သမုဒယသစ္စာ၏အနက် (၄)ပလိဗောဓဋ္ဌော

သမုဒယသစ္စာ၏အနက် (၄)ဗလိဗောဓဋ္ဌော

အသံဖိုင်ခေါင်းစဉ်= သစ္စာအနက် (၁၆)ချက် သမုဒယသစ္စာအနက်မှ ဗလိဗောဓဋ္ဌော

စာအုပ်ခေါင်းစဉ်= သမုဒယသစ္စာ၏အနက် (၄)ချက်မှ ဗလိဗောဓဋ္ဌော

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

သမုဒယသစ္စာ၏အနက် (၄) ချက်

ဗလိဗောဓဋ္ဌော

(၁၃-၁၂-၅၇)

၁။ ဒကာ ဒကာမတို့ သွားမှု၊ ရပ်မှု၊ ထိုင်မှု၊ လျောင်းမှု ပြုပြင် ပြောင်းလွဲနေတာက ရူပက္ခန္ဓာ။

၂။ ကောင်းမကောင်း ခံစားတတ်တဲ့ဝေဒနာက ဝေဒနာက္ခန္ဓာ။

၃။ ဖြူတယ်၊ ကြောင်တယ်၊ ကျားတယ် မှတ်တတ်တဲ့သညာကို သညာက္ခန္ဓာ။

၄။ သွားဖို့၊ လာဖို့၊ နေဖို့၊ ထိုင်ဖို့ စေ့ဆော်တဲ့ စေတနာက သင်္ခါရက္ခန္ဓာ။

၅။ အာရုံ ဓမ္မတွေသိတဲ့ ဝိညာဏ်ဆိုတဲ့ စိတ်ဝိညာဏ်က ဝိညာဏက္ခန္ဓာ။

ငါ၊ ငါ့ဥစ္စာလို့ မမှတ်ကြပါနဲ့

ခန္ဓာဘယ်နှပါးရှိသလဲ (ငါးပါးပါ ဘုရား)။ ခန္ဓာငါးပါး ရှိတယ် လို့ ဒကာ ဒကာမတွေက မှတ်ထားလိုက်တော့ ဒီခန္ဓာငါးပါးဟာ ခန္ဓာငါးပါးပဲ မှတ်ရမယ်။ ခန္ဓာငါးပါးကို ငါ၊ ငါ့ဥစ္စာလို့ မမှတ်ကြပါနဲ့လို့ သတိပေး လိုက်တယ်။

ခန္ဓာငါးပါးကို ငါ-ငါ့ဥစ္စာလို့မှတ်ထားလို့ရှိရင် တော်တော်ကြာ တော့ ငါ-ငါ့ဥစ္စာ ပျောက်တဲ့ သဘောက လာပြီ ဆိုမှဖြင့် ခင်ဗျားတို့ ဒုက္ခ ဒေါမနဿ လိုက်လာလိမ့်မယ်။ သောက ပရိဒေဝ လိုက်လာလိမ့်မယ်။

အဲဒီတော့ မနေ့က သက္ကာယဒိဋ္ဌိဖြစ်ပုံ ပျက်ပုံကိုပြတယ်၊ ဒီနေ့ သက္ကာယ ဒိဋ္ဌိ ချုပ်ပုံကို တစ်ခါတစ်မျိုး ပဲပြပြန်တယ်။

ဒါက ဘယ်ကလာတုံးလို့ဆိုရင်ဖြင့် သုတ္တနိပါတ် ပါဠိတော်မှာ ကိုယ်တော်တိုင်ဟောတာ။

ဥပမာ- ရုပ်တရားကြီးရှိတယ်၊ မျက်လုံးရုပ်ရှိတယ်၊ ငါ့မျက်လုံး ငါ့ မျက်လုံးဆိုလို့ ရှိရင်ဖြင့် မျက်လုံးက ရုပ်တရား၊ ရုပ်တရားဆိုတော့ ဒကာ ဒကာမတွေမှတ်ထား မျက်လုံးဟာ ကံကြောင့် ဖြစ်တယ်။

အဲဒီတော့ ကံစီမံထားလို့ ဖြစ်တဲ့မျက်လုံးကို ဒကာ ဒကာမတွေက ငါ့မျက်လုံးလို့ ထင်လိုက်လို့ ရှိရင်ဖြင့် အတ္တဆိုတဲ့ သက္ကာယဒိဋ္ဌိ ဖြစ်လာ တယ်။

မျက်လုံးဘယ်သူကလုပ်ထားတာတုံး

မျက်လုံး ဘယ်သူကလုပ်ထားတာတုံး၊ နဂို လုပ်ထားတာက ကံ (မှန်ပါ)။ ကံက လုပ်ထားတော့ကို ကံကသ ာပိုင်တယ်လို့ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ခင်ဗျားတို့ က ကြားကဝင်ပြီး သကာလ ဒါ ငါ့မျက်လုံး၊ ငါပဲလို့ သွားပြီး မလုပ်လိုက်နဲ့၊ သွားလုပ်လိုက်လို့ ရှိရင်ဖြင့် ဒီမျက်စိသည် ကိုယ့် ပစ္စည်းရယ်လို့ အထင် အမှတ်မှားထားတော့ကို တော်တော်ကြာ ဒီမျက်လုံး တွေသည်ကားလို့ ဆိုရင် စက္ခု၊ စက္ခု အနိစ္စလို့ ဆိုတော့ စက္ခုရုပ်က အနိစ္စ ရောက်သွားရော၊ ပျက်စီးသွားရော။

ပျက်စီးသွားတဲ့အခါကျတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ငါ့မှဖြစ်ရလေခြင်း ဆိုပြီးတော့ သောက ပရိဒေဝတွေ မလိုက်တတ်ဘူး လား (လိုက်တတ်ပါတယ် ဘုရား)။

ထိုကဲ့သို့ လိုက်တတ်တာ ထောက်လိုက်တဲ့ အခါကျလို့ရှိရင် သော် ဒါက အစွဲမှားလို့ သောကပရိဒေဝ ဒုက္ခဒေါမနဿလာတာကိုးလို့ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် နဂိုက မျက်လုံး ဘယ်သူက လုပ်ထားတာတုံး (ကံက လုပ်ထားတာပါ ဘုရား)။ ကံက လုပ်ထားတာကို ခင်ဗျားတို့က ဒါလေး ငါမြင်တာပဲလို့ သွားမလုပ်လိုက်ပါနဲ့၊ ကံကလုပ်ထားတဲ့ ဓမ္မလေးက မြင်တာပါ။ သဘောကျပြီလား (မှန်ပါ)။

အဲဒီတော့ ငါလို့တော့ မဆိုလိုက်ပါနဲ့ (မှန်ပါ)။

ဒါလေးဟာ ငါပိုင်တယ်ဆိုတဲ့ ငါ့ဥစ္စာလို့လည်း မထင်လိုက်ပါနဲ့။ ဒါဖြင့် ငါ ငါ့ဥစ္စာပြုတ်ပေါ့ (မှန်ပါ)။

မျက်လုံးကို ငါလို့မထင်ကြပါနဲ့

မျက်လုံးကို ငါလို့မထင်ကြပါနဲ့၊ ပြီးတော့ ငါ့ဥစ္စာလည်း မထင်ပါနဲ့၊ ဦးလှတို့ လူစုတွေနော် ဘာပြုလို့ ဘုန်းကြီးက ဒါလောက် ကန့်ကွက်ရပါ သလဲ။

ငါ ငါ့ဥစ္စာလို့ ဦးလှ ရမ်းမစွဲနဲ့၊ ဦးခင်မောင်တို့ ရမ်းမစွဲနဲ့လို့ ဘုန်းကြီးက သတိပေး လိုက်တယ်နော်၊ ခင်ဗျားတို့ ဥစ္စာမဟုတ်လို့ မဟုတ်ဘူးပြော တာ ခင်ဗျားတို့ ငြိမ်ငြိမ်နေပါ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ဒကာ ဒကာမတွေ ဥစ္စာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

ငါကော ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) ငါ့ဥစ္စာကော (မဟုတ်ပါ ဘုရား) ဒါ ဘယ်သူက ပြုပြင်ထားတာပါလိမ့် (ကံက ပြုပြင်ထားတာပါ ဘုရား)။

အဲ ကံက ဖြစ်လာတဲ့ ကမ္မဇရုပ်၊ ကံကြောင့် ဖြစ်တဲ့ရုပ်၊ အဲဒီကံကြောင့် ဖြစ်တဲ့ရုပ်ကို ဒကာ ဒကာမတွေက အရမ်း ဒါ ငါပဲ၊ ငါ့ဥစ္စာ ပဲလို့ မလုပ်ပါနဲ့ သဘောကျပြီလား (မှန်ပါ)။

ဝေဒနာဆိုတာသည် ဒကာ ဒကာမတွေ စဉ်းစားကြည့်၊ စားလို့ ပြောတော့ ဒီအာရုံနဲ့ ဒွါရ တိုက်ဆိုင်လို့ဖြစ်တာ၊ မြန်မာလို ပြောတဲ့အခါ ကျတော့ ဥပမာမယ် ကိုယ်နဲ့ အပူနဲ့ တွေ့ရင် ပူတဲ့ ဝေဒနာ မပေါ်ဘူး လား (ပေါ်ပါတယ် ဘုရား)။

ဒုက္ခဝေဒနာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ ပူတဲ့အခါ အေးတဲ့လေ တိုက်လိုက်ပြီ ဆိုရင် သုခဝေဒနာကော (ပေါ်ပါတယ် ဘုရား)။

ဝမ်းသာစရာတွေ့ရင် ဝမ်းမသာပေဘူးလား (သာပါတယ် ဘုရား)။ ဝမ်းနည်းစရာတွေ့ရင် (ဝမ်းနည်းပါတယ် ဘုရား)။

အခုမှတိုက်ဆိုင်လို့ပေါ်လာတာ

အဲဒီတော့ ဝမ်းနည်းတဲ့ ဝမ်းသာတဲ့ သဘောလေးဟာ ရှေးက ပေါ်လာတာလား၊ အခုမှ တိုက်ဆိုင်လို့ ပေါ်လာတာလား (တိုက်ဆိုင် လို့ ပေါ်လာတာပါ ဘုရား)။

ခုမှ တိုက်ဆိုင်လို့ ပေါ်လာတာဆိုတော့ တိုက်ဆိုင်တဲ့ အကြောင်း တရားကသာ ဆိုင်တယ် ပိုင်တယ်ဆိုရင် ဟုတ်ပြီ၊ ခင်ဗျားတို့က ကြားဝင်ပြီး သကာလ ဒါလေးဟာ ငါပဲ ငါ့ဥစ္စာပဲလို့ မလုပ်ပါနဲ့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အကြောင်းနှစ်ခုလုပ်ထားတာ၊ သူတို့နှစ်ခုသာ ပိုင်တယ်ဆိုင်တယ် ဆိုတဲ့ အဓိပ္ပါယ် မှတ်ထားဖို့ ကိုထွန်းဦး မကောင်းဘူးလား (ကောင်း ပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ဝေဒနာဆိုတာ ငါ ငါ့ဥစ္စာလို့ မစွဲ ပါနဲ့နော် မှတ်ထားတဲ့ သညာလေးဟာလည်း ခင်ဗျားတို့ မှတ်လိုက် မေ့လိုက်၊ ပျောက်လိုက် မနေဘူးလား (နေပါတယ် ဘုရား)။

တစ်ကို မှတ်နေတုန်းရှိသေးတယ်၊ နှစ်ကို အာရုံတက်လိုက်လို့ ရှိရင် တစ်မှတ်တာ ပျောက်ပြီး နှစ်မှတ်တာ ရောက်နေတာပဲ (မှန်ပါ)။

နှစ်မှတ်ထားတုန်းရှိသေး၊ သုံးဘက်ကို ရွေ့ပြီး သကာလ မြင်လိုက် ကြည့်လိုက်ပြီ ဆိုမှဖြင့် သုံးမှတ်တာက သာလာတော့တယ် တစ်၊ နှစ် မှတ်တာတွေ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

မှတ်တဲ့သညာဟာ မြဲရဲ့လား

ဒါဖြင့် မှတ်တဲ့သညာလေးဟာ မြဲရဲ့ လား (မမြဲပါဘူး ဘုရား)။ မမြဲတော့ ဒါသည် အာရုံဒွါရ တိုက်ဆိုင်လို့ အကြောင်းနှစ်ပါး တိုက်ဆိုင် လို့ ဖြစ်ပေါ်လာတဲ့ သညာကို ဒကာ ဒကာမတွေက ကြားက နေပြီးသကာ လ ငါ ငါ့ဥစ္စာလို့ မလုပ်ပါနဲ့။

သညာတွေ ငါ ငါ့ဥစ္စာမလုပ်ပါနဲ့လို့ သတိပေးလိုက်တယ်နော်။ စေတနာကလည်း ထိုနည်း အတူတူပဲတဲ့ စေတနာဆိုတာ လှူချင်တယ်၊ တန်းချင်တယ်၊ ပေးချင်တယ်၊ ကမ်းချင်တယ်၊ သွားချင်တယ်၊ လာချင်တယ် ဆိုတဲ့ စေတနာတွေဟာ သွားစရာရှိတဲ့ အာရုံကြောင့် ပေါ်လာတာ တခြား ကြောင့် ပေါ်လာတာမဟုတ်ဘူး။

အဲဒီတော့ ဒီစေတနာလေးဟာ တစ်ပါးသော အကြောင်းကြောင် ဖြစ်လာတဲ့ ဒီစေတနာ ဆိုတာ ခင်ဗျားတို့ က သိထားတော့၊ အဲဒါကို ငါစေတနာ ကောင်းတယ်ဆိုပြီး သကာလ ငါ့ဟာပဲ ဆိုပြီး သကာလ စွပ်မစွဲ ပါနဲ့။

ခင်ဗျားတို့ကြားက စွပ်စွဲတဲ့ အမှုကြောင့် ဒီလိုဖြစ်ပြီး သကာလ သက္ကာယဒိဠိ ဖြစ်ဖြစ် နေတယ်၊ အတ္တ အတ္တ နိယ ဖြစ်နေတယ်၊ စိတ်ကိုလည်း ငါ့စိတ်လို့ မထင်လိုက်ပါနဲ့ ဒကာ ဒကာမတို့နော်။

ငါ့စိတ်ဆိုတာ ရှိကိုမရှိဘူး

ငါ့စိတ်ဆိုတာ ရှိကို မရှိဘူးလို့ မှတ်ကြစမ်းပါ၊ ဦးဝတို့ ဘယ်လို မှတ်မတုံး (ငါစိတ်ဆိုတာ ရှိကိုမရှိပါ ဘုရား)။

ငါ့စိတ်ရှိကို မရှိဘူးတဲ့၊ ထမင်းနဲ့တွေ့မှ ထမင်းစားချင်စိတ် ပေါ် တယ် ဟုတ်လား မုန်းစရာနဲ့ တွေ့မှ မုန်းစိတ်ပေါ်တယ်၊ ဦးဘအုန်း ဒီအတိုင်း မနေဘူးလား (နေပါတယ် ဘုရား)။

ခင်စရာလူတွေနဲ့မှ ခင်စိတ်ပေါ်တယ်၊ ဒါဖြင့် ခင်စရာလူနဲ့ ပတ်သက်ပြီး ဖြစ်တဲ့စိတ်၊ ဒါဖြင့် ရုပ်ကို ငါပဲ၊ ငါ့ဥစ္စာပဲလို့၊ တစ်နဲ့ နှစ် ဖြစ်လို့ ရှိရင် သက္ကာယဒိဋ္ဌိ (မှန်ပါ)။

ငါ၊ ငါဥစ္စာစွဲရင် သက္ကာယဒိဋ္ဌိ

တစ်နဲ့ နှစ်ဖြစ်လို့ရှိရင် ဘာပါလိမ့် (သက္ကာယဒိဋ္ဌိပါ ဘုရား)။ ငါပဲ၊ ငါ့ဥစ္စာပဲလို့ စွဲရင် ဘယ့်နှယ်ဆိုကြမယ် (သက္ကာယဒိဋ္ဌိပါ ဘုရား)။ သက္ကာယဒိဋ္ဌိ ဖြစ်တယ်လို့ မှတ်ထားကြစမ်းပါ။

ငါလည်း ဆိုစရာမရှိဘူး၊ ငါ့ဥစ္စာလည်း ဆိုစရာမရှိဘူးလို့၊ သုည ဖြစ်အောင်၊ တစ်၊ နှစ်၊ မစွဲဘဲနဲ့ သုညဖြစ်အောင် လုပ်ပါ။ သဘောကျပြီလား (မှန်ပါ)။

သုညဖြစ်လို့ရှိရင် တစ်လည်း မဟုတ်ဘူး၊ နှစ်လည်း မဟုတ်ဘူး ဆိုတော့ ငါ ငါ့ဥစ္စာ မပြုတ် သေးဘူးလား (ပြုတ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ငါ ငါ့ဥစ္စာပြုတ်အောင် သုညဆိုတဲ့ သဘောဖြစ် အောင်နဲ့ ရေးနိုင်အောင် လုပ်ပါ။ ငါလည်း မရေးနဲ့၊ ငါ့ဥစ္စာလို့လည်း မရေးနဲ့ ဒါဖြင့် ဘယ်လို ရေးမတုံးဆိုရင် သုညရေးရမယ်၊ ဒကာ ဒကာမတို့ ဘာရေး ရမယ် (သုည ရေးရမှာပါ ဘုရား)။

သုညရေးတဲ့အခါကျတော့ သုညဆိုတာ တစ်လို့လည်း ဖတ်လို့ရရဲ့ လား (မရပါ ဘုရား) နှစ်လို့ကော (မရပါ ဘုရား) ဘယ်လိုမှ ဖတ်လို့မရဘူး၊ သုည သုညပဲ ဖတ်ရမှာပဲ။

ဒါဖြင့် ငါ ငါ့ဥစ္စာဆိုတဲ့ ဥစ္စာ၊ ငါဟာတစ်၊ ငါ့ဥစ္စာဟာ နှစ်၊ အဲ့ဒါ ဖြုတ်ပစ်ပြီး သကာလ ဒါသက်သက် သုညပဲ၊ ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းနေတဲ့ သုညပဲလို့၊ ရေးနိုင်အောင် လုပ်ပါ (မှန်ပါ)။

ဒါဖြင့် တစ်လဲမရေးနဲ့ နှစ်လည်းမရေးနဲ့၊ ရေးရင်ဘာရေးရမလဲ ဆိုရင် သုညရေးရမယ်၊ ဦးခင်မောင် ဘာရေးကြမလဲ (သုညရေးရ ပါမယ် ဘုရား) သုညရေးရမယ် ဒကာ ဒကာမတို့။

ငါ၊ ငါ့ဥစ္စာ၊ ဆိတ်သုဉ်းရင် သုညပဲ

ငါဆိုရင် တစ်ဖြစ်သွားလိမ့်မယ်၊ ငါ့ဥစ္စာဆိုရင် နှစ်ဖြစ်သွားမယ်၊ ကောင်းပြီ တစ်လည်း မရေးပါနဲ့၊ နှစ်လည်း မရေးပါနဲ့၊ ငါ ငါ့ဥစ္စာဆိတ်သုဉ်း ပြီး မရှိတဲ့ သဘောလေးလို့ မှတ်လိုက်လို့ ရှိရင်ဖြင့် ဆိတ်သုဉ်းတဲ့ သဘောဟာ သုညပဲ (မှန်ပါ)။

ဒါဖြင့် ခင်ဗျားတို့ ရုပ်တစ်ခုမြင်လို့ ရှိရင်ဖြင့် တစ်လည်းမရေးနိုင် အောင်၊ နှစ်လည်း မရေးနိုင်အောင်၊ သုညရေးနိုင်လို့ရှိရင် သက္ကာယဒိဋ္ဌ ပြုတ် တယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

တစ်ကော (မရေးရပါ ဘုရား)။ နှစ်ကော (မရေးရပါ ဘုရား)။ ရေးရင် ဘာရေးရမလဲ (သုညရေးရပါမယ် ဘုရား)။

သုညရေးလို့ရှိရင်ဖြင့်တဲ့ ခင်ဗျားတို့သည် ငါ ငါ့ဥစ္စာအဖြစ်မှ ပြုတ် ပါတယ်၊ ဒါလေးဟာ ငါလည်း မဟုတ်ဘူး၊ ငါ့ဥစ္စာလည်း မဟုတ်သော ကြောင့် သုညပဲ ရေးလိုက်ပါ။ ရှင်းပြီလား (မှန်ပါ)။

ဝေဒနာလေးဟာကော ငါဟု တ် ရဲ့ လား (မဟုတ်ပါဘူး ဘုရား)၊ ငါ့ဥစ္စာကော (မဟုတ်ပါဘူး ဘုရား)။ ဒါဖြင့် တစ်လည်းမရေး နိုင်ဘူး နှစ်လည်းမရေးနိုင်ဘူး၊ ဘာရေးမလဲ (သုညပါဘု ရား)။

သုညဆိုက်ရင် နိဗ္ဗာန်ရောက်တယ်

သုညပဲရေးပါ သုညဆိုက်လို့ရှိရင် နိဗ္ဗာန်ရောက်တယ်၊ ဦးဘဒင် ဘာတဲ့တုန်း (သုညဆိုက် ရင် နိဗ္ဗာန်ရောက်ပါတယ် ဘုရား)။

