10305

မာတိကာသို့

အချိန်ကာလ၏ စားဖတ် ဝါးဖတ်မဖြစ်စေရေးတရားတော်

ကျေးဇူးတော်ရှင် အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း

မိုးကုတ်ဆရာတော်ဘုရား မန္တလေးမြို့-ဦးချစ်ဆွေ ဓမ္မာရုံ၌

ဟောကြားတော်မူသော

အချိန်ကာလ၏ စားဖတ် ဝါးဖတ်ဖြစ်ပုံ

ဒေသနာတော်

(၃-၂-၆၁)

ဘယ်သူ က စား-ဝါးနေပါလိမ့်

အားလုံးတရားနာလာကြတဲ့ ဒကာ ဒကာမတွေ မိမိခန္ဓာကိုယ်ကြီး ဘာဖြစ်နေတယ်ဆိုတာ သိဖို့အရေးကြီးပါတယ်။ မိမိခန္ဓာကိုယ်ကြီးကို နံနက်ကာလ ညကာလတွေက စား-ဝါးပြီး မျိုတယ်လို့ မှတ်ထားလိုက်စမ်းပါ၊ မိမိခန္ဓာကိုယ်ကြီးဘယ်သူ က စား-ဝါးနေပါလိမ့် (နံနက်ကာလ ညကာလက စား-ဝါးနေပါတယ်ဘုရား)။

နံနက်ကာလ ညကလာတွေက စား-ဝါးပြီးသကာလ နေသောကြောင့် ပျိုရုပ်တွေ အကုန်ပျောက်ပြီး အိုရုပ်တွေ ပေါ်ပေါက်လာတယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ ကာလစားမှုပဲလို့ သေသေချာချာ မှတ်ကြပါ၊ (မှန်ပါ့)၊ ဘယ်လိုမှတ် ကြမယ် (ကာလစားမှုပါ) ကာလစားမှုဆိုတာ သေချာကြပလား (သေချာပါတယ်ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ဒီဘဝမှာလည်း နံနက်ကာလ ညကာလ ရှိနေတော့ အိုနေတာပဲ၊ နတ်ပြည်သွား နေမယ်၊ ဗြဟ္မာပြည်သွားနေမယ်ဆိုတော့ ဒီကာလတွေ မရှိပေဘူးလား (ရှိပါတယ်ဘုရား)။

ဒီကာလတွေ ရှိနေလို့ရှိရင် ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်နဲ့ ခန္ဓာဆုတောင်းတဲ့ ပုဂ္ဂိုလ်များ ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်နဲ့ပဲ အချိန်ကုန်ရပါလို၏-ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါဘူးဘုရား)။

ဉာဏ်နဲ့ နားထောင်ကြည့်ပါ ဒကာ ဒကာမတို့၊ နံနက်ကာလကလည်း အိုအောင်လုပ်တာပဲ၊ သေခါနီးဖြစ်အောင် လုပ်တာပဲ၊ သေအောင်လုပ်တာပဲ၊ (မှန်ပါ့) ညကာလကလည်း အိုအောင် သေခါနီးဖြစ်အောင် သေအောင် မလုပ်ကြဘူး လား (လုပ်ပါတယ်ဘုရား)။

သူတို့မှတ်ပြီးသကာလ ကြီးရင့်တာတွေ သေလုပြီဆိုတာက နံနက်ကာလ ညကာလတွေကို လ-လုပ်ပြီးတွက်လိုက်၊ နှစ်-လုပ်ပြီး တွက်လိုက်လို့ ဪ ဒို့လည်း နီးပါပေါ့လားဆိုတာ ဒီကာလတွေ၏ စွမ်းရည်သတ္တိပဲဆိုတာ ဒကာဒကာမ တွေ ရှင်းကြပလား (ရှင်းပါပြီဘုရား)။

ဒါဖြင့် နံနက်ကာလ ညကာလသည် ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ကို နေ့တိုင်း စား-ဝါးနေတယ်ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါဘူးဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဘာဆုတောင်းတောင်း ကာလလက်တွင်းမှာပဲ ခေါင်းစင်းအပ်ရလိမ့်မယ်ဆိုတဲ့ဥစ္စာ ငြင်းဖို့ လိုသေးသလား (မလိုပါဘူး)။

ကာလ၏ စားဖတ် ဝါးဖတ်

ဒါဖြင့် ဘယ်ဘဝ ဘယ်ဘုံ ဘယ်ဌာနမှာမှ ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်မှ လွတ်ပါ့မလဲလို့ မေးဖို့ မလိုဘူး လား (လိုပါတယ်ဘုရား) သုံးဆယ့်တစ်ဘုံ ပြင်ဘက်ထွက်မှ ရမယ်။ (မှန်ပါ့ဘုရား) ဘယ်လိုမှတ်ကြမယ် (သုံးဆယ့်တစ်ဘုံ ပြင်ဘက်ထွက်မှ ရမှာပါဘုရား)။

သုံးဆယ့်တစ်ဘုံ အပြင်ဘက်ထွက်မှ ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်နဲ့ နေခြင်းမှ လွတ်လိမ့်မယ်လို့ ဆိုတာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ဖို့ပါပဲ၊ (မှန်ပါ့ဘုရား) သဘောကျကြပလား (မှန်ပါ့)။

ဒါဖြင့် နက်ဖြန်မနက် မိုးလင်းလို့ရှိရင်လည်း ဒကာ ဒကာမတွေ၏ အသားတွေ အရိုးတွေ ကာလစားတာနဲ့ လျှော့ပါးလိမ့်မယ်ဆိုတာလည်း ငြင်းဖို့ လိုသေးသလား (မလိုပါဘူးဘုရား) ညအိပ်ရာဝင်တော့ ကိုယ်ကသာ အိပ်ရာဝင်နေ တယ် ကာလက မစားဘူးလား မေးလို့ရှိရင် (စားပါတယ်ဘုရား) ညကာလက စားပြန်တာပဲ (မှန်ပါ့) သဘောပါကြလား (ပါ-ပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ ပဋိသန္ဓေနေတဲ့ အချိန်ကစပြီး ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်နဲ့ ကျုပ်တို့ အမှုထမ်း ပြီး ခန္ဓာနဲ့ အမှုထမ်းခဲ့ရတာ ရှေ့နောက်စွန်းတွေ ကာလလက်တွင်းမှာ အသေကောင် အပ်ရလိမ့်မယ်ဆိုလို့ရှိရင်လည်း ငြင်းဖို့ရာ လိုသေးသလား (မလိုပါဘူးဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်မှ လွတ်အောင် ဘယ်လိုကြိုးစားကြမလဲလို့ မေးတဲ့ အခါကျတော့ နေမရှိ-လမရှိတဲ့ နိဗ္ဗာန်ကို သွားနေမှ ကာလလည်း ပျောက်သွားမယ် (မှန်လှပါဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နေတွေ လတွေကြောင့် ညကာလ နေ့ကာလ မဖြစ်ရဘူးလား (ဖြစ်ရပါတယ်ဘုရား)၊ ဒါဖြင့် ဒီနေလတွေမရှိတဲ့ နိဗ္ဗာန်မှာ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေဟာ အိုမှုဘိစီး နာမှုဘိစီး သေမှုဘိစီး ဖြစ်နိုင်စရာ ရှိသေးရဲ့လား (မရှိပါဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီတရားကို ဉာဏ်နဲ့ နားထောင်ကြည့်လို့ရှိရင်ဖြင့် ဪ ဟုတ်ပါလားဆိုတာ ပေါ်လာလိမ့်မယ်နော် (မှန်ပါ့ဘုရား) သဘောပါပလား (ပါ-ပါပြီဘုရား)။

ဦးခင်မောင်တို့ ခင်ဗျားတို့-ကျုပ်တို့ကို ဘယ်သူက စားနေပါလိမ့် (ကာလက စားနေပါတယ်ဘုရား) အားလုံး နောက်က ဒကာ ဒကာမတွေ ဘယ်သူက စား ဝါးနေပါလိမ့် (ကာလက စားဝါးနေပါတယ်ဘုရား) ကာလက စားဝါးနေ တယ်ဆိုတာ သဘောကျပလား (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ကာလဆိုတာသည် နေတို့ လတို့ကြောင့် ဖြစ်လာတာ (မှန်ပါ့) နံနက်ကာလဆိုတာလည်း နေကြောင့် ဖြစ်တာ၊ ညကာလဆိုတာလည်း လကြော့် ဖြစ်လာတာ။

အဲဒီကာလတွေသည် ဒကာ ဒကာမတွေကို အမြဲ သုံးဖြုန်းပြီးသကာလ စားသောက်ပစ်လိုက်တာ ခင်ဗျားတို့ အမေတွေ အဖေတွေဟာလည်း ကြီးရင့်လို့ သေကုန်ပြီဆိုတာလည်း ကာလ စားသွားတာပဲ (မှန်ပါ့ဘုရား) ဒီ အခုကျန်ရစ် တဲ့ သားတွေ မြေးတွေလည်း ဘယ်သူ စားနေတယ်ဆိုတာ အကဲခတ်ကြည့်ပါဦး၊ (ကာလ စားနေပါတယ်ဘုရား) ကာလ စားနေတာပဲဆိုတာ သဘောပါကြလား (ပါ-ပါတယ်ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ကာလလက်တွင်းမှာပဲ ဘဝပေါင်းများစွာ ခန္ဓာကိုယ် ခေါင်းစင်းပြီး အပ်ခဲ့ရတယ်ဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါဘူးဘုရား)။

အဲဒါ ဘယ်တော့မှာလဲ ကာလပြင်ဘက်မှာ ထွက်မယ်ဆိုတာ စိတ်ကူးမလာတာလဲ အတော်ဆိုးဝါးတယ်လို့ ဆို လို့ရှိရင်ဖြင့် ဦးခင်မောင်တို့ မောင်ကိုတို့ ငြင်းဖို့လိုသေးသလား (မလိုပါဘူးဘုရား) ကာလပြင်ဘက်မှာ ရှိတယ်လို့ မသိတဲ့ ဉာဏ်သည် ကားလို့ ဆိုလို့ရှိရင် အလွန်ဆိုးဝါးတဲ့ ဉာဏ်ပဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကာလပြင်ဘက် ထွက်ကြရအောင် (မှန်ပါ့) ဘယ်ထွက်ကြရမယ် (ကာလပြင်ဘက်ပါ ဘုရား)။

နံနက်ကာလ ညကာလမရှိတဲ့ နေရာဌာန ကျုပ်တို့ သွားနေလို့ရှိရင်ဖြင့် ကြီးပဟ အိုပဟ သေခါနီးပဟလို့ကာလ စားလို့ ဝါးလို့ ရော့ရဲတဲ့အဓိပ္ပာယ် ကုန်ပျောက်တဲ့ အဓိပ္ပာယ် ဦးခင်မောင် ရှိသေးရဲ့လား (မရှိတော့ပါဘူးဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်လိုလုပ်ကြမယ် စိတ်ကူးသလဲလို့ မေးလို့ရှိရင် ကာလပြင်ဘက်ထွက်အောင် စိတ် ကူးရမယ်ဆိုတဲ့ဥစ္စာ ယနေ့တရား စပြီး ပြောပါတယ် (မှန်ပါ့ဘုရား) ဘယ်ပြင်ဘက် ထွက်ကြရမယ် (ကာလပြင်ဘက် ထွက်ကြရမယ်) ကာလပြင်ဘက်ကို ထွက်ကြရပါလိမ့်မယ် (မှန်ပါ့)။

ကာလပြင်ဘက်မှ မထွက်နိုင်လို့ရှိရင်လည်း တော်တော်ကြာ ကြီးပေါ့ အိုပေါ့ သေပေါ့ဆိုတဲ့ အသံတွေဟာ အမြဲတမ်းဘဲ ကြားနေရလိမ့််မယ်ဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါဘူးဘုရား)။

ဒါ့ကြောင့် ဒကာ ဒကာမတို့ ကာလကချည်း ကျုပ်တို့ရဲ့ အမေ အဖေတွေကို စားသွားခဲ့ပြီ၊ ဘယ်သူ စား ဝါးပြီး ကုန်သွားပါလိမ့်မလဲဆိုတာ စဉ်းစားကြစမ်းပါဦး (ကာလ စားလို့ ကုန်သွားပါတယ်ဘုရား)။

ဘိုးတွေ ဘွားတွေ သေကုန်တာလဲ ဘယ်သူစားတယ်ဆိုတာ တွက်ဆကြည့်ပါဦး (ကာလစားသွားပါတယ်ဘုရား)၊ ကာလစားသွားတာပဲဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ်ဘုရား)။

ကောင်းပြီ ဒါဖြင့် ကျုပ်တို့ကိုကော ဘယ်သူစားမှာတုံး (ကာလစားမှာပါဘုရား) ကျုပ်တို့က မွေးဖွားထားတဲ့ သားတွေ သမီးတွေကော (ကာလစားမှာပါဘုရား) ဪ ကျုပ်တို့ အမျိုးဟာ အသေခံမျိုး ဖြစ်နေပါကလား (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ ဘယ်လိုမှတ်ကြမယ် (အသေခံမျိုး ဖြစ်နေပါတယ်ဘုရား)။

အသေခံမျိုး ဖြစ်နေလို့ရှိရင်ဖြင့် ဘယ်နေရာနေနေ ကျုပ်တို့ အသေခံမျိုးဖြစ်ပြီးသကာလ နေခဲ့သော် ဘယ်တော့မှ အန္တရာယ်ကင်းလို့ ဘေးရှင်းမယ်ဆိုတဲ့ဥစ္စာ ပြောဖို့လိုသေးသလား (မလိုပါဘူးဘုရား)။

ကာလပြင်ဘက် ထွက်ကြမှပဲ

ဒါဖြင့် ဘယ်လိုစဉ်းစားကြမတုံး၊ ကာလပြင်ဘက် ထွက်ကြမှပဲ အဖိုးတန်တော့မယ်ဆိုတာ ပေါ်ကြပလား (ပေါ် ပါပြီဘုရား) ဒကာ ဒကာမတို့ ဘယ်သူ့ပြင်ဘက် ထွက်ကြမယ် (ကာလပြင်ဘက် ထွက်ကြပါမယ်ဘုရား) ကာလပြင်ဘက် ထွက်ကြမှသာလျှင်တဲ့ ဒကာ ဒကာမတို့ ကုန်သည်ကြီးလည်း ဇာတ်သိမ်း၊ နာမည်ကြီးလည်း ဇာတ်သိမ်း၊ အဲဒီ ဇာတ်သိမ်း တဲ့ နေရာဌာနသည် ကာလ၏ ပြင်ဘက်မှာ ရှိတယ်ဆိုတာ မှတ်ထားလိုက်စမ်းပါနော် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ နံနက်ကာလ ညကာလဟာ နေ့တွေ လတွေ အမှတ်ပြုပြီးသကာလ ထားရတယ်ဆိုတဲ့ ဥစ္စာလည်း ဦးခင်မောင်တို့ မောင်ကိုတို့ ကျေနပ်ပလား (ကျေနပ်ပါပြီဘုရား)။

ဒို့ကို နေ့တိုင်း ကြီးအောင် အိုအောင် လုပ်နေတယ်၊ နေကလည်း ပူးလွန်းလို့ အိုအောင်လုပ်တယ်၊ လကလည်း အေးအောင်လို့ ထို့အတူပဲ အသက်တမ်း ဆုတ်ယုတ်အောင် လုပ်တယ်ဆိုလို့ရှိရင်လည်း လွဲပါ့မလား (မလွဲပါဘူးဘုရား)။

ဒါ့ကြောင့် ဘုရားအလောင်းငယ်စဉ်အခါတုန်းက ကာလောဘက္ခတိ ဘူတာနိ၊ ကာလော = နံနက်ကာလ ညကာ လသည်၊ ဘူတာနိ = သတ္တဝါတို့ကို၊ ဘက္ခတိ = စား၍နေ၏။

ကျုပ်တို့က ကာလပြန်စားနိုင်တဲ့ အခြေအနေမပါဘူးနော်၊ (မပါ-ပါဘူး) ကာလကသာလျှင် ကျုပ်တို့ကို စားနေ တယ်ဆိုတာကော သဘောကျပလား (ကျပါပြီ)။

