တစ်ဘဝတည်းနဲ့ နိဗ္ဗာန်ရောက်စေချင်လို့ (သေမင်းတမန်)
မှတ်ချက်။ ။စာအုပ်ပါရက်စွဲနှင့် အသံဖိုင် ကိုက်ညီမှု မရှိပါ။
ရှေ့ပိုင်း တရားနာနည်း၊ အလယ်ပိုင်း ယမမင်းထံအစစ်ခံရပုံ နောက်ပိုင်း စိတ္တာနုပဿနာ ရှုနည်း ပါဝင်ပါသည်။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ဟောကြားတော်မူသောတရားတော်
တစ်ဘဝတည်းနဲ့ နိဗ္ဗာန်ရောက်စေချင်လို့
(သေမင်းတမန်)
(၁၅-၈-၆၁)
တစ်ဘဝတည်းနဲ့ နိဗ္ဗာန်ရောက်အောင်လို့
အားလုံး တရားနာလာကြတဲ့ ဒကာ ဒကာမတွေ ဘုန်းကြီး များကလည်း တစ်ဘဝတည်းနဲ့ နိဗ္ဗာန်ရောက်အောင် ဟောလိုတဲ့ ဆန္ဒပြင်းပြလို့ အပင်ပန်းခံပြီး သကာလ၊ ဒကာ ဒကာမတွေကို ကယ်ယူနေတယ် ဆိုတာလဲ စိတ်ချလက်ချမှတ်ပါ။
ဒကာ ဒကာမ တွေကလဲ ဪ-ငါတို့ဟာ တရားတော့ နာပြီ။ ငါတို့ဒုက္ခ ငါတို့ ကျွတ်ဖို့ရာဟာ ငါတို့ အရေးကြီးလို့ ငါတို့အလုပ် ငါတို့လုပ်နေတာလို့ဆိုပြီး သကာလ ကျပ်တယ်၊ အိုက်တယ်၊ လူတွေက များလွန်း တယ်၊ ခဲယဉ်းလိုက်တာ ဆိုတာတွေဘက် မလှည့်ဘဲနဲ့ ကိုယ့်ဒုက္ခ ကျွတ်ဖို့အရေး ကိုယ်ကြိုးစားနေတာဆိုပြီးသကာလ လူကျပ် လေလေ ခန္ဓာကြီးထဲမှာ ဒုက္ခရှိတာ ပေါ်လေလေ (မှန်ပါ)။
ဒကာကြွယ် ခန္ဓာကြည့်လိုက်တဲ့ အခါကျတော့ လူတွေ က တိုးဝှေ့နေရလေလေ၊ ဒုက္ခသစ္စာကြီးက အရင်ထက် ထင်ရှား လေလေဆိုတာ ပေါ်လာတယ် (မှန်ပါ ဘုရား)။
သစ္စာဉာဏ်ရပါလိမ့်မယ်
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာဒုက္ခ သစ္စာကို၊ ဒီအတိုင်း တစ်ယောက်တည်း နေတဲ့အခါ ဒါလောက် မပေါ်ဘဲနဲ့ အားလုံးရဲ့ အငွေ့တွေနဲ့၊ ကျပ်တည်းကျဉ်းမြောင်း တာတွေနဲ့ ကြည့်လိုက်တဲ့ အခါကျတော့မှ ဪ ဒီခန္ဓာကြီး ဟာ သူများက ဒုက္ခပေးတာ မဟုတ်ဘူး၊ သူ့အထဲမှာ ပူတဲ့ ဓာတ် တွေက အပူလောင်တာပဲ။ သူ့အထဲ ညောင်းတတ်တဲ့ ဝေဒနာတွေပေါ်လို့ ဒီဝေဒနာ တွေကြောင့် ညောင်းတာပဲ ဆိုပြီး သကာလ ဒုက္ခသစ္စာလဲကြည့်၊ ဒုက္ခသစ္စာကို ဆရာဘုန်းကြီး၊ ပြောတာကိုလဲ ဒကာ ဒကာမတွေက ဉာဏ်နဲ့ဦးတည်။ ဘုန်းကြီး ပြောတာနဲ့၊ ဉာဏ်က ပြောတာနဲ့ နှစ်ခုကိုက်သွားလို့ ရှိရင်ဖြင့် သစ္စဉာဏ် ရပါလိမ့်မယ် ဆိုတာ ဒကာကြွယ် မှတ်ရမယ် (မှန်ပါ)။
ခန္ဓာကလည်း ဒုက္ခသစ္စာပဲ ပြောပါလိမ့်မယ်၊ ဉာဏ်ကလဲ ဒကာ ဒကာမတွေက -ဒုက္ခသစ္စာမို့ ဒုက္ခမှတစ်ပါး ဘာမှ မရှိလို့ ညောင်းတာတွေ၊ ကိုက်တာတွေ၊ ခဲတာတွေ၊ အိုက်တာတွေ၊ ပူတာတွေ ပေါ်လာတာဟာ သူများကြောင့်လို့ ထင်ပြီး သကာလ မနေဘဲနဲ့ ခန္ဓာထဲက ပေါက်ပွားလာတဲ့ ဓမ္မတွေပဲ ဆိုပြီး သကာလ ခန္ဓာ့ဒုက္ခသစ္စာကို ဉာဏ်နဲ့ကြည့်ပြီး သကာလ ဘုန်းကြီး က၊ ခန္ဓာက ဒုက္ခသစ္စာ ဆိုတော့ ဒကာ ဒကာမတွေက ကိုယ့်ခန္ဓာ ကိုယ်ကြည့်ပြီး ဉာဏ်က ဟုတ်ပေသားပဲဆိုတာ လိုက်ရုံပဲ (မှန်ပါ ဘုရား)။
ခန္ဓာက ဒုက္ခသစ္စာ
ခန္ဓာက ဒုက္ခသစ္စာနော် (မှန်ပါ)၊ ခန္ဓာက ဒုက္ခသစ္စာကို ဉာဏ်က ဪ ဟုတ်သားပဲ၊ ဆရာဘုန်းကြီး ပြောတာနဲ့၊ ခန္ဓာက ပြောနေတာနဲ့ တစ်ထပ်တည်းပဲ ဆိုလို့ရှိရင် သစ္စာဉာဏ် ဆိုတာ ရသွားပြန်လို့ ရှိရင်လည်း ဒကာ ဒကာမတို့ သာသနာတွင်း တရားနာထဲ ရောက်သောကြောင့် ပဋိစ္စသမုပါဒ် ပြတ်သွားပါ တယ် (မှန်ပါ)။
ပဋိစ္စသမုပါဒ်ပြတ်သွားလို့ရှိရင်လည်း ပဋိစ္စသမုပါဒ်က အရင်သီတင်းက ဝေသလို ခန္ဓာဟာ ၂-နံပါတ် ထဲမှာ ခန္ဓဒုက္ခသစ္စာ ရှိတာကို၊ ဒုက္ခသစ္စာလို့ သစ္စဉာဏ်ဖြင့် သိလိုက်ပြီဆိုမှဖြင့် အဆက်ကလေး ပြတ်သွားပြီး တတိယနံပါတ်ကို မကူးဘဲနဲ့ ဪ -သစ္စဉာဏ်ဟာ တတိယ သမုဒယသစ္စာ ချုပ် စေပါလား ဆိုတာ ပေါ်လာတယ် (မှန်ပါ)။
ဒီဒုက္ခခန္ဓာက ယူလာတာ
အဲဒါကြောင့် နောက်လည်း ထောက်ပြီး သကာလ ဒကာ ဒကာမတွေကို ပြပါ့မယ်၊ အခု ရှေးဦးစွာ ဒကာ ဒကာမတွေကို အိုက်တယ်၊ ကျဉ်းမြောင်းတယ်၊ ကျဉ်းကျပ်တယ်၊ ပန်ကာလေး တွေတောင် မတိုးနိုင်ဘူး။ ဒါလောက်တောင်လည်း များပြားပြီး သကာလနေတော့ လူများလို့ ဒုက္ခရောက်တာလား တဲ့။ ခန္ဓာက ဒုက္ခသစ္စာမို့ ဒုက္ခပြောတာလားဆိုရင် ဘယ့်နှယ်ပြ မလဲ (ခန္ဓာက ဒုက္ခသစ္စာမို့ ဒုက္ခပြောတာပါ ဘုရား)။
ခန္ဓာက ဒုက္ခသစ္စာမို့ ဒုက္ခလို့ပြောတော့ ဪ ဒါဖြင့် ဒီဒုက္ခဟာ ဘယ်သူယူလာတုံး မေးလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခန္ဓာယူလာတာလို့ မှတ်လိုက်ပါ (မှန်ပါ)။
ဒီဒုက္ခဟာ ဘယ်သူယူလာပါလိမ့် (ခန္ဓာယူလာပါ တယ် ဘုရား)၊ ခန္ဓာယူလာလို့ ခန္ဓာထဲမှာ ပါလာတာပေါ့။ အိုက်တတ်တဲ့ တရားလည်း ခန္ဓာထဲမှာ၊ ပူတတ်တဲ့ တရားလည်း ခန္ဓာထဲမှာ၊ ညောင်းတတ်တဲ့ တရားကလည်း ခန္ဓာထဲမှာ လာတာ ပဲ (မှန်ပါ)။ အဲဒီတော့ ဒီခန္ဓာကြီးကို ဘာသစ္စာလို့ ဒကာ ဒကာမတွေက ဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။
သိတာက တစ်မျိုး၊ ညည်းတာကတစ်မျိုး
အဲဒီ ဒုက္ခသစ္စာကြီးကို ဒုက္ခသစ္စာလို့ သိတာက တစ်မျိုး၊ ဒုက္ခရောက်လိုက်တာလို့ ညည်းတာက တစ်မျိုး (မှန်ပါ)၊ ညည်းတာက ဒေါမနဿ လိုက်တာ။ သိတာက သစ္စဉာဏ် လိုက်တာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
အဲဒီတော့ သစ္စဉာဏ်သာ လိုက်၍ ညည်းလုံး မထုတ်ပါနဲ့ ဆိုတာ တရားတစ်ပွဲလုံး တောင်းပန် လိုက်ပါတယ် (မှန်ပါ)။ ညည်းရင် ခန္ဓာကြောင့် ဒေါသ၊ သောက လာလိမ့်မယ်။ သစ္စာသိလို့ရှိရင်ဖြင့် ခန္ဓာကပေါ်တဲ့ ဒုက္ခတွေပဲလို့ သိလို့ရှိရင်ဖြင့် သစ္စဉာဏ်လာလို့ ဒုက္ခဒေါမနဿ ချုပ်ပါလိမ့်မယ် (မှန်ပါ)။
ဒုက္ခသစ္စာလို့ သိသိပေးနေပါ
အဲဒါကြောင့် အားလုံး ဒကာ ဒကာမတွေ အပင်ပန်းခံပြီး သကာလ လာတာ၊ အပင်ပန်းခံပြီး သကာလ တရားနာတာတွေ သည် ကားလို့ဆိုရင် ကိုယ့်ဒုက္ခ ကိုယ်သိမ်းချင်လို့ နာတာဖြစ်လေ သောကြောင့် ဒီဒုက္ခ မဖြစ်လောက်ဘူးဟေ့။ အပါယ်ဒုက္ခသိမ်း ချင်လို့ လာတာဖြစ်နေတော့ ဒကာ ဒကာမတို့ သစ္စဉာဏ်နဲ့ သိမ်းမဟ ဆိုပြီး ခန္ဓာက ပူတိုင်း၊ အိုက်တိုင်း၊ ညောင်းတိုင်း၊ ညာတိုင်း ဒုက္ခ သစ္စာလို့သာ သိသိပြီး နေပေးပါဆိုတာကိုလည်း တရားမဟောခင် ဘုန်းကြီးက မေတ္တာရှေ့ထားပြီး မှာကြား တယ်ဆိုတာ မှတ်လိုက်ပါဦး (မှန်ပါ)။
တရားနှစ်လုံးသွင်းကြ
ကိုင်း- တရားနှလုံးသွင်းကြ၊ တရားနှလုံးသွင်းကြ ဒကာ ဒကာမတွေ။
‘‘ဒေသနာ ဉာဏာနုသာရေန ဉာဏံ ပေသေန္တဿ ဉာဏုတ္တရဿ ဟောတိ။’’
ဒေသနာဉာဏာနုသာရေန- ဘုန်းကြီးဟောတဲ့ ဒေသနာ ဉာဏ်- ဟောတဲ့ဉာဏ်ကို အစဉ် လျှောက်သဖြင့်၊ ဉာဏံ- မိမိ ဉာဏ်ကို၊ ပေသေန္တဿ- ခန္ဓာထဲ၌ သွတ်သွင်းသဖြင့်။ ဘုန်းကြီးက ဟောလိုက်တယ်နော် (မှန်ပါ)။ ခင်ဗျားဉာဏ်က ခန္ဓာထဲသွင်းပါ။
ဘုန်းကြီးကဖြင့် ဟောလိမ့်မယ်တဲ့။ ဒကာ ဒကာမတွေက ဟောတဲ့ တရားကို ခင်ဗျားတို့ ဉာဏ်နဲ့ ဘယ်အထဲ သွင်းရမတုံး (ခန္ဓာထဲသွင်းရပါမယ် ဘုရား)။
ဉာဏ်ကို ခန္ဓာထဲ လွှတ်ပေးပါ
ခန္ဓာထဲ သွင်းလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့ ခန္ဓာသည်ကားလို့ ဆိုလို့ရှိရင်၊ ဆင်းရဲတာက အမှန်ဆိုတဲ့ ဥစ္စာ ကိုဖြင့်တဲ့၊ တွေ့တဲ့ ပုဂ္ဂိုလ်လည်း ဆင်းရဲတာ အမှန်တွေ့တာပဲ။ အိုက်တာ၊ ပူတာ၊ ညောင်းတာ၊ ညာတာတွေ့လို့ရှိရင်လည်း ဆင်းရဲတာ အမှန်တွေ့တာပဲ (မှန်လှပါ)၊ အဲဒီကဲ့သို့ ဉာဏ်ကို ခန္ဓာကိုယ်ထဲ လွှတ်ပေးပါ (မှန်ပါ)။
ဘုန်းကြီးကဟောတဲ့ တရားကို နားကထောင်ပြီး ဒကာ ဒကာမတွေ ဉာဏ်က ခန္ဓာထဲ လွှတ်ပေးပါ (မှန်ပါ)။
ဘုန်းကြီးဟောတာကို ဘယ်လိုလုပ်ကြမယ် (နားကထောင်ရပါမယ်)၊ ဒကာ ဒကာမတွေ ဉာဏ်ကတော့ ဘယ်လွှတ်ရမတုံး (ခန္ဓာထဲလွှတ်ရမယ်)။
ခန္ဓာထဲ လွှတ်လိုက်တဲ့အခါကျတော့ ပျော်-ဘုန်းကြီးက ဟောတာကို နားကထောင်ပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကိုယ့်ပင်ကို ပါလာတဲ့ ဉာဏ်ကလေးကို ဒီဒေသနာနဲ့ စပ်ပြီး သကာလ ရတဲ့ဉာဏ်လေးကို ခန္ဓာထဲ လွှတ်လိုက်ကြစမ်းပါ (မှန်ပါ)။
ခန္ဓာထဲ လွှတ်ပေးပါနော် (မှန်ပါ)၊ ဘုန်းကြီးဟောတဲ့ တရားကို နားက ယူပြီး သကာလ ဘုန်းကြီးပေးတဲ့ ဉာဏ်ကလေး ကို ဒကာ ဒကာမတွေက ဘယ်အထဲ လွှတ်ရမလဲ (ခန္ဓာထဲ လွှတ်ရပါမယ်)။
လွှတ်ပေးလိုက်ရင် ဘာဖြစ်လာမတုံး
ခန္ဓာထဲ လွှတ်ပေးလိုက်တဲ့အခါကျတော့ ဘာဖြစ်လာ မတုံးဘုရားလို့ ဒကာ ဒကာမတွေက မေးတဲ့အခါ ကျတော့ ဉာဏ်ထက်လာပါလိမ့်မယ် (မှန်ပါ)။
ဉာဏ်ခန္ဓာထဲလွှတ်ပေးလိုက်တော့ လွှတ်ပေးလိုက်တော့ ဘာဖြစ်လာမယ်ထင်ကြသတုံး (ထက်လာပါမယ် ဘုရား)။
ဒါ့ကြောင့် ဒေသနာဉာဏာနုသာရေန-ဘုန်းကြီးဟော တဲ့ ဒေသနာကို အစဉ်လျှောက်သဖြင့်၊ ဉာဏံ-ဘုန်းကြီးပေးတဲ့ ဉာဏ်ကလေးကို၊ ပေသေန္တဿ-ခန္ဓာထဲ၌ သွင်းလိုက်သဖြင့်၊၊ ဉာဏုတ္တရဿ- ဉာဏ်ထက်လာသော ပုဂ္ဂိုလ်အား၊ ဒကာ ဒကာမတို့ ဘုန်းကြီး ဟောတာ နားကထောင်ပြီး သကာလ ဉာဏ်ကပေးရပါတယ်။ အဲဒီဉာဏ်ကလေး ဘယ်အထဲ လွှတ်ကြ မယ် (ခန္ဓာထဲ လွှတ်ရပါမယ်)။ ခန္ဓာထဲ လွှတ်လိုက်တဲ့အခါ ဒီဉာဏ် ဘာဖြစ်လာမယ်ထင်ကြသလဲ ထက်လာလိမ့်မယ် (မှန်ပါ)။
လွှတ်ပါများရင် ဉာဏ်ထက်လာမယ်
ထက်လာပြီးတဲ့အခါကျလို့ရှိရင်ဖြင့် ခဏခဏလွှတ် တော့-ခန္ဓာထဲမှာ ခဏခဏ ဉာဏ်ကလေး လွှတ်လိုက်တဲ့အခါ ကျတော့-ဘုန်းကြီးပေးတဲ့ ဉာဏ်ကလေးကို နားကယူပြီး သကာလ ဝမ်းထဲ ဟဒယဝတ္ထု ပေါ်ကနေပြီး သကာလ ခန္ဓာပေါ် ဉာဏ် လွှတ်လိုက်တဲ့အခါကျတော့- လွှတ်ပါများတော့ ဒကာသစ် ဘာဖြစ်မယ်ထင်သတုံး (ဉာဏ်ထက်လာပါမယ် ဘုရား)။
ထက်တဲ့ဉဏ်က မဂ်ဉာဏ်ဖြစ်သွားမယ်
ဉာဏ်ထက်လာတဲ့ အခါကျတော့ ဉာဏုတ္တရဿ ဟောတိလို့ ဆိုသဖြင့် တစ်ခါတည်းထက်တဲ့ ဉာဏ်ဟာ မဂ်ဉာဏ် ဖြစ်သွားပါလိမ့်မယ် (မှန်ပါ)။
ဒါဖြင့် နာရင်းမတ္တနဲ့ ဒကာ ဒကာမတွေ မဂ်ဉာဏ် ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာဉာဏ် ရပါလိမ့်မယ် ဆိုတဲ့ တရားနာ နည်းကိုလည်း ဆရာဘုန်းကြီးက ယနေ့ အစ- စပြီး ပေးပါတယ်နော် (မှန်လှပါ)။
