မိထွေးတော်ဂေါတမီ၏ ဘိက္ခုနီမငါးရာ ကျွတ်တမ်းဝင်ပုံ(ရှင်နန္ဒက)
အသံဖိုင်ခေါင်းစဉ်= ရှင်နန္ဒက က ဘိက္ခုနီမ(၅၀၀)အား တရားပေးပုံ
စာအုပ်ခေါင်းစဉ်= မိထွေးတော်ဂေါတမီ၏ ဘိက္ခုနီမငါးရာ ကျွတ်တမ်းဝင်ပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ ဟောကြားသောတရားတော်
မိထွေးတော်ဂေါတမီ၏ ဘိက္ခုနီမငါးရာ ကျွတ်တမ်းဝင်ပုံ
(ရှင်နန္ဒက)
(၂၉-၁၂-၆၀)
ဆရာတော်ဘုရား၏ စိတ်သဘောထား
ရှေးဦးစွာသိရအောင် ဒကာ ဒကာမတွေ မှတ်ထား ရမယ် (မှန်ပါ့)၊ တရားဟောတဲ့ ဘုန်းကြီးရဲ့ စိတ်ထဲမှာ ဘယ်လိုထားသလဲလို့မေးလို့ရှိရင်ဖြင့် ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဒီလိုထားမှ ကောင်းတယ်လို့ဆိုတဲ့အတိုင်း ဘုန်းကြီး များကလဲထားရတယ်နော် (မှန်ပါ့)။
တရားနာနိုင်ကြပါစေ
ရှေးဦးစွာတရားနာကြရင် ကောင်းတယ်ဆိုတဲ့ မေတ္တာ ကို ရှေးဦးစွာထားရ (မှန်ပါ့)၊ တရားနာကြရင် အားလုံးသော ဒကာ ဒကာမတွေ၊ တရားနာကြရင် ကောင်းမယ်လို့ဆိုတဲ့ တရားနာနိုင်ကြပါစေဆိုတဲ့မေတ္တာကို ရှေ့ထားရတယ် (မှန်ပါ့)။
နာတဲ့တရား သိနိုင်ကြပါစေ
နာပြီးသည့်အခြားမဲ့၌ ဆရာဘုန်းကြီးက သိကြပါစေ၊ ဟောတဲ့အတိုင်း သိကြပါစေဆိုတာကိုလဲ ဒုတိယ မေတ္တာထား ရပြန်တယ် (မှန်ပါ့)။
သိတဲ့အတိုင်း ကျင့်နိုင်ကြပါစေ
နောက် ၃-နံပါတ်က သိတဲ့အတိုင်း ကျင့်နိုင်ကြပါစေ ဆိုတဲ့ ၃-နံပါတ်လဲထားရပြန်တယ်၊ တရားဟောတဲ့ဘုန်းကြီး တိုင်း ဘုရားသခင်ကိုယ်တော်မြတ်ကြီး ထုံးတမ်းဟေ ဒီ စိတ်သုံးပါး ထားပါလို့ သေသေချာချာမှာရှာတယ်နော် (မှန်ပါ့)။
(၁) နံပါတ်က တရားနာနိုင်ကြပါစေ၊ ကျန်းမာပြီး တရား နာနိုင်ကြပါစေ၊ မေတ္တာထားရမယ် (မှန်ပါ့)။
(၂) နံပါတ်က တရားနာပြီး နာတဲ့တရား သိနိုင်ကြပါစေဆိုတာ ၂-နံပါတ်ထားရမယ် (မှန်ပါ့)။ (၃) နံပါတ်က သိတဲ့အတိုင်း ကျင့်နိုင်ကြပါစေ ဆိုတဲ့စိတ်ထားနဲ့ ဟောရမယ် (မှန်ပါ့)။
ဒီသုံးပါးနဲ့ညီညွတ်လို့ ဟောလို့ရှိရင်ဖြင့် ဒကာကြွယ်၊ ဦးလှဘူးတို့ ကောင်းသောဟောခြင်းပဲ (မှန်ပါ့)၊ ကိုင်း သိကြပြီမဟုတ်လား ဒကာ ဒကာမတို့ (မှန်ပါ့)။
“တရားနာနိုင်ကြပါစေ”ဆိုတော့ မေတ္တာပါသွားပြီ (မှန်ပါ့)၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိမှသာလျှင်လဲ တရားလာပြီးတော့ နာနိုင်ကြတော့-တရားနာနိုင်ကြပါစေဆိုတဲ့ မေတ္တာသည် ဘုရားသခင်၏ မေတ္တာလို့မှတ်ပါ (မှန်ပါ့)။
“နာတဲ့အတိုင်း သိပါစေ”ဆိုတဲ့စိတ်ထားကတော့ (ဆရာသမား၏ မေတ္တာပါ ဘုရား)၊ ဆရာသမား၏ မေတ္တာပဲ၊ “သိတဲ့အတိုင်း ကျင့်နိုင်ပါစေ”ဆိုတာကော (ဆရာသမား၏ မေတ္တာပါ ဘုရား)။
မေတ္တာသုံးချက်ထားပြီး ချီးမြှောက်နေတယ်
မေတ္တာသုံးချက်ထားပြီး ဘုန်းကြီးများ ဒကာ ဒကာမတွေ ကို ချီးမြှောက်နေတယ်လို့ဆိုတာ သေသေချာချာ မှတ်ပါနော် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ပြောကြစို့တဲ့ ဒကာ ဒကာမတို့၊ စိတ် ထားလေးဟာ ငါသည် တရားအားထုတ် လို့ရှိရင်ဖြင့် အပါယ် လေးပါး မကျတဲ့ သောတာပန်တည်အောင်ဖြင့် နာလဲနာမယ်။ အားလဲထုတ်မယ် ဆိုတဲ့ စိတ်ကို မွေးရမယ်နော် (မှန်ပါ့)။
ဟာ ဒီထက်ပိုပြီးသကာလ နာလဲနာမယ်၊ အားလဲ ထုတ်မယ်၊ သကဒါဂါမ်တည်အောင်တဲ့ ဆိုပြီးသကာလ စိတ် ထားရှိလဲ ကောင်းတာပဲ (မှန်ပါ့)။
ဟာ ငါ နာလဲနာမယ်၊ သိအောင်လဲလုပ်မယ်၊ ကြိုးလဲ ကြိုးစားမယ်၊ အနာဂါမ်ဖြစ်အောင် ငါဖြင့် တရားကိုနာပြီး မှတ်ပြီး ကြိုးစားမယ်ဆိုရင်လဲ ပိုကောင်းတာပဲ (မှန်ပါ့)။
စိတ်ကို အမြင့်ဆုံးထားပါ
ငါဖြင့် ဒီဘဝပဲ ခန္ဓာဇာတ်သိမ်း ငြိမ်းအောင် လို့ နောက် ဒုက္ခတွေ ဘယ်အခါကာလမှ အဆက်အသွယ် မရှိအောင်လို့ ကြိုးစားပြီးသကာလ နာပြီး၊ မှတ်ပြီး ကျင့်ပါတော့မယ် ဆိုလဲ ကောင်းတာပဲ (မှန်ပါ့)၊ အဲဒီတော့ ဒီစိတ်ထားဟာ လေးခု မရှိဘူးလား (ရှိပါတယ် ဘုရား)။
လေးခုရှိတဲ့အနက်က ဘုန်းကြီးတို့ ဒကာ ဒကာမတွေ က အမြင့်ဆုံးကိုထားလို့ရှိရင်ဖြင့် သာကောင်းတယ် (မှန်ပါ့)။
ကိုယ့်ဆန္ဒအလိုက် ကိုယ်ပြီးကြမှာ
ဘာဖြစ်လို့တုံးဆိုတော့ “ဆန္ဒဝတော ကိံနာမ ကမ္မံ နသိဇ္ဈတိ” ဆန္ဒဝတော-ဆန္ဒရှိသော ပုဂ္ဂိုလ်ဟာ၊ ကိံနာမကမ္မံ အဘယ်အမည်ရှိတဲ့ အမှုကို၊ နသိဇ္ဈတိ -မပြီးဘဲ ရှိရမည်နည်း လို့ ကိုယ့်ဆန္ဒအလိုက် ကိုယ်ပြီးကြမှာပဲ (မှန်ပါ့)။
အောက်တန်းမှန်းရင် အောက်တန်းပဲပြီးတယ် (မှန်ပါ့)၊ အလယ်တန်းမှန်းရင် (အလယ် တန်းပဲ ပြီးမှာပါ ဘုရား)၊ အထက်ဆုံးတန်းမှန်းလိုက်ရင် (ထက်ဆုံးတန်း ရောက်ပါတယ် ဘုရား)၊ အဲဒါ ဝတ္ထုသက်သေ သာဓကတွေလဲ ရှိတယ်နော် (မှန်ပါ့)။
အောက်တန်းစိတ် မထားပါနဲ့
ဒါကြောင့် အောက်တန်းကိုဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက “အပါယ် လေးပါး တံခါးပိတ် တော်ပြီ” ဆိုတဲ့ စိတ် ကလေးကိုဖြင့် မထားပါနဲ့၊ ခန္ဓာဇာတ်သိမ်း ငြိမ်းအေးတဲ့ ဖြစ်တဲ့ အထက်မဂ်ဖိုလ် ကိုသာ ကြိုးစားပြီးသကာလ မရရအောင် ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ နာကြပါ (မှန်ပါ့)။
အောက်တန်း မထားပါနဲ့ လို့ ဘုရားကဟောလိုက်တယ် နော် (မှန်ပါ့)၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ တရားဟော ကြပါစို့လို့ဆိုတော့ တရားဟောတဲ့နည်းမှာဖြင့် မဟာပဇာပတိ ဆိုတဲ့ ဒကာမကြီးရှိတယ် (မှန်ပါ့)၊ သူ့သားက ရှင်နန္ဒဆိုတဲ့ ဥစ္စာ ဇနပ္ပဒကလျာဏီနဲ့ လက်ထပ်မယ့်ဆဲဆဲမှာ ရဟန်းဖြစ် သွားတယ် မဟုတ်လား (မှန်ပါ့)။
အဲ သူကဖြင့် ဒကာ ဒကာမတို့ တရားဟောရာမှာ ဥပမာ ဥပမေယျနဲ့ အင်မတန်မှ ပြောတတ်လွန်းလို့ ဒကာ ဒကာမတို့ တရားဟောရာမှာ အင်မတန် နာမည်ကြီးတယ်။ဘုရား လက်ထက်ကနော် (မှန်ပါ့)။
အဲဒီတရားကို မနေ့ကလဲ နည်းနည်းစ,ခဲ့တယ်၊ ဒါကြောင့် ယနေ့ သူ့ ကို ဝတ္ထုမထုတ်ဘဲနဲ့ ဒကာ ဒကာမတွေ နားလည်မှု ရှေ့ထားပြီးသကာလ ရှင်နန္ဒကပေးတဲ့ ဥပမာလေး ဒကာ ဒကာမတို့ မှတ်စမ်းပါဆိုတာ အလုပ် လုပ်ပုံနှင့်တကွ ပြမယ်နော် (မှန်ပါ့)။
အာရုံခြောက်ပါး
ဒကာ ဒကာမတို့၊ ခန္ဓာကိုယ်ထဲမှာ ပြင်ဘက်ကနေပြီး ကြည့်ရတဲ့အဆင်းရှိတယ်နော် (မှန်ပါ့)၊ ပြင်ဘက်မှာ ကြည့် လိုက်လို့ရှိရင် ညိုတယ်၊ ဖြူတယ်ဆိုတာ မသိကြဘူးလား (သိပါတယ် ဘုရား)။
အဲ- အဲဒါ ရူပါရုံလို့ခေါ်ပါတယ် (မှန်ပါ့)၊ ကိုယ့်အသံ ကိုတော့ သဒ္ဒါရုံလို့ခေါ်ပါတယ်၊ ကိုယ့်အနံ့လေးတွေက ချွေး နံ့တို့၊ အပုပ်နံ့တို့၊ အညှီနံ့တို့ ဒါတွေကံ ဂန္ဓာရုံလို့ခေါ်ပါ တယ် (မှန်ပါ့)။
ကိုယ်ခန္ဓာလေးကို လျက်ကြည့်ပါ၊ ငန်တယ် မငန်ဘူး ဆိုတာ ခန္ဓာကိုယ်ထဲမှာ ရသာဆိုတာလဲ ရှိပါတယ် (မှန်ပါ့)၊ ချွေးထွက်တဲ့အခါ ငုံကြည့်။ လျှာနဲ့ လျက်ကြည့်၊ ငန်လာ တာပဲ (မှန်ပါ့)။
အဲ- ရသာရုံလဲရှိတယ်၊ ကိုယ့်ခန္ဓာ ကိုယ့်စမ်းကြည့်တော့ ပျော့တယ်၊ မာတယ် ဆိုတာကော (ရှိပါတယ် ဘုရား)။
အဲဒါက ဖောဋ္ဌဗ္ဗာရုံ (မှန်ပါ့)၊ ပြီးတော့ တွေးပြီးမှ ရတဲ့ အာရုံတွေက အတွင်းရှိတဲ့ တွေးပြီးမှရတဲ့ အာရုံတွေကတော့ ဓမ္မာရုံတွေပေါ့ဗျာ (မှန်ပါ့)၊ အာရုံက ဘယ်နှစ်ပါး ရှိပါလိမ့် (ခြောက်ပါးပါ ဘုရား)။
ဒါ ခန္ဓာကိုယ်ထဲမှာ အာရုံခြောက်ပါးရှိတယ် (မှန်ပါ့)၊ ဒီခန္ဓာကိုယ်ထဲမှာ အပြင်ဘက်က နေသောကြောင့် ပြင်ဘက်က အာယတနလို့လဲ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
အတွင်းအကြည်ဓာတ် ခြောက်ခု
ဒါ ရှင်နန္ဒက ဟောပုံနော်၊ အတွင်းမှာတော့ ဒကာ ဒကာမတို့၊ မျက်လုံးဆိုတဲ့ အကြည်ဓာတ် ရုပ်ရှိတယ် (မှန်ပါ့)၊ နားဆိုတဲ့ အကြည်ဓာတ်ရှိတယ် (ရှိပါတယ် ဘုရား)၊ နားနဲ့ အသံနှင့် တွဲရမှာကိုး (မှန်ပါ့)၊ အင်း နှာခေါင်းနဲ့ အနံ့ တွဲရမှာ (မှန်ပါ့)၊ နှာခေါင်းအကြည်ဓာတ်ရုပ် (ရှိပါတယ် ဘုရား)။
လျှာအကြည်ဓာတ်ရုပ် (ရှိပါတယ် ဘုရား)၊ ကိုယ် အကြည်ဓာတ်ရုပ် (ရှိပါတယ် ဘုရား)၊ ဟဒယ အကြည်ရုပ် (ရှိပါတယ် ဘုရား)၊ အင်း အတွင်းကလဲ ဘယ်နှစ်ခုပါလိမ့် (ခြောက်ခုပါ ဘုရား)။
အဲဒါ ဒကာ ဒကာမတွေ ခန္ဓာမှာရှိတဲ့ အတွင်းအပြင် ပေါင်းလိုက်ရင် ဒါ ယောက်ျားဆိုလဲ ဟုတ်တာပဲ၊ မိန်းမဆိုလဲ (ဟုတ်ပါတယ် ဘုရား)။
ကလေးဆိုလဲ (ဟုတ်ပါတယ် ဘုရား)၊ ဪ ဒီဥစ္စာ ခွဲလိုက်တော့လဲ နှစ်ခြမ်းကွဲသွားတယ်၊ စုလိုက်တော့လဲ ယောက်ျား မိန်းမဖြစ်သွားတယ် (မှန်ပါ့)။
ငါပဲ၊ ငါ့ကိုယ်ပဲလို့ ထင်နေကြတယ်
