304

ဒုက္ခလွန်မြောက် နိဗ္ဗာန်ရောက်

အသံဖိုင်ခေါင်းစဉ်= ဒုက္ခထွက်မြောက် နိဗ္ဗာန်ရောက်

စာအုပ်ခေါင်းစဉ်= ဒုက္ခလွန်မြောက် နိဗ္ဗာန်ရောက်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့၌ ဟောကြားဆုံးမတော်မူသော

ဒုက္ခလွန်မြောက် နိဗ္ဗာန်ရောက်

(ဒုက္ခသိမှ ဒုက္ခငြိမ်းရာကိုရောက်မယ်)

(၁၃-၇-၆၂)ည

ဒကာ၊ ဒကာမတွေ ဗုဒ္ဓဘာသာမှန်က ဒုက္ခခပ်သိမ်းကင်း ငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို ရချင်ပါတယ်ဘုရားဆိုတဲ့ ဥစ္စာလူတိုင်း အလုပ်ကို သေသေချာချာ မှတ်ကြပါ။ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့နိဗ္ဗာန်ကြီး ရချင်ပါ တယ်ဆိုလို့ ရှိရင်ဖြင့် ဒုက္ခသိမှ ဒကာ ဒကာမတို့ ဒုက္ခငြိမ်းရာကို ရောက်မယ် (မှန်ပါ့)။ ဒုက္ခသိမှ ဒုက္ခငြိမ်းရာရောက်မယ်။

ဒုက္ခသိမှ ဒုက္ခငြိမ်းရာရောက်မယ်

ဒကာ၊ ဒကာမတွေ ဒုက္ခသိမှ ဘာရောက်ပါလိမ့် (ဒုက္ခငြိမ်းရာရောက်ပါမယ် ဘုရား)။ ဒုက္ခမသိဘဲနဲ့ ဒုက္ခငြိမ်းရာ ကို (မရောက်ပါ ဘုရား)။ မရောက်နိုင်ဘူးဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ဪ ဒုက္ခသိဖို့ အရေးကြီးပါလား ဆိုတဲ့အချက်ဟာ တစ်နံပါတ် မှတ်ရမယ်၊ ဒုက္ခသိဖို့ အရေးကြီးပါလားဆိုတာ တစ်နံပါတ်အချက်မှတ်ရမယ်။

အဲဒီတော့ ဒကာ၊ ဒကာမတွ ဒုက္ခသိတယ်ဆိုလို့ရှိရင်ဖြင့် ဒုက္ခက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ သွားဖြစ်တယ်။ ဒုက္ခက (ဒုက္ခသစ္စာပါ ဘုရား)၊ သိတာက (မဂ္ဂသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် ဒုက္ခသိရင် မဂ်ဖြစ်တာပဲ၊ ဒကာ၊ ဒကာမ တို့ ဘာတဲ့ (ဒုက္ခသိရင် မဂ်ဖြစ်ပါတယ် ဘုရား)၊ ဒုက္ခသိရင် မဂ်ဖြစ်တာပဲဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား)။

ဆရာတာဝန်နှင့် ဒကာ့တာဝန်

ဒါဖြင့် အားလုံး ဒကာ၊ ဒကာမတို့ ဒုက္ခသိမှုက ဆရာ့ တာဝန်နော် (မှန်လှပါ ဘုရား)၊ ဝိပဿနာမဂ် ဖြစ်ဖို့ကလည်း ဆရာ့တာဝန်ပါပဲ။ လောကုတ္တရာ မဂ်အစစ်ဖြစ်ဖို့ရာ ခင်ဗျားတို့ ပွားများယူမှ ဖြစ်မယ်။

အဲဒီတော့ကို သစ္စာကို မသိလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ဘယ်လိုပဲ လုပ်ကိုင်နေကြငြား သော်လည်း နိဗ္ဗာန်မရပါ ဘူး။ သစ္စာသိရင် နိဗ္ဗာန်ရမယ်။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခသစ္စာသိဖို့ပဲ အရေးကြီးတယ်

သစ္စာက ဒုက္ခသစ္စာသိဖို့ပဲ အရေးကြီးတယ်၊ ဒုက္ခသစ္စာ သိရင် သမုဒယသစ္စာ ပယ်ပြီးသား ဆိုတဲ့ အဓိပ္ပာယ်သည်ပါပြီးသား၊ အတွင်းဝင်ပြီးသားဆိုတာ သေသေချာချာမှတ်ပါ (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ အဝေးကြီးကနေရတဲ့ ဒကာ၊ ဒကာမတွေ မီးရောင်နဲ့ ဒီစာကလေးတွေ ပဋိစ္စသမုပ္ပာဒ်ကို ထောက်ပြမယ်။ ခင်ဗျားတို့ သေသေချာချာမှတ်ပါ။

ဒကာ၊ ဒကာမတွေ သံသရာရှည်နေတာလေး နည်းနည်း ပြောချင်တာက အဝိဇ္ဇာဆိုတဲ့ ဥစ္စာ၊ ဒကာ၊ ဒကာမတို့ သစ္စာလေးပါး မသိတာ အဝိဇ္ဇာ၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)၊ သစ္စာလေး ပါးမသိတာ (အဝိဇ္ဇာပါ ဘုရား)။

ဪ သစ္စာလေးပါးမသိတဲ့ပုဂ္ဂိုလ်ဟာ အဝိဇ္ဇာဖြစ်ရပါ တယ်ဆိုသဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ့၌ သစ္စာမသိရင်ဖြင့် နိဗ္ဗာန်တွေ့ ရှိဖို့ အတော်ခဲယဉ်းပါတယ်။

သစ္စာသိမှုနှင့် ရှုမှတ်နည်း

ဒါကြောင့် ရှေးဦးစွာ သစ္စာသိမှုကို ဟောပါမယ်။ ဟောပြီး တော့မှ သစ္စာသိလို့ နိဗ္ဗာန် ဝင်ပုံကိုလည်း ဒကာ၊ ဒကာမတွေ ရှုနည်းမှတ်နည်းနဲ့တကွ သေခါနီးမှာ နိဗ္ဗာန်ရတဲ့ ဆန္ဒဝတ္ထုကိုလည်း သေသေချာချာ ရှင်းပြပါ့မယ်။

ဆန္ဒ ဝိပဿနာမြင်ပုံကိုလည်း သေသေချာချာ ပြမယ်။ အဲဒါ ကြောင့် ဒီတရားပွဲမှာ ခု ဒကာ၊ ဒကာမတွေ ကံကောင်းအကြောင်း သင့်ပြီး ဒီတိုက်မှာ စာချဆရာတော် ဦးကောဏ္ဍည ဘုန်းကြီး၏ တပည့်ဖြစ်နေလို့ ဒကာ၊ ဒကာမတွေလည်း ချီးမြှောက်ချင်တယ်၊ ဒီတပည့်ကိုလည်း ဪ သူတို့ ဆရာလာတဲ့အခါ သူတို့နားထဲမှာ ကြားသင့်ကြားလိုက်တာတွေ ကြားပါစေတော့ဆိုတဲ့ စိတ်ထားနဲ့ ဒကာ၊ ဒကာမတွေလည်း သိစေချင်တဲ့ စိတ်ထားနဲ့ ဒီနေရာမှာ တစ်ညပေးလိုက်ပါတယ်။

သစ္စာမသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။ ဪ ဒုက္ခသစ္စာကော သူသိရဲ့လား (မသိပါ ဘုရား)၊ သမုဒယသစ္စာ (မသိပါ ဘုရား)၊ နိရောဓသစ္စာ (မသိပါ ဘုရား)၊ မဂ္ဂသစ္စာ (မသိပါ ဘုရား)။

သစ္စာမသိတာ အကန်း

ဒါဖြင့် အကန်းလို့သာ မှတ်ပေတော့၊ အဝိဇ္ဇာဆိုတာ အကန်းလား၊ အမြင်လား (အကန်းပါ ဘုရား)၊ သေသေချာချာ မှတ်ပါ၊ သော် ဒါဖြင့် ဒကာ၊ ဒကာမတို့ ဘယ်တုန်းက ကန်းခဲ့သလဲလို့ မေးတော့ ဒီ ဒကာ၊ ဒကာမတွေ အဖြေထွက်လာပါ လိမ့်မယ်နော်။

ဒီမှာကြည့်စမ်း အတိတ်က၊ မပါဘူးလား (ပါပါတယ် ဘုရား)၊ ဘယ်တုန်းက ကန်းခဲ့ကြသတုန်း (အတိတ်တုန်းကပါ ဘုရား)၊ အတိတ်က ကန်းခဲ့တယ်ဆိုတဲ့ဥစွာ မသေချာသေးဘူးလား (သေချာပါတယ် ဘုရား)။

အတိတ်က သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ ကျုပ်တို့နေခဲ့ကြရ တယ်။ အဲဒီလို နေခဲ့ကြရတော့ အဝိဇ္ဇာ ရှိတဲ့ ပုဂ္ဂိုလ်သည်တဲ့ ပြုချင်တဲ့ ကုသိုလ်ကို ပြုတယ်၊ ပြုချင်တဲ့ အကုသိုလ်ကို၊ မပြုကောင်းတဲ့ အကုသိုလ်လည်း ပြုတယ်။

ပြုတဲ့အခါကျတော့ စာလိုသုံးတော့ သင်္ခါရ၊ ပြုချင်သလို ပြုတာက ကုသိုလ်လည်း ပြုချင်သလိုပြုတာပဲ။ အကုသိုလ်ကိုလည်း ပြုချင်သလို ပြုလုပ်တာကို ဘာခေါ်ကြမတုန်း (သင်္ခါရပါ ဘုရား)။

ဒါဖြင့် မသိလို့ ပြုလုပ်သည်၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ မသိလို့ (ပြုလုပ်ပါတယ် ဘုရား)၊ ပြုလုပ်တယ် ဆိုတာ ရှင်းကြပြီလား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် မသိလို့ပြုလုပ်တဲ့ ပုဂ္ဂိုလ်ဟာဖြင့် အကန်းလမ်းသွားပြီ ဟေ့၊ ဒကာ ဒကာမတို့ ဘယ်လိုဆိုကြမတုန်း (အကန်းလမ်း သွားပါပြီ ဘုရား)၊ အကန်းလမ်းသွားပြီ၊ ချော်မှလဲပါ့မလား၊ ဘယ်လို ဆိုကြမတုန်း (ချော်လဲမှာပါ ဘုရား)။

အကန်းလမ်းသွားရင် ချော်လဲလိမ့်မယ်ဆိုတာ သံသယရှိဖို့ လိုသေးသလား (မလိုပါ ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် အတိတ်ဘဝက အကန်းတစ်ယောက် ဘုံဘဝ ရောက်စေတတ်တဲ့ ကုသိုလ်တွေ ပြုပါတယ်။ ဝဋ်ကျွတ်တဲ့ ကုသိုလ်ကို မဆိုလိုနော် (မှန်ပါ ဘုရား)။

ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ဘုံဘဝရောက်စေတတ် တဲ့ ကုသိုလ်တွေ မပြုဘူးလား (ပြုပါတယ် ဘုရား)။ ဆုကော မတောင်းဘူးလား (တောင်းပါတယ် ဘုရား)။ ဒါဖြင့် ဒီထဲမှာ ကုသိုလ်လည်း ပါတယ်။ ဆုတောင်းတဲ့တဏှာလည်းပါတယ်။

ကုသိုလ် အကုသိုလ်နဲ့ လမ်းသွားနေတယ်

အဝိဇ္ဇာပစ္စယာ (သင်္ခါရပါ) ဒါဖြင့် အကန်းလမ်းသွားပြီ၊ ဒကာ၊ ဒကာမတို့ (မှန်ပါ့)။ မသွားသေး ဘူးလား (သွားနေပါ တယ် ဘုရား)။ ညာခြေဆိုတဲ့ ကုသိုလ်နဲ့ ဘယ်ခြေဆိုတဲ့ အကုသိုလ်နဲ့ လမ်းသွားနေတယ်။ မသွားပေဘူးလား (သွားပါတယ် ဘုရား)။

စုတေမနေ သေလွန်တဲ့ အခါကျတော့ ဒကာ၊ ဒကာမတို့ ဒီအကြောင်းနဲ့ ဒီအကျိုးပြားကလေး မပြဘူးလား (ပြပါတယ်)။ ဟေ့ မင်းတို့ဖြင့် စုတေရင် ဒီဘက်ဆက်သွားမှာပဲ။ မဆက်ပေဘူး လား (ဆက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ခင်ဗျားတို့ ပြုလုပ်ခဲ့တာ ဘာသစ္စာတုန်း (သမုဒယသစ္စာပါ ဘုရား)။ ဪ ဒါဖြင့်ဒကာ၊ ဒကာမတွေ ကိုယ်ကျိုးနည်းပြီ။ သမုဒယသစ္စာလုပ်တာ ကိုး (မှန်ပါ့)။ ကုသိုလ်လည်း သမုဒယပဲ။ ဘုံဘဝတောင့်တ လုပ်တာကိုး (မှန်ပါ့)။

အဲဒီတော့ ကုသိုလ်ကို ဘာသစ္စာဆိုမယ် (သမုဒယ သစ္စာပါ ဘုရား)။ ဘုံဘဝဆုတောင်းတဲ့ တဏှာကော (သမုဒယ သစ္စာပါ ဘုရား)၊ အဝိဇ္ဇာကော (သမုဒယသစ္စာပါ ဘုရား) ဒါဖြင့် အဝိဇ္ဇာသင်္ခါရသည် သမုဒယသစ္စာ (မှန်ပါ့) ဘယ်တုန်းက လုပ်ခဲ့ပါလိမ့် (အတိတ်ဘဝတုန်းကပါ ဘုရား)။ ဪ အတိတ် က ခင်ဗျားတို့ အတော်ဆိုးတဲ့လူတွေပါလား မျက်စိကန်း လမ်းသွား နေကြတာပါလား (မှန်ပါ့)။

ဒကာ၊ ဒကာမတို့ အတိတ်က ခင်ဗျားတို့ ဘယ်လိုနေခဲ့ကြ ပါလိမ့် (မျက်စိကန်း လမ်းသွား နေပါတယ် ဘုရား)။ မျက်စိကန်း လမ်းသွားရင် ချော်မှလဲပါ့မလား (လဲပါတယ် ဘုရား)။

မျက်စိကန်းလမ်းသွားတော့ ဒကာ၊ ဒကာမတို့ ချိုင့်ဟာ လည်း သူလဲစရာချိုင့်ပဲ၊ ကျင်းဟာလည်း သူကျစရာ ကျင်းပါပဲ။ ခလုတ်ဟာလည်း သူတိုက်စရာ ခလုတ်ပါပဲဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

အဲဒါ ယနေ့ည မျက်စိဖွင့်ပေးပြီး သကာလ ဒကာ၊ ဒကာမ တွေ ပေးရမည့်ဥစ္စာ ဒါတရား ဟောတယ် ခေါ်တာပဲ (မှန်ပါ့)။ ယနေ့ည ဆရာဘုန်းကြီးက ဒီဒကာ၊ ဒကာမတွေ ဘာလုပ်ပေး မတုန်း (မျက်စိဖွင့်ပေးမှာပါ ဘုရား)။

