302

နိဗ္ဗာန်မသိရင် ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်

အသံဖိုင်ခေါင်စဉ်= နိဗ္ဗာန်အကြောင်းရှင်းပြပုံ

စာအုပ်ခေါင်းစဉ်= နိဗ္ဗာန်မသိရင် ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့၌ ဟောကြားဆုံးမတော်မူသော

နိဗ္ဗာန်မသိရင် ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်

၁၁-၇-၆၂ ရက်နေ့ (ည)

ဒကာ၊ ဒကာမတွေ ဒီနေ့ နိဗ္ဗာန်ကို ဟောလိမ့်မယ်။ ဒီနေ့ ဘာဟောမှာပါလိမ့် (နိဗ္ဗာန်ကို ဟောမှာပါ ဘုရား)။ နိဗ္ဗာန်ကို ဟောလိမ့်မယ်လို့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ မှတ်ထားကြပါ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်မသိရင် ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်

နိဗ္ဗာန်မသိရင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပါတယ် (မှန်ပါ့)။ နိဗ္ဗာန် မသိရင် (ဥစ္ဆေဒ ဒိဋ္ဌိပါ ဘုရား)။ သေသေချာချာ မှတ်ပါ။ နိဗ္ဗာန် မသိရင် (ဥစ္ဆေဒ ဒိဋ္ဌိပါ ဘုရား)။

ဒါဖြင့် ဗုဒ္ဓဘာသာရယ်လို့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ လုပ်နေကြတယ်။ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲလို့ တွေးလိုက်တဲ့အ ခါကျတော့ ရုပ်နာမ်တွေ ကုန်သွားတာ နိဗ္ဗာန်လို့သိကြတယ်။ တဏှာ တွေ ကုန်သွားတာ နိဗ္ဗာန်လို့ သိကြတယ်။ တဏှာကုန်လည်း ဘာမှမရှိဘူး။ ရုပ်နာမ် ကုန်တော့လည်း ဘာမှမရှိဘူး (မှန်ပါ့)။

ဪ ဘာမှမရှိတာ နိဗ္ဗာန်လို့ ယူလိုက်ပြန်လို့ရှိရင်လည်း ဥစ္ဆေဒဒိဋ္ဌိဘက် သွားပါတယ် (မှန်ပါ့)၊ မသွားကြဘူးလား (သွား ပါတယ် ဘုရား)။ ဉာဏ်နားနဲ့ ထောင်ပါ၊ ဒကာ၊ ဒကာမတို့ နိဗ္ဗာန် ဟောရတော့မယ် ဆိုတော့ ဘုန်းကြီးများ အထူးပဲ ရင်လေးပါတယ်။ နိဗ္ဗာန်ဟောရတော့မယ်ဆိုလို့ ရှိရင် ရင်လေးပါတယ်။

ဘာကြောင့် ရင်လေးပါလိမ့်မတုံးဆိုတော့ ဒကာ၊ ဒကာမ တွေ သိ ကတဲ့ နိဗ္ဗာန်က မြို့ကြီး ပြကြီးလို့ သိထား ပြန်တော့လည်း သဿတဒိဋ္ဌိ (မှန်ပါ့)။ မြို့ကြီး ပြကြီးလို့ သိထားပြန်တော့ ဘယ့်နှယ်ဖြစ်နေတုံး (သဿတဒိဋ္ဌိပါ ဘုရား)။

မြို့ကြီးပြကြီးဆိုတာ ခိုင်တယ် မြဲတယ်ကိုး။ ခိုင်တယ်မြဲ တယ်ကို မြို့ကြီးပြကြီးအနေနဲ့ ဟောလိုက်ပြန်လို့ရင်လည်း သဿတ ဒိဋ္ဌိဘက် ဒကာ၊ ဒကာမတွေ ဉာဏ်ပြေးသွားတယ်။ သဘောပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။

စဉ်းစားနားထောင်ပါ

စဉ်းစားနားထောင်ပါ။ မြန်မြန်ပြောလို့လည်း မရဘူး၊ ခက် လွန်းလို့နော် (မှန်ပါ့)။ တစ်ခါ ခုနင်ကလို ရုပ်ရော နာမ်ရောမရှိတာ နိဗ္ဗာန်လို့ ယူလိုက်ပြန်တော့လည်း ဘာမှမရှိတာ နိဗ္ဗာန်ဖြစ်ပြန် တော့လည်း ဥစ္ဆေဒဒိဋ္ဌိ ဘက်သွားတယ် (မှန်ပါ့)။ ပေါ်ကြ (ပေါ်ပါပြီ ဘုရား)၊ ဦးညွန့် ပေါ်ရဲ့ လား (ပေါ်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ၊ ဒကာမတို့ ဘယ်လောက်အပြောခက် မယ်ဆိုတာ သခင်ဝတင်တို့ ပေါ်ရောပေါ့ (မှန်ပါ့)။ မခက်ပေဘူးလား (ခက်ပါတယ် ဘုရား)။ ဉာဏ်နားနဲ့ ထောင်ကြည့်စမ်းပါ။ စကားခင်းကတည်းက အတော်ခက်ပါတယ် (မှန်ပါ့)။ နိဗ္ဗာန်မြို့ကြီး ပြကြီးလို့ ယူလိုက်ပြန်လို့ ရှိရင်လည်း ဒကာ၊ ဒကာမတွေ ဘာဒိဋ္ဌိ ဘက်သွားတုံး (သဿတဒိဋ္ဌိဘက် သွားပါတယ် ဘုရား)။

နိဗ္ဗာန်နဲ့ ဒိဋ္ဌိနဲ့ဆိုတာကလည်း အင်မတန် နီးပါတယ်။ ဉာဏ် မသက်ရောက်လို့ရှိရင် အင်မတန် နီးပါတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

နိဗ္ဗာန်သည် ဆရာတွေ သမားတွေက ဟောပြန်ပါတယ်။ နိဗ္ဗာန်ဆိုတာကွာ ခန္ဓာသိမ်း နိဗ္ဗာန်၊ တဏှာသိမ်းနိဗ္ဗာန် ဆိုတော့ တဏှာရော ခန္ဓာရော မရှိတာ နိဗ္ဗာန်လို့ ယူလိုက်ပြန်တော့ ဒကာ၊ – ဒကာမတွေက ဘာမှမရှိတဲ့ဘက် ရောက်သွားတယ်။ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဘာမှမရှိတဲ့ဘက် ရောက်သွားပြန်တော့လည်း နိဗ္ဗာန်ဆိုတာ ဘာမှမရှိဘူးဟေ့ ဆိုတော့လည်း ဘာဒိဋ္ဌိဘက် ပြေးသလဲ (ဥစ္ဆေဒ ဒိဋ္ဌိ) ဥစ္ဆေဒဒိဋ္ဌိဘက် မပြေးဘူးလား (ပြေးပါတယ်)။

ဘုရားဟောတဲ့ နိဗ္ဗာန်ဆိုတာ

ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်လိုချင်တဲ့ ပုဂ္ဂိုလ်ဟာ အရမ်းလိုချင် နေတာ ဖြစ်ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

သဿတလည်း နားမလည်၊ သဿတကြိုက်တဲ့ ပုဂ္ဂိုလ်က လည်း သဿတဘက်ကို အမှန်ယူသွားလိမ့်မယ်။

ဥစ္ဆေဒကြိုက်တဲ့ ပုဂ္ဂိုလ်ကလည်း ဘာမှမရှိတာဖြင့် ဘာမှ မဖြစ်ချင်ဘူးဆိုတဲ့ တဏှာ သမားကလည်း ကန့်ကွက်ချင် ကန့်ကွက်မှာ၊ မကန့်ကွက်ပေဘူးလား (ကန့်ကွက်ပါတယ် ဘုရား)။

အဲဒါကြောင့် ယနေ့ နိဗ္ဗာန်ကိုဖြင့် ဘုရားဟောတဲ့ နိဗ္ဗာန် ရှင်းရှင်းလင်းလင်း သိရတော့မယ် ဆိုတဲ့ဥစ္စာ၊ ရှိတဲ့ နိဗ္ဗာန်ကို သိရလိမ့် မယ်လို့ မှတ်ပါ။ ဘာသိရမလဲ (ရှိတဲ့နိဗ္ဗာန်ကို သိရလိမ့်မယ်) ရှိတဲ့ နိဗ္ဗာန်ကို သိရလိမ့်မယ်လို့ မှတ်လိုက်စမ်းပါ။ ရှိတဲ့နိဗ္ဗာန် သိရလိမ့်မယ် ဆိုတာ ဒကာ၊ ဒကာမတွေ သေသေချာချာ မှတ်ကြပါနော် (မှန်ပါ့)။

မောင်ကို အဟောတော့ အတော်ခက်နေပြီ (မှန်ပါ့ ဘုရား)။ သေသေချာချာ ခက်တာပဲ။ အပြောသာ မလည်လို့ ဘုရားဟောလည်း မစုံဘူးဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ မေးချင်တာ မေးကြ၊ သဿတနှင့် ဥစ္ဆေဒ တစ်ခုခုဘက်သွားတာပဲ။ မသွားပေ ဘူးလား (သွားပါတယ် ဘုရား)။

သဿတဘက် ပါသွားနိုင်တယ်

သဿတဘက် သွားရင်လည်း သွားလိမ့်မယ်နော်။ ဥစ္ဆေဒ ဘက်ရင်ကော (သွားပါတယ် ဘုရား)။ ဥစ္ဆေဒ ဆိုတာ ပြတ်သွားတယ် လို့ယူလိုက်တော့ ဘာမှမရှိဘူးဆိုတော့ ဘာဒိဋ္ဌိဘက် သွားသလဲ (ဥစ္ဆေဒဘက် သွားပါတယ်)။

မြို့ကြီးပြကြီး တို့ သွားစံရလိမ့်ကွ ဆိုတော့လည်း ဘယ်ဒိဋ္ဌိ ဘက် သွားသလဲ (သဿတ ဒိဋ္ဌိဘက် သွားပါတယ် ဘုရား)။ အဲဒီ အလယ်ကြားသွားမှလည်း အမှန်ရောက်မယ် (မှန်ပါ့)၊ သဘော ပါကြပလား (ပါ,ပါတယ်)။

ဒီနှစ်ခုကြားသွားမှလည်း နိဗ္ဗာန်တွေ့မှာပဲဆိုတာ သဘောပါ ပလား (ပါ,ပါတယ် ဘုရား)။

ဒါဖြင့် ဪ ဒီနှစ်ခုကြားကို ဆရာဘုန်းကြီးက ဟောရ တော့မယ်ဆိုတော့ ခုနက ပြောခဲ့တဲ့ ရင်လေးတယ်ဆိုတာ ဒကာ၊ ဒကာမတို့ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

သခင်ဝတင် ရင်လေးတယ် (မှန်ပါ့)။ မဟောလည်း မဖြစ်ဘူး။ မဟောရင် ဒီဒကာ၊ ဒကာမတွေ တစ်ချို့က သဿတဒိဋ္ဌိ ပဲ (မှန်ပါ့)။ တစ်ချို့က ဘာတုံး (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

ဒိဋ္ဌိရှိလျက်နဲ့ နိဗ္ဗာန်မရောက်နိုင်

ဒါဖြင့် ဒိဋ္ဌိရှိလျက်နဲ့ဖြင့် နိဗ္ဗာန်ရောက်ပါ့မလား (မရောက် ပါ ဘုရား)။ အဲဒီတော့ ဘာလှူလှူ၊ ဘာတန်းတန်း ဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ် လှူတာဖြင့် နိဗ္ဗာန်မရပါဘူး။ ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

နားကြီးကြီးနဲ့ထောင်ပါ ဒကာ၊ ဒကာမတို့။ ဒါနပယ်၊ သီလပယ်တဲ့ ဘုန်းကြီးတော့ မဟုတ်ဘူးနော်။

သို့သော် ခင်ဗျားတို့မှာ သဿတ၊ ဥစ္ဆေဒ ရှိနေရင်တော့ ဖြင့် နိဗ္ဗာန်ရောက်လိမ့်မယ်လို့ ဘုန်းကြီးတင် မကပါဘူးတဲ့။ နောက် အရိမေတ္တယျ ဘုရားသခင်လည်း ဟောမယ်မဟုတ်ပါဘူး။ ဂေါတမ ဘုရားသခင်လည်း သဿတ၊ ဥစ္ဆေဒ တစ်ခုခုငြိနေလို့ရှိရင် နိဗ္ဗာန် မရောက်ဘူးဆိုတဲ့ဥစ္စာ သေသေချာချာ ဟောပါတယ်။ မဟောဘူးလား (ဟောပါတယ် ဘုရား)။

သဿတ ဥစ္ဆေဒ လွတ်အောင်

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ သဿတ၊ ဥစ္ဆေဒလွတ် အောင် ပြောကြစို့နော် (မှန်ပါ့)။ မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ ဘုရားနဲ့ အဂ္ဂိဝစ္ဆပုဏ္ဏား မေးတာကို ရှေ့ပိုင်းက နားထောင်ပါ။ နောက်ပိုင်း နိဗ္ဗာန်ပေါ်လိမ့်မယ်လို့ မှတ်လိုက်ပါ (မှန်ပါ့)။

ဘုရားက အဖြေ၊ အဂ္ဂိဝစ္ဆပုဏ္ဏားက အမေးသမား၊ ရှင်းပ လား (ရှင်းပါပြီ)၊ ဘုရားက ဘယ်ကနေသလဲ (အဖြေဘက်က နေပါတယ် ဘုရား)။ အဂ္ဂိဝစ္ဆပုဏ္ဏားက (အမေးဘက်က နေပါတယ်)။

နိဗ္ဗာန်ဟောတဲ့ ဝတ္ထု

ကိုင်း အဲဒီဝတ္ထုကို နိဗ္ဗာန်ဟောတဲ့ ဝတ္ထုလို့ မှတ်လိုက် စမ်းပါ။ ဒကာ၊ ဒကာမတွေ ဒီဝတ္ထုဟာ ဘာဟောတဲ့ ဝတ္ထုပါလိမ့် (နိဗ္ဗာန်ဟောတဲ့ ဝတ္ထုပါ ဘုရား)။

နိဗ္ဗာန်ဟောတဲ့ ဝတ္ထုကို ဘုန်းကြီးက ကြံဖန်ဟောတာလား၊ မဇ္ဈိမပဏ္ဏာသပါဠိတော်မှာ ဘုရားနဲ့ ပုဏ္ဏားတို့ အချေအတင်လုပ်လို့ နိဗ္ဗာန်ပေါ်လာတာလားဆိုတာလည်း စဉ်းစား၊ ဘုရားနဲ့ ပုဏ္ဏားတို့ အချေအတင် ပြောဆိုလို့ နိဗ္ဗာန်ပေါ်လာတာလို့ သေသေချာချာ မှတ်ပါ။ ခိုင်လုံပလား (ခိုင်လုံပါပြီ ဘုရား)။

