136

တဏှာသည်အပ်ချုပ်သမား

အသံမ​ကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားသော တရားတော်

တဏှာသည်အပ်ချုပ်သမား

(ပဋိစ္စသမုပ္ပါဒ်တရားတော်)

(၅-၇-၅၆)

ပဋိစ္စသမုပ္ပါဒ်မှာလဲ အစ၊ အလယ်၊ အဆုံးရယ်လို့ သုံးပါးရှိတယ်လို့ မှတ်ထားရမယ်။ ပဋိစ္စသမုပ္ပါဒ်မှာ အစ ရယ်၊ အလယ်ရယ်၊ အဆုံးရယ်လို့ သုံးပါးရှိတယ်လို့ မှတ်ထား ရမယ်။ ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုးရှိပါလိမ့် (သုံးမျိုးပါ ဘုရား)။

အစ၊ အလယ်၊ အဆုံးသုံးပါး ရှိတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားရမယ်၊ ကောင်းပြီတဲ့ ပဋိစ္စသမုပ္ပါဒ်မှာ အစ၊ အလယ်၊ အဆုံးသုံးပါးကို သိရင် ဒီအထဲမှာ ဘယ်သူ့ကိုဖြတ်မှ သာလျှင် ကိစ္စပြီးမလဲဆိုတဲ့ ဥစ္စာ အင်္ဂုတ္တိုရ် ပါဠိတော်မှာ သေသေချာချာ လာတယ်နော်။

ကိုင်း ဒကာ ဒကာမတို့၊ သူ့ကို အစ၊ အလယ်၊ အဆုံး သုံးပါးပြောရတော့မယ်ဆိုတော့၊ ပဋိစ္စသမုပ္ပါဒ်ခင်းဦးမှ ဖြစ် မယ်၊ မခင်းလို့ရှိရင် မဖြစ်ပါဘူး။

သူ့အင်္ဂါ တစ်ဆယ့်နှစ်ပါးနဲ့ ပတ်သက်တာလေး နည်းနည်းစောင့်ပြီး နားထောင်ပေါ့နော် (တင်ပါ့)

တစ်နံပါတ်က အဝိဇ္ဇာဆိုတာ လူတိုင်းသိတယ်နော်၊ တစ်နံပါတ်က ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာလို့ မှတ်ထားလိုက်တယ်။

အဝိဇ္ဇာဆိုတာနိဗ္ဗာန်မရောက်နိုင်တဲ့ တရား

ဪ အဝိဇ္ဇာဆိုတာ ဒကာ ဒကာမတို့ က တယ်ပြီး သကာလ ကြောက်လန့်ခြင်း မရှိကြဘူး၊ အဝိဇ္ဇာဆို တာ လူတိုင်းလူတိုင်း အဝိဇ္ဇာ၊ အဝိဇ္ဇာ၊ အဝိဇ္ဇာဆိုတာ သိနေ တယ်။

အဝိဇ္ဇာဆိုတဲ့ အသံလေးကြားကြားနေတဲ့ ဦးခင် မောင်တို့က သိပ်မလေးစားဘူးပေါ့ဗျာ (မှန်လှပါ) စင်စစ်တော့ဖြင့် အဝိဇ္ဇာဆိုတာ တခြားတော့မဟုတ်ပါဘူး ဒကာ ဒကာမတို့ နိဗ္ဗာန် မမြင်တဲ့ တရားလို့မှတ် (မှန်ပါ့)။

နိဗ္ဗာန်မရောက်နိုင်တဲ့ တရားလို့မှတ်၊ အဝိဇ္ဇာဆိုတာ ဘာပါလိမ့် (နိဗ္ဗာန်မရောက်နိုင်တဲ့ တရားပါ ဘုရား)၊ ဒါလေး နက်သွားပြီ။

ဒကာ ဒကာမတို့ (မှန်လှပါ) အဝိဇ္ဇာဟာ သာမညလား (မဟုတ်ပါဘူး ဘုရား)၊ နိဗ္ဗာန်မရောက် နိုင်တဲ့ တရားပဲ။

အဝိဇ္ဇာကြီးကြောင့်ခက်တယ်

ဘာတရားတဲ့ (နိဗ္ဗာန် မရောက်နိုင်တဲ့ တရားပါ ဘုရား) အင်း အဝိဇ္ဇာလေးကြောင့် ခက်နေ တယ်လို့ မဆိုနဲ့ အဝိဇ္ဇာကြီးကြောင့် ခက်တယ်လို့ ပြောကြစမ်းပါ (တင်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဝိဇ္ဇာကလေးကြောင့်လို့ မသုံးပါနဲ့၊ မသိမှုလေး ကြောင့် ခက်နေတာလို့ သာမညမျိုး မသုံးပါနဲ့၊ မသိမှုဆိုတာ အဝိဇ္ဇာပဲ မဟုတ်လား (မှန်ပါ့)။

မသိမှုလေးကြောင့် ခက်နေတာကြောင့် ကိုသစ်တို့ လူစုက သာမည မသုံးနဲ့နော် (မှန်ပါ့) မသိမှုဟာ အဝိဇ္ဇာမို့ လား (မှန်ပါ့)။

နိဗ္ဗာန်မရောက်နိုင်တာဘာတုံး (အဝိဇ္ဇာပါ ဘုရား) ဟုတ်သားပဲ၊

‘‘ဒုက္ခေအဉာဏံ၊ ဒုက္ခ သမုဒယေ အဉာဏံ၊ ဒုက္ခနိရောဓေ အဉာဏံ၊ ဒုက္ခနိရောဓါ ဂါမဏိ ပဋိပဒါယေ အဉာဏံ’’ လို့

ဘုရားကလဲဟော၊ သူ့သဘော ကလည်း ဒီအတိုင်းဆိုတော့၊ ဒုက္ခတွေချုပ်ရာ နိဗ္ဗာန်ကို မသိ မမြင်နိုင်တဲ့တရား ဆိုတော့၊ မရောက်နိုင်တဲ့တရားပဲ ဆိုတာ ဒကာ ဒကာမတွေ ကောင်း ကောင်း သဘောကျကြပါနော် (မှန်ပါ့)။

နိဗ္ဗာန်မရောက်နိုင်တဲ့တရားအစစ်

အဝိဇ္ဇာဆိုတာ ဒကာ ဒကာမတွေမသိရုံပဲလား၊ နိဗ္ဗာန် မရောက်နိုင်တဲ့တရားလား (နိဗ္ဗာန် မရောက်နိုင်တဲ့တရား ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မသိမှုလေးလား၊ မသိမှုကြီး လား (မသိမှုကြီးပါ ဘုရား) အဲဒါတော့ဖြင့် လက်သပ် မမွေးလိုက်ပါနဲ့လို့ သတိပေးလိုက်တယ် (မှန်ပါ့)။

ဒါလက်သပ်မမွေးပါနဲ့ မသိတာ အခက်ဆုံးပဲဆို တော့၊ သာမညအားဖြင့်တော့ သိပ်မနာဘူး ပေါ့ဗျား၊ နိဗ္ဗာန် မရောက်နိုင်တဲ့တရား အစစ်ပဲလို့ မှတ်ပါ (မှန်လှပါ)။

အဝိဇ္ဇာဆိုတာ ဘာပါလိမ့် (နိဗ္ဗာန်မရောက်နိုင် တဲ့တရားပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် အဝိဇ္ဇာဆိုတာ နိဗ္ဗာန်မရောက် နိုင်တဲ့ တရားအစစ်လို့ မှတ်ထား၊ အဝိဇ္ဇာပစ္စယာ ဘာတဲ့ (သင်္ခါရာပါ ဘုရား)။

ဪ သင်္ခါရဆိုတာက ခင်ဗျားတို့ဘုံဘဝ တောင့်တတဲ့ ကုသိုလ်လို့ ဆိုနိုင်တာပဲ၊ ခင်ဗျားတို့ ဒေါသ၊ လောဘ၊ မောဟတွေဆိုတဲ့ အကုသိုလ်တွေကော (ဆိုနိုင် ပါတယ် ဘုရား)။

ဆိုနိုင်တော့ ဒီတရားကျတော့ကို သင်္ခါရတရား ဒကာ ဒကာမတို့ ဒီတရားနှစ်ခုကဘာတဲ့ (သင်္ခါရတရားပါ ဘုရား)။

အေး ခင်ဗျားတို့က အရူပဈာန် အားမထုတ်လို့ အာနဉ္ဇာဘိသင်္ခါရတော့ မထည့်တော့ပါဘူး။

ကုသိုလ်နဲ့အကုသိုလ် ဘာတရားတဲ့ (သင်္ခါရ တရားပါ ဘုရား) ဪကုသိုလ်လဲ သင်္ခါရတရား၊ အကုသိုလ် ကကော (သင်္ခါရတရားပါ ဘုရား)။

သင်္ခါရဆိုတာဒုက္ခဖြစ်အောင်လုပ်တတ်တဲ့တရား

သင်္ခါရဆိုတာ ပြုပြင်တတ်တာ သင်္ခါရဆိုတာ ဘာပါ လိမ့် (ပြုပြင်တတ်တာပါ ဘုရား)။

ဘာကိုပြုပြင်တတ်သတုံးလို့ မေးတဲ့အခါကျတော့မှ ဒုက္ခကို ပြုပြင်တတ်တဲ့တရား ရှင်းကြပလား ဘာကိုပြုပြင်တတ်သတုံး (ဒုက္ခကိုပြုပြင်တတ်တာပါ ဘုရား)။

သင်္ခါရတရားဆိုတာ ဘာပါလိမ့် (ဒုက္ခကိုပြုပြင် တတ်တဲ့တရားပါ ဘုရား) ဒုက္ခကို ဖြစ်အောင် လုပ်တဲ့တရား၊ သင်္ခါရတရားများ အကောင်းထင်မနေကြပါနဲ့၊ ခင်ဗျားတို့ မောင်မြရွှေတို့ ဘာလုပ်တတ်တဲ့ တရားတုံး (ဒုက္ခကို ဖြစ်အောင် လုပ်တဲ့တရားပါ ဘုရား)။

ဒုက္ခကို ဖြစ်အောင်တည်ထောင်တတ်တဲ့တရား၊ ဒုက္ခ ဖြစ်အောင် ပြုပြင်တတ်တဲ့တရား၊ ဒုက္ခကိုဖြစ်အောင် ပြုလုပ် တတ်တဲ့တရား။

သူများက သင်္ခါရတရား ဟောနေတယ်၊ အရှင်ဘုရား က ဒုက္ခဖြစ်အောင် လုပ်တတ်တဲ့ တရား ဆိုတော့၊ ဒီအယူယူ တာ ဒကာ ဒကာမတွေကလဲ တို့နာစေချင်လို့ ဒီလောက်ပြော တာပဲလို့ ဒီလို မဟုတ်ပါဘူးတဲ့။

ဘုရားဟောတော်မူတာကို ခင်ဗျားတို့က နှိုက်နှိုက် ချွတ်ချွတ် သူ့သဘောကို မသိသေးလို့သာ ဒီစကားဟာ ဒုက္ခ ဖြစ်အောင် လုပ်တတ်တဲ့တရားလို့ နာမည်ပေးတာကို ရင့်ရင့် သီးသီးကြီးလို့ ဒီလို မအောက်မေ့ပါနဲ့နော် (မှန်လှပါ)။

ဒုက္ခဖြစ်စေတဲ့နေရာမှာ သူလောက်စွမ်းရည်သတ္တိရှိ တာ ဦးဘတင် ရှိကိုမရှိဘူး (မှန်လှပါ ဘုရား)။

ပဋိသန္ဓေဝိဉာဏ်

သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား) ဝိညာဏံဆိုတော့ ပဋိသန္ဓေဝိညာဏ်ကိုဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ပဋိသန္ဓေဝိညာဏံ ဆိုတော့၊ ပဋိသန္ဓေနေတဲ့စိတ် ကလေးကို လုပ်လိုက်တာ၊ ပဋိသန္ဓေနေတဲ့ ရုပ်ကလေးကိုလုပ် လိုက်တာ သဘောကျပလား (ကျပါတယ် ဘုရား)။

ပဋိသန္ဓေဟာ ဘာသစ္စာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာကို သူတို့နှစ်ယောက်ပြုပြင်ချလိုက် တာ သူတို့ကြောင့် ဒုက္ခဖြစ်ရတာ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါရွတ်ဖတ်ဖို့မဟုတ်

သင်္ခါရပစ္စယာ ဝိညာဏံဆိုတော့ ဘုရားထဲ ထည့်ရှိခိုး ရင်တောင် ခင်ဗျားတို့က ကုသိုလ် ရဦးတော့မည့် ပုံလောက် ပြောနေကြတယ်။

မခက်ဘူးလား (မှန်ပါ့) ဘုရားထဲ ထည့်ရှိခိုးရင်တော့ သင်္ခါရပစ္စယာ ဝိညာဏံနဲ့ လျှောက်များ ရွတ်နေတာ မြတ်စွာဘုရား နှုတ်ခါးပတ်တော်တွေတဲ့။

အင်း ကိုယ့်ဖြစ်စဉ်ပြောနေတယ်လို့ မသိဘူး၊ မြတ်စွာဘုရား နှုတ်ကပတ်တော်ဆိုပြီး သကာလ ၊ ဒါကြုံတွေ့ ရလေခြင်း မနည်းလှဘူး။

ဒီလမ်းမသွားကောင်းဘူးလို့ပြောတာ

ဒီလိုဟောတာ မဟုတ်ပါဘူး ဒကာ ဒကာမတွေရ၊ ဒီလိုဟောတာမဟုတ်ပါဘူး၊ ဒါမင်းတို့ ဒီလမ်းအတိုင်း မသွားကောင်းဘူးလို့ ဟောတာ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘယ်လို ဟောတာပါလိမ့် (မသွားကောင်းဘူးလို့ ဟောတာပါ ဘုရား)။

မသွားကောင်းဘူးလို့ ဟောတဲ့ဥစ္စာ၊ ခင်ဗျားတို့က နှုတ်ကပတ်မို့ ရွတ်ပြီး သကာလ ၊ ဟာ နှုတ်ကပတ်တွေပဲ ရွတ်မှပဲ သရဇ္ဈာယ်မှပဲ၊ ဘုရားက ရွတ်ဖတ်တာလား သရဇ္ဈာယ်တာလား ဆိုတော့ သူ့ဟာသူ စစ်ဆေးတာ။

ရွတ်ဖို့လား၊ စစ်ဆေးဖို့လား

ဪ တစ်သံသရာလုံး သူတို့ကြောင့် ဒုက္ခဖြစ် နေတာလို့ သူ့ဟာသူ စစ်ဆေးတာ၊ ဗောဓိပင်နှင့် ရွှေပလ္လင် ပေါ်မှာ၊ ခင်ဗျားတို့လို ရွတ်ဖို့လား စစ်ဆေးဖို့လား (စစ်ဆေးဖို့ပါ ဘုရား)။

ဒကာ ဒကာမတွေက ဘာလုပ်နေတုံး (ရွတ်ဖတ် နေပါတယ် ဘုရား)။

ရွတ်တော့ ကိုယ့်လမ်းကိုယ် ခင်းနေသလိုဖြစ်နေတာ ပေါ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဦးဝင်း ရွတ်တော့ (ကိုယ့်လမ်းကိုယ်ခင်းတာပါ ဘုရား) ကိုယ်သွားမယ့်လမ်းကို ကိုယ်ခင်းသလို မကျဘူးလား (ကျပါတယ် ဘုရား)။

ကိုယ်သွားမယ့်လမ်းက ဒီဘက်က ဒုက္ခအစုထဲသွား မယ်၊ မသွားဘူးလား (သွားမှာပါ ဘုရား)။

သူ့ဟာသူစစ်ဆေးရှာတာ

အဲတော့ ကိုယ့်ဟာကိုယ် ဘုရားသခင်ကိုယ်တော် မြတ်ကြီးက ဪ သူ့ဟာသူ စစ်ဆေး ရှာတာ ဆိုတာ မှတ်ထားရမယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီဒုက္ခသစ္စာကို ဘယ်သူပြုပြင်လိုက်တာပါလိမ့် (သင်္ခါရပါ ဘုရား) ထားလိုက်ပါစို့ သင်္ခါရဟာ အနီးအကြောင်း ပဲထားပါတော့နော်။

ဒါဖြင့်သင်္ခါရနှစ်ခုက ပြုပြင်လိုက်တာ ဘာပါလိမ့် (ဝိညာဏ်ပါ ဘုရား) ဝိညာဏ်ဆိုတာ ပေါ်လာတယ်။

ဝိညာဏ်ဆိုတာ ဘယ်အခါဝိညာဏ်တုံးလို့ မေးတော့၊ ပဋိသန္ဓေစိတ်ဆင်းတဲ့၊ ပဋိသန္ဓေ ဝိညာဏ်ကို ဆိုတာ၊ ဘာဆိုတာပါလိမ့် (ပဋိသန္ဓေဝိညာဏ်ပါ ဘုရား)။

ဘာသစ္စာဖွဲ့ကြမှာတုံး

ဘာသစ္စာဖွဲ့ကြမတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဟာ ဒီဒုက္ခ ဘယ်သူ့ကြောင့်ရတာတုံး ဒကာ ဒကာမတွေရ (သင်္ခါရကြောင့်ပါ ဘုရား)။

သင်္ခါရနှစ်ခုကြောင့်ရတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ ဒီဒုက္ခ ဘယ်သူ့ကြောင့် ရတာတုံး (သင်္ခါရနှစ်ခုကြောင့်ပါ ဘုရား)။

ဒါဖြင့် လူ ပဋိသန္ဓေလည်း ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒီ သင်္ခါရလက်ချက်ပဲ၊ နတ်ပဋိသန္ဓေလည်း ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

သင်္ခါရနှစ်ခု လက်ချက်ပဲ (မှန်လှပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဘယ်သူ့လက်ချက်ပါလိမ့် (သင်္ခါရနှစ်ခု လက်ချက်ပါ ဘုရား)။

ဒကာ ဒကာမတို့ ပူဇော်စရာလား၊ ပသစရာလား၊ ကျေးဇူးတင်စရာလားသာ အကဲခတ် ကြပေတော့။ ဘာလုပ် ရမတုံး (သူ့ကိုပယ်ရမှာပါ ဘုရား)။ သူ့ကို ပယ်ပစ်ရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကုသိုလ်၊ အကုသိုလ်ကို စွန့်ပစ်ရမယ်

“ကုသလာကုသလံ ဇဟံ” လုပ်ရမယ်။ ဒီ ပုညနှစ်ခု ကို ကုသိုလ်နဲ့ အကုသိုလ်ကို စွန့်ပစ်ရမယ်။ ဒီကုသိုလ်နဲ့ အ ကုသိုလ်ကို ဘာလုပ်ရမတုံး (စွန့်ပစ်ရမှာပါ ဘုရား)။