မျက်စိဖွင့်ပြီးသွားရလို့ရှိရင်ဖြင့် လဲစရာလိုသေးရဲ့ လား (မလိုပါ ဘုရား)။ ဪ ဒါဖြင့် ဆရာသမား အရေးဟာက တယ်ကြီးပါကလား။ မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် အတိတ်ကအဝိဇ္ဇာ၊ သစ္စာမသိတဲ့ အဝိဇ္ဇာ ကြောင့် ပြုချင်သလိုပြုတဲ့ ကုသိုလ် သင်္ခါရနဲ့ အကုသိုလ်သရ လုပ်ခဲ့ ကြတယ်။ မလုပ်ဘူးလား (လုပ်ခဲ့ပါတယ် ဘုရား)။ လုပ်တော့ စုတေမနေ အတိတ်ဘဝက သေတဲ့အခါကျတော့ ဒီဘက် အကြောင်း အကျိုးမဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။

သင်္ခါရနှင့် ဝိညာဏ်တစ်စပ်ဒုက္ခရောက်တာမှတ်

ဟောဒီ မြားကလေးက ဒကာ၊ ဒကာမတို့ သင်္ခါရနဲ့ ဝိညာဏ်ဆက်ပေါ့လို့ ပြောတာ။ မပြောသေးဘူးလား (ပြောပါတယ် ဘုရား)။ ဒါဖြင့် အတိတ်ဘဝက ဘာသစ္စာလုပ်ခဲ့သတုန်း (သမုဒယသစ္စာ လုပ်ခဲ့ပါတယ် ဘုရား)။

ဒီဘက်ဆက်လိုက်တော့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး မလာဘူးလား (လာပါတယ် ဘုရား)။

ဪ ဒါဖြင့် ဘယ်အချိန်များ ခန္ဓာငါးပါးပေါ်နေပါလိမ့် မတုန်းလို့ မသိဘဲနေမှာစိုးလို့ ဒါကလေးဖတ်လိုက်တော့ ပစ္စုပ္ပန်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အခု ဘယ်ကာလထဲမှာ ဒကာ၊ ဒကာမတွေ ရောက်နေ သတုန်း (ပစ္စုပ္ပန်ကာလထဲမှာ ရောက်နေပါတယ်) ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။ ဒါဖြင့် ဒီတရားနာ လာကြတာဟာ တကယ့်ဒုက္ခသည်တွေ လာနာနေကြတာပါလား (မှန်ပါ့ ဘုရား)။

ဒကာ၊ ဒကာမတွေ ဘယ်သူတွေ လာနာသတုန်း (ဒုက္ခသည်တွေ လာနာကြပါတယ် ဘုရား)။ သိပလား (သိပါ တယ် ဘုရား) ကျန်းမာလို့ နာနိုင်တာလား၊ ဒုက္ခရောက်လျက်နဲ့ လာကြတာလား (ဒုက္ခရောက်လျက်နဲ့ လာကြတာပါ ဘုရား)။ တော်လာပြီ။ တော်လာပြီ။ ကိုယ့်အကြောင်းကိုယ် သိလာကြပြီနော်။

ဒကာ၊ ဒကာမတို့ ဘာတဲ့တုန်း (ကိုယ့်အကြောင်း ကိုယ်သိလာပါပြီ ဘုရား)။ ကျန်းမာလို့ လာနိုင်ကြတာလား၊ ဒုက္ခ သစ္စာကြီးနဲ့ လာကြတာလား (ဒုက္ခသစ္စာကြီးနဲ့ လာကြတာပါ ဘုရား)။

ဒုက္ခသည်တွေပဲတဲ့။ ဒီဘဝမှာ ချော်လဲရမယ်၊ ဒါဇာတိ ပါပဲ ဒကာ၊ ဒကာမတို့ (ဝါ) ပဋိသန္ဓေဝိညာဏ်ပါပဲ။ သံဃာတွေ အတွက်ဆိုလို့ ရှိရင်နော် (မှန်ပါ့)။

ပဋိသန္ဓေဝိညာဏ်ဟာ ဒကာ၊ ဒကာမတို့ဒီအကွက်ရောက် လာတော့ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။ ဒီပဋိသန္ဓေ ဝိညာဏ်ဟာ ဒကာ၊ ဒကာမတို့ ဒီအကွက်ရောက်လာတော့ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။ အဲဒါ ဇာတိပိဒုက္ခသစ္စာ သဘောကျပလား (ကျပါပြီ)။ ဒါ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခရောက်ပြီ ဒကာ၊ ဒကာမတို့ ဒါကြောင့် အကန်းလမ်း သွားလို့ ချော်လဲတယ်။ မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)။ အကန်းလမ်းသွားတာနဲ့ ဒါက ဘာတဲ့ (ချော်လဲတာပါ ဘုရား) အကန်း လမ်းသွားတာက ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)။ ချော်လဲတာက (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒကာ၊ ဒကာမတွေ ယခု ဘယ်ထဲရောက် နေပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ချော်လဲတယ်ဘုရား။ ချော်လဲလို့ အနာရတယ်။ မရဘူးလား (ရပါတယ် ဘုရား)။

“ဝိညာဏ ပစ္စယာ နာမရူပံ” ဆိုတော့ နာမ်ရုပ်တည်းဟူသော ဒကာ၊ ဒကာမတို့ အနာတွေ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

နာမ်ရုပ်ဆိုတာ အနာတွေပါ

ဒါကြောင့် ဘုရားက နာမ်ရုပ်ကို ရောဂတော-အနာတွေကွ လို့ မဟောဘူးလား (ဟောပါတယ် ဘုရား)။ ဒါဖြင့် အနာရပလား (ရပါတယ် ဘုရား)။ ချော်လဲလို့ ဘာဖြစ်တုန်း (အနာရပါတယ် ဘုရား)။ အနာရတော့ စက္ခုသောတ ဃာန ဇိဝှာ ကာယ မနဆိုတဲ့ ပြည်တွေ တည်လာတယ်။ မတည်သေးဘူးလား (တည်ပါပြီ ဘုရား)။

ပြည်တည်တော့ အနာပြည် တည်နေတုန်းမှာ ဖဿဆိုတာ သည် တွေ့ ထိတတ်တဲ့ သဘောသတ္တိရှိသောကြောင့် အာရုံခြောက် ပါးတည်းဟူသော ဖဿခြောက်မျိုးကနေ ထိုးလိုက်တာ ပြည်ထည့် နေတဲ့အနာ ဆူးနဲ့ ထိုးတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ ပြည်ထည့်နေတဲ့အနာ ဆူးနဲ့ ထိုးတာ ဖဿပဲ (မှန်ပါ့) ဒီဖဿက ဒကာ၊ ဒကာမတွေက ဆူးနဲ့ ထိုးတာ သိတော့မှ ဆူးထိုးတဲ့ပုဂ္ဂိုလ် အနာရမှ ရပါ့မလား (ရပါတယ် ဘုရား) ဒါဖြင့် ဖဿပစ္စယာ (ဝေဒနာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတာ ချော်လဲတာရယ်၊ အနာရတာရယ်၊ ပြည်ထည့်တာရယ်၊ ဆူးထိုးမိတာရယ်၊ ဝေဒနာပြင်းထန် လာတာရယ် မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီငါးခု ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။ အခု တရားနာလာကြတာ ဒီငါးခုမှ တစ်ပါး အခြားပါသေးရဲ့ လား (မပါ, ပါ ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာသစ္စာ ရသတုန်း ဒုက္ခသစ္စာ ရပါတယ် ဘုရား)။ ဘယ်ကာလများ ရပါ လိမ့် (ပစ္စုပ္ပန်ကာလရပါတယ်)။ ပစ္စုပ္ပန် ကာလမှာရတယ် (မှန်ပါ့)။ ဒကာ၊ ဒကာမတို့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ပစ္စုပ္ပန်အကျိုးလို့ဆိုပြီးငါးပါးပြတာ မှားများ မှားသေးသလား (မမှားပါ ဘုရား)။ ဒါဖြင့် ဒကာ၊ ဒကာမတွေ အခု ဒုက္ခသစ္စာကို ခင်ဗျားတို့ဖြင့် တရားနာနေတဲ့ ဒကာ၊ ဒကာမတွေ ကိုယ်ပိုင်ရပေါ့ ဆိုတာ မသေချာသေးဘူး (သေချာပါတယ် ဘုရား)။

အင်း ဘယ့်နှယ်ကြောင့် ဒီဒကာ၊ ဒကာမတွေ ဒီဒုက္ခ ကြီးနဲ့ ဒုက္ခခန္ဓာတွေ သယ်ပိုး ဆောင်ရွက်ပြီး သကာလ နေရပါလိမ့် မလဲလို့ အမေးထုတ်လို့ရှိရင်ဖြင့် အကန်းလမ်းသွားလို့ ချော်လဲတဲ့ အနာတွေရပြီး ဝေဒနာပေါ်တာဘုရား။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါက အတိတ်ဘဝက ဘာသစ္စာတုန်း (သမုဒယ သစ္စာပါ ဘုရား)။

ဒုက္ခသစ္စာနဲ့နေရတဲ့ဘဝကြီး

ယခုဘဝ ဘာနဲ့နေရသတုန်း (ဒုက္ခသစ္စာနဲ့ နေရ ပါတယ် ဘုရား)။ ဒါဖြင့် ခန္ဓာငါးပါးပဲ။ ခင်ဗျားတို့ သိမှုနဲ့ပြောရင် ခန္ဓာငါးပါး၊ ပဋိစ္စသမုပ္ပာဒ်အလိုဖြင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ပေါင်းလိုက်ရင် ခန္ဓာငါးပါး မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ သမုဒယသစ္စာကြောင့် ဘာသစ္စာ ဖြစ်သတုန်း (ဒုက္ခသစ္စာဖြစ်ပါတယ် ဘုရား)။ ရှင်းပလား (ရှင်းပါပြီ)။ ယခုတရားနာနေတာ ဒီထဲမှာလား၊ ဒီထဲမှာပဲလား (ပစ္စုပ္ပန် ကာလထဲမှာပါ ဘုရား)။ ဘာသစ္စာနဲ့ တရားနာနေတုန်း (ဒုက္ခသစ္စာနဲ့ တရားနာနေပါတယ် ဘုရား)။

ဒုက္ခသစ္စာနဲ့ တရားနာနေကြတယ်ဆိုတာ သော် ယောက်ျားတွေ၊ မိန်းမတွေ ဆရာဘုန်းကြီး လာလို့ ဝိုင်းလာကြတာ လား၊ ဒုက္ခသစ္စာတွေ စုနေကြတာလား (ဒုက္ခသစ္စာတွေ စုနေကြ တာပါ ဘုရား)၊ ဒုက္ခသစ္စာတွေ စုနေကြတာဆိုတာ မပေါ်သေးဘူး လား (ပေါ်ပါပြီ)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ကံကောင်းလို့ လူဖြစ်တာလားတဲ့။ ဒကာ၊ ဒကာမတို့ မျက်စိမမြင်တဲ့ ပုဂ္ဂိုလ် လုပ်ချင်သလိုလုပ်လို့ ဒုက္ခရောက်တာလား (မျက်စိမမြင်တဲ့ပုဂ္ဂိုလ် လုပ်ချင်သလိုလုပ်လို့ ဒုက္ခရောက်တာပါ ဘုရား)။

သို့သော် ခင်ဗျားတို့က ရန်ကုန်မြို့ကြီးမှာလာပြီး လူဖြစ်ရ တာဘုရား တော်တော်သေးရဲ့။

သစ္စာမှမသိ တော့ တော်သေးရဲ့ ဖြစ်နေတယ်။ သဘော ပါကြပလား (ပါ,ပါတယ် ဘုရား)။ သစ္စာမသိတော့ (တော်သေးရဲ့ ဖြစ်နေပါတယ် ဘုရား)။ ခု သစ္စာသိတော့ ဘာသစ္စာ တုန်း (ဒုက္ခသစ္စာပါ ဘုရား)။ တော်ကြပလား (မတော်ပါ ဘုရား)။ အတော်ဆိုးသွားတယ် (မှန်ပါ့၊ အတော်ဆိုးသွားပါတယ်)။

ဉာဏ်နှင့် နာပါ

အေး ဒကာ၊ ဒကာမတွေ အတော်မဆိုးဘူး လား (ဆိုးပါတယ် ဘုရား)။ သေသေချာချာ ဉာဏ်နားနဲ့ထောင် ကြည့်ပါ။ ဒကာ၊ ဒကာမတို့ ဉာဏ်နားနဲ့ ထောင်ကြည့်တော့ လူ့ဘဝအရ တော်နေတာလား၊ ဒုက္ခသိမ်းပိုက်နေရတာလား (ဒုက္ခသိမ်းပိုက်နေရတာပါ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီမှာ အနာတွေရတယ်။ အနာရတဲ့ ဒကာ၊ ဒကာမ ဘာရှာကြပါသတုန်းလို့ မေးတဲ့အခါ ဆေးရှာတယ်။ အနာပျောက်ချင်တာနဲ့ ဆေးမရှာဘူးလား (ဆေးရှာပါတယ် ဘုရား)။ ဆေးရှာတာသည် တဏှာပဲ (မှန်ပါ့)။ ဒီဘက် မကူး ဘူးလား (ကူးပါတယ် ဘုရား)၊

ဆေးရှာတာ

ဒကာ၊ ဒကာမတို့ ဒီနဲ့ ဒီ စပ်မသွားဘူးလား (စပ်ပါ တယ် ဘုရား)။ ဒါဖြင့် ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။ ဟင် အနာရတဲ့ ပုဂ္ဂိုလ်ဟာ ဘာလုပ်တာပါလိမ့် (ဆေးရှာတာ ပါ ဘုရား)။ ဆေးရှာတာ တဏှာပဲ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ဆေးရှာပြီးသကာလ ဒကာ၊ ဒကာမတို့ မရ ,ရအောင် သိမ်းပိုက်တာ ဥပါဒါန်၊ သဘောကျပလား (ကျပါပြီ ဘုရား)။ မရ,ရအောင် သိမ်းပိုက်တာက (ဥပါဒါန်ပါ ဘုရား)။

ဆေးကို မရ,ရအောင် သိမ်းပိုက်တာ ဥပါဒါန် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။ နောက်တစ်ခါ ခင်ဗျားတို့က ဝဋ်ဘဝရောက်စေတတ်တဲ့ ဒါနကံ၊ သီလကံ၊ အကုသိုလ်ကံတွေ လုပ်ပြန်တော့ကိုတဲ့ ဆေးလိမ်းမှားပြန်တယ်။ ဒကာ၊ ဒကာမတို့ ဘာဖြစ်ပြန်သလဲ (ဆေးလိမ်းမှား ပြန်တယ်)၊ ဆေးလိမ်းမှားပြန်လို့ ရှိရင် နောက်အနာပြန်ရမလား၊ ဇာတိ၊ ဇရာ၊ မရဏ၊ (ပြန်ရပါမယ် ဘုရား)။

