301

ခန္ဓာဖြစ်စဉ် ဉာဏ်နဲ့မြင်

အသံဖိုင်ခေါင်းစဉ်= ပဋိစ္စသမုပ္ပါဒ်တရားတော်

စာအုပ်ခေါင်းစဉ်= ခန္ဓာဖြစ်စဉ် ဉာဏ်နဲ့မြင်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့၌ ဟောကြားဆုံးမတော်မူသော

ခန္ဓာဖြစ်စဉ် ဉာဏ်နဲ့မြင်

(ဧဟိပဿိကော ခေါ်ရာ သန္ဒိဋ္ဌိကောနဲ့လိုက်)

(၁၀-၇-၆၂)ရက်နေ့ (မနက်)

အားလုံး ဒကာ ဒကာမတွေ ဒီကိုယ့်ခန္ဓာစက်ဝိုင်းကြီး ကိုယ်တိုင်ပင် မြင်ကြရဲ့ မဟုတ်လား (မှန်ပါ့ဘုရား၊ မြင်ပါတယ်)။

ဒါ ပဋိစ္စသမုပ္ပာဒ်စက်ဝိုင်းလား၊ ခန္ဓာစက်ဝိုင်းလားဆိုတာ ကို သေသေချာချာ ကြည့်ပါတဲ့။ စာကို ဝိုင်းထားတယ်လို့ မယူဆ ကြပါနဲ့။ ခန္ဓာအဝိုင်းပြေး ပြေးနေတယ်လို့ သိပါလို့ သတိပေး လိုက်တယ်နော် (မှန်ပါ့)။

ခန္ဓာအရှိ ဉာဏ်အသိ

စာမှာ ဒီလိုရှိတာလား။ ခန္ဓာမှာ ဒီလိုရှိတာလား (ခန္ဓာမှာ ဒီလိုရှိပါတယ် ဘုရား)။ ဪ ခန္ဓာမှာ ဒီလိုရှိတာကို သိမှသာလျှင် ဪ သံသရာခရီးသည်ဟာ အဝိုင်းပြေး ပြေးနေပါကလား ဆိုတာ ပေါ်လာတယ် (မှန်ပါ့)။

နို့မို့လို့ရှိရင်ဖြင့် စာက အဝိုင်းရေးထားတယ်လို့ ဖြစ်နေလို့ ရှိရင်ဖြင့် ခန္ဓာစက်လည်တာ မသိဘဲ ဖြစ်ပါလိမ့်မယ် (မှန်ပါ့)။

ဒါကြောင့် ခန္ဓာစက်လည်မှုကို အဓိကထားပြီး သကာလ ခန္ဓာကို ဉာဏ်နဲ့ မမြင်တော့ကို ခန္ဓာထဲမှာ ဖြစ်စဉ်ကို ဒီကနေရေးပြတော့ ဪ ခန္ဓာဖြစ်တဲ့အခါမှာ ဒီအတိုင်း သိမှသာလျှင် ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ်သိလို့ ကိုယ့်ဒုက္ခသစ္စာ ကိုယ် သိရာရောက်တယ်လို့ မှတ်ထားကြစမ်းပါနော် (မှန်ပါ့)။

ဒါ တရားကို အဆန်းဟောနေတာလား။ ခန္ဓာဖြစ်စဉ် မသိမှာစိုးလို့ ဒီအဝိုင်းကြီး ပြနေတာလား ဆိုတာလည်း အကဲခတ် ကြစမ်းပါဦး။ ဒကာ၊ ဒကာမတွေ ခန္ဓာဖြစ်စဉ် မသိမှာစိုးလို့ ဒီအဝိုင်း ကြီးနဲ့ ပြုပြီးသကာလ ဟောနေရတယ်ဆိုတာသည် ဒကာ၊ ဒကာမ တို့ ခန္ဓာဖြစ်စဉ် မသိမှာစိုးလို့ ဆိုတာ ပေါ်လာကြပလား (ပေါ်ပါတယ် ဘုရား)။

သစ္စာမသိတာ အဝိဇ္ဇာ

ကောင်းပြီ။ ဒါဖြင့် မနေ့က ဒကာ၊ ဒကာမတို့ အဝိဇ္ဇာဆိုတာ သစ္စလေးပါး မသိတာလို့ ပြောခဲ့ပြီနော်။

အဝိဇ္ဇာဆိုတာ ဘာပါလိမ့် (သစ္စာလေးပါး မသိတာပါ)။ သစ္စာလေးပါး မသိတာပါ။

သူ့ဟာသူ သမုဒယသစ္စာလို့ကော အဝိဇ္ဇာက သိရဲ့ လား (မသိပါ ဘုရား)။

သူ့ဟာသူ သမုဒယသစ္စာလို့ကော အဝိဇ္ဇာက မသိဘူး။ သူရှိနေလို့ ရှိရင်ဖြင့် သင်္ခါရတွေ ပြုလုပ်ပြီး ဒုက္ခသစ္စာရလိမ့်မယ် လို့ကော (မသိပါ ဘုရား)။ ဘယ်သူက မသိတာပါလိမ့် (အဝိဇ္ဇာက မသိတာပါ ဘုရား)။

အဝိဇ္ဇာက သူကိုယ်တိုင် သမုဒယသစ္စာလို့လည်း သူ့ဟာ သူ မသိဘူး (မှန်ပါ့)။ ရှင်းကြပလား (ရှင်းပါပြီ)။

ခင်ဗျားတို့ သန္တာန် ဒီအဝိဇ္ဇာသာ ဝမ်းထဲမှာ ကိန်းအောင်း နေလို့ရှိရင်ဖြင့် ငါဟာ သမုဒယသစ္စာ လို့ အဝိဇ္ဇာက သိရဲ့လား (မသိပါ ဘုရား)။

ဪ အဝိဇ္ဇာဆိုတာ သမုဒယသစ္စာကို မသိတာဆိုပါ တယ်။ ရှင်းကြပလား (ရှင်းပါပြီ)။

ငါသာ ကြီးစိုးနေရလို့ရှိရင်ဖြင့် အဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ်သင်္ခါရ ကုသိုလ် အကုသိုလ်လုပ်မယ်။ လုပ်လို့ရှိရင် ဒီဘက်ဒုက္ခသစ္စာ ရလိမ့် မယ်လို့ ကော ဒီအဝိဇ္ဇာက သိရဲ့လား (မသိပါ ဘုရား)။

ဒါဖြင့် မဂ္ဂသစ္စာကော သိသေးရဲ့လား (မသိပါ ဘုရား)။ ဒုက္ခချုပ်ကြောင်း ကျင့်ကြံမှသာလျှင် “ဒုက္ခနိရောဓော နိဗ္ဗာနံ” ဆိုတာ ရှိတယ်လို့ကော သူသိရဲ့လား (မသိပါ ဘုရား)။

ဒါဖြင့် ဒီအဝိဇ္ဇာသည် ဘယ်နှပါး မသိပါလိမ့် (လေးပါး မသိပါ ဘုရား)။ ကောင်းပြီ။ ဒါဖြင့် ဒကာ၊ ဒကာမတို့ အဝိဇ္ဇာ၏ မသိချက်က လေးပါးတောင် ဖြစ်နေတော့ အတော်ပြင်းထန်တယ်။ မပြင်းထန် ဘူးလား (ပြင်းထန်ပါတယ် ဘုရား) ဘယ်နှချက် မသိပါလိမ့် (လေးချက် မသိပါ ဘုရား)။ လေးချက် မသိတာလည်း မှတ်ထား ပါတဲ့။

သစ္စာမသိရင် ပြုချင်သလိုပြု၊ လုပ်ချင်သလို လုပ်မယ်

ကောင်းပြီ။ ဒါဖြင့် မသိတဲ့ ပုဂ္ဂိုလ်ဟာ ပြုချင်သလိုပြု၊ လုပ်ချင်သလို လုပ်လိမ့်မယ်ဆိုပြီး သကာလ လုပ်လိုက်တော့ ကုသိုလ် ပြုပြန်လည်း ဘုံဘဝဆုတောင်းပြန်တယ်။ နှစ်ချက်မလာဘူးလား (လာပါတယ် ဘုရား)။

ကုသိုလ်လည်း သူမပြုဘူးလား (ပြုပါတယ် ဘုရား)။ ဘုံဘဝလည်း ဆုမတောင်းဘူးလား (ဆုတောင်းပါတယ် ဘုရား)။ ဒါဖြင့် ပုညာဘိသင်္ခါရတော့ သူလုပ်တယ် (မှန်ပါ့)။ အပုညာဘိ သင်္ခါရလည်း ဒီအထဲ ရောစွက်လိုက်တယ် ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

သူသာရှိနေရင် သင်္ခါရတွေလုပ်ပြီး ဒုတိယဘဝ ဒုက္ခသစ္စာ ရလိမ့်မယ်လို့ကော သူသိရဲ့လား (မသိပါ ဘုရား)။ ဘယ်နှပါး ရှိသွားတုံး (နှစ်ပါးပါ ဘုရား)။ ဒုက္ခချုပ်ကြောင်း လုပ်မှပဲလို့ကော သူသိရဲ့လား (မသိပါ ဘုရား)။

ဒါဖြင့် မဂ္ဂသစ္စာကော သိသေးရဲ့လား (မသိပါ ဘုရား)။ ဒုက္ခချုပ်ကြောင်း ကျင့်ကြံမှသာလျှင် “ဒုက္ခနိရောဓော နိဗ္ဗာနံ” ဆိုတာ ရှိတယ်လို့ကော သူသိရဲ့လား (မသိပါ ဘုရား)။

ဒါဖြင့် ဒီအဝိဇ္ဇာသည် ဘယ်နှပါး မသိပါလိမ့် (လေးပါး မသိပါ ဘုရား)။ ကောင်းပြီ။ ဒါဖြင့် ဒကာ၊ ဒကာမတို့ အဝိဇ္ဇာ၏ မသိချက်က လေးပါးတောင် ဖြစ်နေတော့ အတော်ပြင်းထန်တယ်။ မပြင်းထန် ဘူးလား (ပြင်းထန်ပါတယ် ဘုရား) ဘယ်ချက်မသိပါလိမ့် (လေးချက်မသိပါ ဘုရား)။ လေးချက် မသိတာလည်း မှတ်ထားပါတဲ့။

သစ္စာမသိရင် ပြုချင်သလိုပြု၊ လုပ်ချင်သလို လုပ်မယ်

ကောင်းပြီ။ ဒါဖြင့် မသိတဲ့ ပုဂ္ဂိုလ်ဟာ ပြုချင်သလိုပြု၊ လုပ်ချင်သလို လုပ်လိမ့်မယ်ဆိုပြီး သကာလ လုပ်လိုက်တော့ ကုသိုလ် ပြုပြန်လည်း ဘုံဘဝဆုတောင်းပြန်တယ်။ နှစ်ချက် မလာဘူးလား (လာပါတယ် ဘုရား)။

ကုသိုလ်လည်း သူမပြုဘူးလား (ပြုပါတယ် ဘုရား)။ ဘုံဘဝလည်း ဆုမတောင်းဘူးလား (ဆုတောင်းပါတယ် ဘုရား)။

ဒါဖြင့် ပုညာဘိသင်္ခါရတော့ သူလုပ်တယ် (မှန်ပါ့)။ အပုညာဘိ သင်္ခါရလည်း ဒီအထဲ ရောစွက်လိုက်တယ် ဆိုရင် လွဲပါ့မလား (မပါ ဘုရား)။

အဝိဇ္ဇာက ကိလေသာဝဋ်

မလွဲတော့ ဒကာ၊ ဒကာမတွေ ဒီနေ့ အထူးပြရမှာက ဒကာ၊ ဒကာမတွေ အဝိဇ္ဇာ ဒီမြားကလေးက ပြတော့ ဘာဝဋ်တဲ့တုံး (ကိလေသ ဝဋ်ပါ ဘုရား)။

ဪ ခင်ဗျားတို့ အဝိဇ္ဇာဟာ ကိလေသဝဋ်ပဲဆိုတာ တော့ ပေါ်,မပေါ် (ပေါ်ပါတယ်)။ သူက ကိလေသာ မဟုတ်ဘူး လား (ဟုတ်ပါတယ် ဘုရား)။

ဒါဖြင့် သစ္စာတွေမသိလို့၊ သစ္စာမသိလို့ ကိလေသဝဋ်ကို ဖန်တီးတာလည်း အဝိဇ္ဇာပဲ (မှန်ပါ့)။ သဘောကျပလား (ကျပါ တယ်)။ ကိလေသဝဋ်ဖြစ်နေတာလည်း ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။ အဝိဇ္ဇာပဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။

မသိတဲ့ ပုဂ္ဂိုလ် အလှူအတန်းပေးပြီးသကာလ ဆုတောင်း နေလို့ရှိရင်လည်းတဲ့။ သင်္ခါရဖြစ်တယ် ဆိုတာ အဝိဇ္ဇာပစ္စယာ သင်္ခါရာ က လုံလောက်အောင် ပြနေတယ်။ မပြဘူးလား (ပြပါတယ် ဘုရား)။

သင်္ခါရက ကမ္မဝဋ်

ထိုကဲ့သို့ ပြုလာတော့ ဒီသင်္ခါရက ဘာဝဋ်တုံးလို့မေးတော့ ကမ္မဝဋ်ကွ (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ သင်္ခါရက ဘာပါလိမ့် (ကမ္မဝဋ်ပါ ဘုရား)။ ကမ္မဝဋ်၊ အဝိဇ္ဇာက ဘာတဲ့လဲ (ကိလေသဝဋ်ပါ ဘုရား)။ သင်္ခါရက (ကမ္မဝဋ်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ မသိသောပုဂ္ဂိုလ် အလှူပေးပြီး ဆုတောင်း တာသည် ကိလေသဝဋ်နဲ့ ကမ္မဝဋ် ဖြစ်တယ် (မှန်ပါ့)။ မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒကာ၊ ဒကာမတွေ မသိသော ပုဂ္ဂိုလ် လှူဒါန်းပေးကမ်းပြီး ဘုံဘဝ လိုချင်တဲ့ တဏှာလာလို့ ရှိရင်ဖြင့် ဘာဝဋ်၊ ဘာဝဋ်ဖြစ်ပါ လိမ့် (ကိလေသဝဋ်နဲ့ ကမ္မဝဋ် ဖြစ်ပါတယ် ဘုရား)။

ကိလေသဝဋ်နဲ့ ကမ္မဝဋ်

ဪ ဒါဖြင့် ဘုန်းကြီးက မသိသလို ဒီ ဒကာ၊ ဒကာမ တွေ ပစ်ထားခဲ့လို့ရှိရင်ဖြင့် ကိလေသဝဋ်နဲ့ ကမ္မဝဋ်ပဲ လုပ်နေမှာပဲ (မှန်ပါ့ ဘုရား)။

ဒါက မနေ့က အဓိပ္ပာယ် မဟုတ်ပါဘူး။ ဒါက ဒီနေ့ဖြည့်ပေး တဲ့ အဓိပ္ပာယ်ဆိုတာကော ရှင်းကြပလား (ရှင်းပါပြီ)။ မသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။ ဘာကိုမသိတာတုံး (သစ္စာလေးပါး ကို မသိတာပါ ဘုရား)။

သစ္စာလေးပါး မသိသောကြောင့် သူ့ကို ဘာဝဋ်လို့ခေါ်ကြ မလဲ (ကိလေသဝဋ်ပါ ဘုရား)။ ပေါ်နေပြီ (မှန်ပါ့)။ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

မသိတဲ့ပုဂ္ဂိုလ်ဟာ လှူမယ် ဒါန်းမယ် ဘုံဘဝတွေ ဆုတောင်းမယ်တဲ့။ မတောင်းပေဘူးလား (တောင်းပါတယ် ဘုရား)။

တောင်းတော့ ကုသိုလ်နဲ့ ဆုတောင်းတော့ မပြည့်သေးဘူး လား၊ ပြည့်မလား (ပြည့်ပါတယ်)။ ပြည့်တာတော့ ဘုန်းကြီးက မပြည့်ဘူးလို့ မဟောဘူးတဲ့။ သူ့ပင်ကို သဘောရင်းက ဘာဝဋ်ပါ လိမ့် (ကမ္မဝဋ်ပါ ဘုရား)။ ကဲ ကောင်းသေးရဲ့ လား (မကောင်းပါ ဘုရား)။

