070

အဖိုးတန်တဲ့ဘဝ အဖိုးတန်တဲ့အလုပ်ကို လုပ်ပါ

အသံဖိုင်ခေါင်းစဉ်= ခန္ဓာဖြစ်စဉ်ကို စက်ဝိုင်းထောက်၍ ဟောကြားတော်မူပုံ

စာအုပ်ခေါင်းစဉ်= အဖိုးတန်တဲ့ဘဝ အဖိုးတန်တဲ့အလုပ်ကို လုပ်ပါ (ပဋိစ္စသမုပ္ပာဒ်တရားတော်)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

အဖိုးတန်တဲ့ဘဝ အဖိုးတန်တဲ့အလုပ်ကို လုပ်ပါ

(ပဋိစ္စသမုပ္ပာဒ်တရားတော်)

(၁၂-၁၂-၆၁)

ဒုလ္လဘတရား ငါးပါးရှိတယ်ဆိုတာ အားလုံးလဲ ခဏ ခဏပဲ ကြားဖူးကြပါတယ် ဒုလ္လဘတရား ငါးပါးဆိုတာ နော် (မှန်လှပါ ဘုရား)။

ဒါဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး နေ့တိုင်း ခြေဆေးတိုင်း ဒါကလေး ရွတ်ရှာတယ် (မှန်လှပါ)။

ဆွမ်းခံပြန်လာပြီ ဆိုမှဖြင့် ခြေဆေးတဲ့ ကျောက်ဖျာမှာ ရေခွက်ကလေးနဲ့ ခြေဆေးတိုင်း, ခြေဆေးတိုင်း တစ်ခါတည်း “ဗုဒ္ဓုပ္ပါဒေါဒုလ္လဘော လောကသ္မိံ” ဘုရားပွင့်ဖို့ရာ ခဲယဉ်းတယ်ကွ ဒါ ရှေးဦးစွာ ရွတ်တာပဲ (မှန်ပါ့)။

မနုဿတ္တဘာဝေါ ဒုလ္လဘော – လူ့ဘဝရဖို့ရာလဲ အင်မတန် ခဲယဉ်းတယ်ကွ (မှန်ပါ့) သဒ္ဓါ သမ္ပတ္တိနဲ့ ပြည့်စုံဖို့လဲ ခဲယဉ်းတယ်ကွ (မှန်ပါ့)။

သူတော်ကောင်း တရားနာဖို့လဲ ခဲယဉ်းတယ်ကွ။ ဒါနေ့ တိုင်း သတိပေးတာပဲ (မှန်လှပါ) ဘာဖြစ်လို့ သတိပေးရ သလဲလို့ မေးလို့ ရှိရင်ဖြင့် ရခဲလို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

အဲဒီ ရခဲတာကြီးကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သြော် ရခဲတဲ့ အခါမှာ အင်မတန်မှ ရခဲတဲ့ အလုပ်ကြီး တစ်ခု ငါတို့ရပြီး သကာလ လာကြတယ် ဆိုတာ ဘုန်းကြီးက ရှင်းပြတော့မယ် တဲ့၊ ဒကာ ဒကာမတွေ သေသေ ချာချာ မှတ်ပါ နော် (မှန်ပါ့ ဘုရား)။

ပုရွက်ဆိတ် ကလေး တစ်ကောင် မောင်ဘသော် နော် (မှန်ပါ့) ဘယ့်နှယ် လုပ်ပြီး မင်းတို့ လူ့ဘဝ ရမလဲ ဆိုတာ စိတ်ကူး ကြည့်စမ်း လူ့ဘဝ ဘယ်လို တက်မလဲ ဆိုတာ (ခဲယဉ်း ပါတယ် ဘုရား) မရနိုင်တော့ဘူးဘဲ ဆုံးဖြတ်ချက် ချပါတော့ (မှန်လှပါ) သန်းကလေး တစ်ကောင် ဒကာကြွယ် အကဲခတ်ကြည့် စမ်း လူ့ဘဝ ရဖို့ ဘယ့်နှယ် နေသလဲ (ခဲယဉ်းပါတယ် ဘုရား)။

ဪ ခဲယဉ်းတာ ချည်းပဲ ဆိုတဲ့ဥစ္စာ ဒါ့ကြောင့် လူ့ပြည်က အပ်တစ်စင်း ထောင်ထား၊ ဗြဟ္မာပြည်က အပ်တစ်စင်း အသွား အောက်လှည့်ပြီး ချလိုက်၊ အသွားချင်း ထိဖို့ရာ ဆိုတာ ဝေးပါသေးရဲ့၊ လေတွေက အမျိုးမျိုး တိုက်နေ၊ ဝေးကွာတာကလဲ လွန်လို့နော် (မှန်ပါ့ ဘုရား)။

အဲဒါ ထိဖို့ရာ ရှိသေးတယ်ကွ မင်းတို့ လူ့ဘဝရဖို့ ရာ အရေး ဒီထက် ကွာဝေးပါ သေးတယ် ဆိုတဲ့ ဥစ္စာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သုံးရှာတယ် (မှန်ပါ) ခဲယဉ်းကြောင်းကို ယှဉ်ပြတာပဲ (မှန်ပါ့)။

ဒါတွင် မကပါဘူးကွာ တဲ့၊ မင်းတို့သည်ကား လို့ဆိုရင် ပင်လယ်ထဲမှာ စုန်ချီ, မျောချီ အပေါက် တစ်ပေါက် ဖောက်ပြီး သကာလ ထွန်တုံး တစ်တုံး မျှောလိုက်တာပေါ့ကွ ထွန်တံလဲ မျှောလိုက် တာပေါ့ကွ။

လိပ်ကန်းကြီး ဆိုတာ အနှစ်တစ်ရာမှ တစ်ခါပေါ်တဲ့ လိပ်ကန်းကြီးနဲ့ ရေပင်လယ်ထဲ ရောက်သွားတဲ့ အခါ ဒီထွန် တုံးပေါက် လိပ်ကန်းကြီး ခေါင်းကလေးပျို အပန်းဖြေနားဖို့ အရေးကလဲ နဂိုကလဲ လိပ်ကန်း ထွန်တုံးကလဲ သွားချင်သလို သွားဆိုတော့ တွေ့ဖို့ ကြုံဖို့ အတော်ခဲယဉ်းတယ် (ခဲယဉ်း ပါတယ် ဘုရား)။

အဲဒါ ခဲယဉ်းတာက တစ်ခါတလေ ကြုံတွေ့ တွေ့ လိမ့်ဦးမယ်ကွ၊ မင်းတို့ လူ့ဘဝ ဒီထက် ရခဲတယ်လို့ ပြောလိုက်တယ် (မှန်ပါ့ ဘုရား)။

အဖိုးတန်တဲ့ဘဝ၊ အဖိုးတန်တဲ့အလုပ်လုပ်ပါ

အဲဒီတော့ ဒကာ ဒကာမတွေက တို့သည် ကား အဖိုးတန် ဘဝကြီး ပါကလား (မှန်ပါ့ ဘုရား) သဘောပါပလား (ပါ-ပါပြီဘုရား)။

အဖိုးတန်တဲ့ ဘဝကြီးမှာ အဖိုးတန်တဲ့ အလုပ်ကို လုပ်မယ် လို့ ဆုံးဖြတ်ချက် ချကြစမ်းပါ (မှန်လှပါ ဘုရား) အဖိုးတန်တဲ့ ဘဝကို (အဖိုးတန်တဲ့ အလုပ် လုပ်ရပါမယ် ဘုရား) အဖိုးတန် တဲ့ အလုပ်ကို လုပ်မယ်လို့ ဆုံးဖြတ်ချက် ချကြစမ်းပါနော် (မှန်ပါ့)။

ဒီတစ်ခါ မရစဖူး အထူး တက်လာခဲ့တယ် ဆိုတာလဲ ဒကာကြွယ် မောင်ဘသော်တို့ သိပြီ (မှန်ပါ့)။

ဒီထဲက နေပြီး သကာလ လူ့ပြည် ရောက်ပြီ၊ ကဲ လူ့ ဒုက္ခတွေ သိမ်းမယ်၊ ရခဲတဲ့ ဘဝကနေ သိမ်းပြီး သကာလ မအို, မသေ အမြဲနေတဲ့ နိဗ္ဗာန်၊ ဒုက္ခသိမ်းငြိမ်းတဲ့ နိဗ္ဗာန် ကိလေသာမီးတို့ သိမ်းတဲ့ နိဗ္ဗာန်ကိုလဲ အေးအေးချမ်းချမ်းပဲ ဘာညာပူမှ မရှိတဲ့ ဘယ်ပျက်စီးမှုမှ မရှိတဲ့ နိဗ္ဗာန်ကိုပဲ နေရအောင် ကြိုးစားပါတော့ မယ်ဆိုတဲ့ စိတ်တစ်ခုတည်း မွေးဖို့ ကောင်းတယ် (မှန်လှပါ ဘုရား)။

ဟာ ဒီလောကကြီး လှည့်စားတာနဲ့ သူများပြောသံ ကြားနဲ့ နတ်ပြည် ကောင်းသလေး၊ ဗြဟ္မာပြည် ကောင်းသလေးနဲ့ သေပွဲနွှဲဖို့ရာ အလုပ်တွေကို ဦးဘအုန်း အားကျနေဖို့ မလိုပါဘူး (မလိုပါဘုရား) မလိုပါဘူး၊ ဒါတွေက သေပွဲ လမ်းညွှန်တွေပါ (မှန်ပါ့ ဘုရား) ဘာလမ်းညွှန်တာတုံး (သွေပွဲ လမ်းညွှန်တာ ပါဘုရား)။

အဲဒါ – ဒကာကြွယ်တို့ကလဲ အခုတော့ သေပွဲ ဆိုတာ မရဏမ္ပိ ဒုက္ခသစ္စံ (မှန်လှပါ ဘုရား) အဲဒီ ဒုက္ခသစ္စာ သေပွဲ အနွှဲခိုင်းတဲ့ဥစ္စာ ဒကာကြွယ်တို့က ပြုံးပြုံးရွှင်ရွှင်နဲ့များ ဒီအလုပ် လုပ်ယူ ဦးမယ် ဆိုလို့ ရှိရင်ဖြင့် ဦးဘအုန်း ဒကာကြွယ်ဟာ လူလိမ္မာ ထဲသွင်းလို့မရဘူး (မရပါဘုရား)။

ဒါ – ဒကာကြွယ် တစ်ယောက်သာ မဟုတ်ပါဘူး၊ အားလုံး လဲ ဒီအတိုင်းပဲ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား) သေပွဲ သွားရတဲ့အလုပ်ဟာ ဝမ်းမြောက် စရာလားလို့ မေးလို့ရှိရင် မောင်ဘသော်တို့ ဘယ့်နှယ် ဖြေကြမလဲ (ဝမ်းမြောက်စရာ မဟုတ် ပါဘုရား) သေပွဲသွားတဲ့ အလုပ်ဟာ ဘယ်နည်းနဲ့မှ ဝမ်းမြောက် စရာမရှိဘူး (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒကာကြွယ်တို့ ဦးလှဘူးတို့က မယောင်ကြ နဲ့တော့ (မှန်ပါ့) မယောင်ပါနဲ့တော့လို့ သတိပေး လိုက်တယ်နော် (မှန်ပါ့) ရခဲတဲ့ ဘဝမှာ အင်မတန်ကြုံပြီး “သဒ္ဓမ္မသဝနံ အတိဒုလ္လဘံ” ဆိုတဲ့ အတိုင်း သစ္စာတရား တွေနဲ့ နာခဲ့ရတဲ့ ဘာဝနာ ရပြီဆိုမှဖြင့် ဒီအထဲမှာ သစ္စာ မကိုက်တာတွေ ဒကာကြွယ် တို့က သွားပြီး ယူဦးမယ် ဆိုလို့ရှိရင်ဖြင့် တဲ့၊ နိရောဓ သစ္စာ ဆိုတဲ့ နိဗ္ဗာန် တစ်ခုသာလျှင် မအိုရာ, မနာရာ, မသေရာ ရှိ ပါတယ်၊ ကျန်တာတွေက အိုတာ, နာတာ, သေတာ ချည်းပဲလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့ ဘုရား)။

တော်တော်ကြာ ရောတ်တဲ့ နေရာကျမှ အို ကိုယ် ကျိုးနည်းပြန်ပြီ၊ နတ်ဘဝ ရောက်တယ် ဆိုလို့ ရှိရင်ဖြင့် နတ်ဟာ ဒကာကြွယ် သေခြင်းဆိုး လို့မှတ်ပါ (မှန်ပါ့) ဦးဘအုန်း နတ်ဟာ သေခြင်းဆိုး (မှန်ပါ့ ဘုရား)။

နတ်ဆိုတာ

နတ်ဟာ သေခြင်းဆိုး ဆိုတော့ ဒကာ ဒကာမတွေကို ရှင်းပြ ပါမယ်နော် (မှန်ပါ့) နတ်ဆိုတာက နဂိုက မီးခိုးမျိုးလို အခိုးရုပ်လို့ မှတ်ထားစမ်းပါ (မှန်ပါ့) အခိုးတွေ ရုပ်ဖြစ်နေ တာလို့ မှတ်ထားစမ်းပါ (မှန်ပါ့)။

အခိုးတွေ ရုပ်ဖြစ်နေတာလို့ ဒီအထဲမှာ လောဘ ပါတယ်၊ ဒေါသ ပါတယ်၊ မောဟ ပါတယ် မီးတွေက အခိုးရုပ်ကို လောဘ မီးက လောင်လိုက်၊ ဒေါသမီးက လောင်လိုက်၊ မောဟမီးက လောင်လိုက် လို့ရှိရင် အလောင်းတောင် ရှာမတွေ့ဘူး (မှန်ပါ့ ဘုရား)။

နတ်များ လောဘ ခက်ထန်လာပြီ၊ ဒေါသ ခက်ထန်လာပြီ မောဟ ခက်ထန် လာပြီ ဆိုရင် မီးသုံးခုက အတွင်းကနေ လောင်လိုက်တာ မောင်ဘသော် နဂိုက အခိုးရုပ် ဆိုတာ အထည်မှ မရှိဘဲ (မှန်ပါ့ ဘုရား)။

အဲဒီ အထည်မရှိတဲ့ရုပ်ကို တစ်ခါတည်း ပြင်းထန်တဲ့ မီးနဲ့သွားတွေ့ရင် ဦးဘအုန်း ဘယ်လို စဉ်းစားမလဲ (ပျောက်သွား ပါတယ်) ပျောက်သွား ပါတယ်။

ဒါကြောင့် နတ်မှာ မှတ်ကြစမ်းပါ၊ မှတ်ကြစမ်းပါ – ဒကာ ဒကာမတို့ အလောင်း ချစရာ နေရာ မရှိဘူး (မှန်ပါ့)။