ခင်ဗျားတို့၊ ဪ- ဘုန်းကြီးက ဟောရက်လိုက်တာ လို့ဆိုမလားတဲ့။ သူ့အကျိုးပေးမြင်ရလို့ စွန့်ပစ်ရမှာလား (သူ့အကျိုးပေးမြင်ရလို့ စွန့်ပစ်ရမှာပါ ဘုရား)။

သူ့အကျိုးပေးက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာလုပ်တဲ့တရားကို အားလုံး ဒကာ ဒကာမတို့ လက်သပ်မွေးလို့တော့ မတော်ဘူး. (မတော်ပါဘူး ဘုရား)။

ဘယ်လိုလုပ်ကြမတုံး (စွန့်ပစ်ရမှာပါ ဘုရား)၊ အဲ ဒီကုသိုလ်မျိုးနဲ့ ဒီအကုသိုလ်မျိုး လုပ်ကို မလုပ်ကောင်းဘူး၊ ဘာဖြစ်ရမယ် (ဖြုတ်ပစ်ရမှာပါ ဘုရား)။

ဒါကြောင့် ဘုရားက “ကုသလာကုသလံ ဇဟံ” လို့ နမက္ကာရမှာ မရွတ်ဘူးလား (ရွတ်ပါတယ် ဘုရား)။

ဘာ့ကြောင့် ကိုယ်တော်မြတ်ကြီးကလည်း ကုသိုလ်နဲ့ အကုသိုလ် စွန့်ပါလိမ့်မတုံးဆိုတော့ ခင်ဗျားတို့တောင် ရိပ်မိပြီ (တင်ပါ့)၊ ရိပ်မိကြသေးဘူးလား (ရိပ်မိပါတယ် ဘုရား)။

ဒါ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါ ဘယ်သူလုပ်လိုက်တာတုံး (သင်္ခါရနှစ်ခုပါ ဘုရား)၊ ဒါဖြင့် စွန့်မှတော်မလား၊ ပြုနေဖို့များ လိုသေးသလား (မလိုပါဘူး ဘုရား)။

လိုသေးသလား (မလိုပါဘူး ဘုရား)၊ မလိုတော့ ပါဘူးတဲ့၊ ဒီလိုအချက်ကျပြတဲ့အခါကျတော့ ဒကာ ဒကာမ တွေက သံသယရှိသေးလား (မရှိတော့ပါဘူး ဘုရား)။

ဇာတိပိ ဘယ့်နှယ်ခေါ်ကြမတုံး (ဒုက္ခပါ ဘုရား)၊ သူဇာတိပဲဗျ၊ ပဋိသန္ဓေဇာတိပဲ။ ပဋိသန္ဓေဝိညာဏ် ဆိုတော့ ပဋိသန္ဓေဇာတိပဲဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီဇာတိဘယ်သူက တည်ထောင် လိုက်လို့ ဒီဇာတိဒုက္ခကြီး လှလှကြီး ရနေပါလိမ့်မလဲလို့ မေးရင် ဒကာ ဒကာမတွေ ဘယ့်နှယ်ဖြေကြမတုံး (သင်္ခါရနှစ်ခု ကြောင့်ပါ ဘုရား)။

သင်္ခါရနှစ်ခုကြောင့် ရှင်းပလား (ရှင်းပါပြီ ဘုရား)။ သင်္ခါရနှစ်ခုကို သင်္ခါရဆိုတော့ ခင်ဗျားတို့က ဖြုန်းခနဲ မသိဘဲ နေမှာစိုးတဲ့အတွက် ကုသိုလ်နဲ့ အကုသိုလ်လို့ပဲ မှတ်လိုက်တာ ပေါ့ (မှန်ပါ့)။

သဘောကျပလား (ကျပါတယ် ဘုရား)၊ ဘာဆို ကြမယ် (ကုသိုလ်နဲ့ အကုသိုလ်ပါ ဘုရား)။

ကုသိုလ်နဲ့ အကုသိုလ် ဒကာ ဒကာမတို့၊ ဒါဖြင့် ကုသိုလ်နဲ့ အကုသိုလ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ ဘာလုပ် ပါလိမ့်မတုံးလို့ မေးတော့မှ ဒီဘက်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ- ကုသိုလ်လည်း လုပ်ရသေး၊ ဒုက္ခလည်း ရောက်သေး၊ အကုသိုလ်လုပ်လို့ ဒုက္ခရောက်ရင်တော့ မဆိုး လှပါဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မလုပ်တတ်တဲ့ပုဂ္ဂိုလ်လုပ်တဲ့ ကုသိုလ်

ကုသိုလ်လုပ်လို့ ဘာဖြစ်နေတုံး (ဒုက္ခရောက်နေ တာပါ ဘုရား)။ အဲ့ဒါ ခင်ဗျားတို့ မလုပ်တတ်တဲ့ ပုဂ္ဂိုလ်လုပ်တဲ့ ကုသိုလ် (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)

ဒါ ဘယ်လို ပုဂ္ဂိုလ်ပါလိမ့်။ ဒီကုသိုလ်ဟာ (မလုပ်တတ်တဲ့ပုဂ္ဂိုလ်လုပ်တဲ့ ကုသိုလ်ပါ ဘုရား)။

ဒါဖြင့် ကုသိုလ်လုပ်တယ်၊ ကုသိုလ်လုပ်တယ်ဆိုငြား သော်လည်း၊ အားလုံး အားလုံး ဒကာ ဒကာမတွေ စဉ်းစားဖို့ တော့ကောင်းပါတယ် ဟုတ်ဘူးလား (တင်ပါ့ ဘုရား)။

ကိုယ့်သေကြောင်းကြံမယ့် ကုသိုလ်တော့ (မလုပ်သင့်ပါဘူး ဘုရား)၊ ကိုယ်ဒုက္ခရောက်ကြောင်း ဖြစ်တဲ့ ကုသိုလ်မျိုး (မလုပ်သင့်ပါဘူး ဘုရား)။

မလုပ်သင့်ဘူးဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲ့–ဒါကြောင့် ကုသိုလ်ကိုတော့ ဘုန်းကြီးတို့က ဘုရားက အသေအချာ ဟောတယ်။

ဘိက္ခဝေ-ရဟန်းတို့၊ ပုညာ-ကုသိုလ်လုပ်မှာကို ကြောက်မနေနဲ့၊ ရဲရဲတင်းတင်းလုပ် မဟောဘူးလား (ဟောပါတယ် ဘုရား)။

ရဲရဲတင်းတင်းလုပ်ဆိုတာ ဒီကုသိုလ်မျိုးမဟုတ်ဘူး

အဲ့ဒါ ဒီကုသိုလ်မျိုးမဟုတ်ဘူးဗျ၊ ရိပ်မိကြပလား ဝဋ်ကျွတ်ချင်တဲ့ ကုသိုလ်မျိုးတော့ မကြောက်နဲ့ ရဲရဲတင်းတင်း လုပ်ပါ။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝဋ်ကျွတ်ချင်တဲ့ကုသိုလ်တော့ (ရဲရဲတင်းတင်း လုပ်ရမှာပါ ဘုရား)။ ဒုက္ခသစ္စာဖြစ်မယ့် ကုသိုလ်တော့ (မလုပ်ရပါဘူး ဘုရား)။

“ကုသလာကုသလံ ဇဟံ” ထဲသွင်း၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

ဆရာကောင်းက လမ်းညွှန်ပြနေတာနော်

ဒါ အားလုံး ဒကာ ဒကာမတွေမှာ၊ ခု ဆရာကောင်း သမားကောင်းမို့ လမ်းညွှန်ပြီး ပြနေတယ်နော်၊ တော်တော် အရေးကြီးတယ်လို့ အောက်မေ့ပါ (မှန်ပါ့)။

ဦးဘတင် ဘယ့်နှယ်တုံး (တော်တော်အရေး ကြီးပါတယ် ဘုရား)။

ဪ- တို့ရမ်းလုပ်နေတဲ့ ကုသိုလ်တွေပါလားဆို တာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ရမ်းလုပ်နေတဲ့ ကုသိုလ်တွေက ဘာသစ္စာရတုံး (ဒုက္ခသစ္စာရပါတယ် ဘုရား)၊ ဟ ဘယ်သူ့ကြောင့် ရတာတုံး (သင်္ခါရနှစ်ခုကြောင့်ပါ ဘုရား)။

သင်္ခါရက ဘာပါလိမ့် (ကုသိုလ်နဲ့ အကုသိုလ်ပါ ဘုရား)၊ အဲ့ ကုသိုလ်နဲ့ အကုသိုလ်ကြောင့် တစ်ခါတည်း ဒုက္ခသစ္စာကြီး လှလှကြီးရပြီး သကာလ နေတော့၊ ဒကာ ဒကာမတွေကလည်း ထိပ်ချလို့မှ ဓားပြမှန်း မသိသေးတာက အတော် အရုပ်ဆိုးတယ်။

ဦးစံရင်တို့ အတော်အရုပ်ဆိုးနေတယ်၊ ထိပ်ချလို့မှ ဓားပြမှန်းမသိသေးဘူးဆိုရင်၊ ဒီလူ ဘယ့်နှယ့် ဆိုကြမလဲ၊ အင် မတန်အ,တယ်၊ အင်မတန် ထူတယ်ဆိုထိုက် မဆိုထိုက်, (ဆိုထိုက် ပါတယ် ဘုရား)။

နှစ်ခါမိုက်ဖြစ်မယ်

ဘာပြုလို့ဆိုထိုက်ပါသတုံး မေးရင်၊ ဒုက္ခသစ္စာကိုယ် ကိုယ်တိုင် အမိဝမ်းခေါင်းထဲမှာ၊ ကိုးလခွဲ ဆယ်လအငတ် အပြတ်ကျင်ကြီးကျင်ငယ်တွေနဲ့ လှည့်ပတ်ပြီး သကာလ ၊ ဒီထဲ မှာ နေခဲ့ရတယ်၊ အသက်တောင် မရှူရအောင် အလုံ ထောင်ထဲကျပြီး၊ ဆင်းရဲခြင်းမက ဆင်းရဲတဲ့အထဲ ရောက်ပြီး သားတောင်မှ၊ နောက် ပဋိသန္ဓေကို ထပ်ပြီးလိုချင်တဲ့ ကုသိုလ် မျိုး လုပ်ဦးမယ်ဆိုလို့ရှိရင်ဖြင့် နှစ်ခါမိုက်ပဲ (မှန်လှပါ)။

အရင်နေဖူးတဲ့ဥစ္စာကို မသိတာက တစ်ခါမိုက်၊ နောက်နေချင်တာက (တစ်ခါမိုက်ပါ ဘုရား)။ တစ်ခါမိုက် နော်၊ အရင်နေဖူးတာ မသိတာက (တစ်ခါမိုက်ပါ ဘုရား)။ နောက်နေချင်တာက (တစ်ခါမိုက်ပါ ဘုရား)။

ဘယ်နှစ်ခါမိုက်ကြတုံး (နှစ်ခါမိုက်ကြပါတယ် ဘုရား)။

ဒီတစ်ခါ နှစ်ခါမိုက်ကို မစွန့်ပြန်ဘူးဆိုရင် နောက် နှစ်ခါ မိုက်က လာဦးမယ် (မှန်ပါ့)။ မလာပေဘူးလား (လာမှာပါ ဘုရား)။

နှစ်ခါပေါင်း ရေတွက်နိုင်ပါ့မလား (မရေတွက် နိုင်ပါဘူး ဘုရား)။ အေး- ဒါကြောင့် ခုလို ဆရာကောင်း သမားကောင်းကြုံတဲ့အခါ၊ ခင်ဗျားတို့ တကယ်အကျိုးစီးပွား အလိုရှိတဲ့ ဆရာသမားမို့ အင်း- ဒီကုသိုလ်မျိုးရှောင် ဒကာ ဒကာမတို့၊ ဟုတ်ပလား (တင်ပါ့)။

ဝဋ်ကျွတ်တဲ့ကုသိုလ်ဆိုရင် ခန္ဓာရောင်းလှူ

ဒုက္ခဝဋ်မှ ကျွတ်ချင်တဲ့ ကုသိုလ်မျိုးကျတော့ ခန္ဓာ ရောင်းလှူလို့ပြော၊ မပြောဘူးလား (မှန်ပါ့)။ ခန္ဓာရောင်း လှူကောင်းတယ်၊ သဘောကျပလား (မှန်ပါ့)။

ဒုက္ခရောက်မယ့် ကုသိုလ်တော့ (ရှောင်ရမှာပါ ဘုရား)။ ရှောင်ရလိမ့်မယ်၊ ရှားရလိမ့်မယ်ဆိုတာ သဘောကျ ပလား (တင်ပါ့ ဘုရား)။

အဲတော့ကို ဒကာ ဒကာမတို့ ဝိညာဏ် သဘောကျ ကြလား (ကျပါတယ် ဘုရား)၊ ဘာသစ္စာ (ဒုက္ခသစ္စာ ပါ ဘုရား)။

ဘယ်သူ တည်ထောင်လိုက်တုံး (သင်္ခါရနှစ်ခုပါ ဘုရား)။ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သံ ယုတ် ပါဠိတော်များ ဟောချလိုက်တာ၊ ကွာတဲ့ ဒီနှစ်ယောက်၊ ဒီနှစ်ခုဟာ ရှားမီးတွင်းကြီး တစ်ခုရှိတယ်။

ရှားမီးတွင်းကြီးတစ်ခု၊ ရှားမီးတွေရဲနေတဲ့တွင်းကြီးထဲ တွင်းကြီးနဲ့ အပြည့်ရှိတယ်။ အဲ့ဒီထဲမှာ လာသ၍ လူကို ရှားမီး တွင်းနားမှာ အားကောင်းသော လူနှစ်ယောက်လည်း ရှိတယ် ကွတဲ့၊ သူတို့ နှစ်ယောက်ကို ပြောတာ။

လာသရွေ့ လူကိုတဲ့၊ ဟောဒီ ဇာတိရှားမီးသွေးတွင်း ထဲ ပွေ့ချတယ်။ လာသေလူ မင်းတို့ ဝဋ်တောင့်တတဲ့ လူစု ဒီထဲချမကွ။

ဒီ ရှားမီးသွေးတွင်းထဲချည်းချတာ၊ သဘောကျကြ လား (မှန်ပါ့)။

သူတို့က အားကောင်းတဲ့ လူနှစ်ယောက် (မှန်ပါ့)။ သူတို့ကိုပဲ ပြမယ့်လူက ပြန်ပြီး သကာလ တုံ့ပြန်နိုင် သေးသလားလို့မေးလို့ရှိရင် မတုံ့ပြန်နိုင်ဘူး (မှန်လှပါ)။

ဦးလှဘူးတို့က အလွန်အောင့်ခံတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မီးတွင်းထဲချည်းပစ်ချတယ်

အဲ့ဒါ သူတို့က လာတဲ့လူအပေါင်း၊ သံသရာခရီးသည် ခရီးကို မပြတ်ချင်တဲ့ ပုဂ္ဂိုလ်အပေါင်း၊ ခရီးကို မဆုံးချင်တဲ့ ပုဂ္ဂိုလ်အပေါင်းကိုဖြင့် ဒီရှားမီးတွင်းထဲ ဇာတိရှားမီးတွင်းထဲ ချည်းပစ်ချတယ်။

လူလည်း ဒီထဲ၊ နတ်လည်း ဒီထဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဒုက္ခသစ္စာ ရှားမီးတွင်းထဲချည်း ချဘူးလား (ချပါတယ် ဘုရား)။ သဘောပါပလား (ပါပါတယ် ဘုရား)။

အင်း- ဒီပုဂ္ဂိုလ်နှစ်ယောက်က အားကောင်းတဲ့လူနှစ် ယောက်လို့ ဘုရားဟောတော်မူတာများ၊ ခင်ဗျားတို့ကို မရုန်း မကန်နိုင်လို့ ဒီကျတာ သဘောကျလား (ကျပါပြီ ဘုရား)။

ကျပြီးခဲ့ကြပြီလားလို့မေးရင် (ကျပြီးခဲ့ပါပြီ ဘုရား)၊ နောက်ထပ်များ ကျချင်သေးရဲ့လား (မကျ ချင်တော့ပါ ဘုရား)။

မကျချင်လို့ရှိရင် အဲ့ဒီမကျချင်တဲ့အသံလေးဟာ ခင်ဗျားတို့ ဘယ်အခါမှ မထွက်တဲ့အသံ (မှန်ပါ့)။

ဘယ်အခါမှ မထွက်တဲ့ မကျချင်ဘူးဆိုတဲ့အသံ အခု သုံးတာပဲ။ မကျချင်ဘူးဆိုတဲ့အသံ ဒကာ ဒကာမတို့ အခုသုံး တာပဲဆိုတော့၊ ဟာ- ဘုန်းကြီး တပည့်တော်တို့ လူဖြစ်လာ တာ ကြာပြီလို့ ထင်ချင်လည်း ထင်လိမ့်မယ်။

မဟုတ်ပါဘူးတဲ့။ နောက်ထပ် မကျချင်ဘူးဆိုတာ ဒါလေးရယ် တို့ ဒီဘဝ ပဋိသန္ဓေကလေးက ဒုက္ခသစ္စာလို့ သိလို့ မကျချင်ဘူးပြောတာ ဒီဒုက္ခသစ္စာကို မသိဖူးဘူး ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဒီ ဒုက္ခသစ္စာလေးကို မသိဘူးတဲ့၊ ဒီလူနှစ်ယောက်က အားကောင်းတဲ့ လူနှစ်ယောက်ပွေ့ချလို့၊ ဒီဒုက္ခသစ္စာ ရှားမီးတွင်းထဲမှာ အလူးအလဲ ခံနေရတယ်ဆိုတာကော သဘောကျလား (ကျပါတယ် ဘုရား)။

မိခင်ဝမ်းတွင်းဒုက္ခ

အစားလည်း စားရရဲ့ လား ဒကာ ဒကာမတို့ (မစားရပါဘူး ဘုရား)၊ အဝတ်ကော ကပ်ရဲ့ လား (မကပ် ပါဘူး ဘုရား)။

ခေါင်းပေါ်ကော ခွေးအန်ဖတ်နဲ့ တူတဲ့အစာတွေ မရွက်ရဘူးလား (ရွက်ရပါတယ် ဘုရား)၊ အောက်က အမေ့ကျင်ကြီးပေါ်ကော မထိုင်ရဘူးလား (ထိုင်ရပါ တယ် ဘုရား)။

ကျောကော မျက်နှာကော မပူရဘူးလား (ပူပါ တယ် ဘုရား)၊ အသက်များ ရှူရသေးလား (မရှူရပါဘူး ဘုရား)။