နောက်က ဒကာ၊ဒကာမတွေ သေသေချာချာ မြင်ကြရဲ့ မဟုတ်လား (မြင်ပါတယ် ဘုရား)။

ခင်ဗျားတို့ လှူဒါန်းပေးကမ်းပြီး သကာလ ဒီဘဝတွေ လိုချင်လို့ နတ်ဘဝ၊ ဗြဟ္မာဘဝ လိုချင်လို့ လှူဒါန်းပေးကမ်းတဲ့ ပုဂ္ဂိုလ်များမှာဖြင့် ဝဋ်ကျွတ်ချင်လို့ လှူတာမဟုတ်ခဲ့သော် ကိလေသ ဝဋ်နဲ့ ကမ္မဝဋ် လုပ်တယ် (မှန်ပါ့)။ ပေါ်ပလား (ပေါ်ပါပြီ)။ ဘာတဲ့တုံး (ကိလေသဝဋ်နဲ့ ကမ္မဝဋ် လုပ်ပါတယ် ဘုရား)။ တယ်လည်း ဆိုးရွားနေပါကလား (ဆိုးရွားပါတယ်)။

ဒကာ၊ ဒကာမတွေ ဘယ့်နှယ်ဖြေမတုံး (ဆိုးရွားပါတယ် ဘုရား)။ နောက်က ဒကာ၊ ဒကာမတွေ ဘယ့်နှယ် ဖြေကြမတုံး (ဆိုးရွားပါတယ် ဘုရား)။ ခင်ဗျားတို့ကတော့ အလှူပေးနေတယ်။ နောက်ဘဝ ကောင်းစားအောင်၊ သဘောပါကြပလား (မှန်ပါ့ ဘုရား)။

သာဓုများခေါ်လိုက်ရတော့မလားလို့ မေးတဲ့အခါကျတော့မှ ဒါကြည့်လိုက်၊ ဘာဝဋ်တဲ့တုံး (ကိလေသဝဋ်ပါ ဘုရား)။

ဒီဘက်ကြည့်လိုက်တော့ အလှူပေးတာက ဘာတဲ့ (ကမ္မ ဝဋ်ပါ ဘုရား)။ ဒါဖြင့် သင်္ခါရဆိုတာ ဘာဝဋ်ထဲကတုံး (ကမ္မဝဋ်ထဲ ကပါ)။

သာဓုခေါ် မမှားစေနဲ့

ကမ္မဝဋ်ထဲကဖြစ်နေတော့ ခင်ဗျားတို့ကလည်း မသိတဲ့ ပုဂ္ဂိုလ်၊ အလှူပေးတော့ကို အမျှ အမျှဆိုတော့ ကိလေသဝဋ်နဲ့ ကမ္မဝဋ်လုပ်တာကို သာဓုခေါ်တာ၊ ဘယ့်နှယ်မှတ်ကြမယ် (ကိလေသဝဋ်နဲ့ ကမ္မဝဋ် လုပ်လိုက်တာကို သာဓုခေါ်တာပါ ဘုရား)။

ကိလေသဝဋ်ဆိုတာလည်း၊ ကိလေသာဆိုတာ ပင်ပန်း အောင် လုပ်တတ်တာ ကိလေသာ၊ သဘောကျပလား (မှန်ပါ့၊ ‘ကျပါပြီ)။ ကမ္မဝဋ်ဆိုတာသည် “ကမ္မံ ဝိပါကဿ” ဆိုတော့ ဒုက္ခ သစ္စာကို ကျေးဇူးပြုတဲ့တရား (မှန်ပါ့)။ သဘောကျပလား (ကျပါ ပြီ)။ ဒုက္ခသစ္စာကိုး (ကျေးဇူးပြုတဲ့တရား)။

အဲဒီတော့ ကိလေသဝဋ်၊ ကမ္မဝဋ်သမားကို ခင်ဗျားတို့က ဪ တော်လိုက်တာလို့ ဆိုမလားတဲ့။ ဒကာ၊ ဒကာမတို့၊ တော်တော် တော်တယ် သူသည် မသိဘဲနဲ့ သစ္စာမသိဘဲနဲ့ အလှူ ပေးလိုက်တာ တော်သဟေ့လို့ဆိုမလား။ ဝဋ်နှစ်ပါးကို တည်ထောင် တာလားလို့မေးရင် ဘယ့်နှယ်ဖြေမလဲ (ဝဋ်နှစ်ပါးကို တည်ထောင် တာပါ ဘုရား)။

အဲ နောက်တော့ ရှင်းလာမယ်နော် (မှန်ပါ့)။ အခုတော့ မသိတာကို ဖော်ပြနေလို့ (မှန်ပါ့)။ သဘောပါကြပလား (ပါပါ တယ် ဘုရား)။ အလှူပေးတာလား ဝဋ်နှစ်ပါး တည်ထောင်ထာလား (ဝဋ်နှစ်ပါး တည်ထောင်တာပါ ဘုရား) ငြင်းဖို့များ လိုသေးလား (မလိုပါ ဘုရား) မလိုတော့ပါဘူး။

ဒါဖြင့် ဒကာ၊ ဒကာမတွေက ဪ မသိတဲ့ပုဂ္ဂိုလ် အလှူ ပေးမိမှာ ဘုန်းကြီးက ကြောက်တယ်လို့ ဆိုတော့ ဒီဘုန်းကြီး ဘယ်လို ဘုန်းကြီးပါလိမ့်မလဲလို့ ခင်ဗျားတို့ ပြောချင်လည်း ပြောကြမယ် (မှန်ပါ့) မပြောပေဘူးလား (မပြောပါ ဘုရား)။

မသိတဲ့ပုဂ္ဂိုလ် အလှူပေးမှာကို ကြောက်တယ်

မသိတဲ့ပုဂ္ဂိုလ် အလှူပေးမှာကိုကြောက်တယ် (မှန်ပါ)။ ဒကာ၊ ဒကာမတွေ ဘာတဲ့တုံး၊ မသိတဲ့ပုဂ္ဂိုလ် အလှူပေးမှကို (ကြောက်တယ်)၊ ဘုန်းကြီးဘယ့်နှယ်ကြောင့် ကြောက်ပါလိမ့်မတုံး ဆိုတော့ ဒီနှစ်ခု ကြည့်လိုက်၊ ဒီနှစ်ခု ကြည့်လိုက်တော့ ပေါ်ရောပေါ့။ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါက ဘာတဲ့တုံး (ကိလေသဝဋ်ပါ ဘုရား)။ ဒါက ဘာတုံး (ကမ္မဝဋ်ပါ ဘုရား)။ ဝဋ်ဆိုပါလားဗျ (မှန်ပါ့ ဘုရား)။

ဒကာ၊ ဒကာမတို့ ဘာဆိုသလဲ (ဝဋ်ပါ ဘုရား)။ ကိလေသဝဋ်နဲ့ ကမ္မဝဋ် တည်ထောင်တော့ကို ဝိပါကဝဋ် ပြေးလို့လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

ဒါဖြင့် ကြောက်တယ်လို့ ပြောတဲ့စကား မှားတယ်လား။ ကြောက်ရမှာပဲလား (ကြောက်ရမှာပါ ဘုရား)။ ကြောက်ရမှာပဲ ဆိုတာ သေချာမလား (သေချာပါတယ်)။

ဒါဖြင့် ခင်ဗျားတို့ ဆရာသမားကမှ ပြင်မပေးလို့ ရှိရင် ဒီ ကိစ္စဟာဖြင့် ဒီအတိုင်းသွားနေမှာပဲ (မှန်ပါ့ ဘုရား)။

ဒီအတိုင်းသွားမယ်။ နို့ သွားနေတဲ့ ပုဂ္ဂိုလ်ပေါင်း ဘယ်လောက်ရှိသတုံးလို့ မေးလို့ ခင်ဗျားတို့ အဖြေထွက်ပါ့မလား။ ဘယ့်နှယ်လဲ (မရေတွက်နိုင်ပါ ဘုရား)။ မရေတွက်နိုင်ဘူး။ လုပ်သရွေ့ ဒါချည်းပဲ။ သဘောကျပလား (မှန်ပါ့)။

ကိလေသဝဋ်နဲ့ ကမ္မဝဋ် ဘာကြောင့်လုပ်

ဘာဖြစ်လို့ ကိလေသဝဋ်နဲ့ ကမ္မဝဋ် လုပ်ဖြစ်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဟောဒီ ဝိပါကဝဋ် ဒုက္ခသစ္စာ မသိလို့လုပ်တာ (မှန်ပါ့)။ ဝိပါကဝဋ်က ဘာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခရောက်မှာ သူသိသေးရဲ့ လား (မသိပါ ဘုရား)။

မသိသောကြောင့် ကိလေသဝဋ်နဲ့ ကမ္မဝဋ်, ခင်ဗျားတို့ တည်ထောင် တယ်။ သဘောကျပလား (ကျပါတယ်)။ ကိလေသဝဋ်နဲ့ ကမ္မဝဋ် တည်ထောင်လို့ ဝိပါကဝဋ် ဒုက္ခသစ္စာတဲ့ အခုခန္ဓာငါးပါးကြီး မရဘူးလား (ရပါတယ် ဘုရား)၊ ဒါ ဘာသစ္စာ တဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဟာ ဒီ ဒကာ၊ ဒကာမတွေ ကံကောင်းလို့ လူဖြစ်လာ တယ်လို့ သူများကတော့ ပြောကြတယ်။ ကံကောင်းလို့ လူဖြစ်လာ တယ်ဆိုတော့ ဒီသင်္ခါရဆိုတာ ဟောဒီမြားကလေး ထောက်ကြည့်၊ သူ့အတိုင်း ဆက်လာခဲ့တယ်။ ဟော ကမ္မဘဝနဲ့ အတူတူပါပဲတဲ့။ မတူဘူးလား (တူပါတယ် ဘုရား)။ သင်္ခါရနဲ့ ကမ္မဘဝကို ကြိုးနဲ့ တွဲမပြဘူးလား (ပြပါတယ် ဘုရား)။

အတူတူပဲလို့ ပြောတာ။ သဘောကျပလား (ကျပါပြီ)။ အဲဒီတော့ အတူတူဆိုလို့ရှိရင် “သင်္ခါရပစ္စယာ ဝိညာဏံ” နဲ့ ကမ္မဘဝ ပစ္စယာဇာတိ” နဲ့ အတူတူပဲ (မှန်ပါ့)။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

သင်္ခါရပစ္စယာ ဝိညာဏံဆိုတာလည်း ဇာတိပဲ (မှန်ပါ့)။

ကမ္မဘဝပစ္စယာ ဇာတိဆိုတာကော (ဇာတိပါပဲ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ ဇာတိရောက်အောင် လုပ်နေတယ် (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒုက္ခရှာတာ မတော်ပါဘူး

ဇာတိ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် ကိုယ့်ဒုက္ခ ကိုယ်ရှာနေကြတယ် (မှန်ပါ့)။ ဒကာ၊ ဒကာမတွေ ဘာတဲ့တုံး (ကိုယ့်ဒုက္ခ ကိုယ်ရှာနေတာပါ ဘုရား)။

အသာ အေးအေးနေတာက တော်သေးတယ်။ ဒုက္ခရှာတာ တော့ မတော်ပါဘူး (မှန်ပါ့)။ အေးအေးနေတာက ဘာတုံး (တော်ပါသေးတယ်)။ ဒုက္ခရှာတာကတော့ (မတော်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒုက္ခရှာဖြစ်ပါလိမ့်မလဲမေးတော့ သူက ဒုက္ခသစ္စာလို့လည်း မသိဘူး။ သူ့ကိုလည်း ဒုက္ခသစ္စာလို့ သိရဲ့လား (မသိပါ ဘုရား)။

ဒါတွေလည်း ဒုက္ခသစ္စာလို့ ကော (မသိပါ ဘုရား)။ မသိတော့ သူသည် လှူဒါန်းပေးကမ်းပြီး သကာလ ဆုတောင်းလိုက် တယ်တဲ့။ လူ့ဘဝ၊ နတ်ဘဝ ရရပါလို၏ တောင်းလိုက်တော့ ဒကာ၊ ဒကာမတွေ ဒီဘက်ကို စုတိမနေ သေလွန်တော့ ဒီဘက်ကူးမလာဘူးလား (လာပါတယ် ဘုရား)။ ကူးလာတော့ ဘာသစ္စာရတုံး (ဒုက္ခ သစ္စာ ရပါတယ် ဘုရား)။

ဒုက္ခသစ္စာရတော့ ဒုက္ခသစ္စာဆိုတာ အကျိုးပေးပဲ (မှန်ပါ့) သူတို့နှစ်ခုက အကြောင်း၊ ဒီဟာက ဘာပါလိမ့် (အကျိုးပါ ဘုရား)။

အကျိုးကို မပြဘူးလား (ပြပါတယ် ဘုရား)။ ဒါဖြင့် အကျိုး ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။ အဲဒါ သစ္စာမသိဘဲနဲ့ လုပ်ရင် ဒုက္ခသစ္စာရမယ် (မှန်ပါ့)။ သစ္စာသိပြီး လုပ်လို့ရှိရင် ဒီဒုက္ခလွတ်မယ် (မှန်ပါ့)။ လှူကြပါ (မှန်ပါ့)။ သဘောပါပလား (ပါ,ပါပြီ)။

သစ္စာသိပြီး လှူပါ

သစ္စာကိုသိပြီး လုပ်ခဲ့လို့ရှိရင် ဒီဒုက္ခ ဘယ့်နှယ်နေမလဲ (လွတ်ပါ့မယ် ဘုရား)။

ဒီလိုကျတော့ ခင်ဗျားတို့ ခန္ဓာကိုယ် ပေါင် လှူ၊ လှူ ကောင်းတယ် သဘောပါပလား (ပါ,ပါပြီ ဘုရား)။

သစ္စာမသိဘဲနဲ့ လုပ်ခဲ့သော် ဒုက္ခရောက်မယ် (မှန်ပါ့)။ ရှင်းကြပလား (ရှင်းပါပြီ) သစ္စာမသိဘဲနဲ့ လုပ်ခဲ့သော် (ဒုက္ခရောက်ပါမယ် ဘုရား)။ ဘုန်းကြီးက ပြောတာလား။ သင်္ခါရပစ္စယာ ဝိညာဏံက ပြောတာလား (သင်္ခါရပစ္စယာဝိညာဏံက ပြောတာပါ ဘုရား)။

တစ်နည်း ကမ္မဘဝပစ္စယာ ဇာတိကကော (ပြောပါတယ် ဘုရား)။

ဒါန၊ သီလ ပယ်တာမဟုတ် ကြောင်းကျိုးဆက်ပြတာ

ကဲ ဘုန်းကြီးနဲ့ ဘာဆိုင်သေးသတုံး (မဆိုင်ပါ ဘုရား)။ ဘုန်းကြီးနဲ့ ဘာမှမဆိုင်ဘူး။ ဘုန်းကြီးက ဒါနပယ်တာလည်း မဟုတ် ဘူး။ သီလပယ်တာလည်း မဟုတ်ဘူး။ သူ့အကြောင်းနဲ့ သူ့အကျိုး ဆက်ပုံပြတာ (မှန်ပါ့)။

ဘုန်းကြီးနဲ့ ဘာမှမဆိုင်ဘူး။ ဒီဘုန်းကြီးဆီသွား၊ တရားနာ ရတာဟေ့။ ကုသိုလ်ပေမယ့် သူက ပယ်နေတယ်ဆိုမလား၊ ကိုယ်က ပယ်နေတယ်ဆိုမလား (ကိုယ်က ပယ်နေတာပါ ဘုရား)။ ကိုယ်က ပယ်နေတာ ဘုန်းကြီးက ပြောပြတာပဲရှိတယ်။ ရိပ်မိပလား (ရိပ်မိ ပါပြီ)။

အဲဒီတော့ ဒကာ၊ ဒကာမတို့ သင်္ခါရပစ္စယာဝိညာဏံမလုပ် ကောင်းဘူး။ ဟုတ်လား (မှန်ပါ့)။ သင်္ခါရ နိရောဓာ ဝိညာဏ နိရောဓောလုပ်ကောင်းတယ် (မှန်ပါ့ဘုရား၊ လုပ်ကောင်းပါတယ် ဘုရား)။