အဲဒီနှစ်ခုကို ဒကာ ဒကာမတွေက ဘယ့်နှယ်ဖြစ်နေတုံး လို့မေးတဲ့အခါကျလို့ရှိရင်တဲ့ ဒီဟာလဲ ငါ့ဟာပဲ၊ အဆင်းဟာလဲ ငါပဲ၊ ငါ့ကိုယ်ငါပဲလို့ မထင်ကြဘူးလား(ထင်ကြပါတယ် ဘုရား)။
မျက်လုံးရုပ်ကလေးကကော ငါ့ကိုယ်ငါ့ဟာ လိုက်ထင် နေကြတာပါ ဘုရား)၊ အင်း ဒီကြားထဲမှာ တဏှာလေးက အကုန်ဆက်သွယ် ပေးနေတယ် (မှန်ပါ့)။
ကြားထဲမှာ တဏှာဆက်ပေးတယ်
တဏှာလေးက ကြားထဲမှာ ဒကာ ဒကာမတွေ အကုန် ဆက်သွယ်ပေးနေတယ် (မှန်ပါ့)၊ တဏှာက မဆက်သွယ် ပေးဘူးလား (ဆက်သွယ် ပေးပါတယ် ဘုရား)။
အေး ဒီမျက်လုံးနဲ့ အဆင်းနဲ့လဲ သူက အကုန် ဆက် သွယ်ပေးနေတယ် (မှန်ပါ့)၊ ဆက်သွယ်ပေးတော့ သိပြီတဲ့၊ ဪ အပြင်ဘက်က အဆင်းအစရှိသည်နဲ့ အတွင်းက စက္ခု သောတ, ဃာန၊ ဇိဝှာ, ကာယ, မန, ဟဒယ ဝတ္ထု အစ ရှိသည်နဲ့ ဆက်သွယ်ပြီးပေးတာကတော့ ဒီဘက်နဲ့ ဟိုဘက်နဲ့ ဆက်သွယ်ပေးနေတာကတော့ တဏှာပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
တဏှာမချုပ်သရွေ့ နိဗ္ဗာန်မရ
ကောင်းပြီ ဒါဖြင့် ဒီတဏှာကိုပဲ သိတော့ ဘုန်းကြီး တို့ ဒကာ ဒကာမတွေ “တဏှာ နိရောဓောနိဗ္ဗာနံ” ဆိုတဲ့ အတိုင်း တဏှာမချုပ်သရွေ့ နိဗ္ဗာန်မရပေဘူးဆိုတဲ့ အဓိပ္ပာယ်လဲ ရှင်းလင်းထားကြတာပေါ့ (မှန်ပါ့)။
တဏှာမချုပ်သရွေ့ (နိဗ္ဗာန်မရပါဘူး ဘုရား)၊ နိဗ္ဗာန် မရနိုင်ဘူး ဆိုတာလေး မှတ်ထားတော့ (မှန်ပါ့)၊ ကောင်းပြီတဲ့ ဒီတဏှာကို ဘာလုပ်မလဲလို့ မေးဖို့လိုလာတယ် (မှန်ပါ့)၊ အင်း ဒီတဏှာက အတွင်းနဲ့အပြင် ဆက်စပ်ပေးတယ် (မှန်ပါ့)၊ ဒီတဏှာက ဘာလုပ်ပေးပါလိမ့် (အတွင်းနဲ့အပြင် ဆက်စပ် ပေးပါတယ် ဘုရား)။
တဏှာသည် သမုဒယ
အတွင်းနဲ့ အပြင်ဆက်စပ်ထားတယ်၊ ပြင်ဘက် ခန္ဓာနဲ့ အတွင်းခန္ဓာနဲ့ ဘယ့်နှယ်နေကြတုံး (ဆက်စပ်နေပါတယ် ဘုရား)၊ ဆက်စပ်ပြီး သကာလထားတော့ သော် ကျုပ်တို့ နိဗ္ဗာန် မရတာ သည် အတွင်းကြောင့်လည်း မဟုတ်ဘူး၊ အပြင်ကြောင့်လဲ မဟုတ်ဘူး၊ သူဆက်စပ်ထားတာနဲ့ သူက တဏှာ သည်ကား ဆိုလို့ရှိရင် သမုဒယသစ္စာ (မှန်ပါ့)၊
“ပဘဝလက္ခဏံ သမုဒယသစ္စံ” ဆိုတဲ့အတိုင်း သစ္စာမှာ လေ (မှန်ပါ့)၊ ဆင်းရဲဒုက္ခဟူသမျှ၏ စ၍ဖြစ်ကြောင်း မကောင်းသော လက္ခဏာရှိ၏ (မှန်ပါ့)၊ သူ သာ ရှိနေလို့ရှိရင် ဆင်းရဲ လက်စ ဟူသမျှ၏ စ၍ဖြစ်ကြောင်း မကောင်းသော လက္ခဏာ ရှိ၏ (မှန်ပါ့)၊ ဒီတရားလေးပေါ်လာလို့ရှိရင် ဆင်းရဲလက်စ မပြတ် ရအောင် သူလုပ်တော့မယ်နော် (မှန်ပါ့)။
ဒီတရားလေးလာလို့ရှိရင် (မှန်ပါ့)၊ ဒီတရားလေးလာလို့ ရှိရင် ဆင်းရဲလက်စ မပြတ်ရအောင် ဒီခန္ဓာနဲ့ မခွဲ ရအောင် ဒီခန္ဓာဒုက္ခသစ္စာကြီးနဲ့ ဒီဘက်က ဒုက္ခသစ္စာနဲ့ မခွဲ ရအောင် သူက ဆက်သွယ် ပေးထားတယ် (မှန်ပါ့)၊ သဘောကျပလား၊ (ကျပါတယ် ဘုရား)။
ကောင်းပြီ၊ “ပဘဝလက္ခဏံ သမုဒ္ဒယသစ္စာ၊ အနုပစ္ဆေဒက ကရဏရသံ၊ ပလိဗောဓ ပစ္စုပဋ္ဌာနံ၊” ဒကာ ဒကာမတွေကို ဒီခန္ဓာကြီးက ထွက်သွားမှာ ဒီခန္ဓာဝန်ဒုက္ခသစ္စာကြီးက လွတ်သွားမှာ အင်မတန် စိုးရိမ်တယ် (မှန်ပါ့)၊
ဆင်းရဲဒုက္ခဟူသမျှတို့မှ မလွတ်ရအောင် မကျွတ်ရအောင် တားမြစ်ထားတာကလဲ ဒီအလယ်မှာ ဆယ်သွယ်ပေးထားတဲ့ သမုဒယ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
တဏှာလောဘကို မဂ်ဓားနဲ့ဖြတ်ရမယ်
“ဒါဖြင့် ဒီသမုဒယသစ္စာ တဏှာလောဘကို ကျုပ်တို့ ဘယ့်နှယ်လုပ်ရမလဲ”လို့ မေးတဲ့အခါ ကျတော့ကိုတဲ့ ဒီဘက် လာမယ့် ဒကာ ဒကာမတွေ သိတဲ့အတိုင်း နေ့တိုင်း ဟောနေတဲ့ ဆရာပေးတဲ့ မဂ်ဓားနဲ့ ဒီပြင်ဟောဟေမဖြတ်နဲ့၊ သူ့ဖြတ်ရ လိမ့်မယ် (မှန်ပါ့)၊ သမုဒယသစ္စာကို ပြင်ဘက်လဲ မခင်၊ အတွင်းလဲ (မခင်တော့ပါဘူး ဘုရား)။
အပြင်ဘက်လဲ (မခင်တော့ပါဘူး ဘုရား)၊ အတွင်းလဲ မခင်နဲ့ အတွင်းလဲ မဆက်နဲ့၊ သူ့ကို မဂ်ဓားနဲ့ဖြတ်ပေးရမယ် (မှန်ပါ့)၊ မဂ်ဓားနဲ့ဖြတ်ပေးလိုက်တော့ အတွင်းခန္ဓာနဲ့ အပြင် ခန္ဓာ အဆက်အသွယ် ရသေးရဲ့ လား (မရပါ ဘုရား)။
မရလို့ရှိရင်ဖြင့် ဒီတဏှာသေလို့ ပြတ်သွားတာပဲဆိုတော့ ဒကာ ဒကာမတို့၊ အတွင်းခန္ဓာလဲ ချုပ်နေရစ်၊ အပြင်ခန္ဓာလဲ ချုပ်နေရစ်၊ သူလဲသေသွားတဲ့အခါကျတော့ သမုဒယသစ္စာလဲ သေ (မှန်ပါ့ ဘုရား)။
မဂ္ဂသစ္စာကျန်ရစ်ပြီး နိဗ္ဗာန်ပေါ်လာတယ်
ဒုက္ခသစ္စာနှစ်ခုကော (သေပါတယ် ဘုရား)၊ အင်း ဖြတ်တဲ့မဂ္ဂသစ္စာကျန်ရစ်ပြီးသကာလ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကြီး ဟာ ပေါ်လာတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါ တယ် ဘုရား)။
နေ့ထူးနေ့မြတ်ပဲလို့မှတ်ပါ
အင်း ဒါဖြင့် ဒီနေ့ တရားမှာ ရှင်နန္ဒက ပြောတဲ့ ဥပမာကိုပြောရတဲ့အတွက် ဘုန်းကြီးများကလဲ ထင်လွယ် မြင်လွယ်အောင် ဒကာ ဒကာမတွေကို ပြတဲ့အတွက် သိပ် ဝမ်းသာစရာကောင်းတဲ့ နေ့ထူးနေ့မြတ်ပဲ၊ မင်္ဂလာရှိတဲ့နေ့ပဲ လို့ မှတ်ရမယ် (မှန်ပါ့)၊
မိထွေးတော်ဂေါတမီက ခေါင်းဆောင်
အဲဒီမှာ ရှင်နန္ဒက အကြောင်းလေး နည်းနည်းစ,ကြစို့ (မှန်ပါ့)၊ ရှင်နန္ဒက သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတုန်း ဒီဘိက္ခုနီမငါးရာ မယ်တော်မာယာ၏ ညီမတော် ဘိက္ခုနီမ သူက ခေါင်းဆောင်ပေါ့ဗျာ (မှန်ပါ့)။
သူက ဘိက္ခုနီမ ခေါင်းဆောင်ကြီးလုပ်ပြီးသကာလ နန်းတော်ထဲကနေပြီး သူနဲ့အတူ ငါးရာတွေအကုန်ထွက်၊ ခေါင်းရိတ်ပြီး သကာလ ဒို့အကုန် ဘိက္ခုနီမလုပ်ရအောင်ဆိုပြီး ဘုရားဆီ အမျိုးမျိုး အကြိမ်ကြိမ်တောင်းပန်ပြီးသကာလ ဘိက္ခုနီမ မဟာပဇာပတိ ဂေါတမီလို့ ခေါ်ကြတာ ပေါ့ဗျာ (မှန်ပါ့)။
အဲ သူက ခေါင်းဆောင်လုပ်ပြီး နန်းတော်ရှိတဲ့ ငါးရာ တွေ အကုန်ခေါ်ပြီး ဘိက္ခုနီမလုပ်တယ် (မှန်ပါ့)၊ ကဲ ဘိက္ခုနီမလုပ်တဲ့စစ်တမ်းတော့အသာထား၊ ဘိက္ခုနီမ ဖြစ်ကြတော့ ဘုရားသွားလျှောက်တယ်။
ဘုရားက သူက နို့ချိုတိုက်ကျွေးပြီး ကြီးလာခဲ့တာကိုး (မှန်ပါ့)၊ မဟာပဇာပတိဂေါတမီက မယ်တော် မာယာက ခုနစ် ရက်နေ သေသွားတာကိုး (မှန်ပါ့)၊ သူနဲ့ကြီးရင့်တယ်ဆိုတာ ကတော့ ဒကာ ဒကာမတွေ ကြာဖူးပါပြီ (မှန်ပါ့)။
ရဟန်းတွေ တရားသွားဟောရတယ်
အဲဒါနဲ့ “အရှင်ဘုရားတဲ့ ဘိက္ခုနီမတွေကို အလှည့်ကျ နဲ့ တရားဆုံးမဖို့ရာ အရှင်ဘုရားက အမိန့်ပေးစမ်းပါအုံး ရဟန်းယောက်ျားတွေကို” (မှန်ပါ့)။
ဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ညီတော် အာနန္ဒာ ရဟန်းယောက်ျားတွေ ဘိက္ခုနီမတွေ အလှည့်ကျ ဘိက္ခုနီမကျောင်းသွားပြီး နေ့တိုင်း အလှည့်ကျ တရားဟော ပေ ရမယ်လို့ အမိန့်ထုတ်လိုက်တော့ ဒီပြင် ရဟန်းတွေ အကုန် ဟောကြတယ် (မှန်ပါ့)၊ ကျွတ်ကို မကျွတ်ဘူးတဲ့ ဒကာကြွယ် ရေ (မှန်ပါ့)။
ရှင်နန္ဒကကိုပဲ တောင့်တနေတယ်
ကျွတ်ကိုမကျွတ်ဘူး၊ ဘာကြောင့် မကျွတ်ပါလိမ့်မတုံးလို့ ဒကာသစ်၊ ဒကာကြွယ်တို့က မေးလို့ရှိရင်ဖြင့် သူတို့တောင့်တ နေတာက ရှင်နန္ဒက လာဟောမှသာလျှင် ဒို့တော့ ကျွတ်တမ်း ဝင်မယ် (မှန်ပါ့)၊ ရှင်နန္ဒကပဲ တောင့်တနေ၊ ဒီပြင်လူတွေ၊ ဒီပြင်သံဃာတွေ ဟောနေတာ။
ရှင်အာနန္ဒာတို့ အမျိုးမျိုးအဖုံဖုံဟောနေ၊ ရှင်သာရိပုတ္တရာ တို့၊ ရှင်မောဂ္ဂလာန်တို့ဟောနေတာ မကျွတ်ပါဘူး (မှန်ပါ့)၊ ရှင်နန္ဒကိုပဲတောင့်တနေတယ်၊ ဘယ့်နှယ်ကြောင့် တောင့်တနေ ပါလိမ့်မတုံးလို့ မေးတော့ ဘဝပေါင်းများစွာက အပေါင်းအဖော် ဖြစ်ခဲ့ကြတယ် (မှန်ပါ့)၊
ဘဝရေစက်က ပါလာတယ်
ဘဝပေါင်းများစွာက အပေါင်းအဖော်ဖြစ်ခဲ့ကြတော့ အင်မတန်မှ မျှော်လင့်၊ ဘဝရေစက်က ပါလာကြတယ် (မှန်ပါ့)၊ ရှင်နန္ဒကလဲ “ဒီဘိက္ခုနီမငါးရာဟာ ငါရဲ့ ဘဝများစွာ သံသရာတုန်းက ကိုယ့်အလုပ်အကျွေးမတွေ ဖြစ်ခဲ့ကြတယ်” (မှန်ပါ့)။
ငါကထိုင်ပြီး ဘိက္ခုနီမတွေ ငါ့အလှည့်ကျလို့ တရား ဟောလို့ရှိရင် “ဪ သူလို အဘိဉာဏ်ရတဲ့ ပုဂ္ဂိုလ်တွေက ဘိက္ခုနီမတွေနဲ့ ခုထက်ထိပဲ ဆက်သွယ်တုံးကိုး၊ သံသရာကလဲ ဆက်သွယ်ခဲ့ပြီ၊ ခုလဲ ဆက်သွယ်တုံးပဲကိုး”လို့ သူများမြင်မှာ သိပ်ရှက်တယ် (မှန်ပါ့)။
သူများမြင်မှာ သိပ်ရှက်တာနဲ့ သူက သူ့အလှည့်ကျတဲ့ နေ့ကျရင် ရှင်အာနန္ဒာထံသွားပြီး “ရှင်အာနန္ဒာ၊ သင်္ကန်း ချုပ် စရာတွေရှိနေလို့ တခြားသွားပါ ရစေ၊ သပိတ်ဖုတ်စရာတွေ ရှိနေလို့ တခြားသွားပါရစေ” ဒီလိုချည်းပဲ သူရှောင်ဖယ် ရှောင် ဖယ်လုပ်နေတယ် (မှန်ပါ့)။
ရှင်နန္ဒက က မဟောချင်ဘူး၊