ဘယ်အကောင်မို့လို့ ဒီလောက်အသက်ရှင်နေပါလိမ့် မတုံး မေးလိုက်ချင်သေးတယ်။ ဝဋ်အကောင်မို့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

သေပါတော့လားဆိုတော့ ဦးခင်မောင် ဘယ့်နှယ်တုံး (မသေပါဘူး ဘုရား)၊ မသေဘူး၊ ဝဋ် မကျွတ်မချင်း မသေဘူး (တင်ပါ့)၊ သေပါ့မလား (မသေပါဘူး)။

မသေတာ ဘယ်သေနိုင်လိမ့်မတုံး ဒကာ ဒကာမတို့ ကိုယ့်ကိုယ်က ဒီဝဋ်တွေ့ရပါလို၏ ဆိုပြီး၊ ဒီနှစ်ယောက်ကို ပွေ့ချစမ်းပါ၊ ခိုင်းထားတာသဘောကျလား (ကျပါတယ် ဘုရား)။

ကုသိုလ်နဲ့အကုသိုလ် ပွေ့ချခိုင်းတာနော် (မှန်ပါ့)။ ဘယ်လောက်ကြောက်စရာကောင်းတုံး (ကောင်းပါတယ် ဘုရား)။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

တစ်သံသရာလုံး ခင်ဗျားတို့ ဒီထောင်ထဲချည်းဒီရှားမီး တွင်းထဲချည်းကျလာတာ၊ အားလုံး ဒကာ ဒကာမတို့ ခင်ဗျား တို့ တစ်ခါမှ မရိပ်မိခဲ့ဘူး၊ မရိပ်မိခဲ့ဘူး (မှန်ပါ့)။

နောက်ဘဝကောင်းစားရေး

အခုတော့ကြည့်လေ၊ တချို့လည်း မရိပ်မိသေးဘူး၊ နောက်ဘဝ ကောင်းစားရေး လုပ်တဲ့ ပုဂ္ဂိုလ် ဟူသရွေ့ ဒီက စတာချည်းပဲ ဒီဇာတိက စနေတာပဲ။

နောက်ဘဝ ကောင်းစားရေး လုပ်တဲ့ပုဂ္ဂိုလ် ဘယ်က စတုံး (ဇာတိကစပါတယ် ဘုရား)။ ဇာတိဆိုတာ ရှားမီး တွင်းထဲ ကျတာပဲ၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ကဲ- တချို့ ခုထက်ထိ ခင်ဗျားတို့ နောက်ဘဝကောင်း စားရေးဆိုတဲ့ ဒီသား၊ ဒီသမီး၊ ဒီမြေး၊ ဒီမြစ် ဟုတ်လား၊ ရွှေတောင် ငွေတောင်နဲ့ နောက်ဘဝ ပေါက်ဖို့ လုပ်တာဟူသရွေ့ သည်၊ ရွှေတောင် ငွေတောင်ပေါက် မပေါက်တော့ မပြော တတ်ဘူး၊ ရှားမီးတွင်း အရင်ကျမှာတော့ဖြင့် သေချာတယ်လို့ ဟောလိမ့်မယ် (မှန်လှပါ)။

မဟောထိုက်ဘူးလား (ဟောထိုက်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဇာတိပိ၊ ဘာသစ္စာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာဆိုတော့ သုခများရောသေးလား (မရောပါဘူး ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒီ ဒကာ ဒကာမတို့၊ ဒီနေ့ဟောမယ့်တရား က အစွန်းသုံးပါးကို ဟောချင်တာပဲ၊ သို့သော် ဒါလေးချဲ့နေ တာ တခြားမဟုတ်ဘူး။ ခင်ဗျားတို့ ဒီကစပြီး ဗဟုသုတ အကုန်ရှိပါစေတော့လို့ ဟောနေတာ၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။ ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒါဖြင့် ဒီဒုက္ခသစ္စာ ဝိညာဏ်ဆိုတဲ့ ဒုက္ခသစ္စာလည်း ရပြီ။ ဝိညာဏပစ္စယာ (နာမရူပံ)။

နာမ်နဲ့ရုပ်ပေါ်လာတယ်

နာမ်နဲ့ရုပ် ပေါ်လာသတဲ့ ဒကာ ဒကာမတို့၊ အင်းဘာပင်ကြောင့် ဘာအညွန့်များ ထွက်လာ ပါလိမ့်မတုံး၊ အကဲ ခတ်ပါတော့ (ဒုက္ခအပင်က ဒုက္ခအညွန့် ထွက်လာပါ တယ် ဘုရား)။

ဒုက္ခအပင်က ဒုက္ခအညွန့်၊ ဒုက္ခအကိုင်းအခက်တွေ ဖြာလာတယ် (မှန်ပါ့)၊ ဘာတွေများ ဖြာလာတုံး (ဒုက္ခ အကိုင်းအခက်တွေပါ ဘုရား)။

ကြည့်လေဗျာ၊ ဇာတိပိက ဒုက္ခသစ္စာလို့ဆိုထားတော့၊ သူကနေပြီး ကျေးဇူးပြုလို့ခေါ်ရတဲ့ နာမ်ရုပ် ဆိုကတည်းက ဒကာ ဒကာမတို့ သူကထွက်လာတဲ့ အကိုင်းအခက်လို့ ဆိုနိုင် မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား)။

ကိုင်း- သူတို့လည်း ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူတို့လည်း ဘာသစ္စာတဲ့ (ဒုက္ခသစ္စာပါ ဘုရား)။ သော်- အကိုင်းအခက်တွေတော့ ထွက်လာပြီ၊ အသီးများသီး ရင်တော့ ဒီအပင်က သီးရင်တော့ဖြင့် ခက်ဦးတော့မှာပဲ၊ ဘာ အသီးများ သီးမယ်ထင်ကြတုံး (ဒုက္ခသီးပါ ဘုရား)။ ၊ အင်း- သူကပြန်ကျလိမ့်ဦးမယ်နော် (မှန်ပါ့)၊ ပြန်ကျရင် ဘာအပင်များ ပေါက်မယ်ထင်တုံး (ဒုက္ခအပင်ပါ ဘုရား)။

ဪ- ခင်ဗျားတို့ ဇာတ်ထုပ်ကလည်း ခက်လိုက်တဲ့ ဖြစ်ခြင်း၊ ဘယ့်နှယ့်တုံး ဦးဘအုန်းကြီးရဲ့ (မှန်ပါ့)၊ ဟေ့ မောင်ကိုတို့လူစုတွေ (တင်ပါ့)၊ အတော်မခက်ဘူးလား (ခက်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အခု ဘာတွေထွက်လာတုံး ဒကာ ဒကာမတွေရဲ့ ပြောကြပါဦး (ဒုက္ခအကိုင်းအခက်တွေပါ ဘုရား)။ ဒုက္ခ အကိုင်းအခက်တွေ ထွက်လာတယ်။

အင်- ဒုက္ခအကိုင်းအခက်တွေ ထွက်လာလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခက်ပါပေရဲ့။ သူကများ သီးပွင့်လာမယ်ဆို ရင်ဖြင့်၊ ဒီတောနေတော့ ဒီတောနားမှာ မှီခိုနေတဲ့ ပုဂ္ဂိုလ်တွေ တော့ဖြင့်၊ အင်း- သူ့အဆိပ်သင့်ပြီး သကာလ အနံ့နဲ့လည်း သေ၊ စားမိလို့လည်းသေဆိုတော့တာဖြင့် သေခြင်းဆိုတော့ သေကြတော့မှာပဲ (မှန်လှပါ).

ဒီအပင်က သီးလာတာ ပွင့်လာတာတွေ စားမိ သောက်မိ မျိုမိကြမယ်ဆိုရင်ပေါ့လေ။ ကြမှာပဲ။ ဒါကိုယ့် ခန္ဓာဆိုတော့ ကိုယ်ခင်ကြမှာပဲ။ ခင်ရင်တာပဲ (မှန်ပါ့)။ သဘောကျပလား (မှန်ပါ့)။

ကိုယ့်ခန္ဓာကိုယ်ခင်တာ ဘာထင်ကြသတုံး

ကိုယ့်ခန္ဓာ ကိုယ်ခင်ကြတာ ဘာထင်ကြသတုံး (မူတာပါ ဘုရား)၊ ကိုယ့်ခန္ဓာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲ ဒုက္ခသစ္စာ ဒုက္ခသီး၊ ဒုက္ခပွင့်တွေမို့လား (မှန်ပါ့)၊ အဲဒါတွေကို မျိုကြပြန်လို့ရှိရင်ဖြင့် ဘာပြောမယ် ထင်ကြတုံးဗျ (မနေရပါ ဘုရား)၊ သေရမှာပဲ။

မသေပေဘူးလား (သေရမှာပါ ဘုရား)၊ အင်းသူများပေးတဲ့အသီးစားမိလို့လား၊ ကိုယ့်အပင်က အသီး ကိုယ် စားမိလို့ သေရတာလား (ကိုယ့်အပင်ကအသီး ကိုယ်စား မိလို့ သေရတာပါ ဘုရား)။

ဒီလိုချည်းသေခဲ့ကြတယ်၊ ဘဝများစွာက ကိုယ့်အပင် ကသီးတဲ့အသီး ကိုယ်စားခဲ့လို့ သေခဲ့တာချည်း မှတ်ပေတော့။ ကိုယ့်ကိုယ်ကို ခင်မိလို့ သေခဲ့ကြတာကိုးဗျ။ ကိုယ့်ကိုယ်ကို စွန့်ချင်ကြရဲ့လား (မစွန့်ချင်ပါဘူး ဘုရား)။

မစွန့်ချင်တော့ ဒကာ ဒကာမတွေ ခင်ရက်တန်းလန်း နဲ့ သေသွားကြတဲ့အခါကျတော့ အပါယ်လေးဘုံ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာ ဒကာမတို့ အကိုင်းအခက် တွေတော့ထွက်လာပြီးနောက် ဘာပင်များ ဖြစ်မယ်ထင်ကြ တုံး (အသီးအပွင့်ဖြစ်မှာပါ ဘုရား)။

အင်း- ဒီအပင်မျိုးတော့ဖြင့် မျိုးပြတ်မှကောင်းမှာပါ။ မောင်မြရွှေတို့ ဘယ့်နှယ်ဆိုကြမတုံး (မျိုးပြတ်မှကောင်း မှာပါ ဘုရား)။

မျိုးပြတ်မှာစိုးရိမ်နေတဲ့ပုဂ္ဂိုလ်တွေ

ခင်ဗျားတို့ကလည်း မျိုးပြတ်မှာ ကြောက်လိုက်တဲ့ ဖြစ်ခြင်းမပြောပါနဲ့၊ ဆွေစဉ်ခုနက်ဆက်၊ မျိုးစဉ် ခုနစ်ဆက်ဆို တာတွေကိုလည်း အလွန် ကျေကျေနပ်နပ်ကြီး သဘောကျနေ တာ၊ ဒီအပင်မျိုးကလည်း မျိုးပြတ်မှာ စိုးရိမ်နေတဲ့ ပုဂ္ဂိုလ်တွေ က အတော်ခက်တယ် (မှန်ပါ့)၊ ဟုတ်ဘူးလား (မှန်ပါ့)။

သားလေး၊ သမီးလေးများ မထွန်းကားရင် ခင်ဗျားတို့ က ဘယ်လိုများဖြစ်နေကြတုံး၊ ပူတယ်တဲ့၊ ဆွေဆက် မျိုးဆက် တွေ ပြတ်ပြီ။ ဖြစ်မှဖြစ်ရလေခြင်း၊ ဘာတွေတုံး။ ဒုက္ခအပင် တွေမို့ ဒီဒုက္ခမျိုးတွေ ပြတ်သွားလို့ရှိရင် နောက် ဒီနေရာ လူတွေရှိမှာမဟုတ်ဘူး။

ဒါကိုပဲ ကျုပ် အခက်ကြီးခက်နေလို့ ပြောချင်လည်း ပြောမယ် မပြောပေဘူးလား (ပြောမှာပါ ဘုရား)။ အံမလေး၊ ရူးလိုက်တဲ့ဖြစ်ခြင်းပါလား ဒကာ ဒကာမတွေ၊ ဘယ့်နှယ်ဖြစ်နေတာတုံး (ရူးတာပါ ဘုရား)။

သာမညအရူးလားဗျာ (မဟုတ်ပါဘူး ဘုရား)၊ အကြီးအကျယ် ရူးတာပဲ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒီနေ့ပျောက်ရင် ပျောက်ပါ၊ မပျောက်ရင် ရူးလက်စ သတ်တော့မှာမဟုတ်ပါဘူး (မှန်ပါ့)။

နာမရူပပစ္စယာ သဠာယတနံ

ဝိညာဏ ပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ (သဠာယတနံ)၊ သဠာယတနံ ဆိုတော့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ပေါ့ဗျာ။ သဠာယတန ခြောက်ပါး မလာပေ ဘူးလား (လာပါတယ် ဘုရား)။ အ

အင်း- ဒကာ ဒကာမတွေ အကိုင်းအခက်က အသီး တွေလာပါပေါ့လား (မှန်ပါ့)၊ ဒါ ကိုယ့်မျက်လုံးဗျာ၊ ကိုယ့်နားဗျာ၊ ကိုယ့်နှာခေါင်းဗျာ၊ ကိုယ့်လျှာဗျာ၊ ကိုယ့်ကိုယ် ဗျာ၊ ကိုယ့်စိတ်ဗျာ၊ ခြောက်မျိုး မနေဘူးလား (ခြောက်မျိုး ပါ ဘုရား)၊ သဘောကျပလား၊ ဘယ်နှစ်မျိုးပါလိမ့် (ခြောက်မျိုးပါ ဘုရား)။

သဠာယတနပေါ့ဗျာ။ ခြောက်မျိုး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘယ်နှစ်မျိုးရှိတုံး (ခြောက်မျိုးပါ ဘုရား)။

သဠာယတနဆိုတာ ခြောက်မျိုး

အဲ့ဒါ ခင်ဗျားတို့ မျက်စိရယ်၊ နားရယ်၊ နှာခေါင်းရယ်၊ လျှာရယ်၊ ကိုယ်ရယ်၊ စိတ်ရယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်မျက်လုံးကလေးကလည်း ဒကာ ဒကာမတို့ ကိုယ်ခင်ကြလားလို့မေးရင် ဘယ်နဲ့တုံး (ခင်ပါတယ် ဘုရား)။

အင်း- မျက်လုံးလေးခင်လို့ပေါ့ဗျာ။ တစ်ခါတည်း မျက်လုံးတစ်လုံး ငါးရာဆိုလည်း ကုမှာပဲ၊ မကုပေဘူးလား (ကုမှာပါ ဘုရား)၊ ဘာပြုလို့တုံး (ခင်လို့ပါ ဘုရား)။

ခင်လွန်းလို့နော်၊ မျက်လုံးနဲ့ လူနဲ့ အိုးစားများကွဲသွား လို့ရှိရင်ဖြင့်၊ ကိုယ်ကျိုးနည်းချည့်ရဲ့၊ ဘယ်လောက်များဆိုး တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ နားလေးများကျတော့ ကော (ခင်ပါတယ် ဘုရား)၊ နှာခေါင်းလေး (ခင်ပါ တယ် ဘုရား)၊ လျှာလေး (ခင်ပါတယ် ဘုရား)၊ ကိုယ်လေးကော (ခင်ပါတယ် ဘုရား)။

အင်း- ကိုယ်ကလေး ခြင်လေးလာကိုက်တာတောင်၊ ဟာ မထိနဲ့ ကိုယ်လေး ခင်ထားလိုက်တာ (မှန်ပါ့)၊ ခြင် လေး လာထိတဲ့အခါကျလို့ရှိရင်၊ ခြင်လေးက အော်ပြီးလာတဲ့ အခါကျလို့ရှိရင် ဒကာ ဒကာမတွေက ဒီလိုပဲ ကဲ- မင်းကြိုက် သလိုစားတော့လို့များ စွန့်ပစ်လိုက်လား (မပစ်ပါဘူး ဘုရား)။

ဘာ ယပ်တောင်နဲ့ခတ်ထုတ်၊ ဟိုကနေ ရိုက်ထုတ်၊ ဒါ ဘယ်သူ့ခင်နေတာတုံး (ကိုယ်ကို ခင်နေတာပါ ဘုရား)။

အင်း- ကိုယ့်စိတ်ကလေး လာများစမ်းလိုက်ပြီဆိုမှ ဖြင့် အံမယ် ငါ့စိတ်ဘာထင်လို့တုံး၊ ကိုယ့်စိတ်အတော် ခင်ပေါ့လား (မှန်ပါ့)၊ မခင်ဘူးလား (ခင်ပါတယ် ဘုရား)။

ကိုယ်စိတ်ကောင်းမွေးထားတဲ့ဥစ္စာ၊ စိတ်ကောင်းမွေး ထားတဲ့ဥစ္စာ၊ စိတ်ကောင်းမွေးနေလို့ သည်းခံနေတာ၊ သူက ဘာများထင်သေးလို့ပါလိမ့်၊ အံမလေး ဒီစိတ်ကလေး အတော်ဆိုးနေပါလားဗျ၊ ဟင်။

ဒုက္ခသီးတွေ စားကြတယ်

ဒကာ ဒကာမတို့ ကိုယ့်စိတ်ကို ခင်မခင် (ခင်ပါ တယ် ဘုရား)၊ ခင်တယ်တဲ့၊ ကောင်းပြီ ဒါဖြင့် ဒီဥစ္စာသည် ကားလို့ဆိုလို့ရှိရင် ကိုယ့်ဟာကိုယ်တော့ဖြင့် မျိုးကြပေါ့ဗျာ။ ဒုက္ခ ပင်၊ ဒုက္ခကိုင်း၊ ဒုက္ခအသီးတွေ စားကြ၊ မစားကြ ဘူးလား (စားမှာပါ ဘုရား)။

အင်း- ဒုက္ခသီးတွေ စားမိလို့ရှိရင်ဖြင့် ဒီပုဂ္ဂိုလ်သည် ကား ဒုက္ခရောက်ပြီး အသေဆိုးမှ သေပါ့မလားလို့ တွေးကြ စမ်း (သေမှာသေချာပါတယ် ဘုရား)၊ ဦးဝင်း (မှန်ပါ့)။

သေချာပလား နောက်က ဒကာ ဒကာမတွေ (သေချာပါတယ် ဘုရား)၊ ခင်ဗျားတို့ ခု စားသောက် နေကြတာ ဒါတွေပဲမဟုတ်လား (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ မျက်စဉ်းဝယ်တာလည်း မျက်စိဖို့၊ ဟုတ်ပလား (မှန်ပါ့)၊ အင်း- နားဆေးတွေ ဝယ်တာလည်း နားဖို့ ဟုတ်လား (မှန်ပါ့)၊ အင်း- ခုခါ အမွှေးပန်းတွေ ဝယ်ကြပြုကြတာလည်း နှာခေါင်းဖို့ (မှန်ပါ့)၊ ဒီအတိုင်း မနေဘူးလား (နေပါတယ် ဘုရား)။