လူကမှ အလောင်း ကျန်နေသေးတယ်၊ လူသေတယ် ဆိုရင် ဘယ်ပို့၊ ညာပို့၊ ဘယ်သုသာန်၊ ညာသုသာန်နဲ့ ဒီလို ပို့စရာ အထည်ကလေး ကျန်တယ် (မှန်ပါ့) နတ်ကတော့ အထည် ကို မကျန်ဘူး (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒါလောက်တောင် နုတဲ့ရုပ်ကို ဒါလောက်တောင် ပြင်းထန်တဲ့မီးနဲ့ တွေ့သွားမယ် ဆိုရင်ဖြင့် ဦးဘအုန်းက စဉ်းစားပါ၊ အသေဟာ တို့ထက် ပြင်းထန် ပါကလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပြင်းထန် ဘူးလား (ပြင်းထန် ပါတယ်ဘုရား)။

ဒါဖြင့် နတ်ဆုတောင်းတဲ့ ပုဂ္ဂိုလ် အသေဆိုး သေချင်လို့ (မှန်ပါ့) ဗြဟ္မာ ဆုဆိုတော့ ဒီထက် နုတယ် ရုပ်သွားဖြစ်ပြီး သေတယ် (မှန်လှပါ ဘုရား)။

ဗြဟ္မာဆိုတာ

ဗြဟ္မာဟာ တိုတို ပြောပါ့မယ် ဒကာ ဒကာမတို့ သတိထား နားထောင်ပါ၊ ဗြဟ္မာ တစ်ယောက် လူ့ပြည် ဆင်းလာတယ် ဆိုလို့ ရှိရင်ဖြင့် တစ်ခါတည်း တန်ခိုးနဲ့ ခိုင်ခံ့အောင် သူ့ရုပ်ကို သူမဖန် ဆင်းတော့ဘူး ဆိုရင် ထိုင်ရင်း မြေကြီးထဲ ပျောက်သွားတယ် (မှန်ပါ့) မြေကြီး ကြားတွေထဲမှာ သူ့အသား အရိုးတွေ အကုန်ဝင် သွားတယ် (မှန်ပါ့) ဘယ်လောက် နုတယ် ဆိုတာတော့ ဒကာ ဒကာမတွေ ပြောဖို့ လိုသေးသလား (မလိုပါ ဘုရား)။ ထိုင်လို့ကို မဖြစ်ဘူး (မှန်ပါ့)။

ထိုင်လို့ ကို မဖြစ် နိုင်တာက ဘာဖြစ်လို့တုံး ဆိုတာဦးဘအုန်း ရုပ်တွေ နုလွန်းလို့ (မှန်ပါ့) မြေကြီးတွေ ကြားတွေထဲကွာ သူ့ရုပ်တွေက အကုန် ဝင်သွားတယ် (မှန်ပါ့)။

ဒကာကြွယ် ဘယ်လောက် ကြောက်စရာ ကောင်းသလဲ (ကောင်းပါတယ် ဘုရား) အဲဒီထဲ လောဘ, ဒေါသ, မောဟတွေက လူတို့မှာ ရှိလျက် ဖြစ်နေတော့ ဒါတွေကထပြီး လိုက်တဲ့ အခါကျတော့ ကိုတဲ့ သူတို့လဲ ပြောတာပဲ နတ်ထက် မြန်သွားသေး တယ် (မှန်ပါ့)။

ဒါဖြင့် သူတို့လဲ သေခြင်းဆိုးပဲ ဆိုတဲ့ဥစ္စာ ယခု ဒကာကြွယ် တို့ကို ရှင်းပြပါပြီ (မှန်လှပါ) နတ်ဖြစ်ချင်တာ သေခြင်းဆိုး သေချင်လို့ (မှန်ပါ) ဗြဟ္မာ ဖြစ်ချင်လဲ (သေခြင်းဆိုး သေချင်လို့ပါ ဘုရား ။

ဒီလိုမသိတော့ နတ်ဖြစ် ကောင်းနိုးနိုး၊ ဗြဟ္မာ ဖြစ်ကောင်း နိုးနိုး (မှန်ပါ့) စင်စစ် အခုလို သူတို့ အခိုးရုပ်တွေကို လောဘ, ဒေါသ, မောဟကတော့ ပုထုဇဉ် နတ်တွေကလဲ ရှိတာပဲ (မှန်ပါ့) ရှိလို့ တစ်ယောက်နဲ့ တစ်ယောက် ဂုဏ်ပြိုင်တယ်၊ အင်း အခြံအရံ ပြိုင်ကြ, အရောင်အဆင်း တွေပြိုင်ကြနဲ့ ဒေါသများ ဖြစ်လို့ နှစ်ယောက်များ ကြည့်လိုက်ရင် နှစ်ယောက် စလုံး ပြာကျ တယ် (မှန်ပါ့) သိပ်ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ်ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးက ဒကာ ဒကာမတွေ အဆိုး သေချင်လို့ ရှိရင် နတ်ဆုတောင်း၊ ဗြဟ္မာဆုတောင်း (မှန်လှပါ ဘုရား) ဘာတောင်းတာလို့ ဆိုကြမလဲ (အသေဆိုး သေချင်လို့ ဆုတောင်းတာပါ) အသေဆိုး တောင်းတာ အဓိပ္ပာယ် မရဘူးလား (မှန်ပါ့) မသိသေးတော့ သူများ ပြောသံကြားနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဆရာသမား မွန်မွန်မြတ်မြတ် ပြောတတ် တဲ့ပုဂ္ဂိုလ် မတွေ့သေးတော့ ဦးဘအုန်းတို့ရေ နတ်ပြည်မှာ ပဒေသာပင်တွေ ဥယျာဉ်တွေနဲ့ ချောလိုက်တာ၊ လှလိုက်တာ လွန်လို့ အစား အသောက် ဆိုတာလဲ အင်မတန်ပေါ့။

မသွားဘူးလို့လဲ မဟုတ်ပါဘူးနော် (မှန်ပါ့) သွားတယ်တဲ့ သွားပေမယ့်လဲ ဒီရုပ်တွေက ခိုင်ခံ့တဲ့ ရုပ်လား၊ မခိုင်ခံ့တဲ့ ရုပ်လား စဉ်းစားပါ (မခိုင်ခံ့တဲ့ ရုပ်ပါ) မခိုင်ခံ့တဲ့ ရုပ်မှာလဲ လောဘ, ဒေါသ, မောဟဆိုတဲ့ ကိလေသာ မီးကလဲ လွတ်ကဲ့လား (မလွတ်ပါ ဘုရား)။

ဒါဖြင့် ကိလေသာမီးက လောင်ချလိုက်တဲ့ အခါကျ တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လူကတော့ အသားတွေ အရိုးတွေကြမ်းလို့ အလွန်ခက်တယ် (မှန်ပါ့) သူတို့က အလောင် လွယ်တယ် (မှန်ပါ့)။

အသေဆိုးနဲ့တွေ့ချင်လို့

ဒါဖြင့်ဒကာ ဒကာမတို့ နတ်ဖြစ်ချင်လဲ အသေဆိုးနဲ့ တွေ့ချင်လို့ (မှန်ပါ့) ဗြဟ္မာ ဖြစ်ချင်လဲ (အသေဆိုး တွေ့ချင်လို့ပါဘုရား)။

အင်း သူများ ပြောသံကြားနဲ့ ဒကာကြွယ်တို့က အို လူ့ပြည်ထက် နတ်ပြည် သာတယ်၊ အပြောပဲ (မှန်ပါ့) နတ်ပြည်ထက် ဗြဟ္မာပြည်က သာတယ်ဆိုတာ အပြော (မှန်ပါ အပြောပါဘုရား)။

အဲဒီတော့ ဒီအသေ သေချင်တဲ့ သဘောမျိုးလဲ မ ရောက်ဘူးလား (ရောက်ပါတယ် ဘုရား) လိုချင်တဲ့ ပုဂ္ဂိုလ်အတွက် မှာလေ (မှန်ပါ့)။

အဲဒါကြောင့် ဘာမှမဖြစ်ချင်ပါနဲ့လို့ မီးလောင်စာ ဖြစ်ရင် လောင်မှာ ချည်းပဲ (မှန်ပါ့) ဒကာ ဒကာမတို့ မီးလောင်စာ ဖြစ်ရင်ဖြင့် (မီးလောင်မှာပါ ဘုရား)။

ဒါဖြင့် လောင်စာ သိမ်း၍ မီးငြိမ်းမှ နိဗ္ဗာန် (မှန်ပါ့ ဘုရား) လောင်စာ သိမ်း၍ (မီးငြိမ်းမှ နိဗ္ဗာန်ပါ ဘုရား) နတ်ဖြစ်တော့ လောင်စာနဲ့မီးပဲ (မှန်ပါ့) ဗြဟ္မာ ဖြစ်တော့ကော (လောင်စာနဲ့မီးပါဘုရား) ဦးဘအုန်း လောင်စာ သိမ်း၍ မီးငြိမ်းတဲ့ နေရာ ဟုတ်ကဲ့လား (မဟုတ်ပါဘုရား)။

အဲဒါ ဦးဘအုန်းကြီးတို့ လူစုတွေက ကြီးလဲ ကြီးလှ ပြီဒကာကြွယ်တို့ မောင်ဘသော်တို့လဲ ကြီးကုန်ပြီ (မှန်ပါ့) သူများ ပြောသံကြားနဲ့ ကောင်းနိုးနိုး ဆိုတဲ့ဥစ္စာ မင်းတို့ သူများ ပါးစပ် လမ်းဆုံး နေတယ် (မှန်ပါ့)။

အခု အသေအချာ ဆရာသမားက အစစ်အမြစ်ကို ပြောလိုက်တဲ့အခါကျတော့ ရချင်စရာ, ယူချင်စရာ ဒကာကြွယ် ရှိသေးရဲ့လား (မရှိပါဘုရား)။

ဒါ အခုတော့ “မရဏမ္ပိ ဒုက္ခသစ္စံ” မြင်သွားတယ် (မြင်ပါတယ်ဘုရား) မရဏမ္ပိ = ဖျတ်ခနဲ သေရခြင်းသည် လည်း၊ ဒုက္ခသစ္စံ= ဒုက္ခသစ္စာပဲ ဆိုတာ သိသွားတယ် (သိပါ တယ်ဘုရား)။

လူကမှ အင်း ရေကလေး တိုက်လို့၊ ဟောလစ် ကလေး တိုက်လို့ ကြာသေးတာကိုး (မှန်လှပါ) သူတို့ကတော့ မကြာဘူး ဖျတ်ခနဲဆို အထည်ပါ ပျောက်သွားတာပဲ (မှန်ပါ့)။

ဖျတ်ခနဲဆို (အထည်ပါ ပျောက်သွားပါတယ် ဘုရား) ဒါဖြင့် ဒကာကြွယ် အထည် ပျောက် ကြိုက်သလား (မကြိုက် ပါဘုရား) မချိမဆံ့ခံ သေရတယ် ဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ) ထက်လှစွာသော သင်ဓုန်းနဲ့ လည်ဖျား လှီးလိုက်တာကမှ ကြာသေးသဗျ (မှန်ပါ့) သူတို့ သေရတာက ဒီလောက်ကြာရဲ့လား (မကြာပါဘုရား)။

အဲဒီတော့ နတ်ဖြစ်ရပါလို၏ မြန်မြန် သေရပါလို၏ (မှန်ပါ့) ဗြဟ္မာ ဖြစ်ရပါလို၏ (မြန်မြန် သေရပါလို၏) သြော် ခင်ဗျား , တို့ ပါးစပ်ထဲ မထည့်ကောင်းတာ ထည့်တယ် (မှန်ပါ့) မထည့် ကောင်းတာ (ထည့်နေပါတယ် ဘုရား) မသိလို့ ထည့်နေတာ (မသိလို့ပါဘုရား) ဘာမသိပါလိမ့်မတုံး မေးတော့ မရဏမ္ပိ ဒုက္ခသစ္စာ ကို မသိဘူး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်း ပါပြီ)။

မရဏမ္ပိ ဒုက္ခသစ္စံ လို့ ဘုရားက ဟောပါလျက်သားနဲ့ သေတဲ့ ဒုက္ခကြီးသဟေ့ သေတဲ့ ဒုက္ခကြီး သဟေ့ ဆိုတာ သိလျက်သားနဲ့ ဒကာ ဒကာမတွေက နတ်ဖြစ်ချင်တယ် ဆိုပြီး နတ်ဘဝ တောင်း လိုက်လို့ ရှိရင် ဇာတိ ဒုက္ခစ, ပြီးရမယ်လို့ မနေ့က ပြောခဲ့တယ် (မှန်ပါ့ ဘုရား) ဇာတိ ရရင် ဇရာ မရဏ ဘယ့်နှယ်တုံး (ရမှာပါဘုရား)။

ဒါဖြင့် ဒကာကြွယ် ဘာစ, ဖြစ်ချင်တုံး (ဘာမှ မဖြစ် ချင်ပါဘုရား) ဖြစ်ရင်တော့ဖြင့် အိုမှု, သေမှုနဲ့ မီးလောင်မှုက တော့ဖြင့် မရှောင်သာ မလွှဲသာ ခံရဦးမယ် ဆိုတာ ပေါ်ပါပြီ (ပေါ် ပါပြီဘုရား)။

ဘာမှမဖြစ်ချင်ပါနဲ့

ဦးဘအုန်း ဘာများ ဖြစ်ချင်သေးသတုံး (ဘာမှမဖြစ် ချင်ပါဘုရား) ဖြစ်ချင်သေးလို့ ရှိရင်ဖြင့် လောင်မီး, လောင်စာ ဖြစ်ရပါလို၏ ဆိုတာနဲ့ အတူတူပဲ (မှန်ပါ့ ဘုရား) လောင် မီးရယ်၊ လောင်စာရယ် ဖြစ်ရပါလို၏ (ဆိုတာနဲ့ အတူတူပါပဲ) ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်မှန်က ဒါပဲရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား) နောက်က ဒကာ ဒကာမတွေ ဘာများ ဖြစ်ချင်ကြသတုံး (ဘာမှ မဖြစ်ချင်ပါဘုရား)။

ဘာမှမဖြစ်ချင်နဲ့ လောင်စာသိမ်း၍ မီးငြိမ်းတဲ့ နိဗ္ဗာန် ကို သာလျှင် အရောက် သွားနိုင် ရပါလို၏ (မှန်ပါ့ ဘုရား) ဒါပဲ ကောင်းတော့တယ် (မှန်ပါ့ ဘုရား)။

နို့မဟုတ်ရင် မျက်စိလည်ပြီး သကာလ သူများပြော သံကြားနဲ့ ဒကာကြွယ် မယောင်နဲ့ (မှန်ပါ့) အဲဒီ ပြောသံကြားနဲ့ ယောင်ပြီဆိုမှဖြင့် ကိုယ်ယောင်တာက ဘာတုံးလို့ဆိုလို့ ရှိရင် မသိလို့ ယောင်တာ (မှန်ပါ့)။

မသိတာက ဘယ်သူတုံး မေးတဲ့အခါကျတော့ ခင်ဗျား တို့ ပဋိစ္စသမုပ္ပါဒ်က သက်သေခံတယ် (မှန်ပါ့) မသိတာဟာ သူပဲ (မှန်ပါ့) ခင်ဗျားတို့ နတ်ပြည် တောင်းတာဟာ ဘယ်သူနဲ့ တောင်းတာတုံး (အဝိဇ္ဇာနဲ့ တောင်းတာပါ ဘုရား)။

