305

ဒုက္ခဇာတ် သိမ်းတဲ့နည်း(စိတ္တာနုပဿနာ)

အသံဖိုင်ခေါင်စဉ်= စက်ဆုပ်စရာ အသုံးမကျတာအမှန်

စာအုပ်ခေါင်းစဉ်= ဒုက္ခဇာတ် သိမ်းတဲ့နည်း (စိတ္တာနုပဿနာ)

မှတ်ချက်။ ။အသံမကြည်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော

ဒုက္ခဇာတ် သိမ်းတဲ့နည်း

(စိတ္တာနုပဿနာ)

(၈-၈-၁၉၆၂)

ဒကာ ဒကာမတွေအား ဟင်္သာတမြို့က ဦးမာဒင်ဆိုတဲ့ ဒကာကြီးက သတ္တဝါတွေကို ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ်လည်နေတာ လည်းမသိ၊ ကိုယ့်ဟာကိုယ်ဖြတ်တောက်ဖို့ရာကိုလည်း မသိဘဲ ဖြစ်နေတော့၊ ဘုရားအဆူဆူ ပွင့်သွားငြား သော်လည်း ဒုက္ခသမုဒယ သာလည်ပြီး သကာလ နေတော့တယ်ဆိုတာ ကိုယ်တိုင် သိရအောင်လို့။

လောင်စာသိမ်း၍ မီးငြိမ်းတဲ့နည်း

ဒုက္ခ သမုဒယလည်မှုကိုလည်း ဪ သမုဒယ သစ္စာကမီး၊ ဒုက္ခသစ္စာက လောင်စာ၊ မီးနှင့်လောင်စာတွေသာ တို့သည် တစ်သံသရာလုံး ဖြစ်နေရပါလား၊ ဘယ်အခါကာလမှ လောင်စာသိမ်း၍ မီးငြိမ်းတဲ့ အဓိပ္ပာယ် မရောက်ခဲ့ပါလားဆိုတော့ လောင်စာသိမ်း၍ မီးငြိမ်းတဲ့နည်းကိုတော့ ဆရာဘုန်းကြီးက ဒီ ပဋိစ္စသမုပ္ပာဒ်ကဒ်ထဲမှာ ထည့်ပေးရမယ်။

ဒကာ ဒကာမတွေ သိမှုကတော့ လောင်စာနှင့်မီးသာ လှည့်ပတ်ပြီး သကာလ နေပါလားဆိုတာ သိရမယ်။

အဲဒီတော့ အပြောနဲ့မပြီးဘူး အမြင်နဲ့ဉာဏ်နဲ့ ကိုက်ပြီးကြည့် ရအောင် ဒကာကြီးက ဒီဟာတွေကိုဖြင့် ဘုရားတပည့်တော်ကပဲ ကုသိုလ် လုပ်ပါ့မယ်၊ အရှင်ဘုရားက ရေးပါ ဆိုတဲ့ အတွက်တဲ့ ဒကာ ဒကာမူတွေ

မရသေးတဲ့ပုဂ္ဂိုလ်များ ရှေးကရေးပြီးသား ပုဂ္ဂိုလ်များက တော့ဖြင့် မယူကြပါနဲ့၊ မရသေးတဲ့ ပုဂ္ဂိုလ်ငဲ့ပြီး သကာလ ရပြီးသား ပုဂ္ဂိုလ်တွေက သည်းခံပြီး မရသေးတဲ့ ပုဂ္ဂိုလ်တွေကို ဒီစာရွက်ကို ဒကာ ကြီး ကုသိုလ်၊ ဘုန်းကြီးများကလည်း ဒီဟာကြည့်ပြီး ဒကာ ဒကာ မတွေ တရားနာကြပါဆိုတာ မေတ္တာရှေ့ထားပြောကြားတယ်။

၎င်းအပြင် ကိုယ့်ဆရာသမားကို သံဃဂုဏောအနန္တော၊ အာစရိယဂုဏောအနန္တာဆိုတဲ့အတိုင်း အနန္တောနှစ်ခုကိုလည်း ဒကာ၊ ဒကာမတွေသိရအောင် ဓာတ်ပုံကိုလည်း တစ်ခုစီ မရသေး တဲ့ပုဂ္ဂိုလ်များက ကိုးကွယ်ရအောင် တရားမဟောမီ ရှေးအဖို့ကာလ၌ ကိုယ့်သီလကိုယ် စောင့်ရှောက်ပြီး သကာလ တို့ရပြီးသားဖြစ်နေရင် လည်း မယူဘူးပေါ့။

မရသေးတဲ့ပုဂ္ဂိုလ်တွေ ပူဇော်ကိုးကွယ်ရအောင်ဟ၊ ပူဇော် – ဆိုတာ ပိုက်ဆံပေးဖို့ မဟုတ်ပါဘူး၊ ကိုယ်တိုင်လက်အုပ်ချီ ပူဇော် ဖို့၊ ကိုယ်တိုင် ပဋိစ္စသမုပ္ပာဒ်ကြီးကို လာတိုင်း လာတိုင်း ယူလာပြီးတော့ကို ဒီမှာကြည့်ပြီး ဆရာဘုန်းကြီး ဟောတာနဲ့ ကိုယ့်ခန္ဓာဖြစ်စဉ် နဲ့ ဖြတ်နည်း တောက်နည်း သိပြီး သကာလ ဒီစာရွက်ကို လာတိုင်း လည်း ယူလာကြလို့ ရှိရင် အထူးကောင်းတယ်။

ဒါကြောင့် ဒကာ ဒကာမတွေဟာ ဟိုးက လှူဒါန်းတဲ့ ဒကာ ဒကာမကိုလည်း မေတ္တာပို့ပြီး သကာလ ဪ “ငါတို့ ကယ်တင်တဲ့စာရွက်ပါလား၊ ငါတို့ ကယ်တင်တဲ့ပုံတော်ပါလား၊ ငါတို့ အပေါ် အလွန်ကျေးဇူးများပါလား။”

ကျန်းမာပါစေ ချမ်းသာပါစေဆိုတဲ့ စိတ်ထားနဲ့ မေတ္တာပို့ ပြီး သကာလ လှူဒါန်းတဲ့ ဦးမာဒင်တို့ကိုလည်း မေတ္တာပို့ပြီး ဒကာ ဒကာမတွေက သီလကို ရှေ့ထားပြီး သကာလ သီလလည်း မပျက်ရအောင် မရသေးတဲ့ပုဂ္ဂိုလ်က အလှူခံ၊ ရပြီးသားပုဂ္ဂိုလ်က အလှူမခံနဲ့ သီလပျက်မှာစိုးလို့၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ဝေကြပါဦး။

တရားနာတာသည် ကိုယ့်အရေး

အားလုံး ဒကာ ဒကာမတွေ ယခုလာပြီး သကာလ တရား နာကြတာ သူများအရေးမပါဘူး၊ ကိုယ့်အရေးချည်းလို့ မှတ်ကြရမယ်၊ သူများအရေးမပါဘူး ဦးလှဘူးတို့ ဒကာကြွယ်တို့ ကိုယ့်အရေးကိုယ် လုပ်ကြတယ်လို့ အောက်မေ့ကြရမယ် (မှန်လှပါ ဘုရား)။

ဒုက္ခဇာတ်သိမ်းတဲ့နည်း

အဲဒီတော့ ကိုယ့်အရေးကိုယ်လုပ်ရမယ်ဆိုတော့ကို ကိုယ့် ခန္ဓာကြီးက ဒုက္ခသစ္စာ ဇာတ်ကြီးကို သိမ်းဖို့ လာကြတာ၊ ကိုယ့်ခန္ဓာ ကြီးက ပင်ကိုက ဒုက္ခသစ္စာ၊ အဲ့ဒီ ဒုက္ခသစ္စာဇာတ်ကြီးကို သိမ်းဖို့ရာ လာကြတာ ဖြစ်နေတော့၊ ဒုက္ခဇာတ်သိမ်းတဲ့နည်း ဆရာဘုန်းကြီးက ပေးတော့မယ်။

ဒုက္ခဇာတ်သိမ်းတဲ့နည်း ဆရာဘုန်းကြီးက ပေးတော့မယ် ဆိုတော့ ဒကာ ဒကာမတွေက တခြားသော အာရုံဘက်သို့ စိတ် မသွားဘဲနဲ့ ဪ ဒုက္ခသိမ်းတဲ့နည်းဟာတို့ ဒုက္ခရှိနေလို့ ဆရာ

ဘုန်းကြီးက ဒုက္ခသိမ်းတဲ့နည်းပေးမှာပါလား။

ဒီဒုက္ခသိမ်းတဲ့နည်းဖြင့် မရအရယူတော့မယ်ဆိုပြီး သကာလ ကိုယ့်အရေးမှာလည်း ဒုက္ခသိမ်းတဲ့ အရေးလောက်ကြီးတဲ့အရေးဟာ ဘာမှမရှိပါဘူး (မှန်လှပါ ဘုရား)။

ဒါကြောင့် အားလုံး ဒကာ ဒကာမတွေ တရားနာလာကြ တာလား၊ ဒုက္ခသိမ်းဖို့ရာ အရေးကြီးလို့ လာကြတာလား (ဒုက္ခ သိမ်းဖို့ရာ အရေးကြီးလို့ လာကြတာပါ ဘုရား)။

အဲ့ဒါကြောင့် တရားနာကို အသာထားပါ၊ ဒုက္ခသိမ်းဖို့ နည်းယူလာကြတယ်ဆိုတဲ့ ဥစ္စာသည် အမှန်ပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)၊ ဘာလုပ်ဖို့လာကြပါလိမ့် (ဒုက္ခသိမ်းဖို့ နည်း ယူလာတာပါ ဘုရား)။

ဒုက္ခသိမ်းဖို့ နည်းယူလာကြတယ်ဆိုတော့ ဒါလူမရွေးတော့ ဘူး၊ ဒကာကြွယ်ရေ (မှန်လှပါ ဘုရား)၊ ဒကာသစ် လူမရွေးတော့ ဘူး (မှန်လှပါ ဘုရား)။

အားလုံး တရားနာနေကြတဲ့ ရုပ်နာမ်ဓမ္မတွေက ဒုက္ခသစ္စာ (မှန်လှပါ ဘုရား)၊ ဒီဒုက္ခသစ္စာကြီး ယခု တရားနာနေရင်း မတ္တနဲ့ လည်း ညောင်းတယ်၊ ညာတယ်၊ လှည့်ရတယ်၊ ပြောင်းရတယ် ဆိုတာတွေကလည်း ရှိနေတယ် (မှန်လှပါ ဘုရား)၊ တရားနာရင်း မတ္တနဲ့လည်း အိုဘေးကြီးကလည်း သင့်ရက်ပဲ (မှန်လှပါ ဘုရား)။

ဟိုကကျင် ဒီကကိုက် နာဘေးကလည်း သင့်ရက်ဖြစ်နေ တော့ ဒုက္ခသစ္စာတစ်ခြားလားဟေ့ ဒီခန္ဓာကြီးထဲက အပြည့်ပါတာ လားဆိုတာ အကဲခတ်ကြည့်ရင် ပေါ်ပါလိမ့်မယ် (မှန်လှပါ ဘုရား)၊ ခန္ဓာကြီးထဲ အပြည့်အနှက်ပါနေတယ်ဆိုတာ ဒကာ ဒကာမတွေ လွဲမှားစရာ မရှိပါဘူး (မှန်လှပါ ဘုရား)။

အဲ့ဒီ ဒုက္ခကြီးက ရှိသာနေတယ် ဘယ်တော့များ ကျွတ်ပါ မလဲလို့ဆိုတဲ့ ကျွတ်လိုတဲ့စိတ်တော့ ရှိပါရဲ့ တဲ့၊ ကျွတ်ဖို့ရာ ဉာဏ် ကမရတော့လည်း ခဲယဉ်းတယ် (မှန်လှပါ ဘုရား)။

ဒုက္ခကျွတ်တဲ့ ဉာဏ်

ဒါကြောင့် ဒုက္ခကျွတ်တဲ့ဉာဏ်ကိုဖြင့် ယနေ့ပေးဖြစ်အောင် ပေးတော့မယ် ဆိုပြီး ဆရာဘုန်းကြီးက တရားလာပြီး သကာလ ပြောနေတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ဒုက္ခသိမ်းတဲ့နည်းပေး တောမယ့်ဆိုတဲ့ဥစ္စာ၊ ဒုက္ခရှိတာကိုသိမှု တစ်နံပါတ်၊ ဒုက္ခရှိတာကို သိမှုက (တစ်နံပါတ်ပါ ဘုရား)၊ ရှိတာကို သိမှု သိတော့မှတဲ့ ဪ ဒီ ဒုက္ခ ဘယ်ကလာပါလိမ့်မလဲလို့ လက်သည်ရှာမှုက နှစ်နံပါတ် (မှန်လှပါ ဘုရား)။

ဒုက္ခရှိတာသိမှုက (တစ်နံပါတ်ပါ ဘုရား)၊ ဒီဒုက္ခဘယ်က လာပါလိမ့်မလဲလို့ လက်သည်ရှာမှုက (နှစ်နံပါတ်ပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ဒုက္ခရှိမှုကို သိဖို့ရာက တစ်နံပါတ်၊ ဒီဒုက္ခ ဘယ်က လာပါလိမ့်မတုံးလို့ လက်သည်ရှာမှုက (နှစ်နံပါတ်ပါ ဘုရား)၊ နှစ်နံပါတ်ဆိုတော့ သစ္စာနှစ်ပါးပါသွားပြီ (မှန်လှပါ ဘုရား)။

ဒုက္ခရှိမှုသိရမှာက တစ်နံပါတ်၊ ဒီဒုက္ခ ဘယ်ကလာပါလိမ့် မလဲလို့ သိမှုကို ရှာရတာကလည်း နှစ်နံပါတ်၊ ဒီသိမှု ရှိသွားတော့ ဒီဒုက္ခဘယ်ကလာတယ်လို့ သိတဲ့အခါကျမှ ဒီဒုက္ခဖြစ်ကြောင်းကို အဘယ်ကဲ့သို့ ဖြတ်ရမယ်ဆိုတာက သိမှုကလည်း သုံးနံပါတ်ဗျ (မှန်လှပါ ဘုရား)။

ဖြတ်လိုက်လို့ရှိရင်ဖြင့် ဘယ်လိုအကျိုးရှိမယ်ဆိုတဲ့ နိရောဓ သစ္စာသိမှုက လေးနံပါတ် ဖြစ်နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ရှေးဦးစွာ ဆရာဘုန်းကြီးသည် ဒုက္ခရှိတာသိမှု တစ်နံပါတ် ကို ပြောပါ့မယ် (မှန်လှပါ ဘုရား)။

ဒုက္ခဆိုတာ

ကိုင်း ဒကာ ဒကာမတို့ ဒုက္ခဆိုတဲ့ဥစွာ တစ်ခြားကို ရှာမနေနဲ့ အပေါင်း မှတ်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် တရားနာနေတဲ့ ခန္ဓာတစ်ခုလုံးဟာဖြင့် သုခ မဖက် ဒုက္ခသက်သက်လို့ ဆုံးဖြတ်ချက် ချပါ (မှန်လှပါ ဘုရား)။

တရားနာနေတဲ့ခန္ဓာကြီးဟာ ဘာပါလိမ့် (သုခမဖက် ဒုက္ခ သက်သက်ပါ ဘုရား)၊ သုခမဖက် ဒုက္ခသက်သက်ပဲလို့ ဒကာကြွယ် တို့ မှတ်ထားရမယ်နော် (မှန်လှပါ ဘုရား)၊ မှတ်ထားတော့ သညာ စခန်း ရှိသေးနေတော့ သညာနဲ့၊ မတင်းတိမ်ဘဲနဲ့ ပညာနဲ့ မှန်မှန် ရှု၊ မှန်မှန်ရှိုက်ပြီး စိုက်ကြည့်နေလို့ ရှိရင်ဖြင့် ဟိုက ယားသလို၊ ဒီက နာသလို၊ ဒီက အိုက်သလို၊ ဒီကနေပြီး သကာလ ပြောင်းချင် သလို၊ ရွှေ့ချင်သလို ဒါတွေဟာ ဒကာ ဒကာမတွေ ပင်ကို သဘောစွန့်တာဆိုရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား)။

ဉာဏ်ကလေးနဲ့စိုက်ကြည့်ပါ

ဪ ဒါဖြင့် ခဏလေး သမာဓိထားပြီး ဒကာ ဒကာမ တွေက ဒီခန္ဓာကြီးကို ဉာဏ်ကလေးနဲ့ သတိထားပြီး ဉာဏ်ကလေးနဲ့ စိုက်ကြည့်လိုက်တဲ့အခါကျတော့ ပြောင်းချင်တဲ့စိတ်၊ ပြောင်းချင်တဲ့ ရုပ်၊ သည်းမခံနိုင်တဲ့ သဘောတွေ၊ စိတ်တွေ အမျိုးမျိုး ပေါ်လာပုံတွေ၊ ဟိုကယားသလို ဒီက နာသလို ကိုက်သလို ခဲသလို အိုက်သလို ဒါတွေလာလို့ရှိရင် ဘာတွေမှ မအောက်မေ့ဘဲနဲ့ ဪ ဒီခန္ဓာ ကြီးဟာ ဒုက္ခက ဆင်းရဲတာ၊ သစ္စာက မှန်တာ၊ ဆင်းရဲတာ အမှန် ဆိုတာ ဪ အခုပေါ်နေတဲ့ ပင်ကိုသဘောတွေဟာ ဆင်းရဲတာ အမှန်တွေပါလားလို့ ဒကာကြွယ်၊ ဦးလှဘူးတို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတွေ ခန္ဓာဉာဏ်နဲ့ စိုက်လိုက်တဲ့အခါ ကျတော့မှ ပြောင်းချင်တာတွေ ရွှေ့ချင်တာတွေ၊ ယားတာတွေ၊ အိုက်တာတွေ၊ ကျင်ကြီးကျင်ငယ်စွန့်ချင်တာတွေ၊ အောင့်ထားရ တာတွေ ဒါတွေဟာ ဘာတွေပါလိမ့် ဒကာ ဒကာမတို့ ဒုက္ခပဲနော် (မှန်လှပါ ဘုရား)။

