303

လောင်စာလဲသိမ်း မီးလဲငြိမ်း

အသံဖိုင်ခေါင်းစဉ်= လောင်စာသိမ်း၍ မီးငြိမ်းရာနိဗ္ဗာန်တရားတော်

စာအုပ်ခေါင်းစဉ်= လောင်စာလဲသိမ်း မီးလဲငြိမ်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့၌ဟောကြားဆုံးမတော်မူသော

လောင်စာလဲသိမ်း မီးလဲငြိမ်း

(နိဗ္ဗာန်တရားတော်)

(၁၂-၇-၆၂) ရက်နေ့ (ည)

အားလုံး တရားနာလာကြတဲ့ ဒကာ၊ ဒကာမတွေ အဆင်းရဲ ခံပြီး မိုးထဲမှာ လာကြတယ် ဆိုတာလည်း ဘုန်းကြီးက အင်မတန် မှ ဝမ်းသာပါတယ်။ သို့သော်လည်း ဘုန်းကြီး ဝမ်းသာတာကို ခင်ဗျားတို့က မကျေနပ်ပါနဲ့။ ကိုယ့်အရေးကြီးလို့ ကိုယ်လာတယ် လို့သာ ဆုံးဖြတ်ချက်ချပါ။ ဘယ်လို ဆုံးဖြတ်ချက်ချကြမလဲ (ကိုယ့်အရေးကြီးလို့ ကိုယ်လာတယ် လို့ ဆုံးဖြတ်ချက်ချရပါမယ် ဘုရား)။

မအို၊ မနာ၊ မသေရာရှာဖွေခြင်း

အေး ကိုယ်အရေးကြီးလို့ ကိုယ်လာတယ်လို့ ဆုံးဖြတ် ချက်ချကြပါ။ ကိုယ့်အရေးက ဘာကြီးပါလိမ့်မတုန်းဆိုတော့ ခန္ဓာ ကိုယ်ကြီးက ယခု အိုဘေးတွေကလည်း သင့်နေကြတယ်။ တစ်နေ့ တခြား အိုတာကိုးဗျ။ အိုဘေးသင့်တော့ နာဘေးကလည်း သင့်လျက် ပဲ ဖြစ်နေတယ်။ သေဘေးကလည်း ဒကာ၊ ဒကာမတို့ ခန္ဓာကိုယ်ကြီး ဟာ သေရာဌာနသာ ပြေးနေတော့၊ တို့ မအိုရာ၊ မနာရာ၊ မသေရာ အရှာလာကြတာပါကလားဆိုပြီး အဲဒီရှာတဲ့ အရေးဟာ ကိုယ့်အရေးလို့ မှတ်ပါ။ သဘောပါကြလား (ပါ,ပါတယ် ဘုရား)။ မအို၊ မနာရာ၊ မသေရာ အရှာလာကြတာ ပေါ်ကြပြီနော် (မှန်လှပါ ဘုရား)။

ဒကာ၊ ဒကာမတို့ ဘာလာလုပ်ကြပါလိမ့် (မအိုရာ၊ မနာရာ၊ မသေရာ အရှာလာကြတာပါ ဘုရား)၊ မအိုရာ၊ မနာရာ၊ မသေရာကို အရှာလာကြတယ်ဆိုတော့ ဘုန်းကြီး ဝမ်းသာစရာ လား၊ ကိုယ့်အရေး ကိုယ်ရှာလို့ ကိုယ်ဝမ်းသာစရာလားဆိုတာ မေးကြည့်ပါ (ကိုယ့်အရေးကိုယ် ဝမ်းသာစရာပါ ဘုရား)။

ကိုယ့်အရေး ကိုယ်ဝမ်းသာစရာဆိုတာ အားလုံး ဒကာ၊ ဒကာမတွေ စိတ်ထားသဘောသွား အမှန်ထားပါ ဆိုတာ ဆရာဘုန်းကြီးက တိုက်တွန်းတယ်နော် (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ မနေ့က ပြောခဲ့တယ်။ နိဗ္ဗာန်အကြောင်းဟောမယ်လို့ ဆိုပြီး မနေ့က တစ်ဝက်ဟောခဲ့တယ် နော်။ နိဗ္ဗာန်မပါသေးပါဘူး။ ဒိဋ္ဌိခွာနေတာ ရှိသေးတာပဲ။

ယနေ့ တော့ဖြင့် ဒကာ၊ ဒကာမတွေ နိဗ္ဗာန်ရုပ်လုံး ပေါ်တော့မယ် ဆိုတာ ဆုံးဖြတ်ချက်ချပါ။ နားကြီးကြီးနဲ့ သေသေ ချာချာထောင်ကြပါဆိုတာလည်း ဘုရားကိုယ်တော်မြတ်ဟောလို့ ဘုန်းကြီးများလည်း ရဲရဲတင်းတင်း ပြောရဲတယ်ဆိုတာ မှတ်ထားကြပါနော်။

နိဗ္ဗာန်ဆိုတာ

နိဗ္ဗာန်ကို ဒကာ၊ ဒကာမတွေ အားလုံးပဲ ယုံမှား သံသယ ရှိကြတယ်။ နိဗ္ဗာန်ဆိုတာဟေ့ ရုပ်နာမ်သိမ်းသွားတယ်။ ကိလေသာ သိမ်းသွားတယ်။ ဘာမှမရှိတာ နိဗ္ဗာန်လို့ ယူလိုက်ရင် ဥစ္ဆေဒဒိဋ္ဌိလို့ မှတ်လိုက်ကြစမ်းပါ (မှန်လှပါ ဘုရား)။

နိဗ္ဗာန်သည် ဒကာ၊ ဒကာမတို့ ရုပ်နာမ်တွေလည်း မရှိဘူး။ ကိလေသာလည်း မရှိဘူး။ ဘာမှမရှိတာဟာ နိဗ္ဗာန်လို့ ယူလိုက်ရင် ဘာဒိဋ္ဌိဖြစ်မယ် (ဥစ္ဆေဒဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။ ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်နော်။

ဒါဖြင့် ဒကာ၊ ဒကာမတို့ နိဗ္ဗာန်ကို မြို့ကြီးပြကြီးလို့ ယူထားပြန်လို့ ရှိရင်လည်း နိဗ္ဗာန်ဟာ ခိုင်မြဲတဲ့ မြို့ကြီးပြကြီးလို့ ယူလိုက်ပြန်တော့လည်း သဿတဒိဋ္ဌိဖြစ်ပါတယ် (မှန်လှပါ ဘုရား)။ သဘောပါကျပလား (ပါ, ပါတယ် ဘုရား)။

သေသေချာချာ စဉ်းစားပြီး နားထောင်ကြပါ ဒကာ၊ ဒကာမတို့၊ ဗုဒ္ဓဘာသာမှာ ဒီအရေးဟာ အကြီးဆုံးအရေး ဆိုတာ သေသေချာချာ မှတ်ကြပါ။

ဗုဒ္ဓဘာသာအတွက် အရေးအကြီးဆုံးနိဗ္ဗာန်

ဗုဒ္ဓဘာသာမှာ ဒီအရေးဟာ အကြီးဆုံး အရေးဆိုတာ သေသေချာချာ မှတ်ကြပါ။ နိဗ္ဗာန်မှာ ဘာမှမရှိဘူး ဆိုရင် ဘာဒိဋ္ဌိ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

နိဗ္ဗာန်သည်ကားလို့ဆိုရင် မြို့ကြီး ပြကြီးပဲ ခိုင်မြဲတယ်လို့ ထင်နေပြန်လို့ မြို့ပြလို့ ခိုင်မြဲတယ် ထင်ပြန်တော့ မြို့ပြရှိတယ်လို့ ယူပြန်တော့လည်း ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ၊ ဒကာမတို့ အရေးရှိ ခင်ဗျားတို့ ကလည်း ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်မဂ်ဖိုလ် ရ, ရပါလို၏ ဆိုတော့ သိလည်း မသိဘူး၊ မသိဘဲနဲ့လည်း ရမ်းတောင်းနေတာ။ ရမ်းတောင်း နေတော့ အို အချို့ဆရာသမားတွေ ဟောထားတာ ရှိသားပဲ။ နိဗ္ဗာန်ဆိုတာ နိဗ္ဗာန်ရွှေပြည်မြတ်ကြီးလို့ ဟောထားတာပဲ၊ အဲ နိဗ္ဗာန် တကယ့်ရွှေဘုံ၊ ရွှေနန်းတွေနဲ့နေတဲ့ အဓိပ္ပာယ် ရောက်ပါတယ်။ ဒီလိုယူလိုက်ပြန်တော့လည်း ဘာဒိဋ္ဌိတဲ့ (သဿတဒိဋ္ဌိပါ ဘုရား)။

တစ်ခါ နားလည်ပါးလည်တဲ့ တစ်ဝက်လောက် နားလည် တဲ့ပုဂ္ဂိုလ်က ညှိနှိုင်းဆွေးနွေးပြီး ပြောလိုက် ပြန်တော့ နိဗ္ဗာန် ဆိုတာကွာ ကိလေသာသိမ်း နိဗ္ဗာန်၊ ခန္ဓာသိမ်းနိဗ္ဗာန်လို့ပဲ ဟောလိုက်တော့ ဒကာ၊ ဒကာမတွေ ဉာဏ်ထဲမှာ ဘယ်လို ဖြစ်နေသတုန်းမေးတဲ့အခါ ကျတော့ ဪ နိဗ္ဗာန်ဆိုတာ ဘာမှ မရှိတာ ဆိုတာကိုး။ ဒီလိုကော မယူပေဘူးလား (ယူကြပါတယ် ဘုရား)။ ဒီလိုယူတော့ လည်း ဘာဒိဋ္ဌိထဲ ပြေးသွားပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိထဲ ပြေးသွားပါ တယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဟောနေကြတဲ့ ပုဂ္ဂိုလ်တွေဟာ သဿတ လွတ်အောင် ဟောဖို့လည်း မလွယ်လှဘူး။ ဥစ္ဆေဒလွတ်အောင် ဟောဖို့ကော (မလွယ်ပါ ဘုရား)။

မလွယ်တော့ကို မြန်မာလူမျိုးတို့၏ ထုံးစံကလည်း နိဗ္ဗာန်ကို အကြိုက်ဆုံးတရားဆိုတာလည်း လင်းပါးစရာမလိုပါဘူး။ နိဗ္ဗာန် အကြိုက်ဆုံးတရားပဲ။ မင်းတို့ဟာ သဿတသဘောနဲ့ လိုချင်တာ လား၊ ဥစ္ဆေဒ သဘောနဲ့ လိုချင်တာလား မေးတော့ တစ်ဖက်ဖက်တော့ စောင်းမှာပဲ။ မစောင်းပေဘူးလား (စောင်းတတ်ပါတယ် ဘုရား)။

ဒိဋ္ဌိစံနေရင် နိဗ္ဗာန်မရနိုင်

အဲဒီကဲ့သို့ စောင်းနေလို့ ရှိရင်လည်း ဒကာ၊ ဒကာမတို့ ဒိဋ္ဌိခံနေလို့ ဘယ်လိုဝိပဿနာ အားထုတ်ငြား သော်လည်း မရပါဘူး တဲ့။ နိဗ္ဗာန်သဘောမကျဘဲနဲ့ ဝိပဿနာ အားထုတ်ရင် မရဘူးလို့ ဆုံးဖြတ်ချက်ချကြပါ (မှန်လှပါ ဘုရား)။

ဒါတော်တော် ဒီနေ့စကားတစ်မျိုးပဲလို့ မှတ်လိုက်ကြစမ်း ပါ (မှန်ပါ့ ဘုရား)။ နိဗ္ဗာန်ကို သဿတ၊ ဥစ္ဆေဒလွတ်ပြီး သဘော မကျဘဲနဲ့ သဿတ၊ ဥစ္ဆေဒ တစ်ခုခုငြိပြီး အားထုတ်မယ်ဆိုရင် အာပေါက်အောင် အားထုတ်မရပါဘူး။ သဘောကျပလား (ကျပါပြီ)။

သဿတ၊ ဥစ္ဆေဒလွတ်ပြီး အားထုတ်ရင်ဖြင့် ရပါလိမ့်မယ်။ သဿတ၊ ဥစ္ဆေဒ ရှိရင်ဖြင့် (မရပါ ဘုရား)။

မရဘူးဆိုတော့ ဒါဖြင့် ကိုယ်တိုင် သဘောကျပြီး သကာလ နိဗ္ဗာန်ဆိုတာဟေ့။ ကိုယ်ပင် မရောက်ငြား သော်လည်း ဒီလိုသဘော သတ္တိရှိတယ်ဆိုတဲ့ သဿတလွတ် ဥစ္ဆေဒလွတ်မှုကို သဘောကျမှ နိဗ္ဗာန်ရမယ်လို့ မှတ်ကြပါ။ ပေါ်ကြပလား (မှန်ပါ့ ဘုရား)။

ဒါကြောင့် နိဗ္ဗာန်ဟောရမယ်ဆိုတော့ အားလုံး တရားနာတဲ့ ဒကာ၊ ဒကာမတို့ အတော် ရင်လေးပါတယ် ဆိုတာများ ပြောထိုက်၊ မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။ ပြောထိုက်တယ် ဆိုတာ သေချာကြပလား (မှန်လှပါ၊ သေချာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ခင်ဗျားတို့ဟာ ခင်ဗျားတို့ စဉ်းစား၊ နိဗ္ဗာန်ကို မြို့ကြီး ပြကြီးလို့ယူရင် ဘာဒိဋ္ဌိ လဲ (သဿတဒိဋ္ဌိပါ ဘုရား)၊ နိဗ္ဗာန် ဘာမှမရှိပါဘူးလို့ ယူလိုက် ရင် (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

ဒီဒိဋ္ဌိနှစ်ခု ခန္ဓာထဲမှာ တစ်ခုခုရှိနေရင် ဘယ်လိုဉာဏ်စဉ် တက်ငြားသော်လည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်မရနိုင်ဘူး၊ ရနိုင်ပါ မလား (မရနိုင်ပါ ဘုရား)။

နိဗ္ဗာန်ရရာရကြောင်း ဆရာကောင်း လိုတယ်

အဲဒီတော့ ဆရာကောင်း၊ သမားကောင်း သိပ်အရေးကြီး တော့တယ် ဆိုတာဖြင့် ယနေ့ ပေါလောကြီး ပေါ်လာတော့တယ်။ အင်မတန် အရေးကြီးတဲ့ စကားဆိုတာကော ကျေနပ်ကြရဲ့လား (ကျေနပ်ပါတယ် ဘုရား)။

နိဗ္ဗာန်မရခြင်း၏ အကြောင်းဟာ ဒကာ၊ ဒကာမတို့ ဒီဒိဋ္ဌိ နှစ်ခု ခံနေလို့ရှိရင်ဖြင့် ဘယ်နည်းနဲ့မှ မရဘူးဆိုတာ ဆုံးဖြတ်ချက် ချကြပါ။ ဒကာ၊ ဒကာမတွေ မလွယ်ဘူးနော် (မှန်ပါ့)။ မလွယ်ဘူး ဒကာ၊ ဒကာမတွေ၊ လွယ်တယ်များ ထင်ကြသလား (မလွယ် ပါ ဘုရား)။ မလွယ်ဘူးဆိုတာ သေသေချာချာ မှတ်ကြပါတဲ့။

နိဗ္ဗာန်ကို ပဋိစ္စသမုပ္ပာဒ် နားမလည်ဘဲနဲ့ မရနိုင်

ကိုင်း ဒါဖြင့် နိဗ္ဗာန်ကို ပဋိစ္စသမုပ္ပာဒ် နားမလည်ဘဲ နဲ့လည်း မရဘူး။ ပဋိစ္စသမုပ္ပာဒ် နားမလည်ဘဲနဲ့လည်း နိဗ္ဗာန် ကို (မရပါ ဘုရား)။ ပဋိစ္စသမုပ္ပာဒ် နားမလည်ခဲ့သော် နိဗ္ဗာန်ကို လည်း သဘော မကျဘူး။ ပဋိစ္စသမုပ္ပာဒ် နားမလည်ခဲ့သော် (နိဗ္ဗာန်ကို သဘောမကျပါ ဘုရား)၊ နိဗ္ဗာန်ကို သဘော မကျတော့ (ပဋိစ္စသမုပ္ပာဒ် နားမလည်လို့ ပါ ဘုရား)။ ပဋိစ္စသမုပ္ပာဒ် နားလည်မှသာလျှင် နိဗ္ဗာန်၏ အကြောင်းကိုလည်း သဘောကျမယ်။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ပဋိစ္စသမုပ္ပာဒ် ကို နားလည်အောင် လုပ်ပါဆိုတာ ဘုန်းကြီးများက များစွာပဲ တိုက်တွန်းတယ် ဆိုတာ သေသေချာချာ မှတ်ကြပါ။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဂ္ဂိဝစ္ဆပုဏ္ဏား၏အမေး ဘုရားသခင်၏အဖြေ

ဘုရားသခင်ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန် ကျောင်းမှာ သီတင်းသုံးနေတယ်။ ဒကာ၊ ဒကာမတို့ အဂ္ဂိဝစ္ဆပုဏ္ဏား က မေးတယ်။ ရုပ်နာမ်လောကကြီးဟာ မြဲသလားလို့ မေးတော့ ဘုရားက ငါဒီအယူမယူဘူးလို့ ဖြေလိုက်ပါတယ်။ ရုပ်နာမ်လောကကြီးဟာ မြဲသလားလို့ အဂ္ဂိဝစ္ဆ ပုဏ္ဏားက မေးလိုက်တယ်။ မနေ့ကနာပြီးသား ပုဂ္ဂိုလ်များ မှတ်ထားပါ။ ဘယ်လို ဖြေပါလိမ့် (ငါ ဒီအယူကို မယူဘူးတဲ့)။

ရုပ်နာမ်လောကကြီးဟာ မြဲသလားလို့ အဂ္ဂိဝစ္ဆပုဏ္ဏားက မေးလိုက်တယ်။ ဘုရားက ဘယ်လိုဖြေပါလိမ့် (ငါဒီအယူကို မယူဘူး)။ ဒီအယူငါမယူဘူးလို့ ဖြေလိုက်တယ်နော် (မှန်ပါ့)။

အကယ်၍ ဒီရုပ်နာမ်လောကကြီး မြဲတယ်လို့ ယူလိုက်ရင် ပုဏ္ဏားဟာ သဿတဒိဋ္ဌိဘက် သွားတော့မယ် (မှန်ပါ့)၊ ဒါကြောင့် ငါ ဒီအယူမယူဘူးလို့ ဖြေလိုက်ပါတယ်။ သဘောပါကြလား (ပါ, ပါတယ် ဘုရား)။

ဒါဖြင့် အဂ္ဂိဝစ္ဆပုဏ္ဏားက ဆက်မေးတယ်။ နာမ်ရုပ်လောက ကြီးဟာ ဒါဖြင့် မမြဲဘူးလားလို့ မေးလိုက်တော့ ဘုရားက ငါဒီအယူ မယူဘူးဘဲ ဖြေပါတယ်။

ဒီလိုဆိုတော့ ဒကာ၊ ဒကာမတွေ နားထဲ ကန့်လန့်ဖြစ် တယ်။ ရုပ်နာမ်လောကကြီးဟာ မမြဲတာပဲလို့ သိပြီးသားကို ဘုရားက ဒီအယူမယူဘူးလို့ ဖြေလိုက်တော့ ဒကာ၊ ဒကာမတွေ နားထဲ ကန့်လန့်နည်းနည်း ဖြစ်တယ်။ ဖြစ်ပင်ဖြစ်ငြားသော်လည်း ပုဏ္ဏားမှာ ရုပ်နာမ်လောက,က မမြဲဘူးလို့ ဟောလိုက်လို့ရှိရင် သူသည် ဥစ္ဆေဒဒိဋ္ဌိဘက်သွားတော့မယ်။ ဒါကြောင့် ဘုရားက ဒီအယူ ငါမယူဘူးကွလို့ ဖြေလိုက်တယ်။ သဘောပါကြလား (ပါ,ပါတယ် ဘုရား)။

ဒါဖြင့် ပုဏ္ဏားက ဆက်မေးပြန်တယ်။ ရုပ်နာမ်လောကဟာ မြဲသည်တစ်လှည့်၊ မမြဲသည် တစ်လှည့်လားလို့ မေးမြန်းတော့ ဘုရား က ငါ ဒီအယူမယူဘူးတဲ့ ဖြေလိုက်တယ်။ ဧကစ္စသဿတ ဒိဋ္ဌိနဲ့ မေးတာကိုး (မှန်ပါ့)။ ဖြေနိုင်ပါ့မလား၊ ငါ ဒီအယူမယူဘူး ဆိုတာမှ တစ်ပါး ဒီပြင်ဖြေစရာရှိရဲ့လား (မရှိပါ ဘုရား)။

ဧကစ္စသဿတဒိဋ္ဌိနဲ့မေးတယ်။ ဒါဖြင့် ရုပ်နာမ်လောက သည် မမြဲသည်မဟုတ်။ မြဲသယောင်ယောင်လားလို့ အမရာဝိက္ခေပ ဒိဋ္ဌိနဲ့ မေးမြန်းတယ်။

ငါ ဒီအယူမယူဘူးကွဆိုတော့ ဘယ်နှချက်ရှိသွား သတုန်း (လေးချက်ပါ ဘုရား)။ လေးချက် ရှိသွားပြီ၊ အလယ်လေး ချက်ကို ဖြုတ်လိုက်တယ်လို့ ဒကာ၊ ဒကာမတွေ မှတ်ကြပါ။ တရားက နိဗ္ဗာန် ရောက်ဟောချင်လို့ အလယ်ဟာတွေ သိမ်းပြီး သကာလ သဿတ၊ ဥစ္ဆေဒ၊ ဧကစ္စသဿတ၊ -အမရာဝိက္ခေပ ဒီ၄-ချက် မေးနေတယ်ဆိုတာလည်း မှတ်လိုက်တာပေါ့နော် (မှန်ပါ့)။