ဘုန်းကြီးဟောတဲ့ တရားကို နားကယူပြီး သကာလ ဒကာ ဒကာမတို့ ဉာဏ်ထဲမှာ- ဝမ်းထဲ ရောက်အောင် သွင်းလိုက် (မှန်ပါ)၊ သွင်းလိုက်တဲ့ အခါကျတော့ ဝမ်းထဲမှာ ဉာဏ်ရှိတဲ့ နေရာ ရောက်သွားတော့ ဒကာ ဒကာမတွေ ပင်ကိုဉာဏ်နဲ့ ဘုန်းကြီး ဟောတဲ့ ဉာဏ်နဲ့ပေါင်းပြီး သကာလ ကိုယ့်ခန္ဓာထဲ ကိုယ်ပြန် လွှတ်လိုက်ပါ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ကိုယ့်ခန္ဓာထဲ ကိုယ်ပြန်လွှတ်လိုက်တဲ့အခါကျတော့ ဉာဏ်ဘယ်လိုလာဖြစ်မယ်ထင်သတုံး (ထက်လာပါတယ်)၊ ထက်လာလိမ့်မယ်နော် ဒကာ ဒကာမတွေ မပူနဲ့ (မှန်ပါ)၊ ဉာဏ်တွေ အင်မတန် ထက်လာလိမ့်မယ်။
ထက်လာပြီဆိုမှဖြင့် ပင်ကိုလွှတ်စက ဉာဏ်သည် ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ် (မှန်ပါ)။
ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ်
လွှတ်စက ဉာဏ်သည်-(ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ်ပါ ဘုရား)၊ ဟုတ်တိုင်းမှန်စွာ ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ သိတဲ့ သစ္စဉာဏ်ဖြစ်လာတယ် (မှန်ပါ)၊
နောက်လွှတ်ပါများလာ တဲ့အခါကျတော့ ဉာဏ်မထက်ပေဘူးလား (ထက်ပါတယ်)၊ ယထာဘူတ ဉာဏ်ရပြီးသည်၏ အခြားမဲ့၌ ဉာဏ်ထက်လာ သောကြောင့် ဉာဏုတ္တ ရဿ ဟောတိ- ဆို တဲ့ အတိုင်း ဉာဏ်သည်ကားလို့ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဒုက္ခသစ္စာလို့ ဘာမှမရောတော့ဘူး၊ သုခဆိုတာ နည်းနည်းမှ မပါတော့ဘူးဆို တဲ့ ဆုံးဖြတ်ချက် ကျသွားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ရှုရင်း မတ္တနဲ့ ခန္ဓာဒုက္ခတွေ ပျောက်ပြီး သကာလ နိဗ္ဗာန် ဒီနေရာပေါ် ပေါက်လာလိမ့်မယ် (မှန်ပါ ဘုရား)၊
နိဗ္ဗာန်ဟာ အဝေးကြီး လားလို့မေးရင် ခန္ဓာနှင့်တစ်စပ်တည်း (မှန်ပါ)၊ ခန္ဓာကို ဖောက်ထွင်းပြီး သကာလ ဒုက္ခသစ္စာကိုလည်း သိလိုက်ပါရော ဒုက္ခ သစ္စာ အမှန်သိတဲ့ဉာဏ်က မဂ်ဉာဏ်တွေ ဖြစ်လာတော့ ဒုက္ခက ဖျတ်ခနဲ ချုပ်သွားပြီး ဒကာ ဒကာမတို့ ဒီနေရာမှာ ဒုက္ခနိရောဓ ဆိုတာ ဒကာကြွယ် ဦးလှဖူး ပေါ်လာတယ် (မှန်ပါ)၊ ဒုက္ခနိရောဓ ပေါ်လာတာဟာ နိဗ္ဗာန်ပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီး ဟောတဲ့တရားကို နားကထောင်ပါ၊ ရတဲ့ ဉာဏ်ကလေး ဘယ်ကိုလွှတ်မယ် (ခန္ဓာထဲလွှတ်ပါမယ် ဘုရား)။ များများ လွှတ်လိုက်တော့ ဘာဖြစ်လာသတုံး (ထက်လာပါတယ်)။
ဒုက္ခစွန့်ချင်တဲ့သဘော
ထက်လာလို့ရှိရင်၊ အဲဒါသည်ကားဆိုလို့ရှိရင်ဖြင့် ဒုက္ခကို ပိုင်ပိုင်နိုင်နိုင်သိတဲ့ ဉာဏ်ဖြစ် သောကြောင့် ထက်တာပဲ။ ထက်တဲ့ ဉာဏ်ဟာ ဒုက္ခပိုင်ပိုင်နိုင်နိုင် သိသွားသောကြောင့် ဒကာ ဒကာမတို့ သိတဲ့ ပုဂ္ဂိုလ်ဟာ စွန့်ချင်တဲ့ သဘောကို မလာဘူးလား (လာပါတယ် ဘုရား)။
ဒုက္ခမှန်းသိတော့ ခွေးသေကောင်ပုပ်ဟာ၊ ခွေးသေ ကောင် ပုပ်မှန်းသိတဲ့ အခါကျလို့ရှိရင်ဖြင့်၊ ဒကာ ဒကာမတို့ ယခုအနားမှာပဲ ထားတာ မကြိုက်သလို၊ ယခုမမြင်ချင်သလို – ယခုစွန့်ပစ်ချင်တဲ့ ဉာဏ်တွေ မလာပေဘူးလား (လာပါ တယ်)၊ အဲဒါ ဉာဏ်ထက်လာတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။
ဒါမဂ်ဉာဏ်အစစ်
ကဲ-သွားရော့ကွယ်ဆိုပြီး သကာလ လွတ်ရာ ပစ်လိုက်တဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ ဒါမဂ်ဉာဏ် အစစ်ပါပဲ (မှန်ပါ)။
ဒါ့ကြောင့် ဒကာ ဒကာမတို့ ဘုန်းကြီးဟောတဲ့ ဒေသနာကို ဟောတဲ့ ဉာဏ်ကို နားကယူပြီး ခန္ဓာထဲ ပို့ပေးစမ်းပါ (မှန်ပါ)။
နားကယူပြီး ဘယ့်နှယ်လုပ်ကြမလဲ (ခန္ဓာထဲပို့ရ ပါတယ် ဘုရား)၊ ခန္ဓာထဲ ဉာဏ်ကလေး ပို့ပေးလိုက် (မှန်ပါ ဘုရား)။
ဉာဏ်ကို ဘယ်နေရာ လွတ်ရမှာတုံး
အဲဒီပို့တဲ့ ဉာဏ်ကလေးဟာ နားကယူပြီး ခန္ဓာထဲ၊ ဝမ်းထဲရောက်သွားပြီး ဘုန်းကြီးပေးတဲ့ ဉာဏ်ကလေး (မှန်ပါ)။ အဲဒီဉာဏ်ကလေးကို ဒကာ ဒကာမတွေက ဘယ်နေရာမှာ လွှတ်ရမတုံး (ခန္ဓာထဲ လွှတ်ရပါတယ်)၊ ခန္ဓာထဲ လွှတ်ပါများ လာတော့ ဘာဖြစ်မယ်ထင်သတုံး (ဉာဏ်ထက် လာပါတယ်)။
ထက်လာတဲ့အခါကျလို့ရှိရင် အမှန်သိမဖြစ်ပေဘူးလား (ဖြစ်ပါတယ်)၊ အမှန်သိဖြစ်တော့ ဒုက္ခကြီးကို သိမ်းပိုက်ချင် သလား။ သွားရောထဲ့လို့ စွန့်ပစ်ချင်သလား (စွန့်ပစ်ချင် ပါတယ်)။ စွန့်တဲ့ ဉာဏ်လည်း လာရော ဒကာ ဒကာမတို့ မဂ်ဉာဏ်ဖြစ်တာပဲ (မှန်ပါ)။
ဪ ဒါဖြင့် ဒကာ ဒကာမတွေ အခု တရား ပြောနေတာဟာ တရားနာနည်း ပြောငြား သော်လည်း အလုပ်ပါ သွားတယ်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ)။
နားက ဘုန်းကြီးပြောတာ နားထောင်ပြီး သကာလ အဲဒီနားကနေပြီး ရတဲ့ အသိဉာဏ်ကလေး ဝမ်းထဲပို့လိုက် (မှန်ပါ)။ ဝမ်းထဲပို့ပြီး သကာလ အဲဒီဉာဏ်ကလေး ဘယ်နေရာ လွှတ်ပေးကြမလဲ (ခန္ဓာထဲ လွှတ်ပေးရပါမယ်)၊ ခန္ဓာထဲ လွှတ်စမ်းပါ (မှန်ပါ)။
ခန္ဓာထဲ လွှတ်ပေးတဲ့အခါကျတော့ ခန္ဓာထဲမှာ ဒုက္ခ သစ္စာတွေ သူမြင်လာလိမ့်မယ် (မှန်ပါ)၊ မြင်လာတော့ ထပ်ပြန်တလဲလဲ လွှတ်ပါများလာတဲ့ အခါကျတော့ မုန်းပါ လိမ့်မယ်၊ စွန့်ချင်ပါလိမ့်ဆိုတာ မလာပေဘူးလား (လာပါ တယ်)။ စွန့်လည်း စွန့်လိုက်ပါရော ဒကာ ဒကာမတို့ ဒုက္ခ ပျောက်ပြီး သကာလ နိဗ္ဗာန်ပေါ်ပေါက်လိမ့်မယ် (မှန်ပါ)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအရေးကို တရားနာရင်း နိဗ္ဗာန်ရောက်တယ်ဆိုတဲ့ ဥစ္စာဟာ နာရုံနဲ့ ရောက်တာ မဟုတ်ဘူး (မှန်ပါ)။
တရားနာလို့ နိဗ္ဗာန်ရောက်တယ် ဆိုတာက နာတာက နားကနာတာ။ နားက နာတဲ့ အခါကျတော့ နားသက်သက်နဲ့ နိဗ္ဗာန်မှ မရောက်နိုင်ဘဲ (မှန်ပါ)၊ နားက သောတဒွါရလို့ ခေါ်တယ်။ သောတဒွါရသက်သက်နဲ့ နိဗ္ဗာန် မရောက်နိုင်ဘူး (မှန်ပါ)၊ မနောဒွါရနဲ့မှ နိဗ္ဗာန်ရောက်မယ် (မှန်ပါ)။
နားကနာပြီး ဝမ်းထဲထည့်လိုက်ပါ
အဲဒီတော့ နားကနာလို့ရတဲ့ အသိဉာဏ်ကလေးကို မနောထဲထည့် ဝမ်းထဲထည့်ပေးလိုက် (မှန်ပါ)၊ ဘုန်းကြီးပေးတာ နားကထောင်ပြီး မှတ်သားထားတဲ့ ဉာဏ်ကလေးကို ဒကာ ဒကာမတွေက ဝမ်းထဲထည့်လိုက်ပါ (မှန်ပါ)၊ ဝမ်းထဲထည့် လိုက်တဲ့အခါကျတော့ အဲဒီရတဲ့ဉာဏ်ကလေးကို ဘယ်ပေါ် လွှတ်ကြမလဲ (ခန္ဓာထဲလွှတ်ရမှာပါ ဘုရား)၊ ခန္ဓာပေါ် လွှတ်ပေးလိုက်စမ်းပါ (မှန်ပါ)။
ခန္ဓာပေါ် လွှတ်ပေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ ခန္ဓာက ပြောလိမ့်မယ်၊ ခန္ဓာက ကျုပ်ဟာ ဒုက္ခသစ္စာပါ၊ ဒုက္ခသစ္စာ ပါဆိုတာ ခန္ဓာက ပြောလိမ့်မယ် (မှန်ပါ)။
အဲဒီတော့ ဉာဏ်က လွှတ်ထားတာကလည်း သူ့အပေါ် လွှတ်ထားတော့ ခန္ဓာက ဒုက္ခသစ္စာ ဟုတ်လား (မှန်ပါ)။ လွှတ်လိုက်တဲ့ ဉာဏ်ကလေးကလည်း ထက်ထက်လာပြီး လောကီမဂ္ဂသစ္စာက ထက်ပါများလာတော့ လောကုတ္တရာ မဂ္ဂသစ္စာ မြင်လာတယ် (မှန်ပါ)။
အေးချမ်းတာမြင်တဲ့နိဗ္ဗာန်
လောကုတ္တရာ မဂ္ဂသစ္စာလည်း ဖြစ်ပါရော ဒကာ ဒကာမ တို့မြင်တဲ့ ဒုက္ခကြီး ချုပ်ငြိမ်းသွားပြီး သကာလ ဟောဒီအလင်း ရောင်ဖြစ်တဲ့ – အေးချမ်းတာမြင်တဲ့ နိဗ္ဗာန်ကြီးကို ချက်ချင်းပေါ် တယ် (မှန်ပါ ဘုရား)။
ဒကာကြွယ်ရေ – ဒီနေ့ ဒကာ ဒကာမတွေ တရားနာရင်း အားထုတ်ပုံ ပြောနေတယ် (မှန်ပါ)။
ဘယ်လို ပြောနေတာပါလိမ့် (တရားနာရင်း အားထုတ်ပုံပြောနေတာပါ ဘုရား)။
တရားနာရင်း အားထုတ်ပုံ ပြောနေတဲ့အတွက် ဒကာ ဒကာမတွေ မှတ်ထားတာက ဒကာကြွယ် လွဲသနော် (မှန်ပါ)၊
ဘယ်သူ့တရားနာလိုက်တော့ တရားပွဲ အဆုံးသောတာပန်တည်သွားသတဲ့ ဆိုတော့ ဒကာသစ်တို့ မှတ်ထား တာက၊ ဪ -တရားနာရုံကလေးဟာလည်း တယ်ပြီး ကျေးဇူး များပါလား (မှန်ပါ)၊ ဟောတဲ့တရားကို အဲဒီသောတာပန် တည်ချင်တဲ့ပုဂ္ဂိုလ်က နားကနာပြီး မှတ်ဉာဏ်ကလေးက ခန္ဓာ ထဲ ရောက်သွားတာ (မှန်ပါ)၊ ရောက်သွားတဲ့ ဉာဏ်ကလေး ဟာ ခန္ဓာထဲမှာပဲ ပြန်လွှတ် လိုက်တယ်၊ မလွှတ်လိုက်ဘူးလား (လွှတ်လိုက်ပါတယ်)၊
ခန္ဓာထဲ ဉာဏ်လွှတ်ပါများလာတော့ ဒီဉာဏ် ဘာဖြစ်သတုံး (ထက်လာပါတယ်)၊ ထက်လာတဲ့ အခါကျတော့ ဒုက္ခအစစ်လို့ သူမသိသေးဘူးလား (သိပါ တယ်)၊ သိသည်နဲ့ တစ်ပြိုင်နက်တည်း ဉာဏ်ထက်လို့ ဒုက္ခအစစ် လည်း သိပါရော ဒုက္ခတွေ ချုပ်ပျောက်သွားတယ် (မှန်လှပါ)။
နိရောဓသစ္စာ ပေါ်လာတယ်
ဒုက္ခတွေလည်း ချုပ်ပျောက်သွားပါရော ဒကာ ဒကာမတို့ ဒုက္ခအဆုံးမှာ ခန္ဓာနဲ့ တစ်စပ်တည်း နေတဲ့၊ ဒုက္ခသစ္စာနဲ့ တစ်စပ် တည်းနေတဲ့ နိရောဓသစ္စာက တစ်ခါတည်း ပေါ်လာ တော့တယ် (မှန်ပါ)။
ပေါ်လာတော့ကို ဪ -ခန္ဓာအဆုံး နိဗ္ဗာန်ရှိတယ်ဆို တာ၊ ဒုက္ခအဆုံး နိဗ္ဗာန်ရှိတယ်လို့သာ မှတ်လိုက်တော့ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီဒကာ ဒကာမတွေ မှတ်စရာက သော်တရားနာရုံ သက်သက်နဲ့ နိဗ္ဗာန်ရောက်တာ မဟုတ်ပါလား၊ တရားနာရင်း ဉာဏ်ရ၊ ဉာဏ်ရလို့ ခန္ဓာပေါ်လွှတ်၊ ခန္ဓာပေါ် လွှတ်လို့ ဉာဏ်ကထက်၊ ထက်လို့သာလျှင် ဒုက္ခချုပ်၊ ချုပ်လို့ နိဗ္ဗာန်ပေါ်တာပဲ။ ဒီဟာမှ အမှန်ယူကြပါ (မှန်ပါ)၊ သဘောပါ ကြပလား (ပါပါပြီ)။
အင်မတန်အဖိုးတန်ပါတယ်
ဒကာကြွယ်-ဒါကလေး ဆုံးမရတာ ဒါကလေး သွန်သင်ရတာ သိပ်အဖိုးတန်သနော် (တန်ပါတယ် ဘုရား)၊ အင်မတန် အဖိုးတန်ပါတယ်တဲ့။
ဒကာ ဒကာမတို့ တရားနာရင်း တရားအဆုံး နိဗ္ဗာန် ရောက်တာလား၊ ကိုယ့်ဉာဏ်ထက်လို့ နိဗ္ဗာန်ရတာလား။ ကိုယ့် ဉာဏ်ထက်လို့ နိဗ္ဗာန်ရတာလို့ သေသေချာချာ မှတ်ပါ (မှန်ပါ)။
အဲဒါကြောင့် အဋ္ဌကထာ ဆရာများဖွင့်ထားတာက ဒေသနာဉာဏ်ကို အစဉ်လျှောက်သဖြင့် (ဝါ) နားထဲသို့ ရောက် သဖြင့် ဉာဏံ- ဒကာ ဒကာမတွေရောက်တဲ့ ဉာဏ်ကို၊ ပေသေန္တဿ-ခန္ဓာပေါ်၌ လွှတ်သဖြင့် ခန္ဓာပေါ်လွှတ်ရဦးမယ်တဲ့ (မှန်ပါ)။
တရားနာနည်း