တစ်နေ့သ၌ကျတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး က “ညီတော်အာနန္ဒာ၊ နက်ဖြန် ဘိက္ခုနီမတွေလှည့်ဖို့ အလှည့် ကျတာ ဘယ်သူတုံးကွ”၊ “သံဃာတော့ ကုန်ပြီဘုရား” ရှင်အာနန္ဒာက ရှင်နန္ဒက၏ အလှည့်ပါပဲလို့၊ သို့သော် သူက မဟောချင်ဘူး (မှန်ပါ့)၊ မဟောချင်ဘူးတဲ့ ဒကာ ဒကာမတို့(မှန်ပါ့)။
ဘဝများစွာ သံသရာက ကိုယ်လုပ်မိန်းမတွေ တော်ခဲ့ တာကိုး (မှန်ပါ့)၊ အဲဒီလိုဖြစ်ပြီး သကာလ နေတော့ သူက ရှက်ကိုးရှက်ကန်းဖြစ်ပြီး သကာလ သူကလဲ နောက်ဘဝတွေ မြင်တာကိုး (မှန်ပါ့)။
ရှေးက ခင်ပွန်းမ ဖြစ်ခဲ့ဖူးတာတွေ
သူလို နောင်ဘဝတွေ မြင်တဲ့ပုဂ္ဂိုလ်တွေ မြင်သွားရင် ခုထက်ထိ သူဒီရှေးက ခင်ပွန်းမ ဖြစ်ဖူးတာတွေနဲ့ မခွဲနိုင်တဲ့ `သဘောမျိုး တွေးသွားမှာ သိပ်စိုးရိမ်တယ် (မှန်ပါ့)။ ဒါနဲ့ပဲ ဘုရားက “ဘယ်မလဲ နန္ဒက ခေါ်လိုက်ကွ” ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခေါ်လိုက်၊ “နက်ဖြန် ဘိက္ခုနီမတွေ သွားဆုံးမရမယ်” အမိန့်တော်မှတ်လိုက်တယ် (မှန်ပါ့)။
နက်ဖြန်ကျတော့ သာဝတ္ထိပြည်ထဲ ဆွမ်းခံပြန်ပြီး ဆွမ်းခံသွား၊ ဆွမ်းခံပြန်တဲ့အခါကျတော့ ဘိက္ခုနီမကျောင်းတွေ ဝင်တော့ ဘိက္ခုနီမတွေကပဲ ရှင်နန္ဒက လာတယ်ဆိုလို့ရှိရင် သူတို့တော့ ရှင်နန္ဒက တရားသာ သူတို့နာရလို့ရှိရင် သောတာ ပန်တည်မှာ (မှန်ပါ့)၊ သူတို့ချင်း ပြောနေကြတာ (မှန်ပါ့)။
သူ့အကြောင်းနဲ့သူ လာကြတာ
တစ်ချို့ကလဲ သကဒါဂါမ်တည်မှာ (မှန်ပါ့)၊ တစ်ချို့ ကလဲ အနာဂါမ်တည်မှာ၊ တစ်ချို့ကတော့ ရဟန္တာဖြစ်မှာ၊ ကျုပ်တို့ကတော့ (မှန်ပါ့)၊ ဒကာ ဒကာမတို့ သူ့ အကြောင်းနဲ့ သူ့ရေစက်နဲ့ သူလာတာနော် (မှန်ပါ့)။
ဒီတင်မှ ဘိက္ခုနီမ ကျောင်းဝင်ပြီး သကာလ သီတင်းသုံး ပြီးသကာလ ဘိက္ခုနီမတွေ စုနေတဲ့အချိန်မှာ “ဘိက္ခုနီမတို့၊ ငါက မေးလို့ရှိရင်လဲ သင်တို့က ဖြေကြ ”(မှန်ပါ့)။
ငါက မေးရင် ဖြေကြပါ
“ငါက မေးလို့ရှိရင်လဲ ဖြေကြ”ဆိုတော့ အခုဘုန်းကြီး များ ဟောသလိုပေါ့လေ (မှန်ပါ့)၊ နားလည်ကြရဲ့လား၊ လည်ပါရဲ့၊ဒါဘာတုံး၊ ဒါ ဘယ်အဓိပ္ပာယ်တုံးဆို၊ ဘယ်အဓိပ္ပာယ် ဖြေကြသလို နားလည်ကြရဲ့လားလို့ မေးလို့ရှိရင်လဲ နားမလည်၊ မလည်ဘူးပြောပါ၊ ဒါ ထပ်ပြောဖို့ပါပဲ (မှန်ပါ့)။
ပြန်ထပ်ပြီးမေးပါ အစရှိသည်နဲ့ ဘိက္ခုနီမတွေကို ပြော လိုက်ကိုလိုက်ဆိုတော့ ဘိက္ခုနီမတွေက ဒီအထဲက သူတို့ စိတ်ထဲမှာ ကြက် မွေးညှင်းထ၊ ပီတိသောမနဿတွေဖြစ်ပြီး ဒီပြင့် ကိုယ်တော်တွေ ဒီလို ဖိက်ကြားတာမဟုတ်ဘူး (မှန်ပါ့)။
“ဒီကိုယ်တော်ကတော့ ဖိတ်ကြားတာပဲ၊ ဒါကြောင့် တို့ မျှော်လင့်ထားတဲ့အတိုင်း ဒို့တော့ သောတာပန်တည်မှာပဲ၊ တို့ သကဒါဂါမ်တည်မှာပဲ၊ ဒို့အနာဂါမ်၊ ဒို့ ရဟန္တာတွေဖြစ်ကြ မှာပဲ” ဆိုတဲ့ စိတ်ထားတွေက အင်မတန် စိတ်ထဲမှာ ရွှင်ပျနေ တယ် (မှန်ပါ့)။
နွားသေတစ်ကောင် ဥပမာ
အဲဒီရွှင်ပျနေတဲ့အချိန်ကျတော့မှ ရှင်နန္ဒက တရားထ ဟောတယ် (မှန်ပါ့)၊ ဘိက္ခုနီမတို့ နွားတစ်ကောင်ရှိတယ် ဟေ့၊ နွားသေတစ်ကောင် ရှိတယ်တဲ့၊ အဲဒီနွားသေတစ်ကောင် ကို အရေကို လိုချင်လို့ရှိရင်ဖြင့်တဲ့ နွားဖျက်တဲ့ သားလှီးဓား နဲ့ အရေနဲ့ အသား အရေကိုလဲ ခွာရတော့မယ်၊ အသားနဲ့ကွဲ အောင်လဲ လုပ်ရတော့မယ် (မှန်ပါ့)။
မလုပ်ရပေဘူးလား (လုပ်ရမှာပါ ဘုရား)၊ အဲဒီတော့ ဒီအပြင်ဘက်က အရေနဲ့ အတွင်းအသားနဲ့ ကြားထဲမှာ အကြောလေး ကိုးရာသောအကြောငယ်လေးတွေက မရှိဘူးလား၊ (ရှိပါ တယ် ဘုရား)၊ အဲဒီ အကြောငယ်ကလေးတွေလဲ သားလှီး ဓားနဲ့ ဖြတ်ရလိမ့်မယ် (မှန်ပါ့)။
အကြောငယ်တွေ ဓားနဲ့ဖြတ်ပါ
အဲဒီအကြောငယ်ကလေးတွေ သားလှီးဓားနဲ့ ဖြတ်လိုက်တဲ့ အခါကျတော့ ဘိက္ခုနီမတို့တဲ့ အပေါ်ယံအရေနဲ့ အောက် အသားနဲ့ အကြောလေးတွေကလဲ သားလှီးဓားနဲ့ ဖြတ်လိုက် တာနဲ့ နောင်အခါကျလို့ ရှိရင်ဖြင့် ဒီအရေတွေ အကုန်ကွာပြီး သွားတဲ့အချိန်မှာ
တစ်နေရာရွှေ့ပြီး ဒီအရေနဲ့ ဒီနွားနဲ့ အောက်ကျန်နေတဲ့ အသား နွားပုံကြီးနဲ့ သွားဆက်လိုက်တဲ့ အခါ နွားဟူသော အမူအရာ ဖြစ်နိုင်သေးရဲ့ လားလို့ မေးတယ် (မှန်ပါ့)၊ ကဲ ဒကာ ဒကာမတွေကော ဖြစ်နိုင်စရာ မြင်သေးရဲ့လား (မဖြစ်နိုင်ပါ ဘုရား)။
ဘယ်နည်းနဲ့မှပြန်စပ်လို့ ကပ်လို့ နွားဟူသော ပုံသဏ္ဌာန် ဟန်ပန်ကြီး ထွက်လာဖို့ ရာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။
နွားအရေနဲ့ တူတယ်
မရှိတော့ဘူးဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ အဲဒီအတိုင်းပဲကွတဲ့၊ မင်းတို့သည်ကား ဆိုလို့ ရှိရင် ပြင်ဘက်က အာယတနတွေက ရူပ သဒ္ဒ ဂန္ဓ ရသ ဓမ္မတွေ ဆိုတဲ့ ခုနကပြထားတဲ့ ပြင်ဘက်က ခြောက်ခုက နွားအရေနဲ့ တူတယ် (မှန်ပါ့)။
နွားကောင်ကြီးနဲ့ တူတယ်
ဒီ စက္ခု သောတ ဃာန ဇိဝှာ ကာယ မန ဝတ္ထုတွေက ခြောက်ခုသော အဇ္ဈတ္ထိကာယတန တွေက နွားကောင်ကြီးနဲ့ တူတယ် (မှန်ပါ့)။
အကြောတွေက တဏှာနဲ့ တူတယ်
အလယ်မှာ ငြိတွယ်နေတာတွေက တဏှာနဲ့တူတယ် (မှန်ပါ့)၊ ကြောသေး ကြောမတွေက ဘာနဲ့တူ (တဏှာနဲ့ တူပါတယ် ဘုရား)၊ အဲဒါကို ကွာတဲ့၊ ခုနက သားလှီးဓားနဲ့ ဒီအကြောတွေ ဖြတ်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမ တို့ သိတဲ့အတိုင်း နွားကောင်းပြန်ဖြစ်စရာ မြင်သေးရဲ့ လား (မမြင်ပါဘူး ဘုရား)။
အဲသည်လိုပဲတဲ့ သင်တို့သည်ကား ဆိုလို့ ရှိရင် တရား အားထုတ်တဲ့အခါကျလို့ ရှိရင် ဒီမဂ်တည်းဟူသော ဗောဇ္ဈင်မဂ္ဂင်တည်းဟူသော တရားတွေနဲ့ ဒီကြောသေး ကြောမနဲ့ ဆက်နေတဲ့ တဏှာကို သင်တို့ ဖြတ်ရလိမ့်မယ် (မှန်ပါ့)၊ သဘောကျရဲ့ လား (ကျပါတယ် ဘုရား)။
သင်တို့ ဖြတ်ရလိမ့်မယ်၊ ဖြတ်လိုက်တဲ့အခါကျလို့ရှိရင် သင်တို့ သောတာပန် တည်နိုင်တယ်၊ သကဒါဂါမ် တည်နိုင် တယ်၊ အနာဂါမ်တည်နိုင်တယ်၊ ရဟန္တာဖြစ်နိုင်တယ်ဆိုတာ ကိုယ်ဖြတ်တဲ့ ဖြတ်အားရှိသလောက်တော့ ဖြတ်ကြရမှာပေါ့ဗျာ (မှန်ပါ့)။
ဘယ်လိုရှုပြီး၊ ဘယ်လိုလုပ်ရမှာတုံး
ဖြတ်အားရှိသလောက် (ဖြတ်ရမှာပါ ဘုရား)၊ ဖြတ်ရမှာပဲ ဆိုတာ အင်မတန်သေချာတယ်လို့ ဟောတော့ ဒါဖြင့် ဘုရားတဲ့ တပည့်တော်တို့ ဘယ်လိုရှုပြီး ဘယ်လိုလုပ်ရမှာတုံး (မှန်ပါ့)။
မေးလိုက်တယ်နော် (မှန်ပါ့)၊ ဟောဒီအဆင်းတွေ့ ပြန်လို့ရှိရင်ဖြင့်တဲ့ အဆင်းဟာ အနိစ္စလား၊ နိစ္စလား ဆိုရင် ဘယ်နှယ်ဖြေကြမတုံး (အနိစ္စပါ ဘုရား)။
အင်း အနိစ္စဖြစ်တဲ့ တရားဟာ ဒုက္ခလား၊ သုခလား မေးလို့ရှိရင် (ဒုက္ခပါ ဘုရား)၊ အဲဒီ အနိစ္စ ဒုက္ခဖြစ်တဲ့ တရားဟာ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား (မဆို နိုင်ပါဘူး ဘုရား)။အဲ အနတ္တပြတာနော် (မှန်ပါ့)၊
ထို့အတူပဲတဲ့၊ ဒီဘက်က မျက်လုံးကိုလဲ အနိစ္စလား၊ နိစ္စလားရှုကြ (မှန်ပါ့)၊ ဘာဆို ကြမယ် (အနိစ္စပါ ဘုရား)။ အဲဒီ အနိစ္စဖြစ်တဲ့တရားဟာ သုခလား၊ ဒုက္ခလားလို့ မေးလိုက်တယ် (ဒုက္ခပါ ဘုရား)၊ အဲ ဒုက္ခဖြစ်ပျက်ကိုးဗျာ၊ ဒုက္ခဖြစ်တဲ့ တရားဟာ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာလို့ စွဲနိုင်ရဲ့လား (မစွဲနိုင်ပါ ဘုရား)၊ မစွဲနိုင် ငါ့ကိုယ် မဟုတ်ဘူး၊ ငါ့ဟာမဟုတ်ဘူး၊ ငါ့ဥစ္စာမဟုတ်ဘူးဆိုတဲ့ အနတ္တပေါ့ (မှန်ပါ့)။
အဲ နင်တို့ ဒီဘက်ကိုလဲဖြစ်ပျက်ရှု၊ ဒီဘက်ကိုလဲ ဖြစ်ပျက်ရှု (မှန်ပါ့)၊ ဒီဘက် ဖြစ်ပျက်ရှု လိုက်တဲ့အခါ ဒီဘက် က ချုပ်ပျောက်မသွားပေဘူးလား (သွားပါတယ် ဘုရား)။
တဏှာကို ဉာဏ်ကဖြတ်နေတာ
ချုပ်ပျောက်ပြီးသကာလ သွားတော့ကိုတဲ့ ဒကာ ဒကာမ တို့ ဒီဟာတွေဖြစ်ပျက်ရှုနေတော့ တဏှာကို ဒီဉာဏ်က ဖြတ်နေတာ (မှန်ပါ့)၊ သူ့ဟာသူ တွဲ နေတာ ဟိုဘက်က တခြား၊ အဇ္ဈတ္တိကာယတန တခြား၊ ဗဟိဒ္ဓါယတနက တခြားရယ်လို့ သေသေချာချာသိပြီး ရှုနေတဲ့အချိန်မှာ ဟိုဟာတွေ အနိစ္စတွေဖြစ် သွားတော့ သူက ဒီဘက်အနိစ္စနဲ့ အဆက်အသွယ်ပြတ်တယ်။
ဒီဘက်က အနိစ္စနဲ့ကော (အဆက်အသွယ် ပြတ်ပါတယ် ဘုရား)၊ အင်း ဘယ့်နှယ်ကြောင့် ဖြတ်သွားပါလိမ့်မတုံး ဆိုတော့ ဟောဒီမဂ်နဲ့ရှုနေလို့ (မှန်ပါ့)၊ မဂ်နဲ့ သူ့ကို ဖြတ်တာ (မှန်ပါ့)။
ရှုတော့ သူ့ရှုတာပဲ၊ ပြတ်တော့ သူကပြတ်တယ် (မှန်ပါ့)၊ ရှုတော့ အတွင်းအာယတန၊ အပြင်အာယတနတွေ ရှုနေတာပဲ (မှန်ပါ့)၊ ပြတ်တော့ အလယ်မှာ ဆက်သွယ်ထားတဲ့ ကြောသေး၊ ကြောမနဲ့ တူတဲ့ တဏှာက ပြတ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက်ပွားတာနဲ့ တဏှာသေတယ်
