါဖြင့် ဘုရား အာဇီဝကတွေသည် အာဇီဝကအဖြစ်နဲ့ နိဗ္ဗာန်ရောက်နိုင်ပါ့မလားလို့ မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသတုံး (မရောက် နိုင်ပါဘူးတဲ့)၊ ဒါက သုတ္တန်ကအဆို၊ ဒါက ယခုဖြေတာ ဘုရားရှင်က ဖြေတာ၊ ဘုန်းကြီးအဖြေပေးဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။

မလိုတော့ပါဘူး မိစ္ဆာဒိဋ္ဌိ အုပ်ချုပ်နေတာကိုး (မှန်လှပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ကောင်းပြီ- တစ်ခါ ဆက်မေးတယ်၊

အာဇီဝကတွေ နတ်ရွာသုဂတိများ ရောက်နိုင်ပါသလား

အဲဒီ အာဇီဝကတွေဟာ သုဂတိများကော မရောက်နိုင်ဘူးလားတဲ့၊ မရောက်ဘူးကွာတဲ့ ဖြေလိုက်ပြန် တယ်၊ အာဇီဝကတွေ နတ်ရွာသုဂတိများ ရောက်နိုင်ပါသလားလို့ မေးတော့ ဘယ့်နှယ်ဖြေသလဲ (မရောက်ဘူးလို့ ဖြေတယ်)။

တစ်ယောက်တည်းတော့ ရှိသကွာတဲ့ (မှန်လှပါ)၊ တစ်ယောက်တည်းတော့ ရှိတယ်တဲ့၊ တစ်ယောက်တည်းက ဒကာ ဒကာမတို့ သူကိုယ်တိုင် ဟိုနုစဉ်အခါတုန်းက မှားပြီးကျင့်ဖူးတယ်၊ ဘုရားအလောင်း ဘုရားအလောင်းနော် (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ)၊ သူကတော့ အာဇီဝကအကျင့်တော့ ကျင့်တာပဲ၊ သို့သော်လည်း သူဟာ ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ်ဆိုတဲ့ စိတ်ကလေးက သူ့မှာရှိတယ် (မှန်ပါ့)၊ ဒါကြောင့် သူဖိပြီးသကာလ လုပ်တာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

အကုန် ခြိုးခြံတာပဲ၊ ခြိုးခြံတာဟူသ၍ အကောင်းချည်းပဲလို့ သူ့စိတ်ထဲမှာဖြင့် ယူတဲ့အတွက်တဲ့၊ အဲ သူတစ် ယောက်တော့ဖြင့် သုဂတိ ရောက်ဖူးတာ ငါသည်ကားလို့ဆိုရင်ဖြင့် ကမ္ဘာအပေါင်းများစွာ ပြန်ကြည့်တာ ဒီတစ်ယောက် တည်းပဲ တွေ့ဖူးတဲ့ (မှန်လှပါ)။

ကမ္မဝါဒီမို့ ကျန်နေတယ်

ငါအာဇီဝက ဖြစ်စဉ်အခါတုန်းက ငါတစ်ယောက်တည်း သုဂတိရောက်တာ တွေ့ဖူးတယ်။ ကျန်တဲ့ အာဇီဝက တွေ လုံးဝမရောက်ဖူးဘူးတဲ့၊ သဘောပါကြလား (ပါပါတယ်)၊ သူကတော့ ကမ္မဝါဒီမို့ ကျန်နေတယ် ဦးခင်မောင်ရေ (မှန်လှပါ ဘုရား)။

ကမ္မဝါဒီမို့ ကမ္မဿကတာဉာစ်ကလေးနဲ့ သူက အားထုတ်တယ် ရှင်းပလား (ရှင်းပါပြီ)၊ ဘာနဲ့ အားထုတ် တာပါလိမ့် (ကမ္မဿကတာဉာဏ်နဲ့ အားထုတ်ပါတယ်ဘုရား)၊ ကမ္မဿကတာဉာဏ်နဲ့ အားထုတ်လိုက်တဲ့အတွက် ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ်ဆိုတဲ့ ဉာဏ်ကလေးကြောင့် သူတစ်ယောက်တော့ဖြင့် ရောက်ဖူးတယ်တဲ့။