သူ့ထဲမှာ သုခများ ပါသေးသလား (မပါပါဘူး ဘုရား)၊ ဒါဖြင့် ဒုက္ခသစ္စာ၊ ဒုက္ခအမှန်ပဲ (မှန်လှပါ ဘုရား)၊ သုခမရောမယှက် ဘူး (မှန်လှပါ ဘုရား)၊ ဒုက္ခအမှန်ပဲလို့ ဆုံးဖြတ်ချက်ချလိုက်တာ ပေါ့နော် (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ထဲမှာ ခဏ လေး စောင့်ကြည့်လိုက်လို့ရှိရင် ဘာတွေ တွေ့မယ်လို့ ထင်ကြသတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒကာကြွယ် ဒုက္ခသစ္စာပဲတွေ့မယ် (မှန်လှပါ ဘုရား)။

ဒုက္ခဘယ်က လာပါလိမ့်

ဒုက္ခသစ္စာပဲလို့ တွေ့တဲ့အခါကျတော့မှ ဒီ ဒကာ ဒကာမ တွေဟာ ဒီ ဒုက္ခ ဪ ဘယ်က လာပါလိမ့်မတုံး လက်သည် ရှာကြစို့ ရဲ့ နော် (မှန်လှပါ ဘုရား)။

ဒီဒုက္ခ ဘယ်ကလာပါလိမ့်မတုံးလို့ လက်သည်ရှာတဲ့အခါ ကျတော့ကို ဪ တို့တခြားကြောင့်တော့ မဟုတ်ဘူးဟေ့၊ လူဖြစ် ရပါလို၏ဆိုတဲ့ ဆုတောင်းတဏှာကြောင့် (မှန်လှပါ ဘုရား)၊ ဒီ ဒုက္ခ ဘယ်ကလာပါလိမ့် (လူဖြစ်ရပါလို၏ ဆိုတဲ့ ဆုတောင်းတဏှာကြောင့်ပါ ဘုရား)။

ဪ လူဖြစ်ရပါလို၏ဆိုတဲ့ ဆုတောင်း တဏှာကြောင့် ဆိုတာ သိသွားတော့ အင်း သူ့လက်ချက်ပဲ ဆိုတဲ့လက်သည် ဖမ်းမိ တယ် (မှန်လှပါ ဘုရား)၊ သမုဒယသစ္စာဆိုတဲ့ လက်သည် ဖမ်းမမိ ဘူးလား (မိပါတယ် ဘုရား)။

ခန္ဓာကြီးက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒီခန္ဓာကြီး ဆုတောင်းယူမိတာက ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)၊ သမု ဒယသစ္စာ၊ အင်း ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ဆုတောင်းပြည့် နေတာ ဒုက္ခသစ္စာ (မှန်လှပါ ဘုရား)၊ ကိုယ့်ဆုတောင်းပြည့်နေတာ (ဒုက္ခသစ္စာပါ ဘုရား)။

ဆုတောင်းမိတာက (သမုဒယသစ္စာပါ ဘုရား)၊ ဆုတောင်း ပြည့်တာက (ဒုက္ခသစ္စာပါ ဘုရား)၊ အဲ့ဒီ ဒကာ ဒကာမတွေက ဒီလို ကွဲကွဲပြားပြား ဟောမယ့် ပြောမယ့် ပုဂ္ဂိုလ် ဒကာ ဒကာမတွေ မကြားရသေးတော့ ဘယ်တော့များ ဆုတောင်းပြည့်ပါ့မတုံးများ ညည်းနေလိုက်သေးတယ် (မှန်လှပါ ဘုရား)။

ဘယ်တော့မှ ညည်းမနေနဲ့ ခင်ဗျားတို့ ခဏခဏ ပြောင်း ရတာလည်း ဆုတောင်းပြည့်တာ (မှန်လှပါ ဘုရား)၊ လူဖြစ်ရပါလို ၏ဆိုလို့ လူ ဒုက္ခသစ္စာကြီးမို့ ဟိုပြောင်းရ၊ ဒီရွှေ့ရ ကျင်ကြီးစွန့်ရ၊ ကျင်ငယ်စွန့်ရ၊ ချွေးသုတ်ရ၊ အညောင်းအညာလေး ဖြေလိုက်ရ၊ ကျင်တာလေး ပျောက်အောင် ဟိုဘက်ဒီဘက် ပြောင်းလိုက်ရ၊ ဒါ ဆုတောင်း ပြည့်နေတာလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

ဆုတောင်းပြည့်တာ ဒုက္ခသစ္စာ

ဆုတောင်းပြည့်တာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါကြောင့် ဆုတောင်းပြည့်တာ ဒုက္ခသစ္စာ၊ ဆုတောင်းမိတာ သမုဒယ သစ္စာ (မှန်လှပါ ဘုရား)၊ ဆုတောင်းပြည့်တာ (ဒုက္ခသစ္စာပါ ဘုရား)၊ ဆုတောင်းမိတာ (သမုဒယသစ္စာပါ ဘုရား)၊ ဪ ဒါဖြင့် ဒကာ ဒကာမတွေ နေ့တိုင်း ခန္ဓာကိုယ်ကြီးကို အနင်းခံရ၊ အနှိပ်ခံရ၊ ထမင်း ကျွေးရ၊ အိုက်တဲ့အနာတွေပေါ်လာရင် ရေချိုးပေးရ၊ အေးတဲ့ အနာတွေပေါ်လာရင် ခြုံရုံပေးရ၊ ဒါဆုတောင်းပြည့်တာ ဘာသစ္စာ ပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဆုတောင်းမိတာ သမုဒယသစ္စာ

ဆုတောင်းမိတာက (သမုဒယသစ္စာပါ ဘုရား)၊ ဪ ဒကာ ဒကာမတွေ ဆုတောင်းပြည့်တာ ဒုက္ခသစ္စာ, ဆုတောင်းမိတာ သမုဒယသစ္စာဆိုတာ မှန်လိုက်တာ မောင်ဘသော် (မှန်ပါ ဘုရား)၊ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ သမုဒယသစ္စာ၊ ကြောင့် ဒုက္ခသစ္စာဖြစ်တာပဲဆိုတဲ့ဥစ္စာ ဆရာဘုန်းကြီးက ပြော လိုက်တော့ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း ဆိုတာ လည်း ဒကာ ဒကာမတွေ စဉ်းစားကြည့် ခင်မိလို့ဖြစ်တာ (မှန်လှ ပါ ဘုရား)။

ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်းဆိုတာ (ခင်မိ လို့ ဖြစ်တာပါ ဘုရား)၊ ဆင်းရဲခြင်းက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ခင်မိတာက (သမုဒယသစ္စာပါ ဘုရား)။

ဆင်းရဲခြင်းက (ဒုက္ခသစ္စာပါ ဘုရား)၊ ခင်မိတာက (သမုဒယသစ္စာပါ ဘုရား)၊ ဒါက ပစ္စုပ္ပန်ဘဝကျမှ ထပ်မိုက်တဲ့ ခင်မှု သမုဒယသစ္စာနဲ့ ချက်ချင်း“ အကာလိကော”ဆိုတဲ့ အခါမလင့် အကျိုးပေးတဲ့ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲဆိုတာက ဒုက္ခသစ္စာ (မှန်လှပါ ဘုရား)၊ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတွေကလည်း ပြောကြ ဆိုကြတာက အခင်အမင်မရှိလို့ ရှိရင် နေမဖြစ်ဘူးတဲ့ (မှန်လှပါ ဘုရား)၊ ခင်စရာ မင်စရာ မရှိလို့ရှိရင် နေမဖြစ်ဘူးဆိုတော့ ခင်တာ က သမုဒယသစ္စာ၊ နေမဖြစ်တဲ့ ခန္ဓာကြီးရတော့ ခန္ဓာကြီးထဲမှာ တော်ကြာ ဒုက္ခသစ္စာတွေ တဖွားဖွား ပေါ်လာတော့ ဪ ဒီလိုများ ဖြစ်လိမ့်မယ် မထင်ဘူးဆိုတဲ့ဥစ္စာ မှားတာပဲ (မှန်လှပါ ဘုရား)။

ခင်တတ်တာက ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)၊ ခင်ခြင်းကြောင့် ပူဆွေးရတာက (ဒုက္ခသစ္စာပါ ဘုရား)၊ ခင်တာက (သမုဒယသစ္စာပါ ဘုရား)၊ ပူဆွေးရတာ (ဒုက္ခသစ္စာပါ ဘုရား)။

သမုဒယသစ္စာထပ်ပွားရင်

ဒါဖြင့် ဒကာ ဒကာမတို့ ယခုဘဝကျမှ တစ်ခါခင်မှု တစ်ခု တိုးပြီး သမုဒယသစ္စာ ထပ်ပွားပြန်တော့ ပူဆွေးဆိုတဲ့ ဒုက္ခသစ္စာကြီး နှစ်ခုဟာ မရပေဘူးလား (ရပါတယ် ဘုရား)။

ဒါဖြင့် ပူဆွေးတာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။ ခင်မိတာက ဘာသစ္စာ (သမုဒယ သစ္စာပါ ဘုရား)၊ ဒကာ ဒကာမတွေ တစ်နေ့လုံးဟာ ဘာသစ္စာတွေများလှည့်နေပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် ခင်တာ သမုဒယသစ္စာ၊ မျှော်နေရတာက (ဒုက္ခ သစ္စာပါ ဘုရား)၊ ခင်တာက (သမုဒယသစ္စာပါ ဘုရား)၊ မျှော်နေရ တာက (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ အိမ်များ ဘာလုပ်နေကြသတုံး သားတွေ သမီးတွေ ကျောင်းသွားတဲ့ အခါ တစ်ယောက်သော ခင်ပွန်း မက အရောင်းအဝယ်သွားတဲ့အခါ၊ တစ်ယောက်သော ခင်ပွန်းသည် က အရောင်းအဝယ် သွားတဲ့အခါကျတော့ ဒီအချိန်လာခဲတယ်၊ ဒီလောက်တောင် ကြာရမလား ဆိုတဲ့ဥစွာ ဒကာကြွယ် ခင်မင်မှုက ရှိနေ လို့ ပေါ့လေ (မှန်လှပါ ဘုရား)။

အဲ့ဒီ ခင်မှုက ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)၊ ခဏ ခဏ မျှော်ပြီး သကာလ စောင့်ကြည့် နေရတာက (ဒုက္ခသစ္စာပါ ဘုရား)၊ စောင့်ကြည့်နေရတော့ ဒုက္ခသစ္စာ၊ ခန္ဓာကြီးက စောင့် ကြည့်နေရတော့ ဒီခန္ဓာကြီးသည်ကားလို့ဆိုရင် ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား)။

စိုးရိမ်ကြောင့်ကြ စိတ်မချတာ

ဒါကြောင့် ခင်ရင် ဒကာ ဒကာမတို့၊ ခင်လုံးကလေး ပေါ်လာရင် သမုဒယသစ္စာ (မှန်လှပါ ဘုရား)၊ ဒီခင်မိလို့ရှိရင်ဖြင့် ကြောင့်ကြတယ်၊ စိုးရိမ်တယ်၊ စိတ်မချ လက်မချရှိတော့တယ် ဆိုတာလေးက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ခင်တာက (သမုဒယသစ္စာပါ ဘုရား)၊ စိုးရိမ်ကြောင့်ကြ စိတ်မချတာက (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာ ဆိုတော့ ဒကာ ဒကာမတွေ အိမ်မှာ သစ္စာဘယ်နှပါးနဲ့နေကြသတုံး (နှစ်ပါးနဲ့နေပါ တယ် ဘုရား)၊ ဘာသစ္စာတုံး (သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာပါ ဘုရား)။

ဪ ခင်ဗျားတို့သန္တာန်မှာ မဂ္ဂသစ္စာဆိုတဲ့ဘုရားလည်း မပွင့်ပါလား (မှန်လှပါ ဘုရား)၊ နိရောဓသစ္စာ ဆိုတဲ့ ဒုက္ခသိမ်းရာ ကြီးလည်း မပေါ်လာပါလား (မှန်လှပါ ဘုရား)။

မဂ္ဂသစ္စာဆိုတဲ့ ဘုရားကော (မပွင့်ပါ ဘုရား)၊ နိရောဓ သစ္စာဆိုတဲ့ ဒုက္ခသိမ်းရာကြီးကော မျှော်မှန်းလို့မှ ရကြရဲ့ လား (မရပါ ဘုရား)။

ဪ ဒါဖြင့် အဲ့ဒီ ပဋိစ္စသမုပ္ပာဒ်ကြည့်လို့ရှိရင် ဒကာ ဒကာမတွေ ဒုက္ခနဲ့ သမုဒယသာ လှည့်နေတာပဲ (မှန်လှပါ ဘုရား)၊ နိရောဓနဲ့ မဂ္ဂ ပါပါရဲ့ ဘား (မပါပါဘူး ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတွေ ဒီလမ်းကိုဖြင့် ဘုန်း ကြီးများကမှ အကူအညီ ဖြတ်တောက်ပြီး နည်းလမ်းတွေ မပေးတော့ဘူးဆိုရင် ဒီ ဒကာ ဒကာမတွေမှာတဲ့ သမုဒယသစ္စာနဲ့ခင် လိုက်၊ ရင်ထုကြမ်းခုန်ဒုက္ခရောက်လိုက်၊ ဒါပဲအချိန်ကုန်မယ် (မှန်လှ ပါ ဘုရား)၊ ဒီအပြင် ဘာရှိသေးသတုံး (မရှိပါဘူး ဘုရား)။

ခင်မှု သမုဒယသစ္စာပေါ်လိုက် ဟုတ်လား၊ ခွဲရတော့မယ် အလိုမကျတော့ဘူးဆိုတဲ့ ဒုက္ခသစ္စာတွေက ပေါက်ပွားလိုက် ဒီလိုပဲ မနေဘူးလား (နေပါတယ် ဘုရား)။

အိမ်မှာ ဘယ်သစ္စာနှစ်ပါးလှည့်နေကြပါလိမ့်

အဲ့ဒါကြောင့် ဒကာ ဒကာမတွေ အိမ်မှာ ဘယ်သစ္စာနှစ်ပါး လှည့်နေကြပါလိမ့် (သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ သမုဒယကြောင့် ဒုက္ခဖြစ်ရတယ် (မှန်လှပါ ဘုရား)။

ဒုက္ခထဲက သမုဒယအသီးတွေ သီးမလာဘူးလား (သီး လာပါတယ် ဘုရား)၊ သမုဒယ အသီးတွေက အပင်ပေါက်ပြန်တော့ ဘာအပင်ပေါက်လာပါလိမ့် (ဒုက္ခအပင်တွေပါ ဘုရား)။

အပင်မှမျိုး မျိုးမှအပင်

ဒါဖြင့် ခုနက စာထဲ ပါပါတယ် အပင်မှမျိုး မျိုးမှအပင်သာ ရှိတော့တယ် (မှန်လှပါ ဘုရား)၊ ဒုက္ခသစ္စာအပင်ကြီးက သမုဒယ သစ္စာတွေပေါက်ပွား၊ သမုဒယသစ္စာ မျိုးစေ့ကျပြန်တော့လည်း ဒုက္ခပင်တွေ ပေါက်လာပြန်တယ် (မှန်ပါ)၊ ဒုက္ခပင်တွေက သမုဒယအသီး တွေသီးပြီး မျိုးကျပြန်တော့လည်း ဒုက္ခပင်တွေ ပြန်မပေါက်ပေဘူး လား (ပေါက်ပါတယ် ဘုရား)။

ဒါဖြင့် အပင်မှ၊ မျိုးမှအပင်ဆိုတဲ့ ဥစ္စာ ရှောင်လွဲလို့ ရသေးရဲ့ လား (မရပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဖြစ်ထွေကဖြင့် မီးနဲ့ လောင်စာသာရှိတော့တယ် (မှန်လှပါ ဘုရား)။

အေးချမ်းမှုနဲ့ မီးငြိမ်းတာနဲ့ ငြိမ်းချမ်းမှုတော့ လာကိုမလာ ဘူး (မှန်လှပါ ဘုရား)၊ အင်မတန် ကြောက်စရာ ကောင်းပါတယ်။

ဒါကြောင့် ဘုန်းကြီးများသည်တဲ့ ဒကာ ဒကာမတို့ ဇာတ် သိမ်းတရားကိုဖြင့် ယနေ့ ရှင်းရှင်းလင်းလင်း နဲ့ပဲ ဒီအလုပ်လုပ်ဖြစ် အောင် လုပ်ပါဆိုတာ ဟောတော့မယ်နော် (မှန်လှပါ ဘုရား)။

အိမ်မှာဖြင့် ဒကာ ဒကာမတွေ ကျွန်မတို့ ကုသိုလ်ဖြစ်ပါ တယ်၊ ကျွန်တော်တို့ဖြင့် အိမ်မှာနေငြား သော်လည်း ကုသိုလ်ဖြစ်ပါ တယ်လို့ ဘယ်တော့မှ မပြောနဲ့ (မှန်လှပါ ဘုရား)။