ကဲ အဝိဇ္ဇာက ဒကာ ဒကာမတို့ ဘာမသိတာတုံး (ဒုက္ခသစ္စာ မသိတာပါ ဘုရား)လေးပါးစလုံး ဆိုလိုက်ပါတော့ (မှန်ပါ့) ဘာကို မသိတာတုံး (သစ္စာလေးပါး မသိတာပါ ဘုရား) မသိတဲ့လူက အတောင်း ခိုင်းတာကို ခင်ဗျားတို့က နိဗ္ဗာန်လဲ သူမသိလို့ မသွားပါဘူးဗျ (မှန်ပါ့) ဒုက္ခသစ္စာလဲ သူမသိ လို့တောင်း ပါသတဲ့ (မှန်ပါ့)။

ဒါတွေ ခင်ဗျားတို့က တောင်းကြမယ်ဆိုလို့ရှိရင်ဖြင့် သူအတောင်းခိုင်းတဲ့ အရှင်သခင်က သူတော်ကောင်းလား သူယုတ်မာလား ကြည့်ပါဦး (သူယုတ်မာပါ ဘုရား) ဘာတွေ့လို့ သူယုတ်မာလို့ ပြောကြသတုံး (အဝိဇ္ဇာပါ ဘုရား)။

ဪ အဝိဇ္ဇာ အဝိဇ္ဇာ(မှန်ပါ့) ဒကာ ကြွယ် ကဲ ပါးစပ်ထဲ ထည့်ရတာ သူက အထည့်ခိုင်းတာ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘယ်သူက အထည့် ခိုင်းတာတုံး (အဝိဇ္ဇာကပါ ဘုရား)။

အဝိဇ္ဇာက ခင်ဗျားတို့ ကျေးဇူးရှင်လား၊ ခင်ဗျားတို့ ဒုက္ခ ရောက်တာ ကြိုက်တာလား (ဒုက္ခရောက်တာ ကြိုက်တာပါ)။

နို့ သူ့စကား နားထောင်ရင် ဒုက္ခရောက်မှ ရောက် ပါ့မလားလို့ သံသယရှိဖို့ လိုသေးသလား (မလိုပါဘုရား)။

အဝိဇ္ဇာစကား နားမထောင်ကြနဲ့

အဲဒါ နားမထောင်ကြနဲ့ဗျ အခု ဆရာသမားရှိတုံး သာ ပြောနိုင်တာ (မှန်ပါ့ ဘုရား) ဒီလို ဆရာသမားတွေ ကွယ်လွန်ပြီး သကာလ သွားတော့မယ် ဆိုရင်ဖြင့် သူခိုင်းတာကို အကုန် ကျွန်သပေါက် လုပ်ပြီး သကာလ တောင်းနေမှာပဲ (မှန်လှပါ ဘုရား) မတောင်းပေဘူးလား (တောင်းပါတယ် ဘုရား)။

တောင်းရင်တော့ ဒါတောင်းရင် သူကစ, လိုက်တာ ဒီမှာ, ဇာတိ, ဇရာ, မရဏတွင် အဝိုင်းကြီး ဆက်ပြီး ဒီလာလမ်း ဆုံးတယ် (မှန်ပါ့ ဘုရား) သူကစ, လုပ်လိုက်တာ၊ ဇာတိ, ဇရာ မရဏလမ်း မဆုံး ဘူးလား (ဆုံးပါတယ် ဘုရား)။

ဆုံးတော့ ဝိပါကဝဋ် အစစ်ပါ တဲ့၊ မင်းတို့ ဝဋ်သင့် တာတဲ့ (မှန်ပါ့ ဘုရား) ဆိုတော့ ဝိပါက, က ဝဋ်ရှစ်ပါး ပါနေ ပါတယ် (ပါနေပါတယ် ဘုရား) မပါဘူးလား (ပါ-ပါတယ် ဘုရား) ဒီက ငါးခု၊ ဒီက သုံးခုဗျာ (မှန်ပါ့)။

ဘာရှစ်ပါးတဲ့တုံး (ဝိပါကဝဋ် ရှစ်ပါးပါ ဘုရား) ဟ အနာဂတ် အကျိုးအခြင်းအရာ၊ အနာဂတ်ကို မင်းတို့ ဒါတွေ ရမယ်ပြောတာ (မှန်ပါ့) ၄-နံပါတ်ရမယ်၊ သူ့စကား နားထောင်ရင် ၄-နံပါတ်ရမယ် (မှန်ပါ့) ၄-နံပါတ် ဇာတိ ဇရာ မရဏ (မှန်ပါ့ ဘုရား) ၄-နံပါတ်က (ဇာတိ, ဇရာ, မရဏပါ ဘုရား) ကြည့် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ကဲ ပေါ်ကြပလား (ပေါ်ပါပြီဘုရား) ဒီဒုက္ခ သစ္စာရလေသမျှ ဒကာကြွယ် ဘယ်သူ့ စကား နားထောင်လို့တုံး (အဝိဇ္ဇာစကား နားထောင်လို့ပါဘုရား) အင်း သူ့ စကား နားထောင်လို့ ဒုက္ခသစ္စာ ဖြစ်တာ (မှန်ပါ့ ဘုရား)။

သူ့စကား နားထောင်လို့ (ဒုက္ခသစ္စာ ဖြစ်ပါတယ်ဘုရား) ဒါဖြင့် ခင်ဗျားတို့သည် ယနေ့ကစပြီး မင်းကိုတော့ နားမထောင် တော့ဘူးပေါ့ မျက်လုံး ဖွင့်ပေးမယ့် လူလဲ တွေ့ပြီ (မှန်ပါ့) မင့် နားထောင် နေခြင်းကြောင့် ငါတို့သည်ကားလို့ ဆိုရင် တစ်သံသရာ လုံး သေပွဲချည်း မင်း-တွန်းနေတာ (မှန်ပါ့ ဘုရား)။

မရှုမလှသေပွဲချည့် မင်းတွန်းချနေတာ အခုတို့ကို မျက် မြင်ကို ပြပြီဟေ့ ပြောသံကြားနဲ့ မဟုတ်တော့ဘူး (မှန်ပါ့ ဘုရား)။

ဒီလို ဒကာကြွယ်တို့ တစ်ခါတည်း သူ့ကို တွန်းလှန်ပစ်ပါ (မှန်ပါ့ ဘုရား) မင်းကတောင်းဆို မတောင်းဘူးကွာ (မှန်ပါ့) မတောင်းဘူးဟေ့ ဘာဖြစ်လို့ မတောင်းသတုံး မင်းလုပ်ထားတဲ့ အထည်ကြီး တွေ့ပြီကွ၊ ဝိပါက ဝဋ်တဲ့ကွ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

အင်း ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဝဋ်ဒုက္ခ သစ္စာဆိုတော့ ဦးဘအုန်း ကောင်းသေးရဲ့လား (မကောင်း ပါဘုရား)။

ဒကာ ဒကာမတွေဘာတဲ့တုံး (ဝဋ်ဒုက္ခသစ္စာပါဘုရား) ဝဋ်လဲသင့်တာကွ၊ ဒုက္ခသစ္စာလဲဖြစ်တာ (မှန်ပါ့)။

ဘာ့ကြောင့် ဝဋ်လဲသင့်သတုံးလို့ မေးတဲ့အခါကျတော့ ဝိပါကဝဋ်ကိုး (မှန်ပါ့ ဘုရား) သူတို့က အကျိုးပေးလိုက်တာ ဒီလားပြီးဝဋ်သင့်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒီမှာ အရှင်၊ ရှင်တုန်းက အားထုတ်၊ ဒီမှာ လာသေတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်သူ့ စကားနဲ့ နားထောင် လို့ ယခုတောင် သေပွဲကြီးရှိတဲ့ဆီကို ပြေးလို့လွှားလို့ မရပ်ရသေး ပါဘူး (မရပ်ရသေးပါ ဘုရား)။

အခုကို ဒကာ ဒကာမတို့ မရပ်သေးဘူး (မရပ်ရ သေးပါဘုရား) အင်း ဘယ်နေ့ကျတော့ဖြင့် ငါတော့ဖြင့် ဒုက္ခ ရောက်ဦးမှာပဲ (မှန်ပါ့ ဘုရား) မသာတော့ဖြင့် လူဝိုင်းပြီး ပို့ကြဦးမှာပဲ၊ မချိမဆန့်လဲ ခံချင် ခံရဦးမှာပဲ (မှန်ပါ့ ဘုရား)။

အခုဒါကြီးဟာ ဘယ်သူ့စကားနားထောင်ခဲ့လို့ ဒါကြီးဆီ ကို အရောက်သွားနေရသတုံး (အဝိဇ္ဇာ စကား နားထောင်လို့ ပါဘုရား)။

ဪ ဒီထဲက နောက်တစ်ဖန် နားထောင်ဦးမယ် ဆိုရင် ဦးဘအုန်း ဒီထက်မိုက်ပြီ (မိုက်ပါပြီ ဘုရား) ရှိသေး ရဲ့ လား (ရှိပါတယ် ဘုရား)။

အဲဒါ သေသေချာချာ ပြောနေပါတယ်၊ ဒကာ ဒကာမ တို့က ဘယ်မှာသွားသွားပြီးသကာလ ဆုတောင်းတာက တစ်မျိုး၊ ဆုမတောင်းဘဲနဲ့ အလုပ်လုပ်တာက တစ်မျိုး (မှန်ပါ့)။

မသိတော့ အကုသိုလ်တွေ လုပ်လိုက်ပြန်တယ်၊ မသိ တော့ ဒီကုသိုလ်တွေ လုပ်လိုက် ပြန်တယ် (မှန်ပါ့) ဒါလဲ သူမသိလို့ လုပ်တာ (မှန်ပါ့) သူမသိလို့ လုပ်တာလဲ ဒါရ တယ် (မှန်ပါ့) သူက တစ်ခါ နတ်ပြည် ရောက်ကြောင်းတွေ လုပ်ပြန်တော့လဲ ဒီမှာ အသေတွေရတယ် (မှန်ပါ့) မရဘူး လား (ရပါတယ်ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သူဟာ အကြီးဆုံးသော ရန်သူ (မှန်ပါ့) ဒကာကြွယ်တို့ နောက်က ဒကာ ဒကာမတို့ ဘယ်လို မှတ်ကြမယ် (အကြီးဆုံးသော ရန်သူပါဘုရား) အတွင်း ရန်လား အပြင်ရန်လား မေးသော် (အတွင်း ရန်ပါဘုရား) အတွင်းရန် ဝမ်းထဲကကိုး (မှန်ပါ့) ဒကာကြွယ် ကဲ ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကြောက်စရာပါ ဘုရား)။

အဝိဇ္ဇာဟာ ဒကာ ဒကာမတို့ ပြင်ဘက်က နေလို့ ရှိရင်လဲ သေနတ်နဲ့ပစ်, ဟုတ်လား (မှန်ပါ့) အဲဒီလိုမှ ကာကွယ်ရလို့ ရှိရင် တော်သေးရဲ့ (မှန်ပါ့) သူက အတွင်းသူ အတွင်းသား အဖြစ်နဲ့ နှိပ်စက်တာ (မှန်ပါ့) ဘယ်လိုဆိုကြမယ် (အတွင်းသူ အတွင်းသား အဖြစ်နဲ့ နှိပ်စက်တာပါ ဘုရား)။

ဒါဖြင့် အပြင်လူက နှိပ်စက်လို့ရှိရင် ရှောင်လို့ ကွင်းလို့ ပြေးသာတယ် (မှန်ပါ့) အတွင်းကလူက နှိပ်စက် ရင်တော့ မရဘူး (မရပါဘုရား)။

အဝိဇ္ဇာကို ဝိဇ္ဇာနဲ့သတ်

အဲဒီတော့ အတွင်းသူ အတွင်းလူချင်း သတ်ပါ (မှန်ပါ့) အဝိဇ္ဇာကို ဝိဇ္ဇာနဲ့ သတ်လိုက် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) အတွင်းကို (အတွင်းလူချင်း သတ်ရပါမယ်ဘုရား)။

ဒါဖြင့် အဝိဇ္ဇာကို ဝိဇ္ဇာနဲ့ သတ်ရမယ် (ဝိဇ္ဇာနဲ့ သတ်ရပါ မယ်) ဝိဇ္ဇာ ဆိုတာက ခန္ဓာကြီး ဖြစ်ပျက် မြင်တာကဝိဇ္ဇာ (မှန်ပါ့) ခန္ဓာကြီး ဖြစ်ပျက်မြင်တာက (ဝိဇ္ဇာပါဘုရား)။

အင်း သူက ကျုပ်တို့ဝမ်းထဲရောက်နေတော့ အဝိဇ္ဇာ က နေခွင့်ရှိသေးရဲ့လား မရှိပါဘုရား၊ အင်း သူ့သတ် တာ ဒါပဲဒကာကြွယ်ရ (မှန်ပါ့) ကြပလား (ပေါ်ပါပြီ)။

အဲဒါ ယခု နေ့တိုင်းပဲ ဆရာဘုန်းကြီးက ဆုံးမသွန်သင် ပြီးသကာလ ခင်ဗျားတို့ ဖြစ်ပျက်ရှုပါ၊ စိတ်ကလေးတွေ ဖြစ်ပျက်ရှုပါ-ရူပါဆိုတာ ဦးဘအုန်း ရိပ်မိပလား (ရိပ်မိပါပြီ) အတွင်းရန် သတ်တာ (မှန်ပါ့)။

အတွင်းရန် အဝိဇ္ဇာ သတ်နေတာ၊ မောဟဆိုတာလဲ သူပဲ၊ အဝိဇ္ဇာ ဆိုတာလဲ (သူပါပဲဘုရား)။

အဲ သူ့ကို သေစေချင်လို့ ရှိရင် ခင်ဗျားတို့ ဒါနပြု လုပ်ရုံနဲ့လဲ မသေဘူး (မသေပါဘုရား) သီလ ဆောက်တည် ရုံနဲ့လဲ (မသေပါဘုရား) သီလ ဆောက်တည်ရုံနဲ့လဲ (မသေပါ ဘုရား) သမထ ကြိုးစား ရုံနဲ့လဲ (မသေပါဘုရား) မသေဘူး တဲ့၊ ကဲ ဘယ်လောက် ခဲယဉ်းသတုံး ဒကာကြွယ် (ခဲယဉ်း ပါတယ် ဘုရား) ခန္ဓာကြီးကို အဖြစ် အပျက် မြင်မှလဲ ဝိဇ္ဇာ ကဖြစ်တယ် (မှန်ပါ့) ခန္ဓာ ဒုက္ခသစ္စာ မြင်မှလဲ (ဝိဇ္ဇာ ဖြစ်ပါတယ် ဘုရား) ဝိဇ္ဇာဖြစ်မှ အဝိဇ္ဇာ သေတာ (မှန်ပါ့) ဝိဇ္ဇာ -ဖြစ်မှ (အဝိဇ္ဇာ သေပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အတွင်းရန် သတ်တတ်ပလား (သတ်တတ် ပါပြီ) သော် ရှေးတုန်းက ဘယ်တော့မှ မသတ်ခဲ့။ သတ်နည်း လဲ ဘယ်တော့မှ မရတဲ့ အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှာ သူသတ်လို့ သေရတဲ့ဘဝ ဆိုတာ ဘဝပေါင်း များစွာ ရန်သူဟာ သူပဲ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဘဝပေါင်းများစွာ တစ်ခါတလေ ကျတော့လဲ သူများက လာသတ်တဲ့ ဥစ္စာလဲ အဝိဇ္ဇာနဲ့ ဆုတောင်းလို့ သူများ အသတ် ခံရတာ (မှန်ပါ့) ကိုယ့်ဟာကိုယ် ရောဂါ ဝေဒနာနဲ့ သေတာလဲ အဝိဇ္ဇာက ဆုတောင်းပြီး အသေခံရတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ အသေထက်ကြီးတဲ့ ဒုက္ခကလဲ ဒကာကြွယ် ရှိသေးရဲ့လား (မရှိပါဘုရား) အင်း – ဒါ ဘယ်သူ သတ်တာ ပါလိမ့် (အဝိဇ္ဇာသတ်တာပါဘုရား)။