ဝိပါကဝဋ်က ကျွတ်ရလေအောင်

သင်္ခါရနိရောဓာ (ဝိညာဏနိရောဓော) မလုပ်ကောင်း ဘူးလား (လုပ်ကောင်းပါတယ် ဘုရား) သင်္ခါရနိရောဓာဆိုတော့ ကမ္မဝဋ် ကျွတ်ပါတယ် (မှန်ပါ့) မကျွတ်ဘူးလား (ကျွတ်ပါတယ် ဘုရား)။

ဝိညာဏနိရောဓော ဆိုတော့ အကျိုးဝိပါကတွေကော မကျွတ်ဘူးလား (ကျွတ်ပါတယ် ဘုရား)။ ဝဋ်ကျွတ်ချင်တော့ လုပ်ပါ။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အေး မြန်အောင်ဦးတင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ အဲ ပေါ်ရင် သေသေချာချာမှတ်ပါ။ ပေါ်ရင် သေသေချာချာမှတ်ပါ။

သစ္စာသိပြီးမှ လုပ်ရင် သံသရာပြတ်တယ်၊ ဒုက္ခချုပ်တယ်

ဪ ဒါဖြင့် လုပ်နည်းကွာခြားနေလို့ပါလားဆိုတာ ပေါ် သွားတယ် (မှန်ပါ့)။ သစ္စာမသိဘဲနဲ့ လုပ်ရင် သံသရာရှည်သကွ။ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။

သစ္စာသိပြီးလုပ်ရင် သံသရာပြတ်သကွ၊ ဒကာ၊ ဒကာမတွေ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

အေး ဒကာ၊ ဒကာမတွေ အိပ်နေလို့ မရဘူး။ သေသေ ချာချာမှတ်မှ (မှန်ပါ့ ဘုရား)။ သေသေချာချာ မှတ်ပါနော်။ သင်္ခါရ ပစ္စယာဝိညာဏံဆိုတော့ သမုဒယသစ္စာကြောင့် ဒုက္ခဖြစ်တယ်။ သဘောကျပလား (မှန်ပါ့ ကျပါပြီ ဘုရား)။

သမုဒယသစ္စာကြောင့် (ဒုက္ခဖြစ်ပါတယ် ဘုရား)။ ဒါကြောင့် “သင်္ခါရပစ္စယာ ဝိညာဏံ၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော” ဆိုတော့ ဒကာ၊ ဒကာမတို့ သင်္ခါရချုပ်လို့ ဝိညာဏ်ချုပ်တယ် ဆိုတော့ ဒီက မဂ္ဂသစ္စာ ဒီက နိရောဓသစ္စာ သွားဖြစ်တယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါက စာထဲမှာ မပါဘူး။ ဘုန်းကြီးက ဖြည့်ရတာ (မှန်ပါ့)။ စာထဲ အကုန်ရေးမယ်ဆိုရင် တစ်ထပ်ကြီးဖြစ်နေမှာပဲ။ စာလုံးကို ပီတော့မှာမဟုတ်ဘူး (မှန်ပါ့)။ ဖြစ်လမ်းပါ ရေးမယ်ဆိုရင်နော် (မှန်ပါ့)။

ကဲ ဒါသဘောပါကြပလား (ပါ,ပါတယ် ဘုရား)။ ကောင်းပြီ ဒါဖြင့် ဒကာ၊ ဒကာမတို့ မသိတဲ့ပုဂ္ဂိုလ် အလှူပေးခြင်းကြောင့် ဒုက္ခရောက်တယ်။ ပေါ်ပလား (ပေါ်ပါပြီ) ဒါ ဘယ့်နှယ် ဆိုမယ် (မသိတဲ့ ပုဂ္ဂိုလ်ပါ) အလှူပေးခြင်းကြောင့် (ဒုက္ခရောက်ပါ တယ်)။

ဒုက္ခရောက်တယ်။ ဒီသစ္စာ ပြန်ရတာပဲ (မှန်ပါ့)။ ဘာတွေ တုံးမေးတော့ မသိတာက အဝိဇ္ဇာ၊ ပြုလုပ်တာက (သင်္ခါရပါ)။ ရတာက (ဒုက္ခသစ္စာပါ ဘုရား)။

ကိုင်း မသိတဲ့ပုဂ္ဂိုလ် အလှူပေးလိုက်တာက ဘာသစ္စာ ရသတုံး (ဒုက္ခသစ္စာရပါတယ်)။ သိတဲ့ပုဂ္ဂိုလ် ဟောဒီ ဒုက္ခသစ္စာကို လှမ်းသိထားတယ် (မှန်ပါ့)။ သိတဲ့ပုဂ္ဂိုလ် အလှူပေးလို့ ရှိရင်ဖြင့် ဒုက္ခချုပ်တယ် (မှန်ပါ့)။ ပေါ်ပြီလား (ပေါ်ပါပြီ) သိတဲ့ပုဂ္ဂိုလ် အလှူပေးရင် ဒုက္ခဘယ့်နှယ်တုံး (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမတုံး။ ခင်ဗျားတို့ သိပြီး အလှူပေးရင် ဒုက္ခချုပ်တယ် (မှန်ပါ့)။ မသိဘဲ အလှူပေးရင် ဒုက္ခရမယ်ဆိုတော့ ဝဋ္ဋ၊ ဝိဝဋ္ဋ စာလိုခွဲထားတာပါပဲ။

သို့သော် ဒါက အမြင်ခွဲ၊ ပြောသံကြားခွဲတာလား အမြင်ခွဲ တာလား (အမြင်နဲ့ ခွဲတာပါ ဘုရား)။ ဒါဖြင့် ဘယ်ဟာကို အတည် ပြုကြမတုံး။ ပြောသံကြားနဲ့ ခွဲတာကို ခင်ဗျားတို့ မယုံနဲ့။

ကိုယ့်သန္တာန်မှာ လူစည်းစိမ်၊ နတ်စည်းစိမ်ကို ဒုက္ခသစ္စာလို့ မသိတာက အဝိဇ္ဇာ၊ မသိတော့ လှူမိ၊ တန်းမိ၊ ပေးမိ၊ ကမ်းမိပြီး ဆုမတောင်းဘူးလား (တောင်းပါတယ် ဘုရား)။

တောင်းလိုက်တဲ့အခါ စုတိမနေ သေလွန်တော့ မပြည့် ဘူးလား (ပြည့်ပါတယ် ဘုရား)။

ခန္ဓာငါးပါး မရဘူးလား (ရပါတယ် ဘုရား)။ ဘာသစ္စာ ရသတုံး (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။

လက်ရှိခန္ဓာကို ဝိဇ္ဇာနဲ့ သိပေးပါ

ဒါ မသိတဲ့ပုဂ္ဂိုလ် အလှူပေးလို့ ဒုက္ခရောက်တယ်။ ရှင်း ပလား (ရှင်းပါပြီ)။ ကဲ လက်ရှိ ခန္ဓာကြီးကို ဝိဇ္ဇာနဲ့ သိပေးစမ်းတဲ့၊ ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ)။

ဟိုဘက်က ဒါဝိဇ္ဇာ ဖြစ်မသွားသေးဘူးလား (ဖြစ်ပါတယ်)။ ဒီခန္ဓာကိုယ်ကြီးဟာ ဒုက္ခသစ္စာလို့ သိတော့ အဝိဇ္ဇာလား၊ ဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)။

ဒါဖြင့် ဒုက္ခကျွတ်ရာ လုပ်ဦးမှပဲဆိုတာ သင်္ခါရ (မှန်ပါ့)။ သဘောကျပလား (မှန်ပါ့)။ အဲဒီ သင်္ခါရလုပ်လိုက်တော့ကို ဒကာ၊ ဒကာမတို့ တဲ့။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿဝေဒနာ ဆိုတာ သိတဲ့ပုဂ္ဂိုလ်လုပ်သောကြောင့် ဒုက္ခသစ္စာပေါ်ဦးမလား (မပေါ်ပါ ဘုရား)။

ဒါဖြင့် သိတဲ့ပုဂ္ဂိုလ် အလုပ်လုပ်ရင် ဒုက္ခလွတ်တယ်၊ (မှန်ပါ့)။ ပေါ်ပလား (ပေါ်ပါပြီ။ သိတဲ့ပုဂ္ဂိုလ် အလုပ်လုပ်ရင် (ဒုက္ခ လွတ်ပါတယ်)။ ဒုက္ခလွတ်တယ်။ ရှင်းပြီနော် (ရှင်းပါပြီ)။

နောက် သမုဒယ လာသေးရဲ့ လား (မလာပါ ဘုရား)။ နောက် ဒုက္ခ (မလာပါ ဘုရား)။

ခန္ဓာဖြစ်စဉ်ပြတဲ့ စက်ဝိုင်းကြီး

ဒါဖြင့် အဝိုင်းကြီးလည်နိုင်သေးရဲ့လား (မလည်နိုင်ပါ ဘုရား)။ ရှင်းပလား (မှန်ပါ့)။ ဒါဖြင့် ဒကာ၊ ဒကာမတို့ သေသေ ချာချာ ဆရာဘုန်းကြီးက ဆုံးမသွန်သင်ပြီး သကာလ ခန္ဓာထဲက ဖြစ်စဉ်ကို ပြနေတဲ့ စက်ဝိုင်းဆိုတာကော ယုံကြည်ကြပလား (ယုံ ကြည်ပါတယ် ဘုရား)။

အဲဒါ တရားမဆုံးဘဲ နေမှာစိုးသောကြောင့် ဒကာ၊ ဒကာမ တို့ မသိတဲ့ပုဂ္ဂိုလ် အလှူပေးရင် ဘာရသလဲ (ဒုက္ခသစ္စာ ရပါတယ်)။

သိတဲ့ပုဂ္ဂိုလ် ကျင့်ကြံကြိုးကုတ် လှူဒါန်းခြင်းအလုပ် လုပ်ခဲ့ သော် ဒုက္ခဘာတုံး (ဒုက္ခ လွတ်ပါတယ် ဘုရား)။

ဒုက္ခလွတ်တယ်ဆိုတာ သိတဲ့ပုဂ္ဂိုလ်ဟာ ခန္ဓာလိုချင်လို့ လုပ်သလား ခန္ဓာကို မလိုချင်လို့ လုပ်သလား (မလိုချင်လို့ လုပ်တာပါ ဘုရား)။

ဒါဖြင့် သိတာက ဝိဇ္ဇာ၊ မလိုချင်တာက အလောဘ မဖြစ် သေးဘူးလား (ဖြစ်ပါတယ်) ဖြစ်တော့ ဒါချည်းလှည့်နေတာ ဒီ ဝင်ရိုးပဲ (မှန်ပါ့)။

အဝိဇ္ဇာနဲ့ ဘုံဘဝ တဏှာလှည့်နေတာ ဒါကြီးပဲ။ အဝိုင်း လှည့်နေတာက ဒီမှာ မပေါ်သေး ဘူးလား (ပေါ်ပါတယ်)။ အဝိဇ္ဇာနဲ့ ဘဝတဏှာဟာ ဒါမှာ ဘာထင်ကြသတဲ့ (ဝင်ရိုး) သဘောကျ ပလား (ကျပါပြီ)။

အဲဒီတော့ သိတဲ့ပုဂ္ဂိုလ် အလုပ်လုပ်တဲ့အခါကျတော့ ဝင်ရိုး ဖြစ်သေးရဲ့လား (မဖြစ်ပါ)။ ဝင်ရိုးမဖြစ်လို့ရှိရင် လှည့်လို့ (မရပါ)။

ဪ ဒါဖြင့် ဒီနေ့တရားသည် ဝင်ရိုးချိုးတဲ့ တရားဆိုတာ ပေါ်ပလား (ပေါ်ပါပြီ) ဘာတရား ပါလိမ့် (ဝင်ရိုးချိုးတဲ့ တရားပါ ဘုရား)။

အာသဝ ဝင်ရိုး ဖြစ်အောင် ချိုး

ခင်ဗျားတို့ သံသရာလည်နေမှာစိုးလို့ ဝင်ရိုးချိုးပစ်တာ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ခင်ဗျားတို့ သံသရာလည်မှာစိုး လို့၊ ဘာတဲ့ (ဝင်ရိုးချိုးပစ်တာပါ ဘုရား)။

ဝင်ရိုးချိုးပစ်တာဆိုတော့ သိတာက ဝိဇ္ဇာဆိုတော့ အဝိဇ္ဇာ ရှိသေးရဲ့ လား (မရှိပါ ဘုရား) သင်္ခါရက သူပြုလုပ်တတ်တဲ့ တရားတဲ့။ လိုချင်လို့ ပြုလုပ်တာ၊ မလိုချင်တော့ကို အသင်္ခါရဆိုတဲ့ ပြောင်းပြန် ဖြစ်မသွားလားလား (ဖြစ်သွားပါတယ် ဘုရား)။ ခန္ဓာ မလိုချင်တာပေါ့ဗျာ (မှန်ပါ့)။ မလိုချင်တာကတော့ အလောဘဆို တော့ တဏှာက ဘာဖြစ်သွားသလဲ (အလောဘ ဖြစ်သွားပါတယ်) အဝိဇ္ဇာက ဘာဖြစ်သွားသလဲ (ဝိဇ္ဇာဖြစ်သွားပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ တစ်သံသရာလုံး သံသရာလည်နေတဲ့ ဝင်ရိုးကြီး ယနေ့ကျိုးပြီး (မှန်ပါ့) အကျိုးဘူးလား (ကျိုးပါတယ်) သဘောပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။

ကောင်းပြီ။ ဒါဖြင့် ဝင်ရိုးတော့ ကျိုးပြီဘုရား။ ဝင်ရိုးကျိုး လို့ရှိရင်ဖြင့် ဒီဘီးကြီးမှာ ဒကာ၊ ဒကာမတို့ ဒေါက်တွေက တစ်၊ နှစ်၊ သုံး၊ လေးဆိုတော့ ဒေါက်တွေက မပါဘူးလား (ပါ, ပါတယ် ဘုရား)။

ပုံတောင်း၊ ဒေါက်၊ သံပတ်ခွေ ဆက်ချိုးဖျက်ပေးရမည်

ဝင်ရိုးပေါ်မှာ ဒေါက်မစိုက်ခင် ဟောဒီအနီရစ်ကလေးက ပုံတောင်းလို့ မှတ်လိုက်စမ်းပါ။ ဝင်ရိုးထည့်တဲ့ အပေါက်အရာကြီးပေါ့ဗျာ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။

ဒီအနီရစ်က ဘာပါလိမ့် (ပုံတောင်းပါ ဘုရား)။ ပုံတောင်း၊ ပုံတောင်း မော်တော်ကား မှာလည်းဗျာ ခင်ဗျားတို့ ဘေးကနေပြီး သကာလ ဘောလ်ဘယ်ယားရင်း ဆိုပြီး သကာလ လှည့်တဲ့နေရာ ပေါ့ဗျာ (မှန်ပါ့)။ ရိပ်မိပြီလား (မှန်ပါ့)။

ကောင်းပြီ၊ ဒါဖြင့် ဝင်ရိုးကြီး ဒီပုံတောင်း၊ ပုံတောင်းပေါ်မှ ဒေါက်စိုက်ရတယ်။ သဘောကျပလား (မှန်ပါ့)။

ဒေါက်ပေါ်မှ တစ်ခါ ဒီကနေပြီးသကာလ တာယာကွပ်တွေ နဲ့ မကွပ်ရဘူးလား (ကွပ်ရပါတယ်)။ ဒါမှ လိမ့်လို့ ဖြစ်မှာကိုးဗျ။ နို့မို့ရင် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ)။ ဒါကြီးက ဒါဖြင့် ဒါက ဘာခေါ်ကြမယ် (ဝင်ရိုး)။

ဒီဘက်က ဘာပါလိမ့် (ပုံတောင်း)။ ဒီလေးခုက ဘာပါလိမ့် (ဒေါက်တွေပါပဲ)။

ဒီအပြာပတ်ကြီးက ဘာပါလိမ့် (သံပတ်ခွေ) သံပတ်ခွေ ကြီး။

တစ်နည်း မော်တော်ကားတာယာကြီးပေါ့ဗျာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။ ဒါဖြင့် ဘီးဖြစ်ပြီလား၊ မဖြစ်သေးဘူးလား (ဖြစ်ပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ နဂိုက ဒီဘီးကြီးဖြစ်နေတာ (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ)။ နဂိုက ဘာဖြစ်နေကြပါလိမ့် (ဒီဘီးကြီး ဖြစ်နေပါတယ်)။ ဘီးကြီးဖြစ်နေတယ်ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ဝင်ရိုးတော့ဖြင့် သိတဲ့ပုဂ္ဂိုလ် ပြုလုပ်သော ကြောင့် သိတဲ့ပုဂ္ဂိုလ်ဟာ ဒုက္ခသစ္စာကို မလိုချင်လို့ ပြုလုပ်တာ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