ခိုင်လုံပြီတဲ့။ ကဲ ဒါဖြင့် သာဝတ္ထိပြည် ဇေတဝန်ကျောင်း တော်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သီတင်းသုံးပြီး သကာလ နေတုန်း ဝစ္ဆအနွယ်ဖြစ်တဲ့ ပုဏ္ဏား တစ်ယောက် လာတယ်။ အဂ္ဂိဝစ္ဆ ဆိုတဲ့ဥစ္စာက ဒကာ၊ ဒကာမတို့ ပုဏ္ဏားနာမည်လို့ မှတ်လိုက်တာ ပေါ့ဗျာ။

အဂ္ဂိဝစ္ဆ မေးခွင့်တောင်းတယ်

ဘုရားနဲ့တွေ့တဲ့အခါ သူကောက်ပြီး သကာလ၊ အလ္လာပ သလ္လာပ အတုံ့အပြန်ဆိုတဲ့ အောက်မေ့ဖွယ် ဝမ်းမြောက်ဖွယ်တွေ ပြောပြီးသည်၏ အခြားမဲ့၌ မသိတာမေးပါရစေဘုရားလို့ လျှောက်တယ်။ မသိတာ မေးပါရစေ ဘုရားလို့ လျှောက်တဲ့အခါကျတော့ အေးကွာ မေးတာပေါ့ ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို မေးလိုက်တယ်။

ဒီ ဒုတိယအကွက်ဟာ (ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာ၌) ရုပ်နာမ်တွေ ဒကာ၊ ဒကာမတို့နော် (မှန်ပါ့)၊ ဒုတိယအကွက်ဟာ ဘာတွေပါလိမ့် (ရုပ်နာမ်တွေပါ ဘုရား)၊ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးပဲ မဟုတ်လား (မှန်ပါ့)၊ ခန္ဓာ ငါးပါး ရုပ်နာမ်တရားတွေလို့ဆိုရင် လွဲပါ့မလား (မလွဲပါ)။

ဒါကို ဒကာ၊ ဒကာမတို့ ဒီတရားဟာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာပေါင်းရင် ရုပ်နာမ်ပဲရှိတယ် (မှန်ပါ့)။ အဲဒါကို ရှေးအခါတုန်းကတော့ လောကလို့ သုံးတယ်။ ရုပ်နာမ်ကို ဘယ်လို သုံးပါလိမ့် (လောကလို့ သုံးပါတယ် ဘုရား)။

ဒကာ၊ ဒကာမတွေကော လောကထဲမှာ မသုံးကြဘူးလား (သုံးပါတယ်)၊ ဒါပြောတာပဲ၊ ခင်ဗျားတို့ လောကက သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလို ဒါ ဒကာ၊ ဒကာမတွေ မှတ်ယူဖို့ကတော့ ဝိညာဏ် ဆိုတာ စိတ်၊ ပဋိသန္ဓေစိတ်၊ နာမ်ရုပ်ဆိုတာ သူနဲ့ သဟဇာတဖြစ်တဲ့ နာမ်ရုပ်၊ သဠာယတန, က မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်၊ ပဋိသန္ဓေစိတ်မှတစ်ပါး ပဝတ္တိစိတ်ကို ဆိုပါတယ်။

ခန္ဓာငါးပါးနဲ့ တရားနာနေကြတာ

ဖဿတွေ့ထိတာ၊ ဝေဒနာ ခံစားတာ၊ အတူတကွဖြစ်တာ တွေလို့မှတ်၊ အခုတရားနာနေတာ ဒီငါးခုအပေါင်းတွေ နာနေကြတာ သဘောကျပလား (ကျပါပြီ)။ အခု တရားနာနေကြတာ ဒီငါးခု အပေါင်းတွေ နာနေကြတာ (မှန်ပါ့)။ သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

တရားနာနေတာ ဘယ်သူတုံး မေးလို့ ရှိရင်ဖြင့် နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာလို့ ပြောကြပါတော့။ တရားနာနေ တာက ဘယ်သူပါလိမ့် (နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာပါ ဘုရား)။

ဝိညာဏ်ဘာလို့ မထည့်သတုံးမေးတော့ ဝိညာဏ်က ပဋိသန္ဓေဝိညာဏ်မို့ ပဋိသန္ဓေစိတ်က ပြီးခဲ့ပြီး ချုပ်ပြီ။ သဠာယတန ထဲက ဝိညာဏ်ကိုသာယူ၊ မနာယတနကိုသာ ယူတော့မယ်လို့ မှတ်လိုက်တာ ပေါ့ဗျာနော် (မှန်ပါ့)။

ဒကာ၊ ဒကာမတို့ ဟောရတော့မယ်ဆိုတော့ သရုပ်က လည်း ထည့်ရသေးတယ်။ တရားဖြုန်းခနဲ ကောက်ဟောလို့ မရဘဲ ဖြစ်နေတယ်။ ဒါဖြင့် ဒကာ၊ ဒကာမတွေမှာ နာမ်နဲ့ရုပ်တွေ ရှိရဲ့လား (ရှိပါတယ် ဘုရား)။

မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ကော (ရှိပါတယ် ဘုရား)။ ဖဿဆိုတဲ့ တွေ့ထိတတ်တဲ့ သဘောကော (ရှိပါတယ် ဘုရား)။ ခံစားတတ်တဲ့ ဝေဒနာသုံးမျိုးကော (ရှိပါတယ် ဘုရား)။

အဲဒါကိုတဲ့ ရုပ်နာမ်လောကလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။ အခု တရားနာနေကြတာသည် ဘယ်သူတွေတုံး မေးတော့ (နာမ် ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတွေပါ ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ)၊ တရားနာနေတာ ဘယ်သူပါလိမ့် (နာမ်ရုပ်၊ သဠာ ယတန၊ ဖဿ၊ ဝေဒနာပါ ဘုရား)၊ နာမ်ရုပ်လည်း ပါတယ်နော် (ပါ,ပါတယ် ဘုရား)။

သဠာယတနဆိုတဲ့ မျက်စိရုပ်၊ နားရုပ်၊ နှာခေါင်းရုပ်၊ လျှာ ရုပ်၊ ကိုယ်ရုပ်တွေကော (ပါ,ပါတယ် ဘုရား)၊ မနာယတနဆိုတဲ့ စိတ်ကော (ပါ,ပါတယ်)။ သူနဲ့ သဟဇာတဖြစ်တဲ့ ဖဿကော (ပါ,ပါတယ်)။ တရားနဲ့ နားနဲ့လည်း တွေ့သေးတာကိုးဗျ (မှန်ပါ့)၊ ဝေဒနာကော ဆရာဘုန်းကြီးဟောတာ ကောင်းတယ် ဆိုးတယ် ဆိုတာ ဝေဖန်တဲ့ ဝေဒနာကော မပါဘူးလား (ပါ,ပါတယ် ဘုရား)။ ဒါဖြင့် အခုတရားနာနေတာ၊ ဘယ်သူပါလိမ့်မတုံးမေးတော့ (နာမ် ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါက ဘာဟောတာတုံးလို့ မေးလိုက်တဲ့အခါကျတော့ ဒကာ၊ ဒကာမတွေ မှတ်လိုက်တာပေါ့။ တရားနာနေတာ ယောက်ျား မပါ၊ မိန်းမ မပါ သိအောင်လို့ ဟောလိုက်တယ် (မှန်ပါ့)၊ ယောက်ျား၊ မိန်းမ ပါသေးလား (မပါ,ပါ ဘုရား)။ ဘယ်သူပါလိမ့် ဗျာ (နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာပါ) ရှင်းကြပလား (ရှင်းပါပြီ)။

ဒိဋ္ဌိဖြုတ်ပေးနေတာ

ဒါက ဒိဋ္ဌိဖြုတ်ပေးတာပါတဲ့။ အဂ္ဂိဝစ္ဆ မဟောခင် ဒီ နာမ် ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟာ ဒကာ၊ ဒကာမတို့ ဒါတွေနဲ့ တရားနာနေတယ်ဆိုတာ သိကြပလား (သိပါပြီ ဘုရား)။

ယောက်ျားတွေ မိန်းမတွေများ ဒီအထဲမှာ အခေါ်သာပါ၍ အရှိက ဒါပဲ မှတ်လိုက်ကြတာပေါ့ (မှန်ပါ့)။

အခေါ်တော့ ယောက်ျားတွေလည်းပါတယ်။ တရားနာတာ မိန်းမတွေကော (ပါ,ပါတယ် ဘုရား)။ အရှိကတော့ဖြင့် ဘာပါလိမ့် (နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာပါ ဘုရား)။

ဪ ဒါက ဆရာဘုန်းကြီးက တရားမဟောမီ ရှေ့အဖို့ အဂ္ဂိဝစ္ဆ မဟောမီ ရှေ့အဖို့ကာလ၌ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ဘာလုပ်လိုက်တာတုံးဆိုတော့ ဒိဋ္ဌိခွာပေးလိုက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ယောက်ျားကော ပါသေးသလား (မပါပါ ဘုရား) မိန်းမကော (မပါ,ပါ ဘုရား)။ ပုဂ္ဂိုလ်တွေကော (မပါ,ပါ ဘုရား) သတ္တဝါတွေကော (မပါ,ပါ ဘုရား)

ဒါဖြင့် ဘာတွေပါလိမ့် (နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတွေပါ ဘုရား) ဪ ဒါတွေက တရားနာနေတာ (မှန်ပါ့)။

ဒါတွေက တရားနာနေတာ သိတော့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ့၌ တဲ့။ ဒိဋ္ဌိပြုတ်ပါတယ်။ ငါတရားနာတာ မဟုတ်တော့ဘူး။ နာမ်ရုပ်အလုပ်၊ သဠာယတန၏ (အလုပ်)၊ ဖဿ၏ (အလုပ်)၊ ဝေဒနာ၏ (အလုပ်)၊ သေချာကြပလား (သေချာ ပါပြီ)။

တရားနာနေတာသည် ယောက်ျားတွေလား၊ မိန်းမတွေ လား၊ ပုဂ္ဂိုလ်တွေလား၊ သတ္တဝါ တွေလား မေးရင် ဘယ့်နှယ်ဖြေကြ မလဲ (မဟုတ်ပါ ဘုရား)၊ ဘယ်သူပါလိမ့်ဗျာ (နာမ်ရုပ်၊ သဠာ ယတန၊ ဖဿ၊ ဝေဒနာတွေပါ ဘုရား)။

ဒုက္ခသစ္စာတွေ တရားနာနေကြတာ

ဪ ဒါဖြင့် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခသစ္စာက တရားနာနေတာ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဒုက္ခသစ္စာတွေ တရားနာနေကြတာဆိုတော့ ပုဂ္ဂိုလ်သတ္တဝါ ပြုတ်, မပြုတ် (ပြုတ်ပါတယ် ဘုရား)။

ကောင်းပြီ။ ဒါက သက်သက် ဒကာ၊ ဒကာမတွေကို ပြောဆိုနေတာ တရားနာရင်း မတ္တနဲ့ ဒိဋ္ဌိ ပါမှာစိုးလို့ ခွာပေးနေတာ လို့သာ မှတ်လိုက်ကြပါတော့ နော် (မှန်ပါ့)။ ကွာကြပလား ဒိဋ္ဌိ (ကွာပါတယ် ဘုရား)။

ယောက်ျားတွေ၊ မိန်းမတွေ တရားနာနေတာလား၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတွေ အလုပ်လုပ်နေတာလား (နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတွေ အလုပ်လုပ်နေတာပါ ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ)။

နာမ်မပါရင်လည်း ခင်ဗျားတို့ ဒီကိုမလာနိုင်ဘူး (မှန်ပါ့)။ ရုပ်မပါလို့ ရှိရင်လည်း ဒီအထည်တွေ ဒီမရောက်ဘူး (မှန်ပါ့)။

နာမ်က အခိုင်းသမား၊ ရုပ်က အလုပ်သမား

ဒါဖြင့် နာမ်က အလှမ်းခိုင်း၍ ရုပ်ကလှမ်းပြီး သကာလ ဒီ ရောက်လာကြတယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)၊ မျက်စိကော လမ်းကြည့်ခဲ့ကြသေးသလား (ကြည့်ခဲ့ပါတယ် ဘုရား)။

ဟော ဒါဖြင့် သဠာယတနကြောင့်လည်း ရောက်တယ်၊ ခင်ဗျားတို့၊ မဟုတ်ဘူးလား (မှန်ပါ ဘုရား)။

ဖဿကလည်း ကတ္တရာစေး လမ်းပေါ်မှာ ခြေထောက် ကလေးနဲ့ ထိမှန်းသိကြရဲ့လား (သိပါတယ် ဘုရား)၊ ဟာ ဒါဖြင့် ဖဿကလည်း ပါတယ် (မှန်ပါ့)။ ဒီလမ်းက ချောတယ်။ ဒီလမ်းက မချောဘူးလို့ကော လမ်းမှာ မဝေဖန်ကြဘူးလား (ဝေဖန်ပါတယ်)။ ဒါဖြင့် ဝေဒနာလည်း ပါတယ် (မှန်ပါ့)။ မပါဘူးလား (ပါ,ပါတယ် ဘုရား)၊ ဒါဖြင့် တရားနာလာကြတာ ဘယ်သူတွေတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ (နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာပါ ဘုရား)။ ဖဿဝေဒနာ ရှင်းသွားပြီ (မှန်ပါ့ ဘုရား)။

ဒါ စာဆိုအစဉ်ပြတာလား၊ ခင်ဗျားတို့ ခန္ဓာမှာ လာတုန်း က ဒါတွေ အကုန်ပါတယ်ဆိုတာ သိရအောင်လို့ ဟောလိုက်ခြင်း ဖြစ်ပါတယ် (မှန်ပါ့)။ သဘောပါကြပလား (ပါ,ပါတယ်)။

ပဋိစ္စသမုပ္ပာဒ် မူတည်ပြီး နိဗ္ဗာန်ဟောရမှာ

ဒါ ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက နိဗ္ဗာန်ဟောမယ် ဆိုပြီး သကာလ အခု သူ့ပဋိစ္စသမုပ္ပာဒ်ကြီး ပြန်ကိုင်နေပြန်ပြီလို့ ထင်ချင်လည်း ထင်လိမ့်မယ်နော်။ မထင်ကြပါနဲ့ တဲ့။ ဒီဟာကို မူတည်ပြီး သကာလ နိဗ္ဗာန်ဟောရမှာ။ သဘောပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။

နောက်က ဒကာ၊ ဒကာမတွေ မြင်ကြရဲ့လား။ မမြင်ကြ ရင် ခင်ဗျားတို့ကို ဝေထားတဲ့ စက္ကူစာရွက်ကို ပြန်ကြည့်ကြပါ။