ကြည့်လေ သူက စ,လို့ ဒါတွေဖြစ်လာတာ (မှန်ပါ့) သူကမစ, လို့ရှိရင် (မဖြစ်ပါဘုရား) ရေကြည့်ပါလား တစ် နှစ်ဆိုတော့ ဒီက ငါး ဟုတ်လား (မှန်ပါ့) ဒီဘက်က သုံး၊ သုံးနဲ့ ငါး ရှစ် မနေဘူးလား (နေပါတယ်) ဆယ့်တစ်၊ ဆယ့်နှစ် ဒီဆ နှစ်ကျအောင် သူလုပ်လိုက်တာ (မှန်ပါ့ ဘုရား) အင်္ဂါဆယ့် နှစ်ပါးဆိုတာ (မှန်ပါ့) စက်ဝိုင်းကို ပြန်ကြည့်ပါ။

ခင်ဗျားတို့ စာရွက်ထဲမှာ နောက်ကျရင် အင်္ဂါဆယ့်နှစ် ပါးဆိုတာ ဒီ တစ်နှစ်၊ ဟောဒီက ငါး၊ ခုနစ်- မနေဘူးလား (ခုနစ်ပါဘုရား) ဒီမှာ သုံး မရှိဘူးလား (ရှိပါတယ်) အဲ ဒီက တစ်ခု၊ နှစ်ခု၊ ဇရာ, မရဏရောယူ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အင်္ဂါဆယ့်နှစ်ပါး ဆိုတာ ဒကာ ဒကာမတို့ အဝိဇ္ဇာ စ,တာ (မှန်ပါ့)။

ဒါဖြင့် အသေကို မကြောက်ပါနဲ့၊ အဝိဇ္ဇာ မဖြစ် အောင်ကြောက်ပါ (မှန်ပါ့ ဘုရား) အသေကို (မကြောက် ပါနဲ့) အဝိဇ္ဇာ မဖြစ်ရင် မသေဘူး (မသေပါဘုရား) အဝိဇ္ဇာ ဖြစ်ရင် (သေမှာပါ ဘုရား) သေရမယ်ဆိုတာ ပေါ်ပလား(ပေါ်ပါပြီ ဘုရား)။

ကဲ ဒီလိုသာဖြင့် ခင်ဗျားတို့ ဒီနေ့ အကြီးဆုံး ရန်သူ ဖမ်းပေးတယ်(မှန်ပါ့ ဘုရား) သူ့သတ်နည်း ကိုလဲ သိပြီ (မှန်ပါ့) ခန္ဓာ ကိုယ်ကြီး ထဲမှာရှိတဲ့ ဒုက္ခသစ္စာ အဖြစ်အပျက် တွေကို မြင်လိုက်လို့ ရှိရင်ဖြင့် အဝိဇ္ဇာ အနား မသီတော့ဘူး (မ ပါဘုရား) သူက ဒါ- မသိတာကိုးဗျ(မှန်ပါ့)။

ကျုပ်တို့က ဒါသိသွားတော့ ကျုပ်တို့က ဝိဇ္ဇာ ဖြစ်သွား တော့ ဦးဘအုန်း နှင်ပြီးသား ဖြစ်တယ် (မှန်ပါ့) သူက ဒုက္ခ သစ္စာမသိဘူး (မသိပါဘုရား) ကျုပ်တို့က သိလိုက်တယ် (သိပါတယ်ဘုရား) သိလိုက်တော့ သိတဲ့တရားကို မသိတဲ့ တရား သတ်ပစ်တယ် (မှန်ပါ့) ဒီလိုဆိုတော့ အဝိဇ္ဇာ မချုပ် ဘူးလား (ချုပ်ပါတယ်ဘုရား)။

အဝိဇ္ဇာ ချုပ်ရင် သူက ဆက်တော့မှာတွေ အကုန် မချုပ် ဘူးလား (ချုပ်ပါတယ်ဘုရား) ဒါတွေတော့ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီဘုရား)။

ဪ ဒါဖြင့် ဦးဘအုန်းရေ အဝိဇ္ဇာချုပ်ဖို့ အရေးကြီးတယ် (အရေးကြီးပါတယ် ဘုရား) ဘာအရေးကြီး ပါလိမ့် (အဝိဇ္ဇာချုပ်ဖို့ အရေးကြီးပါတယ် ဘုရား) အဝိဇ္ဇာက သူ့ဟာသူ မချုပ်ဘူး၊ သူမ, သိတဲ့ နေရာ ကိုယ်သိရင် ချုပ်တယ်(မှန်ပါ့) သူမ, သိတဲ့နေရာ (ကိုယ်သိရင်ချုပ်ပါတယ် ဘုရား) သူက ဘာမသိတာတုံး (သစ္စာလေးပါး မသိတာပါ ဘုရား)။

ခန္ဓာထဲ ဉာဏ်နဲ့သာ မြင်ပါစေ

အဲ ဒီနေ့ကျတော့ ဒီလို ယူလိုက်၊ ဒုက္ခသစ္စာ သူမသိ ဘူး (မှန်ပါ့) ကျုပ်တို့က ဖြစ်ပျက်တာ ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ) အဲ သူ့ကို ဉာဏ်နဲ့သာ ခန္ဓာထဲ မြင်ပေစေ၊ မြင်ရင် သူချုပ် ပြီ(မှန်ပါ့) သူချုပ်လို့ ရှိရင်ဖြင့် သူ့လုပ်လိုက်တော့ သူနဲ့တကွ ဆယ့်နှစ်ပါးတွေ အကုန် သွားပြီ (မှန်ပါ) မသွား သေးဘူးလား (သွားပါပြီဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ဖြစ်ပျက် ရှုတာဟာ ဝိဇ္ဇာဖြစ်တာ (မှန်ပါ) ဖြစ်ပျက် ရှုတာဟာ (ဝိဇ္ဇာ ဖြစ်ပါတယ် ဘုရား) အဝိဇ္ဇာ က မသိတာကို ဝိဇ္ဇာက သိတယ် (မှန်ပါ့) ရှင်းပလား (ရှင်း ပါပြီဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘာအရေးကြီးသလဲ (ဝိဇ္ဇာဖြစ်ဖို့ အရေးကြီးပါတယ်) ဝိဇ္ဇာဖြစ်ဖို့ သိပ် အရေးကြီး ပါတယ် ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဝိဇ္ဇာလဲဖြစ်ကရော သူနဲ့ပတ်သက်တဲ့ သင်္ခါရကော လာဦး မလား (မလာပါ ဘုရား) ဒီဘက်က ငါးခုကော (မလာပါ ဘုရား) ဒီကသုံးခုကော (မလာပါ ဘုရား) ဒီကနှစ်ခုကော (မလာပါ ဘုရား) ဟင် ဘယ့်နှယ်ကြောင့် ပါလိမ့်မတုံး (ဝိဇ္ဇာဖြစ်လို့ပါ ဘုရား)။

အဲ-အဝိဇ္ဇာကြောင့် ဖြစ်တဲ့တရား အဝိဇ္ဇာကို ကျုပ်တို့က မူရင်း သတ်ပစ်လိုက်တယ် (မှန်ပါ့) သတ်ပစ်လိုက်တော့ ကျုပ်တို့မှာ ဒီဒုက္ခသစ္စာလဲမရှိ (မရှိပါ) ဒီသမုဒယသစ္စာ (မရှိပါဘုရား) ဘာဖြစ်လို့တုံး ဒီ-သမုဒယသစ္စာ ချုပ်သွားတယ် (မှန်ပါ့) ဒီ အဝိဇ္ဇာက သမုဒယသစ္စာ (မှန်ပါ့) ဒီသမုဒယ သစ္စာချုပ်လို့ ဒီဒုက္ခလဲမရှိ၊ ဒီသမုဒယကာ (မရှိပါဘုရား) ဒီဒုက္ခကော (မရှိပါဘုရား)။

ဪ ဒါဖြင့် ဖြတ်တတ်တော့လဲ အလွယ်ကလေး ပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သူမသိတာ သိအောင်လုပ် (မှန်ပါ့) အဝိဇ္ဇာ မသိတာကို (သိအောင် လုပ်ရပါမယ်) အဝိဇ္ဇာက ဘာသိသတုံး ဒုက္ခသစ္စာ မသိဘူး (မှန်ပါ့ ဘုရား) ခင်ဗျားတို့က ခန္ဓာ ကြည့်လိုက်တော့ ဖြစ်မှု၊ ပျက်မှု ကလေးတွေ တွေ့တယ် (မှန်ပါ့) တွေ့တော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါဘုရား)။

ဟာ ဒါဖြင့် ဒကာကြွယ်ကပဲ ဉာဏ်ပိုင်ပိုင်နဲ့ စဉ်းစား လိုက်တော့ သြော် သူမရှိဘူး ဘုရာ့ (မှန်ပါ့) ဘာကြောင့် တုံး သူမသိတာ တပည့်တော်သိပြီ (မှန်ပါ့)။

သူမသိတာ တပည့်တော်တို့က သိတယ်ဆိုတော့ ကျုပ်တို့ က ဝိဇ္ဇာဖြစ်တယ် (မှန်ပါ့ ဘုရား) မဖြစ်သေးဘူးလား (ဖြစ်ပါတယ်ဘုရား)။

အဲဒီတော့ အဝိဇ္ဇာချုပ်သော် သင်္ခါရ ချုပ်တယ်(ချုပ် ပါတယ်) ဝိညာဏ် နာမ်ရုပ်တွေ (ချုပ်ပါတယ် ဘုရား) တဏှာ, ဥပါဒါန်ကော (ချုပ်ပါတယ်) ဇာတိ, ဇရာ, မရဏကော (ချုပ်ပါတယ်) သဘောပါပလား (ပါ-ပါပြီ) သူများ ပြောလား မျက်မြင်လား (မျက်မြင်ပါ ဘုရား) မျက်မြင် အကဲခတ်လို့မှ ခင်ဗျားတို့က အဝိဇ္ဇာ ချုပ်အောင် မလုပ်ချင်ဘူး ဆိုရင် သေချင်သေးလို့ပဲ (မှန်ပါ့) အဝိဇ္ဇာ ချုပ်အောင် မလုပ်ချင် တဲ့ပုဂ္ဂိုလ်ဟာ (သေချင်သေးလို့ပါဘုရား)။

သေချင်တာမှ မောင်ဘသော်ရဲ့ တစ်ချီတည်း သေချင် တာမဟုတ်ဘူး (မှန်ပါ့) အဖန်ဖန် သေချင်သေးလို့ (မှန်လှပါ ဘုရား) ဘယ့်နှယ်ပြောကြမယ် (အဖန်ဖန် သေချင် သေးလို့ပါ ဘုရား)။

ဒါဖြင့် အဖန်ဖန် မသေချင်ရင် အဖန်ဖန် သားသမီးနဲ့ မခွဲချင်ရင် အဖန်ဖန် ငရဲ မကျချင်ရင် ဆိုရင် ဒကာကြွယ် ဘာချုပ်အောင် လုပ်ရမလဲ (အဝိဇ္ဇာ ချုပ်အောင် လုပ်ရပါမယ် ဘုရား)။

ကဲ ဒကာကြွယ် လုပ်တတ်ပလား (လုပ်တတ်ပါပြီ) ခန္ဓာကိုယ် ဖြစ်ပျက် ရှုလိုက်တော့ကို ဘယ့်နှယ်နေသလဲ (အဝိဇ္ဇာ ချုပ်ပါတယ် ဘုရား) အဝိဇ္ဇာ ချုပ်သွားတယ်၊ ဘာဖြစ်လို့ ချုပ် သတုံး ဆိုတော့ အို အဝိဇ္ဇာ မသိတဲ့နေရာမှာ တပည့်တော် တို့က ဝိဇ္ဇာသိသကိုး (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာ မသိတဲ့ နေရာမှာ (ဝိဇ္ဇာ သိပါတယ် ဘုရား) ဝိဇ္ဇာက သိတယ်ဆိုတော့ သက်သေ ခံကော ဦးဘအုန်း လုံလောက် ပလား (လုံလောက်ပါပြီ ဘုရား) မသိတဲ့ နေရာ အဝိဇ္ဇာ မသိတဲ့ နေရာမှာ ကျုပ်တို့ ဆရာကောင်း သမားကောင်းဆီက နည်းရလို့ ဝိဇ္ဇာ ရပြီး သိလိုက်တယ် (မှန်ပါ့) သိလိုက်တယ် ဆိုက တည်းက သူမချုပ်ချင်လို့ နေနိုင်သေးရဲ့လား (မနေနိုင်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လက်နက်ကောင်း ဖြင့်ရပြီ (ရပါပြီဘုရား) ဘယ်လောက် ကောင်းတဲ့ လက်နက်လဲလို့ မေးတော့မှ အသေလွတ်တဲ့ လက်နက်ရတယ် (မှန်ပါ့) ဘယ်လောက် ကောင်းတဲ့ လက်နက် ဆိုတာ သိပလား (သိပါပြီ ဘုရား) ဘာ လက်နက်တုန်း (အသေလွတ်တဲ့ လက်နက်ပါ ဘုရား) အသေလွတ် ဆိုကတည်းက ဒီအအိုကော (လွတ်ပါတယ် ဘုရား) ဒီပဋိသန္ဓေ နေမှုကော (လွတ်ပါတယ်) ဒီကံတွေကော (လွတ်ပါတယ် ဘုရား) ဒီတဏှာ, ဥပါဒါန်, ကလေး တွေကော (လွတ်ပါတယ် ဘုရား) ဒီ ဒုက္ခသစ္စာ တွေကော (လွတ်ပါ တယ်) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် သူက မဂ္ဂသစ္စာ (မှန်ပါ့) ဒီအဝိဇ္ဇာ ချုပ်သွားတော့ သူ ဘာဖြစ်သွားသတုံး (မဂ္ဂသစ္စာ ဖြစ်သွားပါတယ်) သူ့ကို သမုဒယ သစ္စာ မရေးနဲ့တော့ (မှန်ပါ့) ဒကာကြွယ် သူချုပ်သွားတာ နဲ့ သူ့ကို ဘာရေးမလဲ (မဂ္ဂသစ္စာ ရေးရပါမယ် ဘုရား)။

