တရားတော်

book-026

ပဋိစ္စသမုပ္ပါဒ် လည်ပုံ

မာတိကာသို့

ပဋိစ္စသမုပ္ပါဒ် လည်ပုံ

The Cycle of Dependent Origination

အသံဖိုင်ခေါင်းစဉ်= ပဋိစ္စသမုပ္ပါဒ် အနုလောမ ပဋိလောမနည်းဖြင့် သစ္စာဆိုက်ပုံ

စာအုပ်ခေါင်းစဉ်= ပဋိစ္စသမုပ္ပါဒ် လည်ပုံ

Audio Title: Arriving at the Truth through Anuloma and Patiloma Paticcasamuppada

Book Title: The Cycle of Dependent Origination

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ပဋိစ္စသမုပ္ပါဒ် လည်ပုံ

(10-8-58)

A Dhamma Discourse delivered by the Benefactor, Aggamahāpandita Venerable Mogok Sayadaw in Amarapura (10-8-58)

ဒကာ ဒကာမတွေ ရှေးဦးစွာ ခင်ဗျားတို့လာတဲ့လမ်း ခရီးကြီးကို ဘယ်လိုများ နောက်တုန်းက ကြုံခဲ့ဆုံခဲ့ပြီး သကာလ နေခဲ့ရတယ်ဆိုတာကို သတိထားပြီး သကာလ နားထောင်ပါဦး။

Yogis, first and foremost, pay close attention to the long journey you have traversed in the past.

အခုလာခဲ့ရတဲ့ တစ်ဘဝက တစ်ဘဝ ကူးပြီး သကာလ လာခဲ့ရတာ၊ သေတာပြီးတော့ ပဋိသန္ဓေ၊ ပဋိသန္ဓေ ပြီးတော့ အို၊ အိုရာကနာ၊ နာရာကသေ၊ သေရာကနေပြီး သကာလ ပဋိသန္ဓေ ပြန်နေရ၊ အဲဒီကဲ့သို့ နေရတဲ့ ဥစ္စာကို ဒီလို ဆက်လက်ပြီး သကာလ သွားတာကို သံသရာလို့ ခေါ်သည်လို့ မှတ်ထားကြပါ (မှန်ပါ့ ဘုရား)။

You have crossed from one life to another. After death comes rebirth. After rebirth comes aging. From aging to sickness, from sickness to death, and from death back to rebirth. Mark this well: This continuous cycle is called Samsara. (Yes, Sir).

သံသရာဆိုတာ

What is Samsara?

စုတိပြီး ပဋိသန္ဓေ မလာဘူးလား (လာပါတယ်)၊ ပဋိသန္ဓေပြီးတော့ ဘာလာပါလိမ့် ၊ အိုတာ လာပါတယ်၊ (မှန်ပါ့)။

After death, does rebirth not follow? (It does, Sir). After rebirth, what comes next? Aging comes. (True, Sir).

အိုတာလာပြီး ဘာလာပါလိမ့် (နာတာလာပါ တယ်)၊ နာတာလာပြီးတော့ (သေတာ လာပါ တယ်)၊ သေ တာလာပြီး သကာလ မဂ်ဖိုလ် မရသေးရင် ဘာလာပါလိမ့် (ပဋိသန္ဓေလာပါတယ်)၊ ပဋိသန္ဓေလာတယ် ဆိုတာ အထင်အရှားပေါ့ဗျာ (မှန်ပါ့)။

After aging? (Sickness comes, Sir). After sickness? (Death comes, Sir). And after death, if you have not yet attained the Path (Magga) and Fruition (Phala), what follows? (Rebirth follows, Sir). Rebirth is undeniable. (True, Sir).

အဲဒီလို ဆက်လက်ပြီး သကာလ သွားနေတာကို သံသရာကြီးလို့ခေါ်တယ် (မှန်ပါ့)၊ သဘောကျပလား. (ကျပါပြီ ဘုရား)။

This endless continuation is called the Great Samsara. (True, Sir). Do you grasp this? (Yes, we do, Sir).

အဲဒီကဲ့သို့ သံသရာကြီးထဲမှာ သွားလာနေတော့ကို အန္တရာယ်ကင်း, ဘေးကင်းလား လို့မေးတဲ့ အခါကျ လို့ရှိရင်ဖြင့် ခဏခဏ သေပွဲဝင်ပြီး သကာလ နေခဲ့ရတာတွေ ကလည်း အထင်အရှား ဖြစ်နေတယ် (မှန်ပါ့)။

Traveling through this Great Samsara, if one asks, "Is it safe? Is it free from danger?", the answer is clear: it is evident that you have faced death again and again. (True, Sir).

အဲဒီ သေပွဲဝင်ရတဲ့ ဥစ္စာကလည်း သံသရာဆိုတဲ့ ဥစ္စာ သည် အားလုံး ဒကာ ဒကာမတွေ မှတ်စရာက ရေပင်လယ် ကြီးနဲ့တူတာကို သံသရာလို့ခေါ်တယ် (မှန်ပါ့)။

Regarding this recurring death, there is something all Yogis must note: Samsara is like a Great Ocean. (True, Sir).

ရေပင်လယ်ကြီးနဲ့ တူတာ ဘာခေါ်ကြမယ် (သံသရာခေါ်ပါတယ် ဘုရား)။

What is it like? (It is like a Great Ocean, Sir).

သံသရာရေပြင်ကြီး

The Ocean of Samsara

ဒါဖြင့် ဒီဘက်က ရေပင်လယ် မှတ်လိုက်တာပေါ့ (မှန်ပါ့)၊ အဲဒီ ရေပင်လယ်တည်း ဟူသော သံသရာကြီးထဲမှာ ဝဲဆိုတာလည်း ရှိသေးတယ်လို့ မှတ်ရမယ် . (မှန်ပါ့)။

So, visualize this side as the Great Ocean. (Yes, Sir). You must realize that within this Great Ocean of Samsara, there is also a Whirlpool. (True, Sir).

ဒီဘက်က ၁-နံပါတ်က သံသရာကြီး၊ လည်ပတ်နေ ရတဲ့ သံသရာကြီး၊ စုတိပဋိသန္ဓေ ခဏခဏ ပြောင်းနေရတဲ့ သံသရာကြီး၊ စုတိပဋိသန္ဓေ အို, နာ, သေ ဒီလိုသွားနေရတာ ကြီးက သံသရာ ရေပြင်ကြီး လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)။

Let us categorize this: 1. The Great Ocean: This is Samsara itself—the cycle of wandering, the ceaseless shifting from death to rebirth, followed by aging, sickness, and death. (True, Sir).

အဲဒီ သံသရာရေပြင်ကြီးထဲမှာ ဘာရှိပါလိမ့်မတုံး မေးလို့ရှိရင် ရေပြင်ရှိရင် ဝဲသြဃ ရှိရတော့မယ် (မှန်ပါ့)။ ဒီဘက်ကဝဲသြဃလို့ မှတ်တာပေါ့။ ဒီဘက်က သံသရာရေပြင်။

2. The Whirlpool: If there is an ocean, there must be a whirlpool (Vatta). (True, Sir). So, Number 1 is what? (The Ocean of Samsara, Sir). Number 2? (The Whirlpool, Sir).

၁-နံပါတ်က ဘာပါလိမ့် (သံသရာရေပြင်ပါ ဘုရား)။

၂-နံပါတ်က (ဝဲသြဃပါ ဘုရား)။

ဝဲသြဃရှိလို့ ရှိရင်ဖြင့် ဝဲသြဃဆိုတာ ရေတွေဖြစ်လေ သောကြောင့် ရေထဲမှာ ငါးလိပ် မကန်းတွေ ရှိလိမ့်မယ် ဆိုတာ လည်း ဒကာ ဒကာမတွေ အထင်အရှား ပေါ့ဗျာ (မှန်ပါ့)။

Where there is a whirlpool, since it is water, there will inevitably be predators—fish, turtles, and sea monsters. This is obvious to you. (True, Sir).

ဒီဘက်က ငါးလိပ်မကန်းတွေလို့ မှတ်လိုက်တာပေါ့ ဗျာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

So, let us mark this side as the predators—the fish, turtles, and monsters. (True, Sir). Do you follow? (Yes, Sir).

၁-နံပါတ်က ရေပြင်သံသရာကြီး၊ ၂-နံပါတ်က ဝဲသြဃကြီး၊ ၃-နံပါတ်က ငါးလိပ် မကန်းတွေ၊ ၄-နံပါတ်သည် ကားလို့ဆိုရင် ဒကာ ဒကာမတွေ လှိုင်းတံပိုးတွေလို့ မှတ်ထား စမ်းပါ (မှန်ပါ့)။

1. The Great Ocean of Samsara. 2. The Great Whirlpool. 3. The Fish, Turtles, and Monsters. 4. The Waves: You must note the crushing waves. (Yes, Sir).

ဒါ ရေပြင်ကြီး၏ အင်္ဂါတွေပဲ၊ ရေပြင်ကြီးရှိလို့ ရှိရင်ဖြင့် အခုပြောခဲ့တဲ့ နောက်က သုံးမျိုးဟာ ရှိမြဲ ဓမ္မတာပဲ ဆိုတာမှတ်ရမယ်နော် (မှန်ပါ့)။

These are the components of the Great Ocean. If the ocean exists, these three other factors—the whirlpool, the predators, and the waves—naturally exist alongside it. (True, Sir).

အဲဒီတော့ ဒကာ ဒကာမတွေသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် လူ, နတ်, ဗြဟ္မာ သတ္တဝါတည်း ဟူသော ခန္ဓာကိုယ် တွေဆက်နေတဲ့ သံသရာကြီးထဲမှာ လျှောက်ပြီး သကာလ လာတဲ့အခါကျလို့ ရှိရင်ဖြင့် လှေ, သင်္ဘောတွေနဲ့ တူတဲ့ ခန္ဓာ ကိုယ်တွေဟာ သံသရာ ရေပြင်ကြီး လျှောက်လာတယ် ဆိုလို့ ရှိရင်ဖြင့် ဒီဘက်က ဝဲသြဃ ဆိုတာနဲ့တော့ဖြင့် တွေ့မှာပဲ (မှန်ပါ့)။

Now, consider yourselves—humans, Devas, Brahmas. As you drift through this Samsara, taking on one body (Khandha) after another, your bodies are like boats or ships sailing across the water. When you sail across this Ocean of Samsara, you are bound to encounter the Whirlpool. (True, Sir).

ဝဲဩဃနဲ့ တွေ့လို့ရှိရင် ဒကာ ဒကာမတို့ သည်ကားလို့ ဆိုလို့ရှိရင် ဝဲထဲမှာ လှုပ်ကာ မြုပ်ကာ မသွားရပေဘူးလား (သွားရပါတယ် ဘုရား)။

When you encounter the Whirlpool, will you not be tossed about and dragged down into the depths? (We will, Sir).

ထိုကဲ့သို့ မြုပ်သွားတဲ့ အခါကျတော့ ငါး, လိပ်, မကန်း တို့ အစာတွေ မဖြစ်ရပေဘူးလား (ဖြစ်ရပါတယ် ဘုရား)။

And when you sink, do you not become food for the fish, turtles, and monsters? (We do, Sir).

ဒီ ငါး, လိပ်, မကန်းတွေ အစာတွေက ဘယ့်နှယ် ကြောင့် ဖြစ်ရပါလိမ့်မလဲလို့ မေးလို့ ရှိရင်ဖြင့် ဒကာ ဒကာမ တို့ လှိုင်းလုံးကြီးတွေက ဖိစီးနှိပ်စက်လာပြီဆိုမှဖြင့် ခုနင်က ဝဲတွေကလည်း ပြင်းထန်၊ ဝဲတွေက ပြင်းထန်ပြီး သံသရာ ခရီးသည်ကို စုပ်ယူသွားတဲ့အခါကျလို့ရှိရင်ဖြင့် ငါး, လိပ်, မကန်းတို့၏ အစာ မဖြစ်ရ ပေဘူးလား (ဖြစ်ရပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

If you ask, "Why do we become food for them?"—it is because the great waves crash down and oppress you. The whirlpool is violent. When the whirlpool sucks the traveler down, he inevitably becomes prey for the predators. (True, Sir). Do you see this? (Yes, we do, Sir).

သံသရာ့ခရီးသည်

The Traveler of Samsara

သြော်- ဒါဖြင့် ဒကာ ဒကာမတို့ သံသရာ့ခရီးသည် ဖြစ်ရတာသည် ဒီဘဝ ၁-နံပါတ် သံသရာ ရေပြင်ထဲ လျှောက်ပြေး နေရတဲ့ ပုဂ္ဂိုလ်သည် ဝဲသြဃလည်း တွေ့ရမှာပဲ (တွေ့မှာပါ ဘုရား)၊ လှိုင်းတံပိုး နဲ့ကော (တွေ့မှာပါ ဘုရား)၊ ငါး, လိပ်, မကန်းတို့၏ အစာကော (ဖြစ်ရမှာပါ ဘုရား)။

Oh, consider this. The traveler of Samsara—the one wandering in Number 1, the Ocean—will he not meet the Whirlpool? (He will, Sir). Will he not face the Waves? (He will, Sir). Will he not become food for the predators? (He will, Sir).

ဒါဖြင့် ဘယ်ဘဝ ရောက်ရောက် ဒီအတိုင်းတွေ့မှာပဲ (မှန်ပါ့)၊ ဒါကြောင့် ဒကာ ဒကာမတို့ ဒီဘဝ, လူဘဝ, နတ်ဘဝ ဆိုတာကြီးက သံသရာ ကျင်လည်နေတဲ့ ခန္ဓာ အာယတန ဓာတ်တို့၏ မပြတ်ကျင်လည်ရာ သံသရာဆိုတာ မှတ်မိ ကြပလား (မှတ်မိပါပြီ ဘုရား)။

Therefore, no matter what existence you are born into, you will face this. (True, Sir). This present life—whether human or Deva—is simply the place where the Khandhas, Sense Bases (Ayatanas), and Elements (Dhatus) revolve ceaselessly. Do you recognize this as Samsara? (Yes, we do, Sir).

အဲဒီ သံသရာထဲမှာနေတဲ့ ပုဂ္ဂိုလ်သည်ကား လို့ဆိုရင် မရဏဆိုတဲ့ ဝဲတော့ဖြင့် လူတိုင်း အစုပ်ခံရမှာပဲ (မှန်ပါ့)၊ ဝဲစုပ်ပြီဆိုမှဖြင့် ဒီပုဂ္ဂိုလ် ပါသွားလို့ရှိရင်ဖြင့် ၉၆-ပါးတည်း ဟူသော ရောဂါဝေဒနာနဲ့တူတဲ့ ငါး, လိပ်, မကန်းတို့၏ အစာ မဖြစ်ရပေဘူးလား (ဖြစ်ရပါတယ် ဘုရား)။

For anyone living in this Samsara, the *Whirlpool of Death (Marana) will suck down everyone. (True, Sir). Once sucked in, you become food for the fish and turtles—which is a metaphor for the many diseases and afflictions* that consume you. (True, Sir).

အစာဖြစ်ရတဲ့ အခါကျလို့ ရှိရင်ဖြင့် လှိုင်းတံပိုးတွေက လည်း များတဲ့အထဲ ရောက်ရတော့ အစာ ဖြစ်ရငြားသော် လည်း၊ အသေကောင် ဖြစ်ရငြားသော်လည် လှိုင်းတံပိုးစီမံ သလို ခံပြီး ငါးဆွဲသလို ခံရလိမ့်ဦးမယ်ဆိုတဲ့ အဓိပ္ပာယ်က လည်း ရှင်းနေပြီ (ရှင်းပါပြီ ဘုရား)။

When you become prey, amidst the crashing waves, even though you are being eaten, even though you are a corpse, you are still battered by the waves and torn apart by the fish. The meaning is clear. (It is clear, Sir).

သြော်- ဒါဖြင့် တို့သံသရာ ခရီးသည် သံသရာရေပြင် ကြီးလျှောက်ပြီး သကာလ စုတိ ပဋိသန္ဓေတွေနဲ့ လာခဲ့ရတာ သည် တို့ ဘယ်များ ရောက်ပါလိမ့်မတုံးလို့ မေးတော့ သံသရာ့ ခရီးသည် လှေ, သင်္ဘောနဲ့တူတဲ့ ပုဂ္ဂိုလ်သည် မရဏ ဆိုတဲ့ ဝဲထဲမှာ အစုပ်ခံရတာချည့်ပဲ (မှန်ပါ့)။

So, if we ask, "Where have we—the travelers of Samsara—arrived after wandering through endless births and deaths?" The answer is: The traveler, whose body is like a ship, is constantly being sucked down by the Whirlpool of Death. (True, Sir).

အစုပ်ခံရလို့ ရှိရင် ငါး, လိပ်, မကန်းတို့၏ အစာ ကော (ဖြစ်ရမှာပါ ဘုရား)၊ လှိုင်းတံပိုးတွေက ငါး, လိပ်, မကန်းတို့၏ အစာဖြစ်တဲ့ သတ္တဝါကြီးကို ဟိုလှိမ့်၊ ဒီလှိမ့်ဖြစ် အောင်ကော မလုပ်ပေ ဘူးလား (လုပ်ပါတယ် ဘုရား)။

Once sucked down, do you become food for the predators? (Yes, Sir). Do the waves not toss the great creature—now prey—rolling it here and there? (They do, Sir).

ဒါဖြင့် ငါတို့ နောက်တုန်းက နေခဲ့ရတာသည် သံသရာ့ခရီးဟာ ဘယ်လိုနေခဲ့ရတယ် ဆိုတာ ယနေ့ပေါ်သွား ပြီး (ပေါ်သွားပါပြီ ဘုရား)၊ မပေါ်သေးဘူးလား (ပေါ် ပါပြီ ဘုရား)။

So, the nature of how you have lived in the past has been revealed today. (It has, Sir). Has it not? (It has, Sir).

သံသရာ့ခရီးသည် လမ်းလျှောက် လာခဲ့ရတာ ယခု ဒကာ ဒကာမတွေသည် သံသရာ ခရီးသည် ဖြစ်ပြီး သကာလ နေသောကြောင့် ဘယ်များ သွားကြပါလိမ့်မတုံးလို့ မေးလို့ ရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မဂ်ဖိုလ် မရသေးရင် ဝဲစုပ်ခံရမယ် (မှန်ပါ့)၊ မရဏဝဲစုပ် မခံရပေဘူးလား (ခံရပါတယ် ဘုရား)။

You are travelers of Samsara. Because you continue to travel, if you ask, "Where are we going?", the answer is this: Unless we monks and you Yogis attain the Path (Magga) and Fruition (Phala), we will be sucked down by the Whirlpool. (True, Sir). Will we not be sucked down by the Whirlpool of Death? (We will, Sir).

မရဏ ဝဲစုပ်တာ ခံချင်လို့ ခံရတာလားလို့ မေးတဲ့အခါ ကျတော့ မရဏဝဲစုပ်ကိုခံရတဲ့ ပုဂ္ဂိုလ် ဟူသရွေ့မှာ ငါးလိပ် မကန်းတို့၏ အစာ၊ ၉၆-ပါးသော ရောဂါ ဝေဒနာတို့၏ စား ဖတ်, ဝါးဖတ်ကော မဖြစ်ရပေဘူးလား (ဖြစ်ရပါတယ် ဘုရား)။

Do we endure the Whirlpool of Death because we want to? No. But whoever is sucked in becomes food for the predators—the fodder for the many diseases and afflictions. (True, Sir).

