တရားစခန်းဖိတ်စာ

မြတ်ဗုဒ္ဓအလိုတော်ကျ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရာတော်ကြီး၏
ဥပနိဿယကို ခံယူ၍

နှစ်သစ်ကူးကာလ
🌷🌷Online ဝိပဿနာ(၇)ရက်တရားစခန်း
🌷🌷(29-12-2021) မှ (4-1-2022)ထိ
နတ်တော်လဆုတ်(၁၁)ရက်မှ ပြာသိုလဆန်း(၃)ရက်နေ့ထိ။

ခန္ဓာဉာဏ်ရောက်တရားများ နာကြားအားထုတ်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

******
🌷🌷 တရားစခန်း ဖိတ်ကြားလွှာ

မြတ်ဗုဒ္ဓအလိုတော်ကျ (မြတ်စွာဘုရားဟောတော်မူသည်နှင့်အညီ) ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဥပနိဿယဖြင့် နှစ်သစ်ကူးကာလ Online ဝိပဿနာ (၇)ရက် တရားစခန်းပြုလုပ် ကျင်းပပါမည်။
Online ဝိပဿနာသင်တန်း Page မှ တင်ဆက်ပေးသွားပါမည်။
အသေမဦးမှီ ဉာဏ်ဦးရလေအောင် မိမိကိုယ်ကို ကယ်တင်သောအားဖြင့် တရားစခန်း ဝင်ရောက် အားထုတ်ကြရန် ဖိတ်ခေါ်လိုက်ပါသည်။

မှတ်ချက်။ ။ လ​က်တွေ့ အားထုတ်နေသော ယောဂီများအတွက် ရည်ရွယ်၍ အလုပ်ပေးတရားကို အဓိကထားဟောကြားပါမည်။
ရှေ့ပိုင်း၅-ရက်ခန့်ကို ဉာတပရိညာပိုင်း (သိမှုပိုင်း) နာမရူပပရစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းဆိုင်ရာ၊ ဒိဋ္ဌိဖြုတ်ခန်း များကို အဓိကထားပါမည်။
ယောဂီသစ်များနှင့် အားထုတ်နေသော်လည်း ဘာကိုရှုရမယ်ဆိုတာ မပိုင်သေးသော ယောဂီများအတွက် အထူးရည်ရွယ်ထားပါသည်။

——-
🌷🌷 တရားစခန်းနေ့ရက်

(29-12-2021 ,ဗုဒ္ဓဟူးနေ့) မှ (4-12-2022 , အင်္ဂါနေ့)ထိ (၇)ရက်။
၁၃၈၃-ခု၊ နတ်တော်လဆုတ်(၁၁)ရက်မှ ပြာသိုလဆန်း(၃)ရက်နေ့ထိ။

🌷🌷 သင်တန်းပြနှင့်ကမ္မဋ္ဌာန်းပြဆရာတော် = အရှင်ခေမာသီရိ (B.C.Sc) (သာသနဓဇဓမ္မာစရိယ)

(28-12-2021, အင်္ဂါနေ့) ည ၇-နာရီမှ စ၍ တရားစခန်းဖွင့်ပွဲ ​အမှာစကားကို Facebook Page မှ စတင်ထုတ်လွှင့်ပေးပါမည်။
ကျန်ရက်များ၌ အချိန်စာရင်းအတိုင်း ထုတ်လွှင့်ပါမည်။

——-
🌷🌷 စုစုပေါင်း (၈)ချိန် ရှိပါမည်။

ထို (၈)ချိန် လုံးကို Online ဝိပဿနာသင်တန်း Page မှ Live လွှင့်ပေးသွားပါမည်။
တရားထိုင်ချိန် (၂)ချိန် ကို Zoom Meeting ဖြင့် ညွှန်ကြားပေးပါမည်။ ထို Zoom Meeting ဖြင့်လမ်းညွှန်နေမှုကို Facebook Page မှလည်း တိုက်ရိုက်ထုတ်လွှင့်ပေးသွားပါမည်။
( Zoom meeting ဝင်မရပါက Facebook Live မှ ကြည့်ရှုပါ။)

———–

(#စာကိုအစအဆုံးသေချာဖတ်ရှုပါရန်)