မဂ္ဂသစ္စာ ရေးလိုက်တော့ကို ဒီဘက်က ဒုက္ခတွေ မချုပ် ဘူးလား (ချုပ်ပါတယ်) အဲ-သူ့ကို နိရောဓ သစ္စာရေး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင် လုပ်နိုင်တဲ့ပုဂ္ဂိုလ်ကျတော့ ဒီနေရာမှာ ဘာရေးမတုံး (မဂ္ဂရေးပါမယ်) ဒီနေရာမှာ ဘာရေးမတုံး (နိရောဓ ရေးပါ့မယ်) အကုန် ပြောင်းသွားတယ် (မှန်ပါ့) ဦးဘအုန်း ပြောင်းသွားတယ် (ပြောင်းသွား ပါတယ် ဘုရား)။

၁-နံပါတ်က မဂ္ဂသစ္စာ (မှန်ပါ့) ၂-နံပါတ်က နိရောဓ သစ္စာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ရှင်းပြီ (ရှင်းပါပြီဘုရား) တစ်ခါ ဒီဥစ္စာ သိပြန်တော့လဲတဲ့ ပုဂ္ဂိုလ်ကျတော့ သူ့ကို ဘာရေးမတုံး (မဂ္ဂသစ္စာ ရေးပါမယ် ဘုရား) ဒီ အဝိဇ္ဇာ ချုပ်သကိုးဗျ (မှန်ပါ့) ဒီအထဲ အဝိဇ္ဇာ က ပါနေတယ် (မှန်ပါ့) ဒါ ဘာသစ္စာရေးမလဲ (နိရောဓပါ ဘုရား) အဲဒီတော့ မဂ္ဂနဲ့ နိရောဓချည်း ဖြစ်နေတယ် (မှန်ပါ့) ဒကာကြွယ် ဒါက အလုပ် သဘောပါတဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် အလွန် ကျေးဇူး များပြီကော (များပါတယ် ဘုရား) အအို ဇာတ်သိမ်း၊ အနာ ဇာတ်သိမ်း၊ အသေ ဇာတ်သိမ်း၊ သားမွေးမှု၊ မယားမွေးမှု၊ သားကျွန်, မယားကျွန်ခံမှု အလုံးစုံ အကုန် ဘာဖြစ်သွားသတုံး (ဇာတ်သိမ်းပါတယ် ဘုရား)။

ဘာဖြစ်လို့တုံး ဘယ်သူက သိမ်းပေးသတုံးလို့ မေး လို့ရှိရင် အို အဝိဇ္ဇာ သိမ်းလို့ သိမ်းတာ (မှန်ပါ့ ဘုရား) ဘယ့်နှယ်ဆိုကြမလဲ (အဝိဇ္ဇာ သိမ်းလို့ သိမ်းတာပါ ဘုရား) ဦးဘအုန်းရေ ဒီအတိုင်း ဘုရားရှေ့ ဆုတောင်းနေလို့ အရှင် ဘုရား ဒုက္ခသိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကြီး မြန်မြန်ကြီး ရောက်ရပါလို၏ လို့ တောင်းပင် တောင်းငြား သော်လဲ သူကလဲ ဝမ်းထဲ မချုပ် လို့ရှိရင် နေရမှာပဲ (မှန်ပါ့) ဒုက္ခပဲရမှာပဲ (မှန်ပါ့ ဘုရား) သူက ဝမ်းထဲ ချုပ်သွားရင်တော့ဖြင့် မတောင်းနဲ့တော့ (မှန်ပါ့)။

မတောင်းနဲ့တော့ ခင်ဗျားတို့ မြန်မြန်ကြီးရပြီလို့ ဆုံးဖြတ် ချက်သာ ချလိုက်ပါတော့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်လိုက်လို့ရှိရင် ဉာဏ်ဟာ ဘာဖြစ်သတုံး (ဝိဇ္ဇာဖြစ်ပါတယ် ဘုရား) ဝိဇ္ဇာဉာဏ် ဖြစ်တယ် (မှန်လှပါ ဘုရား) ဖြစ်ပျက် ရှုလိုက်လို့ ရှိရင် (ဝိဇ္ဇာဉာဏ် ဖြစ်ပါတယ်) ဖြစ်ပျက် မုန်းတဲ့ ဉာဏ်ဟာလဲ ဘာဉာဏ်တုံး (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား) ဝိဇ္ဇာဉာဏ်ပဲ ဖြစ်ပျက် အဆုံးမြင်တဲ့ ဉာဏ်ကော (ဝိဇ္ဇာဉာဏ်ပါ ဘုရား) အဲ ဝိဇ္ဇာချည်းပဲ ဒကာကြွယ်ရ (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

နတ်ပြည်မှာလဲ ဥပဒေ

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ရှေးတုန်း ကတော့ဖြင့် ကယ်မည့်လူ ယူမည့်လူရှာတာ လွဲနေပြီ (လွဲပါ တယ်ဘုရား) သြော် လူ့ ဘဝမို့ မင်းက နှိပ်စက်၊ သူခိုးက နှိပ်စက်၊ ဓားပြက နှိပ်စက်၊ လူလိမ်, လူကောက်တွေက နှိပ်စက်၊ ဥပဒေတွေကလဲ ချုပ်ချယ်လိုက်တာ (မှန်လှပါ ဘုရား) နတ်ပြည် များ သွားနေရင် လွတ်မလား ဆိုပြီး ချမ်းသာ ရှာလိုက်တော့ နတ်ပြည် ကျတော့လဲ ဒီဥပဒေက ရှိလျက်ပဲ (ရှိလျက်ပါ ဘုရား) ရှိလျက်ပဲ၊ တန်ခိုးကြီးတဲ့ နတ်က တန်ခိုး မကြီးတဲ့ နတ်ကို နိုင်တာပဲ (မှန်ပါ့) မလွတ်ဘူးနော် (မလွတ်ပါ ဘုရား)။

ဗြဟ္မာပြည် သွားပြန်တော့လဲ ဗြဟ္မာကြီးတွေ အခြံအရံ သွားဖြစ်၊ သူစေရာသွား၊ သူခိုင်းရာ လုပ်ဆိုတော့ အင်း ချမ်းသာ ရှာလိုက်တော့ ချမ်းသာမတွေ့ဘူး (မတွေ့ပါဘုရား)။

ဒါဖြင့် ရှေ့တုန်းက ဒီလိုပဲ ချမ်းသာရှာပေမယ့် ချမ်းသာ မတွေ့တာချည်းပဲ (မတွေ့တာ ချည်းပါ ဘုရား) အခုတော့ဖြင့် ဒီ ဒကာ ဒကာမတွေမှာ ချမ်းသာ ရှာလို့ရှိရင် ချမ်းသာတွေ့ပါပြီ (တွေ့ပါပြီ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အခုတစ်ချို့မှာ ဥပမာ သူပုန်နယ်ထဲမှာ ရှိတယ်၊ ကော့ကရိတ် တို့လို ဘာတို့လို ကျတော့ သြော် တစ်ခါတည်း ရန်ကုန်ဆီ သွားနေရင် ဘယ်လောက်များ အေးမတုံးတဲ့ (မှန်ပါ့ ဘုရား)။

ရန်ကုန်ကျတော့ မြူနီစီပါယ်ခွန်တွေနဲ့ အမျိုးမျိုးအခွန် တွေနဲ့ဆိုတော့ ကိုယ့်မှာ ပေးစရာ မရှိရင် အို ဒီမှာလဲ ဆင်းရဲ တာပဲကိုး (မှန်ပါ့ ဘုရား) မလာပေဘူးလား (လာမှာ ပါဘုရား)။

အင်း ဒါနဲ့ တောရွာ ပြေးပါတော့မယ် ဆိုတော့ တောရွာ ကျပြန်တော့လဲ ထို့အတူပဲ ဒကာ ဒကာမတို့ ငွေရှားပါးတဲ့ အရပ်ရောက်သွားတော့ ရှားပါးတဲ့ ဒုက္ခတွေ မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။

ချမ်းသာ ရှာလိုက်တာ ဒကာကြွယ် ဘယ်သွားသွား မတွေ့ဘူး (မှန်ပါ့ ဘုရား) ချမ်းသာရှာတာ တွန်းရှာလို့ မတွေ့ ဘူး (မှန်ပါ့) အလုပ်, လုပ်ရှာလိုက်တော့ တွေ့တယ် (တွေ့ပါ တယ်) ဖြစ်ပျက်ကို မြင်အောင် အလုပ် လုပ်လိုက်တော့ တစ်ခါ တည်းတွေ့တယ် (မှန်ပါ့)။

ဖြစ်ပျက်ရှုမှ ချမ်းသာတွေ့မယ်

ဒါဖြင့် ခြေလျင် သွားရှာလို့ ချမ်းသာ တွေ့သလား အလုပ် လုပ်ရှာမှ တွေ့သလား (အလုပ် လုပ်ရှာမှ တွေ့ပါတယ်ဘုရား)။

ဒါဖြင့် ဒကာကြွယ် ချမ်းသာရှာရင် အလုပ်လုပ်ရ မယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ) ချမ်းသာ ရှာတဲ့ ဒကာ ဒကာမများမှာ (အလုပ်- လုပ်ရမှာပါ ဘုရား)။

အခု-ဒကာ ဒကာမတွေ ဆင်ခြေလဲ နေတယ်၊ ဦးဘအုန်း ကြီးတို့ မောင်ဘသော် တို့ကနော် (မှန်ပါ့) အရှင်ဘုရား ဒါချည်းအားထုတ်နေလို့လဲ တပည့်တော်တို့ အစားအသောက် ဆင်းရဲမှာ ကြောက်ရသေးတယ် (မှန်လှပါ ဘုရား)။

ရော ခက်နေပြီကော ချမ်းသာအစစ်နဲ့ ချမ်းသာ တုကို သူတို့က ချမ်းသာတုနဲ့ လဲနေပြန်ပြီ (မှန်ပါ့) ချမ်းသာ တုနဲ့ လဲနေတဲ့ အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဟိုဟာတွေဟာ မပြီးနိုင်တဲ့ ဥစ္စာ၊ ခဏကလေး လျှာပေါ် မှာ ချိုသလို, ချဉ်သလိုနဲ့ ပြီးတော့ ကျင်ကြီး ကျင်ငယ် ဖြစ်တာပဲ (မှန်ပါ့) ချမ်းသာလိမ်, ချမ်းသာကောက်က ဒါနဲ့ ဆင်ခြေ လဲပြီး ချမ်းသာစစ်ကို စွန့်ပစ်ပြီး တပည့်တော်တို့ မပြည့်စုံသေးလို့ ဒီအလုပ်ကလေး ချိတ်ထားပြီးတော့ ဝိဇ္ဇာဖြစ်တဲ့ အလုပ် ချိတ်ထား ပြီး အဝိဇ္ဇာဖြစ်တဲ့အလုပ် လုပ်ပါရစေဦး (မှန်လှပါ ဘုရား) အင်း ဆင်းရဲ ရှာပြန်ပြီ (မှန်ပါ့)။

ဘာရှာတာတုံး (ဆင်းရဲရှာတာပါ) တစ်ဘက်သတ် ဟော နေတယ်လို့ ဒကာကြွယ်က ဒီလိုမယူနဲ့ (မှန်ပါ) မယူနဲ့ တဲ့၊ ခင်ဗျားတို့ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ချမ်းသာ ရှာလို့ ရှိရင်ဖြင့် တဲ့၊ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်မှ ချမ်းသာမယ် (မှန်ပါ့ ဘုရား) ဒီအတိုင်း ရှာလို့တော့ ချမ်းသာ ဘယ်နည်းနဲ့မှ မရဘူး (မရပါဘုရား)။

ဒီအတိုင်းရှာရင်းမတ္တနဲ့ အိုနာလျက်ပဲ (မှန်ပါ့) ရှာရင်းမတ္တနဲ့ နာတဲ့အဖြစ်ကြုံ (မှန်ပါ့) ရှာရင်း မတ္တနဲ့ မော်တော်ကား တိုက်လို့၊ မီးရထားကြိတ်လို့၊ လေယာဉ်ပျံ ပျက်ကျ လို့ ဦးဘအုန်း ရှာရင်းမတ္တနဲ့ သေကြတယ် (သေကြပါ တယ်ဘုရား)။

အဲဒါ ဘာသွားရှာတဲ့ လူတွေတုန်း မေးစမ်းပါ(ချမ်း သာ ရှာသွားတဲ့ လူတွေပါဘုရား) ဟ-ချမ်းသာရှာ သွားတာ ဒကာ ဒကာမတို့ ချမ်းသာတွေ့သလား ဆင်းရဲနဲ့ ကြုံရသလား (ဆင်းရဲနဲ့ ကြုံရပါတယ် ဘုရား)။

ချမ်းသာ ရှာရင်းမတ္တနဲ့ အိုပွဲကြီးက ခဏခဏ အိုနေ တယ် (မှန်ပါ) နာပွဲကြီးကကော (ခဏခဏ ကြုံနေပါ တယ်ဘုရား) သေပွဲကော ကြုံတဲ့အခါ မကြုံဘူးလား (ကြုံ ပါတယ်ဘုရား)။

နို့ ဘာရှာသွားတာတုံး (ချမ်းသာရှာသွားတာပါ) ဟာ ချမ်းသာသွားတာ ဆင်းရဲပွဲချည်း နွှဲရတယ် (မှန်ပါ့) ချမ်းသာ အရှာသွားကြတာ (ဆင်းရဲပွဲကြီး နွှဲရပါတယ် ဘုရား)။

အဲဒါထောက်ကြည့်တော့မှ ဒကာကြွယ်တို့ ဆင်ခြေလဲ တာ လွဲတယ် (လွဲပါတယ်ဘုရား) တပည့်တော်တို့ ဘုရား ဒီအလုပ်ချည်း လုပ်နေလို့ လောကုတ္တရာချည်း လုပ်နေလို့ ရှိရင်လဲ မဟုတ်သေးဘူးဘုရာ့ (မှန်ပါ့) ဘာဖြစ်လို့တုံး ချမ်းသာစရိုက် မဟုတ်သေးဘူးဘုရာ့ (မှန်ပါ့)။

ချမ်းသာစရိုက် မဟုတ်သေးဘူး ဘုရာ့ဆိုတော့ ခင်ဗျား တို့ပါးစပ်က ထွက်ရဲပါပေတယ် (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ်ဘုရား)။

ဒီအလုပ်ချည်း လုပ်နေလို့ဘုရား တပည့်တော်တို့ ဘယ့်နှယ်လုပ်မလဲ၊ စားဖို့ သောက်ဖို့ နေဖို့ ထိုင်ဖို့ မင်းရေး စိုးရေး, သူခိုးရေ းတွေကလဲ ရှိသေးတယ် ဘုရာ့၊ အဲဒီတော့ ဟိုဘက်လဲ လှည့်လိုက် ရတယ် (မှန်လှပါ ဘုရား) ဘယ်ဘက် လှည့်လိုက်တာတုံး (ဆင်းရဲဘက်ပါ ဘုရား)။

အဝိဇ္ဇာမကင်းသေးရင် သေရဦးမှာပဲ

ဒါ-ဆင်ခြေလဲတာ၊ ဦးဘအုန်း မှန် မမှန် (မမှန် ပါဘုရား) မမှန်ဘဲနဲ့ ခင်ဗျားတို့ အဝိဇ္ဇာ ကလေးက ဝင်လာတဲ့ အချိန်ကျတော့ သြော် ဒီဘက်လဲ ကြိုးစားရမှာပဲ ဟိုဘက် ကလဲ မကင်းဘူး (မှန်လှပါ ဘုရား)။

