“ကာမဂုဏ်တို့၏အပြစ်ကို သမုဒ္ဒရာ ခြောက်စင်းဖြင့်ပြပုံ”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာရိပ်သာ ကျောင်းတိုက်၌
ဟောကြားတော်မူအပ်သော
“ကာမဂုဏ်တို့၏အပြစ်ကို သမုဒ္ဒရာ ခြောက်စင်းဖြင့်ပြပုံ”
ည-အလုပ်ပေး တရားတော်
(၁၈-၁၂-၆၀)
အိမ်မက်နဲ့တူတယ်
သုပိန ကူပမာ ကာမ၊ ဣတ္တရ ပစ္စုပဋ္ဌာန ဋ္ဌေနာ။
ယာစိတ ကူပမာ ကာမာ၊ တာဝကာ လိကဋ္ဌေနာ။
ခန္ဓာငါးပါး မင်းတို့ရှာထားတဲ့ပစ္စည်းတွေ၊ ဒါတွေဟာ အိမ်မက်နဲ့တူတယ်လို့ မှတ်ထားရမယ်၊ ခန္ဓာငါးပါးရော၊ ရှာထားတဲ့ ပစ္စည်းတွေရော ဘာနဲ့တူသတုန်း (အိမ်မက်နဲ့တူပါတယ် ဘုရား)၊ အိမ်မက်နဲ့တူတယ်။
အိမ်မက်ထဲ ရွှေတွေကောက်ရ၊ ငွေတွေကောက်ရ၊ နန်းတော်ကြီးတွေနဲ့ ရှင်ဘုရာများဖြစ်လို့၊ နိုးလာတော့ ဘာများရှာတွေ့သေးသတုန်း (မတွေ့ပါ ဘုရား)၊
ဒီ-ပစ္စည်းတွေဟာလဲ ထို့အတူပဲတဲ့၊ ခန္ဓာငါးပါးဟာ အိမ်မက်နဲ့အတူတူပါပဲ၊ ခဏလေးတည်တာ၊ တော်ကြာဘာမှရှာမတွေ့ဘူး၊ မင်းတို့စားခဲ့တယ်၊ သောက်ခဲ့တယ်၊ ဝတ်ခဲ့တယ် ဆိုတာတွေဟာ အခုရှာတွေ့ သေးသလား (မတွေ့ပါ ဘုရား)၊
ဒါဖြင့် အိမ်မက်သလိုပဲ၊ အခုရှာတော့ ဘာမှမတွေ့ဘူးဆိုသဖြင့် ခိုင်ခန့်တယ်၊ တည်တံ့တယ်၊ ပိုင်ဆိုင်တယ် ဆိုတဲ့ သဘောဟာ ဘယ်နည်းနဲ့မှမရှိနိုင်ဘူး (မှန်ပါ့)။
တိုသောကာလ၊ တိုသော အခိုက်အတန့်
ခန္ဓာငါးပါးနှင့်တကွ ရှာထားတဲ့ပစ္စည်း၊ သား-သမီး၊ အလုံးစုံသည် တိုသောကာလ၊ တိုသော အခိုက်အတန့်၌ သာဖြစ် – ပျက်တတ်သောကြောင့် အိမ်မက်နဲ့တူတယ်လို့ ဘုရားကဟောလိုက်တယ် (မှန်ပါ့)၊
အိမ်မက်နဲ့တူတယ်လို့ ဆိုတာကို မှတ်ထားကြပါ၊ အိမ်မက်ထဲမှာ ရွှေးကောက်ရ-ရ၊ ငွေကောက်ရ-ရ၊ တိုက်ကြီးတည်နေ-နေ၊ ကားကြီး ဝယ်ထား-ထား၊ နိုးလားရင်ဘာမှရှာမတွေ့ဘူး၊ ဒီမှာဘဲ ခဏနေ ဘာမှရှာမတွေ့တော့ဘူး။
ဒါဖြင့် – အိမ်မက်ဆိုတာသည် ရှာမတွေ့တဲ့ ပစ္စည်းမျိုးကို လူပုဂ္ဂိုလ်တွေက ဘာလုပ်နေကြသတုန်း ဆိုလို့ရှိရင် ဖြင့် ခိုင်မြဲတယ်လို့ ထင်ပြီး သကာလ နေကြတယ်၊ ဤကဲ့သို့ ခိုင်မြဲတယ်ထင်ပြီးနေကြတဲ့ အလုပ်ဟူသရွေ့သည် အိမ်မက် အကြောင်းနဲ့တူတာကို နားမလည်မှုရှိနေတာလို့ မှတ်လိုက်ပါ (မှန်ပါ့)။
ခန္ဓာငါးပါးနဲ့ရှာထားတဲ့ ပစ္စည်းတွေဟာ ဘာနဲ့တူသတဲ့တုန်း (အိမ်မက်နဲ့တူပါတယ် ဘုရား)၊ အိမ်မက်နဲ့တူတယ်လို့ တင်လှတို့က မှတ်ထားရမယ် (မှန်ပါ့)၊
အိမ်မက်နဲ့ တူတဲ့ပစ္စည်း
မင်းတို့ငယ်ငယ်တုန်းက ဝတ်စားခဲ့တဲ့ အထည်တွေ၊ အစားသောက်တွေ၊ ပျော်ခဲ့ပါးခဲ့တာတွေဟာ ဘာများရှာတွေ့သေးသတုန်းလို့ မေးလို့ရှိရင် ဘယ့်နှယ်ပြောကြမှာလဲ (မတွေ့ပါ ဘုရား)၊
ဒါဖြင့် အိမ်မက်-မက်သလို့ပဲပေါ့၊ အခုရှာမတွေ့တော့တာ (မှန်ပါ့)၊ အိမ်မက်နဲ့ တူတဲ့ပစ္စည်းကို အိမ်မက်နဲ့တူတယ်လို့ဘဲ မသိလို့ ရှိရင်ဖြင့် ဒါ ခင်မှု၊ မင်မှု၊ ကြင်နာမှုဆုတဲ့ တဏှာ၊ ဥပါဒါန်၊ ကံတွေလာမှာပဲ (မှန်လှပါ ဘုရား)။
အိမ်မက်နဲ့တူတာကို အိမ်မက်နဲ့တူတယ်၊ ငှားရမ်းထားတဲ့ ပစ္စည်းနဲ့တူတာကို ငှားရမ်းထားတဲ့ ပစ္စည်းနဲ့ တူတယ်လို မှတ်ရမယ်၊ တစ်နည်းအားဖြင့်လည်း ငှားရမ်းထားတဲ့ပစ္စည်းဆိုတော့ တော်ကြာ ပြန်ပေးလိုက်ရတာပဲ (မှန်ပါ့)၊
တော်ကြာ ခြစားလို့ကုန်တာနဲ့၊ နိုင်လိုမင်းထက် ယူသွားလို့ကုန်တာနဲ့၊ ခန္ဓာကိုယ်ကြီးကို ဇရာ – ဗျာဓိတွေက ခိုးယူသွားလို့ ဘာမှမကျန်ရစ်တာတွေမရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဒါဖြင့် ဒီခန္ဓာကိုယ်ဟာ အိမ်မက်နဲ့တူတဲ့ ပစ္စည်းတွေနဲ့ တူပါတယ်လို မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
အိမ်မက်နဲ့လဲတူတယ်ဆိုတာရှာမတွေ့လို့၊ ငှားရမ်းထားတဲ့ ပစ္စည်းကလဲဆိုင်ရာတွေ ကသိမ်းသွားလို့၊ ကိုယ့်လက် ထဲကျန်ရစ်သေးရဲ့လား (မကျန်ရစ်ပါ ဘုရား)၊
ခန္ဓာထဲကလဲ ငှားရမ်းထားတဲ့ပစ္စည်း
ဒီမှာလဲ ခန္ဓာထဲကလဲ ငှားရမ်းထားတဲ့ပစ္စည်းတွေမို့ မျက်လုံးလဲ အကောင်း မကျန်ရစ်ဘူး၊ နားလဲ အကောင်းမကျန်ရစ်ဘူး၊ အသားအရေလဲ အကောင်းမကျန်ရစ်ဘူး၊ ဘာများ အခုချိန်အကောင်းတွေရှိ သေးသတုန်းလို့မေးရင် ဘယ့်နှယ်ဖြေကြမယ် (ဘာမှမရှိပါ ဘုရား)၊ ဘာမှအကောင်းဟူသရွေ့ ရှာကို မတွေ့တော့ဘူး (မှန်ပါ)၊
မောင်ထွန်းတင် မင်းဌားရမ်းထားတဲ့ မျက်လုံးကောင်းတွေ ပြန်ယူသွားကုန်ပြီပေါ့ကွ(မှန်ပါ့)၊ မျက်လုံးမွဲကြီးနဲ့ နေထိုင်ရတယ်ဆိုကတည်းက ငှားရမ်းထားတဲ့ ပစ္စည်းတွေမို့ ကာယကံရှင်တွေက သိမ်းသွားကုန်းပြီ (မှန်လှပါ ဘုရား)။
အဲဒါကြောင့် သာယာအပ်တဲ့သဘောဟာ အနည်းလေးရှိတယ်၊ ဒုက္ခပေးတဲ့အလုပ်သာလျှင် အများကြီးရှိတယ်လို့ မှတ်ရမယ်နော် (မှန်ပါ့)၊ အဲဒီတော့ မင်းတို့သိစရာက ငှားရမ်းထားတဲ့ ပစ္စည်းဟုတ်တယ်-မဟုတ်တယ်၊ အိမ်မက်နဲ့ တူတဲ့ပစ္စည်း ဟုတ်တယ်-မဟုတ်တယ်ဆိုတာကိုသိရမယ်၊ မင်းတို့ကို ဇရာသူခိုးကနေ့တိုင်းခိုးယူနေတယ် (မှန်ပါ့)၊