အခု တရားနာနေတုန်းမှာ ဒကာ ဒကာမတွေ ဘယ်သူက ကျုပ်တို့ကို စား ဝါးနေတယ်ဆိုတာကော သဘောကျ ပလား (မှန်ပါ့ကျပါပြီ) ကာလက စား ဝါးနေတယ်ဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါဘူးဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့က ပြန်စားတဲ့နည်း ကျုပ်တို့မှာ မရှိတော့ဘူးလားလို့ မေးဖို့လိုနေတယ် (လိုပါ တယ်ဘုရား)။

ကာလကို ပြန်စားရမယ်

သူကချည်း စားဖတ် ဝါးဖတ်အဖြစ်နဲ့ ကျုပ်တို့ ခန္ဓာကိုယ်ကို သုံးစွဲပစ်လိုက်တာ ကျုပ်တို့က ကာလကို ပြန်စားတဲ့ နည်း ရှိသေးတယ်ဆိုတာလည်း မှတ်လိုက်စမ်းပါဦး (မှန်လှပါဘုရား) ကျုပ်တို့က ဘာပြန်စားရမယ် (ကာလကို ပြန်စားရ မယ်) ကာလကို ပြန်စားရမယ်ဆိုတာကော သဘောကျမလား (မှန်ပါ့ ကျပါပြီ)။

ကိုင်း- ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်ဖြစ်အောင် ကျုပ်တို့ လုပ်လိုက်ကြစို့၊ ရဟန္တာဖြစ်အောင် လုပ်လိုက်တဲ့အခါကျတော့ ရဟန္တာဖြစ်ပြီးသကာလ ပရိနိဗ္ဗာန်စံကြစို့ နော်၊ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံတဲ့အခါကျတော့ ဒကာ ဒကာမတို့ သူ့မှာ ရှေ့ကို ရဟန္တာမဖြစ်လို့ ရှိရင်ဖြင့် ကာလတွေ အများကြီးမကျန်ဘူးလား (ကျန်ပါတယ်ဘုရား)။

အဲဒီကာလတွေကို ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံတဲ့ ပုဂ္ဂိုလ်က သူ့စားမည့်ကာလတွေကို သူက စားပစ်လိုက်ပါတယ် (မှန်လှပါဘုရား) သဘောပါပလား (မှန်ပါ့ဘုရား)။

ဒါဖြင့် ရဟန္တာဖြစ်အောင် ပရိနိဗ္ဗာန်စံနိုင်တဲ့ နိဗ္ဗာန်ရောက်အောင် လုပ်နိုင်တဲ့ပုဂ္ဂိုလ်များကျတော့ သူ့လာလတ္တံ့ ဖြစ်တဲ့ သူ့ကိုစားလတ္တံ့ဖြစ်တဲ့ အနာဂတ်ကာလတွေဟာ သူကစားပစ်လိုက်တဲ့အတွက် ကာလက စားရသေးရဲ့လား (မစား ရပါဘူး)။

ဒါ- သေသေချာချာ စဉ်းစားပါ ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကို ကာလကစားတာဖြင့် ထောင်းထောင်းကျေနေ ပေါ့လို့ဆိုရင် လွဲပါ့မလား (မလွဲပါဘူးဘုရား)။

ဒါဖြင့် ဘယ်လိုလုပ်ကြမယ် (ကိုယ်က ကာလကို ပြန်စားရမယ်) ကိုယ်က ကာလကို ပြန်စားရမယ် (မှန်ပါ့) ဒကာ ဒကာမတို့ ဘယ်လိုစားကြမယ် (ကိုယ်က ပြန်စားရမယ်)။

ကိုယ်က ကာလကို ပြန်စားနိုင်တဲ့နည်းနဲ့ လုပ်ကြရလိမ့်မယ်။ နို့မို့လို့ရှိရင် ခင်ဗျားတို့ကို စားလိမ့်မယ် အားလုံး အဘိုးတွေ၊ အဘွားတွေလည်း ကာလလက်တွင်းမှာပဲ သေပွဲဝင်ခဲ့ရတယ်။ သူက မွေးထားတဲ့ သားတွေ၊ မြေးတွေကော (ကာလလက်တွင်းမှာပဲ သေရတယ်) ကာလလက်တွင်းမှာပဲ သေပွဲဝင်ခဲ့ရတယ်ဆိုတာ သဘောကျပလား (ကျပါပြီဘုရား)။

ကျုပ်တို့ မွေးထားတဲ့ နောင်လာနောက်သားတွေလည်း ဘယ်မှာ သူတို့တစ်တွေ သေပွဲဝင်ကြမယ် (ကာလလက် တွင်းမှာပဲ သေပွဲဝင်ကြပါမယ်)။

အဲဒါတွေကို ဒကာ ဒကာမတို့ ကာလကို ပြန်စားတတ်တဲ့ အလုပ်ကို မလုပ်ခြင်းကြောင့် ဒီထဲမှာပဲ သေပွဲချည်း ဝင်ရတယ်။ ဘာလဲ ဒါနတွေပြုပြီး ဆုတောင်းလိုက်၊ လူဖြစ်ရပါလို၏။ နတ်ဖြစ်ရပါလို၏၊ ကာလ စားဖတ် ဝါးဖတ်ဖြစ်ရပါ လို၏။ မကျဘူးလား (ကျပါတယ်ဘုရား) နတ် ဖြစ်ရပါလို၏ဆိုရင်ကော (ကာလ စားဖတ် ဝါးဖတ်ပါဘုရား) ဗြဟ္မာဖြစ် ရပါလို၏ဆိုရင်ကော (ကာလ စားဖတ် ဝါးဖတ်ပါပဲ ဘုရား) ကာလစားဖတ် ဝါးဖတ် ဖြစ်ရပါလို၏ဆိုရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ တောင်းသ၍ဆုသည် သူများစားဖို့ အထည်လုပ်ပေးတာပဲ (မှန်ပါ့ဘုရား) သဘောကျပလား (မှန်ပါ့) ခင်ဗျားတို့ တောင်းတဲ့ဆုသည် (သူများစားဖို့ အထည်လုပ်ပေးတာပါဘုရား) လုပ်ကောင်း-မလုပ်ကောင်း စဉ်းစား စမ်းပါ (မလုပ်ကောင်းပါဘူး ဘုရား)။

မလုပ်ကောင်းသော ခင်ဗျားတို့ အတင့်ရဲလှချည့်ကလား၊ ဒီဘဝက စုတေမနေ သေလွန်ရသည်ရှိသော် လူကောင်း နတ်ကောင်း ဖြစ်ရပါလို၏ ဆိုတာ၊ အခု ဒီ အဓိပ္ပာယ်မျိုးကို မသိလို့ မောင်ကိုတို့ ရောင်ဝါးဝါးဖြစ်နေတာပဲဆိုရင်ကော လွဲသလား (မလွဲပါဘူး) ဦးခင်မောင် ရိပ်မိပြီနော် (ရိပ်မိပါပြီ) နောက်က ဒကာ ဒကာမတွေ ရိပ်မိကြရဲ့လား (ရိပ်မိပါတယ် ဘုရား)။

ကာလလက်တွင်းအပ်ရမှာ

ကဲ နတ်ဖြစ်ရပါလို၏ဆိုရင် ဘယ်သူ့လက်တွင်း အပ်ရမှာတုံး (ကာလလက်တွင်းအပ်ရမှာပါ) ဗြဟ္မာ ဖြစ်ရပါ လို၏ (ကာလလက်တွင်းအပ်ရမှာပါ) အကြိမ်ကြိမ် ဖြစ်ရပါလို၏ (ကာလက်တွင်းမှာပါ) ကာလ စားဖတ် ဝါးဖတ် အကြိမ် ကြိမ် ခံရပါလို၏ဆိုတဲ့ အဓိပ္ပာယ်ကော မရောက်ဘူးလား (ရောက်ပါတယ်ဘုရား)။

အဲဒါ ခင်ဗျားတို့ဟာက အားကြီးခက်ပါတယ်။ ဒီ ဒကာ ဒကာမတွေ တရားထူး တရားမြတ်ကို မနာဘူးပြီဆိုမှ ဖြင့် သူများ စားဖို့ ဝါးဖို့ကို ဆုတောင်းယူတယ် (မှန်ပါ့)။

သူများ စားဖတ် ဝါးဖတ်ဖြစ်ရတဲ့ ခန္ဓာဖြစ်အောင် ဆုတောင်းနေတယ် ဆိုကတည်းကိုက ဦးခင်မောင် အတော်လွဲ တဲ့ဆု (မှန်ပါ့ဘုရား) ဉာဏ်ပါကြရဲ့လား (ပါ-ပါတယ်ဘုရား) သေသေချာချာ ဉာဏ်နားနှင့် ထောင်ကြည့်တော့မှ ဪ ဟုတ်ပါကလားဆိုတာ လာနေတယ်နော်၊ ဒကာ ဒကာမတို့ (မှန်ပါ့) ကဲ သဘောပါကြပလား (ပါ-ပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်ဘုံ ဘယ်ဘဝ ရောက်ချင်ကြသတုံး (ဘယ်ဘုံမှ မရောက်ချင်ပါဘူးဘုရား) ဘယ်ဘုံ ဘယ်ဘဝ ရောက်ခဲ့သည်ရှိသော် ဘယ်သူ၏ စားဖတ် ဝါးဖတ် ဖြစ်မယ်ဆိုတာ မသေချာသေးဘူးလား (သေချာပါတယ် ဘုရား) ဘယ်သူ၏ စားဖတ် ဝါးဖတ် ဖြစ်ရမယ် (ကာလ၏ စားဖတ် ဝါးဖတ် ဖြစ်ရမယ်)။

ကာလ၏ စားဖတ် ဝါးဖတ် ဖြစ်ပြီးသကာလ နံနက်ကာလ ညကာလတွေက စားသောက်သွားလို့ရှိရင်ဖြင့် နတ် ခန္ဓာဖြစ်ရင်လည်း သူများ စားဖို့ ဝါးဖို့ပဲ (မှန်ပါ့) လူဖြစ်ကော (သူများ စားဖို့ ဝါးဖို့ပဲ) သူများ စားဖို့ ဝါးဖို့ပဲဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါဘုရား)။

ကိုင်း ဒါဖြင့် သူများဆီကဖြစ်စေ ဘယ်မှာဖြစ်စေ တော်တော်ကြာ အသုဘလာဖိတ်ပြန်ပြီ ဒကာ ဒကာမတို့ မသွားကြရဘူးလား (သွားရပါတယ်ဘုရား)၊ အဲဒါ ဘယ်သူ စားဝါးထားတာပါလိမ့် (ကာလစားဝါးထားတာပါ ဘုရား)၊ ပို့တဲ့လူကလည်း ပို့နေသေးတာပဲ၊ ပို့တဲ့လူလည်း နောက်ကို ဘာဖြစ်ဦးမယ်ဆိုတာ စဉ်းစားကြည့်စမ်းပါဦး အခု ကာလက စားဝါးသွားတဲ့ လူလိုပဲ သုသာန်ပို့ရဦးမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်ဘုရား)။

ဒါဖြင့် ကျုပ်တို့သည် ရှေ့လူကလည်း ကာလစားဖတ် ဝါးဖတ်ဖြစ်လို့ သေရတယ်။ နောက်လူလည်း စိတ်ချလက်ချ စားဖတ် ဝါးဖတ်အဖြစ်နဲ့ပဲ အချိန်ကုန်ရဦးမှာပဲလား (ကုန်ရဦးမှာပဲဘုရား) စားဖတ် ဝါးဖတ်အဖြစ်နဲ့ အချိန်ကုန်ရဦးမှာပဲ ဆိုတာ မသေချာလား (သေချာပါတယ်ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့ အဝတ်တွေဆင် အစားတွေကျွေးပြီးသကလာနေတာ ကိုယ့် ခန္ဓာကိုယ်ကြီး အဝတ်တွေဆင် အစားတွေကျွေး အမျိုးမျိုးဖီးလိမ်းပြီး သကာလနေတာ ဪ ကာလစားတဲ့အခါကျ လို့ရှိရင်ဖြင့် ကောင်းကောင်းမွန်မွန် ထိုးအပ်နိုင်အောင်လို့ လုပ်နေတဲ့ အဓိပ္ပာယ်ကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) မနစ်နာဘူးလား (နစ်နာပါတယ်ဘုရား)။

ဖီးသ၍ လိမ်းသ၍ ပြင်သ၍ ကျွေးသ၍ မွေးသ၍ဟာ အဖတ် တင်တာပါသလား၊ သူများဖို့ချည်း ဖြစ်နေသလား (သူများဖို့ချည်း ဖြစ်နေပါတယ်ဘုရား) ဘယ်သူ၏ အတွက်ပါလိမ့် (ကာလ၏အတွက် ဖြစ်ပါတယ်) ကာလ၏ စားဖို့ ဝါးဖို့ ဖြစ်နေပါတယ်ဆိုတဲ့ဥစ္စာ ကာလကိုက နံနက်ကာလ ညကာလ သူတို့ကနေပြီးသကာလ ခန္ဓာကိုယ်ထဲမှာ တေဇော အားပေးလိုက်တယ်။ တေဇောအားပေးလိုက်တော့ တေဇောက စားဝါးပစ်လိုက်တာ တော်တော်ကြာကျတော့ သွေးတွေ ဆုတ်ကုန်ပြီ ဟေ့ဆိုတော့ တေဇောက သတ်ပစ်လိုက်တာ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဒါဖြင့် တေဇောဟာ လူသတ်သမားဆိုတာ သဘောကျပလား (သဘောကျပါပြီ) ကာလက တေဇောလုပ်တယ်။ တေဇောကလူတွေ စားဝါးပြီး သေအောင်လုပ်တယ်ဆိုတာကော သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ တရားမများပါဘူးတဲ့၊ ယနေ့ တရားဟော ဒကာ ဒကာမတို့က ကာလကိုပြန်စားနိုင်တဲ့ နည်းရှာဖို့ အရေးဟာ ကြီးပါတယ် (မှန်ပါ့) ဘာ- အရေးကြီးပါလိမ့် (ကာလကို ပြန်စားနိုင်တဲ့ အရေးကြီးပါတယ်)ကာလ ကို မိမိက ပြန်စားနိုင်ဖို့ အရေးဟာ အင်မတန်ကြီးနေပြီ (မှန်ပါ့) သဘောကျရဲ့လား (ကျပါပြီ) ကာလကို (မိမိကပြန်စား နိုင်ဖို့ အရေးကြီးပါတယ်) မိမိက ပြန်စားနိုင်ဖို့ အရေးဟာ အင်မတန်ကြီးနေပြီ၊ နို့မို့လို့ရှိရင် ခင်ဗျားတို့ မျက်ရေ စက်လက် နဲ့ ဝိညာဏ်ချုပ်ရလိမ့်မယ် (မှန်ပါ့) မချုပ်ရဘူးလား (ချုပ်ရပါတယ်ဘုရား)။

သေခါနီးကျတော့ မျက်ရေစက်လက် မကျပေဘူးလား (ကျပါတယ်ဘုရား) ကျပြီးသကာလ တားလို့ ဆီးလို့ကော ရရဲ့လား (မရပါဘုရား) မရဘဲနဲ့ အင် သေချိန်ရောက်လို့ ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်နဲ့ပဲ ခံလိုက်ရုံပဲ ရှိတယ်။ ဘယ်သူအတွဲသမားက ဘယ်လိုပဲတားတား ဘယ်အမေ အဖေက ဘယ်လိုပဲ မေတ္တာပို့ပြီးတားတား ဦးခင်မောင် ရ-မရ (မရပါဘုရား) ဘယ်သူ့လက်တွင်းမှာ အပ်လိုက်ရပါလိမ့် (ကာလလက်တွင်းမှာ အပ်လိုက်ရပါတယ်)။

အဲဒါ ဘယ်လောက်ကြာခဲ့ပလဲ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (တစ်သံသရာလုံးပါဘုရား) တစ်သံသရာလုံးဟာ မောင်ကိုတို့ရေ ဒို့ကနိုင်ခဲ့သလား၊ ကာလကချည်း နိုင်ခဲ့သလား (ကာလကချည်း နိုင်ခဲ့ပါတယ်ဘုရား)။