ဒီဘက်လဲ ဘာတဲ့ (ကြိုးစား ရမှာပဲ) ဟိုဘက် လဲ (မကင်းပါဘုရား) မကင်းသေးရင်လဲ သေဦးပေါ့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) မကင်းသေးရင် ဘယ့်နှယ် ဆုံးဖြတ်ချက် ချကြမလဲ (သေရမှာပါ ဘုရား) သေရ ဦးမှာပဲဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မျက်စိဖွင့် ပေးတဲ့ အထဲမှာ တစ်ဖန် ပြန်လည်တဲ့ လူကလဲ အများကြီး ပါသေး တယ် (မှန်ပါ့ ဘုရား) မျက်စိဖွင့် ပေးတဲ့ အထဲက ဒကာကြွယ် (တစ်ဖန် ပြန်လည် တဲ့သူ များပါတယ် ဘုရား) တယ်လဲ အလှည့်ကောင်း ပါကလား (ကောင်းပါတယ် ဘုရား)။

မင့်-ဘုန်းကြီး ဟောတာနဲ့ မင့်ဘုရား ဟောတာကတော့ ကွာ မှန်တာတော့ မှန်ပါရဲ့ (မှန်ပေါ့) အဝိဇ္ဇာလောင်ပြီး တရားဟောဆရာ လုပ်ပစ်တယ် (မှန်ပါ့)။

သို့သော်လဲ မင့်သားနဲ့ မင်းသမီးနဲ့ မင့်အခွန်တွေကလဲ ဆောင်နေရတာ အနေမျိုးဆိုတော့ ဝိဇ္ဇာချည်း လုပ်နေလို့လဲ မဖြစ်သေးဘူး (မှန်လှပါ) ရှာဦးမှာပေါ့၊ ရှာဦးမှာ ဆိုတော့ တဏှာ (မှန်ပါ့) တဏှာက အဝိဇ္ဇာ လက်အောက်ခံ (မှန်ပါ့)။

သူကိုယ်တိုင် မလှည့်စားချင်တာနဲ့ တဏှာလွှတ်လိုက် တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဘာလွှတ်လိုက်သလဲ (တဏှာ လွှတ်လိုက်ပါတယ်) တဏှာ လွှတ်လိုက်တော့ တဏှာက သားကလေး ခင်တဲ့စိတ်က သမီးကလေးခင်တဲ့စိတ်က

အေး ရှာဦးမှပေါ့၊ မရှာရင် ဘယ့်နှယ်လုပ်မလဲ (မှန်ပါ့) ဒကာကြွယ် ဒါကလေးဟာ တဏှာက နေပြီး တရား ဟောလွှတ် လိုက်တယ် (မှန်ပါ့) ဘယ်သူက လွှတ်လိုက်တာတုံး (တဏှာက လွှတ်လိုက် ပါတယ်) အဝိဇ္ဇာက လွှတ်လိုက်တယ် (မှန်ပါ့) အဝိဇ္ဇာက တဏှာကို ကိုယ်စားလှယ် လွှတ်လိုက်တယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီဘုရား)။

အဝိဇ္ဇာက ဘာတဲ့ (တဏှာကို ကိုယ်စားလှယ် လွှတ်လိုက်ပါတယ်ဘုရား) အင်း သူက အချော့ကောင်း လို့ဗျ (မှန်ပါ့ ဘုရား) အဝိဇ္ဇာကတော့ ဖုံးသာ ထားတာ၊ ဒါလောက် မချော့တတ်ဘူး (မှန်ပါ့) တဏှာကတော့ ဒကာကြွယ်တို့ကို ချော့တတ်တယ် (မှန်ပါ့ ဘုရား) ဟော အခုသွားလိုက် လို့ရှိရင် သောင်းကိုးထောင်ရမယ် (မှန်ပါ့) နက်ဖြန် သေမှာ သူမထည့်ဘူး (မထည့်ပါဘုရား) ပါသေးရဲ့လား (မပါပါဘုရား)။

မပါတော့ တဏှာက ဒီလို လှည့်စားတတ်တော့ ဒကာ ကြွယ်တို့က မော့ပြီးထွက်တယ် (ထွက်ပါတယ် ဘုရား) အင်း ဘယ်သူ့ လက်အောက်ခံပါလိမ့် (အဝိဇ္ဇာ လက်အောက်ခံ ပါဘုရား)။

အဝိဇ္ဇာ လက်အောက်ခံ တဏှာကို လွှတ်လိုက်တော့ ဒကာ ကြွယ်တို့က တဏှာနဲ့တော့ ငယ်ပေါင်းဖြစ်နေတယ် (မှန်ပါ့) ငယ်ပေါင်း ဖြစ်နေပြီးတော့ ဦးဘအုန်းကြီးတို့ ပြေးဟာ ရန်ကုန် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ပြန်လာဟာ မန္တလေး (မှန်ပါ့)။

ဘာလုပ်တာတုံး ဦးဘအုန်းဆို ဘယ့်နှယ်ပြောမလဲ အို တဏှာ ခိုင်းတာ သွားရတာပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)။

ဘာတုံး (တဏှာ ခိုင်းတာ လုပ်ရတာပါ ဘုရား) အဲ ဘယ်သူ၏ ကိုယ်စားလှယ်ပါလိမ့် – သူ (အဝိဇ္ဇာ၏ ကိုယ်စားလှယ် ပါဘုရား) အဝိဇ္ဇာ၏ ကိုယ်စားလှယ်ဆိုတော့ ခင်ဗျားတို့ အ ဝိဇ္ဇာ၏ ကိုယ်စားလှယ် လက်အောက်ခံ လွှတ်လိုက်တဲ့ အတွက် ခင်ဗျားတို့ ဒါတော့ သေပွဲတွန်းပြန်ပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါ ပြီဘုရား) ဘာတွန်းလိုက်ပြန်သတုံး (သေပွဲတွန်းပြန်ပါတယ် ဘုရား)။

ဒါတောင် ခင်ဗျားတို့ကတော့ ဟုတ်ထင်ပါရဲ့ဆိုတဲ့ဥစ္စာ ဒကာကြွယ်တို့က ယောင်များ ပြောလိုက် သေးတယ် (မှန်ပါ့) မယောင်ဘူးလား တစ်ခါတစ်ခါ (ယောင်ပါတယ်ဘုရား)။

နောက်က ဒကာ ဒကာမတွေ သေသေချာချာ စဉ်းစားပါ ခင်ဗျားတို့ ဝမ်းထဲကိုက တစ်ခါတည်း အဝိဇ္ဇာက ကောင်းကောင်း မချုပ်သေးတော့ ယောင်ပြေးလာတယ် မောင်ဘသော် (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာ ကိုယ်စားလှယ် ကဏှာ လွှတ်လိုက်တယ်၊ တဏှာ လွှတ်လိုက်တဲ့အခါ တဏှာက ဟိုတိုက်ကြီး ကြည့်ပါလား၊ ဟိုကား ကြီးတွေ ကြည့်ပါလား၊ ဟိုမှာ ဝတ်ထားတာတွေ ကြည့်ပါလား အဲဒါတွေ ဘယ်လို ရှာလို့ရတာ၊ အဲဒါတွေရတဲ့ တစ်နေ့ကျတော့ ကိုယ်က ထိုင်နေတာပေါ့၊ ထိုင်ပြီး ဒီဝိဇ္ဇာဆီလုပ်တာပေါ့ (မှန်ပါ့) အခုတော့ ဝိဇ္ဇာ လုပ်ချင်ပေမယ့် မဖြစ်သေးဘူး၊ ဝမ်းရေးက လိုသေးတယ် (မှန်ပါ့)။

ဘယ်သူက ဝင်ဟောနေသတုံး (တဏှာက ဝင်ဟော နေပါတယ်ဘုရား) တဏှာက ဝင်ဟောတယ် (မှန်ပါ့) ဘယ်သူ့ လက်အောက်ခံတုံး (အဝိဇ္ဇာ လက်အောက်ခံပါ ဘုရား)။

အဲဒီမှာ ဒကာကြွယ်တို့က တရားက နာနေကျဖြစ်နေ – တော့ တဏှာ တရားက နာနေကျ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီဘုရား)။

တဏှာ တရားနာလို့ပေါ့ဗျ၊ ခင်ဗျားတို့ တစ်ခါတလေကျ တော့ ဟေ နိဗ္ဗာန် မရမီစပ်ကြား မတော်များ ဆင်းရဲ နေရင် ခက်ချေရဲ့ ဆိုပြီး နိဗ္ဗာန် မရမီစပ်ကြားကလေးများ ထည့်လိုက် သေးတယ် (မှန်ပါ့) ဘယ်သူက အထည့်ခိုင်းတာတုံး (တဏှာက အထည့်ခိုင်းတာပါ ဘုရား)။

အဲဒါ ခင်ဗျားတို့က ကျွန်တော်မျိုး ပီပီ ထည့်ဦးမှ ထည့်ဦးမှ (မှန်ပါ့) ဒကာကြွယ် မလာဘူးလား (လာပါတယ်ဘုရား) ဒါ ဘယ်သူ့လက်အောက်ခံတုံးဗျ (အဝိဇ္ဇာ လက်အောက်ခံ ပါဘုရား)။

တဏှာက ဆုတောင်းတော့ ဘာသစ္စာရသလဲ (ဒုက္ခ သစ္စာရပါမယ်ဘုရား)။

အို ဒုက္ခသစ္စာ မင်းမပြောနဲ့၊ မင်းက ကောင်းတယ် ချည့်ပြော ငါကဖုံးထားတယ် (မှန်ပါ့) အဝိဇ္ဇာက (မှန်ပါ့)။

အဝိဇ္ဇာက ဖုံးထားတယ်၊ တဏှာ မင်းကကောင်းတယ် သာပြော၊ သူတို့က တကယ်လို့ ထိုးသွင်းလာလို့ရှိရင် ငါက ဒီ ဥစ္စာကို ဖုံးထားမယ် ကောင်းတဲ့ဘက်သာ ပြမယ်ဆိုတဲ့ သေကာ နီးကို မပြဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။

တရုတ်ပြည် သွားသလိုပေါ့ဗျာ၊ တရုတ်ပြည် လာပါတဲ့ ဆိုပြီး သွားတော့ ကောင်းတာတွေချည်း ထိုးပြတယ်၊ နောက်ပိုင်း ငတ်နေတာ ထည့်မှ မထည့်တော့ဘဲ၊ အဲဒီလို ဖြစ်နေတာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

အဲဒီလိုဖြစ်နေတဲ့ဥစ္စာ ခင်ဗျားတို့က ရှေ့လမ်းကြီးတွေ ကြည့်ပြီး ဟုတ်တယ် ထင်နေ၊ တော်တော်ကြာ မသာ ပို့ရတာတော့ သိတာ မဟုတ်ဘူး (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) တော်တော်ကြာလို့ရှိရင် ဘယ်သူဟာ တိုက်ကြီးနဲ့ တာကြီးနဲ့ သိန်း ပေါင်း ဘယ်လောက် ချမ်းသာတယ်၊ တော်တော်ကြာ မသာ ဖိတ်စာ ရောက်လာတယ် (မှန်ပါ့)။

ဦးဘအုန်း ဘာတဲ့တုံး (မသာဖိတ်စာရောက် လာပါတယ် ဘုရား) မသာ ဖိတ်စာ ရောက်တော့ ဒကာကြွယ်တို့က ဖြစ်မှ ဖြစ်ရပလေ သူ့တပည့်တော်တို့နဲ့ သိပ်ခင်တာ (မှန်ပါ့)။

အင်း-ခင်တာ မခင်တာ လိုရင်းမဟုတ်ဘူး၊ သေတာ – မသေတာ ရှုပ်မနေနဲ့ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

အဲဒါ ခုနင်က မသာခန်း ကိုယ်ကဖွင့်ထားလို့ မသာဖြစ် ရတာ(မှန်ပါ့)။

အဝိဇ္ဇာနဲ့ တဏှာက ဝင်ရိုးလှည့်ပေး

ဒါဖြင့် မသာ အလုပ်ဟာ ဒကာ ဒကာမတို့ ဘယ်သူ၏ အလုပ်လဲ (တဏှာ၏အလုပ်ပါ) အဝိဇ္ဇာ, တဏှာတို့၏ အလုပ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) မသာဖြစ်လေသမျှ (အဝိဇ္ဇာ တဏှာ၏ အလုပ်ပါ ဘုရား) မသာ သိမ်းချင်ရင် (အဝိဇ္ဇာတဏှာ သိမ်းရပါမယ်) အဝိဇ္ဇာတဏှာချုပ် ပြီးတာပေါ့ (မှန်ပါ့)။

ဒါကြောင့် ဒီမှာကြည့်ပါလား နှစ်ခုပါတယ်၊ အဝိဇ္ဇာနဲ့ တဏှာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ ဝင်ရိုးပေါ်မှာ နေတယ်၊ တို့က လှည့်ပေးမယ်လို့ ပြောလို့ ဒါတွေလှည့်သွားတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ။

သူတို့က ဝင်ရိုးတွေ၊ အဝိဇ္ဇာနဲ့ တဏှာက ဝင်ရိုး (မှန်ပါ့) သတ္တဝါတွေကို တစ်ခါတည်း သေလမ်းချည့် လှည့်လှည့်ပေး တယ် (မှန်ပါ့) ပဋိသန္ဓေနေခန်း လှည့်ပေးလိုက်၊ သဘောကျ ပလား (ကျပါပြီ)။

ဒါဖြင့် လှည့်ကြည့်ပါလား၊ ဒကာ ဒကာမတို့ သေလမ်း ချည့် ခဏခဏ တွေ့ရတယ်ဆိုတာ သူက လှည့်လှည့်နေတာ၊ သူက ဝင်ရိုးကြီးဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

အင်း သူက ဘာပါလိမ့် (ဝင်ရိုးပါဘုရား) ဘာတွေ လှည့်ပေးနေသလဲ (သေပွဲချည့် လှည့်ပေးနေပါတယ် ဘုရား)။

သေပွဲတွေ လှည့်ပေးလိုက်တယ်၊ သမုဒယသစ္စာ လှည့် ပေးလိုက် ဒုက္ခသစ္စာ (လှည့်ပေး ပါတယ်) သမုဒယသစ္စာ (လှည့်ပေးပါတယ်) ဒုက္ခသစ္စာ (လှည့်ပေးပါတယ်) ဒီအဝိဇ္ဇာ နဲ့ တဏှာက ဝင်ရိုး လှည့်နေတယ် (မှန်ပါ့ ဘုရား) ဒါကြောင့် ခင်ဗျားတို့ အသေထပ်၊ ဆင်းရဲထပ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီဘုရား)။

ဒါဖြင့် အာသဝ, ဝင်ရိုးဆိုတာ- ဒကာကြွယ်ပေါ်ပလား (ပေါ်ပါပြီ) ကာမာသဝတို့ဟာ ဒါက ကာမာသဝ၊ ဘဝါသဝ၊ ဒါက အဝိဇ္ဇာသဝ၊ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား) အာသဝ, ဝင်ရိုးကြီး လှည့်လိုက်တယ်ဆိုပေမယ့် မောင်ဘသော် ဒါကြီးဟာ ဒီအတိုင်း နေသလား၊ လှည့်နေ သလား (လှည့်နေပါ တယ် ဘုရား) အသေတွေ ဆက်နေတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