ခင်သော သမုဒယသစ္စာ

သားကလေးတွေ ကျောင်းသွားတယ်၊ ကျောင်းပို့ဖို့ရာက လည်း ခင်လို့ ပို့ဖြစ်တာပဲ (မှန်လှပါ ဘုရား)၊ ခင်တာ သမုဒယ သစ္စာ၊ ပို့တဲ့ဒုက္ခက (ဒုက္ခသစ္စာပါ ဘုရား)။

တစ်ခါ အချိန်နီးပြန်တော့ ကြိုချင်တာလေးက သမုဒယ သစ္စာ (မှန်လှပါ ဘုရား)၊ သွားကြိုတာက (ဒုက္ခသစ္စာပါ ဘုရား)၊

အိမ်မှာ ကုသိုလ်များ ဖြစ်နေကြသလား (မဖြစ်ပါဘူး ဘုရား)၊ ဖြစ်ကို မဖြစ်ဘူးဆိုတာ သေချာပြီလား (သေချာပါတယ် ဘုရား)။

အဲ့ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အိမ်မှာ တပည့်တော်တို့ အလုပ်တွေများလွန်းလို့ ဘုရား ကျောင်းလည်း မရောက်နိုင်ဘူးဘုရား၊ တရားလေးထိုင်မယ်ဆိုရင်လည်း မအားဘူး ဘုရား။

မီးနဲ့လောင်စာ

ဟ! ဘာဖြစ်နေတာတုံး၊ မီးနဲ့ လောင်စာချည်းလုပ်နေရ ထို့ဘုရား (မှန်လှပါ ဘုရား)၊ မီးက သမုဒယသစ္စာ၊ လောင်စာက ဒုက္ခသစ္စာ (မှန်လှပါ ဘုရား)၊ သဘောကျပလား (မှန်လှပါ ဘုရား)။

အဲ့ဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အိုး အလှူကြီးပေးပြန်သတဲ့ တော်တော် ကြာကျလို့ ရှိရင်ဖြင့် ဘုရားတည် ပြန်သတဲ့၊ ကျောင်းဆောက်ပြန်သတဲ့ဆိုတဲ့ အဲ့ဒါလေးတွေကသုံးနှစ် တစ်ကြိမ်မလာပါဘူးဒကာသစ်ရာ (မှန်လှပါ ဘုရား)၊ ဆယ်နှစ် တစ်ကြိမ်လာရဲ့လား (မလာပါဘူး ဘုရား)။

သမုဒယနဲ့ဒုက္ခကတော့ တစ်နေ့ဘယ်နှကြိမ် လာကြသတုံး (မရေမတွက်နိုင်ပါဘူး ဘုရား)။

အဲ့ဒီတော့ ခင်ဗျားတို့ဟာက မိုးကြိုးပစ်တဲ့၊ အပါယ်မိုးကြိုး ပစ်နေတာကို ထန်းလက်နဲ့ ကာလို့တော့ ရမှာမဟုတ်ဘူး (မရပါ ဘုရား)၊ အဲ့ဒီ သမုဒယသစ္စာဖြတ်မှ ဒုက္ခသိမ်းတဲ့ နိဗ္ဗာန် ရောက်မယ် (မှန်လှပါ ဘုရား)။

သမုဒယသိမ်းနည်း နိဿရည်း

ဒီအပြင်နည်းဖြင့် ဘုန်းကြီး၏ အကူအညီကို မပေးနိုင်အောင် ဖြစ်နေလို့ ဒကာ ဒကာမတို့ သမုဒယသိမ်းနည်း နိဿရည်းပဲ နာကြပါတော့ (မှန်လှပါ ဘုရား)၊ ဒီအတိုင်း ခင်ဗျားတို့ လှူတန်း ပေးကမ်းပြီး သကာလ နေတာတွေ ဝမ်းမသာလို့မဟုတ်ပါဘူး၊ အလှူ ခံ ပုဂ္ဂိုလ်တွေပဲ၊ သာသနာ ကြီးပွားရေး ထောက်ပံ့ကြတယ် ဆိုရင် ဝမ်းသာဖို့ ပါပဲတဲ့။

သို့သော်လည်း ခင်ဗျားတို့က ထန်းလက်ကာ သလောက် ဖြစ်နေတော့ ဘုန်းကြီးများက လိုသေးတယ် ဆိုတာ ဒကာသစ် ဖြည့် ရလိမ့်မယ် (မှန်လှပါ ဘုရား)၊ လိုသေးတယ်ဆိုတာ မဖြည့်ရပေ ဘူးလား (ဖြည့်ရမှာပါ ဘုရား)။

တစ်နေ့ကို ဥပမာ ကလေး တစ်ယောက်ကို ဒီပြင်ဟာ လူကြီးကိစ္စကို အသာထားပါဦး ကလေး တစ်ယောက်ကို ကျောင်းပို့ ချင်တာက သမုဒယသစ္စာ ပို့ရတာက ဒုက္ခသစ္စာ (မှန်လှပါ ဘုရား)၊ နေ့လယ်ကျတော့ သွားကြိုချင်တာက (သမုဒယသစ္စာပါ ဘုရား)။ အင်း ကြိုရတာက (ဒုက္ခသစ္စာပါ ဘုရား)၊ နောက်တစ်ခါပြန်ပို့ချင် တာက (သမုဒယသစ္စာပါ ဘုရား)၊ ပို့ လိုက်ရတာက (ဒုက္ခ သစ္စာပါ ဘုရား)။

ညနေကျပြန်တော့ ပြန်ကြိုချင်တာက (သမုဒယသစ္စာပါ ဘုရား)၊ ကြိုရတာက (ဒုက္ခသစ္စာပါ ဘုရား)၊ အိမ်ကျတော့ ခင်လွန်း လို့ အော်ငေါက်ရတဲ့ဥစ္စာသည် မခင်ဘဲနဲ့ အော်မိ ငေါက်မိပါ့မလား (မငေါက်မိပါ ဘုရား)၊ စိုးရိမ်သောက ရှိလို့ပေါ့ဗျာ (မှန်လှပါ ဘုရား)။

မခင်တဲ့ပုဂ္ဂိုလ် စကားထဲ ထည့်မပြောပါဘူးဆိုတာ ခင်ဗျား တို့ ပါပြီးသားပါ၊ ဒီဥစ္စာက ရှင်းနေပါတယ် (မှန်လှပါ ဘုရား)၊ ဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

အဲဒီတော့ ခင်ဟာ ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)၊ သူ့အကြောင်းလေး ဆက်ကာဆက်ကာ ပြောနေတာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ သူ့အကြောင်းဆက်ကာ ဆက်ကာ ပြောလို့ ရှိရင် ဒုက္ခသစ္စာပဲ (မှန်လှပါ ဘုရား)။

ဘယ်နှယ့်ကြောင့်တုံးဆို အိုး ခင်လို့ ပါးစပ်ထဲထည့်မိတာ ပေါ့ (မှန်လှပါ ဘုရား)၊ ဘယ်နှယ်ကြောင့်တုံး (ခင်လို့ ပါးစပ်ထဲ ထည့်မိတာပါ ဘုရား)။

ဒါဖြင့် ခင်တာက ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)၊ ပါးစပ်က တဖွဖွပြောနေတာက (ဒုက္ခသစ္စာပါ ဘုရား)၊ သား – အကြောင်း သမီးအကြောင်း ပြောနေတာ ဒကာ ဒကာမတွေက ဘာသစ္စာလို့ မသိရှာကြဘူး (မှန်လှပါ ဘုရား)။

ယခုတော့ သားအကြောင်း သမီးအကြောင်းဆိုတာ မခင်ဘဲ နဲ့ ပြောတာလား၊ ခင်လို့ ပြောတာလား (ခင်လို့ပြောတာပါ ဘုရား)၊ ခင်တာက ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)၊ ပြောမိတာက (ဒုက္ခသစ္စာပါ ဘုရား)။

တစ်နေ့ ဘယ်နှကြိမ် ဒီကလေးတွေအတွက်၊ ဒီ သားလင် ခင်ပွန်းတွေအတွက် ပြောရဆိုရတာ ကျုပ်ဖြင့် မောပေါ့ဆိုတာများ ညည်းလုံးများထုတ်လိုက်သေးတယ်၊ မောချင်မော ဘာပြုလို့ အမော ခံတာတုံးဆိုတော့ ဪ ကိုယ့်အိမ်သားမို့ ကိုယ်အမောခံတာပေါ့ (မှန်လှပါ ဘုရား)။

ကိုယ့်အိမ်သားက ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။ ကိုယ့်အိမ်သားဆိုတာက ကိုယ်ခင်လို့ သမုဒယသစ္စာ၊ အမောခံနိုင်တာက (ဒုက္ခသစ္စာပါ ဘုရား)။

ဒယ်အိုးဆင်းတဲ့ အဓိပ္ပာယ်

ဪ ခင်ဗျားတို့ ကိုယ့်အိမ်မှာ ကိုယ်မောပြီး သကာလ ဒယ်အိုးဆင်းကြတဲ့ အဓိပ္ပာယ်တွေဟာ သိပ်များပါလား (များပါ တယ် ဘုရား)၊ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

ဒကာကြွယ် ငါတဖွဖွပြောနေတာ မင်းကွာ နားမထောင်ဘူး လားဆိုတာများ ဒကာကြွယ် မပြောမိဘူးလား (ပြောမိပါတယ်၊ ဘုရား)၊ ဘာဖြစ်လို့ ဒကာကြွယ်က တဖွဖွပြောချင်ရတာတုံးဆိုတော့ ပြောချင်တာလေးက ခင်လို့လား၊ မခင်လို့လား (ခင်လို့ပါ ဘုရား)။

ခင်တာက ဘာတုံး (သမုဒယသစ္စာပါ ဘုရား)၊ တဖွဖွ ပြောနေတာက (ဒုက္ခသစ္စာပါ ဘုရား)၊ ဪ ဒါတွေ မသိရှာဘူး၊ မသိဘူး နားထောင်မလားလို့ ပြောရတာပဲ၊ ကျုပ်ကတော့ အကောင်း ပြောတာပဲ၊ ဘယ်အကောင်းပြောရမလဲ ဒုက္ခသစ္စာလုပ် နေတာ အကောင်းပြောပါတယ်လို့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အကောင်းပြောတာလား၊ ဒုက္ခသစ္စာဖြစ်နေတာလား (ဒုက္ခသစ္စာဖြစ်နေတာပါ ဘုရား)၊ အဲ့ဒါ လူကြီးပရိယာယ်နဲ့ ဒကာ ကြွယ်တို့က စကားခပ်တတ်တတ်နဲ့ ကျုပ်ကတော့ တစ်ခွန်းပြော တစ်ခွန်း အကောင်း ပြောတာပါပဲ (မှန်လှပါ ဘုရား)။

ဘယ်ကောင်းရမတုံး ပြောတယ်၊ အားစိုက်ရတဲ့ အသံရုပ် ကော ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)၊ အားစိုက်မှု ကလည်း ကိုယ်၏ ဆင်းရဲ စိတ်၏ ဆင်းရဲခြင်းဆိုတာက ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ပြောတဲ့အသံကကော (သမုဒယ သစ္စာ ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီအသံတွေ ထွက်လာပါလိမ့်မတုံး မေးတော့ ခင်လို့ (မှန်လှပါ ဘုရား)၊ ခင်တာက (သမုဒယသစ္စာ ပါ ဘုရား)၊ ပြောမိတာက (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်လို့ပြောမိတာလေးများ ရှိ ကြသလား (ရှိပါတယ် ဘုရား)၊ ဪ ဘယ်အချိန်ပြောကြပါလိမ့် အချိန်တိုင်းပေါ့ဘုရား (မှန်လှပါ ဘုရား)၊ အချိန်တိုင်း ဘာသစ္စာ တွေ ကြိုးစားနေကြသတုံး (သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာဆိုတာ

သမုဒယနဲ့ ဒုက္ခ ကြိုးစားနေတော့ ဒုက္ခက ဒကာ ဒကာမ တို့ စက်ဆုပ်စရာ အသုံးမကျတာ ဒုက္ခသစ္စာကိုး၊ ဒု-က စက်ဆုပ် စရာ၊ ခ-က အသုံးမကျတာနော်၊ ဒု-က စက်ဆုပ်စရာ၊ ခ-က အသုံးမကျတာ ဆိုတော့ ဒုက္ခသစ္စာအလုပ် (မှန်လှပါ ဘုရား)။

အဝီစိသံ

သမုဒယသစ္စာ ဆိုတာကတော့ကိုတဲ့ ဒုက္ခပွားကြောင်းတွေ လုပ်မိတာ (မှန်လှပါ ဘုရား)၊ ဒါကြောင့် ဒကာကြွယ်တို့ နောက်ကို ငါမခင်ရင် ပါးစပ်ထဲတောင် မထည့်ဘူးပေါ့နော် ဆိုတာများ သွားပြီး မသုံးလိုက်ပါနဲ့ ဘယ့်နှယ့်ကြောင့်တုံးဆိုတော့ အဝီစိသံပါလွန်းလို့ (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဝီစိသံ ဘာပါသတုံးလို့ မေးဖို့လိုတဲ့အခါ ခင်ဆိုတဲ့ သမုဒယ သစ္စာ ရှိသရွေ့ ကာလပတ်လုံး အပါယ်ဘေးဘယ်တော့မှ မလွတ်ပါ ဘူး (မှန်လှပါ ဘုရား)၊ ဘာပြုလို့တုံး ဒိဋ္ဌိနဲ့တွဲနေတယ် (မှန်လှပါ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေက တချို့က တိုက်တွန်းကြ တယ်၊ ဪ ရှင်နဲ့ခင်တယ်၊ ရှင်သွားပြောရင် ပြီးကောင်းပါရဲ့၊ ဒီကလည်း ဝမ်းမြောက်တယ်၊ ငါနဲ့တော့ပြောရင် နားထောင်ကောင်း ပါရဲ့လေ၊ ငါနဲ့လည်းခင်ကြတာပဲဆိုတော့ ငါကလည်း ခင်တယ်။

သူကလည်းခင်တယ်ဆိုတော့ ဒကာကြွယ်ခင်တာက ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။

သွားပြီးအားပြောဖြစ်တာက (ဒုက္ခသစ္စာပါ ဘုရား)၊ ဒကာကြွယ်တို့က အငှားလိုက်နေကြ ထင်တယ်၊ ဟိုက တို့ လွှတ် လိုက်၊ ဒီကတို့လွှတ်လိုက် ဒီလိုနဲ့ သွားနေတာကို အားသေးရဲ့လား (မအားပါဘူး ဘုရား)။

သမုဒယကြောင့် ဒုက္ခဖြစ်နေတာ

အဲ့ဒါကြောင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ လူကြီးလူ ကောင်းလား သမုဒယကြောင့် ဒုက္ခဖြစ်နေတာများသလား (သမု ဒယကြောင့် ဒုက္ခဖြစ်နေတာများပါတယ် ဘုရား)။

အဲ့ဒါကိုလည်း ဪ ငါ သမုဒယဖြစ်ပြီ၊ ငါဒုက္ခဖြစ်ပြီ လို့ ဒကာကြွယ်တို့ ဦးလှဘူးတို့က မရိပ်မိဘူး (မရိပ်မိပါဘူး ဘုရား)၊

ဪ တိုင်ပင်စရာရှိလို့ တိုင်ပင်ရှာတာလို့များ ဝမ်းများသာလိုက် သေးတယ် (မှန်လှပါ ဘုရား)၊ အတော်ဆိုးတဲ့ လူတွေထဲကဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒီဟာပဲ ခေါင်းပေါင်းကလေးချိတ်လို့ လူကြီးလူကောင်း ကလေးဆိုကတည်းက သွားတယ် ဆိုရင်လည်း တင့်တောင့်တင့်တယ် လေးမှ ဆိုပြီး သကာလ သူတို့က အားကိုးလို့ လာပြန်တော့လည်း မနေသောပဲကိုးဗျ၊ ဒကာကြွယ်တို့ကအသားယူနေတာ ဒါပဲမဟုတ်လား (မှန်လှပါ ဘုရား)။

အားကိုးလို့ လာပြန်တော့ ဘာတဲ့ (မနေသာပါ ဘုရား)၊ မနေသာဘူးတဲ့၊ မနေသာတော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အားကိုးလို့ ငဲ့မိတာက (သမုဒယသစ္စာပါ ဘုရား)၊ အားကိုးလို့ ငဲ့တာက သမုဒယသစ္စာ၊ မနေသာလို့ သွားတာက (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒကာကြွယ် အားကိုးလို့ ငဲ့မိတာက ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)၊ မနေသာလို့ သွားတာက (ဒုက္ခသစ္စာပါ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါတစ်ချို့ ဒကာ ဒကာမတွေ ကျုပ်တို့တော့ အေးအေး နေချင်တာ၊ ထမင်းကြမ်းတောင် ယပ်ခတ်စားချင်သေးတယ် စကား များပြောရမှာ ဝန်လေးလိုက်တာ၊ ယခုတော့ ကိုယ်မပြောရင် မပြီးတာနဲ့ ပြောနေရတယ်၊ အသားများ ယူလိုက်သေးတယ်၊ ထမင်း လည်း ယပ်ခတ်စားချင်သေးတယ် ပြောသေးတယ်၊ ဒုက္ခလည်း လက်မလွှတ်ဘူးသူက (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

အဲ့ဒါ သမုဒယသစ္စာပေါ်တာကို ပေါ်မှန်းမသိဘူး (မှန်လှပါ ဘုရား)၊ ဒုက္ခရောက်တာကိုလည်း (ရောက်မှန်း မသိပါဘူး ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မီးနဲ့မစင် မထူးတော့ပါဘူး ခင်ဗျားတို့ (မှန်လှပါ ဘုရား)၊ မီးကလည်း ဝါဝါ၊ မစင်ကလည်းဝါဝါ ဆိုတော့ ဒီလိုမထူးတဲ့ အထဲရောက်နေတယ် (မှန်လှပါ ဘုရား)။