ထိုကဲ့သို့ ဘယ့်နှယ်ကြောင့် ဖြစ်ရပါလိမ့်မတုံး ဆိုတော့ လှိုင်းတံပိုးတွေက ကြီးကျယ် သောကြောင့် ကိုယ်ကလည်း ကူးဖို့ ခပ်ဖို့ အရေးက အလွန့်ကို ခဲယဉ်း နေသောကြောင့် ငါး, လိပ်, မကန်းတို့သာ ကျက်စားတဲ့ နေရာ၊ ကျင်လည်နိုင်တဲ့ နေရာ၊ သူတို့သည်ကား လို့ဆိုလို့ရှိရင်ဖြင့် လှိုင်းတံပိုး မကြောက် တဲ့ပုဂ္ဂိုလ်ဖြစ်လေ သောကြောင့် လှိုင်းတံပိုးကလည်း ခန္ဓာကိုယ်ကြီးကို လှိမ့်ကာ လူးကာ ဖြစ်အောင် ၉၆-ပါးရောဂါ ဝေဒနာတွေက နှိပ်စက် စားကြ, သောက်ကြပြီး သကာလ ဝဲထဲမြုပ် ရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

Why does this happen? Because the waves are massive, and swimming or escaping is incredibly difficult. It is a place where only the predators thrive. Since the predators do not fear the waves, the waves roll and batter your body (Khandha), while the many diseases torture, bite, and chew upon you until you sink into the whirlpool. (True, Sir). Do you grasp this? (Yes, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဇာတ်ဟာ ကျုပ်တို့ခန္ဓာ အာယာတန ဓာတ်တို့နဲ့ မပြတ်လည်ပြီး ပဋိသန္ဓေနေပြီး အို လိုက်၊ နာလိုက်၊ သေလိုက်၊ ပဋိသန္ဓေနေလိုက်၊ အိုလိုက်၊ နာလိုက်၊ သေလိုက် ဒီသံသရာထဲ လျှောက်နေရတာသည် ဒီဝဲစာ ငါး, လိပ်, မကန်းတို့၏ အစာ၊ ဒီ လှိုင်းတံပိုးတို့၏ စီမံသလို ခံရဖို့အခါ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

Therefore, Yogis, this drama plays out ceaselessly with your Khandhas, Sense Bases, and Elements. Rebirth, then aging, sickness, death. Rebirth again, aging, sickness, death. Wandering through this Samsara means becoming food for the whirlpool and the predators, and suffering as the waves dictate. Does it not? (It does, Sir).

ဒါဖြင့် နောက်တုန်းက နေခဲ့တဲ့ အခြင်းအရာ အာကာရတွေ သိပါသလား (သိပါပြီ ဘုရား)။

Do you now understand the nature of your past existence? (We understand, Sir).

သံသရာ့ခရီးသည် ဒီဝဲနဲ့သေပွဲဝင်ရမယ်

The Traveler Must Face this Whirlpool and Death

ဒါဖြင့် ဒီသံသရာ မပြတ်သရွေ့ ကာလပတ်လုံး ဒီဝဲနဲ့ သေပွဲဝင်ရမယ် (မှန်ပါ့)၊ ဒီ ငါး, လိပ်, မကန်းတို့၏ အစာ ဖြစ်ရမယ် (ဖြစ်ရပါမယ် ဘုရား)၊

Therefore, as long as this Samsara does not end, you must face this Whirlpool and this Death. (True, Sir). You must become food for the predators. (We must, Sir).

ဒီ လှိုင်းတံပိုးတို့၏ လှိမ့်သလို ခံရလိမ့်မယ် (ခံရ မှာပါ ဘုရား)၊ မခံရပေဘူးလား (ခံရပါတယ် ဘုရား)။

You will be battered by the waves. (We will, Sir). Will you not? (We will, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ သံသရာ စခန်းသတ်တဲ့ အလုပ်ကို လုပ်ပါတော့ ဆိုတော့ ဘုန်းကြီး များက တိုက်တွန်း ပါတယ် (မှန်ပါ့ ဘုရား)။

Thus, I urge you: Work to end this Samsara. We monks strongly urge you. (Yes, Sir).

မလုပ်တော့ပါဘူး ဆိုလို့ရှိရင် သံသရာခရီးသည်ဖြစ် လို့ရှိရင် ဒီ ဝဲရယ်, ဒီ ငါး, လိပ်, မကန်းတို့၏ အစာရယ်၊ ဒီ လှိုင်းတံပိုးတို့၏ ဖိနှိပ်မှု အလုပ်ကို သေသေချာချာ ခံရလိမ့် မယ်ဆိုတာဖြင့် မြေကြီး လက်ခတ်မလွဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

If you do not do this work, if you remain a traveler of Samsara, you will surely face this Whirlpool, become food for these predators, and be crushed by these waves. Mark this as an absolute certainty—as sure as hitting the earth with your hand. (True, Sir). Are you convinced? (Yes, Sir).

နောက်ထပ် ဒီလိုပဲ သံသရာ လည်ချင်သေးလို့ရှိရင်၊ သံသရာထဲ ခရီးလျှောက်ချင် သေးလို့ ရှိရင်ဖြင့် သံသရာရေ ပြင်မှာ သင်္ဘောဆိုတဲ့ခန္ဓာ နောက်ထပ် ဒီလို သံသရာလည် ချင်သေးလို့ရှိရင် သံသရာထဲ ခရီးလျှောက်ချင် သေးလို့ရှိရင် ဖြင့်၊ သံသရာရေပြင်မှာ သင်္ဘောဆိုတဲ့ ခန္ဓာကိုယ်ကြီးနဲ့ လွှင့် ချင်သေးလို့ ရှိရင်ဖြင့် ဒီဝဲလည်း လွတ်မှာမဟုတ်ဘူး. (မှန်ပါ့)။

If you still wish to revolve in Samsara, if you still want to travel this journey, if you still want to sail the ship of your body across the Ocean, you will not escape this Whirlpool. (True, Sir).

ဒီ ငါး, လိပ်, မကန်းတို့၏အစာကော (မလွတ်ပါ ဘုရား)၊ ဒီလှိုင်း၊ လေတို့၏ ဖိနှိပ်မှုကော. (မလွတ်ပါ ဘုရား)။

Will you escape the food of the predators? (No, Sir). Will you escape the oppression of the wind and waves? (No, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ နောက်တုန်းက နေခဲ့တာ အနေကောင်း၊ အနေဆိုးတို့တွင် သေသေချာချာ ယခုဉာဏ် မျက်စိနဲ့ ကြည့်ပြီး ဆရာဘုန်းကြီးက ခေါင်းဆောင်ပြသဖြင့် တို့ နောက်တုန်းက နေခဲ့ရတဲ့ အနေဟာဖြင့် အနေဆိုး အသေ ဆိုးပါလား (မှန်ပါ့)။

So, Yogis, look back at your past with your current Eye of Wisdom, led by my explanation. Was your past existence a good existence, or a terrible existence? It was a terrible existence and a terrible death. (True, Sir).

သံသရာ ရေပြင်ကြီး ထဲမှာလည်း ခန္ဓာကိုယ် ရွက် သင်္ဘောကြီးနဲ့ မောင်းနေရတယ် (မှန်ပါ့)၊ ဝဲတွေကလည်း သမုဒ္ဒရာသံသရာ ရှိလေသောကြောင့် ဝဲကလည်း စုပ်မှာပဲ (မှန်ပါ့)၊ မစုပ်ပေဘူးလား (စုပ်ပါတယ် ဘုရား)၊ ပင်လယ် မဟာသမုဒ္ဒရာဝဲ ဆိုတာ ယူဇနာ များစွာကြီးတယ် (မှန်ပါ့)။

You are steering the sailing ship of the Khandha in the Ocean of Samsara. (True, Sir). Since it is an ocean, the whirlpool will suck you in. (True, Sir). Will it not? (It will, Sir). The whirlpool of the great ocean is vast, spanning many leagues. (True, Sir).

အဲဒီ ဝဲထဲ ရောက်သွားလို့ရှိရင် ပင်လယ်ငါးတွေ၏ စားဖတ်, ဝါးဖတ်ကော (ဖြစ်ရမှာပါ ဘုရား)။

When you fall into that whirlpool, you become fodder for the sea creatures. (True, Sir).

စားတဲ့ဝါးတဲ့အခါမှာ အေးအေးသာသာ ခံရသလား၊ လူးလှိမ့်ပြီး သကာလ လှိုင်း၏ အရှိန်အတိုင်း ခံနေရသလား (လှိုင်း၏အရှိန်အတိုင်း ခံနေရပါတယ် ဘုရား)။

When you are being eaten, do you suffer peacefully, or do you suffer while being violently tossed by the force of the waves? (We suffer while being tossed by the force of the waves, Sir).

လှိုင်း၏ အရှိန်အတိုင်း ခံပြီး သကာလ နေရသော ကြောင့် တော်ပြီ တန်ပြီဆိုတဲ့စိတ် ယနေ့ မွေးကြပါ (မှန်ပါ့)။

Because you have to suffer according to the force of the waves, you must cultivate a mind that says: "Enough! This is sufficient!" (Yes, Sir).

ဘယ်လိုမွေးရမယ် (တော်ပြီ တန်ပြီဆိုတဲ့စိတ် မွေးရပါမယ် ဘုရား)၊ တော်ပြီ တန်ပြီ၊ ဒီလမ်းဖြင့် မလျှောက် တော့ပါဘူး၊ သံသရာ ဖြတ်ပါတော့မယ် ဆိုတဲ့စိတ် မွေးကြပါ ဆိုတာ အထူး တိုက်တွန်း ပါတယ် (မှန်ပါ့ ဘုရား)။

What mind must you cultivate? (A mind that says "Enough! This is sufficient!", Sir). "Enough. I will walk this path no more. I will sever this cycle of Samsara!" I specially urge you to cultivate this mindset. (Yes, Sir).

အားလုံး ဒကာ ဒကာမတွေ သံသရာ ဘာလုပ်ဖို့သင့် ပါလိမ့် (ဖြတ်ဖို့ သင့်ပါတယ် ဘုရား)၊ ဖြတ်ဖို့ သင့်တယ်ဆိုတာ သီလရှင်တွေ ဘက်ကကော ကျေနပ်လား (ကျေနပ် ပါပြီ ဘုရား)။

Yogis, what is the appropriate thing to do with Samsara? (It is appropriate to sever it, Sir). Are the nuns convinced that it is appropriate to sever it? (Yes, we are, Sir).

သစ္စာသိမှ မဂ်ဖြစ်တယ်

Only Knowing the Truth Leads to the Path

ဒါဖြင့် သံသရာ ဖြတ်ချင်လို့ရှိရင် သံသရာ ဖြတ်ဆိုတဲ့ တရားသည် မဂ်ရမှပြတ်မယ် (မှန်ပါ့)။

If you wish to sever Samsara, realize that the Dhamma that severs it is the Path (Magga). Only when you attain Magga will it be severed. (True, Sir).

သံသရာပြတ် ဆိုတဲ့တရားသည် ဘာရမှပြတ်ပါလိမ့် (မဂ်ရမှ ပြတ်ပါတယ် ဘုရား)၊ မဂ်မရ လို့ရှိရင် (မပြတ် ပါ ဘုရား)။

What must you attain to sever Samsara? (We must attain Magga, Sir). If you do not attain Magga? (It will not be severed, Sir).

မဂ်ဆိုတာသည် သစ္စာသိမှ မဂ်ဖြစ်တယ် (မှန်ပါ့)၊ သစ္စာမသိရင် (မဂ် မဖြစ်ပါ ဘုရား)။

*Note this: Only when you know the Noble Truths (Sacca) does it become Magga. (True, Sir). If you do not know the Truth? (It does not become Magga*, Sir).

ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သစ္စာသိအောင် ပဋိစ္စသမုပ္ပါဒ် ပြုကြစို့ (မှန်ပါ့)။

Very well. Then, let us analyze Dependent Origination (Paticcasamuppada) so that you, the Yogis, may know the Truth. (Yes, Sir).

ဒကာ ဒကာမတွေ နေ့တိုင်းနာပြီး သကာလ နေရတဲ့ အတွက် ဒီဘက်က နှစ်ခုချထားတယ်၊ ဒကာ ဒကာမတွေမြင် ရတဲ့ပုဂ္ဂိုလ်လည်း မြင်ရပါလိမ့်မယ်၊ နောက်တော့ ကြီးကြီး ပြမယ်၊ ယခုတော့ ခပ်သေးသေး ဖြစ်နေ သေးတယ် (မှန်ပါ့)၊ ဒီနှစ်ခုက ဘာပါလိမ့်၊ မနေ့က ပြခဲ့တယ် (ဇရာ မရဏပါ ဘုရား)၊ မြန်မာလိုပြန်တော့ အိုမှုနဲ့ သေမှု (မှန်ပါ့)။

Since you listen to this every day, I have placed two items here. Those who can see will see them. I will show them in a larger format later; for now, they are small. (Yes, Sir). What are these two? I showed them yesterday. (Aging and Death—Jara Marana, Sir). Translated into Burmese, it is "The act of Aging" and "The act of Dying." (True, Sir).

ခန္ဓာထဲ အိုမှုနဲ့သေရှိတယ်

Aging and Death Exist Within the Khandha

ဒကာ ဒကာမတွေ ယခု ဒကာ ဒကာမတွေ၏ အတွင်းမှာ ဒီနှစ်ခု ရှိပါသလားလို့ မေးလိုက်တယ် (ရှိပါတယ် ဘုရား)။

Yogis, I ask you: Do these two exist within you right now? (They do, Sir).

သြော်- ဒါဖြင့် အိုမှုလည်း ရှိတယ်နော် (မှန်ပါ့)၊ သေမှုကော (ရှိပါတယ် ဘုရား)၊ ဘယ်မှာ ရှိပါလိမ့် ဒကာ ဒကာမတို့ (ခန္ဓာထဲမှာရှိပါတယ် ဘုရား)။

Oh, so Aging is present? (Yes, Sir). Death is present too? (Yes, Sir). Where do they exist, Yogis? (They exist within the Khandha, Sir).

သေသေချာချာမှတ်ပါ၊ ဘယ်မှာရှိပါလိမ့် (ခန္ဓာ ထဲမှာရှိပါတယ် ဘုရား)၊ ဟုတ်တယ် ဒကာသိုက်တို့ ဦးလှဘူးတို့ ခန္ဓာထဲမှာ ရှိတယ်ဆိုတာ ဟုတ်တယ် (မှန်ပါ့)။

Mark this carefully. Where are they? (Within the Khandha, Sir). Yes, it is true that they exist within the Khandhas of donor U Hla Bu and the others. (True, Sir).

ဒါကြောင့် မနေ့က ပြောခဲ့ရတယ်၊ တစ်နေ့ကလည်း ပြောခဲ့ရတယ်၊ ခန္ဓာထဲမှာ တေဇောဆိုတဲ့ အပူဓာတ်ကလေး မရှိဘူးလား (ရှိပါတယ် ဘုရား)။

That is why I spoke of this yesterday and the day before. Is there not a small heat element, the *Fire Element (Tejo), within the Khandha*? (There is, Sir).

အပူဓာတ်သည် ဒကာ ဒကာမတို့ သူနဲ့ စပ်နေတာတွေ အကုန်လောင်ကျွမ်း အောင်တော့ လုပ်မှာပဲ (မှန်ပါ့)။

This heat element will surely burn and consume everything it is connected with. (True, Sir).

ဒါဖြင့် လောင်ကျွမ်းလို့ ရှိရင်ဖြင့် အရင်မူတွေ ပျောက် ရမှာပဲ (မှန်ပါ့)၊ နောက်မူသစ် ပေါ် ရမယ်ဆိုတာ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

If it burns, the previous form must disappear. (True, Sir). And is it not certain that a new form must appear? (It is certain, Sir).

ခန္ဓာထဲမှာရှိတဲ့တေဇော

The Fire Element Within the Khandha

ဒါ့ကြောင့် တေဇောသည် ဝမ်းထဲမှာရှိတဲ့ မီးဓာတ် သည် ဒကာ ဒကာမတို့ နဂိုမူပျောက်အောင် ပျိုတဲ့ အမူအရာတွေ ပျောက်၊ အိုတဲ့ အမူအရာတွေ ပေါ်အောင် လုပ်သော ကြောင့် ဇရာ၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

Therefore, Tejo—the fire element within your belly—causes the original form to vanish. It destroys the appearance of youth and forces the appearance of aging. *This is Aging (Jara).* Do you grasp this? (Yes, Sir).

ဒါဖြင့် ဇရာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဇရာကို လက်သည် ကောက်ခဲ့သည် ရှိသော် တေဇောကို ကောက်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

So, if we look for the culprit behind Aging, we must identify Tejo. (True, Sir). Do you understand? (Yes, Sir).

ဇရာလက်သည် ကောက်သော် (တေဇော ကောက်ရပါမယ် ဘုရား) တေဇောဆိုတဲ့ မီးဓာတ်ကို ကောက် ရတယ် (မှန်ပါ့ ဘုရား)။

If we identify the culprit for Aging? (We must identify Tejo, Sir). We must identify the Fire Element. (True, Sir).

ဦးလှဘူးတို့ လူပျိုတုန်းက ရုပ်ကလာပ်တွေ ရှိသေး ရဲ့လား (မရှိပါ ဘုရား) ဒကာသိုက်တို့ကော (မရှိပါ ဘုရား) အားလုံး ဒကာ ဒကာမတွေ ရှိသေးရဲ့လား (မရှိ ပါ ဘုရား)။

Does the physical matter (Rupa-kalapa) of U Hla Bu's youth still exist? (It does not, Sir). What about donor Thike's? (It does not, Sir). Does it exist for any of you Yogis? (It does not, Sir).

ဘယ်သူလောင်လို့ ဒါလောက်တောင် ညှိုးနွမ်းလာ ပါလိမ့်မလဲဆိုတဲ့ မေးခွန်း ထုတ်ကြည့်စမ်းပါ (တေဇောလောင်လို့ ပါ ဘုရား)။

Ask yourselves the question: Who burned it away so that it has withered this much? (Tejo burned it away, Sir).

ဒါဖြင့် အိုအောင်လုပ်တဲ့ တရား ဝမ်းထဲမှာ ရှိနေ တယ် (မှန်ပါ့) တွဲလို့ ခွဲလို့ ရပါရဲ့လား (မရပါ ဘုရား) ခန္ဓာမရှိရင်တော့ ရမှာပဲ၊ ခန္ဓာရှိနေရင် (မရပါ ဘုရား) ခန္ဓာ မရှိရင်တော့ ရမှာပဲ၊ ခန္ဓာရှိနေရင် (မရပါ ဘုရား)။

So, the Dhamma that makes you age is right there inside you. (True, Sir). Can you separate it or detach it? (No, Sir). If you had no Khandha, you could. But as long as you have a Khandha? (We cannot, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာ ရှိနေတယ်၊ ဘာခန္ဓာ ဖြစ်ရပါလို၏ ဆိုရင်ဖြင့် တေဇော အလောင်ခံ ရပါလို၏ (ဝါ) အိုရပါလို၏ ပါသွားတယ်၊ ခန္ဓာထဲ အိုတတ်တဲ့ တရား ရှိတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

Therefore, Yogis, you have a Khandha. If you pray, "May I have a Khandha," you are implicitly praying, "May I be burned by Tejo," or "May I age." Do you now see that the Dhamma that causes aging is inherent in the Khandha? (We see it, Sir).