သိတော့ ဒါက ဘာဖြစ်သွားသတုံး (ဝိဇ္ဇာဖြစ်ပါတယ်)။ မလိုချင်တော့ ဒါက ဘာဖြစ်သွားသတဲ့ (အလောဘ ဖြစ်ပါတယ်)။

အလောဘဖြစ်သွားတော့ ဒကာ၊ ဒကာမတို့ အဝိဇ္ဇာနဲ့ တဏှာမချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒါအလုပ်လုပ်တဲ့နေရာ မဟောသေးပါဘူး။ လှူပုံ၊ တန်းပုံ ဟောတုန်းရှိသေးတယ်။ သဘောကျပလား (ကျပါပြီ)။ အလုပ်လုပ်ပုံကို ဟောပလား၊ လှူပုံတန်းပုံကို ပြင်ပေးတုန်းပဲလား (လှူပုံ၊ တန်းပုံ ပြင်ပေးတုန်းပါ ဘုရား) ပြင်ပေးတုန်းပဲ ရှိသေးတယ်။

ဒါဖြင့် ဒကာ၊ ဒကာမတို့ အဝိဇ္ဇာနဲ့ တဏှာ မချုပ်သေးဘူး လား၊ ချုပ်သလား (ချုပ်ပါတယ်)၊ ချုပ်တော့ ဝင်ရိုးကြီးဖြင့် ပျက်ပဟ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

ဒါကို စာလိုသုံးတော့ အာသဝ ဝင်လို့ခေါ်တယ် (မှန်ပါ့) စာလိုသုံးတော့ (အာသဝ ဝင်ရိုးပါ)။

အဝိဇ္ဇာပုံတောင်းဆိုတာ ရှိသေးတယ် (မှန်ပါ့)။ အဝိဇ္ဇာက ပုံတောင်းတဲ့။ အာသဝက ဘာတဲ့ (ဝင်ရိုးပါ ဘုရား)။ အဝိဇ္ဇာက ( ပုံတောင်းပါ ဘုရား)။

ဒီပုံတောင်းကြီးက ဒကာ၊ ဒကာမတို့ ဝင်ရိုးကျိုးသွားသော် ငြားလည်း ပုံတောင်းပေါ်မှာ ပေါက်စိုက်လို့ ရသေးတယ် (မှန်ပါ့)။ မရဘူးလား (ရပါတယ် ဘုရား)။

ပုံတောင်းပေါ်မှာ ဒေါက်စိုက်လို့ ရသေးတယ်ဆိုတော့ ပုံတောင်း မဖျက်လို့ရှိရင်လည်း တော်ပါ့မလား (မတော်ပါ)။ မတော်တော့ ဒီလိုလုပ်လိုက် ဒကာ၊ ဒကာမတို့ ဒါတွေဟာ ဘာသစ္စာ ပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာတွေဆိုတာ ဒီကနေပြီး ဉာဏ်နဲ့ ဝေဒနာပေါ် လည်း ဒုက္ခသစ္စာ ပေါ်တယ်လို့ သိပေးပါ (မှန်ပါ့)။ ဖဿပေါ်ရင်ကော (ဒုက္ခသစ္စာလို့ သိပေးပါ)။ ဒုက္ခသစ္စာ ပေါ်တယ်လို့ မသိရ ပေဘူးလား (သိရပါတယ်)။ သဠာယတန ပေါ်ရင်ကော (ဒုက္ခ သစ္စာလို့ သိရပါမယ်)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ မသိတာက သိတာဖြစ်မသွား ဘူးလား (ဖြစ်သွားပါတယ်)။

ဒါဖြင့် အဝိဇ္ဇာတည်းဟူသော ပုံတောင်းကြီးက ဒကာ၊ ဒကာမတို့ သိသွားကတည်းက ဒီပုံတောင်း ရှိသေးရဲ့ လား (မရှိပါ)။ အာသဝဝင်ရိုးလည်း ကျိုးပြီ သိခြင်းကြောင့် ပုံတောင်း ကြီးကော ရှိသေးရဲ့ လား (မရှိပါ)။

ဒါဖြင့် အဝိဇ္ဇာမရှိတဲ့ ပုဂ္ဂိုလ်သည် သင်္ခါရဆိုတဲ့ ဒီဒေါက်တွေ လုပ်ဦးမလား (မလုပ်ပါ ဘုရား)။

မလုပ်လို့ ရှိရင်ဖြင့် သင်္ခါရဒေါက်တွေဟာ ဘယ့်နှယ်နေ သတုံး။ မကျိုးဘူးလား၊ ကျိုးသလား (ဟားပါတယ်)။ သင်္ခါရ ဒေါက်တွေကျိုးလို့ ရှိရင် ဒီအကွပ်ကြီးဟာ ဘယ်သွားကွပ်မလဲ (မကွပ်နိုင်ပါ ဘုရား)။ မကွပ်နိုင်လို့ ရှိရင် ဇရာမရဏအကွပ်ကြီးဟာ အလိုလိုပြုတ်ကျတယ် (မှန်ပါ့)။ မကျဘူးလား (ကျပါတယ် ဘုရား)။

ဇရာမရဏအကွပ်နဲ့ သွားတွေ့မှာပဲ

ဒါဖြင့် တရားကို သေသေချာချာ မှတ်ကြဦးစို့ (မှန်ပါ့)။ စောစောစီးစီး ပြောတာကိုလည်း မှတ်ပါ။ အာသဝဝင်ရိုး မှတ်မိ ပြီနော် (မှတ်မိပါပြီ ဘုရား)။

အာသဝဝင်ရိုး၊ အဝိဇ္ဇာပုံတောင်း (မှန်ပါ့)။ သင်္ခါရ ဒေါက်တွေ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ)။ ဇရာမရဏ အကွပ် တွေ (မှန်ပါ့)။ ပေါ်ပလား (ပေါ်ပါပြီ)။ ပြန်ပြောဦးမယ် တစ်ခေါက်။

အာသဝက ဘာတဲ့ (ဝင်ရိုးပါ ဘုရား)။ အဝိဇ္ဇာက ( ပုံတောင်းပါ)။ သင်္ခါရတွေ ကမ္မဘဝတွေက ဘာတွေပါလိမ့် (ဒေါက်တွေပါ ဘုရား)။ ဒီက အပြာပတ်ကြီးက ဘာပါလိမ့်မတုံး ဆိုတော့ ဇရာမရဏ အကွပ် (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဘာတဲ့တုံး (ဇရာမရဏအကွပ်ပါ)။

ဒါဖြင့် ခင်ဗျားတို့ ကုသိုလုပ်လည်း ဇရာမရဏအကွပ်နဲ့ သွားတွေ့မှာပဲ (မှန်ပါ့)။ အကုသိုလ် လုပ်လည်း ဇရာမရဏအကွပ်နဲ့ သွားတွေ့မှာပဲ ဘာကြောင့်တုံးဆိုလို့ရှိရင်ဖြင့်တဲ့ အဝိဇ္ဇာပုံတောင်း ပေါ်မှာ စိုက်ထားတာကိုး (မှန်ပါ့)။

အောက်ရောက်လိုက်၊ အထက်ရောက်လိုက်

အာသဝဝင်ရိုးက လှည့်လိုက်တော့ အောက်ရောက်၊ အထက်ရောက်၊ ရောက် မရောက် (ရောက်ပါတယ် ဘုရား)။ စဉ်းစားမိကြပလား (မှန်ပါ့၊ စဉ်းစားမိပါတယ် ဘုရား)။

ထိုကဲ့သို့ စဉ်းစားမိတဲ့အခါကျတော့ ဒကာ၊ ဒကာမတွေ သည် အရေးကြီးဆုံးဟာ ဒီဝင်ရိုးလည်း ကျိုးရမယ်။ ဒီပုံတောင်း လည်းမရှိမှ အလည်ရပ်မယ် (မှန်ပါ့)။ သံသရာအလည် ရပ်မယ် (မှန်ပါ့)။ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

သံသရာ အလည်ရပ်အောင်

ဝင်ရိုးလည်းမရှိမှ ပုံတောင်းလည်းမရှိမှ ဘာပါလိမ့် (သံသရာအလည်ရပ်ပါမယ်)။

ဒေါက်တွေချည်း လည်နိုင်သေးရဲ့ လား (မလည်နိုင်ပါ ဘုရား)။

အပတ်ကြီးကော သူ့ဟာသူ လည်နိုင်သေးရဲ့ လား (မလည်နိုင်ပါ ဘုရား)။ မြေပေါ်ပုံကျသွားပြီ၊ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒီအရေးဟာ ဒကာ၊ ဒကာမတို့ သာမညကြီးတဲ့ အရေးလား၊ တစ်သံသရာလုံးမှာ ဒီဝင်ရိုးမကျိုးခဲ့လို့ ပုံတောင်းကြီး မပြတ်ခဲ့လို့ ကျုပ်တို့မှာ လည်နေတာကို ယနေ့သည် ဒကာ၊ ဒကာမတို့ ဝင်ရိုးချိုးပြီးသကာလ ပုံတောင်းဟာ ဖျက်ရတော့မယ် (မှန်ပါ့)။ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။ ဝင်ရိုးချိုးပြီး ဘာလုပ်ရမယ် (ပုံတောင်းဖျက်ရပါမယ် ဘုရား)။

ပုံတောင်းဖျက်ရမယ်ဆိုတော့ တရားကတော့ အင်မတန် နက်သပေါ့ဗျာ။ နက်ပင်နက်ငြား သော်လည်း၊ ပေပြီး နားထောင်ပါ။ တရားစစ်၊ဒါမှ နိဗ္ဗာန်ရောက်မယ် (မှန်ပါ့ ဘုရား)။ သဘောပါပလား (ပါ,ပါပြီ)။ နက်တော့ မနက်ဘူးလား (နက်ပါတယ်)။

သို့သော် ဒီတရားမှ မနာရလို့ရှိရင် သံသရာအလည် ရပ်ပါ မလား (မရပ်ပါ ဘုရား)။ ဒါဖြင့် ပုံတောင်းကျိုးအောင်လည်းလုပ်၊ ဝင်ရိုးကျိုးအောင်လည်းလုပ်မှ၊ ပုံတောင်းရင်လည်း ပြုတ်ကျအောင် လုပ်ပါမှ နေရာကျမယ်။ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

ရှုရမယ့် ဝိပဿနာအလုပ်ကို ပြမယ်

ကောင်းပြီ။ ဒါဖြင့် ဒကာ၊ ဒကာမတို့ အလုပ်ပြတော့ မယ်နော်။ အလုပ်ပြတော့မယ်ဆိုတော့ ဒကာ၊ ဒကာမတို့ကို တဲ့။ ဒီ ပဋိသန္ဓေဝိညာဏ်ဆိုတဲ့ ဥစ္စာသည် လွန်ခဲ့ပြီးသော ကာလဖြစ် သောကြောင့် ဝိပဿနာ မရှုပါနဲ့ (မှန်ပါ့)။ ပဋိသန္ဓေစိတ် (မှန်ပါ့)။ ပဋိသန္ဓေစိတ်ဟာ ပဋိသန္ဓေနေပြီး ချုပ်ခဲ့တကိုး (မှန်ပါ့ ဘုရား)။ ဝိပဿနာရှုတော့ တွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား)။

ဒါဖြင့် သူလည်း ဝိပဿနာ မရှုနဲ့ (မှန်ပါ့)။ ပေါ်ပလား (ပေါ်ပါပြီ)။ ဒီအခန်းက ဝိပဿနာရှုရမယ့် အခန်းကိုဗျ (မှန်ပါ့)။ နာမ်ရုပ်လည်း ရှုနိုင်ပါတယ်။ သဠာယတနကကော (ရှုနိုင်ပါတယ်)။ ဖဿ (ရှုနိုင်ပါတယ်)။ ဝေဒနာ (ရှုနိုင်ပါတယ်)။

ရှုနိုင်ပါတယ်ဆိုတော့ နို့ ဒီဝိညာဏ် ဘယ့်နှယ်တုံးဘုရား၊ ဒီဝိညာဏ်က သဠာယတနထဲ ပါသွားပြီ (မှန်ပါ့)။ မပါဘူးလား (ပါ,ပါတယ် ဘုရား)။

မနာယတနဆိုတာ ဒီထဲ မပါဘူးလား (ပါ,ပါတယ် ဘုရား)။ စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှာ ယတန၊ ကာယာယတန၊ မနာယတနဆိုပြီး ခြောက်ခုကိုးဗျ။ ဒီအထဲ စိတ်က ပါပြီးသားဖြစ်နေတယ် (မှန်ပါ့)။ သူက ပဋိသန္ဓေစိတ်မို့ ဘုန်းကြီးက ဖြုတ်ခဲ့တယ် (မှန်ပါ့)။

အဲဒီတော့ ဒီလေးခုကို ပေါင်းလိုက်လို့ရှိရင် ခန္ဓာငါးပါး မစုံဘူးလား (စုံပါတယ် ဘုရား)။ နာမ်က နာမက္ခန္ဓာ၊ ရုပ်က ရူပက္ခန္ဓာ၊ သဘောကျပလား (မှန်ပါ့)။

သဠာယတနမှာလည်း ငါးခုက ရူပခန္ဓာ၊ တစ်ခုက ဝိညာဏက္ခန္ဓာ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။ ဖဿက သင်္ခါရက္ခန္ဓာ၊ ဝေဒနာက ဝေဒနာက္ခန္ဓာ၊ မရှင်းသေးဘူးလား (ရှင်းပါပြီ)။ ပေါင်းလိုက်တော့ ဒီလေးခု ပေါင်းရင် ခန္ဓာ ဘယ်နှစ်ပါး ရသတုံး (ငါးပါးရပါတယ် ဘုရား)။ ပေါ်ကြပြီ (ပေါ်ပါ ပြီ ဘုရား)။

သတိပဋ္ဌာန်လေးပါး ရတယ်

ခန္ဓာငါးပါးပဲရတယ်။ ခန္ဓာငါးပါးကို ဒကာ၊ ဒကာမတို့၊ သတိပဋ္ဌာန်ထဲ သွင်းလိုက်တဲ့ အခါကျတော့ သတိပဋ္ဌာန်လေးပါး ဖြစ် သွားတယ်။

ခန္ဓာငါးပါး သတိပဋ္ဌာန်ထဲ သွင်းလိုက်တော့ ဘယ်နှစ်ပါး ဖြစ်သွားတုန်း (လေးပါး ဖြစ်သွားပါတယ်)။ ရှင်းသွားပြီ၊ သတိပဋ္ဌာန် လေးပါးကို ချုံးလိုက်ပြန်တော့ သတိပဋ္ဌာန်ကလည်း လေးပါးရှိငြား သော်လည်း နာမ်နဲ့ ရုပ်ဖြစ်တယ်။ လေးပါးချုံးလိုက်တော့ ဘာရသွား တုံး (နာမ်ရုပ် ဖြစ်သွားပါတယ်)။ ပေါ်ကြပလား (မှန်ပါ့)။ အဲဒီ နာမ်ရုပ်ကလည်း တစ်ခါချုံးလိုက်ပါဦးတဲ့။

နာမ်နဲ့ရုပ်မှာ ဖြစ်ပျက်ပဲရှိတယ်

ဒကာ၊ ဒကာမတို့ နာမ်ရုပ်ကို ချုံးလိုက်ပါဦး။ နာမ်မှာ ရှိတော့လည်း ဖြစ်ပျက်ပဲရှိတယ် (မှန်ပါ့)။

ရုပ်မှာရှိတော့ကော (ဖြစ်ပျက်ပဲ ရှိပါတယ်)။

ဒါဖြင့် ဖြစ်ပျက်တစ်လုံးတည်းရှု (မှန်ပါ့)။ ပေါ်ပလား (ပေါ်ပါပြီ)။ ချုံးလိုက်တော့ ဘာတစ်လုံးတည်းတုံး (ဖြစ်ပျက် တစ်လုံးတည်းရှိပါတယ်)။ ဖြစ်ပျက်တစ်လုံးတည်း ရှုဆိုတော့ ခင်ဗျား တို့ မြင်မှာ ဒီဖြစ်ပျက်ပဲ မြင်မယ် (မှန်ပါ့)။