ဒကာ၊ ဒကာမတွေ နားလည်မှုကို တစ်ခါ နောက်ဆုံးပိတ် ၄-ချက်နဲ့ မေးပြန်တယ် (မှန်ပါ့)။ သတ္တဝါသေရင် ဖြစ်သေးသလား လို့ မေးတယ်။ ဒကာ၊ ဒကာမတို့ ဘာတဲ့တုန်း (သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးပါတယ်။ ဘယ်သူက မေးတာပါလိမ့် (အဂ္ဂိဝစ္ဆပုဏ္ဏားက မေးတာပါ ဘုရား)။ ပုဏ္ဏားကပဲ မေးတယ်ဆိုလိုက် ပါတော့ (မှန်ပါ့)။

သတ္တဝါမရှိ ခန္ဓာငါးပါးသာရှိ

ငါ ဒီအယူမယူဘူးတဲ့ ဆိုတော့ ဒကာ၊ ဒကာမတို့ ဒီအထဲမှာ သတ္တဝါပါရဲ့ လား (မပါ,ပါ ဘုရား)။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ရှင်းပလား (မှန်ပါ့၊ ရှင်းပါပြီ)။ သတ္တဝါပါသေးသလား (မပါ,ပါ ဘုရား)။

ဒါဖြင့် သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးတော့ သတ္တဝါမှမပါဘဲနဲ့ သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးတဲ့အမေး ကို အဖြေထွက်စရာရှိရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ငါ ဒီအယူမယူဘူးဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ဒါဖြင့် ပုဏ္ဏားက ဆက်မေးတယ်။ သတ္တဝါသေရင် မဖြစ် တော့ဘူးလားလို့မေးတယ်။ စဉ်းစားကြစမ်း၊ ဘယ်လိုများမေးပါ လိမ့် (သတ္တဝါသေရင် မဖြစ်တော့ဘူးလားလို့ မေးပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့က ပဋိစ္စသမုပ္ပာဒ် နားလည်ထားတော့ အို-ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာငါးပါးသာ ရှိတာပဲ။ ဘယ်သတ္တဝါမှ မပါဘဲ၊ သဘောပါပလား (ပါ,ပါတယ် ဘုရား)၊ သတ္တဝါပါသေးလား (မပါ, ပါ ဘုရား) မပါတော့ သတ္တဝါ သေရင် မဖြစ်တော့ဘူးလားလို့ဆိုတော့ ဘုရားက သတ္တဝါနဲ့ ဖြေလို့ ရပါ့မလား (မရပါ ဘုရား)။

အဲဒီတော့ ငါ ဒီအယူမယူဘူး၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ မနေ့ကဟာ ထပ်ပြောတာပါ။ ရှေ့တက်မယ်လို့ စကားခင်းတာ။

ဒါဖြင့် သူက မေးပြန်တယ်၊ သတ္တဝါသေရင် ဖြစ်ချည် တစ်လှည့်၊ မဖြစ်ချည်တစ်လှည့်လားလို့ မေးပြန်တယ်၊ ဘုရားက ငါဒီအယူမယူဘူး၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ သူ့ဟာက အချို့မြဲတယ်၊ အချို့မမြဲဘူးဆိုတဲ့ တစ်ပိုင်းမြဲ တစ်ပိုင်း မမြဲဆိုတဲ့ ဧကစ္စသဿတဒိဋ္ဌိ ယူပြန်တယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ သုံးချက် ပြီးသွားပြီနော်။

သတ္တဝါသေရင် မဖြစ်သည်မဟုတ် ဖြစ်သယောင်ယောင် ရှိသေးသလားဆိုတဲ့ အမရာဝိက္ခေပဒိဋ္ဌိနဲ့ မေးတော့ ဘုရားက ငါဒီ အယူလည်း မယူပါဘူးကွာလို့ဖြေတယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သတ္တဝါနှင့် မေးကတည်းက ဖြေစရာမရှိ

သတ္တဝါနဲ့ မေးကတည်းက ဖြေစရာရှိရဲ့ လား (မရှိပါ ဘုရား)။ ပရမတ္ထနယ်မှာ သတ္တဝါများ ရှိရဲ့လား (မရှိပါ)၊ အဲဒါ စောစောစီးစီးရှင်းထားကြ (မှန်ပါ့)။

ဒါ ဘယ့်နှယ်ကြောင့် မရှိသတုန်းလို့ ဒီဒကာ၊ ဒကာမတွေ အဖြေတစ်ပြိုင်နက် ထွက်ပါလိမ့်မတုန်း ဆိုတော့ အတိတ်က အဝိဇ္ဇာ သင်္ခါရကြောင့် ယခု ပစ္စုပ္ပန်ဘဝမှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေသာ ယခုတရားနာနေတာ၊ သတ္တဝါ တစ်ယောက် မှ မပါဘူး (မှန်လှပါ ဘုရား)။ ပါသေးရဲ့ လား (မပါ, ပါ ဘုရား)။

ဘာတွေ တရားနာနေသလဲ (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေပါ ဘုရား)၊ အေး-ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ပဋိစ္စသမုပ္ပာဒ် အကြောင်းအကျိုးတွေ တရားနာနေကြတာ၊ သတ္တဝါတွေ ပါရဲ့ လား (မပါ,ပါ ဘုရား)။ ရှင်းပလား (ရှင်းပါတယ်)။

ပဋိစ္စသမုပ္ပာဒ်နားလည်လို့ အဖြေတည့်သွားတာ

အဲဒီတော့ ဒကာ၊ ဒကာမတွေ အဖြေတည့်သွားပြီတဲ့၊ ဘာကြောင့် တည့်သွားသလဲဆိုတော့ ပဋိစ္စသမုပ္ပာဒ် နားလည်သောကြောင့် သဿတဒိဋ္ဌိကော ရှိသေးရဲ့ လား (မရှိပါ ဘုရား)။ သတ္တဝါ ဆိုတာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

သတ္တဝါသေရင် ဖြစ်သေးသလားဆိုတော့ သတ္တဝါမှမရှိဘဲနဲ့ ခင်ဗျားတို့က မဖြေရုံပဲရှိတယ် (မှန်ပါ့)၊ သဘောပါသ လား (ပါ,ပါတယ်)။ ဘာနားလည်ထားလို့လဲ (ပဋိစ္စသမုပ္ပာဒ် နားလည်ထားလို့ပါ ဘုရား)။

ဪ ပဋိစ္စသမုပ္ပာဒ် နားလည်ထားတဲ့ စွမ်းရည်သတ္တိ ဟာ သတ္တဝါပျောက်ပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ့)။ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ အင်မတန်ရှင်းသွားပြီနော် (ရှင်းပါတယ် ဘုရား)။ အင်မတန်ရှင်းသွားပြီ။

ကိုင်း ဒါဖြင့် ဒီထဲသတ္တဝါမပါဘူးလို့ဆိုတာ ခင်ဗျား တို့ ဒီကအကြောင်း ဒီကအကျိုးဆိုတော့ အကျိုးဖြစ်တဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာသာရှိတယ်ဆိုတာ သဘောကျ ပလား (ကျပါပြီ)။

ဒါဖြင့် အခု တရားနာနေတာ ယောက်ျားတွေလား၊ မိန်းမ တွေလား၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ လား (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာပါ ဘုရား)။ ပုဂ္ဂိုလ်သတ္တဝါတွေ ပါသေးရဲ့ လား (မပါ, ပါ ဘုရား)။

ဒါဖြင့် ပုဏ္ဏားမေးတာက သတ္တဝါသေရင် ဖြစ်သေး သလားဆိုတာလည်း ဘုရားက ဒီအယူ ယူလို့တော်ပါ့မလား ( မတော်ပါ ဘုရား)၊ သတ္တဝါသေရင် မဖြစ်တော့ဘူးလား ဆိုတာကော သတ္တဝါပါရဲ့လား (မပါ,ပါ ဘုရား)။ သတ္တဝါသေရင် ဖြစ်ချည်တစ် လှည့် မဖြစ်ချည်တစ်လှည့်လားလို့ မေးတာကော ဖြေစရာလိုသေး လား (မလိုပါ ဘုရား)။ သတ္တဝါသေရင် မဖြစ်သည်မဟုတ် ဖြစ်သယောင်ယောင် ရှိသေးသလားလို့ မေးတာကော (မပါ, ပါ ဘုရား)။ ဖြေစရာပါရဲ့လား (မပါ, ပါ ဘုရား)။

ဒီထဲ သတ္တဝါရှာစမ်း (မရှိပါ ဘုရား)။ သတ္တဝါမှ မရှိဘဲနဲ့ သတ္တဝါ သေစရာကော (မရှိပါ ဘုရား)။

ဒိဋ္ဌိနဲ့ယှဉ်သော အမေးများကို ဘုရားရှင်ပယ်သည်

အဲဒါကြောင့် ဘုရားက ဒီအတိုင်းပဲ ငါ ဒီအယူမယူဘူး ဆိုတဲ့ ဒိဋ္ဌိလေးချက်ပယ်ချလိုက်တယ်။ သဘောကျပလား (ကျပါပြီ ဘုရား)။

(၁) နံပါတ်က သတ္တဝါသေရင် ဖြစ်သေးသလားဆိုတာ သဿတဒိဋ္ဌိကို မေးပါတယ် (မှန်ပါ့)။

(၂) နံပါတ်က သတ္တဝါသေရင် မဖြစ်တော့ဘူးလားဆိုတာ ဥစ္ဆေဒဒိဋ္ဌိကို မေးပါတယ် (မှန်ပါ့)။

(၃) နံပါတ်က သတ္တဝါသေရင် ဖြစ်ချည်တစ်လှည့် မဖြစ် ချည်တစ်လှည့်လားဆိုတာ ဧကစ္စသဿတဒိဋ္ဌိမေးပါတယ် (မှန်ပါ့)။

(၄) နံပါတ်က သတ္တဝါသေရင် မဖြစ်သည်မဟုတ် ဖြစ်သယောင်ယောင်များ ရှိနေသေးသလားဆိုတာ အမရာဝိက္ခေပ ဒိဋ္ဌ ိမေးတယ် (မှန်ပါ့)။

ခင်ဗျားတို့က ပဋိစ္စသမုပ္ပာဒ်ကို ဘုန်းကြီးက ရက်များစွာ ပြထားတော့ ဒီထဲသတ္တဝါမပါလို့ သေစရာမရှိဘူး။ ဖြစ်စရာလည်း မရှိဘူးဆိုတာ ရှင်းသွားတယ် (ရှင်းပါတယ် ဘုရား)။ အဲဒီတော့ ခင်ဗျားတို့ ပဋိစ္စသမုပ္ပာဒ်ကို ဘုန်းကြီးက အပင်ပန်းခံပြီး ပြထားတာ ဒိဋ္ဌိ ၄ချက်မရှိတော့ဘူး (မှန်လှပါ)။ သဘောကျပလား (ကျပါတယ် ဘုရား)။ ဒိဋ္ဌိဘယ်နှချက် မရှိသတုန်း (၄ ချက် မရှိတာပါ ဘုရား)။

သဿတဒိဋ္ဌိကော (မရှိပါ ဘုရား)။ ဥစ္ဆေဒဒိဋ္ဌိကော (မရှိပါ ဘုရား)။

အမရာဝိက္ခေပဒိဋ္ဌိကော (မရှိပါ ဘုရား)။

ဧကစ္စသဿတဒိဋ္ဌိကော (မရှိပါ ဘုရား)။

ဒိဋ္ဌိကင်းမှ နိဗ္ဗာန်ကိုဟောလို့ရမယ်

ဒါဖြင့် ဒိဋ္ဌိကင်းလို့ရှိရင် ဘုန်းကြီးက ခင်ဗျားတို့ကို နိဗ္ဗာန် ဟောနိုင်ပြီ။ ဒိဋ္ဌိမကင်းသေးရင် ဟောကို မဟောနိုင်ဘူး (မှန်လှပါ ဘုရား)။ ဒိဋ္ဌိရှင်းပေးရဦးမယ် (မှန်ပါ့)။ ကဲ ဒကာ၊ ဒကာမတွေ နိဗ္ဗာန်ဟောမယ် ကြံလို့ ဒိဋ္ဌိရှင်းနေရတယ်။ နောက်က ဒကာ၊ ဒကာမတွေ နိဗ္ဗာန်ဟောမယ်ကြံတော့ ဘာတွေ လုပ်နေရ သလဲ (ဒိဋ္ဌိရှင်းနေရပါတယ် ဘုရား)။ ဒိဋ္ဌိရှင်းနေရတယ်။ သဘောပါ ကြရဲ့လား (ပါ, ပါတယ် ဘုရား)။

ဒါနဲ့ ပုဏ္ဏားက ဆက်ပြီးသကာလ အရှင်ဘုရားတဲ့။ တပည့် တော်မေးတာတွေလည်း များလှပါပြီတဲ့။ အရှင်ဘုရားက ဒီအယူမယူ ဘူးဆိုတော့ကိုတဲ့။ ဒီအယူကို ဘယ့်နှယ်ကြောင့် အရှင်ဘုရား မယူ သတုန်း၊ နိဂုံးချုပ် မေးတယ်။ ဒီ ဒိဋ္ဌိလေးမျိုးကို အရှင်ဘုရား ဘယ့်နှယ်ကြောင့် ဒီအယူမယူပါသတုန်းလို့ မေးလိုက်တယ်။ ပုဏ္ဏားက ဒီအယူ ဟာကွာ တဲ့။ ဒိဋ္ဌိတည်းဟူသော ခရီးခဲကွ၊ ဒိဋ္ဌိတည်းဟူသော ဆူးငြောင့်ကွ။ မဂ်ဖိုလ်တားတယ်ပေါ့ဗျာ။ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။

မဂ်တား ဖိုလ်တား ဒိဋ္ဌိအယူမှား

ဒါကြောင့် ဒိဋ္ဌိတည်းဟူသော ခရီးခဲ၊ ဒိဋ္ဌိတည်းဟူသော ဆူးငြောင့်၊ ဒိဋ္ဌိတည်းဟူသော ကန္တာရခရီးကြီး၊ ဒိဋ္ဌိတည်းဟူသော ဥပါဒါန်တရား၊ ဒိဋ္ဌိတည်းဟူသော ဗြောင့်တံသင်း တရားမို့ ငါသည် ဒီအယူကို မယူဘူး။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ ဘုရားဟာ ဒိဋ္ဌိလေးမျိုး ယူသေးသလား (မယူပါ ဘုရား)။ ရှင်းကြပြီ (ရှင်းပါပြီ ဘုရား)။ ရှင်းသွားပြီနော် (မှန်ပါ့)။ တော်သေးတယ်။ မိုးကလည်း တိတ်သွားလို့ ဒကာ၊ ဒကာမတွေ ကောင်းကောင်းမွန်မွန် ကြားရဦးမယ်။ အင်မတန် အရေးကြီးတဲ့နေ့၊ ယနေ့ည သာမည အရေးကြီးတာ မဟုတ်ဘူး။

ဒိဋ္ဌိလေးမျိုး

ဒကာ၊ ဒကာမတွေ ယနေ့ဟောမည့်တရား သာမည အရေးလို့များ အောက်မေ့မနေနဲ့။ ကိုယ်နားမလည်သေးလို့ ရှိရင် လည်း နားလည်တဲ့ ပုဂ္ဂိုလ်ပြန်မေး၊ ဒီဒိဋ္ဌိလေးမျိုး တစ်ခုခု ရှိနေတတ် တယ်။ ဗုဒ္ဓဘာသာဝင်တွေမှာပင် မရှိတတ်ဘူးလား (ရှိတတ်ပါတယ် ဘုရား)။ ငါသေရင် ဘာဖြစ်မှာပါလိမ့်မတုန်း ဆိုတာ သဿတ ဒိဋ္ဌိ (မှန်ပါ့)။ ငါသေရင် ဘာမှဖြစ်စရာမရှိဘူးဆိုရင် ဥစ္ဆေဒဒိဋ္ဌိ၊ သဘောပါပလား (ပါ,ပါတယ် ဘုရား)။

ငါသေရင်တော့ တစ်ခုခုတော့ ဖြစ်ဦးမှာပဲဆိုရင်တော့ ဘာဒိဋ္ဌိတုန်း၊ သဿတဒိဋ္ဌိ၊ ငါသေရင် တစ်ခုခုဖြစ်ဦးမှာပဲဆိုတော့ ငါကောရှိရဲ့လား (မရှိပါ ဘုရား)။

သေစရာကောရှိရဲ့လား (မရှိပါ ဘုရား)။ တစ်ခုခု ဖြစ်ဦး မှာပဲဆိုလို့ရှိရင်ဖြင့်တဲ့။ ဒကာ၊ ဒကာမတွေ ဒါ ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား)။ ငါသေရင်တော့ ဘာမှ ဖြစ်စရာမရှိဘူး ဆိုတော့ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။ ဥစ္ဆေဒဒိဋ္ဌိ၊ နိဗ္ဗာန်တော့ နားလည်လို့ မဟုတ်ဘူး။ သူ့ဟာသူ ဘာမှ မဖြစ်တာ သိထားတာ ရှိတာပဲ။ သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ဒိဋ္ဌိခွာပြီးမှ နိဗ္ဗာန်ဟောလို့ရတယ်

ကဲ ဒီတော့ ဒကာ၊ ဒကာမတွေ ပုဏ္ဏားက ဆက်ပြီး သကာလ ဒကာ၊ ဒကာမတွေ ဒိဋ္ဌိကို ရှင်းအောင်လို့ ပုဏ္ဏားဝတ္ထုကို ထုတ်ပြီးလာခြင်း ဖြစ်ပါတယ်။ မြတ်စွာဘုရားဟောခဲ့တဲ့ နိဗ္ဗာန်ကို ဟောလိမ့်မယ်ဆိုတာ ယနေ့မှတ်ပါ။ သဘောကျပလား (ကျပါ တယ် ဘုရား)။

ယနေ့ ဘယ်သူဟောတဲ့ နိဗ္ဗာန်ဟောမှာပါလိမ့် (ဘုရား ဟောတဲ့နိဗ္ဗာန်ဟောမှာပါ ဘုရား)။ နိဗ္ဗာန်ဟောပါဆို ရှေ့ပိုင်းက ဘာတွေဟောနေသတုန်းဆိုတော့ ဒိဋ္ဌိခွာပြီးမှ နိဗ္ဗာန်က ဟောလို့ ဖြစ်တာ၊ သဘောပါပလား (ပါ,ပါတယ် ဘုရား)။

ဒိဋ္ဌိမခွာဘဲနဲ့ နိဗ္ဗာန်ဟောခဲ့သည်ရှိသော် ဒကာ၊ ဒကာမ တို့ ဘယ်နည်းနဲ့မှ နိဗ္ဗာန်မရဘူးတဲ့။ ဒိဋ္ဌိကို မခွာဘဲနဲ့ နိဗ္ဗာန်ချည်း ဟောနေရင် နိဗ္ဗာန်ရပါ့မလား (မရပါ ဘုရား)။ သူ့ဝမ်းထဲက ဘာခံနေသတုန်း (ဒိဋ္ဌိခံနေပါတယ် ဘုရား)။

ဒိဋ္ဌိက မဂ်တား ဖိုလ်တား

ဒိဋ္ဌိနဲ့ နိဗ္ဗာန်နဲ့ တည့်ရဲ့ လား (မတည့်ပါ ဘုရား)။ မတည့်တော့ ဒိဋ္ဌိက မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် တားမြစ်ပါတယ်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တားဖြစ်တော့ နိဗ္ဗာန်မြင်နိုင်သေးရဲ့ လား (မမြင်ပါ ဘုရား)။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်မြင်မှာကိုးဗျ။ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။

ဒါဖြင့် ဒိဋ္ဌိကို ရှေ့ပိုင်းက ပုဏ္ဏားက မေးနေလို့ မြတ်စွာ ဘုရားက ခွာနေတာကော ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ဒီပုဏ္ဏားကို ဒီအဖြေတွေမှ ငါမပေးလို့ရှိရင်ဖြင့် ဘယ်နည်းနဲ့ မှ ဒီပုဏ္ဏား နိဗ္ဗာန်ရောက်တော့မှာ မဟုတ်ဘူး။ ဒိဋ္ဌိတွေ ခံနေတော့ မှာပဲ။ ဒါမြင်လို့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဒိဋ္ဌိတွေ ရှင်းပေးတာ သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ အင်မတန်ကံကောင်း တဲ့ ဒကာ၊ ဒကာမတွေ မိုးက တိတ်ပေးတော့ သိပ်ကျေးဇူးများတော့ မယ်ဆိုတာ ဆုံးဖြတ်ချက်ချ။

အဂ္ဂိဝစ္ဆေက ထပ်မေးပြန်တယ်

ဒါဖြင့် ရှင်ကြီးဂေါတမတဲ့။ ရှင်ကြီးဂေါတမဟာ ဒီအယူတွေ မယူတာက အခုပြောတဲ့ ဒိဋ္ဌိလေးမျိုးအယူ မယူတာက ရှင်ကြီး ဂေါတမဘာဖြစ်လို့ မယူတာတုန်း။ ကောက်မေးတယ်။ ဒီအယူလေး မျိုး ရှင်ကြီးဂေါတမ ဘယ့်နှယ်ကြောင့် မယူပါလိမ့်မလဲလို့ အဂ္ဂိဝစ္ဆက မေးတယ်။