ဇရာသူခိုးကနေ့တိုင်းခိုးယူနေတယ်
မျက်လုံးထဲကလဲ ကောင်းတာလေးတွေ၊ ကြည်ကြည်လင်လင်မျက်လုံးတွေကို ဇရာသူခိုး – ခိုးသွားလို့ ဘာကျန်ရစ်သေး တုန်း (ဘာမှမကျန်ပါ ဘုရား)၊
တောင့်တင်းတဲ့အသားတွေကော (မကျန်ပါ ဘုရား)၊ လျော့ရဲတာတွေကျန်ရစ်နေကတည်းက တောင့်တင်းတာတွေခိုးယူသွားလို့ပေါ့ (မှန်ပါ့)၊ ဆံပင်တွေကို အခုကြည့်လို့ရှင်ရင်လဲ အနက်တွေခိုးပြီး အဖြူတွေချန်ပစ်ခဲ့ တယ်နော် (မှန်လှပါ့ ဘုရား)။
ဘယ်အချိန်ခိုးသလဲဆိုတော့ အချိန်တိုင်းခိုးတယ်လို့ အောက်မေ့ရမယ် (မှန်ပါ့)၊ ဘာဖြစ်လို့တုန်းလို့ မေးတဲ့အခါကျတော့ ငှားရမ်းထားတဲ့ပစ္စည်းမို့ပိုင်ရှင်က သိမ်းတာပဲ(မှန်ပါ့)၊ ငှားရမ်းတဲ့ ပစ္စည်းမို့ (ပိုင်ရှင်က သိမ်းတာပါ ဘုရား)၊ အဲဒီတော့ မင်းတို့ဟာ ဘာပါသေးတုန်းလို့မေးရင် (ဘာမှမပါ-ပါ ဘုရား)၊ ဪ ဘာမှမပါတာချည်း နဲ့ကြွာလို့ဆိုရမှာပေါ့ကွာ (မှန်ပါ့)၊ ဘာမှမပါဘဲနဲ့ ကြွားနေလို့ရှိရင် (အခြောက်ကြွားပါ ဘုရား)။
အခြောက်ကြွား-ကြွားနေ
အခြောက်ကြွားကို ဘယ်သူမှ အယုံအကြည်မရှိပါဘူးကွ (မှန်ပါ့)၊ အခြောက်ကြွား-ကြွားနေတဲ့ ပုဂ္ဂိုလ်ကို အယုံအကြည့်ရှိကြရဲ့လား (မရှိပါ ဘုရား)၊
အဲဒီတော့ မင်းတို့အခု ငါ့ဘာထင်လို့တုန်း၊ ငါ့ဘယ်လိုလူစားထင်လို့တုန်း လို့ဆိုပြီး သကာလ ကြွားနေတာဟာ ရှိတာနဲ့ကြွားနေတာလား၊ ငှားရမ်းထားတာနဲ့ ကြွားနေတာလား(ငှားရမ်းထားတာနဲ့ ကြွားနေတာပါ ဘုရား)။
အို မင်းတို့ ကျက်သရေမဂ်လာမရှိတဲ့ အကြွားကို မင်းတို့က ငှားရမ်းထားတဲ့ ပစ္စည်းမှန်းမသိ၊ ပိုင်ရှင်ကခဏခဏ သိမ်းနေတာလဲ မသိတော့၊ ကျန်တာလေး ငါ့ဟာလုပ်နေလို့ခက်တာ၊ ကျန်တာလဲ သိမ်းဦးမှာပဲကွ (မှန်ပါ့)၊ ကျန်တာကတော့ အခုဇရာကသိမ်းပြီးနောက် မရဏကသိမ်းသွားရင် မင်းတို့ဟာ ဘာကျန်သေးတုန်း (ဘာမှမကျန်ပါ ဘုရား)၊
အခု ဇရာကငှားရမ်းထားတဲ့ ပစ္စည်းတွေဖြစ်နေလို့ သိမ်းလိုက်တဲ့ဖြစ်ခြင်းဟာ အချိန်တိုင်းသိမ်းနေတာပဲ (မှန်ပါ့)၊ အကောင်းတွေဟူသရွေ့ အကုန်ယူသွားပြီး အဆိုးတွေချည်းချန်ထားတယ်၊ ဒီ-အဆိုးတွေကျတော့ မရဏကတံမြက်စည်း လှည်းသိမ်းယူဦးမှာကွ (မှန်ပါ)၊ မသိမ်းပေဘူးလား (သိမ်းမှာပါ ဘုရား)။
အငှားနဲ့ကြွားနေတာကွ
ဒါဖြင့် မင်းတို့သည် ငှားရမ်းထားတဲ့ပစ္စည်းနဲ့ ငါ့ဘာထင်လို့တုန်း၊ သူ့ဘာထင်လို့တုန်း၊ ငါ့ ဘယ်အမျိုးထဲက ထင်လို့တုန်း၊ ငါ့ ပစ္စည်းမွဲထင်လို့လား၊ အစရှိသည်နဲ့ ကြွားနေတဲ့ဥစ္စာ ဘာနဲ့ကြွားနေတာတုန်း၊ ပြောပါဦးကွ (အငှားနဲ့ပါ ဘုရား)၊ အငှားနဲ့ကြွားနေတာကွ (မှန်ပါ)၊
မင်းတို့ဟာဆိုလို့ ဆံပင်တစ်ပင် မပါ-ပါဘူး (မှန်ပါ)၊ ဆံပင်တစ်ပင်ဘယ်ပါမှာတုန်းကွ၊ သူ(ကံ) စိုက်ထားတာ (မှန်ပါ့)၊ သွားလေးတွေ အနေထားတည့်တဲ့ ပုဂ္ဂိုလ်လဲအတူတူပဲ၊ ကံတွေကစိုက်ထားတာ၊ ဥတုကစိုက်ထားတာ၊ အသားအရေတွေကျတော့ အာဟာရကလုပ်ထားတာ၊ မင်းတို့ဟာများ ဘာပါသေးတုန်း (မပါ-ပါ ဘုရား)။
တော်ကြာကျတော့ ဆိုင်ရာတွေက ပြန်သိမ်းသွားတော့၊ မင်းတို့မှာ ဘာများကျန်ရစ်သေးတုန်း (ဘာမှမကျန်ပါ ဘုရား)၊ ဒါဖြင့်မင်းတို့ အိမ်မက်-မက်သလိုပေါ့ခဏလေးရယ် (မှန်ပါ့)၊ အိမ်မက် – မက်တဲ့ပစ္စည်း ရှာမတွေ့သလို ငှားရမ်းထားတဲ့ ပစ္စည်းလာသိမ်းသွားသလို၊ ဒီခန္ဓာကိုယ်ကြီးနဲ့တကွ ခန္ဓာကိုယ်ကြီးထဲမှာရှိတဲ့ ပစ္စည်းတွေဟူသရွေ့ကဖြင့် ငါ့ဟာဆိုလို့တစ်ခုမရှိဘူးလို့ ဉာဏ်နဲ့စဉ်းစားလိုက်ရင် ငါပိုင်၊ ငါ့ဥစ္စာဆိုတာ ရှာလို့ကိုမတွေ့ပါဘူး (မတွေ့ပါ ဘုရား)။
ဘာပစ္စည်းတွေတုန်းမေးတော့ အိမ်မက်ထဲကပစ္စည်းနဲ့ တူတာကတစ်မျိုး၊ ငှားရမ်းထားတဲ့ပစ္စည်းမို့ ပိုင်ရှင်ပြန် သိမ်းမှာကို ခေတ္တစောင့်နေရတဲ့ လူနဲ့တူတာတစ်မျိုး၊ တစ်ကိုယ်လုံးရဲ့ပစ္စည်းမှာ ဒါပဲရှိတယ် (မှန်ပါ့)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)၊
ပိုင်ရှင်ကလာတောင်းပြန်လဲ
တော်ကြာ ပိုင်ရှင်ကလာတောင်းပြန်လဲမင်းတို့ ပစ္စည်းမပေးဘဲနေလို့ရရဲ့လား (မနေရပါ ဘုရား)၊ ဒါပိုင်ရှင်ကလာတောင်းနေတာကိုး၊ ရေထဲဖြတ်သွားပြန်တော့ ရေသိမ့်သွားတယ်၊ မီးထဲဖြတ်သွားပြန်တော့ (မီးက သိမ်းပါတယ် ဘုရား)၊ ဇရာက သိမ်းသွားတဲ့အခါကောမရှိဘူးလား (ရှိပါတယ် ဘုရား)၊
တော်ကြာ မရဏက သိမ်းသွားတဲ့ အခါဘာများကျန်သေးတုန်း (ဘာမှမကျန်ပါ ဘုရား)၊ ပစ္စည်းမပြောနဲ့ လူတောင်မကျန်ရစ်တော့ဘူး (မှန်လှပါ ဘုရား)။
အဲဒါကြောင့် မင်းတို့သည် ဒီဟာတွေကို ခေတ္တခဏလေးလို့ စိတ်ထဲက ထားလို့ရှိရင် ခေတ္တနေပြီး ခေတ္တပျက် တာပဲ ဆိုတဲ့ဝိပဿနာဉာဏ်ဝင်ရမယ် (မှန်ပါ့)။
ခေတ္တမှန်းသိရမယ် (မှန်ပါ့)၊ ဘယ်လိုသိရမှာလဲ (ခေတ္တမှန်းသိရမှာပါ ဘုရား)၊ ခေတ္တခဏမှန်း သိပေးရမယ်ဆို တော့ ခဏလေးဖြစ်တယ်၊ ခဏလေးပျက်တယ်ဆိုတဲ့ ဥစ္စာကို ဉာဏ်နဲ့ခန္ဓာကိုယ်ကပ်ရှုပါ (မှန်ပါ့)၊