မီးနဲ့မစင် မထူးလို့ရှိရင် အရူးထဲပါရတယ်ဆိုတော့ ပုထုဇ္ဇနော ဥမ္မတ္တကော ဆိုတာ ကိုက်ပြီ ဒကာကြွယ် (မှန်လှပါ ဘုရား)၊ မကိုက် သေးဘူးလား (ကိုက်ပါတယ် ဘုရား)။

ဘာကြောင့်တုန်း ဆိုလို့ရှိရင်ဖြင့် ခင်မိတာက ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)၊ အလုပ်အကိုင်တွေ ရွက်ဆောင်ပေးနိုင်တာက (ဒုက္ခသစ္စာပါ ဘုရား)၊ သိလိုက်ရဲ့ လား ပေါ်တဲ့အချိန်မှာ (မသိပါဘူး ဘုရား)။

မသိတာက အဝိဇ္ဇာ (မှန်လှပါ ဘုရား)၊ ခင်မိတာက သင်္ခါရ၊ ဟုတ်ပြီလား (မှန်ပါ ဘုရား)၊ လုပ်ကိုင်ပေးမိတာက ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး။ ဒုက္ခသစ္စာ (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ အင် မတန်ဆိုးပါလားဆိုတာ ပေါ်လာ တော့တယ်နော် (မှန်လှပါ ဘုရား)။

သစ္စာလေးပါးမသိ အဝိဇ္ဇာ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီအတိုင်းသာ ခင်ဗျားတို့ သမုဒယ ပေါ်တိုင်းလည်းမသိ၊ ဒုက္ခ ပေါ်တိုင်းလည်း မသိတော့၊ သမု ဒယပေါ်တာကိုလည်း မသိ၊ ဒုက္ခပေါ်တာကိုလည်း မသိတော့ မသိ တာ အဝိဇ္ဇာ (မှန်လှပါ ဘုရား)၊ မသိတာ (အဝိဇ္ဇာပါ ဘုရား)။

ဒါဖြင့် ဒကာကြွယ် သမုဒယပေါ်တာလည်း မသိ၊ ဒုက္ခ ပေါ်တာလည်း မသိတာဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ နိရောဓ၊ မဂ္ဂဘယ်နေမှန်း မသိတာလည်း ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ ဒါဖြင့် သစ္စာလေးပါး မသိတာ အဝိဇ္ဇာ (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သစ္စာလေးပါးမသိတာ (အဝိဇ္ဇာပါ ဘုရား)၊ အဝိဇ္ဇာဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲ့ဒီ အဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည်တဲ့ ဒကာ ကြွယ် အဝိဇ္ဇာ ဆိုတာ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သင်္ခါရဆိုတဲ့အလုပ် ကို ပြုပြင်ပါတယ် (မှန်လှပါ ဘုရား)၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)၊ သင်္ခါရာဆိုတော့ အဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ်က ကဲကွာ တို့အိမ်မှာ ဟေ့ လူမမာတွေလည်း များတယ်၊ စိတ်လက်လည်း မချမ်းသာကြ ဘူးကွ၊ ဆွမ်းကလေးကျွေးကြဦးစို့။

ဒကာ ဒကာမတွေက စိတ်လက်လည်း မကောင်းကြဘူးကွ၊ လူလည်း နည်းနည်း နေမကောင်း ထိုင်မသာ ရှိကြတယ်၊ ဆွမ်း ကလေးကျွေး၊ ပရိတ်ကလေး ရွတ်ကြကွာ ကုသိုလ်ကလေး ဆက်ကြ ဦးစို့ဆိုတော့ သူ့ခန္ဓာ ကျန်းမာချင်မှု ဒကာကြွယ် ပါ၊ မပါ (ပါ ပါတယ် ဘုရား)၊ သူ့ခန္ဓာ ကျန်းမာချင်မှု (ပါပါတယ် ဘုရား)။

မကျန်းမာတဲ့ခန္ဓာ

ဒါဖြင့် ခန္ဓာက ဒုက္ခသစ္စာ၊ ဘယ်တော့ ကျန်းမာသတုံး (မကျန်းမာပါဘူး ဘုရား)၊ ဒါဖြင့် သိသေးရဲ့ လား (မသိပါဘူး ဘုရား)။

ဒါဖြင့် မသိတာကအဝိဇ္ဇာ (မှန်လှပါ ဘုရား)၊ ကျန်းမာမယ် ထင်ပြီး ဆွမ်းကျွေးတာက သင်္ခါရ (မှန်လှပါ ဘုရား)၊ ကျန်းမာမယ် ထင်ပြီး ဆွမ်းကျွေးတာက (သင်္ခါရပါ ဘုရား)။

ဒါဖြင့် ဒကာကြွယ်တို့ ဆွမ်းဟာ စားလို့ မတော်ပါဘူး (မှန်လှပါ ဘုရား)၊ ဘာပြုလို့တုံး တပည့်တော်တို့ အိမ်က အန္တရာယ်တွေကများ၊ ကလေးတွေကရှိ၊ နေမကောင်း ထိုင်မကောင်းရှိတော့။ ဘုရား၊ တပည့်တော်တို့ ကုသိုလ်ကလေး ဆက်တယ်ဘုရားဆိုတော့ ဒုက္ခသစ္စာသိပြီး ကျွေးတာလား၊ မသိဘဲနဲ့ ကျွေးတာလား (မသိဘဲနဲ့ ကျွေးတာပါ ဘုရား)။

ဒါဖြင့် ဒီကုသိုလ် နိဗ္ဗာန်ရောက်ပါ့မလားလို့ တရားတစ်ပွဲလုံး မေးရင် ဘယ့်နှယ်ပြောကြမတုံး (မရောက်ပါဘူး ဘုရား)။

အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဆိုတော့ ဘယ်တော့ နိဗ္ဗာန်ရောက် တဲ့ တရားမှမဟုတ်ဘဲ (မှန်လှပါ ဘုရား)၊ ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါဘူး ဘုရား)၊ ဒကာကြွယ် ဒီလိုဆွမ်းပေါင်း ဘယ် လောက် ကျွေးဖူးသလဲ (မရေတွက်နိုင်ပါဘူး ဘုရား)၊ မရေတွက်နိုင်ဘူး။

ဒုက္ခမသိလို့ ကျွေးတဲ့ဆွမ်း

ကျုပ်တော့ လာမပင့်ပါနဲ့ဗျာ၊ လိုက်ကို မလိုက်ချင်ဘူး (မှန်လှပါ ဘုရား)၊ ဘာကြောင့် မလိုက်ချင်သတုန်းဆိုလို့ ရှိရင်ဖြင့် သူ့အလိုက ဥပမာ ဒကာကြွယ် တစ်ယောက်ကိုပြောသဖြင့် အားလုံး လည်း သိကြမှာပေါ့ဗျာ (မှန်လှပါ ဘုရား)။

ဒီဒုက္ခသစ္စာကြီးကို ကျွတ်ချင်လို့ ကျွေးတာလား၊ ဒီ ဒုက္ခ သစ္စာ ခန္ဓာကြီးကို ကျန်းမာတယ်လို့ ဝိပလ္လာသနဲ့ခင်ပြီး ကျွေး တာလား (ဝိပလ္လာသကဲ့ခင်ပြီး ကျွေးတာပါ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာ မြင်သေးရဲ့ လား (မမြင်မပါဘူး ဘုရား)၊ ဒါဖြင့် ဒုက္ခကျွတ်ချင်လို့ ကျွေးတဲ့ ဆွမ်းမဟုတ်ပါဘူး (မဟုတ်ပါ ဘုရား)၊ ဒုက္ခမသိလို့ ကျွေးတဲ့ဆွမ်း (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သစ္စာမသိဘဲ ပြုလုပ်တဲ့ကုသိုလ်

ဒါဖြင့် သစ္စာမသိဘဲနဲ့ လုပ်တဲ့ကုသိုလ်ဟာ အဝိဇ္ဇာပစ္စယာ သင်္ခါရာ (မှန်လှပါ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

သစ္စာမသိဘဲနဲ့ လုပ်တဲ့ကုသိုလ်ဟာ (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒီ သင်္ခါရလုပ်တဲ့အခါကျလို့ရှိရင် သင်္ခါရ ပစ္စယာ ဆိုတော့ ပဋိစ္စသမုပ္ပာဒ်ကြည့်လိုက်တော့ အစပ်ကလေးနဲ့ မြားကလေး ပြတယ် (မှန်လှပါ ဘုရား)၊ အဝိဇ္ဇာပစ္စယာသင်္ခါရာ လုပ်တဲ့ပုဂ္ဂိုလ် ဒကာကြွယ်ရေ သေသည်၏အခြားမဲ့၌ သင်္ခါရပစ္စယာဝိညာဏံဆိုတာ မလာဘူးလား (လာပါတယ် ဘုရား)။

ဝိညာဏံဆိုတာ ဒကာဒကာမတွေပဋိသန္ဓေနေတာလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)၊ ဝိညာဏံဆိုတာ (ပဋိသန္ဓေ နေတာပါ ဘုရား)၊ ပဋိသန္ဓေက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ကဲ လူ ပဋိသန္ဓေပါပဲ၊ စကြဝတေး ပဋိသန္ဓေပါပဲ ထားလိုက် စမ်းပါ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဘယ့်နှယ်ကြောင့် လူပဋိသန္ဓေ၊ စကြဝတေးပဋိသန္ဓေဖြစ်ပြီး ဒုက္ခသစ္စာလို့ ဘုရားဟောပါ လိမ့်မတုန်း ဆိုတော့ မသိလို့ ဆွမ်းကျွေး (မှန်လှပါ ဘုရား)၊ ဆွမ်းကျွေးလို့ သေသည်၏အခြားမဲ့၌ လူဖြစ်တယ် (မှန်လှပါ ဘုရား)။

လူဖြစ်တော့လည်း ဒုက္ခသစ္စာ

လူဖြစ်တော့ ဘာသစ္စာရသတုံး (ဒုက္ခသစ္စာရပါတယ် ဘုရား)၊ ရမှာပဲ ဒကာကြွယ်ရ၊ လက်သည် အရင်းကျကျရှာတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာပြန်ရတယ် (မှန်လှပါ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)၊ ဒါဖြင့် အဝိဇ္ဇာက သစ္စာမသိတာ (မှန်လှပါ ဘုရား)၊ သင်္ခါရက ခန္ဓာတောင့်တလုပ်တာ (မှန်လှပါ ဘုရား)၊ သင်္ခါရက (ခန္ဓာတောင့်တလုပ်တာပါ ဘုရား)။

ကဲ ခန္ဓာ တောင့်တလုပ်ပါတယ်ဆိုကတည်းက ဒီခန္ဓာကို လိုချင်တာသာရှိတယ် စွန့်ချင်တဲ့ သဘောပါရဲ့ လား (မပါပါဘူး ဘုရား)၊ မပါလို့ ရှိရင် သစ္စာသိသေးရဲ့လား (မသိပါဘူး ဘုရား)။

ဒါဖြင့် သစ္စာမသိတဲ့ သင်္ခါရ ကုသိုလ်ဆိုရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား)၊ ဒါဖြင့် အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါ ဘုရား) သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာ ယတန၊ ဖဿ၊ ဝေဒနာ ပဋိစ္စသမုပ္ပာဒ် ဒေသနာတော်ကြည့်လိုက် ဒကာ ဒကာမတို့ အောက်နား ဆက်ကြည့်လိုက် ဒုက္ခသစ္စာလို့ မရေး ဘူးလား (ရေးပါတယ် ဘုရား)။

အင်း ဘယ့်နှယ်ကြောင့် ဆွမ်းကျွေးပြီး ဒုက္ခရောက်ပါလိမ့် မတုန်းမေးတော့ အို သစ္စာမသိဘဲနဲ့ ကျွေးလိုက်လို့ ဒုက္ခရောက် တာ (မှန်လှပါ ဘုရား)၊ ကျောင်းဆောက်ပြီး ဒုက္ခရောက်တာလည်း ဘာပါလိမ့် (သစ္စာမသိလို့ပါ ဘုရား)။

သစ္စာသိပြီး လုပ်ကြစမ်းပါ

အဲ့ဒါကြောင့် ဘုရားလည်း တည်ပါ။ ကျောင်းလည်း ဆောက်ပါ၊ သံဃာတွေလည်း ဆွမ်းကွမ်း ပြုကြပါ၊ သစ္စာသိပြီးလုပ် ကြစမ်းပါ (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မလုပ်နဲ့တောင်းပန်သလား၊ သစ္စာသိပြီး လုပ်ပါ ဆိုသလား (သစ္စာသိပြီးလုပ်ရမှာပါ ဘုရား)၊ အင်မတန် အရေးကြီးပါတယ် ဆိုတာ ဒကာကြွယ် မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ ဒါက လုပ်နည်း ကိုင်နည်းကို သင်ပေးလိုက်ပါတယ် ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့မှာ နေ့တိုင်းအချိန်ကုန်ပြီး သကာလ နေတာက သမုဒယနဲ့ ဒုက္ခနဲ့သာ လှည့်နေတော့တာပဲ (မှန်လှပါ ဘုရား)၊ စားချင်တဲ့စိတ်ကလေး ပေါ်လာတာက ဘာသစ္စာ လဲ (သမုဒယသစ္စာပါ ဘုရား)၊ စားလို့ ဝတော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာ။

တစ်ခါဝပြန်တော့ အချိန်လေးကျလာပြန်တော့၊ အိပ်ချင် တာက ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)၊ အိပ်လိုက်တဲ့ ရုပ်နာမ် ပေါ်တာက (ဒုက္ခသစ္စာပါ ဘုရား)၊ နိုးတဲ့စိတ်ကလေးပေါ်လာတာက ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)၊ နိုးတော့ ထလုပ်တဲ့ အလုပ်တွေက (ဒုက္ခသစ္စာတွေပါ ဘုရား)။

သစ္စာနှစ်ပါးကွယ်နေတယ်

ဪ ဒကာ ဒကာမတွေ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ ကွယ်ပါပေါ့လား (မှန်လှပါ ဘုရား)၊ နိဗ္ဗာန် ရောက်ကြောင်းဖြစ်တဲ့ မဂ္ဂသစ္စာပါသေးရဲ့ လား (မပါပါဘူး ဘုရား)၊ နိဗ္ဗာန်ဆိုတာကော ပါသေးရဲ့ လား (မပါပါဘူး ဘုရား)၊ တယ်လည်း ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ခင်ဗျားတို့ သစ္စာနှစ်ပါး ကွယ်နေတယ် (မှန်လှပါ ဘုရား)၊ ဒကာကြွယ် ဘာကွယ်နေတုံး (သစ္စာနှစ်ပါး ကွယ်နေပါတယ် ဘုရား)၊ ဒကာသစ်တို့ ဘယ်သစ္စာ၊ ဘယ်သစ္စာ ကွယ်ပါလိမ့် (နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာပါ ဘုရား)၊ နိရောဓနဲ့ မဂ္ဂ ကွယ်နေတယ်။

ဒကာ ဒကာမတို့ ဘာကွယ်နေသတုံး (နိရောဓနဲ့ မဂ္ဂ ကွယ်နေပါတယ် ဘုရား)၊ ကိုင်း ဒါဖြင့် နိရောဓနဲ့ မဂ္ဂကမှ ခင်ဗျား တို့ ပေါင်းသင်းရမယ့်သစ္စာ (မှန်လှပါ ဘုရား)။

သံသရာမှာ ကျွမ်းထိုးမှောက်ခုံဖြစ်တော့မှာပဲ

သမုဒယနဲ့ ဒုက္ခက ပယ်ပြီး သကာလ ပိုင်းခြားထားခဲ့ရမယ့် သစ္စာ ဖြစ်နေတယ် (မှန်လှပါ ဘုရား)၊ ပယ်ရမယ့်သစ္စာနဲ့ ပိုင်းခြား ထားခဲ့ရမယ့်သစ္စာ ဖြစ်နေတော့ အဲဒီသစ္စာနှစ်ခုကို ခင်ဗျားတို့က ကိုယ်ပိုင်မွေးပြီး သကာလ တကယ့်မိတ်ဆွေဖြစ်တဲ့ သစ္စာနှစ်ခုကို ရန်သူအဖြစ်နဲ့ အထိမ်းအမှတ် ထားပြီး အကပ်မခံဘဲဖြစ်နေတာ ဒကာ ကြွယ် သံသရာတော့ဖြင့် ကျွမ်းထိုးမှောက်ခုံ ဖြစ်တော့မှာပဲ ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်စခန်းပြောကြပါစို့ နော်၊ နိရောဓ မဂ္ဂလာတဲ့ အလုပ်စခန်း ပြောကြစို့ (မှန်လှပါ ဘုရား)။

သက္ကတိုင်း၊ ကပိလဝတ်ပြည်

ဘုရားသခင်ကိုယ်တော်မြတ်ကြီး သက္ကတိုင်းမှာ သီတင်းသုံး ပြီး သကာလ နေတုံး ကပိလဝတ်ပြည်မှာ သူ ဆွမ်းခံကြွယ်တယ်။

သက္ကတိုင်းမှာနေပြီး ကပိလဝတ်ပြည် ဆွမ်းခံကြွပြီး သကာလ တစ်ပါးတည်း ဆွမ်းယူသွားပြီး တောထဲမှာပဲ နေ့သန့်စင် ကောင်းကောင်းမွန်မွန် နေရအောင်ဆိုပြီး တောထဲမှာ သွားပြီး ဆွမ်းဘုန်း ပေးပြီး တစ်ခုသော ဥသျှစ်ပင်ပျိုအောက်မှာ သီတင်းသုံးပြီး သကာလ နေလိုက်တယ်။