ဒါဖြင့် ဒီဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ တွေသည် တရားနာနေတယ်ဆိုတာ သူတို့ အလုပ်ပဲဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ဪ ဒီ ဒကာ၊ ဒကာမတွေ ဘယ်ကလာပြီး တရားနာ ကြသတုံးလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့ အမြင်ကတော့ ပြော မှာပဲ။ ဒီနားတစ်ဝိုက်ကပါပဲ ဘုရား။ မပြောကြဘူးလား (ပြောကြ ပါတယ် ဘုရား)။

မဟုတ်ပါဘူး။ ဒီနားတစ်ဝိုက်က လာတာမဟုတ်ပါဘူး။ ဒကာ၊ ဒကာမတို့ ရှေးဘဝက မသိတဲ့ အဝိဇ္ဇာ၊ ရှေးဘဝက ပြုပြင် တဲ့ ပုညာဘိသင်္ခါရကြောင့် ဒီဘဝမှာ ခုနကပြောခဲ့တဲ့ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ပေါ်လာတာပါ။ ဒီက လာခဲ့ကြတာ ပါ။ အတိတ်ဘဝက လာခဲ့ကြတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အတိတ်ဘဝက လာခဲ့ကြတာ

ဘယ်က လာခဲ့ကြသတုံး (အတိတ်ဘဝက လာခဲ့တာပါ) အတိတ်ဘဝက အဝိဇ္ဇာသင်္ခါရ ပြုလုပ်ချက်ကြောင့် တပည့်တော်တို့ ဒီဘဝ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာပေါ်ပါတယ်ဘုရား၊ မရှင်းသေးဘူးလား (ရှင်းပါပြီ)၊ ရှင်းတော့ ခင်ဗျားတို့ ဘယ်က လာခဲ့သတုံးဆိုတော့ အဝိဇ္ဇာသင်္ခါရက လာခဲ့တယ်ဘုရား၊ ဖြေလိုက် ပေါ့။

ဒကာ၊ ဒကာမတွေ ဘယ်ကလာခဲ့ကြသတုံး (အဝိဇ္ဇာ သင်္ခါရက လာခဲ့ပါတယ် ဘုရား)။

ကိုယ့်အိမ်ကိုယ့်ယာက လာတယ်ဆိုတော့ ရောက်ပြီးသား ပြောတာ။ တကယ်လာရင်း စစ်စစ်ကိုမေးတော့ အဝိဇ္ဇာသင်္ခါရက လာခဲ့ တာ (မှန်ပါ့ ဘုရား)။ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘယ်ကလာခဲ့ကြသတုံး (အဝိဇ္ဇာသင်္ခါရက လာခဲ့တာပါ) ဦးညွန့် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။ ဒကာ၊ ဒကာမတွေ မသိတာက အဝိဇ္ဇာ၊ ပြုလုပ်တာက သင်္ခါရ သဘောကျပလား (ကျပါပြီ ဘုရား)။

မသိတာက (အဝိဇ္ဇာပါ ဘုရား)။ ပြုလုပ်တာက (သင်္ခါရပါ ဘုရား)။

ဪ သင်္ခါရကြောင့် – ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဖြစ်တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ သင်္ခါရ

ဒါဖြင့် ဒကာ၊ ဒကာမတွေ အတိတ်ဘဝက ငါဘာများ ဖြစ်ခဲ့ပါလိမ့်မတုံးဆိုတဲ့ ယုံမှားသံသယ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ခန္ဓာထဲမှာ သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ သင်္ခါရဖြစ်ခဲ့ကြတာ ပေါ်ကြပလား (ပေါ်ပါပြီ)။ ဘာဖြစ်ခဲ့သတုံး (သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ သင်္ခါရ ဖြစ်ခဲ့ပါတယ် ဘုရား)။

ဒါဖြင့် တိုတိုပြောကြစို့၊ အဝိဇ္ဇာသင်္ခါရကြောင့် တပည့်တော် တို့ ဒီဘဝ၌ ဝိညာဏ် နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဖြစ်ပါတယ်ဆိုတာ ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ)။

ယုံမှားခြင်း ပျောက်ပေးနေတာ

ခင်ဗျားတို့ ဒီဘဝမှာ သိကြား၊ ဗြဟ္မာ၊ ဘုရားလာပြီး ဖန်ဆင်းလို့ တပည့်တော်တို့ အခု တရားနာတဲ့ ဝိညာဏ် နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဖြစ်တာလား၊ အဝိဇ္ဇာသင်္ခါရကြောင့် ဖြစ်တာလား (အဝိဇ္ဇာသင်္ခါရကြောင့် ဖြစ်တာပါ ဘုရား)။

ဒါဖြင့် ဒါက ဘာကိုဟောလိုက်ပါလိမ့်မတုံးလို့ မေးတော့ ယုံမှားခြင်းဖျောက်လိုက်တာ (မှန်ပါ့)၊ ဝိစိကိစ္ဆာ သတ်လိုက်တာ (မှန်ပါ့ ဘုရား)။

ဪ ငါက ဘယ်ကများလာလို့ ဒီရောက်လာပါလိမ့် မတုံးလို့ ကိုယ့်ဟာကိုယ် သံသယဖြစ်မှာ စိုးလို့ မသိတဲ့ အဝိဇ္ဇာကြောင့် ပြုချင်တဲ့ ကုသိုလ်တွေပြုလို့ ရောက်ချင်သလို ရောက်လာတဲ့ ဒုက္ခသစ္စာ ခန္ဓာ ကြီးပေါ်လာတယ် (မှန်ပါ့)၊ ရှင်းသွားကြပလား (ရှင်းသွားပါပြီ)။

အဝိဇ္ဇာ သင်္ခါရက လာခဲ့ကြပါတယ်

ဒါဖြင့် ရှေးဘဝက လာပုံချင်းမှာ ဒကာ၊ ဒကာမတွေ ဒီအထဲမှာ မတူကြဘူးလား (တူပါတယ် ဘုရား)။ ဘယ်က လာကြ သတုံး (အဝိဇ္ဇာသင်္ခါရက လာပါတယ်)။ ယခု ဘာနဲ့နေကြသတုံး (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာနဲ့ နေပါတယ် ဘုရား)။

ဒါက ဘာဟောလိုက်တာတုံးဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ) ဝိစိကိစ္ဆာ သတ်လိုက်တာ၊ ရှင်းပလား (ရှင်းပါပြီ)။ သူများ ပြောတာလား၊ ခင်ဗျားတို့ လာရင်း အကြောင်းအကျိုး ဆက်ပြတာလား (လာရင်းအကြောင်းအကျိုးဆက်ပြတာပါ ဘုရား)၊ လာရင်းအကြောင်းနဲ့ ယခု ရထားတဲ့ အကျိုးဆက် ပြတယ် (မှန်ပါ့)၊ သဘောပါပလား (ပါ,ပါတယ်)။ ကောင်းပြီ ဒါဖြင့် သခင်ဝတင် ရှင်းပလား (မှန်ပါ့ ဘုရား)။ တိုးတိုးပြောစမ်းပါ။ ရှင်းပြီ၊ ရှင်းပြီ။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ခင်ဗျားတို့ ဪ ငါတို့ ဘယ်ကများ လာခဲ့ပါလိမ့်မတုံးဆိုတာ သိပလား (သိပါပြီ ဘုရား)။ အတိတ်ဘဝက ဘာနဲ့လာခဲ့ကြသတုံး (အဝိဇ္ဇာနဲ့ လာခဲ့ ပါတယ်)

ဪ ယခုရောက်တော့ လူအဖြစ်နဲ့ ရောက်လာသလား၊ နတ်အဖြစ်နဲ့ ရောက်လာတာလား၊ ဗြဟ္မာအဖြစ်နဲ့ ရောက်လာ သလား (လူအဖြစ်နဲ့ ရောက်လာပါတယ် ဘုရား)။

မဆိုနဲ့တဲ့။ လူ့ကိုမပါဘူးကြည့် (ဝိညာဏ်နဲ့ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ) ပါရဲ့ လား (မပါ,ပါ ဘုရား)။ ဒါက ခင်ဗျားတို့ချင်း သမုတိသစ္စာ၊ ကွာ၊ လူနဲ့တူအောင် ပုံသဏ္ဌာန် ဖန်ဆင်းပြီး တို့ လူခေါ်ကြစို့ဆိုပြီး လူဖြစ်ရတာ။

ချိုပေါက်တာကျတော့ နွားနို့ နွားခေါ်ကြတယ် (မှန်ပါ့)။

ပုံသဏ္ဌာန်ကွဲနေတာ၊ လာပုံခြင်း အတူတူပါပဲ

စင်စစ်တော့ သူတို့ကလည်း ဒါကလာတာပဲ။ ခင်ဗျားတို့ ဒါက လာလို့ ဒါဖြစ်တာပဲ။ သဘောကျပလား (ကျပါပြီ)။ သို့သော် သမုတိသစ္စာမို့ ပုံသဏ္ဌာန်ခွဲပြီး လူရယ်၊ နွားရယ်၊ ကျွဲရယ်လို့ ခွဲ တာ၊ လာပုံချင်းကတော့ ဘယ့်နှယ်နေသလဲ (အတူတူပါ ဘုရား) ရပုံချင်းကကော (အတူတူပါပဲ)။ အတူတူပဲဆိုတာ သေချာပလား (သေချာပါပြီ)။ ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒီအကြောင်းနှစ်ခုကြောင့် ဒီအကျိုး ငါးခုဖြစ်တာပဲ။ သေချာကြပလား (သေချာပါပြီ)။ ဒီအကြောင်းနှစ်ခုကြောင့် (ဒီအကျိုးငါးခု ပေါ်လာပါ ဝယ်)။

အတိတ်အကြောင်းနှစ်ခုကြောင့် ပစ္စုပ္ပန်အကျိုး (ငါးခုဖြစ် ပါတယ် ဘုရား)။ ငါးခုဖြစ်တယ် ဆိုတာ သေချာပလား (သေချာပါ တယ် ဘုရား)။

ဒါဖြင့် ရှေးဘဝက ငါဘာဖြစ်ပါလိမ့်မတုံးဆိုတာ ရှိသေး ရဲ့လား (မရှိပါဘုရား။ ရှေးဘဝက ငါမသိတဲ့ အဝိဇ္ဇာနဲ့ သင်္ခါရလုပ် ခဲ့တယ်။ ရှင်းပလား (ရှင်းပါပြီ)။ ယခုဘဝ ငါယောက်ျားလား၊ မိန်းမလား မေးတော့ ဘယ့်နှယ်ဖြေကြမလဲ (မဟုတ်ပါ ဘုရား) ဘယ်သူပါလိမ့်ဗျာ (ဝိညာဏ် နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဒါဖြင့် ဒီအကြောင်း နဲ့ ဒီအကျိုးကော ဆက်ပြီလား (ဆက်ပါပြီ ဘုရား)။

အဝိဇ္ဇာသင်္ခါရတို့၏ အလုပ်ကြောင့် ဒါပေါ်လာ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ)။ သူများ ဖန်ဆင်းလို့ ဖြစ်တာမဟုတ်ဘူး။

အကြောင်းအကျိုးဆက်ပေးနေတာ

ဒါက ဘာသတ်လိုက်တယ် ထင်သလဲ (ယုံမှားခြင်း ဝိစိကိစ္ဆာ သတ်လိုက်တယ်)။ ဟောဒီ အကြောင်းနဲ့ ဒီအကျိုး ဒီအဆက် ကလေးကို ပြလိုက်သဖြင့် ဒီအဆက်ကလေးဟာ သာမည အဆက်လို့ မမှတ်ပါနဲ့။ ဒီအကြောင်းနဲ့ ဒီအကျိုးဆက်တယ်လို့ပြောတာ၊ ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ဒီမြားကလေးဟာ ဘာတဲ့လဲ ဒကာ၊ ဒကာမတို့ (အကြောင်းအကျိုး ဆက်ကြောင်းပါ ဘုရား)။ အတိတ်ကြောင်းနဲ့ ပစ္စုပ္ပန်အကျိုးဆက်တယ်။ ဘယ်သူမှ ဖန်ဆင်းတာမဟုတ်ဘူး။ ရိပ်မိပလား (ရိပ်မိပါပြီ)။

အကြောင်းကြောင့် အကျိုးပေါ်တယ်၊ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

အတိတ်အကြောင်း၊ ပစ္စုပ္ပန်အကျိုး

အကြောင်းကြောင့် (အကျိုးပေါ်တယ်)၊ အကျိုးပေါ်တယ်၊ ရှင်းပါပြီနော် (ရှင်းပါပြီ)။ ဒါဖြင့် အတိတ်ဘဝကလည်း ငါဘာပါလိမ့် မတုံးဆိုတော့ အကြောင်း၊ ယခု ပစ္စုပ္ပန်ဘဝ ဘာပါလိမ့်မတုံး မေးတော့ (အကျိုးပါ)။

အကျိုးကို ဝေဖန်လိုက်တော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာပဲ (မှန်ပါ့)၊ အကြောင်း ဝေဖန်လိုက်တော့ အဝိဇ္ဇာသင်္ခါရပဲရှိတယ်၊ သဘောပါကြပလား (ပါ,ပါပြီ)။

ဒိဋ္ဌိခွာပေးနေတာ

ကောင်းပြီ။ ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒိဋ္ဌိလည်း သေသွား ပြီ၊ မသေသေးဘူးလား (သေသွားပြီ ဘုရား)။ ယခု တရားနာနေတာ ဘယ်သူတုံး မေးလိုက်တယ်၊ ပြန်မေးတယ် (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတွေပါ) ဟာ ဒါဖြင့် ယောက်ျား၊ မိန်းမ တရားနာနေတာ မဟုတ်ဘူး၊ သူတို့ပဲ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါက ဒိဋ္ဌိခွာလိုက်တာ ဒီတရားတွေဟာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ အလိုလို ပေါ်တာလား ဒီအကြောင်း နှစ်ခုပြုပြင်တာလား (ဒီအကြောင်းနှစ်ခု ပြုပြင်တာပါ ဘုရား)။ ရှင်းပြီနော် (မှန်ပါ့)။

ဒါဖြင့် အကြောင်းကြောင့် အကျိုး၊ သဘောပါကြပလား၊ (ပါပါတယ် ဘုရား)၊ အကြောင်း ကြောင့် (အကျိုး ပေါ်ပါတယ်)။ အကြောင်းကြောင့် အကျိုးဆိုသဖြင့်တဲ့၊ ဒကာ၊ ဒကာမတို့ ဒါ သိကြားလည်း မဟုတ်ဘူး၊ ဒါဗြဟ္မာလည်း မဟုတ်ဘူး၊ ဒါဂေါ့ဒ်လည်း မဟုတ်ဘူး၊ သဘောကျပလား (မှန်ပါ့)၊ ဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)၊ အဝိဇ္ဇာ သင်္ခါရပဲ (မှန်ပါ့) အဝိဇ္ဇာကြောင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဖြစ်တာပဲ ရှိတယ် (မှန်ပါ့)။