ကျန်တဲ့ အာဇီဝကတွေဟာဖြင့် ငါသည် ၉၁ ကမ္ဘာပြန်ပြီး လျှောက်ကြည့်တယ်၊ တစ်ယောက်မှ မတွေ့ဘူးကွ တဲ့၊ ငါ သဗ္ဗညုတဉာဏ်နဲ့ လျှောက်ကြည့်လိုက်တယ်တဲ့၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတို့ ပုစ္ဆာ လေးချက် ရှင်းသွားပြီမဟုတ်လား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အဲဒီ ဝစ္ဆပရိဗိုဇ်က အရှင်ဘုရားတဲ့ တပည့်တော် ယခု လေးချက်မေးတော့ အရှင်ဘုရားက လေးချက် လုံး ဖြေလိုက်ပါတယ်တဲ့။

မိစ္ဆာဒိဋ္ဌိ ဦးစီးပြီး လုပ်နေတဲ့အလုပ်ဟူသ၍

ဒီမိစ္ဆာဒိဋ္ဌိလုပ်နေတဲ့အလုပ်ဟူသ၍သည် မိစ္ဆာဒိဋ္ဌိ ဦးစီးပြီးသကာလ လုပ်နေတဲ့အလုပ်ဟူသ၍သည် နိဗ္ဗာန် မဆိုထားပါနဲ့ သုဂတိတောင် မရောက်နိုင်ဘူးဆိုတာ သေချာပါပြီ ဘုရားဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒကာ ဒကာမတွေ ဘာတဲ့တုံး ဒုတိယမေးခွန်းက (လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နတ်ရွာသုဂတိ ရောက် နိုင်သလား)၊ အဲဒီကျတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (ရောက်နိုင်တယ်)၊ ရောက်နိုင်တယ်ကွတဲ့၊ လူဟာ ဥပမာမယ် ဆွမ်းလှူလိုက်တယ်-ကွမ်းလှူလိုက်တယ်၊ ဒကာ ဒကာမတွေက ဘုရားလှူလိုက်တယ်-ရှိခိုးလိုက်တယ်၊ ဒီရှိခိုးရတဲ့ အကြောင်းကြောင့် စုတိမနေ သေလွန်သည်၏ အခြားမဲ့၌ လူချမ်းသာ နတ်ချမ်းသာ ရရပါလို၏ဆိုတော့ လူချမ်းသာ နတ်ချမ်းသာ လိုချင်တဲ့ တဏှာဆန္ဒက မလာဘူးလား (လာပါတယ် ဘုရား)။

မရ မရှိပါရစေနဲ့ဆိုတော့ ဥပါဒါန်ကော (လာပါတယ် ဘုရား)၊ ခုနက ဒီအားထုတ်တဲ့ ဒါန သီလတွေ အား ထုတ်တဲ့ ကာယကံ ဝစီကံတွေကကော ဒီဘက်က မလာဘူးလား (လာပါတယ် ဘုရား)၊ ဒီတဏှာ ဥပါဒါန် ကံတွေ ကြောင့် စုတိမနေ သေလွန်သည်၏ အခြားမဲ့၌ ဟော…နတ်ကောင်ကြီးပေါ်မှာပဲ၊ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

လူကောင် နတ်ကောင် မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)၊ ဒါကတော့ ဒကာ ဒကာမတွေ ဒီကံကလေး တဏှာပဲ အုပ်ချုပ်တယ်၊ တဏှာ ဥပါဒါန်တွေ အုပ်ချုပ်တယ် ကံက ကံကောင်းဖြစ်နေတယ်၊ ကမ္မဿကတာကံ ဖြစ် နေတယ် (မှန်လှပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိ ရောက်နိုင်ပါ့မလား လို့ဆိုရင် ဘယ့်နှယ်ဖြေကြမလဲ (ရောက်နိုင်ပါတယ် ဘုရား)။

ဒီ…ကြည့်…ခင်ဗျားတို့ ဟောဒါလူပဲ၊ ကိုယ့်ကိုယ်ကိုယ် ခင်တဲ့အတွက် နောက်ဘဝကိုလည်း ကိုယ့်ကိုယ် ကိုယ် ကောင်းစားတာကိုသာ သဘောကျတဲ့အတွက်ဆိုတော့ ဒီဘဝမှာလည်း ကိုယ့်ကိုယ်ကိုယ် ခင်တဲ့တဏှာ မလာ ဘူးလား (လာပါတယ် ဘုရား)၊ စွဲလမ်းတဲ့ ဥပါဒါန်ကော (လာပါတယ် ဘုရား)၊ ကိုယ့်ကိုယ်အတွက် အားထုတ်တဲ့ ဒါန သီလ (လာပါတယ် ဘုရား)။