နာမ်ကြည့်လည်း ဖြစ်ပျက်တွေ့မှာပဲ (မှန်ပါ့)။ ရုပ်ကြည့် ကော (ဖြစ်ပျက်ပဲမြင်ပါတယ်)။ ဝေဒနာကြည့်ကော (ဖြစ်ပျက်ပဲ မြင်ပါတယ်)။ ဖဿကြည့်ကော (ဖြစ်ပျက်ပဲ မြင်ပါတယ်)။

နိဗ္ဗာန်သွားမယ့်တရား

ဒါဖြင့် ဒကာ၊ ဒကာမတို့ တပည့်တော်တို့ နိဗ္ဗာန်သွားမယ့် တရား ဘယ်တရားပါလိမ့်မတုံး ဆိုတော့ ဖြစ်ပျက်မြင်အောင်ရှုတဲ့ တရား (မှန်ပါ့)။

ဟေ့ ဆရာထွန်းကြီးကို ခုမှမြင်တယ်။ ရိပ်မိပလား (တင်ပါ့ လာပါတယ် ဘုရား)။ အေး (မနေ့ကလည်း လာပါတယ် ဘုရား)။ မနေ့ကလည်း လာပါတယ် (မှန်ပါ့)။

ကောင်းပြီ။ ဒါဖြင့် ဒကာ၊ ဒကာမတို့ ချုံးလိုက်တော့ ဖြစ်ပျက်ပဲ ကျန်တော့တယ်။ သဘောကျပလား (ကျပါပြီ) ကိုင်း ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက် ကျန်တော့တယ်ဆိုတာ သိတော့ တို့ဟာ ဖြစ်ပျက်ရှုဖို့ပဲ (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ)။ ဘာရှုကြမလဲ (ဖြစ်ပျက်ရှုရမှာပေါ့)။ ရုပ်ရှုရမှာလား၊ ဖြစ်ပျက် ရှုရမှာလား (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

နာမ်ရှုရမှာလား၊ ဖြစ်ပျက်ရှုရမှာလား (ဖြစ်ပျက်ရှုရမှာပါ)။ ဝေဒနာရှုရမှာလား၊ ဖြစ်ပျက်ရှုရမှာလား (ဖြစ်ပျက်ရှုရမှာပါ)။

ဒါက ဘယ်မှာဟောပါလိမ့်မတုံးမေးတော့ ခင်ဗျားတို့ သတိပဋ္ဌာန်သာ သွားကြည့်။ သမုဒယဓမ္မာနုပဿီဝါ။ ဖြစ်တာ ရှုကွ၊ ဝယဓမ္မာနုသဿီဝါ၊ ပျက်တာရှုကွ၊ ကဲ ဝေဒနာ နောက်ဆုံးပိတ် နိဂုံးချုပ်တော့ ဒါပဲလာတာပဲ၊ စိတ္တာနုပဿနာ နိဂုံးချုပ်လိုက်တော့ သမုဒယဓမ္မာနုပဿီဝါ မလာဘူးလား၊ ဝယဓမ္မာနုပဿီဝါ မလာဘူး လား (လာပါတယ် ဘုရား)။

ရှုရမှာက ဖြစ်ပျက်

ဘာအရှုခိုင်းသတုံး (ဖြစ်ပျက် အရှုခိုင်းပါတယ် ဘုရား)။ ဒါဖြင့် ဝေဒနာမရူပါနဲ့။ ဖြစ်ပျက်ရှု (မှန်ပါ့)။ စိတ် မရှုနဲ့ (ဖြစ်ပျက် ရှု)။ ရုပ်မရှုနဲ့ (ဖြစ်ပျက်ရှုရပါမယ်)။ သဘောပါကြပလား (ပါပါပြီ)။

ဒါဖြင့် ရုပ်တွေ့နေသေးလို့ရှိရင် ဝေဒနာတွေ့နေသေးလို့ ရှိရင် နာမပရိစ္ဆေဒဉာဏ်၊ ရူပပရိစ္ဆေဒဉာဏ် သွားဖြစ်တယ် (မှန်ပါ့)။

ဖြစ်ပျက်တွေ့မှသာလျှင် သမ္မသန၊ ဥဒယဗ္ဗယဖြစ်ပါတယ် (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ)။

ကြပ်ကြပ် နားကြီးကြီးနဲ့ထောင်ပါ။ ရုပ်တွေ့နေရင် ရူပပရိစ္ဆေဒဉာဏ် (မှန်ပါ့)။ နာမ်တွေ့နေရင် (နာမပရိစ္ဆေဒဉာဏ်)။

ဖြစ်ပျက်တွေ့နေရင် သမ္မသန၊ ဥဒယဗ္ဗယ (မှန်ပါ့)၊ မကွာ ဘူးလား (ကွာပါတယ် ဘုရား)။

ဖြစ်ပျက်တွေ့ရင် (သမ္မသနနဲ့ ဥဒယဗ္ဗယပါ ဘုရား)။ သမ္မသနနဲ့ ဥဒယဗ္ဗယဉာဏ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါဖြင့် အဲဒီဉာဏ်ကမှ ဝိပဿနာဉာဏ်အစ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။ ဒါဖြင့် ဝိပဿနာ စကြစို့။ ဝိပဿနာ စတော့ မယ် ဒကာ၊ ဒကာမတို့၊ ဝိပဿနာကို ဘယ်နေရာမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောခဲ့လိမ့်မလဲလို့ မေးတော့ မနေ့က ရှင်းခဲ့ ပြီနော် (မှန်ပါ့)။

ဧဟိပဿိကောခေါ်ရာ

ဝိပဿနာဆိုတာ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကော နဲ့လိုက်၊ မနေ့က မသင်ခဲ့ဘူးလား (သင်ခဲ့ပါတယ် ဘုရား)။ ဘာတဲ့ တုံး (ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ် ဘုရား)။

ဆရာထွန်းကြီး ပေါ်ပလား (မှန်ပါ့ ဘုရား)၊ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်ရမယ်၊ ဧဟိပဿိကော ဆိုတာ ဖြစ်၊ ပျက် တရားကို ခေါ်ပါတယ် (မှန်ပါ့)။ သန္ဒိဋ္ဌိကောဆိုတဲ့ သာမံပဿိတဗ္ဗော ဆိုသောကြောင့် ဉာဏ်နဲ့လိုက်ပါ (မှန်ပါ့)။ မလာဘူးလား (လာပါတယ် ဘုရား) ကောင်းပြီ။

ဒါဖြင့် ဖြစ်ပြီးပျက်တဲ့ တရားက ဧဟိ၊ လာခဲ့ပါ၊ ပဿ ကျုပ်ဟာ ဘာဖြစ်နေတယ်ကြည့်စမ်းပါ။ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။

အဲဒါ ဒကာ၊ ဒကာမတွေက သန္ဒိဋ္ဌိကောနဲ့ လိုက် လိုက်၊ သာမံပဿိတဗ္ဗော- ကိုယ်တိုင် မြင်အောင် ကြည့်မဟေ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။ သန္ဒိဋ္ဌိကောဆိုတာ ဘာလဲ (ကိုယ်တိုင်မြင်အောင်ကြည့်ရမှာပါ)၊ ဘယ်နေရာမှာ ကြည့်ရမှာတုံး ဆိုတော့ ခေါ်ရာကြည့် (မှန်ပါ့)။

ဒကာ၊ဒကာမတို့ ဘာတဲ့တုံး (ခေါ်ရာကြည့်ရမှာပါ ဘုရား)။ ဘယ်သူက ခေါ်ပါလိမ့်ဗျာ (ဧဟိပဿိကောကပါ)။ ဧဟိပဿိကော ဆိုတော့ ရုပ်မှာလည်း ဧဟိပဿိကောရှိတာပဲ (မှန်ပါ့)။ နာမ်မှာကော (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဧဟိ- လာခဲ့ပါ၊ ပဿ- ရှုပါလို့ ဆိုတာ ရုပ်နာမ်က ခေါ်နေတာ (မှန်ပါ့)။ သဘော ကျပလား (ကျပါပြီ)။ ဧဟိပဿိကောဆိုတာ ဘယ်သူက ခေါ်တာပါလိမ့် (ရုပ်နာမ်က ခေါ်ပါတယ် ဘုရား)။

ရုပ်နာမ်က ခေါ်တော့ ခေါ်တာပဲတဲ့။ သူခေါ်ပုံက ကျုပ် ဘယ်လိုဖြစ်နေတယ်။ ကျုပ် ဘယ်လို ပျက်နေတယ်ဆိုတာ လာကြည့် ပါလို့ ခေါ်တာ။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကျုပ် ဘယ်လိုဖြစ်နေတယ်၊ ကျုပ်ဘယ်လို ပျက်နေတယ် ဆိုတာ လာကြည့်ပါဆိုတော့ ခင်ဗျားတို့က ဘာနဲ့သွားကြည့်ရမလဲ (သန္ဒိဋ္ဌိကောနဲ့ သွားကြည့်ရပါမယ် ဘုရား)။

နောက်က ဒကာ၊ ဒကာမတွေ (သန္ဒိဋ္ဌိကောနဲ့ သွား ကြည့်ရပါမယ်)။ ဒါဖြင့် သန္ဒိဋ္ဌိကောကို ဒကာ၊ ဒကာမတွေက ဒီအကွက်ကြားမှာ ထားပါ။ ဧဟိပဿိကောက ဒီအကွက်မှာထားပါ။ ရှင်းပလား (ရှင်းပါပြီ)။ သန္ဒိဋ္ဌိကောက ဟောဒီမြားကလေးအပေါ် မှာ ထားပါ။

ဧဟိပဿိကောက တစ်၊ နှစ်၊ သုံး၊ လေးမှာ ကြိုက်တဲ့ နေရာရှုပါ၊ ပေါ်ကြပလား (ပေါ်ပါပြီ)။ စိတ်ကြိုက် စိတ်ရှု (မှန်ပါ့)။ ဝေဒနာကြိုက်ရင် (ဝေဒနာရှုပါ)။

ရှုရင် သူတို့က ဘယ်လိုခေါ်မယ်ထင်သတုံး (ဧဟိပဿိ ကောပါ ဘုရား)။ ဧဟိ- လာခဲ့ပါ။ ပဿ- ရှုပါ။ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။ ခေါ်တော့ ဒီအပေါ်ကနေပြီး သန္ဒိဋ္ဌိကော သာမံ၊ ပဿိတဗ္ဗော၊ ကိုယ်တိုင်မြင်အောင် လိုက်လိုက်စမ်းပါ (မှန်ပါ့)။ ခေါ်ရာလိုက်၊ သဘောကျပလား (ကျပါပြီ)။ ခေါ်တာက ကျုပ် ဒုက္ခရောက်နေတယ်။ လာကြည့်ပါဦးလို့ ခေါ်တာ (မှန်ပါ့)။ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဖြစ်ပြီး ပျက်တာ ဒုက္ခသစ္စာ

သူတို့ ဖြစ်ပျက်တာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။ ကျုပ် ဒုက္ခရောက်နေတယ်။ လာကြည့်ပါဦးဆိုတော့ ခင်ဗျားတို့ ဉာဏ်နဲ့ သွားကြည့် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။

ဒုက္ခရောက်လို့ခေါ်တာကို ဉာဏ်နဲ့သွားကြည့်စမ်းပါ (မှန် ပါ့)။ ကြည့်တော့ ဘာသစ္စာ မြင်ရသတုံး (ဒုက္ခသစ္စာမြင်ရလိမ့်မယ်)။ ကြည့်တတ်တဲ့ဉာဏ်က ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ ဘုရား)။

ဪ ဒုက္ခ မဂ္ဂနဲ့၊ ဒုက္ခက ခေါ်ရာကို မဂ္ဂက လိုက်ပါ ပြောတာ (မှန်ပါ့)။ သဘောပါကြပလား (ပါပါပြီ)။ ဒုက္ခက ခေါ်တာကို (မဂ္ဂက လိုက်ပါ)။

ဒါဖြင့် ဒုက္ခသစ္စာက မဂ္ဂသစ္စာ ဖြစ်သွားတယ် (မှန်ပါ့)။ မဖြစ်သေးဘူးလား (ဖြစ်ပါတယ်)။ ခေါ်တာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) လိုက်တာက (မဂ္ဂသစ္စာပါ ဘုရား)။

ကဲ ဒါဖြင့် မဂ်ဟာ ဆုတောင်းအလုပ်လား၊ လိုက်ရမည့် အလုပ်လား (လိုက်ရမည့် အလုပ်ပါ ဘုရား)။ အဲဒါကို စာလိုသုံးတော့ ပွားများရမည့်အလုပ် ဆိုပြီး ခေါ်လိုက်ပါတယ် (မှန်ပါ့)။ ရှင်း ကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ဧဟိပဿိကော သဘောကျ ပလား (ကျပါပြီ)။ တစ်နေ့ ဘယ်နှစ်ကြိမ် ခေါ်မလဲ (အကြိမ်ပေါင်း မရေတွက်နိုင်ပါ ဘုရား)။ အကြိမ်များစွာ ခေါ်မယ်နော် (မှန်ပါ့)။ လိုက်တော့ ဘာနဲ့လိုက်ရမယ် (မဂ်နဲ့လိုက်ရပါမယ်)။ သန္ဒိဋ္ဌိကော ဆိုတော့ မဂ်နဲ့ လိုက်ပါ (မှန်ပါ့ ဘုရား)။

ခေါ်တိုင်းလိုက်တာ ဝိပဿနာအလုပ်ပါ

ဘယ်နှစ်ကြိမ် လိုက်ရမှာပါလိမ့် (မရေတွက်နိုင်အောင် လိုက်ရမှာပါ)။ ခေါ်တိုင်းလိုက်ပါ၊ ခေါ်တိုင်းလိုက်တာ ဝိပဿနာ (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ)။

ခေါ်တိုင်းလိုက်တာ (ဝိပဿနာပါ)။ ရှင်းပလား (မှန်ပါ့)။

ဝိပဿနာဆိုတာ ဘာပါလိမ့် (ခေါ်တိုင်းလိုက်တာပါ)။ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်နေရင် ဒါဝိပဿနာပဲ (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဟ ဘုန်းကြီးက ဆန်းလှချည့်ကလားလို့ ဒကာ၊ ဒကာမ တွေက ဆိုချင်သလား၊ ပါဠိတော်ပဲလား (ပါဠိတော်ပါ ဘုရား)။

မဆန်းပါဘူး ဒကာ၊ ဒကာမတို့ ဆန်းဟောရင် ဘုန်းကြီးအပါယ် ရောက်မှာပေါ့ (မှန်ပါ့)။ မသိတာ ဖော်ပြောနေတယ်လို့ မှတ်ပါ (မှန်ပါ့ ဘုရား)။ ဘယ်လိုမှတ်ကြမလဲ (မသိတာ ဖော်ပြောနေပါ တယ် ဘုရား)။

မသိတာ ဖော်ပြောနေတော့ ခင်ဗျားတို့က ဧဟိပဿိကော ဆိုပြီးသကာလ ဘယ်နေရာမှာ သွားပြီး အသုံးချပါလိမ့်မလဲ မေးတယ်နော်၊ သန္ဒိဋ္ဌိကောလို့လည်း ခင်ဗျားတို့ ပါးစပ်က မရွတ် ဘူးလား (ရွတ်ပါတယ် ဘုရား)။

ဘယ်နေရာမှာ သွားရွတ်ပါလိမ့်မလဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။ ဘုရားရှေ့မှာ သွားရွတ်တယ်၊ ခန္ဓာကိုယ် ခေါ်ရာကို လိုက်ပါလို့ဆိုတဲ့ ဥစ္စာ ဘုရားဆီ သွားနေတယ် (မှန်ပါ့)။