အဲဒီလို သင်တို့သည် ရှုကြမယ်ဆိုလို့ရှိရင်ဖြင့် ထိုက် တန်တဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအစရှိ သည်တို့ တည်ဖို့ဖြစ်နိုင်တယ် (မှန်ပါ့)၊ ဒါဖြင့် မဂ္ဂင်၊ ဗောဇ္ဈင် ကို ပွားတာသည် အင်း ဖြစ်ပျက်ပွားတာနဲ့ တဏှာသေတယ်၊ သိကြပလား (သိပါပြီ)။
ဒီကဖြစ်ပျက်က အထည်ရှိသေးသလား (မရှိတော့ပါ။ ဘုရား)၊ တဏှာက ဒီဘက်ငြိလို့ ရသေးရဲ့ လား (မရတော့ : ပါ ဘုရား)၊ ဒီဘက်က ဖြစ်ပျက်ဆိုတော့လဲ ဖြစ်ပျက်တရား ဖြစ်နေတော့ ဒီတဏှာက ဆက်ထားတာ၊ ဆက်လို့ရသေးရဲ့လား (မရပါ ဘုရား)။
ဆက်လို့မရတော့ တဏှာဆိုတာ ဆက်သွယ်လို့ရမှ နေနိုင် တာ (မှန်ပါ့)၊ ဆက်သွယ်လို့ရမှ နေနိုင်တဲ့တရား မဆက်သွယ် ဘဲနဲ့ ချုပ်သွားတယ် (မှန်ပါ့)။
အနိစ္စရှုတာနဲ့ တဏှာသေတယ်
မဆက်သွယ်ရတော့ ချုပ်သွားတယ် (မှန်ပါ့)၊ ဒါကြောင့် ဒကာ ဒကာမတွေက မှတ်စရာက ဪ အနိစ္စရှုတာနဲ့ တဏှာသေတယ် (မှန်ပါ့)၊ ရုပ်တွေ အနိစ္စရှုတာနဲ့ တဏှာ သေတယ်၊ နာမ်တွေ အနိစ္စရှုတာနဲ့ တဏှာသေတယ်။
ဒကာ ဒကာမတို့၊ သူဆက်သွယ်တဲ့တရား ဖြတ်ပစ်လိုက် တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အင်း ဘယ်လို ဖြတ်ပစ်ပါလိမ့်ဗျာ (ဖြစ်ပျက် ဝိပဿနာရှု ဖြတ်ပစ်ပါတယ် ဘုရား)၊ ဒါကြောင့် ခင်ဗျားတို့ ဝေဒနာကြိုက် ဝေဒနာရှု (မှန်ပါ့)။
ရုပ်တွေကြိုက်ရင် (ရုပ်တွေရှုပါတယ် ဘုရား)၊ ရှုရမှာပဲ။ စိတ်တွေကြိုက်ရင် (စိတ်ရှုရပါမယ် ဘုရား)၊ ရှုသာ ရှုပါ။ ဒီဘက် မနာယတနတစ်ခုရှုမယ်ဆိုလဲ ရှုသာရှုပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ရှုလိုက်လို့ရှိရင်ဖြင့် မနာယတနနဲ့ ရှုလဲ သူလဲဆက်သွယ် နေတဲ့ ဒကာ ဒကာမတို့အာရုံနဲ့က လွဲ သွားတယ် (မှန်ပါ့)။
ဒီစိတ်ကလဲ အနိစ္စဆိုကတည်းက တဏှာဘယ်သွား တွယ်မတုံး (တွယ်စရာမရှိပါဘူး ဘုရား)၊ စိတ်မှ မရှိဘဲနဲ့ စိတ်၏ အာရုံကော ရှိပါအုံးမလား (မရှိပါဘူး ဘုရား)။
တဏှာဘယ်သွားတွယ်မှာတုံး
မရှိတော့ အဲဒီ အာရုံကလဲ အနိစ္စရောက်သွား၊ တဏှာ ဘယ်သွားတွယ်မတုံး၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ ဘုန်းကြီးက ရှင်းရှင်းလင်းလင်းပြောတာ တစ်ခုခုရှုရင် တဏှာသည် သူ့အလိုလိုသေတယ် (မှန်ပါ့)။
ငြိနေတဲ့အထည်ကို ဖြတ်လိုက်သဖြင့် တုဏှာသည်ကား ဆိုလို့ရှိရင် သူ ဒီနေရာက နေနိုင်သေးရဲ့ လား (မနေနိုင်ပါဘူး ဘုရား)။
သူက နှစ်ဘက်တွဲမှ နေနိုင်တာကိုးဗျာ (မှန်ပါ့)၊ အတွင်း နဲ့အပြင်နဲ့တွဲနေရမှ ဒီတဏှာက နေနိုင်တာ (မှန်ပါ့)၊ အဲဒီတော့ အတွင်းကိုလဲရှုလိုက်၊ အပြင်ကိုလဲ ရှုလိုက်၊ ရှုချင်တာ ရှုလိုက်၊ သတိပဋ္ဌာန်လေးပါး တစ်ပါးပါးရှုလိုက်။
ထိုကဲ့သို့ ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တဏှာတွယ်စရာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။ –
ဒါဖြင့် ဖြစ်ပျက်ရှုတာနဲ့ တဏှာသေတယ် (မှန်ပါ့)၊ ဖြစ်ပျက်ရှုတာနဲ့ ဒိဋ္ဌိသေတယ် (မှန်ပါ့)၊ ဒကာသစ် ဘာတဲ့ (ဖြစ်ပျက်ရှုတာနဲ့ တဏှာသေပါတယ် ဘုရား)။
ဖြစ်ပျက်ရှုတာနဲ့ (ဒိဋ္ဌိသေပါတယ် ဘုရား)၊ သေရမှာပဲ။ (မှန်ပါ့)၊ မသေပါနဲ့ဆိုလို့ (မရပါဘူး ဘုရား)၊ ဘာကြောင့် မရသလဲဆိုတော့ တွယ်စရာမရှိလို့ (မှန်ပါ့)၊ တွယ်စရာ မရှိတော့ နေစရာ ရှိသေးသလား (မရှိတော့ပါ ဘုရား)၊ နေစရာ မရှိတာကို တဏှာသေတယ်ခေါ်တာပဲ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတွေ၊ ဒါဘုန်းကြီး တန်ဆာဆင် ပြောတဲ့ တရားမဟုတ်၊ ခုနက နွားပြင်ဘက်အရေနဲ့ အတွင်း က အသားတွေဆက်သွယ်ထားတာက တဏှာတည်းဟူ သော ကြောသေးကြောမနဲ့ တူတဲ့ တဏှာက ပြတ်ပြီးသားဖြစ်သွားတယ် (မှန်ပါ့)။
သားလှီးဓားသည် မဂ်နဲ့တူ တယ်
သားလှီးဓားနဲ့ဖြတ်လိုက်တာ (မှန်ပါ့)၊ သားလှီးဓား သည် ဘာနဲ့ တူပါသတုံး မေးတော့မှ မဂ်နဲ့တူသကွာ (မှန်ပါ့)။
ဗောဇ္ဈင်နဲ့တူတယ်၊ မဂ္ဂင်တို့ ဗောဇ္ဈင်တို့နဲ့ တူပါတယ် လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက စွဲစွဲမြဲမြဲမှတ်လိုက်ပါ (မှန်ပါ့)၊ ဘာနဲ့တူပါသတုံးမေးတော့မှ မဂ်နဲ့တူသကွာ (မှန်ပါ့)။
ဗောဇ္ဈင်နဲ့တူတယ်၊ မဂ္ဂင်တို့ ဗောဇ္ဈင်တို့နဲ့ တူပါတယ် လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက စွဲစွဲမြဲမြဲမှတ်လိုက်ပါ (မှန်ပါ့)၊ ဘာနဲ့တူသတုံး (မဂ်နဲ့တူပါတယ် ဘုရား)။
ဓားကို ထက်အောင်သွေးပါ
မဂ္ဂင်၊ ဗောဇ္ဈင်နဲ့ တူတယ်လို့သာ မှတ်လိုက်ပါတော့။ မဂ္ဂင်၊ ဗောဇ္ဈင် အတူတူပဲ နော် (မှန်ပါ့)၊ ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးက ဥပမာလေးတစ်ခု ဒကာ ဒကာမတွေကို ပြောချင်တာက ဒကာ ဒကာမတို့၊ ဓားကို ထက်အောင် သွေးထား ပါ (မှန်ပါ့)။
ဓားကိုထက်အောင် သွေးထားငြားသော်လဲ ဒကာ ဒကာမတို့သန္တာန်၌ ဓားချထားရုံနဲ့တော့ဖြင့် ခုနက ကြောသေး ကြောမလေးတွေ ပြတ်ပါ့မလား (မပြတ်ပါ ဘုရား)၊ ဪ ဘာကြောင့် မပြတ်ပါလိမ့်၊ ဓားမထက်လို့လားမေးတော့ ဓားတော့ထက်ပါရဲ့ (မှန်ပါ့)။
လုံ့လပယောဂနဲ့ ကိုင်ပြီး မဖြတ်လို့ မပြတ်ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အဲဒါကြောင့်တဲ့ ဒကာ ဒကာမတို့၊ သမ္မဝါယာမဆိုတဲ့ မဂ္ဂင်လေး ကြိုးစားပါ (မှန်ပါ့)၊ ဒါမှ သမ္မာဒိဋ္ဌိ ဆိုတဲ့ ဓားဟာ ထက်ပါတယ် (မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။
မဂ္ဂင်ဓားနဲ့ဖြတ်ရင် ပြတ်ရမယ်
သမ္မာဝါယာမဆိုတဲ့ မဂ္ဂင်နဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ က ခုနက မဂ္ဂင်ဓားကို ကိုင်လိုက်ပြီဆိုမှဖြင့် သမ္မာဝါယာမ ဆိုတဲ့ ဝီရိယတရား မဂ္ဂင်ဓားကို သတိထားပြီးသကာလ ဖြတ် လိုက်မယ်ဆိုလို့ရှိရင် ကြောသေး ကြောမလေးတွေဟာ ပြတ်ရ မယ် (မှန်ပါ့)၊ ဒီတဏှာ ပြတ်ရမှာပဲ (မှန်ပါ့)။
မပြတ်ပါနဲ့ဆိုလို့ (မရပါ ဘုရား)၊ မရဘူးဆိုတာ သေချာ ကြပလား (သေချာပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒို့သည်ကားဆိုလို့ရှိရင် ဘာလိုနေပါလိမ့် မတုံးဆိုလို့ရှိရင် သိပြီး ချထားရုံနဲ့ တချို့တရားတွေမှာ ဒကာ ဒကာမတွေက နားမလည်တော့ သိပြီးသားပဲကွာ (မှန်ပါ့)။
ဟ မရဘူး၊ ဓားတောင်မှ ဒကာ ဒကာမတို့ သွေးလို့ ထက်နေပြီ၊ ချထားလို့ရှိရင် သူအလိုလို ပြတ်ရိုးထုံးစံမရှိဘူး (မှန်ပါ့)၊ ဓမ္မတာ မရှိပါဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
ဝီရိယက လက်နဲ့တူတယ်
ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ဝီရိယ တည်း ဟူ သော လက်နဲ့ ကိုင်ပြီးသကာလ သမ္မာဒိဋ္ဌိမဂ္ဂင်နဲ့ ဖြစ်ပျက် ကို ရှုမှသာလျှင် တဏှာသေမှာပဲ (မှန်ပါ့)။
ဝီရိယတည်းဟူ သော မဂ္ဂင်နဲ့ သမ္မာဒိဋ္ဌိတည်းဟူသော ဓားကို ကိုင်မှသာလျှင် ခုနက တဏှာပြတ်မယ် (မှန်ပါ့)၊ ဖြစ်ပျက်ရှုလိုက်ရင်လေ(မှန်ပါ့)၊ ရှင်းကြပလား(ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် ဓားတောင်မှ သွေးပြီး ချထားရင် ဖြတ် တောက်တဲ့ အလုပ် သူကိုယ်တိုင် မလုပ်နိုင်ဘူးဆိုတာ မထင်ရှား ဘူးလား (ထင်ရှားပါတယ် ဘုရား)။
သမ္မာဒိဋ္ဌိက ဓားနဲ့တူ တယ်
မဂ္ဂင်ငါးပါးနဲ့ ရှုစမ်းပါ-မဂ္ဂင်ငါးပါးနဲ့ ရှုစမ်းပါဆိုတာက ဓားက ဘာနဲ့တူသတုံးဆိုတော့ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပနဲ့ တူတယ်။ (မှန်ပါ့)၊ သမ္မာသတိ၊ သမ္မာသမာဓိ၊ ဝီရိယတို့က လက်နဲ့ တူတယ် (မှန်ပါ့)၊
အဲဒီတော့ ဒီမဂ္ဂင် ငါးပါးကို နှစ်ပါးက ဓား၊ သုံးပါးက လက် ဆိုတော့ အဲဒါနဲ့ကိုင်ပြီး ဖြတ်ရတော့မယ်ဆိုလို့ရှိရင်ဖြင့် ဟိုဘက်၊ ဒီဘက် ရောစရာရှိသေးရဲ့ လား (မရှိပါ ဘုရား)။
မရောနိုင်လို့ရှိရင် ဘာသေသွားလို့ မဆက်နိုင်ပါလိမ့်မတုံး ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာသေသွားလို့ ပါလိမ့် (တဏှာ သေသွားလို့ပါ ဘုရား)။
တဏှာတည်းဟူ သော ကြောသေး ကြောမနဲ့ ဆက်ထား တာလေးက တဏှာတည်းဟူ သော တရားက ဆက်သွယ်ထား ဆက်သွယ်ခွင့်မရတော့ဘူး (မှန်ပါ့)၊ ရသေးရဲ့လား (မရ ပါ ဘုရား)။
ခင်ဆိုတဲ့တဏှာ မလာတော့ဘူး။
အင်း ဒီဘက် အနိစ္စနဲ့ ဒီဘက်ကလဲ အနိစ္စ၊ သိသွား တော့ ခင်ဆိုတဲ့တဏှာက ဘယ်မှာလာသေးလို့တုံး (မလာပါ ဘုရား)။