ဉာဏုတ္တရဿ-တဲ့၊ ခန္ဓာပေါ် လွှတ်လိုက်တဲ့အခါကျတော့ ပထမလွှတ်တဲ့ ဉာဏ်ထက် ဒုတိယလွှတ်တဲ့ဉာဏ်၊ တတိယလွှတ် တဲ့ ဉာဏ်တွေက ထက်ထက်သွားတယ် (မှန်လှပါ ဘုရား)၊ အဲဒီ ကဲ့သို့ ထက်ထက်သွားတော့မှ ဒုက္ခအစစ်သိပြီး သကာလ ဒုက္ခချုပ်ဆုံးတဲ့ ဉာဏ်ပြီး နိရောဓဆိုတာ ဒုက္ခအဆုံးမှာ ပေါ်တာပေါ့ဗျာ (မှန်ပါ)၊ အဲဒါကြောင့် တရားနာရင်း ဒုက္ခဆုံးတဲ့ဉာဏ် သူ့ဟာသူ လွှတ်လိုက်တာနဲ့ နိဗ္ဗာန်ကြီး ပေါ်လာ တယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
အဲဒါ ဒါလောက် သေသေချာချာပြောတဲ့ ဆရာသမားနဲ့ မတွေ့တော့ အို တရားတော့ သွားနာဦးမှာပဲ။ တရားနာ အဆုံး နိဗ္ဗာန်ရောက်တာတွေလည်း ဝတ္ထုတွေ အများကြီးပဲ ဆိုတော့ ကိုယ့်အလုပ်မပါဘူး၊ တရားနာရုံနဲ့ ရတယ်လို့ ဒကာကြွယ် တို့ ထင်နေတယ် (မှန်ပါ)၊ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။
ဉာဏ်ကို ခန္ဓာထဲလွှတ်ပါ
ဒေသနာဉာဏ်ကို နားထဲက ယူပြီး ဒကာ ဒကာမတွေက ရတဲ့ ဉာဏ်ကလေး ကိုယ့်ခန္ဓာထဲ လွှတ်ရမယ်။ မလွှတ်ရဘူးလား (လွှတ်ရပါတယ်)။ လွှတ်တဲ့အခါကျတော့ ဒီဉာဏ် ဘာဖြစ်လာမလဲ (ထက်လာပါတယ်)၊ အဲ- ထက်လာတဲ့ အခါကျတော့ မှ၊ ဒုက္ခ ပိုင်ပိုင်နိုင်နိုင် သိတော့မှ ဉာဏ်ထက်လို့ ချုပ်တော့ ဉာဏ် ထက်တဲ့ ပုဂ္ဂိုလ်မှာ နိရောဓရောက်လာတယ် (မှန်ပါ)၊ ပေါ်ကြ ပလား (ပေါ်ကြပါပြီ)။
ဒါနဲ့ပဲ တရားနာနည်း ပြောရတာနဲ့ပဲ ဒကာကြွယ် နာရီဝက် နီးသွားပြီ၊ ရှိချင်ရှိပါစေ၊ ဒကာ ဒကာမတို့ ဘုန်းကြီးဟော တာ နားကထောင်ကြနော် (မှန်ပါ)၊ ခင်ဗျားတို့ရတဲ့ ဉာဏ် ကလေး ဘယ်အထဲ လွှတ်ကြမတုံး (ခန္ဓာထဲလွှတ်ရပါမယ်)၊ လွှတ်တော့ တစ်ကြိမ်ပဲ လွှတ်ပေးကြမလား၊ များများလွှတ် ပေးကြမလား (များများလွှတ်ပေးကြရပါမယ်)၊ များများ လွှတ်ပေးတော့ ဘာဖြစ်မလဲ (ထက်လာပါမယ်)။
ဒုက္ခကိုပိုင်ပိုင်သိတဲ့ဉာဏ်
အဲ-ဉာဏ်ထက်လာလို့ရှိရင်ဖြင့် ဒုက္ခကို ပိုင်ပိုင်နိုင်နိုင် သိတဲ့ ဉာဏ်ထက်လာခြင်းကြောင့် ဒုက္ခကို ပိုင်ပိုင်နိုင်နိုင် သိပါတယ် (မှန်ပါ ဘုရား)၊ ပိုင်ပိုင်နိုင်နိုင်သိတဲ့အတွက် ဒုက္ခချုပ်ပြီး သကာလ အဲဒီထက်တဲ့ ဉာဏ်သည် နိရောဓဘက်သို့ ပြေးဝင်သွားတော့တယ်လို့မှတ်လိုက် (မှန်လှပါ)၊ နိဗ္ဗာန် ဘက် ပြေးဝင်သွားတယ် (ဝါ) နိဗ္ဗာန်မြင်သွားတာပေါ့ (မှန်လှပါ)၊ သိပ်အဖိုးတန်ပါကလား ဒကာကြွယ်ရေ (တန်ပါတယ် ဘုရား)။
အဲဒီတော့ တရားနာပြီး သာဓုခေါ်ရုံ လုပ်ရမှာလား၊ ဉာဏ်နဲ့ ခန္ဓာကိုယ်ထဲ လွှတ်နေရမှာလား (ဉာဏ်နဲ့ခန္ဓာ ကိုယ်ထဲ လွှတ်နေရမှာပါ)။
သာဓုခေါ်တော့အပါယ်မလား
ဒကာ ဒကာမတွေက ရှေးတုန်းကတော့ အို သာဓု ခေါ်တဲ့ အကျိုးကလည်း ဘယ်ဘဝ၊ ဘယ်နှစ်ကမ္ဘာ အပါယ် မလားဘူး ဆိုပြီး အပါယ်မလားတာကလေး အားကိုးပြီး သာဓု ခေါ်နေတယ် (မှန်ပါ)။
ခင်ဗျားတို့က တရားဟောပုဂ္ဂိုလ်က ဂါထာကလေး ရွတ် လိုက်၊ ဂါထာကလေးကို အနက် ကလေး ပေးလိုက် ပေးတာ ကလေး ခင်ဗျားတို့က သာဓုခေါ်တယ်ဆိုတော့ အပါယ်မလားရုံ လောက် လုပ်နေတာ၊ နိဗ္ဗာန်မှ ရောက်အောင် မလုပ်ဘဲ (မှန်ပါ)။
ခန္ဓာထဲဉာဏ်များများလွှတ်
ဒီလိုလုပ်ရမှာ မဟုတ်ပါဘူး၊ တကယ်အဖိုးတန်တာကို တကယ်ကိုင်ချင်ပြန်တယ်ဆိုရင်တော့ ဟောတဲ့ တရားကို နား ကထောင်၊ ထောင်လို့ရတဲ့ ကိုယ့်ဉာဏ်ကလေး ခန္ဓာထဲလွှတ်။ ခန္ဓာထဲ များများ လွှတ်တော့ ဉာဏ်ထက်၊ ဉာဏ်ထက်တဲ့ အခါကျလို့ရှိရင် ဒုက္ခကို သေသေချာချာသိ၊ သိတော့ ဒုက္ခချုပ် သွားတယ်၊ ဒုက္ခချုပ်တဲ့နေရာ နိရောဓက ပေါ်လာ၊ အဲဒီလို ပေါ်လာတော့မှ မောင်ဘသော် ကိစ္စပြီးတယ် (မှန်ပါ ဘုရား)။
ဒါဖြင့် သာဓုခေါ်နေရုံ လုပ်ဖို့လား၊ ကိုယ့်ခန္ဓာထဲ ဉာဏ်လွှတ်နေဖို့လား (ကိုယ့်ခန္ဓာထဲ ဉာဏ်လွှတ်နေဖို့ပါ ဘုရား)။
သာဓုခေါ်တာ ကျေးဇူးမရှိဘူးလား ဆိုတော့ အို ကိုး ကမ္ဘာ အပါယ်မလားတာ လောက်သာ ရှိတယ်၊ နိဗ္ဗာန်တော့ မရဖူး သေးဘူး၊ ဉာဏ်လွှတ် နေလို့ရှိရင်ဖြင့် (နိဗ္ဗာန်ရပါတယ်) ဒါဖြင့် သာဓု ခေါ်ကြတော့မလား၊ ဉာဏ်ထဲ လွှတ်ကြတော့မလား (ဉာဏ်ထဲလွှတ်ပါမယ် ဘုရား)။
သာဓုလောက်နဲ့အချိန်ကုန်နေတယ်
ရှေးကတော့ သာဓုကို တစ်တန်းကြီးခေါ်ပြီး သကာလ ဘုန်းကြီးက ဂါထာရွတ်လိုက်၊ အနက်ပေးလိုက်၊ သံနေသံထား နဲ့ ပြောလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေကဖြစ်စေ၊ သီလရှင် တွေကဖြစ်စေ သာဓုအနုမောဒနာခေါ်ပြီး သာဓုခေါ်တာ အပါယ်လေးပါး မလာဘူးတဲ့။ ဒါလောက်နဲ့ အချိန်ကုန် နေတယ် (ကုန်ပါတယ် ဘုရား)၊ ကိုယ့်ဉာဏ် ခန္ဓာကိုယ်ထဲလွှတ်ရမယ် လို့ မယူကြဘူး (မယူကြပါ ဘုရား)၊
အခုတော့ ဘယ့်နှယ် လုပ်ကြမယ် (ကိုယ့်ဉာဏ်ခန္ဓာထဲလွှတ်ရပါမယ် ဘုရား)၊ ဟောတဲ့ တရားကိုနာပါ၊ နာလို့ရတဲ့ ဉာဏ်ကလေးကို (ခန္ဓာထဲလွှတ်ရပါမယ် ဘုရား)၊ ဘယ်နှစ်ခါ လွှတ်ရမှာပါလိမ့် (အကြိမ်ပေါင်းများစွာ)၊ အကြိမ်ကြိမ်လွှတ်တော့ ဘာဖြစ်လာ သတုံး (ဉာဏ်ထက် လာပါတယ် ဘုရား)၊ ထက်လာတော့ ဒုက္ခဘာဖြစ်မယ်ထင်သတုံး (ချုပ်ပါတယ်)၊ ဒုက္ခချုပ်ပြီး ဘယ်သူ ပေါ်လာမယ်ထင်သတုံး (နိဗ္ဗာန်ပေါ်လာပါမယ်)။
နိရောဓပေါ်လာမယ်ဆိုတော့ ဪ- ဒါဖြင့် တို့သာဓု ခေါ် နေတာက နိရောဓ မပေါ်ဘူး (မှန်ပါ)၊ ဒုက္ခလည်း မချုပ်ဘူး (မချုပ်ပါ ဘုရား)၊ သာဓုခေါ်ရုံ မဟုတ်ဘဲ ခန္ဓာကိုယ် ထဲပဲ နှလုံးသွင်းပြီး ဉာဏ်ထက်အောင် လုပ်နေမဟ ဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ လိုချင်တဲ့ နဂိုတုန်းက ဘုန်းကြီး ဆုမပေးခင်က ခင်ဗျားတို့ ဩကာသ ဆိုကတည်းက ဝဋ်ဘဝ တိုတိုနဲ့ နိဗ္ဗာန်ရရပါလို၏လို့ ခင်ဗျားတို့ကပဲ အဝေးကြီးက ဒါလုပ်ထားတယ် (မှန်ပါ)၊ အပြီးသတ်တော့ ခင်ဗျားတို့က နတ်ရွာသုဂတိ ရောက်ချင်တာနဲ့ ဇာတ်သိမ်းတယ်၊ ဘယ်ကလာ ကောင်းမလဲ (မှန်ပါ)၊ ကောင်းပါ့မလား (မကောင်းပါ ဘုရား)။
သာဓုခေါ်တာနဲ့နိဗ္ဗာန်မရ
ခင်ဗျားတို့ ဘုန်းကြီးလာတော့ ရောက်ရောက်ချင်း ရှိခိုး တော့ နိဗ္ဗာန်ရရပါလို၏ မပါဘူးလား (ပါပါတယ်)၊ နို့ သာဓုခေါ်တာနဲ့ ဇာတ်သိမ်းတော့ နိဗ္ဗာန်ရပါ့မလား (မရပါ ဘုရား)၊ ဉာဏ်ကို လွှတ်လိုက်လို့ ရှိရင်တော့ (ရပါတယ်)။ နိဗ္ဗာန်ရ မှာပဲဆိုတော့ ကိုယ် ပထမပြောတဲ့ စကားနဲ့၊ ဇာတ်သိမ်းကို ရောက်ချင်တဲ့အလုပ်နဲ့ ကိုက်မှ နေရာကျမယ် (မှန်ပါ) ဒကာသစ် သဘောပါပလား (ပါပါပြီ ဘုရား)။
ကိုယ် ပထမရှိခိုးထားတဲ့ ဆုတောင်းသဘောနဲ့ ကိုယ့် ဉာဏ်နဲ့ ကိုက်သွားလို့ရှိရင်တော့ နိဗ္ဗာန် မရပေဘူးလား (ရပါတယ်)။
သာဓုတန်းကမနေပါနဲ့
အဲဒီတော့ သာဓုမခေါ်နဲ့လို့ ဒကာကြွယ် ဟောတာ မဟုတ်ဘူး၊ သာဓုခေါ်တာထက် ဉာဏ်ကို ခန္ဓာထဲ လွှတ်တာက ပိုမိုပြီး ကျေးဇူးများတယ်လို့ ဟောတာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အေး ဒါကြောင့် သာဓုတန်းက မနေဘဲနဲ့ ဒကာ ဒကာမတွေ စိစစ်တဲ့ ဉာဏ်တန်းက နေစမ်းပါ ဆိုတာကိုလည်း ယနေ့ တောင်းပန်တယ် (မှန်ပါ)။
ဒကာကြွယ် ဘာတဲ့တုံး (စိစစ်တဲ့ဉာဏ်တန်းက နေရပါတယ်)၊ အဲ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာ ကိုယ်ထဲ စိစစ် နေစမ်းပါ (မှန်ပါ)။
ဉာဏ်စိစစ်တဲ့အတန်းကနေပါ
သာဓုတန်းက မနေဘဲနဲ့ ဉာဏ်စိစစ်တဲ့အတန်းကနေပြီး နာကြလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ တရားပွဲ အဆုံးမှာ ကိစ္စပြီးနိုင် ပါတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ကဲ ဒါဖြင့် တရားစ, ကြပါစို့။ ဒကာ ဒကာမတို့ ရှေ့ပိုင်းမှာ ဒေဝဒူတသုတ်ကို ဟောမယ်၊ ဒေဝဒူတသုတ် ဆိုတာ က တခြားမဟုတ်ဘူး၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပွင့်လာ တဲ့ အခါကျတော့ ဒိဗ္ဗစက္ခု အဘိဉာဏ်ဖြင့် ကြည့်လိုက်ပါတယ်နော် (မှန်ပါ)။
ဘုရားဟောတရားတော်
ဘုရားက သတ္တဝါတွေကို ယုံကြည်အောင် ဘာဟော လိုက်သတုံးဆိုတော့ အိမ်နှစ်အိမ် ယှဉ်ပြိုင်ပြီး သကာလ ဆောက် ထားတယ်၊ ငါက အလယ်ကြားက ထိုင်နေတယ်တဲ့။ အိမ်နှစ်အိမ် က အပေါက်တွေကို အတွင်းထားပြီး သကာလ ဆောက်ထား တယ် ဒကာကြွယ်ရေ၊ ဘုရားက အလယ်က ထိုင်နေတယ် (မှန်ပါ)။
အဲဒီတော့ ဒီနှစ်အိမ်မှာ တစ်ပေါက်စီရှိပြီး သကာလ နေတော့ ဒီအိမ်ကလူ ထွက်သွားတယ်၊ ဒီအိမ်ကလူ ပြန်ဝင်လာ တယ်ဆိုတာလည်း အလယ်ကထိုင်ကြည့်တော့ နှစ်အိမ်စလုံး မသိပေဘူးလား (သိပါတယ်)။
အဲဒီလိုပဲဟေ့ တဲ့၊ ငါ ဘုရားဖြစ်တဲ့နေ့ကစပြီး ဒိဗ္ဗစက္ခုဆိုတဲ့ ဉာဏ်ကြီး ငါရတဲ့အခါကျတော့ အပါယ်သွားတဲ့ ပုဂ္ဂိုလ်လည်း မြင်သကွ၊ သုဂတိသွားတဲ့ ပုဂ္ဂိုလ်လည်းမြင်သကွ၊ ကိုယ်တိုင်မြင်တာကို ပြောနေတာ (မှန်ပါ)။
ကိုယ်တိုင်မြင်တာ သူပြောပြီး သကာလ လာတော့ ဒကာ ဒကာမတို့ ဘုရားက ငရဲခန်း ဟောတဲ့ အခါကျတော့ ပြောသံကြားတွေနဲ့ ဟောတာလား ကိုယ်တိုင် မြင်ဟောတာလား (ကိုယ်တိုင်မြင် ဟောတာပါ)။
သေမင်းတမန်
ကိုယ်တိုင် မြင်တာဟောတော့ ငါကိုယ်တိုင်မြင်တာ ငါ ဟောမယ်ဆိုပြီး ဒေဝဒူတသုတ်ကို ဟောတယ်၊ ဒေဝ- ကနတ်ပေါ့ ဗျာ၊ ဒူတက-တမန်၊ သေမင်းတမန် သုတ်ကို ငါဟောမယ် (မှန်ပါ)
သေမင်းတမန်သုတ်ကို ကိုယ်တိုင်မြင်တာ ဟောမယ်တဲ့။
ပြောသံကြားလား – ကိုယ်တိုင်မြင်လား (ကိုယ်တိုင် မြင်ပါ ဘုရား)။
ဒကာကြွယ် ယုံမှ ယုံရပါ့မလား (ယုံရပါတယ်) ဘာကြောင့်တုံးဗျာ (ကိုယ်တိုင်မြင်လို့ပါ ဘုရား)။
ဘုရားဖြစ်တဲ့နေ့ကစပြီး ကိုယ်တိုင်မြင်လို့ အိမ်နှစ်အိမ် ဆောက်ထားတယ်၊ ငါအလယ်က ထိုင်နေတော့ ဝင်တဲ့ပုဂ္ဂိုလ် လည်း သိတယ်၊ ထွက်တဲ့ပုဂ္ဂိုလ်လည်းသိတယ်ကွ။ အချိန်နာရီ လည်း သိတယ်ကွဆိုပြီးကာလ ဒီဥပမာနဲ့ သူသေသေချာချာ ဒေဝဒူတသုတ်ကို ဟောပါတယ် (မှန်ပါ ဘုရား)။
ဒိဗ္ဗစက္ခုအမြင်နဲ့ပြောတာ
အဲဒီတော့ ပြောသံကြားနဲ့ ဒကာ ဒကာမတို့ကို အို-ငရဲခန်း မှာ တယ်ကြောက်စရာ ကောင်းတာကိုး၊ စာအုပ်ထဲ ဒီလိုပါပါ တယ်။ စာအုပ်ထဲ ဒီလိုပါတယ်ဆိုတာ သူများရေးထားတဲ့ တစ်ဆင့်စကား တစ်ဆင့်ကြားပြီး သကာလ ကူးတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ ဘုရားက ငရဲကို ဟောတော့ မယ်ဆိုတာ ဒီလိုတစ်ဆင့်စကား တစ်ဆင့်ကြားပြီး သကာလ ဒီလို စာအုပ်တွေ ဖတ်ပြောတာလား သူကိုယ်တိုင် ဒိဗ္ဗစက္ခုဆို တဲ့ မျက်လုံးနဲ့ အမြင်နဲ့ ပြောတာလား (ဒိဗ္ဗစက္ခုအမြင်နဲ့ ပြောတာပါ)၊ ဒါဖြင့် ယုံကြည်ကြပါတော့၊ သူကိုယ်တိုင်မြင်လို့ ပြောတာ (မှန်ပါ)။