အဲဒါ ဘယ်ဉာဏ်မရလို့ပါလိမ့်မလဲလို့ မေးဖို့အချိန်ရောက်လာပြီ (ရောက်လာပါပြီဘုရား) ဘယ်ဉာဏ်မရလို့ပါ လိမ့်မလဲလို့ မေးဖို့ အချိန်ရောက်လာတဲ့အခါ ကာလကို ပြန်စားတတ်တဲ့ဉာဏ်မရလို့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘယ်ဉာဏ်မရလို့ပါလိမ့် (ကာလကို ပြန်စားတတ်တဲ့ ဉာဏ်မရလို့ပါ) ကာလကို ပြန်စားတတ်တဲ့ဉာဏ် မရဘဲဖြစ် နေကြတယ်၊ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ယနေ့သိရမှာ ဒကာ ဒကာမတို့ ကာလကို ပြန်စားတတ်တဲ့ဉာဏ်ပေးဖို့ရာ အရေးကြီး မလာဘူးလား (လာပါတယ်ဘုရား) ဒါဖြင့် အဖြစ်လည်း လွတ်မယ်။ အအိုရော (လွတ်ပါတယ်) အနာရော (လွတ်ပါတယ်ဘုရား) အသေရော (လွတ်ပါတယ်) သဘောပါကြလား (ပါပါပြီ)။

ဒါတွေဟာ ဤကဲ့သို့ လွတ်တဲ့အခါကျလို့ရှိရင် ကာလလက်အောက်မှာနေရင်သာ သိရတာမျိုး၊ ကာလလက် အောက်မှာနေရင်သာ ဒကာ ဒကာမတိုပ အင်း ဟင် ဇာတိလာပြန်ပြီ၊ အင်း ဟင် ဇရာလာပြန်ပြီ၊ ဗျာဓိလာပြန်ပြီ၊ မရဏလာပြန်ပြီလို့ အမျိုးမျိုးမလာဘူးလား (လာပါတယ်ဘုရား)။

ကာလလက်အောက်က လွတ်သွားတဲ့အခါကျလို့ရှိရင် ကာလကလည်း ဇာတိ = ပဋိသန္ဓေနေအောင် သူက လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါဘူး) ဇရာ = အိုအောင်ကော (မလုပ်နိုင်ပါဘူး) ဗျာဓိ = နာအောင်ကော (မလုပ်နိုင်ပါဘူး) မရဏ = သေပွဲဝင်အောင်ကော (မလုပ်နိုင်ပါဘူးဘုရား)။

အင်း ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ ရုန်းကန်ဖို့အချိန်ဖြင့် ဦးခင်မောင် ရောက်ပါပြီ (မှန်လှပါဘုရား) ဒါ ကျုပ်တို့ ဘယ့်နှယ်ဆိုကြမယ် (ရုန်းကန်ဖို့ အချိန်ရောက်ပါပြီ) ဘာ့ကြောင့်တုံးဆိုတော့ အရင်က မသိလို့ ပေခံနေရတာ (မှန်ပါ့) ဒကာ ဒကာမတွေ ရှေးကတော့ ဘာတဲ့ (မသိလို့ ပေခံနေရတာပါဘုရား)။

နိဗ္ဗာန်ဝင်အောင် လုပ်လိုက်လို့ရှိရင်

အခုအခါကျတော့ ဆရာဘုန်းကြီးအကူအညီနဲ့ ဆရာဘုန်းကြီးပေးတဲ့နည်းကိုယူ၍ ဘုရားပေးတဲ့နည်းကို အသုံး ချ၍ ကိုင်း- နောက်ကာလတွေ အများကြီး ကျန်ပါသေးတယ်။ စားမည့်ကာလတွေ အများကြီး ကျန်ပါသေးတယ်။ ငါ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ကာလကိုပဲ ပြန်စားပါတော့မယ်ဆိုပြီးသကာလ နိဗ္ဗာန်ဝင်အောင် လုပ်လိုက်လို့ရှိရင်ဖြင့် မောင်ကိုရေ ကာလတွေက စားနိုင်သေးရဲ့လား (မစားနိုင်ပါဘုရား) အဲဒီကာလကို နိဗ္ဗာန်ဝင်တဲ့ တရားနဲ့ စားမသွားဘူး လား (စားသွားပါတယ် ဘုရား)။

နောက်လာလတ္တံ့ ကာလတွေကကော သူစားပစ်လို့ နိဗ္ဗာန်ဝင်တဲ့ ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံတဲ့ ပရိနိဗ္ဗူတပုဂ္ဂိုလ် တွေက စားဝါးပစ်လိုက်တဲ့အတွက် ကာလကို ပြန်စားနိုင်ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒါဖြင့် ယနေ့တရား မှာ ခင်ဗျားတို့ အရှုံးပေးလာခဲ့ရတဲ့ဘဝတွေ အင်မတန် များခဲ့ပါပြီ၊ (များပါပြီ) အနိုင်ရဖို့ရာ နည်းကဖြင့် အခုမှပဲ နည်းရ တော့မယ်ဆိုတဲ့ဥစ္စာ ယနေ့အစပဲဆိုရင်ကော လွဲပါ့မလား (မလွဲပါဘူးဘုရား)။

ဒါဖြင့် ရှေးတုန်းကဆို ဘယ်လိုနဲ့ အချိန်ကုန်ခဲ့ရတုံးဗျာ၊ (ကာလစားဖတ် ဝါးဖတ်အဖြစ်နဲ့ အချိန်ကုန်ခဲ့ရပါတယ်) ကာလ စားဖတ် ဝါးဖတ်အဖြစ်နဲ့ အချိန်ကုန်ခဲ့ရတယ်။ ကာလကို ပြန်စားခဲ့ရတဲ့ဘဝရယ်လို့ ရှိရဲ့လား (မရှိပါဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ဘာလုပ်ရမှာပါလိမ့် (ကာလကို ပြန်စားရအောင် လုပ်ရပါမယ်) အဲ ကာလ ကို ပြန်စားရမယ်ဆိုတဲ့ အဓိပ္ပာယ်ဟာတဲ့ နိဗ္ဗာန်ကိုဝင်မှ ကာလတွေဟာ နံနက်ကာလလည်း နိဗ္ဗာန်မှာ ရှိသေးရဲ့လား (မရှိပါဘူး) ညကာလကော (မရှိပါဘူး)။

ဒါဖြင့် လတွေကောရှိသေးရဲ့လား (မရှိပါဘူး) ဒါဖြင့် နှစ်တွေကော (မရှိပါဘူး) မရှိတော့ ကျုပ်တို့မှာ အိုစရာ နာစရာ သေစရာကော ရှိသေးရဲ့လား (မရှိပါဘူးဘုရား)။

ဪ ဒါဖြင့် နိဗ္ဗာန်ဝင်သွားတဲ့ ပုဂ္ဂိုလ်ဟာ ဘာလုပ်သွားပါလိမ့်မတုံးဆိုတော့ သူ့ကာလတွေ သူချုံးရုံးပြီး သကာလ စားသွားတယ်လို့ သေသေချာချာ မှတ်ပါတော့ (မှန်လှပါဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့တရား- ဘာက ဘာလုပ်ရမှာပါလိမ့် (ကာလကို ပြန်စားရမှာပါ) ကာလကို မိမိ က ပြန်စားရမယ် (မှန်ပါ့) ဒကာ ဒကာမတို့ ဘာလုပ်ရမယ် (ကာလကို မိမိကပြန်စားရပါမယ်ဘုရား)။

နို့မို့လို့ရှိရင် ဒီကာလကြီးဟာက ကိုယ့်အတွက်ကို ကိုယ်စားကြမှ ရမှာ၊ သူများကို အမျှဝေလို့လည်း ရမှာမဟုတ် ပါဘူး (မရပါဘူး) သဘောကျပလား (ကျပါပြီ)။

ကိုယ်လုပ်မှ ကိုယ်ရဟန္တာဖြစ်မယ်၊ ရဟန္တာဖြစ်မှ ပရိနိဗ္ဗာန်စံပြီးသကာလ နိဗ္ဗာန်ရောက်မယ်။ နိဗ္ဗာန်ရောက်မှ ကာလကို ကိုယ်ကပြန်စားနိုင်တာကျတော့ ဒကာ ဒကာမတို့ သားငဲ့နေလို့၊ သမီးငဲ့နေလို့၊ ပစ္စည်းငဲ့နေခဲ့သည်ရှိသော် ကာလ၏ စားဖတ် ဝါးဖတ်ဖြစ်မယ် (မှန်လှပါဘုရား)။

သူတို့မငဲ့ဘဲနဲ့ ကိုယ့်ဟာကိုယ် ကုန်းရုန်းပြီးသကာလ ကာလကို မိမိကစားတဲ့ ပရိနိဗ္ဗူတပုဂ္ဂိုလ်ဖြစ်အောင် လုပ်ခဲ့ လို့ရှိရင် မောင်ကိုရေ အစားခံရသေးရဲ့လား (မခံရပါဘူး)။

ဒါဖြင့် ဒကာ ဒကာမတို့ ကာလကို ကျုပ်တို့က ဘာလုပ်ရမယ် (ပြန်စားရပါမယ်) ကာလ ပြန်စားရမယ်ဆိုတော့ ဒကာ ဒကာမတို့ ကာလပြင်ဘက်ရောက်မှပဲ ကျုပ်တို့က ပြန်စားနိုင်မှာပဲ (မှန်ပါ့)။

ကာလအတွင်းမှာ နေသ၍ ကာလပတ်လုံးဖြင့် ကာလကစားတာနဲ့ပဲ အချိန်ကုန်လိမ့်မယ်ဆိုတာ သဘောပါကြ လား (ပါပါတယ်ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။

ကာလကို စားတဲ့နည်း

ဒါဖြင့် ဒကာ ဒကာမတို့ သေသေချာချာ ကာလကို စားတဲ့နည်းကို လုပ်ကြပါစို့ဆိုတဲ့ဥစ္စာ အလုပ်တရား ပြပါ တော့မယ်။

မနေ့က သုခဝေဒနာပြခဲ့တယ်။ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သုခဝေဒနာ နောက်က တဏှာ ဥပါဒါန် ကံလာခဲ့သော် ဘယ်အခါကာလမှ ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်နဲ့ လွတ်ကင်းမည်လို့ ငါမဟောဘူး။ ဒါကလေးမှတ် ထားနော် (မှန်ပါ့ဘုရား)။

သုခဝေဒနာနောက်က တဏှာလာခဲ့သော် ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်မှ လွတ်လိမ့်မည်လို့ ဘယ်တော့မှ ငါမဟောဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သုခဝေဒနာနောက်က တဏှာလာခဲ့သော်- ကာလ၏ စားဖတ် ဝါး ဖတ်အဖြစ်မှ ဘယ်တော့မှ လွတ်လိမ့်မယ်လို့ ငါမဟောဘူး။ ရှင်းပလား (ရှင်းပါပြီ) သုခဝေဒနာနောက်က တဏှာလာခဲ့ သော် ဘယ်လိုမှတ်ကြမယ် (ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်မှ ဘယ်တော့မှ လွတ်လိမ့်မယ်လို့ ငါမဟောဘူး)။

ဘယ်တော့မှ မလွတ်ဘူးဆိုတော့ ဟောဒါက ဒကာ ဒကာမတွေ ကိုယ်ပေါ်-ပေါ်တဲ့ သုခဝေဒနာ၊ ဝမ်းထဲမှာပေါ် တဲ့ သောမဿဝေဒနာ ထားလိုက်ပါတော့ နော် (မှန်ပါ့)။

ဒီဟာကလေးကို ခန္ဓာကိုယ်ထဲ သုခကလေး ချမ်းသာလုံးကလေး ပေါ်လာပြီဆိုမှဖြင့် သာယာတဲ့တဏှာက မလာ ပေဘူးလား (လာပါတယ်ဘုရား) တဏှာလာရင် ဥပါဒါန်လာလိမ်မယ်နော် (မှန်ပါ့) ဥပါဒါန်လာရင် (ကမ္မဘဝလာမယ်) ကံလာလိမ့်မယ်။ ကံလာလို့ရှိရင်လည်း ဟောဒီအထဲ ခန္ဓာပေါ်ပါလိမ့်မယ်။ ဇာတိ ဇရာ မရဏတွေ မပေါ်ပေဘူးလား (ပေါ်ပါတယ်ဘုရား) ဒါတွေဟာ ကာလ၏ စားဖတ် ဝါးဖတ် မဖြစ်ဘူးလား (ဖြစ်ပါတယ်ဘုရား)။

ဒကာ ဒကာမတွေ ဇာတိ ဇရာ မရဏတွေဟာ ဘယ်သူစားဖို့ ဖြစ်လာပါလိမ့် (ကာလစားဖို့ ဖြစ်လာပါတယ်) ဪ သုခ ဝေဒနာ နောက်က တဏှာလာလို့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) ဘယ်နောက်က ဘာလာပါလိမ့် (သုခဝေဒနာ နောက်က တဏှာလာပါတယ်) သုခဝေဒနာ နောက်က တဏှာလာတာနဲ့ တစ်ခါတည်း နောက်ဘဝဆိုတာ ကြီး စားစရာ၊ ဝါးစရာ ခန္ဓာကြီး မပေါ်ဘူးလား (ပေါ်ပါတယ်ဘုရား)။

အဲဒီတော့ ရွတ်လိုက်ပါလား ခုနကတရား ဘုရားလောင်းဟောတဲ့တရားနဲ့ “ကာလော ဘက္ခတိ ဘူတာနိ” ဆိုတဲ့ ဂါထာနဲ့ပဲ ရှင်းလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတိ့သည်တဲ့ သုခဝေဒနာနောက်က တဏှာလာခဲ့သော် ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်မှ ဘယ်တော့မှ လွတ်လိမ့်မည်လို့ ငါမဟောဘူး ဆိုတဲ့အဓိပ္ပာယ်လည်း မရှင်းကြသေးဘူးလား (ရှင်းပါတယ်ဘုရား) ဘာလာလို့ပါလိမ့် (တဏှာလာလို့ပါ) သုခဝေဒနာနောက်က ဘာလာတုံး (တဏှာလာပါတယ်)။

ကိုင်း- ဪ သုခဝေဒနာနောက်က တဏှာလာတော့ တဏှာ ဥပါဒါန်ကံ၊ ကံတွေက ခန္ဓာလုပ်လိုက်တယ်။ မြင်ကြပလား (မှန်ပါ့) ဒီကံတွေက ဘာလုပ်ပါလိမ့် (ခန္ဓာလုပ်ပါတယ်ဘုရား) ဒီခန္ဓာလုပ်လိုက်ကတည်းက ဒီခန္ဓာကြီးဟာ ကာလထဲ ဝင်မတိုးဘူးလား (တိုးပါတယ်ဘုရား) ကာလထဲ ဝင်တိုးကတည်းက စားဖတ် ဝါးဖတ်အဖြစ်နဲ့ ဒီခန္ဓာကြီး မခံ ရပေဘူးလား (ခံရပါတယ်ဘုရား) သဘောကျပြီနော် (မှန်ပါ့) ဒါ မနေ့က တရားအတိုင်းပါပဲ။ ဒီနေ့တော့ ကာလနဲ့ ပြန် ဟောတယ် (မှန်ပါ့)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ သုခဝေဒနာနောက်က တဏှာလာတဲ့ပုဂ္ဂိုလ်မှာ ဘယ်ခါကာလမှ ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်နဲ့ လွတ်လိမ့်မည်မဟုတ်ဘူးဆိုတာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတာတော့ ကျေကျေ နပ်နပ် သဘောကျပလား (ကျပါပြီဘုရား)။