အဲဒါတွေကြောင့် သေသည်၏ အခြားမဲ့၌ ဟောဒီနတ်ကောင် လူကောင်တွေ ဖြစ်ထိုက်… မဖြစ်ထိုက် (ဖြစ်ထိုက်ပါတယ် ဘုရား)၊ သံယောဇဉ်ကြောင့်ကို ဖြစ်သွားတယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ သံယောဇဉ်ကြောင့် မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ သံယောဇဉ်ဆိုပေမယ်လို့ ဒီကံက သူက သံယောဇဉ် အုပ်ချုပ်တဲ့ ကံသာ ဖြစ်နေတော့ ဒီကံကတော့ ကုသိုလ်ကံပဲ၊ ဒါန သီလ ပြုလုပ်တဲ့ကံဆိုတော့ သဘောကျပလား (ကျပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားကို ဒုတိယဆက်ပြီး ဝစ္ဆပရိဗိုဇ်က မေးတော့ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲ နဲ့ သုဂတိရောက်နိုင်သလားလို့ မေးတော့ ဘုရားက ဖြေလိုက်တယ်၊ တစ်ရာမကဘူး တစ်ထောင်မကဘူး တစ်သောင်း မကဘူး တစ်သိန်းမကဘူး တစ်သန်းမကဘူးကွ ရောက်တယ်တဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘုရားဖြေပုံကော ကျေနပ်ပလား (ကျေနပ်ပါတယ်)၊ ဘယ်လောက်ရောက်နိုင်သတဲ့တုံး (တစ်သိန်း၊ တစ်သန်းမက ရောက်နိုင်ပါသတဲ့)၊ အေး… ရာပေါင်း ထောင်ပေါင်းမက ရောက်နိုင်ပါတယ်ကွဆိုတာကော သေချာကြပလား (သေချာပါတယ် ဘုရား)၊ ပြုတ်လို့ရှိရင် ဒီဝိပဿနာသည် သောတာပန် အမြန်ဆုံးတည်နိုင်တယ်လို့ သမ္မောအဋ္ဌကထာဆရာ ဖွင့်ထားတာကော ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ဒါဖြင့် တရားလည်း ဆုံးပါတော့မယ် ဒကာ ဒကာမတို့… ဟင်… အချိန်စေ့နေပြီ နာရီက။

ဘယ်သူ့စိတ်ကို ရှုရမှာလဲ

ဘာရှုကြရ မှာတုံး (ဝိပဿနာရှုရမှာပါ ဘုရား)၊ ဘယ်သူ့စိတ်ကို ရှုရမှာလဲ (ကိုယ့်စိတ်ကို ရှုရမှာပါ ဘုရား)၊ အဲ… ကိုယ့်စိတ် ကိုယ်ရှုပြီးသကာလ နေကြပါဆိုတော့ ၁ နံပါတ်ကို၊ ၂ နဲ့ရှုပါ (မှန်ပါ့)။

၁ ကို (၂ နဲ့ ရှုရမယ်)။

၁ က ဖြစ်ပျက် (၂ က မဂ်ပါ)။

၁ က ဖြစ်ပျက် (၂ က မဂ်ပါ)။

၁ က ဖြစ်ပျက် (၂ က မဂ်ပါ)။

ဒီအတိုင်းသာ သွားနေလို့ရှိရင် ဦးခင်မောင် ဘယ်မှာဒိဋ္ဌိတွေ လာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး ဘုရား)၊ ဒိဋ္ဌိ-ဒိဋ္ဌုပါဒါန်ကော လာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး ဘုရား)၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံတွေကော (မလာနိုင်ပါဘူး ဘုရား)၊ မကြာခင် သောတာပန် တည်နိုင်ပါတယ်ဆိုတာ ဒကာ ဒကာမတို့ ဒီအတိုင်းသာလုပ်၊ ညနေ အားထုတ် နံနက်ရနိုင်ပါတယ် (မှန်ပါ့)၊ သဘောပါကြရဲ့လား (ပါပါတယ်)။

ကိုင်း… ဒီတွင် တော်ကြဦးစို့။

သာဓု … သာဓု … သာဓု …။