ဒါတွေ ပစ္စုပ္ပန်ဘဝမဟုတ်လား (ဟုတ်ပါတယ် ဘုရား)။ ဒါတွေ အတိတ်ဘဝက မဟုတ်လား (ဟုတ်ပါတယ် ဘုရား)။ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးဖြစ်တယ် (မှန်ပါ့)၊ သဘော ပါကြပလား (ပါ,ပါပြီ)။ အတိတ်အကြောင်းကြောင့် (ပစ္စုပ္ပန် အကျိုးဖြစ်ပါတယ် ဘုရား)။

ပစ္စုပ္ပန်အကျိုးဖြစ်လာတော့ ယောက်ျားတွေလား၊ မိန်းမ တွေလားမေးလိုက်တယ် (ယောက်ျား၊ မိန်းမတွေမဟုတ်ပါ ဘုရား၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာပါ) ဒါဖြင့် ယောက်ျား၊ မိန်းမ ပါသေးလား (မပါ,ပါ ဘုရား)။

ဪ ဒီဘဝမှာ ယောက်ျား၊ မိန်းမ မပါဘူး၊ ဒါတွေပဲလို့ – သိရင် ဒိဋ္ဌိကွာတယ် (မှန်ပါ့)။ ငါဘယ်က လာပါလိမ့်မလဲလို့ ယုံမှားသံသယရှိသေးရဲ့ လား (မရှိပါ ဘုရား)။

အဝိဇ္ဇာသင်္ခါရ ပြုလုပ်တာဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။ ပေါ်သဖြင့် ဝိစိကိစ္ဆာ မသေသေးဘူးလား (သေပါပြီ ဘုရား)။

ငါဘယ်က လာပါလိမ့်မတုံးဆိုတဲ့ သံသယဟာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။ ဒါဖြင့် ယုံမှားသံသယ မရှိတာကို ဝိစိကိစ္ဆာ သေတယ်။

ဖြစ်ပေါ်နေတာတွေ သိပြန်တော့ ဒိဋ္ဌိသေတယ်၊ ဒိဋ္ဌိ ဝိစိကိစ္ဆာ သေပြီ (မှန်ပါ)။

ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာသေရင် သောတာပန်အငယ်စားဖြစ်ပြီ

တရားနာတာ မကြာသေးပါဘူး။ ဒကာ၊ ဒကာမတို့ အခု နာရီဝက်မရှိသေးပါဘူး။ ဘာသေသွားသတုံး (ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ သေပါတယ်) ဒိဋ္ဌိဝိစိကိစ္ဆာ သေပြီနော် (မှန်ပါ့)။

အဲဒါကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာကတော့ ဒကာ၊ ဒကာမ တို့ သောတာပန် အငယ်စား ဖြစ်ပြီလို့ ရေးလိုက်တယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

အခု တရားနာတာ နာရီဝက်မပြည့်ပသေးဘူး။ ခင်ဗျားတို့ ဘာဖြစ်တယ်ထင်သတုံး (သောတာပန် အငယ်စားဖြစ်ပါတယ် ဘုရား)။ ဒါနကြောင့်ဖြစ်တာလား (မဟုတ်ပါ ဘုရား)။

သိမှုကြောင့်ဖြစ်တယ် (မှန်ပါ့၊ သိမှုကြောင့်ဖြစ်တာပါ)။ သီလကြောင့် ဖြစ်တာလား (မဟုတ်ပါ ဘုရား)၊ ဘာကြောင့်ဖြစ်ပါလိမ့် (သိမှုကြောင့် ဖြစ်ပါတယ် ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါနကြောင့် ဖြစ်တယ်လို့ မဆိုပါနဲ့။ သိမှုကြောင့်ဖြစ်တယ်၊ (မှန်ပါ့)။ သဘောပါပလား (ပါ,ပါပြီ)။ သီလကြောင့် ဖြစ်တာလား မေးရင် (မဟုတ်ပါ ဘုရား)။ ဘာကြောင့်ဖြစ်ပါလိမ့် (သိမှုကြောင့် ဖြစ်တာပါ ဘုရား)။

သိမှုဆိုတာ ဉာဏ်

ဪ ဒါဖြင့် ဒကာ၊ ဒကာမတို့ သိမှုဆိုတာ ဉာဏ်ပဲ၊ ရှင်းကြပလား (ရှင်းပါပြီ)၊ သိမှုဆိုတာ ဘာပါလိမ့် (ဉာဏ်ပါ ဘုရား)။ ဉာဏ်ပဲဆိုတာ သေချာပလား (သေချာပါပြီ)။

အဲဒါ သောတာပန်ကလေး၏ ဉာဏ်လို့ မှတ်လိုက် (မှန်ပါ့)။ ဒီနေ့ သောတာပန်ကလေး၏ ဉာဏ်မရ သေးဘူးလား (ရပါပြီ ဘုရား)။ ရှင်းသွားပလား (ရှင်းသွားပါပြီ)။

ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာ သေပါပလား မေးရင် ဒကာ၊ ဒကာမ တွေ ဘယ့်နှယ်ဖြေကြမလဲ (သေပါတယ် ဘုရား)။

အသိဉာဏ်နဲ့ သေတာ၊ အပွားဉာဏ်နဲ့သေတာ မဟုတ် သောကြောင့် မဟာသောတာပန် မဖြစ်သေးဘူး၊ သောတာပန်တို့၏ သိပုံချင်းနည်းနည်း အလားတူဖြစ်တာနဲ့ စူဠသောတာပန်လို့ ဟော လိုက်ပါတယ် (မှန်ပါ့)။

ဒါလောက်လေးနဲ့ ဘဝင်မမြင့်လိုက်ပါနဲ့

ဒါနဲ့လည်း ဘဝင်မမြင့်လိုက်ပါနဲ့လို့ ပြန်ကန့်ကွက်တယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။ စူဠသောတာပန်တော့ မဖြစ်သေးဘူးလား (ဖြစ်ပါပြီ)။

ဒီအကြောင်းနဲ့ ဒီအကျိုးဆက်တာ သိရင် ဝိစိကိစ္ဆာ သေတယ်။

အကျိုးထဲမှာ ပုဂ္ဂိုလ်သတ္တဝါ မပါတာသိရင် ဒိဋ္ဌိသေတယ် (မှန်ပါ့)။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာ မသေသေးဘူးလား (သေပါတယ် ဘုရား)။ ဘာ သောတာပန်ဖြစ်သတဲ့ (စူဠသောတာပန် ဖြစ်ပါတယ်)။ ဒါက တရားနာနေရင်းဖြစ်တာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဒီစူဠသောတာပန်သည် သေသည်၏ အခြားမဲ့၌ ဂတိမြဲ သလားလို့ မေးတဲ့အခါကျတော့ ဝေဒနာ သာယာရင် တဏှာလာလိမ့် မယ်။ တဏှာလာရင် ဥပါဒါန် မလာပေဘူးလား (လာပါတယ် ဘုရား)။ ဥပါဒါန်လာရင် (ကမ္မဘဝ လာပါမယ်)။

ကမ္မဘဝလာလို့ရှိရင်ဖြင့် ဇာတိဆိုတဲ့ အပါယ်လေးပါး ဖြစ်နိုင်ပါသေးတယ် (မှန်ပါ့)။ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား)။

ဒါကြောင့် ဒါလောက်ကလေးနဲ့ သူများပြောနဲ့ ခင်ဗျားတို့ က ကျုပ်တို့တော့ဖြင့် အပါယ်တံခါး ပိတ်ပြီ၊ တစ်ဘဝတော့ စူဠ သောတာပန် ဖြစ်ပြီလို့ ပြန်မသွားနဲ့ဦး။ မဟာသောတာပန် ဖြစ်အောင် ဟောလိမ့်မယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

စူဠသောတာပန်နဲ့ ကျေနပ်ကြပလား (မကျေနပ်သေးပါ ဘုရား)။ တယ်လည်း လောဘကြီးပါလား ခင်ဗျားတို့။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒါက အင်မတန်အရေး ကြီးပြီးနေလို့ ဒီနှစ်ခုထည့်လိုက်ပါတယ်။ ဒိဋ္ဌိသေပုံ၊ ဝိစိကိစ္ဆာသေပုံ ပြောပါတယ်နော် (မှန်ပါ့)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ကိုဟောတဲ့ အဂ္ဂိဝစ္ဆ ဝတ္ထု

ကိုင်း အဂ္ဂိဝစ္ဆ ဇာတ်ထုပ်ကို ခင်ဗျားတို့ ကို သေသေချာ ချာ ဟောပါတော့မယ်။ နိဗ္ဗာန်ကို ဟောတဲ့ ဝတ္ထုလို့ မှတ်လိုက်စမ်းပါ။ ဘာဟောတဲ့ ဝတ္ထုပါလိမ့် (နိဗ္ဗာန်ကိုဟောတဲ့ ဝတ္ထုပါ ဘုရား)။ နိဗ္ဗာန် ကို ဟောတဲ့ဝတ္ထုလို့ သေသေချာချာမှတ်ပါ။ ဘယ်သူဟောသတုံး မေးရင် ဘယ့်နှယ်ဖြေမယ် (ဘုရားဟောပါတယ် ဘုရား)။

ဘုရားက အလိုလိုဟောတာလား။ အမေးရှိလို့ ဟောတာ လား (အမေးရှိလို့ ဟောတာပါ ဘုရား)။

နိဗ္ဗာန်ကို မြင်ပြီးသားပုဂ္ဂိုလ်က ဟောနေတာ

ဒါဖြင့် မသိတဲ့ပုဂ္ဂိုလ်က ဟောနေတာလား နိဗ္ဗာန်မြင်ပြီး သားပုဂ္ဂိုလ်က ဟောတာလား (မြင်ပြီးသားပုဂ္ဂိုလ်က ဟောတာပါ ဘုရား)။

ဒါဖြင့် စိတ်ချတော့ စိတ်ချတော့ နိဗ္ဗာန်အကြောင်း ရှင်းတော့မှာပဲ။ သဘောပါသလား (ပါ,ပါတယ် ဘုရား)။ နိဗ္ဗာန် မြင်ပြီးသားပုဂ္ဂိုလ်က ဟောတာနော် (မှန်ပါ့)။

ရောက်ပြီးသား ပုဂ္ဂိုလ်က မဟောနိုင်ဘူး (မှန်ပါ့)။ ရိပ်မိကြ ပလား (ရိပ်မိပါတယ်)။

မြင်ပြီးသားပုဂ္ဂိုလ်ကတော့ (ဟောနိုင်ပါတယ်)။ ရောက်ပြီး သားပုဂ္ဂိုလ်က (မဟောနိုင်ပါ ဘုရား)။

အဲဒါလည်း ခွဲထားရသေးတယ် (မှန်ပါ့)။ ဒါလည်း ခွဲထား ဦးမှဖြစ်မှာ။ နို့မို့လို့ ရှိရင် နိဗ္ဗာန် ရောက်တဲ့ ပုဂ္ဂိုလ်က ပြန်လာတဲ့ အဓိပ္ပာယ်ဖြစ်ဦးမှာ။ ခင်ဗျားတို့ ဟာက သဘောပါရဲ့ လား (ပါ,ပါတယ် ဘုရား)။

ဒါဖြင့် ခုဟောတဲ့ ဂေါတမမြတ်စွာဘုရားသည် ဒကာ၊ ဒကာမတို့ နိဗ္ဗာန်ရောက်သွားပလားတဲ့။ မြင်တုန်း ဟောနေတာလား (မြင်တုန်းဟောနေတာပါ ဘုရား)။ ရောက်သွားရင် ဟောနိုင်ပါ မလား (မဟောနိုင်ပါ ဘုရား)။

ရောက်သွားလို့ရှိရင် ဒကာ၊ ဒကာမတို့ ရုပ်နာမ်ပါ ချုပ်ငြိမ်း သွားတဲ့အတွက် ဟောနိုင်သေးရဲ့ လား (မဟောနိုင်ပါ ဘုရား)။

ပရိနိဗ္ဗာန်မစံခင် ဟောသွားတာ

ဒါဖြင့် ဘုရားကိုယ်တော်မြတ်ကြီးသည် ဘယ်အချိန် နိဗ္ဗာန် ဟောသွားပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့ ဒကာ၊ ဒကာမတို့ ပရိနိဗ္ဗာန်မစံခင် ဟောသွားတာ၊ ရှင်းပလား (ရှင်းပါပြီ)။ နိဗ္ဗာန် ဘယ်အချိန်များ ဟောပါလိမ့် (ပရိနိဗ္ဗာန်မစံမီ ဟောပါတယ်) စံတဲ့ ပုဂ္ဂိုလ်က ခင်ဗျားတို့ကို လာဟောသေးသလား (မဟောပါ ဘုရား)။

ဒါဖြင့် တဲ့။ နိဗ္ဗာန်မြင်ရတဲ့ ပုဂ္ဂိုလ်က ဟောတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။ ရောက်တဲ့ ပုဂ္ဂိုလ်က ဟောတယ်လို့ မယူနဲ့။ သခင်ဝတင် ဒါဟာ ဒီအတိုင်းမှ မှန်မယ် (မှန်ပါ့)။ သဘော ပါကြပလား (ပါ,ပါတယ် ဘုရား)။ နိဗ္ဗာန်ဟာ ရောက်ပြီးသားပုဂ္ဂိုလ် က ဟောနိုင်သလား (မဟောနိုင်ပါ ဘုရား)။ မြင်တဲ့ပုဂ္ဂိုလ်ကသာ ဟောနိုင်တယ် (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ)။

နိဗ္ဗာန်ဘယ်ပုဂ္ဂိုလ်က ဟောသွားပါလိမ့် (မြင်တဲ့ပုဂ္ဂိုလ်က ဟောပါတယ် ဘုရား)။ ရောက်တဲ့ ပုဂ္ဂိုလ်က (မဟောနိုင်ပါ ဘုရား)။

ဟ ဘယ့်နှယ်ကြောင့် မဟောနိုင်တုံး ဆိုတော့ နာမ်ရုပ်သိမ်း သွားလို့ (မှန်ပါ့)။ အသံလည်း ဒကာ၊ ဒကာမတို့ သိတဲ့အတိုင်း ရုပ်ပဲ။ ဟောချင်တာက စိတ်၊ စိတ်ကလည်း မရှိတော့ဘူး။ အသံရုပ် ကကော ဖြစ်ပါဦးမလား (မဖြစ်ပါ ဘုရား)။