ငရဲထိန်းတွေက လာဖမ်းတယ်
ကဲ ကွာ ငါမြင်တာငါပြောမယ်၊ မင်းတို့ သတိထား နားထောင်ကြဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သည် ဟောတော်မူတယ်၊ ဘယ်လိုဟောသတုံးဆိုလို့ရှိရင်ဖြင့် လူတစ်ယောက် သေသွားတယ်ဆိုလို့ရှိရင် ငရဲထိန်းတွေက တစ်ခါတည်း လာဖမ်းတော့တာပဲ။ ကံပစ်ချလိုက်တော့ ငရဲရောက်သွားတော့ ငရဲထိန်းတွေ့တယ် (မှန်ပါ)၊ ငရဲထိန်းတွေနဲ့ သွားတွေ့တော့ ဖမ်းတာပဲ ဖမ်းပြီး သကာလ တရားသူကြီးနဲ့ တူတဲ့ ယမမင်းကြီးဆီ ပို့လိုက်တာပဲ (မှန်ပါ)။
ယမမင်းထံပို့တယ်
လူ့ပြည်က ကံပစ်ချလို့ ရောက်သွားတဲ့ ငရဲသား တစ်ယောက်ကို ငရဲထိန်းကဖမ်းပြီး တရားသူကြီးနဲ့ တူတဲ့ ယမမင်းထံ ပို့လိုက်တယ် (မှန်ပါ)၊ ဒါကိုယ်တိုင် မြင်တာနော် (မှန်ပါ)၊ ဘယ်သူမြင်ပါလိမ့် (ဘုရားကိုယ်တိုင်မြင်တာပါ ဘုရား)။
အဲဒါ တစ်နေ့ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မေတ္တာ ရှေ့ထားပြီး သကာလ ဪ-ဒီလမ်းကိုတော့ဖြင့် ဆရာဘုန်းကြီး ဟောတော့မှာပဲ၊ ဘုရားဟောအတိုင်း ပြောတော့မှာပဲ၊ ဒီလမ်းကို ပိတ်ဖို့လည်း သူ သင်တာတော့ဖြင့် လိုက်မှ တော်မယ် (မှန်ပါ)၊ ဒါကိုလည်း သေသေချာချာ စောစောစီးစီးက ဆုံးဖြတ်ချက် ချထားပါ ဆိုတာကိုလည်း ပြောရပါတယ် (မှန်ပါ)။
ယမမင်းထံရောက်တဲ့အခါကျတော့ ယမမင်းကြီးက စစ်တယ်၊ အမောင် ယောက်ျားဖြင့် ယောက်ျား၊ မိန်းမဖြင့် မိန်းမပေါ့ဗျာ (မှန်ပါ)၊ ငရဲထိန်းတွေက ဖမ်းလာပြီး ဟောဒီလူဖြင့် ဘုရား၊ လူ့ပြည်မှာ သား၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန်လာခဲ့ပါတယ်၊ ကိုယ့်အရေးကိုယ်တာ မပါပါဘူး၊ ဒီပုဂ္ဂိုလ် စစ်ဆေးပါတယ်၊ ငရဲနဲ့ထိုက်တန်တယ်ဆိုတာ (မှန်ပါ)။
၁။ ကလေးငယ်ကိုမြင်ဖူးသလား
ဒီတော့ စစ်ဆေးလိုက်တယ်၊ ရှေးဦးစွာ ယမမင်းက အမောင်လူသား သင်သည်ကားလို့ ဆိုလို့ရှိရင် လူ့ပြည်မှာ ကလေးကလေး တစ်ယောက်သောမိန်းမ မွေးလာတဲ့ ကလေးငယ်ကလေးများ မင်းမြင်ဖူးရဲ့လား တဲ့၊ မေးလိုက် တယ် ယမမင်းကြီးက (မှန်လှပါ)။
ဒါ ဒကာ ဒကာမတို့ သေမင်းတမန်ပေါ့ဗျာ(မှန်ပါ)၊ မြင်ဖူးပါတယ်လို့ အဖြေထွက်လာတယ်။
နို့- မြင်တဲ့အခါကျတော့ ဪ ဒီကလေးကလေးဟာ သူပေးလူပေးနဲ့ ကြီးရတယ်၊ သူသူငါငါထူမှ ကြွနိုင်တယ်။ သူ့ကျင်ကြီး၊ သူ့ကျင်ငယ်တွေနဲ့ လုံးကာထွေးကာနဲ့ ရေလည်း မတောင်းတတ်၊ အစာလည်းမတောင်းတတ်။ ဪ ဒီအဖြစ်မျိုး ကြောက်လှချည်ရဲ့။ ငါသည်ကားလို့ ဆိုရင်ဖြင့် ဒါကလေး မြင်သဖြင့် ဒီဟာမျိုး မဖြစ်ရအောင် သူတော်ကောင်း အလုပ်လုပ်ပါတော့မယ်။ ဒီဒုက္ခဟာလည်း အတော်ကြီးတဲ့ ဒုက္ခပါလား၊ ကိုယ့်လက်ကိုယ့်ခြေပါပါလျက်သားနဲ့ မစွမ်း မသန် ဒုက္ခိတအမှန်မြင်နေတာဟာ တယ်ကြောက်စရာကောင်း ပါလား ဆိုပြီး သကာလ အမောင် လူသားသည် ဒါဖြင့် ဒီအမြင် တော့ အဖြစ်မခံဘူးဟေ့၊ ခန္ဓာဇာတ်သိမ်း ငြိမ်းရာသွားတဲ့ လမ်းသာ လိုက်ပါတော့မယ် ဆိုတဲ့ စိတ်ကလေးများ၊ အမောင် လူသားမှာ မပေါ်ဘူးလား မေးတာပဲ (မှန်ပါ)။
ဒကာကြွယ် မပေါ်ဘူးလားလို့ မေးတယ်၊ ဘယ်သူက မေးပါလိမ့်ဗျာ (ယမမင်းက မေးပါတယ်)။
ဒီကလေးဘဝမျိုးမဖြစ်အောင်လုပ်မယ်
မေးတဲ့အခါကျတော့ ဒီဒကာ ဒကာမတွေလိုပေါ့ဗျာ၊ ဒီ ဒကာ ဒကာမတွေလိုပေါ့၊ သား၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန်ပြီး သကာလ နေကြတော့ ကလေးမြင်လို့လည်း ဪ-ဒီကလေးဘဝမှ ကျွတ်အောင် ငါတော့လုပ်မှ ကိုက်မယ်၊ ဒီကလေးအဖြစ်မျိုးဟာ ကိုယ့်ကလေးဖြစ်လည်း အရုပ်ဆိုးတာပဲ တွေ့ရတာပဲ (မှန်လှပါ)။
အဲဒီတော့ ဒီဒုက္ခမှလွတ်အောင် ငါနေပါ့မယ်လို့ ဒီဒကာ ဒကာမတွေထဲမှာလည်း ဒီစိတ်မျိုး ပေါ်တာလည်း ရှာမှ ရှားပေ လိမ့်မယ် (ရှားပါတယ် ဘုရား)၊ မရှားပေဘူးလား (ရှားပါတယ်)။
ကလေးကလေး မြင်လို့ရှိရင် ဝတုတ်ကလေး၊ ချစ်စရာ ကလေး၊ ဖြူးဖွေးကလေးနဲ့ ဒါပဲ ရှုပ်နေတာပဲ၊ ခင်ဗျားတို့ ဥစ္စာက သံဝေဂကို မပါဘူး (မှန်ပါ)၊ ပါသေးရဲ့ လား (မပါပါ ဘုရား)။
ဒီအထဲ ပိုက်ဆံရှိတဲ့ သားသမီးဖြစ်လို့ရှိရင် ခင်ဗျားတို့က ပိုတောင် မြှောက်လိုက်သေးတယ် (မှန်ပါ)၊ အင်း သူ့ကံကလေးကလည် ပစ်ချလိုက်တာ ဒီအထဲရောက်လာ ထူးလိုက်တာ၊ အစရှိသည်နဲ့ ခင်ဗျားတို့လည်း သံဝေဂ မရတဲ့ အပြင်မှာ ဒါကလေး မြှောက်တောင် ပေးလိုက်သေးတယ်၊ ကိုယ် စိတ်ထဲကလည်း ကျုပ်တောင် အလကားပေးလို့ရှိရင် ယူချင်သေးတဲ့ အဓိပ္ပါယ်မျိုး (မှန်ပါ)၊ ဒီကျအောင်ပဲ ဒကာ ဦးလှဖူး ဆိုးနေတယ် (ဆိုးပါတယ်)။
ဒုက္ခိတဇာတ်မှ လွတ်အောင်လုပ်မယ်
ယမမင်းကြီးက ဒီကလေးကလေး မြင်တဲ့အခါ အမောင် လူသားတဲ့၊ ဒုက္ခိတကလေး ရေလည်း မတောင်းတတ်၊ အစာ လည်းမတောင်းတတ်၊ သူ့ကျင်ကြီး သူ့ကျင်ငယ်၊ သူ့ခြင်းတောင်း ကလေး၊ သူ့အနှီးကလေးနဲ့ လုံးပြီး သကာလ နေတဲ့ ဒုက္ခိတ ကလေး။ ဒုက္ခိတဇာတ်မှ လွတ်အောင် ခန္ဓာဇာတ်သိမ်း ငြိမ်းရာဖြစ် တဲ့ ဝိပဿနာအလုပ်ကို လုပ်ပါမယ်လို့ မင်းစိတ်ထဲမှာများ မပေါ် ဘူးလားလို့ မေးတယ် (မှန်ပါ)။
အဲဒီတော့ ယမမင်းကြီးလည်း ကြောက်ရတော့ ဒကာ ကြွယ် ကျွန်တော် မေ့လျော့နေခဲ့ပါတယ်။ ဒီအကြောင်း မပေါ်ခဲ့ပါ ဘူးတဲ့ (မှန်ပါ)။
သူများဝါးကျွေးမှစားရတဲ့ဘဝ
အဲဒီတော့ မင်းသည်ကားလို့ဆိုလို့ရှိရင် လူ့ပြည်မှာနေတဲ့ ဥစ္စာသည်ကားလို့ဆိုလို့ရှိရင် ဒီခန္ဓာကလေးက ကျွန်တော် ဒုက္ခိတ ပါ၊ ဒုက္ခသစ္စာပါ။ အစာလည်း ကျွန်တော့်ဟာ ကျွန်တော် မတောင်းတတ်ပါဘူး။ သူများဝါးကျွေးမှ စားရတဲ့ ဘဝကလေးဖြစ် ပါတယ်၊ သူများထူပေးမှ ကြွနိုင်ပါတယ်၊ ကျင်ကြီး ကျင်ငယ်တွေလည်း သူများ ရေချိုးပေးမှပဲ လူ့ဘဝ ဒုက္ခအစဆိုတာ ကျွန်တော်ပါပဲလို့ ဒီကလေးက ပြောပါလျက်သားနဲ့ မင်း ဒုက္ခ လွတ်တဲ့ဉာဏ် မပေါ်တာ မင်းမေ့လှချည်လား စွဲချက်တင် လိုက်တယ် (မှန်ပါ ဘုရား)။
မင်းမေ့လှချည့်လားတဲ့
ဒကာ ဒကာမတို့ ဘယ်လိုစွဲချက်တင်လိုက်သလဲ (မေ့တယ်လို့ စွဲချက်တင်လိုက်ပါတယ်)၊ မေ့တယ်လို့ စွဲချက် တင်လိုက်တော့ ဒကာ ဒကာမတို့ စဉ်းစားကြည့်ပါတဲ့၊ မင်းဟာ အဝိဇ္ဇာနဲ့ အချိန်ကုန်လာတယ် (မှန်ပါ)။
ဘာနဲ့ အချိန်ကုန်တာလဲ (အဝိဇ္ဇာနဲ့ အချိန်ကုန်လာ ပါတယ်)။
အဝိဇ္ဇာနဲ့ အချိန်ကုန်ပြီး သကာလ သူသည်ကားလို့ဆိုရင် သားရေး၊ သမီးရေး၊ စီးပွားရေးဆိုတဲ့ သင်္ခါရအလုပ်ကို လုပ်တယ် (မှန်ပါ)၊ လုပ်လိုက်တဲ့အတွက် သေသည်၏ အခြားမဲ့၌ ဟောဒီမှာ ခန္ဓာငါးပါး ဒုက္ခသစ္စာဆိုတဲ့ အပါယ်လေးပါးရောက် လာတယ် (မှန်ပါ)။
အဝိဇ္ဇာသင်္ခါရ အလုပ်-လုပ်လာတာနဲ့ ဒကာ ဒကာမတို့ ခန္ဓာငါးပါး ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတဲ့ ဒုက္ခသစ္စာ မရဘူးလား (ရပါတယ်)။
အဝိဇ္ဇာနဲ့အချိန်ကုန်ခဲ့တယ်
သူသည်ကားလို့ဆိုရင် အစစ်ခံတုန်းက ကျွန်တော်မေ့ တယ်၊ ဒါတွေ သတိမရပါဘူးလို့ မဖြေခဲ့ဘူးလား (ဖြေခဲ့ ပါတယ်)၊ အဲ-ဒါ သူ အတိတ်ဘဝက အဝိဇ္ဇာနဲ့ အချိန်ကုန်လာတာ (မှန်ပါ)။
အဝိဇ္ဇာပစ္စယာ (သင်္ခါရာ၊ သင်္ခါရာဆိုတော့ ဒကာ ဒကာမတွေ သားရေး၊ သမီးရေး၊ စီးပွားရေးကို ကာယကံနဲ့သွား၊ ဝစီကံတွေနဲ့ မလုပ်ရဘူးလား (လုပ်ရပါတယ်)၊ ကာယာနဲ့သွား၊ ဝစီကံနဲ့ပြော မလုပ်ရဘူးလား (လုပ်ရပါတယ်)၊ လှူပြန်တန်းပြန် လည်း နောက်ဘဝ တောင်းတပြီးလှူတဲ့ အလှူက မလာဘူး လား (လာပါတယ်)။
အဲဒီတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာနဲ့ သူအချိန်ကုန်ခဲ့တဲ့ အတွက် ဟော-ဒုက္ခသစ္စာကို သူရပြီ (မှန်ပါ)၊ မရသေး ဘူးလား (ရပါပြီ)၊ ဒီမှာစပ်သွားပြီး၊ သင်္ခါရနဲ့ ဝိညာဏ် မစပ်သေးဘူးလား (စပ်ပါပြီ)၊ စပ်သွားတာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန ဖဿဝေဒနာဆိုတာ ဒကာ ဒကာမတွေ ပဋိစ္စ သမုပ္ပါဒ် နည်းနဲ့တော့ ငါးပါး (မှန်ပါ)၊ ခန္ဓာ ဖွဲ့လိုက်တဲ့အခါ ခန္ဓာငါးပါး၊ ယခု တရားနာနေတဲ့ ခန္ဓာငါးပါးဟာ ဒါတွေပဲ (မှန်ပါ)၊ ဒီကြည့် လိုက်စမ်း၊ ဘာ သစ္စာတုံး (ဒုက္ခသစ္စာပါ)၊
ဪ -ဘယ်ကာလများ ကြုံနေပါလိမ့် (ပစ္စုပ္ပန်ပါ ဘုရား)၊ ဟော-ပစ္စုပ္ပန်၊ ယခု တရားနာရင်း ရနေတာ (မှန်ပါ)။ တရားနာရင်း ဘာရနေသလဲ (ဒုက္ခသစ္စာရနေပါတယ်)၊ ဒုက္ခသစ္စာ ရနေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။
နောက်ဘဝကမေ့ခဲ့လို့ပါ
ဪ- ဘယ့်နှယ်ကြောင့် ဒုက္ခသစ္စာကြီးရနေပါလိမ့်မတုံး မေးတဲ့အခါ နောက်ဘဝက ကျွန်တော် မေ့ခဲ့ပါတယ်၊ မေ့လို့ လုပ်မိလုပ်ရာလုပ်ခဲ့ပါတယ်၊ လုပ်လို့ ကျွန်တော် ဒုက္ခရောက်ပါ တယ် (မှန်ပါ)၊ မရှင်းကြသေးဘူးလား (ရှင်းပါတယ် ဘုရား)၊ ကောင်းပြီး၊ ဒီအတိုင်းမှတ်ထားပါ။
ဒါနဲ့ ယမမင်းကြီးက ဒကာ ဒကာမတွေ , မင်းဟာကွာ၊ ကလေးကလေးဟာ သေမင်း တမန်တွေ၊ ဒေဝဒူတ ဆိုတာ သေမင်းတမန် (မှန်ပါ)၊ ဒါကလေးဟာ မင်းကို သတိပေးနေ တာ၊ မင်း ဒီလိုမနေနဲ့၊ ဟောဒီ ဒုက္ခိ တလေးကို မင်းသည် ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဒုက္ခသစ္စာကြီးဖြစ်ရလိမ့်မယ်၊ သူ့မြင်သဖြင့် မင်းက ဒုက္ခ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ ဝိပဿနာအလုပ်ဖြင့် မဂ်ဆိုက်ဖိုလ် ဆိုက် လုပ်မှပဲ ဆိုတဲ့ ဉာဏ်မပေါ်ဘူးလား လွန်ခဲ့တဲ့ဘဝက ဆိုတော့ ကျွန်တော် မေ့နေတယ်ဆိုတာ ဒါပဲဗျ (မှန်ပါ)။
မေ့ပြီး ဘာလုပ်နေသတုံးဆိုတော့ သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်နေတယ် (မှန်ပါ)၊ ဒါဖြင့် အခု သူ ယမမင်းကြီး ထံရောက်တော့ ဘာသစ္စာဖြစ်နေသတုံး (ဒုက္ခသစ္စာ ဖြစ်နေပါတယ်)။