အဲဒီကျတော့မှ ငှားရမ်းတဲ့ပစ္စည်း၊ အိမ်မက်ထဲပေါ်လာတဲ့ ပစ္စည်းဆိုတာထင်ရှားလာတယ် (မှန်ပါ့)၊ ဉာဏ်နဲ့ကပ်မရှိုလို့ ရှိရင်ဖြင့် ခိုင်မြဲတယ်၊ အစိုးရတယ်လို့ ဒီလိုမထင်ကြပေးဘူးလား (ထင်ပါတယ် ဘုရား)၊ အဲဒါကြောင့် ခိုင်မြဲတယ်၊ အစိုးရတယ်ဆိုတဲ့ ပစ္စည်းသည် ရှိကိုမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ကော သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
ခန္ဓာသည်ဘာနဲ့တူပါလိမ့်မတုန်း
ဒါဖြင့် မင်းတို့ပစ္စည်းနဲ့တကွ၊ ခန္ဓာသည်ဘာနဲ့တူပါလိမ့်မတုန်းဆိုတော့ အိမ်မက်ထဲမှာမက်လို့ရတဲ့ ပစ္စည်းနဲ့ တူတာတစ်မျိုး (မှန်ပါ့)၊ ငှားရမ်းထားတဲ့ ပစ္စည်း ဒါပဲရှိတယ် (မှန်လှပါ ဘုရား)။
ဒါကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကာမဂုဏ်၏ အပြစ်ကို ပြတဲ့နေရာမှာ ဒီအတိုင်းပြတာဘဲ လို့မှတ်ပါ၊ ပြတဲ့အတိုင်းကော ဟုတ်ပါရဲ့လားလို့ စဉ်းစားကြည့်ပါဦး (ဟုတ်ပါတယ် ဘုရား)၊ ဟိုမောင်ထွန်းတင်တို့၊ မောင်ချစ်စိန်တို့ ၊ တင်လှတို့နေတဲ့ နေရာတွေဟာ ငှားရမ်းထားတဲ့ပစ္စည်းတွေမို့၊ သူတို့အကုန်ပေးရတာပေါ့ကွ (မှန်ပါ့)၊
နောက်ပိုင်ရှင်ပြ ပေးလိုက်ရတယ်၊ နောက်ပိုင်ရှင်ကလဲ ပိုင်ရှင်သာ ထင်ရတယ်၊ နောက်ဆုံးပိတ် ပေးလိုက်ရဦးမှာဘဲ (မှန်ပါ့)၊ မပေးရ ပေးဘူးလား (ပေးရမှာပါ ဘုရား)၊ ဒါဖြင့် ငှားရမ်းထားတဲ့ ပစ္စည်းဆိုတာမသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒါဖြင့် မင်းတို့သည်ကားလို့ ဆိုရင် မတည်မတံ့၊အခိုက်အတန်မျှ ရှိတဲ့ပစ္စည်းတွေလို့ ဉာဏ်ထဲမှာအမြဲ နှလုံးသွင်းရမယ် (မှန်ပါ့)၊ ဒါတွေဟာ အိမ်မက်ထဲရတဲ့ပစ္စည်းတွေပဲ၊ ငှားရမ်းထားတဲ့ပစ္စည်းတွေပဲ-လို့၊ ဒီလိုနှလုံးသွင်းရ မယ် (မှန်ပါ့)၊ ဒီလို နှလုံးသွင်းတဲ့အခါကျတော့ သူ့အပေါ်မှာခင်တွယ်၊ သာယာ၊ နှစ်သက်၊ စွဲလမ်း ဆိုတာတွေလာ သေးရဲလား (မလာပါ ဘုရား)၊
ခင်တွယ်မလာတော့ တဏှာပြုတ်တယ်
အဲ ခင်တွယ်မလာတော့ တဏှာပြုတ်တယ်ကွ (မှန်ပါ့)၊ စွဲလမ်းမလာတော့ (ဥပါဒါန်ပြုတ်ပါတယ် ဘုရား)သူ့အတွက် ပြုခြင်း၊ ပြင်ခြင်းတွေလုပ်နေလဲအပိုဘဲ၊ ငှားရမ်းထားတဲ့ပစ္စည်းတွေဘဲလို့ သိသွားလို့ရှိရင် ကံပြုတ်တယ်၊ မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား)၊
အဲ တဏှာ၊ သွားပြီးအဆိုးတွေချည်း ချန်ထားတယ်၊ ဒီ အဆိုးတွေကျတော့ မရဏကတံမြက်စည်း လှည်းသိမ်းယူဦးမှာကွ (မှန်ပါ့)၊ မသိမ်းပေးဘူးလား (သိမ်းမှာပါ ဘုရား)။
ဒါဖြင့် မင်းတို့သည် ငှားရမ်းထားတဲ့ ပစ္စည်းနဲ့ ငါ့ ဘာထင်လို့တုန်း၊ သူ့ဘာထင်လို့တုန်း၊ ငါ့ဘယ် အမျိုးထဲက ထင်လို့တုန်း၊ ငါ့ ပစ္စည်းမွဲထင်လို့လား၊ အစရှိသည်နဲ့ ကြွားနေတဲ့ဥစ္စာ ဘာနဲ့ကြွားနေတာတုန်း၊ ပြောပါဦးကွ (အငှားနဲ့ ပါ ဘုရား)၊
အငှားနဲ့ကြွာသနေတာကွ (မှန်ပါ)၊ မင်းတို့ဟာဆိုလို့ ဆံပင်တစ်ပင် မပါ-ပါဘူး (မှန်ပါ့)၊ ဆံပင်တစ်ပင် ပါမှာ တုံးကွ၊ သူ(ကံ)စိုက်ထားတာ (မှန်ပါ)၊ သွားလေးတွေ အနေထားတည့်တဲ့ပုဂ္ဂိုလ်လဲ အတူတူပဲ၊ ကံတွေကစိုက်ထားတာ၊ ဥတုကစိုက်ထားတာ၊ အသားအရေတွေ ကျတော့ အာဟာရက လုပ်ထားတာ၊ မင်းတို့ဟာများဘာပါသေးတုန်း (မပါ-ပါ ဘုရား)။
အိမ်မက်-မက်တဲ့ ပစ္စည်းရှာမတွေ့သလို
တော်ကြာကျတော့ ဆိုင်ရာတွေက ပြန်သိမ်းသွားတော့ မင်းတို့မှာ ဘာများကျန်ရစ်သေးတုန်း (ဘာမှမကျန်ပါ ဘုရား)၊ ဒါဖြင့် မင်းတို့အိမ်မက်- မက်သလို့ပေါ့၊ ခဏလေးရယ် (မှန်ပါ့)၊ အိမ်မက်-မက်တဲ့ ပစ္စည်းရှာမတွေ့သလို ငှားရမ်းထားတဲ့ ပစ္စည်းလာသိမ်းသွားသလို့၊ ဒီခန္ဓာကိုယ်ကြီးနဲ့တကွ ခန္ဓာကိုယ်ကြီးထဲမှာရှိတဲ့ ပစ္စည်းတွေဟူသရွေ့ကဖြင့် ၊ ငါ့ဟာဆိုလို့ တစ်ခုမရှိဘူးလို့ ဉာဏ်နဲ့စဉ်းစားလိုက်ရင် ငါပိုင်၊ ငါ့ဥစ္စာဆိုတာ၊ ရှာလို့ကိုမတွေ့ပါဘူး (မတွေ့ပါ ဘုရား)။
ဘာပစ္စည်းတွေတုန်းမေးတော့ အိမ်မက်ထဲက ပစ္စည်းနဲ့တူတာကတစ်မျိုး၊ ငှားရမ်းထားတဲ့ပစ္စည်းမု့ိ ပိုင်ရှင်ပြန်သိမ်းမှာကို ခေတ္တစောင့် နေရတဲ့လူနဲ့တူတာတစ်မျိုး၊ တစ်ကိုယ်လုံးရဲ့ ပစ္စည်းမှာဒါပဲရှိတယ် (မှန်ပါ့)၊မရှိဘူးလား (ရှိပါတယ် ဘုရား)၊
တော်ကြာ ပိုင်ရှင်က လာတောင်းပြန်လဲ မင်းတို့ပစ္စည်း မပေးဘဲနေလို့ရရဲ့လား (မနေရပါ ဘုရား)၊ ဒါပိုင်ရှင်ကလာတောင်းနေတာကိုး၊ ရေထဲဖြတ်သွားပြန်တော့၊ ရေသိမ်းသွားတယ်၊ မီးထဲဖြတ်သွားပြန်တော့ (မီးကသိမ်းပါတယ် ဘုရား)၊ ဇရာက သိမ်းသွားတဲ့အခါကောမရှိဘူးလား (ရှိပါတယ် ဘုရား)၊ တော်ကြာ မရဏကသိမ်းသွားတဲ့ အခါဘာများကျန်သေတုန်း (ဘာမှမကျန်ပါ ဘုရား)၊ ပစ္စည်းမပြောနဲ့ လူတောင်မကျန်ရစ်တော့ဘူ (မှန်လှပါ ဘုရား)။
ဝိပဿနာဉာဏ်ဝင်ရမယ်