ခင်ဆိုတဲ့ တဏှာကမလာတော့ ပြတ်တောက်ပြီး ထွက် သွားတယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီအကြောင်းသိသဖြင့် သြော် ဓားနဲ့လက်ဆိုတာ ကိုင်ခုတ်မှ ရမှာပါလား (မှန်ပါ့)။
ဆုတောင်းနဲ့တော့ မရဘူး
ဆုတောင်းနဲ့တော့ဖြင့် (မရပါ ဘုရား)၊ ဆုတောင်းနဲ့ တော့ မရနိုင်ဘူး (မှန်ပါ့)၊ ဆုတောင်းက ဓားလဲ မပါဘူး ဗျာ (မှန်ပါ့)။ လက်လဲ (မပါပါ ဘုရား)၊ ပါးစပ်ချည်းပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဘာချည်းဖြစ်နေတာတုံး (ပါးစပ်ချည်း ဖြစ်နေတာပါ ဘုရား)။
ပါးစပ်နဲ့ ဖြတ်လို့ ကတော့မရဘူး (မရပါ ဘုရား)၊ သဘော ကျပလား (ကျပါတယ် ဘုရား)၊ အင်း သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပတည်းဟူသော ဓားကိုကိုင်၍ (မှန်ပါ့)။
သမ္မာသတိ၊ သမ္မာသမာဓိ၊ သမာဝါယာမဆိုတဲ့ ဝီရိယ တည်းဟူ သော လက်နဲ့ကိုင်ပြီး သကာလ ခုနက သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပဆိုတဲ့ဓားကို ခင်ဗျားတို့ လုံ့လပယောဂနဲ့ဖြတ်ပါ လို့ဆိုတဲ့ အနိစ္စကြပ်ကြပ်ရှုပေး (မှန်ပါ့)။
ဖြစ်ပျက်ကြပ်ကြပ်ရှုပေးပါ
ဖြစ်ပျက်ကြပ်ကြပ်ရှုပေးပါ (မှန်ပါ့)၊ ခန္ဓာကိုယ်ထဲက ကြိုက်ရာကို ဖြစ်ပျက်ရှုပေးလိုက်တဲ့အခါ တဏှာဖြတ်နေတာသာ မှတ်ပေတော့ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (တဏှာဖြတ်နေတာလို့ မှတ်ရ မှာပါ ဘုရား)၊ တဏှာဖြတ်နေတာ မှတ်ကြပေတော့ ဒကာ ဒကာမတို့။
ဒါဖြင့် ဒီတဏှာ ဖြတ်တဲ့အခါကျတော့ တဏှာသေသွား တယ်၊ တဏှာနိရောဓာ ဘယ့်နှယ်ဆိုကြမယ် (ဥပါဒါန နိရောဓောပါ ဘုရား)။
တဏှာနိရောဓာ (ဥပါဒါနနိရောဓောပါ ဘုရား)၊ ဥပါဒါန်မရှိတော့ဘူး (မှန်ပါ့ မရှိပါ ဘုရား)၊ ဘယ်ဘဝတွယ်တာတဲ့ ဥပါဒါန်ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။
ဥပါဒါန နိရောဓာ ကမ္မဘဝနိရောဓော၊ ကံကော ဘယ့် နှယ်နေတုံး (ကုန်သွားပါတယ် ဘုရား)၊ ကံလဲကုန်သွားတယ်။ ကမ္မဘဝနိရောဓာ ဇာတိနိရောဓောဆိုတော့ နောက်ဘဝလာသေး ရဲ့ လား (မလာတော့ပါ ဘုရား)၊ ဇာတိပဋိသန္ဓေလာနိုင်သေး မှ ရဲ့လား (မလာနိုင်တော့ပါ ဘုရား)။
တဏှာကိုဖြတ်ရင် ဇာတိချုပ်တယ်
ဪ ဒါဖြင့်လဲ တဏှာဖြတ်လိုက်လို့ရှိရင် ဥပါဒါန် ချုပ် ကံချုပ်ရင်ဖြင့် ဇာတိ ဇရာ မရဏတွေလဲ မချုပ်ပါနဲ့လို့ ရသေးရဲ့လား (မရပါ ဘုရား)။
အင်း ဒါကြောင့် ရှင်နန္ဒက, ဟောပေတာပဲ (မှန်ပါ့)၊ ဒကာကြွယ် ဥပမာလေးရော ဟောပုံရော ဘုန်းကြီးတို့ ဒီကနေ့ ဖြည့်စွက်ပြီးသကာလ ပြောလိုက်တဲ့အခြေအနေရောဆိုလို့ ရှိရင် တစ်ခုခုရှုလိုက်ရင်တော့ ရ,ရတော့မယ် (မှန်လှပါ ဘုရား)။
တစ်ခုခုရှုရင် (ရ,ရမှာပါ ဘုရား)၊ သတိပဋ္ဌာန် လေးပါး ထဲက တစ်ပါးပါးရှူရင် မရမရှိပါဘူး (မှန်ပါ့)၊ အဆက် အသွယ်ကော ဘယ့်နှယ်နေတုံး။
တဏှာအဆက်အသွယ်က သူက ဒကာ ဒကာမတို့၊ ဝေဒနာရှိ ဝေဒနာဆက်သွယ်မယ်၊ စိတ်ရှိ စိတ်ဆက်သွယ် မယ်၊ ရုပ်ရှိရင် ရုပ်ဆက်သွယ်ဆိုတာ မသေချာဘူးလား (သေချာ ပါတယ် ဘုရား)။
အဲဒါတွေ ကျုပ်တို့ကအနိစ္စရှုလိုက်တော့ သူရှုတဲ့ဉာဏ်က အဲဒီရှုငြားသော်လဲ ပြတ်တာက တဏှာ ခန္ဓာပြတ်တယ် (မှန်ပါ့)။
ဖြစ်ပျက်ရှုတာ တဏှာသေတယ်
ရှုတာကတော့ ဖြစ်ပျက်ရှုတာပဲ၊ သေတာက (တဏှာပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ရှုတာကတော့ ဖြင့် (ဖြစ်ပျက်ပါ ဘုရား)၊ ဖြစ်ပျက်ရှုတာပဲတဲ့ ဒကာ ဒကာမ ” တို့၊ သေတာက (တဏှာပါ ဘုရား)။
အင်း ဘယ်နှယ့်ကြောင့် သေပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့ကိုတဲ့ လူ ကုတာပဲ ရောဂါပျောက်သွားတယ်။ (မှန်လှပါ ဘုရား)၊ ကုတော့ လူကုတာပဲ (မှန်ပါ့)။
ဆေးသမားကတော့ မိန်းမကခေါ်သလား၊ ယောက်ျားက ခေါ်သလားတော့ ခေါ်ချင်တဲ့လူ ကတော့ ခေါ်ကြမှာပဲ၊ ဘယ်သူ့ သွားကုတယ်လို့ ပြောမှာပဲ (မှန်ပါ့)။
လူကုတာ ရောဂါပျောက်သွားတယ်
ခင်ဗျား ကုခဲ့တာ ဘယ်သူတုံး၊ ဟာ ယောက်ျားလေး ပါဗျာ၊ ဟာ မိန်းကလေးပါဗျာ၊ ကုတာကတော့ ယောက်ျား မိန်းမပဲ (မှန်ပါ့)၊ သေတာက ရောဂါ (မှန်ပါ့)။
သေတာက ဘာတုံး (ရောဂါပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ ဒီမှာကလဲ ကုတာတော့ ပြင်ဘက်ဟာတွေ၊ အတွင်းဟာတွေ ဖြစ်ပျက်ရှုတာပဲ (မှန်ပါ့)။
သေတာက ရောဂါနဲ့တူတဲ့ တဏှာသေတယ်၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)၊ အဲဒါတွေ သေသေချာချာသိတော့ မှ ဪ “ကုတာတခြား, ပျောက်တာတခြားလို့” ဒီလိုမထင် လိုက်ပါနဲ့၊ လူမှာစွဲနေတဲ့ဝေဒနာကို လူ ကုလိုက်လို့ရှိရင်ဖြင့် ဝေဒနာ ဒကာ ဒကာမတို့ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။
ဉာဏ်နဲ့သာကုလိုက်စမ်းပါ
ထို့အတူပဲတဲ့ ခန္ဓာမှာစွဲ နေတဲ့ တဏှာကို ခန္ဓာ အနိစ္စ ရယ်လို့ ဉာဏ်နဲ့သာ ကုလိုက်စမ်းပါ (မှန်ပါ့)၊ တဏှာ ဘယ်နှယ့် နေမတုံး (သေပါတယ် ဘုရား)။
ဝေဒနာဟာ ခုနပြောတဲ့ ဥပမာအတိုင်း ဝေဒနာမှာ မချုပ်ပါနဲ့ မပျောက်ပါနဲ့ဆိုလို့ ရပါ့မလား (မရပါဘူး ဘုရား)။
ဘယ့်နှယ်ကြောင့်တုံးလို့ မေးတဲ့အခါကျတော့ ကုစရာ ရှိတာ ကုလိုက်တော့ကို ဆိုင်ရာ ပျောက်သွားတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အနိစ္စရှုတာနဲ့ တဏှာသေတာ၊ သဘောကျပလား (ကျပါတယ် ဘုရား)။
အင်း မိန်းကလေးတစ်ယောက်ကို သွေးဝေဒနာဖြစ်နေ လို့ သွေးဝေဒနာ သွားကုလိုက်တယ် ဆိုတော့ မိန်းကလေး ကုခဲ့တယ်ပြောတာပဲ (မှန်ပါ့)။ဝေဒနာက သွားပျောက်နေတယ် (မှန်ပါ့)၊
ယောက်ျား ဒူလာရှိတဲ့သူ ကုလိုက်တယ်၊ ဘယ်သူကုလိုက်တုံးဆိုတော့ ကုတော့ ဘယ်သူကုခဲ့တာပဲ၊ ပျောက်တော့ ဝေဒနာက ပျောက် တယ် (မှန်ပါ့)။
ဒူလာဝေဒနာက မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)၊ အဲ ထို့အတူ ပဲ ရှုတော့ ခင်ဗျားတို့ ဒီအာယတနတွေ, အတွင်း အာယတနတွေ, အပြင်အာယတနတွေ, စိတ်တွေ ရှုကြတာပဲ၊ ပျောက်တော့ တဏှာပျောက်တာ (မှန်ပါ့)။
ဖြစ်ပျက်ရှုတာက ခင်ဗျားတို့ ရုပ်နာမ် (မှန်ပါ့)၊ သေတာ က တဏှာ (မှန်ပါ့)၊ တဏှာသေတာပါဘုရား၊ ဖြစ်ပျက် ရှုတာက (ရုပ်နာမ်ပါ ဘုရား)၊ သေတာက (တဏှာပါ ဘုရား)။
ဆိုတော့ သြော် ဟုတ်သားပဲ၊ ဒါဖြင့် တို့ဖြစ်ပျက်ရှုပြီး သကာလ ရုပ်တွေရှု၊ ဝေဒနာတွေရှု၊ စိတ်တွေရှု၊ ရှုပင်ရှုငြား သော်လဲ တဏှာသေချင်လို့ ရှုနေတာကိုး (မှန်ပါ)။
ဒိဋ္ဌိသေချင်လို့ (ရှုနေတာပါ ဘုရား)၊ ဒိဋ္ဌိဆိုတာ ဒိဋ္ဌုပါဒါန်၊ သူနဲ့သူ -သွားတွဲတာ (မှန်ပါ့)။
သဘောကျပလား (ကျပါတယ် ဘုရား)၊ အတွင်းနဲ့ အပြင် သွားတွဲတဲ့ ဥပါဒါန် ဒိဋ္ဌပါဒါန်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အေး ဒါကြောင့် ဆက်သွယ်နိုင်သေးရဲ့လား (မဆက် သွယ်နိုင်ပါ ဘုရား)၊ ဖြစ်ပျက် ရှုလိုက်တဲ့ အခါကျတော့ ဒီဘက် က ဖြစ်ပျက်က ပျောက်သွား။
ဟိုဘက်က ဖြစ်ပျက်နေတော့ ခင်တဲ့တဏှာ ဘယ်သွားနေတုံး (မနေနိုင်တော့ပါ ဘုရား)၊ မနေနိုင်တော့ ဖြစ်ပျက်ရှုတာ နဲ့ တဏှာသေတယ်၊ ဒိဋ္ဌိသေတယ်ဆိုတာဖြင့်- ဦးလှဘူးတို့၊ ဒကာကြွယ်တို့ ယနေ့ရှင်းသွားတယ် (ရှင်းသွားပါပြီ ဘုရား)။
သူ့မှီရာတွေဖြတ်ပစ်လိုက်တယ် (မှန်ပါ့)၊ သူတွယ်နေ တာတွေ (ဖြတ်ပစ်လိုက်ပါတယ် ဘုရား)၊ ဖြတ်ပစ်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် သူချည်းနေလို့ဖြစ်သေးလို့လား (မဖြစ် ပါဘူး ဘုရား)။
သူကတဏှာဆိုတော့ ဥပါဒါန်မျိုးထဲက (မှန်ပါ့)၊ နှစ်ခု ဆွဲကိုင်နေရမှာကိုးဗျာ၊ အင်း အခုတော့ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ သူ့မှီရာတွေကို ကျုပ်တို့က အနိစ္စမှန်းသိ၊ ဒုက္ခမှန်းသိ။
မသိခင်တုန်းကတော့
မသိခင်တုန်းကတော့ ဒါ မင်းဟာ, ဒါ မင်းဟာလို့ သူ လုနေတာ (မှန်ပါ့)၊ အင်း အဆင်း တွေကလဲ မင်းလှတာ၊ မျက်လုံးကလဲ မင်းမျက်လုံး၊ မင်းကောင်းနေတာ တဏှာက အလယ်ကနေ ဆက်ပေးနေတာ၊ မဆက်ဘူးလား (ဆက်ပါ တယ် ဘုရား)။
အဲဒီ တဏှာ အလယ်က ဆက်ပေးနေတော့ ဘုန်းကြီး တို့ ဒကာ ဒကာမတွေ၊ တဏှာနဲ့ ခန္ဓာနဲ့၊ ခန္ဓာက ဒုက္ခသစ္စာ၊ တဏှာက သမုဒယသစ္စာနဲ့ ဒီနှစ်ခုနဲ့ သံသရာကြီး သွားလာ နေတာ (မှန်ပါ့)၊ ဒီနှစ်ခုနဲ့ ဘာတုံး (သံသရာကြီး သွားလာ နေတာပါ ဘုရား)။
ယခုတော့ဖြင့် ဒကာ ဒကာမတွေ၊ အင်း ဒီနှစ်ခုကို ဖြစ်ပျက်ရှုလိုက်တဲ့အခါကြတော့ တစ်ခုရှုလိုက်လဲ တစ်ခုပြုတ် တာပဲ (မှန်ပါ့)၊