မလွဲဘူးလား လွဲသလား (လွဲပါတယ်)၊ ဧဟိပဿိကော ဧဟိ- လာခဲ့ပါ၊ ပဿ-ရူပါဆိုတာ ခန္ဓာက ခေါ်တာ မဟုတ်လား (မှန်ပါ့)။ ခန္ဓာခေါ်ရာကို ကိုယ့်ဉာဏ်က မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာခေါ်ရာကို ကိုယ့်ဉာဏ်နဲ့ လိုက်ရမှာ ဘုရားရှေ့ သွားပြီး ခင်ဗျားတို့က ဘုရား ရှိခိုးတယ်။ တရားရှိခိုးလုပ်နေတယ်။ လုပ်ကြဘူးလား (လုပ်ပါတယ် ဘုရား)။

ရှိခိုးရမှာတဲ့လား သူ့အဓိပ္ပာယ်ကို ကြည့်ပါ။ ဧဟိ-လာ လှည့်ပါ။ ပဿ- ရှုပါ သူ့အဓိပ္ပာယ်က မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။

ဆရာထွန်း (မှန်ပါ့) ဘုရားရှိခိုးမှာတဲ့လား၊ ဧဟိ- လာခဲ့ ပါ။ ပဿ – ရှုပါလို့ ခေါ်သလား (လာပါ ရှုပါလို့ ခေါ်ပါတယ်)။

ငါ ရှိခိုးလို့ဆိုသလား မင်းခန္ဓာ မင်းတို့ ရှုလို့ပြောလား (မင်းတို့ခန္ဓာ မင်းတို့ ရှုလို့ ပြောတာပါ ဘုရား)။

နို့ ဘာဖြစ်လို့ ခင်ဗျားတို့က ဘုရားရှိခိုးနေတုံး။ အို လူကြီးတွေက ဒီလိုပဲဘုရာ့၊ လူကြီးတွေ ကိုင်ပေါက်မှာပဲ။ ခင်ဗျား တို့ မပေါက်ပေဘူးလား။ ပေါက်မယ်လား (ပေါက်ပါမယ် ဘုရား)။

သမထနဲ့ ဝိပဿနာ ဘယ်ဟာဦးစားပေးမလဲ

အဲဒီတော့ ဒကာ၊ ဒကာမတွေ ဘုန်းကြီးက ဘုရားပယ် တယ်လို့ မယူလိုက်နဲ့နော်။ ဘုရားရှိခိုးရင် သမထ၊ ခေါ်ရာလိုက်ရင် ဝိပဿနာ (မှန်ပါ့) ကွဲကြပလား (ကွဲပါပြီ ဘုရား)။

ဘုရားရှိခိုးရင် (သမထပါ ဘုရား)။ ဒါတွေရွတ်ပြီး ရှိခိုးနေ ရင် (သမထပါ ဘုရား)၊ သမထ ဘာတုံး ဓမ္မာနုဿတိ၊ ဘာပါလိမ့် (ဓမ္မနုဿတိပါ ဘုရား)၊ ကဲ အနုဿတိဆိုကတည်းက သမထလား၊ ဝိပဿနာလား (သမထပါ ဘုရား)။

ဟေ့ ဆရာထွန်းကြီး (သမထပါ ဘုရား)၊ သမထဆိုတာ သေချာပလား (သေချာပါပြီ)။

ဒါဖြင့် ဘုရားရှေ့သွားပြီး ခင်ဗျားတို့က တောင်းတော့ နိဗ္ဗာန်ဟုတ်လား၊ ရွတ်တော့ သမထဆိုတော့ ကိုက်ပါဦးမလား (မကိုက်ပါ ဘုရား)။ လိုချင်တာက ဘာတုံး (နိဗ္ဗာန်ပါ ဘုရား)။

အင်း အလုပ်နဲ့ပြပြီးသကာလ အလုပ်လုပ်နေတာက ဘာပါလိမ့် (သမထပါ)။ အလုပ်က သမထ၊ ရချင်တာက ဝိပဿနာ၏ အကျိုးကျေးဇူးနိဗ္ဗာန် (နိဗ္ဗာန်ပါ)။ ကိုက်ပါ့မလား (မကိုက်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘုရားရှေ့ ကန့်လန့်သွားလုပ်နေတာ၊ ကဲ ဒကာ၊ ဒကာမတို့ ရိပ်မိကြပလား (မှန်ပါ့)။ ကန့်လန့်လုပ် တာလို့ဆိုတာ သဘောပါရဲ့ လား (ပါ,ပါတယ် ဘုရား)။

အခု ဘုရားရှိခိုးအဆုံးသွားကြည့် နိဗ္ဗာန် ရရပါလို၏ မပါ ဘူးလား (ပါ ပါတယ် ဘုရား)။ သူတို့လုပ်နေတာက နိဗ္ဗာန်ပဲလား၊ သမထပဲလား (သမထပါ)။ သမထက နိဗ္ဗာန်ရောက်ပါရဲ့ လား (မရောက်ပါ ဘုရား)။

ဝေးသောအကြောင်းသာဖြစ်တယ် ဆရာထွန်း။ နီးသော အကြောင်းဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။ သေချာပလား (သေချာ ပါတယ် ဘုရား)။

ဘယ်ဟာက မြတ်သလဲ

ဒါဖြင့် ဒကာ၊ ဒကာမတို့ ဘုရားရှိခိုးပြီးသကာလ အချိန် ကုန်ရတာနဲ့ ဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်ရတာနဲ့ ဘယ်ဟာက မြတ်သတုံး (သန္ဒိဋ္ဌိကောနဲ့ လိုက်ရတာက မြတ်ပါ တယ်)၊ ခေါ်ရာလိုက်ရတာက မြတ်တယ်နော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ခေါ်ရာလိုက်နေ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ လောဘစိတ်က ခေါ်လို့ရှိရင် လည်း လောဘစိတ်နောက် သန္ဒိဋ္ဌိကောနဲ့ လိုက်၊ ဉာဏ်နဲ့လိုက်ပေး (မှန်ပါ့)။

ဉာဏ်နဲ့လိုက်တော့ လောဘတွေ့သလား၊ အနိစ္စတွေ့သ လား (အနိစ္စတွေ့ ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

တွေ့တဲ့ ဉာဏ်က မဂ္ဂ

ဒါဖြင့် တွေ့တာက အနိစ္စဖြစ်လို့ရှိရင်ဖြင့် တွေ့တဲ့ဉာဏ်က မဂ္ဂဖြစ်သွားတယ် (မှန်ပါ့)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ လောကီ မဂ္ဂင်ပေါ့ဗျာ (မှန်ပါ့)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ခေါ်ရာက အနိစ္စ၊ လိုက်တာက မဂ္ဂ (မဂ္ဂသစ္စာပါ ဘုရား)။

ခေါ်တာက (အနိစ္စပါ ဘုရား)။ လိုက်တာက (မဂ္ဂပါ ဘုရား)။

ဒါဖြင့် ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်ပါ (မှန်ပါ့ ဘုရား)။

ရွတ်ပါ ရှေ့ကို ခင်ဗျားတို့ ရထားတဲ့ ပါဠိဘုရားရှေ့ရွတ်တဲ့ ပါဠိရွတ်ပါဦး (အကာလိကောပါ ဘုရား)။

အကာလိကော အခါမလင့် အကျိုးပေး၏။ မပေးဘူးလား (ပေးပါတယ် ဘုရား)။

တဏှာမလာအောင်

ကိုင်း ဒီကစိတ်ကလေးက ခေါ်ပြီ၊ ကျုပ်လာကြည့်ပါဦးလို့ ခေါ်တော့ ဒီကဉာဏ်ကလေးနဲ့ လိုက်၊ လိုက်၊ လိုက်တော့ ဝေဒနာ ပစ္စယာ တဏှာ၊ လာသေးရဲ့လား (မလာပါ ဘုရား)။

ဉာဏ်က ဒီကျတော့ ဖြတ်ပစ်လိုက်တယ်၊ ဉာဏ်က ဒီနေရာ က လိုက်တာကိုး၊ မဖြတ်ဘူးလား ဒီအဆက်ကို (ဖြတ်ပါတယ် ဘုရား)။ သဘောပါရဲ့ လား (ပါ,ပါတယ်)။

မလိုက်ရင် စပ်မယ်၊ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကော နဲ့ မလိုက်ရင် “ဝေဒနာပစ္စယာ တဏှာ” ပေါ်ကြပလား (ပေါ် ပါပြီ)။ ခေါ်ရာကိုလိုက်မယ်ဆိုရင် ဝေဒနာပစ္စယာ ပညာသွားဖြစ် တယ် (ပေါ်ပါပြီ ဘုရား)၊ ဝေဒနာပစ္စယာပညာ၊ ဖဿပစ္စယာပညာ၊ ဝိညာဏပစ္စယာ (ပညာပါ)၊ သဘော ပါပလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ခေါ်ရာလိုက်မှ အကာလိကော အခါမလင့် အကျိုး ပေးမယ်ကွဆိုတော့ တဏှာ ဥပါဒါန် ကံမချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ဧဟိ- လာခဲ့ပါ၊ ပဿ- ရှုပါ

မဂ်က ဒီနေရာကနေ လိုက်တယ်ပေါ့ဗျာ။ မဂ်က ဒီနေရာ ကနေ လိုက် လိုက်တော့ တဏှာ ဥပါဒါန်ကံတွေဟာ ယခုမလာတာ လားဆိုလို့ရှိရင် အခုရှု၊ အခုမလာတာ (မှန်ပါ့)၊ သဘောပါပလား (ပါ,ပါပြီ)။ အခု ရှုရင် (အခုမလာတာ)။

ဒါဖြင့် အခါမလင့် အကျိုးပေးတယ်ဆိုတာ မပေါ်သေးဘူး လား (ပေါ်ပါတယ် ဘုရား)။

ပေါင်းကြစို့။ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်ရင် အကာလိကောဖြစ်၏ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)။

ဧဟိပဿိကော ခေါ်ရာကို (သန္ဒိဋ္ဌိကောနဲ့ လိုက်ရင် အကာလိကောဖြစ်တယ်)။ အကာလိကောဖြစ်၏။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အကာလိကောတော့ ဖြစ်တာသေချာပြီ ဘုရာ့၊ အရှင်ဘုရား ဒါသေသေချာချာ အကွက်ချ ပြောတာပဲ။ သဘောပါ ပလား (မှန်ပါ့)။ ဒီတရားတွေက ဘာလုပ်တတ်တဲ့ တရားတွေတုံး ဆိုတော့ ဧဟိပဿိကော တရားတွေ၊ သဘောပါပလား (မှန်ပါ့)။

ကိုယ်တိုင်မြင်အောင်လိုက်

ဘာကြောင့်တုံး၊ သူတို့က အနိစ္စတရားတွေ (မှန်ပါ့)။ ဒုက္ခသစ္စာတရားတွေ၊ မခေါ်တတ် ဘူးလား၊ ခေါ်တတ်သလား (ခေါ်တတ်ပါတယ်)၊ ဒါဖြင့် ဘာနဲ့လိုက်ရမတုံးတဲ့ (သန္ဒိဋ္ဌိကောနဲ့) သန္ဒိဋ္ဌိကော သာမံ ပဿိတဗ္ဗော၊ ကိုယ်တိုင် မြင်အောင်လိုက် (မှန်ပါ့)၊ ဘာတဲ့တုံး (ကိုယ်တိုင် မြင်အောင်လိုက်ရပါမယ်)၊ ကိုယ်တိုင်မြင်အောင် လိုက်ဆိုတော့ တဏှာနဲ့ လိုက်လို့ ရပါမလား၊ ဉာဏ်နဲ့ လိုက်ရမလား (ဉာဏ်နဲ့ လိုက်မှ ရပါမယ် ဘုရား)။

ဒါဖြင့် သန္ဒိဋ္ဌိကာကို သာမံပဿိတဗ္ဗော လို့ ဆရာထွန်း မဖွင့်ဘူးလားဗျာ (မှန်ပါ့၊ ဖွင့်ပါတယ်)၊ သာမံ၊ ကိုယ်တိုင်၊ ပဿိ တဗ္ဗော၊ ဉာဏ်နဲ့ မြင်အောင်ရှုကွ လို့ မဆိုဘူးလား (ဆိုပါတယ် ဘုရား)။

အခါမလင့် အကျိုးပေးတတ်ပါတယ်

ဒါဖြင့် ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်လို့ ရှိရင် အကာလိကော ဆိုတော့ တဏှာ ဥပါဒါန်တွေ၊ ရန်သူတွေဟာ အကုန်ချုပ်ပါတယ်။ မချုပ်ဘူးလား၊ ချုပ်သလား (ချုပ်ပါတယ် ဘုရား)။ ရန်သူချုပ်တော့ ဒီဘက်က အနာဂတ်ဒုက္ခတွေ လာပါဦး မလား (မလာပါ ဘုရား)။

ဆရာထွန်း ကြည့်စမ်း၊ ဒီအနာဂတ်ဒုက္ခတွေ ဘယ့်နှယ်တုံး၊ လာပါဦးမလား (မလာပါ ဘုရား)၊ ဘာဖြစ်လို့ မလာတာတုံးဆိုတော့ အကာလိကော အကျိုးပေးပြီးပြီဗျ။ တဏှာ ဥပါဒါန် မချုပ် သေးဘူးလား (ချုပ်ပါတယ်)၊ ချုပ်ကတည်းက ဇာတိဇရာ မရဏ ဘယ့်နှယ်နေသလဲ (မလာပါ ဘုရား)။ ဒါ အကာလိကော ဟုတ်, မဟုတ် ဟုတ်ပါတယ် ဘုရား)၊ ပေါ်ကြပလား (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဝိပဿနာတရားရှုနည်း နိဿရည်း ဘယ်လိုများ ဟောခဲ့ပါလိမ့်။

ဧဟိပဿိကောတရားတွေ

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ဧဟိပဿိကောဆိုတာက ၂ နံပါတ်အကွက်ထဲ ရှိတဲ့ တရားဟာ ဧဟိပဿိကောချည်းမှတ်ပါ (မှန်ပါ့)။ ရှုရမယ့် တရားချည်းပဲ (မှန်ပါ့)။ သဘောပါလား (ပါ,ပါပြီ)။

အဲဒါ ခင်ဗျားတို့က ဝေဒနာပစ္စယာ တဏှာနဲ့ လိုက်နေလို့ ခက်နေတာ (မှန်ပါ့)။ သဘော ကျပလား (ကျပါပြီ)၊ ပညာနဲ့ သန္ဒိဋ္ဌိကောနဲ့ လိုက်မယ်ဆိုရင်ဖြင့် ဖြစ်ပျက် မဂ်၊ မကိုက်ဘူးလား (ကိုက်ပါတယ်) ဖြစ်ပျက် (မဂ်)။

မဂ်ဆိုတာ သန္ဒိဋ္ဌိကော သဘော

မဂ်ဆိုတော့ မဂ်က သန္ဒိဋ္ဌိက သဘောကျပလား (မှန်ပါ့)၊ ခေါ်တာက ဧဟိပဿိက၊ မဂ်က ဘာပါလိမ့် (သန္ဒိဋ္ဌိကပါ) ခေါ်တာက (ဧဟိပဿိကပါ ဘုရား)၊ လိုက်တာက (သန္ဒိဋ္ဌိကပါ)။

တဏှာ၊ ဥပါဒါန်၊ ကံချုပ်တာက အကာလိကော

သူလိုက် လိုက်တဲ့အတွက် တဏှာ၊ ဥပါဒါန်၊ ကံချုပ် မချုပ် (ချုပ်ပါတယ် ဘုရား)။ အဲဒါက ဘာဆိုကြမတုံး (အကာလိကောပါ ဘုရား)။

ဪ နေရာကျလိုက်တာ၊ ဪ အလုပ်စဉ် ဘုရားက ဟောခဲ့သလား။ တို့က အလုပ်စဉ်မလုပ်ဘဲနဲ့ ဘုရားရှိခိုးနေလို့ ခက်တာလား (မှန်ပါ့)။ ဘုရားရှိခိုးနေလို့ (ခက်တာပါ)။ ဒကာ၊ ဒကာမတွေ ဘယ့်နှယ်ဆိုကြမယ် (မှန်ပါ့)၊ မမှန်နဲ့၊ ရမ်းမှန်လို့ မရဘူး ခင်ဗျားတို့၊ ခင်ဗျားတို့ အမှားတော်ကြီးက အတော်ကြီး တယ် (မှန်ပါ့)၊ မကြီးဘူးလား ကြီးသလား (ကြီးပါတယ် ဘုရား)။