ဒဏ္ဍပါဏီ

နေလိုက်တဲ့အခါကျတော့ ရွှေတုတ်ကောက်ကြီး ကိုင်ပြီး ဒကာ တစ်ယောက်က ဘုရား ဆွမ်းဘုန်း ပေးပြီးလို့ ကောင်းကောင်း မွန်မွန် ထိုင်နေတဲ့နေရာ ရောက်လာတယ်၊ ရောက်ပြီး သကာလ လာတော့ ဘုရားနဲ့ တွေ့တယ်ဆိုတော့ စကားမှ မပြောလို့ ရှိရင် မကောင်းတာနဲ့ အဲ့ဒီ ဒဏ္ဍပါဏိဆိုတဲ့ ဒဏ္ဍက-တုတ်၊ ပါဏိက လက် ရွှေတုတ်ကောက်ကို လက်မှာကိုင်ထားတဲ့ ပုဂ္ဂိုလ်ပေါ့လေ (မှန်လှပါ ဘုရား)။

အဲ့ဒီ ပုဂ္ဂိုလ်က အရှင်ဘုရား၊ အရှင်ဘုရားအယူဟာ ဘယ် အယူပါလိမ့်မတုံး၊ အရှင်ဘုရား ဟောလေ့ ပြောလေ့ ရှိတာက ဘာကို ဟောလေ့ ပြောလေ့ရှိပါလိမ့်မလဲ နှစ်ချက်မေးလိုက်တယ် (မှန်လှပါ ဘုရား)။

အရှင်ဘုရားအယူက ဘယ်အယူတုံး (မှန်လှပါ ဘုရား)၊ အရှင်ဘုရား ဘယ်လိုပြောလေ့ ဟောလေ့ရှိပါသတုံး (မှန်လှပါ ဘုရား)၊ ဘယ်နှစ်ချက် မေးလိုက်သတဲ့ (နှစ်ချက်ပေးပါတယ် ဘုရား)။

တစ်နံပါတ်ကဘာတဲ့ (အရှင်ဘုရားအယူက ဘယ်အယူ တုံးပါ ဘုရား)၊ အရှင်ဘုရားအယူက ဘယ်အယူတုံး၊ တစ်နံပါတ်၊ အရှင်ဘုရားသည် ဘယ်လိုသတ္တဝါတွေ ဟောလေ့ပြောလေ့ရှိပါ လိမ့်မလဲ ဆိုတာက ဘာတုံး (နှစ်နံပါတ်ပါ ဘုရား)။

ပြန်ပြောကြစမ်း တစ်နံပါတ်က ဘာတဲ့ (အရှင်ဘုရား အယူက ဘယ်အယူတုံးပါ ဘုရား)၊ ဘုရားအယူကို သူမေးလိုက် တယ် (မှန်လှပါ ဘုရား)။

နှစ်နံပါတ်က အရှင်ဘုရားသည် ဘယ်လိုဟောလေ့ ပြော လေ့ရှိပါသလဲလို့ ဒဏ္ဍပါဏိက မေးလိုက်ပါတယ် (မှန်လှပါ ဘုရား)၊ ဘယ်နှစ်ချက်ပါလိမ့် (နှစ်ချက်ပါ ဘုရား)၊ နှစ်ချက်ရှိပြီ ဒကာ ဒကာမ တို့ ပြန်ပြီးပြောပါ့မယ်၊ ဒီနှစ်လုံးနဲ့ ပြီးရမှာပါ။ ဒီနေ့ တရားပွဲမှာ (မှန်လှပါ ဘုရား)။

နိဗ္ဗာန်လဲ ရောက်ပါလိမ့်မယ် (မှန်လှပါ ဘုရား)၊ တစ်နံပါတ် က ဘာတဲ့ (အရှင်ဘုရားအယူက ဘယ်အယူတုံး)၊ အရှင်ဘုရား၏ အယူ ဘယ်အယူတုံး၊ ဘယ်ဝါဒတုံးပေါ့ဗျာ (မှန်လှပါ ဘုရား)။

နှစ်နံပါတ်က ဘာတဲ့၊ အရှင်ဘုရားသည် ဘယ်လိုဟောလေ့ ပြောလေ့ရှိပါလိမ့်မလဲ၊ နှစ်နံပါတ်ကနော် (မှန်လှပါ ဘုရား)။

အဲ့ဒီတင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီပုဂ္ဂိုလ်က ငါလည်းဝတ်ချ(ရှိခိုး)တာလည်း မဟုတ်ပါဘူး၊ မတတ် သာလို့ ပြောတဲ့စကား၊ လမ်းတွေ့လို့ နှုတ်မဆက်ရင် မကောင်းလို့ ပြောတဲ့စကားဖြစ်ပါစေလေ။

ဘုရားဝါဒ

ဘုရားကဖြေလိုက်တယ်။ ဘယ်လိုဖြေလိုက်သတုန်းဆိုတော့ ငါ့အယူကမည်သူနဲ့မှ မဆန့်ကျင်တဲ့ အယူဝါဒဟာ ငါ့ဝါဒ (မှန်လှပါ ဘုရား)၊ မည်သူတစ်ဦး တစ်ယောက်နဲ့မှ မဆန့်ကျင်တဲ့ ဝါဒဟာ (ဘုရားဝါဒပါ ဘုရား)။ ဘုရားဝါဒ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘာတဲ့တုံး ဘုရားဝါဒက (မည်သူတစ်ဦးတစ်ယောက်နဲ့မှ မဆန့်ကျင်တဲ့ဝါဒပါ ဘုရား)၊ မည်သူတစ်ဦး တစ်ယောက်မှ မဆန့်ကျင် တဲ့ဝါဒဟာ ဘုရားဝါဒ (မှန်လှပါ ဘုရား)။

ဒါဖြင့် တစ်နံပါတ် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောလိုက်တာ ငါ့ဝါဒကတော့ကွာတဲ့ မည်သူတစ်ဦးတစ်ယောက် နဲ့မှ မဆန့်ကျင်တဲ့ တစ်ဦးတစ်ယောက်နှင့်မှ မဆန့်ကျင်တဲ့ ဝါဒ ဟာ ငါ့ဝါဒကွ (မှန်လှပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဘုရား၏ဟောနေကျတရား

မည်သူ တစ်ဦးတစ်ယောက်နှင့်မှ မဆန့်ကျင်တဲ့ဝါဒဟာ ဘာတဲ့ (ဘုရားဝါဒပါ ဘုရား)၊ ဘယ်လို ဟောလေ့ပြောလေ့ ရှိသတုံး လို့ မေးတဲ့အဖြေကတော့ ငါသည်တဲ့ ဘုံဘဝကို ပြတ်အောင် ဟောလေ့ ပြောလေ့ရှိတဲ့ (ဝါ) ဟောလေ့ပြောလေ့ရှိတဲ့ သဘောက ငါဟောပြောတဲ့နည်းပါပဲတဲ့ (မှန်လှပါ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘုံဘဝ မနှစ်သက်အောင် ဟောလေ့ပြောလေ့ရှိတဲ့သဘော ဟာတဲ့ ငါဟောနေကြတရားလို့ မှတ်ပါ (မှန်လှပါ ဘုရား)၊ ဘုံဘဝ မနှစ်သက်အောင် ဟောလေ့ပြောလေ့ရှိတဲ့ တရားဟာ ငါ့တရားပဲ (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူနဲ့မှ မဆန့်ကျင်တဲ့ဝါဒဟာ (ဘုရားဝါဒပါ ဘုရား)၊ ဘုံဘဝ မနှစ်သက်အောင်ဟောတဲ့ တရားဟာ ဘုရား၏ ဟောနေကျတရား (မှန်ပါ ဘုရား)၊ မှတ်မိကြပြီလား (မှတ်မိပါပြီ ဘုရား)၊ သေချာစဉ်းစားပါ၊ သေချာစဉ်းစားပါ။

အင်မတန်တိုးခွေ့ပြီး သကာလ နေရာရအောင် လုပြီး နာရတဲ့ အထဲမှာမှ ဒီနှစ်လုံးမှ ပါမသွားတော့ဘူး၊ ဒီနှစ်လုံးသည် အဖြေနှင့် တကွ ပါမသွားတော့ဘူးဆိုရင် ဒကာသစ် ကိုယ်ကျိုး နည်းပြီ (မှန်လှပါ ဘုရား)။

အင်မတန်မှ ကိုယ်ကျိုးနည်းသွားမှာစိုးလို့ ဒကာ ဒကာမတို့ နှစ်လုံးတည်းဟောမှာနော် (မှန်လှပါ ဘုရား)။

ဘုရားဝါဒက ဘာတဲ့ (ဘယ်သူနဲ့မှ မဆန့်ကျင်ပါဘူး ဘုရား)၊ ဘုရားဝါဒက ဘယ်သူနဲ့မှ မဆန့်ကျင်ဘူး၊ ဘုရားနဲ့ ရန်ဖြစ်ကြတဲ့ပုဂ္ဂိုလ် ဘုရားအလိုမကျတဲ့ပုဂ္ဂိုလ်ဟူသရွေ့ သည် ဘုရား ကတော့ မဆန့်ကျင်အောင် နေတာပဲ၊ သူက သက်သက်ရန်သူလုပ် လို့ဖြစ်တာ (မှန်လှပါ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုဟောလေ့ရှိသတုံးဆိုတော့ ဘုံဘဝကိုပြတ်အောင် တောက်အောင် ဟောလေ့ရှိတဲ့ တရားသည် ငါ၏ဟောနေကျတရား (မှန်လှပါ ဘုရား)၊ ဒကာ ဒကာမတွေက ဘုံဘဝကို ပြတ်အောင် တောက်အောင် ဟောလေ့ရှိတဲ့တရားဟာ ဘယ်သူ့တရားပါလိမ့် (ဘုရားတရားပါ ဘုရား)။

ဘုံဘဝပြတ်အောင် ဟောလေ့ ပြောလေ့ရှိတဲ့တရားဟာ (ဘုရားတရားပါ ဘုရား)၊ မည်သူနှင့်မျှ မဆန့်ကျင်တဲ့ဝါဒဟာ (ဘုရားဝါဒပါ ဘုရား)၊ ဘုံဘဝကို မလိုချင်အောင် ဟောလေ့ ပြောလေ့ရှိတဲ့ တရားဟာ (ဘုရားတရားပါ ဘုရား)၊ ဒါဖြင့် ဒကာကြွယ် ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ မည်သူနဲ့မှ မဆန့်ကျင်တဲ့ဝါဒ ဟာ သူ့ဝါဒ (မှန်လှပါ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘုံဘဝကိုတဲ့ မတပ်မက် မနှစ်သက်အောင် ဟောလေ့ ပြောလေ့ရှိတဲ့တရားဟာ သူဟောနေကြတရား (မှန်လှပါ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားရှေ့ကန့်လန့်မလုပ်ကြနဲ့

ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ ဘုရားရှေ့သွားပြီး သကာလ ကန့်လန့်တော့ မလုပ်ကြနဲ့ ဆိုတဲ့ စကားသုံးရတော့ မယ် (မှန်လှပါ ဘုရား)။

ဘယ့်နှယ်ကြောင့် သုံးရပါလိမ့်မတုံးဆိုရင် ဤဆွမ်း၊ ဤ ကွမ်းကြောင့် လူ့ပြည်၊ နတ်ပြည် အကြိမ်ကြိမ် ခံစား၍ဆိုတော့ ဘုံဘဝ သူတို့က ဆုတောင်းတယ် (မှန်လှပါ ဘုရား)။

ဘုရား ဟောလေ့ ပြောလေ့ရှိတာကလည်း ဘုံဘဝတွေကို ပြတ်အောင် တောက်အောင် ဟောလေ့ရှိတဲ့ဝါဒဟာ ဟောလေ့ ပြောလေ့ ရှိတဲ့တရားဟာ ငါ့တရား (မှန်လှပါ ဘုရား)။

ဘုရားက ဘုံဘဝပြတ်အောင် တောက်အောင်သာ ဟော တယ် (မှန်လှပါ ဘုရား)၊ ဘာကြောင့် ဒီတရား ဟောရပါလိမ့်မတုံး ဆိုတော့ ဒကာ ဒကာမတို့ ဘုံဘဝလာတိုင်း လာတိုင်း ဘာသစ္စာ လာမှာတုံး (ဒုက္ခသစ္စာလာမှာပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေက ဘုရားဟောလေ့ ပြော လေ့ရှိတာ ဘုံဘဝပြတ်အောင် တောက်အောင် ဟောလေ့ရှိတယ် (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘုရားဟောလေ့ ပြောလေ့ရှိတာက (ဘုံဘဝပြတ်အောင် တောက်အောင်ပါ ဘုရား)၊ ဘုံဘဝပြတ်အောင် တောက်အောင် ဟော လေ့ရှိတယ် (မှန်လှပါ ဘုရား)။

ဘုံဘဝဆုတောင်းမယ်ဆိုရင်

ဒကာ ဒကာမတွေက ဘုံဘဝသွားပြီး ဆုတောင်းမယ်ဆို ရင် ဘုရားအကြိုက် ကျမကျ (မကျပါဘူး ဘုရား)၊ ဘယ်ကျမတုံး၊ ဘုံဘဝဆုတောင်းတော့ ဘုံဘဝဆုတောင်းတဲ့အတိုင်း ပြည့်သွားရင် ဒကာကြွယ် ဘာသစ္စာရ (ဒုက္ခသစ္စာရပါတယ် ဘုရား)။

ဘုရားက ဘုံဘဝကိုပြတ်အောင် တောက်အောင် ဟောလေ့ ရှိတဲ့တရားဟာ ငါ့တရားလို့ ပြောထားတယ် (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါနဲ့ပဲ ဒီတရားတွေ၊ ဘုရားက ဒီစကားနှစ်ခွန်းပဲ ဒဏ္ဍပါဏိ ဆိုတဲ့ ရွှေတုတ်ကောက် ကိုင်လာတဲ့ လူကို ဖြေပြီး သကာလ သွားတော့ ကျောင်းပြန်လာခဲ့တယ်။

ကျောင်းပြန်လာတဲ့အခါ ရဟန်းတစ်ပါးက အရှင်ဘုရား ဘယ်ကြွသတုံး အေးကွာ မဟာဝုန်တောထဲ၊ ဟိမဝန္တာတောနဲ့ စပ်နေတဲ့ မဟာဝုန်တောထဲသွားပြီး သကာလ နေတယ်၊ ဒဏ္ဍိပါဏိ တွေ့တယ်ကွ၊ ငါ့မေးတယ်ကွ၊ ခုနကအကြောင်းတွေ ပြန်ပြောတာ ပေါ့ (မှန်လှပါ ဘုရား)။

အရှင်ဘုရား ဘယ်ဝါဒတုံး၊ ဘယ်လိုဟောလေ့ပြောလေ့ ရှိသတုံးဆိုတဲ့ စကားနှစ်လုံးမေးတယ် ငါက ဖြေလိုက်တယ်ကွ၊ ဘယ်သူနဲ့မှ မဆန့်ကျင်တဲ့ဝါဒက ငါဒကွ၊ ဘုံဘဝပြတ်အောင် တောက်အောင် ဟောလေ့ရှိတဲ့ တရားဟာ ငါ့တရားကွလို့ပဲ ငါဖြေ လိုက်တယ်ဆိုတော့ တရားက ဒကာ သစ် ကျဉ်းမနေဘူးလား (ကျဉ်းပါတယ် ဘုရား)၊ ဘုရားက ဒါဖြေပြီး ကျောင်းခန်းထဲ ဝင်သွားတယ် (မှန်လှပါ ဘုရား)။

ကျောင်းခန်းထဲဝင်ပြီး သကာလ သွားတဲ့အခါကျတော့ ခုနက လျှောက်တဲ့ရဟန်းရော၊ ဘေးက ခြံရံနေတဲ့ ရဟန်းတွေရော နား မလည်တဲ့ သဘောရောက်နေတော့ ဘုရားကလည်း ကျောင်းခန်း ထဲ ဝင်သွားပြီး ဒီအဖြေကလေး ပေးပြီး၊ ဒီအဖြေကလည်း ကျဉ်း လိုက်တာ။

ရှင်မဟာကစ္စည်း

တို့နားလည်အောင်လည်း ဘယ်လိုမှ တို့ ဉာဏ်စွမ်းနဲ့ တော့ ရှင်းလင်းဖို့ရာ အကြောင်း မရှိတော့ဘူး၊ ရှင်မဟာကစ္စည်း ဆီသွားမှပဲ၊ ဘုရားချီးမွမ်းတဲ့ ပုဂ္ဂိုလ် ဘုရားက အကျဉ်းဟောရင် သူချဲ့တတ်တယ် ဆိုပြီး သကာလ ရှင်မဟာကစ္စည်းဆီ သွားကြပါတယ် (မှန်လှပါ ဘုရား)။

သွားကြတဲ့အခါကျတော့ ရှင်မဟာကစ္စည်းက မင်းတို့ ဘာ ကိစ္စလာကြသတုံး၊ ဒီလိုပဲ ဘုရား၊ ဘုရားက ဒဏ္ဍပါဏိကို ဟောခဲ့ တဲ့တရားက သူ့ဝါဒဟာ သူတစ်ပါးနဲ့ မဆန့်ကျင်တဲ့ဝါဒတဲ့၊ ဘုံဘဝ ပြတ်အောင် တောက်အောင် ဟောလေ့ရှိတဲ့တရားက သူ့တရားတဲ့၊ အဲ့ဒါလေး ဟောပြီး အခန်းထဲဝင်သွားတယ်ဘုရား။