သဘောကျပလား (ကျပါပြီ ဘုရား)၊ အဲဒီကဲ့သို့ ရှုလိုက် တဲ့အခါကျတော့ ရှုတာဖြစ်ပျက်အနိစ္စ၊ သေတာက သမုဒယ (မှန်ပါ့)။
ရှုတာက (ဖြစ်ပျက်အနိစ္စပါ ဘုရား)၊ သေတာက (သမု ဒယပါ ဘုရား)၊ အလယ်ဆက်သွယ်ပေးတဲ့ သမုဒယ ဝင်သေတယ် (မှန်ပါ့)။
သဘောကျပလား (ကျပါတယ် ဘုရား)၊ ဖြစ်ပျက် ရှုတာက (အနိစ္စပါ ဘုရား)၊ အင်း သေတာက (သမုဒယ ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါစဉ်းစားကြည့်မယ်ဆိုရင် ဒကာ ဒကာမတွေ၊ ခုနက ဆေးကုတဲ့ ဥပမာနဲ့ကော မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား)။
ယောက်ျား ကုလိုက်တယ်၊ မိန်းမ ကုလိုက်တယ်ဆိုတော့ ယောက်ျား၊ မိန်းမကတော့ ရှိနေတာပဲ၊ ပျောက်တာက ဝေဒနာ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ဓားတောင် ချထားရင် မပြတ်ဘူး
အေး ဒါတွေ သေသေချာချာသိတော့မှ ဒို့ရှုနေတာ မှန်လိုက်တဲ့ဖြင်ခြင်း (မှန်ပါ့ ဘုရား)၊ မရှုမပွားလို့ရှိရင်ဖြင့် တဲ့ “ဓားတောင် ချထား မပြတ်ဘူး”ဆိုတဲ့ ဥပမာလဲ ခုနက ပြောခဲ့လို့လဲ တစ်မျိုးရှင်းပါပြီ၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ရှုတဲ့နေရာမှာ အရှုမှန်လို့လဲတွယ်တာနေတဲ့ တဏှာသေ တာလဲထင်ရှားပါတယ် (ထင်ရှားပါတယ် ဘုရား)၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒီမှာလာတဲ့ မီးတွေ ဘာတွေအမျိုးမျိုး အဖုံဖုံ ငြိမ်းချင်လို့ရှိရင်ဖြင့် ဟိုက ဒိုင်နမိုရပ်လိုက်လို့ရှိရင် ဒကာသစ် ဘယ့်နှယ်နေသတုံး (ငြိမ်းပါတယ် ဘုရား)။
ဒီကမီး လာငြိမ်းရသေးလား (မငြိမ်းရပါ ဘုရား)၊ မငြိမ်း ရဘူး၊ ဆက်သွယ်တာ ဖြတ်ချလိုက်တာ (မှန်ပါ့)၊ မီးနဲ့ ဒိုင်နမိုဆိုတာနဲ့ ဆက်သွယ်နေတာနဲ့ ဒိုင်နမိုကို ရပ်လိုက် ဖြတ် လိုက်လို့ရှိရင်ဖြင့် ဒီကမီးတွေ အကုန်ငြိမ်း (မှန်ပါ့)၊ ဟိုဘက် က မီးတွေလဲငြိမ်း၊ ဒီဘက်က မီးတွေကော (ငြိမ်းပါတယ် ဘုရား)။
လမ်းအရှေ့ဘက်၊ အနောက်ဘက်ရှိတဲ့မီးတွေကော (ငြိမ်းပါတယ် ဘုရား)၊ အင်း အရှေ့ဘက်၊ အနောက်ဘက် ဆက်သွယ်ပေးတာလဲ ဒိုင်နမိုပဲ (မှန်ပါ့)။
အဲဒီ ဒိုင်နမိုကနေပြီး ဆက်သွယ်ပေးတော့ ဒိုင်နမိုရပ် လိုက်၊ ဖြတ်လိုက်လို့ရှိရင် ဒကာ ဒကာမတို့၊ အရှေ့မီး၊ အနောက်မီး မီးရောင်ချင်းဟပ်နိုင်သေးရဲ့ လား (မဟပ်နိုင် တော့ပါဘူး ဘုရား)။
ဘာကိုရှုရှု တဏှာဒိဋ္ဌိသေတယ်။
လိုရင်းဖြတ်လိုက်တော့ကို (မှန်ပါ့)၊ အဲဒါကြောင့် ဒကာ ဒကာမပို့၊ ဘာရှုရှု တဏှာသေ, ဒိဋ္ဌိသုတာမှတ်ပါ (မှန်ပါ့)၊ ဝေဒနာရှုလဲ (တဏှာသေ, ဒိဋ္ဌိသေတာပါပဲ ဘုရား)။
တဏှာသေ, ဒိဋ္ဌိသေဆိုတာ သေချာပလား (သေချာ ပါတယ် ဘုရား)၊ အဲဒီတော့ သူ့ကိုပဲ မင်းသေမှတော့ မဆက်နဲ့ကွာဆိုပြီး အရင်းကပဲဖြတ်ပါတော့မယ်ဆိုတော့ သူ့ကြည့်စမ်း ဒကာ ဒကာမတို့၊ အလယ်ကနေ , ဆက်သွယ်ပေးနေတယ် ခန္ဓာကိုး (မှန်ပါ့)။
အင်း ဒီဘက်ကလဲ ခန္ဓာငါးပါးပဲထားပါတော့ အတွင်း ခန္ဓာတွေနဲ့ အပြင်ခန္ဓာတွေနဲ့ ဘယ့်နှယ်တုံး (ဆက်သွယ်နေပါ တယ် ဘုရား)။
အတွင်းခန္ဓာတွေနဲ့ အပြင်ခန္ဓာတွေနဲ့ ဆက်သွယ်ပေးနေတာ ဘယ်သူပါတုံး (တဏှာပါ ဘုရား)၊ ကိုင်း မင်းကိုကွာ အပြင်ခန္ဓာကိုလဲ ဖြစ်ပျက်ရှုမယ် (မှန်ပါ့)။
အပြင်ခန္ဓာတွေလဲ အနိစ္စရှုမယ်ဆိုတော့ သူဆက်သွယ် နိုင်သေးရဲ့လား (မဆက်သွယ်နိုင်ပါ ဘုရား)၊ မဆက်သွယ်နိုင်တော့ သေတော့ ဥပါဒါန်သေတယ် (မှန်ပါ့)။
ဥပါဒါန်သေတော့ (ကမ္မဘဝ သေပါတယ် ဘုရား)၊ ကံသေတော့ နောက်ဘဝ ဇာတိ, ဇရာ၊ မရဏ ဆက်လို့ (မရတော့ပါဘူး ဘုရား)။
ဪ ဒါဖြင့် မသေခင်က မဆက်အောင်လုပ်မှ မဆက်မှာပါလား (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဘယ်လိုမှတ်ကြမယ် (မသေခင်က မဆက်အောင်လုပ်မှ မဆက်မှာပါ ဘုရား)။
မသေခင်က မဆက်အောင်လုပ်မှ မဆက်မှာ
မသေခင်က မဆက်အောင်လုပ်မှ မဆက်မှာ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ ကိုင်း တရားကိုပဲ နှလုံးသွင်းကြွ- နှလုံးသွားကြ၊ နာလဲနာကြ၊ မှတ်လဲမှတ်ကြ၊ ကျင့်လဲ ကျင့်ကြလို့ အစကပြောခဲ့တယ်နော် (မှန်ပါ့)၊ အဲဒီဟာလေးတော့ မဖျောက်ကြပါနဲ့၊ နာလဲနာ (မှန်ပါ့)၊ နာပြီးတော့လဲ သိအောင်လဲလုပ်ပါ (မှန်ပါ့)။
သိပြီးတော့လဲဘာလုပ်ကြမယ် (ကျင့်ရမှာပါ ဘုရား)၊ အဲ အကျင့်ဆိုတာက ဒကာ ဒကာမတို့၊ ဒီမဂ္ဂင် ဗောဇ္ဈင်နှင့် အင်း ဖြစ်ပျက်ရှုပေးပါဆိုတာ အဲဒါ ကျင့်ပေးတာပဲ၊ ဒီဟာကို မှမကျင့်တော့ဘူး ဆိုလို့ရှိရင် အဝိဇ္ဇာမချုပ်၊ တဏှာမချုပ်လို့ ရှိရင် ဥပါဒါန်မချုပ်, ဥပါဒါန်မချုပ်လို့ရှိရင် ကံကကော (မချုပ်ပါဘူး ဘုရား)။
ကံမချုပ် လို့ရှိရင် “ကမ္မံ သတ္တေ ဝိဘဇ္ဇတိ” ဆိုတဲ့အတိုင်း ကံကနေ ဇာတိ အကျိုးပေးချ လိုက်မယ် (မှန်ပါ့)။
ဇာတိအကျိုးပေးချလိုက်တော့ ဒကာ ဒကာမတို့၊ ဇာတိ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ဪ တဏှာမပြတ်လို့ ဒုက္ခရောက်ရလေခြင်း (မှန်ပါ့)၊ တဏှာမပြတ်လို့ (ဒုက္ခရောက်ရတာပါ ဘုရား)။
တဏှာမှီနေတဲ့တရားကိုလဲ မသိတော့ ဒကာ ဒကာမတွေ မပြတ်ကြဘူး (မှန်ပါ့)၊ အခုတော့ဖြင့် ရှင်းပါပြီ၊ တဏှာက အတွင်းမှီလိုက် (မှန်ပါ့)။
အတွင်းအပြင် ဆက်ပေးနေတာ တဏှာ
အတွင်းနဲ့အပြင်ဆက်ပေးနေတာ ဘယ်သူပါလိမ့် (တဏှာပါ ဘုရား)၊ ဒါဖြင့် အတွင်းဖြစ်ပျက်ရှု (တဏှာပြတ် ပါတယ် ဘုရား)။
အပြင်ရှုလိုက်လဲ (တဏှာ ပြတ်ပါတယ် ဘုရား)၊ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “အဇ္ဈတ္တံ ဝါ မဟိဒ္ဓါ ဝါ သြဠာရိကံဝါ သုခုမံဝါ၊” အဇ္ဈတ္တရော ဗဟိဒ္ဓရော ဟောရှာတယ် (မှန်ပါ့)၊ တဏှာငြိငြိနေလို့ပေါ့ဗျာ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
အဲဒီကဲ့သို့ ဒကာ ဒကာမတွေက ရှုလိုက်မယ်ဆိုလို့ရှိရင် ဖြင့်တဲ့ အခုသူပြောနေတဲ့ ဥပမာကတော့ သူတရားအတိုင်း ဟောနေရလို့ ဘုန်းကြီးက အတွင်းနဲ့အပြင် ဆက်စပ်နေတာလို့ ထင်ရှားနေတယ် (မှန်ပါ့)။
ခင်ဗျားတို့မှာ စိတ်မရှုရင် စိတ်နဲ့ တဏှာဆက်သွယ်နေ တယ် (မှန်ပါ့)၊ ဝေဒနာမရှုရင် (ဝေဒနာနဲ့ တဏှာ ဆက် သွယ်နေပါတယ် ဘုရား)။
ဟော ရုပ်တွေမရှုရင် (ရုပ်နဲ့တဏှာနဲ့ ဆက်သွယ်နေ ပါတယ် ဘုရား)၊ ရုပ်နှင့်တဏှာ ဆက်သွယ်နေတာပဲဆိုတော့ ဒါဖြင့် ရုပ်၊ နာမ်ရှိတာကို ရုပ်မရှုရင် ရုပ်နဲ့ ဆက်သွယ်နေတာပဲ (မှန်ပါ့)။
နာမ်မရှုရင် (နာမ်နဲ့ ဆက်သွယ်ပါတယ် ဘုရား)၊ နာမ် – နဲ့ ဆက်သွယ်နေတော့ ဒကာ ဒကာမတို့၊ ရုပ်-နာမ်ကို သူခင်တွယ်နေလို့ရှိရင်ဖြင့် ဒီရုပ်-နာမ်ကလဲ ဒုက္ခသစ္စာ (မှန်ပါ့)၊ သူခင်တွယ် နေတာက သမုဒယသစ္စာ (မှန်ပါ့)။
သူမသေပြန်တော့ကော ဒကာ ဒကာမတွေ၊ နောက်ဘဝ ကျ ရုပ်၊ နာမ်ရအုံးမှာ (မှန်ပါ့)၊ ရုပ်နာမ်ရရင် အဲဒီရုပ်၊ နာမ် ကို” သူသည်ဆိုလို့ရှိရင် အလျင်လို ဆက်ပေးနေမှာ (မှန်ပါ့)၊ မဆက်ပေဘူးလား (ဆက်မှာပါ ဘုရား)။
အဲဒီကဲ့သို့ ဆက်လို့ရှိရင် သံသရာစခန်း သတ်စရာမြင်ကြ သေးရဲ့လား (မမြင်ပါဘူး ဘုရား)၊ အင်း ဒီဘဝရုပ်၊နာမ် ဒုက္ခသစ္စာနဲ့နေ၊ နောက်ဘဝ ရုပ်၊နာမ် ဒုက္ခသစ္စာနဲ့နေ၊ သေတော့လဲ ရုပ်၊ နာမ်ဒုက္ခသစ္စာနဲ့ သေ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ ရှု
အဲဒါကြောင့်တဲ့ ဒကာ ဒကာမတို့၊ ဝိပဿနာရှုမှု မရှိခဲ့သည်ရှိသော် ဓားတောင် ချထားလို့ မပြတ်ဘူးဆိုတဲ့ အတိုင်း ဝီရိယစိုက်၊ သတိထား၊ ပညာနဲ့ရှုဆိုတဲ့ ဒီသုံးချက်ကို မမေ့ပါနဲ့ (မှန်ပါ့)၊ သတိထား (ဝီရိယစိုက်ရမှာပါ ဘုရား)။
ဝီရိယစိုက်၊ ပညာနဲ့ရှု (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ သတိထား၊ ဝီရိယစိုက်၊ (ပညာနဲ့ရှု ရမှာပါ ဘုရား)။
အဲ ပေါ်လာတဲ့တရားကို သတိထားပြီးသကာလ ဝီရိယက သြော် ပေါ်လာပြီလို့ ဝီရိယစိုက်ပြီးသကာလ ပညာနဲ့သာ ရှုပေးပါ (မှန်ပါ့)။
ခန္ဓာကိုယ်ကြီးက ဒုက္ခသစ္စာ
ရှုလိုက်ပြီဆိုမှဖြင့် ဒကာ ဒကာမတွေ၊ ခန္ဓာကိုယ် အင်း ဘာခန္ဓာမှမဟုတ်ဘူး၊ အနိစ္စ၊ ဒုက္ခ သစ္စာ ခန္ဓာကိုယ် (မှန်ပါ့)၊ ဒီခန္ဓာကိုယ်ကြီးက ဘာပါလိမ့် (အနိစ္စ၊ဒုက္ခသစ္စာခန္ဓာကိုယ် ကြီးပါ ဘုရား)။
အနိစ္စ၊ ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီးဖြစ်နေတော့ အနိစ္စ တွေ့ရင် ဒုက္ခသစ္စာတွေ့ တာပဲ (မှန်ပါ့)။
အဲဒီ ဒုက္ခသစ္စာကို ဒါဒုက္ခသစ္စာပဲ၊ ဒါ ဒုက္ခသစ္စာပဲ။ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲလို့ ကြိုက်တာတစ်ခုခုကိုရှုပါ (မှန်ပါ့)။