အဲဒါကြောင့်မင်းတို့သည် ဒီဟာတွေကို ခေတ္တခဏလေးလို့ စိတ်ထဲက ထားလို့ရှိရင် ခေတ္တနေပြီးခေတ္တပျက် တာပဲဆိုတဲ့ ဝိပဿနာဉာဏ်ဝင်ရမယ် (မှန်ပါ့)။ခေတ္တမှန်းသိရမယ် (မှန်ပါ့)၊ ဘယ်လိုသိရမှာလဲ (ခေတ္တမှန်းသိရမှာ ပါ ဘုရား)၊
ခေတ္တခဏမှန်း သိပေးရမယ်ဆိုတော့ ခဏလေးဖြစ်တယ်၊ ခဏလေး ပျက်တယ်ဆိုတဲ့ ဥစ္စာကို ဉာဏ်နဲ့ခန္ဓာကိုယ်ကပ်ရှုပါ (မှန်ပါ့)၊ အဲဒီကျတော့မှ ငှားရမ်းတဲ့ပစ္စည်း၊ အိမ်မက်ထဲပေါ်လာတဲ့ ပစ္စည်းဆိုတာ ထင်ရှားလာတယ် (မှန်ပါ့)၊ ဉာဏ်နဲ့ကပ်မရှုလို့ ရှိရင်ဖြင့် ခိုင်မြဲတယ်၊ အစိုးရတယ်လို့ ဒီလိုမထင်ကြပေဘူးလား (ထင်ပါတယ် ဘုရား)၊ အဲဒါကြောင့် ခိုင်မြဲတယ် ၊အစိုးရတယ်ဆိုတဲ့ ပစ္စည်းသည် ရှိကိုမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ကော သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် မင်းတို့ပစ္စည်းနဲ့တကွ၊ ခန္ဓာသည်ဘာနဲ့ တူပါလိမ့်မတုန်းဆိုတော့ အိမ်မက်ထဲမှာ မက်လို့ရတဲ့ပစ္စည်းနဲ့ တူတာတစ်မျိုး (မှန်ပါ့)၊ ငှားရမ်းထားတဲ့ ပစ္စည်းတွေကို ခေတ္တလေးစောင့်ရှောက်နေရတဲ့ သဘောမျိုးနဲ့ တူတာက တစ်မျိုး၊ ဒီခန္ဓာနဲ့ဒီပစ္စည်း ဒါပါရှိတယ် (မှန်လှပါ ဘုရား)။
ကာမဂုဏ်၏ အပြစ်ကိုပြတဲ့နေရာမှာ
ဒါကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကာမဂုဏ်၏ အပြစ်ကိုပြတဲ့နေရာမှာ ဒီအတိုင်းပြတာပဲလို့ မှတ်ပါ၊ ပြတဲ့အတိုင်းကော ဟုတ်ပါရဲ့လားလို့ စဉ်းစားကြည့်ပါဦး (ဟုတ်ပါတယ် ဘုရား)၊ ဟို မောင်ထွန်းတင်တို့၊ မောင်ချစ်စိန်တို့၊ တင်လှတို့နေတဲ့ နေရာတွေဟာ ငှားရမ်းထားတဲ့ပစ္စည်းတွေ့မို့၊ သူတို့အကုန်ပေးရတာပေါ့ကွ (မှန်ပါ့)၊
နောက်ပိုင်ရှင်ပြန် ပေးလိုက်ရတယ်၊ နောက်ပိုင်ရှင်ကလဲ ပိုင်ရှင်သာထင်ရတယ်၊ နောက်ဆုံးပိတ် ပေးလိုက်ရဦးမှာပဲ (မှန်ပါ့)၊ မပေးရပေးဘူး လား (ပေးရမှာပါ ဘုရား)၊ ဒါဖြင့် ငှားရမ်းထားတဲ့ ပစ္စည်းဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
မတည်မတံ့၊ အခိုက်အတန့်မျှ ရှိတဲ့ ပစ္စည်း
ဒါဖြင့် မင်းတို့သည်ကားလို့ ဆိုရင် မတည်မတံ့၊ အခိုက်အတန့်မျှ ရှိတဲ့ ပစ္စည်းတွေ့လို့ ဉာဏ်ထဲမှာ အမြဲနှလုံးသွင်း ရမယ် (မှန်ပါ့)၊ ဒါတွေဟာ အိမ်မက်ထဲရတဲ့ပစ္စည်းတွေပဲ၊ ငှားရမ်းထားတဲ့ ပစ္စည်းတွေဘဲ-လို့၊ ဒီလိုနှလုံးသွင်းရမယ် (မှန်ပါ့)၊
ဒီလိုနှလုံးသွင်းတဲ့အခါကျတော့ သူအပေါ်မှာခင်တွယ်၊ သာယာ၊ နှစ်သက်၊ စွဲလမ်း၊ ဆိုတာတွေ လာသေးရဲ့လား (မလာပါ ဘုရား)၊ အဲ ခင်တွယ်မလာတော့ တဏှာပြုတ်တယ်ကွ (မှန်ပါ့)၊ စွဲလမ်းမလာတော့ (ဥပါဒါန်ပြုတ်ပါတယ် ဘုရား)၊
သူ့အတွက် ပြုခြင်း – ပြင်ခြင်းတွေလုပ်နေလဲအပိုဘဲ၊ ငှားရမ်းထားတဲ့ ပစ္စည်းတွေပဲလို့ သိသွားလို့ရှိရင် ကံပြုတ်တယ်၊ မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား)၊ အဲ တဏှာဥပါဒါန်၊ ကံ ပြုတ်တယ် (မှန်လှပါ ဘုရား)။
ကံကသိမ်းသွားရင် ဘာကျန်ရစ်သေးတုန်း
ဒါ ဘယ်လိုသိသွားလို့ တုန်းဆိုတော့ အိမ်မက်ထဲမှာ တွေ့ရတဲ့ပစ္စည်းနဲ့တူတာကို၊ ဉာဏ်ထဲမှာ ထင်လို့သော် လည်းကောင်း (မှန်ပါ့)၊ တစ်နည်းအားဖြင့် ကံကြောင့် ရတဲ့ပစ္စည်းမို့ ကံကယူသွားတာပဲ၊ ကံကသိမ်းသွားရင် ဘာကျန်ရစ်သေးတုန်း (မကျန်ပါ ဘုရား)၊
စိတ်ကြောင့်ရတဲ့ရုပ်တွေကော (မကျန်ပါ ဘုရား)၊ ဥတုကြောင့်ဖြစ်တဲ့ရုပ်တွေကော ဥတုကသိမ်းသွားရင် ဘာကျန်ရစ်သေးတုန်း (မကျန်ပါ ဘုရား)၊ အာဟာရကြောင့် ဖြစ်တဲ့ရုပ်တွေလဲ အာဟာရကသိမ်းသွား တဲ့အခါ (မကျန်ပါ ဘုရား)၊ ဒါဖြင့် မင်းတို့ပစ္စည်းဆိုလို့ ဘယ်ဟာပါသေးတုန်း (ဘယ်ဟာမှ မပါ-ပါ ဘုရား)။
အဲဒါ ဘယ်ဟာမှမပါတာကို ငါ့ဘာထင်လို့တုန်း၊ ငါ့ဘယ်လိုလူစားထင်လို့တုန်းဆိုပြီး လက်သီးလက်မောင်း တွေများတန်းပြီး သကာလ ပြောနေလိုက်တာ၊ ခုနကနှစ်ချက်နားမလည်တာတဲ့ (မှန်ပါ့)၊ အိမ်မက်ထဲ ပေါ်တဲ့ပစ္စည်းမှန်းလဲ မသိ၊ ငှားရမ်းထားတဲ့ ပစ္စည်းမှန်းလဲ (မသိပါ ဘုရား)။
အဲဒါတွေကို မင်းတို့ကမသိတော့ ခင်တယ်၊ ခင်တော့စွဲလမ်းတယ်၊ စွဲလမ်းတော့အားထုတ်တယ်၊ အားထုတ်တော့ “ ကမ္မဘဝပစ္စယာ ဇာတိ” ဆိုတဲ့ ပဋိသန္ဓေနေမှုကြီးဟာ မလာပါနဲ့ဆိုလို့ရပါရဲ့လား (မရပါ ဘုရား)၊
ဒါကြောင့် မင်းတို့ဇာတိ ဒုက္ခတော့ ရပါရဲ့၊ ရတာက ရှိပစ္စည်းနဲ့ရတာလား၊ ငှားရမ်းတဲ့ပစ္စည်းကြောင့် ရတာလား (ငှားရမ်းထားတဲ့ ပစ္စည်းကြောင့် ရတာပါ ဘုရား)။
အင်း တကယ်ရှိတဲ့ ပစ္စည်းကြောင့်ရတာလား၊ အိမ်မက်ထဲမက်သလောက် ပေါ်တဲ့ပစ္စည်းကြောင့်ရတာလား (အိမ်မက်ထဲပေါ်တာကြောင့် ဘုရား)၊ ဒါဖြင့် မင်းတို့ဟာ နစ်နာလှတယ်ကွာ (မှန်ပါ)၊ မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)၊ အရိပ်အကောင်ထင်တဲ့ အဓိပ္ပါယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊
ခြင်္သေ့မိုက် – မိုက်နေတာ
