thangyan

🌷🌷 Online ဝိပဿနာ(၉)ရက်တရားစခန်း
🌷🌷 တရားစခန်း ဖိတ်ကြားလွှာ

မြတ်ဗုဒ္ဓအလိုတော်ကျ ပါဠိတော်နည်းကိုအဓိကထား၍ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဥပနိဿယဖြင့် သင်္ကြန်ကာလ Online ဝိပဿနာ (၉)ရက် တရားစခန်းပြုလုပ် ကျင်းပပါမည်။
Online ဝိပဿနာသင်တန်း Page မှ တင်ဆက်ပေးသွားပါမည်။
အသေမဦးမှီ ဉာဏ်ဦးရလေအောင် မိမိကိုယ်ကို ကယ်တင်သောအားဖြင့် Online တရားစခန်း ဝင်ရောက် အားထုတ်ကြရန် ဖိတ်ခေါ်လိုက်ပါသည်။

မှတ်ချက်။ ။ လ​က်တွေ့ အားထုတ်နေသော ယောဂီများအတွက် ရည်ရွယ်၍ အလုပ်ပေးတရားကို အဓိကထားဟောကြားပါမည်။
ယောဂီသစ်များနှင့် အားထုတ်နေသော်လည်း ဘာကိုရှုရမယ်ဆိုတာ မပိုင်သေးသော ယောဂီများ ဘာကိုမြင်ရမယ် ဘာကိုဆုံးဖြတ်ချက်ချရမယ်ဆိုတာ တခါတည်းဟောကြား ဖြေရှင်းပေးထားပါသည်။

——-
🌷🌷 တရားစခန်းနေ့ရက်

(9-4-2022 ,စနေနေ့) မှ (17-4-2022 , တနင်္ဂနွေနေ့)ထိ (၉)ရက်။
၁၃၈၃/၁၃၈၄-ခု၊ တန်ခူးလဆန်း(၉)ရက်နေ့မှ တန်ခူးလဆုတ်(၂)ရက်နေ့ထိ။

🌷🌷 သင်တန်းနည်းပြနှင့်ကမ္မဋ္ဌာနာစရိယဆရာတော် = အရှင်ခေမာသီရိ (B.C.Sc) (သာသနဓဇဓမ္မာစရိယ)

(8-4-2022, သောကြာနေ့) ည ၇-နာရီမှ စ၍ တရားစခန်းဖွင့်ပွဲ ​အမှာစကားကို Facebook Page မှ စတင်ထုတ်လွှင့်ပေးပါမည်။
ကျန်ရက်များ၌ အချိန်စာရင်းအတိုင်း ထုတ်လွှင့်ပါမည်။

——-

ယောဂီအချိန်စာရင်း

🔺၁။ နံနက် (၅)နာရီမှ (၆)နာရီထိ = တရားထိုင်
Facebook Page မှ Live လွှင့်ပေးပါမည်။

🔺၂။ နံနက် (၇)နာရီမှ (၈)နာထိ = သင်တန်းတရားနာ
Facebook Page မှ Live လွှင့်ပေးပါမည်။

🔺၃။ နံနက် (၉)နာရီမှ (၁၀)နာထိ = သီလယူ၊ တရားထိုင်
Zoom meeting ဖြင့်ဆောင်ရွက်ပါမည်။ Facebook Page မှလည်း Live လွှင့်ပေးပါမည်။

🔺၄။ နေ့လည်(၁)နာရီမှ (၂)နာရီထိ = အသံတော်တရားနာကြားရန်
Facebook Page မှ Live လွှင့်ပေးပါမည်။

🔺၅။ နေ့လည်(၂)နာရီခွဲမှ (၃)နာရီခွဲထိ = တရားထိုင်ချိန်
Zoom meeting ဖြင့်ဆောင်ရွက်ပါမည်။ Facebook Page မှလည်း Live လွှင့်ပေးပါမည်။

🔺၆။ ညနေ(၄)နာရီခွဲမှ (၅)နာရီခွဲထိ = တရားနာ
Facebook Page မှ Live လွှင့်ပေးပါမည်။

🔺၇။ ည(၆)နာရီခွဲမှ (၇)နာရီခွဲထိ = တရားထိုင်ချိန်
Zoom meeting ဖြင့်ဆောင်ရွက်ပါမည်။ Facebook Page မှလည်း Live လွှင့်ပေးပါမည်။