ေဩာ် ဒီသုည တော်တော် အဖိုးတန်တဲ့ သုညပါလား၊ မဆိုထိုက်ဘူး လား (ဆိုထိုက် ပါတယ် ဘုရား)။

ဦးဘအုန်း တစ်လည်း မဟုတ် ဘူး၊ နှစ်လည်းမဟုတ် ဘူး၊ သုညဖြစ်အောင်ကြည့်၊ သုညဆိုတာ ဘာတုံးဆိုတော့ ဒီအထဲမှာ ငါလည်း မဟုတ်၊ ငါ့ဥစ္စာ လည်းမဟုတ်၊ ရုပ်တရားနဲ့ နာမ်တရားသာ ဟုတ်၏။

အနိစ္စသာ ဟုတ်၏လို့ ဆိုလို့ရှိရင်ဖြင့် ငါ ငါ့ဥစ္စာလို့ ရေးနိုင်သေး ရဲ့လား (မရေးနိုင်ပါ ဘုရား)။ မရေးနိုင်တော့ ငါ ငါ့ဥစ္စာ မဟုတ် ကြောင်းကို သုညစွဲလိုက်၊ သုညရေးလိုက်၊ သဘော ကျပြီလား။(မှန်ပါ) ဒါဖြင့် ဘာရေးနိုင်မှ နိဗ္ဗာန်ရောက်မလဲ (သုညရေး နိုင်မှ နိဗ္ဗာန်ရောက်မယ် ဘုရား) ခင်ဗျားတို့က တစ်နဲ့ နှစ်ကြည့်ရေးနေလို့ အမှား တော်ပုံကြီးနေတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

ဘယ်နှယ်ကြောင့် အမှားတော်ပုံကြီးနေတာတုံး (တစ်နဲ့ နှစ်ချည်း ရေးနေလို့ ဘုရား)။ တစ်နဲ့ နှစ်ချည်း ရေးတယ် ဦးဝတို့ ကိုထွန်းဦး တို့ လူစုတွေကနော်။

ငါပဲ ငါ့ဥစ္စာပဲ၊ မိမိကိုယ်ကျတော့ ငါပဲ၊ တပည့်သားမြေးတွေကျ တော့ ငါ့ဥစ္စာပဲ၊ မိမိ ပစ္စည်းတွေ ကျတော့ (ငါ့ဥစ္စာပဲ ဘုရား)။

မရှိတာ အရှိလုပ်နေကြတာ

အဲဒီတော့ ငါနဲ့ ငါဥစ္စာ ဖြစ်နေတော့ ခင်ဗျားတို့မှာ သက္ကာယဒိဋ္ဌိ ဖြစ်ပြီး သကာလ နေတော့၊ မရှိတာ အရှိ လုပ်နေကြတာနော်၊ မရှိတာ မရှိဘူးလို့ရေးတော့ မရှိရင် သုညပဲ၊ ဘာမှ ဂဏန်းရေး မရတဲ့ သုညပဲ။

မရှိတာ မရှိဘူးလို့ ရေးချင်တဲ့ အခါကျတော့ ခင်ဗျားတို့က ဘာရေး ကြမလဲ (သုညပါ ဘုရား)။ အဲ သုည ရေးနိုင်အောင် လုပ်ပါလို့ ဦးခင်မောင်တို့ကို ဘုရားက ဟောတယ်၊ သဘော ကျပြီလား (မှန်ပါ)။

ဘာရေးကြမယ် (သုညရေးရမှာပါ ဘုရား) သုညရေးရမယ်၊ ကဲ ဒါဖြင့် သုညဆိုတဲ့ နာမ်ဓမ္မ လေးတွေ ငါမှတ်ထားတာလို့ ဆိုမ လား (မဆိုပါ ဘုရား)။

ငါ့သညာလို့ ဆိုမလား (မဆိုပါ ဘုရား)။ ငါ့ဥစ္စာလို့ကော (မဆို ပါဘု ရား) မဆို ပါနဲ့တဲ့၊ ငါလည်း မဟုတ် ဘူး၊ ငါ့ ဥစ္စာ လည်းမဟုတ်ဘူး၊ ဒီဥစ္စာ သညာဆိုတဲ့ သညာက္ခန္ဓာ (ဝါ) အနိစ္စတရား ဟုတ်လား (တင်ပါ)။

ငါ၊ ငါ့ဥစ္စာလို့ နည်းနည်းမှ ဂဏန်း မမှန်နိုင်လို့ ရှိရင်ဖြင့် သုည သာမှတ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ ဝမ်းထဲမှာ သုညဖြစ်ဖို့ အတော် အရေးကြီးတယ်နော် (အရေးကြီး ပါ တယ် ဘုရား)

သုညဖြစ်ဖို့ အရေးကြီးတယ်

ဒကာ ဒကာမတို့ ဒီနေ့စတဲ့တရား ဘာဖြစ်ဖို့ အရေးကြီးသ တုံး (သုညဖြစ်ဖို့ အရေးကြီး ပါတယ် ဘုရား)။ သုညဖြစ်ဖို့ အရေးကြီး တယ်ဆိုတော့ သုညဆိုတာ တစ်မရေး၊ နှစ် မရေးမှ သာလျှင် တစ်နှစ်က စပြီး ဂဏန်းကို မတတ်မှ သုညဖြစ်မှာ၊ ဂဏန်းတတ်နေလို့ ရှိရင်ဖြင့် သုညဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)။

ဂဏန်းတတ်နေလို့ ရှိရင် တစ်လည်း ငါပဲ၊ နှစ်လည်း ငါ့ဥစ္စာပဲ ဟုတ်လား၊ ကျန်တဲ့ အသုံးအဆောင်တွေ၊ ဆွေမျိုးတွေ၊ ညာတကာတွေ ကျတော့လည်း ငါ့ဥစ္စာထဲ အကုန်ပါ မသွားဘူးလား (ပါသွားပါတယ် ဘုရား)။

ဟောဒါက အဖိုး၊ ဟောဒါက အဖွားနဲ့ တစ်တွေ၊ နှစ်တွေသာ ရှေ့ရှောက်ရေးရင် သား၊ မယား၊ မြေး၊ မြစ်တွေ ကိုထွန်းဦး တစ်၊နှစ်၊သုံး၊ တွေ ရှောက်ဆွဲမယ်ဆိုရင် ကုန်နိုင်စရာရှိရဲ့လား (မရှိပါဘူး ဘုရား)။

ဘာဆွဲနိုင်မှ အဖိုးတန်မလဲ (သုညဆွဲနိုင်မှ အဖိုးတန်မယ် ဘုရား)။ အဲ သုညရေးဆွဲနိုင်မှ ဘုန်းကြီးကို ဒကာ ဒကာမတွေ အဖိုးတန်မယ်ဆိုတာ မှတ်ထားကြပါ။

စေတနာကသင်္ခါရက္ခန္ဓာ သက်သက်

ဒါဖြင့် ဒီစေတနာလေးကလည်း ခင်ဗျားတို့ ငါဆိုကြမလား (မဆိုနိုင်ပါ ဘုရား)။ နာမ် ဓမ္မ သက်သက်၊ စေတနာ သက်သက်ပဲနော် သင်္ခါရက္ခန္ဓာ သက်သက်ပဲ၊ ငါ့ဥစ္စာလို့ကော ဆိုနိုင်ပါမလား (မဆိုနိုင် ပါ ဘုရား)။

ဒါဖြင့် မဆိုနိုင်ရင် ဘာဆိုမလဲ (သုညပါ ဘုရား)။ ငါ ငါ့ဥစ္စာ မဟုတ်ဆိုတဲ့ သုညရေးမှပဲ၊ ဘာရေးကြမလဲ (ငါ ငါ့ဥစ္စာမဟုတ်ဆို တဲ့ သုညရေးရပါမယ် ဘုရား)

ဒါမှသာလျှင် ခင်ဗျားတို့ နေရာကျမယ်၊ ကဲ စိတ်ကလေးတစ် ခု ဘာစိတ်ပေါ်ပေါ်၊ ငါ့စိတ်မစမ်းနဲ့ ဆိုတာမျိုး မသုံးလိုက်ပါနဲ့ (မှန်ပါ)။

ခင်ဗျားတို့က အရေးရှိလာလို့ရှိရင် တစ်ခါတည်း ငါ့စိတ်မစမ်းနဲ့ ဟုတ်လား ငါသည်ကား ဆိုလို့ရှိရင် ဘာနေ့သားပဲ၊ ဘာသားပဲနဲ့ ရှုပ်လာ ကုန်ပြီ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီလိုဆိုလို့ရှိရင် ခင်ဗျားတို့ ငါ့မစမ်းနဲ့ မပြုနဲ့အစရှိသည်ဖြင့် လာပြီဆိုမှဖြင့် စိတ်ကို ငါ့စိတ်ထင်၊ ငါ့စိတ်ထင်တော့ စိတ်က ငါ့စိတ်ဖြစ် တယ်။

ရုပ်က ငါ့ကိုယ် ဖြစ်ရတော့မှာပေါ့ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။ စိတ်ကို ငါထင်လို့ ရှိရင်ဖြင့် စိတ်နဲ့ပတ်သက်ပြီး သကာလ ဆက်သွယ်ထားတာတွေဟာ ငါ့ဥစ္စာဆိုတာ မလာပေ ဘူးလား (လာပါတယ် ဘုရား)။

အဲဒီတော့ တစ်နဲ့နှစ်ရေးကြရော၊ ဒီတစ်နဲ့နှစ်ရေးကြတဲ့ ပုဂ္ဂိုလ် သည်ကား ဆိုရင်ဖြင့် စဉ်းစားပါတဲ့ ဒါတွေက အနိစ္စမရောက်ပေဘူးလား၊ ရောက်မလား (ရောက်ပါတယ် ဘုရား)။ ရောက်တော့ နဂိုက ငါ၊ ငါ့ဥစ္စာ မှတ်ထားကြမယ်၊ သုညတွေမရေးဘဲနဲ့ ငါ၊ ငါ့ဥစ္စာလို့ ဒီကနေပြီး သကာလ ဝိပ္ပလ္လာသနဲ့ မှတ်ထားခဲ့ကြမယ်၊ မမှတ်ပေဘူးလား (မှတ်ပါတယ် ဘုရား)။

သူ့သဘောနဲ့ သူ့နေတဲ့တရား

မှတ်တဲ့ အခါကျတော့ သူတို့က ခင်ဗျားတို့ မှတ်တဲ့အတိုင်း နေတဲ့ တရားလား၊ သူ့သဘောနဲ့သူ နေတဲ့တရားလား (သူ့သဘောနဲ့ သူနေတဲ့ တရားပါ ဘုရား)။

သူကလည်း ဖြစ်ပျက်၊ အနိစ္စ၊ ဒီဘက်ကကော (အနိစ္စပါ ဘုရား)။ ဖြစ်ပျက်ချည့်ပဲ ဒကာ ဒကာမတွေ သူတို့က အနိစ္စရောက်သွားတော့ ခင်ဗျားတို့က ငါ၊ ငါ့ဥစ္စာလုပ်ပြီး သကာလ ထားလိုက်တော့ ကိုယ်ကျိုးကြီးနဲ ပေါ့ဆိုတဲ့ ဒီဘက်က သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ မလာဘူး လား (လာပါတယ် ဘုရား)။

နဂိုကတည်းက ငါ၊ ငါ့ဥစ္စာ မဟုတ်တာ၊ ငါ၊ ငါ့ဥစ္စာမဟုတ်ဘူးဆိုတဲ့ သုညသာရေး သဘော ကျပြီလား (မှန်ပါ)။

သုညရေးထားလို့ရှိရင် နဂိုက သုညရေးထားတာကို အထူးဂဏန်း တတ်စရာ မရှိသည့် အတွက် နှမြောစရာ ပစ္စည်းပါသေးလား (မပါပါ ဘုရား)။

သုညရေးနိုင်အောင်လုပ်ပါ

မပါတော့ ဒီဥစ္စာသည် ဒကာ ဒကာမတို့ ခင်ဗျားတို့ အရေးကြီး တာကဖြင့် ငါ၊ ငါ့ဥစ္စာ ပြုတ်ပြီး သကာလ တစ်လဲ မရေးကြပါနဲ့၊ နှစ်လဲ မရေးကြပါနဲ့၊ ခန္ဓာငါးပါးအပေါ်၌ သုညသာ ရေးနိုင်အောင် လုပ်ပါ။

ဘယ်လို လုပ်ကြမလဲ (သုညရေးနိုင်အောင် လုပ်ရမှာပါ ဘုရား) တစ်ဆိုရင် ဘာထင်လဲ (ငါပါ ဘုရား)၊ ငါ၊ ခန္ဓာငါးပါးကို ငါထင်တယ်နော်။

နှစ်ဆိုရင် (ငါ့ဥစ္စာပါဘု ရား)။ ငါ့ဥစ္စာထင်တော့ကိုငါ၊ ငါ့ဥစ္စာလို့ ခန္ဓာငါးပါးကို ခင်မင်တယ်၊ ပြင်ပပစ္စည်းတွေကို ခင်မင်တယ်ဆို လို့ရှိရင်ဖြင့် ဒီဓမ္မတွေက ဘာတရားတွေတုံး မေးရင် ဘယ်နှယ့် ဖြေမ လဲ (သက္ကာယဒိဋ္ဌိပါ ဘုရား)။

သက္ကာယဒိဋ္ဌိ နဂိုကသူတို့က အစွဲခံနိုင်တဲ့တရားလား၊ အစွဲ မခံထိုက်တဲ့ တရားလား (အစွဲမခံထိုက်တဲ့ တရားပါ ဘုရား)။

နဂိုက သဗ္ဗေသင်္ခါရာ အနိစ္စ (တင်ပါ့)၊ ဘာ တရားပါ လိမ့် (သဗ္ဗေသင်္ခါရာ အနိစ္စပါ ဘုရား)။

သဗ္ဗေသင်္ခါရာ အနိစ္စဆိုတဲ့ အနိစ္စတရားကို ခင်ဗျားတို့က ငါ၊ ငါ့ဥစ္စာထင်နေတော့ အနိစ္စတရားက အနိစ္စစွန့်မလား၊ အနိစ္စသဘော ပြောမလား (အနိစ္စသဘောပြောမှာပါ ဘုရား)။

အနိစ္စကို အနိစ္စသဘောပြောတဲ့အခါ ခင်ဗျားတို့က ခက်တယ်၊ ငါ၊ ငါ့ဥစ္စာထင်တဲ့ ပုဂ္ဂိုလ်က ငါ့ဟာဖြင့် ဘာမှမရှိတော့ဘူး၊ ငါဖြင့် ကိုယ် ကျိုးကြီးနည်းပေါ့ ဆိုတဲ့ သောက၊ ပရိဒေဝတွေ နောက်က မလိုက်ဘူး လား (လိုက်ပါတယ် ဘုရား)။

ဓမ္မအလိုအားဖြင့် ၊ ဖြစ်တာပဲ

နဂိုက သုညရေးထားတော့ ဒီက ဘာအနိစ္စပြပြ၊ ဪ ငါ၊ ငါ့ဥစ္စာ မဟုတ်လို့ ဖြစ်ချင်သလို ဖြစ်တာကို မလာပေဘူးလား (လာပါ တယ် ဘုရား)။ ဓမ္မအလိုအားဖြင့် ဖြစ်တာပဲလို့ ဒကာ ဒကာမတွေ ဉာဏ် ထဲ မထင်ပေဘူးလား (ထင်ပါတယ် ဘုရား)။

အဲဒါ ဦးဘအုန်း ဘာရေးထားလို့ ဒီဉာဏ်ထွက်တာတုံး (သုညရေးထားလို့ပါ ဘုရား)။ ဪ ဒါဖြင့် ဒကာ ဒကာမတို့ သုည ရေးနိုင်ဖို့ အချက်အလက်ဟာက အင်မတန် အရေးကြီး ပါကလား ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒါဖြင့် ဘာရေးနိုင်ဖို့ အရေးကြီးတုံး (သုညပါ ဘုရား)။ ဒီဖြင့် ဒီနေရာတွင် မရေးနဲ့နော်၊ ဒကာ ဒကာမတို့ ဒီနေရာတွင် မရေးနဲ့၊ အိမ် ကျတော့ ရေးရမယ် (မှန်ပါ)။

ဒီတွင်တော့ ဆရာသမား ပြောလိုက်တာ ခန္ဓာကိုယ်တစ်ကိုယ်လုံး ဟာ ခန္ဓာငါးပါးပဲ၊ ခန္ဓာငါးပါးမှာ ငါလည်းမရှိဘူး၊ ငါ့ဥစ္စာလည်း မရှိပါဘူး။

တပည့်တော်တို့ဖြင့် တစ်လည်းမရေးတော့ဘူး၊ နှစ်လည်းမရေး တော့ဘူး၊ တစ်ဆိုတဲ့ ငါ၊ နှစ်ဆိုတဲ့ ငါ့ဥစ္စာရေးသေးလား (မရေးပါ ဘုရား)။

ငါ၊ ငါ့ဥစ္စာ မရှိတဲ့ သုညသာ တပည့်တော်တို့ မှတ်ထားပါတယ်လို့ ငါ၊ ငါ့ဥစ္စာမှ ဆိတ်သုန်းတဲ့ သုညသာ တပည့်တော်တို့က အမှတ်အသား ထားပါတယ်ဆိုတော့ သုညရေးထားပါ (မှန်ပါ)။

သုညရေးထားပြီးဆိုမှဖြင့် သား၊ သမီးနဲ့ ပတ်သက်လို့ ပျက်စီး ချို့ယွင်းချက်ရှိပြန်လည်း လှုပ်သေးသလား (မလှုပ်ပါ ဘုရား)။

မိမိနဲ့ ပတ်သက်လို့ ပျက်စီး ချို့ယွင်းချက်ရှိပြန်ကော (မလှုပ် ပါ ဘုရား)။ ဘာရေးထားလို့လဲ (သုည ရေးထားလို့ပါ ဘုရား)။

သုညဖို့ရာ ၊ လက်မတုန်ပါနဲ့

ဒါဖြင့် ဒီသုညရေးဖို့ရာ လက်မတုန်ပါနဲ့၊ ရေးဖြစ်အောင်ရေး၊ ရေး ပြီးကြပြီလား (မှန်ပါ)။ သုညဘယ်လို ရေးရမှာတုံး ရဲရဲ တင်းတင်းရေးကြပါ။

ဒကာ ဒကာမတွေ ဘယ်လိုရေးရမယ် (ရဲရဲတင်းတင်းရေး ရမှာပါဘု ရား)။ မရေးရဲ ဘူးလား (ရေးရဲပါတယ် ဘု ရား)။ ရေးရဲပါတယ်တဲ့၊ ဟင် တော်တော့ကို အသံတိုးသွားတယ်၊ ရေးရဲမှ ဘဝများစွာ သံသရာက ငါ၊ ငါဥစ္စာချည်း ရေးလာတာ (မှန်လှပါ)။

ဒီဘဝကျမှ သုညရေးပါဆိုတော့ ဦးဘအုန်း၊ ခက်နေတာပေါ့ (မှန်ပါ)။ စင်စစ် ရေးထိုက်တဲ့ တရားလား ၊ မရေးထိုက်တဲ့တရားလား (ရေးထိုက်ပါတယ် ဘုရား)။

သုညဟာ သုညပဲလို့မှတ်ထား

ရေးထိုက်တဲ့ တရားကို မရေးဝံ့တာသည် ခင်ဗျားတို့မှာ အပင်း ရှိနေတယ်၊ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ငါ၊ ငါ့ဥစ္စာ ဆိုတော့ သက္ကာယဒိဋ္ဌိ အပင်းက ဝမ်းထဲ ခံနေတော့ ဟိုဟာလေး၊ ကြည့်လိုက် ပြန်လဲ ဟင် ဒါလေးတွေ ငါ၊ ငါ့ဥစ္စာမဟုတ်၊ သုညပဲရေးရမှာပဲ ဆိုပြီး ဒီအတိုင်းသာ ရေးရေးသွားမယ် ဆိုလို့ရှိရင်ဖြင့် နဂိုကတည်းက ငါ၊ ငါ့ဥစ္စာ မဟုတ်တော့ သုညဟာ သုညပဲ မှတ်ထားမယ် ဆိုလို့ ရှိရင်ဖြင့် ကိုထွန်းဦး မျက်ရည်ကြီးငယ်ကျစရာ လိုသေးသလား (မလိုပါ ဘုရား)။

ဒါ ဘာမရေးမိလို့လဲ (သုည မရေးမိလို့ပါ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတွေ မျက်ရည် မကျချင်ဘူး ၊ ရင်မထုချင်ဘူး၊ မြေမလူးချင်ဘူး ဆိုရင် သုညရေးနိုင်အောင် လုပ်ပါ (မှန်ပါ ဘုရား)။

ဒါဖြင့် သုညရေးရတဲ့ ဥစ္စာသည် သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမန ဿ၊ ဦးခင်မောင် မကင်းဘူးလား (ကင်းပါတယ် ဘုရား)။ ဘာပြုလို့ မရေးချင်ရတုံး၊ ဒီဒုက္ခတွေရှိချင်လို့ မရေးရတာ လားလို့ မေးရမယ် (မှန်ပါ)။