ဒါဖြင့် ရောက်ပြီးသားပုဂ္ဂိုလ်က (မဟောနိုင်ပါ ဘုရား)။ နိဗ္ဗာန်မဟောနိုင်ဘူး။ မြင်ထားတဲ့ ပုဂ္ဂိုလ်က (ဟောနိုင်ပါတယ်)။ သဘောပါကြပလား (ပါ,ပါပြီ)။

သေသေချာချာမြင်ပြီး ခံစားရင်း ဟောတာ

ဒါဖြင့် ဒီဥစ္စာဟာ ဘုရားကိုယ်တော်မြတ်ကြီး ခံစားရင်း ဟောတာလား ဟုတ်လား။ ဘုရားကိုယ်တော် မြတ်ကြီးသည်ကား ဆိုရင် နိဗ္ဗာန်အရသာကို သူသည်ကား မြင်ပြီး သကာလ ဟောတာ လို့ သေသေချာချာ မှတ်ပါ။ သေသေချာချာ မှတ်ပါ ရောက်ပြီး သကာလ ဟောတယ်လို့ မယူပါနဲ့ (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ နိဗ္ဗာန်ကို (မြင်ပြီးသကာလ ဟောတာ)။

မြင်ပင် မြင်ငြားသော်လည်း ဟိုနားမှာ မီးနှစ်ပွင့် ထွန်းထား တယ်။ ဒကာ၊ ဒကာမတို့၊ ဪ မီးနှစ်ပွင့်လို့တော့ မသိဘူးလား (သိပါတယ်) ဒီလိုမြင်တာ သူ့ဟာက (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါပြီ)။ ဒီလို ဟိုနားမှာ မီးနှစ်ပွင့် မီးကလေး အခိုင်ကလေးလုပ် ထားတယ်။

ဒီအိမ်က ဒကာ၊ ဒကာမတွေကဆိုတော့၊ ဪ သူ သည်ကားလို့ ဆိုရင်ဖြင့် သေသေချာချာ မြင်ပြီး ပြောတာပဲ။ သဘော ကျပလား (ကျပါပြီ ဘုရား)။ သေသေချာချာ (မြင်ပြီးမှ ဟောတာ ပါ)။ ရောက်ရင်တော့လည်း ခန္ဓာနာမ်ရုပ်ချုပ်လို့ မဟောနိုင်ဘူး၊ ဟောနိုင်ပါ့မလား (မဟောနိုင်ပါ ဘုရား)။

ဒါဖြင့် ဒီကိုယ်တော်ကြီး သတ္တိကော ခင်ဗျားတို့သိကြပလား (သိပါပြီ)။ မြင်ပြီးပြတဲ့၊ ဟောတဲ့ ကိုယ်တော်ကြီးဟေ့၊ သဘောပါ ပလား (ပါ,ပါပြီ ဘုရား)။ မြင်ပြီးဟောတဲ့ ကိုယ်တော်ကြီးဟေ့ ဆိုတာ ကော သဘောပါပြီနော် (ပါ,ပါပြီ ဘုရား)။

အဂ္ဂိဝစ္ဆ မေးပြီ

ကိုင်း ဒါဖြင့် အဂ္ဂိဝစ္ဆ မေးတာကို ဘုန်းကြီးက စရှင်းမယ်။ အဂ္ဂိဝစ္ဆပုဏ္ဏားက မေးတယ်။ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်း သီတင်းသုံးနေတုန်း အရှင်ဘုရား ရုပ်နာမ်လောကကြီးဟာ ဆိုတော့ ဒါအကုန်ပေါ့ဗျာ။ ဒီငါးခုစလုံးဟာ ရုပ်နာမ်လောကပဲ (မှန်ပါ့)၊ ပေါင်းလိုက်ရင် ရုပ်နာမ်ပဲ ရှိတယ်မဟုတ်လား (မှန်ပါ့)။

ရုပ်နာမ်လောကကြီးဟာ ရှင်ကြီးဂေါတမမြဲသလားလို့မေး လိုက်တယ်။ စမေးတဲ့ စကားက ဘာတဲ့တုံး ဒကာ၊ ဒကာမတို့ (ရုပ် နာမ်လောကကြီးဟာ မြဲသလားတဲ့)။

အဂ္ဂိဝစ္ဆက မေးလိုက်တော့ ဒီလိုမမေးပါနဲ့ကွာလို့ ဘုရားက ဖြေလိုက်ပါတယ်။

မြဲတယ်လို့ ယူလိုက်လို့ရှိရင် သူ သဿတဘက် ပုဏ္ဏား သွားတော့မယ်။ သဘောကျပလား (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုရားက ဒီလိုမြဲတယ်လို့ ငါ အယူမရှိဘူးလို့ ပယ်ချလိုက်တာ (မှန်လှပါ ဘုရား)။ ပယ်ချလိုက်တယ် (မှန်ပါ့ ဘုရား)။

ဒီလိုမြဲတယ်လို့ ငါ အယူမရှိဘူးလို့ ပယ်ချလိုက်တယ် (မှန်ပါ့)။ သဘောပါပလား (ပါ,ပါတယ် ဘုရား)။ ပြန်မေးမယ်၊ ပြန် မေးမယ် ဒကာ၊ ဒကာမတို့နော်။ ခင်ဗျားတို့ အကုန်ဖြေပါ။ ခင်ဗျား တို့ ရှင်းသွားအောင်ဖြေပါ။

ဒကာ၊ ဒကာမတို့ ဟောဒီ ရုပ်နာမ်လောကကြီးကို အဂ္ဂိ ဝစ္ဆက မြဲသလားလို့မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ။ မြဲ သလားလို့ အဂ္ဂိဝစ္ဆက မေးတဲ့အခါကျလို့ ရှိရင်ဖြင့် “သဿတော လောကော” ကိုးဗျ။ ပါဠိလိုသုံးတော့နော် (မှန်ပါ့)။

ဒီအယူ ငါမယူပါဘူးကွတဲ့။ ပေါ်ကြပလား (ပေါ်ပါပြီ)။ ဒီအယူကို (ငါမယူပါဘူးကွ)။ ဒီအယူ ငါမယူဘူးလို့ အဖြေထုတ် လိုက်တယ်။ ပုစ္ဆာတစ်ခု မပြေသေးဘူးလား (ပြေပါတယ် ဘုရား)။

ဒါ ဘုရားဖြေတာနဲ့ ပုဏ္ဏားမေးတာတင် ဒကာ၊ ဒကာမ တွေ မှတ်ပါ။ နောက်ဆုံးပိတ် နိဗ္ဗာန် ရောက်လာလိမ့်မယ်။ သူမေးတဲ့ အဆုံး နိဗ္ဗာန် သေသေချာချာရောက်မယ် (မှန်ပါ့)။

ဒါနဲ့ ပုဏ္ဏားက မကျေနပ်ဘူး။ ဒါဖြင့် အရှင်ဘုရား ရုပ်နာမ် လောကကြီးဟာ မမြဲဘူးလားလို့ မေးလိုက်တယ် (မှန်ပါ့)။ ဒီ အယူလည်း ငါမယူဘူးကွတဲ့။ သဘောပ်လား (ပါ,ပါတယ် ဘုရား)။ ဟောတော့ ဟောဖို့ပါပဲတဲ့။ နာရုပ်လောကဟာ ခင်ဗျားတို့ သိထား တာက မမြဲဘူးဆိုတာ သိတယ်၊ မသိဘူးလား (သိပါတယ် ဘုရား)။ နာမ်ရုပ်လောကဟာ မြဲသလား (မမြဲပါ ဘုရား)။

ဒါနဲ့ ပုဏ္ဏားက မေးတယ်။ ရုပ်နာမ်လောကဟာ မမြဲဘူး လားလို့ ဒုတိယပုစ္ဆာနဲ့ မေးလိုက်တယ်။

ဒီအယူ ငါမယူဘူးကွတဲ့။ ရိပ်မိပလား (ရိပ်မိပါပြီ)။ မမြဲတဲ့ အယူလည်း (မယူပါ ဘုရား)။

မမြဲဘူးလို့ ဟောလိုက်ရင်တော့ တည့်တော့ တည့်နေ တယ်။ မမြဲရင် အရှင်ဘုရား။ ဒါတွေက ရုပ်နာမ်လောက ဆုံးရင် ဘာမှမရှိဘူးဆိုတော့ ဥစ္ဆေဒဒိဋ္ဌိ ယူသွားလိမ့်မယ်။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ဘယ်အယူ ပြေးသွားမယ်ထင်သတုံး (ဥစ္ဆေဒ ဒိဋ္ဌိဘက်) ဥစ္ဆေဒဒိဋ္ဌိဘက် ပြေးသွားမှာ စိုးလို့ ဘုရားက ဟောသင့်တာကို ရှောင်ပစ်လိုက်တယ်။ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဟောသင့်တာကို (ရှောင်ပစ်လိုက်ပါတယ်) ပြန်ပြောမယ် နှစ်ခွန်းတည်းရှိသေးတယ်နော် (မှန်ပါ့)။ ရုပ်နာမ်လောကကြီးဟာ မြဲသလားဆိုတော့ ဘုရားက ဒီအယူကို (ငါမယူပါဘူးတဲ့)။

ဒါဖြင့် ရှင်ကြီးဂေါတမ ရုပ်နာမ်လောကကြီးက မမြဲတော့ ဘူးလားလို့ မေးလိုက်တယ်။ ဘုရားက ဘယ့်နှယ်ဖြေတုံး (ဒီအယူ ငါမယူဘူးတဲ့)။

အကယ်၍ မမြဲဘူးလို့ ဟောလိုက်လို့ရှိရင် ပုဏ္ဏားက ဒါတွေ ပျောက်သွားလို့ရှိရင် ဘာမှမရှိတဲ့ ဥစ္ဆေဒဘက် သူယူသွားမယ်၊ မယူသွားဘူးလား၊ ယူမလား (ယူပါတယ် ဘုရား)။

မြဲတယ်ဆိုရင် သူ သဿတဘက် ယူမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ မမြဲဘူးလို့ ဘုရားက ပြောလိုက်လို့ သူ ဘယ်ဘက်သွားမယ်ထင်သတုံး (ဥစ္ဆေဒဘက် သွားပါလိမ့်မယ်)။

ဒိဋ္ဌိခံနေရင် နိဗ္ဗာန်မရနိုင်

ကြည့် ဒီ ဒိဋ္ဌိနှစ်ခုခံနေရင် နိဗ္ဗာန်ရပါ့မလား (မရပါ ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ)။ ဒါဖြင့် ဒကာ၊ ဒကာမတို့ အခု ပုစ္ဆာဘယ်နှစ်ချက် ပြီးသွား ပလဲ (နှစ်ချက်ပြီးသွားပါပြီ ဘုရား)။

တစ်ခါမေးပြန်တယ်။ ပုဏ္ဏား လျှာရှည်တယ်လို့ မယူနဲ့၊ နိဗ္ဗာန်ကို ပေါ်စေချင်လို့မေးနေတာ (မှန်ပါ့ ဘုရား)။

ရုပ်နာမ်လောကဟာ အဆုံးရှိသလားလို့မေးတော့၊ ဒီလိုလည်း ငါအယူမရှိဘူးကွ။ သဘော ကျပလား (မှန်ပါ့၊ ကျပါပြီ)။ ရုပ်နာမ်လောကဟာ အဆုံး ရှိသလားလို့ ပုဏ္ဏားကမေးတော့ ဒီအယူ ငါမယူဘူးတဲ့။ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ရုပ်နာမ်လောကဟာ မဆုံးတော့ဘူးလား လို့ မေးပြန်တယ်။ ပုဏ္ဏားက မေးခွင့်က ကြုံတယ်။ မကြုံဘူးလား (ကြုံပါတယ် ဘုရား)။

အဲဒီတော့ ဒီအယူလည်း ငါမယူဘူးလို့ဆိုတာ ဒကာ၊ ဒကာမတွေ ဘုရားက အဖြေပေး လိုက်တယ် (မှန်ပါ့)။ သဘော ပါကြလား (ပါ,ပါတယ် ဘုရား)။ ဒါမပေးဘဲထားလို့ရှိရင် ဒီအယူ ငါယူတယ်ဆိုရင် သဿတ နဲ့ ဥစ္ဆေဒတစ်ခုခုတော့ ပုဏ္ဏားယူတော့မယ် (မှန်ပါ့)။ မယူပေဘူး လား (ယူပါတယ် ဘုရား)။ အဲဒါကြောင့် အကုန်ပယ်ချနေတယ်။

ကိုင်း ဒါနဲ့ပဲ ဒါတွေက တစ်လုံးချင်း ပြောမယ်ဆို မဆုံး နိုင်တဲ့အတွက် ဒကာ၊ ဒကာမတွေ နားလည်တဲ့ အမေးကို သူ ဆယ့်နှစ်ချက်မေးတာ အခု လေးချက်ပြီးသွားပြီ (ပြီးသွားပါပြီ ဘုရား)။

နောက်လေးချက်ပဲ ပြောတော့မယ်နော် (မှန်ပါ့)။ ကျန်တဲ့ ဥစ္စာတွေ ခင်ဗျားတို့မှာလည်း ဒီအယူမရှိလို့ ဘုန်းကြီး မဟောတော့ ပါဘူး။ နာရီတွေ အလကား စားသွားမှာစိုးလို့ နော် (မှန်ပါ့)။ သတ္တဝါ သေရင် ဖြစ်သေးသလားလို့ မေးပြန်တယ်။

ဟ ဒီအယူ ငါမယူဘူးတဲ့ (မှန်ပါ့)။ ဒကာ၊ ဒကာမတွေ အခုမေးလိုက်တာ ဘာတဲ့ (သတ္တဝါသေရင် ဖြစ်သေးသလားတဲ့) ဘုရားက ဘယ့်နှယ်ဖြေသလဲ (ဒီအယူ ငါမယူဘူးကွာတဲ့)။

ဒီအယူ ငါမယူဘူးတဲ့။ ဒီအထဲ သတ္တဝါ ပါရဲ့ လား (မပါပါ ဘုရား)။ ဒါကြောင့် ခင်ဗျားတို့ စောစောက ရှင်းထားတာ (မှန်ပါ့)။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ စောစောက မရှင်းရင် ခင်ဗျား တို့တောင် ရှုပ်တယ်။ ခင်ဗျားတို့တောင် အဂ္ဂိဝစ္ဆဖြစ်တယ်။ မဖြစ်ပေ ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါကြောင့် စောစောက သိမ်းထားရသေးတယ်။ ဟောမည့် ကြံလို့ရှိရင် ငါ့ဒကာ၊ ဒကာမတွေနဲ့ ငါနဲ့ လုံးပြီး ရန်ဖြစ်နေချည်ရဲ့ လို့၊ အခုတော့ ဖြစ်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးတော့၊ နောက်ထပ်ဖြစ်သေးသလားလို့ မေးတော့ ဘုရားက ဘာတဲ့ (ဒီအယူ ငါမယူပါဘူးတဲ့) သတ္တဝါမှ မရှိဘဲနဲ့ ဖြစ်သေးသလားဆိုတဲ့ စကားမေးဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ဒါကြောင့် ဒီအယူ ငါမယူဘူးဆိုတာ အဖြေအင်မတန် မှန်သွားတယ်။ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