ဆေးလိမ်းမှား

ဒါဖြင့် ဇာတိ၊ ဇရာ၊ မရဏဟာ သစ္စာတုန်း (ဒုက္ခ သစ္စာပါ ဘုရား)။ ဆေးရှာတာက ဘာသစ္စာတုန်း (သမုဒယ သစ္စာပါ ဘုရား)။ သွားပြီး ခင်ဗျားတို့ ၄ ကွက်၊ မပြည့်သေးဘူးလား (ပြည့်ပါပြီ ဘုရား)၊ တစ်၊ နှစ်၊ သုံး၊ လေး၊ ဒကာ ဒကာမတို့ တစ်ပတ်မရ သေးဘူးလား (ရပါပြီ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒီမှာလည်း ဒုက္ခသစ္စာရပြန်တော့ ဒုက္ခရောက်တဲ့ပုဂ္ဂိုလ် ဆေးရှာဦးမှာပဲ ဆိုပြီး သမုဒယသစ္စာမလုပ်ဘူးလား လုပ်မလား (လုပ်ပါတယ် ဘုရား)။

ဒါဖြင့် ပတ်မိသွားပြီ (ပတ်မိသွားပါပြီ)။

(ဤနေရာတွင် ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းကို ထောက်ပြသည်)။

သမုဒယနှင့် ဒုက္ခသစ္စာလည်ပတ်နေတာ

ဒကာ၊ ဒကာမတို့ ပတ်မိပလား (ပတ်မိပါပြီ ဘုရား)။ ပတ်မိတော့ တပည့်တော်တို့ နောက်တုန်းက ဘယ်လိုနေခဲ့ရသတုန်း။ ယခု ဘယ်လိုနေရသတုန်းလို့ မေးတဲ့အခါကျတော့ နောက်တုန်းက သမုဒယသစ္စာ၊ သဘောကျပလား (မှန်ပါ့)၊

ယခုဘဝ ဘာသစ္စာနဲ့တုန်း (ဒုက္ခသစ္စာနဲ့ ပါ ဘုရား)။ ဒုက္ခသစ္စာထဲမှာ ဆေးရှာတော့ ဘာသစ္စာ ဖြစ်သတုန်း (သမုဒယသစ္စာပါ ဘုရား)။

ဒါဖြင့် အနာဂတ်ဘဝ ဘာသစ္စာရသတုန်း (ဒုက္ခသစ္စာ ရပါမယ် ဘုရား)။ ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ မှာ ဒုက္ခနဲ့ သမုဒယသာ လှည့်နေတာပဲ။ အကောင်းပါသေးရဲ့လား (မပါ,ပါ ဘုရား)။

သမုဒယသစ္စာက မီး၊ ဒုက္ခသစ္စာက ထင်း၊ ထင်းနဲ့မီး အဖြစ်နဲ့ လှည့်နေရတယ်၊ ဒကာ၊ ဒကာမတွေ အကောင်းပါရဲ့ လား (မပါ, ပါ ဘုရား)။

ဒါဖြင့် တပည့်တော်တို့ဘုရား နောက်ဘဝများစွာမှာ စကြ ဝတေး၊ မန္ဓာတ်၊ သူဌေး၊ သူကြွယ်၊ သိကြား၊ ဗြဟ္မာတွေ ဖြစ်ခဲ့ သလားဆိုတော့ ဒကာ၊ ဒကာမတို့ အဲဒါမပြောတတ်ဘူး။ ဒီသစ္စာ နှစ်မျိုး လှည့်နေတာ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

သစ္စာဘယ်နှမျိုး လှည့်နေသတုန်း (နှစ်မျိုးလှည့်နေပါ တယ် ဘုရား)။ ဘာသစ္စာ ဘာသစ္စာ (သမုဒယ သစ္စာနဲ့ ဒုက္ခသစ္စာပါ ဘုရား)။

အတိတ်ဘဝက သမုဒယသစ္စာ (မှန်ပါ့)။ ပစ္စုပ္ပန်ဘဝမှာ (ဒုက္ခသစ္စာပါ ဘုရား)။ ခန္ဓာငါးပါး ပေါ့ဗျာ (မှန်ပါ့)။

ဒုက္ခသစ္စာထဲနေပြီး သကာလ ပြန်မိုက်ပြန်တော့ ဘာသစ္စာ ဖြစ်သလဲ (သမုဒယသစ္စာပါ ဘုရား)။ မိုက်လို့ အကျိုးပေးပြန် တော့ (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခရောက်တာ မသိပြန် တော့ (သမုဒယသစ္စာပါ ဘုရား)။

သမုဒယသစ္စာ အားထုတ်ပြန်တော့ အကျိုးဘာသစ္စာ ရသတုန်း (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခသစ္စာ မရဘူးလား (ရပါတယ် ဘုရား)။ ဒကာ၊ ဒကာမတွေ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မိုက်ကြောင်းနှင့် မိုက်ကျိုးကြောင့် သံသရာရှည်နေတာ

ဒါဖြင့် ဒကာ၊ ဒကာမတွေ သံသရာထဲမှာ ခင်ဗျားတို့ ဘယ်လိုနေခဲ့ရသတုန်းဆိုတော့ သစ္စာနှစ်ပါး လှည့်နေခဲ့ရတယ် (မှန်ပါ့)။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ဘာလှည့်နေရတယ်။ မိုက်ကြောင်းရယ်၊ မိုက်ကျိုးရယ် (မှန်ပါ့)။

ဒါက ဘာပါလိမ့် (မိုက်ကြောင်းပါ ဘုရား)။ ဒါက ဘာပါလိမ့် (မိုက်ကျိုးပါ ဘုရား)။

ဒကာ၊ ဒကာမတို့ ဘုရားနဲ့ မတွေ့ခဲ့တာ သိပလား (သိပါပြီ ဘုရား)။ ဘုရားနဲ့ မတွေ့တော့ ဘာတွေလုပ်ခဲ့သတုန်း (မိုက်ကြောင်းတွေ လုပ်ခဲ့ပါတယ် ဘုရား)။ ယခု ရပြန်တော့ ခန္ဓာက (မိုက်ကျိုးတွေ လုပ်နေပါတယ် ဘုရား)။ မိုက်ကျိုးထဲက ပြန် မိုက်ပြန်တော့ (မိုက်ကြောင်းဖြစ်ပါတယ် ဘုရား)။ မိုက်ကြောင်း ပြန်ရပြန်တော့ ဘာတဲ့ (မိုက်ကျိုးပြန်ရပါတယ် ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ တပည့်တော် သိကြား၊ ဗြဟ္မာ ဖြစ်ခဲ့ရသလား၊ မိုက်ကြောင်းနဲ့ မိုက်ကျိုး လှည့်နေသလားမေးရင် ဘယ့်နှယ်ပြောမလဲ (မိုက်ကြောင်းနဲ့ မိုက်ကျိုးလှည့်နေပါတယ် ဘုရား)။

ဒါဖြင့် ဒီထဲမှာ ခင်ဗျားတို့ အတိတ်ဘဝကရော ယခု ပစ္စုပ္ပန်ဘဝကရော ဆရာကောင်း သမားကောင်း မတွေ့လို့ရှိရင်ဖြင့် မိုက်ကြောင်း မိုက်ကျိုး၊ မိုက်ကြောင်းမိုက်ကျိုး၊ ဒါပဲ လှည့်မယ် ဘယ်တော့မှ မလိမ္မာတော့ဘူး (မှန်ပါ့)။ လိမ္မာစရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဒကာ၊ ဒကာမတွေ သံသရာရှည်ပါ သလဲဆိုတာ ကိုယ့်အကြောင်း ကိုယ်သိကြပါတော့ တဲ့။ မိုက်ကြောင်း မိုက်ကျိုးလှည့်နေလို့ ခေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ဘယ်လိုပေါ်ပါလိမ့် (မိုက်ကြောင်း မိုက်ကျိုးလှည့်နေပါတယ် ဘုရား)။ မိုက်ကြောင်း မိုက်ကျိုး လှည့်နေတာနဲ့ သံသရာရှည်တယ် ဆိုတာ သေသေချာချာပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ထွက်ပေါက်များတွေ့ကြပလား (မတွေ့ရပါ ဘုရား)။ မတွေ့တော့ ဘူးဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ထွက်လျှင်ထွက်၊ မထွက်လျှင်အဝိုင်းပြေး

ဒီနေ့ ပြတော့ပြမယ်၊ ထွက်လျှင်ထွက် မထွက်လျှင် ဒီအဝိုင်းအတိုင်း ပြေးကြပေတော့။ သဘောပါပလား (ပါ,ပါပြီ ဘုရား)၊ ထွက်လျှင်ထွက်ပါ။ မထွက်လျှင် ဘာစိတ်ချရမလဲ (အဝိုင်းအတိုင်း ပြေးနေရမှာပါ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ သံသရာကြီးထဲမှာ ခင်ဗျားတို့ နေမှုထိုင်မှုကဖြင့် ငါသည် ရှေးဘဝက ကောင်းခဲ့လေသလား။ ဆိုးခဲ့ လေသလားဆိုတာ သံသယမရှိနဲ့နော် (မှန်ပါ့)။ အတိတ်က ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)။

ယခုရထားတာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ ခန္ဓာငါးပါးကလေ (မှန်ပါ့)၊ ဒီခန္ဓာငါးပါးကလေ (မှန်ပါ့)၊ ဒီခန္ဓာငါးပါးကို သစ္စာရယ်လို့ မသိပြန်တော့ တဏှာဥပါဒါန်ကံနဲ့ မနေဘူးလား (နေပါတယ် ဘုရား)။

ကိုယ့်ခန္ဓာခင်တယ်၊ ကိုယ့်ခန္ဓာစွဲလမ်းတယ်၊ နောက်ဘဝ ကောင်းစားရေးဖြစ်စေ မကောင်းစားရေး ဖြစ်စေ ကမ္မဘဝမလုပ် ဘူးလား (လုပ်ပါတယ် ဘုရား)။ လုပ်တော့ ပစ္စုပ္ပန်ကာလ ဆိုပြီး ထပ်မိုက်တာ သူပဲ (မှန်ပါ့)။ ထပ်မိုက်တော့ကို မိုက်ကျိုးမရဘူးလား (ရပါတယ် ဘုရား)။ အနာဂတ် ဘာသစ္စာရမလဲ (ဒုက္ခ သစ္စာရပါတယ် ဘုရား)။

ဒါဖြင့် အတိတ်ကမိုက်လို့ ပစ္စုပ္ပန် ဒုက္ခရောက်တယ်။ သဘောကျပလား (ကျပါပြီ ဘုရား)။ အတိတ်က မိုက်လို့ (ပစ္စုပ္ပန်ဒုက္ခရောက်ပါတယ်)။ ပစ္စုပ္ပန်ဒုက္ခရတယ်။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခရောက်တာကို ဒုက္ခမှန်းမသိလို့ ပြန်မိုက်ခြင်းကြောင့် ဘာသစ္စာရသလဲ (သမုဒယသစ္စာ ရပါတယ်)။ သမုဒယသစ္စာတည်းဟူသော အကြောင်းသစ္စာရထားတော့ ဒါဘာသစ္စာပြန်ဖြစ် မလဲ (ဒုက္ခသစ္စာပြန်ရပါတယ် ဘုရား)။ အနာဂတ်ဘဝမှာ ဒုက္ခသစ္စာ ပြန်မရဘူးလား (ရပါတယ် ဘုရား)။ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒီလိုစက်ကို လှည့်လိုက်မယ်နော်။ စက်ကိုလှည့်တဲ့အခါကျတော့ ဒကာ၊ ဒကာမတွေက ဒီအတိုင်း လည်နေတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အလည်စက်ကိုဖြတ်ပေးမယ့် ပုဂ္ဂိုလ်ကိုရှာပါ

ဒါဖြင့် ဒီအလည်စက်ကို ဘယ်သူဖြတ်ပေးမလဲ။ ဒကာ ဒကာမတို့ ဖြတ်မည့်ပုဂ္ဂိုလ် သံသရာ အကန့်အကွက်တွေကို ဖြတ်မည့် ပုဂ္ဂိုလ်ရှာဖို့ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။ ခင်ဗျား တို့ ရှာကြပါလားလို့မေးတော့ ဘယ့်နှယ်ဖြေပါ့မလဲ (ရှာပါတယ် ဘုရား)။

တရားနာလာတာလား၊ ကိုယ့်အဝိုင်းပြေးဇာတ်သိမ်းချင်လို့ လာကြတာလား (အဝိုင်းပြေး ဇာတ်သိမ်းချင်လို့ လာတာပါ ဘုရား)။ ဘုန်းကြီးရှေ့မို့သာ ပြောကြတယ်။ ပြေးလို့ကောင်းတုန်းများ ဖြစ်နေရင်တော့ ခက်ပါသေးရဲ့ ဒကာ၊ ဒကာမတို့ သေသေချာချာ စဉ်းစားကြစမ်းပါနော် (မှန်ပါ့ ဘုရား)။ စဉ်းစားမိကြပလား (စဉ်းစားမိပါတယ် ဘုရား)။

သံသရာမှာ ဘယ်လိုနေခဲ့ကြသလဲ အဝိုင်းပြေးနေခဲ့ကြ တယ် (အဝိုင်းပြေးပါ)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဖြတ်ပေးမည့် ပုဂ္ဂိုလ်တွေ့ကြပလား (တွေ့ပါပြီ ဘုရား)။ ဘယ်တွေ့ တုန်း ခင်ဗျားတို့ (အရှင်ဘုရားပါ ဘုရား)။

ဟင် သိပ်လည်း မမြှောက်ကြပါနဲ့ ဒကာ၊ ဒကာမ တို့ တဲ့။ သေသေချာချာ ရှင်းပြပါတော့မယ်။ သတိထားပါနော်။ ရှေးဘဝများစွာ သံသရာက ဘယ်သစ္စာနှစ်ပါးနဲ့ အချိန်ကုန်ခဲ့ကြ သလဲ (သမုဒယ သစ္စာ ဒုက္ခသစ္စာနှစ်ပါးနဲ့ အချိန်ကုန်ပါတယ် ဘုရား)။

သမုဒယသစ္စာဆို မီး၊ ဒုက္ခသစ္စာဆို ဘာ ထင်း

သမုဒယသစ္စာဆိုတာ မီး၊ ဒုက္ခသစ္စာဆိုတာ ထင်း၊ ထင်းနဲ့ မီးနဲ့ လောင်ပြီးသကာလ လှည့်နေတယ်။ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။ သမုဒယသစ္စာဆိုတာ ဒကာ၊ ဒကာမတို့သိတဲ့ အတိုင်းတဲ့ မီးပါ။ ကိလေသာမီး (မှန်ပါ)။ မပေါ်ကြသေးဘူးလား (ပေါ်ကြပါတယ် ဘုရား)။

ဒါက ခန္ဓာငါးပါး ထင်းမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။ မီးနဲ့ထင်းနဲ့ လောင်ပြီးလှည့်နေတာ ခင်ဗျားတို့ ဖြစ်စဉ်ပေါ် ကြပလား (ပေါ်ပါပြီ ဘုရား)။