ဒါကြောင့် တပည့်တော်တို့က နားမလည်ဘဲဖြစ်ပြီးနေလို့ အရှင်ဘုရားဆီ လာခဲ့ရတယ် ဆိုတော့ကွာ မင်းတို့က အနှစ်ရှိတဲ့ သစ်ပင်ဆီက အကာရှိတဲ့ သစ်ပင်ဆီလာပြီး အနှစ်တောင်းသလို ဖြစ်နေပါပေါ့လား။

ဝိပဿနာတရား

ဘုရားဆီက ငါ့ဆီ လာတယ်ဆိုတော့ ဘယ်ကောင်းနိုင်ပါ မလဲလို့ ဟိုကပြောလိုက်တယ် (မှန်လှပါ ဘုရား)၊ မဟုတ်ပါဘူး ဘုရား၊ အရှင်ဘုရားက ဘုရားဟောတော်မူတဲ့ အကျဉ်းတရားတွေ ကို အကျယ်သဘော ဟောတတ်ပါတယ်ဆိုလို့ တပည့်တော်များ မှီခိုအားထားရာလိုက်ရှာတဲ့အခါ အရှင်ဘုရား တစ်ပါးသာ တွေ့ပါ တယ်။ ဒါကြောင့် အရှင်ဘုရား တပည့်တော်တို့ကို ဆုံးမပါလို့ဆိုတော့ ကောင်းပြီကွာ ဆိုပြီး သကာလ ဒကာ ဒကာမတွေ ဝိပဿနာတရား ဟောလိုက်တယ် (မှန်လှပါ ဘုရား)၊ နားထောင်ပါ၊ နားထောင်ပါ။

ယခု ဘာဟောမှာတုံး (ဝိပဿနာတရားဟောမှာပါ ဘုရား)၊ ဝိပဿနာတရား ဟောပါလိမ့်မယ် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)၊ ရှင်မဟာကစ္စည်းက ဝိပဿနာတရား ဟောပါလိမ့်မယ် (မှန်လှပါ ဘုရား)။

မြင်တယ်ဆိုရင်

အဲ့ဒီတော့ ဒကာ ဒကာမတို့ မြင်တယ်ဆိုလို့ရှိရင် ဒကာ ဒကာမတွေဟာ လိုချင်တဲ့ စိတ်ကလေးဟာ နောက်က မလိုက်တတ် ဘူးလား (လိုက်ပါတယ် ဘုရား)။

ဪ မြင်တယ်ဆိုလို့ ရှိရင်ဖြင့်တဲ့၊ အင်း ဒါလေးက ကောင်းတယ်ဆိုတဲ့ ခံစားတာလာတယ်၊ ခံစားတာလာလို့ရှိရင် ကောင်းတယ်ဆိုတာ မှတ်တယ်၊ မှတ်ပြီး သကာလ ကြံစည်တယ်။ ကြံစည်ပြီး တဏှာ၊ မာန၊ ဒိဋ္ဌိ လာတတ်ပါတယ်နော် (မှန်လှပါ ဘုရား)။

ကြားတယ်ဆိုရင်

ဒါဖြင့် မြင်တယ် ဆိုလိုချင်တယ် သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ကြားတယ်ဆိုရင်လည်း ဒီအသံမကြားချင်ဘူး ဆိုတဲ့ ဒီအသံမျိုးကို ကျုပ်တို့ အဖက်တန်တယ်လို့ မထင်ဘူးဆိုတဲ့ မာနကော (လာပါတယ် ဘုရား)၊ အင်း လာတယ်။

ဒါငါ့သားလေးအသံထင်ပါရဲ့ ဆိုတဲ့ ဒိဋ္ဌိကကော (လာပါ တယ် ဘုရား)၊ ဪ ဒကာ ဒကာမတို့ မြင်တယ် ကြားတယ်ဆို တဏှာ၊ မာန၊ ဒိဋ္ဌိကလာတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တိုတိုပြောကြစို့ဆိုတော့ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားဟာ ဘယ်က လာပါလိမ့်မတုံးဆိုလို့ရှိရင် မြင်မှု၊ ကြားမှုကလာတာပဲ (မှန်လှပါ ဘုရား)၊ ဘယ်က လာပါလိမ့် (မြင်မှုကြားမှုကလာတာပါ ဘုရား)။

တဏှာ၊ မာန၊ ဒိဋ္ဌိ

တဏှာ၊ မာန၊ ဒိဋ္ဌိက ဘယ်ကလာပါလိမ့် (မြင်မှု၊ ကြားမှု က လာတာပါ ဘုရား)၊ ကောင်းပြီ ဒါဖြင့် တဏှာလာရင် တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ။

မာနလာရင် မာနပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ လာတာပဲ (မှန်ပါ ဘုရား)။

ဒိဋ္ဌိလာလို့ရှိရင် ဒိဋ္ဌိပစ္စယာ ဒိဋ္ဌုပါဒါနံ ဒိဋ္ဌုပါဒါနပစ္စယာ ကမ္မဘဝေါလာသေးတာ (မှန်လှပါ ဘုရား)။

တဏှာ၊ မာန၊ ဒိဋ္ဌိသည် ဒကာ ဒကာမတို့ နှစ်နံပါတ်က သုံးနံပါတ် ကူးတော့တယ် (မှန်လှပါ ဘုရား)၊ နှစ်နံပါတ်က (သုံးနံပါတ်ကူးပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းမှာ နှစ်နံပါတ်က သုံးနံပါတ် ကူးသွားတယ် (မှန်လှပါ ဘုရား)။

ဒီမှာ စက်ဝိုင်းကြီးမပါလို့ ပြစရာမရှိဘူး၊ နောက်သီတင်း မှ ပြပြီး ဒီစက္ကူတွေ အကုန်ယူခဲ့ကြ၊ ဒီကဒ်တွေ အကုန်ယူခဲ့ကြ ပြ ဟောလိမ့်မယ်နော် (မှန်လှပါ ဘုရား)။

ဒီမှာတော့ နားနဲ့သာ မှတ်သွားကြတာပေါ့ (မှန်လှပါ ဘုရား)၊ ထားစရာက မရှိလို့ (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မြင်စိတ်ပေါ်လာရင်လည်း လိုချင်တာ လာတတ်တယ် (မှန်လှပါ ဘုရား)၊ မြင်စိတ်ပေါ်လာလို့ ရှိရင်လည်းတဲ့ ငါ့ဒါမျိုးရှိသားပဲဆိုတဲ့ မာနကော (လာပါတယ် ဘုရား)။

မြင်စိတ်ပေါ်လာလို့ရှိရင်ဖြင့် ဒီဟာသည်ကားလို့ဆိုရင်ဖြင့် ငါမြင်လို့ တော်တော်သေးတယ် ဆိုတဲ့ ဒိဋ္ဌိကော (လာပါတယ် ဘုရား)။

ဒါဖြင့် မြင်တဲ့စိတ်ကလေးနောက်က တဏှာ၊ မာန၊ ဒိဋ္ဌိ ဆိုတဲ့ ပပဉ္စလိုက်မလိုက် (လိုက်ပါတယ် ဘုရား)။

ဒါဖြင့်တဲ့ ရှင်မဟာကစ္စည်းက ဟောတယ်၊ ကွာတဲ့ ဒီလို လုပ်ပါတဲ့ ဒီတဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ဥစ္စာ ပပဉ္စတရားကွာတဲ့ မြင် တယ်ဆိုလို့ ရှိရင်ဖြင့် ခံစားတယ်၊ ခံစားတယ်ဆိုလို့ရှိရင်ဖြင့် မှတ် တယ်၊ မှတ်တယ်ဆိုလို့ ရှိရင် ကြံစည်တယ်၊ ကြံစည်တယ် ဆိုလို့ ရှိရင် ပပဉ္စလာတော့တာပဲ (မှန်လှပါ ဘုရား)။

ဒါကြောင့်ကွာတဲ့ မင်းတို့ သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် မြင်စိတ်ကလေးကနေပြီး ပွားလာတဲ့ ပပဉ္စ (မှန်လှပါ ဘုရား)၊ ဘယ်လိုမှတ်ကြမယ် (မြင်စိတ်ကလေးကနေပြီး ပွားလာတဲ့ ပပဉ္စပါ ဘုရား)။

စိတ္တာနုပဿနာ

ဒါဖြင့် ဒကာ ဒကာမတွေ ဒီစိတ္တာနုပဿနာဖြင့် လက် မလွှတ်ပါနဲ့ဆိုတာ ဘုန်းကြီးက ဒကာ ဒကာမတွေအား မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ ပေါ်အောင်လို့ဟောပါတယ် (မှန်လှပါ ဘုရား)။

အပြင်ဧည့်သည်ငါးယောက်

ဒါဖြင့် မြင်တယ်ဆိုရင် မျက်လုံးထဲ မြင်စိတ်ပေါ်ပြီး (မှန်လှ ပါ ဘုရား)၊ ကြားတယ်ဆိုရင် နားထဲမှာ (ကြားစိတ်ပေါ်ပါတယ် ဘုရား)၊ နံတယ်ဆိုရင် နှာခေါင်းထဲမှာ (နံစိတ်ပေါ်ပါတယ် ဘုရား)၊ စားတယ်ဆိုရင် လျှာအလယ်မှာ (စားစိတ်ပေါ်ပါတယ် ဘုရား)၊

ယားတယ်ဆိုရင် ကိုယ်ပေါ်မှာ (ယားစိတ်ပေါ်ပါတယ် ဘုရား)။ ကောင်းတယ်ဆိုရင် ကိုယ်ပေါ်မှာ (ကောင်းစိတ်ပေါ်ပါ တယ် ဘုရား)၊ ကောင်းစိတ်ပေါ်တယ်၊ ကောင်းစိတ်ပေါ်တယ်၊ ဪ ဒါလေးတွေ မှတ်ထားလိုက်တော့ ဪ ဒါဖြင့် မြင်၊ ကြား၊ နံ၊ စား၊ ယားယံနာ ဆိုတဲ့ဥစ္စာ အပြင်ဧည့်သည် ငါးယောက် (မှန်ပါ)။

အပြင်ဧည့်သည်ဘယ်နှစ်ယောက်လုံး (အပြင်ဧည့်သည်ငါးယောက် ပါ ဘုရား)။

မှတ်ထား၊ မှတ်ထား၊ အပြင်ဧည့်သည် ငါးယောက်၊ ဧည့် သည်ဆိုတာ တစ်ခါတလေမှ လာပါတယ် (မှန်လှပါ ဘုရား)။

အတွင်းဧည့်သည်ငါးယောက်

အတွင်းဧည့်သည် ငါးယောက်ပြောပါဦးမယ်၊ တစ်ခါတလေ ကျတော့ ဝမ်းထဲမှာ လောဘလည်း ပေါ်တတ်တယ်နော် (မှန်လှပါ ဘုရာ)၊ တစ်ခါတလေ ကျတော့ အလိုမကျတဲ့ ဒေါသကော (ပေါ် ပါတယ် ဘုရား)။

တစ်ခါတလေကျတော့ သံသယရှိတဲ့ ပျံ့လွင့်တဲ့ ဥဒ္ဓစ္စတို့ ဝိစိကိစ္ဆာတို့ကော (ပေါ်ပါတယ် ဘုရား)၊ ပေါ်ပါတယ်တဲ့၊ တစ်ခါ တလေကျတော့ လှူချင်တန်းချင် ပေးချင်ကမ်းချင်တဲ့ အလောဘ ကလေးကော (ပေါ်ပါတယ် ဘုရား)။

တစ်ခါတလေ ကျတော့ လူတစ်ဦးတစ်ယောက် မေတ္တာထား တဲ့ စိတ်ကလေးကော (ပေါ်ပါတယ် ဘုရား)၊ အဲ့ဒါအတွင်းဧည့်သည် ငါးယောက်လို့ မှတ်လိုက်တာပေါ့ (မှန်လှပါ ဘုရား)။

လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ ရှင်းပြီ လား (ရှင်းပါပြီ ဘုရား)။

ပြီးတော့ ဒကာ ဒကာမတွေ အပြင်ဧည့်သည်က ဘယ်နှစ် ယောက် (ငါးယောက်ပါ ဘုရား)၊ အတွင်း ဧည့်သည်ကကော (ငါးယောက်ပါ ဘုရား)။

အိမ်သည်နှစ်ယောက်

အိမ်သည်နှစ်ယောက်လည်း မှတ်ပါဦး (မှန်လှပါ ဘုရား)၊ အိမ် သည်နှစ်ယောက် ဆိုတာက လေကလေးကို အပြင်ထုတ်တဲ့စိတ် (မှန်လှပါ ဘုရား)၊ လေကလေးကို အတွင်းပြန်ရှိုက်တဲ့စိတ် (မှန်လှ ပါ ဘုရား)။

ဒီစိတ်နှစ်ခုက ဒကာဒကာမတွေကို မသေအောင်စောင့်နေ သောကြောင့် အိမ်သည်စိတ် နှစ်ခု (မှန်လှပါ ဘုရား)၊ လေထုတ်တဲ့ စိတ်လည်း အိမ်သည်စိတ် (မှန်လှပါ ဘုရား)၊ လေပြန်သွင်းတဲ့စိတ်၊ ကလေးကော (အိမ်သည်စိတ်ပါ ဘုရား)၊ အဲ့ဒါကတော့ အိမ်သည် စိတ်ကလေးနှစ်ခုရှိတယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒါတွေ ဒကာ ဒကာမတွေက ပြောတဲ့အတိုင်း တဲ့ မြင်စိတ်ကလေး ပေါ်လာလည်း ဖြစ်ပျက်ရှုလိုက်တာပေါ့ (မှန် လှပါ ဘုရား)၊ ဖြစ်ပျက်ရှုလိုက်တော့ တဏှာ၊ မာန၊ ဒိဋ္ဌိ လာသေးရဲ့ လား (မလာပါ ဘုရား)၊ ပပဉ္စသေတယ် (သေပါတယ် ဘုရား)။

ဒါဖြင့် မြင်စိတ်က ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား)၊ ပပဉ္စသေတာက သမုဒယချုပ်တာ (မှန်လှပါ ဘုရား)၊ ဟုတ်ပြီလား၊ ဒါဖြင့် မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

မြင်စိတ်ကဘာတဲ့ (ဖြစ်ပျက်ပါ ဘုရား)၊ ရှုတာက (မဂ် ပါ ဘုရား)၊ မဂ္ဂသစ္စာ ပေါ်လာပြီ၊ မဂ္ဂသစ္စာ ပေါ်လာတော့ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပဋိစ္စသမုပ္ပာဒ် သုံးနံပါတ်ကူးသေးရဲ့လား (မကူး ပါဘူး ဘုရား)။

နိပ္ပပဉ္စဆိုတာ

မကူးတော့ကို တဏှာနိရောဓော နိဗ္ဗာနံ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ပပဉ္စနိရောဓော နိဗ္ဗာနံကော (ဖြစ်ပါတယ် ဘုရား)၊ နိပ္ပပဉ္စဆိုတာ နိဗ္ဗာန်ကိုဆိုပါတယ် (မှန်လှပါ ဘုရား)။

နိပ္ပပဉ္စဖြစ်သွားတော့ ဒကာဒကာမတို့တဲ့ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ အိမ်မှာပေါ်ကြစမ်းပါ (မှန်လှပါ ဘုရား)။

ဒါဖြင့် မြင်စိတ်ပေါ်ရင် ဘာလုပ်မတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဖြစ်ပျက်ရှုတော့ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သေတာက (သမုဒယသစ္စာပါ ဘုရား)၊ သေတာက ပပဉ္စတရား (မှန်လှပါ ဘုရား)၊ သမုဒယသစ္စာ ဆိုလည်းဟုတ်တာပဲ၊ သေတာက (ပပဉ္စတရားပါ ဘုရား)။

ပပဉ္စသေကတည်းက နောက်ခန္ဓာမလာတာ ဘာပါလိမ့် (နိရောဓသစ္စာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုတဲ့ပုဂ္ဂိုလ်ဟာဖြင့် သစ္စာ လေးပါး တစ်ပြိုင်တည်းပေါ်တယ် (မှန်လှပါ ဘုရား)၊ ပယ်သစ္စာလည်း ပယ်ပြီးသား ဖြစ်ပါတယ် (မှန်လှပါ ဘုရား)၊ ပွားသစ္စာလည်း ပွားပြီးသား ဖြစ်ပါတယ် (မှန်လှပါ ဘုရား)။

ကြားစိတ်

ဒါဖြင့် ဒကာ ဒကာမတို့ ကြားစိတ်ပေါ်ရင် ဘာလုပ်ကြ မတုံး (ဖြစ်ပျက်ရှုမှာပါ ဘုရား)၊ ကြားတဲ့ စိတ်ကလေး နားထဲမှာ ပေါ်လာရင်လည်း ဪ ဖြစ်ပြီး ပျက်တာ တရားပါလားလို့ မြန် မြန်ရှုပါ (မှန်လှပါ ဘုရား)။

ရှုတာလေးက ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ ဘုရား)၊ ပပဉ္စ ချုပ်တာက သမုဒယသေတာ၊ သဘောကျပြီလား၊ သမုဒယသေတော့ သမုဒယတဏှာနိရောဓော နိဗ္ဗာနံ မဖြစ်ဘူးလား (ဖြစ်ပါ တယ် ဘုရား)၊ နိပ္ပပဉ္စကော မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် မဂ္ဂသစ္စာနဲ့ နိပ္ပပဉ္စဆိုတဲ့ နိရောဓသစ္စာကော မရ ဘူးလား (ရပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ရှုမှ မဂ္ဂသစ္စာ နဲ့ နိရောဓသစ္စာရတယ် (မှန်လှပါ ဘုရား)၊ ရှုမှ (မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ ရပါတယ် ဘုရား)။