ဒါဖြင့် သူလှည့်လိုက်ပြီဆိုမှဖြင့် ဘာသစ္စာတွေချည့် တွေ့ နေရသတုံး (သမုဒယနဲ့ ဒုက္ခတွေ့ ရပါတယ်) သမုဒယနဲ့ ဒုက္ခကို သူလှည့်ပေးနေတာ (မှန်ပါ့) သဘောပါကြပလား (ပါ ပါပြီ) သမုဒယနဲ့ ဒုက္ခကို (လှည့်ပေး နေပါတယ် ဘုရား) အဲ အာသဝဝင်ရိုးက လှည့်ပေးနေတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီဘုရား)။

အာသဝဝင်ရိုး

အင်း ဘယ်သူက လှည့်သတုံး (အာသဝ, ဝင်ရိုး က လှည့်ပါတယ်) သူသာ ဒီဝင်ရိုးကြီးက လှည့်ပေးမယ် ဆိုရင် ဒကာ ဒကာမတို့ ဒါကြီးက ဒီလို သွားနိုင်ပါ့မလား (မသွား နိုင်ပါဘုရား)။

သူက လှည့်ပေးနေတာ (မှန်ပါ့) ဒီအသေကြီးဟာ ဟို ဘက် ရောက်လိုက်၊ ဒီဘက် ရောက်လိုက်နဲ့ အသေတွေလှည့် ရောက်နေတာ (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါ တယ်ဘုရား)၊ အင်း ဘယ်သူက လှည့်တာပါလိမ့် (အာသဝ, က လှည့်တာပါ ဘုရား) ဒါ့ကြောင့် ဒီဥစ္စာ ပါလာတာ ဒကာကြွယ်ရ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ခင်ဗျားတို့ ဟော အခု ဥပမာ ဗြဟ္မာပြည် သေတယ် ဆိုပါဦးတော့၊ တော်တော် ကြာကျတော့ လူ့ပြည်သေတယ် (မှန်ပါ့) ဟော တော်တော်ကြာ သူလှည့်လိုက်လို့ရှိရင် ငရဲ ပြည်နေတယ်၊ အောက် ရောက်သွားမှာပဲ (မှန်ပါ့ ဘုရား)၊ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

တော်တော်ကြာကျတော့ တိရစ္ဆာန်ဘုံ ဆိုပြီး ဒီရောက် လာဦးမှာပဲ၊ မရောက်ပေဘူးလား (ရောက်ပါတယ်) ဘယ်သူက လှည့်ပေးသတုံး (အာသဝ,က လှည့်ပေးတာပါ) အာသဝ အဝိဇ္ဇာနဲ့ တဏှာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီနေ့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်ပြီ (မှန်ပါ့)၊ တဏှာက အလောဘ ဖြစ်ပြီ ဆိုတော့ ဝင်ရိုး နေရာ မှာ ပြောင်းသွားတယ်၊ မပြောင်းဘူးလား (ပြောင်းပါတယ် ဘုရား)။

အဝိဇ္ဇာက ဘာဖြစ်သတုံး (ဝိဇ္ဇာ ဖြစ်ပါတယ် ဘုရား) တဏှာက ဘာဖြစ်သတုံး (အလောဘ ဖြစ်ပါတယ်) အလောဘ ဆိုတော့ မလိုချင်တာ (မှန်ပါ့)။

အဲဒီတော့ ဝင်ရိုးကြီး ဘယ့်နှယ် နေသတုံး ဒကာကြွယ် ရ (ကျိုးသွားပါတယ်ဘုရား) ဝင်ရိုး ကျိုးသွားရင် လှည့်ပေးမည့် လူ ရှိသေးရဲ့လား (မရှိပါဘုရား)။

ကဲ ဒါဖြင့် ဒီကလဲ မစ,တော့ဘူး (မှန်ပါ့)၊ ဒီကလဲ မစ,တော့ဘူး (မှန်ပါ့)၊ သဘောကျရဲ့လား ၊ (ကျပါတယ် ဘုရား)။

ဒီသမုဒယသစ္စာကော စ,သေးရဲ့ လား (မစ, ပါ ဘုရား)၊ ဒီသမုဒယသစ္စာ ဒီအစကော စ, နိုင်သေးရဲ့လား (မစ, နိုင်ပါဘုရား)၊ ဘာဖြစ်လို့တုံး ဒီဝင်ရိုး နှစ်ခုဟာ သူတို့နှစ်ခု လှည့်ပေးနေတာ (မှန်ပါ့)၊ သူတို့နှစ်ခုက ဒီဝင်ပြီး လှည့်နေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီနေ့ ဘာတရားနာသတုံး မေးတော့ သြော် တို့သံသရာမှာ အသေနေရာ မရွေးနိုင်အောင် ဖြစ်, သေနေတဲ့ ဝင်ရိုးဖြင့် ပြုတ်ပေပေါ့ (မှန်လှပါ ဘုရား)၊ ဦးဘအုန်း သဘောကျ ပလား (ကျပါပြီဘုရား)။

ဒီနေ့ ဘာတရားဟောသတုံး၊ ဝင်ရိုးကျိုးတဲ့တရား ဟော တယ် (မှန်ပါ့)၊ ဘာဝင်ရိုးပါလိမ့်မတုံး (အာသဝ, ဝင်ပါ)။

ဖြစ်ပျက်မြင်တဲ့ ဝိဇ္ဇာနဲ့ဝင်ရိုးချိုးပါ

အာသဝ-ဝင်ရိုး (မှန်ပါ့)၊ ဒကာကြွယ် နေရာကျ ပလား၊ (ကျပါပြီဘုရား)၊ အင်း ဘာနဲ့ ချိုးကြ သတုံးဆိုတော့ ဖြစ်ပျက်မြင်တဲ့ ဝိဇ္ဇာနဲ့ ချိုးလိုက်တယ် (မှန်ပါ့)၊ ဖြစ်ပျက် မလို ချင်တဲ့ အလောဘနဲ့ ချိုးလိုက်တယ် (မှန်ပါ့ ဘုရား)။

လောဘလာလဲ လောဘ တဏှာကို အလောဘနဲ့ သတ်တယ် (မှန်ပါ့) မသိတာကို သိတာနဲ့ သတ်တယ် (မှန်ပါ့)၊ ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီဘုရား) မသိတာ ကို (သိတာနဲ့ သတ်ပါတယ် ဘုရား) လိုချင်တာကို (မလို ချင်တာနဲ့ သတ်ပါတယ် ဘုရား)။

မလိုချင်တဲ့ အလောဘနဲ့ သတ်လိုက်တော့ ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်များမှာ တဲ့၊ ဒုက္ခသစ္စာကလဲ သိသွားတယ်၊ (မှန်ပါ့)၊ သိတော့ အဝိဇ္ဇာက ရှိသေးရဲ့လား (မရှိပါဘုရား) ဒုက္ခသစ္စာမှန်း သေသေ ချာချာ သိတော့လဲ လိုချင်သေးရဲ့လား (မလိုချင်ပါဘုရား) မလိုချင်တော့လဲ လိုချင်တဲ့လောဘကလဲ ရှိသေးရဲ့လား (မရှိပါဘုရား) ဒါဖြင့် ဒီနေရာမှာ အဝိဇ္ဇာက ဘာဖြစ်သတုံး (ဝိဇ္ဇာ ဖြစ်ပါတယ် ဘုရား)၊ တဏှာက ဘာလာ ဖြစ်သတုံး (အလောဘ လာဖြစ်ပါတယ်)။

ဒါဖြင့် သူတို့လှည့်မှဖြစ်မှာ၊ သူတို့က လှည့်မှ မလှည့်တော့ ပဲ (မှန်ပါ့) ဒီတရားတွေက နိဗ္ဗာန်ပဲ သွားတယ်-(မှန်ပါ့) ဝိဇ္ဇာကလဲ နိဗ္ဗာန်ပဲ သွားတယ်၊ သဘောကျပလား (ကျပါပြီဘုရား) အလောဘ ကလဲ နိဗ္ဗာန်ပဲ ပို့တယ် (မှန်ပါ့)။

ကဲ သူလှည့်လိုက်တာ ဒကာကြွယ် အသေတွေဟာ သေပေါင်းကို နေရာ ထပ်နေပြီ (မှန်ပါ့) သူက တစ်ဝီဝီ လှည့်နေလို့ ရှိရင် အသေ မထပ်ပေဘူးလား (ထပ်ပါတယ် ဘုရား) သဘောပါကြပလား (ပါ-ပါပြီဘုရား)။

ဒါဖြင့် သူတို့ မချုပ်သရွေ့ ကျုပ်တို့လှည့်ပြီး သေခိုင်းဦး မှာပဲ (ခိုင်းပါတယ်ဘုရား) ဦးဘအုန်း ဘယ်လိုမှတ်မလဲ (လှည့်ပြီး အသေခိုင်းဦးမှာပါ ဘုရား) သူတို့က ဝင်ရိုးဗျ (မှန်ပါ့ ဘုရား) အာသဝ, ဝင်ရိုးဆိုတာ ဒါပဲ (မှန်ပါ့)။

အင်း မင်းတို့ အထက်လဲ အသေခိုင်းမယ် (မှန်ပါ့ ဘုရား) ဘေးလဲ (အသေ ခိုင်းမယ်) အောက်လဲ (အသေ ခိုင်းမယ်) တစ်ဖန် ဘေးလဲ(အသေ ခိုင်းမယ်) ဒါဖြင့် သေတဲ့ နေရာကို ကျုပ်တို့ ထပ်နေပြီ (မှန်ပါ့ ဘုရား) သူလှည့်တာ သူလှည့် တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ် ဒါဖြင့် အာသဝ, ဝင်ရိုးမကျိုးသရွေ့ ကာလ ပတ်လုံး တော်ပါ့မလား (မတော်ပါ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာနဲ့ တဏှာ ချုပ်ရလိမ့်မယ် (မှန်ပါ့ ဘုရား) အဝိဇ္ဇာနဲ့ တဏှာ ချုပ်ရင် ဝင်ရိုး ကျိုးပြီ၊ ဒါကြီးဟာ အောက်မှာ ပြားသာ နေစရာ ရှိတယ်၊ ဒီအတိုင်းမလည်တော့ဘူး (မှန်ပါ့ ဘုရား) လည်နိုင် ပါ့မလား (မလည်နိုင်ပါဘုရား)။

ကဲ ဒါဖြင့် ဒကာကြွယ် အလုပ်လုပ်ကြစို့နော် (မှန်ပါ့ ဘုရား) အလုပ်-မလုပ်ရင် ဒီဝင်ရိုး မကျိုးဘူး (မကျိုး ပါဘုရား)။

ကိုင်း ဒါဖြင့် ဦးဘအုန်းတို့ အလုပ်လုပ်ပါ (မှန်ပါ့) ဥပမာမယ် ခင်ဗျားတို့ မက်တဲ့ စိတ်ကလေး ပေါ်လာ တယ် (မှန်ပါ့) ကဲ ဒကာကြွယ်က ဖြစ်ပျက်ရှု၊ ဖြစ်ပျက် ရှုလိုက်တော့ကို မက်တဲ့ စိတ်ကလေး ဟာလဲ မက်တဲ့ ယောက်ျားဖြင့် ယောက်ျား၊ မိန်းမဖြင့် မိန်းမပေါ့ဗျာ (မှန်ပါ့) မက်နေတဲ့ မိန်းမ၊ မက်နေတဲ့ ယောက်ျားဟာ တစ်ခါတည်း ဖြစ်ပျက်ရှု လိုက်တော့ကို အင်း-တစ်ယောက် သေပြန်ပြီလို့ မသိဘူးလား (သိပါတယ်ဘုရား) သိရတယ် ဆိုတာ ရှင်းပြီနော် (ရှင်းပါပြီ)။

ဘာနဲ့ ကြည့်သားဆိုတော့ ဝိဇ္ဇာနဲ့ ကြည့်လိုက်တာ (မှန်ပါ့ ဘုရား) ဒါဖြင့် ဒီအသေမျိုး လိုချင်သေး သလားလို့ မေးတော့ (မလိုချင်ပါဘူး ဘုရား)။

မလိုချင်တော့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်တယ်၊ တဏှာက အလောဘ ဖြစ်တယ် (မှန်ပါ့ ဘုရား) ဝင်ရိုးကျိုးတယ် (မှန်ပါ့) မကျိုးသေးဘူးလား (ကျိုးပါတယ် ဘုရား) ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ် ဝင်ရိုးကျိုးတယ် (မှန်ပါ့ ဘုရား) ဒကာကြွယ် ဖြစ်ပျက် မြင်တဲ့ပုဂ္ဂိုလ် (ဝင်ရိုးကျိုး ပါတယ်ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ ဒကာကြွယ်၏ အသေကို ဒကာကြွယ်မြင်ပေါ့ကိုး (မှန်ပါ့) ဒကာကြွယ် ကုသိုလ် စိတ်ကလေး နဲ့နေတာ ကုသိုလ်စိတ်ကို ဒကာကြွယ်က ဖြစ်ပျက် ရှုလိုက်စမ်း (မှန်ပါ့) ကုသိုလ် လုပ်နေမယ့် ဒကာကြွယ် ရှိသေးသလား (မရှိပါဘုရား) မရှိတော့ ဒကာကြွယ် သေပြီ (သေပါပြီ ဘုရား)။

ဪ ဒါဖြင့် အသေမြင်တာက ဝိဇ္ဇာ (မှန်ပါ့) နောက် ဒီလိုအသေမျိုး လိုချင်သေးရဲ့လား (မလိုချင်ပါ ဘုရား) မလိုချင်တာက အလောဘ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘယ့်နှယ်တုံး (ဘေးဘက် လှည့်ပြီး သေရ ပါတယ်ဘုရား) ဟ ဘယ်သူက လှည့်ပေး နေလို့ပါလိမ့် (အဝိဇ္ဇာနဲ့ တဏှာက လှည့်ပေးပါတယ်) ဟာ သူက ဝင်ရိုး လား (မှန်ပါ့ ဘုရား) ရှင်းကြပြီနော် (ရှင်းပါပြီဘုရား)။

အင်း ဘယ်သူ လှည့်ပေးနေတာတုံး (အာသဝ လှည့်ပေးနေတာပါ ဘုရား) ဒါဖြင့် အသေ မမြဲတာလဲ ဘယ်သူတုံး (အာသဝ ဝင်ရိုးပါဘုရား) အနေ မမြဲတာလဲ (အာသဝ ဝင်ရိုးပါဘုရား) ရှင်းပြီ (ရှင်းပါပြီ) အနေ မမြဲတာလဲ အာသဝ ဝင်ရိုး၏ လှည့်မှု (မှန်ပါ့ ဘုရား) အသေ မမြဲတာလဲ (အာသဝ ဝင်ရိုး၏ လှည့်မှုပါဘုရား)။