မီးနဲ့ထင်းနဲ့ လောင်ပြီးလှည့်နေတာ ဒကာ၊ ဒကာမတွေ၏ ဖြစ်စဉ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။ ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒီအထဲမှာ မီးငြိမ်းရာ နိရောဓသစ္စာပါပလား (မပါသေးပါ ဘုရား)။ မီးငြိမ်းတဲ့ မဂ္ဂသစ္စာကော မပါသေးပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ တစ်သံသရာလုံး မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ သပိတ်မှောက်ထားတာ ဒီဒကာ၊ ဒကာမတွေ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ သပိတ်မှောက်ထားတာ ဘယ်သူ ပါလိမ့် (တပည့်တော်တို့ပါ ဘုရား)။ အားမငယ်နဲ့၊ အားမငယ်နဲ့ ခင်ဗျားတို့၊ ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ယနေ့စကာပဲ ရှိသေးပါတယ်။ ကိုယ့်အကြောင်းကိုယ် သိကြ ပလား (သိပါပြီ ဘုရား)။

ထွက်ပေါက်ရှာပါ

အကြောင်းကောင်းပဲလား။ အကြောင်းဆိုးပဲလား (အကြောင်းဆိုးပါ ဘုရား)။ ဆိုတော့ ဆိုးဆိုးနဲ့ ပေနေတော့မလားတဲ့။ ထွက်ပေါက်ရှာကြမလား (ထွက်ပေါက်ရှာပါ့မယ် ဘုရား)။

ထွက်ပေါက်ရှာရမယ်နော် (မှန်ပါ့)။ ထွက်ပေါက်မပြလို့ ရှိရင်တော့ ဒကာ၊ ဒကာမတွေ ခက်ပြီဗျ (မှန်ပါ့ ဘုရား)။ မခက်ပေဘူးလား (ခက်ပါတယ် ဘုရား)။ သေသေချာချာ ခက်မယ်ဆိုတာ ဒကာ၊ ဒကာမ ယုံကြည်ကြပလား (ယုံကြည် ပါတယ် ဘုရား)။ သေသေချာချာ မှတ်ကြပါတဲ့။

တရားကလည်း အချိန်မရ၊ ခင်ဗျားတို့ အပေါ်လည်း စေတနာကတော့ ရောက်ပါတယ် (မှန်ပါ့)။ ရောက်ပင်ရောက် ငြားသော်လည်း ဝါဆိုခါနီးဆိုတော့ကို တန်သလောက်ပဲ ပေးနိုင်တယ် ဆိုတာ ကိုတော့ အောက်မေ့ကြမယ်နော် (မှန်ပါ့ ဘုရား)။

ဒါဟာ ရက်ပေါင်းသုံးလလောက် ဟောလည်း မကုန်ဘူး။ ဒကာ၊ ဒကာမတို့ အလုပ်ပါပြမှ ပြတ်မှာကိုးဗျ။ သို့သော် အလုပ်ပြ တန်သလောက် ပြသွားမယ်နော် (မှန်ပါ့)။ မပူကြပါနဲ့တဲ့။ ဒါဖြင့် လည်ပုံတော့ဖြင့် ဒီစာထဲ သဘောကျတာလား၊ ကိုယ့်ကိုယ် တိုင် လည်တတ်တာလား (ကိုယ့်ကိုယ်တိုင် လည်တတ်တာပါ)။

သာဓုပါပဲဗျာ၊ စာထဲတောင် သဘောကျတာ မဟုတ်ဘူး။ ကိုယ့်ကိုယ် တိုင် လည်တတ်ပါတယ် ဆိုတော့ တကယ့်ဒုက္ခသည်တွေဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။ ကောင်းပြီ၊ ဒါဖြင့် ဒကာ၊ ဒကာမတို့ ကိုယ့်ဒုက္ခကိုယ် သိပါသလား (သိပါတယ် ဘုရား)။

အပင်မှမျိုး၊ မျိုးမှအပင်

သမုဒယသစ္စာကြောင့် ဘာသစ္စာဖြစ်သတုန်း (ဒုက္ခ သစ္စာ ဖြစ်ပါတယ် ဘုရား)။ ဒုက္ခသစ္စာထဲက သမုဒယသစ္စာတည်း ဟူသော မျိုးစေ့တွေကျပြန်ပြီ (မှန်ပါ့)။ မျိုးစေ့ကျတာ ဘာသစ္စာတုန်း (သမုဒယသစ္စာပါ ဘုရား)။

ဟောဒီ ဒုက္ခသစ္စာအပင်ပေါက်ပြီ၊ မပေါက်ဘူးလား၊ (ပေါက်ပါတယ် ဘုရား)။

ဒီအပင်ကနေ မျိုးစေ့ကျပြန်ပြီး ရှင်းပလား (ရှင်းပါပြီ)။ ဟော အပင်ပေါက်ပြန်ပြီဗျ (ဒုက္ခသစ္စာပါ ဘုရား)။ ဒီအပင်ကြီးက တစ်ခါမျိုးစေ့ ပြန်ကျပြန်ပြီ သီးပွင့်ပြီးတော့ (မှန်ပါ့ ဘုရား)။ ဘာသစ္စာတုန်း (သမုဒယသစ္စာပါ ဘုရား)။ ဒါဖြင့် ဒီမျိုးစေ့ကြောင့် ဒီအပင်ပေါက်ပြန်ပြီ (မှန်ပါ့ ဘုရား)။ ဒုက္ခသစ္စာ မပေါက်သေးဘူးလား (ပေါက်ပါတယ် ဘုရား)။ အဲ ဒုက္ခသစ္စာအပင်ကြီး မျိုးစေ့ပြန်ကျတာ ဘာသစ္စာတုန်း (သမုဒယသစ္စာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဥစ္စာက အဆိပ်မျိုးစေ့ကြောင့် အဆိပ်ပင် ဖြစ်၊ အဆိပ်ပင်ကြောင့် အဆိပ်မျိုးစေ့ပြန်ကျ၊ ပြန်ကျပြီးသကာလ ပြန်ပေါက်ဆိုတော့ ခင်ဗျားတို့ အန္တရာယ်ကင်းတဲ့ ဘေးရှင်းတဲ့ဘဝ ပြောကြစမ်းပါ (မရှိပါ ဘုရား)။ ရှေးက ရှေးက ရှိကြရဲ့ လား (မရှိပါ ဘုရား)။ ကောင်းကောင်း သဘောကျပလား (ကျပါပြီ)။

ပရိယတ်ကအခြေခံ၊ ပဋိပတ်က အညွှန့်ခူး

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေသည်တဲ့။ ခုလို ဆရာကောင်း သမားကောင်း သာသနာတွင်း ဒီပရိယတ်အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ဒါတွေက ဆောင်တော့မှ သူတို့ဆောင်လာတဲ့ သဘောနဲ့ ဘုန်းကြီးတို့ကလည်း ပရိယတ်သမား ဖြစ်နေတော့။ ဟ ဒါဖြင့် တို့ ဒကာ၊ ဒကာမတွေ ဖြတ်လမ်းပြမှ တော်မယ်။ ဒါ ပရိယတ်က လာတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်က လာတာတုန်း (ပရိယတ်က လာတာပါ ဘုရား)။ သင်မထားလို့ရှိရင် ဒါပြောနိုင်ပါ့မလား (မပြောနိုင်ပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ရန်ကုန် ဒကာ၊ ဒကာမတွေ ဘုန်းကြီးတို့လည်း အရင်းတွေပေါ့ဗျာ။ ဒါတွေ သိပြီးသားတွေပဲ။

ပရိယတ်ကိုဖြင့် အားပေးမလျှော့ပါနဲ့ (မှန်ပါ့)။ အားပေးလျှော့လိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ကျင့်စရာ လမ်းပေါက်ကို ဟောမည့် ပုဂ္ဂိုလ်ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒီကဲ့သို့ မရှိလို့ရှိရင်ဖြင့် ခင်ဗျားတို့မှာ စုံလုံးကန်း မွေးပြီး စုံလုံးကန်းသေမယ်လို့ သာ စိတ်ကူး။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ မွေးတုန်းက ဘာမွေးမယ် (စုံလုံးကန်းပါ ဘုရား)။ သေသွားတော့ (စုံလုံးကန်းသေပါတယ် ဘုရား)။ ဒါဖြင့် အကန်း လေးမွေး အကန်းလေးသေတော့ ခင်ဗျားတို့ မသာဖိတ်စာ အကန်းမသာ ကြွတော်မူပါဖိတ်။

ဒီပရိယတ်သာ ကွယ်သွားရင် ဒီအတိုင်းလာမှာပဲ (မှန်ပါ့) မလာဘူးလား။ လာမလား (လာပါမယ် ဘုရား)။ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။ ဒါဖြင့် အခြေဟာ ဘယ်သူတုန်း ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

ပရိယတ်က အခြေခံ ပဋိပတ်က အညွန့်ခူးပြီး စကား ပြောတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့် ဒီက ဆရာတော်တွေ သမားတော်တွေကော ဘုန်းကြီးထက် ငယ်တဲ့ ပုဂ္ဂိုလ်တွေကော ဒါကို မလျှော့ကြပါနဲ့။ ကိုယ့်ကန်ပေါင်ကြီး ကိုယ်မချိုးကြပါနဲ့လို့ ခုနက ဆရာတော်တွေကို ချီးမြှောက်ရ သေးတယ်နော် (မှန်ပါ့ ဘုရား)။

ဒကာ၊ ဒကာမတို့ ဒါဖြင့် ထွက်ပေါက်ကို ပြပါတော့မယ် နော် (မှန်ပါ့ ဘုရား)။ ဒါ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။ အခုရထားတဲ့ ခန္ဓာငါးပါးဟာ (ဒုက္ခသစ္စာပါ ဘုရား)။ ဘယ်ကာလပါလိမ့် (ပစ္စုပ္ပန်ကာလပါ ဘုရား)။

မိုက်ခဲ့လို့ မိုက်ကျိုးခံစားနေရ

ဒါဖြင့် အခုတရားနာ နေတာဟာ ဒီအကွက်ထဲ ရောက်နေ တယ်၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ တရားနာနေ တာသည် ၁ ကွက်မှာလား၊ ၂ ကွက်မှာလား (၂ ကွက်မှာပါ ဘုရား)။ ၁ အကွက်မှာ မိုက်လို့ပြီးခဲ့ပြီ၊ ယခု မိုက်ကျိုး ခံစားနေရတာ၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ယခု ဘာခံစားနေရတာ လဲ (မိုက်ကျိုးခံစားနေရပါတယ် ဘုရား)။ မိုက်ကျိုးခံစားနေရတော့ မိုက်တာမှ မိုက်မှန်းမသိလို့ ရှိရင်ဖြင့် လူလိမ္မာဆိုလို့ ဖြစ်ပါ့ မလား (မဖြစ်ပါ ဘုရား)။

မိုက်တာမိုက်မှန်းသိရင် လူလိမ္မာ၊ မိုက်တာကို လူလိမ္မာ ထင်နေရင် မိုက်သထက် မိုက်တယ်လို့ ဓမ္မပဒပါဠိတော်မှာ သေသေ ချာချာ လာတယ် (မှန်ပါ့)။ မလာဘူးလား (လာပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ၊ ဒကာမတို့ ထွက်ပေါက်ကိုပြရင် ကောင်းပြီထင်တယ်။ လည်တာတော့ ခင်ဗျားတို့ စာထဲမှာ လည်တတ်တာလား။ ကိုယ့်ကိုယ်တိုင် လည်တတ်တာလား (ကိုယ့်ကိုယ်တိုင် လည်တတ်တာပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီး သင်စရာမလိုဘူး။ ဒါတွေတော့ တပည့် တော်တို့က ဝခဲ့ပြီ။ ရိပ်မိပလား (ရိပ်မိပါပြီ)။ ကဲ ဒါတွေ ဝလို့ရှိရင်ဖြင့် ကိုယ်ဝတဲ့ဥစ္စာဟာလည်း ဒုက္ခနဲ့သမုဒယ လည်တော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။ သမုဒယက မီး၊ ဒုက္ခကထင်း၊ ထင်းနဲ့ မီးလောင်ပြီး လည်နေတာ၊ သဘောပါပလား (ပါ,ပါတယ် ဘုရား)။

ထင်းနဲ့မီး (လောင်ပြီးလည်နေပါတယ် ဘုရား)။ စဉ်းစား ကြည့်ပါတဲ့ ခင်ဗျားတို့၊ ခန္ဓာကိုယ်ထဲက မနက်ဖြန် သိမ်ကြီးဈေးသွား မယ်ဆိုတော့ ဘာလုပ်ဖို့သွားမှာတုန်း မေးလိုက်တော့ ငွေရချင်လို့ပေါ့ ဘုရား ဆိုတော့ ငွေရချင်တာက တဏှာ၊ သမုဒယသစ္စာဟုတ်လား (မှန်ပါ့)။

ခန္ဓာကိုယ်ကြီးက တဏှာခိုင်းတဲ့ဆီသွားနေရတာ

ခန္ဓာကိုယ်ကြီး တဏှာခိုင်းတဲ့ဆီ မသွားရဘူးလား၊ သွားရ မလား (သွားရပါမယ် ဘုရား)။ သွားရတော့ ကိလေသာမီးလောင် လို့ အပြေးအလွှားသွားကြတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘယ်သွားဦးမယ်၊ သမီးဆီသွားဦးမယ်၊ သားဆီသွား ဦးမယ်ဆိုတာလည်း ဒကာ၊ ဒကာမတို့ ဘာဖြစ်လို့ သွားတာပါ လိမ့် (ကိလေသာမီးလောင်လို့ပါ ဘုရား)။ လောင်ရင်းသွား တာ (မှန်ပါ့)။ လောင်လို့သွားတာ (မှန်ပါ့)။

အိမ်စိတ်မချလို့ ပြန်လာတော့ ရိုးရိုးပြန်လာတာလား၊ လောင်ပြီး ပြန်လာတာ လား (လောင်ပြီးပြန်တာပါ ဘုရား)။ အို စိတ်မချလို့ ပြန်ပါ တယ်ဆိုတော့ ဒေါသမီး လောင်ပြန်တာ (မှန်ပါ့)။ ဟိုသူနဲ့ တွေ့ချင်တယ်လို့ သွားတာကဖြင့် လောဘမီးလောင်ပြီးသွား တာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ကိုတဲ့ မီးမပါလို့ ရှိရင်လည်း ဒီအကြောင်းအကျိုး ဟာ မလည်လို့ ခဏတရား ရပ်ထားတယ်နော် (မှန်ပါ့)။ ယခု ဒကာ၊ ဒကာမတို့ ၁ ကွက်မှာနေသလား၊ ၂ ကွက်မှာနေသလား (၂ ကွက်မှာနေပါတယ် ဘုရား)။ ဘာသစ္စာနဲ့ နေကြပါ လိမ့် (ဒုက္ခသစ္စာနဲ့ နေပါတယ် ဘုရား)။