နို့မဟုတ်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘယ်နည်းနဲ့မှ မရတော့ဘူးဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ကြားစိတ်ကလေးပေါ်လည်း ဘာလုပ်မလဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ရှုတဲ့တရားက ဘာသစ္စာတုံး မဂ္ဂသစ္စာ၊ သဘောကျပလား (ကျပါပြီ)၊ သေတဲ့တရားက (သမုဒယသစ္စာပါ ဘုရား)။

သမုဒယသစ္စာဆိုတော့ သမုဒယသေလည်း နိဗ္ဗာန်ပဲဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

နံစိတ်

ကိုင်း ဒါဖြင့် နံစိတ်ကလေးပေါ်လည်း ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဖြစ်ပျက်ရှုတဲ့ ဉာဏ်ကလေးက ဘာတဲ့ (မဂ္ဂသစ္စာပါ ဘုရား)၊ သေတာက (သမုဒယသစ္စာပါ ဘုရား)။

သမုဒယသစ္စာသေတော့ နိဗ္ဗာန်ပဲမဟုတ်လား (မှန်လှပါ ဘုရား)၊ ပပဉ္စသေတာပဲလို့ မှတ်လိုက်တာပေါ့ (မှန်လှပါ ဘုရား)။

စားစိတ်

ကဲ ဒါဖြင့် စားစိတ်ကလေး ပေါ်လာ၊ လျှာအလယ်မှာ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ရှုတာလေးက (မဂ္ဂ သစ္စာပါ ဘုရား)၊ သေတာလေးက (သမုဒယသစ္စာပါ ဘုရား)။ သမုဒယ သေရင် နိဗ္ဗာန်ပဲ (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိ ပါပြီ ဘုရား)။

အိမ်မှာသစ္စာနှစ်ခု ဖြိုင်ဖြိုင်ပေါ်စေချင်တယ်

ဒါဖြင့် ဒကာကြွယ်ရေ မဂ္ဂနဲ့ နိရောဓ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ သေသွားတာက တဏှာ နိရောဓကိုး (မှန်လှ ပါ ဘုရား)၊ အဲ့ဒီတော့ ဒကာ ဒကာမတို့ အိမ်မှာ သစ္စာနှစ်ခု ဖြိုင်ဖြိုင် ပေါ်စေချင်တယ် ဆရာဘုန်းကြီးက (မှန်လှပါ ဘုရား)။

အိမ်မှာသစ္စာနှစ်ခု ဖြိုင်ဖြိုင်ပေါ်စေချင်တယ် ဆိုတာ ဘယ် သစ္စာနဲ့ ဘယ်သစ္စာပါလိမ့် (မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာပါ ဘုရား)၊ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ ပေါ်စေချင်တယ်၊ ရိပ်မိပြီလား (ရိပ်မိပါ ပြီ ဘုရား)၊ မဂ္ဂသစ္စာနဲ့ (နိရောဓသစ္စာပါ)၊ နိရောဓသစ္စာ ပေါ်စေ ချင်တယ်ဆိုတာ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ယားစိတ်

ကဲ ဒါဖြင့် ကိုယ်ပေါ်မှာ ယားစိတ်ကလေးပေါ်တယ် ဘာလုပ်မလဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ရှုတာလေးက ဘာသစ္စာ တုံး (မဂ္ဂသစ္စာပါ ဘုရား)၊ သေတာလေးက (သမုဒယသစ္စာပါ ဘုရား)၊ သမုဒယသေတာသည် နိဗ္ဗာန်ပဲမဟုတ်လား (မှန်လှပါ ဘုရား)။

ဒါဖြင့် မဂ္ဂသစ္စာနဲ့ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာနှစ်ခုဟာ ဒကာ ဒကာမတို့ ရှုမှရမယ် (မှန်လှပါ ဘုရား)၊ မရှုရင် (မရပါ ဘူး ဘုရား)၊ ရကို မရဘူးဆိုတာ သေချာပြီလား (သေချာပါတယ် ဘုရား)။

သုခစိတ်

ကဲ ကိုယ်ပေါ်မှာ လေကလေးတိုက်လာတဲ့အခါကျတော့ အအိုက်ပြေတဲ့ သုခစိတ် ကလေးကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ပေါ်လာရင် ဘာလုပ်မလဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဖြစ် ပျက်ရှုရတာက (မဂ္ဂသစ္စာပါ ဘုရား)၊ ဖြစ်ပျက် ရှုလိုက်တော့ ဝေဒနာ ပစ္စယာ တဏှာတွေလာသေးရဲ့ လား (မလာပါဘူး ဘုရား)။

ဒါဖြင့် တဏှာချုပ်တာက ဘာသစ္စာ (နိရောဓသစ္စာပါ ဘုရား)၊ တဏှာချုပ်တာက (နိရောဓသစ္စာပါ)၊ နိရောဓသစ္စာ ဆိုတော့၊ ရှိတာက မဂ္ဂသစ္စာ၊ တဏှာသေတာက (နိရောဓသစ္စာပါ ဘုရား) ဆိုတော့ သစ္စာဘယ်နှစ်ပါးရလိုက်တုံး (နှစ်ပါး ရလိုက်ပါတယ် ဘုရား)။

လောဘ

ကိုင်း ဒါဖြင့် ဝမ်းထဲ၊ လောဘကလေး ပေါ်လာတယ်၊ ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ရှုတာက ဘာသစ္စာ (မဂ္ဂသစ္စာပါ ဘုရား)၊ နောက်ထပ် တရားတွေ မစားရလို့ ဒေါသ ဖြစ်တာတွေ သောကဖြစ်တာတွေ လာသေးရဲ့ လား (မလာ ပါဘူး ဘုရား)။

ငါ့ဘာမှတ်လို့တုံး၊ ငါရှာကျွေးနေတာ၊ ထမင်းမှ မှန်မှန် မချက်ဘူးလားဆိုတဲ့ မာနတွေကော လာသေးရဲ့လား (မလာပါဘူး ဘုရား)။

ဒါဖြင့် ရှုတာက၊ လောဘကလေးကို ရှုလိုက်တဲ့အခါ ရှုတဲ့ ဉာဏ်ကလေးက ဘာတုံး (မဂ္ဂသစ္စာပါ ဘုရား)၊ သေတာက (သမု ဒယသစ္စာပါ ဘုရား)၊ သမုဒယသေတော့ ဒီနေရာမှာ သမုဒယသေ ရင် ဘာခေါ်ကြမလဲ နိရောဓဖြစ်တော့ ဒကာ ဒကာမတွေ မဂ္ဂနဲ့ နိရောဓပေါ်သွားပြီ (မှန်လှပါ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ရှုရင် ပေါ်တာပဲဆိုတာ သေချာပြီလား (မှန်လှပါ ဘုရား)။ မရှုရင် ဘယ်တော့မှ မပေါ်ဘူး (မှန်လှပါ ဘုရား)၊ မရှုရင် မဂ္ဂနဲ့ နိရောဓ ဘယ်တော့မှ မပေါ်ဘူး၊ ရှုရင် ပေါ်တာပဲဆိုတာ သေချာ ပြီလား (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မရှုဘဲနေရင် သမုဒယနဲ့ ဒုက္ခ (မှန်လှပါ ဘုရား)၊ ရှုပြန်လို့ ရှိရင်ဖြင့် မဂ္ဂနဲ့ နိရောဓ (မှန်လှပါ ဘုရား)၊ မရှုဘဲနေရင် (သမုဒယနဲ့ ဒုက္ခပါ ဘုရား)၊ ရှုပြန်လို့ ရှိရင် (မဂ္ဂနဲ့ နိရောဓပါ ဘုရား)။

ရန်သူနဲ့ မိတ်ဆွေ

ဒါဖြင့် ခင်ဗျားတို့ မိတ်ဆွေက ဘယ်သူပါလိမ့် (မဂ္ဂနဲ့ နိရောဓပါ)၊ မဂ္ဂနဲ့ နိရောဓ၊ ခင်ဗျားတို့ ရန်သူက ဘယ်သူပါလိမ့် (သမုဒယနဲ့ ဒုက္ခပါ ဘုရား)။

အဲ့ဒီတော့ မပေါင်းသင့်တဲ့လူ မပေါင်းနဲ့ (မှန်လှပါ ဘုရား)၊ ပေါင်းသင့်တဲ့လူ ပေါင်းမှ ရမယ် ဆိုတာ ရှင်မဟာကစ္စည်းက သေချာ ဟောတယ် (မှန်လှပါ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဝမ်းထဲမှာ ဒေါသကလေးပေါ်လာတယ်၊ ဘာ လုပ်ကြမလဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဖြစ်ပျက်ရှုတာက ဘာတုံး (မဂ္ဂသစ္စာပါ ဘုရား)၊ ဖြစ်ပျက် ရှုလိုက်တော့ နောက်က ပပဉ္စ လာသေးသလား (မလာပါဘူး ဘုရား)၊ အဲ့ဒီမလာတာက ဘာသစ္စာ တုံး (နိရောဓသစ္စာပါ ဘုရား)။

မဂ္ဂနဲ့ နိရောဓ

ဒါဖြင့် ရှုတဲ့ပုဂ္ဂိုလ် မဂ္ဂနဲ့ နိရောဓရတယ် (မှန်လှပါ ဘုရား)၊ ဒကာကြွယ်ရှုတဲ့ ပုဂ္ဂိုလ်မှာ (မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ ရပါတယ် ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကဲ တစ်ခါ ကုသိုလ်ပြုချင်တဲ့ စိတ်ကလေး ပေါ်လာတယ်၊ ဒကာ ဒကာမတို့ မလုပ်နဲ့လို့ မဟောဘူး၊ ကုသိုလ်ပြုချင်တဲ့စိတ် ကလေးပေါ်လာရင် ဘာလုပ်မလဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ရှု လိုက်တာက ဘာတုံး (မဂ္ဂသစ္စာပါ ဘုရား)၊ သေတာက ဘာသစ္စာ တုံး (သမုဒယသစ္စာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ရှုတဲ့ပုဂ္ဂိုလ်မှာ ဘယ်သစ္စာနှစ်ပါး ရသတုံး (မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာပါ ဘုရား)၊ မဂ္ဂနဲ့ နိရောဓ ရတယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သမုဒယနဲ့ ဒုက္ခ

မရှုတဲ့ပုဂ္ဂိုလ်မှာ (သမုဒယနဲ့ ဒုက္ခရပါတယ် ဘုရား)၊ ရှုတဲ့ ပုဂ္ဂိုလ်မှာ (မဂ္ဂနဲ့နိရောဓ ရပါတယ် ဘုရား)၊ မဂ္ဂနဲ့ နိရောဓ ရတယ်ဆိုတော့ တယ်အဖိုးတန်ပါလား (တန်ပါတယ် ဘုရား)။

အဲ့ဒီကဲ့သို့ လောဘလာလည်း ရှု၊ ဒေါသလာလည်း ရှု၊ ကုသိုလ်လာလည်း ရှု၊ သူတစ်ပါး မေတ္တာထားချင်တဲ့စိတ်ကလေး ဒကာကြွယ်ပေါ်လာတယ် ဘာလုပ်မတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ရှုတာက ဘာသစ္စာ (မဂ္ဂသစ္စာပါ ဘုရား)။

နောက် ပပဉ္စ မလာတာက (နိရောဓသစ္စာပါ ဘုရား)၊ နိရောဓသစ္စာဆိုတော့ သစ္စာဘယ်နှစ်ပါး ကိုယ်ပိုင်ရသတုံး (နှစ်ပါး ကိုယ်ပိုင်ရပါတယ် ဘုရား)။

အဲ့ဒီ နှစ်ပါးဟာ ဘုရားပွင့်မှရတဲ့ သစ္စာနှစ်ပါး (မှန်လှပါ ဘုရား)၊ အခုဘုန်းကြီး ဟောနေတာ ကလည်း ဘုရားသာသနာ မကုန်သေးလို့ (မှန်လှပါ ဘုရား)၊ ဒကာ ဒကာမတွေ ကံကောင်း အကြောင်း သင့်ပြီး ရတာကလည်း တကယ်ပွားများလို့ (မှန်လှပါ ဘုရား)။

ဝဋ်ဘဝတိုတို

ဒါက ဆုတောင်းနဲ့ ရသလား၊ ရှုမှဒီသစ္စာနှစ်ပါးက ရ သလား (ရှုမှရတာပါ ဘုရား)၊ ဒါကြောင့် ဝဋ်၁၁၀တိုတိုနဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ရ ရပါလို၏။ မရ (မှန်လှပါ ဘုရား)။

ရှုတဲ့ပုဂ္ဂိုလ်ကျတော့ ခုနက မေတ္တာစိတ်ကလေး ဖြစ်ပျက် ရှုလိုက်တော့၊ မေတ္တာစိတ်ကလေး ဖြစ်ပျက်ရှုကြည့်စမ်းပါ၊ မေတ္တာ စိတ်က ဖြစ်ပျက်၊ ရှုတာက ဘာတုံး (မဂ္ဂသစ္စာပါ ဘုရား)။

မဂ်ဆိုတော့ ဒကာ ဒကာမတို့ မင်္ဂက ဘာသစ္စာ၊ မဂ်က မဂ္ဂသစ္စာပေါ့၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ သူ့နောက် က ပပဉ္စလာသေးရဲ့လား (မလာပါ ဘုရား)၊ ပပဉ္စမလာတာက ဘာ သစ္စာတုံး (နိရောဓသစ္စာပါ ဘုရား)။

ဒါဖြင့် ရှုလိုက်တဲ့အခါ သစ္စာဘယ်နှစ်ပါး ကိုယ်ပိုင်ရသတုံး (နှစ်ပါးကိုယ်ပိုင်ရပါတယ် ဘုရား)၊ ဘယ်သူ ဘယ်သူပါလိမ့် (မဂ္ဂနဲ့နိရောဓပါ ဘုရား)၊ မဂ္ဂနဲ့ နိရောဓရတယ်ဆိုတာ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

လူမိုက်ဆိုတာ

ဒါဖြင့် ဒကာကြွယ်ရေ ရွာထဲမှာ ထမင်းစားကောင်းနေတဲ့ ပုဂ္ဂိုလ်၊ လည်ပတ်လို့ ပျော်နေတဲ့ ပုဂ္ဂိုလ်မှာ ဘယ်သစ္စာနဲ့ နေရှာပါ လိမ့် (သမုဒယနဲ့ ဒုက္ခသစ္စာပါ ဘုရား)။

ရှုပွားနေတဲ့ပုဂ္ဂိုလ်က ဘယ်သစ္စာရပါလိမ့် (မဂ္ဂနဲ့ နိရောဓ သစ္စာရပါတယ် ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုလုပ်ကြစို့တော့ မရှုပွားဘဲနဲ့ နေတဲ့ ပုဂ္ဂိုလ်ဟာ အသေဝနာစ ဗာလာနံ၊ မရှုပွားတဲ့ပုဂ္ဂိုလ်ဟာ (အသေဝနာစဗာလာနံပါ ဘုရား)၊ မမှီဝဲကောင်းတာ မှီဝဲနေ သောကြောင့် သူ့ လူမိုက် (မှန်လှပါ ဘုရား)။

ပယ်ရမယ့် သမုဒယသစ္စာ မပယ်၊ ပိုင်းခြားထားပစ်ရမယ့် ဒုက္ခသစ္စာ မပိုင်းခြားနိုင်သောကြောင့် အသေဝနာစ ဗာလာနံ (မှန်လှပါ ဘုရား)၊ မမှီဝဲရမယ့်ဟာ မှီဝဲနေတော (မှန်လှပါ ဘုရား)။

ရှုတဲ့ပုဂ္ဂိုလ်ကျတော့ ပဏ္ဍိတာနဉ္စသေဝနာ (မှန်လှပါ ဘုရား)၊ မဂ္ဂင်မှီဝဲနေတဲ့အတွက်တဲ့ နိရောဓသစ္စာပါ မျက်မှောက်ပြု နိုင်တယ် (မှန်လှပါ ဘုရား)။

မရှုတဲ့ပုဂ္ဂိုလ်ကဘာတဲ့ (အသေဝနာစဗာလာနံပါ ဘုရား)၊ ရှုတဲ့ပုဂ္ဂိုလ်က (ပဏ္ဍိတာနဉ္စ သေဝနာပါ ဘုရား)၊ မရှုတဲ့ပုဂ္ဂိုလ်က (အသေဝနာစဗာလာနံပါ ဘုရား)၊ ရှုတဲ့ပုဂ္ဂိုလ်က (ပဏ္ဍိတာနဉ္စ

သေဝနာပါ ဘုရား)။

မိုက်ချိန်နဲ့ လိမ္မာချိန်

ဒါဖြင့် ကိုယ့်ကိုယ်မှာ မိုက်ချိန်နဲ့ လိမ္မာချိန် ဒကာကြွယ်၊ မောင်ဘသော် ခွဲတတ်ပြီလား (ခွဲတတ်ပါပြီ ဘုရား)။

မရှုတဲ့အချိန်မှာ ဘာဆိုကြမယ် (အသေဝနာစ ဗာလာနံပါ ဘုရား)၊ အသေဝနာစဗာလာနံ၊ ရှုတဲ့အချိန်ကျတော့ (ပဏ္ဍိတာနဉ္စ သေဝနာပါ ဘုရား)။

မရှုတဲ့အချိန်မှာ (အသေဝနာစဗာလာနံပါ ဘုရား)၊ ရှုတဲ့ အချိန်မှာ (ပဏ္ဍိတာနဉ္စ သေဝနာပါ ဘုရား)။