ဘယ်သူလုပ်လို့ အိုပါလိမ့်

Who Makes You Age?

အရင်တော့ ဒကာ ဒကာမတွေက သိပါရဲ့၊ ကျုပ် တော့ အိုပြီ အိုပြီလို့ ဘယ်သူလုပ်လို့ အိုတယ်ဆိုတဲ့ လက်သည် မရှာတတ်ဘူး (မှန်ပါ့) အခုတော့ လက်သည် တွေ့ပလား (တွေ့ပါပြီ ဘုရား) ဘာပါလိမ့် ဒကာ ဒကာမတို့ (တေဇောပါ ဘုရား)။

Previously, you knew you were aging, saying "I am old, I am old," but you did not know how to find the culprit—the "who"—that made you age. (True, Sir). Now, have you found the culprit? (We have, Sir). What is it, Yogis? (It is Tejo, Sir).

အဲဒီတော့ တေဇောသည် ဒကာ ဒကာမတို့ကို အိုအောင်လုပ်နေတာ ဘယ်အချိန် ကာလကပါလိမ့်မတုံး လို့ မေးခွန်းထုတ် လို့ရှိရင် အချိန်တိုင်းပဲဘုရား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

If asked, "Since when has Tejo been making you age?", the answer is: All the time. (True, Sir). Is that clear? (Yes, Sir).

ဪ ဒါဖြင့် ဘာဘဝရရ သူပါမှာပဲ (ပါမှာပါ ဘုရား) ဘာဘဝရရ နောက်က ဒကာ ဒကာမတွေ (ပါမှာပါ ဘုရား)။

Oh, so no matter what life you take, Tejo will accompany you. (It will, Sir). No matter what future life you take, Yogis? (It will be there, Sir).

ဒါဖြင့် ဒကာ ဒကာမတွေ ဘယ်ဘဝ ကောင်းပါ့မလဲ ဆိုတာများ မစဉ်းစားနဲ့ (မှန်ပါ့) ဘယ်ဘဝ ကောင်းပါ့မလဲ ဆိုတာ ဘယ့်နှယ် (မစဉ်းစားနဲ့ပါ ဘုရား)။

Therefore, do not ponder, "Which life would be good?" (True, Sir). How should you treat the idea of a "good life"? (Do not consider it at all, Sir).

အရင်တုန်းက မသိလို့ စဉ်းစားကြမယ်။ အင်း လူ့ဘဝထက် နတ်ဘဝ ကောင်းမလား၊ နတ်ဘဝထက် ဗြဟ္မာ ဘဝ ကောင်းမလား ဆိုပြီး သကာလ ဦးလှဘူးတို့ စဉ်းစားခဲ့ကြ တယ် (စဉ်းစားပါတယ် ဘုရား)။

Before, because you did not know, you might have considered it. "Hmm, the Deva life might be better than the human life; the Brahma life might be better than the Deva life." U Hla Bu and others surely thought this way. (We did, Sir).

အဲဒီ တေဇောလောင်မှုကို မသိသေး ခင်တုန်း ကတော့ဖြင့် ဒါဟာ လူ့ထက် နတ်တော်တယ်၊ နတ်ထက် ဗြဟ္မာ တော်တယ်ဆိုတာ စဉ်းစားချင်လည်း စဉ်းစားကြမှာပဲ (မှန်ပါ့)။

Before knowing about this burning by Tejo, you might have thought, "Devas are superior to humans, Brahmas are superior to Devas." (True, Sir).

သို့သော် ယခုအချိန်မှာဖြင့် ဇီရဏတေဇော ဆိုတဲ့ ရင့်အောင်လုပ်တဲ့ တေဇောကို ဒကာ ဒကာမတွေ ကျကျနန သိတဲ့အတွက် ဘယ်ဘဝ ရောက်ရောက် အိုအောင် လုပ်မှာ ပါတာချည့်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

But now, because you thoroughly understand Jirana-Tejo—the heat that matures and ages you—you realize that no matter what existence you reach, the agent that makes you age is always included. (True, Sir). Is that clear? (Yes, Sir).

ဘယ်ဘဝ ရောက်ရောက် အိုအောင် လုပ်မယ့် တေဇောဟာ ဘယ့်နှယ်တုံး (ပါတာချည့်ပါ ဘုရား) ပါတာချည့်ပဲ၊ ရုပ်မှာလည်း ပါတာပဲ၊ နာမ်မှာလည်း ပါတာပဲလို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့ (မှန်ပါ့)။

What about the Tejo that makes you age in any life? (It is always included, Sir). It is always there. It is present in Matter (Rupa) and it is present in Mind (Nama). You must make this decision. (True, Sir).

သေအောင်လုပ်တာ တေဇော

Tejo is What Makes You Die

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အိုအောင် တင် လုပ်သလားဆိုတော့ သေအောင်လည်း တေဇောပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

Very well. Does it only make you age? No, Tejo is also what makes you die. (True, Sir). Do you grasp this? (Yes, Sir).

မယုံရင် လူတွေ စမ်းကြည့်ရင် ဒကာ ဒကာမတို့ အေးသွားပြီဆိုပါတော့ အပူတေဇော မရှိတာနဲ့ အပူတေဇော က ကဲ မင်းတို့ကိုဖြင့် ဒီတစ်ခါ နောက်ဆုံးပိတ် လောင်ခြင်း လောင်ပြီး သကာလ ပေးလိုက်မယ် ဆိုတော့ တေဇော လည်း သူ့သတ္တိသူ ရုပ်သိမ်းပါရော ဒကာ ဒကာမတွေလည်း အလောင်းပြင်ရတယ် (မှန်ပါ့) မပြင်ရဘူးလား (ပြင်ရပါတယ် ဘုရား)။

If you don't believe it, test it on people. When someone becomes cold, it means the heat—Tejo—is gone. When Tejo decides, "I will give you one last final burn," and then withdraws its power, the Yogis have to prepare the corpse. (True, Sir). Do you not? (We do, Sir).

အဲဒါတွေ ဘယ်သူပါလိမ့်မတုံးလို့ မေးတော့ သတ် တာလည်း တေဇောပဲ၊ အိုအောင် လုပ်တာလည်း (တေဇောပါပဲ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

If asked, "Who did this?", the answer is: The killer is Tejo. The one who made them age is also... (Tejo, Sir). Is that clear? (Yes, Sir).

တေဇောသည် ရန်သူ အကြီးဆုံး

Tejo is the Greatest Enemy

ဒါဖြင့် ဒကာ ဒကာမတို့ အိုသေဆိုတဲ့ နှစ်ခုသည်ကား လို့ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီး ရတဲ့ ပုဂ္ဂိုလ် တေဇောဓါတ် ပါသည် ဖြစ်လေသောကြောင့် ဒီတေဇောသည် ကားလို့ဆိုရင် ခင်ဗျားတို့ ရန်သူ အကြီးဆုံးပဲဆိုတာ မှတ်ချက် ချပါ (မှန်ပါ့)။

Therefore, Yogis, regarding the two factors of Aging and Death: Since you possess a Khandha containing the Fire Element, you must conclude that *this Tejo is your greatest enemy.* (True, Sir).

တေဇောဟာ ဘာပါလိမ့် (ရန်သူ အကြီးဆုံးပါ ဘုရား) တေဇော မပါဘဲနဲ့လည်း ဒကာ ဒကာမတွေ နေလို့ မဖြစ်ဘူး (မှန်ပါ့)။

What is Tejo? (Our greatest enemy, Sir). Yet, without Tejo, you cannot live. (True, Sir).

ရှိပြန်တော့လည်း အိုအောင် သေအောင် လုပ် ပြန်တယ် (မှန်ပါ့) မရှိပြန်တော့လည်း သုသာန်ပို့ရတယ် (မှန်ပါ့) ဒါဖြင့် ရန်သူနဲ့ အတူတူ နေရတဲ့ဘဝ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

When it is present, it makes you age and die. (True, Sir). When it is absent, you must be sent to the cemetery. (True, Sir). So, this is a life lived together with an enemy. (True, Sir). Do you grasp this? (Yes, Sir).

ဘာနဲ့ အတူတူနေရပါလိမ့် (ရန်သူနဲ့ အတူတူ နေရပါတယ် ဘုရား) ဒါကြောင့် “ဇရာပိ ဒုက္ခာ” ဆိုတော့ ဘယ် ပုဂ္ဂိုလ်များ ညှာသေးသတုံး (ဘယ်ပုဂ္ဂိုလ်မှ မညှာပါ ဘုရား)။

Who are you living with? (We are living with an enemy, Sir). That is why the Buddha said, "Jirāpi Dukkhā"—Aging is Suffering. Does it spare anyone? (It spares no one, Sir).

တေဇောက ဘယ်သူ့မှမညှာဘူး

Tejo Spares No One

တေဇောဟာ မညှာဘူး (မှန်ပါ့)၊ ဘုရားကိုလည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ နေပူစာလှုံနေတော် မူတဲ့ အခါကျတော့ ရှင်အာနန္ဒာက အရှင်ဘုရား အရေတွေ တွန့်လိမ်ပြီး မွေးညင်းပေါက် ကလေးများလည်း တော်တော်ကျယ်ပြီး သကာလ နေပါပေါ့လား ဘုရာ့ ဆိုတော့ “ဇရာဓမ္မောမှိဇရာ အနတီတော” ကွ ဘုရားရယ်လို့ ငဲ့တာမဟုတ်ဘူးကွ၊ ဒီဇရာဆိုတဲ့ တေဇောက ငါ့လည်း လောင်တာပဲ (မှန်ပါ့)။

The Fire Element (Tejo) shows no mercy. (True, Sir). Even the Lord Buddha was not spared. Once, when the Buddha was basking in the sun, Venerable Ananda remarked, "Oh, Lord, your skin is wrinkled and your pores have become loose." The Buddha replied, "Ananda, I am subject to aging; I have not gone beyond aging." You see, the Fire Element of Aging burns even Me, the Buddha. (True, Sir).

ဘုန်းတော်ရှင်၊ ဉာဏ်တော်ရှင်၊ ကံတော်ရှင်ဆိုတော့ အတုမရှိ ပုဂ္ဂိုလ်ကြီးရယ်လို့ ညှာသေးရဲ့လား (မညှာ ပါ ဘုရား)။

Does nature spare Him because He is the Possessor of Great Glory, Great Wisdom, and Great Merit? Does it spare the Incomparable One? (No, it does not, Sir).

မညှာတော့ ဒီတေဇော ပါသရွေ့ ဒီကိုယ်တော်ကြီး ဟာလည်း အိုတော်မူရတယ်၊ နောက်ဆုံးပိတ် အင်ကြင်းပင်ပျို တွေကြားမှာ ပရိနိဗ္ဗာန် စံတော်မူ ရတယ်ဆိုတာ တေဇော သတ်ချလိုက်တာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Since it shows no mercy, as long as this Fire Element exists within, this Great Body must age. Finally, when He passed away (Parinibbana) between the Sal trees, it was simply the Fire Element terminating the life force. (True, Sir). Is that clear? (Yes, it is, Sir).

ဒါဖြင့် ကျုပ်တို့လို ပါမွှားတွေ ပုဂ္ဂိုလ်ကျတော့ ဒီ တေဇောက ဘာအသာ ပေးလိမ့်မလဲ၊ ဘုန်းတော်ရှင်၊ ကံတော်ရှင်၊ ဉာဏ်တော်ရှင်တွေ ကိုတောင်မှ အဖန်ဖန် နှိပ်စက်သေးတာ၊ “ပီဠနဋ္ဌော” ဆိုတဲ့ ဒုက္ခသစ္စာ နှိပ်စက်တတ် တဲ့ တရားဖြစ်နေ သောကြောင့် ကျုပ်တို့ကို ခြွင်းချက်ပေး မလားလို့ မေးခွန်းထုတ်ရင် ဘယ့်နှယ်ဖြေပါ့မလဲ (ခြွင်းချက် မပေးပါ ဘုရား)။

If so, what leniency will this Fire Element show to ordinary people like us? It repeatedly oppressed even the Possessor of Glory, Merit, and Wisdom. Since it has the characteristic of Pīḷanaṭṭho—the quality of oppressing—it is the Truth of Suffering (Dukkha Sacca). If asked whether it will make an exception for us, how will you answer? (It will make no exception, Sir).

ဒါဖြင့် တေဇောပါ နေသောကြောင့် ဒကာ ဒကာမတို့ တေဇောသည်ကား လို့ဆိုရင် နှိပ်စက်တတ် သောကြောင့် ဒုက္ခ သစ္စာ (မှန်ပါ့) သေအောင် သတ်သောကြောင့် (ဒုက္ခသစ္စာပါ ဘုရား)။

Therefore, Yogis, because the Fire Element exists within you, it oppresses you. Thus, it is The Truth of Suffering (Dukkha Sacca). (True, Sir). Because it kills you, it is... (The Truth of Suffering, Sir).

ဒါဖြင့် ဇရာပိ ဒုက္ခာ၊ မရဏမ္ပိ (ဒုက္ခံ ဘုရား) ဒါဖြင့် ဒီဒုက္ခသစ္စာကို ဒကာ ဒကာမတွေ လက်သည်ရှာကြ (မှန်လှပါ ဘုရား)။

Thus, Aging is Suffering (Jarāpi Dukkha); Death is Suffering (Maraṇampi Dukkham). (True, Sir). Now, you must find the culprit behind this Truth of Suffering. (Yes, Sir).

ဇရာ မရဏက ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာ ပါ ဘုရား) တေဇောက ဝင်ပြီး နှိပ်စက်လိုက်တာ ဒကာ ဒကာမ တို့ မြင်တဲ့အတိုင်း, သိတဲ့အတိုင်းပဲ ဘုရားကိုလည်း မရှောင်၊ နတ်မင်းကြီး ကိုလည်း မရှောင်၊ ဗြဟ္မာ မင်းကြီး ကိုလည်း မရှောင်၊ ပုပု ရွရွပုဂ္ဂိုလ် သတ္တဝါ ဟူသရွေ့ တို့ကိုလည်း မရှောင်ရှားဘူး၊ အကုန် လောင်ပြီး အိုအောင်, သေအောင် လုပ်တယ်ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား) သူ့ကို ဘာသစ္စာဖွဲ့ကြမယ် (ဒုက္ခသစ္စာပါ ဘုရား) ညှာတာမဖက် အမြဲနှိပ်စက် တတ်သော ကြောင့် တေဇောကို ဒုက္ခသစ္စာ (မှန်ပါ့) နှိပ်စက်ခံရ သောကြောင့်လည်း (ဒုက္ခသစ္စာပါ ဘုရား) နှိပ်စက်တတ် သောကြောင့်လည်း (ဒုက္ခသစ္စာပါ ဘုရား)။

What Truth are Aging and Death? (The Truth of Suffering, Sir). The Fire Element enters and oppresses everyone. As you can see and know, it spares neither the Buddha, the King of Devas, the Great Brahmas, nor any creature large or small. It burns everything, causes aging, and causes death. Is that clear? (Yes, it is, Sir). What Truth shall we call it? (The Truth of Suffering, Sir). Because it oppresses without mercy, the Fire Element is Dukkha Sacca. (True, Sir). Because we suffer its oppression, it is... (The Truth of Suffering, Sir). Because it is capable of oppressing, it is... (The Truth of Suffering, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးထဲမှာ ဒီဇရာပါပြီး သကာလ အိုအောင် လုပ်တတ်တဲ့ တရား၊ သေအောင် လုပ်တတ်တဲ့ တရား ပါနေတော့ ခန္ဓာ တောင့်တတဲ့ ပုဂ္ဂိုလ် သည် အိုခြင်းဆိုးနဲ့ ကြုံရပါလို၏ (မှန်လှပါ) သေခြင်း ဆိုးနဲ့ ကြုံရပါလို၏ (မှန်ပါ့)။

Therefore, Yogis, within this body lies Aging. The nature that makes you old and the nature that makes you die are inherent in it. So, anyone who craves a body is effectively saying, "May I encounter the evil of Aging!" (True, Sir). "May I encounter the evil of Death!" (True, Sir).

ဒါကြောင့် ဘယ်ခန္ဓာမှ ဒကာ ဒကာမတွေ မကောင်း ဘူး နှိပ်စက် ခံရတာချည်းပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

Therefore, mark this: No body is good. Every existence is purely a vessel for oppression. (True, Sir). Do you grasp this? (Yes, we do, Sir).

ဒုက္ခဖြစ်ကြောင်းရှာပါ

Find the Cause of Suffering

ဒါဖြင့် ဇရာ မရဏက ဘာသစ္စာ (ဒုက္ခသစ္စာ ပါ) ဒကာ ဒကာမတွေ ဒုက္ခသစ္စာ ဖြစ်ခဲ့လို့ရှိရင် ဒုက္ခဖြစ်ကြောင်း ရှာဦး (မှန်ပါ့) မရှာရပေဘူးလား (ရှာရ မှာပါ ဘုရား)။

So, what Truth are Aging and Death? (The Truth of Suffering, Sir). Yogis, if there is the Truth of Suffering, you must find the Cause of Suffering. (True, Sir). Mustn't you find it? (We must find it, Sir).

ဒုက္ခဖြစ်ခဲ့သော် ဘာရှာရမယ် (ဒုက္ခဖြစ် ကြောင်း ရှာရပါမယ် ဘုရား)။

If Suffering exists, what must we search for? (We must search for the Cause of Suffering, Sir).

ဒုက္ခဖြစ်ကြောင်းရှာတော့ ဪ ဒီဘက်တစ်ခု ချလိုက်၊ ဒကာ ဒကာမတို့ တစ်ခုကြည့်ပါတဲ့၊ ဒါ ဘာပါလိမ့် မတုံးလို့ မေးခွန်း ထုတ်လို့ရှိရင် ဇာတိ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

When searching for the cause, look at the step preceding this one. Yogis, look at one step back. If I ask what this is... it is Rebirth (Jāti). Do you see? (Yes, we do, Sir).

ဇာတိပဋိသန္ဓေ နေမိလို့ ဇရာ မရဏနဲ့ အသက်ထွက် ရတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား) ဇာတိ ပဋိသန္ဓေ နေမိလို့ ဇရာ မရဏနဲ့ အသက် ထွက်ရတယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

Do you realize that because you took Rebirth (Jāti), you must now expire through Aging and Death? (Yes, we realize it, Sir). Because rebirth occurred, life must end in aging and death. Is that clear? (Yes, it is, Sir).

ဇာတိအကြောင်း၊ ဇရာမရဏကအကျိုး

Rebirth is the Cause, Aging & Death are the Effects

ဒါဖြင့် ဇာတိက အကြောင်း၊ ဇရာမရဏက (အကျိုးပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

Thus, Rebirth is the Cause; Aging and Death are... (The Effects, Sir). Do you see? (Yes, we do, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ ဇာတိဆိုတာ ပုဂ္ဂိုလ်အစ ဇာတိက (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

Rebirth (Jāti) is the beginning of a person. (True, Sir). Do you see? (Yes, we do, Sir).