ဪ ဝင်ရိုး ကျိုးသွားတော့ ဦးဘအုန်းရေ စိတ်ချရ ပေပေါ့ (မှန်ပါ့ ဘုရား) ဒီတစ်ခါတော့ ဘယ်နေရာမှ မရွေ့ ရတော့ဘူး ဆိုတဲ့ နိဗ္ဗာန် ရောက်တယ် (မှန်ပါ့ ဘုရား) ဘယ်နေရာမှ မတွေ့ရတဲ့ (နိဗ္ဗာန် ရောက်ပါတယ် ဘုရား)။

အင်း ဘာ့ကြောင့်ပါလိမ့် (အာသဝ ဝင်ရိုးကျိုး လို့ပါဘုရား) အာသဝ- ဝင်ရိုးကျိုးလို့ ဆိုတော့ သေချာကြပလား (သေချာပါပြီ)။

ဝင်ရိုးကျိုးတဲ့တရား

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ယနေ့ တာတရား နာရသတုံး မေးရင် ဘယ့်နှယ် ပြောမတုံး (ဝင်ရိုး ကျိုးတဲ့ တရားပါ ဘုရား) ဝင်ရိုးကျိုးတဲ့ တရားနာ ရတယ်၊ သဘော ကျပလား (ကျပါတယ် ဘုရား)။

နို့ ဒီဝင်ရိုး ကျိုးတော့ ဒီဒေါက်တွေကော ဒကာ ဒကာမတို့ ဘာအသုံးကျသတုံး (မကျပါဘုရား) ဒီ-ဒေါက် တွေကော (မကျပါ ဘုရား) ဒီဒေါက်တွေကော (မကျပါ ဘုရား) ဒေါက်လေးထောက် အကုန်ဘာမှ အသုံး မကျတော့ ဘူး (မကျပါဘုရား) သဘောကျပလား (ပါပြီ)။

ဒီ အကွပ်ကြီးဟာကော ဘာအသုံးကျ သေးသတုံး (မကျ ပါဘုရား) ဒီဝဋ်တွေလဲ အကုန် ကျွတ်သွားတယ် (မှန်ပါ့) ဝင်ရိုးလေ(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘာလိုရင်းပါလိမ့် (ဝင်ရိုးပါ ဘုရား)။

ဒါ့ကြောင့် ဝင်ရိုး ကျိုးလို့ရှိရင် လှည်းများ ဒီဒေါက်တွေလဲ အလကား၊ ဒီဒေါက်လဲ အလကားပဲ၊ ဒေါက် လေးဒေါက် အလကားဖြစ်သွားတယ် (မှန်ပါ့)။

ဒေါက်လေးဒေါက် အုပ်ချုပ်ထားတဲ့ ဒီက သံပတ်ခွေကြီး ဟာကော (အလကားပါပဲဘုရား) အလကားပဲ။

ဒါကြောင့် ခင်ဗျားတို့ ဘုန်းကြီးပြောတဲ့အတိုင်း တရား ဟောတဲ့အတိုင်းသာ ဝင်ရိုး ကျိုးတဲ့ နည်းကို လုပ်ကြမယ်ဆိုလို့ ရှိရင်ဖြင့် ကဲ အသေလဲ မရှိတော့ပါဘူး၊ အနေ ဆင်းရဲ (မရှိတော့ပါ ဘုရား) အသေဆင်းရဲ (မရှိတော့ပါဘုရား) သောက ပရိဒေဝ အပူဆင်းရဲ (မရှိတော့ပါဘုရား) ဘာဖြစ်လို့ မရှိပါ လိမ့်မတုံး (ဝင်ရိုး ကျိုးလို့ပါဘုရား) လှည့်ပေးမည့် အာသဝ ကျိုးသွားတယ် (မှန်ပါ့)။

ဦးဘအုန်း ဘယ်သူကျိုးသတုံး (လှည့်ပေးမည့် အာသဝ ကျိုးပါတယ်ဘုရား) အာသဝ, ဝင်ရိုး ကျိုးတယ် ဆိုကတည်းက ဒကာ ဒကာမတို့ ပူစရာ ရှိသေးသလား (မရှိပါဘုရား)။

ဆင်းရဲသိမ်းတဲ့နည်း

အဲဒီလို ပို့လိုက်တဲ့ အခါကျတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဝင်ရိုးကျိုးလို့ သံသရာ မလည်ရတော့ဘူး (မှန်ပါ့) အသေမထပ်ရတော့ဘူးပေါ့ (မှန်ပါ့) သဘောပါ ပလား (ပါ-ပါပြီဘုရား)။

ကဲ ဒါဖြင့် ဒကာကြွယ်တို့ ဒီအလုပ်မှတစ်ပါး ကျုပ်တို့မှာ အသေ ဇာတ်သိမ်း တဲ့နည်း အအို ဇာတ်သိမ်း တဲ့နည်း ဆင်းရဲ ဇာတ်သိမ်းတဲ့နည်း သမုဒယ သိမ်းတဲ့နည်း ဒုက္ခသိမ်းတဲ့ နည်း မရှိပါဘူး (မရှိပါဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒကာကြွယ်တို့ ဦးဘအုန်းတို့ ဘာလုပ်ကြမှာ တုံးဗျ (ဖြစ်ပျက် ရှုရပါမယ် ဘုရား) ဖြစ်ပျက်မြင်အောင် ရှုပါ၊ သဘောကျ ပလား (ကျပါပြီ)။

ဖြစ်ပျက်ဆိုတာ ဘယ်သူ့ အသေတုံး (ကိုယ့် အသေပါဘုရား) အဲ ကိုယ့်အသေ ကိုယ်မြင်အောင်ကြည့် (မှန်ပါ့)

လူဟာ တစ်စိတ်တည်းနဲ့ အသက်ရှင်တာကိုး (မှန်ပါ့) တစ်စိတ်တည်းနဲ့ အသက်ရှင်နေတော့ ကဲ စားချင်တဲ့ စိတ်ကလေးနဲ့ ဒကာကြွယ် စားချင်တဲ့စိတ်ကလေး ပေါ်လာ တယ် (မှန်ပါဘုရား)။ အဲဒကာကြွယ်က ဖြစ်ပျက်ရှုလိုက် (မှန်ပါ့) စားချင်တဲ့ ဒကာကြွယ် သေတာပဲ (မှန်ပါ့)။

သေလိုက်တယ် ဆိုတော့ ဒုက္ခ ရောက်တယ်ဗျ (မှန်ပါ့) ဘာလုပ်သလဲ (ဒုက္ခရောက်ပါတယ်) ဒါဖြင့် ကြည့် တဲ့ဉာဏ်ကလေးက ဘာမြင်သတုံး (ဒုက္ခ ရောက်တာ မြင် ပါတယ်) ဒုက္ခသစ္စာ သွားမြင်တယ် (မှန်ပါ့) ဒုက္ခ ရောက်တဲ့ ဒုက္ခသစ္စာပဲ သွားမြင်တယ် (မှန်ပါ့)။

ဟ ဒီဒုက္ခမျိုး ဒကာကြွယ် နောက်ရချင်သေး သလား (မရချင်ပါဘုရား) မရချင်တော့ လောဘလာလဲ သေသွားတယ် (သေသွားပါတယ်) ရချင်တာက လောဘကိုး (မှန်ပါ့) မရချင်တော့ဘူး ဆိုတော့ အလောဘဖြစ်တယ် (မှန်ပါ့)။

ဒါဖြင့် ဝင်ရိုးဘယ့်နှယ်တုံး (ကျိုးသွားပါတယ်ဘုရား) ဝင်ရိုးကျိုးတယ် ဆိုလို့ရှိရင် ဘီးများ ဝင်ရိုး ကျိုးတယ် ဆိုလို့ရှိရင် သွားလို့ဖြစ်သေးရဲ့လား (မဖြစ်ပါဘုရား)။

အဲ သံသရာသွားလို့ လှည့်လည်လို့ မဖြစ်တော့ဘူး (မှန်ပါ့) ဦးဘအုန်း သံသရာလှည့်လို့ (မဖြစ်ပါ ဘုရား)။

အဝိဇ္ဇာနဲ့ တဏှာ ဆိုတဲ့ဝင်ရိုးက တစ်ခါတည်း ဝိဇ္ဇာဖြစ်သွားပြီ (မှန်လှပါ ဘုရား) အလောဘ ဖြစ်သွားပြီ (မှန်ပါ့) အဲဒီတော့ ဝင်ရိုးကြီး ကျိုးသွားပြီ (ကျိုးပါပြီဘုရား)။

အဲ လှည့်ပေးမည့်သူ ရှိသေးရဲ့လား (မရှိ ပါဘုရား) ဒါဖြင့် သံသရာ့ခရီးသည်တွေမှာ ဟိုရောက် ဒီရောက် နဲ့ အသေလှည့်သေးသလား (မလှည့်ရပါဘုရား)။

အင်း အထက် ဗြဟ္မာပြည် ဖြစ်လိုက် သေလိုက် မရောက်တော့ပါဘူး (မရောက်တော့ပါဘုရား) အောက်လူ့ပြည် ဖြစ်လိုက် သေလိုက်ကော (မရောက်တော့ပါဘုရား) ဘေး နတ်ပြည်ဖြစ်လိုက် သေလိုက်ကော (မရောက်တော့ပါ ဘုရား)။

မရောက်တော့ပါဘူး၊ လှည့်ပေးမည့်သူ ကုန်ပြီ (မှန်ပါ) အရင်တော့ သူလှည့်လို့ ကျုပ်တို့မှာ သေတဲ့နေရာတွေ ဟာ မမြဲဘူး (မှန်ပါ့) ဟို-သွားသေလိုက်၊ ဒီ-သွားသေလိုက်ရ လေးဘက် လှည့်သေ နေရတာပဲ (မှန်ပါ့)။

ဪ ဒါကြောင့် ဝိဇ္ဇာဥဒပါဒိ-တဲ့ (မှန်ပါ့) ဝိဇ္ဇာ-ဝိဇ္ဇာသည်၊ ဥဒပါဒိ-ဖြစ်ပေါ်လာ၏ (မှန်ပါ့ ဘုရား) အလောကော ဥဒပါဒိ၊ အင်း ရှေးက မှောင်ထဲမွေး မှောင်ထဲ သေတာ အခုမှပဲ အလင်း ရပေ တော့တယ် (မှန်ပါ့ ဘုရား) ဉာဏံ ဥဒပါဒိ အခုမှပဲ အသေလွတ်တဲ့ နေရာ မြင်ရပေတော့တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်ရှုမှ အဝိဇ္ဇာတဏှာချုပ်တယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက် ရှုမှု မှတစ်ပါး ဒကာ ကြွယ် အားထားစရာ မရှိဘူး (မရှိပါ ဘုရား) ဖြစ်ပျက် ရှုတော့ ဘာကျေးဇူး ရှိသတုံး ဆိုတာ ယနေ့ ပေါ်လာတယ် (ပေါ်လာပါ တယ်) အာသဝ, ဝင်ရိုး ကျိုးတယ် ဘုရာ့ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (အာသဝ, ဝင်ရိုး ကျိုးပါတယ်) ဘာရှုလိုက်လို့လဲ (ဖြစ်ပျက် ရှုလိုက်လို့ပါ) ဖြစ်ပျက်ဟာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) အဲ ဒုက္ခသစ္စာကို ဒုက္ခ သစ္စာမှန်း သိတာက ဝိဇ္ဇာ (မှန်ပါ့) ဒုက္ခသစ္စာကို ဒုက္ခသစ္စာ မှန်းသိလို့ မိမိ အသေမှန်း သိလို့ မလိုချင်တာက အလောဘ (မှန်ပါ့ ဘုရား) ဒါဖြင့် အဝိဇ္ဇာနဲ့ တဏှာချုပ်တယ် (မှန်ပါ့ ဘုရား) ဝိဇ္ဇာနဲ့ အလောဘ ရောက်လာတယ် (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ)။

နိဗ္ဗာန်ရပြီ

ဝိဇ္ဇာနဲ့ (အလောဘ ရောက်လာ ပါတယ်) ဒါဖြင့် ဝင်ရိုး ကျိုးတဲ့ ဘီးသည် ဘယ်မှ မလိမ့်တော့ ပါဘူး (မှန်ပါ့) ဦးဘအုန်း ဘယ်လိုတုံး (ဘယ်မှ မလိမ့်တော့ပါ ဘုရား)။

ဘယ်မှ မလိမ့်ဘူး ဆိုကတည်းက နိစ္စ နိဗ္ဗာန်၊ ဓုဝ- နိဗ္ဗာန် ဆိုတာ အမြဲတမ်း ရသွားပြီ (ရသွားပါပြီ) ဘယ်မှ မရွေ့ရတော့ဘူး (မှန်ပါ့)။

အခုတော့ ဒကာ ဒကာမတွေ ဒီနေရာ နေဦးမယ် ဆိုရင် ခင်ဗျားတို့ ရွှေ့ကြရော့ (မှန်ပါ့) ဟိုနေလဲ, ဒီနေရာ ဆိုလဲ အချိုး မကျဘူး၊ စစ်တွေ ကျနေတယ် ဆိုရင်ကော (ရွှေ့ရမှာ ပါဘုရား) ဟာ ခင်ဗျားတို့ ရွှေ့ကြပါဦး ဆိုရင်ကော (ရွှေ့ရမှာပါဘုရား)။

ဦးဘအုန်း ခင်ဗျားတို့နေရာ မြရဲ့လား (မမြဲပါဘုရား) အနေ မမြဲရင် အသေကော (မမြဲပါ ဘုရား)။

အသေလဲ ဘယ်နေရာရယ်လို့ ရေထဲ သေရမလား ဘုရာ့၊ ကုန်းပေါ် သေရမလား ဘုရာ့၊ မပြောတတ် သေးဘူးဘုရာ့ (မှန်လှ ပါ ဘုရား)။

ဒါဖြင့် အသေ မမြဲဆိုတာ ဒီဝင်ရိုးပဲကိုး (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ)။

အခုတော့ ဒီဝင်ရိုးကျိုး သွားတဲ့ အလုပ်ကို ခင်ဗျာတို့က လုပ်ကြတယ် ဆိုရင် အနေကော (မြဲပါတယ်ဘုရား) မြဲသွား ပြီ အသေကော ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။

ဒါဖြင့် အနေမြဲ, အသေမရှိအောင် ဒကာ ဒကာမတို့ ဝင်ရိုး ကျိုးအောင်လုပ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) ဦးဘအုန်း ဘာလုပ်မယ် (ဝင်ရိုး ကျိုးအောင် လုပ်ပါမယ် ဘုရား)။

အဲ ဝေဒနာကြိုက်ရင် ဝေဒနာ ဖြစ်ပျက်ရှု (မှန်ပါ့) စိတ်ကြိုက်တဲ့ ပုဂ္ဂိုလ်ဖြင့် (စိတ်ကို ဖြစ်ပျက် ရှုပါမယ် ဘုရား)။

အဲ ရှုနေတဲ့ ဉာဏ်သည် ဝင်ရိုး ကျိုးအောင် လုပ်နေ တာပဲ (မှန်ပါ့ ဘုရား) ရှုနေတဲ့ ဉာဏ်သည် (ဝင်ရိုးကျိုး အောင် လုပ်တာပါ) ပေါ်ပလား (ပေါ်ပါပြီဘုရား)။

ကဲ နာရီစေ့ပြီ တော်ကြဦးစို့။

သာဓု သာဓု သာဓု။