မေ့တာကအဝိဇ္ဇာ
ကိုင်း-ဒကာ ဒကာမတို့ ဘာသစ္စာနဲ့ နေရသလဲ (ဒုက္ခသစ္စာနဲ့နေရပါတယ်)၊ ငရဲဒုက္ခသစ္စာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ မေ့ပြီး သားရေး သမီးရေး၊ စီးပွားရေးဆိုတဲ့ သင်္ခါရအလုပ်-လုပ်တယ်၊ မေ့တာက အဝိဇ္ဇာ၊ သားရေး၊ သမီးရေးလုပ်တာက (သင်္ခါရပါ ဘုရား)၊ ဟော-ဒါဖြင့် ဒီမှာ သေသည်၏ အခြားမဲ့၌ ခန္ဓာ ဘယ်နှစ်ပါးရသလဲ (ငါးပါးပါ)။ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဘယ်ကာလပါလိမ့် (ပစ္စုပ္ပန်ကာလပါ)၊ ယမမင်းရှေ့ဆိုတော့ ပစ္စုပ္ပန်ကာလ (မှန်ပါ)၊ ယမမင်းရှေ့ရောက်နေပြီ ဒကာ ဒကာမတို့ (မှန်ပါ)။ သဘောပါပလား (ပါပါပြီ)။
ကြောက်စရာကြီးပါလား သိပ်ကြောက်စရာ ကောင်းတယ် (မှန်ပါ)၊ ဒကာ ဒကာမတွေ အင်မတန် ကြောက်စရာ ကောင်းတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။
တရားဟောဆရာလို့မှတ်လိုက်စမ်းပါ
ကိုင်း ဒါနဲ့ပဲ မင်းတယ်မေ့တယ်ကွာဆိုပြီး သကာလ ဒါတွေမြင်သဖြင့် ဒီဝိပဿနာ အလုပ်လုပ်ပြီး ထွက်ရပ်လမ်း ရှာပါတော့မယ်၊ ကလေးကလေးတွေဟာ ဒကာ ဒကာမတို့အိမ်မှာ တရားဟော ဆရာလို မှတ်လိုက်စမ်းပါ (မှန်ပါ)။
ဒီဒုက္ခကလေးတွေ သူ့ရေနဲ့၊ သူ့ထမင်းနဲ့၊ သူ့ကျင်ကြီးနဲ့ ဘာမှ သူ့သဘောသတ္တိဟာ ခြေလက်စုံငြား သော်လည်း သူ့စွမ်း ရည်သတ္တိ အကုန်တုံးပါတယ် (မှန်ပါ)၊ မတုံးဘူးလား (တုံးပါတယ်)၊ ခြေကလည်း ဘာအသုံးကျသတုံး (မကျပါ ဘုရား)၊ မသွားနိုင်ဘူး၊ လက်ဟာကော ဘာယူနိုင်သတုံး (မယူနိုင်ပါ ဘုရား)၊ ပါးစပ်က ဘာပြောနိုင်သတုံး (ဘာမှ မပြောနိုင်ပါ ဘုရား)၊ ဒုက္ခိတမှ ဟုတ်ရဲ့လား (ဟုတ်ပါတယ်)။
ခန္ဓာဉာဏ်ရောက်အလုပ်လုပ်ပါ
အဲဒီ ဒုက္ခိတကလေးကိုမြင်သဖြင့် ဪ -ဒီဒုက္ခမှ လွတ် အောင် ငါတို့တော့ဖြင့် ဝိပဿနာ အလုပ်ဆိုတဲ့ ခန္ဓာဉာဏ်ရောက် အလုပ်လုပ်ပါတော့မယ်ဆိုပြီး မြင်တိုင်း မြင်တိုင်း ဆုံးဖြတ်ချက် ချပါ (မှန်ပါ)၊ ဆုံးဖြတ်ချက်မချလို့ရှိရင်ဖြင့် ယမမင်းကြီးက မင်း တယ်မေ့ပါလား ဟုတ်ပါတယ်၊ ကျွန်တော့်မေ့ခဲ့ပါတယ် ဆိုပြီး တာဝန်ခံရှာတယ် (မှန်လှပါ)။
အဲဒီတော့ မင်း မေ့တဲ့အဖြစ်ဟာကွာ ဒီအပါယ်ငရဲ မင်းခံ။ ဒီအကျိုး-၂ အပါယ်ငရဲကို မင်း မိန်းမ အစားထိုးလာခံ သော်လည်း မရဘူး (မှန်ပါ)၊ အမေ အဖေက အစားထိုးပြီး ကျုပ် သားဖြင့် – ကျုပ်သား အပါယ် ငရဲမချပါနဲ့၊ ကျုပ်တို့ပဲ ချပါလို့ အစားထိုးမယ့်သူလည်း မင်းမှာ မလာဘူး၊ ဘုန်းကြီးများ အလုပ်လည်း မဟုတ်ဘူး၊ မင်းအလုပ် ဖြစ်တယ်၊ မင်းလုပ်ခဲ့တဲ့ အလုပ်တွေ၊ မင်းမေ့ခဲ့တဲ့ အလုပ်တွေ၊ သဘောကျပလား (ကျပါပြီ)၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ အလုပ်တွေလုပ်ခဲ့တာ ကိုးဗျ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဘာလုပ်ခဲ့သတုံး (အဝိဇ္ဇာပစ္စယာ သင်္ခါရာ အလုပ် တွေလုပ်ခဲ့ပါတယ်)။
လက်ပံပင်ရဲဆိုတာ
အဝိဇ္ဇာပစ္စယာ သင်္ခါရာအလုပ်တွေ လုပ်ခဲ့ပါတယ်လို့ ဆိုသဖြင့် အဲဒီတော့၊ မင်းရမယ့်အဖြစ်ဟာ မင်းသာခံထိုက်တယ် ဆိုပြီး သကာလ ငရဲသားတွေကလည်း ဘေးက ဝိုင်းနေ၊ ဟိုနား ကြည့်လိုက် ပြန်တော့လည်း ငရဲမီးက တဟုန်းဟုန်းနဲ့၊ ဟိုးနား ကြည့်လိုက်ပြန်တော့လည်း လက်ပံပင် ငရဲကလည်း ဓားတွေ၊ လှံတွေ ပြုတ်ကျ။ ဟိုနားကြည့်လိုက်တဲ့ အခါကျတော့လည်း ကျင်ကြီးပုံ၊ ငရဲထဲမှာလည်း ပိုးတွေ လောက်တွေက တစ်တောင်လောက်နဲ့၊ ရိုးတွင်းခြင်ဆီ စုပ်စားမည့် ကောင်တွေကလည်း ပြည့်လို့ (မှန်ပါ)၊ အဲဒါတွေ မင်းမြင်တော့ အဲဒါဟာ မင်းမေ့ လာတဲ့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ သတ္တိကြောင့် သမုဒယသစ္စာ သာ လုပ်ခဲ့သကိုး (မှန်ပါ)။
ဒီမှာကြည့်၊ သမုဒယသစ္စာသာ လုပ်တယ် (မှန်ပါ)၊ မေ့တယ်ဆိုတာ ဒကာ ဒကာမတွေ ကျုပ်မေးတယ်နော်၊ သည်းခံပါလို့ ပြောပေမယ့် အဝိဇ္ဇာပစ္စယာ သင်္ခါရာပဲ၊ သည်းမခံ နိုင်ဘူး (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
မေ့တယ်ဆိုတာအဝိဇ္ဇာ
ကျုပ်ဟာ ယနေ့တော့ဖြင့် မေ့သွားတယ်၊ ဘုရားရှိခိုး ကလေးတောင်မေ့သွားတယ်။ ဆရာဘုန်းကြီး မှာထားတယ်။ ဘုရားရှေ့မှာထိုင်ပြီး ခန္ဓာဉာဏ်ကလေးနဲ့ စိုက်ပါဆိုတာ ကလေးလည်း မေ့သွားတယ်ဆိုတော့ ဘာပါလိမ့် (အဝိဇ္ဇာ ပါ ဘုရား)၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရာ)၊ သင်္ခါရာပစ္စယာ
သေသည်၏ အခြားမဲ့၌ (ခန္ဓာငါးပါးပါ)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ မေ့တာက ဘာသစ္စာ (သမုဒယသစ္စာပါ)။ ရတာက (ဒုက္ခသစ္စာပါ)၊ သွားပကော ဒကာ ဒကာမတို့ (မှန်ပါ)၊ တောင်းပန်လို့ မရဘူး (မရပါ ဘုရား)။
ခင်ဗျားတို့ချင်းတော့ဖြင့် ကိုက်ပါတယ်၊ ကျုပ်တော့ မေ့ သွားတယ်၊ ဒါကလေးဖြင့် သည်းခံပါ၊ ကျုပ်ပေးပါ့မယ် ဆိုတာကလေး ကျပ် မပေးမိဘူး၊ ငွေကလေးဟာ ခင်ဗျားတို့လည်း ကျပ်နေတယ် ဆိုတာ သိပါတယ်၊ ကျုပ်ပေးမလို့ဟာ မေ့မေ့နေ တယ် (မှန်ပါ့)၊ မေ့တာက ဘာတုံး ဒကာ ဒကာမတို့ (အဝိဇ္ဇာ ပစ္စယာ သင်္ခါရာပါ)၊ သေသည်၏ အခြားမဲ့၌ ခန္ဓာငါးပါး မရဘူးလား (ရပါတယ်)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ကိုင်း – ဒကာ ဒကာမတို့ မေ့ပြစ်ဟာ ကြီးသလား-သေးသလား (ကြီးပါတယ် ဘုရား)၊ ရှင်းကြပ်လား (ရှင်းပါပြီ)။
မင်းမေ့တာ မင်းသာခံထိုက်တယ်
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့၊ အမောင်၏ မေ့ပြစ် သည်ကားလို့ဆိုရင် အမောင်သည် သာလျှင် ခံထိုက်တယ် ဆိုပြီး သကာလ ဆုံးဖြတ်ချက် ချလိုက်တယ် (မှန်ပါ)၊ တစ်ခါတည်း မှိုင်ကျသွားတယ် (မှန်ပါ)။
ဒကာ ဒကာမတို့၊ ခုနင်က ဖမ်းလာတဲ့ လူ့ပြည်က ကံပစ်ချလို့ ငရဲရောက်လာတဲ့ ပုဂ္ဂိုလ်မှာ စစ်တမ်းကလေး မင်းမေ့တာ မင်းသာ ခံထိုက်တယ်။ မင်းအမေ၊ မင်းအဖေ၊ မင်း သားမယား သားသမီး၊ အဲဒါတွေ ဘာမှ မဆိုင်ဘူး၊ မင်း မေ့တဲ့အပြစ်ဟာ မင်းသာ ခံရမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ် (မှန်ပါ)။
ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်း ပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ မြင်နေရတာက အကျိုးပေးမှာကလည်း အခု ဒီဂရီချရင် အခု ဒယ်အိုးထဲ ရောက်တော့မယ် ဆိုတာ သူသိနေပြီ (မှန်ပါ)၊ ဘယ်လောက် ဆိုရွားထားသလဲ (ဆိုးရွားပါတယ် ဘုရား)။
အဲဒါကြောင့် ကလေး မြင်တိုင်းမြင်တိုင်း ယမမင်းကြီး စစ်တာ နားထောင်ပါ (မှန်ပါ)၊ ဒီဒုက္ခ လွတ်အောင် ကြိုးစားမဟဲ့လို့ ဘယ်ကလေးမြင်မြင်၊ ဒီကလေးဟာ ဒုက္ခသစ္စာ ကလေး၊ သူ့ခြေ၊ သူ့လက်၊ သူ့ပါးစပ်၊ သူ့မျက်လုံး၊ ဘာမှ အသုံးချ လို့ မရဘူး (မှန်ပါ)၊ ရရဲ့လား (မရပါ ဘုရား)၊ အဲဒုက္ခ ရောက်နေတာ မသေချာဘူးလား (သေချာပါတယ်)။
ကလေးမြင်တိုင်း နှလုံးသွင်းပါ
အဲဒီဒုက္ခမှ လွတ်အောင်ဖြင့် ဝိပဿနာအလုပ်ကို၊ ခန္ဓာ ဇာတ်သိမ်းတဲ့ အလုပ်ကို လုပ်ပါတော့မယ် ဆိုတာ ကလေး မြင်တိုင်း နှလုံးသွင်းပါ (မှန်ပါ)၊ ချစ်စရာကောင်းနေတာနဲ့၊ ကြင်နာစရာကောင်းနေတာနဲ့ လူလားကလေးများမြောက်ရင် ဘယ်လောက်များ လူချွန်လူမွန် ကလေး ဖြစ်လာမတုံးနဲ့ မြှောက်လုံးတွေနဲ့ အချိန်ကုန်မနေပါနဲ့ ဒကာ ဒကာမတို့ (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)။
အခုတော့ ကလေးမြင်ရင် ခင်ဗျားတို့က ကိုယ့်အလုပ် – လုပ် ဖြစ်သလား၊ ကလေးပဲ ပွေ့ချင် ချီချင်သလား၊ ဒကာကြွယ်ကြီး ပြီ၊ ရိုးရိုးပဲ ပြောစမ်းပါဦး (ပွေ့ချင်ချီချင်ပါတယ် ဘုရား)။ တယ်ဆိုးတာကိုး (မှန်ပါ)။
နောက်က ဒကာ ဒကာမတွေကော ပွေ့ချင်ချီချင် သလား၊ သံဝေဂရချင်သလား (သံဝေဂ ရချင်ပါတယ်)၊ ဒီက ရှေ့ပြောင်းပါ။ နဂိုမူတွေ အကုန်ပြောင်းပါ (မှန်ပါ)။
ခင်ဗျားတို့က နဂိုမူပြောင်းလို့ ရှိရင်လည်း အပါယ်မသွားရမှာ စိုးလို့ တချို့ပုဂ္ဂိုလ်များကလည်း ဪ -သူ့အဘိုးကလည်း ရိုင်းစိုင်း လိုက်တာ၊ ပွေ့မှ မသွားချင်ဘူးတဲ့ (မှန်ပါ)၊ ဒီအဘိုးကြီးတော့ အပါယ်ချတော့မလို့ ဟိုကနေပြီး ချွေးမက ဆူနေပြီ (မှန်ပါ)၊ မဆူဘူးလား (ဆူပါတယ်)။
ဒီဒုက္ခကျွတ်အောင်လုပ်ပါ
အဲဒါတွေ မြှောက်ပင့်ပြီး သကာလ မမေးပါနဲ့၊ သူ့အဘွား လာတာ ရွှေဒင်္ဂါးလေး တစ်ပြားမှ လက်ဖွဲ့ မသွားဘူးတဲ့။ ရိုင်းစိုင်းလိုက်တာ။ ဘယ့်နှယ်နေသတုံး၊ ဘယ်လို ဘယ်ချမ်းသာ အစရှိသဖြင့် မမေ့ဘူး၊ ရိုင်းစိုင်းလိုက်တာလို့ သွားပြီး လုပ်မနေပါနဲ့ တဲ့၊ ကိုယ့်ဟာကိုယ် သံဝေဂရအောင် ဒီဒုက္ခမှ ကျွတ်အောင် ငါ လုပ်မှပဲဆိုတဲ့ ယမမင်းစစ်တမ်း အတိုင်းသာ လုပ်ပါ (မှန်ပါ)။ ရှင်းပလား (ရှင်းပါပြီ)။
အမောင် မင်းအပြစ်ကို အမောင်သာလျှင် ခံပေတော့ဆို တဲ့ဥစ္စာ၊ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်နဲ့ ကြည့်ပါ။ ကို့ဟာက အတိတ်ဘဝ (မှန်ပါ)၊ အတိတ်ဘဝက မမေ့ခဲ့ဘူးလား (မေ့ခဲ့ပါတယ်)၊ မေ့လို့ သားရေး၊ သမီးရေး၊ စီးပွားရေးလုပ်ချင် တာလုပ်တယ်၊ သေသည်၏ အခြားမဲ့၌ ဘာသစ္စာရသတုံး (ဒုက္ခသစ္စာရပါတယ်)၊ မေ့တာက ဘာသစ္စာတုံး (သမုဒယသစ္စာပါ)၊ ယခု ရောက်ပြီး တွေ့ရမှာက (ဒုက္ခသစ္စာပါ)။
မေ့ပြစ်ကအင်မတန်ကြီးတယ်
ကိုင်း-ဒကာ ဒကာမတို့ မေ့ပြစ် သေးသလား ကြီး သလား (ကြီးပါတယ် ဘုရား)၊ အင်မတန်ကြီးတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။
အဲ့ဒါကြောင့် ခင်ဗျားတို့ သားကလေးပွေ့၊ သမီးကလေးပွေ့ နမ်းကာ ရှုပ်ကာနဲ့ နေကြတာကို ဘုန်းကြီးတို့က ဝမ်းမသာလို့ မဟုတ်ပါဘူး။ သားကလေး ထွန်းကားလာ၊ သမီးကလေးတစ်ယောက် အညွန့်ပေါက်လာတာဆိုတာကို ခင်ဗျားတို့ကတော့ ဒီအတိုင်းပဲ ပြောကြမှာပဲ။ ယမမင်းစစ်တမ်း ကြည့်တော့ ဒါမြင်လိုက်လို့ရှိရင် ဒီအဖြစ်မှ လွတ်အောင် ရုန်းမှာ ပဲ၊ ကုန်းပြီး သကာလ ကြိုးစားမှာပဲ ဆိုတာ မင်း ဉာဏ်မပေါ်ခဲ့ ဘူးလား မေးတာ (မှန်ပါ)။