🍀 #တရားစခန်း အချိန်စာရင်း

📌 ၁။ နံနက် (၅)နာရီမှ (၆)နာထိ = တရားထိုင်
နမောတဿ ဖြင့် ဘုရားကန်တော့ပြီး ပုဗ္ဗကိစ္စ (၅)ပါး ပြုလုပ်​, ကမ္မဋ္ဌာန်းတောင်းပြီး တရားထိုင်ရန်။
Facebook Page မှလည်း Live လွှင့်ပေးပါမည်။
(တရားထိုင်ပြီးပါက နံနက်စာ အာဟာရသုံးဆောင်၍ စင်္ကြန်ကမ္မဋ္ဌာန်းလျှောက်ပါ။ ခန္ဓာ့ကိစ္စ ဆောက်ရွက်ပါ။)

📌 ၂။ နံနက် (၇)နာရီမှ (၈)နာထိ = သင်တန်းတရားနာ
Facebook Page မှ ကမ္မဋ္ဌာနာစရိယဆရာတော်၏ တရားကို နာယူရန်ဖြစ်ပါသည်။

📌 ၃။ နံနက် (၉)နာရီမှ (၁၀)နာထိ = သီလယူ၊ တရားထိုင်

(#Zoom Meeting ဖြင့် ဆောင်ရွက်ပေးပါမည်။ Facebook Page မှလည်း Live လွှင့်ပေးပါမည်။ )

👉 Zoom ID = 9954228834
👉 Password(Passcode) = 12345

မနက် (၉)နာရီ မထိုးမီ (၁၅) မိနစ်ခန့်မှ စ၍ ဝင်ရောက်နိုင်ပါသည်။ (၉)နာရီတွင်သီလပေးပါမည်။
သီလခံယူပြီးပါက (၁၀)နာရီထိ တရားထိုင်ချိန်တွင် ကမ္မဋ္ဌာနာစရိယ ဆရာတော်မှ အလုပ်ပေး တရား လမ်းညွန်ပေးပါမည်။ တရားထိုင်ချိန် ကင်မရာဖွင့်ထားပါက ယောဂီ၏ ဣရိယာပုထ် ကိုယ်နေဟန် မှန် / မမှန် လမ်းညွှန်ပေးနိုင်ပါလိမ့်မည်။

📌 ၄။ နေ့လည်(၁)နာရီမှ (၂)နာရီထိ = အသံတော်တရားနာကြားရန်
Facebook Page မှ မိုးကုတ်ဆရာတော်ဘုရားကြီး၏ အသံတော်တရားကို နာကြားရန် ဖြစ်ပါသည်။

📌 ၅။ နေ့လည်(၂)နာရီခွဲမှ (၃)နာရီထိ = တရားထိုင် (နာရီဝက်ထိုင်ချိန်)
Facebook Page မှ မိုးကုတ်ဆရာတော်ဘုရားကြီး၏ အလုပ်ပေးတရားကို Live လွှင့်ပေးပါမည်။

📌 ၆။ ညနေ(၃)နာရီခွဲမှ (၄)နာရီခွဲထိ = တရားနာ
Facebook Page မှ ထုတ်လွှင့်သော ကမ္မဋ္ဌာနာစရိယဆရာတော်၏ တရားကို နာကြားရန်ဖြစ်ပါသည်။

📌 ၇။ ညနေ(၅)နာရီခွဲမှ (၆)နာရီခွဲထိ = အဓိဋ္ဌာန်တရားထိုင်ချိန်
(#Zoom Meeting ဖြင့် ဆောင်ရွက်ပေးပါမည်။ Facebook Page မှလည်း Live လွှင့်ပေးပါမည်။ )

👉 Zoom ID = 9954228834
👉 Password(Passcode) = 12345

ညနေ (၅)နာရီ (၁၅) မိနစ်ခန့်မှ စ၍ ဝင်ရောက်နိုင်ပါသည်။
တရားထိုင်ချိန်တွင် ကမ္မဋ္ဌာနာစရိယ ဆရာတော်မှ အလုပ်ပေး တရား လမ်းညွန်ပေးပါမည်။ တရားထိုင်ချိန် ကင်မရာဖွင့်ထားပါက ယောဂီ၏ ဣရိယာပုထ် ကိုယ်နေဟန် မှန် / မမှန် လမ်းညွှန်ပေးနိုင်ပါလိမ့်မည်။