ပုဂ္ဂိုလ်အစ ဘယ်ကပါလိမ့် (ဇာတိကပါ ဘုရား) ပုဂ္ဂိုလ် သတ္တဝါ အစ ဇာတိက ဖြစ်ပြီး သကာလ နေသောကြောင့် ဇာတိရှိလို့ ရှိရင်ဖြင့် ဇရာ မရဏပြေးလို့ မလွတ်ဘူး (မလွတ်ပါ ဘုရား) လွတ်ပါ့မလား (မလွတ်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

Where does the person start? (From Rebirth, Sir). Since the person or being starts with Rebirth, if there is Rebirth, one cannot escape Aging and Death. (We cannot escape, Sir). Is escape possible? (No, Sir). Is that clear? (Yes, it is, Sir).

ဒါဖြင့် ဇာတိက အကြောင်း သမုဒယသစ္စာ၊ ဇရာ မရဏက အကျိုး ဒုက္ခသစ္စာ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

Therefore, Jāti is the Cause—The Truth of the Origin of Suffering (Samudaya Sacca). Jarā-Maraṇa is the Effect—The Truth of Suffering (Dukkha Sacca). Do you see it? (Yes, we see it, Sir).

ဒါဖြင့် လူ့ဘဝ တောင်းရင် ဒီကရတယ် (မှန်ပါ့) ဒီကရရင် ဒီမှာဆုံးမှာပဲ (ဆုံးမှာပါ ဘုရား) နတ်ဘဝ တောင်းရင်လည်း ဒါ စ,ရမယ် (မှန်ပါ့) ဒါစ, ရပြီး ဒီဆုံးမှာပဲ (မှန်ပါ့ ဘုရား) ဗြဟ္မာဘဝ ရရင်လည်း ဇာတိစ, ရမယ် (မှန်ပါ့ ဘုရား) ပြီးတော့ ဘယ်မှာ ဆုံးမယ် (ဇရာ, မရဏမှာ ဆုံးပါမယ် ဘုရား)။

If you pray for a human life, you get this (Rebirth). (True, Sir). If you get this, it will end right here (Aging and Death). (It will end there, Sir). If you pray for a Deva life, it also starts with this. (True, Sir). It starts with this and ends with that. (True, Sir). Even if you attain a Brahma existence, you must start with Rebirth. (True, Sir). And where will it end? (It will end in Aging and Death, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ ဆင်းရဲအစနဲ့ ဆင်းရဲအဆုံး ပဲ ရှိတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဇာတိပိဒုက္ခာ ဆင်းရဲအစ (မှန်ပါ့) ဇရာပိဒုက္ခာ မရဏမ္ပိဒုက္ခံ (မှန်ပါ့)။

So, Yogis, there is only the beginning of suffering and the end of suffering. (True, Sir). Do you see? (Yes, Sir). Jātipi dukkhā—the beginning is suffering. (True, Sir). Jarāpi dukkhā, maraṇampi dukkhaṃ. (True, Sir).

ဒါဖြင့် ပုဂ္ဂိုလ် သတ္တဝါတွေသည် အစ, ဘာသစ္စာ လဲ (ဒုက္ခသစ္စာပါ ဘုရား) အဆုံးကော (ဒုက္ခ သစ္စာပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

So, what Truth is the beginning of a being? (The Truth of Suffering, Sir). And the end? (The Truth of Suffering, Sir). Do you see? (Yes, we do, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ကျုပ်တို့၏ ဖြစ်စဉ်ဟာဖြင့် သစ္စာဉာဏ် မျက်လုံးတပ်ပြီး ကြည့်လိုက်တဲ့ အခါကျတော့ အစ, လည်းမကောင်း (မှန်ပါ့)၊ အဆုံးကော (မကောင်းပါ ဘုရား)၊ အလယ်ကော (မကောင်းပါ ဘုရား)၊ အလယ်မှာ ဇရာဆိုတာ ဒုက္ခသစ္စာပဲ (မှန်ပါ့)၊ အဆုံး မရဏကော (ဒုက္ခသစ္စာ ပါပဲ ဘုရား)၊ အစ, ဇာတိ ကကော (ဒုက္ခသစ္စာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

Therefore, Yogis, when you look at your life process with the Eye of Insight Knowledge (Sacca Ñāṇa): Is the beginning good? (No, Sir). And the end? (Not good, Sir). And the middle? (Not good, Sir). In the middle, Aging is the Truth of Suffering. (True, Sir). At the end, Death is... (The Truth of Suffering, Sir). At the start, Rebirth is... (The Truth of Suffering, Sir). Is that clear? (Yes, it is, Sir).

ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ ဘာများဖြစ်ချင် သေးသတုံး (ဘာမှမဖြစ်ချင်ပါ ဘုရား) ဖြစ်ချင်ရင် ဒါပဲ ဇာတိပါပဲ ဒကာ ဒကာမတို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

So, Yogis, what else do you wish to become? (We wish to become nothing, Sir). If you wish to become something, it is just Rebirth (Jāti), Yogis. (True, Sir). Is that clear? (Yes, it is, Sir).

အဲဒါ ဇာတိသာရတဲ့ အခါကျလို့ ရှိရင်ဖြင့် ဇရာမရဏ တည်းဟူသော ခုနင်ကပြောခဲ့တဲ့ ဝဲဂယက် လှိုင်းတံပိုးနဲ့ အသက် ထွက်ရမှာပဲ (မှန်ပါ့) မထွက်ရ ပေဘူးလား (ထွက်ရပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

If you obtain Rebirth, you must inevitably exit life through the whirlpools and waves of Aging and Death we just discussed. (True, Sir). Mustn't you? (We must, Sir). Is that clear? (Yes, it is, Sir).

ဒါဖြင့် ဇာတိပစ္စယာ ဇရာမရဏ၊ ဇာတိကြောင့် ဘာဖြစ်သတုံး (ဇရာ မရဏဖြစ်ပါတယ် ဘုရား)။

Thus: Jāti paccayā Jarā-maraṇaṃ. Because of Rebirth, what happens? (Aging and Death happen, Sir).

ဇာတိက သမုဒယသစ္စာ

Jati is Samudaya Sacca

ကောင်းပြီ ဒါဖြင့် ဇာတိ သမုဒယသစ္စာ (မှန်ပါ့) ဇရာ မရဏက (ဒုက္ခသစ္စာပါ ဘုရား)။

Good. So, Rebirth is Samudaya Sacca. (True, Sir). Aging and Death are... (Dukkha Sacca, Sir).

ဒါ ဒကာ ဒကာမတွေ ပါးစပ်က အခု သေသေ ချာချာ ပြောနိုင်တယ် ဦးလှဘူးရေ (မှန်ပါ့) သေသေ ချာချာ ပြောနိုင်တဲ့ ဉာဏ်ကို ယနေ့ တရားပွဲမှာ ဒကာ ဒကာမတွေ ရပါတယ် (မှန်ပါ့)။

Yogis, you can say this clearly with your mouths now, U Hla Bu. (True, Sir). But today, in this Dhamma assembly, Yogis have gained the Knowledge to say it with certainty. (True, Sir).

ဒီဉာဏ်ကို ရလိုက်ပါတယ်၊ ဇာတိက ဘာသစ္စာတဲ့ ၊ (သမုဒယ သစ္စာပါ ဘုရား) သမုဒယသစ္စာ ထားလိုက်ပါတော့ ဒကာသိုက်ရာ၊ အကြောင်းအကျိုး ခွဲလိုက်တော့ (မှန်ပါ့)။

You have attained this Knowledge. What is Rebirth? (Samudaya Sacca, Sir). Let us establish that it is Samudaya Sacca, Daka Thaik. We have separated Cause and Effect. (True, Sir).

ဇာတိက ဘာသစ္စာပါလိမ့် (သမုဒယသစ္စာ ပါ ဘုရား) ဇရာ မရဏက (ဒုက္ခသစ္စာပါ ဘုရား) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

What is Rebirth? (Samudaya Sacca, Sir). Aging and Death are... (Dukkha Sacca, Sir). Is that clear? (Yes, it is, Sir).

ဒါက ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာလာတဲ့ အဓိပ္ပာယ် ကို ပြောနေတယ်လို့ ဒကာ ဒကာမတွေ မှတ်ပါ (မှန်ပါ့)။

Please note that I am explaining the meaning derived from the Paṭisambhidāmagga Pali text. (True, Sir).

သိတဲ့ဉာဏ်က မဂ္ဂသစ္စာ

The Knowing Wisdom is Magga Sacca

ဇာတိက သမုဒယသစ္စာ၊ ဇရာ မရဏက (ဒုက္ခ သစ္စာပါ ဘုရား) ခင်ဗျားတို့ ဝမ်းထဲမှာ ဘယ်သူက သမုဒယ ဘယ်သူက ဒုက္ခလို့ သိတဲ့ဉာဏ်က မဂ္ဂသစ္စာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Rebirth is Samudaya Sacca. Aging and Death are... (Dukkha Sacca, Sir). The Insight within you that discriminates "This is Samudaya" and "This is Dukkha" is The Truth of the Path (Magga Sacca). (True, Sir). Is that clear? (Yes, it is, Sir).

ခင်ဗျားတို့ ဇာတိက (သမုဒယသစ္စာ ပါ ဘုရား) ဉာဏ်နဲ့ ပြောတာ မဟုတ်လား (မှန်ပါ့) အဲဒီဉာဏ် ကလေးဟာ ဘာပါလိမ့် (မဂ္ဂသစ္စာပါ ဘုရား)။

You say "Rebirth is Samudaya Sacca." (Yes, Sir). Are you not speaking with Insight? (Yes, Sir). That little spark of Insight is what? (Magga Sacca, Sir).

ဇရာ မရဏ ဘာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) အဲဒီ ဒုက္ခသစ္စာလို့ ပြောနိုင်တဲ့ ဉာဏ်ကလေးက (မဂ္ဂ သစ္စာပါ ဘုရား)။

What are Aging and Death? (Dukkha Sacca, Sir). The Insight that identifies it as Dukkha Sacca is... (Magga Sacca, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ သမုဒယသစ္စာ ကိုလည်း ခင်ဗျားတို့ သိတာ မဂ္ဂသစ္စာနဲ့သိတယ် (မှန်ပါ့) ဒုက္ခသစ္စာကို သိတာလည်း (မဂ္ဂသစ္စာနဲ့ သိပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

So, Yogis, you know Samudaya Sacca with Magga Sacca. (True, Sir). You know Dukkha Sacca also with... (Magga Sacca, Sir). Do you grasp it? (Yes, we do, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သစ္စာဘယ်နှပါး သိသွား သလဲလို့ မေးခွန်း ထုတ်လို့ရှိရင် သုံးပါး သိပါပြီ ဘုရား။ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

So, Yogis, if asked how many Truths you have realized, you can say, "We have realized three Truths, Sir." (True, Sir). Can't you say that? (We can, Sir).

ခင်ဗျားတို့ ဝမ်းထဲ သိလုံးကလေးက (မဂ္ဂသစ္စာပါ ဘုရား) ဒါဖြင့် သစ္စာဘယ်နှပါး ကိုယ်ပိုင် သိသလဲ (သုံးပါးသိပါတယ် ဘုရား) သုံးပါး ကိုယ်တိုင်သိပြီ ဆိုတာရှင်းပလား (ရှင်းပါပြီ ဘုရား)။

The knowing mind within you is... (Magga Sacca, Sir). So how many Truths do you possess personally? (We possess three, Sir). Is it clear that you know three Truths personally? (Yes, it is, Sir).

ဖြစ်ပျက်အဆုံး သိတာသည် နိရောဓသစ္စာ

Knowing the Cessation of Arising & Passing is Nirodha Sacca

ကောင်းပြီ ဒါဖြင့် ဇာတိရော, ဇရာ, မရဏရော ခင်ဗျားတို့ ချုပ်နိုင်တဲ့ပုဂ္ဂိုလ်၊ ဖြစ်တာက ဇာတိ၊ ပျက်တာက ဇရာ, မရဏ၊ ဖြစ်ပျက် အဆုံးများ ရောက်အောင် ရှုနိုင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဖြစ်ပျက် ဆုံးတာသည် နိရောဓသစ္စာ (မှန်ပါ့)။

Good. Now, for the person who can make Rebirth, Aging, and Death cease: The Arising is Rebirth (Jāti); the Passing Away is Aging and Death (Jarā-Maraṇa). The person who can observe until they reach the end of Arising and Passing Away—the cessation of Arising and Passing is The Truth of Cessation (Nirodha Sacca). (True, Sir).

ဖြစ်ပျက် ဆုံးတာသည် ဘာတုံး (နိရောဓသစ္စာ ပါ ဘုရား) အဲဒီလို ဆုံးအောင် လိုက်နိုင်တဲ့ ပုဂ္ဂိုလ်များမှာ သစ္စာလေးပါး အပြည့်အစုံ မရဘူးလား (ရပါတယ် ဘုရား)။

What is the end of Arising and Passing Away? (Nirodha Sacca, Sir). A person who can follow it to the very end—do they not attain the Four Noble Truths completely? (They do, Sir).

ပြန်ပြောစမ်း၊ ဇာတိက ဘာတုံး (သမုဒယ သစ္စာပါ) ဇရာ မရဏက (ဒုက္ခသစ္စာပါ) သိတာ ကလေး က (မဂ္ဂသစ္စာပါ ဘုရား)။

Tell me again. What is Rebirth? (Samudaya Sacca). Aging and Death? (Dukkha Sacca). The knowing mind? (Magga Sacca, Sir).

ဒါကလေးနှစ်ခု ချုပ်အောင် ရှုနိုင်လို့ရှိရင် ချုပ်သွားရင် (နိရောဓသစ္စာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

If you can observe until these two cease, and when they cease, it is... (Nirodha Sacca, Sir). Is that clear? (Yes, it is, Sir).

ပေါ်မူကတော့ ခင်ဗျားတို့ ပွားများပြီး သကာလ ဒကာ ဒကာမတို့ မရဏဆိုတဲ့ ပျက်မှုကကော (ချုပ်ပါတယ် ဘုရား)။

As for the arising phenomena: if you practice and develop Insight, Yogis, does the passing away called Death also cease? (It ceases, Sir).

ဒါဖြင့် ဇာတိ, ဇရာ, မရဏတို့၏ ချုပ်ရာ, သိမ်းရာ နိဗ္ဗာန်ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်ရှုပြီး သိမ်းရမှာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

Therefore, the cessation and extinguishing of Rebirth, Aging, and Death—which is Nibbana—is something you must realize and claim by observing it yourself. (True, Sir). Do you grasp this? (Yes, we do, Sir).

ဘာလုပ်ပြီး သိမ်းရမှာပါလိမ့် (ကိုယ်တိုင်ရှုပြီး သိမ်းရမှာပါ ဘုရား) ကိုယ်တိုင်ရှုပြီး သကာလ ဇာတိလည်း မကောင်းဘူး၊ ဇရာ မရဏလည်း မကောင်းဘူး၊ အဖြစ်နဲ့ အပျက်ပဲရှိတာပဲ (မှန်ပါ့ ဘုရား)။

How must you claim it? (By observing it ourselves, Sir). When you observe yourself, you see that Rebirth is not good, and Aging and Death are not good. There is only Arising and Passing Away. (True, Sir).

အဲဒီကဲ့သို့ ခင်ဗျားတို့ ဖြစ်ပျက် မြင်အောင်ရှုလို့ ဒီဖြစ်ပျက်တွေ မရှိရင် ကောင်းလေစွဆိုတဲ့ ဉာဏ်လာအောင် ရှုလို့ ရှိရင်ဖြင့် ဇာတိဟူသရွေ့ အကုန်ချုပ်နိုင်တယ် (မှန်ပါ့)။

If you observe to see the Arising and Passing Away, and a wisdom arises thinking, "It would be excellent if these Arising and Passing phenomena did not exist," then all Rebirths can be terminated. (True, Sir).

အခုဖြစ်နေတဲ့ ဇာတိလည်း ချုပ်မှာပဲ၊ ပဋိသန္ဓေ ဇာတိကော (ချုပ်မှာပါ)၊ နောက်မှ သေတာကြီးလည်း ချုပ်မှာပဲ၊ အခု ခဏခဏ သေတာကိုကော (ချုပ်မှာပါ ဘုရား)။

The Rebirth occurring now will cease. The Conception Rebirth? (It will cease). The great death later will also cease. The momentary deaths happening now? (They will cease, Sir).

အဲဒါ ချုပ်သွားလို့ရှိရင် ဘာသစ္စာတုံး (နိရောဓ သစ္စာပါ ဘုရား) နိရောဓသစ္စာ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

When that ceases, what Truth is it? (Nirodha Sacca, Sir). Is Nirodha Sacca clear to you? (Yes, it is, Sir).

အဲဒါကြောင့် ဒီသစ္စာလေးပါးကို ဒကာ ဒကာမတွေ သိလိုက်ခြင်းကြောင့် ဇာတိလည်း မကြိုက်တော့ဘူး (မှန်ပါ့)၊ ဇရာ မရဏကော (မကြိုက်ပါ ဘုရား)၊ အဲဒီမှာ မကြိုက်တဲ့ မဂ်ဉာဏ် မလာပေဘူးလား (လာပါတယ် ဘုရား)။

Because you Yogis know these Four Truths, you no longer like Rebirth. (True, Sir). And Aging and Death? (We do not like them, Sir). Does the Path Knowledge of Disenchantment (Nibbida) not arise there? (It arises, Sir).

အဲဒီမကြိုက်တဲ့ မဂ် လာသည်နဲ့ တစ်ပြိုင်နက်တည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဇာတိသမုဒယလည်း ချုပ်၊ ဇရာ မရဏကော (ချုပ်ပါတယ် ဘုရား) ရှင်းသွားပလား (ရှင်းပါပြီ ဘုရား)။

As soon as that Path of Disenchantment arises, for you Yogis, the Cause—Rebirth—ceases. And Aging and Death? (They cease, Sir). Is that clear? (Yes, it is, Sir).

ပရိနိဗ္ဗာန်စံတယ်ဆိုတာ

What Parinibbana Means

ဒါဖြင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတယ်ဆိုတာ ဘာပါလိမ့်မတုံးဆိုတော့ သြော် ဒီနှစ်ခု ချုပ်သွားတာကိုး (မှန်ပါ့) ဇာတိလည်း ချုပ်၊ ဇရာ မရဏကလည်း (ချုပ်ပါတယ် ဘုရား)။

So, when we say the Buddha attained Parinibbana, what does it mean? Oh, it means these two things ceased! (True, Sir). Rebirth ceased, and Aging and Death... (Ceased, Sir).

ကဲ ကျုပ်တို့ ဝိပဿနာထဲ ထည့်သွင်းလိုက် တော့ အဖြစ်လည်း ချုပ်, အပျက်တွေကော (ချုပ်ပါတယ် ဘုရား) အဲဒီ ဖြစ်ပျက်တို့၏ ချုပ်ငြိမ်း ရုပ်သိမ်းရာကို ဘာခေါ် ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။

Now, let us apply this to Vipassana. The Arising ceases. And the Passing? (It ceases, Sir). What shall we call the cessation and extinguishing of this Arising and Passing Away? (Nibbana, Sir).