တဏှာမလာအောင် လုပ်ကြစို့

ဒါဖြင့် တဏှာမလာအောင် လုပ်ကြစို့ရဲ့ (မှန်လှပါဘုရား) ဘာလုပ်ကြရမယ် (တဏှာမလာအောင် လုပ်ရမှာပါ) တဏှာမလာအောင် လုပ်ကြစို့သာဆိုရတယ် ဒကာ ဒကာမတွေ သိပြီးသားပဲတဲ့ ဘုန်းကြီး ခဏခဏ ဟောနေတာပဲ ဒကာ ဒကာမတို့ ကိုယ်ပေါ် သုခဝေဒနာလာလို့ရှိရင်လည်း ဖြစ်ပျက်ရှုရမှာပဲ (မှန်ပါ့) ကိုယ်ပေါ် သုခဝေဒနာလာရင် (ဖြစ်ပျက်ရှုရပါမယ်)။

ဒါဖြင့် သုခဝေဒနာကို ဖြစ်ပြီး ပျက်တဲ့တရားပဲလို့ မိမိက ဉာဏ်နဲ့သာ ရှုပေးလို့ ရှိရင်ဖြင့် ဟောဒီမဂ်တွေ ဒကာ ဒကာမတို့ ကာလ၏ စားဖတ် ဝါးဖတ်ဖြစ်ကြောင်းဖြစ်တဲ့ တရားတွေ ပေါ်ခွင့်ပေးသေးရဲ့လား (မပေးပါဘုရား) မပေးတဲ့ အတွက် ဒီကာလ စားဖတ် ဝါးဖတ်ဆိုတဲ့ ခန္ဓာပေါ်သေးရဲ့လား (မပေါ်ပါဘူးဘုရား)။

ဒါဖြင့် ဒီအလုပ်သည် ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ ဪ ကာလလက်တွင်းမှ လွတ်ကင်းတဲ့ အလုပ် ဆိုလို့ရှိရင်လည်း ဒီအလုပ်မပါတဲ့ ပုဂ္ဂိုလ်တွေမှာ ကာလ စားဖတ် ဝါးဖတ်အဖြစ်နဲ့ သေပွဲချည်း ဝင်ရတယ်ဆိုတာလည်း ဒကာ ဒကာမတွေ ငြင်းဖို့ လိုသေးသလား (မလိုပါဘူးဘုရား) ကဲ- လုပ်တတ်ကြပလား (လုပ်တတ်ပါပြီ) သုခဝေဒနာပေါ် ရင် ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရမယ်) တစ်ခါတည်း ဖြစ်ပျက်ရှု။

ခန္ဓာကိုယ်ထဲမှာ ဘယ်နေရာကလေးက ချမ်းသာတယ်ဆိုရင်ဖြင့် ကိုယ်ပေါ်မှာ ချမ်းသာရင် ချမ်းသာလုံးကလေးကို အနိစ္စဖြစ်ပျက်ရှုပါ (မှန်ပါ့ဘုရား) ဝမ်းထဲက ချမ်းသာရင်ကော (ဖြစ်ပျက်ရှုရပါမယ်) ချမ်းသာလုံးကလေးကို ဘာလုပ်ကြရ မယ် (ဖြစ်ပျက် ရှုရပါမယ်) ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ကို ဝေဒနာက ဖြစ်ပျက်၊ ရှုတာက မဂ်ဖြစ်တော့ ဒီကာလ၏ စားဖတ် ဝါးဖတ် ခန္ဓာဖြစ်ကြောင်းတွေ မသေဘူးလား (သေပါတယ် ဘုရား) ခန္ဓာဖြစ်ကြောင်း သေကတည်းက ခန္ဓာဖြစ် ကျိုးဆိုတာ ပေါ်သေးရဲ့လား (မပေါ်ပါဘူးဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြစ်တဲ့၊ အင် ဒီလိုဆိုရင် ဒို့က ကာလ ပြန်စားနိုင်တဲ့အဓိပ္ပာယ် မဂ်ရမယ်ဆိုရင်ပဲ ကာလပြန်စားပြီး (စားပါပြီ) သောတာပန် ဖြစ်တယ်ဆိုပဲဗျာ။ အလွန်ဆုံး ခုနစ်ဘဝသာ စားဖတ် ဝါးဖတ်အဖြစ်နဲ့ ခံရတော့မယ်။ နောက်ခံရသေးရဲ့လား (မခံရပါဘူး) ရဟန္တာဖြစ်သွားတယ်ဆိုလို့ရှိရင်လည်း ဒကာ ဒကာမ တို့ ဒီတစ်ဘဝသာ စားဖတ် ဝါးဖတ်ဖြစ်တော့မယ်။ နောက် ဖြစ်နိုင်သေးရဲ့လား (မဖြစ်ပါဘူးဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ဒီဥစ္စာ ကာလလက်တွင်းမှ လွတ်ကင်းတဲ့တရားဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် အသေလွတ်ချင်ရင် သုခဝေဒနာလာလည်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်) သောမနဿဝေဒနာ လာရင်ကော (ဖြစ်ပျက်ရှုရမှာပါပဲ) ကျုပ်တို့ ရှုရမှာကို မရှုရင် ခင်ဗျားတို့သည် ဒကာ ဒကာမတို့ ခန္ဓာပေါ်ကြောင်းတွေ ဖြစ်ဦးမှာပဲ (မှန်ပါ့) တဏှာ ဥပါဒါန် ကံဆိုတာ ဘာပါလိမ့် (ခန္ဓာဖြစ်ကြောင်းတွေပါ) ခန္ဓာပေါ်ကြောင်းတွေဆိုတာ သေချာပလား (သေချာပါပြီ)။

အဲဒီခန္ဓာပေါ်ကြောင်းတွေ လာလို့ရှိရင် ခန္ဓာပေါ်ကျိုးဆိုတဲ့ ဇာတိ ဇရာ မရဏတွေ လာမလား-မလာဘူးလား (လာပါတယ်ဘုရား) ဇာတိ ဇရာ မရဏ လာလို့ရှိရင်ဖြင့် ဦးခင်မောင်တို့ မောင်ကိုတို့ ကာလထဲသွားတိုးပြီဟေ့ (မှန်ပါ့) မတိုးသေးဘူးလား (တိုးပါပြီဘုရား) ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်နဲ့ အချိန်မကုန်ရပေဘူးလား (ကုန်ရပါတယ်ဘုရား)။

မဂ်အလုပ်-လုပ်ကြရပါမယ်

ဒါ့ကြောင့် ဒကာ ဒကာမတို့ အန္တရာယ်ကင်း ဘေးကင်းချင်လို့ရှိရင်ဖြင့် အအို-အနာ-အသေလွတ်ချင်ကြလို့ ရှိရင်ဖြင့် မဂ်အလုပ်လုပ်ရလိမ့်မယ် (မှန်ပါ့ဘုရား) ဘာလုပ်ကြမယ် (မဂ်အလုပ်-လုပ်ကြရပါမယ်) မဂ်အလုပ်-မလုပ်ရင် ဖြင့် (အအို-အနာ-အသေ မလွတ်နိုင်ပါဘူး)။

ခင်ဗျားတို့က အဟံအဝေရောဟောမိ- ငါ-အန္တရာယ်ကင်းရပါလို၏။ ငါ-အအိုလွတ်ရပါလို၏၊ ငါ-အနာလွတ်ရပါ လို၏၊ ငါ- အသေလွတ်ရပါလို၏၊ ဆိုလို့ရှိရင် ဦးခင်မောင်တို့ မောင်ကိုတို့ လွတ်ပါ့မလား (မလွတ်ပါဘူးဘုရား)။

ဘာ့ကြောင့် မလွတ်သတုံးလို့ မေးတဲ့အခါကျတော့ ကျုပ်တို့က ဝေဒနာလာတာမှ ဖြစ်ပျက်မရှုတော့ တဏှာ ဥပါဒါန် ကံတွေက ခန္ဓာလုပ်မှာပဲ (မှန်လှပါဘုရား) မလုပ်ပေဘူးလား (လုပ်ပါတယ်ဘုရား) တဏှာ ဥပါဒါန် ကံတွေက ဘာလုပ်မယ် (ခန္ဓာလုပ်မယ်)။

ခန္ဓာလုပ်တဲ့အခါကျတော့ ခန္ဓာက ကာလထဲ မတိုးဘူးလား (တိုးပါတယ်ဘုရား) ကာလထဲတိုးတော့ ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်နဲ့ အချိန်မကုန်ရပေဘူးလား (ကုန်ရပါတယ်ဘုရား) ဒါ့ကြောင့် ကိုယ်ပေါ်မှာ တစ်ကိုယ်လုံးမှာ သုခပေါ်လည်း ဘာလုပ်ရမယ် (ဖြစ်ပျက် ရှုရပါမယ်ဘုရား)။

ဝမ်းထဲမှာ သောမနဿပေါ်ကော (ဖြစ်ပျက် ရှုရမှာပါပဲ) ဖြစ်ပျက်ရှုရမယ်ဆိုတာ သဘာကျပလား (ကျပါပြီဘုရား) ကောင်းပြီး ဒါဖြင့် သုခဝေဒနာအတွက်မှာ ဒီအတိုင်းပဲ ဒကာ ဒကာမတွေက ဟောဒီဖြစ်ပျက်ကို မြင်အောင်ရှုပါလို့ ဆိုတဲ့ (၁) နံပါတ်ကလေးပေးလိုက်တယ်နော် (မှန်ပါ့) ဒီဖြစ်ပျက်ကို မုန်းသည်တိုင်အောင် ရှုပါဆိုတာလည်း (၂) နံပါတ် အလုပ်စဉ်ပေးလိုက်ပါတယ် (မှန်ပါ့)။

ဒီဖြစ်ပျက်ဆုံးသည့်တိုင်အောင်ပဲ ဒကာ ဒကာမတွေ ရှုလို့ရှိရင်ဖြင့် သောတာပန် သေသေချာချာ တည်ပါတယ် ဆိုတာလည်း သဘောကျပလား (ကျပါပြီ) ရှင်းပြီးနော် (မှန်ပါ့) ကောင်းပြီ ဒါဖြင့် အလုပ်စဉ်မှာဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက် မြင်အောင်ကြည့်ပါ သုခဝေဒနာကိုနော် (မှန်ပါ့) နောက်ဘယ်လို ဆက်ကြည့်ရမလဲ (မုန်းအောင်ကြည့်ရပါမယ်)။

မုန်းအောင်ကြည့်ရမှာပဲ ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါပြီဘုရား) နောက်တစ်ခါကျတော့ ဒုက္ခသစ္စာ အဖြစ်နဲ့ ဆုံးအောင်ကော (ကြည့်ရပါမယ်ဘုရား) ကြည့်လိုက်လို့ရှိရင်ဖြင့် ဟောဒါ မဂ္ဂင်ရှစ်ပါး ဧကန်ဖြစ်ပါတယ် (မှန်ပါ့) ဆုံးသွားလည်း မဂ္ဂင်ရှစ်ပါးဖြစ်ပါတယ်ဆိုတာကော သဘောကျပလား (ကျပါပြီ) မဂ္ဂင်ရှစ်ပါးဖြစ်ပါတယ် ဆိုကတည်းကို က ဒကာ ဒကာမတို့ ဒီဘက်က တဏှာ ဥပါဒါန်ကံတွေ ဘယ့်နှယ်နေသတုံး (ချုပ်သွားပါတယ်)။

ချုပ်သွားသောကြောင့် ကာလ၏ စားဖတ် ဝါးဖတ် ခန္ဓာကိုယ်ကြီး ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါဘူးဘုရား) အဲဒါမပေါ်နိုင်တာ ထောက်လို့ရှိရင်လည်း ကာလကို ကိုယ်က ပြန်စားရာမရောက်ဘူးလား (ရောက်ပါတယ်ဘုရား) အနာဂတ် နောက်ဘဝများစွာတွေ လာဦးမယ် မဟုတ်လား (မှန်ပါ့)။

အဲဒီကာလတွေကို ကျုပ်တို့က ပြန်ပြီးစားလိုက်တဲ့အတွက် အိုပွဲ နာပွဲ သေပွဲတွေဟူသ၍ အကုန်လွတ်ငြိမ်းတယ် ဆိုရင် လွဲပါ့မလား (မလွဲပါဘူးဘုရား) သဘောပါကြလား (ပါ-ပါပြီ) ဒါဖြင့် ရှုဖြစ်အောင် ရှုပါဆိုတာ ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကို သနားရင် ရှုပါ (မှန်ပါ့) ဘယ်လိုမှာပါလိမ့် (ကိုယ့်ကိုယ်ကို သနားရင် ရှုပါ)။

ခင်ဗျားတို့က အိမ်ရောက်တဲ့အခါကျတော့ အိပ်ချင်တယ်၊ ညောင်းတယ် ညာတယ်၊ နက်ဖြန်လည်း ကိစ္စတွေက ရှိသေးတယ်လို့ ဆိုတာ ခင်ဗျားတို့ လဲတဲ့ဆင်ခြေသည် ခင်ဗျားတို့ သေပွဲဝင်ဖို့ပဲလို့ မှတ်လိုက်စမ်းပါ (မှန်လှပါဘုရား) ခင်ဗျားတို့ လဲတဲ့ဆင်ခြေသည် (သေပွဲ ဝင်ဖို့ပါဘုရား) ခင်ဗျားတို့ သေပွဲ ဝင်ရမှာပဲ။ ဘာ့ကြောင့်တုံးဆိုတော့ ဒီမဂ်အလုပ် မှ မလုပ်လို့ရှိရင် ခန္ဓာပေါ်ဦးမှာပဲ (မှန်ပါ့) ခန္ဓာပေါ်ရင် စားဖတ် ဝါးဖတ်အဖြစ်နဲ့ ဘယ့်နှယ်တုံး (ဖြစ်ရဦးမှာပါပဲ)အချိန် ကုန်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်ဘုရား)။

မင်းသေပွဲကို မင်းလွတ်အောင်လုပ်တဲ့အလုပ်

အဲဒါတွေ ဒကာ ဒကာမတွေသိတော့ ဪ ငါ့ဟာ မင်းသေပွဲကို မင်းလွတ်အောင်လုပ်တဲ့အလုပ်၊ မင်းပျင်း နေတယ် မင်းဖြင်းနေတယ် မင်းဆင်ခြင်လဲနေတယ်လို့ ကိုယ့်ကိုယ်လည်း ဆုံးမကြပါဦး (မှန်ပါ့) သဘောပါပလား (ပါပါပြီ) ဘယ်သူ့ကို ဆုံးမရမယ် (ကိုယ့်ကိုယ်ကိုယ် ဆုံးမရမယ်) ကိုယ့်ကိုယ်ကိုယ် ဆုံးမရမယ်ဆိုတဲ့ဥစ္စာ ဒကာသစ်တို့ သေချာပလား (သေချာပါပြီ) ပျင်းနေမယ်ဆိုလို့ရှိရင် မင်းသေပွဲဝင်ချင်လို့လားလို့ မေးလိမ့်မယ် (မှန်ပါ့) အိပ်ချင်တယ်ဆိုလို့ရှိရင်ကော (မင်း သေပွဲဝင်ချင်လို့လား မေးလိမ့်မယ်) မင်း ဒီကာလ၏ စားဖတ် ဝါးဖတ်အဖြစ်နဲ့ သေပွဲဝင်ချင်လို့လား-မမေးထိုက်ဘူး လား (မေးထိုက်ပါတယ်ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မဂ်မှတစ်ပါး ကယ်မည့်သူ ယူမည့်သူ ရှိပါသေးရဲ့လား (မရှိပါဘူးဘုရား)။

ဒါဖြင့် ဒီမဂ်အလုပ်ဟာ ဒကာ ဒကာမတို့ ကိုယ့်-အားအကိုးရဆုံး အလုပ်ဆိုတာကော သေချာပလား (သေချာ ပါပြီ) ဘယ်အလုပ်လို့ ဆိုကြမယ် (ကိုယ့်-အားအကိုးရဆုံး အလုပ်ပါဘုရား) ကိုယ့်-အားအကိုးရဆုံးအလုပ်လို့ သေသေချာ ချာ မှတ်ပါလို့ သတိပေးလိုက်ပါတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် သုခဝေဒနာကို ပြင်ဘက်ပေါ်လည်း ရှု၊ အတွင်းပေါ်လည်း ရှုဆိုတာ သဘောကျပလား (ကျပါပြီဘုရား)။