မိမိခန္ဓာကိုယ်အပေါ်မှာ ဘာရေးမှာတုံး။

မမေးထိုက်ဘူးလား (မေးထိုက်ပါတယ် ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ကစပြီး ဂဏန်း ရေးတတ်ပြီလား (ရေးတတ်ပါပြီ ဘု ရား)။ မိမိခန္ဓာကိုယ်ပေါ် ဘာရေးမတုံး (သုညပါ ဘုရား)။ သားသမီးတွေအပေါ် (သုညပါ ဘုရား)။

သုညရေး၊ ခန္ဓာကိုယ်ပေါ်မှာ ငါထင်တာဟုတ်လား၊ တစ်လဲမရေး နဲ့၊ သားသမီးတွေကို ငါ့ဥစ္စာဆိုတဲ့ နှစ်လဲမရေးနဲ့၊ ပစ္စည်းဥစ္စာတွေပေါ့ဗျာ။ ဘာရေးကြမလဲ (သုညပါ ဘုရား)။

အဲဒီ သုညရေးထားတော့ သားသမီးတွေက ဖောက်ပြန်ပျက်စီးလဲ ခင်ဗျားတို့က မျက်ရည် ကြီးငယ် ကျဖို့မရှိဘူး၊ ပစ္စည်းကချို့ယွင်းချက် ရှိသွား ပြန်ရင်ကော (မျက်ရည်ကြီးငယ် ကျဖို့ မရှိပါဘူး)။

ဘာရေးထားလို့လဲ (သုညရေးထားလို့ပါ ဘုရား)။ ဒါဖြင့် မျက်ရည်တိတ်တဲ့ တရားသည် ဘာရေးနိုင်မှ တိတ်မလဲ (သုညရေး နိုင်မှ တိတ်မှာပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မရေးရဲဘူးလို့ ခတ်ခံခံနေ ရင်ဖြင့် မျက်ရည်နဲ့ ကျေနပ် လို့ပေါ့ (မှန်ပါ ဘုရား)။ မဆိုထိုက်ဘူး လား ၊ ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။ ဒကာ၊ ဒကာမတို့ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီဥစ္စာ အင်မတန် အရေးကြီးတဲ့ တရားနော် (မှန်ပါ)။ ဦးလှ ဘယ့်နှယ်နေတုံး (အရေးကြီး ပါတယ် ဘုရား)။

သုညမရေးရင် မျက်ရည်ကျမယ်

ဘယ့်နှယ်ကြောင့် ဒီလောက် အရေးကြီးပါသတုံးလို့ မေးတဲ့ အခါကျလို့ ရှိရင် သုည မရေးရင် မျက်ရည်ကျမယ် (မှန်ပါ)။ သုညရေးရင် မျက်ရည်မကျရဘူး။

အဲဒီတော့ မျက်ရည်ကျရတဲ့ လူအပေါင်းဟာ ဘာရေးမိလို့တုံး၊ တစ်နဲ့နှစ်ရေးမိလို့၊ သဘော ကျပြီလား၊ မျက်ရည်ကျရတဲ့ လူအပေါင်းဟာ ဘယ်လိုကြောင့်ပါလိမ့် (တစ်နဲ့နှစ်ရေးမိလို့ပါ ဘုရား)။

သုညရေးရင် (မကျပါ ဘုရား)။ ဪ ခင်ဗျားတို့နဂို က ဂဏန်းအဆွဲ လွဲနေတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ ခန္ဓာကိုယ်တော့ ငါ့ကိုယ်နဲ့ ပတ်သက်လို့ မွေးဖွားပြီး ရှာထားတဲ့ ပစ္စည်းတွေတော့ (ငါ့ဥစ္စာပါ ဘုရား)။

ဪ နဂိုကိုက ခင်ဗျားတို့က ငိုစပြုချင်တဲ့ ဇာတ်ခင်းတာ နော် ဘုန်းကြီးက ဟောလိုက် တယ်၊ ဘုရားက ဟောလိုက်တယ်ဟေ့၊ ငါဆို တဲ့ တစ်လဲ မရေးပါနဲ့ ၊ ခန္ဓာငါးပါး အပေါ်၌ ပစ္စည်းအပေါ်၌ ငါ့ ဥစ္စာလို့ ဆိုတဲ့ နှစ်လဲ မရေးပါနဲ့တဲ့။

တစ်ဆိုတာလဲ မရေးပါနဲ့၊ တစ်ဆိုတာ ငါ (မှန်ပါ)။ နှစ်ဆိုတာ ငါ့ဥစ္စာ၊ အဲဒီ တစ် နှစ်အစွဲကို ဖြုတ်ပါ၊ သဘောကျပြီလား၊ ဒကာ ဒကာမ တို့ ဘာဖြုတ်ရမလဲ (တစ် နှစ်ဖြုတ်ရမှာပါ ဘုရား)။

ငါလဲဖြုတ် ငါဥစ္စာလဲဖြတ်

ငါက ဘယ်သူ့အပေါ်မှာ ဖြုတ်ရမှာတုံး (ကိုယ့်အပေါ်မှာ ပါ ဘုရား)။ ခန္ဓာအပေါ်မှာ ဟုတ်လား၊ သား၊ သမီးနဲ့ ပစ္စည်းအပေါ်မှာ တော့ ဘာဖြုတ်ရမလဲ (ငါ့ဥစ္စာပါ ဘုရား)။

အေး ငါလဲဖြုတ်၊ ငါ့ဥစ္စာလဲဖြုတ် ဟုတ်လား၊ စင်စစ်ကတော့ ခင်ဗျားတို့ က မဖြုတ်လဲ၊ သူကတော့ ဖြုတ်နေတာပဲနော် (မှန်ပါ)။ သူကတော့ သူ့သဘောအတိုင်း အနတ္တချည်း မပြဘူးလား (ပြပါ တယ် ဘုရား)။

ပြပြီး သကာလ နေတော့ ေဩာ် နဂိုကတည်းက ငါ၊ ငါ့ဥစ္စာ နဲ့ မဆိုင်ပါလား ဟုတ်လား ၊ ငါ၊ ငါ့ဥစ္စာမှ ဆိတ်သုဉ်းပါလားဆိုတဲ့ သုည ချည်းပါ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မိမိခန္ဓာကိုယ်ပေါ်လဲ ငါဆိုတဲ့ တစ်မစွဲလိုက်ပါနဲ့ (တင်ပါ)။ မိမိရှာထားတဲ့ပစ္စည်း၊ မိမိမွေးဖွားထားတဲ့ သားသမီးတွေအပေါ် ၌လည်း ငါ့ဥစ္စာလို့ မထင်လိုက်ပါနဲ့ (မှန်ပါ)။

ငါ ငါဥစ္စာမှ ဆိတ်သုဉ်းတယ်၊ ဆိတ်သုဉ်းတယ်ဆိုတာ သုညပဲ သဘောကျပြီလား (မှန်ပါ)။

ငါပိုင်ပစ္စည်းဘာမှမရှိဘူး

ဒါဖြင့် တစ်ဆိုတဲ့ ငါလဲမရေးနဲ့ နှစ်ဆိုတဲ့ ငါဥစ္စာကော (မရေးရပါ ဘုရား)။ ဘာရေးရမတုံး (သုညရေးရမှာပါ ဘုရား)။ သု ညရေးဆို တော့ ငါ၊ ငါ့ဥစ္စာမဟုတ် တာ သုညရေးပါ။ ဒီထဲမှာ ငါပိုင်ပစ္စည်း ဘာမှ မရှိဘူး၊ ငါ့အတွက်တော့ သုညသာ ရှိတယ် (မှန်ပါ) သဘောကျပြီလား (မှန်ပါ)။

ဒကာ ဒကာမတို့ ဟိုအိမ်မှာ ကြည့်လိုက်လို့ရှိရင်လည်း တော်တော် ကြာ ငိုပွဲဆင်၊ ဒီဘက်အိမ် ကြည့်လိုက်ပြန်ရင်လည်း တော်တော်ကြာ ဘယ်သူ ဘာပြုလို့ တဲ့ ငိုပွဲဆင်၊ ဒီငိုပွဲဟာ ဘယ်ကလာတုံး ဆိုတော့ ဂဏန်းအရေး မှားလို့လာတာ ဦးလှ ဘယ်ကလာတာလဲ (ဂဏန်း အရေးမှားလို့ ပါ ဘုရား)။

ဂဏန်းအရေးမှာလို့

ဂဏန်းအရေးမှားလို့ ဘယ်လို ရေးမိကြတုံး (တစ် နှစ် ရေးပါတယ် ဘုရား) တစ် နှစ် ရေးတယ်၊ တစ်ဆို တာလဲ ငါ၊ နှစ်ဆိုတာက ငါ့ဥစ္စာ။

ဪ ခက်လိုက်တာ ခင်ဗျားတို့က အင်မတန် ခက်တဲ့လူ တွေပဲ၊ ကံ၊ စိတ်၊ ဥတု၊ အဟာရ ကြောင့်ဖြစ်တဲ့ ရုပ်၊ အာရုံဒွါရ ကြောင့် နာမ်ဖြစ်တယ်။

အဲဒီ နာမ် ရုပ်တွေသည် ကိုယ်လုပ်ထားတာ မဟုတ်ဘဲနှင့် ကိုယ် ပဲ၊ ကိုယ့်ဥစ္စာပဲလို့ ခင်ဗျားတို့က အရမ်းလုပ်ထားလို့ ၊ အရမ်းငိုပွဲဆင်နွှဲ ရတာ (မှန်ပါ)၊ နို့ နွှဲ ရပါ့မလား (မနွှဲ ရပါဘူး ဘုရား)။

အဲဒါ ဦးချစ်ခ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)၊ ဘာစွဲမှာတုံးလို့ ဒကာ ဒကာမတွေ ရိပ်မိကြပြီလား ၊ သုညသာစွဲ သုညသာ မှတ်ထား၊ ခန္ဓာငါးပါးအပေါ်၌လည်း သုည သာစွဲ၊ သားသမီးနှင့် ပစ္စည်း အပေါ်မှာကော (သုညပါ ဘုရား)။

တခြားသုညမဟုတ်ဘူး ဉာဏ်သုည

သုညပဲတဲ့၊ ငါ၊ ငါဥစ္စာ အဖြစ်မှ ဆိတ်သုဉ်းတဲ့ သုညချည်းမှတ်၊ အဲဒီ သုညဟာ တခြားသုည မဟုတ်ပါဘူးတဲ့။ ဉာဏ်သုညပါ၊ ရှင်းပြီ လား (မှန်လှပါ ဘုရား)။

ဘာသုညတုံး (ဉာဏ်သုညပါ ဘုရား)။ ဉာဏ်သုညတဲ့ သုည စွဲနိုင်တဲ့ ဉာဏ်ရှိတယ်၊ ခင်ဗျားတို့ သဘောကျပြီလား (မှန်ပါ)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သုညမှ မင်းတို့ နိဗ္ဗာန် ရောက်မယ်တဲ့၊ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးအပေါ်မှာ တစ်ဆိုတာ ကော စွဲထိုက် မစွဲထိုက် (မစွဲထိုက်ပါ ဘုရား)။

ဘာပြုလို့ မစွဲထိုက်သတုံး မေးတော့ ဒီအကြောင်း ဒီရုပ်နာမ်ဓမ္မ တွေ ဟုတ်လား ၊ ငါလုပ်ထား တာကော ဟုတ်ကဲ့လားတဲ့ (မဟုတ်ပါ ဘုရား)။

ဒါဖြင့် ငါဟုတ်ပါ့မလား (မဟုတ်ပါ ဘုရား)။ ငါမဟုတ်လို့ရှိ ရင် တစ်လဲမစွဲပါနဲ့ ငါလုပ်ထားတဲ့ ပစ္စည်းဖြစ်ခဲ့လို့ ရှိရင် ငါ့ဥစ္စာလို့ စွဲရရဲ့၊ သူ့အကြောင်းနှင့်သူ တိုက်ဆိုင်လို့ ပေါ်လာတာတွေ သဘောကျပြီလား (မှန်ပါ)။

ဒါဖြင့် သူတစ်ပါး လုပ်ထားလို့လဲ၊ ငါ့ဥစ္စာလို့ မစွဲလိုက်ပါနဲ့၊ သဘောကျပြီလား (မှန်ပါ)။

ရုပ်နာမ်ဓမ္မတွေ

ရုပ်နာမ်ဓမ္မတွေမို့ ငါလို့လဲ မထင်လိုက်ပါနဲ့၊ ရုပ်နာမ်ဓမ္မတွေကို သူတစ်ပါး လုပ်ထားတဲ့ အတွက် ငါ့ဥစ္စာလို့လဲ မဆိုလိုက်ပါနဲ့ ရှင်းပြီလား (မှန်ပါ)။

ရုပ်နာမ် ဓမ္မတွေမို့ ဘာတုံး ငါလဲမစွဲပါနဲ့ ၊ ရုပ်နာမ်ဓမ္မတွေဟာ ရုပ်မှာ အကြောင်း လေးပါး၊ နာမ်မှာ အကြောင်းနှစ်ပါး ဆိုသလို လုပ်ထားလို့ သူများ ပြုပြင်ထားခြင်းကြောင့် ငါ့ဥစ္စာလို့လဲ ခင်ဗျားတို့က ရမ်းမစွဲလိုက်ပါနဲ့။

ငါ၊ ငါ့ဥစ္စာ လုံးဝ မဟုတ်ပါဘူး ဆိုတဲ့သုညသာ ခင်ဗျားတို့က မှတ် ထားလိုက်ပါ။ ရှင်းပြီလား (မှန်ပါ)။ ဘယ်ကိုမှတ်ကြမလဲ (သုညပါ ဘုရား)။

သုညရေးဖြစ်အောင်ရေးပါ

ငါ၊ ငါ့ဥစ္စာ မဟုတ်တဲ့ သုည၊ ငါ၊ ငါ့ဥစ္စာ မဟုတ်တဲ့ သုညရေးဖြစ် အောင် ရေးပါ၊ အခု အချိန်ကစ ရေး၊ ဒကာ ဒကာမတွေ နော်၊ ကိုယ့်ကိုယ်ပေါ်မှာ ဘာရေးကြမယ် (သုညပါ ဘုရား)။

ကိုယ်နှင့်ပတ်သက်တဲ့ ပစ္စည်းဥစ္စာ ရတနာ ရွှေ၊ ငွေ၊ ဆွေမျိုး ညာ တကာ အပေါ်မှာ ဘာရေးကြမယ် (သုညပါ ဘုရား)။ အဲ အကုန်နှစ် ခုလုံးကို သုညရေးပါ။

နို့မို့လို့ရှိရင် ကိုယ့်ကိုယ်က တစ်၊ ကိုယ်နဲ့ ပတ်သက်တာက နှစ် သာရေးမယ်ဆိုလို့ရှိရင် သုည မလာတော့ဘူး၊ လာပါဦးမလား (မလာပါ ဘုရား)။

မလာလို့ ရှိရင် သုညမလာလို့ ရှိရင် ခင်ဗျားတို့မှတ်ခဲ့တဲ့ တစ်၊ ခင်ဗျားတို့မှတ်ခဲ့တဲ့ နှစ် သည် အနိစ္စတွေ (ဝါ) ဒုက္ခတွေ၊ အနတ္တတွေလို့ မဆိုထိုက်ဘူးလား ၊ ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါ သူတို့က သူတို့သဘောစွန့်သလား၊ မစွန့်ဘူးလား (မစွန့်ပါ ဘုရား)။ အနိစ္စက (အနိစ္စ သဘော ပြမှာပါ ဘုရား)။ ဒုက္ခကကော (ဒုက္ခသဘော ပြမှာပါ ဘုရား)။ အနတ္တကကော (အနတ္တ သဘော ပြမှာပါ ဘုရား)။

အဲဒီလို ပြတဲ့အခါကျတော့ ခင်ဗျားတို့က သူတို့ဟာ သူတို့သဘော ပြလေလေ၊ ခင်ဗျားတို့က ရင်ထုလေလေ ဆိုတော့ အတော် ခဲယဉ်းတယ်။ (မှန်ပါ)။ မခဲယဉ်းဘူးလား (ယဉ်းပါတယ် ဘုရား)

သူတို့က သူတို့သဘောပြတာ

သူတို့က သူတို့သဘောပြတာ (မှန်ပါ)။ ခင်ဗျားတို့ ရင်ထု စေချင်လို့ ပြတာလား ၊ ကျုပ်တို့ သဘောက ဒီလိုပဲ ပြောတာလား (ကျုပ်တို့ သဘောက ဒီလိုပဲ ပြောတာပါ ဘုရား)။

ကျုပ်တို့ သဘောက ဒီလိုပဲလို့ ပြောတာနဲ့ ခင်ဗျားတို့ဟာက ရင်ထု ရတယ်၊ မျက်ရည် ကျရတယ်၊ ဖြစ်မှဖြစ်ရလေခြင်း၊ ကိုယ်ကျိုးကြီးနဲပေါ့ အစရှိသည် လက်မောင်းကြီး ပြုတ်လို့ တောင်ကြီးပြိုပေါ့နဲ့ ရှုပ်နေတာ ပဲ၊ မရှုပ်ဘူးလား ၊ ရှုပ်သလား (ရှုပ်ပါတယ် ဘုရား)။

ဒါ ဘာစွဲထားလို့တုံး နဂိုက (တစ်နဲ့နှစ်ပါ ဘုရား)၊ တစ်နဲ့ နှစ် စွဲထားလို့ ၊ ဂဏန်းကိုက အရေးလွဲနေတယ်၊ ငါ၊ ငါ့ဥစ္စာ ငါက တစ်၊ ငါ့ဥစ္စာကနှစ်၊ စွဲထားတဲ့အတွက် ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ငိုပွဲ ဆင်တဲ့ ဒကာ ဒကာမတွေ အကြောင်းကောင်းကောင်း သိပြီလား (မှန်ပါ)။

ဘယ်လို သိကြပါလိမ့် (တစ်နဲ့နှစ် စွဲထားလို့ပါ ဘုရား)။

မိမိခန္ဓာတော့ဘာတဲ့ (တစ်ပါ ဘုရား) တစ်ဆိုတဲ့ငါ၊ မိမိနဲ့ ပတ်သက်တာတွေ ကျတော့ (နှစ်ပါ ဘုရား)။ နှစ် ဆိုတဲ့ ငါ့ဥစ္စာ စွဲထားတော့ ခင်ဗျားတို့က စွဲချင်လို့ သာစွဲတာ၊ သူတို့ က အစွဲခံလို့ စွဲတာလား ခင်ဗျားတို့ကပဲ မစွဲမနေနိုင်လို့ စွဲပြီးနေတာလားလို့ မေးရင် ဘယ့်နှယ် ဖြေကြမယ် (မစွဲမနေနိုင်လို့ စွဲပြီးနေတာပါ ဘုရား)။

ဖြစ်မှဖြစ်ရလေဗျာ ဓမ္မက ၊ ခင်ဗျားတို့က စွဲလို့၊ သူက လိုက်ပါ့မယ် လို့ တာဝန်ယူသလား မေးတယ် (မယူပါ ဘုရား)၊ တာဝန်မယူတော့ သူ့သဘောသူ မပြပေဘူးလား (ပြပါတယ် ဘုရား)။

ပုပ်တတ်တဲ့အမျိုးမို့ ပုပ်တယ်

ပုပ်တတ်တဲ့ အမျိုးမို့ပုပ်တယ်၊ ကြွေတတ်တဲ့ အမျိုးမို့ ကြွေတယ်၊ ပျောက်တတ်တဲ့ အမျိုးမို့ ပျောက်တယ် ဒကာ ဒကာမတွေ ရပ်မိပြီလား (မှန်ပါ)။ ဦးလှ အဲဒါ ခင်ဗျားတို့က ဖြစ်မှ ဖြစ်ရလေခြင်း၊ ဖြစ်မှဖြစ်ရလေခြင်း ဆိုတော့ နဂို ဂဏန်းအစွဲလွဲ လို့ ဖြစ်မှဖြစ်ရလေခြင်း လာတာ (မှန်ပါ ဘုရား)၊ ဂဏန်း အစွဲလွဲလို့နော် (မှန်ပါ)။

ဂဏန်းအစွဲ မလွဲရင် ဖြစ်မှဖြစ်ရလေခြင်း လာပါ့မလား (မလာပါ ဘုရား)။ အဲဒီတော့ ခင်ဗျားတို့ အတတ်နဲ့ ခင်ဗျားတို့စူးတာ ၊ ရိပ်မိပြီလား ၊ ဘယ်သူ့အတတ်နဲ့ (ကိုယ့်အတတ်နဲ့ ကိုယ်စူးတာပါ ဘုရား)။

တစ်မရေး ထိုက်တာ တစ်ရေး၊ နှစ်မရေး ထိုက်တာ နှစ်ရေး (မှန်ပါ)။ ရေးရမှာက သုည (မှန်ပါ) ရေးရမှာက သုည၊ တစ်သွား ရေး (မှန်ပါ)။ ပြီးတော့ ဘာရေးပြန်တုံး (နှစ်ပါ ဘုရား) ကိုယ့်အတတ်နဲ့ ကိုယ်စူး။

အဲ့ဒီတော့ ကိုယ့် အတတ်နဲ့ ကိုယ်စူးပြီး ၊ ဂျွမ်းထိုးပြီး သေကြတာပဲ၊ မျက်ရည်ကျတာပဲ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် သုဿန်များ တစ်ယောက် ပျက်စီးလို့ ဝိုင်းပြီး သကာလ ကျီးလိုအာပြီး ငိုကြ၊ ယိုကြ ဟုတ်လား ၊ ရင်ထုမြေလူး၊ အနှိပ်သည်တွေ နဲ့ နေကြရတာတွေ၊ ကိုထွန်းဦး သနားစရာလား၊ မသနားစရာလား (မသနားစရာပါ ဘုရား)။