ဒါဖြင့် ပုဏ္ဏားက ဆက်မေးတယ်။ သတ္တဝါသေရင် မဖြစ် တော့ဘူးလားတဲ့ မေးပြန်တယ် (မှန်ပါ့)၊ ဒီအထဲမှာ သတ္တဝါ ပါရဲ့ လား (မပါ ပါ ဘုရား)။

ဒါဖြင့် မဖြစ်တော့ဘူးလား မေးတဲ့စကားဟာ ဒီအယူ ဘုရားက ယူတယ်လို့ဆိုရမှာလား။ မယူဘူးလို့ ဆိုရမှာလား , (မယူဘူးလို့ ဆိုရမှာပါ) ဒါဖြင့် ပြေသွားပြီနော် (မှန်ပါ့)။

ဧကစ္စသဿတ ဒိဋ္ဌိ

တစ်ခါ သခင်ဝတင် မေးပြန်တယ်။ သတ္တဝါသေလို့ ရှိရင် ဘုရား တဲ့။ ကတ်တယ်လည်း မအောက်မေ့ပါနဲ့။ ဖြစ်ချည် တစ်လှည့်။ မဖြစ်ချည်တစ်လှည့်လားလို့ မေးပြန်တယ်။ ရိပ်မိပလား (ရိပ်မိပါပြီ)။ ဧကစ္စသဿတဒိဋ္ဌိကို သူမေးပြန်တယ် (မှန်ပါ့)။

ဒီအယူ ငါမယူဘူးကွ တဲ့။ သဘောကျပလား (ကျပါပြီ ဘုရား)။

အမရာဝိက္ခေပ ဒိဋ္ဌိ

တစ်ခါမေးပြန်တယ်။ ဆက်ပြီး၊ သတ္တဝါသေလို့ရှိရင် မဖြစ် သည်မဟုတ်၊ ဖြစ် သယောင်ယောင်များ ရှိသေးသလားတဲ့။

ဒီအယူလည်း ငါမယူဘူးကွ (မှန်ပါ့)။ အမရာဝိက္ခေပ အယူမေးထားတယ်။ ဒိဋ္ဌိအယူတော့ မဖော်ပါရစေနဲ့တဲ့၊ ဘုန်းကြီး အကုန်လုံး နားလည်တယ်။ ခင်ဗျားတို့ ရှုပ်နေမှာစိုးလို့နော်။ အဲဒါနဲ့ မေးလိုက်တော့ ဒီအယူ မယူဘူးလို့ပဲ ဘုရားက ဖြေလိုက်တယ်။ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒကာ၊ ဒကာမတွေ သတ္တဝါသေရင် ဖြစ်သေးသလား (မဖြစ်ပါ ဘုရား)။

ဒိဋ္ဌိရှိနေလို့ အရင်ရှင်းပေးနေတာ

ဒီအယူ မယူဘူးလို့ လုပ်ပါ (ဒီအယူ မယူပါ)။ မဖြစ်ဘူး ဆိုရင် ခင်ဗျားတို့ ဥစ္ဆေဒ ဖြစ်သွား လိမ့်မယ်။ အတော်ကျပ်သွားလိမ့်ဦး မယ်။ ဒီအယူကို မယူနဲ့ (မှန်ပါ့)။ အတော်ခက်တာ။ သတ္တဝါသေ ရင် ဖြစ်သေးသလား (ဒီအယူ မယူပါ ဘုရား)။ ဒီအယူ မယူဘူး ဘုန်းကြီးပြောလို့ လိုက်နေတာနော် (မှန်ပါ့)။

ဒီသတ္တဝါတွေ ဘယ်များသွားဖြစ်ပါလိမ့်မတုံးလို့ ခင်ဗျားတို့ မှာကို ဒီအယူရှိတယ် (မှန်ပါ့)။ ရှိတယ် သူတို့မှာ (ရှိပါတယ် ဘုရား)။ သတ္တဝါတစ်ယောက်တော့ သေသွားပြီ။ ဘယ်များလာ လေသတုံး၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

သတ္တဝါကော ပါရဲ့ လား (မပါ,ပါ ဘုရား)။ ဘယ်များလာ စရာကော ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

အဲဒါ ခင်ဗျားတို့ကိုက ဒိဋ္ဌိရှိနေလို့ ဒါစောစောကြီးရှင်းပေး နေရတယ်။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ရှင်းပေးစရာတွေ အများကြီး

ဒါကြောင့် ဘုန်းကြီးတရားကို ဘုန်းကြီးတို့က သုံး၊ လေးလ ဟောရမှ ခင်ဗျားတို့မှာ လိုရင်း ဆိုက်မယ် (မှန်ပါ့ ဘုရား)။ ရှင်းပေး စရာတွေက နည်းတာတွေမှ မဟုတ်ပဲလားဗျ။ တစ်နေရာမှာ သုံး၊ လေးလ ဟောရမှ သူ့ဟာက အဆင်ပြေသွားမှာ နို့မို့ရင် မပြေဘူးဗျ (မှန်ပါ့)။

အခုတော့ ခင်ဗျားတို့ ကံကလည်း ဒီလောက်ထိုက်တာကိုး၊ ဘယ်တတ်နိုင်ပါ့မလဲ။

ကဲ ဒကာ၊ ဒကာမတို့ သတ္တဝါသေရင် ဖြစ်သေးသလား (ဒီအယူ မယူပါ ဘုရား)။ ဒီအယူ မယူနဲ့နော် (မှန်ပါ့)။ သတ္တဝါကော ပါရဲ့ လား (မပါ,ပါ ဘုရား)။ သတ္တဝါမှ မရှိဘဲနဲ့ ဖြစ်သေး သလားဆိုတဲ့ စကားသုံးဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ဒါဖြင့် သတ္တဝါသေရင် မဖြစ်တော့ဘူးလား (ဒီအယူ မယူပါ ဘုရား)။ မယူနဲ့။ ဒီအယူကို မယူနဲ့။ ဒီအယူ ယူလိုက်မှာ သိပ်စိုးရိမ်တယ်။

ဒီအယူ ယူလိုက်ရင် ဥစ္ဆေဒဒိဋ္ဌိဖြစ်တော့မယ် (မှန်ပါ့)။ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။ သဘောပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။

နဂိုကိုက သတ္တဝါမရှိတာ

သတ္တဝါသေရင် ဖြစ်ချည် တစ်လှည့် မဖြစ်ချည် တစ်လှည့် လားလို့မေးရင်ကော (ဒီအယူ မယူပါ ဘုရား)။ ဪ သူဖြစ်ချင် တာ ဖြစ်မှာပဲလို့လည်း ဒီလိုလည်း မယူလိုက်ပါနဲ့။ သတ္တဝါ ပါလာ ကတည်းက မေးတဲ့ စကားထဲမှာ ဖြေစရာမရှိပါဘူး။ သဘောပါပဲလား (ပါ,ပါပြီ)။ သတ္တဝါနဲ့ မေးရင် မေးတဲ့ စကားထဲ ဖြေစရာပါရဲ့လား (မပါ ပါ ဘုရား)

နဂိုကိုက သတ္တဝါရှိရဲ့လား (မရှိပါ)။ ဒကာ၊ ဒကာမတွေ ဒါ ခရစ်ယာန် မဟာမေဒင်တွေမှာ ဒါ သိပ်အရေးကြီးတဲ့ စကားတွေနော် (မှန်ပါ့)။ သိပ်အရေးကြီးတဲ့ စကားတွေ လွယ်တဲ့စကား မဟုတ်ဘူး (မှန်ပါ့)။

သူတို့က သတ္တဝါတွေနဲ့ချည်းလာတယ် (မှန်ပါ့)။ ယခု လည်း သတ္တဝါမရှိတာ သိထားမှ ရှင်းတယ် (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒီဟာ ဟောရတော့မယ်ဆိုတော့ ဒါနိဗ္ဗာန်မဟောရသေးဘူး၊ မရောက်သေးဘူး၊ သူ့တင်မှာ အတော် ရင်လေးနေတယ် (မှန်ပါ့)။ မလေးသင့်ဘူးလား (လေးသင့်ပါတယ် ဘုရား)။

ဒီအယူ ယူရင် ဒိဋ္ဌိသာမှတ်လိုက်

ဒါဖြင့် ရှင်ကြီးဂေါတမတဲ့။ ကျုပ်မေးတော့ ဒီအယူ မယူ ဘူးလို့ ပြောတယ်။ ဒီအယူ ယူရင် ဘာဖြစ်တတ်သတုံး၊ သူမေးလာတဲ့ အယူတွေယူရင် ဘာဖြစ်တတ်သတုံး။

ဒကာ၊ ဒကာမတို့ မေးခွင့်ကော မကြုံဘူးလား (ကြုံပါ တယ် ဘုရား)။ ကြုံတဲ့အခါကျတော့ ဘုရားက ဒီအယူ ယူလို့ရှိရင်ကွာ တဲ့။ ဒိဋ္ဌိတည်းဟူသော ခရီးခဲရောက်တယ်တဲ့ (မှန်ပါ့)။ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။ ဒီအယူယူရင် (ဒိဋ္ဌိတည်း ဟူသော ခရီးခဲရောက်ပါတယ်)။ စာလိုသုံးရင် ကြာတယ်ဗျာ။ ဒီအယူ ယူရင် ဒိဋ္ဌိသာမှတ်လိုက် (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီအယူ ယူရင် (ဒိဋ္ဌိသာမှတ်လိုက်ပါ)။ ဒိဋ္ဌိဖြစ်သွားတယ် ကွာလို့ ဟောလိုက်တယ်။ ဒိဋ္ဌိအယူ ဖြစ်သွားတယ်။ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ပုဏ္ဏားက မကျေနပ်ဘူး။ ဒီအယူ ယူရင် ဒိဋ္ဌိဖြစ်တယ်လို့ ဘုရားက ပြောလိုက်တယ်။ ပုဏ္ဏားက မကျေနပ်ဘူး။

ဒါဖြင့် ရှင်ကြီးဂေါတမအယူ ပြောစမ်းပါ (မှန်ပါ့ ဘုရား)။ သူ့အယူတစ်လုံးမှ မဟုတ်ဘူးလို့ ပြောတာကိုး (မှန်ပါ့)။ ရှင်ကြီး ဂေါတမအယူ ပြောစမ်းပါတဲ့။ ရှင်ကြီးဂေါတမ ဘယ်ဒိဋ္ဌိအယူ ယူသလဲ။

ဒိဋ္ဌိအယူကို ဘုရားက ဗောဓိပင်နဲ့ ရွှေပလ္လင်ကတည်းက ပယ်ပြီး

ပုဏ္ဏားယူတဲ့အယူတွေ ယူသေးရဲ့လား (မယူပါ ဘုရား)။ ဗောဓိပင်နဲ့ ရွှေပလ္လင်ကတည်းက ပယ်ခဲ့ပါပြီတဲ့။ ဒါဖြင့် ဘုရားတဲ့ အရှင်ဘုရားက ဒိဋ္ဌိအယူ မယူဘူးဆိုလို့ရှိရင်ဖြင့် အရှင်ဘုရားယူတဲ့ အယူတစ်ခုကို တပည့်တော် သိပါရစေ။ တစ်ခုခုတော့ ယူရမှာပဲ။ ဒကာ၊ ဒကာမတို့ အင်မတန် အဖိုးတန်တဲ့ စကားနော် (မှန်ပါ့)။ ပျင်းပျင်းနဲ့ မနာကြနဲ့။ သေသေချာချာ နားကြီးကြီးနဲ့နာမှ ဒီဥစ္စာ ပေါ်လာမယ် (မှန်ပါ့)။ အရေးမကြီးဘူးလား အခုသုံးနေတဲ့ စကားတွေ (ကြီးပါတယ် ဘုရား)။ ဦးညွန့် ( ဘုရား)။ သိပ်အရေးကြီး တယ်ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဘာသန္တရက လာလို့ရှိရင် ခုပြောတဲ့ တရားမျိုး ဘုန်းကြီးဟောတဲ့ တရားမျိုးကို ခင်ဗျားတို့ လည်လည် မပြောနိုင်လို့ ရှိရင် ခင်ဗျားတို့ကိုယ်တိုင် မိစ္ဆာဒိဋ္ဌိဖြစ်တယ်။ မဖြစ်ဘူးလား၊ ဖြစ်မလား (ဖြစ်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ရှင်ကြီးဂေါတမ သူယူတဲ့ အယူတွေတော့ မယူဘူးဆိုတော့ ရှင်ကြီး ဂေါတမအယူ ပြောစမ်းပါ။

ဘုရားရှင်၏ အယူဝါဒ

ကျွန်ုပ်တို့ ယူတဲ့အယူတွေတော့ ဒိဋ္ဌိအယူလို့ အရှင်ဘုရား က ပြောထားတယ်။ အရှင်ဘုရား၏ အယူဝါဒ ပြောစမ်းပါ။

ငါဟာတဲ့။ ဟော စိတ်ကူးလေး ဖြစ်တယ်။ စိတ်ကလေးက ချုပ်တယ်။ ဒီလိုယူတယ်ကွတဲ့ (မှန်ပါ့)။ ဒါယကာ ဒါယိကာမတွေ ရိပ်မိမလား (ရိပ်မိပါပြီ)။

ဝေဒနာကလေးကျတော့လည်း ဖြစ်တယ်။ ချုပ်တယ်၊ ဒီလို ယူတယ်။ စိတ်ကလေးကျပြန်တော့ (ဖြစ်တယ်၊ ချုပ်တယ်)။

နာမ်ကလေးကျပြန်တော့ (ဖြစ်တယ်၊ ချုပ်တယ်) ရုပ်ကလေးကျပြန်တော့ (ဖြစ်တယ်၊ ချုပ်တယ်)၊ ငါက ဒီလိုယူတာ ကွ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်ရှုခိုင်းတာ ဘုရားအယူ

ဒါဖြင့် ခင်ဗျားတို့ကို ဖြစ်ပျက်ရှုခိုင်းတာဟာ ဘယ်သူ့အယူ ပါလိမ့် (ဘုရားအယူပါ ဘုရား)။

ဪ တော်သေးတယ်။ တော်သေးတယ်။ ဒီတစ်လုံးက အတော်မိတာဗျ။ ဒီတစ်လုံးက အတော်မိတယ်။ ဒီတစ်လုံးက အတော်မိတယ်ဆိုတာ ဒကာ၊ ဒကာမတို့ ခင်ဗျားတို့ ဗုဒ္ဓဘာသာ စစ်သွားပြီတဲ့။