ကျွန်တော် မပေါ်ခဲ့ပါဘူးဆိုတော့ အမောင် မေ့လှချည့် လားဆိုတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရကို ပြောတာ (မှန်ပါ)။
မပြောဘူးလား (ပြောပါတယ်)၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ)၊ သေသည်၏အခြားမဲ့၌ သင်္ခါရပစ္စယာ (ဝိညာဏံပါ)၊ ဝိညာဏပစ္စယာ (နာမရူပံ)၊ နာမရူပပစ္စယာ (သဠာယတနံ၊ သဠာယတနပစ္စယာ (ဖဿ)၊ ဖဿပစ္စယာ (ဝေဒနာပါ)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဘယ်ကာလတုံး (ပစ္စုပ္ပန်ပါ)၊
ပစ္စုပ္ပန်ကာလမှာ ဒုက္ခရောက်ပြီတဲ့၊ မင်း ဒုက္ခရောက်ဖို့သာပြင်တော့တဲ့ (မှန်ပါ)။ ဒါ ငရဲသား လည်း ဒီဥစ္စာ ဒုက္ခရောက်တော့မှာပဲ။
၂။ လူအိုကြီးတွေ့မြင်ဖူးသလား
ဒါနဲ့ပဲ ဒကာ ဒကာမတို့ ကဲ-ဒီအဖြစ်နဲ့ဖြင့် မင်းနေရာမကျ သေးဘူး။ ငါ တစ်မျိုးစစ်ပါဦးမယ် ဆိုပြီး မင်းသည်ကားလို့ဆိုရင် လူအိုကြီးတွေ မမြင်ဖူးဘူးလားကွတဲ့၊ မြင်ဖူးပါတယ်ခင်ဗျာ။
ဪ -အကြောအခြင်တွေကလည်း အပြိုင်ပြိုင်းထ ကုန်ပြီကွာ။ မဲ့တွေ၊ တင်းတိပ် တွေကလည်း ရှုပ်လို့။ နံရိုးကြီးတွေ ကလည်း ကျဲလို့။ ခါးကလည်း ကုန်းလို့၊ အဲဒါမြင်တဲ့အခါ ဒီကုန်း တဲ့ ဒုက္ခဝဋ်မှ ငါလွတ်အောင် ရုန်းမယ်ဆိုတဲ့ဥစ္စာ ဒီလိုမြင်တဲ့အခါ မင်းစိတ်ထဲမှာ ဝိပဿနာ အလုပ်လုပ်ပြီး ရုန်းပါတော့မယ်၊ ကန်ပါတော့မယ်၊ ခန္ဓာရတဲ့အလုပ်ဖြင့် မလုပ်တော့ပါဘူးလို့၊ ခန္ဓာရတဲ့ အပြစ် မြင်သဖြင့် ခန္ဓာဝန်မှာ ကျွတ်ချင်တဲ့ ဉာဏ်များ မင့်မှာ မလာဘူးလားတဲ့၊ မေးတာ-မေးတာ ဒကာ ဒကာမတို့ (မှန်ပါ) ဘယ်သူက မေးတာတုံး (ယမမင်းကြီးကပါ)။
မေ့နေလို့နှလုံးမသွင်းမိပါဘူး
မေးတဲ့အခါကျတော့ ကျွန်တော် နှလုံးမသွင်းမိပါဘူး၊ မေ့နေတယ် (မှန်ပါ)။
ဪ-အမောင် မေ့တဲ့အပြစ်သည်ကားဆိုလို့ရှိရင်ဖြင့် ဒါပဲ ပြန်ကျတယ် ဒကာ ဒကာမတို့ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)၊ ဘာသစ္စာရသတုံး (ဒုက္ခသစ္စာရ ပါတယ်)၊ သေသည်၏ အခြားမဲ့၌ ဒုက္ခသစ္စာ ရတယ် (မှန်ပါ)၊ မေ့ပြစ်သေးသလား (မသေးပါ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့အတွက်လည်း ကရုဏာ ရှေ့ထားပြီး ဒကာကြွယ် သေသေချာချာ ပြောနေတယ် (မှန်ပါ)။
အိုတာ သေမလို့လာတာ
ဒီတွင်မှ ယမမင်းက ဪ -မင်း ဒုတိယအချက် သေမင်း တမန်တွေ လာတာကိုလည်း ဆိုတာ သေမလို့လာတယ်ဆိုတဲ့ သေမင်းတမန်တွေလာတာကိုလည်း၊ မင်းကလည်း သတိမရဘူး ဝိပဿနာ အလုပ် လုပ်ပါမယ်ဆိုတဲ့ သဘောသွား တွေကလည်း မင်းမှာ မပေါ်လာဘူးဆိုတော့ အမောင် မေ့ချက် ပြင်းခြင်းကြောင့် အမောင့် အကျိုးပေး အမောင်လုပ်လာတဲ့အကြောင်းကို အမောင် အကျိုးပေးနဲ့ အမောင်နေရမှာပဲ (မှန်ပါ)။
အင်း မင်း သမုဒယသစ္စာလုပ်ခဲ့တဲ့ အတွက် ဒုက္ခသစ္စာ နဲ့ နေပေတော့ ပြောတာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာသစ္စာလုပ်ခဲ့သတုံး (သမုဒယသစ္စာလုပ်ခဲ့ ပါတယ်)၊ ကဲ ဘာနဲ့ နေပေတော့လို့ ဆုံးဖြတ်ချက်ချမလဲ (ဒုက္ခ သစ္စာနဲ့ နေပေတော့လို့ ဆုံးဖြတ်ချက်ချပါတယ်)။
ဝိပဿနာအလုပ်သာကယ်နိုင်တယ်
ကဲ ဝိပဿနာမလုပ်တဲ့အပြစ်ဟာ ဘယ်လောက်ကြီး သလဲ (ကြီးပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ခင်ဗျားတို့ သေသေချာချာ သတိပေးပြီး သကာလ နေတဲ့ ဥစ္စာကို သေသေချာချာ -တို့မှာ ဒီအလုပ် မှတစ်ပါး ကယ်မည့်ယူမည့်သူ မရှိတော့ပါလားဆိုတာ ဒကာကြွယ် ဦးလှဘူး ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ ကြောက် စရာ ကောင်းလွန်းလို့ ပြောပါတယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။
အဲဒါနဲ့ အမောင် မေ့တဲ့အပြစ်တွေ အမောင်သာလျှင် ဆိုင်တော့တယ်ဆိုပြီး ဒုတိယမေးခွန်း ပြောလိုက်တယ်၊ ဆုံးဖြတ်ချက် ချပေးလိုက်တယ် (မှန်ပါ)။
၃။ လူနာကြီးတွေမြင်ဖူးသလား
တတိယမေးခွန်း မေးလိုက်ပါတယ်၊ အမောင် နာတဲ့ ပုဂ္ဂိုလ်များ မတွေ့ဘူးလားတဲ့ (မှန်ပါ့)၊ ကိုယ့်ရေမှ ကိုယ်မသောက်နိုင်၊ ကိုယ့်ကျင်ကြီးမှ ကိုယ်မစွန့်နိုင်လို့ သူက သုတ်ရ၊ ငါက ဆေးပေးရနဲ့၊ ဒါတွေ မင်း-မင်းမြင်တဲ့အခါ ဒီခန္ဓာ အပြစ်ဟာ တယ်ဆိုပါလား ခန္ဓာလွတ်ရာ ဝိပဿနာ အလုပ်၊ နိဗ္ဗာန်ပို့တဲ့ အလုပ်ကို ငါလုပ်ပါတော့မယ် ဆိုတာ ဒီလူနာကြီးမြင်သဖြင့် မင်းမလာဘူးလားကွ (မှန်ပါ)၊ သေမင်းတမန်တစ်ယောက်ကို မေးပြန် တယ် (မှန်ပါ)။
ကျွန်တော်မေ့နေပါတယ် (မှန်ပါ)၊ အင်း သူဖြင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာချည့် လုပ်နေတာပဲ (မှန်ပါ)။
ဒါဖြင့် ဘာသစ္စာလုပ်သလဲ (ဒုက္ခသစ္စာလုပ်ပါတယ် ဘုရား)၊ ဒါဖြင့် သေသည်၏အခြားမဲ့၌ ဒီမှာ စပ်သွားတာက ဘာသစ္စာနဲ့ စပ်သွားကြသလဲ(ဒုက္ခသစ္စာနဲ့ စပ်သွားကြပါတယ်)။
ကိုင်း-ဒကာ ဒကာမတွေ ခင်ဗျားတို့ ဒီလိုပေါ့နေလို့တော် ပါ့မလား (မတော်ပါ ဘုရား)၊ လူနာ မြင်လို့ရှိရင် အနာမှ လွတ်ကြောင်း ငါကြိုးစားပါတော့မယ်ဆိုပြီး ဝိပဿနာ အလုပ်ကို လုပ်ရလိမ့်မယ် (မှန်ပါ)၊ မလုပ်လို့ရှိရင်ဖြင့် အမောင် မေ့ချက် ကောင်းလှချည့်လား၊ သမုဒယသစ္စာကြောင့် မင်းပဲ ဒုက္ခခံပေ တော့ ဆိုပြီး ဒကာ ဒကာမတွေ မလာပေဘူးလား (လာပါတယ်)၊ သိပ်ကြောက်စရာ ကောင်းပါလား၊ (ကောင်းပါတယ်) ရှင်းကြ ပလား (ရှင်းပါပြီ)။
ခန္ဓာရလို့တွေ့ရတဲ့အဖြစ်
ဒါနဲ့ မင်းသည်ကားလို့ဆိုရင် ရာဇဝတ်သင့်တဲ့ ပုဂ္ဂိုလ်များ မင်း မမြင်ဘူးလားကွာ၊ လက်ထိပ် ထိတ်တုံးတွေ ခတ်လို့၊ အရိုက်ခံ အနှက်ခံလို့၊ ကြိမ်ဒဏ်တွေပေးလို့၊ ကြိုးတွေပေးလို့ ဆိုတာ မင်းမကြားဖူးဘူးလား ကြားဘူးပါတယ်၊ ဒီခန္ဓာရလို့ တွေ့ရ တဲ့အပြစ်တွေလို့ မင်းမသိဘူးလား မသိပါဘူးခင်ဗျားတဲ့။
ဪ အမောင် မေ့ချက် တယ်သန်ပါလားဆိုတော့၊ ကျွန်တော် သန်ပါတယ်ဆိုတော့ သူ အတိတ်ဘဝ အဝိဇ္ဇာ ပစ္စယာချည့်ဖြစ်နေတယ် (မှန်ပါ)၊ ဒီဘဝ ဘာသစ္စာရသတုံး (ဒုက္ခသစ္စာ ရပါတယ်)။
ကိုင်း- ဒကာ ဒကာမတို့ အဝိဇ္ဇာပစ္စယာ သင်္ခါရာဟာ တယ်ဆိုပါလား (ဆိုးပါတယ် ဘုရား)၊ ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ)။
နောက်ကျတော့ ဒကာ ဒကာမတို့ ဒီဟာမေ့ပြီးသကာ၊ လ မင်း ဒီဟာ လူနာတွေ ပြန်မြင်တော့လဲ မင်းမေ့တယ်ဆိုတော့ မင်းမေ့တဲ့အပြစ် မင်းပဲခံပေတော့၊ မင်းအမေနဲ့၊ မင်းသားမယားနဲ့ ဘာမှမဆိုင်၊ မင်းဆွေမျိုး ဉာတကာတွေနဲ့လဲ မဆိုင်။ မင်းမေ့ တဲ့ အကြောင်းကို မင်းသည် မေ့သော သမုဒယသစ္စာလုပ်တဲ့ အတွက် ရသောဒုက္ခသစ္စာကို မင်းကိုယ်တိုင်ယူပေတော့ (မှန်ပါ)၊ ဒါပဲ အမိန့်ချလိုက်တယ် (မှန်ပါ)။
၄။ လူသေတွေ့မြင်ဖူးသလား
သို့သော် ယမမင်းက သနားတာနဲ့ စစ်ပြန်တယ်၊ မင်းကွာ လူသေတွေများ မမြင်ဘူးလား ဆိုတော့ မြင်ဘူးပါတယ် ခင်ဗျာ။ တစ်ရက်နှစ်ရက် ဆိုရင် ဖူးဖူးရောင်လို့ အရေတွေတွန့်ပြီး သကာလ သွေးတွေ ပြည်တွေယိုလို့၊ ဒါတွေမြင်တော့ ဪ- ခန္ဓာရတဲ့ ဥစ္စာ သေလမ်းချည့်ပါလား။ မသေလမ်း သွားတဲ့ ဝိပဿနာ အလုပ် ငါလုပ်ပါမယ်လို့ အဲဒါများဖြင့် မလာဘူးလားကွ (မှန်ပါ)၊ ဒကာကြွယ် မေးချလိုက်တယ် (မှန်လှပါ)၊ ဘယ်သူက မေးတာပါလိမ့် (ယမမင်းက မေးတာပါ)။
အဲ-မေးလိုက်တဲ့အခါ ကျွန်တော်မေ့နေတယ်ချည့် တယ် (မှန်ပါ)၊ ဘယ်အတွက်ချည့် ဖြေနေသတုံး ဒကာ ဒကာမ တို့၊ ၁-နံပါတ်အတွက်ချည့် ဖြေနေတယ် (မှန်ပါ)။
ဒကာ ဒကာမတွေ မသာပို့တဲ့အခါကျတော့ မသာလွတ် အောင် လုပ်မယ်လို့လာရဲ့ လား (မလာပါ ဘုရား)၊ ဟာ- ဒီအကွက်ရောက်ပြန်ပြီ၊ ခင်ဗျားတို့လည်း (မှန်ပါ ဘုရား)၊ ဒီအကွက်ရောက်ရင် ဒီအကွက် လွယ်ပါ့မလား (မလွယ်ပါ ဘုရား)၊ ဒီအကွက်က (ဒုက္ခသစ္စာပါ)။
အမောင့်အပြစ်ဟာ အမောင်သာဆိုင်တယ်
အဲဒီကဲ့သို့ ငါးချက်လောက်မေးပြီးတော့မှ ဒကာကြွယ် မေးစရာကကုန်၊ သူ့မှာ အမေ့ချည့်ပဲ၊ သူ ပြောတဲ့အသံက ဒီအသံ ချည့်ပဲလာတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာတွေချည့်ပြီး သကာလ နေတော့ – အမောင် -အမောင့်အပြစ်ဟာ အမောင်သာ ဆိုင်တယ် ဆိုပြီး နောက်ထပ် မေးစရာမရှိတော့ ငရဲသားတွေ က တစ်ခါတည်း လေးလက်မလောက် ထူတဲ့ သံပြားကြီးပေါ်မှာ လှဲအိပ်စေပြီး သကာလ အင်မတန် ချွန်လှစွာသော မီးရဲရဲတွေနဲ့ တောက်နေတဲ့ သံမယ်နသံမှိုကြီးတွေနဲ့ ဗိုက်တစ်ချက် ရိုက်လိုက်၊ လက်ဝါးတစ်ချက် ရိုက်လိုက်၊ ဟိုဘက် လက်ဝါးရိုက်လိုက်၊ ခြေထောက်နှစ်ဖက် ရိုက်လိုက် ဆိုတော့ ကားစင်တင်သလို ဖြစ်သွားတယ် (မှန်ပါ)။
ဒကာ ဒကာမတို့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဒဏ်ချက် သေးရဲ့ လား (မသေးပါ ဘုရား)။
အဲဒါကို ဘုန်းကြီးများက အမိအဖတွေ၊ မောင်နှမတွေ မတော်ဖူးသူ မည်သည် မရှိခဲ့တဲ့အတွက် ဒကာ ဒကာမတို့ မေ့ပြစ် အတော်ကြီးပါလား ဆိုတာ ပြောရတယ် (မှန်ပါ)၊ အဲဒါ မြန်မြန်လုပ်ပါ၊ အသေစောရင် အဲဒီ အရင်ရောက်မယ် (မှန်ပါ)၊ မြန်မြန်လုပ်ပါဆိုတာ မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်း သင့်ပါတယ်)။
အေး ဒါကြောင့် ခင်ဗျားတို့က ဘယ်နေ့ ဘာရလိမ့် မယ်၊ ဘယ်နေ့ကျတော့ လူဖြစ်ဦးမှာလိုလို၊ ဘယ်ဗေဒင်က ဟောထားလို့ အိုဇာတာ ကောင်းဦးမှာလိုလိုနဲ့ အဲဒါတွေ မလိုချင် ဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
ဝိပဿနာဘက်ချည့်စိတ်ကရောက်ပါ
ဒါတွေ မလိုချင်ပါဘူး၊ အိုဇာတာတွေ မလိုချင်ပါဘူး၊ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ မြင်တိုင်း မြင်တိုင်း ကလေးမြင်လဲ ဝိပဿနာ လုပ်ဖြစ်ဖို့ပဲ။ လူအိုကြီးမြင်ပြန်လဲ (ဝိပဿနာလုပ် ဖြစ်ဖို့ပါ)၊ လူနာကြီးဖြစ်လဲ (ဝိပဿနာလုပ်ဖြစ်ဖို့ပါ)၊ ရာဇဝတ်ကောင် မြင်ရင်ကော (ဝိပဿနာလုပ်ဖြစ်ဖို့ပါ)။ ရာဇဝတ် သေနေတဲ့ မသာကြီး မြင်ရင်ကော (ဝိပဿနာ လုပ်ဖြစ်ဖို့ပါ)၊ အဲဒီငါးချက်ကို မြင်တိုင်း မြင်တိုင်း ဝိပဿနာ ဘက်ချည့် စိတ်ကရောက်နေ (မှန်ပါ)။