ဘာပေါ်ပေါ် ဒုက္ခသစ္စာ၊ ပေါ်ရာကိုသိအောင် လုပ်

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာထဲ ဘာပေါ်ပေါ် ခန္ဓာထဲက ရုပ်ပေါ် လည်း ဒုက္ခသစ္စာပေါ်မှာပဲ။ နာမ်ပေါ်ရင်ကော (ဒုက္ခသစ္စာပေါ်ပါ တယ်)။ ဝေဒနာပေါ်ရင်ကော (ဒုက္ခသစ္စာပေါ်ပါတယ်)။ ဖဿပေါ် ရင်ကော (ဒုက္ခသစ္စာပေါ်ပါတယ်)။ စိတ်ကလေး ပေါ်နေတာကော (ဒုက္ခသစ္စာပေါ်ပါတယ်)။

ဪ ဒါဖြင့် ပေါ်ရာကို သိအောင်လုပ်ရလိမ့်မယ်။ ဒကာ၊ ဒကာမတို့ပေါ်တာကို (သိအောင် လုပ်ရမှာပါ ဘုရား)။ သိအောင်လုပ်တော့မယ်ဆိုတော့ ဒကာ၊ ဒကာမတို့ သောတာပန် တည်ချင်ကြတဲ့ ဒကာ၊ ဒကာမတွေ ဒီအထဲမပါဘူးလား (ပါ,ပါတယ် ဘုရား)။

သောတာပန်တည်မှ အပါယ်လေးပါး တံခါးပိတ်မယ် (မှန်ပါ့)။ သောတာပန် မတည်ဘဲနဲ့ သကဒါဂါမ်၊ အနာဂါမ်ဖြစ်နိုင်ကြပါ မလား (မဖြစ်နိုင်ပါ ဘုရား)။

သောတာပန်တည်ချင်ရင် စိတ္တာနုပဿနာရှုပါ

ဒါဖြင့် သောတာပန်တည်ချင်ရင် စိတ္တာနုပဿနာရှုပါ (မှန်ပါ့ ဘုရား)။ ဒကာ၊ ဒကာမတို့ ဆုံးမလိုက်ပြီ။ သောတာပန် တည်ချင်ရင် ဘာလုပ်ရမယ် (စိတ္တာနုပဿနာရှုရမှာပါ ဘုရား)။ ရှင်းပြီနော် (မှန်ပါ့)။

သောတာပန်ဆိုတာ ဒိဋ္ဌိသတ်တာ (မှန်ပါ့)။ ဒိဋ္ဌိသတ်မှ သောတာပန်ဖြစ်နိုင်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ဒိဋ္ဌိကို သတ်ရမယ်၊ တဏှာကိုသတ်ဖို့ မလိုသေးပါဘူး (မှန်ပါ့)။

သမ္မောဟဝိနောဒနီအဋ္ဌကထာမှာ ဒီအတိုင်းပါလာတယ်။ ဒါဖြင့် ဒကာ၊ ဒကာမတို့ စိတ်ပေါ်မှာ ဒိဋ္ဌိအများဆုံး၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။ ဒိဋ္ဌိက ဘယ်ပေါ်မှာ အများဆုံးလဲ (စိတ်ပေါ်မှာ အများဆုံးပါ ဘုရား)။ စိတ်ပေါ်မှာ အများဆုံးဆိုတော့ သေချာပလား (သေချာပါတယ်)။ စဉ်းစားကြည့်ပါ။ ငါကြားတယ် ဆိုတော့ ကြားစိတ်ကို ငါလို့ မစွဲဘူးလား (စွဲပါတယ် ဘုရား)။

ဒါဖြင့် ဒိဋ္ဌိပဲ (မှန်ပါ့)။ ငါစားနေတယ်ဆိုတော့ စားစိတ်ကို ငါမထင်ဘူးလား (ထင်ပါတယ် ဘုရား)။ ဒါဖြင့် စားတဲ့စိတ်ကို ငါထင်သောကြောင့် စိတ်ပေါ်မှာ ဒိဋ္ဌိများတယ်၊ ငါမြင်တယ်ဆိုတော့ မြင်စိတ်ပေါ်မှာ ငါမပါဘူးလား (ပါ,ပါတယ် ဘုရား)။

မြင်စိတ်ကို ဘာစွဲသတုန်း (ငါစွဲပါတယ် ဘုရား)။ ငါစွဲ ရင် ဒိဋ္ဌိပဲဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။ ငါ့အကြံအစည် ဆိုပြန်တော့ကော ကြံစည်တဲ့စိတ်တွေကို ဝိတက် စိတ်တွေကို ဝိတက်နဲ့တကွ သဟဇာတဖြစ်တဲ့စိတ်တွေကို ငါမစွဲကြဘူး လား (စွဲပါတယ် ဘုရား)။

ဒါဖြင့် သောတာပန်ဖြစ်ခြင်းအကြောင်း မှာ ဒိဋ္ဌိဖြုတ်မှဖြစ်ပါတယ် (မှန်ပါ့)။ ဒါဖြင့် စိတ်ကြောင့် ဒိဋ္ဌိဖြစ်တော့ စိတ်ကို ဝိပဿနာရှုရ လိမ့်မယ် (မှန်ပါ့ ဘုရား)။ ဒကာ၊ ဒကာမတို့ ဘယ်ဟာဝိပဿနာ ရှုရမယ် (စိတ်ကို ဝိပဿနာရှုရပါမယ် ဘုရား)။

စိတ္တာနုပဿနာ

ဘယ်စိတ်ကို တပည့်တော်တို့ ရှုမှာတုန်းလို့ ဒကာ၊ ဒကာမ တွေက မေးလို့ရှိရင်ဖြင့် ခင်ဗျားတို့ ပုထုဇဉ်တွေ ဖြစ်သောကြောင့် ခင်ဗျားတို့သန္တာန်မှာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ စိတ်သုံးခုဟာ မရှိဘူးလား (ရှိပါတယ် ဘုရား)။ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားစိတ်၊ နာစိတ်တွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

အလောဘဆိုတဲ့ ပေးချင်မှု၊ ကမ်းချင်မှုကော (ရှိပါတယ် ဘုရား)။ အဒေါသဆိုတဲ့ မေတ္တာစိတ် တွေကော (ရှိပါတယ် ဘုရား)။ အမောဟဆိုတဲ့ တစ်ခါတလေ သိတဲ့ပညာကလေးကော (ရှိပါတယ် ဘုရား)။

ရှုတဲ့စိတ်၊ ရှိုက်တဲ့စိတ်ကော (ရှိပါတယ် ဘုရား)။ အဲဒီစိတ်တွေကို ရှုတော့၊ ဒီပြင်ဟာ ဘာမှမရှုနဲ့။

ဘာကြောင့် ဒါကလေး ပြောရပါလိမ့်မလဲလို့ မေးတဲ့အခါ ကျတော့ ဟို စိတ္တာနုပဿနာ သတိပဋ္ဌာန်မှာ ဘုရားဟောထားတာ က အရိယာတွေပါ ဟောထားတာ (မှန်ပါ့)။ ဒီအထဲ အရိယာများ ပါသလား (မပါ,ပါ ဘုရား)။ ရိုးရိုးပြောပါ။ ခင်ဗျားတို့က လေပျော့ နေတာ။ အရိယာပါသလိုလို ဘာလိုလိုနဲ့။ ပါကြရဲ့လား (မပါ, ပါ ဘုရား)။ မပါတော့ ပုထုဇဉ်တွေပေါ့ဗျာ (မှန်လှပါ ဘုရား)။

အဲ ပုထုဇဉ်ဖြင့် ပုထုဇဉ်စိတ်ပဲ ရှုရမယ်။ သောတာပန် သန္တာန်ဖြစ်တဲ့ စိတ် မရှုနဲ့။ သကဒါဂါမ် သန္တာန်ဖြစ်တဲ့ စိတ်ကော (မရှုရပါ ဘုရား)။ အနာဂါမ် သန္တာန်ဖြစ်တဲ့စိတ်ကော (မရှုရပါ ဘုရား)။ ရဟန္တာ သန္တာန်ဖြစ်တဲ့စိတ်ကော (မရှုရပါ ဘုရား)။

ကိုယ့်စိတ်ကိုယ်ရှုပါ

ဒါဖြင့် ကိုယ့်စိတ်ကိုယ်ရှု (မှန်ပါ့ ဘုရား)။ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။ ဘာတဲ့တုန်း (ကိုယ့်စိတ်ကိုယ်ရှုရ မှာပါ ဘုရား)။ ကိုယ့်စိတ်တော့ ကိုယ်မရှုတတ်တဲ့ ပုဂ္ဂိုလ်များပါသေး သလား (မပါ, ပါ ဘုရား)။

ဟုတ်ရဲ့လား၊ ခင်ဗျားတို့ သေသေချာချာ စဉ်းစားလည်း ပြောကြပါ။ ကိုယ့်စိတ်ကို ကိုယ်မရှုလို့ နိဗ္ဗာန်မရောက်တာ (မှန်လှပါ ဘုရား)။ ကိုယ့်စိတ်ကိုယ်ရှုရင် (နိဗ္ဗာန်ရောက်မှာပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ သန္တာန်ဖြစ်တဲ့ စိတ်ကလည်း ပုဂ္ဂိုလ် စိတ်ရဆိုလို့ ရှိရင်ဖြင့် ၄၅ပါးထက် ပိုမဖြစ်ပါဘူး (မှန်ပါ့)။ ၄၅ ဆိုတော့ ခင်ဗျားတို့ ဒီအရွယ် ခေါင်းဖြူစွယ်ကျိုးမှ သဂြိုဟ် လာတတ် နေရဦးမယ် ဟုတ်ပါလား (မှန်ပါ့ ဘုရား)။

အဲဒီတော့ တပည့်တော်တို့ ဘုရား မြန်မြန်သာ ပို့ပါတော့ဆိုတော့ ကိုယ့်စိတ်ကိုယ်ရှု (မှန်ပါ့)။ သဘောပါကြ ပလား (ပါ, ပါပြီ ဘုရား)။ ဘာတဲ့တုန်း (ကိုယ့်စိတ်ကိုယ်ရှု ရမှာပါ ဘုရား)။

လောဘလာလို့ ရှိရင်လည်း လောဘကို ဖြစ်ပျက်ရှု၊ ဒေါသလာရင်ကော (ဒေါသကို ဖြစ်ပျက်ရှုရပါမယ်)။ မောဟ လာရင်ကော (မောဟကို ဖြစ်ပျက်ရှုရမယ်)။ လှူချင်တန်းချင်တဲ့ စိတ်ကလေး လာရင်ကော (ဖြစ်ပျက်ရှုရပါမယ်) မေတ္တာထားတဲ့ စိတ်ကလေးလာရင်ကော (ဖြစ်ပျက်ရှုရပါမယ်)။

ခင်ဗျားတို့ မေတ္တာထားပါတယ်တော့ ပြောတတ်တယ်။ မေတ္တာစိတ်ကလေး ဖြစ်ပျက်ရှုပါ ဆိုတော့ အို မေတ္တာ ပျက်သွား မှာစိုးလို့ မရှုတော့ဘူးလား၊ အတော်ဆိုးတဲ့ ဒကာ၊ ဒကာမတွေနော်။

မြင်စိတ်ကိုဖြစ်ပြီးပျက်တယ်လို့ ဉာဏ်ကလေးနဲ့ သိပေး

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ဟောဒါ မနာယတန ဆိုတာ စိတ်ပါပဲနော် (မှန်ပါ့)။ ဒါ ခင်ဗျားတို့ သန္တာန်မှာဖြစ်တဲ့ မြင်စိတ်ပေါ်ရင်လည်း ဒီကနေကြည့်၊ မြင်စိတ်ကို ဖြစ်ပြီးပျက်တယ်လို့ ဉာဏ်ကလေးနဲ့ သိပေးစမ်း၊ သဘောကျပလား (မှန်ပါ့၊ ကျပါ တယ် ဘုရား)။

မြင်စိတ်က ဖြစ်ပျက်ဆိုတော့ သိတာက မဂ် (မှန်ပါ့)။ ရှင်းပလား (မှန်ပါ့)။ မြင်စိတ်က ခင်ဗျားတို့ မြင်ပြီး မပျက်ဘူးလား (ပျက်ပါတယ် ဘုရား)။ အဲဒါကလေးသိအောင် လုပ်တာက ဘာဆိုမယ် (မဂ်ပါ ဘုရား)။ ဒါဖြင့် ဖြစ်ပျက်မဂ်၊ သဘောပါပလား (ပါ,ပါတယ် ဘုရား)။ ဒီနေရာမဂ်ဖြစ်တော့ ဒီအနီကြောင်းကလေး ဘာဖြစ်သွားသလဲ (ပြတ်သွားပါတယ် ဘုရား)။

ဒါဖြင့် ပြတ်သွားလို့ရှိရင် ဒီတဏှာနဲ့ ဒီစိတ်နဲ့ ဆက်မိသေး ရဲ့ လား (မဆက်မိပါ)။

ဝိညာဏပစ္စယာတဏှာ ဖြစ်သေးရဲ့ လား (မဖြစ်ပါ ဘုရား)။

ဖဿပစ္စယာတဏှာ ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။

ဝေဒနာပစ္စယာတဏှာ ဖြစ်သေးရဲ့ လား (မဖြစ်ပါ)။ ဒါ စာမို့ ရေးထားတာ။

ဝေဒနာရယ်၊ ဖဿရယ်၊ စိတ်ရယ်တစ်ပြိုင် တည်းဖြစ်တယ်

သူတို့က ဝေဒနာရယ်၊ ဖဿရယ်၊ စိတ်ရယ် တစ်ပြိုင်နက် ဖြစ်တာ၊ သဟဇာတတွေနော် (မှန်ပါ့)။ စိတ်ကို ဖဿကလည်း စိတ်တစ်ခုယုတ် ကိုးဆယ်ယှဉ်တယ်။ ဝေဒနာကော (စိတ်တစ်ခု ယုတ်ကိုးဆယ် ယှဉ်ပါတယ်)။ ယှဉ်နေတော့ ဒီတွင်ရောလျက်ကြီး မနေဘူးလား (နေပါတယ် ဘုရား)။

ဒါဖြင့် သူတို့ အထူးပြုစရာလိုသေးလား (မလိုပါ)၊ သူ့ကော (မလိုပါ ဘုရား)။ မလိုတော့ ပေါ်တဲ့စိတ်၊ မြင်စိတ်လာ ရင် မြင်စိတ်သည် ဖြစ်ပြီးပျက်သည်လို့ ဒီကနေဉာဏ်က ရှုပေး၊ သဘောပါပလား (ပါ,ပါတယ် ဘုရား)၊ ဒါဖြင့် မြင်စိတ်က ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား)။ သေတာက သမုဒယ၊ ဒီသမုဒယသစ္စာလာသေးရဲ့ လား (မလာပါ)။ ဒီသမုဒယသစ္စာ မလာလို့ရှိရင် ဒီဒုက္ခသစ္စာကော (မလာပါ ဘုရား)။

