Online ဝိပဿနာ(၉)ရက်တရားစခန်း
တရားစခန်း ဖိတ်ကြားလွှာ
မြတ်ဗုဒ္ဓအလိုတော်ကျ ပါဠိတော်နည်းကိုအဓိကထား၍ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဥပနိဿယဖြင့် သင်္ကြန်ကာလ Online ဝိပဿနာ (၉)ရက် တရားစခန်းပြုလုပ် ကျင်းပပါမည်။
Online ဝိပဿနာသင်တန်း Page မှ တင်ဆက်ပေးသွားပါမည်။
အသေမဦးမှီ ဉာဏ်ဦးရလေအောင် မိမိကိုယ်ကို ကယ်တင်သောအားဖြင့် Online တရားစခန်း ဝင်ရောက် အားထုတ်ကြရန် ဖိတ်ခေါ်လိုက်ပါသည်။
မှတ်ချက်။ ။ လက်တွေ့ အားထုတ်နေသော ယောဂီများအတွက် ရည်ရွယ်၍ အလုပ်ပေးတရားကို အဓိကထားဟောကြားပါမည်။
ယောဂီသစ်များနှင့် အားထုတ်နေသော်လည်း ဘာကိုရှုရမယ်ဆိုတာ မပိုင်သေးသော ယောဂီများ ဘာကိုမြင်ရမယ် ဘာကိုဆုံးဖြတ်ချက်ချရမယ်ဆိုတာ တခါတည်းဟောကြား ဖြေရှင်းပေးထားပါသည်။
——-
တရားစခန်းနေ့ရက်
(9-4-2022 ,စနေနေ့) မှ (17-4-2022 , တနင်္ဂနွေနေ့)ထိ (၉)ရက်။
၁၃၈၃/၁၃၈၄-ခု၊ တန်ခူးလဆန်း(၉)ရက်နေ့မှ တန်ခူးလဆုတ်(၂)ရက်နေ့ထိ။
သင်တန်းနည်းပြနှင့်ကမ္မဋ္ဌာနာစရိယဆရာတော် = အရှင်ခေမာသီရိ (B.C.Sc) (သာသနဓဇဓမ္မာစရိယ)
(8-4-2022, သောကြာနေ့) ည ၇-နာရီမှ စ၍ တရားစခန်းဖွင့်ပွဲ အမှာစကားကို Facebook Page မှ စတင်ထုတ်လွှင့်ပေးပါမည်။
ကျန်ရက်များ၌ အချိန်စာရင်းအတိုင်း ထုတ်လွှင့်ပါမည်။
——-
ယောဂီအချိန်စာရင်း
၁။ နံနက် (၅)နာရီမှ (၆)နာရီထိ = တရားထိုင်
Facebook Page မှ Live လွှင့်ပေးပါမည်။
၂။ နံနက် (၇)နာရီမှ (၈)နာထိ = သင်တန်းတရားနာ
Facebook Page မှ Live လွှင့်ပေးပါမည်။
၃။ နံနက် (၉)နာရီမှ (၁၀)နာထိ = သီလယူ၊ တရားထိုင်
Zoom meeting ဖြင့်ဆောင်ရွက်ပါမည်။ Facebook Page မှလည်း Live လွှင့်ပေးပါမည်။
၄။ နေ့လည်(၁)နာရီမှ (၂)နာရီထိ = အသံတော်တရားနာကြားရန်
Facebook Page မှ Live လွှင့်ပေးပါမည်။
၅။ နေ့လည်(၂)နာရီခွဲမှ (၃)နာရီခွဲထိ = တရားထိုင်ချိန်
Zoom meeting ဖြင့်ဆောင်ရွက်ပါမည်။ Facebook Page မှလည်း Live လွှင့်ပေးပါမည်။
၆။ ညနေ(၄)နာရီခွဲမှ (၅)နာရီခွဲထိ = တရားနာ
Facebook Page မှ Live လွှင့်ပေးပါမည်။