နေ့တိုင်း ဈေးချိုထဲမှာ ငါးအသားတဲ့၊ သွားဝယ်ကြ တာက လျှာဖို့၊ အဝတ် ဝယ်ကြတာက ကိုယ်ဖို့၊ ပန်းဥယျာဉ်တွေ စိုက်ကြတာက စိတ်ရွှင်လန်းဖို့၊ ပန်းဥယျာဉ်လေးတွေ စိုက်ကြတာက ဘာလုပ်ဖို့တုံး (စိတ်ရွှင်လန်းဖို့ပါ ဘုရား)။

စိတ်ဖို့ အားကိုမအားတော့ပါဘူး၊ အားသေးရဲ့လား (မအားတော့ပါဘူး ဘုရား)၊ မအားပေမယ့်လည်း ခင်ဗျားတို့ကလည်း ဒီဥစ္စာအဆိပ်သီးတွေမျိုနေတယ်လို့လည်း စိတ်ထဲက ရောက်ကြရဲ့လား (မရောက်ပါဘူး ဘုရား)။

ဘယ်ရောက်မတုံးဗျ၊ သူတို့ဒုက္ခ၊ ပိဠနဋ္ဌသဘောနဲ့ ဒုက္ခနှိပ်စက်မယ့်တရားတွေကို ခင်ဗျားတို့က ဉာဏ်က မရောက်တော့ဘူး (မှန်ပါ့)၊ ရောက်သေးရဲ့ လား (မရောက်တော့ပါဘူး ဘုရား)။

မရောက်သာ မရောက်တယ်။ ခင်ဗျားတို့ ဒီက ဒုက္ခ ရေသောက်မြစ်၊ ဒုက္ခမျိုးစေ့၊ ဒီက ဒုက္ခ အကိုင်းအခက်၊ ဒီက ဒုက္ခအသီး၊ ဒုက္ခအပွင့် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါတွေ ဒကာ ဒကာမတွေက ငါ့ကိုယ်၊ ငါ့ဟာလုပ်နေ တဲ့ဒကာ ဒကာမတွေက၊ တဏှာဒိဋ္ဌိနဲ့ ဒကာ ဒကာမတွေက ဒီခြောက်ခုကိုပင်တဲ့၊ တစ်ခါတည်းအမွှန်းတင်ပြီး သကာလ ချစ်ကြ၊ ခင်ကြ၊ နေကြတော့တာပဲ ဆိုရင်ကော လွဲသလား (မလွဲပါဘူး ဘုရား)။

အဆိပ်သီးတွေ မျိုးနေတာ

ဒါ မျိုမကျတာလား၊ မမျိုးကြဘူးလား (မျိုးကြပါ တယ် ဘုရား)၊ ဘာသီးတွေမျိုပါလိမ့် (ဒုက္ခသီးတွေ မျိုးပါ တယ် ဘုရား)၊ ဒုက္ခအဆိပ်သီးတွေ ရှိတယ်ဆိုတော့ ဒကာ ဒကာမတို့ အတော်ခက်နေပြီ။

ဘယ်သူစိုက်တာတုံး၊ ကိုယ်စိုက်တာ ဘယ်သူမျိုးတုံး (ကိုယ်တာပါ ဘုရား)၊ ဘယ်သူ သေမှာတုံး (ကိုယ်သေမှာပါ ဘုရား)၊ ဪ သေကြောင်းကြံနေကြတာကိုး၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘယ်သူတုံး သေကြောင်းကြံနေတာ (ကိုယ်ပါ ဘုရား)၊ ကိုယ့်ကိုယ်ကို သေကြောင်းကြံနေတာ (မှန်လှပါ)။

အစိုးရက ဒီလိုလူတွေသာ တရားစွဲမယ်ဆိုရင် အကုန်စွဲရမယ်။ ခုဟာ ရေထဲခုန်ချတဲ့ လူတွေလောက်သာ စွဲနေလို့၊ ကြိုးဆွဲချတဲ့ လူတွေလောက်သာ စွဲနေလို့ ဟင်း (မှန်ပါ့)။

ဒီလိုလူတွေ စွဲမယ်ဆိုလို့ရှိရင်ဖြင့် ဘယ်လိုဆိုကြမယ်၊ အကုန်လုံး ရုံးတောင်မဆန့်တော့ဘူး ဒကာ ဒကာတို့၊ ကိုယ့် ဟာကိုယ် သေကြောင်းကြံနေတဲ့ပုဂ္ဂိုလ်တွေ သဘောကျ ပလား (ကျပါတယ် ဘုရား)။

ဒီဟာလေး ခန္ဓာတွေ ချုပ်တည်းထားတာ မဟုတ် လား (မှန်ပါ့)၊ ကိုယ့်မျက်လုံး၊ ကိုယ့်နား၊ ကိုယ့်နှာခေါင်း၊ ကိုယ့်ကိုယ်၊ ကိုယ့်စိတ် ဘယ်နှစ်မျိုးရှိတုံး (ခြောက်မျိုးပါ ဘုရား)။

အဲ- ခြောက်မျိုးကိုဖြင့် ဒကာ ဒကာမတွေ စားလိုက်၊ သုံးလိုက်၊ မျိုလိုက်ဆိုတာကဖြင့် ငြင်းနေဖို့ လိုသေးလား (မလိုတော့ပါဘူး ဘုရား)။

အဲ- မလိုတော့ ဒီဥစ္စာ ဘာလုပ်ကြတာတုံးမေးရင် ဒုက္ခအသီးတွေ မျိုးကြသိပ်ကြတာ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာပါလိမ့် (ဒုက္ခသီးတွေ မျိုတာ သိပ်တာပါ ဘုရား) မျိုတာ သိပ်တာပဲ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

အဲတော့ ဒီအသီးတွေ စားလို့ရှိရင်ဖြင့် ဘာအကျိုး များ ပေးလိမ့်မယ်ထင်တုံး (သေမဲ့အကျိုးပါ ဘုရား) သေမယ် ဟုတ်လား အဆိပ်သင့်ပြီး သေမယ် ရှင်းပလား (မှန်ပါ့)။

တဏှာ၊ ဥပါဒါန်၊ ကံ

ဦးခင်မောင် (မှန်ပါ့) ဘယ့်နှယ် ထင်တုံး (အဆိပ်သင့်ပြီး သေမှာပါ ဘုရား) အဆိပ်သင့်ပြီး သေတာ ကိုယ့်ကိုယ်ကို ခင်ပြီးသေတဲ့ ပုဂ္ဂိုလ်လဲ တဏှာနဲ့ သေရတော့ တဏှာ ဥပါဒါန် ကံ အပါယ် ဇာတိ (မှန်ပါ့) မလာပေ ဘူးလား (လာပါတယ် ဘုရား)။

သူတစ်ပါးလဲ သားမယားနဲ့တကွ သားသမီးတွေ ခင်ပြီး သေပြန်လို့ရှိရင်လဲ ဒီခြောက်ခု ခင်မှာပဲ (မှန်ပါ့)။

ခင်ပြန်လို့ရှိရင် တဏှာ ဥပါဒါန် ကံ ဇာတိ အပါယ် ဇာတိပဲ လာမလာ (လာပါတယ် ဘုရား)။

ဒါ ဘယ်လို ပုဂ္ဂိုလ်၊ မျိုတဲ့ပုဂ္ဂိုလ် ဝမ်းထဲမှာ အရောက် လှိုက်လှိုက်လှဲလှဲ ခင်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ ဟုတ်ပလား (မှန်ပါ့)။

သားသမီးတွေပေါ် ခင်တာ အပေါ်ယံများ ခင်ကြ သလား (မဟုတ်ပါဘူး ဘုရား) ဘယ်လိုပါလိမ့် (လှိုက် လှိုက်လှဲလှဲ ခင်တာပါ ဘုရား)။

လှိုက်လှိုက်လှဲလှဲ၊ ကိုယ့်ကိုယ်ကို ခင်တာကော (လှိုက်လှိုက်လှဲလှဲပါ ဘုရား) အံမယ် မျိုးမှ မိကြရဲ့လား ဝမ်းထဲမှ ရောက်ကဲ့လား လျှာပေါ်တင်များ ဝဲနေရော့လား (ဝမ်းထဲရောက်ပါတယ် ဘုရား)။

ဘယ့်နှယ်ထင်ကြတုံး (ဝမ်းထဲရောက်ပါတယ် ဘုရား) ဝမ်းထဲရောက်တယ်ဆိုတော့ ဒကာ ဒကာမတို့ ဆေးချက်ကုန်ပြီ (မှန်ပါ့) ဘယ့်နှယ့်တုံး (ဆေးချက် ကုန်ပါပြီ ဘုရား)။

ဆေးချက်ကုန်ပြီ ဦးစံရင်ရဲ့ ဘယ့်နှယ်ဖြစ်နေတုံး ဆေးချက်ကုန်ပြီဆိုတာ သဘောကျလား (မှန်ပါ့)။

အပေါ်ယံဆိုရင် နှိုက်ထုတ်လို့ရသေးတယ်၊ ဝမ်းထဲ ရောက်သွားပြီဆိုမှဖြင့် ဒကာ ဒကာမတို့ အူသိမ် အူမတွေနဲ့ တကွ ပြတ်တောက်ပြီးသွားတဲ့ အဓိပ္ပါယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သတ္တဝါသေတာ အပါယ်ရောက်တာ ကံမကောင်း အကြောင်း မသင့်လို့ ရောက်တာလား၊ အဆိပ်သီးတွေ စားမိ မျိုမိလို့ ရောက်တာ လား (အဆိပ်သီးတွေ စားမိ မျိုမိလို့ ရောက်တာပါ ဘုရား)။

ကံက အလကားခံရတာ

ကံက အလကားခံရရှာတာဗျ (မှန်ပါ့) ကံက အလကားခံရတာ (တင်ပါ့) ကိုယ့်ကိုယ်ကို ခင်မှုတဏှာ ကလဲ မျိုမိလို့၊ သဘောကျပလား (ကျပါတယ် ဘုရား)။

သားသမီးနဲ့ ပစ္စည်း ခင်မိတဲ့ တဏှာကခင်မှု တဏှာနဲ့ မျိုမိလို့ ဘာဖြစ်ရတဲ့ ကံက ဘာမှမဆိုင်ဘူး၊ ကိုယ့်ဟာကို ကြိုဆိပ်သင့်လို့ မျိုတဲ့အဆိပ်သင့်လို့ သဘောကျ ပလား (မှန်ပါ့)။

စွဲချက်တင်လိုက်တော့ (မျိုတဲ့ကံပေါ်ချတာပါ ဘုရား) ကံပေါ်ချတာ သဘောကျပလား (မှန်လှပါ)။

တဏှာကခိုင်းတာ

အဲတော့ တဏှာက ပြုံးတာပေါ့ တဏှာက မျိုးခိုင်း လို့ သူတို့မျိုတာ၊ သူတို့ကံဆွဲချတယ်၊ ငါအနေသာကြီးပဲ ဖြစ်နေတယ် (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူက လှည့်စားသွားတာတုံး (တဏှာက လှည့်စားသွားတာပါ ဘုရား) မျိုတာတော့ ဘယ်သူကမျိုတာ တုံး (တဏှာက မျိုတာပါ ဘုရား) တဏှာက မျိုးခိုင်းလို့ ခင်ဗျားတို့ မျိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူက မျိုခိုင်းတုံး (တဏှာက မျိုခိုင်းတာ ပါ ဘုရား) တဏှာက မျိုခိုင်းတော့ မျိုတော့ သေရော ဆိုကြ ပါစို့ ဒကာ ဒကာမတွေနော်။

သေတဲ့ အခါကျတော့ကို ဒကာ ဒကာမတွေ ခင်ဗျား တို့က ညည်းလုံးထုတ်တယ်၊ ကံမကောင်း အကြောင်းမသင့် လို့ ဒီလိုဖြစ်ရလေခြင်း၊ ကံမကောင်း အကြောင်းမသင့်လို့ ဒီလိုဖြစ်ရလေခြင်း မလာဘူးလား (လာပါတယ် ဘုရား)။

အင်း တဏှာက ပြုံးတယ် မပြုံးပေဘူးလား (ပြုံးပါတယ် ဘုရား) ဘယ်လိုများပြုံးတုံး၊ ငါက မျိုခိုင်း လို့ မျိုတာ၊ ငါ့ကြောင့်သေတာ ကံပေါ်ဆွဲချ ဟုတ်ဘူးလား အတော့်ကိုပဲ ငါလုပ်တာ သိပါလား (တင်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ကဲ ဒကာ ဒကာမတို့ ဘဝတိုင်း သေခြင်းဆိုး သေခဲ့ ရတာ ခင်ဗျားတို့ ကံကုန်လို့ချည်း ထင်ကြတယ် သဘောကျလား (တင်ပါ့ ဘုရား)။

ကံက ဇာတိဇရာ ဗျာဓိ ဖြတ်လိုက်တာတော့ မှန်ပါ ရဲ့တဲ့၊ အမိန့်ပေးတာက ရှင်ဘုရင်က အမိန့်ပေးတာ၊ တဏှာ က အမိန့်ပေးတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိ ပါတယ် ဘုရား)။

တဏှာက အမိန့်ပေးလို့၊ ကံကလုပ်ရတာ

ဘယ်သူက အမိန့်ပေးတုံး (တဏှာက အမိန့်ပေး တာပါ ဘုရား) တဏှာက အမိန့်ပေးလို့ ကံက သတ်သမား ဆိုတော့ အသတ်သမားနဲ့ အမိန့်ပေးတဲ့သူ ဘယ်သူက အာဏာရှိတုံး (အမိန့်ပေးတဲ့သူက အာဏာရှိပါတယ် ဘုရား)။

ဒါ အမိန့်ပေးတဲ့လူကျတော့ ခင်ဗျားတို့က မမုန်းဘူး၊ သတ်တဲ့လူသာ (မုန်းနေတာပါ ဘုရား)၊ မုန်းနေတာ ခုတ် ရာတခြား ရှရာတခြား မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲတော့ ဒီပုဂ္ဂိုလ်သည်ကားလို့ဆိုရင် သံသရာဝဋ်မှ ထွက်ဖို့ရာ ဘယ်သူ့သတ်ရမယ်လို့ အကောင် အထည်မိသေး ရဲ့ လား (မမိပါဘူး ဘုရား)၊ ကဲ- ကိုမြရွှေ မိသေးရဲ့ လား (မမိပါဘူး ဘုရား)။

မမိတော့ မနာဘူး၊ ဘယ်တော့သတ်သတ် လက် သည် အစစ်ဖမ်းမိသေးရဲ့ လား (မမိပါဘူး ဘုရား) ရိပ်မိကြ ပလား (မှန်ပါ့)။

ဒကာ ဒကာမတို့ ကျုပ်တို့မိုက်ချက်ဟာ ဒီလိုမှဖော် ပေးမယ့်လူ မရှိလို့ရှိရင်လည်း ပြောပြန်တော့လည်း ကံမကောင်းလို့သေရတာ၊ နောက်တော့ ကံကောင်းအောင် လုပ်ရဦးမှာပဲ ဆိုတော့၊ လာပြန်ပဟေ့၊ ငါတို့ဆီရောက်ပြန်ပြီ တဲ့၊ ဒီနှစ်ခုက ကံပဲ၊ ဒီနှစ်ခုက ကပဲ ရိပ်မိပလား (မှန်ပါ့ ဘုရား)။

နောက်မျိုးစေ့စိုက်ပေးဦးမယ်၊ လာဦးမှာပဲ။ ဒီဘက် ပြန်လှည့်တယ်၊ မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။ ကဲ- ခင်ဗျားတို့ဥစ္စာ၊ ဘယ့်နှယ်တုံး ဒကာ ဒကာမတွေ၊ ကျွတ်လမ်း လွတ်လမ်းကို မြင်သေးရဲ့ လား (မမြင်ပါဘူး ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဆရာကောင်းနဲ့လာတွေ့လို့

အင်း တော်သေးတယ် ခင်ဗျားတို့၊ ဆရာကောင်း သမားကောင်းနဲ့လာတွေ့လို့ တော်တော် သေးတာ၊ နို့မဟုတ် လို့ရှိရင်ဖြင့် ဒီဘဝ ကံမကောင်းဘူး၊ အသက်တိုတယ်၊ သေ ခြင်းဆိုးတွေ အများကြီးနဲ့ သေရတယ်၊ ကံတွေတော့ နောက် ဘဝကျတော့ ကံကောင်းလုပ်မယ် (မှန်လှပါ)

လွဲပြီ ကံကောင်းလုပ်ဦးမယ်တဲ့၊ အသက်ရှည်တဲ့ကံ လုပ်မယ်တဲ့၊ သဘောကျပလား (မှန်ပါ့)၊ အသက်ရှည်တဲ့ ကံလုပ်မယ်ဆိုတော့၊ ဒီနှစ်ယောက် ဒီနှစ်ကံပြန်ရောက်တာ၊ ဒီနှစ်ကံပြန်ရောက်တော့ သူက ဒုက္ခအသီးလေး စပြီး စိုက်ပြန်တာ၊ မစိုက်ပေဘူးလား (စိုက်ပါတယ် ဘုရား)။

နောက်- အကိုင်းအခက်က (စိုက်ပါတယ် ဘုရား)၊ စိုက်မှာပဲ၊ နောက်အသီးအပွင့်တွေက (မျိုးမှာပါ ဘုရား)၊ မျိုဦးမှာပဲ။ အင် မျိုပေဘူးလား (မျိုးမှာပါ ဘုရား)။

မျိုရင် ဘာဖြစ်ဦးမယ်ထင်တုံး (သေဦးမှာပါ ဘုရား)၊ သေလို့ရှိရင်ဖြင့် ကံမကောင်းသေးဘူး၊ နောက်ကံတွေ လုပ်ဦးမှာပဲ၊ သေချင်သေးလို့လားဗျ၊ ရိပ်မိပလား (မှန်ပါ့ ဘုရား)။

ဘယ်လိုကြောင့်ပါလိမ့် ဦးဝင်း (သေချင်သေးလို့ ပါ ဘုရား)၊ သေခဲ့တာတွေလည်းများပြီ၊ နောက်ထပ် သေချင် တဲ့ဇာတ်ကလည်း သူသိမ်းချင်သေးရဲ့လား (မသိမ်းနိုင်ပါ ဘူး ဘုရား)။