အဲဒီတော့ မင်းတို့သည် ဘာနဲ့ဟူနေ သတုန်းလို့ မေးတဲ့အခါကျ၊ ခြင်္သေ့မိုက် – မိုက်နေတာ (မှန်လှပါ ဘုရား)။
ခြင်္သေ့တစ်ကောင်သည် ပြဒါးသုတ်ထားတဲ့ မှန်ကြီးနားကပ်လာတယ်၊ သူလို့ခြင်္သေ့တစ်ကောင်မှတ်တာနဲ့ မောင်ထွန်းတင်ဟောက်တော့တာပဲကွ (မှန်ပါ့)၊ သူက ဟောက်လေလေ၊ ဟိုအရိပ်ကကော့ (ဟောက်ပါတယ် ဘုရား)၊
မှန်ထဲကအရိပ်ဆိုတာမှန်းမသိတော့ ကိုယ်ကအတင်းနင်းဟောက်တော့၊ ဒီမှန်ရှေ့မှာဘဲ ရင်ကွဲသေရတယ် (မှန်ပါ့)၊ မသေရပေဘူးလား (သေရပါတယ် ဘုရား)၊ တိရစ္ဆာန်မိုက်မိုက်တယ်လို့ဆိုလို ရှိရင်လွဲပါ့မလား (မလွဲပါ ဘုရား) အရိပ်ကို အကောင်ထင်နေတဲ့ အဓိပ္ပါယ်ကောမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
မင်းတို့လည်း အခု-လောဘ၊ ဒေါသ၊ မောဟတွေနဲ့ တစ်အိမ်နဲ့တစ်အိမ်မတည့်၊ အမျိုးမျိုးဖြစ်နေတာဟာ ဒီခန္ဓာ၏ အရိပ်တွေကို မင်းတို့က တကယ်ထင်မြဲထင်နေတာကွ(မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊
ခန္ဓာ၏ အရိပ်တွေကို မင်းတို့သည်ကားလို့ဆိုရင်ဖြင့် ခိုင်တယ်၊ မြဲတယ် ထင်ပြီး သကာလ နေတော့ ဒါတွေဟာ တစ်မျိုးတဖုံအား ကိုးရတယ်လို့ မင်းတို့ကထင်မနေဘူးလား (ထင်ပါတယ် ဘုရား)၊
ဒီပစ္စည်းဖြင့် ဒီခန္ဓာကြီးကို တစ်မျိုးတဖုံအားကိုးရတာပဲလို့ ထင်နေတော့၊ ခုနက ခြင်္သေ့လိုဖြစ်နေမှာပေါ့ကွ (မှန်ပါ့) အရိပ်ကိုမင်းတို့ အကောင်ထင်နေတာကိုး (မှန်လှပါ ဘုရား)။
ခေတ္တတည်တံ့တယ်
အရိပ်ဆိုတာသည် အိမ်မက်ထဲရတဲ့ပစ္စည်းမျိုး၊ ငှားရမ်းထားတဲ့ ပစ္စည်းမျိုး၊ ခေတ္တတည်တံ့တယ်ဆိုတာလဲ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ ခေတ္တတည်တံ့လို့ပေါကွ၊ တောင်မြို့ကြီးပျက်သွားတယ် ဆိုတော့ အဲဒီအပေါ် လူတွေပြန်ဆောက်ပြီးနေကြတာပဲ မဟုတ်ဘူးလား (မှန်ပါ့)
အဲဒါတွေ ဉာဏ်နဲ့ကြည့်တဲ့အခါကျတော့၊ အိမ်မက်နဲ့တူတယ်ဆို တာကောမှားသေးလား (မမှားပါ ဘုရား)၊ ငှားရမ်းထားတဲ့ပစ္စည်းနဲ့ တူတယ်ဆိုတာကော (မမှားပါ ဘုရား)။
အဲဒီတော့ကို ငှားရမ်းထားတော့ သိချင်လို့ရှိရင် ဇရာသူခိုးကို မင်းတို့သတိထားရမယ် (မှန်ပါ့)၊ ပျိုရုပ်တွေခိုးပြီး အို-ရုပ်တွေချန်ပစ်ခဲ့တယ်၊ ကောင်းတာတွေယူပြီးတော့ (မကောင်းတာတွေချန်ပစ်ခဲ့ပါတယ် ဘုရား)၊ မကောင်းတာတွေ ချန်ထားပစ်ခဲ့လို့၊ မင်းတို့မှာ အခု-ဘာများလူချင်းတူသေးသတုန်းလို့ မေးရင်ဘယ့်နှယ်ပြောကြမှာလဲ (ဘာမှမတူတော့ပါ ဘုရား)၊ ဟ ငှားရမ်းထားတဲ့ ပစ္စည်းမို့ ပြန်ယူသွားတာပေ့ါကွ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊
အဲဒီတော့မင်းတို့ကသာ ငါ့ဟာ-ငါ့ဟာထင်နေကြတော၊ သက္ကာယဒိဋ္ဌိဦးစီးလို့နော် (မှန်ပါ့)၊ ငါ့ဟာမဟုတ်လို့ဘဲ ယခင်က ရှာထားတဲ့ ငွေတွေလဲ ရှာမတွေဘူး၊ ယခင်ဆောက်ထားတဲ့ အိမ်တွေလဲ ရှာမတွေဘူး၊ ဟိုတုန်းက မျက်လုံးတို့၊ အသားအရေတို့ကော (ရှာမတွေ့ပါ ဘုရား)၊ ဘာမှ ရှာမတွေ့တော့ဘူး (မှန်လှပါ့ ဘုရား)။
အမွဲနဲ့ဆင်းရဲပဲကျန်နေရစ်တယ်
အခု ဘာတွေကျန်ရစ်သလဲဆိုတော့၊ အမွဲနဲ့ဆင်းရဲပဲကျန်နေရစ်တယ် (မှန်ပါ)၊ ဘာတွေကျန်ရစ်တုန်း (အမွဲနဲ့ ဆင်းရဲပါ ဘုရား) အမွဲဆိုတာက မျက်လုံးမွဲတို့၊ အသားအရေမွဲတို့ (မှန်ပါ့)၊
ဆင်းရဲတာက အခုဒုက္ခသစ္စာတွေပဲ ကျန်နေရစ်တယ်၊ ဟိုတုန်းက ကိုယ့်အလို ကိုယ့်အကြိုက်ပါတာတွေကို ဘာများရှာတွေ့သေးတုန်း (မတွေ့ပါ ဘုရား)၊
ဒါဖြင့် ဘာတွေကျန်နေရစ်တုန်းလို့ မေးရင်ဘယ့်နှယ်ပြောမှာလဲ (ဘာမှမကျန်ပါ ဘုရား)၊ ဆင်းရဲနဲ့ အမွဲကျန်ရစ်တယ်လို့ ဆိုလိုက်တာပေါ့ကွာ (မှန်ပါ့)၊ ဘာတွေကျန်ရစ်ကြတုန်း (ဆင်းရဲနဲ့အမွဲပါ ဘုရား)၊
မင်းတို့က အခုထင်တိုင် ဆင်းရဲနဲ့ အမွဲချည်းကျန်ပါတော့လား ဆိုတဲ့ဥစ္စာကို ဉာဏ်ကမရောက်သေးတော့၊ မင်းတို့မှာ လုပ်ချင်တုန်း၊ ကိုင်ချင်တုန်း၊ ကြွေးချင်တုန်း၊ မွေးချင်တုန်း၊ အားစိုက်ပြီး သကာလ ငွေရင်းကြီးကြီးနဲ့ လုပ်ချင်တုန်းဖြစ်နေတာက၊ ဆင်းရဲနဲ့အမွဲကျန်တာ မသိလို့ကွ (မှန်လှပါ့ ဘုရား)။
တစ်ခါလုပ်ပြန်လို့ ရှိရင်လဲ ဒီလိုပဲ သူခိုးတွေခိုးတာနဲ့ ကုန်ဦးမှာပဲမဟုတ်လား (ကုန်မှာပါ ဘုရား)၊ ဇရာသူခိုးကအတွင်းကနေခိုးလိုက်၊ မရဏသူခိုးက အထည်ပါပျောက်အောင်ခိုးမယ်ကွ (မှန်ပ့ါ)၊ မင်းတို့ခန္ဓာကိုယ်ကြီး မှာလေ (မှန်ပါ့)၊ ဒီ သူခိုးနှစ်ယောက်ကလဲတိုင်ပင်ပြီးခိုးတာကွ၊ သဘောကျပြီးကွ (ကျပါပြီ ဘုရား)၊
တိုင်ပင်ပြီးခိုးတော့ ဇရာကအတွင်းသားတွေကို၊ အားအင်ဗလချည့်နဲ့ အောင်ငါလုပ်မယ်၊ မရဏသူခိုးက အသက်သတ်ပြီး သကာလ ဖျောက်ပစ်မယ်လို့ ပြောတဲ့ဥစ္စာကော မသေချာဘူးလား (သေချာပါတယ် ဘုရား)၊
အတွင်းပစ္စည်းခိုးတာကဇရာ
ဒါဖြင့် အတွင်းပစ္စည်းခိုးတာကဇရာ၊ အပြင်ပစ္စည်းပါသိမ်းသွားတာက မရဏ၊ မင်းတို့လုပ်သရွေ့ဟာ သူတို့လက်တွင်မှာအပ်ရမယ် (မှန်ပါ့)၊ နင်တို့လုပ်သရွေ့ ဘယ်အပ်ရဦးမှာတုန်း (ဇရာ -မရဏဆီ အပ်ရမှာပါ ဘုရား)။