ဒါကြောင့် ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်များ ဖြစ်ပျက်ဆုံး ပလားဟေ့လို့ ဆရာဘုန်းကြီးက မေးလေ့ရှိတယ် (မှန်ပါ့) မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

That is why I, your Sayadaw, habitually ask, "Has the Arising and Passing Away ended?" (True, Sir). Should I not ask this? (You should, Sir).

ဒါဖြင့် ချုပ်အောင် ရှုစမ်းပါလို့ ခန္ဓာထဲမှာ စိတ် ဖြစ်ပျက်ရှုရှု ဆုံးအောင်ရှု၊ ရုပ်ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်က (ဆုံးအောင်ရှု ရပါမယ် ဘုရား)။

So, please observe to make it cease. Within the aggregates, observe the Arising and Passing of Mind; observe until it ends. Those observing the Arising and Passing of Matter... (Must observe until it ends, Sir).

ရှုလိုက်လို့ မတွေ့တော့ပါဘူး ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နိရောဓ ပေါ်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

When you observe and can say, "I can no longer find it," then, Yogis, Nirodha appears. (True, Sir). Is that clear? (Yes, it is, Sir).

ကောင်းပြီ ဒီဥစ္စာက အလုပ်စခန်းကလေး အနည်းငယ်ထည့်တာပါ။ ပဋိစ္စသမုပ္ပာဒ် အများကြီး ကျန်ပါ သေးတယ် (မှန်ပါ့)။

Good. This was just a brief insertion on the practice. There is still much Paticcasamuppada (Dependent Origination) left to cover. (True, Sir).

ဇာတိလက်သည်ရှာကြစို့

Let’s Find the Culprit for Jati

ဇာတိကို လက်သည်ရှာကြစို့၊ ဦးလှဘူးတို့၊ ဒကာ သိုက်တို့ (မှန်လှပါ) ဇာတိလက်သည် ရှာတဲ့ အခါကျ လို့ရှိရင်ဖြင့် ဇာတိ ဘယ်က လာပါလိမ့်မလဲလို့ မေးဖို့ မလို ဘူးလား (လိုပါတယ် ဘုရား)။

Let us find the culprit for Rebirth, U Hla Bu, Daka Thaik. (Yes, Sir). When searching for the culprit of Rebirth, shouldn't we ask, "Where does Rebirth come from?" (We should, Sir).

လာတော့ မနေ့က ပြောခဲ့တယ်၊ ကံက လာတယ်၊ ကံကြောင့် ပဋိသန္ဓေနေတော့ ကာယကံ, ဝစီကံ, မနောကံ တည်းဟူသော ကမ္မဘဝကြောင့် ဘာဖြစ်သတုံး (ဇာတိ လာပါတယ် ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။

It comes from—as I told you yesterday—Kamma. Because of Kamma, conception occurs. Because of Kamma-bhava—consisting of Bodily Action (Kāyakamma), Verbal Action (Vacīkamma), and Mental Action (Manokamma)—what happens? (Rebirth comes, Sir). Do you see? (Yes, we do, Sir).

ကမ္မဘဝကြောင့် ဇာတိဖြစ်တယ်

Because of Kamma-bhava, Jati Arises

ကမ္မဘဝကြောင့် (ဇာတိဖြစ်တယ်) ကဲ ပဋိစ္စ သမုပ္ပာဒ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဘဝပစ္စယာ (ဇာတိပါ) ဇာတိ ပစ္စယာ (ဇရာ မရဏပါ ဘုရား)။ သြော် ဒီလို သွားနေတာ ပါကလားဆို တာ ပေါ်ကြပလား . (ပေါ်ပါပြီ ဘုရား)။

Due to Kamma-bhava... (Rebirth arises). Now, does the Dependent Origination become clear? (Yes, it does, Sir). Bhava paccayā... (Jāti). Jāti paccayā... (Jarā-Maraṇaṃ, Sir). Do you realize, "Oh, this is how the cycle runs"? (Yes, we realize it, Sir).

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘက်သုံးခု က ကာယကံ, ဝစီကံ, မနောကံတွေ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ကာယကံ, ဝစီကံ, မနောကံ ဆိုတာ ပေါ်လာကြပလား (ပေါ်ပါပြီ ဘုရား)။

Good. So, these three on this side are Bodily Action, Verbal Action, and Mental Action. (True, Sir). Is that clear? (Yes, it is, Sir). Do the terms Kāyakamma, Vacīkamma, Manokamma make sense to you? (Yes, Sir).

အေး ဒါဖြင့် ကမ္မဘဝပစ္စယာ (ဇာတိပါ) ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား)။

So, Kamma-bhava paccayā... (Jāti). Jāti paccayā... (Jarā-Maraṇaṃ, Sir).

ကောင်းပြီ ဒီလို ထောက်လိုက်တဲ့အခါကျ တော့ ကမ္မဘဝက အကြောင်း သမုဒယ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Good. When we trace it like this, Kamma-bhava is the Cause—Samudaya. Is that clear? (Yes, it is, Sir).

ဇာတိက အကျိုး၊ ဒုက္ခသစ္စာကြောင့် ဇာတိပိ ဒုက္ခာ ဆိုတာ ဒီကနေ ထောက်မှဖြစ်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

Rebirth (Jāti) is the Effect—Dukkha Sacca. The phrase Jātipi dukkhā becomes true only when we trace it from here. (True, Sir). Do you grasp it? (Yes, we do, Sir).

အကြောင်းကနေ ထောက်တော့မှ သူအကျိုး ဖြစ်တော့မှ ဘာသစ္စာ ဖြစ်သွားသတုံး (ဒုက္ခသစ္စာ ဖြစ်ပါတယ်) ကမ္မဘဝက (သမုဒယသစ္စာပါ ဘုရား) ဇာတိက (ဒုက္ခသစ္စာပါ ဘုရား)။

Only when we trace from the Cause does the Effect become... what Truth? (It becomes Dukkha Sacca). Kamma-bhava is... (Samudaya Sacca, Sir). Rebirth is... (Dukkha Sacca, Sir).

ခင်ဗျားတို့ သိထားတာနဲ့ တခြားစီ

Different From What You Know

သေသေချာချာ မှတ်၊ ခင်ဗျားတို့ သိထားတာနဲ့ တခြား စီ (မှန်ပါ) သေသေချာချာ မှတ်ပါ ဒကာ ဒကာမတို့ နောက်ဆုတ် တွေးလာရတယ် ဒကာသိုက်ရ (မှန်ပါ့)။

Mark this carefully. This is completely different from what you usually understand. (True, Sir). Mark it well, Yogis. We have to think backwards, Daka Thaik. (True, Sir).

ကမ္မဘဝကြောင့် ဘာဖြစ်သတုံး (ဇာတိ ဖြစ်ပါတယ်) ဒါဖြင့် သူက အကြောင်း၊ သူကတော့ အကျိုး မနေဘူးလား (နေပါတယ် ဘုရား) ဒါကြောင့် အကြောင်း ဆိုလျှင် သမုဒယချည့်မှတ် (မှန်ပါ့)။

Because of Kamma-bhava, what happens? (Rebirth happens). So, this is the Cause, and that is the Effect. Does it not stand so? (It does, Sir). Therefore, if it is a Cause, mark it as Samudaya. (True, Sir).

ဒီသုံးခုက ဘာသစ္စာလဲ (အကြောင်း သမုဒယ သစ္စာပါ) ဒီဇာတိက (အကျိုး ဒုက္ခသစ္စာပါ ဘုရား)။

What Truth are these three actions? (The Cause—Samudaya Sacca). And this Rebirth? (The Effect—Dukkha Sacca, Sir).

ဒါဖြင့် ဒကာ ဒကာမတွေ ဒီကံကြောင့် ဒီအကျိုးပေး နေတာပဲ (မှန်ပါ့) ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)။

Thus, Yogis, this Kamma is giving this Result. (True, Sir). Is it correct to say so? (It is correct, Sir).

ကောင်းပြီ ဒါဖြင့် သူက သမုဒယသစ္စာ (မှန်ပါ့) ကမ္မဘဝဘာတဲ့ (အကြောင်း သမုဒယ သစ္စာပါ) ဇာတိက (အကျိုး ဒုက္ခသစ္စာပါ) အကျိုး ဒုက္ခသစ္စာ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) သေသေချာချာ မှတ်ပါ။

Good. So, it is Samudaya Sacca. (True, Sir). What is Kamma-bhava? (The Cause—Samudaya Sacca). And Rebirth? (The Effect—Dukkha Sacca). Is the Effect Dukkha Sacca clear to you? (Yes, it is, Sir). Mark this carefully.

ဒါဖြင့် သစ္စာ ဘယ်နှပါး သိသွားသလဲ (နှစ်ပါး သိပါတယ် ဘုရား) ကိုယ့်သိလုံးကလေးကို ဘာဆိုကြမယ် (မဂ္ဂသစ္စာပါ ဘုရား)။

So, how many Truths have you realized? (We have realized two, Sir). What do we call your Knowing Mind? (Magga Sacca, Sir).

စေတနာ၊ ကံကိုဖြစ်ပျက်ရှု

Observe Cetana and Kamma as Arising & Passing

ဒါဖြင့် ဒီကံလည်း ချုပ်မယ်ဆိုရင် ဒီဇာတိ မချုပ်ဘူး လား (ချုပ်ပါတယ်)၊ ဒါကြောင့် စေတနာ ကိုလည်း “ရူပသဉ္စေတနာ လောကေ သဒ္ဒသဉ္စေတနာ လောကေ” ဆိုပြီး စေတနာ ကိုလည်း ဖြစ်ပျက်ရှု၊ ကံကိုလည်း ဖြစ်ပျက်ရှု တဲ့ (မှန်ပါ့)၊ ဘုရားက ဟောလေ့ရှိပါတယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

If this Kamma were to cease, would this Rebirth not cease? (It would cease, Sir). That is why the Buddha preached: "Observe Volition (Cetana)—Rūpa-sañcetanā, Saddā-sañcetanā." Observe Volition as Arising and Passing Away. Observe Kamma as Arising and Passing Away. (True, Sir). The Buddha often taught this. (True, Sir). Do you grasp it? (Yes, we do, Sir).

ဒါဖြင့် သူ့ကို ဖြစ်ပျက်ရှု လိုက်လို့ ရှိရင်ဖြင့် သူ့ကိုမုန်း၊ သူဆုံးရင်လည်း ဇာတိ လာပါဦးမလား (မလာပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

If you observe it as Arising and Passing Away, you will become disenchanted with it. If it ends, will Rebirth still come? (It will not come, Sir). Do you see? (Yes, we do, Sir).

ကောင်းပြီ ဒါတွေက ထပ်မှာ စိုးတဲ့အတွက် ဒကာ ဒကာမတွေ ကမ္မဘဝ ဘယ်ကလာသတုံး (ဥပါဒါန်က လာပါတယ်) ဥပါဒါန ပစ္စယာ ကမ္မဘဝေါကိုး (မှန်ပါ့) ကိုက်ပလား (ကိုက်ပါပြီ ဘုရား)။

Good. I am afraid of repeating myself, but Yogis, where does Kamma-bhava come from? (It comes from Clinging, Upādāna). Upādāna paccayā Kamma-bhavo, indeed. (True, Sir). Does it fit? (It fits, Sir).

သေသေချာချာ ကြည့်တော့ ကံတွေဖြစ်နေလို့ ကမ္မ ဘဝေါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဦးလှဘူးတို့ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။

Look closely; because actions (Kamma) are occurring, it is called Kamma-bhava. (True, Sir). Is that clear? (Yes, it is). U Hla Bu, is it clear? (It is clear, Sir).

ဥပါဒါနပစ္စယာ ဘယ့်နှယ်ဆိုမယ် (ကမ္မဘဝေါ ပါ) ထုံစံအတိုင်း ခင်ဗျားတို့ ရထားသလို ဆိုလိုက်ပါတော့ (ဘဝေါပါ ဘုရား) ဘဝေါ ပဲတဲ့၊ မသိမှာစိုးလို့ ကံကို ဖော်ပြောလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

Upādāna paccayā... how shall we say it? (Kamma-bhavo, Sir). Just say it as you are used to reciting. (Bhavo, Sir). It is just Bhavo. I explicitly added "Kamma" so you wouldn't miss the meaning. (True, Sir). Is that clear? (Yes, it is, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥပါဒါန်ကြောင့် ကံတွေ ဖြစ်လာတယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။

So, Yogis, because of Clinging (Upādāna), Kammas arise. (True, Sir). Can't we say that? (We can, Sir).

ကောင်းပြီ ဒါဖြင့် ဥပါဒါနက သမုဒယသစ္စာ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

Good. So, is it clear that Upādāna is Samudaya Sacca? (Yes, it is, Sir).

ကံလုပ်တုန်းကလည်း ခင်ဗျားတို့ ကိုယ်၏ ဆင်းရဲ ခြင်း၊ စိတ်၏ဆင်းရဲခြင်း မလာရဘူးလား (လာရပါ တယ်)၊ ဒါကြောင့် သူ့ကို ဘာသစ္စာဆိုကြမယ် (ဒုက္ခ သစ္စာပါ)၊ ဒါဖြင့် ဥပါဒါန်က ဘာသစ္စာ (သမုဒယသစ္စာ ပါ)၊ ကံက (ဒုက္ခသစ္စာပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

When you were performing the Kamma, did you not undergo physical and mental suffering? (We did, Sir). Therefore, what Truth shall we call Kamma in this context? (Dukkha Sacca). So, Upādāna is... (Samudaya Sacca). Kamma is... (Dukkha Sacca). Is that clear? (Yes, it is, Sir).

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒါဟောပြီးသား ဖြစ်လို့ ခပ်တိုတိုနဲ့ပဲ သွားပါဦးမယ်၊ ဥပါဒါန်က ဘယ်ကလာ သတုံး၊ ဘယ်သူ့ကြောင့် ဖြစ်သတုံးဆိုလို့ မေးခွန်းမထုတ် ရပေဘူးလား (ထုတ်ရပါတယ် ဘုရား)။

Alright. Since I have preached this before, I will move briefly. Where does Upādāna come from? Who causes it? Mustn't we ask? (We must, Sir).

ထုတ်လိုက်တော့ ဘာ လာတွေ့ပါလိမ့် (တဏှာ တွေ့ပါတယ်) တဏှာပဲ လာတွေ့တယ်၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိ ပစ္စယာ ဇရာ မရဏ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

When we ask, what do we find? (We find Craving, Taṇhā). We find only Craving. Taṇhā paccayā Upādānaံ; Upādāna paccayā Bhavo; Bhava paccayā Jāti; Jāti paccayā Jarā-Maraṇaṃ. (True, Sir). Do you follow? (Yes, we do, Sir).

ဒီလို ထောက်လိုက်ပြန်တော့ တဏှာက သမုဒယ သစ္စာ၊ ဥပါဒါန်က ဒုက္ခသစ္စာ (မှန်ပါ့) တဏှာက အကြောင်း၊ ဥပါဒါန်က (အကျိုးပါ ဘုရား)။

Tracing it back like this, Taṇhā is Samudaya Sacca; Upādāna is Dukkha Sacca. (True, Sir). Taṇhā is the Cause; Upādāna is... (The Effect, Sir).

တစ်ခုလုံးဒုက္ခချည်းပဲ

The Whole Thing is Just Suffering

ကောင်းပြီ ဒါဖြင့် နောက်ဆုတ် သွားလာတော့ ဒါတွေ အကုန် ဒုက္ခချည့် မဖြစ်ဘူးလား (ဖြစ်ပါတယ်)

Good. As we step back and look, isn't all of this purely Suffering? (It is, Sir).

ဒါ့ကြောင့် ပဋိစ္စသမုပ္ပာဒ်မှာ “ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ” တစ်ခုလုံး ဒုက္ခချည့်ပဲလို့ ဘုရားဟောတော် မူတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

That is why, in the Paticcasamuppada, the Buddha declared: "Evam-etassa kevalassa dukkhakkhandhassa"—"This entire mass is nothing but Suffering." Is that clear? (Yes, it is, Sir).

တစ်ခုလုံး ဘာသစ္စာတဲ့ (ဒုက္ခသစ္စာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) တစ်ခုလုံး ဘာသစ္စာတဲ့ (ဒုက္ခသစ္စာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)

What Truth is the whole thing? (Dukkha Sacca, Sir). Is that clear? (Yes, Sir). What Truth is the whole thing? (Dukkha Sacca, Sir). Is that clear? (Yes, it is, Sir).

နောက်ဆုတ်သွားမှ ပေါ်တယ်၊ နို့မဟုတ်ရင် ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

It only appears when you step back and look. Otherwise, would it appear? (No, it would not, Sir).

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီတဏှာ ဘယ်ကလာပါလိမ့်မတုံး (ဝေဒနာက လာပါတယ်) ဝေဒနာရှိရင် တဏှာလာမယ် (မှန်ပါ့) သဘောကျပ လား (ကျပါပြီ ဘုရား)။

Good. Now, Yogis, where does this Craving (Taṇhā) come from? (It comes from Feeling, Vedanā). If Feeling exists, Craving will come. (True, Sir). Do you see? (Yes, we do, Sir).

ဝေဒနာရှိရင် တဏှာလာမယ်

If There is Vedana, Tanha Will Come

ဝေဒနာရှိရင် (တဏှာလာပါမယ်) သုခဝေဒနာ ပစ္စယာတဏှာ သဘောကျပလား (ကျပါပြီ) ဒုက္ခဝေဒနာ ပစ္စယာလည်း (တဏှာပါပဲ ဘုရား)။

If there is Feeling... (Craving will come). Sukha vedanā paccayā Taṇhā. Do you see? (Yes, Sir). Dukkha vedanā paccayā also... (Taṇhā, Sir).

ဒုက္ခရောက်တဲ့ ပုဂ္ဂိုလ်ဟာ ပျောက်ချင်တဲ့တဏှာ သုခကို တောင့်တတဲ့ တဏှာ လာတာပဲ (မှန်ပါ့) မလာ ဘူးလား (လာပါတယ်) ဆင်းရဲတဲ့ ပုဂ္ဂိုလ်များ ချမ်းသာ ချင်တဲ့ တဏှာ (လာပါတယ် ဘုရား)။

A person in suffering has a craving to be cured; a craving for happiness arises. (True, Sir). Does it not? (It does, Sir). Those who are suffering crave happiness. (They do, Sir).

ဒါဖြင့် တဏှာ မသတ်သရွေ့ ကာလပတ်လုံး ဒကာ ဒကာမတို့ သမုဒယသစ္စာ ချုပ်ပါ့မလား (မချုပ်ပါ ဘုရား) မချုပ်သေးသရွေ့ ဒီဘက်ကဒုက္ခတွေ အစဉ်အဆက် အတိုင်း မသွားပေဘူးလား သွားမလား (သွားပါ တယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

So, as long as you do not eradicate Craving, Yogis, will Samudaya Sacca ever cease? (It will not cease, Sir). As long as it does not cease, will the subsequent sufferings not proceed in their order? Will they go on? (They will go on, Sir). Is that clear? (Yes, it is, Sir).