ကွာ တဲ့။ အဲဒါ ဒိဋ္ဌိတည်းဟူသော ခရီးခဲ၊ ဒိဋ္ဌိတည်း ဟူသော ငြောင့်တံသင်းကွ။ သဘောကျပလား (သဘောကျပါ တယ် ဘုရား)။ ဒိဋ္ဌိတည်းဟူသော ဥပါဒါန်တရားတွေ၊ ဒိဋ္ဌိတည်း ဟူသော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တားတဲ့တံတားကွ၊ ဒါကြောင့် ငါဒီအယူ မယူဘူး။ ကဲ ဒိဋ္ဌိကို ဘယ်လောက် ပယ်ရသလဲ။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘုရားက ဒိဋ္ဌိဘယ်နှမျိုးပယ်လိုက်သတုန်း (လေးမျိုး ပယ်လိုက်ပါတယ် ဘုရား)။ လေးမျိုး ပယ်လိုက်တယ် ဆိုတာ အားလုံးတရားနာတဲ့ ပုဂ္ဂိုလ်တွေ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့)။

ကြောင်းကျိုးဆက်ပုံနားမလည်ဘဲ အနိစ္စ ဒုက္ခ အနတ္တတွေ ကြိုးစား ရကိုမရဘူး

ဒိဋ္ဌိပယ်ပြီးမှ နိဗ္ဗာန်ဟောလို့ရမှာကိုး (မှန်ပါ့)။ ကြားထဲ မှာ အဂ္ဂိဝစ္ဆမဟောမီ နိဗ္ဗာန် နားမလည်ဘဲနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်အောင်အားထုတ်တဲ့ လူတစ်ယောက် ရှိတယ်။ နိဗ္ဗာန်တော့ သူနား မလည်ဘူး (မှန်ပါ့)။ နိဗ္ဗာန်နဲ့ ပဋိစ္စသမုပ္ပာဒ် သူနားမလည်ဘူး။ ပဋိစ္စသမုပ္ပာဒ် နားလည်မှ နိဗ္ဗာန်က နားလည်မှာကိုး။ အဲဒီ ကြောင်းကျိုးဆက်ပုံ နားမလည်ဘဲနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ နင်းပြီး ကြိုးစား ရကိုမရဘူး။

ဒကာ၊ ဒကာမတို့ အဲဒါဘာတုန်းမေးတဲ့အခါ မောင်ဆန် ရိပ်မိကြပါလား။ မြင်းမြီးဆွဲမောင်ဆန် ဆိုတာ သဘောကျကြ ပလား (ကျပါပြီ)။

အဲဒီ ပုဂ္ဂိုလ်ဟာ ဘုရားရှိတုန်းကတည်းက အားထုတ်တာ ဒကာ၊ ဒကာမတို့၊ ဘုရား ပရိနိဗ္ဗာန်စံတောင် မရဘူး။ ဘာနား မလည်လို့တုန်းဆိုတော့ ကြောင်းကျိုးဆက်ပုံ နားမလည်တော့ နိဗ္ဗာန်နားလည်သေးရဲ့ လား (နားမလည်ပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က အနိစ္စ၊ ဒုက္ခ၊ အနတ္တအားထုတ်ရင် နိဗ္ဗာန်ရောက်တာပဲ အောက်မေ့တယ်တဲ့။ ဒိဋ္ဌိမကွာရင် ရကိုမရဘူး။ ဘယ်လိုအနိစ္စမြင်မြင် မရဘူး။ သဘောကျပလား (ကျပါပြီ။ ဘုရား)။

နိဗ္ဗာန်လိုချင်ရင် ပဋိစ္စသမုပ္ပာဒ် နားလည်အောင်လုပ်ပါ

အနိစ္စမြင်လည်း နိဗ္ဗာန် မရဘူး။ ဒုက္ခမြင်ကော (မရပါ ဘုရား)။ အနတ္တမြင်ကော (မရပါ ဘုရား)။ ပြောတော့ ပြောကြ လိမ့်မယ်။ ဒကာ၊ ဒကာမတွေ အို အနတ္တမြင် နိဗ္ဗာန်ပေါက်တာ ပဲလို့ ဒီလိုပြောချင်ကြမယ်။ ဟုတ်ကို မဟုတ်ပါဘူးတဲ့။ သူ့ဝတ္ထုကို သွားကြည့်ပါ။ သံယုတ်ပါဠိတော်မှာနော်။

သံယုတ်ပါဠိတော်ကို သွားကြည့်တဲ့အခါမှာ ဒီအတိုင်း အရှင်အာနန္ဒာဆီသွားတော့ အရှင်အာနန္ဒာက ဘုရား ပရိနိဗ္ဗာန် စံသွားတော့ အရှင်အာနန္ဒာပဲ အားကိုးရာရှိတော့ အရှင်ဆန္န(ဆန္ဒ) က အရှင်အာနန္ဒာဆီသွားတော့ ဒီမထေရ်ပဋိစ္စသမုပ္ပာဒ် နားမလည်လို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ မြင်လျက်နဲ့ မရတာဘဲဆိုတာ သူကိုယ်တိုင် က ဖွင့်ပြောတယ်။ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် နိဗ္ဗာန်လိုချင်ရင် ပဋိစ္စသမုပ္ပာဒ်နားလည်အောင်လုပ်၊ ဖြတ်ပုံ၊ ဆက်ပုံနားလည်အောင် လုပ်ပါ၊ ရှင်းပလား (ရှင်းပါပြီ)။

နိဗ္ဗာန်လိုချင်ရင် ဆုတောင်းရမှာလား ပဋိစ္စသမုပ္ပာဒ်၊ ဖြတ်ပုံ၊ ဆက်ပုံသိရမှာလား (ပဋိစ္စသမုပ္ပာဒ်ဖြတ်ပုံ၊ ဆက်ပုံ သိရမှာပါ ဘုရား)။

အဲ ပဋိစ္စသမုပ္ပာဒ် ဖြတ်ပုံနဲ့ ဆက်ပုံသိမှ နိဗ္ဗာန်ရမယ်၊ နို့မို့ဘယ်နည်းနဲ့မှ မရဘူးဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ကဲ ဒီအရေးဟာ ဒကာ၊ ဒကာမတို့ နားကြီးကြီးနဲ့ ထောင်ပါဆို တာ ခင်ဗျားတို့ကို ပြောနေတာမှားသလား (မမှားပါ ဘုရား)။

ရှင်အာနန္ဒာ၏အဆုံးအဖြတ်

အရှင်အာနန္ဒာ ဆုံးဖြတ်ချက်ချတယ်။ ဒီမထေရ် ပဋိစ္စ သမုပ္ပာဒ်နားမလည်ဘူးတဲ့။ သူ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ မြင်သားပဲ။ မြင်ပင်မြင်ငြားသော်လည်း နိဗ္ဗာန်မရဘူးတဲ့။ ဒီဆန္ဒမထေရ် အပြစ်တင်တာ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ကိုင်း ဒါဖြင့် ဒါက ကြားညှပ်ပြီ းသကာလ ပဋိစ္စ သမုပ္ပာဒ် နားမလည်လို့ နိဗ္ဗာန်မရတာ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်လျက်နဲ့ မရတာဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ နိဗ္ဗာန်ရချင်ရင် ဘာနားလည်ရမလဲ (ပဋိစ္စသမုပ္ပာဒ် နားလည် ရမှာပါ ဘုရား)။ ပဋိစ္စသမုပ္ပာဒ် နားလည်မှ။

ပဋိစ္စသမုပ္ပာဒ် ဖြစ်ပုံနားလည်လို့ရှိရင် ဒုက္ခသစ္စာ နားလည်တယ်။

ပဋိစ္စသမုပ္ပာဒ် ပြတ်ပုံကို နားလည်လို့ရှိရင် မဂ္ဂသစ္စာ နားလည်တယ်။ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပာဒ်ကို နားလည်အောင်လုပ်ပါ

ပဋိစ္စသမုပ္ပာဒ်ဖြစ်ပုံကို နားလည်ရင် ဘာတုန်း (ဒုက္ခ သစ္စာ နားလည်ပါတယ် ဘုရား)။ ပဋိစ္စသမုပ္ပာဒ် ပြတ်တာကို နားလည် ရင် (မဂ္ဂသစ္စာကို နားလည်ပါတယ် ဘုရား)။ မဂ္ဂသစ္စာ နားလည်တော့ နိရောဓ အလိုလိုဝင်လာတယ် (မှန်ပါ့)။ သဘောကျ ပလား (ကျပါပြီ)။

ဒုက္ခသစ္စာနားလည်တော့ ဒုက္ခသစ္စာနဲ့ မဂ္ဂသစ္စာဖြစ်တယ် (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်လိုချင်ရင် ပဋိစ္စသမုပ္ပာဒ် ဆက်ပုံနဲ့ ပြတ်ပုံ နားလည်အောင်လုပ် (မှန်ပါ့)။ ရှင်းကြပလား (မှန်ပါ့၊ ရှင်းပါပြီ)။

ပဋိစ္စသမုပ္ပာဒ်ကို ဘယ်လိုနားလည်ရမလဲ

ကဲ နိဗ္ဗာန်ဟောမယ်ကြံလို့ရှိရင် ဘာနားလည်ဖို့ အရေး ကြီးပါလိမ့် (ပဋိစ္စသမုပ္ပာဒ် နားလည်ဖို့ အရေးကြီးပါတယ် ဘုရား)။ ဆက်လိုက်ပါဦး ဘယ်လိုနားလည်ရမှာတုန်း (ပဋိစ္စ သမုပ္ပာဒ် ဆက်ပုံနဲ့ ပြတ်ပုံနားလည်ရပါမယ်)။

ဆက်နေရင် ဒုက္ခသစ္စာ။ ပြတ်သွားရင် (မဂ္ဂသစ္စာပါ ဘုရား)။

မဂ္ဂသစ္စာလာရင် နိရောဓသစ္စာမလာသေးဘူးလား (လာပါတယ် ဘုရား)။ သဘောကျပလား (မှန်ပါ့)။ ဆက်နေလို့ ရှိရင်ဖြင့် ဒုက္ခသစ္စာချင်း ဆက်သွားတော့ သမုဒယကြောင့် ဆက်တာ ပဲ ဆိုတာကော မသိဘူးလား (သိပါတယ် ဘုရား)။

အဲဒါကြောင့် နိဗ္ဗာန်လိုချင်ကြရင် ပဋိစ္စသမုပ္ပာဒ်ဖြတ်ပုံ ဆက်ပုံ နားလည်အောင်လုပ်ပါ။ ဒါနားမလည်ရင် ဘယ်တော့မှ မရဘူးလို့ ဆုံးဖြတ်ချက်ချပါ။ ပေါ်ကြပလား (ပေါ်ပါပြီ)။

ပဋိစ္စသမုပ္ပာဒ် ဖြတ်ပုံနဲ့ဆက်ပုံနားမလည်ရင် (နိဗ္ဗာန် မရနိုင်ပါ)။ နိဗ္ဗာန်မရနိုင်ဘူးဆိုတာ ဒကာ၊ ဒကာမတို့ ကောင်းကောင်း ကျေနပ်ပါ (မှန်ပါ၊ ကျေနပ်ပါတယ် ဘုရား)။ ကျေနပ်ရဲ့ လား (ကျေနပ်ပါပြီ ဘုရား)။

နိဗ္ဗာန်နဲ့ဒုက္ခသစ္စာ

ကောင်းပြီ။ ဒါဖြင့် ဪ နိဗ္ဗာန်ကို အသာထားပြီးတော့ နိဗ္ဗာန်က ဒီထဲဝင်နေတာ။ ပဋိစ္စသမုပ္ပာဒ် ပြတ်တဲ့ အထဲဝင်နေတာ။ ရိပ်မိပလား (မှန်ပါ့)။

ဒုက္ခသစ္စာကလည်း ပဋိစ္စသမုပ္ပာဒ်ဆက်တဲ့အထဲ ဝင်နေ တာ။ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒုက္ခသစ္စာကလည်း ဘယ်အထဲဝင်နေသတုန်း (ပဋိစ္စ သမုပ္ပာဒ်ဆက်တဲ့အထဲဝင်နေပါတယ်)။ နိဗ္ဗာန်က ဘယ်အထဲဝင်နေ တယ် (ပဋိစ္စသမုပ္ပာဒ် ပြတ်တဲ့အထဲ ဝင်နေပါတယ် ဘုရား)။

ပြတ်တဲ့အထဲဝင်နေတော့ နိဗ္ဗာန်က ဒီအထဲ ဒီအတွင်းဝင်နေ တာ။ သူ့ကို နားမလည်ဘဲနဲ့ ခင်ဗျားတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အားထုတ်ရင် ရပါ့မလား (မရပါ ဘုရား)။ မရနိုင်ဘူးတဲ့။ အရှင်အာနန္ဒာက ထောက်ခံချက်ပေးတယ်။ သဘောပါလား – (ပါ, ပါတယ်)။

ရှင်ဆန္ဒ၏ဝန်ခံချက်

မောင်ဆန်လေ (ရှင်ဆန္ဒ)၊ ဒကာ၊ ဒကာမတို့ရဟန်းဝတ်ပြီး အားထုတ်လိုက်တာ ဘုရားပရိနိဗ္ဗာန် စံတောင် မရဘူး။ အနိစ္စ၊ ဒုက္ခ၊ အနတ္တတော့ သေသေချာချာလုပ်တဲ့ ပုဂ္ဂိုလ်ပဲ၊ လုပ်ကြောင်း သူ့ဟာ သူ တာဝန်ခံပါတယ်။

သူဟာ အနိစ္စ၊ အနတ္တလုပ်ပါတယ်တဲ့။ လုပ်ပင်လုပ်ငြား သော်လည်း ဘယ်တော့မှ နိဗ္ဗာန် မတွေ့ဘူးတဲ့။ သူကိုယ်တိုင် ပြောတာ၊ ဒကာ၊ ဒကာမတို့ ပါဠိတော်မှာ ဒီအတိုင်းလာတယ်။ သဘောပါပလား (ပါ, ပါပြီ ဘုရား)။

အဲဒီမှာ အရှင်အာနန္ဒာဆီ ပြေးတော့ အရှင်အာနန္ဒာက အကဲ ခတ်တယ်။ ဒီမထေရ် ဘယ့်နှယ်ကြောင့် မရပါလိမ့်။ ဪ ပဋိစ္စသမုပ္ပာဒ် ဖြတ်ပုံဆက်ပုံ နားမလည်လို့ အရမ်း အားထုတ်နေလို့ မရဘူး။

ဒါနဲ့ ပဋိစ္စသမုပ္ပာဒ် ဟောရရှာတယ်။ ရိပ်မိပလား (ရိပ်မိပါပြီ)။ ဟောလို့ဖြတ်ပုံ ဆက်ပုံ ပြလိုက်တော့လည်း မကြာဘူး သူရဟန္တာဖြစ်တယ်။ သဘောပါလား (ပါ,ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပာဒ်ကို ရှေ့ထားနားလည်အောင်လုပ်ပါ

ဒါဖြင့် ခင်ဗျားတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ရှေ့ထား မလား ပဋိစ္စသမုပ္ပာဒ်ဖြတ်ပုံ ဆက်ပုံကို ရှေ့ထားမလား (ပဋိစ္စသမုပ္ပာဒ်ဖြတ်ပုံဆက်ပုံကို ရှေ့ထားရမှာပါ ဘုရား)။

ဟာ ဘုန်းကြီးက ဆန်းလိုက်တာလို့ခင်ဗျားတို့က မဆိုနဲ့။ ပါဠိတော်က ဒီအတိုင်းရှိတယ် (မှန်ပါ့)။ ဘုန်းကြီးက ဆန်းလိုက်တာလို့ မဆိုကြပါနဲ့။ ဒကာ၊ ဒကာမတို့နော်၊ သူ့ကို နားမလည်လို့ ရှိရင်ဖြင့် သဿတဒိဋ္ဌိကန်ခံမယ် (မှန်ပါ့)။ နိဗ္ဗာန် လည်း နားလည်သေးရဲ့လား (မလည်ပါ ဘုရား)။ မလည်လို့ရှိရင် နိဗ္ဗာန်ကို သဿတနဲ့ ဥစ္ဆေဒ တစ်ခုခုခံတော့မယ်။ ခံနေရင် ရပါ့ မလား (မရပါ ဘုရား)။ သဘောပါကြလား (ပါ,ပါတယ် ဘုရား)။

ဒါကြောင့် ယနေ့ကစပြီး ဘုန်းကြီးတို့ ဒကာ၊ ဒကာမတို့ သိပြီးသား ပုဂ္ဂိုလ်လည်း မြဲကြရော။ မသိသေးတဲ့ ပုဂ္ဂိုလ်မှာလည်း ပဋိစ္စသမုပ္ပာဒ်ဖြတ်ပုံ ဆက်ပုံ အရေးကြီးတယ်ဆိုတာ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒိဋ္ဌိအယူမို့ မဂ်ဖိုလ်တားပါတယ်

ဒါနဲ့ ပုဏ္ဏားက အရှင်ဘုရား ဒီအယူတွေ (ဒိဋ္ဌိ လေးမျိုး)ကို ဘယ့်နှယ်ကြောင့် မယူပါသတုန်းလို့ ဆက်မေးတယ်နော်၊ ဒကာ ဒကာမတို့ ဘယ်လိုမေးပါလိမ့် (ဒီအယူတွေဘယ့် နှယ်ကြောင့် မယူပါသလဲလို့ မေးတယ်)။ ဒီဒိဋ္ဌိလေးမျိုးကို အရှင် ဘုရား ဘယ့်နှယ်ကြောင့် မယူသတုန်း။ အို ဒါမဂ်ဖိုလ် တားတဲ့ ခရီးခဲကွ။ သဘောပါပလား (ပါ, ပါတယ် ဘုရား)။

မဂ်ဖိုလ်တားတဲ့ (ခရီးခဲပါ ဘုရား)။ ဒါကြောင့် ဒီအယူ ငါမယူဘူးတဲ့။

ဒကာ၊ ဒကာမတို့ ဒိဋ္ဌိဟာ ခရီးခဲနော်။ မဂ်ဖိုလ်သွားဖို့ ခရီးကို အကန့်အကွက်တရား၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။ ဘာတဲ့တုန်း (မဂ်ဖိုလ်သွားဖို့ ခရီးကို အကန့်အကွက်ပါ)။ ကန့်ကွက်တဲ့ တရားပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီခန္ဓာငါးပါးဟာလည်းပဲ ဘယ်ခန္ဓာကြည့်ကြည့် ရုပ်ဟာ လည်း ဖြစ်ပျက်ပဲ။

နာမ်ဟာလည်း (ဖြစ်ပျက်ပါပဲ)။ ဖဿကကော (ဖြစ်ပျက်ပါပဲ)။ စိတ်တွေကော (ဖြစ်ပျက်ပါပဲ)။ ဝေဒနာတွေကော (ဖြစ်ပျက်ပါပဲ)။

ဖြစ်ပျက်သိမှုအယူသည် ဘုရားအယူ

ဪ ဖြစ်ပျက်ကို သိတဲ့အယူဟာ ငါ့အယူဟေ့၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ဘာတဲ့တုန်း (ဖြစ်ပျက်သိတဲ့ အယူဟာ ဘုရားအယူပါ ဘုရား)။ ဘုရားအယူက ဘာပါလိမ့် ဒကာ၊ ဒကာမတို့ (ဖြစ်ပျက်ကို သိတဲ့အယူပါ ဘုရား)။

ပါဠိမရွတ်ပါဘူး။ ပါဠိရွတ်ရင် ခင်ဗျားတို့ နားမလည်ဘူး။ ဒါဟာ ပါဠိကို မြန်မာပြန် ထားတာတွေလို့ မှတ်ပါ။ ဖြစ်ပျက်ကို သိတဲ့အယူဟာ ငါ့အယူတဲ့ (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ဖြစ်ပျက်ကို သိတဲ့အယူဟာ (ဘုရားအယူပါ ဘုရား)။

ဖြစ်ပျက်ဆိုတော့ ဖြစ်ပြီးပျက်တဲ့ တရားပဲ။ စိတ်ကြည့်လိုက်လည်း ဖြစ်ပျက်၊ ရုပ်ကြည့်လိုက်ကာ (ဖြစ်ပျက်ပါ ဘုရား)။ ပင်ကို သဘောက ဒီအတိုင်းပဲ မဟုတ်လား (မှန်လှပါ ဘုရား)။ သိတာက (မဂ်ပါ ဘုရား)၊ အဲဒါ ငါ့အယူကွ (မှန်ပါ့ ဘုရား)။

အဲဒီလို သိသွားတော့ ဖြစ်ပျက်လို့ သိရင်ဖြင့် ရုပ်လည်း ဖြစ်ပြီး ပျက်တာပဲ။ ဝေဒနာကော (ဖြစ်ပြီးပျက်ပါ ဘုရား)။ ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒိဋ္ဌိကပ်သေးရဲ့ လား (မကပ်ပါ ဘုရား)။ ဖြစ်ပြီး ပျက်တဲ့တရား ဆိုတော့ ခိုင်တယ်လို့ကော ယူသေးရဲ့ လား (မယူပါ ဘုရား)။ ခိုင်တယ်လို့ မယူတော့ကို ဒကာ၊ ဒကာမတို့ သဿတဒိဋ္ဌိမလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)။ ဒီဖြစ်ပျက်ပြီး နောက်တစ်ခါ ပေါ်လာတာလည်း ဖြစ်ပျက်ပဲ မဟုတ်ဘူးလား (မှန်ပါ့)။

အရင်တရားကလည်း ဖြစ်ပျက်၊ နောက်ပေါ်လာတာက ကော (ဖြစ်ပျက်ပါ ဘုရား) ဖြစ်ပျက် ဆိုတော့ ဖြစ်ပျက်ချင်းဟာ ဆက်မသွားဘူးလား (ဆက်သွားပါတယ် ဘုရား)။ အင်း ဆက်သွား ပြန်တော့လည်း ဪ ဒါသည် ဥစ္ဆေဒဒိဋ္ဌိကော ဆိုလို့ရရဲ့ လား (မရပါ ဘုရား)။