ဒါဖြင့်ကွာ မင်းတို့ဟာ တစ်ဘဝလာလဲသူတို့လက်တွင်းအပ်ဖို့၊ ဒုတိယဘဝလာပြန်တော့ကော (သူတို့လက်တွင်း အပ်ဖို့ပါ ဘုရား)
ကိုယ့်မှာတော့ဖြင် ယာယီနဲ့ပဲအချိန်ကုန်ရတယ် (မှန်ပါ့)၊ အိမ်မက်နဲ့ပဲအချိန်ကုန်ရတယ်၊ ငှားထားတဲ့ပစ္စည်း နဲ့အချိန်ကုန်ရတယ် (မှန်ပါ့)၊ ကိုယ်ပိုင်ကို – ရလိုက်တဲ့ဘဝပါရဲ့လား (မပါ-ပါ ဘုရား)၊ အိမ်မက်ထဲတွေ့တဲ့ပစ္စည်းတွေကို အခုအခါရှာမတွေအောင်ဖြစ်နေတဲ့ဥစ္စာတစ်ပုံကြီးမနေဘူးလား(နေပါ့တယ် ဘုရား)၊
နောက်မင်းတို့ပစ္စည်းတွေလဲ ဒီအတိုင်းဖြစ်လိမ့်ဦးမယ်ဆိုတာကော မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ ဒါဖြင့် မင်းတို့ဟာ ခဲလေသမျှသဲထဲရေကျဖြစ်နေတယ် (မှန်ပါ့)၊ တင်လှ ဘာဖြစ်-ဖြစ်နေလဲ (သဲထဲရေကျဖြစ်နေပါတယ် ဘုရား)၊ ခဲလေသမျှသဲထဲရေကျ ဖြစ်နေတယ်ဆိုတာကို ၊ မင်းတို့ငြင်းဖို့ လိုသေးလား (မလိုပါ ဘုရား)။
ရေအိုးပေါက်နဲ့ ရေလောင်းသလို
အဲဒါသည်ကားဆိုလိုရှိရင် ဒီခန္ဓာနဲ့ပစ္စည်းအကြောင်းကို ၊မင်းတို့က ကောင်းကောင်းမသိလို့(မှန်ပါ့)၊
မင်းတို့ဟာ ဘာနဲ့တူနေသတုန်းဆိုတော့ မျက်စိမမြင်တဲ့သူ ရေအိုးပေါက်နဲ့ ရေလောင်းသလိုဖြစ်နေတယ်၊ မျက်စိမမြင်တဲ့သူ ရေအိုးပေါက်နဲ့ရေလောင်းနေတော့ ဘယ်လောက်ပဲတစ်နေလုံး ထမ်းလောင်းနေနေ၊ ရေအိုးက အပေါက်ကြီးကိုကွ (မှန်ပါ့)၊
သူကလဲမျက်လုံးကမမြင့်တော့ အတင်းထမ်းလောက်နေငြား သော်လည်း ဘယ်တော့ပြည့်မှာတုန်း (ဘယ်တော့မှမပြည့်ပါ ဘုရား)၊
ထိုအတူဘဲတဲ့ မင်းတို့ဟာ ဟိုကသယ်လာ၊ ဒီကသယ်လာနဲ့ ဘာလုပ်နေတုန်းဆိုတော့ မမြင်ဘူးဘုရား၊ အပေါက်ကို မမြင်ဘူး (မှန်ပါ့)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား) ဇရာခိုးနေတဲ့ အပေါက်ကြီးကော မြင်ရဲ့လား (မမြင့်ပါ ဘုရား)၊ မရဏခိုးနေတဲ့အပေါက်ကြီးကော (မမြင့်ပါ ဘုရား)၊ အို မင်းတို့ဟာ စုံလုံးကန်းရေလောင်းနေတာကိုး (မှန်ပါ့) တင်လှ-ဘယ့်နှယ်ဆိုမှာတုန်း (စုံလုံးကန်း ရေလောင်းနေတာပါ ဘုရား)။
စုံလုံးကန်းရေလောင်းနေတော့
စုံလုံးကန်း ရေလောင်းနေတော့ မင်းတို့ဟာမောတာရယ်၊ အလိုမကျတာရယ်၊ မအားတာရယ်ပဲ အမြတ်ထွက်နေတယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊
ပါးစပ်ပေါက်ကလဲ နေ့တိုင်းလောင်းလို့ကို ပြည့်ရဲ့လား (မပြည့်ပါ ဘုရား)၊ မျက်လုံးပေါက်ကကော (မပြည့်ပါ ဘုရား)၊ နားပေါက်ကကော (မပြည့်ပါ ဘုရား)၊ ဪ မပြည့်တာကြီၤးကို၊ မင်းတို့မို့ထပ်ပြီး လောင်းနေတယ် ဆိုတော့ တော်တော်ကန်းလို့ပဲကွ (မှန်ပါ့)၊ ဒါကြောင့် မင်းတို့မှာ သမုဒ္ဒရာခြောက်စင်း ရှိတယ်လို့မှတ်ရမယ်နော် (မှန်လှပါ ဘုရား)။
ကိုယ်ပေါက်ကလဲ ဆင်လို့ကို ပြီးရဲ့လား (မပြီးပါ ဘုရား)၊ တော်ပြီ – တန်ပြီလို့ ပြောရဲ့လား (မပြောပါ ဘုရား)၊ မင်းတိုပက ပါးစပ်ပေါက်ထဲလဲ အရမ်းထည့်နေတာပဲ၊ တော်ပြီ – တန်ပြီလို့လာရဲ့လား (မလာပါ ဘုရား)၊
မင်းတို့မှတ်ထား ပါတဲ့၊ အပြင်ဘက်သမုဒ္ဒရာကြီးတွေကရှိတယ်၊ အဲဒါက တော်တော်ကြာခန်းသွားတယ်၊ ခြောက်သွားတယ် ကမ္ဘာပျက်တာ့လေ (မှန်ပါ့)၊ နေငါးစင်တို့ ထွက်လာတဲ့အခါ ပျောက်ပျက်သွားသလို့၊ မင်းတို့သမုဒ္ဒရာက ထမ်းလောင်းလို့ ကိုပြီးရဲ့လား (မပြီးပါ ဘုရား)၊
ဟိုသမုဒ္ဒရာနဲ့ ဘယ်သူကကြီးတုန်း
ဒါဖြင့် ဟိုသမုဒ္ဒရာနဲ့ ဘယ်သူကကြီးတုန်း (တပည့်တော်တို့ သမုဒ္ဒရာကကြီးပါတယ် ဘုရား)၊ မင်းတို့သမုဒ္ဒရာက တောင်းမှုချည်း ရှိနေတယ်၊ တော်ကြာပါးစပ်က ထည့်ပါဦး၊ ကိုယ်ကထည့်ပါဦး၊ မနောပေါက်ကကော (ထည့်ခိုင်းပါတယ် ဘုရား)၊ ထည့်လို့ကိုပြီးနိုင်ရဲ့လား (မပြီးနိုင်ပါ ဘုရား)၊ မပြီးနိုင်ပေမယ့်လဲ မင်းတို့ကမအားအောင်ထည့် မနေရဘူးလား (ထည့်ရပါတယ် ဘုရား)။
တော်ကြာ ရုပ်ရှင်သွားလိုက်ပြန်ပြီဆိုတော့ မျက်လုံးပေါက် အတွက်ထည့်ပေးရတယ် (မှန်ပ့ါ)၊ တောကြာ ခေါက်ဆွဲဆိုင်၊ ထမင်းဆိုင်သွားပြန်တော့ ပါးစပ်သမုဒ္ဒရာအတွက်ထည့်ဖို့မဟုတ်လား (မှန်ပါ့)၊ အားကြရဲ့လား (မအားပါ ဘုရား)၊ မအားကြတာ သမုဒ္ဒရာမှန်းမသိကြလို့ပေါ့ (မှန်ပါ့)၊ သဘောပါပြီလား (ပါပါပြီး ဘုရား)၊ မအားအောင် လုပ်ပြီး အပင်ပန်းခံရကျိုးကော နပ်ရဲ့လား (မနပ်ပါ ဘုရား)၊
ဒါဖြင့် မင်းတို့ ဒီခန္ဓာကြီးဟာ ဒုက္ခကြီးပဲ၊ ဒုက္ခပေးလေသမျှ ဒီငါးပေါက်ကဘဲ ဆိုရင်ကောလွဲပါ့မလား (မလွဲပါ ဘုရား)၊ ဘယ်သူက ဒုက္ခပေးနေတာတုန်း (ဒီခန္ဓာငါးပေါက်ကပါ ဘုရား)၊ ဒီခန္ဓာငါးပေါက်ကပေးနေတာပဲ၊ ဒီအပေါက်တွေ မင်းတို့ချုပ်ဆုံးကုန်ငြိမ်းမသွားသရွေ့ကာလပတ်လုံး ဆင်းရဲလက်စ မသတ်ပါဘူး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီခန္ဓာကြီးအပေါက်တွေ မသိမ်းနိုင်သရွေ့ကာလပတ်လုံး၊ မင်းတို့လူဆင်းရဲဘဝမှတစ်ပါး ဘာဘဝမှမလာ တော့ဘူး (မှန်ပါ့)၊ ရှင်ဘုရင်လဲ သူ့အချိန်ကျ ဒီအတိုင်းလုပ်ရမှာဘဲ (မှန်ပါ့)၊ ဒီအပေါက်တွေ ထည့်နေရမှာပဲကွ (ထည့်ရမှာပါ ဘုရား)၊