အလုပ်ကို ဟောခဲ့တာ

သေသေချာချာ စဉ်းစားပါ၊ ဒကာ၊ ဒကာမတို့ ဘုန်းကြီး ပြောနေကျအတိုင်း ပြောရလို့ ရှိရင်ဖြင့် “ဧဟိပဿိကော၊ သန္ဒိဋ္ဌိကော၊ အကာလိကော” ဆိုတာ အလုပ်ကိုဟောခဲ့တယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့က ပူဇော်မှုနဲ့ လမ်းဆုံးနေတယ် (မှန်ပါ့) ဘယ့်နှယ် ဘာနဲ့ လမ်းဆုံးနေကြသလဲ (ပူဇော်မှုနဲ့ လမ်းဆုံးနေပါ တယ် ဘုရား)။ အေး ဒကာ၊ ဒကာမတို့ ဘာနဲ့ လမ်းဆုံးသလဲ (ပူဇော်မှုနဲ့ လမ်းဆုံးနေပါတယ်)။

သောက်ဆေးကို လိမ်းဆေးလုပ်နေကြတာ

ပူဇော်မှုနဲ့ လမ်းဆုံးနေတယ် ဆိုတော့ ဒကာ၊ ဒကာမတို့ ဆေးအလွဲသုံးပေါ့ (မှန်ပါ့)။ ဘယ့်နှယ် ဆိုကြမလဲ (ဆေးအသုံး လွဲနေပါတယ် ဘုရား)၊ သောက်ဆေးကို လိမ်းဆေးလုပ်ပဟ (မှန်ပါ ဘုရား)။

ဒကာ၊ ဒကာမတို့ ဘယ့်နှယ်ဆိုကြမလဲ (သောက်ဆေးကို လိမ်းဆေးလုပ်နေပါတယ်)၊ ဘယ်တော့ ရောဂါပျောက်မလဲ (မပျောက်ပါ ဘုရား)၊ ဒကာ၊ ဒကာမတွေ (မပျောက်ပါ ဘုရား)၊ ဘယ်နည်းနဲ့ ပျောက်မတုံး (မပျောက်နိုင်ပါ)။

သောက်ဆေးကို သောက်ဆေးလုပ်ရင် ပျောက်မယ်နော် (မှန်ပါ့ ဘုရား)၊ သောက်ဆေးကို လိမ်းဆေးအဖြစ်နဲ့ သုံးရင်ကော (မပျောက်နိုင်ပါ ဘုရား)၊ ပျောက်ပါ့မလား မပျောက်ပါ ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သောက်ဆေးကို ပဓာနထားပါ

ဒါဖြင့် ဒီကရှေ့ ဘယ်လိုသုံးကြမလဲ (သောက်ဆေးကို သောက်ဆေးအဖြစ် သုံးရမယ်)၊ သောက်ဆေး၊ သောက်ဆေးပဲလုပ် ပါ (မှန်ပါ့)၊ လိမ်းချင်လို့ရှိရင် ခဏပဲ ဘုရားရှေ့သွားပူဇော်လိုက် တာပေါ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ လိမ်းဆေး ကို ပဓာနမထားပါနဲ့၊ ဘာ ပဓာန ထားရမတုံး (သောက်ဆေးကို ပဓာနထားရပါမယ်)၊ သောက်ဆေး ပဓာနထားရမယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သခင်ဝတင်တို့ ဘယ်လိုအသုံးချကြမလဲ (သောက်ဆေး အသုံးချရပါမယ်)၊ သောက်ဆေးပဲ လုပ်ပါ ဆိုတာဖြင့် ဒကာ၊ ဒကာမတွေ သေသေချာချာ မှတ်ပါနော် (မှန်ပါ့)။

သောက်ဆေး ဟုတ်တယ်၊ မဟုတ်တယ်ဆိုတာကိုလည်း ဘုန်းကြီးက အထူးပြောစရာ မလိုပါဘူး။ ခင်ဗျားတို့က ပါဠိနားမလည် လို့ ဧဟိ- လာခဲ့ပါ၊ ပဿ- ရှုပါဆိုတော့ ရှိခိုးပါ ခိုင်းသလား (ရှုပါ – လို့ခိုင်းတယ်)၊ ကဲ သောက်ဆေး ဟုတ်, မဟုတ်၊ မဟုတ်ပေဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဖြစ်ပျက်တရားက ဒုက္ခသစ္စာက ဧဟိ- လာခဲ့ပါ၊ ပဿ- ကျုပ်ကိုရှုပါ၊ မပြောဘူးလား (ပြောပါတယ် ဘုရား)၊ ဘာဆေးလို့ သူကပြောသလဲ (သောက်ဆေးလို့ ပြောပါတယ် ဘုရား)၊ ခင်ဗျား တို့က ဘာလုပ်သတုံး (လိမ်းဆေးလုပ်ပါတယ် ဘုရား)။

ဟာ သွားပြီ၊ သွားပြီ၊ သေသေချာချာ နာတာပဲ၊ ဒီဥစ္စာ၊ သေသေချာချာ နာတယ်ဆိုတာ ဒကာ၊ ဒကာမတွေ ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ လိမ်ဆေးဟာ ကျေးဇူးမရှိဘူးလားလို့ မေးတော့ ဟေ့ အနာငြိမ်ရုံပဲရှိတယ်၊ အနာမပျောက်ဘူး၊ သမထကိုးဗျ (မှန်လှပါ)။

ဆရာထွန်း အနာငြိမ်ရုံပဲ ရတယ် (မှန်ပါ့)၊ ပျောက်သွား ရဲ့လား (မပျောက်ပါ ဘုရား)၊ သောက်ဆေး လုပ်လိုက်ရင်တော့ (ပျောက်သွားပါတယ်)။

အနာပျောက်တာ မကြိုက်လျှင်

ဒါဖြင့် ခင်ဗျားတို့က ငြိမ်ရုံကြိုက်တယ်၊ ပျောက်တာ မကြိုက် ဘူး (ဟုတ်ပါတယ် ဘုရား)။ အဓိပ္ပာယ် ဒီမရောက်ဘူလား (ရောက်ပါတယ် ဘုရား)၊ အနာငြိမ်သွားတော့ (ကြိုက်ပါတယ် ဘုရား)၊ ပျောက်သွားရင်တော့ (မကြိုက်ပါ ဘုရား)၊ တကယ်ရူးတဲ့ လူတွေပါလား။

ပျောက်တာကို မကြိုက်ဘူးဆိုတော့ ဒီထက်ရူးတာရှိသေးရဲ့ လား (မရှိပါ ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ)၊ အင်မတန် ဆိုးရွားနေတာကို ဖော်ပြနေပါတယ် (မှန်ပါ့)၊ မပြောသင့်ဘူးလား (ပြောသင့်ပါတယ် ဘုရား)။

ပြောသင့်တယ်လို့ ဒီဒကာ၊ ဒကာမတွေထဲမှာ မရင်းတာ မပါဘူး (မှန်ပါ့)၊ အကုန် ဆရာ၊ ဒကာတွေဖြစ်နေကြတယ်ဆိုတာ သိပြီးသားတွေ၊ အဲဒါအမှန်ကို ပြောပေါ့ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (အမှန်ကို ပြောတယ်လို့ ဆုံးဖြတ်ချက်ချပါတယ် ဘုရား)၊ လျှော့ဈေးလား၊ အမှန်အတိုင်းလား (အမှန်အတိုင်းပါ ဘုရား)။

မဇ္ဈိမ ပဋိပဒါဆေး

တင်းဈေးလား၊ အမှန်အတိုင်းလား ဆိုတော့ (တင်းဈေး ပါ ဘုရား)၊ တင်းဈေး ဆိုတော့လည်း ဒိဋ္ဌိဘက် လွန်သွားတယ်၊ လျှော့ ဈေးဆိုတော့လည်း ခင်ဗျားတို့က အတ္ထကိလမထနုယောဂဘက် သက်တယ်၊ ဒါကြောင့် သစ္စာကိုင်ဟောတဲ့ မဇ္ဈိမပဋိပဒါလမ်း အမှန် ဆေးလို့မှတ်ပါ (မှန်လှပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဆရာထွန်း၊ နားကြီးကြီးနဲ့ ထောင်တော့ ရှင်းမသွားသေး ဘူးလား (မှန်ပါ့ ရှင်းသွားပါတယ်)။ ရှင်းတယ်နော်၊ ဆရာထွန်းက ညံ့တာ မဟုတ်ဘူး။ ဒီစာတွေကို (ဘုရားဟောထားတဲ့ စာတွေ ကို) မှားရင် မြင်မယ် ဆိုတဲ့ ဗုဒ္ဓဝင် အယ်ဒီတာတောင် လုပ်နေသေးတာ ညံ့တာမဟုတ်ဘူး၊ သူက။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ချွတ်ယွင်းချက်များရှိလို့ ရှိရင် ကူညီမယ်ဆိုတဲ့ သဘောဟာ ဆရာထွန်းကြီးပါပဲ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ဧဟိပဿိကောခေါ်ရာ ကို (သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ်)။ ဘယ်လိုများ အကျိုးပေးမတုံး (အကာလိကော အကျိုးပေးပါမယ် ဘုရား)။ အကာလိကော၏ အဓိပ္ပာယ်က ဘာပါလိမ့် (အခါမလင့် အကျိုးပေးတယ်)။

မြန်မြန်အကျိုးပေးတာကြိုက်ရင် ဝိပဿနာလုပ်

ဒါဖြင့် မြန်မြန်အကျိုးပေးတာကြိုက်ရင် ဝိပဿနာလုပ် (မှန်ပါ့)။ နှေးနှေးမှ အကျိုးပေးတာ လုပ်ချင်လို့ ရှိရင်ဖြင့် တရားကို ပူဇော်ကြ (မှန်ပါ့)။ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ဘုရားရှေ့သွားပြီး ဧဟိပဿိကော သြပနေယျကော ပစ္စတ္တံ ဝေဒိတဗ္ဗော လို့ သွားရွတ်၊ နှေးနှေးတော့ ပျောက်ပါလိမ့်မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဟာ တပည့်တော်ဟာ ဝိပဿနာပဲ အသုံးချမယ်ဆိုရင် မြန်မြန်ပျောက်မယ် (မှန်ပါ့)၊ ဒကာ၊ ဒကာမတွေ မြန်မြန်ပျောက်နဲ့ အနှေးပျောက် ဘယ်ဟာကြိုက်သတုံး (အမြန်ပျောက်တာကြိုက်ပါ တယ် ဘုရား)။

ဒါတော့ ခင်ဗျားတို့က ကြိုက်တယ်သာပြောတာ၊ ခုတော့ နှေးနှေးမှ ပျောက်ချင်ကြတယ်။

ဒီအဓိပ္ပာယ်မရောက်ကြဘူးလား (ရောက်ပါတယ် ဘုရား)။ အဲဒါကြောင့် ပြင်ကြပါဦး၊ ဆင်ကြပါဦးဆိုပြီး ဆရာဘုန်းကြီး က လာပြီးတော့ ဦးသံဒိုင်တို့၊ ဦးထွန်းရင်တို့၊ ဦးသန်းမောင်တို့၊ ဦးမာဒင်တို့၊ ဦးအောင်ဇံဝေတို့ ဒီလူတွေကြောင့် ဘုန်းကြီးရောက် လာတယ်။ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဝိပဿနာအလုပ်စဉ် ဘယ်မှာ ဟောခဲ့သတုံး

ကောင်းပြီ။ ဒကာ၊ ဒကာမတို့ ဒါဖြင့် ဝိပဿနာလုပ် တတ်ပလား လုပ်တတ်ပါပြီ)။ ဝိပဿနာ လုပ်စဉ် ဘယ်မှာဟောခဲ့ သတုံး။ တရားဂုဏ်တော်ခြောက်ပါးမှာ ဟောခဲ့တယ် (မှန်ပါ့)။ ဝိပဿနာ အလုပ်စဉ် ဘယ်မှာဟောခဲ့ပါလိမ့် (တရားဂုဏ်တော် ခြောက်ပါးမှာ ဟောပါတယ်)။

အလုပ်စဉ်များ ရကြရဲ့ လားလို့ ဆိုလို့ ရှိရင် ဒီအထဲမှာ “သွာက္ခာတော ဘဂဝတာ ဓမ္မာ” က စပြီးသကာလ “ပစ္စတံ ဝေဒိတဗ္ဗော ဝိညူဟိ” ကျအောင် မရတဲ့ပုဂ္ဂိုလ် ရှာမှရှား (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။ ရတဲ့ပုဂ္ဂိုလ် များကြ ရဲ့လား (များပါတယ် ဘုရား)။

အလုပ်လုပ်တဲ့ ပုဂ္ဂိုလ် ပါ၊ မပါ

လုပ်တဲ့ပုဂ္ဂိုလ် ပါရဲ့ လားမေးရင် (မပါ, ပါ ဘုရား)။ ဟာ ခွကျတာပေါ့ဗျ။ ဒါဖြင့် သမထတော့ သူတို့ သန်တယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာ လုံးဝမလုပ်ဘူး (မှန်ပါ့)။ ဟောတာက သမထ ကို ဟောသလား၊ ဝိပဿနာကို ဟောသလား (ဝိပဿနာကို ဟောပါတယ် ဘုရား)။

ကိုင်း ဒကာ၊ ဒကာမတို့ သွာက္ခာတော ဘဂဝ တာ ဓမ္မာ၊ ဘဂဝတာ- မြတ်စွာဘုရားသည်၊ သွာက္ခာတော- မင်းတို့ ကောင်းအောင် ဟောထားတာ၊ နိဗ္ဗာန်ရောက်အောင် ဟောထား တာ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ရောက်မည့် တရားကို ခင်ဗျားတို့က ဗြဟ္မာပြည် ရောက်ကြောင်း လုပ်ပြီး သုံးတယ် (မှန်ပါ့ ဘုရား)။ သဘောပါရဲ့ လား (ပါ,ပါတယ် ဘုရား)။ နိဗ္ဗာန်ရောက်ကြောင်း ဟောထားတဲ့ သွာက္ခာတော ဘဂဝတာ ဓမ္မောလို့ သူဟာ အစ မပါဘူးလား (ပါ,ပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့က ဘုရားရှေ့သွားပြီး ပူဇော်ကြတယ်။ ပူဇော်ကြတဲ့အတွက် ဘုန်းကြီးများက ဒကာ၊ ဒကာမတို့ ဆေးအသုံး မတတ်သေးဘူးဆိုပြီး လာပြင်တာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိ ပါပြီ)။ မောင်ဆွေတင် ဘာတဲ့ကွာ (လာပြင်တာပါ)။

ဆေးအသုံးမတတ်လို့ လာပြင်ပေးတာ

ဆေးအသုံးမတတ်လို့ လာပြီး ပြင်ပေးနေရတယ်။ အနောက်နိုင်ငံ ဆေးတွေတော့ ဒါရိုက်ရှင်းတွေ ဘာတွေနဲ့ အကုန်ပြ ပါတယ်။ ခင်ဗျားတို့ ဆရာဝန်တွေက ကောင်းကောင်းနားမလည် တော့ ဟိုက ကွန်ပေါင်း လာလုပ်ပေးရမယ် (မှန်ပါ့ ဘုရား)။

အတော်ကျပ်နေသားဗျ (မှန်ပါ့)။ အင်မတန် မဆိုးရွားဘူး လား (ဆိုးရွားပါတယ်)။ အဲဒီ လောက်တောင် ခင်ဗျားတို့ အရုပ်ဆိုး နေလို့ ဘုန်းကြီးများကလည်း ပါရမီနဲ့မို့၊ ကဲ သိပါစေတော့ ကျင့်ပါ စေတော့ ကြံပါစေတော့ ဆိုပြီး ဒါအလုပ်တရားကွ၊ ရှိခိုးရမည့် တရား မဟုတ်ဘူးလို့ လာပြောတာ သဘောပါကြရဲ့လား (ပါ,ပါတယ်)။

အလုပ်တရား၊ အလုပ်လုပ်ရင် နိဗ္ဗာန်ရောက်တယ်

အလုပ်တရား ရှိခိုးရမည့် တရားလား (အလုပ်တရားပါ ဘုရား)။ သို့သော် ခင်ဗျားတို့ ဘယ်နေရာ အသုံးချသလဲ (ရှိခိုးနေပါတယ် ဘုရား)။