ရှုတာက မဂ္ဂသစ္စာ
ရှုလို့ရှိရင် ဖြစ်ပျက်က ဒုက္ခသစ္စာရှု၊ ရှုတာက မဂ္ဂသစ္စာ (မှန်ပါ့)၊ သေတာက သမုဒယသစ္စာ၊ ဟော သူအလိုလို သေသွားတယ် (မှန်ပါ့)။
ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊အင်း ရှုတာ က(မဂ္ဂသစ္စာပါ ဘုရား)၊ သေတာက သမုဒယသစ္စာပါ ဘုရား)။
သေတာက သမုဒယသစ္စာ
သမုဒယ သူ့ရှုလို့သေတာလား၊ ဖြစ်ပျက်ရှုတာနဲ့ သူ့ အလိုလို သေတာလား (ဖြစ်ပျက်ရှုတာနဲ့ သူ့အလိုလို သေတာ ပါ ဘုရား)။
အို သူက နဂိုက ဖြစ်ပျက်မဟုတ်တဲ့ တရားရယ်လို့ ဆိုပြီး သူက တွယ်တာနေတာကိုး၊ ဖြစ်ပျက် အနိစ္စမှန်းသိတော့ တွယ်သေးရဲ့ လား (မတွယ်တော့ပါ ဘုရား)။
မတွယ်တော့ ဒကာ ဒကာမတွေသည်ကား ဆိုလို့ရှိရင် ဘာပူစရာရှိသေးတုံး (မရှိပါဘူး ဘုရား)။
အေး အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ကာယာနုပဿနာ ကြိုက်လဲရှုပါ (မှန်ပါ့)၊ ဝေဒနာနုပဿနာ ကြိုက်ရင်ကော (ရှုရမှာပါ ဘုရား)။
နောက်ဆုံးပိတ် ဓမ္မာနုပဿနာထဲဝင်တယ်
စိတ္တာနုပဿနာ ကြိုက်ရင်ကော (ရှုရမှာပါ ဘုရား)၊ အဲ နောက်ဆုံးပိတ်ကျတော့ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာဆိုတဲ့ ဓမ္မာနုပဿနာထဲ ဝင်လာတယ် (မှန်ပါ့)၊ ဘယ်ထဲဝင်လာပါ လိမ့် (ဓမ္မာနုပဿနာထဲ ဝင်လာပါတယ် ဘုရား)။
အေး ဓမ္မာနုပဿနာ ဖြစ်ပျက်ဟာ နောက်ဆုံးပိတ် တစ်နေ့ကျတော့ ဘာလာလာ ဖြစ်ပျက် ဒုက္ခသစ္စာပဲ (မှန်ပါ့)၊ ဖြစ်ပျက်ဒုက္ခသစ္စာပဲလို့ ဒကာသစ်တို့က ကြိုးစားပြီး ဝီရိယ စိုက်ပြီး သတိထားပြီး ပညာနဲ့ရှုကြမယ်ဆိုလို့ရှိရင်ဖြင့် ဘုရား သခင်ကိုယ်တော်မြတ်ကြီးက
“သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္ပဇာနာကာရော၊ အယံ ဝေါ အမှာကံ အနုသာသနီ။” ဘိက္ခဝေ-ငါ၏ချစ်သားတို့၊ သထော-သတိရှိသည်ဖြစ်၍၊ သမ္ပဇာနကာရော-ပညာရှိသည်ဖြစ်၍၊ ဝိဟရေယျ-နေရစ်ကြ ကွ” (မှန်ပါ့)။
ငါ မရှိတဲ့အခါ ပညာနဲ့နေရစ်ကြစမ်းပါ
ငါမရှိတဲ့အခါ သတိထား ဝီရိယစိုက်ပြီး ပညာနဲ့ နေရစ် ကြစမ်းပါ (မှန်ပါ့)၊ အယံ-ဤငါပြောခဲ့တဲ့ စကားသုံးခွန်းသည်။ ဝေါတုမှာကံ-သင်ချစ်သားတို့အား၊ အနုသာသနီ-အကြီးဆုံးသော အဆုံးအမကြီးပေပဲ (မှန်ပါ့)။
သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့သာရှုဆိုတဲ့ ငါ့စကားဟာ ကွာ မင်းတို့ အိုဘေး၊ နာဘေး၊ သေဘေးတွေ ကာကွယ်နိုင်တဲ့ တရား (မှန်ပါ့)။
သဘောကျပလား (ကျပါပြီ ဘုရား)၊ သတိထား၊ ဝီရိယ စိုက်၊ ပညာနဲ့ကြည့်ဆိုတာ ဘာကာကွယ်တာပါလိမ့် (အိုဘေး၊ နာဘေး၊ သေဘေးကာကွယ်တာပါ ဘုရား)။
အပါယ်ဘေးတွေကာကွယ်နိုင်ပါတယ်
အပါယ်ဘေးတွေကော (ကာကွယ်ပါတယ် ဘုရား)၊ အင်း အိုဘေး၊ နာဘေး၊ သေဘေး တောင် ကာကွယ်နိုင်တယ် ဆိုတော့ အို၊ နာ၊ သေမှ မရှိတော့ အပါယ်ဆိုတာ အို၊ နာ ရှိမှ ရောက်မှာ (မှန်ပါ့)။
ခန္ဓာမရှိတော့ ရောက်စရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ အဲဒါတွေ ဒကာသစ်တို့၊ ဦးလှဘူးတို့၊ ဒကာကြွယ်တို့ ပိုင်ပိုင်နိုင်နိုင်သိတော့မှ
သြော် အပါယ်ရောက်ရတယ်ဆိုတာလဲ ခန္ဓာရှိလို့ (မှန်ပါ့)၊ ခန္ဓာဘယ်သူက လုပ်ပါလိမ့်၊ တဏှာက လုပ်တာ၊သြော် သူလုပ်တော့ တဏှာက သမုဒယသစ္စာ၊ ခန္ဓာက ဒုက္ခသစ္စာ (မှန်ပါ့)။
အလုပ်သမားက သမုဒယသစ္စာ၊ အပေါ်သမားက ဒုက္ခသစ္စာ၊ အလုပ်သမားက (သမုဒယသစ္စာပါ ဘုရား)၊ အပေါ် သမားက (ဒုက္ခသစ္စာပါ ဘုရား)၊ တဏှာက သမုဒယသစ္စာ အလုပ်သမားက (မှန်ပါ့)၊ တဏှာအားထုတ်လိုက်တော့ ခန္ဓာ ကြီးက ပေါ်လာပါတယ်၊ အဲဒါကြီးက ဘာသစ္စာ (ဒုက္ခသစ္စာ ပါ ဘုရား)။
သမုဒယသစ္စာက အပူဓာတ်
အေး ဒါကြောင့် ခင်ဗျားတို့ တစ်သံသရာလုံးမှာ သမုဒယနဲ့ ဒုက္ခသစ္စာချည်းပဲ နေခဲ့ရတော့၊ သမုဒယသစ္စာက အပူဓာတ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။ ဒါဖြင့် သမုဒယသစ္စာက မီး (မှန်ပါ့)၊ ဒုက္ခသစ္စာက ထင်း (မှန်ပါ့)၊ ဘယ်လိုမှတ်ကြမယ် (သမုဒယသစ္စာ က မီး၊ ဒုက္ခသစ္စာက ထင်းပါ ဘုရား)။
သြော် ဒါ ဒကာမ ဒကာမတို့၊ တစ်သံသရာလုံး – ထင်း၊ မီးချည်းတွဲပြီးသကာလ သံသရာထဲ လည်ခဲ့ကြရတယ်(မှန်ပါ့)။
သံသရာထဲဘယ်လိုနေခဲ့ကြရ (ထင်း၊ မီးတွဲပြီး လည်ခဲ့ရ ပါတယ် ဘုရား)၊ ဪ ဒါဖြင့် လောင်စာနဲ့မီး တွဲလျက်ကြီးသာလျှင် လည်ပြီး သကာလနေရတယ် (မှန်ပါ့)။
ဒီပြင် ဘာရှိသေး (မရှိပါ ဘုရား)၊ ဪ ဒါဖြင့် ဒီလိုအခါမှ လောင်စာသိမ်း၍ မီးမငြိမ်းရင်တော့ဖြင့် ဒကာသစ် ကောင်းနိုင်စရာ မမြင်တော့ဘူး (မမြင်တော့ပါ ဘုရား)။
နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မတုံး
မြင်နိုင်သေးရဲ့လား (မမြင်နိုင်တော့ပါ ဘုရား)၊ အေး ဒါကြောင့် နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မတုံး မေးတဲ့အခါကျတော့ မှ ဒကာသစ်တို့ ဖြေနေကြအတိုင်း လောင်စာသိမ်း၍ မီးငြိမ်းတာပါ ဘုရား (မှန်ပါ့)။
နိဗ္ဗာန်ဆိုတာ လောင်စာအိမ်း၍ မီးငြိမ်းတာပါ၊ သဘော ကျပလား (ကျပါပြီ ဘုရား)၊ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (လောင်စာသိမ်း၍ မီးငြိမ်းတာပါ ဘုရား)။
လောင်စာက ဒုက္ခသစ္စာ (မှန်ပါ့)၊ မီးက သမုဒယ သစ္စာ (မှန်ပါ့)၊ သမုဒယဒုက္ခ ကုန်တာရှိတယ် (မှန်ပါ့)။ နိဗ္ဗာန်ကျန်နေရစ်တယ် (မှန်ပါ့)၊ မဂ်လဲ ကျန်နေရစ်တယ် (မှန်ပါ့)။
နိဗ္ဗာန်ဆိုတာ ခန္ဓာရှိတုန်းမှာ နှစ်ခုကျန်တယ်
ဪ ဒါဖြင့် နိဗ္ဗာန်ဆိုတာ လေးထဲက နှစ်နုတ်ရင် နှစ်ကျန်တာမျိုးပါလား (မှန်ပါ့)၊ ခန္ဓာရှိတုန်းမှာ နှစ်ကျန်တယ် (မှန်ပါ့)။
ခန္ဓာရှိတုန်းကျတော့ ဒကာ၊ ဒကာမတို့၊ နိဗ္ဗာန်ရတဲ့ ပုဂ္ဂိုလ်မှာ နှစ်ခုသေတော့ ဘယ်လောက်ကျန်တုံး (နှစ်ခုကျန် ပါတယ် ဘုရား)။
နိရောဓနဲ့ မဂ္ဂကျန်တယ်
သစ္စာလေးပါးကိုဗျာ၊ သစ္စာလေးပါး နှစ်ခုသဘော နှစ်ခု ကျန်ပါတယ်၊ နှစ်ခုကျန်တယ်ဆိုတော့ နိရောဓနဲ့ မဂ္ဂ ကျန်တယ် (မှန်ပါ့)။
ဒါဖြင့် နိဗ္ဗာန်ဟာ ဘာမှ မရှိတာလားတဲ့၊ ဒုက္ခ သမုဒယ ချုပ်သွားရင် နိရောဓနဲ့မဂ္ဂ ကျန်ရစ်နေတာ ရှိနေတဲ့တရားဆိုတာ ပေါ်လာကြပလား (ပေါ်ပါပြီ ဘုရား)၊ ရှင်းကြပလား (ရှင်း ပါပြီ ဘုရား)။
ဒါဖြင့် ခန္ဓာကိုယ်ကို ကုံရာမရှိတော့ပါဘူးဆိုတော့ မဂ် ကလဲ ခန္ဓာဖြစ်နေတဲ့အတွက် မဂ်က သင်္ခါရက္ခန္ဓာဖြစ်နေတယ် (မှန်ပါ့)၊ အဲဒီမဂ်ဉာဏ်လဲချုပ်သွားတဲ့အခါ နိဗ္ဗာန်ချည်း ကျန်နေရစ်တယ် (မှန်ပါ့)။
သေသွားတဲ့အခါ နိဗ္ဗာန်ချည်းကျန်တယ်
ဘယ်နှယ်တုံး (မဂ်ဉာဏ်ချုပ်သွားတော့ နိဗ္ဗာန်ချည်း ကျန်နေရစ်ပါတယ် ဘုရား)၊ သေသွားတဲ့အခါကျတော့ နိဗ္ဗာန်ချည်း ကျန်နေရစ်တယ် (မှန်ပါ့)။
နိဗ္ဗာန်ဆိုတာ ဘာတုံး
နိဗ္ဗာန်ဆိုတာ ဘာတုံး မေးတဲ့အခါ “သန္တိလက္ခဏံ နိရောဓ သစ္စံ” သြော် အေးချမ်းမှုကြီး ကျန်ရစ် နေတာကိုး (မှန်ပါ့)။
အစ္စုတိရသံ-မသေတာချည်းကျန်နေရစ်တယ် (မှန်ပါ့)၊ အစ္စုတိရသံ (မသေတာချည်း ကျန်နေရစ်ပါတယ် ဘုရား)၊ မသေတာချည်း ကျန်ရစ်တယ်ဆိုတော့။
အလုပ်လုပ်တဲ့ပုဂ္ဂိုလ်မှာ နိဗ္ဗာန်ရှိတယ်
သြော် မသေရာမှန် ပြည်နိဗ္ဗာန်ဆိုတာ ဒါပါကလား (မှန်ပါ့)၊ ဒါဖြင့် နိဗ္ဗာန်ဆိုတာ မရှိတာလား ရှိတာလား (ရှိတာပါ ဘုရား)။
အလုပ်မလုပ်တဲ့ပုဂ္ဂိုလ်မှာ နိဗ္ဗာန်မရှိဘူး
အဲ လုပ်တဲ့ပုဂ္ဂိုလ်မှာ ရှိတယ် (မှန်ပါ့)၊ မလုပ်တဲ့ ပုဂ္ဂိုလ်မှာ (မရှိပါဘူး ဘုရား)၊ ဘယ်အခါကာလမှ မရှိဘူး ဆိုတော့ ခင်ဗျားတို့ သား၊ လင်၊ ခင်ပွန်းတွေ ဆွေမျိုး ဉာတကာတွေ ပြောကြပါ
သြော် နိဗ္ဗာန်ဆိုတာ သစ္စာလေးပါး နှစ်ပါးနုတ်ရင် နှစ်ကျန်နေတယ်ဆိုကတည်းက နိဗ္ဗာန်ရှိ နေတယ်ဆိုတာ (မှန်ပါ့ ဘုရား)၊ သစ္စာလေးပါးဆိုတာ လေးပါးမဟုတ်လား (မှန်ပါ့)။
ဒုက္ခနဲ့ သမုဒယ လောင်စာနဲ့ မီးသိမ်းသွားတယ် ဆိုလို့ ရှိရင်ဖြင့် လောင်စာနဲ့ မီးငြိမ်း သွားတယ် ဆိုလို့ရှိရင်ဖြင့် လောင်စာလဲ မရှိဘူး၊ မီးလဲမရှိတော့ဘူး (မှန်ပါ့)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ငြိမ်းအေးတာနဲ့ ငြိမ်းအေးမှန်းသိတာကျန်တယ်
ဒါဖြင့် ငြိမ်းအေးတာရယ်၊ ငြိမ်းအေးတာသိတာရယ် ‘ ကျန်ရစ်နေတာပေါ့ (မှန်ပါ့)၊ ဘာတွေ ကျန်ရစ်နေတုံး (ငြိမ်းအေးတာရယ်၊ ငြိမ်းအေးမှန်း သိတာရယ် ကျန်ရစ်နေပါတယ် ဘုရား)။