ဒါက ပဋိစ္စသမုပ္ပါဒ်လည်ပုံကိုပြတာ

ဒီလောက်ထိအောင် ခင်ဗျားတို့ ဒါ ပဋိစ္စသမုပ္ပါဒ် လည်ပုံကိုပြတာ (မှန်ပါ့)၊ ရှင်းပလား၊ ခင်းထားတာလည်း ဒါပါပဲ၊ စကားထဲမှာတော့ လည်သွားပြီ (မှန်ပါ့)၊ မလည်သေးဘူးလား (လည်ပါတယ် ဘုရား)၊ လည်သွားပြီ ဒကာ ဒကာမတို့။

သဠာယတနပစ္စယာ ဘာတဲ့ (ဖဿာပါ ဘုရား)၊ ဖဿ ဟုတ်လား၊ ဖဿဆိုတာကလည်း ခင်ဗျားတို့ က အင်မတန် မှန်ပါတယ်တဲ့၊ မျက်လုံးရှိတော့ မျက်လုံးနဲ့ တွေ့ တယ်ဟုတ်လား (မှန်ပါ့)။

နားရှိ တော့ (နားနဲ့တွေ့ပါတယ် ဘုရား)၊ နှာခေါင်း ရှိတော့ (နှာခေါင်းနဲ့တွေ့ပါတယ် ဘုရား)၊ လျှာ ရှိတော့ (လျှာနဲ့တွေ့ပါတယ် ဘုရား)၊ ကိုယ်ရှိတော့ (ကိုယ်နဲ့တွေ့ပါတယ် ဘုရား)၊ စိတ်ရှိတော့ (စိတ်နဲ့တွေ့ ပါတယ် ဘုရား)၊ စိတ်နဲ့တွေ့ချင်သေးတယ်၊ ကျုပ်အကုန်အန် ပြီး ပြောလိုက်ချင်သေး ဆိုတာ ပါသေးတယ်၊ မပါဘူးလား (ပါ ပါတယ် ဘုရား)။

အကုန်အန်ပြီး ပြောလိုက်ချင်သေးတယ်တဲ့၊ ဒကာ ဒကာမတွေ ဒီလိုများ သုံးဖူးနှုန်းဖူးကြလား (မသုံးဖူးပါ ဘူး ဘုရား)။

ကျုပ်ကများ ကျောင်းကနေပြီး မှားများနေလို့ မေးရတာလည်း မှားနေသလားလို့ ရှင်းပြီလား (ရှင်းပါ ပြီဘုရာ)။

တစ်ခါတလေများ ဒီလိုမပြောရလို့ ရင်တထုထုနဲ့ နေတာတွေရှိသေး၊ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဘာ ပြုလို့တုံးဆိုတော့ အိတ်သွန်ဖာမှောက် မပြောရလို့ စိတ်ထဲ မှာရှိသလောက်ပေါ့ (မှန်ပါ့)။

ကဲ- ဒကာ ဒကာမတို့ ဟောဒီတွေ့သလောက်မပြော ရလို့ဆိုတော့၊ ဖဿခြောက်မျိုးက ပေါ်ထိုက် မပေါ်ထိုက် (ပေါ်ထိုက်ပါတယ် ဘုရား)။

မျက်လုံးရှိ မျက်လုံးနဲ့တွေ့ချင် (မှန်ပါ့)၊ တိုတို ပြောကြပါစို့။ စိတ်ရှိတော့ (စိတ်နဲ့တွေ့ချင် ပါတယ် ဘုရား)၊ စိတ်နဲ့တွေ့ချင်ဆိုတော့ ဖဿ လာသင့် မလာသင့် (လာသင့်ပါတယ် ဘုရား)။

လာသင့်တယ်တဲ့ ကောင်းပြီ၊ တွေ့ချင်တဲ့ပုဂ္ဂိုလ်သည် ကားလို့ဆိုလို့ရှိရင်ဖြင့်၊ တွေ့တယ် ဆိုလို့ရှိရင်ဖြင့် တွေ့ရင်တော့ ဖြင့်တဲ့ အကောင်းအဆိုးတော့ သူရွေးတော့မှာ (တင်ပါ့)၊ တွေ့ရင် ဘယ့်နှယ်တုံး (အကောင်း အဆိုး ရွေးမှာပါ ဘုရား)။

အကောင်းအဆိုးရွေးရင် ဝေဒနာလာမယ်

အကောင်းအဆိုးရွေးတော့ ဝေဒနာသုံးမျိုးလာမှာပဲ။ မလာပေဘူးလား (မှန်ပါ့)၊ တွေ့တော့ ဘာရွေးလေ့ရှိတုံး (အကောင်းအဆိုးရွေးပါတယ် ဘုရား)။

အကောင်းအဆိုးရွေးတယ်၊ အင်း- ဒါပေမယ့် သုခ ဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဖဿ ပစ္စယာ-ဝေဒနာဆိုတာ ဟောသင့်မဟောသင့် (ဟောသင့်ပါတယ် ဘုရား)၊ တွေ့တဲ့ ပုဂ္ဂိုလ် ဘာရွေးလေ့ ရှိတုံး (အကောင်းအဆိုး ရွေးပါတယ် ဘုရား)။

အကောင်းရယ်၊ အဆိုးရယ်၊ အလတ်စားရယ် မရွေး ဘူးလား (ရွေးပါတယ် ဘုရား)၊ ဦးဝင်း ဘယ်နှစ်မျိုးရွေးတုံး (သုံးမျိုးပါ ဘုရား)။

ကုန်များသန့်တဲ့အခါကျတော့ သုံးစားသန့်ရတာပါ တယ်၊ လေးစားသန့်ရတာပါတယ် (မှန်ပါ့)၊ မပါဘူးလား (ပါ ပါတယ် ဘုရား)။

ဒီအတိုင်းပါပဲတဲ့၊ ဒီမှာလည်း ဝေဒနာသုံးမျိုးဟာ သုံး စားသန့်ထားတာပဲဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)။

ဝေဒနာပစ္စယာတဏှာ

ဒါ ဘယ်သူသန့်တာတုံးဗျာ၊ ခင်ဗျားတို့ဖြစ်စဉ်ပေါ့ဗျာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။

တဏှာကျတော့ ကောင်းတာဖြင့် ကြိုက်တယ်၊ ဒီ တဏှာက ရှင်းပလား (မှန်ပါ့)၊ မကောင်း တာဖြင့် မကြိုက်ဖူးတဲ့ ဒေါသက ဟုတ်လား (မှန်ပါ့)။

ဒါဖြင့် အလတ်စားဖြင့် အလတ်စားဆိုတော့ သိမ်မွေ့ မနေဘူးလား (နေပါတယ် ဘုရား)။ သိမ်မွေ့တာဖြင့် မသိ ဘူးတဲ့၊ သိမ်မွေ့တဲ့ အဓိပ္ပာယ်မသိဘူးဆိုတော့၊ ဒီမယ်

လောဘ၊ ဒေါသ၊ မောဟလာတယ်၊ မလာသေးဘူးလား (လာပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်နှစ်မျိုးလာပါလိမ့် (သုံးမျိုးလာပါတယ် ဘုရား)၊ သုံးမျိုးလာတယ်၊ ဒါက ခင်ဗျားတို့ သိထားတဲ့ ပဋိစ္စသမုပ္ပါဒ်က ဒီလောက် သဘောလည်းမပါဘူး၊ ဒီလောက် လည်း မစုံဘူးဆိုကြပါစို့နော် (မှန်ပါ့)၊ ခုစုံပြီလား (စုံပါပြီ ဘုရား)။

ဖဿ ပစ္စယာ-ဝေဒနာဆိုတော့ ဝေဒနာသုံးမျိုး လာလို့ တဏှာက ဘယ်နှစ်မျိုးလာတုံး (သုံးမျိုးလာပါ တယ် ဘုရား)။

တဏှာပစ္စယာဥပါဒါနံ

တဏှာ သုံးမျိုးလာတော့ အစွဲသုံးမျိုးက မလာပေ ဘူးလား (လာပါတယ် ဘုရား)၊ ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဆိုတဲ့ ဥပါဒါန်တွေ မလာဘူးလား (လာပါတယ် ဘုရား)၊ လာမယ်တဲ့။

ဒါဖြင့် ဒီဘက်က ဥပါဒါန်ထားပါတော့ နော်၊ ဥပါဒါန် စွဲလန်းတဲ့ပုဂ္ဂိုလ်များကျလို့ရှိရင်ဖြင့်တဲ့၊ ကံတော့ လုပ်တော့မှာ ပဲ၊ ဥပါဒါန်စွဲလန်းရင် ဘာလုပ်မယ်ထင်တုံး (ကံလုပ်မှာ ပါ ဘုရား)။

လုပ်မလို့ ခင်ဗျားတို့ကြည့်၊ သုံးနှစ်သုံးသီး သေလို့ တောင်သေရင် သား လင် ခင်ပွန်း သေကြတယ်၊ မမေ့နိုင်ဘူး ဆိုပြီး ကံတွေက အမျှဝေကြတယ်၊ ကံတွေ အမျှဝေတယ်။

ကံတွေလုပ်တယ်

ဘာလုပ်တာတုံး ဒီဥစ္စာ၊ ကံလုပ်တာ သဘောကျ ပလား (မှန်ပါ့)၊ ကာယကံ၊ ဝစီကံ၊ မနောကံ တွေနဲ့ မလုပ်ကြဘူးလား (လုပ်ပါတယ် ဘုရား)။

ဘာတွေတုံးလို့ မေးတဲ့အခါကျတော့၊ ဒါကံလုပ်နေ တာပဲ။ ဒီပြင်ဒါနကံလုပ်ဦးမှာပဲ။ အင်း ကျုပ်တို့ တတွေပဲ။ ကျုပ်တို့ဥပုသ်စောင့်နေလိုက်ဦးမှပဲ။ သီလကံ မလာဘူးလား (လာပါတယ် ဘုရား)။

အင်- ဂူနားသွားပြီး အမျှလေးပေးဦးမှပဲ ဆိုတော့ ဒါနကံ မလာဘူးလား (လာပါတယ် ဘုရား)၊ ခက်ပြီကော။ ဒါ စွဲလမ်းလို့ လုပ်တဲ့ကံပါလား၊ ဘာကံပါလိမ့် (စွဲလမ်းလို့ လုပ်တဲ့ကံပါ ဘုရား)၊ ရိပ်မိကြပလား။

မမေ့သေးဘူး၊ ကျုပ်စိတ်ထဲမမေ့သေးဘူး၊ မလာကြ ဘူးလား (လာပါတယ် ဘုရား)။ လက်ရာတွေ မြင်တိုင်း မြင်တိုင်း မျက်ရည်က လည်လာတယ် (မှန်ပါ့)၊ မလာ ဘူးလား (လာပါတယ် ဘုရား)။

ဘယ့်နှယ့် ဖြစ်ကြတာတုံး ဒကာ ဒကာမတို့၊ ဥပါဒါန် ကြောင့် ခုနင်က လိုချင်တဲ့ လောဘဇောက (မှန်ပါ့)၊ သဘောကျပလား (မှန်ပါ့)၊ လိုချင်တဲ့ ဘာတွေလာတုံး (လောဘဇော ကံတွေပါ ဘုရား)၊ လောဘဇောကံတွေတဲ့။

ဒါကြောင့် မပျောက်ပျက်အောင်လို့ ဂူတွေဘာတွေ တည်ကြ (မှန်ပါ့)၊ မလုပ်ရဘူးလား (လုပ်ရပါတယ် ဘုရား)၊ အဲ့ဒီ စွဲလမ်းလို့ လုပ်ထားတာကိုးဗျ (မှန်ပါ့)။

ဒါမှ ကံဖြစ်မှာ ဟုတ်ဘူးလား၊ နို့မဟုတ် မျက်ရည် ကျစရာက နေရာရှာရင် နေရာက မတွေ့ဘူး ပျောက်ထွက် သွားတယ်။ မပျောက်ပေဘူးလား (ပျောက်ပါတယ် ဘုရား)။ အဲ့ဒါကြောင့် ပူဇော်ချင် လို့က နည်းနည်း၊ ငိုချင်လို့ လုပ်ထားတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာဖြစ်လို့ လုပ်တာတုံး (ငိုချင်လို့ လုပ်ထားတာ ပါ ဘုရား)။

ဂူတွေက ငိုစရာလေးတွေ

ဪ- ဂူလေးတွေမြင်တိုင်းမြင်တိုင်း ခင်ဗျားတို့ နောက်သတိထားကြနော်၊ ဪ- ငိုစရာလေး တွေတော့ အသီးသီး လုပ်ထားကြပြီ၊ မဟုတ်ရင် အပျင်းကြီးပဲ ပျင်းနေမှာ ပေါ့။ သူများ အတွက် ချည့် ပို့နေ၊ ကိုယ့်အလုပ်ကို မပါပဲနေ မှာစိုးတယ်၊ ငိုတဲ့အလုပ်ကလေး ပါသွားအောင်လို့ ထည့်ရတာ ဦးဘတင်ရ (မှန်ပါ့)။

ဘုရားလည်း မဟုတ်ဘူးဗျ၊ ရွှေငွေတိုက်တာ ခင်ဗျား တို့လူကို မပါဘူး၊ ဘုရားရယ်၊ ပစ္စေကဗုဒ္ဓါရယ်၊ စကြဝတေးမင်းရယ်၊ ဒီသုံးခုသာ စိန်ရတု ပူဇော်ပွဲလုပ်ရမှာ၊ ကျန်တာ ပါကို မပါဘူး။ အင်္ဂုတ္တိုရ်မှာ ရိပ်မိပလား (မှန်ပါ့)။

သို့သော်လည်း ခင်ဗျားတို့ ဘယ့်နှယ်ကြောင့်လုပ်ဖြစ် ကြသလဲဆိုတာ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)၊ ဘာဖြစ်လို့တုံး ဥပါဒါန်ကြောင့် ကံဖြစ်အောင်လို့၊ ငိုတဲ့ကံ ကလေးတွေပေါ့ဗျာ၊ လွမ်းဆွတ်တဲ့ ကံကလေးတွေ၊ သတိရ လာရင်းနဲ့ လွမ်းဆွတ်လွမ်းဆွတ်ဆိုတာကို မနည်းဘူးဗျ၊ မလာ ဘူးလား (လာပါတယ် ဘုရား)။

ပါတယ် ဒကာ ဒကာမတွေရဲ့ ရိပ်မိကြပလား (မှန်ပါ့)။ အဲ့တာ ခု တော်တော့်ကိုများလာပြီ၊ ရှေးက ဒီလောက်မပါဘူး (မှန်ပါ့)၊ အင်း- စစ်ပြီးမှ ဖြစ်လာတာ တွေဗျ။ သဘောကျပလား (မှန်ပါ့)။

ဥပါဒါန်ရှိလို့ကံလုပ်တယ်

အဲ့တော့ ဥပါဒါန်ရှိလို့ ဘာလုပ်ကြတာတုံး (ကံ လုပ်တာပါ ဘုရား)၊ ဒီကံက ကံကောင်းလား ကံဆိုးတွေလား (ကံဆိုးတွေပါ ဘုရား)၊ အင်း သွားပါပြီ ဒီပုဂ္ဂိုလ်၊ ကံဆိုး အလုပ်ပေါ့ဗျာ (မှန်ပါ့)။

ကိုမြရွှေ ကံဆိုးအလုပ်မလုပ်ဘူးလား (လုပ်ပါ တယ် ဘုရား)၊ ကံဆိုးလုပ်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဘယ့်နှယ်တုံး တဲ့၊ ကမ္မဘဝပစ္စယာ ကံဆိုးလုပ်လိုက်တော့ ခုနင်က ငိုချင်တဲ့ ကံ၊ သူ့အကြောင်းရင်း ခံပြီး မခွဲချင်လို့ လှူတဲ့ကံ၊ ရောက်ရာ တွေ့ချင်လို့ လုပ်တဲ့ကံ မရှိဘူးလား (ရှိပါတယ် ဘုရား)။

သေတဲ့လူကိုလည်း ခင်ဗျားတို့က တို့များ သတိမှ ရသေးလားလို့ သွားလုပ်မနေနဲ့နော်၊ ကိုယ်ပါရောပြီး ကံထဲ ဆင်းသွားလိမ့်ဦးမယ်။ သူ့ဟာသူ ရရ မရရ နောက်လူဖြစ်နေ နေ၊ ကိုယ်ကနေပြီး သကာလ ခင်ဗျားတို့ကလည်း သတိရ စရာတွေများ လုပ်မနေနဲ့ဦး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ကလည်း ချိတ်ချိတ်ချင်းဆိုတော့ အတော် ခက်တယ်၊ ကျန်တဲ့ပုဂ္ဂိုလ်က တို့ကွာ လုပ်တော့ ထားခဲ့တာ ဘာမှသတိမရဘူးလို့များ၊ ဟိုကနေ မျှော်တော်ဇောနဲ့ မော မနေနဲ့ဦး၊ မောနေလို့ ရှိရင် ဟိုက တဏှာဥပါဒါန် လာဦးမယ် (မှန်ပါ့)။

ဒီကလည်း ဒီအတိုင်းပဲ ဒကာ ဒကာမတို့၊ သုံးနှစ်သုံး လီ မမေ့သေးဘူး ဆိုလို့ရှိရင်၊ ဥပါဒါန်ကြောင့် ကံလုပ်နေဦးမှာ ပဲ (မှန်ပါ့)၊ မလုပ်ပေဘူးလား (လုပ်မှာပါ ဘုရား)။

ငိုတာဟာ အကုသိုလ်ကံ

ကံဆိုတာ ဒကာ ဒကာမတို့ တခြားမှတ်မနေနဲ့နော်၊ ငိုတာဟာလည်း အကုသိုလ်ကံလုပ်တာ (မှန်ပါ့)၊ သတိရလို့ ဆွမ်းသွတ်တာကတော (အကုသိုလ်ကံလုပ်တာပါ ဘုရား)။

မှတ်ချက်။ ။ဆွမ်းသွတ်ခြင်းသည် ကုသိုလ်ကံဖြစ်ပါသည်။ ဇာတိဒုက္ခသစ္စာပြန်ရမည့်ကံဖြစ်၍ သမုဒယသစ္စာဖြစ်ပါသည်။

သက်ရှိလေး လုပ်မိတာကကော (အကုသိုလ် ကံ ပါ ဘု ရား)၊ သက်ရှိ လေးလုပ်မိတော့၊ ကံတော့ကံ၊ ကုသိုလ်ကံ ထားပါတော့။ ကုသိုလ်ကံပေမယ့်လည်း ဇာတိရမယ့်ကံ၊ ကမ္မ ဘဝပစ္စယာ (ဇာတိပါ ဘုရား)။ ဇာတိ ဆုံးသေးရဲ့ လား (မဆုံးပါ ဘုရား)၊ ဇာတိဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