🔴 Zoom ID = 9425309709 🔴
🔴 Passcode = 1111 🔴

(Or) တိုက်ရိုက်ဝင်ရန် Link
🔴 https://bit.ly/3JjEqjT

Zoom meeting ထိုင်၍ရှုမှတ်ချိန်များ၌ (၁၅)မိနစ်ကြိုတင်၍ Meeting သို့ ဝင်ရောက်နိုင်ပါသည်။

📌 #ယောဂီစာရင်းပေးရန်မလိုပါ။
အချိန်ပြည့်ဝင်ရောက်အားထုတ်နိုင်သလို၊ ​အချိန်ပိုင်းယောဂီအဖြစ်လည်း ဝင်ရောက်အားထုတ်နိုင်ပါသည်။

#အထူးယောဂီများအတွက်တိုက်တွန်းချက်

စွမ်းနိုင်သူများ တရားထိုင်ချိန် တရားရှုမှတ်ချိန်ကို (၂)နာရီအထိ တဖြည်းဖြည်းနိုင်သလောက်တိုး၍ရှုမှတ်ပါ။
ဥပမာ ၉-နာရီသီလယူတရားထိုင်ချိန်ကို ၁၁နာရီထိ
နေ့လည် ၂နာရီခွဲ တရားထိုင်ချိန်ကို ၄နာရီခွဲအထိ
ည(၆)နာရီခွဲ တရားထိုင်ချိန်ကို (၈)နာရီခွဲ ထိ စသည်ဖြင့်အဆင်ပြေသလို တိုးမြှင့်သွားပါ။

ထိုသို့တိုးမြှင့်ထိုင်သူများ အနေဖြင့် Zoom meeting ဝင်၍တရားထိုင်ပါက သတ်မှတ်ချိန်တစ်နာရီပြည့်လျှင် အသံရပ်သွားလိမ့်မည်။ (ခန္ဓာ့ကိစ္စဆောင်ရွက်လိုကဆောင်ရွက်ပြီး မိမိနိုင်သလောက်ဆက်လက်ရှုမှတ်ပါ။
(သို့မဟုတ်) Facebook မှ အသံကိုနားထောင်နေလျှင် နာရီစေ့သွားပါကနောက်တစ်ပုဒ်ကိုပြောင်းပြီးအသံထွက်လာလိမ့်မည်။ ထိုအခါဖုန်းမှ ဖွင့်ထားသည်ကိုပိတ်ပေးရပါမည်။

📌 တောင်းပန်ချက်

အရှင်ခေမာသီရိ၏ အမေးအဖြေပြု၍ ဟောသောတရားများသည် ကြိုတင်ရိုက်ကူးထားရပါသည်။ ပြန်ဖြေသူ အနည်းငယ်မျှဖြင့်ရိုက်ကူးထားရ၍ အဆင်မပြေမှုများတွေ့ပါက ခွင့်လွှတ်ပါရန် ကြိုတင် တောင်းပန်ထား အပ်ပါသည်။
တောရွာဒေသမှ ရှိသည့်ပစ္စည်း ရှိသည့်လူဖြင့် စီစဥ်ဆောင်ရွက်နေခြင်းဖြစ်၍ ရိုက်ကူးထုတ်လွှင့်ရာ၌ ချွတ်ယွင်းချက်များ ပါသွားလျှင်၎င်း ဟောပြောရာ၌ အဂါရဝစကားလုံးများ ပါသွားလျှင်၎င်း ခွင့်လွှတ်ပါရန် တောင်းပန်ထား အပ်ပါသည်။

📌📌 ကြိုတင်မှာထားချက်။

မြန်မာနိုင်ငံမိမိနေထိုင်ရာဒေသရှိ အင်တာနက်လိုင်းများ ပြတ်တောက်သွားပါက တရားစခန်းကို ရပ်နားလိုက်သည်ဟု ကြိုတင်မှတ်ယူထားပါရန်။

🍀🍀 စီစဉ်သူ အရှင်ခေမာသီရိ
(B.C.Sc) (သာသနဓဇဓမ္မာစရိယ)