ဒါဖြင့် ဒီဘက်မှာ ဒကာ၊ ဒကာမတို့ တဏှာ နိရောဓော နိဗ္ဗာနံ သမုဒယသစ္စာချုပ်တာလည်း နိဗ္ဗာန်ပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဒုက္ခသစ္စာချုပ်တာကော (နိဗ္ဗာန်ပါ ဘုရား)။

ဟာ ဘယ့်နှယ်ကြောင့် ရပါလိမ့်မတုန်းဆိုတော့ ဒီမှာ မဂ်ဝင်လိုက်လို့ပဲ (မဂ်ဝင်လို့ပါ)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ဒါက နည်းကို မြန်မြန်လွယ်လွယ်ပြတာလို့ မှတ်လိုက်စမ်း ပါ (မှန်ပါ့)။

တကယ် မဂ်စစ်လားလို့မေးတော့ ပွားတဲ့ ဝိပဿနာမဂ်ပဲ ရှိသေးတယ်။ နောက်ကျတော့ “မဂ္ဂါဘိညာသကိံ မတာ” ဆိုတာ က သူရင့်လာလို့ ရှိရင် လောကုတ္တရာမဂ်လာမယ်။ မလာပေဘူးလား (လာပါတယ် ဘုရား)။ ဒါက ပွားတဲ့မဂ်။

နောက်ကျတော့ ဒကာ၊ ဒကာမတွေ ဒိဋ္ဌိဝိစိကိစ္ဆာ သတ်တဲ့ မဂ်က လာလိမ့်ဦးမယ်။ မလာပေဘူးလား (လာပါတယ် ဘုရား)။ လာရင် ဘယ်နေရာလာမယ်၊ ဒီအစပ်ကို ဖြတ်မှာပဲ။ ရှင်းပလား (မှန်ပါ့ ဘုရား)။

(ဤနေရာ၌ စက်ဝိုင်းကို ထောက်၍ပြသည်)။

မပွားလို့ရှိရင် ဝေဒနာပစ္စယာ တဏှာစပ်မယ်

မပွားလို့ရှိရင် ဝေဒနာပစ္စယာ တဏှာဆိုပြီး စပ်ပါတယ်လို့ ပြောလိုက်တယ်။ မစပ်ဘူးလား (စပ်ပါတယ် ဘုရား)။

တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား)။ ဥပါဒါနပစ္စယာ (ကမ္မဘဝပါ ဘုရား)။ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။ ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား)။

ဇရာ မရဏရှိတဲ့ ပုဂ္ဂိုလ်ဟာတဲ့၊ သေခါနီးမှ သောကပရိ ဒေဝ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီ သောက ပရိဒေဝဆိုတာ အာသဝတွေကို ဆိုပါတယ်။

အာသဝသမုဒယာ အဝိဇ္ဇာ သမုဒယောဆိုတော့ ပတ်မသွား ဘူးလား (ပတ်သွားပါတယ် ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မပတ်ချင် ဘာလုပ်ရမတုန်း။ ဒီစိတ်ကို (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။ ဒါဖြင့် စိတ်ကဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား)။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ ဒါဖြင့် သူက ဘာသစ္စာ တုန်း (ဒုက္ခသစ္စာပါ ဘုရား)။ မဂ်ကလေးက ဘာသစ္စာတုန်း (မဂ္ဂသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ကြည့်

အဲ ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ ကြည့်။ သဘောပါ ပလား (ပါ,ပါပြီ ဘုရား)။ ဒုက္ခသစ္စာကို (မဂ္ဂသစ္စာနဲ့ ကြည့်ရပါ မယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ဒုက္ခသစ္စာဖြစ်ရမတုန်းဆိုတော့ ဒီကြည့် ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

(စက်ဝိုင်းကိုထောက်၍ပြသည်)။

ဒီထဲပေါ်သရွေ့ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။ အင်မတန်ရှင်းသွားပြီဆိုတာ ဒကာ၊ ဒကာမတွေ သေချာပလား (သေချာပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီစိတ်ကဖြစ်ပျက်ရှုတာက (မဂ်ပါ ဘုရား)။

သေတာက သမုဒယ၊ သဘောကျပလား (ကျပါပြီ)။ နောက်ထပ်မလာတာက (ဒုက္ခသိမ်းတာ)။ ဒုက္ခသိမ်းတာ မဟုတ် လား (မှန်ပါ့)။ ဒါဖြင့် တဏှာသိမ်း နိဗ္ဗာန်၊ ဒုက္ခငြိမ်းကော (နိဗ္ဗာန်ပါ)။

ဪ နိဗ္ဗာန်က ဒီနှစ်ကွက်ပြတ်သွားရင် ပြီးတာပဲ၊ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။

ဒါဖြင့် ဒီဒကာ၊ ဒကာမတွေမှာ ထွက်လမ်းတွေ့ပလားလို့ မေးရင် (တွေ့ပါပြီ ဘုရား)။ သော် ခင်ဗျားတို့ ကသာ တွေ့နေတယ်။ ဒီမှာကြည့်ဦး။ ဒီအစပ်ပြတ်မှတွေ့တယ် (မှန်ပါ့)။

(စက်ဝိုင်းကို ထောက်ပြသည်)။

ဒီအစပ်မပြတ်ရင် (မတွေ့ပါ ဘုရား)။ ဟောဒီ အနီ ကြောင်းကလေး မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။ အဲဒီ တော့ အနီကြောင်းကလေးက ဒီဘက်ကို မစပ်ဘူးတဲ့။

စိတ်ချုပ်တာမြင်ရင် ထွက်လမ်း

ဒကာ၊ ဒကာမတို့ “စိတ္တနိရောဓာ တဏှာနိရောဓော” ဖြစ်လို့ရှိရင် ပဋိစ္စသမုပ္ပာဒ်ထွက်လမ်း၊ စိတ်ချုပ်တာမြင်ရင် ထွက်လမ်း ပဲ။ သဘောကျပလား (သဘောကျပါပြီ ဘုရား)။ စိတ်ချုပ်တာ မြင်ရင် (ထွက်လမ်းပါ ဘုရား)။ စိတ်ချုပ်တာက ဘာသစ္စာ၊ ဒုက္ခသစ္စာ (မှန်ပါ့)။ မြင်တာက (မဂ္ဂသစ္စာပါ ဘုရား)။ ဒါဖြင့် ဒီနေရာမဂ်ပေါ်တော့ ဒီမဂ်က ဒီဒကာ၊ ဒကာမတို့ ဒီဘက် ထွက်မသွားဘူးလား (ထွက်သွားပါတယ် ဘုရား)။

ဒီဘက် ဆက်ပေးသေးသလား (မဆက်ပါ ဘုရား)။ ဖြတ်ပေးတယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။ ဖြတ်တော့ ဒီဘက်မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။ ထွက်တော့ကို “စိတ္တနိရောဓာ တဏှာနိရောဓော” ပဋိစ္စသမုပ္ပာဒ် ထွက်လမ်း၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် အဝိုင်းပြေး ပြေးသလား ထွက်သွား ပလား (ထွက်သွားပါပြီ ဘုရား)။ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ မြင်စိတ်ကလေးလာရင် ဘာလုပ် မယ် (ဖြစ်ပျက်ရှုရပါမယ်)။ ဖြစ်ပျက် ရှုပေးနော် (မှန်ပါ့)။ ဥဒယဗ္ဗယကို မိအောင်ရှု၊ မြင်စိတ်ကလေးလာရင် (ဖြစ်ပျက်ရှုရပါ မယ်)။

လောကီမဂ္ဂင်ငါးပါးနှင့်ရှု

ဘာနဲ့ ရှုမယ် (မဂ္ဂင်နဲ့ ရှုပါမယ်)။ လောကီမဂ္ဂင် ငါးပါးနဲ့ ရှုလိုက်စမ်းပါ။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဆိုတဲ့ စာမှာလာတဲ့အတိုင်းပေါ့ဗျာ။ သမာဓိမဂ္ဂင်နဲ့ ပညာမဂ္ဂင်နှစ်ခုပေါင်းပြီး ရှုလိုက်စမ်းပါ။ သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ဒါဖြင့် ကြားစိတ်ကလေးလာရင်လည်း ဘာလုပ်မယ် (ဖြစ်ပျက်ရှုရမှာပါ)။ ဒါဖြင့် ဖြစ်ပျက် မဂ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)။ နံစိတ်ကလေးလာရင်ကော (ဖြစ်ပျက်ရှုရ မှာပါ ဘုရား)။ ဖြစ်ပျက် မဂ်မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် စားစိတ်ကလေး လျှာပေါ်မှာ ပေါ်ပြီ (ဖြစ်ပျက်ရှုရပါမယ်)။ မဂ် မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။ သဘောပါပလား (ပါ,ပါတယ်)။ မလွယ်ဘူး လား (လွယ်ပါတယ် ဘုရား)။ မလုပ်ဖြစ်မှာပဲ စိုးရိမ်တယ်။

ဒကာ၊ ဒကာမတို့ တရားကတော့ ဧကန်လွယ်တယ်။ သဘောပါပလား (ပါ,ပါပြီ ဘုရား)။ မလုပ်ဖြစ်မှာသာ စိုးရိမ်တယ်။ မလုပ်ဖြစ်တဲ့ ပုဂ္ဂိုလ်ကို ဘယ့်နှယ်ကြောင့် မလုပ်ဖြစ်ပါလိမ့်မလဲလို့ မေးလို့ ရှိရင် အဝိုင်းပြေးချင်လို့ သာမှတ်ပေတော့။ သဘောကျ ပလား (ကျပါပြီ)။ မလုပ်ဖြစ်တဲ့ပုဂ္ဂိုလ် ဘယ့်နှယ်ကြောင့်ပါလိမ့် (အဝိုင်းပြေးချင်လို့ပါ ဘုရား)။

အဝိုင်းပြေးချင်လို့ဆိုတော့ ခင်ဗျားတို့က ပုရွက်ဆိတ် ကလေးတစ်ကောင်သည် လင်ဗန်းပေါ် အဝိုင်းပြေးနေတဲ့ အခါကျတော့ ခင်ဗျားတို့က မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါ ဪ တိရစ္ဆာန်များ တယ်မိုက်ပါလား၊ အဝိုင်းသာလှည့်ပြေးနေတာပဲ ဆင်းတာမှ မဟုတ် ဘဲ။ ထွက်တာမှ မဟုတ်ဘဲဆိုပြီး မသနားကြဘူးလား (သနားပါ တယ် ဘုရား)။ ကဲ့ရဲ့ ကော မကဲ့ရဲ့ ဘူးလား (ကဲ့ရဲ့ ပါတယ် ဘုရား)။ တိရစ္ဆာန်ကို မသိရှာဘူး၊ သဘောပါပလား (ပါ,ပါတယ်)။

ခင်ဗျားတို့က ဘယ်လိုနေကြပါလိမ့် (အဝိုင်းပြေး ပြေးနေပါတယ် ဘုရား)။ အဝိုင်းကော မပြေးဘူးလား (ပြေးပါတယ် ဘုရား)။

အဲဒီတော့ ဘုန်းကြီးက ဘယ်လိုညည်းရမလဲ။ ပြောပါဦး။ ခင်ဗျားတို့ ဒီအဓိပ္ပာယ်မရဘူးလား (ရပါတယ် ဘုရား)။ သို့သော် မပြောပါဘူး အားနာတယ်။ ရှင်းပလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ငါသည် လူ့တိရစ္ဆာန် တော့ မဖြစ်ပါရစေနဲ့ ဆိုတဲ့ ဥစ္စာကို ထွက်ရပ်လမ်းရှာပါ။ ဒီကနေ ထွက်ပါ။

ဝေဒနာက တဏှာစပ်လို့ရှိရင် ဟော ဒီဘက်မှာတဲ့ ပဋိစ္စသမုပ္ပာဒ်လည်လမ်း၊ ဒီဘက် လည်လိမ့်မယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။ ဝေဒနာပစ္စယာတဏှာဆိုတော့ ပဋိစ္စသမုပ္ပာဒ် ဘာတဲ့တုန်း (လည်လမ်းပါ ဘုရား)။

အဲ ဒီကိုဆက်ရင် လည်လိမ့်မယ်တဲ့ ဒီကနေ ဒီပြန်ထွက် လို့ ရှိရင် ဖြတ်လမ်း။

ဝေဒနာနှင့်တဏှာကြား ဘုရားဖြစ်

ဒကာ၊ ဒကာမတို့ ဘုရားသည် ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဖြစ်သလား ဝေဒနာနဲ့ တဏှာကြားမှာ ဖြစ်သလား (ဝေဒနာ နဲ့ တဏှာကြားမှာဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် အိန္ဒိယသွားဖို့ မလိုပါဘူး။ ဒီနေရာတွင် ဖူး၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)။ ဟိုဟာက ပညတ် ပြောနေတာ၊ ပရမတ်က ဒီနေရာမှာဖြစ်တာ။ ဒီနေရာမှာ မဂ်ဉာဏ်ရတယ် (မှန်ပါ့)။ သဘောပါပလား (ပါ,ပါတယ် ဘုရား)။

ဒီပစ္စုပ္ပန်ခန္ဓာနဲ့ အနာဂတ်အကြောင်းနဲ့ မဆက်တဲ့နေရာမှာ ဘုရားဖြစ်ပါတယ် (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားဘယ်နေရာမှာဖြစ်သတုန်း (ဝေဒနာနဲ့ တဏှာ ကြားမှာ)၊ သောတာပန်ဘယ်နေရာမှာ ဖြစ်သတုန်း (ဝေဒနာနဲ့ တဏှာကြားမှာ)သကဒါဂါမ်ဘယ်နေရာမှာဖြစ်သတုန်း (ဝေဒနာနဲ့ တဏှာ ကြားမှာ) ဒီကြားမဂ်ပေါ်ရမှာပဲ။ သဘောပါပလား (ပါ,ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ဘုရားဖြစ်တဲ့နေရာလည်း သိပြီ နော်။ မသိကြသေးဘူးလား (သိပါပြီ ဘုရား)။ အိန္ဒိယမှာ ဖြစ်သ လားတဲ့။ သူ့ဝမ်းထဲမှာ ဖြစ်သလား (သူ့ဝမ်းထဲမှာ ဖြစ်ပါတယ် ဘုရား)။

ခင်ဗျားတို့က အိန္ဒိယသွားပြီး ဘုရားဖူးနေလို့ ခက်နေ တယ် (မှန်ပါ့)။ ကိုယ့်ဝမ်းထဲမှာလည်း ကိုယ့်သန္တာန် သောတာပန် ဖြစ်ချင်ရင် ဒီနေရာမှာ မဂ်ပေါ်ရမယ်။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မဂ်ဟာ ဝေဒနာနှင့်တဏှာကြားမှာပေါ်ရမှာ