ငြိမ်းအေးတာက နိရောဓသစ္စာ၊ ငြိမ်းအေးမှန်းသိတာက မဂ္ဂသစ္စာ (မှန်ပါ့)၊ ဒါတွေ ကျန်နေရစ်တယ် (မှန်ပါ့ ဘုရား)၊ ဒါ ခန္ဓာရှိတုန်းကိုပဲ ကိုယ်တွေ့ ပါပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
မဂ်သာချုပ်သွားတယ်၊ နိဗ္ဗာန်မချုပ်ဘူး
ကိုင်း ခန္ဓာစုတေ မနေသေလွန်ကြပါစို့၊ မသေရမယ့် ပုဂ္ဂိုလ်က မရှိလို့၊ ခန္ဓာပါ ပရိနိဗ္ဗာန် စံသွားတာတောင်မှ ဒကာ ဒကာမတို့ မဂ်သာချုပ်သွားတယ်၊ နိဗ္ဗာန်မချုပ်ဘူး၊ သဘော ပါကြပလား (ကျပါတယ် ဘုရား)။
မဂ်ဉာဏ်ကသာ (ချုပ်သွားပါတယ် ဘုရား)၊ နိဗ္ဗာန်က (မချုပ်ပါဘူး ဘုရား)၊ ဒါဖြင့် နိဗ္ဗာန်ဟာ ရှိတာလား မရှိတာလား ဆိုရင် ဘယ့်နှယ်ဖြေကြမယ် (ရှိတာပါ ဘုရား)။
အဲ ဒီရှိတဲ့နိဗ္ဗာန်မှသာလျှင် ဒကာ ဒကာမတို့၊ လောင်စာ လဲမပါဘူး၊ မီးလဲမပါ ဖြစ်ပြီးသကာလ နေတဲ့အတွက် ချမ်းသာသက်သက်နဲ့နေတာ နိဗ္ဗာန် ပါလား (မှန်ပါ့)။
တစ်သက်မှာတစ်ခါ ကြားကြရတာ
ချမ်းသာသက်သက်နဲ့ နေတာ (နိဗ္ဗာန်ပါ ဘုရား)၊ သေသေချာချာ ဒကာ ဒကာမတို့ တစ်သက်မှာ တစ်ခါဆိုသလို ကြားကြရတာ တွေ့ကြရတာနော် (မှန်ပါ့)။
သစ္စာလေးပါး နှစ်နုတ်ရင် ဘာကျန်သေးလဲ (နှစ် ကျန်ပါတယ် ဘုရား)၊ ဒါဖြင့် နှစ်နုတ်လိုက်တော့ နုတ်လိုက်တဲ့ နှစ် ဘာတဲ့၊ လောင်စာနဲ့ မီးနုတ်လိုက်တာ (မှန်ပါ့)။
တစ်သံသရာလုံးမှာ လောင်စာနဲ့ မီးနဲ့ချည်း နေရတာ အဲဒါတွေနုတ်လိုက်တာ (မှန်ပါ့)၊ လောင်စာနဲ့မီး နုတ်လိုက် တဲ့အခါကျလို့ရှိရင်ဖြင့် လောင်စာမရှိတာရယ်၊ လောင်စာ မရှိတာ သိတာရယ် (ကျန်နေရစ်ပါတယ် ဘုရား)။
ဒါကျန်နေရစ်တယ် (မှန်ပါ့)၊ လောင်စာမရှိတာရယ် (လောင်စာမရှိတာ သိတာရယ်ပါ ဘုရား)။
မရှိတာကို သိတာရယ်ဆိုတော့ နိဗ္ဗာန်နဲ့ မဂ်ဉာဏ် ကျန်နေတယ်၊ ဖိုလ်ဉာဏ်တွေ အကုန်ကျန်နေတယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။
အဲဒါတွေကျန်နေရစ်တဲ့အခါကျတော့ ဒါ ခန္ဓာရှိတုန်းမှာပဲ ဪ ငါတော့ဖြင့် နေရာကျပြီ၊ လောင်စာနဲ့မီးဖြင့် ဇာတ်သိမ်း သွားပြီ၊ တစ်သံသရာလုံး လောင်စာနဲ့ မီးနဲ့ပဲ နေခဲ့ရတယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
တစ်သံသရာလုံး ဘယ်သူနဲ့နေခဲ့ရသတုံး (လောင်စာ နဲ့ မီးနဲ့ပဲ နေခဲ့ရပါတယ် ဘုရား)၊ အင်း အဲဒီနှစ်ခုဟာ ကိုယ့် ရှေ့တွင်ပဲ သမုဒယချုပ် ဘုရားသခင်ကိုယ်တော်မြတ်ကြီး၊ ရှင်သာရိ ပုတ္တရာ ကိုယ်တော်ကြီး၊ ရှင်မောဂ္ဂလာန်တို့မှာ သမုဒယကလဲ ချုပ်၊ ဒုက္ခကလဲချုပ်တာ သူမြင်သွားတယ် (မှန်ပါ့)။
နိဗ္ဗာန်နဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကျန်ရစ်တယ်
အင်း သူ့မှာ ဘာကျန်တုံးဆိုလို့ရှိရင် ၂-ခုနုတ်တော့ ၂-ခုကျန်ရစ်တယ် (ကျန်ရစ်ပါတယ် ဘုရား)၊ ဒကာ ဒကာမ တို့၊ ဘာတွေ ကျန်ရစ်တုံး (နိရောဓနဲ့ မဂ္ဂကျန်ရစ်ပါတယ် ဘုရား)။
နိရောဓဆိုတာ နိဗ္ဗာန်၊ မဂ္ဂဆိုတာ ဉာဏ် (မှန်ပါ့)၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ ကျန်ပြီးသကာလ နေရစ် တော့တယ် ဆိုတာ မှတ်လိုက်ပါ (မှန်ပါ့)။
ဒါ ခန္ဓာရှိတုန်းမှာ သိရပါပြီ (မှန်ပါ့)၊ အဲဒါ သဥပါဒိ သေသ နိဗ္ဗာန်တဲ့၊ ခန္ဓာရှိတုန်းကို ချမ်းသာတွေ့ပါပြီ၊ ငါဖြင့် လောင်စာနဲ့ မီးဟာဖြင့် လုံးလုံးကို မတွေ့တော့ဘူးဆိုပြီး အင်မတန် ဝမ်းသာတယ် (မှန်ပါ့)။
သဘောကျပလား (ကျပါတယ် ဘုရား)၊ ကောင်းပြီ၊ ဒါဖြင့် လောင်စာနဲ့မီး သိမ်းသွားတော့ ကိုတဲ့၊ ငြိမ်းတဲ့နေရာရယ်။ -ဒကာ ဒကာမတို့ ငြိမ်းတာသိတာလေးရယ် ကျန်ရစ်တယ် (မှန်ပါ့)။
ငြိမ်းတဲ့နေရာရယ် (ငြိမ်းတာသိတာလေးရယ်ပါ ဘုရား)၊ ငြိမ်းတာသိတာလေးကျန်ရစ်တော့ ဒါ ခန္ဓာရှိတုန်းပဲ ချမ်းသာ နေတာတွေ့ရတယ် (မှန်ပါ့)။
ခန္ဓာမရှိတဲ့အခါ ငြိမ်းတာလေးနဲ့နေရစ်တယ်
ကိုင်း ခန္ဓာမရှိတဲ့အခါကျတော့ လို့ရှိရင်ဖြင့် သေကြ ပါစို့ဆိုပြီး သေတဲ့အခါကျလို့ရှိရင်ဖြင့် ခုနက သိတာလေးချုပ်ပြီး သကာလ ငြိမ်းတာလေးတစ်ခုတည်းနဲ့ နေရစ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုယ်တိုင်လုပ်ကြည့်ရင် ကိုယ်တိုင်တွေ့ ရမယ်။
အဲဒါ အခုပြောနေတာတော့ဖြင့် ဒကာ ဒကာမတို့၊ အပြောပဲလို့မှတ်ပါ (မှန်ပါ့)၊ ကိုယ်တိုင် လုပ်ကြည့်ပြီး ကိုယ်တိုင် တွေ့ရပါလိမ့်မယ်ဆိုသော သေသေချာချာပဲ။
အဲဒီတော့ ဒကာ ဒကာမတို့၊ ခုနမှန်းအခြေအတိုင်း ရှင်နန္ဒက ဟောလိုက်တဲ့အခါကျတော့ ရှင်နန္ဒက သည်တရား တွေဟောပြီး ဘိက္ခုနီမတို့ သွားကြတော့ဆိုပြီး နှင်လိုက်တော့ ဘိက္ခုနီမတွေက သွားကြတယ်။
ဘိက္ခုနီမငါးရာ ဘုရားထံသွားကြတယ်။
သွားကြတော့ ဘုရားဆီရောက်၊ ဘုရားဆီရောက်သွား တော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ရိပ်မိပြီးသားကိုးဗျာ၊ သူဟောရင် ကျွတ်မယ့်ငါးရာဆိုတာ သေချာပြီးသား (မှန်ပါ့)၊ ဘယ့်နှယ်နေတုံးဟေ့ ဘိက္ခုနီမတွေ ဒီနေ့ ၁၄-ရက်လား ၁၅ရက်လားဟ၊ ၁၄-လပြည့်လား၊ ၁၅-လပြည့်လား မေးတာပေါ့ (မှန်ပါ့)။
၁၅-နှင့်မှလပြည့်တာကိုး (မှန်ပါ့)၊ ဒီနေ့ ၁၄-ရက် ရှိသေးတယ်၊ ဘုရားကသိတယ်၊ အကုန် မကျွတ်သေးဘူး ဆိုတာ (မှန်ပါ့)။
ရှင်နန္ဒက နောက်နေ့ဆက်ဟောရတယ်၊
ဒါနဲ့ နန္ဒကကို “ဟေ့ နန္ဒက လာအုံးကွ၊ နက်ဖြန်ကျ တော့ ခေါ်ပြန်တယ်၊ မင်းပဲ ဟောရမယ်” (မှန်ပါ့)၊ မင်းပဲ ဟောရမယ်ဆိုပြီး ဟောခိုင်းလိုက်တော့ နက်ဖြန် ဒီကပဲပြန်ဟော တာပဲ (မှန်ပါ့)၊ နက်ဖြန် သောတာပန် မှန်းထားတဲ့ပုဂ္ဂိုလ်က သောတာပန်တည်တယ် (မှန်ပါ့)။
သကဒါဂါမ်မှန်းထားတဲ့ပုဂ္ဂိုလ်က (သကဒါဂါမ် တည် ပါတယ် ဘုရား)၊ အနာဂါမ်မှန်းထားတဲ့ပုဂ္ဂိုလ်ကု (အနာဂါမ် တည်ပါတယ် ဘုရား)။
ကိုယ့်မှန်းခြေနဲ့ ကိုယ်ခရီးပေါက်ကြတာ
ရဟန္တာထိအောင်မှန်းထားတဲ့ပုဂ္ဂိုလ်က (ရဟန္တာဖြစ်ပါ တယ် ဘုရား)၊ မှန်းခြေကလဲ လိုသေးတယ် (မှန်ပါ့)၊ မှန်းခြေ -က လိုသေးတယ်၊ ကိုယ့်မှန်းခြေနဲ့ ကိုယ် ခရီးပေါက်ကြတာပဲ (မှန်ပါ့)။
သဘောကျပလား (ကျပါပြီ ဘုရား)၊ အဲ့ဒီကျတော့မှ နောက်တစ်နေ့သွားတော့မှ ဘိက္ခုနီမတွေ ရှင်နန္ဒက နောက်တစ်ခါ ဟောပြီး သွားကြတော့ဆိုပြီး ဘုရားဆီ နှင်လိုက်တာပေါ့ (မှန်ပါ့)။
ဘုရားဆီနှင်လိုက်တော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး က “ဒီနေ့တော့ဖြင့် ၁၅-ရက်နဲ့ တူတယ်ဟေ့” ဘိက္ခုနီမတွေကို ပြောတာပေါ့လေ (မှန်ပါ့)၊ မင်းတို့အလိုတွေ ပြည့်ကုန် ပြီထင်တယ်လို့ ပြောတာပါပဲ (မှန်ပါ့)။
အကုန်ကျွတ်တမ်းဝင်ကြတယ်
ဟုတ်ပါတယ်ဘုရားလို့ ပြောတာပဲ၊ အကုန်ပဲ တပည့်တော် တို့ ကျွတ်တမ်းဝင်ကြပါတယ်။ ဆိုင်ရာဆိုင်ရာဝင်ကြတာပဲလို့ အကုန်လျှောက်တာပါပဲ (မှန်ပါ့)။
ဒါကြောင့် ခုနကပြောခဲ့တဲ့အထဲမှာ မှန်းခြေမလျှော့ လိုက်ပါနဲ့ ဆိုတာကိုလဲ ဒီဝတ္ထုက လာနေတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဒကာ ဒကာမတို့၊ ကျင်ကြီးလေးပုံရှိတဲ့အနက်က သုံးပုံရေဆေးပြီးငြားသော်လဲ တစ်ပုံကျန်နေရင် အသုံးမကျဘူးဆိုတဲ့ဥစ္စာလဲခင်ဗျားတို့ သိပြီ ဖြစ်ပါတယ် (မှန်ပါ့)။
ကျင်ကြီးလေးပုံရှိတယ်၊ သုံးပုံတော့ ရေဆေးပြီးပြီ၊ တစ်ပုံသာ အိမ်ပေါ်မှာကျန်နေရင် ဘာအသုံးချမယ် (ဘာမှ အသုံး ချလို့မရပါ ဘုရား)။
လေးပုံစလုံး အနံအစော်သက်သာတယ်ဆိုတာ ဘာမှ ငြင်းဆန်စရာမလိုပါဘူး (မှန်ပါ့)၊ ငြင်းဆန်စရာ လိုသေးရဲ့လား (မလိုပါဘူး ဘုရား)။
တစ်မဂ်ရလို့ရှိရင် တစ်ပုံဆေးတာပဲ (မှန်ပါ့)၊ နှစ်မဂ် ရရင် နှစ်ပုံဆေးတာပဲ (မှန်ပါ့)၊ သုံးမဂ်ရရင် (သုံးပုံဆေးတာ ပါ ဘုရား)၊ လေးမဂ်ရရင် (လေးပုံဆေးပါတယ် ဘုရား)။
မှန်းခြေကြီးကြီးထာပြီးရှုပါ၊ ရနိုင်ပါတယ်
အဲ အကုန်ပြောင်တာဟာ အကောင်းဆုံးပဲဆိုတာ စိတ် ထားပြီးသကာလ တစ်ခါတည်း မှန်းခြေနဲ့ ဒို့တော့ ဒီဘဝ ခန္ဓာ ဇာတ်သိမ်း ငြိမ်းအေးရာဖြစ်တဲ့ တစ်ခါတည်း ခန္ဓာကိုယ်ပဲ မရှိအောင်ပဲ ကြိုးစားတော့မယ်၊ ခန္ဓာဇာတ်သိမ်း ငြိမ်းအေးရာ ဖြစ်တဲ့ နိဗ္ဗာန်သာ သွားတော့မယ်၊ ခန္ဓာဇာတ်သိမ်း ငြိမ်းအေးရာ ဖြစ်တဲ့ နိဗ္ဗာန်သာ သွားတော့မယ်ဆိုတဲ့ စိတ်ထားနဲ့ ဒီအတိုင်း ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်က ဝေဒနာရှုကြ (မှန်ပါ့)။
စိတ်ကြိုက်တဲ့သူက (စိတ်ရှုရမှာပါ ဘုရား)၊ အဲဒီအတိုင်း မှန်းခြေကြီးကြီးထားရှုလို့ရှိရင် ရနိုင်ပါတယ် ဆိုတဲ့ ဥစ္စာလဲ သေချာပါတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။