ဒါဖြင့် သုခဝေဒနာရှုလိုက်တော့ တဏှာ ဥပါဒါန် ကံတွေ မပြတ်ဘူးလား (ပြတ်ပါတယ်ဘုရား) ပဋိစ္စသမုပ္ပါဒ် အလယ်က ပြတ်တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ဘုရား) ပဋိစ္စသမုပ္ပါဒ် ဘယ်ကပြတ်ပါလိမ့် (အလယ်ကပြတ်ပါတယ် ဘုရား) သုခဝေဒနာနဲ့ သောမနဿဝေဒနာ ရှုလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ဘယ်ကပြတ်သတုံး (အလယ်ကပြတ်ပါတယ်) အလယ်က ပြတ်တယ်ဆိုတော့ တဏှာ ဥပါဒါန် ကံတွေ ပြတ်သွားတယ် (မှန်ပါ့) သဘောပါကြလား (ပါ-ပါပြီ)။

ပပဉ္စတရား ချုပ်နည်း

ကောင်းပြီ ဒါဖြင့် ယနေ့- ဒုက္ခပြောကြပါဦးစို့ ရှုနည်းကို၊ ဒါ-သိကြားမင်းကြီးက ပပဉ္စတရား ချုပ်နည်းကို ဘယ် အကျင့်ကျင့်ရပါမည်လဲဆိုတော့ ဝေဒနာနုပဿနာ ရှုကွလို့ ဘုရားက ဟောသွားလို့ မောင်ကို ဟောရခြင်းဖြစ်တယ်နော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တစ်ကိုယ်လုံးကရော ဟိုက ယား ဒီက နာဆိုတဲ့ ဒုက္ခဝေဒနာကလေးတွေရော မပေါ်ဘူးလား (ပေါ်ပါတယ်ဘုရား) အဲဒီဒုက္ခဝေဒနာကလေးတွေ ပေါ်တာကိုတဲ့ ဒကာ ဒကာမတွေက မရှုဘူးဆိုတော့ ဒုက္ခနောက်က ဒေါသတွေ မလိုက်ပေဘူးလား (လိုက်ပါတယ်ဘုရား) သောကကော (လိုက်ပါတယ်ဘုရား) ပရိဒေဝကော (လိုက်ပါတယ်ဘုရား) ဥပါယာသတွေကော (လိုက်ပါတယ်ဘုရား) ဒါတွေ ဖြစ်ပျက်မသိတဲ့ အဝိဇ္ဇာကကော (လိုက်ပါတယ် ဘုရား)။

လိုက်လာတော့ကို ပဋိစ္စသမုပ္ပါဒ် အဆုံးကနေပြီးသကာလ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏ” ဆိုတဲ့ စားစရာတစ်ခု ပေါ်လာတယ် (မှန်ပါ့) ခန္ဓာတစ်ခု မပေါ်လာဘူးလား (ပေါ်လာပါတယ်ဘုရား) ဝိညာဏံဆိုတာ ခန္ဓာငါးပါးကို ဆိုပါတယ် (မှန်ပါ့) ခန္ဓာငါးပါး စားဖတ် ဝါးဖတ်အဖြစ်နဲ့ တစ်ခုမပေါ်လာဘူးလား (ပေါ်လာပါတယ်)။

ဘာ့ကြောင့် ပေါ်လာပါလိမ့်မတုံးဆိုတော့ ဒုက္ခဝေဒနာနောက်က ဒေါသ သောက ပရိဒေဝ ဥပါယာသ အဝိဇ္ဇာ လိုက်လာတဲ့အတွက် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏ” တို့ မလိုက်ဘူးလား (လိုက်ပါတယ်ဘုရား) ‘ဝိညာဏံ’ ဆိုတာ နောက်ဘဝ ခန္ဓာပဲဆိုရင်ကော လွဲပါ့မလား (မလွဲပါဘူး)။

ဒါဖြင့် ဘယ်သူ၏ စားဖို့ ဝါးဖို့ ပေါ်လာပြန်ပါလိမ့် (ကာလ၏ စားဖို့ ဝါးဖို့ပေါ်လာပါတယ်ဘုရား) ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်နဲ့ ဒကာ ဒကာမတွေ မပေါ်လာဘူးလား (ပေါ်လာပါတယ်ဘုရား)။

အဲ ဒါက ဘာ-မရှုလို့ ပါလိမ့်မတုံးဆိုလို့ရှိရင် ဘယ့်နှယ်ဖြေကြပါ့မယ် (ဖြစ်ပျက်မရှုလို့ပါ) ဒုက္ခဝေဒနာကို ဖြစ်ပျက်မရှုလိုက်တဲ့အတွက် ဒုက္ခဖြစ်တဲ့ပုဂ္ဂိုလ်ဟာ ဒေါသ သောက ပရိဒေဝ ဥပါယာသ လိုက်မြဲဓမ္မတာ (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ) သူတို့လိုက်တာသည် သိလို့ လိုက်တာလား-မသိလို့ လိုက်တာလား (မသိလို့ လိုက်တာပါ ဘုရား)။

မသိလို့ လိုက်တာ၊ အဝိဇ္ဇာကလည်း ဒီထဲပါနေတော့ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါဘုရား) သင်္ခါရပစ္စယာ (ဝိညာဏံ ပါ) ဝိညာဏ်ပေါ်လာကတည်းက ဒုတိယခန္ဓာ ပေါ်လာပါပြီ ဒကာ ဒကာမတို့၊ ဒုတိယခန္ဓာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ဒီခန္ဓာ ပေါ်လာတော့ ဘယ်သူ၏ စားဖို့ ဝါးဖို့ ဖြစ်လာပါလိမ့် (ကာလ၏ စားဖို့ ဝါးဖို့ဖြစ်လာပါတယ်ဘုရား) ကာလ၏ စားဖို့ ဝါးဖို့ဖြစ်လာတယ်ဆိုတာ မသေချာသေးဘူးလား (သေချာပါတယ်ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆဆက္ကသုတ်မှာ ဟောပြန်တယ်။ ဒုက္ခဝေဒနာ နောက်က ဒေါသကို မရှုဘဲနဲ့ ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်မှ လွတ်လိမ့်မယ်လို့ ငါဘုရား မဟောဘူးတဲ့ (ဝါ) နိဗ္ဗာန်ရောက်လိမ့်မယ်လို့ မဟောဘူးပြောတာပဲ (မှန်ပါ့)။

ဒုက္ခဝေဒနာနောက်က ဒေါသလိုက်နေ

ဒုက္ခဝေဒနာနောက်က ဒေါသသာ လိုက်နေမယ်ဆိုလို့ရှိရင်ဖြင့် ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်မှ လွတ်လိမ့် မယ်လို့ ငါဘုရား မဟောဘူးဆိုတာကော ယုံကြပလား (ယုံပါပြီဘုရား) ဦးခင်မောင်-ကျေနပ်ပလား (ကျေနပ်ပါပြီဘုရား) ဟိုဘက်က ဒကာတွေကော ကျေနပ်တဲ့လား (ကျေနပ်ပါတယ်ဘုရား)။

ဒုက္ခဝေဒနာနောက်က ဒေါသမှ ခင်ဗျားတို့မလာအောင် မတားနိုင်လို့ရှိရင် ဒေါသ သောက ပရိဒေဝ ဥပါယာသ အဝိဇ္ဇာ သင်္ခါရ မလာပေဘူးလား (လာပါတယ်ဘုရား) ပဋိစ္စသမုပ္ပါဒ် အဆုံးကနေပြီးသကာလ အစ-ပြန်မပတ်ဘူးလား (ပတ်ပါတယ်ဘုရား) အဝိဇ္ဇာပစ္စယာသင်္ခါရာ ပြန်ပတ်တယ် (မှန်ပါ့) ပြန်ပတ်တာ ထောက်လိုက်တော့ ခန္ဓာတစ်ခု မပေါ်လာ ဘူလား (ပေါ်လာပါတယ်ဘုရား)။

ဒီခန္ဓာ ဘယ်သူ၏ စားဖို့ ဝါးဖို့ဖြစ်လာပါလိမ့် (ကာလ၏ စားဖို့ ဝါးဖို့ ဖြစ်လာပါတယ်ဘုရား)။ ဒါ-ဘယ်သူ့ မရှု မိလို့ပါလိမ့် ဒကာ ဒကာမတို့ (ဒုက္ခဝေဒနာဖြစ်ပျက်မရှုမိလို့ပါဘုရား) ဒုက္ခဝေဒနာ ဖြစ်ပျက် မရှုမိတဲ့အတွက်တဲ့ ဘုန်းကြီး တို့ ဒကာ ဒကာမတွေမှာ ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်နဲ့ သူများ စားဖို့ ဝါးဖို့ ပေါ်လာပြန်တယ်ဆိုရင်ကော ငြင်းဖို့ လိုသေးသလား (မလိုပါဘူးဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ ကိုယ့်အသေ-သူများ စားဖို့ ဝါးဖို့ဖြစ်တဲ့ အသေမျိုး သေပေးရမယ်ဆိုလို့ရှိရင်ဖြင့် အကြီးအကျယ် ကိုယ်ကျိုးနည်းတယ်ဆိုတာလည်း သဘောကျပလား (ကျပါပြီဘုရား)။

ဒါဖြင့် မရှောင်ချင်ကြဘူးလား မရှားချင်ကြဘူးလားလို့ ပေးဖို့မထိုက်ဘူးလား (ထိုက်ပါတယ်) ရှောင်ထိုက်တယ် ရှားထိုက်တယ်ဆိုတာကော ဒကာ ဒကာမတွေ သေချာပလား (သေချာပါပြီဘုရား) သေချာတော့ကိုတဲ့ ဒါ စားဖတ်မလိုက် အောင် ဘုန်းကြီးက ရှင်းပြပါမယ်။

ခုပြောတဲ့ ဒကာ ဒကာမတွေ မဂ်သွင်းပေါ့ သဘောကျမလား (မှန်ပါ့) ခုပြောတဲ့ မဂ်သွင်းလိုက်တဲ့အခါကျတော့ ကိုယ်ပေါ် ဒုက္ခပေါ်တယ် ဟိုက-ယား ဒီက-နာ၊ ဖျောက်မပစ်ပါနဲ့ ဖျောက်မပစ်ပါနဲ့ ဒီဥစ္စာကို နာတာကို နာတဲ့နေရာ ဖြစ်ပျက်ရှု၊ ယားရင်ကော (ဖြစ်ပျက်ရှုရပါမယ်)။

ဖြစ်ပျက်ရှုလိုက်တဲ့အခါ

ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဒီက မဂ်-ဝင်မလာဘူးလား (လာပါတယ်ဘုရား) မဂ်-ဝင်လာတဲ့အခါကျတော့ ဒေါသ သောက ပရိဒေဝ လာသေးရဲ့လား (မလာပါဘူးဘုရား)။ အဝိဇ္ဇာ သင်္ခါရကော (မလာပါဘူးဘုရား) သင်္ခါရပစ္စ ယာ ဝိညာဏံ ဆိုတဲ့ ခန္ဓာအစုကော (မလာပါဘူး) ပေါ်သေးရဲ့လား (မပေါ်ပါဘူး)။

အဲဒါ မပေါ်တာ ထောက်လိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် ဒါ-ဒုက္ခဝေဒနာကို မဂ်နဲ့ ဖြစ်ပျက်ရှုလိုက်တဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ကာလကို ကိုယ်က စားပစ်နိုင်ပါတယ် (မှန်ပါ့) ကာလ၏ စားဖတ် ဝါးဖတ်အဖြစ် ခန္ဓာပေါ်သေးရဲ့လား (မပေါ်ပါဘူးဘုရား) ရှုတတ်ကြပလား (ရှုတတ်ပါပြီ)။

ဒါဖြင့် ယားရင်လည်း ခန္ဓာကိုယ်ထဲ ဖြစ်ပျက်ရှု၊ နာရင်လည်း (ဖြစ်ပျက်ရှု) အကုန် ဖြစ်ပျက်ရှုလိုက်လို့ ရှိရင်ဖြင့် ဖြစ်ပျက် မဂ်ဆိုကတည်းက ဒီဘက်က ဒုက္ခ ဒေါမနဿတွေ ဘာတွေ မချုပ်သေးဘူးလား (ချုပ်ပါတယ်ဘုရား) ချုပ်တော့ အဝိဇ္ဇာက ပါနိုင်သေးရဲ့လား (မပါနိုင်ပါဘူးဘုရား) ချုပ်တော့ အဝိဇ္ဇာက ပါနိုင်သေးရဲ့လား (မပါနိုင်ပါဘူးဘုရား) မပါနိုင် တော့ အဝိဇ္ဇာသေ၊ အဝိဇ္ဇာချုပ်တော့ သင်္ခါရကော (ချုပ်သွားပါတယ်) သင်္ခါရချုပ်တော့ ဝိညာဏ်ဆိုတဲ့ ခန္ဓာကော (ချုပ်သွားပါတယ်)။

အဲ ဝိညာဏ်ဆိုတဲ့ ခန္ဓာချုပ်တာ ထောက်လိုက်တော့ စားစရာ ဝါးစရာ အထည်တစ်ခုဖြစ်သေးရဲ့လား (မဖြစ်ပါ ဘူးဘုရား) အင်း ဟင် ဒါဖြင့် ကာလကို ကျုပ်တို့က စားပစ်လိုက်တယ်ဆိုရင်ကော လွဲပါ့မလား (မလွဲပါဘူး)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်ပေါ်မှာ ဒုက္ခဝေဒနာပေါ်လည်း ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုကြစမ်းပါ၊ ဒါ-မရှုလို့ရှိရင်ဖြင့် ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်မှ လွတ်လိမ့်မယ်လို့ ဘယ်တော့မှ မဟောပါဘူး (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ကိုင်း ဒါက ဒုက္ခ ကိုယ်ပေါ်မှာ ပေါ်တာ၊ ဒေါမနဿကျတော့ ဒကာ ဒကာမတွေက အခဲမကျေ၊ အခဲမကျေ ဆိုပြီး ဝမ်းထဲမပေါ်တတ်ဘူးလား (ပေါ်တတ်ပါတယ်ဘုရား) အဲဒီပေါ်လာရင် သူ့ကို ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) အဲ ဒေါမနဿကလေးပေါ်လည်း ဖြစ်ပျက်ရှုပေးပါ (မှန်ပါ့)။

လာတိုင်း လာတိုင်း ဖြစ်ပျက်ရှု

ဒေါမနဿကလေး ဘယ်သူ့အပေါ် မကျေနပ် ဘယ်သူ့အပေါ်မှာ ကြောင့်ကြ ဘယ်သူ့အပေါ်မှာ စိုးရိမ်နေလာ တိုင်း လာတိုင်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုပေးရမယ်) သူလည်း အနိစ္စပဲလို့ ရှုပေးပါ။ ဒေါမနဿဝေဒနာကို ဖြစ်ပျက် ရှုပေးပါ (မှန်ပါ့)။

ရှုလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒေါမနဿဝေဒနာက အနိစ္စ၊ ရှုတာက မဂ္ဂဖြစ်လာတော့ ကာလ၏ စားဖတ် ဝါးဖတ်ဖြစ်ကြောင်းတရားတွေ မသေဘူးလား (သေပါတယ်ဘုရား) ဖြစ်ကြောင်းတရားတွေ သေတဲ့အခါကျတော့ ဖြစ်ဖို့ အကျိုးဆိုတဲ့တရား ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါဘူးဘုရား)။

ဪ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့တရား၊ ကာလ၏ စားဖတ် ဝါးဖတ်မှ လွတ်စေနိုင်တဲ့တရားဆိုတာကော ပေါ်လာကြပလား (ပေါ်လာပါပြီဘုရား) ဒါဖြင့် ဒုက္ခလာလည်း ဖြစ်ပျက်ရှု၊ ဒေါမနဿလာရင်ကော (ဖြစ်ပျက် ရှုရမှာပါပဲ) ရှင်းပြီနော် (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ဥပေက္ခာ ပြောကြပါစို့၊ ဥပေက္ခာ ပြောကြရအောင် ဒါဝိပဿနာ အလုပ်သင်နေတယ်လို့ မှတ်ကြစမ်းပါနော် (မှန်ပါ့) အလုပ်-မလုပ်လို့ရှိရင်ဖြင့် ဦးခင်မောင်ရေ အလိုလို ချုပ်သွားလိမ့်မယ်ဆိုတာများ ပါရဲ့လား (မပါ-ပါဘူးဘုရား) အလိုလို စားဖတ် ဝါးဖတ်အဖြစ်မှ လွတ်လိမ့်မယ်ဆိုတာကော (မပါ-ပါဘူးဘုရား)။