ကဲ ဒါဖြင့် သဿတ၊ ဥစ္ဆေဒစင်လို့ ရှိရင် ကျန်တဲ့ ဒိဋ္ဌိစင်ပြီးသားလို့ ယူကြပေတော့ (မှန်ပါ့)။ မှတ်မိကြပလား (မှန်ပါ့၊ မှတ်မိပါပြီ)။ သဿတ၊ ဥစ္ဆေဒစင်ရင် (ကျန်တဲ့ ဒိဋ္ဌိစင်ပါတယ်)။ စင်ပြီးသားပဲ။ သူတို့ မူတည်ကိုးဗျ။ ပေါ်ကြပြီ၊ ဉာဏ်ထဲပေါ်ကြပလား (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဘုရားအယူကို ယနေ့ ဒကာ၊ ဒကာမတွေ သိပလား (သိပါပြီ ဘုရား)။ ဖြစ်ပျက်ကို သိတဲ့ အယူသည် ဘယ်သူ့ အယူပါလိမ့် (ဘုရားအယူပါ ဘုရား)။ ဒါဖြင့် ဖြစ်ပျက်သိတာက မဂ်၊ ရှင်းပလား (ရှင်းပါပြီ)။ ရုပ်ရှူလည်း ရုပ်က ဘာတုန်း (ဖြစ်ပျက်ပါ)။ သိတာက (မဂ်ပါ)။ ဝေဒနာ ရှုပြန်တော့လည်း ဝေဒနာက ဘာတုန်း (ဖြစ်ပျက်ပါ ဘုရား)။ သိတာက (မဂ်ပါ ဘုရား)။

ဖြစ်ပျက်မြင်တာနဲ့ သဿတဒိဋ္ဌိစင်

အဲဒါ ငါ့အယူကွ ဆိုတော့ ဒိဋ္ဌိမကွာသေးဘူး၊ လား (ကွာပါတယ် ဘုရား)။ ဖြစ်တာနဲ့ ပျက်တာမြင်သဖြင့် သဿတ ဒိဋ္ဌိကော မကွာသေးဘူးလား (ကွာပါတယ် ဘုရား)။ စင်သွားပြီ (မှန်ပါ့)။ ဖြစ်ပျက်ပြီး သကာလဖြစ်တဲ့ ပျက်တဲ့ နေရာပဲ။

ရုပ်နာမ်အစားထိုးတာသိရင် ဥစ္ဆေဒဒိဋ္ဌိစင်

နာမ်ပျက်ရင် နာမ်အစားထိုးတာပဲ။ ရုပ်ပျက်ရင်ကော (ရုပ်အစားထိုးပါတယ် ဘုရား)။ ဒီလို သိနေတော့ ပြတ်တယ်ဆိုတဲ့ ဥစ္ဆေဒ အယူကော ယူလို့ရသေးရဲ့ လား (မရပါ ဘုရား)။

ဒါဖြင့် သဿတ၊ ဥစ္ဆေဒ မလွတ်သေးဘူးလား (လွတ် ပါတယ် ဘုရား)။ အဲဒီအယူဟာ ဘယ်သူ့ အယူပါလိမ့် (ဘုရားအယူပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်လည်းဖြစ်ပျက်ရှု၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။ ရုပ်ရှုတဲ့ ပုဂ္ဂိုလ် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။ ဖဿရှုတဲ့ ပုဂ္ဂိုလ်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ကြိုက်ရာရှု၊ သတိပဋ္ဌာန်လေးပါးတည်းက ဖြစ်ပျက်တွေ့ရင် ပိုင်ပြီ၊ ဘုရားအယူဖြစ်ပြီ၊ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။ ဘုရားအယူသည် ဖြစ်ပျက်သိတဲ့အယူ၊ ပေါ်ပြီနော် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်နဲ့မဂ် ဘာအကျိုးရှိသလဲ

ဒါနဲ့ ပုဏ္ဏားကမေးတယ်။ ဖြစ်ပျက်၊ သိတာကမဂ်လို့ အရှင်ဘုရားက ပြောထားတော့ ဒီအယူ၊ ယူတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုများ ကျေးဇူးရှိသတုန်း။ ဒကာ၊ ဒကာမတို့ မေးထိုက်၊ မမေးထိုက် (မေးထိုက်ပါတယ် ဘုရား)။ အရှင်ဘုရားက ဖြစ်ပျက် မဂ်၊ ဒီအယူ ယူတယ်လို့ ပြောတယ်။

ဖြစ်ပျက်မဂ်ဆိုတဲ့ ဒီအယူ ယူတော့ကို ဘာကျေးဇူးရှိသတုန်း မမေးထိုက်ဘူးလားဗျ (မေးထိုက်ပါတယ်)။ ဒီအယူယူတော့ ဘာတဲ့ (ဘာကျေးဇူးရှိသတုန်း)။

ဟ ပုဏ္ဏား၊ ငါသေသေချာချာ ပြမယ်။ မင်းနားထောင် ဆိုတော့ ဒကာ၊ ဒကာမတို့ သေသေချာချာ ပြမယ်။ ဒီထောက်တာ ကြည့်ပါ။ ဥပမာ စိတ်ကလေးတစ်ခု ရှုလိုက်တယ်။ မြင်စိတ် ကလေးတစ်ခု ရှူလိုက်တယ်။ ရှုလိုက်တော့ မြင်စိတ်ဟာ ဖြစ်ပြီး မပျက်ဘူးလား (ပျက်ပါတယ် ဘုရား) ဖြစ်ပျက်ကို တစ်ခါ ဒီကနေ ရှုလိုက်တော့ကို မမြင်ဘူးလား၊ ဒါ ဖြစ်ပျက် (မြင်ပါတယ် ဘုရား)။

တဏှာ မာန ဒိဋ္ဌိသေတယ်

မဂ္ဂင်ငါးပါးနဲ့ ရှုလိုက်တော့ မဂ်ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ်)။ ဒီအယူ ယူလိုက်တဲ့ အတွက်ကွတဲ့။ တဏှာ၊ မာန၊ ဒိဋ္ဌိသေတယ်။ ဒီအယူရဲ့ သတ္တိက ဒါပဲ။ သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ဖြစ်ပျက်ရှုလိုက်တော့ တဏှာ လာသေးရဲ့လား (မလာ ပါ ဘုရား)။ ဒီနေရာ မာနကော (မလာပါ ဘုရား)။ ဒီနေရာ – ဒိဋ္ဌိကော (မလာပါ ဘုရား)။ လာနိုင်သေးရဲ့ လား (မလာနိုင်ပါ ဘုရား)။

ဒကာ၊ ဒကာမတွေ သေသေချာချာကြည့်။ ပဋိစ္စသမုပ္ပာဒ် နားလည်မှ နိဗ္ဗာန်သိမယ်ဆိုတာ ဒီမှာ ပေါ်ပါလိမ့်မယ်။ မပေါ်ပေဘူး လား (ပေါ်ပါတယ် ဘုရား)။ ကြပ်ကြပ် နားကြီးကြီးနဲ့ ထောင်မှနော်။ ကျက်ထားတဲ့ တရားမဟုတ်ဘူး။ သဘောပြော နေရတာ (မှန်ပါ့)။

ဒကာ၊ ဒကာမတို့ ကျက်ထားတဲ့ တရားဟောတာလား ခင်ဗျားတို့ နားလည်မှုကို အဓိကထားပြီး ဟောတာလား (နားလည်မှုကို အဓိကထားဟောပါတယ် ဘုရား)။ ကျက်ထားတဲ့ တရားက ဒိဋ္ဌိကို စင်အောင် မဟောနိုင်ဘူး။ စိတ်သာချ။

ခန္ဓာဖြစ်စဉ်ကြည့်ဟောမှ ဒိဋ္ဌိစင်မှာ

ခင်ဗျားတို့ ခန္ဓာဖြစ်စဉ်ကြည့်ဟောမှ ဒိဋ္ဌိက စင်တာ။ သဘောပါပလား (ပါ, ပါတယ် ဘုရား)။ ကျက်ထားတဲ့ တရား ကဖြင့် ဒိဋ္ဌိစင်နိုင်ပါ့မလား (မစင်နိုင်ပါ ဘုရား)။ သူရအောင် ကျက်ထားတာကိုးဗျ။

ဒါကြောင့် စာအုပ်ကြည့်ရုံနဲ့လည်း မပြီးဘူး။ ခန္ဓာ ကြည့် (မှန်ပါ့)။ သဘောပါကြလား (ပါ, ပါတယ် ဘုရား)။ ခန္ဓာကြည့်လိုက်တော့ ကြားစိတ်ကလေး တစ်ခုဟာ ကြားပြီး ဘာဖြစ်သွားတုန်း (ပျက်သွားပါတယ် ဘုရား)။ အဲ ပျက်တာကို သိအောင်လုပ်လိုက်တာက ဘယ့်နှယ်ဆိုမလဲ (မဂ်ပါ့ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ကို သိတာက မဂ်ဆိုတော့ အရှင်ဘုရား အယူက ဖြစ်ပျက်ကိုသိတဲ့ အယူကိုး။ ဒီအယူ ဘာကျေးဇူးရှိသတုန်း ဆိုတော့ ဆက်မမေးထိုက်ဘူးလား (မေးထိုက်ပါတယ် ဘုရား)။

ပပဉ္စသေတယ်

ဟ ပပဉ္စသေတယ်ကွ၊ ဒကာ၊ ဒကာမတို့ ၃-နံပါတ် သေသတဲ့။ ဘာသေသတဲ့တုန်း (ပပဉ္စသေတယ်)။

ဘယ်နံပါတ်ပါလိမ့် (၃ နံပါတ်ပါ ဘုရား)။ ဒကာ၊ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားသုံးပါး စာလိုတော့ တဏှာ ဥပါဒါန် ကမ္မဘဝ၊ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ကမ္မဘဝ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ်)။

မာနရယ် မာနနဲ့ ဆက်သွယ်ထားတဲ့ တရားရယ်၊ မာန ကြောင့်ဖြစ်တဲ့ ကံရယ်ကောမရှိဘူးလား (ရှိပါတယ် ဘုရား)၊ ရှိတော့ တဏှာမာန ဒိဋ္ဌိမချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

မဂ်ကဖြတ်ချလိုက်တာ

ဒါဖြင့် ၂က ၃ကူးသေးရဲ့ လား (မကူးပါ ဘုရား) ဟောမဂ်က ဖြတ်ချလိုက်တယ်။ ဘယ်သူက ဖြတ်ချလိုက်သလဲ (မဂ်ကဖြတ်ချပါတယ်) ဖြစ်ပျက်ရှုတာက မဂ်ကိုး (မှန်ပါ့ ဘုရား)။

ဒီအဆက်ကလေးဟာ ဒကာ၊ ဒကာမတို့ ပြတ်သလား၊ ဆက်သလား (ပြတ်ပါတယ် ဘုရား)။ မရှုတဲ့ ပုဂ္ဂိုလ်မှာ ဝိညာဏ ပစ္စယာ တဏှာ၊ ဖဿ ပစ္စယာ (တဏှာ) ဝေဒနာပစ္စယာ (တဏှာ) ဆက်မသွားဘူးလား (ဆက်သွားပါတယ် ဘုရား)။

ရှုတဲ့ပုဂ္ဂိုလ်မှာကြည့် ဝိညာဏနိရောဓာ ဒကာ၊ ဒကာမတွေ တို့ မဟုတ်ဘူးလား (မှန်ပါ့)။ တဏှာနိရောဓော မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဖဿနိရောဓာ (တဏှာနိရောဓောပါ ဘုရား)။ ဝေဒနာနိရောဓာ (တဏှာနိရောဓောပါ ဘုရား)။ တဏှာနိရောဓော နိဗ္ဗာနံပေါ့ (မှန်ပါ့)။ နိဗ္ဗာန်နည်းနည်းပေါ်လာတယ် (မှန်ပါ့)။

နိဗ္ဗာန်သဘောနည်းနည်းပေါ်ပြီ

သို့သော် အစစ်မပေါ်သေးဘူး။ ဪ တဏှာတော့ ချုပ်ပြီ။ တဏှာသိမ်း နိဗ္ဗာန် ဆိုတာတော့ဖြင့် ဒီအကွက်က ဒီအကွက် မကူးတာ နိဗ္ဗာန်ပဲ။ သဘောကလေး ပေါ်မလာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။

နိဗ္ဗာန်သဘောကော ဒကာ၊ ဒကာမတို့ နည်းနည်းမပေါ် သေးဘူးလား (ပေါ်ပါတယ် ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကြည့် ၂ နံပါတ်က် ၃ နံပါတ်မကူးအောင် ဘယ်သူနဲ့ ဖြတ်ရသလဲ (မဂ်နဲ့ ဖြတ်ရပါမယ် ဘုရား)။ မဂ်နဲ့ဖြတ်လိုက်တော့ ယခု ပစ္စုပ္ပန်ကာလ ဆိုတဲ့ ယခုပစ္စုပ္ပန်ကာလ ပစ္စုပ္ပန်အကြောင်းတွေ ပေါ်သေးရဲ့လား (မပေါ်တော့ပါ ဘုရား)။ မပေါ်ရင် အနာဂတ် အကျိုးတွေ လာဦးမလား (မလာပါ ဘုရား)။ ဒါ ခင်ဗျားတို့ သူများပြောလား ကိုယ့်မျက်မြင်လား (ကိုယ့်မျက်မြင်ပါ ဘုရား)။

ကိုယ့်သန္တာန့်ဖြတ်ဖို့မဂ်နဲ့ ရှုချလိုက်

အဲ ကိုယ့်သန္တာန်ဖြတ်လို့ ရှိရင်လည်း ဟုတ်ပြီ လို့ ဆုံးဖြတ်ချက် မချနိုင်သေးဘူးလား (ချနိုင်ပါတယ်)။ ကိုယ့်ဝမ်းထဲမှာ ဖြတ်ကြရင်လေ (မှန်ပါ့)။ ဒီက ကြားစိတ်ကလေး ပေါ်လည်း ဒီကနေပြီး ဖြစ်ပျက်ရှုလိုက်၊ မဂ်နဲ့ ရှုချလိုက် (မှန်ပါ့)။ နံစိတ် ကလေးပေါ်ရင်ကော (မဂ်နဲ့ ရှုချလိုက်)။ ရှုချလိုက် (မှန်ပါ့)။ ဖြစ်ပြီးပျက်ပြီလို့သိအောင် လုပ်လိုက်ပါ။ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

ဉာဏ်သုံးဉာဏ်

ဒါဖြင့် အနိစ္စ၊ အနိစ္စဉာဏ်၊ ဒုက္ခ၊ ဒုက္ခဉာဏ် မဖြစ်ဘူး လား (ဖြစ်ပါတယ် ဘုရား)။ အနတ္တ၊ အနတ္တဉာဏ်ကော မဖြစ်ဘူး လား (ဖြစ်ပါတယ် ဘုရား)။ အဲဒါတွေ ရှည်နေမှာစိုးလို့ ဥဒယဗ္ဗ ယနဲ့ ဟောနေတာ။

“သဗ္ဗေသင်္ခါရာအနိစွာ၊ ယဒါပညာယ ပဿတိ။

အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသမဂ္ဂေါ ဝိသုဒ္ဓိယာ” နဲ့ ဟောလည်း ရတယ်။

“အနိစ္စဝတသင်္ခါရာ”ကျတော့ ဖြစ်ပျက်တစ်ခုတည်းနဲ့ ဟော တယ်။ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။

ရွတ်ကြည့် “အနိစ္စဝတ သင်္ခါရာ၊ ဥပ္ပါဒဝယ ဓမ္မိနော” တဲ့။ ဖြစ်ပျက်ပဲရှိတယ်။ မပြောဘူးလား (ပြောပါတယ်)။ ဥပ္ပါဒနဲ့ ဝယပဲရှိတယ်ကွ။ မပေါ်သေးဘူးလား (ပေါ်ပါပြီ)၊

“ဥပ္ပဇ္ဈိတွာနိ – ရုဇ္ဈန္တိ”တဲ့၊ ဖြစ်ပြီးဘာဖြစ်သတဲ့တုန်း (ပျက်ပါတယ် ဘုရား)၊ ချုပ်သွားတာပဲ၊

“တေသံဂူပသမောသုခေါ”တဲ့။ ဒီအဖြစ်အပျက်တွေ အကုန်မလာလို့ရှိရင် နိဗ္ဗာန်ပဲကွ၊ တေသံ၊ ထိုသို့ရှုနေသော ဖြစ်ပျက် နှစ်ခုတို့၏ ဝူပသမော၊ ငြိမ်းတဲ့နိဗ္ဗာန်သည် ဝါ၊ ဒုက္ခမ ပေါ်လာသည့် နိဗ္ဗာန်သည် သုခေါ၊ ချမ်းသာ၏။

ဖြစ်ပျက်ဆုံးအောင်လိုက်ပါ

ဒါကြောင့် ဖြစ်ပျက်ဆုံးအောင် လိုက်လို့ စာအုပ်မှာ ရေးထား တယ် ပေါ်ကြပလား (ပေါ်ပါပြီ)။ ဘယ်ဆုံးအောင် လိုက်ရ မယ် (ဖြစ်ပျက်ဆုံးအောင် လိုက်ရပါမယ်)။

ဒါကြောင့် ဖြစ်ပျက်မြင်အောင် ယထာဘူတဉာဏ်။

ဖြစ်ပျက်မုန်းအောင်ကြည့် နိဗ္ဗိန္ဒဉာဏ်။

ဖြစ်ပျက်ဆုံးအောင်ကြည့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာဉာဏ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သမုဒယနှင့်ဒုက္ခချုပ်တာ နိဗ္ဗာန်

ကိုင်း ဒါဖြင့် တော်တော်ကလေး နေရာကျလာပြီတဲ့။ အကြောင်းအကျိုးတော့ဖြင့် ပြတ်သွားပြီ။ မပြတ်သေးဘူးလား (ပြတ်ပါပြီ)။ ဒီဘက်ကနေပြီးသကာလ ၃ နံပါတ်ကူးသေးရဲ့ လား (မကူးပါ ဘုရား)။ ဒါဖြင့် ပစ္စုပ္ပန်အကြောင်းတွေချုပ်၊ မချုပ် (ချုပ်ပါတယ် ဘုရား)။ ဒါဖြင့် အနာဂတ်အကျိုးလာ၊ မလာ (မလာပါ ဘုရား)။

ဒါဖြင့် သူက သမုဒယသစ္စာ ချုပ်တယ်။ ဒီဘက်က (ဒုက္ခသစ္စာ ချုပ်သွားပါတယ် ဘုရား)။ ဒါဖြင့် သမုဒယနဲ့ ဒုက္ခချုပ်တာ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ခေါ်ပါတယ်)။ ခင်ဗျားတို့ တစ်သံသရာလုံးကတော့ “သမုဒယ ဒုက္ခ” သမုဒယနဲ့ ဒုက္ခ ဒါလှည့်တယ်။ သဘောပါရဲ့ လား (ပါ, ပါတယ် ဘုရား)။

နောက်တုန်းက တပည့်တော်တို့ ဘယ်လိုနေခဲ့ရသတုန်း။ အို သမုဒယ၊ ဒုက္ခ (မှန်ပါ့)။ နောက်တစ်ခါ ဘာလာပြန် တုန်း (သမုဒယ ဒုက္ခပါပဲ ဘုရား)။ နောက်တစ်ခါ ဘာလာပြန် တုန်း (သမုဒယနဲ့ ဒုက္ခပါပဲ ဘုရား)။ ကဲ နိရောဓ မဂ္ဂပါရဲ့လား (မပါ, ပါ ဘုရား)။

ကဲ ဒါဖြင့် ရှုကြည့်။ နံစိတ်ကလေး ဒကာ၊ ဒကာမ တို့ နှာခေါင်းထဲမှာပေါ်တယ်။ အဲဒါ ကလေးဟာ ဖြစ်ပြီး မပျက်ဘူး လား (ပျက်ပါတယ် ဘုရား)။ ဒါဖြင့် မဂ်နဲ့မသိလိုက်ဘူးလား (သိလိုက်ပါတယ် ဘုရား)။

သိတဲ့အခါကျလို့ ရှိရင်ဖြင့် ဒီသမုဒယ ဘယ့်နှယ်နေ သတုန်း (ချုပ်သွားပါတယ်)။

ဒီဒုက္ခကော (ချုပ်ပါတယ် ဘုရား)။ ဒါဖြင့် တဏှာနိရောဓော နိဗ္ဗာနံ (နိဗ္ဗာန်)။ ခန္ဓာနိရောဓော နိဗ္ဗာနံ (နိဗ္ဗာန်)။

ဒီမှာ နိဗ္ဗာန်ပေါ်လာတယ်။ မပေါ်သေးဘူးလား (ပေါ်ပါ တယ် ဘုရား)။ တဏှာနဲ့ ခန္ဓာချုပ်ရင် ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။ ပေါ်ကြပြီနော် (မှန်ပါ့)။ ဒါ ပုဏ္ဏားမေးတာ မကုန်သေး ပါဘူး ဒကာ၊ ဒကာမတို့နော်။

ပဋိစ္စသမုပ္ပာဒ်နားလည်အောင်လုပ်ပါ

ကိုင်း ဒါက ပဋိစ္စသမုပ္ပာဒ် နားလည်မှ နိဗ္ဗာန်သဘော ကျတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။ ပဋိစ္စ သမုပ္ပာဒ် နားမလည်ဘဲနဲ့ ခင်ဗျားတို့ အားထုတ်နေရင် နိဗ္ဗာန် သဘောကျပါ့မလား (မကျပါ ဘုရား)။

နိဗ္ဗာန်သဘောမကျဘဲနဲ့ အနိစ္စ၊ ဒုက္ခ အနတ္တလုပ်ရင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရပါ့မလား (မရပါ ဘုရား)။ သဿတ၊ ဥစ္ဆေဒ တစ်ခုခုခံတယ်။ နိဗ္ဗာန်အပေါ်မှာ မခံဘူးလား (ခံပါတယ် ဘုရား)။ ဒါဖြင့် အတော်အရေးကြီးတဲ့ စကားပါလား (အရေးကြီးပါ တယ် ဘုရား)။