ဒါဖြင့် ဒကာ ဒကာမတို့သည် ဒီနေရာမှာ နေ့တိုင်း ပြောခဲ့တယ် (မှန်ပါ့) ဘုရား ပွင့်တော် မူတယ်လို့ မပြော ဘူးလား (ပြောပါတယ် ဘုရား)။

Thus, Yogis, I tell you this every day. (True, Sir). Do I not say that a Buddha arises? (You do, Sir).

ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားပွင့်တယ်

A Buddha Arises Between Vedana and Tanha

ဝေဒနာနဲ့ တဏှာကြားမှာ ဘာတဲ့ (ဘုရား ပွင့်ပါတယ်) သောတာပန် ပွင့်ချင်ရင်ကော (ဝေဒနာနဲ့ တဏှာ အကြားမှာပါ ဘုရား) သကဒါဂါမ်အဖြစ် ပွင့်ချင်ရင်ကော (ဝေဒနာနဲ့ တဏှာ အကြားမှာပါ) အနာဂါမ် ပွင့်ချင်ရင်ကော (ဝေဒနာနဲ့ တဏှာ အကြားမှာပါ ဘုရား)။

Between Feeling (Vedanā) and Craving (Taṇhā)... what happens? (A Buddha appears, Sir). If you want to become a Stream-Enterer (Sotapanna)? (Between Feeling and Craving, Sir). If you want to become a Once-Returner (Sakadagami)? (Between Feeling and Craving, Sir). If you want to become a Non-Returner (Anagami)? (Between Feeling and Craving, Sir).

ရဟန္တာ ဖြစ်ချင်ရင်ကော (ဝေဒနာနဲ့ တဏှာ အကြားမှာပါ) ဝေဒနာနဲ့ တဏှာအကြားမှာ ဖြစ်ရမယ်၊ တခြားသောနည်း မရှိဘူးဆိုတာ ပေါ်လာပလား (ပေါ် ပါပြီ ဘုရား)။

If you want to become a Worthy One (Arahant)? (Between Feeling and Craving, Sir). It must happen between Feeling and Craving. Do you realize there is no other way? (We realize it, Sir).

ဒါကြောင့် သောတာပန် ဘယ်နေရာမှာ တည်ပါလိမ့် မတုံး ဆိုတာလည်း ဝေဒနာနဲ့ တဏှာအကြားမှာ (မှန်ပါ့)၊ ဘုရား ဘယ်နေရာမှာ ဖြစ်ပါလိမ့်မတုံး ဆိုတာကော (ဝေဒနာနဲ့ တဏှာအကြားမှာပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

Therefore, where does the Stream-Enterer stand? Between Feeling and Craving. (True, Sir). Where does the Buddha arise? (Between Feeling and Craving, Sir). Is that clear? (Yes, it is, Sir).

ပေါ်တာကို ဝေဒနာမရှုနဲ့ အနိစ္စရှု

Do Not Observe Vedana; Observe Anicca

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ အခု ဝိပဿနာ အလုပ်လုပ်တဲ့ ဒကာ ဒကာမတွေမှာ ဝေဒနာက သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာလို့ ခန္ဓာကိုယ် ထဲမှာ ဝေဒနာသုံးမျိုး အလှည့်အပတ်နဲ့ အကြောင်း တိုက် ဆိုင်သလို မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ပေါ် တာကို ဝေဒနာမရှုနဲ့၊ အနိစ္စရှု (မှန်ပါ့) ဝေဒနာရှိ မရှိတွေး (မှန်ပါ့)။

Good. Now, for the Yogis practicing Vipassana: Pleasant Feeling (Sukha), Unpleasant Feeling (Dukkha), or Neutral Feeling (Upekkha)—these three types of feeling appear in the body as conditions allow. Do they not? (They do, Sir). When they appear, do not observe the Feeling. Observe Impermanence (Anicca). (True, Sir). Contemplate: "Is it still there?" (True, Sir).

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သုခဝေဒနာ ကလေး ပေါ်လာတယ်၊ ကိုယ်ပေါ်မှာ ချမ်းသာ လုံးကလေး၊ ဝမ်းထဲမှာကော ဝမ်းသာလုံးကလေး၊ သုခဝေဒနာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

So, Yogis, a Pleasant Feeling appears. A mass of pleasure on the body, a mass of joy in the mind. Does Pleasant Feeling not appear? (It appears, Sir).

အဲဒါ ရှိမရှိ သွေးစမ်း (မရှိပါ ဘုရား) ဒါဖြင့် မရှိတာ ဘာခေါ်မယ် (အနိစ္စပါ ဘုရား) မရှိမှန်းသိတာ (မဂ္ဂပါ ဘုရား)။

Probe to see if it is still there. (It is not, Sir). So, what do we call that which is not there? (Anicca, Sir). Knowing that it is gone is... (Magga, Sir).

မရှိတာက အနိစ္စ၊ မရှိမှန်းသိတာက မဂ္ဂ

Not Being There is Anicca; Knowing is Magga

ဒါဖြင့် အနိစ္စနောက် မဂ္ဂ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား) မရှိတာက (အနိစ္စပါ) မရှိမှန်း သိတာက (မဂ္ဂပါ ဘုရား)။

Thus, does the Path (Magga) not follow Impermanence (Anicca)? (It follows, Sir). "Not being there" is... (Anicca). Knowing "it is not there" is... (Magga, Sir).

ဒီတဏှာ လာသေးရဲ့ လား (မလာပါ ဘုရား) ဥပါဒါန်ကော (မလာပါ ဘုရား) ကံကော (မလာ ပါ ဘုရား) ဇာတိ (မလာပါ ဘုရား) ဇရာ မရဏ (မလာပါ ဘုရား)။

Does Craving still come? (No, Sir). And Clinging? (No, Sir). And Kamma? (No, Sir). Rebirth? (No, Sir). Aging and Death? (No, Sir).

မြတ်စွာဘုရား သည်ကားလို့ ဆိုရင် ဒီနေရာက နေပြီး သကာလ ဟိုဘက် အကြောင်းတွေကို သတ်လိုက်တာ ကိုး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

The Buddha severed the future causes right from this spot. (True, Sir). Do you see? (Yes, we do, Sir).

ဒီ နောက်ဘဝတွေ ပြတ်သွားတာလည်း သဘောကျ ပလား (ကျပါပြီ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Do you appreciate that the future lives are cut off? (Yes, we do). Is that clear? (Yes, it is, Sir).

ဝေဒနာလား၊ ပျက်မှာလား စိုက်ကြည့်

Look closely: Is it the Feeling, or is it the Passing Away?

ကောင်းပြီ၊ ဒါဖြင့် ဝေဒနာကို မရှုနဲ့ ဒကာ ဒကာမတို့ ဝေဒနာပေါ်လို့ရှိရင် ဝေဒနာကို စိုက်ကြည့်ပြီး ဝေဒနာလား၊ ပျက်မှာလား ဆိုတာ စိုက်ကြည့် (မှန်ပါ့) ကြည့် လိုက်တဲ့အခါ ဘာတွေ့ရမလဲ (ပျက်တာ တွေ့ရပါတယ် ဘုရား)။

Very well. Now, Yogis, do not merely "know" the feeling. When a feeling arises, observe it intently. Scrutinize it: "Is this a static feeling? Or is it something that vanishes?" Look closely! (Yes, Sir). When you look, what do you see? (We see it vanishing, Sir).

ဒါဖြင့် ပျက်တာက ဘာခေါ်ကြမယ် (အနိစ္စ ပါ) ပျက်မှန်းသိတာက (မဂ္ဂပါ ဘုရား)။

What do we call that vanishing? (It is Impermanence, Anicca). And the mind that knows it is vanishing? (That is the Path, Magga, Sir).

အဲဒီ မဂ္ဂသည် ဒကာ ဒကာမတို့ တဏှာကို သေစေ ပါတယ် ဆိုတော့ သူ့နောက်က တဏှာ လာသေးရဲ့ လား (မလာပါ ဘုရား)။

Now, since this Path Knowledge (Magga) eradicates Craving (Tanha), does Craving follow behind it? (No, Sir).

ဒါဖြင့် ဒီဝေဒနာ လာတဲ့ အခါ ဒကာ ဒကာမတွေ မရှု ဘဲနေတော့ ဝေဒနာပစ္စယာ (တဏှာပါ) တဏှာပစ္စယာ ၊ (ဥပါဒါနံပါ ဘုရား) ဥပါဒါနပစ္စယာ (ဘဝေါ်) ဘဝ ပစ္စယာ (ဇာတိ) ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား)။

However, if you fail to observe the feeling when it arises, the cycle proceeds: Because of Feeling, Craving arises (Vedanā-paccayā Taṇhā). Because of Craving, Clinging arises (Taṇhā-paccayā Upādāna). Because of Clinging, Existence arises (Upādāna-paccayā Bhavo). Because of Existence, Rebirth arises (Bhava-paccayā Jāti). And because of Rebirth, Aging and Death follow (Jāti-paccayā Jarā-Maraṇaṃ).

ဒါက မရှုတဲ့ပုဂ္ဂိုလ် လမ်းစဉ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

This is the path taken by the person who fails to observe. (True, Sir). Do you grasp this? (Yes, we do, Sir).

ဒါဖြင့် ဝေဒနာကလည်း ခန္ဓာကိုယ်ထဲ တော်တော်ကြာ သုခပေါ်ပြန်ပြီ၊ တော်တော်ကြာ ဒုက္ခပေါ်ပြန်ပြီ၊ တော်တော် ကြာ ဥပေက္ခာ ပေါ်ပြန်ပြီ ဒကာ ဒကာမတို့၊ မရှုမိကြဘူး ဆိုလို့ ရှိရင်ဖြင့် တဏှာက လိုက်မှာပဲ (မှန်ပါ့)။

Feelings arise in this body constantly. One moment it is pleasant (Sukha), the next it is unpleasant (Dukkha), and then neutral (Upekkha). Yogis, if you fail to observe them, Craving implies that it will follow immediately. (True, Sir).

လိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့သည် ဥပါဒါန် လာတော့မှာပဲတဲ့ (မှန်ပါ့) ကံကော (လာမှာပါ) ဇာတိ ဇရာ မရဏကော (လာမှာပါ ဘုရား)။

If Craving follows, Clinging (Upādāna) is bound to come. (Yes, Sir). And then Kamma? (It will come, Sir). And Rebirth, Aging, and Death? (They will follow, Sir).

မရှုတဲ့ပုဂ္ဂိုလ် သံသရာရှည်ပြီ

The Non-Observer Lengthens Samsara

ဒါဖြင့် မရှုတဲ့ပုဂ္ဂိုလ်ဟာ သံသရာရှည်ပြီ (မှန်ပါ့)၊ ဒီဘက် ရှည်ထွက်သွားတယ် (မှန်ပါ့)။

For the person who does not observe, Samsara becomes long. (True, Sir). They extend the cycle further. (Yes, Sir).

ရှုတဲ့ပုဂ္ဂိုလ်ကျတော့ ဒကာ ဒကာမတို့ အနိစ္စနဲ့မဂ္ဂ နှစ်ခုတည်းပဲရှိတယ် (မှန်ပါ့) သဘော ကျရဲ့လား (ကျပါတယ် ဘုရား)။

But for the person who observes, Yogis, there are only two things: Impermanence (Anicca) and the Path (Magga). (True, Sir). Are you satisfied with this? (Yes, Sir).

ကောင်းပြီ ဒါဖြင့် ဘယ်ဝေဒနာလာလာ ဘာ လုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက် ရှုလိုက်တော့ ကို ဖြစ်ပျက်က အနိစ္စ၊ ရှုတာက (မဂ္ဂပါ ဘုရား)။

Good. So, whatever feeling arises, what must you do? (We must observe the Arising and Passing Away). When you observe the Arising and Passing Away, the phenomenon that passes is Anicca, and the observing mind is...? (Magga, Sir).

မရှုဘဲနေရင် ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) တဏှာပစ္စယာ (ဥပါဒါန်ပါ ဘုရား) ဥပါဒါနပစ္စယာ (ဘဝေါပါ ဘုရား)ဘဝပစ္စယာ (ဇာတိ) ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

If you do not observe: Vedanā-paccayā... (Taṇhā, Sir). Taṇhā-paccayā... (Upādāna, Sir). Upādāna-paccayā... (Bhavo, Sir). Bhava-paccayā... (Jāti). Jāti-paccayā... (Jarā-Maraṇa, Sir). Do you see the chain? (Yes, we do, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဒီအလုပ်ကို မလုပ်တော့ပါဘူး ဆိုလို့ရှိရင်ဖြင့် ဒီဝဲထဲကို ရောက်ချင်လို့ (မှန်ပါ့ ဘုရား)။

Therefore, Yogis, if you say "I won't do this work," it means you want to fall into this whirlpool. (True, Sir).

ဒီ ငါး, လိပ်, မကန်းတွေ၏ အစာကော (ဖြစ်ချင် လို့ပါ) လှိုင်းတံပိုးတွေ၏ ဖိနှိပ်မှုကိုကော (ခံချင်လို့ပါ)

It means you want to become food for the fish, turtles, and submarine creatures. (That is what we want). You want to be crushed by the waves of suffering. (Yes, Sir).

သံသရာရေပြင်ကြီး မှာလည်း နေချင်လို့ ဆိုရင်ကော (မလွဲပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

You want to remain adrift in the great ocean of Samsara. (Exactly, Sir). Is that clear? (Yes, it is, Sir).

အလုပ် မလုပ်လို့ရှိရင် ပြတ်ပါ့မလား (မပြတ်ပါ ဘုရား) ဒါဖြင့် ပြတ်ချင်ရင် ဒကာ ဒကာမတို့ ဒီလိုလုပ်ပါ။ ဒီလိုလုပ်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

If you do not practice, will the cycle ever break? (It will not break, Sir). If you want to sever it, Yogis, you must practice like this. Practice in this way. (Yes, Sir). Do you understand? (Yes, Sir).

ကောင်းပြီ ဒါဖြင့် ဝေဒနာကြောင့် တဏှာဖြစ် တယ်၊ ဝေဒနာက သမုဒယသစ္စာ၊ တဏှာက (ဒုက္ခ သစ္စာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Now, consider this: Because of Feeling, Craving arises. Here, Feeling is the Truth of the Origin (Samudaya Sacca) and Craving is the Truth of Suffering (Dukkha Sacca). Is that clear? (Yes, Sir).

ဝေဒနာက (သမုဒယသစ္စာပါ) တဏှာက (ဒုက္ခသစ္စာပါ ဘုရား) ဒါက ရှင်သာရိပုတ္တရာ ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ ဟောတဲ့နည်း (မှန်ပါ့)။

Feeling is...? (Samudaya Sacca, Sir). Craving is...? (Dukkha Sacca, Sir). This is the method taught by the Venerable Sariputta in the Patisambhidamagga Pali text. (True, Sir).

ဟုတ်တယ်တဲ့ ဒကာ ဒကာမတို့ ဒါအကြောင်းတရား တော့မှန်ပါတယ်၊ ဒါကြောင့် အကြောင်း သမုဒယလို့ ဆိုလိုက် တယ် (မှန်ပါ့)။

Indeed, Yogis, since it is the cause, we label it the Cause-Origin (Samudaya). (True, Sir).

ဝေဒနာက အကြောင်းသမုဒယ၊ တဏှာက အကျိုး ဒုက္ခ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) နေရာကျပလား (ကျပါပြီ ဘုရား)။

Feeling is the Causal Origin (Samudaya); Craving is the Resultant Suffering (Dukkha). (True, Sir). Is that clear? (Yes, Sir). Does it make sense? (Yes, Sir).

ဝေဒနာဘယ်ကလာပါလိမ့်

Where Does Feeling Come From?

သွားပါဦး ဒကာ ဒကာမတို့၊ ဒီဝေဒနာ ဘယ်ကလာ ပါလိမ့်မလဲဆိုတဲ့ မေးခွန်းကော ထုတ်ဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

Let us go further, Yogis. Shouldn't we ask where this feeling comes from? (We should, Sir).

ဘယ်ကလာပါလိမ့် (ဖဿက လာပါတယ်) ဖဿ ဆိုတဲ့ ဓမ္မကြောင့် လာတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

Where does it come from? (It comes from Contact, Phassa). Do you accept that it arises due to the phenomenon called Contact? (Yes, we do, Sir).

ဖဿကလာတော့ ဖဿဆိုတာ တွေ့ထိတတ်တဲ့ တရား (မှန်ပါ့) တွေ့ထိတတ်တဲ့ တရား ဆိုတာကော ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။

Since it comes from Contact, realize that Contact is the nature of touching or encountering. (True, Sir). Are you satisfied that it is the nature of touching? (Yes, Sir).

တွေ့ထိတတ်သည့် ပုဂ္ဂိုလ်သည် ဒကာ ဒကာမတို့ ကောင်း မကောင်း မရွေးပေဘူးလား (ရွေးပါ တယ် ဘုရား) ဒါဖြင့် ဖဿပစ္စယာ (ဝေဒနာပါ ဘုရား)။

When touching occurs, Yogis, doesn't it distinguish between good and bad sensations? (It does, Sir). Therefore: Phassa-paccayā... (Vedanā, Sir).

တွေ့ထိလို့ အကောင်းအဆိုးဝေဖန်တယ်

Contact Discriminates Good and Bad

တွေ့ထိလို့ အကောင်းအဆိုးကို ဝေဖန်တယ် (မှန်ပါ့) မဝေဖန်ဘူးလား (ဝေဖန်ပါတယ် ဘုရား)။

Because of Contact, one discriminates between good and bad. (True, Sir). Does it not? (It does, Sir).

ဒကာ ဒကာမတို့ အထည်ကို စမ်းသပ်တွေ့ထိတာ သည် ဖဿ (မှန်ပါ့)၊ ထူလို့ ကောင်းတယ်၊ ပါးလို့ ကောင်းတယ် ဆိုတာက (ဝေဒနာ)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

Yogis, the act of touching the fabric is Contact (Phassa). Knowing "It is thick and pleasant" or "It is thin and pleasant" is...? (Vedanā). Do you grasp this? (Yes, Sir).

ဒါဖြင့် ဖဿပစ္စယာ (ဝေဒနာပါ ဘုရား) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဖဿပစ္စယာ (ဝေဒနာပါ ဘုရား)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

Therefore: Phassa-paccayā... (Vedanā, Sir). Is that clear? (Yes, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ ဖဿက သမုဒယသစ္စာ (မှန်ပါ့)၊ ဝေဒနာက (ဒုက္ခသစ္စာပါ ဘုရား)၊ နောက် ဆုတ်သွား နောက်ဆုတ် သွားပါ ဒကာသိုက်ရ (မှန်ပါ့)၊ ရှေးအမှတ်တွေ အကုန်ဖြုတ်ပါ (မှန်ပါ့) ဖဿပစ္စယာ (ဝေဒနာ)၊ ဖဿက ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။

So, Yogis, Contact (Phassa) is the Truth of Origin (Samudaya Sacca). (True, Sir). Feeling (Vedana) is...? (Dukkha Sacca, Sir). Step back. Keep stepping back, Daga Thaik. (Yes, Sir). Discard your old notions. (Yes, Sir). Phassa-paccayā Vedanā. What Truth is Phassa? (Samudaya Sacca, Sir).