ဘယ်နည်းနှင့်မှ မရဘူး။ ယခုခန္ဓာဖြစ်စဉ်မှာ ဖြတ်မှသာလျှင် အမှန်ရောက်မယ်ဆိုတာကော သေချာကြပလား (သေချာပါတယ်ဘုရား)။

မျက်လုံးကလေး ဖွင့်လိုက် တယ်ဆိုလို့ရှိရင်

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ မျက်လုံးထဲမှာတဲ့ မျက်လုံးထဲမှာဆိုလို့ရှိရင် ဖြတ်ဆို မျက်လုံးကလေး ဖွင့်လိုက် တယ်ဆိုလို့ရှိရင် တစ်ခုခုမြင်တဲ့ စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်ဘုရား)။

အဲဒီ မြင်တဲ့စိတ်ကလေးဟာလည်း စိတ်ကလေးချည်း ဖြစ်တာ မဟုတ်ဘူး။ ဝေဒနာနဲ့ တွဲနေသောကြောင့် ဥပေက္ခာဝေဒနာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) မျက်လုံးထဲ ဘာဝေဒနာပေါ်သတုံး (ဥပေက္ခာဝေဒနာ ပေါ်ပါတယ်) ရှင်းပြီနော် (ရှင်းပါပြီ)။

မျက်လုံးဟာ ဥပေက္ခာဝေဒနာချည်း ဒကာ ဒကာမတို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) မျက်လုံးဟာ ဘာ-ဝေဒနာ ပေါ်သတုံး (ဥပေက္ခာဝေဒနာ ပေါ်ပါတယ်) ဥပေက္ခာဝေဒနာမှတစ်ပါး ဒီ့ပြင်ဟာ ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါဘူး ဘုရား) မပေါ်နိုင်ပါဘူးတဲ့၊ မျက်လုံးဟာ စဉ်းစားကြည့် ဒကာ ဒကာမတို့ ဒီလိုဖွင့်လိုက်တယ်။ မြင်ရုံဘဲ မြင်တာပဲ။ သူ့မှာ လိုချင်တာ ပြစ်မှားတာရှိပါသေးသလား (မပါ-ပါဘူး)။

ဒါ့ကြောင့် မြင်ကာမတ္တကို ဘာဆိုကြမယ် (ဥပေက္ခာဝေဒနာပါဘုရား) မျက်လုံးမှာ ဘာ-ပေါ်တယ် (ဥပေက္ခာ ဝေဒနာပေါ်ပါတယ်) သေသေချာချာ မှတ်ပါ ဒကာ ဒကာမတို့ မျက်လုံးထဲ ဘာဝေဒနာ ပေါ်သတုံး (ဥပေက္ခာဝေဒနာ ပေါ်ပါတယ်) အဲ မျက်လုံး ဖွင့်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဥပေက္ခာဝေဒနာ ပေါ်တာပဲ (မှန်ပါ့)။

အဲဒီ ဝေဒနာပေါ်တာကလေးကို ဒကာ ဒကာမတွေက မသိလိုက်တော့ဘူး။ မျက်လုံးတော့ ဖွင့်တော့ ဖွင့်လိုက် တယ်။ ဥပေက္ခာဝေဒနာလို့ သိလိုက်သေးရဲ့လား (မသိလိုက်ပါဘုရား) မသိတာက အဝိဇ္ဇာ (မှန်ပါ့) ရှင်းပလား (ရှင်းပါ ပြီ) မသိတော့ ဘာပေါ်လာတုံး (အဝိဇ္ဇာပေါ်လာပါတယ်)။

ဒါဖြင့် အဝိဇ္ဇာပေါ်လာတော့ မောင်ကိုတို့ ဦးခင်မောင်တို့ သူ့ပဋိစ္စသမုပ္ပါဒ်က သူသွားတော့မယ် (မှန်ပါ့) မသွား ပေဘူးလား (သွားပါတယ်) အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါဘုရား) သင်္ခါရပစ္စယာ (ဝိညာဏံပါဘုရား)။

ဥပေက္ခာဝေဒနာ မရှုမိလို့

ဟော ဒကာ ဒကာမတို့ ဟောဒီ ပဋိသန္ဓေနေတဲ့ ခန္ဓာတစ်ခု အနာဂတ်ဘဝ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ဒါဟာ ဘာ-မရှုမိလို့ပါလိမ့်မတုံး၊ အကဲခတ်ကြစမ်း (ဥပေက္ခာမရှုမိလို့ပါဘုရား) ဥပေက္ခာဝေဒနာ မရှုမိလို့၊ ဥပေက္ခဝေဒနာ၏ ဖြစ်ပျက်ကို မရှုမိတဲ့အတွက် မြင်တာက ဥပေက္ခာ၊ ဥပေက္ခာဖြစ်နေပေမယ်လို့ ကိုယ်က မသိလိုက်ဘူး (မှန်ပါ့)။

ကိုယ့်ကိုယ်က မသိလိုက်တာက ဘာပါလိမ့် (အဝိဇ္ဇပါဘုရား) အဝိဇ္ဇာလာတော့ ဒီ့ပြင် သင်္ခါရမလာဘဲနေပါ့မလား (မနေပါဘုရား) အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါဘုရား) သင်္ခါရပစ္စယာ (ဝိညာဏံပါဘုရား) ဒီလို စဉ်မလာရဘူးလား (လာရမှာ ပါဘုရား)။

အဲဒါတွေ သေသေချာချာ စဉ်းစားပြီးသကာလ ရှုတော့မှ ဪ ဝေဒနာမရှုလို့ရှိရင် ကာလ၏ စားဖတ် ဝါးဖတ်မှ လွတ်ဖို့ရာ အရေး အတော်လိုပါသေးကလား ဆိုတာ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက် မချနိုင်ဘူးလား (ချနိုင် ပါတယ်ဘုရား) သဘောပါကြလား (ပါ-ပါပြီ)။

ဒါဖြင့် ဥပေက္ခာဝေဒနာ ပေါ်လည်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရမှာပါ) အဲ ဖြစ်ပျက် ရှုလိုက်တဲ့အခါကျတော့ ဒါက ဥပေက္ခာဝေဒနာ၊ ဒါက နောက်ကနေပြီး ကျုပ်တို့က ဖြစ်ပျက်ရှုတဲ့ မဂ္ဂင်တွေ မလာဘူးလား (လာပါတယ်ဘုရား) ဖြစ်ပျက်ရှုတဲ့ မဂ္ဂင်တွေ မလာဘူးလား (လာပါတယ်ဘုရား) ဖြစ်ပျက်ရှုတဲ့ မဂ္ဂင်တွေ လာတဲ့အခါကျတော့ ဖြစ်ပျက် မဂ် ဆိုတော့ မဂ်ဆိုတာ ကိလေသာ သတ်ပါတယ်ဆိုတော့ အဝိဇ္ဇာကိလေသာ လာသေးရဲ့လား (မလာပါဘူးဘုရား)။

ဒါဖြင့် အဝိဇ္ဇာချုပ်တော့ ဘယ့်နှယ်ဆိုကြမယ် (သင်္ခါရချုပ်ပါတယ်) သင်္ခါရချုပ်တယ်၊ သင်္ခါရချုပ်တော့ (ဝိညာဏ် ချုပ်ပါတယ်) ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါး မချုပ်သေးဘူးလား (ချုပ်ပါတယ်ဘုရား) ခန္ဓာငါးပါး ချုပ်တယ်ဆိုကတည်းက ဒကာ ဒကာမတို့ ကာလ၏ စားဖတ် ဝါးဖတ်အထည် ပေါ်သေးရဲ့လား (မပေါ်ပါဘုရား)။

ဒါဟာ ဘာကို ရှုလိုက်လို့ပါလိမ့်ဗျာ (ဥပေက္ခာဝေဒနာကို ဖြစ်ပျက်ရှုလို့ပါ) ဥပေက္ခာဝေဒနာကို ဖြစ်ပျက်ရှုလိုက် တဲ့အတွက် ဤမျှလောက် ကျေးဇူးခံစားရတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ) ဒါဖြင့် မျက်လုံးထဲ ဘာဝေဒနာပေါ်သတုံး (ဥပေက္ခာဝေဒနာပေါ်ပါတယ်) ပေါ်တိုင်း-ပေါ်တိုင်း ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါမယ်)။

ဖြစ်ပျက် ရှုပေးစမ်းပါဆိုတာကို ဦးခင်မောင်တို့ မောင်ကိုတို့ မပျင်းကြပါနဲ့၊ တရားတစ်ပွဲလုံး ဒကာ ဒကာမတွေ မပျင်းပါနဲ့ဆိုတာ သတိပေးတယ်နော် (မှန်ပါ့ဘုရား) အကယ်၍ ပျင်းလိုက်ရင် ဘာဖြစ်မကုံး ကာလ၏ စားဖတ် ဝါးဖတ်ဖြစ် မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ပျင်းလိုက်ရင် ဘာဖြစ်မယ်ထင်သတုံး (ကာလ၏ စားဖတ် ဝါးဖတ် ဖြစ်ပါမယ် ဘုရား)။

ဒါပြင့် ကိုယ့်ကို သူများသတ်ဖြတ်စားမည့်အလုပ်မှ လွတ်စေချင်လို့ရှိရင် ဥပေက္ခာဝေဒနာလာလည်း ဘာလုပ်ရ မယ် (ဖြစ်ပျက်ရှုရပါမယ်) ရှင်းပလား (ရှင်းပါပြီ) အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဆဆက္ကသုတ်မှာ တစ်ခါ တည်း အကူအညီပေးလိုက်တယ် ဦးခင်မောင်ရေ (မှန်လှပါဘုရား)။

ဥပေက္ခာဝေဒနာ ပေါ်တာကို မင်းတို့သည်ကားလို့ ဆိုလိုရှိရင်ဖြင့် မသိလို့ရှိရင်ဖြင့်တဲ့ အဝိဇ္ဇာလာမှာပဲ။ အဲဒီ အဝိဇ္ဇာလာလို့ရှိရင်ဖြင့် ဘယ်တော့မှ ကာလ၏ စားဖတ် ဝါးဖတ် လွတ်လိမ့်မယ်လို့ ငါမဟောဘူးတဲ့ (မှန်ပါ့) ဥပေက္ခာ ဝေဒနာမရှုရင် ဘာလာမတဲ့တုံး (အဝိဇ္ဇာလာပါမယ်)။

အဝိဇ္ဇာလာလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေသိတဲ့အတိုင်း သင်္ခါရက နေသေးရဲ့လား (မနေပါဘုရား) မနေလို့ရှိရင် ဖြင့် ကျုပ်တို့ ဝိညာဏ်ဆိုတဲ့ ခန္ဓာကြီး ပေါ်-မပေါ် (ပေါ်ပါတယ်ဘုရား) ပေါ်လာတော့ ဘယ်သူ စားဖို့ ဝါးဖို့ အထည်ဖြစ် လာသတုံး (ကာလ စားဖို့ ဝါးဖို့ ဖြစ်လာပါတယ်) ကာလ၏ စားဖို့ ဝါးဖို့ အထည်ဖြစ်လာတယ်ဆိုတာ သေချာပလား (သေချာပါပြီ)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မောင်ကိုရေ ပြောပြန်တယ်။ ဥပေက္ခာဝေဒနာပေါ်တာမှ ဖြစ်ပျက် မရှုမိလို့ ရှိရင်ဖြင့် အဝိဇ္ဇာ မသေဘူးကွ (မှန်လှပါဘုရား) အဝိဇ္ဇာ မသေတဲ့အတွက် သင်္ခါရတို့ ဝိညာဏ်တို့ဆိုတဲ့ ကာလ စားဖတ် ဝါးဖတ်တွေဟာ ဘယ်နည်းနဲ့မဆို ပေါ်ရမယ်လို့ ဘုရားဟောတာကော ကျေနပ်ပလား (ကျေနပ်ပါပြီဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘာလုပ်ကြရမယ် (ဥပေက္ခာဝေဒနာကို ဖြစ်ပျက် ရှုရပါမယ်) ဒါဖြင့် ဥပေက္ခာဝေဒနာ ပေါ်ရင်လည်း ဖြစ်ပျက် ရှုရလိမ့်မယ်နော် (မှန်ပါ့) အနိစ္စ ရှုရလိမ့်မယ်။ ဖြစ်ပျက်ဆိုတာ အနိစ္စကို ချုံးသွားတာလို့ မှတ် လိုက်စမ်းပါ (မှန်ပါ့)။

ဖြစ်ပျက်ဆိုတာ ဘာလုပ်တဲ့ စကားပါလိမ့် (အနိစ္စရှုရမှာပါ) အနိစ္စကို ချုံးသွားတဲ့စကားလို့ ဒကာ ဒကာမတွေ ကျေကျေနပ်နပ် မှတ်ထားပါနော် (မှန်ပါ့)။

ကဲ ဒါဖြင့် နားကကြားတာကို ကြားကာမျှမတ္တမှာ ဦးခင်မောင်ရေ ကြားတယ်လို့ ဆိုကာမတ္တကလေးမှာလည်း လိုချင်ရချင် ရှိသေးရဲ့လား (မရှိပါဘူး) စိတ်ဆိုးတာကော ပါသေးရဲ့လား (မပါပါဘူး)။

အဲဒါကြောင့် ကြားတဲ့ဝေဒနာကလေးဟာ ကြားတဲ့စိတ်ကလေးဟာ ဥပေက္ခာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ကြား တဲ့ စိတ်ကလေးဟာ (ဥပေက္ခာဝေဒနာပါ) သဘောပါကြလား (ပါ-ပါပြီ)။

ဒါဖြင့် အဲဒီဥပေက္ခာဝေဒနာကလေးပေါ်လာတာကို မသိလိုက်ရင် ဘယ်သူလာမယ် (အဝိဇ္ဇာလာပါမယ်) အဝိဇ္ဇာ လာမယ်။ အဝိဇ္ဇာလာရင် (သင်္ခါရလာမယ်) သင်္ခါရလာရင် (ဝိညာဏ်လာမယ်) ဝိညာဏ်ဆိုရင်ဖြင့် ခန္ဓာမပေါ်သေးဘူး လား (ပေါ်ပါတယ်ဘုရား) အနာဂတ်ခန္ဓာ ပေါ်ပြီနော် (ပေါ်ပါပြီ) အနာဂတ်ခန္ဓာ ပေါ်ခဲ့လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကာလ၏ စားဖတ် ဝါးဖတ် ဘယ့်နှယ်တုံး (ဖြစ်ပါတယ်ဘုရား) ဧကန်ဖြစ်, တကယ်ဖြစ်ဆိုတာ သေချာကြလား (သေချာပါ ပြီဘုရား)။

ကောင်းပြီ ဒါဖြင့် တပည့်တော်တို့ဘုရား ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်နဲ့ အချိန်ကုန်ခဲ့ရတာတွေ အင်မတန် ကြာမြင့်ခဲ့ပါပြီ။ ဒါ-တပည့်တော်တို့ ဘယ်လိုများ ဇာတ်သိမ်းရပါ့မလဲဆိုတာ ယနေ့ အကြံဉာဏ်ပေးပါတယ် ဒကာ ဒကာမ တို့ အကူအညီပေးပါတယ်။