ကိုင်း- ဒုက္ခသစ္စာတွေကလည်း ကံလုပ်တာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဘာတွေများ လုပ်လေ့ရှိကြတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဥပါဒါန်ကြောင့် ကံလုပ်၊ ကံလုပ်လို့ ဘာသစ္စာပြန်ရ တုံး (ဒုက္ခသစ္စာရပါတယ် ဘုရား)၊ ဒုက္ခသစ္စာပြန်ရတယ် ဆိုတော့ ဒကာ ဒကာမတွေရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘယ်လောက်များ သံသရာရှည်ခဲ့တုံးဆိုရင်၊ သဘော ကို မစွန့်အောင်များနေတယ် ဒကာ ဒကာမတို့။ ဖြစ်စဉ်ကိုက် ကိုပြောနေရလို့ သဘောပါပလား (ပါ ပါတယ် ဘုရား)။

ကိုင်း ဒီအထဲမှာမှ ဒကာ ဒကာမတို့၊ ဪ- တို့ဖြစ် စဉ်ဟာ ဒီအတိုင်းပါလားဆိုတော့ ဒကာ ဒကာမတွေ ဒါက လွန်ပြီးသား၌ လွန်ပြီးသားဘဝလို့ မှတ်လို့၊ ဒါ အတိတ်ဘဝနော် (တင်ပါ့)။

ဇာတိ၊ ဇရာ၊ မရဏ အနာဂတ်ဘဝ

ဒီကစ၍ ဒကာ ဒကာမတွေ ဒီက ဇာတိ၊ ဇရာ၊ – မရဏတွေက အနာဂတ်ဘဝထားတာပေါ့ဗျာ နော် (မှန်ပါ့)၊ အလည်က ရှစ်ခုက ပစ္စုပ္ပန်ဘဝပဲ ထားကြပါတော့၊ ဒကာ ဒကာမတွေ နားလည်ပြီးသားပဲ ထားပါတော့။

အလည်ရှစ်ခုက ပစ္စုပ္ပန်ဘဝ

အလယ်ရှစ်ခုက ဘာဆိုကြမယ် (လက်ရှိပစ္စုပ္ပန် ပါ ဘုရား)၊ ပစ္စုပ္ပန်ဘဝ ရှင်းပြီနော် (မှန်ပါ့)။

ဒါက ဇာတိ ဇရာ မရဏက ဘာတဲ့ (အနာဂတ် ဘဝပါ ဘုရား)။ အနာဂတ်ဘဝ အနာဂတ်ဘဝ၊ ဇာတိ ဇရာ မရဏက အနာဂတ်ဘဝလို့ ဦးခင်မောင် မှတ်မိပြီလား (မှတ်မိပါတယ် ဘုရား)။

ကောင်းပြီ ဒီက တစ်နဲ့နှစ်က အတိတ်နော် (မှန်ပါ့)၊ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ် ဒါက ပစ္စုပ္ပန်ဘဝ။ ဒါက (အနာဂတ်ဘဝပါ ဘုရား)။

ဒီ အနီကွက်ပြထားတာ အနာဂတ်ဘဝလို့မှတ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း- ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီဥစ္စာကို ဘုန်းကြီးက လမ်းခင်းပြီး သကာလ မရှင်းသေးလို့ ရှင်းအောင် ပြောတာ၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ယနေ့ ဟောမယ့် တရားက ဒီအဆက်ဟာ ဘယ်သူဆက်တာတုံးလို့ မေးဖို့လို တယ်နော် (မှန်ပါ့)။

ဒီမှာ ဒုက္ခက္ခန္ဓဿ ဆိုတော့ ဒီဘက်လာပြီနော် (မှန်ပါ့)။ ဒါကြီးကို ရှိနေတယ်နော်၊ ကဲ ရှိပါစေတော့ ဒီဥစ္စာ၊ ဘုရားဟောတော်မူတဲ့အတိုင်းလည်း မှန်လည်းမှန်ပါပေ တယ်။ ဟုတ်လည်း ဟုတ်ပါပေတယ်။

ဒါ အစတစ်ခုကွ တဲ့နော်။ အတိတ်က အစတစ်ခု ဒါလေးက အနာဂတ်က အစတစ်ခု။ ဒီအလည်က ဘာတုံး (ပစ္စုပ္ပန်ပါ ဘုရား)။ ပစ္စုပ္ပန်။

ကောင်းပြီ၊ ပစ္စုပ္ပန်ဖြင့် သဘောကျပြီ၊ ဒါက အန္တ အဆုံးတစ်ခု၊ ဒါက အန္တအဆုံးတစ်ခု၊ မဇ္ဈိမပဋိပဒါကို လာ လိမ့်မယ် ဒကာ ဒကာမတို့။ အဲ့တော့ ဒါက ပစ္စုပ္ပန်သဘော ကျပလား (မှန်ပါ့)။

ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ ဟုတ်လား၊ ကဲ ဒါလေးက တဏှာ ထားပါတော့၊ ဒီဘက်က ဥပါဒါန်၊ ကံ၊ ဒါ ပစ္စုပ္ပန်ဘဝပေါ့နော် (မှန်ပါ့)။

ဒကာ ဒကာမတို့ အလယ်က ရှစ်ခုက ဘာတဲ့ (ပစ္စုပ္ပန်ဘဝပါ ဘုရား)၊ ဒီဘက်က သုံးခုက (အနာဂတ် ဘဝပါ ဘုရား)၊ ဒီဘက်သုံးခုက (ပစ္စုပ္ပန်ဘဝပါ ဘုရား)။

ကောင်းပြီတဲ့၊ အဲ့ဒါ ဘယ်သူ့လက်ချက်မိနေတယ်ဆို တာ အတိတ်ဟာ သူလည်း အစွန်း တစ်ခုပဲ ဒကာ ဒကာမတို့၊ အနာဂတ်ဟာလည်း၊ အစွန်းတစ်ခုပဲတဲ့နော်၊ အလယ်ကဥစ္စာ အလယ် ထားလိုက်ပါဦးတဲ့။

ဒီထဲကမှ အလယ်ထဲကမှ တစ်ခါဆွဲထုတ်ဦးတဲ့ နော်၊ (မှန်ပါ့)။

အလယ်ထဲက ဆွဲထုတ်တော့ တဏှာ သိဗ္ဗိနီ (မှန်ပါ့) ဒီတဏှာလေးဟာ ဒီအလယ်ထဲမှာ၊ ဒီတဏှာလေး ဟာ ဒကာ ဒကာမတို့ သိဗ္ဗိနီ တဲ့။

သိဗ္ဗိနီဆိုတဲ့ဥစ္စာ အပ်ချုပ်သမား ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။ သိဗ္ဗိနီ ဆိုတာ ဘာတုံး (အပ်ချုပ်သမားပါ ဘုရား)။

အပ်ချုပ်သမားဆိုတာ အထည်နှစ်ခုစပ်တာ

အပ်ချုပ်သမားဆိုတာ အထည်နှစ်ခုစပ်တာ၊ သဘော ကျပလား (ကျပါတယ် ဘုရား)၊ အထည်နှစ်ခု ကွဲပြားနေတာကို ဘာလုပ်လေ့ရှိတုံး (စပ်ပါတယ် ဘုရား)။

အဲ့ဒီ စပ်တဲ့လူ ဘာခေါ်ကြမတုံး (အပ်ချုပ် သမားပါ ဘုရား)။ အဲ့ ဒကာ ဒကာမတို့မှတ်ပါတဲ့၊ ဒီတဏှာ မသေသ၍ ခင်ဗျားတို့ ဒါနဲ့ဒါလည်း တဏှာက ဆက်တာပဲ။ အတိတ်နဲ့ ပစ္စုပ္ပန်ကိုလည်း ဘယ်သူက ဆက်တုံး (တဏှာ က ဆက်ပါတယ် ဘုရား)။

ပစ္စုပ္ပန်နဲ့ အနာဂတ်လည်း (တဏှာက ဆက် ပါတယ် ဘုရား)။

ကဲ- ဘယ်သူဆက်ပေးတယ်ဆိုတာ လက်သည် ပလား (ပေါ်ပါပြီ ဘုရား)။ ဒီက အတိတ်နဲ့ ပစ္စုပ္ပန်ဆက် လိုက်တာကော (တဏှာပါ ဘုရား)၊ အဲ ပစ္စုပ္ပန်နဲ့ အနာဂတ် ဆက်လိုက်တာကော (တဏှာပါ ဘုရား)။ အဲ ပစ္စုပ္ပန် နဲ့ အနာဂတ် ဆက်လိုက်တာကော (တဏှာပါ ဘုရား)။

ရော- ဒကာ ဒကာမတွေ အတိတ်ခန္ဓာနဲ့ ပစ္စုပ္ပန် ခန္ဓာ၊ အတိတ်ခန္ဓာကလည်း ဒုက္ခသစ္စာ ထားပါတော့နော် (မှန်ပါ့)။

ဒါ ခန္ဓာထဲမှာ ကိန်းတဲ့တရားတွေကို (မှန်ပါ့) အတိတ်ခန္ဓာကလဲ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲ့ဒီ ဒုက္ခသစ္စာနဲ့ ပစ္စုပ္ပန်ဒုက္ခသစ္စာနဲ့ ဆက်ပေး တာလဲ ဘယ်သူတုံး (တဏှာပါ ဘုရား) ဒီပစ္စုပ္ပန် တစ်ခုလုံးလဲ ဒုက္ခသစ္စာချည့်မို့လား (မှန်ပါ့) ရုပ်နာမ်တွေပဲ မို့လား (မှန်ပါ့)။

အဲ့ဒါနဲ့ အနာဂတ်ခန္ဓာ ဆက်ပေးတာကော (တဏှာပါ ဘုရား) ဒါဖြင့် သူအပ်ချုပ်သမားလို့ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

တဏှာအပ်ချုပ်သမား

ဒါဖြင့် အပ်ချုပ်သမားသည် ဘယ်လိုများ ဆက်ပါ လိမ့်မတုံးဆိုလို့ရှိရင် အတိတ် ဒုက္ခသစ္စာနဲ့ ပစ္စုပ္ပန်ဒုက္ခသစ္စာ ဆက်ပေးတာလဲ (တဏှာပါ ဘုရား) တဏှာ။

ပစ္စုပ္ပန်ဒုက္ခသစ္စာနဲ့ အနာဂတ်ဒုက္ခသစ္စာ ဆက်ပေး တာကော (တဏှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် အနာဂတ် ဒုက္ခသစ္စာနဲ့ ပစ္စုပ္ပန် ဒုက္ခသစ္စာကို မဆက်ပေဘူးလား (ဆက်ပါတယ် ဘုရား) ဆက်ပြန်လို့ရှိရင်လဲ ဒကာ ဒကာမတို့ ပြတ်ပါဦးမလား (မပြတ်ပါဘူး ဘုရား) ရိပ်မိကြပလား (မှန်ပါ့)။

ဒါဖြင့် တဏှာဟာ အပ်ချုပ်သမားနဲ့ တူတယ်လို့ ဟောလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) တဏှာဟာ ဘာနဲ့တူ (အပ်ချုပ်သမားနဲ့ တူပါ တယ် ဘုရား)။

အတိတ်ခန္ဓာနဲ့ ပစ္စုပ္ပန်ခန္ဓာ ဆက်တာကတဏှာ

အတိတ်ခန္ဓာနဲ့ ပစ္စုပ္ပန် ခန္ဓာဆက်တာ ဘယ်သူတုံး (တဏှာပါ ဘုရား) ပစ္စုပ္ပန်ခန္ဓာနဲ့ အနာဂတ်ခန္ဓာ ဆက်တာ (တဏှာပါ ဘုရား)။

ဒါဖြင့် တဏှာဟာ သိဗ္ဗိနီတဲ့ နော်၊ တဏှာသည် ကားလို့ ဆိုရင် အပ်ချုပ်သမားနဲ့ တူတယ် ဆိုသဖြင့် ခင်ဗျား တို့ ဒီအပ်ချုပ်သမား မသေသ၍ ကာလပတ်လုံး ခင်ဗျားတို့ကို အထည်နှစ်ခု ဆက်သလို ဒုက္ခချင်းပဲ ဆက်ပေးနေမှာပဲ (မှန်ပါ့)။

သဘောပါပလား (ပါပါတယ် ဘုရား) သဘောပါကြ ပလား ဒကာ ဒကာမတို့ (မှန်ပါ့) ဘယ်လိုများ ပါကြပါ လိမ့် (အထည်နှစ်ခုကို ဆက်ပေးပါတယ် ဘုရား) ဒုက္ခ ချင်း ဆက်ပေးနေတာ ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။

ဒါ အတိတ်ဘဝက ခန္ဓာငါးပါးနဲ့ နေခဲ့တာ၊ ခန္ဓာငါး ပါးပဲ ပေါ်တဲ့တရားမို့လား (မှန်ပါ့) ဒါကြောင့် အတိတ် ခန္ဓာနဲ့ ယခု ပစ္စုပ္ပန် ယခုဘဝ ပဋိသန္ဓေကစပြီး ဒါ ပစ္စုပ္ပန်ခန္ဓာလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီခန္ဓာနှစ်ခုကို ဒီတဏှာသာ မပါဘူးဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဘယ်မှာသာလျှင် ပစ္စုပ္ပန် ဒုက္ခနဲ့ ဆက်မိမတုံး (မဆက်မိပါဘူ ဘုရား)။

ဒီကြည့်လေ၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ ဆိုတော့၊ ကုသိုလ် သင်္ခါရ အကုသိုလ် သင်္ခါရ၊ အကုသိုလ် သင်္ခါရက တဏှာဗျ၊ ဪ- သူကနေပြီး ဒီဆက်လိုက်တယ်၊ ရိပ်မိ ပလား (မှန်ပါ့)

အကုသိုလ်သင်္ခါရက ဘယ်ဆက်လိုက် တုံး၊ ဝိညာဏ်ဆက်လိုက်တယ်ဆိုတော့ အတိတ်ဘဝနဲ့ ပစ္စုပ္ပန်ဘဝနဲ့ဆက်လိုက်တာ ဘယ်သူပါလိမ့် (တဏှာပါ ဘုရား)

အပုညာဘိ သင်္ခါရက ဝင်ဆက်လိုက်တယ်၊ တဏှာ ပဲဆိုတာ ရိပ်မိပလား (မှန်ပါ့)။

ဒီအခါကျလို့ရှိရင်ဖြင့်၊ ဒီတဏှာနဲ့ ဒီတဏှာရှိနေတဲ့ ပုဂ္ဂိုလ်ဟာ ဒီပဋိသန္ဓေ၊ ဇာတိ၊ ဇရာ၊ မရဏ ရမရ (ရပါ တယ် ဘုရား)။

တဏှာလက်အောက်ခံကျွန်တွေ

ရမှာပဲတဲ့၊ ဒါ တဏှာလက်အောက်ခံကျွန်တွေ၊ ဒါ သူခိုင်းတာလုပ်တာပဲ၊ သူမရှိလို့ရှိရင်ဖြင့် ဒါတွေဟာ သူခိုင်းတာချည့်၊ သူမရှိလို့ရှိရင် ဒါတွေကောရှိပါ့မလား (မရှိ ပါဘူး ဘုရား)။

ဒါဖြင့် သူခိုင်းတာလုပ်တာချည့်ဥစ္စာတွေကလည်း လက်သည်ကတော့ သူပဲ (မှန်လှပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

တဏှာသည် ပစ္စုပ္ပန်ခန္ဓာနဲ့ ယခုရထားတဲ့ခန္ဓာနဲ့ အနာဂတ်ခန္ဓာနဲ့ ဆက်မိအောင်လည်း ဘယ်သူတုံး (တဏှာပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဟောဒီတဏှာကို ဒီနေ့ည ဟောမယ့်တရားက ဒီတဏှာ ဒီဘဝ ပြတ်လို့ရှိရင်၊ အနာဂတ် ဘဝကနေ ဆက်ဦးမလား (မဆက်တော့ပါဘူး ဘုရား)။

ဒါဖြင့် ဒီတဏှာသည် ထိုထိုဘဝတို့ကို သူသာလျှင် ပြုပြင်နိုင်တဲ့သတ္တိရှိတယ်တဲ့၊ သဘော ကျပလား (မှန်ပါ့)။

တဏှာအကြောင်းသိကြပြီလား

အဲ့ဒါကြောင့်တဲ့၊ ဒီတဏှာအကြောင်းကို မင်းတို့ ယနေ့ည ကောင်းကောင်းသိပြီလားလို့ ဘုရားကလည်း မေး တယ်၊ ဆရာဘုန်းကြီးကလည်း မေးတယ်၊ ဒကာ ဒကာမတို့ သိပြီလား (သိပါပြီ ဘုရား)။

အတိတ်နဲ့ပစ္စုပ္ပန်ဆက်လိုက်တာလည်း (တဏှာပါ ဘုရား)၊ အတိတ်ဒုက္ခနဲ့ ပစ္စုပ္ပန်ဒုက္ခလေ (မှန်ပါ့)၊ ပစ္စုပ္ပန်ဒုက္ခနဲ့ အနာဂတ်ဒုက္ခ ဆက်လိုက်တာကော (တဏှာပါ ဘုရား)။

နောက် ကာလသုံးပါးရှိတာပဲ၊ ကာလများလေးပါး ရှိရင် ဆက်ဦးမယ် သူ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိ ပါတယ် ဘုရား)။

ဒါက အတိတ်ကာလ (မှန်ပါ့)၊ ဒါက (ပစ္စုပ္ပန်ကာလ)၊ ဒါက (အနာဂတ်ကာလ)၊ ကာလများ လေးပါးရှိရင် မခက်ဘူးလား၊ ခက်ဦးမယ်၊ သူ ဒီထက်ပိုပြီးတော့ (မှန်ပါ့)။

ကာလသုံးပါးဆက်မိတယ် ဆိုကတည်းက ကျုပ်တို့မှာ – ကာလသုံးပါး လွတ်အောင်နေနိုင်တဲ့ ပုဂ္ဂိုလ်များပါကြရဲ့ လား (မပါပါဘူး ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီကာလသုံးပါးထဲမှာ ကျုပ်တို့ဒုက္ခနဲ့ ပင်လယ်ဝေပြီး၊ ဒုက္ခနဲ့ဆက်ပြီး နေခဲ့ရတဲ့အဖြစ်ဆိုးကြီးဟာ ဒကာ ဒကာမတို့ လက်သည် ယနေ့ည ဖမ်းပေးနေတာပဲ (မှန်ပါ့)၊ ဘယ်သူ ပါလိမ့် (တဏှာပါ ဘုရား)၊ ရှင်းပလား (မှန်ပါ့)။