ဪ ခက်နေပြီ။ အဲဒီတော့ ဘုရားက ဟောရှာတယ်။ ငါဘုရားရှိခိုးရင် သုဂတိရောက်မယ်ကွ၊ သဘောကျပလား (ကျပါပြီ)။

ငါဘုရားဟောတဲ့အတိုင်း အလုပ်လုပ်ရင် နိဗ္ဗာန်ရောက်မယ် ကွ၊ ဘုရားက နှစ်ခွန်းသုံးတယ် (မှန်ပါ့)။ မှတ်မိရဲ့လား (မှန်ပါ့)။

ငါဘုရားကို ရိုသေကိုင်းညွတ် ရှိခိုးရင် ဘယ်ရာက်မတုံး (သုဂတိရောက်ပါတယ်)၊ ဆရာထွန်း တွေ့ဖူးတယ်နော် (မှန်ပါ့)။ တွေ့ဖူးတယ်တဲ့ ခင်ဗျားတို့။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ငါဘုရားပြောတဲ့အတိုင်း ကျင့်ကြံရင် ဘယ်ရောက်မတုံး (နိဗ္ဗာန် ရောက်ပါတယ်)။

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကိုက နှစ်စား မဟောခဲ့ဘူးလား (ဟောခဲ့ပါတယ်)။

တရားဂုဏ်တော် ရှိခိုးရင် သုဂတိ (မှန်ပါ့)၊ ဘုရားဂုဏ် တော်ရှိခိုးရင် (သုဂတိ)၊ သုဂတိ ကုသိုလ်ရမယ်၊ နိဗ္ဗာန် ရပါ့မလား (မရပါ ဘုရား)။

နိဗ္ဗာန်ရချင်ရင် သူဟောတဲ့အတိုင်းကျင့်မှ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့လိုက်မှ အကာလိကောဖြစ်မယ် (မှန်လှပါ ဘုရား)။ မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ)၊ ရှင်းပလား (ရှင်းပါပြီ။

ဒါဖြင့် ဒကာ၊ ဒကာမတို့ အလုပ်တရားသည် ဘယ်နေရာ မှာများ ဟောခဲ့ပါလိမ့်မတုံး၊ မြန်အောင် ဦးတင် ပြောစမ်း (တရား ဂုဏ်တော်ခြောက်ပါးမှာပါ ဘုရား)။ တရားဂုဏ်တော် ခြောက်ပါးမှာ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘယ်နေရာမှာ ဟောခဲ့သလဲ (တရားဂုဏ်တော် ခြောက်ပါးမှာပါ ဘုရား)။ တရားဂုဏ်တော်ခြောက် ပါးမှာ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဘယ်နေရာမှာ ဟောခဲ့ သလဲ (တရားဂုဏ်တော်ခြောက်ပါးမှာပါ ဘုရား)။

တရားဂုဏ်တော်တရား၏ အလုပ်စဉ်ခြောက်ပါးသည် ဒကာ၊ ဒကာမတို့ ရပြီးနေငြား သော်လည်း ကျုပ်တို့ ရပြီးသားပဲ ဒီဥစ္စာ၊ ရတဲ့အတိုင်း မလုပ်လို့ နိဗ္ဗာန်မရောက်တာလို့ မှတ်လိုက် (မှန်ပါ့ ဘုရား) ရတဲ့အတိုင်း (မလုပ်လို့ နိဗ္ဗာန်မရောက်တာပါ ဘုရား)။

မလုပ်လို့ နိဗ္ဗာန်မရောက်တာဆိုတာကော သေချာကြ ပလား (သေချာပါတယ်)၊ ရတဲ့အတိုင်း ပူဇော်နေလို့ နိဗ္ဗာန်မရောက် တာ (မှန်ပါ့)၊ ရတဲ့အတိုင်းလုပ်ရင် (နိဗ္ဗာန်ရောက်ပါမယ်)။

ကြည့် ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့လိုက်ရင် အကာလိကောဆိုတဲ့ တဏှာ၊ ဥပါဒါန်၊ ကံချုပ် မချုပ် (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် တဏှာငြိမ်း နိဗ္ဗာန်၊ ဥပါဒါန်ငြိမ်း နိဗ္ဗာန်၊ ကံပြတ်ရင် လည်း နိဗ္ဗာန်ပဲ (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါတယ်)၊ ရှင်းကြပလား (ရှင်းပါတယ်)၊

အင်မတန်မှ ဒကာ၊ ဒကာမတွေ ရှင်းလင်းအောင် ပြောနေ တယ်ဆိုတာ သဘောပါကြပလား (ပါ,ပါပြီ)။

ကိုင်း ရှေ့ဆက်ပါဦး။ အကာလိကောပြီးတော့ ဘာလာ သတုံး (သြပနေယျကော လာပါတယ် ဘုရား)။

ဖြစ်ပျက်က ဆွဲဆောင်နေပါတယ်

ဟော ခင်ဗျားတို့ စိတ်ကို ဖြစ်ပျက်က ဆွဲဆောင်နေပါ တယ်တဲ့ (မှန်ပါ့)။ ဖြစ်ပြီးပျက်တဲ့ တရားက ခင်ဗျားတို့စိတ်ကို မလာ၊ လာအောင် ဆွဲဆောင်နေတယ် (မှန်ပါ့)၊ သူကဆွဲဆောင်မှသာလျှင် နိဗ္ဗာန်ရောက်မှာကိုးဗျ (မှန်ပါ့)၊ ဆရာထွန်း ရှေးဦးစွာ သူက မဆွဲ ဆောင်ရပေဘူးလား (မှန်ပါ့၊ ဆွဲဆောင်ရပါတယ်)။ နောက်ဆုံး ပိတ်ကျတော့ နိဗ္ဗာန်က ဆွဲဆောင်တာပေါ့ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ကျုပ်မှာ အနာပေါက်နေ ပါတယ်။ ခင်ဗျားလာကြည့်စမ်းပါ ဆိုတဲ့ဥစ္စာ “အတ္တနော စိတ္တံ ဥပနေ တဗ္ဗော” တဲ့။

ခင်ဗျားတို့၏ ဉာဏ်စိတ်ကို ဒီကနေ ဖြစ်ပျက်က ဆွဲဆွဲနေ တယ်။ လာခဲ့စမ်းပါ။ ကျုပ်ဆီ မရောက် ရောက်အောင် လာစမ်းပါ။ ကျုပ်ဘာဖြစ်နေတယ်ဆိုတာ ခင်ဗျားသိရအောင်ဆိုတော့ ဒုက္ခသစ္စာ အဖြစ်ကို ပြောပြောနေတယ် (မှန်ပါ့)။ ခင်ဗျားတို့က ဉာဏ်နဲ့ မလိုက်တော့ ခက်နေတယ်။ သဘောကျပလား (ကျပါတယ်)။

ဒုက္ခဆုံးမှ နိဗ္ဗာန်

သူ့ဆီလိုက် လိုက်လို့ရှိရင် သူဆုံးရင် နိဗ္ဗာန်က မခေါ်ပေ ဘူးလား (ခေါ်ပါတယ်) နိဗ္ဗာန်က ရှေးဦးစွာ ခေါ်နိုင်သလား၊ သူဆုံး ပြီးမှ ခေါ်နိုင်သလား (ဆုံးပြီးမှ ခေါ်နိုင်ပါတယ် ဘုရား)။

“ဒုက္ခဿ အန္တံ ကရိဿတိ” ကိုး။ ဒုက္ခဆုံးမှ နိဗ္ဗာန်က ပေါ်မှာ (မှန်ပါ့) ဒုက္ခမဆုံးရင် (မပေါ်နိုင်ပါ ဘုရား)။

ဒါဖြင့် ဒုက္ခခေါ်ရာကို ခင်ဗျားတို့က လိုက်ပါ။ နောက်ကျ တော့ လိုက်တဲ့အခါကျတော့ ဒုက္ခခေါ်ရာ မလိုက်ချင်ဘူးဆိုတဲ့ ဉာဏ်တွေလာမလား၊ မလာဘူးလား (လာပါတယ်)။

အဲဒီလာတဲ့အခါကျတော့ ဒုက္ခတွေချုပ်ပြီးတော့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်က အစစ်ခေါ်လိမ့်မယ် (မှန်ပါ့)။

ပထမတော့ ဒုက္ခခေါ်ရာလိုက်နော် (မှန်ပါ့)၊ ကြာတော့ လိုက်ဖန်များတော့ ဒုက္ခကို မမုန်းပေဘူးလား (မုန်းပါတယ်)။ ဒုက္ခ လိုချင်သေးရဲ့လား (မလိုချင်ပါ)။ မလိုချင်တော့ ဒီဒုက္ခတွေ အကုန် ချုပ်မယ်၊ ချုပ်တဲ့အခါကျတော့ ဒီနေရာမှာ ဘယ်သူပေါ်မလဲ၊ မေး ကြည့်ပါ၊ နိဗ္ဗာန် ပေါ်လာလိမ့်မယ် (မှန်ပါ့)၊ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒီကျတော့ “အတ္တနော စိတ္တံ ဥပနေတဗ္ဗော” မိမိစိတ်ကို နိဗ္ဗာန်က ဆွဲဆောင်ပြီလို့ မှတ်ပါ၊ ပထမ ဒုက္ခခေါ်ရာသာလိုက်၊ တော်တော်ကြာ နိဗ္ဗာန်နဲ့ သွားတွေ့မယ်၊ မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။

ပညာရှိမှ မဂ်ရမယ်

အဲဒီတော့ ‘‘သြပနေယျိကော ပစ္စတ္တံ ဝေဒိတဗော ဝိညူဟိ” ဒကာ၊ ဒကာမတွေ ရွတ်စမ်း၊ ဒါ ဘာလဲ (ပစ္စတ္တံ ဝေဒိတဗ္ဗာ ဝိညူဟိ) ပစ္စတ္တံဝေဒိတဗော ဝိညူဟိ။

ဝိညူဟိ- ပညာရှိတို့ သည်။ ပစ္စတ္တံ- အသီးသီး၊ ဝေဒိ တဗ္ဗော- ရအပ်၏။

ပညာရှိမှ မဂ်ရမယ်ပြောတာ (မှန်ပါ့)၊ ဒကာ၊ ဒကာမတို့ -ဘာတဲ့တုံး ဆရာထွန်း (ပညာရှိမှ မဂ်ရမယ်) ပထမ ပညာရှိလို့ ရှိရင် သောတာပတ္တိမဂ်ရမယ်။

ဒီထက် ထက်တဲ့ပညာရှိလို့ ရှိရင် သကဒါမိမဂ် မရပေဘူး လား (မှန်ပါ, ရပါတယ်)။

ဒီထက် ထက်တဲ့ပညာရှိရင် (အနာဂါမိ မဂ်ရမယ်)။

ဒီထက် ထက်တဲ့ပညာရှိရင် (အရဟတ္တမဂ် ရပါတယ် ဘုရား)။

ဒါဖြင့် အသီးသီးရ ရမယ်ကွတဲ့။ ရိပ်မိပလား (မှန်ပါ့)။ ဒါဖြင့် မဂ်ရချင်လို့ရှိရင်ဖြင့် ဒကာ၊ ဒကာမတို့ ခေါ်ရာလိုက်မှရမယ် (မှန်ပါ့)။ ခေါ်ရာမလိုက်ရင် (မရပါ)၊ ရစရာ မြင်သေးရဲ့ လား (မမြင်ပါ ဘုရား)။

ဒါဖြင့် ဆရာထွန်းက သောတာပတ္တိမဂ်ရပြီ။ ဖြစ်ပျက်မြင်လို့ မဂ်ဝင်ပြီ၊ မဂ်ဝင်လို့ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိ အုပ်ချုပ်တဲ့ ကံသေပြီ ဆိုပါတော့ဗျာ (မှန်ပါ့)။ မသေနိုင်ဘူးလား (သေနိုင်ပါတယ်)။

ပထမပဋိစ္စသမုပ္ပာဒ် မပြတ်ဘူးလား (ပြတ်ပါတယ်)။ ပြတ်တော့ ဆရာထွန်းကို သောတာပန် ပုဂ္ဂိုလ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ်)။ သောတာပတ္တိမဂ် ပုဂ္ဂိုလ်လို့ ကော (ဆိုနိုင်ပါတယ်) အဲဒီမဂ်တွေကို ခင်ဗျား သားသမီးတွေရှိတယ်။ ရော့ဟေ့လို့ ပေးလို့ ရရဲ့ လား (မရပါ ဘုရား)။

ဒါကြောင့် ပစ္စတ္တံ၊ အသီးသီး၊ ဝေဒိတဗ္ဗော၊ ခံစားအပ်၏။ သူရတာ သူသာပိုင်တယ်။ အမျှပေးလို့ မရဘူးကွ (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ) အမျှပေးလို့ရရဲ့လား (မရပါ)။

အမျှပေးလို့မရတော မဂ်ကုသိုလ်

ဒါဖြင့် ခင်ဗျားတို့ အမျှပေးလို့မရတဲ့ ကုသိုလ်ဟာ မဂ် ကုသိုလ်၊ ပေါ်ပလား (ပေါ်ပါပြီ)။ အမျှပေးလို့မရတဲ့ ကုသိုလ်ဟာ (မဂ်ကုသိုလ်ပါ ဘုရား)။

အမျှပေးလိုက်လို့ ရတဲ့ကုသိုလ်ဟာ မခိုင်တဲ့ ကုသိုလ်မို့ ခင်ဗျားတို့ အလှူပေးတဲ့ကုသိုလ်၊ သီလ ဆောက်တည် လို့ရတဲ့ ကုသိုလ် အမျှပေးလို့ရတယ် (ရပါတယ်)။ သဘောကျပလား (ကျပါပြီ ဘုရား)၊ အလှူပေးတဲ့ ကုသိုလ် အမျှပေးရင် ရပါတယ် (မှန်ပါ့)။ သီလဆောက်တည်တဲ့ ကုသိုလ် (ရပါတယ်)။

မဂ်ကုသိုလ် ခန္ဓာထဲရောက်တယ်၊ အမျှပေးလို့ (မရပါ ဘုရား)။

ခိုင်မြဲတဲ့ကုသိုလ် ကိုယ်ပိုင်အရယူပါ

ဒါဖြင့် မရတဲ့ကုသိုလ်နဲ့ ရတဲ့ကုသိုလ် ဘယ်သူက ခိုင်မြဲ၊ ဘယ်သူက မခိုင်မြဲလို့ မရတာတုံး ဆိုတာ အကဲခတ်စမ်း (မဂ် ကုသိုလ်ဘက် ခိုင်မြဲပါတယ် ဘုရား)။

ဒါကြောင့် မဂ်က ခိုင်မြဲလို့ “သမ္မတ္တနိယတာ ဓမ္မာ” လို့ ဟောလိုက်တယ် (မှန်ပါ့)။ ဒကာ၊ ဒကာမတွေ နားလည်းသွား လား (မှန်ပါ့)၊ မဖောက်ပြန်ဘဲနဲ့ မြဲတယ်လို့ မဆိုဘူးလား (ဆိုပါ တယ် ဘုရား)။

အဲဒီ မြဲတဲ့ကုသိုလ်ရမှ ခင်ဗျားတို့ အပါယ်လေးပါး တံခါး ပိတ်မယ်၊ မမြဲတဲ့ ကုသိုလ်ဟာ

“ဥက္ခိတာ ပုညတေဇေန၊

ကာမရူပဂတိံ ဂတာ၊

ဘဝဂ္ဂတမ္ပိ သမ္ပတ္တာ၊

ပုနာဂစ္ဆန္တိ ဒုဂ္ဂတိ”

ဆိုတဲ့အတိုင်း ပြန်ကျမယ် (မှန်ပါ့)၊ မကျပေဘူးလား (ကျပါတယ်)။

ဒါဖြင့် မြဲတဲ့ကုသိုလ်နဲ့ မမြဲတဲ့ကုသိုလ် ဘယ်ဟာ ကိုယ်ပိုင် လုပ်ဖို့ အရေးကြီးပါလိမ့် (မြဲတဲ့ ကုသိုလ်ကို ကိုယ်ပိုင်လုပ်ဖို့ အရေး ကြီးပါတယ်)။

ဒါဖြင့် ဝိပဿနာလုပ်၊ ဝိပဿနာမဂ် အဆုံးမှာ လောကုတ္တရာ မဂ်လာမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။