နားထဲ ဥပေက္ခာဝေဒနာ ပေါ်လဲ ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက် ရှုလိုက်တော့ အဝိဇ္ဇာလာသေးရဲ့ လား (မလာပါဘူးဘုရား) အဝိဇ္ဇာမလာတော့ သင်္ခါရကော (မလာပါဘူးဘုရား) သင်္ခါရမလာတော့ ခန္ဓာကော (မပေါ် ပါဘူး) မပေါ်ရင် ဘယ်ကာလက ဘာကို သွားစားမလဲ (စားစရာမလိုတော့ဘူး) ကာလက မစားနိုင်ဘူးဆိုတာ သေချာ ကြပလား (သေချာပါပြီ)။

အဲ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ကိုယ် သူများစားမှာ ကြောက်လို့ရှိရင်ဖြင့် ဒီဝေဒနာ ပေါ်တာကို ဒကာသစ်တို့ ဘာလုပ်ရမလဲ (ဖြစ်ပျက် ရှုရပါမယ်ဘုရား) ဖြစ်ပျက်ရှုပေးရမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်ဘုရား)။

အဲဒါကြောင့် ပိဋကတ်သုံးပုံကို အကုန်ချုံလိုက်တဲ့အခါကျတော့ ပိဋကတ်သုံးပုံမှာ စာတွေသင်ကြ၊ အမျိုးမျိုး သင်ကြ၊ အမျိုးမျိုး ဝိနည်းသုတ္တန်တွေ သင်ကြ၊ မောင်ကို အကုန်သင်ကြတာပေါ့ကွာ (မှန်ပါ့ဘုရား) နောက်ဆုံးပိတ်တစ်နေ့ ဟာ ဒါကို အားထုတ်စေချင်လို့ အသင်ခိုင်းတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီဘုရား)။

ပိဋကတ်သုံးပုံ ချုံလိုက်တဲ့အခါ

ပိဋကတ်သုံးပုံ ချုံလိုက်တဲ့အခါကျတော့ ဖြစ်ပျက်အားထုတ်စေချင်လို့ သင်ကြတာ (မှန်ပါ့ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာကို အားထုတ်စေချင်လို့ပါလိမ့် (ဖြစ်ပျက်အားထုတ်စေချင်လို့ပါဘုရား)။

အဲ ပိဋကတ်သုံးပုံ ချုပ်လိုက်တဲ့အခါကျတော့ အနိစ္စ ဒုက္ခ အနတ္တသာ ရှိတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီဘုရား) ပိဋကတ်သုံးပုံ အကုန်သင်လာတာတွေ နောက်ဆုံးပိတ် ဒီရှုတတ် မှတ်တတ်ဖို့ကို သင်တာပါပဲ (မှန်လှ ပါဘုရား) ရှင်းပြီနော် (မှန်ပါ့)။

အဲဒီတော့ ရှုတတ် မှတ်တတ်တော့ သံသရာစခန်း မသတ်ဘူးလား (သတ်ပါတယ်ဘုရား) သံသရာစခန်း သတ် တယ်ဆိုတော့ အဝိဇ္ဇာ သင်္ခါရချုပ်သောကြောင့် ဝိညာဏ်ကော (ချုပ်ပါတယ်ဘုရား) ဒါ-သံသရာပဲ၊ ဒီသံသရာတွေ စခန်းသတ်တာသည် ဖြစ်ပျက်ရှုတဲ့ဉာဏ်ပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) သံသရာစခန်းသတ်တာ ဘာပါလိမ့် (ဖြစ် ပျက်ရှုတဲ့ ဉာဏ်ပါဘုရား)။

ကောင်းပြီ ဒါဖြင့် နေရာကျပြီ ဒကာ ဒကာမတို့ နားမှာလည်း ဥပေက္ခာဝေဒန၊ နှာခေါင်းမှာကော (ဥပေက္ခာ ဝေဒနာပါပဲ ဘုရား)။

နှာခေါင်းထဲ ရှူတဲ့ ရှိုက်တဲ့အခါ မွေးတာကလေး ရှူရှူ၊ နံတာကလေး ရှူမိ ရှူမိ၊ ဒီထဲမှာ ပေါ်လာသ၍ဖြင့် ဥပေက္ခာချည်းပဲ မှတ်ပါ (မှန်ပါ့) ဒါ-ပေါ်တိုင်း ပေါ်တိုင်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်) လျှာပေါ်မှာ စားတိုင်း စားတိုင်း (ဥပေက္ခာဝေဒနာ ရှုရပါမယ်) ကိုယ်ထဲမှာ ဥပေက္ခာ ပေါ်တိုင်းပေါ်တိုင်း (ဥပေက္ခာဝေဒနာ ရှုရပါမယ်)။

အင်း-ဟင်-ကိုယ်ထဲမှာတော့ ဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ် ကမ္မဿကာထားတဲ့အခါ နေပါစေကွာ။ ဒါ-ထားလိုက်ပါကွာ၊ ဒီပစ္စည်းတော့ကွာ ကိစ္စမရှိပါဘူးကွာ။ ကိစ္စမရှိတာ သုံးတိုင်းသုံးတိုင်း ဘာတုံး (ဥပေက္ခာဝေဒနာပါဘုရား) ကိစ္စမရှိဘူး ကိစ္စမရှိဘူး ဒီပစ္စည်းဟာ သိမ်းသွားရမလား၊ မသိမ်းပါနဲ့ ကိစ္စမရှိပါဘူး မသုံးဘူးလား (သုံးပါတယ်ဘုရား)။

အဲဒီ ကိစ္စမရှိပါဘူး သုံးတဲ့စိတ်ဟူသ၍ ဘာဆိုကြမယ် (ဥပေက္ခာဝေဒနာပါ) အဲဒီ ကိစ္စမရှိဘူးဆိုတဲ့ စိတ်ကိုလည်း ဘာလုပ်ကြရမလဲ (ဖြစ်ပျက်ရှုရပါမယ်)။

ဖြစ်ပျက် ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြစ်တဲ့ အင်း ဝမ်းထဲပေါ်တဲ့ ဥပေက္ခာဝေဒနာက အနိစ္စ၊ ရှုတာက မဂ္ဂ-မဖြစ်ဘူးလား (ဖြစ်ပါတယ်ဘုရား) ဒီဘက်က အဝိဇ္ဇာ သင်္ခါရက ဘယ့်နှယ်နေသတုံး (ချုပ်ပါတယ်) မချုပ်ဘူးလား (ချုပ်ပါတယ်) ရှင်းပြီနော် (မှန်ပါ့)။

ဥပေက္ခာဝေဒနာ ပေါ်နိုင်တဲ့နေရာ ငါးနေရာ

ဒါဖြင့် ဥပေက္ခာဝေဒနာ ပေါ်နိုင်တဲ့နေရာ ငါးနေရာ ဟောပြီးပါပြီ (မှန်ပါ့) အဲဒီမှာ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဥပေက္ခာဝေဒနာကို ဖြစ်ပျက်မရှုဘဲနဲ့ ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်မှ လွတ်လိမ့်မယ်လို့ ငါဘုရားမဟောဘူး တဲ့ (မှန်လှပါဘုရား) သဘောပါကြလား (ပါ-ပါပြီ)။

ဥပက္ခောဝေဒနာ ဖြစ်ပျက်မရှုဘဲနဲ့ ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်မှ လွတ်လိမ့်မယ်လို့ ငါဘုရားမဟောဘူး လို့ ဆဆက္ကသုတ်မှာ သေသေချာချာ လာပါတယ် (မှန်ပါ့) သဘောပါကြလား (ပါ-ပါတယ်) ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာ သုံးမျိုးကို လှည့်မရှုရပေဘူးလား (ရှုရပါတယ်ဘုရား)။

ကိုင်း ရှုတဲ့အခါကျတော့ ဒီနေ့ပြရမှာက ဒကာ ဒကာမတွေ ရှုတာ လမ်းဆုံးရှုနည်းကို ပြပါဦးမယ် (မှန်ပါ့) လမ်းဆုံးရှုနည်းနော် (မှန်ပါ့) ဒါက စ-ရှုနည်းကိုပြတာ (မှန်ပါ့) တပည့်တော် ရှုရမှာ မသေမချင်း ရှုရမှာလားဘုရား၊ ဘယ်အချိန်ကျတော့ စခန်း သတ်ရမှာလဲ ဦးခင်မောင်-မေးဖို့ မလိုဘူးလား (လိုပါတယ်ဘုရား)။

အဲဒီတော့ ကိုတဲ့ ဘုန်းကြီးလည်း ယနေ့ရှင်းပြပါမယ်။ ဥပမာ ဒကာ ဒကာမတွေက ဝေဒနာပေါင်းလိုက်တဲ့အခါ ကျတော့ သုခ ဒုက္ခ ဥပေက္ခာပဲရှိတယ်။ ပေါင်းလိုက်တဲ့အခါ ဒါပဲမရှိဘူးလား (ရှိပါတယ်ဘုရား) ဒီ့ပြင် ဘာရှိသေးသတုံး (ဘာမှမရှိပါဘူးဘုရား) သုခ ဒုက္ခ ဥပေက္ခာလို့ သုံးခုပဲချုံးလို့ အခုန ပြောခဲ့တာတွေက အကုန်မဝင်ဘူးလား (ဝင်လာပါ တယ်ဘုရား)။

ဥပေက္ခာ-ဥပေက္ခာချင်းပေါင်း၊ သုခနဲ့ သောမနဿနဲ့ ပေါင်း၊ ဒကာသစ်ရေ- ဒုက္ခနဲ့ ဒေါမနဿနဲ့ကော (ပေါင်းရ မှာပါပဲ) ပေါင်းလိုက်တဲ့အခါကျတော့ ဘယ်နှစ်မျိုးရှိတော့သတုံး (သုံးမျိုးရှိပါတယ်) သုံးမျိုးရှိတော့ သုခ ဒုက္ခ ဥပေက္ခာ ပဲ ပြန်ဖြစ်တယ် (မှန်ပါ့) သဘောပါကြလား (ပါပါပြီ) ချုံးလိုက်တဲ့အခါ သုခ ဒုက္ခ ဥပေက္ခာပဲ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ကောင်းပြီး ဒီဥပေက္ခာ ဒီဟာတွေကို ဒကာ ဒကာမတွေက အဲဒီအချိန်ကျလာတော့ ရှုတဲ့လမ်းဆုံးကို ပြောတော့ မယ်ဆိုတော့ ဒကာ ဒကာမတွေ မသေမချင်း မှတ်ထားပါ။ မိလိန္ဒ မင်းကြီးက အရှင်ဘုရား ဝိပဿနာရှုတဲ့အခါ ရှုတော့ ရှုပါမယ်တဲ့။ ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်များ နိဗ္ဗာရောက်တယ်လို့ ပြောပါတယ်။ ဘုရားက ဒါဟောပါတယ်။ အဲဒီတော့ ဝိပဿနာ ရှုနေရင်း နိဗ္ဗာန်ရောက်ပုံပြောစမ်းပါ။ ဒကာ ဒကာမတို့ ဘာတဲ့တုံး (ဝိပဿနာရှုရင်း နိဗ္ဗာန်ရောက်ပုံပြောပါတဲ့) ဝိပဿနာ ရှုရင်း မတ္တနဲ့ နိဗ္ဗာန်ရောက်သွားပုံကို ပြောစမ်းပါတဲ့။

ရှုရင်း မတ္တနဲ့ နိဗ္ဗာန်ရောက်သွားပုံ

ဒါဟာ ဒကာ ဒကာမတို့ လေးလေး စားစား နားထောင်ရမည့် စကားနော် (မှန်ပါ့ဘုရား) ဘယ်လို နားထောင်ရ မှာတုံး (လေးလေး စားစား နားထောင်ရမှာပါဘုရား) ဝိပဿနာ ရှုတဲ့ပုဂ္ဂိုလ်များ နိဗ္ဗာန်ရောက်တယ်လို့ ပြောပါတယ်ဘုရား တဲ့။

အဲဒီတော့ ဝိပဿနာရှုရင်း ဘယ်လိုရောက်သွားတယ်ဆိုတာ တပည့်တော် သိချင်ပါတယ်။ မိလိန္ဒမင်းကြီးက မေးတယ်နော် (မှန်ပါ့) ဝိပဿနာရှုရင်း ဘာတဲ့တုံး (နိဗ္ဗာန်ရောက်ပုံ ပြောစမ်းပါတဲ့) ဝိပဿနာရှုရင်း နိဗ္ဗာန်ရောက်သွား တယ်ဆိုတာ တပည့်တော်သိချင်ပါတယ် (မှန်ပါ့)။

အဲဒါကြောင့် အရှင်ဘုရားကိုတော့ ဝိပဿနာရှုပြီး နိဗ္ဗာန်ရောက်တဲ့ ရဟန္တာဖြစ်နေတာ တပည့်တော်သိပါတယ်။ အဲဒါ အရှင်ဘုရားက ဒီလမ်း-သွားပြီးသားလမ်းဖြစ်သောကြောင့် ကိုယ်တိုင်ရောက်ခဲ့တဲ့ လမ်းဖြစ်လေသောကြောင့် ဆုံး ပြီးသကာလ နေပါသည်။

ဒါ့ကြောင့် အရှင်ဘုရား ဝိပဿနာရှုပြီးရင် နိဗ္ဗာန်ဘက်ကို ရောက်ပုံကို တပည့်တော် ရှင်းပြပါတဲ့ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဒီထက် ချက်ကောင်း ဘယ်ရှာတွေ့တော့မလဲ (မတွေ့ပါဘူးဘုရား) သဘောပါပလား (ပါ-ပါပြီ)၊ ဝိပဿနာရှုရင်း နိဗ္ဗာန်ရောက်ပုံကို အရှင်ဘုရား ရှင်းပြစမ်းပါ ဘုရား၊ တပည့်တော်လည်း အားထုတ်ပါမယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဝိပဿနာရှုရင်း ဘယ်ရောက်ပုံ မေးပါလိမ့် (နိဗ္ဗာန်ရောက်ပုံမေးပါတယ်ဘုရား)၊ ဝိပဿနာ ရှုရင်း (နိဗ္ဗာန်ရောက်ပုံမေးပါတယ်)၊ နိဗ္ဗာန်ရောက်ပုံ မေးတယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။ အမေးသမားကလည်း ဒကာ ဒကာမတို့ မိလိန္ဒမင်းကြီး-နော် (မှန်ပါ့)။ အဖြေသမားက အရှင်နာဂသိန် ရဟန္တာနော် (မှန်ပါ့)။

အရှင်နာဂသိန် ရဟန္တာ

ရဟန္တာလို့ ဦးခင်မောင်တို့ မောင်ကိုတို့ မှတ်ကြပါ။ ရောက်ပြီးသားလမ်း ပြောရမှာနော် (မှန်ပါ့)၊ မသိတဲ့လူက မှန်းပြောတဲ့ တရားလား၊ သူ သွားရာလမ်း ပြောမှာလား (သူသွားရာလမ်း ပြောမှာပါဘုရား)။

ဒါဖြင့် ဒီလမ်းသည် ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင် ယုံမှားသံသယရှိပြီးသကာလ နေစရာ လိုသေးရဲ့လား (မလိုတော့ပါဘူး)၊ အဲဒါကြောင့် ဒီစခန်းကို ယနေ့သွားရမှာ ဖြစ်နေတော့ ဒကာ ဒကာမတွေက ပေါ့ပေါ့ကလေး မှတ်သွား မှာ စိုးရိမ်လို့ ဪ ဒို့လည်း ဝိပဿနာရှုမှပဲ၊ ကာလ၏ စားဖတ် ဝါးဖတ်အဖြစ်မှ လွတ်မှာလို့ဆိုတာ့ ဝိပဿနာရှုရင်း ဘဲ နိဗ္ဗာန်ရောက်မှ စားဖတ်က သေသေချာချာ လွတ်မှာ (မှန်ပါ့)။

ဝိပဿနာမရှုဘဲနဲ့လည်း နိဗ္ဗာန်မြင်ရပါ့မလား (မမြင်ရပါဘုရား)၊ ဝိပဿနာမရှုဘဲနဲ့လည်း နိဗ္ဗာန်မြင်ရပါ့မလား (မမြင်ရပါဘုရား)၊ မမြင်ရနိုင်ဘူးတဲ့။ ဝိပဿနာမရှုဘဲနဲ့လည်း နိဗ္ဗာန်မမြင်ရတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဝိပဿနာလည်း ရှုရမယ်။ ရှုမှလည်း နိဗ္ဗာန်ဘက်ကိုရောက်မယ် (မှန်ပါ့) ရောက်မှလည်း ကိုယ့်ခန္ဓာကြီး ကာလ၏ စားဖတ် ဝါးဖတ် အဖြစ်မှ လွတ်မယ်ဆိုတာ သေချာကြပလား (သေချာပါပြီဘုရား)။