📌 ၈။ ည (၇)နာရီခွဲမှ (၈)နာရီခွဲထိ = အသံတော်တရားနာ
Facebook Page မှ မိုးကုတ်ဆရာတော်ဘုရားကြီး၏ အသံတော်တရားကို နာကြားရန် ဖြစ်ပါသည်။

——

#အသံတော်တရားနှင့် ဟောကြားပုံ အစီအစဉ်

👉👉 ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားလည်မှ (အသိနှင့်) ဒိဋ္ဌိပြုတ်မည်။ ဒိဋ္ဌိပြုတ်ပြီးအားထုတ်မှ အားကြီးသောဝိပဿနာဖြစ်မည်။

🍀 ရှေ့ပိုင်း ၅ ရက်၌ ဒိဋ္ဌိဖြုတ်တရားများ နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း ဆိုင်ရာ (သိမှုပိုင်းဆိုင်ရာ) အဓိကထုတ်လွှင့်ပေးပါမည်။
🍀 နောက်ပိုင်း ရက်များ၌ ဝိပဿနာအမြင် ၊ ဝိပဿနာဉာဏ်ပိုင်း၊ မဂ်ကျပုံ၊ စသည်ကို အဓိကထုတ်လွှင့်ပေးပါမည်။

သို့ဖြစ်ပါ၍ တရားစဉ်အားဖြင့် ရှေ့နောက် ဆက်စပ်နေသောကြောင့် တရား အချိတ်အစပ် ရစေရန် အချိန်စေ့ နာယူဖို့ တိုက်တွန်းလိုက်ပါသည်။

တနေ့ (၈) ကြိမ်။ တစ်နာရီနာ တစ်နာရီထိုင်၊ နာချိန် (၄)ချိန် ထိုင်ချိန် (၄)ချိန်။
မိုးကုတ် အဖွဲ့ချုပ်ကြီး၏ မူနှင့် အနီးစပ်ဆုံး တူအောင် စီစဉ်ထားပါသည်။

————-

📌 #စာရင်းပေးရန် လို/ မလို။
(မလိုပါ။)

တရားစခန်း တနေ့ (၈) ချိန်ရှိရာ ဝင်ရောက်အားထုတ်သူများ စာရင်းပေးရန် မလိုအပ်ပါ။
မိမိအဆင်ပြေသည့်အချိန်တွင် အချိန်ပိုင်းယောဂီအနေဖြင့်လည်း အားထုတ်နိုင်ပါသည်။

——–

📌 တောင်းပန်ချက်

အရှင်ခေမာသီရိ၏ အမေးအဖြေပြု၍ ဟောသောတရားများသည် ကြိုတင်ရိုက်ကူးထားရပါသည်။ Covid ကာလဖြစ်၍ ​ပြန်ဖြေသူအနည်းငယ်မျှဖြင့်ရိုက်ကူးထားရ၍ အဆင်မပြေမှုများတွေ့ပါက ခွင့်လွှတ်ပါရန် ကြိုတင် တောင်းပန်ထား အပ်ပါသည်။
တောရွာဒေသမှ ရှိသည့်ပစ္စည်း ရှိသည့်လူဖြင့် စီစဥ်ဆောင်ရွက်နေခြင်းဖြစ်၍ ရိုက်ကူးထုတ်လွှင့်ရာ၌ ချွတ်ယွင်းချက်များ ပါသွားလျှင်၎င်း ဟောပြောရာ၌ အဂါရဝစကားလုံးများ ပါသွားလျှင်၎င်း ခွင့်လွှတ်ပါရန် တောင်းပန်ထား အပ်ပါသည်။

📌📌 ကြိုတင်မှာထားချက်။

မြန်မာနိုင်ငံမိမိနေထိုင်ရာဒေသရှိ အင်တာနက်လိုင်းများ ပြတ်တောက်သွားပါက တရားစခန်းကို ရပ်နားလိုက်သည်ဟု ကြိုတင်မှတ်ယူထားပါရန်။

🍀🍀 စီစဉ်သူ အရှင်ခေမာသီရိ
(B.C.Sc) (သာသနဓဇဓမ္မာစရိယ)