ဒကာ၊ ဒကာမတွေ သာမည အရေးကြီးတာလား၊ အလွန့်အလွန် အရေးကြီးတာလား (အလွန့်အလွန်အရေးကြီး ပါတယ် ဘုရား)။ နားကြီးမှ အဖိုးတန်တယ်နော်။ ဒကာ၊ ဒကာမတွေ ဘာမှအဖိုးတန်သလဲ (နားကြီးမှ အဖိုးတန်ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပာဒ်ဖြတ်တတ်ဖို့ လိုတယ်

ရိုးရာတရားနဲ့ နားမထောင်နဲ့တဲ့။ ရိုးရာနဲ့ နားထောင်ရင် ရောသွားမယ် ရိပ်မိပလား (ရိပ်မိပါပြီ)။ ထူးထူးခြားခြားတို့ကို ဆုကြီးလာဘ်ကြီး ပေးနေတယ်ဆိုတာကို သေသေချာချာ သဘောကျ မှ နိဗ္ဗာန် သဘောကျမယ်။ တဏှာသိမ်း နိဗ္ဗာန်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။ ခန္ဓာသိမ်း နိဗ္ဗာန် ဆိုတာကော မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါက ပဋိစ္စသမုပ္ပာဒ်သိလို့ ပေါ်တာနော်။ ဖြတ်တတ်လို့ ပေါ်တာ မဖြတ်တတ်ရင် ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

မဖြတ်တတ်တော့ သမုဒယနဲ့ ဒုက္ခသစ္စာပေါ်တယ် (မှန်ပါ့)။ ဖြတ်တတ်တော့ကိုတဲ့ တဏှာဆိုတဲ့ သမုဒယသစ္စာလည်းချုပ်တယ်။

ခန္ဓာဆိုတဲ့ ဒုက္ခသစ္စာကော (ချုပ်ပါတယ် ဘုရား)။ ရိပ်မိ ပလား (ရိပ်မိပါပြီ)။ တော်တော် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။ ဒါ ဘယ်သူ့ကို နားလည်လို့ ဒီနိဗ္ဗာန် သဘော ကျသွားပါလိမ့် (ပဋိစ္စသမုပ္ပာဒ် နားလည်လို့ နိဗ္ဗာန် သဘောကျသွားပါတယ်) ပဋိစ္စသမုပ္ပာဒ်အဖြတ်ကို နားလည်လို့ ဖြတ်လိုက်ပါဦး။

ပဋိစ္စသမုပ္ပာဒ်ဖြတ်တာကိုလဲသိ၊ ပြတ်တာလဲသိပါ

ဒကာ၊ ဒကာမတွေ ဘယ်လိုနားလည်လို့လဲ (ပဋိစ္စ သမုပ္ပာဒ် အဖြတ်ကို နားလည်လို့) ဒီအဖြတ်ကို နားမလည်တဲ့ – ပုဂ္ဂိုလ်ဟူသရွေ့ နိဗ္ဗာန်ရပါ့မလား (မရပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန် ရချင်ရင် ပဋိစ္စသမုပ္ပာဒ်ဖြစ်တာကိုလည်း သိအောင်လုပ်ပါ။ ပြတ် တာကိုလည်း သိအောင်လုပ်ပါ (မှန့်ပါ့)။ ဒကာ၊ ဒကာမတို့ ဒါပဋိစ္စသမုပ္ပာဒ် နားလည်လို့ “သမုဒယချုပ်တာ နိဗ္ဗာန်၊ ဒုက္ခချုပ် တာ နိဗ္ဗာန်”လို့ နားလည်တာ၊ ပဋိစ္စသမုပ္ပာဒ် နားမလည်တဲ့ပုဂ္ဂိုလ် ဟာ ပဋိစ္စသမုပ္ပာဒ် ကို ဖြတ်မှ ဒကာ၊ ဒကာမတို့ သမုဒယသစ္စာ ချုပ်၍ ဒုက္ခသစ္စာမလာတာ ပေါ်ပါလိမ့်မယ်။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သာမည အရေးကြီးသလား၊ အလွန့်အလွန် အရေးကြီးသလား (အလွန့် အလွန်အရေးကြီး ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပာဒ်နားလည်တဲ့ဆရာကောင်းကိုဆည်းကပ်ပါ

ဒါဖြင့် ခင်ဗျားတို့ ဒီလို ပဋိစ္စသမုပ္ပာဒ်နားလည်တဲ့ ဆရာကို ခင်ဗျားတို့ မမှီဝဲ မဆည်းကပ်ကြဘူး ဆိုရင်ဖြင့် ဘယ်တော့မှ နိဗ္ဗာန်မရဘူး။ စိတ်သာချတော့၊ ရပါ့မလား (မရပါ ဘုရား) ဖြတ်လည်း ဖြတ်တတ်မှာ မဟုတ်ဘူး။ သဘောကျပလား (ကျပါပြီ)။ ဖြတ်တတ်သေးရဲ့လား (မဖြတ်တတ်ပါ)။ ဘုရားက သူ့အယူဝါဒက ဖြစ်ပျက်သိတဲ့မဂ်၊ ဒါ ငါ့အယူဝါဒ၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

သူ့အယူဝါဒက ကြည့်လေ ဖြစ်ပျက်၊ ဒီကဖြစ်ပြီး မပျက်ဘူး လား။ စိတ်ကလေးတွေက (ပျက်ပါတယ် ဘုရား)။ ရှုရမှာ က (မဂ်ပါ ဘုရား)။ ဖြစ်ပျက်မဂ်၊ မဟုတ်ဘူးလား (မှန်ပါ့)။ ဖြစ်ပျက်မဂ် ဆိုတော့ ပဋိစ္စသမုပ္ပာဒ် ၃နံပါတ်နဲ့ ၄ နံပါတ် ပြတ် မပြတ် (ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန် ရ မရ (ရပါတယ် ဘုရား)။ တဏှာသိမ်း တာ ဘာခေါ်မယ် (နိဗ္ဗာန်ပါ ဘုရား)။ ခန္ဓာသိမ်းတာ ဘာခေါ် မယ် (နိဗ္ဗာန်ပါ ဘုရား)။ သဘောကျပလား (ကျပါပြီ)။ သမုဒယသစ္စာလည်း ရှိသေးရဲ့လား (မရှိပါ ဘုရား)။ နောက် ဒုက္ခလာသေးရဲ့ လား (မလာပါ ဘုရား)။

ဒါဖြင့် ဒုက္ခသိမ်းတာသည် ဒုက္ခ၏ အဆုံးရောက်ပြီ။ တဏှာ၏ အဆုံးကော (ရောက်ပါပြီ)။ ဒုက္ခ၏ အဆုံးကော (ရောက်ပါပြီ)။

အကြောင်းအကျိုးဆက်ပြီးသိတဲ့ နိဗ္ဗာန်

တဏှာ၏အဆုံး၊ ဒုက္ခ၏အဆုံးကို ဘာခေါ်ကြမလဲ (နိဗ္ဗာန်ခေါ်ပါတယ်)။ ဪ နိဗ္ဗာန်သည် ဘယ်သူက ပြောပါလိမ့် (ပဋိစ္စသမုပ္ပာဒ်က ပြောပါတယ်)။ ပဋိစ္စသမုပ္ပာဒ်နားလည်တဲ့ ဉာဏ်နဲ့ ဖြတ်တောက်တဲ့ဉာဏ်နဲ့၊ အားထုတ်လို့ နိဗ္ဗာန် ပေါ်လာတာ၊ နို့မို့ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။ ဒါက နိဗ္ဗာန်တစ်မျိုး၊ အကြောင်းအကျိုးဆက်ပြီး သိတဲ့ နိဗ္ဗာန်။

နောက်ပြောမည့် နိဗ္ဗာန်က ဒကာ၊ ဒကာမတို့ သေသေ ချာချာနားထောင်ပါ။ အတော် အရေးကြီးတယ်။ ဒါနဲ့ ပုဏ္ဏားက မေးတယ်။ အရှင်ဘုရား တဲ့။ ဒီလိုရှုလိုက်တော့ ဒီ ၃နံပါတ်နဲ့ ၄နံပါတ် မလာဘူး။ တစ်နည်းအားဖြင့်လည်း ပပဉ္စတွေ မလာဘူး။

ဒီအမေးတွေက ကျုပ်တို့အတွက် ရှင်းထားခဲ့တာ

တပည့်တော် ကျေနပ်တယ်တဲ့။ အရှင်ဘုရားက ဖြစ်ပျက် အယူရှိတဲ့ ပုဂ္ဂိုလ်ကိုး။ ဖြစ်ပျက် ဆိုတော့ မဂ်ကလိုက်တယ်။ လိုက်တော့ ပပဉ္စလာသေးရဲ့ လား (မလာပါ)။ မလာတော့ ဒီဘက်က ဒုက္ခသစ္စာကော (မလာပါ ဘုရား)။ အဲဒါ တပည့်တော် ကျေနပ် ပြီတဲ့။ ပုဏ္ဏားကျေနပ်သွားပြီ။

သို့သော် တပည့်တော် မေးစရာရှိတယ်။ သိပ်ကောင်းတဲ့ ပုဏ္ဏား ဒကာ၊ ဒကာမတို့ သိပ်အဖိုးတန်တဲ့ ပုဏ္ဏား၊ ကျုပ်တို့ အတွက် ထားခဲ့တာကိုးဗျ (မှန်ပါ့ ဘုရား)။

ဒီအမေးဟာ ကျုပ်တို့အတွက် ရှင်းထားခဲ့တာ (မှန်ပါ့)။ ဒကာ၊ ဒကာမတို့ သေသေချာချာ နားထောင်ပါ။ ဒါဖြင့် ပပဉ္စချုပ်တဲ့ ပုဂ္ဂိုလ်ဘယ်သွားသတုန်းမေးတယ် (မှန်ပါ့)။

ပပဉ္စချုပ်တဲ့ ပုဂ္ဂိုလ်ဘယ်သွားသလဲ

ကိုင်း ဒကာ၊ ဒကာမတို့ ပပဉ္စချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွား သတုန်းတဲ့။ နိဗ္ဗာန်မေးတယ် (မှန်ပါ့)။ မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။ မေးပြီ ဒကာ၊ ဒကာမတို့၊ နိဗ္ဗာန်ကလည်း ပေါ်နေပြီနော် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ နိဗ္ဗာန်က မပေါ်သေးဘူးလား (ပေါ်နေပါပြီ ဘုရား)။ ရှေ့ပိုင်းက ပြထားလို့ တော်တော် ပေါ်နေပြီ၊ သို့သော်လည်း သူမေးတဲ့အချက်ကို နားထောင်ပါ။ အရှင်ဘုရားက ဖြစ်ပျက်ကို ရှုလိုက်တဲ့အတွက် တဏှာ၊ မာန၊ ဒိဋ္ဌိမလာဘူးလို့ ဟောတာ တပည့်တော် ကျေနပ်ပါတယ်တဲ့။ အဲဒီ တဏှာ မာန ဒိဋ္ဌိချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုန်း။ ဒကာ၊ ဒကာမတို့ကဲ မေးပြီ။ မမေးသင့်ဘူးလား (မေးသင့်ပါတယ်)။

ဟ ဘယ်သွားတယ်လို့ ငါမပြောဘူးကွတဲ့ ဘုရား က၊ ဘုရားက ဘယ့်နှယ်ဖြေသတုန်း (ဘယ်သွားတယ်လို့ ငါမပြော ပါတဲ့) ဘယ်သွားတယ်လို့ ငါမဟောဘူး။ ငါမပြောဘူးတဲ့။

နားကြီးကြီးနဲ့ ထောင်ပါ

ဒါဖြင့် ရှင်ဂေါတမ လျှာရှည်တယ် မအောက်မေ့နဲ့ ဆက်မေးဦးမယ်တဲ့။ ဒကာ၊ ဒကာမတို့ ဒါဖြင့် မသွားတော့ဘူးလား။

တဏှာ၊ မာန၊ ဒိဋ္ဌိချုပ်တဲ့ ပုဂ္ဂိုလ်ဘယ်မှ မသွားတော့ဘူးလားတဲ့။ ဒီလိုဆိုတော့ ဥစ္ဆေဒနဲ့ သူမေးပြန်တယ် (မှန်ပါ့)။ သဘောကျရဲ့လား (ကျပါတယ်)။ သွားတယ်ဆိုရင် သူသဿတနဲ့ မေးပြန် တယ်။ နိဗ္ဗာန်ကို သဿတဘက်လှည့်မေးတယ် (မှန်ပါ့)။

ဒကာ၊ ဒကာမတို့ ဒါကြောင့် နားကြီးကြီးနဲ့ ထောင်ဆိုတာ ခင်ဗျားတို့ လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။ သေသေချာချာ ဆရာသမား က အင်မတန် အပြောလည်လွန်းလို့ နည်းနည်းတော်တာနော်။ နို့မို့ စာကြည့်ရင် ဘာမှမသိဘူး။ သိနိုင်ပါ့မလား (မသိပါ ဘုရား)။ မသိဘူး၊ မသိဘူး၊ ဒကာ၊ ဒကာမတို့ အင်မတန်အရေးကြီးတယ် ဆိုတာ သေသေချာချာ မှတ်ကြစမ်းပါ ဦးအောင်ဇံဝေတို့ (မှန်ပါ့ ဘုရား)။ သေသေချာချာ အရေးကြီးတယ် မေးပုံလည်း သိပ်အကွက် ကျတယ်။ ခင်ဗျားတို့ လည်း ဒီအတိုင်းမေးမှာပဲ။

ဒါနိဗ္ဗာန်ဖြေနေတာ

ကိုင်း ဒကာ၊ ဒကာမတို့၊ ခင်ဗျားတို့ မေးရင်လည်း တဏှာ မာန ဒိဋ္ဌိ ဒီမဂ်နဲ့ ဖြတ်လိုက်တော့ တဏှာ မာန ဒိဋ္ဌိလာသေးရဲ့လား (မလာပါ ဘုရား)၊ အဲဒီ တဏှာ မာန ဒိဋ္ဌိချုပ်သွားတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သွားသတုန်းတဲ့ (အဲဒီအမေး မဖြေပါ ဘုရား)။ ဒကာ၊ ဒကာမတို့ စဉ်းစားမိပလား (စဉ်းစားမိပါတယ် ဘုရား)။ တဏှာ မာန ဒိဋ္ဌိချုပ်တဲ့ ပုဂ္ဂိုလ်ဘယ်သွားသတုန်း ဆိုတော့ ခင်ဗျားတို့ လည်း မေးရမယ်။ မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

ဒါဖြင့် ပုဏ္ဏားမေးတာ မှားတာလား (မမှားပါ ဘုရား)။ အဲဒီတော့ ဘုရားက ဖြေလိုက်တယ်။ အဲဒီ တဏှာ မာန ဒိဋ္ဌိချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားတယ်လို့ ငါမဖြေဘူးကွ။

သွားရင် သဿတဒိဋ္ဌိဖြစ်မယ် (မှန်ပါ့)။ မသွားရင် ဘာဒိဋ္ဌိဖြစ်မလဲ (ဥစ္ဆေဒ ဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။ ဖြေလို့တော်ပါ မလား (မတော်ပါ ဘုရား)။

အဲဒါ နိဗ္ဗာန်ကို ဖြေနေတာ။ ဒကာ၊ ဒကာမတို့ လွယ် သလား။ ကဲ (မလွယ်ပါ ဘုရား)။ တစ်ခါစဉ်းစားဦး။

ပုဏ္ဏားက ထပ်မေးတယ်

ဒါဖြင့် ရှင်ကြီးဂေါတမ တဏှာ မာန ဒိဋ္ဌိချုပ်တဲ့ ပုဂ္ဂိုလ် သွားချည်တစ်လှည့် မသွားချည် တစ်လှည့် ပုဂ္ဂိုလ် ဖြစ်သလား၊ ဧကစ္စ သဿတနဲ့ မေးတယ်၊ ဒီလိုလည်း မဟုတ်ဘူးကွ၊ သဘောကျပ လား (ကျပါပြီ)။ ဒီလိုလည်း မဟုတ်ဘူးတဲ့။ ဘုရားက ဖြေပြီနော်။

ဒကာ၊ ဒကာမတို့ တဏှာ မာန ဒိဋ္ဌိချုပ်တဲ့ ပုဂ္ဂိုလ်များ ချည်တစ်လှည့်၊ မသွားချည် တစ်လှည့်လား (ဒီလိုလည်း မဟုတ် ပါ)။ ဒီလိုလည်း မဟုတ်ဘူးကွတဲ့။ ဘာနဲ့မေးလို့တုန်း။ ဒိဋ္ဌိနဲ့မေးလို့ ဖြေတာ (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါကြောင့် ဒိဋ္ဌိနဲ့ နိဗ္ဗာန်ဟာ သိပ်ရှုပ်တာဗျ။ မရှုပ်ဘူး လား (ရှုပ်ပါတယ်) ဘာနဲ့ ဘာ ရောရော နေတုန်း (ဒိဋ္ဌိနဲ့ ရောရောနေပါတယ် ဘုရား)။

ဒိဋ္ဌိပြုတ်မှ နိဗ္ဗာန်ရ

ဒါဖြင့် ဒိဋ္ဌိပြုတ်မှ နိဗ္ဗာန်ရတယ်ဆိုတာ ခင်ဗျားတို့ သေချာ ရောပေါ့ဗျာ (သေချာပါတယ် ဘုရား)။ ဒိဋ္ဌိချည်း ဝင်ရှုပ်နေတာ ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား)။

ဒီတရားမျိုးဟာ ဘုန်းကြီး မန္တလေးမှာ၊ အမရပူရမှာ မိုးကုတ်မှာဆိုလို့ ရှိရင် ၁၀ ရက်လောက် ဟောရတယ်။

ဒီမှာတော့ ပြန်မယ့်ရက်နဲ့ ဒီ ဒကာ၊ ဒကာမတွေ တန်းလန်း ကြီးဖြစ်ပြီး သကာလ ဝိစိကိစ္ဆာနဲ့ ကျန်နေရစ်မယ်ဆိုပြီးတော့ သိမ်း ပိုက်ပြီး ဟောနေရတာ။ သိမ်းကျုံးပြီး ဟောနေရတာ မလွယ်ဘူးဗျ။ ဒိဋ္ဌိရှင်းနိုင်သရွေ့ ရှင်းပြီးဟောမှ နိဗ္ဗာန်ကပေါ်မှာ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ရှင်ကြီးဂေါတမတဲ့။ ဒီတဏှာ မာန ဒိဋ္ဌိချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားသတုန်း ဆိုတော့ ဘယ်သွားတယ်လို့ ငါမဆိုဘူး။ ဒါဖြင့် မသွားဘဲနေသလားလို့ မေးတော့ကော (မဆိုပါ)။ မသွားဘူးလို့ လည်း ငါမဆိုဘူး။ သွားချည်တစ်လှည့်၊ မသွားချည် တစ်လှည့်လားလို့ မေးပြန်တော့ ကော (ဒီလိုလည်း ငါမဆိုဘူး)။ ဒီလိုလည်း ငါမဆိုဘူးတဲ့။

မသွားသည်မဟုတ်။ သွားသယောင်ယောင်လားလို့ မေးတယ် (ဒီလိုလည်း ငါမဆိုနိုင်ဘူး)။ ဒီလိုလည်း ငါမဆိုနိုင်ဘူး တဲ့။ ရိပ်မိပလား (ရိပ်မိပါပြီ)။

နိဗ္ဗာန်ကို ဒိဋ္ဌိလေးမျိုးနဲ့မေးနေတယ်

ဒိဋ္ဌိလေးမျိုးနဲ့ ပြန်မေးတော့ နိဗ္ဗာန်ကို ဒိဋ္ဌိလေးမျိုးနဲ့ ပြန်မေးတာ။

ဒကာ၊ ဒကာမတို့ ဘာမေးပါလိမ့် (နိဗ္ဗာန်ကို ဒိဋ္ဌိလေး မျိုးနဲ့ ပြန်မေးတာပါ)။ နိဗ္ဗာန်ကို ဒိဋ္ဌိလေးမျိုးနဲ့ လှည့်မေးတယ်။ ဒကာ၊ ဒကာမတို့ ဒီတရားမျိုးနာရလို့ရှိရင် တဲ့။ နိဗ္ဗာန်ကောင်းကောင်း သဘောကျတယ်။

ကိုင်း ဒါနဲ့ ရှင်ကြီးဂေါတမတဲ့ အခု တဏှာ မာန ဒိဋ္ဌိချုပ်တာတော့လည်း သဘောကျပါတယ်။ အလုပ်နဲ့ ချုပ်သွားတယ် ဆိုတာ ကျေနပ်ပါတယ်တဲ့၊ ဖြစ်ပျက် မဂ်ဆိုတော့ ဒီဘက်က ချုပ်တယ် ဆိုတာ ကောင်းကောင်း သဘောကျတယ်။

သို့သော် ချုပ်တဲ့ ပုဂ္ဂိုလ်ဘယ်သွားသတုန်းမေးတဲ့အခါ ဘယ်သွားတယ်လို့ ငါမဟောဘူး ပြောပါတယ်။

ပုဏ္ဏားဉာဏ်တုံးသွားပြီ

အဲဒီနောက် မေးလိုက်တဲ့ လေးချက်ကျတော့ ကျုပ် ဉာဏ်တုံးသွားပြီတဲ့။ အဲဒါမဖြေလို့ မကျေနပ်ဘူးတဲ့။ ဒကာ၊ ဒကာမတို့ ဒီလေးချက်ကို မဖြေလို့ ဘာတဲ့တုန်း (မကျေနပ်ပါ)။ မကျေနပ်တဲ့အပြင် ကျုပ်မှာလည်း မေးစရာကုန်လို့ ဉာဏ်တုံးသွားပြီတဲ့ ပုဏ္ဏားက ဒကာ၊ ဒကာမတို့ မေးစရာကုန်လို့ ဘာတဲ့ တုန်း (ဉာဏ်တုံးပြီတဲ့)။