ဒါဖြင့် ဪ သူတစ်ပါး ဒီကလေးက တယ်မိုက်ပါလား၊ ဒီဒကာမက တယ်မိုက်ပါလား၊ သူများမိုက်တာသာ သိတယ်၊ ကိုယ် မရှုတဲ့မအချိန် ကိုယ်ဘာဖြစ်နေသတုံး ဆိုရင် ဘယ့်နှယ် ဖြေကြမတုံး (အသေဝနာစဗာလာနံပါ ဘုရား)၊ အသေဝနာစ ဗာလာနံပဲ၊ မမှီဝဲ ကောင်းတာ မှီဝဲနေတယ် (မှန်လှပါ ဘုရား)။

ရှုတဲ့အချိန်ကျတော့ (ပဏ္ဍိတာနဉ္စ သေဝနာပါ ဘုရား)၊ ပဏ္ဍိတဆိုတာ-ပညာ၊ ပညာဆိုတာ မဂ်ပညာကို ခင်ဗျားတို့က မှီဝဲပြီး သကာလ မဂ်ပညာပေါ်အောင် လုပ်နေသောကြောင့် ပဏ္ဍိတာ နဉ္စသေဝနာ (မှန်လှပါ ဘုရား)၊ သူ့ကိုမှီဝဲပြီး ပွားများနေလို့ပေါ့ဗျာ (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ကိုယ့်မိုက်ချိန်နဲ့ ကိုယ့်လိမ္မာချိန် ဒကာကြွယ် အချိန်နဲ့ ခွဲတတ်ပြီလား (ခွဲတတ်ပါပြီ ဘုရား)၊ မပွားတဲ့အချိန်မှာ (အသေဝနာစ ဗာလာနံပါ ဘုရား)၊ အသေဝနာစ ဗာလာနံ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ပွားတဲ့အချိန်မှာ (ပဏ္ဍိတာနဉ္စ သေဝနာပါ ဘုရား)၊ ပဏ္ဍိတာနဉ္စ သေဝနာ (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဝိပဿနာမလုပ်တဲ့အချိန်မှာ ဘာတုံး (အသေဝနာစ ဗာလာနံပါ ဘုရား)၊ ဝိပဿနာ လုပ်လိုက်ပါပြီ (ပဏ္ဍိတာနဉ္စ သေဝနာပါ ဘုရား)၊ ကဲ ဒကာကြွယ် ရှင်းပြီလား (ရှင်းပါ ပြီ ဘုရား)။

ဒါဖြင့် ကိုယ့်မိုက်ချိန်နဲ့ ကိုယ့်လိမ္မာချိန် ခွဲတတ်ပြီလား၊ (ခွဲတတ်ပါပြီ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာတဲ့ မိုက် တာတွေလည်း ကိုယ်မိုက်ချိန်လည်း ကိုယ်သိအောင်၊ ကိုယ်လိမ္မာ ချိန်လည်း ကိုယ်သိလို့ရှိရင် လိမ္မာချိန်ဟာ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ ပေါ်ပါတယ် (မှန်လှပါ ဘုရား)။

မိုက်တဲ့အချိန်ကျတော့ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ ပေါ်ပါ တယ် (မှန်လှပါ ဘုရား)၊ မိုက်တဲ့အချိန်ကျတော့ (ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာပေါ်ပါတယ် ဘုရား)၊ လိမ္မာတဲ့အချိန်ကျတော့ (မဂ္ဂ သစ္စာနဲ့ နိရောဓသစ္စာပေါ်ပါတယ် ဘုရား)။

ဒါ ရှင်မဟာကစ္စည်းကနေပြီး သကာလ ကွာတဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘုံဘဝ မလိုချင်တဲ့၊ မလိုချင်အောင်ဟောတဲ့ တရားဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး တရားဆိုသဖြင့် ပပဉ္စတွေ ဒကာသစ် မချုပ်သေးဘူးလား (ချုပ်ပါတယ် ဘုရား)။

ဖြစ်ပျက်မြင်တာ မဂ္ဂသစ္စာ၊ ချုပ်တာက ပပဉ္စ (မှန်လှပါ ဘုရား)၊ ချုပ်တာက သမုဒယသစ္စာတွေ ချုပ်တော့ကို နိဗ္ဗာန် မပါသေး ဘူးလား (ပါပါတယ် ဘုရား)၊ နိပ္ပပဉ္စဆိုတာ နိဗ္ဗာန်ခေါ်တာပဲ (မှန်လှပါ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

မင်္ဂလသုတ်

ဒါဖြင့် ဒကာ ဒကာမတို့ မင်္ဂလသုတ်ထဲသွင်းလိုက်တဲ့ အခါကော ဒကာကြွယ်ကျေနပ်ရဲ့ လား (ကျေနပ်ပါတယ် ဘုရား)။

မရှုပွားတဲ့အချိန် (အသေဝနာစ ဗာလာနံပါ ဘုရား)၊ ရှုပွား တဲ့အချိန် ပဏ္ဍိတာနဉ္စသေဝနာပါ ဘုရား)။

ပဏ္ဍိတာနဉ္စသေဝနာလို့ဆိုမှ ဧတံမင်္ဂလမုတ္တမံနဲ့ ဆက် တယ် (မှန်လှပါ ဘုရား)၊ အသေဝနာစ ဗာလာနံ ဆိုရင် ဧတံ မင်္ဂလမုတ္တမံနဲ့ သွားမဆက်နဲ့ ဒကာသစ်ရ (မှန်လှပါ ဘုရား)၊ သွား ဆက်ရင် ငါးပါးမှောက်မယ် (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ် မိပါပြီ ဘုရား)။

ဒကာကြွယ် မင်္ဂလသုတ်ပေမယ့် ခင်ဗျား မဆက်တတ်သေး ပါဘူး (မှန်ပါ ဘုရား)၊ မဆက်တတ်သေးဘူး သူက၊ အသေဝနာစ ဗာလာနံ ဧတံမင်္ဂလမုတ္တမံနဲ့တော့ သွားမဆက်နဲ့ သွားပြီး မဆိုး ဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

ပဏ္ဍိတာနဉ္စ သေဝနာ ဧတံမင်္ဂလမုတ္တမံ ဒါသာ အမြတ် တရား၊ အမြတ်ဆိုတဲ့ နိဗ္ဗာန်ရောက်တဲ့ တရား (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒကာကြွယ် ဒီမင်္ဂလသုတ်က သေဝန မှီဝဲရ မယ်လို့ဆိုတဲ့ဥစ္စာ ခင်ဗျားတို့က ရွတ်ရမယ်လို့ ယူထားတယ် (မှန်လှပါ ဘုရား)။

မှီဝဲပွားများရမည့်ပညာ

အသေဝနာစ- မမှီဝဲရဘူး၊ ပဏ္ဍိတာနဉ္စ သေဝနာ ဆိုတော့ မဂ်ပညာ ဖိုလ်ပညာ မှီဝဲပွားများရမယ် ဆိုတာ မပါဘူးလား (ပါပါ တယ် ဘုရား)။

အဲ့ဒါ တပည့်တော်သမီးလေး မင်္ဂလာဦးဖြစ်နေလို့ မင်္ဂလ သုတ်ကလေးတော့ ထည့်ရွတ် ပေးစမ်းပါ။ ဟ၊ ဒကာကြွယ်သွားပြီ။ သူက သေဝနာလို့ ပြောတဲ့ဥစ္စာ ရွတ်ရမယ် ပြောသလား၊ ပွားများရ မယ်ပြောသလား (ပွားများရမယ်ပြောပါတယ် ဘုရား)၊ ဒကာကြွယ် က ဘယ်လိုလျှောက်ပါလိမ့် (ရွတ်ရမယ်ပြောတာပါ)၊ ခင်ဗျားကိုက လွဲနေတာ။

ဒကာ ဒကာမတွေ နောက် ဘုန်းကြီးတွေ ကြွလာလို့ရှိရင် မင်္ဂလသုတ်ကလေး ရွတ်ပေးစမ်းပါဘုရား လျှောက်မလား၊ မင်္ဂလ သုတ်ကလေး ပွားများပေးစမ်းပါလို့ လျှောက်မလား (မင်္ဂလသုတ် ကလေး ပွားများပေးစမ်းပါ ဘုရား)။

ပွားများပေးစမ်းပါလို့ လျှောက်လို့ ရှိရင်လည်း လွဲတာပဲ၊ ကိုယ့်ဟာကိုယ် ပွားရမှာ (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိ ပါပြီ ဘုရား)၊ ရွတ်ပေးပါဆိုလို့ မကိုက်ဘူး၊ သဘောကျပြီလား (မှန်လှပါ ဘုရား)။

ကိုယ့်ဟာကိုယ် ပွားများရမယ့်အလုပ်ကို သူတစ်ပါး အငှား ရွတ်လို့ ခရီးပေါက်ပါ့မလား (မပေါက်ပါဘူး ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်မိုက်ချိန်ဟာ မပွားများ တဲ့ အချိန်၊ ဖြစ်ပျက်မရှုတဲ့အချိန် ချိန်တဲ့ (အသေဝနာစ ဗာလာ နံပါ ဘုရား)၊ အသေဝနာစ ဗာလာနံ။

ဒကာ ဒကာမတွေ တစ်ပွဲလုံး ရွတ်စမ်းပါ၊ မပွားများတဲ့ အချိန် (အသေဝနာစဗာလာနံပါ ဘုရား)၊ ဧတံမင်္ဂလမုတ္တမံနဲ့ ဆက် မလား၊ မဆက်ဘူးလား (မဆက်ပါဘူး ဘုရား)၊ မဆက်နဲ့တဲ့ ဒီ ဥစ္စာ မြတ်တဲ့တရား မဟုတ်ဘူး၊ အပါယ်သွားမည့်တရားကြီး၊ ဧတံ မင်္ဂလမုတ္တမံသွားလုပ်မနေနဲ့ဦး (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား၊ (ရိပ်မိပါပြီ ဘုရား)။

ဘုရားကြည်ညိုရင် သုဂတိ

ကိုင်း ဒါဖြင့် ပွားများတဲ့အချိန်ကျတော့ ဘာလုပ်ကြမယ် (ပဏ္ဍိတာနဉ္စသေဝနာပါ ဘုရား)၊ အဲဒီတော့ ပညာတရားကို မှီဝဲပါ။ ပညာကိုမှီဝဲမှ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောထားတာလည်း ကြည့်ပါဦး အလဂဒ္ဓူပမ ငါဘုရားကြည်ညိုရင် သုဂတိကွ၊ ငါဘုရား ဟောထားတဲ့ပညာကို ပွားများလို့ ရှိရင် နိဗ္ဗာန်ကွ (မှန်လှပါ ဘုရား) ဆိုတော့ ပညာမှီဝဲပါ ဆိုတာ အသေအချာ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပညာကို ပဏ္ဍိတာနဉ္စ သေဝနာ၊ ပဏ္ဍိတာနဉ္စ – ပဏ္ဍိတဖြစ်တဲ့ တရားကိုလည်း၊ သေဝနာ – ခဏ ခဏ ပွားများမှီဝဲပါကွ (မှန်လှပါ ဘုရား)၊ ဒကာကြွယ် ဒီလို မဆို ဘူးလား (ဆိုပါတယ် ဘုရား)။

ဒါဖြင့် ဝိပဿနာအလုပ်ကို ဟောတာဆိုတာကော သေချာ ပြီလား (သေချာပါပြီ ဘုရား)၊ ခင်ဗျားတို့က ဒါက အိမ်ထောင်ကျမှ ရွတ်တဲ့စာ ဖြစ်နေတော့ ခက်တယ် သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဘယ်အချိန်ကို ကိုယ့်ဟာကိုကော အချိန် ဝေဖန် တတ်ပါပြီလား (မှန်လှပါ ဘုရား)။

အသေဝနာစ ဗာလာနံက ဒကာကြွယ် ယနေ့ ဘယ်နှစ်ချိန် ရမယ်ထင်သတုံး (အများကြီးပါ ဘုရား)၊ အများကြီးပဲ၊ လျော့ပြော စမ်းပါဦးဗျာ၊ လျော့လို့ကို မရနိုင်ဘူး၊ ဥပုသ်ကြီးနဲ့ မုသားဖြစ်မှာစိုးလို့။ ဒကာ ဒကာမတွေ ရောင်းဝယ်နေတာ ဘာပါလိမ့် (အသေဝနာစ ဗာလာနံပါ ဘုရား)၊ ကလေးချီနေတာ (အသေဝနာစ ဗာလာနံပါ ဘုရား)၊ ထမင်းစားဖို့ခေါ်နေတာ (အသေဝနာစဗာလာနံပါ ဘုရား)။

ကျောင်းသားလေး ကြိုနေရတာ (အသေဝနာစဗာလာနံပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ တစ်မြို့လုံး လူမိုက်ချည်းပဲ၊ သေရင် အပါယ်ချည်းသွားကြမှာပဲ၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ပဏ္ဍိတာနဉ္စသေဝနာဆိုဘာ

ပဏ္ဍိတာနဉ္စသေဝနာဆိုတာက ညအိပ်ရာဝင်မှ ဆရာသမား ကလည်း ပြောထားတယ်၊ တိုက်တွန်းထားတယ်၊ ကောင်းတဲ့ အလုပ်ကလေး နည်းနည်းမှမပါရင် ကောင်းမထင်ပါဘူးဆိုပြီး သကာလ အဲ့ဒါလေးလည်း လုပ်မယ်ကြံရော အိပ်ချင်တာက အရင် ရောက်လာတယ် (မှန်လှပါ ဘုရား)၊ ဒကာကြွယ် ဘယ်လောက် ဆိုးသွားသတုံး (ဆိုးပါတယ် ဘုရား)။

ဒါဖြင့် ပဏ္ဍိတာနဉ္စသေဝနာက အင်မတန် မနည်းဘူးလား (နည်းပါတယ် ဘုရား)၊ အဲဒီတော့ ဒကာ ဒကာမတို့ လိုချင်တာ က နိဗ္ဗာန်နော် (မှန်လှပါ ဘုရား)။

နိဗ္ဗာန်ရောက်ကြောင်းက ဒကာသစ် နည်းမနေဘူးလား (နည်းပါတယ် ဘုရား)၊ အဲ့ဒါကြောင့် ခင်ဗျားတို့ အမှားတော်ပုံကြီး နေလို့ ငါသည် မိုက်ချိန်လား၊ လိမ္မာချိန်လားဆိုတာ ယနေ့ ခွဲတတ် ပြီလား (ခွဲတတ်ပါပြီ ဘုရား)။

ဒါရှင်မဟာကစ္စည်းကလည်း ဟောပါတယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ပပဉ္စချုပ်ရင် နိဗ္ဗာန်

ပပဉ္စချုပ်ရင် နိဗ္ဗာန်နော် (မှန်လှပါ ဘုရား)၊ ဒါဖြင့် ဘာမှ ရှုစရာမရှိရင် ရှူစိတ်ကလေးကိုလည်း ဖြစ်ပျက်ရှုပါ (မှန်လှပါ ဘုရား)။ ရှိုက်စိတ်ကလေးကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ဒီပြင် အပြင်ဧည့်သည်လာရင် ဘယ့်နှယ်လုပ်ကြမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ အပြင် ဧည့်သည်ရှု၊ အပြင်ဧည့်သည်မရှိ ရင် ဘယ်သွားရှုမယ်၊ အိမ်သည်နှစ်ခု လှည့်ရှု (မှန်လှပါ ဘုရား)။

အတွင်းဧည့်သည်လာပြန်ပြီ ဘယ်ရှုမတုံး (အတွင်းဧည့် သည်ရှူပါ ဘုရား)၊ အတွင်းဧည့်သည် မလာပြန်ဘူးဆိုရင် (အိမ်သည် ပြန်ရှုပါ ဘုရား)၊ အိမ်သည်ဆိုတဲ့ ရှူစိတ် ရှိုက်စိတ်ကိုရှု (မှန်လှပါ ဘုရား) ဆိုတော့ ဒကာကြွယ် အဲ့ဒီလို ရှုနေတဲ့ပုဂ္ဂိုလ် ပဏ္ဍိတာနဉ္စ သေဝနာ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲ့ဒီတော့ ဧတံ- ဤတရားသည်၊ ဥတ္တမံ- မြတ်သော၊ မင်္ဂလံ- နိဗ္ဗာန်မင်္ဂလာ မည်သည်၊ ဟောတိ- ဖြစ်၏ (မှန်လှပါ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပာဒ်ကော မပြတ်သေးဘူးလား (ပြတ်ပါ တယ် ဘုရား)၊ ရှုရင် နှစ်က သုံး ကူးသေးရဲ့ လား (မကူးပါဘူး ဘုရား)။

မရှုတဲ့ပုဂ္ဂိုလ်မှာ အဝိုင်းပြေး

မရှုတဲ့ပုဂ္ဂိုလ်မှာ နှစ်ကသုံး၊ သုံးက လေး-ကျအောင် ကူး တယ်၊ လေးကနေပြီး တစ်- ပြန်ဆက်တော့ အဝိုင်းပြေး မကျသေး ဘူးလား (ကျပါတယ် ဘုရား)။

အဲ့ဒါကြောင့် ပဋိစ္စသမုပ္ပာဒ် နောက်သီတင်းကို သေချာ ထောက်ပြီးပြမှာဖြစ်နေ သောကြောင့် ဒါတွေပြန်ပြီးတော့ ဓာတ်ပုံ ကိုးကွယ်ကြ၊ ပဋိစ္စသမုပ္ပာဒ် ဆောင်လာခဲ့ကြ ဆိုတာလည်း သတိပေး ရတယ် (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဓာတ်ပုံ ဝေနေတာနဲ့၊ ပဋိစ္စသမုပ္ပာဒ် လှူတန်းနေတာနဲ့ အချိန်ကြာသွားလို့ ခု နာရီပို ဟောထားတယ် (မှန်လှပါ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။