ဝိပဿနာဘက် စိတ်ကရောက်တော့ ဒကာ ဒကာမတို့ ခန္ဓာရလိုသေးရဲ့လား (မရလိုပါ ဘုရား)၊ ခန္ဓာမရှိတော့ ဒကာ ဒကာမတို့သိတဲ့အတိုင်း ခန္ဓာဟာ ဘာသစ္စာတုံး (ဒုက္ခ သစ္စာ)၊ ခန္ဓာမရှိတော့ နိရောဓသစ္စာ (မှန်ပါ)၊ နိရောဓသစ္စာ ဟာ ဘယ်လက္ခဏာတုံး မေးတော့ ငြိမ်းအေးခြင်း လက္ခဏာ ရှိတယ် (မှန်ပါ)။ သဘောပါကြပလား (ပါပါပြီ)။
အဲဒီတော့ ငြိမ်းအေးခြင်းလက္ခဏာရှိတဲ့ဆီကို ရောက်စေ ချင်လွန်းလို့ ဒီ ငါးချက် မြင်တိုင်း မြင်တိုင်း အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ မဖြစ်စေပဲနဲ့ အဝိဇ္ဇာနိရောဓာ သင်္ခါရာ နိရောဓာ ဖြစ်ပါစေ (မှန်ပါ)။
ကြည့်လေ အဝိဇ္ဇာနိရောဓာဆိုတော့ သင်္ခါရကော (နိရောဓောပါ ဘုရား)၊ သင်္ခါရနိရောဓာ (ဝိညာဏ နိရောဓော)၊ ဟော-သမုဒယချုပ်လို့ ဒုက္ခချုပ်တယ် (မှန်ပါ)၊ ခန္ဓာလာသေးရဲ့ လား (မလာပါ ဘုရား)၊ ဒါဖြင့် ဒုက္ခနိရောဓော နိဗ္ဗာနံ။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
ဒုက္ခနိရောဓောနိဗ္ဗာနံ ဒကာ ဒကာမတွေ အင်မတန် လုံလောက်သွားပြီ (လုံလောက်သွားပါပြီ)။
လုပ်ဖြစ်အောင် လုပ်ကြစမ်းပါ
အဲဒါကြောင့် ဒကာ ဒကာမတွေ အင်မတန် လုံလောက် သွားတယ် (မှန်ပါ)၊ ဒါကြောင့် ဒကာ ဒကာမတွေ လုပ်ဖြစ် အောင် လုပ်စမ်းပါဆိုတာ သတိပေးလိုက်တယ် (မှန်ပါ)။
ကိုင်း-ဒါဖြင့် ဒီဟာကို အသာထား ဒကာ ဒကာမတွေ၊ အလုပ်ပေးတရားကလေး နည်းနည်း ထည့် ပေးပါမယ်။ ယခုတော့ဖြင့် ဒကာ ဒကာမတွေ အပါယ် မရောက်သေးဘူး ပေါ့ဗျာ (မှန်ပါ)၊ ခုနင်က ပုဂ္ဂိုလ်တွေကဖြင့် အပါယ်ငရဲတွေ အကုန်ခံရုံပဲ ရှိတော့တယ် (မှန်ပါ)၊ လွတ်ရက် အဝေးကြီး ဆိုတာသာ မှတ်လိုက်တော့ (မှန်ပါ)။
ကဲ ဒီဒကာ ဒကာမတွေတော့ ယခု လူ့ဘဝ ဘာသစ္စာ ရသတုံး (ဒုက္ခသစ္စာရပါတယ်)။
ဪ ဒါဖြင့် ဒီခန္ဓာကြီးကြည့်လိုက်လို့ရှိရင် ဘာတွေ များ တွေ့မယ်ထင်ကြသတုံး (ဒုက္ခသစ္စာတွေတွေ့မှာပါ)။
ကြည့်လေ-ဒီဟာက ခန္ဓာငါးပါး၊ ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတာက သစ္စာဖွဲ့လိုက်တော့ ဘာပါလိမ့် (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာဆိုတော့ ဘုန်းကြီးပေး တဲ့ ဉာဏ်နဲ့ ကြည့်လိုက်လို့ရှိရင် ဘာတွေ့တွေ့၊ ဘာသစ္စာ တွေ့သလဲ (ဒုက္ခသစ္စာတွေ့ပါတယ်)။
ဒုက္ခချုပ်လဲနိဗ္ဗာန်
ဒုက္ခသစ္စာပဲတွေ့မယ်ဆိုတော့ သူက ဒုက္ခသစ္စာ။ ဒီနားမှာ အသိဉာဏ်ကလေးက ဘာဖြစ်မလဲ (မဂ္ဂသစ္စာပါ)၊ အသိဉာဏ် ကလေးက မဂ္ဂသစ္စာ ဖြစ်တော့ ဒီအဆက်ကလေး ပြတ်-မပြတ် (ပြတ်ပါတယ်)၊ ဒီအဆက်ကလေး ပြတ်သွား တယ်ဆိုကတည်းက ဒီထဲမှာ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ နောက်ထပ် လာသေးရဲ့လား (မလာပါ ဘုရား)၊ မလာလို့ရှိရင် ဖြင့် သမုဒယချုပ်လဲ နိဗ္ဗာန်ပဲ (မှန်ပါ)၊ ဒုက္ခချုပ်လည်း (နိဗ္ဗာန်ပါ)။ နိဗ္ဗာန်ပဲဆိုတဲ့ဥစ္စာ ဒီနေရာမှာ ဒကာ ဒကာမတို့ မဂ်ကလေးပေါ်ဖို့ အရေးကြီးတယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။
မဂ်ပေါ်ဖို့ အရေးကြီးတယ်
ဒီနေရာမှာ မဂ်ပေါ်ဖို့ အရေးကြီးတယ်ဆိုတာ သေသေ ချာချာမှတ်ပါ။ မဂ်ပေါ်ဖို့ အရေးကြီးတယ် ဆိုတော့ ဒကာ ဒကာမတွေ အလုပ်ကလေးကိုလဲ မှတ်ကြစမ်းပါ။ ဒကာ ဒကာမတွေမှာ ထပ်ပြန်တလဲလဲ ပြောတာတောင်မှ မမှတ်မိလို့ ပြန်ပြော တယ်လို့ မှတ်စမ်းပါ (မှန်ပါ)။
ဒကာ ဒကာမတွေ မျက်လုံးဖွင့်လိုက်လို့ရှိရင် မြင်စိတ် ကလေး ပေါ်တယ် (ပေါ်ပါတယ် ဘုရား)၊ အဲဒီတော့ မြင်မြင်ချင်းတစ်ခါတည်း မဂ်ဝင်အောင် လုပ်ပေး (မှန်ပါ)။
မျက်လုံးဆိုတာ ဒကာ ဒကာမတွေ သဠာယတနထဲက စက္ခာယတနဆိုတာပဲ (မှန်ပါ)၊ ဒီထဲမှာလဲ မနာယတနဆိုတဲ့ စက္ခုဝိညာဏ်လည်းဆိုတာပဲ (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
မြင်စိတ်ပေါ်ရင် ဖြစ်ပျက်
အဲဒီမြင်စိတ်ကလေးပေါ်လာလို့ရှိရင်လဲ ဒီကနေ ချက်ချင်း မဂ်ဆိုက်တာပေါ့။ ဪ ဒီမြင်စိတ် ကလေးဟာ ဖြစ်ပြီး ပျက်တာပဲလို့ ဒီက သိသိပေး (မှန်ပါ)၊ သိပေးရင် သမုဒယ လာသေးသလား (မလာပါ ဘုရား)၊ ဒုက္ခလာသေးရဲ့လား (မလာပါ ဘုရား)၊ ဪ-သမုဒယချုပ်လည်း နိဗ္ဗာန်၊ ဒုက္ခချုပ်လည်း -နိဗ္ဗာန်ပါ။
အဲဒါကြောင့် ဒကာ ဒကာမတို့ မြင်စိတ်ကလေး ပေါ်လဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ နားထဲမှာ ကြားစိတ် ကလေးပေါ်ကော (ဖြစ်ပျက်ရှုရပါမယ်)။
ဖြစ်ပျက်ရှုလိုက်တော့ ဖြစ်ပျက်က ဖြစ်ပျက်။ ဖြစ်ပျက်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒီမှာ ပါနေတယ်၊ ကြားစိတ် ကလေးဟူသရွေ့ဟာ ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ရှုတာ ကလေးက ဒီနားမှာ ရှုလိုက်တော့ ဘာတုံး (မဂ္ဂသစ္စာပါ)။ မဂ္ဂသစ္စာဖြစ်သွားတော့ ဒီအဆက်ကို ဖြတ်လိုက်တယ်။ မဖြတ် သေးဘူးလား (ဖြတ်ပါတယ်)၊ ဖြတ်တယ်ဆိုတာ သေချာ ပလား (သေချာပါပြီ)။
နံစိတ်ကို ဖြစ်ပျက်ရှု
ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့၊ နှာခေါင်းထဲ နံတဲ့စိတ် ကလေး ပုပ်တာ၊ ညှီလိုက်တာ၊ မွှေးလိုက်တာ ဆိုတာ သိစိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်)၊ အဲဒီစိတ် ကလေး ဘာလုပ်မယ် (ဖြစ်ပျက်ရှု ရပါတယ်)။
နံသိစိတ်ကလေး ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာ ရှုပေး (မှန်ပါ)၊ ဒီရှုတဲ့ ဉာဏ်ကလေးဟာ (မဂ္ဂသစ္စာပါ)။
မေ့ဆိုတာ ကိုယ်ပျိုးထားတဲ့ စိတ်တွေကို ပြန်ပြီး သတိမရ တာ မေ့တယ်ခေါ်တယ်၊ သဘော ကျပလား (ကျပါပြီ)။
စားစိတ်ကို ဖြစ်ပျက်ရှု
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ လျှာပေါ်မှာ မနက်က ထမင်းစားကြတယ်၊ စားစိတ် ကလေးတွေဟာ အချဉ်စားလဲ အချဉ်သိတဲ့စိတ်ပေါ်တာပဲ (မှန်ပါ)၊ အချိုစားလဲ (အချိုသိတဲ့စိတ် ပေါ်ပါတယ်)၊ အစပ်ကလေးစားလဲ(အစပ်သိတဲ့ စိတ်ပေါ်ပါတယ်)၊ အဲဒီ သိတဲ့စိတ်ကလေး ဘာလုပ်ကြမယ်၊ (ဖြစ်ပျက်ရှုရပါတယ်)၊ သိတဲ့စိတ်ကလေး ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ရှုတဲ့ဉာဏ်က-(မဂ္ဂသစ္စာပါ)။
ဒါဖြင့် ဒုက္ခသစ္စာနောက်က မဂ္ဂသစ္စာလိုက်တော့ သမုဒယ သစ္စာသေတယ် (သေပါတယ်)၊ နောက် ဒုက္ခလာ သေးရဲ့လား (မလာပါ ဘုရား)၊ ဒါဖြင့် ဒုက္ခနိရောဓော နိဗ္ဗာနံ (မှန်ပါ)၊ မပေါ်သေးဘူးလား (ပေါ်ပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ။)
ဖြစ်ပျက်ရှုတာက မဂ္ဂသစ္စာ
ဒါဖြင့် ကိုယ့်စိတ်ကိုယ်ရှုရမှာပေါ့ (မှန်ပါ)၊ ကဲ ကိုယ်ပေါ်ယားတဲ့ စိတ်ကလေးဟာလဲ ဘာလုပ်မလဲ (ဖြစ်ပျက်ရှု ရပါတယ်)၊ ယားစိတ် ကလေးဟာ ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ဖြစ်ပျက်ရှုတာက (မဂ္ဂသစ္စာပါ)၊ ဟာ ဒီအဆက်မပြတ် ဘူးလား ပြတ်သလား (ပြတ်ပါတယ်)၊ ပြတ်ရင် ဒီသမုဒယ လာသေးရဲ့ လား (မလာပါ ဘုရား)၊ ဒါဖြင့် တဏှာနိရောဓော (နိဗ္ဗာနံပါ)၊ ဒုက္ခနိရောဓော (နိဗ္ဗာနံပါ)၊ နိဗ္ဗာန်ဟာ ဝေးသလား၊ ကဲ (မဝေးပါ ဘုရား)၊ အင်မတန် နီးတယ်ဆိုတာ မပေါ်သေး ဘူးလား (ပေါ်ပါပြီ။)
ယမမင်းထံအစစ်ခံဖို့ မလိုတော့ဘူး
အေး ဒါတော့ ဒီလိုမမေ့တဲ့ ပုဂ္ဂိုလ်ကျတော့ ကျွန်တော် မေ့ခဲ့ပါတယ် ဆိုပြီး ယမမင်းထံ အစစ်ခံဖို့ လိုသေး သလား (မလိုပါ ဘုရား)၊ မမေ့တဲ့ ပုဂ္ဂိုလ်ဟာ ယမမင်းဆီ အစစ်ခံဖို့ရောက်ကို မရောက်ဘူး (မှန်ပါ)၊ ခန္ဓာကိုယ်မပေါ် လာလို့ ခန္ဓာချုပ်ငြိမ်း ရုပ်သိမ်းတယ်၊ ခန္ဓာက ဒုက္ခသစ္စာ၊ ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်သာလျှင် သူက ရောက်သောကြောင့် မမေ့တဲ့ပုဂ္ဂိုလ် ရောက်ပါတယ်၊ သဘောကျပလား (ကျပါပြီ။)
မမေ့တဲ့ပုဂ္ဂိုလ် နိဗ္ဗာန်ရောက်ပါတယ်
မမေ့တဲ့ပုဂ္ဂိုလ် နိဗ္ဗာန်ရောက်ပါတယ် (မှန်ပါ)၊ မေ့တဲ့ ပုဂ္ဂိုလ်သည် သမုဒယသစ္စာမို့ ဒုက္ခသစ္စာ အကျိုးပေးရပါတယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ကဲ ဒါက အပြင် ဧည့်သည်ငါးယောက်။ ယားလဲရှု၊ ယံလဲရှု၊ နာလဲရှု၊ ကောင်းလဲရှု၊ ကိုယ်ပေါ်မှာလေ (မှန်ပါ)။ ဖြစ်ပျက်တာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ရှုတာက(မဂ္ဂသစ္စာ ပါ)၊ သေတာက သမုဒယသစ္စာ (မှန်ပါ)၊ ဒီဘက် ရောက်မှာက သမုဒယရှိတဲ့ အတွက် နိရောဓ ဖြစ်မယ် (မှန်ပါ)။ ဒုက္ခနိရောဓော နိဗ္ဗာနံ (မှန်ပါ)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ရှုရင် နိဗ္ဗာန် မဝေးပါဘူး (မှန်ပါ)၊ ဝေးကြ သလား (မဝေးပါ ဘုရား)။
အေး-ဒါ့ကြောင့် ဒုကာကြွယ်ရေ-ကိုယ့်စိတ် ကိုယ်ရှုရ တာ အဖိုးတန်လိုက်တာ (မှန်ပါ ဘုရား)။
ကိုင်း-ဒါဖြင့် အပြင် ဧည့်သည်ငါးယောက် ရှုပြီးပြီ (မှန်ပါ)။
ဘာပေါ်ပေါ် ဖြစ်ပျက်
အတွင်းဧည့်သည်ငါးယောက်က ဝမ်းထဲမှာ လောဘ စိတ်ပေါ်လဲ ပေါ်လာရင် မှန်းပြီး ဖြစ်ပျက်ရှု (မှန်ပါ)၊ ဒေါသ စိတ်ကလေးပေါ်လာရင်ကော (ဖြစ်ပျက်ရှုပါတယ်)၊ မောဟစိတ် ကလေးပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ လှူချင် ပေးချင် ကမ်းချင် တန်းချင်တဲ့ အလောဘစိတ်ပေါ်လာရင် (ဖြစ်ပျက်ရှု ရပါမယ်)၊ သူတစ်ပါးသနားတဲ့ မေတ္တာဂရုဏာ ပေါ်လာရင် (ဖြစ်ပျက်ရှု ရပါတယ်)။
အတွင်းဧည့်သည်လဲဖြစ်ပျက်ရှု
အဲ-အတွင်းဧည့်သည် ငါးယောက်လာလဲ ဖြစ်ပျက်ရှု ဆိုတော့ အဲဒီစိတ်တွေပဲ မဟုတ်လား (မှန်ပါ)၊ အဲဒီ စိတ်တွေ က ဒီမနာယတနထဲမှာ စိတ်ပဲ (မှန်ပါ)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ရှုတာက (မဂ္ဂသစ္စာပါ)၊ ဒါဖြင့် ဒုက္ခကို မဂ္ဂနဲ့သိတာ (မှန်ပါ)၊