ပဋိစ္စသမုပ္ပာဒ် နားလည်တဲ့ဆရာရှာပါ

ဟေ့ ပုဏ္ဏားတဲ့။ ဉာဏ်တုံးရမယ်ကွတဲ့။ ကိုင်း ဒကာ၊ ဒကာမတို့ ဘုရားဘယ့်နှယ်ဖြေသလဲ (ပဋိစ္စသမုပ္ပာဒ် နားလည်တဲ့ ဆရာရှာဦးတဲ့)။

သာမညဆရာနဲ့ ဒီ မင်းမေးတဲ့ လေးချက်ကို ဘယ်သူမှ မဖြေနိုင်ဘူးတဲ့။ ပဋိစ္စသမုပ္ပာဒ် နားလည်တဲ့ဆရာ မင်းရှာလို့ရှိရင် ဒီအဖြေတွေထွက်မယ်။

ကဲ ဒီပြင်ဟာထက် ဘာအရေးကြီးတယ်ဆိုတာ ဒကာ၊ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ဘာနားလည်ဖို့ အရေးကြီးသလဲ (ပဋိစ္စသမုပ္ပာဒ်နားလည်ဖို့ အရေးကြီးပါတယ် ဘုရား)။ ဒါ ဘယ်သူက ပြောတာတုန်း (ဘုရားက ပြောပါတယ် ဘုရား)။

ကိုင်း ဒကာ၊ ဒကာမတို့က ဘာမှမသိတော့ ပဋိစ္စ သမုပ္ပာဒ်ဆိုတာကွာ အဝိုင်းကြီးပဲ။ ဒီလို သုံးချင် သုံးနေတာ။ ဒါ နားမလည်ရင် နိဗ္ဗာန်ကို နားမလည်ဘူးတဲ့။ ဒကာ၊ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါနားမလည်ရင် (နိဗ္ဗာန်နားမလည်ပါ)။ နိဗ္ဗာန်ကို နားမလည်ဘူးဆိုတာ ရှင်းပလား (ရှင်းပါပြီ)။ ပဋိစ္စသမုပ္ပာဒ် နားလည်တဲ့ဆရာ ရှာပါဦးကွတဲ့။ သာမည ဆရာသမားနဲ့ဆိုလို့ရှိရင် ဖြင့်တဲ့ ဒီပုဂ္ဂိုလ် ဘယ်သွားတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးတဲ့။ ပဋိစ္စသမုပ္ပာဒ်နားလည်တဲ့ပုဂ္ဂိုလ်ဖြင့် ပြောနိုင်လိမ့်မယ်တဲ့။

ပဋိစ္စသမုပ္ပာဒ်နားလည်မှ နိဗ္ဗာန်ကိုပြောနိုင်မှာ

ကိုင်း ဒကာ၊ ဒကာမတို့ နိဗ္ဗာန်ကို ဘယ်သူမှ ပြောနိုင် သတုန်း (ပဋိစ္စသမုပ္ပာဒ်နားလည်တဲ့ ပုဂ္ဂိုလ်မှ ပြောနိုင်ပါတယ် ဘုရား)။ အဲဒီတော့ ခင်ဗျားတို့ ဒါနားလည်မှ နိဗ္ဗာန်ရမှာ (မှန်ပါ့)။ ဒါနားမလည်ရင် (မရသေးပါ ဘုရား)။ နိဗ္ဗာန်ရနိုင်ကြ ပါ့မလား (မရနိုင်ပါ ဘုရား)။ ဒါကြောင့် ဒကာ၊ ဒကာမတွေ အင်မတန် အရေးကြီးတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အားလုံး ဒကာ၊ ဒကာမတွေ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။ ပေါ်ပြီနော်။ ကိုင်း ဒါနဲ့ ပုဏ္ဏားက အရှင်ဘုရားတဲ့၊ တပည့်တော်တို့ ဉာဏ်တုံးသွားပြီတဲ့။ နားမလည်တော့ဘူး၊ မေးစရာလည်း ကုန်ပြီတဲ့။ လက်မှိုင်ချပြီ၊ တဏှာ မာန ဒိဋ္ဌိချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားသတုန်းဆိုတော့ ဘယ်သွားတယ်လို့ လည်း ငါမပြောလိုဘူးကွ နိဗ္ဗာန်ဟောရမှာကိုးဗျ (မှန်ပါ့)။ သဘောကျ ပလား (ကျပါပြီ)။ ဘာဟောရမတုန်း (နိဗ္ဗာန်ကို ဟောရမှာပါ)။

တဏှာ မာန ဒိဋ္ဌိချုပ်တဲ့ ပုဂ္ဂိုလ်ဘယ်သွားသတုန်း လို့ မေးတော့လည်း အရှင်ဘုရားက ဘယ်သွားတယ်လို့ ငါ မဖြေ လိုဘူး။ နို့ မသွားဘဲနေသလား၊ ဒီလိုလည်း ငါမဖြေလိုဘူး။ သွားချည် တစ်လှည့်၊ မသွားချည်တစ်လှည့်လား ဒီလိုလည်း မဖြေ လိုဘူး။ မသွားသည်မဟုတ်၊ သွားသယောင်ယောင်လားလို့ မေးလိုက်တော့ ဒီလိုလည်း ငါမဖြေလိုဘူးဆိုတော့ မေးစရာကုန်ပြီ ဉာဏ်တုံးပြီတဲ့ (မှန်ပါ့)။ ဘယ်သူ ဉာဏ်တုံးသွားသတုန်း (ပုဏ္ဏားဉာဏ်တုံးသွားပါတယ်)။

အဲဒီတော့ ဘုရားက ပြောလိုက်တယ်။ မင်းဉာဏ်တုံးမှာပဲ ကွတဲ့။ ပဋိစ္စသမုပ္ပာဒ်နားလည်တဲ့ ဆရာရှာပြီး မင်းသင်မှသာလျှင် တဏှာ မာန ဒိဋ္ဌိချုပ်တဲ့ ပုဂ္ဂိုလ် နိဗ္ဗာန်ရောက်တယ်ဆိုတာ မင်း သဘောကျမယ်။ ရှင်းပလား (ရှင်းပါပြီ)။

ပဋိစ္စသမုပ္ပာဒ် နားမလည်တဲ့ပုဂ္ဂိုလ် ဘယ်တော့မှ နိဗ္ဗာန် မရောက်ဘူးဆိုတာ မင်းသေသေချာချာမှတ်။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

တရားထဲမှာ ဘယ်တရားအရေးကြီးသလဲ

ဒါဖြင့် တရားတကာ့ တရားထဲမှာ ဘယ်တရား အရေးကြီး တယ်ဆိုတာ ခင်ဗျားတို့ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါနတရားအရေးကြီးသလား၊ သီလတရားအရေးကြီး သလား၊ ပဋိစ္စသမုပ္ပာဒ်ဖြတ်မှု၊ ဆက်မှု နားလည်တဲ့တရား အရေးကြီး သလား (ပဋိစ္စသမုပ္ပာဒ် ဖြတ်မှု ဆက်မှု နားလည်တဲ့တရား အရေးကြီးပါတယ် ဘုရား)။

သူနားလည်တော့ ဒါက သမုဒယသစ္စာ၊ ပဋိစ္စသမုပ္ပာဒ် နားလည်လို့ သမုဒယသစ္စာသိတာ (မှန်ပါ့)။ မဟုတ်ဘူးလား (ဟုတ်ပါတယ်) ပဋိစ္စသမုပ္ပာဒ် နားလည်တဲ့အတွက် ဒါက ဘာတဲ့တုန်း (ဒုက္ခသစ္စာ) ဪ ဒါတွေက ဒုက္ခသစ္စာ။

(ဤနေရာတွင် ဆရာတော်ဘုရားက စက်ဝိုင်းကို ထောက်ပြ သည်)။

ပဋိစ္စသမုပ္ပာဒ်နားလည်တဲ့အတွက် ဟောလာတဲ့ တဏှာ ဥပါဒါန်ကံတွေ ဘာတဲ့တုန်း (သမုဒယသစ္စာပါ ဘုရား)။

ဪ ပဋိစ္စသမုပ္ပာဒ်နားလည်တဲ့အတွက် ဇာတိ ဇရာ , မရဏ ဘာတဲ့ (ဒုက္ခသစ္စာပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒီပဋိစ္စသမုပ္ပာဒ် ဘယ်ကနေ ဖြတ်ရမှာတုန်းဆိုတော့ ဒီ အတိတ်ကို ဖြတ်ရမှာလား၊ ပစ္စုပ္ပန်က နေပြီး ဒီ ပစ္စုပ္ပန် အကြောင်းကို မပေါ်အောင် လုပ်ရမှာလားဆိုတာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒီနေရာက မဂ်ဝင်ရမယ်

ပစ္စုပ္ပန်အကျိုးတရားနဲ့ နောင်တစ်ဖန် ပစ္စုပ္ပန်အကြောင်း တရားမဆက်မိအောင် ဒီနေရာ မဂ်ဝင်ရမယ် (မှန်ပါ့)။ သဘောပါ ပလား (ပါ,ပါပြီ)။

ဒါဖြင့် တိုတိုဂဏန်းနဲ့ ပြောကြစို့။ ၂- က ၃-မကူးဘူး (မှန်ပါ့)။ ဒုကာ၊ ဒကာမတို့ ဘာတဲ့တုန်း (၂က ၃မကူးပါ ဘုရား)။

မကူးအောင် ဘယ့်နှယ်လုပ်မတုန်းဆိုတော့ ၂ ထဲမှာ ရှိတာ ကို ဟောဒီအကွက်ကနေပြီး မဂ်နဲ့ရှု၊ ဒီမဂ်သည် ဒီအဆက်ကို မဖြတ်ဘူးလား ဖြတ်သလား (ဖြတ်ပါတယ် ဘုရား)။ ရိပ်မိကြပါ လား (ရိပ်မိပါပြီ ဘုရား)။ အဲဒီတော့ ဒါဖြင့်ပဋိစ္စ သမုပ္ပာဒ် မင်းနာမလည်ဘူးတဲ့ ဥစ္စာကော မပေါ်သေးဘူး လား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပာဒ်နားမလည်ရင် ဒိဋ္ဌိလေးမျိုးဖြစ် မဖြစ် (ဖြစ်ပါတယ် ဘုရား)။ ရှင်းပလား (ရှင်းပါပြီ)။ ဒိဋ္ဌိ ရှိနေလည်း နိဗ္ဗာန်ရပါ့မလား (မရပါ ဘုရား)။

ကဲ ယနေ့ည တော်တော် မပေါ်သေးဘူးလား (ပေါ်ပါပြီ)။ သို့သော် နိဗ္ဗာန်ပြောရဦးမယ်တဲ့။ နာရီနည်းနည်းတော့ လွန်လိမ့်မယ် ဒကာ၊ ဒကာမတို့ မပြောလည်း မဖြစ်တော့ဘူး။

ရှင်ကြီးဂေါတမ ကျုပ်ဉာဏ်တုံးပြီဗျာဆိုတော့ မင်းပဋိစ္စ သမုပ္ပာဒ်နားလည်တဲ့ ဆရာရှာဦး။ ဒါမှ မင်းနိဗ္ဗာန် သဘောကျမယ်။ ပေါ်ပြီနော် (မှန်ပါ့)။

ဥပမာဖြင့် နိဗ္ဗာန်ကိုပြ

သို့သော်လည်း ငါ ဥပမာ ပြောမယ်ကွာတဲ့။ ပုဏ္ဏား မင်း သေသေချာချာ နားထောင်ဆိုတော့ ဒီဥစ္စာ နိဗ္ဗာန်ကို ပြောတော့ မယ်။ ဒကာ၊ ဒကာမတို့ ဘုရားကနော်။

ပုဏ္ဏားအရှေ့ဘက်မှာ မီးတောက်နေတယ် မြင်ရဲ့ လားလို့ မေးလိုက်တယ်။ မြင်ပါတယ်ဘုရား။ ဥပမာပေါ့ဗျ။ အရှေ့ဘက်မှာ မီးပုံကြီးကဟုန်းဟုန်း ဟုန်းဟုန်းတောက်နေတယ်။ ဘယ့်နှယ်ကြောင့် တောက်သတုန်းကွ ပုဏ္ဏားရလို့ မေးလိုက်တယ်။ အရှင်ဘုရား တဲ့။ မီးစာရှိလို့ တောက်တာပေါ့တဲ့။ ဒကာ၊ ဒကာမတို့ ဘယ်လို တဲ့တုန်း (မီးစာရှိလို့ တောက်တာပါ)။

လောင်စာရှိလို့ မီးတောက်တာ

လောင်စာရှိလို့ တောက်တာပေါ့။ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။ ဘယ့်နှယ်ကြောင့် တောက်တာပါလိမ့် (လောင်စာရှိလို့ တောက်တာပါ)။ လောင်စာရှိလို့ တောက် တယ်တဲ့၊ ဒါဖြင့် လောင်စာရှိလို့ တောက်ရင်ဖြင့်တဲ့။ မင်းသည်ကား လို့ဆိုလို့ရှိရင် မြင်ပြီတဲ့။ ဒီမီးဟာတဲ့ မီးလောင်စာ မကုန်ရင် ငြိမ်းပါ မလား (မငြိမ်းပါ ဘုရား)။ လောင်စာကုန်ရင်တော့ဖြင့် (ငြိမ်းပါတယ် ဘုရား)။

ခန္ဓာက လောင်စာ၊ ကိလေသာတွေက မီး

ဒါဖြင့် ခန္ဓာဟာလောင်စာ၊ သမုဒယသစ္စာဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟတွေက မီးတွေ (မီးပါ)။ သဘောပါလား (ပါ,ပါပြီ ဘုရား)။ ခန္ဓာကထင်း၊ ရှင်းပလား (မှန်ပါ့)။ ခန္ဓာက (လောင်စာထင်းပါ ဘုရား)။ ကိလေသာဆိုတဲ့ သမုဒယသစ္စာတွေက (လောင်မီးပါ ဘုရား)။ ပေါ်ပြီနော် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့မှာ အခု ဘာဖြစ်နေသတုန်း ကိုယ့်ကို ပြန်ကြည့်။ လောင်စာနဲ့ မီးလောင် နေတယ် (မှန်ပါ့)။ ဒကာ၊ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာကြီးဟာ ဘာဖြစ်နေသတုန်း (လောင်စာနဲ့ မီးလောင်နေပါတယ် ဘုရား)။

သူက ကိလေသာမီးက ချုပ်ပလား (မချုပ်သေးပါ ဘုရား)။ မချုပ်သေးတော့ မီးက ကျန်ခန္ဓာတွေ မလောင်ဘူးလား (လောင်ပါတယ် ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ဟာ အခု မီးပုံကြီးတွေ မှ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။ ဒါဖြင့် လောင်စာနဲ့ မီးတောက်တုန်းပဲ။ ရိပ်မိပလား (ရိပ်မိပါပြီ)။ တော်တော်ကလေး နိဗ္ဗာန်ပေါ်လာပြီ။ ဒကာ၊ ဒကာမတို့ (မှန်ပါ့)။ တော်တော် မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဪ တို့ခန္ဓာကြီးဟာ ဘယ်ပါလိမ့်မတုန်းဆိုတော့ လောင်စာနဲ့ မီးတဟုန်းဟုန်း တောက်တုန်းပါလား (မှန်ပါ့)။ ဒကာ၊ ဒကာမတွေ ဘာတဲ့တုန်း (လောင်စာနဲ့ မီးတဟုန်းဟုန်း တောက်တုန်းပါပဲ ဘုရား)။

ဒီကို အခုတရားနာလာကြတဲ့ ဒကာ၊ ဒကာမတွေဟာ လောင်စာနဲ့ မီးသိမ်းပလား။ တောက်တုန်းပဲလား (တောက်တုန်း ပါ ဘုရား)။ ကိလေသာမီးကလည်း လောင်လျက်ပဲနော် (မှန်ပါ့)။ ခန္ဓာကြီးကလည်း အလောင်ခံရလျက်ပဲ (မှန်ပါ့)။ လွဲပါ့မလား (မလွဲပါ ဘုရား)။

ခန္ဓာက လောင်စာ ကိလေသာသာမီး (မှန်ပါ့ ဘုရား)။ ခန္ဓာက (လောင်စာပါ ဘုရား)။ ကိလေသာက (မီးပါ ဘုရား)။

ခင်ဗျားတို့ လောင်စာနဲ့ မီးတွဲလျက်ကြီးဖြစ်တုန်းပဲ (မှန်ပါ့)။ အခု တရားနာနေကြတာသည် – ဒကာ၊ ဒကာမတို့ ယောက်ျားတွေလား၊ မိန်းမတွေလား၊ လောင်စာနဲ့ မီးတောက်နေ တာလား (လောင်စာနဲ့မီး တောက်နေတာပါ ဘုရား)။ ဒီကျတော့မှ ဒကာ၊ ဒကာမတွေ ဪ တို့ အလုပ်က တယ်ဆိုးပါ ကလားလို့ နည်းနည်းရိပ်မိတယ်။

ဘယ်သူ လူချမ်းသာပါသေးသတုန်း။ ဒီအထဲမှာ (မပါ, ပါ ဘုရား)။ မီးတောက်နေတာသာ တွေ့ကြတယ် (မှန်ပါ့ ဘုရား)။ ကိလေသာမီးကော ကုန်ကြပလား (မကုန်ပါ ဘုရား)။ လောင်စာ ခန္ဓာကြီးကော ရှိသေးသလား၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။ လောင်စာနဲ့ မီးဟာ ခွဲနေသလား။ တွဲနေသလား (တွဲနေပါတယ် ဘုရား)။

ခန္ဓာကို ဉာဏ်နဲ့ကြည့်ပါ

ဒါဖြင့် ခင်ဗျားတို့ ကိုယ့်ဉာဏ်နဲ့ ကိုယ်ကြည့်စမ်းတဲ့။ ရုပ်ကလေးတွေလည်း ဖျတ်ဆို ပျောက်ပြန်ပြီ။ ဇာတိ ဇရာ မရဏမီးက လောင်ပြန်ပြီကိုးဗျ (မှန်ပါ့)။ ရုပ်ကလေးပေါ်လာလိုက်၊ ဇာတိ ဇရာ မရဏမီးက မလောင်ဘူးလား (လောင်ပါတယ် ဘုရား)။

ဝေဒနာပေါ်လာကာ (လောင်ပါတယ် ဘုရား)။ ဟင်သညာပေါ်လာကာ (လောင်ပါတယ် ဘုရား)။ ဟင် နောက် တစ်ခါ ထင်းပြန်ထည့်ပြန်တော့ကော (လောင်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ လောင်လက်စသတ်ပလား (မသတ် ပါ ဘုရား)။ ဒါဖြင့် လောင်ဆဲပေါ့ (လောင်ဆဲပါ ဘုရား)။ ဘယ်သူတွေပါလိမ့် ဒကာ၊ ဒကာမတို့ (ဇာတိ ဇရာ မရဏပါ ဘုရား)။ ဒီ ဒကာ၊ ဒကာမတွေပဲလို့ ဆိုလိုက်ပါတော့ (မှန်ပါ့ ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ)၊

ဒီ ဒကာ၊ ဒကာမတွေ အခု ဘာဖြစ်နေသတုန်း (မီးလောင်နေပါတယ်။ မီးလောင်နေတုန်းပဲ ဘုရား၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သူ့ဘဝနဲ့သူ လောင်နေတယ်

ဒါ ပုဏ္ဏားကို ဘုရားကမေးတာ၊ ပုဏ္ဏားကို အရှေ့ဘက်က – မီးပုံကြီးတောက်နေတယ်ကွ ကြည့်စမ်း၊ ဘာမီးတုန်း ဆိုတော့ ပုဏ္ဏား က ဒါ ဘုရား တဲ့။ နောက်ချေးလောင်နေရင် နောက်ချေးမီးပေါ့ (မှန်ပါ့)။ သဘောကျပလား (ကျပါတယ် ဘုရား)။

ဝါးလောင်နေရင် (ဝါးမီးပါ ဘုရား)။ မြက်လောင်နေရင် (မြက်မီးပါ ဘုရား)။

ဒီမှာလည်း သူ့ဘဝနဲ့သူ လောင်နေတယ်။ တိရစ္ဆာန်ဆိုလို့ ရှိရင် တိရစ္ဆာန်မီးက လောင်နေတယ်။ သဘောကျပလား (ကျပါပြီ) နောက်ချေးမီးပေါ့ဗျာ (မှန်ပါ့)။ လူဆိုတော့လည်း ဒကာ၊ ဒကာမတို့ လူကိလေသာမီးက မလောင်ဘူးလား (လောင်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတွေ လောင်စာသိမ်း၍ မီးငြိမ်းပလား လို့ မေးလို့ရှိရင် ဘယ့်နှယ် ဖြေကြမလဲ (မငြိမ်းသေးပါ ဘုရား)။ လောင်လျက်ပဲဗျာ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ)။ ‘

လောင်စာနဲ့မီး တွဲလျက်ကြီး

ဒါဖြင့် နောက်ဘဝဆုတောင်းတဲ့ပုဂ္ဂိုလ်လည်း လောင်စာနဲ့မီး တွဲလျက်ကြီးဖြစ်ရပါလို၏။ ရိပ်မိပလား (ရိပ်မိပါပြီ)။ ဒီဘဝ ဘာဖြစ်နေသတုန်း (လောင်နေပါတယ် ဘုရား)။