ဘာပြုလို့ မသနားစရာလဲ၊ သူ့အတတ်နဲ့သူစူးတာ၊ ဘာဖြစ်ဖြစ် ကွာ (မှန်ပါ) ဒီလိုထားသင့် မထားသင့် (ထားသင့်ပါတယ် ဘုရား)။

ထားရဲပါ့မလား ခင်ဗျားတို့၊ မထားရဲရင် ခင်ဗျားတို့ မထားရဲရင် ဘာဆိုကြမယ် (တစ်နဲ့ နှစ်ထဲကပါ ဘုရား)။ တစ် နှစ်ထဲကပဲ နေမှာပဲ၊ ခင်ဗျားတို့ သုညမရေးနိုင်လို့ ဖြစ်ရတာ (မှန်ပါ)။ သဘောကျပြီ လား (မှန်ပါ)။

ကြည့်နေရက်သလားလို့ မေးလိုက်ရင် ခင်ဗျားတို့ ကလည်း ထပြီး ကဗျာကရာ ပျာကြမှာပဲ၊ မပျာပေဘူးလား (ပျာပါတယ်ဘရား)

ဒါဖြင့် ခင်ဗျားတို့ကော သုညရေးတဲ့အထဲ ပါရဲ့လား (မပါ ပါ ဘုရား)။ ဘယ်အထဲကလဲ (တစ်နှစ်ထဲကပါ ဘုရား)။

တစ်နှစ်ထဲ ဖြစ်ရင် အိမ်ရှေ့ အိမ်နောက်မချမ်းသာ ဆိုတာ ကူးမှာ ပဲ၊ မကူးပေဘူးလား (ကူးမှာပါ ဘုရား)။ ကူးမှာပဲတဲ့။

အဲဒီတော့ ခင်ဗျားတို့ သည် အမွေခံလွဲပြီး သကာလ နေပြီလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။ ဟင်း ဆိုထိုက်ပါ တယ်။ ဟိုက အပူရတာ ခင်ဗျားတို့ က အပူခံ နေတယ်၊ မခံဘူးလား (ခံပါတယ် ဘုရား)။

အဲဒါဖြင့် ဒကာ ဒကာမတို့ အဲဒီ အပူစွဲ စွဲရတာသည် နဂိုက အမှတ် လွဲနဲ့ ဂဏန်းရေးလွဲလို့ ဖြစ်ရခြင်းဆိုတာ ယနေ့ညရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့ ဘယ်လို ဂဏန်းစွဲထားတုံး (တစ်နဲ့နှစ်ပါ ဘုရား) မိမိခန္ဓာတော့ ဘာတဲ့တုံး (တစ်ပါ ဘုရား)။ တစ်ဆိုတဲ့ငါ စွဲထားတယ် ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

မိမိပိုင်ထားတဲ့ ပစ္စည်းနဲ့ သားသမီး အခြွေအရံတွေ ကျတော့ နှစ်စွဲ တယ်၊ နှစ်ဆိုတဲ့ ငါ့ဥစ္စာစွဲတယ်၊ ဟုတ်ကော ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။

အကြောင်းတရားလေးပါး

စဉ်းစားကြည့်ပါတဲ့ ဒီတရားတွေက ကံ၊ စိတ်၊ ဥတု၊ အဟာရ၊ တည်းဟူသော အကြောင်းတရား လေးပါးကြောင့် ဖြစ်တယ်၊ သဘောကျပြီ လား (မှန်ပါ)။

နှစ်ကလည်းထို့အတူပဲ အကြောင်းတရားလေးပါးနဲ့ ဆက်သွယ်ပြီး နေတော့ ကိုထွန်းဦး ကင်းရဲ့လား (မကင်းပါ ဘုရား)။ ဒါဖြင့် တစ် ဟာလဲ သူများ လုပ်တာ (မှန်ပါ)။ နှစ်ဟာကော (သူများ လုပ်တာပါ ဘုရား)။

သူများလုပ်ထားတာ ခင်ဗျားတို့က ပိုင်နက် ကျူးလွန်နေတယ်လို့ မဆိုသင့်ဘူးလား ၊ သင့်သလား (သင့်ပါတယ် ဘုရား)။

သူများပစ္စည်းကို ခင်ဗျားတို့က ဟောဒီပစ္စည်းဟာ ကျုပ်၊ ကျုပ်နဲ့ ကျုပ်ဥစ္စာပဲလို့ စွဲချက် တင်တော့ ခင်ဗျားတို့ကိုက ဒီဥစ္စာ လမ်းစဉ် တာ (မှန်ပါ)။

ဦးဘအုန်း စီရင်ချက်ချရင် ဘယ်နှယ် စီရင်ချက်ချရမှာတုံး၊ ဒီအတိုင်း ချရမှာပဲ၊ မတုက မှားလား၊ ငိုတဲ့လူက မှားလား (ငိုတဲ့လူက မှားတာပါ ဘုရား)။ ဟုတ်ဘူးလား။

ပျက်တဲ့လူက မှားသလား ၊ ငိုတဲ့ လူက မှားသလား (ငိုတဲ့ သူက မှားပါတယ် ဘုရား)။ ဘာပြုလို့ ငိုတဲ့လူကမှားရတုံး သူများလုပ်ထား တာကို ငါ၊ ငါ့ဥစ္စာထင်တယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဘဝများစွာ သံသရာမှာ မျက်ရည်ကြီး ငယ်ကျရတာ၊ သမုဒ္ဒရာ လေးစင်း ရေထက် များသေးတယ် ဆိုတာ ၊ တစ်နဲ့ နှစ်ချည်းရေးနေလို့ပဲ မရေးဘူးလား၊ ရေးသလား (ရေးပါတယ် ဘုရား)။ ဘာရေးသလဲဗျ (တစ်နဲ့နှစ်ရေးပါတယ် ဘုရား)။

တစ်နဲ့ နှစ်ဆိုတာ ငါ၊ ငါဥစ္စာပေါ့ဗျာ (မှန်ပါ)။ အဲဒီ တစ်နဲ့ နှစ် ရေးနေသ၍ ကာလပတ်လုံး ဖြင့် ခင်ဗျားတို့ မျက်ရည်တွေ သမုဒ္ဒရာ လေးစင်း မကဘူး၊ နောက် ရှစ်စင်းလဲ လာအုံးမှာပဲ၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဘာပြုလို့တုံး ဂဏန်းတတ်လွဲလို့ ဂဏန်းရေးလွဲလို့ ဦးခင်မောင် မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။ အဲဒါ ကောင်းကောင်း သဘောကျပြီလား (ကျပါတယ် ဘုရား)။

တစ်နှစ်စွဲတာ ဘယ်သူလွဲတာတုံး (ကိုယ်လွဲတာပါ ဘုရား)။ ကိုယ်လွဲလို့ ရှိရင်ဖြင့် ကိုယ်ဘာဖြစ်ရမယ်ဆိုတဲ့ အကျိုးကော သိပြီလား (သိပါတယ် ဘုရား)။

ကိုယ်ပဲ ငိုရ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ လာရမှာလား၊ မလာရဘူးလား (လာရမှာပါ ဘုရား)။

ဒီအလွဲကို တည့်ပေးလိုက်ပြီ

ဒါဖြင့် ဒကာ ဒကာမတို့ ဒီအလွဲဟာ ယခု ဆရာဘုန်းကြီးနဲ့ တွေ့တဲ့ အခါကျတော့ တည့်ပေး လိုက်ပြီ၊ ဟေ့ တစ်သွားမလုပ်နဲ့နော် တစ်ဆိုတဲ့ ဂဏန်း သွားမစွဲနဲ့၊ ငါဆိုတဲ့ ဥစ္စာ တစ်၊ ငါ့ဥစ္စာဆိုတဲ့ ပစ္စည်းဥစ္စာ ရတနာနှင့်တကွ၊ ဆွေမျိုးပရိသတ်တွေကိုလည်း ငါ့ဥစ္စာလို့ မစွဲလိုက်ပါနဲ့ (မှန်ပါ)။

စွဲလိုက်လို့ ရှိရင်ဖြင့် မင်းတို့သည် ငိုပွဲနဲ့တွေ့ရလိမ့်မယ်၊ မတွေ့နိုင် ဘူးလား (တွေ့နိုင် ပါတယ် ဘုရား)။ မစွဲနဲ့၊ မစွဲလို့ရှိရင် ဘယ်လိုနေရ မှာတုံး ၊ သုညလို့ မှတ်ထားဟေ့၊ ဘာမှမဆိုင်ဘူး။

တစ်လည်း မဟုတ်ဘူး၊ နှစ်လည်းမဟုတ်ဘူး၊ သုညသက်သက်ပဲ၊ ငါ၊ ငါ့ဥစ္စာမှ ဆိတ်သုဉ်း တာပဲလို့ မှတ်လိုက် (မှန်ပါ)။ ဘယ်လို မှတ်ကြ မလဲ (ငါ၊ ငါ့ဥစ္စာမှ ဆိတ်သုဉ်းပါတယ် ဘုရား)။

ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတာ ဘုရားက သုညလို့ မပြောဘူးလား (မှန်ပါ)။ ကိုင်း ဘုရားရဲ့ သုညကတော့ အဖိုးတန်ဆုံး ပဲဗျ။ ရိပ်မိပြီလား (မှန်ပါ)။

ဘုရားကသုညကိုကြိုက်တယ်

ခင်ဗျားတို့ လောကသုံးကတော့ ဖိုးသုည ဆိုတာတော့ ပညာမတတ် တဲ့ သူကိုသုံးတာ၊ ဘုရားက သုညသိပ်ကြိုက်တာပဲ၊ ဒကာ ဒကာမတွေ ဘုရား ဘာကြိုက်သတုံး (သုညပါ ဘုရား)။

ခင်ဗျားတို့က ဖိုးသုညဆိုရင် နာတယ်

သုညကြိုက်တယ်၊ ခင်ဗျားတို့ကတော့ ဖိုးသုညဆိုရင် သိပ်နာတာ ပဲ မနာဘူးလား၊ နာသလား (နာပါတယ် ဘုရား)။

နာတယ်တဲ့ ဘုရားကတော့ဖြင့် ဒီခန္ဓာငါးပါး ရုပ်နာမ် တရားအပေါ်၌ သုညရေးနိုင်တဲ့ ပုဂ္ဂိုလ်ကို အလွန် ချီးမွမ်းတယ်၊ မချီးမွမ်းဘူးလား (ချီးမွမ်းပါတယ် ဘုရား)။

ငါ၊ ငါ့ဥစ္စာမဟုတ်ကြောင်း ကောင်းကောင်းသိပြီ၊ မျက်ရည်ကြီးငယ် သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတွေ မလာဘူး၊ အလုံးစုံမှ အကုန်လွတ် ပြီ၊ ဒုက္ခ၊ ဒေါမနဿတွေ ချုပ်ရာ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုမယ်၊ သဘော ကျပြီလား (မှန်ပါ ဘုရား)။

သုညရေးနိုင်ရင် နိဗ္ဗာန်ကို ရမယ်

သုညရေးနိုင်တဲ့ ပုဂ္ဂိုလ်က သောက၊ ပရိဒေဝချုပ်ရာ နိဗ္ဗာန်မျက် မှောက်ပြုမယ်၊ နိဗ္ဗာန်ကို ရမယ် ဆိုတာပဲ (မှန်လှပါ)။

သုညမရေးနိုင်တဲ့ ပုဂ္ဂိုလ်က မျက်ရည်ကျမယ်၊ ရှင်းပြီလား (မှန်လှပါ)။ သုညမရေးနိုင်တဲ့ ပုဂ္ဂိုလ်က မျက်ရည်နဲ့ အပါယ်လေးပါး ပေါ့ဗျာ။

သုညရေးနိုင်တဲ့ ပုဂ္ဂိုလ်က မျက်ရည်သိမ်း၍ နိဗ္ဗာန်ရောက်မယ် (မှန်လှပါ)။ ကိုင်း ဘယ်ဟာ ကြိုက်ကြတုံး (နိဗ္ဗာန်ရောက်တာ ကြိုက်ပါတယ် ဘုရား)။

နိဗ္ဗာန်ရောက်တာ ကြိုက်ကြတယ်တဲ့၊ ကြိုက်ပင်ကြိုက်သော်ငြား သော်လည်း ရေးရမယ် ဆိုတော့ ခင်ဗျားတို့က သုညလေး ရေးရတော့မယ် ဆိုလို့ရှိရင် လက်ကိုတုန်နေမယ် ဆိုရင် မဖြစ်ဘူး၊

ဟင် ကလေးဆိုးလေးကို သုညရေးစမ်းပါ ဆိုတော့ ဘယ့်နှယ် ဆိုကြမလဲ (လက်တုန် ပါတယ် ဘုရား) ကလေးဆိုး ကလေး သုညရေး စမ်းပါဆိုတော့ ဦးလှ အခက်ဆုံး နေလိမ့်မယ်၊ ရိပ်မိကြပြီလား (ရိပ် မိပါပြီ ဘုရား)။

ဒီလိုလူတွေချည်းပဲ

ဒီလိုလူချည်းပါပဲ ၊ ဦးချစ်ခရဲ့ (မှန်ပါ)။ သုညရေးဖို့ရာ အတော်ခက်နေတယ်၊ ဒါဖြင့် ငါလည်း မဟုတ်ဘူး၊ ငါ့ဥစ္စာလည်း မဟုတ် ဘူးကွ၊ သက်သက် ဟုတ်လား၊ သူ့ဟာသူ တစ်ကောင်ကြွက်၊ ဥတစ်လုံးလေ၊ သူ ဖြစ်ချင်သလို ဖြစ်နေတာလေ (မှန်ပါ)။

ဒီလို မပြောကြပါနဲ့ ဟုတ်လား (မှန်ပါ)။ သူ့အဖိုးနဲ့အဖွား နဲ့ပါ လာချင်လာအုံးမှာကိုကွ၊ ရေးနေကြမို့၊ ဒါအမြဲ ရေးထားတာ (မှန်ပါ )။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ခင်ပွန်းလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း ငါ့ဇနီးကို ငါ့ဥစ္စာ၊ ဇနီးကလည်း ထို့ အတူပဲ၊ ကိုယ့်ကိုယ်ကို ငါ၊ ခင်ပွန်းသည်ကိုတော့ ငါ့ဥစ္စာ ဆိုတော့ ခင်ဗျား ဥစ္စာက ဂဏန်းရေးတာ၊ တစ်ယောက် အပေါ်မှာ တစ်ယောက် လွဲနေတာ မလွဲကြဘူးလား (လွဲပါတယ် ဘုရား)။

လွဲနေတော့ ဒီဥစ္စာသည် ဇနီးကလဲ ရုပ်နာမ်အနိစ္စ၊ ခင်ပွန်းကကော (ရုပ်နာမ်အနိစ္စပါ ဘုရား)။ မပြဘဲ နေမှာလား ပြမှာလား (ပြမှာ ပါ ဘုရား)။

ပြတဲ့အခါ ကျတော့ ငါ၊ ငါ့ဥစ္စာလုပ်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ် ယောက်သည် ငါ့ဥစ္စာ ပျက်လည်း မျက်ရည်ကျမယ်၊ ငါပျက်ရင်ကော (မျက်ရည်ကျမှာပါ ဘုရား)။

အဲ မျက်ရည်ကျတော့ကို တစ်နဲ့နှစ်စွဲထားတာကို စောစော စီးစီးက အတော် ဆိုးမနေ ဘူးလား (အတော် ဆိုးနေပါတယ် ဘုရား)။

ဒါဖြင့် နောက်ဂဏန်း ရေးတတ်ကြပြီလား (ရေးတတ်ပါပြီ ဘုရား)။ မိမိခန္ဓာအပေါ်မှာ ဘာရေးမတုံး (သုညပါ ဘုရား)။ မိမိနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အပေါ်မှာကော (သုညပါ ဘုရား)။

ငါ၊ ငါ့ဥစ္စာမဟုတ်လို့ သုညရေးတာ

သုညရေးတဲ့ အခါကျတော့ ဪ ငါ၊ ငါ့ဥစ္စာမဟုတ်လို့ သုညရေးရတာကိုး ဆိုတာ သိပြီလား (သိပါပြီ ဘုရား)။

သိတော့ သူတို့က ငါ၊ ငါ့ဥစ္စာ မဟုတ်ကြောင်း ခဏခဏဖြစ်ပျက် အဖြစ်နဲ့ မပြဘူးလား ၊ ပြသလား (ပြပါတယ် ဘုရား)။ ပြတဲ့ အခါကျတော့ ကိုယ်ရေးထားတဲ့ အတိုင်း ကိုက်နေတာပဲ၊ သဘောကျရဲ့ လား (မှန်ပါ ဘုရား)။

သူတို့ကလဲ သုည၊ ကိုယ်က သုည၊ သူတို့အပေါ်မှာ ထားခဲ့တယ်။ သူတို့ကတော့ သုညသဘောနဲ့ ပဲပြတယ် (မှန်ပါ)။ ငါ ငါ့ဥစ္စာ မဟုတ် ပါဘူး၊ အနိစ္စ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ပြောတော့ သူတို့ အပြောနဲ့ ကိုယ်မှတ်ထားတဲ့ သုညနဲ့ ကိုက်နေ တယ်၊ ကိုက်မိတဲ့ အချိန်ကျလို့ရှိရင် အနတ္တဉာဏ် ကောင်းကောင်း ပေါက် တယ်၊ မပေါက်ဘူးလား၊ ပေါက်သလား (ပေါက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ယနေ့ညမှာ သမုဒယသစ္စာ မဟောခင် သမုဒယသစ္စာသည် သက္ကာယဒိဋ္ဌိကြောင့် ဖြစ်တာကိုး (မှန်ပါ)။

ဘုရားဟောတရားတော်

အဲဒါကြောင့် ဒါလေးမူ တည်ပြီး ပြောနေတော့ ဘုရားက သုတ္တနိပါတ် ဣတိဝုတ် ပါဠိတော်၌ “ သုညတော၊ လောကံ အဝက္ခဿု’’

လောကံ – မင်းတို့ ရုပ်နာမ်နှင့်တကွ အတွင်းပစ္စည်း အပြင်ပစ္စည်းတွေကို၊ သုညတော – သုည ဆိုက်အောင်၊ အဝက္ခဿု – ရှုပေး၊ သုည လုပ်ပေးကွ။

“ သုညတော လောကံ အဝက္ခဿု ၊ မောဃရာဇာ သဒါ သတော ”

သဒါ – အခါခပ်သိမ်း ၊ သတော – သတိထားပြီး၊ သကာလ သုညတော- သုည ရေးနိုင်အောင်၊ အဝက္ခဿု – သေသေချာချာ ကြည့်ထား။ မင်းတို့ ခန္ဓာငါးပါးမှ အပ သေသေချာချာ ထားတဲ့ ပစ္စည်းတွေ ပေါ့ဗျာ (မှန်ပါ)။

အဲဒါတွေကို ဘာရေးနိုင်အောင် ကြည့်ထားရမှာတုံး (သုည ရေးနိုင်အောင် ကြည့်ထား ရမယ် ဘုရား)။

အဲ “ သုညတော လောကံ အဝက္ခဿု၊ ” လောကံ – မင်းတို့ခန္ဓာငါးပါး နှင့်တကွ ၊ မင်းတို့ ရှာထားတဲ့ ပစ္စည်းဥစ္စာကို၊ သုညတော သုညရေးနိုင်အောင် ၊ အဝကဿု – ခုကတည်းက ကြည့်ထားကွ၊ ကြည့်ထားပါ (မှန်ပါ)။

အဲဒီလို ဆိုလို့ရှိရင် ဘာဖြစ်မတုံးလို့ “ အတ္တာနုဒိဋ္ဌိ၊ ဥဟစ္စ တဲ့ ” ငါ၊ ငါ့ဥစ္စာ ဆိုတာ နုတ်ပြီးသား ဖြစ်သွားတယ်ကွ၊ သုည ရေးနိုင်တယ်။ (မှန်ပါ)။ ပါဠိတော်ကိုက လာနေတယ်၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ငါ၊ ငါ့ဥစ္စာကို သုညရေးနိုင်တဲ့ ပုဂ္ဂိုလ်ဟာ၊ ငါ ငါ့ဥစ္စာ နုတ်ပြီးသား ပယ်ပြီးသားဖြစ်နေတယ်၊ သဘောကျပြီလား (မှန်ပါ)။

တစ်နဲ့ နှစ် ဖြုတ်ပြီးသား ဖြစ်တယ်ကွ (မှန်ပါ)။ ဘာရေးနိုင်မှ တုံး (သုညရေးနိုင်မှပါ ဘုရား)။

ဒါဖြင့် ကိုထွန်းဦးတို့ ဦးလှတို့ သုညရေးနိုင်ဖို့ အရေးဟာ ဘုရား သခင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ဟောတာ၊ ဘုန်းကြီးက တန်ဆာဆင် ဟောတာမဟုတ်ဘူး၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့က တစ်နှစ်ဖြုတ်ပါ၊ တစ်နှစ်ကြောင့် ဘုန်းကြီးက ဖြည့် စွတ်ထားတာ ၊ ခင်ဗျားတို့ တစ်နှစ် ရေးဆွဲလို့ ဒုက္ခရောက်နေတာ ၊ ဘုရား က သုညရေးတာ ကြိုက်တယ် (မှန်ပါ)။