မဂ်ဟာ တခြားနေရာမှာ ပေါ်ရမှာလား။ ဝေဒနာနဲ့ တဏှာ ကြားပေါ်ရမှာလား (ဝေဒနာနဲ့ တဏှာကြားပေါ်ရမှာပါ ဘုရား)။ အဲ ဝေဒနာနဲ့ တဏှာ မဆက်လို့ရှိရင် မဂ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတွေ ယားစိတ်ကလေးလာရင်လည်း ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုပါမယ် ဘုရား)။ ဖြစ်ပျက်ရှုတော့ -ဒီကနေရှုရမှာ (မှန်ပါ့)။ ဒီကနေရှုတော့ ဒီဘက်အဆက်မပြတ် ဘူးလား (ပြတ်ပါတယ် ဘုရား)။ သဘောပါပလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် မဆက်တော့ဘူးဆိုတော့ ဒီဘက်မထွက်ဘူးလား၊ ထွက်သလား (ထွက်ပါတယ် ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပာဒ် ထွက်လမ်း၊ သဘောပါပလား (ပါ,ပါတယ်)။ ပဋိစ္စသမုပ္ပာဒ် ထွက်လမ်း ဆိုတာ နိဗ္ဗာန်ရောက်တာ ပြောပါတယ်။ အားလုံး သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။

ကိုင်း ဒကာ၊ ဒကာမတို့ ကိုယ်ပေါ်မှာ လေကလေး တိုက်တယ်။ အခု လူတွေကများတဲ့အထဲမှာ အိုက်တဲ့ဝေဒနာကလေး ချုပ်ပြီးသကာလ ချမ်းသာတဲ့ ဝေဒနာကလေးမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ အဲဒါ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)။ အဲ ချမ်းသာတဲ့ သုခသဟဂုတ် ကာယ ဝိညာဏ်စိတ် ကလေးလည်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဒါဖြင့် ဖြစ်ပျက်၊ ဒီက ဘာဖြစ်မလဲ (မဂ်ပါ ဘုရား)။ ဒီက ဟဒယဝတ္ထုပေါ်ကနေပြီး မဂ်နဲ့ ရှုပါ။ သူက ကိုယ်ပေါ်မှာ ဖြစ်တာ။ သူက ဟဒယဝတ္ထုပေါ်မှာဖြစ်တာ။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ သူက ဘယ်ပေါ်မှာဖြစ်သတုန်း (ကိုယ်ပေါ်မှာ ဖြစ်ပါ တယ် ဘုရား)။ မဂ်က ဘယ်ပေါ်မှာဖြစ်သတုန်း (ဟဒယဝတ္ထု ပေါ်မှာ ဖြစ်ပါတယ်)။

ဒါဖြင့် ဒီပဋိစ္စသမုပ္ပာဒ်နဲ့ ဒီပဋိစ္စသမုပ္ပာဒ်ဆက်သေးရဲ့ လား (မဆက်တော့ပါ ဘုရား)။ သူက ပဋိစ္စသမုပ္ပာဒ်၊ သူက ပဋိစ္စသမုပ္ပာဒ်ဆက်သေးရဲ့ လား (မဆက်တော့ပါ ဘုရား)။

မဆက်ရင် ဒီနေရာမှာ ပွားများပါ။ သေတာပန်တည်တဲ့ နေရာ၊ ဒကာ၊ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။ သကဒါဂါမ်ကော (ဒီနေရာမှာပါပဲ ဘုရား)။ အနာဂါမ်ကော (ဒီနေရာမှာပဲ ဘုရား)။ ရဟန္တာကော (ဒီနေရာမှာပဲ ဘုရား)။ ဘုရားကော (ဒီနေရာမှာပါပဲ ဘုရား)။

ဒီနေရာ အရေးကြီးပါသလား ဒကာ၊ ဒကာမတို့ (မှန်ပါ့)။ မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေကို ကြုံတဲ့ အခါမှာ သတိပေးပါတယ်။ ခင်ဗျားတို့ကို တာရှည်ချီးမြှောက်ချင် ငြားသော်လည်း မရလို့။ ဪ ဒီနေရာမှာ တို့သောတာပန် တည်ချင်ရင် ဒီနေရာမဂ်ပေါ်ဖို့ အရေးကြီးတယ်။

ဖြစ်ပျက်ကိုသိတာမဂ်

မဂ်ဆိုတာ ဒကာ၊ ဒကာမတို့ ဆုတောင်းယူရတာလား၊ ဖြစ်ပျက်ကို သိတာ မဂ်ခေါ်မလား (ဖြစ်ပျက်သိတာ မဂ်ခေါ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့က ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရရပါလို၏ ဘုရားလို့ ဘုရားရှေ့ လက်အုပ်ကလေး ချီကာ အသနားခံနေကြ တယ် (မှန်ပါ့)။ အသနားမခံကြဘူးလား (ခံပါတယ် ဘုရား)။

ကိုယ့်ဟာကိုယ် ရှုရမှာလား။ ဘုရားကပေးမှာလား (ကိုယ့်ဟာကိုယ်ရှုရမှာပါ ဘုရား)။

နို့ ဘာဖြစ်လို့ သွားတောင်းနေသလဲ။ ကိုယ့်ဟာကိုယ် ရှုရမှာ သွားတောင်းနေတယ်။ ဒကာ၊ ဒကာမတို့ တပည့်တော်တို့ အမျိုးအရိုးကို တောင်း တတ်တဲ့အမျိုးဘုရား။ ဒီလိုများဆိုချင်သေးသလား (ဆိုရမှာပါ ဘုရား) ဆိုတော့ ကိုယ့်ပါးစပ်ကတော့ ဆိုနေတာပေါ့ဗျာ။ ကိုယ့် ပါးစပ်က ဆိုလို့တော့ ရမှာမဟုတ်ဘူး (မှန်ပါ ဘုရား)။ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ကိုယ့်ပါးစပ်ကတော့ဖြင့် ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရ ရ ပါလို၏ဘုရားဆိုပြီး ဆုတောင်းပြည့် ဘုရား မသွားဘူးလား (သွားပါတယ် ဘုရား)။ ဘုရားက ယူတော့လို့ ပေးလို့ နိဗ္ဗာန်ရပါ ရဲ့လား (မရပါ ဘုရား)။

ကိုယ့်ဟာကိုယ် ပဋိစ္စသမုပ္ပာဒ်ပြတ်မှ မဂ်ဉာဏ်ပေါ်မှ နိဗ္ဗာန် မြင်တယ်။ ဒါမှ “နိဗ္ဗာန်နံ မဂ္ဂဿ” ဖြစ်တယ်။ နို့မို့ရင် ဖြစ်နိုင်ပါ မလား (မဖြစ်နိုင်ပါ ဘုရား)။

ဒါဖြင့် တောင်းယူရမှာလား။ လုပ်ယူရမှာလား (လုပ်ယူ ရမှာပါ ဘုရား)။

ဒီက ရှေ့ပြင်ကြပါဦး ဒကာ၊ ဒကာမတို့၊ ဘုရားတွေ့တိုင်း ခင်ဗျားတို့က နိဗ္ဗာန်သနားတော်မူပါ။ နိဗ္ဗာန်ပေးတော်မူပါ ပြောဆို တောင်းကြတဲ့အတွက် ပေးနိုင်ရဲ့ လား (မပေးနိုင်ပါ ဘုရား)။

ပေးနိုင်ရင် ရာဟုလာကို ထမ်းခေါ်သွားတယ်။ နိဗ္ဗာန်ကို ရာဟုလောဝါဒသုတ်လို့ ဟောဖို့ မလိုဘူး။ လိုသေးရဲ့ လား (မလိုပါ ဘုရား)။ ရာဟုလာကျင့်ရမည့် သုတ်ဟောဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ဘုရားက နိဗ္ဗာန်ရောက်ကြောင်း နည်းသာ ပေးနိုင်တာ

ဒါဖြင့် ဘုရားက နိဗ္ဗာန်ပေးနိုင်သလား၊ နည်းသာပေးနိုင် သလား (နည်းသာပေးနိုင်ပါတယ် ဘုရား)။ ဒါဖြင့် ဘုန်းကြီးတို့က ဘုရားအမွေခံပြီး နည်းပေးနေပြီ။ ခင်ဗျားတို့က ဒီအတိုင်းလုပ်ရုံပဲ။ ရှင်းပလား (မှန်ပါ့)။

ကဲ ဝမ်းထဲလောဘစိတ်ကလေးပေါ်မယ်။ ဘာလုပ်ကြ မလဲ (ဖြစ်ပျက်ရှုရပါမယ်)။

ဒီက ဖြစ်ပျက်ဆိုတော့ ဒီကမဂ်ဖြစ်မယ်။ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒေါသစိတ်ကလေး ဒီမှာပေါ်မယ် (ဖြစ်ပျက်ပါ)။ ဒီတော့ ဘာနဲ့ ရှုမယ် (မဂ်နဲ့ ရှုရမှာပါ)။ ဖြစ်ပျက်နဲ့ မဂ်ကို ကိုက်သွားလို့ရှိရင် နိဗ္ဗာန်မရမရှိ (မှန်ပါ့)။ သဘောကျ ပလား (ကျပါပြီ)။

ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်သွားရင် (နိဗ္ဗာန်မရမရှိပါ ဘုရား)။

ဒီကြားထဲ ကိလေသာသာ မခြားစေနဲ့။ ညနေ အားထုတ် ရင် နံနက်ရတယ်။ ပဏ္ဏာသမှာ ဒီတိုင်းလာပါတယ် ဒကာ၊ ဒကာမ တို့၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ ညနေအားထုတ်ရင် နံနက်ရတယ်။ နံနက်အားထုတ်ရင် ညနေရတယ်။ ဗောဓိရာဇကုမာရမင်းသား လေးကို ဟောတယ်။ သဘော ကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်ဝေးသလား နီးသလား

အဲဒီတော့ နိဗ္ဗာန်ဝေးသလား နီးသလား (နီးပါတယ် ဘုရား)။ ဘာဖြစ်လို့ မရောက်ပါလိမ့်မတုန်း ဆိုတော့ တပည့်တော်တို့က ဆက်,ဆက်ပစ်လိုက်တာပါဘုရား။ သဘောကျပလား (မှန်ပါ့)။ ဝေဒနာနဲ့ တဏှာနဲ့ကော (ဆက်ပစ်ပါတယ် ဘုရား)။ ဖဿနဲ့ တဏှာနဲ့ကော (ဆက်ပစ်ပါတယ် ဘုရား)။ စိတ်နဲ့ တဏှာနဲ့ကော (ဆက်ပစ်ပါတယ် ဘုရား)။

ဪ ခင်ဗျားတို့ကတော့ အဆက်ဝါသနာပါလိုက် တာ။ ရိပ်မိပလား (ရိပ်မိပါပြီ)။ ဒါကြောင့် နိဗ္ဗာန်မရတာ။

ဒီက ရှေ့အဖြတ်ဝါသနာပါမှ ရမယ် (မှန်ပါ့)။ သဘောပါ ကြပလား (ပါ,ပါပြီ ဘုရား)။ ဘာဝါသနာပါမှရမလဲ (အဖြတ် ဝါသနာပါမှရမယ်)။ ဖြတ်တတ်တဲ့ ဝါသနာပါမှ ရမယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ဝမ်းထဲမှာ ရှူစိတ် ကလေးပေါ်လာရင်လည်း ရှူစိတ်ကလေး လည်းဖြစ်ပြီး၊ ပျက်တာပဲလို့ ဓမ္မာရုံမို့ မနောဒွါရနဲ့ရှု။ သဘောကျပလား (ကျပါပြီ)။ အဲဒီတော့ ရှူစိတ်ကဖြစ်ပျက်၊ ရှူတာက (မဂ်ပါ ဘုရား)။ ရှိုက်စိတ်ကလေး လာရင် ရှိုက်စိတ်ကလေးက ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရမယ်)။

ရှုတာက ဘာဖြစ်မယ် (မဂ်ဖြစ်ပါတယ် ဘုရား)။ ဒီက မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။ ပြတ်တော့ ၃ က ၄ ကူးသွားသေးရဲ့ လား (မသွားပါ ဘုရား)။

(ဤနေရာ၌ စက်ဝိုင်းကိုပြသည်)။

ဒုက္ခနိရောဓောနိဗ္ဗာနံ

ဒါဖြင့် ၃ သည် သမုဒယသစ္စာချုပ်တယ်။ ၄ သည် ဒုက္ခ သစ္စာချုပ်တယ်။ ဟုတ်လား (မှန်ပါ့ ဘုရား)။ ဒါဖြင့် တဏှာ – နိရောဓော နိဗ္ဗာနံ၊ ဒုက္ခနိရောဓော နိဗ္ဗာနံ ဟုတ်,မဟုတ် (ဟုတ်ပါတယ် ဘုရား)။ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

တဏှာနိရောဓော (နိဗ္ဗာနံပါ ဘုရား)။ ဒုက္ခနိရောဓော (နိဗ္ဗာနံပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်က ဒီနှစ်ကွက်ရှိတာပဲ (မှန်ပါ့)။ ခင်ဗျားတို့ က ဒီကနေဖြတ်လိုက်လို့ရှိရင် ဒီနှစ်ကွက် ပေါ်သေးရဲ့လား (မပေါ် ပါ ဘုရား)။

ချုပ်တာသာလာတော့တယ်။ ပေါ်တာလာသေးရဲ့လား (မလာပါ ဘုရား)။ ဒါဖြင့် နိဗ္ဗာန် ရ,မရ (ရပါတယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန်သည် ဒကာ၊ ဒကာမတို့ ဖြတ်မှရမယ် မှန်ပါ့)။

သံသရာသည် ဆက်မှရတယ် (မှန်ပါ့)။ သဘောကျ ပလား (ကျပါပြီ ဘုရား)။ နိဗ္ဗာန်ကတော့ (ဖြတ်မှရပါမယ် ဘုရား)။ သံသရာခရီးသည်ကတော့ (ဆက်မှရပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အဆက်ကြိုက်သလား၊ အဖြတ်ကြိုက် သလား (အဖြတ်ကြိုက်ပါတယ် ဘုရား)။ အို ပြောသာပြောနေတာ၊ ခင်ဗျားတို့က ဖြတ်ပါဆိုလို့ရှိရင်ဖြင့် ကြိုက်ကို မကြိုက်ဘူး။ ဒီဓားနဲ့ ဒီမျဉ်းနဲ့ ဖြတ်ကြပါလားလို့ ရှိရင် ကြိုက်ကြရဲ့လား (မကြိုက်ပါ)။

ဘာပြုလို့ မကြိုက်တာလဲ။ အဆက်ကြိုက်လို့ မကြိုက်တာ။ ဒါကြောင့် နိဗ္ဗာန်မရတာ။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ သူများပြောတာလား၊ ကိုယ့်အကြိုက်နဲ့ နိဗ္ဗာန်နဲ့ ကိုက်ရဲ့လား (ကိုယ့် အကြိုက်နဲ့ နိဗ္ဗာန်နဲ့ မကိုက်ပါ ဘုရား)။

ဒါကြောင့် မရတာ။ ဘုရားတွေက တို့များမေ့လို့ ထင်ပါရဲ့ လို့ အောက်မေ့မနေနဲ့။ သဘောပါပလား (ပါ,ပါတယ်)။