ဒီဘဝမှာလည်း လောင်စာနဲ့ မီးတွဲလျက်ကြီး ဖြစ်နေကြတာ ပဲ (မှန်ပါ့)။ နောက်ဘဝ ဆုတောင်းပြန်တော့လည်း လောင်စာနဲ့မီး တွဲလျက်ကြီးဖြစ်ရပါလို၏။ မပါဘူးလား (ပါ,ပါတယ် ဘုရား)။

ဒါနိဗ္ဗာန်ကို ပဋိစ္စသမုပ္ပာဒ် သဘောမကျတော့ တောင်းချင် သလို တောင်းနေတယ်။ လောင်စာနဲ့မီးကို သဘောမကျတော့ တောင်းချင်သလို မတောင်းပေဘူးလား (တောင်းပါတယ် ဘုရား)။ အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။ ဒကာ၊ ဒကာမတို့ ကိုယ့်ဖြစ်စဉ်ကိုယ် သိပလား (သိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့၏ ခန္ဓာသည် မီးလောင်ခံနေရ သောကြောင့် ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

မီးက ဘာသစ္စာတုန်း (သမုဒယသစ္စာ ဘုရား)။ မီးစာကြီးက (ဒုက္ခသစ္စာပါ ဘုရား)။ မီးက ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)။ လောင်စာကြီးက (ဒုက္ခသစ္စာပါ ဘုရား)။

ခင်ဗျားတို့ ဒီသစ္စာနှစ်ခု ရှိပါတယ်ဆိုတာ မသေချာဘူး လား (သေချာပါတယ် ဘုရား)။ နိရောဓ၊ မဂ္ဂရပလား (မရသေးပါဘူး ဘုရား)။

ဪ အတော်ကံဆိုးနေကြတယ်။ လောင်စာသိမ်း၍ မီးကိုမငြိမ်းသေးဘူး (မှန်ပါ့)။ ဒကာ၊ ဒကာမ တို့ ဘယ့်နှယ်ဆိုကြမလဲ (လောင်စာနဲ့မီး) လောင်စာသိမ်း၍ မီးငြိမ်းကြပလား (မငြိမ်းသေးပါ ဘုရား)။

လက်သည်ရှာကြစို့

မငြိမ်းအောင် ဘယ်သူလုပ်သတုန်းလို့ မေးဖို့ကော မလိုဘူး လား (လိုပါတယ် ဘုရား)။

ခင်ဗျားတို့ ဆုတောင်းဆိုတဲ့ တဏှာတွေက လုပ်နေတာ။ ဒီဘက်မှာ လောင်စာတွေပေါ်တယ် (မှန်ပါ့)။ ဒီဘက်မီးတွေကော (ပေါ်ပါတယ်)။

ဒါဖြင့် တစ်သံသရာလုံးဟာ ဘယ်လိုလှည့်သတုန်းဆိုတော့ လောင်စာနဲ့ မီးလှည့်တယ်။ ဒကာ၊ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘယ်လိုများလှည့်နေသလဲ (လောင်စာနဲ့မီး လှည့်နေပါ တယ် ဘုရား)။ နိဗ္ဗာန်ဟာ လောင်စာသိမ်း၍ မီးငြိမ်းတဲ့အဖြစ် ရောက်ပလား (မရောက်သေးပါ ဘုရား)။ ကဲ ပေါ်ကြပလား (ပေါ်ပါပြီ)။

ကိုယ့်ခန္ဓာကြီးဟာ လူ့ဘဝအရ တော်လေစွလား၊ လောင်စာနဲ့မီး တွဲလျက်ကြီး ဖြစ်တုန်းပဲလား (လောင်စာနဲ့မီး တွဲလျက်ကြီးဖြစ်တုန်းပါ ဘုရား)။ သိပ်ကြောက်စရာကောင်းပါလား။

သစ္စဉာဏ်နဲ့ဂရုစိုက်စမ်းပါ

ဒါကြောင့် သစ္စဉာဏ် ဂရုစိုက်စမ်းပါ ဆိုတာကော ဒကာ၊ ဒကာမတို့ လေးစားစွာနဲ့ မတိုက်တွန်းထိုက်ဘူးလား (တိုက်တွန်း ထိုက်ပါတယ် ဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။ ကိုင်း ဒါဖြင့် ပုဏ္ဏားကို မေးလိုက်တယ်။

ဟေ့ အရှေ့ဘက်က မီးကြည့်စမ်းကွ၊ ဟုန်းဟုန်း တောက်နေတယ်။ ပုဏ္ဏား ဘာမီးတုန်းကွ။

အို မြက်လောင် မြက်မီးပေါ့ဘုရား။ နောက်ချေးလောင်ရင် (နောက်ချေးမီးပေါ့ ဘုရား)။ ဝါးလောင်ရင် (ဝါးမီးပေါ့ ဘုရား)။

ဘယ်အချိန် မီးငြိမ်းမလဲ

ကဲ ကွာ။ ဒါဖြင့် ဘယ်အချိန်သေမှာတုန်းကွ ပုဏ္ဏားရ။ ပြောစမ်းပါဦးလို့ ဘုရားက မေးတယ်။ လောင်စာကုန်တော့ ပြောင် အောင်ငြိမ်းမှာပေါ့ဘုရား။ မဖြေရပေဘူးလား (ဖြေရပါတယ် ဘုရား)။ မီးဘယ်အချိန် သေကြတုန်း ဒကာ၊ ဒကာမတို့ (လောင်စာကုန်မှသေမှာပါ ဘုရား)။

ခင်ဗျားတို့ကတော့ တစ်ခါတည်း နောက်လူဖြစ်ရပါလို၏ ဆိုတော့ လောင်စာ ထပ်တောင်း နေတာ (မှန်ပါ့)။ သဘောကျ ပလား (ကျပါပြီ)။ ဗြဟ္မာဖြစ်ရပါလို၏ဆိုတော့ကော (လောင် – စာထပ်တောင်းနေတာပါ)။ ပေါ်ကြပလား (ပေါ်ပါပြီ)။

သံသရာရှည်တယ်ဆိုတာ

ဪ ဒါကြောင့် ဒကာ၊ ဒကာမတွေ သံသရာရှည် တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ဟောဒီ ဒကာ၊ ဒကာမတို့ သိတဲ့အတိုင်းတဲ့ ဒါတွေဟာ ဒီဆက်လို့ ရှိရင်ဖြင့်တဲ့။ ဒီတဏှာနဲ့ ဆုတောင်းရင် ဒီခန္ဓာဆိုတဲ့ လောင်စာ ရ၊ မရ (ရပါတယ် ဘုရား)။ သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ဒီတဏှာနဲ့ဆုတောင်း။ ဒီဥပါဒါန်နဲ့ စွဲလမ်း၊ ဒီကံကို အားထုတ်ရင် ဒီလောင်စာ ရ မရ (ရပါတယ် ဘုရား)။ ပေါ်ပလား (ပေါ်ပါပြီ)။

ဒီလောင်စာရှိနေလို့ရှိရင် ဒီလောင်စာထဲမှာ ကိလေသာတွေ က လာမလား မလာဘူးလား (လာပါတယ် ဘုရား)။ လာရင် လောင်ဦးမှာပဲ (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ပုဏ္ဏားကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မေးတယ်။ ဟေ့ ဒီမီးဟာ ဘယ်တော့ ငြိမ်းမှာတုန်းကွဆိုတော့ ပုဏ္ဏားကဖြေတယ်။ လောင်စာကုန်တော့ ငြိမ်းပါလိမ့်မယ်ဘုရား။ ဒကာ၊ ဒကာမတို့ ဘယ်လိုဖြေပါလိမ့် (လောင်စာကုန်တော့ မီးငြိမ်းပါလိမ့်မယ်တဲ့)။

လောင်စာကုန်တော့ ငြိမ်းလိမ့်မယ်ဘုရားလို့ဆိုတော့ ဪ ဟုတ်သားပဲ။ လောင်စာကုန်ရင် ဘာဖြစ်မယ် ထင်ကြသလဲ (မီးငြိမ်းပါမယ်)။ မီးငြိမ်းမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ခန္ဓာရချင်သေးသလား

ဒါဖြင့် ဒကာ၊ ဒကာမတွေ ခင်ဗျားတို့ဟာ ခန္ဓာရချင်လို့ တော်ပါ့မလား (မတော်ပါ ဘုရား)။ ဘာကြောင့်တုန်း လောင်စာဖြစ်နေတယ်။ လောင်စာဖြစ်ခဲ့လို့ ရှိရင် ခန္ဓာထဲမှာ လောင်မီးက ပါတော့မှာပဲ (မှန်ပါ)။ မပါပေဘူးလား (ပါ,ပါတယ် ဘုရား)။

အိမ်ထောင်ကျ သားတွေ၊ သမီးတွေ ကျွေးဖို့ဆိုတဲ့ ကိလေ သာမီးတွေ လာမလား မလာဘူးလား (လာပါတယ် ဘုရား)။ လာရင်လည်း လောင်စာနဲ့မီး ပြန်မတွဲပေဘူးလား (တွဲပါတယ် ဘုရား)။

လောင်စာနဲ့မီးတွဲလျက်ကြီး

ဒါဖြင့် ခင်ဗျားတို့ ဆုတောင်းတာသည် လူ့ပြည်၊ နတ်ပြည် အကြိမ်ကြိမ် ခံစားရပါလို၏။ တောင်းတဲ့ ဒကာ၊ ဒကာမများ လောင်စာနဲ့မီး တွဲလျက်ကြီး အကြိမ်ကြိမ်ဖြစ်ရပါလို၏။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

လောင်စာနဲ့မီး တွဲလျက်ကြီး (အကြိမ်ကြိမ် ဖြစ်ရပါလို ၏။) အကြိမ်ကြိမ်လောင်ရပါလို၏။ မိတ္တဝိန္ဒက ဆုတောင်းတယ်။ ရိပ်မိပလား (ရိပ်မိပါပြီ)။ ဘာဆုတောင်းတုန်း (မိတ္တဝိန္ဒက ဆုပါ)။

မိတ္တဝိန္ဒက,က သူများကို သင်တုန်းစက်က လည်ပင်းဖြတ် နေတာ။ သူ့မှာ ပန်းတွေထင်ပြီး ဒီအဖြစ် ငါရချင်လိုက်တာ ဆိုတာနဲ့ ထူးသေးရဲ့လား (မထူးပါ ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ)။

ကိုင်း ဒါဖြင့် ကိုယ့်ခန္ဓာကြီးမှာ သေသေချာချာ ကြည့်တော့မှ ဪ လောင်စာနဲ့မီး တွဲနေပါလား။ ဒီဝဋ်ဘယ်တော့ ကျွတ်ပါ့မတုန်း ဆိုတာဟာ သစ္စဉာဏ်နဲ့ ကြည့်လိုက်တော့မှ ပေါ်လာတယ်။ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။ မီးက သမုဒယသစ္စာ။ ခန္ဓာကြီးက (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာတွဲနေတယ် (မှန်ပါ့)။ စာလိုသုံးတဲ့အခါကျတော့ ဒုက္ခနဲ့ သမုဒယု မတွဲဘူးလား (တွဲပါ တယ် ဘုရား)။ ပညတ်နဲ့ သုံးလိုက်တဲ့အခါကျတော့ လောင်စာနဲ့မီး ဘယ့်နှယ်နေသတုန်း (တွဲနေပါတယ် ဘုရား)။

ဒါဖြင့် ဒီနှစ်ခုများ သိမ်းရရင် ခင်ဗျားတို့ ကြိုက်, မကြိုက် (ကြိုက်ပါတယ် ဘုရား)။ ဟုတ်ရဲ့လား၊ စဉ်းစားပါဦး၊ စဉ်းစားပါဦး၊ အမြတ်တော်ကြေးရုံးရောက်သလိုပဲ အမွဲချည်းလုပ်မနေနဲ့။ စဉ်းစားပါ ဦး၊ ရိပ်မိပါလား (မှန်ပါ့)။

ဝိပဿနာရှုခိုင်းတာ လောင်စာနဲ့ မီးလောင်တာ အကြည့်ခိုင်းတာ

ကဲ ဒါဖြင့် ဒကာ၊ ဒကာမတို့ အခုခန္ဓာကြီးကို ဝိပဿနာအရှုခိုင်းတာ လောင်စာနဲ့ မီးလောင်နေတာ အကြည့်ခိုင်း တာ (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဝိပဿနာရှုပါ။ ရှုပါဆိုတာ ဘာပါလိမ့် (လောင်စာနဲ့ မီးလောင်နေတာ အကြည့်ခိုင်းတာပါ)။

အဲ ဖြစ်တယ်၊ ပျက်တယ်ဆိုတာက မီးလောင်သလို ဖြစ်ပျက်နေတာ သဘောကျပလား (ကျပါပြီ)။ မီးလောင်တာနဲ့ မပျက်စီးဘူးလား (ပျက်စီးပါတယ်)။ ဇရာ မရဏ မီးနဲ့ ပျက်စီးတာ၊ စိတ်ကလေးမှာလည်း ဇရာ မရဏမီးလောင်တာနဲ့ မပြောင် ဘူးလား (ပြောင်ပါတယ် ဘုရား)။

ဝေဒနာလေးကော (ပြောင်ပါတယ်)။ ဒါဖြင့် ဒကာ၊ ဒကာမတို့ သိတဲ့အတိုင်း မီးနဲ့ လောင်စာကို အကြည့်ခိုင်းတာ (မှန်ပါ့)။

ကိုယ့်ဉာဏ်နဲ့ ကိုယ်ကြည့်၊ ဘာတွေ့ရသလဲ (မီးနဲ့ လောင်စာ တွေ့ရပါတယ်)။ မီးနဲ့ လောင်စာ တွေ့ရတော့ ဪ ကိုယ့်အဖြစ်ဟာ အဖြစ်ကောင်းလား အဖြစ်ဆိုးလား (အဖြစ် ဆိုးပါ)။

ကိုယ့်အဖြစ် အဖြစ်ဆိုးမှန်းသိပါ

အဖြစ်ဆိုးမှန်း ခုမှသိတာပဲ။ နို့မို့ရင် ယောက်ျားဖြစ်ရတာ၊ ကျုပ်ယောက်ျားဖြစ်ချင်တယ်လို့ မိန်းမက ညည်းချင် ညည်းနေတာ။ အဖြစ်ဆိုးမှန်း မသိတာ (မှန်ပါ့)။ မိန်းမတွေကလည်း ကျုပ်တို့ အဖြစ်နဲ့ ကျုပ်တို့ ကျေနပ်ပါတယ်ဆိုတာကော အဖြစ်ဆိုးမှန်း သိလို့ လား၊ အဖြစ်ဆိုးမှန်းမသိလို့လား (အဖြစ်ဆိုးမှန်း မသိလို့ပါ ဘုရား)။

ဒါဖြင့် လောင်စာနဲ့မီး မြင်ကိုမြင်သေးရဲ့ လား (မမြင်ပါ ဘုရား)။ ဒါဖြင့် ဒကာ၊ ဒကာမတို့ ပုဏ္ဏားကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မေးလိုက်တယ်။

လောင်စာမရှိတော့ ဒီမီးက ဘာဖြစ်သွားမတုန်း

ဟေ့ အဂ္ဂိဝစ္ဆပုဏ္ဏား၊ လောင်စာတွေ မရှိတော့ ဒီမီးဘာဖြစ်မတုန်းကွ၊ ခင်ဗျားတို့ ဖြေကြစမ်း (ငြိမ်းပါတယ် ဘုရား)။

ဪ လောင်စာမရှိတော့ ဘာဖြစ်သွားမယ် (ငြိမ်းသွားပါတယ် ဘုရား)။ ငြိမ်းတော့ ဒီကကြည့်တဲ့ပုဂ္ဂိုလ်မှာ နဂိုက မျက်စိထဲမှာ အင်မတန်ဆိုးဝါးနေတယ်။ သစ္စာမျက်လုံးနဲ့ကြည့်လိုက် တော့ လောင်စာနဲ့မီး ကိုယ့်ခန္ဓာမှာ မမြင်ဘူးလား (မြင်ပါတယ်)။

အဲဒီသစ္စာနဲ့ကြည့်တဲ့ သူ့စိတ်ထဲ ဘယ်လိုပေါ်မယ် ထင်ကြ သလဲ။ ဒီမီးနဲ့ လောင်စာတော့ သိမ်းမှပဲဟေ့ လာမလား မလာဘူးလား (လာပါတယ်)။ ဉာဏ်က တစ်ဖက်ထား၊ လောင်စာနဲ့မီးကို တစ်ဖက်ထား။

ဒကာ၊ ဒကာမတို့ နိဗ္ဗာန်ဟောနေတယ်။ ဉာဏ်က တစ်ဖက်ကထားပါနော် (မှန်ပါ့)။ လောင်စာနဲ့မီးကို (တစ်ဖက် ကထားပါ)။ ကဲ ဒကာ၊ ဒကာမတွေက ကြည့်စမ်း၊ ကိုယ့်ခန္ဓာကြီး နဲ့ ဉာဏ်နဲ့ ကြည့်လိုက်တော့ ဉာဏ်က ဘေးကနေကြည့်၊ ခန္ဓာကြီး က လောင်မီးလောင်နေတယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ)။ ခန္ဓာ ကြီးက ဘယ့်နှယ်ဖြစ်နေတုန်း (လောင်မီးလောင်နေပါတယ်)။

အဲဒီတော့ ကိုယ့်ခန္ဓာကိုယ်ကြည့်ပြီးသကာလ ဒီအဖြစ် ကြိုက်၊ မကြိုက် (မကြိုက်ပါ ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ဒီအဖြစ်ကြိုက်သေးရဲ့လား (မကြိုက်ပါ ဘုရား)။

သေသေချာချာ ဒီမဂ်ဉာဏ်နဲ့ကြည့်လိုက်တော့ပေါ့ဗျာ ဝိပဿနာမဂ်နဲ့ပဲ ကြည့်ကြည့်၊ သစ္စဉာဏ်နဲ့ပဲ ကြည့်ကြည့်၊ ကြိုက်သေးရဲ့ လား (မကြိုက်တော့ပါ ဘုရား)။

ဘာကြောင့် မကြိုက်တာပါလိမ့် (မီးလောင်နေတာ မြင်လို့) သဘောပါလား (ပါ, ပါပြီ)။ ဒါဖြင့် ဒီပုဂ္ဂိုလ်ဟာ မီးငြိမ်းတာ ကြိုက်မလား မကြိုက်ဘူးလား (ကြိုက်ပါတယ် ဘုရား)။

မီးငြိမ်းရင်တော့ ကောင်းမှာပါ

ဒီမှာ နိဗ္ဗာန်လေး နည်းနည်းပေါ်လာတယ်။ ဪ မီးငြိမ်းရင်ဖြင့် ကောင်းတော့မှာပဲ။ မလာသေးဘူးလား (လာပါ တယ် ဘုရား)။

ထင်းသိမ်းရင်ကော (မီးငြိမ်းမှာပဲ)။ အင်း ထင်းသိမ်း လို့ ရှိရင်လည်း ကောင်းမှာပဲ။ မီးငြိမ်းရင်ကော (ကောင်းမှာပဲ)။

အဲဒါ ဘာသဘောကျသတုန်းဆိုတော့ ထင်းရော၊ မီးရော မကြိုက်တော့ ဒကာ၊ ဒကာမတို့ အေးချမ်းမှုကို သူကြိုက်တယ်။ ဘာကြိုက်တုန်း (အေးချမ်းမှုကို ကြိုက်ပါတယ် ဘုရား)။

အေးချမ်းမှုက နိဗ္ဗာန်

ဒါဖြင့် သူကြိုက်တဲ့အေးချမ်းမှုက နိဗ္ဗာန်၊ သဘောကျ ပလား (ကျပါပြီ)။ သူကြိုက်နေတဲ့ ဉာဏ်က မဂ်ဉာဏ် မဖြစ်ပေ ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဖိုလ်ဉာဏ်ကော (ဖြစ်ပါတယ်)၊ ပစ္စဝေက္ခဏာဉာဏ်ကော (ဖြစ်ပါတယ်)။

ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်မတုန်းဆိုတော့ မီးမတွေ့သေး တဲ့ ပုဂ္ဂိုလ်၊ လောင်စာနဲ့မီး တွဲလျက်ကြီးကို မသိသေးတဲ့ ပုဂ္ဂိုလ်က ဒကာ၊ ဒကာမတို့ သစ္စာ မသိသေးလို့ ကြိုက်နေတာ။ သစ္စာသိတော့ ဒီဥစ္စာကြီးက စွန့်ပစ်ချင်တဲ့ဉာဏ် လာမလား (လာပါတယ်)။

လောင်စာနဲ့မီး တွဲလျက်ကြီး မြင်တဲ့အခါကျတော့ မလာပေ ဘူးလား၊ လာမလား (လာပါတယ် ဘုရား)။

တဏှာလား၊ ဉာဏ်လား

စွန့်ပစ်ချင်တာလေ (မှန်ပါ့)။ လာမယ် မဟုတ်လား (လာပါတယ် ဘုရား)။ အဲဒီတော့ ခန္ဓာထဲမှာ စွန့်ပစ်ချင်တဲ့ သဘောလာတော့ ဒကာ၊ ဒကာမတို့ တဏှာလား၊ ဉာဏ်လား (ဉာဏ်အမြင်ပါ ဘုရား)။

အဲ ဉာဏ်အမြင် မြင်လိုက်တဲ့အခါကျတော့ ဒကာ၊ ဒကာမတို့ ခုနကပြောတဲ့ လောင်စာနဲ့ မီးမလိုချင်တော့ဘူး။ ရှေ့တွင် ပဲ ပျောက်သွားတယ် (မှန်ပါ့)။ ရှေ့တွင် ပျောက်ရမယ်။ မလိုချင် တဲ့ ဉာဏ်အသစ် လာရင် ဘာတုန်း (ရှေ့တွင် ပျောက်ပါတယ်)။

လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်

လောင်စာနဲ့မီး ဘာဖြစ်ရမလဲ (ပျောက်ရပါမယ်)။ ရှေ့တွင် ပျောက်သွားတော့ အားထုတ်နေတဲ့ ပုဂ္ဂိုလ်က ဪ ခုမှ နေရာကျပေတယ်ဆိုတာ လာမလား မလာဘူး လား (လာပါတယ်)။ ဘာကို သူဉာဏ်နဲ့ မြင်လို့ပါလိမ့်။ လောင်စာသိမ်း၍ မီးငြိမ်းတာ မြင်သောကြောင့် သဘောကျသွား တယ် (ကျသွားပါတယ်)။ လောင်စာသိမ်း၍ မီးငြိမ်းတာက နိဗ္ဗာန် (မှန်ပါ့ ဘုရား)။

သဘောကျတာက မဂ်ဉာဏ် ဖိုလ်ဉာဏ် (မှန်ပါ့ ဘုရား)။ သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

လောင်စာသိမ်း၍ မီးငြိမ်းတာက (နိဗ္ဗာန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ကဲ မြင်တာက ဘာတုန်း (မဂ်ဉာဏ် ဖိုလ်ဉာဏ် ပါ)၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ် ဆိုတော့ နိဗ္ဗာန်သည် ရှိသလား မရှိဘူးလား မေးတော့ လောင်စာသိမ်း၍ မီးငြိမ်းတဲ့သဘော ရှိတယ် ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

နိဗ္ဗာန်သည် (လောင်စာသိမ်း၍ မီးငြိမ်းတဲ့သဘော ရှိပါတယ်)။ လောင်စာသိမ်း၍ မီးငြိမ်းတဲ့ သဘောရှိတာ ဘာခေါ်ကြ မလဲ (နိဗ္ဗာန်လို့ ခေါ်ပါတယ်)။ အဲဒါကို ရှုနေတဲ့ဉာဏ်၊ မြင်တဲ့ ဉာဏ် ဘာခေါ်ကြမလဲ (မဂ်ဉာဏ် ဖိုလ်ဉာဏ် ခေါ်ပါတယ်)။ မဂ်ဉာဏ် ဖိုလ်ဉာဏ် (မှန်ပါ့)။ သဘောပါပလား (ပါ,ပါပြီ)။

နိဗ္ဗာန်လိုချင်ရင် ခန္ဓာကိုမလိုချင်တဲ့ဉာဏ်နဲ့

ဒါဖြင့်နိဗ္ဗာန်လိုချင်လို့ ရှိရင် လောင်စာနဲ့မီးတွဲလျက်ကြီးကို မြင်အောင်ကြည့်ပြီး သူ့ကို မလိုချင်မှ ရှေ့ပိုင်းက လောင်စာနဲ့မီးသိမ်း သွားမယ်။

သိမ်းတော့မှ ဒီနေရာမှာ အေးချမ်းတာ ပေါ်မလာသေးဘူး လား (ပေါ်လာပါတယ်)။ ပေါ်လာတော့ အေးချမ်းတာက ဘာသစ္စာ (နိရောဓသစ္စာပါ) အေးချမ်းမှန်းကို သိတာက (မဂ္ဂသစ္စာ) အဲဒီလို အားထုတ်ရမယ်။ သဘောကျပလား (ကျပါပြီ)။

ကဲ တစ်ခါ ပုဏ္ဏားပဲ ပြန်ဆက်လိုက်ပါဦးတဲ့။ ဘယ့်နှယ် ဒီနေ့ည တရားက ဒီမှာတင် စခန်းသတ်ရမှာ ဖြစ်နေလို့၊ ဟေ့ ပုဏ္ဏား ( ဘုရား) လောင်စာကုန်တဲ့အခါကျတော့ မီးရှိသေးရဲ့ လားကွ (မရှိပါ)။ ဒါဖြင့် ဘုရားက အဲဒီမီး ဘယ်သွားတုန်းကွ။ မေးပြန်တယ်။ ဒကာ၊ ဒကာမတို့ ဒီမီးဘယ်သွားတယ်လို့ ခင်ဗျားတို့ ဖြေကြမတုန်း (လောင်စာမရှိလို့ ငြိမ်းသွားပါတယ်)

လောင်စာသိမ်း၍ မီးငြိမ်းတာပဲရှိတယ် (မှန်ပါ့)။ ဘယ်သွားသေး သတုန်း (ဘယ်မှ မသွားပါ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ကိလေသာသိမ်း၊ ခန္ဓာသိမ်းတဲ့ ပုဂ္ဂိုလ်သည် ငြိမ်းတဲ့သဘောသာ ရောက်သွားတယ်။ ဘယ်မှ မသွား ဘူး (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါပြီ)။ ငြိမ်းတဲ့သဘော သာ (ရောက်သွားပါတယ် ဘုရား)။ ဘယ်သွားသေး သတုန်း (ဘယ်မှမသွားပါ)။

ဒါဖြင့် ပုဏ္ဏားက ဘယ်သွားသတုန်း။ မသွားဘဲ နေသလား ဆိုတော့ ဖြေဖို့လိုသေးသလား (မလိုပါ ဘုရား)။ လောင်စာသိမ်း၍ မီးငြိမ်းတာ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ခေါ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ကိုယ့် ခန္ဓာကြီးက ဘာနဲ့ တွဲနေ သတုန်း (လောင်စာနဲ့မီး တွဲနေတယ် ဘုရား)။ အဲဒါတွေကို ကျုပ်တို့က မလိုချင်တဲ့ဉာဏ်နဲ့ -ရူလိုက်စမ်း၊ ဒါတွေ ပျောက်မသွား ပေဘူးလား (ပျောက်သွားပါတယ် ဘုရား)။ ပျောက်သွားတော့ ဪ ကိုယ့်အတွက်ဖြင့် အေးပေပေါ့ဆိုတာ လာမလား၊ မလာ ဘူးလား (လာပါတယ် ဘုရား)။

နိဗ္ဗာန်ရှိ မရှိ

အဲ ဘုရားဖြစ်စမှ သူနိဗ္ဗာန်မရောက်ခင် ဪ ငါ့မှာဖြင့် လောင်စာသိမ်း၍ မီးငြိမ်းလို့ အေးပြီဆိုတဲ့ ဥစ္စာသူ့ဟာသူ မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။

အဲ သူမြင်ရတာက နိဗ္ဗာန်၊ မြင်တာက လောင်စာ သိမ်း၍ မီးငြိမ်းတဲ့နေရာက ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)။

သူမြင်တာက (ဉာဏ်ပါ)။ ဒီလိုဆိုတော့ ဉာဏ်၊ နိဗ္ဗာန် ရှိသလား မရှိဘူးလား (ရှိပါတယ် ဘုရား)။ ခုနက လောင်စာ သိမ်း၍ မီးငြိမ်းတဲ့နေရာရှိတာပေါ့ (မှန်ပါ့)။ သဘောပါလား (ပါ, ပါပြီ)။

နိဗ္ဗာန်ဘယ်မှာရှိ

လောင်စာနဲ့ မီးတောင် ဒီနေရာမှာ ရှိသေးတာကိုးဗျ။ ဒီနေရာမှာပဲ သိမ်းရမယ် (မှန်ပါ့)။ သဘောပါပလား (ပါ,ပါပြီ)ဒီနေရာမှာ လောင်စာသိမ်း၍ မီးငြိမ်းတော့ ဒီနေရာ ဘာခေါ် ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။ မြင်တာက (ဉာဏ်ပါ ဘုရား)။ မဂ်ဉာဏ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။ ဖိုလ်ဉာဏ်လို့ကော (ဆိုနိုင်ပါတယ်)။ ပစ္စဝေက္ခဏာဉာဏ်လို့ကော (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒီဉာဏ်သည် ဒကာ၊ ဒကာမတို့ ဘာကို မြင်သတုန်းမေးတော့ (မီးငြိမ်းတာမြင်တာပါ ဘုရား)။ သဘောပါလား (ပါ, ပါပြီ)။ ဒါဖြင့် အေးချမ်းတာမြင်တာ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။

ဒါဖြင့် အေးချမ်းတာသည် သန္တိလက္ခဏာရှိတဲ့ နိဗ္ဗာန်ပေါ်ပ လား (မှန်ပါ့၊ ပေါ်ပါပြီ ဘုရား)။

မြင်တာက မဂ်ဉာဏ် (မှန်ပါ့၊ မဂ်ဉာဏ်ပါ ဘုရား)။ အေးချမ်းတဲ့နေရာက (နိဗ္ဗာန်ပါ ဘုရား)။ နိဗ္ဗာန် နော်။

အေးချမ်းတဲ့နေရာက (နိဗ္ဗာန်)၊ သေသေချာချာဖြေပါ။ အေးချမ်းတဲ့နေရာက (နိဗ္ဗာန်ပါ ဘုရား)။ အေးချမ်းတာကို သိနေတာက (မဂ်ဉာဏ်ပါ ဘုရား)။

ဒါဖြင့် အေးချမ်းတဲ့နေရာ ရှိ၊ မရှိ (ရှိပါတယ် ဘုရား) ဒါဖြင့် အဲဒီနိဗ္ဗာန် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။

နိဗ္ဗာန်၏ လက္ခဏရသပစ္စုပဋ္ဌာန်

ဒါဖြင့် ‘‘သန္တိလက္ခဏံ နိရောဓသစ္စံ၊’’ နိရောဓသစ္စံ= အေးချမ်း တဲ့ နေရာကလေးသည်၊ သန္တိလက္ခဏံ= ငြိမ်ငြိမ်သက်သက် သဘော သတ္တိရှိ၏။ အစ္စုတိရသံ တဲ့။ သူသည်ကားလို့ ဆိုရင် ဒကာ၊ ဒကာမတို့ ရွှေ့ပြောင်းတဲ့သဘောရှိသေးရဲ့လား (မရှိပါ ဘုရား)။ အနိမိတ္တပစ္စုပဋ္ဌာနံ တဲ့၊ လုံးရပ် သဏ္ဌာန်ကော မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။ လုံးရပ်သဏ္ဌာန်ရှိရင် ကွဲဦးမှာကိုးဗျ (မှန်ပါ့ ဘုရား)။ သဘောကျပလား (က ပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဟာ ရှိသေးရဲ့ လား၊ မရှိဘူးလားမေးတော့ ဘယ့်နှယ်ဖြေမယ် (ရှိပါတယ် ဘုရား) ရှိလို့ပေါ့ဗျ။

မြင်နိဗ္ဗာန်

ဪ ကိုယ့်အတွက်ဖြင့် အေးပေပေါ့ (မှန်ပါ့)။ သူမြင်လို့ ပြောတာလား၊ မမြင်လို့ ပြောတာလား (မြင်လို့ ပြောတာပါ ဘုရား)။ ဒါဖြင့် မြင်စရာရှိလို့ မြင်တယ် (မှန်ပါ့)။

လောင်စာသိမ်း၍ မီးငြိမ်းတဲ့နေရာ ဘာခေါ်မယ် (နိဗ္ဗာန်ပါ)၊ ကိုယ့်အတွက် အေးပေပေါ့ဆိုတာ ဘာပါလိမ့် (မဂ်ဉာဏ်ပါ ဘုရား)။

မဂ်ဉာဏ်ဆိုတော့ ဒကာ၊ ဒကာမတို့ မသေချာသေးဘူး လား (သေချာပါတယ် ဘုရား)။ ဒါဖြင့် နိဗ္ဗာန်ဟာ ဘာပါလိမ့် မလဲလို့ မေးတော့ လောင်စာသိမ်း၍ မီးငြိမ်းရာ ဌာနကို နိဗ္ဗာန်လို့ ခေါ်ပါတယ်။ ရှင်းပလား (မှန်ပါ့)။ လောင်စာသိမ်း၍ မီးငြိမ်းရာ ဌာနကို ဘာခေါ်မယ် (နိဗ္ဗာန်ပဲလို့ ခေါ်ပါတယ်)။ ရှိသလား၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။

မီးရှိရင် အေးတဲ့နေရာလည်းရှိပါတယ်

မီးရှိရင် အေးတဲ့နေရာ ရှိတာပဲ။ သဘောကျပလား (ကျပါပြီ)။ မီးလောင်တဲ့နေရာ ရှိလို့ ရှိရင် မီးငြိမ်းတဲ့ နေရာကော (ရှိပါတယ် ဘုရား)။ ဒါဖြင့် မီးလောင်တဲ့နေရာက ဒုက္ခ၊ သမုဒယ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မီးငြိမ်းတဲ့နေရာ နိရောဓ။ မြင်တာက မဂ္ဂ (မှန်ပါ့)။ သဘောပါပလား (ပါ, ပါပြီ)။

အဲဒီလို ဘုရားက ဖြေပြီးတော့ ဟေ့ ပုဏ္ဏား မီးလည်းကုန်ပြီကွာ။ လောင်စာကုန်သွားပြီကွ။

လောင်စာကုန်တော့ မီးမငြိမ်းဘူးလား။ ငြိမ်းတယ်။ အဲဒီငြိမ်း တဲ့မီး ဘယ်သွားတုန်း။ မင်းပြောစမ်း၊ ဘုရားကမေးပြီ (မှန်ပါ့)။

အဲဒီတော့ တပည့်တော် ဖြေစရာမရှိဘူးတဲ့။ လောင်စာ သိမ်း၍ မီးငြိမ်းလို့ အေးချမ်း သွားတယ်လို့ပဲ ဆိုရမှာပဲ။ သဘောပါ လား (ပါ, ပါပြီ)။ ဘယ်လိုပါကြလိမ့် (လောင်စာသိမ်း၍ မီးငြိမ်းလို့ အေးချမ်းသော သဘောရှိပါတယ်) အေးချမ်းသွားတဲ့ သဘောလည်း သူမတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။

ဒါဖြင့် အေးချမ်းတာက နိဗ္ဗာန်၊ ရှင်းပလား (ရှင်းပါ ပြီ)။ အေးချမ်းတာ သိတာက မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် (မှန်ပါ့)။ ဒါဖြင့် နိဗ္ဗာန် ရှိ၊ မရှိ (ရှိပါတယ် ဘုရား)။ ဒါဖြင့်

“နိဗ္ဗာန်နံ အတ္ထိ ဘိက္ခဝေ” ဘုရားက

ဘိက္ခဝေ၊ ရဟန်းတို့၊ နိဗ္ဗာနံ၊ နိဗ္ဗာန်သည်၊ အတ္ထိ ရှိ၏။

နိဗ္ဗာန်သည် ငြိမ်းအေးတဲ့သဘောရှိ

ဘယ်လိုရှိသတုန်းဆိုတော့ ရုပ်သဘော၊ နာမ်သဘော ရှိသလားဆိုတော့ ငြိမ်းအေးတဲ့သဘော ရှိတယ်။ ပေါ်ကြပလား (ပေါ်ပါပြီ)။ ဘယ်သဘောရှိပါလိမ့် (ငြိမ်းအေးတဲ့သဘောရှိပါ တယ်)။

နဂိုက ဘာသဘောရှိလို့ ဒီစကား ထွက်လာပါလိမ့်၊ နဂိုက ပူလောင်တဲ့ သဘောသတ္တိရှိတယ်။ အဲဒါတွေ အခုရှိသေးရဲ့ လား (မရှိပါ ဘုရား) မလိုချင်တဲ့ပုဂ္ဂိုလ်မှာ ဘာတွေ တွေ့ ရသလဲ (ပူလောင်တဲ့သဘော)။ ပူလောင်တာတွေရှိသေးရဲ့ လား (မရှိပါ ဘုရား)။ ဘာတွေ တွေ့ရသလဲ အေးချမ်းတဲ့ သဘော တွေ့ရပါ တယ် ဘုရား)။

ဒါဖြင့် အေးချမ်းတဲ့သဘောက နိဗ္ဗာန် (မှန်ပါ့)။ ကိုယ့် အကြိုက်က မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မပေါ်သေးဘူးလား (ပေါ်ပါပြီ)။ ဒါဖြင့် မီးရှိလို့ ရှိရင် မီးငြိမ်းရာရှိတယ်။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

မီးရှိလို့ ရှိရင် (မီးငြိမ်းရာရှိပါတယ် ဘုရား)။ ဒါဖြင့် မီးရှိတာက ဒုက္ခသစ္စာ။ မီးငြိမ်းတာက (နိရောဓသစ္စာပါ)။ ဒါဖြင့် ရှိ, မရှိ (ရှိပါတယ် ဘုရား)။

ခင်ဗျားတို့ပဲ ရှို့ကြည့်စမ်းပါ။ ဒီနေရာ မီးပုံလေး တစ်ပုံရှို့ ကြည့်၊ မီးရှိနေတာက ဘာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။ ဟ ဒီနေရာ မီးမရှိတော့ဘူးလို့ ဒကာ၊ ဒကာမတွေ ဒီအိမ်သား တွေက မြင်လိုက်လို့ ရှိရင် ခုမှ စိတ်အေးသွားတယ် (မှန်ပါ့)။

နဂိုက ဒီလှေကားရင်း မီးလောင်နေတာကိုး။ သဘောကျပ လား (ကျပါပြီ)။ ဒီမီးကလေးက ကပျာကယာ ရုတ်တရက်နဲ့ ငြိမ်းသွားတယ် (မှန်ပါ့)။

ငြိမ်းသွားတော့ အိမ်သားတွေက ဒီနေရာလေး သွားကြည့် ပြီးတော့ ဘယ့်နှယ်ဆိုမတုန်း (ခုမှ ငြိမ်းအေးသွားတယ်)။ ခုမှပဲ ကျုပ်ဖြင့် စိတ်အေးသွားတယ်ဆိုတော့ ဒီနေရာကော ရှိ၊ မရှိ (ရှိပါတယ် ဘုရား)။ မီးလောင်တာလည်း (ဒီနေရာ) မီးသိမ်းတာကော (ဒီနေရာ)။

ဒါဖြင့် နိဗ္ဗာန်သည် ရှိသလား၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။ ဒါကြောင့် “အတ္ထိ ဘိက္ခဝေ အဇာတံ အဘူတံ’’(ဥဒါန်းပါဠိတော်၊၁၇၈) လို့ သေသေချောချာ ဟောတာ၊ နိဗ္ဗာန် သေသေချာချာ ရှိတယ်ကွ၊ သဘောပါကြ ပလား (ပါ, ပါတယ် ဘုရား)။

အကောင်အထည် ဒြပ်သဘောနဲ့ ရှိသလား၊ ငြိမ်းအေးတဲ့ သဘောပဲရှိသလား (ငြိမ်းအေးတဲ့ သဘော ရှိပါတယ် ဘုရား)။

ဒါဖြင့် ငြိမ်းအေးတဲ့ သဘောက နိဗ္ဗာန်၊ သိတာက မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ် ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

အဲဒီတွင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို ပုဏ္ဏားက လျှောက်တယ်။ အရှင်ဘုရားတဲ့ ဤမြို့နားမှာ အင်ကြင်းပင်ကြီး တစ်ပင် ရှိတယ်ဘုရား။ အင်ကြင်းပင်ကြီးတစ်ပင်ရှိပြီး သကာလ အင်ကြင်းပင်ကြီးက လဲသွားတယ်။ သုံးနှစ်လောက်နေတော့ အခွံတွေ ရော၊ အကာတွေရောပျောက်ပြီး ကျောက်ချည်း ကျန်နေရစ်တာကို ဘုရာ့။ အင်ကြင်းပင်က ကျောက်ဖြစ်တယ်။

အရှင်ဘုရား ဟောတော်မူတဲ့ တရားဟာ နောက်ဆုံးပိတ် ကျတော့ အနှစ်ချည်း ကျန်ရစ်နေတာကိုးလို့ သူက သေသေချာချာ ချီးမွမ်းတယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ကော နိဗ္ဗာန်သဘောကျပလား (ကျပါ ပြီ)။ မီးလောင်တာသိမ်းလို့ ရှိရင် ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။

မီးလောင်တာလည်း ရှိတာပဲ။ မီးငြိမ်းတာလည်း ရှိတာပဲ (မှန်ပါ့)။ ဒီနှစ်ခုကို သခင်ဝတင် ဘယ်ဟာ မရှိဘူးလို့ ဆိုလို့ရရဲ့ လား (မရပါ ဘုရား)။

မီးလောင်တာရှိလို့ရှိရင် မီးသိမ်းတာကော (ရှိပါတယ်)။ မီးသိမ်းတာက ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ) မီးလောင်နေတာကို ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။ မီးလောင်သိမ်းသွားတာကို (နိရောဓသစ္စာပါ ဘုရား)။

အဲဒီတော့ ခန္ဓာကိုယ်ကြီးကို မီးလောင်သိမ်းအောင် လုပ်ပစ် လိုက်ပါ ရှင်းပလား (ရှင်းပါပြီ)။ ဒီတော့ ဒီနေရာမှာပဲ နိဗ္ဗာန် မလာပေဘူးလား (လာပါတယ်)။ ဘယ်သွားသေးသတုန်း (ဘယ်မှမသွားပါ ဘုရား)။

ဒါဖြင့် တဏှာ မာန ဒိဋ္ဌိချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားတုန်းပေး တော့ ဒကာ၊ ဒကာမတို့ မီးသေတာပဲ။ ဒီလောင်စာကော ရှိသေးရဲ့ လား (မရှိပါ ဘုရား)။ လောင်စာမရှိရင် မီးငြိမ်းတာကို ဘာခေါ် ကြမယ် (နိဗ္ဗာန်ခေါ်ပါတယ် ဘုရား)။

ဒါဖြင့် သမုဒယသိမ်း၍ ဒုက္ခ မလာတာ ဘာခေါ်မယ် (နိဗ္ဗာန်ခေါ်ပါတယ်)။ ဒါဖြင့် ပဋိစ္စသမုပ္ပာဒ် နားလည်မှ နိဗ္ဗာန် နားလည် မယ် (မှန်ပါ့)။ သို့မဟုတ်ရင် နားလည်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။