ဪ ဖြစ်တာနဲ့ ပျက်တာပဲရှိတယ်လို့ တစ်လုံးတည်း ယူလိုက်တာ သိပ်တည့်သွားတယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက် ဘာသစ္စာတုံးကြည့်လိုက် (ဒုက္ခသစ္စာပါ ဘုရား)။ သိတာ ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာကို မဂ္ဂသစ္စာသိတာ

ဪ ခင်ဗျားတို့ အယူက ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ အမှန်သိတဲ့အယူဟာ ခင်ဗျားတို့ ဗုဒ္ဓဘာသာ၏ အယူ (မှန်ပါ့)။ ဒီကျမှ ပေါ်လာတယ် (မှန်ပါ့)။

ကဲ ဘယ်လောက်လေးနက်သတုံး (မှန်ပါ့)။ ဒကာ၊ ဒကာမတွေ တရားပွဲ ငြိမ်ခံနေလို့မဖြစ်ဘူး။ လေးနက်တာ သိပလား (သိပါပြီ ဘုရား)။ ဒီတရားမျိုးကို မနာရတော့ဘူးဆိုရင် ခင်ဗျားတို့ ဒိဋ္ဌိသာ မှတ်ပေတော့ (မှန်ပါ့)။ သခင်ဝတင် ယုံရဲ့လား (ယုံပါတယ် ဘုရား။ ဒီတရားမျိုးသာ မနာရတော့ဘူး ဆိုရင် အကုန်ဘာဖြစ်မယ် ထင်သတုံး (ဒိဋ္ဌိဖြစ်မှာပါ ဘုရား)။

ဪ သတ္တဝါသေလို့ ရှိရင်ဖြင့် ဘာများသွားဖြစ်ပါလိမ့် မတုံးဆိုတော့ သတ္တဝါလည်း မရှိဘူး။ ဘာသွားဖြစ်ပါလိမ့်မလဲ၊ တစ်ခုခုတော့ ဖြစ်မှာပဲလေ။ မလာဘူးလား (လာပါတယ် ဘုရား)။

ဟင်း ကိုယ့်မောင် ကိုယ့်ဖားကလေးဖြင့် လူ့ပြည် လူ့ အကြောင်းမှ ကောင်းကောင်းမသိခင် သေသွားရှာတယ်။ ဘယ်များ ရောက်ပါလိမ့်မလဲ ဘယ့်နှယ်တုံး မယူကြဘူးလား (ယူကြပါတယ် ဘုရား)။

ကိုယ့်မောင် ကိုယ့်ဖွားဆိုတာ ယဉ်ကျေးအောင် သုံးတာ (မှန်ပါ့)။ ဘေးကလူက သုံးတော့ ဒီသတ္တဝါကလေး ဘယ်များသွားပါလိမ့်၊ မမေးဘူးလား မေးမလား (မေးပါတယ် ဘုရား)။

အဲဒါ ဘာအယူပါလိမ့် (မိစ္ဆာဒိဋ္ဌိအယူပါ ဘုရား)။ ဒိဋ္ဌိအယူ၊ ဒိဋ္ဌိအယူ၊ မိစ္ဆာတောင် မထည့်ပါနဲ့တော့။ တော်ပြီ ဒိဋ္ဌိအယူ၊ မိစ္ဆာဆိုတော့ ပြင်းထန်လွန်းလှတယ်။

ဒိဋ္ဌိအယူ ခံနေရင် နိဗ္ဗာန်မရဘူး

ဒိဋ္ဌိအယူဆိုကတည်းက နိဗ္ဗာန်တော့ မရောက်တော့ဘူး၊ သဘောကျပလား (ကျပါပြီ)။ ဒီအယူကို ခင်ဗျားတို့က ဒီအတိုင်းပဲ ရှေးလူကြီးတွေကလည်း သတ္တဝါ တစ်ယောက် သေလို့ ရှိရင် ရောက်ချင်သလို ရောက်တာပဲဟေ့လို့ ဟောထားတဲ့ ဒီအယူကို မစွန့်တော့ဘူးဆိုလို့ ရှိရင်ဖြင့် နိဗ္ဗာန်ကို ခင်ဗျားတို့ တစ်ခါတည်း ရွှေစေတီ၊ ရွှေဘုရား၊ ရွှေတိဂုံကြီးကို တစ်ပေပတ်လည် ရွှေတွေခတ်၊ ငါးကျပ်သား ငါးကျပ်သားကပ်၊ ကုန်အောင်ကပ် နိဗ္ဗာန်မရဘူး။ ဒီ ဒိဋ္ဌိအယူခံနေရင် (မှန်ပါ့)။ ရပါ့မလား (မရပါ ဘုရား)။

ဒိဋ္ဌိက နိဗ္ဗာန်ကန့်ကွက်တာ။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒိဋ္ဌိဘာကန့်ကွက်သလဲ (နိဗ္ဗာန်ကန့်ကွက်ပါတယ်) ကဲ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ (မှန်ပါ့)။

အလှူကို နောက်ထား၊ ဒိဋ္ဌိခွာတာ အရင်လုပ်

ဒါဖြင့် ခင်ဗျားတို့ အလှူကို နောက်ထား၊ ဒိဋ္ဌိခွာတာ ရှေ့ လုပ်ပါ။ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။ အလှူအတန်းကို (နောက်ထား)။ ဒိဋ္ဌိကို (အရင်ခွာ)။ ဒိဋ္ဌိခွာပြီးမှ လှူပါ (မှန်ပါ့)။

ကျုပ်တို့မြန်မာတွေ ဗုဒ္ဓဘာသာတွေမှာ ကဲ ဆရာကောင်း မတွေ့တော့ ခင်ဗျားတို့ ဘယ်လောက်နာတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့ ဘယ့်နှယ်ဖြစ်နေသလဲ အလှူကို ရှေ့ထား (မှန်ပါ့၊ ရှေ့ထား)။ ဒိဋ္ဌိမခွာဘူး (မှန်ပါ့)။

ဒါဖြင့် ဒိဋ္ဌိရှိလျက်နဲ့ လှူတော့ ဘယ်သူ့အလှူလို့ ဆိုမတုံး (ဒိဋ္ဌိအလှူ) တိုးတိုးမပြောပါနဲ့ဗျာ။ ကျယ်ကျယ်ပြောကြ (ဒိဋ္ဌိ အလှူပါ ဘုရား)။ ဒိဋ္ဌိအလှူ (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာအလှူပါလိမ့် (ဒိဋ္ဌိအလှူပါ ဘုရား)။ သွားပြီ။ ဒိဋ္ဌိအလှူဆိုရင် နိဗ္ဗာန်မရဘူး။ ရိပ်မိပလား (မှန်ပါ့၊ ရိပ်မိပါပြီ ဘုရား)။

ဒါ ဘုန်းကြီးက အကွက်လည်လာလို့သာ ပြောရဲတာ။ ဒီစကားသုံးဖို့ အတော်ခဲယဉ်းတယ် (မှန်ပါ့)။ အခုတော့ အကွက် မလည်သေးဘူးလား (လည်ပါပြီ ဘုရား)။

သတ္တဝါ ဒီအထဲပါရဲ့လား (မပါ,ပါ ဘုရား)။ သတ္တဝါကလေး ရည်မှန်းပြီး လှူလိုက်ရဦးမယ် ဆိုတော့ ခွကျတယ် (မှန်ပါ့)။ ဘာ အယူနဲ့ လှူလိုက်တာတုံး (ဒိဋ္ဌိအယူနဲ့ လှူလိုက်တာပါ)။

ဒိဋ္ဌိက နိဗ္ဗာန်ကန့်ကွက်ဘော သုဂတိမကန့်ကွက်ဘူး

နိဗ္ဗာန်မရဘူး စိတ်ချ၊ နတ်ရွာသုဂတိတော့ ရောက်တယ်။ နိဗ္ဗာန်တော့ (မရောက်ပါ ဘုရား)။ ဘာကြောင့်တုံး (ဒိဋ္ဌိမခွာပါ ဘုရား)။

ဒိဋ္ဌိက နိဗ္ဗာန်ကန့်ကွက်တာ (မှန်ပါ့)။ သုဂတိ မကန့်ကွက် ဘူး (မှန်ပါ့)။ သဘောပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။

ဒိဋ္ဌိက ဘာတော့ ကန့်ကွက်သတုံး (နိဗ္ဗာန်ကန့်ကွက် ပါတယ် ဘုရား)။ နတ်ရွာသုဂတိတော့ (မကန့်ကွက်ပါ ဘုရား)။

အဲ နတ်ရွာသုဂတိရောက်တဲ့ ကုသိုလ်တော့ ဖြစ်ပါရဲ့ တဲ့။ နိဗ္ဗာန်ရောက်တဲ့ ကုသိုလ်မဖြစ်ဘူး။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ ရှင်းရှင်းပြောတာပဲ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒီတရားမျိုးကို ဒကာ၊ ဒကာမတို့ မနာရတော့ ဘူးဆိုလို့ရှိရင်ဖြင့်တဲ့ ဒိဋ္ဌိအလှူ သာဓု ခေါ်ဖို့ပဲ ရှိတော့တယ် (မှန်ပါ့)။ ဘယ့်နှယ်ဆိုကြမလဲ (ဒိဋ္ဌိအလှူ၊ သာဓုခေါ်ဖို့ပဲ) ကြောက်စရာကြီး ပါလား။

ဘုရားက ၁၅၉၂ ကြိမ် ဟုတ်တိုင်းမှန်စွာ ဒိဋ္ဌိခွာတတ် တဲ့ ဆရာရှာခိုင်းတယ်

ဒါကြောင့် ခင်ဗျားတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော” တဲ့။ ၁၇၉၂- ကြိမ်မှာတယ် (မှန်ပါ့)။

ဟုတ်တိုင်းမှန်စွာ ဒိဋ္ဌိခွာတတ်တဲ့ ဆရာကို ရှာကြစမ်းပါ ဆိုတာ ဘုရားက ၄၅ ဝါ အသက် ရှည်တယ်။ မှာတာက ထောင့် ခုနစ်ရာကိုးဆယ့်နှစ်ကြိမ်မှာတယ်။ ဒိဋ္ဌိခွာတတ်တဲ့ ဆရာ ရှာစမ်းပါဦး။ ရှာပြီးမှ လုပ်စမ်းပါ။

ကဲ ဘယ့်နှယ်တုံး။ ထောင့်ခုနစ်ရာ့ကိုးဆယ့်နှစ်ကြိမ် (၁၇၉၂) တဲ့ ဒကာ၊ ဒကာမတို့ (မှန်ပါ့)။ ဒိဋ္ဌိခွာတတ်တဲ့ ဆရာ ရှာစမ်းပါဆိုတာ ဘယ်နှကြိမ်တဲ့တုံး (၁၇၉၂ ကြိမ်ပါ)။

ဘုရားက အသက် ဘယ်လောက်ရှည်သွားသတုံး (၄၅ ဝါပါ)။ ကဲ ၄၅ ဝါ အတွင်းမှာ ၁၇၉၂ ကြိမ်မှာတယ် ဆိုတာ အရေးကြီး, မကြီး (ကြီးပါတယ် ဘုရား)။

တစ်ခွန်းတည်းသော စကားကိုသာ ပြောဆိုလေ့ရှိသော ဘုရား

ဘုရားက ငါဟာတဲ့ မင်းတို့ မသိလို့ သာ ငါပြောရမှာ၊ ငါ နှစ်ခွန်း မပြောချင်ဘူးကွ၊ သူ့ထုံးစံက (မှန်ပါ့)။ တစ်ခွန်းနဲ့ အမှန်ပြောလေ့ရှိတာ ငါဘုရား၏ ဝတ္တရားတဲ့ (မှန်ပါ့)။

အဲဒီ ဘုရားကိုယ်တော်မြတ်ကြီးက အခု ဘယ်လောက်ပြော သွားသတုံး (၁၇၉၂- ကြိမ် ပြောသွားပါတယ်)။

ဒိဋ္ဌိခွာတတ်တဲ့ ဆရာရှာစမ်းပါကွာ။ ငါမရှိသည့်နောက် ကဲ ဘယ်လောက်အရေးကြီးတုံး (ကြီးပါတယ် ဘုရား)။ အလွန် ကြီးတာ ပေါ်ပလား (ပေါ်ပါပြီ)။ ခင်ဗျားတို့ကို ခြောက်တာလား သွားကြည့်၊ ပါဠိတော်ထဲ ထောင့်ခုနစ်ရာ့ကိုးဆယ့်နှစ်ကြိမ်ရှိတယ်။ မှာထားတာက (မှန်ပါ့)။

“ယထာဘူတံ ဉာဏာယ သတ္တာ ပရိယေသိတဗ္ဗော” ဆိုပြီး တိုက်ရိုက်က သုံးဆယ့်နှစ်ကြိမ် (၃၂) (မှန်ပါ့)။ အလားတူ တွေက ထောင့်ခုနစ်ရာ့ကိုးဆယ့်နှစ်ကြိမ် မှာတယ်။ ဘယ်လောက် မှာတယ် ဆိုတာ သခင်ဝတင် ရိပ်မိပလား (မှန်ပါ့ ဘုရား)။

ဒါဖြင့် သတ္တဝါသေရင် ဘာဖြစ်လိမ့်မတုံးဆိုရင် ဘယ်သူ့ အယူတုံး (ဒိဋ္ဌိအယူပါ ဘုရား) အဲဒီ သတ္တဝါကလေး ရည်မှန်းပြီး အမျှဟေ့ မင်းသေတာ ၃ နှစ်ရှိပြီ။ တို့မမေ့ဘူးဆိုတာလည်း ဘာပါ လိမ့် (ဒိဋ္ဌိအယူပါ ဘုရား)။

ဒါဖြင့် သတင်းစာတွေ ငတ်ကုန်မှာ စိုးရသေးတယ်။ တစ်စောင်နှစ်ကျပ်တောင် ပေးရတယ်။ နည်းတာ မဟုတ်ဘူး။ ဒီတစ်ကွက်ကလေး နှစ်ကျပ်ပေးရတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သို့သော် ခင်ဗျားတို့ အမှန်သိအောင် ပြောပါတယ်တဲ့။ ခင်ဗျားတို့ ကြော်ငြာတာတော့ မကန့်ကွက်ပါဘူး။ မသိလို့ ကြော်ငြာတာကိုး။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒါနဲ့ ဘုရားသခင်ကိုယ် တော်မြတ်ကြီးကို အရှင်ဘုရားတဲ့ ပုဏ္ဏားက တပည့်တော် မေးလာ တာတွေ အင်မတန်များပါပြီတဲ့။ အရှင်ဘုရားအယူသာ ပြောပါတော့။