ဪ- တော်တော် မေတ္တာရှိတဲ့ သူနဲ့တူတယ်၊ အတိတ်ဒုက္ခနဲ့ ပစ္စုပ္ပန်ဒုက္ခကိုလည်း မပြတ်ရအောင် ဆက် ပေးပါ့မယ်တဲ့ တာဝန်ယူတယ်၊ ဘယ်သူကယူတုံး (တဏှာ ကယူပါတယ် ဘုရား)။

အန္တရပစ္စယော၊ အခြားမရှိဘူး

အင်း. . ပစ္စုပ္ပန်ဒုက္ခပြီးလို့ရှိရင်လည်း မင်း ဟောဒီ အနန္တရပစ္စယော အခြားမရှိသေးဘူးကွ၊ ချောင်းကြည့်နေပြီး ဟောဒီ ပဋိသန္ဓေနဲ့ ဆက်ပေးမယ်တဲ့ (မှန်ပါ့)။

အခြားများရှိကြသေးရဲ့လား (မရှိတော့ပါဘူး ဘုရား)၊ တော်တော် လောကွတ်ကောင်းပါလား၊ ဒကာ ဒကာမ တွေကလည်း ဒီတဏှာလေးစွန့်ရတော့မယ်ဆိုလို့ရှိရင်ဖြင့်၊ သားခင်မှု စွန့်ရတော့မယ်၊ သမီးခင်မှု စွန့်ရတော့မယ်၊ ကိုယ့် ခန္ဓာခင်မှုစွန့်ရတော့မယ်ဆိုရင် ကိုယ်ကျိုးကြီးနည်းတော့မှာပဲ။

ဘာပြုလို့တုံး၊ ဒုက္ခပေးမယ့်သူမရှိဘူး၊ ရိပ်မိပလား (မှန်ပါ့)၊ ဘာမရှိတာတုံး (ဒုက္ခပေးမယ့်သူ မရှိတာပါ ဘုရား)။

ခက်နေပြီပေါ့။ ခင်ဗျားတို့က တဏှာကို အသေအလဲ ခင်တယ်။ သူကလည်း ဒုက္ခပေး နေပြန်တယ်၊ မျက်စိလည်နေ လိုက်တဲ့ဖြစ်ခြင်း။ ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်လောက် မျက်စိလည်နေတုံး (တစ် သံသရာလုံးပါ ဘုရား)။ တစ်သံသရာလုံးလည်တယ်၊ ဒီလို ဆရာကောင်း သမားကောင်းမတွေ့လို့ရှိရင်လည်း၊ ဒီ ဒကာ ဒကာမတွေ ရှေ့ လည်း ဒီကာလ သုံးပါးထဲ လှည့်ပြေးနေမှာပဲ (မှန်ပါ)။

မပြေးပေဘူးလား (ပြေးမှာပါ ဘုရား)၊ ပြေးနေ တာလည်း ဘယ်သူကပြေးခိုင်းတုံးဆို ဘယ်သူက ဆက်ပေး နေတုံး (တဏှာကပါ ဘုရား)။

တဏှာက ဆက်ပေးနေတော့ ဒကာ ဒကာမတို့ ယခု အတိတ်ဘဝက ယခုပစ္စုပ္ပန်ဘဝ ရောက်ပြီ၊ မရောက်ပေဘူး ( လား (ရောက်ပါတယ် ဘုရား)။

ရောက်တော့ ကျုပ်တို့သည်ကားလို့ဆိုရင်၊ တဏှာက ဆက်ပေးသဖြင့် အနာဂတ်ဘဝ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ သဘောကျပလား (မှန်ပါ့)။

ပစ္စုပ္ပန်ဘဝက အတိတ်ပြန်ဖြစ်တယ်

အနာဂတ်ဘဝ ရောက်တဲ့ အခါကျတော့ကို ဒကာ ဒကာမတို့၊ ဒီ ဒီဘက်သုံးခုက အတိတ် ပြန်ဖြစ်ပြန်တာပေါ့။ ပစ္စုပ္ပန်ဘဝက အတိတ်ပြန်ဖုံးတယ်၊ ဒီအတိတ်ဘဝနဲ့ ဒကာ ဒကာမတွေက ဒါ ပစ္စုပ္ပန် ဖြစ်မှာပဲ (မှန်လှပါ)။

မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ပစ္စုပ္ပန် ပြီးရင် မောင်ကို တို့ ဒီဘက်အနာဂတ် မဆက်ဘူးလား၊ ဆက် မလား (ဆက်မှာပါ ဘုရား)။

အင်း- ဘယ်တော့ပျောက်မတုံး (မပျောက်ပါဘူး ဘုရား)၊ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သရက်သီးမှည့်ဥပမာ

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့၊ သရက်သီးစားသလိုပဲ သရက်ပင်ဟာ မတုံးနိုင်ဘူး (မှန်ပါ့)၊ ဦးခင်မောင် ကျုပ် က သရက်သီးမှည့်တစ်လုံးပေးလိုက်တယ်၊ ချိုလည်းချိုတယ်၊ ကောင်းလည်း ကောင်းတယ်ဆိုတော့ ဦးခင်မောင် စားလည်း စားမှာပဲ (မှန်ပါ့)။

မစားပေဘူးလား (စားမှာပါ ဘုရား)၊ ဒီအစေ့ပစ် မှာလား၊ စိုက်ဦးမှာလား (စိုက်ဦးမှာပါ ဘုရား)၊ စိုက်ပြီး သကာလ ခင်ဗျားလည်း ခင်ဗျားခင်တဲ့လူတွေ ပေးမှာပဲ (မှန်ပါ့)။

ပေးတော့ ဟိုလူကလည်း ဒီအစေ့ပစ်မှာလား (မပစ်ပါဘူး ဘုရား)၊ မပစ်တော့ ဒီသရက်မျိုး ပြတ်ပါဦးမလား (မပြတ်ပါဘူး ဘုရား)၊ ဘာပြုလို့ မပြတ်တာတုံး၊ ဒီလိုချည်း ဆက်စိုက်နေလို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီမှာလည်း တဏှာက ဆက်စိုက်နေတာ (မှန်ပါ)၊ ရိပ်မိပလား (မှန်ပါ့)၊ ဘယ်လိုများနေတုံး (ဆက်စိုက် နေတာပါ ဘုရား)

ဒါ သရက်သီးကောင်းတ ာပေးကြည့်စမ်းပါ။ ချိုမြိန် ကောင်းမြတ်တဲ့ သရက်သီး ဒကာ ဒကာမတို့၊ တစ်ယောက် တစ်ယောက် ပေးကြည့်စမ်းပါ။ ဒီသရက်မျိုး ပြတ်မလား၊ မပြတ်ဘူးလား (မပြတ်ပါဘူး ဘုရား)။

ဘာပြုလို့တုံးဗျ (ဆက်စိုက်သွားလို့ပါ ဘုရား)၊ တစ်ယောက်က ပေးလိုက် သရက်မျိုး ဘယ်တော့ တုံးမှာတုန်း လို့မေးလို့ရှိရင် ဘယ်နဲ့ ပြောကြမတုံး (မတုံးပါဘူး ဘုရား)။

သရက်သီးမျိုးတုံးချင်ရင် မမြည်းနဲ့

တုံးချင်ရင် ဘယ့်နှယ့်လုပ်ရမတုံး (မစိုက်ပဲဒီ အတိုင်းထားရမှာပါ ဘုရား)၊ ဒီလိုမလုပ်နဲ့လေ သွားကို မမြည်း နဲ့၊ မြည်းရင် စိုက်မိလိမ့်မယ်၊ ရိပ်မိပလား (မှန်လှပါ)။

မမြည်းနဲ့ မြည်းရင် စိုက်မိမှာပဲ (မှန်ပါ့)၊ ဟုတ် ဘူးလား (မှန်ပါ့)၊ ဥပမာ- အိမ်ထောင်မကျမိနဲ့၊ ကျမိ လို့ရှိရင် သားရေး၊ သမီးရေး၊ စီးပွားရေးက ခင်တော့မှာပဲ (မှန်ပါ့)။

စိုက်မိပြီပေါ့ဗျ (မှန်ပါ့)၊ သဘောကျပလား (မှန်ပါ့)၊ ဒီဥစ္စာ စားကို မစားနဲ့၊ မြည်းကို မမြည်းမှ သင့်ရုံရှိ မယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုမှတော်ကြမတုံး (သွား မမြည်းမှတော် မှာပါ ဘုရား)။ စားကိုလည်း မစားနဲ့၊ မြည်းကြည့်လဲ မမြည်း နဲ့၊ ဟုတ်ပလား (မှန်ပါ့)။

မြည်းကြည့်လို့ရှိရင်ဖြင့် ကိုယ်စားချင်တဲ့ ဒီအသီးကို ကိုယ်ကလည်း စိုက်ချင်ဦးမှာပဲ၊ ဟိုလူ ပေးပြန်တော့ကော (စိုက်ဦးမှာပါ ဘုရား)။

ဒီလိုချည့် စိုက်နေကြမယ်ဆိုရင် ဒီသရက်မျိုးစေ့ဟာ တုံးပါဦးမလား (မတုံးတော့ပါဘူး ဘုရား)။

အဲ့တော့ သံသရာရှည်တယ်ဆိုတာ ဒီတဏှာက သွား သွားပြီးမြည်းတာနဲ့ ခင်ဗျားတို့ ရှည်နေတာ၊ ရိပ်မိပလား (မှန်ပါ့)။ ဘယ့်နှယ့်များနေတုံး သွားမမြည်းစမ်းလေနဲ့နော် ဒကာ ဒကာမတို့ ရိပ်မိပလား (မှန်ပါ့)။

ခု စမ်းကြည့်လိုက်တယ်၊ ခင်ဗျားတို့ ဘယ့်နှယ့်နေကြ တုံး။ သားဒုက္ခ၊ သမီးဒုက္ခ၊ ဆွေဒုက္ခ၊ မျိုးဒုက္ခ၊ ဒုက္ခများ မတွေ့ ဖူးတဲ့ဒုက္ခများ ရှိသေးလား (မရှိပါဘူး ဘုရား)။

နတ်ပြည်ဖြင့်ကောင်းမည်ထင်ပါရဲ့

ဒါဖြင့် ဒီတဏှာကလည်း နောက်တွေ့ပြန်လို့ရှိရင် လည်း ဘုံဘဝတွေ တောင့်တဦးမယ်ဆိုလို့၊ နတ်ပြည်ဖြင့် ကောင်းထင်ပါရဲ့ သွားမြည်းရင်၊ နတ်ဒုက္ခနဲ့ တွေ့ဦးမှာပဲ (မှန်ပါ့)၊ မတွေ့ပေဘူးလား (တွေ့မှာပါ ဘုရား)။

ဗြဟ္မာပြည် မြည်းကြည့်ချင်ပြန်တော့ (ဗြဟ္မာ ဒုက္ခနဲ့တွေ့မှာပါ ဘုရား)။

နတ်ပြည် ဗြဟ္မာပြည်တော့ တော်လောက်ပါပြီ။ လူ့ပြည် ပြန်လိုက်ဦးမယ် ဆိုတော့လည်း ဘာနဲ့တွေ့မှာတုံး (ဒုက္ခနဲ့တွေ့မှာပါ ဘုရား)။

ဒါဖြင့် ဒီဥစ္စာ မြည်းကြည့်ချင်တာနဲ့ ဒုက္ခရောက်နေ တာပဲ ရိပ်မိပလား (မှန်ပါ့)။ အတော် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ဘယ်သူ့ကပေးပေး မမြည်းပါနဲ့

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်လိုမြင်မှ သင့်မယ် ထင်၊ ဘယ်သူက သရက်သီးပေးပေး မမြည်းနဲ့၊ မြည်းရင် စိုက်ဖြစ်လိမ့်မယ် (မှန်ပါ့)။ စိုက်တော့ ဒီမျိုးတုံးမှာ မဟုတ် ဘူး (မှန်ပါ့)၊ ရိပ်မိပလား (မှန်ပါ့)။

အဲ့တော့ ခင်ဗျားတို့က အနေက မြဲရဲ့ လား (မမြဲ ပါဘူး ဘုရား)။ မြည်းစမ်းပါရစေက လာချင်လာနေမှာ၊ မလာပေဘူးလား (လာမှာပါ ဘုရား)။

လာလေလေ ဒီမျိုးစေ့က စိုက်လေလေ မနေဘူးလား (နေပါတယ် ဘုရား)။ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သရက်သီး သံသရာရှည်တာ သိပြီလား (သိပါပြီ ဘုရား)။

ဒီ သရက်ပင်တုံးသွားလို့ရှိရင်ဖြင့်၊ ဒီသရက်ပင်ဟာ ဒီတစ်ခါစိုက်တယ်၊ နောက် ဒီအစေ့တွေကို တစ်ခါ ရေနွေး နဲ့ဖျော်ပြီး သကာလ မြစ်ထဲချည့် သွန်၊ ဒီအပင်တုံးလို့ရှိရင် ဘယ့်နှယ့်ဆိုကြမတုံး။ နောက်ပြတ်တယ် (ပြတ်ပါတယ် ဘုရား)၊ ဟုတ်ဘူးလား (မှန်ပါ့)။

ခုတော့ မဟုတ်ဘူး၊ လက်ဆင့်ကမ်းနေတာနဲ့ပဲ ဘယ့် နှယ်တုံး (မပြတ်တော့ပါဘူး ဘုရား)။ ပြတ်သေးရဲ့လား (မပြတ်တော့ပါဘူး ဘုရား)။

ဒါဖြင့် သစ်ပင်တွေဟာ ဘယ်လောက်ကြာပြီတုံးမေး ရင် ဘယ့်နှယ့်ကြမတုံး (အစမရှိပါဘူး ဘုရား)။ ဟင် အစမရှိအောင်ဖြစ်နေတယ်၊ သဘောကျပလား။

ခင်ဗျားတို့ကော (အစရှာမတွေ့ပါဘူး ဘုရား) အဲ့ဒါကြောင့် ဘုရားက အစမရှိခဲ့တာ လုံးနေလို့ မမြင်တာသာ မှတ်ပေတော့၊ ရိပ်မိပလား (မှန်ပါ့)။

ကြက်ဥ အစရှာမတွေ့ဘူး

ကြက်ဥဟာ အစရှိရဲ့လား (မရှိပါဘူး ဘုရား) မရှိတာ ကြက်ဥအစ ရှာမတွေ့ဘူး၊ လုံးနေတာကိုး (မှန်ပါ့) – ရိပ်မိပလား (မှန်ပါ့)။

ခင်ဗျားတို့ အစမရှိတာကော (လုံးနေလို့ပါ ဘုရား)။ အဲ့ လုံးနေတာ ဘုရားကနေ အစ မရှိဘူးကွာ၊ မင်း ဟာ လုံးတုံးကြီး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အိုလိုက်၊ နာလိုက်၊ သေလိုက် လှည့်လုံးနေတာကိုး၊ ရိပ်မိပလား (မှန်ပါ့)။ ဘယ့်နှယ်ဖြစ်နေတုံး (လုံးနေ ပါတယ် ဘုရား)။

လုံးနေတယ်၊ လုံးတာဘယ်အလုံးတုံးဆို ပဋိသန္ဓေပြီး တော့ ဘာတုံး။ အို၊ နာ၊ သေ၊ သေပြီးတော့ ဘာတုံး (ပဋိသန္ဓေပါ ဘုရား)။ ပဋိသန္ဓေပြီးတော့ (အို၊ နာ၊ သေ ပါ ဘုရား)။ အင် ပြီးတော့ကော (ပဋိသန္ဓေပါ ဘုရား)။

ပဋိသန္ဓေပြီး ဘာလာမယ် (အို၊ နာ၊ သေပါ ဘုရား)။ ဒီပဋိသန္ဓေကလည်း ဒီနေရာတွင် နေလား၊ ဟိုဘက် ရွေ့သွား၊ ဒီဘက်ရွေ့သွား (မှန်ပါ့)။ ဘယ့်နှယ်တုံး အစ ရှာတွေ့သေးရဲ့ လား (မတွေ့ပါဘူး ဘုရား)။

အို၊ နာ၊ သေ လှည့်နေတယ်

အို၊ နာ၊ သေကလည်း ဒီနေရာတင် မြဲသလား (မမြဲပါဘူး ဘုရား)၊ မမြဲဘူး၊ တော်ကြာ နတ် အိုနာသေ၊ လူအို နာသေ၊ တိရစ္ဆာန် အို နာ သေ (မှန်ပါ)။ မြဲသေးရဲ့ လား (မမြဲပါဘူး ဘုရား)။

အဲ့တော့ အစဘယ့်နှယ့်လုပ်ရှာကြမတုံး (ရှာလို့ မရပါဘူး ဘုရား)။ သဘောကျပလား (မှန်ပါ့)။

ကဲ ယနေ့တောဖြင့် အစတော့တွေ့ပြီ ဒကာ ဒကာမ တို့၊ သူ လုံးပြေးနေသမျှ သူကချည့်ပဲ ရိပ်မိပလား (မှန် ပါ့)။

ပစ္စုပ္ပန်ခန္ဓာနဲ့ အတိတ်ခန္ဓာနဲ့ ဆက်စပ်အောင် လုံး ပေးလိုက်တာ (တဏှာကပါ ဘုရား) တဏှာ။

ဒါကြောင့် အပ်ချုပ်သမားလို့ခေါ်တာ

ဒါကြောင့် အပ်ချုပ်သမားလို့ခေါ်တာ၊ ရှင်းပလား။ အဲ ပစ္စုပ္ပန်ခန္ဓာနဲ့ အနာဂတ်ခန္ဓာ လုံးပေး လိုက်တာ (တဏှာပါ ဘုရား)။

တစ်ခါ အနာဂတ်ခန္ဓာက ပစ္စုပ္ပန်ဖြစ်ပြီး သကာလ ၊ အနာဂတ်ခန္ဓာက အတိတ်ဖြစ်ပြီး ပစ္စုပ္ပန် ခန္ဓာနဲ့ လုံးမှာကော ဘယ်သူတုံး (တဏှာပါ ဘုရား)။

ပစ္စုပ္ပန်ခန္ဓာနဲ့ နောက်လာမယ့်အနာဂတ်ခန္ဓာနဲ့ လုံးမှာကော ဘယ်သူတုံး (တဏှာပါ ဘုရား)။ နို့ ဒီသရက်စေ့ချည့် ကျနေပါပေါ့လား (မှန်ပါ့)။

ဘာကျနေတုံး (ဒီသရက်စေ့ချည့် ကျနေပါတယ် ဘုရား)။ ဒီ သရက်စေ့ချည့် ကျနေတာ၊ သူ့ချည့် စိုက်နေကြ တာကိုး (မှန်ပါ့)။ သူ့ချည့်စိုက်နေတော့ ဘာပင်ချည့် ပေါက်တုံး (တဏှာပင်ချည့် ပေါက်ပါတယ် ဘုရား)။