အကြောင်းဟူသ၍ သမုဒယသစ္စာ

Whatever is a Cause is Samudaya Sacca

ဖဿကြောင့် ဒကာသိုက်ရ ဝေဒနာဖြစ်တယ်၊ အဲဒီ တော့ ဖဿက အကြောင်း မနေဘူးလား (အကြောင်းပါ ဘုရား) အကြောင်း ဟူသရွေ့ သမုဒယသစ္စာချည့်မှတ် (မှန်ပါ့) ဝေဒနာဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Because of Contact, Daga Thaik, Feeling arises. Thus, Contact stands as the cause, does it not? (It is the cause, Sir). Mark whatever acts as a cause as Samudaya Sacca. (Yes, Sir). And what Truth is Feeling? (Dukkha Sacca, Sir). Is that clear? (Yes, Sir).

ကောင်းပြီ၊ ဒါဖြင့် ဖဿက သမုဒယသစ္စာ၊ ဝေဒနာ က ဒုက္ခသစ္စာဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

Good. So it is evident that Phassa is Samudaya Sacca and Vedana is Dukkha Sacca. (Yes, it is, Sir).

ဒါကြောင့် “ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ” မင်းတို့ ဒါတစ်ခုလုံး ဒုက္ခချည့် မှတ်ထား လို့ မပါဘူးလား (ပါ ပါတယ် ဘုရား)။

That is why the verse says: "Evametassa kevalassa dukkhakkhandhassa..." Does it not say that this entire mass is nothing but suffering? (It does, Sir).

အဲဒီ ပါတာကို ခင်ဗျားတို့က မတွေးမိဘူး (မှန်ပါ့) ဒီလို အကြောင်းအကျိုး မဝေဖန်လို့ မတွေး မိတာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

You fail to reflect on this fact. (True, Sir). Because you do not discriminate between cause and effect, you miss it. (True, Sir). Is it clear now? (Yes, Sir).

ဒါကြောင့် ရှေးအသုံးအနှုန်းတွေ အကုန်ဖျက်ပါ ဆိုတာသည် ဘုန်းကြီးက အဖျက်ခိုင်းတာ မဟုတ်ပါဘူး။ ခင်ဗျားတို့ နားမလည်လို့ ဒုက္ခတွေ အကုန်ပါလို့ ပြောတဲ့ဆီကို ဉာဏ်မရောက်လို့ ဒကာသိုက် ဖြည့်စွက်ရတာ (မှန်ပါ)။

When I tell you to dismantle your old vocabulary, I am not asking you to destroy language. I, the monk, and Daga Thaik have to supplement the teaching because your wisdom has not yet reached the point where you see that everything involves suffering. (True, Sir).

အဆုံးရွတ်ကြည့်၊ “ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ” ဒုက္ခအစုကြီးတွေကွ တဲ့၊ ဒီပဋိစ္စသမုပ္ပာဒ် တစ်တန်းလုံး (မှန်ပါ့) မဆိုဘူးလား (ဆိုပါတယ် ဘုရား)။

Recite the ending: "Evametassa kevalassa dukkhakkhandhassa." It says "A distinct mass of suffering." This applies to the entire line of Dependent Origination! (True, Sir). Does it not? (It does, Sir).

ဒါကြောင့် နောက်ဆုတ် သွားတော့မှ ဒုက္ခအစုကြီး ဖြစ်လာတယ်ဆိုတာ ပေါ်တယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

So, when we trace it backward, it becomes evident that this is a great mass of suffering becoming manifest. (True, Sir). Do you agree? (Yes, Sir).

ဖဿက ဘာသစ္စာတုံး (သမုဒယသစ္စာပါ) ဝေဒနာက (ဒုက္ခသစ္စာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Phassa is what Truth? (Samudaya Sacca). Vedana is...? (Dukkha Sacca). Is that clear? (Yes, Sir).

ကိုင်း ဒါဖြင့် တွေ့ထိတဲ့ ပုဂ္ဂိုလ်ဟာ အကောင်း, အဆိုး ဝေဖန်တယ် ဆိုတာကော ရှင်းပလား (ရှင်းပါပြီ ဘုရား)။

So, is it clear that the one who touches discriminates between good and bad? (Yes, it is clear, Sir).

ဖဿဘယ်က လာပါလိမ့်

Where Does Contact Come From?

ကောင်းပြီ၊ တစ်ခါသွားဦး ဒကာ ဒကာမတို့၊ ဒီဖဿ ဘယ်က လာပါလိမ့်မလဲလို့ မေးခွန်း ထုတ်ကြဦးစို့ (မှန်ပါ့ သဠာယတနက လာပါတယ် ဘုရား)။

Good. Let's go further, Yogis. Let us ask: Where does this Contact (Phassa) come from? (It comes from the Six Sense Bases, Salayatana, Sir).

အေး သဠာယတနဆိုတာ ခြောက်ခုရှိတယ် (မှန်ပါ့) မျက်လုံး, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

Indeed. There are six Sense Bases (Salayatana). (True, Sir). Eye, Ear, Nose, Tongue, Body, and Mind. (True, Sir).

မျက်လုံး, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ်ကို ဘာ ခေါ်ကြမယ် (သဠာယတနပါ) အဲ သဠာယတန ဆိုတာ ခြောက်ခု၊ သဠာယတနပါပဲ ဆိုလိုရင်းကနော် (မှန်ပါ့)။

We call the Eye, Ear, Nose, Tongue, Body, and Mind the...? (Salayatana). Yes, Salayatana means the six bases. That is the meaning. (True, Sir).

သဠာယတနပစ္စယာ (ဖဿောပါ ဘုရား) ဒီကို ကျတော့ သဠာယတနက ဘာသစ္စာတဲ့ (သမုဒယသစ္စာ ပါ) ဖဿက (ဒုက္ခသစ္စာပါ) ဒါမှ ဒုက္ခအစုကြီးဖြစ်မှာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

Salāyatana-paccayā... (Phasso, Sir). Here, Salayatana is what Truth? (Samudaya Sacca, Sir). And Phassa is...? (Dukkha Sacca, Sir). Only then does it become a mass of suffering. (True, Sir). Do you see it? (Yes, we do, Sir).

ကောင်းပြီ၊ ဒီနေ့ခပ်ကျဲကျဲနဲ့ပဲ ပဋိစ္စသမုပ္ပာဒ်ကို ဝေဖန်ရအောင်လို့ ဒကာ ဒကာမတွေ ခပ်ကျဲကျဲ သွားလိုက် ပါသေးတယ် (မှန်ပါ့)။

Good. Today, I am taking wide steps in analyzing Dependent Origination so that you, the Yogis, can cover the ground. (Yes, Sir).

ဒီ သဠာယတနဟာ ဘယ်က လာပါလိမ့်မလဲဆိုတာ တွေးပါဦး (နာမ်ရုပ်က လာပါတယ် ဘုရား) နာမ်ရုပ်ရှိ လို့ပေါ်လာတာ (မှန်ပါ့)။

Now consider: Where do these Six Sense Bases come from? (They come from Mind and Matter, Nama-Rupa, Sir). They appear because Mind and Matter exist. (True, Sir).

နာမ်နဲ့ ရုပ်ရှိလို့ ခုနင်က မျက်စိ, နား, နှာခေါင်း လျှာ, ကိုယ်, စိတ်ပေါ်တယ် (မှန်ပါ့) နာမ်ရုပ် မရှိရင် (မပေါ်ပါ ဘုရား)။

Because there are Mind and Matter, the Eye, Ear, Nose, Tongue, Body, and Mind appear. (True, Sir). If there were no Mind and Matter? (They would not appear, Sir).

ဒါဖြင့် နာမ်ရုပ်က ဘာပါလိမ့် (သမုဒယသစ္စာ ပါ ဘုရား) သဠာယတနက (ဒုက္ခသစ္စာပါ ဘုရား) ပေါ် ပလား (ပေါ်ပါပြီ ဘုရား)။

Therefore, Mind and Matter are what? (Samudaya Sacca, Sir). And the Six Sense Bases are...? (Dukkha Sacca, Sir). Is that clear? (Yes, Sir).

သစ္စာသိမှ မဂ်ဉာဏ်ဖြစ်မှာ

Magga Appears Only When You Know the Truths

ဒီလို သိသိသွားရမယ်၊ ဒီလိုမှ သာလျှင် သစ္စာသိတဲ့ အဓိပ္ပာယ် ရောက်တယ် (မှန်ပါ) သစ္စာသိမှ ဒကာသိုက် တို့ ဦးလှဘူးတို့ မဂ်ဉာဏ်ဖြစ်မှာနော် (မှန်ပါ့)။

You must know it in this way. Only then does it amount to knowing the Four Noble Truths. (True, Sir). Only when the Truths are known will Daga Thaik and U Hla Bu attain Path Knowledge (Magga). (True, Sir).

လျှောက်ပြီး ရွတ်နေရုံနဲ့တော့ မဖြစ်ပါဘူး (မှန်ပါ့) မဖြစ်နိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

Just walking around reciting verses will not make it happen. (True, Sir). Are you certain that it is impossible that way? (We are certain, Sir).

ကောင်းပြီ၊ ဒါဖြင့် ဒီနာမ်ရုပ် ဘယ်က လာပါလိမ့်မလဲ (ဝိညာဏ်က လာပါတယ် ဘုရား) ဝိညာဏ် ဆိုတာက ပဋိသန္ဓေ၊ ပဋိသန္ဓေနေမိရင် နာမ်ရုပ် မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

Good. Then where do Mind and Matter come from? (They come from Consciousness, Vinnana, Sir). Consciousness here refers to the Rebirth Consciousness. If Rebirth Consciousness takes place, will Mind and Matter not appear? (They will appear, Sir).

နာမ်ရုပ် လာလို့ရှိရင် မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ်ဆိုတဲ့ သဠာယတနဟာ (ပေါ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါ ဒီဘက်က ဟာတွေ အစဉ်အတိုင်း မသွားဘူးလား (သွားပါတယ် ဘုရား)။

When Mind and Matter come, the Six Sense Bases—Eye, Ear, Nose, Tongue, Body, Mind—will follow. (They will appear, Sir). Is that clear? (Yes, Sir). Does this side not proceed in order? (It does, Sir).

ဒါဖြင့် ဒီဘက်မှာ အခု နောက်ဆုတ် သွားလိုက်တော့ ဒီကျအောင် ဒါတွေ ဒုက္ခတွေ မဖြစ်ခဲ့ဘူးလား (ဖြစ်ပါ တယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

So, when we trace it backward like this, did these sufferings not arise right up to this point? (They did, Sir). Is that clear? (Yes, Sir).

ဒါဖြင့် “ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ” ပဋိစ္စ သမုပ္ပာဒ် တစ်ခုလုံး ဒုက္ခသစ္စာ ချည်းပဲဆိုတာ ပေါ် ပလား (ပေါ်ပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Therefore, "Evametassa kevalassa dukkhakkhandhassa." Is it evident now that the entire Dependent Origination is nothing but the Truth of Suffering? (It is evident, Sir). Is that clear? (Yes, Sir).

ဝိညာဏ်ဘယ်ကလာပါလိမ့်

Where Does Consciousness Come From?

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဝိညာဏ်ဘယ်က လာသလဲ တွေးဦး (သင်္ခါရကပါ) သင်္ခါရ သုံးမျိုး ကလာ တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

Good. Now, Yogis, think: Where does Consciousness (Vinnana) come from? (From Volitional Formations, Sankhara). It comes from the three types of Sankhara. (True, Sir). Is that clear? (Yes, Sir).

အဲဒီ သင်္ခါရဆိုတာ ခင်ဗျားတို့လှူတာ, တန်းတာ, ပေးတာ, ကမ်းတာ ပဋိသန္ဓေနေချင်လို့ လှူတာ, ပေးတာ, ကမ်းတာဟူသရွေ့ သည် ဘုံဘဝကို တောင့်တပြီး လုပ်တာ၊ ဘာဖြစ်ချင် ညာဖြစ်ချင် လုပ်တဲ့ အလုပ်ဟူသရွေ့ဟာ သင်္ခါရ ချည့်မှတ်လိုက် (မှန်ပါ့ ဘုရား)။

These Sankhara are your acts of charity, offering, and giving. Whatever charity or giving you do with a craving for rebirth—doing this to become that, doing that to become this—all such actions are merely Sankhara. Mark this well. (True, Sir).

ဝိညာဏ်ဆိုတာ ပဋိသန္ဓေနေတာ

Consciousness Means Rebirth

ဒါဖြင့် သင်္ခါရက ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)၊ ဝိညာဏ်က (ဒုက္ခသစ္စာပါ)၊ ဝိညာဏ်ဆိုတာ ပဋိသန္ဓေနေတာ ဒကာ ဒကာမတို့ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

So, Sankhara is what Truth? (Samudaya Sacca, Sir). And Vinnana is...? (Dukkha Sacca, Sir). Vinnana here means taking rebirth, Yogis. (True, Sir). Do you grasp this? (Yes, Sir).

ဒါဖြင့် အိမ်ကျတော့လည်း ဒကာ ဒကာမတွေ ဒီအတိုင်းပဲမှတ်ကြပေါ့ဗျာ (မှန်ပါ့) မရရင် ဒီလိုပဲ ည ကွမ်းသီးတို့ ဘာတို့နဲ့ ပုံစံချကြည့်ရင် သိပါလိမ့်မယ် (မှန်ပါ့)။

When you get home, Yogis, mark it just like this. (Yes, Sir). If you don't get it, try laying out betel nuts or something similar tonight to map it out, and you will understand. (Yes, Sir).

ဒီသင်္ခါရ သုံးခုဟာ လှူမှု၊ တန်းမှု၊ ပေးမှု၊ ကမ်းမှု ဘုံဘဝ တောင့်တပြီး သကာလ လုပ်ကြတဲ့ သင်္ခါရဟာ ဘယ်ကလာသတုံး (အဝိဇ္ဇာက လာပါတယ်)၊ ဒါဖြင့် အဝိဇ္ဇာက သမုဒယသစ္စာ၊ သင်္ခါရက (ဒုက္ခသစ္စာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

These three Sankhara—acts of charity, giving, and offering done while longing for realms of existence—where do they come from? (They come from Ignorance, Avijja). Therefore, Avijja is Samudaya Sacca, and Sankhara is...? (Dukkha Sacca, Sir). Is that clear? (Yes, Sir).

ပေါင်းလိုက်တဲ့ အခါကျတော့ ဆယ့်နှစ်ခု မရှိပေဘူး လား (ရှိပါတယ်) တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ် ရှစ် ကိုး တစ်ဆယ် ဆယ့်တစ် ဆယ့်နှစ် (မှန်ပါ့) ပဋိစ္စသမုပ္ပာဒ် ဆယ့်နှစ်ပါးဆိုတာ သိပလား (သိပါပြီ ဘုရား)။

When you add them all up, aren't there twelve links? (There are, Sir). One, two, three, four, five, six, seven, eight, nine, ten, eleven, twelve. (True, Sir). Do you know the Twelve Links of Dependent Origination? (We know them, Sir).

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်

Because of Ignorance, Formations Arise

ကောင်းပြီ၊ ဒါဖြင့် ဒီ အဝိဇ္ဇာသည် ဒကာ ဒကာမတို့ ယခုအချိန်မှာ သမုဒယသစ္စာ ဖြစ်တယ် (မှန်ပါ့) အဝိဇ္ဇာကြောင့် သင်္ခါရ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

Good. Therefore, Yogis, at this moment, Ignorance (Avijja) is the Truth of Origin (Samudaya Sacca). (True, Sir). Because of Ignorance, do Volitional Formations (Sankhara) not arise? (They do, Sir).

သင်္ခါရကြောင့် (ဝိညာဏ်ဖြစ်ပါတယ်) ပေယျာ လ ထိုးလိုက်၊ ဇာတိကြောင့် (ဇရာ မရဏ ဖြစ်ပါတယ်) ဘယ်နှပါး ဖြစ်သွားသတုံး (ဆယ့်နှစ်ပါး ဖြစ်သွားပါတယ် ဘုရား)။

Because of Sankhara... (Vinnana arises). Continue the sequence... Because of Jati... (Jara-Marana arises). How many links have arisen? (Twelve links have arisen, Sir).

ဆယ့်နှစ်ပါး ဖြစ်သွားတယ် ဆိုတော့ ဒကာ ဒကာမတို့ ဒါက ပဋိစ္စသမုပ္ပာဒ်ကြီး ဖြစ်စဉ်ကို ပြလိုက်ပါတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပာဒ်ဝိုင်းပုံကို သတိထားပါဦး ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

Since twelve links have arisen, Yogis, this shows the process of the great Dependent Origination. (True, Sir). Now, pay attention to the circular nature of Dependent Origination, Yogis. (Yes, Sir).

ပဋိစ္စသမုပ္ပါဒ်ဝိုင်းပုံ

The Wheel of Dependent Origination

ဝိုင်းတာက ဘာပါလိမ့်မလဲလို့ မေးခွန်း ထုတ်လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ ဇရာနဲ့ မရဏဆိုသော ဒီပုဂ္ဂိုလ်ဟာ သံသရာ ခရီးသည် မဟုတ်လား (မှန်ပါ့)၊ အခုအတန်းကြီးဟာ သံသရာ ခရီးတန်း နေတာနော် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

If you ask, "What is circling?"—consider this: Yogis, is the person identified here as Aging (Jara) and Death (Marana) not a traveler in Samsara? (He is, Sir). This entire line represents the journey of Samsara. (True, Sir). Is that clear? (Yes, Sir).

ကဲ- ဒီဘဝက ဇာတိပြီးတော့ ခွဲလိုက်ဦး၊ ဒီနေ့ သေသေချာချာ မှတ်ကြ ဒကာ ဒကာမတို့ ဒီသုံးခုဟာ အနာဂတ် လို့မှတ်လိုက်စမ်း (မှန်ပါ့)၊ ဇာတိနဲ့ ဇရာ မရဏ ဘာခေါ် ကြမယ် (အနာဂတ် ဘဝပါ ဘုရား)။

Now, after Rebirth (Jati) in this life, separate the sections. Mark this carefully today, Yogis. These three—Jati, Jara, and Marana—mark them as the Future. (Yes, Sir). What do we call Jati, Jara, and Marana? (Future Life, Sir).

ဟော ဒီတဏှာ, ဥပါဒါန်, ကံ ဒါတွေက အနာဂတ် အကြောင်း (မှန်ပါ့) ကာလအားဖြင့် ပစ္စုပ္ပန်ကာလ (မှန်ပါ့ ဘုရား)။

And look here: Tanha, Upadana, and Kamma—these are the Causes for the Future. (True, Sir). In terms of time, they belong to the Present Period. (True, Sir).

အကြောင်းအားဖြင့် (အနာဂတ် အကြောင်းပါ) ဖြစ်နေတဲ့ ကာလကတော့ (ပစ္စုပ္ပန်ကာလပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။

In terms of cause? (Future Cause, Sir). In terms of the period they are happening in? (Present Period, Sir). Do you grasp this? (Yes, Sir).