စိတ်တစ်ခုနှင့် အသက်ရှင် နေတာ

ကောင်းပြီ ဒါဖြင့် တစ်နည်း ပြောပါဦးမယ်။ လူတစ် ယောက်မှာ စိတ်တစ်ခုနဲ့ အသက်ရှင် နေတာ။ တစ်ခုနဲ့ အသက်ရှင် သလား၊ နှစ်ခုနဲ့ အသက်ရှင်သလား (တစ်ခုနဲ့ အသက်ရှင်ပါ တယ်)။

“ဧကစိတ္တသမာယုတ္တာ” တစ်ခုသော စိတ်နဲ့ အသက်ရှင် တယ်။ ဒီစိတ်ကလေးက ဖြစ်ပြီး ပျက်သွားတဲ့ အခါကျတော့ မသေသေးဘူးလား။ လူတစ်ယောက် (သေပါတယ် ဘုရား)၊ ဥပမာ မောင်ကို တစ်ယောက်ဖြင့် မောင်ကိုတစ်ယောက် သေတယ်။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ ဦးညွန့် တစ်ယောက်ဖြင့် (ဦးညွန့်တစ်ယောက် သေပါတယ် ဘုရား)။

စိတ်တစ်ခုနဲ့ အသက်ရှင်တာကိုး (မှန်ပါ့ ဘုရား)။ အဲဒီ အသေကို ဒီကနေပြီး သကာလ နောက်စိတ် ဆိုတာလည်း မပေါ်ဘဲ နေလို့ မရဘူး (မှန်ပါ့)။ အဲဒီတော့ နောက်စိတ်နဲ့ အသေကို အရှင်နဲ့ ကြည့်ပါ (မှန်ပါ့)။ ဒကာ၊ ဒကာမတို့ ဘာတဲ့တုန်း (အသေကို အရှင်နဲ့ ကြည့်ရမှာပါ ဘုရား)။

အသေကို အရှင်နဲ့ (ကြည့်ရမှာပါ ဘုရား)။ အရှင်နဲ့ကြည်တဲ့၊ နောက်စိတ်နဲ့ကြည့် (မှန်ပါ့)။ သဘောပါပလား (ပါ,ပါပြီ)။ နောက်စိတ်မှာ မဂ္ဂင် ပါ,ပါတယ်။ အသေကို (အရှင်နဲ့ကြည့်ရပါမယ်)။ အသေက ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။ အရှင်က (မဂ္ဂသစ္စာ ပါ ဘုရား)။ ပြန်ကိုက်တာကိုး၊ ရိပ်မိပါလား (ရိပ်မိပါပြီ)။ ပြန်မကိုက် ဘူးလား (ကိုက်ပါတယ် ဘုရား)။

အသေကိုအရှင်နဲ့ကြည့်

ဒါဖြင့် အသေကို (အရှင်နဲ့ ကြည့်ရပါမယ် ဘုရား)။ ဒါဖြင့် စိတ်တိုင်း၊ သေတိုင်း အရှင်နဲ့ ကြည့်မယ် ဆိုလို့ရှိရင် ဒီသံသရာ ပြတ်,မပြတ် (ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒီစိတ်နဲ့ အသက်ရှင်တယ်။ နောက် ဒီစိတ်ကလေး သေသွားတော့နော် နောက်စိတ်မလာရင် ဒကာ၊ ဒကာမတို့ သုသာန်ပို့ရမယ် (မှန်ပါ့)။ မပို့ရဘူးလား၊ ပို့ရမလား (ပို့ရပါမယ်)။

ဒါဖြင့် သုသာန်မပို့ပါနဲ့တဲ့။ နောက်စိတ်က ပေါ်လာတော့ကို နောက်စိတ်နဲ့ အသက် မရှင်ရဘူးလား (ရှင်ရပါတယ်)။ ဒါဖြင့် အရင်စိတ်နဲ့ အသက်ရှင်နေတဲ့ ဒကာတစ်ယောက်၊ ဒကာမ တစ်ယောက် မသေသေးဘူးလား (သေပါတယ် ဘုရား)။ ဒါဖြင့် အသေကို ဘာနဲ့ ကြည့်ရမလဲ (အရှင်နဲ့ကြည့်ရမှာပါ)။ အသေ ကို (အရှင်နဲ့ကြည့်ရမှာပါ ဘုရား)။ အသေကို (အရှင်နဲ့ ကြည့်ရမှာပါ ဘုရား)။

ဒါဖြင့်အသေကို အရှင်နဲ့ကြည့်တော့ အသေဟာ ဘာသစ္စာ တုန်း (ဒုက္ခသစ္စာပါ ဘုရား)။ မရဏမ္ပိ ဒုက္ခံလို့ ဘုရားက ဟောထားတယ်။ ရုပ်၏ မရဏ၊ နာမ်၏မရဏ၊ သဘောကျပလား (ကျပါပြီ)။ မရဏမ္ပိ (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခသစ္စာဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အသေက ဒုက္ခသစ္စာ၊ အရှင်က ဘာသစ္စာလဲ (မဂ္ဂသစ္စာပါ ဘုရား)။ ဒါဖြင့် မဂ်ရဖို့ ဒကာ၊ ဒကာမတို့ ဘယ်လိုရအောင် လုပ်ကြမတုန်းဆို အသေကိုအရှင်နဲ့ ကြည့်ရင် မဂ်ရ တယ် (မှန်ပါ့)။ အသေကို (အရှင်နဲ့ ကြည့်ရင် မဂ်ရပါတယ် ဘုရား)။

သူများပြောလား၊ ခင်ဗျားတို့အတွေ့လား (အတွေ့ပါ ဘုရား)။ သူများပြောသံကြားဆိုရင် ခင်ဗျားတို့ မယုံပါနဲ့။ ဒါဖြင့် ကိုယ်အသေကိုယ် မြင်တာလား၊ သူများအသေမြင်တာလား (ကိုယ့်အသေ ကိုယ်မြင်တာပါ ဘုရား)။

ကိုယ့်အသေက ဒုက္ခသစ္စာ၊ ရှင်းပလား၊ ကိုယ်မြင်တာ က (မဂ္ဂသစ္စာပါ ဘုရား)။ ကိုယ့်အသေက (ဒုက္ခသစ္စာပါ ဘုရား)။ အသေထက် ဒုက္ခရောက်တာများ ရှိသေးသလား။ (မရှိပါ ဘုရား)။ ဒါဖြင့် ကိုယ့်အသေက (ဒုက္ခသစ္စာပါ)။ ကိုယ်မြင်တာက (မဂ္ဂသစ္စာပါ ဘုရား)။

ဒါဖြင့် ကိုယ့်အသေကိုယ်မြင်တဲ့ပုဂ္ဂိုလ်ဟာဖြင့် နောက် လူ့ဘဝ၊ နတ်ဘဝ ဆုတောင်းပါဦးမလား (မတောင်းပါ ဘုရား)။ ဒီလိုချည်းသေနေမှာပဲ ဆိုတာ မသိဘူးလား (သိပါတယ် ဘုရား)။ အဲဒီတော့ ငြီးငွေ့ မလာပေဘူးလား (လာပါတယ် ဘုရား)။

ယထာဘူတဉာဏ်၊ နိဗ္ဗိန္ဒဉာဏ်

ကိုယ့်အသေကိုယ်မြင်တာက ယထာဘူတဉာဏ်၊ မြင်ပါများ လို့ ငြီးငွေ့လာတာက နိဗ္ဗိန္ဒဉာဏ် (မှန်ပါ့)။

နောက် ရှုဖန်များတော့ ကိုယ့်အသေကြီး ကိုယ်လိုချင်သေးရဲ့ လား (မလိုချင်ပါ ဘုရား)။ မလိုချင်တာက ဘာလဲ (မဂ်ဉာဏ် ပါ ဘုရား)။

အဲဒီအချိန်ကျတော့ ဒီခန္ဓာငါးပါး အကုန်ပျောက်တယ် (မှန်ပါ့)။ သဘောကျပလား (ကျပါတယ်)။ အသေဇာတ် မသိမ်း ဘူးလား (သိမ်းပါတယ် ဘုရား)။ အသေဇာတ်သိမ်းတာက ဘာခေါ်မယ် (နိဗ္ဗာန်) မြင်တာက (မဂ်ဉာဏ်)၊ မဂ်ဉာဏ်ဆို တာ ဒကာ၊ ဒကာမတို့ ဒါဖြင့် နိဗ္ဗာန် ဝေးသလား၊ နီးသလား (နီးပါတယ် ဘုရား)။

ဒီက နိဗ္ဗာန်၊ ဒီက မဂ်ဉာဏ်၊ ပထမရှုတုန်းက တော့ ဒီက ဒုက္ခသစ္စာ၊ ဒီက မဂ္ဂသစ္စာ။ နောက် မဂ်ရင့်လာတဲ့အခါ သီလမဂ္ဂင်ပါ တိုးလာတဲ့အခါ ဒီက နိရောသေစ္စာ၊ ဒီက ဘာတုန်း (မဂ္ဂသစ္စာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။ ဒီလိုဆိုရင် ဒကာ၊ ဒကာမတို့ နိဗ္ဗာန် ဝေးသလား၊ နီးသလား (နီးပါတယ် ဘုရား)။

ဒါကြောင့် ဘုရားက “နိဗ္ဗာနဿေဝ သန္တိကေ”လို့ သံယုတ်ပါဠိတော်ကြီးမှာ ဟောထားတယ်။ နိဗ္ဗာန် အနီးကလေးကွ၊ ဒကာ၊ ဒကာမတို့ ဘုရားက နိဗ္ဗာန် ဘာတဲ့ (အနီးကလေးပါ ဘုရား)။ အနီးကလေးလို့ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် မရောက်ပါလိမ့်မတုန်း။ ကွေ့သွားနေလို့၊ ရိပ်မိပလား (ရိပ်မိပါပြီ)။ ဘယ့်နှယ်ကြောင့် မရောက်ပါလိမ့်မ တုန်းမေးရင် (ကွေ့သွားနေလို့ပါ)။ ဘယ်ဘက်ကွေ့နေသတုန်း ဆိုတော့ ဒီပတ်နေတာကိုးတဲ့၊ သူ့ဟာက ရိပ်မိပလား (ရိပ်မိပါပြီ)။ ဘယ်ပတ်နေသတုန်း (အဝိုင်းကြီး ပတ်နေပါတယ်)။ အဝိုင်းပြေး ပြေးနေလို့ ရှိရင် ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား)။ ဒါဖြင့် ယနေ့ ဖြတ်လမ်းရပလား (ရပါပြီ ဘုရား)။

ပေါ်လာသမျှ စိတ် ဖြစ်ပျက်ရှု

ဒါဖြင့် လောဘစိတ်လာလည်း ဖြစ်ပျက်ရှု၊ ဒေါသစိတ် လာကော (ဖြစ်ပျက်ရှု)၊ မောဟစိတ် လာကော (ဖြစ်ပျက်ရှု ရမယ် ဘုရား)။

ဒါဖြင့် မြင်စိတ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)။ ကြားတဲ့ စိတ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)။ နံစိတ်လာရင် (ဖြစ်ပျက် ရှုရပါမယ်)။ ယားတဲ့စိတ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)။ ကောင်းတဲ့ စိတ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)။ ကုသိုလ်ပြုချင်ရင်ကော (ဖြစ်ပျက်ရှုရပါမယ်)။ ကုသိုလ်စိတ်လည်း ဖြစ်ပျက်ရှု (မှန်ပါ့ ဘုရား)။

နို့မို့ကိုယ့်ကုသိုလ်ကလေး ကိုယ်ပြန်သာယာနေလို့ရှိရင်ဖြင့် တဏှာဖြစ်သွားဦးမယ် (မှန်ပါ့)။ မဖြစ်ပေဘူးလား (ဖြစ်ပါ တယ် ဘုရား)။ ဒါဖြင့် ဒကာ၊ ဒကာမတို့ မေတ္တာစိတ်ကလေး ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။ သဘောကျပလား (ကျပါပြီ။)

ရှူစိတ်ကလေးကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ ရှိုက်စိတ်ကလေးကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ရှုရမှာ ဆယ့်နှစ်ချက်ဆိုပြီး ခင်ဗျားတို့ ဦးသံဒိုင်အိမ်မှာ အကုန်စာနဲ့ ရေးပေးထား တယ်နော် ဝေပါလိမ့် မယ် (မှန်ပါ့)။

အဲဒီအတိုင်း ရှုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ညနေအားထုတ် နံနက်ရမယ်။ သဘောကျပလား (ကျပါပြီ)။ မြန်လှချည်လား ဘုရားဆိုတော့ ကိလေသာတော့ ကြားမှာ မခြားစေနဲ့ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။

ကိလေသာအား မခြားဖို့ အရေးကြီးတယ်

ကိလေသာကြား မခြားရင် ညနေအားထုတ်ရင် (နံနက် ရပါတယ် ဘုရား)။

ကိလေသာကြားခြားရင် ဒီဘဝအားထုတ်လည်း မရ။ နောက်ဘဝအားထုတ်ကော (မရပါ ဘုရား)။ ဘယ်တော့မှ မရလို့ မှတ်။ ဒါဖြင့်ကိလေသာကြား မခြားဖို့ရာ အင်မတန် အရေးမကြီး ဘူးလား (ကြီးပါတယ် ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီလိုလုပ်။ ဘုန်းကြီးသတိပေးလိုက်မယ်။ ကိလေသာ ကလေး ဝင်လာတယ်။ ထမင်းစားချင်တဲ့ စိတ်ကလေး ပေါ်လာတယ်။ ဒါ ကိလေသာစိတ်ဝင်တာပဲ မဟုတ်လား (မှန်ပါ့) အဲဒီစားချင်တဲ့ စိတ်ကို ဖြစ်ပျက်ရှုပါ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီပြင် ဝင်နိုင်သေးရဲ့လား (မဝင်နိုင်ပါ ဘုရား)။ ဟင် သူများကို နှုတ်ခမ်းဆူချင်တဲ့ ဒေါသစိတ် ကလေးကော မလာ တတ်ဘူးလား (လာတတ်ပါတယ် ဘုရား)။ အဲဒီလို ဒေါသ ဖြစ်လာရင် ဘာလုပ်မလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဒါဖြင့် လောဘလာလည်း ဖြစ်ပျက်ရှု၊ ဒေါသလာလည်း ဖြစ်ပျက်ရှု၊ သဘောပါပလား (ပါ, ပါပြီ)။ ဒါဖြင့် ဖြစ်ပျက်၊ မဂ် မကိုက်သေးဘူးလား (ကိုက်ပါတယ် ဘုရား)။

ဒါဖြင့် ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။ အင်း ရှုတာက (မဂ္ဂသစ္စာပါ ဘုရား)။ သေတာက (သမုဒယသစ္စာပါ ဘုရား)။ နောက်ဒုက္ခမပေါ်တာက နိရောဓ သစ္စာ (မှန်ပါ့၊ နိရောဓသစ္စာပါ)၊ ဒုက္ခနိရောဓော နိဗ္ဗာနံ ကိုး (မှန်ပါ့)၊ သဘောပါပလား (ပါ,ပါတယ် ဘုရား)။

ဟောဖို့တော့ အချိန်တော်တာပဲ။ နာရီစေ့ပြီ တော်ကြဦးစို့။

သာဓု သာဓု သာဓု။