ဒုက္ခပင်ချည့်ပေါက်တယ်ဆိုပါစို့၊ တဏှာက သမုဒယ သစ္စာ။ အသီးပြန်ပေါက်တာတွေက (ဒုက္ခသစ္စာပါ ဘုရား)။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီမျိုးပြုတ်မှ လက်စသတ်မယ်

အဲ့တော့ ဒကာ ဒကာမတွေ၊ ဒီမျိုးမပြုတ်သရွေ့ ကျုပ်တို့တော့ဖြင့် ဒုက္ခ လက်စသတ်တော့မယ် မဟုတ်ဘူးဆို တာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကွာတဲ့ ဒီလိုလုပ်ပါတဲ့၊ မင်းတို့ ကြက်ဥအစ ရှာမတွေ့သလို အလုံး ပြေးတော့ မနေပါနဲ့တော့ ဟုတ်လား (တင်ပါ့)။

ဒါ မြင်တဲ့ ပုဂ္ဂိုလ်က ပြောလို့နော် (မှန်ပါ့) ကိုယ့်ဟာကိုယ်တော့ (မသိပါဘူး ဘုရား)။

ဒကာ ဒကာမတို့ ကိုယ့်ဟာကိုယ် လုံးနေတာများ သိကြရဲ့လား (မသိပါဘူး ဘုရား) မသိဘူးနော် အခုရောက်တာ အသစ်ပဲ မှတ်နေတာ ဦးဝင်း ခုရောက်တာ ဘာတုံး (အသစ်လို့ မှတ်ပါတယ် ဘုရား)။

အင်း နောက်ရောက်ပြန်တော့ကော (အသစ် ပဲ မှတ်ပါတယ် ဘုရား) ဟင် လုံးတာကို မပါဘူး ကိုယ့်ဟာ ကိုယ်တော့ အသစ်ချည့်ပဲ ကံကောင်း အကြောင်းသင့်လို့ အကျိုး ပေးလာလို့ တော်တော်လေး တော်တော်သေးရဲ့ လုံးနေ တာကြီး တော်တော်လေးရဲ့ လုပ်နေတာပဲ ရိပ်မိပလား (မှန်ပါ့)။

ဘာကို တော်တော်လေးရဲ့ တုံး (လုံးနေတာကိုပါ ဘုရား) ဖြစ်ပုံ လုံးနေတာကိုမှ မသိတော့ တော်တော် သေးရဲ့ဗျာ တော်တော်သေးရဲ့ဆိုတော့ ရောက်ရာ ဘာလမ်း တုံး (တင်ပါ့)။

ဒီအလုံးကြီးဟာ ဘယ်တော့မှ အဆုံးမရှိဘူးဆိုတာ သိသေးရဲ့လား (မသိပါဘူး ဘုရား) မသိတဲ့အပြင် ကိုယ်ကအရတော်လေစွ ဖြစ်နေတယ်။

လုံးနေတာကို တော်လေစွ သဘောကျပလား (မှန်ပါ့) ကောင်းပြီ ဒကာ ဒကာမတို့ ခင်ဗျားတို့ သင်းခွေ ချပ်ဆိုတာ မြင်ဖူးကြရဲ့လား (မှန်ပါ့)။

သင်းခွေချပ်ဆိုတာ

သင်းခွေချပ်ဆိုတာ တခြားမဟုတ်ပါဘူး ဒကာ ဒကာမတို့ ဖွတ်လို အကောင်းမျိုးပါပဲ ဟိုမိုးကုတ် ဆီကျတော့ သိပ်ပေါတယ်၊ ပြီးတော့သည် ခွေးလာမယ်ဆိုလို့ ရှိရင် လုံးပစ်လိုက်တာ။

ခွေးလာလို့ရှိရင် ခေါင်းငုံ့ပြီး အကုန်လုံး လိုက်တာ အခွေကြီးမို့လား၊ ပျားလာလို့ ရှိရင်လဲ သူက လုံးပစ် လိုက်တာ (မှန်ပါ့) သူလုံးပစ်လိုက်တယ် သူ အန္တရာယ်ကင်းတယ် သူက အကြီးကြီးပဲ။ တစ်ချပ် တစ်ချပ်ကို နည်းတာမှ မဟုတ်ဘူး နှစ်လက်မခွဲလောက် ရှိတယ် (မှန်ပါ့)။

အဲ့ဒါကြီး တွေကျတော့လဲ ပျားကပေါက်အောင်မ ကိုက်နှိုင်ဘူး (မှန်ပါ့) အကြေးက အကုန် ကပ်နေတာ (မှန် ပါ့) သဘောကျပလား (မှန်ပါ့)။

ငါး, အကြေးတွေလို ထပ်နေတာပဲ၊ သူ့အကြေးတွေ ကလဲ အချွန်တွေနဲ့၊ အဲ့တော့ ဘယ်အကောင် ကိုက်လို့ ရပါ သတုံး (မရတော့ပါဘူး ဘုရား)၊

သူက လုံးရတာ အင်မတန်ကျေနပ်တယ်၊ ဘာပြုလို့ တုံးလုံးရတာ အန္တရာယ်ကင်းတယ်၊ ရိမ်မိပလား ဒီဒကာဒကာ မတွေက ဘယ့်နှယ့်ဖြစ်နေတုံး။

သံသရာထဲ လုံးပြေးနေရတာကို တစ်ခါတည်း အန္တရာယ် ကင်းလိမ့်မလဲဗျ၊ အန္တရာယ်ကင်းတာ တစ်ခုပါလား (မပါပါဘူး ဘုရား)

သင်းခွေချပ်စိတ်ပေါက်နေတယ်

ကဲ သူ သင်းခွေချပ်စိတ် ပေါက်နေတာ၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဟုတ်ဘူးလား၊ လုံးနေလို့ရှိရင် ခွေးလဲမကိုက်နှိုင်ဘူး သူ့ကို (မှန်ပါ့)။

ပျားကော (မကိုက်နိုင်ပါဘူး ဘုရား) လူတွေက တစ်ခါတည်း သူလုံးနေလို့ရှိရင် ခြေထောက်နဲ့ ကန်ပစ်လဲ အလုံးအတိုင်း သွားတာပဲ၊ ကဲ သူ့မှာ အန္တရာယ်ကင်းမနေဘူးလား (ကင်းပါတယ် ဘုရား)။

ဒီမှာလဲ ဒကာ ဒကာမတွေက ရောက်လာတဲ့ ဘဝမှာ ဪ ကံကောင်း အကြောင်းသင့်ပြီး တော်တော်လေး ရဲ့ဆိုပြီး လုံးနေတာနဲ့ အန္တရာယ် ကင်းတယ်ပြောရမလား၊ ရိမ်မိပလား (မှန်ပါ့) ဘာပြောနေကြတာတုံး (အန္တရာယ်ကင်းတယ်လို့ ပြောပါတယ် ဘုရား) လုံးတာ အန္တရာယ်ကင်းတာ ပြောတာနော်၊ လုံးတာအစရှာတွေ့ရဲ့လား (မတွေ့ပါဘူး ဘုရား)။

ထိုးထွင်းသိဖို့ရာထိုးထွင်းသိ

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားကဟောတာက မင်း တို့ကွာတဲ့ ထိုးထွင်းသိဖို့ရာ ထိုးထွင်း သိကြစမ်းပါဦး၊ ပိုင်းခြား သိဖို့ရာ ပိုင်းခြားသိကြစမ်းပါဦး။ ဟောလာပြီ (မှန်ပါ့)။

ထိုးထွင်း သိဖို့ရာ (ထိုးထွင်းသိမှာပါ ဘုရား) ပိုင်း ခြားသိရမှာ (ပိုင်းခြားသိရမှာပါ ဘုရား) ပိုင်းခြားသိပါဦး တဲ့ မင်းတို့ဥစ္စာ လုံးတုံးကြီးဖြစ်နေတယ်၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဘယ့်နှယ့်များ ဖြစ်နေတုံး (လုံးတုံးကြီးဖြစ်နေပါတယ် ဘုရား) လုံးနေတာပဲ ကိုယ့်အလုံးကိုယ်မသိဘူးဗျ ခက်လိုက်တဲ့ ဖြစ်ခြင်းက (မှန်ပါ့)။

ကိုယ့်အလုံးကို ကိုယ်မသိတဲ့အခါ ကျလို့ရှိရင် ကိုယ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ ဒီလုံးလုံးနဲ့ပဲ သူ့ဟာက နေရတာ အချိုးကျတယ် မကျဘူးလား (ကျပါ တယ် ဘုရား)။

သင်းခွေချပ်လုံးရတာ အန္တရာယ်ကင်းတယ်မှတ်နေ တာ (မှန်ပါ့) မမှတ်ဘူးလား (မှတ်ပါတယ် ဘုရား) အဲ ခင်ဗျားတို့ လုံးနေရလို့ရှိရင် (အန္တရာယ်ကင်းပါတယ် ဘုရား)။ အန္တရာယ်ကင်းတယ် အရတော်လေစွ။ ဒီလိုဖြစ်နေ တာ ဦးခင်မောင်ကြီးရဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ၊

တော်ကြာကျတော့ စုတိနဲ့ပဋိသန္ဓေ၊ ပဋိသန္ဓေနဲ့စုတိ ပြန်လုံးတာပဲ မလုံးဘူးလား (လုံးပါတယ် ဘုရား)။

ပဋိသန္ဓေ ပြီးဘာတုံး (စုတိပါ ဘုရား) စုတိပြီး ဘာလာပြန် (ပဋိသန္ဓေပါ ဘုရား)။ ပဋိသန္ဓေပြီး ဘာလာပြန် (စုတိပါ ဘုရား) သူဘာလုပ်တာတုံး (လုံးတာပါ ဘုရား)။

ပိုင်းခြားသိဖို့ရာပိုင်းခြားသိ

အဲဒါ ခုသိပြီလား (သိပါပြီ ဘုရား) အဲဒီဥစ္စာသိ အောင်လုပ်ကြစမ်းပါ၊ ထိုးထွင်းသိဖို့ရာ ထိုင်းထွင်း သိကြစမ်းပါ ကွ၊ ဟုတ်လား ပိုင်းခြား သိဖို့ရာကို (ပိုင်းခြားသိ) အဲဒီကဲ့သို့ ထိုးထွင်းသိ ပိုင်းခြားသိဖို့ရာ ပိုင်းခြားသိခဲ့လို့ ရှိရင် ယခုဘဝနိဗ္ဗာန်ရမယ်လို့ ငါအသေအချာ ဟောတယ်။

ဒကာ ဒကာမတို့ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒီနှစ်ခုသိရင် ဒီဘဝနိဗ္ဗာန်ရောက်ပါတယ်

ထိုးထွင်းသိဖို့ရာ ထိုင်းထွင်းသိရမယ် (မှန်ပါ့) ပိုင်းခြားသိဖို့ရာကော (ပိုင်းခြားသိရမှာပါ ဘုရား) အဲဒါ နှစ်ခုသိလို့ရှိရင် ဒီဘဝ နိဗ္ဗာန် ရောက်ပါတယ်လို့ သံယုတ်ပါဠိတော်မှာ ကိုယ်တော်တိုင် တစ်ခါတည်း အန္ဓသုတ်မှာ အသေ အချာဟောတာ သဘောကျပလား (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ထိုးသွင်းသိဖို့ရာ ဘာလုပ်ရ မှာတုံး (ထိုးထွင်းသိမှာပါ ဘုရား) ပိုင်းခြားသိဖို့ရာ (ပိုင်းခြားသိရမှာပါ ဘုရား) ဤကဲ့သို့သိရင်ဘာဖြစ်မတုံး (နိဗ္ဗာန်ရမှာပါ ဘုရား)။

နောက်ဘဝလား၊ ဒီဘဝလား (ဒီဘဝပါ ဘုရား) ဒီဘဝ ကောင်းပြီဒါဖြင့် ထိုးထွင်းသိဖို့ရာကို ထိုးထွင်းသိရမယ် ပိုင်းခြားသိဖို့ရာကို ပိုင်းခြားသိရမယ် ဆိုတာဖြင့် သဘောကျ ပလား (ကျပါတယ် ဘုရား)။

ဒုက္ခတော့ အသေအချာဆုံးတော့မပေါ့တဲ့၊ ခုပြောတဲ့ နှစ်ခုကို နားလည်လို့ရှိရင်၊ ထိုးထွင်း သိရမှာကို (ထိုးထွင်း သိပါ ဘုရား) ပိုင်းခြားသိရမှာကို (ပိုင်းခြားသိရမှာပါ ဘုရား)။

အဲဒီ အသိနှစ်ခုက သိပ်အရေးကြီးတယ်ကွ၊ အခု တော့ ဘုန်းကြီး ဟောလာတဲ့အတွက်၊ ဪ ထိုးထွင်းတော့ ဖြင့် သိပါပြီ၊ ပိုင်းခြားသိ ကျန်နေတယ် (မှန်ပါ့)။

ထိုးထွင်းတော့သိပြီ၊ ဪ အလုံးကြီးပါလား ဘယ် ကဆက်ပေးလို့ပါလိမ့် (တဏှာကပါ ဘုရား)၊ တဏှာက ဆက်ပေးနေလို့၊ တဏှာမဆက်ရင် ဒီအလုံးမထူး ဘူး၊ ဒီလိုလုံးစရာ အကြောင်း မရှိဘူး မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

တဏှာဆက်မပေးရင်လုံးစရာမရှိ

တဏှာဆက်မပေးလို့ရှိရင် (မလုံးပါဘူး ဘုရား) လုံးစရာလဲမရှိဘူးဆိုတာ သဘောကျပလား (ကျပါ တယ် ဘုရား)။ ခုလုံးနေတာဘာကြောင့်တုံး (တဏှာကြောင့်ပါ ဘုရား)။

အင်းတော်ပြီ ခင်ဗျားတို့ ဒီဥစ္စာတော်တော်နေရာကျ သွားပြီ။ ဪ သူ့လက်ချက် အတော်ပြင်း နေပါ့လား သဘောကျပလား (မှန်ပါ့)။

ကြက်ဥထဲက ကြက်ကလေးဖြစ်နေရတာသည်၊ အလုံးအလယ်ထဲမှာ ဖြစ်ရတာပဲ ခြေလဲ မဆန့်သာ၊ တောင်ပံ လဲမပျံသာ၊ ဘယ်လောက်များကျဉ်းကျပ်တုံး၊ မကျဉ်းကျပ်ဘူးလား (ကျဉ်းကျပ် ပါတယ် ဘုရား)။

ဒီအတိုင်းသာ ခင်ဗျားတို့ တစ်သံသရာလုံး နေခဲ့တဲ့ အခါ၊ ဆန့်သာ ကွေးသာကိုမပါဘူး၊ လုံးနေတာပဲ (မှန်ပါ့) သဘောကျပလား (မှန်ပါ့)။

ကိုင်း ဘယ်လိုနေခဲ့တုံး (မဆန့်သာ မကွေးသာပါ ဘုရား)။ တိုတိုပြောကြပါစို့၊ ကြက်ဥနေ နေခဲ့ရတယ်၊ ရိပ်မိပ လား (မှန်ပါ့)။ ဘယ်လိုများနေခဲ့ရတဲ့ (ကြက်ဥနေ နေခဲ့ရပါတယ် ဘုရား) ဘာပြုလို့တုံး လုံးတဲ့အထဲနေခဲ့ရတာ ကိုး၊ လုံးတဲ့အထဲနေခဲ့ရတော့ ဒကာ ဒကာမတွေ ဘာနေနေခဲ့ ရတုံး (ကြက်ဥနေပါ ဘုရား)။

ခြေထောက်ကလေးများ ဆန့်သာရဲ့ လား (မဆန့်သာဘူး ဘုရား) အတောင်ကလေးများကော (မဆန့်သာပါဘူး ဘုရား) နှုတ်သီးလေးကော၊ လည်ပင်း လေးကော ဆန့်သာရဲ့လား (မဆန့်သာပါဘူး ဘုရား)။

အဲဒါကို မရိပ်မိဘူး၊ ရိပ်မိသေးရဲ့လား (မရိပ်မိပါ ဘူး ဘုရား) တော်တော်ဆိုးပါလားဗျ မဆိုးဘူးလား (ဆိုး ပါတယ် ဘုရား)။

တဏှာသတ်လိုက်ရင် လုံးစရာမရှိ

အဲတော့ ခုဖြင့် အင်းနေရာကျပဟေ့ လုံးထားတာ တဏှာပဲ၊ ကောင်းပြီ မင်းသတ်လိုက်ရလို့ ရှိရင်တော့ဖြင့် မင်းမ ရှိလို့ရှိရင် တို့လုံးစရာ မရှိဘူး၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

သူမရှိရင် ဘယ့်နှယ့်လုပ် (မလိုတော့ပါဘူး ဘုရား)။ လုံးစရာမရှိတော့ဘူးဆိုတော့ ဒကာ ဒကာမတို့ ခုတော့ဖြင့် လုံးစရာမရှိတော့ဘူးဆိုလို့ရှိရင်ဖြင့် တို့သည်ကား လို့ ဆိုရင်ဖြင့် အတော်နေရာ ကျပြီ၊ နို့မဟုတ် အလုံးဆိုရင်ဖြင့် လှိမ့်နေမှာပဲ (မှန်လှပါ)။

မလှိမ့်ပေဘူးလား (လှိမ့်ပါတယ် ဘုရား) အရင် ဇာတိလာသေးသလား (မလာပါဘူး ဘုရား) စုတိ ပဋိသန္ဓေ အိုလိုက် နာလိုက် သေလိုက်၊ အိုလိုက် နာလိုက် သေလိုက်၊ ဒီပြင်ဘာ လှည့်စရာ ရှိသေးတုံး (မရှိတော့ပါဘူး ဘုရား)။

သဘောကျပလား (ကျပါတယ် ဘုရား) အဲဒါ ကိုယ့်ဖြစ်စဉ်ဆိုတာ မှတ်မိပလား (မှတ်မိပါတယ် ဘုရား)

အဲဒီကဲ့သို့ကြည့်တော့ ထိုးထွင်းသိရမှာ ထိုးထွင်းသိရ မည်တဲ့။ သို့သော် ပိုင်းခြားသိဖို့ ကျန်သေး တယ်နော်။

ခုဟာထိုးထွင်းသိပဲ ရှိသေးတယ်နော် ပိုင်းခြားသိက (ကျန်ပါသေးတယ် ဘုရား) သဘောကျ ပလား (ကျ ပါပြီ ဘုရား)။

ဒါဖြင့် မနက်ဖြန်မှ ပိုင်းခြားသိဟောတော့မယ်။

သာဓု သာဓု သာဓု။