အကုန်ဖြစ်ပြီး ပျက်တာချည်းပါပဲ

ငါ့အယူကတော့ကွာ တဲ့။ ဟော ရုပ်တရားဖြစ်ပျက်၊ ဝေဒနာတရား (ဖြစ်ပျက်)၊ စိတ်တရား (ဖြစ်ပျက်)၊ အင်း ဖဿ တရား (ဖြစ်ပျက်ပါ ဘုရား)။ ငါက ဖြစ်ပျက်အယူရှိသူကွဲ။ အကုန် ဖြစ်ပြီး ပျက်တာချည်းပဲ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ရှင်ကြီးဂေါတမ အားလုံး သတ္တဝါရုပ် နာမံတွေဟာ ဖြစ်ပျက်၊ ဖြစ်ပျက်လို့ အရှင်ဘုရားက ဒီအယူကို ယူတယ်။ ဒီလိုပွားများလေ့ရှိတာ ငါ့အယူလို့ အရှင်ဘုရားပြောတာ သဘောကျပါတယ်တဲ့။ ဒီအယူ ယူတော့ကိုဘာဖြစ်သတုံး။ တစ်ခါ သူတက်လာတယ်။

မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။ ရှေ့နေလိုပဲ ကပ်ပြီး ထွက်လာတာပဲ။ ဒီအထဲ ရှေ့နေများ ပါနေသလား မပြော တတ်ပါဘူး။ ဒကာ၊ ဒကာမတို့ ရှေ့နေလိုပဲ ကပ်ပြီးထွက်လာတာပဲ။ သဘောပါပလား (ပါ,ပါတယ်)။

ဒီအယူ ယူတော့ ဖြစ်ပျက်အယူ ယူတော့ ဘာများကျေးဇူး ရှိသတုံး၊ ဒကာ၊ ဒကာမတို့ ရှင်းပြတယ်။ ဥပမာ စိတ်ကလေးက ဖြစ်ပျက်ဆိုတော့ ခင်ဗျားတို့က သိတာက ဘာတုံး (မဂ်ဖြင့် သိတာပါ ဘုရား)။

မဂ်ဆိုတော့ကို တဏှာ၊ မာန၊ ဒိဋ္ဌိ လာသေးရဲ့ လား (မလာပါ ဘုရား)။ ဟော ဒီဖြစ်ပျက်ကို သိတဲ့အယူ ယူလိုက်လို့ရှိရင် တဏှာ၊ မာန၊ ဒိဋ္ဌိ ချုပ်တဲ့ အယူဟာ ငါ့အယူကွ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါက ဖြစ်ပျက်ဆိုလို့ ရှိရင် ရှုတာက ဘာဖြစ်ကြသလဲ (မဂ်ပါ ဘုရား)။ ဒါဘုရားအယူဟာ မဂ်နဲ့ ရှုရတဲ့ အယူပေါ့ဗျာ (မှန်ပါ့)။

အဲဒီတော့ အရှင်ဘုရား တဲ့။ အရှင်ဘုရားက ဖြစ်ပျက်ကို သိတဲ့အယူဟာ အရှင်ဘုရားအယူလို့ ဆိုတော့ ဘာကျေးဇူးရှိသတုံး ဆိုတော့။

ဒီအယူ ယူရင် ပပဉ္စချုပ်တယ်

ဘုရားက တဏှာ၊ မာန၊ ဒိဋ္ဌိချုပ်သကွ၊ မဖြေဘူးလား (ဖြေပါတယ် ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ) ဘာတဲ့တုံး (တဏှာ၊ မာန၊ ဒိဋ္ဌိ ချုပ်ပါတယ်)

ကြည့် တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။ ဒိဋ္ဌိ ဒိဋ္ဌပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံကော မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။ မာန မာနပါဒါန်၊ မာနအုပ်ချုပ်တဲ့ ကံကော မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ပပဉ္စချုပ်တယ်။ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဘာချုပ်သတဲ့တုံး (ပပဉ္စချုပ်ပါတယ်)၊ သံသရာချဲ့တဲ့ပပဉ္စ တရားရှိသေးရဲ့ လား (မရှိပါ ဘုရား)။

အဲဒါ ငါ့အယူ၊ မြတ်စွာဘုရားဝါဒ ခုမှ ပေါ်လာတယ် မပေါ်သေးဘူးလား ဒကာ၊ ဒကာမတို့ (ပေါ်ပါတယ် ဘုရား)။

ဘုရားဝါဒသည် ရုပ်နာမ်ကို ဖြစ်ပျက်လို့ သိတဲ့အယူ၊ ဒီအယူဟာ ဘယ်သူ့အယူပါလိမ့် (ဘုရားအယူပါ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ကို ဘုန်းကြီးက အလုပ်ပေးတော့ ဖြစ်ပျက်ရှုကြဟေ့ဆိုတာ မှားသေးသလား (မမှားပါ ဘုရား)။

ကဲ ဒကာ၊ ဒကာမတွေ ကောင်းကောင်းကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။ ဝတ္ထုသက်သေနဲ့ တကွ လာပြီ၊ ဒကာ၊ ဒကာမတို့ အရင်ဟာတွေကတော့ ခင်ဗျားတို့က ကြမ်းလွန်းလို့ ထော်နေလို့ ရှင်းပြနေရတာ၊ ခုမှ ဘုရားအယူပေါ်လာတယ်။ ရိပ်မိ ပလား (ရိပ်မိပါပြီ)။ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။

ရုပ်နာမ်ဖြစ်ပျက်ရှုလို့ မဂ်ဖြစ်၊ မဖြစ်လို့ ပပဉ္စ သေ

ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဘုရား ဘာဖြစ် လို့ ဖြစ်ပါလိမ့်မတုံးဆိုတော့ ရုပ်နာမ်ဖြစ်ပျက်ရှုလို့ မဂ်ဖြစ်တယ်။ မဂ်ဖြစ်လို့ ပပဉ္စသေတယ်၊ ပပဉ္စသေလို့ ဘုရားမှာ နိဗ္ဗာန်ရောက် သွားတယ်။ အဲ့ဒါ အကြမ်းပြောတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရားအယူ ဘာအယူပါလိမ့် ဒကာ၊ ဒကာမတွေ (ဖြစ်ပျက်သိတာပါ)။ ဖြစ်ပျက်သိတဲ့ အယူဟာ (ဘုရားအယူပါ ဘုရား)။

ဘာကျေးဇူးရှိသတုံးဆိုတော့ ဘယ့်နှယ်ဖြေကြမလဲ (တဏှာ၊ မာန၊ ဒိဋ္ဌိချုပ်ပါတယ်) တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝအုပ်ချုပ် တဲ့ ကံကော မသေဘူးလား (သေပါတယ်)၊ ဒိဋ္ဌိ၊ ဒိဋ္ဌပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံကော မသေဘူးလား (သေပါတယ် ဘုရား)။ မာန မာနပါဒါန် မာနအုပ်ချုပ်တဲ့ကံကော မသေဘူးလား (သေပါတယ် ဘုရား)။

ပပဉ္စချုပ်တာ ဘုရားဝါဒ

ဒါဖြင့် ဒီသုံးခု ရောခေါ်လိုက်တော့ ပပဉ္စ (မှန်ပါ့၊ ပပဉ္စ) ပပဉ္စချုပ်တဲ့ ဝါဒကွ၊ ငါ့ဝါဒက၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။ ဘာဝါဒတဲ့ (ပပဉ္စချုပ်တဲ့ ဝါဒပါ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတွေ ပပဉ္စဆိုတာ သံသရာမှ ဒီဘက် ကူးအောင်လုပ်တာ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ ဒီအကွက်ကမှ ဒီအကွက်ကူးအောင်လုပ်တာ ဘာခေါ်ကြမလဲ (ပပဉ္စပါ ဘုရား)။

ဒီအကွက်က ဒီအကွက်ကူးအောင်လုပ်ရင် (ပပဉ္စပါ ဘုရား)။

အဝိုင်းပြေးပြေးအောင်လုပ်တာ ပပဉ္စ

ဒါဖြင့် အဝိုင်းပြေး ပြေးအောင်လုပ်တာ ပပဉ္စ၊ မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)။ ဒီနေ့ တရားက ခါတိုင်းတရားထက် အသားပါတယ်လို့မှတ်ပါ (မှန်ပါ့ ဘုရား)၊ မပါဘူးလား (ပါ,ပါတယ် ဘုရား)။

တစ်ဆင့်ခြင်းတက်ရန် ဟောပေးနေတာ

ပထမတုန်းကတော့ ကကြီး၊ ခခွေး စသင်တာကိုးဗျာ (မှန်ပါ့)။ ခုတော့ ကကြီး၊ ခခွေး မဟုတ်ဘူး၊ သင်ပုန်းကြီး တော်တော် ရောက်ပြီ၊ မင်္ဂလသုတ်နား နီးလာပြီ။ သို့သော် ဧတံမင်္ဂလ မုတ္တမံ တော့ မရောက်သေးဘူး။ သဘောကျပလား (ကျပါပြီ)။

ခုတော့ ‘‘ပဏ္ဍိတာနဉ္စ သေဝနာ’’ လောက်တော့ ရောက်ပြီ။ ရိပ်မိပလား (ရိပ်မိပါပြီ)။ “ဖုဋ္ဌဿလောကဓမ္မေဟိ၊ စိတ္တံယဿ နကမ္ပတိ” မရောက်သေးဘူးနော်၊ “ဖုဋ္ဌဿလောကဓမ္မေဟိ’’ ဆိုရင် ရဟန္တာဖြစ်ပြီ၊ မဖြစ်သေးဘူးလား (ဖြစ်ပါပြီ)။ အသေဝနာစ ဗာလာနံကလေး အရင်တစ်နေ့က ဟောခဲ့တယ်။ ခုတော့ ပဏ္ဍိတာနဉ္စ သေဝနာကလေး ဟောတယ်၊ နောက်ရက်တွေ ကျမှ ဖုဋ္ဌဿလောကဓမ္မေဟိ ရဟန္တာ ဖြစ်မယ်၊ ဖြုန်းခနဲဟောလို့ ရပါလား (မရပါ ဘုရား)။ သဘောကျပလား (ကျပါပြီ)။

နိဗ္ဗာန်မပါသေးလို့ စောဒက မတက်ကြပါနဲ့ဦး

ကိုင်း ဒါဖြင့် နိဗ္ဗာန်ဟောမယ် ဆိုပြီး အရှင်ဘုရား နိဗ္ဗာန်ကို မပါသေးဘူး။ ခင်ဗျားတို့က လဲမှာပဲ ဆင်ခြေ၊ မလဲပေဘူးလား (လဲပါတယ် ဘုရား)။ နိဗ္ဗာန်မပါသေးလို့ ခင်ဗျားတို့ အကုန်လဲမှာပဲ မဟုတ်လား (မှန်ပါ့၊ လဲနေပါတယ် ဘုရား)။ သို့သော် ပါတာမသိသေးဘူး။ ပါနေလျက်နဲ့ မသိဘူး (မှန်ပါ့)။

ဒကာ၊ ဒကာမတို့ ကလေးအနာပေါက်သလိုဖြစ်နေပြီ။ မင်းဟာ ဘာဖြစ်သတုံး။ မသိပါဘူး (မှန်ပါ့)။ ဒီလိုဖြစ်နေတယ်။ ဒကာ၊ ဒကာမတို့ ဖြစ်ပျက်ကို ဉာဏ်နဲ့သိတဲ့ အယူဟာ ဘယ်သူ့ အယူပါလိမ့် (ဘုရားအယူပါ ဘုရား)။

အရှင်ဘုရား ဒီလိုယူတော့ ဘာကျေးဇူးရှိပါသလဲ။ ပုဏ္ဏား က မေးလိုက်တယ်။ ပပဉ္စချုပ်တယ်ကွ ဆိုတော့ နိဗ္ဗာန်မပါသေးဘူးလား (ပါ,ပါတယ်)။

အဲဒါ ခင်ဗျားတို့ အသိဘူး၊ နိဗ္ဗာန်မပါသေးဘူး၊ ဘုန်းကြီးက နိဗ္ဗာန်ကို အစက ဟောမယ်လို့ ပြောနေတယ်၊ ခုထက်ထိ မရောက် သေးဘူး၊ လျှာရှည်လိုက်တဲ့ ဘုန်းကြီးလို့ ဆိုချင်ဆိုနေမှာဗျ။

ပါတော့ ပါနေပါပြီး (ပါနေပါပြီ)။ သို့သော် အကွက်ကျ အစေ့မပါသေးဘူး၊ သဘောကျပလား (ကျပါပြီ)၊ အစေ့မပါသေးဘူး တဲ့၊ ဒကာ၊ ဒကာမတို့ အကွက်ကျအစေ့က နက်ဖြန်ညမှ သေသေ ချာချာပါမယ် (မှန်ပါ့ ဘုရား)။

အခုဟာက ဘုရားအယူကို ပေါ်ရုံပဲ ဟောနေသေးတယ်၊ ဘုရားအယူဟာ ဘာပါလိမ့် ဒကာ ဒကာမတို့ (ဖြစ်ပျက်သိတာပါ)။ ဖြစ်ပျက်သိတဲ့အယူဟာ (ဘုရားအယူပါ ဘုရား)။

ဒါဖြင့် ဘာကျေးဇူးရှိသတုံး၊ အရှင်ဘုရား ဒီအယူ ယူတော့၊ ဖြစ်ပျက်သိတဲ့အယူ ယူတော့ ဘာကျေးဇူးရှိသတုံး (ပပဉ္စချုပ် ပါတယ်)။

ဒါဖြင့် နိပ္ပပဉ္စဆိုတာ နိဗ္ဗာန်ကို ဟောတာ သဘောပါ ပလား (ပါ,ပါပြီ)။ သို့သော် နိဗ္ဗာန်သဘော လောလောကြီး ပေါ်ပလား ဆိုတော့ ပပဉ္စ မရှိတာ နိဗ္ဗာန်လောက်သာ မှတ် ထားရမယ်၊ ဒီပြင် ဘာမှ မပါနိုင်သေးဘူး (မှန်ပါ့)။ နက်ဖြန်ဟော မည့် အသွားက ဒီပုဏ္ဏားကိုက ဆက်မေးဦးမယ်။ တပည့်တော် ဒီလောက်ပြောလို့တော့ နိဗ္ဗာန်ကို နားမလည်သေးပါဘူးဘုရား (မှန်ပါ့)။

ပုဏ္ဏားက လဲလိမ့်မယ်။ နက်ဖြန်ကျလို့ရှိရင် မလဲပေဘူး လား (လဲပါတယ်)။ အဲဒီ လဲမှ ခင်ဗျားတို့ နိဗ္ဗာန်ကို ကျကျနန ရှင်းမယ်။ အခုတော့ ပပဉ္စချုပ်တာ နိဗ္ဗာန်မှတ်ပြီး ပြန်ကြဦးတော့၊

နာရီစေ့သွားပြီ။

သာဓု သာဓု သာဓု။