ဒါဖြင့် ဝိပဿနာရှုရလိမ့်မယ်နော် (မှန်ပါ့)။ ကိုင်း-ဒါဖြင့် ဝိပဿနာရှုတော့ ဝေဒနာရှုတာပါတဲ့။ ယခုတော့ ဝေဒနာစခန်းကိုပဲ ဟောနေရတဲ့အတွက် ဦးခင်မောင်ရေ- ဝေဒနာပဲ ရှုရလိမ့်မယ်နော် (မှန်ပါ့ဘုရား) ဝေဒနာနုပဿနာ ပဲ ရှုရလိမ့်မယ်။ ကိုင်း-ကိုင်း ရှုပုံပြောပါတော့မယ်တဲ့။

ဒကာကြီးတ့ မိလိန္ဒမင်းကြီးကို အရှင်နာဂသိန်က ခေါ်လိုက်တယ်။ ဝိပဿနာရှုရင်း နိဗ္ဗာန်ရောက်ပုံကို ကျုပ် သေသေချာချာ ရှင်းပြမယ် ဒကာကြီး၊ သေသေချာချာ နားထောင်၊ ဒကာ ဒကာမတွေကော သေသေချာချာ နားမထောင် ရပေဘူးလား (နားထောင်ရပါတယ်ဘုရား)။ ဒါန-သီလ ကုသိုလ်ကောင်းမှုတွေ ပြုပြီးသကာလ ဒီကောင်းမှုကြောင့် မဂ်ဖိုလ် နိဗ္ဗာန်ရောက်ရ ရရပါလို၏လို့ ခင်ဗျားတို့ ဆုချည်းတောင်းနေတယ်။

ဆုတောင်းနေတဲ့ဥစ္စာ ခင်ဗျားတို့ ဒီအတိုင်းရမယ်မဟုတ်ဘူး။ ဝိပဿနာရှုရင်း မတ္တနဲ့ နိဗ္ဗာန်ဘက်ကို ဝိပဿနာ ရှုမှ နိဗ္ဗာန်ဘက် ရောက်မှာကိုး (မှန်လှပါဘုရား) ဝိပဿနာရှုမှ (နိဗ္ဗာန်ဘက်ရောက်မှာ)။

အဲဒီတော့ ဘယ်လို ဝိပဿနာရှုလို့ ဘယ်လို နိဗ္ဗာန်ဘက်ရောက်သွားတယ်ဆိုတာ တပည့်တော် သိချင်ပါတယ်လို့ မိလိန္ဒမင်းကြီးက မမေးဘူးလား (မေးပါတယ်)။

မေးတော့ အရှင်နာဂသိန်ကလည်း အတိအလင်း ဖြေပါလိမ့်မယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ထားလိုက်တာ ပေါ့ (မှန်လှပါဘုရား) အရှင်နာဂသိန်က ဘာပါလိမ့် (အတိအလင်းဖြေပါလိမ့်မယ်)၊ ရှင်းရှင်းလင်းလင်း ဖြေလိမ့်မယ် (မှန်ပါ့)၊ ဒကာကြီးတဲ့ ပထမရှေးဦးစွာ ဖြစ်ပျက်ကို ရှုပေးပါ။ သုခဝေဒနာပေါ်လည်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုပေးရမယ်) ဒုက္ခဝေဒနာပေါ်လည်း (ဖြစ်ပျက်ရှုရမယ်) ဥပေက္ခာဝေဒနာ ပေါ်လည်း (ဖြစ်ပျက်ရှုရမယ်)။

ဖြစ်ပျက်ကို ရှုနေစမ်းပါ ဒကာကြီးတဲ့၊ ဒီအတိုင်းသာ ရှုနေ၊ ရှုဖန်များလာတဲ့ အခါကျလို့ရှိရင်ဖြင့် ဒီအဖြစ်အပျက် တွေ ဒကာ ဒကာမတွေက ဒါ ဝေဒနာက္ခန္ဓာဆိုရင် လွဲပါ့မလား (မလွဲပါဘူးဘုရား) ဒါ-ဘာခန္ဓာတွေပါလိမ့် (ဝေဒနာ က္ခန္ဓာတွေပါဘုရား) ဝေဒနာက္ခန္ဓာဆိုတာ သူများဝေဒနာက္ခန္ဓာလား။ မိမိဝေဒနာက္ခန္ဓာလား (မိမိဝေဒနာက္ခန္ဓာပါဘုရား) မိမိသန္တာန်ဖြစ်တဲ့ မိမိဝေဒနာက္ခန္ဓာ (မှန်ပါ့)။

ဝိပဿနာဆိုတာ ဘာပါလိမ့်

ဒါဖြင့် ဒါတွေဟာ ဖြစ်ပြီးပျက်တယ် – ဖြစ်ပြီးပျက်တယ်ဆိုတော့ မိမိသေတာတွေ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ) ဘယ်သူသေတာတုံး (မိမိသေတာပါဘုရား) အင်း မိမိသေတာကို မိမိရှုရတာပဲ (မှန်ပါ့) ဝိပဿနာဆိုတာ ဘာပါလိမ့် (မိမိသေတာ မိမိရှုရတာပါဘုရား) မိမိသေတာကို မိမိရှုရတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

ဝိပဿနာဆိုတာ ဘာပါလိမ့် (မိမိသေတာ မိမိရှုရတာပါဘုရား) မိမိသေတာ မိမိရှုနေတော့ ကိုယ့်အသေကလေး တွေကို ကိုယ်မြင်အောင် ရှုပြီးသကာလ ကိုယ့်အသေ ကိုယ်မြင်လိမ့်မယ် ဒကာကြီး (မှန်ပါ့) ဒါ-ဝိပဿနာရှုတာပဲ (မှန်ပါ့) ကိုယ့်အသေ ကိုယ်မြင်တာ ဘာတုံး (ဝိပဿနာရှုတာပါ ဘုရား)။

ဒါကြောင့် ဝေဒနာက္ခန္ဓာကလေးတွေ သေတော့ ကျုပ်တို့က ခန္ဓာငါးပါးသမားဆိုတဲ့ဥစ္စာ ဝေဒနာက္ခန္ဓာသေလည်း ဦးခင်မောင်ရေ့ ကျန်လေးပါးပါ ရောသေတာနော် (မှန်လှပါဘုရား) မောင်ကို ဘာတဲ့တုံး (ကျန်လေးပါပါရော သေပါ တယ်ဘုရား) မောင်ကို ဘာတဲ့တုံး (ကျန်လေးပါးပါရော သေပါတယ်ဘုရား) ဒါဖြင့် ခန္ဓာငါးပါးလုံးသေတော့ ကိုယ့်အသေ မဖြစ်သေးဘူးလား (ဖြစ်ပါတယ်ဘုရား)။

အဲဒါ ကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာမတို့ ခန္ဓာငါးပါး တစ်ပါးသေရင် အကုန်သေတာပဲ (မှန်လှပါဘုရား) ရှင်းပြီနော် (ရှင်းပါပြီ) အဲဒီတော့ ဝိပဿနာရှုပါဆိုတော့ မဂ္ဂင်နဲ့ အရှုခိုင်းတဲ့အခါကျတော့ ဘာတွေမြင်ကြတုံး (ကိုယ့်အသေ ကိုယ်မြင်ပါတယ်ဘုရား) ကိုယ့်အသေ ကိုယ်မြင်ကြတယ်။ ဒကာ ဒကာမတို့ ဘာမြင်ကြတုံး (ကိုယ့်အသေ ကိုယ်မြင်ကြ တယ်)။ အဲ ဒကာကြီးတဲ့ ရှေးဦးစွာတော့ ကိုယ့်အသေ ကိုယ်မြင်လိမ့်မယ် (မှန်ပါ့) သဘောပါလား (ပါပါတယ်ဘုရား) အရှင်နာဂသိန်ကဆိုပြီ၊ ဒကာကြီး ရှေးဦးစွာ ဝိပဿနာရှုပါတဲ့၊ ရှုတဲ့အခါ ကိုယ့်အသေ ကိုယ်မြင်ပါလိမ့်မယ်တဲ့ (မှန်ပါ့) သဘောပါကြလား (ပါပါတယ်ဘုရား)။

အဲ ကိုယ့်အသေ ရှုဖန်များလာတဲ့အခါကျတော့ ဪ- ဒါတွေဟာ ဘာမှမဟုတ်ပါလား။ ရွံစရာ မုန်းစရာ ပါကလားဆိုတာ ရှုဖန်များလာရင် မုန်းလိမ့်မယ် ဒကာကြီးတဲ့ (မှန်ပါ့) မမုန်းဘူးလား-မုန်းသလား- (မုန်းပါတယ်ဘုရား) ကိုယ့်အသေတွေချည်း ထပ်မြင်နေရတော့ ဘယ့်နှယ်ဖြစ်မယ်ထင်ကြသလဲ (မုန်းပါတယ်) မုန်းမယ်ဆိုတာ မသေချာသေး ဘူးလား (သေချာပါတယ်) အဲဒီတော့ ဒကာကြီးတ့ ပထမကိုယ့်အသေကိုယ် မြင်လိမ့်မယ်။ နောက်ကိုယ့်အသေ ကိုယ်မုန်း လိမ့်မယ်။

ဦးခင်မောင် ဘယ်နှစ်ချက်ရှိသွားပလဲ (နှစ်ချက်ရှိသွားပါပြီ) နှစ်ချက်ရှိသွားပြီဆိုတာ သဘောကျကြပြီနော် (မှန်ပါ့) နောက်ကျတော့ ဒကာကြီးတဲ့ ဒီဉာဏ်ကထွက်လာတဲ့ အခါကျတော့ ကိုယ့်အသေကြီးကို ကိုယ်မလိုချင်တော့ဘူး (မှန်ပါ့) ဉာဏ်ကထွက်လာတော့ ကိုယ့်အသေဘယ့်နှယ် (ကိုယ်မလိုချင်တော့ဘူး) မလိုချင်တဲ့အချိန်ကျတော့ ဒကာကြီးတဲ့ ရှုစရာ ခုနက အသေခန္ဓာကြီး ပျောက်သွားတယ် (မှန်ပါ့)။

အသေခန္ဓာကြီး ပျောက်တဲ့ဆီကိုမြင်တယ် (မှန်ပါ့) ရှုနေတဲ့ တရားက အသေခန္ဓာပျောက်တာကို မြင်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား) ရှုနေတဲ့တရားက (အသေခန္ဓာပျောက်တာကို မြင်ပါတယ်ဘုရား) ဒါဖြင့် မသေရာကို မြင်တာပေါ့ (မှန်ပါ့ဘုရား) ခုနကတော့ အသေတွေမြင်၊ အသေတွေမုန်း (မှန်ပါ့)။

မသေတာက နိဗ္ဗာန်

အခု နောက်-ရှုဖန်များလာတော့ ဒီအသေတွေဖြင့် မလိုချင်ပါဘူးလို့ ဒီဉာဏ်ကထွက်လာတဲ့အခါကျတော့ အသေ မြင်သလား မသေတာ မြင်သလား (မသေတာ မြင်ပါတယ်ဘုရား) ဒါဖြင့် မသေတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ခေါ်ပါ တယ်ဘုရား) မသေတာက နိဗ္ဗာန်၊ မသေတာမြင်တာက (မဂ္ဂင်ပါဘုရား)။

မသေတာက (နိဗ္ဗာန်ပါဘုရား)။

မသေတာမြင်တာက (မဂ္ဂင်ပါဘုရား)။

မသေရာက (နိဗ္ဗာန်ပါဘုရား)။

မသေရာမြင်တာက (မဂ္ဂင်ပါဘုရား)။

ဒါဖြင့် ဒီဉာဏ်ဟာ ခုနကလိုအသေမြင် အသေမုန်းတဲ့ ဘက်ကမှ အသေဆုံးတဲ့ဘက် ကူးသွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အသေမြင် အသေမုန်းရာမှ ဘယ်ကူးသွားသတုံး (အသေဆုံးတဲ့ဘက်ကူးပါတယ်) အသေဆုံးတဲ့ ဘက်ကို ဒီဉာဏ်ကူးသွားတယ် (မှန်လှပါ) သဘောကျပလား (ကျပါပြီ) ဒါဖြင့် ဒကာ ဒကာမတွေဘဲ အားထုတ်ကြစမ်း ပါလို့ ပထမဖြစ်ပျက်မြင်ရင် အသေမြင်ပြီ အောက်မေ့ပါ (မှန်ပါ့)။

ရှုဖန်များရင် ကိုယ့်အသေ ကိုယ်မမုန်းပေဘူးလား (မုန်းပါတယ်ဘုရား) ဒီအသေကြီးတွေ ထွက်လာလို့ရှိရင် လိုချင်ဦးမလား-မလိုချင်ဘူးလား (မလိုချင်ပါဘူးဘုရား) မလိုချင်လို့ရှိရင် ရှေ့ပိုင်းကဝေဒနာတွေ သေတာတွေ ဒကာ ဒကာမတို့ သေသေချာချာမှတ် အကုန်ပျောက်လိမ့်မယ် (မှန်ပါ့) ပျောက်သွားတော့ ကိုယ့်ခန္ဓာငါးပါးအသေ မြင်ရသေး ရဲ့လား (မမြင်ရပါဘုရား။

ဒါဖြင့် မသေရာက နိဗ္ဗာန်။

မြင်တာက (မဂ္ဂင်ပါဘုရား)။

မသေရာက (နိဗ္ဗာန်ပါ)။

မြင်တာက (မဂ္ဂင်ပါဘုရား)။

မဂ်ဉာဏ်ဆိုသဖြင့် ဪ- ပထမအသေမြင်ပြီး၍ အသေမုန်းပြီးသကာလမှ မသေရာမြင်ပါကလားဆိုတာ သုံး ချက် (မှန်လှပါဘုရား) သဘောပါလား (ပါပါပြီ) ပထမဘာမြင်တုံး (ကိုယ့်အသေ ကိုယ်မြင်ပါတယ်) အသေမြင်တယ်၊ နောက် အသေမုန်းတယ်ဆို ဦးခင်မောင်ရေ (မှန်ပါ့) နောက်ကျတော့ ဘာမြင်ပါလိမ့် (မသေရာမြင်ပါတယ်)။

ရှုဖန်များလာတဲ့အခါကျတော့ ဒီအသေကြီး မလိုချင်တော့ပါဘူးဆိုတော့ ဒီအသေကြီးဟာ အကုန်ပျောက်သွား တယ် (မှန်ပါ့) ပျောက်ထွက်သွားပြီး ဘယ်ဘက် ဒီဉာဏ်ကူးသွားပါလိမ့် (မသေရာဘက်ကို ကူးသွားပါတယ်) ဒါဖြင့် မသေရာက ဘာပါလိမ့် (နိဗ္ဗာန်ပါဘုရား) မြင်တာက (မဂ္ဂင်ပါဘုရား)။

အဲဒီလို ကူးတယ် ဒကာကြီးတဲ့ ပထမတော့အသေမြင် အသေမုန်းတာပဲတဲ့။ ရှုနေတဲ့ ဉာဏ်ဟာ နောက်တော့မှ မသေတဲ့ဘက် ကူးသွားတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) နောက်ကျတော့ ဘယ်ဘက်ကူးသွားသတုံး (မသေတဲ့ဘက် ကူးသွားပါတယ်)။

အဲဒါ မသေတဲ့ဘက်ကို ခင်ဗျားတို့ကူးအောင် ရှုှုနိုင်လို့ရှိရင်ဖြင့် ပထမသောတာပန်တည်တယ်လို့ မှတ်ပါ (မှန်လှ ပါ) ရှင်းကြပလား (ရှင်းပါပြီ)။

နာရီစေ့သွားပြီ၊ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။