ခင်ဗျားတို့ ဘာတွေ ရေးဆွဲလေ့ရှိတုံး (တစ်နှစ် ရေးဆွဲလေ့ ရှိပါတယ် ဘုရား)။ တစ်နှစ် ဆိုတဲ့ ဂဏန်းကို ခင်ဗျားတို့ ရေးဆွဲလေ့ရှိ တယ်။ ဘုရားက ဘာကြိုက်သတုံး (သုညကြိုက်ပါတယ် ဘုရား)။

အဲ ခန္ဓာငါးပါး ရုပ်နာမ်တရားကို ဘာတဲ့ တစ်နှစ်၊ မင်းတို့ မရေးပါနဲ့၊ ဘာရေးရမတုံး (သုညရေးရမှာပါ ဘုရား)။ ငါ ငါ့ဥစ္စာ မဟုတ်ကြောင်းကို ရေးနိုင်အောင် ရေးပါ (မှန်ပါ)။

အဲဒီ ကဲ့သို့ ရေးနိုင်ရင် ဘာဖြစ်မတုံး ဆိုတော့ ဟ ရေးနိုင်လို့ ရှိရင်ကွာတဲ့၊ သေမင်းနိုင်ငံနဲ့ လွတ်ပညာ့တဲ့ (မှန်ပါ)။ ကိုင်း ဦးခင်မောင် ဘာတဲ့တုံး (သေမင်းနိုင်ငံနဲ့လွတ်ပါတယ် ဘုရား)။

အင်း ရေးနိုင်ရင် သေမင်းနိုင်ငံက လွတ်တယ်ဆိုတော့ ဦးလှရေ ကျုပ်တို့ ဒီသေမင်းနိုင်ငံ ဆိုတဲ့ ဥစ္စာက ခန္ဓမာန်၊ မစ္စုမာန် ရှိတဲ့ ပုဂ္ဂိုလ်နယ်မှ ခန္ဓမာန်၊ မစ္စုမာန်တို့၏ လွတ်ရာ ကျွတ် ရာဖြစ်တဲ့ နိဗ္ဗာန်ကိုဆိုတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သုညအရင်ရေးပါ

သုညရေးနိုင်ရင် ဘာရမလဲ (နိဗ္ဗာန်ပါ ဘုရား) သုညရေးနိုင် ရင် နိဗ္ဗာန်ရမယ်ဆိုတာဖြင့် အထင်အရှား မဟောမပြောဘူးလား (ဟောပြောပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့ ဆုတောင်းတာ ဘာဆုတောင်းကြတုံး (နိဗ္ဗာန်)။ နိဗ္ဗာန် ဆုတောင်းတာ အသာထားပါဦး နောက်မှတောင်းပါ။ သုညအရင်ရေးပါ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်နောက်မှတောင်းပါ

နိဗ္ဗာန်ရောက်မှ တောင်းပါ၊ ဘာရေးဖို့ ရှေ့ထားရမလဲ (သုညရေးဖို့ပါ ဘုရား)။ ဟုတ်လား အိမ်ကျ ရေးကြည့်စမ်းပါ (မှန်ပါ့)။

ငါ၊ ငါ့ ဥစ္စာ ငါ့ကိုယ်ဟာ၊ ငါလည်းမဟုတ်ဘူး၊ သားတွေ၊ သမီးတွေ ပစ္စည်းဥစ္စာ ရတနာ တွေကော ငါ့ဥစ္စာလည်း မဟုတ်ဘူး၊ ဘာရေးမတုံး (သုညရေးရပါမယ် ဘုရား)။

ငါ ငါ့ ဥစ္စာမရှိဘူးလို့ သုညပဲရေးကြည့်၊ သဘောကျပြီလား၊ ငါလည်းမရှိ ငါဥစ္စာကောမရှိ၊ ဘာသာလျှင် ရှိတုံးဆိုလို့ရှိရင် သုညသာ ရှိတယ်၊ ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်း တာတွေသာ ရှိတယ်၊ သဘောကျပြီလား (မှန်ပါ)။

ဒီဘက်က ငါးပါးဟာ ဘာတုံးဗျာ (ဆိတ်သုဉ်းတာ ပါ ဘုရား)။ ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတယ်၊ သုညပဲ ရှိတယ်လို့ မဆိုထိုက်ဘူး လား ၊ ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါလေး ခင်ဗျားတို့က နေ့တိုင်း ရေးရင်ကောင်းတယ် ကိုထွန်းဦး၊ ရေးရဲပါ့မလား (ရေးရဲပါတယ် ဘုရား)။ ရေးရဲရင် ရေးဆိုလို့ ရေးလိုက်တာပဲ။

အလိုမလိုက်ကြည့်နေစမ်းပါ

အဲဒီတော့ ဒီလိုလုပ်ပါ ဒကာ ဒကာမတွေ ရေးနိုင်အောင် ခင်ဗျား တို့ ဂဏန်း ရေးနေရတာ ကြာပါတယ်၊ သူတို့ရဲ့ တစ်ခါတည်း အလိုမလိုက် အကြိုက် မပါတာလေးတွေ ကြည့်နေကြစမ်း၊ သဘောကျပြီလား (မှန်ပါ)။

ဝေဒနာက္ခန္ဓာလေးတွေ အလိုမလိုက် အကြိုက်မပါတာလေးတွေ ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက် အင်း ဘယ်သူ တားလို့မှ မရ၊ ဘယ်သူ ဆီးလို့မှ မရဘူး၊ ငါ့ဥစ္စာ ဆိုရ အောင်လည်း ငါ့သဘော အတိုင်းလည်း မနေဘူး၊ ငါဟုတ်လို့ ရှိရင်လည်း မပျက်ရဘူး။ ငါ့ဥစ္စာဖြစ်ခဲ့ လို့ရှိရင် ငါသဘော အတိုင်းနေဖို့ပဲ (မှန်ပါ)။ နေလို့ ရရဲ့ လား (မရပါ ဘုရား)။

ဝိပဿနာရှုနေရင်သုညရေးနေသော

အဲဒီလို ဝိပဿနာ ရှုနေတဲ့ ပုဂ္ဂိုလ်ကျတော့ ငါ၊ ငါ့ဥစ္စာ ဆိတ်သုဉ်း ပါတယ်၊ သုညပဲ ရေးနေပါတယ်၊ မရေးဘူးလား (ရေးပါတယ် ဘုရား)။

အဲဒီတော့ ဘယ်မှာ သုညဖြစ်မှာတုံး ဆိုတော့ ဉာဏ်ထဲမှာ သုည ဖြစ်ရမယ် (မှန်ပါ)။ ဉာဏ်ထဲမှာ သုညဖြစ်ရမယ်နော် အဲဒီ ဉာဏ်မပါတဲ့ အချိန်ဘာတုံး (တစ်နဲ့နှစ်ပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီး စောစောစီးစီပဲ ဗျာဒိတ်ပေးပါမယ်။ ဉာဏ်မပါတဲ့ အချိန် တစ်နဲ့ နှစ်နဲ့ ဖြစ်နေလို့ ရှိရင်ဖြင့် ငိုပွဲဆင်ကြရလိမ့်မယ်လို့ မှတ်ပါ (မှန်ပါ)။

တစ်နဲ့နှစ်ဆိုရင် ငိုဖို့အစပျိုးတာ

ဒီပြင် ဘာပြောစရာရှိသေးတုံး (ဘာမှ ပြောစရာမရှိပါဘူး ဘုရား)။ ဘာမှ ပြောစရာမရှိဘူး ၊ တစ်နဲ့ နှစ်ချည်းပဲ မဆိုနိုင်ဘူးလား၊ တစ်နဲ့နှစ်ချည်းပဲ ခင်ဗျားတို့ ရေးမှတ်နေကြမယ်ဆိုလို့ရှိရင်ဖြင့်၊ ဟင် ငိုဖို့ အစပျိုးတာပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ငိုဖို့ အစပျိုးတာလား၊ ကလေးလေးကျတော့ ခင်ဗျားတို့က ဆော့တယ်၊ မြူးတယ်ဆို၊ ကောင်လေး ငိုချင်ပြီ ထင်တယ်လို့ မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

ဆော့တာ၊ မြူးတာ လွန်နေတဲ့ အခါကျတော့ ဦးခင်မောင်တို့ တစ်ခါတလေ မအော်ရ ဘူးလား (အော်ရပါတယ် ဘု ရား)။ ကောင်လေး ငိုချင်လို့ အူရွှင်တယ်ထင်တယ်၊ မဆိုဘူးလား (ဆိုပါတယ် ဘုရား)။

ဘာပြုလို့တုံး ဆိုတာ ဒီကောင်လေးသည်ကား အူရွှင်လွန်းလို့ပေါ့ (မှန်ပါ)။ ခင်ဗျားတို့ ပျော်ပျော်ပါးပါး နေတဲ့ အခါကျတော့ ငါပျော် လိုက်တာကွာ ဟုတ်ဖူးလား (မှန်ပါ)။

ဘာနဲ့ပျော်တုံး၊ ငါပစ္စည်းနဲ့ ငါပျော်တာဆိုတော့၊ နှစ်နံပါတ်နဲ့ ပျော်တယ်၊ တစ်နံပါတ်က ငါ၊ နှစ်နံပါတ်က ပျော်စရာ (မှန်ပါ)။

အဲဒီတော့ ငါ ငါ့ပစ္စည်းနဲ့ ပျော်လိုက်တာကွာ၊ စိတ်ကူးကို ယဉ် နေတာပဲဟေ့၊ မလာဘူးလား၊ လာသလား (လာပါတယ် ဘုရား)။

ဒီကောင်လေးငိုချင်ပြီထင်တယ်

ဒီကောင်လေး ငိုချင်ပြီထင်တယ်၊ ဦးမှီ ငိုချင်ပြီထင်တယ်လို့ မဆို ထိုက်ဘူးလား၊ ဆိုထိုက် သလား (ဆိုထိုက်ပါတယ် ဘုရား)။ ငိုချင် လို့ပဲ ရှာလာတာကိုဗျ၊ သဘောကျပြီလား။

ဒီဒကာ ဒကာမတွေ ဘာဖြစ်ချင်လို့လဲ (ငိုချင်လို့ပါ ဘုရား) ကိုယ့်ပစ္စည်းလေးကို တိုးပြီး သကာလ ရှိတာလေးနဲ့ ဟုတ်လား၊ ရင်းလိုက် လို့ရှိရင် အိုတောင်မှ ကုန်နိုင်စရာ မရှိဘူး၊ ကိုယ့်ဟာလေးနဲ့ ကိုယ်နဲ့ ကျေ နပ်ပြီး ကိုယ့်သားသမီးတွေ အထောက်အပံ့ရမှာများ၊ မျှော်လင့်ပြီး သကာ လ၊ ပျော်များနေတဲ့အခါ ပါသေးတယ်၊ စိတ်ကူးယဉ်တာပေါ့ဗျ။

ကိုယ့်ကိုယ်ကို ဘယ်လိုဆုံးမလဲ

အဲဒီစိတ်ကူးယဉ်တဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လိုဆုံးမမလဲ (ငိုချင်ပြီ ထင်တယ်လို့ ဆုံးမရမှာပါ ဘုရား)။ ငိုချင်ပြီထင်တယ်၊ ဟင် ငိုချင်ရင် ကိုယ်သာငိုရမှာပေါ့၊ မငိုရပေဘူးလား ငိုရမှာလား (ငိုရမှာ ပါ ဘုရား)။

အေးဒါကြောင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ နောက်ဆုံးပိတ် တော့ ဒီဇာတ်ထုပ်ပေါ်တာပဲ (မှန်ပါ)။ အားကိုးရမည့် အထင်ရှိလို့ အခု ကိုယ်ကျိုးကြီးနဲ့ပေါ့၊ မလာဘူးလား ၊ လာသလား (လာပါတယ် ဘုရား)။

အဲဒါ အပျော်လွဲတာဗျာ (မှန်ပါ)။ နဂိုကမှတ်တာသေးသေး လား၊ ကြီးကြီးလား (ကြီးကြီးပါ ဘုရား)။ တောင်ကြီးပမာ လက်ရုံးကြီး ပမာ ဒကာ ဒကာမတွေ အင်မတန် အားမကိုးကြဘူး၊ အားကိုးကြသလား (အားကိုးပါတယ် ဘုရား)။

ခဲလေသမျှ သဲရေကျဖြစ်တယ်

အဲဒါတွေက နောက်ဆုံးပိတ်ကျတော့၊ အနိစ္စမို့ အနိစ္စရောက် ပြတဲ့ အခါကျတော့ ခင်ဗျားတို့မှာ ခဲလေသမျှ သဲရေကျ ဖြစ်ပါပေါ့ဆိုပြီး အော်ကြတာပဲ၊ မအော်ဘူးလား (အော်ပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့ အူရွှင်ကြလို့ (မှန်ပါ)။ အူမရွှင်ရင်တော့ ဒီလို သူလာမှာ မဟုတ်ဘူး၊ အူရွှင်ဇာတ်တော့ သိမ်းမှဖြစ်မယ်၊ သိမ်းနိုင်ကြ ပါ့မလား (ကျိုးစားရမှာပါ ဘုရား) ကျိုးစား။

ဟာ အဲဒီတော့ ဘယ်သူကမှ ရိုက်လို့ငိုတာမဟုတ်ဘူး။ ခင်ဗျားတို့ လူကြီးတွေ ငိုတာကတော့ ဘယ်သူကမှ နှိပ်စက်လို့ ငိုတာ မဟုတ်ဘူး၊ ကိုယ့်အမှတ်လွဲလို့ ငိုတာချည့်မှတ် (မှန်ပါ)။

ငါ ငါ့ဥစ္စာလို့ မှတ်ထားလို့ ဟုတ်လား၊ ကိုယ့်ပစ္စည်းနဲ့ ကိုငိုတာ၊ ကိုယ်အမှတ်လွဲလို့ အဲဒီတော့ကို လူကြီးတွေငိုအောင်ဆို၊ လူကြီးဆိုတာက စိတ် ကြီးကြီးထားပြီး သကာလ နေရမည့် ပုဂ္ဂိုလ်စိတ်မချမ်းသာဘူး၊ လက်မချမ်း သာဘူး၊ မစားနိုင်ဘူး၊ မသောက်နိုင်ဘူး ဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ အမှတ်လွဲထားလို့ မှတ်ပါ။

ဂဏန်းအဆွဲလွဲလို့ မှတ်ပါ။ တစ်စွဲထားလိုက်၊ မိမိခန္ဓာကိုယ်က ဘာတဲ့ (တစ်ပါ ဘုရား)။ တစ်ဆိုတဲ့ငါ မိမိနဲ့ပတ်သက်တာတွေ ကျတော့ နှစ်ဆိုတဲ့ ငါ့ဥစ္စာ ဟုတ်ကောဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)

အဲဒီတော့ မဟုတ်တာကို ဂဏန်းကအစွဲလွဲထားတော့ နဂိုရေးရ မည့် ဂဏန်းကတော့ အဲဒီ ဂဏန်းမဟုတ်ဘူး၊ တစ်လည်းမရေးရဘူး၊ နှစ်ကော (မရေးရပါဘူး ဘုရား)။ ဘာရေးရမတုံး (သုည ရေးရမယ် ဘုရား)။ အဲ ခင်ဗျားတို့ ခက်သွားတာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သုညဘယ်လောက် အဖိုးတန် အောင် ဟောတယ် ဆိုတာ ဦးခင်မောင် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား။)

ခုကတည်းက သုညရေးမယ်

နောက် ဒကာ ဒကာမတွေ ခုကတည်းက သုညရေးမယ်နော် (မှန်ပါ)။ သုညမရေးရင် တစ်နဲ့ နှစ်ချည့်သာ နေ့တိုင်းရေးကြမယ်ဆို လို့ရှိရင် မကြာတော့ပါဘူး ငိုရမှာပဲ၊ မငိုရပေဘူးလား (ငိုရမှာပါ ဘုရား)။

ကိုယ့်အတွက်နဲ့ ကိုယ်က မသွားနိုင်မလာနိုင် ဖျားလို့ နာလို့ ဆိုရင် ပဲ ကိုယ့်အတွက်နဲ့ ကိုယ်ပဲ စိတ်မချမ်းသာဘူး (မှန်ပါ)။ ကိုယ့်သား သမီးတွေ မကျန်းမာ၊ မချမ်းသာရင်ကော (ကိုယ် မချမ်းသာပါ ဘုရား။)

မချမ်းသာဘူးဆိုတော့ အဲဒီ ကိုယ်ကို တစ်စွဲထားလို့ (မှန်ပါ)။ သားသမီးနဲ့ ပစ္စည်းကို နှစ် စွဲထားလို့ ဒီဥစ္စာ၊ ဟိုက လာမေးရ၊ ဒီက လာမေးရ ခင်ဗျားတို့ နောက်လူမမာ မေးတဲ့အခါ ဘာဖြစ်တာတုံးလို့ ဘေးက မေးကြလို့ရှိရင် ဘာဖြစ်တာမှ မဟုတ်ဘူး၊ တစ်နှစ်ရေးထားလို့ ဖြစ်တာ ဒီလိုသာ ပြောကြ (မှန်ပါ)။

သုညရေးထားလို့ရှိရင် ခင်ဗျားတို့ အိပ်ရာ ဖျာကပ်ဖြစ်တောင်မှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

လူမမာ မေးတတ်ကြပြီလား

အဲ ဘာဖြစ်တာတုံး လူမမာ မေးလို့ရှိရင် မေးတတ်ကြပြီလား (မှန်ပါ ဘုရား)။ ဘယ်လို ပြောမလဲ တစ်၊ နှစ်ကြောင့် ဖြစ်တယ် ထင်တယ်သာ ပြော ရိပ်မိပြီလား။

ခင်ဗျားတို့က နဂိုကိုက လွဲနေတာခင်ဗျာ၊ ဒီနေရာပြင်လိုက်အုံ ဗျာ ကဲ ခင်ဗျား စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်၏ ဆင်းရဲခြင်း ဖြစ်လို့ရှိရင် သုညလေး ရေးစမ်းဗျာလို့ ပြောပါ။

ခင်ဗျားတို့ လူမမာမေးရင် သုညလေး ရေးရဲ့ လားလို့ မေးရမယ်။ မမေးထိုက်ဘူးလား (မေးထိုက်ပါတယ် ဘုရား)။

တရားဟောလာတဲ့ ဘုန်းကြီးကို ကန်များ ထုတ်ဦးမလား အောက် မေ့တယ်၊ အရိုက်ခံရမှာ ကြောက်ရသေးတယ်၊ ဒကာ ဒကာမတို့ ဒါဖြင့် ဘယ်ပုဂ္ဂိုလ် စိတ်ဆင်းရဲနေတယ်၊ စိတ်အလိုမကျ သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုး နဲ့ရောဂါနဲ့ အလိုမကျတာတွေ မရှိကြဘူးလား (ရှိပါတယ် ဘုရား)။

အဲဒါ ဘယ်ကလာတယ် ထင်သလဲ (တစ်နှစ်ကလာတာပါ ဘု ရား)။ တစ် နှစ် ကလာတာ၊ သုညက ဘယ်တော့မှ မလာဘူး၊ လာပါ့မလား (မလာပါ ဘုရား)။

ကိုင်း ဒါဖြင့် ဟိုသွားကြည့် ဘယ် နှယ်နေတုံး၊ဟို ဘက် သွားကြည့်ပြန်တော့ ဘယ့်နှယ်နေတုံး လျှောက်မေးရတာတွေ ခင်ဗျားတို့ တစ် နှစ်တွေမို့ မေးတာ ဟုတ်ဖူးလား။

အဲတာ မျက်နှာမကြည်မသာ ပြလိုက်တဲ့ အခါကျတော့ ခင်ဗျားတို့က တစ်နဲ့ နှစ် နှိပ်စက်ပြီဟေ့လို့ မှတ်ရမယ်၊ ရိပ်မိပြီလား (မှန်ပါ ဘုရား)။

ဘယ်သူ နှိပ်စက်တာတုံး (တစ်နဲ့ နှစ်ပါ ဘုရား)။ တစ်၊ နှစ် နှိပ်စက်ပြီ ခင်ဗျားဖြင့် တစ်နဲ့ နှစ် နှိပ်စက်နေတာပဲလို့ လွဲသေးလား (မလွဲပါ ဘုရား)။ မလွဲတော့ဘူး၊

ဒါဖြင့် ရွာထဲ မြို့ထဲမှာ ဒကာ ဒကာမတွေသည် မျက်နှာမကြည် မသာ နေကြထိုင်ကြ စားမဝင် အိပ်မပျော်ဖြစ်ကြ၊ အားလုံး အိမ်တိုင်းလိုလိုပဲ အလိုကျမှုဟာ ဘယ်သူမှမရှိဘူး၊ သူ့အချိုးနဲ့ သူတော့ စိတ်ဆင်းရဲစရာ ပါတာချည်းပဲ၊ မပါကြဘူးလား (ပါပါတယ် ဘုရား)။ တကယ်