၇။ ည(၆)နာရီခွဲမှ (၇)နာရီခွဲထိ = တရားထိုင်ချိန်
Zoom meeting ဖြင့်ဆောင်ရွက်ပါမည်။ Facebook Page မှလည်း Live လွှင့်ပေးပါမည်။
Zoom ID = 9425309709
Passcode = 1111
(Or) တိုက်ရိုက်ဝင်ရန် Link
https://bit.ly/3JjEqjT
Zoom meeting ထိုင်၍ရှုမှတ်ချိန်များ၌ (၁၅)မိနစ်ကြိုတင်၍ Meeting သို့ ဝင်ရောက်နိုင်ပါသည်။
#ယောဂီစာရင်းပေးရန်မလိုပါ။
အချိန်ပြည့်ဝင်ရောက်အားထုတ်နိုင်သလို၊ အချိန်ပိုင်းယောဂီအဖြစ်လည်း ဝင်ရောက်အားထုတ်နိုင်ပါသည်။
#အထူးယောဂီများအတွက်တိုက်တွန်းချက်
စွမ်းနိုင်သူများ တရားထိုင်ချိန် တရားရှုမှတ်ချိန်ကို (၂)နာရီအထိ တဖြည်းဖြည်းနိုင်သလောက်တိုး၍ရှုမှတ်ပါ။
ဥပမာ ၉-နာရီသီလယူတရားထိုင်ချိန်ကို ၁၁နာရီထိ
နေ့လည် ၂နာရီခွဲ တရားထိုင်ချိန်ကို ၄နာရီခွဲအထိ
ည(၆)နာရီခွဲ တရားထိုင်ချိန်ကို (၈)နာရီခွဲ ထိ စသည်ဖြင့်အဆင်ပြေသလို တိုးမြှင့်သွားပါ။
ထိုသို့တိုးမြှင့်ထိုင်သူများ အနေဖြင့် Zoom meeting ဝင်၍တရားထိုင်ပါက သတ်မှတ်ချိန်တစ်နာရီပြည့်လျှင် အသံရပ်သွားလိမ့်မည်။ (ခန္ဓာ့ကိစ္စဆောင်ရွက်လိုကဆောင်ရွက်ပြီး မိမိနိုင်သလောက်ဆက်လက်ရှုမှတ်ပါ။
(သို့မဟုတ်) Facebook မှ အသံကိုနားထောင်နေလျှင် နာရီစေ့သွားပါကနောက်တစ်ပုဒ်ကိုပြောင်းပြီးအသံထွက်လာလိမ့်မည်။ ထိုအခါဖုန်းမှ ဖွင့်ထားသည်ကိုပိတ်ပေးရပါမည်။
တောင်းပန်ချက်
အရှင်ခေမာသီရိ၏ အမေးအဖြေပြု၍ ဟောသောတရားများသည် ကြိုတင်ရိုက်ကူးထားရပါသည်။ ပြန်ဖြေသူ အနည်းငယ်မျှဖြင့်ရိုက်ကူးထားရ၍ အဆင်မပြေမှုများတွေ့ပါက ခွင့်လွှတ်ပါရန် ကြိုတင် တောင်းပန်ထား အပ်ပါသည်။
တောရွာဒေသမှ ရှိသည့်ပစ္စည်း ရှိသည့်လူဖြင့် စီစဥ်ဆောင်ရွက်နေခြင်းဖြစ်၍ ရိုက်ကူးထုတ်လွှင့်ရာ၌ ချွတ်ယွင်းချက်များ ပါသွားလျှင်၎င်း ဟောပြောရာ၌ အဂါရဝစကားလုံးများ ပါသွားလျှင်၎င်း ခွင့်လွှတ်ပါရန် တောင်းပန်ထား အပ်ပါသည်။
ကြိုတင်မှာထားချက်။
မြန်မာနိုင်ငံမိမိနေထိုင်ရာဒေသရှိ အင်တာနက်လိုင်းများ ပြတ်တောက်သွားပါက တရားစခန်းကို ရပ်နားလိုက်သည်ဟု ကြိုတင်မှတ်ယူထားပါရန်။
စီစဉ်သူ အရှင်ခေမာသီရိ
(B.C.Sc) (သာသနဓဇဓမ္မာစရိယ)