ဒါ့ကြောင့် သမုဒယသေသောကြောင့် ဒုက္ခနိရောဓော နိဗ္ဗာန်ဖြစ်တယ် (မှန်ပါ)၊ မဖြစ်သေး ဘူးလား (ဖြစ်ပါတယ်)၊ သူများပြောလား၊ အမြင်လား (အမြင်ပါ ဘုရား)၊ ဒါဟာ ဒကာသစ် သံသယရှိဖို့ လိုသေးသလား (မလိုပါ ဘုရား)။
ကိုင်း-ဒါဖြင့် အခု ဆယ်ခုရှိသွားပြီ၊ အပြင် ဧည့်သည် ငါးယောက်၊ အတွင်းဧည့်သည့် ငါးယောက်နော် (မှန်ပါ)။
အိမ်သည်နှစ်ခုဖြစ်ပျက်ရှု
အိမ်သည်နှစ်ခုက ဒကာ ဒကာမတို့ လေထုတ်တဲ့စိတ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ လေပြန်အရှိုက် ကကော စိတ်မရှိဘူးလား (ရှိပါတယ်)၊ အဲဒါဟာ သူများမရှိ ရင်သက်စောင့်။ ဘယ်အခါ မဆိုရှိတယ် (မှန်ပါ)၊ သူများ ရှိရင် သူက စောင့်နေတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် လေထုတ်တဲ့ စိတ်ကလေးလာလဲ ဒကာသစ် ဘာလုပ်မလဲ (ဖြစ်ပျက်ရှုရပါတယ်)၊ လေသွင်းတဲ့ စိတ်ကလေး လာရင်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ ဒါက သူများမရှိရင် သူရှုနေ (မှန်ပါ)။
အပြင်ဧည့်သည် အတွင်းဧည့်သည်
ခုနင်က အပြင်ဧည့်သည်စိတ် လာရင်ကော (အပြင် ဧည့်သည် ရှုရပါမယ်)၊ အပြင်ဧည့်သည် ပျောက်သွားပြန်ပြီ ဒကာ သစ်ရေ အိမ်သည်နှစ်ခုကို ရှုပါ၊ သဘောကျပလား (ကျပါပြီ)။
ကဲ အတွင်းဧည့်သည် ပေါ်ပြီကွာ၊ မောင်ဘသော် ဘာလိုက်မယ် (အတွင်းဧည့်သည်ပဲ လိုက်ရပါမယ်)။ သူမရှိပြန်ဘူး၊ ဘယ်လိုက်ကြမယ်။ (အိမ်သည်လိုက်ရပါမယ်)၊ အိမ်သည် နှစ်ခုပဲ လိုက်ပေးပါ (မှန်ပါ)၊ အိမ်သည်နှစ်ခုဆိုတာ လေထုတ်တဲ့စိတ်၊ လေကို ပြန်ရိုက်တဲ့စိတ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။
အားထုတ်တဲ့စိတ်ကိုရှု
အဲဒီနှစ်ခုကို ရောက်သည်နဲ့တစ်ပြိုင်နက်တည်းလေ မရှုပဲနဲ့ လေကို ဖြစ်စေတဲ့ စိတ်ကလေး ရှုပေး (မှန်ပါ)၊ လေပြန် ရှိုက်ပေမယ့်လဲ လေကို မရှုနဲ့၊ အားထုတ်တဲ့ စိတ်ကလေးကို ရှုပေးပါ (မှန်ပါ)၊ သူတို့ကို ရှူရင်း အိမ်သည်ပေါ်ရင် မောင်ဘသော် အိမ်သည်လိုက်။ ဧည့်သည်ပေါ်ရင် (ဧည့်သည် လိုက်ရပါမယ်)၊ သဘောကျပလား (ကျပါပြီ)၊ အတွင်း ဧည့်သည်ပေါ်ရင် (အတွင်း ဧည့်သည်လိုက် ရပါမယ်)၊ အတွင်းဧည့်သည် မရှိရင် ဘာလုပ်မယ် (အိမ်သည်နှစ်ခုပါ)၊ လေထုတ်တဲ့ စိတ်နဲ့၊ သွင်းတဲ့စိတ်ကို ရှုပါ (မှန်ပါ)။
တစ်ခါ အပြင်ဧည့်သည့်ပေါ်လာပြီ၊ ဘယ်လိုက်ကြမယ် (အပြင်ဧည့်သည် လိုက်ပါမယ်)၊ အပြင် ဧည့်သည်မရှိပြန်ဘူး။ ဘယ်လိုက်မယ် (အိမ်သည်နှစ်ခုကို လိုက်ပါမယ်)။
သမုဒယချုပ်တယ်၊ ဒုက္ခသိမ်းတယ်
အိမ်သည်နှစ်ခုကို ဆက်ရှုနေတယ်ဆိုတော့ ဒကာ ဒကာမတွေ ဖြစ်ပျက်-မဂ်။ ဖြစ်ပျက်-မဂ်။ ဖြစ်ပျက်-မဂ်ချည့် မသွားဘူးလား (သွားပါတယ်)၊ သမုဒယချုပ်မှ ချုပ်ပါ့ မလား (ချုပ်ပါတယ်)၊ ဒုက္ခကော မသိမ်းပေဘူးလား (သိမ်းပါတယ်)။
ဒါဖြင့် ဒကာကြွယ်-ဒီအလုပ်ဟာ စိတ္တာနုပဿနာ ဆိုပါလား (မှန်ပါ)၊ ပဋိစ္စသမုပါဒ် ပြတ်-မပြတ် (ပြတ်ပါတယ်)၊ ၂-နံပါတ်က ဒကာ ဒကာမတို့ ၃-နံပါတ် ကူးသေး သလား (မကူးပါ ဘုရား)၊ ဒီမှာ မဂ်ပေါ်ပေါ့ (မှန်ပါ)။ ကူးနိုင်သေးရဲ့ လား (မကူးနိုင်ပါ ဘုရား)။
ဖြစ်ပျက်မဂ်ဆိုတော့ မဂ်သည် ကိလေသာဖြတ်တယ် ဆို တော့ တဏှာဥပါဒါန်ကံတွေ မဖြတ်ဘူးလား (ဖြတ်ပါတယ်)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ငရဲကလွတ်မည့်အလုပ်
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ဒီအလုပ်မှ တစ်ပါးဖြင့် ငရဲက လွတ်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲဒီတော့ ဘာ့ကြောင့် ဆရာဘုန်းကြီးက စိတ္တာ နုပဿနာ အရေးတကြီး ပြောရပါလိမ့်မလဲလို့ မေးတော့ ဒကာသစ်တို့ ခဏခဏ ကြားရပါတယ်၊ ငါ့စိတ် မစမ်းနဲ့တဲ့၊ ဒိဋ္ဌိက စိတ်ပေါ်မှာ ပါပါနေတယ် (မှန်ပါ)၊ မပါဘူးလား (ပါပါတယ်)၊ ငါမြင်တယ်ဆိုတော့လဲ မြင်စိတ် ငါမစွဲဘူးလား (စွဲပါတယ်)၊ ငါကြားတယ် ဆိုတော့ကာ (ကြား စိတ် ငါစွဲပါတယ်)၊ ငါ့နှာခေါင်းနဲ့ငါ ရှုနေတာကွဆိုတော့ (နံစိတ် ငါစွဲပါတယ်)၊ သူများ နှာခေါင်းနဲ့ ငါအသက် မရှုဘူးကွတဲ့၊ အံမာ- ယောက်ျားများက လာသေးတယ် (မှန်ပါ)၊ မလာ ဘူးလား (လာပါတယ်)။
ဒိဋ္ဌိသတ်တရား
ဒကာကြွယ်၊ မသန်း နှာခေါင်းနဲ့ အသက်ရှုသလား၊ ကိုယ့်ဟာကိုယ် ရှုသလား (ကိုယ့်ဟာကိုယ် ရှုပါတယ်)၊ စိတ်ဆိုး လာတဲ့ အခါ ဒီအသံကလေး မထွက်ဘူးလား (ထွက်ပါတယ်)၊ မင်းမရှုပ်စမ်းပါနဲ့၊ ငါ့နှာခေါင်းနဲ့ငါ အသက်ရှုနေတာပါကွာ (မှန်ပါ)၊ အံမာ-ရှုစိတ် ရှိုက်စိတ်ကို ငါစွဲထားတယ် (စွဲပါတယ် ဘုရား)။
ဒါကြောင့် ဒိဋ္ဌိသတ် တရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။
သောတာပန်တည်ချင်ရင် ဒိဋ္ဌိသတ်
အဲ-သောတာပန်တည်ချင်ရင် ဒိဋ္ဌိကို သတ်ရမယ်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဖြစ်ချင်ရင် တဏှာကို သတ်ရ- မယ် (မှန်ပါ)၊ အသတ်မလွဲပါစေနဲ့ဆိုတာ သတိပေးရပါတယ် (မှန်ပါ)၊ မပေးရင် တော်ပါ့မလား (မတော်ပါ ဘုရား)။
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ စိတ်ရှုတာသည် ဘာသေ စေချင်ပါလိမ့် (ဒိဋ္ဌိသေစေချင်လို့ပါ ဘုရား)။
ကဲ ဒါဖြင့် ကြည့်လိုက် သေ-မသေကြည့်။ ဒကာ ဒကာမတို့ ဒီဟာ စက္ခု သောတ ဃာန ဇိဝှာ ကာယမနဆိုတဲ့ အထဲ မနဆိုတာ စိတ် (မှန်လှပါ)၊ ဘယ်စိတ်ပေါ်ပေါ် ဒကာ ဒကာမတို့ အပြင် ဧည့်သည် ငါးယောက်ပေါ်လည်း ရှုမှာပဲ။
အပြင်ဧည့်သည်က ဖြစ်ပျက် ရှုတာက (မဂ်ပါ ဘုရား)။
အဲဒီတော့ ဒီစိတ်ပေါ်မှာ ဖြစ်တာနဲ့ ပျက်တာ မြင်သဖြင့် ငါဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား)၊ ဒါဖြင့် ဒိဋ္ဌိ မသေဘူးလား (သေပါတယ် ဘုရား)။
ဖြစ်ပျက်မြင်တော့ ဒိဋ္ဌိကွာတယ်
ဖြစ်ကာပျက်တာသာ ရှိတယ်၊ ငါ့စိတ် ဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား)၊ ငါ ကြားတာကော (မဟုတ်ပါ ဘုရား)၊ ငါ နာတာကော (မဟုတ်ပါ ဘုရား)၊ ငါစားတာကော (မဟုတ်ပါ ဘုရား)၊ ငါယားတာ ငါကောင်းကောင်း စားတာကော (မဟုတ်ပါ ဘုရား)၊ ငါ့လောဘနဲ့ ငါလို့ကော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ငါ့ဒေါသနဲ့ ငါ (မဟုတ်ပါ ဘုရား)၊ ငါ့မောဟနဲ့ ငါ (မဟုတ်ပါ ဘုရား)၊ မဟုတ်တော့ဘူးတဲ့၊ ဖြစ်ပျက်မြင်တော့ ဒိဋ္ဌိကွာတယ် (မှန်ပါ)။
ဒါဖြင့် ဖြစ်ပျက် ဒိဋ္ဌိသတ်တဲ့မဂ် (မှန်ပါ) ဆိုတော့ ဒီက ဒိဋ္ဌိလာသေးရဲ့ လား (မလာပါ ဘုရား)၊ ဒိဋ္ဌိမှ မလာပဲနဲ့ ဒိဋ္ဌုပါဒါန်ကော (မလာပါ ဘုရား)၊ ဒိဋ္ဌုပါဒါန်မှ မဟုတ်ပဲနဲ့ အပါယ်ရောက်စေတဲ့ ကံကော (မလာပါ ဘုရား)။
ဒါဖြင့် ဒိဋ္ဌိသေတယ်၊ ဒိဋ္ဌုပါဒါန် သေတယ်၊ ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံ သေသောကြောင့် ဒီမှာ အပါယ် ပဋိသန္ဓေဇာတိ ဇရာ မရဏ လာသေးရဲ့ လား (မလာပါ ဘုရား)၊ အင်မတန် အဖိုး တန်မသွားဘူးလား (တန်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အပြင်ဧည့်သည်က ဘယ်နှစ် ယောက် (ငါးယောက်ပါ)၊ အတွင်းဧည့်သည်က (ငါးယောက် ပါ ဘုရား)၊ အိမ်သည်က (နှစ်ယောက်ပါ ဘုရား)၊
ဒါဖြင့် အိမ်သည် နှစ်ခု အမြဲရှု- ဧည့်သည်ကို ပေါ်မှလိုက် (မှန်ပါ)၊ ဧည့်သည်မရှိရင် ဘယ်ပြန်ထိုင်မယ် (အိမ်သည်ပြန်ထိုင် ရပါမယ်)၊ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ကိုယ့်စိတ်ကိုရှု (မှန်ပါ)၊ ကိုယ့်သန္တာန်ပေါ်တဲ့ စိတ်ကို ကိုယ်ရှုပါ (မှန်ပါ)၊ ရှုလိုက်တဲ့ အခါကျတော့ မေ့တဲ့ သဘောလား၊ ကိုယ့်အသေ ကိုယ်မြင်တဲ့သဘော (ကိုယ့်အသေ ကိုယ်မြင်တဲ့ သဘောပါ ဘုရား)၊ စိတ်တစ်ခုနဲ့သာ အသက် ရှင်တာကိုးဗျ (မှန်ပါ)။
စိတ်တစ်ခုနဲ့ အသက်ရှင်တော့ ဒကာ ဒကာမတို့ ဒီစိတ် ကလေးတွေ ပျက်တာမြင်သဖြင့် ကြော်-မိမိခန္ဓာသည် ဖြစ်ပြီး ပျက်တဲ့ အနိစ္စပါလားဆိုတာ ပေါ်မလာဘူးလား (ပေါ်လာ ပါတယ် ဘုရား)။
ဒါဖြင့် ဖြစ်ပျက်က အနိစ္စ။ သိတာက (မဂ္ဂပါ ဘုရား)၊ သေတာက ဒိဋ္ဌိသေတာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ ဒိဋ္ဌိသေတော့ ဒိဋ္ဌုပါဒါန်ကော (သေပါတယ်)၊ ဒိဋ္ဌိ အုပ်ချုပ်တဲ့ ကံကော (သေပါတယ် ဘုရား)၊ ဒါဖြင့် ဘာ သစ္စာချုပ်သလဲ (သမုဒယသစ္စာချုပ်ပါတယ်)၊ သမုဒယချုပ်
တော့ ဒီကဒုက္ခ လာသေးရဲ့ လား (မလာပါ ဘုရား)၊ ဒါဖြင့် ဒုက္ခနိရော နှောနိဗ္ဗာနံဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ အလုပ်ကော လုပ်တတ်ကြပလား (လုပ်တတ်ပါပြီ)။
ဒီအလုပ်လုပ်တော့ မေ့တဲ့ပုဂ္ဂိုလ်ဟာ လုပ်ဖြစ်သလား၊ မမေ့တဲ့ပုဂ္ဂိုလ်မှလား (မမေ့တဲ့ ပုဂ္ဂိုလ်မှာပါ ဘုရား)။
ဒါဖြင့် မမေ့တော့ကို ဒကာ ဒကာမတို့ ဒီအထဲမှာ မဂ် ဝိဇ္ဇာ ဖြစ်ပါတယ် (မှန်ပါ)၊ ဒါဖြင့် ဝိဇ္ဇာဥဒပါဒိ (မှန်ပါ)။
ရှုတဲ့ဉာဏ်ကလေးဟာ ဘာပါလိမ့် (ဝိဇ္ဇာဥဒပါဒိပါ ဘုရား)။ အာလောကော ဥဒပါဒိတဲ့ ဒကာ ဒကာမတို့၊ ဒီဖြစ်ပျက် ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ သိပါပြီ (မှန်ပါ)။
ယမမင်းရှေ့အစစ်မခံရတော့ဘူး
ဉာဏံဥဒပါဒိတဲ့။ ဒါ ဒုက္ခသစ္စာလို့ သိတဲ့ ဉာဏ်ကောရှုတဲ့ ဥစ္စာ မပါသေးဘူးလား (ပါပါတယ်)၊ ဉာဏံဥဒပါဒိ ဆိုတော့ လဲ ဒကာ ဒကာမတို့ ရှုတာဟာ ဉာဏ်ပဲ မဟုတ်လား (မှန်ပါ)၊ မေ့တာကို ပါသေးရဲ့ လား (မပါပါ ဘုရား)၊ မမေ့တဲ့ပုဂ္ဂိုလ်ကျတော့ ယမမင်းရှေ့ အစစ်ခံရသေးရဲ့လား (မခံရပါ ဘုရား)၊ ဘာ့ကြောင့် မခံရပါလိမ့်မတုံးဆိုတော့ အပါယ်လေးပါး မရောက်လို့ (မှန်ပါ)။
အပါယ်လေးပါးရောက်အောင်လုပ်တာက ဒိဋ္ဌိ၊ ဒိဋ္ဌ ပါဒါန် ကမ္မဘဝ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါတွေ မသေသေးဘူးလား (သေပါတယ်)၊ မမေ့တဲ့ ပုဂ္ဂိုလ်မှာဖြင့် သေပါတယ်။
မေ့တဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒကာ ဒကာမတို့ မသေဘူးဆိုတာ ရှင်းပလား (ရှင်းပါပြီ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။