အဲဒါအိမ်တိုင်း ရာတိုင်းမှာ ဘာတွေဂဏန်းရေးကြတုံး (တစ် နဲ့နှစ် ဂဏန်းရေးနေပါတယ် ဘုရား)။ ဒါဖြင့် ဘယ်သူနှိပ်စက်တယ်ထင်သ တုံး (တစ်နဲ့နှစ်ပါ ဘုရား)။

ကိုယ့်အတတ်နဲ့ကိုယ်စူးတာ

တစ်နဲ့နှစ်က သူများကရေးတာလား၊ ကိုယ်တိုင်ကမှတ်ပြီး ရေးတာလား (ကိုယ်တိုင်က မှတ်သားပြီး ရေးတာပါ ဘုရား)။ဒါဖြင့် ကိုယ့်အတတ်နဲ့ ကိုယ်စူးတာပေါ့ သဘောကျပြီလား (မှန်ပါ)။

ဘာနဲ့စူးတာတုံး (ကိုယ့်အတတ်နဲ့ ကိုယ်စူးတာပါ ဘုရား)။ ကိုယ့်အတတ်နဲ့ ကိုယ်စူးတာ ဆိုတော့ ခင်ဗျားတို့ ေဩာ် ဖြစ်မှဖြစ်ရလေ ကံမကောင်း အကြောင်းမသင့်ရှာလို့ သူတို့ မျက်ရည် ကြီးငယ် ကျရ တယ်။

ကံနဲ့ဘာမှမဆိုင်ဘူး၊ ဒကာ ဒကာမတို့ ကံနဲ့များဆိုင်ကြသလား (မဆိုင်ပါ ဘုရား)။ ဘာနဲ့များ စူးနေကြတာတုံး (ကိုယ့်အတတ်နဲ့ ကိုယ်စူးနေတာပါ ဘုရား)။

ကိုယ့်အတတ်နဲ့ ကိုယ်စူးတာ၊ ခင်ဗျားတို့ ကံဖြင့် နေစရာကို မရှိ တော့ဘူး၊ ခင်ဗျားတို့ အော်တာနဲ့ မခံနိုင်ဘူး ဟုတ်ပြီလား။ ဘာလေးလုပ် လုပ် ကံ- ကံ၏ အကြောင်းမသင့်လို့ ကျုပ်တို့မှာ အတွေ့ကြီး တွေ့ရ အကြုံကြီး ကြုံရ ဟုတ်လား (မှန်ပါ ဘုရား)။

သူများ ဒီလိုမဖြစ်ပါဘူး၊ သူမသိလို့ ရှိတာပဲ အတူတူပဲ ဟင် အိမ်တိုင်း ဒကာ ဒကာမတွေ သုညရေးသေးသလား (မရေးပါ ဘုရား)။ ဒီဂဏန်းစွဲမိတဲ့ ပုဂ္ဂိုလ် ဒီအတိုင်း ဖြစ်ရမယ် ဘယ်အိမ် လွတ်မှာတုံး (မလွတ်ပါ ဘုရား)။ ချုပ်တဲ့ အိမ်ဟာ သုညရေးနိုင်တဲ့ အိမ်ပဲ၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ကံမကောင်းအကြောင်းမသင့်လို့လား

ဪ ကံမကောင်း အကြောင်းမသင့်လို့ မျက်ရည်ကြီးငယ် ကျရတာလား ဦးချစ်ခရဲ့ ဂဏန်း အရေးလွဲလို့ ဆိုကြမလား (ဂဏန်း အလွဲလို့ပါ ဘုရား)။

ဒါဖြင့် ကံနဲ့ဘာဆိုင်သတုံး (မဆိုင်ပါ ဘုရား)။ ဒီနေ့ တရားကို အသေအချာ စဉ်းစားပါ။ ဒီနေ့ တရားကို ဒကာ ဒကာမတို့ ကံနဲ့ဆိုင် မဆိုင် (မဆိုင်ပါ ဘုရား)။ မဆိုင်ဘူးနော်။

ကောင်းပြီ ဦးခင်မောင်ရဲ့ ဘာနဲ့မဆိုင်တာတုံး (ကံနဲ့မဆိုင် တာပါ ဘုရား)။ သားကြောင့်၊ သမီးကြောင့်၊ ဆွေကြောင့်၊ မျိုးကြောင့် ကိုယ့်အတွက်လည်း ကိုယ်ပူရတာပဲကွ၊ ကိုယ့်သား၊ သမီးတွေနဲ့ ကိုယ့်ခင်ပွန်း တွေအတွက်လည်း ကိုယ်ပူတာပဲကွ။

မပူတတ်ဘူးဆိုတဲ့ လူဟာ တိရစ္ဆာန်မို့လို့ပဲတဲ့ ခင်ဗျားတို့က ပြောင်း ပြန် ပြောလိုက် သေးတယ် (မှန်ပါဘရား)။သုည ရေးနိုင်တဲ့လူ တိရစ္ဆာန် ဖြစ်နေတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သားမှန်း သမီးမှန်း မသိလို့ (မှန်ပါ)။ အဲဒီကျတော့ ခင်ဗျား တို့က တစ်၊နှစ်ရေးတဲ့လူက များတော့ သူတို့ က မဲခွဲတော့နိုင်သွားတာ ကိုဗျ၊ သုည ရေးနိုင်တဲ့ လူကနည်းနေတယ်ဗျ၊ သဘောကျပြီလား (မှန်ပါ ဘုရား)။

အဲဒီတော့ကို ဒါဖြင့် ခင်ဗျားတို့ ဘယ်ပဲသွားသွား၊ မသာအိမ်ပဲသွား သွား၊ဘယ်သွားသွား မသာအိမ်သွားတယ်ဆိုရင် ခင်ဗျားတို့က မျက်နှာသေ နဲ့သွားရတယ် (မှန်ပါ)။

ဦးလှက မျက်ရည်ကျအောင် ကြက်သွန်ဖြူဆောင်ရတယ်ဆိုတဲ့ အစားမျိုးပေါ့ဗျာ၊ အဲဒီလောက် ကျအောင် ဖြစ်နေတဲ့ဥစ္စာ အတူတူချင်း မို့ဆိုတဲ့ အဓိပ္ပာယ် ဒီအတိုင်း မနေဘူးလား (နေပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ငါ ငါ့ဥစ္စာဆိုတဲ့ အဖြစ်သည် ကိုယ့်အ တတ်နဲ့ ကိုယ်စူးတာလို့ ဆုံးဖြတ်ချက်ချ၊ ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

ကံမကောင်းလို့ မဆိုနဲ့

ငါဆိုတဲ့ အတ္တ ၊ ငါ့ဥစ္စာဆိုတော့ အတ္တနိယ၊ အတ္တနဲ့ အတ္တနိယ မပြုတ်လို့ သောက ပရိဒေဝ ဗျာပါဒ လာရတယ်၊ ဦးလှ (မှန်ပါ ဘုရား)။ ဒီပြင်နည်း ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ကံမကောင်း အကြောင်းမသင့်လို့ ဆိုဦးမှာလား (မဆိုနိုင်ပါ ဘုရား)။ ကံမကောင်း အကြောင်း မသင့်လို့ ဆိုရင် ကံကိုက ဟောဒီ စက္ခု လုပ်ပေးတယ်၊ကံကိုက ငါမလုပ်တော့ဘူး ဆို ချုပ်ရတယ် (မှန်ပါ)။

ကဲ ကံပါတာပဲ (မှန်လှပါ)။ ကံကြောင့် အကျိုးပေး ကံ ကြောင့် ချုပ် တယ်၊ ကံ အကျိုးပေးတာ ကုန်ရင် မချုပ် ဘူးလား၊ ချုပ်မလား (ချုပ်ပါတယ် ဘုရား)။ ချုပ်တာပဲ။

အကျိုးပေး မကုန်သေးဘူးဆိုလို့ရှိရင် ဒီဟာချုပ်ပြီးရင် ကံက အစားထိုးမှာပဲ၊ သဘော ကျပြီလား (မှန်လှပါ ဘုရား)။

သူ့အကြောင်းနဲ့သူ့အကျိုးပဲ

အဲဒီတော့ ကံမကောင်းလို့ ဆိုမလား မဆိုဘူးလား (မဆိုပါ ဘုရား)။ မဆိုနဲ့ သူ့အကြောင်းနဲ့ သူ့အကျိုးပဲ၊ သူလုပ်ပေးနေမှာပဲ (မှန်လှပါ)။ ဟုတ်ဖူးလား။

အဲဒီတော့ ဒကာ ဒကာမတို့ ကံမကောင်း အကြောင်းမသင့်လို့ မျက်ရည်ကြီးငယ် ကျရတာလား၊ တစ် နှစ်ဆိုတဲ့ ဂဏန်းအစွဲလွဲလို့ဖြစ် ရတာလား (ဂဏန်းအစွဲလွဲလို့ ဖြစ်ရတာပါ ဘုရား)။

ဒါဖြင့်ရင် သုံးဆယ့်တစ်ဘုံမှာ လျှောက်ကြည့် မျက်ရည်ကြီးငယ် ကျတဲ့ ပုဂ္ဂိုလ်တွေချည့် များတာ၊ ဒီဂဏန်း နှစ်ခု လွဲနေတယ် ကိုထွန်းဦး (မှန်လှပါ)။ ပေါ်ကြပြီလား ဒကာ ဒကာမတို့ (ပေါ်ပါပြီ ဘုရား)။

ဒီဂဏန်း နှစ်ခုဟာ ခင်ဗျားတို့ ကြောက်ရမယ့် ဂဏန်းလား၊ ဆောင်ရမယ့်ဂဏန်းလား (ကြောက်ရမယ့် ဂဏန်းပါ ဘုရား)။ အဲဒါ ဆောင်ထားလို့ ခက်နေတာ (မှန်ပါ)။

ဒါဘာတုံး၊ ဒါကျုပ်ပေါ့လေ၊ဒီဘက်ကဟာတွေဘယ်သူတုံး၊ ဒါကျုပ် သား သမီးတွေလေ အံမယ် ပျာပျာသလဲ ပြောတာဗျ၊ ရှင်းပြီလား။

ဟင် ငါ့ဥစ္စာကလေးတွေ အသေအချာ ထင်ရှားအောင်ပေါ် အောင် မပြောဘူးလား (ပြောပါတယ် ဘုရား)။ အဝေးနေတာတောင်မှ ငါ့ဥစ္စာလေးတွေလို့ လှမ်းပြီး လက်ညှိုးမထိုးဘူးလား (မှန်ပါ)။

အဲဒီတော့ ခင်ဗျားတို့သည် ဂဏန်းကို မစွဲရရင်နေလို့ရရဲ့ လား (မရပါဘု ရား)။ ဪ ဒါဖြင့် ငိုလက်စမသိမ်းတော့ ဘူး၊ သေလက်စကော (မသိမ်းတော့ပါ ဘုရား)။

မသိမ်းတော့ဘူးတဲ့ ဒကာ ဒကာမတို့ ငိုလက်စမသိမ်းဘူးဆိုတာ ယခုဘဝ ၊သေလက်စ မသိမ်းဘူးဆိုတာ ငိုတဲ့အခါကျတော့ အဝိဇ္ဇာ ကပါတယ်၊ မသိလို့ ပေါ့ဗျာ (မှန်ပါ)။

ဒီတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဆိုပြီး ဝိညာဏ်အစ ရှိသည်တို့ သို့ သွားမလား၊ မသွားဘူးလား (သွားမှာပါ ဘုရား)။ သွားရင်တော့ ဟိုဘက်ကျတော့ ငိုလက်စသတ်မှာလား (မသတ်ပါ ဘုရား)။

ဒီသုံးချက်ဟာကိုယ်ပိုင်ပစ္စည်း

ဒါဖြင့် အခုလည်း ငိုဆဲ၊နောင်ကော (ငိုမှာပါဘု ရား)။ ရှေးကလည်း ငိုပြီးပြီ၊ ဒီသုံးချက်ဟာ ခင်ဗျားတို့ ကိုယ်ပိုင်ပစ္စည်း မှတ်ပေတော့ ရိပ်မိပြီလား (မှန်ပါ)။ ပြီး

အခုတော့ ဘာဆိုကြမတုံး (ငိုဆဲပါ ဘုရား)။ နောက်ဘဝ ကျတော့ ငိုလတ္တံ့၊ ရှေးကတော့ ငိုခဲ့လှပြီး အဲဒါ ခင်ဗျားတို့ ပစ္စည်းဖြစ်မယ်၊ သ ဘောကျပြီလား (မှန်လှပါ)။

ဒါ ဘာဂဏန်း အစွဲလွဲတာ လဲဆိုတာ ရိပ်မိကြပြီလား (ရိပ်မိ ပါပြီ ဘုရား)။ ဘာတုံး (တစ်နဲ့နှစ်ပါ ဘုရား)။

ဪ တစ်နဲ့နှစ်ဟာ တယ်ကြောက်စရာကောင်းပါလား ဒီတစ်ခါ သုညဖက်ထားကြပါ (မှန်ပါ)။ ဘာဖက်ထားကြရမယ် (သုညပါ ဘုရား)။

အဲဒါ ဒီနေရာတွင် မဖက်ပါနဲ့ ဆိုတာ ဦးဘအုန်း သတိပေးလိုက် တယ် (မှန်ပါ)။ အိမ်ကျလို့ ရှိရင် တစ်လည်း မဟုတ်ဘူးကွနော်၊ နှစ်လည်း မဟုတ်ဘူးကွ၊ သုည သက်သက်တွေ ကွနော်၊ ခန္ဓာကြီးလည်း ဒီအတိုင်း ဖြစ်ရမယ်။ ဗဟိဒ္ဓ ခန္ဓာကြီးကော (ဒီအတိုင်းပါ ဘုရား)။

ဒါကြောင့် အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါလို့ ဟောတာ မဟုတ်လား၊ အဇ္ဈတ္တ မှာ သုညဖြစ်၊ ဗဟိဒ္ဓမှာကော (သုညပါ ဘုရား)။

အဲဒီလိုဆိုလို့ရှိရင်ဖြင့် ဒီဘဝမှလည်း မျက်ရည်သိမ်း၊ အနာဂတ် ဘဝမှာကော (မျက်ရည် သိမ်းမှာပါ ဘုရား)။ နောက်က ဟာတွေကော သိမ်းပြီးသားတွေ ဖြစ်ပါပြီ သဘောကျပြီလား (မှန်ပါ ဘုရား)။

မျက်ရည်တိတ်ချင်ရင် သုညရေးဆွဲပါ

ဒါဖြင့် မျက်ရည်တိတ် တရားကော ရပြီလား (ရပါပြီ ဘုရား)။ မျက်ရည် မတိတ်ချင်လျှင် ဘာလုပ်ရမယ် (တစ်နှစ် ရေးရမယ် ဘုရား)။ မျက်ရည်တိတ်ချင်လျှင် သုညရေးဆွဲပါ။ အံမယ် သူဟာမှတ်လို့ အင်မတန် ကောင်းနေတာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

အဲဒါ အိမ်ကျလို့ရှိရင် စစ်ဆေးပါ။ ဒါလေးတွေ သားလေး ထင်တော့မယ်၊ သမီးလေး ထင်တော့မယ်၊ ငါ့ပစ္စည်း ထင်တော့မယ် ဆို ဟေ့ – အရူးမထနဲ့၊ ကိုယ့်ဟာကိုယ် ဆုံးမပါ (မှန်ပါ ဘုရား)။

မင်း တစ်နဲ့ နှစ်ရေးပြန်ပြီ၊ ရေးလျှင်ငိုအုံးမယ်။ မင်းငိုရလိမ့် အုံးမယ်။ ကိုယ့်ကိုယ်ကို ဆုံးမရတာ အခက်ဆုံးနော် (မှန်ပါ)။ ဘယ်သူ အခက်ဆုံးတုံး (ကိုယ့်ကိုယ်ကို ဆုံးမတာ အခက်ဆုံးပါ ဘုရား)။

သူတစ်ပါး ဆုံးမရတာက ဦးချစ်ခတို့ လွယ်လိုက်တာဟုတ်လား၊ ဒီ လူဟာ ဥပမာမယ် အကြွေးယူသွားတယ် လာမပေးလာဘူး၊ နောက်မပေးတော့ဘူးဆိုပြီး သွားတာပါ ဒါပဲ (မှန်ပါ)။

အကယ်၍ ကိုယ်ချစ်ခင်တဲ့ ကလေး၊ အလုပ်သမား အစရှိသည် ကို တစ်ခါပြောလိုက်တယ်၊ နောက်တစ်ခါ ပြောလို့မရရင် ထုတ်ပစ်လိုက် ပြီးသွားတာပဲ၊ မပြီးဘူးလားဗျ (ပြီးပါတယ် ဘုရား)။

ကိုယ့်ကိုယ်ကျတော့ဗျ တစ်မစွဲနဲ့ဆိုလည်းလာပြီး၊ ဟေ့ ငါရှိသေး တယ်ကွ၊ ငါ့ရှေ့ မှောက်တော့ မဟုတ်တာ မလုပ်နဲ့ ဟောလာပြီ သူဟာက ကိုယ့်ကျတော့ဆုံးမ ခက်နေတယ် ဟုတ်လား၊ ဟ ငါမရှိပါဘူးဆိုလို့ ပြန်ပြီး သိမ်းဖို့ရာ၊ တစ်ချက်မှ မလာဘူး၊ လာရဲ့လား (မလာပါဘူး ဘု ရား)။

ကောင်းပြီ ဘယ် သူ ဆုံးမရမှာ အခက်ခဲဆုံးလဲ။ (ကိုယ့်ကိုယ်ကို ဆုံးမရမှာ အခက်ခဲဆုံး ပါဘု ရား)။ ဒါဖြင့် ခင်ဗျားတို့ ဆေးမရှိပါဘူး (မှန်ပါ)။ အတော် ခက်နေတာ၊ သဘောကျ ကြပြီလား (ကျပါပြီ ဘုရား)။

ဘယ်သူ့ဆုံးမရတာအခက်ဆုံးပါလိမ့်

ဘယ်သူ့ဆုံးမရ အခက်ဆုံးပါလိမ့် (ကိုယ့်ကိုယ်ကိုပါ ဘုရား)။ ကိုယ့်ကိုယ်ကိုအဆုံးအမ အခက်ခဲဆုံး ဆိုတာ ဘုန်းကြီးက ဟောတဲ့တရား မဟုတ်ဘူးနော်။

“အတ္တာဟိ ကိရ ဒုဒ္ဓမော” လို့ ဓမ္မပဒ ပါဠိတော်မှာ သေသေချာချာ လာတယ်၊အတ္တာဟိ၊ အတ္တာဧဝ မိမိကိုယ်သည်သာလျှင်၊ ဒုဒ္ဓမောကိရသူတစ်ပါးထက် ပိုလွန်ထက်၍ ဆုံးမ ခက်သည်၊ ဟောတိ-ဖြစ်၏။

ဘုရားက ကိုယ့်ကိုယ်ကို ဆုံးမအခက်ဆုံးကွ၊ သဘောကျပြီ လား (မှန်ပါ)။ အဆုံးအမ ဘယ်သူ အခက်ဆုံးလည်း ဒကာ ဒကာမတို့ (ကိုယ့်ကိုယ်ပါ ဘုရား)။

ခင်ဗျားတို့ သူတို့သူများအတွက်သာ ညည်းနေတာနော် ဟောဒီ ကလေးလေး ဆုံးမ ပေးစမ်းပါ ဘုရား၊ ဒီကလေးကို တပည့်တော်တော့ ခက်ပြီ။ ဒီလိုပြောတာ ဒီလိုမလာဘူးလား (လာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်သူဖြစ်ဖြစ် ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုတော့ ယဉ်ကျေး နေတယ် ထင်ကြတယ်၊ ဆုံးမအခက်ဆုံးက ဘုရားက ဘယ်သူတဲ့ (ကိုယ့်ကိုယ်ကိုပါ ဘုရား)။

ကိုယ့်ကိုယ်ကို အဆုံးအမ အခက်ဆုံးတဲ့၊ ကဲ ကိုယ့်ကိုယ်ကို အဆုံးမ အခက်ဆုံးဆိုတာ ငါထင်တာလည်း တကယ်ထင်တာပဲ (မှန်ပါ)။

ငါ့ဥစ္စာထင် တာ ရော (တကယ် ထင် တာပါ ဘုရား)။ တကယ်ထင်တာပဲတဲ့၊ ငါ့ဟာ ငါစည်း၊ ငါ့ဝင်း၊ ငါ့ခြံ၊ ငါ့ပစ္စည်း အစရှိသည် နဲ့တကယ်ထင်တာဗျ (မှန်ပါ)။

တကယ်ထင်လို့ ရုံးရောက်တာပေါ့ဗျ၊ ဒီလိုမထင်ရင် ရုံးရောက်စရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ငါ့ဥစ္စာကြောင့်ရုံးရောက်ရတာမျိုး

အဲ ငါ့ဥစ္စာကြောင့် ရုံးရောက်ရတာ (မှန်ပါ)။ ငါနဲ့ငါ့ဥစ္စာရှိလို့ ခင်ဗျားတို့ မခံချင်လို့ ရုံးရောက် ကြတာ မရောက်ပေဘူးလား (ရောက် ပါတယ် ဘုရား)။

အဲဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘာဖြစ်အောင်ရေး ရမတဲ့တုံး (သုည ဖြစ်အောင်ပါ ဘုရား)။