အကြောင်းအားဖြင့် (အနာဂတ်အကြောင်းပါ ဘုရား) ကာလ အားဖြင့် (ပစ္စုပ္ပန်ကာလ ပါ ဘုရား) ပစ္စုပ္ပန် ကာလ ယခု လုပ်နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

As a cause? (It is a cause for the Future, Sir). As a time period? (It is the Present Period, Sir). It is what you are doing right now in the present. (True, Sir). Is that clear? (Yes, Sir).

ဒါဖြင့် ဒကာ ဒကာမတွေသည် ဒီလိုပဲ တွဲကပါဦးစို့ တဲ့၊ အဝိဇ္ဇာသင်္ခါရ၊ သဘောကျပလား (ကျပါပြီ ဘုရား) ၁-ရယ် ၂-ရယ်ဟာ ဘာပါလိမ့် (အဝိဇ္ဇာ သင်္ခါရပါ ဘုရား)။

So, Yogis, let us link it up like this. Avijja and Sankhara. Do you see? (Yes, Sir). What are Number 1 and Number 2? (Avijja and Sankhara, Sir).

အဲဒါသည်ကားလို့ ဆိုလို့ရှိရင် ဒကာ ဒကာမတွေ မှတ်လိုက် အတိတ်ဘဝ (မှန်ပါ့) အဝိဇ္ဇာနဲ့ သင်္ခါရဟာ ဘာပါလိမ့် (အတိတ် ဘဝပါ ဘုရား)။

If so, Yogis, mark them as the Past Life. (True, Sir). What are Avijja and Sankhara? (The Past Life, Sir).

ဒါဖြင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန၊ ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ကံ၊ ဒါက ပစ္စုပ္ပန်ဘ၀ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Therefore: Vinnana, Nama-Rupa, Salayatana, Phassa, Vedana, Tanha, Upadana, Kamma—these constitute the Present Life. (True, Sir). Is that clear? (Yes, Sir).

ဒါကလေးတွေ မှတ်မိအောင် မှတ်ပါ (မှန်ပါ့) ဒါက နေပြီး နားလည်မှ ရှေ့ဆက်ရမှာဖြစ်ပါတယ် (မှန်ပါ့)။

Memorize these small points. (Yes, Sir). You must understand this to proceed further. (Yes, Sir).

ဘဝသုံးပါး

Three Lives

ဒကာ ဒကာမတို့ ဒီသုံးခုဟာ ဇာတိ, ဇရာ, မရဏ ဟာ ဘယ်ဘဝ ကပါလိမ့်, (အနာဂတ် ဘဝပါ ဘုရား) ဝိညာဏ်က အစကံ အဆုံး ဘယ်ဘဝပါလိမ့် (ပစ္စုပ္ပန် ဘဝပါ ဘုရား)။ အဝိဇ္ဇာနဲ့ သင်္ခါရက (အတိတ်ဘဝကပါ ဘုရား)။

Yogis, these three—Jati, Jara, Marana—belong to which life? (The Future Life, Sir). And Vinnana through Kamma belong to which life? (The Present Life, Sir). And Avijja and Sankhara? (They are from the Past Life, Sir).

ဒါဖြင့် ဒီဘက်က အတိတ်ဘဝ (အနာဂတ်ဘဝ ပါ ဘုရား) ဘဝဘယ်နှစ်ပါး ဆက်ပြတာတုံး (သုံးပါး ပြပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

So, this side is the Past Life. (And that side is the Future Life, Sir). How many lives are shown connected here? (Three lives are shown, Sir). Is that clear? (Yes, Sir).

ဒါဖြင့် ခင်ဗျားတို့သည် ဘဝသုံးပါး ဆက်ပြတာကို ပဋိစ္စသမုပ္ပာဒ်လို့ မှတ်ရမယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Therefore, you must understand that Dependent Origination demonstrates the connection of Three Lives. (True, Sir). Is that clear? (Yes, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ရပြီးသား အပေါ် မှာ ကာလအားဖြင့်လည်း ဝေဖန်တတ်တဲ့ ဒကာ ဒကာမတွေ ဖြစ်နေ သောကြောင့် ပြန်ပြီး သကာလ ပဋိစ္စသမုပ္ပာဒ် စက်ရဟတ်ဖြစ်ပုံကို ပြပါဦး (မှန်ပါ့)။

So, Yogis, since you are now capable of analyzing time periods based on what you have learned, please demonstrate again how the Wheel of Dependent Origination spins. (Yes, Sir).

ပဋိစ္စသမုပ္ပာဒ် စက်ရဟတ်လည်ပုံ

How the Wheel Spins

ဒကာ ဒကာမတို့ ဘာပြမယ်ထင်သတုံး (ပဋိစ္စ သမုပ္ပာဒ်စက်ရဟတ်ဖြစ်ပုံကို ပြပါမယ် ဘုရား) စက်ရဟတ် လည်ပုံကို ပြမယ်လို့ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)။

Yogis, what do you think I will show? (You will show how the Wheel of Dependent Origination forms, Sir). Mark carefully that I will show how the wheel spins. (Yes, Sir).

ကဲ လည်ပုံပြတော့မယ်ဆိုတော့ ဒီလိုရှင်းရတယ်။ ဒကာ ဒကာမတို့ ကံက ဒီဘက် ရောက် လာတယ်၊ ဇာတိ၊ ဒီဘက်က ဇရာ မရဏ သဘော ကျပလား (ကျပါပြီ ဘုရား) ဒီက အဝိဇ္ဇာနဲ့ သင်္ခါရ (မှန်ပါ့) နဂိုနဲ့ကပြထားလို့ ဒကာ ဒကာမတွေ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

Here is how we explain the spinning. Yogis, Kamma leads to here—to Rebirth (Jati). And from this side comes Aging and Death (Jara-Marana). Do you see? (Yes, Sir). And from there, back to Ignorance (Avijja) and Formations (Sankhara). (True, Sir). Since I showed the original layout earlier, isn't it clear to you now? (It is clear, Sir).

ကောင်းပြီ၊ ဒီပုဂ္ဂိုလ် သံသရာ့ ခရီးသည်ဟာ အနာဂတ် ဘဝမှာ မသေပေဘူးလား (သေပါမယ် ဘုရား) သေတဲ့ အခါကျတော့ ခရီးသည် သေတာ မဂ်ဉာဏ်ရတာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

Good. This traveler of Samsara—will he not die in the future life? (He will die, Sir). When he dies, does this traveler die attaining Magga Knowledge? (No, Sir).

သေခါနီးမှာ သူဇရာ မရဏသမားဟာ ဒကာ ဒကာမတို့ သူသေရမယ့်အတွက် စိုးရိမ်တယ် (မှန်ပါ့) စိုးရိမ်သောက ဗျာပါဒ မလာဘူးလား (လာပါတယ် ဘုရား)။

Near death, this candidate for Aging and Death worries about dying. (True, Sir). Does not anxiety, sorrow, and distress arise? (It does arise, Sir).

ဒါဖြင့် ဒီအထဲမှာ သောက လာလိမ့်မယ်တဲ့၊ သူသေ ခါနီးမှာ (မှန်ပါ့) ပရိဒေဝကော (လာပါတယ် ဘုရား) ဒုက္ခဒေါမနဿကော (လာပါတယ် ဘုရား)။

So, within this situation, Sorrow (Soka) will appear. Near his death. (True, Sir). And Lamentation (Parideva)? (It comes, Sir). And Pain and Grief (Dukkha Dommanassa)? (They come, Sir).

သေခါနီးမှာဘာလာပါလိမ့်

What Comes Near Death?

သေခါနီး ဘာလာပါလိမ့်၊ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ (မှန်ပါ့) သေခါနီးမှာ ငါးမျိုး လာဖြစ်လိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

What comes near death? Sorrow, Lamentation, Pain, Grief, and Despair. (True, Sir). These five arise right near death. (True, Sir). Is that clear? (Yes, Sir).

အဲဒီပုဂ္ဂိုလ်မှာ ဒါတွေ ဖြစ်ကောင်း တာလား၊ မဖြစ် ကောင်းတာလား (မဖြစ်ကောင်းတာပါ) သို့သော် သူ့မှာ ဖြစ်ကောင်းတယ် မှတ်လို့ ဖြစ်နေတယ်. (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

Now, for that person, are these good things to happen or bad things? (Bad things, Sir). Yet, because he thinks they are "his," they arise. (True, Sir). Do you grasp this? (Yes, Sir).

ဒါဖြင့် သူမသိလို့ ဖြစ်တာ။ ဖြစ်တော့ကို သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ထဲမှာ ဒကာ ဒကာမတွေက မှတ်လိုက်ပါဦး၊ အာသဝဆိုတဲ့ အဝိဇ္ဇာ စသော အာသဝလေးပါး ဝင်လာတယ် (မှန်ပါ့)။

They arise because he does not know. When Sorrow, Lamentation, Pain, and Grief arise, Yogis, mark this: The Taints (Asava), starting with the Taint of Ignorance, enter the process. (True, Sir).

သေတဲ့ပုဂ္ဂိုလ် အာသဝလေးပါးလာတယ်

The Four Taints Arise in the Dying Person

သောက ပရိဒေဝ ဒုက္ခ ဒေါမနဿနဲ့ သေတဲ့ပုဂ္ဂိုလ် မှာ အာသဝ မလာဘူးလား (လာပါတယ် ဘုရား)။

In a person dying with Sorrow, Lamentation, Pain, and Grief, do the Taints (Asava) not arise? (They arise, Sir).

ကာမာသဝ, ဘဝါသဝ, ဒိဋ္ဌာသဝ, အဝိဇ္ဇာသဝ ဆိုတဲ့ အာသဝလေးပါး မလာဘူးလား (လာပါတယ် ဘုရား)။

Sensual Taint (Kāmāsava), Taint of Existence (Bhavāsava), Taint of Wrong View (Diṭṭhāsava), and Taint of Ignorance (Avijjāsava)—do these four not arise? (They do, Sir).

အာသဝကြောင့် အဝိဇ္ဇာပြန်ဆက်တယ်

Because of Taints, Ignorance Re-connects

အဲဒီ အာသဝေါ တရား လေးပါးက ဒီနေရာမှာ လာ သောကြောင့် ဒကာ ဒကာမတို့ ဒီအာသဝကြောင့် ဟောဒီ ဘက်က နဂိုက ရှိနေတဲ့ အဝိဇ္ဇာ ပြန်ဆက်တယ် (မှန်ပါ့) အာသဝသမုဒယာ၊ အဝိဇ္ဇာ သမုဒယော (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား):

Because these four Taints arise at this point, Yogis, due to these Taints, the original Ignorance (Avijja) re-connects. (True, Sir). Āsava-samudayā Avijjā-samudayo—Because the Taints arise, Ignorance arises. (True, Sir). Do you see it? (Yes, we see it, Sir).

အာသဝ သမုဒယာ (အဝိဇ္ဇာသမုဒယောပါ ဘုရား) အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာ) သင်္ခါရပစ္စယာ (ဝိညာဏံ) မဝိုင်းသေးဘူးလား (ဝိုင်းပါပြီ ဘုရား)။

Āsava-samudayā... (Avijjā-samudayo, Sir). Avijjā-paccayā... (Sankhārā). Sankhāra-paccayā... (Viññāṇaṃ). Has it not come full circle? (It has come full circle, Sir).

နောက်တုန်းက ဘယ်လို နေရတယ်ဆိုတာ ပေါ်ပြီ (ပေါ်ပါပြီ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Now it is clear how you have lived in the past. (It is clear). Is that clear? (Yes, Sir).

အစကို တွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား) ဒါကြောင့် သတ္တဝါအစ ငါဘုရားမတွေ့ဘူးတဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

Can you find the beginning? (We cannot find it, Sir). That is why the Buddha said, "I do not see the beginning of beings." (True, Sir). Do you see? (Yes, Sir).

ပုဂ္ဂိုလ်အစက ကြက်ဥလိုဖြစ်နေတယ်

The Beginning of the Person is Like an Egg

ခင်ဗျားတို့ ဖြစ်တဲ့ အစက (ရှာမတွေ့ပါ ဘုရား) ရှာ မတွေ့ဘူး၊ တရားတော့ တွေ့တယ်ကွာ၊ ပုဂ္ဂိုလ် အစတော့ ရှာမတွေ့ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

The beginning of you, the person... (Cannot be found, Sir). It cannot be found. I can find the Dhamma (the process), but the beginning of the "person" cannot be found. (True, Sir). Is that clear? (Yes, Sir).

ပုဂ္ဂိုလ်အစက ကြက်ဥလို ဖြစ်နေတယ်၊ မတွေ့နိုင်ဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

The beginning of the person is like a chicken egg; you cannot find where it starts. Do you grasp this? (Yes, Sir).

ပုဂ္ဂိုလ်အစက ကြက်ဥလိုဖြစ်နေတော့ အစရှာတွေ့ ရဲ့ လား (မတွေ့ပါ ဘုရား)။

Since the person's beginning is like an egg, can you find the start? (No, Sir).

တရားအစကတော့ အဝိဇ္ဇာနဲ့တဏှာ

The Dhamma Starts with Avijja and Tanha

တရားအစတော့ ငါသိတယ်တဲ့၊ အဝိဇ္ဇာနဲ့ တဏှာက စတာ၊ ပုဂ္ဂိုလ်အစတော့ ငါမသိဘူးတဲ့ (မှန်ပါ့)။ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား) ဘယ်လောက် ထိအောင် ရှည် တယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

"But I know the beginning of the Dhamma," the Buddha says. "It starts with Ignorance (Avijja) and Craving (Tanha). But for the person, I see no beginning." (True, Sir). Do you see? (Yes, Sir). Is it becoming clear how long this has been going on? (It is becoming clear, Sir).

ဒါဖြင့် ဒကာ ဒကာမတွေ နောက်တုန်းက ဘယ်လို နေခဲ့ရတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) အဝိဇ္ဇာကြောင့် (သင်္ခါရ ဖြစ်ပါတယ် ဘုရား) သင်္ခါရကြောင့် (ဝိညာဏ် ဖြစ်ပါတယ် ဘုရား) ပေယျာလ ဇာတိ ကြောင့် (ဇရာ မရဏ ဖြစ်ပါတယ် ဘုရား)။

So, Yogis, isn't it clear how you lived in the past? (It is clear, Sir). Because of Ignorance... (Sankhara arises, Sir). Because of Sankhara... (Vinnana arises, Sir). Continue the sequence... Because of Jati... (Jara-Marana arises, Sir).

ဇရာ မရဏ အချိန်မှာသောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ ဝိုင်းလာတာပဲ (မှန်ပါ့) ဝိုင်းတော့ အာသဝ ဝင်မလာ ဘူးလား (ဝင်လာပါတယ် ဘုရား) အာသဝကြောင့် ဘာဖြစ်ပြန်သတုံး (အဝိဇ္ဇာ ဖြစ်ပါတယ် ဘုရား) အဝိဇ္ဇာ ဖြစ်ပြန်တော့ (သင်္ခါရဖြစ် ပါတယ် ဘုရား) ကဲ မဝိုင်းသေးဘူးလား (ဝိုင်းပါ တယ် ဘုရား)။

At the time of Aging and Death, Sorrow, Lamentation, Pain, Grief, and Despair surround you. (True, Sir). When they surround you, do the Taints (Asava) not enter? (They enter, Sir). Because of the Taints, what happens again? (Avijja arises, Sir). And when Avijja arises again? (Sankhara arises, Sir). Look, hasn't it circled back? (It has circled back, Sir).

ဘယ်တော့မဆို ခင်ဗျားတို့ နောက်တုန်းကနေခဲ့ရ တာ ဤအတိုင်းပဲလို့သာ မှတ်ပေတော့ (မှန်ပါ့ ဘုရား) ဒီလို ဆရာကောင်းမှ မတွေ့သေးဘူး ဆိုရင် ဘယ်နေရာက ဖြတ်ရမယ်လို့ မသိပါဘူး (မသိပါ ဘုရား) သိကြပလား (မသိပါ ဘုရား)။

You must realize that you have lived exactly like this in the past, always. (True, Sir). If you do not meet a good teacher like this, you will not know where to sever the cycle. (We would not know, Sir). Did you know before? (We did not know, Sir).

နောက်တုန်းကဘယ်လိုနေခဲ့ရသတုံး

How Did We Live in the Past?

နောက်တုန်းက တပည့်တော်တို့ ဘယ်လိုနေခဲ့ရ သတုံး ဟောဒီ အဝိုင်းပေါ်မှာ လျှောက်ပြေး နေတယ် (မှန်ပါ့) သံသရာ့ ခရီးသည်ပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

How did we live in the past, Sirs? We were running continuously on this wheel. (True, Sir). We are travelers of Samsara. (True, Sir). Do you see? (Yes, Sir).

ဘယ်မှာနေပါလိမ့်ဗျာ (အဝိုင်းပေါ်မှာ လျှောက် ပြေးနေပါတယ် ဘုရား) အဝိုင်းပေါ်မှာ လျှောက်ပြေး နေတယ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

Where were you living? (We were running around on the wheel, Sir). Are you certain you were running on the wheel? (We are certain, Sir).

ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ အခု ဆရာ ဘုန်းကြီးက ဘုရား ကိုယ်စားလှယ် လုပ်ပြီး သကာလ အဝိုင်းပြေးကို ရပ်အောင် ဟောလိမ့်မယ် (မှန်ပါ့) တစ်နေ့တည်း ဟော လို့တော့ မပြီးဘူး (မှန်ပါ့) ကိုယ်ဝိုင်း နေတာ သိတော့မှ ဘယ်လို ဖြတ်ရမယ်ဆိုတာ ပေါ်လာတယ် (မှန်ပါ့)။

Therefore, acting as the representative of the Buddha, I, the presiding monk, will preach to you now on how to stop this running on the wheel within your own existence. (True, Sir). It cannot be finished in a single talk. (True, Sir). Only when you know clearly that you are spinning can the method to sever it become apparent. (True, Sir).

အခု ဝိုင်းပုံပေါ်ခဲ့ပလား (ပေါ်ပါပြီ ဘုရား)။ နောက်တုန်းက ဘယ်လိုနေခဲ့ရသလဲ (အဝိုင်းပြေး ပြေး ခဲ့ရပါတယ် ဘုရား) ရှေ့ကိုလည်း ဒကာ ဒကာမတွေ ဖြတ် နည်းကို မပြရင် ဘယ်လိုသွားမယ် (အဝိုင်းပြေး ပြေးနေမှာပါ ဘုရား)။

Is the shape of the wheel clear to you now? (It is clear, Sir). How did you live in the past? (We lived running in circles, Sir). And in the future, Yogis, if the method to sever it is not shown, how will you proceed? (We will continue running in circles, Sir).

ကောင်းပြီ၊ ဖြတ်နည်း ပြလို့ရှိရင်ဖြင့် ခင်ဗျားတို့သည် အဝိုင်း ဇာတ်သိမ်းပြီး သကာလ သံသရာပြတ်ပြီ (မှန်လှ ပါ ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Good. If the method to sever it is shown, you can end the drama of the wheel and say, "Samsara is severed!" (True, Sir). Can you not say that? (We can, Sir). Is that clear? (Yes, Sir).

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။

Well, let us stop here for today. Sadhu... Sadhu... Sadhu.

 
မာတိကာသို့