သမုဒ္ဒရာခြောက်စင်းကို အခွန်ဆက်နေရတာ
ဒါဖြင့် မင်းတို့ပါလာတဲ့ သမုဒ္ဒရာကြီးခြောက်စင်းကို၊ မင်းတို့ ဒါတွေ့ကိုအခွန်ဆက်နေရတာနဲ့ သံသရာထဲမှာ အမောဆိုက်နေမှာပဲ (မှန်ပါ့)၊ ဘာဖြစ်နေတုန်း (အမောဆိုက်နေမှာပါ ဘုရား)၊ ခုနက ငှားထားတဲ့ပစ္စည်း၊ အိမ်မက်ထဲပေါ်တဲ့ပစ္စည်းတွေဟာ အဖတ်ကောတင်ရဲ့လား (မတင်ပါ ဘုရား)၊ ထမ်းလောင်း နေရတာကောအားရဲ့လား (မအားပါ ဘုရား)၊
ဟာ မန္တလေးသွားပြီးဘာလုပ်တာလဲဆိုတော့၊ ဒီ ဒွါရခြောက်ပေါက်လောင်းဖို့ (မှန်ပါ့)၊ ပြည့်ရဲ့လားလို့ မေးပြန်တော့ (မပြည့်ပါ ဘုရား)။
မပြည့်တိုင်းထမ်းလောင်းနေလို့ရှိရင် ဘယ်တော့ပြည်မှာတုန်းလို့ မေးရင်ကော(ဘယ်တော့မှမပြည့်ပါ ဘုရား) ဘယ်တော့မှလဲမပြည့်ဘူး၊ ထမ်းတဲ့လူကလဲမလျော့ဘူးဆိုလို့ရှိရင်ဖြင့် ဘေးကနေကြည့်စမ်းပါတဲ့၊ မပြည့်နိုင်ဘဲလောင်း နေပြန်ပြီကွာ၊ ကန်းလိုက်တဲ့ဖြစ်ခြင်းမှတစ်ပါး ဒီပြင်စွဲချက်တင်စရာမရှိပါဘူး (မရှိပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊
မပြည့်တာကြီးထမ်းလောင်းနေတာ အကန်းကြောင့်ဆိုရင် မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ အဲဒါ အဝိဇ္ဇာကြောင့်ဆိုတာကော ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ အဝိဇ္ဇာကဒုက္ခသစ္စာကြီးကို၊ ထမ်းလောင်းခိုင်းနေတာ (မှန်ပါ့)၊ မသိတာက အဝိဇ္ဇာပဲ ၊ လောင်းတာက သင်္ခါရဘဲ (မှန်လှပါ ဘုရား)။
အဝိဇ္ဇာ,သင်္ခါရနဲ့ အချိန်ကုန်နေရတယ်
ဒါဖြင့် မင်းတို့ အဝိဇ္ဇာ – သင်္ခါရနဲ့ အချိန်ကုန်နေရတယ် (မှန်ပါ့)၊ ဘာနဲ့အချိန်ကုန်နေတုန်း (အဝိဇ္ဇာ – သင်္ခါရ နဲ့ကုန်နေတာပါ ဘုရား)၊ အဝိဇ္ဇာ – သင်္ခါရနဲ့ အချိန်ကုန်နေရင်တော့ ဝိညာဏ်ဆိုတဲ့ ဒုက္ခသစ္စာကြီးဟာ ဘယ်တော့ပြတ်ပါ့မတုန်း (မပြတ်ပါ ဘုရား) မပြတ်ဘူးဆိုတာ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် မင်းတို့သည် ယနေ့ပြောတဲ့တရားမှာ မင်းတို့သိဖို့အရေးကြီးတာက၊ ဟေ့လူမိုက၊ မင်းသည်ကား ပါးစပ်သမုဒ္ဒရာ၊ နှာခေါင်းသမုဒ္ဒရာ၊ လျှာသမုဒ္ဒရာ၊ ကိုယ်သမုဒ္ဒရာ၊ မနောသမုဒ္ဒရာဆိုတဲ့ ဒီမပြည့်နိုင်တဲ့ သမုဒ္ဒရာကြီး ခြောက်စင်းကို၊ မင်းတို့က ခြောက်ပေါက်စလုံး တစ်ယောက်တည်းကနေ၊ မပြည့်- ပြည့်အောင် လောင်းနေတဲ့ ပုဂ္ဂိုလ်လို ဘယ်တော့မှလဲ မပြည့်ဘူး၊
လောင်းရတာကလဲ တစ်ယောက်တည်း၊ အလောင်းခံနေရတာက ခြောက်ပေါက် (မှန်ပါ့)၊ မိုက်လို့သာ ဒီဝန်ထမ်းနေတာပေါ့ကွ (မှန်ပါ့)၊ ဘယ်လိုဆိုကြမှာလဲ (မိုက်လို့ပါ ဘုရား)၊ လောင်းနေရတာက သမုဒ္ဒရာခြောက်စင်း၊ လောင်းတဲ့သူကတော့ (တစ်ယောက်တည်းပါ ဘုရား)၊ ပြီးတော့ပြည့်တယ်လို့က (မရှိပါ ဘုရား)။
ဒီဇာတ်ဟာကြောက်စရာအကောင်းဆုံး
ကဲ ဒီဇာတ်ဟာကြောက်စရာအကောင်းဆုံးပဲ (မှန်ပါ့)၊ ဒီဇာတ်ဟာ ဘယ်နှယ်တုန်း (ကြောက်စရာ အကောင်းဆုံး ပါ ဘုရား)၊ ပေါ်ပြီးလား (ပေါ်ပါပြီ ဘုရား)၊ သမုဒ္ဒရာကခြောက်စင်းနော် (မှန်ပါ့)၊ လောင်းတဲ့လူက (တစ်ယောက်တည်း ပါ ဘုရား)၊
အင်း အမောဆိုက်ပြီးတော့ လျှာထွက်သေကွ၊ မပြည့်ဘူး (မှန်ပါ့)၊ ဒါဖြင့် မင်းတို့ ဒါလောက် ရဲရဲတင်းတင်း လောင်းနိုင်တာသည်ကားလို့ ဆိုရင်တော်တော်ထူးလို့၊ တော်တော် အ-လို့၊ တော်တော်ကန်းလို့ ဆိုတာ မောင်ထွန်းတင် ပေါ်ပြီးလား (ပေါ်ပါပြီး ဘုရား)၊ ပြီးတဲ့အလုပ်ကော ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။
ဒါကြောင့် ဟိုသမုဒ္ဒရာကြီးခြောက်စင်းရေကခန်းသေးတယ်လို့ ဆိုတာကိုးကွ၊ မင်းတို့သမုဒ္ဒရာ ခြောက်စင်းက (မခန်းပါ ဘုရား)၊ ဘယ်တော့ခန်းတယ်လို့ရှိလဲ (မရှိပါ ဘုရား)၊ ဘယ်တော့မှလဲ ခန်းတယ်လို့ မရှိဘူးတဲ့၊ လောင်းလိုက်တာလဲ လွန်လို့(မှန်ပါ့)၊
တချို့များဆိုရင် မသေမချင်းကိုဘဲ၊ တစ်ခါတည်းကောင်းနိုးရာရာတွေ ဝယ်ထည့်နေတာပြည့်ရဲ့လား (မပြည့်ပါ ဘုရား)၊ ပါးစပ်ပေါက်ကတော်ပြီလို့ပြောရဲ့လား (မပြောပါ ဘုရား)၊ နှာခေါင်းပေါက်က (မပြောပါ ဘုရား)၊ ဘယ်ပြောမှာလဲကွ၊ ပြည့်တတ်တဲ့သမုဒ္ဒရာတွေမှမဟုတ်ဘဲ၊ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။
ဒီသမုဒ္ဒရာခြောက်စင်းမပျောက်သရွေ့