အဲဒါဖြင့် “သုညတော လောကံ ၊ အဝက္ခသု မောဃရာဇ သဒ္ဓါသတော အတ္တာနုဒိဋ္ဌိ ဥဟစ္စ၊ ဧဝံ မစ္စုတရော သိယာ၊ ဧဝံ လောကံ အဝက္ခန္တံ မစ္စုရာဇာ န ပဿတိ”။

ဣတိဝုတ်တို့ သုတ္တ နိပါတ်တို့မှာ ဒီ ပါဠိတော်နှင့် မောဃရာဇ ရဟန်းကျွတ်တာပဲ၊ အဲဒီ ဂါတာကို အနက်ပေးနေရင် ဘုန်းကြီးသာ မောနေရော့မယ်၊ ခင်ဗျားတို့ တစ်နဲ့နှစ် ဖြုတ်ပြီး သုညရေးပါ။ ရှင်းပြီ လား (မှန်ပါ)။

ဘာဖြုတ်ရမတုံး (တစ်နဲ့နှစ် ဖြုတ်ရမှာပါ ဘုရား)။ အဲ တစ်နဲ့ နှစ်တော့ဖြုတ်ရမယ်နော် (မှန်ပါ)။ တစ်က ဘာဖြစ်လို့ဖြုတ်ရမှာ တုံး (ငါမို့ပါ ဘုရား) နှစ်ကကော (ငါ့ဥစ္စာမို့ပါ ဘုရား)။

နို့ ငါ ငါ့ဥစ္စာလို့ ခန္ဓာငါးပါးက ဟုတ်ပါရဲ့ လား (မဟုတ် ပါ ဘုရား)။ မိမိရှာထားတဲ့ ပစ္စည်းတွေကရော (မဟုတ်ပါ ဘုရား)။

မဟုတ်ပါဘူးတဲ့ ငါ ငါ့ဥစ္စာ မဟုတ်လို့ ပေါ့၊ မီးလောင်လို့ အစိုးရ က အခွန်အကောက်တို့ အမြတ်တော်ကြေး တို့နှုတ်လို့ ရေလွှမ်းမိုးလို့ စ သည်ဖြင့် မရှိဘူးလား (ရှိပါတယ် ဘုရား)။

မဟုတ်တာမဟုတ်မှန်းသိထားပါ

ဒါ ငါ ငါ့ဥစ္စာ ဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)။အဲဒါ မဟုတ်တာ မဟုတ်မှန်း စောစော စီးစီးက သိထားပါဆိုတာ သုညရေး ထားပါဆိုတာပဲ (မှန်ပါ)။

ဘယ်လို ရေးထားရမယ် (သုညရေးထားရမယ် ဘုရား)။ ကဲ ရေးတတ်ကြပြီလား (ရေးတတ် ပါပြီ ဘုရား)။ တုန်နေဦးမှာလား ဦးခင်မောင် မတုန်နဲ့၊ တုန်မှာဖြင့် မျက်ရည်ကျချင်လို့ပဲ (မှန်ပါ)။

ဟင် ကောင်းပြီ ဒါဖြင့် ဒီဟာတော့ ငါ ငါ့ဥစ္စာဖြုတ်နည်း ဖြုတ်တတ်ပြီ ဆိုပါတော့ ဒီတရား တစ်နာရီလောက်နီးသွားပြီနော်။ တ

ကိုင်း ဒါဖြင့် သမုဒယသစ္စာကို ဒကာ ဒကာမတို့ စတုတ္ထအ ချက် ဟောမယ်၊ ဒီ ငါ ငါ့ဥစ္စာဖြုတ်ရခြင်းက သမုဒယရှိလို့ လာတာ သမုဒယမရှိရင် လာပါ့မလား (မလာပါ ဘုရား)။ ပ

မလာဘူးတဲ့ ဒါသူတို့ သည် သဟဇာတ သက္ကာယဒိဋ္ဌိနဲ့ လောဘ ဟာ သဟဇာတပဲ (မှန်ပါ)။ လောဘ သတ်လိုက်လို့ ရှိရင်ပဲ သက္ကာယဒိဋ္ဌိ အကုန်ပြုတ်တယ်၊ သဘောကျပြီလား (မှန်ပါ)

အဲဒီတော့ သဟဇာတ ပစ္စည်းတစ်ခု ပယ်လိုက်လို့ ရှိရင် တစ်ခုက ပြုတ်တယ်ဆိုတာ၊ ဘာမှငြင်းဆန်ဖို့ မလိုပါဘူး။

သမုဒယသစ္စာအနက်(၄)ပါး

ဒီနေ့ ဟောရမယ့်တရားက သမုဒယသစ္စာမှာ ကိစ္စလေးပါးရှိတယ် လေးပါးရှိတော့ကို ခုပြီးခဲ့တာက၊

၁။ အာယူဟနဋ္ဌော

၂။ နိဒါနဋ္ဌော

၃။ သံယောဂဋ္ဌော တို့ ပြီးသွားပြီ။

ဒီနေ့ဟောရမှာက ၄။ ပလိဗောဓဋ္ဌော

ပလိဗောဓဋ္ဌော သဘော ကျပြီလား (ကျပါတယ် ဘုရား)

ပလိဗောဓဋ္ဌောဆိုတာ

ပလိဗောဓဋ္ဌော ဆိုတာက ထွက်လမ်းကြီး မဂ်ခရီးကို တားဆီး နှောင့်ယှက် ကန့်ကွက် တတ်သောသဘောပဲ၊ မဂ်ခရီးကို ကန့်ကွက်တာ၊ ထွက်ရပ်လမ်းကြီး မဂ်ခရီးကို တားဆီး နှောင့်ယှက် ကန့်ကွက် တတ်သော သဘောသည် ပလိဗောဓဋ္ဌောတဲ့ (မှန်ပါ)။

ဘာကန့်ကွက်သလဲ (မဂ်ခရီးကိုပါ ဘုရား)။ ထွက်ရပ်လမ်းကြီး မဂ်ခရီးကို တားဆီး နှောင့်ယှက် ကန့်ကွက် တတ်တယ်တဲ့၊ ဘယ်ဟာများ ကောင်းသေးသလဲ၊ သဘောကျကြပြီလား။

လောဘဟာဘာလုပ်တတ်သတုံး

သမုဒယသစ္စာဆိုတဲ့ လောဘလေး တစ်လုံးဟာ ဘာလုပ်တတ် သတုံးဆို ရင် ထွက်ရပ် လမ်းမကြီး မဂ်ခရီးကို တားဆီးနှောင့်ယှက် ကန့်ကွက် တတ် တယ်၊ ဦးချစ်ခ ဘယ်လောက် သတ္တိထက် သတုံး၊ မထက်ဘူးလား။ ထက်သလား (ထက်ပါတယ် ဘုရား)။

ထွက်ရပ်လမ်းကြီး ဘာလုပ်တတ်တဲ့ (တားဆီးနှောင့်ယှက် ကန့်ကွက်တတ်ပါတယ် ဘုရား)။ တားဆီးနှောင့်ယှက် ကန့်ကွက်တယ် ဆိုတာ ဘယ်သူပါလိမ့် (သမုဒယသစ္စာပါ ဘုရား)။

သမုဒယသစ္စာသည် ဘာကိုတားမြစ်တတ်တုံးဆိုရင် ထွက်ရပ်လမ်း ကြီး မဂ်ခရီးကို တားမြစ်တတ် တယ်၊ သဘောကျပြီ လား။ (ကျပါတယ် ဘုရား)။

ထွက်ရပ်လမ်းကြီး မဂ်ခရီးကို တားဆီး နှောင့်ယှက်ကန့်ကွက် တတ်တယ်၊ သဘော ကျရဲ့လား (ကျပါတယ် ဘုရား)။ ဘယ်သူတုံး (သမုဒယပါ ဘုရား)။

သမုဒယ တယ်ဆိုးပါလား ထွက်ရပ်လမ်း ဟူသ၍ ဘာဖြစ်သလဲ (ကန့်ကွက်ပါတယ် ဘုရား)။ ကန့်ကွက်တယ်၊ နှောင့်ယှက်တယ်၊ တားဆီးတယ်၊ အတူတူပဲနော် (မှန်ပါ)။ လင်္ကာမို့ အရေးယူ ရေးထားတာကိုဗျ၊ စင်စစ်တော့ ကန့်ကွက်ဆိုပြီးတာပဲ (မှန်ပါ)။

ထွက်ရပ်လမ်းကို ဘာလုပ်တတ်ပါလိမ့် (ကန့်ကွက်ပါတယ် ဘုရား)။ အင်း ထွက်ရပ် လမ်းကြီး မဂ်ခရီးကို တားဆီး နှောင့်ယှက် ကန့်ကွက်တတ်တယ်၊ တယ်ဆိုးပါလား (မှန်ပါ)။

ဘာကန့်ကွက်သတဲ့တုံး (ထွက်ရပ်လမ်းကြီး မဂ်ခရီးကိုပါ ဘုရား)။ တားဆီးနှောင့်ယှက် ကန့်ကွက်တယ် ဟုတ်လား (မှန်ပါ)။

မဂ်ကိုကန့်ကွက်တယ်

ဒါဖြင့် မဂ်ကို ကန့်ကွက်တယ်လို့ တိုတိုမှတ်ပါ။ နောက်က ဒကာ ဒကာမတွေ ရှင်းကြပြီလား၊ သမုဒယက ဘာကန့်ကွက်သတုံး (မဂ်ကို ကန့်ကွက်ပါတယ် ဘုရား) )

မဂ်ကို ကန့်ကွက်တယ် ဆိုတော့ မဂ်ဉာဏ်၊ဖိုလ်ဉာဏ် ကန့်ကွက် တာ၊ သမုဒယသစ္စာက ဘာကြိုက်သတုံး ဆိုတော့ ခင်ဗျားတို့ အိုဘေး၊ နာဘေးကြီး ထမ်းပြီး သံသရာဆိုတဲ့ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံထဲမှာ အိုဘေး၊ နာဘေးကြီး ထမ်းပြီး လှည့်နေတာသာ ကြိုက်တယ်။

ဒီ သမုဒယသစ္စာက သံသရာ အပြင်ဘက် ထွက်သွားမှာ သိပ်ကြောက်တယ် (မှန်ပါ)။ သူ့အကြိုက်က ခင်ဗျားတို့ သဘောကျ ပြီလား (မှန်ပါ)။

သမုဒယသစ္စာ

ခင်ဗျားတို့ အိုဘေး၊ နာဘေးဆိုတဲ့ ခန္ဓာကိုယ်ကြီး ထမ်းပြီး သုံးဆယ့်တစ်ဘုံထဲ လှည့်နေတာ သူက ကျေနပ်တယ်၊ ဘယ်သူပါလိမ့် (သမုဒယသစ္စာပါ ဘုရား)။ အန်အမင်း

တယ်ဆိုးတဲ့ တရားပါလား၊ ဒကာ ဒကာမတို့ အင်မတန် မဆိုးဘူး လား (ဆိုးပါတယ် ဘုရား)။ သူ့ အကြိုက်က ဘာတဲ့တုံး (အိုဘေး နာဘေးတွေ ထမ်းပြီး သံသရာကြီးထဲ လည်ချင် ပါတယ် ဘုရား)။

ငရဲနေလိုက်၊ နောက်တော့ ပြိတ္တာဘုံနေလိုက်၊ အသူရကာယ်ဘုံ နေလိုက်၊ နတ်ပြည် ရောက်လိုက်၊ ခုန်ချလိုက် ဟုတ်လား (မှန်ပါ) အိုခြင်းဆိုး၊ နာခြင်းဆိုး၊ သေခြင်းဆိုးတွေနဲ့ အဖန်ဖန် ကျင်လည်နေလေ ကျေနပ်လေပဲ (မှန်ပါ)။

ဘယ်သူပါလိမ့် (သမုဒယသစ္စာပါ ဘုရား)။ သူ့အကြောင်း ကံဖြင့် နွားလည်း သတ်သေးတယ်၊ သရေပေါ်တော့ မထိုင်ချင်ဘူး ဆိုတဲ့ အသွားပဲ သဘောကျပြီလား (မှန်ပါ)။

အတော်ဆိုးတဲ့ တရားဗျ (ဆိုးပါတယ် ဘုရား)။ မဆိုးဘူးလား ဒကာ ဒကာမတို့ သေသေချာချာ သိမှနော် (မှန်ပါ)။ မသိရင် ကိုထွန်းဦး ဒီလောက် ခင်ဗျားတို့မနွမ်းဘူး (မှန်ပါ)။ အခုတော့ သိပြီလား (သိပါပြီ ဘုရား)။

သူကဘယ်သူ့ကြိုက်သလဲ

သူက ဘယ်သူ့ကြိုက်တာပါလိမ့် အိုဘေး၊ နာဘေးတွေ ထမ်းပြီး သံသရာကြီးထဲမှာ လည်တာမှ ကြိုက်တယ် (မှန်ပါ)။

ဒါဖြင့် ခင်ဗျားတို့ ဒုက္ခ ပင်လယ်ဝေနေလေ သူပြုံးသားကောင်း လေပဲ (မှန်ပါ ဘုရား)။ ဘယ်လောက် ဆိုးသတုံး (ဆိုးပါတယ် ဘုရား)။

ခင်ဗျားတို့ ဒုက္ခပင်လယ်ဝေနေလေ သူကဘာတုံး (ပြုံးလေ ပါ ဘုရား)၊ သူ့ လက်ချက် မိပကောဗျ။ မမိသေးဘူးလား (မိပါပြီ ဘုရား)။

အဲဒီတော့ နိဗ္ဗာန်ဘက် ထွက်ခွင့်ပေးသေးသလား (မပေးပါ ဘု ရား)၊ သံသရာထဲမှာ အိုဘေး၊ နာဘေး ထမ်းပြီးနေကြတာပဲဗျာ။ သူ့သတ္တိက ဘယ်လောက်ဆိုးသတုံး (ဆိုးပါတယ် ဘုရား)။

ဒါဖြင့် ထွက်ရပ်လမ်းကြီး မဂ်မရီးကို တားဆီးနှောင့်ယှက် ကန့်ကွက် တာဘယ် သူ ဆို တာ ရှင်းပြဦးမယ်၊ ခင်ဗျားတို့ က သူဘယ်လောက် ကန့်ကွက်တယ်ဆိုတာ စဉ်းစားကြည့်တော့ အလှူလေး ဘာလေး ပေးလိုက်တယ်။

နောက်ဘဝပေါများဖို့လုပ်တဲ့

ဆွမ်းကလေး ကွမ်းကလေးလောင်း၊ အလှူလေး ဘာလေး ပေးလို့ ရှိရင်ဖြင့် နောက်ဘဝ ပေါများဖို့ လုပ်နော်၊ နိဗ္ဗာန် ရောက်ကြောင်းတော့ မပါဘူး (မှန်ပါ ဘုရား)။

နောက်ဘဝ ပေါများဖို့ ကဲ နိဗ္ဗာန်ဘက် ထွက်သွားမှာ စိုးတယ်၊ ဒီအထဲမှာပင် ဒါတွေ ဝဝစားပြီး မင်း သေခြင်းဆိုး သေလို့ အပြော ခိုင်းတာ (မှန်ပါ)။

ဒီလို မခိုင်းဘူးလား ခိုင်းသလား (ခိုင်းပါတယ် ဘုရား)။ အံမယ် ကြည့်စမ်း မင်းသည်ကားလို့ ဆိုရင်ဖြင့် ဆွမ်းကလေး လောင်တယ်။ ကွမ်း လေးလောင်းတယ် အစရှိသည်နဲ့ ဗုဒ္ဓဘာသာအတိုင်း ထုံးစံ အတိုင်းပေး ကြ၊ ကမ်းကြလို့ ရှိရင်ဖြင့် တစ်ခါတည်း ဒကာ ဒကာမတို့ နောက်ဘဝကို ရည်မှန်းတဲ့ သဘောလေးက ပါလာတယ် (မှန်ပါ ဘုရား)။

နောက်ဘဝ တပ်နှစ်သက်တာ ဘယ်သူပါလိမ့်ဆိုရင် သမုဒယ တဏှာပဲ (မှန်ပါ)။ နောက်ဘဝကို တောင့်တခိုင်းတယ် (မှန်ပါ ဘုရား)။ ဘဝဆုံးရာကို အသွားခိုင်းရဲ့လား (မခိုင်းပါ ဘုရား)။

ဘဝဆုံးရာကျတော့ကန့်ကွတ်တယ်

ဘဝကိုတော့ တောင့်တခိုင်းတယ်၊ ဘဝဆုံးရာကျတော့ (မခိုင်းပါ ဘုရား)။ ဘဝကျတော့ တောင့်တတယ်၊ ဘဝဆုံးရာကျတော့ ကန့်ကွက်တယ်၊ ကန့်ကွက်တာ ဘယ်သူတုံး (သမုဒယပါ ဘုရား)။

ဒါဖြင့် ဘဝဆုံးရာ နိဗ္ဗာန်ပဲ မဟုတ်ဘူးလားဗျာ၊ အဲဒါကန့်ကွက် ပါတယ် ဆိုကတည်းက မသေချာသေးဘူးလား ဦးချစ်ခ (သေချာပါ တယ် ဘုရား)။

ဘာလေးလှူလှူ အခုအန္တရာယ်ကင်းဖို့ အခုဘေးရှင်းဖို့ဆိုတော့ ဒီ ခန္ဓာကြီး ခင်လို့လုပ်တာ သဘောကျပြီလား (မှန်လှပါ ဘုရား)။

ဒီခန္ဓာကိုယ် ခင်မင်မှုနဲ့လုပ်၊ ဒီခန္ဓာလွတ်ငြိမ်းတဲ့ဆီကိုတော့ မလုပ် နဲ့ (မှန်ပါ)။ သူ(သမုဒယ) ကပါတာ မပါဘူးလား (ပါပါတယ် ဘုရား)။

ဒါဖြင့် သူက ဘာလုပ်တတ်သတဲ့ (မဂ်ခရီးကို ကန့်ကွက်ပါတယ် ဘုရား)။ အဲ မဂ်ခရီးကို တားဆီး နှောင့်ယှက် ကန့်ကွက်တယ် ဒကာ ဒကာမတွေ ရိပ်မိပြီလား (မှန်ပါ)။

မဂ်ခရီးကိုကန့်ကွက်တယ်

ဒါဖြင့် သူသည် မဂ်ခရီးကို ဘာလုပ်တတ်သတုံး ဆိုလို့ ရှိရင် ကန့်ကွက်တတ်တယ်ပေါ့၊ မဂ်ခရီးကို ကန့်ကွက်တယ်။

တဏှာသည် အလှူကြီးပေးလို့ ရှိရင် သုဂတိကိုရောက်ချင်တဲ့ စိတ်က အရင်လာ သလား၊ နိဗ္ဗာန် ရောက်ချင်တဲ့စိတ်က အရင်လာချင် သလားဆိုတာ ခင်ဗျားတို့ ပဲ တွေးကြည့်၊ မသိတဲ့ ပုဂ္ဂိုလ်မှာဖြင့် သုဂတိ ရောက်ချင်တယ် (မှန်ပါ ဘုရား)။

မရောက်ချင်ဘူးလား (ရောက်ချင်ပါတယ် ဘုရား)။ အဲဒီတော့ ဟိုဘက်က နိဗ္ဗာန် ဆိုတာကြီး ပါသေးရဲ့ လား (မပါပါ ဘုရား)။

ဒါ ဘယ်သူက ကန့်ကွက်လိုက်တာတုံး (တဏှာသမုဒယ ကပါ ဘုရား)။ သမုဒယတဏှာက ကန့်ကွက်လိုက်တဲ့ အတွက် နိဗ္ဗာန် ရောက်သေးရဲ့ လား (မရောက်ပါ ဘုရား)။

ဘဝအပြင်ဘက်မှာမှနိဗ္ဗာန်ဆိုတာ

ဘဝကောင်းစားရေးပဲ ဖြစ်မသွားဘူးလား (ဖြစ်ပါတယ် ဘုရား)။ ဘဝကောင်းစားရေး ဖြစ်သွားတော့ ဘဝအပြင်ဘက်မှာမှ နိဗ္ဗာန် ကရှိတယ်၊ သဘောကျပြီလား (မှန်ပါ ဘုရား)။

ဒါဖြင့် ဘယ်သူက ကန့်ကွက်တာပါလိမ့် (သမုဒယတဏှာက ပါ ဘုရား) သမုဒယ တဏှာက ကန့်ကွက်တယ် ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့်တဏှာက ဝဋ်ကိုသာ ဖြစ်အောင်လုပ်ခိုင်းတယ်၊ ဝဋ်မှထွက်အောင် လုပ်ခိုင်းရဲ့လား (မခိုင်းပါ ဘုရား)။ အတော်ဆိုးတဲ့ တရားပဲ၊ မဆိုးဘူးလား၊ ဆိုးသလား (ဆိုးပါတယ် ဘုရား)။ သေသေ ချာချာသိမှနော်။

သူတို့ဓာတ်ကြောကို မသိလို့ ရှိရင်ဖြင့် ခင်ဗျားတို့က လှူရ၊တန်းရ၊ ပေးရ၊ ကမ်းရတာတောင် သိလို့ သူမပါဘူးလို့ ထင်တယ်ဗျ၊ သူဟာ အံမယ် မြှောင်မြှောင်ပြီးလိုက်တယ်၊ မလိုက်ဘူးလား (လိုက်ပါ တယ် ဘုရား)။

လိုက်တယ်တဲ့ လိုက်တယ် ဒကာ ဒကာမတို့ ဒီဘဝ၊ တို့ အခု တို့ စားနေရတာဟာ နောက်ဘဝက ဒီလို ပြုခဲ့ စုခဲ့လို့ ဟုတ်လား။ အဲဒီတော့ အဟောင်းစား မဖြစ်ရလေအောင် အသစ်ကိုလည်း မျိုးကြဲ နောက်ဘဝ စားရအောင်ဆိုတာ ပါပြီးသားဖြစ်နေတယ် (မှန်ပါ)။

နောက်ဘဝစားဖို့သာပါတယ်၊ နိဗ္ဗာန်မပါဘူး

နိဗ္ဗာန်ကိုမပါဘူး (မှန်ပါ)။ နောက်ဘဝစားဖို့ သာပါတယ်၊ ဘဝများစွာ စားဖို့၊ အဲဒီလို ဘဝများစွာစားဖို့ကို သူက ကန့်သတ်လိုက်သ ဖြင့် နိဗ္ဗာန် ဆိုတာဟာ မရောက်တော့ပါဘူး၊ ဦးချစ်ခင် ရောက်သေးရဲ့ လား (မရောက်ပါ ဘုရား)။

ဘဝအကြိမ်ကြိမ် သူက စားချင်၊ သောက်ချင်တာကို (မှန်ပါ) ကြီးပွားချင်တယ်၊ သဌေး သူကြွယ် ဖြစ်ချင်တယ်၊ ဒီလို ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဘယ်သူ့သတ္တိလို့ ဆိုကြမလဲ (သမုဒယ သတ္တိပါ ဘုရား)။

ဒါဖြင့် ဘယ်သူ့ ကန့်ကွက်သတုံး ဆိုရင် နိဗ္ဗာန် မဂ်ခရီးကို ကန့် ကွက်တယ် (မှန်ပါ)။ မဂ်ခရီးလမ်း ကန့်ကွက်တယ်၊ နိဗ္ဗာန် ကန့်ကွက်တယ်၊ မကန့်ကွက်ဘူးလား (ကန့်ကွက်ပါတယ် ဘုရား)။

ခင်ဗျားတို့ လုပ်ကြည့် သူမပါတာလေးဟာ အတော်နည်းနေတယ် နော် ဦးဘအုန်း မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဒီဘဝ သား သမီးများနည်းလို့ နောင်ဘဝကျလို့ ရှိရင် ခြွေရံ ပရိတ် သတ်များအောင် ကိုယ်လည်းလှူ၊ အိမ်နီးချင်းလည်းထည့်ဟ လာသေးတာ ပဲ၊ ကိုယ်လည်းကြိုးစားပြီး များများထည့် အိမ်နီးချင်းလည်း များများ ထည့်ပါစေ။

နောက်ဘဝ၊ အခြွေအရံများမယ်

ဒါမှ ကိုယ် နောက်ဘဝ အခြွေအရံများမယ် ဆိုတာ နောက်ဘဝတော့ မပါပဲနေသေးသလား၊ ပါသေးတယ်မဟုတ်လား၊ ကိုယ်ချည်းလုပ်လို့ ရှိရင် တစ်ကောင်ကြွက် ဥတစ်လုံး ဖြစ်တတ်တယ် ဟုတ်လား၊ အခြွေအရံ နည်းတတ်တယ်တဲ့၊ သဘောကျပြီလား။

ဘယ်သူ့ကိုကြည့်ပါလား၊ ပစ္စည်းလည်းပေါ အခြွေအရံလည်းပေါ ကိုယ့် ကြည့်ပါလား၊ အခုဘယ့်နှယ်ဖြစ်နေတုံး၊ အဲဒီတော့ နောက်လှူလို့ ရှိရင်ဖြင့် နောက်ဒီလိုမလုပ်ဘူးဆိုပြီး သကာလ ခြွေရံသင်းပင်းပေါ်ဖို့ ဆို ကတည်းက နိဗ္ဗာန် ပါသေးရဲ့လား (မပါပါ ဘုရား)။

ဘယ်လောက်ဆိုးတုံး၊ ဒါဘယ်သူကဟောသတုံး (သမုဒယ သစ္စာပါ ဘုရား)။ ဒါဖြင့် သူသည် မဂ်ကို ကန့်ကွက်တာ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။ နိဗ္ဗာန်ရော (ကန့်ကွက် ပါတယ် ဘုရား)။

အဲ ခင်ဗျားတို့ကသာ မသိလိုက်တယ်၊ အလှူတင် လှူတော့ပြီး သွားပြီလို့ သာ ပြီးသွားတယ်၊ နိဗ္ဗာန် မပါဘူး။

ဝဋ်ကထွက်အောင်လှူတဲ့အလှူရှားတယ် ဆိုပြီး

ကန့်ကွက်တဲ့လူနဲ့ပဲ ခင်ဗျားတို့သည် တင်းတိမ်လိုက်ရတာပဲ။ သဘောကျပြီလား (မှန်ပါ)။

ဒါဖြင့် အလှူတစ်ခါ လှူတိုင်း လှူတိုင်း စဉ်းစားကြည့် ကိုထွန်းဦးရ ဝဋ်ကထွက်အောင် လှူတဲ့အလှူ၊ အတော်ရှားလိမ့်မယ်၊ မရှားဘူးလား၊ – ရှားသလား (ရှားပါတယ် ဘုရား)။

လူတစ်ထောင်၊ တစ်သောင်း လျှောက်ကြည့် ရင်ဘဝကောင်း စားရေး ပါမပါ (ပါပါတယ် ဘုရား)။ ပါတယ်လို့ ဆိုသဖြင့် ဒါဘယ်သူ ဝင်ပြီး နှောင့်ယှက်တယ်ဆိုတာကော ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သားကရဟန်းခံသွားမယ်ဆိုရင်

ဘယ်သူဝင်ပြီး ကန့်ကွက်တယ် ဆိုတာကော (ရိပ်မိပါပြီ ဘုရား)။ ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ သားလေး၊ သမီးလေး တွေရှိတယ်။ သမီးလေးက သီလရှင် ဝတ်သွားမယ်၊ သားက ရဟန်းခံ သွားမယ် ဆိုရင် အမေလုပ်တဲ့ ပုဂ္ဂိုလ်ကတော့ နေနိုင်ရင်ကောင်းပါရဲ့ လို့ မပြောဘူးလား – (ပြောမှာပါ ဘုရား)

ဟင် နေနိုင်ရင်ကောင်းပါရဲ့ ဆိုတာ ကန့်ကွက်တော့မလို့ မလာဘူးလား လာသလား (လာပါတယ် ဘုရား)။ သူတို့က ထွက်ရပ်လမ်း သွားမှာကိုဗျ (မှန်ပါ)။

ထွက်ရပ်လမ်း သွားမှာတောင်မှ ခင်ဗျားတို့က ကျေကျေနပ်နပ် လွှတ်ပါသလား ဟုတ်လား နေနိုင်ရင် ကောင်းပါရဲ့ မနေနိုင်လို့ရှိရင်ဖြင့် ချောက်ကျနေမှာလည်း စိုးရတယ်ဆိုပြီး သကာလ နေသ၍ အမြတ်ပဲလို့ တော့ မလာဘူးနော် လာသလား (မလာပါ ဘုရား)။

စဉ်းစားပါဦးတဲ့

နေသရွေ့ အမြတ်ပဲလို့ မလာဘူး ကိုယ့်မျက်စေ့ အောက်မှာ အလကားနေရင်း နောက်ကျ နေမှန်း မသိတော့ ကောင်းတဲ့ လမ်းတော့ သွားတာပဲ၊ စဉ်းစားအုံးလေ။

သုံးလလောက် စဉ်းစားပါဦး၊ လေးလလောက် စဉ်းစားပါဦး၊ အိုနာ သေရေးတော့ ထည့်မစဉ်းစားဘူး အဲဒါ ဘယ်သူက ကန့်ကွက် တာတုံး (သမုဒယပါ ဘုရား)။

သူတို့ကို ခင်တာကိုဗျ၊ သူတို့လူလားမြောက်စေချင်လို့ လူချင်းတူတူ နေစေချင်တာကိုး၊ နိဗ္ဗာန်တော့ မသွားစေချင်ဘူး ရိပ်မိပြီလား (မှန်ပါ)။

ဘာနှင့်တူတူ နေစေချင်တာတုံး (လူချင်းတူတူ နေစေချင်တာ ပါ ဘုရား)။ လူချင်းတူတူ ဆိုတော့ အပါယ်သွားတော့ အဖော်ရတာပေါ့ (မှန်ပါ)။ ဒီလိုကျမနေဘူးလား။

အဲဒီတော့ ခင်ဗျားတို့ ပုံစံကိုက ခက်နေတာ ကိုထွန်းဦးရ (မှန်ပါ)။ လူချင်းတူတူ သူချင်းမျှမျှ တော်တော်ကြာဖြစ်မှာမဟုတ်ဘူး၊ ဟိုဖက်ရောက် သွားရင် တော်တော်ကြာ ချောက်ကျနေမှာ ဆိုတော့ ခင်ဗျား တို့သည်ကားလို့ ဆိုလို့ရှိရင် ထွက်သ၍ ချောက်ကျမှာလား၊ ထွက်သ၍ ကျေးဇူးများမှာလား ဆိုတာ မေးကြည့်ပါ (ထွက်သ၍ ကျေးဇူးများမှာ ပါ ဘုရား)။

သို့သော် ခင်ဗျားတို့ ကျေနပ်ပါရဲ့ လား (မကျေနပ်ပါ ဘုရား)။ ဘာလို့မကျေနပ်တာတုံး (လူချင်းမတူမှာစိုးလို့ပါ ဘုရား)။

လူချင်း မတူမှာစိုးလို့ သူများအကုသိုလ်လုပ်ရင်လုပ် ဟုတ်ပြီလား၊ သူများအပါယ် သွားရင်သွား၊ ဒီလိုကိုဗျ၊ ဒါ အတွေးဉာဏ်ကိုဗျ၊ ကဲ ဒါ မဟုတ်ဘူးလား၊ ဟုတ်သလား တွေးကြည့်ပါ (ဟုတ်ပါတယ် ဘုရား)။

လူဆို တာ လူ အလုပ် အကုန် လုပ်ရမှာကိုးဗျ (မှန်ပါ)။ လူ့အသွားဆိုတာ အရည်ကျို သောက်ရမယ် မသောက်ရပေဘူးလား (သောက်ရမှာပါ ဘုရား)။ မဟုတ်ဘဲနဲ့ လောကွက် ပျူငှာတွေက မများရပေ ဘူးလား၊ ပရိယာယ် မာယာတွေကကော (များရပါတယ် ဘုရား)။

ဟန်ကိုယ့်ဖို့ဆိုတာများတယ်

ဟန်ကိုယ့်ဖို့ ဆိုတာတွေကလည်း နည်းတာတွေ မဟုတ်ဘူး (မှန်ပါ့)။ အဲဒါတွေနဲ့ လုပ်ရတဲ့ အခါကျတော့၊ အဲဒီလို ပရိယာယ်မာယာတွေ နားမလည်ပေဘူး၊ တော်တော်ကြာ ဘုန်းကြီး လူထွက် ရဟန်းလူထွက် ဖြစ်လာလို့ ရှိရင် အဲဒီလို လူချင်းမတူမှာ စိုးရိမ်လို့ မသွားနဲ့ ဟုတ်ပြီ လား (မှန်ပါ့)။

ဒါကြောင့် ခင်ဗျားတို့သည် ဓမ္မပဒ ပါဠိတော်မှာ တဏှာဟာ အမိနဲ့ တူတယ်လို့ မှတ်ထား လိုက်စမ်းပါ၊ အဝိဇ္ဇာက အဖနဲ့တူတယ် (မှန်ပါ့)။

တဏှာက ဘာနဲ့တူသတဲ့ (အမိနဲ့တူပါတယ် ဘုရား)၊ အချော့ ကောင်းလို့ အမိက သားသမီးများ ပျော်အောင် မချော့နိုင်ဘူးလား၊ ချော့နိုင်သလား ဟိုအရုပ်ကလေး ခေါက်ပြ၊ ဘာကလေး ကျွေးတော့မလိုလို မဟုတ်ဘူးလား (မှန်ပါ့)။

ဒါမှ သားလေး၊ သမီးလေးတွေ အငိုမတိတ်ရဘူးလား (တိတ်ရ ပါတယ် ဘုရား)၊ အငိုတိတ်တဲ့ အခါကျတော့ အမိက အချော့ကောင်းတယ် လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကောင်းပြီ ခင်ဗျားတို့ တဏှာကလည်း အင်မတန် အချော့ကောင်း တယ် ခင်ဗျားတို့ သန္တာန်မှာရှိတဲ့ မိခင်ကြီးက တဏှာသမုဒယသစ္စာ ပါပဲ (မှန်ပါ့)။

ကျောင်းကန်ဘုရားသွားဖို့တားတယ်

သမုဒယသစ္စာက ကျောင်းကန် ဘုရားသွားရမယ်လို့ ဆိုလို့ရှိရင်ဖြင့် ချော့ထားတယ် မဟုတ်ဘူးလား ရက်ရှည်လေးစောင့်မှ သွားပါလားတဲ့၊ ခက်တယ် လာပြီကွ၊ မသွားနဲ့လို့လည်း မဆိုဘူး၊ သွားလို့ကော ဆိုသလား (မဆိုပါ ဘုရား)။

ရက်ရှည်လေး စောင့်နိုင်မှ သွားပါတဲ့၊ ဒီနောက်ပိုင်းလေးလုံတော့ သာမကောင်းဘူးလားတဲ့ နောက်ပိုင်းက ဘယ်တော့မှ မလုံဘူး၊ နောက်ပိုင်း ကဘယ်တော့ လုံသေးတယ်လို့ရှိသတုံး၊ ရှိသလား (မရှိပါ ဘုရား)။

ရက်ရှည်စောင့်နိုင်မှသွားတာပေါ့၊ နောက်ပိုင်းစိတ်ချရမှဆိုတော့ နဂိုကမှ ငါ ငါ့ဥစ္စာ မပြုတ်တော့ နောက်ပိုင်းဘယ်တော့စိတ်ချရမလဲ (မချရပါ ဘုရား)၊ မချရတော့ သွားဖြစ်သေးရဲ့ လား (မသွားဖြစ်ပါ ဘုရား)။ စိုးမိရာ မသွားဖြစ်တဲ့အခါ ဘယ်သူက ကန့်ကွက်တာတုံး (သမုဒယပါ ဘုရား)၊ ဒါဖြင့် ထွက်ရပ်လမ်းကိုကန့်ကွက်တာ ဟုတ်ရဲ့လား (ဟုတ်ပါ တယ် ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတွေ ကျောင်းနဲ့ဝေး၊ ဘုရားနဲ့ ဝေး၊ တရားနဲ့ ဝေး၊ အလုပ်တရားတွေနဲ့ ဝေးတာသည် ဘယ်သူ့လက်ချက်မိတာတုံး (သမုဒယပါ ဘုရား)။

အဲဒီလို ချော့ထားလို့ရှိရင် ခင်ဗျားတို့က ပျော့ပြီး သကာလ နေတာ ပဲ၊ မဆိုထိုက်ဘူးလား ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။

ချော့ထားတာမှ ဟောဒီ ကုန်တွေက ခေတ်စားနေတယ် ဒီကုန် တွေက ဒီအချိန်ပဲ တွင်ကျယ် နေတယ်၊ ဒါလေးပြီးမှ သွားတာပေါ့။

နောက်တော့ ဟိုဟာလှည့် ရှာပြန်တော့ ဟိုဟာလေးပြီးမှ ရောက်တော့ကာ အကြောင်း မညီညွတ်လို့ ကြွေးတင်တော့ ဒီကြွေးလေးကျေမှ ဒီလို ချော့ထားတာကိုဗျ၊ ဘယ်တော့များ ထွက်ခွင့်ပေးသေးတုံး (မပေး ပါ ဘုရား)။

ရောင်းကောင်းပြန်တော့ ကောင်းလို့ဆိုင်းပါဦး၊ အရောင်းအဝယ် ပျက်တော့ ပျက်နေလို့ နေရာမကျသေးဘူး ဆိုင်းပါဦး ထွက်ရပ်လမ်းကို ပါသေးသလား (မပါပါ ဘုရား)။

ထွက်ရပ်လမ်းကိုကန့်ကွက်တယ်

သေတာသေရော အဲဒီနေရာမယ် ဝပ်ပြားပြီး ဝန်ပိသေလို့ရှိရင် ဖြင့် သူ့အကြိုက်။ တရားအားထုတ်ဖို့ ထွက်သွားမှာတော့ သူကအလွန် စိုးရိမ်တယ် (မှန်ပါ)။

သူဘယ်နည်းနဲ့မှ သဘောမတူဘူး၊ ဒါဖြင့် သမုဒယသစ္စာသည် ထွက်ရပ်လမ်းကို ကန့်ကွက်တယ် ဆိုတာ ကျေနပ်ပြီလား (ကျေနပ် ပါတယ် ဘုရား)။

ဘယ်လောက်ကန့်ကွက်တုံးဗျာ အတော်ကို ကန့်ကွက်ပါတယ်၊ ဒါကြောင့် ဖြည်းဖြည်းတော့ ရောက်ပါလိမ့်မယ်၊ သူများ သာဓု ခေါ်လောက် အောင်ပြောသေးတယ် (မှန်ပါ)။

ရှေ့ တော့ ရောက်ပါလိမ့်မယ် အရွယ်လေးက ရှိပါသေးတယ် မလာ ဘူးလား လာသလား (လာပါတယ် ဘုရား)။

ဒီကြား မရောက်နိုင်ဘူး ဆိုတော့ စိတ်ဆိုတာတော့ ခင်ဗျားတို့ သူ သွားချင်တဲ့ဆီ သွားနေတာ၊ ရောက်ချင်တဲ့ဆီ ရောက်တာ ဒါလောကွတ် လုပ်နေဖို့ မလိုဘူး သဘောကျပြီလား (မှန်ပါ)။

ကိုချစ်ခများ စောင်းပြောတယ် အောက်မေ့မနေနဲ့ (မှန်ပါ)။ သူက စိတ်တင်ရောက်တဲ့ လူကိုဗျ၊ အလုပ်မရောက်ဘူး၊ ကိုင်း – ဒကာ ဒကာမတို့ စိတ်ရောက်ပေမယ်လဲ ကျန်တဲ့ရုပ်နာမ်က မရောက် ပေဘူး၊ သဘောကျပြီလား (မှန်ပါ)။

အဲဒီ ကန့်ကွက်ထားတာ ဘယ်သူတဲ့တုံး (သမုဒယပါ ဘု ရား)။ သမုဒယ ဆိုသဖြင့် ခင်ဗျားတို့ သမုဒယပိတ်ပင်ကြောင်းကို ကောင်း ကောင်း သိရောပေါ့ (သိပါပြီ ဘုရား)။

သမုဒယကြောင့်ဒုက္ခမျိုးစုံဖြစ်တယ်

သိတော့ကိုတဲ့ ပိတ်ပင်တာက သမုဒယ၊ ရရှိတာက ဒုက္ခမျိုးစုံဖြစ် မနေဘူးလား ကိုထွန်းဦး (မှန်ပါ ဘုရား)။

ရရှိတာက ဒုက္ခမျိုးစုံဖြစ်နေတော့ကိုတဲ့ ခင်ဗျားတို့ယခုရရှိထားကြ တဲ့ ဒုက္ခမျိုးစုံ သည်ကား ဆိုလို့ ရှိရင် သမုဒယလက် သည်ပဲ ဆို တာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

လက်သည် ပေါ်လာတော့ကိုတဲ့ လက်ရှိ ဒုက္ခမျိုးစုံမှ ထွက်မြောက် လိုပါက လက်သည် အကြောင်းသမုဒယ သတ်လိုက်ပေါ့ မသတ်သင့် ဘူးလား (မှန်ပါ)။

သမုဒယဖြစ်ပျက်ရှုပေးပါ

သတ်သင့်တော့ အကြောင်းသမုဒယ ဖြစ်ပျက်ရှုပေး (မှန်ပါ)။ ဖြစ်ပျက် ရှုပေးတော့ အကြောင်း သမုဒယကြောင့် လာရသော အကျိုးဒုက္ခ မျိုး လာဦးမလား (မလာတော့ပါ ဘုရား)။

မလာတော့ကို ဒုက္ခချုပ်တာပဲ၊ ဒုက္ခချုပ်တော့ ဒုက္ခနိရောဓော နိဗ္ဗာန်ပဲ မဆိုသင့်ဘူးလား (ဆိုသင့်ပါတယ် ဘုရား)။

ဪ ဆိုသင့်တော့ ဒါဖြင့် ပိတ်ပင် တာက သမုဒယ၊ ပိတ်ပင်လို့ ရရှိတာက ဒုက္ခ၊ ရှုတာက မဂ္ဂ၊ ရှူရှူပေးတော့ ဒုက္ခမျိုးစုံ မလာနိုင် တာက နိရောဓ ပဲမှတ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ကျလို့ ရှိရင် ဒီအထိအောင် အားထုတ် သမုဒယရှုပေးလို့ ဒုက္ခမျိုးစုံ မလာနိုင်လို့ ရှိရင် လိုအပ်ချက် ရောက်ပြီလို့မှတ် (မှန်ပါ ဘုရား)။

ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။