ဒါဖြင့် ဒီသမုဒ္ဒရာခြောက်စင်းမပျောက်သရွေ့၊ မင်းတို့အမောဆိုက်တဲ့ ဇာတ်ဟာသိမ်းနိုင်ပါ့မလား (မသိမ်းနိုင်ပါ ဘုရား)၊ ဒါကြောင့် ဒီခန္ဓာငါးပါးကို မရှိအောင်လုပ်လိုက်ရင် သမုဒ္ဒရာပျောက်သွားမယ် (မှန်ပါ့)၊ သမုဒ္ဒရာပျောက်လို့ရှိရင်ဖြင့် ထမ်းလောင်းတဲ့ ပုဂ္ဂိုလ်မှာ ချမ်းသာရမှာလား၊ ဆင်းရဲရမှာလား၊ စဉ်းစားကြည်စမ်း (ချမ်းသာရမှာပါ ဘုရား)၊ သမုဒ္ဒရာသာ ပျောက်သွားရင်တော့ ထမ်းလောင်းစရာရှိတော့ဘူး (မရှိပါ ဘုရား)၊ မရှိလို့ရှိရင် ဘာရမှာတုန်း (ချမ်းသာရမှာပါ ဘုရား)၊ အဲဒါကြောင့် ခန္ဓာပျောက်ရင် ချမ်းသားမယ်ပြောတာ (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် အခုထမ်းလောက်ခံတဲ့ ခန္ဓာကြီးကဒုက္ခသစ္စာ (မှန်ပါ့)၊ လောင်းတဲ့ခန္ဓာကြီးကို ခင်နေတဲ့ပုဂ္ဂိုလ်က သမုဒယသစ္စာ (မှန်ပါ့)၊ မိုက်တုန်းက ဒီ သစ္စာနှစ်ခုနဲ့နေတာ (မှန်ပါ့)၊
ဒါဖြင့် ဒါတွေသိမ်းပါတော့မယ်ဆိုတဲ့ ဉာဏ်မရသရွေ့ ကာလပတ်လုံးတော့ ဘဝတိုင်လျှာထွက်သေမှာပါပဲ ဆိုတာသဘောပါပြီးလား (ပါ-ပါပြီ ဘုရား)၊ ဒါဖြင့် ဒီဥစ္စာ မင်းတို့ခန္ဓာပျောက်အောင် ရှုဆိုတဲ့အဓိပ္ပါယ်ရှင်းသွားပြီးလား (ရှင်းပါပြီး ဘုရား)၊ ဒါကြောင့် သမုဒ္ဒရာခြောက်စင်း ပျောက်လို့ရှိရင် အမောဆိုက်တာသက်သာလိမ့်မယ်လို့ပြောတာပဲ (မှန်ပါ့)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ခန္ဓာပျောက်တော့ကို ဒုက္ခနိရောဓသစ္စာ (မှန်ပါ့)၊ ဒုက္ခမချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ အဲဒီတော့ ပျောက်အောင်လုပ်တာသည်ကား လို့အပ်ရင် မဂ္ဂသစ္စာပဲ (မှန်ပါ့)၊ တစ်သံသရာလုံးနေတာကတော့ဖြင့် သမုဒ္ဒရာခြောက်စင်းကို ထမ်းလောင်းနေတာမှတစ်ပါး ဘာမှမရှိဘူးဆိုတာဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ သဘောပါပြီလား (ပါ-ပါပြီး ဘုရား)။
ခန္ဓာပြတ်ပုံကို သဘောကျပြီလား
ဒါဖြင့် ခန္ဓာပြတ်ပုံကို သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ခန္ဓာရှိနေသရွေ့၊ ကာလပတ်လုံး၊ ဒီဒွါရခြောက်ပေါက် သမုဒ္ဒရာကြီးကဖြင့် အမြဲတောင်းနေမှာပဲ (မှန်ပါ့)၊ မတောင်းပေဘူူးလား (တောင်းမှာပါ ဘုရား)၊ တောင်းတာအခွန် ဆက်တဲ့ ပုဂ္ဂိုလ်က အားပါမလား (မအားပါ ဘုရား)၊
ဘယ်လောက်အခွန်ဆက်ဆက်နေ၊ မနောပေါက်ကလဲ ရွှေတောင်ကြီး ပေါက်နေတာတောင်မှကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား)၊မျက်လုံးပေါက်ကလဲ သားတွေ၊ သမီးတွေ ကြည့်လို့မဝရဲ့လား (မဝပါ ဘုရား)၊
ဒါဖြင့် ကြည့်စရာဘိုင်စကုတ်တို့၊ ပွဲလမ်းသဘင်တို့ အကုန်လျှောက်ကြည့်ပြီးတော့ကော တော်ပြီလို့ ပြောရဲ့လား (မပြောပါ ဘုရား)၊ သူကလဲသမုဒ္ဒရာထက်မကျယ်ဘူးလား (ကျုယ်ပါတယ် ဘုရား)။
အဲဒါ မင်းတို့အခု၊ လောကကြီးထဲမှာ တောင်ကလူ-မြောက်ပြေး၊ မြောက်ကလူ-တောင်ပြေးနေကြတာဟာ သူ့လောင်းဖို့ရှာကြတာ (မှန်ပါ့)၊ အိုးပေါက်ကို မျက်စိကန်းကရေလောင်းနေတာကွ (မှန်ပါ့)၊ အိုးပေါက်ကို (မျက်စီကန်း ရေလောင်းတာပါ ဘုရား)၊ အိုးပေါက်ကို မျက်စိကန်းက ရေလောင်း နေတော့ကို မသေမခြင်းထမ်းလောင်းလဲမပြည့်ဘူး၊ ဟိုဘဝဆက်လောင်းကော (မပြည့်ပါ ဘုရား)၊
ဘာဖြစ်လို့ မပြည့်တာတုန်းလို့မေးလို့ရှိရင် ဘယ့်နှယ်ပြောမှာတုန်း (အိုးကပေါက်နေလို့ပါ ဘုရား)၊ အလွန်ကျယ်တဲ့ခန္ဓာသမုဒ္ဒရာ ဆိုတာပေါ်ကြပြီးလား (ပေါ်ပါပြီ ဘုရား)။
တဏှာ အရူးသမား
အဲဒီ ခန္ဓာသမုဒ္ဒရာကို၊ အရူးဖြစ်တဲ့ တဏှာ အရူးသမားကသာ၊ ကိုယ့်ခန္ဓာကိုယ်ခင်ပြီး ကျွေးမွေးနေတာတဲ့ (မှန်ပါ့) ၊ရိပ်မိပြီးလာ (ရိပ်မိပါပြီ ဘုရား)၊ တဏှာအရူးကလဲ ကျွေးနိုင်ပါရစေ၊ မွေးနိုင်ပါရစေ ၊ ကြင့်နိုင်ပါရစေလို့ မလားဘူးလား (လားပါတယ် ဘုရား)၊
ဒီကစ္စတွေဟာ ဘယ်တော့ပြီးတဲ့ကိစ္စမျိုးတုန်း (ဘယ်တော့မှမပြီးပါ ဘုရား)၊ အဲ ဘယ်တော့မှမပြီးတဲ့ ကိစ္စမဟုတ်တာကို၊ တစ်သံသရာလုံး မင်းတို့ဘယ်လို့နေခဲ့သတုန်းဆို့တော့ အိုးပေါက်ရေလောင်း ချည်းနေခဲ့တယ် (မှန်ပါ့)၊ အိုးပေါက်ရေလောင်း ဆိုတော့ ဘယ်တောမှမင်းတို့ ဒုက္ခနဲ့မကင်းခဲ့ဘူးဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ ဘယ်တော့ဒုက္ခကင်းခဲ့တုန်း (ဘယ်တော့မှဒုက္ခမကင်းခဲ့ပါ ဘုရား)။
အိုးပေါက်ရေလောင်း အလုပ်လုပ်တာ၊ မျက်လုံးကန်းအဖြစ်နဲ့ အချိန်ကုန်ခဲ့တာ မဟုတ်ဘူးလား (မှန်ပါ့)၊ မျက်လုံးကန်းအဖြစ်နဲ့ အချိန်ကုန်ခဲ့တာဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)၊
မျက်လုံးမြင်လာတာက မဂ္ဂသစ္စာ
မျက်လုံးမြင့်တဲ့အခါကျတော့ ဒါတွေဟာ အပေါက်မတွေ၊ အရွဲ့တွေ၊ ဘာမှအသုံးမကျတာတွေ၊ ဒုက္ခသစ္စာတွေပဲရယ်လို့ သိသွားတဲ့အခါကျတော့၊ လောင်းချင်သေးရဲ့လား (မလောင်းချင်တော့ပါ ဘုရား)၊
အဲဒီတော့ မျက်လုံးမြင်လာတာက မဂ္ဂသစ္စာ (မှန်ပါ့)၊ ဒါတွေမလောင်းချင်လို့ စွန့်ပစ်လိုက်တာက နိရောဓသစ္စာဖြစ်သွားတယ် (မှန်ပါ့)၊
လောင်းနေတုန်းကတော့ ဒုက္ခနဲ့သုမဒယ ဆက်နေတယ်၊ မလောင်းတော့ဘူးဆိုတော့ နိရောဓနဲ့မဂ္ဂ ဖြစ်လာတယ် (မှန်ပါ့)၊ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)၊ အဲဒီရောက်အောင် မင်းတို့အားထုတ်ကြပါ (မှန်ပါ့)။
